YELL BAW - ရဲဘော် @yellbawfundraisingteamyb Channel on Telegram

YELL BAW - ရဲဘော်

@yellbawfundraisingteamyb


ရဲဘော်မှ ရဲဘော်များသို့ ထောက်ပံ့ကူညီ။

Facebook
https://www.facebook.com/yellbaw2donate

YouTube Channel
https://youtube.com/@yellbaw

X.com
https://x.com/YB_Fundraiser

YELL BAW - ရဲဘော် (Burmese)

YELL BAW - ရဲဘော် အတွက် အထက်ပါရှင်ရှိသေးပါ။ ရဲဘော် ဆိုတာသည် အသင်းဆုံး အလှအပတို့ကို အများကွယ်ပေါ်တဲ့ အကြောင်းအရာလောက်အားကျယ်ပါတယ်။ ရဲဘော်မှာ ပါဝင်သော ပြဿနာများအတွက် မူဝါဒနှင့် ငွေလွှဲပေးသော လူမျိုးအား ထောက်ပံ့ကူညီပေးသည်။ ဆက်သွယ်ရန် Facebook မှာလိုသည်။ https://www.facebook.com/yellbaw2donate နှင့် YouTube Channel မှာလိုသည်။ https://youtube.com/@yellbaw

YELL BAW - ရဲဘော်

10 Jan, 15:33


တော်လှန်ရေး အရှိန်အဟုန်ကောင်းပြီး ရေချိန်မြင့်လာလေ တော်လှန်ရေး ယောင်ဝါးတွေ လူလိမ်တွေ ဘေးရောက်လာလေဘဲ။

တော်လှန်ပြည်သူ အဲ့လိုအမြဲလုပ်နိုင်အောင်သာလုပ် တော်လှန်ရေး အမြန်ပြီးတယ်။ ပြည်သူ့ဘက်မျက်နှာမမူရင် ဘယ်လိုကောင်ကိုမဆို ဘက်မလိုက်ဘဲနဲ့တော်လှန်ရဲဖို့လိုတယ်။ တခုခုဆိုငါနဲ့သိလို့ ဝန်းရံလိုက်မယ်‌ဆိုတာထက် အမှန်အမှားကို ကိုယ်တိုင်ခွဲခြားသိပြီး ၊ အမှန်ဘက်က ကိုယ်တိုင်ပါဝင်ရဲရမယ်။

ပြည်သူတစ်ယောက်ကို အနိုင်ကျင့်တာဆို တိုင်လို့ရတဲ့ အဖွဲ့အစည်းတွေရှိနေပြီ ၊ လိပ်မူပြီး တိုင်လို့ရတယ်။ မတိုင်တတ်ရင် ရော်ဘဲတို့ကို လာမေး ရော်ဘဲတို့တတ်နိုင်သမျှလမ်းညွှန်ပေးမယ်။ အဲ့ဒါမှမရဘူး အရေးယူဆောင်ရွက်တာမရှိရင် ပြည်သူဘက်ကမှန်နေရင် ကျွန်တော်တို့ ကိုယ်တိုင်ခင်ဗျားတို့နဲ့အတူရှိမယ် ဒါကို ရော်ဘဲတို့ ကတိပေးရဲတယ်။

ရော်ဘဲတို့က ပြည်သူတွေကြားကပြည်သူတွေမို့ ပြည်သူတွေနဲ့အမြဲအတူရှ်ိမယ်။

#YB #yb #Yb

YELL BAW - ရဲဘော်

10 Jan, 08:34


မန္တလေးကို သိမ်းမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်များ

#MDY_PDF

YELL BAW - ရဲဘော်

10 Jan, 08:24


က‌လေးစစ်သားများဖမ်းဆီးရမိပေမယ့် တော်လှန်ရေးအဖွဲ့များက ကလေးကို လုံးဝမထိကြဖို့ သေချာအော်ပြောပေးနေကြပါတယ်။

မိဘတွေအနေနဲ့ ပိုမိုပြီး မိမိကလေးကို ဂရုစိုက်ပါလို့ အသိပေးလိုပါတယ်။

YELL BAW - ရဲဘော်

09 Jan, 05:09


ဒွန် ဒွန် ဒွန့် ဖိနပ် ကိုသိလား

https://www.facebook.com/101548842298357/posts/183107514142489/

YELL BAW - ရဲဘော်

08 Jan, 05:37


မြို့သိမ်းတိုက်ပွဲများ ဆင်နွဲပြီး အောင်လံလွှင့်ထူနိုင်ရန် သင်အား မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ အထက်ပါ စည်းကမ်းချက်များနှင့်အညီ အလိုရှိသည်။

YELL BAW - ရဲဘော်

08 Jan, 05:37


သင့်အား MBTတပ်ဖွဲ့မှ အလိုရှိသည်

မြို့ပြများသို့ ဝင်ရောက်ထိုးဖောက်ပြီး အောင်လံလွှင့်ထူနိုင်ရန်အတွက် သင့်အား မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ အလိုရှိသည်။မိမိတို့ MBTတပ်ဖွဲ့ထံ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသည့် ရဲဘော်သစ်များအနေဖြင့်

- အသက် (၁၈)နှစ်မှ (၃၅)နှစ်အထိ ကျန်းမာသန်စွမ်းသူ အမျိုးသားတပ်ဖွဲ့ဝင် ဖြစ်ရမည်။

- မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ စစ်အာနာရှင်စနစ် အမြစ်ပျက်ကျဆုံးသည်အထိ တိုက်ပွဲဝင်နိုင်သူ ဖြစ်ရမည်။

- မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ချမှတ်ထားသော တပ်စည်းကမ်းများကို လိုက်နာ၍ တပ်ဖွဲ့မှပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

မိမိတို့ MBTတပ်ဖွဲ့သို့ အထက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီ၍ ဝန်ရောက်တာဝန်ထမ်းဆောင်လိုသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အခြေခံစစ်ပညာ သင်တန်းပြီးဆုံးသည့်အချိန်တွင် အောက်ပါတာဝန်များကို ရွှေးချယ်၍ မိမိတို့နှစ်သက်ရာ တာဝန်ကို ထမ်းဆောင်နိုင်သည်

- မြေပြင်ခြေမှုန်းရေး
( ရန်သူ စကစတပ်အား အနီးကပ် ချေမှုန်းတိုက်ခိုက်ရသော တာဝန်ကို ထမ်းဆောင်ရမည်)

- ဒရုန်းစစ်ဆင်ရေး
( စစ်မြေပြင်ရှိ ခြေမှုန်းရေးတပ်သားများဖြင့် ချိပ်ဆက်၍ ရန်သူစကစများအား
ဒရုန်းနည်းပညာဖြင့် တိုက်ခိုက်ရသော တာဝန်ကို ထမ်းဆောင်ရမည်)

- မြေပြင်ထောကွပို့
(ရှေ့တန်းစစ်မြေပြင်တွင် လိုအပ်သော ခဲယမ်း၊ရိက္ခာများ မပြတ်တောက်စေရန် အချိန်နှင့်တပြေးညီ ထောက်ပို့ရသော တာဝန်ကို ထမ်းဆောင်ရမည်)

- ထုတ်လုပ်ရေး
(တိုက်ပွဲများတွင် အသုံးပြုသော လက်နက်/ခဲယမ်းများအား ထုတ်လုပ်/ပြုပြင်/ထိန်းသိမ်းရသောဘလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်)

YELL BAW - ရဲဘော်

07 Jan, 09:48


ဘယ်လိုအကြောင်းနဲ့မှ တော်လှန်ရေးကို မရပ်တန့်ဖို့နဲ့ဆက်လက်တိုက်ပွဲဝင်ဖို့ မကွယ်လွန်ခင် ဒေါက်တာဇော်မြင့် မောင် အမှာစကားပါးသွားခဲ့

ထင်လင်း၊ MFP ၊ ဇန်နဝါရီ-၇

စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘယ်လိုအကြောင်းနဲ့မှ တော်လှန်ရေး ကို မရပ်တန့်ဖို့နဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ အမြဲတမ်းအားပေးနေတယ်ဆိုတဲ့အကြောင်း ဒေါက်တာဇော်မြင့် မောင် မကွယ်လွန်ခင်မှာ အမှာစကားပါးထားခဲ့တယ်လို့ သူနဲ့ နီးစပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင် တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးလ ‌အောက်တိုဘာလ ၇ ရက်က ကွယ်လွန်ခဲ့တဲ့ NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်၊ ပါ တီရဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ဟာ မကွယ်လွန်မီ အခုလို ပြောကြားခဲ့တာဖြစ်ပြီး ဒီအမှာစကားတွေ ကို မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ အကြောင်းအမျိုးမျိုးနဲ့ လွတ်မြောက်လာသူတွေကတဆင့် သိခဲ့ရတာလို့ NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

“ဆရာဇော်က သူဆေးရုံမရောက်ခင် မှာခဲ့တာတဲ့။ သူသေမယ်ဆိုတာ သိတယ်ပေါ့။ သူ့အခြေအနေ သူသိတယ်ပေါ့။ အဲ့တော့ အပြင်မှာဖြစ်နေတာတွေ သူတို့ သိတယ်ပေါ့။ တော်လှန်ရေးကို ဘာကြောင့်မှ မရပ်ဖို့နဲ့ ဆက်လက် တိုက်ပွဲဝင်ဖို့ အမြဲတမ်း အားပေးနေတဲ့အကြောင်း။ သူ့အနေနဲ့ အဲ့ဒါကို လက်ရှိ အဖွဲ့အစည်းအသီးသီး သိစေချင် တာ ပေါ့။ အဲ့ဒါကို အပြင်ရောက်အောင်ပို့ဖို့ မှာလိုက်တယ်တဲ့” လို့ NLD ပါတီဝင်တစ်ဦးက MFP ကိုပြောပါ တယ်။

စစ်အုပ်စု အာဏာသိမ်းချိန်ကစပြီး မတရားဖမ်းဆီး အကျဉ်းချခံထားရသူတွေအနေနဲ့ စစ်အုပ်စုကပေးတဲ့ လွတ် ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်မနေကြဘဲ တော်လှန်ရေးအင်အားစုတွေ မြို့ကိုသိမ်းယူပြီး အကျဉ်းထောင်တံခါးကို ဆွဲဖွင့်မယ့် အချိန်ကို စောင့်ဆိုင်းနေကြတာဖြစ်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က အမှာစကားပါးတယ်လို့ ဆိုပါတယ်။

“နောက်တစ်ခုကကျတော့ လွတ်ငြိမ်းကိုမျှော်နေတာ မဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့တွေ ထောင်တံခါးလာဖွင့်ပြီး တော့ လက်ဆွဲထုတ်တာကို စောင့်နေတာ ဆိုတဲ့နှစ်ချက်ပေါ့။ သူနောက်ဆုံး သတိလစ်ပြီး ဆေးရုံမရောက်ခင်မှာ သူ့ အခြေအနေကို သူသိတော့ အဲ့ဒါကို မှာသွားတယ်တဲ့”လို့ NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ စစ်အုပ်စု အာဏာမသိမ်းခင်အချိန်ကတည်းက သွေးကင်ဆာရောဂါကို ခံစားနေရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှာ ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း အစိုး ရအဖွဲ့ တာဝန်ရှိသူတွေနဲ့ NLD ပါတီရဲ့ ဦးဆောင်သူတွေကို စစ်အုပ်စုက မတရားဖမ်းဆီး အကျဉ်းချထားတာလည်း ဖြစ်ပါတယ်။

အကျဉ်းထောင်တွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်ကစပြီး လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေ မရရှိခဲ့ တာ ကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက် မှာတော့ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ် ။

ဇန်နဝါရီလ ၇ ရက် ဒီကနေ့ဟာ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့ သုံးလပြည့် နေ့လည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသစောင့်ရှောက်မှု လုံလုံ လောက်လောက်မရရှိလို့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးသုံးဦး၊ အမျိုးသား၁၈ ဦး နဲ့ LGBT တစ်ဦး တို့ အကျဉ်း ထောင် အတွင်း သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)က ထုတ် ပြန်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် တေွက အကျဉ်းသား ၅၀၀၀ ကျော် လွတ်ပေးခဲ့တဲ့အနက် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ၅၀၅ ပုဒ်မ နိုင်ငံရေးအကျဉ်းသား ၆၀၀ခန့်ပါဝင်ကြောင်း စစ်အုပ်စုက ပြောပေမဲ့ အမှန်တကယ်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၃၄၄ ဦးသာ ရှိခဲ့တယ်လို့လည်း PPNM က ထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

YELL BAW - ရဲဘော်

07 Jan, 05:41


လေးဆယ့်ငါးနှစ်အရွယ်လူငယ်တွေ-ကိုဇော်(ကလေးမြို့)
ရွတ်ဖတ်သူ-ပုန်ကန်နွယ်

ကဗျာကောင်းလေးတပုဒ်ကို ကိုပုန်ကန်နွယ်က ခံစားရွတ်ဖတ်ထားတာမို့ ချန်နယ်လေးမှာ ခုပဲနားဆင်နိုင်ပါပြီခင်ဗျာ🥰
https://youtu.be/c8K7orcrCFI

နေစဉ်ကလစ်ပေးတဲ့ကလစ်ကာအားလုံးကိုလည်း ရော်ဘဲတို့မှကျေးဇူးအထူးတင်ရှိကြောင်းပါဗျာ။အစစအရာရာ ဂရုစိုက်ကြပါဗျ❤️

YELL BAW - ရဲဘော်

05 Jan, 13:11


"Donate with friends"

ပြည်သူ့ရဲဘော်များအားထောက်ပံ့ရန်အတွက်

တော်လှန်ပြည်သူများမှ လာရောက်လှူဒါန်းသော ရန်ပုံငွေ များအား

ရဲဘော်တို့မှ ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါတယ်ခင်ဗျာ။ နောက်များတွင်လည်း လာရောက်လှူဒါန်းရန်ဖိတ်ခေါ်အပ်ပါသည်။

အရေးတော်ပုံအောင်ကိုအောင်ရမည်။

သူငယ်ချင်းများနဲ့အတူလှူဒါန်းလိုပါက အောက်ပါလင့်ခ်တွင် အသေးစိတ်လေ့လာနိုင်ပါသည်။
https://www.facebook.com/101548842298357/posts/183107514142489/

YELL BAW - ရဲဘော်

05 Jan, 12:31


Write Your Own History Part (11)
Author -Heren NayKyar
Reader -Rose

https://youtu.be/hsX2OuOcops
နားဆင်လို့ရနိုင်ပါပြီဗျာ။VPNလေးချိတ်ဖို့လည်းမမေ့ပါနဲ့ဗျို့။

ရော်ဘဲတို့ချန်နယ်ရဲ့ကလစ်ကာများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ❤️😍

YELL BAW - ရဲဘော်

05 Jan, 03:18


မန္တလေးရေ..
တစ်ကြိမ်တစ်ခါ ရောက်ဖူးရုံဖြင့်
လွမ်းမဝတဲ့ မြို့ဟာ မန္တလေး..💗

"မန္တလေး" လို့ ကြားရုံဖြင့်
သွေးလွှတ်ကြောက
နှလုံးသွေး တစ်ခါဖြာထွက်လာတိုင်း
လှိုက်ခုန်သံဟာ မန္တလေး..💗
ဒါဟာ မန္တလေးရဲ့ မှော်ဝင်ခြင်းလား..
လေးနှစ်တာ တစ်ခေတ်ကောင်းမှာ
ခေါင်းဆောင်ကောင်းရဲ့
သစ္စာ နဲ့ သန္ဓိဌာန် တို့
မန်းမြေမှာ တည်နေခြင်းလား..
မန်းမျိုးဆက်သစ်တို့ရဲ့
တော်လှန်ရေးနှိုးဆော်သံများ
ရင်ဘတ်ချင်းတူလို့ နီးကြခြင်းလား..။

မန္တလေး...မန်းလေး..မန္တလေး...
ဟော့ဒီ့ တော်လှန်ခေတ်မှာ
အာဏာရှင်စနစ်ဆိုး
အပြတ်ကို ချိုးမဲ့
မျိုးဆက်သစ်တို့ရဲ့
မန္တလေး..💗

ငါတို့ရဲ့ မန္တလေးအတွက်
"မန်းတောင်ရိပ်ခို အောင်ပွဲကြို" ဖို့
ထောက်ပို့ပြည်သူတွေ ညီစေဟေ့။

ဒီနေ့ည (5.1.2025) Sunday LIVE Event မှာ ဆုံကြမယ် သွေးချင်းညီကို မောင်နှမတို့ရေ..💗

#MDYPDF
#မန်းတောင်ရိပ်ခိုအောင်ပွဲကြို

YELL BAW - ရဲဘော်

03 Jan, 12:58


လူကြီးမင်းတို့ သိတဲ့အတိုင်း
နောက်ဆုံးကျ ပြသနာအားလုံးဟာ
.
.
.
.
.
.
.
.
.
.
.
.
.

ကျွန်ုပ်ကိုယ်တိုင်သာဖြစ်သည်..။

YELL BAW - ရဲဘော်

01 Jan, 15:17


▪️Yell Baw-ရဲဘော် YouTube Channel အား Decလအတွင်း(၃၁)ရက်တာ Click Challenge ပြိုင်ပွဲကျင်းပပေးပါသော Cleverest Clickers Family Team နှင့် ပြိုင်ပွဲတွင်အားတက်သရောပါဝင်အားဖြည့်ပေးကြတဲ့ ချစ်သောကလစ်ကာ တဦးတယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိ‌ကြောင်းပါခင်ဗျ❤️

▪️ယူကျူ့ချန်နယ်လေးမှာတော့ တရားတော်၊ပုံပြင်၊ကဗျာ၊သီချင်း၊ဝတ္ထု စသဖြင့် အဆင်ပြေရာလေးများကိုနားဆင်ရင်း ကလစ်လို့လည်းရပါတယ်ဗျ။
📌https://youtube.com/@yellbaw📌

▪️Cleverest Clickers Family Teamမှာ JanuaryChallengeလေးရှိတာမို့ ပါဝင်ပေးလို့ရနိုင်တဲ့အပြင် လစဉ်ထောက်ပို့ member ဝင်ပြီးလည်း CCFနှင့်အတူ ထောက်ပို့ကူလို့ရပါတယ်ခင်ဗျာ။

YELL BAW - ရဲဘော်

01 Jan, 14:08


သတင်းထုတ်ပြန်ချက်။ ။၂၀၂၅၊ဇန်နဝါရီလ ၁ရက်

မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စကစတပ်များအား တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်မှု (၉)ကြိမ်၊ခုခံစစ် (၁၁)ကြိမ်၊မြို့ပြပြောက်ကျား စစ်ဆင်ရေး (၁၁)ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု (၆)ကြိမ်၊ဒရုန်းစစ်ဆင်ရေး (၅)ကြိမ် စုစုပေါင်း စစ်ဆင်ရေး (၄၂)ကြိမ် ပြုလုပ်နိုင်ခဲ့သည့် အနှစ်ချုပ်ဖြစ်သည်။

YELL BAW - ရဲဘော်

01 Jan, 14:08


သတင်းထုတ်ပြန်ချက်။ ။၂၀၂၅၊ဇန်နဝါရီလ ၁ရက်

မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စကစတပ်များအား တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်မှု (၉)ကြိမ်၊ခုခံစစ် (၁၁)ကြိမ်၊မြို့ပြပြောက်ကျား စစ်ဆင်ရေး (၁၁)ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု (၆)ကြိမ်၊ဒရုန်းစစ်ဆင်ရေး (၅)ကြိမ် စုစုပေါင်း စစ်ဆင်ရေး (၄၂)ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
၎င်း စစ်ဆင်ရေးများအတွင်း ရန်သူစကစတပ်သား (၂၀၀)ကျော် သေဆုံးပြီး အပြားအပြား ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခဲ့သည်အပြင် ရန်သူထံမှ လက်နက်ကြီး/ငယ် (၂၄)လက် သိမ်းဆည်းရရှိခဲ့သည်။မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှလည်း ရဲဘော်ကုလားလေးနှင့် ရဲဘော်ဝဏ္ဏထွန်းတို့ နှစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်။
ထို့ပြင် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ခေါ်ယူသော End Point ကမ်ပိန်းသည်လည်း ပြည်သူများ၏ ယုံကြည်ထောက်ပံ့မှုကြောင့် ကမ်ပိန်းရည်မှန်းချက်ထက် ကျော်လွန်၍ ၁၀၃% ထိ ရရှိခဲ့သည်။
ထိုကြောင့် မိမိတို့ MBTတပ်ဖွဲ့အနေဖြင့် မကြာမီကာလအတွင်း မြို့ပြစစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း စကစတပ်များနှင့် အတက်နိုင်ဆုံး နီးကပ်သွားလာခြင်းများ မပြုလုပ်ကြပါရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

YELL BAW - ရဲဘော်

01 Jan, 14:08


မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်အတွက် အဓိကထား ခေါ်ယူသည့် End Point ကမ်ပိန်းသည် ကမ်ပိန်းသတ်မှတ်ကာလ ပြီးဆုံးသည့်ရက်တွင် ၁၀၀%ကျော်လွန်၍ ၁၀၃% အထိ ရရှိခဲ့ပါတယ်ခဗျာ။မိမိတို့ MBTတပ်ဖွဲ့အား ယုံကြည်စွာဖြင့် ကူညီထောက်ပံ့ပေးကြပါသော တော်လှန်မိဘပြည်သူ တစ်ဦးချင်းဆီအား အထူးပင်ကျေးဇူးတင်ရှိပါသည်။မိမိတို့ MBTတပ်ဖွဲ့အနေဖြင့်လည်း မကြာခင်အချိန်အတွင်း မြို့သိမ်းတိုက်ပွဲများ စဥ်နွှဲနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံ ကတိပြုသည်။

YELL BAW - ရဲဘော်

30 Dec, 05:21


၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော်များ၏ မှတ်တမ်းဓာတ်ပုံအချို့

YELL BAW - ရဲဘော်

30 Dec, 05:21


အာရက္ခဒေသ တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့သည်။

သို့သော်လည်း မိမိတို့သည် ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြို့သို့စစ်ကူလာသော-
(၁) တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း

(၂) တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နှင့် ခမရ (၂၁၇) တပ်ရင်း

(၃) အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

မိမိတို့ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား စစ်ဆေးချက်အရ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက် တို့ဖြင့် အာရက္ခတပ်တော်၏ ထိုးစစ်အား ပုံစံအမျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ (၁၀) စီး၊ စစ်ကူ အမြောက်အမြားတို့ဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်ကြာ ထိုးစစ်အပြီးတွင် ဂွမြို့သည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်လာခဲ့သည်။

ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် ဂွမြို့အား အင်အား (၁၂၀၀) ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်အား မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့သည်။ တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့သည်။

ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ခန့်မှန်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရသည်။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

YELL BAW - ရဲဘော်

30 Dec, 04:22


Write Your Own History Part (10)
Author -Heren NayKyar
Reader -Rose

https://youtu.be/m971LW37WXI
နားဆင်လို့ရနိုင်ပါပြီဗျာ။VPNလေးချိတ်ဖို့လည်းမမေ့ပါနဲ့ဗျို့။

ရော်ဘဲတို့ချန်နယ်ရဲ့ကလစ်ကာများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ❤️😍

YELL BAW - ရဲဘော်

29 Dec, 14:56


ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၁၈/၂၀၂၄)
၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နိ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်

YELL BAW - ရဲဘော်

29 Dec, 14:56


Statement
No. (18/2024)
December 29, 2024

The United League of Arakan/Arakan Army (ULA/AA) is a political organization engaged in an armed struggle for the national equality of all ethnic groups within the Arakan region and their liberation from the oppressive rulers, with the full support of the Arakan people. Our organization is actively working towards achieving freedom for the people of Arakan, united in their effort to free themselves from oppression.

The Arakan People's Revolutionary Government (APRG) welcomes and recognizes all foreign investments that will bring benefits to the Arakan region and assist in its development and progress. The government will take special care to ensure the security and safety of those involved in investment activities, projects, and businesses. In order to ensure the continued operation of foreign investments and projects, our organization will cooperate with the companies involved and also seeks mutually beneficial collaboration.

The Arakan Army's offensives, launched since the 13th of November, 2023, have primarily been aimed at fulfilling the aspirations of the Arakan peoples and achieving the liberation of all ethnic groups within the region. We firmly believe that our efforts also directly contribute to the liberation of the entire population of Myanmar. Furthermore, our organization will continue to stand firmly and steadfastly to ensure that the political aspirations of the entirety of Myanmar's oppressed population are realized in unison. We will also remain true brethren and friends to our ethnic brothers and sisters within Myanmar.

In recent years, under the active leadership of the People's Republic of China, our organization, along with the Kokang and Ta’ang groups, has vigorously collaborated in various sectors, including border stability between China and Myanmar, the eradication of violence, and the suppression of online gambling (Kyar Phyant). We worked tirelessly to reach the 'Haigeng Agreement’. Likewise, we always remain open to resolving the current internal issues through political means rather than military solutions.

United League of Arakan (ULA)


DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.

YELL BAW - ရဲဘော်

29 Dec, 06:02


"Donate with friends"

ပြည်သူ့ရဲဘော်များအားထောက်ပံ့ရန်အတွက်

တော်လှန်ပြည်သူများမှ လာရောက်လှူဒါန်းသော ရန်ပုံငွေ များအား

ရဲဘော်တို့မှ ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါတယ်ခင်ဗျာ။ နောက်များတွင်လည်း လာရောက်လှူဒါန်းရန်ဖိတ်ခေါ်အပ်ပါသည်။

အရေးတော်ပုံအောင်ကိုအောင်ရမည်။

သူငယ်ချင်းများနဲ့အတူလှူဒါန်းလိုပါက အောက်ပါလင့်ခ်တွင် အသေးစိတ်လေ့လာနိုင်ပါသည်။
https://www.facebook.com/101548842298357/posts/183107514142489/

DWF ရှင်းတမ်းများ
▪️Jan to April 2024 ရှင်းတမ်း
https://m.facebook.com/story.php?story_fbid=457245383472651&id=100075615802177&mibextid=Nif5oz

▪️May2024ရှင်းတမ်း
https://m.facebook.com/story.php?story_fbid=476460038217852&id=100075615802177&mibextid=Nif5oz

▪️June 2024 ရှင်းတမ်း https://www.facebook.com/share/p/bxMuiYj8VL45fdi9/?mibextid=oFDknk

▪️July to Nov ရှင်းတမ်း https://www.facebook.com/share/p/1B6VF1ii7G/

YELL BAW - ရဲဘော်

28 Dec, 14:37


သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊ဒီဇင်ဘာလ ၂၈ရက်


မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေး$ခန်းတွင် တာဝန်ကျနေသော စကစtပ်သားများအား ၂၀၂၄၊ဒီဇင်ဘာဘ ၂၇ရက်တွင် ဗျင်းထားခြင်းဖြစ်သည်။

YELL BAW - ရဲဘော်

28 Dec, 14:37


သတင်းထုတ်ပြန်ချက်။    ။၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေးစခန်းတွင် တာဝန်ကျနေသော စကစတပ်သား (၃)ဦးအား ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၇ ရက်နေ့ ည (၆ )နာရီဝန်းကျင်တွင် မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်ဖြစ်သော Popa Guerilla Force (PGF)တို့မှ လျှပ်တပြက်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်စဥ်အတွင်း ရန်သူ့ စကစဘက်မှ အရာခံဗိုလ်အဆင့်ရှိသူအပါအဝင် စကစတပ်သား (၂)ဦးအား အရှင်ဖမ်းဆီးနိုင်ခဲဲ့သော်လည်း စကစတပ်သားတစ်ဦးမှာ ပြည်သူများအကြားတွင် ထွက်ပြေး လွှတ်မြောက်သွားခဲ့သည်။

မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးချင်သော်လည်း ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းတပ်သားအား ရင်နာနာဖြင့် ငဲ့ညာပေးခဲ့ရသည်။

၎င်းစစ်ဆင်ရေးအတွင်း စကစတပ်သား နှစ်ဦးနှင့်အတူ MA 11 သေနတ်တစ်လက်နှင့် UZI သေနတ်တစ်လက်အပြင် ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိခဲ့သည်။

ရန်သူတပ်သားနှစ်ဦးအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ မိမိတို့ နယ်မြေသို့ ခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသောကြောင့် မဖြစ်မနေ ပစ်ခတ်ရှင်းခဲ့ရသည်။

ပြည်သူများအနေဖြင့်လည်း အပျော်အပါး ပွဲလမ်းသဘင်များ ပြုလုပ်လျှင် စကစတပ်သားများဖြင့် နီးစပ်ရာများတွင် မပြုလုပ်ရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

၎င်းစစ်ဆင်ရေးအား မိမိတို့ Myingyan Black Tiger (MBT)တပ်နှင့် ညီနောင်မဟာမိတ်ဖြစ်သော Popa Guerilla Force (PGF)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

YELL BAW - ရဲဘော်

28 Dec, 04:49


"တွဲလက်ညီညာ သိန်း ၂၀၀"

ပထမဆုံးအကြိမ် ပြည်သူလူထုထံသို့ တိုက်ရိုက်အကူအညီ တောင်းခံခြင်း။

လက်ရှိစစ်ရေးအရ အရေးပါတဲ့ နယ်မြေအနေအထားအရရော စစ်ပွဲရဲ့ ကြီးမားတဲ့အချိုးအကွေ့အလှည့်အပြောင်းတခု ဖြစ်စေနိုင်တဲ့ မတ္တရာ နဲ့ စစ်ကိုင်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) အတွက် အရေးပေါ် ရှေ့တန်းအတွက် လိုအပ်တဲ့ လ_က် န_က် ခဲ ယ_မ်း ဖြည့်တင်းဖို့အတွက် ရန်ပုံငွေ ရှာဖွေခြင်းဖြစ်ပါတယ်။

ပြည်သူလူထုနဲ့အတူတကွ တွဲလက်ညီညာစွာဖြင့် စစ်ရေးအောင်ပွဲများကို အရယူရင်း အကြမ်းဖက်စစ်ကောင်စီကို မောင်းထုတ်ဖို့ "တွဲလက်ညီညာ သိန်း ၂၀၀" ကမ်ပိန်းမှာ ပါဝင်ထောက်ပို့လိုက်ပါ။

ပါဝင်ထောက်ပို့ရန်- Facebook Page https://www.facebook.com/profile.php?id=61559351096012

Telegram - @kiri_ydnb ၊ @momoket ၊ @Baneio_8424 ၊ @twi3twi

YELL BAW - ရဲဘော်

22 Nov, 13:18


👀 ချန်နယ်အဖွဲ့ဝင် အားလုံးမင်္ဂလာပါ

လက်ရှိ VPN ပိတ်ဆို့မှု အခြေအနေတွေအရ .....Form ထဲမှာ ....

➡️ ဘယ် VPN တွေ အလုပ်လုပ်နေသေးလဲ

➡️ ဘယ် အော်ပရေတာ တွေနဲ့ အလုပ်လုပ်နေသေးလဲ


စတာတွေကို သိရနိုင်ဖို့ အားလုံးဝိုင်းဝန်းဖြည့်စွက်နိုင်မှာဖြစ်ပါတယ်။


အပတ်စဉ်ဖြည့်စွက်သွားကြမယ်ဆိုရင်

နောက်ဆုံးရအခြေအနေတွေကို သိရနိုင်မှာဖြစ်ပြီး

ချန်နယ်ကို လာရောက်မေးမြန်းကြတဲ့

VPN နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မြန်ဆန်စွာ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Form ကို ဝိုင်းဝန်းဖြည့်စွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Form ကရရှိတဲ့ အချက်အလက်တွေပါဝင်တဲ့ Sheet ကိုလည်း အများကြည့်ရှုနိုင်အောင် နဲ့ Comment ပေးနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။


ဖြည့်စွက်ရမည့် ဖောင် -
https://forms.gle/cEZaWGfVFBN3Tm7G6

စစ်တမ်းရလာဒ်များအား Googl Sheet မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတိ ။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြို့နယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ရှိနိုင်ပါဦးမယ်

YELL BAW - ရဲဘော်

21 Nov, 05:27


မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့၏ ၄မိုင်အကွာတွင် (၇)ရက်တာ တိုက်ပွဲအကျည်းအား မိဘပြည်သူများအား တင်ပြအပ်ပါသည်။

YELL BAW - ရဲဘော်

21 Nov, 05:27


သတင်းထုတ်ပြန်ချက်။   ။၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၁ ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့တောင်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသော မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း (၃) စစ်ရေးလှုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စကစတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

၎င်းခုခံစစ်သည် ၃ ရက်တာကြာမြင့်ခဲ့ပြီး ခဲယမ်းပျက်တောက်မှုကြောင့် ပထမ ခံစစ်စည်းဖြစ်သည့် ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရသည်။

၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်နေ့ ည (၈) ခွဲအချိန်မှ စ၍ ရန်သူစကစနှင့် နောက်တစ်ကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် ခုခံစစ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့ထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စကစဘက်မှ Mi-35 ရဟတ်ယာဉ်ဖြင့် (၃) ကြိမ်နှင့် Jet Fighter ဖြင့် (၂) ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်ပြုလုပ်ခဲ့ပြီး မြင်းခြံမြို့ရှိ ခမရ ၁၅ မှလည်း ဟောင်ဝှစ်ဇာ ၅ လုံးဖြင့် ပစ်ကူ‌ပေးခဲ့သည်။

မိမိတို့ MBT တပ်ဖွဲ့မှ ရဲဘော်များအနေဖြင့် ရန်သူ၏ ကြည်းကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နိုင်ခဲ့သော်လည်း ခဲယမ်းပျက်တောက်သွားမှုကြောင့် ဒုတိယခံစစ်စည်းဖြစ်သည့် ခြေဆေးကျေးရွာမှ ဆုတ်ခွာပေးခဲ့ရသည်။

၎င်း (၇)ရက်တာ တိုက်ပွဲအတွင်း စကစဘက်မှ နှစ်ပွင့်ဗိုလ်အပါအဝင် စကစတပ်သား (၃၆)ဦးသေဆုံး၊ (၄၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိမိတို့ MBT တပ်ဖွဲ့မှ ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စကစတပ်များသည် ယခုအချိန်ထိ စစ်ကြောင်းထိုးနေပြီး မိမိတို့ MBT တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှလည်း ပြန်လည်ခုခံကာ စစ်ရေးအခြေအ‌နေ
တင်းမာနေဆဲဖြစ်သည်။


မိမိတို့ Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း၏ (၇) ရက်တာ ခုခံစစ် တိုက်ပွဲ၌ လာရောက်အားဖြည့် ပူးပေါင်းတိုက်ပွဲ၀င်ပေးကြပါသော Popa Guerilla Force (PGF)၊မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃ ၊၄၊၇ ၊၈)
မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ အမှတ် (၈၁၅) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ (
စွန်ရဲပြောက်ကျားတပ်၊ SPY ပြောက်ကျားတပ်၊
နှလုံးလှ လူမိုက်တပ်ဖွဲ့တို့အား မိမိMBTတပ်ဖွဲ့မှ  အထူးပင်ကျေးဇူးတင်အပ်ပါသည်။

YELL BAW - ရဲဘော်

20 Nov, 15:46


"Donate with friends"

ပြည်သူ့ရဲဘော်များအားထောက်ပံ့ရန်အတွက်

"အသက်တစ်နှစ်ကြီးလာခြင်းအမှတ်တရ”

" မောင့်မမတွိ “မှ လာရောက်လှူဒါန်းသောရန်ပုံငွေ ၃၀၀၀၀(စာဖြင့် သုံးသောင်း) ကျပ် တိတိအား

ရဲဘော်တို့မှ ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါတယ်ခင်ဗျာ။ နောက်များတွင်လည်း လာရောက်လှူဒါန်းရန်ဖိတ်ခေါ်အပ်ပါသည်။

အရေးတော်ပုံအောင်ကိုအောင်ရမည်။

သူငယ်ချင်းများနဲ့အတူလှူဒါန်းလိုပါက အောက်ပါလင့်ခ်တွင် အသေးစိတ်လေ့လာနိုင်ပါသည်။
https://www.facebook.com/101548842298357/posts/183107514142489/

YELL BAW - ရဲဘော်

20 Nov, 13:59


သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊နိုဝင်ဘာလ ၂၀ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့ပေါ်ရှိ စကစတပ်သားများ အဓိက အခြေချတပ်စွဲရာ ကျောက်ရုံးကြီး (ထွေအုပ်ရုံး)နှင့် စကစတပ်သားများ နားနေရာ Myingyan Hotel တို့အား မိမိတို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ယနေ့ ၂၀၂၄၊နိုဝင်ဘာလ ၂၀ရက် ည (၇)နာရီဝန်းကျင်တွင် အနီးကပ် မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။မြင်းခြံမြို့နယ်ရှိ အများပြည်သူတို့၏ အိုး၊အိမ်၊စည်းစိမ်တို့အား အကြမ်းဖက်​ ခိုးယူမီးရှို့နေသော စကစတပ်သားများအား လက်တုန်ပြန် တိုက်ခိုက်သည့် စစ်ရေးမစ်ရှင်တစ်ခုဖြစ်သည်။စကစတပ်သား၏ ထိခိုက်မှုအသေးစိတ်အား မိမိတို့ MBTတပ်ဖွဲ့မှ စုံစမ်းနေဆဲ ဖြစ်သည်။ယခုကဲ့သို့ မြို့တွင်းစစ်ရေးမစ်ရှင်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စကစတပ်စခန်းများနှင့် နီးကပ်စွာ သွားလာခြင်းမပြုရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

YELL BAW - ရဲဘော်

20 Nov, 04:50


"Donate with friends"

ပြည်သူ့ရဲဘော်များအားထောက်ပံ့ရန်အတွက်

"ကောင်းတာ ဆိုးတာ အများကြီး ကြုံတွေ့ရတဲ့ နှစ်တစ်နှစ် ၊ အတွေ့အကြုံတွေအများကြီး ရခဲ့တယ် ၊ ခွဲခွါမှု တွေ့ဆုံမှုတွေ အများကြီးကြုံရတယ် ၊ အနိမ့်အမြင့်အတက်အကျ ကြမ်းလှတဲ့  ၂၀ ကျော်လူငယ်တစ်ယောက်အနေနဲ့ အလူးအလဲ ခံစားခဲ့ရတဲ့ နှစ် ၊
၂၁ ဆိုတဲ့ အသက်အရွယ်မှာ ခံစားရတာတွေကို သင်ခန်းစာယူပြီး 22 မှာ ပိုပြီး ရင့်ကျက်သန်မာရမယ်၊ အောင်မြင်အောင် ကြိုးစားရမယ်ဆိုတဲ့ ၊ 21 နှစ်တာ နာကျင်စရာတွေကို နှုတ်ဆက်ရင်း ပျော်ရွှင်စရာ 22 နှစ်ဖြစ်ပါရစေ ဆုတောင်းရင်း"

" Lucky ” မှ လာရောက်လှူဒါန်းသောရန်ပုံငွေ ၁၀၀,၀၀၀(စာဖြင့် တစ်သိန်း) ကျပ် တိတိအား

ရဲဘော်တို့မှ ကောင်းမွန်စွာ လက်ခံရရှိခဲ့ပါတယ်ခင်ဗျာ။ နောက်များတွင်လည်း လာရောက်လှူဒါန်းရန်ဖိတ်ခေါ်အပ်ပါသည်။

အရေးတော်ပုံအောင်ကိုအောင်ရမည်။

သူငယ်ချင်းများနဲ့အတူလှူဒါန်းလိုပါက အောက်ပါလင့်ခ်တွင် အသေးစိတ်လေ့လာနိုင်ပါသည်။
https://www.facebook.com/101548842298357/posts/183107514142489/

YELL BAW - ရဲဘော်

18 Nov, 10:45


YELL BAW - ရဲဘော် pinned «📌စစ်ခွေးသုတ်သင်ကျည်အလှူရှင်ကမ်ပိန်းရှင်းတမ်း📌 ▪️(Nov10-Oct15)ရက်နေ့အထိ (37)ရက်တာပြုလုပ်ခဲ့တဲ့ ရော်ဘဲတို့ရဲ့စခသုတ်သင်ကျည်အလှူရှင်ကမ်ပိန်းလေးကနေ တော်လှန်ပြည်သူတဦးတယောက်ချင်းစီရဲ့ပါဝင်မှုအားနဲ့ အလှူငွေစုစုပေါင်းမြန်မာ‌‌ငွေကျပ် 5,374,050 MMK (53)သိန်း7သောင်း…»

YELL BAW - ရဲဘော်

18 Nov, 10:44


📌စစ်ခွေးသုတ်သင်ကျည်အလှူရှင်ကမ်ပိန်းရှင်းတမ်း📌

▪️(Nov10-Oct15)ရက်နေ့အထိ (37)ရက်တာပြုလုပ်ခဲ့တဲ့ ရော်ဘဲတို့ရဲ့စခသုတ်သင်ကျည်အလှူရှင်ကမ်ပိန်းလေးကနေ တော်လှန်ပြည်သူတဦးတယောက်ချင်းစီရဲ့ပါဝင်မှုအားနဲ့ အလှူငွေစုစုပေါင်းမြန်မာ‌‌ငွေကျပ်
5,374,050 MMK (53)သိန်း7သောင်းကျော်လက်ခံရရှိခဲ့ပြီး Ngwe Dwin Revolution Force ရဲ့ “အားအင်အပြည့်ဖြင့်ဆက်တိုက်မယ်”ကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ပေးခဲ့ပါတယ်ခင်ဗျ။

▪️အလှူငွေများအားလုံးသည်လည်း Ngwe Dwin Revolution Force ရဲ့အကောင့်များသို့တိုက်ရိုက်ရောက်ရှိတာဖြစ်ပြီး ရာနှုန်းပြည့်တပြားတချပ်မကျန်မြေပြင်ရဲဘော်တွေဆီသို့ ထောက်ပို့စီးဆင်းခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။မကြာမီမှာ ထောက်ပို့မှတ်တမ်းနှင့်Videoကိုလည်းတင်ပြပေးသွားပါမယ်ဗျ။

▪️ကမ်ပိန်းလေးမှာ အလှူငွေအားဖြင့် ပါဝင်အားဖြည့်ပေးခဲ့သူများ၊RCS,Comics, Promote တို့ဖြင့် ပါဝင်ပေးခဲ့သူများ၊ကမ်ပိန်းပိုစတာDesign ဖန်တီးအားဖြည့်ပေးခဲ့သောရော်ဘဲတို့ရဲ့ Graphic Designer အစရှိသဖြင့် ကဏ္ဍအသီးသီးကနေအားတက်သရောပါဝင်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျ။

▪️ဒီကမ်ပိန်းလေးကို ရော်ဘဲတို့မျှော်မှန်တားဂတ် သိန်း80ထိလျာထားခဲ့ပြီး 53သိန်းကျော်သာရရှိခဲ့ပေမယ့် ခုလိုခက်ခဲကြပ်တည်းနေတဲ့ကာလကြီးမှာ ယနေ့အချိန်ထိအားမလျော့ဘဲပါဝင်ပေးနေကြတာကိုပဲ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လေးစားအပ်ပါတယ်ခင်ဗျာ။နောက်ထပ်ကမ်ပိန်းတွေ၊ပရောဂျက်တွေမှာလည်း အားဖြည့်ဝန်းရံပေးကြမယ်လို့ ယုံကြည်ပါတယ်ဗျာ။

▪️ရော်ဘဲတို့ရဲ့တော်လှန်ပြည်သူအပေါင်း ဘေးကင်းကျန်းမာစွာနဲ့‌အရေးတော်ပုံအောင်မြင်သည်အထိ တက်ကြွစွာပါဝင်တွန်းလှန်နိုင်ပါစေဗျာ❤️

http://youtube.com/post/UgkxxXYml57tip4lV4Eb8ISBeQzd6On0dqBJ

YELL BAW - ရဲဘော်

18 Nov, 10:00


Cisco ကနေ ပေးထားတဲ့ နာရီ 70 စာ training နဲ့ 34 labs ပါတဲ့ Free Course Material ပါ .. လေ့လာချင်တဲ့ သူတွေ Register လုပ်ပြီး လေ့လာလို့ အဆင်ပြေမယ် ထင်ပါတယ် ဗျာ ..

URL - https://www.netacad.com/courses/ethical-hacker

Course Module တွေမှာတော့ ဒါတွေ ပါပါတယ် ..

Module 1: Introduction to
Ethical Hacking and Penetration Testing

Module 2: Planning and Scoping a Penetration
Testing Assessment

Module 3: Information
Gathering and Vulnerability
Scanning

Module 4: Social Engineering
Attacks

Module 5: Exploiting Wired & Wireless Network

Module 6: Exploiting Application-Based Vulnerabilities

Module 7: Cloud, Mobile, and IoT Security

Module 8: Performing Post-Exploitation Techniques

Module 9: Reporting and
Communication

Module 10: Tools and Code Analysis

YELL BAW - ရဲဘော်

18 Nov, 09:45


ဓာတ်ဆီဆိုင်ကို ဓားပြဝင်တိုက်တယ် မျက်နှာအုပ်ထားတယ် သေနတ်ကိုမအုပ်မိဘူး။

ဒီဓားပြက ရဲမှရဲဘဲကွာ

YELL BAW - ရဲဘော်

17 Nov, 02:49


Good morning 🌄
မနက်ခင်းတွေကိုစောစောထ။ဒါမှစိတ်ကြည်ပြီး လူလန်းတာ ပုံထဲကလို😹

YELL BAW - ရဲဘော်

15 Nov, 16:29


ဆရာကြီး မင်းသုဝဏ်ရေးသားထားတဲ့
အမြီးမလှုပ် ငဖြူဒုတ် ပုံပြင်လေးကို ကင်မ်ရွတ်ဖတ်ထားပြီးပြီမို့ ရော်ဘဲတို့ချန်နယ်လေးမှာ အပန်းပြေပုံပြင်လေးနားဆင်နိုင်ပါပြီဗျ❤️

https://youtu.be/4dtMQYhLUXg

အမြဲကလစ်ပေးနေတဲ့ကလစ်ကာအပေါင်းအားလည်းကျေးဇူးအထူးတင်ရှိကြောင်းပါဗျာ🥰

YELL BAW - ရဲဘော်

15 Nov, 13:51


တန်ဆောင်မုန်းလပြည့်ညမှာ မယ်ဇလီဖူးသုတ်စားရတဲ့ ခါးသက်သက်အရသာက ဆေးဘက်ဝင်တယ်တဲ့

မင်းမုန်းသွားတဲ့ညလောက် ခါးသက်မှုတွေကိုရော
မှီပါမလားလို့ ကိုယ့်မှာ အတွေးထပ်ဝင်တယ်။



ဘယ်သူမုန်းသွားတာလဲဆိုတော့ ဒိုနာတွေပေါ့။ ကမ်ပိန်းက ရက်တိုးတာတောင် အလစ်တဲလေးလိုနေသေးတာကို ပစ်ထားကြတာပေါ့🥹

YELL BAW - ရဲဘော်

15 Nov, 07:26


အတုအပ သတိပြု

မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍ ဖော်ပြပါပုံအတိုင်း Telegram မှ လိုက်လန်ဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

၄င်းမှာ တရားဝင်မှု လုံးဝမရှိပဲ၊ အသုံးပြုသူများ၍ Mobile device များရှိ ဒေတာအချက်အလက်များကို အန္တရာယ်ဖြစ်စေနိုင်ပါသည်၊ သို့ဖြစ်ရာ တရားမဝင် ဖြန့်ဝေနေသော Link များကို ဝင်ရောက်ခြင်းမပြုကြပါရန် အသိပေးအပ်ပါသည်။

အစစ်သည် nugpay.app ✔️ ဖြစ်ပြီး

အတုသည် .one ဖြစ်နေပါသည်

အရေးကြီးကိစ္စရှိရင် တင်ပေးနေမှာဖြစ်လို့ ချန်နယ်ကနေ မထွက်သွားကြပါနဲ့ခင်ဗျာ

YELL BAW - ရဲဘော်

15 Nov, 06:31


တချို့က ယမ်းဖောက်သံကို ပျော်ပွဲရွှင်ပွဲအဖြစ်သွားကြချိန်မှာ

တချို့က ယမ်းပေါက်သံတွေကို ကြောက်နေရတယ်

ပျော်ပျော်ရွှင်ရွှင်ဆော့နေတဲ့ ကလေးငယ်လေးနှစ်ယောက် လ၊ က် န ၊က်ပစ်သံကြားချိန်မှာ ဘယ်လောက်ကြောက်လန့်နေလဲ သူတို့စိတ်မှာဘယ်လောက်တောင်ထရော်မာတွေရနေလိုက်မလဲ

အသုဘအိမ်ဖြစ်နေလဲ ဖဲနိုင်တဲ့လူကပျော်မှာပဲဆိုတာမျိုးပေါ့ ခေတ်ပျက်လဲ ကိုယ်ချင်းစာစိတ်မရှိတဲ့လူကတော့ကိုယ်မထိသ၍ အနေသာသလို နေကြမှာဘဲမဟုတ်လား။

YELL BAW - ရဲဘော်

15 Nov, 04:28


‼️ကမ်ပိန်းနောက်ဆုံးရက်လေးပါဗျို့‼️
နောက်ဆုံးပိတ်အိတ်နဲ့လွယ်ချင်လို့တန်ဆောင်တိုင်မုန့်ဖိုးပေးချင်ရင်ဖြစ်ဖြစ်၊ပံ့သကူပစ်ချင်ရင်ဖြစ်ဖြစ် ရော်ဘဲတို့ရဲ့ကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ပေးလို့ရတယ်နော်😁 အများကြီးမဟုတ်ဘူး၃,၀၀၀ကျပ်ကစ ပါဝင်လို့ရတယ်ဗျာ။

YELL BAW - ရဲဘော်

15 Nov, 04:09


သတင်းထုတ်ပြန်ချက်။   ။၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၅ ရက်

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်အတွင်းရှိ မိမိတို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း၏ စစ်ကြောင်း (၃) နယ်မြေအတွင်း  အကြမ်းဖက်စကစတပ်များမှ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

၎င်း စကစတပ်များသည် ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ (၁၁)ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်မှစ၍ လေကြောင်းဖြင့် စတင်ခိုက်ခဲ့ပြီး မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။နှစ်ဘက်ထိတွေ့မှု (၃) ရက်တာ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ရန်သူ့ Drone (၂) စီးကိုလည်း ပစ်ချနိုင်ခဲ့ပြီး Drone တစ်စီး သိမ်းပိုက်ရရှိခဲ့သည်။

၎င်း (၃) ရက်တာခုခံစစ်အတွင်း ရန်သူ့ဘက်မှ လေကြောင်း (၁၅) ကြိမ်ထက်မနည်း အသုံးပြုခဲ့ပြီး ဗုံးအလုံး (၁၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး
တိုက်ပွဲကာလ (၃) ရက်အတွင်း မိမိတို့ MBT တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။စကစ တပ်များ၏ သေဆုံးအလောင်းများနှင့် ဒဏ်ရာရများအား ကားများဖြင့် မြင်းခြံဆေးရုံသို့ သယ်ဆာင်သွားပြီး ဒဏ်ရာရ ပျူနှစ်ဦးအား မိထ္တီလာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

မိမိတို့ MBT တပ်ဖွဲ့ဘက်မှ ခဲယမ်းပျက်တောက်မှု ဖြစ်ပေါ်လာသောကြောင့် ပထမ ခုခံစစ်ဖြစ်သည့် ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရပြီး ယခုလက်ရှိ အချိန်အထိနှစ်ဘက်စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

လက်ရှိအချိန်တွင် စကစတပ်သားများသည် ကူရွာကျေးရွာမှ ပြည်သူ (၃)ဦးနှင့် ကွမ်းစိုက်ကျေးရွာမှ ပြည်သူ (၁)တစ်ဦး တို့အား သတ်ဖြတ်ခဲ့ပြီး ကွမ်းစိုက်ကျေးရွာမှ နေအိမ်များအား မီးရှို့ဖျက်စီးနေလျှက်ရှိသည်။အသေးစိတ်အချက်အလက်များအား စစ်ရေးအခြေအနေပေါ်မူတည်၍ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

YELL BAW - ရဲဘော်

14 Nov, 16:40


Author -Heren Naykyar ရေးထားတဲ့ "Write Your Own History"ကိုယ့်သမိုင်းကိုယ်ရေးဝတ္ထု အပိုင်း(၅)လေးကို Rose🌹က ဖတ်ပြထားပြီးပြီမို့ ရော်ဘဲတို့ ယူကျူ့ချန်နယ်လေးမှာ နားဆင်လို့ရနိုင်ပါပြီနော် ❤️

နားဆင်ရင်းကလစ်၊ကလစ်ရင်းတော်လှန်🫶
https://youtu.be/_Tw7F2lJqdM

အမြဲကလစ်ပေးနေတဲ့ကလစ်ကာအပေါင်းတို့အား ရော်ဘဲတို့မှကျေးဇူးအထူးတင်ရှိကြောင်းပါဗျ🥰

YELL BAW - ရဲဘော်

14 Nov, 13:26


သုံးထောင်စလှု အညာကိုကူလို့ရမယ့် ကမ်ပိန်းလေးပြီးဖို့ မနက်ဖြန် တစ်ရက်သာကျန်တော့သည်။


https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

13 Nov, 15:46


ကိုယ့်ပါကိုပဲအေးဆေးနေတော့မယ်ဆိုတော့ မရဘူးလေ အကိုအကုန်ပြီးမှညီမအကောင့်ကငွေတွေထုပ်ရမှာတဲ့ စချည်လာရော

အဲ့တာဆို။ အကိုသွင်းရမဲ့ငွေ။ ညီမစိုက်သွင်းပြီးထုပ်ပေါ့လို့ပြောတော့ ရှင်သူများဆီကအလကားရတဲ့78000ကျယူတယ် ကိုယ်ထည့်ရမယ်ဆိုတော့မထည့်ချင်တော့ဘူး၊
ရှင်သက်သက်ကပ်နေတာတဲ့
ကျုပ်မကပ်ဘူးခင်ဗျားငွေထုပ်ချင်တာလေ ခင်ဗျားမှာ USD5000ကျော်ရှိနေတာ ခင်ဗျားသွင်းပေးလိုက်ကျုပ်လိုက်လုပ်ပေးမယ် ခင်ဗျားပါခင်ဗျားငွေသွင်းပြီးထုပ်တော့လေပြောလိုက်တာ အမျိုးမျိုးကြိမ်ဆဲသွားပါလေရော

သူ့ပုံကငွေတသိန်း၂သိန်းလောက်ကိုအရေးမပါဘူးထင်တဲ့သူတွေကိုအပ် ပြီးရင်အရင်ပေးပြီးမျှားခေါ်ပြီးရင်
အဲ့လူဆီက ထွက်သလောက်ယူတော့မှာ

အခုလဲတယောက်ပီးတယောက်လာလာအပ် အခုလိုပဲလာပြောပြောနေတာ ကိုကသူတို့မပြောခင်ဦးအောင်ပြောပြလိုက် ထပ်လာမပြောတော့ဘူး ဒါလည်းငွေလိမ်နည်းတမျိုးပါပဲ အားလုံးရှောင်ရှားနိုင်ကြပါစေ။

ကျားရော မ ‘ပါ ကြုံတွေ့နိုင်ပါသည်…
အထူးသတိပြုကြပါ…..🛑🛑🛑
ငွေသည် အလွယ်တကူ ရတတ်သောအရာမဟုတ်ပါ…

လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါသည်…

လူအချင်းချင်းလှည့်ပတ်ခြင်း ….
ကင်းရှင်းကြပါစေ……🍀🍀🍀

YELL BAW - ရဲဘော်

13 Nov, 15:46


🛑💢 သတိပြုဖွယ်…ငွေထောင်ချောက်..💵🚫🛑

တနေ့ သင်ကိုယ်တိုင် ကြုံတွေ့ရနိုင်ပါသည်..☝️
ကျော်မသွားဘဲ အဆုံးထိဖတ်စေလိုပါသည်..👈

(Credit to post owner***)

အခုတလောကျတော့အကောင့်ထဲကောင်မလေးချောချောလေးတွေလာလာအပ်ကြတယ် အကုန်လုံးကပြည်ပမှာနေတယ်နယ်စပ်မှာနေတယ်။
အကိုက မန်းလေးကလား ညီမမန်းလေးကိုအရမ်းရောက်ဖူးချင်တာ စတာစတာ intro ကအဲ့လို🥴

နောက်ကိုယ်တင်သမျှ အသဲလေးပေးမယ် အကိုအဲ့နေရာလေးကဘယ်နားလေးလဲလှလိုက်တာ ညီမလာရင်လိုက်ပို့ပေးရမယ်နော်ဘာညာ ဒုတိယနေ့ပေါ့ တတိယနေ့ကျ ညီမကတယောက်ထဲလာရမှာအကိုကရောက်မှမသိဘူးဘာညာဆို ညီမတယောက်ထဲဒုက္ခရောက်နေမှာရယ် စမြူဆွယ်တာက အဲ့လိုလေး😬😬😬

နောက်ကျအကိုကဘာစီးပွားရေးလုပ်တာလဲ ဘာညာစဗြူးတော့တာပဲ အဆင်မပြေပါဘူးဗျာနိုင်ငံရေးနဲ့လုပ်စားရတာမလွယ်ပါဘူးဘာညာပြောလိုက် ဟုတ်တယ်အကိုရေ ညီမတောင် USD ဝင်တဲ့အလုပ်လေးရှိနေလို့ အနေအစားချောင်နေတာ အကိုလုပ်ကြည့်ပါလားညီမရှင်းပြမယ်ဆိုပြီးစလာတာ😬😬😬 ဘယ်ကမှန်မသိတဲ့ app တခုဖွင့်ပြလိမ့်မယ် အော်ဒါတင်ရတာ USD 50 သွင်းပြီးပေါ်လာသမျှကလစ်ပေးရုံပဲ မိနစ်၂၀လောက်ဆိုပြီးဘီ အဲ့မှာ အမြတ်ငွေက 18USD ရရော ရတော့မြန်မာငွေ၄၄၀၀နဲ့လဲပေးတာတဲ့ ၇၈၀၀၀တန်းရရောတဲ့ ဘယ်လောက်လွယ်လည်းကြည့်စမ်း ဘာလို့ငါတို့ အပင်ပန်းခံဈေးရောင်း ဘာညာလုပ်နေတော့မှာလဲ အဲ့တာကို ကိုယ်ကသိလို့မရင်းတော့ပါဘူးပြောကြည့်ထပ်ပြီး တဆင့်လာလိမ့်မယ်။

အကိုညီမကိုတခုကူညီပါလား ဒီနေ့အမေကဈေးဝယ်ခိုင်းလို့ညီမကိုအော်ဒါကူတင်ပေးပါလားဆိုပြီးလာရော အကိုတပြားမှမထုပ်ရဘူးကူညီပေးရုံပဲဆိုပြီး အဲ့မှာ သူသွင်းထားတဲ့ USD500 နဲ့အော်ဒါတင်တာ ကျတော်ကဖရီးအကောင့်ဖွင့်ထားတာပေါ့သူဖွင့်ပေးတာ password ကိုယ့်ပါကိုရိုက်ပြီးတော့ သူ့အကောင့် usename တွေ password တွေလာပေးပြီး အော်ဒါကူတင်ခိုင်းပါရော ခန့်မှန်းချေ မြန်မာငွေသိန်း၂၀ပေါ့ USD 500 က အော်ဒါအခါ ၅၀တင်ပေးရတာ တင်နေရင်၁၀ကြိမ်မြောက်လောက်ကျ တင်မရတော့ပဲရပ်သွားလို့ သူ့သွားပြောတာ အစောကအမေခိုင်းလို့ဈေးဝယ်တဲ့သူက အသေအချာကိုရှင်းပြနေတာ အကိုရေအဲ့တာ လပ်ကီးပေါက်တာ ဝမ်းသာလိုက်တာရှင် အကိုကူညီပေးလို့ရတာကျေးဇူးတင်ပါတယ်ဘာညာနဲ့ ကိုယ်လည်းဘာမှနားမလည်ပဲ ဟုတ်လားပဲမေးရတာပေါ့ အကုန်အော်ဒါတင်ပြီးတော့ သူ့အရင်း USD 500နဲ့လုပ်တာမိနစ်၂၀လောက်ပဲကြာမယ် USD 700 ကျော်ရရောဗျာ အကိုညီမအမြတ်ဘယ်လောက်ရတယ်ထင်လဲတဲ့ မသိဘူးလေပြောတော့ မြန်မာငွေနဲ့ဆို၉သိန်းကျော်၁၀သိန်းနီးနီးပဲတဲ့ အဲ့တာမို့ညီမတို့စင်္ကာပူမှာ အေးဆေးနေနေနိုင်တာအကိုရေတဲ့ ..

ဟာ မိုက်လိုက်တာ သိန်း၂၀ရင်း၊မိနစ်၂၀ထဲနဲ့ ၁၀ သိန်းချက်ချင်းမြတ် ဒါပေမဲ့ညီမကဘာလို့အကို့အကူညီတောင်းတာလဲညီမဈေးဝယ်ရင်နှိပ်နေလဲမကြာပါဘူးရမှာကိုလို့မေးတော့ အကိုနဲ့ချိတ်လုပ်မှအဲ့လိုလပ်ကီးပေါက်မှာတဲ့ အကို့အကောင့်ထဲဝင်ကြည့်အုံးဆိုလို့ ဝင်ကြည့်လိုက်တာ 18USDရောက်နေတယ်ဗျာ၊

အဲ့တာညီမကိုအကိုကူညီလို့ ကော်မရှင်ရတာတဲ့ ဟော့ဗျာကလစ်လေးနှိပ်ပေးတာ မိနစ်၂၀လောက်ကို 18USD မြန်မာငွေ 78000 ရသတဲ့ မယုံတာနဲ့ ဘယ်လိုထုပ်ရလဲမေးတာ သူပြောသလိုလုပ် ဟိုနှိပ်ဒီနှိပ် kpay နဲ့ချိတ် ထုပ်လိုက်တာ တကယ်ကြီး 78000 ဝင်လာရော ကိုယ်လဲအဲ့မှာအံ့ဩသွားရော ဘာလဲပေါ့ မိနစ် ၂၀ လောက်နဲ့ 78000 အလကားရတာဆိုပြီး စပ်စုပြီး kpay ကိုယ့်ကိုလွှဲတဲ့အကောင့်ကြည့်တော့မြန်မာဖုန်းနံပါတ်ကြီးဦးဘယ်သူပါပေါ့ ဒါပေမဲ့ကိုတပြားမှမစိုက်ရပဲအလကားရတာပဲလေဆိုပြီးထပ်မစဉ်းစားတော့ပဲရတဲ့ပိုက်ဆံဘီယာသောက်ပလိုက်ရော သောက်ရင်းသူငယ်ချင်းတွေပြောပြတော့ သူတို့လဲအံ့ဩနေတာ တပြားမှမပေးရပဲအလကားရလို့ မင်းkpayထဲကပိုက်ဆံတွေနှုတ်သွားလိမ့်မယ်ထုပ်ထားအုံးတဲ့နည်းပညာခေတ်ကြီးမယုံရဘူးတဲ့ ကိုယ်ကလဲ kpay ဖောက်ပြီးထဲက ၅သောင်းအပြင်ပိုမထားဘူး😬😬နှုတ်ချင်နှုတ်ပါစေကွာ ငါအကောင့်ထဲတပြားမှမရှိဘူးဆိုတော့ဝိုင်းရယ်ကြရော😂😂😂

အဲ့တာနဲ့နောက်နေ့ကြတော့ အကိုရေမနေ့ကလိုညီမကိုကူညီပါအုံးတဲ့ ကူညီမယ်ဗျာအလကားပိုက်ဆံရတာပဲဆိုပြီး အဲ့မှာအော်ဒါတင်ပေးရင်သူကလပ်ကီးပေါက်ပြန်ရော လပ်ကီးပေါက်တော့ဘယ်လောက် USD ထပ်ထည့်ပါဘာညာ ပေါ့သူကထည့်ပြီးပြေစာ SS ကျတော့ကိုပို့ ကျတော်ကပြန်ပို့ပေးနဲ့သူ့အကောင့်လုပ်လို့ပြီးရော အကို့အကောင့်ထဲဝင်ကြည့်အုံးတဲ့ ဝင်ကြည့်တော့ 55 USD ရောက်နေရော အယ် 55USDတောင်လို့ဆိုတော့ ညီမဒီနေ့က USD 5000ရင်းလိုက်တော့အကိုကော်မရှင်ပိုရတာလေတဲ့ အဲ့တာနဲ့ အကိုညီမလို အဲ့55USDနဲ့ရင်းပြီးအော်ဒါတင်ကြည့်ပါလားပိုမြတ်တာပေါ့တဲ့ အဲ့တာနဲ့ကိုယ်လည်းအဲ့ USDနဲ့တပြားမှမရင်းရပဲ အမြတ်ရမှာဆိုပြီးအော်ဒါတင်လိုက်တာ ၄ခါမြောက်လောက်ရောက်တော့ လပ်ကီးပေါက်တယ်ဆိုပြီးငွေသွင်းခိုင်းရော

14USD တဲ့ အကို့မှာမရှိဘူးလေသွင်းစရာငွေက ဆိုတော့အကို့ kpay ကနေလွှဲရတယ်လေပြီးရင်အနည်းဆုံး၃သိန်းကျော်ရမှာတဲ့ ညီမရယ်အကိုလပ်ကီးဖြည့်ပြီးထပ်လပ်ကီးတွေချည်ပေါက်နေရင်အကိုဖြည့်စရာမရှိဘူးလေဆိုတော့မနေ့ကရထားတဲ့78000 ထဲကဖြည့်ပေါ့တဲ့ အခုအကို့ငွေက မြန်မာငွေ ၂သိန်းကျော်အကောင့်ထဲရှိနေပီလေတဲ့ မနေ့ကပိုက်ဆံက ဘီယာသောက်လိုက်တာကုန်ပြီလေဆိုတော့ အကိုက ဘောင်းဘီ brand ပိုင်တယ်လေ အိမ်ကလည်းစတိုးဆိုင်ကြီးနဲ့ အဲ့လောက်တောင်မသွင်းနိုင်ဘူးလားတဲ့ အကိုအခုရမဲ့၂သိန်းကျော်လဲမယူတော့ဘူး

YELL BAW - ရဲဘော်

13 Nov, 09:08


ကမ်ပိန်းပြီးဖို့ (၃)ရက်အလိုမှာ
(၁)ယောက် ၃,၀၀၀စီလေးပဲလာကူ။
ရည်းစားသုံးယောက်ရတဲ့နည်းလေးပြောပြမယ်🤭


မသိချင်ရင်လည်းနေပါ မပြောတော့ပါဘူး🙁
https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

12 Nov, 12:18


Ndrfရဲဘော် : ရော်ဘဲတို့ဒီနေအခြေနေ?? ဘာရ။
ရော်ဘဲ : သတိရ။

Ndrf: ဟုတ်ဘူးလေ ကျည်ဖိုးအလှူငွေပြောတာ။
ရော်ဘဲ: တပြားမှမရလို့ သတိပဲထိုင်ရနေတာ😐

(ကျည်ကမ်ပိန်းလေးပြီးဆုံးဖို့ ၃ရက်သာကျန်ပါတော့တယ်ဗျာ)

သတိမရချင်ဘူး ကျည်ဖိုးပဲရချင်ပါတယ်🥹https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

11 Nov, 14:50


Pic for Donate

Clickရင်းသူဌေးဖြစ်နိုင်မဲ့ အစီအစဉ်လေးတစ်ခု ‼️

ကဲ" ကျွန်တော်တို့ pic for donate က လုပ်နေကြအတိုင်း click challenge လေး လုပ်‌သွားပါမယ်ဗျ
Challenge လေးကို မပြောခင်
ဘာကြောင့် သူဌေးဖြစ်နိုင်မလဲ အရင်ပြောပြပါမယ်

ဒါကတော့ ဆုတွေကြောင့်ပါနော်🎊
စုပေါင်း သိန်းရာချီပေါက်နိုင်မဲ့
ထီ 10 စောင်
တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေကို သိမ်းထားပေးမဲ့
Chibi ပုံ (၁၀)ပုံ
ကိုယ့်ရဲ့ ဇွဲလုံ့လရှိမှုကို သက်သေတည်ပေးမဲ့
Certificate ပုံလှလှလေး
တွေကို ပေးသွားမှာ ဖြစ်ပါတယ်ဗျို့ !

မင်တို့ P4D Click Challenge လေးက
Nov-16 to Dec-15 ရက်ထိ ရက် 30 challengeလေးပဲဖြစ်ပါတယ်ဗျ။

စည်းကမ်းလေးတွေကတော့
App ၃ခုအနည်းဆုံးကလစ်ပေးရမယ်
၃ခုပေါင်း Point-100
(4ခုပေါင်း Point-100
5ခုပေါင်း Point-100 အကုန်ရ)

Yt-5ခုတစ်ပုဒ်စီကြည့်ပေးရပါမယ်
1.We Click
2.DMO Spring Channel
3.Thuta Reading Time
4.Yaw Padaythar
5.Artstrike
6.Doctor P myanmar
7.Change
8.Passion
9.YellBaw
10.Click 4 Freedom

Click ss ဘယ်လိုထပ်ရမလဲ⁉️

💙Yt-History ကိုssရိုက်ထပ်ပေးပါ
💙Appရော Ytရောနှစ်ခုလုံးထပ်မယ့်သူက App Point 100နဲ့ Yt 5ခုထပ်ရင်ရပါပြီ
Yt သီးသန့်သူတွေက 10ခုလုံးထပ်ပေးရပါမယ်
CU Codeနဲ့ Ssထပ်ပေးပါ

ဘယ်မှာ ss ထပ်ရမလဲ⁉️
Ssထပ်ရန်နေရာ
Clicker's Event By P4D Group
Daily post မှာပါဗျ

Groupမှာထပ်ဖို့အဆင်မပြေတဲ့သူ
Malar Xiang Guo Cbမှာ ထပ်နိုင်ပါတယ်ဗျ။

အများကြီးပါဝင်ပေးကြဖို့ မင်မျှော်လင့်နေပါပြီဗျို့
#Picfordonate

YELL BAW - ရဲဘော်

11 Nov, 14:39


11ရက် 11လ 11နာရီ 11မိနစ်မှာ အမှတ်တရလေးဖန်တီးချင်ရင် ရော်ဘဲတို့ဆီ နှုတ်ခမ်းနီ(11,000)ဖိုးလာဆိုး။‌ရော်ဘဲတို့က 1သိန်း1သောင်းဖိုးပြန်ချစ်ပေးမယ်ဘယ်လိုလဲ😚😉

YELL BAW - ရဲဘော်

11 Nov, 04:03


‼️ကမ်ပိန်းပြီးဆုံးရန်(၅)ရက်သာလို‼️

ကျည်ကမ်ပိန်းလေးက တားဂတ်လည်းမပြည့်သေးပါဘူးချစ်တို့ရေ။30%(41)သိန်းကျော်လိုနေပါသေးတယ် ပစ်မထားကြပါနဲ့အုံးလို့😭

၃,၀၀၀ကစ တတ်အားသ၍လေး အဆင်ပြေမယ်ဆိုရင်တော့ အားဖြည့်ပေးကြပါအုံးနော
https://www.facebook.com/100075615802177/posts/558985013298687/


▪️ပါဝင်အားဖြည့်လိုလျှင်
Payment methodများအနေနဲ့
K Pay, Wave Pay, NUGPay , န်ိူင်ငံခြားဘဏ်တို့နှင့် ယုံကြည်စိတ်ချစွာ ပါဝင်ထောက်ပံ့နိုင်ပါတယ်ခင်ဗျ။

☎️ဆက်သွယ်ရန် - Page Chatbox

📱Telegram secret chat -@YELLBAWFUNDRAISINGTEAM
-@KimYBk

📍Signal
+66 62 932 6153

📌YouTube channel
https://youtube.com/@yellbaw

📌Telegram channel https://t.me/YellBawFundraisingTeamYB

YELL BAW - ရဲဘော်

09 Nov, 03:12


ရဲဘော်တွေကတော့ အားအင်အပြည့်ဖြင့်ဆက်တို,က်ဖို့Readyပဲဗျာ။ဘေးကင်းစွာနဲ့အထိအခိုက်ကင်းပြီးအောင်ပွဲတွေဆင်နိုင်ဖို့ ကျ,ည်ကာvest, helmet ,ကျ,ည်ဆံ၊ခဲယ,မ်း စတဲ့လိုအပ်ချက်တွေဖြည့်ကူပေးနိုင်ဖို့

Ngwe Dwin Revolution Force ရဲ့ သိန်း(၁၅၀)ရှာဖွေနေတဲ့ကမ်ပိန်းလေးကို သတ်မှတ်ရက်အတွင်း တားဂတ်ပြည့်မှီသွားအောင် ရော်ဘဲတို့နဲ့အတူ တယောက်ချင်းစီရဲ့အားတွေနဲ့ဝိုင်းကူတွန်းပေးကြပါအုံးစို့ခင်ဗျာ💪

နှစ်ဖွဲ့ပေါင်းဆိုရင် တားဂတ်ရဲ့70%ရရှိထားပြီမို့ ကျန်နေသေးတဲ့(%)လေးအမြန်ဆုံးပြည့်သွားချင်ပါတယ်ဗျာ။

https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

08 Nov, 12:10


သတင်းထုတ်ပြန်ချက်။   ။၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၈ ရက်

ကျွန်တော်တို့ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား ၂၀၂၄၊နိုဝင်ဘာလ (၇)ရက်နေ့တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါသည်။

၎င်း ကာဘိုင် အမျိုးအစား သေနတ်သည် ရှေ့တန်းစစ်မျက်နှာပြင်၌ ကျည်ရှားပါးမှု ဖြစ်ပေါ်နေသော ကျားမဲလေးများအတွက် အဓိက ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။၎င်းသည် ပေါ့ပါး၍ ပစ်မှတ်ကို မိတာ (၁၀၀)အတွင်း တိကျစွာ ပစ်ခတ်နိုင်သည့်အပြင် ကျည်ရှားပါးမှုပြသနာအား ဖြေရှင်းနိုင်သောကြောင့် မကြာမှီအချိန်အတွင်း ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း)အစား ၅.၅၆ သုံး ကာဘိုင်များအား အစားထိုးအသုံးပြုသွားမည်ဖြစ်သည်။

မြို့သိမ်းတိုက်ပွဲ ဆင်နွဲရန် အသင့်ဖြစ်နေသော MBT တပ်ဖွဲ့မှ ရဲဘော်များအတွက် "End Point" ကမ်ပိန်း၏ ကျန်ရှိနေသော ၆၀% အား ဆက်လက်ကူညီ‌ထောက်ပံ့ပေးပါရန် မိဘပြည်သူများအား အထူးပင်မေတ္တာရပ်ခံအပ်ပါသည်။

YELL BAW - ရဲဘော်

08 Nov, 06:19


https://www.facebook.com/share/p/19Cxb2jfDc/

YELL BAW - ရဲဘော်

08 Nov, 04:23


Captionတောင်မလိုတော့ဘူး😤

တားဂတ်ပြည့်ဖို့တော့လိုပါတယ်😭https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

07 Nov, 13:25


မြို့မဘုန်းကြီးကျောင်းထဲ ပိတ်မိနေတဲ့ ပြည်သူတွေရဲ့ အခြေအနေကိုတွေ့ရစဉ်/ ဓာတ်ပုံ-CJ

YELL BAW - ရဲဘော်

07 Nov, 13:25


အင်းတော် မြို့မဘုန်းကြီးကျောင်းမှာ ပိတ်မိနေသူတွေကို စစ်အုပ်စုက တစ်နေ့တစ်ယောက် အဓမ္မပြုကျင့်၊

Non-CDM တွေ ထွက်ပြေးရင် PDF က ဖမ်းပြီးသတ်မယ်လို့ ဝါဒဖြန့် ခြိမ်းခြောက်ထား၊

ဘုန်းကြီးကျောင်းထဲ ပိတ်မိနေသူ ၁၄၀ ကျော်ရှိနေဆဲလို့ဆို

သက်တန့်/ MFP ၊ နိုဝင်ဘာ-၇

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်အုပ်စုအထိုင်ချရှိနေတဲ့ မြို့မဘုန်းကြီးကျောင်းဝင်းမှာ ပိတ်မိဖမ်းဆီးခံထားရသူတွေအနက် နောက်ဆုံးကျန်ရစ်နေသူတွေကို စစ်အုပ်စုက နေ့စဉ် အဓမ္မပြုကျင့်တာ ၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ လွတ် မြောက်လာသူတွေက ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်ကစပြီး တည်းက စစ်အုပ်စုအထိုင်ချတပ်စွဲထား တဲ့ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိ ဖမ်းဆီးခံထားရသူ ၅၀၀ ကျော် ရှိခဲ့ပြီး ပြီးခဲ့တဲ့ လတွေအတွင်း ထွက် ပြေး လွတ်မြောက်ခဲ့သူ ၃၀၀ ကျော်ရှိခဲ့ကာ နောက်ဆုံးကျန်ရစ်နေသူ ၁၄၀ ကျော်ရှိတယ်လို့ လွတ်မြောက်လာသူတွေက ဆိုပါတယ်။

အဲဒီ စစ်အုပ်စုအထိုင်စခန်းမှာ ပိတ်မိကျန်ရှိနေသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ပြီး စစ်အုပ် စုအမျိုးသမီးတွေကို တစ်နေ့ တစ်ယောက်နှုန်းနဲ့ အဓမ္မပြုကျင့်တာတွေ လုပ်ဆောင်နေတယ်လို့ ထွက်ပြေးလွတ် မြောက်လာတဲ့ အမျိုးသမီးတွေရဲ့ ပြောပြချက်ကို သိထားတဲ့ ဒေသခံတစ်ဦးက MFP ကို ပြန်ပြောပါတယ်။

အင်းတော်မြို့ စစ်အုပ်စုအထိုင်ချ မြို့မဘုန်းကြီးကျောင်းကနေ လွတ်မြောက်လာတဲ့ အမျိုးသမီးတွေအနက် အဓမ္မ ပြုကျင့်ခံခဲ့ရသူ အမျိုးသမီးတချို့က စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ယောက်ကို အမျိုးသမီးအချင်းချင်း ပြန်လည် ပြောကြားအသိပေးရာက အခုလို အဓမ္မပြုကျင့်ခံရမှု အခြေအနေတွေကို သိခဲ့ရတာလို့ဆိုပါတယ်။

“စစ်ရှောင်တွေကူညီပေးနေတဲ့ အစ်မတစ်ယောက်ရှိတယ်။ သူကနေ ပြောပြတာပေါ့နော်။ အဲဒီက ထွက်လာတဲ့အ မျိုးသမီးတွေကို သူတို့ကနေပြီးတော့ ကူညီပေးရတာပေါ့။ အဲဒီအမျိုးသမီးတစ်ယောက်က သူတို့ကို ပြောတာပေါ့။ Rape လုပ် (အဓမ္မပြုကျင့်) ခံရတယ်ပေါ့။ နောက် ပြီးတော့ စစ်သားတွေက တစ်ရက် တစ်ယောက် ခေါ်တာပေါ့” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

အင်းတော်မြို့မဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခံထားရသူတွေထဲမှာ မိသားစုတွေပါဝင်ပြီး စစ်အုပ်စုက အမျိုး သ မီး တွေကို အဓမ္မပြုကျင့်မယ့်အကြောင်းကို အမျိုး သမီးရဲ့ လင်ယောက်ျားဖြစ်သူရှေ့မှာ ပေါ်ပေါ်တင်တင် ရိုင်း စိုင်း စွာ ပြောကြားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ အဲဒီအမျိုးသမီးတစ်ယောက် ဆိုလို့ရှိရင် သူ့ယောက်ျားရှေ့မှာတင်ကို ပြောတာပေါ့နော်။ မင်းအမျိုးသမီးကို ငါမု ဒိန်းကျင့်မယ်။ ကျေနပ်လား အဲလိုပုံစံတွေက အစပြောတာ”လို့ အဓမ္မပြုကျင့်ခံရသူတွေရဲ့ သတင်းအချက် အလက်ကို သိရှိထားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်အုပ်စုက ဓားစာခံသဘော ဖမ်းဆီးထားခဲ့တဲ့ လူ ၅၀၀ ကျော်အနက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်က လူ ၃၀၀ ခန့် အရဲစွန့်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သလို နိုဝင်ဘာ ၁ ရက်ကလည်း ပြည်သူ ၃၀ ခန့် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

မြို့မဘုန်းကြီးကျောင်းဝင်းအတွင်း ကျန်ရှိနေဆဲဖြစ်တဲ့ ပြည်သူတွေကိုတော့ စစ်အုပ်စုက အရင်လို ထွက်မပြေးဖို့ တားမြစ်ပိတ်ပင်တာမျိုး မရှိတော့ဘဲ ထွက်ပြေးလို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ဖမ်းမိသွားရင် အ သတ်ခံရမှာလို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်း စစ်သားတွေကတော့ ပိတ်ထားတာမျိုးမရှိတော့ဘူး။ မင်းတို့ထွက်ချင်ထွက်ပေါ့။ ထွက်မယ် ဆို ရင်လည်း PDF တွေက မင်းတို့ကို သတ်မှာပဲ။ အဲလိုမျိုးတွေ ခြိမ်းခြောက်ထားတာဆိုတော့ မထွက်ရဲဘဲနေတာ။ တ ချို့ကျတော့လည်း အရဲစွန့်ပြီးတော့ သေချင်သေ။ ဒီမှာတော့ အသေမခံနိုင်ဘူး။ ဟိုမှာပဲ ဖြစ်ချင်တာဖြစ်ဆိုပြီး ထွက် လာကြတော့တာပေါ့”လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဆိုပါ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသူတွေထဲမှာ Non-CDM တွေလည်းပါဝင်တာမို့ စစ်အုပ်စုက အဲဒီ Non -CDM သမားတွေကို ပိုမိုခြိမ်းခြောက်ထားတာဖြစ်တဲ့အတွက် Non-CDM တွေက ကြောက်ပြီး ထွက်မပြေးရဲ ဘဲ ဖြစ်နေကြတာလို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိ အင်းတော်မြို့တွင်းကနေ ထွက်ပြေးလွတ်မြောက်လာကြတဲ့ ပြည်သူ ၃၀၀ ကျော်ထဲမှာ Non-CDM သမားတွေလည်းပါဝင်ပြီး သူတို့ကို သက် ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေက စစ်ဆေးမေး မြန်းကာ ပြန် လွှတ် ပေး လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြို့ပေါ်ကလူတွေလည်းပါမယ်။ တခြားကနေပြီးတော့ အင်းတော်မှာ တာဝန်ကျပြီးတော့ Non-CDM တွေကနေ ပြီးတော့ ပိတ်မိနေလိုက်တော့တာပေါ့။ စစ်ကောင်စီနဲ့ ပေါင်းတဲ့သူတွေဆိုတော့ PDF တွေ ဖမ်းမှာလည်း ကြောက်၊ တစ်ခုခုလုပ်မှာလည်း ကြောက်ပြီးတော့ မထွက်ရဲကြတာ။ တကယ်တော့ ကိုယ့်ဘက်က ဖမ်းတာတော့ မဟုတ်ဘူး။ မေးစရာရှိတာမေး၊ စစ်စရာရှိတာစစ်ပြီးတော့ ပြန်လွှတ်ပေးပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ နိုဝင်ဘာလ ၁ ရက်ကစလို့ ပြန်လည်ဖြစ်ပွားနေတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ခုနစ်ရက် ကြာ ရှိလာခဲ့ပြီဖြစ်ပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

YELL BAW - ရဲဘော်

07 Nov, 13:25


“တိုက်ပွဲက ငြိမ်တာတော့မငြိမ်ပါဘူး။ မိုးရွာနေပေမယ့်လည်း။ တိုက်ပွဲကတော့ နေ့တိုင်းပဲဖြစ်နေတာ။ မိုးက မနက် ၄ နာရီလောက်တည်းက ရွာနေပေမယ့် တိုက်ပွဲကနေ ဖြစ်နေဆဲပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ အင်းတော်မြို့တွင်း နောက်ဆုံးလက်ကျန် စခန်းတွေဖြစ်တဲ့ မြို့မဘုန်းကြီးကျောင်းနဲ့ ဂျပန်လှိုက်ဂူ ကုန်း စခန်းတွေကနေ အခိုင်အမာတပ်စွဲပြီး ခုခံတိုက်ခိုက်နေသလို စစ်အုပ်စု ဘက်ကနေ ရှမ်းနီ(SNA) တပ်တွေက ကူတိုက်ပေးနေတယ်လို့ တော်လှန်ရေးအင်အားစုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

MFP က တင်ဆက်နေတဲ့ ရုပ်သံ၊ ဓာတ်ပုံ‌၊ သတင်းတွေကို အောက်ပါချန်နယ်တွေမှာလည်း ဝင်ရောက်‌ဖတ်ရှု့နိုင်ပါ တယ်။

Website - https://mandalayfreepress.com

Youtube - https://www.youtube.com/@MandalayFreePressMFP

Telegram - https://t.me/mandalayfreepress

#Mandalay_Free_Press_MFP

YELL BAW - ရဲဘော်

07 Nov, 13:17


ကျွန်တော်တို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲအတွက် အဓိက ခေါ်ယူခဲ့သော End Point ကမ်ပိန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၆)ရက်နေ့မှာ သတ်မှတ်ရက်ပြည့်ခဲ့ပြီးဖြစ်ပါသည်။သို့သော် End Point ကမ်ပိန်း၏ ၄၀%ကိုသာ ရရှိခဲ့သောကြောင့် ကျန်ရှိနေသော ၆၀%ကို ဖြည့်တင်းနိုင်ရဲ့အတွက် ဒီဇင်ဘာလ (၆)ရက်နေ့အထိ ကမ်ပိန်းရက်အား တိုးမြှင့်သတ်မှတ်သွားမှာ ဖြစ်ပါတယ်ခဗျာ။ထိုကြောင့် မိဘပြည်သူမျာအနေဖြင့် မိမိတို့ MBTတပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲ င်နွှဲနိုင်ရေးအတွက် End Point ကမ်ပိန်း၏ ကျန်ရှိနေသော ၆၀%အား ဆက်လက်ကူညီထောက်ပံ့ပေးပါရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်ခဗျာ။

YELL BAW - ရဲဘော်

07 Nov, 02:23


ရက်ထပ်တိုးထားတဲ့ကြားရမှ target မပြည့်ရင် ရော်ဘဲလုပ်မယ့်အနေအထားလေး 🙃🙃


သုံးထောင်လည်းကူ အာဘွားလည်းယူကတော့ ဒါ 🤭
https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

06 Nov, 02:57


အများကြီးမတောင်းဆိုဘူးနော် သိန်း(၁၅၀)ဖိုးလောက်လေးပဲအချစ်ခံချင်လို့။ဘယ်active nowကို hiရမလဲ...



သူများတွေသိန်း၂၀၀ဖိုးကြီးတောင်အချစ်ခံရတာနော်ဒီမှာ(၁၅၀)လေးပါပဲ☹️ https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

05 Nov, 13:18


▪️ကျည်ကမ်ပိန်းလေးရဲ့လက်ရှိအခြေနေလေးပါဗျို့။
Ngwe Dwin Revolution Force ရဲ့သိန်း(၁၅၀)ရှာဖွေနေတဲ့ကမ်ပိန်းလေးမှာ ရော်ဘဲတို့အ‌နေနဲ့ဒိုနာတွေရဲ့အားနဲ့( 26%)/သိန်း40 လက်ခံရရှိပါဝင်အားဖြည့်ထားပါတယ်ခင်ဗျာ။တားဂတ်ပြည့်မှီဖို့လည်းလိုအပ်နေပါသေးတယ်ဗျ။

▪️အညာကရဲဘော်တွေ တိုက်ပွဲတွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့အောင်မြင်စွာပွဲကနိုင်ဖို့ လိုအပ်နေတဲ့ကျည်တွေကို ရော်ဘဲတို့နဲ့အတူတူ 3,000ကျပ်မှစ တတ်အားသ၍‌လေးဖြည့်ကူပေးလို့ရကြောင်းပါဗျို့.... ဒီနေ့လက်ခံရရှိငွေကတော့သုံးသောင်းတောင်မပြည့်သေးတာမို့ အဆင်ပြေမယ်ဆိုရင်တော့ ဖြည့်ကူပေးကြပါအုံးနော

https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

05 Nov, 09:06


YELL BAW - ရဲဘော် pinned «▪️ရော်ဘဲတို့ဆီကနှုတ်ခမ်းနီဆိုးခြင်းရဲ့ကောင်းကျိုးများ ၁။ယုံကြည်မှုရှိရှိလှပခြင်း (တော်လှန်ရေးမှာ ယုံကြည်မှုရှိရှိလိပ်ပြာလုံစွာပါဝင်အားဖြည့်နေခြင်း) ၂။စမတ်ကျကျလှပခြင်း(တော်လှန်နေ့ရက်များကို အဓိပ္ပါယ်ရှိစွာ၊တန်ဖိုးရှိရှိဖြတ်သန်းနေခြင်း) ၃။အရမ်းချစ်စရာကော…»

YELL BAW - ရဲဘော်

05 Nov, 09:01


Author -Heren Naykyar ရေးထားတဲ့ "Write Your Own History"ကိုယ့်သမိုင်းကိုယ်ရေးဝတ္ထု အပိုင်း(၃)လေးကို Rose🌹က ဖတ်ပြထားပြီးပြီမို့ ရော်ဘဲတို့ ယူကျူ့ချန်နယ်လေးမှာ နားဆင်လို့ရနိုင်ပါပြီနော် ❤️

နားဆင်ရင်းကလစ်၊ကလစ်ရင်းတော်လှန်🫶
https://youtu.be/5mBDDr-gd0w?si=43tz5WGQihpj9jD_

YELL BAW - ရဲဘော်

23 Oct, 08:12


ရော်ဘဲတို့ကမ်ပိန်းတွေမှာ အမြဲDonateပေးကြတဲ့ဒိုနာတွေရယ် RCSကူပေးတဲ့RCSerတွေရယ်ကိုမေတ္တာလက်ဆောင်အနေနဲ့
.

.

.

“အာဘွားဗျ”😁


မတတ်နိုင်ဘူး ပေးစရာကလည်းအာဘွားပဲရှိတာ
ခုလည်းပေးချင်လို့ နှုတ်ခမ်းနီလေးလာဆိုးကြအုံး😚
https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

22 Oct, 12:17


ပွင့်သွားခဲ့ပြီလေ တမလွန်မှာ:3 ဗွီးယုံစုံလုံးကန်းခဲ့ပေါ့😭

ဒီမှာခွီ
https://www.facebook.com/share/v/14HdzMMbVN/

ဒီမှာကလာဆိုး
https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

22 Oct, 06:13


သူvoteနေတာမဟုတ်ဘူး သူဖြုတ်နေတာ 🤣

ဟဟား ဒိုနာတွေကြ,မ်း🔥

YELL BAW - ရဲဘော်

21 Oct, 14:29


ဒါမျိုးတော့ လာမပြိုင်နဲ့

လယ်ဗယ်တူရင်တောင် တိုက်စားပေးပြိုင်မှာ

ဘယ်လောက်ထိ သတိရကြောင်းတွေ စာတွေစီထားတယ် မင်းကတော့ဘယ်သိမလဲ စာမှမတတ်တာ
https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

21 Oct, 11:55


ဘုတလင်က အပြစ်မဲ့ပြည်သူ(၆)ဦး ရ၊က်၊ရ၊က်စ၊က်စ၊က်သ၊တ်ဖြ၊တ်ခံထားရတဲ့ပုံတွေမျက်လုံးထဲကိုမထွက်ဘူးဗျာ။ဘယ်လိုတောင်လူစိတ်ကင်းမဲ့ပြီးလုပ်ရက်နိုင်ကြလဲဆိုတာ စဉ်းစားလို့တောင်မရပါဘူး။ရန်သူဟာရန်သူပီသဆဲ ကိုယ်လူတို့...

စစ်ဖိနပ်အောက်ပျော်မွေ့ပြီးစစ်ကျွန်ခံနေရင်တော့ နောက်ထပ်ဘုတလင်လိုအဖြစ်ဆိုးတွေ၊ယုတ်မာကမ်းကုန်မှုမျိုးတွေအကြိမ်ကြိမ်ကြူးလွန်ခံနေရအုံးမှာ။

ရုန်းထွက်မလား၊မတရားမှု‌တွေကိုကြူးလွန်ခံမလား??
ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ကြ။

YELL BAW - ရဲဘော်

21 Oct, 10:56


#ကူး‌ယူဖော်ပြခြင်းဖြစ်ပါသည်။

မနေ့က တစ်ရက်ထဲ

- ဘုတလင် စီပါကျေးရွာ ကို ပေါင် (၅၀၀) နဲ့ ဗုံးကျဲချပြီး ဝင်မီးရှို့တယ်။ အသက်ရွယ်ကြီး ရွာသား (၆) ဦးကို ခေါင်း-ခြေ-လက်တွေ ဖြတ် ခြံစည်းရိုးတွေလိုက်ချိတ် ဗိုက်ခွဲပြီး အူကလီစာတွေ ထုတ် ချိတ် -လူ့အသဲကို အိုးထဲ ထည့်ချက်ထားခဲ့တာ၊ တကယ်ကို လူ့မိစ္စာတွေလို ပြုမှု ရက်စက်နေကြတာ။

-ပုလော (မြိတ်) မှာ စစ်ရှောင်ပြည်သူ (၇၀) ကျော် ရေနစ်သေဆုံးတယ်။အလောင်းတောင် အများစု ပြန်မရကြဘူး။
-မောင်တော မှာ ဖားဝမ်ချောင်းရွာကို ပေါင် (၅၀၀) ဗုံးကျဲလို့ ပြည်သူ (၅) ဦးသေဆုံးတယ်။ ဒဏ်ရာရ ၁၄ ဦးရဲ့ အသက်က နေ့လား ညလားပဲ။
-ဘုတလင် စိုင်ပြင်လေးရွာ အပါအဝင် မြို့နယ်
အနောက်ခြမ်းရွာတွေကို မီးရှို့ပြီး လသားကလေးငယ် အပါအဝင် သက်ကြီးပြည်သူ (၂၀) ဦးကျော် အသက်ခံရတယ်။

-
အဲ့တာတွေက မနေ့က တစ်ရက်ထဲ ဖြစ်ခဲ့တာတွေပဲ။
ပြည်သူ အယောက်တစ်ရာ ကျော်ဟာ စစ်တပ်ရဲ့ ကမ်းကုန်အောင် ယုတ်မာချက်တွေကြောင့် နေ့မြင်ညပျောက် အကြောက်တရားတွေနဲ့ ဆုံးပါးနေရတဲ့ ဘဝတွေ။

အင်တာနက်ပေါ်မှာတော့ စောက်ရေးမပါတဲ့ နိုင်ငံကိုယ်စားပြုမယ် သတင်းတွေနဲ့ ငြင်းကြ ခုံကြ ကြက်သီးထနေကြရတာလောက် လူ့အသက်တွေက အရေးမပါတော့တဲ့အခြေအနေပဲ။

ဒီလောက် မတရားမှုတွေမြင်နေ ကြားနေ တွေ့နေရတာတောင် လစ်လျှူရှု မျက်နှာလွဲရဲကြတဲ့ ငါလိုးတဲ့မှ
လူသားမျိုးနွယ်အုပ်စုတွေ


https://www.facebook.com/share/p/UswotCpDw5WhvW9j/

YELL BAW - ရဲဘော်

21 Oct, 07:06


Haiti (ဟေတီ)နိုင်ငံက Missလို့သိရ။

အများကြီးမပြောလိုဘူး။လမ်းချင်းမတူ၊ခံယူချက်မတူညီတဲ့သူတွေဆီကဘာကိုမှမမျှော်လင့်ထားတာမို့
အချိန်တန်သူတို့‌လျှောက်တဲ့လမ်း၊သူတို့ဘဝနဲ့သူတို့ဆိုသလိုပဲ။

အချိန်တန် ငါတို့ဘဝ၊ငါတို့အနာဂတ်ကို ငါတို့ပြန်ပိုင်ဆိုင်နိုင်ဖို့ ငါတို့အားလုံးမှာတော့တာဝန်အပြည့်ရှိတယ်။ဒါကိုမမေ့နဲ့။

“ရှေ့သို့ တွဲလက်လက်ညီညီ ဆက်ချီတက်

YELL BAW - ရဲဘော်

21 Oct, 05:05


နှုတ်ခမ်းနီလာမဆို:ကြဘူး‌ပေါ့ ရတယ်လေ ခုန်ချပစ်တော့မယ်။ လာမတားနဲ့☹️

YELL BAW - ရဲဘော်

20 Oct, 15:19


မွေးရကျိုးနပ်တဲ့သားလေး:3

အဲ့လိုတွေနော် အဲ့လိုတွေမလုပ်နဲ့☹️နှုတ်ခမ်းနီဆိုးချင်ရင် ရော်ဘဲတို့ဆီလာဆိုးပါဆို။

YELL BAW - ရဲဘော်

20 Oct, 04:33


Ngwe Dwin Revolution Force က ရဲဘော်တယောက်ချင်းစီဘေးကင်းစွာနဲ့အားအင်အပြည့်ဖြင့်ဆက်တိုက်နိုင်ဖို့ကျည်ကာတွေရှာနေတာဖြစ်ပြီး
ရော်ဘဲတို့က ညီကိုတွေမြိုင်မြိုင်ဆိုင်ဆိုင်ပွဲကနိုင်ဖို့နှုတ်ခမ်းနီတွေကူရှာပေးနေတာပဲဖြစ်ပါတယ်။

မတူတာကတော့ကျည်ကာနဲ့ကျည်ဆံဆိုပြီးသိန်း(၁၅၀)ရှာနေတာ။တူတာကတော့ နှစ်ဖွဲ့လုံးမျှော်မှန်းထားသလို ဖန်းမရနေတာပဲ😣မပျော်တော့ပါဘူးဗျို့။



[RCSလေးဝန်းရံပေးလို့လည်းရကြောင်းပါဗျ။
@Follower @highlight ဆိုပြီးအပြာရောင်စာတန်းလေးပေါ်အောင် မန့်ပေးခဲ့ကြပါဗျ😍

Facebook link
https://www.facebook.com/100075615802177/posts/558985013298687/

YouTube link https://youtube.com/post/UgkxqnGCdzuTaBryx-s8mpTzW_J3TWCFXNXy

Telegram Link
https://t.me/YellBawFundraisingTeamYB/2620

@topfans]

YELL BAW - ရဲဘော်

19 Oct, 15:09


PDFတွေကို ပစ်မှတ်ထားလာတဲ့
အွန်လိုင်းလိမ်လည်မှုတွေ

YELL BAW - ရဲဘော်

19 Oct, 15:09


“ရဲဘော်က ကောင်မလေးကို အစစ်အမှန်ထင်တာ ပြီးတော့ တကယ်အဖွဲ့ထဲလာချင်တယ်လို့ ထင်သွားပြီး ငွေလွှဲပေးလိုက်တာလေ။ အခုတော့ ဖွန်ကြောင်ခ ဖြစ်သွားတာပေါ့”လို သူကဆက်ပြောပါတယ်။

နောက်တမျိုးလိမ်လည်တာကတော့ အလှူရှင်တွေက လှူဒါန်းတဲ့ ငွေတွေကို လက်ခံပြီးတော့ ကာ
ကွယ်ရေးတပ်ဖွဲ့တွေကို မလှူဘဲ ကိုယ်ကျိုးအတွက် သုံးပစ်တာပါပဲ။ သူတို့က ဂုဏ်ပြုမှတ်တမ်းကိုအဖွဲ့
တွေစီက ကြိုတောင်းပြီး ငွေလွှဲမပေးတော့တာပါပဲ။

“တပ်ရင်းကို ဂုဏ်ပြုမှတ်တမ်းကျပ်သိန်း ၄၀ထုတ်
ပေးပါပြီးရင် ငွေလွှဲပေးမယ်ဆိုပြီး ဆက်သွယ်လာတယ်။ ဘဏ္ဍာရေးတာဝန်ခံကလည်း သဘောရိုးပဲ ထုတ်ပေးလိုက်တယ်။နောက်တော့ ငွေလဲလွှဲမပေးဘူး”လို ဂန့်ဂေါခရိုင်တပ်ရင်းတခုက တာဝန်ခံကပြောပါတယ်။

နောက်တော့မှ အလှူရှင်က တပ်ရင်းပေ့ချ်ကို လာဆက်သွယ်ပြီး တပ်ရင်းက ဂုဏ်ပြုမှတ်တမ်းဟုတ်မဟုတ်မေးတဲ့ အခါမှ ကြားကလူက အလှူရှင်ဆီကနေ ကျပ်သိန်း ၄၀ ကို ယူသွားပြီး တပ်ရင်းကို ငွေမလွဲဘဲ ဂုဏ်ပြုလက်မှတ်ကို လိမ်ယူသွားတယ်ဆိုတာ သိရတယ်လို့ သူကဖွင့်ဟပါတယ်။

နောက်ထပ်လိမ်နည်းတခုက PDFတပ်ဖွဲ့ နဲ့ ထောက်ပို့တွေဆီကို ပစ်မှတ်ထားလိမ်လည်လာတာကတော့ ငွေလွှဲပြောင်းတဲ့ နည်းအသစ်ဖြစ်ပါတယ်။ ငွေလွှဲတဲ့စလစ် စခရင်လျော့ကိုဖိုတိုလျော့
နည်းပညာနဲ့ ပြုပြင်ပြီး ငွေလိမ်တာဖြစ်ပါတယ်။ တပ်ရင်းထောက်ပို့တစ်ဦးထံကို ဒေါ်လာ ၁၀၀ လွှဲတာမှာ ဒေါ်လာ ၁၀၀၀ မှားလွှဲမိတယ်လို့ စခရင်လျော့ကို ဖိုတိုရှော့နဲ့ ပြင်ပြီး ဒေါ်လာ ၉၀၀ ပြန်လိမ်တာဖြစ်ပါတယ်။ ဒီလိုလိမ်တဲ့နေရာမှာ ငွေလွှဲကို သေချာမစစ်မိတဲ့အတွက် အလိမ်ခံရတာဖြစ်ပါတယ်လို့ အဆိုပါထောက်ပို့တစ်ဦးကပြောပါတယ်။

“လိမ်နည်းတွေက ခေတ်မှီလာတယ်။ ပညာသားပါလာတယ်။ နောက်ပြီး ရက်စက်တယ်လာလို့ပြောရမယ်။ တောထဲတောင်ထဲက ဒုက္ခခံနေတဲ့ ကလေးတွေစီက ပိုက်ဆံကို လိမ်ယူချင်လာကြတယ်”လို့ အဆိုပါထောက်ပို့ကပြောပါတယ်။

မင်းဘူးခရိုင်တပ်ရင်း(၆)ကိုလာလိမ်သူက မြန်မာစာကို သတ်ပုံမှန်အောင်မရေးနိုင်တာရယ်၊ တပ်
ရင်းကို အစစ်အမှန်လှူဒါန်းသူတွေမေးနေကြမေး
ခွန်းများမမေးဘဲ ဘဏ်အကောင့်ကို တိုက်ရိုက်တန်းတောင်းရယ်စတဲ့ အချက်တွေကြောင့် သံသ
ယဖြစ်လို့ သေချာစစ်ဆေးခဲ့တာလို့ အဆိုပါတပ်ရင်းဘဏ္ဍာရေးတာဝန်ခံကပြောပါတယ်။

“အလုပ်သမားတွေစုပြီးလှူတာလို့သူကပြောတယ်။
သူပြောတဲ့ထိုင်းနိုင်ငံကနေရာရယ်။သူပြောတဲ့ပုံစံတွေက မှုမှန်မဟုတ်ဘူးလေ၊ ဒါကြောင့် သံသယဖြစ်လို့ သေချာစစ်မိလိုအခုလိုအလိမ်မခံခဲ့ရတာ”
လိုသူကပြောပါတယ်။

တော်လှန်ရေးလုပ်နေသူတွေကို အွန်လိုင်းလိမ်
လည်သူတွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်ရှိသူတွေ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း၊ ခရိုင်တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ဒီလို ကိုယ်ကျိုးမဖက်ဘဲ အသက်ပေးထားတဲ့ သူတွေကို ဦးတည်လိမ်တာက လူနှစ်မျိုးဘဲရှိမယ်။ တစ်မျိုးက ငွေရရင် ဘာမဆိုလုပ်မယ်သူတွေနဲ့ နောက်တမျိုးက တော်လှန်ရေးကို ဖျက်ဆီးချင်တဲ့ စကစ ဘက်ကလူတွေလည်းဖြစ်နိုင်တယ်”လို့ သူကပြောပါတယ်။

ဒီလိုလာလိမ်တာကို ဝမ်းနည်းတယ်လို့ မင်းဘူးခရိုင်၊ တပ်ရင်း (၆) ဘဏ္ဍာရေးတာဝန်ခံကပြောပါတယ်။

“ဒီလူလာလိမ်တဲ့ အချိန်မှာ ကျွန်မတို့က ရှေ့တန်းက စစ်ကြောင်းနဲ့တိုးလို့ မိုးရွာထဲမှာ အထုတ်ပိုက်ပြီး ငုတ်တုတ်ထိုင်နေရတဲ့အချိန်မှာ အခုလို လာလိမ်တာ အရမ်းဝမ်းနည်းသွားတယ်။ လုပ်ရပ်လေခြင်းလို့ တနှံနှံတွေးရင်း ဒေါသထွက်နေရတလေ။”
လို သူကဖွင့်ဟပါတယ်။

ဒါကြောင့် သူက ဒီအွန်လိုင်းက လိမ်တဲ့သူကို စကားတခွန်းပြောခဲ့တယ်လို့ သူကပြောပါတယ်။
“ခင်ဗျားတို့ နောက်ဘဝ လူမဖြစ်ချင်တဲ့ နိုင်ငံကြီးကို ပိုကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်အောင် ကြိုးစားနေတဲ့ ကျွန်မတို့စီက ငွေလာလိမ်လာအရမ်းဝမ်းနည်း။ ခင်ဗျားတို့အတွက် အသက်ပေးတိုက်နေရတာ တန်ရဲ့လားလို့ သံသယတောင်ဖြစ်လာတယ်”လို့ သူကပြောပါတယ်။

ဒါပေမယ့်လဲ နှစ်စဉ်ဒေါ်လာဘီလီယံနဲ့ ချီပြီး စီးပွား
ဖြစ်နေတဲ့ ဒီလို အွန်လိုင်းလိမ်ညာမှုတွေဟာ ဒီလို
စကားတခွန်းကြောင့် ရပ်တန့်မှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။ ။

YELL BAW - ရဲဘော်

19 Oct, 15:09


︎ဆောင်းပါး

PDFတွေကို ပစ်မှတ်ထားလာတဲ့
အွန်လိုင်းလိမ်လည်မှုတွေ

စောနွေဦး/People's Spring

နွေဦးတော်လှန်ရေး ကာလ ၄ နှစ်နီးပါးရှိလာတဲ့အခါ ကျားဖြန့်လိုခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်
လည်မှုတွေက PDFတွေကိုဦးတည်ပြီးပစ်မှတ်ထားလိမ်လည်လာတာတွေရှိတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း ဘဏ္ဍာရေးတာဝန်ခံကပြောပါတယ်။သူတို့တပ်ရင်းထံကို ပြီးခဲ့တဲ့ သီ
တင်းတစ်ပါတ်ခန့်က အွန်လိုင်းကနေ စနစ်တကျ
နဲ့ လာရောက် လိမ်လည်တဲ့ ဖြစ်စဉ်တစ်ခုကို သူကပြောပြပါတယ်။

သူတို့တပ်ရင်းကို လိမ်လည်လာသူက ထိုင်းနိုင်ငံက သစ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦး ဖြစ်တယ်လို့ လိမ်ပါတယ်။ လိမ်လည်သူက လူငယ်တစ်ယောက်ရဲ့ မိသားစုနဲ့ ရိုက်ထားတဲ့ ပုံကို သုံးကာ တပ်ရင်းဖေ့ဘုတ်စ်ပေ့ချ် မက်ဆင်ဂျာက လာရောက်လိမ်တာလို့သူရပါတယ်။

“သူက တပ်ရင်းက ဘဏ်အကောင့်ထဲကို ထိုင်းဘတ်ငွေ နှစ်သောင်းလွဲလိုက်မယ်။ ဘတ် တစ်သောင်းက တပ်ရင်းကိုလှူမယ်။ အခြားအဖွဲ့တဖွဲ့ကို တစ်သောင်း မြန်မာငွေနဲ့ ပြန်လွှဲပေးဖို့ ကူညီပေးပါဆိုပြီး ကျွန်မတို့ တပ်ရင်းကို ဆက်သွယ်လာတယ်။ တော်လှန်ရေးအဖွဲ့အချင်းချင်းဆို‌တော့ ကူညီပါ့မယ်ဆိုပြီး ကတိပေးလိုက်တယ်။”

“တကယ်တမ်းလွှဲလိုက်တော့ ၂ ဘတ်ထဲရယ်။ မက်ဆင်ဂျာပို့လိုက်တဲ့စလစ်မှာက ဖိုတိုရှော့နဲ့ ပြင်ပြီး ဘတ် ၂၀၀၀၀ လုပ်ထားတယ်။ တကယ်လို့ တပ်ရင်းကသတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်း
မျဉ်းအတိုင်း သေချာမစစ်ဘဲ လွှဲလိုက်ရင် မြန်မာငွေ ၁၄ သိန်းလောက် ဆုံးသွားမှာ” လိုသူကပြောပါတယ်။

လိမ်လည်တဲ့ သူက တပ်ရင်းဘဏ်အကောင့်ကို ထိုင်းဘတ်ငွေ ၂ ဘတ်ပဲလွှဲထားတဲ့ စလစ်နဲ့ အခြားသူ့တစ်ယောက်ကို ဘတ် ၂၀၀၀၀ လွှဲထားတဲ့ စလစ်နှစ်ခုကို ဖိုတိုရှော့နည်းပညာနဲ့ ပြုပြင်ကာ လိမ်လည်ခဲ့တာလို့ သူကပြောပါတယ်။

လာရောက်လိမ်လည်ရာမှာ ဘဏ်စလစ်စခရင်လျော့ကို ဖိုတိုလျော့နဲ့ ပြင်ထားပေ့မယ်။ ဘဏ်ငွေလွှဲQRကုတ်ကို မဖျက်ထားတဲ့အတွက် Scanဖတ်ချိန်မှာ တပ်ရင်းရဲ့ ဘဏ်အကောင့်ကို ဘတ်ငွေ ၂၀၀၀၀ လွှဲထားတာမဟုတ်တာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

“လိမ်နည်းတွေက မျိုးစုံပါပဲ။ အရင်ကတည်းက ကုမ္ပဏီကြီးတစ်ခုက ဘဏ္ဍာရေးဌာနမှ လုပ်ဖူးလို့ ငွေနဲ့ ပတ်သတ်လာရင် လိမ်နည်းတွေကို သတိ
ထားလို့ အလိမ်မခံရတာပါ။ သတိမထားမိတဲ့ အဖွဲ့တွေဆိုရင် အလိမ်ခံရလိုက်ရမှာ”လို သူဆက်ပြောပါတယ်။

PDFတွေကို ပစ်မှတ်ထားငွေကြေး လိမ်နည်းထဲမှာ လက်နက်ခဲယမ်းအပါအဝင် တော်လှန်ရေးပစ္စည်းတွေဝယ်ပေးမယ်ဆိုပြီး လိမ်လည်တာ အပြင် အခုအခါ အွန်လိုင်းကလိမ်လည်မှုတွေက ၂၀၂၃မှာ ပိုမိုများလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တွေထံက သိရပါတယ်။

အဲဒီလိမ်လည်မှုတွေထဲမှာ တော်လှန်ရေးအဖွဲ့တွေကိုလက်နက်နဲ့ ကျည်တွေလှူပေးမယ်သယ်
ခကြိုပေးပါဆိုပြီး ကြိုတောင်းတာမျိုး ၊ PDFတပ်ရင်းထဲဝင်ချင်တယ်ဆိုပြီး ဆက်သွယ် ခရီးစရိတ်လွှဲခိုင်းပြီးလိမ်တာမျိုး ၊ တပ်ရင်းတပ်ဖွဲ့ဟန်ဆောင်ပြီး အလှူခံတာ၊ တပ်ရင်းတပ်ဖွဲ့ဆီကို ငွေမလွှဲပဲ ဂုဏ်ပြုလက်မှတ် လိမ်ညာတောင်းကာ အလှူငွေကို ကြားဖြတ်ယူထားတဲ့ လိမ်နည်းစသည့်ဖြင့်မျိုးစုံရှိကြပါတယ်။

လိမ်လည်သူတွေက ထောက်ပို့ ဘုန်းကြီးလို့ဆိုပြီး တော်လှန်ရေးတပ်ဖွဲ့များကို လက်နက်နဲ့ ကျည်ဆံလှူပေးမယ်။ သယ်ယူခကို တပ်ရင်းတပ်ဖွဲ့တွေက ကျခံပေးပါဆိုပြီး ငွေလိမ်တောင်းတာက ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ပြီး တော်လှန်ရေးအဖွဲ့များကို ဖုန်းနဲ့ ဖေ့ဘုတ်စ်ပေ့ချ် မက်ဆင်ဂျာတို့က ဆက်သွယ်လိမ်ခဲ့လာကြတယ်လို့ အလိမ်ခံခဲ့ရတဲ့ အဖွဲ့တွေကပြောပါတယ်။

အဲဒီလိမ်လည်နည်းတွေက တော်လှန်ရေးအစပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရဲ့ လက်နက်ခဲယမ်းလိုအပ်ချက်ကို အခွင့်ကောင်းယူ လိမ်လည်ခြင်းဖြစ်တယ်လို့ ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ ခေတ်စားလာတာကတော့
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အနယ်နယ်အရပ်ရပ်မှာ လူငယ်တွေကPDF တပ်ဖွဲ့တွေဆီဆက်သွယ်ဝင်ရောက်နေကြချိန်မှာ လိမ်လည်သူတွေကလည်း အမျိုးသမီးငယ်တွေအယောင်
ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့ဝင်ရောက်လိုတယ်လို့ ဆက်သွယ်ကြပါတယ်။ အဲဒီလိုဆက်သွယ်ပြီးတော့ ငွေလိမ်တာပါပဲ။

ငွေလိမ်တဲ့သူတွေက အွန်လိုင်းက ချောမောလှပတဲ့ အမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံကို အသုံးပြု တပ်ရင်းတွေကို ဆက်သွယ်လာကြတာပါ။ မိဘက ခွင့်မပြုလို့ တပ်ရင်းထဲကို လာဖို့ လမ်းစရိတ်မရှိတာမို့ လမ်းစရိတ်တောင်းတာမျိုးပါ။ ငွေရပြီးသွားရင် အဆက်အသွယ်မလုပ်တော့ဘဲ ဘလော့သွားမျိုးလုပ်ပါတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

“ကျွန်မတို့ တပ်ရင်းက တပ်ရေးဗိုလ်ကြီးလေ တပ်
ရင်းကို ကောင်မချောချောလေးလာတော့မယ်ကွဆို ပတ်ကြွားထားတာ။ ဟိုက လမ်းစရိတ်လဲလွှဲပြီးကော သူကို ဘလော့သွားတယ်။ ခံလိုက်ရတယ်။ အပြင်လည်း ထုတ်မပြောရဲဘူးလေ။ သူအရှက်ကွဲမှာစိုးလို့”လို့ PDFခရိုင်တပ်ရင်းတစ်ခုက ဘဏ္ဍာ
ရေးတာဝန်ခံ ရဲမေတစ်ဦးကပြောပါတယ်။

ဒီလိုလိမ်လည်မှုတွေက အခြားတပ်ရင်းတွေလည်း ကြုံကြရပါတယ်။ တပ်ရင်းက ရဲဘော်တစ်ဦးက အမျိုး သမီးငယ်တစ်ဦးက တပ်ရင်းကို လာမယ်
လို့ဆက်သွယ်လာတဲ့အတွက် လမ်းစရိတ် ကျပ် ၂သိန်းလွှဲပေးလိုက်နောက် ဖေ့ဘွခ်ကနေ ဘလော့သွားတယ်လို့ ပခုက္ကူခရိုင်တပ်ရင်းတစ်ခုက ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

YELL BAW - ရဲဘော်

19 Oct, 02:03


ပန်ဝါမြို့အတွင်း KIA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ဝင်များဝင်ရောက်လာစဥ်။ရုပ်သံ-T Awng T Awng

YELL BAW - ရဲဘော်

19 Oct, 02:03


တရုတ် - မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက်

▪️လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ

▪️KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့အတွင်းဝင်​ရောက်

ဟန်နွေ/People's Spring

တရုတ် - မြန်မာနယ်စပ် ပန်ဝါမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့(​အောက်တိုဘာ ၁၈) ညတွင် သိမ်းပိုက်နိုင်ပြီဖြစ်ပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းရေးလုပ်ဆောင်လျက်ရှိသည်ဟု စစ်ရေး သတင်းရင်းမြစ်တို့က ပြောသည်။

စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းက ကချင်အထူးဒေသ(၁)နယ်မြေရှိ ချီဖွေနှင့် ဆော့လော်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သည့် KIA ပူးပေါင်းတပ်သည် ပန်ဝါမြို့ကို ဆက်လက်
ထိုးစစ်ဆင်လျက်ရှိရာ ပန်ဝါအနီးရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးအောက်တိုဘာ ၁၈ရက် ညပိုင်းတွင် ပန်ဝါမြို့ကို
ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

"စခ စခန်းကုန်ပြီ မရှိတော့ဘူး။ ပန်ဝါရပြီ။ ရှင်းလင်းရေးလုပ်ရအုံးမယ်။ (စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ) လက်နက်တွေ စွန့်ပြီး ထွက်ပြေးကုန်ကြပြီ"ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက  ယမန်နေ့ညတွင် ပြောသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း " ပန်ဝါမြို့ထဲကို ဝင်နေပြီ။ မြို့ကို တဆင့်ခြင်းရှင်းနေတယ်။ ရန်သူတွေ ဗျူဟာကျတဲ့ကုန်းတွေမှာ စုပြီး ခုခံနေကြတယ်"ဟု  ယနေ့ (အောက်
တိုဘာ ၁၉ရက်) မနက်အစောတွင် ပြောပြသည်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း "ပန်ဝါကိုသိမ်းတော့ သိမ်းထားပြီ။အသေးစိတ် နယ်မြေရှင်းရအုံးမယ်။ ပြည်သူ့စစ်တွေနဲ့ BGF တချို့တောထဲပုန်းကျန်နေတာတွေရှိအုံးမယ်"ဟု ပြောသည်။

ပန်ဝါမြို့ သိမ်းပိုက်နိုင်မှု အခြေအနေများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့မနက်ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ ယမန်နေ့ညပိုင်းက ဗိုလ်မှူးကြီး နော်ဘူ၏ ပန်ဝါဒေသ စစ်ရေး အခြေအနေပြောပြချက်တွင် ပန်ဝါအနီးတဝိုက် စစ်ကောင်စီတပ်စခန်းအချို့ သိမ်းရထားသော်လည်း ပန်ဝါမြို့တွင်းတိုက်ပွဲမရှိကြောင်း၊ စစ်ကောင်စီ၏ တဖက်သတ်ပစ်ခတ်မှုများသာ ရှိကြောင်းပြောကြားထားသည်။

သို့​သော် KIA နှင့် PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့ အတွင်း ဝင်​ရောက်လာ​သော ရုပ်သံမှတ်
တမ်းတိုကို ​ဒေသခံများက လူမှုကွန်ယက်၌တင်ထား​သောရုပ်သံမှတ်တမ်းမှ ​အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း၌ ပြန့်နှံ့လာသည်။

ပန်ဝါမြို့သိမ်းပိုက်ရန်ထိုးစစ်ဆင်ရာတွင် တဆင့်ချင်းစနစ်တကျ တိုက်ခိုက်ခြင်းမှာ ​ဒေသခံပြည်သူများ ထိခိုက်မှုနည်း​စေရန် စစ်ဗျူဟာအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း စစ်​ရေးသတင်းရင်းမြစ် တဦးက​ပြောသည်။

KIA တပ်ဖွဲ့ဝင်များ ပန်ဝါမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသကဲ့သို့ ကချင်အထူးဒေသှု(၁)နယ်မြေ၌ ကျန်နေသည့်  တရုတ် - မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို ဦးတည်ပြီးလည်း ထိုးစစ်ဆင်လျက်ရှိသည်။

အောက်တိုဘာ ၁၇ရက်နှင့် ၁၈ရက်
ကန်ပိုက်တီဒေသ တိုက်ပွဲများအတွင်း စင်ကျိုင်၊ဝေါ်ချုံးဒေသ အခြေစိုက် နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၆ခုထက်မနည်းကို KIAက သိမ်းပိုက်ရရှိထားသည်။

KIAသည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်
တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)
နယ်မြေမှ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGF စခန်းများကို ယခုနှစ် ဇွန်လမှစ၍ စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ဇွန်လအတွင်း၌ ဆဒုံးဗျူ
ဟာ အပါအဝင် ဒေသတွင်းရှိ တပ်စခန်း ၂၀ကျော်၊ စက်တင်ဘာ လကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းတွင် ချီဖွေနှင့် ဆော့လော်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ကြီးငယ် ၁၃ခုထက်မနည်း၊ ပန်ဝါဒေသနှင့်ကန်ပိုက်တီဒေသ ထိုးစစ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်းကြီးငယ် ၁၅ ခု ဝန်းကျင် သိမ်းပိုက်ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြထားချက်အရ သိရသည်။

ဦးဇခုန်တိန့်ယိန်းက KIAနှင့် PDFများကို  တိုက်ခိုက်ချေမှုန်းရန် ဇွန်လ ၇ရက်တွင် လက်အောက်ခံ တပ်ဖွဲ့များအား စစ်မိန့် ထုတ်ပြန်ခဲ့သော်လည်း KIA က အချိန်တိုအတွင်း ကချင်အထူးဒေသ(၁) နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။ စက်တင်ဘာ ဒုတိယပတ်တွင် KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဦးဇခုန်တိန့်ယိန်း၏ စစ်မိန့်စာကိုဖော်ပြပြီး မထုတ်ပြန်သင့်သည့် စစ်မိန့်ဟု ရေးသား အသိပေးခဲ့ပြီးနောက် KIAက ကချင်အထူးဒေသ(၁) နယ်မြေအတွင်း စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော် ၊ ပန်ဝါမြို့များကို အချိန်တိုအတွင်း သိမ်းနိုင်ခဲ့သည်။ စက်တင်ဘာ ၂၈ရက်မှ အောက်တိုဘာ ၁၈ရက် အတွင်း သုံးပတ်ကြာ ထိုးစစ်ဆင်မှုအောက်တွင် ဦးဇခုန်တိန့်ယိန်း၏ တပ်များ၊ စစ်ကောင်စီတပ်စခန်းများစွာကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ကာ ချီဖွေ၊ လေဆာ့လော်၊ပန်ဝါ မြို့များကို ထိန်းချုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

YELL BAW - ရဲဘော်

19 Oct, 01:57


နှုတ်ခမ်းနီကမ်ပိန်းလေး Day 🔟
မနေ့ကDay 9️⃣ကတော့မှတ်မှတ်ရရဒိတ်လှလှပါပဲဗျာ (တရာမှမလောက်တယောက်မှမလာပါ😑)
၃,၀၀၀ကစပါဝင်လို့ရနိုင်တာလေးမို့ တတ်နိုင်မယ်ဆိုရင်တော့အားဖြည့်ပေးသွားကြပါအုံးလေနော။ကမ်ပိန်းပို့စ်ကို RCSကူပေးသွားလည်းရနိုင်တာမို့ campaign linkလေးချထားပါတယ်ခင်ဗျာ။

Campaign
https://www.facebook.com/100075615802177/posts/558985013298687/

YELL BAW - ရဲဘော်

18 Oct, 11:23


တရုတ်ကိုယ်စားလှယ်က KIO ဥက္ကဋ္ဌကိုတွေ့ဆုံပြီး စစ်ပွဲရပ်ရန်ဖိအားပေး
==============

စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်မှုများအား အဆုံးသတ်ရန် တရုတ်အစိုးရတာဝန်ရှိသူများက ကချင်တော်လှန်ရေးတပ်ဖွဲ့ KIO/KIA တာဝန်ရှိသူများ ကိုယမန်နေ့(အောက်တိုဘာ ၁၇) ရက်နေ့ကတွေ့ဆုံစဥ် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ယူနန်ပြည်နယ်ကူမင်းမြို့တွင် နိုဝင်ဘာ ၆ မှ ၇ ရက်အတွင်း ကျင်းပမည့် မဲခေါင်ဒေသထိပ်သီးအစည်းအဝေးသိို့ မင်းအောင်လှိုင်အားဖိတ်ကြားထားသည်ဟုလည်း သိရှိရသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/58507/

Myanmar Now ၏ နေ့စဉ် သတင်းလွှာကို အခမဲ့ စာရင်းသွင်းရန် > https://myanmar-now.org/mm/newsletter/

2,005

subscribers

2,194

photos

240

videos