တိုင်းစစ်ဌာန (ပဲခူးတိုင်း) @bagopdf Channel on Telegram

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

@bagopdf


တိုင်းစစ်ဌာန (ပဲခူးတိုင်း) (Burmese)

တိုင်းစစ်ဌာန (ပဲခူးတိုင်း) ဆောင်ရွက်နေသည့် တွဲဖက်မှစ၍ ဒီတိုင်းသည် အသစ်တစ်ခုဖြစ်ပြီး လုံခြုံစတင်နေသော နေ့လည်း လိင်မိုက်ခဲ့ကြသော အကန့်သစ်ဖြစ်ပါသဖြင့် ယခုတိုင်းမှ အစားအသောက္ခစထုတ်သော အကြောင်းကဲ့သို့ အစွမ်းအစွမ်း တင်ပြသူများအတွက် အဖြေမျိုးမျိုးစိတ်ကျန်သေးခဲ့သည်။ ဤကျန်တွင် စိုက်ပျမ်းများ နှင့် ထုံးစွဲကီလ၊ အလှအပင်ကြော်င့်တင့်လိုသော ရေးရာပါဝန်ထမ်းများကို ထိနည်းချက်ကျငွေချက်များနှင့်တသားစုလိပ်စာမျက်နှာများသို့ မှကာများစောင့်ဟောင်းအောင်ဝင့် နေသက်ရင့် ခိုင်မာသော မျိုးကုန်ကြိမ်အများအပြာများ၊ အတွဲအခက်များ နှင့် အထူးမှင်းအခင်းများအပြောနိုင်ရော အကန့်သစ်ဖြစ်ပြီး တပုပြုဟောင်းလျှောက်ရှိနိုင်အောင် စာအုပ်တွင်ရှိပြီး နိုငျငံအကြောင်းကို တောင်ရှိသည်။ ဒီတစ်စု ကိုကောင်းများများအားဖြင့် ရေးသားလာခဲ့သည်။

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

09 Apr, 13:24


"PDFတပ်ဖွဲ့အယောင်ဆောင် ဖေ့ဘွတ်Pageအတုအား အသိပေးခြင်း"

အောက်ဖော်ပြပါ "ညောင်လေးပင်ခရိုင် တပ်ရင်းအမှတ် ၃၇၀၂၊ တပ်ခွဲ ၃" Pageသည် တော်လှန်ရေးတပ်ဖွဲ့ အယောင်ဆောင်ထားသည့် ဖေ့ဘွတ်Pageအတုဖြစ်ပါသည်။

ပဲခူးတိုင်းအတွင်း PDFတပ်ရင်းများအား ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင် ဟုဆိုကာ ခရိုင်အမည်များဖြင့် တပ်ရင်းများကို ဖွဲ့စည်းထားပြီး ညောင်လေးပင်ခရိုင်အမည်ဖြင့် PDFတပ်ရင်း ဖွဲ့စည်းထားခြင်းမရှိပါ။

"ညောင်လေးပင်ခရိုင် တပ်ရင်းအမှတ် ၃၇၀၂၊ တပ်ခွဲ ၃" Pageသည် တော်လှန်ရေးတပ်ဖွဲ့အယောင်ဆောင်ကာ ပြည်သူများအား လိမ်လည်အလှူခံမှုများ ရှိနေသည့်အတွက် ပြည်သူများ လိမ်လည်မခံရစေရန် အသိပေးအပ်ပါသည်။

တော်လှန်ရေးတပ်ဖွဲ့အယောင်ဆောင် ဖေ့ဘွတ်Pageအတု၏လင့် 👇👇👇

https://www.facebook.com/profile.php?id=61556289430107&mibextid=ZbWKwL

-----------------------------------------------------------

စစ်ဆင်ရေး သတင်းများ၊ မှတ်တမ်းဓာတ်ပုံနှင့် ရုပ်သံများကို အောက်ဖော်ပြပါ 👇🏻👇🏻👇🏻Telegram Channel https://t.me/bagopdf တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

#တိုင်းစစ်ဌာန_ပဲခူးတိုင်း

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

08 Mar, 12:47


အမျိုးသမီးများအား လေးစားဂုဏ်ယူလျက်

ခေတ်အဆက်ဆက် အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်မှုများစွာကို ချိုးဖျက်ပုန်ကန်ရင်း မိမိလမ်းကို မိမိတို့ကိုယ်တိုင် ဖောက်ခဲ့ကြသည်။

အယူအဆအဟောင်းများ၊ ရှေးရိုးစွဲ အတွေးအခေါ်များ၊ ဖိနှိပ်မှုများကြားမှ ခက်ခဲစွာ ရရှိလာသော အမျိုးသမီးဘဝ၏ အနှစ်သာရကို ရှာဖွေကြသည်။

ဖြစ်တည်မှုအရ လောကကို တော်လှန်နေကြသော အမျိုးသမီးများသည် အာဏာရှင်ပေါ်ထွန်းချိန်တွင် လက်နက်ကိုင် တွန်းလှန်ရန်လည်း လက်မရွံ့ခဲ့ပါ။ ရဲတင်းစွာ ရှေ့ချီခဲ့သည်မှာ တော်လှန်ရေး အဆက်ဆက်၊ ခေတ်အဆက်ဆက် တိုင်ခဲ့ပြီဖြစ်သည်။

ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးနေ့တွင် ညီအစ်မ၊ အစ်မ နှင့် မိခင်များအား
အစဉ်လေးစားဂုဏ်ယူလျက်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

20 Feb, 03:40


ဖေဖော်ဝါရီလ(၁၈)ရက်နေ့ ပဲခူးရိုးမအတွင်း ပက်ကြီးကွေ့အဆင်း တိုက်ပွဲတွင် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲဘော်ကုလား၏ ဈာပနနှင့် အမိန့်ပြန်တမ်း

#တိုင်းစစ်ဌာန_ပဲခူးတိုင်း
#တပ်ရင်း၃၈၀၂

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

19 Feb, 12:05


ပဲခူးရိုးမအတွင်း တိုက်ပွဲ(၄)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံး၍ တော်လှန်ရေးရဲဘော် ၁ဦး အသက်ပေးလှူခဲ့ရ

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ရှိ ပဲခူးရိုးမအတွင်း မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့်ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နံနက်(၁၀) နာရီခန့်တွင် ၄၈ ပေါက် ဖုတ်တက်ကြီးအဆင်း၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံး၍ ၇ဦး ဒဏ်ရာရရှိသွားပါသည်။

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မွန်းတည့် (၁၂:၀၀)နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကူလာသည့် အင်အား၂၅ဦးပါ ဖောကားကို ဟိုင်းယုလမ်းဆုံနှင့် ပျဥ်းကတိုးခင်းကြား၌ တော်လှန်‌ရေးရဲဘော်များက ၄၀မမများဖြင့် စောင့်ကြိုပစ်ခတ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံး၍ ၇ဦး ဒဏ်ရာရရှိသွားခဲ့သည်။

အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မွန်းလွဲ (၃:၀၀)နာရီခန့်တွင်လည်း ခါချဥ်တောင်ပေါ်သို့ ထပ်မံတက်လာသည့်အတွက် ပက်ကွေ့ကြီးအဆင်း၌ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံး၍ ၂ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်(၁)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။

မွန်းလွဲ (၅:၃၀) နာရီခန့်တွင် ခါချဥ်တောင်ပေါ်သို့ ဟိုင်းယုလမ်းဆုံမှ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ဦးကို ရှောက်ပင်ချောင်းအနီး စောင့်ကြို မိုင်းဆွဲတိုက်ခိုက်၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးသွားခဲ့သည်။

(၁၈.၂.၂၀၂၄) ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ၄ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ဦး သေဆုံး၊ ၁၆ဦး ဒဏ်ရာရရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်၁ဦး ကျဆုံးခဲ့ရသည်။ ဆက်လက်၍ စစ်ကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေနဲ့ ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုကြရန် အသိပေးအပ်ပါသည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

#တိုင်းစစ်ဌာန_ပဲခူးတိုင်း
#သာယာဝတီခရိုင်
#ရင်း၃၈၀၂_ခွဲ၅

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

19 Feb, 10:40


ပေါင်းတည်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားထောက်တိုင် သတင်းပေး စိုးသိန်းကို ပစ်ခတ်ရှင်းလင်း

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၄

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားထောက်တိုင် သတင်းပေး စိုးသိန်းကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညနေ (၄း၁၅) နာရီခန့်တွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ၁က ညောင်နီပင်ရွာအနောက်ဘက်နွားစားကျက်၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာ၌ပင် ပွဲချင်းပြီး ‌ေ-သဆုံးသွားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ အကြီးစားထောက်တိုင် စိုးသိန်းမှာ သစ်ပုတ်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းမှ ညောင်နီပင်သို့ ထွက်သော လမ်း ကြောင်းပေါ်တွင် နေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များ၏ သတင်းအချက် အလက်များကို လိုက်လံစုံစမ်းထောက်လှမ်း၍ စစ်ကောင်စီထံ သတင်းပေးပို့နေသူ ဖြစ်သည်။ ထို့ပြင် ၎င်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပို့ရဲဘော်များအား ဖမ်းဆီးပေးနိုင်ရန် အမြဲလုပ်‌ဆောင်လျက်ရှိပြီး ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့နေသူလည်း ဖြစ်သည်။

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်အန္တရာယ်မရှိ လှုပ်ရှားနိုင်ခဲ့သည်။

စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ယန္တရားထောက်တိုင်များကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အနေဖြင့်အချိန်မီအခါမီ ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနှင့်အတူ အမြန်ဆုံးပူးပေါင်းကြရန် သတိပေးထုတ်ပြန်ထားသည်။

#တိုင်းစစ်ဌာန_ပဲခူးတိုင်း
#ရင်း၃၆၀၁_ခွဲ၁
#PPDF

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

18 Feb, 12:21


အကြမ်းဖက်စစ်‌ကောင်စီ၏ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ဆိုင်ကယ်နှင့် ကားတို့ကို မိုင်း‌ဆွဲတိုက်ခိုက်ရာ (၁)ဦးသေဆုံး၍ (၂)ဦးပြင်းထန် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်မှ ညောင်ဝန်းကားလမ်းသို့ စီးနင်းလာ‌သော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ရှေ့ပွိုင့်ဆိုင်ကယ်(၃)စီး၊ လက်နက်အပြည့်အစုံပါ (၆)ဦးနှင့် Probox ကား(၁)စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ၅ (တောဘုရင်အဖွဲ့) နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃၊ တပ်စု၂ တို့က ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်(၉) နာရီခန့်တွင် ပတ်လည်မိုင်း(၂)လုံးဆွဲ၍ တိုက်ခိုက်ခဲ့သည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦးသေဆုံးပြီး (၂)ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးအလောင်းနှင့် အပြင်းအထန် ဒဏ်ရာရရှိသူတို့ကို ပေါက်ခေါင်းဘက်သို့ ကားဖြင့် ပြန်လည်တင်ဆောင်သွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိ တိုက်ခိုက်နိုင်ခဲ့သည်။

#တိုင်းစစ်ဌာန_ပဲခူးတိုင်း
#ရင်း၃၆၀၁_ခွဲဲ၅
#ရင်း၃၆၀၂_ခွဲ၃_စု၂
#ပြည်ခရိုင်

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

18 Feb, 10:55


သာယာဝတီဂဠုန်တပ်ဖွဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

13 Feb, 08:01


အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော စခန်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ (၆)ဦးသေဆုံး

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးတွင် အထိုင်ချတပ်စွဲထားသော အင်အား(၃၂)ဦးရှိ အကြမ်းဖက်စစ်ကောင်စီ၏စခန်းကို ဖေဖော်ဝါရီ (၁၁)ရက်နေ့ မွန်းလွဲ(၁း၁၅)အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ ၅ (တောဘုရင်အဖွဲ့) နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄ (TPDF အဖွဲ့) တို့က ပူးပေါင်း၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး သေဆုံး၍ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီဘက်က သေဆုံးအလောင်းများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ပေါက်ခေါင်းဘက်သို့ ၎င်းတို့နှင့်အတူ ပူးပေါင်း၍ သစ်ခိုးထုတ်နေသော သစ်တင်ဖောကားဖြင့် သယ်ဆောင်သွားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များမှာအထိအခိုက်အန္တရာယ်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ဆုတ်ခွာနိုင်ခဲ့သည်။

#တိုင်းစစ်ဌာန_ပဲခူးတိုင်း
#ရင်း၃၆၀၁_ခွဲ၅_ရင်း၃၆၀၂_ခွဲ၄
#တောဘုရင်_TPDF

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

12 Feb, 05:47


သိမ်းဆည်းရရှိသော လက်နက်

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

12 Feb, 05:47


ဖမ်းဆီးရမိပြီးနောက် တိုက်ပွဲတွင်း ဒဏ်ရာများကြောင့် သေဆုံးသွားသော ဒုတပ်ကြပ်ဇင်အောင်

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

12 Feb, 05:46


စစ်ကောင်စီ၏ ရှင်းလင်းဆောင်စခန်းအား မီးရှို့ဖျက်ဆီးခဲ့ပုံ

တိုင်းစစ်ဌာန (ပဲခူးတိုင်း)

12 Feb, 05:45


ပဲခူးရိုးမအတွင်းရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦးသေဆုံး၍ MA-3 (၁)လက်ရရှိ

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄

ပဲခူးရိုးမအတွင်း အုတ်ဖိုမြို့နယ်အပိုင် မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက်(၇)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်း၍ နှစ်ဖွဲ့ခွဲကာ သွားရောက်တိုက်ခိုက်ခဲ့သည်။

ထိုသို့ စစ်ကောင်စီ၏ စခန်းနေရာနှစ်ခုအား တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်ကြရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးမှာ တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်မှုကြောင့် နေရာ၌ပင် လဲကျသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့သည်။

ရှင်းလင်းဆောင်စခန်းအား တိုက်ခိုက်မှုတွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်တောင်တန်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။ စစ်ကောင်စီဘက်မှ အလောင်း ၁၂လောင်း၊ ကပစ-၃ မှ ဒုတပ်ကြပ် (၁)ဦးအား MA3 သေနတ် (၁)လက်နက်နှင့်အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးရမိပြီး ကျန်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှာ ဖရိုဖရဲဖြင့် တပ်ဆုတ်သွားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ စစ်ကောင်စီ၏ ရှင်းလင်းဆောင်စခန်းကို မီးရှို့ရှင်းလင်းခဲ့သည်။

ဖမ်းဆီးရမိသော ကပစ-၃ မှ ဒုတပ်ကြပ်ဇင်အောင် (တ/၂၈၈၁၉၃) ကို စစ်သုံ့ပန်းဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော်လည်း တိုက်ပွဲအတွင်းရရှိခဲ့သော ဒဏ်ရာများကြောင့် ဖေဖော်ဝါရီ(၁၂)ရက်နေ့ နံနက်(၆)နာရီခန့်တွင် သေဆုံးသွားခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို နံနက်(၈)နာရီခန့်တွင် ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့သည်။

အဆိုပါ စခန်းနှစ်ခုကို တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ စုစုပေါင်း (၁၆)ဦး သေဆုံးခဲ့ပြီး MA3 (၁)လက်ကိုပါ သိမ်းဆည်းရရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၁)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။


#တိုင်းစစ်ဌာန_ပဲခူးတိုင်း
#ရင်း၃၈၀၂_ခွဲ_၅
#ရင်း၃၆၀၁_ဧရာညီနောင်စစ်ကြောင်း