နိုဝင်ဘာ ၂၉ ၊ ၂၀၂၄
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းလျှောက်ထားတာဟာ တရားမျှတမှုအတွက် ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုဝင်ဘာ ၂၇ ရက်က နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)က ဖမ်းဝရမ်းထုတ် ပေးဖို့ စုံစမ်းစစ်ဆေးရေးရုံးက တောင်းဆိုထားလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း SAC-M က နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ်မှာ ရက်စက်ကြမ်း ကြုတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ရိုဟင်ဂျာအသိုင်းအဝိုင်းက အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်သေဆုံးခဲ့ရသူ တွေအတွက် တရားမျှတမှုကို တောင်းဆိုနေတယ်လို့ SAC-M က ပြောဆိုပါတယ်။
SAC-M ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ပိုင်ခွင့်ကိုင်ဆောင်ထားသူတွေအဖြစ် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြီးလေးတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်က လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ မထင်မှတ်လောက်အောင် ရက်စက် ကြမ်းကြုတ်မှုတွေက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေဆီက ထိတ်လန့်စရာ ကြားသိခဲ့ရကြောင်း SAC-M က ဖော်ပြထားပါတယ်။
မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရှင်းရှင်းလင်းလင်း စနစ်တကျ ထုတ်ဖော်တင် ပြထားပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ အတွက်အကြမ်းဖက် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ထိပ်တန်း အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ အရေးတကြီး တောင်းဆိုထားကြောင်း ပြောဆိုပါတယ်။
မြန်မာပြည်သူတွေအပေါ် အဆိုးရွားဆုံး ရာဇ၀တ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်က လွတ်ငြိမ်း သက်သာ နေတာမျိုး မဖြစ်စေသင့်ကြောင်းနဲ့ သူတို့ရဲ့ဆိုးဝါးတဲ့အကြမ်းဖက်မှုတွေအတွက် အပြစ်ပေးခံရဖို့ ခြေလှမ်း တစ်လှမ်း နီးကပ်လာပြီဖြစ်ကြောင်း SAC-M က ပြောဆိုပါတယ်။
#SpringRevolution
#PVTV
PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန် ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။