MM Weather Outlook @weatheroutlookmm Channel on Telegram

MM Weather Outlook

@weatheroutlookmm


MM Weather Outlook (English)

Welcome to MM Weather Outlook, your go-to source for all weather-related information in Myanmar. Our Telegram channel provides up-to-date weather forecasts, alerts, and news to help you stay informed and prepared for any weather changes. Whether you're planning a trip, organizing an outdoor event, or simply want to know what to expect in your area, MM Weather Outlook has got you covered. Our team of experienced meteorologists and weather enthusiasts curate the latest data from reliable sources to bring you accurate and timely updates. Join our community today and never be caught off guard by the weather again! Stay ahead of the storm with MM Weather Outlook.

MM Weather Outlook

13 Sep, 16:04


မိုးရွာသွန်းမှု ခန့်မှန်းချက်
၂၀၂၄ စက်တင်ဘာ ၁၃၊ ည ၁၀ နာရီခွဲ

ECMWF Model တွေကနေ ရရှိထားတဲ့ စက်တင်ဘာ ၁၃ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲကနေ စက်တင်ဘာ ၁၈ နေ့လယ် ၁၂ နာရီခွဲအထိ မြန်မာ တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နိုင်တဲ့ မိုးရွာသွန်းမှု အခြေအနေ ဖြစ်ပါတယ်။

ခန့်မှန်းချက်များအရ ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ချင်းပြည်နယ်ဒေသများမှာ မိုးဆက်လက်ရွာနိုင်ပါတယ်။ စက်တင်ဘာ ၁၆ နောက်ပိုင်းမှာတော့ တနင်္သာရီတိုင်း တောင်ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်တာကို ဂရုပြုစေလိုပါတယ်။ ကျန်ဒေသတွေမှာတော့ မိုးများ လျော့နည်းသွားမဲ့ အခြေအနေ ရှိနိုင်ပါတယ်။

မိုး/ဇလ ထုတ်ပြန်တဲ့ မြစ်ရေ အခြေအနေအရ ဒီနေ့ ည ၈ နာရီကနေ စပြီး နောက် ၁ ရက်အတွင်း မြစ်ငယ်မှာ ၂ ပေခွဲ၊ တောင်ငူမှာ ၃ ပေ၊ မဒေါက်မှာ ပေဝက်ခန့်၊ ပဲခူးမှာ ၄ လက်မခန့် တက်လာနိုင်ပါတယ်။

ဘားအံမြို့မှာတော့ လက်ရှိ ၆ ပေခွဲခန့် ကျော်လွန်နေပြီး ၁ ပေခွဲခန့် ဆက်ပြီး မြင့်တက်လာနိုင်ပါတယ်။

ဒုဌဝတီမြစ်မှာတော့ ရွှေစာရံမြို့မှာ နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

Source: ECMWF, DMH

#MMWeatherOutlook

MM Weather Outlook

13 Sep, 11:55


မိုးလေဝသအခြေအနေ
၂၀၂၄ စက်တင်ဘာ ၁၃၊ ညနေ ၆ နာရီခွဲ

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသို့ ရောက်ရှိ

မုတ်သုံလေ အားကောင်းနေ

ကချင် နဲ့ ကယားတို့တွင် နေရာစိပ်စိပ်မိုးရွာနိုင်

နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်းတို့တွင် နေရာကွက် မိုးကြီးနိုင်

ကမ်းလွန်ပင်လယ်ပြင်တွင် တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်၊ လှိုင်းအမြင့် ၉ ပေမှ ၁၁ ခန့်အထိ ရှိနိုင်

ဒုဌဝတီမြစ်ရေ မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် အထက် ၁ ပေခွဲ ကျော်လွန်နေ၊ နောက် ၁ ရက်အတွင်း ၄ ပေ ခန့် မြင့်တက်လာနိုင်

Source: DMH

#MMWeatherOutlook

MM Weather Outlook

13 Sep, 04:48


ဘင်္ဂလားပင်လယ်အော် အခြေအနေ
၂၀၂၄၊ စက်တင်ဘာ ၁၃၊ နံနက် ၁၁ နာရီ


မနေ့ညပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်က လေပွေလှိုင်းဟာ ပိုမို အားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း (93B Invest) အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် အနောက် - အနောက်မြောက်ဘက်ကို တဖြည်းဖြည်း ရွေ့လျားရင်း နောက် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့် စက်တင်ဘာ ၁၅ အထိ ချင်းနဲ့ ရခိုင်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အပြင် နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင် နဲ့ မွန်တို့မှာ မိုးသည်းထန်နိုင်ပြီး လေပြင်းတ်ုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

မြစ်ရေ အခြေအနေကတော့ နောက် ၁ ရက်အတွင်း တောင်ငူ နဲ့ ဘားအံ မှာ ၂ ပေခန့်၊ မဒေါက် နဲ့ ပဲခူး မှာ ပေဝက်ခန့် ဆက်ပြီး မြင့်တက်လာနိုင်ပါတယ်။

ဒါအပြင့် ဒုဌဝတီမြစ်ရေဟာလည်း နောက် ၁ ရက်အတွင်း ရွှေစာရံမြို့ နဲ့ မြစ်ငယ်မြို့တွေမှာ စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်ပါတယ်။

Source : DMH

#Tropical_Warning
#Water_Level_Alert
#Flooding
#MMWeatherOutlook

MM Weather Outlook

12 Sep, 15:50


မိုးလေဝသအခြေအနေ
၂၀၂၄ စက်တင်ဘာ ၁၂၊ ည ၁၀ နာရီ ၁၅ မိနစ်

ထိုင်းမိုးလေဝသဌာနရဲ့ ဒီနေ့ည ၆ နာရီခွဲ အချိန် ထုတ်ပြန်ထားတဲ့ မြေပြင် မိုးလေဝသမြေပုံ အရ လေဖိအားနည်းဆဲလ်ဟာ ဗဟိုချက် လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်မှာ ဆက်လက်တည်ရှိလျက် ရှိနေပါတယ်။

ECMWF ဒေတာတွေအရ ဒီနေ့ မွန်းတည့်ကနေ စက်တင်ဘာ ၁၄ နေ့လယ် ၁၂ နာရီခွဲအထိ ရခိုင်၊ ချင်း နဲ့ မကွေးဒေသတွေမှာ မိုးဆက်လက်ပိုနိုင်ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ချင်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ မိုးရေချိန် ၁၀ လက်မအထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနေ့ ညနေ ၆ နာရီမှာတော့ တောင်ငူ၊ မဒေါက်၊ ပဲခူး၊ ဘားအံ၊ မြဝတီ မြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှ်နေပြီး ရွှေကျင်နဲ့ ဘီးလင်းမြို့တွေမှာ စိုးရိမ်ရေမှတ်ကို ၁ ရက်အတွင်း ရောက်လာနိုင်ကြောင်း မိုး/ဇလ က သတင်းထုတ်ပြန်ထားပါတယ်။

Source: TMD, ECMWF, DMH

#Tropical_Warning
#Rainfall_Alert
#MMWeatherOutlook

MM Weather Outlook

12 Sep, 12:00


ဘဂ်လားပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နိုင်
၂၀၂၄၊ စက်တင်ဘာ ၁၂၊ ညနေ ၆ နာရီခွဲ

ချင်းနဲ့ ရခိုင်ပြည်နယ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ အနောက် အနောက်မြောက်ဘက်ကို ရွေ့လျားရင်း နောက် ၂၄ နာရီ အတွင်းမှာ ဘဂ်လားဒေ့ရှ် ကမ်းရိုးတန်း နဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

အဲကနေ တစ်ဆင့် နောက် ၄၈ နာရီ အတွင်းမှာ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်ပါတယ်။

မုန်တိုင်းငယ် အရှိန်ကြောင့် စက်တင်ဘာ ၁၅ အထိ နေပြည်တော်၊ စစ်ကိုင်း အထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန် နဲ့ ကရင် ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။

ကမ်းလွန်ပင်လယ်ပြင်မှာ တစ်နာရီ မိုင် ၄၀ မှ ၄၅ မိုင်အထိ နဲ့ လှိုင်းအမြင့် ၉ ပေ ကနေ ၁၁ ပေခန့်အထိ ရှိနိုင်တယ်လို့ မိုး/ဇလက ယနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

#Tropical_Warning
#MMWeatherOutlook

MM Weather Outlook

28 Jul, 16:40


မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ မိုးကြီးနိုင်

ECMWF ကနေ ရရှိထားတဲ့ ဒေတာတွေအရ မြန်မာနိုင်ငံ ရခိုင်ကမ်းမြောင်ဒေသ၊ ကရင်၊မွန်၊တနင်္သာရီဒေသများ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ မြောက်ဖျားပိုင်းတို့မှာ ဇူလိုင် ၂၈ မွန်းလွဲ ၁၂ နာရီခွဲကနေ ဇူလိူင် ၃၀ မွန်းလွဲ ၁၂ နာရီခွဲအထိ မိုးဆက်လက်များနေမှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း မိုး/ဇလက ဒီနေ့ ညနေ ၆ နာရီခွဲ ထုတ်ပြန်ထားတဲ့ မြစ်ရေအခြေအနေများအရ ဧရာဝတီမြစ် အောက်ပိုင်းဒေသများ၊ စစ်တောင်း၊ရွှေကျင်၊ ငဝန်၊ ဘီးလင်း၊ သံလွင်၊ သောင်းရင်း မြစ်များမှာ စိုးရိမ်ရေမှတ် ရောက်ရှိနေတဲ့အတွက် ရေ‌ဘေးအန္တရာယ် ဂရုတစိုက် သတိထားကြဖို့ အကြံပြုလိုပါတယ်။

#Heavy_Rain_Warning
#Flood_Warning
#MMWeatherOutlook

MM Weather Outlook

02 Jul, 02:23


မြစ်ရေ အခြေ‌အနေ
ဇူလိုင် ၂၊ နံနက် ၆ နာရီခွဲ

ဧရာဝတီမြစ်

မြစ်ကြီးနားမြို့ - ၁၃၄၈ စင်တီမီတာ (၄၄ စင်တီမီတာ ကျဆင်း)

စိုးရိမ်ရေမှတ် - ၁၂၀၀ စင်တီမီတာ

ဗန်းမော်မြို့ - ၁၀၈၁ စင်တီမီတာ
စိုးရိမ်ရေမှတ် - ၁၁၅၀ စင်တီမီတာ

ချင်းတွင်းမြစ်

ခန္တီးမြို့ - ၁၅၂၄ စင်တီမီတာ
စိုးရိမ်ရေမှတ် - ၁၃၆၀ စင်တီမီတာ

ဟုမ္မလင်းမြို့ - ၂၉၀၀ စင်တီမီတာ
စိုးရိမ်ရေမှတ် - ၂၉၀၀ စင်တီမီတာ

မြစ်ကြီးနားမြို့၊ ခန္တီးမြို့ နဲ့ ဟုမ္မလင်း မြို့တို့မှာ စိုးရိမ်ရေမှတ် အထက် ရောက်ရှိနေပါတယ်။

Source DMH

#Flood_Warning
#MMWeatherOutlook