AYA Bank @ayabankmyanmar Channel on Telegram

AYA Bank

@ayabankmyanmar


AYA Bank received its banking license from the Central Bank of Myanmar on 2 July 2010 and commenced operations on 11 August 2010, with the opening of the Naypyitaw Head Office.

Your Trusted Partner - စိတ်ချယုံကြည် ဧရာဝတီ

AYA Bank (English)

AYA Bank, also known as AYA Bank Myanmar, is a trusted partner in the banking industry. Established in 2010, AYA Bank received its banking license from the Central Bank of Myanmar on 2 July 2010 and started its operations on 11 August 2010. The bank's headquarters is located in Naypyitaw, Myanmar.

AYA Bank is committed to providing excellent financial services to its customers, ensuring their satisfaction and trust. With a wide range of banking products and services, including savings accounts, loans, and investment opportunities, AYA Bank caters to the diverse financial needs of individuals and businesses.

Whether you are looking to save for the future, secure a loan for your dream home, or grow your wealth through investments, AYA Bank has the expertise and resources to help you achieve your financial goals. Join AYA Bank Myanmar today and experience the difference of banking with a trusted partner. ဧရာဝတီ သည် မြန်မာနိုင်ငံ ရင်းနှီးစားသော အက်ိဳဘွားစတငျအောင် ဖြစ်သည်။

AYA Bank

10 Jan, 17:13


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၁) ရက် စနေနေ့သည် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေအရ “ဘဏ်ဖွင့်ရက်” ဖြစ်ပါသဖြင့် ဧရာဝတီဘဏ်၏ ရုံးချုပ် နှင့် ဘဏ်ခွဲများ ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဘဏ်ခွဲဝန်ဆောင်မှုများ နှင့် အွန်လိုင်းဝန်ဆောင်မှုများလည်းရရှိမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။
 
စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

10 Jan, 10:13


AYA mBanking, AYA Pay တို့နဲ့ AYA အကောင့်အချင်းချင်း ငွေလွှဲပြီး “AYA ငွေလွှဲ သိန်း ၁,၀၀၀ ဆုမဲ” ကို ပါဝင်ကံစမ်းလိုက်ပါ။ (၁.၁၁.၂၀၂၄) မှ (၃၁.၃.၂၀၂၅) အတွင်း AYA Bank ချစ်မိတ်ဆွေများ သိန်း ၁,၀၀၀ ကျပ်ဆုမဲကြီး နှင့် လစဉ် e-money ဆုများ ပိုင်ဆိုင်ဖို့ဆိုရင် - AYA Mobile, AYA iBanking, AYA Corporate Internet Banking တို့ကို အသုံးပြု၍ AYA ဘဏ်စာရင်းအချင်းချင်း ငွေလွှဲခြင်းဖြစ်စေ၊  AYA Pay အကောင့်အချင်းချင်း ငွေလွှဲခြင်းဖြစ်စေ ငွေလွှဲရင်း ပါဝင်ကံစမ်းနိုင်ပါပြီ။ ငွေလွှဲပမာဏ ကန့်သတ်ထားခြင်းမရှိဘဲ ငွေလွှဲမှု (၁) ကြိမ် ပြုလုပ်သူတိုင်းအတွက် သိန်း ၁,၀၀၀ ကျပ် ကံစမ်းနိုင်မယ့် ကံစမ်းမဲကူပွန် (၁) စောင်၊  ငွေလွှဲပမာဏ ကန့်သတ်ထားခြင်းမရှိဘဲ အထူးအစီအစဉ်ကာလအတွင်း (၁) လလျှင် အနည်းဆုံး (၅) ကြိမ်နဲ့အထက် ငွေလွှဲပါက လစဉ် e-money ဆုမဲများ ကံထူးခွင့် လစဉ်ကံထူးနိုင်တဲ့ e-money ဆုမဲများ - - - - - - - - - - - - - - - - - - - - -  e-money ကျပ် ၁,၀၀၀,၀၀၀ x (၁) ဆု  e-money ကျပ် ၃၀၀,၀၀၀ x (၃၀) ဆု  e-money ကျပ် ၅၀,၀၀၀ x (၅၀) ဆု စည်းကမ်းသတ်မှတ်ချက်များ - - - - - - - - - - - - - - - - - - ၁။ ယခုအစီအစဉ်သည် ၁.၁၁.၂၀၂၄ မှ ၃၁.၃.၂၀၂၅ အတွင်း AYA Mobile, AYA iBanking နှင့် AYA Corporate Internet Banking တို့ကို အသုံးပြု၍ AYA ဘဏ်စာရင်းအချင်းချင်း ငွေလွှဲခြင်း (သို့) AYA Pay အချင်းချင်း ငွေလွှဲခြင်းအတွက် အကျုံးဝင်ပါသည်။ ၂။ သိန်း (၁,၀၀၀) ကျပ် အထူးဆုမဲကြီးကံထူးရှင်အား အထူးအစီအစဉ်ကာလအပြီး ဖြစ်သည့် ၃၁.၃.၂၀၂၅ အပြီးတွင် ကြေညာပေးမည်ဖြစ်ပြီး လစဉ် e-money ကံထူးရှင် (၈၁) ဦး အမည်စာရင်းအား ယခုအစီအစဉ်စတင်သည့် အချိန်မှစ၍ လစဉ်လကုန်အပြီးတွင် (၅) လ ဆက်တိုက် ကြေညာ ပေးသွားမည် ဖြစ်ပါသည်။ ၃။ ငွေလွှဲမှု (၁) ကြိမ် ပြုလုပ်သူတိုင်း သိန်း (၁,၀၀၀) ကျပ် ကံစမ်းခွင့်ကူပွန် (၁) စောင် ရရှိမည်ဖြစ်ပြီး ငွေလွှဲအကြိမ်ရေများပါက ကူပွန်အရေအတွက် များများရရှိမည်ဖြစ်ပါသည်။ ၄။ ယခုအစီအစဉ်တွင် မိမိ၏ AYA ဘဏ်စာရင်းအချင်းချင်း လွှဲပြောင်းခြင်း၊ AYA Bank PCL ဝန်ထမ်းများ ပါဝင်ကံစမ်းခြင်းများ ကန့်သတ်ထားပြီး အငြင်းပွါးဖွယ်ရာ တစ်စုံတစ်ရာဖြစ်ပါက AYA Bank PCL ၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။ AYA ငွေလွှဲ သိန်း ၁,၀၀၀ ဆုမဲကြီး နှင့် လစဉ် e-money ဆုမဲများ ပိုင်ဆိုင်နိုင်ကြပါစေ။ စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

09 Jan, 10:12


ပိုမိုကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများသို့ ခေါ်ဆောင်သွားနိုင်ရန်အတွက် AYA Bank ၏ System Maintenance များကို ၁၀.၁.၂၀၂၅ (သောကြာနေ့) နံနက် ၁:၀၀ နာရီ မှ နံနက် ၂:၀၀ နာရီအထိ မွမ်းမံ ပြုလုပ်မည်ဖြစ်ပါသဖြင့် E7 Core Banking System, Bill Payment (CMS), AYA Mobile, AYA iBanking, AYA Corporate Internet Banking, AYA ATM, e-Commerce, AYA POS (Debit Card), AYA Pay (Move Money) စသည့် ဝန်ဆောင်မှုများ ယာယီ အသုံးပြု၍ ရမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

ဘဏ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက AYA Bank ☎️ Call Centre - ၀၁-၂၃၁၇၇၇၇ သို့ ဆက်သွယ်နိုင်ပါသည်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

08 Jan, 11:02


နည်းပညာများ တိုးတက်လာသည်နဲ့အမျှ လူနေမှုအဆင့်အတန်းများလည်း တိုးတက်လာသည်နဲ့အညီ ဆက်သွယ်မှုပုံစံများမှာလည်း ယခင်နှစ်များထက် လွယ်ကူမြန်ဆန်လျက်ရှိပါတယ်။ ကမ္ဘာနေရာအနှံ့ ဖြစ်ပျက်ပြောင်းလဲမှုများကို တစ်ပြိုင်နက် သိရှိလာနိုင်ခြင်းကြောင့် ပိုမိုအကျိုးဖြစ်ထွန်းစေသလို သတိပြုသင့်သည့်အချက်များကိုလည်း ဂရုပြုသင့်ပါတယ်။

ခေတ်မီ ဆက်သွယ်မှုစနစ်များကို အသုံးပြုပြီး ဖုန်း၊ အွန်လိုင်းများမှ ကံစမ်းမဲပေါက်သည် (သို့) နိုင်ငံခြားမှ ငွေကြေး၊ ပါဆယ်ပစ္စည်းပေးပို့မည်စတဲ့ မက်လုံးများပေးပြီး မိတ်ဆွေတို့ရဲ့ ကိုယ်ရေးအချက်အလက်များ နှင့် ဘဏ်အချက်အလက်များ တောင်းခံခြင်းနဲ့ပတ်သက်ပြီး သတိထားသင့်သည် အချက်အချို့ကို ဖော်ပြလိုက်ပါတယ်။

(၁) ကံစမ်းမဲပေါက်သည်၊ ငွေကြေးပေးပို့မည်ဟုဆိုကာ မဲပေါက်သည့်ပစ္စည်း (သို့) ပေးပို့သည့်ပါဆယ် (သို့) ငွေကြေးတို့အတွက် ငွေလွှဲခ/ ပစ္စည်းရွေးရန် တန်ဆာခများမှာ လက်ရှိ သတ်မှတ်စျေးနှုန်းထက် သံသယဖြစ်ဖွယ် စျေးနှုန်းပမာဏဖြစ်နေခြင်း


(၂) မိမိထံ ဆက်သွယ်လာသော လူ (သို့) အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ယုံကြည့်ရခြင်း ရှိ/မရှိ၊ တိကျသေချာခြင်း ရှိ/ မရှိကို လူမှုကွန်ယက်များတွင် ပြန်လည်ဆန်းစစ်ကြည့်ရာတွင် မယုံကြည်ရသော အဆက်အသွယ်များ ၊ဖြစ်နေခြင်း

ယင်းကဲ့သို့ သံသယဖြစ်ဖွယ်ရာများ ကြုံတွေလာပါက မိမိရဲ့ ကိုယ်ရေးအချက်အလက်၊ ဘဏ်အချက်အလက်၊ AYA Mobile နဲ့ AYA Card အချက်အလက်များကို မပေးကြရန် အသိပေးလိုက်ရပါတယ်။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

06 Jan, 12:22


နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ရွှေမြန်မာများအနေနဲ့ အမိမြန်မာနိုင်ငံကို ငွေလွှဲမယ်ဆိုရင် ထပ်ဆောင်းဆုကြေးငွေ 2% p.a. ရရှိတဲ့ ငွေတိုးမယ့်ရွှေအိုးဘဏ်စာရင်းသို့ ငွေလွှဲနိုင်ပါပြီ။
 
 
ယခင် 9% p.a. မှ ယခုအတိုး 9% p.a. + 2% p.a အထိ ပိုတိုးပြီး ပိုရမယ့်  “ငွေတိုးမယ့်ရွှေအိုး” ငွေစုစာရင်းထဲသို့ DBS, GME, Money Match, QueenBee, Ria @ IME, Western Union, Akbar (Q Remit), Lightnet စသည့် နိုင်ငံတကာငွေလွှဲအဖွဲ့အစည်းများမှ ငွေလွှဲများကို လက်ခံခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများလည်း ရရှိမှာဖြစ်ပါတယ်။
 


 အကောင်းဆုံးသောငွေလွှဲနှုန်းထားရရှိခြင်း၊

 လုံခြုံစိတ်ချရခြင်း၊

 100% ငွေသားလက်ခံနိုင်ခြင်းတို့ရရှိမှာဖြစ်ပါတယ်။


 
ငွေတိုးမယ့်ရွှေအိုး ဘဏ်စာရင်းအား https://ayaconnect.ayabank.com/ မှ တစ်ဆင့် လျှောက်ထားနိုင်ပါတယ်။


ငွေတိုးမယ့်ရွှေအိုး ဘဏ်စာရင်းနှင့်အကြောင်းထပ်မံသိရှိလိုပါက
Link >> https://www.ayabank.com/.../saving.../ngwe-toe-mae-shwe-o (သို့) Contact Center - 01-2317777 သို့ မေးမြန်းပြီး နီးစပ်ရာ AYA Bank ဘဏ်ခွဲများတွင် ဘဏ်စာရင်းဖွင့်လှစ်နိုင်ပါတယ်။


စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner 
 
 

AYA Bank

06 Jan, 06:44


ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ်ဘဲ အိမ်မှာနေရင်း အင်တာနက်ချိတ်ဆက်ပြီးအေးအေးဆေးဆေး အနားယူဖို့အတွက် အိမ်သုံးအင်တာနက်ဘေလ်တွေကို ပေးဆောင်တော့မယ်ဆိုရင် AYA Mobile ရဲ့ Bill Payment နဲ့ အခုပဲ အလွယ်တကူ ပေးဆောင်နိုင်ပါပြီ။



ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ထားသော Biller အချို့ကို ဖော်ပြလိုက်ပါတယ်။

Myanmar Net,

5BB Broadband,

Mahar Net,

Hi Broadband ,

Myanmar Broadband Telecom,

Fortune Broadband,

Myanmar Unilink,

Welink,

AGB Communication,

Myanmar APN,

Fast Speed



လွယ်ကူစွာပေးဆောင်ပုံအဆင့်ဆင့်

1️⃣ AYA Mobile App သို့ Login information ဖြည့်ပြီး Bill Payment ကို နှိပ်ပါ။

2️⃣ Telecom & Internet Service ကိုနှိပ်၍ ပေးဆောင်မည့် Internet Service Provider ကိုရွေးပါ။

3️⃣ ပေးဆောင်မည့် ငွေစာရင်း၊ ဝန်ဆောင်မှု၊ Invoice No၊ Customer No ကို ဖြည့်ပါ။


4️⃣ ပေးဆောင်မည့် ပမာဏကိုဖြည့်၍ OTP ဖြည့်စွက်ပြီး အင်တာနက်ဘေလ်ဆောင်ခြင်း အောင်မြင်စွာပြီးစီးပါပြီ။


AYA Mobile ကို Download လုပ်ရန် iOS App Download Link>> ‎ http://bit.ly/ayambankingios


Android App Download Link>> http://bit.ly/ayambankingandriod


စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

03 Jan, 04:02


AYA Mastercard Debit Card နဲ့ဆို Grab App မှာ ၂၂,၅၀၀ ကျပ်အထိ လျှော့စျေးများ ရနေပြီနော်။



(၂၀၂၅) ခုနှစ်၊ ဇန်နဝါရီတစ်လလုံး AYA Mastercard Debit Card ကို အသုံးပြုပြီး Grab App မှာ အစားအစာမှာယူခြင်းနဲ့ Taxi ဌားရမ်းခြင်းတို့ကို ပြုလုပ်ပါက Promo Code - “AYAMASTERCARD” ကို အသုံးပြုပြီး အောက်ပါခံစားခွင့် (၂) မျိုးတွင် (၁)မျိုးစီအတွက် လူတစ်ဦးလျှင် (၃) ကြိမ်စီဖြင့် ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။



(၁) ၇,၀၀၀ ကျပ်နှင့်အထက် အသုံးပြုပြီး Grab Ride ဌားရမ်းပါက တစ်ကြိမ်လျှင် ၂,၅၀၀ ကျပ် လျှော့စျေး



(၂) ၁၅,၀၀၀ ကျပ်နှင့်အထက် အသုံးပြုပြီး Grab Food မှာယူပါက တစ်ကြိမ်လျှင် ၅,၀၀၀ ကျပ် လျှော့စျေး



ပရိုမိုးရှင်းကာလ- ၁.၁.၂၀၂၅ မှ ၃၁.၁.၂၀၂၅ အတွင်း



စည်းကမ်းသတ်မှတ်ချက်များ

(၁) ယခုအထူးအစီအစဉ်သည် AYA Mastercard Debit Card ကို အသုံးပြုပြီး Grab App တွင် ငွေပေးချေမှုအတွက်သာ အကျုံးဝင်ပါသည်။



(၂) လူတစ်ဦးလျှင် ခံစားခွင့် (၁) မျိုးစီကို (၃) ကြိမ်စီဖြင့် ခံစားခွင့် (၂) မျိုးလုံးကို ဦးရာလူစနစ်ဖြင့်သာ ရရှိမည်ဖြစ်ပါသည်။



(၃) အငြင်းပွါးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဧရာဝတီဘဏ်၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။



စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

02 Jan, 10:25


AYA Mastercard Debit Card နဲ့ဆို Grab App မှာ ၂၂,၅၀၀ ကျပ်အထိ လျှော့စျေးများ ရနေပြီနော်။



(၂၀၂၅) ခုနှစ်၊ ဇန်နဝါရီတစ်လလုံး AYA Mastercard Debit Card ကို အသုံးပြုပြီး Grab App မှာ အစားအစာမှာယူခြင်းနဲ့ Taxi ဌားရမ်းခြင်းတို့ကို ပြုလုပ်ပါက Promo Code - “AYAMASTERCARD” ကို အသုံးပြုပြီး အောက်ပါခံစားခွင့် (၂) မျိုးတွင် (၁)မျိုးစီအတွက် လူတစ်ဦးလျှင် (၃) ကြိမ်စီဖြင့် ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။



(၁) ၇,၀၀၀ ကျပ်နှင့်အထက် အသုံးပြုပြီး Grab Ride ဌားရမ်းပါက တစ်ကြိမ်လျှင် ၂,၅၀၀ ကျပ် လျှော့စျေး



(၂) ၁၅,၀၀၀ ကျပ်နှင့်အထက် အသုံးပြုပြီး Grab Food မှာယူပါက တစ်ကြိမ်လျှင် ၅,၀၀၀ ကျပ် လျှော့စျေး



ပရိုမိုးရှင်းကာလ- ၁.၁.၂၀၂၅ မှ ၃၁.၁.၂၀၂၅ အတွင်း



စည်းကမ်းသတ်မှတ်ချက်များ

(၁) ယခုအထူးအစီအစဉ်သည် AYA Mastercard Debit Card ကို အသုံးပြုပြီး Grab App တွင် ငွေပေးချေမှုအတွက်သာ အကျုံးဝင်ပါသည်။



(၂) လူတစ်ဦးလျှင် ခံစားခွင့် (၁) မျိုးစီကို (၃) ကြိမ်စီဖြင့် ခံစားခွင့် (၂) မျိုးလုံးကို ဦးရာလူစနစ်ဖြင့်သာ ရရှိမည်ဖြစ်ပါသည်။



(၃) အငြင်းပွါးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဧရာဝတီဘဏ်၏ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။



စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

01 Jan, 00:55


ပျော်ရွှင်စရာ နှစ်သစ်ကူးချိန်ခါမှာ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်မှုများနှင့် ပြည့်စုံကြပါစေကြောင်း ဧရာဝတီဘဏ်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

ယခုလို နှစ်ကူးကာလမှာ ပျော်ရွှင်စရာခရီးလမ်းကို လျှောက်လှမ်းနိုင်ပြီး စိတ်ကူးအိပ်မက်များ အမှန်တစ်ကယ် ဖြစ်လာစေရန်အတွက် ဧရာဝတီဘဏ်က သင်၏ အယုံကြည်ရဆုံးလက်တွဲဖော်အဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါသည်။

AYA Bank

27 Dec, 12:18


(၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ၊ (၃၀) ရက်၊ (၃၁) ရက်နေ့ နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တို့သည် “နှစ်သစ်ကူးဘဏ်ပိတ်ရက်များ” ဖြစ်ပါသဖြင့် ဧရာဝတီဘဏ်၏ ရုံးချုပ် နှင့် ဘဏ်ခွဲများ ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါတယ်။



ပိတ်ရက်တွင် ဘဏ်ဝန်ဆောင်မှုပိုင်းနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက AYA Contact Center- 01-2317777 သို့ဆက်သွယ်နိုင်ပါတယ်။


AYA Mobile ကို Download လုပ်ရန်



iOS App Download Link>> ‎ http://bit.ly/ayambankingios



Android App Download Link>> http://bit.ly/ayambankingandriod



AYA Pay ကို Download ရယူရန် - https://www.ayapay.com/dl



စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

26 Dec, 04:34


AYA mBanking, AYA Pay တို့နဲ့ AYA အကောင့်အချင်းချင်း ငွေလွှဲပြီး “AYA ငွေလွှဲ သိန်း ၁,၀၀၀ ဆုမဲ” အစီအစဉ်ရဲ့ နိုဝင်ဘာလအတွက် ကံထူးရှင် (၈၁) ယောက် စာရင်း ပေါ်ထွက်လာပါပြီ။ ကံထူးရှင်များအာလုံး Congratulation ပါ။


ကံထူးရှင်စာရင်းကြည့်ရန်- https://bit.ly/4gPjbHs


(၁.၁၁.၂၀၂၄) မှ (၃၁.၃.၂၀၂၅) အတွင်း AYA Bank ချစ်မိတ်ဆွေများ သိန်း ၁,၀၀၀ ကျပ်ဆုမဲကြီး နှင့် လစဉ် e-money ဆုများ ပိုင်ဆိုင်ဖို့ဆိုရင် -


AYA Mobile, AYA iBanking, AYA Corporate Internet Banking တို့ကို အသုံးပြု၍ AYA ဘဏ်စာရင်းအချင်းချင်း ငွေလွှဲခြင်းဖြစ်စေ၊


AYA Pay အကောင့်အချင်းချင်း ငွေလွှဲခြင်းဖြစ်စေ ငွေလွှဲရင်း ပါဝင်ကံစမ်းနိုင်ပါပြီ။


ငွေလွှဲပမာဏ ကန့်သတ်ထားခြင်းမရှိဘဲ ငွေလွှဲမှု (၁) ကြိမ် ပြုလုပ်သူတိုင်းအတွက် သိန်း ၁,၀၀၀ ကျပ် ကံစမ်းနိုင်မယ့် ကံစမ်းမဲကူပွန် (၁) စောင်၊


ငွေလွှဲပမာဏ ကန့်သတ်ထားခြင်းမရှိဘဲ အထူးအစီအစဉ်ကာလအတွင်း (၁) လလျှင် အနည်းဆုံး (၅) ကြိမ်နဲ့အထက် ငွေလွှဲပါက လစဉ် e-money ဆုမဲများ ကံထူးခွင့်


လစဉ်ကံထူးနိုင်တဲ့ e-money ဆုမဲများ
- - - - - - - - - - - - - - - - - - - - -


e-money ကျပ် ၁,၀၀၀,၀၀၀ x (၁) ဆု


e-money ကျပ် ၃၀၀,၀၀၀ x (၃၀) ဆု


e-money ကျပ် ၅၀,၀၀၀ x (၅၀) ဆု တို့ ဖြစ်ပါတယ်။


များများလွှဲလေ ကံထူးခွင့် ပိုရနိုင်လေမို့ လက်တစ်ကမ်းက အခွင့်အရေးကို အမိအရဖမ်းဆုပ်ဖို့ အခုပဲ AYA အကောင့်အချင်းချင်း ငွေလွှဲပြီး ပါဝင် ကံစမ်းလိုက်ရအောင်!


စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

25 Dec, 07:46


အွန်လိုင်းမှ စျေးဝယ်ရင်း စိတ်အေးရဖို့
- - - - - - - - - - - - - - - - - - - - - - -


AYA Bank ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးစီမံမှုများကို သုံးစွဲနေသူများအတွက် AYA Mobile (သို့) AYA Card တို့နဲ့ အွန်လိုင်းမှတစ်ဆင့် လိုချင်တာတွေ ဝယ်တဲ့အခါ မိမိရဲ့ အချက်အလက်များ လုံခြုံစိတ်ချမှုရေးကို သတိပြုသင့်ပါတယ်။


များသောအားဖြင့် အွန်လိုင်းတွင် စျေးဝယ်တဲ့အခါ လိုချင်တာတွေကိုပဲ အာရုံစိုက်ပြီး ရှာဖွေနေတတ်ကြတာကြောင့် အစဉ်ဂရုစိုက်သင့်တဲ့ သင့်ရဲ့ကိုယ်ရေးအချက်အလက်များ လုံခြုံရေးနဲ့ပတ်သက်ပြီး ဂရုပြုသင့်တာတွေကို မျှဝေလိုက်ပါတယ်။


(၁) စိတ်ချရတဲ့ Website (သို့) Page များမှသာ ဝယ်ယူကြရန်


တရားဝင်အသိအမှတ်ပြုထားသော Website များနဲ့ ရေရှည်အောင်မြင်မှုရရှိထားသော Website များထံမှ ဝယ်ယူခြင်းသည် မိမိ ကိုယ်ရေူအချက်အလက်များကို လုံခြုံမှုရှိစေသလို မိမိဝယ်ယူသည့်ပစ္စည်း အရည်အသွေးလည်း စိတ်ချရပါတယ်။


(၂) ပုံမှန်ပေးချေမှုတိုင်းအတွက် ကတ်များအလှည့်ကျနဲ့ ပေးချေရန်

မိမိဝယ်ယူနေကြ Website မှဖြစ်သော်လည်း ပေးချေသည့်ကတ်ကို တရားသေမထားဘဲ တနည်းအားဖြင့် Autopay ကို မနှိပ်ထားဘဲ ကတ်များကို အလှည့်ကျသုံးပေးခြင်းဖြင့် မလိုလားအပ်သောကိစ္စများကို တားဆီးရာရောက်စေပါတယ်။


(၃) အွန်လိုင်းမှတစ်ဆင့် ပေးချေမှုတိုင်းကို စောင့်ကြည့်ရန်

မိမိစာရင်းသွင်းစဉ်က ပေးထားသော အီးမေးလ် (သို့) ဖုန်းနံပါတ်များမှတစ်ဆင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု အသုံးပြုမှုတိုင်းကို မျက်ခြေမပျက် ဂရုပြုစောင့်ကြည့်သင့်ပြီး ထူးခြားချက်များတွေ့ရှိပါက AYA Contact Center- 01-2317777 သို့ ဆက်သွယ်အကြောင်းကြားသင့်ပါတယ်။


စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

25 Dec, 03:00


ဒီခရစ္စမတ်ကာလမှာ သင့်ဘဝခရီးလမ်းအတွက် အေးချမ်းကြည်လင်စွာနဲ့ အောင်မြင်မှုများကို အတူတကွမျှဝေ ခံစားနိုင်ကြပါစေလို့ AYA Bank မိသားစုများမှ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။


စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

24 Dec, 08:24


အသေးစား နှင့် အလတ်စား စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် Corporate Internet Banking ရဲ့ Feature တစ်ခုဖြစ်တဲ့ Bulk Payment နဲ့ဆို လူများများကို တစ်ကြိမ်တည်းနဲ့ ငွေလွှဲနိုင်တော့ အချိန်ကုန် သက်သာစေပြီး လွယ်ကူစေပါတယ်။


ဝန်ထမ်းများ လစာပေးရန် နှင့် ပေးရန်ရှိ Supplier များကို ငွေပေးချေရန်အတွက် တစ်နေ့လျှင် ကျပ်သိန်း ၁၀,၀၀၀ အထိ ငွေလွှဲနိုင်ပြီး ဘဏ်စာရင်းပေါင်း (၅၀၀) ကို excel နဲ့ တစ်စုတစ်စည်းတည်း Upload နိုင်တဲ့ AYA Corporate Internet Banking ရဲ့ Feature တစ်ခုဖြစ်တဲ့ Bulk Payment ရှိပါတယ်။


အချိန်ကုန်လည်းသက်သာပြီး လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်တဲ့ AYA Corporate Internet Banking ရဲ့ Bulk Payment ကို ယခုပဲ နီးစပ်ရာဘဏ်ခွဲများတွင် လျှောက်ထားပြီး အသုံးပြုလိုက်ပါ။



စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

20 Dec, 10:00


၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက် ဗုဒ္ဓဟူးနေ့ သည် “ခရစ္စမတ်နေ့ “ဘဏ်ပိတ်ရက်” ဖြစ်ပါသဖြင့် ဧရာဝတီဘဏ်၏ ရုံးချုပ် နှင့် ဘဏ်ခွဲများ ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါတယ်။
ပိတ်ရက်တွင် ဘဏ်ဝန်ဆောင်မှုပိုင်းနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက AYA Contact Center- 01-2317777 သို့ဆက်သွယ်နိုင်ပါတယ်။


AYA Mobile ကို Download လုပ်ရန်
iOS App Download Link>> ‎ http://bit.ly/ayambankingios


Android App Download Link>> http://bit.ly/ayambankingandriod


AYA Pay ကို Download ရယူရန် -
https://www.ayapay.com/dl


စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

20 Dec, 09:58


လိုချင်တာနဲ့ လိုအပ်တာတွေအတွက် ကြိုတင်အသုံးပြုနိုင်တဲ့ AYA Credit Card ရဲ့ ဘေလ်များကို သင့်မေးလ်မှတစ်ဆင့် လစဉ် Statement ပို့ပေးမှာဖြစ်ပါတယ်။ Statement ထဲတွင် ဖော်ပြထားတဲ့ ပမာဏအတိုင်း သတ်မှတ်ရက်မတိုင်မီ AYA iBanking, AYA Mobile, AYA Pay နဲ့ AYA Bank ဘဏ်ခွဲများမှာ နှစ်သက်ရာနည်းနဲ့ ပေးဆောင်နိုင်ပါတယ်။

Credit Card ကို ပြန်လည်ငွေသွင်းတဲ့ နည်းလမ်း (၄) သွယ်အနက် အချိန်မကုန်ဘဲ လွယ်ကူပြီး စိတ်ချရတဲ့ AYA Mobile ရဲ့ Credit Card ဘေလ်ပေးဆောင်မှုကို ဖော်ပြလိုက်ပါတယ်။

အဆင့် (၁) AYA Mobile ထဲသို့ User name နှင့် Password ဖြည့်သွင်းပြီး login ဝင်ပါ။

အဆင့် (၂) မိမိ Credit Card ဘေလ် ပေးဆောင်ရန် Manage Cards (သို့) My Cards ကို နှိပ်ပါ။

အဆင့် (၃) အချက်အလက်များကို ကြည့်ရှုပြီး Pay Now ကို နှိပ်ပါ။

အဆင့် (၄) မိမိပေးချေလိုသော ငွေစာရင်းနံပါတ်ကို ရွေးချယ်ကာ ရှေ့ဆက်ရန် အဝါရောင်ခလုတ်ကို နှိပ်ပါ။
အဆင့် (၅) အချက်အလက်များ ပြန်လည်စစ်ဆေး၍ OTP Code တောင်းခံပါ။

အဆင့် (၆) OTP Code ရိုက်ထည့်ပြီးပါက Credit Card ဘေလ်ပေးဆောင်မှု အောင်မြင်စွာ လုပ်ဆောင်ပြီးပါပြီ။

AYA Mobile ကို Download လုပ်ရန်
iOS App Download Link>> ‎ http://bit.ly/ayambankingios

Android App Download Link>> http://bit.ly/ayambankingandriod

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

16 Dec, 11:46


ပြည်တွင်းပြည်ပရှိ နိုင်ငံကြီးများအပါအဝင် နိုင်ငံပေါင်း (၂၀၀) ကျော်တွင် အသုံးပြုနိုင်ခြင်းနဲ့ သန်းပေါင်းများစွာသော Merchant များနဲ့ ချိတ်ဆက်ထားခြင်းတို့ကြောင့် လွယ်ကူအဆင်ပြေ စိတ်ချရတဲ့ AYA MPU Mastercard Debit ဟာ သင့်ရဲ့ နေ့စဉ်ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် မရှိမဖြစ်ပဲဖြစ်ပါတယ်။

တစ်မူထူးခြားသော အခွင့်အရေးများ၊ ပြည်တွင်းနဲ့ နိုင်ငံတကာခရီးသွားခြင်းများအတွက် ရည်ရွယ်ထုတ်ဝေထားသော ကတ်အမျိုးအစားဖြစ်ပြီး ကတ်ကိုင်ဆောင်သူအတွက် အများဆုံး ကျပ် သိန်း ၁,၀၀၀ အထိ အကျိုးခံစားခွင့်ရရှိနိုင်သော ခရီးသွားအာမခံအကာအကွယ်ရယူနိုင်ခြင်းလည်း ပါဝင်ပါတယ်။

ဒစ်ဂျစ်တယ်ငွေကြေးစီးဆင်းမှုများအတွက် အားထားရာ AYA MPU Mastercard Debit Card ကို

ATM တွင် ငွေသားထုတ်ယူခြင်း

POS စက်များနဲ့ စျေးဝယ်ခြင်း

ခရီးသွားခြင်း

Online Payment များတွင် အသုံးပြုနိုင်ပြီး ၄င်းနဲ့ပတ်သက်တဲ့ လျှော့စျေးနဲ့ အခြားသောပရိုမိုးရှင်းများကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။

AYA MPU Mastercard Debit Card ကို (၁၈) နှစ်ပြည့်ပြီး မြန်မာနိုင်ငံသားတိုင်း မှတ်ပုံတင် (မူရင်း)နဲ့အတူ နီးစပ်ရာ ဧရာဝတီဘဏ်ခွဲများတွင် ဘဏ်ဖွင့်ချိန်အတွင်း လျှောက်ထားနိုင်သလို စနေ၊ တနင်္ဂနွေနဲ့ အခြားသောပိတ်ရက်များမှာလည်း AYA xCounter များတွင် လျှောက်ထားနိုင်ပါတယ်။

AYA Bank ဘဏ်ခွဲများတွင် လျှောက်ထားရန် Link>> https://www.ayabank.com/about-aya/network/branch-locations

AYA xCounter တည်နေရာများ

(၁) AYA xCounter (Bloom): M-Tower Ground Floor, Bloom Department Store, Hledan, Yangon.

(၂) AYA xCounter (Sanchaung Street): No. 124, Corner of Thukhamain Street and Sanchaung Street, Yangon.

(၃) AYA xCounter (Junction Mawtin): 2nd Floor, Junction Mawtin, Yangon.

(၄) AYA xCounter (Junction City): 2nd Floor, C032, Junction City, Yangon.

(၅) AYA xCounter (Junction Square): 2nd Floor, Junction Square Shopping Mall, Yangon.

(၆) AYA xCounter (Junction Centre Nay Pyi Taw) Room NO.01-005/E, Junction Centre, Nay Pyi Taw.

၁.၁၁.၂၀၂၄ မှ ၃၁.၁၂.၂၀၂၄ အတွင်း AYA MPU Mastercard အပါအဝင် မည်သည့် Mastercard နဲ့မဆို AYA POS တွင် ၂၀၀,၀၀၀ ကျပ်နဲ့အထက် ပေးချေပါက Receipt (၁) စောင်ရရှိမှာဖြစ်ပြီး Receipt (၁) စောင်တည်းတွင်ဖြစ်စေ၊ တစ်လအတွင်း အသုံးပြုထားသော Receipt များ စုပေါင်း၍ဖြစ်စေ အောက်ပါအထူးအစီအစဉ် (၂) မျိုးကို ရရှိမှာဖြစ်ပါတယ်။

🎁 အနည်းဆုံး ၂၀၀,၀၀၀ ကျပ်နှင့်အထက် ငွေပေးချေပါက “အမှတ်တရ ဆုလက်ဆောင် အမျိုးအစား (၁) ခု”

🎁 အနည်းဆုံး ၄၀၀,၀၀၀ ကျပ်နှင့် အထက် ငွေပေးချေပါက “၂၀,၀၀၀ ကျပ်တန်ဖိုးရှိ Max Petrol Fuel Voucher (၁) စောင်”

အသေးစိတ် အချက်အလက်များ https://www.facebook.com/share/p/15SVYZV8eL/?mibextid=oFDknk

AYA MPU Mastercard Debit ကို အခုပဲလျှောက်ထားပြီး အထူးပရိုမိုးရှင်းများကို အခုပဲရယူလိုက်ပါ။

စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner

AYA Bank

12 Dec, 11:10


အတိုးနှုန်း 11.95% p.a. ဖြင့် ချက်ချင်း အတိုးရရှိနိုင်တဲ့ AYA ရှယ် Fixed Deposit စာရင်းဖွင့်ပြီး “AYA Everyday Tote Bag” Limited Edition လက်ဆောင်ရယူလိုက်ရအောင်!



ယခုနှစ်အတွက် အထူးအစီအစဥ်အဖြစ် လုံခြုံစိတ်ချရတဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ ချက်ချင်း အတိုးရမယ့် AYA ရဲ့ 120 - Day Fixed Deposit ကို သိန်း ၁၀၀ ကျပ်နှင့်အထက် စာရင်းဖွင့်စုဆောင်းသူတိုင်းအတွက်


👉 အတိုး 11.95% p.a. အပြင်

🎁 100% ချည်သားစစ်စစ်နဲ့ ပြုလုပ်ထားပြီး ခရီးပဲသွားသွား စျေးပဲဝယ်ဝယ် လုံခြုံလှပ စတိုင်လည်းကျတဲ့ AYA Everyday Essentials ရဲ့ ပြည်တွင်းလက်ရာစစ်စစ် “AYA Tote Bag” လက်ဆောင်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၄) ရက်မှ ဒီဇင်ဘာလ၊ (၂၄) ရက်အတွင်း လက်ဆောင်ရရှိမှာဖြစ်ပါတယ်။


လက်ဆောင်ရယူရန် သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။
နှစ်မကုန်ခင် AYA Everyday Tote Bag နဲ့ စတိုင်ကျကျ လန်းလိုက်ရအောင်


စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner