Ministry of Human Rights @mohrnugmyanmar Channel on Telegram

Ministry of Human Rights

@mohrnugmyanmar


This is the official Telegram Channel of Ministry of Human Rights,National Unity Government of Myanmar

Ministry of Human Rights Telegram Channel Promotion (English)

The Ministry of Human Rights Telegram Channel, with the username @mohrnugmyanmar, is the official platform for the National Unity Government of Myanmar to communicate with the public and share information regarding human rights issues in the country. This channel serves as a crucial resource for individuals seeking updates on human rights violations, advocacy efforts, and initiatives to promote equality and justice in Myanmar. Who is it? The Ministry of Human Rights Telegram Channel is managed by the National Unity Government of Myanmar, a group established in response to the military coup in the country. The government aims to uphold human rights, promote democracy, and restore stability and unity to Myanmar. What is it? This channel is dedicated to raising awareness about human rights violations, providing support to affected individuals, and advocating for positive change in Myanmar. Through regular updates, news articles, and resources, the channel helps individuals stay informed about the current human rights situation in the country and empowers them to take action. With a strong commitment to transparency and accountability, the Ministry of Human Rights Telegram Channel strives to be a reliable source of information for the public. By joining this channel, users can access firsthand reports, statements, and announcements from the National Unity Government and stay connected with the latest developments in the human rights landscape of Myanmar. Join the Ministry of Human Rights Telegram Channel today to stay informed, get involved, and support the fight for human rights in Myanmar. Together, we can make a difference and create a brighter future for all citizens of Myanmar.

Ministry of Human Rights

12 Jan, 12:02


၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ ပြည်သူလူထုထံသို့အစီရင်ခံတင်ပြခြင်း

ဇန်နဝါရီ - ၁၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန စတင်ဖွဲ့စည်းချိန်မှစ၍ မဟာဗျူဟာ ရည်မှန်းချက်(၄)ရပ်နှင့်အညီ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်းနှင့် ပြည်သူလူထုတရပ်လုံးအတွက် တရားမျှတမှု‌ ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်း‌ရေးနှင့်တန်းတူညီမျှမှုရှိ‌စေရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ် (၁)နှစ်တာအတွင်းမဟာဗျူဟာရည်မှန်းချက် (၄)ရပ်ဖြစ်သည့်
လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျမှတ်တမ်းတင်ခြင်း
တရားမျှတမှုဖော်ဆောင်ရေးအတွက် နိုင်ငံတကာစည်းရုံးလှုံ့ဆော်ခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများ လူ့အခွင့်အရေးစံချိန်စံညွှန်းများဖြင့် ကိုက်ညီစေရန် ဆောင်ရွက်ခြင်း
လူ့အခွင့်အရေးပညာပေးခြင်းစသည်တို့ကို စနစ်တကျဆောင်ရွက်‌ခဲ့မှုများကို ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြအပ်ပါသည်။

https://youtu.be/qPWEEAtVW_g?si=M2j-3ytHz-mfwkIg

#NUG
#MOHR
#humanrights
#2024report

Ministry of Human Rights

10 Jan, 04:35


Military Junta Airstrike Targets Kyauk Ni Maw Village in Yanbye Township, Rakhine State
============================================
At approximately 1:00 p.m. on January 8, 2025, the terrorist military junta launched an airstrike on Kyauk Ni Maw village in Yanbye Township, Rakhine State. At least 41 civilians were killed in the bombing, including children, women, and the elderly, while 52 others were injured.

The following infographic provides detailed information that you can explore and witness.
Ministry of Human Rights, is committed to bring equality ,peace and Justice for people of Myanmar by all means.

#Airstrike
#Crimesagainsthumanity
#CrimesofJunta
#kyauknimaw
#HumanRights
#EndsImpunity
#MoHR

Ministry of Human Rights

10 Jan, 04:35


ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁)နာရီကျော်အချိန်တွင် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသည်။

ထို့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများ အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး (၄၁)ဦး သေဆုံးခဲ့ပြီး (၅၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါသည်။

အသေးစိတ် အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားပါမည်။

#Airstrike
#Crimesagainsthumanity
#CrimesofJunta
#kyauknimaw
#HumanRights
#EndsImpunity
#MoHR

Ministry of Human Rights

08 Jan, 11:59


၂၀၂၄ ခုနှစ် လူ့အခွင့်အရေးနေ့လှုပ်ရှားမှုအဖြစ် မြို့နယ် ပေါင်း (၅၇) မြို့နယ်တွင် လူထုစကားဝိုင်းများပြုလုပ်ခြင်း၊ ဝန်ကြီးဌာနမှ ဖြန့်ဝေသော လူ့အခွင့်အရေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လူ့အခွင့်အရေး ပညာပေး ရုပ်/သံ ပြသခြင်း၊ စီတန်း ဆန္ဒထုတ်ဖော်ခြင်း အစရှိသည့်လှုပ်ရှားမှုများအား ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထို့အပြင် “လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတလွတ်လပ်မြေ" စာတမ်းပါ တီရှပ် အထည် ၅,၉၀၀ အား မြို့နယ်လူ့အခွင့်ရေးရာတာ၀န်ခံများက ဦးဆောင်ကာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ နဲ့ ပူးပေါင်း၍ဖြန့်ဝေခဲ့ပါသည်။
#NUG
#MOHR
#humanrights
#10D
#လူ့အခွင့်အရေးထွန်းကားစေတရားမျှတလွတ်လပ်မြေ

Ministry of Human Rights

08 Jan, 08:51


"နိုင်ငံတကာက ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ဒီစစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းပြီးတော့ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အကောင်အထည် ဖော်နိုင်ဖို့ ဆက်လက် လျှောက်လှမ်းနေတာဖြစ်တယ်။ နိုင်ငံတကာအကူအညီ မျှော်နေမယ်ဆိုလို့ရှိရင် ဒီနေ့ တော်လှန်ရေးခရီးက ဒီအဆင့်ထိ ရောက်မှာမဟုတ်ဘူး။ နိုင်ငံတကာကသာ ပံ့ပိုးပေးခဲ့သည်ရှိသော် တော်လှန်ရေးကလည်း ဒီလောက်အချိန်လည်း လိုမှာမဟုတ်ဘူး။ နိုင်ငံရေး စိတ်ဆန္ဒထက် ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ဝတ္တရားတာဝန် ကိုတောင် ကမ္ဘာကြီးက ကျွန်တော်တို့အပေါ်မှာ မကျေပွန်ခဲ့ဘူးဆိုတဲ့ ဟာကိုလည်း ထပ်ခါတလဲလဲ ကမ္ဘာကြီးက ကြားအောင်ပြောနေရမှာဖြစ်တယ်။"

ဦးအောင်ကျော်မိုး
ဒုတိယဝန်ကြီး
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ နိုင်ငံတကာတွင် ကြိုးပမ်းဆောင်ရွက်ချက်များ၊ စိန်ခေါ်မှုများအကြောင်း သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ချက်

#NUG
#MOHR
#humanrights
#quotes

Ministry of Human Rights

08 Jan, 05:34


"စစ်သုံ့ပန်းတွေအဖြစ်ကနေ မင်းအောင်လှိုင်အပါအဝင် အပေါင်းအပါတွေကို ကောင်းကောင်းအရေးယူနိုင်ဖို့ အချက်အလက်တွေထောက်ပံ့ပေးနိုင်တဲ့ တရားလိုပြသက်သေတွေ ဖြစ်နိုင်ပါတယ်။ အဲ့လိုသက်သေထွက်ဆိုပြီး တရားမျှတမှုရဲ့ ဘက်တော်သားတွေဖြစ်နိုင်ပါတယ်။ နိုင်ငံတကာဥပဒေအတွက် ပူးပေါင်းပါဝင်ပြီးတော့ အရေးကြီးဆုံး တာဝန်ရှိသူအတွက် ထွက်ဆိုကာ ပြည်သူနဲ့ပူးပေါင်းမလား။ ဒါမှမဟုတ် ကိုယ်တိုင်ကျူးလွန်သူတရားခံအဖြစ် ရပ်မလား ဆိုတာ စဉ်းစားဖို့လိုပါမယ်။"

ဦးအောင်မျိုးမင်း၊ ပြည်ထောင်စုဝန်ကြီး

Mizzima သတင်းဌာနနှင့် ပူးပါင်းတင်ဆက်သည့် Human rights barometer ep-56 မှ ကောက်နုတ်ချက်
#NUG
#MOHR
#humanrights_barometer
#Mizzima
#Quote

Ministry of Human Rights

06 Jan, 06:05


"စစ်သုံ့ပန်းတွေကို လူသားချင်းစာနာစွာ ဆက်ဆံဖို့ လို‌ပေမယ့် သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက်ကတော့ စုံစမ်းစစ်ဆေးကာ မှန်ကန်လွတ်လပ်တဲ့ တရားစီရင်မှုအတိုင်းထိရောက်တဲ့ အရေးယူမှုကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။"

ဦးအောင်မျိုးမင်း၊ ပြည်ထောင်စုဝန်ကြီး
Mizzima သတင်းဌာနနှင့် ပူးပါင်းတင်ဆက်သည့် Human rights barometer ep-56 မှ ကောက်နုတ်ချက်
#NUG
#MOHR
#humanrights_barometer
#Mizzima
#Quote

Ministry of Human Rights

04 Jan, 15:53


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ အမဲခေါင်အုပ်စု၊ ရမ်းနဂါးရွာရှိ ဟိန္ဒူဘုရားကျောင်းအား အကြမ်းဖက် စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

Ministry of Human Rights

04 Jan, 15:51


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ အမဲခေါင်အုပ်စု၊ ရမ်းနဂါးရွာရှိ ဟိန္ဒူဘုရားကျောင်းအား အကြမ်းဖက် စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့၊ မွန်းလွဲ (၁)နာရီခွဲ ဝန်းကျင်တွင် ပဲခူးတိုင်း၊ တောင်ငူ ခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ အမဲခေါင်အုပ်စု၊ ရမ်းနဂါးရွာရှိ ဟိန္ဒူဘုရားကျောင်းနှင့် ဘုရားကျောင်းရှေ့ရှိ ဈေးဆိုင် (၂) ဆိုင်ကြားသို့ အကြမ်းဖက် စစ်အုပ်စုမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူအချို့အပါအဝင် ဒေသခံ ဟိန္ဒူဘာသာဝင် အရပ်သား အမျိုးသား (၇)ဦး သေဆုံးခဲ့ကာ အမျိုးသမီး (၁)ဦး အပါအဝင် ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ဟိန္ဒူဘုရားကျောင်းအမိုးနှင့် အရှေ့ပိုင်း ထိခိုက် ပျက်စီးကာ ပြည်သူများ၏ နေအိမ်အချို့ ဗုံးသီးစ ထိမှန်၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

အသေးစိတ် အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။

#Airstrike
#Crimesagainsthumanity
#CrimesofJunta
#phyu
#bago
#HumanRights
#EndsImpunity
#MoHR

Ministry of Human Rights

26 Dec, 10:46


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

အကြမ်းဖက် စစ်အုပ်စုရဲ့ နိုဝင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၅၃၇) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် ထားရှိပါတယ်။
အောက်တိုဘာလ အတွင်း မန္တလေးတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၁ မှုထိ ရှိခဲ့ ပါတယ်။
ရခိုင်ပြည်နယ်သည် (၃၆) ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း တွေ့ရှိ ရပါတယ်။ တခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို အောက်ပါ Info graph မှာ လေ့လာနိုင်ပါတယ်။


.#Humanrightsviolations
#CrimesofJunta
#November_report
#HumanRights
#MoHR

Ministry of Human Rights

24 Dec, 00:12


"တာဝန်ရှိသူတွေက နယ်မြေအတွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့အခွင့်အရေးတွေကို လေးစား၊ ကာကွယ်၊ ဖြည့်ဆည်းပေးရမယ့်တာဝန်တွေကို လုပ်ဆောင်ပေးဖို့ အသိပညာပေးမှုတွေဟာ အရမ်းအရေးကြီးပါတယ်။ ချမှတ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကလည်း ပြည်သူလူထုကို မထိခိုက်ပဲ ပြည်သူလူထု လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေကို အားပေးတဲ့ အရာတွေဖြစ်သင့်ပါတယ်။ ချိုးဖောက်မှုတွေဖြစ်လာရင်လည်း သင့်တင့်မှန်ကန်ပြီး ထိရောက်တဲ့ဥပဒေနဲ့ အရေးယူလုပ်ဆောင်ပေးမှသာ တရားဥပဒေစိုးမိုးမှုရှိလာမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိတဲ့ကာလအတွင်းမှာ ဘယ်လိုမှ လူ့အခွင့်အရေးဆိုတာလည်းထွန်းကား လာမှာမဟုတ်ပါဘူး။ "

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း
Mizzima သတင်းဌာနနှင့်ပူးပေါင်းတင်ဆက်သည့် Human rights barometer ep-55 မှ ကောက်နုတ်ချက်
#NUG
#Mohr
#human_rights_barometer
#Mizzima
#quotes

Ministry of Human Rights

23 Dec, 17:31


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်-(၁) စစ်ဒေသ၊
မန္တလေးတိုင်း PDF တာဝန်ခံရုံးလက်အောက်ရှိ အထူးလှုပ်ရှားတပ်ရင်း - (၃)မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် များက (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့တွင် "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ" စာတန်းပါ တီရှပ်ကိုဝတ်ဆင်ကာ ကမ်ပိန်းတွင်ပါဝင်ခဲ့သည်။
#NUG
#MOHR
#16DaysofActivism
#လူ့အခွင့်အရေးထွန်းကားစေတရားမျှတလွတ်လပ်မြေ

Ministry of Human Rights

23 Dec, 07:45


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် များက (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့တွင် "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ" စာတန်းပါ တီရှပ်ကိုဝတ်ဆင်ကာ ကမ်ပိန်းတွင်ပါဝင်ခဲ့သည်။
#NUG
#MOHR
#16DaysofActivism
#လူ့အခွင့်အရေးထွန်းကားစေတရားမျှတလွတ်လပ်မြေ

Ministry of Human Rights

23 Dec, 03:15


"သေဒဏ်ပေးတာကို ဖျက်သိမ်းလို့မရသေးတဲ့ ကာလအတွင်းမှာ သေဒဏ်ကို လက်လွတ်စပါယ်မပေးဖို့အတွက် အများကြီးဂရုစိုက်ရပါလိမ့်မယ်။ အထူးသဖြင့် ဒေသန္တရဥပဒေတွေမှာ မလိုလားအပ်ပဲ သေဒဏ်ပေးနိုင်တဲ့အထိ ခွင့်ပြုတယ်ဆိုတဲ့ အမိန့်အာဏာတွေကို ဥပဒေကြောင်းအရ ပြန်ပြီးစိစစ်ရမယ်။ မလိုအပ်ရင် ဖျက်သိမ်းဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။"

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း
Mizzima သတင်းဌာနနှင့်ပူးပေါင်းတင်ဆက်သည့် Human rights barometer ep-55 မှ ကောက်နုတ်ချက်
#NUG
#Mohr
#human_rights_barometer
#Mizzima

Ministry of Human Rights

22 Dec, 14:57


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ကျေးရွာ(၆)ရွာရှိ ပြည်သူများအား ဒီဇင်ဘာ (၁၆)ရက်နေ့တွင် မြို့နယ်လူ့အခွင့်အရေးတာဝန်ခံမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လူ့အခွင့်အရေးနှင့်ပတ်သက်သော အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ခဲ့ပြီး UDHR စာရွက်များပေးဝေခဲ့ပါသည်။
#NUG
#Mohr
#communitymeeting

Ministry of Human Rights

29 Nov, 15:40


၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

အကြမ်းဖက် စစ်အုပ်စုရဲ့ အောက်တိုဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၅၉၉) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် ထားရှိပါတယ်။

အောက်တိုဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၉၃ မှုထိ ရှိခဲ့ ပါတယ်။

ရခိုင်ပြည်နယ်သည် (၄၅) ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း တွေ့ရှိ ရပါတယ်။ တခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

#Humanrightsviolations
#CrimesofJunta
#October_report
#HumanRights
#MoHR

Ministry of Human Rights

25 Nov, 11:11


အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့

နိုဝင်ဘာလ (၂၅) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး နေ့(၁၆)ရက်တာလှုပ်ရှားဆောင်ရွက်မှု၏ ပထမဆုံး နေ့ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ကို လှုပ်ရှားဆောင်ရွက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာ တဝန်းမှာ ရှိတဲ့ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုကို နေ့စဉ်နဲ့အမျှ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကျူးလွန်ခံ နေရတာ ဖြစ်ပြီး ဒီအကြမ်းဖက်မှုတွေဟာ ဒီနေ့ခေတ်သစ်ကမ္ဘာမှာ အကျယ်ပြန့်ဆုံးကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု တရပ်ဖြစ်ပါတယ်။
လူ့အခွင့်အရေးလို့ပြောလိုက်တာနဲ့ အားလုံးတန်းတူ ဖြစ်ပြီးတော့ ကျား/မ၊ လူမျိုးဘာသာမရွေး အားလုံးဂုဏ်သိက္ခာနဲ့အညီရှင်သန် နေထိုင်ခွင့်ရှိတယ် ဆိုတာ ကို ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။
ဒါကြောင့် အကြမ်းဖက်မှုပပျောက်ရေးဆောင်ရွက်တဲ့နေရာတွေမှာ လူသားတိုင်းပါဝင်လာပြီး ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ သိရှိလေ့လာနိုင်ဖို့ အောက်ပါ “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားထားမှုပပျောက်ရေးဆိုင်ရာသဘောတူစာချုပ်-CEDAW” video လေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

#MoHR
#HumanRights
#NUG

Ministry of Human Rights

24 Nov, 13:27


Lose and Hope ရုပ်ရှင်ပြပွဲကို သြစတေးလျနိုင်ငံ မလ်ဘုန်းမြို့တွင် နိုဝင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါမိန့်ခွန်းတွင် ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်က “နွေဦးတော်လှန်ရေးအစတွင် လက်သုံးချောင်းထောင်ကာ လှည့်လည်ပြီး ပြည်သူ့အာဏာပြည်သူ့ပြန်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ရာ အကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက် ဖမ်းဆီးပစ်ခတ်ခဲ့သဖြင့် နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ်ဟာ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ခုခံကာကွယ်မှုအတွက် လက်နက်စွဲကိုင်ပြီး ပထမဦးဆုံးတော်လှန်ခဲ့သော ပြည်နယ်ဖြစ်ပါတယ်။
အသေးငယ်ဆုံးပြည်နယ်ဖြစ်ပေမယ့် မတရားမှုတွေကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်နီပြည်သူဟာ အစဉ်အလာအရ ရရာလက်နက်ကိုစွဲကိုင်ပြီး ခုခံတော်လှန်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အသေးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်ရဲ့ လူဦးရေ ၈၅%ဟာဆိုရင်လည်း စစ်ဘေးရှောင်ဖြစ်ခဲ့ရပြီး၊ အရပ်သားသေဆုံးမှု ၅၀၀ ဦးကျော်ရှိခဲ့ပါတယ်။
ကရင်နီပြည်နယ်ရဲ့ တော်လှန်ရေးတပ်ပေါင်းစု တပ်သားများဟာလည်း ၆၀၀ ကျော်ကျဆုံးခဲ့ရပြီဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ ကရင်နီပြည်နယ်ရဲ့ပေးဆပ်မှုတွေကို အားလုံးအသိပဲဖြစ်ပါတယ်။ခုခံတွန်းလှန်ဖို့ဘာမှ မရှိတဲ့အနေအထားကနေ တော်လှန်ခဲ့ရာကနေ အခုဆိုရင် ပြည်တွင်းပြည်ပက ပြည်သူလူထုထောက်ခံကာ ပံ့ပိုးအားပေးမှုကြောင့် အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နိုင်တဲ့ အင်အားတွေ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ခဲ့သလို ဆက်လက်ပြီးတော့လည်း ဝန်းရံအားပေးဖို့ တိုက်တွန်းလိုပါတယ်။ကရင်နီပြည်ဟာဆိုရင် သမိုင်းအစဉ်အလာအရလွတ်လပ်ရေးမရခင်က သီးခြားလွတ်လပ်တဲ့ ပြည်အဖြစ်ရှိနေရာမှ ပြည်ထောင်စုစတင်ဖွဲ့စည်းချိန်မှာ လွတ်လပ်စွာတည်ရှိနေတဲ့ ပြည်အဖြစ်ဆက်လက်မရပ်တည်ပဲ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အဖြစ်သို့ ပါဝင်ခဲ့ပါတယ်။ ကရင်နီပြည်သူတွေကလည်း ပြည်ထောင်စုစိတ်ဓါတ်အပြည့်ရှိတယ်ဆိုတာကို ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ အားလုံးလိုလားနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်နိုင်သည်အထိ အတူတကွ ဆက်လက်ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါကြောင်း “ စသည့်အချက်များထည့်သွင်း ပြောကြားခဲ့သည်။

ထိုရုပ်ရှင်ပြပွဲကို Karenni Federation of Australia(KNFA) ကဦးစီးပြသခဲ့ခြင်းဖြစ်ပြီး KNFA ဥက္ကဋ္ဌ ရစ်ချက်ဌေးရယ်ကလည်း ရုပ်ရှင်ပြသရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းကာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

#Australia
#LostandHope
#KNFA
#Fundarising
#HumanRights
#NUG

Ministry of Human Rights

22 Nov, 11:15


လွတ်မြောက်နယ်မြေများရှိ လူ့အခွင့်အရေးအခြေအနေ(Human Rights Barometer Ep- 53)

နိုဝင်ဘာ - ၂၂

- NUG ထိန်းချုပ်၊ စိုးမိုးနယ်မြေများမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိသလား?
- NUG ထိန်းချုပ်၊ စိုးမိုးနယ်မြေများမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမဖြစ်အောင် ဘယ်လိုကြိုတင်စီမံထားလဲ?
- စိုးမိုးနယ်မြေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုအရေးယူဆောင်ရွက်နေလဲ?
- NUG ထိန်းချုပ်၊ စိုးမိုးနယ်မြေများမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်မှုယန္တရားတွေဘယ်လိုတည်ဆောက်ထားလဲ?
- လက်နက်ကိုင်တပ်ဖွဲတွေက ကျူးလွန်တဲ့အမှုတွေကို ဘယ်လိုတရားစီရင်မှုတွေရှိလဲ?
- NUG ထိန်းချုပ်၊ စိုးမိုးနယ်မြေများမှာ တရားဥပဒေစိုးမိုးမှုလုပ်ဆောင်ရာမှာ အကြမ်းဖက်စစ်အုပ်စုကဲ့သို ငွေများတရားနိုင်ဆိုတဲ့ ကိစ္စရပ်မျိုး ရှိသလား?
အစရှိတဲ့အကြောင်းအရာတွေကို မေးမြန်းထားတဲ့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ Mizzima သတင်းခန်း စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းတို၏ အင်တာဗျူးအပြည့်အစုံအား အောက်ပါဗီဒီယိုဖိုင်တွင် ‌ကြည့်ရှုပေးကြဖို တိုက်တွန်းလိုက်ပါရစေ။

#NUG
#MOHR
#Human_Rights_Barometer
#Mizzima

Ministry of Human Rights

19 Nov, 02:40


လူ့အခွင့်အရေးဆိုင်ရာ သတင်းလွှာ အတွဲ(၁)၊ အမှတ် (၇၀) ထုတ်ပြန်ခြင်း( ၁၈ နိုဝင်ဘာ ၂၀၂၄)
- Human rights barometer
-လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နိုင်မှုအခြေအနေ
-‌ ဒေသအလိုက် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နိုင်မှုအခြေအနေ
- Human Rights Lens
- အကြမ်းဖက် အာဏာသိမ်းမှုကြောင့်ဖြစ်တည်လာသော ကိန်းဂဏန်းများ
"လူ့အခွင့်အရေးဆိုင်ရာ သတင်းလွှာအား နှစ်ပတ်တစ်ကြိမ်ထုတ်ပြန်ပါမည်။"

For more information :
Website : https://mohr.nugmyanmar.org
Twitter: https://twitter.com/mohr_nug
YouTube: https://youtube.com/c/MinistryofHumanRights_NUG
Telegram: https://t.me/MOHRnugmyanmar
Threads: https://www.threads.net/@mohr_nug_myanmar
#humanrights
#newsletter

Ministry of Human Rights

16 Nov, 12:13


Aerial attack on east and west of Mogok by Military Junta at Pyin Oo Lwin District, Mandalay Region

On November 11th, 2024, at approximately 10 p.m., the military junta used jet fighters to launch three bombing attacks in LuHta Wards, located west of Mogok Township in the Pyin Oo Lwin District of the Mandalay Region. Before the bombing attacks, the Y-12 aircraft conducted three rounds of observation to the east and west of Mogok Township, which lasted around 10 minutes, before launching their bombing strikes.

Can Explore detailed information and witness in the following Infograph.

Ministry of Human Rights, is committed to bring equality ,peace and Justice for people of Myanmar by all means.

#Mogok
#Mandalay
#Airstrike
#CrimesofJunta
#Crimesagainsthumanity
#HumanRights
#MoHR
#NUG

Ministry of Human Rights

16 Nov, 03:00


မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၀ နာရီမှ ညသန်းခေါင်ယံ ၁၂ နာရီ ဝန်းကျင်အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ လယ်ဦးရပ်ကွက်နှင့် လူးထရပ်ကွက်တို့အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု(၃) ကြိမ်ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် ပြည်သူ (၆) ဦးသေဆုံးကာ ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ‌နေအိမ်နှင့် ဘုရားရှိခိုးကျောင်းများ ပျက်စီးခဲ့သည်။

အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသောဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

#Mogok
#Mandalay
#Airstrike
#CrimesofJunta
#Crimesagainsthumanity
#HumanRights
#MoHR
#NUG

Ministry of Human Rights

07 Nov, 05:52


လူ့အခွင့်အရေးဆိုင်ရာ သတင်းလွှာ အတွဲ(၁)၊ အမှတ် (၆၉) ထုတ်ပြန်ခြင်း

( ၂ နိုဝင်ဘာ ၂၀၂၄)

- Human rights barometer
-လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နိုင်မှုအခြေအနေ
-‌ ဒေသအလိုက် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နိုင်မှုအခြေအနေ
- Human Rights Lens
- အကြမ်းဖက် အာဏာသိမ်းမှုကြောင့်ဖြစ်တည်လာသော ကိန်းဂဏန်းများ
"လူ့အခွင့်အရေးဆိုင်ရာ သတင်းလွှာအား နှစ်ပတ်တစ်ကြိမ်ထုတ်ပြန်ပါမည်။"

For more information :
Website : https://mohr.nugmyanmar.org
Twitter: https://twitter.com/mohr_nug
YouTube: https://youtube.com/c/MinistryofHumanRights_NUG
Telegram: https://t.me/MOHRnugmyanmar
Threads: https://www.threads.net/@mohr_nug_myanmar

#humanrights
#newsletter

Ministry of Human Rights

05 Nov, 04:47


အမေရိကန်ရွေးကောက်ပွဲနဲ့ မြန်မာ့လူ့အခွင့်အရေး အလားအလာ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် အမေရိကန် ရွေးကောက်ပွဲ ရလဒ်က ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ? ဘယ်လို နည်းလမ်းမျိုးတွေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကောင်းမွန််မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်သင့်သလဲ? စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းကို ဗွီအိုအေမြန်မာပိုင်း (VOA-Burmese) တို့က ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုဆက်သွယ်မေးမြန်းချက်ကို ပြည်သူလူထုအနေနဲ့ အောက်ဖော်ပြပါ video တွင် အပြည့်အစုံ ကြည့်ရှုလေ့လာနိုင်ဖို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။

#AmericanElection
#HumanRights
#Democracy
#Myanmar
#MoHR
#NUG

Ministry of Human Rights

04 Nov, 05:38


Kachin IDP Fundraising Concert ဒုဝန်ကြီးတက်ရောက်

နိုဝင်ဘာ - ၃

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၌ Kachin IDP Fundraising Concert ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက “ရန်ပုံငွေပွဲကို ပြည်ထောင်စုစိတ်ဓါတ်အပြည့်ဖြင့် ယခုလိုဝန်းရံပေးကြတာကို အထူးပင်ကျေးဇူးတင်ပါကြောင်း၊လက်ရှိအချိန်တွင်မြန်မာ တနိုင်ငံလုံး ကြည့်မည်ဆိုလျှင် စစ်ဘေးရှာင် စုစုပေါင်း ၃ သန်းခန့်ရှိနေပြီး ထိုအထဲတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်အရေအတွက်မှာ (၂) သိန်းကျော်ရှိနေပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာနဲ့ယှဉ်ပါက အမြဲတမ်းမေ့ပျောက်နိုင်ငံ ကဲ့သို့ ဖြစ်ခဲ့ရပါကြောင်း၊ အကြမ်းဖက်အာဏာ သိမ်းမှုဖြစ်စဉ်အပြီးတွင် မြန်မာ့အရေးကို နိုင်ငံတကာက ထဲထဲဝင်ဝင်လုပ်ဆောင်မည့် အခြေအနေမျိုး ဖြစ်လာသော်လည်း ယူကရိန်း−ရုရှားအရေးဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတကာ၏အာရုံစိုက်မှုသည် ၎င်းအပေါ်တွင် ဖုံးလွှမ်းသွားခဲ့ပါကြောင်း၊ ယခုအခါလည်း အစ္စရေးနှင့် ပါလက်စတိုင်း အရေးဖြစ်လာသဖြင့် နိုင်ငံတကာ၏အာရုံစိုက်မှုသည် ပိုမိုမှေးမှိန်လာသည့်အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများလုံလောက်စွာ မရရှိခဲ့သော်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်အသိအမှတ်ပြု ကူညီမှုတို့ကြောင့် နွေဦးတော်လှန်ရေးသည် ယနေ့အချိန်ထိ ထိရပ်တည်လာနိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူရပါကြောင်း၊ ဆက်လက်၍လည်း ပြည်ထောင်စုစိတ်ဓါတ်အပြည့်ဖြင့် ပြည်ထောင်စုကို အတူတကွပိုင်ဆိုင်သည့် စစ်မှန်သည့် ပြည်ထောင်စုကို တည်ဆောက်ကြရန် တိုက်တွန်းလိုကြောင်း” စသည်တို့အား အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားအား ဗစ်တိုးရီးယားပြည်နယ်ရှိ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

#KachinIDP
#Fundarisingcincert
#HumanRights
#MoHR
#Myanmar

Ministry of Human Rights

31 Oct, 06:07


UN Plaza တွင် “United Nations Day of Action for Myanmar/Burma ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်

အောက်တိုဘာ - ၃၁

“United Nations Day of Action for Myanmar/Burma” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကို UN Plaza ၌၂၀၂၄ ခုနှစ်၊အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ ပါဝင်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အပိတ်စကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က လူ့အခွင့်အရေးကောင်စီထံတင်ပြခဲ့သည့် အစီရင်ခံစာနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့ပြီး၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ Executive Director of the women's Peace Network ဖြစ်သူ ဒေါ်ဝေဝေနု၊ Former President of the Kachin Alliance Moderatorဖြစ်သူ Gum San Nsang တို့က မြန်မာနိုင်ငံ၏ လက်ရှိလူအခွင့်အရေးအခြေအနေ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် လုပ်ဆောင်နေမှုများကို တင်ပြပြောဆိုခဲ့သည်။

ထို့နောက် တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြည့်စုံစွာ ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအား Burma Advocacy Groupက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

#ActiondayforBurma
#UN
#HumanRights
#MoHR
#NUG
#Myanmar
#SpringRevolution

Ministry of Human Rights

30 Oct, 05:25


Compilation of the Military Junta's Human Rights Violations in September 2024

The terrorist military junta consistently violates human rights, committing 637 violations in September.

Can Explore detailed information and witness in the following Infograph.
Ministry of Human Rights, is committed to bring equality ,peace and Justice for people of Myanmar by all means.


#Humanrightsviolations
#CrimesofJunta
#September_report
#HumanRights
#MoHR

Ministry of Human Rights

29 Oct, 04:13


အမေရိကန်နိုင်ငံ၌ တော်လှန်ဒေပါဝလီပွဲတော်ပြုလုပ်

အောက်တိုဘာ ၂၈ ရက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အမ်မာရီလိုမြို့တွင် မြန်မာ ဟိဒ္ဒူ အဖွဲ့အစည်းမှ ကျင်းပသည့် တော်လှန် ဒေပါဝလီဆုတောင်းပွဲကို အောက်တိုဘာ ၂၆ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တော်လှန်ဒေပါဝလီ ဆုတောင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ကာ ဆုတောင်းအမှာစကားပြောကြားပြီး လက်ရှိမြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍လှုပ်ရှားမှုများ၊ နိုင်ငံတာနှင့် ပတ်သက်၍လုပ်ဆောင်နေမှုများ၊ လူ့အခွင့်အရေးအခြေအနေများကို ပြည်သူလူထုထံအသိပေးပြောကြားခဲ့သည်။

#MoHR
#NUG
#CRPH
#Dawali
#USA
#Texas

Ministry of Human Rights

28 Oct, 07:51


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

အကြမ်းဖက် စစ်အုပ်စုရဲ့ စက်တင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၃၇) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် ထားရှိပါတယ်။

စက်တင်ဘာလ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၁ မှုထိ ရှိခဲ့ ပါတယ်။

ရှမ်းပြည်နယ်သည် ၃၇ ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း တွေ့ရှိ ရပါတယ်။ တခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph မှာ လေ့လာနိုင်ပါတယ်။


.#Humanrightsviolations
#CrimesofJunta
#September_report
#HumanRights
#MoHR