Popular Journal @popularjournal Channel on Telegram

Popular Journal

@popularjournal


https://www.popularmyanmar.com/

https://www.youtube.com/c/PopularJournalOfficial

Popular Journal (English)

Welcome to Popular Journal, the go-to destination for all things trending and newsworthy! As the name suggests, Popular Journal is a Telegram channel that brings you the latest updates on a wide range of topics that are currently making waves in the world. From entertainment news to tech innovations, fashion trends to travel destinations, our channel covers it all

Who is Popular Journal, you ask? Popular Journal is a team of dedicated journalists and content creators who are passionate about bringing you informative and engaging content. Our goal is to keep you informed and entertained, while also sparking conversations and discussions on important issues in society

What can you expect from Popular Journal? By joining our channel, you will have access to daily updates on trending topics, exclusive interviews with industry experts, thought-provoking opinion pieces, and much more. Whether you're looking for the latest celebrity gossip or in-depth analysis of current events, Popular Journal has got you covered

In addition to our Telegram channel, you can also check out our website at popularmyanmar.com and subscribe to our YouTube channel at youtube.com/c/PopularJournalOfficial for even more content. Stay connected with us on all platforms to never miss out on the latest news and updates

Join Popular Journal today and become part of our growing community of readers and viewers who are passionate about staying informed and entertained. Welcome to the world of Popular Journal, where every story is worth sharing!

Popular Journal

20 Feb, 01:32


ယခုလအတွင်း ပူတင်နှင့်တွေ့ဆုံနိုင်ခြေရှိ--ထရမ့်ပ်

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယခုလအတွင်း တွေ့ဆုံနိုင်ခြေရှိသည်ဟုအင်္ဂါနေ့ကပြောကြားခဲ့သည်။

သမ္မတထရမ့်ပ်က ၎င်းအနေဖြင့် ယူကရိန်း၌ ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များချထားမည်ကို ကန့်ကွက်မည်မဟုတ်ကြောင်းလည်းဆိုခဲ့သည်။

"ယူကရိန်းမှာ ဥရောပတပ်တွေထားတာက အဆင်ပြေပါတယ်၊ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော့်ဘက်ကကန့်ကွက်စရာမရှိပါဘူး" ဟုလည်း သမ္မတထရမ့်ပ်ကပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံးလက်ခံနိုင်သည့်နည်းလမ်းဖြင့် ဆွေးနွေးဆောင်ရွက်သွားပြီး ဆွေးနွေးညှိနှိုင်းရေးအတွက်ကူညီဆောင်ရွက်ပေးမည့် အဆင့်မြင့် အဖွဲ့ဖွဲ့စည်းခြင်းအပါအဝင် သဘောတူညီချက်လေးရပ်ကို ဆော်ဒီ၌တွေ့ဆုံစဥ် အကောင်အထည်ဖော်နိုင်ခဲ့သည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကဆိုခဲ့သည်။

ရုရှားနှင့်အမေရိကတို့ပြုလုပ်ခဲ့သည့် ဆော်ဒီ၌တွေ့ဆုံမှုသည် နှစ်ဖက်ကြားတင်းမာနေသည့်အခြေအနေများနောက်ပိုင်း ပထမဆုံးပြန်လည်ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်သည်။

Source : ရှင်းဟွာ

Popular Journal

19 Feb, 16:16


မယ်ဟောင်ဆောင်တွင်အစ္စရေးများအခြေမချပါ--ပေတုံတန်

မယ်ဟောင်ဆောင်ပြည်နယ် ပိုင်ခရိုင်တွင် အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ခန့် အခြေချနေထိုင်နေသည်ဆိုသော အွန်လိုင်းပေါ်ပျံ့နှံ့နေသည့် ကောလာဟလများသည် သတင်းမှားသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံသားအချို့သည် ဘုရားပေးသောမြေ နေရာအသစ် အဖြစ် သဘောထားကာ ခရိုင်တွင် လူဦးရေ ၃၀,၀၀၀ ကျော် အခြေချနေထိုင်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ မီဒီယာများက မေးမြန်းခဲ့ချိန်တွင် “ခဏနေပါဦး၊ ဒါမမှန်ဘူးဆိုတာ ကျွန်မတို့ စိစစ်ထားပြိးသားပါ” ဟု ပေတုံတန်က ပြောကြားခဲ့သည်။

“နောက်သီတင်းပတ်မှာ ဒုတိယဝန်ကြီးချုပ် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပိုင် မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ အလုံးစုံသိရဖို့ အဲဒီဒေသကို သွားပါလိမ့်မယ်” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မယ်ဟောင်ဆောင်တွင်အစ္စရ/

Popular Journal

19 Feb, 15:23


နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်မြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂ဝ၂၅)ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရနှင့် ပုဂ္ဂလိကကြား နီးနီးစပ်စပ်ပူးပေါင်းပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုတိုးတက်လာစေမည်ဖြစ်၍ မြေပြင်တွင် လက်တွေ့လုပ်ကိုင်နေသူများ၏ ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးအဖြေရှာပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/နိုင်ငံ့အကျိုး၊-ပြည်သူ့/

Popular Journal

19 Feb, 15:18


စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌတိုက် တွန်း

ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် စီးပွား ရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို သာမန်သဘောမထားဘဲအလေးထားကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

၎င်းမှ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP)ဖြင့် တိုင်းတာပြီး GDP တွက်ချက်ရာတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး(၃)ခုကို အခြေခံတွက်ချက်ကာ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ်ထူထောင်ရာတွင် စိုက်ပျိုးမွေး မြူရေးအခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်သည်လည်း

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/စားသောက်ကုန်လုပ်ငန်းမျ/

Popular Journal

19 Feb, 15:05


ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊ ဘူတာစဉ် (၁၃) ဘူတာ မရပ်နားဘဲ ကြာမြင့်ချိန်လျော့ချလာ

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။

ရန်ကုန်-မန္တလေး (၁၁) အဆန်၊ (၁၂) အစုန် အမြန်ရထားစဉ်ကို ယခင်က ရန်ကုန်ဘူတာကြီးမှ နံနက် (၅) နာရီထွက်ခွာ၍ မန္တလေးသို့ ည (၁၁) နာရီ (၄၅) မိနစ်တွင် ဆိုက်ရောက်ပြီး၊ ယခုအခါ ပြင်ဆင်လိုက်သည့် အချိန်အရ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ည (၆)နာရီ (၄၅) မိနစ်ဝန်းကျင်တွင် ဆိုက်ရောက်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရန်ကုန်-မန္တလေး-ရထားခရီး/

Popular Journal

19 Feb, 14:50


အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။

သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်နေသော အီလွန်မတ်၏ လုပ်ဆောင်ချက်များကို ချက်ချင်းတားဆီးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုချက်များကို လောလောဆယ်အားဖြင့် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ အစိုးရအေဂျင်စီ ၇ ခု၏ ကွန်ပျူတာစနစ်များကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အစိုးရဝန်ထမ်းများကို ဖယ်ရှားခြင်းတို့ကို တားမြစ်သည့် တရားဝင် အမိန့်ထုတ်ပေးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုထားခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အီလွန်မတ်-ဆက်လုပ်ဖို့-တရ/

Popular Journal

19 Feb, 14:48


ယူကရိန်းစစ်ပွဲ ဆွေးနွေးမှုများ၏ ပထမအဆင့်အဖြစ် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ကန်-ရုရှား သဘောတူ

ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့် ရုရှားတို့ သဘောတူညီခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားသည်။

မော်စကိုက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့် မော်စကို၏ အခြားလုပ်ရပ်များနှင့် ပတ်သက်၍ ယခင်အမေရိကန်အစိုးရများက ရုရှားသံတမန်များအပေါ် ချမှတ်ခဲ့သော ကန့်သတ်ချက်များကို သိသိသာသာ ဖြေလျှော့ပေးနေသည်ကို ယခုလုပ်ရပ်က ပြသနေသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ယူကရိန်းစစ်ပွဲ-ဆွေးနွေး/

Popular Journal

19 Feb, 13:28


နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်ဟု ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေးပြော

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေး ကပြောသည်။

နေပြည်တော်၌ ဖေဖော်ဝါရီ ၁၈ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင် ရွက်ရေးကော်မတီ၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/နွေရာသီကာလဖြစ်သည့်-မတ်၊/

Popular Journal

19 Feb, 13:17


သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ စိန်ခေါ်ပွဲပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည်

သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ အထူးစိန်ခေါ်ပွဲအပါအဝင် နာမည်ကျော် ရိုးရာဖိုက်တာများ၏ တွဲဆိုင်းများပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယခုလ ဖေဖော်ဝါရီ (၂၃) ရက်နှင့် (၂၄)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ လှိုင်ကမ္ဘာကျေး ရွာအုပ်စုရှိ သမိုင်းဝင် အောက်ရေတံခွန်တိုက်ကျောင်း ဦးစီးပဓာနနာယကဆရာတော် တေဇနိယမထေရ်မြတ် အန္တိမ အဂ္ဂိစျာပန ပူဇာသဘင်အခမ်းအနားအတွင်း ထည့်သွင်းကျင်းပပြုလုပ်ခြင်းဖြစ်သည်။

သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့နှစ်ဦး သည် တတိယအကြိမ်မြောက် စိန်ခေါ်ထိုးသ-တ်သည့်ပွဲတစ်ပွဲဖြစ်ပြီး၊ ယခင် နှစ်ကြိမ်မြောက်ထိုးသ-တ်ခဲ့စဉ်က သွေးသစ်ဝင်းလှိုင်အနေဖြင့် တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ထွက်ပေါ်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/သွေးသစ်ဝင်းလှိုင်နှင့်/

Popular Journal

19 Feb, 13:14


ကလီဖိုးနီးယား၌တုပ်‌ကွေးကကိုဗစ်ထက်အ‌ေ-သအပျောက်များ

ဆေခရာမန်တို၊ဖေဖော်ဝါရီ ၁၉

ကလီဖိုးနီးယား၌ ကိုဗစ်ကပ်ရောဂါစတင်ချိန်မှစ၍ ကိုဗစ်ကိုကျော်လွန်ကာ တုပ်‌ကွေးရောဂါသည်လက်ရှိအချိန်တွင် လူအ‌ေ-သအပျောက်အများဆုံးအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်လာပြီး ဆေးရုံများတွင်လူများပြည့်ကာ ခက်ခက်ခဲခဲကုသနေကြရသည်ဟုသိရသည်။

တုပ်ကွေးကာကွယ်ဆေးထိုးနှုန်းကျဆင်းသွားချိန်တွင် ယခုကဲ့သို့ အ‌ေ-သအပျောက်များလာခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အရွယ်ရောက်ပြီးသူ ၄၄ ရာခိုင်နှုန်းနှင့်ကလေ-းငယ် ၄၆ ရာခိုင်နှုန်းသာကာကွယ်ဆေးထိုးနှံခဲ့ကြသည်ဟုသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ကလီဖိုးနီးယား၌တုပ်ကွေ/

Popular Journal

19 Feb, 13:11


အာဆီယံအဖွဲ့အတွင်း မြန်မာ နှင့် ထိုင်း အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို နှစ်နိုင်ငံ သံအမတ်များ ဆွေးနွေး

အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို စင်ကာပူနိုင်ငံရှိ မြန်မာ နှင့် ထိုင်းသံအမတ်တို့ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဇော်ဇော်စိုးက စင်ကာပူ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mrs. Ureerat Chareontoh အား ဖေဖော်ဝါရီ (၁၈) ရက်က စင်ကာပူမြို့ရှိ ထိုင်းနိုင်ငံသံရုံးသို့ သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Popular Journal

18 Feb, 17:15


👉ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

👉မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

👉ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

👉လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

👉ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ--မလေးရှား

👉အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်နေ

👉ယူကရိန်းအရေးအမေရိက-ရုရှား ဆွေးနွေးပွဲကို တရုတ်နိုင်ငံက တုံ့ပြန်

👉၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၈၁၇)ခုဖြင့် ကျင်းပမည်

👉ယူကရိန်းပဋိပက္ခကိုဝါရှင်တန်ကကူညီ‌ ဖြေရှင်းပေးနိုင်--ရုရှားဝန်ကြီး

Popular Journal

18 Feb, 17:15


🌏18.2.2025 သတင်းအစုံအလင်🌏

👉မြန်မာနှင့် မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

👉တရုတ်ဂွေယန်မြို့နှင့်ရန်ကုန်၊ဒါကာတို့ကိုကုန်တင်လေယာဉ်ပျံသန်းပြီ

👉လန်ချန်း-မဲခေါင် ယဉ်ကျေးမှုလှုပ်ရှားမှုကို ပုဂံမြို့တွင် ကျင်းပမည်

👉ဂျက်မား အပါအဝင် စီးပွားရေးလုပ်ငန်းရှင်းများနှင့် ရှီ တွေ့ဆုံ

👉အမေရိက-ရုရှားဆွေးနွေးပွဲ၌ ယူကရိန်းပါဝင်မည်မဟုတ်--ဇလန်းစကီး

👉တယ်လီကွန်းလိ-မ်လည်မှုများပြင်းထန်စွာနှိမ်နင်းရန်အရေးကြီး--တရုတ်

👉နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို တင်ဒါခေါ်

👉အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို ကော်မတီ သံရုံးအကြီးအကဲများ ဆွေးနွေး

👉သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

Popular Journal

18 Feb, 15:58


ယူကရိန်းပဋိပက္ခကိုဝါရှင်တန်ကကူညီ‌ ဖြေရှင်းပေးနိုင်--ရုရှားဝန်ကြီး

မော်စကို၊ဖေဖော်ဝါရီ ၁၇

ရုရှားနှင့်ယူကရိန်းပဋိပက္ခစတင်သည့် လွန်ခဲ့သည့်သုံးနှစ်မှစ၍ အမေရိက၏ အဓိကကျသော အခန်းကဏ္ဏ် ကို ကိုးကား၍ ပဋိပက္ခ ကို ဖြေရှင်းနိုင်ရန်အမေရိကအနေဖြင့်ကူညီနိုင်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့ကပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးမစ္စတာလားရော့ဗ်၏ မှတ်ချက်ပြု ပြောကြားမှုသည် အမေရိကန်ကိုယ်စားလှယ်များနှင့်မတွေ့ဆုံမီ ပြောကြားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်ပြဿနာအဆုံးသတ်ရေး ကို စေ့စပ်ဆွေးနွေးရန်အတွက် ကန်နှင့်ရုရှားသမ္မတများ တွေ့ဆုံမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အပစ်ရပ်ရေးကို အသုံးချကာ ပဋိပက္ခ ကို ယူကရိန်းက ဆက်လက် ဖြစ်ပွားရန်လုပ်ဆောင်နေသည့် ဥရောပနိုင်ငံများနှင့်တော့ ဆွေးနွေးစရာအကြောင်းမရှိဟု သူက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဇယ်လန်းစကီးကလည်း ယူကရိန်းမပါသည့် မည်သို့သောဆွေးနွေးမှုများကိုမှ လက်ခံမည်မဟုတ်ကြောင်းဆိုခဲ့ပြီး အမေရိကနှင့်ရုရှား၏တွေ့ဆုံဆွေးနွေးမှုကိုလည်းတက်ရောက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Popular Journal

18 Feb, 14:32


၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၈၁၇)ခုဖြင့် ကျင်းပမည်

မတ်လတွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာလမေးပွဲအား စာစစ်ဌာန (၈၁၇)ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား တိုင်းဒေသကြီး/ပြည်နယ်များရှိ ခရိုင်(၁၀၄)ခရိုင်နှင့် မြို့နယ်ပေါင်း (၂၅၀) မှ ဝင်ရောက်ဖြေဆိုသူ (၂၂၀,၀၀၀)ကျော်ရှိပြီး၊ စာစစ်ဌာန (၈၁၇)ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲကို မတ်လ (၁၇) ရက်နေ့မှ မတ်လ (၂၂) ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီ၀ဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို မတ်လ (၁) ရက်အထိ လက်ခံပေးသွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းဖြေဆိုသွားမည့် ကျောင်းသား/ကျောင်း သူများကိုလည်း အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Popular Journal

18 Feb, 14:00


ယူကရိန်းအရေးအမေရိက-ရုရှား ဆွေးနွေးပွဲကို တရုတ်နိုင်ငံက တုံ့ပြန်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈

တရုတ်နိုင်ငံသည် ယူကရိန်းအရေးအခင်းကို ဖြေရှင်းရန် အမေရိကနှင့် ရုရှားအကြား ဆွေးနွေးမှုများအပါအဝင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို ကြိုဆိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂွို ဂျီယာကွန် က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် ပါဝင်သူများနှင့် အကျိုးစီးပွားပါဝင်ပတ်သက်သူ အားလုံးသည် သင့်လျော်သော အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်၌ ပါဝင်နိုင်ကြမည်ဟု မျှော်လင့်ကြောင်းလည်း သူက ထပ်မံပြောကြားခဲ့သည်။

ဂွို ဂျီယာကွန်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံသည် တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုကသာ အကျပ်အတည်းများကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော ထိရောက်သည့် နည်းလမ်းဖြစ်သည်ဟု ယုံကြည်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုမြှင့်တင်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ယူကရိန်းအရေးအမေရိက-ရုရှ/

Popular Journal

18 Feb, 13:42


အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်နေ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီးအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြင်းစီအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မြင်းစီးအဖွဲ့ချုပ်အနေဖြင့် အားကစားဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အလားအလာရှိသည့် အားကစားသမားများကို စနစ်တကျရွေးချယ်၍ နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲများကို စေလွှတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများလည်း ရှိနေသည်ဟု ဆိုသည်။

ယင်းအစီအစဉ်များကိုလည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် အဖွဲ့က နေပြည်တော်ရုံး အမှတ် (၃၁)ရှိ ဧည့် ခန်းမ၌ ရှင်းလင်းတင်ပြခဲ့ကြောင်းလည်း သိရသည်။

Popular Journal

18 Feb, 12:35


ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ--မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

တရုတ်ညီလာခံ: အရှေ့တောင်အာရှ ၂၀၂၅ အစည်းအဝေးသို့ အပိတ်မိန့်ခွန်း ပြောကြားရာတွင် ဝန်ကြီး တင်ကူးဇာဖရူး အဗ္ဒူလ် အဇစ် က အာဆီယံ၏ဘက်မလိုက်ဘဲကြားနေမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့၏စည်းကမ်း နည်းလမ်းများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။

ဇာဖရူးက အာဆီယံ သည် စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ၎င်း၏ မည်သည့်အဖွဲ့ဝင်နိုင်ငံ မဆို ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေး သို့မဟုတ် အခြားအုပ်စု များနှင့် ဆက်ဆံ‌ရေးထက် ဘုံကောင်းကျိုးကို ဦးစားပေးရမည်ဟု ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ပြင်ပအနှောက်အယှက်ဖိအား/

Popular Journal

18 Feb, 10:30


လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ တရားဝင် ဖိတ်ကြားချက်အရခဲ့ ခရီးစဉ်အတွက် စိစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ ယခုခရီးစဉ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မစ္စတာ Sonexay ၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။

ခေါင်းဆောင်များအနေဖြင့် မူ-းယစ်ဆေးဝါး၊ အွန်လိုင်းငွေလိ-မ်လုပ်ငန်းများ၊ လူ-ကုန်ကူးမှု၊ လေထုညစ်ညမ်းမှုနှင့် မျှဝေသုံးစွဲနိုင်သော ရေအရင်းအမြစ်စီမံခန့်ခွဲရေးဆိုင်ရာများအပါအဝင်
သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/လာအို-ဝန်ကြီးချုပ်-ထိုင်/

Popular Journal

18 Feb, 10:08


ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဆံတော်ရှင်-မော်တင်စွန်း/

Popular Journal

18 Feb, 09:34


မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။

"မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ ကွယ်ပျောက်ရတာဟာ နိုင်ငံရေးဖြစ်စဉ်၊ ငွေကြေးအခက်အခဲတွေအပြင် ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ နည်းပညာအားကောင်းလာတဲ့အတွက် စာအုပ်အငှားဆိုင်တွေပျောက်ကွယ်ကုန်ရတာပါ။ မုံရွာမြို့မှာ အရင်ကလူကြီးရောကလေ-းပါ အားထားငှားဖတ်ကြရတဲ့ စာအုပ်အငှားဆိုင်ပေါင်း (၇၀) ကျော်ရှိရာကအခုအချိန်မှာ စာအုပ်အငှားဆိုင်ဟာ လက်တစ်ဖက်တောင် မပြည့်တော့ပါဘူး"ဟု စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူတစ်ဦးက ပြောသည်။

၁၉၉၀ ခုနှစ်ဝန်းကျင်က မုံရွာမြို့နှင့် အခြားမြို့များတွင်စာအုပ်အငှားဆိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး စာဖတ်သူအများစုသည် အငှားစနစ်ကိုသာ အားထားငှားခဲ့ကြခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မုံရွာမြို့တွင်-စာအုပ်အ/

Popular Journal

18 Feb, 09:04


ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက် သက်ဆူတင်က ပြောကြားသည်။ ကျန်းမာရေးတာဝန်ရှိသူများသည် ထိခိုက်လွယ်သောအုပ်စုများ အထူးသဖြင့် ကလေ-းသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးများကို အရှိန်မြှင့်ထိုးနှံပေးလျက်ရှိသည်။

ယခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်အထိ တုပ်ကွေးဖြစ်ပွားသူ ၇,၈၁၉ ဦး ရှိခဲ့သည်။ သို့ရာတွင် စနေနေ့ ဖေဖော်ဝါရီ ၁၅ ရက်အရောက်၌ ယခုနှစ်၏ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်းသည် ၉၉,၀၅၇ ဦးအထိ ခုန်တက်သွားခဲ့ကာ ‌ေ-သဆုံးသူ ၉ ဦး ရှိခဲ့သည်ဟု ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ထိုင်းမှာ-တုပ်ကွေးကူးစက/

Popular Journal

18 Feb, 08:34


သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝ န်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက ၂၀၂၄ ခုနှစ်၊မေလကစတင်တည်ဆော က်ခဲ့ပြီး မကြာမီဖွင့်လှစ်နိုင်ရန် အချောသပ်လုပ်ငန်းမျာဆော င်ရွက်လျက်ရှိကြောင်း သိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းအနီးတို့တွင် တည်ရှိပြီး သုခဒဂုံဈေးသစ် ကြီးကို အမှတ်(၂)လမ်းမကြီးနှင့် မနီးမဝေးတွင် တည်ဆောက်ပေးထားခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/သုခဒဂုံပြည်သူ့အငှားအိ-10/

Popular Journal

18 Feb, 08:06


အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို ကော်မတီ သံရုံးအကြီးအကဲများ ဆွေးနွေး

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

(၂၇၇) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးကို ကိုင်ရိုမြို့၊ အင်ဒိုနီးရှား သံအမတ်ကြီး နေအိမ်တွင် ဖေဖော်ဝါရီ (၁၆)ရက်ကကျင်းပခဲ့ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်က တက်ရောက်၍ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

အစည်းအဝေး၌ အာဆီယံ-ကိုင်ရို ကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည် သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ အထူးသဖြင့် အာဆီယံ အားကစားနှင့် မိသားစုနေ့၊ အာဆီယံဒေသရိုးရာအစားအစာများ ဈေးရောင်းပွဲတော်နှင့် အာဆီယံ ကိုင်ရိုပြင်ပအစည်းအဝေး ကိစ္စရပ်များအပေါ် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အာဆီယံ-ကိုင်ရို-စီးပွားရ/

Popular Journal

18 Feb, 07:34


နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို တင်ဒါခေါ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ထားသည်။

ယင်းအဆိုပြုလွှာကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပုဂ္ဂလိက ဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ရေး ကော်မတီက ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

ဖိတ်ခေါ်ချက်တွင် ယင်းနိုင်ငံတော်ပိုင်မြေ၌ မျက်စိရောဂါကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ဆီးနှင့်ကျောက်ကပ်ရောဂါကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ အထွေထွေရောဂါ အထူးကုသမှုစသည်တို့ကို ဦးစားပေး ဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကျန်းမာရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထုအတွက် လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများ အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/နိုင်ငံတော်ပိုင်မြေတွင/

Popular Journal

16 Feb, 07:24


ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုး တရုတ်ဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသ-တ်မည်

ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် ၊ ည(၈) နာရီခွဲအချိန်၌ ထိုင်းနို င်ငံ၌ ကျင်းပပြုလုပ်မည့် ကစ်ဘောက်ဆင်ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက တရုတ်ဖိုက်တာ Shien Nan နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

နော်ဥမ္မာစိုးမှာ ထိုင်းနိုင်ငံရှိ တိုက်ဂါး မွေထိုင်းကလပ်တွင် လေ့ကျင့်နေသူတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူ Shien Nan မှာ ထိုင်းနိုင်ငံ Bangtao မွေထိုင်းကလပ်တွင် လေ့ကျင့်က စားနေသူတစ်ဦးဖြစ်သည်။

ယနေ့ ကစ်ဘောင်ဆင်ပွဲစဉ်မှာ Patong Combat Ring of Fighting အမည်ရှိ ပွဲစဉ်တစ်ခုဖြစ်ပြီး၊ တွဲဆိုင်း (၇)ဆိုင်းအနက် နော်ဥမ္မာစိုးတို့ တွဲဆိုင်းအပါအဝင် အမျိုးသမီးတွဲဆိုင်း (၃)ဆိုင်းအထိ ပါဝင်ထိုးသ-တ်သွားမည်ဖြစ် သည်။

နော်ဥမ္မာစိုးသည် ပြီးခဲ့သည့် ဇန်နဝါရီ (၉)ရက်၌ ကျင်းပပြု လုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲတွင် မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးထားသူတစ်ဦးဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရိုးရာလက်ဝှေ့မယ်-နော်ဥမ/

Popular Journal

16 Feb, 07:01


ယူကရိန်းစစ်ပွဲနှင့် သက်ဆိုင်သူအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရမည်--ဝမ်ယိ

ယူကရိန်းစစ်ပွဲတွင် ပါဝင်ပတ်သက်သူအားလုံးကို ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုများတွင် ပါဝင်ရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်ပြီး ပဋိပက္ခဖြေရှင်းရေးတွင် ဥရောပ၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေး‌ပြောကြားခဲ့သည်။ ဥရောပတွင် မျှတပြီး ရေရှည်တည်တံ့သော လုံခြုံရေးမူဘောင်တစ်ရပ် လိုအပ်သည်ဟု မြူးနစ်လုံခြုံရေးညီလာခံတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အလေးပေး ပြောကြားခဲ့သည်။

“တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့အားလုံးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အချိန်တန်ရင် ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဝမ်ယိက ပြောဆိုသည်။ သံတမန်ရေးနည်းလမ်းသည်သာ စစ်ပွဲအဆုံးသတ်ရေး အတွက်တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်ဆိုသောတရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် အမေရိကနှင့် ရုရှားအကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိ‌ရေးကို ပေကျင်းက ကြိုဆိုသည်ဟု ဆိုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ယူကရိန်းစစ်ပွဲနှင့်-သက်/

Popular Journal

16 Feb, 06:43


ဖိလစ်ပိုင်၌သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျက်ရှိ

မနီလာ၊ဖေဖော်ဝါရီ ၁၅

ဖိလစ်ပိုင်နိုင်ငံရှိ လူဦးရေအများဆုံးမြို့ဖြစ်သည့် ကွီဇုန် မြို့တော် ၏ မြို့တော်ဝန်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၀၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်းစနေနေ့ကကြေငြာခဲ့သည်။

ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ မြို့တော်၏ကျန်းမာရေးဌာနက သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၇၆၉ ဦးရှိကြောင်း မှတ်တမ်းတင်ခဲ့ပြီး ယမန်နှစ်ထက် ၂၀၀ ရာခိုင်နှုန်းနီးပါးပိုများလာခဲ့ကြောင်း ကွီဇုန် မြို့တော်ဝန်ကပြောကြားခဲ့သည်။

အရွယ်မရောက်သေးသူရှစ်ဦးအပါအဝင် စုစုပေါင်းလူ ၁၀ ဦးသည် သွေးလွန်တုပ်ကွေးရောဂါကြောင့် ‌ေ-သဆုံးခဲ့ကြောင်းလည်းသိရသည်။

ရောဂါဖြစ်ပွားမှု၏ငါးဆယ့်ရှစ်ရာခိုင်နှုန်းသည် အသက် ၅ နှစ်မှ ၁၇ နှစ်ကြားကျောင်းနေအရွယ်က-လေးများပါဝင်ပြီး ၄၄ ရာခိုင်နှုန်းမှာ အသက် ၁ နှစ်မှ ၁၀ နှစ်ကြားက-လေးများဖြစ်သည်ဟုသိရသည်။

သွေးလွန်တုပ်ကွေးရောဂါအား နောက်ကျမှသိရသည့်ပြဿနာကိုဖြေရှင်းနိုင်ရန် အဓိကလုပ်ဆောင်ချက်အနေဖြင့် မြို့တော်ကျန်းမာရေးဌာန ၆၆ ခုအား စနေ၊တနင်္ဂနွေနေ့များတွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိဖွင့်လှစ်ထားမည်ဖြစ်သည်ဟုဆိုခဲ့သည်။

Source : ရှင်းဟွာ

Popular Journal

16 Feb, 06:15


ဘာဒါဈေး မီးလောင်မှု အသက် (၇၀) အရွယ် အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘာဒါဈေး မီးလောင်မှုဖြစ်ပွားရာ Level 2 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး အသက် (၇၀) အရွယ် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း မြို့ခံများနှင့် သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ (၁၆) ရက်၊ နံနက်၊ (၀၀)နာရီ (၁၁)မိနစ်အ ချိန်ခန့်က လှိုင်မြို့နယ်ရှိ ဘာဒါဈေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်မြို့နယ်မီးသ-တ်စခန်းမှ မီးသတ်ယာဉ်များ၊ ရန်ကုန်မြို့တွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသ င်းများမှ ဝိုင်းဝန်းငြှိမ်းသ-တ်ခဲ့ကြကြောင်း သိရသည်။

“မီးလောင်ကျွမ်းမှု အတော်များပါတယ်။ တိုင်းဌာနချုပ်ကို ဆက်သွယ်ပြီး ဆက်လက်ငြှိမ်းသ-တ်နေရပါတယ်။”ဟု မီးသ တ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကဆိုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဘာဒါဈေး-မီးလောင်မှု-အသက်/

Popular Journal

16 Feb, 06:09


အမေရိက,က အနို-င်ကျင့်လာပါကတရုတ်လည်းတုန့်ပြန်ရန်သာရှိ--ဝမ်ယိ

မြူးနစ်၊ဖေဖော်ဝါရီ ၁၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က တစ်ဖက်သတ်ချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများသည် အနို-င်ကျင့်သည့်နည်းလမ်းတစ်ခုဖြစ်ပြီး ပေကျင်းကလည်း ပြန်လည်တုန့်ပြန်သွားရန်သာရှိကြောင်း တရုတ်ထိပ်တန်းသံတမန် ဝမ်ယိက ပြောကြားလိုက်သည်။

"အမေရိကအနေနဲ့ တရုတ်နဲ့အတူ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ဆန္ဒမရှိရင် တရုတ်ဘက်ကလည်း ထပ်တူတုန့်ပြန်သွားမှာပါ" ဟု မြူးနစ်လုံခြုံရေးညီလာခံ၌ ဝမ်ယိကထုတ်ဖော်ပြောကြားခဲ့သည်။

ထရမ့်ပ်အစိုးရသည် ၎င်း၏ဒုတိယသက်တမ်းအတွင်း တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းချမှတ်ခဲ့သည်။

ပေကျင်းကမူ အနည်းငယ်သော အမေရိကန်ကုမ္ပဏီများကိုပစ်မှတ်ထားကာ လက်တုန့်ပြန်သည့်အနေဖြင့် အချို့သောအမေရိကန်ကုန်ပစ္စည်းများအပေါ်အခွန်စည်းကြပ်မှုများနှင့် အရေးပါသည့်သတ္တုအချို့အပေါ် တင်ပို့မှုထိန်းချုပ်ခြင်းများပြုလုပ်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အမေရိကက-အနို-င်ကျင့်လာပ/

Popular Journal

16 Feb, 05:39


လှိုင်မြို့နယ်ရှိ ဘာတာဈေးမီးလောင်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၂ရပ်ကွက်ရှိ ဘာတာဈေး မီးလောင်ကျွမ်းမှုကို Level 2ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရ
ကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆) မနက် ၁၂နာရီ ၁၁ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ခြင်းလည်း ဖြစ်သည်။

မီးငြှိမ်းသတ်ရာ၌ ပရဟိတလူမှုကူညီရေးအဖွဲ့မျာရလည်း ဝိုင်းဝန်းပူးပေါင်းငြှိမ်းသတ်ပေးခဲ့ကြာ မနက်၁နာရီ၁မိနစ်၌ မီးငြိမ်းသွားကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်ရသည့် အကြောင်းရင်းနှင့် ဆိုင်ခန်း ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ကြေညာထားမျိုးတော့မရှိသေးပေ။

ဓာတ်ပုံ-MFSD

Popular Journal

16 Feb, 05:39


ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် အချိန်ခါမဟုတ် မိုးကြီးလာနိုင်ဖွယ်ရှိနေဟုဆို

ယခုလ ဖော်ဖော်ဝါရီ(၂၀)ရက် နောက်ပိုင်း ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် အချိန်ခါမဟုတ် မိုးကြီးလာနိုင်ဖွယ်ရှိနေသည်ဟု မွန်ကရင် မိုးလေဝသသတိပေးထုတ်ပြန်ချက်များမရ သိရသည်။

ယင်းသို့ မိုးရွာသွန်းနိုင်ချေ ဖြစ်စဉ်မှာ လာနီညာ ရာသီဉတုနှင့် သက်ဆိုင်မှုရှိပြီး ၂၀၂၄ ခုနှစ် နှစ်ဝက်မှစတင်၍ အယ်နီညို ဖြစ်စဉ်မှ လာနီညာဖြစ်စဥ်သို့ ပြောင်းလဲမှုကြောင့် အာရှတောင်ပိုင်းနှင့်အရှေ့ တောင်အာရှဒေသများတွင် မိုးရွာသွန်းမှု ပိုမိုများပြားလာခြင်းဖြစ်သည်ဟု အသိ ပေးထားသည်။

ထို့အပြင် ယခု ၂၀၂၅ ခုနှစ် အတွင်း မုတ်သုံရာသီသည် လာနီညာဖြစ်စဉ်နှင့် ပေါင်း စပ်ကာ ပုံမှန်ထက် ပိုမိုပြင်းထန်သော မိုး ရွာသွန်းမှုများကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ကမ်ဗောဒီယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် အချိန်ခါမဟုတ် မိုးရွာသွန်းမှုများ စတင်ဖြစ်ပေါ်နိုင်မည်ဟု ဆိုထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ယခုရက်ပိုင်းအတွင်း-မြန်/

Popular Journal

15 Feb, 17:27


👉ရွှေတိဂုံစေ‌တီတော်အား ရွှေဆိုင်း (၂၇၇၀၀)ခန့် ဆက်ကပ်လှူဒါန်းရန်မျှော်မှန်းထား

👉စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တိုက်ပွဲရှောင်ပြည်သူ (၁၇ ၀၀၀၀) ကျော်အား တစ်ဦး (၂၀၀၀၀) နှုန်း ထောက်ပံ့

👉အမေရိကန်-ရုရှား အကျဉ်းသားလဲလှယ်ရေးသည် ယုံကြည်မှုတည်ဆောက်ရေး ခြေလှမ်းဖြစ်ကြောင်း ထရမ့်၏ အထူးကိုယ်စားလှယ်ဆို

👉တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အရည်အချင်းစစ် စာမေးပွဲကျင်းပမည်

👉မင်းသားဝမ်ရှင်းကိုပြန်ပေး-ဆွဲခဲ့သည့်တရုတ်ဆယ်ဦးကိုထိုင်းကနေရပ်ပြန်ပို့

👉အိန္ဒိယကို အပြန်အလှန်အခွန်ကောက်မည်--ထရမ့်ပ်

👉မြန်မာ့တပ်မတော်နှင့် TNLA တို့ ကူမင်းတွင် တွေ့ဆုံဆွေးနွေးမည်

👉သင်္ဃန်းကျွန်း သုမင်္ဂလာလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး အသက်ဆုံးရှုံး

👉ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀ နီးပါးကို အလုပ်ထုတ်

👉ရွှေတိဂုံစေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌဖူးမြှော်ကြည်ညိုပြီး ရွှေစင်ရွှေပြားများကပ်လှူပူဇော်

👉AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က ထိုင်းကိုအနိုင်ယူ၊ တောင်ကိုရီးယားကလည်း ဆီးရီးယားကို အနိုင်ရ

👉ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်--ထရမ့်ပ်

👉အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ--ဇလန်းစကီး

Popular Journal

15 Feb, 17:27


🌏15.2.2025 သတင်းအစုံအလင်🌏

👉HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု ဆို

👉CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲ

👉ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပွား

👉ဆီးဂိမ်းပြိုင်ပွဲအတွက် ရန်ကုန်တိုင်းဘောလုံးအသင်းမှ ယူ -၂၂ ပဏာမ ကစားသမား (၆)ဦး ရွေးချယ်ခံရ

👉လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုဝန်ကြီးချုပ်ထံ BGF ခေါင်း‌ဆောင်စာပို့အကူညီတောင်း

👉မြန်မာနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် တရုတ်နိုင်ငံသားများကို ကယ်ဆယ်နိုင်ရေး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေး

👉ရွှေကုက္ကိုလ်တွင် လူ-ကုန်ကူးခံထားရသည့် တရုတ်နိုင်ငံသား (၂၀၀) ကို တရုတ်သို့ ပြန်လွှဲပေးမည်

👉SAC tells Argentina to mind their own business

👉ရန်ကုန်အပါအဝင် မြို့(၄)မြို့တွင် နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆယ်သင်တန်းများ အခမဲ့ ဖွင့်လှစ်မည်

Popular Journal

15 Feb, 16:36


အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ--ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅

ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလာဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇလန်းစကီး နှင့် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင် တို့ထံ ဖုန်းခေါ်ဆိုပြီးနောက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

“ဖြစ်နိုင်တယ်၊ဒါမဲ့ အရမ်းခက်လိမ့်မယ်။ သေချာပါတယ်၊ ခက်ခဲတဲ့အခြေအနေတိုင်းမှာ တစ်စုံတစ်ခုအတွက် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အလမ်းနည်းပါတယ် - အမေရိကန်ပြည်ထောင်စုရဲ့ ကူညီပံ့ပိုးမှုမပါဘဲ ရှင်သန်ဖို့ အခွင့်အလမ်းနည်းပါတယ်" ဟု ဇလန်းစကီး က NBC News အစီအစဉ် "Meet the Press" နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင် ထုတ်လွှင့်မည့် အင်တာဗျူးမှ ကောက်နုတ်ချက်ကို သောကြာနေ့တွင် ကြိုတင်ထုတ်ပြန်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အမေရိကသာ-မကူညီပါကယူကရိန/

Popular Journal

15 Feb, 16:22


ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်--ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြု ပြောကြားခဲ့သည်။

အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ဆာ ကီယာနှင့် ဖုန်းပြောဆိုမှုအကြောင်းအရာကို မစ္စထရမ့်ပ်က ပြောဆိုခဲ့သည်။

“သူက တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းတယ်၊ တွေ့ဆုံကြဖို့ ငါသဘောတူလိုက်ပါတယ်” ဟု အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ငါတို့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသွားကြမယ်၊ အရမ်းအဆင်ပြေပါတယ်” ဟု သူက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဗြိတိန်ဝန်ကြီးချုပ်နှင/

Popular Journal

15 Feb, 16:14


AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က ထိုင်းကိုအနိုင်ယူ၊ တောင်ကိုရီးယားကလည်း ဆီးရီးယားကို အနိုင်ရ

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄

အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား အုပ်စု ဃ မှာ တောင်ကိုရီးယားက ဆီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဟီဆာတစုဂု အီရှီ က ၁၄ မိနစ်မှာ ဂျပန်အတွက် ပထမဂိုးကိုသွင်းယူပြီး၊ ရီယွန်း အစ်ချီဟာရာ သည် ၃၃ မိနစ်တွင် ပင်နယ်တီ မှ တစ်ဆင့် ဒုတိယ ဂိုးကို သွင်း ခဲ့သည်။ ပွဲချိန် ၆၉ မိနစ်မှာတော့ ရယူနိုစုကယ် ဆာတို က နောက်ထပ် ဂိုးသွင်းလိုက်လို့ ဂျပန် က ၃-၀ နဲ့ လွတ်လွတ်ကျွတ်ကျွတ် နိုင်ခဲ့ပါသည်။

တောင်ကိုရီးယားဟာ ဆောင်းရှင်နဲ့ ဘေမင်ဂျူတို့က ၈ မိနစ်နှင့် ၂၃ မိနစ်တွေမှာ အသီးသီး ဂိုး တွေ သွင်း ခဲ့ကြ လို့ စောစောစီးစီး ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန် မိနစ် ၆၀ မှာ ဆီးရီးယား က အလန် အက်ဒီ က အဝေးက ကန်သွင်း ခဲ့ တာ ကြောင့် ချေပဂိုး တစ်ဂိုး ပြန် သွင်း နိုင် ခဲ့ ပေမယ့် နောက်ထပ် ချေပ ဂိုး မသွင်း နိုင်ခဲ့ လို့ ကပ်ရှုံးသွားခဲ့ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/afc-u20-အာရှဖလားပြိုင်ပွဲတွင်/

Popular Journal

15 Feb, 15:53


ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀ နီးပါးကို အလုပ်ထုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည် စစ်မှုထမ်းဟောင်း ပြုစုစောင့်ရှောက်ရေးအထိပါဝင်သော ဝန်ထမ်း ၉,၅၀၀ ကျော်ကို အလုပ်ထုတ်ပစ်ခဲ့ကြောင်း သိရသည်။

အလုပ်အကိုင်တည်မြဲမှုအတွက် တရားဝင်အကာအကွယ်ရမှုနည်းပါးသေးသော အစမ်းခန့် ပထမနှစ် ဝန်ထမ်းများကို သီးသန့်ပစ်မှတ်ထားခြင်းမျိုးမဟုတ်သော်လည်း ပြည်ထဲရေး၊ စွမ်းအင်၊ စစ်မှုထမ်းဟောင်းရေးရာ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဌာနများရှိ ယင်းကဲ့သို့သော အလုပ်သမားများသည် စီမံချက်၌ အလုပ်ရပ်စဲခံရမှု တွင်အများစုဖြစ်လျက်ရှိသည်။

အိမ်ဖြူတော်၏ အဆိုအရ ထရမ့်ပ်နှင့် မတ်စ်တို့က ဆန္ဒအလျောက်နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သည့် အကြမ်းအားဖြင့် ဝန်ထမ်း ၇၅,၀၀၀ အပြင် ယခုဝန်ထမ်းများကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာနှင့် အခြားအမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ထရမ့်ပ်နှင့်-မတ်စ်က-အစို/

Popular Journal

15 Feb, 15:25


ရွှေတိဂုံစေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌဖူးမြှော်ကြည်ညိုပြီး ရွှေစင်ရွှေပြားများကပ်လှူပူဇော်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြှော်ကြည်ညိုပြီး ရွှေစင်ရွှေပြားများကပ်လှူပူဇော်ကာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌသည် ရွှေတိဂုံစေတီတော်အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်ကိုလည်း ဖူးမြှော်ကြည်ညိုခဲ့ပြီး ငြမ်းစေတီပေါ်သို့တက်ရောက်၍ စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု၊ စိန်ဖူးတော်မြတ်ကြံ့ခိုင်မှုတို့အား ကြည့်ရှုစစ်ဆေးဖူးမြော်ပြီး စိန်၊ ရွှေ၊ ကျောက်သံပတ္တမြားများနှင့် သာသနာရေးဆိုင်ရာပစ္စည်းများကို ကပ်လှူပူဇော်ခဲ့သည်။

ထို့အတူ ရွှေတိဂုံစေတီတော်ငှက်မြတ်နားတော်မြတ်၏ ကြံ့ခိုင်မှုအားကြည့်ရှုပြီးနောက် နစက ဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုတို့ကလှူဒါန်းသည့်ရွှေစင် ၆ ကျပ်သားရှိရွှေပြားသင်္ကန်းတော် ၂ ချပ်အားကပ်လှူပူဇော်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရွှေတိဂုံစေတီတော်မြတ်-27/

Popular Journal

11 Feb, 12:37


မြန်မာလုပ်ငန်းရှင်များအနေဖြင့် ASEAN-OSHNET Excell ence Awards ပါဝင်ယှဉ်ပြိုင်နိုင်

အာဆီယံမှ ချီးမြှင့်မည့်“အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆု”ASEAN-OSHNET Excellence Awards အတွက် မြန်မာလုပ်ငန်းရှင်များအနေဖြင့်ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားစွာ ဆောင်ရွက်ထားသော ကုန်ထုတ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် ASEAN-OSHNET Excellence ဆုကို လျှောက်ထားနိုင်မည်ဖြစ်သည်။

အဆိုပါ ဆုကို အလုပ်သမား အင်အား (၅၀) ဦးမှ (၃၀၀) အထိရှိ အသေးစားနှင့်အလတ်စား စက်ရုံ၊ အလုပ်ရုံနှင့် အလုပ် ဌာနများ၊ လုပ်သားအင်အား (၃၀၀) မှ (၆၀၀) အထိရှိ လုပ်အားအခြေပြု ထုတ်လုပ်မှုလုပ်ငန်း (သို့မဟုတ်)လက်ခစားလုပ်ကိုင်သည့်စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများအနေဖြင့် ASEAN-OSHNET Best Practices ဆုကို ဝင်ရောက်ယှဉ် ပြိုင်နိုင်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မြန်မာလုပ်ငန်းရှင်များ/

Popular Journal

11 Feb, 12:07


မလေးရှားတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအရေး မြန်မာသံရုံး ဆွေးနွေး

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအရေးကိစ္စနှင့် ပတ်သက်၍ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဦးဆောင်ဆွေးနွေးခဲ့သည်။

မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တာဝန်ခံဖြစ်သူ Mr. M. Yogasanthana Das ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခြင်း ဖြစ်သည်။

ယင်းသို့ ဆွေးနွေးရာတွင် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများ၊ ၎င်းတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ရေးကိစ္စနှင့် မြန်မာသံရုံးနှင့် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတို့အကြား မြန်မာနိုင်ငံသားများအရေး ကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်မည့် အခွင့်အလမ်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Popular Journal

11 Feb, 11:38


MAI က မန္တလေးနှင့် ချင်းမိုင်ကို စတင် ပြေးဆွဲ

MAI သည် မန္တလေးမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တို့ကြား တိုက်ရိုက်ခရီးစဉ်သစ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၀) တွင် စတင်ပြေးဆွဲခဲ့ကြောင်း ကြေညာသည်။

အသစ်ပြေးဆွဲသည့် ချင်းမိုင်ခရီးစဉ်အသစ်သည် MAI ၏ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပျံသန်းပြေးဆွဲပေးနေသည့် ဘန်ကောက်-သုဝဏ္ဏဘူမိ၊ ဘန်ကောက်-ဒွန်မောင်းနှင့် နိုဗိုစီဗစ် ခရီးစဉ်များအပြီး ထပ်မံပြေးဆွဲသည့် စတုတ္ထမြောက် နိုင်ငံတကာခရီးစဉ်လည်း ဖြစ်သည်။

MAI မှ မန္တလေး-ချင်းမိုင် ခရီးစဉ်အသစ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှစတင်၍ အပတ်စဥ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် ၂ ကြိမ်ပြေးဆွဲပေးမည်လည်း ဖြစ်သည်။

Popular Journal

11 Feb, 11:12


"မက္ကဆီကိုပင်လယ်ကွေ့" ကို "အမေရိကပင်လယ်ကွေ့"ဟု ဂူးဂဲလ် တရားဝင်ပြောင်းလဲရေးသား

Google Maps အသုံးပြုသူများသည် ယခင်က "မက္ကဆီကိုပင်လယ်ကွေ့" ဟု စာတန်းရေးထိုးခဲ့သော ရေထုအပေါ်တွင် "အမေရိကပင်လယ်ကွေ့" ဟု ပြသထားသည်ကို ယခုမြင်တွေ့ရမည်ဖြစ်သည်။

ဤပြောင်းလဲမှုသည် သမ္မတ ထရမ့်က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော "ယင်းပင်လယ်ကွေ့ကို အမေရိကန်၏အမည်ပါဝင်စေသည့် အမည်သို့ပြောင်းရန်"ဟူသည့် အမိန့်ညွှန်ကြားချက်ကို လိုက်နာခြင်းဖြစ်သည်။ ထိုအမိန့်စာတွင် ဤပြောင်းလဲမှုကို တရားဝင်ဖြစ်စေရန် အတွင်းဝန်ဌာနက လိုအပ်သောအဆင့်များအားလုံးကို ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အတွင်းဝန်ဌာနက "မက္ကဆီကိုပင်လယ်ကွေ့ကို ယခုအခါ တရားဝင် အမေရိကပင်လယ်ကွေ့ဟု သိရှိစေရန်" ဟု ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မက္ကဆီကိုပင်လယ်ကွေ့-ကိ/

Popular Journal

11 Feb, 10:51


ဗိုလ်တထောင်စေတီတော်တွင် တတိယအကြိမ်မြောက် ဝန်ထမ်းမိသားစုထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီးတွင် တတိယအကြိမ်မြောက် ဝန်ထမ်းမိသားစုထမနဲထိုးပြိုင်ပွဲနှင့် မြန်မာ့ရိုးရာထမနဲလှူဒါန်းပွဲတော်အား ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၇ နာရီကကျင်းပခဲ့သည်။

တတိယအကြိမ်မြောက် ဝန်ထမ်းမိသားစုထမနဲထိုးပြိုင်ပွဲတွင် ဌာနအသီးသီးမှဝန်ထမ်းမိသားစုများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆုအား ဝတ္တကမြေသာယာလှပရေးဌာန၊ ဒုတိယဆုအား လုံခြုံရေးနှင့်မီးသတ်ဌာန၊ တတိယဆုအား စီမံရေးရာဌာန၊ စတုတ္ထဆုအား ဘဏ္ဍာရေးရာဌာန၊ ပဥ္စမဆုအား မှတ်တမ်းနှင့်ပြန်ကြားရေးဌာန၊ ဆဌမဆုအား တည်ဆောက်ပြုပြင်ရေးဌာနနှင့် သတ္တမဆုအား ပစ္စည်းထိန်းနှင့်ရွှေရတနာဌာနတို့မှဆုများအသီးသီးရရှိခဲ့ကြသည်။

ဆုရရှိသည့် အသင်းများနှင့် နှစ်သိမ့်ဆုရအသင်းများအား ဗိုလ်တထောင်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Popular Journal

07 Feb, 13:53


ယနေ့ ရန်ကုန်မြို့တွင် Level 1 အဆင့်မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်က Level 1 အဆင့်မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၇ ရက်ညနေ ၄ နာရီ ၄၁ မိနစ်ခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီး(အောက်ရွာ)တွင် မီးလောင်မှုဖြစ်ပွား၍ မြန် မာနိုင်ငံမီးသတ်ဖွဲ့ဌာနချုပ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း၊ လေးထောင့်ကန်နယ်မြေမီးသတ်စခန်းနှင့် ညောင်ပင်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးလောင်အားများသဖြင့် ညနေ ၄ နာရီ ၅၀ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြ၍ ညနေ ၅ နာရီ ၁၄ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ယနေ့-ရန်ကုန်မြို့တွင်-level-1-အ/

Popular Journal

07 Feb, 13:41


အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု လယ်ဝေးမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

နေပြည်တော်၊ လယ်ဝေးမြို့ကိုဗဟိုပြု၍ အင် အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဖေဖော် ဝါရီ ၇ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေ ဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

လယ်ဝေးမြို့၏ အနောက်တောင်ဘက်(၁၉)မိုင်ခန့်၊ မြောက်လတ္တီတွဒ်(၁၉ ဒသမ ၄၅)ဒီဂရီ၊ အရှေ့လောင်ဂီတွဒ်(၉၅ ဒသမ ၈၉)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ ဖေဖော်ဝါရီ ၇ ရက်ည ၆ နာရီ ၃၇ မိနစ် ၁၂ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငလျင်လှုပ်ခတ်ခဲ့ခြင်းအား မိုးလေဝသမြန် မာ၊ မြန်မာနိုင်ငံကိုယ်စားပြုဋ္ဌာန၊ မြေငလျင်ဋ္ဌာနခွဲမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Popular Journal

07 Feb, 11:03


ကိုရီးယား နိုင်ငံက ယခုနှစ်အတွက် EPS လုပ်သား (၂၀,၀၀ ၀) ကျော်ခေါ်ယူမည်

တောင်ကိုရီးယားမှ ယခုနှစ်အတွက် နိုင်ငံခြားသား EPS လု ပ်သား (၂၀,၀၀၀) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ယင်းနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်သူများ၏ ပြောပြချက်အရ သိရသည်။

တောင်ကိုရီးယား အစိုးရအနေဖြင့် မြန်မာအပါအဝင် နိုင်ငံ (၁၇) နိုင်ငံရှိ အလုပ်သမားများကို ခေါ်ယူသွားမည်ဖြစ်ပြီး အသုတ်လိုက် (၅) ကြိမ်ခေါ်ယူမည်ဖြစ်ပြီး ပထမအသုတ်တွက် (၂၀,၀၀၀) ကျော်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွက် ပထမဆုံးအလုပ်ခေါ်ယူခြင်းကို မတ်လအတွင်း စတင်မည်ဖြစ်ပြီး ကိုရီးယားအလုပ်ရှင်များအနေဖြင့် ဖေဖော်ဝါရီ (၁၀) ရက်မှ (၂၁) ရက်အတွင်း စာရင်းသွင်းလျှောက်ထားရမည်ဖြစ်ကြောင်း ပထမအသုတ်တွင် မြန်မာနိုင်ငံမှ လုပ်သားဦးရေ မည်မျှပါဝင်မည်ကို မသိရသေးကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ကိုရီးယား-နိုင်ငံက-ယခုနှ/

Popular Journal

07 Feb, 10:24


ပြည်ပမှစက်သုံးဆီနှင့် စားအုန်းဆီတင်သင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်နေ

ပြည်ပမှစက်သုံးဆီနှင့် စားအုန်းဆီတင်သင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်မှုကြောင့် ပြည်တွင်းသုံးစွဲမှု လုံလောက်သည့်အပြင် အရန်ဆီများ ကြိုတင် သိုလှောင်ထားရှိပြီး ရောင်းဈေးနှုန်းသည်လည်း ယခင်ထက် လျော့နည်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

လက်ရှိတွင် သီလဝါရှိ ဆီချဆိပ်ကမ်းများတွင် စက်သုံးဆီတင် သင်္ဘော(၆)စင်း၊ ပင်လယ်ဝတွင် သင်္ဘော(၃)စင်း ရောက်ရှိပြီဖြစ်ပြီး လမ်းခရီးတွင် သင်္ဘော(၁)စင်းနှင့် ပြည်ပနိုင်ငံတွင် စက်သုံးဆီ တင်ဆောင်နေသော သင်္ဘော (၁၀) စင်း အသင့် ဖြစ်နေပြီဖြစ်ကာ ဖေဖော်ဝါရီလအတွင်း သင်္ဘော (၂၉) စင်းဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ပြည်ပမှစက်သုံးဆီနှင့်-စ/

Popular Journal

07 Feb, 10:09


မီဒီယာအချို့သို့ ငွေပေးချေမှုများရပ်မည်ဟု အိမ်ဖြူတော်ကြေညာ

Politico အပါအဝင် မီဒီယာကုမ္ပဏီများသို့ ဖက်ဒရယ်အစိုးရက လစဉ်ကြေး နှစ်စဉ်ကြေးငွေများပေးသွင်းခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်၊ ထိုငွေပေးချေမှုများကို ဆက်လက်လုပ်ဆောင်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အိမ်ဖြူတော်က ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီယာဗစ် က အဆိုပါ ငွေပေးသွင်းခြင်း စာချုပ်များကို ချက်ချင်းရပ်ဆိုင်းသွားမည်ဟု ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မီဒီယာအချို့သို့-ငွေပေး/

Popular Journal

07 Feb, 09:32


သမ္မတရှီ ဘရူနိုင်းဆူလတန်နှင့်တွေ့ဆုံဆွေးနွေး

ပေကျင်း၊ဖေဖော်ဝါရီ ၆

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဘရူနိုင်းနိုင်ငံဘုရင်မင်းမြတ်နှင့် ကြာသပတေးနေ့က ပေကျင်း၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်တောင်းဆိုခဲ့သည်ဟုလည်းသိရသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်၌ သံတမန်ဆက်ဆံရေး ကိုထူထောင်ပြီးစဉ်မှ အစပြု၍ နှစ်နိုင်ငံအကြား နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှု သည် စဉ်ဆက်မပြတ် နက်ရှိုင်းလာကာ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများကိုချိန်ညှိဆောင်ရွက်ခဲ့သဖြင့် နယ်ပယ် အသီသီးတွင် အကျိူး ဖြစ်ထွန်းကာ လက်တွေ့ကျကျ ပူးပေါင်း ဆောက်ရွက်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/သမ္မတရှီ-ဘရူနိုင်းဆူလတန/

Popular Journal

07 Feb, 09:06


ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်မီးလောင်မှုဖြစ်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်မွန်းလွဲ ၂ နာရီခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်၊ ရဲဘော်ကွက်သစ်၊ ၁၁၅ လမ်း၊ လမ်းသွယ် ၇ တွင်နေအိမ်မီးလောင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်၌မီးငြိမ်းသွားခဲ့ပြီး နေအိမ်မှာလည်းပျက်စီးဆုံးရှုံးခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Popular Journal

07 Feb, 09:04


အမျိုးသမီးပြိုင်ပွဲများတွင်လိင်ပြောင်းပြိုင်ပွဲဝင်များကိုတားမြစ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် တကျော့ပြန် သမ္မတရာထူးကိုရယူပြီးနောက် လိင်ပြောင်းသူများအပေါ် သူ၏ နောက်ဆုံးပစ်မှတ်ထားသော လုပ်ရပ်အဖြစ် အမျိုးသမီးအားကစားပြိုင်ပွဲများတွင် ကျားမှ မ သို့ လိင်ပြောင်းထားသော အားကစားသမားများ၏ ပါဝင်ယှဉ်ပြိုင်ခွင့် ကိုပိတ်ပင်သည့် အမိန့်ကို ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။

“အခုအချိန်ကစပြီး အမျိုးသမီးအားကစားပွဲတွေဟာ အမျိုးသမီးတွေအတွက်ပဲ ဖြစ်ရမှာပါ” ဟု အိမ်ဖြူတော်တွင် ကလေ-းများနှင့် အမျိုးသမီးအားကစားသမား ဒါဇင်များစွာ ဝန်းရံထားလျက် သမ္မတ အမိန့်ကို သူက လက်မှတ်ရေးထိုးခဲ့သည်။

“ဒီသမ္မတအမိန့်‌ေကြာင့် အမျိုးသမီးအားကစားဆိုင်ရာ တိုက်ပွဲ ပြီးသွားပါပြီ” ဟု သူက ဆိုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အမျိုးသမီးပြိုင်ပွဲမျာ/

Popular Journal

07 Feb, 08:32


မြန်မာနိုင်ငံ၌ UNOPS မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး

မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး UNOPS တို့အကြား မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Ms. Kirstine Damkjaer တို့ ဖေဖော်ဝါရီ (၆) ရက်၊ နံနက် (၁၀)နာရီခွဲအချိန်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မြန်မာနိုင်ငံ၌-unops-မှ-ဆောင်/

Popular Journal

07 Feb, 08:25


နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းပါက ပြည်သူလူထုသာ ဒုက္ခတွေ့နိုင်မည်ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ ပြော

လာမည့် အနာဂတ်တွင် ရှမ်းတိုင်းရင်းသားများ စုပေါင်းတည်ထောင်သည့် ပြည်ထောင်စုရှမ်းပြည်တည်ဆောက်ရမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တ ပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ(၇)ရက် နံနက်ပိုင်းက မိုင်းပန်မြို့နယ်၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေးကွင်း၌ ကျင်းပပြုလုပ်သည့် (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားမိန့်ခွန်းအတွင်း ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စု မြန်မာနိုင်ငံသည်လည်း လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် ကိုက်ညီသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရမည်ဟုလည်း ၎င်းက ဆို သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/နိုင်ငံရေးပြဿနာကို-စစ်ရ/

Popular Journal

07 Feb, 08:00


မြန်မာနေရှင်နယ်လိဂ်-၂ တန်းဆင်း အသင်း(၂)သင်းနေရာကို အပျော်တမ်းကလပ်အသင်းများဖြင့် အစားထိုးမည်

၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအပြီး တန်းဆင်းသွားရသည့် အသင်း (၂)သင်း နေရာအတွက် အစားထိုးဝင်ရော က် ယှဉ်ပြိုင်ရန် အပျော်တမ်းကလပ်အသင်းများကို ဖိတ်ခေါ်ပြိုင်ပွဲပြုလုပ်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်‌ကော်မတီထံမှ သိရသည်။

ရွေးချယ်ခံရသည့် အသင်း(၂)သည် ၂၀၂၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူး၍ MNL 2 Promotion Amate ur Club Tournament 2025 ပြိုင်ပွဲကို မတ်လ (၁၅) ရက်မှ မတ်လ(၂၉)ရက်အထိ ကျင်းပပြုလုပ်၍ ရွေးချယ်သွားမည်ဖြစ်ကာ၊ ပြိုင်ပွဲဝင်အသင်း (၈) သင်းမှ(၁၀)သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မြန်မာနေရှင်နယ်လိဂ်-၂-တန/

Popular Journal

02 Feb, 04:23


အင်းစိန်မြို့နယ်၌ နေအိမ်မီးလောင်မှုဖြစ် Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက် ၆ နာရီ ၄ မိနစ်ခန့်က နေအိမ်မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား၍ အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသော်လည်း ငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် နံနက် ၆ နာရီ ၆ မိနစ်၌ Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၁၆ မိ နစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၆ နာရီ ၂၆ မိနစ်၌ မီးငြိမ်းသွားခဲ့ကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Photo-တွဲလက်လူမှုကူညီရေး

Popular Journal

02 Feb, 03:51


ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှသာ လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်

ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှသာ လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းကကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက အနေဖြင့် နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ချိန်မှစတင်ကာ နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် NCA ပါသဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

" ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေနဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး ယနေ့အချိန်အထိ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့(၇)ဖွဲ့၊

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဒေသအလိုက်-လက်နက်ကိုင်ပဋ/

Popular Journal

02 Feb, 03:22


မန္တလေးတိုင်း၌ ယနေ့နံနက်ပိုင်းက Level 1 အဆင့်မီးလောင်မှုအပါအဝင် မီးလောင်မှု(၂)ကြိမ်ဖြစ်ပေါ်ခဲ့

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက် ၇ နာရီ ၅၂ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် နံနက် ၈ နာရီ ၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီ ၁၂ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မန္တလေးတိုင်း၌-ယနေ့နံနက/

Popular Journal

02 Feb, 02:44


ယာဉ်တို-က်မှုဖြစ်သည့် ကုန်တင်ယာဉ်ပေါ်မှ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၃ ဦးကို တွေ့

ထိုင်းနိုင်ငံ Na Bon ခရိုင်တွင် သောကြာနေ့က ယာဉ်တို-က်မှုဖြစ်ပွားခဲ့ပြီးနောက် ယာဉ်မောင်းဖြစ်သူ ထွက်ပြေး စွန့်ခွါသွားခဲ့သည့် ကုန်တင်ယာဉ်ပေါ်မှ မလေးရှားသို့ သွားရောက်ကြမည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၃ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးသည် ခြေထောက်ကျိူးဒဏ်ရာရခဲ့သည်ဟု သိရသည်။

အဆိုပါယာဉ်တို-က်မှုသည် Thung Song-Surat Thani လမ်းကြောင်းပေါ်ရှိ အမှတ် ၄၁ အာရှအဝေးပြေးလမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု Na Bon ရဲစခန်းမှ ဒုတိယ ရဲမှူးကြီး Phanuwat Rattanaphan က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးလုပ်သားများ ရောက်ရှိခဲ့ပြီး ဓါတ်တိုင်ကို တို-က်မိကာ မြောင်းထဲကျခဲ့သည့် ကုန်တင်ယာဉ် ခေါင်းပိုင်းသည် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့သည်ကို တွေ့ရှိခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ယာဉ်တို-က်မှုဖြစ်သည့်-ကု/

Popular Journal

02 Feb, 02:19


အစ္စရေးဝန်ကြီးချုပ်နှင့် ထရမ့် တွေ့ကြမည်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် လတ်တလော ဂါဇာ အကျဉ်းသားလဲလှယ်‌ရေး သဘောတူညီချက်၏ နောက်အဆင့်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးရန် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အမေရိကန်သို့ သွားမည်ဖြစ်ကြောင်း နေတန်ယာဟု၏ အကြံပေး ဒီမီထရီ ဂန်ဒယ်မန်က ပြောကြားသည်။

"အစ္စရေးဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အမေရိကန်သို့ ပျံသန်းကာ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည်။ ဂါဇာသဘောတူညီချက်၏ နောက်အဆင့်များအပါအဝင် ပြဿနာအမျိုးမျိုးကို ဆွေးနွေးကြမည်" ဟု သူကဆိုသည်။

နေတန်ယာဟု၏ ရုံးမှလည်း "ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် အမေရိကန်သို့ လေယာဥ်ဖြင့်သွားမည်" ဟု အတည်ပြုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အစ္စရေးဝန်ကြီးချုပ်နှင/

Popular Journal

02 Feb, 01:41


၂၀၂၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၁၃၃၁ ဒသမ ၈၉၉)သန်းရရှိခဲ့

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ( ၁ နှစ်)အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၁၃၃၁ ဒသမ ၈၉၉)သန်းရရှိခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရ ကုမ္ပဏီ(၁၀၃)ခုမှ ပြည်ပနိုင်ငံ(၄၉)နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအဖြစ် ဆန်/ဆန်ကွဲတန်ချိန် (၂၇၆၇၄၁၄)တန်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ(၁၃၃၁ ဒသမ ၈၉၉)သန်းရရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/၂၀၂၄-ခုနှစ်အတွင်း-ပြည်ပန/

Popular Journal

27 Jan, 14:10


ကူးစက်ရောဂါများကြောင့် မွေးမြူ‌ ရေးထုတ်ကုန်တင်သွင်းမှုတရုတ် ပိတ်ပင်

သိုး၊ဆိတ် ကျောက်ရောဂါ၊ ခွာနာလျှာနာရောဂါကဲ့သို့ ကူးစက်ရောဂါများဖြစ်ပွားနေမှုကြောင့် နိုင်ငံများစွာမှ မွေးမြူရေးထုတ်ကုန်များနှင့် ယင်းတို့နှင့်ဆက်စပ်သော ထုတ်ကုန်များတင်သွင်းမှုကို တရုတ်နိုင်ငံက တားမြစ်လိုက်သည်ဟု အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသော ရောဂါအခြေအနေများနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အချက်အလက်များ ထုတ်ပြန်ခဲ့ပြီးနောက် ယခုပိတ်ပင်မှု ထွက်‌ေပါ်လာခြင်းဖြစ်ပြီး ပြုပြင်စီမံထားပြီးနှင့် မပြုပြင်ထားရ သေးသော ထုတ်ကုန်များကိုပါ ပိတ်ပင်မှုတွင် ပါဝင်သည်ဟု တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ကူးစက်ရောဂါများကြောင့်/

Popular Journal

27 Jan, 14:01


PHOTO News

စဥ့်အိုးတန်းလမ်း၏ တရုတ်နှစ်သစ်ကူး ရိုးရာခြင်္သေ့၊ နဂါးအကဖျော်ဖြေမှု

ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်း တွင် တရုတ်နှစ်သစ်ကူး(မြွေနှစ်)အထိမ်းအမှတ် တရုတ်ရိုးရာ ခြင်္သေ့အက၊ နဂါးအကများဖြင့် ကပြဖျော်ဖြေမှုများအား စိတ်ဝင်စားစွာလာရောက်ကြည့်ရှုနေကြသည့် မြင်ကွင်းပုံရိပ်များ-

(တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်စျေးရောင်းပွဲ တော်အား လသာမြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ညနေ ၄ နာရီမှည ၁၁ နာရီအထိကျင်းပလျက်ရှိသည်။)

Popular Journal

27 Jan, 13:04


တရုတ်က ထိုင်းအကူအညီဖြင့် အွန်လိုင်းလူလိမ်တစ်ဦးကို ဖမ်းဆီး

ရုပ်ရှင်ရိုက်ကူးရေးတစ်ခုအတွက် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ရာမှ မြန်မာနိုင်ငံအတွင်းသို့ လူကုန်ကူးခံခဲ့ရသော တရုတ်သရုပ်ဆောင်မင်းသား ဝမ်ရှင်း၏ အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် သံသယရှိ သော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောသည်။

ဝန်ကြီးဌာန၏ လုပ်ငန်းအဖွဲ့နှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့သည် ထိုင်း တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်း ၏ အကူအညီဖြင့် အဓိကသံသယရှိ သော ရာဇဝတ်သားတစ်ဦးကို စနေနေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု တနင်္ဂနွေနေ့ညပိုင်းက ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တရုတ်က-ထိုင်းအကူအညီဖြင့/

Popular Journal

27 Jan, 10:13


ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းကို ယခင်အတိုင်းပြန်လည်ကောက်ခံမည်

ယခု ဇန်နဝါရီ ၂၅ ရက်မှစတင်၍ပို့ကုန်/သွင်းကုန်များအပေါ် အခွန်စည်းကြပ်ကောက်ခံခြင်းကို ယခင်ကောက်ခံနေသည့် တစ်ဒေါ်လာ ၂၁၀၀ ဖြင့်‌ပြန်‌လည်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၈ /၂၀၂၅ ဖြင့် ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ဦးစီးဌာနက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံမည်ဖြစ်ကြောင်း ၂၇-၁၂-၂၀၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉ဝ/၂ဝ၂၄ ဖြင့် ထုတ်ပြန်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ပို့ကုန်-သွင်းကုန်များအ/

Popular Journal

27 Jan, 09:28


ဂရင်းလန်ကို ဝယ်ချင်နေဆဲဖြစ်ကြောင်းနှင့် ကနေဒါသည် အမေရိကန်၏ ပြည်နယ်ဖြစ်လာသင့်ကြောင်း ထရမ့်ဆို

သမ္မတထရမ့်က သူ၏ အဓိက နိုင်ငံခြားရေးမူဝါဒများအကြောင်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် လူထုထံ ထုတ်ဖော်ပြောကြားခဲ့ရာတွင် ဂရင်းလန်ဒေသကို ဝယ်ယူလိုသည့် ဆန္ဒနှင့် ကနေဒါကို အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုအဖြစ် ပြောင်းလဲရန် ကိစ္စများအကြောင်း ပါဝင်သည်။

ထရမ့်သည် ပြီးခဲ့သည့်စနေနေ့ညနေပိုင်းက မိုင်ယာမီသို့ သွားရောက်စဉ် Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂရင်းလန်ကျွန်းကို ဝယ်ယူလိုကြောင်း ၂၀၁၉ ခုနှစ်ကတည်းကပင်လျှင့် ထရမ့်ကပြောကြားခဲ့ဖူးသည်။ ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အာတိတ်ဒေသတွင် တည်ရှိသော ကျယ်ပြန့်သည့် ကျွန်းတစ်ခုဖြစ်သည်။

ဂရင်းလန်သည် "ရောင်းစားရန် မဟုတ်ကြောင်း" ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က ထိုစဉ်ကတည်းကပင်လျှင် ပြောကြားခဲ့သော်လည်း၊ ဂရင်းလန်ကို အမေရိကန်ပြည်ထောင်စု၏

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဂရင်းလန်ကို-ဝယ်ချင်နေဆဲ/

Popular Journal

27 Jan, 09:10


ပြည်ပဆန်တင်ပို့မှုအနေဖြင့် လျာထားချက်ထက် ပိုမိုတင်ပို့နိုင်မည်ဟု MRF ပြော

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သန်းခွဲတင်ပို့ရန်လျာထားပြီး ယင်းထက်ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံတွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆန်တင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း တန်ချိန် ၂ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၉၅၀ ခန့်အထိ ရရှိထားကြောင်း ၊ ထို့ပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ တစ်နှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၇၆၇ သန်းတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃၃၂ ဘီလီယံရရှိခဲ့ကြောင်းလည်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ပြည်ပဆန်တင်ပို့မှုအနေဖ/

Popular Journal

27 Jan, 08:43


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဇန်နဝါရီလကုန်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ခန့်မှန်းရေးသားချက်အရ သိရသည်။

ဇန်နဝါရီ(၂၇) ရက်မှ (၃၀) ရက်အတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ပူတာအို၊ ဖားကန့်၊ မိုးကောင်း၊ နောင်မွန်း၊ မချမ်းဘော၊ ချီဖွေ၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ကန်ပိုက်တီးမြို့နယ်တို့တွင် အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ုပြင် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်အစရှိသည့် ဒေသများတွင်လည်း အချိန်အခါမဟုတ်မိုးအနည်းငယ်ရွာနိုင်ကာ မိုးရွာနိုင်မည့်အခြေအနေက ၂၄ နာရီအတွင်း ၅ မီလီမီတာခန့် (၀.၂ လက်မခန့်)ရွာနိုင်ပြီး၊ ရွာရန်ရာခိုင်နှုန်း ၃၀% မှ ၉၀% ရှိနိုင်မည်ဟု ဦးဝင်းနိုင်က ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ကချင်ပြည်နယ်နှင့်-ရှမ်-2/

Popular Journal

27 Jan, 07:37


အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးအမျိုးသမီးစစ်သည် လေးဦးကို ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီကော်မတီ(အိုင်စီအာစီ) သို့ စနေနေ့တွင် လွှဲပြောင်းပေးလိုက်ပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းလူမျိုးများစွာနှင့် ဟားမတ်စ်လက်နက်ကိုင် ဒါဇင်များစွာ ဝိုင်းရံထားခဲ့သည့် ဓ-ါးစာခံလေးဦးကို ဂါဇာစီးတီးရှိ စင်မြင့်တစ်ခုပေါ် ပို့ဆောင်ပေးခဲ့သည်။ စင်မြင့်ထက်မှ သူတို့လေးဦးက ပြုံးပြကာ လက်ပြနှုတ်ဆက်ခဲ့ပြီးနောက် အိုင်စီအာစီ ယာဉ်ဆီသို့ ခေါ်ဆောင်သွားခဲ့ကာ ယင်းနောက် အစ္စရေးတပ်ဖွဲ့များထံ ပို့ဆောင်ပေးခဲ့သည်။

ဂါဇာတွင် စစ်သမီးလေးဦးကို လက်ခံရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ၁၅ လကြာလာပြီဖြစ်သော ဂါဇာစစ်ပွဲ အဆုံးသတ်ရေးရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပါလက်စတိုင်း အကျဉ်းသား ၂၀၀ နှင့် သူတို့လေးဦးကို အလဲအလှယ်လုပ်ခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အစ္စရေး-စစ်သမီးလေးဦးကို/

Popular Journal

27 Jan, 07:05


ထိုင်းက အွန်လိုင်းလိ-မ်ည-ာမှုဆိုင်ရာ အကြံပေးဗီဒီယို ထုတ်လွှင့်

ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုသည် ခရီးသွားများကို အွန်လိုင်းလူလိ-မ်များ၏ လှည့်ကွက်အတွင်းမကျရောက်စေရေး အကြံပြုချက် သုံးခုပါဝင်သည့် ညဏ်ရည်တု(AI) နည်းပညာသုံး မန်ဒရင်းဘာသာစကားပြော ဗီဒီယိုကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်ထုတ်လွှင့်ပေးလိုက်သည်။

“လက်ရှိအနေအထားမှာတော့ လူလိ-မ်တွေက ထိုင်းနယ်စပ်မှာ သူတို့အခြေစိုက်နေရာတွေကို ထူထောင်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ မက်ဆေ့ချ်မျိုး ဒါမှမဟုတ် ကြော်ငြာမျိုး လက်ခံရရှိခဲ့ရင် သတင်းအချက်အလက်ကို သေချာလေးစစ်ဆေးကြပါ” ဟု ဗျူယိုအကြီးအကဲ ရဲ ဒုတိယဗိုလ်ချုပ်ကြီး Trairong Piwpan က ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် လူလိ-မ်များ၏ သားကောင်မဖြစ်စေရေးအတွက် အချက်သုံးချက်ကို ရှောင်ရှားရန်လည်း သူက အကြံပြုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ထိုင်းက-အွန်လိုင်းလိ-မ်ည/

Popular Journal

27 Jan, 06:46


မလေးသွားမည့် မြန်မာ ၁၀ ဦး ထိုင်းမှာ အဖမ်းခံရ

မလေးရှားနိုင်ငံကို အလုပ်လုပ်ရန်သွားမည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ထိုင်းယာဉ်မောင်း နှစ်ဦးတို့သည် ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ် ချန်နာခရိုင်တွင် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးဌာန အဖွဲ့တစ်ဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့သည် စနေနေ့ညနေပိုင်းက ချန်နာခရိုင် လမ်းတစ်ခုပေါ်တွင် ယာဉ်နှစ်စီးကို သတင်းပေးချက်အရ စစ်ဆေးရှာဖွေမှုလုပ်ခဲ့သည်ဟု အမှတ် ၇ အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီး Chanokruadee Pongsiri က ပြောဆိုသည်။

ယင်းတွင် ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၀ ဦး(အမျိုးသား ၇ ဦး အမျိုးသမီး ၃ ဦး} တို့ကို တွေ့ရှိဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ငံရန် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးရန်အတွက် ၎င်းတို့ကို ဘတ် ၂,၀၀၀ စီဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟု ထိုင်းယာဉ်မောင်းများက ထွက်ဆိုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မလေးသွားမည့်-မြန်မာ-၁၀-ဦ/

Popular Journal

27 Jan, 06:18


စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိရာ ယခုတစ်ပါတ်တွင် ဈေးနှုန်းကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းအရ သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂၇) ရက်မှ ဖေဖော်ဝါရီ (၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် (၇၂၄၅) ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့်တစ်ပါတ်တွင် ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ (၇၂၅၅) ကျပ်ဖြစ်ပြီး ယခုအခါ စားသုံးသူများ အဆင်ပြေစေရန် ရည်ရွယ်၍ Door to Door စနစ်ဖြင့် စားအုန်းဆီကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Popular Journal

20 Jan, 17:37


အမေရိက၏ ၄၇ ဦးမြောက်သမ္မတအဖြစ် ထရမ့်ပ်ကျမ်းသစ္စာကျိန်ဆို

ဝါရှင်တန်၊ဇန်နဝါရီ ၂၀

ရွေးကောက်ခံ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝါရှင်တန်ဒီစီ၌ ကျမ်းသစ္စာကျိန်ဆိုကာ ၄၇ ဦးမြောက် ‌အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူခဲ့ပြီဖြစ်သည်။

၎င်း၏ ကျမ်း သစ္စာကျိန်ဆိုပွဲသို့ တရုတ်သမ္မတ၏အထူးကိုယ်စားလှယ်အဖြစ် တရုတ်ဒုတိယသမ္မတဟန်ကျန်း၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး‌ဂျေးရှန်ကာ၊တယ်လ်ဆာစီအီးအို အီလွန်မတ်စ်၊မက်တာစီအီးအို မက်ခ်ဇူကာဘက်ခ်၊တစ်တော့ခ်စီအီးအို Shou Zi Chew၊Apple စီအီးအို တင်မ်ကွတ်ခ်၊OpenAI စီအီးအို Sam Altman နှင့် ဂူဂဲလ်စီအီးအိုတို့ တက်ရောက်ခဲ့ကြသည်။

သမ္မတထရမ့်ပ်၏ကျမ်းကျိန်ပွဲအား မူလက National Mall ၌ကျင်းပရန်လျာထားသော်လည်း အအေးဓာတ်လွန်ကဲနေမှုကြောင့် ကက်ပီတော် အဆောက်အအုံ အတွင်းသို့ပြောင်းရွှေ့ကျင်းပခဲ့ရသည်ဟုလည်းသိရသည်။

ကျမ်းကျိန်ပွဲကို ယခု ကဲ့သို့ အရေးပေါ်နေရာရွှေ့လိုက်ရခြင်းသည် နှစ် ၄၀ အတွင်း ပထမဆုံးဖြစ်သည်ဟုလည်းဆိုသည်။အခြေအနေအရ ပွဲကျင်းပမှုနေရာရွှေ့ဆိုင်းလိုက်ရခြင်းကြောင့် နေရာထိုင်ခင်းကျဉ်းသွားသည့်အတွက် အများစုသည် ကျမ်းကျိန်ပွဲအားရုပ်မြင်သံကြားမှသာကြည့်နိုင်တော့မည်ဖြစ်သည်။

Source :စီအင်န်အေ

Popular Journal

20 Jan, 16:54


👉ကမ္ဘောဒီးယားမြေမြှုပ်မိုင်းကင်းစင်မည့်ကာလ၂၀၃၀ ပြည့်နှစ်အထိတိုး

👉တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားသွား

👉(ပဥ္စမ)အကြိမ်မြောက် ဓမ္မဝိနယသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲအောင်စာရင်း ယနေ့ထုတ်ပြန်မည်

👉နိုင်ငံ့လက်ရွေးစင်များပေါ်ထွက်လာစေရန်ရည်ရွယ်ကျင်းပသည့် (၄)ကြိမ်မြောက် ပိုင်အိုးနီးယား စားပွဲတင်တင်းနစ် ကလပ်ပေါင်းစုံဖိတ်ခေါ်ပြိုင်ပွဲ

👉ရေနံဘူမိဗေဒဘာသာရပ်ကို (၄) နှစ်ဘွဲ့သင်တန်းအဖြစ်ဖွင့်လှစ်မည်

👉နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းတော်သို့ပင့်ဆောင်

👉အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး

👉ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား) တန်ချိန် ၃၇၀၀ နီးပါးကို တင်ဒါစနစ်ဖြင့် ရောင်းချမည်

👉ယုဇနပလာဇာ-ဂမုန်းပွင့်-မင်္ဂလာဈေးသို့ တစ်နေ့ (၅) ကြိမ် Free Shuttle Bus ဆွဲပေးနေ

👉မြန်မာ့တပ်မတော်နှင့် MNDAA အပစ်ရပ် သဘောတူမှုရပြီဟု တရုတ်ဘက်က အသိပေးလာ

👉စူပါမော်ဒယ်လောကထိုင်းဝင်ဆန့်နိုင်ရေးညိုမီကမ့်ဘဲလ်အကူအညီတောင်း

👉"ဝ" ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ သယ်ယူဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြု

👉ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွား

👉ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

👉အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ဒေါ်လာ (၁) ဘီလီယံခွဲ ကျော်နိုင်ဟုဆို

👉ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

👉Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်

👉မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂ နှစ်ကျော်ကာလအတွင်း Online လိ-မ်လ-ည်မှုလုပ်ငန်းများတွင် မတရားခို-င်းစေခြင်းခံရသူ ၁၂၉၂ ဦးကို ရှာဖွေလွှဲပြောင်းပေးနိုင်ခဲ့

Popular Journal

20 Jan, 16:54


🌏20.1.2025 သတင်းအစုံအလင်🌏

👉ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

👉အမေရိကန်မှာ TikTok ပြန်သုံးလို့ရပြီ

👉သမ္မတတာဝန်ယူပြီးပါက တရုတ်သို့သွားလည်လိုဟုထရမ့်ပ်ဆို

👉ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွား

👉ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

👉မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

👉မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး (၂) ဦး အသက်ဆုံးရှုံး

👉သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

👉ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

Popular Journal

20 Jan, 16:04


မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂ နှစ်ကျော်ကာလအတွင်း Online လိ-မ်လ-ည်မှုလုပ်ငန်းများတွင် မတရားခို-င်းစေခြင်းခံရသူ ၁၂၉၂ ဦးကို ရှာဖွေလွှဲပြောင်းပေးနိုင်ခဲ့

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌ ခို-င်းစေခြင်းခံခဲ့ရသည့် နိုင်ငံခြားသား(၁၂၉၂)ဦးကို ရှာဖွေကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နှိမ်နှင်းနေမှုနှင့်ပတ်သက်၍ ယနေ့ ဇန်နဝါရီ ၂၀ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မြန်မာအစိုးရသို့-နိုင်င/

Popular Journal

20 Jan, 15:16


Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် သာမာန်လူများမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လော-င်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/online-လိ-မ်လ-ည်မှုနှင့်-လော-င်း/

Popular Journal

20 Jan, 14:40


ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ယာယီနေရပ်စွန့်ခွာနေရသူ-2/

Popular Journal

20 Jan, 12:58


အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ဒေါ်လာ (၁) ဘီလီယံခွဲ ကျော်နိုင်ဟုဆို

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန် ဒေါ် လာ ၁ ဒသမ ၆ ဘီလီယံ ကျော်လွန်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောသည်။

လက်ရှိတွင် ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံကို ပဲမျိုးစုံ၊ ရော်ဘာ၊ ငါး၊ ချုပ်ပြီး အထည်ချုပ်များကို အများဆုံး တင်ပို့နေကာ အိန္ဒိယနိုင်ငံမှ ဆေးဝါး၊ ရေနံထွက်ကုန်ပစ္စည်းများ၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို အဓိက တင်သွင်းနေသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံသည်လည်း မြန်မာနိုင်ငံအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၈၃) သန်းနီးပါး မြှုပ်နှံထားကာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများအနက်အဆင့် (၁၁) နေရာတွင် ရှိနေကြောင်း သိရသည်။

Popular Journal

20 Jan, 12:42


ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဟားခါးမြို့၌-၀ဒီဂရီဆဲလ/

Popular Journal

20 Jan, 12:13


ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု (၂) ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း တွင် မီးလောင်မှုဖြစ်ပွားရာ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းမှုမှာ များသဖြင့် နေ့လယ် (၂)နာရီ (၂၇)မိနစ်အချိန်ခန့်တွင် မီးသတ်တပ်ဖွဲ့မှ Level - 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် (၂)နာရီ (၃၇)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နေ့လယ် (၂)နာရီ (၄၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရန်ကုန်တွင်-ယနေ့-တစ်ရက်အ/

Popular Journal

20 Jan, 11:33


"ဝ" ဒေသမှတစ်ဆင့် ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ သယ်ယူဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြု

တရုတ်အစိုးရ၏ ညွှန်ကြားချက်အရဟုဆိုကာ "ဝ" ဒေသမှ ကိုးကန့်ဒေသဘက်သို့ ကုန်စည်များ လွတ်လွပ်စွာ ဖြတ်သန်းသယ်ယူခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ၏ ဦးစီးချုပ်ရုံးမှ ယနေ့ ဇန်နဝါရီ (၂၀)ရက်စွဲနှင့် ထုတ်ပြန်လာသည်။

ကိုးကန့်ဒေသနှင့် "ဝ" ဒေသ ဟိုပန်မြို့ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်မှ မော်တော်ယာဉ်များ၊ လူနှင့် ကုန်စည်သယ်ဆောင်ခွင့်ကို ထိန်းချုပ်ထားရာမှ ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှလွဲ၍ သာမန်ပြည်သူများ၏ ထွက်ကုန်များ၊ စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပြီးနောက် တရုတ်က ပိတ်ထားသည့် နယ်စပ်ဂိတ်အချို့ကို ယနေ့ပြန်လည်ဖွင့်ပေးခဲ့သလို ကုန်စည်စီးဆင်းမှုများ ပြန်စနေပြီဖြစ်ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များထံမှလည်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဝ-ဒေသမှတစ်ဆင့်-ကိုးကန့်/

Popular Journal

13 Jan, 08:46


ထရမ့်-ပူတင် အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေဟု ထရမ့်၏အကြံပေးက ပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထရမ့်တို့၏ အလားအလာရှိသော တွေ့ဆုံမှုအတွက် ပြင်ဆင်မှုများလုပ်နေကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ်ထားသော အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေ့ါဇ်က ပြောကြားသည်။

“ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ABC News နှင့် အင်တာဗျူးတွင် သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြားဖုန်းဖြင့် ဆွေးနွေးမှုများ မကြာမီ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်းကိုလည်း အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရွေးချယ်ခံထားရသူ မိုက်ဝေါ့ဇ်ကပြောသည်။

"ကျနော်တို့က အဲဒါအတွက် တိကျတဲ့မူဘောင်ကို မသတ်မှတ်ရသေးဘူး" ဟု ABC News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြစ်နိုင်ချေရှိသော တွေ့ဆုံမှုနှင့်ပတ်သက်၍ မေးမြန်းသောအခါ သူက ပြောကြားခဲ့သည်။ "ဒါကို ကျွန်တော်တို့ လုပ်ဆောင်နေပေမယ့် လာမယ့်ရက်တွေနဲ့ ရက်သတ္တပတ်တွေမှာ အနည်းဆုံး အချင်းချင်း အပြန်အလှန်ဖုန်းခေါ်ဆိုဖို့ မျှော်လင့်ထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ထရမ့်-ပူတင်-အစည်းအဝေးအတွ/

Popular Journal

13 Jan, 08:01


အမျိုးသား ကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကိုရက် ထပ်တိုး

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပန်းပွဲတော်ကို၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁၄) ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၂) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ယခုအခါ လာရောက်လည်ပတ်သည်များဖြင့် စည်ကားလျက်ရှိပြီး ထပ်မံလည်ပတ်နိုင်ရန် ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက်ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်း ပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် (၂၀) မှ (၂၅) မျိုး၊

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အမျိုးသား-ကန်တော်ကြီးဥယ/

Popular Journal

13 Jan, 07:33


ဗန်းမော်စစ်ရှောင်အချို့ မန္တလေးမြို့တွင်နေထိုင်စားသောက်ရေးအခက်အခဲကြောင့် နေရပ်ပြန်လိုသူများရှိနေ

ဗန်းမော်စစ်ရှောင်အချို့ မန္တလေးမြို့တွင် နေထိုင်စားသောက်ရေးအခက်အခဲကြောင့် နေရပ်ပြန်လိုသူများရှိနေသည်ဟု မြေပြင်စစ်ရှောင်အရေးဆောင်ရွက်နေသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နေရပ်သို့ ပြန်လည်လိုက်ပါသူများအနေဖြင့် ဗန်းမော်မြို့အထိ လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိသော်လည်း ရွှေကူမြို့အထိ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" စားသောက်ရေးနဲ့ နေထိုင်ရေးအခက်အခဲရှိသူတွေက သူတို့နေရပ်ကိုပြန်ချင်တာမျိုးတွေရှိတယ်။ ဒါ့ကြောင့် ဗန်းမော်စစ်ရှောင်တွေကိူ ရွှေကူမှာ သွားကြိုတဲ့ ခရီးစဉ်အတွက် အသွားလမ်းဒီအတိုင်းကြီး ဆင်းတာထက် လိုက်ချင်တဲ့သူတွေကို ပြန်ခေါ်ပေးသွားတဲ့ သဘောပါ။အချို့ကလည်း မန္တလေး ဆေးလာကုကြပြီး သက်သာလို့ နေရပ်ပြန်ချင်သူတွေကိုလည်း အခမဲ့ခေါ်သွားမှာပါ။ ဆေးလာကုလို့ နေရပ်ပြန်တဲ့သူတွေကတော့ ဗန်းမော်မြို့ကတော့ မဟုတ်ဘူး၊ မြို့နဲ့ (၁၅)မိုင်လောက်ဝေးတဲ့ရွာတွေမှာနေတဲ့သူတွေပါ"ဟု ၎င်းက ရှင်းပြသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဗန်းမော်စစ်ရှောင်အချို/

Popular Journal

13 Jan, 07:18


ကမ္ဘောဒီးယားအမတ်ဟောင်းကိုသတ်သူကသတ်ခိုင်းသူကို ထုတ်မပြော

ပြီးခဲ့သည့် သီတင်းပတ်က ဘန်ကောက်မြို့တွင် ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမားက သူ့မိသားစု၏ လုံခြုံရေးစိုးရိမ်သည့်အတွက် လုပ်ကြံသတ်ဖြတ်မှု၏ နောက်ကွယ်မှခိုင်းစေသူကို ထုတ်ပြောရန် ငြင်းဆန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

ကျူးလွန်သူ Ekkalak Pheanoi ကို စနေနေ့က ည ၁၀ နာရီထိတိုင် စစ်ကြောမေးမြန်းမှုလုပ်ခဲ့သည်ဟု မြို့တော် အမှတ် ၁ ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် Atthaporn Wongsiripreeda က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားအမတ်ဟောင်းကို သတ်ဖြတ်ခဲ့သည်ဟု သူက ဖြောင့်ချက်ပေးသော်လည်း ကြိုးကိုင်သူကို ဖော်ထုတ်ပြောဆိုရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

“အသေးစိတ်အချက်တွေ ထုတ်မပြောဘူး၊ ဒီအချက်တွေကြောင့် မိသားစုဝင်အချို့ ထိခိုက်မှာကို စိုးရိမ်နေခဲ့တယ်” ဟု ရဲဗိုလ်ချုပ် Atthaporn က ပြောဆိုခဲ့သည်။

မစ္စတာ Ekkalak သည် သူ့ထံလာရောက်တွေ့ဆုံသော မိခင်အပါအဝင် ဆွေမျိုးသားချင်းများကို တွေ့ရန်ငြင်းဆန်ခဲ့ပြီး မိခင်နှင့်ဖုန်းပြောရာတွင် သူ့အနေဖြင့် ထောင်ဒဏ်သာ ကျခံသွားမည်ဆိုကာ ဖုန်းချခဲ့သည်ဟု ဘန်ကော်ရဲစခန်းမှူးက ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Popular Journal

13 Jan, 07:17


မြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ--ဇလန်းစကီး

ရုရှားလက်တွင်းရောက် ယူကရိန်းနိုင်ငံသားများနှင့် အလဲအလှယ်လုပ်နိုင်ရေး ကို ဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါက ဖမ်းမိထားသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ခေါင်းဆောင်ကင်ဂျုံအန်ထံ လွှဲပြောင်းပေးရန် ကိဗ်က အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“ပထမဆုံး ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေအပြင် နောက်ထပ်လည်း ဖမ်းမိဦးမှာ သေချာပါတယ်၊ ဒါက ငါ့တပ်တွေ နောက်ထပ် မဖမ်းဆီးခင်လေးမှာ လုပ်တဲ့ကိစ္စပါ” ဟု ဇလန်းစကီးက X ပေါ်တွင် ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ ကာ့ခ်ဒေသတွင် ယူကရိန်းတပ်များက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းမိခဲ့သည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ဇလန်းစကီးက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် သုံးနှစ်နီးပါးကြာပြီဖြစ်သော စစ်ပွဲအတွင်းသို့ ပြီးခဲ့သောဆောင်းဦးပေါက်တွင် မြောက်ကိုရီးယားတပ်များ စတင်ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းက မြောက်ကိုရီးယားစစ်သားများကို ဖမ်းမိကြောင်း ပထမဆုံးအကြိမ် ထုတ်‌ဖေါ် ပြောကြားခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မြောက်ကိုရီးယားနှင့်-သု/

Popular Journal

13 Jan, 07:15


ယူကရိန်းက မြောက်ကိုရီးယားစစ်သားနှစ်ဦးဖမ်းမိခဲ့--ဆိုးလ်

ဆိုးလ်၊ဇန်နဝါရီ ၁၂

ရုရှားဘက်မှတိုက်ပေးနေသည့် မြောက်ကိုရီးယားစစ်သား ၂ ဦးကို သုံ့ပန်းအဖြစ် ယူကရိန်းဘက်မှ ဖမ်းမိခဲ့သည်ဟု ဆိုးလ်ထောက်လှမ်းရေးဌာနကအတည်ပြုခဲ့ပြီး ၎င်းတို့အား စစ်ဆေးမေးမြန်းလျက်ရှိသည်ဟုလည်းပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ၌ ရုရှားကိုကူညီရန် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် ရုရှားတပ်ဖွဲ့များ အားကောင်းလာစေရန် စစ်သား ၁၀,၀၀၀ ကျော် ကိုစေလွှတ်ခဲ့သည်ဟု အမေရိကနှင့်တောင်ကိုရီးယားတို့ကစွပ်စွဲထားသည်။

ရုရှားနိုင်ငံ ကာ့စ်ဒေသစစ်မြေပြင်၌ ဇန်နဝါရီလ ၉ ရက်က မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ယူကရိန်းစစ်တပ်က ဖမ်းမိခဲ့ကြောင်း ဆိုးလ်အမျိုးသားထောက်လှမ်းရေးဌာနကလည်း သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် စုံစမ်းစစ်ဆေးမှုများအရ အဆိုပါလူနှစ်ဦးအနက်အမျိုးသားတစ်ဦးက ၎င်းတို့သည် ‌တပ်မတော်သားများဖြစ်ကြပြီး ရုရှားသို့ လေ့ကျင့်ရေးလာရောက်ခြင်းဖြစ်ကာ တိုက်ခိုက်ရေးအတွက်မဟုတ်ကြောင်းပြောကြားခဲ့သည်ဟုသိရသည်။

Source : စီအင်န်အေ

Popular Journal

13 Jan, 07:05


တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း ၁၉၀၅ ဧကရှိသော နယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာထား သည်။

အပူပိုင်းဒေသဖြစ်သော ပုဂံညောင်ဦးဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတုသာယာ မျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန်လာစေရန်၊ မြေဆီလွှာတိုက်စားမှုများ တားဆီးကာကွယ်ရန်၊ သဘာဝဘေး အန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏ လယ်ယာသုံး သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရန်နှင့်

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တုရင်တောင်ကြိုးပြင်ကာက/

Popular Journal

13 Jan, 06:30


တရုတ်က ကမ္ဘောဒီးယား၌ ကားတာယာစက်ရုံ တည်ဆောက်ပြီ

ဖနောင်ပင်၊ဇန်နဝါရီ ၁၂

တရုတ်နိုင်ငံမှ ကွမ်ကျိုးစက်မှုရင်းနှီးမြှုပ်နှံရေး ဦးပိုင်လုပ်ငန်းစု (GIIHG) ၏ပံ့ပိုးကူညီမှုဖြင့် ဝမ်လီကားတာရာ ကုမ္ပဏီသည် ကမ္ဘောဒီးယားအရှေ့တောင်ပိုင်းရှိပြည်နယ်တစ်ခုတွင် ကားတာယာစက်ရုံကို တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘောဒီးယား နိုင်ငံဒုဝန်ကြီးချုပ် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ပထမ ဒုတိယဥက္ကဌ ဆွန်ချန်ထော သည် အဆိုပါစက်ရုံ၏ ပန္နက်ရိုက်အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းသိရသည်။

ယခုဆောက်လုပ်နေသည့် တာယာစက်ရုံသည် လုပ်ငန်းစတင်လည်ပတ်ချိန်၌ ကမ္ဘောဒီးယားနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁,၀၀၀ ခန့် ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တရုတ်က-ကမ္ဘောဒီးယား၌-ကား/

Popular Journal

13 Jan, 06:00


မိုင်းဖုန်းဆရာတော် တောင်ကြီးမြို့ကို ကြွရောက်ရန် ရှိနေ

မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရသည် နမ့်စန် နှင့် လွိုင်လင်စေတီတော်များ ထီးတော်တင်ပြီးပါက တောင်ကြီးမြို့ကို ကြွရောက်ရန် ရှိနေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၁၂)ရက်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ ၊ဝိန်းနေရပ်ကွက်ရှိ မိုင်းဖုန်းဆရာတော် ဗုဒ္ဓကောလိပ်- ပဋိယတ္တိစာသင်တိုက်အတွင်း တည်ထားသည့် စေတီတော် ထီးတော်တင်လှုပွဲပြီးနောက် ယနေ့တွင် မိုင်းတုံမှ သံလွင်ကိုဖြတ်ကာ မိုင်းပန်ဘက် ဆက်လက် ကြွရောက်ကြောင်းလည်း သိရသည်။

ထို့နောက် မိုင်းပန်၊ လင်းခေး၊ မိုးနဲမှ ပန်လင်းဆိုင်က စေတီများထံ ထီးတော်တင်လှူသွားမည် ဖြစ်ကာ ဇန်နဝါရီ (၁၆) ရက်၌ လွိုင်လင်က စေတီတော် ထီးတော်တင်လှူအပြီး တောင်ကြီး၊ ညောင်ရွှေဘက် ကြွမြန်းရန်ရှိကြောင်း ဆရာတော်၏ ခရီးစဉ်၌ အတူလိုက်ပါနေသည့် ဥပသကာများ ထံမှလည်း သိရသည်။

Popular Journal

13 Jan, 05:41


ဖားကန့်တွင် နွံကန်ပြိ-ုကျပြီး လူနေအိမ် (၅၀)ခန့် နစ်မြှပ်ကာ လူအများအပြားပျောက်ဆုံးနေဟု ကနဦး သတင်းရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ စပေါ့ကျေးရွာထိပ်ရှိ ရတနာအဓိပတိနွံကန်မှာ ယနေ့ ဇန်နဝါရီ (၁၃)ရက် နံနက်အစောပိုင်း(၁)နာရီဝန်းကျင်အချိန်ခန့်က ပြိ-ုကျမှုဖြစ်ပွားပြီး နေအိမ် (၅၀)ခန့် နစ်မြုပ်သွားကာ လူအများအပြားပျောက်ဆုံးနေကြောင်း ဒေသခံများနှင့် ဒေသတွင်း သတင်းရင်းမြစ်များ၏ ကနဦး ခန့်မှန်းချက်များအရ သိရသည်။

နွံကန်ပြိ-ုကျမှုကြောင့် ပျောက်ဆုံးနေသူများအနက် ကနဦး (၈)ဦး၏ ရုပ်အလေ-ာင်းများကို ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။

"ကျွန်တော်တို့ ရှာဖွေကယ်ဆယ်နေတုန်းပါ။ ပျောက်ဆုံးအားလုံး အသက်ဆုံးရှုံးနိုင်ပါတယ်။ ကျန်တာကိုတော့ နောက်မှပြောလို့ရမယ်။ "ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မြေပြင်အခြေအနေတွင် ပျောက်ဆုံးလူဦးရေ မည်မျှရှိသည်နှင့် မည်မျှပြန်လည်ကယ်ဆယ်နိုင်ပြီဖြစ်သည်ကို ပေါ်ပြူလာနယူးစ်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များမှ စွန့်ပစ်သော မြေစာပုံများ ၊ ရွံ့နွံကန်များ မကြာခဏ ပြိ-ုကျကာ လူ‌ေ-သဆုံးမှုလည်း ရှိနေသည်။

ဓာတ်ပုံ-CJ

Popular Journal

13 Jan, 05:20


တရုတ်နိုင်ငံ၌ ကူးစက်ရောဂါအသစ်မရှိပါ--ပေကျင်း

ပေကျင်း၊ဇန်နဝါရီ ၁၂

တရုတ်နိုင်ငံ၌ ‌ကူးစက်ရောဂါအသစ်မရှိသေး‌သကဲ့သို့ လက်ရှိဖြစ်ပွားနေသည့် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာရောဂါသည်လည်း အများသိပြီးသားဖြစ်သည့် အကြောင်းအရာများမှဖြစ်ပေါ်ခြင်းသာဖြစ်သည်ဟု ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာနကပြောကြားခဲ့သည်။

လတ်တလောဖြစ်ပေါ်နေသည့်တုပ်ကွေးရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအခံရှိသူများကို ပိုဆိုးစေသဖြင့်သာ ဆေးရုံ၊ဆေးခန်းများ၌ လူများလာခြင်းဖြစ်သည်ဟုဆိုသည်။

HMPV နှင့်ပတ်သက်၍မူ အဆိုပါရောဂါသည် လူသားများကြားတွင် ဆယ်စုနှစ်များစွာကတည်းကပျံ့နှံ့နေခြင်းဖြစ်ပြီး လတ်တလောမှသာရေပန်းစားကာ ၎င်းနှင့်ပတ်သက်သည့်အချက်အလက်များထပ်တိုး တွေ့ရှိလာခြင်းသည် ဆေးသုတေသန၏ သု‌တေသနပြုနိုင်စွမ်းအားကောင်းလာခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

ယခုနှစ်အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၏ပြင်းထန်မှုနှင့် ဖိအားများသည် ယခင်နှစ်ကိုကျော်ကာ ပြင်းထန်လာနိုင်ချေမရှိကြောင်းလည်း ကျွမ်းကျင်ပညာရှင်များကထုတ် ဖေါ် ပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Popular Journal

13 Jan, 04:53


မလေးရှားမှာ သုံးရက်ဆက် မိုးကြီးမည်

မလေးရှားနိုင်ငံတစ်ဝန်း ပြည်နယ်များစွာတွင် ဇန်နဝါရီ ၁၅ ရက်မှစတင်၍ သုံးရက်ဆက် မိုးကြီးမည်ဟု ခန့်မှန်းထားကြောင်း မလေးရှားနိုင်ငံ မိုးလေဝသဌာနက ပြောကြားလိုက်သည်။

မုတ်သုံလေအားကောင်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဇန်နဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်း မိုးကြီးမည်ဟု မျှော်မှန်းကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ချက်တွင် မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အဆိုပါကာလအတွင်း မလေးရှားကျွန်းဆွယ်ရှိ ပြည်နယ်အများအပြား၊ ဆာရာဝပ်ပြည်နယ် တောင်ပိုင်းနှင့်အနောက်ပိုင်း ဧရိယာများအပြင် ဆာဘားပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်ထားသည်။

နောက်ဆုံးပေါ် မိုးလေဝသခန့်မှန်းချက်ပုံစံများကို လေ့လာသုံးသပ်ချက်အရ ဇန်နဝါရီလ ၁၅ ရက်မှ ၁၈ ရက်အတွင်းဖြစ်ပေါ်သည့် မုတ်သုံလေလှိုင်းကြောင့် နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင် ရက်ဆက်မိုးကြီးမည်ဟု ခန့်မှန်းထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မလေးရှားမှာ-သုံးရက်ဆက်-မ/

Popular Journal

13 Jan, 04:48


YBS ကား ဓာတ်တိုင်ဝင်တိုက်ပြီး ဂတ်စ်ယိုစိမ့်မှုဖြစ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်ည ၉ နာရီ ၄၄ မိနစ်ခန့်က ခရီးသည်တင် YBS ကား ဓာတ်တိုင်ဝင်တိုက်မိပြီး ဂတ်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်၊ (၂၅)ရပ်ကွက်၊ အမှတ်(၄) လမ်းအတိုင်း မောင်းနှင်လာသည့် ခရီးသည်တင် YBS ကားသည် အခင်းဖြစ်နေရာအရောက် ဓာတ်တိုင်အားဝင်တိုက်မိပြီး ဂတ်စ်ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖြစ်စဥ်အား မီးလောင်မှုမဖြစ်ပွားစေရန် ဂတ်စ်ပိုက်ပိတ်ခြင်းနှင့် လိုအပ်သည်များကို ပြုလုပ်ခဲ့ကြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၁၂ ရက်ည ၁၀ နာရီ ၁၀ မိနစ်ခန့်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ မင်္ဂလာလမ်းတွင် မီးလောင်မှုဖြစ်ပွား၍ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၁၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၂၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Popular Journal

10 Jan, 02:03


လောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀) ကျော် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အကူအညီများလိုအပ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်‌ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။

ထို ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးအပတ်အတွင်းက စတင် ရှောင်တိမ်းနေကြရပြီး၊ ရာသီဥတုဒဏ်ကြောင့်အသက်ရွယ် ကြီးရင့်သူများအပါအဝင် ကလေ-းငယ်များပါ ရာသီပေါ် ရောဂါအမျိုးမျိုးကို ခံစားနေကြရသည်ဟု ဆိုသည်။

"ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲကြောင့် လောင်းလုံးကျွန်းဆွယ်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာ။ အခုဆောင်းတွင်းကြီးဆိုတော့ ရာသီဥတုဒဏ်ကြောင့် ဖြစ်တဲ့ရောဂါတွေခံစားရတာပေါ့။ စားသောက်ရေးကလည်း ရက်ကြာလာတော့အခက်အခဲတွေကြုံနေရတယ်"ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/လောင်းလုံးကျွန်းရှိ-စစ်/

Popular Journal

10 Jan, 01:33


နှစ်သစ်တွင် မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုး

ယမန်နေ့ ဇန်နဝါရီ (၉)ရက် ည(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲ၌ မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

ယင်း ပြိုင်ပွဲတွင် နော်ဥမ္မာစိုးက မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ယခု နှစ်သစ်တွင် နိုင်ငံအတွက် ပထမဆုံး မွေထိုင်းချန်ပီယံခါးပတ်ကို ရယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယမန်နေ့ပွဲစဉ်တွင် သုံးချီအပြည့် ထိုးသ-တ်ခဲ့ရာ၌ ပထမအချီတွင် မွေထိုင်းမယ်က အသာစီးထိုးသ-တ်နေရာမှ ဒုတိယနှင့်တတိယအချီတွင် နော်ဥမ္မာစိုးက အသာစီး ပြန်လည်ထိုးသ-တ်ခဲ့ရာ ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/နှစ်သစ်တွင်-မွေထိုင်းချ/

Popular Journal

09 Jan, 16:07


ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။

အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဘန်ကောက်တွင်-ကမ္ဘောဒီးယ/

Popular Journal

09 Jan, 16:03


Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅)

Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅) ကို ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက နေပြည်တော်၌စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ ညီလာခံမုခ်ဦးနှင့် ပညာဆီမီးတိုင်တို့ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ထွန်းညှိပေးပြီးနောက် မိန့်ခွန်းပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌမှ နိုင်ငံတစ်ခုကိုအဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများပေါများရေးကို ဦးတည် ကြိုးပမ်းလျက်ရှိသည်ဟု ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/keynote-address-၆ခုi-special-talk-၅ခုနှင့်-ပြည်တွင/

Popular Journal

09 Jan, 15:40


မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ၃ မိနစ်ခန့်ကြာ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ယနေ့ ဇန်နဝါရီ ၉ ရက်ည ၈ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့်(၂ )လမ်းတွင် မီးလောင်မှုဖြစ်ပွား၍ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)မှအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ည ၈ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်း ရင်းနှင့်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

Popular Journal

09 Jan, 15:39


နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်၍ အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးနေ

နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်၍ အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးနေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းမှ ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက နေ ပြည်တော်၌ကျင်းပသည့် ပညာရေးဆိုင်ရာအ သုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ၏ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက် ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရန် ဦးတည်ချက်ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်ဟု ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/နိုင်ငံအတွက်-ပညာရှင်မျာ/

Popular Journal

09 Jan, 15:06


မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးအား ယနေ့ ဇန်နဝါရီ ၉ ရက်နေ့လည်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မြန်မာ-ဘယ်လာရုစ်နှစ်နိ-2/

Popular Journal

08 Jan, 13:11


အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် WHO ၏ အကြံပြုချက်များဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ရှိန်အဟုန်မြှင့် ဆောင်ရွက်နေ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်၊ အကြံပြုချက်များကို စဉ်ဆက်မပြတ်ရယူ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။

ဆောင်းရာသီတွင်ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဇန်နဝါရီ (၇)ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ အဖြစ်များလေ့ရှိပြီး လတ်တလောတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အသက်ရှူလမ်းကြောင်းဆိုင-2/

Popular Journal

08 Jan, 12:55


ဘုရားဖူး Light Truck ကား မန္တလေးတောင်အဆင်းတွင် ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျတိမ်းမှောက် ၁၇ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တ လေးတောင်အဆင်းတွင် ဘုရားဖူး Light Truck ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု ယနေ့ ဇန်န ဝါရီ ၈ ရက်မွန်းလွဲ ၂ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတောင်အဆင်းလမ်းအတိုင်း မန္တလေးတောင်ပေါ်မှ ဘုရားဖူး၍ပြန်ဆင်းလာသည့် Light Truck (အဖြူရောင်)ကားသည် အခင်းဖြစ်နေရာ ဒုတိယကွေ့မြောက်ဘက်စောင်းတန်းအနီးအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် ကားမောင်းသူအပါအဝင် အမျိုးသား (၆)ဦးနှင့်အမျိုးသမီး(၁၁)ဦးတို့တွင် ထိခိုက်ဒဏ် ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဘုရားဖူး-light-truck-ကား-မန္တလေးတေ/

Popular Journal

08 Jan, 12:24


ချမ်းမြသာစည်မြို့နယ်ရှိ ဆိုင်ခန်းတစ်ခန်း၌ Level 1 အဆင့်မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ဆိုင်ခန်းတစ်ခန်းတွင် ယနေ့ ဇန်နဝါရီ ၈ ရက်ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ ၁၁၂ လမ်းနှင့် ၅၉ လမ်း ကြားရှိ ဆိုင်ခန်းတစ်ခန်းတွင် မီးလောင်မှုဖြစ်ပွား၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level-1 အဆင့်ဖြင့်ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ညနေ ၅ နာရီ ၂၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၂၆ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Popular Journal

08 Jan, 12:05


ထိုင်းနှင့် ပွဲစဉ်တွင် ဒဏ်ရာရခဲ့သည့် ဗီယက်နမ်တိုက်စစ်မှူး ခြေထောက်ဒဏ်ရာ ခွဲစိတ်မှုအောင်မြင်

အာဆီယံ ချန်ပီယံရှစ် နောက်ဆုံးဗိုလ်ပွဲစဉ်အတွင်း ဗီယက်နမ်တိုက်စစ်မှူး ရာဖင်ဆန်၏ ခြေထောက်တွင် ရရှိခဲ့သည့်ဒဏ်ရာမှာ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီဖြစ်သည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

၎င်းအနေဖြင့် ခွဲစိတ်ကုသမှုအပြီး (၆)လခန့် ပြန်လည် ထူထောင်ရေးနှင့် လေ့ကျင့်များ ပြုလုပ်ရမည်ဖြစ်ခြင်းကြောင့် AFC Asian Cup 2027 ခြေစစ်ပွဲစဉ်များအတွင်း ဝင်ရောက်ကစားနိုင်မည်မဟုတ်ကြောင်း ဆိုသည်။

အဆိုပါ AFC Asian Cup 2027ခြေစစ်ပွဲကို ဗီယက်နမ်အသင်းအနေဖြင့် နီပေါ၊ မလေးရှားအသင်းတို့နှင့် ကစားရမည်ဖြစ်ကာ ဗီယက်နမ်တိုက်စစ်မှူး ရာဖင်ဆန်အနေဖြင့် ထိုပွဲစဉ်များ၏ ပထမဆုံးပွဲ(၂) ပွဲအား လွဲချော်ရဖွယ်ရှိသည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်က အသိပေးချက်တွင် ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ထိုင်းနှင့်-ပွဲစဉ်တွင်-ဒ/

Popular Journal

08 Jan, 11:33


တစ်လအတွင်း ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လှူဒါန်းသည့်အလှူငွေ ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ရှိ

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၅) ရက်မှ နိုဝင်ဘာ (၂၀) အထိ ငွေသားအလှူရှင် (၁၃၈)ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ရရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ် တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အကြိမ် (၅၉၀)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ (၇)ရက် မွန်းလွှဲ (၁) နာရီက ရွှေတဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၅) ရက်မှ နိုဝင်ဘာ (၂၀) အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၁၆၀)က (၆) ကျပ်သား ရွှေပြား (၉) ချပ်နှင့်

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တစ်လအတွင်း-ရွှေတိဂုံ-စေတ/

Popular Journal

08 Jan, 11:03


ရန်ကုန်မြို့လယ်က ရွှေဆိုင် ဓ-ါးပြတိုက်ခံရပြီး ငွေကျပ် သိန်း (၅၀၀) နှင့် ရွှေပိဿာချီ ပါသွား

ရန်ကုန် ၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ လမ်း (၃ဝ)အလယ်ဘလောက်၊ အမှတ်(၁၁၀) ပထမထပ်တွင် ဖွင့်ထားသည့် " ရွှေချစ်သူ" အမည်ရှိ ရွှေဆိုင်အား အမျိုးသား (၃) ဦးမှ ဓ-ါးပြတိုက်လုယက်ခဲ့မှု ယနေ့ ဇန်နဝါရီ (၈) ရက် ၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပွားသည့် ရွှေဆိုင်သည် ပန်းဘဲတန်းမြို့နယ် ရဲစခန်းနှင့် မျက်စောင်းထိုးတွင်ရှိပြီး လူစည်ကားရာ ရန်ကုန်မြို့လယ်ခေါင်တွင် ဖွင့်လှစ်ထားသည့် ရွှေအတုံးအခဲများ အဓိက ရောင်းချသည့်ဆိုင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားပြီး အသေးစိတ်အချက်အလက်များ စုံစမ်းနေဆဲဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

" ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းနေတုန်းပါ " ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရန်ကုန်မြို့လယ်က-ရွှေဆိ/

Popular Journal

08 Jan, 10:31


ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများခေါ်ယူ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ်၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံပညာဌာနတွင်ဖွင့်လှစ်မည့်ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာမှတဆင့် ခေါ်ယူထားသည်။

ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ်(၂၁) လျှောက်ထားရန်အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး 2 Semester + Project 1 Semester (စုစုပေါင်း Semester ၃ ခု) တတ်ရောက်ရမည်ဖြစ်ကာ Semester တစ်ခုလျှင် တစ်သိန်းကျပ် (၁၀၀၀၀၀/-)သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ သင်တန်းကို နေ့စဉ် တနင်္လာမှ သောကြာ‌နေ့အထိ နံနက် (၇)နာရီမှ (၉) နာရီအထိ တတ်ရောက်ရမည်ဖြစ်ပြီး သင်တန်းသားဦးရေ ၁၀၀ သတ်မှတ်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဘွဲ့လွန်ကွန်ပျူတာဒီပလိ/

Popular Journal

08 Jan, 10:03


မုံရွာမြို့နယ်ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ)သံဃာ့အဖွဲ့အစည်း ရွေးကောက်ပွဲ ဒုတိအကြိမ်အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာမြို့နယ် ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ပြန်လည်ရွေးချယ်တင်မြှောက် ရွေးကောက်ပွဲဒုတိအကြိမ်အစည်းအဝေးကို ၁၃၈၆ ခု ပြာသိုလဆန်း (၉) ရက်၊ ဇန်နဝါရီလ (၇) ရလက်၊ မွန်းလွဲ (၁) နာရီက မုံရွာမြို့၊အလယ်ရပ်၊ ရွှေကျင်ဓမ္မာရုံကျောင်းတိုက်၊ ဝိနယဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် မုံရွာမြို့နယ် သံဃနားကအဖွဲ့ (ရွှေကျင်) အကျိုးတော်ဆောင်က ဆောင်ရွက်ပြီး ဝန်ဆောင်ဆရာတော်များက အဆိုပြု ရွေးချယ်တင်မြှောက်ကြသည်ကို ကြီးကြပ်ရေး နာယကဆရာတော်များက အတည်ပြု လက်မှတ်ရေးထိုးတော်မူကြကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ပြာသိုလ်လဆန်း (၇) ရက်၊ ဇန်နဝါရီလ (၅)ရက်က စစ်ကိုင်းတိုင်ဒေသကြီး ကနီမြို့နယ်နှင့် ဘုတလင်မြို့နယ် ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ပြန်လည် ရွေးချယ်တင်မြှောက် ရွေးကောက်ပွဲ အစည်းအဝေးကို

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မရမနယရကင/

Popular Journal

05 Jan, 04:06


စမ်းချောင်း ဖျာပုံလမ်းတွင်ဖောက်ခွဲမှုအပါအဝင် ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများကိုပစ်ခတ်မှုနှင့်မိုင်းထောက်ဖောက်ခွဲမှုပြုလုပ်သူ(၈)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၌ ဖောက်ခွဲမှုအပါအဝင် ရန်ကုန်တိုင်းရှိ မြို့နယ်များအတွင်းမှ အုပ်ချုပ်ရေးတာဝန်ရှိသူများကိုပစ်ခတ်မှုနှင့်မိုင်းထောက်ဖောက်ခွဲမှုပြုလုပ်သူ(၈)ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းရှိ စမ်းချောင်း၊ အင်းစိန်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင် ဒီဇင်ဘာ ၃၀ ရက်၊ ၂၆ ရက်နှင့် ၅ ရက်တို့ကမိုင်းပေါက်ကွဲမှုများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပစ်ခတ်ခံခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/စမ်းချောင်း-ဖျာပုံလမ်းတ/

Popular Journal

05 Jan, 04:04


မိုင်းဖုန်းဆရာတော်ကြီး၏ သက်တော်(၆၁)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာဆင်ယင်ကျင်းပ

မိုင်းဖုန်းဆရာတော်ကြီး၏ ယနေ့ ဇန်နဝါရီ ၅ ရက်တွင်ကျရောက်သည့် သက်တော်(၆၁)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအား တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းလိန်းသာသနာ့နယ်မြေရှိ မိုင်းဖုန်းကျောင်းတိုက်၌ဆင်ယင်ကျင်းပလျက်ရှိသည်။

မိုင်းဖုန်းဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာအားဆင်ယင်ကျင်းပရာ မိုင်းဖုန်းဆရာတော်ကြီးသည် နံနက် ၄ နာရီတွင် လွန်းလိန်းစေတီတော်၌ ဘုရားရှစ်ခိုးပူဇော်ပြီးနောက် နှီးဘုရားကျောင်းဆောင်တွင် ဘုရားဆွမ်းတော်ကပ်လှူပူဇော်ခဲ့သည်။

ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဇန်နဝါရီ ၅ ရက်မှစတင်၍ ဝစီပိတ်အဓိဋ္ဌာန်ဝင်တော်မူမည်ဖြစ်၍ နေ့လည် ၃ နာရီ၌ မိုင်းဖုန်းဆရာတော်ကြီးအား တပည့်သာဝကများက ရေသပ္ပာယ်ပူဇော်သွားမည်ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မိုင်းဖုန်းဆရာတော်ကြီ-19/

Popular Journal

05 Jan, 03:35


လူအိုများမှတ်ဉာဏ်ချွတ်ယွင်းမှုပြသနာကိုဖြေရှင်းနိုင်ရန် တရုတ်ကြိုးပမ်း

ပေကျင်း၊ဇန်နဝါရီ ၄

တရုတ်နိုင်ငံ၌ သက်ကြီးရွယ်အိုအရေအတွက်သည်လျင်မြန်စွာ တိုးပွားလာနေကာသူတို့ ကိုယ်တိုင် နှင့် သူတို့၏ မိသားစုဝင်များကို အခက်တွေ့စေသည့် မှတ်ဉာဏ် ချွတ်ယွင်းသောရောဂါပြသနာကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်အဆင့် ဆောင်ရွက်ချက်စီမံကိန်းကို တရုတ်နိုင်ငံက စတင်လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်ကျန်းမာရေးကော်မရှင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့အပါအဝင် အဖွဲ့အစည်းပေါင်း ၁၅ ခုက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ် ၇ ခုဖြင့်လုပ်ဆောင်သွားမည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် အောင်မြင်ရန်ရည်မှန်းထားသည်ဟုသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/လူအိုများမှတ်ဉာဏ်ချွတ်/

Popular Journal

05 Jan, 03:16


ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းတွင် မိနစ်ပိုင်းသာခြား၍ မီးလောင်မှုနှစ်ခုဖြစ်ပွား

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၂၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရန်ကုန်မြို့၌-ယနေ့နံနက်/

Popular Journal

05 Jan, 02:51


စွမ်းအင်ဝန်ကြီးဌာနမှ နေပြည်တော်တွင် ဓာတ် ဆီအရောင်းဆိုင်ဖွင့်လှစ်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ် ငန်းသိုလှောင်ဖြန့်ဖြူးရေးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် ဓာတ်ဆီအရောင်းဆိုင်အမှတ်(၀၃၅၄)ကို ဇန်နဝါရီ ၄ ရက်မှစတင်၍ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာ၌ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်ဆီများကို ပေါက်ဈေးထက်သက်သာသည့်ဈေးနှုန်းဖြင့် လာရောက်ဝယ်ယူသူများကို တိုက် ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

" ဓာတ်ဆီအမျိုးအစား (RON-68) တစ်လီတာကို (၂၂၀၀)ကျပ်နဲ့ စပြီးရောင်းချပေးနေပါတယ်။ ဒီဆီကို သုံးဘီးဆိုင်ကယ်တွေ ဆိုင်ကယ်တွေမှာသုံးသလို အိမ်သုံး၊ လုပ်ငန်းသုံး၊ ရုံးသုံးမီးစက်တွေ၊ စက်လှေတွေမှာလည်းသုံးလို့ရပါတယ်။ အခု စက်သုံးဆီအရောင်းဆိုင်ကို မနက် ၆ နာရီကနေ ည ၆ နာရီအထိ နေ့တိုင်းဖွင့်လှစ်ရောင်းချပေးသွားမှာပါ။ ပြည်တွင်းစက်ရုံတွေက ထွက်ရှိတဲ့ရေနံကိုချက်ပြီး ရရှိလာတဲ့ဓာတ်ဆီပါ"ဟု မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်အောင်က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/စွမ်းအင်ဝန်ကြီးဌာနမှ-နေ/

Popular Journal

05 Jan, 02:04


ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် တို့ကို အကောင်အထည်ဖော်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်၊ တိုင်းရင်းသားပြည်သူများ ပူး‌ပေါင်းပါဝင်ရန် နစက ဥက္ကဋ္ဌ တိုက်တွန်း

ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ သဘင်ဆောင်၌ ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း ပြည်တွင်း/ပြည်ပ ပယောဂများကြောင့် ပဋိပက္ခများနှင့်အ တူ ယနေ့ကာလအထိ တည်ငြိမ်အေးချမ်းမှု အားနည်းနေဆဲဖြစ်၍ လွတ်လပ်ရေးကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေးတာဝန်ဖြစ်သည်ဟု ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရှေ့လုပ်ငန်းစဉ်၅ရပ်၊-ဦ/

Popular Journal

03 Jan, 11:46


နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း ဖွဲ့စည်း

နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အရင်းခံ၍ နှစ်နိုင်ငံပြည်သူများအကြား ကူးလူဆက်ဆံမှုကို ကဏ္ဍအားလုံး ဆက်လက်တိုးမြှင့်ဆက်ဆံသွားနိုင်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်အတွက် မြန်မာ - ဂျပန် ချစ်ကြည်ရေးအသင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြန်မာ - ဂျပန်ချစ်ကြည်ရေးအသင်း (Myanmar - Japan Friendship Association) သည် အသင်းအဖွဲ့မှတ်ပုံတင်ခြ င်းဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ ပြည်တွင်းအသင်းအဖွဲ့အဖြစ်မှတ်ပုံတင်လျှောက်ထားခဲ့ရာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂) ရက်တွင် ပြည်တွင်းအသင်း အဖွဲ့ (ယာယီ) မှတ်ပုံတင်လက်မှတ် အမှတ် “ပြည်တွင်း / ၀၂ ၂၆ ( ၂၀၂၂ ) ” ဖြင့် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/နှစ်နိုင်ငံချစ်ကြည်ရင်-2/

Popular Journal

03 Jan, 11:16


(၉) လအတွင်း မြေဩဇာတန်ချိန် (၁၄၀၃၁၄၈ ဒသမ ၂၁) တန်နှင့် ပိုးသတ်ဆေးတန်ချိန် (၂၆၀၄၁ ဒသမ ၆၀) တန် တင်သွင်းခဲ့

ယခုဘဏ္ဍာနှစ်၏ (၉)လတာ ကာလအတွင်း ပြည်ပမှ မြေဩဇာတန်ချိန် (၁၄၀၃၁၄၈ ဒသမ ၂၁)တန်နှင့် ပိုးသတ်ဆေးတန်ချိန် (၂၆၀၄၁ ဒသမ ၆၀) တန် တင်သွင်းခဲ့ကြောင်း ယူ ရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အလိုက် ထောက်ခံပေးခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီမှဒီဇင်ဘာအထိမြေဩဇာတန်ချိန် (၁၄၀၃၁၄၈ ဒသမ ၂၁)တန်နှင့် ပိုးသတ်ဆေးတန်ချိန် (၂၆၀၄၁ ဒသမ ၆၀) တန်တင်သွင်းခဲ့ကြောင်း၊ယခုဘဏ္ဍာနှစ် တင်သွင်းရန်ကျန်ရှိသောမြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကိုလည်း ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်းသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလှမိုးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/၉-လအတွင်း-မြေဩဇာတန်ချိန/

Popular Journal

03 Jan, 10:41


မြိတ်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများတွင်လည်း အွန်လိုင်းစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန် ဆောင်ရွက်သွားမည်

မြဝတီနှင့် တာချီလိတ်ရှိ နယ်စပ်ကုန်သွယ်စခန်းများတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁)ရက်မှစတင်ပြီး အွန်လိုင်းစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်သလို မြိတ်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများတွင်လ ည်း အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြဝတီနှင့် တာချီလိတ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းစဉ်များတွင် အခွန်ပေးဆောင်ရာ၌ လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှစတင်၍ MACCS Online Payment System အွန်လိုင်းစနစ်ဖြင့် အခွန်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ ကြေညာချက်အမှတ်(၀၀၆/၂၀၂၄) ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/မြိတ်နှင့်-ကော့သောင်းနယ/

Popular Journal

03 Jan, 10:01


ကိုဗစ်အပြီးငါးနှစ်အကြာတရုတ်၌ ဗိုင်းရပ်စ်အသစ်နှင့်ရင်ဆိုင်နေရပြန်

ပေကျင်း၊ဇန်နဝါရီ ၃

တရုတ်နိုင်ငံ၌ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ငါးနှစ်အကြာတွင် ယခုအခါ ဗိုင်းရပ်စ်အသစ်တစ်မျိုး ထပ်မံပျံ့ပွားလျက်ရှိကြောင်းသိရသည်။ အဆိုပါဗိုင်းရပ်စ်ရောဂါသည် Human metapneumovirus (HMPV) အမည်ရှိသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းရောဂါသည်လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိကာ ဆေးရုံများတွင်လူများပြည့်နေသည်ဟုလည်းဆိုကြသည်။

အဆိုပါရောဂါကြောင့် ဆေးရုံများတွင်လူများပြည့်နေသည်ဟူသောသတင်းများနှင့် အွန်လိုင်းဗီဒီယိုများလည်းပျံ့နှံ့လျက်ရှိကာ အာဏာပိုင်များက အဆိုပါရောဂါအားအတည်မပြုထားသေးသော်လည်း နိုင်ငံတွင်းအရေးပေါ်အခြေအနေတော့ကြေငြာထားကြောင်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ကိုဗစ်အပြီးငါးနှစ်အကြာ/

Popular Journal

03 Jan, 09:39


ရွှေကူ - မန္တလေး လမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထားသည့်အတွက် အခမဲ့ စစ်ဘေးရှောင် ခရီးစဉ်များ ယာယီရပ်နားထားရဟုဆို

ရွှေကူ-မန္တလေး လမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် အခမဲ့ စစ်ရှောင်ပြည်သူ ပို့ဆောင်ရေး ခရီးစဉ်များ ယာယီရပ်နားထားရ‌သည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ် ကို ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်မြို့မှတဆင့် ရွှေကူမြို့ပေါ်သို့ရောက်ရှိလာသည့် စစ်ရှောင်(၅၀၀)ဦးမှာ မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာရန် လမ်းခရီးပိတ်ထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရခြင်းလည်းဖြစ်သည်။

ရွှေကူမှ မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာမည့် အဆိုပါ စစ်ရှောင်ပြည်သူများမှာ ရွှေကူမြို့ပေါ် ရှိ ဘုန်းကြီးကျောင်း(၄) နေရာတွင် ရောက်ရှိခိုလှုံနေကြခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရွှေကူ-မန္တလေး-လမ်းပိုင/

Popular Journal

03 Jan, 09:05


အကယ်ဒမီဆုအတွက် ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုနေ

အကယ်ဒမီဆု ချီးမြှင့်ရန်အတွက် ဇာတ်ကား (၁၈) ကားကို ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။

ဒုတိယအကြိမ် အကဲဖြတ်ပြီး ပြန်လည်ကြည့်ရှုမည့် ဇာတ်ကားများသည် (၁)မရဲ့အေးခဲသွားကြသူများ၊ (၂)ဖုန်းရွှေ၊(၃)ဘိုးတော်ကင်း၊ (၄) အရက်စက်ဆုံးအနမ်း၊(၅)သံယောဇဉ်တွေသာ ကျ-ည်ဆန်ဖြစ်ခဲ့ရင်၊ (၆) ယောက်ကျားကောင်း အတောင်နှစ်ဆယ်၊(၇)တခုတ်တရ၊ (၈)အစိုးမရ အနတ္တ၊(၉) စိတ်ကကြိုး၊ (၁၀)နှောင်၊ (၁၁)သဘင်သည် မြနှင်းဆီ၊ (၁၂) အိပ်မက်ကာရန်၊ (၁၃)မီး၊ (၁၄)ချစ်သူသည်သာ ပန်းတစ်ပွင့်ဖြစ်လျှင်၊ (၁၅) နို့ထမင်း၊ (၁၆)တိမ်ပန်းချီ၊ (၁၇)မိတင်စိန်၊(၁၈)မေတ္တာ ဆိုသည့် ဇာတ်ကားများ ဖြစ်ကြသည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို လာမည့်နှစ် ဖေဖော်ဝါရီ (၉) ရက်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အကယ်ဒမီဆုအတွက်-ဒုတိယအကြ/

Popular Journal

03 Jan, 08:33


သီလဝါတွင် ဆိပ်ကမ်းတံတား (၃) ခု တည်ဆောက်မည်

သီလဝါ ဆိပ်ကမ်းဧရိယာအတွင်း ဆိပ်ကမ်းတံတား (၃) ခု တည်ဆောက်မည်ဖြစ်ကာ တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ (၆၁) သန်း ရင်းနှီးမြှုပ်နှံသွားရန်ရှိကြောင်း သိရသည်။

ယင်း ဆိပ်ကမ်းတံတား (၃) ခုကို လုပ်ကွက်အမှတ် (၂၇)၊ (၂ ၈)၊ (၂၉) တို့၌ တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် သဘောတူညီမှုစာချွန်လွှာကို ဇန်နဝါရီလ (၂) ရက်၊ နိုဗိုတယ်(ရန်ကုန်)၌ ရေးထိုးခဲ့ကြောင်းလည်း သိရသည်။

စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူများသည် Myanmar Edible Oil Industrial Public Corporation (MEICO) ၊ မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း (MAP CO) ၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက် (MAGDPL) တို့နှင့် တာဝန်ယူတည်ဆောက်မည့် Myanmar China Harbour Engine ering Co., Ltd. (MCHEC) တို့ ဖြစ်သည်ဟုလည်း BETV Business သတင်းဖော်ပြမှုအရ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/သီလဝါတွင်-ဆိပ်ကမ်းတံတား/

Popular Journal

03 Jan, 08:02


မိုဘိုင်းငွေကြေးလိ-မ်လည်မှုများနှင့် ပတ်သက်၍ စုံစမ်းတွေ့ရှိချက်များကို KBZ Pay ထုတ်ပြန်

ယခုရက်ပိုင်းအတွင်း KBZ Pay အကောင့်အချို့မှ ငွေလိ-မ်ထုတ်ခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ယနေ့ ဇန်နဝါရီလ (၃)ရက်၌ KBZ Payမှ စစ်ဆေးတွေ့ရှိမှုများကို ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်ကြောင့် KBZ Pay အသုံးပြုသူများကြား၌ ဒစ်ဂျစ်တယ်ငွေကြေးလုံခြုံမှုအပေါ် စိုးရိမ်မှုရှိနေကြခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ငွေကြေးလိ-မ်လည်မှု ဖြစ်စဉ်များသည် ဖုန်းဟန်းဆက်ပြောင်းလဲသည့်လုပ်ငန်းစဉ် (Device Change) အပေါ်၌ သက်ရောက်မှုရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိအချိန်၌ ငွေကြေးလိ-မ်လည်မှုများထပ်မံ မဖြစ်ပေါ်ရေးအတွက် KBZ Pay မှ ဖုန်း Operator အချို့၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ယာယီပိတ်သိမ်း ထားမည် ဖြစ်ကာ စစ်ဆေးမှုများပြုလုပ်ပြီးချိန် ဇန်နဝါရီလ (၇)ရက်မှသာ ပြန်လည်အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် KBZ Pay ဘက်မှ ငွေကြေးလိ-မ်လည်ခံလိုက်ရသည့် အသုံးပြုသူ (၃၁)ဦး၏ ဆုံးရှုံးသွားသည့် ငွေပမာဏအတိုင်း ကြိုတင်အစားထိုးစိုက်ထုတ်ပေးမှုများကို ပြုလုပ်ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Popular Journal

03 Jan, 07:41


အသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ် Week -1 အပြီး အဆင့်ရပ်တည်မှုများ MFF ထုတ်ပြန်

အသင်းပေါင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် FIFA -MFF U15 Boys League 2024-2025 Week-1 ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ အသင်းအလိုက် အဆင့်ရပ်တည်မှုစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အသင်းအလိုက် ရပ်တည်မှုအရ Royal Yangon FC က အဆင့်(၁)၊ Golden Light United FC က အဆင့်(၂)၊ Burmese Youth FC က အဆင့်(၃)၊ Shwe Phi Thar FC က အ ဆင့်(၄)၊ Mar Rein FCက အဆင့်(၅)ဖြင့် အသီးသီး ရပ်တည်နေကြသည်။

ထို့အတူ Yangon Focus FC၊ Southern Yangon Star FC၊ Artharwady FC၊ Mingalardon City FC၊ Yangon Taung zalatt FC၊ Mya Thida FC၊ The Honour FC တို့မှာ အဆင့်(၆)မှ (၁၂)အထိ အစဉ်လိုက် အသီးသီး ရပ်တည်နေကြကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အသက်-၁၅နှစ်အောက်-လူငယ်ဘ/

Popular Journal

03 Jan, 05:44


အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ဟုမ္မလင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက အင်အားအနည်း ငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ ၃ ရက်နံနက် ၁၁ နာရီ ၂ မိနစ် ၃၈ စက္ကန့်က ဟုမ္မလင်းမြို့၏ အရှေ့ဘက်(၄၂)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၅၇)ဒီဂရီ၊ အနက် (၁၅၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား တမူးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ ၏ထုတ်ပြန်ချက်အရ သိရသည်။

Popular Journal

03 Jan, 04:30


တာချီလိတ်မြို့ ပလက်ဖောင်းပေါ်တွင် ရောင်းချနေသည့် ဈေးဆိုင်များကို ပထမအကြိမ် ဖယ်ရှား

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ပလက်ဖောင်းများတွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးဆိုင်များ၏ ဆိုင်းဘုတ်နှင့် ကုန်ပစ္စည်းများကို ယမန်နေ့ ဇန်နဝါရီ(၂)ရက် ညနေပိုင်းအချိန်၌ ပထမအကြိမ် သတိပေးဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ စည်းကမ်းမဲ့ဈေးဆိုင်များ ဖယ်ရှားရှင်းလင်းမှုကို တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ထိပ် တံတား (၁) ၊ အဝိုင်းပတ်မှစတင်၍ မြို့ပြင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် နှင့် လမ်းဘေးပလက်ဖောင်းများတလျှောက်အလိုက်လံ စစ်ဆေးကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တာချီလိတ်မြို့-ပလက်ဖောင/

Popular Journal

27 Dec, 16:38


👉မုဒုံမြို့ရှိ မီးသဂြိုလ်စက်မှမီးကြိုးများ ဒုတိယအကြိမ်ထပ်မံခိုးယူခံရပြီး ခိုးယူသူများမှာ အမျိုးသမီး(၂)ဦးဖြစ်

👉ဗဟိုဘဏ်မှ ထိုင်းဘတ်နှင့်ယွမ်များ ထုတ်ရောင်းပေးခဲ့

👉အာဆီယံ မစ်ဆူဘီရှီဖလား ဆီမီးဖိုင်နယ်အဆင့် အိမ်ရှင်စင်ကာပူအသင်းကို ဗီယက်နမ်အသင်း ဂိုးပြတ်ဖြင့် အနိုင်ရ

👉အာဆီယံနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေး

👉ဆင်အမွှာ ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လပြည့်မွေးနေ့ပွဲကျင်းပပြုလုပ်

👉ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌ အဖြူရောင်ကတ် ပြုလုပ်သူ များပြား

👉ယနေ့ သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲ ဖွင့်လှစ်

👉မြန်မာများဝင်နေကြ၍ မဏိပူရအစိုးရက ဗဟိုအစိုးရထံအကူအညီတောင်း

👉လာအိုနှင့်ထိုင်းတို့ကမူးယစ်တိုက်ဖျက်ရေးပူးပေါင်းကြိုးပမ်းရန်ကတိပြု

👉နန်းမယ်ခုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှစတင်ကာ မီးလောင်မှုဖြစ်

👉သံဃာတော်နှင့်သီလရှင်အပါး(၅၀၀)အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူ

👉ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါး(၃)မျိုးကို ပဲခူးမြို့တွင်ဖမ်းမိ

👉အိန္ဒိယသမုဒ္ဒရာဆူနာမီ အနှစ် ၂၀ ပြည့်အခမ်းအနားပြုလုပ်

👉ထိုင်းရဲက စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်ကိုဖော်ထုတ်နိုင်ခဲ့

Popular Journal

27 Dec, 16:38


🌏27.12.2024 သတင်းအစုံအလင်🌏

👉နိုင်ငံ့ကြွေးမြီအခြေအနေ မပြောင်းလဲပါက အမေရိကန်သည် ဒေဝါလီခံရနိုင်ဟု အီလွန်မတ်ပြော

👉ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဖို့ တရုတ်နှင့်ဂျပန်သဘောတူခဲ့ကြ

👉အိန္ဒိယနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ မန်မိုဟန်ဆင်းကွယ်လွန်

👉ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများကို ပြည်မကြီးကပံ့ပိုးကူညီမည်

👉မုဒီတာအိမ်ယာအတွင်း မီးစက်နှိုးထားရာမှ အမျိုးသား(၅)ဦးမီးခိုးမွှန်ကာအသက်ရှူကြပ်

👉တရုတ်နိုင်ငံ တဲဟုန်ပြည်နယ်ခွဲသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

👉ယခုနှစ် ဆောင်းရာသီ အခြေခံလက်ဝှေ့သင်တန်း ပို့ချမည်

👉ပြည်တွင်း၌ ထုတ်လုပ်သော ကုန်ပစ္စည်းအချို့ကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုမည်

👉တရုတ်နိုင်ငံသားခရီးသွားများအတွက် အပျော်စီးသင်္ဘောခရီးစဉ်များစီစဉ်ဆောင်ရွက်ရန်ဆွေးနွေး

Popular Journal

27 Dec, 16:37


ထိုင်းရဲက စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်ကိုဖော်ထုတ်နိုင်ခဲ့

ဘန်ကောက်၊ဒီဇင်ဘာ ၂၇

ထိုင်းနည်းပညာရဲတပ်ဖွဲ့သည် နယ်မြေပြောင်းလှုပ်ရှားနေသည့် စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်တစ်ခုကို ဖော်‌ထုတ်တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများသည် ပုံမှန်အားဖြင့် ကမ္ဘောဒီးယားအခြေစိုက် လုပ်ငန်းများသာဖြစ်ကြပြီး စင်္ကာပူအခြေစိုက်သည်မှာရှားပါးသည်။ယခုဖော်ထုတ်တွေ့ရှိမှုသည် အသက် ၁၉ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးနှင့်၎င်း၏ချစ်သူမိန်းကလေးကို ဘန်ကောက်၌ဖမ်းမိရာမှ ကွင်းဆက်ရခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယား၊မြန်မာနှင့်လာအိုကဲ့သို့ အိမ်နီးချင်းနိုင်ငံများအစား လိမ်လည်သူများသည် စင်ကာပူမှတစ်ဆင့် ၎င်းတို့၏ လိမ်လည်ရာတွင်သုံးသည့်ဖုန်းများကို လမ်းကြောင်းပြောင်းနေခြင်းဖြစ်ကြောင်း နည်းပညာမှုခင်းနှိမ်နင်းရေးဌာနကဖော်ပြခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ထိုင်းရဲက-စင်္ကာပူအခြေစ/

Popular Journal

27 Dec, 16:35


အိန္ဒိယသမုဒ္ဒရာဆူနာမီ အနှစ် ၂၀ ပြည့်အခမ်းအနားပြုလုပ်

လူပေါင်းနှစ်သိန်းသုံးသောင်းခန့်‌ေ-သဆုံးခဲ့ရသည့် အိန္ဒိယသမုဒ္ဒရာဆူနာမီသည် အနှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ကာ ‌ေ-သဆုံးခဲ့သူများ၏ မိသားစုဝင်များက အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနား၌ ဆူနာမီအတွင်း‌ေ-သဆုံးသွားပြီး မိသားစုများနှင့်အဆက်သွယ်မရသည့် အမည်မသိ‌ေ-သဆုံးသူ ၁၄,၀၀၀ အားမြှုပ်နှံထားသည့် သင်္ချိုင်းသို့ လူအများအပြားလာရောက်ကာ လွမ်းသူ့ပန်းခွေများလာချခဲ့ကြသည်။

"ကျွန်တော့်မိသားစုဝင်တွေ ဘယ်ရောက်သွားလဲမသိသလို ပြန်လဲရှာမတွေ့ခဲ့ပါဘူး၊ဒါကြောင့် နှစ်တိုင်းဒီနေရာလာပြီး ပန်းခွေချတာကလွဲရင်တခြားဘာမှမလုပ်နိုင်ပါဘူး" ဟု လွန်ခဲ့သည့်အနှစ် ၂၀ က သဘာဝ‌ဘေးအတွင်း သားနှစ်ဦးကိုဆုံးရှုံးခဲ့ရသည့် ဖခင်တစ်ဦးကပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အိန္ဒိယသမုဒ္ဒရာဆူနာမီ-အ/

Popular Journal

27 Dec, 15:54


သံဃာတော်နှင့်သီလရှင်အပါး(၅၀၀)အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ-တ ရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအသင်းတို့ပူးပေါင်း၍ ဒီဇင်ဘာ ၂၅ ရက်က သံ ဃာတော်နှင့်သီလရှင်အပါး(၅၀၀)အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ကြသည်။

မြန်မာသံဃာတော်နှင့် တရုတ်သံဃာတော် (၄၇၇)ပါး၊ တရုတ်သီလရှင်(၂၃)ပါး(စုစုပေါင်း ၅၀၀ ပါး)အား သတ်သတ်လွတ်ဆွမ်းနှင့်ဆွမ်း ဟင်းများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

Popular Journal

27 Dec, 15:24


လေ့ကျင့်မှုများပြုလုပ်နေ

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် လာမည့် ၂၀၂၅ ခုနှစ်အတွင်း၌ ယှဥ်ပြိုင်ကစားရမည့် နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲစဉ်များအတွက် လေ့ကျင့်မှုများပြုလုပ်နေသည်ကိုတွေ့ရစဥ်-

Popular Journal

21 Nov, 13:51


ခေတ္တရှေ့နေချုပ်ဟောင်းကိုထရမ့်ပ်က နေတိုးသံတမန်အဖြစ်ခန့်အပ်

ဝါရှင်တန်၊နိုဝင်ဘာ ၂၀

အမေရိက၏ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်က နေတိုးသံတမန်အဖြစ်တာဝန်ထမ်းဆောင်ရန် အမေရိက၏ ခေတ္တရှေ့နေချုပ်ဟောင်း မက်သရူးဝီကာကိုခန့်အပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

ဆိုရှယ်မီဒီယာကြေငြာချက်တစ်ခု၌ ထရမ့်ပ်က “မက်သရူးက ကျွန်တော်တို့နဲ့ နေတိုးမဟာမိတ်တွေကြား အကောင်းဆုံးခိုင်မာစေနိုင်မည့်သူတစ်ဦးဖြစ်သလို ငြိမ်းချမ်းရေးကိုခြိမ်းခြောက်နေသည့် ခြိမ်းခြောက်မှုများအား အခိုင်အမာကာကွယ်ကာ အမေရိကအတွက် ဦးစားပေးလုပ်ဆောင်ပေးမဲ့သူမျိုးပါ” ဟုဆိုခဲ့သည်။

ယခင် ထရမ့်ပ်အစိုးရလက်ထက် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် အမေရိက၏ ခေတ္တရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မက်သရူးသည် အိုင်အိုဝါတောင်ပိုင်းခရိုင်၏ ရှေ့နေချုပ်ဟောင်းတစ်ဦးလည်းဖြစ်ကာ ၎င်းသည် အိုင်အိုဝါတက္ကသိုလ်မှဘွဲ့ရခဲ့သူတစ်ဦးလည်းဖြစ်သည်။

မက်သရူးကို နေတိုးသံတမန်အဖြစ်ခန့်အပ်မှုသည် သမ္မတဘိုင်ဒင်က ယူကရိန်းကို အမေရိကန်ထုတ်တာဝေးပစ်ဒုံးကျည်များနှင့် ရုရှားပိုင်နက်ထဲအထိ တိုက်ခိုက်အသုံးပြုခွင့်ပေးလိုက်ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

Source : ရှင်းဟွာ

Popular Journal

21 Nov, 13:31


ဗာတီကန်သံရုံးသည် IBEC ကျောင်းတော်ကြီးအတွက်"ငြိမ်းချမ်းရေးမဟာမိတ်"အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်ဟု IBEC ဆရာတော်မိန့်ကြား

မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံရုံးသည် IBEC ကျောင်းတော်ကြီးအတွက်"ငြိမ်းချမ်းရေးမဟာ မိတ်"အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်သည်ဟု IBEC ဆရာတော်က သံရုံးတာဝန်ရှိသူနှင့် ယနေ့ နိုဝင်ဘာ ၂၁ ရက်ကတွေ့ဆုံစဥ် မိန့်ကြားတော်မူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုအခါတွင်သာမက နောင်အခါတွင်လည်း ငြိမ်းချမ်းရေး၊ ဘာသာသာသနာရေးတို့ကိုပါ အပြန်အလှန်နားလည်မှုဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်လိုသည်ဟုလည်း မိန့်ကြားတော်မူခဲ့သည်။

IBEC ဆရာတော်သည် နိုဝင်ဘာ ၂၅ ရက်တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်တက်ရောက်မည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသို့ Universal Peace Council ၏အထူးဖိတ်ကြားမှုအရ တက်ရောက်တော်မူသွားမည်ဖြစ်သည်။

အဆိုပါ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် IBEC ဆရာတော်သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်တော်မူခဲ့သည်။

Popular Journal

21 Nov, 13:11


တောင်တရုတ်ပင်လယ်တင်းမာမှုပြေလည်ရေး ဗီယက်နမ်နှင့် မလေးရှား ကြိုးပမ်း

နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်ခဲ့ပြီးနောက် ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် တောင်တရုတ်ပင်လယ်ဒေသတွင် ငြိမ်းချမ်းရေး ကို ထိန်းသိမ်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့ သဘောတူညီခဲ့ကြသည်။

“တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဘေးကင်းရေးနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာရေးနှင့် ပျံသန်းရေးကို ထိန်းသိမ်းရန်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးကိုမြှင့်တင်ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ ကတိပြုခဲ့သည်” ဟု ပူထရာဂျာယာတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဗီယက်နမ်ပါတီအကြီးအကဲ တိုလမ်က ပြောဆိုခဲ့သည်။

ငါးဖမ်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး ဖြစ်နိုင်ခြေကို ဆန်းစစ်၍ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ အမှန်တကယ်အလုပ်လုပ်နိုင်စေရန် သဘောတူခဲ့သည်ဟု အန်ဝါက ပြောဆိုခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တောင်တရုတ်ပင်လယ်တင်းမာ/

Popular Journal

21 Nov, 12:50


အိန္ဒိယဘီလျံနာအဒါနီ လာဘ်ပေးလာဘ်ယူမှုဖြင့်တရားစွဲခံရ

ဝါရှင်တန်၊နိုဝင်ဘာ ၂၁

အိန္ဒိယမှ ဘီလျံနာသူဌေးကြီးဂေါတန်အဒါနီကို အမေရိကအစိုးရရှေ့နေများက လာဘ်ပေးလာဘ်ယူရန်ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲထားကြောင်းသိရသည်။

မစ္စတာအဒါနီကို နေရောင်ခြည်စွမ်းအင်သုံးစီမံချက်တစ်ခုအတွက် ဒေါ်လာသန်း ၂၅၀ ကျော်ကို အိန္ဒိယအရာရှိများကို လာဘ်ထိုးရန်သဘောတူညီခဲ့သည်ဟူသောအချက်ဖြင့် တရားစွဲထားခြင်းဖြစ်ပြီး ၎င်းသည် လက်ရှိ ဝန်ကြီးချုပ် နရင်ဒရာမိုဒီကို ထောက်ခံအားပေးသူတစ်ဦးဖြစ်သည်။

အဆိုပါစီမံချက်သည်အကောင်အထည်ဖော်ပြီးပါက အခွန်ဆောင်ပြီးနောက် ကန်ဒေါ်လာ ၂ ဘီလျံအထိ အမြတ်အစွန်းရနိုင်သည်ဟုလည်းဆိုထားသည်။လက်ရှိအချိန်တွင် မစ္စတာအဒါနီကို ဖမ်းဝရမ်းထုတ်ထားသည်ဟုလည်းသိရသည်။

လက်ရှိအချိန်၌ မစ္စတာအဒါနီသာမက ၎င်းနှင့်အတူအခြားစီးပွားရေးလုပ်ငန်းရှင်ခုနစ်ဦးတို့သည် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို အကျိုးရှိစေမည့် အမြတ်အစွန်းများသည်စာချုပ်များအားချုပ်ဆိုနိုင်ရန် အိန္ဒိယအရာရှိများအား လာဘ်ထိုးရန်ကြိုးစားခဲ့ကြသည်ဟူသော စွဲချက်များဖြင့် အသီးသီးတရားစွဲဆိုခံထားရကြောင်းသိရသည်။

Source : ဖရန့်စ်24

Popular Journal

21 Nov, 12:31


နိုဝင်ဘာ တတိယ(၁၀)ရက်ပတ်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ တတိယ(၁၀)ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ် နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ၄ ရက်မှ ၆ ရက်ခန့် ရွာသွန်းမြဲခန့် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ညအပူချိန်များပိုနိုင်သည်ဟုလည်း အသိပေးခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/နိုဝင်ဘာ-တတိယ၁၀ရက်ပတ်အ/

Popular Journal

21 Nov, 12:21


စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ်(၂၇)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိ

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးအား ငွေကျပ်(၂၇) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ နိုဝင်ဘာ ၅ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက်နံနက် ၅ နာရီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝဘက်မှ ကလေးဘက်သို့ စိန်လွင်မောင်းကာ ချစ်စန်းကို လိုက်လာသည့် FUSO ၁၂ ဘီးကားကိုရှာဖွေစစ်ဆေးရာ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ယင်း မူးယစ်ဆေးဝါးများအား မန္တလေးမြို့မှ ကလေးမြို့သို့တင်ပို့ရောင်းချခဲ့သည့် မြင့်နိုင်ဦး(ခ)မောင်စိုးနှင့် ဇော်ဝင်းထွန်း(ခ) နိုင်ဝင်းထွန်း(ခ)နားကားတို့အား

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/စစ်ကိုင်းတိုင်းနှင့်-မန/

Popular Journal

21 Nov, 12:07


ကန်ကာကွယ်ရေးဝန်ကြီးနှင့်တရုတ်ကာကွယ်ရေးဝန်ကြီး မဆွေးနွေးပါ

လာအိုနိုင်ငံတွင်ကျင်းပ ပြုလုပ်နေသည့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အောစတင်နှင့် တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို တရုတ်ကာကွယ်ရေးဝန်ကြီးက လက်မခံငြင်းဆန်လိုက်ရာ ယင်းသို့ ငြင်းဆန်ခြင်းကို စိတ်မကောင်းစရာဖြစ်ရပ်အဖြစ် ပင်တဂွန်အကြီးအကဲက နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။

အာရှ နိုင်ငံပေါင်းစုံမှ လုံခြုံရေးအရာရှိများ၏ အစည်းအဝေးအတွင်း အမေရိကနှင့် တရုတ် ကာကွယ်ရေးခေါင်းဆောင်များအကြား ယခင်က တွေ့ဆုံဆွေးနွေးကြလေ့ရှိခဲ့သည်။ သို့ရာတွင် ယခုသီတင်းပတ်၏ အာဆီယံနှင့် အခြားဆွေးနွေးဖက်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးတွင်မူ မစ္စတာ အော်စတင်၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို တရုတ်ဘက်က ငြင်းပယ်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ကန်ကာကွယ်ရေးဝန်ကြီးနှင/

Popular Journal

21 Nov, 11:46


ပြင်ဦးလွင်တွင် ကုန်စုံဆိုင် (၁)ဆိုင် မီးလောင်မှု ဖြစ်ပွား

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၀)၊ နဝရတ်လမ်းရှိ ကုန်စုံဆိုင် (၁)ဆိုင်တွင် ယနေ့ နိုဝင်ဘာ (၂၁)ရက် ၊ နနက် (၁၀)နာရီ (၅၈)မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းနှင့် (၃)မိုင်ခန့်အကွာ၊ နဝရတ်လမ်းရှိ ကုန်စုံဆိုင်(၁)ဆိုင် မီးလောင်နေကြောင်း သတင်းအရ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ပြင်ဦးလွင်တွင်-ကုန်စုံဆ/

Popular Journal

21 Nov, 11:31


အင်ဒိုအသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် မြန်မာအမျိုးသမီးဖူဆယ်အသင်း တတိယ‌ နေရာဖြင့် လွဲချော်

ယနေ့ နိုဝင်ဘာ (၂၁) ရက် ၊ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားသည့် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို (၄) ဂိုး (၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး တတိယ နေရာဖြင့် လွဲ‌ချော်ခဲ့ပြီဖြစ်သည်။

မြန်မာအသင်း အနေဖြင့် အင်ဒိုနီးရှားအသင်းနှင့် အုပ်စုအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့စဉ်ကလည်း (၇) ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားသည်။

ထို့ကြောင့် အင်ဒိုနီးရှားအသင်းသည် ၂၀၂၄ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာကို ရပ်တည်နိုင်ခဲ့သည်။

ဗိုလ်လုပွဲစဉ်အတွက် ထိုင်းအသင်းနှင့်ဗီယက်နမ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ၊ ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

Popular Journal

21 Nov, 11:22


တရုတ်နှင့်လာအိုက လူသားချင်းစာနာသောကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁

တရုတ်နှင့်လာအိုတို့သည် "Peace Train-2024" အမည်ရှိ လူသားချင်းစာနာမှု‌ေသာ ဆေးကုသကယ်ဆယ်ရေးလေ့ကျင့်ခန်းကို လာအိုနိုင်ငံအလယ်ပိုင်း ဗီယန်ကျန်းပြည်နယ် Phonhong ခရိုင်ရှိ Phonhong ရထားဘူတာ၌ ပြုလုပ်လေ့ကျင့်ခဲ့ကြောင်းသိရသည်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နှင့် လာအို စစ်ဘက်ဆိုင်ရာ ပူးတွဲကွပ်ကဲမှု နှင့် ပူးတွဲကယ်တင်ခြင်းများကို အဓိကထား လေ့ကျင့်ခဲ့သည်ဟုလည်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/တရုတ်နှင့်လာအိုက-လူသားခ/

Popular Journal

14 Nov, 04:21


ရှီနှင့် ဘိုင်ဒင်တို့ အေပက်အစည်းအဝေးပြင်ပ၌တွေ့ဆုံမည်

လီမာ၊နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် အိမ်ဖြူတော်မှမထွက်ခွာမီ နောက်ဆုံးအနေဖြင့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (အေပက်) ပြင်ပ၌ တရုတ်သမ္မတရှီနှင့်တွေ့ဆုံမည်ဖြစ်ကြောင်းသိရပြီး အင်အားကြီးနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုများကို အဓိကထားပြောကြားသွားမည်ဖြစ်သည်ဟုလည်းသိရသည်။

ယခုအစည်းအဝေးသည် သမ္မဘိုင်ဒင်၏နောက်ဆုံးအစည်းအဝေးဖြစ်သဖြင့် ကမ္ဘာ့အင်အားကြီး စီးပွားရေးနှစ်နိုင်ငံအကြား ဆက်ဆံရေးတည်ငြိမ်မှုရရှိစေ‌ေရးကိုအလေးပေးပြောကြားရန် ယခုအစည်းအဝေးကိုအသုံးပြုနိုင်ချေရှိသည်ဟုလည်း ဘိုင်ဒင်၏သမ္မတရုံးကပြောကြားခဲ့သည်။

တရုတ်နှင့်အမေရိကနှစ်နိုင်ငံ ဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာကကျင်းပပြုလုပ်ခဲ့သည့် အေပက်ထိပ်သီးအစည်းအဝေးပြင်ပ၌ သမ္မတနှစ်ဦး၏တွေ့ဆုံမှုအပြီးနောက်ပိုင်း တိုးတက်မှုတချို့ရှိလာခဲ့သည်။ ယင်းနောက် အဆင့်မြင့်အရာရှိများအကြား စစ်ရေးအရတွေ့ဆုံဆွေးနွေးမှုများကိုလည်း ယခုနှစ်ဇန်နဝါရီလကပြုလုပ်ခဲ့ကြသည်။

သမ္မတဘိုင်ဒင်နှင့်သမ္မတရှီတို့သည် တစ်ဦးနှင့်တစ်ဦးသိနေကြသည်မှာကြာပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ဒုတိယသမ္မတများဘဝကတည်းက သိနေကြသူများဖြစ်သဖြင့် ယခုတွေ့ဆုံဆွေးနွေးမှုတွင် အခြားအကြောင်းအရာများကိုပါထည့်သွင်းဆွေးနွေးသွားနိုင်ကြောင်းလည်းခန့်မှန်းထားကြသည်။

နှစ်နိုင်ငံဆက်ဆံရေးအပြင် ဉာဏ်ရည်တု၊ထိုင်ဝမ်အရေး၊တောင်တရုတ်ပင်လယ်အရေးနှင့် လူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာကိစ္စများကိုပါ ထည့်သွင်းဆွေးနွေးသွားနိုင်ခြေရှိသည်ဟုလည်းသိရသည်။ နောက်တက်မည့်သမ္မတထရမ့်ပ်လက်ထက်၌မူ တည်ငြိမ်နေသည့်နှစ်နိုင်ငံဆက်ဆံရေးသည် ပြန်လည်ချွတ်ချော်သွားနိုင်သည်ဟုလည်း ပညာရှင်များကခန့်မှန်းနေကြသည်။

ထရမ့်ပ်ကမူ တရုတ်နှင့်အမေရိကကြားရှိနေသည့် ကုန်သွယ်ရေးစနစ်သည် သမမျှတမှုမရှိသဖြင့် တရုတ်တင်သွင်းကုန်များကို အခွန်စည်းကြပ်မှု ၆၀ ရာခိုင်နှုန်းအထိပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းပြောကြားထားသည်။

“နောင်တက်မဲ့အစိုးရအနေနဲ့ကတော့ တင်းမာရှုပ်ထွေးတဲ့ဆက်ဆံရေးမျိုးတွေကိုထပ်မဖြစ်လာစေဖို့ စီမံလုပ်ဆောင်ပြီး နည်းလမ်းဖော်ဆောင်ဖို့တော့လိုပါလိမ့်မယ်” ဟုလည်း ဘိုင်ဒင်အစိုးရ၏ အရာရှိတစ်ဦးကပြောကြားခဲ့သည်။

Source : နစ်ကေးအေးရှား

Popular Journal

14 Nov, 04:21


ရှီနှင့် ဘိုင်ဒင်တို့ အေပက်အစည်းအဝေးပြင်ပ၌တွေ့ဆုံမည်

Popular Journal

14 Nov, 03:26


စီးတီးဘတ်စ် ကားများဖြင့် YBS 18 ယာဉ်လိုင်းကို လာမည့် နိုဝင်ဘာ တတိယအပတ်တွင် စတင်ပြေးဆွဲမည်

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းတစ်လိုင်းဖြစ်သော YBS 18 ယာဉ်လိုင်းတွင် စီးတီးဘတ်စ်
ယာဉ်ကြီးများကို အသုံးပြ၍ နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်လိုင်းသည် ယခင်က မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲလျက်ရှိပြီး နောက်ပိုင်းတွင် ယာဉ်လိုင်းနံပါတ်သာရှိသော်လည်း ယာဉ်ပြေးဆွဲမှုမရှိသည့် လိုင်းအဖြစ်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် အဆိုပါယာဉ်လိုင်းအသုံးပြုနေသော ခရီးသည်များ၏ အခက်အခဲအတွက် ယာဉ်လိုင်းကုမ္ပဏီများနှင့် YRTC မှ တာဝန်ရှိသူများ ညှိနှိုင်းကြပြီး ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ စီးတီးဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲခြင်းလည်း ဖြစ်သည်။

ပြေးဆွဲမည့် လမ်းကြောင်းသည် (ဂိတ်ရင်း)လှော်ကားလမ်းခွဲ - ထောက်ကြံလမ်းဆုံ - ဝါယာလက် - မဂ်လာဒုံ - ခရေပင်လမ်းခွဲ- အမှတ်(၃)လမ်းဆုံ - အောင်မဂ်လာ(အဝေးပြေး)-(၆)ကွေ့ -သုဓမ္မာလမ်း - မြေက်ဥက္ကလာပအဝိုင်း-ဘေလီ - စံပြဈေး - တောင်မြောက်လမ်းဆုံ- ယဉ်ကျေးမှုတက္ကသိုလ်- (ဂိတ်ဖျား) တိူ့ဖြစ်ကြောင်း သိရသည်။

Popular Journal

14 Nov, 03:23


လှိုင်မြစ်ကူး၊ရွှေပြည်သာတံတား ရေလမ်း‌ကြောင်းပြောင်းလဲမည်

တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှုကာကွယ်ရေးများဆောင်ရွက်ရန်အတွက် လှိုင်မြစ်ကူး၊ရွှေပြည်သာတံတားရေလမ်း ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

ယနေ့နိုဝင်ဘာ (၁၄) ရက်မှစတင်ကာ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၂)နှင့် (၃)အကြားတွင် ပြောင်းလဲဖွင့်လှစ်မည်ဟုလည်း သိရသည်။

ယခင်ကမူ ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၃)နှင့် (၄)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၂)နှင့် (၃)အကြားမှလည်းကောင်း ဖွင့်လှစ်ထားခဲ့ပြီး အခုအခါ ရေအလယ်တိုင်အမှတ်(၂) နဲ့(၃)ကြားမှသာ အစုန်အဆန်သွားကြရတော့မည် ဖြစ်သည်။

Popular Journal

14 Nov, 03:20


"ကျွန်တော်တို့အားလုံး ကစားသမားတွေကို ယုံကြည်တယ်"ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းပြော

ကျွန်တော်တို့အားလုံး ကစားသမားတွေကို ယုံ ကြည်တယ်"ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းမှ စင်ကာပူလက်ရွေး စင်အသင်းနှင့်ယှဥ်ပြိုင်ကစားမည့် ခြေစမ်းပွဲအ တွက် နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့ခြင်းဖြစ် သည်။

"ကျွန်တော်တို့အားလုံး ကစားသမားတွေကို ယုံ ကြည်တယ်။ သူတို့ အကောင်းဆုံးလုပ်ပြပြီး ရ လဒ်ကောင်းတစ်ခုရယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ကစားသမားအချို့ ဒဏ်ရာရတာ၊ ပွဲပယ်တာတွေကြောင့် လူမစုံပေမယ့် ဒါကို စိတ် ပျက်နေလို့မရပါဘူး"ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။

ထို့ပြင် မိမိတို့အသင်းတွင် ကစားသမားအားလုံးကို Key Players များအဖြစ်သဘောထားကာ ယ ခုခြေစမ်းပွဲသည် အာဆီယံချန်ပီယံရှစ်အတွက်အကျိုးရှိ၍ စင်ကာပူအသင်းနှင့်ခြေစမ်းပွဲစဥ်သည် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်ကာ စင်ကာပူအသင်းအကြောင်းအား လေ့လာထားရာ အသင်းကောင်းတစ်သင်းဖြစ်၍ လေးလေးစား စားဖြင့် ယှဉ်ပြိုင်သွားမည်ဟုပြောသည်။

ထို့အတူ မြန်မာ့လက်ရွေးစင်အသင်းခေါင်း ဆောင်မောင်မောင်လွင်မှလည်း မိမိတို့အသင်းသည် ထိုက်သင့်သလောက်လေ့ကျင့်ချိန်ရခဲ့ပြီး တစ်ပတ်တာကာလအတွင်း၌ နည်းပြဖြစ်စေချင်သည့်အတိုင်း အားလုံးကြိုးစားပြင်ဆင်ခဲ့ကြသည်ဟု ပြောသည်။

" စင်ကာပူအသင်းလည်း သူတို့သေသေချာချာ ပြင်ထားမှာပါဘဲ။ ကျွန်တော်တို့ကလည်း သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေ လေ့လာရပါတယ်။ ကျွန်တော်တို့ ဘယ်လိုအခွင့်အရေးတွေ ဖန်တီးပြီး လိုချင်တဲ့ရလဒ်ရဖို့ ကြိုးစားမလဲဆိုတာ၊ သူတို့အားနည်းချက်ကို ဘယ်နည်းနဲ့အသုံး ချမလဲဆိုတာ ပွဲအတွင်းကြိုးစားရမှာပါ"ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက် ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအဖြစ် မနက်ဖြန် နို ဝင်ဘာ ၁၄ ရက်ည ၆ နာရီခွဲ(မြန်မာစံတော်ချိန်) တွင် စင်ကာပူအမျိုးသားအားကစားကွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကာ သတင်းစာရှင်း လင်းပွဲအပြီးတွင် မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူအမျိုးသားအားကစားကွင်းတွင် Official Training ပြုလုပ်ခဲ့ကြောင်း သိရသည်။

Popular Journal

14 Nov, 03:20


"ကျွန်တော်တို့အားလုံး ကစားသမားတွေကို ယုံကြည်တယ်"ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းပြော

Popular Journal

13 Nov, 17:27


👉ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ယခုလအတွင်း လျှောက်ထားရမည်

👉ရွှေလီမြို့တွင် နိုင်ငံခြားသားဝန်ထမ်းများအတွက် "ပေါက်ဖော်ချစ်ကြည်ရေးအာမခံ”အစီအစဥ်မိတ်ဆက်

👉တရုတ်သို့ ဆန်/ဆန်ကွဲ တင်ပို့ရန် GACC တွင် မှတ်ပုံတင်နိုင်ရေး နှစ်နိုင်ငံ စိစစ်‌ဆောင်ရွက်နေ

👉သာစည်-မန္တလေးရထားလမ်းပိုင်း၌ နိုဝင်ဘာ ၁၁ ရက်မှစတင်၍ RBE ရထားများဖြင့်ပြေးဆွဲပေး

👉မြန်မာတွင် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးနှင့် ယူနီဆက်တို့ ဆွေးနွေး

👉အစိုးရလုပ်ငန်းများတွင်ကျယ်ရေးဌာနသစ်ကိုအီလွန်မတ်စ်ဦးဆောင်မည်

👉တနင်္သာရီတိုင်းအတွင်းရှိ ဘုရားထံ(ဌာန်) ကျောက်တောင်ဂူအား ထိန်းသိမ်းရေး လုပ်ဆောင်ရန် လိုအပ်နေ

👉ဗဟိုဘဏ်မှ ဘတ် ၁၄ သန်းကျော်ထပ်မံထုတ်ရောင်း

👉တန်ဆောင်တိုင်ပိတ်ရက်၌ ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးရထားများပြေးဆွဲပေးမည်

👉မူးယစ်ဆေးဝါးစစ်ဆင်ရေးအမြန်စုံစမ်းပါ အိုင်စီစီ--ဒူတာတေး

👉ပြည်သူ့ရင်ပြင်တွင် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ကျင်းပမည်

👉ရွှေတိဂုံစေတီတော် (၃၆)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ရန် ပြင်ဆင်နေ

👉သီတဂူဆရာတော်ကြီးအား ရုရှားနိုင်ငံ၊ ဘုရားတီးရားပြည်နယ်အကြီးအကဲလာရောက်ဂါရဝပြု

👉နစက ဥက္ကဋ္ဌ မာရဝိဇယကျောင်းတော်၌ ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်း

👉မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန် ဆောင်တိုင်မီးထွန်းပွဲတော်၌ မီးပုံးပျံငယ်အလုံး (၅၀၀)နှင့် စိန်နားပန် မီးပုံးပျံများ၊ ညမီးကျည်(ညမီးကြီး)မီးပုံပျံများကို လွှတ်တင်ပူဇော်

👉စိန်နားပန်မီးပုံးပျံဖြင့်လွှတ်တင်ပူဇော်ယှဉ်ပြိုင်ခဲ့သည့် MOFA

Popular Journal

13 Nov, 17:27


🌏13.11.2024 သတင်းအစုံအလင်🌏

👉ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိ သားစုများ၏ မဟာဘုံကထိန်အလှူတော်သို့ နစက ဥက္ကဋ္ဌတက်ရောက်

👉ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

👉ဘုရင့်နောင်လမ်းမပေါ်တွင် ကွန်တိန်နာ(၂)စီး ဆင့်တို-က်မှုဖြစ်ပွား၊ ယာဉ်မောင်း ခေါင်းခန်းထဲည-ပ်နေ၍ ကယ်ထုတ်ကာ ဆေးရုံသို့ ပို့ဆောင်

👉အိန္ဒိယသံရုံးမှ ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ရာမယဏ အနုပညာပြပွဲကျင်းပပြုလုပ်

👉ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ယှဉ်ပြိုင်မည့် အားကစားသမားများ အုပ်ချုပ်သူ/ နည်းပြများကို အားကစား လေ့ကျင့်ရေးစခန်းတွင် ထားမည်

👉အိန္ဒိယခရီးစဉ် သွားရောက်ခဲ့ကြသည့် နိုင်ငံရေးပါတီအစုအဖွဲ့များ ဖက်ဒရယ်စနစ်ဆိုင်ရာကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြဟုဆို

👉ထရမ့်အစိုးရ၏ DOGE ဌာကို အီလွန်မတ်စ် ဦးဆောင်ကိုင်တွယ်သွားမည်

👉ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ဘရာဇီးဖိုက်တာ ပွဲပျက်

👉တရုတ်နှင့်ရုရှားတို့နှစ်စဉ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

👉(၆)ထပ်ကြီးဘုရား ကားမှတ်တိုင်အနီးတွင် အငှားယာဉ်တစ်စီး လမ်းဘေး ဓါတ်တိုင်အား ဝင်တို-က်

Popular Journal

13 Nov, 16:06


စိန်နားပန်မီးပုံးပျံဖြင့်လွှတ်တင်ပူဇော်ယှဉ်ပြိုင်ခဲ့သည့် MOFA

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ယနေ့ နိုဝင်ဘာ ၁၃ ရက်ညပိုင်းကကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)မှ စိန်နားပန်မီးပုံးပျံဖြင့် လွှတ်တင်ပူဇော်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

MOFA ၏ပြည်ထောင်စုဝန်ကြီးဦးဆောင်ကာ ဝန်ထမ်းများက စိန်နားပန်မီးပုံးပျံအား အတူတကွလွှတ်တင်ပူဇော်ယှဥ်ပြိုင်ခဲ့ကြပြီးနောက် ရောင်စုံမီးပုံးပျံသေးအလုံး(၁၀၀)ကိုလည်း လွှတ်တင်ပူဇော်ခဲ့ကြသည်။

MOFA မှလွှတ်တင်ပူဇော်သည့် စိန်နားပန်မီးပုံးပျံ ၏ အောက်ခံအရောင်အား အဖြူရောင်အသုံးပြုထားပြီး မီးပုံးပျံအပေါ်ဘက်နှင့်အောက်ဘက်တို့တွင် နိုင်ငံတော်အလံပါအရောင်များနှင့် MOFA ကိုယ်စားပြုသည့် ဝါ၊ စိမ်း၊ နီ၊ ပြာ အရောင်များအသုံးပြု၍ “နိုင်ငံခြားရေး”စာသားအား အပြာရောင်၊ မီးပုံးပျံကိုယ်ထည်တွင် လောကနတ်ပုံ၊ မီးပုံးပျံအောက်ဘက်တွင် MOFA စာတမ်းတို့ကို ချိတ်ဆွဲအလှဆင်ထားသည်။

Popular Journal

03 Nov, 15:09


ထန်းတပင်တွင် ရွှေဆိုင်ပိုင်ရှင်ကိုဓားဖြင့်ထောက်၍ ရွှေထည်များလုယက်ရန်ကြံစည်သူကို လုံးထွေးဖမ်းဆီးနိုင်ခဲ့

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့တွင် ယနေ့ နိုဝင်ဘာ ၃ ရက်နံနက် ၈ နာရီခန့်က ရွှေဆိုင်ပိုင်ရှင်ကိုဓားဖြင့်ထောက်၍ ရွှေထည်များလုယက်ရန်ကြံစည်သူကို ရဲတပ်ဖွဲ့ဝင်များမှ လုံးထွဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထန်းတပင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမဘေးတွင်ဖွင့်လှစ်ထားသော "စန်းသော် တာ"ရွှေဆိုင်အတွင်းသို့ ပြစ်မှုကျူးလွန်သူ မောင်ပြည့်စုံထွန်း(၁၉)နှစ်ရောက်ရှိလာကာ လက်စွတ်ဝယ်မည်ဟုပြောဆို၍ အရောင်းစာရေးမဖြစ်သူအား ရွှေထည်များကိုထုတ်ပြခိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြခိုင်းစဥ် မောင်ပြည့်စုံထွန်းမှ အသင့်ပါလာသည့် အရိုး၊အသွား(၈)လက်မခန့်ရှိ ဓားကိုထုတ်ကာ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူအမျိုးသား၏ လည်ပင်းအားဓားဖြင့်ထောက်၍ ရွှေထည်ပစ္စည်းများကိုထုတ်ခိုင်းကာ လုယက်ရန်ကြံစည်စဥ် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းက သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180729

Popular Journal

03 Nov, 14:56


(၆၉ )နှစ်မြောက် ကရင်ပြည်နယ်နေ့ ဒုံးအကပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုံးယိမ်းအဖွဲ့ လေ့ကျင့်ပြင်ဆင်

ယခု နိုဝင်ဘာ (၇) ရက်တွင်ကျရောက်မည့် (၆၉ )နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် ဒုံးအကပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ဒုံးယိမ်းအဖွဲ့များ လေ့ကျင့်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ (၃) ရက်တွင် လှိုင်းဘွဲ့ ၊ ပိုင်ကျုံဒုံးအသင်းတို့ ဘားအံမြို့ သီရိကွင်း ဒုံးစင်၌ လေ့ကျင့်ပြင်ဆင်ခဲ့ကြကြောင်း သိရသည်။

"မနက်ရော ညရော ရှိတယ်ဗျ။ တစ်ရက်ကို (၄/၅)ဖွဲ့လောက် လာပြီးလေ့ကျင့်ကြတယ်။ ပြိုင်ပွဲဝင် ဒုံးအသင်း ဘယ်နှစ်သင်းရှိလဲဆိုတာတော့ ကျွန်တော်မသိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်စဉ် နိုဝင်ဘာ (၇)ရက်ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ထားပြီး အဆိုပါ ပွဲတော်တွင် ဒုံးယိမ်းပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပကြကြောင်း သိရသည်။

ဓာတ်ပုံ - Saw Chaint Phaung

Popular Journal

03 Nov, 14:39


ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာလှေလှော်အသင်း

မြန်မာလှေလှော်အသင်းသည် ၂၀၂၅ ခုနှစ်၊ သြဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် တရုတ်နိုင်ငံ၊ ချန်ဒူးမြို့၌ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ခြင်းမှာ မြန်မာလှေလှော်အသင်းသည် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့က ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာကနူး လှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ၌ ရွှေတံဆိပ်(၁)ခုနှင့် ငွေတံဆိပ်(၁)ခုထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180725

Popular Journal

03 Nov, 14:19


ကမ်းလင့်လက်များလူမှုကူညီရေးအသင်းရုံးရှိ စစ်ရှောင်စခန်းကိုရုတ်သိမ်း

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ ကမ်းလင့်လက်များလူမှုကူညီရေးအသင်းရုံးတွင်ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းအား မနက်ဖြန် နိုဝင် ဘာ ၄ ရက်မှစတင်ကာ ရုတ်သိမ်းသွားမည်ဖြစ် ကြောင်း အသင်းက ၎င်းတို့၏လူမှုကွန်ယက်စာ မျက်နှာ၌ရေးသားအသိပေးခဲ့သည်။

အဆိုပါ စစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင်များအား ယနေ့ နိုဝင်ဘာ ၃ ရက်ညစာကျွေးမွေးပြီးချိန်တွင် စစ်ရှောင်စခန်းကိုရုတ်သိမ်းမှုများပြုလုပ်သွားမည်ဖြစ်ကာ လက်ရှိအချိန်၌ ကျန်ရှိသည့် သီပေါမြို့မှ စစ်ဘေးရှောင် (၁၈)ဦးအား အသင်းရုံးတွင်ဆက်လက်နေထိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် စစ်ဘေးရှောင်(၁၈)ဦးသည် မိမိတို့အစီအစဥ်ဖြင့်ချက်ပြုတ်စားသောက်ရမည်ဖြစ် ၍ ၎င်းတို့အတွက်လိုအပ်သည့် ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသောက်ကုန်များကို လှူဒါန်းပေးနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်၌ စစ်ဘေးရှောင်စခန်းအတွင်း မလိုအပ်တော့သည့် စားပွဲ၊ ထိုင်ခုံနှင့် အသုံးအ ဆောင်ပစ္စည်းအချို့ကို ကမ်းလင့်လက်များလူမှုကူညီရေးအသင်း၏ အသင်းဝင်များက သိမ်းဆည်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Popular Journal

03 Nov, 14:11


မရမ်းချောင် ကျေးရွာအနီးတွင် ငွေကျပ်သိန်း (၄၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်း ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ယာဉ်တစ်စီးဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၄၀၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၂)သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် နိုဝင်ဘာ (၁) ရက်၊ နေ့လယ် (၁၂)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစဉ် ပဲခူးမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ အေးမင်းပိုင် မောင်းနှင်လာသည့် TOYOTA PASSO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀၀၀)၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း (၄၀၀၀)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180712

Popular Journal

03 Nov, 13:31


(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကျင်းပမည်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူး၍ (၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ စာမေးပွဲအား ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသနလှိုဏ်ဂူတော်အတွင်း၌ ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အာဂုံပြန်စာရင်းသွင်းသံဃာ (၂၇၀)ပါး၊ သဘောရေးဖြေစာရင်းသွင်းသံဃာ (၂၃၈)ပါး (စုစုပေါင်း ၆၈၉ ပါး)ဖြင့် (၃၃)ရက်တိုင်ကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ၏ ဖွင့်ပွဲအခမ်းအနားနှင့်စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး(၂)ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါး၊ ပုစ္ဆကဆရာ တော်(၄)ပါး၊ ကြီးကြပ်ရေးဆရာတော်(၄)ပါး၊ စာထောက်စာမဆရာတော်အပါး(၁၆၀)တို့လည်း ကြွရောက်တော်မူမည်ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180721

Popular Journal

03 Nov, 13:02


၂၀၂၂ ပြိုင်ပွဲအဆင့်ထက် မနိမ့်သည့်ရလဒ်မျိုး ရရှိရန်ကြိုးစားသွားမည်

၂၀၂၂ ပြိုင်ပွဲအဆင့်ထက် မနိမ့်သည့်ရလဒ်မျိုးရရှိရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr. Bunlert Cheorawong မှ ယနေ့ နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် AFF Futsal Championship 2024 ပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ယခု ပြိုင်ပွဲသည် ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကာ နိုင်ငံပေါင်းစုံမှ ကစားသမားအသစ်များအနေဖြင့် ပိုမိုကောင်းမွန်သော ကစားသမားများဖြစ်လာရန် အခွင့်အရေးပေးသည့် ပြိုင်ပွဲတစ်ခုဖြစ်သည်ဟု ပြောသည်။

" ဒီပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ပြိုင်ပွဲက ရခဲ့တဲ့ အဆင့်ထက် မနိမ့်တဲ့ရလဒ်မျိုးရရှိဖို့ကြိုးစားသွားမှာပါ။ မြန်မာဖူဆယ်ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ကိုအားပေးနေတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180714

Popular Journal

03 Nov, 12:45


မုံရွာမြို့အရှေ့ဘက် ကန်သာယာပတ်လမ်းများ ပြုပြင်လျက်ရှိ

နှစ်အနည်းငယ် သက်တမ်းရှိပြီဖြစ်သော မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ ပတ်လမ်းများကို ထိန်းသိမ်းသည့်အနေဖြင့် မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြုပြင်လျက်ရှိကြောင်း သိရသည်။

"မုံရွာမြို့နေ ပြည်သူတွေ အပန်းဖြေအနားယူဖို့နဲ့ မုံရွာမြို့ သာယာလှပရေးအတွက် အရှေ့ဘက်ကန်သာယာ ပတ်လမ်းပြုပြင်တဲ့ လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်" ဟု မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးထွန်းထွန်းကပြောသည်။

မုံရွာမြို့အရှေ့ဘက် ကန်သာယာရေကန်သည် (၁၉၂)ဧက ကျယ်ဝန်းပြီး မုံရွာမြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းနှင့်ပြည်ထောင်စု လမ်းကြားတွင် တည်ရှိသည်။

ကန်သာယာပတ်လမ်းများအနက်အရှည် (၂၅၀၀)ပေရှိတောင်ဘက်ပတ်လမ်း၊ အရှည်ပေ (၄၀၀)ရှိ အနောက်ဘက်ပတ်လမ်း နှင့် အရှည်ပေ (၉၀၀) ရှိ မြောက်ဘက်ပတ်လမ်းတို့ကို ဆောင်ရွက်ပြီးဖြစ်ကာ အရှည် (၉၇၀)ပေရှိ အရှေ့ဘက်ပတ်လမ်းကိုဆောင်ရွက်ဆဲ ဖြစ်ကြောင်းသိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180705

Popular Journal

25 Oct, 16:20


နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်ပြည် တွင်းငြိမ်းချမ်းရေးတို့ကို နစက ဒု-ဥက္ကဋ္ဌနှင့်တ ရုတ်သံအမတ်တို့ဆွေးနွေး

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်ပြည် တွင်းငြိမ်းချမ်းရေးတို့နှင့်ပတ်သက်၍ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia တို့ဆွေးနွေးခဲ့ကြသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ တရုတ်သံအမတ်ကြီးအား ယနေ့ အောက်တိုဘာ ၂၅ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ် သည်။

တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား နည်းပညာ၊ သတင်းအချက်အလက်အပါအဝင် နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူးနှင့် သံရုံးမှတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Popular Journal

25 Oct, 16:09


ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲတွင် မြန် မာအသင်း ရွှေတံဆိပ်ရရှိ

တရုတ်နိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့တို့တွင်ကျင်းပလျက်ရှိသည့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှာ်ပြိုင်ပွဲတို့တွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသော မြန်မာလှေလှော်အားကစားအဖွဲ့သည် ယနေ့ အောက်တိုဘာ ၂၅ ရက်က ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။

မြန်မာလှေလှော်အသင်းသည် ရွှေတံဆိပ်ဆုအား ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ၏ အမျိုးသားရှစ်တက်လှော် မီတာ၂၀၀၀ ပြိုင်ပွဲဗိုလ်လုပွဲမှ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲအား အသင်းပေါင်း(၁၂)သင်းဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲ၏ ပထမဆု ရွှေတံဆိပ်ဆုအား မြန်မာလှေလှော်အသင်း၊ ဒုတိယ ငွေတံဆိပ်ဆုအား ထိုင်းလှေလှော်အသင်း၊ တတိယ ကြေးတံ ဆိပ်ဆုအား တရုတ်လှေလှော်အသင်းတို့က အ သီးသီးဆွတ်ခူးခဲ့ကြကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှာ်ပြိုင်ပွဲတို့အား အ ပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်မှကြီးမှူး၍ အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၃ ရက်အထိကျင်းပလျက်ရှိကြောင်း သိရသည်။

Popular Journal

25 Oct, 15:58


One Friday Fights 84 ပွဲစဉ်တွင် ဂမ်ဘီယာ/ဆွတ်ဇလန်ဖိုက်တာကို အဲ‌မွီ အမှတ်ဖြင့်ရှုံးနိမ့်

ယနေ့ အောက်တိုဘာ(၂၅)ရက်တွင် ပြုလုပ်သည့် One Friday Fights 84 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ အဲမွီသည် ဂမ်ဘီယာ/ဆွတ်ဇလန်ဖိုက်တာ အိုမာ အား အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အဲမွီအနေဖြင့် ပြိုင်ဘက်ဖြစ်သူ ဂမ်ဘီယာ/ဆွတ်ဇလန်ဖိုက်တာ၏ လက်သီးချက်နှင့် တံတောင်ရိုက်ချက်များအကြားအပြင်းအထန် ရုန်းကန်ခဲ့ရပြီး၊ ပြိုင်ဘက်ကစားသမား အနေဖြင့် အဲမွီ၏ မဲဂုဏ်ကြောင့်သာ အလဲထိုးနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

ယနေ့ ပွဲစဉ်အတွင်း မြန်မာကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည့် မွေထိုင်းဖိုက်တာ ဆွန်ရက်က ဂျပန်နိုင်ငံသား ဖိုက်တာကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

One Friday Fights 84 ပွဲစဉ်၌ တွဲဆိုင်းပေါင်း (၁၂)ဆိုင်းပါဝင်သည့် အနက် မြန်မာကိုယ်စားပြု တွဲဆိုင်း(၂)ပါဝင်ယှဉ်ပြိုင်ခဲ့ရာ တစ်ပွဲရှုံး ၊ တစ်ပွဲနိုင်ရလဒ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရိုးရာဖိုက်တာ စောအဲမွီသည်လည်း ONE တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသ-တ်ခြင်းဖြစ်ကာ ၊ တစ်ပွဲရှုံး တစ်ပွဲနိုင်ရလဒ်ထွက်ပေါ်ထားခြင်း ဖြစ်သည်။

Popular Journal

25 Oct, 15:34


ကိုရီးယားနှင့်အာဆီယံ၏ ပုဂ္ဂလိကကဏ္ဍများကြားပူးပေါင်းဆောင်ရွက်ရေးအတွက်မြန်မာသံအမတ်ကြီးပြောကြားမှုများ

ဖွံ့ဖြိုးပြီးစီးပွားရေးနိုင်ငံများတွင် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေးတို့၌ မူပိုင်ခွင့်အကာအ ကွယ်ပေးမှု၏အရေးပါပုံကို ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားခဲ့သည်။

ယမန်နေ့ အောက်တိုဘာ ၂၄ ရက်က ဆိုးလ်မြို့တွင်ကျင်းပခဲ့သည့် “၂၀၂၄ ခုနှစ် ကိုရီးယား-အာဆီယံမူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင် ရွက်မှုညီလာခံ”သို့တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားရာ၌ ၄င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံနှင့် အာဆီယံဒေသတို့တွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ပြည်တွင်းသု တေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆောင်ရွက်မှုများကို တိုက်တွန်းအားပေးရေး၊ နည်းပညာများခေတ်မီတိုးတက်စေရေးတို့ကိုလည်း ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=179762

Popular Journal

25 Oct, 15:14


MGI 2024 မှာ 2nd Runner up ရရှိသွားတဲ့ သဲစုညိမ်း

Miss Grand International 2024 ရဲ့ 2nd Runner up ဆု ကို မြန်မာအလှမယ် သဲစုညိမ်း က ရရှိသွားပြီး ထိုင်းနိုင်ငံ မှာ ကျင်းပတဲ့ Miss Grand International ပြိုင်ပွဲ ကို အလှမယ် သဲစုညိမ်း က အသက် ၁၈နှစ် နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

MGI 2023 မှာ အလှမယ် နီနီလင်းအိမ် က 1st Runner Up ဆု ကို ရရှိခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာတော့ အလှမယ် သဲစုညိမ်း က 2nd Runner Up ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

Popular Journal

25 Oct, 14:50


MFF တွင် ဝါကျွတ်ဂါရဝပြုပွဲကျင်းပ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှဦးဆောင်၍ မြန်မာ့ဘောလုံးမိသားစု၏ အသက်(၇၀)နှစ်နှင့်အထက် ဥက္ကဋ္ဌ(ဟောင်း)၊ အတွင်းရေးမှူး (ဟောင်း)၊ မြန်မာ့လက်ရွေးစင် ကစားသမား (ဟောင်း)၊ ဒိုင်လူကြီး(ဟောင်း)များအား ဂါရဝပြုကန်တော့ပွဲကို ယနေ့ အောက်တိုဘာ ၂၅ ရက်နံနက် ၁၀ နာရီက MFF Futsal Stadium တွင် ကျင်းပခဲ့သည်။

ကန်တော့ခံကြီးများအား MFF ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ MNL ကော်မတီဝင်များ၊ ကလပ်အ သင်းပိုင်ရှင်များ၊ ဖူဆယ်ကော်မတီနှင့်ဖူဆယ်လိဂ်အဖွဲ့ဝင်များ၊ နည်းပြများ၊ မြန်မာ့လက်ရွေးစင် ကစားသမားများနှင့်ဝန်ထမ်းများက ဂါရဝါပြု လက်ဆောင်များဖြင့် ဝါကျွတ်ကန်တော့ခဲ့ကြသည်။

ထို့နောက် ကန်တော့ခံကြီးများကိုယ်စား အဖွဲ့ချုပ် ဥက္ကဋ္ဌ(ဟောင်း)ဦးသောင်းထိုက်၊ မြန်မာ့လက်ရွေးစင်(ဟောင်း)နှင့် အတွင်းရေးမှူး (ဟောင်း)ဦးတင်အောင်(ဂိုး)တို့က ဆုံးမသြဝါဒစကားပြောကြားခဲ့ကြသည်။

မြန်မာ့ဘောလုံးမိသားစုမှ ကန်တော့ခံကြီး(၁၂၀) ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂)သိန်းစီနှင့်ဆေးဝါးများ၊ မြန်မာ့လက်ရွေးစင်အသင်းဂျာစီများ၊ အဝတ်အထည်များဖြင့် ဂါရဝပြုကန်တော့ခဲ့ကြကြောင်း သိရသည်။

Popular Journal

25 Oct, 14:45


Miss Grand International 2024 မှာTop 5 ထဲထိ ဝင်ရောက်သွားပြီဖြစ်တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သဲစုညိမ်း

#PopularJournal #popularmyanmar #MissGrandInternational2024 #ThaeSuNyein #Top5