ဖေဖော်ဝါရီလ ၄ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ဆိပ်ရွာ မြောက်ဘက်၌ ချင်မြစ်ကျင်းရွာ ပျူစောထီးစခန်းမှ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းအား ကင်းယူရန် ဆိုင်ကယ် (၄) စီးဖြင့် ထွက်လာသော စကစ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈) ဦးအား ကန့်ဘလူခရိုင် တပ်ရင်း-၄ နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ (၃) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်။
ရန်သူ့ဘက်မှ (၄) ဦး သေဆုံးပြီး G-3 (၃) လက်၊ ကာဘိုင် (၂) လက်၊ ကျည် (၂၄၉) တောင့်၊ ကျည်အိမ် (၁၁) ခု သိမ်းဆည်းရသည်။
အမှတ် (၁) စစ်ဒေသ