မောင်သုတ 🧐 @mgthutha Channel on Telegram

မောင်သုတ 🧐

@mgthutha


သမိုင်းအထူးပြု Channel

CB - @MgThuThaBot
February 9. 2022

မောင်သုတ 🧐 (Burmese)

မောင်သုတ ကိုယ်ရည်မောင်သုတ သမိုင်းအထူးပြု Channel ဖြစ်ပါသည်။ ဤ Channel သည် လူတိုင်းတွင် အထူးနှင့် ပုံစံသတင်းတွင် အရမ်းကို ရှာဖွေနိုင်မှုဖြစ်ပါသည်။ ဤ Channel သည် ၂၀၂၂ ခုနှစ် ဖြစ်ပါသည်။ သမိုင်းအထူးပြုကို တစ်ဦးတည်း နာမည်လိုဖြစ်ပြီး နောက်ဆုံးရောက်ကြသည်။

မောင်သုတ 🧐

07 Nov, 11:59


ကိုယ့်ကိုယ်ကို အချီးမွမ်းလွန်သွားသောအခါ🤭👇👇👇

ဘယ်သူတွေ ဘယ်လောက်ထိချောချော ချောပါစေ

မမြင်နိုင်တဲ့ နှလုံးသားထဲကအလှတွေ တို့မှာရှိတယ်
🤓

မောင်သုတ 🧐

06 Nov, 12:03


ဒါလေးကတော့ ထာဝရ application လေးပါနော်

ထားတို့လူငယ်တွေအတွက် အကျိုးများစွာရရှိ‌စေရုံသာမက လူကြီးတွေအတွက်ပါ ကျန်းမာရေးဗဟုသုတများစွာရရှိစေမယ်ဆိုတာ ထားကအပြည့်အဝအာမခံပါတယ်နော်🙌🫶

https://play.google.com/store/apps/details?id=com.asrh.htawara

မောင်သုတ 🧐

06 Nov, 12:01


ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်း (Grooming)



အလားအလာရှိသူ၊ ဖွံ့ဖြိုးတိုးတက်လိုသော လူငယ်တိုင်းသည် မိမိတို့၏ ကိုယ်ရည်ကိုယ် သွေးကို မြှင့်တင် ရန်လိုအပ်ပါသည်။ ကိုယ်ရည် ကိုယ်သွေးမြင့်မားသူတစ်ဦး ဖြစ်လာရန် မိသားစု နှင့် မိဘများ၏ ပြုစုပျိုး ထောင်မှုက အခြေခံ ကျသော အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း မိမိကိုယ်တိုင် မြှင့်တင်ခြင်းက ပိုမို အရေးကြီး ပါသည်။

“ကိုယ်ရည်ကိုယ်သွေး” ဆိုသော စကားလုံးကို အဓိပ္ပါယ်သတ်မှတ်မှုများ ကွဲပြားနိုင်ပါသည်၊ သို့သော် အခြေခံအားဖြင့် အောက်ပါ အကြောင်းအရာများ အကျုံးဝင်လေ့ရှိပါသည်။

• သေသပ်စွာ ဝတ်စားဆင်ယင်ခြင်း

• အပြန်အလှန်လေးစားမှုကို ဆက်ဆံခြင်း အလေးထားဆက်ဆံခြင်း

• စနစ်တကျ တွေးခေါ်တတ်ခြင်း

• ဉာဏ်ရည်မြင့်မားခြင်း

• သူတစ်ပါးအား ကူညီလိုစိတ် ရှိခြင်း

• တာဝန်ယူ တာဝန်ခံစိတ် အပြည့်အဝရှိ ခြင်း

• တိကျစွာ လုပ်ကိုင်ဆောင်ရွက်တတ်ခြင်း

• သစ္စာရှိခြင်း

• ကတိတည်ခြင်း

• အခက်အခဲများကို လိမ္မာပါးနပ်စွာ ဖြေ ရှင်းတတ်ခြင်း

• အစဉ်အမြဲတက်ကြွ လန်းဆန်းခြင်း

• ထိရောက်စွာပြောဆိုဆက်ဆံတတ်ခြင်း

မိမိကိုယ်မိမိ ဆန်းစစ်ခြင်းပါ (self- assessment)

မိမိ၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေလိုပါက ပထမဦးစွာ မိမိ၏ အခြေအနေမှန်ကို သိရှိရန်လို အပ်ပါသည်၊ မိမိ၏ အားသာချက်၊ မိမိ၏ အားနည်းချက်များကို ကိုယ်တိုင်သိရှိရန် ကြိုးပမ်းအား ထုတ်သင့်သည်၊ ထိုသို့ ကြိုးပမ်း ရာတွင် အရှိကို အရှိအတိုင်း မြင်ရန် ရိုးသားစွာ သုံးသပ်ပါ၊ မိမိနေထိုင် ကြီးပြင်းရာ ပတ်ဝန်းကျင်တွင် မိမိ၏ တိုးတက်ရာတိုးတက် ကြောင်းအတွက် အခွင့်အလမ်းများ၊ စိန်ခေါ်မှု များနှင့်အတူ ရင်ဆိုင်ရမည့် အခက်အခဲများ၊ ကျော်ဖြတ်ရမည့် ပြဿနာများကိုလည်း တစ်ပါတည်း သုံးသပ်သင့်သည်၊

အခွင့်အလမ်းများက တိုးတက်ရေး လမ်းကြောင်းအတွက် မိမိကိုယ်တိုင် အသုံးပြုရ မည်ဖြစ်သကဲ့သို့ စိန်ခေါ်မှုများအတွက် ကြိုတင် ပြင်ဆင်အားမွေးရန်လည်း လိုအပ်ပါသည်၊ မိမိ တွင် အားသာချက်နှင့် အရည်အချင်းများသည်နှ င့်အမျှ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ် ပါသည်၊ ထိုမှတစ်ဆင့် အခွင့်အလမ်းများကိုလက်ဆုပ်လက်ကိုင် ပြုနိုင်ပါလိမ့်မည်၊

ရည်မှန်းချက် ပန်းတိုင် သတ်မှတ်ပါ (define your dream)

မိမိ၏ ဘဝရည်မှန်းချက် သို့မဟုတ် ပန်းတိုင်ကို သတ်မှတ်ပါ၊ ထိုသို့ ဘဝရည်မှန်းချက် သတ်မှတ် သည့် အခါ မိမိ၏ဝါသနာ၊ မိမိ၏ ပါရမီ နှင့် မိမိ ပိုင်ဆိုင်ထားသော အားသာချက်များကို အခြေခံ ပါ၊ တစ်ခါတစ်ရံ ဘဝရပ်တည်ချက် ခိုင်မာမှုကို ထည့်သွင်းစဉ်စားရသည်လည်း ရှိနိုင်ပါသည်၊ ဆိုလိုသည်မှာ ဆန္ဒ နှင့် လုပ်သင့်သည်များကို ချိန်ဆတတ်ရန် ဖြစ်ပါသည်။

ရည်မှန်းချက် သတ်မှတ်ရာတွင် ရေတို၊ ရေရှည် ရည်မှန်းချက်များ အဖြစ် ခွဲခြမ်းစိတ်ဖြာနိုင်ပါက အကောင်အထည်ဖေါ်ရန် ပိုမိုလွယ်ကူပါသည်။

ပန်းတိုင်အကွာအဝေးကို မြင်အောင်ကြည့်ပါ (find out the gap to reach destination)

မိမိ၏ ရည်မှန်းချက်ပန်းတိုင်နှင့် မိမိ၏ လက်ရှိ အခြေအနေအကြား ကွာဟချက်ကို မြင်အောင် ကြည့်ပါ၊ ထိုကွာဟချက်သည် မိမိဆက်လက်ကြိုးပမ်းအားထုတ် လျှောက်လှမ်းရမည့် ခရီး အကွာအဝေး ပင်ဖြစ်သည်၊ ထိုအကွာအဝေး ပေါ် မူတည်ကာ မိမိအနေနှင့် လိုက်လျောညီထွေ ဖြစ် အောင် ကြိုးပမ်းရပါ လိမ့်မည်၊

မိမိ၏ အရည်အသွေးများ တည်ဆောက်ပါ

မိမိရောက်လိုသော ပန်းတိုင်ရောက်ရှိရန် လိုအပ်ချက်များကို အပိုင်းလိုက် အဆင့်လိုက် စဉ်းစားကြည့်ပါ၊ ထိုလိုအပ်ချက်များအတိုင်း ကြိုးပမ်းအားထုတ်ပါ၊ (ဥပမာ - သင်တန်းတက် ခြင်း၊ စာပေလေ့လာခြင်း၊ ဘာသာစကားသင်ယူ ခြင်း) ထိုသို့ ကြိုးပမ်းအားထုတ်ပြီဆိုလျှင် စိတ် ခွန်အား (motivation) လိုအပ်သလို ကျန်းမာရေးကို ထိန်းသိမ်းတည်ဆောက်ထားရန် လည်း အရေးကြီးပါသည်၊

ကြိုးပမ်းအားထုတ်မှုတိုင်းတွင် ရင်ဆိုင်ရမည့် အခက်အခဲများကို စိတ်ခွန်အား ကသာလျှင် ကျော်လွှား နိုင်အောင် စွမ်းဆောင်ပေးပါလိမ့် မည်၊ ကျရှုံးမှုများနှင့် ကြုံရလျှင်လည်း စိတ် ဓါတ်မကျဘဲ အကြိမ်ကြိမ် အဖန်အဖန် ထပ်တလဲလဲ ကြိုးစားရသည်လည်း ရှိနိုင် ပါသည်၊ ထို့ကြောင့် ကျန်းမာနေရန်သည် အခြေခံ လိုအပ်ချက်ဖြစ်ပါသည်။

အချိန်ကို အကျိုးရှိအောင်အသုံးချပါ (effective time management)

တိုးတက်မှု လိုလားသူ လူငယ်တိုင်းသည် မိမိ အား သဘာဝက ပေးအပ်ထားသည့် တစ်နေ့လျှင် ရရှိသော ၂၄ နာရီကို အကျိုးရှိအောင်သုံးစွဲနိုင်ဖို့ လိုပါသည်၊ ကျန်းမာရေး နှင့် မဖြစ်မနေ ကုန်ရမ ည့်အချိန်များကို ဖယ်ရှားပြီးနောက် ကျန်သော အချိန်များကို ဘဝတိုးတက်ရေးအတွက် မျှတစွာ စနစ်တကျသုံးစွဲပါ၊ အကျိုးမရှိဘဲကုန်ဆုံးသွားမ ည့် အလဟဿ အချိန်များ နည်းအောင် ကြိုးစား နိုင်ရန်သည် အခြေခံကျကျ လိုအပ်ချက်ဖြစ် ပါသည်။

တိကျ သေချာ အာရုံစိုက်ပါ (work accurately, carefully & mindfully)

မည်သည့် အလုပ်ဖြစ်စေကာမူ မိမိ၏ စိတ်အာရုံ ကို စနစ်တကျ စုစည်းကာ တိတိကျကျ သေသေချာချာ လုပ်ကိုင်ဆောင်ရွက်သူတိုင်း သည် အောင်မြင်မှုနှင့် မဝေးပါ၊ ထိုသို့

မောင်သုတ 🧐

06 Nov, 12:01


ဆောင်ရွက်ခြင်းကြောင့် အမှားနည်း ပြီး အလုပ် ပြီးမြောက်ခြင်းအတွက် အထောက်အကူ ဖြစ်စေ ပါသည်၊ အမှားနည်းခြင်းကြောင့် စိတ် အနှောက် အယှက်ဖြစ်ရန် မရှိဘဲ စိတ်ခွန်အားကို ပိုမို တိုးတက်စေနိုင်ပါသည်၊ ထို့အပြင် မိမိကိုယ်မိမိ ယုံကြည်မှုကိုပါ တိုးတက်စေသည့်အတွက် တစ် ဆင့်ပြီးတစ်ဆင့် အောင်မြင်ရန် အလားအလာ များစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။

အပြုသဘော ဝေဖန်မှုကို ကြိုဆိုပါ (accept positive criticism)

မိမိ၏ ပတ်ဝန်းကျင်မှ မိမိတိုးတက်ရာ တိုးတက် ကြောင်း လိုလားသူများသည် မိမိအပေါ် ဝေဖန် ထောက် ပြခြင်းများ ပြုလာနိုင်ပါသည်၊ စေတနာ ဖြင့် အပြုသဘော ဝေဖန်မှုများကို လက်ခံ စဉ်းစားပြီး ချင့်ချိန်စရာ ရှိသည်များကို ချင့်ချိန် ကာ လိုအပ်သလို ပြန်လည်အသုံးချနိုင်လျှင် အပြုသဘောဝေဖန်မှုများက မိမိ၏ အောင်မြင် မှုအတွက် ကုန်ကြမ်းများသဖွယ် ထောက်ပို့ပေး ပါလိမ့်မည်။

မှန်ကန်စွာ ယှဉ်ပြိုင်ပါ (compete positively)


ယှဉ်ပြိုင်မှုများသည် ဘဝတိုးတက်ရေးအတွက် အတိုင်းအတာတစ်ခုအထိ လိုအပ်သည်ကို မည်သူမျှ မငြင်းနိုင်ပါ၊ ပထမဦးစွာ မိမိကိုယ် မိမိ ယှဉ်ပြိုင်ပါ၊ တစ်နည်းအားဖြင့် “ယမန်နေ့က မိမိ” နှင့် “ယနေ့ မိမိ”၊ “ယနေ့မိမိ” နှင့် % မနက်ဖြန် မိမိ” ယှဉ်သည့်အခါ တစ်ဖြည်းဖြည်း ချင်း တိုးတက် မြင့်မားလာ နေရမည်၊ ထို့အပြင် မိမိပတ်ဝန်းကျင်မှ မိမိကဲ့သို့သော အခြား သူများ၏ ကြိုးပမ်းအားထုတ်မှုများ၊ တိုးတက် အောင်မြင်မှုများကို အားကျ အတုယူခြင်းနှင့် အတူ မိမိကိုယ်တိုင်လည်း သူတို့ကဲ့သို့ တိုးတက် အောင် ကြိုးစားလိုစိတ် မြှင့်တင်ရပါမည်၊ အထူး သတိပြုရန်မှာ အခြားသူများကို မကောင်းကြံ ခြင်း၊ အကောက်ကြံခြင်း၊ မနာလိုဝန်တိုစိတ် မွေး ခြင်းများကို ရှောင်ရှားရန်ပင်ဖြစ်ပါသည်။

ဝတ်စားဆင်ယင်မှုကို ဂရုပြုပါ (dress SMART)

အဝတ်အစား၏ တန်ဖိုးမှာ ကိုယ်ရည်ကိုယ်သွေး အတွက် အရေးမပါသော်လည်း မိမိ၏ ဝတ်စား ဆင်ယင် နေထိုင်မှုကမူ အရေးကြီးပါသည်၊ အများ၏ အမြင်တွင် သပ်သပ်ယပ်ယပ် သန့်သ န့်ရှင်းရှင်း ဖြစ်ရန် လိုအပ်သလို ယုံကြည်မှု အပြည့်ရှိသည့်အသွင် ဖြစ်နေရန်လိုအပ်ပါသည်၊ တစ် ကိုယ်ရည်သန့်ရှင်းရေး၊ အနံ့အသက်ဆိုးများ ကင်းဝေးရေးအတွက် သတိပြုရန်လိုပါသည်၊ အမျိုးသားဆိုလျှင် တည်ကြည်သော အသွင်ဖြစ် ရန်လိုအပ်ပြီး အမျိုးသမီးဆိုလျှင် ကျက်သရေရှိ သော အသွင်ဖြစ်ရန် လိုအပ်ပါသည်။

#HtaWaYa
#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡

မောင်သုတ 🧐

05 Nov, 14:39


🤕👻

မောင်သုတ 🧐

04 Nov, 13:01


Credit :

၁၉၆၆ အာရှဖလားချန်ပီယံ
မြန်မာအသင်း အီရန်နှင့်ဖိုင်နယ်တွင်
သွင်းယူခဲ့သော ရွှေဂိုးပိုင်ရှင်
ဦးအောင်ခင်ရဲ့ အသဲခွဲဂိုးအတွေ့အကြုံ…

၁၉၆၆ ဒီဇင်ဘာ၂၀ရက်နေ့ ထိုင်းနိုင်ငံ
ဘန်ကောက်တွင်ကျင်းပသော ၅ကြိမ်
မြောက် အာရှအိုလံပစ်ဘောလုံးပြိုင်ပွဲ
တွင် မြန်မာအသင်း ဗိုလ်စွဲခဲ့သည်။

ထိုစဉ်က ဖိုင်နယ်တွင် မြန်မာနှင့်အီရန်တို့
ဆုံတွေ့ခဲ့ကြပြီး မြန်မာအသင်း ဗိုလ်စွဲစေ
မည့် အနိုင်ဂိုးကို သွင်းယူခဲ့သူသည်
ရွှေဂိုးဦးအောင်ခင် ဖြစ်ပါသည်။

ဦးအောင်ခင်မှ ထိုနေ့ ဖိုင်နယ်ပွဲနောက်ဆုံး
ဂိုးအကြောင်း ပြန်လည် ပြောပြရာတွင်.....

ဂိုးမရမီအချိန်မှာ အီရန်အသင်းနောက်တန်း
ဘယ်အစွန်လူ နံပါတ် 5 က ကျွန်တော့်ကို
မလွတ်တမ်းကပ်ထားပါသည်

မကြာခဏနောက်ကနေ အတင်းပူးကပ်ပြီး
မသိမသာ ကျွန်တော်ခြေတောက်ကို ခြေဦး
နဲ့ထိုးပါသည်

ကျွန်တော်လည်း မသိမသာခြေတောက်ကို
မြှောက်ပြီး သူအကန်ကိုမိတ်ဆက်ကြည့်ရာ
သူသဘောပေါက်သွားပါသည်

ထိုစဉ် နောက်တန်းကိုစိုးမြင့် ဘောလုံးရပြီး
ဗဟာဒူးထံပို့ပေးလိုက်ပါသည်
တချိန်တည်းမှာ ကျွန်တော် အတွင်းဘက်
သို့ နေရာယူလိုက်သည်တွင်အီရန်နံပါတ် 5
ကျွန်တော့ကိုမျက်ခြေပြတ်သွားပါသည်

ဗဟာဒူးကလည်း ညာဘက်သို့ အနည်းငယ်
ဘောလုံးကိုသယ်ယူပြီးနောက် ကွင်းလယ်
ရောက်နေသောကျွန်တော့်ထံ ခါးလည်ခန့်
သို့ ကန်ပို့ပေးပါသည်
ကျွန်တော်ဘောလုံးဖမ်းရန်အပြုတွင်
အီရန်ကွင်းလယ် ဘောလုံးသမား
အနားသို့ရောက်လာသဖြင့် ထိုဘောလုံး
ကို မဖမ်းဘဲ ဘယ်တောင်ပံမှ ကိုဘပုထံ
လွှတ်ပေးလိုက်ပါသည်
ကိုဘပု ဘောလုံးကို ဖမ်းချိန်တွင်
အီရန်ဂိုးသမားလည်း ပြေးထွက်လာပြီး
ဘောလုံးကိုရရန် ကြိုးစားပါသည်

သို့သော် ဘောလုံးမှာ ပယ်နယ်လ်တီစည်း
၏ အပြင်ဘက်တွင်ဖြစ်၍ လက်ဖြင့်မဖမ်း
နိုင်ဖြစ်ကာ ကိုဘပုနှင့်နှစ်ယောက်သား
ဘောအလု ကိုဘပုက လဲအကျတွင်
ဘောလုံးကို ခြေဦးဖြင့် ကျွန်တော်ထံ
ကန်လိုက်ပါသည်

ဂိုးသမားမရှိဖြစ်နေသော ဂိုးထဲသို့
ပယ်နယ်တီစည်းပြင်မှ ကန်မည်အပြုတွင်
အီရန်နောက်တန်းလူနှစ်ယောက်က ဂိုးထဲ
ပြေးဝင်သည်ကို သတိပြုလိုက်ပြီးနောက်
ဘောကိုတချက်ပုတ်ပြီး ညာခြေအတွင်းပိုင်း
Inside right ဖြင့် ကန်သွင်း၍အနိုင်ဂိုးကို
သွင်းယူနိုင်ခဲ့ပါသည်။

ဂိုးသွင်းဓာတ်ပုံကို ဦးထွန်းမရထံမှ
ကူးယူတင်ပြခြင်းဖြစ်ပါသည်
ဦးထွန်းမရမှာ ကျွန်းဆွယ်ပြိုင်ပွဲ
မီတာ 100 အပြေးချန်ပီယံ
(ရန်ကုန်တက္ကသိုလ်) ဖြစ်ပါသည်။
ဓာတ်ပုံအတွက် ဦးထွန်းမရအား
အထူး ကျေးဇူးတင်ပါသည်။

( ဦးအောင်ခင်သည် လက်ရှိအချိန်တွင်
ဩစတေးလျနိုင်ငံတွင် နေထိုင်လျက်ရှိပါသည်
မူရင်း ဦးအောင်ခင် ကိုယ်တိုင်ရေးသားထား
သည်ကို ကိုးကား၍ ပြန်လည်မျှဝေပါသည်။
လေးစားစွာဖြင့် ခရက်ဒစ် )

မောင်သုတ 🧐

04 Nov, 12:01


ကဲကဲ အသည်းတုံး ချစ်ချစ်တုံးလေးတို့

ဒီနေ့မှာတော့ ထားကgpလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်နော်

အများကြီး မပြောတော့ပါဘူး🥺🤍ဒီgpလေးမှာတော့ အချိန်5မိနစ်ပေးရင် အဲ့5မိနစ်က တလရအတွက်အပြည့်အဝအထောက်အပံ့ရရှိမယ့်အရာလေးတွေမျှဝေပေးမှာပဲဖြစ်ပါတယ်ဗျာ

Welcome 👇👇👇

https://t.me/+oLVJV0frZs9iMzc1

မောင်သုတ 🧐

04 Nov, 07:12


Congratulations 👏👏👏💝

@Akayar_2007
@Shinnminhan7

ဒီလူကြီးမင်းလေးတွေကတော့ 1month Meditation challenge လေးမှာ certificate ရရှိသွားတဲ့သူလေးတွေဖြစ်ပါတယ် ဗျ👏❣️❣️❣️(သူတို့လေးတွေရဲ့ မျှဝေပေးမှုလေးတွေရောပါနော်🥰💐💐)

သတ်မှတ်ချိန်အတွင်းမှာ စုစုပေါင်း စာရင်းလာပေးသူ 13ယောက်တိတိရှိပါတယ် ဗျ၊ကျွန်တော်တို့ဘက်က သတ်မှတ်ချက်အရ Meditation လုပ်စဉ်ကာလအတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံလေးတွေကို လာမျှဝေပေးတဲ့သူလေးတွေကိုသာ certificateပေးအပ်တာပဲဖြစ်ပါတယ်

အကြောင်းအမျိုးမျိုးကြောင့် အတွေ့အကြုံလေးတွေကို လာရောက်မမျှဝေပေးနိုင်ခဲ့ကြပေမယ့် အကောင်းမွန်ဆုံးသော အလေ့အကျင့်လေးကို အကောင်အထည်ဖော််နိုင်ပါစေလို့ ထားဆုတောင်းပေးလိုက်ပါတယ်🍀

မောင်သုတ 🧐

02 Nov, 13:51


ဟိုအရင်ချိန်က မမများ🤭💐

#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡

မောင်သုတ 🧐

25 Oct, 14:13


🥺🤍

မောင်သုတ 🧐

25 Oct, 13:04


အချစ်ရေးကို အဆုံးသတ်စေနိုင်ပါတယ်။

Imposter Syndrome ကို ကျော်လွှားစေနိုင်ဖို့ ဘယ်လိုအကြံပြုချက်တွေရှိလဲ..…

Imposter syndrome ကနေရုန်းထွက်ဖို့ ကိုယ့်ရဲ့အောင်မြင် မှုတွေကို လက်ခံပြီး ထိုက်တန်ကြောင်း အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။

“ ကိုယ့်ကိုယ်ကို သတိပေးပါ — သင်ဂုဏ်ယူရတဲ့ အောင်မြင် မှုတွေကို ချရေးပါ။ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ချီးမွမ်းတဲ့ အီးမေးလ်တွေ၊ မှတ်စုတွေကို သိမ်းထားပါ။ အတုအယောင်လို့ ခံစားရတဲ့အခါ ပြန်ဖတ်ကြည့်ပါ။

့ ခံစားချက်တွေကို လက်တွေ့နဲ့ ခွဲခြားပါ — ဒီလိုခံစားချက် တွေ ဖြစ်တတ်တယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ။ ဒါ ဟာ ခံစားချက်တွေသာဖြစ်ပြီး သင်ဟာ အောင်မြင်နိုင်စွမ်းရှိ ကြောင်း ကိုယ့်ကိုယ်ကို သတိပေးပါ။

* နှိုင်းယှဉ်မှုတွေ မလုပ်ပါနဲ့ – တခြားသူတွေရဲ့ အောင်မြင်မှု တွေနဲ့ ကိုယ့်ကိုယ်ကို မတိုင်းတာပါနဲ့။ ဥပမာ - ဆိုရှယ်မီဒီယာ ပေါ်က တစ်စုံတစ်ယောက်အတွက် အလေးပေးဖော်ပြချက် တွေကို သင့်အဖြစ်မှန်နဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ အဲဒီအစား နေ့စဉ် ကိုယ့်ကိုယ်ကိုယ် ပိုကောင်းလာဖို့ကိုသာ အာရုံစိုက်ပါ။

* Syndrome ကို နားလည်ပါ — အမှန်တကယ် လိမ်ညာတဲ့ သူတွေမှာ Imposter Syndrome မရှိပါဘူး။ သင့်မှာ Imposter Syndrome ရှိနေတာဟာ တကယ့် အတုအယောင် မဟုတ်ဘူးဆိုတာကို သိရှိစေနိုင်ပါတယ်။
* တစ်ယောက်ယောက်နဲ့ စကားပြောပါ – သူငယ်ချင်းတွေ၊ မိသားစုတွေဟာ သင့်ခံစားချက်တွေကို ပုံမှန်ဖြစ်အောင် ကူညီ ပေးနိုင်ပြီး ကြောက်ရွံ့မှုတွေကို အမှန်တကယ်မဟုတ်ကြောင်း သတိပေးနိုင်ပါတယ်။ ကုထုံးပညာရှင်တွေနဲ့လည်း တိုင်ပင်နိုင် ပါတယ်။

* ဘယ်သူမှ ပြီးပြည့်စုံတယ်လို့ မရှိဘူးဆိုတာကို လက်ခံပါ လက်တွေ့မကျတဲ့ ပန်းတိုင်တွေ သတ်မှတ်တာမျိုးကို မလုပ်သ င့်ပါဘူး။ တကယ့်ကြိုးစားအားထုတ်မှုက မပြည့်စုံရင်တောင်မှ ရလဒ်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။



#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡

မောင်သုတ 🧐

25 Oct, 13:04




တခြားသူရဲ့အထင်မဟုတ်ဘဲ သင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်မှုတွေကို သင်ကိုယ်တိုင် သံသယဝင်နေတယ်ဆိုရင် တော့ Imposter Syndrome ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ တကယ့်စိတ်ကျန်းမာရေးအခြေအနေတော့ မဟုတ်ပါ

: Imposter phenomenon le Fraud syndrome လို့လည်း ခေါ်ကြပါတယ်။ ကိုယ်ဟာ တခြားသူ တွေလောက် မစွမ်းဆောင်နိုင်ဘူးလို့ ယူဆတတ်ပြီး အခြားသူ တွေက သင့်ကို အတုအယောင်လို့ ထင်မှာကို စိုးရိမ်တတ်ကြ တာပဲဖြစ်ပါတယ်။

ဘယ်သူတွေဟာ Imposter Syndrome ဖြစ်နိုင်ခြေများ

၁၉၇၈ ခုနှစ်မှာ စိတ်ပညာရှင် Suzanne Imes နဲ့ Pauline Rose Clance တို့ဟာ အောင်မြင်နေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို ပိုင်ဆိုင်လုပ်ကိုင်နေ တဲ့ အမျိုးသမီးတွေမှာ Imposter syndrome ကို ပထမဆုံး တွေ့ရှိဖော်ပြခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ လုပ်ငန်းခွင် အများအပြားမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ Imposter syndrome အဖြစ်များလာတာကို တွေ့ရှိရပါ တယ်။

လေ့လာမှုအရ လူအားလုံးရဲ့ ၇၀% ခန့်ဟာ တစ်ခါခါတော့ ကို ယ့်ကိုယ်ကို အတုအယောင်တစ်ယောက် (Imposter) အဖြစ် ခံစားခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ Imposter Syndrome ဟာ စွမ်းဆောင်နိုင်စွမ်းမြင့်မားပြီး ပြီးပြည့်စုံတဲ့သူတွေကို မကြာခဏ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ကိုယ့်ကိုယ်ကို သံသယရှိတယ်လို့ ခံစားရသူတွေထဲမှာ သိပ္ပံပညာရှင် Albert Einstein၊ အားကစားသမား Serena Williams၊ အဆိုတော် Jennifer Lopez နဲ့ သရုပ်ဆောင် Natalie Portmanı Lupita Nyong'o $ Tom Hanks o လည်း ပါဝင်ဖူးတယ်လို့ ဆိုပါတယ်။

လေ့လာမှုတွေအရ အများစုနဲ့ကွာခြားပြီး ခေတ်မီနည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့အမျိုးသမီးတွေအပြင် မိသားစု ထဲက ပထမဆုံးကောလိပ်ကျောင်းတက်သူတွေမှာ Imposter syndrome ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ သုတေသနပြုချက်တွေအရ အမေရိကန်ပြည်ထောင်စုရှိ လူ မည်းအမေရိကန်၊ အာရှအမေရိကန်နဲ့ လက်တင် ကောလိပ်ကျောင်းသားတွေမှာ Imposter syndrome အဖြစ်များကြောင်း တွေ့ရှိရပါတယ်။

Imposter Syndrome ဟာ ရောဂါလက္ခဏာတစ်ခုတော့ မဟုတ်ပေမယ့် မိမိကိုယ်ကို ပြင်းထန်သံသယစိတ်ဝင်ခြင်းဖြစ် ပါတယ်။ Imposter Syndrome ရှိသူတွေမှာ စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျတာမျိုးတွေ ရှိတတ်ပါတယ်။

Imposter Syndrome ရဲ့ လက္ခဏာတွေက ဘာတွေလဲ

- သင်ဟာ အမှန်တကယ်ထက် ပိုကျွမ်းကျင်တယ်ဆိုပြီး တခြား သူတွေကို လှည့်စားမိနေတယ်လို့ ယုံကြည်နေတာ သင့်အောင်မြင်မှုတွေကို ကိုယ့်အရည်အချင်းကြောင့်ဆိုတာ ထက် ကံကောင်းတာကြောင့်၊ အဆက်အသွယ်ရှိတာကြောင့်နဲ့ တခြားသူတွေက မှားပြီးဆုံးဖြတ်လိုက်တာကြောင့်လို့ ထင်နေ တာတွေ ဖြစ်ပါတယ်။

ဒီလို Imposter လို့ခံစားရခြင်းဟာ သံသရာလည်နေတတ်ပါ တယ်။ အလုပ်တစ်ခုခုစလုပ်ဖို့ ပိုလွန်းတဲ့ ပြင်ဆင်မှုတွေလုပ် တာ ဒါမှမဟုတ် အချိန်ဆွဲတာတွေ လုပ်တတ်ပါတယ်။ အလုပ်တာဝန် အောင်မြင်စွာပြီးမြောက်မှသာ စိတ်သက်သာရာ ရတတ်ပါတယ်။ အလုပ်အသစ်တစ်ခုလုပ်တိုင်း စိုးရိမ်ပူပန်မှုနဲ့ သံသယစိတ်တွေပေါ်လာပြီး သံသရာလည်နေတာ ဖြစ်ပါတယ်။

Imposter Syndrome ဖြစ်ရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ….

အောင်မြင်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကို အလေးပေးတဲ့ မိသားစုတွေမှာ ကြီးပြင်းလာသူအများစုဟာ Imposter syndrome ရှိတတ်ပါတယ်။ မိဘတွေက အလွန်အကျွံချီးမွမ်း တာနဲ့ ဝေဖန်ပြစ်တင်တာတွေ လုပ်တတ်တယ်ဆိုရင် သင်ဟာ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို အတုအယောင်လို့ ခံစားရ နိုင်ခြေ ပိုများပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အောင်မြင်ဖို့ဆိုတဲ့ ဖိအားတွေကလည်း Imposter syndrome ကို ဖြစ်စေပါ တယ်။ သင့်ရဲ့ကိုယ်ပိုင်တန်ဖိုးကို သင်ဘာတွေ ပြီးမြောက်အောင်မြင်ထားလဲဆိုတာနဲ့ပဲ တိုင်းတာသင့်ပါတယ်။

Imposter Syndrome က သင့်အပေါ် ဘယ်လိုအကျိုး သက်ရောက်နိုင်လဲ....

Imposter Syndrome ရှိသူအများစုက ထုတ်ပြောလိုက်ရင်အတုအယောင် (Fraud) လို့ ထင်ခံရမှာ ကြောက်ရွံ့တဲ့အတွက် ထုတ်မပြောကြပါဘူး။ Imposter syndrome ခံစားနေရရင် အောက်ပါအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

* လုပ်ငန်းခွင်ဆိုင်ရာ (Professionally) အောင်မြင်မှု ဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှုအစား ကံကောင်းတာကြောင့်လို့ ထင် နေတဲ့အခါ ရာထူးတိုးဖို့ တောင်းဆိုနိုင်ခြေ နည်းပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့၊ လက်တွေ့မကျတဲ့၊ မြင့်မားတဲ့ စံနှုန်း တွေ ပြည့်မီဖို့ အလုပ်ပိုလုပ်စရာ လိုအပ်တယ်လို့ ခံစားရနိုင်ပါ တယ်။ Imposter syndrome ဟာ ပိုမိုပင်ပန်းနွမ်းနယ်စေ ကာ အလုပ်စွမ်းဆောင်ရည်နိမ့်ကျပြီး အလုပ်မှာ စိတ်ကျေနပ် မှု လျော့နည်းစေနိုင်ပါတယ်။

* ပညာရပ်ဆိုင်ရာ (Academically) – တခြားကျောင်းသား တွေက ရူးမိုက်တယ်လို့ ထင်မှာကိုကြောက်လို့ အတန်းထဲမှာ စကားပြောဆိုတာ၊ မေးခွန်းမေးတာတွေ မလုပ်နိုင်ကြပါဘူး။

* ဆက်ဆံရေးဆိုင်ရာ (In relationships) – မိဘအများစု ဟာ တစ်ခါတစ်ရံ ကလေးကို ပြုစုပျိုးထောင်ဖို့ အဆင်သင့်မ ဖြစ်သေးဘူးလို့ ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဒီခံစားချက် တွေကို လွှမ်းမိုးထားမယ်ဆိုရင် အုပ်ထိန်းမှုနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ ခက်ခဲနိုင်ပြီး သင့်ကလေးရဲ့ဘဝကို ပျက်စီးသွားစေတတ်ပါတယ်။ အချစ်ရေးမှာလည်း ချစ်သူထံက အချစ်ကို မထိုက်တန်ဘူးလို့ ခံစားရတဲ့အခါ

မောင်သုတ 🧐

24 Oct, 12:33


😜😚

မောင်သုတ 🧐

24 Oct, 00:48


🚣ပင်လယ်ပျော် မော်ကင်း(ခေါ်) ဆလုံလူမျိုး 🚣

ဆလုံမျိုးနွယ်စုများသည် အစုအဖွဲ့အလိုက် နေထိုင်ကြသည်။ များသောအားဖြင့် ဘင်္ဂလားပင်လယ်အော်၏ ကမ်းစပ်ကျွန်းများ(မြိတ်ကျွန်းစု)ပတ်ဝန်းကျင် လှေများပေါ်မှာ နေထိုင်ကြပါသည်။ ပင်လယ်ဂျပစီများဟုလည်း လူသိများပါသည်။

ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုတို့ကြောင့် လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေထိုင်ရာ နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည်ကျက်စားကြသည်။

ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်တာကြောင့် ပင်လယ်ဖျံ၊ ပင်လယ်ပျော် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။
ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

ဆလုံလူမျိုးများသည် ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက်
လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။

ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင် ဝါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။

ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင် သွားနိုင်ကြသည်။
ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။

ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အဝတ်အစား ဝတ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အဝတ်အစား ဆင်ယင်လာကြ ပါသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်သည် ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြပါသည်။

သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ဝတ်ဆင်လာကြပါပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။

မိုးရာသီအတွင်း မုန်တိုင်းဒဏ်မှ ကာကွယ်ရန်အတွက်သာ ကုန်းပေါ်သို့ တက်ရောက် နေထိုင်ကြကာ လှေငယ်လေးများပေါ်တွင်သာ ၎င်းတို့၏ ဘဝတစ်ခုလုံးကိုနှစ်မြှုပ်ထားပြီး ရေငုပ်၍ ပုလဲများနှင့် အခြားပင်လယ်ထွက်ပစ္စည်းများကို ရှာ‌၍
အသက်မွေးပါတယ်။ ယခုအခါမှာ လူဦးရေ တဖြည်းဖြည်းလျော့နည်းလာပြီးစုစုပေါင်း ၁၀၀၀ကျော်ကျော်သာ ကျန်ရှိတော့တယ်လို့ သိရှိရပါတယ်။

#ဆလုံလူမျိုး #မြိတ်ကျွန်းစု #မော်ကင်း #ပင်လယ်
#ပင်လယ်ဖျံ #ပင်လယ်ပျော် #Gypsy #Sea
#trip #entertainment #သတင်း #ဗဟုသုတ
#place #people #fact

မောင်သုတ 🧐

23 Oct, 14:23


“လှူဒါန်းခြင်းဖြင့် ဘယ်လိုစိတ်အညစ်အကြေးတွေကို ဖယ်ရှား ပစ်နိုင်သလဲ”

နောင်ဘဝ ချမ်းသာဖို့၊ ဒီဘဝမှာ ကြွားဝါဖို့၊ အကျိုးအမြတ် တစ်ခုခု ပြန်လိုချင်လို့ လှူကြတာတွေ ရှိပါတယ်။ တစ်ခါတလေ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ အလှူတွေတောင် ဖြစ်နေ တတ်သေးတယ်။

ဘယ်လောက်ပဲ ငွေကုန်ကြေးကျများများ အဲဒီလို အလှူမျိုး တွေကိုတော့ စိတ်ထဲ အားကျမှု မဖြစ်မိဘူး။ အဆင့်လည်း နိမ့် တယ်လို့ တစ်ကိုယ်စာအရ သတ်မှတ်တယ်။

ကျွန်တော် ယုံကြည်တဲ့ အလှူအတန်း ဆိုတာကတော့ လက်ခံ ရရှိသူမှာလည်း အကျိုးရှိရမယ်။ သူ့တစ်ကိုယ်စာ ချမ်းသာသွား ရုံ၊ ကားအကောင်းစားတွေ စီးနိုင်ရုံသက်သက်ကို ပြောတာ မဟုတ်ဘူး။ ဆာလောင်မွတ်သိပ်နေတာ ပြေပျောက်သွားရ မယ်။ ဘေးအန္တရာယ် တွေ့နေရင် လုံခြုံသွားရမယ်။ ပညာလို နေရင် ပညာရသွားရမယ်။ ကျန်းမာရေး ထိခိုက်နေရင် ဆေးကု နိုင်ရမယ်။ ဒီလို ဆိုလိုတယ်။

□ ဒါ့အပြင် ရေရှည်အတွက်၊ အများအတွက်လည်း အကျိုးပြု နိုင်ရင် ပိုကောင်းတယ်။ စာသင်ကျောင်း၊ ဆေးရုံ ဆောက်လှူ တာ၊ တံတား၊ ရေတွင်းရေကန် လှူဒါန်းတာ၊ ပညာသင်ပေးတာ၊ နိုင်ငံရေးစနစ် ပြောင်းလဲလာအောင် ကြိုးပမ်းတာ စတာတွေက အစဉ်အမြဲ တိုးပွားနေမဲ့ ကုသိုလ်တရားတွေ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လှူဒါန်းသူ၊ ပေးကမ်းသူအတွက် အကျိုးရှိစေတာမျိုး ဖြစ်သင့်တယ်။ နောင်ဘဝ ဘယ်လိုဘယ်ချမ်းသာ တွေ ရမယ် ဆိုတာမျိုးကို ပြောတာ မဟုတ်ဘူး။ ချက်ချင်း လက်ငင်းမှာတင် စိတ်အညစ်အကြေးတွေ လျော့ပါးသွားတာ မျိုးကို ရည်ရွယ်ပါတယ်။

□ စိတ်ဆိုတဲ့သဘောဟာ ခန္ဓာကိုယ် သန့်ရှင်းရေးလိုပဲ အမြဲ မပြတ် လုပ်သွားရမဲ့အရာ ဖြစ်တယ်။ ဒီနေ့ ရေချိုးပြီးလည်း မနက်ဖြန် ချိုးရမယ်။ သန်ဘက်ခါ ထပ်ချိုးရမယ်။ ဘယ်တော့မှ ပြီးဆုံးသွားတယ်ရယ်လို့ မရှိဘူး။ စိတ်သန့်ရှင်းရေးကလည်း အဲဒီအတိုင်းပဲ။ အမြဲလုပ်သွားရမဲ့အရာ ဖြစ်ပါတယ်။

ကျွန်တော်တို့က စိတ် ဆိုတာကို ‘အရှိတရား’ လို့ ထင်တတ်ကြ တယ်။ ဒီလူက စိတ်ကောင်းရှိတယ်၊ ဒီလူက စိတ်ကောင်းမရှိ ဘူး စသဖြင့်ပေါ့။

တကယ်တော့ စိတ်ဟာ ‘အဖြစ်တရား’ ပါ။ ပြင်ပအာရုံတွေနဲ့ ကိုယ့်ရဲ့ အာရုံခံနိုင်စွမ်းနဲ့ ထိတွေ့တုန်းခဏ ဖြစ်လိုက်တဲ့အရာ ကို ‘စိတ်’ လို့ ခေါ်ပါတယ်။

ကိုယ့်ကို ဆဲတဲ့စကားနဲ့ ကိုယ့်နားနဲ့ ဆုံမိတယ်။ ဒေါသ ဆို တဲ့ခံစားမှုကလေး ဖြစ်လာတယ်။ ပြီးတော့ ခဏနေရင် ပြန် ပျောက်သွားတယ်။

တပ်မက်စရာ လူတစ်ယောက်ယောက်ရဲ့ ပုံနဲ့ ကိုယ့်မျက်စိနဲ့ ဆုံမိတယ်။ လောဘ ဆိုတဲ့ ခံစားမှုကလေး ဖြစ်လာတယ်။ ပြီး ရင် ပျောက်သွားတယ်။
ဒါကြောင့် “စိတ်ကောင်းရှိတဲ့သူ ဆိုတာ မရှိဘူး၊ စိတ်ကောင်း များများဖြစ်အောင် ကြိုးစားနေတဲ့သူ"ပဲ ရှိတယ်လို့ ပြောရတာ ပါ။

ဘယ်သူမှ ဒေါသပဲ အမြဲထွက်နေသူရယ်လို့ မရှိသလို၊ မေတ္တာတွေချည်း တချိန်လုံး ဖြစ်နေသူရယ်လည်း မရှိဘူး။ ဒေါသဖြစ်လိုက်၊ မေတ္တာစိတ်ဝင်လိုက်နဲ့ ဖြစ်နေကြတာချည်းပဲ။

ကိုယ့်ကို ဆဲတဲ့အသံ ကြားလိုက်တာကို မေတ္တာစိတ် ဖြစ်လာ တယ် ဆိုရင် တစ်ခုခုမှားနေပြီလို့တောင် ပြောလို့ ရသေးတယ်။ ခဏတော့ ဒေါသ ဖြစ်တာပါပဲ။ အဲဒါကိုမှ သတိနဲ့ ဆင်ခြင်ပြီး ထိန်းသိမ်းကြရတာ ဖြစ်ပါတယ်။

စိတ်ရဲ့ သဘာဝကို ဒီလိုမြင်ထား၊ သဘောပေါက်ထားပါမှ ငါ့ စိတ်မှာ အညစ်အကြေး နည်းနိုင်သမျှ နည်းအောင် အားထုတ် မယ် ဆိုတဲ့ အတွေးဝင်လာမှာပါ။ မဟုတ်ရင် သူက စိတ်ရင်း တော့ ကောင်းပါတယ်၊ ဒေါသပဲ ကြီးတာ၊ ငါက စိတ်ကောင်းရှိ တယ်၊ လာစော်ကားရင်သာ မခံနိုင်တာ ဆိုပြီး ထင်မှတ်မှားနေ ကြပါလိမ့်မယ်။

ဗုဒ္ဓဝါဒအရတော့ ဒေါသ၊ လောဘ၊ မောဟ၊ ပျံလွင့်ခြင်း၊ မာန်မာန ထောင်လွှားခြင်း၊ အရှက်အကြောက်မရှိခြင်း၊ မနာလို ဝန်တိုခြင်း၊ တွယ်ငြိခြင်း၊ တပ်မက်ခြင်း စတာတွေအားလုံးဟာ စိတ်အညစ်အကြေးတွေ၊ မကောင်းတဲ့စိတ်တွေ ဖြစ်ပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့အားလုံးမှာ အနည်းနဲ့ အများပဲ ကွာမယ်၊ မကောင်းတဲ့စိတ်တွေ ဖြစ်ကြတာချည်းပါပဲ။
အဲဒါတွေကို လျှော်ဖွပ်ဖို့အတွက် အခြေခံအကျဆုံးနည်းတစ်ခု ကတော့ “ဒါန” ဆိုတဲ့ လှူဒါန်းခြင်းပဲ ဖြစ်ပါတယ်။

ကိုယ့်မှာရှိတာကို သူများနဲ့ မျှဝေဖို့ဆိုတာ ပြောသလောက် လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာဆို ပေးရတာ လွယ်တယ်။ ပိုလျှံနေရင် ပေးရတာ လွယ်တယ်။ နိမ့်ပါးသူကို လှူရတာလည်း လွယ်သေးတယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်းလေး၊ အစားအသောက်ကလေးကို ကိုယ့်လို ကြိုက်တဲ့သူတွေလည်း သုံးကြရပါစေ၊ စားကြရပါစေ ဆိုတဲ့ စိတ်မျိုးကျ ထားဖို့ အတော်ခက်သွားပါတယ်။

ဒါကြောင့် ဒါနရဲ့ အခြေခံဟာ မေတ္တာ၊ ကရုဏာတရား ဖြစ်ပြီး နောက်တစ်ဆင့်မြှင့်ရင် ကိုယ်ချင်းစာတရား၊ တစ်ဆင့်ထပ်မြှင့် ရင် ဝန်တိုမှု မစ္ဆရိယစိတ် (ကိုယ့်မှာရှိတာကို သူများတွေလည်း ရသွားမှာ ပူပန်တဲ့စိတ်) ကို လျော့ပါးသွားအောင် လုပ်လိုက် တာနဲ့ အတူတူပါပဲ။

နောက်ဆုံးအဆင့်ကတော့ တွယ်ငြိမှုတွေကို စွန့်လွှတ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအလှူမျိုးကသာ ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဆို ဆုတောင်းကြတဲ့ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ် နိုင်တာပါ။ ကိုယ့်မှာ ငွေတစ်သိန်းရှိရင် တစ်သောင်းလှူဖို့ လွယ် တယ်။ ငါသုံးသလို သူလည်း သုံးရပါစေ ဆိုပြီး ၅ သောင်း ဖြစ်ဖြစ်၊ တစ်သိန်းလုံးဖြစ်ဖြစ် လှူဖို့လည်း လွယ်သေးတယ်။ ကိုယ်တအားကြိုက်လို့ ဝယ်ထားတဲ့ ပစ္စည်းတစ်ခု ပေးပစ်ဖို့ကျ သိပ်ခက်သွားပါတယ်။ အကြောင်းက ဒီပစ္စည်းအပေါ် ထားတဲ့ ကိုယ့်ရဲ့

မောင်သုတ 🧐

23 Oct, 14:23


တွယ်ငြိမှုကြောင့်ပါပဲ။
အလှူအတန်းတစ်ခု လုပ်တိုင်းလုပ်တိုင်းမှာ အဲဒီစိတ် အညစ်အကြေးတွေ စင်သွားပါတယ်။ အပေါ်မှာ ရေးခဲ့သလို တစ်ခါလှူလိုက်တာနဲ့ ဒီစိတ်တွေ အကုန်ကွယ်ပျောက်သွားမှာ လား၊ မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါ ပြန်ပေါ်လာ ဦးမှာပဲ ဖြစ်ပါတယ်။

သို့သော် တဖြည်းဖြည်းနဲ့ လုပ်ပါများလာတဲ့အခါမှာတော့ စိတ် က အလေ့အကျင့်ကောင်းတွေ ပိုရလာပါတယ်။ မေတ္တာ၊ ကရုဏာ ထားရတာ ပိုလွယ်လာတယ်။ ကိုယ်ရသလို သူများကို ရစေချင်တဲ့စိတ်တွေ ပိုအားကောင်းလာတယ်။ တွယ်ငြိမှု၊ တပ်မက်မှုတွေလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

ကားမောင်းတာ ကျွမ်းကျင်လာတဲ့အခါ လက်တွေ၊ ခြေထောက် တွေက သူ့အလိုလို လှုပ်ရှားနေမိသလိုပဲ၊ စိတ်ကလည်း အလေ့အကျင့် များလာတဲ့အခါ ကောင်းတဲ့ တရားတွေဘက်ကို ပိုပိုပြီး တိမ်းညွတ်လာတယ်။ ချစ်တဲ့မျက်စိနဲ့ ကြည့်တတ်လာ တယ်။ သနားကြင်နာတတ်လာတယ်။ ဒါ လှူဒါန်းခြင်းရဲ့ ချက်ချင်းလက်ငင်းရတဲ့ အကျိုးကျေးဇူးတွေပါပဲ။

ညောင်စေ့လောက် လှူပေမဲ့ စိတ်အထားတတ်ရင် ညောင်ပင်ကြီးလောက် အကျိုးများတယ် ဆိုတာ ရုတ်တရက် ဆိုရင်တော့ ရယ်ချင်စရာကြီးပါ။ တစ်ရာဖိုး တတ်နိုင်တာကို တစ်ကျပ်ဖိုးလောက် လှူပြီး စိတ်အထားတတ်ဖို့ အဓိကပဲ ဆို တာမျိုးနဲ့ စိတ်အာသာဖြေဖို့လည်း မဟုတ်ပါဘူး။

ပမာဏ အနည်းအများထက် ကိုယ်ဘယ်လိုစိတ်ထားနဲ့ လှူ လိုက်တယ် ဆိုတာက အဓိကပိုကျတယ်လို့ ပြောလိုရင်း ဖြစ်ပါ တယ်။
တစ်ဦးတစ်ယောက်ကို ဖားချင်လို့ သူတည်တဲ့ ဘုရားမှာ သိန်း ထောင်ချီ ဌာပနာထည့်လိုက်တာနဲ့၊ ကိုယ့်ရှိတဲ့ မုန့်တစ်ဖဲ့ကို ဆာလောင်နေတဲ့သူဆီ ကျွေးလိုက်တာက ပိုမြတ်ပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ကိုယ်ချင်းစာတရားတွေ အခြေခံ ထားလို့ပါ။

□ စိတ်ရှိတိုင်း လှူနိုင်တဲ့သူ ဖြစ်ရပါလို၏ လို့ ဆုတောင်းကြ ပေမဲ့ တကယ်တမ်း ပိုအရေးကြီးတာက “အလှူလုပ်တဲ့ အခါတိုင်း စိတ်သန့်ရှင်းရေးကို အထောက်အကူ ပြုတာမျိုး” ဖြစ်ဖို့ပါပဲ။

သိန်းတစ်သောင်း လှူနိုင်တဲ့ ခရိုနီသူဌေးဟာ တစ်ဖက်မှာ လူ ပေါင်းများစွာကို ဒုက္ခပြန်ပေးမှာ ဖြစ်ပေမဲ့ စိတ်ကောင်း စေတနာတွေကို ပျိုးထောင်ရင်း သူ့ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံ လောက်ပဲ လှူနိုင်တဲ့သူကတော့ လူမှုအသိုင်းအဝိုင်းကို ရနိုင် သမျှ နည်းပေါင်းစုံကနေ အကျိုးပြုနေပါလိမ့်မယ်။

□ ဒါကြောင့် တစ်ခုခု လှူမယ်ဆိုတဲ့အခါတိုင်း ဒေါသဆိုတဲ့ အညစ်အကြေး၊ ငါပဲ စားမယ်၊ ငါပဲ သုံးမယ်၊ သူများတွေ ငါ့လို မဖြစ်စေရဘူး ဆိုတဲ့ မစ္ဆရိယ အညစ်အကြေး၊ ဖက်တွယ် တပ်မက်နေတဲ့ အညစ်အကြေးတွေ တစ်ခါလျှော်ဖွပ်လိုက် တယ် ဆိုတဲ့အသိနဲ့ ကိုယ့်စိတ်ကို လေ့ကျင့်ပေးပါ။ အများကို အကျိုးရှိစေသလို၊ ကိုယ့်ဘဝကိုလည်း သိသိသာသာ တန်ဖိုး မြင့်တက်လာစေမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

မောင်သုတ 🧐

23 Oct, 14:15


Pre Order တင်လို့ရနေပါပြီ။https://t.me/uyy2343
၅၀၀၀ ပါ
စာအမြည်း ၁ https://t.me/ideahubmyanmar/2441

မောင်သုတ 🧐

23 Oct, 14:15


စာအုပ်မျက်နှာဖုံးလေးပါ။

မောင်သုတ 🧐

22 Oct, 23:32


https://youtu.be/eayUtf8Amhk?si=LG4p-KqKkHzPJ49o

Morning 🤍

နားထောင်ကြည့်စေချင်မိပါတယ်💝🍀

မောင်သုတ 🧐

22 Oct, 09:52


သို့သော် ဖက်ဒရယ်စနစ်သည် စိန်ခေါ်မှုအခက်အခဲများ လုံးဝမရှိသည် မဟုတ်ပါ။ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှုသည် တစ်ခါတစ်ရံတွင် အထူးသဖြင့် တရားစီရင်ပိုင်ခွင့်များ ထပ်နေသည့် နယ်ပယ်များတွင် တင်းမာမှုများ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် အခွန်ကောက်ခံမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နိုင်ငံသားအခွင့်အရေးများကဲ့သို့သော ကိစ္စရပ်များတွင် အချုပ်အခြာအာဏာနှင့် အခွင့်အာဏာဆိုင်ရာ မေးခွန်းများ မကြာခဏ ထွက်ပေါ်လာသည်။ ဗဟိုချုပ်ကိုင်မှု ထိန်းချုပ်မှုနှင့် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကြား ချိန်ခွင်လျှာသည် သိမ်မွေ့နူးညံ့ပြီး ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရများကြား သဘောထားကွဲလွဲမှုများသည် တစ်ခါတစ်ရံတွင် political gridlock or legal disputes များ ဖြစ်ပေါ်နိုင်သည်။ တစ်ချို့နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကျင့်သုံးမှုကြောင့် ပြည်တွင်းပြဿနာများကို ဖြေရှင်းရန်နှင့် အုပ််ချုပ်ရေးပိုမိုတိုးတက်ကောင်းမွန်လာစေခဲ့သော်လည်း တစ်ခါတစ်ရံ ပြဿနာများကို ပိုမိုကြီးထွားလာစေပြီး နိုင်ငံ‌တော်ယန္တရားပျက်စီးခြင်းအထိလည်း ဦးတည်စေနိုင်သည်။
အချို့ကိစ္စများတွင် ဖက်ဒရယ်စနစ်အား နက်နဲစွာ ကွဲပြားနေကြသော လူ့အဖွဲ့အစည်းများတွင် ပဋိပက္ခဖြေရှင်းရေး ယန္တရားတစ်ခုအဖြစ် အဆိုပြုခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းများ ရှိခဲ့သည်။ အာဏာကို ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဖြင့် ဖက်ဒရယ်စနစ်များသည် လူမျိုးရေး သို့မဟုတ် နိုင်ငံရေးတင်းမာမှုများကို လျော့ပါးသက်သာစေနိုင်သည့် ဒေသတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခွင့်ပြုနိုင်သည်။ ဥပမာအားဖြင့် လူမျိုးရေးခွဲခြားမှုအလွန်တောင်အာဖရိကတွင် ကွဲပြားမှုများ များစွာရှိသော လူ့အဖွဲ့အစည်းတွင် ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရန် ဒီဇိုင်းထုတ်ထားသော ပိုမိုကျယ်ပြန့်သော ဖွဲ့စည်းပုံအခြေခံမူဘောင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖက်ဒရယ်စနစ်ကို မိတ်ဆက်ဖော်ဆောင်ခဲ့သည်။
ခေတ်ပြိုင်စိန်ခေါ်မှုအခက်အခဲများကို တုံ့ပြန်ရာတွင်လည်း ဖက်ဒရယ်စနစ်၏ အယူအဆသည်လည်း ဆက်လက်တိုးတက်နေပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၊ နည်းပညာတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် အထူးသဖြင့် ရာသီဥတုမူဝါဒ၊ ဒေတာအုပ်ချုပ်ရေး (data governance ) နှင့် ပြည်သူ့ကျန်းမာရေးစသည့် နယ်ပယ်များတွင် ဖက်ဒရယ်စနစ်များအတွက် ပြဿနာအသစ်များ ရှိနေပါသည်။ ထို့အပြင် နိုင်ငံနယ်နိမိတ်များတစ်လျှောက် ကိစ္စရပ်များသည် အပြန်အလှန်ချိတ်ဆက်မှုများ တိုးလာလာသည်နှင့်အမျှ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် NATIONAL ရေး ပေါင်းစပ်ညှိနှိုင်းမှုတို့ကြား ဟန်ချက်ညီမှုသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ဖက်ဒရယ်စနစ်သည် လိုက်လျောညီထွေရှိပြီး dynamic ဖြစ်သော အုပ်ချုပ်မှုပုံစံအဖြစ် ဆက်လက်တည်ရှိနေကာ စည်းလုံးညီညွတ်မှုအတွင်း ကွဲပြားမှုများကို စီမံခန့်ခွဲရန်အတွက် လိုက်လျောညီထွေရှိသော မူဘောင်တစ်ခုကို ပေးဆောင်သည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် cultural accommodation များအတွက် ဖွဲ့စည်းပုံကို ပံ့ပိုးပေးသည့် ၎င်း၏ကိုယ်ပိုင် သြဇာလွှမ်းမိုးမှု နယ်ပယ်တစ်ခုစီတွင် မတူညီသော အစိုးရအဆင့်များ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန် ခွင့်ပြုထားသည်။ ဖက်ဒရယ်စနစ်ကို နားလည်သဘောပေါက်ခြင်းသည် ရှုထောင့်များ၊ ပုံစံများကိုသာမက ၎င်း၏သမိုင်းဆိုင်ရာ ဆင့်ကဲဖြစ်စဉ်နှင့် ခေတ်ပြိုင်ဆက်စပ်မှုကိုပါ စူးစမ်းလေ့လာခြင်းများလည်း ပါ၀င်သည်။ အထူးသဖြင့် ဝိသေသလက္ခဏာ၊ အုပ်ချုပ်မှုနှင့် အာဏာခွဲဝေမှုဆိုင်ရာ မေးခွန်းများသည် ကမ္ဘာနှင့် မြန်မာတွင် ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

မောင်သုတ 🧐

22 Oct, 09:52


စာအုပ်အမြည်းလေးတင်ပေးလိုက်ပါတယ်။ PDF နဲ့တော့မဟုတ်ဘူးပေါ့

8,776

subscribers

5,269

photos

151

videos