News Of Myanmar NOM @newsofmyanmar Channel on Telegram

News Of Myanmar NOM

@newsofmyanmar


News Of Myanmar Official Channel.

WhatsApp Link: https://whatsapp.com/channel/0029VaJEk7V47XeKJVKwfr3S

News Of Myanmar NOM (English)

Are you interested in staying updated with the latest news from Myanmar? Look no further than the News Of Myanmar (NOM) Telegram channel! This official channel provides timely and accurate news updates, covering a wide range of topics including politics, economy, culture, and more.

With a dedicated team of journalists and researchers, News Of Myanmar ensures that you receive the most relevant and reliable information straight to your device. Whether you are a citizen of Myanmar or simply have an interest in the country, this channel is the perfect source for staying informed.

In addition to news updates, News Of Myanmar also offers exclusive insights, analysis, and commentary on important events shaping the nation. By joining this Telegram channel, you will have access to a community of like-minded individuals who are passionate about keeping up with current affairs.

Don't miss out on any important news coming out of Myanmar. Join the News Of Myanmar Telegram channel today and be part of a growing community of informed individuals. Stay connected, stay informed with News Of Myanmar NOM!

News Of Myanmar NOM

19 Jan, 09:56


ရုရှားရဲ့ Iskander-M ဒုံးကျည်ပစ်ခတ်ခံရမှုကြောင့် ယူကရိန်းတပ်ဖွဲ့တွေကို‌ လေ့ကျင့်ပေးနေတဲ့ ဒိန်းမတ် F-16 တိုက်လေယာဉ်မှူးတဥိး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ Dnepropetrovsk ဒေသမှာ ဖြစ်ပွားခဲ့တာလို့ ရုရှားမီဒီယာတွေက ဆိုပါတယ်။ TASS သတင်းအေဂျင်စီကိုလည်း ရုရှားစစ်တပ်က ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး သေဆုံးခဲ့တဲ့ ဒိန်းမတ်လေယာဉ်မှူးရဲ့ နာမည်က Jepp Hansen လို့ သိရပါတယ်။

NOM

News Of Myanmar NOM

19 Jan, 08:20


ဘက်မလိုက်မူဝါဒနဲ့ကျိန်စာသင့်နိုင်ငံတစ်ခုရဲ့ သက်တော်ရှည် ပြည်တွင်းစစ်
=========
-လက်ရှိ နယ်မြေသိမ်းလည်း နစကနဲ့ တပ်မတော်က ဒီနယ်မြေတွေကို လက်လွှတ်ကြောင်း စာချုပ် ချုပ်ပေးလို့မရဘူး။ (ဒါက စစ်သုံ့ပန်း ရှိနေရင် အပေးအယူဆိုတဲ့ အယူအဆ ရှိသူတွေအတွက်ပြောတာ) ။ စစ်သုံ့ပန်းက စစ်သုံ့ပန်း၊ အချုပ်အခြာနဲ့ ၂၀၀၈ တရားဝင်မှုက တပိုင်း ၊ အကုန်လုံးက သပ်သပ်စီပဲ။ ရောလို့မရဘူး။


NCA က အရွေ့မဖြစ်ဘူး။ ခေတ်အဆက်ဆက် အစိုးရတွေ ငြိမ်းချမ်းရေးအတွက် ကော်မတီ အမည်ပြောင်း ဖွဲ့ပေမယ့် အတည်ပြုထားတဲ့ သဘောတူညီချက်တွေကို လွှတ်တော်တင်ပြီး ခြေဥ မပြင်နိုင်သေးဘူး။ မပြင်နိုင်တော့ NCA ထိုးထားတဲ့အဖွဲ့တွေရဲ့ ဆွေးနွေး သဘောတူညီချက်က အလုပ်မပြီးမြောက်ဘူးလို့ ဆိုလို့ရတယ်။ အလုပ်မပြီးမြောက်တဲ့ လုပ်ငန်းမှန်သမျှက ရူပဗေဒ သဘောအရ ကြည့်ရင်တောင် Zero အဆင့်ပဲ။ အဲ့တော့ မထိုးတဲ့ အဖွဲ့ကိုပါ ဖိအားမပေးနိုင်ဘူး။ မဆွဲဆောင်နိုင်ဘူး။


တအာင်းကို ပြည်နယ်အဆင့်ပေးဖို့ဆိုတာ လွှတ်တော်က ဆုံးဖြတ်ရမဲ့ အလုပ် ဖြစ်တယ်။ ကိုးကန့်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့်ထက် ပိုပြီး လားရှိုးအထိ သိမ်းထားတဲ့ အခြေအနေနဲ့ AA က သာပေါင်းနဲ့ မကျီဇင်အထိ ဆင်းလာတော့မဲ့ အခြေအနေကို ဖက်ဒရယ်နဲ့ စစ်အာဏာရှင် ကျဆုံးရေး အတွက် လို့ ခေါင်းစဉ်တပ်နေတဲ့အပေါ် ဘယ်လိုမှ လက်သင့် ခံပေးစရာ အကြောင်း မမြင်မိဘူး။ အာလုံးဟာ ကျဆုံးနိုင်ငံ ဖြစ်လာဖို့နဲ့ တပ်မတော်ချိနဲ့ရင် ဖက်ဒရယ်အာမီ ဖွဲ့မယ်ဆိုတဲ့ အယူအဆကိုပဲ တိုင်ရိုက်ဦးတည်တယ်။ ခုတောင် TNLA အုပ်ချုပ်ဒေသဖြစ်တဲ့ မိုးကုတ်က ဓားပြ အတိုက်ခံရသေးတယ်မဟုတ်ဘူးလား။ တရားဥပဒေနဲ့ တည်ငြိမ်ရေးက အတော်လေး ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။

ဖက်ဒရယ်နဲ့ ဒီမိုကရေစီ သဘောတရား ကို လက်ခံရင် တနိုင်ငံလုံးရဲ့ ၁၀ ရာခိုင်နှုန်း မကျော်တဲ့ လူမျိုးစုတွေက ၆၀ ရာခိုင်နှုန်းရှိတဲ့ ဗမာ ကို ပြည်နယ်ဖွဲ့ခိုင်းပြီး မင်း တကျပ် ၊ ငါတကျပ် သောက်ချိုး မျိုး လုပ်လို့မရဘူး။ မြန်မာနိုင်ငံရဲ့ ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘားမားအက် ဥပဒေကို အခြေပြုထားတာ ဖြစ်သလို ပင်လုံစာချုပ်ဟာ ပြည်နယ်အဆင့် ပုံစံနဲ့ စာချုပ်ချုပ်ထားခဲ့တာ မဟုတ်ဘူး။ ပြည်နယ်အဆင့် မရှိသေးလို့ကို ချင်းလူမျိုး၊ ကချင်လူမျိုးဆိုပြီး သုံးခဲ့တဲ့ သမိုင်းကို သေချာပြန်ဖတ်။ လက်ရှိဖားကန့် ဒေသ မဆိုထားနဲ့ မြစ်ကြီးနား ခရိုင်နဲ့ ဗန်းမော်ခရိုင်ကတောင် ကချင်တွေ ပြည်နယ်အဆင့်ရလာဖို့ ဗခ သဘောကောင်းပြီး ကော်မရှင်ဖွဲ့ ပေးခဲ့တဲအရာတွေ။


အရမ်းကို ဖက်ဒရယ်နဲ့ ဒီမိုကရေစီ စံနှုန်းတွေ လိုက်နာလို့ ငြိမ်းချမ်းရေး အဆင်ပြေပြီး ပြည်တွင်းစစ်ရပ်မယ်ဆိုရင်တောင် တရုတ်ကို ပိတ်ချင်တဲ့ အမေရိကန်ရဲ့ မူဝါဒကြားမှာ ဂွမ်မော်နဲ့ KNU တို့လို နှစ်သီးစား မအလ များအတွက်က NCA စာချုပ် မထိုးခဲ့သေးသလို အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဘေးတိုက်သွား ဂဏန်းတွေ ဖြစ်နေဦးမှာပဲ။ ဆိုလိုချင်တာက လူ ၅ ယောက်ရှိရင် ၂ ဖွဲ့ကွဲတဲ့ လက်နက်ကိုင်တွေနဲ့ တပြည်လုံး ငြိမ်းချမ်းရေးရအောင် ဘယ် ကော်မရှင်နဲ့ ဘယ်ကော်မတီတွေက ညှိနှိုင်းနိုင်မှာလဲ။


အကောင်းဆုံးကတော့....ဒီမိုကရေစီလည်း ပေးပါ။ တကယ်လည်း ဗျင်းတဲ့ ခေါင်းဆောင်မျိုးနဲ့မှ မြန်မာပြည်က ထိုက်သင့်သလောက်‌တိုးတက်တော့မှာပါ။



(နရီမိုး)

News Of Myanmar NOM

19 Jan, 07:49


အမေရိကန်မှာ TikTok ကို လူမှုမီဒီယာကို အသုံးပြုလို့မရတော့ပါဘူး။ TikTok ကို ပိတ်ပင်မယ့် ဥပဒေသစ်ကို အမေရိကန်က ချမှတ်ဖို့ နီးကပ်လာချိန် တနိုင်ငံလုံးမှာ TikTok အသုံးပြုလို့မရတော့တာပါ။

အမေရိကန်နိုင်ငံက TikTok သုံးစွဲသူတွေဟာ app ထဲကို ဝင်တဲ့အခါ "ဝန်ဆောင်မှုမရနိုင်တော့ပါဘူး" ဆိုတဲ့ ထုတ်ပြန်မက်ဆေ့ချ်ကိုသာ မြင်တွေ့နေရပြီဖြစ်ပါတယ်။

TikTok နဲ့အတူ နောက်ထပ် app တခုဖြစ်တဲ့ CapCut ကလည်း အမေရိကန်နိုင်ငံအတွင်း သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ဆိုင်းငံ့လိုက်ပါတယ်။ အဆိုပါ app ကတော့ ဗီဒီယိုတွေကို တည်းဖြတ်မှုပြုလုပ်နိုင်ပြီး TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကပဲ ပိုင်ဆိုင်တဲ့ app ဖြစ်ပါတယ်။

NOM

News Of Myanmar NOM

19 Jan, 02:57


လက်ဘနွန်ပိုင်နက်အတွင်းကနေ အစ္စရေးတပ်ဖွဲ့တွေ အမြန်ဆုံးပြန်လည်ထွက်ခွာသွားဖို့အတွက် ကုလအတွင်းရေးမှူးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဘေရွတ်ကို ရောက်ရှိနေစဉ်အတွင်း သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုခဲ့တာပါ။

NOM

News Of Myanmar NOM

18 Jan, 11:29


ရွှေသောင်ယံလို့ အလွယ် သမုတ်ပေမယ့် ဖြစ်နေတာက မကျီးဇင် တဝိုက်နားက ရွာတွေ ဖြစ်ဖို့များတယ်။ ဒီတိုက်ပွဲမှာ AA ကိုယ်တိုင် ပါသလား မသေချာပေမယ့် အမ်း တိုက်ပွဲတွေနဲ့ ယောနယ် တိုက်ပွဲတွေမှာ မကွေး PDF နဲ့ ဧရာဝတီ PDF တွေ ပါနိုင်တယ်လို့တော့ အကြမ်းဖျင်း သုံးသပ်ရမယ်။
----
ဆိုတော့ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲဟာ AA မပါရင်တောင် ပြည် အနောက်ဘက်ခြမ်းက ကပစတွေနဲ့ မကွေးဘက်က ကပစ နေရာတွေကို တဖြည်းဖြည်း အကဲ စမ်းလာနိုင်တဲ့ သဘော ရှိတယ်။
----
လက်နက်ကတော့ စစ်ပွဲ အပေးအယူ သဘောအတိုင်း ရသွားကောင်း ရနိုင်ပေမယ့် ရေရှည်တိုက်ပွဲအတိုက် AA ရော ၊ PDF ရော ခဲယမ်း မဖြစ်မနေ ဝယ်ဖို့ လိုအပ်တယ်။ အကောင်းဆုံးကတော့ ထောက်ပံ့နေသူလည်း အင်အား ချိနဲ့အောင်၊ ဆက်တိုက်နေသူအတွက်လည်း စိတ်ဓာတ်ပျက်ပြားအောင် ခဲမှန်ရာ နေရာရော၊ ခဲ ပစ်သူပါ ထိထိရောက်ရောက် ချေမှုန်းပေးသင့်တယ်။


(နရီမိုး)

News Of Myanmar NOM

18 Jan, 11:08


ထရမ့်ထံမှ အာမခံချက်မရပါက ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ အမေရိကန်နိုင်ငံအားပေးနေသည့် ဝန်ဆောင်မှုများကို ရပ်ဆိုင်းသွားမည်ဟု Tik Tok ကုမ္ပဏီကပြောကြား

NOM

News Of Myanmar NOM

18 Jan, 10:56


ယူနိုက်တက်လေကြောင်းလိုင်းဟာ ထရမ့်ရဲ့ ကော်မတီအတွက် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ပါတယ်။ အလှူငွေစုစုပေါင်း ဒေါ်လာ သန်း ၁၇၀ အထိ စံချိန်တင်ရရှိခဲ့တယ်ပြီး ဒေါ်လာသန်း ၂၀၀ အထိ ရောက်ဖို့ကို မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

NOM

News Of Myanmar NOM

18 Jan, 10:55


အာဖဂန်ကနေ ထွက်ပြေးလာတဲ့ ပြည်သူတွေကို ကယ်ဆယ်ပေးခဲ့တဲ့ ကန်ရေတပ်က စစ်ပြန်တဦးကို အသရေဖျက်ခဲ့ကြောင်း ထင်ရှားလို့ CNN ဟာ နစ်နာကြေး ဒေါ်လာ ၅ သန်းပေးဆောင်ဖို့အတွက် အမိန့်ချမှတ်ခံလိုက်ရပါတယ်။

NOM

News Of Myanmar NOM

18 Jan, 09:59


တာမွေမြို့နယ်တွင်အဝတ်လှန်းရင်း​လေးလွှာမှ အမျိုး သမီးတစ်ဦး ပြုတ်ကျ
NOM၊ဇန်နဝါရီ၁၈၊၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်၊ကျောက်မြောင်းကြီးရပ်ကွက် အောင်မင်္ဂလာလမ်းတိုက်ခန်းတစ်ခု၏လေးလွှာမှဇန်နဝါရီ၁၈ရက်နေ့လယ်ပိုင်းကအသက်၆၀ကျော် အမျိုးသမီး တစ်ဦးပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်းလူမှုကူညီးအသင်းမှသိရသည်။
အဆိုပါအမျိုးသမီးသည်အဝတ်လှန်းရင်းတိုက်အောက်ကို မတော်တဆပြုတ်ကျခဲ့ပြီး ​ဦးခေါင်းနှင့်ခန္တာကိုယ်တွင်ဒဏ်ရာရရှိခဲ့ကာရန်ကုန်ပြည်သူဆေးရုံကြီး အရေးပေါ်ဌာနသို့ကူညီပို့ဆောင်ပေးခဲ့‌​ကြောင်းသိရသည်။

News Of Myanmar NOM

18 Jan, 09:56


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိန်ဟာဆီနာက သူမဟာ မိနစ် ၂၀ အတွင်း သေခြင်းတရားကနေ လွတ်မြောက်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက် အသက်ဘေးပါ စိုးရိမ်လာရလို့ ဟာဆီနာဟာ ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။

သောကြာနေ့က Bangladesh Awami ဆိုတဲ့ သူမရဲ့ Facebook စာမျက်နှာကနေ audio speech ကတဆင့် ပြောဆိုခဲ့တာဖြစ်ပြီး သူမတို့ကို လုပ်ကြံသတ်ဖြတ်ဖို့အထိပါ ရည်ရွယ်ခဲ့တယ်လို့လည့် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

NOM

News Of Myanmar NOM

18 Jan, 09:56


အစ္စရေးအစိုးရအဖွဲ့ဟာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွှတ်ပေးရေး သဘောတူညီချက်ကို အတည်ပြုလိုက်ပါတယ်။ နာရီပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် ဉာဥ့်နက်ချိန်မှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး လက်ယာစွန်းဝန်ကြီးနှစ်ဦးကတော့ ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ကာတာ၊ အမေရိကန်နဲ့ အီဂျစ်တို့က သဘောတူညီချက်အသေးစိတ်ကို ကြေညာပြီး နှစ်ရက်အကြာမှာ အစ္စရေးရော၊ ဟားမတ်စ်တို့ကပါ သဘောတူညီချက်ကို အပြီးသတ်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

NOM

News Of Myanmar NOM

18 Jan, 09:55


မြိတ်မြို့ ရာဘာစက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွား
NOM၊ဇန်နဝါရီ၁၈၊၂၀၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ရှမ်းချောင်ရပ် ကွက် ရှိရာဘာစက်ရုံတစ်ရုံ ဇန်နဝါရီလ၁၈ရက်မွန်းလွဲ၂း၃၂နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့‌​ကြောင်းင်းမီးသတ်ဦးစီးဌာနထံမှသိရသည်။
မီးလောင်မှုဖြစ်ပွားသည့်အကြောင်းအရင်းနှင့်ပျက်စီးဆုံးရှုံးမှုကို မီးသတ်ဦးစီးဌာနက စိစစ်စုံစမ်းနေဆဲဖြစ်‌​ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်‌​လေးစီး၊ ရေသယ်ယာဉ်‌​လေးစီးတို့ မီးငြှိမ်းသတ်ပေး​နေကြောင်း သတင်းရရှိသည်။

News Of Myanmar NOM

18 Jan, 08:04


​ဇန်နဝါရီလ၁၈ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ထရမ့်၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့သမ္မတ​ဟောင်းများဖြစ်သည့်အိုဘားမား၊ဘီလ်ကလင်တန်နှင့်​ဂျောချ့်ဘုရှ်တို့မတက်​ရောက်ဟုNBCသတင်းဌာနက​ကြေညာသည်။
၂။ထရမ့်၏ကျမ်းသစ္စာကျိန်ဆိုပွဲသို့ရုရှားကအ​မေရိကန်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးအပါအဝင်မည်သူမှတက်​ရောက်မည်မဟုတ်ဟု​ကြေ ညာသည်။
၃။ထရမ့်သည်တနင်္လာနေ့တွင်သမ္မတကျမ်းသစ္စာကျိန်ဆိုပြီး​နောက်အင်္ဂါ​နေ့မှစပြီးတရားမဝင်​နေထိုင်သူများကိုအစုလိုက် အပြုံလိုက်နှင်ထုတ်မည်ဖြစ်​ကြောင်းနယူး​ယောက်ပို့စ်သတင်းစာက​ဖော်ပြလိုက်သည်။
၄။ယူကရိန်းကဝင်​ရောက်သိမ်းပိုက်ထား​သောရုရှားပိုင်နက်ကာ့စ်ခ်​ဒေသ၏၆၃.၂%ကိုပြန်လည်သိမ်းယူပြီးဖြစ်​ကြောင်းရုရှားက​ကြေညာသည်။
၅။၁၉၈၄ခုနှစ်က၁.၆ထရီလီယံသာ​ကြွေးတင်​နေ​သောအ​မေရိကန်သည်ယခု၃၆ထရီလီယံအထိ​အကြွေးများတက်လာသဖြင့်​ဒေဝါလီခံရမည့်အ​ရေးရင်ဆိုင်​နေရ​ကြောင်းနည်းပညာသူ​ဌေးကြီးအီလွန်မတ်စ်ခ်ကသတိ​ပေးလိုက်သည်။

News Of Myanmar NOM

18 Jan, 07:06


၁။ BBC သတင်းဌာနကနေ RSO လက်နက်ကိုင်အဖွဲ့နဲ့ အင်တာဗျူးသတင်း တက်လာတယ်။ ဘာဘာညာညာ ဝေဖန်ဖို့ ဆိုတာ အသာထား။ တကယ်လို့များ အိန္ဒိယ အရှေ့ဖျားမှာရှိတဲ့ အိန္ဒိယကခွဲထွက်လိုတဲ့ မီဇိုရမ် သူပုန်တွေကို သတင်းဌာနတခုက သက်ဆိုင်ရာ နိုင်ငံ သဘောမတူပဲ ခုလို အင်တာဗျူးရင် ....ဒါက ရိုးသားမှု မရှိတဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ရမယ်။
-----
၂။ ပိုဆိုးတာက လက်ရှိဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းဆိုတာ သမိုင်းကြောင်းအရ လူမျိုးစု အချင်းချင်းကြားမှာ လွတ်လပ်ရေး ခေတ်ဦးကတည်းက လူမျိုးတုံး အချင်းချင်း သတ်ဖြတ်လာကြတဲ့ ဒေသတစ်ခု။ ခု ပြောနေကြတဲ့ အတူ ယှဉ်တွဲနေထိုင်ရေးဆိုတာ နိုင်ငံတကာအတွက် စကားလုံးလှအောင် ပြောရုံထက်မပိုဘူး။ ပိုဆိုးတာက နိုင်ငံသား ဖြစ်ခွင့်အပြင် တိုင်းရင်းသားပါလို့တောင် သူတို့က ဆိုနေကြသေးတာ။ မြေပြင်မှာတော့ ရခိုင်မြောက်ဘက်ဒေသမှာ ဘယ်ရခိုင်ကများ နေရဲလို့လဲ။
---
၃။ နခခ(၅) ကျဆုံးခြင်းနဲ့အတူ လက်ရှိ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနယ်စပ်ကြားက မြစ်ပေါ်မှာ တရားမဝင် ငါးဖမ်းနေတာ အများကြီးပဲ။ AA လည်း မထိန်းချုပ်နိုင်ဘူး။ တပ်မတော်လည်း မသွားနိုင်တော့ဘူး။ ဘာမဟုတ်တဲ့ ငါးဖမ်းစက်လှေကအစ နိုင်ငံတခုကို ထီမထင်တော့ဘူး။ ဒါက လက်ရှိ မောင်တောဒေသရဲ့ ပကတိတရားပဲ။ ခုလည်း AA မနိုင်တဲ့ RSO ကို ဇောင်းပေးအင်တာဗျူး လုပ်လာတာ အကြောင်းမဲ့ မဟုတ်ဘူး။ ဒီပြဿနာကို အဖရခိုင်ပြည်ထူထောင်ချင်တဲ့ ထွန်းမြတ်နိုင်လည်း မကာကွယ်နိုင်ဘူး။ AA သတ်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကေစ့်တွေပါပြန်အစဆွဲထုတ်ရင် နိုင်ငံတကာကတောင် ပါလာနိုင်တဲ့ အခြေအနေမျိုးရှိတယ်။ ဒါ့ကြောင့်လည်း အနောက်ပေးစာနဲ့ရပ်တည်ရတဲ့ သတင်းဌာနတခုက ရည်ရွယ်ချက်ရှိရှိ ခြေဆင်းပျိုးလာတာပေါ့။


(နရီမိုး)

News Of Myanmar NOM

17 Jan, 15:10


ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်

News Of Myanmar NOM

17 Jan, 15:10


တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်

News Of Myanmar NOM

17 Jan, 15:10


တရားမဝင်သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၁၇ ရက်

News Of Myanmar NOM

17 Jan, 14:53


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

News Of Myanmar NOM

17 Jan, 14:53


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

News Of Myanmar NOM

17 Jan, 14:46


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

News Of Myanmar NOM

11 Jan, 13:30


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့/အနောက်) မြို့နယ်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်/ရဲစခန်းထောက်ခံစာအတုများ ပြုလုပ်ရောင်းချသူ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၆)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

News Of Myanmar NOM

11 Jan, 10:34


ဘယ်မြို့၊ဘယ်ရွာကို တော့ တပ်က လေကြောင်းနဲ့ တိုက်တဲ့အချိန်မှ အရပ်သား တွေ ထိပါတယ်၊ အရပ်သား တွေ သေရပါတယ်လို့ အော်ခွင့်မရှိဘူး။

တကယ်တော့ ဒီစစ်ပွဲ စပါပြီ ဆိုကတည်းက မြို့သိမ်းတိုက်ပွဲ ဆိုပြီး ရန်သူက တိုက်လာခဲ့တာ။ ဥပမာ ဆိုပါစို့။ ကျောက်မဲနဲ့ နောင်ချိုကို ရရင် ဒါက ခရိုင်မြို့နယ် တခုလုံးကို သိမ်းလို့ရသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်တယ်။ ဒါ့ကြောင့်လည်း အရင်ဆုံး ဝန်ထမ်းတွေ မြို့က ထွက်အောက် အကြောက်တရားနဲ့ ချိန်းခြောက် လေ့ရှိတယ်။ ပြီးမှ မြို့စောင့်တပ်ဖြစ်တဲ့ ရဲစခန်းတွေ၊ မီးသတ်ရုံးတွေကို ဝင်စီးပြီး‌ တော့ ဖျက်ဆီးတယ်။ အမှန်တကယ် မြို့ပျက်ခြင်း၊ မပျက်ခြင်းကို ရန်သူက စိတ်ဝင်စားတဲ့အရာ တခု မဟုတ်ဘူး။ မဟုတ်လို့လည်း ဘယ်ပြည်သူ သေသေ ၊ ဘယ်ပြည်သူ့အကျိုးစီးပွား ထိခိုက်ထိခိုက် သူတို့ အရေးမစိုက်ခဲ့တာ တွေ့ရမှာ ဖြစ်တယ်။


နောက်တချက်က တပ်မတော် တိုင်းစစ်ဌာနချုပ်တွေဘက်က အဓိက လေ့လာပြင်ဆင်ရမယ့် ရန်သူ့ရဲ့ တိုက်စစ်ဗျူဟာ သဘောသဘာဝကို နားလည်မှု ရှိဖို့ လိုအပ်တယ်။ ဥပမာ လားရှိုးကို တိုက်တဲ့အချိန်မှာ တပ်မတော် ဘက်မှာ တကယ် အလုပ်လုပ်တဲ့ အမာခံ ခြေလျင်တပ်တွေကို ဦးစားပေးတိုက်သွားတယ်။ ပိုဆိုးတာက မဆရ လိုမျိုး အမာခံ စစ်ဆေးရုံတွေကို အရင်တိုက်တယ်။ ထိခိုက် ဒဏ်ရာရ စစ်သည်တွေအတွက် အရေးပေါ် ဆေးကုစရာ မရှိအောင် ဒီဆေးရုံတွေနဲ့ အမာခံ ခြေလျင်တပ်တွေကို ဦးစားပေး တိုက်သွားတာ တွေ့ရတယ်။


ရခိုင် အမ်းမှာလည်း အလားတူပဲ။ မဆရ လို ဆေးရုံအပြင် တိုင်းကို အဓိက ကာပေးတဲ့ ခြေလျင်တပ်နဲ့ အမြှောက်တပ်တွေကို လှုပ်မရအောင် ဘေးကြပ်နံကြပ် ဖြစ်အောင် အရင် စစ်ကစားတာ တွေ့ရတယ်။ နယ်စပ်မျဉ်းပေါ်က ခံစစ် အသေတွေတောင် မရှုမလှ ကျနိုင်သေးတဲ့အခြေအနေမှာ တောင်ကုတ် နဲ့ မကွေး ဘက်က လမ်းတွေပါ ပိတ်ဆို့ခံထားရတဲ့ အမ်းဟာ စစ်ကူရောက်ဖို့ အခွင့်အလမ်း အတော်လေး နည်းသွားခဲ့တယ်။ ပိုဆိုးတာက စနိုက်ပါနဲ့ ဒရုန်းမှာ ကိုယ်တွေဘက်က တန်ပြန်အားကောင်းအောင် မလုပ်နိုင်သေးဘူးလို့ပဲ ကောက်ချက် ချရမယ်။ နောက်ထပ်အရေးကြီးဆုံး အချက်ကတော့ နယ်မြေခံတပ်က စစ်သည်၊အရာရှိတွေကို အခြားဒေသ တွေကို တပ်ပြောင်း/ နေရာ ပြောင်း လုပ်ခဲ့ရဲ့လားဆိုတာလည်း သတိပြုရမယ့်အချက်ဖြစ်တယ်။ တချို့ စစ်သတင်းပေါက်ကြားရတဲ့ အချက်တွေထဲမှာ ဒေသခံတွေနဲ့ အိမ်ထောင်ကျပြီး တပ်အပေါ် သစ္စာနည်းရတာတွေလည်း ပါလေ့ ရှိတယ်။


နောက်တခု စဉ်းစားရမှာက စစ်တိုက်ပြီးမှ ယူထားတဲ့ နယ်မြေတွေဟာ လွှတ်တော်နဲ့ ခြေဥက ခွင့်ပြုထားတာ မဟုတ်လို့ ဒါက လက်နက်နဲ့ နယ်မြေချဲ့ခြင်း တမျိုးပါပဲ။ လူမျိုးစု တစုရဲ့ ပြည်နယ်အဆင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာက ဒီလူမျိုးစုရဲ့ လူဦးရေ၊ တဆက်တည်း ရှိမှုဆိုတဲ့ သွင်ပြင် လက္ခဏာတွေ ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဒါကို လက်ရှိ အစိုးရ၊ နိုင်ငံရေး ပါတီနဲ့ တပ်မတော် အပြင် လူထု ကပါ တညီတညွှတ်တည်း ကန့်ကွက်ဖို့ လိုပါတယ်။


(နရီမိုး)

News Of Myanmar NOM

11 Jan, 10:20


ဇန်နဝါရီလ၁၁ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဥ​ရောပသမဂ္ဂဥက္ကဌအာဆူ​ဒါဗွန်ဒါ​လေယန်ကသူမကိုဖိတ်ကြားခြင်းမရှိသဖြင့်ထရမ့်၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့တက်မည်မဟုတ်ဟု​ပြောသည်။
၂။ဗင်နီဇွဲလားသမ္မတနီကိုးလပ်စ်မာဒူရိုသည်တတိယ​မြောက်သမ္မတသက်တမ်းအတွက်ယ​နေ့ကျမ်းသစ္စာကျိန်ဆိုသည်။(ဗီဒီယို)
၃။သက်တမ်းကုန်​တော့မည့်ဘိုင်ဒင်အစိုးရကသူတို့ချမှတ်ထား​သောရုရှားအ​ပေါ်ပိတ်ဆို့အ​ရေးယူမှုများကိုသမ္မသစ်ထရမ့်ကပယ်ဖျက်လိုပါကလွှတ်​တော်၏အတည်ပြုချက်ယူရမည်ဟု​ပြောလိုက်သည်။
၄။အ​မေရိကန်နိုင်ငံကန်းဆက်တက္ကသိုလ်မှပါ​မောက္ခတရုတ်နွယ်ဖွားဖန်ဖရန်ကင်​ဂျောင်ကသူ့ကိုတရုတ်သူလျိုဟုမှားယွင်းစွပ်စွဲကာသူ၏ဓါတ်ခွဲခန်းနှင့်အိမ်ကိုFBIမှရှာ​ဖွေခဲ့မှုအ​ပေါ်တက္ကသိုလ်ကပူး​ပေါင်း​ဆောင်ရွက်ခဲ့သည့်အတွက်တက္ကသိုလ်ကိုတရားစွဲလိုက်သည်။
၅။ဇန်နဝါရီလ၂၀ရက်​နေ့အ​မေရိကန်သမ္မတထရမ့်၏ကျမ်းသစ္စာကျိန်ဆိုပွဲသို့တရုတ်သမ္မတရှီကျင့်ဖျင်ကိုတက်ရန်ဖိတ်ကြား​သော် လည်းတရုတ်ကဒုတိယသမ္မတဟန်ကျင်းသို့မဟုတ်နိုင်ငံခြား​ရေးဝမ်ယီတက်​ရောက်ရန်စီစဥ်ထားသည်။

News Of Myanmar NOM

11 Jan, 08:55


မြန်မာနိုင်ငံ၏အရပ်အရှည်ဆုံးအမျိုးသားတစ်ဦးဖြစ်သော ကိုကောင်းညွန့်ဝေကို ဂျာမနီ နာမည်​ကျော်ဖိနပ်ချုပ်လုပ်သူGeorg Wesselsက ဖိနပ်လှူဒါန်း
NOM၊ဇန်နဝါရီ၁၁၊၂၀၂၅
မြန်မာနိုင်ငံ၏အရပ်အရှည်ဆုံးအမျိုးသားတစ်ဦးဖြစ်‌​သောကိုကောင်းညွန့်ဝေကို ဂျာမနီ နာမည်​ကျော်ဖိနပ် ချုပ်လုပ်သူ Georg Wesselsက မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးကတဆင့် ဖိနပ် ပေးပို့လှူဒါန်းခဲ့‌​ကြောင်း ဂျာမနီသံရုံး၏ဇန်နဝါရီလ၁၀ရက်သတင်းထုတ်ပြန်ချက်အရသိရသည်။
ကိုကောင်းညွန့်ဝေကို ဖိနပ်လှူခြင်းနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံဆိုင်ရာဂျာမနီသံရုံးက "ဒီသီတင်းပတ်ထဲမှာတော့ ဂျာမနီသံရုံး ရန်ကုန်က မြန်မာနိုင်ငံမှ အရပ်အရှည်ဆုံး ဘော်လီဘောကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ အထူးဧည့်သည်တော်ကိုကောင်းညွန့်ဝေကို ကြိုဆိုခဲ့ပါတယ်။ကိုကောင်းညွန့်ဝေဟာ အ ရပ်အမြင့် ၂.၁၅ မီတာ (၇ ပေ ၁ လက်မ) မြင့်မားပြီး သူ့ဖိနပ်ဆိုက်ကလည်းကြီး မားတာကြောင့် သူ့အ တွက် ဖိနပ်အသစ်တစ်ရံ လိုအပ်ပေမယ့် စင်ပေါ်မှာရှိနေတဲ့ ဖိနပ်အသစ်တွေက သူ့အတွက် ရွေးချယ်စရာ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် စင်ပေါ်က ဖိနပ်တွေအ စား၊ ကမ္ဘာတစ်ဝှမ်းမှ အရပ်ရှည်သူတွေအတွက် ဖိနပ်ဆိုက်အရွယ်အစား ၄၇ မှ ၇၀ အတွင်း အထူးကျွမ်း ကျင်စွာထုတ်လုပ်သူ ဂျာမန်လူမျိုး Georg Wessels ထံမှ အထူးချုပ်ဖိနပ်များကို ကိုကောင်းညွန့်ဝေက လက် ခံရရှိခဲ့ပါတယ်။ Georg Wessels ဟာ တူရကီ၊ ဗင်နီဇွဲလားရှိ အရပ်ရှည်သူများအပြင် အာရှနှင့် အာဖရိကနိုင်ငံများရှိ အရွယ်အစားကြီး သော ဖိနပ်ဆိုက်လိုအပ်နေသူတွေအတွက် ချုပ်လုပ်လှူဒါန်းခဲ့ပါတယ်။ သူဟာ မြန်မာ နိုင်ငံက ပုံမှန်ထက်အရပ်ရှည်နေသူများအတွက်လည်း အထူးချုပ်ဖိနပ်တွေကို လှူဒါန်းခဲ့တာ နှစ်အတော်ကြာနေပြီဖြစ်ပြီး ၎င်းလှူဒါန်းခဲ့သူတွေထဲက တစ်ဦးဆိုပါက အ ရပ် ၂.၃၈ မီတာ (၇ ပေ ၇ လက်မ ဝန်းကျင်)ပင်ရှိခဲ့ကာ ယခုလည်းကိုကောင်းညွန့်ဝေနဲ့ လက်တွဲခွင့်ရတဲ့ အတွက် ဝမ်းမြောက်မိပါတယ်"ဟုသတင်းထုတ်ပြန်ထားသည်။
ကိုကောင်းညွန့်ဝေသည် (၇)ပေ(၁)လက်မအထိရှည်သည့်သူ၏အရပ် အမောင်းကြောင့် ၂၀၂၄ခုနှစ်အတွင်း မြန် မာနိုင်ငံတွင်လူသိများ ထင်ရှားလာသူဖြစ်ပြီး မြန်မာ့လက် ရွေးစင်ဘောလီဘောအသင်းအတွက် ကစားပေးနိုင်ရန်ဘောလီဘောကစားနည်းကို လေ့ကျင့်နေကြောင်း သိရသည်။

News Of Myanmar NOM

11 Jan, 05:56


​မြောက်ဥက္ကလာမီး​လောင်မှုတစ်ဦး​သေ
NOM၊ဇန်နဝါရီ၁၁၊၂၀၂၅
​မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်၊စပယ်(၃)လမ်း၊အမှတ်(၆၇၈)အိမ်၌ဇန်နဝါရီလ၁၀ရက်ည၉း၂၃နာရီအချိန်တွင်မီး​လောင်မှုဖြစ်ပြီးလူတစ်ဦး​သေဆုံး​ကြောင်းသိရသည်။
မီး​လောင်သည့်အိမ်မှာအလျား၁၀​ပေ၊အနံ​ပေ၆၀ရှိRCတိုက်သုံးလွှာတွင်ဖြစ်ပြီးမီးသတ်ယာဥ်၅စီး​ရေသယ်ယာဥ်၃စီးဖြင့်ငြိမ်းသတ်ခဲ့ရာ၇မိနစ်အကြာတွင်မီးငြိမ်းသွားခဲ့သည်။
မီး​လောင်မှု​ကြောင့်အိမ်ရှင်ဦးကြည်လွင် (၆၂နှစ်)မှာမီးခိုးမွှန်​၊ဝဲယာ​ခြေ​ထောက်များမီး​လောင်၊သတိမရ၊တစ်အိမ်တည်း​နေ​ဒေါ်ရင်ရင်မြ(၅၆နှစ်)မှာပြင်ပဒဏ်ရာမရှိသတိမရ၊​မောင်​အောင်ချစ်ဖြိုး(၄နှစ်၆လ)၊ပြင်ပဒဏ်ရာမရှိသတိမရသဖြင့်​မြောက်ဥက္ကလာ​ပ​ဆေးရုံကြီးသို့ပို့​ဆောင်ခဲ့ရာ​ဒေါ်ရင်ရင်မြမှာ​ဆေးရုံအ​ရောက်​သေဆုံးသွားပြီးကျန်လူနာများကိုဆက်လက်ကုသ​နေကြောင်းသိရသည်။

News Of Myanmar NOM

11 Jan, 02:43


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုမျာအား တွေ့ဆုံအမှာစကားပြောကြား၊ မန္တလေးနန်းမြို့ အနောက်ဘက်ရှိ စည်ရှည်တံတားအား ပြန်လည်တည်ဆောက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

News Of Myanmar NOM

10 Jan, 13:37


လေကြောင်းပစ်ကူဆိုတာ ခဏထားဦး။ ကမ်းရိုးတန်းကနေ တပ်မတော်ရေရဲ့ အမြှောက်နဲ့ လှမ်းထုရင်တောင် ကမ်းစပ်မြိုဖြစ်တဲ့ “ဂွ”နဲ့ သံတွဲတို့ကို စတပြင် ဖြစ်အောင်လုပ် လိုရတယ်။

ပလောင်ကြေညာထားသလို မြို(၁၈)မြိုပါတဲ့ ခရိုင်(၅)ခုကို မဆိုထားနဲ့။ ပလောင် အများဆုံးနေတဲ့ နမ့်ဆန်မြိုကို လေကြောင်းနဲ့တင် “ပြာ”ချ လိုက်လိုရတယ်။

လက်ရှိ စစ်ရေးအပြင်းထန်ဆုံးဖြစ်နေတဲ့ ဗန်းမော်မြိုအကြောင်း မပြောနဲ့။ မိုင်ဂျားယန်မှာ ပြည်ထောင်စုက အသိအမှတ်မပြုထားတဲ့ တက္ကသိုလ်အဆင့် အဆောက်အဦ (၃) ခုရှိတယ်။ ဒီမြိုရဲ့ အလှမ်းမဝေးမှာ တရုတ်ကို တင်ပိုနေတဲ့ မြေရှားသတ္တု တူးနေတာ အထင်းသားလည်း တွေ့နိုင်တယ်။ ကိုယ့်ရဲ့ ဒကစ၊ စကခ တွေ အသိမ်းခံနေရချိန်မှာ ရန်သူ့ နောက်ချန်မြိုတွေက အကောင်းတိုင်း မြင်နေရတယ်။

တပ်မတော်ဟာ အတော်လေးကို သက်ညှာခဲ့ပါတယ်။ ကိုယ်တွေကပဲ နိုင်ငံရေးမှာ မျက်စိလည်နေတာလားဆိုတာ တခါတလေကျတော့ မဝေခွဲတတ်တော့ဘူး။

(နရီမိုး)

News Of Myanmar NOM

10 Jan, 13:09


ဇန်နဝါရီလ၁၀ရက်နိုင်ငံတကာသတင်း
NOM
၁။​လော့စ်အိန်ဂျယ်လိစ်မီး​လောင်ကျွမ်းမှုသည်စနစ်တကျကြိုတင်စီစဥ်​သောရှို့မီးဖြစ်သည်ဟုရဲတပ်ဖွဲ့က​ပြောပြီးမသင်္ကာသူများကိုဖမ်းမိထားသည်ဟု​ကြေညာသည်။
၂။ဗင်နီဇွဲလားနိုင်ငံသည်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီကိုလံဘီယာနယ်စပ်ကိုပိတ်လိုက်သည်။
၃။ဂျာမနီသည်​ဖေ​ဖော်ဝါရီလ၂၃ရက်​နေ့​ရွေး​ကောက်ပွဲမတိုင်မီယူကရိန်းကို​လေ​ကြောင်းရန်ကာကွယ််ရးစနစ်၊ဒုံးကျည်များ၊​ဟောင်ဝစ်ဇာကျည်များအပါအဝင်ယူရို၃ဘီလီယံဖိုးအ​ထောက်အပံ့​ပေးမည်ဟုကာကွယ်​ရေးဝန်ကြီးနှင့်နိုင်ငံခြား​ရေးဝန်ကြီးက​ပြောလိုက်သည်။
၄။​ရွေး​ကောက်ခံသမ္မတထရမ့်ကရုရှားသမ္မတပူတင်သည်မိမိနှင့်​တွေ့ဆုံရန်ဆန္ဒရှိသဖြင့်နှစ်နိုင်ငံတာဝန်ရှိသူများသည်စတင်ပြင်ဆင်​နေ​ကြောင်းထို​ဆွေး​နွေးပွဲသို့တရုတ်သမ္မတကိုပါပါဝင်​စေမည်ဖြစ်​ကာသုံးပွင့်ဆိုင်​ဆွေး​နွေးမည်ဖြစ်ကြောင်း​ပြောသည်။
၅။သမ္မတဂျိုးဘိုင်ဒင်ကရုရှားအ​ပေါ်ချထား​သောစီးပွား​ရေးပိတ်ဆို့မှုများကိုထရမ့်တက်လာသည့်အခါပယ်ဖျက်မည်ကိုဥ​​ရောပသမဂ္ဂကစိုးရိမ်လျက်ရှိသည်။

News Of Myanmar NOM

10 Jan, 12:41


ညောင်ဦးမြို့နယ်၊ ဥယျာဉ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို ဒလန် ဟုစွပ်စွဲသတ်ဖြတ်

NOM ဇန်နဝါရီလ ၁၀၊ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်နေ ဦးအောင်မင်းလွင် (၄၆) နှစ်သည် ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်၌ ညောင်ဦး မြို့နယ်၊ ကြအိုကျေးရွာမှ ဥယျာဉ်ကျေးရွာသို့ ပုဂံ-ချောက်ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် ဥယျာဉ်ကျေးရွာအနီးရှိ ဒေသအခေါ် သဲချောင်းသို့အရောက်တွင် PDF အကြမ်းဖက်သမားလေးဦးက ၎င်းအား ဒလန် ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးအောင်မင်းလွင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

10 Jan, 12:33


ဖြစ်စဉ်တွင် Aliance ငွေစုငွေချေးရုံးမှ တရားခံ အောင်ကိုကို၊ ငြိမ်းချမ်းဖြိုး(ခ)အိုက်ပီးနှင့် ခင်မောင်ကြည်တို့ ၃ ဦးသည် ငွေစုငွေချေးရုံးမှ ငွေများအား ညအချိန်ပုန်းလျှိုးကျော်နင်းဝင်ရောက် ယူဆောင်ရာတွင် ၎င်းတို့ကျူးလွန်သည့် ပြစ်မှုအား ဖုံးကွယ်၍ ရပ်ရွာလုံခြုံရေးဆောင်ရွက်လျက်ရှိ သည့် လုံခြုံရေးအဖွဲ့အစည်းများအပေါ် ထင်ယောင်ထင်မှားဖြစ်၍ ယုံကြည်မှုကျဆင်းစေရန်နှင့်အများ ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လီဆယ်ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ သဖြင့် တရားခံ အောင်ကိုကိုပါ ၃ ဦးနှင့် ပူးပေါင်းကျူးလွန်သူတရားခံ ဆန်းအေး(ခ)ကာဒရ်ဘိုင်တို့ ၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

News Of Myanmar NOM

10 Jan, 12:33


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့ကပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းလီဆယ်သတင်းပို့ခဲ့သည့်ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၀

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)၊ ပွေးတောင်ရပ်ကွက်နေ Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာ ဖြစ်သူ ဦးဇော်ဇော်အောင်သည် ရပ်ကွက်ကြီး(၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေချေးရုံးသို့ ရောက်ရှိစဉ် ရုံးညစောင့်ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၇)၊ သာယာကုန်း ကျေးရွာနေ ဦးခင်မောင်ကြည်(၅၉)နှစ်၊ (ဘ)ဦးကြည်၏ ပြောပြချက်အရဇန်နဝါရီလ ၈ ရက်နေ့ ည ၁၂ နာရီခွဲတွင် ၎င်းမှ ငွေစုငွေချေးရုံး၌ ညစောင့်တာဝန်ဆောင်ရွက်နေစဉ် အနက်ရောင်ဘောင်းဘီ ရှည်၊ အနက်ရောင်အနွေးထည်အင်္ကျီဝတ်ထားသူ အမည်မသိအမျိုးသား ၂ ဦးက ယာဉ်အမှတ် 1E/ 2737 HONDA FIT အမျိုးအစားအဖြူရောင်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဆေးမည်ဟု ပြောဆို၍ ရုံးခြံဝင်းအတွင်းသို့ ဝင်လာကာ ရုံးပြူတင်းပေါက် သံပန်းတံခါးအား သံချောင်းဖြင့် ကန့်လန့်ဖွင့်၍ ရုံးခန်းအတွင်းထားရှိသည့် မြန်မာငွေစက္ကူရောရာငွေ(၁၀၀,၃၀၂,၄၀၀)ကျပ်ထည့် ထားသည့် LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံးနှင့် ရုံးအတွင်း တပ်ဆင်ထားသည့် CCTV ကြိုး များအား ဖြတ်တောက်၍ CCTV မှတ်တမ်းအထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းသို့ လာရောက်သတင်းပို့တိုင်တန်းခဲ့ရာ ကျူးလွန်သူတရားခံများအား ဖမ်းဆီး ရမိနိုင်ရေး ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၅ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားစဉ် ညစောင့်တာဝန်ဆောင်ရွက်နေသည့် Aliance ငွေစုငွေချေးရုံးမှ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အား စစ်ဆေးခဲ့ရာဇန်နဝါရီလ ၈ ရက်နေ့ ည ၉ နာရီခွဲတွင် Aliance ငွေစုငွေချေးရုံး ရှေ့သို့ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၉)၊ ငါးရံ့ချောင်း ကျေးရွာနေ အောင်ကိုကို(၃၃)နှစ် (ဘ)ဦးဌေးဝင်းနှင့် ချေးငွေတာဝန်ခံဖြစ်သူ ရပ်ကွက်ကြီး(၂၁)နေ ငြိမ်းချမ်းဖြိုး(ခ)အိုက်ပီး(၂၈)နှစ် (ဘ)ဦးညွန့်ဖေတို့နှစ်ဦးကမော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ရုံးခန်းအတွင်းရှိမီးခံသေတ္တာအား ခိုးယူမည်ဖြစ်ကြောင်း၊ အောင်မြင်ပါကငွေကျပ်သိန်း ၁၅၀ ပေးမည် ဖြစ်ကြောင်း၊ တာဝန်ရှိသူများမေးမြန်းပါက ဧည့်စာရင်းလာရောက် စစ်ဆေးသည့်အဖွဲ့များက ခြိမ်းခြောက်ယူဆောင်သွားခဲ့သည်ဟု လီဆယ်ထွက်ဆိုပေးရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ ယုတ္တိရှိစေရန် ၎င်းအား လက်နှင့် ခြေထောက်တို့တွင် တိပ်အပြာဖြင့် ပတ်ထားခဲ့ပြီး ရုံးအတွင်းရှိ မီးခံသေတ္တာ ၁ လုံးနှင့် CCTV အထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း၊ ညစောင့်ဖြစ်သူ ဦးခင်မောင်ကြည်အနေဖြင့် လုပ်ငန်းအောင်မြင်ပါက ၎င်းအား ငွေကျပ်သိန်း ၁၅၀ ပေးမည်ဟုအောင်ကိုကိုတို့ ၂ ဦးက မက်လုံးပေးစည်းရုံးထားသဖြင့် မန်နေဂျာဖြစ်သူ ဦးဇော်ဇော်အောင်ထံ ဖြစ်စဉ်ကို အမှန်အတိုင်း တင်ပြခြင်းမရှိဘဲ ၎င်းကိုယ်တိုင် ပါဝင်ပူးပေါင်းကျူးလွန်၍ ဖြစ်စဉ်အမှန်အား ဖုံးကွယ်ကာ လုံခြုံရေးအဖွဲ့အစည်းများအပေါ် အများပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် လီဆယ်ထိန်ချန်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရသည်။

တရားခံဖြစ်သူ ခင်မောင်ကြည်၏ထွက်ဆိုချက်အရကျန်တရားခံများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့၊ စံပယ်လမ်းနှင့် နဝရတ်လမ်းထောင့်၌ အဆိုပါငွေစုငွေချေးရုံးမှ ကြီးကြပ်ရေးမှူးဖြစ်သူ အောင်ကိုကို၊ ငွေချေးတာဝန်ခံဖြစ်သူ ငြိမ်းချမ်းဖြိုး(ခ)အိုက်ပီးနှင့် မီးခံသေတ္တာအတွင်းမှ ငွေများထုတ်ယူရရှိနိုင်ရေး သော့တုဖြင့် ဖွင့်လှစ်ပေးသူ ရပ်ကွက်ကြီး(၇)နေ ဆန်းအေး(ခ) ကာဒရ်ဘိုင်(၅၂)နှစ် (ဘ)ဦးမူဆာတို့ ၃ ဦးအားငွေ(၉၉,၇၀၂,၄၀၀)ကျပ်၊ LECCO တံဆိပ်ပါ မီးခံသေတ္တာ၁ လုံး၊ ရုံးသုံးလက်တော့ ၂ လုံး၊ ရုံးသုံးကြိုးဖုန်း ၁ လုံး၊ရုံးသုံး CCTV ၃ လုံး၊ အစိမ်းရောင်တိပ်ခွေ ၁ ခု၊ ကတ်ကြေး ၁လက်၊ ရုံးသုံး Tablet ၁ လုံး၊ ကျောပိုးအိတ် ၂ လုံး နှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြု မောင်းနှင်ခဲ့သည့် ယာဉ်အမှတ် 1E/2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

News Of Myanmar NOM

10 Jan, 12:32


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့ကပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းလီဆယ်သတင်းပို့ခဲ့သည့်ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၀

News Of Myanmar NOM

10 Jan, 09:20


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများကြောင့် လူ ၈၈ ဦးသေဆုံးပြီး ၃၆၀ ဦး ဒဏ်ရာရ
NOM၊ဇန်နဝါရီ၊၉၊၂၀၂၅
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများကြောင့် လူ ၈၈ ဦး သေဆုံးပြီး ၃၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှသိရသည်။
၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ၁၆၃ မှု၊ လူသေဆုံးသူ ၈၆ ဦးနှင့် ဒဏ်ရာရသူ ၃၂၆ ဦး စသည့် အရေအတွက်နှင့်နှိုင်းယှဉ်ပါက အထက်ပါ ပမာဏမှာ မြင့်တက်လာကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထို့ပြင် ယာဉ်တိုက်မှုများကြောင့် ဆုံးရှုံးမှုပမာဏအနေဖြင့် ကျပ် သန်း ၅၇၀ ကျော် ရှိကြောင်း သိရသည်။

News Of Myanmar NOM

09 Jan, 15:29


တိုက်ကြီးတွင်ကားနှင့်ဆိုင်ကယ်တိုက်၊တစ်ဦး​သေ
NOM၊ဇန်နဝါရီ၉၊၂၀၂၅
တိုက်ကြီးမြို့နယ်၊အုပ်ပုံစုရပ်ကွက်၊မဟာသီရိလမ်းထိပ်တွင်ဇန်န ဝါရီလ၈ရက်၊ည၁၁း၁၀နာရီအချိန်ကအငှားကားနှင့်ဆိုင်ကယ်တိုက်မိရာဆိုင်ကယ်​မောင်းသူ​သေဆုံးပြီးဆိုင်ကယ်​နောက်မှစီးလာသူပြင်းထန်စွာဒဏ်ရာရ​ကြောင်းသိရသည်။
ဂျိုးဖြူကန်လမ်းအတိုင်းတိုက်ကြီးမှဂျိုးဖြူကန်ဖက်သို့ယာဥ်​မောင်း(စိစစ်ဆဲ)​မောင်းလာ​သောအငှားကားMDY 6L/9756သည်မဟာသီရိလမ်းထိပ်အ​ရောက်အတွင်အရှိန်မထိမ်းနိုင်ပဲတစ်ဖက်ယာဥ်​ကြောမှဘိုဘိုလွင်​မောင်းလာ​သောဆိုင်ကယ်ကိုဝင်တိုက်ရာဘိုဘိုလွင်သည်အခင်းဖြစ်​နေရာတွင်​သေဆုံးပြီးဆိုင်ကယ်​နောက်မှလိုက်လာသူသန်း​ဝေစိုးတွင်စိုးရိမ်ရဒဏ်ရာများရရှိသဖြင့်တိုက်ကြီး​ဆေးရုံသို့ပို့​ဆောင်ကုသ​ပေးလျက်ရှိသည်။အငှားယာဥ်​မောင်းသူသည်ကားကိုထားခဲ့ပြီးထွက်​ပြေးတိမ်း​ရှောင်သွားသဖြင့်ရဲစခန်းတွင်အမှုဖွင့်အ​ရေးယူထား​ကြောင်းသိရသည်။

News Of Myanmar NOM

09 Jan, 11:02


​မှော်ဘီတွင်အမျိုးသားတစ်ဦးကြိုးဆွဲချ​သတ်​သေ
NOM၊ဇန်နဝါရီ၉၊၂၀၂၄
​မှော်ဘီမြို့နယ်၊အင်းလျက်​ကျေးရွာအုပ်စု၊အ​နောက်သရက်ကုန်း​ကျေးရွာတွင်ဇန်နဝါရီလ၉ရက်နံနက်၁၁း၀၀နာရီအချိန်ကအမျိုးသားတစ်ဦးကြိုးဆွဲချသတ်​သေသွား​ကြောင်းသိရသည်။
သတ်​သေသူမှာဦး​စောဒယ်နီရယ်(၄၉နှစ်)ဖြစ်ပြီးအိမ်ဝင်းအတွင်းရှိသရက်ပင်၌ကြိုးဆွဲချ​သေဆုံး​နေသဖြင့်ရဲတပ်ဖွဲ့ကအ​လောင်းကို​မှော်ဘီ​ဆေးရုံသို့ပို့​​ဆောင်ထား​ကြောင်းသိရသည်။

News Of Myanmar NOM

09 Jan, 10:56


ဇန်နဝါရီလ၉ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။သက်တမ်းကုန်ရန်၁၁ရက်သာလို​တော့သည့်အ​မေရိကန်ဒီမိုကရက်တစ်အစိုးရသည်စစ်မီးမြင့်​စေရန်​ယခုရက်အတွင်းစစ်လက်နက်အ​ထောက်အပံ့​ဒေါ်လာသန်း၅၀၀ဖိုးယူကရိန်းသို့​ပေးရန်တက်သုတ် ရိုက်ပြင်ဆင်လျက်ရှိသည်။
၂။ထရမ့်၏မက္ကဆီကိုပင်လယ်​ကွေ့ကိုအ​မေရိကန်ပင်လယ်​ကွေ့ဟု​ပြောင်း​ခေါ်ရန်​ပြောဆို​နေမှုအားမက္ကဆီကိုသမ္မတက၁၆၀၇ခုနှစ်တွင်အ​မေရိကန်ကသိမ်းယူသွား​သောမက္ကဆီပိုင်နက်​ဟောင်းများကိုမက္ကဆီကန်အ​မေရိကဟု​ခေါ်ရန်တုန့်ပြန်​ပြောဆိုလိုက်သည်။
၃။နိုင်ဂျီးရီးယားနိုင်ငံအ​ရှေ့​မြောက်​ဘော်နို​ဒေသရှိစစ်စခန်းတစ်ခုကိုအစ္စလမ်မစ်စစ်​သွေး​ကြွများကလာ​ရောက်တိုက်ခိုက်ရာစစ်သား ၆ဦးနှင့်စစ်​သွေးကြွ ၃၂ဦး​ သေဆုံးသည်။
၄။သက်တမ်းကုန်​တော့မည့်အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီးဘလင်ကန်ကဂရင်းလန်းကိုအ​မေရိကန်နိုင်ငံအတွင်း​ပေါင်းစည်းရန်ထရမ့်၏​ပြောကြားချက်သည်ဆိုးဝါးပြီးလက်​တွေ့ဖြစ်လာစရာမရှိဟု​ဝေဖန်လိုက်သည်။
၅။အိမ်​ခြေတစ်​ထောင်​ကျော်မီး​လောင်ခံလိုက်ရ​သော​လော့စ်အိန်ဂျယ်လိစ်မီး​လောင်မှုတွင်ငြိမ်းသတ်​ရန်​ရေမလုံ​လောက်မှုအ​ပေါ်ထရမ့်က​ပြည်နယ်အုပ်ချုပ်​ရေးမှူးအားပြစ်တင်ရှုံ့ချလိုက်သည်။
၆။ဂရင်းလန်းကျွန်းကိုအ​မေရိကန်ကကျူး​ကျော်ဝင်​ရောက်မည်ကိုဥ​ရောပသမဂ္ဂကခွင့်ပြုမည်မဟုတ်ဟုပြင်သစ်နိုင်ငံခြား​ရေးဝန်ကြီးက​ပြောလိုက်သည်။
၇။အ​မေရိကန်​အောက်လွှတ်​တော်တွင်ထားရှိ​သောကွယ်လွန်သူသမ္မတ​ဟောင်းဂျင်မီကာတာ၏ရုပ်ကလပ်ကိုထရမ့်လာ​ရောက်ဂါရဝမပြုမီလွှတ်​တော်အ​ဆောက်အဦအတွင်းသို့​တောခုတ်ဓါးနှင့်ဓါး​မြှောင်သုံး​ချောင်းအိတ်အတွင်းထည့်ကာဝင်ရန်ကြိုးစားသူကိုရဲကဖမ်းဆီးလိုက်သည်။

News Of Myanmar NOM

09 Jan, 10:47


မန္တလေး PDF ဆိုပြီး တဖက်က ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေ မြင်လာရတယ်။ တလောကလည်း NUG ရဲ့ ဝန်ကြီး အဆင့်တွေက မြေပြင်တပ်ရင်းတွေအထိ ဆင်းတွေ့နေတာ တွေ့ရတယ်။ ဓာတ်ပုံမြင်ကွင်းဟာ သာမန်ကြည့်ရင်တော့ သတင်း တပုဒ်ထက်မပိုပါဘူး။ ထောက်လှမ်းရေးအမြင်၊ စည်းရုံးရေး အမြင်နဲ့ကြည့်ရင်တော့ တွေးစရာ ၊ ရေးစရာ အများကြီးပါပဲ။


ပြည်သူ့စစ်နဲ့ပတ်သက်ပြီး ကြားနေ၊ မြင်နေရတာလည်း အများကြီးပါပဲ။ တကယ်တော့ အရေအတွက်ထက် အရည်အချင်းလေးပါရင် ပိုကောင်းပါတယ်။ အရည်အချင်းနဲ့ စိတ်အားထက်သန်မှုဆိုတာကလည်း ရန်သူထက် အစစအရာရာ ကောင်းမွန်သာလွန်တဲ့ အာမခံချက်မျိုး နိုင်ငံတော်က ပေးဖို့ လိုတယ်။ ဒါက စာရွက်ထဲက ဥပဒေ ပုဒ်မတွေကို ပြောတာ မဟုတ်ဘူး။ အောက်ခြေ မိသားစုတွေအထိ တာဝန်ရှိသူတွေက အနီးကပ်တသားတည်း ရှိနေတာကို ပြဖို့ လိုအပ်တယ်။ ဘယ်လို ကောင်းမွန်တဲ့ ထောက်ပံ့ပေးမှုတွေ၊ ဘယ်လို အာမခံချက်ရှိတယ် ဆိုတဲ့ မက်လုံး တွေ ဖောဖောသီသီ ပေးနိုင်ဖို့ ပိုကြိုးစားအားထုတ်သင့်တယ်။ ခုခေတ်က အရင် ခေတ်တွေ တုန်းကလို တိုင်းပြည်ချစ်လို့ ၊ တပ်မတော် ချစ်လို့ ဆိုတာတွေက စကားလုံးသာသာ ဖြစ်သွားပြီ။ ပိုကောင်းတဲ့ မက်လုံးတွေနဲ့ ဘဝ အာမခံချက်ရှိတဲ့ အရာတွေ ဖန်တီးပေးနိုင်ဖို့ ကြိုးစားသင့်တယ်။


သူတို့တပ်ဆင်ထားတဲ့ လက်နက်တွေကလည်း တပ်မတော် စခန်းစွန့်ခွာရင်း ထားရစ်ခဲ့ရတဲ့ လက်နက်တွေ ဖြစ်ဖို့များပါတယ်။ ဒါက ရှမ်းမြောက် တပ်ရင်း‌ တွေက လက်နက်တွေကို အပြန်အလှန် စစ်ကူတိုက်ပေးတဲ့ ကတိကဝတ်အရ ပေးအပ်တာ ဖြစ်ဖို့ များတယ်။ လျှော့လျှော့ပေါ့ပေါ့ တွေးရင်တော့ လက်နက် ဘယ်လောက်ရှိရှိ၊ အပို ပစ္စည်းနဲ့ ကျည်မှာတော့ ငွေဆိုတဲ့ ဘဏ္ဍာရေးက စကားပြောဦးမှာပဲ။ ဒါပေမယ့် ဒီလို လူအင်အားအတွက် နောက်ကွယ်က အုပ်ချုပ်ထောက်ပံ့မှု ဘယ်က ရနေသလဲ ဆိုတာ အဖြေရှာဖို့ လိုအပ်တယ်။ မဟုတ်ရင်တော့ နယ်ထိန်းစခန်းတွေ ၊ အင်အားနည်းတဲ့ စခန်းတွေ က မကြာခဏ ဆိုသလို သွေးတိုးစမ်းခံနေရမှာပါပဲ။


တကယ်တော့ ဘယ်အရာပဲ ဖြစ်ဖြစ် ....ပြဿနာဆိုတာ သေးတုန်း ဖြေရှင်းရတာ ကောင်းတယ်။ အချိန်မှီ ချုပ်မှပဲ အစုတ်သက်သာတယ်ဆိုတဲ့ စကားပုံမျိုးလိုပေါ့။ လက်နက်ကိုင်ထားကြတဲ့သူတွေနဲ့ ဖြေရှင်းကြတဲ့အခါဆိုရင်တော့ လက်ဦးမှု ရယူခြင်းကသာ အဓိက အခရာ ကျမယ် လို့ ယူဆရပါတယ်။


(နရီမိုး)

News Of Myanmar NOM

08 Jan, 11:08


ဇန်နဝါရီလ၈ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။တူရကီသမ္မတအာဒိုဂန်၏ဆီးရီးယားရှိကာ့ဒ်တပ်ဖွဲ့များလက်နက် ချရန်ရာဇသံကိုမလိုက် နာပါကတူရကီသည်ဆီးရီးယားနိုင်ငံအတွင်းရှိကာ့ဒ်တပ်ဖွဲ့များကိုစစ်ဆင်​ရေးဖြင့်​ချေမှုန်းမည်ဟုတူရကီနိုင်ငံခြား​ရေးဝန်ကြီးက​ပြောလိုက်သည်။
၂။ဒိန်းမတ်ဝန်ကြီးချုပ်မက်ဖရက်ဒါရစ်စကင်ကဂရင်းလန်းကျွန်းကို​အ​မေရိကန်ရွေး​ကောက်ခံသမ္မတထရမ့်ကဝယ်ယူလိုသည့်ကိစ္စကိုပယ်ချခဲ့​သော်လည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဂရင်းလန်းကျွန်းတွင်အ​မေရိကန်ကရင်းနှီးမြှုတ်နှံမည်ဆိုပါကကြိုဆို​ကြောင်း​ပြောလိုက်သည်။
၃။ထရမ့်ကက​နေဒါသည်အ​မေရိကန်၏၅၁ခု​မြောက်ပြည်နယ်အဖြစ်သာရှိသင့်​ကြောင်းထပ်မံ​ပြောကြားလိုက်သည်။
၄။ကမ္ဘာ့အချမ်းသာဆုံးသူ​ဌေးကြီးအီလွန်မတ်စ်ခ်ကလီဗာပူးလ်​ဘောလုံးအသင်းကိုဝယ်ရန်ဆန္ဒရှိ​နေ​ကြောင်းမတ်စ်ခ်၏ဖခင်ဖြစ်သူကထုတ်​ဖော်​ပြောလိုက်သည်။
၅။အ​မေရိကန်နိုင်ငံ​လော့စ်အိန်ဂျယ်လိစ်မြို့ဆင်​ခြေဖုန်း၊အနုပညာသည်များ​နေထိုင်ရာပစိဖိတ်ပယ်လီဆဒီရပ်ကွက်ကို​တောမီးကူးစက်​​လောင်ကျွမ်းသဖြင့်​နေထိုင်သူများကိုအ​ရေး​ပေါ်​ပြောင်း​ရွှေ့​ပေး​နေရသည်။(ဗီဒီယို)

News Of Myanmar NOM

08 Jan, 10:41


လမ်း၃၀​ရွှေဆိုင်ကို​သေနတ်ပြလုယက်၊သိန်းတစ်​သောင်း​ကျော်ဖိုးပါသွား
NOM၊ဇန်နဝါရီ၈၊၂၀၂၅
ပန်းပဲတန်းမြို့နယ်၊လမ်း၃၀အလယ်၊အမှတ်(၁၁၀)ပထမထပ်ရှိ​ရွှေချစ်သူစိန်ထည်၊​ရွှေထည်၊ပလက်တီနမ်​ရောင်းဝယ်​ရေးဆိုင်ကိုဇန်နဝါရီလ၈ရက်နံနက်၉း၃၀နာရီအချိန်၌​သေနတ်ကိုင်ထားသူအမျိုးသားသုံးဦးကလုယက်ပြီး​​ငွေသား၊ရွှေနှင့်စိန်ထည်ကျပ်သိန်းတစ်​သောင်းဖိုးလုယက်သွားကြောင်း သိရသည်။
လုယက်သူအမျိုးသားသုံးဦးအနက်တစ်ဦးသည်ဇန်နဝါရီလ၅ရက်ကဆိုင်သို့လာ​ရောက်ကာ​ရွှေထည်ပစ္စည်းများ​ရောင်းချမည်ဟု​ပြောဆိုခဲ့သူဖြစ်သည်။ထိုသူကိုမြင်သဖြင့်ဆိုင်တံခါးဖွင့်​ပေးရာမှဆိုင်အတွင်း​ရောက်ချိန်တွင်​သေနတ်ပြပြီးဆိုင်ရှင်မမိုးနှင်းစိုး၊မန်​နေဂျာ​မောင်​ဇော်​ဌေးနှင့်အိမ်​ဖော်မတင်တင်ဝင်းတို့ကို​ရေချိုးခန်းအတွင်းကြိုးဖြင့်တုတ်ကာဆိုင်ရှိ​ငွေကျပ်သိန်း၅၀၀၊​ရွှေနှင့်သိန်ထည်ကျပ်သိန်းတစ်​သောင်းခန့်၊လက်ကိုင်ဖုန်းငါးလုံးကိုလုယူပြီးမဟာဗန္ဓုလလမ်းဖက်သို့ထွက်သွား​ကြောင်းသိရသည်။

News Of Myanmar NOM

08 Jan, 10:08


မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့လို့ နာမည်ပြောင်းဖို့ ဒေါ်နယ်ထရမ့်က အဆိုပြုပြောဆိုလိုက်ပါတယ်။ ဒီလိုပြောင်းလဲလိုက်မယ်ဆိုရင် ဒေသတွင်းမှာ အမေရိကန်ရဲ့ ကျော်ကြားမှုကို ထင်ဟပ်စေမယ်လို့လည်း သူက ယုံကြည်နေပါတယ်။

တကယ်လို့ ဒီလိုနာမည်ပြောင်းမယ်ဆိုရင် အမေရိကန်နဲ့ မက္ကဆီကိုတို့ ပါဝင်တဲ့ နိုင်ငံတကာရေအားလျှပ်စစ်အဖွဲ့ရဲ့ ခွင့်ပြုချက်လိုအပ်မှာပါ။ ရီပတ်ဘလစ်ကန်အမတ် Marjorie Taylor Greene က ဒီအဆိုပြုချက်ကို ထောက်ခံခဲ့ပြီး ဥပဒေမူကြမ်းရေးဆွဲဖို့ စီစဉ်နေပါတယ်။

NOM

News Of Myanmar NOM

08 Jan, 09:20


"ကျနော် သမ္မတတာဝန်ကို ရယူမယ့်အချိန်အထိ ဟားမတ်စ်ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်မလာသေးဘူးဆိုရင် အရှေ့အလယ်ပိုင်းက ငရဲမီးကျပါလိမ့်မယ်"

- ဒေါ်နယ်ထရမ့်

News Of Myanmar NOM

08 Jan, 09:20


"ပနားမားတူးမြောင်းက အရေးကြီးပါတယ်၊ အဲဒီတူးမြောင်းကို တရုတ်က လည်ပတ်ပေးနေတာပါ၊ ပနားမားတူးမြောင်းကို စွန့်လွှတ်ခဲ့လို့လည်း ဂျင်မီကာတာက ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်"

- ဒေါ်နယ်ထရမ့်

News Of Myanmar NOM

08 Jan, 09:19


ယူကရိန်းကတဆင့် ဓါတ်ငွေ့သယ်ယူဖို့ တားမြစ်ချက်တွေကို အီးယူးက လျစ်လျူရှူခဲ့ပြီး ရုရှားဆီက LNG ဓါတ်ငွေ့တွေကို စံချိန်တင်ဝယ်ယူမှုတွေ ပြုလုပ်နေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ဥရောပဟာ ဓါတ်ငွေ့အသုံးပြုမှုကို ပိုမိုသုံးစွဲနေခဲ့ရပြီး ဒဏ်ခတ်ပိတ်ဆို့ထားခြင်းမရှိတဲ့ ရုရှား LNG ဓါတ်ငွေ့ဝယ်ယူမှုဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။

NOM

News Of Myanmar NOM

08 Jan, 09:19


အာဆတ်အစိုးရပြိုကျပြီးနောက် ကာတာလေကြောင်းလိုင်းဟာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားမြေပေါ် ဆင်းသက်ခဲ့ပြီဖြစ်ပါတယ်။ ဒမတ်စကပ်လေဆိပ်ကိုရောက်ရှိလာခဲ့ပြီး ပထမဆုံးအကြိမ် စီးပွားဖြစ်ပျံသန်းတဲ့ လေကြောင်းလိုင်းဖြစ်လာပါတယ်။

NOM

News Of Myanmar NOM

08 Jan, 08:23


ငယ်တုန်းက ရွှေကျင်တဲ့ ဘက်ကို စစ်ဆင်ရေး ဝင်ဖူးတယ်။ ရေနဲ့ထိုးတဲ့ ရွှေကိုရဖို့ စက်သုံးဆီက ပေပါလိုက် ဝယ်ရတယ်။ တနေ့ကို အသေးစားလုပ်ငန်းက မကုန်ဘူးဆိုရင် ပေပါ ၅ လုံးနဲ့ ၁၀ လုံးကြားဝယ်ရတယ်။ ဒါက အသေးစားလုပ်တဲ့ လုပ်ငန်းတွေ။ ကုမ္ပဏီ လုပ်ငန်းကြီးရင် ဘက်ဟိုးတွေ သုံးရတယ်။ အဲ့လိုလုပ်ငန်းကြီးတဲ့ လုပ်ငန်းတွေ၊ ရွှေမျောဖောင်တွေ ဆိုရင် သုံးရတဲ့ ဆီပမာဏာကို တွက်ချက်ကြည့်ပေါ့။ ခုန မြင်လိုက်ရတဲ့ အင်းတော်ကို ပို့မယ့် စက်သုံးဆီတွေဆိုတာ တရားမဝင် အဆင့်ဆင့် ခိုးသယ်ကြ။ ဂိတ်တွေကလည်း အဂတိလိုက်စားပြီး လွှတ်ပေးကြလို့သာ ဒီနယ်မြေတွေထဲရောက်တာပါ။ မရောက်စေချင်ရင် ဘာလုပ်မလဲ။ ပြန်စိစစ်ကြပေါ့။ ဒါပဲရှိတာပဲလေ။


ဗန်းမော် -မံစီက အမ်း မကျခင်ကတည်းက သတိပေးခဲ့တာပါ။ ဒီနေရာက အရေးကြီးတယ်ဆိုတာထက် ပိုတယ်။ သပိတ်ကျင်းလိုပဲ။ မြို့က ဧရာဝတီမြစ်ကို ကမ်းတင်ထားလို့ ရေကြောင်းကို အလိုလို ထိန်းချုပ်ပြီးသား ဖြစ်တယ်။ ပိုဆိုးတာက ဒီလမ်းကြောင်း လက်လွှတ်ရရင် ရွှေကူ-ကသာ- အင်းတော်အထိ တိုက်ရိုင်ပေါက်မဲ့ လမ်းကြောင်းကြီး။ ဘယ်တပ်စခန်းမှ မရှိတော့ရင်....ဘယ်အစိုးရမှအုပ်ချုပ်ဖို့ မပြင်တော့နဲ့။ တပ်မရှိတဲ့မြို့ မှာ ဘယ်အစိုးရမှ အခွန်မကောက်နိုင်ဘူး။


မိုးကုတ်ကို ဗုံးကြဲတယ်ဆိုတဲ့ အသံတွေ ကြားနေရတယ်။ ရန်သူအထိုင်ချတဲ့ မြို့ရွာတွေ ဗုံးမကြဲသရွေ့တော့ ....ခုလို ကြားမြို့လေးတွေ မြေဇာပင် ဖြစ်နေရဦးမှာပါပဲ။ ကြားမိတဲ့ သတင်းတွေအရ လားရှိုးမြို့မှာတောင် ကားလိုင်စင်တွေ လုပ်ပေးနေပြီ ဆိုပဲ။ ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်ဖြစ်ရင်တောင် တက်လာတဲ့အစိုးရက ဘယ်မြို့တွေ ဘယ်လိုအုပ်ချုပ်မလဲ ဆိုတာ...စိန်ခေါ်မှု တခုပဲ။


(နရီမိုး)

News Of Myanmar NOM

07 Jan, 16:07


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော်၊ ဇန်နဝါရီ - ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသံအမတ်ကြီး အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Dr. Nassereddin HEIDARI သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်သည့် အခြေအနေများ၊ ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှှီးမှုနှင့် ပူးပေါင်း         ဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံး ကြိုတင် ပြင်ဆင်ဆောင်ရွက် လျက်ရှိမှု၊ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရေး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန် တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး  ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး တို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းဦး တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

News Of Myanmar NOM

07 Jan, 14:10


အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းကြီးကျေးရွာတွင် နေအိမ်၌ရှိနေသော အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်သမားလေးဦးက သတ်ဖြတ်

NOM ဇန်နဝါရီ ၇၊ ၂၀၂၅

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းကြီးကျေးရွာနေ ဒေါ်ညိုညို (၃၇) နှစ်သည် ဇန်နဝါရီလ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

07 Jan, 14:03


ရေနံချောင်းမြို့နယ်၊ လေးတိုင်စင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

NOM ဇန်နဝါရီ ၇၊ ၂၀၂၅

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ လေးတိုင်စင်ကျေးရွာနေ ဦးထွန်းလင်း (၅၈) နှစ်သည် ဇန်နဝါရီလ ၆ ရက်နေ့၌ နေအိမ်မှ ကျေးရွာအနီးရှိ တောအတွင်းသို့ ထင်းရှာရန် နွားလှည်းဖြင့် ထွက်ခွာလာစဉ် လေးတိုင်စင်ကျေးရွာ၏ အရှေ့တောင်ဘက်  ၃ ဖာလုံခန့်အကွာအရောက်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးထွန်းလင်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

07 Jan, 13:56


ကွမ်းခြံကုန်းဘုန်းကြီး​ကျောင်းတွင်သင်္ကန်းများအလိုအ​လျောက်မီးထ​လောင်
NOM၊ဇန်နဝါရီ၇၊၂၀၂၅
ကွမ်းခြံကုန်းမြို့နယ်၊ကမာကလွန်း​ကျေးရွာ၊ရွာဦး​အေး​စေတီဘုန်း​တော်ကြီး​ကျောင်းအတွင်း၌သင်္ကန်းများဇန်နဝါရီလ၇ရက်နံနက်၁၀း၄၅နာရီအချိန်၌အလိုအ​လျောက်မီး​လောင်ကျွမ်းမှုဖြစ်ပွား​ကြောင်းသိရသည်။
ဖြစ်စဥ်မှာမီး​လောင်ကျွမ်းမှုသည်ဆွမ်းစား​ဆောင်အတွင်းရှိသံဘီရိုအ​ပေါ်ဆုံးထပ်တွင်ထီး၊သင်္ကန်းပဋိက္ခရာများ၊ပရ​ဆေးအချို့၊စိုက်ပျိုး​ရေးသုံးအပင်အား​ဆေးများ​ရောနှောထားရှိရာမှမီးခိုးများထွက်လာ​ကြောင်း၊ဖွင့်ကြည့်ရာသင်္ကန်းများမီးကျွမ်း​နေသဖြင့်ထုတ်ယူရှင်းလင်းခဲ့​ကြောင်း၊မီး​လောင်​သောသင်္ကန်းများကိုစွန့်ပစ်ပြီး​ကောင်းမွန်​သောသင်္ကန်းများအားကိုရင်တစ်ပါးကလဲလှယ်ဝတ်ဆင်ခြင်း၊​နေပူလှန်းခြင်းတို့​ဆောင်ရွက်​နေစဥ်မီး​လောင်ကျွမ်းခြင်းများဖြစ်​ပေါ်ခြင်းဖြစ်သည်။
ထိုဖြစ်စဥ်ကိုမီးသတ်အပါအဝင်ပူး​ပေါင်းအဖွဲ့မှတာဝန်ရှိသူများကစစ်​ဆေးရာပရ​ဆေးများ၊စိုက်ပျိုး​ရေးသုံးအပင်အား​ဆေးများနှင့်မီး​လောင်လွယ်​သောစီဝိုင်စီတက်ထရွန်သင်္ကန်းများထိ​တွေ့ရာမှမီး​လောင်ကျွမ်းခြင်းအနည်းငယ်ဖြစ်ခဲ့ခြင်းဟုသိရသည်။

News Of Myanmar NOM

07 Jan, 11:49


တိဘက်ငလျင်မှာ သေဆုံးသူပေါင်း ၉၅ ဦးအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ နီပေါနဲ့ နယ်စပ်တလျှောက်မှာလည်း ဒီငလျင်ဒဏ်ကို ခံစားခဲ့ရပြီး အခြေအနေက ဆိုးရွားခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူပေါင်း ၁၃၀ အထိ ရှိတယ်လို့ CCTV သတင်းဌာနက ဖော်ပြခဲ့ပြီး နေအိမ်ပေါင်း ၁၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။

NOM

News Of Myanmar NOM

07 Jan, 10:16


အင်းစိန်တွင် ကား​ပေါ်၌အသတ်ခံထားရ​​သော အမျိုးသားအ​လောင်း​တွေ့

NOM ဇန်နဝါရီ ၇၊ ၂၀၂၅

အင်းစိန်မြို့နယ်၊တညင်းကုန်းရပ်ကွက်၊စက်မှုဇုန်(၄)၊ကင်းဝန်မင်းကြီးလမ်း​ပေါ်တွင်ရပ်ထား​သောကားတစ်စီး​ပေါ်၌ဇန်နဝါရီ လ၇ ရက်နံနက်၁၁း၃၅နာရီအချိန်ကဓါးဖြင့်ထိုးသတ်ခံထားရ​သောအမျိုးသားအ​လောင်းတစ်​လောင်း​တွေ့ရှိ​ကြောင်းသိရသည်။
ဦး​ရွှေဘင်လမ်းဘက်မှဆိပ်ကမ်းသာလမ်းဘက်သို့ဦးတည်ရပ်ထား​သောYGN 5 9J/1265ဒိုင်ဟတ်စုကား​ပေါ်တွင်တညင်းကုန်း​စျေး၊ရုံ(၂)၌ကုန်စိမ်း​ရောင်း​သော​ဇော်မျိုးနိုင်(​ခေါ်)အညာသားသည်ဝဲဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာလည်ပင်းထိုးသွင်းပြတ်ရှဒဏ်ရာတစ်ချက်ဖြင့်​သေဆုံး​နေသည်ကို​တွေ့ရသဖြင့်အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့နှင့်မှုခင်းတပ်ဖွဲ့ပူး​ပေါင်းကာလူသတ်တရားခံဖမ်းမိ​ရေး​ဆောင်ရွက်​နေ​ကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

07 Jan, 09:02


လျှပ်စစ်မီး ကိစ္စက လုပ်စရာ ၄ ချက်ပဲ ရှိပါတယ်။ ပထမအချက်က နဂိုကတည်းက ပြည့်မှီအောင်မလုပ်နိုင်ခဲ့တဲ့၊ တနည်းအားဖြင့် လုံလောက်အောင် မထုတ်နိုင်သေးတဲ့ ပကတိ အခြေအနေကို ပြည်သူဆီ ချပြပေးလိုက်ပါ။ ဒါနဲ့ ဆက်စပ်ပြီး အကြမ်းဖက်တွေ ဖျက်ဆီးခဲ့လို့ ပျက်စီးရတဲ့ ဆုံးရှုံးမှုစာရင်းကို စာရွက်နဲ့ ကြေညာချက်ထုတ်ပြန်တာထက် စာရင်းဇယားနဲ့တကွ ရုပ်သံနဲ့ပါ ထွက်ရှင်းပြလိုက်ပါ။ ခုဟာက ဝေဖန်သံတွေ ညံလာမှ ထွက်ထွက်ရှင်းတာက အစိုးရ ပုံရိပ် ကျပါတယ်။

ဒုတိယအချက်ကတော့ လက်ရှိ ပြည်ထောင်စု အစိုးရ လက်လှမ်းမမှီတော့တဲ့ ဒေသတွေကို လျှပ်စစ်ပေးတာ ရပ်လိုက်ပါ။ ဒါနဲ့တပြိုင်နက်တည်း ငွေပေးရင် လျှပ်စစ်ခိုးသွယ်ပေးတဲ့ ဝန်ထမ်းတွေကိုလည်း စိစစ်ပြီး အရေးယူပါ။ ရပ်ကွက်တွေမှာ ဝန်ထမ်းနဲ့ပေါင်းပြီး လျှပ်စစ်ခိုးသွယ်နေတဲ့ အကျင့်ပျက် ပြည်သူတွေကိုလည်း ဖော်ထုတ်အရေးယူကြပါ။

တတိယအချက်ကတော့ ရေတိုကာလ ဘယ်လို အဖြေရှာမလဲဆိုတာ အကြံပြုကြပါ။ လျှပ်စစ်မီးဟာ MSME နဲ့ပါ နွယ်တဲ့ကိစ္စဖြစ်လို့ အရေးကြီးပါတယ်။ တခြား ကဏ္ဍတွေ ဘယ်လို တိုးတက်နေပါစေ ...ပြည်သူတွေရဲ့ စား၊ဝတ်၊နေရေး အဆင်မပြေရင် အစိုးရဟာ အဆဲ ခံ အစိုးရ ဖြစ်နေမှာပါပဲ။

နောက်ဆုံးအချက်ကတော့ ....သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်နဲ့ ပြည့်ဖြိုးမြဲ ရေအားလျှပ်စစ်တွေကို ဘယ်လို အမြန်ဆုံး တည်ဆောက်နိုင်မလဲ ဆိုတာ ပညာရှင်တွေနဲ့ ညှိနှိုင်း တိုင်ပင်ကြည့်ကြဖို့ပါပဲ။ ဥပမာ ရေစီးအားကောင်းတဲ့ သံလွင်မြစ် နေရာမျိုး။ သေချာတာကတော့ ရာထူးနဲ့ အခွင့်အရေး ယူထားပြီးရင် အကုန်လုံးက နို့သက်ခံ စို့နေလို့မရပါဘူး။ ဘယ်နေရာက ယိုပေါက်ရှိနေသလဲ ဆိုတာ အဆင့်လိုက် တာဝန်ခံရပါ့မယ်။ အဆင့်လိုက်တာဝန်ယူရပါ့မယ်။


(နရီမိုး)

News Of Myanmar NOM

07 Jan, 08:45


ဒီနေ့မနက်ပိုင်းက တိဘက်မှာာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့လို့ ၅၃ ဦးထက် မနည်းသေဆုံးခဲ့ပြီလို့ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပြင်းဟာ ၇.၁ အထိရှိပြီး ဘာသာရေးမြို့တော် ရှီဂါဇေးပတ်ဝန်းကျင်ကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ဖြစ်တယ်လို့လည်း BBC မှာ ဖော်ပြထားပါတယ်။

NOM

News Of Myanmar NOM

04 Jan, 14:13


ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာဟာ ဒုသမ္မတ ဆာရာဒူတာတေးကို အမျိုးသားလုံခြုံရေးကောင်စီမှာ ရယူထားတဲ့ တာဝန်ကနေ ဖယ်ရှားမယ့် အမိန့်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ သူတို့နှစ်ဦးကြားမှာ တင်းမာမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး တဦးနဲ့တဦး လုပ်ကြံဖို့အထိတောင် စီစဉ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ လုံး၀ကို အကွဲအပြဲတွေ ဖြစ်ခဲ့တာဖြစ်ပြီး အရေးပါတဲ့ ရာထူးတခုကနေ ဆာရာဒူတာတေးဖယ်ရှားခံလိုက်ရတာလည်း ဖြစ်ပါတယ်။

NOM

News Of Myanmar NOM

04 Jan, 09:33


ဇန်နဝါရီလ၄ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဂရင်းလန်းကျွန်းဝန်ကြီးချုပ်ကဂရင်းလန်းသည်ဒိန်းမတ်​အောက်မှလွတ်လပ်​ရေးရသည့်သီးခြားနိုင်ငံအဖြစ်ရပ်တည်လို​ကြောင်း​ပြောလိုက်သည်။
၂။ဂျာမနီ​ခေါင်း​ဆောင်များကိုအဆက်မပြတ်​​ဝေဖန်​နေ​သောအ​မေရိကန်ဘီလီယံနာသူ​ဌေးကြီးအီလွန်မတ်စ်ခ်ကဂျာမနီဒုတိယအဓိပတိ​ရောဘန်ဟက်ဘက်ခ်သည်ဂျာမနီပြည်သူများအ​ပေါ်သစ္စာ​ဖောက်သူဟုစွပ်စွဲလိုက်ပြန်သည်။
၃။စီးပွား​ရေးပိတ်ဆို့မှုများချမှတ်ထားလင့်ကစားဂျာမနီ၏ရုရှားထံမှယူ​ရေနီယံဝယ်ယူမှုမှာ၂၀၂၄ခုနှစ်တွင်၇၀%မြင့်တက်လာခဲ့သည်။
၄။အ​မေရိကန်​အောက်လွှတ်​တော်ဥက္ကဌ​ရွေးကောက်ပွဲကို​ဒုတိယအကြိမ်ပြန်လည်ပြုလုပ်ခဲ့ရာရီပတ်ဘလစ်ကန်ပါတီမှမိုက်ဂျွန်ဆင်ကအနိုင်ရရှိသွားသည်။
၃။အ​မေရိကန်သမ္မတသစ်ထရမ့်ကသူကျမ်းသစ္စာကျိန်ဆိုမည့်​နေ့တွင်ကွယ်လွန်သွား​သောသမ္မတ​ဟောင်းဂျင်မီကာတာကိုဂုဏ်ပြုသည့်အ​နေဖြင့်အလံများတိုင်ဝက်လွှင့်ထူရန်လက်ရှိသမ္မတဂျိုးဘိုင်ဒင်၏ဆုံးဖြတ်ချက်ကိုမ​ကျေနပ်ဟု​ပြောလိုက်သည်။
၄။ဗင်နီဇွဲလားအစိုးရကထွက်​ပြေးတိမ်း​ရှောင်​နေ​သောအတိုက်အခံ​ခေါင်း​ဆောင်အက်ဒ်မန်ဒိုဂွန်ဇာလက်ကိုဖမ်းဆီးနိုင်ရန်သတင်း​ပေးပါကဆု​ငွေအ​​မေရိကန်​ဒေါ်လာတစ်သိန်း​ပေးမည်ဟု​ကြေညာလိုက်သည်။
၅။ဂါဇာ​တောင်ပိုင်းကိုအစ္စ​ရေးက​လေ​ကြောင်းမှတိုက်ခိုက်စဥ်​သေဆုံးသူ၁၁ဦးထဲတွင်ဂါဇာရဲတပ်ဖွဲ့အကြီးအကဲနှင့်ဒုတိယအကြီးအကဲတို့​သေဆုံးသွား​ကြောင်းပါလက်စတိုင်းအစိုးရက​ကြေညာသည်။

News Of Myanmar NOM

04 Jan, 09:17


News Of Myanmar NOM pinned «လက် ၃ ချောင်းပဲ ထောင်ထောင်၊ နိုင်ငံရေးပဲ လုပ်လုပ်၊ အချိန်တန် လွတ်တယ်ဆိုတဲ့ Mindset ပဲ ရတယ်။အသက်လည်း မသေဘူး။ ခြေပြတ်လက်ပြတ်လည်း မဖြစ်ဘူး။ မိသားစုလည်း မပြိုကွဲဘူး။ ပြီးတော့ ရထားရဲတွေ ကို ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့သူတွေလည်း သေစားသေစေ ဆိုတာမျိုး ဥပဒေက ခွင့်မပြုပြန်ဘူး။…»

News Of Myanmar NOM

04 Jan, 09:15


လက် ၃ ချောင်းပဲ ထောင်ထောင်၊ နိုင်ငံရေးပဲ လုပ်လုပ်၊ အချိန်တန် လွတ်တယ်ဆိုတဲ့ Mindset ပဲ ရတယ်။အသက်လည်း မသေဘူး။ ခြေပြတ်လက်ပြတ်လည်း မဖြစ်ဘူး။ မိသားစုလည်း မပြိုကွဲဘူး။


ပြီးတော့ ရထားရဲတွေ ကို ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့သူတွေလည်း သေစားသေစေ ဆိုတာမျိုး ဥပဒေက ခွင့်မပြုပြန်ဘူး။ ဒါပေမဲ့ သူတို့ သတ်လို့ သေသွားကြတဲ့ ရဲမိသားစုတွေတော့ အဖေပျောက်တဲ့ ဘဝနဲ့ လက်ကျန်ဘဝကို ဖြတ်သန်းကြရတော့မယ်။

လွတ်တဲ့သူတွေအတွက် ဝမ်းသာပါတယ်။ လားရှိုး စစ်ဆေးရုံမှာ လွတ်အောင်မပြေးနိုင်ခဲ့ကြတဲ့ တပ်မိသားစုတွေ၊ ကမ်းထိုးယာဉ်ပေါ်က မလွတ်ခဲ့ကြတဲ့ မိသားစုတွေ အတွက်တော့ ကံပဲပေါ့။


(နရီမိုး)

News Of Myanmar NOM

04 Jan, 09:08


ဂျပန်ရဲ့ Nippon သံမဏိကုမ္ပဏီက အမေရိကန်သံမဏိတွေကို ဝယ်ယူမယ့် ဒေါ်လာ၁၄.၉ ဘီလျံတန်စာချုပ်ကို ဂျိုးဘိုင်ဒင်က ကန့်ကွက်ပိတ်ပင်လိုက်ပါတယ်။ ဒိလိုမျိုး ပိတ်ပင်ခဲ့ပြီးနောက်မှာ ကုမ္ပဏီနှစ်ခုစလုံးက ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဂျပန်အစိုးရကလည်း ဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်အောင်ဖြစ်ရတယ်လို့ ဆိုပါတယ်။

ပြည်တွင်းစက်မှုလုပ်ငန်းကို ကာကွယ်ဖို့ ဗျူဟာမြောက်လိုအပ်ချက်လို့ ဘိုင်ဒင်က အကြောင်းပြခဲ့ပြီး သူ့ရဲ့ သမ္မတသက်တမ်းကုန်ခါနီးမှာ ဒီလိုလုပ်ဆောင်ခဲ့တာပါ။ အမေရိကန်သံမဏိကုမ္ပဏီကလည်း ဘိုင်ဒင်ဟာ သူ့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးအစီအစဉ်အတွက် အမေရိကန်သံမဏိလုပ်သားတွေရဲ့ အနာဂတ်ကို စတေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

NOM

News Of Myanmar NOM

04 Jan, 09:07


APPLE ရဲ့ CEO တင်မ်ကွတ်ခ်ဟာ ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ပါတယ်။

NOM

News Of Myanmar NOM

04 Jan, 09:07


၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာခေါင်းဆောင်တွေဆီကနေ ဂျိုးဘိုင်ဒင်ရရှိခဲ့တဲ့ လက်ဆောင်တွေထဲမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီဆီက ရခဲ့တဲ့ ဒေါ်လာ ၂ သောင်းတန် စိန်က တန်ဖိုးအကြီးမားဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သမ္မတကတော် Jill Biden အတွက် ပေးခဲ့တာဖြစ်ပြီး ၇.၅ ကာရက်ရှိတယ်လို့ ဆိုပါတယ်။

NOM

News Of Myanmar NOM

04 Jan, 06:09


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

News Of Myanmar NOM

04 Jan, 02:49


လွတ်ငြိမ်းဖြင့်ပြန်လွတ်သူများတွင်သင်ဇာဝင့်​ကျော်ပါ​သော်လည်းနန်း​မွေစံမပါ
NOM၊ဇန်နဝါရီ၄၊၂၀၂၄
ယ​နေ့၇၇နှစ်​မြောက်လွတ်လပ်​ရေး​နေ့တွင်လွတ်ငြိမ်းဖြင့်အကျဥ်းသားများကိုပြန်လွှတ်​ပေးရာရန်ကုန်တိုင်း​ဒေသကြီးရှိအကျဥ်းစခန်းအသီးသီးမှအကျဥ်းကျခံ​နေသူ၁၂၆၀ဦးပြန်လည်လွတ်​မြောက်ခဲ့သည်။လွတ်​မြောက်သူများထဲတွင်နံမည်​ကျော်သရုပ်​ဆောင်သင်ဇာဝင့်​ကျော်ပါလာ​သောလည်းနံမည်ကြီး​မော်ဒယ်နန်း​မွေစံမှာပါဝင်လာခြင်းမရှိ​ကြောင်းသိရသည်။

News Of Myanmar NOM

03 Jan, 15:02


နွားထိုးကြီးမြို့နယ်၊ ဝက်လူးအရှေ့ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှု ကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေ
နေပြည်တော်၊ ဇန်နဝါရီ ၃

News Of Myanmar NOM

03 Jan, 15:02


မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့် စာသင် ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ၎င်းတို့သိုဝှက်သိမ်းဆည်းထားသည့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၃

News Of Myanmar NOM

03 Jan, 14:58


ငွေဆောင်ကြေငြာချက်က လက်ရှိ မြန်မာ့နိုင်ငံရေးပါတီရဲ့ ထိပ်ထိပ်ကြဲ နိုင်ငံရေးသမားတွေ တွေ့ကြတာပါ။ ပိုဆိုးတာက လွတ်လပ်ရေးနေ့မတိုင်ခင် အချိန်ကိုက် လုပ်တာဖြစ်လို့ ....တပ်မတော် မပါဘူးဆိုပေမယ့် ခွင့်ပြုချက်တော့ တောင်းထားပြီးသား ဖြစ်မှာလို့ တွေးလို့ရတယ်။

ကြေငြာချက်ထဲက အရေးကြီးတာကတော့ နိုင်ငံတကာက ကူပေးဖို့‌ဆိုတဲ့အချက်က ၂ ခါလောက်တောင် ထပ်နေတာ တွေ့ရတယ်။ မြန်မာ့နိုင်ငံရေးမှာ ပြည်ပ အ‌ေထာက်အပံ့ ဘာ်လောက်လိုသလဲ ဆိုတာ သိသာတယ်။ ဒေါက်တာ ကျော်ဝင်း ပြောသလို ငြိမ်းချမ်းရေးယူရင် EAO တွေ ဘာလုပ်ကိုင် စားသောက်ကြမလဲ ဆိုတာနဲ့ ဆက်စပ်နေပြန်တယ်။ သေချာတာကတော့ ငြိမ်းချမ်းရေးဟာ ပိုက်ဆံ ရှိမှ အဆင်ပြေမယ့် သဘောပဲ။

ကြေညာချက်ကို ချုံ့ရင်‌ တော့ ....ဒေါ်စု ပြန်လွှတ်ဖို့နဲ့ တိုက်ပွဲရပ်ဖို့ ဆိုတဲ့ ၂ ချက်ပဲ တွေ့တယ်။ ကျန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ဆိုတာ လူတိုင်း လက်ခံထားပြီးသား။ အရေးမကြီးဘူး လို့ ဆိုလိုတာ မဟုတ်ဘူး။ လတ်တလော အခြေအနေကို သိပ် အကျိုးသက်ရောက်စေတဲ့ အချက်တွေလို့ မမြင်မိတာ။ ဒေါ်စု လွတ်ခြင်း မလွတ်ခြင်းက နစက နဲ့တိုက်ရိုက် သက်ဆိုင်ပေမယ့် တိုက်ပွဲရပ်ဖို့ကတော့ ....လက်ရှိ နိုင်ငံရေးပါတီတွေ ဆန္ဒပြထွက်ပြတောင် ရပ်ဖို့ လမ်း မမြင်ဘူး။ ဒါဆို ဘာလို့ ကြေညာချက်ထုတ်ပြန်လဲ မေးစရာ ရှိတယ်။


တခုခု ထူးနိုင်တယ်လို့ တော့ တွေးမိတယ်။ ဒါမှမဟုတ်လည်း တခုခု ဖြစ်စေချင်လို့ အစပျိုးတယ်လို့ပဲ မှတ်ရမယ်။ ငွေဆောင် ကြေညာချက်ထွက်ဖို့ လူတိုင်း အားယားနေကြတာမှမဟုတ်ပဲ။


(နရီမိုး)

News Of Myanmar NOM

03 Jan, 12:13


KBZ Pay ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ယာယီပိတ်သိမ်းထား​ကြောင်း​ကြေညာ
ဇန်နဝါရီ၃၊၂၀၂၅

News Of Myanmar NOM

08 Dec, 03:16


မြေဩဇာကော်မတီတွင် မြေဩဇာထုတ်လုပ်တင်သွင်းခွင့်နှင့် တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားမှုအနေဖြင့် မြေဩဇာမှတ်ပုံတင် ထုတ်ပေးထားသည့် လက်မှတ်ပေါင်း (၁၁,၉၉၆)စောင် ခွင့်ပြုပေးခဲ့ပြီး လက်ရှိအချိန်တွင် (၇,၁၁၆)စောင်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိ

News Of Myanmar NOM

07 Dec, 15:22


ဒီဇင်ဘာလ၇ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဆီးရီးယားသမ္မတအာဆတ်သည်ဒမတ်စကတ်တွင်ရှိ​နေပြီးပြည်ပသို့ထွက်​ပြေးသည်မှာမဟုတ်​ကြောင်းဆီးရီးယားရုပ်သံက​ကြေညာသည်။
၂။ဆီးရီးယားပြိုကွဲသွားပါကစစ်​သွေးကြွများတိုက်ခိုက်မည့်အ​ရေးကိုကာကွယ်ရန်ဆီးရီးယားနယ်စပ်တွင်အစ္စ​ရေးကတပ်အင်အားအလုံးအရင်းချထားလိုက်သည်။
၃။ဆီးရီယားစစ်​သွေးကြွနှင့်အစွန်း​ရောက်အကြမ်းဖက်များ၊လူမျိုးစုစစ်​ခေါင်း​ဆောင်များကဆီးရီးယားမြို့​တော်အထိချီတက်သိမ်းပိုက်မည်ဟု​ကြေညာလိုက်သည်။
၄။အ​မေရိကန်လူမျိုးသန်း၁၇၀​နေ့စဥ်သုံးစွဲ​နေ​သောတရုတ်ပိုင်တစ်​တော့လူမှုကွန်ရက်ကိုတရုတ်မဟုတ်သည့်အဖွဲ့အစည်းတစ်ခုခုထံ​ရောင်းချခြင်းမပြုပါကဇန်နဝါရီလ၁၉ရက်တွင်အ​မေရိကန်၌သုံးစွဲခွင့်ပိတ်ပင်မည်ဟုအ​မေရိကန်တရားရုံးတစ်ခုက​ကြေညာလိုက်သည်။
၅။​တောင်ကိုးရီးယားသမ္မတအားပြစ်တင်ရှုံ့ချပြီးရာထူးမှနှုတ်ထွက်​စေမည့်လွှတ်​တော်မဲခွဲမှုတွင်လိုအပ်​သောမဲ၂၀၀မရသဖြင့်သမ္မတသည်ဆက်လက်တာဝန်ထမ်း​ဆောင်ခွင့်ရသွားသည်။

News Of Myanmar NOM

07 Dec, 14:02


မြန်မာ့အတာသင်္ကြန်ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုလွှာလက်ခံရယူ

NOM ဒီဇင်ဘာ ၇၊ ၂၀၂၄

မြန်မာအတာသင်္ကြန်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့တော်၌ ဒီဇင်ဘာ ၅ရက် ကျင်းပသည့် (၁၉) ကြိမ်မြောက်အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီအစည်းအဝေးက အတည်ပြုဆုံးဖြတ်ခဲ့ပြီးနောက် အသိအမှတ်ပြုလွှာကို ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်ဇေယျ နှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်တို့ လက်ခံရယူခဲ့ကြ‌ကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

07 Dec, 11:29


ဂါဇာမြောက်ပိုင်းမှာ ဆရာဝန်လေးဦးကို အစ္စရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက CNN ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို ဆေးရုံကနေ ထွက်ခွာဖို့ ဖိအားပေးခဲ့ပြီး အရေးကြီးတဲ့ ကုသမှုပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ အဆိုပါဆေးရုံရဲ့ ဒါရိုက်တာ Hussam Abu Saifya က ပြောဆိုခဲ့ပါတယ်။

NOM

News Of Myanmar NOM

07 Dec, 11:28


တိုက်ကြီးတွင်က​လေးကားတိုက်ခံရမည်ကိုဝင်ဆွဲ​သောမိခင်ကားတိုက်​သေဆုံး
NOM၊ဒီဇင်ဘာ၇၊၂၀၂၄
တိုက်ကြီးမြို့နယ်၊ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင်၄၅/၃၌ဒီဇင်ဘာလ၇ရက်နံနက်၁၀း၃၀ နာရီအချိန်ကားလမ်းဖြတ်ကူးသည့်ငါးနှစ်ရွယ်က​လေးငယ်ကိုကားမတိုက်ရန်ဝင်ဆွဲသည့်မိခင်ဖြစ်သူနှင့်အခြားတစ်ဦးကားတိုက်​သေဆုံး​ကြောင်းသိရသည်။
ရန်ကုန်မှ​ပေါင်းတည်သို့ထွက်လာ​သောKKPယာဥ်လိုင်းမှခရီးသည်တင်ကား သည်မိုင်တိုင်၄၅/၃တွင်စက်ချို့ယွင်းသဖြင့်လမ်း​ဘေးတွင်ရပ်ပြီးပြင်ဆင်​နေစဥ်ကား​ကပါ်ပါငါးနှစ်သားက​လေးကမိခင်အလစ်တွင်ကားလမ်းဖြတ်ကူးခဲ့သည်။လားရာတူယာဥ်​ကြောမှရန်ကုန်-အ​ဖျောက်သွားYBS လိုင်းအမှတ်(၁၂၃)မှ mini busသည်က​လေးအား​ရှောင်တိမ်းစဥ်အရှိန်မထိန်းနိုင်ပဲက​လေးကိုဝင်ဆွဲသည့်မိခင်ကိုတိုက်မိပြီးဥက္ကံမှရန်ကုန်သွားYBS (၁၀၆)ယာဥ်ကိုပါတိုက်မိခဲ့သည်။ယာဥ်တိုက်မှု​ကြောင့်က​လေးမိခင်​ဒေါ်သင်းသင်းဦးနှင့်YBS(၁၂၃)ယာဥ်​ပေါ်လိုက်ပါလာ​သောအသက်(၇၀)​ကျော်အမျိုးသမီးကြီးတစ်ဦး​သေဆုံးပြီးYBS(၁၂၃)​ပေါ်ပါခရီးသည်၁၉ဦးဒဏ်ရာရခဲ့သည်။ဒဏ်ရာပြင်းထန်သူသုံးဦးကိုရန်ကုန်​ဆေးရုံကြီးသို့ပို့​ဆောင်ပြီးကျန်လူနာ၁၆ဦးကိုတိုက်ကြီး​ဆေးရုံတွင်ကုသ​ပေး​နေ​ကြောင်းသိရသည်။

News Of Myanmar NOM

07 Dec, 10:31


မကွေးတိုင်းဒေသကြီး၊ စမ်းမကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာတို့တွင် (၁၁) ကေဗွီလိုင်း (၉) မိုင်နှင့် (၂၀၀) ကေဗွီအေ ထရန်စဖော်မာများတည်ဆောက်ပြီး

ဒီဇင်ဘာ ၇၊ ၂၀၂၄

မကွေးတိုင်းဒေသကြီး၊ စမ်းမကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာတို့တွင် (၁၁) ကေဗွီလိုင်း (၉) မိုင်နှင့် (၂၀၀) ကေဗွီအေ ထရန်စဖော်မာများ တည်ဆောက်ပြီး လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးနိုင်ခဲ့‌ကြောင်း မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှသိရသည်။

အဆိုပါစမ်းမကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာတို့တွင် အိမ်ခြေ ၄၀၀ နှင့်အိမ်ထောင်စု ၄၀၀ ကျော်စီရှိပြီး၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စတင်ကာ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တိုင်း‌ဒေသကြီးရန်ပုံငွေ ၃၀၄၇ ဒသမ ၆၈ သန်းကိုအသုံးပြုပြီး မြို့ပေါ်နှင့်ကျေးရွာခုနှစ်ရွာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူပေးနိုင်ခဲ့ပြီး လူဦးရေ ၄၇၆၁၀ ဦးအားအကျိုးပြုခဲ့ကာ မကွေးမြို့၏လူဦး‌ရေ အကျိုးပြုအနေဖြင့် ၂၉ ရာခိုင်နှုန်း အကျိုးပြုနိုင်ခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

07 Dec, 09:29


ဆီးရီးယားကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်သူပုန်တွေကို တရားမဝင်ပံ့ပိုးပေးနေတာတွေ ရပ်တန့်ဖို့အတွက် အီရန်က ယူကရိန်းကို သတိပေးပြောဆိုခဲ့ပါတယ်။ အီရန် ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာလို့ သိရပါတယ်။

NOM

News Of Myanmar NOM

07 Dec, 09:29


အမေရိကန်ရဲ့ အလိုရှိစာရင်းထဲမှာ ပါဝင်နေတဲ့ အကြမ်းဖက်ခေါင်းဆောင်တဦးဖြစ်သူနဲ့ အင်တာဗျူးကို CNN က ထုတ်လွှင့်ခဲ့ပါတယ်။ Hayat Tahrir-al-Sham(HTS) ဂျီဟတ်အဖွဲ့ရဲက ခေါင်းဆောင်လို့ သိရပြီး အယ်လ်ကေးဒါးကနေ လက်နက်ကိုင်သူပုန်အဖွဲ့အဖြစ် အသွင်ပြောင်းလဲမှုအကြောင်းကို မေးမြန်းခဲ့တာလို့လည်း သိရပါတယ်။

NOM

News Of Myanmar NOM

07 Dec, 09:28


တောင်ကိုရီးယားသမ္မတ Yoon ဟာ နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပြီး တောင်းပန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုနဲ့ ဆက်နွယ်လာတဲ့ ဥပဒေ၊ နိုင်ငံရေးတာဝန်တွေကနေ သူ ရှောင်လွှဲမှာမဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

NOM

News Of Myanmar NOM

07 Dec, 09:28


ဒီဗီဒီယိုဟာ BBC က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတခုလို့ ယူဆခံထားရပါတယ်။

ဘဏ္ဍာရေးပိုင်းအစီအစဉ်တင်ဆက်မှုမတိုင်ခင်မှာ သတင်းစီစဉ်တင်ဆက်သူ Michelle Flory ဟာ သူမရဲ့ မိုက်ခ်ပိတ်ထားတယ်လို့ ထင်ပြီး အခုလိုမျိုး ပြောနေခဲ့ပါတယ်။

"ဒီနေ့ ငါ ယူကရိန်းအကြောင်း ထပ်ပြောရဦးမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ပစ်မိတော့မယ်" လို့ Flory က ပြောဆိုခဲ့တာပါ။ သူမဟာ New York စတော့အိတ်ချိန်းက စတော့ရှယ်ယာတွေအကြောင်းကို Host အဖြစ် ၁၀ နှစ်ကျော်ကြာ တာဝန်ယူတင်ဆက်ပေးနေခဲ့တာပါ။

NOM

News Of Myanmar NOM

06 Dec, 16:38


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်

News Of Myanmar NOM

06 Dec, 16:37


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

News Of Myanmar NOM

06 Dec, 13:55


ဒီဇင်ဘာလ၆ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။​တောင်ကိုးရီးယားဒီမိုက​ရေစီသည်အခက်ခဲဆုံးအချိန်ဖြင့်​တွေ့ကြုံ​နေရ​ကြောင်းအတိုက်အခံ​ခေါင်း​ဆောင်က​ပြောသည်။
၂။ယူကရိန်း၏ပိုင်နက်​ဟောင်းဖြစ်​သောခါဆွန်​ဒေသ၊အလက်ရှက်ကီမြို့ရှိလူသားချင်းစာနာ​ထောက်ထားသည့်ပစ္စည်းများ​ပေး​ဝေ​နေသည့်​နေရာကိုယူကရိန်းကအ​နောက်အုပ်စု​ပေးသည့်ဒုံးကျည်များဖြင့်ပစ်ခတ်ရာပြည်သူသုံးဦး​သေပြီးသုံးဦးဒဏ်ရာရ​ကြောင်း​ဒေသအုပ်ချုပ်​ရေးအဖွဲ့အကြီးအကဲက​ပြောသည်။
၃။​စျေးကွက်အတွင်း​ဒေါ်လာ၅၅သန်းတန်ဖိုးရှိ​သောကိုကင်း၅၇၀ ကီလိုနှင့်ကိုလံဘီယာမူးယစ်ရာဇာကာလီကို​မော်စကိုမြို့တွင်ရုရှား​ထောက်လှမ်း​ရေးကဖမ်းမိခဲ့သည်။
၄။ဆီးရီးယားအစိုးရကိုတိုက်ခိုက်​နေ​သောအကြမ်းဖက်အဖွဲ့များအတွင်းတွင်ယူကရိန်းတပ်မှူးများကို​တွေ့ရ​ကြောင်းဗီဒီယိုအ​ထောက်အထားများဖြင့်​မီဒီယာများကဖော်ပြလာသည်။(ဗီဒီယို)
၅။သူပုန်များနှင့်အကြမ်းဖက်များစစ်​ရေး​အောင်မြင်မှုရ​နေသဖြင့်​ဂျော်ဒန်ကဆီးရီးယားနယ်စပ်ကိုပိတ်လိုက်သည်။

News Of Myanmar NOM

06 Dec, 09:45


ဆေးတက္ကသိုလ်(၁) ပထမနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

News Of Myanmar NOM

06 Dec, 09:35


ဆီးရီးယားက ကန်အခြေစိုက်စခန်း တိုက်ခိုက်ရမှုမှာ ကန်စစ်သား ၃ ဦး ဦးနှောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပင်တဂွန်က အတည်ပြုခဲ့ပါတယ်။ ပင်တဂွန်သတင်းပြန်ကြားရေးတာဝန်ခံ Ryder က ပြောကြားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူဦးဆောင်ခဲ့လဲဆိုတာကို ပင်တဂွန်က မသိရသေးဘူးလို့လည်း ဆိုပါတယ်။

NOM

News Of Myanmar NOM

06 Dec, 05:07


ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် (၄) နှစ်သင်ပညာရေး သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

ဒီဇင်ဘာ ၆၊ ၂၀၂၄

ကယားပြည်နယ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် (၄)နှစ်သင်ပညာရေးသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ဒီဇင်ဘာ(၄)ရက်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်သီချင်းအား Zumba အကဖြင့် လှပညီညာစွာ ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အခမ်းအနားအစီအစဉ်အား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ နေထိုင်စားသောက်မှုနှင့် အစစအဆင်ပြေချောမွေ့စေရေးအတွက် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သည် အစဉ်အလာကောင်းများရှိသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ သည်လည်း ဘက်စုံထူးချွန်ကြသူများဖြစ်ပါကြောင်း၊ ယင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြစေလိုကြောင်း၊ သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်သို့ ဝင်ရောက်ကြရာ တွင် မိမိ၏တပည့်များအား လူတော်လူကောင်းများ၊ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်အောင် သင်ကြားပြသနိုင်သည့် ဆရာကောင်းများအဖြစ် ကြိုးစားကြစေလိုကြောင်း၊ သို့မှသာ အနာဂတ် လူငယ်မျိုးဆက်များအနေဖြင့် အရာရာတွင် ပညာဉာဏ်နှင့်ယှဉ်ပြီး ဆုံးဖြတ်နိုင်စွမ်းရှိသော လူချွန်လူကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နေရာဒေသအစုံမှ လာရောက်ပညာသင်ကြား ကြသည့် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းစည်းလုံးချစ်ခင်စွာ နေထိုင်ကြပြီး ကျောင်း စည်းကမ်းများကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက (၄)နှစ်သင်ပညာရေးသင်တန်းသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် (၄) လစာ ဆန်၊ ဆီနှင့် နေ့စဉ်စားသောက်စရိတ်များကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ ခဲ့သည်။ ပြည်နယ်စီးပွားရေးရာဝန်ကြီးက စားရိပ်သာသုံးပစ္စည်းများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေ ပေးအပ်ရာ အဆောင်မှူးချုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ၎င်းနောက် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်တွင် ပညာသင်နှစ်အလိုက် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား ၊ ကျောင်းသူများက တေးသီချင်းများဖြင့် တေးသရုပ်ဖော် ကပြဖျော်မှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကပြဖျော်ဖြေခဲ့ကြသည့် အကအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုဆုငွေ များ ပေးအပ်ချီးမြှင့်ရာ အကအဖွဲ့များကိုယ်စား ကိုယ်စားလှယ် ၂ ဦးက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

News Of Myanmar NOM

06 Dec, 05:01


ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် Happy ကော်စေ့စက်ရုံတွင် မီးလောင်မှုဖြစ်ပွား

ဒဂုံအရှေ့ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃၅)၊ ပျဉ်စည်မင်းသားကြီးလမ်း၊ (၁၀၈)ရပ်ကွက်တွင် ယမန်နေ့ည ၇ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ Happy ကော်စေ့စက်ရုံအတွင်းရှိ ကော်စေ့ပြုလုပ်ရန်အတွက် စုပုံထားရှိသော ကော်ပစ္စည်းအဟောင်းများကြောင့် မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ပြီး မီးလောင်မှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင် (၂၉၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၉၆)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် (၂၅)စီး၊ ရေသယ်ယာဉ် (၂၄)စီး၊ အထောက်အကူပြုယာဉ် (၈)စီး၊ အုပ်ချုပ်မှုယာဉ် (၇)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ယနေ့ နံနက် ၃ နာရီ ၄၁ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုအား အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

News Of Myanmar NOM

25 Nov, 15:07


ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုကြိုဆို

နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၂၅

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇)သို့ တက်ရောက်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်းသို့ ရောက်ရှိလာသည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ကြိုဆိုခဲ့ကြသည်။

ထို့နောက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများ အား လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ၊ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။

News Of Myanmar NOM

25 Nov, 15:04


ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၂၅

News Of Myanmar NOM

25 Nov, 13:41


လမ်းမ​တော်ဟိုတယ်တစ်ခုတွင်တရုတ်နိုင်ငံသားတစ်ဦး​သေဆုံး
NOM၊နိုဝင်ဘာ၂၅၊၂၀၂၄
လမ်းမ​တော်မြို့နယ်၊အမှတ်(၅)ရပ်ကွက်၊လှည်းတန်းလမ်းနှင့်မဟာဗန္ဓုလလမ်းထိပ်၊BUSS LUXE ဟိုတယ်၊အခန်း(၄၀၃)တွင်သြဂုတ်လ၂ရက်မှစတင်တည်းခို​နေ​သောတရုတ်နိုင်ငံသားတစ်ဦးသည်နိုဝင်ဘာလ၂၅ရက်နံနက်၃နာရီကအသက်ရှူကြတ်ရင်ဘတ်​အောင့်၍​ဆေးရုံသွားရာမှ​သေဆုံးသွား​ကြောင်းသိရသည်။
တရုတ်နိုင်ငံသား​ချွေ့လိုင်အန်း(၂၈နှစ်)သည်ဇနီးဖြစ်သူမ​ရွှေရည်ဝင်းနှင့်ဟိုတယ်တွင်​နေထိုင်စဥ်ယ​နေ့နံနက်ကအသက်ရှူကြတ်သဖြင့်​ဘေးအခန်းကိုအကူအညီ​တောင်းပြီးလမ်းမ​တော်ရှိ​အေးရိပ်စံ​ဆေးခန်းသို့ပို့​ဆောင်ရာ​ဆေးခန်းကရန်ကုန်​ဆေးရုံကြီးသို့ပို့​ဆောင်ရန်​ပြောသဖြင့်​ဆေးရုံကြီးသို့ပို့​ဆောင်ခဲ့ရာနှလုံး​သွေး​ကြောကျဥ်း​ရောဂါဖြင့်​သေဆုံးသွား​ကြောင်းသိရသည်။

News Of Myanmar NOM

25 Nov, 13:14


သင်္ဃန်းကျွန်း၌အိမ်သာအတွင်အရက်ခိုး​သောက်ရင်း​လေဖြတ်ဆုံး
NOM၊နိုဝင်ဘာ၂၅၊၂၀၂၄
သင်္ဃန်းကျွန်းမြို့နယ်၊(၁၆/၁)ရပ်ကွက်၊​ဇောတိကလမ်း၊အမှတ်(၇၂၁​အေ)​မြေညီထပ်၊အိမ်သာအတွင်းနိုဝင်ဘာလ ၂၅ရက်နံနက်ကအမျိုး သားတစ်ဦး​သေဆုံး​ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ကသွား​ရောက်စစ်​ဆေးရာ​သေဆုံးသူမှာ​မောင်​​မောင်ဦးဖြစ်ပြီးပြင်ပဒဏ်ရာမရှိပဲအိမ်သာအတွင်းပက်လက်လဲကျ​သေဆုံး​နေသည်ကို​တွေ့ရသည်။
တစ်အိမ်တည်းအတူ​နေ​ယောက်ဖဖြစ်သူလင်းကိုကို ကို​မေးမြန်းချက်အရ​မောင်​မောင်ဦးသည်အရက်အလွန်အကျွံ​သောက်သဖြင့်၂၀၂၀ခုနှစ်တွင်သင်္ဃန်းကျွန်း​ဆေးရုံ၌ တက်​ရောက်ကုသခဲ့ကြောင်း၊​ဆေးရုံကအရက်ဆက်မ​သောက်ရန်ညွှန်ကြား​သော်အိမ်သားများမသိ​အောင်အရက်ခိုး​သောက်​ကြောင်း၊ယခုလည်းအိမ်သာအတွင်းအရက်ခိုး​သောက်စဥ်လဲကျ​သေဆုံးခြင်းဖြစ်​ကြောင်းထွက်ဆိုသည်။ရဲတပ်ဖွဲ့က​သေဆုံးသူ၏အ​လောင်းကို​ဆေးရုံပို့​ဆောင်၍​သေမှု​သေခင်းဖွင့်လှစ်ကာစစ်​ဆေး​နေ​ကြောင်းသိရသည်။

News Of Myanmar NOM

25 Nov, 09:44


နိုဝင်ဘာလ၂၅ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။​ဒေါ်နယ်ထရမ့်၏တရားမဝင်ခိုးဝင်လာသူများကိုအစုလိုက်အပြုံလိုက်ပြည်နှင်ဒဏ်​ပေးမည့်အစီအစဥ်ကိုအ​မေရိကန်လူထု၅၇%က​ထောက်ခံသည်။အ​မေရိကန်တွင်တရားမဝင်ခိုးဝင်​နေထိုင်သူ၁၁သန်းမှ၃၅သန်းအကြားရှိသည်။
၂။ရုရှား​လေ​ကြောင်း၏ဆူခွိုင်းဆူပါဂျက်၁၀၀သည်တူရကီ​လေဆိပ်တွင်ဆင်းသက်စဥ်ယမန်​နေ့ညကအင်ဂျင်မီး​လောင်မှုဖြစ်ပွားခဲ့​သော်လည်းခရီးသည်များထိခိုက်ဒဏ်ရာမရခဲ့​ပေ။
၃။ရို​မေးနီးယားသမ္မတ​ရွေး​ကောက်ပွဲပထမအ​ကျော့တွင်ယူကရိန်းသို့လက်နက်နှင့်​ငွေ​ကြေး​ထောက်ပံ့ခြင်းကိုကန့်ကွက်သူအမျိုးသား​ရေးဝါဒီကားလင်း​ဂျောချ့်စကူကဦး​ဆောင်လျက်ရှိသည်။
၄။ယူကရိန်းနိုင်ငံခြား​ရေးဝန်ကြီး​ဟောင်းကူလီဘာကယူကရိန်းသည်ရုရှား၏တာလတ်ပစ်ဒုံးကျည်အိုရီရှက်နစ်ဖြင့်ထပ်မံတိုက်ခိုက်မည့်အ​ပေါ်စိုးရိမ်ပူပန်​နေ​ကြောင်း​ပြောကြားလိုက်သည်။
၅။ဗြိတိန်တွင်​ရွေး​ကောက်ပွဲအမြန်ဆုံးကျင်းပရန်လူ​ပေါင်းတစ်သန်း​ကျော်ကအွန်လိုင်းတွင်လက်မှတ်​ရေးထိုး​တောင်းဆိုလိုက်သည်။
၆။အင်္ဂလိပ်မဂ္ဂ​ဇင်းအီကိုနောမစ်ကစစ်ပန်း​နေ​သောယူကရိန်းစစ်သား၇၀%သည်ရုရှားကိုနယ်​မြေအချို့​ပေးပြီးစစ်ကိုရပ်စဲရန်လိုလား​နေသည်ဟု​ဖော်ပြလိုက်သည်။

News Of Myanmar NOM

25 Nov, 06:46


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတာဝန်ခံ
များနှင့် တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၅၊ ၂၀၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ နေပြည်တော် ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန်အတွက် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားကဏ္ဍအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံသားများအားလုံးအတွက် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းကဏ္ဍတစ်ခုလည်း ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခင်ရှိပြီးသည့် ခရီးစဉ်နေရာဒေသများအပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာအသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများတိုးတက်လားစေရေး၊ ခရီးစဉ်နေရာများတွင် စိမ်းလန်းစိုပြည်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွား ဆွဲဆောင်မှုရှိစေရေးနှင့် ကောင်းမွန်သောဝန်ဆောင်မှုများ ရရှိစေရေး၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချနိုင်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်သည့်သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ရုံးခွဲ ညွှန်ကြားရေးမှူး၊ ကော်မတီအဖွဲ့ဝင်များနှင့် နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းရှင်များက နေပြည်တော်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းရှိ နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ရုံးသို့ သွားရောက်ပြီး ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတာဝန်ခံများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)၊ နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း)၊ တော်ဝင်ယာဉ်လိုင်းနှင့် ခရီးသည်ပို့ဆောင်ရေး အဝေးပြေးယာဉ်လိုင်းတာဝန်ခံများက ယာဉ်လိုင်းများပြေးဆွဲနေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းပြေးဆွဲရာတွင် ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေး၊ မီးခိုးမြူငွေ့ကင်းစင်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ စနစ်တကျလိုက်နာရေး၊ ယာဉ်လိုင်းများကို စနစ်တကျစီမံဆောင်ရွက်ကြရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

News Of Myanmar NOM

25 Nov, 06:45


ယူကရိန်းစစ်ပွဲရဲ့ အကြောင်းရင်းခံဟာ ငွေကြေးနဲ့ပတ်သက်တယ်လို့ ကန်အထက်လွှတ်တော်အမတ် Lindsey Graham က ဝန်ခံလိုက်ပါတယ်။

"ဒီစစ်ပွဲက‌ ငွေကြေးနဲ့ပတ်သက်တယ်၊ ဥရောပမှာ မြေရှားသတ္ထု အကြွယ်၀ဆုံးက ယူကရိန်းဖြစ်ပြီး ဒေါ်လာ နှစ်ထရီလီယံကနေ ၇ ထရီလီယံအထိရှိပါတယ်" လို့ ဆိုပါတယ်။

ရုရှားက အဲဒီနေရာကို မသီမ်းပိုက်နိုင်ဖို့အတွက် သေချာအောင် ကျနော်တို့လုပ်ဆောင်တာက ကျနော်တို့ရဲ့ အကျိုးစီးပွားပါပဲလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

NOM

News Of Myanmar NOM

25 Nov, 06:45


လိင်ပြောင်းလဲထားသူတွေကို ကန်စစ်တပ်ကနေ ဖယ်ရှားဖို့အတွက် ဒေါ်နယ်ထရမ့်ဟာ အမိန့်ပေးဖို့အတွက် စီစဉ်နေပြီလို့ သိရပါတယ်။

NOM

News Of Myanmar NOM

25 Nov, 05:41


ယူကရိန်းကိုတိုက်ခိုက်ဖို့အတွက် ရုရှားဟာ ရာနဲ့ချီတဲ့ ယီမင်တိုက်ခိုက်ရေးသမားတွေကို စုဆောင်းထားတယ်လို့ ဆိုပါတယ်။

NOM

News Of Myanmar NOM

25 Nov, 05:31


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုဝင်ဘာ ၂၅၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် အလုံခရိုင်၊ အလုံမြို့နယ်၊ အထက(၄)၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့၀င်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားတွင် အထက(၂)လမ်းမတော်မှ ကျောင်သား/သူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ယင်းနောက် ၀န်ကြီးချုပ်မှ အမျိုးသား‌အောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာ ထက်/လယ်/မူအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး အထက(၅)ဗိုလ်တထောင်မှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

News Of Myanmar NOM

21 Nov, 15:17


မော်လမြိုင်ကျွန်း၊ အောင်လံမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေကြောင်း မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄နိုဝင်ဘာလ ၂၁

News Of Myanmar NOM

21 Nov, 15:16


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polyechnic University ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

News Of Myanmar NOM

21 Nov, 14:48


တရားမဝင်​ရွှေ့​ပြောင်း​နေထိုင်သူရာ​ပေါင်းများစွာအ​မေရိကန်နယ်စပ်​ရောက်ရှိ
NOM
ရာ​ပေါင်းများစွာသောတရားမဝင်​ရွှေ့​ပြောင်း​နေထိုင်သူများသည်​ဗုဒ္ဓဟူး​နေ့ညကမက္ကဆီကိုနိုင်ငံတာပါချူလာမြို့မှအ​မေရိကန်နိုင်ငံနယ်စပ်သို့လမ်း​လျောက်လာခဲ့ကြသည်။သူတို့သည်​ဒေါ်နယ်ထရမ့်သမ္မတရာထူးလက်ခံခြင်းမပြုမီအ​မေရိကန်နိုင်ငံအတွင်းဝင်​ရောက်နိုင်ရန်ကြိုးစား​နေခြင်းဖြစ်သည်။

News Of Myanmar NOM

21 Nov, 14:17


၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုများထုတ်ပြန်ကြေညာ
NOM၊နို၀င်ဘာ၂၁၊၂၀၂၄ ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာတစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့်တို့အား ၂၀၂၃ ခုနှစ်အတွက်အမျိုးသားစာပေတစ်သက်တာဆုကို စာပေပညာရှင် စာပေပညာရှင် ဒေါက်တာမင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ ဆရာကြီးဒေါက်တာတိုးလှ၊ စာပေပညာရှင် ဆရာကြီး ဦးညွန့်ဆွေ( မောင်ဆွေသက်)၊စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ(မောင်သန်းဆွေ ထားဝယ်)၊ စာပေပညာရှင် ဆရာကြီးဒေါက်တာကျော်ဝင်း (သမိုင်း) နှင့် စာပေပညာရှင် ဆရာကြီး ဦးညွန့်တင်( မောင်ငြိမ်းသူ ကြို့ပင်ကောက်)တို့အားအမျိုးသားစာပေတစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း ကြေညာသည်။

News Of Myanmar NOM

21 Nov, 12:07


Breaking News
အစ္စ​ရေးဝန်ကြီးချုပ်ကိုဖမ်းဝရမ်းထုတ်
NOM
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)သည်လ​ပေါင်းများစွာကြန့်ကြာပြီး​နောက်ယ​နေ့တွင်အစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုကိုဖမ်းဝရမ်းထုတ်ပြန်လိုက်သည်။

News Of Myanmar NOM

21 Nov, 12:04


ရုရှားကတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)ဖြင့်ယူကရိန်းကိုစတင်ပစ်ခတ်
NOM
ရုရှားသည်သူ၏ပိုင်နက်ကိုယူကရိန်းကအ​မေရိကန်နှင့်ဗြိတိန်ထုတ်တာ​ဝေးပစ်ဒုံးကျည်များဖြင့်တိုက်ခိုက်သည်ကိုတုန့်ပြန်သည့်အ​နေဖြင့်ယူကရိန်းကိုRS-26တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)ဖြင့်ယ​နေ့စတင်ပစ်ခတ်တိုက်ခိုက်လိုက်သည်။

News Of Myanmar NOM

21 Nov, 09:38


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တရုတ်သံရုံးမှလှူဒါန်းသည့်လှိုင်သာယာအမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်းပြုပြင်မွမ်းမံမှုကြည့်ရှု
NOM၊နို၀င်ဘာ၂၁၊၂၀၂၄ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှလှူဒါန်း၍မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှတာဝန်ယူဆောင်ရွက်သည့်မြန်မာ - တရုတ်ချစ်ကြည်ရေး ကျောင်းဆောင်ပြုပြင်မွမ်းမံလှူဒါန်းခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းကလှိုင်သာယာအမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။
အခမ်းအနားသို့တိုင်း‌​ဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊တိုင်း‌​ဒေသကြီး၀န်ကြီးများ၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်တာ၀န်ရှိသူများက ကျောင်းဆောင် သို့ လေ့လာကြည့်ရှုခဲ့ကြ‌သည်။အဆိုပါမြန်မာ -တရုတ်ချစ်ကြည်ရေးကျောင်းဆောင်သည်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက၂၀၁၇ ခုနှစ်ဇွန်လကRCCနှစ်ထပ်ဆောက်လုပ်ပေးခဲ့ပြီး၂၀၂၄ ခုနှစ်နို၀င်ဘာကထပ်မံပြုပြင်မွမ်းမံလှူဒါန်းခြင်း ဖြစ်ပြီးငွေ ကျပ်သိန်း ၆၁၀ ခန့်အကုန်ကျခံဆောင်ရွက်ခဲ့‌​ကြောင်းသိရသည်။

News Of Myanmar NOM

21 Nov, 09:24


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင်မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး (ခ) မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကားတို့အား မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း (ခ) ဇော်တန်အား မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်တွင် လည်းကောင်း၊ ရန်နိုင်အား မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် အဆိုပါ မူးယစ်ဆေးဝါးများအား ကလေးမြို့တွင် လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယ နယ်စပ်သို့ တင်ပို့ရောင်းချသူများ ဖြစ်ကြသည့် လားထန်ပွီးယာအား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၀)တွင် တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်နှင့်လည်းကောင်း၊ သောက်နယ်လွယ် (ခ) ပုသောက်အား ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၃)ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၄၃ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာ ၆ ရက်တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများ တင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့၍ ၎င်းတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများအား လက်ခံသိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင်အား ကလေးမြို့ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူမှာ ရော်ကျိန်ရန် (ခ) အားဟွိုက်ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်း လက်ခံဆောင်ရွက်ပေးသူမှာ ၎င်း၏ဇနီး မအားမိန်ဖြစ်ကြောင်း သိရှိရသဖြင့် ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်နေ စိုးဝင်း၏ အစီအမံဖြင့် မူးယစ်ဆေးဝါးများ မန္တလေးတွင် လက်ခံသိုလှောင် ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင် (ခ) အားဖအား ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ နေအိမ်၌ ဘိန်းဖြူ ၈၉ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ကလေးမြို့ တွင်သိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်တွင် တစ်ဘက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက်သယ်ဆောင် ရောင်းဝယ်ခဲ့ကြောင်းနှင့် အလားတူ ထိန်းချုပ်ဓာတုပစ္စည်းများ တစ်ဘက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့ကြသည့် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်(၂၁)ဦးအား ဖော်ထုတ်နိုင်ခဲ့၍ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

News Of Myanmar NOM

21 Nov, 09:15


"အမေရိကန်ရဲ့ အထောက်အပံ့ပေးနေမှုတွေ ရပ်တန့်သွားရင် ယူကရိန်းက စစ်ရှုံးသွားနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ အစွမ်းရှိသမျှ တောင့်ခံပြီး ဆက်တိုက်ခိုက်သွားမှာပါ၊ ကျနော်တို့ ကိုယ်ပိုင်လက်နက်၊ ခဲယမ်တွေ ထုတ်လုပ်နိုင်ပေမယ့် ရေရှည်အတွက်ကျ အဆင်မပြေပါဘူး"

- Fox နဲ့ အင်တာဗျူးမှာ ယူကရိန်းသမ္မတဇီလင်စကီးရဲ့ ပြောဆိုခဲ့မှု

News Of Myanmar NOM

21 Nov, 09:15


ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ဟာ ယူကရိန်းဆီက ရမယ့် ကြွေးမြီ ဒေါ်လာ ၄.၆၅ ဘီလျံကို လျှော်ပေးလိုက်တယ်လို့ သိရပါတယ်။ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီလုပ်ရပ်ဟာ လွှတ်တော်အတိုက်အခံအချို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

NOM

News Of Myanmar NOM

21 Nov, 08:04


နိုဝင်ဘာလ၂၁ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။အစ္စ​ရေး​လေတပ်ကဆီးရီးယားနိုင်ငံသဲကန္တာရမြို့ဖြစ်​သောပယ်လ်မီရာမြို့ကိုဗုံးကြဲတိုက်ခိုက်ရာလူ၃၆ဦး​သေဆုံးသည်။
၂။​ဂါဇာ​မြောက်ပိုင်းကာမဲလ်အက်ဒ်ဝမ်ဆေးရုံကိုအစ္စ​ရေးကဗုံးကြဲရာက​လေးအများစုအပါအဝင်လူ၆၆ဦး​သေပြီး၁၀၀​​ကျော်ဒဏ်ရာရသည်။(ဓါတ်ပုံ)
၃။ကမ္ဘာ့​ဖျော်​ဖြေ​ရေးနပမ်းWWE၏ အမှု​ဆောင်အရာရှိချုပ်​ဟောင်းဘီလီယံနာသူ​ဌေးမ မက်မာမွန်ကို​ရွေး​ကောက်ခံသမ္မတထရမ့်ကပညာ​ရေးဝန်ကြီးအဖြစ်ခန့်အပ်လိုက်သည်။
၄။အ​မေရိကန်အမျိုးသားလုံခြုံ​ရေးအကြံ​ပေး​ဟောင်း၊အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးမိုက်ကယ်ဖလိုင်းကတတိယကမ္ဘာစစ်မဖြစ်​စေရန်ဘိုဒင်ကိုသမ္မတသက်တမ်းမကုန်မီရာထူးမှဖယ်ရှားရန်အကြံပြုလိုက်သည်။
၅။ရုရှားကအီးယူနိုင်ငံများသို့နှစ်စဥ်သဘာဝဓါတ်​ငွေ့၆၀ဘီလီယံကုဗမီတာပို့​နေ​သော​နော့စထရင်း​ရေ​အောက်ပိုက်လိုင်းကို၂၀၂၂က​ဖောက်ခွဲမှုကိုအ​မေရိကန်ဗဟို​ထောက်လှမ်း​ရေးCIA နှင့်ယူကရိန်း​ထောက်လှမ်း​ရေးတို့ပူး​ပေါင်းလုပ်​ဆောင်ခဲ့​ကြောင်းဂျာမန်စပီဂျဲလ်မဂ္ဂဇင်းကထုတ်​ဖော်​ရေးသားလိုက်သည်။
၆။ယူကရိန်းတွင်လတ်တ​လောပြုလုပ်​သောစစ် တမ်းအရယူကရိန်းနိုင်ငံ သား ၅၂% ရာနှုန်းက​စေ့စပ်ညှိနှိုင်းဖြင့်စစ်ကိုအမြန်ဆုံးရပ်စဲရန်ဆန္ဒပြုခဲ့သည်။

News Of Myanmar NOM

15 Nov, 19:17


အစ္စ​ရေးက​ဘေရွတ်ကိုဗုံးထပ်ကြဲ
NOM
အစ္စ​ရေးသည်​သောကြာမနက်လက်ဘနွန်စံ​တော်ချိန်နံနက်၄နာရီတွင်​ဘေရွတ်မြို့​တော်​တောင်ပိုင်း၊ရာဖစ်ဟာရီရီ​လေဆိပ်အနီးရှိဒါရက်အရပ်ကိုဗုံးမိုးရွာခဲ့ပြန်သည်။

News Of Myanmar NOM

15 Nov, 19:12


အာဂျင်တီးနားသမ္မတကထရမ့်ကိုသွား​ရောက်​တွေ့ဆုံ
NOM
အာဂျင်တီးနားသမ္မတဂျာဗီယာမီလိုင်သည်​သောကြာ​နေ့ကဖ​လော်ရီဒါပြည်နယ်မာအာလာဂိုစံအိမ်ရှိအ​မေရိကန်သမ္မတအဖြစ်​ရွေး​ကောက်တင်​မြှောက်ခံထားရ​သောဒေါ်နယ်ထရမ့်ကိုသွား​ရောက်​တွေ့ဆုံသည်။သူသည်ထရမ့်သမ္မတအဖြစ်​ရွေး​ကောက်ခံရပြီးပထမဆုံးလာ​ရောက်​တွေ့ဆုံသည့်နိုင်ငံ​ခေါင်း​ဆောင်ဖြစ်ကာထရမ့်ကသူ၏လက်ရုံးဖြစ်​​သောအီလွန်မတ်ခ်နှင့်အတူလက်ခံ​တွေ့ဆုံခဲ့သည်။

News Of Myanmar NOM

15 Nov, 19:01


တစ်ဖက်သတ်လုပ်​ဆောင်မှုများအ​ပေါ်တရုတ်သမ္မတသတိ​ပေး
NOM
တစ်ဖက်သတ်လုပ်​ဆောင်ချက်များကမ္ဘာ​ပေါ်တွင် တိုးလာသဖြင့် စိုးရိမ်မှုများရှိနေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးလိုက်သည်ဟုဆင်ဟွာသတင်း တွင် ဖော်ပြထားသည်။
ရှီကျင့်ဖျင်က ကမ္ဘာ့နိုင်ငံများကြား အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေး ထား သင့်ကြောင်း ရည် ညွှန်း ကာ၊ တစ်ဖက်သက်ဆန်စွာ ဆောင်ရွက်မှုများသည် ကမ္ဘာ့တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။

News Of Myanmar NOM

15 Nov, 18:47


ဂျာမနီအဓိပတိကရုရှားသမ္မတထံဖုန်းဆက်

NOM
​သောကြာ​နေ့ကဂျာမနီအဓိပတိ​ရှော့ဇ်သည်ရုရှားသမ္မတပူတင်ထံဖုန်းဆက်ခဲ့သည်။​ရှော့ဇ်ကပူတင်ကိုယူကရိန်းစစ်ပွဲအမြန်ဆုံးပြီးဆုံး​ရေးအတွက်​စေ့စပ်ညှိနှိုင်းရန်တိုက်တွန်းပြီးဂျာမနီအစိုးရအ​နေဖြင့်စစ်ပွဲမည်မျှကြာသည်ဖြစ်​စေယူကရိန်းကိုဆက်လက်​​ထောက်ပံ့​နေမည်ဟုလည်းသတိ​ပေးလိုက်သည်။

News Of Myanmar NOM

15 Nov, 15:45


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အားသေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၅

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ၄၅ မိနစ်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသား ၄ ဦး(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်း တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဆိုင်အတွင်းရှိiPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀ လုံး၊ တန်ဘိုးငွေ၁၁၂၁ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာတရားခံများဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များကလုယက်မှု ကျူးလွန်သူတရားခံများ ခိုအောင်းရောက်ရှိနေထိုင်လျက်ရှိသည့် အငှားနေအိမ်လိုင်းခန်း သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ တရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ဖန်လီ(၃၄)နှစ် (ဘ)ဦးဖန်ကျင်းလျှမ်ပါ အမျိုးသား ၄ ဦးအား လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ပစ္စတို သေနတ် ၄ လက်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် လက်ကိုင်ဖုန်း ၁၂ လုံးတို့နှင့်အတူအသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာများ၌ သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
အမှုမှ လူသတ်လုယက်မှုကျူးလွန်စဉ် တရားခံများအသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးအား သိမ်းဆည်းရမိနိုင်ရေးနိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီတွင် တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်ရှိ ဒေါ်တွမ်ရွှေရှန်း(စိစစ်ဆဲ)ပိုင်ဆိုင်သည့် အိမ်အမှတ်(ပလ-၂/၆၆၂)အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်၌ လူနေထိုင်ခြင်းမရှိဘဲ ဧည့်ခန်းအတွင်းမှ လုယက်မှုကျူးလွန် ရာတွင် အသုံးပြုခဲ့သည့် SHN/10109 Wave-110 ဆိုင်ကယ်နှင့် SHN/10543 Wave-110  ဆိုင်ကယ် ၂ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး နေအိမ်အား အသေးစိတ်စစ်ဆေးရှာဖွေခဲ့ရာ အိပ်ခန်း အတွင်းရှိ အိမ်သာမျက်နှာကြက်ပေါ်မှ အမေရိကန်နိုင်ငံထုတ် M-4 Carbine CAL 5.56 MM အမျိုး အစားသေနတ် ၄ လက်၊ ၄င်းကျည် ၁၃၀ တောင့်၊ ကျည်အိမ် ၂ ခု၊  ချက်နိုင်ငံထုတ် CZECH REPUBLIC 9MM CZ အမျိုးအစားသေနတ် ၁ လက်၊ ၄င်းကျည် ၁၇ တောင့်၊  ကျည်အိမ် ၁ ခု၊ AK- 47 အမျိုးအစားသေနတ် ၁ လက်၊ ၄င်းကျည် ၇၈ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ထိပ် ၃ ကွင်း၊ ပြောက်ကြားအစိမ်းရောင်ယူနီဖောင်း ၃ စုံ၊ ပြောက်ကြား ဦးထုပ်ဝိုင်း၅ လုံး၊ အစိမ်းရောင်လည်တို ဖိနပ် ၂ ရံ၊  ပြောက်ကြားအစိမ်းရောင်မိုးကာ ၅ ထည်၊ အနက်ရောင်ခေါင်းစွပ် ၂ ခု၊ သေနတ်တိုက်တံ ၂ ချောင်း၊ သေနတ်တိုက်ဆီ ၄ ဘူးတို့အားထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

News Of Myanmar NOM

15 Nov, 15:45


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အားသေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်နှစ်စီးနှင့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၅

News Of Myanmar NOM

15 Nov, 15:42


ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာနေ အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

NOM နိုဝင်ဘာလ ၁၅၊ ၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာနေ ဦးကျော်မိုး (၆၇) နှစ်သည် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

15 Nov, 13:58


ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ချောင်းသာကမ်းခြေသို့ သွားရောက်လည်ပတ်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

နိုဝင်ဘာ ၁၅၊ ၂၀၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ယနေ့ညနေပိုင်းတွင် ချောင်းသာမြို့သို့ ရောက်ရှိကြရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ညပိုင်းတွင် H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ချောင်းသာမြို့ AZURA ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။ ဦးစွာ ဂုဏ်ပြုညစာစားပွဲပြုလုပ်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ကိုယ်စားလှယ်အဖွဲ့အားလုံးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စား နွေးထွေးလှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ယခုခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းတစ်လျှောက်တွင် သိသာထင်ရှားအရေးပါပြီး နှစ်နိုင်ငံ၏ ရှိရင်းစွဲဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် အပြန်အလှန် နားလည်ပေါင်းစည်းမှုများကို ပိုမိုတိုးတက်ခိုင်မာစေမည့် ခရီးစဉ်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကဆောင်ရွက်ပြီး ဆန်နဲ့သားငါးကဏ္ဍဖွံ့ဖြိုးဖူလုံမှုရှိတဲ့ တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အဦများ၊ တန်ခိုးကြီးဘုရားစေတီများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ နယ်မြေတစ်ခုလည်း ဖြစ်ပြီး ရေလမ်း၊ ကုန်းလမ်းအပါအဝင် လေကြောင်းဆက်သွယ်ရေးများနှင့် အချိန်ရာသီမရွေး သွားလာနိုင်သော တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊ လှပပြီးသာယာတဲ့ ပင်လယ် ကမ်းခြေဒေသများလည်းရှိကာ နှစ်စဉ်ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၁၆) သိန်းကျော် လာရောက်လည်ပတ်လျက်ရှိကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှုနှင့် ပူးတွဲအားထုတ်မှုများကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့မျက်မှောက်အချိန်တွင် ခိုင်မာမှုအားအကောင်းဆုံး အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ယခုလိုနွေးထွေးစွာ ကြိုဆိုသည့်အတွက် လွန်စွာကျေးဇူးတင်ရှိကြောင်း၊ မိမိအနေဖြင့် တခြားနိုင်ငံများသို့ ရောက်ဖူးသော်လည်း မြန်မာနိုင်ငံသည် အလွန်ဧည့်ဝတ်ကျေစွာ ကြိုဆိုကြသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ရှရှား-မြန်မာဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာလာပြီး ရှေ့ဆက်အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲတို့သည် ဖျော်ဖြေရေး အစီအစဉ်များအား ကြည့်ရှုအားပေးခဲ့ပြီး ညစာများ အတူတကွ သုံးဆောင်ခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ချောင်းသာကမ်းခြေတစ်လျောက် လမ်းလျှောက်အပမ်းဖြေခြင်း၊ ရေကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ချောင်းသာမြို့အဝင် လမ်းမကြီး ဘေးတွင် ကျင်းပပြုလုပ်သော ရုရှား-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး အထိမ်းအမှတ် သစ်ပင်(ခရေပင်)ကို စိုက်ပျိုးခဲ့သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ကြပြီး ပုသိမ်လေဆိပ်မှရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများမှ နှုတ်ဆက်ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

News Of Myanmar NOM

15 Nov, 13:57


ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ချောင်းသာကမ်းခြေသို့ သွားရောက်လည်ပတ်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုး

News Of Myanmar NOM

15 Nov, 13:44


နိုဝင်ဘာလ၁၅ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဘယ်လ်ဂျီယမ်တွင်လက်ဝဲစွန်းအကြမ်းဖက်များကလက်ယာစွန်းပါတီဌာနချုပ်ကိုဖျက်ဆီးမီးရှို့ခဲ့သည်။(ဗီဒီယို)
၂။ယူကရိန်းတွင်ဂျာမန်​​ကြေးစားစစ်သည်ဆယ်ဦး​သေဆုံးသည့်ကိစ္စကိုစုံစမ်းစစ်ဆေးမည်ဟုဂျာမနီအစိုးရက​ကြေညာသည်။
၃။အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်​အေဂျင်စီ၏အ​ထွေ​ထွေအတွင်း​ရေးမှူးသည်အီရန်နျူကလီးယားစက်ရုံကိုသွား​ရောက်စစ်​ဆေးသည်။
၄။ယူကရိန်းစစ်ပွဲစတင်သည့်၂၀၂၂ခုနှစ်မှယ​နေ့အထိရုရှားသည်တင့်ကား၃၅၄၉စီး၊​လေယာဥ်၁၃၂စီး၊ရဟတ်ယာဥ် ၁၄၇စီးဆုံးရှုံးခဲ့သည်။
၅။​မြောက်ကိုးရီးယား​ခေါင်း​ဆောင်ကင်ဂျုံအန်သည်အ​သေခံကာမီကာ​ဇေဒရုန်းအများအပြားထုတ်လုပ်ရန်အမိန့်​ပေးလိုက်သည်။

News Of Myanmar NOM

15 Nov, 12:43


မနက်ဖြန်ပွဲမတိုင်ခင် လုပ်ခဲ့တဲ့ Face-off မှာ မိုက်တိုင်ဆန်က ဂျိတ်ပေါလ်ကို par yite ခဲ့တာပါ။ သံမဏိမိုက်ကြီးဟာ သူ့ရဲ့ ကြံ့ခိုင်မှုအားကောင်းတဲ့ ပုံစံကို ပြသခဲ့သလို ဂျိတ်ပေါလ်ကိုလည်း မထင်မှတ်တဲ့အချိန်မှာ yite သွားခဲ့တာပါ။ trash talk တွေ တဦးနဲ့ တဦး ပြောနေခဲ့တာက မဆန်းပေမယ့် မျက်နှာချင်းဆိုင်ဖို့ ဂျိတ်ပေါလ်က ဟန်ပြင်ချိန်မှာပဲ တွယ်ထည့်လိုက်တာပါ။

ဒီပွဲကို အားလုံးက စိတ်ဝင်စားနေချိန်မှာ မိုက်တိုင်ဆန်ရဲ့ လုပ်ရပ်ကြောင့် ပိုပြီး စိတ်ဝင်စားစရာဖြစ်လာပါတယ်။ Netflix က တိုက်ရိုက်ထုတ်လွှင့်မယ့်ပွဲ ဖြစ်ပြီး ပိုက်ဆံသက်သက်ရှာတာလို့ ဝေဖန်မှုတွေရှိနေပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့တော့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ပွဲဆိုရင်လည်း မများပါဘူး။

အသက် ၅၈ နှစ်အရွယ် မိုက်တိုင်ဆန်ရဲ့ ကြိုးဝိုင်းထဲ တကျော့ပြန်ဝင်ရောက်မှုဖြစ်ပြီး သူ့သားအရွယ်လောက်ရှိတဲ့ Youtuber ဂျိတ်ပေါလ်နဲ့ ထိုးသတ်ရမှာမို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့နာမည်နဲ့လိုက်ဖက်အောင် လုပ်ပြမယ်လို့ သံမဏိမိုက်ကြီးက‌ ကြုံးဝါးထားလို့ ဘယ်လိုတွဖြစ်လာမလဲဆိုတာ ကြည့်ရပါမယ်။

NOM

News Of Myanmar NOM

15 Nov, 10:17


ရန်ကုန်မြို့၌တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) ကဘုရားဖူးပြည်များဖြင့်စည်ကား
NOM၊နိုဝင်ဘာ၁၅ ၊၂၀၂၄

တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) ကရန်ကုန်မြို့ရှိတန်ခိုးကြီးဘုရားများတွင်ဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိသည်။ အဆိုပါတန်ဆောင်မုန်းလပြည့်‌​နေ့နို၀င်ဘာ၁၅ရက်ကရွှေတိဂုံစေတီတော်၊ဗိုလ်တ‌​ထောင်‌​စေတီ‌​တော်၊ဆူးလေ​စေတီ​တော်၊မဟာ၀ိဇိယ‌​စေတီ‌​တော်စသည့်ဘုရားများသို့ အရုဏ်မတက်မီ ဘာသာရေးအသင်းအဖွဲ့များ၊ဘုရားဖူးပြည်သူလာရောက်ဖူးမြော်သူများ၊ကုသိုလ်​ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ‌​ကြောင်းသိရသည်။ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

News Of Myanmar NOM

15 Nov, 07:06


ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင်ပွဲတော်နှင့်ဂီတပွဲတော်ဖွင့်
NOM ၊နို၀င်ဘာ၁၅၊၂၀၂၄
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နဲ့ ဂီတပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတက်‌​ရောက်ဖွင့်လှစ်‌​ပေးခဲ့သည်။ အဆိုပါပွဲတော်တွင် MSME ထုတ်ကုန် ပစ္စည်းများ၊ အရှေ့တောင်အာရှမှ တစ်ခုတည်းသော ငါးထုတ်လုပ်မှုပြခန်း၊ ရေထွက်ကုန်ပစ္စည်းများနှင့် အသေးစားစက်မှု ထုတ်ကုန်များအပါအဝင် စျေးဆိုင်ခန်းပေါင်း ၄၈၃ ခန်းနှင့် စားသောက်ဆိုင်ခန်း ၇၁ ခန်းက နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ပြသရောင်းချသွားမည် ဖြစ်‌​ကြောင်းသိရသည်။
ပွဲတော်သို့ လာရောက်ကြသည့်ပြည်သူများ စိတ်အပန်းပြေစေရန်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်များက အနုပညာရှင်များဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီ DJ Dancer အကအဖွဲ့များဖြင့်ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်သည်။

News Of Myanmar NOM

11 Nov, 19:19


အပစ်ရပ်ရန်​ဆော်ဒီ​တောင်းဆို
NOM
အာရပ်ထိပ်သီးညီလာခံတွင်​ဆော်ဒီအိမ်​ရှေ့မင်းသားကဂါဇာနှင့်လက်ဘနွန်တွင်အပစ်အခတ်ချက်ခြင်းရပ်ရန်​တောင်းဆိုလိုက်သည်။ထို့အပြင်အာရပ်​ခေါင်း​ဆောင်များကအစ္စ​ရေးကိုလက်နက်​ထောက်ပံ့ခြင်း၊​ရောင်းချခြင်းတို့ပိတ်ပင်ရန်​တောင်းဆိုလိုက်သည်။

News Of Myanmar NOM

11 Nov, 19:08


တရုတ်နိုင်ငံကျူဟိုင်း​လေ​ကြောင်းပြပွဲတွင်ဝင်​ရောက်ပြသ​နေ​သောရုရှား၏ပဥ္စမမျိုးဆက်တိုက်​လေယာဥ် Su-57ကို​တွေ့ရစဥ်

News Of Myanmar NOM

11 Nov, 18:55


တရုတ်နိုင်ငံကျူဟိုင်း​လေ​ကြောင်းပြပွဲတွင်ပျံသန်းပြသ​နေ​သောတရုတ်တို့၏ပဥ္စမမျိုးဆက်တိုက်​လေယာဥ်J-35A

News Of Myanmar NOM

11 Nov, 18:45


အ​မေရိကန်သမ္မတအဖြစ်​ဒေါ်နယ်ထရမ့်​ရွေး​ကောက်တင်​မြှောက်ခံရပြီး​နောက်လက်နက်ချသူယူကရိန်းစစ်သားများပြားလာ
NOM
အ​မေရိကန်​ရွေး​ကောက်ပွဲပြီးသည့်​နောက်ရက်ဖြစ်​သောနိုဝင်ဘာလ၆ရက်မှ၁၁အထိယူကရိန်းစစ်သားများလက်နက်ချအညံ့ခံမှုမှာအ​မေရိကန်သမ္မတ​ရွေး​ကောက်ပွဲမတိုင်မီထက်၈ဆပိုများလာသည်။သမ္မတသစ်​ဒေါ်နယ်ထရမ့်ကစစ်ပွဲကိုချက်ခြင်းရပ်စဲ​အောင်လုပ်မည်ဟူ​သော​ရွေး​ကောက်ပွဲမဲဆွယ်ကတိ​ကြောင့်ယူကရိန်းတို့သည်စစ်​မြေပြင်တွင်အ​သေမခံ​တော့ပဲလက်နက်ချ​နေကြခြင်းဖြစ်သည်။

News Of Myanmar NOM

11 Nov, 15:54


မာလီတွင်အကြမ်းများလုသွား​သောနွားများပြန်လည်ရရှိ
NOM
ပြင်သစ်က​ထောက်ပံ့ထား​သောအကြမ်းဖက်သမားများကရွာများရှိနွားများကိုလုယူသွားရာမာလီစစ်တပ်ကအကြမ်းဖက်များကိုနှိမ်နှင်းပြီးရွာသားများထံနွားများပြန်လည်​ပေးအပ်ခဲ့သည်။

News Of Myanmar NOM

11 Nov, 14:20


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက် ကြောင်း ထုတ်ပြန်ကြေညာ
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ - ၁၁

News Of Myanmar NOM

11 Nov, 13:04


ခရီးစဉ်ရဲ့အနှစ်ချုပ်ကို ပြောရမယ်ဆိုရင် ခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်၊ ခရီးစဉ်ဟာ မြန်မာပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်

ဗိုလ်ချုပ်ဇော်မင်းထွန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်တို့ ဒီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ (ဂျီအမ်အက်စ်) အစည်းအဝေး၊ (၁၀)ကြိမ်မြောက် (အက်မက်စ်) အစည်းအဝေး ဧရာဝတီ - ကျောက်ဖရား - မဲခေါင်အစည်းအဝေး၊ (၁၁)ကြိမ်မြောက် (စီအယ်လ်အမ်ဗွီ) အစည်းအဝေးတွေကို တက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နောင်နှစ်မှာဆိုရင်(အက်မက်စ်)ကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံစုံ(အက်မက်စ်) နိုင်ငံတွေကို ဖိတ်ခေါ်ပြီး လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံကို သွားတဲ့အခါမှာလည်း တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့တယ်။ နောက်ပြီး ချုံချင့်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီမှာ အပိုင်းခွဲပြီး ပြောရမယ်ဆိုရင် နိုင်ငံရေးအရ တရုတ်နိုင်ငံအနေနဲ့ ယခင်ကလိုပဲ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အားပေးပါတယ်။ ဒါတွေကို ထပ်မံထပ်လောင်း အသိအမှတ်ပြုတယ်။ တရုတ်နိုင်ငံရဲ့ နယ်နိမိတ်၊ တရုတ်နိုင်ငံရဲ့နယ်မြေကို အခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့သူတွေ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို လက်မခံကြောင်း ပြောပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်အောင် ကျွန်တော်တို့ထပ်မံပြီးတော့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဒါကနိုင်ငံရေးပိုင်းနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအားပေးထောက်ခံမှုကိုလည်း ရရှိခဲ့တယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကိုရရှိအောင် ဆွေးနွေးနိုင်ခဲ့တယ်။ နောက်တစ်ခု စီးပွားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ကူမင်းနဲ့ ချုံချင့်မှာလည်း တွေ့ဆုံခဲ့တယ်။ အောင်မြင်မှုရခဲ့တယ်။ မြန်မာနိုင်ငံကို လာရောက်ပြီး စီးပွားရင်းနှီးမြှုပ်နှံလိုမှု၊ စိတ်ဝင်စားတဲ့သူတွေများပါတယ်။ ကျွန်တော်တို့အနေနဲ့က တရုတ်နိုင်ငံမှာ ဆောင်ရွက်ခဲ့တာတွေကို Action Plan အနေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက တက်တက်ကြွကြွ လိုက်လုပ်ဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြင့်လာမယ်လို့ မျှော်မှန်းပါတယ်။

လူမှုရေးပိုင်းနဲ့ပတ်သက်ပြီး ပညာရေးကဏ္ဍဖြစ်တယ်။ ပညာရေးကဏ္ဍမှာ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြည်နယ်အဆင့်မှာရော၊ ဗဟိုအစိုးရအဆင့်မှာပါ ကျွန်တော်တို့ ပညာတော်သင်အဖွဲ့တွေ ပိုပြီးတော့ခေါ်မှာ ဖြစ်တယ်။ မြန်မာနိုင်ငံလူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးကို ဆက်လက်ပြီး ကူညီဆောင်ရွက်ပါမယ်။ ခရီးစဉ်ရဲ့အနှစ်ချုပ်ကို ပြောရမယ်ဆိုရင်ခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်ဟာ မြန်မာပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲအောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ။

News Of Myanmar NOM

11 Nov, 13:04


ခရီးစဉ်ရဲ့အနှစ်ချုပ်ကို ပြောရမယ်ဆိုရင် ခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ဝန်ကြီးချုပ်တို့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်၊ ခရီးစဉ်ဟာ မြန်မာပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်

ဗိုလ်ချုပ်ဇော်မင်းထွန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်

News Of Myanmar NOM

11 Nov, 13:01


ဆင်ပေါင်ဝဲမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်သမားသုံးဦးက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

NOM နိုဝင်ဘာ ၁၁၊ ၂၀၂၄

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကုန်းဘိုကျေးရွာနှင့် ဝါးသုံးပြူးကျေးရွာကြားတွင် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်၌ PDF အကြမ်းဖက်သမားများ၏သတ်ဖြတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊ သီရိရတနာကျေးရွာနေ ဦးဇော်ခင် (၄၆) နှစ် သည် ဆင်ပေါင်ဝဲမြို့နယ်၊ စမ်းအိုင်ကျေးရွာမှ သီရိရတနာကျေးရွာသို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်း မောင်းနှင်လာစဉ် ကုန်းဘိုကျေးရွာနှင့် ဝါးသုံးပြူးကျေးရွာကြားအရောက်တွင် အသင့်စောင့်နေသည့် PDF အကြမ်းဖက်သမားသုံးဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးဇော်ခင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

11 Nov, 12:51


လက်ဘနွန်မှာ ဖြစ်ပွားခဲ့တဲ့ ပေဂျာတွေ ပေါက်ကွဲမှုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ထိုင်ဝမ်က ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ စုံစမ်းမှုတွေအရ အဆိုပါပေဂျာတွေဟာ ထိုင်ဝမ်ထုတ်တွေ မဟုတ်ဘူးဆိုတာကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်ဝမ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ဘနွန်မှာ ပေါက်ကွဲခဲ့တဲ့ AR-924 ပေဂျာမော်ဒယ်ကို Frontier Group Entity လို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုက ထိုင်ဝမ်ပြင်ပမှာ ထုတ်လုပ်၊ ရောင်းဝယ်ဖောက်ကားခဲ့တယ်လို့လည်း ဆိုပါတယ်။

NOM

News Of Myanmar NOM

08 Nov, 12:42


အင်းစိန်​ဆေးရုံတွင်ကိုယ်ချင်းဆက်အမွှာ​မွေး
NOM၊နိုဝင်ဘာ၈၊၂၀၂၄
အင်းစိန်ပြည့်သူ့​ဆေးရုံတွင်နိုဝင်ဘာလ၈ရက်နံနက်ကသားဖွားကုသ​ဆောင်သို့​ရောက်ရှိလာ​သောကိုယ်ဝန်​ဆောင်တစ်ဦးမှ​နေ့လယ်၁း၂၄နာရီအချိန်တွင်​ခေါင်းနှစ်လုံး၊ခန္ဓာကိုယ်တစ်ခု၊လက်​လေး​ချောင်း၊​ခြေနှစ်​ချောင်းပါကိုယ်ချင်းဆက်အမွှာကို​မွေးခဲ့​ကြောင်းသိရသည်။
အဆိုပါက​လေးကိုအင်းစိန်​ဆေးရုံကြီးက​လေးကုသ​ဆောင်တွင်ကုသ​ပေးခဲ့ပြီးည​နေ၃း၂၀နာရီအချိန်တွင်ရန်ကုန်က​လေး​ဆေးရုံကြီးသို့ပို့​ဆောင်ကုသ​ပေး​နေ​ကြောင်းသိရသည်။

News Of Myanmar NOM

08 Nov, 12:28


Breaking News

စမ်း​ချောင်းရှိ​ငွေလဲ​ကောင်တာတွင်ဓါးကိုင်လုယက်မှုဖြစ်၊ဆိုင်မန်​နေဂျာဓါးထိုးခံရပြီး​သေဆုံး
NOM၊နိုဝင်ဘာ၈၊၂၀၂၄

စမ်း​ချောင်းမြို့နယ်၊​မြေနီကုန်း​တောင်ရပ်ကွက်၊ဗားကရာလမ်း၊အမှတ်(၂၅၅/စီ)​မြေညီထပ်တွင်ဖွင့်ထားသည့်​အေးမြတ်သီတာစတိုးနှင့်​ငွေလဲ​ကောင်တာတွင်နိုဝင်ဘာလ၈ရက်ည​နေ၃း၄၀နာရီကဓါးကိုင်လုယက်မှုဖြစ်ပွား​ကြောင်းသိရသည်။
ဆိုင်ရှင်ဖြစ်သူဦး​ဇော်​ဌေးသန်း၊မန်​နေဂျာဖြစ်သူ​ဒေါ်​အေးအေးဝင်းနှင့်ဝန်ထမ်းအမျိုးသမီးသုံးဦးဆိုင်အတွင်းရှိ​နေစဥ်နဖူး​ပြောင်​ပြောင်၊လူပိန်ပိန်ဖြင့်အသက်၅၀ခန့်တရုတ်လူမျိုးပုံစံအမျိုးသားတစ်ဦး​ရောက်လာပြီးထိုင်းနိုင်ငံတွင်​ဆေးကုသွားရန်​ဒေါ်လာနှင့်ဘတ်လဲလို​ကြောင်း​၊ညီမဖြစ်သူကလည်းကျပ်​ငွေများယူလာ​နေပြီဟု​ပြောကာဆိုင်အတွင်းဝင်လာပြီး​စောင့်ဆိုင်းခဲ့သည်။
နာရီဝက်ခန့်အကြာတွင်ထိုအမျိုးသားကအသင့်ယူလာ​သောဓါးကိုထုတ်ပြီးမန်​နေဂျာ​ဒေါ်​အေး​အေးဝင်း၏လည်ပင်းကို​ထောက်ကာ​ငွေ​တောင်းသဖြင့်​ဒေါ်​​အေး​အေးဝင်းနှင့်လုံး​ထွေးသတ်ပုတ်​နေစဥ်ဆိုင်ဝန်ထမ်းမသင်းသင်း​အေးမှ​ဒေါ်​အေး​အေးဝင်းဖက်မှဝင်​ရောက်ကူညီခဲ့သည်။
လုယက်သူက​ဒေါ်​အေး​အေးဝင်း၏ချိုင်း​အောက်သို့ဓါးဖြင့်တစ်ချက်၊မသင်းသင်း​အေးးဝမ်းဗိုက်သို့ဓါးဖြင့်တစ်ချက်ထိုးပြီးထွက်​ပြေးသွားသည်။ဒဏ်ရာရသူနှစ်ဦးကို​ဆေးရုံပို့​ဆောင်ကုသစဥ်​မန်​နေဂျာဒေါ်​အေး​အေးဝင်းမှာ​သေဆုံးသွားခဲ့သည်။လုယက်သူကျန်ခဲ့​သော​ကျောပိုးအိတ်အတွင်းမှနိုင်ငံသားစိစစ်​ရေးကတ်တစ်ခု၊ဓါတ်ဆီပုလင်းနှစ်ပုလင်း၊တယ်လီဖုန်းတစ်လုံး​၊သစ်သားဓါးအိမ်တစ်ခု၊တွေ့ရသဖြင့်ပိတ်ဆို့ဖမ်းဆီး​နေ​ကြောင်းသိရသည်။

News Of Myanmar NOM

08 Nov, 11:10


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေးနေပြည်တော် ၊ နိုဝင်ဘာ - ၈

News Of Myanmar NOM

08 Nov, 09:35


နိုဝင်ဘာလ၈ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။အ​မေရိကန်သမ္မတ​ဒေါ်နမ်ထရမ့်သည်သူ၏မဲဆွယ်စည်းရုံး​​ရေးမန်​နေဂျာဆူဆီဝိုင်းလ်ကိုအိမ်ဖြူ​တော်အကြီးအကဲအဖြစ်ခန့်အပ်မည်ဖြစ်သည်။
၂။နယူး​ယောက်တွင်ပြည်ပမှပြောင်း​ရွှေ့လာသူများအတွက်အစားအ​သောက်ဝယ်ရန်​ဘောင်ချာများထုတ်​ပေးခြင်းကိုရပ်ဆိုင်းမည်ဟု​ကြေညာသည်။
၃။ရုရှားသမ္မတပူတင်ကထရမ့်ကိုသမ္မတ​ရွေး​​ကောက်ပွဲနိုင်သည့်အတွက်နှုတ်ခွန်းဆက်ပြီးသူရသတ္တိပြည့်စုံသူအဖြစ်ချီးကျူးလိုက်သည်။
၄။ဥ​ရောပနိုင်ငံများမှခေါင်း​ဆောင်၅၀သည်ကြာသပ​တေး​နေ့ကစု​ဝေးပြီးအ​မေရိကန်မပါပဲဥ​ရောပကာကွယ်​ရေးကိုမည်သို့လုပ်​ဆောင်မည်ကို​ဆွေး​နွေးခဲ့ကြသည်။
၅။အ​မေရိကန်တို့၏​ဒေါ်လာသန်း၃၀တန်MQ-9​မောင်းသူမဲ့​​ကင်း​ထောက်လေယာဥ်ကိုဟူသီလက်နက်ကိုင်အဖွဲ့ကပဲ့ထိန်းဒုံးကျည်ဖြင့်ပစ်ချခဲ့ရာဟူသီတို့ပစ်ချခဲ့သည့်MQ-9သည်ကိုးစီးရှိသွားပြီဖြစ်သည်။

News Of Myanmar NOM

08 Nov, 08:14


အထူးမိုးလေဝသသတင်း
=============
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်
---------------------------------------------ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း ကြောင့်လည်းကောင်း ယနေ့ မွန်းလွဲမှ ၉-၁၁-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

အကြုံပြုချက်
-------------
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

News Of Myanmar NOM

08 Nov, 07:56


ပုဂံဒေသ Cheri Land River House ဟိုတယ်၌ တည်း ခိုသည့်လူငယ်အမျိုးသားခုနှစ်ဦး ရိုက်နှက်ခံရပြီး အမျိုး သားတစ်ဦး သေဆုံး
NOM၊နိုဝင်ဘာ၆၊၂၀၂၄
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ပုဂံဒေသ၊အ မှတ် (၇)ဝက်ကြီးအင်းရပ်၊ရွှေစည်းခုံဘုရားအနီးရှိ Cheri Land River House ဟိုတယ်၌ Bluetooth Speaker အသံ ကျယ်လောင်စွာ ဖွင့်လှစ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဟိုတယ်တွင် တည်းခို​နေသည့်လူငယ်အမျိုးသားခုနှစ်ဦး ရိုက်နှက်ခံရပြီးရိုက် နှက်ခံရသူများအတွင်းမှ တစ်ဦး သေဆုံးသွားခဲ့‌​ကြောင်းသေဆုံးသူ၏ မိသားစုဝင်များက လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ၃ရက်နေ့ညပိုင်းက ညောင်ဦးမြို့ နယ်၊ပုဂံဒေသ၊အမှတ် (၇)ဝက်ကြီးအင်းရပ်၊ရွှေစည်းခုံဘုရားအနီးမှာရှိCheri Land River House ဟို တယ်တွင် လာရောက်တည်းခိုသည့်လူငယ်အမျိုးသားခုနှစ်ဦးပါဝင်သည့်အဖွဲသည့်ဟိုတယ်ဝန်းအ တွင်း စားသောက်ရင်း Bluetooth Speaker ဖွင့်ရာမှာ အသံကျယ်နေသည့်အတွက် လူအချို့က အသံတိုးပေးဖို့ပြောဆိုခဲ့ရာ အသံတိုးပေးခဲ့ပြီး ဆက်လက်စားသောက်နေရာမှ ဟိုတယ်အခန်းကို ပြန်လာချိန် လူ ၁၀ယောက်လောက်ပါသည့်အဖွဲ့က ဟိုတယ်တွင် တည်းခိုနေ​သောလူငယ်အမျိုးသားအဖွဲ့ကိုသံတုတ်များဖြင့် ဝိုင်း ဝန်းရိုက်နှက်ခဲ့သည်။ဧည့်သည်လူငယ်အ မျိုးသားအားလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းခွံကွဲအက်သည့်ဒဏ်ရာများဖြင့် ဆေးဝါးကုသမှုခံယူနေချိန်မှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ဟိုတယ်အတွင်း ရိုက်နှက်ခံခဲ့ရ​သောလူငယ်အမျိုးသားအဖွဲ့က ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

News Of Myanmar NOM

07 Nov, 15:38


လက်ဘနွန်​တောင်ပိုင်းတွင်အစ္စ​ရေးစစ်သားငါးဦး​သေ
NOM
အစ္စ​ရေးစစ်ဖက်ကယ​နေ့လက်ဘနွန်​တောင်ပိုင်းကာတာအရပ်တွင်ဟဇ်ဘိုလာတို့နှင့်အနီးကပ်တိုက်ပွဲဖြစ်ပွားရာအစ္စ​ရေးစစ်သားငါးဦး​သေပြီး၁၉ဦးဒဏ်ရာရသည်ဟု​ကြေညာသည်။လက်ဘနွန်​တောင်ပိုင်းရှိအခြားတိုက်ပွဲများအတွင်း၌ လည်းအစ္စ​ရေးစစ်သားများ​သေဆုံးမှုရှိ​ကြောင်း​ပြောသည်။

News Of Myanmar NOM

07 Nov, 15:04


ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာတွင် အမျိုးသားသုံးဦးကို PDF အကြမ်းဖက်အဖွဲ့က ဝိုင်းဝန်းရိုက်နှက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ

NOM နိုဝင်ဘာ ၇၊ ၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာနေ ဦးကျော်ကျော်ဟန် (၃၇) နှစ်၊ ကိုစိုးမင်းဦး (၂၆) နှစ်နှင့် ဘုန်းတော်ကျေးရွာနေ ဦးမင်းမင်း (၃၉) နှစ်တို့သည် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်၌ ဦးကျော်ကျော်ဟန်၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခုနစ်ဦးရောက်လာပြီး ၎င်းတို့သုံးဦးအား ဝိုင်းဝန်းရိုက်နှက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးကျော်ကျော်ဟန်နှင့် ကိုစိုးမင်းဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဦးမင်းမင်းသန့်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

07 Nov, 13:52


နိုဝင်ဘာလ၇ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဂျာမနီအဓိပတိအိုလပ်ဖ်​ရျော့ဇ်သည်ဘဏ္ဏာ​ရေးဝန်ကြီးကိုရာထူးမှထုတ်ပယ်လိုက်သည်။ယူကရိန်းသို့အ​ထောက်အပံ့​ပေးမည့်ကိစ္စအ​ပေါ်ဘဏ္ဏာ​ရေးဝန်ကြီးကသ​ဘောမတူသဖြင့်ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
၂။ဟာရီကိန်းမုန်တိုင်းရာ​ဖေးလ်တိုက်ခတ်ပြီး​နောက်ကျူးဘားတစ်နိုင်ငံလုံးဒုတိယအကြိမ်လျပ်စစ်မီးပြတ်​တောက်ခဲ့သည်။
၃။ယမန်​နေ့ညက​ဘေရွတ်မြို့​တော်​တောင်ပိုင်းကိုကြိုတင်သတိ​ပေးခြင်းမရှိပဲအစ္စ​ရေး​လေယာဥ်များကတိုက်ခိုက်ရာအနည်းဆုံးလူ၄၀​သေဆုံးသည်။
၄။ရုရှားကပ်စ်ခ်နယ်စပ်တွင်​မြောက်ကိုးရီးယားတပ်သားများနှင့်ယူကရိန်းစစ်တပ်ကြားတိုက်ပွဲများဖြစ်ပွား​ကြောင်း​ယူကရိန်းက​ကြေညာသည်။
၅။အ​မေရိကန်​ဖောရိန်း​ပေါ်လစီမဂ္ဂဇင်းကအ​နောက်အုပ်စုသည်ယူကရိန်းဖက်မှတဖြည်းဖြည်းချင်းရှုံးနိမ့်​နေသည်ကိုသိ​ကြောင်းနှင့်ယခု​ဆောင်းကာလသည်ယူကရိန်းအတွက်ပိုမိုဆိုးရွားမည့်နှစ်ဖြစ်​ကြောင်း​ဖော်ပြလိုက်သည်။

News Of Myanmar NOM

07 Nov, 13:07


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)ထိပ်သီးအစည်းအဝေးသို့ တက်ရောက်
နေပြည်တော်၊ နိုဝင်ဘာ - ၇

News Of Myanmar NOM

03 Nov, 18:09


အမြန်လမ်းရန်ကုန်တိုးဂိတ်အနီးကားတိုက်၊ခရီးသည်တစ်ဦး​သေ
NOM၊နိုဝင်ဘာ၄၊၂၀၂၄

ရန်ကုန်-​နေပြည်​တော်အမြန်လမ်းမကြီး၊ရန်ကုန်တိုးဂိတ်အနီးမိုင်တိုင်(၁/၂)တွင်ခရီးသည်တင်ကားကရပ်ထား​သောကားသုံးစီးကိုနိုဝင်ဘာလ၃ရက်နံနက်၂း၄၅နာရီကဝင်တိုက်ရာခရီးသည်တင်ယာဥ်​ပေါ်ပါအမျိုးသမီးတစ်ဦး​သေဆုံး​ကြောင်းသိရသည်။
​ရွှေပွင့်ဖြူခရီးသည်တင်သည်ဆင်ဖြူကျွန်းမှရန်ကုန်သို့လာစဥ်ရန်ကုန်တိုးဂိတ်အနီးအ​ရောက်ယာဥ်​မောင်းအိပ်ငိုက်ပြီးရန်ကုန်ဝင်ရန်ရပ်ထား​သောမြတ်မန္တလာထွန်းခရီးသည်တင်ယာဥ်၊နယူး​ရွှေမြင့်မိုရ်ခရီးသည်တင်ယာဥ်၊ဘုရင်မခရီးသည်တင်ယာဥ်သုံးစီးကိုဆက်တိုက်တိုက်ခဲ့သည်။ယာဥ်တိုက်မှု​ကြောင့်​ရွှေပွင့်ဖြူယာဥ်​ပေါ်ပါခရီးသည်မသင်းပပမှာ​သေဆုံးပြီး​ရွှေပွင့်ဖြူယာဥ်​မောင်းမင်းမင်း၏ရင်ဘတ်တွင်ပြင်းထန်ဒဏ်ရာ(စိုးရိမ်ရ)၊​ရွှေပွင့်ဖြူယာဥ်​နောက်လိုက်နှင့်ခရီးသည်သုံးဦးမှာပွန်းပဲ့ဒဏ်ရာများရရှိခဲ့​ကြောင်းသိရသည်။

News Of Myanmar NOM

03 Nov, 12:56


ထန်းတပင်မြို့မ​စျေးတွင်​ရွှေဆိုင်လုယက်သူကိုဆိုင်ကဝိုင်းဖမ်း
NOM၊နိုဝင်ဘာ၃၊၂၀၂၄

ရန်ကုန်တိုင်း​ဒေသကြီး၊ထန်းတပင်မြို့နယ်၊မြို့မ​စျေး​ရှေ့ရှိစန်း​သော်တာ​ရွှေဆိုင်တွင်နိုဝင်ဘာလ၃ရက်နံနက်၇း၅၀နာရီအချိန်က​ရွှေဝယ်သူဟန်​ဆောင်၍လုယက်သူကိုဝိုင်းဝန်းဖမ်းဆီးခဲ့​ကြောင်းသိရသည်။
ပြည့်စုံထွန်း(၁၉နှစ်)သည်ဆိုင်သို့​ရောက်လာပြီး​ရွှေလက်စွပ်ဝယ်လို​ကြောင်း​ပြောသဖြင့်​ရွှေဆိုင်ပိုင်ရှင်ဦး​အောင်လွင်မှလက်စွပ်ပြသ​နေစဥ်ပြည့်စုံထွန်းကဆိုင်ရှင်ကို​နောက်မှဖမ်းချုပ်ကာအသင့်ယူလာ​သောမီးဖို​ချောင်သုံးစတီးဓါးဖြင့်လည်ပင်းကို​ထောက်ပြီးမလှုပ်နဲ့လှုပ်ရင်သတ်မယ်ဟုခြိမ်း​ခြောက်ခဲ့သည်။ဆိုင်ရှင်ကစတီးဓါးကိုလုယူပြီးဆိုင်လုံခြုံ​ရေးဝန်ထမ်းနှင့်အတူသတ်ပုတ်ဖမ်းဆီးခဲ့​ကြောင်းသိရသည်။ဆိုင်ရှင်ဦး​အောင်လွင်မှာဝဲလက်ဖဝါးပြတ်ရှဒဏ်ရာ၊ယာလက်သန်းနှင့်လက်သူကြွယ်ပြတ်ရှဒဏ်ရာများရခဲ့​ကြောင်းငိရသည်။လုယက်သူပြည့်စုံထွန်းကိုရဲစခန်းကဖမ်းဆီးအမှုဖွင့်အ​ရေးယူထား​ကြောင်းသတင်းရရှိသည်။

News Of Myanmar NOM

03 Nov, 11:39


နိုဝင်ဘာလ၃ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။အ​မေရိကန်​လေတပ်၏မဟာဗျူဟာ​မြောက်ဗုံးကြဲ​လေယာဥ် B-52H နှစ်စီးသည်အီရန်ကိုသတိ​ပေးသည့်အ​နေဖြင့်ယမန်​နေ့ကကာတာနိုင်ငံရှိအ​မေရိကန်စစ်အ​ခြေစိုက်စခန်းသို့​ရောက်ရှိလာခဲ့သည်။
၂။ဟားမတ်စ်သည်ခန်ယူနစ်မြို့တွင်အစ္စ​ရေးသတင်း​ပေးနှစ်ဦးကိုဖမ်းလိုက်သည်။အဖမ်းခံရသူနှစ်ဦးသည်ဟားမတ်စ်အဖွဲ့မှဆက်သားနှစ်ဦးဖြစ်ပြီးအ​ရေးကြီးသတင်းများကိုဟားမတ်စ်​တပ်မှူးများထံ​ပေးပို့ရသူများဖြစ်သည်။ထိုနှစ်ဦး၏သတင်း​ပေးမှု​ကြောင့်ခန်ယူနစ်မြို့ရှိဟားမတ်စ်တပ်မှူးနှစ်ဦးကိုအစ္စ​ရေးကသတ်ဖြတ်နိုင်ခဲ့သည်။
၃။တရုတ်သည်သူ၏ဒုတိး​မြောက်ကိုယ်​ပျောက်​လေယာဥ်ဖြစ်​သောFC-31 တိုက်​လေယာဥ်ကိုယခုနှစ်အတွင်းကျင်းပမည့်ဂွမ်​ဒေါင်းပြည်နယ်ကျူဟိုင်း​လေ​ကြောင်းပြပွဲတွင်ထုတ်​ဖော်ပြသဖွယ်ရှိ​​နေသည်။
၄။ဘိုလီးဗီးယားနိုင်ငံတွင်သမ္မတ​ဟောင်းကို​ထောက်ခံသူများကစစ်သား၂၀ကိုဓါးစာခံအဖြစ်ဖမ်းဆီးထားသည်။
၅။နယူး​ယောက်တိုင်းမ်သတင်းစာအယ်ဒီတာဘုတ်အဖွဲ့က​ဒေါ်နယ်ထရမ့်သည်အာဏာရှင်ဖြစ်​ကြောင်း၊​ခေါင်း​ဆောင်​နေရာနှင့်မသင့်​တော်​ကြောင်း၊အဆုံးမဲ့လိမ်ညာတတ်သူဖြစ်​ကြောင်း၊သူသမ္မတဖြစ်လာပါကအ​မေရိကန်ရှိ​ရွှေ့​ပြောင်း​နေထိုင်သူများကိုအစုလိုက် အပြုံလိုက်နှင်ထုတ်မည်ဖြစ်သလိုကမ္ဘာ့ရာသီဥတု​ပြောင်းလဲ​ရေးထိန်းချုပ်မှုကိုလည်းလိုက်နာမည်မဟုတ်​ကြောင်း၊ထို့​ကြောင့်​ဒေါ်နယ်ထရမ့်ကိုမဲမ​ပေးပဲကမ်မလာဟားရစ်ကိုမဲ​ပေးရန်​ရေးသား​ဖော်ပြလိုက်သည်။

News Of Myanmar NOM

03 Nov, 10:33


ဗလန်စီယဒေသမှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂၁၁ ဦးအထိ သေဆုံးမှုရှိလာခဲ့ပြီဖြစ်ပါတယ်။ စပိန်အစိုးရဟာ အဆိုပါဒေသကို စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀၀ အထိ စေလွှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ပြောဆိုခဲ့ပါတယ်။

အဆိုပါဒေသမှာ သမိုင်းတလျှောက် အဆိုးဝါးဆုံးရေဘေးကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ထောင်နဲ့ချီတဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းနေရပါတယ်။ အပျက်အစီးတွေ အောက်ကနေ သေဆုံးသူတွေကို တွေ့ရှိနေရဆဲလို့လည်း ဆိုပါတယ်။

NOM

News Of Myanmar NOM

03 Nov, 10:32


အမည်ဖော်ပြထားခြင်းမရှိတဲ့ BBC ဝန်ထမ်းပေါင်း ၁၀၀ ကျော်အပါအဝင် သတင်းမီဒီယာလောကအတွင်းက မီဒီယာသမား ၂၀၀ ကျော်ဟာ ပူးတွဲလက်မှတ်ရေးထိုးထားပြီး ဂါဇာစစ်ပွဲအတွင်း ဘီဘီစီဟာ သတင်းဘက်လိုက်ဖော်ပြမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စာကို ဘီဘီစီရဲ့ အထွေထွေဒါရိုက်တာ Tim Davies ဆီ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

တိကျမှန်ကန်တဲ့ သက်သေအထောက်အထားအခြေခံ ဂျာနယ်လစ်ဇင်ကင်းမဲ့ပြီး အယ်ဒီတာစံနှုန်းတွေကိုလည်း ပျက်ကွက်ခဲ့တယ်လို့ အဆိုပါစာမှာ ပါဝင်ခဲ့ပါတယ်။ ဒီအတွက် အဆိုပါစံနှုန်းတွေကို ပြန်လည်လိုက်နာဖို့အတွက် ဘီဘီစီကို တိုက်တွန်းပါကြောင်းလည်း ပါရှိခဲ့ပါတယ်။

NOM

News Of Myanmar NOM

03 Nov, 08:53


ရန်ကုန်တက္ကသိုလ်တွင် ပထဝီဝင်ဘာသာရပ်စတင်သင်ကြားခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည် ရုပ်တုဖွင့်
NOM၊နို၀င်ဘာ၃၊၂၀၂၄

ရန်ကုန်တက္ကသိုလ်တွင် ပထဝီဝင်ဘာသာရပ်စတင်သင်ကြားခြင်းနှစ်(၁၀၀) ပြည့် အထိမ်းအမှတ် ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည် ရုပ်တုဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းကရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန စာကြည့်တိုက်၌ ကျင်းပရာ ပါမောက္ခ/ဌာနမှူး(ငြိမ်း)ဆရာကြီး၊ ဆရာမကြီးများကရုပ်တုအားဖွင့်လှစ်ပေးသည်။
ဆရာမကြီးသည် ၁၉၅၁ ခုနှစ် ဇွန် ၁၉ ရက်မှ စတင်၍ ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာန၏ပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၌ တက်ကြွစွာပါဝင်ခဲ့ပြီး နိုင်ငံအကျိုးကိုထူးခြားပြောင်မြောက်စွာတာဝန်ထမ်းဆောင်ခဲ့မှုများကြောင့် နိုင်ငံတော်မှ“နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယဆင့်” ချီးမြှင့်ခြင်းခံရသည်။ ၁၉၇၇ ခုနှစ် ဇွန်လတွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဆရာမကြီးသည် မြန်မာနိုင်ငံ ပထဝီဝင်ဘာသာရပ်သင်ရိုးညွှန်း တမ်း များကို ပြုစုပျိုးထောင်ပေးခဲ့သူ၊ တိုင်းကျိုးပြည်ပြု သုတေသနပေါင်းများစွာဆောင်ရွက်ခဲ့သူ၊ မြန်မာနိုင်ငံ ပထဝီဝင်ဘာသာရပ်၏ မိခင်ကြီးဖြစ်သည်။

News Of Myanmar NOM

03 Nov, 08:43


ကမ္ဘာ့ဖလားနဂါးလှေလှော်ချန်ပီယံရှစ်လက်ရည်စစ်ပြိုင်ပွဲတွင်မြန်မာအသင်းရွှေတစ်၊ငွေတစ်ထပ်မံရရှိ NOM၊နို၀င်ဘာ၃၊၂၀၂၄

ICFကကြီးမှူးကျင်းပသည့်ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ခုနှစ်ချန်ဒူးတွင်ကျင်းပမည့်ကမ္ဘာ့အားကစားပြိုင်ပွဲလက်ရည်စစ်ပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအတွက်ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တွင် နို၀င်ဘာ၂ရက်နှင့်၃ရက် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup )တွင်မြန်မာလှေလှော်အားကစားအသင်းရွှေတစ်ခု၊ငွေတစ်ခုထပ်မံရရှိခဲ့ကြောင်းသိရသည်။အဆိုပါအမျိုးသားမီတာ၂၀၀(၁၀)တက်လှော်ဗိုလ်လုပွဲပြိုင်ပွဲကိုနို၀င်ဘာ၂ရက်ကမြန်မာ၊အင်ဒိုနီးရှား၊တရုတ်(တိုင်ပေ)၊စပိန်၊ဖိလစ်ပိုင်၊ဟန်ဂေရီအသင်းတို့ယှဥ်ပြိုင်ခဲ့ရာအင်ဒိုနီးရှားအသင်းကပထမ(ရွှေ)၊မြန်မာအသင်းကဒုတိယ(ငွေ)၊တရုတ်(တိုင်‌​ပေ)အသင်းကတတိယ(ကြေး)တံဆိပ်ရရှိခဲ့ကြသည်။ထို့ပြင်ယ​နေ့နို၀င်ဘာ၃ရက်ကအမျိုးသား+အမျိုးသမီးမီတာ၅၀၀(၁၀)တက်လှော်ဗိုလ်လုပွဲတွင်မြန်မာ၊ဟန်‌​ဂေရီ၊အင်ဒိုနီးရှား၊ကိုရီးယား၊တရုတ်(တိုင်ပေ)၊ယူကရိန်းအသင်းတို့ယှဥ်ပြိုင်ခဲ့ကြရာမြန်မာအသင်းကပထမ(ရွှေ)၊ဟန်ဂေရီအသင်းကဒုတိယ(ငွေ)၊အင်ဒိုနီးရှားအသင်းကတတိယ(ကြေး)တံဆိပ်ရရှိခဲ့ကြကြောင်းသိရသည်။မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှအားကစားသမားများသည်၂၀၂၅ခုနှစ်ချန်ဒူးတွင်ကျင်းပမည့်ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲတွင်မြန်မာ​လှေ​လှော်အားကစားများ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားကြောင်းသိရသည်။

News Of Myanmar NOM

03 Nov, 07:11


ကမ်မလာဟားရစ်၏စံနှစ်မျိုးဖြင့်မဲဆွယ်​နေခြင်းအ​ပေါ်​ဝေဖန်​နေ
NOM
လက်ရှိဒုတိယသမ္မတနှင့်ဒီမိုကရက်ပါတီသမ္မတ​လောင်းကမ်မလာဟားရစ်၏စံနှစ်မျိုးဖြင့်မဲဆွယ်​နေသည့်အ​ပေါ်အ​မေရိကန်ရှိအာရပ်မူဆလင်များက​ဒေါသထွက်​နေကြသည်။ဟားရစ်သည်ဂျူးအများစု​နေ​သောပင်ဆယ်ဗီးနီးယားပြည်နယ်တွင်သူမ၏မဲဆွယ်​ကြော်ငြာ၌" အစ္စ​ရေးတို့ကသူတို့နိုင်ငံကိုကာကွယ်​နေခြင်းအ​ပေါ်ကျမကအတူရပ်တည်တယ်၊အစ္စ​ရေးရဲ့သူ့နိုင်ငံကိုကာကွယ်နိုင်တဲ့စွမ်းရည်ကိုကျမယုံကြည်တယ်၊ကျမတို့အကျိုးစီးပွားကိုအီရန်နဲ့အီရန်​ကျော​ထောက်​နောက်ခံ​ပေးထားတဲ့အကြမ်းဖက်​တွေကတိုက်ခိုက်လာရင်လက်တုန့်ပြန်ဖို့ကျမ​နှောင့်​နှေးမှာမဟုတ်ဘူး"ဟု​ပြောဆိုထားသည်။တစ်ချိန်တည်းတွင်အာရပ်မူဆလင်အများစု​နေသည့်မီချီဂန်ပြည်နယ်ရှိသူမ၏မဲဆွယ်​ကြော်ငြာတွင်"ဂါဇာမှာပြီးခဲ့တဲ့ကိုးလအတွင်းဖြစ်ပျက်ခဲ့တဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စ​တွေအတွက်ကျမနှုတ်ဆိတ်မ​နေနိုင်ဘူး"ဟု​ပြောထားရာအစ္စ​ရေးတို့ဆင်နွှဲ​နေ​သောဂါဇာစစ်ပွဲအ​ပေါ်စံနှစ်မျိုးဖြင့်တစ်ဖက်ကိုတစ်မျိုး​ပြောထားခြင်းအ​ပေါ်မူဆလင်များက​ဒေါသထွက်​နေကြသည်။

News Of Myanmar NOM

03 Nov, 06:41


လှိုင်သာယာတွင်မီဖိုသုံးဂက်စ်ဆိုင်​ရှေ့ရပ်ထား​သောကားနှစ်စီးမီး​လောင်
NOM၊နိုဝင်ဘာ၃၊၂၀၂၄
လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်၊အပြင်ပဒံကျေးရွာ၊အ​နော်ရထာလမ်း​ပေါ်ရှိကံ့​ကော်မြိုင်ဂက်စ်မီးဖိုဆိုင်​ရှေ့ရှိရပ်ထား​သောကားနှစ်စီးသည်နိုဝင်ဘာလ၃ရက်နံနက်၅း၁၅နာရီအချိန်ကမီး​လောင်မှုဖြစ်ပွားခဲ့​ကြောင်းသိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များကယာဥ်​ပေါ်ရှိဂက်စ်အိုးများအား​ရေဖြင့်အ​အေး​ပေးလုပ်ငန်း​ဆောင်ရွက်​နေစဥ်၅း၄၅နာရီအချိန်၌လမ်းတစ်ဖက်တွင်ရပ်ထား​သောကုန်တင်ယာဥ်​ဘေးတွင်​ပေါက်ကွဲမှုဖြစ်ခဲ့သည်။​ပေါက်ကွဲမှု​ကြောင့်အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရ​ကြောင်းသိရသည်။

News Of Myanmar NOM

02 Nov, 19:27


အီရန်ကယခုရက်ပိုင်းအတွင်းအစ္စ​ရေးကိုထပ်မံတိုက်ခိုက်ရန်စီစဥ်
NOM
အီရန်သည်သူ၏​လေပိုင်နက်ကိုနိုဝင်ဘာလ၄ရက်မနက်၂း၃၀နာရီမှနိုဝင်ဘာလ၆ရက်ည​နေ၆း၃၀နာရီအထိပိတ်ပင်လိုက်သည်။အ​ကြောင်းပြချက်မှာပစ်ခတ်မှုရှိသည်ဆိုသည့်အတွက်အ​​မေရိကန်​ရွေး​ကောက်ပွဲမတိုင်မီအစ္စ​ရေးကိုတိုက်ခိုက်ရန်​သေချာသ​လောက်ရှိ​နေသည်ဟုယူဆရသည်။အ​မေရိကန်ကလည်းအစ္စ​ရေးကိုတိုက်ပါကအီရန်ကိုတိုက်မည်ဟုသတိ​ပေးထားသည်။

News Of Myanmar NOM

02 Nov, 19:04


အစ္စ​ရေးကွန်မန်ဒိုများကလက်ဘနွန်​ရေတပ်အရာရှိတစ်ဦးကိုစီးနင်းဖမ်းဆီး
NOM
အစ္စ​ရေး​ရေတပ်မှကွန်မန်ဒို၂၅ဦးသည်လက်ဘနွန်နိုင်ငံကမ်း​ခြေမြို့ဘက်ထရိုရန်ရှိလက်ဘနွန်​ရေတပ်အရာရှိအာမက်ဖက်ဒယ်အမ်ဟက်ဇ်ကိုစ​နေည​ကဝင်​ရောက်ဖမ်းဆီးသွားသည်။အစ္စ​ရေးတို့ကသူသည်ဟဇ်ဘိုလာထိပ်တန်း​ခေါင်း​ဆောင်တစ်ဦးဟု​ပြောပြီးဟဇ်ဘိုလာ​ရေတပ်၏အစီအမံများကိုစစ်​ဆေးရန်ဖမ်းဆီး​ကြောင်း​ကြေညာသည်။လက်ဘနွန်ဝန်ကြီးချုပ်ကသူ့နိုင်ငံသားအဖမ်းခံရမှုကိုလက်ဘနွန်ရှိကုလသမဂ္ဂကြားခံတပ်ဖွဲ့သို့တိုင်တန်းထားသည်။

News Of Myanmar NOM

02 Nov, 16:16


မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် (၁၂) နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦးဒဏ်ရာရ

NOM နိုဝင်ဘာ ၂၊ ၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအား နိုဝင်ဘာလ၁ ရက်နေ့ ည ၆ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က ပြည်သူများထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်ဌေး (၄၅) နှစ်နှင့် မောင်အောင်ဝေတိုး (၁၂) နှစ်တို့တွင် လက်နက်ကြီးဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

02 Nov, 14:24


ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒ ဖြန့်ဝေ လျက်ရှိ
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ-၂

News Of Myanmar NOM

30 Oct, 12:12


စပိန်​ရေကြီးမှု၆၂ဦးအထိ​သေဆုံး
NOM
ယမန်​နေ့ကစပိန်နိုင်ငံတွင်မိုးသည်းထန်စွားရွာပြီး​ရေကြီးခဲ့ရာလူ၆၂ဦး​သေဆုံးခဲ့သည်။​ရေဖြင့်​မျောပါသွား​သောကားများကိုဗလင်စီယာမြို့လမ်းများ​ပေါ်တွင်အစုလိုက်အပြုံလိုက်မြင်​တွေ့ရသည်။

News Of Myanmar NOM

30 Oct, 11:23


ဒိုက်ဦးထောင်တွင် အကျဉ်းသူများ အရေပြားရောဂါ ကူးစက်ခံနေရသည်ဟု မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေ

နေပြည်တော် အောက်တိုဘာ ၃၀

ဒိုက်ဦးထောင်မှ နိုင်ငံရေး အကျဉ်းသူများ အရေပြားရောဂါ ကူးစက်ခံနေရ ခေါင်းစဉ်ဖြင့် RFA Burmese အမည် Facebook Page က ‌အောက်တိုဘာ ၂၂ ရက်တွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်အမှန်မှာ ဒိုက်ဦးဗဟိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိဘဲ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိပြီး အကျဉ်းသူ ၁ဝဝ ကျော်အထိ အရေပြားရောဂါကူးစက်ခံရသည် ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်ရှိ အမျိုးသမီးအိပ်ဆောင်တွင် အရေပြားယားနာ ရောဂါဖြစ်ပွားသူ အကျဉ်းသူ/ အချုပ်သူ ၄၀ ခန့်သာရှိ၍ သာမန်အရေပြားယားနာ ဖြစ်ပွားခြင်းသာဖြစ်ကာ ယင်းအကျဉ်းသူများကို အကျဉ်းထောင် ဆေးရုံအုပ်က နေ့စဉ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ကြပ်မတ်ကြည့်ရှု ကုသပေးလျက်ရှိကြောင်း၊ ထို့ပြင် အရေပြားယားနာ ရောဂါမဖြစ်ပွားစေရန်အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူထံမှ သိရသည်။

ထို့ပြင် အကျဉ်းသူအဆောင်တွင် ဂါလံ ၂၈၀၀ ဆံ့ သုံးရေကန် သုံးကန်ရှိပြီး ရေကန်များအား ရေပြတ်လပ်မှုမရှိစေရန် အမြဲမပြတ် ဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိပြီး ရေကန်အတွင်းအပြင်ကို တစ်ပတ်လျှင်တစ်ကြိမ် တိုက်ချွတ်ဆေးကြောစေလျက်ရှိကြောင်း၊ အကျဉ်းထောင်များတွင် ရေတွင်းရေကန် သန့်ရှင်းရေးအပြင် အိပ်ဆောင်၊ မိလ္လာ စသည့် နေရာများ သန့်ရှင်းမှုရှိစေရေးကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း။

အကျဉ်းသူများသည် ဆေးဝါးများကို လက်ဝယ်ထားရှိသုံးစွဲခွင့် မရှိသည့်အတွက် မိသားစုဝင်များမှ ပေးပို့လာသော ဆေးဝါးများကိုလည်း စနစ်တကျ စိစစ်မှတ်ပုံတင်၍ ကျန်းမာရေးဝန်ထမ်းများထံအပ်နှံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများအား ပြန်လည်ထုတ်ပေးသုံးစွဲလျက်ရှိကာ မိသားစုဝင်များပေးပို့သော ဆေးဝါးများကို ပါဆယ်ဂိတ်မှ ပြန်ပေးလိုက်သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ ကျန်းမာရေး မကောင်းသူများကို အကျဉ်းထောင်ဆေးရုံအုပ်၊ ကျန်းမာရေးဝန်ထမ်းများဖြင့် နေ့စဉ် ကြပ်မတ်ကုသပေးလျက်ရှိပြီး ပြင်ပပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်ပြသ၊ တင်ပို့ကုသရန် လိုအပ်ပါက အချိန်နှင့်တစ်ပြေးညီ ပြသ/တင်ပို့ ကုသစေလျက်ရှိသည့်အတွက် RFA Facebook Page က ဖော်ပြမှုသည် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် သတင်းဖော်ပြခြင်းသာ ဖြစ်သည်။

News Of Myanmar NOM

30 Oct, 11:22


စပိန်နိုင်ငံ၊ ဗလန်စီယာမှာ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၅၁ ဦးသေဆုံးခဲ့ပါတယ်။ လက်လှမ်းမမီတဲ့ အနေအထားမှာ ဖြစ်တာကြောင့် စာရင်းအတိအကျရဖို့ကို စောင့်ဆိုင်းနေရဆဲလို့လည်း ဒေသအစိုးရက ပြောဆိုခဲ့ပါတယ်။ မိုးရေချိန် ၇.၉ လက်မအထိ ရှိခဲ့ပြီးနောက် ရေလွှမ်းမိုးမှတွေဖြစ်ပွားခဲ့ကာ အရေးပေါ်တုံ့ပြန်ရေး စစ်သား ၁၀၀၀ ကျော်က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေကာ အနီရောင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

NOM

News Of Myanmar NOM

30 Oct, 11:21


သာယာဝတီထောင်ရှိ အကျဉ်းသား အချိန်မီဆေးကုသခွင့် မရရှိ၍ သေဆုံးသည်ဟု စွပ်စွဲရေးသား ဖြန့်ဝေ

နေပြည်တော် အောက်တိုဘာ ၃၀

သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသား ဌေးအောင်ကျော် အချိန်မီ ဆေးကုသခွင့်မရရှိ၍ သေဆုံးသည်ဟု Khit Thit Media အမည်ခံ Facebook Page တွင် အောက်တိုဘာ ၁၄ ရက်က စွပ်စွဲရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်အား စိစစ်ရာတွင် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိဘဲ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာရှိပြီး အကျဉ်းသားဌေးအောင်ကျော်သည် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် စည်းကမ်းဖောက်ဖျက်၍ သာယာဝတီဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် အကျဉ်းသားဖြစ်ကာ ပြင်ပ၌ နေထိုင်စဉ်ကတည်းက ခုခံအားကျဆင်းမှုရောဂါ (HIV) နှင့် အထွေထွေအားနည်းခြင်းရောဂါ ခံစားနေရသူဖြစ်ကြောင်း၊ အကျဉ်းသား ဌေးအောင်ကျော်သည် ဧပြီ ၂၀ ရက်မှ စတင်၍ ချောင်းအဆက်မပြတ်ဆိုးသည့် ရောဂါခံစားနေရသဖြင့် အကျဉ်းထောင်ဆေးရုံအုပ်မှ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ အကျဉ်းထောင်ဆေးရုံ၌ ၁၇ရက်ကြာ ဆေးဝါးကုသပေးခဲ့ကြောင်း။

အကျဉ်းသား ဌေးအောင်ကျော်အား သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မေ ၇ ရက်မှ ၂၈ ရက်အထိလည်းကောင်း၊ ဇူလိုင် ၃၀ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိလည်းကောင်း သုံးကြိမ်ပို့ဆောင်ကာ ဆေးဝါးကုသပေးခဲ့ပြီး အောက်တိုဘာ ၁၃ ရက် ၆ နာရီ ၄၅ မိနစ်တွင် ခုခံအားကျဆင်းမှုရောဂါ (HIV) ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှုကို အကျဉ်းထောင်ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများက အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ (SOP) နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြင်ပဆေးရုံကြီးသို့ တင်ပို့ကုသရမည့် မည်သည့် အကျဉ်းသား/အကျဉ်းသူကိုမဆို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အကျဉ်းထောင် ဆေးရုံ၊ ဆေးပေးခန်းများ၌ ကုသမှုပေးပြီး ပြည်သူ့ဆေးရုံသို့ တင်ပို့လွှဲပြောင်းကုသရန် လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပို့ဆောင် ကုသပေးကြောင်း၊ ကျန်းမာရေးစောင်ရောက်မှ အထောက်အထား မှတ်တမ်းများလည်း ထားရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page က ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။

News Of Myanmar NOM

30 Oct, 10:52


​အောက်တိုဘာလ၃၀ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။အ​မေရိကန်သမ္မတ​ရွေး​ကောက်ပွဲသို့သတင်းယူရန်လာ​သောရုရှားသတင်း​ထောက်များကို​လေဆိပ်တွင်ထိန်းသိမ်းပြီး​နောက်နိုင်ငံအတွင်းဝင်ခွင့်မပြုပဲပြန်လွှတ်ခဲ့သည်။
၂။အိန္ဒိယနိုင်ငံ၊အ​နောက်ဘင်္ဂလားပြည်နယ်၊ကိုလ်ကတ္တားမြို့တွင်မြို့​နေလူထု က အာရှတိုက်၏အ​စောဆုံးဖြစ်​သောသက်တမ်း ၁၅၂နှစ်ရှိဓါတ်ရထားစနစ်ကိုတာဝန်ရှိသူများကရပ်ဆိုင်းမည့်အ​ပေါ်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
၃။၂၀၂၃ခုနှစ်တွင်ကမ္ဘာအနှံ့လက်နက်ကိုင်ပဋိပက္ခ၁၇၀ဖြစ်ပွားပြီး​သေဆုံးသူ၄၀%(ဆယ်​ယောက်တွင်​လေး​ယောက်)မှာအမျိုးသမီးများဖြစ်​ကြောင်းကုလသမဂ္ဂကထုတ်ပြန်သည်။
၄။စပိန်နိုင်ငံ​တောင်ပိုင်းတွင်မိုးသည်းထန်ပြီး​ရေကြီးသဖြင့်ကားများ​ရေထဲ​မျောပါကာလူ၁၃ဦး​သေဆုံးခဲ့သည်။
၅။တစ်​တော့Tik Tok တည်​ထောင်သူကျန်ယီမင်း(အသက်၄၁နှစ်)သည်အ​မေရိကန်​ဒေါ်လာ၅၀ဘီလီယံဖြင့်တရုတ်နိုင်ငံတွင်အချမ်းသာဆုံးဖြစ်လာသည်။

News Of Myanmar NOM

30 Oct, 07:42


ရမည်းသင်းမြို့နယ်၌ ရွှေဆွဲပြားဖြတ်ယူထွက်ပြေးသူအမျိုးသမီးတစ်ဦးကို ဖမ်းဆီးအရေးယူ
NOM၊အောက်တိုဘာ ၃၀၊၂၀၂၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌ အောက်တိုဘာ ၂၇ ရက်က ရွှေဆွဲပြားဖြတ်ယူထွက်ပြေးသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီခန့်တွင် ရမည်းသင်းမြို့နယ်သင်ပန်းကုန်းကျေးရွာနေ မသိမ့်ရတနာအောင်(၂၆)နှစ်သည် သားဖြစ်သူ ​မောင်ရှိန်းဝေလင်းနှင့်အတူ ရမည်းသင်းမြို့မဈေးအတွင်း ဈေးဝယ်နေစဉ် အမျိုးသမီးတစ်ဦးက ​မောင်ရှိန်းဝေလင်း၏လည်ပင်းတွင် ဆွဲထားသည့် ရွှေဆွဲပြားကို ဖြတ်ယူထွက်ပြေးသွားသဖြင့်ပတ်ဝန်းကျင်ရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ မြို့မရပ်ကွက်နေ မပုံ့ပုံ့(၂၀)နှစ်အား ၎င်းဖြတ်ယူသွားသည့် ရွှေဆွဲပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ရမည်းသင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

News Of Myanmar NOM

30 Oct, 04:52


ဟစ်ဇ်ဘိုလာဟာ သူတို့ရဲ့ ခေါင်ဆောင်သစ်အဖြစ် Naim Qassem ကို ခန့်အပ်လိုက်ပါတယ်။ ယာယီအားဖြင့် ခေါင်းဆောင်သစ်လို့ သတ်မှတ်ထားတာဖြစ်ပြီး ဟစ်ဇ်ဘိုလာအတွက် နောက်ဆုံး ခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Yav Gallant ကတော့ "ယာယီခန့်အပ်လည်း ကြာရှည်ခံမှာမဟုတ်ဘူး" လို့ X မှာ ပို့စ်ရေးသားခဲ့ပါတယ်။ Naim Qassem ဟာ အသက် ၇၁ နှစ်အရွယ် ရှိပြီလို့ သိရပါတယ်။

NOM

News Of Myanmar NOM

30 Oct, 04:52


တတိယကမ္ဘာစစ်ဟာ စတင်နေပြီဖြစ်တယ်လို့ JP Morgan ရဲ့ ပိုင်ရှင်ဖြစ်သူ Jamie Dimon က ပြောဆိုခဲ့ပါတယ်။ ယူကရိန်းအရေးနဲ့ အရှေ့အလယ်ပိုင်းက ကြီးထွားလာတဲ့ ပြသနာတွေဟာ တတိယကမ္ဘာစစ်ကို အစပြုနေတာလို့ သူက ဆိုပါတယ်။

အရင်တုန်းကလည်း Dimon က ရုရှား၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ကို တရုတ်နဲ့အတူ မိစ္ဆာဝင်ရိုးတန်းတွေလို့ ပြောဆိုဖူးပြီး နေတိုးလို အဖွဲ့အစည်းတွေကို ထိခိုက်စေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ "တတိယကမ္ဘာစစ်က စတင်နေပါပြီ၊ မြေပြင်မှာ တိုက်ပွဲတွေရှိနေပြီး နိုင်ငံအများအပြား ပါဝင်နေတာပါ" လို့ သူက ပြောဆိုခဲ့ပါတယ်။

NOM

News Of Myanmar NOM

30 Oct, 04:01


ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

News Of Myanmar NOM

30 Oct, 03:58


တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည် ...

News Of Myanmar NOM

29 Oct, 16:31


ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာနေ ကျေးရွာစာရေးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ်

NOM အောက်တိုဘာ ၂၉၊ ၂၀၂၄

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာနေ ကျေးရွာစာရေးဖြစ်သူ ဦးအေးမင်းနိုင် (၅၅) နှစ်သည် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ တရုတ်မှော်ကျေးရွာမှ ရင်းမူကုန်းကျေးရွာသို့ တရုတ်မှော်-ရင်းမူကုန်းသွားကျေးရွာချင်းဆက် မြေနီလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် မမဲကြီးကျေးရွာအနီးအရောက် အသင့်စောင့်နေသည့် PDF အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

News Of Myanmar NOM

29 Oct, 15:29


ဟားခါးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက်

News Of Myanmar NOM

29 Oct, 12:14


လှိုင်သာယာ BOCမှတ်တိုင်နား ယာဉ်တိုက်မှုဖြစ်
တစ်ဦး‌​သေဆုံးကိုးဦးဒဏ်ရာရ
NOMအောက်တိုဘာ၂၉၊၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးတွင်​အောက်တိုဘာလ၂၉ရက်နံနက်၄နာရီခန့်က JAC HFC အမျိုးအစားယာဉ်နှင့်TOYOTA TOYOACEယာဉ်တို့အရှိန်မထိန်းနိုင်ဘဲမျက်နှာချင်းဆိုင်ဝင်တိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် TOYOTA TOYOACE ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးပြီး၊ အမျိုးသားခုနှစ်ဦး၊အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းများက လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

29 Oct, 11:56


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
ကြေညာချက်

News Of Myanmar NOM

25 Oct, 16:18


လူတစ်ဦးတည်းမှတ်ပုံတင်နှစ်ခုဖြင့်ဘိုင်အိုမက်ထရစ်အချက်အလက်လာလုပ်သူကိုအမှုဖွင့်
NOM၊​အောက်တိုဘာ၂၅၊၂၀၂၄
ရန်ကင်းမြို့နယ်လဝက ကကြီးမှူးပြီးBiometric data​ကောက်သည့်​နေရာသို့​အောက်တိုဘာ လ၂၄ ရက်​နေ့တွင်နိုင်ငံသားစိစစ်ရေးကတ်အမှတ်၉/ပဘန(နိုင်)၃၀၉၆၀၇ကိုင်​ဆောင်သူမဖြိုး​ဝတီ (အဖ-ဦးထွန်း​ငွေ)​ရောက်လာပြီး Biometric data(ဇီဝအချက်အလက်)​ကောက်လို​ကြောင်း​ပြောသဖြင့်တာဝန်ရှိသူတစ်ဦးကပုံစံများဖြည့်ခိုင်း
ပြီးBiometric data​ကောက်ယူ၍ကွန်ပျူတာဖြင့်စစ်​ဆေးခဲ့သည်။
ထိုသို့စစ်​ဆေးခဲ့ရာမဖြိုးဝတီ၏Biometric data ဇီဝအချက်အလက်များသည် ဆိပ်ကြီးခ​နောင်တိုမြို့နယ်လဝကရုံးတွင်Biometric data ​ကောက်ယူခဲ့သည့်နိုင်ငံသားစိစစ်​ရေးအမှတ်၁၂/ဆကခ(နိုင်)၀၃၁၁၂၁၏Biometric dataဇီဝအချက် အလက်များနှင့်တူ​နေသည်ကို​တွေ့ခဲ့ရသည်။တာဝန်ကျဝန်ထမ်းမှအထက်အရာရှိထံအဆိုပါကိစ္စသတင်းပို့​နေစဥ်မဖြိုးဝတီသည်ရုံးအတွင်းမှထွက်​ပြေးသွားခဲ့သည်။ထို့​ကြောင့်ရန်ကင်းလဝကရုံးကရန်ကင်းရဲစခန်းတွင်အမှုဖွင့်ခဲ့ရာရဲစခန်းကရာဇသတ်ကြီးပုဒ်မ၄၂၀/၄၆၈ဖြင့်အမှုဖွင့်အ​ရေးယူထား​ကြောင်းသိရသည်။

News Of Myanmar NOM

25 Oct, 15:58


​တောင်ဥက္ကလာတွင်အကြမ်းဖက်သမားတစ်ဦးဖမ်းဆီးရမိ
NOM၊​အောက်တိုဘာ၂၅၊၂၀၂၄
​တောင်ဥက္ကလာပမြို့နယ်၊(၃)ရပ်ကွက်၊(၇)လမ်း​နေကြယ်စင်ဝင်း(​ခ)ကတုံး​လေး(ခ)ရဲ​ဘော်အရိပ်ဆိုသူအကြမ်းဖက်သမားကို​တောင်ဥက္ကလာပရဲစခန်းကအကြမ်းဖက်ဥပ​ဒေပုဒ်မ၅၂(က)ဖြင့်​အောက်တိုဘာလ၂၄ရက်မနက်ကဖမ်းဆီးအမှုဖွင့်လိုက်​ကြောင်းသိရသည်။
ကြယ်စင်ဝင်းကိုစစ်​ဆေးခဲ့ရာနိုင်ငံ​တော်အစိုးရကိုဆန့်ကျင်တိုက်ခိုက်ရန်ရည်ရွယ်ချက်ဖြင့်၂၀၂၄ခုနှစ်မတ်လတွင်ကရင်ပြည်နယ်၊မြဝတီမြို့နယ်ရှိထို့​ကော်ကိုးKNUတပ်မဟာ(၇)စစ်​ဆေး​ရေးဂိတ်သို့သွား​ရောက်ခဲ့​ကြောင်း၊အဆိုပါဂိတ်တွင်ယာဥ်စစ်​ဆေးခြင်း၊လက်နက်ဖြုတ်တပ်၊ပစ်ခတ်ခြင်းများ၅လကြာ​​နေထိုင်ပြုလုပ်ခဲ့​ကြောင်း၊ထို့​နောက်PDFကျားဖြူအကြမ်းဖက်အဖွဲ့နှင့်ပူး​ပေါင်းပြီးမြဝတီမြို့၊ချစ်ကြည်​ရေးတံတား(၂)တွင်တပ်မ​တော်နှင့်တိုက်ခိုက်စဥ်ပါဝင်ခဲ့​ကြောင်းစစ်​ဆေး​ဖော်ထုတ်ရရှိသဖြင့်ကြယ်စင်ဝင်းသည်အကြမ်းဖက်အဖွဲ့မှန်းသိပါလျက်သွား​ရောက်ပူး​ပေါင်းကာအကြမ်းဖက်လုပ်ငန်းများ​ဆောင်ရွက်ခဲ့​ကြောင်း​ပေါ်​ပေါက်သည့်အတွက်အမှုဖွင့်အ​ရေးယူထား​ကြောင်းသိရသည်။

News Of Myanmar NOM

25 Oct, 13:51


ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ရွှေတံဆိပ်ဆုရရှိထား
NOM၊အောက်တိုဘာ ၂၅၊၂၀၂၄

အောက်တိုဘာ၂၄ရက်မှ နိုဝင်ဘာလ ၃ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup ) နှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေ​​လှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships)ကိုအောက်တိုဘာ၂၅ရက်ကကျင်းပခဲ့ရာအမျိုးသားမီတာ၂၀၀၀တွင်မြန်မာ‌​လှေ‌​လှော်ကစားသမားများကပထမ(ရွှေ)တံဆိပ်ဆုကိုဆွတ်ခူးရရှိထား‌​ကြောင်းသိရသည်။
အဆိုပါကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေ​လှော်ပြိုင်ပွဲအမျိုးသားမီတာ၂၀၀၀တွင်ဗိုလ်လုပွဲတွင်အသင်း၁၂သင်းတက်‌​ရောက်ယှဥ်ပြိုင်ခဲ့ရာမြန်မာအသင်းကပထမ(ရွှေ)၊ထိုင်းအသင်းကဒုတိယ(ငွေ)၊တရုတ်အသင်းကတတိယ(ကြေး)တို့ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည့် အားကစားသမားအမျိုးသား၊အမျိုးသမီး ၂၀ဦးတို့သည်ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။

News Of Myanmar NOM

25 Oct, 13:47


​ရွှေ​ရောင်းဝယ်ခြင်းဝန်​ဆောင်မှုကိုအ​ရေးကြီးဝန်​ဆောင်မှုအဖြစ်သတ်မှတ်
NOM၊​အောက်တိုဘာ၂၅၊၂၀၂၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဝန်ကြီးဌာနသည်အ​ရေးကြီးကုန်စည်နှင့်ဝန်​ဆောင်မှုဥပ​ဒေပုဒ်မ(၄)၊ပုဒ်မခွဲ(ဂ)အရပြည်​ထောင်စုအစိုးရအဖွဲ့ကအပ်နှင်းသည့်အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ဓါတ်သတ္ထု(​ရွှေ)​ရောင်းဝယ်ခြင်းလုပ်ငန်းကို​အောက်တိုဘာလ၂၅ရက်က စပြီးအ​ရေးကြီးဝန်​ဆောင်မှုအဖြစ်သတ်မှတ်လိုက်သည်။

News Of Myanmar NOM

25 Oct, 12:14


ရန်ကင်းတွင်အကြမ်းဖက်​ထောက်ပို့အမျိုးသမီးတစ်ဦးဖမ်းမိ
NOM၊​အောက်တိုဘာ၂၅၊၂၀၂၄

ရန်ကင်းမြို့နယ်၊(၅)ရပ်ကွက်၊ရန်ရှင်းလမ်း၊Sky Suites ကွန်ဒို၊(၁၅)လွှာအခန်းအမှတ်(၂၃)​နေယဥ်ယဥ်မြင့်သည်အကြမ်းဖက်အဖွဲ့မျိုးစုံထံ​ငွေ​ကြေးများ​ထောက်ပံ့​နေ​ကြောင်းသိရသဖြင့်​အောက်တိုဘာ လ၂၄ရက်ည​နေတွင်ရန်ကင်းရဲစခန်းကအမှုဖွင့်ဖမ်းဆီးလိုက်​ကြောင်းသိရသည်။
ယဥ်ယဥ်မြင့်သည်၂၀၂၃ခုနှစ်ဧပြီလမှ၂၀၂၄ခုနှစ်စက်တင်ဘာလဒုတိယပတ်အထိအကြမ်းဖက်အဖွဲ့များဖြစ်​သောမြင်းခြံPDF၊ဘားအံရှိBPLAအကြမ်းဖက်အဖွဲ့၊To Comrades အကြမ်း ဖက်အဖွဲ့များသို့​ငွေ​ကြေး​​ထောက်ပံ့မှုများပြုခဲ့သည်။
မြင်းခြံPDF အတွက်အလှူခံပြီးMyat Lay Yonအမည်ရှိK Payအ​ကောင့်သို့ကျပ်တစ်သိန်း၊BPLAအကြမ်းဖက်အဖွဲ့အတွက်ဇူလိုင်လ၅ရက်​နေ့တွင်ကျပ်ငါးသိန်း၊To Comradesအကြမ်းဖက်အဖွဲ့သို့ဇူလိုင်လ၂၄ရက်​နေ့တွင်ကျပ်နှစ်သိန်း၊သြဂုတ်လ၂ရက်​နေ့တွင်အိမ်ပြန်ခရီးကမ်ပိန်းအတွက်ကျပ်ငါးသိန်းတို့အားယဥ်ယဥ်မြင့်၏K Payအ​ကောင့်မှ​ပေးပို့ခဲ့​ကြောင်းစစ်​ဆေး​တွေ့ရသည်။
ထို့​ကြောင့်တရားခံယဥ်ယဥ်မြင့်အားဖမ်းဆီး၍ရန်ကင်းမြို့မရဲစခန်းက ​အောက်တိုဘာ လ၂၄ရက်ည​နေ၆း၄၀နာရီအချိန်တွင်အကြမ်းဖက် တိုက်ဖျက်​ရေးဥပ​ဒေ ပုဒ်မ၅၀(ည)အရ အမှုဖွင့်
အ​ရေးယူ ထား​ကြောင်းသိရသည်။

News Of Myanmar NOM

25 Oct, 11:07


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မဟာတန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မဟာတန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီက ကျင်းပပြီးစီးခဲ့သည့် သီတင်းကျွတ်မီးထွန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ရာတွင် ပဲခူးမြို့သူ/သားများက မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ ပုံရိပ်ထူးခြားကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မဟာတန်ဆောင်တိုင်ပွဲတော်အား ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး လပြည့်နေ့တွင် လူဦးရေ(၁၅၀၀၀)အား စတုဒိသာကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ MSMEs ဈေးရောင်းပွဲတော်များ၊ ဖျော်ဖြေရေးယာဉ်ဖြင့် မြို့တွင်းလှည့်လည်ဖျော်ဖြေခြင်းများကိုလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မီးပုံပျံလွှတ်တင်သည့် လေလမ်းကြောင်းအတိုင်း မီးသတ်ယာဉ်အသင့်၊ လူအသင့်ဖြင့် စနစ်တကျ နေရာချထားသွားရန်လိုအပ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ တန်ဆောင်တိုင်ကာလ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများ၊ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အခြားသောအလှူဒါန်းအတန်းပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးမည်ကြောင်း၊ ပဲခူးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် အေးချမ်းလုံခြုံအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီအလိုက် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် မြို့မိ/မြို့ဖများက ပဲခူးမြို့ အစဉ်အလာအတိုင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေး ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

News Of Myanmar NOM

25 Oct, 11:07


မင်းဘူးမြို့နယ်၊ ကသက်ကျေးရွာနေအမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်

NOM အောက်တိုဘာ ၂၅၊ ၂၀၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကသက်ကျေးရွာနေ ဦးအေးလှိုင် (၆၅) နှစ်သည် အောက်တိုဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ် ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

News Of Myanmar NOM

News Of Myanmar NOM

25 Oct, 10:53


လှိုင်သာယာတွင်အ​​ဆောင်မီး​လောင်၊သုံးဦးဒဏ်ရာရ
NOM၊​အောက်တိုဘာ၂၅၊၂၀၂၄

လှိုင်သာယာအ​ရှေ့ပိုင်းမြို့နယ်၊အမှတ်(၅)ရပ်ကွက်၊သိင်္ဂီလမ်းနှင့်သိင်္ဂီ(၁)လမ်း​ထောင့်ရှိအ​ဆောင်တွင်​အောက်တိုဘာလ၂၅ရက်နံနက်၁၀း၄၅နာရီအချိန်ကမီး​လောင်​ကြောင်းသိရသည်။
မီး​လောင်မှုကိုမီးသတ်ယာဥ်များနှင့်အနီးရှိပြည်သူများဝိုင်းဝန်းငြိမ်းသတ်ရာ၁၁း၀၀နာရီတွင်မီးငြိမ်းသွားခဲ့သည်။မီး​လောင်မှု​ကြောင့်အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးအနည်းငယ်မီး​လောင်ဒဏ်ရာရ​ကြောင်းသိရသည်။

News Of Myanmar NOM

25 Oct, 10:29


Tesla ရဲ့ ရှယ်ယာတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီးနောက် အီလွန်မက်စ်ဟာ တရက်အတွင်းမှာပဲ ဒေါ်လာ ၃၃.၅ ဘီလျံအထိ ပိုမိုကြွယ်၀သွားပါတယ်။ ကြာသပတေးနေ့ စျေးကွက်တန်ဖိုးအရ Tesla ရဲ့ ရှယ်ယာတခုကို ၂၂% အထိ မြင့်တက်သွားကာ ဒေါ်လာ ၂၆၀ အထိရှိခဲ့ပါတယ်။ ကြွယ်၀မှုဟာ ၁၄% အထိ တရက်အတွင်း ထိုးတက်သွားခဲ့တယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

NOM

News Of Myanmar NOM

25 Oct, 09:55


​အောက်တိုဘာလ၂၅ရက်နိုင်ငံတကာသတင်းများ
NOM
၁။အစ္စ​ရေးတို့၏တိုက်ခိုက်မှု​ကြောင့်လက်ဘနွန်တွင်ကယ်ဆယ်​ရေးနှင့်ကျန်းမာ​ရေးဝန်ထမ်း၁၆၃ဦး​သေဆုံးခဲ့​ကြောင်းလက်ဘနွန်ကျန်းမာ​ရေးဝန်ကြီး ဌာန​ကကြေညာသည်။
၂။ယခုအချိန်စစ်ပွဲကြီးရုတ်တရက်ဖြစ်ပွားပါကဗြိတိသျှတပ်များသည်တိုက်ပွဲဝင်ရန်အသင့်အ​နေအထားမရှိ​ကြောင်းဗြိတိန်ကာကွယ်​ရေးဝန်ကြီးက​ပြောလိုက်သည်။
၃။အ​မေရိကန်သမ္မ​တ​ရွေး​ကောက်ပြီးပါကပြည်တွင်းစစ်ဖြစ်မည်ဟုယူဆ​နေသူအ​မေရိကန်နိုင်ငံသား၂၇%ရှိ​ကြောင်းစစ်တမ်းတစ်ခုက​ဖော်ပြလိုက်သည်။
၄။ယ​နေ့နံနက်၄နာရီကအစ္စ​ရေး၏ပစ်ခတ်တိုက်ခိုက်မှု​ကြောင့်လက်ဘနွန်​တောင်ပိုင်းဟက်စ်ဘာရီယာမြို့တွင်အယ်လ်ဂျာဇီးယားသတင်းဌာနမှဂျာနယ်လစ်သုံးဦး​သေဆုံးခဲ့သည်။တိုက်ပွဲမရှိသည့်မြို့တွင်အစ္စ​ရေးကဂျာနယ်လစ်များကိုပစ်မှတ်ထားသတ်ဖြတ်ခြင်းဟုသတင်းဌာနက​ကြေညာသည်။
၅။ဆီးရီးယားနိုင်ငံအ​ရှေ့​မြောက်ပိုင်းရှိကဒ်တို့၏​ရေနံလုပ်ကွက်ကိုတူရကီစစ်​လေယာဥ်များကတိုက်ခိုက်ခဲ့သည်။တူရကီမြို့​တော်တွင်အကြမ်းဖက်​သော​ကြောင့်တူရကီကဒဏ်ခတ်တိုက်ခိုက်ခြင်းဟု​ကြေညာသည်။(ဗီဒီယို)
၆။အစ္စ​ရေးကအီရန်ကိုတိုက်မည့်အစီအစဥ်များအ​မေရိကန်ဖက်မှ​ပေါက်ကြားသဖြင့်အီရန်ကိုတိုက်မည့်အချိန်ကို​ရွှေ့ဆိုင်း​ထား​ကြောင်းအစ္စ​ရေးက​ကြေညာသည်။

News Of Myanmar NOM

25 Oct, 08:58


​​ကောလဟာလသတင်းများထုတ်လွှင့်ပြီး​ရွှေ​စျေးဆွဲတင်​နေမှုကိုမယုံရန်ရန်ကုန်​ရွှေလုပ်ငန်းရှင်များအသင်းကစာထုတ်ပြန်သတိ​ပေး

News Of Myanmar NOM

25 Oct, 08:32


တွံ​တေးတွင်​ကျောင်းသားတစ်ဦးကြိုးဆွဲချသတ်​သေ
NOM၊​အောက်တိုဘာ၂၅၊၂၀၂၄

တွံ​တေးမြို့၊ကျွန်း​တောရပ်ကွက်၊ကျွန်း​တော(၆)လမ်းတွင်​အောက်တိုဘာလ၂၅ရက်နံနက်၁၁နာရီက​ကျောင်းတစ်ဦးကြိုးဆွဲချသတ်​သေသွား​ကြောင်းသိရသည်။
​သေဆုံးသူမှာ​မောင်​ကောင်းခန့် (၁၇နှစ်)၊Grade 10​၊အထက(ခွဲ)ကျွန်း​တောမှ​ကျောင်းသားဖြစ်ပြီး​သေဆုံးသူ၏​အဖွားက​သေဆုံးသူသည်အ​နေ​အေး​ကြောင်း၊အိမ်​ပေါ်တွင်တစ်ဦးတည်း​နေ​ကြောင်း၊ယ​နေ့တွင်​ကျောင်းသွားရန်သူ၏သူငယ်ချင်းများကလာ​​ခေါ်စဥ်ဆင်းမလာသဖြင့်တက်ကြည့်ရာမှကြိုးဆွဲ​သေဆုံး​နေသည်ကို​တွေ့ရ​ကြောင်း​ပြောပြသည်။​သေဆုံးသူသည်အိမ်ထုတ်တန်းတွင်နှစ်ပင်လိမ်အဝတ်ကြိုးဖြင့်လည်ပင်းကိုကြိုးဆွဲချသတ်​သေသွားခြင်းဖြစ်သည်။

News Of Myanmar NOM

25 Oct, 06:06


အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ၏သားမက်​ဟောင်းဖမ်းဆီးအမှုဖွင့်ခံရ
NOM၊​အောက်တိုဘာ၂၅၊၂၀၂၄
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် "Dr Nay Soe Maung Facebook အကောင့်ပိုင်ရှင်ဖြစ်သူအငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ၏သားမက်​ဟောင်း​ဒေါက်တာ​နေစိုး​မောင်အား အောက်တိုဘာလ ၂၃ ရက် ညနေ ၆း၃၀နာရီတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) အရ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

News Of Myanmar NOM

25 Oct, 05:25


New York Post ရဲ့ ဖော်ပြထားတဲ့ သတင်းတပုဒ်အရ အသက် ၁၄ နှစ်အရွယ် လူငယ်တဦးဟာ Al Chatbot တခုနဲ့ ချစ်ကြိုးသွယ်ခဲ့မိပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တယ်လို့ သိရပါတယ်။ သူဟာ Game of Thrones chatbot နဲ့ ချစ်ကြိုက်ခဲ့တာဖြစ်ပြီး Al app က သူ့ကို လာခဲ့လို့ ပြောခဲ့ကြောင်း ဆိုပါတယ်။

Al bot က မင်းမှာ ကိုယ့်ဘ၀အတွက် ကိုယ်ပိုင်အစီအစဉ်မရှိဘူးလားလို့ မေးမြန်းခဲ့ပြီး ကောင်လေးက သူ တခုခုကို စဉ်းစားနေတယ်လို့ ပြန်ပြောထားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ NYP က ဆိုပါတယ်။ ဒီနောက်မှာ "မင်းဆီကို ငါလာမယ်လို့ ကတိပေးတယ်၊ မင်းကို အရမ်းချစ်တယ်" လို့ ကောင်လေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မိခင်ဖြစ်သူကတော့ Al ရဲ့ စနက်မကင်းဘူးလို့ စွပ်စွဲပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

NOM

News Of Myanmar NOM

25 Oct, 05:25


ယူကရိန်းတို့ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ရုရှားပိုင်နက် Kursk ဒေသဆီကို ရုရှားမှာ‌ လေ့ကျင့်ခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို တပ်ဖြန့်လိုက်ပြီလို့ The Hill က မနေ့က ဖော်ပြလိုက်ပါတယ်။ ယူကရိန်းထောက်လှမ်းရေးကလည်း ရုရှားအရှေ့ပိုင်းက စစ်စခန်း ၅ခုအနက် တခုမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ လေ့ကျင့်နေတာကို တွေ့ရှိရတယ်လို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဒါဟာ တိုက်ပွဲဇုန်အတွင်း မြောက်ိကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီဆိုတာပါပဲ။ ရုရှားသမ္မတပူတင်ကလည်း ဒီသတင်းတွေကို ငြင်းဆိုခြင်းမရှိဘူးလို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ယူကရိန်းကာကွယ်ရေးဌာနကတော့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့်အထိ ပို့ဆောင်ထားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

NOM

News Of Myanmar NOM

25 Oct, 05:24


ဘာတီမိုးလ်တံတားကျိုးပျက်စေခဲ့တဲ့ ဖြစ်ရပ်အတွက် ကုန်တင်သင်္ဘောပိုင်ရှင်ကို လျော်ကြေး ကန်ဒေါ်လာ ၁၀၂ သန်း ပေးဆောင်ဖို့အတွက် အမေရိကန်တရားရေးဌာနက အမိန့်ချလိုက်ပါတယ်။ ၁.၆ မိုင်ရှည်လျားတဲ့ ဒီတံတားကျိုးခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်သား ၆ ဦးလည်း သေဆုံးခဲ့ကာ ပြန်လည်ပြင်ဆင်မှုအကြီးစားတွေကိုလည်း လုပ်ဆောင်ခဲ့ရပါတယ်။

NOM

News Of Myanmar NOM

25 Oct, 05:24


ပင်လယ်နီအတွင်း သင်္ဘောတွေကို ဟူသီသူပုန်တွေက တိုက်ခိုက်နေရာမှာ ပစ်မှတ်ထားခြေရာခံနိုင်ဖို့အတွက် လိုအပ်တဲ့ ဒေတာတွေကို ရုရှားက ထောက်ပံ့ပေးနေတယ်လို့ အစီရင်ခံစာတွေက ဖော်ပြခဲ့ကြပါတယ်။ ဂြိုလ်တုဓာတ်ပုံတွေကို ရုရှားက ပေးပို့ခဲ့တယ်လို့ Wall Street Journal က မနေ့က ဖော်ပြခဲ့တာပါ။

The US Daily ကလည်း ဖော်ပြမှုလုပ်ခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ကတဆင့် ဟူသီတွေက ရရှိနေတာလို့ ဆိုပါတယ်။ ဟူသီတွေဟာ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း တုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ကြရပါတယ်။

NOM

News Of Myanmar NOM

25 Oct, 03:39


ထိန်းချုပ်ဓာတုပစ္စည်းကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်းတွင် သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ ထုတ်ပြန်