တောင်ပေါ်သား(Channel) @taungpawtharchannel Channel on Telegram

တောင်ပေါ်သား(Channel)

@taungpawtharchannel


အကြမ်းဖက်မှုဆန့်ကျင်ရေး
အမျိုးသားရေးအင်အားစု

တောင်ပေါ်သား(Channel) (Burmese)

တောင်ပေါ်သား(Channel) ဆန့်ကျင်ရေး နှင့် အမျိုးသားရေးအင်အားစုကို ပြောပြပါခင်ဗျာ။ ဒီ Channel သည် အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် အမျိုးသားရေးအင်အားစုများအတွက် ရရှိနိုင်သော အဖွဲ့များအား ပေးပို့နိုင်ပါသည်။ အကြမ်းဖက်မှုဆန့်ကျင်ရေး နှင့် အမျိုးသားရေးအင်အားစု အတွက် တောင်ပေါ်သား(Channel) သည် လူတစ်ဦးတစ်ယာ ဖြစ်နေသော အသက်အရာ နှင့် အစီအစဉ် ပွဲတွေကို စိတ်အားချင်း ပြန်လည် ရယူစဉ်ပါသည်။ ယခုမှာ မိတ်ဆွေမှုများ၊ သင်တန်းများ၊ လုပ်ငန်းများ၊ အဆိုပါ အမြဲတမ်းများနေရာ နှင့် ရုံးများအတွက် နေရာမျှမှန်ကန်ညိုင်နေသော သင် ရယူစဉ်ပါသည်။ အဖွဲ့များ ရယူစဉ်ပါသည်။ (Ph:09 78 55 99 577)

တောင်ပေါ်သား(Channel)

21 Oct, 17:13


မဟောသဓာပညာရှိနှင့်
သူ၏ပညာစွမ်းအား အပိုင်း(၄)

ပါချုပ်ဆရာတော်ဘုရားကြီး
🌻🌻🌻🌻🌻🌻🌻🌻🌻
🙏🙏🙏🙏🙏🙏🙏🙏🙏

တောင်ပေါ်သား(Channel)

21 Oct, 17:13


ရေငုပ်သင်္ဘောကို တူနဲ့
ထုခိုင်းတဲ့ အခြောက်မ
ထွန်းမြတ်နိုင်

@ရဲဘော်အိမောင်

တောင်ပေါ်သား(Channel)

21 Oct, 16:53


@ကိုဇော်ဘုန်းဟိန်း(21,October)

တောင်ပေါ်သား(Channel)

21 Oct, 16:52


တောင်ခမ်းမှာ ပလောင်ခမ်းတော့မည်
==============================

လွန်ခဲ့တဲ့ ၂ ရက်က နောင်ချိုဖက်ကို စစ်ကြောင်းတွေ တက်သွားပြီလို့ ကြားပါတယ် ။ ဒေသခံတွေဆီ မေးကြည့်တော့လည်း ဟုတ်တယ်လို့ ပြောပါတယ် ။ ဒါပေမယ့် စစ်ရေးရည်မှန်းချက်က ဘာမှ မသိလို့ရယ် ၊ ရန်သူတွေဆီ သတင်းပေးသလို ဖြစ်မှာစိုးလို့ရယ်ကြောင့် လိုင်းပေါ်မတင်ရဲပါဘူး ။

မိတ်ဆွေအချို့ကိုတော့ ဖုန်းနဲ့ သတင်းကောင်းလေး ကြိုပြောမိပါတယ် ။ ဒီနေ့တော့ဖြင့် ပထမ တောင်ခမ်းက မဂ်လာသတင်း ကြားရပါတယ် ။ ရန်သူအခြေပြု နေရာတွေကို တန်ပြန်ထိုးစစ်နဲ့ ပြန်တိုက်နေပြီတဲ့ ။

နောက်ပြီး TNLA စုဖွဲ့နေရာတွေကိုလည်း လေကြောင်းက ပြင်းပြင်းထန်ထန် တိုက်နေတယ်လို့ သိရပါတယ် ။ ညနေပိုင်းမှာ တပ်မတော်စစ်ကြောင်းက အုမ္မတီး အုမ္မခမ်း အထိ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ မဂ်လာသတင်းကြားရပါတယ် ။

နောင်ချိုမြို့ ပြန်မပေးရရေးအတွက် TNLA နဲ့ ပဒက်လေးတွေ ရွှေညောင်ပင်ရွာမှာ အခြေပြု ခံစစ်ပြင်နေကြသတဲ့ ။

တကယ်ဆိုရင် နောင်ချိုဟာ ခြံထဲကကြက်ဖြစ်နေပါပြီ ။ နောက်ကျောဖက်က တောင်ခမ်းသူရဲကောင်း စစ်သည်တွေရယ် ရှေ့ဖက်ကလာနေတဲ့ စစ်ကြောင်းရယ်ကို TNLA တို့ ခံစစ်ပြင်ပြီး စောင့်နေလည်း မကြာပါဘူး ကိစ္စပြတ်မှာပါပဲ ။

တပ်မတော်က တသက်လုံးက အပိုင်နိုင်ဆုံး တိုက်လာကြတာ တိုက်စစ် ၊ စခန်းသိမ်းစစ်တွေလေဗျာ ။ အပေါ်က လေယာဥ် ၊ အဝေးက အမြှောက်ပစ်ကူ ၊ မြေပြင်က ချေမှုံးရေးတပ် ကဲ မင်းတို့ ဘဝကူးကောင်းအောင်သာ ဆုတောင်းထားကြပေတော့ ။

တခုပဲ တပ်မတော်ကို မေတ္တာရပ်ခံချင်ပါတယ် ။ ကိုယ့်ဖက်က ပေးဆပ်ထားရတဲ့ တန်ဖိုးကြီးဘဝတွေရယ် ၊ ကျဆင်းခဲ့ရတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာရယ် အတွက် လက်စားလှလှ ချေပေးကြစမ်းဗျာ ။ တခုတော့ရှိတယ်ဗျာ ထောင်တွေလည်း နေရာကြပ်နေပြီ ၊ ဆန်စျေးလည်းကြီးနေတယ် ဒါလေးတော့ သိထားကြအုံးနော် ။

ကိုရွှေမျိုးဝင်း

တောင်ပေါ်သား(Channel)

21 Oct, 16:42


ဘာတွေထူးလဲ (၂၁-၉-၂၀၂၄)

နိုင်ငံတော်အကြီးအကဲများကို အချိန်နဲ့ တပြေးညီ မှန်ကန်စွာ တင်ပြကြဖို့ နစက ဥက္ကဋ္ဌ မှာကြား
ခြိမ်းခြောက်စာပို့ပြီး ငွေလိမ်သူများ ဖမ်းဆီးရမိ
ရေဘေး၊ လေဘေး သတိပေးချက်

Join - https://t.me/MyanmarNationalPost

တောင်ပေါ်သား(Channel)

21 Oct, 16:25


ဟိန္ဒူဘာသာမှ ဗုဒ္ဓဘာသာသို့
ကူးပြောင်းလာသူ တစ်ဦး၏
ဗုဒ္ဓဘာသာအပေါ် ယုံကြည်
သက်ဝင်မှု

@KumarAdhikari

တောင်ပေါ်သား(Channel)

21 Oct, 15:41


မိုးကုတ်ကို အကျိုးမယုတ်စေလိုပါ၊ ဘုတလင် စီပါရွာကိစ္စ၊ ပုလော ပင်လယ်ပြင် စက်လှေတိမ်းမှောက်မှု အဖြစ်ဆိုး၊ ကောင်စစ်ဝန်ရုံး ဗုံးပစ်ခံရမှုကိစ္စ တရုတ်ဘက်က သဘောထား၊ ရုရှားနဲ့ မြန်မာစစ်သင်္ဘောတွေ ပညာဖလှယ်မယ် (၂၁-၁ဝ-၂ဝ၂၄)

https://npnewsmm.com/videos/67167229d4f1043f74419ef6

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ် ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)
- 09-958962052

တောင်ပေါ်သား(Channel)

21 Oct, 14:45


🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

21-10-2024 ရက်နေ့ ယနေ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆)ဖွင့်လှစ်။

#PMS

တောင်ပေါ်သား(Channel)

21 Oct, 14:42


မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု ဖော်ထုတ်ပေးရန် တရုတ်အစိုးရ န-စ-က ထံ တောင်းဆို

ရုရှား-မြန်မာ ဒုတိယအကြိမ် စစ်ရေးလေ့ကျင့်ရန် စစ်သင်္ဘော ၄ စီး မြန်မာကို ရောက်ရှိနေ

နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန် တပ်မတော် ထိုးစစ် စတင်နေ

နတ်မောက်မြို့နယ်မှာ တပ်မတော် ထောက်ခံသူတွေ သတ်ဖြတ်ခံရမှု

ပုလောမြို့နယ်မှာ သီတင်းကျွတ်ပြန် ကျောင်းသားများ လိုက်ပါလာတဲ့ စက်လှေ နစ်မြုပ်

ပွင့်ဖြူမြို့ကို အကြမ်းဖက်သမားတွေ ခြေကုပ်ယူနေပြီ

#PeopleMedia

တောင်ပေါ်သား(Channel)

21 Oct, 14:38


အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက် ငွေကြေးတောင်းခံနေသည့် တရာခံများအား ဖမ်းဆီးရမိ

တောင်ပေါ်သား(Channel)

21 Oct, 14:22


#ဘုံရန်သူအစစ်ကဘယ်သူလဲ

တလောက ဘုတလင်းမှာ စစ်ကြောင်းတစ်ကြောင်း
ပျောက်သွားခဲ့ရတယ် ။ ၁၀၀ နီးပါးလောက်ရှိတဲ့
စစ်ကြောင်းက လက်၁၀ ချောင်းလောက်ပဲ လွတ်မြောက်ခဲ့သလို ၄၂ ယောက်အဖမ်းခံရ
တယ်တဲ့ ။ အဲဒီ ၄၂ ယောက်လုံးကို PDF က
သတ်ပြီး ​မြေကျင်းကြီးတစ်ကျင်းထဲ မြှုပ်ပစ်
လိုက်တယ်လို့ ဆိုပါတယ် ။

မသတ်ခင်မှာ ကျင်းတူးခိုင်းတဲ့ အပြင် သက်ဆိုင်
ရာ စစ်သည်တွေရဲ့ မိဘ ဇနီး မယား ဖုန်းနံပါတ်
တွေကို ပါ တောင်းထားလိုက်သေးတယ်တဲ့ ။

သတ်ပြီးတော့မှ သက်ဆိုင်မိသားစုတွေဆီ
ကို သူတို့ သတ်လိုက်တဲ့အကြောင်း
လိုအပ်ပါက ပုံပို့ပေးမယ့်အကြောင်း အခုလို
ဖုန်းဆက်ရတာဟာလည်း သေသွားတဲ့ စစ်သည်
တွေ အတွက် အကျိုးခံစားခွင့်ရအောင် ဆက်သွယ်
ပေးခြင်း ဖြစ်ကြောင်း PDF ခေါင်းဆောင်တစ်
ဦးက ဖုန်းဆက်အကြောင်းကြား​တယ်လို့
ဖုန်းဆက်ခံရတဲ့ မိသားစုတွေပြောလို့ ပြန်ကြား
သိခဲ့ရတယ် ။

အကျိုးခံစားခွင့် ရအောင်ဖုန်းဆက်ပေးတဲ့
သူတို့ကို ကျေးဇူးတင်ပေးရမလို ဖြစ်နေတယ် ။

အဲဒီအချိန်က မီဒီယာတွေရဲ့ အောင်မြင်တဲ့
လေသံနဲ့ ။ PDF လုပ်သမျှ အမှန်ပုံစံ ထုတ်
လွှင့်ခဲ့ကြတယ် ။အညာဒေသရဲ့ အကြီးမာဆုံး
အောင်ပွဲ ဆိုပြီး ထုတ်လွှင့်ခဲ့ကြတဲ့ မီဒီယာတွေ
ရှိပါသေးတယ် ။PDF ခေါင်းဆောင်နဲ့ BBC
တို့ ဆက်သွယ်မေးမြန်းထားတာကို လည်း
နားထောင်လိုက်ရပါသေးတယ် ။

ထားပါတော့ ။

ပြောချင်တာ
အခုတော့ တပ်မတော် က အဲဒီနေရာ
တစ်ဝိုက်ကို နယ်မြေရှင်း
လင်းရေး လုပ်ရပြီ ။ထုံးစံ အတိုင်းအသံတွေ
ကျယ်ကျယ်လောင်လောက်ထွက်လာတယ် ။
ကိုယ့်စစ်သည်တွေ အစုလိုက် အပြုံလိုက်
အသတ်ခံရစ ဥ်က ဘာအသံမှ မထွက်ခဲ့တဲ့
မီဒီယာတွေ အခုမှပဲ အရင် ဘုတလင်း မှာ
ဘာမှ မဖြစ်ခဲ့လိုလို ၊ အခုမှပဲ တပ်က စတန့်
ထွင်ပြီ လုပ်သလိုလို အသံထွက်နေကြတာ
တွေ့ရတယ် ။

စစ်တိုက်တာ လူ့အခွင့်အရေးနဲ့ အညီ တိုက်
ဖို့ မဖြစ်နိုင်ဖူး ဆိုတာ နားလည်ပါတယ် ။
ဒါပေမယ့် လူသားဆန်တဲ့ စိတ်တော့ ရှိကြ
ဖို့တော့ လိုတာပေါ့ ။ တပ်မတော် သားတွေ
နေ့စ ဥ် သစ္စာဆိုတဲ့ အထဲ မှာ ငါတို့သည်
ကျဆုံးလေပြီသော တပ်မတော်သားတို့
ရဲ့ သစ္စာကို စောင့်သိရိုသေပါမည် ဆိုတဲ့
အချက်တစ်ချက်ပါတာမို့ ကျဆုံးသွားတဲ့
တပ်မတော်သားတွေရဲ့ သစ္စာကို စောင့်သိဖို့
သူတို့လုပ်သင့် လုပ်ထိုက်တဲ့ အလုပ် ကို
လုပ်နေရအုံးမှာပဲ ။

အဲဒီလို အလုပ်မခံချင်ရင် တပ်မတော်
သားတွေကို ခင်များတို့ ထိခိုက်ကျဆုံးအောင်
မလုပ်ကြနဲ့ပေါ့ ။ ခင်များတို့ က ရည်ရွယ်
ချက်ရှိရှိ နဲ့ ကို အစုလိုက် အပြုံလိုက်
သတ်ပစ်ခဲ့တဲ့ အကျိုးဆက်ကို ပြန်ခံစား
ကြရတာပဲ ။ကိုယ်စိုက်တဲ့ အပင် ကိုယ်
ပြန်ရုပ်သိမ်းခံရတာပဲ ။

တကယ်ဆိုရင် ၁၀၂၇ ပေါ်လာပြီးထဲက
PDF တွေ ကို အဓိက ဘုံရန်သူ အဖြစ် မသတ်
မှတ်တော့ပါဘူး ။

ဗမာနဲ့ ဗမာ အချင်းချင်းမတည့် လို့ ခွေစား
သွားတဲ့ အဖြစ်မျိုး မြန်မာ့သမိုင်းမှာ ထပ်မဖြစ်
စေချင်တော့လို့ ဒီအချိန်မှာ ကျွန်တော်တို့ရဲ့
ဘုံရန်သူ တွေ ပြပါဆိုရင် အညာသားPDF
တွေ စစ်ကိုင်းတိုင်း PDF တွေကို အသုံးချပြီး
နယ်မြေလုယူနေ တဲ့ အကြမ်းဖက် MNDAA
TNLA AA KIA တွေကိုပဲ အဓိက ဘုံရန်သူ
အဖြစ်သတ်မှတ်တာ ။

ဒါကြောင့် ဗမာ အချင်းချင်း ဆက်မသတ်
ကြနဲ့တော့ ။ အခုဖြစ်နေတာ အညာသား
ဗမာတွေ က အသက်တွေဈေး ပေါလွန်း
နေလို့ ရေးပြနေရတာ။ ကိုယ်တိုင်
လည်း တပ်နဲ့ တိုက်ရင်း သေရတယ် ။မြန်မာ
ပြည်အနှံ့မှာ ရှိတဲ့ KNU KDF MNDAA
TNLA AA CDF KIA တို့ဆီမှာ လည်း
အသုံးချခံ ကျွန်ခံရင်း နေ့စ ဥ်
သေပေးနေရတယ် ။

ခင်များတို့ဘယ်လောက်ပဲ သွားတိုက်ပေး
ပါစေ ၊သွားသေပေးပါစေ ဘယ်EAOs
မှတော့ အညာနဲ့ စစ်ကိုင်းဒေသ လွဲပြီး
ခင်များတို့ နယ်မြေမပေးဘူး ဆိုတာက
တော့ ခင်များတို့ မျက်မြင်ကိုယ်တွေ့ပဲ ။

ခင်များတို့သေပေးရကျိုး နပ်သလား
မနပ်ဘူးလား ဆိုတာ စ ဥ်းစားကြည့်
ကြပေါ့ ။

နောက်တစ်ချက် ထပ်ပြောမယ် ၊
PDF တွေ လက်နက်ကိုင်တာ ဟာ
ဒီမိုကရေစီ ကြောင့် ၊ EAOs တွေ လက်နက်
ကိုင်တာဟာ သူတို့ လူမျိုးရေးကြောင့်
ရည်ရွယ်ချက်မတူလို့ လားရာလည်း
မတူဖူး ။ လက်တလော အသုံးချလို့
ခင်များတို့ အသက်တွေ ကို ရသလောက်
အသုံးချနေအုံးမှာပဲ ။

ဗမာ PDF တွေကို ထပ်ပြောချင်တာ
ကတော့ ဒီမိုကရေစီ အတွက်နဲ့ တော့
EAOs တွေ ဆီမှာ သွားအသေခံမနေကြ
နဲ့ ။ နစက ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုက
စစ်မှန်စစ်ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်
ကို အကောင်ထည်ဖော်ရေးပဲ ။

တစ်ခုတော့ ရှိတာပေါ့ ။ PDF တွေ NUG
တွေ ပါ ပါချင်ရင်တော့ ၂၀၂၅ အလွန်
တော့ စောင့်ရမှာပေါ့ ။ဒေါ်စု ကို မြင်ချင်
ရင် အမျိုးသားရင်ကြားစေ့ရေး ဖြစ်ချင်
ရင် လည်း ၂၀၂၅ အလွန်ကိုတော့ စောင့်
ရမှာပဲ ။

ဘာကြောင့် ဒီလို ပြောရသလဲ ဆိုရင်
ဘယ်ဒီမိုကရေစီ ကျမ်းကိုပဲ ရှာဖတ်ပါ
စေ ၊
အာဏာထိန်းထားတဲ့ အစိုးရ ခေတ္တ
အစိုးရ ယာယီအစိုးရ တို့သည် ဘယ်တုန်း
ခါမှ အတိုက်ခံ တွေနဲ့ ဆွေးနွေးရိုး ထုံးစံ
မရှိဘူး ဆိုတာကိုလောက်တော့ နိုင်ငံရေး
ကို နားလည်ပြီး အတိုင်းအတာတစ်ခုအထိ
သီးခံကြဖို့ လိုပါတယ်။

အောင်နိုင်သူ

တောင်ပေါ်သား(Channel)

19 Oct, 17:03


မဟောသဓာပညာရှိနှင့်
သူ၏ပညာစွမ်းအား အပိုင်း(၂)

ပါချုပ်ဆရာတော်ဘုရားကြီး
🌻🌻🌻🌻🌻🌻🌻🌻🌻
🙏🙏🙏🙏🙏🙏🙏🙏🙏

တောင်ပေါ်သား(Channel)

19 Oct, 15:28


@ဦးငါးမင်းဆွေ(19,October)

တောင်ပေါ်သား(Channel)

19 Oct, 15:21


19.10.2024 - K Comedy

တောင်ပေါ်သား(Channel)

19 Oct, 15:21


ပန်ဝါကို သိမ်းတဲ့ KIA ၊ KIA နဲ့ နယ်စပ်ကို ပိတ်တဲ့ တရုတ် ၊ တရုတ်ကောင်စစ်ဝန်ရုံးကို ဗုံးနဲ့ပစ်ခတ်မှုဖြစ် ၊ တွေ့ဆုံဆွေးနွေး ငြိမ်းချမ်းရေးအကြောင်းပြောတဲ့ ကာဒီနယ် ချားလ်စ်မောင်ဘို (၁၉-၁ဝ-၂ဝ၂၄)

https://npnewsmm.com/videos/6713c3ff5ed144445d439ff3

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ် ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)
- 09-958962052

တောင်ပေါ်သား(Channel)

19 Oct, 15:08


@JupiterQueen(19,October)

တောင်ပေါ်သား(Channel)

19 Oct, 14:25


မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာပြည်သူများထံမှ ရွှေဆွဲကြိုးများ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ၃ ဦးအား သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

တောင်ပေါ်သား(Channel)

19 Oct, 13:26


မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အသိပေးချက်
နေပြည်တော်၊ အောက်တိုဘာ ၁၉

တောင်ပေါ်သား(Channel)

19 Oct, 13:26


@MRTV ည(၈)နာရီသတင်းLive👇

https://t.me/mrtvnews?livestream

တောင်ပေါ်သား(Channel)

19 Oct, 13:25


@MWD ည(၈)နာရီသတင်းLive👇

https://t.me/mwdmedia?livestream

https://t.me/sharingmoviesYKS?livestream

တောင်ပေါ်သား(Channel)

19 Oct, 13:14


အဖေက ချက်ခြင်းပဲ အဝယ်တာဝန်ခံကို ကျနော့်အား ခေါ်ခိုင်းပါတယ် ။ ရောက်လာတော့ မျက်နှာခြင်းဆိုင် ဒဲ့ ရှင်းခိုင်းပါတယ် ။ အားလုံးပြောပြီးတော့မှ မဆလခေတ်ရဲ့ နာမည်အပျက်ဆုံး တာဝန်ကျေ စပါးအကြောင်း နဲ့ အပိုဆောင်းချိန်တွယ်ယူကြရတဲ့ ပြဿနာဇစ်မြစ်ကို သိလာရပါတယ် ။

တောင်သူတွေ ကျေနပ်သွားအောင် ပြောနိုင်ခဲ့တဲ့ အဖေ့ရဲ့ နိုင်ငံရေး အပြောစွမ်းရည်ကတော့ မခေဘူးဗျ ။ ကဲ မဆလ ခေတ်ရဲ့ တာဝန်ကျေစပါး ပြဿနာကို ဗဟုသုတ လေ့လာကြည့်ကြပါစို့ ။ အထူးသဖြင့် အဝယ်ဒိုင်မှူးတွေ ဘာကြောင့် အပိုချိန်ရသလဲ ၊ နိုင်ငံတော်က ဘာကြောင့် အတင်းဝယ်ကြရသလဲ ၊ တောင်သူတွေက ဘာကြောင့် မဖြစ်မနေ ရောင်းကြရတာလဲ ပေါ့ဗျာ ။

အကျိုးအကြောင်းက ဒီလိုပါ.....

ကိုရွှေမျိုးဝင်း

တောင်ပေါ်သား(Channel)

19 Oct, 13:14


အဂ်လိပ် မြန်မာ တတိယကျူးကျော်စစ်မှာ မြန်မာတွေက ဆပ်ကမ်းဘေးရှိ မြင်းခြံခံတပ်ကနေ ခုခံကြတယ် ။
အဂ်လိပ်တွေ ကုန်းပေါ်တက်လာတော့ အစောက ကျောက်ရံရွာဘက်ဆုတ်ပြီး ခုခံကြတယ် ။ အဲဒီ ကုန်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပြီး ယမ်းစတွေ ကျန်နေကြတာပဲ ။ သူ့ကျွန်မခံပြီထဲ ပါခဲ့တဲ့ ဇာတ်ဝင်ခန်းတခုပေါ့ဗျာ ။

အဲဒီယမ်းစလေးတွေ အတော်များများ ရလာတော့ ပြန်လာခဲ့ကြပါတယ် ။ အပြန်ကျတော့ မောင်ကျော်က ချောင်းရိုးအတိုင်း ပြန်ကြစို့ကွာတဲ့ ။ ချောင်းရေလည်းချိုးချင်တယ် ဆိုလို့ ချောင်းရိုးအတိုင်းပဲ ပြန်လာကြပါတယ် ။

လေးခွနဲ့ ဟိုပစ်ဒီပစ် လက်ကမြင်းရင်း လာကြရာ ဆပ်ပြာကျင်းလို့ ခေါ်တဲ့ ငံကြွပ်နေတဲ့ ရေချောင်းလေးဆီ ရောက်လာပါတယ် ။ ထူးခြားတာက မီးရထားလမ်းဟောင်း တံတားလေးအောက်မှာ ချိုနေတဲ့ ရေထွက်လေးရှိပါတယ် ။ ဒါကိုလည်း အနားက နတ်ညွှန်းရွာသားတွေ ၊ နွားကျောင်းသားတွေ နဲ့ ကျနော်တို့လို တောပျော်တွေပဲ သိကြတာပါ ။


ရေသောက်ပြီးတော့ မောင်ကျော်က ဟေ့ကောင် နတ်ညွှန်းဘုန်းကြီးကျောင်းထဲက သရက်သီးတွေ ရင့်နေလောက်ပြီတဲ့ ။ ဘုန်းကြီးက မလွယ်ဘူး လေးခွနဲ့ ပစ်လိမ့်မယ် ကိုယ်က ပြန်ပစ်မရဘူး သူက ဘုန်းကြီးကွ ဆိုပြီး တားပါသေးတယ် ။ မရဘူး သွားမယ်ဆိုပြီး အတင်းသွားလို့ လိုက်ရပြပါပြီ ။

ဘုန်းကြီးကျောင်းက ချောင်းအစပ်မှာ ရှိပါတယ် ။ ချောင်းထဲကနေ လူသူ တိရိစ္ဆန် မဝင်အောင် ဆူးကိုင်းတွေ ချထားပါတယ် ။ သရက်ပင်ကြီးက ချောင်းစပ်နားတင်ဆိုတော့ အပြင်ကနေ ပစ်ချလို့ ရပါတယ် ။ အသီးကိုမှန်ရင် ပြုတ်မကျဘူး နော် အညှာမှန်မှ ပြုတ်ကျတာပါ ။

ပစ်ရင်းနဲ့ ၃ တွဲ ကျလာပါပြီ ။ အလုံးရေ ၁၀ လုံးလောက်ရပြီဆိုတော့ စည်းရိုးထဲ ဝင်ကောက်ရပါမယ် ။ မောင်ကျော်က ဆူးကိုင်းကို အသာမပြီး ဝင်သွားပါတယ် ။ စည်းရိုးအမြင့်က ခါးလောက်ပါပဲ ။ သူလည်း သရက်သီးတွဲတွေ ကောက်ယူနေရော ဟေ့ကောင်တွေ မပြေးနဲ့ ဆိုပြီး ဘုန်းကြီးထွက်လာပြီး လေးခွနဲ့ ပစ်ရင်း ဖမ်းဖို့ ပြေးလာပါတယ် ။


ကျနော်လည်း မောင်ကျော် ပြေးခဲ့တော့လို့ အော်ရင်း သူ့ကို အပြင်ကနေ စောင့်နေပါတယ် ။ မောင်ကျော်လည်း စည်းရိုးက ဆူးကိုင်း ဖယ်ပြီးမထွက်ပဲ ခုန်ကျော်ထွက်ပြေးပါတယ် ။ သူများတွေ ကြောက်ကြောက်နဲ့ခုန်ရင် လူတရပ်ကျော်အောင် ခုန်နိုင်သတဲ့ ကြားဖူးပါရဲ့ ။ မောင်ကျော်ကတော့ ခါတိုင်းဆော့ရင်တောင် ရင်ညွှန့်လောက် ခုန်နိုင်တဲ့ကောင် အခု ခါးလောက်မြင့်တာ မလွတ်ပဲ ပုဆိုးမှာ ဆူးလုံးကြီး ငြိပါလာပါတယ် ။

သု့ကို စောင့်နေတဲ့ ကျနော့်ကို ကျော်သွားပြီး ရှေ့ကနေ တလွှားလွှားပြေးနေလိုက်တာ သူ့နောက်က ဆူးကိုင်းကြီးကလည်း တလိမ့်လိမ့်နဲ့ ချောင်းသဲတွေ ဖွာကနဲ ဖွာကနဲ ပေါ့ဗျာ ။

ချောင်းရိုးအတိုင်း ၂ ယောက်သား ပြေးလိုက်ကြတာ ချောင်းရိုးကျဥ်းကျဥ်းနဲ့ အရိပ်ရတဲ့ နေရာရောက်မှ အမောဖြေကြရပါတယ် ။ ပြီးတော့ သူ့ပုဆိုးက ဆူးကိုင်းလုံးကြီး မနည်ဖယ်ရပါတယ် ။ ခြေသလုံးနဲ့ ပေါင်တွေမှာ ဆူးခြစ်ရာ ဗရပွပေါ့ဗျာ ။ ဒီကောင်ပေချက်ကတော့ တချက်မငြီးဘူး ဗျ ။ သေပြေး ရှင်ပြေး ပြေးရတဲ့ကြားထဲက သရက်ခိုင် ၂ တွဲ ( ၆ လုံး) ရအောင် ယူလာသေးတယ် ။

ခဏနားပြီး အဲဒီချောင်းရိုးကွေ့ထဲမှာပဲ အဝတ်တွေကို ဆပ်ပြာမပါ ရေဗလာနဲ့ လျှော်ဖွပ်ပါတယ် ။ အဝတ်တွေ နေလှန်းထားတုန်း လူတွေက ချောင်းရေထဲ ရေစိမ်နေကြပါတယ် ။ ဗျာ... ဘယ်လို ချိုးကြသလဲ ဟုတ်လား... တယောက်က ၈ တန်း တယောက်က ၉ တန်း ဆရာကြီးတွေ နတ်ဝတ်ပုဆိုး နဲ့ ချိုးကြတာပေါ့ ဗျာ.. ။

သရက်သီးတလုံးစားပြီး ခြောက်သွားတဲ့ အဝတ်တွေ ပြန်ဝတ်ပြီး ချောင်းရိုးအတိုင်း ပြန်လာပါတယ် ။ ပဲကြော်ဖိုနား ရောက်နော့ မွှေးကြိုင်နေတဲ့ ပဲကြော်နံ့လေးတွေက ဆွဲဆောင်နေပြပါပြီ ။

၂ ယောက်သား ပဲကြော်ဖိုထဲ ဝင်သွားပါတယ် ။ အလုပ်သမားတွေက အသိတွေပါပဲ ။ ပဲဆီသန့်သန့်နဲ့ လတ်ဆတ်တဲ့ ပဲကို ကြွပ်နေအောင် ကြော်ထားတဲ့ ပူပူနွေးနွေး ပဲကြော် တပုဂံ အပြင် သူတို့စိုက်ထားတဲ့ ကြက်သွန်နီဥပါ တွဲပေးလေတော့ ဗိုက်ခွေးနမ်းအောင် စားကြတာပေါ့ဗျာ ။

စားသောက်ပြီး ရပ်ကွက်ထဲ ပြန်လာပါတယ် ။ ကျနော်က သရက်သီး ၂ လုံး ယူခဲ့ပြီး အိမ်ရောက်တော့ အမေ့ပေးလိုက်တယ် ။ အမေက ချက်ခြင်းပဲ ပါးပါးလှီးပြီး ဝက်သားဟင်းကျန်ထဲ ရောသမလိုက်ပါတယ် ။ အဖေကတောင် ကောင်းသာပဲဟ လို့ ပြောတော့ အမေက တော့်သားယူလာတဲ့ သရက်သီးလေ တဲ့ ။ ဒီကောင် ဘယ်သူ့အိမ်က ခူးလာတယ် မသိဘူးတဲ့ သားအဖခြင်း ဆိုတော့ သိနေတာပေါ့လေ ။

အဲဒီညမှာပဲ အဖေ့ဆီကို ရွာဖက်ကလူတွေ လာပြီးတိုင်ကြပါတယ် ။ စပါးအဝယ်ဒိုင်ကလူတွေ စပါးချိန်ရာမှာ အလေးချိန် ပိုချိန်လို့ ဆိုပြီး တိုင်ကြတာပါ ။ အဖေ့ရဲ့ မိခင်ဌာန ကုန်သွယ်လယ်ယာမှာ အဖေ့ အဝယ်ဒိုင်မှူးရာထူး နဲ့ တူပါတယ် ။ နိုင်ငံရေးကဏ္ဍ လုပ်နေရလို့ တာဝန်လွှဲပေးထားရဟန်ပါပဲ ။

တောင်ပေါ်သား(Channel)

19 Oct, 13:14


ပျော်ရွှင်ခဲ့ရ ငယ်ဘဝ ( ၉. )
=======================

နားစွင့်နေတဲ့ ကျနော်တို့ ၂ ယောက်လည်း အော်သံကြီးကြောင့် ဆံပင်တွေတောင် ထောင်သွားသလားမှတ်ရအောင် ထိတ်ကနဲ လန့်သွားပါတယ် ။ မော်ကြီးအသံမဟုတ်ပါဘူး ကာယဆရာရဲ့ အသံပြဲကြီးကြောင့်လေ ။ ဖိုးဌေးလဲ ဆူးကိုင်းကြီး ပစ်ချပြီး ပြေးပါရော ကျနော်လည်း ဘယ်နောက်ကျခံမလဲ အသားကုန် ပြေးကြတာပေါ့ ။

အိမ်သာထဲက ဆရာကတော့ သန့်ရှင်းရေးလုပ်ပြီးမှ တံခါးဖွင့်ကြည့်မှာပေါ့ ။ အဲဒီအချိန်ဆို မှုန်နေအောင်ပြေးသွားတဲ့ ကျနော်တို့ ကျောဘက်ပဲ သူတွေ့ရမှာပါ လူတွေကို မမှတ်မိနိုင်ပါဘူး ။

ကျောင်းတက်နေတော့ ပြေးပုန်းစရာလဲ နေရာမရှိဘူးလေ ဒါနဲ့ ကိုယ့်အခန်းကိုပဲ ပြေးကြတာပေါ့ ။ ၂ ယောက်သား ဖုန်တွေ သဲတွေ ချွေးတွေ နဲ့ အခန်းထဲ ဒရောသောပါး ပြေးဝင်လာတော့ ဆရာမက ဟဲ့ ဟဲ့ ဘာဖြစ်လာကြတာလဲ တဲ့ ။

အံမယ်ဖိုးဌေးက ဥာဏ်ကောင်းသဗျ ဒီကောင် ကျနော့်ရိုက်ပြီး ထွက်ပြေးလို့ပါတဲ့ ။ ဆရာမက ချွေးတွေနဲ့ ပေတူးစုတ်ပြတ်နေတဲ့ ကျနော်တို့ကို ကြည့်ပြီး လာစမ်းလို့ ခေါ်ကာ ဖုန်တွေ သဲတွေကို ခါချပေးပါတယ် ။

အတော်ဆော့တဲ့ကောင်တွေ ဆော့လို့ အပြစ်ပေးထားတာကိုပဲ ထပ်ဆော့တုန်း ဘာညာ နဲ့ ဆူပူရင်း လက်တွေပြစမ်းဆိုပြီး ကြည့်ပါတယ် ။ နီရဲ ပေါက်ပြဲနေတာ မြင်တော့ သနားပြီး သွား သွား မတူးတော့နဲ့ ကိုယ့်နေရာကို ပြန်ထိုင်ကြ တဲ့ ။

၂ ယောက်သား ကြိတ်ရီပြီး ထိုင်နေတုန်း မော်ကြီးပြန်ဝင်လာပါတယ် ။ ခဏနေတော့ ဖင်လေးပွတ်ခါပွတ်ခါ နဲ့ ကာယဆရာရယ် ကျောင်းအုပ်ကြီးရယ် အခန်းထဲ ဝင်လာပါတယ် ။

အပြင်ထွက်နေတဲ့ ကျောင်းသားရှိသလား ဘာညာနဲ့ မေးကြပါတယ် ။ မော်ကြီးလည်း ပြန်ရောက်နေတော့ ဆရာမက မရှိပါဘူး ဆရာကြီးပေါ့ ဘာဖြစ်လို့လဲဆိုပြီး ထပ်မေးပါရော ။ ကာယဆရာက သူ့ဖင်ကို ဆူးကိုင်းနဲ့ ထိုးသွားကြောင်း ခြေသလုံးတွေပါ ခြစ်မိကုန်ကြောင်း ပြောပြပြီး ခြေသလုံးလှန်ပြပါတယ် ။

သူအော်လိုက်တော့ ဖိုးဌေးက ကြောက်ကြောက်နဲ့ ဆူးကိုင်းကို ဆွဲယူလိုက်တော့ ခြစ်မိကုန်တာနေမှာပါပဲ ။ နီရဲဖွာလန်နေတာပဲ ။ မော်ကြီးသာ အဲသလောက် ထိသွားရင် ကျနော်တို့ကို ထိုးလောက်တယ်ဗျ ။

ဆရာမက အတော်ဆိုးတဲ့ ကျောင်းသားတွေပဲ ဆရာအိမ်သာထိ တမင်လုပ်တာတော့ ဘယ်ကောင်းမလဲ လို့ ပြောပါတယ် ။ ဆရာအိမ်သာ မဟုတ်ဖူး အဲဒီမှာ လူရှိလို့ ကျောင်းသားအိမ်သာဖက် သွားလိုက်မိတာလို့ ပြန်ပြောပါတယ် ။ နောက်တော့ တခြားအခန်းတွေဆီ တရားခံ သွားရှာကြပါတယ် ။

ကျနော်နဲ့ ဖိုးဌေးကတော့ မဟုတ်တာလုပ်ထားတော့ လိပ်ပြာမလုံပဲ ခေါင်းလေးတွေ ငုံ့ထားရတာပေါ့ ။ မှတ်မိသွားမလား ဆိုပြီးလေ ။ မော်ကြီးက ဝင်ပြောသေးတယ် အဲဒီဆရာ အော်လိုက်တာများ သူတောင် ရုတ်တရက် ကြောက်သွားမိတယ်တဲ့ ။

မော်ကြီးပြောတဲ့ စကားလည်း ဆုံးကော ဆရာမက မျက်မှောင်ကုပ် စဥ်းစားနေတယ် ။ ပြီးတော့ ကျနော်တို့ ၂ ယောက်ကို ကြည့်ပြီး ဟို ၂ ကောင် ကျောင်းဆင်းရင် ဆရာများ နားနေခန်းကို လာခဲ့အုံးတဲ့ ။

ကျောင်းဆင်းတော့ သွားကြရတာပေါ့ဗျာ ။ တခြားဆရာ ဘယ်သူမှ မရှိပဲ ဆရာမဒေါ်ဘေဘီ နဲ့ တန်းပိုင်ဆရာမရယ် ၂ ယောက်ပဲ ရှိပါတယ် ။ အခန်းဒေါင့်က စားပွဲဆီ ခေါ်သွားပြီး တိုးတိုးလေး မေးတယ် ။ မင်းတို့ မော်ကြီးဆိုပြီး လုပ်လိုက်ကြတာ မဟုတ်လား တဲ့ ။

ပြေးဝင်လာတဲ့ ကျနော်တို့ရယ် ၊ မော်ကြီးပြောတဲ့ စကားရယ် ဖင်ဆူးကိုင်းထိုးခံရတဲ့ ဆရာရယ်ကို ချိတ်ဆက်တွေးမိပြီး ကျိတ်မေးကြတာပါ ။

'' ဟုတ်ပါတယ် ဆရာမ ဒီကောင်က အဲဒီ အိမ်သာမှာ မော်ကြီးတက်သွားတယ် ပြောလို့ပါ ''
( သူတောင်းစား ရိုက်မစစ်ရသေး ဖော်ပြီ)

'' ဟဲ့ နင်က ဆရာမှန်း မသိဘူး လား ''

'' ကျနော်က လုံချည်စိမ်း နဲ့ ခြေထောက်ပဲ မြင်လိုက်တော့ မော်ကြီးပဲ ထင်တာပေါ့ ဆရာအိမ်သာက သက်သက်ရှိနေတာလေ ဘယ်သိပါ့မလဲ ဆရာမ ''

ဆရာမ ၂ ယောက် ကျိတ်ပြီး ရီလိုက်ကြတာဗျာ ။ ခဏနေမှ သွား သွား ဘယ်သူမှ မသိစေနဲ့ ကျောင်းအုပ်ကြီးက မလွယ်ဘူး တဲ့ ။ သူတို့လည်း ၈ တန်း တန်းပိုင် ဆရာမလိုပဲ ငါသာ ရိုက်ချင်ရိုက်မယ် ငါ့တပည့်တွေကို သူများရိုက်တာ မကြိုက်ဘူး ဆိုတဲ့ စိတ်ထားခြင်း တူနေလိုက်ပုံများ လွမ်းလောက်ပါရဲ့ဗျာ ။ ဒါကြောင့်လည်း အမြဲသတိတရ ရှိနေရတဲ့ ရင်ထဲက ဆရာမကြီးတွေပေါ့ဗျာ ။

ကျောင်းထဲက ပြဿနာကတော့ ဆရာမတွေကောင်းလို့ ပြီးသွားရပါတယ် ။ ကျောင်းပိတ်ရက်မှာ ပြဿနာတခု ကြုံရပါသေးတယ် ။ မောင်ကျော်က မီးရှူးပစ်ကြရအောင်တဲ့ ။ ရတယ်လေ မီးရှူးသွားရှာကြတာပေါ့လို့ ပြောပြီး ထွက်ခဲ့ကြပါတယ် ။

ကျနော်တို့ ငယ်စဥ်က မီးရှူးဆိုတာ မီးခြစ်ကျောက်အရွယ် ယမ်းစလေးတွေကို စီးကရက်ဘူးထဲက ရွေရောင် ငွေရောင် စက္ကူလေးနဲ့ ပတ်ပြီး မီးရှို့လိုက်ရင် ရှူးကနဲ အပေါ်ကို ထောင်တက်သွားတာမျိုးပါ ။

ယမ်းစလေးတွေက အမှတ် ၁၈ ရဲ့ အရှေ့ဖျား ကျောက်ရံရွာကုန်းလေးက လယ်ကွက်တွေထဲ သွားရှာကြရတာပါ ။ အဲဒီနေရာမှာ ယမ်းစတွေ အများကြီးရောက်နေတာ သမိုင်းရှိတယ်ဗျ ။

တောင်ပေါ်သား(Channel)

19 Oct, 13:01


ရောမစစ်ဘုရင်ကြီး ဂျူးလီး
ယက် ဆီဇာ အမည်နှင့် သူ့
နေအိမ် ဧရိယာကို နာမည်
ပေးထားသော်လည်း တစ်
ဖက်က ဒုံးကာစနစ်ကို ထိုး
ဖောက်ပြီး တိုက်ခိုက်လာနိုင်
တဲ့ တိုးတက်မှုမျိုးကို မြင်ရ
တယ်။

ဒါပေမယ့် အစ္စရေးလ် စစ်တပ်
က ဒီတစ်လအတွင်း ဂါဇာမှာ
လူပေါင်း (၄၅၀) ကို သတ်ဖြတ်
ခဲ့တယ်။

ဒီကနေ့ တစ်ရက်ထဲမှာကို
ပါလက်စတိုင်းလူမျိုး (၄၄) ဦး
သေဆုံးပြီး (၈၀) ကျော် ဒဏ်
ရာ ရရှိတယ်။

သူတို့ဂျူးလူမျိုး (၁,၂၀၀) ခန့်
မနှစ်က သတ်ဖြတ်ခံလိုက်ရလို့
လက်စားချေယင်းက ပြန်သတ်
လိုက်ကြတာဟာ လူဦးရေ (၂)
သန်းကျော်နှင့် စတုရန်းမိုင်
(၁၄၁) မိုင်သာရှိတဲ့ ဂါဇာ
ကမ်းမြှောင်မှာ အခုဆိုရင်
လူဦးရေ (၄၂,၅၁၉) ဦး သေဆုံး
၍ (၉၉,၆၃၇) ဦး ဒဏ်ရာရတယ်
လို့ သိရှိရတယ်။

ဂါဇာရှိ အကြမ်းဖက်တွေကို
ရှင်းနေယင်းက လက်ဘနွန်က
ဒုံးတွေကိုလည်း ရှောင်ယင်း၊
ယီမင်က တာဝေးပစ် ဒုံး၊ ဒရုန်း
တွေကိုလည်း ကာကွယ်ယင်း
ကနေ အီရန်ကို ပြန်တိုက်ဖို့
လည်း အစီအစဉ်တွေ ဆွဲနေ
ရတာကြောင့် ဂျူးလူမျိုး ဖြစ်
ရတာ တယ်မလွယ်ပါလားလို့
သက်ပြင်းချမိတယ်။

မဖြစ်မနေ အီရန်ကို ပြန်ဂလဲ့စား
ချေမှာ သေချာနေတဲ့ အချိန်မှာ
အီရန်က စစ်ကို မလိုလားကြောင်း
နှင့် သူတို့မှာ ညူကလီးယားထက်
အစွမ်းပိုထက်တဲ့ `လေဆာသုံး
ဗုံးလက်နက် `Laser-guided
bomb (LGB)´ တွေရှိကြောင်း
ခြိမ်းခြောက်တာမျိုးတွေလည်း
ရှိနေတယ်။

`The God Particle´ လို့ အခေါ်
ရှိတဲ့ `ဘုရားသခင်၏ စွမ်းအားအချို့´
ဒီလက်နက်မျိုးကို ဂရိလူမျိုးတွေ
ခေတ်တုန်းကတည်းက အသုံးပြု
ခဲ့တယ်လို့ စာပေအရ သိရှိဖူးတယ်။
#(The God Particle အကြောင်း
အချိန်ရရင် အကျယ် ရေးပါဦးမယ်)။

မှန်ထောင်ပြီး နေရောင်အားကိုယူ၍
အလင်းပြန်ကာ လိုရာပစ်မှတ်ကို
ထိမှန်တိုက်ခိုက်တာမျိုးလို့ အလွယ်
မြင်နိုင်တယ်။

ခုခေတ် နည်းပညာနှင့် ပေါင်းစပ်ပြီး
အင်္ဂလိပ်တွေ (၁၉၆၂) လောက်
ကတည်းက စမ်းသပ်တီထွင်နေ
တာကြာပြီ။

အီရန်မှာသာ တကယ်ရှိလျှင်
တစ်ဖက်က အမေရိကန်၊ ဗြိတိန်
မှာလည်း ရှိမယ် သေချာတာမို့
အစ္စရေးလ်မှာလည်း ရှိနိုင်တယ်။

ဂါဇာ၊ လက်ဘနွန်စစ်ပွဲဆိုတာ
လက်ရည်စမ်းပွဲလောက်သာဖြစ်ပြီး
အကယ်၍သာ အစ္စရေးလ်ရဲ့
ဂလဲ့စားချေ စစ်ပွဲကြီး ဖြစ်လာရင်
တော့ ကမ္ဘာပျက်မည့် စစ်ပွဲကြီး
သာ ဖြစ်ပါလေတော့သတည်း။

(Andrew Soe)
19th Oct 2024

တောင်ပေါ်သား(Channel)

19 Oct, 13:01


"စစ်၏ ဆိုးကျိုးများ"
----------------------

ကမ္ဘာ့သတင်းတွေ ဖတ်ရ၊ မြင်ရ
တာတွေက ဗမာသတင်းတွေလိုပဲ
တစ်ခါခါ တစ်ဖက်က တစ်မျိုး ရေး
သလို၊ တစ်ဖက်ကလည်း တစ်မျိုး
ရေးကြတယ်။

သူ့ဘက် ကိုယ့်ဘက်၊
ဘက်ကတော့ နေရာတိုင်းမှာ
ရှိတယ်။

နေတန်ယာဟုလို့ တစ်ဖက်က
ခေါ်ပေမယ့် တစ်ဖက်ကတော့
`စေတန်ယာဟု (Satanya)´
လို့ ခေါ်တာမျိုးပေါ့။

ဆိုလိုတာ မကောင်းဆိုးဝါး
နေတန်ယာဟုပေါ့။

သူနေတဲ့ အိမ်တော်ရာ `ဆီဇာ
ရီယာ (Caesarea Building)´
ကို ဟဇ်ဘိုလာက ဒီမနက်
ဒရုန်းနှင့် တိုက်ခိုက်ပေမယ့်
ဘာမှ ထိခိုက်မှု မရှိဘူးလို့
သိရတယ်။ (ဗီဒီယိုရှု)#

တောင်ပေါ်သား(Channel)

19 Oct, 08:08


@တဝမ်းပူ(19/10/24)

တောင်ပေါ်သား(Channel)

19 Oct, 07:44


ရွှေဘတွေ ထိုးစစ် စ နေပါပြီဗျာ။

တောင်ပေါ်သား(Channel)

19 Oct, 07:44


စန်းရတနာလ္ဘက်ရည်ဆိုင်တွင် လက္ဘက်ရည်ထိုင်သောက်နေသူ နှစ်ဦးအား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်
*******************
(မှုခင်း)စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈×၃၆ လမ်းထောင့်ရှိ စန်းရတနာလ္ဘက်ရည်ဆိုင်တွင် လက္ဘက်ရည်ထိုင်သောက်နေသူနှစ်ဦးအား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်ကျော်အချိန်ခန့်က ဦးဇော်မင်းထက်(ခ)ဖက်တီး၊ အသက် ၄၂ နှစ်၊ (ဘ)ဦးကျော်စိုး၊ လျှပ်စစ်လုပ်ငန်း၊ ၅၈×၅၉ လမ်းကြား၊ ၃၅×၃၆ လမ်းကြား၊ ရွှေဂဲပွားရပ်၊ ရဲမွန်တောင်ရပ်ကွက်နေသူနှင့် ကိုသိန်းသန်းထွေး၊ အသက် ၃၀ နှစ်၊ (ဘ)ဦးတင်အောင်၊ သံပန်းလုပ်ငန်း၊ ၃၆လမ်း၊ ၅၇×၅၈ လမ်းကြား နေသူတို့ ၂ ဦး လ္ဘက်ရည်ထိုင်သောက်နေစဉ် ၃၆×၅၈ လမ်းထောင့်ဘက်မှ အမည်မသိအမျိုးသား ၁ ဦး ခြေလျင်ပြေးဝင်လာပြီး လ္ဘက်ရည်ထိုင်သောက်နေသော ဦးဇော်မင်းထက်(ခ)ဖက်တီးအား သေနတ်ဖြင့်ပစ်ခတ်ရာ ကျည်မထွက်ဘဲ.....

Webpage>>...
https://positiveanglenews.com/2024/10/19/စန်းရတနာလ္ဘက်ရည်ဆိုင်တ/

VK Link>>...
https://vk.com/wall-220066330_8746

Telegram»...
https://t.me/positiveanglenews

#PAN

တောင်ပေါ်သား(Channel)

19 Oct, 04:44


@ဆောင်းဟေမာန်

https://vt.tiktok.com/ZSj1bpvdJ/