Myanmar Update News @myanmarupdate Channel on Telegram

Myanmar Update News

@myanmarupdate


အမှောင်ထဲမှ အလင်းတစ်စ

Myanmar Update News (Burmese)

မြန်မာနိုင်ငံနှင့် မြန်မာတိုင်းတွင် လေ့လာခဲ့ပြီး လူတိုင်းတွင် မြန်မာစားပွဲများ၊ နေ့စဉ်များ၊ လေ့လာရေးများနှင့် နိုင်ငံတော်တော်ကာကွယ်ကြကြ အခြေအနေလျှောက်ထားရပါမည်။ "Myanmar Update News" ဆိုတဲ့ Telegram channel ကိုအသေးစိတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရဲ့ အသတ်စွပ်ရရှိနိုင်အောင် အသေးစိတ် မြေနီအစား ဆိုပါတယ်။ အသေးစိတ်လှပနိုင်ရန်အတွက် @myanmarupdate အမည်နဲ့ ရပါတယ်။ အလန်းစားအုပ်ပါးအား ထည့်သွင်းရပါမည်။ အလန်းစားအုပ်ပါး ရောက်ဆရာ အပေါ်ဆိုက် စဉ်သတင်းများကို ရရှိနိုင်ရန် ဒီ channel က သုံးစွဲရန်ပါတယ်။ အသေးစိတ် လှပ ရောက်ဆရာအပေါ်ဆိုက် နှင့် စဉ်သတင်းများ ထုတ်မပြတ်ဦးဖြစ်ပါတယ်။ အလန်းစားအုပ်ပါးအား လှပဖြစ်ရပါမည်။ နိုင်ငံရဲ့ နိုင်ငံရဲ့ လေ့လာရေးများနှင့် မြန်မာတိုင်းရဲ့ အလန်းစားအုပ်ပါးလိုအပ်ပါတယ်။"

Myanmar Update News

21 Nov, 14:10


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်သည်။
နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်

Myanmar Update News

21 Nov, 14:08


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနား တက်ရောက်ချီးမြှင့် 🇲🇲🇲🇲🇲🇲

Myanmar Update News

21 Nov, 13:20


Breaking News
အစ္စ​ရေးဝန်ကြီးချုပ်ကိုဖမ်းဝရမ်းထုတ်
NOM
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)သည်လ​ပေါင်းများစွာကြန့်ကြာပြီး​နောက်ယ​နေ့တွင်အစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုကိုဖမ်းဝရမ်းထုတ်ပြန်လိုက်သည်။

Myanmar Update News

21 Nov, 09:33


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

အသက်၁၆နှစ်အောက်ကလေးသူယ်များ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ပိတ်ပစ်မည့် ဥပဒေကြမ်းကို ဩစတြေလျ အစိုးရက ပါလီမန်သို့တင်သွင်း


၂၁ နိုဝင်ဘာ ၂၀၂၄
◾️ဩစတြေလျအစိုးရက အသက် ၁၆နှစ်အောက် ကလေးသူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်မယ့် ဥပဒေကြမ်းတစ်လုကို ပါလီမန်သို့တင်လိုက်ပါတယ်။ အဲဒီဥပဒေကြမ်းမှာ ဥပဒေကို စနစ် တကျချိုးဖောက်တဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေကို ဩစတြေလျ ဒေါ်လာ ၄၉.၅သန်း ( အမေရိကန် ဒေါ်လာ ၃၂သန်း) အထိ ဒဏ်ငွေရိုက်လို့ရမယ့် ပြဋ္ဌာန်းချက်လည်းပါဝင်နေပါတယ်။
◾️ဩစတြေလျက အသက်အတည်ပြုတဲ့ စနစ်တစ်ခုကို စမ်းသပ်ကြည့်ဖို့ အစီအစဉ်ရှိနေပါတယ်။ အဲဒီစနစ် မှာ ဘိုင်အိုမက်ထရစ် ဒါမှမဟုတ် အစိုးရရဲ့ သက်သေခံမှုတစ်ခုခု ပါဝင်ပြီး ဒီဥပဒေကြမ်းဟာ ယနေ့ရှိနေ သမျှ ဥပဒေတွေထဲမှာ အပြင်းထန်ဆုံးတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်။
◾️အသက် ၁၆နှစ်ဆိုတဲ့သတ်မှတ်ချက်ဟာ နိုင်ငံတွေရဲ့သတ်မှတ်ချက်တွေထဲမှာ အမြင့်ဆုံးအသက် ကန့် သတ်ချက်လို့ဆိုပါတယ်။ ဥပဒေကြမ်းထဲမှာ “ မိဘရဲ့ခွင့်ပြုချက်တွေ”ဆိုတဲ့ ကင်းလွတ်ခွင့်တွေ၊ ရှိပြီးသား အကောင့်တွေဆိုတဲ့ ကင်းလွတ်ခွင့်တွေ လုံးဝထည့်သွင်းမထားပါဘူး။ အသက် ၁၆ နှစ်ကန့်သတ်ချက်ဟာ ချွင်းချက်မရှိကန့်သတ်ချက်သဘောဖြစ်ပါတယ်။
◾️“ ဒါဟာ မှတ်တိုင်ထူတဲ့ ပြုပြင်ပြောင်းလဲရေးတစ်ခုဖြစ်တယ်။ အချို့ကလေးတွေကတော့ နည်းလမ်းတွေ လှည့်ပတ်ရှာနေကြဦးမှာဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကို သန့်သန့်ရှင်းရှင်းအလုပ်လုပ်ကြဖို့ သတင်းစကားတွေပါးနေပါတယ်” လို့ ဩစတြေလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးစ်က သတင်းထုတ်ပြန်ရာမှာ ပြောကြားထားပါတယ်။
◾️အတိုက်အခံလေဘာပါတီက အဲဒီဥပဒေကြမ်းကိုထောက်ခံမယ်လို့ ပြောလိုက်ပြီး ဂရင်းပါတီနှင့် တစ်သီး ပုဂ္ဂလတွေကတော့ ဖေ့စ်ဘုတ်ခ်ရဲ့ Meta အပေါ် အကြီးအကျယ်ထိခိုက်စေမယ့် အဲဒီ အဆိုပြု ဥပဒေ ကြမ်းနှင့်ပတ်သက်လို့ ပိုပြီးအသေးစိတ်သိလိုတယ်လို့ ပြောကြပါတယ်။
◾️ကလေးသူငယ်တွေအနေနှင့် မက်ဆေ့ချ်ပို့တာသုံးလို့ရဦးမှာဖြစ်ပြီး အွန်လိုင်းဂိမ်းတွေနှင့် ကျန်းမာရေးနှင့် ပညာရေးဆက်စပ်တဲ့ ကိစ္စတွေကိုလည်းသုံးနိုင်မယ်လို့ အယ်ဘန်နီးစ်က ပြောပါတယ်။
❗️❗️❗️❗️

https://yangonmediagroup.com/index.php/local-news/world/k001-21-11-2024-world-ymg

Myanmar Update News

21 Nov, 05:12


ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ၁ ပေခန့်နှင့် ပဲခူးမြို့တွင် ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုး/ဇလ ခန့်မှန်း

#myanmarfocus

Myanmar Update News

21 Nov, 00:29


ယနေ့ စက်သုံးဆီဈေးနှုန်းများ

Myanmar Update News

20 Nov, 14:36


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
နေပြည်တော်၊ နိုဝင်ဘာလ ၂၀ ရက်

Myanmar Update News

20 Nov, 13:32


မြန်မာနိုင်ငံသားများ ဥရောပ ပညာသင်ဆုလျှောက်ထားနိုင်

မာစတာဒီဂရီရသည်အထိ ဥရောပတွင် ပညာသင်ကြားနိုင်မည့် ပညာသင်ဆုကို မြန်မာနိုင်ငံမှ တတ်ရောက်လိုသူများအနေဖြင့် ပါဝင်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ အသိပေးကြေညာထားသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Erasmus Mundus Joint Master Degree (EMJMD) ရယူလိုပါက မိမိလျှောက်ထားလိုသည့် ဘာသာရပ်ပေါ်မူတည်ပြီး ၂၀၂၄ ခုနှစ်အောက်တိုဘာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတင်သွင်းလျှောက်ထားရမည်ဖြစ်သည်။

ပညာသင်ယူလိုသည့် ကျောင်းသားကျောင်းသူများ အနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်ပညာသင်ယူနိုင်မည့် အစီအစဥ်တစ်ခုဖြစ်သလို ဥရောပတွင်လည်း ဘာသာရပ်မျိုးစုံကို လေ့လာနိုင်မည့် အခွင့်အရေးရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးပေးထားသော အဆိုပါအစီအစဥ်တွင် နှစ်စဥ် လျှောက်ထားလာကြသည့်လျှောက်လွှာများထဲမှ ထိပ်တန်းကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ကာ ပညာသင်ဆုကို အပြည့်အဝထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

Myanmar Update News

20 Nov, 08:57


“ပိတောက်ကတဲ့ဂီတ မှာ အတွဲညီခဲ့ကြတဲ့ ဒါရိုက်တာဦးမီးပွါးရယ်၊ Frenzo ထုတ်လုပ်ရေးရယ်၊ သရုပ်ဆောင် ပိုးမမှီသာရယ်၊ DPကိုဖြိုးကျော်ရယ်၊ ကျွန်တော် စိုင်းစိုင်းခမ်းလှိုင်ရယ်. . .
ပြီးတော့ နောက်ထပ်ပါဝင်မယ့် သရုပ်ဆောင်တွေ၊ ပညာရှင်တွေကို ထပ်မံကြေညာသွားပါမယ်။
ကြည်နူးဆွတ်ပျံ့ဖွယ်ရာ အချစ်ကားလေးဖြစ်လာဖို့ အကောင်းဆုံးကြိုးစားပြင်ဆင် ရိုက်ကူးသွားပါမယ်ခင်ဗျာ”ဆိုပြီး Frenzo Production ကနေ တင်ဆက်မယ့် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပထမဆုံးရိုက်ကွင်းပုံလေးနဲ့ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က သူရဲ့ Facebook စာမျက်နှာမှာ ပရိသတ်ကို အသိပေးထားပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးကို “ပဉ္စလက်မိုး”လို့ အမည်ပေးထားပြီး လွန်းထားထားရဲ့ ဝတ္ထုကို အခြေခံထားတယ်လို့လည်း ဖော်ပြထားပါတယ်။

#ပဉ္စလက်မိုး
#Sai Sai Kham Leng
#myanmarfocus

Myanmar Update News

20 Nov, 08:29


❗️❗️❗️❗️

အကြီးအကျယ်လေကြောင်း တိုက်ခိုက်မည်ဟုသတင်းရသဖြင့် ယူကရိန်းမြို့တော်ရှိ အမေရိကန်သံရုံးပိတ်


၂၀ နိုဝင်ဘာ ၂၀၂၄
◾️လေကြောင်းတိုက်ခိုက်မှုကြီးတစ်ခု ပြုလုပ်မယ်လို့ သတင်းရရှိထားတဲ့အတွက် အမေရိကန်က ယူကရိန်း နိုင်ငံ ကိဗ်မြို့တော်မှာရှိတဲ့ ယင်းတို့ရဲ့သံရုံးကိုပိတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဌာနက နိုဝင်ဘာ ၁၀ရက် ဗုဒ္ဒဟူးနေ့က သတင်းထုတ်ပြန်ပါတယ်။
◾️“ အမေရိကန်သံရုံးအနေနှင့် အမေရိကန်နိုင်ငံသားတွေအနေနှင့် လေကြောင်းအချက်ပေးကြေညာပြီ ဆိုတာနှင့် အမိုးအကာတွေအောက် ချက်ခြင်းခိုလှုံဖို့ပြင်ဆင်ထားကြပါ” လို့ သံရုံးက သတင်းထုတ်ပြန်ပါ တယ်။
◾️ယူကရိန်းက အမေရိကန်ရဲ့ ATACMS ဒုံးကျည်အသုံးပြုပြီး ရုရှားပိုင်နက်ကို တိုက်ခိုက်ခဲ့ပြီး တစ်ရက် အကြာမှာ အမေရိကန်သံရုံးရဲ့ သတိပေးချက်ထွက်ပေါ်လာတာပါ။ မကြာမီသက်တမ်းကုန်တော့မယ့် ဂျိုးဘိုင်ဒင်အစိုးရက စစ်ပွဲ ရက်၁၀၀၀ပြည့်နေ့မှာ ယင်းကဲ့သို့အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။
◾️အကယ်၍ ဝါရှင်တန်က အမေရိကန်၊ဗြိတိန်နှင့်ပြင်သစ်ဒုံးကျည်တွေနှင့် ရုရှားအတွင်းပိုင်းကို တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုခဲ့လျှင် ယူကရိန်းစစ်ပွဲမှာ နေတိုးအဖွဲ့ဝင်တွေ တိုက်ရိုက်ပါဝင်ပတ်သက်ပြီလို့ သဘော ထားမှာဖြစ်တဲ့အကြောင်း ရုရှားက သတိပေးထားပါတယ်။

❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/k001-20-11-2024-world-ymg

Myanmar Update News

16 Nov, 01:23


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၂၀၂၄ ခုနှစ် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ဆုချီးမြှင့် 🇲🇲🇲🇲🇲🇲

Myanmar Update News

16 Nov, 01:21


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် ပန်း၊ ရေချမ်း၊ ဆီမီး ထွန်းညှိပူဇော် 🙏🙏🙏

Myanmar Update News

15 Nov, 14:52


တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်သည်။
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ - ၁၅

Myanmar Update News

15 Nov, 14:01


သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးပေါ်တွင် ပံ့သကူ ကောက်သူများပြား

တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) နိုဝင်ဘာ ၁၅ ရက်ညတွင် သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးပေါ်၌ ပံ့သကူကောက်သူများ များပြားလျှက်ရှိကြောင်း သိရသည်။

ဖြတ်သွားဖြတ်လာမော်တော်ယာဉ်များက ပံ့သကူများပစ်ချမည်ကို စောင့်နေသူများကြောင်း မော်တော်ယာဉ်အချို့သာ ပံ့သကူများပစ်ချကြောင်း ဖြတ်သွားဖြတ်လာကားများဖြင့် ပံ့သကူကောက်သူများအတွက် ယာဉ်မတော်တဆမှုအတွက် စိုးရိမ်ရကြောင်း ယဉ်အချို့က အရှိန်လျော့မောင်းသော်လည်း အချို့ယဉ်များမှာ အရှိန်မလျော့ပဲ မောင်းကြောင်းအနီးပတ်ဝန်းကျင် နေသူတစ်ဦးက ပြောသည်။

အဆိုပါ ဧရာဝဏ်လမ်းပေါ်ရှိ ပံ့သကူကောက်သူများအတွက် အရေးပေါ်တစ်ခုခုဖြစ်ခဲ့လျှင် ကူညီရန်အတွက် ပရဟိတကူညီရေးအဖွဲ့က လူနာတင်ကားတစ်စီး စောင့်ကြည့်လျှက်ရှိသည်ကိုလည်း တွေ့ရသည်။

Myanmar Update News

11 Nov, 13:48


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်  ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက် 🙏🙏🙏

Myanmar Update News

11 Nov, 13:48


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်သည်။
နေပြည်တော်၊ နိုဝင်ဘာ - ၁၁

Myanmar Update News

11 Nov, 13:45


လေဖိအားနည်းရပ်ဝန်းအခြေအနေ
====================
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန် ထုတ်ပြန်ချက်
---------------------------------------------
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ် နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ယွန်းယွန်းသို့ ဖြည်းညှင်းစွာ ရွေ့လျား နိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်ကမ်းခြေ/သီရိလင်္ကာနိုင်ငံကမ်းခြေ တို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

မိုး/ဇလ

Myanmar Update News

11 Nov, 12:50


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် ဝန်ကြီးဌာန(၆)ခုမှ ဝန်ထမ်းများ၊ ပြင်ပမီဒီယာများနှင့် အသင်းအဖွဲ့များ စုပေါင်းပါဝင်သည့် (၄၈)ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ တက်ရောက်ရန် ထွက်ခွာ

Myanmar Update News

11 Nov, 06:21


​ပေဂျာများအတွင်း​ပေါက်ကွဲ​စေ​သောပစ္စည်းများဖြင့်​ဖောက်ခွဲခဲ့​ကြောင်းအစ္စ​ရေးဝန်ကြီးချုပ်​ပြောကြား
NOM
အ​မေရိကန်ပြည်​ထောင်စုနှင့်အစ္စ​ရေးစစ်တပ်မှကန့်ကွက်မှုများရှိ​သော်လည်းအစ္စ​ရေး​ထောက်လှမ်း​ရေး​မော့ဆက်သည်​ပေဂျာများအတွင်း​ပေါက်ကွဲ​စေ​သောပစ္စည်းများထည့်ကာဟဇ်ဘိုလာထိပ်တန်းအရာရှိများကိုသတ်ဖြတ်ခဲ့​ကြောင်းအစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုကဝန်ခံ​ပြောကြားလိုက်သည်။အစ္စ​ရေးစစ်တပ်မှကန့်ကွက်သူကိုနံမည်ထုတ်​ဖော်မ​ပြော​သော်လည်းရာထူးမှထုတ်ပယ်ခံလိုက်ရ​သောကာကွယ်​ရေးဝန်ကြီး​ဂေါလန့်ဖြစ်မည်ဟုမီဒီယာများကခန့်မှန်းကြသည်။
စက်တင်ဘာလ၁၇ရက်​နေ့တွင်လက်ဘနွန်နှင့်ဆီးရီးယားရှိ​ပေဂျာများတချိန်တည်း​ပေါက်ကွဲပြီးဟဇ်ဘိုလာ၃၀ဦး၊အရပ်သား၁၂ဦး​သေကာလူ​ပေါင်း၃၅၀၀​ကျော်ဒဏ်ရာရခဲ့သည်။

Myanmar Update News

11 Nov, 04:54


#Local_News
#ငွေစက္ကူများဖျက်သိမ်းရန်၊ဘဏ်များပိတ်သိမ်းရန်မရှိသလို ငွေစက္ကူအသစ်များ
ထုတ်ဝေရန်လည်းအစီအစဉ်မရှိကြောင်း ဗဟိုဘဏ်မှထုတ်ပြန်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
Published 11 November 2024

▪️ မြန်မာ့ငွေစက္ကူများဖျက်သိမ်းရန်နှင့်ဘဏ်များပိတ်သိမ်းရန်လည်းမရှိသလို ငွေစက္ကူအသစ်များထုတ်ဝေခြင်းများပြုလုပ်ရန်အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်လိုက်ကြောင်း သိရသည်။

▪️ လူမှုကွန်ရက်‌ပေါ်ရှိ Facebook Group များတွင် မြန်မာ့ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ်ရှိနေကြောင်း၊ အသစ်များအစားထိုးဖွယ်ရှိနေကြောင်း၊ ဘဏ်များပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စသည်ဖြင့် တည်ငြိမ်လျက်ရှိသောငွေကြေးကဏ္ဍကို ပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကမဖြစ်စေရန်၊
ReadMore>>>https://yangonmediagroup.com/index.php/myanmar/cho-001-11-11-2024

Myanmar Update News

11 Nov, 03:49


Man United 3-0 Leicester (FT)

⚽️Fernandes 17'
🔴Kristensen 38'(Own Goal)
⚽️Garnacho 82'

Credit Photo

Myanmar Update News

11 Nov, 03:46


Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သက်စံ အတွက် ထာဝရ ဝိန့်စိန် မှ USD 5000 voting ပါဝင်

မက္ကဆီကို နိုင်ငံ မှာ ကျင်းပနေတဲ့ Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သက်စံ အတွက် ထာဝရ ဝိန့်စိန် မှ USD 5000 voting ပေးဖို့ ပါဝင်ပေးလာတယ်လို့ သိရပါတယ်။

သက်စံရဲ့ လူငယ်များရဲ့ ပညာရေးနဲ့ ဖွံံ့ဖြိုးရေးအတွက် အကျိုးပြု Project တစ်ခုဖြစ်တဲ့ Voice for Change ရဲ့ Top (10) စာရင်းထဲကို ဝင်ရောက်နိုင်ဖို့အတွက် ထာဝရ ဝိန့်စိန် အဆင့်မြင့် စိန်ရတနာရွှေဆိုင်မှ USD 5,000 ကို Voting ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

သက်စံရဲ့လူမှု ရေးလှုပ်ရှားမှုလုပ်ငန်း ကို တင်ပြထားတဲ့ Voice For Change Video မှာ Top (10) စာရင်းထဲသို့ ဝင်ရောက်ပါက Silver Finalists နဲ့ Gold Winner များအဖြစ် ရွေးချယ်ခံရပါက အမှတ်တရ ဆုတံဆိပ်ရင်ထိုးနှင့်အတူ ဆု ကြေး ငွေချီးမြှင့်ခံရမှာ ဖြစ်ပြီး ရရှိလာသော ဆုကြေးငွေအားလုံးကိုလည်း သက်စံမှ လူငယ်များ ပညာရေးဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် ပြန်လည်လှူဒါန်းအသုံးပြုသွားမှာပဲဖြစ်ပါတယ်။

Myanmar Update News

08 Nov, 16:00


တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ရက်များ ပြောင်းလဲ

၂၀၂၄ ခုနှစ်တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကိုရာသီဥတုအခြေအနေအရ(၁၁.၁၁.၂၀၂၄ မှ ၁၇.၁၁.၂၀၂၄)ရက်နေ့အထိ(၇)တိုင်အဝေရာမီးပုံးပျံကွင်းတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်။

(၉.၁၁.၂၀၂၄)ရက်နေဖွင့်ပွဲနှင့်ညလွှတ်မီးပုံးပျံပြိုင်ပွဲအသင်းအဖွဲ့များကို(၁၁.၁၁.၂၀၂၄)ရက်နေ့သို့ ရွှေ့ဆိုင်းသည်။

(၁၀.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၂.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၁.၁၁.၂၀၂၄ )နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၃.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၂.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၄.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၃.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၅.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၄.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၆.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

(၁၅.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၇.၁၁.၂၀၂၄)ရက်သို့ ရွှေ့ဆိုင်းသည်။

#တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ

Phone~0941008840

Myanmar Update News

08 Nov, 15:30


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
နေပြည်တော် ၊ နိုဝင်ဘာ - ၈

Myanmar Update News

08 Nov, 15:05


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မျူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မျူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေး 🇲🇲🇨🇳

Myanmar Update News

08 Nov, 14:59


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ 🇲🇲🇨🇳

Myanmar Update News

02 Nov, 15:51


❗️❗️❗️❗️❗️
ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်း ကျောင်း၏ကျောင်းအုပ်ဆရာမကြီးနှင့်အတူနေ ဆရာမတစ်ဦးအား သတ်ဖြတ်သည့် ဒုတိယနှစ်ကျောင်းသားကို ဖမ်းမိ
+
Published_2 Nov 2024
ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်း ကျောင်း၏ကျောင်းအုပ်ဆရာမကြီးနှင့်အတူနေ ဆရာမတစ်ဦးအား သတ်ဖြတ်သည့် ဒုတိယနှစ်ကျောင်းသားကို ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရ သည်။

ယနေ့နိုဝင်ဘာလ ၂ ရက်နံနက် ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့ နယ်၊ ရွှေချီရပ်ကွက်၊စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံသင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းရီ (၆၁)နှစ်နေအိမ်၌ အဆိုပါကျောင်းတွင်တက်ရောက်နေသည့်ဒုတိယနှစ်ကျောင်း သားဖြစ်သူ မျိုးမင်းသူ(၁၉) နှစ်ကနေအိမ်အတွင်း ဝင်ရောက်၍ ဆရာမကြီး ဒေါ်ဝင်းရီနှင့်အတူနေ ကျောင်း ဆရာမ ဒေါ်အွန်စော(၂၂)နှစ် တို့အား ဓားဖြင့် ထိုးခုတ်ကာနေအိမ်အတွင်းရှိ စိန် ၁ လုံးပါ တစ်မတ်သား လက်စွပ် ၁ ကွင်း၊ ကာလတန်ဘိုး ၂၄ သိန်းကျပ်ခန့်နှင့် ငွေကျပ် ၁၂ သိန်းခွဲတို့အား လုယက် ယူဆောင်ထွက်ပြေးသွားကြောင်းသိရသည်။
❗️❗️❗️❗️
https://www.facebook.com/100063669945889/posts/pfbid023VVzf6jBgcMyJm6XfQxvwefYZhjrsad2BPsDzwUCF1pGWgAyA2hJWtYnkqPii7dml/
#Yangon_Times/PP

Myanmar Update News

02 Nov, 15:15


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် 🇲🇲🇲🇲🇲🇲

Myanmar Update News

02 Nov, 15:09


ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ် ဆီမီးအားထွန်းညှိပေးခဲ့သည့် နစက ဥက္ကဋ္ဌ

ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားအား ယနေ့ နိုဝင်ဘာ ၂ ရက်ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့တက်ရောက်၍ ဆီမီးထွန်းညှိပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအ မှတ်အခမ်းအနားမင်္ဂလာမုခ်ဦးကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ နစက ဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ကအခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့အထိမ်းအမှတ်အခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံအတွင်းရှိ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများအပါအဝင် လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဘာသာဝင်များ၊ အခြားသောဘာသာဝင်များစုပေါင်းကာ စည်ကားသိုက်မြိုက်စွာကျင်းပခြင်းဖြစ်သည်ဟု ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180569

Myanmar Update News

28 Oct, 12:10


မန်ချက်စတာယူနိုက်တက်အသင်းသည် ရလဒ်ဆိုးများကြောင့် နည်းပြ တန်ဟက် Erik Ten Hag အား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

Myanmar Update News

28 Oct, 11:46


ယာဉ်မောင်းကိုယ်တိုင် ပိုက်ဆံကောက်ခံပါက ပုံနှင့်တကွ တိုင်ကြားနိုင်

YBS ယာဉ်လိုင်းများပေါ်တွင် ယာဉ်မောင်းကိုယ်တိုင် ယာဉ်စီးခကောက်ခံပါက ပုံနှင့်တကွ တိုင်ကြားနိုင်ကြောင်း YRTC မှ သိရသည်။

YBS ယာဉ်လိုင်းအချို့တွင် ယာဉ်အကူများထားရှိခြင်း၊ ယာဉ်မောင်းကိုယ်တိုင် ယာဉ်စီးခကောက်ခံခြင်း၊ YPS စက်များကို ပိတ်ထားမှုများရှိနေကြောင်း YBS စီးခရီးသည်များကဆိုသည်။

" ဒါမျိုးတွေကို လုံးဝခွင့်မပြုထားဘူး။ ခရီးသည်တွေအနေနဲ့ ပုံနဲ့တကွတိုင်ကြားလို့ရပါတယ်။ Call Centre ဖုန်းတွေကို အချိန်ပြည့်ဖွင့်ထားပါတယ်။ စနစ်ဟောင်းကို ပြန်သွားမှာမဟုတ်ဘူး။ အခုသွားနေတဲ့ စနစ်သစ်က တော်တော်လေးကို အဆင်ပြေတယ်။ ခရီးသည်တွေအနေနဲ့ တိုင်ကြားလို့ရပါတယ်။ အရေးလည်းယူနေပါတယ်"ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပေါ်ပြူလာနယူးစ်သို့ ပြော သည်။

YRTC ၏ စီမံခန့်ခွဲမှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ (၂၁) ခု ယာဉ်အစီးရေ (၅၀၀၀) ကျော်ရှိပြီး နေ့စဉ် ယာဉ်အစီး ရေ (၄၀၀၀) နီးပါးပြေးဆွဲနေကာ ခရီးသည်ဦးရေ ၁ ဒသမ ၅ သန်းခန့် နေ့စဉ် ပို့ဆောင် နေကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180052

Myanmar Update News

28 Oct, 10:58


❗️❗️❗️❗️
ဘူတာပလက်ဖောင်းပြင်ဆင်ခြင်း ငါးဘူတာပြီးစီး

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာလာမယ့် နိုဝင်ဘာလအတွင်း DEMU တွဲဆိုင်းအသစ်တွေနဲ့ ပြေးဆွဲနိုင်ဖို့ ဘူတာ ၃၂ဘူတာမှ ပလက်ဖောင်းတွေကို ပြင်ဆင်နေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 28 October 2024
#ဘူတာပလက်ဖောင်းပြင် #မြန်မာ့မီးရထား
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-009-28-10-24
#YMG/NN #Yangon_Times

Myanmar Update News

28 Oct, 10:57


💪💥စိတ်အားတက်ကြွစေတဲ့ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် ၄ သင်တန်းဆင်းပွဲ💥💪

💥တစ်ပတ်စဉ်ပြီး တစ်ပတ်စဉ်တိုင်းမှာ ပိုလက်စောင်းထက်လာကြတဲ့ ပြည်သူ့စစ်မှုထမ်း သားကောင်း အမှတ်စဉ် ၄ ရဲ့ အားရကျေနပ်ဖွယ် ခြိမ့်ခြိမ့်သဲသဲကျင်းပတဲ့ သင်တန်းဆင်းပွဲကြီးမှာ ပျိုမေတို့ ဘယ်လိုပုံစံရိုက်ကူးတင်ဆက်ထားလဲ💥

💥သင်တန်းဆင်း ပြည်ချစ်ညီအစ်ကိုတွေရဲ့ စကားသံတွေနဲ့အတူ သူတို့တွေ ဘယ်လိုမျိုး ခံယူချက်၊ ရည်ရွယ်ချက်တွေရှိကြလဲဆိုတာ မေးမြန်းစပ်စုထားတာမို့ဝင်ရောက်ကြည့်ရှုပေးကြပါဦးနော်❗️💥

ပရိသတ်ကြီးကို ချစ်မြတ်နိုးရပါသော ပျိုမေ~❤️‍🔥

#Pyomayvlog
#ပြည်သူ့စစ်မှု့ထမ်း

Myanmar Update News

27 Oct, 15:20


ပြင်ဦးလွင်မြို့နယ် နဲ့ နောင်ချိုမြို့နယ်ကြား၊ ဂန့်ကော်ကျေးရွာရှိ စစ်သွေးကြွ စခန်းကို တပ်မတော် မှ သိမ်းပိုက်ရရှိခဲ့သည်။

အလားတူ တပ်မတော် စစ်ကြောင်းများသည် ဆက်လက်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေသည်။

#PeopleMedia

Myanmar Update News

27 Oct, 14:17


ပဲခူး-ရန်ကုန် နှင့် ရန်ကုန်-ပဲခူး ခရီးစဉ် အမှတ်(၁၆)အစုန်၊ အမှတ်(၁၅)အဆန် လေအေးစက်တပ်ခေတ်မီ ဒီဇယ်လျှပ်စစ်(DEMU)ရထားခရီးသည် စီးနင်းမှုများပြား၍ ဘူတာများ၌ လက်တန်းပါသံလှေခါးများစီစဉ်ထားရှိသည်။
အောက်တိုဘာ ၂၇

Myanmar Update News

27 Oct, 11:35


AFC U17 ASIAN CUP (SAUDI ARABIA 2025)
(Qualifiers)
.....................
FULL TIME RESULT
Kyrgyz Republic U17 🇰🇬 (1-2) 🇲🇲 Myanmar U17

Myanmar Update News

27 Oct, 08:24


မြန်မာအစားအသောက်များ တရားမဝင် ဝင်ရောက်လာသည့် လမ်းကြောင်းများကို အမေရိကန် စစ်ဆေးမည်

အရည်အသွေး လိုအပ်ချက်ရှိနေသည့် မြန်မာအစားအသောက်များ အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာခြင်းမျိုးရှိနေသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် စစ်ဆေးရေးဌာန(FSIS) က အောက်တိုဘာ (၂၄) ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် အရည်အသွေးလိုအပ်ချက် ရှိနေသည့် အသားထုတ်ကုန်များသည် အမေရိကန် နိုင်ငံတွင် ပေါများလာကြောင်း FSIS က ဆိုသည်။

ထို့ကြောင့် ယင်းအစားအသောက်များကို စားသုံးခြင်းမျိုး မပြုလုပ်ရန်နှင့် မြန်မာအသားထုတ်ကုန်များသည် အမေရိကန် အစားအသောက် ဘေးကင်းလုံခြုံရေး နှင့် စစ်ဆေးရေးဌာန(FSIS)၏ ခွင့်ပြုချက်မရထားသောကြောင့် တရားမဝင် ဝင်ရောက်လာရာလမ်းကြောင်းကို ဆက်လက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု ဖော်ပြထားသည်။

Myanmar Update News

27 Oct, 06:45


ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမတွင် AFC Challenge League ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Myanmar Update News

27 Oct, 04:36


ရွှေတိဂုံစေတီတော်မြတ်ကြီး (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပမည်

Myanmar Update News

27 Oct, 01:12


ယနေ့ စက်သုံးဆီဈေးနှုန်းများ

Myanmar Update News

26 Oct, 14:24


မဒဲကျွန်း ရေနံတင်ချဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ POSCO International Corpotion သည် ရွှေစီမံကိန်းတွင် Shwe Project Subsea System Inspection လုပ်ငန်းများ ဆောင်ရွက်မည်

Myanmar Update News

26 Oct, 13:35


မြန်မာ - တရုတ် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ရှိနေ

မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူး ပေါင်းဆောင်ရွက်ရန် အခြေအနေကို ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia တို့ အောက်တိုဘာ (၂၅) ရက်က ဆွေးနွေးကြကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုတွင် မြန်မာ - တရုတ် မီဒီယာကဏ္ဍ ပိုမိုပူးပေါ င်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန်လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း သာမက ပြ ည်သူအချင်းချင်းပါ ပိုမိုချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိစေရန်အတွက် မီဒီယာကဏ္ဍမှ လိုအပ်သည်များ ကြိုးပမ်းဆော င်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟု ပြန် ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးအပြင် ဒုတိယဝန် ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက် ခဲ့ကြကာ ပြန်ကြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Myanmar Update News

26 Oct, 07:53


#Local_News
#ဝင်္ဂဘော်ဆင်စခန်းမှ ဆင်အမွှာလေး၏ နှစ်လပြည့်မွေးနေ့ပြုလုပ်
++++++++++++++++++++++++++++++++++++++++++++++
Published 26 October 2024
▪️ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးတွင် တည်ရှိသည့်  ဝင်္ဂဘော် ECBTဆင်စခန်း၌  ဆင်အမွှာလေးများဖြစ်သည့် ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ နှစ်လပြည့်မွေးနေ့ကို ယနေ့အောက်တိုဘာ ၂၆ရက်တွင် ယင်းဆင်စခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

▪️ အဆိုပါဆင်အမွှာလေးအား ဆင်စခန်းရှိ အသက်(၂၁ )နှစ်အရွယ်ဆင်မကလေး ပုလဲစန္ဒာမှ ပထမဆုံးအကြိမ်မွေးဖွားခြင်းဖြစ်ပြီး ဩဂုတ်(၂၆) ရက်နေ့၊မနက် ၃နာရီ ၃၈ နာရီအချိန်၌ ဆင်မကလေး( အကြီး) ပုလဲဆင့်နှင့် မနက် ၃နာရီ ၄၂မိနစ် အချိန်၌ ဆင်ထီးကလေး(အငယ်) ကျော်ပုလဲတို့ကို မွေးဖွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

▪️ ယခုအခါ နှစ်လပြည့်မြောက်ပြီဖြစ်သည့်အတွက် အမွှာမောင်နှမ၏(၂)လပြည့်မွေးနေ့အထိမ်းအမှတ်အလှူကို
__________________
Readmore>>>https://yangonmediagroup.com/index.php/myanmar/cho-004-26-10-24

Myanmar Update News

26 Oct, 05:52


မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++
230kV ရွာမဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV ရွာမ-စိန်ပန်းမြိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် (၂၇.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီမှ (၁၃:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များရှိ ရပ်ကွက်နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Myanmar Update News

25 Oct, 17:15


နစကဒုတိယဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံသံအမတ်ကြီးတွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး နေပြည်တော်တွင်တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားအား အောက်တိုဘာ ၂၅ ရက်၌ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

■ Read More - - - >>> https://news-eleven.com/article/296844

Myanmar Update News

25 Oct, 17:14


❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

မြန်မာပြည်မှ တရားမဝင်တင်သွင်းထားသည့် စားသောက်ကုန်(၇)မျိုးကို ရောင်းချခြင်း စားသုံးခြင်းမပြုရန် အမေရိကန် အာဏာပိုင်များ သတိပေးချက်ထုတ်ပြန်

၂၅ အောက်တိုဘာ ၂၀၂၄

▪️အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အစားအသောက်အန္တရာယ်ကင်းရှင်းရေး နှင့်စစ်ဆေးရေး ဌာနက မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းတဲ့ အသားမျိုးစုံနှင့် ကြက်ဘဲစားသောက်ကုန်များ နှင့်ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးတပ်လှန့်မှုတစ်ခုပြုလုပ်ထားတယ်လို့သိရပါတယ်။ အဆိုပါစစ်ဆေးရေးဌာနက မြန်မာနိုင်ငံက အဲဒီအစားအသောက်တွေ အမေရိကန်နိုင်ငံထဲ ဘယ်လိုဝင်ရောက်လာ တယ်ဆိုတာကိုပါ ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။
▪️ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတိပေးတပ်လှန့်ထားတဲ့ မြန်မာနိုင်ငံထုတ် စားသောက်ကုန်တွေဟာ မည်သည့် ရက်စွဲနှင့် ထုတ်သည်ဖြစ်စေ မစားသုံးကြဖို့ နှိုးဆော်ထားပါတယ်။အဲဒီစားသောက်ကုန်တွေက-
“BEST” အမှတ်တံဆိပ် အမဲသားဟင်း ၁၈၀ ဂရမ် စည်သွတ်ဘူး။
“BEST” အမှတ်တံဆိပ် ကြက်သားဒန်ပေါက် ၄၂၅ ဂရမ် စည်သွတ်ဘူး။
ထိမိဂွိ မုန့်ဟင်းခါးအခြောက်အနှစ် ၃၆၉ ဂရမ် စည်သွတ်ဘူး။
“BEST” အမှတ်တံဆိပ် မြန်မာဘဲသွေး ၄၂၅ ဂရမ်စည်သွတ်ဘူး။
အိမ်ချက် မုန့်ဟင်းခါးရည်အနှစ် ၄၀၀ ဂရမ် စည်သွတ်ဘူး။
မင်းသားကြီး ငါးခြောက် ၁၆၀ ဂရမ် အထုတ်။
အိမ်ချက် အုန်းနို့ခေါက်ဆွဲအနှစ် ၄၀၀ ဂရမ် စည်သွတ်ဘူး။
တို့ဖြစ်ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
▪️ဒီစားသောက်ကုန်တွေမှာ ဖွဲ့စည်းမှုအမှတ်လည်းမပါ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စစ်ဆေးထားတဲ့ အမှတ် အသားလည်းမပါဘူးလို့ သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
▪️အဆိုပါ စားသောက်ကုန်တွေကို အာရီဇုန်နာ၊ကာလီဖိုနီးယား၊အိုင်အိုဝါ၊ကန်ဆပ်စ်၊ မာရီလန်း၊ မင်နီဆိုတာ၊ နီဘရာစကာ၊ အိုကလာဟိုးမားနှင့် တက္ကဆပ်တို့မှာရှိတဲ့ လက်လီဆိုင်တွေကို တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ အစား အသောက်စစ်ဆေးရေးဌာနဟာ လက်လီဆိုင်တစ်ဆိုင်မှာ ထောက်လှမ်းစစ်ဆေးမှုတွေပြုလုပ်စဉ် အဲဒီ တရားမဝင် စားသောက်ကုန်တွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ဒီစားသောက်ကုန်တွေစားသုံးလို့ ——
❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/k002-25-10-24-myanmar-ymg

Myanmar Update News

25 Oct, 16:34


လူတစ်ဦးတည်းမှတ်ပုံတင်နှစ်ခုဖြင့်ဘိုင်အိုမက်ထရစ်အချက်အလက်လာလုပ်သူကိုအမှုဖွင့်
NOM၊​အောက်တိုဘာ၂၅၊၂၀၂၄
ရန်ကင်းမြို့နယ်လဝက ကကြီးမှူးပြီးBiometric data​ကောက်သည့်​နေရာသို့​အောက်တိုဘာ လ၂၄ ရက်​နေ့တွင်နိုင်ငံသားစိစစ်ရေးကတ်အမှတ်၉/ပဘန(နိုင်)၃၀၉၆၀၇ကိုင်​ဆောင်သူမဖြိုး​ဝတီ (အဖ-ဦးထွန်း​ငွေ)​ရောက်လာပြီး Biometric data(ဇီဝအချက်အလက်)​ကောက်လို​ကြောင်း​ပြောသဖြင့်တာဝန်ရှိသူတစ်ဦးကပုံစံများဖြည့်ခိုင်း
ပြီးBiometric data​ကောက်ယူ၍ကွန်ပျူတာဖြင့်စစ်​ဆေးခဲ့သည်။
ထိုသို့စစ်​ဆေးခဲ့ရာမဖြိုးဝတီ၏Biometric data ဇီဝအချက်အလက်များသည် ဆိပ်ကြီးခ​နောင်တိုမြို့နယ်လဝကရုံးတွင်Biometric data ​ကောက်ယူခဲ့သည့်နိုင်ငံသားစိစစ်​ရေးအမှတ်၁၂/ဆကခ(နိုင်)၀၃၁၁၂၁၏Biometric dataဇီဝအချက် အလက်များနှင့်တူ​နေသည်ကို​တွေ့ခဲ့ရသည်။တာဝန်ကျဝန်ထမ်းမှအထက်အရာရှိထံအဆိုပါကိစ္စသတင်းပို့​နေစဥ်မဖြိုးဝတီသည်ရုံးအတွင်းမှထွက်​ပြေးသွားခဲ့သည်။ထို့​ကြောင့်ရန်ကင်းလဝကရုံးကရန်ကင်းရဲစခန်းတွင်အမှုဖွင့်ခဲ့ရာရဲစခန်းကရာဇသတ်ကြီးပုဒ်မ၄၂၀/၄၆၈ဖြင့်အမှုဖွင့်အ​ရေးယူထား​ကြောင်းသိရသည်။

Myanmar Update News

25 Oct, 15:47


MGI 2024 မှာ 2nd Runner up ရရှိသွားတဲ့ သဲစုညိမ်း

Miss Grand International 2024 ရဲ့ 2nd Runner up ဆု ကို မြန်မာအလှမယ် သဲစုညိမ်း က ရရှိသွားပြီး ထိုင်းနိုင်ငံ မှာ ကျင်းပတဲ့ Miss Grand International ပြိုင်ပွဲ ကို အလှမယ် သဲစုညိမ်း က အသက် ၁၈နှစ် နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

MGI 2023 မှာ အလှမယ် နီနီလင်းအိမ် က 1st Runner Up ဆု ကို ရရှိခဲ့တာ ဖြစ်ပြီး ယခုနှစ်မှာတော့ အလှမယ် သဲစုညိမ်း က 2nd Runner Up ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

Myanmar Update News

25 Oct, 13:57


ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ရွှေတံဆိပ်ဆုရရှိထား
NOM၊အောက်တိုဘာ ၂၅၊၂၀၂၄

အောက်တိုဘာ၂၄ရက်မှ နိုဝင်ဘာလ ၃ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup ) နှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေ​​လှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships)ကိုအောက်တိုဘာ၂၅ရက်ကကျင်းပခဲ့ရာအမျိုးသားမီတာ၂၀၀၀တွင်မြန်မာ‌​လှေ‌​လှော်ကစားသမားများကပထမ(ရွှေ)တံဆိပ်ဆုကိုဆွတ်ခူးရရှိထား‌​ကြောင်းသိရသည်။
အဆိုပါကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေ​လှော်ပြိုင်ပွဲအမျိုးသားမီတာ၂၀၀၀တွင်ဗိုလ်လုပွဲတွင်အသင်း၁၂သင်းတက်‌​ရောက်ယှဥ်ပြိုင်ခဲ့ရာမြန်မာအသင်းကပထမ(ရွှေ)၊ထိုင်းအသင်းကဒုတိယ(ငွေ)၊တရုတ်အသင်းကတတိယ(ကြေး)တို့ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည့် အားကစားသမားအမျိုးသား၊အမျိုးသမီး ၂၀ဦးတို့သည်ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။

Myanmar Update News

25 Oct, 13:55


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်( ၆ )မှကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား 🇲🇲🇲🇲🇲🇲