HtayOung(OungMarine) @oungmarine Channel on Telegram
HtayOung(OungMarine)
@oungmarine
HtayOung(OungMarine) (English)
Are you looking for a channel that is dedicated to all things marine? Look no further than HtayOung(OungMarine)! This Telegram channel, managed by the username @oungmarine, is perfect for anyone who has a love for the ocean and all the creatures that inhabit it. Whether you are an experienced marine biologist or simply a lover of the sea, this channel has something for everyone. From stunning underwater photographs to informative articles about marine conservation, HtayOung(OungMarine) is your go-to source for all things marine-related. Join our community today and dive into the fascinating world of the ocean with us!
HtayOung(OungMarine)
11 Jan, 15:27
၁၁၊၁၊၂ဝ၂၅ . ၂ဝ၄၅ နာရီ
မကျီးဇင်နှင့် အနီးဆုံးဖြစ်သည့် ရွှေသောင်ယံ ဟိုတယ်တွင် အရေးကြုံလျှင် ထွက်ခွာရနိ ပစ္စည်းများ အသင့်လုပ်ထားသည်မှ အပ ပုံမှန်ရှိနေ
ရွှေသောင်ယံရွာနေသူများအခြေအနေ သတင်းမရပါ
ချောင်းသာ ငွေဆောင်နှင့် ဧည့်သည်များ ပုံမှန်ရှိနေ
ယမန်နေ့ မကျီးဇင်ရွာအတွင်း ဝင်ရောက်လာသည့် AA, PDF များ တပ်နှင့် တိုက်ပွဲဖြစ်ပြီး အကျအဆုံး များကြောင်း
ရခိုင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရ
ကမ်းခြေပတ်လမ်း ပိတ်ဆို့ထားပြီးဖြစ်၍ အကျအဆုံး အလွန်များဖွယ်ရှိ
ဝင်လာစဉ်ကတည်းက အင်အား ထောင်ချီ မရှိနိုင်ပါ
#HtayOung #OungMarine #Magyizin #AyarwadyRegion #RakhineState #fyp
HtayOung(OungMarine)
11 Jan, 12:40
(ဇန်နဝါရီ-၁၁၊ ၂၀၂၅) မြန်မာဟာ အသက်ဘေးအန္တရာယ် အလွန်များတဲ့အတွက် သွားရောက်လည်ပတ်ရန် မသင့်လျော်တဲ့နိုင်ငံစာရင်းဝင်အဖြစ် အမေရိကန်အစိုးရက သက်တမ်းတိုးမြှင့်လိုက်ပါတယ်
အဲ့ဒီလုပ်ဆောင်ချက်ဟာ မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်စေဖို့ လုံခြုံရေးဘေးကင်းတဲ့ ဒေသဖြစ်ကြောင်း သတင်းမှန်များ ဖော်ပြကြရန် အမျိုးသား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗဟိုကော်မတီဥက္ကဌ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးက ဗုဒ္ဓဟူးနေ့ နေပြည်တော် ဝန်ကြီးများ၊ ဝန်ကြီးဌာနများ၊ ခရီးသွားအေဂျင်စီများနဲ့ တွေ့ဆုံစဉ် တိုက်တွန်းအပြီး နောက်တစ်ရက်မှာဖြစ်ပါတယ်။
..
ကမ္ဘာလှည့် ခရီးသည်များလာရောက်လေ့ရှိရာ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ငပလီကို AA တို့သိမ်းယူပြီးနောက်
မင်းဘူးရွှေစက်တော်၊ ပုပ္ပါးနဲ့ ပုဂံညောင်ဦးတို့မှာ တော်လှန်ရေးအရှိန်မြှင့်တင်မှာဖြစ်တဲ့အတွက် ခရီးသွားလာခြင်း သတိပြုရှောင်ရှားကြရန် NUG နဲ့ ဆက်နွယ်တဲ့ ဒေသန္တရ PDF တို့က သတင်းထုတ်ပြန်ပါတယ်
.
..
#HtayOung, #OungMarine #Myanmat_National_Tourism_Developement #NUG #PDFs #fyp
HtayOung(OungMarine)
11 Jan, 12:39
(ဇန်နဝါရီ-၁၁၊ ၂၀၂၅) မြန်မာဟာ အသက်ဘေးအန္တရာယ် အလွန်များတဲ့အတွက် သွားရောက်လည်ပတ်ရန် မသင့်လျော်တဲ့နိုင်ငံစာရင်းဝင်အဖြစ် အမေရိကန်အစိုးရက သက်တမ်းတိုးမြှင့်လိုက်ပါတယ်
အဲ့ဒီလုပ်ဆောင်ချက်ဟာ မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်စေဖို့ လုံခြုံရေးဘေးကင်းတဲ့ ဒေသဖြစ်ကြောင်း သတင်းမှန်များ ဖော်ပြကြရန် အမျိုးသား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဗဟိုကော်မတီဥက္ကဌ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးက ဗုဒ္ဓဟူးနေ့ နေပြည်တော် ဝန်ကြီးများ၊ ဝန်ကြီးဌာနများ၊ ခရီးသွားအေဂျင်စီများနဲ့ တွေ့ဆုံစဉ် တိုက်တွန်းအပြီး နောက်တစ်ရက်မှာဖြစ်ပါတယ်။
..
ကမ္ဘာလှည့် ခရီးသည်များလာရောက်လေ့ရှိရာ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ငပလီကို AA တို့သိမ်းယူပြီးနောက်
မင်းဘူးရွှေစက်တော်၊ ပုပ္ပါးနဲ့ ပုဂံညောင်ဦးတို့မှာ တော်လှန်ရေးအရှိန်မြှင့်တင်မှာဖြစ်တဲ့အတွက် ခရီးသွားလာခြင်း သတိပြုရှောင်ရှားကြရန် NUG နဲ့ ဆက်နွယ်တဲ့ ဒေသန္တရ PDF တို့က သတင်းထုတ်ပြန်ပါတယ်
..
ကိုဗစ် ကူးစက်ကပ်ရောဂါအလွန် ပြီးခဲ့တဲနှစ်မှ စတင်ပြီး ဒေသတွင်း အိမ်နီးချင်း လာအို-ထိုင်း-ဗီယက်နမ်-ကမ္ဘောဒီးယားတို့မှာ ပြည်ဝင်ခွင့် ဗီဇာပြောင်းလဲခြင်း၊ ခရီးသွားများအပေါ် မက်လုံပေး ဆွဲဆောင်မှုများကြောင့် သဲ့ယူသလို ဝင်ငွေရရှိနေပါတယ်။ မြန်မာဟာ အဲ့ဒီ ထောက်ပံ့ပို့ဆောင် ကွင်းဆက်နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
..
ဒါပေမယ့် ပြည်တွင်းစစ် အရှိန်မြင့်တက်လာပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်များ ကျဆုံးခြင်းကြောင့် နစက အစိုးရမှာဝင်ငွေလျော့နည်းလျှက်ရှိနေခိုက် ယခုဖြစ်စဉ်များဟာ သာမန်တိုက်ဆိုင်မှုထက် ပိုမိုလိမ့်မယ်လို့ သတိပြုမိပါတယ်။
..
#HtayOung, #OungMarine #Myanmat_National_Tourism_Developement #NUG #PDFs #fyp
======
HtayOung(OungMarine)
11 Jan, 09:18
(ဇန်နဝါရီ-၁၁၊ ၂ဝ၂၅) ဧရာဝတီတိုင်းအစပ် မကျီးဇင် ရဲစခန်း ကျဆုံးကြောင်း၊
လေကြောင်းတိုက်ခိုက်မှုကြောင့်
မကျီးဇင်ရွာ ပြာကျသွားကြောင်း ငွေဆောင်ဘက်ထွက်ပြေးလာသူ များ‌ပြော
မကျီးဇင်မှ ဘောမိတွင် ကားလမ်းအဆုံးဖြစ်ပြီး ငွေဆောင်သို့ ရေလမ်းဖြင့် လာရောက်နိုင်
ငွေဆောင်အခြေအနေ ပုံမှန်ရှိနေ
#HtayOung #OungMarine #fyp #Rakhine #Ayarwady
HtayOung(OungMarine)
11 Jan, 03:43
(ဇန်နဝါရီ-၁၁၊ ၂၀၂၅) ဧရာဝတီမြစ်က လျှပ်စစ်ထုတ်မယ်ဆိုတာ လေသံပဲ ကြားရသေးတယ်။ ဘယ်နေရာ ဘယ်လိုလုပ်မယ် ဘယ်လောက်ကြာမယ် ဘယ်သူမှ မသိ
..
ခုချိန် အေးအေးဆေးဆေး လုပ်မယ်ဆိုရင် ပြည်မြို့ အောက်ပိုင်းလောက်သာ ရှိမယ်။ နှစ်နှစ်လောက်ကြာမယ်
မြစ်ဝကျွန်းပေါ်ရောက်ရင် ဧရာဝတီဟာ ကမ်းပါးပြိုလွန်းလို့ မြစ်ကြောင်း ပြောင်းတာများတယ်။
..
ဘာမှ မရေရာ မသေချာသေးခင် လေသံဖမ်းပြီး ကန့်ကွက်မယ့်သူက အွန်လိုင်းပေါ် ဆရာကြီးအထာနဲ့ လက်ချာ ရိုက်နေပြီ
..
ဟုတ်တယ် သူ့ အမေ ဇပ က လျှပ်စစ်ထုတ်ရမှာ
..
#HtayOung, #OungMarine #fyp #TikTok_News
HtayOung(OungMarine)
11 Jan, 03:21
(ဇန်နဝါရီ-၁၁၊ ၂၀၂၅) ယမန်နေ့ AA+PDFs တွေ ဝင်လာတဲ မကျီးဇင်ဆိုတာ ငွေဆောင်-ချောင်းသာ အနီးက မကျီးဇင် မဟုတ်ပါ။ ရွှေသောင်ယံနဲ့ ဂွမြို့အကြား ဖဆပလ အစိုးရလက်ထက် ကမ္ဘာ့ပထမဆုံး လေယာဉ်အ ပိုင်စီးမှုဖြစ်ခဲ့ဖူးတဲ့ မကျီးဇင်ရွာ ဖြစ်ပါလိမ့်မယ်။
..
ဇန်နဝါရီ ၆-ရက်နေ့ ဧရာဝတီတိုင်း အနောက်တောင်ဘက်မှာ ထိတွေ့မှုများ အနည်းငယ် ရှိခဲ့ပေမယ့် ပြင်းပြင်း ထန်ထန် မရှိခဲ့ပါ၊ အဲ့ဒီဘက် AA ကလည်း လူ ရာထောင်ချီတဲ့ စစ်ကြောင်းပုံ မရှိပဲ ၁၅ ယောက်မှ ၅၀ ခန့်ပါ အစု အဖွဲ့လေးများဖြစ်ကြောင်း တွေ့မြင်ရပါတယ်။
.
ပြည်ပြေး မီဒီယာများ လော်သလို ရွှေသောင်ယံ မကျီးဇင်ကို AA+PDF အင်အား ထောင်ချီပြီး ကားကြီး ကားငယ်နဲ့ ဝင်နိုင်ခဲ့ရင် ဘယ်လမ်းက လာမလဲဆိုတာ မေးခွန်းထုတ်စရာပါ
..
မကျီးဇင်ရွာဘက်က လူတွေ ပြေးလာကြတယ် ဆိုပေမယ့် ယမန်နေ့ ည သန်းခေါင်အထိ ငွေဆောင် ချောင်းသာ ဘက်မှာ ပုံမှန်ရှိနေပြီး သေနတ်သံ ပစ်ခတ်သံ ကြားရတာလည်း မရှိကြောင်း ပြောကြပါတယ်။
.
..
#HtayOung, #OungMarine #မကျီးဇင် #ချောင်းသာ #ငွေဆောင် #ဂွ_ငါးသိုင်းချောင်း #fyp
===
HtayOung(OungMarine)
11 Jan, 03:20
(ဇန်နဝါရီ-၁၁၊ ၂၀၂၅) ယမန်နေ့ AA+PDFs တွေ ဝင်လာတဲ မကျီးဇင်ဆိုတာ ငွေဆောင်-ချောင်းသာ အနီးက မကျီးဇင် မဟုတ်ပါ။ ရွှေသောင်ယံနဲ့ ဂွမြို့အကြား ဖဆပလ အစိုးရလက်ထက် ကမ္ဘာ့ပထမဆုံး လေယာဉ်အ ပိုင်စီးမှုဖြစ်ခဲ့ဖူးတဲ့ မကျီးဇင်ရွာ ဖြစ်ပါလိမ့်မယ်။
..
ဇန်နဝါရီ ၆-ရက်နေ့ ဧရာဝတီတိုင်း အနောက်တောင်ဘက်မှာ ထိတွေ့မှုများ အနည်းငယ် ရှိခဲ့ပေမယ့် ပြင်းပြင်း ထန်ထန် မရှိခဲ့ပါ၊ အဲ့ဒီဘက် AA ကလည်း လူ ရာထောင်ချီတဲ့ စစ်ကြောင်းပုံ မရှိပဲ ၁၅ ယောက်မှ ၅၀ ခန့်ပါ အစု အဖွဲ့လေးများဖြစ်ကြောင်း တွေ့မြင်ရပါတယ်။
.
ပြည်ပြေး မီဒီယာများ လော်သလို ရွှေသောင်ယံ မကျီးဇင်ကို AA+PDF အင်အား ထောင်ချီပြီး ကားကြီး ကားငယ်နဲ့ ဝင်နိုင်ခဲ့ရင် ဘယ်လမ်းက လာမလဲဆိုတာ မေးခွန်းထုတ်စရာပါ
..
မကျီးဇင်ရွာဘက်က လူတွေ ပြေးလာကြတယ် ဆိုပေမယ့် ယမန်နေ့ ည သန်းခေါင်အထိ ငွေဆောင် ချောင်းသာ ဘက်မှာ ပုံမှန်ရှိနေပြီး သေနတ်သံ ပစ်ခတ်သံ ကြားရတာလည်း မရှိကြောင်း ပြောကြပါတယ်။
..
သာပေါင်းမြိ့နယ်အတွင်းနဲ့
ပုသိမ်-ချောင်းသာလမ်း မကျီးဇင်ရွာ
ပုသိမ်-ငွေဆောင်လမ်း ဘောမိဘက်မှာ တိုက်ပွဲဖြစ်ထာ မှန်ရင် အဲ့ဒီဘက် အပန်းဖြေနေကြသူတွေ အလုံးအ ရင်းနဲ့ ထွက်ပြေးလာကြမှာ သေချာပါတယ်။ ဘယ်လိုမှ ဖုံးဖိလို့ မရတဲ့ ကိစ္စပါ။ ယနေ့ နံနက် .ယခု စာရေးနေချိန်အထိ လူအပြည့် ပုံမှန်ပါပဲ
.
လွန်ခဲ့တဲ့ ၅-ရက်ခန့်က ထိတွေ့မှုဖြစ်တယ်ဆိုတဲ့ ဘောဓိဟာ ဂွ-ငါးသိုင်းချောင်းလမ်း ရခိုင်ပြည်နယ်ထဲမှာပါ။
..
ဧရာဝတီတိုင်းနယ်စပ် လဝကနဲ့ ရဲကင်းသာရှိတဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို လုံခြုံရေးအရ ခေတ္တ ရုတ်သိမ်း ထားပြီး ဇန်နဝါရီ ၉-ရက်နေ့ ညနေပိုင်းမှာ ပုံမှန် ပြန်လည်ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။
..
ဂွဘက်က တပ်တွေ ဆုတ်လာပြီး မြောက်စမ်း ၃၄၄ မှာ စုဖွဲ့နေတယ်ဆိုတာလည်း မြေပြင်မှာ အမှန်တကယ် မတွေ့ရကြောင်း၊ ကျုံပျော် ရေကြည်ဘက်နဲ့ ပုသိမ်ဘက်မှ တပ်များ တင့်ကား သံချပ်ကာကားတွေပဲ သာပေါင်း ဘက်ကို ဦးတည်သွားနေကြောင်း၊ ရွှေသောင်ယံအနောက်ဖက် ပင်လယ်ပြင်မှာ ရေတပ်စစ်သင်္ဘောအများ အပြားရောက်ရှိကြောင်း သိရှိပါတယ်။
..
#HtayOung, #OungMarine #မကျီးဇင် #ချောင်းသာ #ငွေဆောင် #ဂွ_ငါးသိုင်းချောင်း #fyp
===
HtayOung(OungMarine)
10 Jan, 17:27
ဇန်နဝါရီ-၁၀၊ ၂၀၂၅) ဒီနေ့ ဧရာဝတီတိုင်း အနောက်တောင်ဘက် မကျီးဇင်ရွာခံအချို့ တောင်ဘက်ကို ပြေးလာကြတယ်။
..
AA, PDFs တို့က မကျီးဇင်ရဲစခန်း တိုက်နယ်ဆေးရုံနဲ့ အထကကျောင်းတို့ကို သိမ်းလိုက်ပြီလို့ သတင်းထွက် တယ်။ အဲ့ဒီဘက်မှာ မကျီးဇင်က နာမည်တူ ၂-ရွာ ရှိပါတယ်။ ဂွနဲ့ ရွှေသောင်ယံကြား တစ်ရွာ၊ ရွှေသောင်ယံ-ချောင်းသာ အကြား အရှေ့ဘက်လောက်မှာ တစ်ရွာပါ။
..
ဒါပေမယ့် ထူးခြားတာက ချောင်းသာနဲ့ ငွေဆောင်က ဒီအကြောင်း ဘာမှ မသိတာပဲ၊ ဧည့်သည်တွေလဲ ဝင်ထွက် မပြတ်ရှိနေပြီး ပုံမှန်အတိုင်းပါပဲ၊ ဆိုတော့ ပုသိမ် ချောင်းသာကားလမ်းအနီးမှ မကျီးဇင် မဖြစ်နိုင်တာ သေချာပါတယ်။
..
နာရီအနည်းငယ်ကြာပြီး ထပ်မံသိရတာက ရွှေသောင်ယံအနီးမှာ တပ်က အကြီးစားစစ်ကြောင်းထိုးနေပုံရ ခြင်းပါ။ ပင်လယ်ဘက်မှ စစ်သင်္ဘောအများအပြားအပြင် ဂွနဲ့ ငါးသိုင်းချောင်းဘက်မှ တပ်များ၊ ဂွမြို့ နယ်အစပ်မှ တောင်ဘက် သာပေါင်းမြို့နယ်တဝှိုက် ရှင်းလင်းလာပုံရပါတယ်။ တင့်ကားများ သံချပ်ကာယာဉ်များ၊ လက်နက်ကြီးများ အပြည့်အစုံပဲလို့ ဆိုပါတယ်။
..
အမှန်တော့ ဂွမြို့ဘက်မှာ တိုက်ပွဲအရှိန်လျော့ကျနေတာ ၃-၄ ရက်မက ရှိခဲ့ပါပြီ။
..
#HtayOung, #OungMarine #ဂွမြို့ #ငါးသိုင်းချောင်း #မကျီးဇင် #Myanmar_Military #fyp
HtayOung(OungMarine)
10 Jan, 17:25
ဇန်နဝါရီ-၁၀၊ ၂၀၂၅) ဒီနေ့ ဧရာဝတီတိုင်း အနောက်တောင်ဘက် မကျီးဇင်ရွာခံအချို့ တောင်ဘက်ကို ပြေးလာကြတယ်။
..
AA, PDFs တို့က မကျီးဇင်ရဲစခန်း တိုက်နယ်ဆေးရုံနဲ့ အထကကျောင်းတို့ကို သိမ်းလိုက်ပြီလို့ သတင်းထွက် တယ်။ အဲ့ဒီဘက်မှာ မကျီးဇင်က နာမည်တူ ၂-ရွာ ရှိပါတယ်။ ဂွနဲ့ ရွှေသောင်ယံကြား တစ်ရွာ၊ ရွှေသောင်ယံ-ချောင်းသာ အကြား အရှေ့ဘက်လောက်မှာ တစ်ရွာပါ။
..
ဒါပေမယ့် ထူးခြားတာက ချောင်းသာနဲ့ ငွေဆောင်က ဒီအကြောင်း ဘာမှ မသိတာပဲ၊ ဧည့်သည်တွေလဲ ဝင်ထွက် မပြတ်ရှိနေပြီး ပုံမှန်အတိုင်းပါပဲ၊ ဆိုတော့ ပုသိမ် ချောင်းသာကားလမ်းအနီးမှ မကျီးဇင် မဖြစ်နိုင်တာ သေချာပါတယ်။
..
နာရီအနည်းငယ်ကြာပြီး ထပ်မံသိရတာက ရွှေသောင်ယံအနီးမှာ တပ်က အကြီးစားစစ်ကြောင်းထိုးနေပုံရ ခြင်းပါ။ ပင်လယ်ဘက်မှ စစ်သင်္ဘောအများအပြားအပြင် ဂွနဲ့ ငါးသိုင်းချောင်းဘက်မှ တပ်များ၊ ဂွမြို့ နယ်အစပ်မှ တောင်ဘက် သာပေါင်းမြို့နယ်တဝှိုက် ရှင်းလင်းလာပုံရပါတယ်။ တင့်ကားများ သံချပ်ကာယာဉ်များ၊ လက် နက်ကြီးများ အပြည့်အစုံပဲလို့ ဆိုပါတယ်။
..
အမှန်တော့ ဂွမြို့ဘက်မှာ တိုက်ပွဲအရှိန်လျော့ကျနေတာ ၃-၄ ရက်မက ရှိခဲ့ပါပြီ။ တပ်ဒရုန်းတွေကို ဂွမှ ကျိန်တ လီတလျှောက် မြင်တွေ့နေရတယ်လို့လည်း ကြားသိရပါတယ်။ အွန်လိုင်းမှာ အကြိမ်ကြိမ် အလံဖြူထောင် နေရတဲ့ ၅၆၂- ၅၆၃ လည်း ပုံမှန်ပဲ တမခ xx နဲ့ xx က တပ်တွေလဲ ဒီအတိုင်းပါပဲ
.
ယမန်နေ့ ကျုံပျော် ရေကြည်ဘက်မှ စစ်သည်တင်ယာဉ်များဟာ ငါးသိုင်းချောင်း ၃၄၄ နဲ့ ဂွဘက်သို့ အဆက် ပြတ်ဦးတည်သွားနေပြီး ယနေ့မှာတော့ ရိက္ခာနဲ့ ခဲယမ်းတင်ဖြစ်ဟန်ရှိတဲ့ ယာဉ်များကို တွေ့မြင်နေရတယ်လို့ ပြောကြပါတယ်။
.
လွန်ခဲ့တဲ့ ၃-ရက် ရွှေသောင်ယံအပိုင် ပေါက်တူးကွင်းရွာအနီးမှာ AA+PDFs ၄၀ ခန့်ကို အလောင်းလက်နက်ရ လိုက်ကြောင်း ယမန်နေ့ ကျွန်တော်ဖော်ပြခဲ့ပြီးပါပြီ
..
ဒီအတိုင်းဆို ရခိုင်နဲ့ ဧရာဝတီတိုင်း ဒေသကြီး နှစ်ခုစပ်ကြား တပ်က အင်အားအလုံးအရင်းနဲ့ လှုုပ်ရှားနေပုံ ရပါတယ်။ ဝက်သေရွာအနီးမှ တိမ်းရှောင်လာတဲ့ AA+PDFs တို့ကို မကျီးဇင်ရွာခံတွေ ကြောက်လန့်တကြား ဖြစ်ကြရဟန်တူပါတယ်။
.
မကျီးဇင်ဆိုတာကလည်း ဧရာဝတီတိုင်း ရွှေသောင်ယံနဲ့ ရခိုင်ပြည်နယ် ဂွမြို့အကြား KNDO ဗိုလ်စော ကျော်အေးတို့ ကျေးဇူးနဲ့ ကမ္ဘာ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကြီး ဖြစ်ပွားခဲ့တဲ့ သောင်ပြင်ကြီး အနီးမှာပေါ့၊
..
ပုသိမ်နဲ့ ၆-နာရီခရီးလောက် လမ်းကြမ်းပဲ ပေါက်တယ်။
..
#HtayOung, #OungMarine #ဂွမြို့ #ငါးသိုင်းချောင်း #မကျီးဇင် #Myanmar_Military #fyp
HtayOung(OungMarine)
10 Jan, 06:03
(ဇန်နဝါရီ-၁၀၊ ၂၀၂၅) ယမန်နေ့ နေ့လည် ၁-နာရီခန့် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ ခန့်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိကြောင်း သိရှိရ တယ်။ ရခိုင်- ကမန်နဲ့ မွတ်စလင်အများစု နေထိုင်ရာ ရွာကြီးဟာ အချိန်တိုအတွင်း ပြင်းထန်စွာ မီးလောင်ကျွမ်းပြီး အိမ်ခြေ ၅၀၀ ကျော် ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။
..
လွန်ခဲ့တဲ့ရက် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်လာသူများရဲ့ မာန်အောင်မှ ကျောက်နီမော်အကြား ကုန်စည်စီးဆင်းမှု ပြုလုပ်နေကြောင်း သတင်းအရ တပ်မတော်က ယခုလို တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ ခန့်မှန်းပြော ဆိုကြပါတယ်။
.
ဒါပေမယ့် အဲ့ဒီ နောက်ကွယ်မှာ ဒီထက်ပိုမို ရှုတ်ထွေးတဲ့ အချက်များ ရှိနေနိုင်ပါတယ်။
.
ကျောက်နီမော်ဟာ ဘင်္ဂလားပင်လယ်အော်ကမ်းခြေရွာဖြစ်တယ်ဆိုပေမယ့် ရမ်းဗြဲကျွန်းရဲ့ အရှေ့တောင်ဘက်စွန်း လှိုင်းလေကွယ်ရာနေရာမှာ တည်ရှိပါတယ်။
.
#HtayOung #OungMarine #Kyauk_Ni_Maw #Rakhine #Myanmar #AA #Myanmar_Army #fyp
===
HtayOung(OungMarine)
10 Jan, 06:02
(ဇန်နဝါရီ-၁၀၊ ၂၀၂၅) ယမန်နေ့ နေ့လည် ၁-နာရီခန့် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ ခန့်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိကြောင်း သိရှိရ တယ်။ ရခိုင်- ကမန်နဲ့ မွတ်စလင်အများစု နေထိုင်ရာ ရွာကြီးဟာ အချိန်တိုအတွင်း ပြင်းထန်စွာ မီးလောင်ကျွမ်းပြီး အိမ်ခြေ ၅၀၀ ကျော် ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။
..
လွန်ခဲ့တဲ့ရက် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်လာသူများရဲ့ မာန်အောင်မှ ကျောက်နီမော်အကြား ကုန်စည်စီးဆင်းမှု ပြုလုပ်နေကြောင်း သတင်းအရ တပ်မတော်က ယခုလို တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ ခန့်မှန်းပြော ဆိုကြပါတယ်။
.
ဒါပေမယ့် အဲ့ဒီ နောက်ကွယ်မှာ ဒီထက်ပိုမို ရှုတ်ထွေးတဲ့ အချက်များ ရှိနေနိုင်ပါတယ်။
.
ကျောက်နီမော်ဟာ ဘင်္ဂလားပင်လယ်အော်ကမ်းခြေရွာဖြစ်တယ်ဆိုပေမယ့် ရမ်းဗြဲကျွန်းရဲ့ အရှေ့တောင်ဘက်စွန်း လှိုင်းလေကွယ်ရာနေရာမှာ တည်ရှိပါတယ်။
.
(ရမ်းဗြဲကျွန်း) ကျောက်ဆောက်၊ မအီနဲ့ အမ်းမြို့တို့အကြား တြိဂံသဖွယ်ဖြစ်နေတဲ့ ဧရိယာဟာ AA တို့ အဓိက ခြေကုတ်ယူရာနေရာဖြစ်ပါတယ်။ အချို့နေရာများမှာ သဘာဝအလျောက် ကျောက်လှိုဏ်ဂူများ တည်ရှိနေပြီး ဝေဟင် ထောက်လှမ်းဖို့ ခက်ခဲတယ်လို့ ပြောကြပါတယ်။
..
ဦးသိန်းစိန် အစိုးရခေတ် လူမျိုးရေး အဓိကရုန်းအစပြုရာအဖြစ် လူသိများတဲ့ ကျောက်နီမော်မှ ရမ်းဗြဲကျွန်း အနောက်ပိုင်းကို ရေလမ်းဆန်တက်ခဲ့ရင် အဲ့ဒီ တြိဂံနယ်မြေကို ရောက်ရှိပါတယ်။ လမုမြစ်ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ချောင်းများကို ရေတက်ရေကျစောင့်ပြီး ဖြတ်ခဲ့ရင် ကျောက်ဖြူမြို့နယ် တရုတ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတည်ရှိရာ ရမ်းဗြဲကျွန်းမြောက်ပိုင်း မဒေးကျွန်းတစ်ဝှိုက်ကို လှိုင်းလေဒဏ် မခံရပဲ အလွယ် တကူ ရောက်ရှိနိုင်ပါတယ်။ ရေတပ်အင်အား ချိုတဲ့ပြီး ကုန်းပိုင်းတိုက်ခိုက်ရေးကို အားပြုနေရတဲ့ AA အတွက် အလွန် ဆီလျော်လှပါတယ်။
.
ပေကျင်းရဲ့ ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံမှုများ တည်ရှိရာဖြစ်သည့်တိုင် ကျောက်ဖြူမြို့ကို မရမနေ သိမ်းယူရမှာပဲလို့ AA က ကြွေးကြော်နေပြီး တရုတ်ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း အဲ့ဒီနယ်မြေမှာ ရောက်ရှိ နေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
.
#HtayOung #OungMarine #Kyauk_Ni_Maw #Rakhine #Myanmar #AA #Myanmar_Army #fyp
===
HtayOung(OungMarine)
10 Jan, 01:48
(ဇန်နဝါရီ-၁၀၊ ၂၀၂၅) တိုင်းပြည်တစ်ပြည် လူ့အဖွဲ့အစည်းကြီးတစ်ရပ်ဆိုတာ PUBG ဂိမ်းကစားသလို အချိန်တိုအတွင်း လိုသလို တည်ဆောက်လို့ မရပါ
..
အခု သူတို့ပြောနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးဆိုတာ သူတို့အဖိုးအရွယ် ကျွန်တော် ကိုယ်တိုင် ရေးရေးမှ မမြင်မိပါ၊ တိုင်းပြည်တစ်ပြည်ရဲ့ လူ့အဖွဲ့အစည်းကို ပညာနဲ့ တည်ဆောက်ပြီး တရား ဥပဒေနဲ့ စည်းနှောင်ထားဖို့ ပျက်ကွက်ခြင်းရဲ့ ရလဒ်ဖြစ်တယ်
.
ခုနေ ချက်ချင်း တိုင်းပြည် ငြိမ်းချမ်းသွားရင်တောင် လာမယ့် ဆယ်စုနှစ်များအတွင်း ကျွန်တော်တို့နိုင်ငံ လူမျိုးစု အသီးသီးရဲ့ အဓိကအကျဆုံး ပြဿနာက လူသားရင်းမြစ် လျော့နည်းမှု အထူးသဖြင့် ယောက်ျားဦးရေ ကျဆင်းသွားမှု ဖြစ်လိမ့်မယ်။
ကိုဗစ်- ကိုစစ်နဲ့ စီးပွားရေးအခြေခံအုတ်မြစ်များ ပြိုလဲနေတဲ့ တိုင်းပြည်ဟာ လူမျိုးစုနဲ့ ဒေသန္တရစစ်ဘုရင် ငယ်အသီးသီးတို့ မင်းမူရာ နယ်မြေများအသွင် အစိတ်စိတ်အမွှာမွှာဖြစ်ဖို့သာ ရှိပါတယ်။
စစ်ရံပုံငွေအတွက် ဘိန်းစိုက်ပျိုးခြင်း စိတ်ကြွဆေးကုန်ကူးခြင်းများ တွင်ကျယ်ပြီး စားဝတ်နေရေးအခက်အခဲဟာ ကျွန်တော်တိ့ု သားသမီး အရွယ်ကောင်း မိန်းမပျိုလေးတို့ရဲ့ စာရိတ္တကို နှဲ့ဖြိုပါလိမ့်မယ်။
.
မြေးအရွယ် ကလေးတွေပါ သူပုန်လုပ်ကုန်ကြပြီ
ရာနှုန်းအများဆုံးဖြစ်သည့်တိုင် ဗမာတစ်မျိုးသားလုံး အရှက်ရစရာဖြစ်ရပြီး
အမျိုးဂုဏ် ဇာတ်ဂုဏ်အပေါ် တိုင်းတစ်ပါးနဲ့ လူမျိုးစုသူပုန်တို့က စော်ကားချင်တိုင်း စော်ကားနေကြတယ်၊
.
ဘယ်လိုပြန်လည် စုစည်း တည့်မတ်ကြမလဲ။ ဘယ်သူတွေက တာဝန်ယူ ဆောင်ရွက်ကြမလဲ
.
.
#HtayOung #OungMarine #Myanmar
.
HtayOung(OungMarine)
09 Jan, 07:44
(ဇန်နဝါရီ-၉၊ ၂၀၂၅) အမေရိကန်ဦးဆောင် နေတိုးနိုင်ငံများ၏ လစ်ဗျား R2P နောက်ဆက်တွဲ စစ်ရာဇဝတ်မှု၊ ကဒါဖီအလွန် ပြည်တွင်းစစ်ဖြစ် ပြိုကွဲလျှက်ရှိသော တိုင်းပြည်တွင် အနောက်နိုင်ငံ အထူးတိုက်ခိုက်ရေးတပ်နှင့် CIA များ ခြေပုန်းခုတ်လျှက်ရှိ #HtayOung #OungMarine
HtayOung(OungMarine)
09 Jan, 07:43
လစ်ဗျားနိုင်ငံ R2P စစ်ရေးစွက်ဖက်ခွင့် UNSC ရဲ့ ဆုံးဖြတ်ချက်မှာ နေတိုးအနေနဲ့လေကြောင်းမှ အရေးယူ ရန် သာဖြစ်ပြီး မြေပြင်စစ်တပ်များ Ground Operation လှုပ်ရှားခွင့် မပါရှိခဲ့ပါဘူး၊ ဒါပေမယ့် CIA စစ်သူလျှိုများ၊ အ နောက်နိုငံ စစ်အကြံပေးများ အထူးတိုက်ခိုက်ရေးအဖွဲ့များဟာ အဲ့ဒီအချိန်တည်းက လစ်ဗျားနိုင်ငံအတွင်း ရောက်ရှိနေပြီး ခုခံရေးသူပုန်များကို တရားမဝင် စစ်သင်တန်း‌ပေးခြင်း၊ ထောက်ပံ့မှုများနဲ့ ပုန်းခုတ်လှုပ်ရှားခဲ့ ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဗြိတိန် SBS တို့လို အနောက်နိုင်ငံ အထူးတိုက်ခိုက်ရေး တပ်များလည်း ပါဝင်ခဲ့ကြောင်း ယခုဖြစ်ရပ်ကြောင့် လူသိထင်ရှား ဗူးပေါ်သလို ပေါ်လာခဲ့ရပါတယ်။
..
#HtayOung #OungMarine #အမေရိကန်ဦးဆောင်နေတိုးနိုင်ငံများ #လစ်ဗျား_R2P #ဗြိတိသျှ_အမြန်ဘုတ်ချီအထူးတပ်ဖွဲ့ #SBS
#ဗြိတိသျှ_လေကြောင်းချီအထူးတပ်ဖွဲ့ #လစ်ဗျား_R2P #SAS
HtayOung(OungMarine)
09 Jan, 07:43
(ဇန်နဝါရီ-၉၊ ၂၀၂၅) အမေရိကန်ဦးဆောင် နေတိုးနိုင်ငံများ၏ လစ်ဗျား R2P နောက်ဆက်တွဲ စစ်ရာဇဝတ်မှု၊ ကဒါဖီအလွန် ပြည်တွင်းစစ်ဖြစ် ပြိုကွဲလျှက်ရှိသော တိုင်းပြည်တွင် အနောက်နိုင်ငံ အထူးတိုက်ခိုက်ရေးတပ်နှင့် CIA များ ခြေပုန်းခုတ်လျှက်ရှိ
===
လွန်ခဲ့တဲ့ ၂ နှစ်က လစ်ဗျားနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ SBS ခေါ် ဗြိတိသျှ အမြန်ဘုတ်ချီအထူးတပ်ဖွဲ့ ဝင်အချို့ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ BBC (8 January 2025) ကရေးသားပါတယ်။
..
ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး သတင်းဖော်ပြခဲ့သူက လန်ဒန်အခြေစိုက် “ဒေးလီးမေးလ်” သတင်းစာဖြစ်ပြီး စုံစမ်းစစ်ဆေးခံရသူများမှာ လစ်ဗျားနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ SBS တပ်ဖွဲ့ဝင် ၅-ဦးဖြစ်ကြောင်း၊ အ ကြမ်းဖက်သမား သံသယရှိသူကို ကားနဲ့ နောက်ယောင်ခံလိုက်ပြီး သေနတ်နဲ့ပစ်ဿတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ လူဿတ်မှု ကျူးလွန်ရာ ရောက်-မရောက် ဗြိတိသျှစစ်ရဲများက စစ်ဆေးနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
..
ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာန (MoD) ကတော့ အထူးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးပါဘူး။ ၂၀၁၁-ခုနှစ် အာဏာရှင်ဖယ်ရှားရေးနဲ့ အဲ့ဒီနောက်ပိုင်း လစ်ဗျားနိုင်ငံအတွင်း ဗြိတိန်စစ်တပ်ရဲ့ စစ်ဆင်ရေးလုပ်ဆောင်နေပုံအကြောင်း လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးမှုဟာ လအနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း၊ စစ်ခုံရုံးနဲ့ စစ်ဆေးဖို့ လွှဲပြောင်းပေးခြင်း မရှိသေးပဲ စွဲချက် တင်ထား ခြင်းလည်း မရှိသေးကြောင်း သတင်းရရှိပါတယ်။
..
ဗြိတိသျှ အမြန်ဘုတ်ချီအထူးတပ်ဖွဲ့ SBS ဟာ SAS လို့ခေါ်တဲ့ ဗြိတိသျှ လေကြောင်းချီအထူးတပ်ဖွဲ့မျိုးလို တိုက်ခိုက်ရေး အထူးတပ်ဖွဲ့နှစ်ခုအနက်မှ တစ်ခုဖြစ်ပါတယ်။ တော်ဝင် မရိန်းတပ်များမှ သင့်လျော်သူများကို အဓိက ရွေးချယ်လေ့ကျင့်ပေးထားပြီး ဗြိတိသျှတပ်မတော်ရဲ့ အမိန့်ညွှန်ကြားချက်များအရ လှုပ်ရှားတာဝန် ထမ်းဆောင်ကြပါတယ်။
..
ဗြိတိသျှအထူးတိုက်ခိုက်ရေးစစ်သည်များရဲ့ အမြင့်မားဆုံး စံနှုန်းများအတွက် တစ်ကမ္ဘာလုံးက လေးစားကြ ကြောင်း၊ စံနှုန်းသတ်မှတ်ချက်များနဲ့ မကိုက်ညီတဲ့ မည်သူ့ကိုမဆို ထုတ်ပယ်ခြင်းအပါအဝင် သင့်လျော်သလို အရေးယူမည်ဖြစ်ကြောင်း MoD ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
..
၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်း အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်း တိုင်းပြည်များမှာ “ အာရပ်နွေဦး လှုပ်ရှား မှု” ပေါ်ပေါက်ခဲ့ပါတယ်။ စီးပွားရေးုတုန့်ဆိုင်းမှုနဲ့ အကျင့်ပျက်ခြစား အစိုးရဆန့်ကျင်ရေး တူနီးရှားနိုင်ငံမှ စတင်လိုက်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေဟာ “အာဏာရှင်ဖယ်ရှားရေး” လူထုအုံကြွမှုအသွင်ပြောင်းလဲလာခဲ့ပြီး လက်နက်ကိုင် ပုန်ကန်သည်အထိ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆီးရီးယားနဲ့ ဘာ ရိန်းနိုင်ငံများတိုင်အောင် အာရပ်ကမ္ဘာအတွင်း ကူးစက်သွားပါတယ်။
..
အာဖရိမြောက်ပိုင်း လစ်ဗျားနိုင်ငံမှာ ၂၀၁၁-ခုနှစ် ဗိုလ်မှူးကြီး မွမ်မာကဒါဖီ ဖယ်ရှားရေး ကန့်ကွက်ဆန္ဒပြသူများ အပေါ် အစိုးရလုံခြုံရေးတပ်များက ပြင်းထန်စွာ ပစ်ခတ်လူစုခွဲ နှိမ်နင်းခဲ့ပါတယ်။ ကဒါဖီသစ္စာခံတပ်များက ဆန္ဒ ပြပြည်သူများအပေါ် တိုက်ခိုက်မှုကို အဆုံးသတ်ရေး၊ ပစ်ခတ်မှုများ ရပ်စဲရေး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် ရာ ရောက်ရှိတဲ့ ရာဇဝတ်မှုများ တားဆီးရေးကို အကောင်အထည်ဖော်ဖို့အတွက် လစ်ဗျားနိုင်ငံအတွင်း စစ်ရေး အရ ဝင်ရောက်စွက်ဖက်ရန် အဲ့ဒီနှစ် မတ်လ ၁၉-ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၉၇၃ ကို ချမှတ်ခဲ့ပါတယ်။ လစ်ဗျားဝေဟင်အတွင်း No-Fly Zone လေယာဉ်မပျံ သန်းရဇုန် သတ်မှတ် ခြင်း၊ ကဒါဖီနဲ့ ထောက်ခံသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်းများနဲ့အတူ ဗီတိုကန့်ကွက်မပါ ကြားနေမဲ ၅-မဲ၊ ထောက်ခံ ၁၀-မဲနဲ့ အတည်ပြချက်အရ အမေရိကန်ဦးဆောင် ပြင်သစ်၊ ဗြိတိန် NATO နေတိုး ညွန့်ပေါင်း လေ တပ်တိုက်လေယာဉ်များက လစ်ဗျားနိုင်ငံအတွင်း စစ်ရေးထိုးစစ်ဆင်ခဲ့ပါတယ်။
..
၇-လကျော်အတွင်း ရလဒ်အနေနဲ့ ကဒါဇီအသတ်ခံရခြင်း၊ လစ်ဗျားတပ်မတော် ပျက်ပြားခြင်းနဲ့အတူ လစ်ဗျား နိုင်ငံပြိုကွဲပြီး သဘောကွဲလွဲတဲ့ ပြည်သူအချင်းချင်းအကြား ပြင်းထန်စွာတိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ နိုင်ငံ့အရှေ့အနောက် စင်ပြိုင်အစိုးရ ၂-ရပ်အပြင် အစ္စလာမ်မစ်စတိတ် IS တို့လို အစွန်းရောက် အကြမ်းဖက်အဖွဲ့များ၊ လက်နက်ပြ အုပ်ချုပ်တဲ့ ဒေသန္တရစစ်ဘုရင်ငယ်များလည်း မှိုလို ပေါက် လာကြပါတယ်။ လူ ၄-သိန်းနီးပါးသေဆုံးရပြီး ၁၂-သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အဲ့ဒီအနက် ၆-သန်းခန့်ဟာ ပြည်တွင်းမှာ လှည့်ပတ် စစ်ဘေးရှောင်နေရပါတယ်။
..
ကုလသမဂ္ဂရဲ့ R2P ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ မဟာမိတ်တိုင်းပြည်များရဲ့ အကျိုးစီးပွားအတွက် ထိခိုက် ဖွယ်ရှိကြောင်း ကွန်ဂရက်လွှတ်တော်က တုန့်ဆိုင်းနေခဲ့ပါတယ်၊ လစ်ဗျားနိုင်ငံပြိုကွဲပြီး ဒေသတွင်းနဲ့ ကမ္ဘာ့ မဟာမိတ်နိုင်ငံများအပေါ် ဆိုးကျိုးဂယက်ရိုက်ခတ်လာတဲ့အခါ ကွန်ဂရက်ကို ကျော်လွန်ပြီး သမ္မတရဲ့ အခွင့် အာဏာအရ Operation Unified Protector စစ်ဆင်ရေး အမိန့်‌ပေးခဲ့တဲ့ အိုဘားမားအတွက် တစ် သက်မမေ့ နိုင်တဲ့ သမိုင်းဝင် အမည်းစက် ဖြစ်သွားပါတယ်။
.
HtayOung(OungMarine)
08 Jan, 17:04
(ဇန်နဝါရီ-၈၊ ၂၀၂၅) ခုရက်ပိုင်း အွန်လိုင်းမှာ သတင်းများ ပျံ့နှံနေသလို AA က ဧရာဝတီတိုင်းအနောက်ပိုင်း၊ ပဲခူးတိုင်း အနောက်မြောက်ပိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းကို ထိုးဖောက်ဝင်ရောက်ရန် တိုက်ခိုက်နေခြင်း ဟုတ်ပုံမရပါ။
မြင်နေရတာ အဲ့ဒီရဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ မြေပြင် သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။
..
..
#HtayOung, #OungMarine
HtayOung(OungMarine)
08 Jan, 17:03
(ဇန်နဝါရီ-၈၊ ၂၀၂၅) ခုရက်ပိုင်း အွန်လိုင်းမှာ သတင်းများ ပျံ့နှံနေသလို AA က ဧရာဝတီတိုင်းအနောက်ပိုင်း၊ ပဲခူးတိုင်း အနောက်မြောက်ပိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းကို ထိုးဖောက်ဝင်ရောက်ရန် တိုက်ခိုက်နေခြင်း ဟုတ်ပုံမရပါ။
မြင်နေရတာ အဲ့ဒီရဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ မြေပြင် သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။
..
ယမန်နေ့ AA က ဒေသကြီး နှစ်ခုအကြား စစ်ဆေးရေးဂိတ်ကို သိမ်းယူလိုက်တယ်ဆိုတာ သတင်းမှားဖြစ်ပြီး သူတို့ ဝန်းပတ်တိုက်ခိုက်တော့မယ်ဆိုတဲ့ အမြောက်တပ်ဟာလည်း ပုံမှန်ရှိနေပါတယ်။
..
တစ်နေရာမှာ တစ်နေကုန် ဒရုန်းတက်ဆင်းများသာမက Para Glider ခေါ် လေဟုန်စီး ပဲ့ထိန်းလေထီးများ ကိုလည်း တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
..
အဲ့ဒီလို လေဟုန်စီးပဲထိန်းလေထီးကို လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၅-ရက်နေ့ မန္တလေးတိုင်း တောင်သာမြို့နယ် ဇရပ်ကြီး ကျေးရွာ အထက ကျောင်းအဆောက်အအုံမှာ PDFs များ သင်တန်းဆင်းပွဲပြုလုပ်နေစဉ် အသုံး ပြုခဲ့တာမျိုး ဖြစ်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။
..
ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် အမှတ် ၃၁၈ အနီး လှုပ်ရှားခဲ့တဲ့ PDFs များကို စစ်တပ်က ဝေဟင်မှ ချေမှုန်း ရာမှာ လေယာဉ်မှ ကြဲချခြင်း မဟုတ်၊ လူလိုက်ပါခြင်းလည်း မရှိတဲ့ Glider ခေါ် ဗုံးချိတ် လေထီးများကို အသုံး ပြုခဲ့ကြောင်း အဲ့ဒီရက် BBC မြန်မာပိုင်းက ရေးသားခဲ့ဖူးပါတယ်။
..
#HtayOung, #OungMarine #Myanmar_Army #Para_Glider #TaungGoup #Ayarwady #PDFs
#fyp #TikToke_News
HtayOung(OungMarine)
08 Jan, 06:04
(၈၊ဇန်နဝါရီ၊၂ဝ၂၅) ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်း နောက်ဘက်အဆုံး ဗေဒါစစ်ဆေးဂိတ်ဆိုတာ လဝက အဆောက်အအုံတစ်ခု၊ ရဲတပ်ဖွဲ့အဆောက်အအုံတစ်ခု၊ ခပ်သေးသေး ထမင်းဆိုင် တစ်ဆိုင်ကလွဲရင် အနီးအနားမှာ ဘာရွာမှ မရှိပါ
အဲ့ဒီနေရာကို AA က တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတော့ ဘာကို သိမ်းသလဲ မသိပါ။
လွန်ခဲ့တဲ့ရက် ဂွနဲ့ ငါးသိုင်းချောင်းကြား ရခိုင်ဘက်ခြမ်း ဘောဓိမှာ ထိတွေ့မှု့ရှိခဲ့တယ်၊ ဘောဓိကို ကျော်ပြီး ဧရာဝတီတိုင်းအတွင်း ဗေဒါကို တိုက်ခိုက်တယ် ဆိုခြင်းဟာ အံဩစရာပါ။
ဗေဒါနဲ့ ရခိုင်ဘက် ဒေါင်းချောင်းကို သူတို့ရကြောင်း သတင်းတင်တာ အကြိမ်ကြိမ်ရှိပါပြီ။
လွန်ခဲ့တဲ့ ဇန်နဝါရီ ၅-၆ ရက်ဧရာဝတီတိုင်း ချောင်းသာ ရွှေသောင်ယံမှာ တိုက်ပွဲဖြစ်နေကြောကင်း၊ ဗမတစ်ဦးပါ တပ်သားများ အလံဖြူထောင်ပြီး ကျန်သူများ တပ်ပျက် ထွက်ပြေးကြောင်း
AA ဘက်သားတို့က သတင်းတင်နေချိန် ကျွန်တော်တို့ဆီက လူသိများတဲ့ မီဒီယာဆရာတစ်ယောက်နဲ့ ရုံးအဖွဲ့ဟာ ရွှေသောင်ယံမှာ အပမ်းဖြေ ရောက်ရှိနေပါတယ်
ဂွနဲ့ တစ်နာရီခရီးသာဝေးပြီး သာပေါင်းဘက်မှာ ပစ်ခတ်မှုအနည်းငယ်သတင်းမှ လွဲပြီး အေးဆေးတည်ငြိမ်နေတာ ကိုယ်တွေ့ပါတဲ့
.
#HtayOung, #OungMarine #fyp
HtayOung(OungMarine)
07 Jan, 06:04
၇ ဇန်နဝါရီ ၂ဝ၂၅
မြန်မာ့တပ်မတော်က
ခြေမြန်တပ်မဌာနချုပ်  xx အား ဖွဲ့စည်းပုံပြည့် ပြန်လည်တည်ဆောက်ပြီး
Refit ပြင်ဆင်လျှက်ရှိကြောင်း သတင်းရရှိ
#HtayOung, #OungMarine #MyanmarArmy #fyp #tikTokNews
HtayOung(OungMarine)
07 Jan, 03:27
(ဇန်နဝါရီ-၇၊ ၂၀၂၅) ယမန်နေ့ ဧရာဝတီုင်း အနောက်တောင်ဘက် ရခိုင်ပြည်နယ် တောင်ဘက်အဆုံး အနီးမှာ AA နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပါတယ်။
..
ဧရာဝတီတိုင်း အစပ် ဗေဒါနဲ့ ဂွမြို့အကြား ရခိုင်နယ်မြေ ဘောဓိရွာဘက် လို့ ခန့်မှန်းရတဲ့ ဧရိယာမှ ထိတွေ့မှု ဖြစ်ပွားပုံရပါတယ်။ တိုက်ပွဲ ပြင်းထန်မှု အတိုင်းအတာကို မသိရပေမယ့် ငါးသိုင်းချောင်း ၃၄၄ က တစ်နေကုန် ပစ်ကူပေးနေခဲ့ကြောင်း၊
..
၁၉-မိုင်ကလည်း တစ်လှည့်စီ ပစ်ကူပေးနေခဲ့ပြီး ညဉ့်နက်ပိုင်း ရောက်မှ အပစ်နည်းပါးသွားကြောင်း၊ အဲ့ဒီ ဘက်ကို လေတပ်စစ်လေယာဉ်များကလည်း ကူညီပစ်ခတ်ပုံရကြောင်း သတင်းကြားသိရပါတယ်။ အဲ့ဒါကို ကြည့်ရင် ရခိုင် ဒေါင်းချောင်းနဲ့ ငါးသိုင်းချောင်း ဗေဒါဂိတ် ကျသွားပြီဆိုတာ မဖြစ်နိုင်ကြောင်း သိသာပါတယ်။
#HtayOung, #OungMarine
HtayOung(OungMarine)
07 Jan, 03:26
(ဇန်နဝါရီ-၇၊ ၂၀၂၅) ယမန်နေ့ ဧရာဝတီုင်း အနောက်တောင်ဘက် ရခိုင်ပြည်နယ် တောင်ဘက်အဆုံး အနီးမှာ AA နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပါတယ်။
..
ဧရာဝတီတိုင်း အစပ် ဗေဒါနဲ့ ဂွမြို့အကြား ရခိုင်နယ်မြေ ဘောဓိရွာဘက် လို့ ခန့်မှန်းရတဲ့ ဧရိယာမှ ထိတွေ့မှု ဖြစ်ပွားပုံရပါတယ်။ တိုက်ပွဲ ပြင်းထန်မှု အတိုင်းအတာကို မသိရပေမယ့် ငါးသိုင်းချောင်း ၃၄၄ က တစ်နေကုန် ပစ်ကူပေးနေခဲ့ကြောင်း၊
..
၁၉-မိုင်ကလည်း တစ်လှည့်စီ ပစ်ကူပေးနေခဲ့ပြီး ညဉ့်နက်ပိုင်း ရောက်မှ အပစ်နည်းပါးသွားကြောင်း၊ အဲ့ဒီ ဘက်ကို လေတပ်စစ်လေယာဉ်များကလည်း ကူညီပစ်ခတ်ပုံရကြောင်း သတင်းကြားသိရပါတယ်။ အဲ့ဒါကို ကြည့်ရင် ရခိုင် ဒေါင်းချောင်းနဲ့ ငါးသိုင်းချောင်း ဗေဒါဂိတ် ကျသွားပြီဆိုတာ မဖြစ်နိုင်ကြောင်း သိသာပါတယ်။
..
ဧရာဝတီတိုင်း အနောက်တောင်ဘက် သာပေါင်းမြိ့နယ် တရုတ်စက္ကူစက်အနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိ၊ တပ် စစ်ကြောင်း လှုပ်ရှားမှုများ မတွေ့ရပါ။ စက္ကူစက်ဆိုတာလည်း ရပ်နားထားတာ နှစ်ချီနေပြီး သာပေါင်း ဘက်မှ ဝါးခုတ်ကားများ ရိုးမ တောတိုးမပျက် ရှိနေပါတယ်။
..
လွန်ခဲ့တဲ့ ဇန်နဝါရီ ၅-ရက် ရခိုင်ပြည်နယ် တောင်ဘက်အဆုံး ကျောက်ချွန်နဲ့ ဧရာဝတီတိုင်း မကျီးစင်ဘက်မှာ တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်စခန်းများကို AA က ချေမှုန်းလိုက်ကြောင်းမှာ မြေုပြင်သတင်း အတည်ပြုချက် မရှိပါ
..
ဂွမြိုံမှ ပင်လယ်ကမ်းခြေအတိုင်း တောင်ဘက်မှာ ရွှေယချိုင်- ဒဲ့ချောင်းရွာတို့ တည်ရှိပြီး ကျောက်ချွန်မှာ ရခိုင် ပြည်နယ် အဆုံးဖြစ်ပါတယ်။ တောင်ဘက်ဆက်ဆင်းရင် ပေါက်လှကြီး မကျီးစင် ရွာများတည်ရှိပြီး ဧရာဝတီ တိုင်း ပုသိမ် မြို့နယ်အတွင်း ရောက်သွားမှာပါ။
..
ကျောက်ချွန်ဘက်မှာ ပစ်ခတ်မှုရှိပေမယ့် လုံခြုံရေးများ ပုံမှန်ဖြစ်ကြောင်း၊ မကျီးစင် အနီးမှာ ရခိုင်ပြည်နယ် ဘက်မှ စစ်ဘေးရှောင်ဟု ယူဆရသူ ၂၀၀ ခန့်ရောက်ရှိနေ၍ စိစစ်လျှက် ရှိကြောင်း၊ ချောင်းသာ အနောက် ဘက် ပင်လယ်ပြင်မှာ ရခိုင်ဘက်မှလို့ မှတ်ယူရတဲ့ ငါးဖမ်းလှေများ ရှိနေပါတယ်။
..
မကျီးစင်ဆိုတာ ပြည်တွင်း ပြည်ပ အများသိကြတဲ့ ငွေဆောင်-ချောင်းသာ အပန်းဖြေကမ်းခြေများနဲ့ မဝေးလှပါ။ မကျီးစင်ဟာ ချောင်းသာနဲ့ ပိုနီးပါတယ်။
..
မကျီးစင်နဲ့ သာပေါင်းမြို့နယ်ဘက်မှာ တိုက်ပွဲ အသာထား ပစ်ခတ်မှု ရှိတယ် လုံခြုံရေး စိတ်မချရဘူးဆိုရင် ချောင်းသာနဲ့ ငွေဆောင်က ဧည့်သည်တွေ ပြေးကြရောပေါ့။
ခုတော့ ဘွတ်ကင်အပြည့် ဝင်ထွက်မပြတ် စည်ကားနေပါတယ်။ အဲ့ဒါ ဘယ်သူမဆို အလွယ်သိနိုင်ပါတယ်။
..
#HtayOung, #OungMarine #Ayarwady_Region #Rakhine_State #Gwa #fyp #TikTok_News
===
HtayOung(OungMarine)
06 Jan, 07:20
(ဇန်နဝါရီ-၆၊ ၂၀၂၅) တရုတ်က မြန်မာပြည်တွင်းအခြေစိုက် စစ်သွေးကြွများကို မွေးမြူ၍ နယူးဒေလီ၏ အကြီး စား စီမံကိန်းကြီးများကို နှောက်ယှက်နေဟု အိန္ဒိယ သတင်းစာ ရေးသား၊ သီးခြားခွဲထွက်ရေး ခြိမ်းခြောက်မှုများ ကြောင့် ကချင်ပြည်နယ်အနောက်ခြမ်း၌ အိန္ဒိယလုံခြုံရေးတိုးမြှင့် #HtayOung, #OungMarine
HtayOung(OungMarine)
06 Jan, 07:19
အိမ်နီးချင်း နှစ်နိုင်ငံအကြား လောလောဆယ် တင်းမာမှု ထပ်ဖြစ်ရတာကတော့ နယ်စပ်အနီး တရုတ်ဘက်မှာ ကျေးရွာအသစ်များတည်ထောင်လာခြင်း၊ အိန္ဒိယက အဝေးပြေးလမ်းဖောက်လုပ်ခြင်းနဲ့ LAC အရောက် လက် နက်ခဲယမ်းနဲ့ စစ်တပ်များထံ ရာသီမရွေး ပို့ဆောင်ပေးနိုင်မယ့် “ဆီလာဥမင်” ကို ဖောက်လုပ်ခဲ့ခြင်းကြောင့် ဖြစ် ပါတယ်။ ဥမင်နဲ့ အမှတ် NH-13 အဝေးပြေး လမ်းမ ကြီးကြား ၈-မိုင် အရှည်ရှိတဲ့ မော်တော်ကားလမ်းက ဆက် သွယ်ပေးထားပါတယ်။ ဆီးနှင်းများ ကျဆင်းပြီး အမြဲ တန်း ရေခဲနေလေ့ရှိတဲ့ အရပ်ဒေသမှာ အဲ့ဒီဥမင်ကြီးဟာ မြန်မာနိုင်ငံမှာ KIA တို့ သိမ်းယူထားတဲ့ ပူတာအိုမြိ့မှ အဖြောင့် တိုင်းလျှင် မိုင် ၃၅၀ ခန့်သာ ဝေးပါတယ်။
..
ညီအမ ၇-ဖော်လို့ လူသိများတဲ့ အိန္ဒိယရဲ့ အရှေ့မြောက်ဖျား ကုန်းတွင်းပိတ်ပြည်နယ် ၇-ခုအနက် ၄-ခုဟာ မြန်မာနိုင်ငံနဲ့ ထိစပ်နေပြီး မျိုးနွယ်ကွဲပြားမှု အလွန်ရှတ်ထွေးလှတဲ့ နိုင်ငံမှာ လူမျိုးစုကွဲအများဆုံး နေထိုင်ရာ ဒေသဖြစ်နေပါတယ်။ အိန္ဒိယအတွက် ချင်းလူမျိုးတစ်ခုတည်းတင် မျိုးနွယ်ကွဲ ၇၀ခန့်ရှိပြီး ၄၀ ခန့်ဟာ မြန်မာ နိုင်ငံအတွင်း ရောက်ရှိနေရာ ဖဆပလအစိုးရလက်ထက် ရွေးကောက်ပွဲ ဆန္ဒမဲရရှိဖို့ ခေါ်သွင်းခဲ့ကြောင်း မှတ် တမ်းများလည်း တွေ့ရှိရပါတယ်။
..
((( သြဇာကြီး နိုင်ငံတကာမီဒီယာအများစုဟာ အမေရိကန်နဲ့ အနောက်နိုင်ငံများမှဖြစ်ကြောင်း၊ သတင်းဘာ သာပြန်သူ ကျွန်တော့်အနေဖြင့် သတိပြုမိပါတယ်။ ဒီနေရာမှာ အနောက်အုပ်စု မီဒီယာများရဲ့ တစ်ဖက်သပ် စွပ်စွဲရေးသားချက်များကို ရုရှား- တရုတ်တို့က ၄-နာရီမှ ၆-နာရီအတွင်း တန်ပြန်ချေဖျက်လေ့ရှိပြီး နိုင်ငံတော် အဆင့် တာဝန်ရှိသူများကိုယ်တိုင် ရှင်းလင်းလေ့ရှိပါတယ်။ အိန္ဒိယကတော့ ၆-နာရီမှ ၈-နာရီအတွင်း တုန့်ပြန် လေ့ရှိပါတယ်။ များသောအားဖြင့် အမျိုးသားရေးမီဒီယာများက ချေပလေ့ရှိရာမှာ နောက်ကွယ်က နယူးဒေလီ RAW ထောက်လှမ်းရေးက အချက်အလက်များ ပံ့ပိုးပေးတယ်လို့ ယုံကြည်ရပါတယ်။
..
ယခုသတင်းပါ “ဆဝါရာဂျာ” အပတ်စဉ်ထုတ် ဂျာနယ်ဟာ ဗြိတိသျှကိုလိုနီလက်အောက်မှ ရုန်းထွက်ရန် ကြိုး စားတဲ့ “ဆူဘတ်_ချန်ဒရာ_ဘို့စ်” က ၁၉၅၆-ခုနှစ် အူတာပရာဒေ့ရှ်ပြည်နယ်မှာ စတင်တည်ထောင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ။ သတင်းဘာသာပြန်သူ)))
..
ယခုသတင်းပါ “ဆဝါရာဂျာ” အပတ်စဉ်ထုတ် ဂျာနယ်ဟာ ဗြိတိသျှကိုလိုနီလက်အောက်မှ ရုန်းထွက်ရန် ကြိုး စားတဲ့ “ဆူဘတ်_ချန်ဒရာ_ဘို့စ်” က ၁၉၂၁-ခုနှစ် အူတာပရာဒေ့ရှ်ပြည်နယ်မှာ စတင်တည်ထောင်ခဲ့ပြီး ယခု နာရင်ဒြာမိုဒီ၏ BJP ပါတီ ၎င်းတို့အာဘော်သတင်းစာအဖြစ် ဆက်လက်ထုတ်ဝေကြောင်း တွေ့ရှိရပါတယ်။ ။ သတင်းဘာသာပြန်သူ)))
..
#အိန္ဒိယ_အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် #ယူနိုက်တက်_တာနီတပ်တော် #နာဂစစ်သွေးကြွ
#ချက္ကမ_ဟာဂျွန်ဒုက္ခသည်စခန်း #ဆူဘတ်ချန်ဒရာဘို့စ် #ဆဝါရာဂျာ
(((Swarajya., 31 December 2024,” United Tani Army’s Anthony Doke releases base videos showing weapons” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)))
..
HtayOung(OungMarine)
06 Jan, 07:19
(ဇန်နဝါရီ-၆၊ ၂၀၂၅) တရုတ်က မြန်မာပြည်တွင်းအခြေစိုက် စစ်သွေးကြွများကို မွေးမြူ၍ နယူးဒေလီ၏ အကြီး စား စီမံကိန်းကြီးများကို နှောက်ယှက်နေဟု အိန္ဒိယ သတင်းစာ ရေးသား၊ သီးခြားခွဲထွက်ရေး ခြိမ်းခြောက်မှုများ ကြောင့် ကချင်ပြည်နယ်အနောက်ခြမ်း၌ အိန္ဒိယလုံခြုံရေးတိုးမြှင့်
===
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်ဖျား အာရူနာချယ်ပြည်နယ်အတွင်း အကြီးစားဆည် တည်ဆောက် မှုကို တားဆီးရလိမ့်မည်ဖြစ်ကြောင်း “ယူနိုက်တက် တာနီတပ်တော်” United Tani Army (UTA) ခေါ် စစ်သွေး ကြွအဖွဲ့က ကြေညာတယ်လို့ “ဆဝါရာဂျာ” အပတ်စဉ်ထုတ် ဂျာနယ် (December 31, 2024) က ရေးသားပါ တယ်။
..
အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်ဇာတိဖွားဖြစ်ကြောင်း နောက်ဆက်တွဲဇယားပါ မဟုတ်သူများကို သက်သေခံ လက်မှတ်ထုတ်ပေးပြီး ချက္ကမ-ဟာဂျွန် ဒုက္ခသည်စခန်းနေထိုင်သူများကို နေရာပြောင်းရွှေ့ရန် စီစဉ်လျှက်ရှိတဲ့ အိန္ဒိယအစိုးရရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း UTA ဥက္ကဌ အန်သိုနီဒုက် ဆိုသူက သတင်းထုတ်ပြန်ပါတယ်။ နယူးဒေလီဟာ တာနီမျိုးနွယ်စုတို့ရဲ့ အရေးကိစ္စများကို ဂရုမစိုက်ပဲ အကြီးစားဆည် တည်ဆောက်မည့် ကိစ္စကို ဆန့်ကျင်ကြောင်း တနိုင်းဒေသခံများအတွက် ပြည်ထောင်စုနယ်မြေအနေအထားကို ရှာဖွေနေပြီး မကြာမီ သ တင်းထုတ်ပြန်မည်ဖြစ်ကြောင်းနဲအတူ ဒီဇင်ဘာ ၃၁-ရက်နေ့ အဲ့ဒီ စစ်သွေးကြွအဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုများ မှာ သူတို့ရဲ့ လေ့ကျင့်ရေးစခန်းများနဲ့ လက်နက်များကို ဖော်ပြထားပါတယ်။
..
(ပိုင်ဆိုင်မှု အငြင်းပွား) အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်အတွင်း မဟာဆည်ဆောက်လုပ်မယ့် အိန္ဒိယရဲ့ အစီ အစဉ်အပေါ် တရုတ်အစိုးရရဲ့ ပံ့ပိုးမှုနဲ့ အသစ်ဖွဲ့စည်းထားတဲ့ စစ်သွေးကြွတို့က တားဆီးမှုနဲ့ ရင်ဆိုင်နေရ ကြောင်း၊ စခန်းများရဲ့ အရေအတွက်အားဖြင့် မများလှပေမယ့် စနစ်တကျထားရှိတဲ့ လက်နက်ခဲယမ်းများကို တွေ့ မြင်ရသူအပေါင်းအတွက် တုန်လှုပ်စေတယ်လို့ ဆဝါရာဂျာ ဂျာနယ်က ဆိုပါတယ်။
..
အဲ့ဒီလက်နက်များဟာ တရုတ်နိုင်ငံထုတ် သေနတ်များ ဖြစ်ကြောင်း အိန္ဒိယက စွပ်စွဲထားပြီး ပြည်နယ်အတွင်း လုံခြုံရေးကို တိုးမြှင့်ထားကြောင်း၊ အန်သိုနီဒုက်ဟာ မြန်မာနိုင်ငံအတွင်း လက်ရှိအခြေစိုက်နေထိုင်ပြီး ဗီဒီယိုပါ စခန်းတွေက “နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ” NSCN (K-YA) ရဲ့ ပုံစံဖြစ်နိုင်ကြောင်း နာဂစစ်သွေးကြွ တွေရဲ့ အကူအညီနဲ့ UTA ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေဟန်တူကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
..
UTA ရဲ့ လှုပ်ရှားမှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ စီမံကိန်းများကို ထိခိုက်စေပြီး ဒေသတွင်း လုံခြုံရေးနဲ့ နျူလက် နက်ပိုင် ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်း နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး ဆိုင်ရာပြဿ နာများကို အစဆွဲထုတ်နေုပြီး ရေရှည်ခြိမ်းခြောက်ရာ ရောက်ရှိနေတယ်လို့လည်း ပြောပါတယ်။
..
၁၉၁၄-ခုနှစ် ကိုလိုနီခေတ် ဗြိတိသျှအိန္ဒိယအစိုးရရဲ့ “မက်မဟွန်မျဉ်း” နယ်ခြားသတ်မှတ်ရေးအရ တာဝမ်း ဒေသပိုင်ဆိုင်မှုကို တိဗက်တို့က စွန့်လွှတ်ခဲ့တဲ့အတွက် “အာရုနာချယ်ပရာဒက်ရှ်” ပြည်နယ်ဧရိယာ အတော် များများဟာ အိန္ဒိယပိုင်နက်ဖြစ်သွားပါတယ်။ ၁၉၅၉-ခုနှစ်မှာ တိဗက်ကို တရုတ်စစ်တပ်က ဝင်ရောက်သိမ်း ပိုက်လိုက်တဲ့အခါ လက်ရှိလာဆာအုပ်ချုပ်သူ ၁၄-ဆက်မြောက် ဒလိုင်းလားမားလည်း အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးသွားရပါတယ်။ အဲ့ဒီနောက် တိဗက်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အနောက်တောင်ပိုင်း ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာပါတယ်။
.
ဗြိတိသျှအိန္ဒိယနဲ့ ယခင်တိဗက်ခေါင်းဆောင်တို့အကြား နယ်ခြားသဘောတူညီချက် “ဆင်းမလားစာချုပ်” ကို တရုတ်အစိုးရက လက်မခံပါဘူး၊ မက်မဟွန်နယ်ခြားမျဉ်းကို အသိအမှတ်မပြုတဲ့အပြင် အိန္ဒိယရဲ့ အာရူနာ ချယ် ပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်းဟာ သူတို့ပိုင် “တောင်တိဗက်ဒေသ” ဖြစ်တယ်လို့ အစဉ်တစိုက် တောင်း ဆို နေပါတယ်။
..
ဒလိုင်းလားမားကို ခိုလှုံခွင့်ပေးခြင်း၊ တရုတ်-ဆိုဗီယက်အကွဲအပြဲမှာ နယူးဒေလီက မော်စကိုထံမှ အဆင့်မြင့် MiG ဂျက်တိုက်လေယာဉ်များ ဝယ်ယူခြင်း၊ နှစ်နိုင်ငံနယ်ခြားအငြင်းပွားရာမှာ သံတမန်နည်းလမ်း မအောင်မြင် ခြင်းများကြောင့် ၁၉၆၂-ခုနှစ်မှာ တရုတ်-အိန္ဒိယတို့အကြား ၁-လ ၁-ရက်ကြာ အတိအလင်း စစ်ခင်းခဲ့ကြပါ တယ်။ မြင့်မားတဲ့ တောင်တန်းအများစု နီပေါနိုင်ငံအနောက်ဖက် “အတ်ဆိုင်ချင်း” နဲ့ ဘူတန်နိုင်ငံ အရှေ့ဖက် “တာဝမ်း” ဒေသ နှစ်နိုင်ငံနယ်စပ်တလျောက် ချိုင့်ဝှမ်းနဲ့ တောင်ကြားများမှာ နှစ်ဖက်စစ်တပ်များ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပါတယ်။ မက်မဟွန်နယ်ခြားမျဉ်ကို ကျော်ဖြတ်လာတဲ့ တရုတ်စစ်တပ်ဟာ အိန္ဒိယတပ်မများနဲ့ “ဂေါ်ရခါး” တပ်များကို မောင်းထုတ်ခဲ့ပြီး တစ်ဖက်သပ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
..
စစ်ပွဲရပ်တန့်သွားပေမယ့် နယ်စပ်အမှန်တကယ် ထိန်းချုပ်ရေး LAC တလျောက် ရန်စောင်နေကြပြီး အသေး စား အပြန်အလှန်ပစ်ခတ်မှုများနဲ့ အရိုးကွဲမတတ် အအေးဒဏ်အောက်မှာ လက်ချည့်သက်သက် နှစ်ဖက် ထိုးကြိတ်သတ်ပုတ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် တင်းမာမှု လျော့ချရန် LAC လိုင်းအနီးရှိ နှစ်ဖက်တပ်များ အသီး သီးဆုတ်ခွာပေးရန် ယခုနှစ်စောစောပိုင်းမှာ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
..
HtayOung(OungMarine)
05 Jan, 14:15
(ဇန်နဝါရီ-၅၊ ၂၀၂၅) ယနေ့ ရခိုင်ပြည်နယ် တောင်ဘက်အဆုံး ကျောက်ချွန်နှင့် ဧရာဝတီတိုင်း မကျီးစင်ဘက် တွင် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်စခန်းများကို AA က ချေမှုန်းလိုက်ကြောင်းမှာ မြေုပြင်သတင်း အ တည်ပြု ချက် မရှိပါ
..
ဂွမြိုံမှ ပင်လယ်ကမ်းခြေအတိုင်း တောင်ဘက်တွင် ရွှေယချိုင်- ဒဲ့ချောင်းရွာတို့ တည်ရှိပြီး ကျောက်ချွန်မှာ ရခိုင် ပြည်နယ် အဆုံးဖြစ်။ ထိုမှ တောင်ဘက်တွင် ပေါက်လှကြီး မကျီးစင် ရွာများတည်ရှိပြီး ဧရာဝတီတိုင်း ပုသိမ် မြို့ နယ်အတွင်း ကျရောက်။
..
ကျောက်ချွန်ဘက်တွင် ပစ်ခတ်မှု ရှိပြီး လုံခြုံရေးများ ပုံမှန်ဖြစ်ကြောင်း၊ မကျီးစင် အနီးတွင် ရခိုင်ပြည်နယ် ဘက်မှဟု ယူဆရသူ ၂၀၀ ခန့်ရောက်ရှိနေ၍ စိစစ်လျှက် ရှိကြောင်း
..
မကျီးစင်ရွာနှင့် အနီးဆုံးဖြစ်သည့် ချောင်းသာ-ငွေဆောင်ဘက်တွင် ပုံမှန်အတိုင်း ရှိနေပြီး ဧည့်သည်များ ဝင်/ထွက် မပြတ်- အပြည့်ဖြစ်နေ
..
ရခိုင် မာန်အောင်မှဟု ဆိုသည့် လူ ၂၀၀ ခန့်ပါ သင်္ဘောတစ်စီးအား ဟိုင်းကြီးအနီး ထိန်းသိမ်းထား
..
#HtayOung, #OungMarine #Gwa #Bawdi #Ngathiangchaung #Rakhine_State #Ayarwady_Region #fyp #Viewer
==
HtayOung(OungMarine)
05 Jan, 14:14
(ဇန်နဝါရီ-၅၊ ၂၀၂၅) ယနေ့ ရခိုင်ပြည်နယ် တောင်ဘက်အဆုံး ကျောက်ချွန်နှင့် ဧရာဝတီတိုင်း မကျီးစင်ဘက် တွင် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်စခန်းများကို AA က ချေမှုန်းလိုက်ကြောင်းမှာ မြေုပြင်သတင်း အ တည်ပြု ချက် မရှိပါ
..
ဂွမြိုံမှ ပင်လယ်ကမ်းခြေအတိုင်း တောင်ဘက်တွင် ရွှေယချိုင်- ဒဲ့ချောင်းရွာတို့ တည်ရှိပြီး ကျောက်ချွန်မှာ ရခိုင် ပြည်နယ် အဆုံးဖြစ်။ ထိုမှ တောင်ဘက်တွင် ပေါက်လှကြီး မကျီးစင် ရွာများတည်ရှိပြီး ဧရာဝတီတိုင်း ပုသိမ် မြို့ နယ်အတွင်း ကျရောက်။
..
ကျောက်ချွန်ဘက်တွင် ပစ်ခတ်မှု ရှိပြီး လုံခြုံရေးများ ပုံမှန်ဖြစ်ကြောင်း၊ မကျီးစင် အနီးတွင် ရခိုင်ပြည်နယ် ဘက်မှဟု ယူဆရသူ ၂၀၀ ခန့်ရောက်ရှိနေ၍ စိစစ်လျှက် ရှိကြောင်း
..
မကျီးစင်ရွာနှင့် အနီးဆုံးဖြစ်သည့် ချောင်းသာ-ငွေဆောင်ဘက်တွင် ပုံမှန်အတိုင်း ရှိနေပြီး ဧည့်သည်များ ဝင်/ထွက် မပြတ်- အပြည့်ဖြစ်နေ
..
ရခိုင် မာန်အောင်မှဟု ဆိုသည့် လူ ၂၀၀ ခန့်ပါ သင်္ဘောတစ်စီးအား ဟိုင်းကြီးအနီး ထိန်းသိမ်းထား
..
ဇန်နဝါရီ ၃-ရက်စွဲဖြင့် ဧရာဝတီတိုင်းအနောက်ဘက်ဆုံး ငါးသိုင်းချောင်းမြို့နယ် ဗေဒါစစ်ဆေးရေးဂိတ်အား AA တို့ သိမ်းပိုက်ကြောင်း သတင်းမှာ မှန်ကန်ခြင်း မရှိပါ
..
ယခင်ရက် ဂွနှင့် ငါးသိုင်းချောင်းအကြား ရခိုင်ပြည်နယ်ဘက် ဘောဓိတွင် ပစ်ခတ်မှုအနည်းငယ်ရှိခဲ့၊ ယမန်နေ့ ညနေအထိ ဗေဒါစစ်ဆေးရေးဂိတ်မှာ ပုံမှန်ရှိနေခဲ့။ ဂွဘက်သို့ ပုသိမ်နှင့် ရေကြည်-ကျုံပျော်ဘက်မှ တပ်မတော် ယာဉ်များမှတပါး အသွားအလာ မရှိသလောက်ဖြစ်နေပါတယ်။
..
ဗေဒါစစ်ဆေးရေးဂိတ်နဲ့ အနီးဆုံးဖြစ်တဲ့ သီတာကုန်းပြင်- မြောက်စမ်းကျေးရွာများမှာ ပုံမှန်အတိုင်း ရှိနေကြောင်း သိရှိရပါတယ်။
..
#HtayOung, #OungMarine #Gwa #Bawdi #Ngathiangchaung #Rakhine_State #Ayarwady_Region #fyp #Viewer
==
HtayOung(OungMarine)
05 Jan, 04:37
ဗြိတိသျှအိန္ဒိယနဲ့ ယခင်တိဗက်ခေါင်းဆောင် တို့အကြား နယ်ခြားသဘောတူညီချက် “ဆင်းမလားစာချုပ်” ကို တရုတ်အစိုးရက လက်မခံပါဘူး၊ မက်မဟွန်နယ်ခြားမျဉ်းကို အသိအမှတ်မပြုတဲ့အပြင် အိန္ဒိယရဲ့ အာရူနာ ချယ်ပရာဒက်ရှ်ပြည်နယ်မြောက်ပိုင်းဟာ သူတို့ပိုင် “တောင်တိဗက်ဒေသ” ဖြစ်တယ်လို့ အစဉ်တစိုက် တောင်း ဆိုနေပါတယ်။
.
ဒလိုင်းလားမားကို ခိုလှုံခွင့်ပေးခြင်း၊ တရုတ်-ဆိုဗီယက်အကွဲအပြဲမှာ နယူးဒေလီက မော်စကိုထံမှ အဆင့်မြင့် MiG ဂျက်တိုက်လေယာဉ်များ ဝယ်ယူခြင်း၊ နှစ်နိုင်ငံနယ်ခြားအငြင်းပွားရာမှာ သံတမန်နည်းလမ်း မအောင်မြင် ခြင်းများကြောင့် ၁၉၆၂-ခုနှစ်မှာ တရုတ်-အိန္ဒိယတို့အကြား ၁-လ ၁-ရက်ကြာ အတိအလင်း စစ်ခင်းခဲ့ကြပါ တယ်။ မြင့်မားတဲ့ တောင်တန်းအများစု နီပေါနိုင်ငံအနောက်ဖက် “အတ်ဆိုင်ချင်း” နဲ့ ဘူတန်နိုင်ငံ အရှေ့ဖက် “တာဝမ်း” ဒေသ နှစ်နိုင်ငံနယ်စပ်တလျောက် ချိုင့်ဝှမ်းနဲ့ တောင်ကြားများမှာ နှစ်ဖက်စစ်တပ်များ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပါတယ်။ မက်မဟွန်နယ်ခြားမျဉ်ကို ကျော်ဖြတ်လာတဲ့ တရုတ်စစ်တပ်ဟာ အိန္ဒိယတပ်မများနဲ့ “ဂေါ်ရခါး” တပ်များကို မောင်းထုတ်ခဲ့ပြီး တစ်ဖက်သပ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
..
စစ်ပွဲရပ်တန့်သွားပေမယ့် နယ်စပ်အမှန်တကယ် ထိန်းချုပ်ရေး LAC တ လျောက် ရန်စောင်နေကြပြီး အ သေး စား အပြန်အလှန်ပစ်ခတ်မှုများနဲ့ အရိုးကွဲမတတ် အအေးဒဏ်အောက်မှာ လက်ချည့် သက်သက် နှစ်ဖက် ထိုးကြိတ်သတ်ပုတ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် တင်းမာမှု လျော့ချရန် LAC လိုင်းအနီးရှိနှစ်ဖက် တပ်များ အသီးသီးဆုတ်ခွာပေးရန် ယခုနှစ်စောစောပိုင်းမှာ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။
..
အိမ်နီးချင်း နှစ်နိုင်ငံအကြား လောလောဆယ် တင်းမာမှု ထပ်ဖြစ်ရတာကတော့ နယ်စပ်အနီး တရုတ်ဘက်မှာ ကျေးရွာအသစ်များတည်ထောင်လာခြင်း၊ အိန္ဒိယက အဝေးပြေးလမ်းဖောက်လုပ်ခြင်းနဲ့ LAC အရောက် လက် နက်ခဲယမ်းနဲ့ စစ်တပ်များထံ ရာသီမရွေး ပို့ဆောင်ပေးနိုင်မယ့် “ဆီလာဥမင်” ကို ဖောက်လုပ်ခဲ့ခြင်းကြောင့် ဖြစ် ပါတယ်။ ဥမင်နဲ့ အမှတ် NH-13 အဝေးပြေး လမ်းမ ကြီးကြား ၈-မိုင် အရှည်ရှိတဲ့ မော်တော်ကားလမ်းက ဆက် သွယ်ပေးထားပါတယ်။ ဆီးနှင်းများ ကျဆင်း ပြီး အမြဲ တန်း ရေခဲနေလေ့ရှိတဲ့ အရပ်ဒေသမှာ အဲ့ဒီဥမင် ကြီးဟာ အိန္ဒိယပညာရှင်များရဲ့ အံ့မခန်းလက်ရာဖြစ်ပြီး မြန်မာနိုင်ငံမှာ KIA တို့ သိမ်းယူထားတဲ့ ပူတာအိုမြိ့မှ အဖြောင့် တိုင်းလျှင် မိုင် ၃၅၀ ခန့်သာ ဝေးပါတယ်။
..
လွန်ခဲ့တဲ့ရက် တာဝမ်းဒေသ အမှန်တကယ်ထိန်းချုပ်မျဉ်းနဲ့ မျက်နှာချင်းဆိုင် မဟာဗျူဟာမြောက်ဧရိယာမှာ တရုတ်တပ်များ အလုံးအရင်းနဲ့ တပ်စွဲလာပြီးနောက် ယခုတိဗက်ဆည်ဆောက်လုပ်မယ့် တရုတ်ရဲ့ စီမံကိန်း ဟာ နှစ်နိုင်ငံအကြား “ရေစစ်ပွဲ” ကို မျိုးစေ့ချလိုက်သလိုရှိပြီး နှစ်နိုင်ငံအကြား ပထဝီနိုင်ငံရေးဆိုင်ရာ ပိုမို တင်း မာလာနိုင်တယ်လို့ နိုင်ငံတကာ စစ်ရေး-နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြပါတယ်။
===
..
https://www.ndtv.com/world-news/as-china-plans-worlds-largest-dam-on-brahmaputra-india-sends-a-reminder-7393254
===
HtayOung(OungMarine)
05 Jan, 04:37
(ဇန်နဝါရီ-၅၊ ၂၀၂၅) မျှေ၀ သုံးစွဲနေရသည့် ဗြဟ္မပုတ္တရမြစ်အထက်ပိုင်းတွင် တရုတ်က နိုင်ငံတကာအကြီးဆုံး ဆည် တည်ဆောက်မည့်ကိစ္စ အိန္ဒိယကန့်ကွက်။ ကမ္ဘာကြီးလည်ပတ်မှု ဝ.၀၆ စက္ကန့်နှေးကွေးခဲ့ရသည့် တ ရုတ်နိုင်ငံ အလယ်ပိုင်း သရီးဂျော့ထက် ပိုမိုကြီးမားသည့် ဆည်ကို တိဗက်ဒေသ၌ ပေကျင်းတည်ဆောက်နေ
===
မျှဝေသုံးစွဲနေရတဲ့ ဗြဟ္မပုတ္တရမြစ်အထက်ပိုင်း တိဗက်ဒေသမှာ တရုတ်က အလွန်ကြီးမားတဲ့ ဧရာမဆည်ကြီး တစ်ခုတည်ဆောက်မည်ဆိုခြင်းကို အိန္ဒိယက ကန့်ကွက်လိုက်ပြီး မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ရလိမ့်မယ်လို့ သတိပေးလိုက်ကြောင်း “NDTV” (4 December 2025) က ရေးသားပါတယ်။
..
ဆည်ရေသိုလှောင်မှုကြောင့် ကမ္ဘာကြီးရဲ့ လည်ပတ်မှု ဝ.၀၆ စက္ကန့် နှေးကွေးခဲ့ရတယ်လို့ “နာဆာ” အမေရိ ကန်အာကာသသိပ္ပံဌာနက မှတ်ချက်ပြုခဲ့ရတဲ့ “သရီးဂျော့” ဆည်ထက် ပိုမိုကြီးမားတဲ့ ဆည်ကြီးတစ်ခုကို တည် ဆောက်နေကြောင်း လွန်ခဲ့တဲ့ သီတင်းပတ်မှာ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။ ၂၀၀၃-ခုနှစ် တရုတ်နိုင်ငံအ လယ်ပိုင်း ယန်စီမြစ်ပေါ်မှာ တည်ဆောက်ခဲ့တဲ့ အဲ့ဒီဆည်ကြီးနဲ့ မတူညီတဲ့အချက်ကတော့ ပေကျင်းက တည် ဆောက်နေတဲ့ ယခုဆည်ကြီးဟာ အိန္ဒိယနိုင်ငံပိုင်နယ်မြေနဲ့ အလွန်နီးကပ်စွာ တည်ရှိနေတဲ့ တိဗက်ဒေသ ဟိမ ဝန္တာဇုန်အတွင်း ကျရောက်နေခြင်း ဖြစ်ပါတယ်။ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်တို့က “ယာ လန်း _စန်ပို” လို့ ခေါ်တဲ့ “ဗြဟ္မပုတ္တရမြစ်” ဟာ ကမ္ဘာ့ ၉-ခုမြောက် ရေစီးဆင်းမှုအများဆုံးနဲ့ ၁၅-ခုမြောက် အရှည် ဆုံးဖြစ်ပြီး တောင်ဘက် မြစ်ညှာပိုင်း ရောက်တဲ့အခါ ယခု ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အိန္ဒိယ အာရူနာချယ်ပရာ ဒက်ရှ်ပြည်နယ် “စီအန်းမြစ်”၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ “ဂျမနားမြစ်” ရဲ့ အစိတ်အပိုင်းများ ဖြစ်နေပါတယ်။
..
ဟိမဝန္တာတောင်တန်းဒေသ တိဗက်ကုန်းမြင့် “မန်နာဆာရိုဗာ_ရေကန်ကြီး” မှာ မြစ်ဖျားခံပြီး ကျဉ်းမြောင်းတဲ့ ချောက်ကမ်းပါးများကို ဖြတ်သန်းစီးဆင်းခဲ့ပါတယ်။ အိန္ဒိယနယ်စပ် အာရူနာချယ်ပရာဒက်ရှ်ကို ရောက်တဲ့အခါ စီအန်းမြစ်၊ အာသံပြည်နယ်မှာ “ဗြဟ္မပုတ္တရမြစ်”၊ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါ အိန္ဒိယ “ဂင်္ဂါမြစ်“နဲ ပေါင်းဆုံ ပြီး ” “ပက်ဒမာမြစ်” အဖြစ် လူသိများပါတယ်။ မြေသြဇာကောင်းမွန်တဲ့ ကမ္ဘာ့အကြီးဆုံး မြစ်ဝကျွန်းပေါ်ဒေသနဲ့ ရေနေမျိုးစိတ်ပေါင်းများစွာတို့ မှီခိုရာ ရေဝေရေလဲဧရိယာကို ဖြစ်ပေါ်စေပြီးနောက် ဘင်္ဂလားပင်လယ်အော် အ တွင်း စီးဝင်ပါတယ်။ မြစ်လက်တက်များအနီးပိုင်း ဆည်ရေသောက် လယ်ဧကသိန်းပေါင်းများစွာနဲ့ သယ်ယူပို့ဆောင်ရေးအတွက်သာမက ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ် ဒဏ္ဍာရီများနဲ့လည်း ဆက်စပ်နေပါတယ်။
..
ပေကျင်းရဲ့ ဧရာမပရောဂျက်ကြီးရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုကို ရှာဖွေနေစဉ်အတွင်း မြစ် ညှာပိုင်းဒေဆိုင်ရာအခွင့်အရေးများကို ပေကျင်းထံ သတိပေးလိုက်ကြောင်း၊ တရုတ်ရဲ့ စီမံကိန်းဟာ အခြား သူ များအပေါ် မထိခိုက်ရန် လိုအပ်ကြောင်း၊ လောလောဆယ် ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အနီးကပ် စောင့်ကြည့် နေပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တဲ့အခါ သင့်လျော်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွား မယ်လို့ သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ နယူးဒေလီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
..
တရုတ်ရဲ့ ဆည်စီမံကိန်းဟာ ဗြဟ္မပုတ္တရမြစ်ဝှမ်းနဲ့ မြစ်အောက်ပိုင်း ရေစီးဆင်းမှုအပေါ် အကြီးအကျယ် အကျိုး သက်ရောက်စေမှာ အမှန်ပဲဖြစ်ပါတယ်။ အိန္ဒိယလူမျိုးသန်းပေါင်းများစွာတို့အတွက် ပြင်းထန်တဲ့ မိုးခေါင် ရေရှား မှုနဲ့ ကြီးမားတဲ့ ရေလွှမ်းမိုးမှု ကာလများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ရည်မှန်းချက်ကြီးမားလှတဲ့ အဲ့ဒီ စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ၁၄ ခုမြောက် ငါးနှစ်စီမံကိန်းမှာ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃၀၀ ဘီလီယံနာရီကို ထုတ်လုပ်ရန် ရည်မှန်းထားပြီး အမေရိကန် ဒေါ်လာ ၁၃၇ ဘီလီယံခန့် ကုန်ကျမယ်ဆို ခြင်းကြောင့် ကမ္ဘာ့ အကြီးမားဆုံး အခြေခံအဆောက်အအုံ စီမံကိန်း ဖြစ်လာဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံအ လယ်ပိုင်းရှိ သရီးဂျော့ဆည် လျှပ်စစ်ဓါတ်အား ၈၈.၂ ဘီလီယံနာရီထက် ၃-ဆကျော် ရှိနေပါတယ်။ နိုင်ငံ့အ လယ်ပိုင်း ဆည်ဆောက်လုပ်စဉ် စီမံကိန်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၁.၄ သန်းကျော်ကို ပြန်လည်နေရာချ ထားပေးခဲ့ရပြီး ယခုစီမံကိန်းသစ်ကတော့ အရွယ်အစားအားဖြင့် သုံးဆဖြစ်ပေမယ့် လူမည်မျှ ရွှေ့ပြောင်းခံရ မည်ကို ခန့်မှန်းထားခြင်း မရှိပါဘူး။
..
၁၉၁၄-ခုနှစ် ကိုလိုနီခေတ် ဗြိတိသျှအိန္ဒိယအစိုးရရဲ့ “မက်မဟွန်မျဉ်း” နယ်ခြားသတ်မှတ်ရေးအရ တာဝမ်း ဒေသပိုင်ဆိုင်မှုကို တိဗက်တို့က စွန့်လွှတ်ခဲ့တဲ့အတွက် “အာရုနာချယ်ပရာဒက်ရှ်” ပြည်နယ်ဧရိယာ အတော် များများဟာ အိန္ဒိယပိုင်နက်ဖြစ်သွားပါတယ်။ ၁၉၅၉-ခုနှစ်မှာ တိဗက်ကို တရုတ်စစ်တပ်က ဝင်ရောက်သိမ်း ပိုက်လိုက်တဲ့အခါ လက်ရှိ တိဗက်အုပ်ချုပ်သူ ၁၄-ဆက်မြောက် ဒလိုင်းလားမားလည်း အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးသွားရပါတယ်။အဲ့ဒီနောက် တိဗက်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အနောက်တောင်ပိုင်း ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လာပါတယ်။
.
HtayOung(OungMarine)
04 Jan, 21:45
(ဇန်နဝါရီ-၅၊ ၂၀၂၅) ၆-လစီ သက်တမ်းတိုးမြှင့်နေရတယ်ဆိုတာ
..
အရေးပေါ် အခြေအနေကျရောက်နေလို့
တနည်းအားဖြင့် လုံခြုံရေး တရားဥပဒေစိုးမိုးရေး ပျက်ပြားနေလို့ဖြစ်ပါတယ်။
ဒါကြောင့် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်ပြီး လုံခြုံရေးကို ဖိဖိစီးစီး ဆောင်ရွက်နေကြောင်း ပြသဖို့က ပထမဆုံး ဦးစားပေး အလုပ်ဖြစ်ပါလိမ့်မယ်။
..
အဲ့ဒီကာလမှာ နိုင်ငံတော်အဆင့် ပျော်ပွဲရွှင်ပွဲများကို အတတ်နိုင်ဆုံး လျော့ချသင့်ပါတယ်။
.
တစ်နှစ်ပတ်လုံး ပျော်ပွဲရွှင်ပွဲမကင်းတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ
ပြည်သူအများက သူတို့ဖာသာကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲများဖြစ်လာအောင်
တစ်ဖက်လှည့် စီစဉ်ပေးဖို့ဆိုတာ ဘာမှ မခဲယဉ်းတဲ့ အလုပ်ပါ။
..
တေကယ်လို့ သင်ဟာ ဆက်တိုက်အောင်မြင်သူ ဖြစ်နေခဲ့ရင်
..
သင့်ရဲ့ အလွန် ဆိုးရွားတဲ့ အမှားယွင်းကြီးတစ်ခုဟာ
.
အလွန် ပရိယာယ်ကြွယ်ဝတဲ့ သင့်ရဲ့ လှည့်စားမှုတစ်ခုအဖြစ် အထင်ကြီး ခံရမှာဖြစ်ပြီး
.
တကယ်လို့ သင်သာ ဆက်တိုက်အရေးနိမ့်နေခဲ့ရင်
.
တော်ယုံ သင့်ရဲ့ ကြိုးစားအားထုတ်မှုကို
.
အလွန်မိုက်မဲပြီး မလုပ်သင့်တဲ့အလုပ် လုပ်သူအဖြစ် ကဲ့ရဲ့ ရှုတ်ချကြလိမ့်မယ်ဆိုတာ သတိရှိစေချင်ပါတယ်။
..
အောင်ပွဲသည်သာလျှင် ပြင်းထန်လှတဲ့ လောကဓံ လှည့်စားမှုမှာ ထွက်ပေါက်ဖြစ်နေပါတယ်။
.
ဘဝဆိုတဲ့ ကျောင်းတော်ကြီးမှာ ကျွန်တော်တို့အားလုံးအတွက်လည်း သင်ခန်းစာ ပါ
.
#HtayOung, #OungMarine
===
HtayOung(OungMarine)
04 Jan, 15:45
၄၊၁၊၂ဝ၂၅
ယနေ့ ဧရာဝတီတိုင်းနယ်စပ် ရခိုင်ပြည်နယ်ဘက်ခြမ်း ဘောဓိ၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားကြောင်း သိရှိရ
မြောက်စမ်း ၃၄၄ က လက်နက်ကြီးပစ်ကူ အကြိမ်ကြိမ်ပေး‌နေရ
နေ့လည် ၁၂ဝဝ နာရီခန့် တွင် ပုသိမ်ဘက်သို Mi 35 ပျံသန်းသွားပြီး
ည ဝ၇၃ဝ နာရီခန့်၌ စစ်ကူယာဥ် xx စီးနှင့် လူမပါယာဉ်များ မောင်းနှင်သွား
လွန်ခဲ့တဲ့ရက် ဂွဘက်မှ ဆုတ်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင်များ ဂွနှင့် ဘောဓိအကြားတွင် ခံစစ်ယူထားခြင်းဖြစ်
ဂွဘက်တွင် ၅၆၂ ၅၆၃ နှင့် တမခ xx, xx လက်အောက်ခံတပ်များရှိနေ
လွန်ခဲ့သည့်ရက် AA တို့ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဂွချောင်းဖြတ်တံတားအား တပ်က အချိန်မီ ပြင်ဆင်ပေးခဲ့ပုံရ
#HtayOung #OungMarine #Rakhine, #Ayarwaddy #fyp
HtayOung(OungMarine)
04 Jan, 14:57
၄၊၁၊၂ဝ၂၅
မကြာမီ EAOs တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး တပြိုင်တည်း တိုက်ပွဲစတော့မယ် အရိပ်အယောင်မြင်နေရတယ်
AA က ရခိုင်မြောက်မှာ ဘဂ်ါလီ ၄ ဖွဲ့နဲ့ အကြိတ်အနယ်ဖြစ်နေပုံရတာက လွဲရင် အမ်းပဒါန်းလမ်း၊ တောင်ကုတ် ဥသျှစ်ပင်လမ်းမှာ ခြေလှမ်းပြင်နေတယ်
ဒီရက်ပိုင်း ကရင်က ပဲခူးတိုင်းနယ်စပ်မှာ စနေပြီလို့ ထင်ရတယ်
TNLA MNDAA က ရှမ်းမြောက် တောင်ပိုင်းအနီးကို တပ်တွေရွှေ့နေကြောင်း သတင်း‌ထွက်တယ်
.
.
#HtayOung, #OungMarine
HtayOung(OungMarine)
03 Jan, 13:04
(၃၊၁၊၂၀၂၅) သတင်းမှား
..
ကမ္ဘောဇဘဏ် ငွေစာရင်းများနှင့် ချိတ်ဆက်ထားသော K_Pay ခေါ် KBZ_Pay အကောင့်များမှ အလိုလျောက်ငွေကြေးများ လွှဲပြောင်းပေးနေခြင်း၊ ငွေခိုးယူခံရခြင်းများဖြစ်ပွားပြီးနောက် KBZ ဘဏ်တွင် အပ်နှံထားသော ငွေများကို ပြည်သူတို့က ပြန်လည်ထုတ်ယူနေကြောင်း
.
ထုတ်ယူသူ အလွန်များသဖြင့် အကောင့်တစ်ခုလျှင် ကျပ်ငွေ ၁၀-သိန်းသာ ထုတ်ပေးကြောင်း သတင်းမှာ မှားယွင်းပါတယ် #HtayOung, #OungMarine
HtayOung(OungMarine)
03 Jan, 13:04
(၃၊၁၊၂၀၂၅) သတင်းမှား
..
ကမ္ဘောဇဘဏ် ငွေစာရင်းများနှင့် ချိတ်ဆက်ထားသော K_Pay ခေါ် KBZ_Pay အကောင့်များမှ အလိုလျောက်ငွေကြေးများ လွှဲပြောင်းပေးနေခြင်း၊ ငွေခိုးယူခံရခြင်းများဖြစ်ပွားပြီးနောက် KBZ ဘဏ်တွင် အပ်နှံထားသော ငွေများကို ပြည်သူတို့က ပြန်လည်ထုတ်ယူနေကြောင်း
.
ထုတ်ယူသူ အလွန်များသဖြင့် အကောင့်တစ်ခုလျှင် ကျပ်ငွေ ၁၀-သိန်းသာ ထုတ်ပေးကြောင်း သတင်းမှာ မှားယွင်းပါတယ်
..
ပိတ်ရက်ရှည် ကြားခံသွားခြင်း၊ လဆန်းရက် အတိုးထည့်သူများဖြင့် အစိုးရနှင့် ပုဂ္ဂလိကဘဏ်များတွင် ပုံမှန် လူများနေကျဖြစ်ကြောင်း သိရှိရပါတယ်။
..
ယနေ့ ကမ္ဘောဇဘဏ်ကလည်း သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် "ဘဏ်နှင့်မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operator) မှတစ်ဆင့် ၎င်းတို့၏ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူ (Third Party Service Provider) များ၏ စနစ်အား နည်းပညာဖြင့် ဖောက်ထွင်းယူခြင်းများ ဆောင်ရွက်ပြီး၊ သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအား ဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းများ ဆောင်ရွက်လာကြကြောင်း တွေ့ရှိရပါသည်ဟု ဖော်ပြထားကြောင်း
ဖြစ်စဉ်များကို KBZPay မှ ဆက်လက်စုံစမ်းစစ်ဆေးရာတွင် ဖုန်းဟန်းဆက်ပြောင်းလဲသည့် (Device Change) လုပ်ငန်းစဉ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဉ် ၃၁ ခုကို တွေ့ရှိခဲ့ရကြောင်း
ယခုအခါတွင် အချို့ Operator များ၏ ဖုန်းဟန်းဆက်ပြောင်းလဲမှုများ (Device Change) ကို ခေတ္တရပ်တန့်၍ system maintenance ပြုလုပ်နေပြီး ၂၀၂၅၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဉ် (Device Change) ကို ပြန်လည်စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း
KBZPay အနေဖြင့် မိုဘိုင်းငွေကြေး လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်နေပြီး Mobile Network Operator များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း အသုံးပြုသူ ၃၁ ဦး၏ ငွေကြေးဆုံးရှုံးမှု မရှိစေရန် KBZPay မှ ကြိုတင်အစားထိုး စိုက်ထုတ်ပေးမှုများကို ၂၀၂၄၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊
KBZPay ၏ Call Center 3211 (Ext 4) သည် ၂၄ နာရီ ၇ ရက်ပတ်လုံး ကူညီပြန်ကြားပေးလျှက်ရှိကြောင်း ဖော်ပြထားပါတယ်။
.
#HtayOung, #OungMarine #KBZ_Bank #KPay #fyp
===
HtayOung(OungMarine)
03 Jan, 06:50
(ဇန်နဝါရီ-၃၊ ၂၀၂၅) ယမန်နေ့ ဧရာဝတီတိုင်းမ် မီဒီယာပါ ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ် တောင်ပို့ကြီးရွာတွင် တပ်မတော်နှင့် AA တို့တိုက်ပွဲဖြစ်ပွားကြောင်း သတင်းနှင့် ဓါတ်ပုံမှာ လုံးဝမှားယွင်းကြောင်း အတည်ပြုနိုင်ခဲ့ ပါတယ်။
..
တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ပဲခူးတိုင်း အနောက်ဘက်အဆုံး “တောင်ပို့ကြီး” ရွာတွင် မဟုတ်ပဲ ရခိုင်ပြည်နယ် အတွင်းရှိ “တောင်ပုံကြီး” ရွာ သာလျှင်ဖြစ်ကြောင်း။ ကာကွယ်ရေးပစ္စည်း စက်ရုံများရှိရာ ပန်းတောင်း ဥသျှစ် ပင်မြို့နှင့် အလွန်ဝေးနေသေးပြီး စိတ်ပူရန် မရှိကြောင်း သိရှိရပါတယ်။
..
#HtayOung, #OungMarine #People’s_Defence_Force_Myanmar #Myanmar_Army #fyp
===
HtayOung(OungMarine)
03 Jan, 05:10
(ဇန်နဝါရီ-၃၊ ၂၀၂၅) ယမန်နေ့ အွန်လိုင်းပေါ်တွင် ပျံ့လွင့်လျှက် ရှိတဲ့ ပဲခူးတိုင်း အနောက်ခြမ်း တောင်ကုတ်-ပန်းတောင်း ရိုးမလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကို AA က ဝင်ရောက်တိုက်ခိုက်လျှက်ရှိပြီး ထိတွေ့မှု ပြင်း ထန်ကြောင်း သတင်းမှာ အပြည့်အစုံ မှန်ကန်ခြင်း မရှိပါ။
..
လွန်ခဲ့တဲ့ ၄-ရက်ခန့်က တောင်ပုံကြီးအကျော် သပြေတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ယခု တည်ငြိမ် လျှက်ရှိပြီး ဆုတ်ခွာသွားတဲ့ AA တို့ကို တပ်မတော်က လိုက်လံရှင်းလင်းနေပုံရကြောင်း သိရှိရပါတယ်။
#HtayOung, #OungMarine
HtayOung(OungMarine)
03 Jan, 05:07
(ဇန်နဝါရီ-၃၊ ၂၀၂၅) ယမန်နေ့ အွန်လိုင်းပေါ်တွင် ပျံ့လွင့်လျှက် ရှိတဲ့ ပဲခူးတိုင်း အနောက်ခြမ်း တောင်ကုတ်-ပန်းတောင်း ရိုးမလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကို AA က ဝင်ရောက်တိုက်ခိုက်လျှက်ရှိပြီး ထိတွေ့မှု ပြင်း ထန်ကြောင်း သတင်းမှာ အပြည့်အစုံ မှန်ကန်ခြင်း မရှိပါ။
..
လွန်ခဲ့တဲ့ ၄-ရက်ခန့်က တောင်ပုံကြီးအကျော် သပြေတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ယခု တည်ငြိမ် လျှက်ရှိပြီး ဆုတ်ခွာသွားတဲ့ AA တို့ကို တပ်မတော်က လိုက်လံရှင်းလင်းနေပုံရကြောင်း သိရှိရပါတယ်။
..
ပုသိမ်-မုံရွာလမ်းပေါ်ရှိ ပဲခူးတိုင်း အနောက်ဖက်ဆုံး ဥသျှစ်ပင်မြို့ဟာ ရခိုင်ပြည်နယ်-ဓရာဝတီတိုင်းနဲ့ မကွေး တိုင်းဆုံရာမှာ တည်ရှိပါတယ်။
..
လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်တည်းက AA နဲ့ ချင်းသူပုန်များဟာ၊ ပြည် ပေါက်ခေါင်းဝန်းကျင် ဗမာလူငယ်များ ကို စစ်စည်းရုံးခြင်း စစ်သင်တန်းပေးခြင်းဖြင့် အမာခံမွေးမြူခဲ့၊ အဲ့ဒီဘက်ကနေပြီး ရခိုင်ဘက်ကို ထောက်ပို့လုပ် နေခဲ့တဲ့ သတင်းများကို အကြိမ်ကြိမ်ကြားခဲ့ရပါတယ်။
..
ငွေပေးခြင်းဖြင့် သက်ဆိုင်ရာ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး စားနပ်ရိက္ခာ-ဆေးဝါး-စက်သုံးဆီများအထိ သယ် ယူနိုင်ခဲ့ပြီး နယ်မြေခံ PDF များနဲ့ ပူးပေါင်း သစ်ခိုးထုတ်ခြင်းဖြင့် ဝင်ငွေရရှိပါတယ်။
.
လက်ရှိ တပ်မတော်ရဲ့ ဆက်တိုက်အရေးနိမ့်မှုများကို ဆန်းစစ်ရရင် “ငွေကျည်ဆန်” နဲ့ အပစ်ခံရခြင်းဟာ ပထ မဆုံး အချက်ဖြစ်ပါလိမ့်မယ်။ ဆန့်ကျင်ဘက် အင်အားစုများဟာ အဲ့ဒီအားနည်းချက်ကို ကောင်းကောင်းသိ ကောင်းကောင်း အသုံးချနေဆဲလို့ ယုံကြည်ရပါတယ်
..
ဒုတိယအချက်က ဗမာလူငယ် PDFs လေးများဖြစ်ပါတယ်။
..
၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ ၁-ရက်နေ့နောက်ပိုင်း တပ်မတော်ကို ဆန့်ကျင်ဖို့ ရန်ကုန်-မန္တလေးနဲ့ မြန်မာပြည် တိုင်းဒေသများမှ ဗမာ လူငယ်အမြောက်အများဟာ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင် EAOs များထံ အသီးသီး ခိုလှုံုပြီး စစ်ပညာသင်ယူကြပါတယ်။
..
လူမျိုးစုကို အခြေခံပြီး တည်ဆောက်ရတဲ့အတွက် အင်အားချိနဲ့ပြီး နှစ် ၇၀-ကျော်ကြာ တိုက်ကွက်မဖော်နိုင်ခဲ့တဲ့ EAOs တို့အတွက် နတ်ရေကန်ထဲ ပစ်ချလိုက်သလို နေ့ချင်းညချင်း အင်အားကြီးထွားသွားပါတယ်။
..
အဲ့ဒီ ဗမာ PDFs အချို့ဟာ ၎င်းတို့ရောက်ရှိရာ EAOs များရဲ့ ဘာစစ်ကြောင်း ညာစစ်ကြောင်း အမည်နဲ့ လက် အောက်ခံ တပ်များ ဖြစ်သွားကြပါတယ်။ အချို့လည်း အဲ့ဒီ EAOs စစ်သားများ ခေါင်းဆောင်တဲ့ အဖွဲငယ်များ အဖြစ် မိမိတို့ ဇာတိမြေထံ ပြန်လာကြပြီး လူသစ်စုဆောင်းခြင်း နယ်မြေစိုးမိုးခြင်းများ ပြုလုပ်လာကြပါတယ်။
..
တစ်ပြည်လုံးမှာ PDFs အဖွဲ့ပေါင်း ၃၀၀ ခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းရပြီး ၂၀၂၄-ခုနှစ် ဖေဖော်ဝါရီလမှာ စုစု ပေါင်း အင်အား ၁-သိန်းခန့်ရှိလိမ့်မယ်လို့ သိရှိရပါတယ်။
..
အမျိုးသား ညီညွတ်ရေး အစိုးရ NUG လို နိုင်ငံရေး စစ်ရေးအဖွဲ့အစည်းရဲ့ လက်အောက်ခံ PDFs အဖွဲ့များ ရှိ သလို မိမိတို့ စိုးမိုးရာ နယ်မြေအတွင်း အခွန်ရငွေများနဲ့ ရပ်တည်တယ်လို့လည်း ပြောကြတဲ့ အဖွဲ့များလည်း ရှိပါတယ်။ အချို့လည်း ဘယ်သူ ဘယ်ဝါကို ကိုယ်စားပြုခြင်း မသဲကွဲပဲ ဒေသန္တရ စစ်ဘုရင်ငယ်များ အသီးသီး ဦးစီးတဲ့ လက်နက်ကိုင်အုပ်စုများ ဖြစ်ပါတယ်။
..
အမှန်တော့ လုံခြုံရေးတပ်များ သွားလာမှုကို မိုင်းဆွဲ ချောင်းမြောင်းပစ်ခတ်ခြင်းဖြင့် တားဆီးပြီး သစ်ခိုးထုတ် ခြင်း-ရွှေ-ရေနံ နဲ့ သတ္ထု-ကျောက်မျက်တူးဖော်ခြင်းဖြင့် ငွေကြေးအမြောက်အများ ရရှိနေကြရာမှာတော့ အား လုံး တူညီကြပါတယ်။ တစ်ဖက်မှာလည်း EAOs များရဲ့ ငွေလုံးငွေရင်း ရှာဖွေရာ ဘိန်းစိုက်ပျိုးခြင်း စိတ်ကြွဆေး ကုန်ကူးခြင်းတို့မှာ ပါဝင်ပတ်သက်မိလျှက်သားဖြစ်သွားပါတယ်။ သူတို့ကို အရောင်တင် ဝါဒဖြန့် ချီပေးနေ သူတွေက နစက အာဏာရယူချိန် မြေအောက် ငုပ်လျှိုးသွားတဲ့ သတင်း မီဒီယာသမားများ ဖြစ်ပြီး Hybrid_War ခေါ် မတူညီတဲ့ နည်းလမ်းမျိုးစုံ ပေါင်းစပ်ပြီး တပ်မတော်ကို တိုက်ခိုက်နေပါတယ်။
..
EAOs များအတွက် အသက်စွန့်ကူညီစစ်တိုက်ပေးရင်း PDFs အထိနာဆုံးဟာ ရှမ်းမြောက် 1027 စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ဖြစ်ပါတယ်။ ယခုအချိန်ထိ တစ်နိုင်ငံလုံးမှာ PDFs ဗမာလူငယ် ၅၀၀၀ မှ ၇၀၀၀ ခန့်ကျဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ ၁-ရက်နေ့မှစတင်တဲ့ လက်နက်ကိုင် ပဋိပက္ခ ၁၄၂၈-ရက်မြောက်နေ့မှာ
-မြောက်ပိုင်း မဟာမိတ် ၃-ဖွဲ့ ဖြစ်တဲ့ MNDAA က ၉-မြို့၊ TNLA က ၁၂-မြို့၊ AA က ၁၈-မြို့ စုစုပေါင်း ၃၉-မြို့ကို သိမ်းယူထားတယ်။
ဒေသအလိုက်ကြည့်ရင် ကချင်ပြည်နယ်မှာ ၁၆-မြို့၊ ကယား- ၇ မြို့၊ ကရင် ၅-မြို၊ ချင်း ၁၇-မြို့၊ ရခိုင် ၁၈-မြို့၊ ရှမ်း ၂၄-မြို့၊ စစ်ကိုင်း- ၄-မြို့၊ မန္တလေးတိုင်း ၅-မြို့ စုစုပေါင်း ၉၆-မြို့ကို လက်နက်ကိုင်အဖွဲ့အသီးသီးက ထိန်းချုပ်ထားတယ်။ ဒါပေမယ့် လွတ်မြောက်သွားပြီဆိုတဲ့ အဲ့ဒီမြို့ရွာတွေမှာ ဗမာ လူမျိုးများပိုင် နေအိမ်တွေကို သူတို့ မျက်စိရှေ့မှာပဲ EAOs တွေက ချိတ်ပိတ် သိမ်းယူနေတယ်။ နေထိုင်ခွင့် စီးပွားရေး လုပ်ကိုင်ခွင့် ကန့် သတ်နေတယ်။
..
HtayOung(OungMarine)
03 Jan, 05:07
အဲ့ဒီမြို့တွေမှာ ဘာစနစ်နဲ့ အုပ်ချုပ်လည်ပတ်နေသလဲဆိုတော့ အမိန့်ပေး အာဏာတည်တဲ့ နည်းလမ်းသာ လျှင်ဖြစ်နေတယ်။ မပေး မနေရ အခွန်ပေးရတယ်။ စစ်မှုထမ်းရတယ်။ အတိုချုပ်ပြောရရင် စစ်တပ်အုပ်ချုပ် မှုအောက်က လွတ်မြောက်ပြီး ဒေသန္တရစစ်ဘုရင်များ အုပ်ချုပ်တဲ့ လက်အောက်ရောက်ရှိသွားတယ်။
..
သူတို့အချင်းချင်းလည်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြတယ်။ ဒီလိုပုံနဲ့ စစ်တပ်လုံး၀ ကျဆုံးသွားရင်တောင် ဖက်ဒရယ်နိုင်ငံ ဘယ်လို ထူထောင်မယ်ဆိုတာ အရိပ်အယောင်တောင် မတွေ့ရပါ။ ဒါပေမယ့်လည်း ဗမာ PDFs လေးတွေက EAOs များအတွက် ကူညီတိုက်ခိုက်ပေးနေဆဲဖြစ်တယ်။ ဘာ့ကြောင့်ဆိုတာ သူတို့သာလျှင် သိ မယ်။
..
တိုတိုပြောရရင် ပထမ-ဒုတိယ-တတိယမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သူ အနော်ရထာ-ဘုရင့် နောင်-အလောင်းဘုရားတို့ဟာ အညာသားများဖြစ်ကြပြီး မျက်မှောက်ခေတ် ပြည်ထောင်စု မြန်မာနိုင်ငံကို ဖျက်ဆီးနေသူများကလည်း အညာသားအများဆုံး ဗမာ PDFs လေးများ ဖြစ်နေပါတယ်။
..
#HtayOung, #OungMarine #People’s_Defence_Force_Myanmar #Myanmar_Army
===
HtayOung(OungMarine)
02 Jan, 03:44
(ဇန်နဝါရီ-၂၊ ၂၀၂၅) ယမန်နေ့ ပဲခူးတိုင်းအရှေ့ခြမ်း ဝေါမြို့နယ်မြောက်ဖက် ကျေးရွာများအတွင်း တရုတ်ဘာသာစကားပြောဆိုသူ ၄၀-၅၀ ခန့် ရောက်ရှိလာ။
..
လက်နက်များ ကိုင်ဆောင်ထားပြီး နယ်မြေအခြေအနေအား စုံစမ်းလျှက်ရှိဟု သိရှိရ။
..
စစ်တောင်းမြစ် အရှေ့ဖက်ကမ်း၌ နေထိုင်သူများအား အနောက်ဖက်သို့ ကူးသန်းသွားလာခြင်း မပြုရန် KNLA, PDFs တို့က အမိန့်ထုတ်ဟု ဆို။ ကျောက်တံခါး ညောင်လေးပင်ဖက်တွင် စစ်ရေးရည်ရွယ်ချက် ရှိမည် ခန့်မှန်း ကြ။
.
KNU အကြီးပိုင်း ၃-ဦးအား စစ်တောင်းမြစ် အောက်ပိုင်းသို့ အမြန်လာရောက်ကြရန် ၎င်းတို့အဖွဲ့အတွင်း အကြောင်းကြားထားဟု ပြော
..
ပဲခူးတိုင်း အရှေ့ခြမ်းအတွင်း တအာန်းသူပုန် TNLA တို့ ဝင်ရောက်လာခြင်းကို ဒေသခံ PDFs တို့က မနှစ် မြို့ကြောင်း သိရ၊ ၎င်းတို့ကြား၌ မနေကြပါရန် နယ်မြေခံပြည်သူများအား သတိပေးနေဟု ဆို
..
#HtayOung, #OungMarine #TNLA #KNLA #PDFs_Myanmar #Bago_Region #KNU #KNLA
HtayOung(OungMarine)
02 Jan, 03:43
(ဇန်နဝါရီ-၂၊ ၂၀၂၅) ယမန်နေ့ ပဲခူးတိုင်းအရှေ့ခြမ်း ဝေါမြို့နယ်မြောက်ဖက် ကျေးရွာများအတွင်း တရုတ်ဘာသာစကားပြောဆိုသူ ၄၀-၅၀ ခန့် ရောက်ရှိလာ။
..
လက်နက်များ ကိုင်ဆောင်ထားပြီး နယ်မြေအခြေအနေအား စုံစမ်းလျှက်ရှိဟု သိရှိရ။
..
စစ်တောင်းမြစ် အရှေ့ဖက်ကမ်း၌ နေထိုင်သူများအား အနောက်ဖက်သို့ ကူးသန်းသွားလာခြင်း မပြုရန် KNLA, PDFs တို့က အမိန့်ထုတ်ဟု ဆို။ ကျောက်တံခါး ညောင်လေးပင်ဖက်တွင် စစ်ရေးရည်ရွယ်ချက် ရှိမည် ခန့်မှန်း ကြ။
.
KNU အကြီးပိုင်း ၃-ဦးအား စစ်တောင်းမြစ် အောက်ပိုင်းသို့ အမြန်လာရောက်ကြရန် ၎င်းတို့အဖွဲ့အတွင်း အကြောင်းကြားထားဟု ပြော
..
ပဲခူးတိုင်း အရှေ့ခြမ်းအတွင်း တအာန်းသူပုန် TNLA တို့ ဝင်ရောက်လာခြင်းကို ဒေသခံ PDFs တို့က မနှစ် မြို့ကြောင်း သိရ၊ ၎င်းတို့ကြား၌ မနေကြပါရန် နယ်မြေခံပြည်သူများအား သတိပေးနေဟု ဆို
..
ပဲခူးတိုင်း အရှေ့ခြမ်းသို့ ယခု စိမ့်ဝင်လာသော ရှမ်းမြောက်သူပုန်များတွင် AA ပါဝင်ကြောင်း မတွေ့ရသေးပါ။
သို့သော် ရခိုင်ဘက်တွင် AA အား စစ်ကူနေသည့် KIA မှာ အခြေအနေမကောင်းသဖြင့် မကွေးတိုင်း စလင်းကို ဖြတ်၍ ပဲခူးရိုးမ ဘက်သို့ ဝင်ရောက်လာဖွယ်ရှိ
.
လွန်ခဲ့သည့် ၃-နှစ်ကျော်ကတည်းက ပဲခူးတိုင်းအနောက်ခြမ်း ပြည်-ပေါက်ခေါင်းဘက်တွင် ရခိုင်နှင့် ချင်းသူပုန်တို့က နယ်မြေအတွင်း စစ်သင်တန်းပေး အမာခံမွေးမြူပြီး ထောက်ပို့လုပ်နေခဲ့
..
ပဲခူးတိုင်း အရှေ့ခြမ်းနှင့် ရိုးမပေါ်တွင် KNU တို့ ခြေကုတ်ယူထားခဲ့၊ တော်လှန်ရေးသမားဆိုသူ လွှတ်တော်အ မတ်ဟောင်းပင် ရောက်ရှိနေပြီး နယ်ခံများနှင့် ပူးပေါင်းကာ သစ်ခိုးထုတ်ခြင်း၊ ရွှေနှင့် သတ္တုတူးဖော်ခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း သတင်းများ အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ပါတယ်။
.
#HtayOung, #OungMarine #TNLA #KNLA #PDFs_Myanmar #Bago_Region #KNU #KNLA
HtayOung(OungMarine)
01 Jan, 08:00
(ဇန်နဝါရီ-၁။ ၂၀၂၅) ဆရာမလေးတွေကို ကျက်သရေရှိစွာ ပြန်လည်မြင်တွေ့ရပြီ
.
၂၀၂၄-ခုှနှစ် မြန်မာနိုင်ငံလူဦးရေဟာ ၅၁၃၁၆၇၅၆-ဦးပဲ ရှိပါတယ်။ အဲ့ဒါကို လွန်ခဲ့တဲ့ ၁၀-နှစ်အတွင်း လူဦးရေ ၁-သိန်း ၆-သောင်း လျှော့နည်းသွား တယ်လို့ ပြောရင် မှားပါတယ်။
၁၈၈၅-ခုနှစ် သီပေါဘုရင် ပါတော်မူပြီး အင်္ဂလိပ်တို့ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်မှာ ရခိုင် တနင်္သာရီပါ မြန်မာတစ်နိုင်ငံလုံး လူဦးရေ ၈-သန်းခန့် ရှိပါတယ်။ ၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းစဉ် မြန်မာနိုင်ငံ လူဦးရေဟာ ၂၄ ခန့် ရှိပြီး ပျမ်းမျှ လူဦးရေတိုးနှုန်း ၂% ခန့် ရှိပါတယ်
နောက်ပိုင်း ကုလသမဂ္ဂခန့်မှန်းချက်မှာ လူဦးရေတိုးနှုန်း ဝ.၇ % သာ ရှိပါတော့တယ်။ ၂၀၁၄-ခုနှစ် ဦးသိန်းစိနလက်ထက် ကောက်ယူခဲ့တဲ့ စာရင်းအရ မြန်မာနိုင်ငံ လူဦးရေဟာ ၅၁၄၉၆၂၅၃-ဦးရှိပြီး ကျား ၄၆.၉%၊ မ-၅၃.၁% နဲ့ အမျိုးသမီးဦးရေက အနည်းငယ်ပိုပါတယ်။
..
ကုလခန့်မှန်းချက် ဝ.၇% ကိုအတည်ယူရရင် ၂၀၂၄-ခုနှစ် မြန်မာနိုင်ငံလူဦးရေဟာ ၅၅ သန်း ၂-သိန်းကျော်ရှိ ရပါလိမ့်မယ်။ အဲ့ဒီအစား ၅၁-သန်း ၃-သိန်းကျော်သာ ရှိခြင်းကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားရင်းမြစ်မှာ ၃-သန်း ၉-သိန်း( ၄-သန်းနီးပါး) လျော့နည်းနေခြင်း ဖြစ်ပါတယ်။
..
#HtayOung, #OungMarine
HtayOung(OungMarine)
01 Jan, 07:53
..
တစ်နှစ်ထက် တစ်နှစ် တရိပ်ရိပ်ထိုးတက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်လျော ညီထွေဖြစ်တဲ့ လုပ်ခ လစာ မရရှိ တဲ့အတွက်ကြောင့်အပြင်၊ ဟိုအကြောင်း ဒီအကြောင်း ခြောက်လှန့်မှုများကြောင့် လယ်ပေါင် နွားရောင်းပြီး ရေ ခြားမြေခြား တိုင်းတစ်ပါးမှာ မိသားစု ဝမ်းစာ ရှာဖွေနေရတဲ့ ကျွန်တော်တို့နိုင်ငံသား ကျားမ အရွယ်ကောင်းလေး တွေ သန်း ချီရှိပါလိမ့်မယ်။
..
ကျွန်တော့်တို့ လူ့အဖွဲ့အစည်းကြီး မပြိုလဲစေချင်ရင် ပညာ အခြေခံပြီး တရားဥပဒေနဲ့ စည်းနှောင်ထားတဲ့ တိုင်းပြည်ဖြစ်ဖို့ လူသားရင်းမြစ် ပြုန်းတီးမှုကို မဖြစ်မနေ ကာကွယ်ကြဖို့ အချိန်ရောက်ရှိနေပါပြီ။
..
#HtayOung, #OungMarine #Myanmar_Population #2024_Census #Human_Resources #fyp
===
HtayOung(OungMarine)
01 Jan, 07:53
(ဇန်နဝါရီ-၁။ ၂၀၂၅) ဆရာမလေးတွေကို ကျက်သရေရှိစွာ ပြန်လည်မြင်တွေ့ရပြီ၊ ၁၀-နှစ်အတွင်း လူသားရင်းမြစ် ၄-သန်းနီးပါး လျော့နည်းသွားတဲ့ ကျွန်တော်တို့နိုင်ငံ
===
ကျွန်တော်တို့ မျက်မှောက်ခေတ်လူသားတွေဟာ Homo Sapiens ဟိုမိုဆေပီယန် လို့ သိပ္ပံအမည်ရှိပြီး “ဉာဏ်ပညာ အသုံးချတတ်သော” လိုက်လျောညီထွေနေတတ်သည့် ဆေပီယန်မျိုးနွယ်လို့ ခေါ်ပါတယ်။
အတိအကျ ပြောရရင် ဟိုမို ဆေပီယန် ဆေပီယန်လို့ ၂-ကြိမ်ထပ် ခေါ်ရပါတယ်။ အလားတူ ဟိုမိုမျိုးနွယ်ဖြစ်တဲ့ နီယင်ဒါသယ်တို့ဟာ လိုက်လျောညီထွေ မနေတတ်လို့ မျိုးတုန်းပျောက်ကွယ်သွားပြီး ဒီကနေ့ ကျောက်ဖြစ်ရုပ် ကြွင်းအဖြစ် ပြတိုက်ထဲ ရောက်နေပါတယ်။ နီယင်ဒါသယ်ရဲ့ DNA က ဒီနေ့ ကျွန်တော်တို့ လူသားများမှာ တွေ့ မြင်နေရသေးတဲ့အတွက် အတိအကျသတ်မှတ်ရတဲ့ သိပ္ပံအမည်မှာ ဆေပီယန် ၂-ကြိမ် ထပ်နေရခြင်းပါ။
.
နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုကို ပညာအခြေခံပြီး တည်ဆောက်ရပါတယ်။ အဲ့ဒီ လူ့အဖွဲ့အစည်းကြီးကို စည်းနှောင်ထားတာ တရားဥပဒေဖြစ်ပါတယ်။
ပညာကို အခြေခံခြင်း မရှိ၊ လူ့စည်းကမ်း လူ့ဓမ္မဿတ်များနဲ့ လိုက်လျောညီထွေ မနေတတ်တဲ့အတွက် ဟိုမို ဆေပီယန်ရဲ့ အလားတူ လူမျိုးစိတ်အတော်များများဟာ မျိုးသုဉ်းသွားခဲ့ပါပြီ၊ ဥပမာပေးရရင် အမေရိကန်နိုင်ငံ ဟာ ကမ္ဘာ့လူမျိုးပေါင်းစုံ အနည်းနဲ့ အများ ရောနှောနေထိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒီနေ့ အမေရိကန်ကို ကမ္ဘာ့ထိပ်တန်း နံပတ်-၁ တိုင်းပြည်ဖြစ်အောင် ပညာအခြေခံပြီး ဖြောင့်မတ်မှန်ကန်တဲ့ တရားဥပဒေများက တွန်းပို့ ဆောင် ကျဉ်းပေးခဲ့ကြောင်း လက်တွေ့မြင်နိုင်ပါတယ်။
..
..
နှစ်အတန်ကြာ လူမှုကွန်ရက်မှာ ပျောက်ကွယ်နေတဲ့ ကျောင်းဆရာမလေးများကို ယခုရက်ပိုင်း လူမှုကွန်ရက် မြန်မာဘာသာသုံးစွဲသူများအကြား ပြန်လည်မြင်တွေ့လာရပါပြီ။
..
တပည့် မျောက်မူးလဲများနဲ့ အဖြူအစိမ်းဝတ် ဆရာမလေးများရဲ့ အသံစာစာလေးတွေဟာ ကျွန်တော့်အတွက် ဘယ်လို ကျက်သရေရှိမှန်း မပြောတတ်နိုင်အောင်ပါ။
..
စစ်ဘေးရှောင်ဖြစ်နေပုံရတဲ့ ဆရာမလေးတစ်ယောက်ရဲ့ ပို့စ်မှာတော့ “တနေ့ ငါ့ကျောင်းမှာ ငါကိုယ်တိုင် ဒီအလံ ကို ပြန်တင်နိုင်ရမယ်၊ ဒါ့ ငါ့ကျောင်းအပေါ် ထားတဲ့ ငါ့ရဲ့ သစ္စာတရားပဲ၊ ခုတော့ ဌာန ကင်းကွာပေါ့၊ သားတို့ သမီးတို့ရေ တနေ့မှာ ဆရာမတို့ ပြန်ဆုံနိုင်မှာပါ ” တဲ့ နိုင်ငံတော်အလံကို ဝှေ့ရမ်းနေပုံနဲ့ မြင်တွေ့ရပါတယ်။
..
ယနေ့ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၄-ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်မှာ ဝမ်းနည်း ထိတ်လန့်ဖွယ် အကြောင်းအရာတစ်ခုကို တွေ့မြင်လိုက်ရပါတယ်။
..
၁၀-နှစ်တစ်ကြိမ် ကောက်ယူရမြဲ သန်းခေါင်စာရင်း ထုံးစံအရ ၂၀၂၄-ခုှနှစ် မြန်မာနိုင်ငံလူဦးရေဟာ ၅၁၃၁၆၇၅၆-ဦးပဲ ရှိပါတယ်။ အဲ့ဒါကို လွန်ခဲ့တဲ့ ၁၀-နှစ်အတွင်း လူဦးရေ ၁-သိန်း ၆-သောင်း လျှော့နည်းသွား တယ်လို့ ပြောရင် မှားပါတယ်။
..
၁၈၈၅-ခုနှစ် သီပေါဘုရင် ပါတော်မူပြီး အင်္ဂလိပ်တို့ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်မှာ ရခိုင် တနင်္သာရီပါ မြန်မာတစ်နိုင်ငံလုံး လူဦးရေ ၈-သန်းခန့် ရှိပါတယ်။ ၁၉၆၂-ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းစဉ် မြန်မ မာနိုင်ငံ လူဦးရေဟာ ၂၄ ခန့် ရှိပြီး ပျမ်းမျှ လူဦးရေတိုးနှုန်း ၂% ခန့် ရှိပါတယ်။
.
ဒါပေမယ့် အဲ့ဒီနောက်ပိုင်း လူဦးရေတိုးနှုန်း ကျဆင်းသွားလိုက်တာ ကုလသမဂ္ဂခန့်မှန်းချက်အရ ဝ.၇ % သာ ရှိပါတော့တယ်။ ၂၀၁၄-ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေဟာ ၅၁၄၉၆၂၅၃-ဦးရှိပြီး ကျား ၄၆.၉%၊ မ-၅၃.၁% နဲ့ အမျိုးသမီးဦးရေက အနည်းငယ်ပိုပါတယ်။
..
ကုလခန့်မှန်းချက် ဝ.၇% ကိုအတည်ယူရရင် ၂၀၂၄-ခုနှစ် မြန်မာနိုင်ငံလူဦးရေဟာ ၅၅ သန်း ၂-သိန်းကျော်ရှိ ရပါလိမ့်မယ်။ အဲ့ဒီအစား ၅၁-သန်း ၃-သိန်းကျော်သာ ရှိခြင်းကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားရင်းမြစ်မှာ ၃-သန်း ၉-သိန်း( ၄-သန်းနီးပါး) လျော့နည်းနေခြင်း ဖြစ်ပါတယ်။
..
ဒီ စာရင်းဟာ အတော်နီးနီးစပ်စပ် မှန်ကန်လိမ့်မယ်လို့ ကျွန်တော်ယုံပါတယ်။ ကျွန်တော်ကိုယ်တိုင် ညီအကို မောင်နှမရင်းပမာ ခင်မင်ရင်းနှီးခဲ့ရသူအချို့ကို ကိုဗစ်မှာ ဆုံးရှုံးခဲ့ရပါတယ်။ တပြည်လုံးအနှံ့ ကြောက်မက်ဖွယ် ကူးစက်ကပ်ရောဂါကြီး ငြိမ်သက်သွားတော့ အဲ့ဒီထက် ပိုမိုဆိုးရွားတဲ့ ကိုစစ်ဒဏ်ကို ဒီနေ့ ကျွန်တော်တို့အားလုံး မျက်ရည် ရွဲလဲ ကျောကော့နေအောင် ခံရပြန်ပါတယ်။
..
ဟိုပါတီ ဒီပါတီဝင် ဒလန် ပျူစောထီး စွပ်စွဲမှုနဲ့ ဿတ်ဖြတ်ခံရသူများချည့် တစ်ပြည်လုံးမှာ ၂-သောင်းကျော် ရှိလိမ့်မယ်။ စစ်ပွဲအတွင်း မြေစာပင်ဖြစ်ရသူ အပြစ်မဲ့ အရပ်သားတို့ရဲ့ အသက်များ မပါသေးပါ။
..
တိုင်းရင်းသားလက်နက်ကိုင် EAOs တို့ရဲ့ မြိ့သိမ်းရွာသိမ်း တိုက်ပွဲတွေမှာ ကူညီတိုက်ခိုက်ရင်း အသက်ဆုံး ရှုံးသွားခဲ့ရသူ ကျွန်တော်တို့ သားအရွယ် မြေးအရွယ်လေးပေါင်း ၅၀၀၀ နဲ့ ၇၀၀၀ ကြား ရှိပါလိမ့်မယ်။ အဲ့ဒါ စာရင်း အတိအကျ ရရှိဖု့ိ ခက်ခဲတဲ့ တပ်မတော်ဘက် အရာရှိစစ်သည်များ မှီခိုသူများ မပါသေးပါ
HtayOung(OungMarine)
28 Dec, 07:06
(ဒီဇင်ဘာ-၂၈၊ ၂၀၂၄) TikTok အပေါ် အရေးယူမည့်ကိစ္စ ဒေါ်နယ်ထရမ့်ဆန့်ကျင်
===
TikTok ကို ပိတ်သိမ်းမယ့် အမှုကိစ္စ ဆိုင်းငံထားရန် သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဒေါ်နယ်ထရမ့်က အမေရိကန် တရားလွှတ်တော်ချုပ်ထံ လျှောက်ထားလိုက်တယ်လို့ “နယူးယောက်တိုင်းမ်” (28 December 2024) က ရေးသားပါတယ်။
..
အသုံးပြုသူ အမေရိကန်နိုင်ငံသား သန်း ၁၇၀ တို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များ ပေါက်ကြားမည်ကို စိုးရိမ်ရ တဲ့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် “ဘိုက်ဒန့်စ်ကုမ္ပဏီ” ပိုင် “TikTok” လူမှုကွန်ရက်ပလက် ဖောင်းကို အမေရိကန်ကုမ္ပဏီတစ်ခုခုသို့ ရောင်းချရန် သို့မဟုတ် အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက် ခွင့် ပိတ်သိမ်းရန် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က အဆိုပြုခဲ့ပါတယ်။ ကွန်ဂရက်လွှတ်တော် ပါတီနှစ်ရပ်လုံးက ထောက်ခံတဲ့ အဲ့ဒီအဆိုကို အမေရိကန်တရားလွှတ်တော်ချုပ်က အတည်ပြုကြောင်း အမိန့်ချမှတ်ဖို့ ရှိနေပါ တယ်။
.
ဒါပေမယ့် အမေရိကန်အာဏာပိုင်များရဲံ တောင်းဆိုချက်ကို TikTok အနေနဲ့ လက်ခံခြင်း ရှိ-မရှိ ဆုံးဖြတ်ရမယ့် နေ့ဟာ လာမယ့် ဇန်နဝါရီလ ၁၉-ရက်နေ့ဖြစ်နေပြီး သမ္မတအဖြစ်ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်က ကျမ်းသစ္စာ မကျိန်ဆိုမီ ၁-ရက်အလိုမှာ ဖြစ်နေပါတယ်။
..
(ထိုင်ဝမ်ရေလက်ကြားအပြင် ဖိလစ်ပိုင်နဲ့ပတ်သက်လို့ တောင်တရုတ်ပင်လယ်တင်းမာမှုများ မြင့်တက်နေခိုက်) TikTok အပေါ် အရေးယူခြင်းကို ဆန့်ကျင်ပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် အချိန်ပေးစေလိုကြောင်း၊ တ ရားလွှတ်တော်ချုပ်အနေနဲ့ အမှုကို ဆိုင်းငံထားပါရန် ဒေါ်နယ်ထရမ့်တို့ဘက်က တောင်းဆိုလိုက်ခြင်း ဖြစ်ပါ တယ်။
..
ဒီကိစ္စဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ရှိ-မရှိဆိုတဲ့ ဥပဒေဆိုင်ရာ အငြင်းပွားမှုအပေါ် အလေး အနက်ထားခြင်း မဟုတ်ကြောင်း၊ (သူ့လက်ထက်မှာ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းစေရမယ်လို့ မဲဆွယ်ခဲ့တဲ့ ဒေါ်နယ် ထရမ့် သမ္မတရာထူး လက်မခံမီ ကိယက်ဗ်ကို အဆင့်မြင့်လက်နက်နဲ့ ငွေကြေးပုံအော ထောက်ပံ့ခြင်းမျိုးလို) နောင်ဆက်ခံမယ့် အစိုးရတစ်ရပ်အပေါ် နိုင်ငံရေးအကျပ်အတည်းဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ TikTok အသုံးပြုလျှက်ရှိသူ အမေရိကန်နိုင်သား ၁၄.၇ သန်းတို့ရဲ့ အရောင်းအဝယ်ပြုလုပ်ခြင်းနဲ့ အသုံးများတဲ့ လူမှု ကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်နေပုံကို လျှောက်ထားချက်မှာ မီးမောင်းထိုးပြထားပါတယ်။
..
TikTok ကို ပိတ်သိမ်းလိုခြင်းဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ရတယ်ဆိုပေမယ့် သက်သေပြနိုင်ခြင်း မရှိကြောင်း၊ အမေရိကန်နိုင်ငံသား သန်း ၁၇၀ တို့ရဲ့ ဆန္ဒနဲ့ ဆက်သွယ်မှုများကို ထုတ်ဖော်ခွင့် မရအောင် ပိတ် ပင်ခြင်းဟာ အမေရိကန် ဖွဲ့စည်းပုံဥပဒေ ပထမပြင်ဆင်ချက်ကို ချိုူးဖောက်ရာ ရောက်ရရှိတယ်လို့ နိုင်ငံရေး လေ့လာသူအချို့က ယူဆကြပါတယ်။
..
TikTok ကလည်း သူ့ပလက်ဖောင်းမှ အချက်အလက်များကို တရုတ်အစိုးရထံ မျှဝေမည် မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံသားများနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို Taxas Project ရဲ့ နည်းပညာအရ အကာ အကွယ်ပေးရန် လက်ခံကြောင်း၊ Oracle Corporation နဲ့ ပူးပေါင်းပြီး အချက်အလက်များကို သိမ်းဆည်း ထားရန် ကွန်ဂရက်လွှတ်တော်မှာ ကတိပြုထားပါတယ်။
.
ဒါပေမယ့် ပေကျင်းရဲ့ ဥပဒေအရ တရုတ်ပြည်တွင်း အခြေစိုက် ပုဂ္ဂလိက ကုမ္ပဏီများဟာ နိုင်ငံတော်လုံခြုံ ရေးအတွက် လိုအပ်ခဲ့လျှင် အချက်အလက် တောင်းခံခြင်းကို လိုက်နာရမယ်လို့ ပါရှိနေပါတယ်။ ByteDance ဘိုက်ဒန့်ဟာ တရုတ်နိုင်ငံမှာ TikTok ကို မှတ်ပုံတင်ထားတဲ့အတွက် အဲ့ဒီဥပဒေကို လိုက်နာရပါလိမ့်မယ်။ TikTok က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ကတိပြုသည့်တိုင် တရုတ်အစိုးရကို လွန်ဆန်နိုင်ခြင်း ရှိ-မရှိ မသေချာပါဘူး
..
လူမှုကွန်ရက် ပလက်ဖောင်းများအနက် Facebook ဟာ လစဉ် ကမ္ဘာတစ်ဝှန်း အသုံးပြုသူ ၂.၉၆ ဘီလီယံရှိပြီး့ YouTube က ၂.၅ ဘီလီယံရှိပါတယ်။ TikTok က ၁.၁ ဘီလီယံကျော် ရှိပါတယ်။ ဒါပေမယ့် TikTok အသုံး ပြုသူအများစုဟာ ၁၃နှစ်မှ ၂၄ နှစ်ကြားဖြစ်ပြီ၊ Facebook က ၂၅ နှစ်အထက် လူကြီးများ၊ YouTube ကို အသက်အရွယ်အပိုင်းအခြားမျိုးစုံတို့က အသုံးပြုနေပါတယ်။
.
အခြားပလက်ဖောင်းများထက်စာရင် TikTok က ခွင်ပြုတဲ့ အချိန်ကန့်သတ်ချက်ဟာ ၁၅ စက္ကန့်မှ ၁၀ မိနစ်အ ထိသာ ရှိပေမယ့် လူငယ်များအကြား အလွန်ရေပန်းစားရာမှာ သာလွန်ပါတယ်။ တရုတ်ပြည်လို လူဦးရေ သန်း ထောင်ချီရှိတဲ့တိုင်းပြည်က TikTok ကို အသုံးပြူနေခြင်းကြောင့် လူငယ်အများစု ၁.၁ ဘီလီယံဆိုတာ တရုတ် နိုင်ငံပြင်ပမှာ သြဇာမညောင်းနိုင်ဘူးလို့တော့ သတ်မှတ်လို့ မရပါဘူး၊ WeChat နဲ့ Douyin ဆိုရင် တရုတ် ပြည်တွင်းမှာ ပထမဆုံးအောင်မြင်ပြီးမှ နိုင်ငံတကာကို ကျယ်ပြန့်လာခြင်းဖြစ်ပါတယ်။ လူငယ်များ စိတ်ဝင်စား မှုကို ရယူပြီး Facebook, YouTube တို့လို အမေရိကန်ကုမ္ပဏီကြီးများကို ခြေရာချင်းတိုင်းလာတာ အမှန်ပဲ ဖြစ်ပါတယ်။
..
HtayOung(OungMarine)
28 Dec, 07:06
TikTok ရဲ့ ကံကြမ္မာကို နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ဆုံးဖြတ်ရန် ဇန်နဝါရီ ၁၀ ရက်နေ့မှာ တရားရုံးချုပ်က နှစ်ဖက်အချေအဆင် လျှောက်လဲချက်များကို ကြားနာဖို့ စီစဉ်ထားပါတယ်။ ဒီကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးတို့အတွက် အဓိကပလက်ဖောင်းတစ်ခုဖြစ်လာနေတဲ့ TikTok ဟာ နိုင်ငံတော် လုံခြုံရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်တို့ အားပြိုင်မှုဖြစ်လာပါတယ်။ အတော်များများကတော့ TikTok အတွက် စိုးရိမ်နေကြပါတယ်။
.
#HtayOung, #OungMarine
.
#TikTok #Facebook #YouTube #Donald_Trump #fyp #Viewer
..
https://www.nytimes.com/2024/12/27/us/politics/tiktok-ban-supreme-court-trump.html
===
HtayOung(OungMarine)
28 Dec, 01:14
(ဒီဇင်ဘာ-၂၈၊ ၂၀၂၄) ပြင်းထန်လာတဲ့ လက်ရှိ မြန်မာပြည်တွင်းစစ်မှာ
အရေးတကြီး စစ်ခြိမ်းခြောက်မှုက နိုင်ငံ့အနောက်ခြမ်း တလျောက် အများဆုံးဖြစ်နေပါတယ်။ #HtayOung, #OungMarine
HtayOung(OungMarine)
28 Dec, 00:34
(ဒီဇင်ဘာ-၂၈၊ ၂၀၂၄) ပြင်းထန်လာတဲ့ လက်ရှိ မြန်မာပြည်တွင်းစစ်မှာ
အရေးတကြီး စစ်ခြိမ်းခြောက်မှုက နိုင်ငံ့အနောက်ခြမ်း တလျောက် အများဆုံးဖြစ်နေပါတယ်။ #HtayOung, #OungMarine
HtayOung(OungMarine)
28 Dec, 00:33
(ဒီဇင်ဘာ-၂၈၊ ၂၀၂၄) ပြင်းထန်လာတဲ့ လက်ရှိ မြန်မာပြည်တွင်းစစ်မှာ
အရေးတကြီး စစ်ခြိမ်းခြောက်မှုက နိုင်ငံ့အနောက်ခြမ်း တလျောက် အများဆုံးဖြစ်နေပါတယ်။
..
လက်နက်ခဲယမ်းကတော့ ကျဆုံး စစ်တပ်ဌာနချုပ်တွေ တပ်ရင်း တပ်စခန်းတွေဆီက ရတယ် ထားပေါ့
.
စုစုပေါင်း လူဦးရေ ၃-သန်းကျော်ပဲရှိတဲ့ ပြည်နယ်တစ်ခုက
.
၄-နှစ်နီးပါး ပြင်းထန်နေတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကျဆုံး/ဒဏ်ရာရသူ မရှိတော့ဘူးလား။
..
ပါဝါရိန်းဂျားတွေ လူသားထုတ်လုပ်တဲ့ စက်ရုံတွေရှိနေလား
.
အင်အား လျော့မသွားပဲ စစ်အရှိန်မြှင့်နိုင်အောင် လူအင်အား ဘယ်ကရနေလဲ ဆိုတာ
..
အဓိက မေးခွန်းထုတ်ရမယ့် အချက်ဖြစ်ပါတယ်။
..
.
မိမိတို့ မြို့ရွာများကို မပျက်စီးစေချင်တဲ့ ဧရာဝတီတိုင်းသားတို့ရဲ့ စိတ်ဓါတ်ကို သိပါတယ်။
..
ဒါပေမယ့် အရောရော အနှောနှော အဲ့ဒီ လူ့အဖွဲ့အစည်းကြီးမှာ ဒီလိုစိတ်ထားမျိုးက အားလုံးမှာ ရှိရဲ့လား
..
တစ်စုံတစ်ခုအသံကြားလိုက်ယုံနဲ့ လှေနံဒါးထစ် တစ်သပ်ရပ်တည်ပြီး အဆုံးစွန်ထိ ဘာမဆိုလုပ်ဖို့
.
ပြီးခဲ့တဲ့ ပရုတ်ဆီမယ်တော် ဇာတ်လမ်းကိုပဲ ကြည့်ပါ။ အထင်အရှား မြင်ရလိမ့်မယ်။
..
တစ်ဖက်က လူတွေလဲ စစ်ပညာနားလည်ပြီး စစ်တိုက်တတ်ပါတယ်။
.
စစ်ဆိုတာ သေနတ်တွေ အမြောက်တွေနဲ့ချည့် တိုက်ထာ မဟုတ်ပါ။
.
မတူညီတဲ့နည်းလမ်းတွေနဲ့ မျိုးပေါင်းစပ်_စစ်ခင်းတယ် #Hybrid_Warfare ဆိုတာ အဲ့ဒါပါပဲလေ
.
ဘယ်သူမှ အပြစ်မတင်ပါဘူး၊ ဒီတိုင်းပြည်မှာ လူလာဖြစ်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတယ်။
.
.
#HtayOung, #OungMarine
#Myanmar_Civil_War #Rakhine_State #Ayarwady_Division #fyp #Viewers
===
HtayOung(OungMarine)
27 Dec, 14:20
(ဒီဇင်ဘာ-၂၇၊ ၂၀၂၄) ၁၉၀၀-နာရီ
.
ယနေ့နံနက် ၁၁၀၀ နာရီခန့်တွင် မန္တလေးတိုင်း တောင်သာမြို့နယ် တောင်သာမြို့အနောက်မြောက်ဘက် ကပ်လျှက် ချောင်းနားရွာတွင် တိုက်ပွဲဖြစ်
..
တောင်သာမှ ၂-မိုင်ခန့်ဝေးကွာသည့် အိမ်ခြေ ၁၀၀ ခန့်ရှိ ရွာငယ်လေးအား သတင်းအရ တပ်နှင့် ပြည်သူ့စစ်တို့ ရှင်းလင်းနေပုံရ။
..
PDFs များ ဆုတ်ခွာသွားကြောင်းသတင်းကြားရပြီး ဖမ်းဆီးရမိ အလောင်း+လက်နက်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပါ။
.
လွန်ခဲ့သည့်ရက် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ဒေသခံ PDFs တို့ လှုပ်ရှားမှုဖြစ်ပေါ်လာပြီးနောက် အဆိုပါ နယ်မြေအား တပ်မတော်က ရှင်းလင်းနေပုံရ
..
ယမန်နေ့ တောင်သာအရှေ့ဘက် ၈-မိုင်ခန့်အကွာ ဇရပ်ကြီးရွာ၌ PDFS တို့ သင်တန်းဆင်းပွဲပြုလုပ်နေစဉ် တပ်က လေကြောင်းမှ ဗုံးကြဲခဲ့
..
..
ယမန်နေ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ဒေါင်းချောင်း စစ်ဆေးရေးဂိတ်အား AA က သိမ်းယူကြောင်း
..
ဒေသကြီးနှစ်ခုကြား တပ်မတော်တင့်ကား-သံချပ်ကာကားများ ရေနံသာ ၃၄၄ ဆုတ်ခွာလာခြင်းသတင်း မမှန်ပါ။ ဂွ-ငါးသိုင်းချောင်း ကားလမ်းတလျောက် လူ-ယာဉ်အသွားအလာနည်းပါးသည်မှအပ နယ်မြေအတွင်း ပုံမှန် ရှိနေ
..
.
..
#HtayOung, #OungMarine
HtayOung(OungMarine)
27 Dec, 14:18
(ဒီဇင်ဘာ-၂၇၊ ၂၀၂၄) ၁၉၀၀-နာရီ
.
ယနေ့နံနက် ၁၁၀၀ နာရီခန့်တွင် မန္တလေးတိုင်း တောင်သာမြို့နယ် တောင်သာမြို့အနောက်မြောက်ဘက် ကပ်လျှက် ချောင်းနားရွာတွင် တိုက်ပွဲဖြစ်
..
တောင်သာမှ ၂-မိုင်ခန့်ဝေးကွာသည့် အိမ်ခြေ ၁၀၀ ခန့်ရှိ ရွာငယ်လေးအား သတင်းအရ တပ်နှင့် ပြည်သူ့စစ်တို့ ရှင်းလင်းနေပုံရ။
..
PDFs များ ဆုတ်ခွာသွားကြောင်းသတင်းကြားရပြီး ဖမ်းဆီးရမိ အလောင်း+လက်နက်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပါ။
.
လွန်ခဲ့သည့်ရက် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ဒေသခံ PDFs တို့ လှုပ်ရှားမှုဖြစ်ပေါ်လာပြီးနောက် အဆိုပါ နယ်မြေအား တပ်မတော်က ရှင်းလင်းနေပုံရ
..
ယမန်နေ့ တောင်သာအရှေ့ဘက် ၈-မိုင်ခန့်အကွာ ဇရပ်ကြီးရွာ၌ PDFS တို့ သင်တန်းဆင်းပွဲပြုလုပ်နေစဉ် တပ်က လေကြောင်းမှ ဗုံးကြဲခဲ့
..
..
ယမန်နေ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ဒေါင်းချောင်း စစ်ဆေးရေးဂိတ်အား AA က သိမ်းယူကြောင်း
..
ဒေသကြီးနှစ်ခုကြား တပ်မတော်တင့်ကား-သံချပ်ကာကားများ ရေနံသာ ၃၄၄ ဆုတ်ခွာလာခြင်းသတင်း မမှန်ပါ။ ဂွ-ငါးသိုင်းချောင်း ကားလမ်းတလျောက် လူ-ယာဉ်အသွားအလာနည်းပါးသည်မှအပ နယ်မြေအတွင်း ပုံမှန် ရှိနေ
..
..
ဂွမြို့တွင် အရပ်သား အားလုံးနီးပါး စစ်ဘေးရှောင်သွားကြပြီး ဖုန်းအဆက်အသွယ် မရသည်မှာ ရက်သတ္တ တစ်ပတ်ခန့် ကြာပြီဖြစ်
...
အလားတူ ဧရာဝတီတိုင်း မြောက်ပိုင်း အင်္ဂပူမြို့ ပုသိမ်-မုံရွာလမ်းမကြီးအနောက်ခြမ်း ကျေးရွာများ စစ်ဘေးတိမ်းရှောင်လျှက်ရှိကြောင်း အွန်လိုင်းသတင်းများလည်း မှန်ကန်ခြင်း မရှိပါ။
..
ဧရာဝတီတိုင်းနှင့် ထိစပ်လျှက်ရှိသော ပဲခူးတိုင်း အနောက်ခြမ်းမြို့များ လုံခြုံရေးများမှာလည်း ပုံမှန်ရှိနေ
..
လွန်ခဲ့သည့်ရက် လေးမျက်နှာမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်း လှုပ်ရှားမှုများ ရှိခဲ့ကြောင်း သတင်းကြား ရပြီး ထိတွေ့ပစ်ခတ်မှု မရှိခဲ့ကြောင်း ဒေသခံအသီးသီးတို့ထံမှ သိရှိရပါတယ်။
..
#HtayOung, #OungMarine #ဂွမြို့ #လေးမျက်နှာ #ငါးသိုင်းချောင်း #ဧရာဝတီတိုင်းဒေသကြီး
#ရခိုင်ပြည်နယ် #ပဲခူးတိုင်းအနောက်ခြမ်း
HtayOung(OungMarine)
27 Dec, 08:15
(၂‌၇၊ ၁၂၊ ၂ဝ၂၄)
လူမျိုးအစွဲပြု ပြည်နယ်အမည်များ ပေးထားသော်လည်း ဘယ်လူမျိုးမှ သီးသန့်နေထိုင်တဲ့ ပြည်နယ် မရှိပါ
ရခိုင် ချင်း ကချင်ပင်လျှင် ရန်ကုန်နဲ့ မြန်မာပြည်အနှံ့ ပျံ့နှံ့နေထိုင်ပါတယ်
မြေပုံပေါ်က လူမျိုးအမည် ပြည်နယ်တည်နေပုံကို ကြည့်ပြီး
သူ့လူမျိုးက သူနယ်မြေ အုပ်ချုပ်ဖို့ ပြန်ကြိုးစားတာ ဘာဖြစ်လဲ ဆိုခြင်းဟာ အလွန်အန္တရာယ်များတဲ့ အလွန်အကျွံ လူမျိုးစွဲဝါဒ Extreme Racism, Ultra Nationalism ဖြစ်ပါတယ်
#HtayOung, #OungMarine
HtayOung(OungMarine)
27 Dec, 08:14
(၂‌၇၊ ၁၂၊ ၂ဝ၂၄) လူမျိုးစွဲ ဘာသာစွဲ ပုဂ္ဂိုလ်စွဲ မထားခြင်းကို နှစ်သက်စွာ လက်ခံပါတယ်
လူမျိုးအသီးသီးတို့က မိမိတို့မျိုးနွယ်အလိုက် စာပေ ဘာသာစကား ယဉ်ကျေးမှုသမိုင်းကြောင်း တရားဝင်ထိန်းသိမ်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ကိုယ်တိုင် ပြဌာန်း-အုပ်ချုပ်ခွင့်ကိုလည်း အားပေးပါတယ်
ဘိုးဘွားစဉ်ဆက် ထူထောင်စုစည်းခဲ့တဲ့ ပြည်ထောင်စု ဖြိုခွဲခြင်းကို လက်မခံပါ
ကချင် ရခိုင် ကရင် ရှမ်းစသဖြင့်လူမျိုးအစွဲပြု ပြည်နယ်အမည်များဟာ လွတ်လပ်ရေး ရယူစဉ် ဖဆပလအစိုးရရဲ့ အမျှော်အမြင်နည်းမှုဖြစ်ပါတယ်
ဗန်းမော်အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများဟာ ကချင်မျိုးနွယ်စု နေထိုင်မှု အလွန်နည်းသော်လည်း ကချင်ပြည်နယ်အဖြစ် ထည့်သွင်းသတ်မှတ်ခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း ဖဆပလ တွေပါ
လူမျိုးအစွဲပြု ပြည်နယ်အမည်များ ပေးထားသော်လည်း ဘယ်လူမျိုးမှ သီးသန့်နေထိုင်တဲ့ ပြည်နယ် မရှိပါ
ရခိုင် ချင်း ကချင်ပင်လျှင် ရန်ကုန်နဲ့ မြန်မာပြည်အနှံ့ ပျံ့နှံ့နေထိုင်ပါတယ်
မြေပုံပေါ်က လူမျိုးအမည် ပြည်နယ်တည်နေပုံကို ကြည့်ပြီး
သူ့လူမျိုးက သူနယ်မြေ အုပ်ချုပ်ဖို့ ပြန်ကြိုးစားတာ ဘာဖြစ်လဲ ဆိုခြင်းဟာ အလွန်အန္တရာယ်များတဲ့ အလွန်အကျွံ လူမျိုးစွဲဝါဒ Extreme Racism, Ultra Nationalism ဖြစ်ပါတယ်
နှစ်ပေါင်း ထောင်ချီ တစ်စုတစ်ဝေးတည်းရှိတဲ့ နိုင်ငံမှာလူဦးရေရာနှုန်းအနည်းငယ်သာရှိတဲ့ လူမျိူးစုတစ်စုက သီးခြားကွန်ဖက်‌ဒရရှင်းအဖြစ် ခွဲထွက် ထူထောင်ခြင်းဟာ
ကျန် ပြည်နယ်နဲ့ တိုင်းဒေသကြီးများရဲ့ လုံခြုံရေး ကာကွယ်ရေးအပေါ် ထိခိုက်ဖွယ်ရှိပါတယ်၊ အလွန်စိုးရိမ်ရပါတယ်
#HtayOung, #OungMarine #Myanmar #Ultra_Nationalism #fyp #Viewer
HtayOung(OungMarine)
27 Dec, 04:29
(၂၇၊၁၂၊၂၀၂၄) မန္တလေးတိုင်း တောင်သာမြို့ အနောက်မြောက်ဖက် ၂-မိုင်ခန့်အကွာ ချောင်းနားရွာမှာ တိုက်ပွဲဖြစ်ပွားနေ
လက်နက်ကြီး လက်နက်ငယ် အသံများနှင့် တိုက်ပွဲအလွန်ပြင်းထန်နေဟန်ရှိ
.
လွန်ခဲ့သည့်ရက် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ အနီး PDF တို့၏ လှုပ်ရှားမှု ထွက်ပေါ်လာပြီးနောက် ၎င်းနယ်မြေတဝှိုက် တပ်မတော်က စစ်ကြောင်းထိုး ရှင်းလင်းနေသည်ဟု ယူဆရ
.
ယမန်နေ့ တောင်သာမြိုနယ် ဇရပ်ကြီးရွာ အထကကျောင်းဝင်းအတွင်း PDFs တို့ သင်တန်းဆင်းပွဲကျင်းပနေစဉ် လေကြောင်းမှ တိုက်ခိုက်မှုဖြစ်ပွားခဲ့
..
လေထီးအသုံးပြု ဖျက်အားပြင်း လက်နက်ဖြစ်ကြောင်း ပြောဆိုမှုများနှင့်
ကျောင်း အဆောင် ၂-ခုစလုံး အမိုးပွင့်ထွက်သွားကြောင်း ဓါတ်ပုံနှင့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရှိရပါ
.
ဇရပ်ကြီးမှာ တောင်သာ အရှေ့ဖက် ၈-မိုင်ခန့်အကွာတွင် တည်ရှိ
.
ထန်းပင်ကုန်း-ငွေသောင်ရွာတို့မှာ ဇရပ်ကြီးနှင့် လမ်းသာခြားပြီး တစ်ဆက်တည်းကဲ့သို့ဖြစ်နေ။ စုစုပေါင်း အိမ်ခြေ ၁၅ဝဝ ခန့်ရှိ ရွာသားအများစု စစ်ဘေးတိမ်းရှောင်နေ
.
တောင်သာ-နွားထိုး-မလှိုင် ၃-မြိုံနယ်ဆုံရာဖြစ်ပြီး လျှိုနှင့် တောအုပ်များ ထူထပ်သည့် နယ်မြေဖြစ်
..
#HtayOung, #OungMarine
HtayOung(OungMarine)
27 Dec, 02:56
(ဒီဇင်ဘာ-၂၇၊ ၂၀၂၄) အိန္ဒိယအား ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် တွန်းပို့ပေးခဲ့သူ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း (၉၂) နှစ် ကွယ်လွန်ရှာပြီ၊ အစိုးရ ရာထူးအဆင့်ဆင့်အတွင်း အကျင့်ပျက်ခြစားမှု အမြစ်တွယ်မှု ကို မဖယ်ရှားနိုင်ခြင်းက နိုင်ငံ့ ထူးချွန်အဖိုးတန်ခေါင်းဆောင်၏ ပုံရိပ်ကို မှေးမှိန်စေခဲ့
===
စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမိနိုင်ငံတော်ကို ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ အိန္ဒိ ယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဟာ အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း လက်ရှိ ခေါင်းဆောင် နာရင်ဒြာမိုဒီက ပြောတယ်လို့ AFP (27 December 2024) က ရေးပါတယ်။
..
ဆင်း ကွယ်လွန်ကြောင်း မိုဒီက အတည်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့ အထူးခြားဆုံးခေါင်း ဆောင် များအနက် တစ်ဦးဖြစ်သူကို ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းမိကြောင်း X လူမှုကွန်ရက်မှာ ရေးသားပါတယ်။ #HtayOung #OungMarine
HtayOung(OungMarine)
27 Dec, 02:55
ဒါပေမယ့် နာရင်ဒြာမိုဒီ ဦးဆောင်တဲ့ “ဘာရတ်တီယာ_ဂျာနာတာ” (BJP) ဟိန္ဒူအမျိုးသားရေးဝါဒီများက အ ပြတ်အသတ် အနိုင်ရရှိသွားတဲ့အတွက် ယင်းအချိန်ကစပြီး ကွန်ဂရက်ပါတီလည်း အဆိုးရွားဆုံးရလဒ်အဖြစ် ဖရိုဖရဲဖြစ်သွားခဲ့ပါတယ်။
..
မန်မိုဟန်ဆင်းဟာ မိုဒီရဲ့ စီးပွားရေးမူဝါဒများအပေါ် ကျယ်ကျယ်လောင်လောင် ဝေဖန်သူဖြစ်ပေမယ့် လက်ရှိ အိန္ဒိယခေါင်းဆောင်ရဲ့ လေးစားမှု အခံရဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတင်သူများက ရှု့မြင်ကြပါ တယ်။ ဝန်ကြီးချုပ်ဟောင်းရဲ့ ယခုနောက်ဆုံး သတိပေးချက်ကတော့ အိန္ဒိယလူ့အဖွဲ့အစည်းကြီးအကြား တင်းမာမှုများ မြင့်တက်လာခြင်းဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ကို အန္တရာယ်ပေးလိမ့်မယ် ဆိုတာပဲဖြစ် ကြောင်း AFP က ရေးသားပါတယ်။
..
#HtayOung, #OungMarine #ဝန်ကြီးချုပ်ဟောင်း_မန်မိုဟန်ဆင်း #နာရင်ဒြာမိုဒီ #ကွန်ဂရက်ပါတီ
#ဆစ်ခ်ဘာသာဝင်_ပန်ချာပီ #fyp #Viewer
https://www.dhakatribune.com/world/south-asia/369211/former-indian-pm-manmohan-singh-passes-away-at-92
HtayOung(OungMarine)
27 Dec, 02:55
ဆင်း ကွယ်လွန်ကြောင်း မိုဒီက အတည်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့ အထူးခြားဆုံးခေါင်း ဆောင် များအနက် တစ်ဦးဖြစ်သူကို ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းမိကြောင်း X လူမှုကွန်ရက်မှာ ရေးသားပါတယ်။
..
ကြာသပတေးနေ့ နေအိမ်မှာ မေ့မျောသွားတဲ့ ဝန်ကြီးချုပ်ဟောင်းကို နယူးဒေလီရှိ ဆေးရုံတစ်ရုံကို အမြန် တင် ပို့ခဲ့ပေမယ့် သတိပြန်လည်မလာပဲ ဒေသစံတော်ချိန် ည ၉း၅၁ နာရီမှာ ကွယ်လွန်သွားခဲ့ကြောင်း “အောလ် အင်ဒီယား ဆေးသိပ္ပံပညာအင်စတီကျု့” ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
..
၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပထမရာထူးသက်တမ်းမှာ ဆင်းဟာ အိန္ဒိယနိုင်ငံကို အာရှရဲ့ စတုတ္ထအကြီး ဆုံးစီးပွားရေးတိုးတက်မှုဖြစ်လာအောင် ကြီးကြပ်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်များမှာ တိုးတက်မှုနှေးကွေးသွား ခြင်းက သူ့ရဲ့ ဒုတိယသက်တမ်းကို ထိခိုက်စေခဲ့ပါတယ်။
..
ယခုပါကစ္စတန်နိုင်ငံအတွင်း ရောက်ရှိသွားတဲ့ “ဂါကျေးရွာ” ရွှံ့စေးနဲ့ လိမ်းကျံထားတဲ့ ကျေးလက်အိမ်ကလေး မှာ ဆင်းကို မွေးဖွားခဲ့ပါတယ်။ ဆစ်ခ်ဘာသာဝင် ပန်ချာပီတစ်ဦးဖြစ်သူ မန်မိုဟန်ဆင်း လူ့လောကအတွင်း ရောက်ရှိလာတဲ့ ၁၉၃၂-ခုှနှစ်တစ်ဝှိုက် အိန္ဒိယဟာ အလွန်အမင်း ဆင်းရဲမွဲတေပြီး အရာရာခေတ်နောက်ကျ နေခဲ့ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိရှိဖို့ နဲ့ ပပျောက်ရေး နည်းလမ်းများကို ရှာဖွေရန် ဆင်းက စီးပွားရေးပညာကို လေ့လာခဲ့ပါတယ်။ သူဟာ စီးပွားရေး နဲ့ ပညာရေးဆိုင်ရာ အစိုးရအရာရှိတစ်ဦးဖြစ်ခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ ၁၃-ကြိမ်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့အထိ ဘယ် ရွေးကောက်ပွဲကိုမျှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ဖူးခြင်း မရှိပါဘူး။
..
သူဟာ အင်္ဂလန်နိုင်ငံ ကင်းဘရစ်တက္ကသိုလ်မှာ တက်ရောက်သင်ယူရန် ပညာသင်ဆု ၂-ကြိမ်တိုင် ရရှိခဲ့ပြီး စီးပွားရေးပညာနဲ့ အောက်စဖို့ဒ်တက္ကသိုလ်က ပါရဂူဘွဲ့ ပြီးဆုံးခဲ့ပါတယ်။ ကနဦး ဆင်းရဲ့နိုင်ငံတာဝန်ထမ်း ဆောင်မှုများဟာ အကြီးတန်းအရပ်ဘက်ရာထူးများနဲ့ စတင်ခဲ့ပြီး အိန္ဒိယ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး အဖြစ် လည်း ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ကုလသမဂ္ဂတို့လို နိုင်ငံတကာအေဂျင်စီများမှာလည်း အမျိုးမျိုးသော အလုပ်တာဝန်များ ကို ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၁-ခုနှစ် ကွန်ဂရက်ပါတီ ဝန်ကြီးချုပ် နာရာဆင်ဟာရောင်း လက်ထက် အိန္ဒိယဟာ တိုင်းပြည်ရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ ဘဏ္ဍာရေး အကျပ်အတည်း ကျရောက်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရတဲ့ ဆင်းဟာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးတဲ့ ဈေးကွက် စီးပွားရေးစနစ်ကို ဖော်ဆောင်ဖို့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပါတယ်။ ကိုလိုနီအမွေဆိုးအဖြစ် ကြိုးနီစနစ် အမြစ်တွယ်နေပြီး လုပ်ပိုင်ခွင့်အပေါ် သာယာနေတဲ့ အုပ်ချုပ်ရေး စီမံခန့် ခွဲရေးစနစ်ထွန်းကားရာတိုင်းပြည်မှာ သူ့ရဲ့ အားထုတ်မှုများဟာ ပြင်းထန်စွာ ဆန့်ကျင်မှု များနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။
..
ဒါပေမယ့် သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုများဟာ အဲ့ဒီအချိန် အိန္ဒိယရဲ့အကျပ်အတည်းကို တွန်းလှန်နိုင်ကြောင်း သက် သေပြနိုင်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲလိုတဲ့ စီးပွားရေးပညာရှင် အစိုးရခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံတကာ အထိ ဂုဏ်သတင်း မွှေးကြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၆-ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီ အရေးနိမ့်ခဲ့ပါတယ်။
..
၂၀၀၄-ခုနှစ် ရွေးကောက်ပွဲမှာ မန်မိုဟန်ဆင်းကို ဝန်ကြီးချုပ်လောင်းအဖြစ် ကွန်ဂရက်ပါတီက ရွေးချယ်ခဲ့ ပါတယ်။ ဆင်းဦးဆောင်တဲ့ အစိုးရဟာ အိန္ဒိယကို စီးပွားရေး တိုးတက်မှု ၉% ရရှိတဲ့အထိ လွတ်လပ်ရေးရရှိပြီး နိုင်ငံသမိုင်းတလျောက် မကြုံစဖူးအောင်မြင်ခဲ့ပါတယ်။ ကျေးလက်ကျန်းမာရေးအမျိုးသားစီမံကိန်း၊ ကျေးလက် အလုပ်အကိုင်ရရှိရေး အာမခံချက်၊ “အာဒါဟာ” လို့ ခေါ်တဲ့ ဘိုင်အိုမက်ထရစ်နည်းပညာသုံး လူသားရင်းမြစ် စီမံခန့်ခွဲရေးအပြင် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကိုလည်း ပြဌာန်းပေးခဲ့ပါတယ်။
..
တိုင်းပြည်ရဲ့ စွမ်းအင်လိုအပ်ချက်ကြီးထွားလာမှုကို လျော့ချပေးနိုင်ဖို့ ဆင်းအစိုးရဟာ အမေရိကန်နဲ့ အရပ် ဘက် နျူကလီယာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကွန်ဂရက်ပါတီရဲ့ လုပ်ရပ်ကို ကန့် ကွက်တဲ့ လက်ဝဲပါတီများက အိန္ဒိယညွန့်ပေါင်းအစိုးအပေါ် ထောက်ခံမှုကို ရုတ်သိမ်းလိုက်တဲ့အတွက် ဆင်း အစိုးရ ပြိုလဲလုနီးနီး ဖြစ်ခဲ့ရပေမယ့် စီးပွားရေးအောင်မြင်မှုများကိုတော့ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါ တယ်။
..
ရွေးကောက်ပွဲ ၂-ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ပြီး ကိုယ်တိုင် အဂတိကင်းမဲ့-ဖြောင့်မတ်ရာမှာ “ဦးသန့်ရှင်း” အဖြစ် နာမည်ကြီးတဲ့ မန်မိုဟန်ဆင်းတစ်ယောက် ပုံရိပ်မှေးမှိန်သွားရခြင်းကတော့ တိုင်းပြည်ရဲ့ အစိုးရရာထူး အဆင့်ဆင့်အတွင်း အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေပြီး အိတ်ပေါက်နဲ့ ဖားကောက်နေကြောင်း လူသိရှင် ကြား ထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။
..
ဒုတိယ ရာထူးသက်တမ်းနောက်ဆုံးနှစ် ၂၀၁၄-ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လအတော်ကြာကတည်းက သူ အနားယူတော့မည်ဖြစ်ကြောင်း၊ ကွန်ဂရက်ပါတီအနိုင်ရရှိဖို့ သူ့နေရာမှာ ဆိုနီယာဂန္ဒီရဲ့သား ရာဟုလ်ဂန္ဒီကို အစားထိုးရန် လျာထားကြောင်း ဆင်းက ကြေညာခဲ့ပါတယ်။
..
HtayOung(OungMarine)
25 Dec, 02:47
(ဒီဇင်ဘာ-၂၆၊ ၂၀၂၄) ယမန်နေ့ တစ်နေ့လုံး ရခိုင်နယ်စပ် ဧရာဝတီတိုင်း ဗေဒါနှင့် ဒေါင်းချောင်း တစ်ဝိုက်တွင် ပစ်ခတ်သံ ပြတ်တောင်း ပြတ်တောင်း ကြားရကြောင်း သတင်းကြားသိရ
..
ငါးသိုင်းချောင်း- ဂွ ကားလမ်းပေါ်ရှိ ဗေဒါ စစ်ဆေးရေးဂိတ်မှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အကြား နယ်စပ်ဂိတ်သဖွယ်ဖြစ်၊ ရေကြည်မြို့ ပုသိမ်-မုံရွာလမ်းမကြီး ရေနံသာလမ်းဆုံမှ ၂၅-မိုင်ခန့်အကွာတွင် တည်ရှိ
.
.
ဟင်္သာတမြို့နယ်အတွင်း PDF သင်တန်းဆင်းမှု ၇-ကြိမ်ရှိခဲ့ကြောင်း သိရှိရ
ပဲခူးတိုင်း အနောက်ခြမ်း လက်ပံတန်းမှ ဧရာဝတီတိုင်း ဟင်္သာတမြို့တို့အား ဆက်သွယ်ထားသည့် မဟာဗျူဟာ လမ်းတလျောက် ယမန်နေ့တွင် လုံခြုံရေးတင်းကြပ် စစ်ဆေးလျှက်ရှိကြောင်း ပြည်တွင်းမီဒီယာများ ဖော်ပြ
.
.
#HtayOung, #OungMarine #ဧရာဝတီတိုင်းဒေသကြီး #ငါးသိုင်းချောင်း #ဗေဒါစစ်ဆေးရေးဂိတ် #fyp
HtayOung(OungMarine)
25 Dec, 00:53
(ဒီဇင်ဘာ ၂၅၊ ၂ဝ၂၄) ဖြူဖြူထွေးထံ စာတစ်စောင် ကျည်တစ်တောင့် ပို့လိုက်ပြီဆိုတဲ့ အဓမ္မ မြတ်ကျော်
----
ဖြူဖြူထွေးထံ ကျည်တစိတောင့်နဲ့ စာတစ်စောင် ပို့လိုက်တယ်လို့ အဓမ္မမြတ်ကျော်က ပြောခြင်းဖြင့် နစကဆန့်ကျင်‌ရေး
တော်လှန်သူများက ဖြူဖြူထွေးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလာပုံရပါတယ်၊
ပြီးခဲ့တဲ့ ရေကြီးရေလျံမှုမှာ ခိုင်နှင်းဝေ ဖြူဖြူထွေးတို့ရဲ့ ပရဟိတအလုပ်များ‌အောင်မြင်မှု
က ရေဘေးသင့်နယ်မြေများအတွင်း PDF တို့ ခြေကုပ်ရမှုကို အနှောက်အယှက်ဖြစ်မှာ သေချာပါတယ်
.
ဖြူဖြူထွေးရဲ့ Performance ဟာ Comedy ဟာသ ဖြစ်ပါတယ်၊ စပ်ဖြီး ပေါတောတောလို လုပ်ပြနေပေမယ် သူ့အပေါ်ထောက်ခံတဲ့ ပြည်တွင်း ပြည်ပ အမာခံပရိဿတ် သန်းချီရှိပါတယ်။
.
ဖြူဖြူထွေးနဲ့ တော်လှန်ရေးသမားများ ထိပ်တိုက်တွေ့ခြင်းဟာ နောက်ဆုံးပေါ် အလွန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ်။
.
https://vt.tiktok.com/ZS6626Be1/
HtayOung(OungMarine)
25 Dec, 00:50
(ဒီဇင်ဘာ ၂၅၊ ၂ဝ၂၄) ဖြူဖြူထွေးထံ စာတစ်စောင် ကျည်တစ်တောင့် ပို့လိုက်ပြီဆိုတဲ့ အဓမ္မ မြတ်ကျော်
----
ဦးသိန်းစိန် အစိုးရနှောင်းပိုင်း တက်ကြွလှုပ်ရှားသူအဖြစ် စတင်လာခဲ့တဲ့ မြတ်ကျော်ဟာ အဓမ္မဝါဒ ဆန့်ကျင်ရေး လို့ သူ့ဖာသာ ပြောပါတယ်
ဒါပေမယ့် သက်ဆွေဝင်း မောင်ဆောင်းခနည်းတူ အလုပ်သမားအခွင့်အရေးကာကွယ်သလိုလိုနဲ့ အလုပ်ရှင်များနဲ့ ထိပ်တိုက်တွေ့လိုက်ထာ လုပ်ငန်းရှင်နဲ့ အစိုးရထိမ‌ကျေမလည်ဖြစ်၊ အလုပ်သမားအတော်များများ အလုပ်ပြုတ်သွားတယ်။
မြန်မာ တက်ကြွလှုပ်ရှားသူ မောင်ဆောင်းခ မြတ်ကျော် သက်ဆွေဝင်း၊ ဗကသ အိသဉ္ဇာမောင် (ယခု NUG ဝန်ကြီး) သဉ္ဇာရွှန်းလဲရည်၊ ဇေယျာလွင်၊ ဆွေဝင်း (Myanmar Now) တို့မှာ မူလတည်းက နိုင်ငံရေး သန္ဓေမမှန်သူများဖြစ်ပါတယ်
သူတို့တကယ် အသည်းအသန်လုပ်ထာကတော့
အမျိုးသားရေးနဲ့ မဘသဆန့်ကျင်ရေး၊ ရိုဟင်ဂျာလူမျိုးအသိအမှတ်ပြုရေးဖြစ်ပြီး ၂ဝ‌၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြေအောက်ရောက်သွားကြပါတယ်
၂ဝ၂၁ ခုနှစိ ဖေဖော်ဝါရီ ဒုတိယပတ် ရန်ကုန်မြို့ Generation Z လူငယ်များ လှုပ်ရှားမှုကို ဦးဆောင်သူက အိသဉ္ဇာမောင်နဲ့ သက်ဆွေဝင်းဖြစ်ပြီး နောက်ပိုင်း အိသဉ္ဇာမောင် NUG ဝန်ကြီးဖြစ်သွားပေမယ့် သက်ဆွေဝင်းက တိမ်မြုပ်နေပါတယ်
.
ယခု ဖြူဖြူထွေးထံ ကျည်တစိတောင့်နဲ့ စာတစ်စောင် ပို့လိုက်တယ်လို့ အဓမ္မမြတ်ကျော်က ပြောခြင်းဖြင့် နစကဆန့်ကျင်‌ရေး
တော်လှန်သူများက ဖြူဖြူထွေးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလာပုံရပါတယ်၊
ပြီးခဲ့တဲ့ ရေကြီးရေလျံမှုမှာ ခိုင်နှင်းဝေ ဖြူဖြူထွေးတို့ရဲ့ ပရဟိတအလုပ်များ‌အောင်မြင်မှု
က ရေဘေးသင့်နယ်မြေများအတွင်း PDF တို့ ခြေကုပ်ရမှုကို အနှောက်အယှက်ဖြစ်မှာ သေချာပါတယ်
.
ဖြူဖြူထွေးရဲ့ Performance ဟာ Comedy ဟာသ ဖြစ်ပါတယ်၊ စပ်ဖြီး ပေါတောတောလို လုပ်ပြနေပေမယ် သူ့အပေါ်ထောက်ခံတဲ့ ပြည်တွင်း ပြည်ပ အမာခံပရိဿတ် သန်းချီရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများအထိ အသိအမှတ်ပြုခံရသူလည်း ဖြစ်ပါတယ်။
.
ဖြူဖြူထွေးနဲ့ တော်လှန်ရေးသမားများ ထိပ်တိုက်တွေ့ခြင်းဟာ နောက်ဆုံးပေါ် အလွန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ်။
.
#HtayOung #OungMaine #Phyu_Phyu_Htwe #ဖြူဖြူထွေး #fyp #Rohingya #Myanmar_Activists
HtayOung(OungMarine)
24 Dec, 14:50
(၂၄၊ဒီဇင်ဘာ ၂ဝ၂၄) ကျွန်တော်တို့ မြန်မာမီဒီယာသမားတွေ မောင်သာဖြိုး ဖြစ်ကုန်တာ ဂျော့ဆိုးရော့စ် လက်ချက်ဖြစ်မယ်၊
.
CNN နဲ့ နာမည်ကြီး သတင်းမားတွေတောင် အိတ်ထဲထည့်နိုင်တယ်လို့ BBC က ရေးဖူးလို့ပါ
မြန်မာမီဒီယာတိုက်တစ်ခုနဲ့ သတင်းသမား ၁ဝဝ လောက်ကို ဝယ်ဖို့ကိစ္စဟာ ဆိုးရော့စ်လိုလူအတွက် ကလေးမုန့်ဖိုးလောက်ပဲရှိမယ်
မောင်သာဖြိုးဖြစ်သွားတဲ့ မြန်မာဂျာနယ်လစ်တွေလဲ အူစိုကြပါတယ်
ခေါင်းမာမာနဲ့ စည်းရုံး မခံသူတွေကတော့
လစဉ်ဖုန်းဖြတ်ခံရ ဝိုင်ဖိုင်ဖိုးရဖို့ အသည်းအသန်ကြိုးစားနေရတယ်၊ မီတာပုံး ဖြတ်သိမ်းခံရတာတောင် ရှိဖူးတယ်
.
#HtayOung #OungMarine #MyanmarJournalist #fyp #GeorgeSoros #CNN
HtayOung(OungMarine)
24 Dec, 14:19
(၂၄၊ ဒီဇင်ဘာ၊ ၂ဝ၂၄)
အမှန်တော့ နိုင်ငံတကာ ဒီမိုကရေစီထွန်းကားရေး ခေါင်းစဉ်ပြပြီး အမေရိကန်အစိုးရရဲ့ USAID လို အေဂျင်စီမျိုးကို တဖက်လှည့်နဲ့ ဘတ်ဂျက်ချပေးခြင်းဖြစ်ပါတယ်
ဒါပေမယ့် မြန်မာတော်လှန်ရေးအတွက် အမေရိကန်ထောက်ပံ့ငွေ တစ်နှစ် ဒေါ်လာ သန်း ၂ဝဝ ရှိတယ်လို့့ ဗခဇော်မင်းထွန်းကပြောတယ်။
ထောင်ကဲကြီး တုန်လှုပ်သွားလို့ အဲ့ဒါ အမှန်ဖြစ်မယ်။ သို့မဟုတ် ဒီအကြောင်း နစကကို သတင်းပေးတာ တရ‌ ထောင်ကဲကိုယ်တိုင်လည်း ဖြစ်မယ်
၁၉၇၉ ၁၉၈၉ အာဖဂန် ဆှိဗီယက် ကျူးကျော်မှုကို ဆန့်ကျင်ရန် ကွန်ဂရက်က ခွင့်ပြုငွေဟာ ဒေါ်လာ သန်း ၅ဝဝ သာရှိတယ်
ချာလီဝီလ်ဆင်အမည်ရှိ ကွန်ဂရက်အမတ်နဲ့ CIA ပေါင်းပြီး အမေရိကန်သူဌေးတွေဆီက ပိုက်ဆံအလှူခံတယ်
အဲ့ဒီဖြစ်ရပ်မှန်ကို Charlie Wilson's War လို့ မင်းသား တွမ်ဟင့်နဲ့ ဟောလိဝုဒ် ရုပ်ရှင် YouTube မှာ ရှိပါတယ်
၁၉၈၈ မြန်မာပြည်အနှံ့ လူအများ လမ်းပေါ်ဆန္ဒပြပြီး မင်းမဲ့တိုင်းပြည်ဖြစ်နေစဉ် ထိုင်းမြန်မာနယ်စပ်ကို အမေရိကန် ကွန်ဂရက်အမတ်တစ်ဦး ရောက်လာဖူးတာ သတိရတယ်
#HtayOung, #OungMarine
HtayOung(OungMarine)
24 Dec, 14:09
(၂၄၊ ဒီဌင်ဘာ၊ ၂ဝ၂၄) ကွန်ဂရက်က အတည်ပြုတဲ့ NDAA ဟာ ဒေါ်လာ သန်း ၁၂ဝ ပါ။
အမေရိကန်အစိုးရရဲ့ အေဂျင်စီအဆင့်ဆင့်ကို ဖြတ်သန်းစဉ် သန်း ၇ဝ ကျော်ကုန်မှာမို့ မြန်မာပြည်ကို ရောက်တဲ့အခါ သန်း ၄ဝ ကျော် ကျန်ရင် ကံကောင်းပဲလို့ ဒီကိစ္စအတွက် ကွန်ဂရက်နဲ့ဆက်သွယ်ပြီး လော်ဘီလုပ်ပေးခဲ့သူ NUG ထောက်ခံတစ်ဦးက ပြောတယ်
အမှန်တော့ နိုင်ငံတကာ ဒီမိုကရေစီထွန်းကားရေး ခေါင်းစဉ်ပြပြီး အမေရိကန်အစိုးရရဲ့ USAID လို အေဂျင်စီမျိုးကို တဖက်လှည့်နဲ့ ဘတ်ဂျက်ချပေးခြင်းဖြစ်ပါတယ်
ဒါပေမယ့် မြန်မာတော်လှန်ရေးအတွက် အမေရိကန်ထောက်ပံ့ငွေ တစ်နှစ် ဒေါ်လာ သန်း ၂ဝဝ ရှိတယ်လို့့ ဗခဇော်မင်းထွန်းကပြောတယ်။
ထောင်ကဲကြီး တုန်လှုပ်သွားလို့ အဲ့ဒါ အမှန်ဖြစ်မယ်။ သို့မဟုတ် ဒီအကြောင်း နစကကို သတင်းပေးတာ တရ‌ ထောင်ကဲကိုယ်တိုင်လည်း ဖြစ်မယ်
အဲ့ဒီငွေဟာ အမေရိကန်အစိုးရက ထုတ်ပေးခြင်းမဟုတ် တနည်း အမေရိကန်ပြည်သူများရဲ့အခွန်ငွေမှ မဟုတ်နိုင်ပါ
၁၉၇၉ ၁၉၈၉ အာဖဂန် ဆှိဗီယက် ကျူးကျော်မှုကို ဆန့်ကျင်ရန် ကွန်ဂရက်က ခွင့်ပြုငွေဟာ ဒေါ်လာ သန်း ၅ဝဝ သာရှိတယ်
ချာလီဝီလ်ဆင်အမည်ရှိ ကွန်ဂရက်အမတ်နဲ့ CIA ပေါင်းပြီး အမေရိကန်သူဌေးတွေဆီက ပိုက်ဆံအလှူခံတယ်၊ အစ္စရေးက တိုက်ပွဲရ ဆိုဗီယက် စစ်လက်နက်တွေကို အလကားနီးနီး ဝယ်ယူတယ်
နိုင်ငံရေးအကျပ်အတည်းကြုံနေတဲ့ ပါကစ္စတန်အစိုးရနဲ့ အပေးအယူလုပ်တယ်
အိုစမာဘင်လာဒင်တို့ အာဖဂန် မူဂျာဟီဒင်တွေကိုထောက်ပံ့ပါတယ်
အဲ့ဒီဖြစ်ရပ်မှန်ကို Charlie Wilson's War လို့ မင်းသား တွမ်ဟင့်နဲ့ ဟောလိဝုဒ် ရုပ်ရှင် YouTube မှာ ရှိပါတယ်။
အမေရိကန်ဟာ သန်းကြွယ်သူဌေး စီးပွားရေးသမား အလွန်ပေါတယ်။ လွှတ်တော်အမတ်များနဲ့လည်း ပုလဲနံပ သင့်ပါတယ်
မိုက္ကရိုချစ်ကိစ္စ ထောင်ကဲကို ဝိုင်းပယ်ဖို့ ထိုင်ဝမ်ကိုလာတဲ့ အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီတောင် ဒီလိုကိစ္စတွေမှာ မကင်းဘူးလို့ အမေရိကန်မီဒီယာတစ်ခု ရေးတာ ဖတ်ဖူးတယ်
၁၉၈၈ မြန်မာပြည်အနှံ့ လူအများ လမ်းပေါ်ဆန္ဒပြပြီး မင်းမဲ့တိုင်းပြည်ဖြစ်နေစဉ် ထိုင်းမြန်မာနယ်စပ်ကို အမေရိကန် ကွန်ဂရက်အမတ်တစ်ဦး ရောက်လာဖူးတာ သတိရတယ်
#HtayOung, #OungMarine #BurmaAct #NDAA #fyp #Congrats #TomHink
HtayOung(OungMarine)
23 Dec, 17:13
(ဒီဇင်ဘာ-၂၃၊ ၂၀၂၄) ဧရာဝတီတိုင်း နယ်မြေအချို့မှာ စပါးပေါ်ပါပြီ #HtayOung #OungMarine
HtayOung(OungMarine)
23 Dec, 17:13
(ဒီဇင်ဘာ-၂၃၊ ၂၀၂၄) ဧရာဝတီတိုင်း နယ်မြေအချို့မှာ စပါးပေါ်ပါပြီ
..
ဝါခေါင်-တော်သလင်းရောက်မှ စိုက်ပျိုးလို့ရတဲ့ လယ်မျိုးက ထွက်တဲ့ ရေကျ စပါးလို့ ခေါ်တာပေါ့၊ ၁၂-လပိုင်း
ချောင်းရေခမ်းမှ စိုက်လို့ရတဲ့ မုရင်းလယ်တွေ၊ မတ်-ဧပြီလဆန်းမှ စပါးပေါ်မယ့် လယ်တွေလည်း ရှိတယ်။
..
ပြီးခဲ့တဲ့ မိုးနှောင်းကာလ ဧရာဝတီတိုင်းမှာ ရေကြီးရေလျှံဖြစ်ဖူးတယ်။
..
တောင်တရုတ်ပင်လယ်က အဖျားခတ်လာတဲ့ ယာဂီဆိုင်ကလုန်းလေပွေလှိုင်းတွေကြောင့် မြန်မာပြည်အလယ်ပိုင်း ရေကြီးရေလံျှ မြေပြိုတာတွေ မတိုင်မီ ၂-ပတ် ၃-ပတ်လောက်စောတယ်။
..
အဲဒီအခါ ဧရာဝတီတိုင်းမှာ သိပ်ထူးထူးခြားခြား မပျက်စီးတော့
ဒီနှစ် သီးနှံပေါ်ချိန် ငွေရဖို့ အားခဲထားကြတယ်။
..
ဒါပေမယ့် အိုင်တီခေတ်ကြီးမှာ ဧရာဝတီတိုင်းကို AA ဝင်မယ်။ PDF ဝင်မယ်၊ စစ်ဖြစ်မယ်
အွန်လိုင်းပေါ်က သတင်းတွေကြောင့် စပါးဝယ်မယ့် ကုန်သည်တွေ ဆင်းမလာကြဘူး။
..
အားခဲထားတဲ့ ဧရာဝတီ လယ်သမားခမျာ စပါးဈေးကျလို့ ငွေ မရကြဘူး
..
ဧရာဝတီတိုင်းနည်းတူ အောက်မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီး ပဲအိုးကြီးဖြစ်တဲ့
ပဲခူးတိုင်းတောင်သူတွေရဲ့ ဒုက္ခကျတော့ တစ်မျိုး
..
ပဲခူးတိုင်း အရှေ့ခြမ်း ဖြူး- ကျောက်တံခါး မြိ့နယ်များဟာ စပါးနဲ့ ပဲအထွက်ကောင်းတယ်။ စစ်တောင်းမြစ်နားနီးပြီး ရေအတက်အကျရှိတဲ့ နေရာတွေဆို တစ်ဧက ပဲ တင်း ၄၀ လောက် အသာလေး ထွက်တယ်။
..
စပါးဆို တစ်ဧက တင်း ၈၀ လောက် ပုံမှန်ရကြတယ်။
လွန်ခဲ့တဲ့ ဆယ်စုနစ်များမှာ ရွာက မိန်းကလေးတွေ အရွယ်ကောင်း ယောက်ျားလေးတွေ အားလုံးနီးပါး ထိုင်းဘက်မှာ အလုပ်သွားလုပ်ကြတော့ ကောက်စိုက်သမနဲ့ သူရင်းငှား ရှားပါးသွားတယ်။
..
ရွာတချိ့ဆို ရှင်ပြုတွေမှာ အပျိုတွေ မရှိတော့လို့
အဖိုးကြီး အဖွားကြီးတွေ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေ ဖြစ်ကုန်ကြတယ်။
ယခုနှစ်များမှာ ပဲခူးတိုင်းအရှေ့ခြမ်းဟာ နယ်မြေ မအေးချမ်းပါ။ ယခင်တည်းက KNU ဝင်ထွက်ရှိတဲ့ နေရာမို့ ဒခီးညွန့် အရီးညွန့် အုံး ဒိုင်းတွေကြား ကြောက်ကြောက်လန့်လန့်နဲ စိုက်ပျိုးကြရရှာတယ်။ ဘန်ကောက် မသွားပဲ ပေကတ်နေတဲ့ အရွယ်ကောင်း ကျားမ လူငယ်လေးတွေလည်း ခေတ်မီစွာ PDF ဖြစ်ကုန်တာလည်း ရှိတယ်။
.
အတန်းလိုက်စိုက်နိုင်ရင် အထွက်နှုန်းကောင်းကြောင်း သိပေမယ့် ကောက်စိုက်သမ-သူရင်းငှား ရှားလို့ ကြဲပက်စိုက်ရတဲ့အခါ မြေအတော်ကောင်းမှ ၇၀-၇၅ လောက်ရပါတယ်။
..
ခုတော့ ပဲခူးတိုင်း အရှေ့ခြမ်း လယ်အတော်များများမှာ တစ်ဧက တင်း ၅၀ လောက်ပဲ ရတော့တယ်။
..
စစ်ဆိုတာ ကြောက်ဖို့ကောင်းတယ်၊ လက်ငင်း သေကြေပျက်စီးရတဲ့အပြင်
Collateral Damage တမင်ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ
ဆက်စပ်ပျက်စီးမှုများကို ကြုံတတ်ပါတယ်။
..
ယာဂီဆိုင်ကလုန်း လေပွေလှိုင်းတွေကြောင့် ရေကြီး မြေပြို ဖြစ်သွားတဲ့ မြန်မာအလယ်ပိုင်း ကျေးရွာတွေ ဘယ်လိုနေပါသလဲ၊
ရေဘေးသင့်ရွာတွေ ဘယ်လို ပြန်လည်ထူထောင်နေကြသလဲ၊ မြေကြီးအောက် ရောက်သွားတဲ့ လယ်တွေ ယာတွေ ဘယ်လို စိုက်ပျိုးနေပါသလဲ
.
နောင် အလားတူအဖြစ်ဆိုးမျိုး ထပ်မံ ရင်မဆိုင်ရအောင် ဘာတွေ လုပ်သင့် ပြင်ဆင်သင့်တယ်လို့ အဖြေရှာပြီး ကြပြီလား၊
အဲ့ဒီနယ်က ယာထွက်ပစ္စည်းတွေသာ ဝင်ခုနိုင်ရင် ကုန်ဈေးနှုန်းတရိပ်ရိပ်တက်နေတာကို အတော်အသင့် ထိန်းသိမ်းနိုင်လိမ့်မယ်။
.
#HtayOung #OungMarine #ဧရာဝတီတိုင်း #ပဲခူးတိုင်း #fyp
..
HtayOung(OungMarine)
23 Dec, 17:02
(ဒီဇင်ဘာ-၂၃၊ ၂၀၂၄) ၂၁၄၅-နာရီ မကွေးတိုင်း အနောက်ခြမ်း ငဖဲ့မြို့နယ် ပဒါန်းရွာဘက် ( မင်းဘူးအလွန် ရွှေစက်တော် မရောက်မီ) တွင် တိုက်ပွဲဖြစ်နေ
..
လူဦးရေ စုစုပေါင်း ၅၀၀၀ ကျော်သာ ရှိသည့် ရွာကလေးမှာ
.
ရခိုင်ပြည်နယ် ရိုးမဖြတ်လမ်း ဝင်ထွက်ပေါက် အမ်း-ပဒါန်းလမ်း အစပြုရဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်း စက်ရုံများအတွက် အရေးပါ
..
#HtayOung, #OungMarine #မကွေးတိုင်း #အမ်း #ပဒါန်း #fyp
HtayOung(OungMarine)
23 Dec, 16:37
(ဒီဇင်ဘာ-၂၃၊ ၂၀၂၄) ၂၁၄၅-နာရီ မကွေးတိုင်း အနောက်ခြမ်း ငဖဲ့မြို့နယ် ပဒါန်းရွာဘက် ( မင်းဘူးအလွန် ရွှေစက်တော် မရောက်မီ) တွင် တိုက်ပွဲဖြစ်နေ
..
လူဦးရေ စုစုပေါင်း ၅၀၀၀ ကျော်သာ ရှိသည့် ရွာကလေးမှာ
.
ရခိုင်ပြည်နယ် ရိုးမဖြတ်လမ်း ဝင်ထွက်ပေါက် အမ်း-ပဒါန်းလမ်း အစပြုရဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးပစ္စည်း စက်ရုံများအတွက် အရေးပါ
..
#HtayOung, #OungMarine #မကွေးတိုင်း #အမ်း #ပဒါန်း #fyp
HtayOung(OungMarine)
23 Dec, 03:18
(ဒီဇင်ဘာ-၂၃၊ ၂ဝ၂၄) မြို့နယ်ပေါင်း ၃၃ဝ၊ ၉ဝ သူပုန်သိမ်း အစိုးရလက်ထဲ ၂၄ဝ ကျန် ဆိုတာ
ဒီတစ်ပါတ်ထွက်တဲ့ ဂဏန်း နောက်တစ်ပါတ် မပါနိုင်ဆိုတဲ့ ချဲသမား တွက်နည်းဖြစ်ပါတယ်။
သခ်ျာသီအိုရီအရ တွက်နည်း မဟုတ်ပါ
အထက်မြန်မာပြည်၊ မကွေး၊ ပဲခူး၊ ကရင် ကယား မွန် တနသ်ာရီတို့ဘက်မှာလည်း အလားတူ စိတ်မချရပါ
အတည်ငြိမ်ဆုံးဆိုတဲ့ ဧရာဝတီတိုင်းပင်လျှင် ရခိုင်၊ ပဲခူး၊ ရန်ကုန်တိုင်းနဲ့ ထိစပ်နေတဲ့ မြို့နယ်များမှာ ရွေးကောက်ပွဲကျင်းပရလောက်အောင် လုံခြုံရေး မသေချာပါ
အထက်မြန်မာပြည်၊ မကွေး၊ ပဲခူး၊ ကရင် ကယား မွန် တနသ်ာရီတို့ဘက်မှာလည်း အလားတူ စိတ်မချရပါ
ခြေထောက် နှစ်ဖက်ပါသူတွေသာ ဘောလုံးအားကစားနည်း ကစားလို့ရပါတယ်
ရွေးကောက်ပွဲလုပ်ဖို့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးက ပထမဆုံး လိုအပ်ပါတယ်။
စာရွက်ပေါ်က အစီရင်ခံစာထက် နယ်မြေခံပြည်သူလူထုရဲ့အသံကို ကျေးဇူးပြု၍ နားထောင်ပေးပါ
.
#HtayOung #OungMarine #fyp #Viewer #MyanmarGeneralElection
HtayOung(OungMarine)
23 Dec, 02:35
(ဒီဇင်ဘာ-၂၃၊ ၂ဝ၂၄) 22.12.2024 တယ်လီဂရမ်က NP News ကိုကျော်မျိုးမင်းရဲ့ သုံးသပ်ချက်မှားနေပါတယ်၊ မြို့ပေါင်း ၉ဝ ကျော် သူပုန်လက် ကျရောက်လဲ မြို့ပေါင်း ၂၄ဝ ကျော် ကျန်သေးတယ်ဆိုတာ မမှန်ပါ။
နစက အမှန်တကယ်အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ မြို့ပေါင်း ၇၅ မြို့ခန့်သာရှိပြီး ကျန် ၁၆၅ မြို့မှာ အုပ်ချုပ်ရေးပျက်ပြားနေပါတယ်
မြို့ပေါ်မှာ အစိုးရအုပ်ချုပ်ရေးရှိနေပြီး မြို့ပြင်ထွက်လိုက်ထာနဲ့ သူပုန်နယ်မြေဖြစ်နေပါတယ်။ နစကလက်အောက် မြို့အရေအတွက်ဟာ သူပုန်လောက်ပင် မရှိတော့ပါ
နယ်မြေများ ထပ်မံ မဆုံးရှုံးရအောင် ကာကွယ်‌ရေး၊
၊ တိုးချဲ့ပြန်လည်သိမ်းယူရေး၊ တရားဥပဒေနဲ့ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးဟာ ရွေးကောက်ပွဲအပြီး လွှတ်တော်ပေါ်လာမှ လုပ်ရမယ့်အလုပ် လုံးဝ မဟုတ်ပါ၊ ချက်ခြင်းလုပ်ရပါတော့မယ်။
၄ နှစ်အတွင်း ကုန်ဈေးနှုန်း ၃ ဆကျော်မြင့်တက်၊ တစ်နေ့တခြား လုံခြုံရေးပိုမိုဆိုးရွားလာနေပါတယ်။
ယခုရွေးကောက်ပွဲကိုလည်း မကျင်းပဖြစ်အောင် သူပုန်များက ဖျက်ဆီးဟန့်တားကြမှာ သေချာပါတယ်။
နယ်မြေ မအေးချမ်းပဲ ဇွတ်လုပ်ခဲ့လျှင်
ပြည်သူလူထုသာလျှင် ကြားထဲက မြေစာပင်ဖြစ် သွေးချောင်းစီး အသတ်ခံကြရလိမ့်မယ်
#HtayOung #OungMarine
#SAC #MyanmarArmy #fyp #MyanmarGeneralElection
HtayOung(OungMarine)
23 Dec, 01:36
(ဒီဇင်ဘာ-၂၃၊ ၂၀၂၄) လာမယ့် ၂၀၂၅- ဇန်နဝါရီလ ၃-ရက်နေ့ နေ့လည် ၂-နာရီ ဝါရှင်တန်ဒီစီမြို့မှာ အမေရိကန်ရောက် မြန်မာပြည်ပြေး ခိုလှုံသူတစ်စုက တရုတ်အစိုးရအပေါ် ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေပါတယ်။
..
ရခိုင်ပြည်နယ် အမ်း နပခနဲ့ တောင်ကုတ်ကျဆုံးပြီး ဂွမြို့ဝန်းကျင် တိုက်ပွဲများ ပြင်းထန်လာချိန် နစက တပ်များက စစ်တွေ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကို အင်အားဖြည့်တင်းနေပါတယ်
.
ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ CIS ကြိုးကိုင်မှုနဲ့ AA ကို ပင်လယ်ပြင်ဘက်မှ လက်နက်ခဲယမ်းပေးပို့နေတယ်လို့ သတင်းများ ထွက်ပါတယ်။ ယူနွတ်အစိုးရဟာ သူ့နိုင်ငံအတွင်းမှာ တူရကီလုပ် ဒရုန်းများ ဖြန့်ကျက်လာတဲ့အတွက် အိန္ဒိယက အနောက်ဘင်္ဂလား ပြည် နယ်မှာ မောင်းသူမဲ့ လေယာဉ်များ စေလွှတ်ပြီး နှစ်နိုင်ငံအကြား စစ်ရေး တင်းမာလာပါတယ်၊
.
ကျွန်တော်တို့ကတော့ အဲ့ဒါတွေနားမလည်ပါ လူမျိုးစွဲ ပြင်းထန်တဲ့ EAOs များ လက်အောက် အသေခံ စစ် တိုက်ပေးနေပြီး ဘိုးဘွားစဉ်ဆက် အချုပ်အခြာ ပြည်ထောင်စုနယ်မြေများကို သီးခြားခွဲထွက်နယ်မြေအဖြစ် ဖန်တီးရေး ကူညီနေတယ်။
ပထမ-ဒုတိယ-တတိယမြန်မာနိုင်ငံတော်ကို ထူထောင်တာ အညာသားတွေပဲ၊ အခု မြန်မာနိုင်ငံတော်ကို ဖျက်ဆီးတာလည်း အညာသားတွေပဲ ဖြစ်နေတယ်
#HtayOung, #OungMarine
HtayOung(OungMarine)
30 Nov, 07:06
(၃ဝ၊၁၁၊၂ဝ၂၄) နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်း အမျိုးသားရေးလှုပ်ရှားသူ၊တပ်မတော် ထောက်ခံသူ ကိုမင်းမင်းကို စစ်သွေးကြွများက နေပြည်တော်-မကွေး လမ်းပိုင်း၌ ဖမ်းဆီးရမိပြီးနောက် ခေါင်းဖြတ် သတ်နိုင်ခဲ့ကြောင်း စစ်သွေးကြွ အုပ်စုများ အောင်ပွဲခံနေကြသည်။
#PeopleMedia
လွန်ခဲ့တဲ့ရက် အဲ့ဒီဘက်က အခြေအနေအချို့ သိခဲ့ရတယ်
နေပြည်တော် မကွေး မင်းဘူး လမ်းပိုင်းမှာ ပဒတ်တွေ အလွန်သောင်းကျန်းနေတယ်
နေပြည်တော်မှ ၃ နာရီ ကားလမ်းခရီး နတ်မောက်ဝန်းကျင်မှာ အဆိုးဆုံးဖြစ်နေတယ်
လက်နက် မပြည့်စုံပါ
တူမီးနဲ့ လုပ်သေနတ်လောက်ကိုင်ပြီး ရွာလုံးကျွတ် PDF အမည်ခံ အနိုင်ကျင့် လုယက်နေကြကြောင်း
မနေရဲသူ ရွာခံအတော်များများ တိမ်းရှောင်နေရကြောင်း ကြားသိရပါတယ် ၊#HtayOung, #OungMarine
HtayOung(OungMarine)
30 Nov, 05:03
Facebook မှာ NLD လက်ထက် နိုင်ငံတော်သမ္မတ အရေးပေါ် ရံပုံငွေသုံးပြီး စေလွှတ်ပေးခဲ့တဲ့ Facebook Team ရှိနေတုန်းပါ
Facebook က ကျားဖျန့်တွေ၊ ငွေလိမ်လောင်းကစားတွေ အကြမ်းဖက် လူသတ်ဖို့ လှုံဆော်မှုတွေကိုတော့ ဖွင့်ပြုထားပါတယ်။
..
အောက်ပါ ပို့စ်ကို ကျွန်တော် လွှင့်တင်အပြီး မိနစ်ပိုင်းအတွင်း အကောင့်ဖျက်ခံရပါတယ်။
(နိုဝင်ဘာ-၃၀၊ ၂၀၂၄) ဘာသာမဲ့လား ယဉ်ကျေးမှုကင်းမဲ့ခြင်းလား
===
အင်္ဂလန်ဘွဲ့ရ ခေတ်ပညာတတ် ဒေါက်တာဘမော်တို့လို မြန်မာအမျိုးသားများကိုယ်တိုင် လူရှေ့သူရှေ့ထွက်ရင် မြန်မာ့ဓလေ့ ခေါင်းပေါင်း ပေါင်းကြတဲ့ ခေတ်တစ်ခု ကျွန်တော်တို့နိုင်ငံမှာ ထွန်းကားခဲ့ဖူးတယ်။
..
ကိုလိုနီလက်အောက် ကျရောက်ခဲ့တဲ့ နိုင်ငံအတော်များများမှာ မူလ ကိုးကွယ်ယုံကြည်မှု ပျောက်ကွယ်သွားပြီး အုပ်စိုးသူ အရှင်သခင်ရဲ့ ဘာသာတရားအတိုင်း ပြောင်းလဲသွားလေ့ရှိကြပါတယ်။
.
သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်ကိုလိုနီဖြစ်သွားတဲ့ မြန်မာနိုင်ငံမှာ များမကြာမီ ပညာရေးစနစ်ကြီး တစ်ခုလုံး ဘာသာခြားများ လက်အောက် ကျရောက်သွားပါတယ်။
..
အဲ့ဒီအချိန် လောကဓါတ်ကျောင်းလို့ ခေါ်တဲ့ သာသာခြား သာသနာပြုကျောင်းများမှာ ပညာသင်ယူဖို့ မိမိတို့ရဲ့ ရင်သွေးငယ်များကို လိုလားစွာ အပ်နှံခဲ့ကြသူတွေဟာ မြန်မာဗုဒ္ဓဘာသာ မိဘများကိုယ်တိုင်ဖြစ်ပါတယ်။
..
ဒါပေမယ့် သားသမီးများ ဘာသာခြားဖြစ်မသွားကြပါ။ မိဘများလည်း နဂိုမူလအတိုင်း ဆက်လက်ရပ်တည် နေလို့ ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ၉၈.၉% ဟာ ဗုဒ္ဓဘာသာအဖြစ် တည်ရှိနေခြင်းဖြစ်ပါတယ်။ တိုင်းရင်း သားလူမျိုးစုများအထိ မြန်မာနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုဟာ ခွဲခြားလို့ မရပဲ တစ်သားတည်း ဖြစ်နေပါတယ်။
..
ဒေါက်တာဘမော် (၁၈၉၃- ၁၉၇၇ ခုနှစ်) ဟာ ကျိုက်ခမီနဲ့ ရန်ကုန် သာသနာပြုကျောင်းထွက်ဖြစ်ယုံမက ကင်းဘရစ် တက္ကသိုလ်နဲ့ လန်ဒန် ဂရေးအင်း တက္ကသိုလ်က ဥပဒေပညာ ဘွဲ့ရတစ်ဦး ဖြစ်ပါတယ်။ ပြင်သစ် ဘော်ဒိုး တက္ကသိုလ်ရဲ့ ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူးနိုင်သူဖြစ်တယ်။ မွန်-ဗမာမျိုးရိုး မိဘနှစ်ပါးသာမက ဒေါက်တာ ဘမော်တို့ မွေးချင်းသားသမီးများပါ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုနဲ့ ဓလေ့ထုံးတမ်းများမှာ စွဲဝင်နေပါတယ်။ ကျန် မြန်မာတစ်ပြည်လုံးလည်း အဲ့ဒီအတိုင်းပါပဲ
..
.အဲ့ဒါဟာ ရှင်ဘုရင်ရော လယ်သမားပါ မျိုးရိုးစဉ်ဆက် ဘုန်းတော်ကြီးကျောင်းထွက်များ ဖြစ်ခဲ့ကြတဲ့ “ဗုဒ္ဓဘာ သာခံတပ်ကြီး” ခိုင်မာအားကောင်းခဲ့ပုံကို ညွှန်ပြနေပါတယ်။ ဒီအကြောင်း “ဆရာမှတ်ကြီး” လို့ မြန်မာတို့ နှုတ် ဖျား ရေပန်းစားခဲ့တဲ့ ဒေါက်တာ မတ်ခ် (John Ebegen Marks) တို့လို ဘာသာခြားသာသနာပြုကျောင်းတည် ထောင်သူများရဲ့ မှတ်တမ်းအတော်များများ ရှိနေပါတယ်။
..
ကျွန်တော်တို့ခေတ်မှာတော့ ကျွန်တော်တို့သားသမီးများကိုယ်တိုင် “ဘာသာမဲ့” အဖြစ် ကြွေးကြော်သူတွေ များ သထက် များလာနေပါတယ်။ အခြား ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာမဲ့များနဲ့ မတူညီပဲ ကျွန်တော်တို့ရဲ့ ဘာ သာရေး ထုံးတမ်းစဉ်လာများနဲ့ ဘုန်းကြီးရဟန်းမရှောင် သူတို့ ဉာဏ်မီသလောက်လေးနဲ့ ဝေဖန်ပုတ်ခတ်လာ ကြပါတယ်။
.
အဲ့ဒါဟာ #ဘာသာမဲ့ခြင်း_သက်သက်_မဟုတ် #ယဉ်ကျေးမှု_ကင်းမဲ့သွားခြင်းဖြစ်ပါတယ်။
.
.
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
HtayOung(OungMarine)
30 Nov, 04:43
(နိုဝင်ဘာ-၃၀၊ ၂၀၂၄) ကျွန်တော့်ရဲ့ Mg Htay Oung ဖဘအကောင့် ဒီနေ့ အဖျက်ခံရပြန်ပြီ
..
၂၈-ရက်နေ့က ဖွင့်တာ ဆိုတော့ ၇၂-နာရီတောင် မပြည့်ပါ
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
HtayOung(OungMarine)
30 Nov, 03:19
(နိုဝင်ဘာ-၃၀၊ ၂၀၂၄) ဘာသာမဲ့လား ယဉ်ကျေးမှုကင်းမဲ့ခြင်းလား
===
အင်္ဂလန်ဘွဲ့ရ ခေတ်ပညာတတ် ဒေါက်တာဘမော်တို့လို မြန်မာအမျိုးသားများကိုယ်တိုင် လူရှေ့သူရှေ့ထွက်ရင် မြန်မာ့ဓလေ့ ခေါင်းပေါင်း ပေါင်းကြတဲ့ ခေတ်တစ်ခု ကျွန်တော်တို့နိုင်ငံမှာ ထွန်းကားခဲ့ဖူးတယ်။
..
ကိုလိုနီလက်အောက် ကျရောက်ခဲ့တဲ့ နိုင်ငံအတော်များများမှာ မူလ ကိုးကွယ်ယုံကြည်မှု ပျောက်ကွယ်သွားပြီး အုပ်စိုးသူ အရှင်သခင်ရဲ့ ဘာသာတရားအတိုင်း ပြောင်းလဲသွားလေ့ရှိကြပါတယ်။
.
သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်ကိုလိုနီဖြစ်သွားတဲ့ မြန်မာနိုင်ငံမှာ များမကြာမီ ပညာရေးစနစ်ကြီး တစ်ခုလုံး ဘာသာခြားများ လက်အောက် ကျရောက်သွားပါတယ်။
..
အဲ့ဒီအချိန် လောကဓါတ်ကျောင်းလို့ ခေါ်တဲ့ သာသာခြား သာသနာပြုကျောင်းများမှာ ပညာသင်ယူဖို့ မိမိတို့ရဲ့ ရင်သွေးငယ်များကို လိုလားစွာ အပ်နှံခဲ့ကြသူတွေဟာ မြန်မာဗုဒ္ဓဘာသာ မိဘများကိုယ်တိုင်ဖြစ်ပါတယ်။
#HtayOung, #OungMarine
HtayOung(OungMarine)
30 Nov, 03:19
(နိုဝင်ဘာ-၃၀၊ ၂၀၂၄) ဘာသာမဲ့လား ယဉ်ကျေးမှုကင်းမဲ့ခြင်းလား
===
အင်္ဂလန်ဘွဲ့ရ ခေတ်ပညာတတ် ဒေါက်တာဘမော်တို့လို မြန်မာအမျိုးသားများကိုယ်တိုင် လူရှေ့သူရှေ့ထွက်ရင် မြန်မာ့ဓလေ့ ခေါင်းပေါင်း ပေါင်းကြတဲ့ ခေတ်တစ်ခု ကျွန်တော်တို့နိုင်ငံမှာ ထွန်းကားခဲ့ဖူးတယ်။
..
ကိုလိုနီလက်အောက် ကျရောက်ခဲ့တဲ့ နိုင်ငံအတော်များများမှာ မူလ ကိုးကွယ်ယုံကြည်မှု ပျောက်ကွယ်သွားပြီး အုပ်စိုးသူ အရှင်သခင်ရဲ့ ဘာသာတရားအတိုင်း ပြောင်းလဲသွားလေ့ရှိကြပါတယ်။
.
သီပေါမင်းပါတော်မူပြီး အင်္ဂလိပ်ကိုလိုနီဖြစ်သွားတဲ့ မြန်မာနိုင်ငံမှာ များမကြာမီ ပညာရေးစနစ်ကြီး တစ်ခုလုံး ဘာသာခြားများ လက်အောက် ကျရောက်သွားပါတယ်။
..
အဲ့ဒီအချိန် လောကဓါတ်ကျောင်းလို့ ခေါ်တဲ့ သာသာခြား သာသနာပြုကျောင်းများမှာ ပညာသင်ယူဖို့ မိမိတို့ရဲ့ ရင်သွေးငယ်များကို လိုလားစွာ အပ်နှံခဲ့ကြသူတွေဟာ မြန်မာဗုဒ္ဓဘာသာ မိဘများကိုယ်တိုင်ဖြစ်ပါတယ်။
..
ဒါပေမယ့် သားသမီးများ ဘာသာခြားဖြစ်မသွားကြပါ။ မိဘများလည်း နဂိုမူလအတိုင်း ဆက်လက်ရပ်တည် နေလို့ ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ၉၈.၉% ဟာ ဗုဒ္ဓဘာသာအဖြစ် တည်ရှိနေခြင်းဖြစ်ပါတယ်။ တိုင်းရင်း သားလူမျိုးစုများအထိ မြန်မာနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုဟာ ခွဲခြားလို့ မရပဲ တစ်သားတည်း ဖြစ်နေပါတယ်။
..
ဒေါက်တာဘမော် (၁၈၉၃- ၁၉၇၇ ခုနှစ်) ဟာ ကျိုက်ခမီနဲ့ ရန်ကုန် သာသနာပြုကျောင်းထွက်ဖြစ်ယုံမက ကင်းဘရစ် တက္ကသိုလ်နဲ့ လန်ဒန် ဂရေးအင်း တက္ကသိုလ်က ဥပဒေပညာ ဘွဲ့ရတစ်ဦး ဖြစ်ပါတယ်။ ပြင်သစ် ဘော်ဒိုး တက္ကသိုလ်ရဲ့ ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူးနိုင်သူဖြစ်တယ်။ မွန်-ဗမာမျိုးရိုး မိဘနှစ်ပါးသာမက ဒေါက်တာ ဘမော်တို့ မွေးချင်းသားသမီးများပါ ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုနဲ့ ဓလေ့ထုံးတမ်းများမှာ စွဲဝင်နေပါတယ်။ ကျန် မြန်မာတစ်ပြည်လုံးလည်း အဲ့ဒီအတိုင်းပါပဲ
..
.အဲ့ဒါဟာ ရှင်ဘုရင်ရော လယ်သမားပါ မျိုးရိုးစဉ်ဆက် ဘုန်းတော်ကြီးကျောင်းထွက်များ ဖြစ်ခဲ့ကြတဲ့ “ဗုဒ္ဓဘာ သာခံတပ်ကြီး” ခိုင်မာအားကောင်းခဲ့ပုံကို ညွှန်ပြနေပါတယ်။ ဒီအကြောင်း “ဆရာမှတ်ကြီး” လို့ မြန်မာတို့ နှုတ် ဖျား ရေပန်းစားခဲ့တဲ့ ဒေါက်တာ မတ်ခ် (John Ebegen Marks) တို့လို ဘာသာခြားသာသနာပြုကျောင်းတည် ထောင်သူများရဲ့ မှတ်တမ်းအတော်များများ ရှိနေပါတယ်။
..
ကျွန်တော်တို့ခေတ်မှာတော့ ကျွန်တော်တို့သားသမီးများကိုယ်တိုင် “ဘာသာမဲ့” အဖြစ် ကြွေးကြော်သူတွေ များ သထက် များလာနေပါတယ်။ အခြား ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာမဲ့များနဲ့ မတူညီပဲ ကျွန်တော်တို့ရဲ့ ဘာ သာရေး ထုံးတမ်းစဉ်လာများနဲ့ ဘုန်းကြီးရဟန်းမရှောင် သူတို့ ဉာဏ်မီသလောက်လေးနဲ့ ဝေဖန်ပုတ်ခတ်လာ ကြပါတယ်။
.
အဲ့ဒါဟာ #ဘာသာမဲ့ခြင်း_သက်သက်_မဟုတ် #ယဉ်ကျေးမှု_ကင်းမဲ့သွားခြင်းဖြစ်ပါတယ်။
.
.
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
HtayOung(OungMarine)
29 Nov, 12:40
စစ်တကောင်းရှေ့နေ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သုံးလအတွင်း ဘင်္ဂလားဒေ့ရှ်မှာ အလားတူ တိုက် ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသူအားလုံးအတွက်လည်း တရားမျှတမှုပေးရန် တောင်းဆိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသိမ်းမှုကျူးလွန်တဲ့ ယူနွတ်အစိုးရအနေနဲ့ အပြစ်ပေးရန် ပျက်ကွက်နေခြင်းဟာ အ ကြမ်းဖက်အားပေး လူ့အခွင့်အရေး ချိုးဖောက်မှုနေခြင်းဖြစ်ပြီး အများပြည်သူတို့ရဲ့ ပြစ်တင်ရှုတ်ချမှုကို ရင်ဆိုင် ရမှာ ဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒနဲ့ စစ်သွေးကြွများအားလုံးကို ဆန့်ကျင်ဖို့ ပြည်သူအားလုံးတို့အနေနဲ့ စည်း လုံး ညီညွတ်ကြရန် မေတ္တာရပ်ခံအပ်ကြောင်း၊
..
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရင်ဆိုင်နေရတဲ့ စီးပွားရေးအခက်အခဲများအတွက် ယူနွတ်အစိုးရအပေါ် ဝေဖန်လိုက်ပြီး အာဏာလုယက်သူတွေဟာ လက်ရှိ ကဏ္ဍအားလုံးမှာ ကျရှုံးလျှက်ရှိကြောင်း၊ နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့ အခြေခံ ကုန်ပစ္စည်းဈေးနှုန်းများကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပြီး အများပြည်သူတို့ရဲ့ ဘဝလုံခြုံမှုကို ဖြည့်ဆည်း မပေးခဲ့ကြောင်း၊ သာမန်ပြည်သူတို့အပေါ် သွယ်ဝိုက်တဲ့ နည်းလမ်းများအပြင် ယခုလို တိုက်ရိုက် ထိုးနှက်မှုများ အတွက် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။
….
သြဂုတ်လ ၅ ရက်နေ့ အဝါမီလိဂ် အစိုးရ ပြုတ်ကျပြီးနောက် နိုဘယ်လ်ဆုရှင် ပါမောက္ခ မိုဟာမက် ယူနွတ် ဦး ဆောင်မှုအောက် ကြားဖြတ်အစိုးရအပေါ် ငယ်ရွယ်တဲ့ ကျောင်းသားအကြံပေးများ၊ ကျောင်းသား ညှိနှိုင်းရေး မှူးတို့က များသောအားဖြင့် လွှမ်းမိုးချယ်လှယ်ခဲ့ပါတယ်။ ဟာစီနာအစိုးရဖယ်ရှားရေး လူထုအုံကြွမှုမှာ အဲ့ဒီ ကျောင်းသားအများစုတို့က အရေးကြီး အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံရေး အပြောင်းအလဲအပြီး ဘင်္ဂ လားဒေ့ရှ် နိုင်ငံမှာ လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေ အများအပြား ဖြစ်ပွား ခဲ့ပါတယ်။ ယခင်အာဏာရပါတီ ဝင်များ၊ အဝါမီလိဂ်ထောက်ခံသူများနဲ့ ရဲအရာရှိများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။
..
အဝါမီလိဂ်အဖွဲ့ဝင်များ၊ ကျောင်းသားများ၊ သာမန်ပြည်သူတွေနဲ့ ရဲအရာရှိတွေ အများအပြားတို့ဟာ လူစုလူဝေး နဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း။ ဒါအပြင် အဲ့ဒီလူတွေဟာ ဥပဒေအရ စွဲချက်တင်ခြင်း၊ အကြမ်းဖက် တိုက်ခိုက် ခြင်းနဲ့ ဖမ်းဆီးမှုတို့ကိုလည်း ရင်ဆိုင်နေရကြောင်း၊ အဲ့ဒီလို မင်းမဲ့စရိုက် ရုန်းရင်းဆန်ခတ် လုပ်ရပ်တွေကို ပြင်း ပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်တယ်လို့ ပြည်ပမှာ ခိုလှုံနေသူ ဝန်ကြီးချုပ် ဟောင်း ရှိတ်ဟာစီနာက ပြောပါ တယ်။
#ဝန်ကြီးချုပ်ဟောင်း_ရှိတ်ဟာစီနာ #ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ #ISKCON #အင်တာပိုလ်
#ကရစ်ရှနား_အသိဉာဏ်_နိုင်ငံတကာ_အစည်းအရုံး #အဝါမီလိဂ်အစိုးရ
..
(((The Hindu., 28 November 2024,” Sheikh Hasina speaks out for the first time after fall of her government, seeks release of ISKCON leader ‘without delay’” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)))
..
https://www.thehindu.com/news/international/deposed-bangladesh-prime-minister-sheikh-hasina-demands-release-of-iskcon-leader/article68923008.ece”
===
HtayOung(OungMarine)
29 Nov, 12:40
(နိုဝင်ဘာ-၂၉၊ ၂၀၂၄) အာဏာလုယက်သူ ယူနွတ်အစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကဏ္ဍအားလုံး၌ ကျ ဆုံးနေ၊ မတရား ဖမ်းဆီးထားသည့် ဟိန္ဒူခေါင်းဆောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရှိတ်ဟာစီနာ တောင်းဆို။ ပြည်ပထွက်ခွာသွားရသည့် ဝန်ကြီးချုပ်ဟောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ထွက်ပေါ်လာ
===
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မတရား ဖမ်းဆီးထားတဲ့ ISKCON ခေါ် “ကရစ်ရှနား အသိဉာဏ် နိုင်ငံတကာ အစည်းအရုံး ” ဟိန္ဒူဘာသာရေး ခေါင်းဆောင်တစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် နိုဝင်ဘာ ၂၈-ရက်နေ့မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက တောင်းဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ ၅-ရက်နေ့ အဝါမီလိဂ်အစိုး ရပြုတ်ကျသွားပြီးနောက်ပိုင်း ရှိတ်ဟာစီနာရဲ့ ပထမဆုံးအကြိမ် လူသ်ရှင်ကြား ပြောဆိုခြင်းဖြစ်တယ်လို နယူး ဒေလီအခြေစိုက် “ဟိန္ဒူ” သတင်းအေဂျင်စီက (28 November 2024) က ရေးသားပါတယ်။
..
အင်္ဂါနေ့ စစ်တကောင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအဓိကရုန်းအတွင်း လက်ထောက်အစိုးရရှေ့နေတဦး အ သတ်ခံရခြင်းကိုလည်း ရှုတ်ချလိုက်ပြီး ဘင်္ဂလားဒေ့ရှ် ပြည်သူတို့အနေနဲ့ မိုဟာမက်ယူနွတ်ဦးဆောင် ကြားဖြတ် အစိုးရကို စည်းလုံးညီညွတ်စွာ ထိပ်တိုက်ရင်ဆိုင်ကြရန် အဝါမီလိဂ်ပါတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ရှိတ်ဟာ စီ နာက တောင်းဆိုထားပါတယ်။
..
မတရား ဖမ်းဆီးခံထားရတဲ့ “စန်နတ်တန်” ဘာသာရေးအသိုင်းအဝိုင်းမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို အ မြန်ဆုံး ပြန်လွှတ်ပေးရန်၊ စစ်တကောင်းနယ်မြေအတွင်း ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံရပြီး ယခင်က ဗလီ များ၊ မာဇရ်များ၊ ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အဟ်မဒီယာအသိုက်အဝန်းပိုင် နေအိမ်များ ကို ရမ်းကားဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ မီးရှို့ခြင်းများလည်း ခံခဲ့ရပြီးဖြစ်ကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ရပ်ရွာနေထိုင်သူအားလုံးတို့ရဲ့ အသက်အိုးအိမ်ပိုင်ဆိုင်မှုအပေါ် လုံခြုံရေးအရ အကာအကွယ်ပေးရန် ဟာစီနာ ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
..
အောက်တိုဘာ ၂၅ ရက်နေ့ စစ်တကောင်းမြို့ ဆန္ဒပြပွဲအတွင်း နိုင်ငံတော် အလံကို မရိုမသေပြုကြောင်း စွဲချက် ဖြင့် “ချင်မွိုင် ကရစ်ရှနားဒတ်စ်” အမည်ရှိ ISKCON အစည်းအရုံး ခေါင်းဆောင်ကို ဖမ်းဆီးခဲ့ပါတယ်။ ထင်ရှားလူ သိများတဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်ဟာ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်း ဒါကာမြို့တော်နဲ့ ရမ်ပူမြို့ချီတက်ပွဲ တို့မှာလည်း အလားတူပြုမူခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
..
အင်္ဂါနေ့ ဖမ်းဆီးခံရတဲ့ မစ္စတာ ဒတ်စ်ကို နောက်ဆက်တွဲ အာမခံပေးဖို့ ငြင်းဆိုမှုဟာ ဟိန္ဒူခေါင်းဆောင်အပေါ် ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့အကြား ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လက်ထောက်အစိုးရရှေ့နေတဦး သေ ဆုံးခဲ့ရပါတယ်။ အခင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဟာစီနာရဲ့ ပါတီမှ “ချာဟတ်ထရာ လိဂ်” ကျောင်းသား လက်ရုံးု အဖွဲ့ဝင်များဖြစ်ကြောင်း စွပ်စွဲချက်နဲ့ လူခြောက်ဦးကို နောက်တနေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
..
အိန္ဒိယနိုင်ငံမှာ ရောက်ရှိခိုလှုံနေစဉ်အတွင်း သူ့အပေါ် ထောက်ခံသူတွေနဲ့ အလှမ်းဝေးနေတဲ့ ဟာစီနာ အနေနဲ့ ပါးစပ်ပိတ်နေဖို့ သတိပေးခဲ့ငြောာင်း ယူနွတ်အစိုးရက စောစောပိုင်း ပြောဆိုခဲ့ပါတယ်။ ပြည်တွင်းမှာ ကျန်ရှိ နေ တဲ့ အဝါမီလိဂ်ခေါင်းဆောင်များနဲ့ ရှိတ်ဟာစီနာတို့အကြား ဆက်သွယ်ပြောဆိုကြောင်း အသံနဲ့ ဗွီဒီယိုဖိုင် အ နည်းငယ်တို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးရန် အပြည် ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ “အင်တာပိုလ်” ထံ ဒါကာ အာဏာပိုင်များက ဆက်သွယ်ခဲ့ပါတယ်။
..
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဟာစီနာရဲ့ သားဖြစ်သူ “ရှာဂျစ် ဝါဇစ် ဂျွိုင်း” ကလည်း ဘင်္ဂလားဒေ့ရှ် ကြား ဖြတ်အစိုးရလက်ထက် နိုင်ငံရေးအခြေအနေများအကြောင်း အဲ့ဒီမတိုင်ခင် မီဒီယာများကို ပြောကြားခဲ့ဖူးပါ တယ်။ ယခုတကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပွားနေတဲ့ မငြိမ်မသက်မှုများနဲ့ ပတ်သက်ပြီး ဟာစီနာ ကိုယ်တိုင် ပြောဆိုခြင်း ဖြစ်ပါတယ်။
..
စစ်တကောင်း လက်ထောက်အစိုးရရှေ့နေ အသတ်ခံရမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ လူ သတ် မှုနဲ့ ဆက်နွယ်နေသူအားလုံးကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အပြစ်ပေးသင့်ကြောင်း၊ ရှေ့နေတစ် ယောက်ဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရင်း အသက်ဆုံးရှုံးရတဲ့အထိ ရိုက်နှက်ခံခဲ့ရကြောင်း၊ ဒီလူသတ်မှုကို ကျူးလွန်တဲ့သူတွေက အကြမ်းဖက်သမားတွေ ဖြစ်ပြီး ရှေ့နေရဲ့ ကျန် ရစ်သူ မိသားစုတို့အတွက် တရားမျှတမှုကို ရှာဖွေရမှာဖြစ်ကြောင်း၊
..
HtayOung(OungMarine)
29 Nov, 10:15
(နိုဝင်ဘာ-၂၉၊ ၂၀၂၄) ကျွန်တော့်မှာ မိတ်ဆွေ အလွန်ပေါပါတယ်
..
ဒါပေမယ့် တိုင်ပင်ဖော် တိုင်ပင်ဖက် ရှားတယ်။
..
ဒါလဲ လောကဓံရဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲလေ
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===
HtayOung(OungMarine)
29 Nov, 05:07
(နိုဝင်ဘာ-၂၉၊ ၂၀၂၄) ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဟာ ၂၀၁၉-ခုနှစ် ဒီဇင်ဘာလ တရုတ်ပြည်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။
..
၂၀၂၀ ခုနှစ် မတ်လဆန်းမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကျရောက်ကြောင်း ကုလသမဂ္ဂ WHO က ကြေညာခဲ့တယ်။
၂၀၂၀-ခုနှစ် အောက်တိုဘာလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စတင်တီထွင်နိုင်ခဲ့ပြီး
အနောက်နိုင်ငံများမှာ ကာကွယ်ဆေး စတင်ထိုးနှံနိုင်ခဲ့ပါတယ်။
..
နိုင်ငံရေး မတည်မငြိမ် ရှုတ်ထွေးနေပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံက ၂၀၂၁-ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ကာကွယ်ဆေး စတင်ထိုးနှံနိုင်ခဲ့ပါတယ်။
.
သာမာန်အားဖြင့် ကူးစက်ရောဂါ ကာကွယ်ဆေးဆိုတာ တီထွင်နိုင်ဖို့ ၅-နှစ်ထက်မနည်း ကြာမြင့် တတ်ပါတယ်။ အဲ့ဒီအတောအတွင်း ကမ္ဘာ်လူဦးရေ ၅% ဖြစ်တဲ့ လူ ၇၈ သန်းမှ ၁၅၆ သန်းအထိ သေဆုံးကြရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
.
ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကူးစက်မှုနှုန်း အလွန်မြန်ဆန်တဲ့အတွက်
ဖွံ့ဖြိုမှုနောက်ကျပြီး နိုင်ငံရေးမတည်ငြိမ် တိုက်ပွဲများဖြစ်ပွားနေတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံဆိုရင် ပထမဆုံး သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအပါအဝင် လူ ၁၆-သန်းထက်မနည်း သေဆုံးရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။
.
ဒါပေမယ့် အဲ့ဒီခန့်မှန်းချက်တွေ မမှန်ကန်ခဲ့ပါဘူး
.
ကပ်ရောဂါ စတင်ကျရောက်ပြီး တစ်နှစ်မပြည့်ခင် ကာကွယ်ဆေး စတင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
.
၂၀၂၁-ခုနှစ် အာဏာအပြောင်းအလဲဖြစ်ပြီး ကျန်းမာရေးစနစ် ပြိုလဲသွားတဲ့ မြန်မာနိုင်ငံဟာ ဝယ်ယူ သို့မဟုတ် အလှူခံရရှိတဲ့ ကာကွယ်ဆေးများကို မိမိတို့လူ့အဖွဲ့အစည်းအတွင်း စနစ်တကျ ထိုးနှံပေးနိုင်ခဲ့ပါတယ်။
..
ကပ်ရောဂါကြောင့် သေဆုံးသူ ဦးရေ မြင့်တက်နေခြင်းကို ၂၀၂၁-ခုနှစ် သြဂုတ်လခန့်မှ စတင်ပြီး တဖြည်းဖြည်း လျော့ချနိုင်ခဲ့ပါတယ်။
.
အဲ့ဒါကို စဉ်းစားမိရင် ဒီနေ့ ရုရှားနဲ့ အမေရိကန်အနောက်အုပ်စုအကြား နျူကလီယာစစ် ဖြစ်မဖြစ် ခန့်မှန်းလို့ ရပါတယ်။
.
ဟိုက်ပါဆောနစ် တိုက်ချင်းပစ် ဒုံးကျည်နဲ့ အပစ်ခံရပြီလို့ မှားယွင်းထောက်လှမ်းမိရင်တောင် ကိုယ့်ဖက်က နျူကလီယာလက်နက် ခလုပ်ကို နှိပ်ဖို့ အတော်ဆင်ခြင်ကြမှာပါ
.
ဘာ့ကြောင့်လဲဆိုတော့ အဲ့ဒါ သူတို့ကိုယ်တိုင်အပါအဝင် ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ ဖြစ်လို့ပါပဲ
..
ဒီအတွက် ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံအချင်းချင်း စစ်ရေး လက်ဦးမှု မရယူကြဖို့၊ လေကြောင်းကာကွယ်ရေး ထောက်လှမ်းမှုစနစ် မမှားမယွင်းကြစေဖို့က ဆုတောင်းယုံသာ တတ်နိုင်ပါတယ်။
..
ကိုယ့်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများသာ ကိုယ်တိုင် အိုးပစ်အိမ်ပစ်ထွက်ပြေး သို့မဟုတ် ထိခိုက်ပျက်စီးဖို့ အသေချာဆုံးပါ။
..
(၁) ကိုယ်ပြည်တွင်း လုံခြုံရေး- စစ်ပွဲများအမြန်ပြီးဆုံးရေး ငွေကြေးဖောင်းပွမှုနဲ့ အခြေခံကုန်ပစ္စည်းဈေးနှုန်း လျော့ကျရေးကို ပထမဦးစားပေးအာရုံစိုက်ကြပြီး
..
(၂) အင်အားကြီးနိုင်ငံများရဲ့ ဥရောပ နျူကလီယာစစ်ပွဲ အလားအလာများကို ဒုတိယထားသင့်ပါတယ်။
..
တကယ်တော့ (၁) ဟာ (၂) နဲ့လည်း ဆက်နွယ်နေပါတယ်။
.
(၂) မရှိတော့ရင် (၁) ကို လုပ်ရကိုင်ရ ပိုလွယ်ကူနိုင်ပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===
HtayOung(OungMarine)
29 Nov, 04:14
(နိုဝင်ဘာ-၂၉၊ ၂၀၂၄) ကျွန်တော့်မိတ်ဆွေအချို့ဟာ မိမိပြည်တွင်းမှာ ဘာဖြစ်နေတယ်၊ ဘာတွေ အရေး ကြီးတယ်ဆိုတာထက် ရုရှားနဲ့ နေတိုးအုပ်စုအကြား နျူကလီယာစစ် ဖြစ်မှာကို တွေးပူနေကြတယ်။
.
နျူကလီယာစစ် ဖြစ်ဖို့က အလွန်ခဲယဉ်းပါတယ်။
.
စစ်အင်အားကြီး နိုင်ငံအချင်းချင်း တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ အပြန်အလှန်ခြိမ်းခြောက်နေခိုက်
လေကြောင်းရန် ထောက်လှမ်းရေး အကဲဖြတ်မှားယွင်းမှု ဖြစ်-မဖြစ် ဘယ်သူမှ အာမ မခံပါဘူး။
..
အတိတ်ကာလ စစ်အေးတိုက်ပွဲပြင်းထန်စဉ် ကျူးဘား ဒုံးကျည်အရေးအခင်းမှာ အဲ့ဒီလို မှားယွင်းမှုမျိုး အကြိမ်ကြိမ်ဖြစ်ဖူးပါတယ်။
..
အဲ့ဒီတုန်းကသာ အမေရိကန်နဲ့ ဆိုဗီယက်တို့ မဆင်ခြင်နိုင်ပဲ နျူကလီယာစစ်ဖြစ်ကြရင် ဒီနေ့ကမ္ဘာကြီးလည်း ရှိနေမည် မဟုတ်။ ကျွန်တော်လည်း ယခုလို စာမရေးနိုင်- မိတ်ဆွေလည်း လိုက်ဖတ်နိုင်စရာ မရှိတော့ပါ။
..
ရုရှားနိုင်ငံ၊ မြောက်အမေရိကတိုက်နဲ့၊ ဥရောပအနောက်ပိုင်းမှာ နျူကလီယာပေါက်ကွဲမှူ့များဖြစ်ခဲ့ရင် အရှေ့တောင်အာရှမှာရှိတဲ့ ကျွန်တော်တို့တိုင်းပြည်အထိ ရေဒီယိုသတ္တိကြွ အမှုန်များရောက်ဖို့
..
လေကြောင်းသင့်ရင် ၅-ရက်မှ ရက်သတ္တ ၂-ပတ်ခန့် ကြာပါလိမ့်မယ်။
..
HtayOung, OungMarine
HtayOung(OungMarine)
29 Nov, 04:04
(နိုဝင်ဘာ-၂၉၊ ၂၀၂၄) ရှရှားနဲ့ အနောက်အုပ်စုကြား ဘယ်ဒုံးကျည်နဲ့ ဘယ်လိုပြော ဆိုခြင်းထက် အလွန် အရေးကြီးတဲ့ကိစ္စ
===
ကျွန်တော့်မိတ်ဆွေအချို့ဟာ မိမိပြည်တွင်းမှာ ဘာဖြစ်နေတယ်၊ ဘာတွေ အရေး ကြီးတယ်ဆိုတာထက်
..
ရုရှားနဲ့ နေတိုးအုပ်စုအကြား နျူကလီယာစစ် ဖြစ်မှာကို တွေးပူနေကြတယ်။
.
နျူကလီယာစစ် ဖြစ်ဖို့က အလွန်ခဲယဉ်းပါတယ်။
.
ဥပမာ ပူတင်က ဟိုက်ပါဆောနစ် တိုက်ချင်းပစ် ဒုံးကျည်တစ်မျိုးမျိုး ပစ်လွှတ်ခဲ့ပြီ ဆိုပါစို့
..
အသံထက် အဆလွန်ဖြစ်လို့ ကြားဖြတ် ဟန့်တားဖို့ အလွန်ခက်ခဲသည့်တိုင်
မိမိတို့ ဒုံးကျည်နဲ့ အပစ်ခံရပြီဖြစ်ကြောင်း အမေရိကန် နေတိုးအုပ်စုက သိရှိနိုင်ပါတယ်။
..
အဲ့ဒီအခါ သူတို့ကလည်း လက်နှေးမနေပဲ တိုက်ချင်းပစ် ဒုံးကျည်အမျိုးမျိုးနဲ့ လက်တုန့်ပြန် ပစ်လွှတ်ကြမှာပါ။
.
ရုရှားရဲ့ ဒုံးကျည်မှာ နျူကလီယာထိပ်ဖူး ပါဝင်ခြင်း မပါဝင်ခြင်းက အရေးမကြီးပါဘူး။ အဲ့ဒါ ကျွန်တော်တို့ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့ပါပဲ
..
..
ဆိုတော့ကာ စစ်အင်အားကြီး နိုင်ငံအချင်းချင်း တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ အပြန်အလှန်ခြိမ်းခြောက်နေခိုက်
..
လေကြောင်းရန် ထောက်လှမ်းရေး အကဲဖြတ်မှားယွင်းမှု ဖြစ်-မဖြစ် ဘယ်သူမှ အာမ မခံပါဘူး။
..
အတိတ်ကာလ စစ်အေးတိုက်ပွဲပြင်းထန်စဉ် ကျူးဘား ဒုံးကျည်အရေးအခင်းမှာ အဲ့ဒီလို မှားယွင်းမှုမျိုး အကြိမ်ကြိမ်ဖြစ်ဖူးပါတယ်။
..
အဲ့ဒီတုန်းကသာ အမေရိကန်နဲ့ ဆိုဗီယက်တို့ မဆင်ခြင်နိုင်ပဲ နျူကလီယာစစ်ဖြစ်ကြရင် ဒီနေ့ကမ္ဘာကြီးလည်း ရှိနေမည် မဟုတ်။ ကျွန်တော်လည်း ယခုလို စာမရေးနိုင်- မိတ်ဆွေလည်း လိုက်ဖတ်နိုင်စရာ မရှိတော့ပါ။
..
ရုရှားနိုင်ငံ၊ မြောက်အမေရိကတိုက်နဲ့၊ ဥရောပအနောက်ပိုင်းမှာ နျူကလီယာပေါက်ကွဲမှူ့များဖြစ်ခဲ့ရင် အရှေ့တောင်အာရှမှာရှိတဲ့ ကျွန်တော်တို့တိုင်းပြည်အထိ ရေဒီယိုသတ္တိကြွ အမှုန်များရောက်ဖို့
..
လေကြောင်းသင့်ရင် ၅-ရက်မှ ရက်သတ္တ ၂-ပတ်ခန့် ကြာပါလိမ့်မယ်။
..
ပျံ့တက်လာတဲ့ အပျက်အစီး အပိုင်းအစ ဖုန်မှုန်တွေဟာ ကမ္ဘာ့လေထုအတွင်း ရောက်ရှိပြီး နေရောင်ခြည်ကို ဖုံးကွယ်ပစ်တဲ့အထိ ဖြစ်သွားဖို့ ၃-ပတ်မှ ၁-လအတွင်း ဖြစ်နိုင်ပါတယ်။
..
ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ တောင်ဘက်ခြမ်းဟာ သမုဒ္ဒရာ ရေပြင်အများစုဖြစ်ပြီး လူနေအများစုက ကမ္ဘာ့မြောက်ပိုင်းမှာပါ။ လူသားအားလုံး မျိုးသုန်းပျောက်ကွယ်ဖို့ နိဒါန်းပါပဲ
..
အဲ့ဒါကြောင့် ဘယ်လိုလက်နက်မျိုးနဲ့ ပူတင်က ဘာပြောတယ်။ အမေရိကန်၊ ဗြိတိန်-ပြင်သစ်က ဘာပြောတယ်ဆိုတာထက်
..
သူတို့အချင်းချင်းကြား လေကြောင်းရန် ထောက်လှမ်းရေး အကဲဖြတ်မှားယွင်းမှု မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းရမှာပါ။
..
အမှားဘူးလို့ ဘယ်သူမှ မပြောနိုင်ပေမယ့် နှစ်ဖက်စလုံးက အတတ်နိုင်ဆုံး ဆင်ခြင်ကြမှာမှာပါ
..
များသောအားဖြင့် ခေတ်လွန်ဆန်းပြား လက်နက်များကို အကန့်အသတ်နဲ့ စစ်အင်အား ပြသကြမှာပါ။
..
ကိုယ့်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများသာ ကိုယ်တိုင် အိုးပစ်အိမ်ပစ်ထွက်ပြေး သို့မဟုတ် ထိခိုက်ပျက်စီးဖို့ အသေချာဆုံးပါ။
..
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===
HtayOung(OungMarine)
28 Nov, 15:10
(နိုဝင်ဘာ-၂၈၊ ၂၀၂၄) ကျွန်တော့် Maung Maung, FB Account ကို ဒီနေ့ည ၈း၄၅ နာရီခန့်မှာ Disable လုပ်ခံရပါတယ်။
..
၃-ရက်နေ့မှာ အသစ်ဖွင့်လှစ်ခြင်းဖြစ်ပြီး
သက်တမ်း ၂၅-ရက်သာ သုံးရပါတယ်။ မိတ်ဆွေ ၇၀၀ ကျော်ပဲ ရှိပါသေးတယ်။
အကောင့်သစ် ထပ်ဖွင့်ရင် အသိပေးပါ့မယ်
အစဉ်လေးစားစွာဖြင့်
HtayOung, OungMarine
HtayOung(OungMarine)
28 Nov, 12:29
(နိုဝင်ဘာ-၂၈၊ ၂၀၂၄) နယ်မှာ ရှိတဲ့ အမျိုးတစ်ယောက်နဲ့ ဖုန်းဆက်တော့ သူက ပြောတယ်
.
မြန်မာပြည်ကို တရုတ်တွေ စစ်ဝင်တိုက်တော့မှာ တဲ့
.
အခု ကျောက်ဖြူမှာ တရုတ်စစ်တပ် ရောက်နေပြီ.. တဲ့
.
ကျွန်တော် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားတယ်။ အဲ့ဒါ ကမ္ဘာမှာလည်း အတော် အငြင်းပွားကြောင်း သိရှိရပါတယ်။
.
.
ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေ ၄၂ (ခ) ပါ နိုင်ငံခြားတပ်ဖွဲ့များ တပ်စွဲခွင့် မပြုတဲ့ ပုဒ်မမျိုး အခြားနိုင်ငံအတော်များများမှာ ရှိပါတယ်။
.
အဲ့ဒီအထဲမှာ ပုဂ္ဂလိက Private Military Company (PMC) စစ်ဘက်ကုမ္ပဏီများ ပါဝင်ခြင်း မရှိကြောင်းလည်း ကြားဖူးပါတယ်။
.
ဘာ့ကြောင့်လဲ ဆိုတော့ PMC များကို စတင်ဖွဲ့စည်းစဉ် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို လုံခြုံရေး ဝန်ဆောင်မှုပေးဖို့ ငွေကြေးအမြတ်အစွန်းသဘောအရ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာနိုင်ငံက လိုင်စင်ထုတ်ပေးထားလို့ ဖြစ်ပါတယ်။
.
အထူးသဖြင့် စစ်အေးတိုက်ပွဲအပြီး လက်ရှိ စစ်နွေးတိုက်ပွဲကာလမှာ ပြင်ပလုံခြုံရေး/တိုက်ခိုက်ရေး အင်အားများကို ရယူတဲ့အခါ နိုင်ငံအချို့မှာ သုံးနေကြပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===
HtayOung(OungMarine)
10 Nov, 06:09
ဥပမာအားဖြင့် အမေရိကန် ဖက်ဒရယ်ဘဏ် (ဗဟိုဘဏ်) ဥက္ကဌ “ဂျရုန်း ပါလ်” Jerome Powell ဆိုလျှင် သူ့ကို ဒေါ်နယ်ထရမ့်ကပဲ ခန့်အပ်ခဲ့တာပါတယ်။ ဒါပေမယ့် ဒေါ်လာငွေကြေးဖောင်းပွခြင်းအတွက် ဘဏ်တိုးနှုန်းကိစ္စ မှာ သမ္မတ ခိုင်းတိုင်း သူ မလုပ်ပါ။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာလည်း ဖက်ဒရယ်ဘဏ် ဥက္ကဌဖြစ် နေသူ ဂျရုန်း ပါလ်ဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် အလုပ် ဖြုတ် ခံရမယ့်သူစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။
..
ဒေါ်နယ်ထရမ့်ရဲ့ Deep State ဖြိုလှဲရေးအစီအစဉ်မှာ ဖြုတ်ထုတ်သတ်ပေးဖို့ ဝန်ကြီးအဆင့် ရာထူးတစ်နေရာ ရရှိမယ့်သူက စတားလင့်နဲ့ တက်စ်လာကုမ္မဏီသူဌေးကြီး အယ်လွန်မာ့စ် ဖြစ်ပါတယ်။ ဂျရုန်းပါလ်ကလည်း သူ့ကို ဖြုတ်ရဲ ဖြုတ်ကြည့် တရားရုံးနဲ့ တွေ့သွားမယ်လို့ ပြန်ပက်နေပါတယ်။
..
Deep State မှာ အစိုးရနဲ့ ပြည်သူအကြား အဖွဲ့အစည်းများဆိုတာ သြဇာကြီး သတင်းမီဒီယာသမားများလည်း ပါဝင်နေပါတယ်။ ယခင် ပထမသက်တမ်းတုန်းတည်းက မီဒီယာအတော်များများဟာ ထရမ့်နဲ့ မျက်နှာကြော မ တည့်ပါ။ သူတို့ကို ကိုင်တွယ်ဖို့ဆိုတာ တရားသူကြီးချုပ်- ရှေ့နေချုပ်တို့ထက် ပိုခက်ပါလိမ့်မယ်။
..
အာဂျင်ဒါ ဖော်တီဆဲဗင်း ကို ထောက်ခံသူတွေကလည်း စာအုပ်ကြီးသမား ဗျူရိုကရက် Deep State တွေ ရှိနေ သရွေ့ ရွေးကောက်ခံ သမ္မတဆိုတဲ့သူက ဘာမှ လုပ်လို့မရ အကောင်အထည်ဖော်လို့ ရမှာ မဟုတ်ဖူးလို့ ပြော နေကြပါတယ်။ ဆန့်ကျင်သူတွေကလည်း အဲ့ဒီလိုလုပ်ရင် သမ္မတဆိုတဲ့သူက သြဇာပါဝါပြသလိုဖြစ်ပြီး “အာ ဏာရှင်” ဖြစ်သွားပြီလို့ လက်မခံနိုင်ပဲ ရှိကြတယ်။ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှာ “ဖော်လံဖား လူတစ်စု” ကို ထည့်သွင်းချင်နေတယ်လို့ စွပ်စွဲကြပါတယ်။
.
အမေရိကန်ဟာ စစ်လက်နက်ရောင်းချရာမှာ ကမ္ဘာ့နံပါတ်-၁ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဂျီဒီပီ ရာနှုန်းတစ်ခုကလဲ လက်နက်ရောင်းချခြင်းမှ ရရှိနေပါတယ်။ နိုင်ငံ့ ဝင်ငွေတိုးတက်မှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်။ အမေရိကန်အစိုးရ၊ ကွန်ဂရက်လွှတ်တော်နဲ့ တစ်ချို့သော ပုဂ္ဂလိကကုမ္ပဏီများဟာ စစ်ရေးနည်းပညာ၊ လက် နက်ခဲယမ်း၊ တိုက်လေယာဉ်နဲ့ စစ်သင်္ဘောများအပြင် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့အခြားနိုင်ငံများသို့ ရောင်းချ ရာမှာ ပါဝင်နေကြပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်အစိုးရအဆက်ဆက်တို့ဟာ ကမ္ဘာပတ်ပြီး စစ်မီးမွှေး နေကြသလား ထင်ကြရခြင်း ဖြစ်ပါလိမ့်မယ်။
..
ယခုနှစ်အတွင်း ဒေါ်နယ်ထရမ့်ဟာ ၃-ကြိမ်တိုင် လုပ်ကြံရန် အားထုတ်ခြင်း ခံရပါတယ်။ ပထမအကြိမ်မှာ ပင် ဆယ်ဗေးနီးယားပြည်နယ် မဲဆွယ်နေစဉ် စင်မြင့်ပေါ်မှာ AR-15 ရိုင်ဖယ်နဲ့ ၈-ချက်တိတိ ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ထရမ့်ရဲ့ ညာနားရွက်အပေါ်ပိုင်းမှာ ဒဏ်ရာရရှိသွားပါတယ်။ ၁၉၈၁-ခုနှစ် သမ္မတရော်နယ်ရီဂင်ကို လုပ်ကြံရန် အားထုတ်မှုနောက်ပိုင်း အမေရိကန်လျှို့ဝှက်ဌာနရဲ့ အကြီးမားဆုံး ပျက်ကွက်မှုလို့ သတ်မှတ်ကြပါတယ်။ ပရိဿတ် ၁-ဦး သေဆုံးပြီး အခြား ၂-ဦး ဒဏ်ရာ ရရှိပါတယ်။ အသက် ၂၀ အရွယ်လုပ်ကြံသူ အမျိုးသားကို လုံခြုံရေးများက ပစ်သတ်လိုက်ပါတယ်။ သူ့ရဲ့ရုပ်အလောင်းမှာ အဝေးထိန်းကိရိယာတစ်ခု တပ်ဆင်ထားပြီး သူ့ရဲ့နေအိမ်မှာလည်း ဗုံးပြုလုပ်တဲ့ ပစ္စည်းများကို တွေ့ရှိရပါတယ်။ သူဟာ သမ္မတဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ ၁၇-နှစ်သာ ရှိသေးပြီး အဲဒီနေ့မှာ ဒီမိုကရက်တစ်ပါတီကို အွန်လိုင်းမှ ၁၅ ဒေါ်လာ လှူဒါန်း ခဲ့ဖူးတာကလွဲရင် ထူးခြားတဲ့ နိုင်ငံရေးလှုပ်ရှားမှု မရှိပဲ လုပ်ကြံရာမှာ အသုံးပြုတဲ့သေနတ်ဟာ သူ့ဖခင်ရဲ့ တရား ဝင်ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ၂၀၂၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ကြိမ်သာ မဲပေးဖူးပြီး မဲစာရင်းမှာလည်း ရီပတ်ဘလစ်ကင်တစ်ဦးအဖြစ် မှတ်ပုံတင်ထားကြောင်း တွေ့ရှိရပါတယ်။
..
ဒုတိယအကြိမ်နဲ့ တတိယအကြိမ် လုပ်ကြံရန် ကြိုးစားသူများကတော့ အီရန်ရဲ့ လက်ချက်ဖြစ်ကြောင်း FBI က စစ်ဆေးတွေ့ရှိပါတယ်။ ၂၀၂၀-ပြည့်နှစ် အီရန်အစ္စလာမ်မစ်တော်လှန်အစောင့်တပ်၊ ပြည်ပတိုက်ခိုက်ရေး တပ် မှူး “ကာဆင်စူလမန်နီ” ဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အီရန်ဥသျှောင် အလီခါမေနီရဲ့ ညာလက်ရုန်း၊ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို နှောက်ယှက် နေသူ၊ ဟဇ်ဘိုလာတို့ကို လေ့ကျင့်ပေးနေသူ အီရန်တပ်မှူးကို ဒရုန်းလေယာဉ်မှ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်လွှတ် သတ်ဖြတ်ရန် အမိန့်ပေးသူက အဲ့ဒီအချိန် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ပဲဖြစ်ပါတယ်။ ယခုရွေးကောက်ပွဲမှာ ထရမ့်ရှူံးမယ်လို့ တွက်ထားပြီး ရွေးကောက်ပွဲကာလ လုပ်ကြံမယ့် အစီအစဉ်များကို ခေတ္တရပ်နားထားပေမယ့် ပြီးတာနဲ့ ဆက်လက်ကြိုးစားဖို့ ပြင်ဆင်ထားတယ်လို့ FBI က ပြောပါတယ်။ အီရန်ကတော့ အဲ့ဒီစွပ်စွဲချက်တွေ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။
.
HtayOung(OungMarine)
10 Nov, 06:09
ခြုံငုံကြည့်ရင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ပြည်တွင်းပြည်ပ ရန်သူများ ဝိုင်းဝိုင်းလည်နေကြောင်း သိ သာပါတယ်။ ဒီလိုအချိန်မျိုးမှာ Deep State တစ်ခုဖြစ်တဲ့ CIA ကို ဖြုတ်ထုတ်သတ်ဖို့ဆိုတာ ထရမ့်အတွက် အလွန်အတိမ်းအစောင်း မခံတဲ့ ကိစ္စဖြစ်ပါတယ်။ CIA အကြီးအကဲကို ထရမ့်က ခန့်အပ်ရမှာ မှန်ပါတယ်။ ဒါပေမယ့် CIA ဟာ သမ္မတအပေါ် သစ္စာခံရန် မလိုပဲ သူ့လုပ်နည်းကိုင်ဟန် သူ့ပဋိညာဉ်အတိုင်း လုပ်ကိုင် ဆောင်ရွက်နေပါတယ်။ အလားတူ တရားရေးဌာန၊ ဗဟိုဘဏ်၊ FBI စတဲ့ အဖွဲ့အစည်းများဟာ သူတို့ရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိပါတယ်။
..
သမ္မတအနေနဲ့ မကျေနပ်ရင် သူတို့ကို ဆင့်ခေါ်ပြီး ဥပဒေနဲ့ ညီ-မညီ မေးမြန်းစစ်ဆေးပေးဖို့ ကွန်ဂရက်လွှတ် တော်ကော်မတီကို တင်ပြနိုင်ပါတယ်။ အမေရိကန်ဟာ လွတ်လပ်စွာ ပြောဆိုခွင့် ဆန္ဒဖော်ထုတ်ခွင့်အတွက် ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်သွင်း အာမခံထားတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
..
ဒါပေမယ့် ကျွန်တော်တို့ ထင်မှတ်မှားနေကြသလို ဘယ်ပါတီပဲ အာဏာရရ ဒီပုံစံ ဒီအတိုင်းပဲ လုပ်ကိုင် ဆောင် ရွက်ဖို့ သမ္မတနဲ့ အစိုးရအဖွဲ့ကို ကြိုးကိုင်နေတဲ့ Deep State ဆိုတာမျိုးတော့ အမေရိကန်မှာ မရှိပါ၊ အမေရိ ကန်မှာသာမက ဘယ်တိုင်းပြည်မှလည်း မရှိနိုင်ပဲ ရုပ်ပြယုံသက်သက် အဖေက သားကို ရာထူးလွှဲပြောင်းပေးတဲ့ အာဏာရှင်တိုင်းပြည်များမှာသာ တွေ့ရဖွယ်ရှိပါတယ်
..
ဒေါ်နယ် ထရမ့်ပြောတဲ့ Deep State ဆိုတာကလည်း ရွေးကောက်ခံအစိုးရရဲ့ မဲဆွယ်ပွဲကတိများအတိုင်း အကောင်အထည်ဖော် ဖြည့်ဆည်းပေးမယ့် အိမ်ဖြူတော်နဲ့ မဲဆန္ဒရှင်များအကြား မြင်ရ မမြင်ရ လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကိုသာ ဆိုလိုပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
..
#ဒေါ်နယ်ထရမ့် #Deep_State #အယ်လွန်မာ့စ် #ဂျရုန်းပါလ် #FBI #CIA #အမေရိကန်ဖက်ဒရယ်ဘဏ်
..
https://www.donaldjtrump.com/agenda47/agenda47-president-trumps-plan-to-dismantle-the-deep-state-and-return-power-to-the-american-people
https://www.baconsrebellion.com/what-the-war-on-the-deep-state-means-for-virginia/
https://theconversation.com/undoing-the-deep-state-means-trump-would-undo-over-a-century-of-progress-in-building-a-federal-government-for-the-people-and-not-just-for-rich-white-men-234421
https://edition.cnn.com/2024/04/27/politics/trump-federal-workers-2nd-term-invs/index.html
===
HtayOung(OungMarine)
10 Nov, 06:09
(နိုဝင်ဘာ-၁၀၊ ၂၀၂၄) အမေရိကန် Deep State ကို ဖြိုလှဲမည့် ဒေါ်နယ်ထရမ့်၊ ဘယ်ပါတီတက်တက် အစိုးရအထက်မှာ ချုပ်ကိုင်နေတဲ့ လူပုဂ္ဂိုလ်-အဖွဲ့အစည်းဆိုတာ တကယ် ရှိသလား
===
သူကို ပြန်လည်ရွေးချယ်ခဲ့ရင် အမေရိကန်နိုင်ငံရဲ့ Deep State ကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်လို့ ဒေါ် နယ် ထရမ့်က ကြုံးဝါးနေခဲ့တာ ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် အမည်စာရင်းသတင်းများ မထွက် ပေါ်မီ လွန်ခဲ့တဲ့ နှစ်ကတည်းကပါ။
..
ဒီနေရာမှာ ကျွန်တော်တို့အတော်များများ နားလည်ထားကြတာ တစ်မျိုးပါ။ Deep State ဆိုတာ တိုင်းပြည် တစ်ခုမှာ ဘယ်အစိုးရတက်တက် ဒီအလုပ် ဒီပုံစံမျိုး ဖြစ်ကို ဖြစ်ရမယ်လို့ နောက်ကွယ်က ထိန်းချုပ်တဲ့ လူစုလို့ မှတ်ယူနေကြပါတယ်။ အေဗရာဟင်လင်ကွန်းနဲ့ ရောဘတ်ကနေဒီတို့လို သမ္မတရင့်မာကြီးတောင် လုပ်ကြံ သတ်ဖြတ်ခံရတဲ့ အမေရိကန်မှာဆိုရင် အိမ်ဖြူတော်ရဲ့အထက်မှာ Deep State ဆိုတဲ့ လူတစ်စုရှိကြောင်း၊ ဘယ်ပါတီ ဘယ်သူဘယ်ဝါ ရွေးကောက်ခံရသည်ဖြစ်စေ အဲ့ဒီ Deep State ဆိုသူတွေ ခိုင်းစေတဲ့အတိုင်း လုပ်ကြရ ပြောကြ ရတယ်စသဖြင့် ရေးနေကြပါတယ်။
.
တစ်ချိုဆိုလျှင် ဒီမိုကရက်တစ်တို့နဲ့ ပလဲနံပသင့်သူ ဂျော့ဆိုးရော့စ်လို လူသိများ သြဇာကြီး ဘီလီယံနာ သူဌေး ကြီးကို Deep State လို့ ပြောကြ ရေးနေကြပါတယ်။
..
ဒီအတွက် Deep State ဆိုတာ ရှိ-မရှိ ကျွန်တော် လက်လှမ်းမီသမျှ လိုက်လံရှာဖွေဖတ်ရှု့မိပါတယ်။ မသိတာ မှန်သမျှ အားမနာတမ်း မေးလို့ ရတဲ့ Chat GPT (AI) ကို မိတ်ဆွေ ဖွဲ့လိုက်တဲ့အခါ၊ အလွန်ရှင်းလင်း ပြတ်သား တဲ့ အဖြေကို ရရှိခဲ့ပါတယ်။
..
အမေရိကန်ပြည်ထောင်စုမှာ "Deep State" ဆိုတာ အစိုးရရဲ့တရားဝင်အဆင့်ဆင့်မှာ မမြင်နိုင်တဲ့ အာဏာ ပိုင်လူ တစ်စု ရှိနေတယ်ဆိုတဲ့ အယူအဆပါ။ အထူးသဖြင့် သွေးဆောင်၍ မရသော အာဏာရှိသူများ၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ အစိုးရအဖွဲ့များအတွင်းမှာ စိမ့်ဝင်နေတဲ့ လူတစ်စုရဲ့ လုပ်ဆောင်ချက်များကို ပြောဆိုခြင်း ဖြစ်ပါတယ်။
..
သို့သော်လည်း Deep State ဆိုတဲ့ အယူအဆက အများအားဖြင့် အကောင်အထည်ဖော်ပြနိုင်ခြင်း မရှိတဲ့ မှန်းဆချက်တစ်ခုအဖြစ် စကားပြောဆိုရာမှာ အင်မတန် ခံတွင်းတွေ့စရာဖြစ်ပြီး၊ အစိုးရရဲ့အဖွဲ့အစည်းများဟာ အဲ့ဒီလူတွေ စေခိုင်းတဲ့အတိုင်း ဦးလည်မသုန် လုပ်ဆောင်နေကြတယ်လို့ အများက ယုံကြည်နေကြပါတယ်။ ဒါကြောင့် "Deep State" ရဲ့တည်ရှိမှုအပေါ်မှာ အများပြည်သူတို့ရဲ့ မှတ်ယူမှုနဲ့ ဝေဖန်မှုတွေဟာ အမျိုးမျိုး ကွဲလွဲနေပြီး အကြောင်းအရာတွေကတော့ ပေါ်ထွက်နေဆဲဖြစ်ပါတယ်။
..
အမေရိကန်နိုင်ငံရေးမှာ Deep State နဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်အပြင် အခြားသူများလည်း အခွင့်အခါ သင့်သလို ပြောကြ ရေးခဲ့ကြပါတယ်။ ဖရန်ကလင်ရူးစ်ဗဲလ် ပထမအကြိမ် သမ္မတလက်ထက် ၁၉၃၃-ခုနှစ်က တည်းက ဖြစ်လို့ နှစ် ၁၀၀ နီးပါးရှိနေပါပြီ
.
ဒေါ်နယ်ထရမ့်ကတော့ Argenda 47 အာဂျင်ဒါ ဖော်တီဆဲဗင်း “လုပ်ငန်းစဉ်-၄၇” လို့ ဆိုပါတယ်။ ရီပတ်ဘ လစ်ကင်ပါတီမှ ရွေးကောက်ခံ ၄၇-ဦးမြောက် အမေရိကန်သမ္မတရဲ့ အကောင်အထည်ဖော်မယ့် မူဝါဒများအဖြစ် မဲဆွယ်စည်းရုံးစဉ် Deep State ကို ဖြိုခွင်းမယ့် အကြောင်း ထည့်သွင်းဟောပြောခဲ့ပါတယ်။ လုပ်ငန်းစဉ် ၄၇-မှာ စီးပွားရေး၊ အခွန်အခများ၊ ကုန်သွယ်ရေး မှအစ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ လူဝင်မှုကြီးကြပ်ရေး၊ ကိုယ် ဝန် ဖျက်ချခွင့်အလယ် ယူကရိန်းနဲ့ နေတိုး၊ အစ္စရေး-ဂါဇာစစ်ပွဲတို့အဆုံး အမေရိကန်ပြည်သူတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ အရေးကြီး ၁၀-ချက် ကို သူ ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ့်အကြောင်း ပါဝင်ပါတယ်။ အမှန် တော့ ပထမအကြိမ် သမ္မတတာဝန်ထမ်းဆောင်စဉ် ထရမ့်ရဲ့ လုပ်နည်းကိုင်ဟန်များအတိုင်းဖြစ်ပြီး ယခု ပြန် လည်ရွေးကောက်ခံရပြီမို့ ၂-ဆတိုးပြီး လုပ်မယ့်သဘော မြင်နေရပါတယ်။
..
ဒီနေရာမှာ Deep State ဆိုတာ အစိုးရအဖွဲ့အစည်းတစ်ရပ်ရဲ့ အောက်ခြေမှာရှိတဲ့ အခွင့်အာဏာ သုံးစွဲပိုင်ခွင့် ရှိသူတွေ၊ အစိုးရနဲ့ လူထုအကြား သာမာန်လူတွေ မမြင်နိုင်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို ဆိုလိုပါတယ်။
..
အမေရိကန်မှာ ယေဘူယျအားဖြင့် Deep State ဆိုတာ စီအိုင်အေ (CIA)၊ အက်ဖ်ဘီအိုင် (FBI) လုပ်ပိုင်ခွင့် အတော်များများ အပ်နှင်းခံရတဲ့ အစိုးရအဖွဲ့အစည်းများ၊ သမ္မတရုံး အမှု့ဆောင်အဖွဲ့ရဲ့ နောက်ကွယ်မှာရှိပြီး အဖွဲ့အပေါ် သြဇာပေးနိုင်တဲ့ လူပုဂ္ဂိုလ်-အဖွဲ့အစည်းများကို ပြောလိုရင်းဖြစ်ပါတယ်။
..
ကျွန်တော်များ ထင်မှတ်နေကြသလို သမ္မတနဲ့ လွှတ်တော်များရဲ့ အထက်မှာ မမြင်ရတဲ့ လူပုဂ္ဂိုလ်များလို့ ဆိုလို ခြင်း မဟုတ်။ အစိုးရအဖွဲ့ရဲ့ အောက်ခြေမှာ ရှိပြီး အစိုးရနဲ့ လူထုအကြား တိုက်ရိုက်/သွယ်ဝှိုက်ဆက်ဆံနေကြ သူများ ဖြစ်ပါတယ်။
..
တကယ်တော့ အဲ့ဒီလူတွေကို အစိုးရကိုယ်တိုင်ကပဲ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့ မြန်မာများ နားလည် ထားကြတဲ့ “စာအုပ်ကြီးသမား-ဗျူရိုကရက်များ” နဲ့ ခပ်ဆင်ဆင်တူပါတယ်။
..
HtayOung(OungMarine)
09 Nov, 07:37
တရုတ်အစိုးရဟာ နိုင်ငံရပ်ခြားမှာ ထောက်လှမ်းဖို့အတွက် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (MSS) မှ တိုက်ရိုက် ကွပ်ကဲခြင်းအပြင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS)၊ ညီညွတ်သော တပ်ဦးအလုပ်ဌာန (UFWD)၊ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) တို့မှလည်း ကွဲပြားတဲ့နည်းလမ်းများကို အသုံးပြုတယ်လို့ နိုင်ငံတကာ စစ် ရေး နိုင်ငံရေးလေ့လာသူများက ပြောပါတယ်။
.
ထောက်လှမ်းရေးဗျူရို ပူးတွဲဝန်ထမ်းဌာန၊ ရှေ့တန်းအဖွဲ့အစည်းများနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှာလည်း ရှိနေပါတယ်။ လူသား အေးဂျင့်များအပြင် ဆိုက်ဘာသူလျှိုလုပ်ခြင်းတို့လို အဝေးမှ ဖောက်ထွင်းမွှေနှောက်တဲ့ နည်းလမ်းများကို အသုံးပြုပါတယ်။ ဝီဂါထောက်ခံသူများ၊ တိဗက်လွတ်လပ်ရေး လှုပ်ရှားသူများ၊ နိုင်ငံရပ်ခြားရှိ တရုတ်အသိုင်းအဝိုင်းနဲ့ အသင်းအဖွဲ့များကို ပစ်မှတ်ထား ထောက်လှမ်းပြီး သြဇာလွှမ်းမိုးစေရန် အားထုတ် လျှက်ရှိကြောင်း သိရှိရပါတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်များရဲ့ စစ်ရေးနဲ့ စက်မှုလုပ်ငန်းများမှာ အခိုင်အမာ ထိုး ဖောက်နေကြောင်း အထူးသဖြင့် အမေရိကန်လို နိုင်ငံမျိုးမှာ မကြုံစဖူး ထိုးဖောက်မွှေနှောက်ခံနေရပြီး စီးပွား ရေးအရ ပျက်စီးဆုံးရှုံးမှုမှာ ဒေါ်လာ ရာနဲ့ ချီပြီး ရှိလိမ့်မယ်လို့ နယူးယောက်အဲဗင်းနူးအခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ ရေးရာ လေ့လာရေးစင်တာ (CSIS) က ဆိုပါတယ်။
..
#မာတင်_ဒီ #ဂျာမနီအခြေစိုက်အမေရိကန်စစ်တပ် #တရုတ်ထောက်လှမ်းရေးဌာန #MSS #တရုတ်သူလျှိုခြိမ်းခြောက်မှု
..
(((Al Jazeera., 7 November 2024,” Germany arrests US national accused of spying for China” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)))
..
https://www.aljazeera.com/news/2024/11/7/germany-arrests-us-national-accused-of-spying-for-china
https://www.newsweek.com/american-arrested-germany-over-alleged-espionage-china-1981076
https://www.cbsnews.com/news/germany-arrest-us-military-contractor-accused-spying-intelligence-china/
===
HtayOung(OungMarine)
09 Nov, 07:37
(နိုဝင်ဘာ-၉၊ ၂၀၂၄) တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကြောင်း စွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံသားကို ဂျာမနီ ထောက်လှမ်းရေး ဖမ်းဆီး။
===
ဂျာမနီနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်များအတွက် အလုပ်လုပ်နေစဉ် ပင်တာဂွန်စစ်တပ်နဲ့ ပတ်သက်တဲ့ ထောက် လှမ်းရေးသတင်းများ တရုတ်နိုင်ငံထံ ပေးအပ်ကြောင်း သံသယရှိသူ အမေရိကန်နိုင်ငံသားတစ်ဦးကို ဘာလင် ထောက်လှမ်းရေးတို့က ဖမ်းဆီးခဲ့ကြောင်း ဂျာမန်ပြည်ထောင်စု အစိုးရရှေ့နေရုံးက ပြောပြတယ်လို့ အယ်လ်ဂျာ ဇီးယား (7 November 2024) က ရေးသားပါတယ်။
..
ဂျာမန် “သီးသန့်တည်ရှိမှုအက်ဥပဒေ” အရ ကြာသပတေးနေ့ ဖရန့်ဖွတ်မြို့မှာ ဖမ်းဆီးခံရသူ အမျိုးသားမှာ“ မာတင် ဒီ” ဟုသာ အမည်ပေးထားသူဖြစ်ကြောင်း သိရှိရပါတယ်။
..
မာတင်ဒီ ဆိုသူရဲ့ ယခင်အလုပ်အကိုင်ဟာ ဂျာမနီနိုင်ငံအလယ်ပိုင်း ဟက်ဆိန်ုပြည်နယ် အခြေစိုက် အမေရိကန် တပ်ဖွဲ့များကို ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုအတွက် အရပ်သားကန်ထရိုက်တာတစ်ဦးဖြစ်ပြီး နိုင်ငံ ရပ်ခြားထောက်လှမ်းရေးအေဂျင်စီတစ်ခုအတွက် အေးဂျင့်အဖြစ်လုပ်ဆောင်ရန် ပြင်ဆင်လျှက်ရှိတယ်လို့ ကိုယ် တိုင် ထုတ်ဖော်ပြောဆိုထားကြောင်း၊ ၂၀၂၄ ခုနှစ်မှာ တရုတ်အရာရှိများနဲ့ ဆက်သွယ်ခဲ့ပြီး ဂျာမနီနိုင်ငံအတွင်းရှိ အမေရိကန်စစ်တပ်နဲ့ ပတ်သက်တဲ့ တပ်စွဲရာနေရာ၊ လှုပ်ရှားမှု စသဖြင့် အရေးကြီးအချက်အလက်များကို ၎င်း တို့အား ပေးအပ်ရန်ကမ်းလှမ်းခဲ့တယ်လို့ ထွက်ဆိုကြောင်း အစိုးရရှေ့နေများနဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
..
အလားအလာရှိတဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမန် တန်ပြန်ထောက်လှမ်းရေးနဲ့ ဖက်ဒရယ်မှုခင်းရဲတပ်ဖွဲ့ BKA က စစ်ဆင်ရေးကို ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျာမနီပြည်တွင်း ထောက်လှမ်းရေးအေဂျင်စီ (BfV) မှ စုဆောင်းရရှိတဲ့ ကနဦးအချက်အလက်များအပေါ် အခြေ ခံကာ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း နိုင်ငံခြားထောက်လှမ်းရေးလုပ်ငန်းများကို သတိထား ဆောင်ရွက်လျက်ရှိကြောင်း၊ မာတင်ဒီရဲ့ နေ အိမ်ကို စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှာဖွေခဲ့တယ်လို့ သိရှိရပေမယ့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခြင်း မရှိပါဘူး။
.
ပြည်ပအင်အားကြီး အထူးသဖြင့် တရုတ်နဲ့ ရုရှားတို့ရဲ့ သူလျှိုလုပ်မှုများနဲ့ အဖျက်အမှောက်ဆိုင်ရာလှုပ်ရှားမှု များတွက် အနောက်နိုင်ငံမြို့တော်များမှာ စိုးရိမ်မှု ကြီးထွားလာချိန် ယခုလို ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရ ပါတယ်။ ဇူလိုင်လအတွင်း ဂျာမနီနဲ့ ယူကေနိုင်ငံရှိ DHL ထောက်ပံ့ပို့ဆောင်ရေးဌာနများမှာ မီးလောင်ဗုံး ပေါက် ကွဲမှုများဖြစ်ပေါ်ခဲ့ပါတယ်။ အခင်းဖြစ်ရပ်ကို အမေရိကန်နဲ့ ဥရောပတရားဥပဒေစိုးမိုးရေးအေဂျင်စီများက ပူးတွဲ စုံစမ်းစစ်ဆေးလျက်ရှိပြီး ရုရှားစစ်ထောက်လှမ်းရေးအေဂျင်စီမှ ညွှန်ကြားတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း တွေ့ရှိရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက မကြာသေးမီရက်ပိုင်းမှာ ပြောပါ တယ်။
..
ဖမ်းဆီးတဲ့သတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို တရုတ်နဲ့ အမေရိကန်တို့ဖက်က လောလောဆယ် ပြန်ကြားခြင်း မရှိသေးပါဘူး။
..
ယူကရိန်းစစ်ပွဲနောက်ပိုင်း ရုရှားနဲ့ ဆက်နွယ်တယ်လို့ သံသယရှိတဲ့ သူလျှိုမှုများကို ဘာလင်မှာ ပိုမိုတွေ့မြင် လာရပြီး ပေကျင်းနဲ့ တင်းမာမှုများ တိုးမြင့်လာရခြင်းမှာလည်း ရုရှားနဲ့ တရုတ်တို့အကြား ဆက်နွယ်နေခြင်းနဲ့ ပတ်သက်နေပါတယ်။
..
ပေကျင်းက သူလျှိုလုပ်တဲ့ အန္တရာယ်များ တိုးမြင့်လာနိုင်ကြောင်း ပြီးခဲ့တဲ့လ ဂျာမနီမှာ သတိပေးထားခဲ့ပါတယ်။ အစိုးရနဲ့ စီးပွားရေးဆိုင်ရာ ထိရှလွယ်နေရာများရှိ ဝန်ထမ်းများအတွက် လုံခြုံရေးစစ်ဆေးမှုများကိုလည်း တင်း ကျပ်ထားပါတယ်။
..
တရုတ်ထောက်လှမ်းရေးဌာနကို စစ်ဘက်ဆိုင်ရာနည်းပညာအချက်အလက်များ လွှဲပြောင်းပေးအပ်နေကြောင်း သံသရှိသူ ဂျာမန်နိုင်ငံသား သုံးဦးကို ယခုနှစ်စောစောပိုင်းမှာ ဘာလင်အာဏာပိုင်တွေက ထိန်းသိမ်းခဲ့ပါတယ်။ သံသယရှိသူတွေဟာ တရုတ်နိုင်ငံ ရေတပ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ့် သင်္ဘောအင်ဂျင်အစိတ်အပိုင်းများနဲ့ သက်ဆိုင်တဲ့ အရေးကြီးအချက်အလက်များကို လွှဲပြောင်းပေးရန် တရုတ်အေးဂျင့်များနဲ့ ပူးပေါင်းခဲ့တယ်လို့ စွပ် စွဲခံထားရပါတယ်။
..
မတ်လတုန်းလည်း လွှတ်တော်အမတ်များ၊ ပညာရှင်များနဲ့ သတင်းထောက်များအပြင် ကာကွယ်ရေး ကန်ထ ရိုက်တာမျိုးတို့လို ကုမ္ပဏီများမှ သန်းပေါင်းများစွာသော လူများကို တရုတ်က ဆိုက်ဘာသူလျှိုလုပ်တယ် လို့ အမေရိကန်နဲ့ ဗြိတိန်တို့က စွပ်စွဲခဲ့ပါတယ်။
.
ဧပြီလတုန်းက တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကြောင်း စွပ်စွဲမှုများနဲ့ ဥရောပတစ်ဝှမ်း လူအများအပြားကို ဖမ်း ဆီးခြင်းဟာ ပေကျင်းရဲ့ သံတမန်ရေးအရ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
..
စွပ်စွဲနေတဲ့ အစိုးရတွေဟာ "တရုတ် သူလျှိုခြိမ်းခြောက်မှု" လို့ ခေါင်းစဉ်တပ်ပြီး သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ် ကို ညှိုးနွမ်းစေမယ့် ကြောက်ရွံ့မှုများကို ထုတ်လုပ်နေခြင်းဖြစ်တယ်လို့ အဲ့ဒီအချိန် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက တုန်ပြန်ပြောဆိုခဲ့ပါတယ်။
..
HtayOung(OungMarine)
09 Nov, 04:04
(နိုဝင်ဘာ-၉၊ ၂၀၂၄) ကျွန်တော်တို့ မြန်မာတွေ ဘာ့ကြောင့် ဆင်းရဲပြီး ဒုက္ခပင်လယ်ဝေနေရတာလဲ
===
မတိမ်းမယိမ်း တိုင်းပြည်ချင်းအတူတူ ဘာ့ကြောင့် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ပုံချင်း ကွာခြားနေရတာလဲ
..
ဒီမေးခွန်းဟာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဥပမာ တရုတ်နဲ့ အိန္ဒိယဟာ လူဦးရေချင်း မတိမ်းမယိမ်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထွန်းပေါ်လာတဲ့ အာရှနိုင်ငံချင်းလည်းတူ၊ ၁၉၉၀ ပြည့်လွန်နောက်ပိုင်း ဂလိုဘယ် လိုက် ဇေးရှင်းဖြစ်လာကြရာမှာလည်း တစ်ပြိုင်နက်တည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ပြည်ကြီးတရုတ်ရဲ့ လူတစ်ဦးချင်း ဝယ်ယူနိုင်မှု စွမ်းရည်ဟာ အိန္ဒိယထက် နှစ်ဆလောက် ရှိနေပါတယ်။
.
ဆိုလိုတာ အဆင့်မြင့် နည်းပညာနဲ့ တစ်ဟုန်ထိုး ချီတက်နေတဲ့ အိမ်နီးချင်း တိုင်းပြည်ကြီးနှစ်ခုမှာ တရုတ် တွေက အိန္ဒိယတွေထက် ပိုက်ဆံ ပိုချမ်းသာပါတယ်။
.
အဲ့ဒါ ဘာ့ကြောင့်ဖြစ်ရတာဆိုတာ ပြင်သစ် စီးပွားရေးတက္ကသိုလ်ကြီးတစ်ခုမှာ တရုတ်နဲ့ အိန္ဒိယကျောင်း သားနှစ်ဦးက ဘွဲ့လွန်ဒီဂရီအတွက် ပူးတွဲစာတမ်းအဖြစ် သုံးသပ်ထားပြီး အလွန်စိတ်ဝင်စားစရာ မှတ်သားစရာ ကောင်းပါတယ်။ အဲ့ဒါကို အမေရိကန်အပါအဝင် နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ဂျာနယ်-မဂ္ဂဇင်းများက ကူးယူ ဖော်ပြနေကြပါတယ်
.
အဲ့ဒီအကြောင်း အပြည့်အစုံကို ကျွန်တော် ဘာသာပြန်နေဆဲဖြစ်ပြီး မွန်းလွဲပိုင်းလောက် လွှင့်တင်နိုင်ပါလိမ့်မယ်။
..
အလားတူပဲ ကျွန်တော်တို့ မြန်မာနဲ့ ထိုင်းနိုင်ငံဟာ လူဦးရေချင်း မတိမ်းမယိမ်း၊ ရေမြေ ရာသီဥတု ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်ပုံချင်းလဲ တူကြပါတယ်။ မြန်မာမှာလိုပဲ ထိုင်းစစ်တပ်ဟာ မကြာခဏ အာဏာသိမ်းပါတယ်။
.
ဒါပေမယ့် ဒီနေ့ ထိုင်းလူမျိုး တစ်ဦးချင်းစီဟာ မြန်မာထက် အဆမတန် ချမ်းသာပါတယ်။ အလွန် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်နေပါတယ်။
..
ကျွန်တော်တို့ မြန်မာတွေ ဘာ့ကြောင့် ဆင်းရဲပြီး ဒုက္ခပင်လယ်ဝေနေရတာလဲ
..
ဒီအကြောင်း အခြားနိုင်ငံ တက္ကသိုလ်ကြီးများက လေ့လာ သုံးသပ်ထားတာ ရှိပါလိမ့်မယ်။ ကျွန်တော် ကိုယ်တိုင်ရဲ့ အမြင်ကို လေး-ငါးကြိမ်မက ရေးသားခဲ့ဖူးပါတယ်။
..
ပြင်သစ် တက္ကသိုလ်ကြီးက ကျောင်းသားနှစ်ဦးရဲ့ ပူးတွဲသုတေသန စာတမ်းမှာတော့ အတိုချုပ်ရရင်
တရုတ်နဲ့ အိန္ဒိယ အကြား ကွာခြားရခြင်းမှာ “ပညာရေးကဏ္ဍ” မှာ ချဉ်းကပ်ပုံ ရင်းနှီးမြှုပ်နှံပုံ လက်တွေ့အသုံးချနိုင်ပုံ မတူညီလို့ ဖြစ်ရတာလို့ မှတ်ချက်ပေးပါတယ်။
..
ထိုင်းနဲ့ မြန်မာ ဆင်းရဲချမ်းသာ ကွာခြင်းရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ ပညာရေးဖြစ်ကြောင်း
ရှင်းရှင်းပြောရရင် နိုင်ငံသားတစ်ဦးချင်းစီရဲ့ အိုင်ကျူနဲ့ အီးကျူ မှာ ဆန့်ကျင်ဘက်လောက်နီးနီးဖြစ်နေခြင်းက အဖြေဖြစ်ကြောင်း ကျွန်တော် ရေးခဲ့ပါတယ်။ အာဏာသိမ်းနိုင်ငံချင်း တူပေမယ့် ထိုင်းမှာ CDM မရှိ၊ ပြည်ပြေး အစိုးရ မရှိ၊ လက်နက်ကိုင် ပုန်ကန်သူ လူငယ်များ မရှိပါ
..
ဘာပြောကောင်းမလဲ ကျွန်တော်ကို ဝိုင်းဆဲလိုက်ကြတာ
.
မြန်မာစစ်တပ်ဟာ ထိုင်းစစ်တပ်လို မယဉ်ပါးဘူးတဲ့၊ အဲ့ဒါ ကန့်ကွက်သူများရဲ့အမြင်ဖြစ်ပြီး ခိုင်မာတဲ့ သမိုင်းအထောက်အထား ကောက်ချက်များ မပါဝင်ပါ၊ လက်ရှိ မြန်မာပြည်တွင်းစစ်ဟာ အခုမှဖြစ်ထာမဟုတ် လွန်ခဲ့တဲ့ ၁၉၄၈-ခုနှစ် လွတ်လပ်ရေးရပြီး ရက်ပေါင်း ၈၀ ကျော် အကြာတည်းက ဖြစ်ကြောင်း ထည့် မပြောပါ
..
အဲ့ဒီတော့လဲ ပြာပုံထဲ နေပြီး ဆက် တော်လှန်နေကြပေါ့
.
အရင်တစ်ခါ ရေးမိတာ ရက်သိပ်မကြာဘူး ကျွန်တော့် ဖဘအကောင့် အဖျက်ခံသွားရတယ်။ အခုလဲ လက်အငြေိမ် မနေနိုင် ရေးမိပြန်ပြီ
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
HtayOung(OungMarine)
08 Nov, 12:50
(နိုဝင်ဘာ-၈၊ ၂၀၂၄) ဒေါ်နယ်ထရမ့် သမ္မတသက်တမ်းတွင် မြန်မာဒုက္ခသည်များ ပြန်လည်နေရာချထားခံပိုင် ခွင့်ကို အဆုံးသတ်ဖွယ်ရှိ၊ ထိုင်းနယ်စပ်ရောက် မြန်မာဒုက္ခသည်များအတွက် လူ့အခွင့်အရေးသမားတို့ စိုးရိမ်
===
ရွေးကောက်ခံ သမ္မတရဲ့ မဲဆွယ်ကြေငြာချက်တွေဟာ ကုန်သွယ်ရေး၊ ရွှေ့ပြောင်းနေထိုင်သူများအရေးတို့နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းများကို သတိပေးသလို ဖြစ်နေတဲ့အတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက စိုးရိမ်ပူပန်နေကြတယ်လို့ ထိုင်းနိုင်ငံထုတ် “နေးရှင်း” သတင်းစာ (8 November 2024) က ရေးသားပါတယ်။
..
ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ နိုင်ငံရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ဗုဒ္ဓဟူးနေ့မှာ ရွေးချယ်ခံရပြီးနောက် ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှာ လက်ရှိနေထိုင်လျှက်ရှိတဲ့ မြန်မာဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးအစီအစဉ်ကို အမေရိကန်က ဖျက်သိမ်းပစ်နိုင်တယ်လို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
..
အမြဲတန်းနေထိုင်ခွင့် ပေးထားရတဲ့ (မြန်မာ) လူမျိုးစု ဒုက္ခသည် ၆၀,၀၀၀ ခန့်ကို တတိယနိုင်ငံသို့ ရွှေ့ပြောင်းပေးပြီး အဆိုပါစခန်းများကို ဖျက်သိမ်းပစ်ဖို့ ဘန်ကောက်က ရည်မှန်းထားပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံနဲ့ ဒီမိုကရက်တစ်ပါတီ ဦးဆောင်နေချိန် အမေရိကန်အစိုးရတို့အကြား ယခင်က ဆွေးနွေးခဲ့ကြဖူးပါတယ်။
..
အင်္ဂါနေ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်များ ရှုံးနိမ့်သွားပြီး သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့် ဟာ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို ဦးစားပေးလေ့ မရှိကြောင်း၊ အမေရိကန်အနေနဲ့ အဲ့ဒီအစီအစဉ်ကို ဖျက်သိမ်းပစ်တဲ့အထိတောင်ဖြစ်နိုင်တယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ (AHRLA) ဒါရိုက်တာ ဖိလစ်ရောဘတ်ဆန်က မှတ်ချက်ပေးပါတယ်။
..
အစိုးရအဖွဲ့ကို ဒေါ်နယ်ထရမ့် ဦးဆောင်နေစဉ် နိုင်ငံခြားမှတင်သွင်းတဲ့ ကုန်ပစ္စည်းများအပေါ် အနည်းဆုံး ၁၀% အခွန်စည်းကြပ်ခြင်းဖြင့် ကုန်သွယ်မှုကာကွယ်ရေး မူဝါဒကို အကောင်အထည်ဖော်လိမ့်မယ်လို့ ကြာသပတေး နေ့ “ကရွန်သက်_တူရာ့ဂျ်” သတင်းစာနဲ့ တွေ့ဆုံစဉ် ရော်ဘင်ဆန်က ပြောပါတယ်။
..
ဒီကိစ္စဟာ အမေရိကန်က အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံအတွက် ပို့ကုန်ကဏ္ဍအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့လည်း သတိပေးပါတယ်။
..
အမေရိကန်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည့်တိုင် အမေရိကန် နိုင်ငံသား မဟုတ်သူများကို ဖမ်းဆီးခြင်းနဲ့ ပြည်နှင်ဒဏ်ပေးခြင်းပုံစံမျိုးတို့နဲ့ မဲဆွယ်ခဲ့တဲ့အတိုင်း အဲ့ဒီ မူဝါဒများကို အကောင်အထည်ဖော်မယ်ဆိုလျှင် အမေရိကန်မှာ ပရမ်းပတာ သို့မဟုတ် ပဋိပက္ခများဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
..
နိုင်ငံခြားသားတွေ အထူးသဖြင့် လက်တင်အမေရိကနိုင်ငံသားတွေဟာ ပြန်ပို့ခံရနိုင်ကြောင်း၊ အထူးသဖြင့် အသက်ကြီးတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပြန်ပို့ခံရနိုင်ကြောင်း၊ အမေရိကန်မှာမွေးပြီး အမေရိကန် နိုင်ငံသားဖြစ်ခွင့် အလိုလျောက်ရရှိထားတဲ့ ကလေးတွေဟာ နိုင်ငံတွင်းမှာ ဆက်လက် ကျန်ရှိနေနိုင်ကြောင်း
..
အဲ့ဒီလို ပြည်နှင်ဒဏ်ပေးခြင်းမျိုးဟာ မိသားစု တစ်ကွဲတစ်ပြားစီဖြစ်ရခြင်းဆီသို့ ဦးတည်သွားစေနိုင်ပြီး အစိုးရ အာဏာပိုင်များနဲ့ ပြည်သူတို့အကြား၊ ပြည်နယ်တစ်ခုနဲ့ တစ်ခုအကြား အထူးသဖြင့် ဒီမိုကရက်တစ်တို့ အုပ် ချုပ်ရေးမှူးများ ဖြစ်နေတဲ့ ပြည်နယ်တို့အကြားမှာ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားစေနိုင်ကြောင်း၊
..
ဒေါ်နယ်ထရမ့်အနေနဲ့ အဲ့ဒီလို ဆန့်ကျင်ကပ်ဖဲ့လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးများကို အပြစ်ပေးရန် ကိရိယာများ အဖြစ် တရားရေးဌာနကို အသုံးပြုနိုင်ကြောင်း၊ နောက်ဆက်တွဲ တရားစီရင်ရေးမဏ္ဍိုင်မှာလည်း ဝင် ရောက်စွက် စွက်လာနိုင်ကြောင်း
..
ထရမ့်ဟာ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်အပေါ် ကန့်သတ်တဲ့ မူဝါဒများကို အကောင်အထည်ဖော်နိုင်ပြီး အမေရိကန်နိုင်ငံမှာ အမျိုးသမီးအဖွဲ့များရဲ့ ကန့်ကွက်မှုများ သို့မဟုတ် မကြုံစဖူး ဝရုန်းသုန်းကားအခြေအနေ မျိုး ဖြစ်ပေါ်လာနိုင်တယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဒါ ရိုက်တာ ဖိလစ်ရော်ဘင်ဆန်က ပြောပါတယ်။
..
#ဒေါ်နယ်ထရမ့်သမ္မတသက်တမ်း #ထိုင်းနိုင်ငံ #မြန်မာဒုက္ခသည်များ
….
(((The Nations., 8 November 2024,” Trump presidency may end resettlement of Myanmar refugees” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)))
..
https://www.nationthailand.com/news/world/40043102
===
HtayOung(OungMarine)
08 Nov, 10:38
(နိုဝင်ဘာ-၈၊ ၂၀၂၄) မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့၊ ရှိတ်ဟာစီနာ ရင်ဖွင့်ခဲ့သည့် ဝါရှုင်တန်၏ ချင်းပြည်နယ်နှင့် စစ်တကောင်းတောင်တန်းအကြား ခရစ်ယာန်တိုင်းပြည် အကြံအစည်
===
လွန်ခဲ့တဲ့ နှစ်လနီးပါးခန့်က အမေရိကန်နိုင်ငံမှာ ရောက်ရှိနေစဉ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် “လယ်ဒူဟိုးမား” က သူတို့ “ဇိုလူမျိုးများ” အိန္ဒိယနိုင်ငံမှာ ပြန်လည်ပေါင်းစည်းရေးကိစ္စအကြောင်းကို ပြောဆိုခဲ့တယ်လို့ သတင်း များ ပျံံ့နှံ့ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်က အဲ့ဒီလိုပြောဆိုခဲ့တယ်ဆိုတဲ့ ကိစ္စဟာ ဘာမှ အငြင်းပွားစရာ မရှိ ကြောင်း မီဇိုရမ်အစိုးရသတင်းရင်းမြစ်များက အတည်ပြုတယ်လို့ နယူးဒေလီအခြေစိုက် NDTV ( 5 November 2024) က ရေးသားပါတယ်။
..
စက်တင်ဘာ ၂ ရက် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် “မီဇိုနေ့” အခမ်းအနားကျင်းပစဉ် လယ်ဒူဟိုးမားက ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရယူပြီး အမေရိကန်သို့ သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
..
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ပထဝီနိုင်ငံရေး မဟာဗျူဟာမြောက် မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဖျား ပြည်နယ် ၇-ခုမှာ ပါဝင်ပြီး “မီဇို” ဆိုတာ “ဇို လူမျိုး” လို့ အဓိပ္ပါယ် ရပါတယ်။ ဗြိတိသျှကိုလိုနီလက် အောက်မှ အိန္ဒိယနိုင်ငံလွတ်လပ်ရေး ရရှိ စဉ် အာသံပြည်နယ်ရဲ့ “လူရှိုင်းတောင်တန်းခရိုင်” ဖြစ်ခဲ့ပြီး ခရစ်ယာန် ဘာသာဝင် ဇိုလူမျိုးတို့ရဲ့ တောင်းဆိုချက်အရ ၁၉၈၇ -ခုနှစ်မှာ ပြည်နယ်သစ်တစ်ခုအဖြစ် သီးခြားခွဲထုတ်ခဲ့ပါ တယ်။
.
စုစုပေါင်း လူဦးရေ ၁-သန်းကျော်ခန့်ရှိတဲ့ ဇိုလူမျိုးတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ သာဒူး “ရှေးကူကီး” လို့ လူသိ များပြီး မြန်မာပြည်ဘက်မှာ ဗြိတိသျှတို့ သတ်မှတ်ခဲ့တဲ့အတိုင်း ချင်းမျိုးနွယ် “လူရှိုင်း” လို့ ခေါ်ကြပါတယ်။ အမှန် တော့ ကူကီးဆိုတာ အတွင်းပိုင်း ဝေးလံခေါင်ဖျား တောင်တန်းဒေသနေထိုင်သူများလို့ ဆိုလိုပြီး မီဇိုမျိုးနွယ်များ မှာ နှောင်းကူကီး-ပါဝီ-လာခါ-လိုင်-ရှန်ဒူး စသဖြင့် ထပ်မံကွဲ ပြားပါတယ်။ မြန်မာနိုင်ငံ မကွေးတိုင်းရဲ့ ထက်ဝက် ခန့်သာ ကျယ်ဝန်းတဲ့ မီဇိုရမ်ပြည်နယ်တစ်ဝှိုက်ဟာ အိန္ဒိယနိုင်ငံအတွက်လည်း ဇိုမျိုးနွယ်တူ အုပ်စုကွဲ ၆၀ ထက်မနည်း နေထိုင်ရာဒေသဖြစ်နေပြီး အဲ့ဒီအနက် ၅၀ ခန့်ဟာ မြန်မာဘက်မှာ ရောက်ရှိနေပါတယ်။ အခုလို ကွဲပြားရ ခြင်းဟာ ဒေသတွင်း သမိုင်းတလျောက် ဝင်ရောက်လာတဲ့ အချိန်ကာလ ကွာခြားမှုနဲ့ ပြောင်းရွှေ့ စိုက်ပျိုး အသက်မွေးပုံ အလေ့အထကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
..
၁၄-ရာစု စောစောပိုင်းတည်းက အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား နေထိုင်ခဲ့ကြသူ မီဇိုအချို့ကို ဖဆပလ အစိုးရလက် ထက် ဆန္ဒမဲရရှိဖို့ မြန်မာနိုင်ငံအတွင်း ခေါ်သွင်းခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရပါတယ်။ မြန်မာ ဘက်မှာ လူဦးရေ ၂၅၀,၀၀၀ - ၄၀၀,၀၀၀ ခန်ရှိပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးခရိုင်တဝှိုက်မှာ အများဆုံး ပျံ့နှံ့လျှက် ရှိပါတယ်။
..
၁၉၅၉-၁၉၆၀ ခုနှစ် အငတ်ဘေးကျရောက်စဉ် နယူးဒေလီရဲ့ စီမံကိုင်တွယ်ပုံကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံမှ သီးခြားခွဲထွက်ရေး “မီဇိုအမျိုးသားတပ်ဦး” MNF ရဲ့ လက်နက်ကိုင် ပုန်ကန်မှုဖြစ် လာခဲ့ပါတယ်။ ‘ဒါပေမယ့် ၁၉၇၁-ခုနှစ်မှာ အစိုးရနဲ့ MNF အကြား ငြိမ်းချမ်းရေး စတင်ဆွေးနွေးခဲ့ပြီး မီဇိုဒေသကို သီးခြားပြည်နယ်အဖြစ် အာသံမှ ခွဲထုတ်ခဲ့ကြပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ မီဇိုတို့အပေါ် လွှမ်းမိုးမှု မရှိပေ မယ့် မီဇိုရမ်ပြည်နယ်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ယခု နောက်ပိုင်း မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင် ဒုက္ခ သည်များလှိုင်းဂယက်ဟာ နှစ်နိုင်ငံစလုံးအပေါ် ရိုက်ခတ် လျှက်ရှိနေပါတယ်။
..
၂၀၂၄-ခုနှစ် ဇန်နဝါရီလတုန်းက ရွေးကောက်ပွဲကို အနှောက်အယှက်ကင်းစွာ ကျင်းပလိုလျှင် နိုင်ငံအတွင်း (စိန့်မာတင်ကျွန်းပေါ်) မှာ လေတပ်အခြေစိုက်စခန်းဖွင့်လှစ်ခွင့်ပြုဖို့ နိုင်ငံခြားတိုင်းပြည်တစ်ခုက ကမ်းလှမ်းဖူး ကြောင်း အဲ့ဒီအချိန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူ ရှိတ်ဟာစီနာက ပြောခဲ့ပါတယ်။ ၂၀၀၉-ခုနှစ်ကတည်းက နိုင်ငံကို ဦးဆောင်ခဲ့သူ အသက် ၇၇-နှစ်အရွယ် ဟာစီနာဟာ ဆန္ဒမဲပေးသူ အလွန် နည်းပါးတဲ့ အဲ့ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ပဉ္စမသက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။
..
ကမ်းလှမ်းတယ်ဆိုတဲ့ ပြည်ပနိုင်ငံရဲ့ အမည်ဖော်ပြခြင်း မရှိပဲ "လူဖြူ" လို့သာ ရည်ညွှန်းခဲ့တဲ့ ရှိတ်ဟာစီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေ အစိတ်အပိုင်းကို စွန့်လွှတ်တဲ့နည်းလမ်းနဲ့ အာဏာရ ယူလိုခြင်း မရှိကြောင်း၊ ဘင်္ဂလားပင်လယ်အော်ဒေသမှာ သူတို့အကျိုးစီးပွားတည်ဆောက်လိုတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်က ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်လျှက်ရှိပြီး အဝါမီလိဂ်အစိုးရကို မတည်မငြိမ်ဖြစ်စေရန် နည်း အမျိုးမျိုးနဲ့ ဆက်လက်ကြိုးပမ်းနေကြောင်း သတိပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာများနဲ့ NDTV (27 May 2024) က ရေးသားခဲ့ဖူးပါတယ်။
.
HtayOung(OungMarine)
08 Nov, 10:38
အဲ့ဒီ လူဖြူတိုင်းပြည်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြားမှာ သီးခြားခရစ်ယာန်နိုင်ငံထူထောင်ရန် ရည် ရွယ်ချက်ရှိတယ်လို့လည်း ဟာစီနာက ပြောပါတယ်။ သူ့အပေါ် မကောင်းကြံစည်မှုများ အပါအဝင် စိန်ခေါ်မှု များနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များကြားမှာ တိုင်းပြည်အပေါ် သစ္စာရှိစွာ အခိုင်အမာ ဆက်လက်ရပ်တည် နေပြီး ပြည်ပဖိအားပေး တောင်းဆိုမှုများကို လိုက်လျောရန် ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
..
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြင့် ပို့ကုန်များကို ဝယ်ယူသူ မရှိအောင် ဖန်တီး နေတယ်လို့လည်း ပြောပါတယ်။ အဲ့ဒီအချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟာစီနာရာထူးမှ နှုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပွားနေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် RAB ခေါ် ဘင်္ဂလားဒေ့ရှ်အထူး ရဲတပ်ဖွဲ့အပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူထားပြီး သတင်းမီဒီယာများ အတိုက်အခံနိုင်ငံရေးသမားများ ကို ဖိနှိပ်တယ်လို့ အနောက်အုပ်စုလွှမ်းမိုးတဲ့ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေကြပါတယ်။ ၂၀၂၄-ခုနှစ်မှာ ကျောင်းသားများ ဦးဆောင်တဲ့ အကြမ်းဖက်ဆန္ဒပြမှုများဆက်တိုက်ဖြစ်ပွားလာတဲ့အတွက် ရှိတ်ဟာစီနာလည်း သြဂုတ်လ ၅-ရက်နေ့မှာ နိုင်ငံမှ ထွက်ခွာသွားခြင်းဖြင့် အဝါမီလိဂ်အစိုးရ နိဂုံးချုပ်သွားရပါတယ်။
..
ရှိတ်ဟာစီနာရဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရပြုတ်ကျပြီး တစ်လ မပြည့်မီ အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က နယူးဒေလီထံ ခွင့်ပြုချက်ရယူပြီး အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်စဉ် မိန့်ခွန်း ပြောကြားခြင်း ဖြစ်နေပါတယ်။
..
၁၉၈၈ ခုနှစ် “ဇိုရိုလှုပ်ရှားမှု” ရဲ့ အဓိက ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံအတွင်း ဇိုလူမျိုးတု့ိ တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစည်းရေးဖြစ်တယ်လို့ ုပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ယနေ့ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွင်းရှိ ဇိုလူမျိုးတို့အနေနဲ့ကလည်း အဲ့ဒီအတိုင်းပဲ ဆန္ဒရှိပါကြသလားလို့ မေးခွန်းထုတ်လိုက်ပြီး ယ နေ့ခေတ်ရဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းအရ မဝေးတဲ့ တစ်နေ့မှာ ဖြစ်နိုင်ချေရှိတယ်လို့ ထင်မှတ်ကြောင်း၊ အဲ့ဒီလို ပေါင်းစည်းကြဖို့ ကံကြမ္မာက ဖန်တီးနေတယ်လို့ အရိပ်အမြွက် ပြောဆိုပါတယ်။
..
အမေရိကန်သို့လာရောက်ရန် ဖိတ်ကြားချက်ကို လက်ခံရခြင်းမှာ အဓိကအကြောင်းရင်းကို ရှာဖွေရန် ဖြစ် ကြောင်း၊ နိုင်ငံတိုင်းမှာ နယ်နိမိတ်တွေရှိပေမဲ့ စစ်မှန်တဲ့နိုင်ငံဟာ ဒီလိုကန့်သတ်ချက်တွေကို ကျော်လွန်လျှက်ရှိ ကြောင်း၊ ဇိုလူမျိုးတို့ဟာ မတူကွဲပြားတဲ့ အစိုးရသုံးရပ်အောက်မှာ အတင်းအကြပ် ရပ်တည်နေရပြီး ဒါဟာ ဘယ် တော့မှ လက်ခံလို့ မရတဲ့ ကိစ္စဖြစ်ကြောင်း၊ စက်တင်ဘာ ၄-ရက် အင်ဒီယာနပိုလစ် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းတစ်ပုဒ်မှာတော့ သူတို့ ဇိုလူမျိုးတွေဟာ မတရားသဖြင့် ခွဲခြားဆက်ဆံခံနေရတယ်လို့ ပါရှိပါတယ်။ အငြင်းပွားဖွယ် အဲ့ဒီမိန့်ခွန်းများအပြည့်အစုံကို မီဇိုရမ်အစိုးရရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာန (DIPR) ဝဘ်ဆိုက်မှာ လွှင့်တင်ထားကြောင်း သိရှိရပါတယ်။
..
နိုင်ငံရေးသမားများမှ ပညာရှင်များအထိ မီဇိုရမ်ဝန်ကြီးချုပ်ရဲ့ စကားကို ကြားရသူတိုင်း စိုးရိမ်ပူပန်စရာဖြစ်တယ် လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ တစ်ခုသောနိုင်ငံဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူအများကို သိမ်း သွင်းပြီး ခရစ်ယာန်နိုင်ငံတစ်ခုအဖြစ် ပုံဖော်ရန် ရည်ရွယ်နေကြောင်း ရာထူးမှဖြုတ်ချခံရသူ ဘင်္ဂလားဒေ့ရှ်ဝန် ကြီးချုပ် ရှိတ်ဟာစီနာ ပြောကြားခဲ့သလို ရွေးကောက်ခံအရာရှိတစ်ဦးက ပြည်ပမှာ တစ်စုံတစ်ရာသော နည်း လမ်းဖြင့် ကျင့်ကြံသင့်သလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေကို သစ္စာ ခံသူ တစ်ဦးဦးက အမျိုးသားရေးအပေါ် ဆန့်ကျင်ကွဲလွဲစွာ ပြောဆိုနိုင်ခြင်း ရှိ-မရှိ လူပြောစရာဖြစ်ရပါတယ်။ အိန္ဒိယတစ်ဝှမ်းရှိ ခရစ်ယာန်အသင်းတော်အဖွဲ့အစည်းတို့ကလည်း ထောက်ခံခြင်း ရှိ-မရှိ၊ ပြည်နယ်ဝန်ကြီး ချုပ်ဟာ နိုင်ငံခြား အင်အားကြီး တိုင်းပြည်ကိုယ်စား ပြောဆိုခြင်း ဟုတ်-မဟုတ်ကိုလည်း စဉ်းစားစရာဖြစ်ပါ တယ်။
..
လူမျိုးစု ဗဟိုပြု မွေးရပ်မြေ ဖြစ်မြောက်ရေး တွန်းအားပေးခြင်းဟာ ယနေ့ခေတ် ရောနှောနေတဲ့ လူမျိုးစုများကြား ဆက်ဆံရေးကို တင်းမာစေပြီး ပဋိပက္ခဖြစ်နိုင်ကြောင်း၊ မွေးရပ်မြေအတွက် လူဦးရေဆိုင်ရာ ပေါင်းစည်းမှုအပေါ် အလေးပေးမှုဟာ ကွဲလွဲနေပြီး ခေတ်မမီတော့ကြောင်း၊ ယဉ်ကျေးမှု ချိတ်ဆက်ခြင်းအရ ဖြစ်နိုင်ပေမယ့် နိုင်ငံအ သီးသီးတို့ရဲ့ နယ်နိမိတ်သတ်မှတ်ချက်များကြောင့် ဟိုဘက်ဒီဘက် နယ်မြေမတူတဲ့ တိုင်းရင်းသားများအချင်း ချင်း ပေါင်းစည်းရေးကို ခွင့်မပြုကြောင်း၊ ကိုလိုနီခေတ် နယ်မြေပိုင်းခြားမှုအရ သီးခြားဖြစ်သွားတဲ့ မျိုးနွယ်တူ သူများကို ပြန်လည်စုစည်းရာမှာ ကိုလိုနီခေတ် အတွေးအခေါ်များအတိုင်းဖြစ်နေတယ်လို့ ဝေဖန်သူအချို့က ထောက်ပြကြပါတယ်။
..
HtayOung(OungMarine)
08 Nov, 10:38
ဇိုရမ်ပြည်သူ့လှုပ်ရှားမှုပါတီ ZPM မှ လယ်ဒူဟိုးမားဟာ ၂၀၂၃-ခုနှစ် ဒီဇင်ဘာလ ရွေးကောက်ပွဲမှာ ၂၇-နေရာ အနိုင် ရရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၉-ခုနှစ်မှာ မှတ်ပုံတင်ခဲ့တဲ့ အဲ့ဒီပါတီဟာ ယခင် ရွေး ကောက်ပွဲမှာ ၈-နေရာသာ အနိုင်ရခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်မှာ ၂၆ နေရာ အနိုင်ရရှိပြီး အစဉ်အလာကြီးမားတဲ့ MNF ပါတီကတော့ ၂၀၂၃-ခုနှစ်မှာ ၁၀ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။
..
#မီဇိုရမ်ပြည်နယ် #လယ်ဒူဟိုးမား #ရှိတ်ဟာစီနာ #အိန္ဒိယ #ကူကီး #လူရှိုင်း
..
(((NDTV., 5 November 2024,” Spoke Of Unity Under India: Sources On Mizoram Chief Minister's Viral Speech” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)))
https://www.ndtv.com/india-news/spoke-of-reunification-under-india-say-sources-after-mizoram-chief-minister-lalduhoma-old-speech-in-us-goes-viral-6944305
https://kathuhlu.blogspot.com/2009/04/kawlram-mizo-chanchin-tlem.html
HtayOung(OungMarine)
08 Nov, 07:11
(နိုဝင်ဘာ-၈၊ ၂၀၂၄) ကျွန်တော်တို့ လူအစည်းကြီးတစ်ခုလုံးကို နှိပ်စက်နေတဲ့ လက်ရှိစစ်မီးကြီးဟာ အလွယ်တကူ မဟုတ်ပေမယ့် မျှော်လင့်ထားသည်ထက် စောစီးစွာ ပြီးဆုံးနိုင်လိမ့်မယ်လို့
ယုံကြည်စရာ တွေ့မြင်လာရပါတယ်။
.
.
ပြန်လည်တည်ဆောက်ကြရင်း စည်းလုံးညီညွတ်ကြလိမ့်မယ်လို့ တွေးမိပါတယ်။
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===
HtayOung(OungMarine)
08 Nov, 05:29
(နိုဝင်ဘာ-၈၊ ၂၀၂၄) ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူှပူအကြမ်းဖက်မှုများဖြစ်ပွား၊ ဘင်္ဂ လား ဒေ့ရှ် စစ်တပ်နှင့် လုံခြုံရေးတပ်များက ဟိန္ဒူများကို ဖြိုခွင်းဟု ဆို။ ပြည်ပရောက် လှုံ့ဆော်သူများ၏ လူမှု ကွန် ရက်ရေးသားမှုများက လူ့အဖွဲ့အစည်းနှစ်ခုအကြား တင်းမာမှုမြင့်တက်စေလျှက်ရှိ
===
လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလျှက်ရှိ ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လူနည်းစု ဟိန္ဒူအသိုင်းအဝိုင်းကို ပြင်းပြင်းထန်ထန် ဖြိုခွဲလိုက်တဲ့အတွက် နိုင်ငံ့ အရှေ့တောင်ဖက် ဆိပ်ကမ်းမြို့ စစ်တကောင်းမှာ တင်းမာမှုတွေ တိုးမြင့်လာနေတယ်လို့ နယူးဒေလီအခြေစိုက် “အိန္ဒိယတူဒေး” ( 7 November 2024) က ရေးသားပါတယ်။
..
ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အစ္စလာမ်မစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ဂျမတ်အီအစ္စလာမ်မီ” အဖွဲ့ဝင် အူစမန် အလီဆိုသူက “နိုင်ငံတကာ ကရစ်ရှနား အသိပညာရေးအဖွဲ့” (ISKCON) နဲ့ ဟိန္ဒူဘာသာအပေါ် နှိမ်ချပုတ် ခတ်တဲ့ မှတ်ချက်များကို ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ခြင်းကြောင့် နိုဝင်ဘာ ၅-ရက်နေ့မှာ မငြိမ်သက် မှုများ စတင်ဖြစ်ပွားခဲ့ပါတယ်။
..
ပို့စ်ရေးသားသူ အူစမန်အလီရဲ့ ဈေးဆိုင်ဟာ စစ်တကောင်းမြို့ ဟိန္ဒူဘာသာဝင်အများစုနေထိုင်ရာ ဟာဇာရီ ဂယ်လီနယ်မြေမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ ဟိန္ဒူနယ်မြေခံများက အလီရဲ့ဆိုင်အပြင်ဘက်မှာ စုရုံးကန့် ကွက် ဆန္ဒပြရာမှ လူ့အဖွဲ့အစည်းနှစ်ခုအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်တပ်အပါအဝင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားချိန်မှာ အခြေအနေဟာ ဆိုးရွားလာခဲ့ပါတယ်။
..
ဟိန္ဒူဘာသာဝင်တို့အပေါ် လုံခြုံရေးတပ်များက ဖြိုခွင်းပုံကို ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် စာရေးဆရာမ “ရှာလီ မာနက်စ်ရင်” က "ဟာဇာနီဂယ်လီလမ်း၊ ယနေ့ စစ်တကောင်း။ ဟိန္ဒူနှင့် စစ်မက်အရေး" ခေါင်းစဉ်တပ်ပြီး ဗီဒီ ယိုဖိုင်အဖြစ် X လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ ဘင်္ဂါလီ အမျိုးသမီး စာရေးဆရာမ ရှာလီမာနက်စ်ရင်ဟာ ဆရာဝန်ဆေးပညာရှင်၊ ဣတ္ထိယဝါဒီ၊ လောကီရေးရာ လူသားဝါဒီနဲ့ တက်ကြွလှုပ်ရှားသူဖြစ်ပါတယ်။ အမျိုးသ မီးများအပေါ် ဖိနှိပ်မှုအကြောင်းနဲ့ ဘာသာရေး ထိုးနှက်ဝေဖန်ရေးသားမှုများကြောင့် လူသိများပါတယ်။ ရှာလီ မာရဲ့ စာအုပ်အချို့ကို ဘင်္ဂလားဒေ့ရှ်မှာ ပိတ်ပင်ထားပြီး မိခင်တိုင်းပြည်နဲ့ အိန္ဒိယ အနောက်ဘင်္ဂလား ပြည်နယ် နှစ်ခုစလုံးမှာ နာမည်ပျက်စာရင်းသွင်း နှင်ထုတ်ခံထားရတဲ့အတွက် အနောက်နိုင်ငံများမှာ လှည့်လည်နေထိုင် ရင်း စာပေများကို ဆက်လက် ရေးသားနေပါတယ်။
..
လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများနဲ့ ထိပ်တိုက်တွေ့ပြီး နံပါတ်တုတ်များဖြင့် ရိုက်နှက်နေပုံကို ရှာလီမာ ရဲ့ ဗွီဒီယိုဖိုင်မှာ တွေ့မြင်ရပါတယ်။ ဒေသခံ မီဒီယာတစ်စောင်ရဲ့ အဆိုအရ လူစုခွဲတဲ့ လုံခြုံရေးတပ်များဟာ ဗလာကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။ အခင်းဖြစ်ရပ်ကို မှတ်တမ်းအဖြစ် မကျန်ရစ်စေရန် လုံခြုံ ရေးတပ်ဖွဲ့ဝင်အချို့က CCTV ကင်မရာများကို လိုက်လံဖြုတ်သိမ်းနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
..
အဓိကရုန်းများဖြစ်ပွားခြင်းနဲ့ ပတ်သက်ပြီး ဟိန္ဒူဘာသာဝင်များ ဘေးကင်းရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ခိုင်မာအားကောင်းတဲ့ အစီအမံများကို လုပ်ဆောင်ရန် တိုက်တွန်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးပါတယ်။ အခင်းဖြစ်ရပ် နောက်ကွယ်မှာ အစွန်းရောက် အရိပ် လက္ခဏာများကို တွေ့မြင်နေပြီး ရာဇဝတ်မှုမကင်းတဲ့ ဥပဒေမဲ့ လှုပ်ရှားမှုများဖြစ်ကြောင်း၊ လူမှုအသိုင်းအဝိုင်း အတွင်း တင်းမာမှုတွေ ထပ်ပြီး ဖန်တီးနိုင်အောင် တားဆီးတဲ့အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ထပ်မံ တိုက်တွန်းထားကြောင်း ပြောပါတယ်။
..
တစ်ချိန်တည်းမှာပဲ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ သိသာထင်ရှားတဲ့ ခုခံမှုများနဲ့ ရင်ဆိုင်ခဲ့ရကြောင်း၊ ဆန္ဒပြသူတွေ ဟာ အုတ်ခဲကျိုးများနဲ့ ပစ်ပေါက်ပြီး အက်ဆစ်ရည်များနဲ့လည်း ဖြန်းပက်ခဲ့ကြောင်း၊ အက်စစ်လောင်ခြင်းအပါ အဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၉-ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်တကောင်းမြို့မ ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦး က ဆိုပါတယ်။ အင်္ဂါနေ့အထိ အာဏာပိုင်များက လူပေါင်း ၅၈၂- ဦးကို အမှုဖွင့်ထားပြီး ၎င်းတို့အနက် ၄၉ ဦးကို ဖမ်းဆီးထားကြောင်း “ဒါကာထရီဗြွန်း” က ရေးပါတယ်။
..
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဟိန္ဒူနယ်မြေခံများအပေါ် တစ်ဖက်သပ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အခင်း ဖြစ်ရပ်မှာ နှစ်ဖက်လုံးမှ ဘာသာဝင်များပါဝင်နေပေမယ့် အာဏာပိုင်များက လူခွဲခြားပြီး တိုက်ခိုက်မှုများကို ပြု လုပ်ခဲ့ကြောင်း ဟိန္ဒူအသိုင်းအဝိုင်းခေါင်းဆောင်များက စွပ်စွဲပါတယ်။
..
HtayOung(OungMarine)
08 Nov, 05:29
သမိုင်းကြောင်းအရ ဟိန္ဒူများကြီးစိုးရာ စီးပွားရေးနယ်မြေဖြစ်တဲ့ ဟာဇာရီဂယ်လီဟာ တင်းကြပ်တဲ့ လုံခြုံရေး စောင့်ကြည့်မှုအောက်မှာ ကျန်ရှိနေပါတယ်။ ဆက်လက်လည်ပတ်နေတဲ့ လုပ်ငန်းများကြောင့် နေထိုင်သူအ များအပြားမှာ ထွက်ခွာရန် မဖြစ်နိုင်ကြောင်း သိရှိရပါတယ်။ နယ်မြေအတွင်း ရဲတပ်ဖွဲ့ဝင်များက တစ်အိမ်တက် ဆင်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း သတင်းများလည်း ကြားသိရပါတယ်။
..
ယခုနောက်ဆုံး ပဋိပက္ခဟာ ရှိတ်ဟာစီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ရှိ လူနည်းစုများရဲ့ လုံခြုံရေးအတွက် အမျိုးမျိုးသော စိုးရိမ်မှုများကြားမှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဟိန္ဒူတို့အပေါ် ပိုမိုကျယ် ပြန့်တဲ့ အကြမ်းဖက်မှု အသွင်မျိုးနဲ့ ဇက်ရဲလက်ရဲဖြစ်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ နိုင်ငံ့ လူဦးရေရဲ့ ၈ ရာ ခိုင်နှုန်းခန့်ရှိပြီး အကြီးဆုံးလူနည်းစုဖြစ်တဲ့ ဟိန္ဒူဘာသာဝင်တွေဟာ ဟာစီနာရဲ့ အဝါမီလိဂ်ပါတီကို သမိုင်း ကြောင်းအရ ထောက်ခံခဲ့ကြသူများ ဖြစ်ပါတယ်။
..
နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကတော့ အဆိုပါ တိုက်ခိုက်မှု များကို ရှုတ်ချခဲ့ပြီး ဟိန္ဒူဘာသာဝင်များ ဘေးကင်းရေးအတွက် ရပ်ရွာခေါင်းဆောင်များနဲ့ လက်တွဲလုပ်ဆောင် သွားမယ်လို့ ကတိပြုပါတယ်။
..
(((India Today., 7 November 2024,” Bangladeshi forces crack down on Hindus in Chittagong after post sparks unrest” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)))
..
https://www.indiatoday.in/world/story/bangladesh-security-forces-attack-hindus-chittagong-clashes-social-media-post-iskcon-video-viral-2629424-2024-11-07
===
HtayOung(OungMarine)
07 Nov, 05:29
(နိုဝင်ဘာ-၇၊ ၂၀၂၄) ဒီခေတ်မှ သူဌေးမဖြစ်ရင် တစ်သက် မဖြစ်တော့ဘူး ဆိုသူတွေ ဖတ်ဖို့
===
ပြီးခဲ့တဲ့ရက်မှာ ကျွန်တော်ရဲ့ Facebook အကောင့် ဖျက်သိမ်းခံရတယ်။ အဲ့ဒီအချိန် ကျွန်တော့်က နေထိုင် မကောင်းဖြစ်နေတဲ့အပြင် အလွန်စိတ်ထိခိုက်ဖွယ်များနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။
..
အဲ့ဒီအချိန် စာမရေးနိုင်ပဲ ဖတ်ဖြစ်တဲ့ စာတွေ ရှိတယ်။ သိသင့်တယ် အရေးကြီးတယ်လို့ ယူဆမိတာအချို့ကို ရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လည်ဖောက်သည်ချပါ့မယ်။
..
ပထမဆုံး ပြောသင့်တာ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်း-ငွေကြေးဖောင်းပွခြင်းများအကြောင်းဖြစ်ပါတယ်။ အသေးစိတ် ပြောသင့်တဲ့အတွက် သီးခြားဆွေးနွေးပါ့မယ်။
.
လောလောဆယ်တော့ အဲ့ဒီကိစ္စဟာ ယူကရိန်းစစ်၊ ပါလက်စတိုင်း လက်ဘနွန် အီရန် နဲ့ အစ္စရေးပဋိပက္ခအပြင် တောင်တရုတ်ပင်လယ် ပေကျင်းနဲ့ ဖိလစ်ပိုင် ထိပ်တိုက်တွေ့မှု ပြင်းထန်လာခြင်း အစ၊ မြန်မာပြည်ဒေသအချို့ မြို့ပေါင်း ၈၀ ကျော် ကျဆုံးခြင်း အလယ်၊ ကုန်စည်နဲ့ ခရီးသွားလာရာ လမ်းတစ်လျှောက် ဝါးတားဂိတ်များ NCA ထိုးစရာ မလိုပဲ စည်းလုံးညီညွတ်နေခြင်းအဆုံးများနဲ့ ဆက်စပ်နေတယ်လို့သာ ပြောပါရစေ
..
ဆရာတစ်ယောက်က ဆိုတယ်၊ ဒီအတိုင်း ကြာကြာဆက်သွားနေလို့ မဖြစ်တော့ဘူး တဲ့။ ကျွန်တော်တို့ဆီက လူအချို့က ပြောသတဲ့ “ ဒီခေတ်မှ သူဌေးမဖြစ်ရင် တစ် သက် မဖြစ်တော့ဘူး.. “ တဲ့၊ အဲ့ဒီလောက်ထိ စိတ်ဓါတ်တွေ အောက်တန်းကျကုန်ပြီလို့ ရင်နာတဲ့ လေသံနဲ့ မှတ်ချက်ပေးပါတယ်။
..
ထားစရာ မရှိအောင် ချမ်းသာလာသူနဲ့ စားစရာ မရှိအောင် ငတ်မွတ်နေသူတို့အကြား ကွာဟ ချက် ကြီးမားနက်ရှိုင်းလာတယ်။
..
အဲ့ဒီလို ပြောတဲ့ ဆရာ့ရဲ့ ပို့စ်အောက်မှာ လွတ်လပ်စွာ သဘောကွဲလွဲကြကြောင်း တွေ့ရှိရတယ်။ အချို့ကလည်း “ ဒီ တော်လှန်ရေးကြီး တစ်ပြည်လုံးကို မြန်မြန် သိမ်းနိုင်မှ ဖြစ်မယ်” လို့ ရေးကြတယ်။
.
ကျွန်တော်ကတော့ တစ်ပြည်လုံးကို တော်လှန်ရေးဆိုသူများက သိမ်းယူနိုင်လဲ ပိုကောင်းသွားမယ် မထင်ပါဘူး၊ လက်ရှိ ကျဆုံးထားတဲ့ မြို့ပေါင်း ၈၀ ကျော်မှာ ဘာတွေဖြစ်နေလဲကြည့်ရင် သိသာပါတယ်။
..
“တိုက်ပွဲနိုင်တာနဲ့ စစ်ပွဲနိုင်တာ မတူ ” ကြောင်း တဖြည်းဖြည်း ထင်ရှားလာတယ်။ သုံးနှစ်ကျော်အတွင်း ဆက်တိုက် အရေးနိမ့်ခဲ့တဲ့ နစကဟာ ပြီးခဲ့တဲ့လက စပြီး အသာစီးနဲ့ ပြန်လည် စစ်ကစားလာတယ်။ ပြည်နယ်နဲ့ တိုင်းအချို့မှာ ဆုံးရှုံးထားတဲ့ ကျေးရွာနဲ့ စခန်းအချို့ကို ပြန်လည် သိမ်းယူလာတယ်။
..
ဒီရက်ပိုင်း တရုတ်ပြည်မှာ ရောက်ရှိနေတဲ့ နစကဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပေကျင်းအရာရှိကြီးများအကြား မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအကြောင်း ပြောဆိုကြပုံပေါ်ပါတယ်။ တစ်ဖက် မြောက်သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေး ကိစ္စဖြစ်ပါလိမ့်မယ်။
တကယ်ငြိမ်းချမ်းလိုကြောင်း ပြသပါလို့ တပ်ချုပ်က မှတ်ချက်ပေးတယ်။ တပ်အနေနဲ့ကတော့ တစ်ဖက်သပ် အပစ်ရပ်ပြီး ငြိမ်းချမ်း‌ရေးဖိတ်ခေါ်ထားတာ ၂ဝ၁၈ ခုနှစ် ကတည်းကပါတဲ့၊ တစ်ဖက်က အပစ်ရပ်ချိုးဖောက်ပြီး မြို့သိမ်းရွာသိမ်း စစ်ဆင်ရေးတွေ လုပ်နေခြင်းသာ ဖြစ်ပါတယ် တဲ့
ဒါကြောင့် ကျွန်တော်တို့ လက်ရှိ နိုင်ငံရေး မငြိမ်သက်မှုကြီး ဘယ်တော့ ပြီးဆုံးမယ်ဆိုတာ ကျွန်တော် ဉာဏ်မမီပါ။
လွန်ခဲ့တဲ့ ၃-နှစ်ကျော်က တစ်အောင်စ ၁၈၀၀ ဒေါ်လာခန့်သာ ရှိတဲ့ ရွှေဈေးကို ဒေါ်လာ ၂၇၀၀ ကျော်ဖြစ်စေတဲ့ နိုင်ငံတကာ ပဋိပက္ခများ ပြေလည်သွားဖို့ဆိုတာ အဝေးကြီးပါ။ ကာယကံရှင်များကိုယ်တိုင် ရပ်စဲမှ ဖြစ်မယ့်ကိစ္စပါ
..
လက်ရှိ မြန်မာ့ နွေဦးတော်လှန်ရေးကြီး အောင်မြင်မလားဆိုတော့ ကမ္ဘာမှာ ၁၉၅၂-၁၉၅၉ ခုနှစ် ကျူးဘား တော်လှန်ရေးနောက်ပိုင်း ဘယ်တော်လှန်ရေးမှ အောင်မြင်ခြင်း မရှိသေးပါ။ တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး ဒေသန္တရ စစ်ဘုရင်ငယ်များသာ ပေါ် ထွန်းလာပါတယ်။
.
လက်နက်မဲ့ အရပ်သား ဆန္ဒပြသူများကို အစိုးရက အကြမ်းဖက်ဖြိုခွင်းတယ်လို့စတင်ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မှာ ဒေသတွင်းနဲ့ ပြည်ပအင်အားကြီးနိုင်ငံများ ပါဝင်စွက်ဖက်လာတဲ့ လစ်ဗျားနဲ့ ဆီးရီးယားဆို ၂၀၁၁-ခုနှစ်တည်းကပဲ။ စစ်အစိုးရထက် ပိုဆိုးတဲ့ အိုင်စစ်လို ဘာသာရေး အစွန်းရောက် အကြမ်းဖက်များနဲ့ ပြည်ပတိုင်းပြည်များရဲ့ ကိုယ်စားပြုစစ်အဖြစ် ပြောင်းလဲနေပါတယ်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
..
https://time.com/7160736/myanmar-coup-civil-war-conflict-timeline-endgame-explainer/
===
HtayOung(OungMarine)
06 Nov, 08:00
နိုဝင်ဘာ-၆၊ ၂၀၂၄ မြန်မာစံတော်ချိန် ၁၃၅၈ နာရီ
.
အနိုင်ရရှိရန် လိုအပ် Electoral votes ၂၇ဝ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကို ဒေါ်နယ်ထရမ့် ၂၆၇ မဲ ရရှိသွားပြီ။ အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် မဲဆန္ဒနယ် ၃-ခု၌ အနိုင်ရရှိခြင်းဖြင့် ကမယ်လာဟဲရစ်စ်နှင့် ရလဒ်ကွာခြားသွား
နောက်တစ်ကြိမ် သမ္မတဖြစ်ရန် ‌ထရမ့်အတွက် သေချာနေ
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
HtayOung(OungMarine)
06 Nov, 06:23
နိုဝင်ဘာ -၇၊ ၂ဝ၂၄ မြန်မာစံတော်ချိန် ၁၂၄၅ နာရီ
.
စုစုပေါင်း မဲ ၃ဝဝ ‌ကျော်ဖြင့် ထရမ့်အနိုင်ရဖွယ်ရှိကြောင်း အမေရိကန် မီဒီယာအချို့ ခန့်မှန်း
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
HtayOung(OungMarine)
05 Nov, 01:55
(နိုဝင်ဘာ-၅၊ ၂၀၂၄) တပ်ချုပ်ကြီးရဲ့ ပေကျင်းခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော် တစ်ဦးတစ်ယောက်တည်းအနေနဲ့ သိပ်အကောင်းကြီးဖြစ်လာနိုင်စရာ မရှိဘူးလို့ ဉာဏ်မီပါတယ်။
.
မေးခွန်းထုတ်စရာတွေလဲ ရှိနေပါတယ်။
..
ဒီဆွေးနွေးပွဲမှာ တက်ရောက်ကြတယ်ဆိုတဲ့ ထလရဟောင်းများဟာ ဆုံးဖြတ်ချက် ချမှတ်သူ Decision Maker အဖြစ် မဟုတ်ပဲ UWSA နဲ့ MNDAA တို့ တောင်းဆိုချက်ကြောင့် တက်ရောက်ကြခြင်းဖြစ်တယ်ဆိုတာ မှန်ကန်ခဲ့ရင် အလွန်စိတ်ပျက်မိတယ်။
..
စစ်ပွဲဟာ ဘိန်းစိုက်- မူးယစ်ဆေးချက်ပြီး သေနတ်ကိုင် နယ်မြေချဲ့ထွင်တဲ့ ကိုးကန့်နဲ့ ဝကြောင့် ဖြစ်ရတာ အများကြီးပါတယ်။
.
ကိုးကန့်နဲ့ ဝကို ချမ်းသာပေးပြီး အပစ်အခတ်ရပ်ဖို့ တရုတ်က ဖိအားပေးလာရင်တော့ အဲ့ဒီထလရဟောင်းတွေ ကြားညပ်လိမ့်မယ်
..
ကိုးကန့် ဝကို တိုင်းရင်းသားအဖြစ် ကိုယ်ပိုင်နယ်မြေ-ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌာန်းခွင့်ပေးဖို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကန့်ကွက်စရာ မရှိပါ
ဒါပေမယ့် ဘိန်း မူးယစ်ဆေးနဲ့ လက်နက် လူအင်အား စုဆောင်းတာကိုတော့ ဘယ်နိုင်ငံသားမှ လက်ခံနိုင်မယ် မထင်ပါ
.
အဲ့ဒါဟာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်များရဲ့ ပျော့ကွက်လည်း ဖြစ်နေပြီး အဲ့ဒီမြွေပွေးကိုမှ ခါးပိုက်ထဲ ထည့်နေတဲ့ ထောင်ကဲရဲ့ မရိုးသားတဲ့ ခြေလှမ်းကို မြင်နေရပါတယ်။
.
စစ်ပွဲတွေ သံသရာလည်နေမှာပါပဲ
.
စစ်ပွဲစတင်သူ မြောက် ၃-ဖွဲ့အနက် ပလောင်တွေကျမှ ကံဆိုးသွားရခြင်းမှာ TNLA သိမ်းယူထားတဲ့နယ်မြေဟာ တရုတ်မြန်မာစီးပွားရေးစင်္ကြံ CMEC အနက် ရွှေလီ-မန္တလေး အမြန်မီးရထားလမ်းနဲ့ ကပ်နေတာလဲ ပါလိမ့်မယ်၊
.
ကျွန်တော် ယုံပါတယ်။ အဲ့ဒီနယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ မီးစိမ်းပြသူက ထောင်ကဲဖြစ်ပြီး NUG နဲ့ ပေါင်းတယ် သတင်းထွက်မှ TNLA အပေါ် ပြတ်သားပြလိုက်သူကလည်း ထောင်ကဲပဲ ဖြစ်နေပါတယ်။
..
ဒါဆို NUG နဲ့ အတိအလင်း မဟာမိတ်ဖွဲ့ပြီး လူမျိုးရေး မုန်းတီးမှုဝါဒမှိုင်းများဖြန့်ချီနေတဲ့ AA အပေါ် ထောင်ကဲရဲ့ သဘောထားက ဘယ်လို ရှိမလဲ
.
ဘာဘူကြီးရဲ့ ကုလားတန်စီမံကိန်းနဲ့ နယူးဒေလီဆန့်ကျင်ရေး အရှေ့ဖေားလူမျိုးစုသူပုန်များကို ထိန်းချုပ်ဖို့ KIA နဲ့ AA ကို မွေးမြူခဲ့တဲ့ ထောင်ကဲအပေါ် အနောက်တံခါး တိုက်ပွဲများက " ဖိုးသိန်း မွေးတဲ့ မျောက်" ဖြစ်ကြောင်း သက်သေပြနေတယ်။ တိုက်ပွဲအနိုင်ရတာကို စစ်ပွဲအနိုင်ပြီ အထင်နဲ့ “နိုင်ချင်ကြက်” လုပ်လာသူ AA ကို ဘယ်လို လုပ်မှာလဲ
..
ငပွကြီးက ကြားဝင် ကစားလာမှ Plan-C ကို ထုတ်သုံးလိုက်တဲ့ ထောင်ကဲရဲ့ စဉ်းလဲတဲ့ ခြေလှမ်းများကို မြင်နေရတယ်။
..
မြန်မာဟာ ကမ္ဘာ့လူဦးရေအများဆုံး- နျူလက်နက်ပိုင် အာရှအင်အားကြီး ၂-နိုင်အကြားမှာ တည်ရှိပါတယ်။ .
#မိမိနိုင်ငံ_အမျိုးသားလုံခြုံရေးကြောင့် #အိမ်နီးချင်း_ကပ်ရက်နိုင်ငံငယ်အစိုးရအပေါ်_ထိန်းချုပ်ဖို့ #ဘိန်းစိုက်_မူးယစ်ဆေးချက် #သေနတ်ကိုင်တဲ့_လူမျိုးစု_သူပုန်များကို_မွေးမြူရပါတယ်ဆိုရင်
#ထောင်ကဲ_လုပ်သလို #ဘာဘူကြီးက_ဘာ့ကြောင့်_မလုပ်ထာလဲ
..
တိုတိုပြောရင်
#ထောင်ကဲအနေနဲ့_မြန်မာကို_ဖြစ်စေချင်တာ_မြောက်ကိုရီးယားလို #လက်နက်ကောင်းများကိုင်ပြီး #နိုင်ငံတကာနဲ့_လှည့်ပတ်ရန့်ဖြစ်နေတဲ့_တိုင်းပြည်အဆင့်သာ_ဖြစ်ပါလိမ့်မယ်။
.
မြန်မာပြည်မှာ စစ်ပွဲတွေ ရပ်စဲပြီး ငပွလို အနောက်အင်အားကြီးနိုင်ငံက ဝင်ရောက်မွှေနှောက်ထာကို လက်မခံချင်ရင် ထောင်ကဲအတွက် အလွယ်လေးပါ
#FPNCC #ခေါင်းဆောင်အားလုံးနဲ့_ဆွေမျိုးသားချင်းအားလုံးဟာ_သူ့နိုင်ငံအတွင်းမှာပါ။
#အဲ့ဒီ_လူတွေအားလုံးကို_ဖမ်းပြီး_မြန်မာက_ကျားဖျန့်တရားခံ_လွှဲပေးသလို
#ကျွန်တော်တို့_နိုင်ငံထံ_ပြန်ပို့ပေးပါ။
.
တပ်ချုပ်ရဲ့ ပေကျင်းခရီးစဉ်အပြီးမှာ ထောင်ကဲက သူရဲ့ CMEC ကို အရှိန်မြှင့် တည်ဆောက်ရေး အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။
.
ဒီအတွက် မီး မမှန် ရေမမှန် စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် အထောက်အကူဖြစ်လာနိုင်စရာ ရှိပါတယ်။
.
ဒီနေရာမှာ TNLA နဲ့ AA တို့လို စစ်ပွဲနဲ့ နယ်မြေချဲ့ထွင်မိသူများအတွက် လူသားရင်းမြစ် ဆုံးရှုံးရတာကလွဲပြီး " ဖွတ်မရ ဓါးမဆုံး" အဖြစ်ကို မြင်ရပါလိမ့်မယ်။
အခုတောင် သူ့လူမျိုးကလေးစစ်သားတွေကို ပြန်ပေးဆွဲသလို သုံးနေရပြီ
.
တကယ်တော့ သူတို့ဟာ “ဗိုက်အငှားနဲ့ ဒါးထိုးခံသူ” အဆင့်သာဖြစ်ကြောင်း တွေ့မြင်နေရပါပြီ
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===
HtayOung(OungMarine)
04 Nov, 13:21
https://www.youtube.com/watch?v=KdcVDdCR0Q0
HtayOung(OungMarine)
04 Nov, 13:20
(နိုဝင်ဘာ-၄၊ ၂၀၂၄) မိုးတုရွာစေနိုင်တဲ့ နည်းလမ်းကို သိခဲ့ သုံးခဲ့တာ အခုမှ မဟုတ်ပါ ရာစုနှစ်ထက်ဝက်လောက် ရှိပါပြီ
ပထမ အသုံးပြုတဲ့ ဆေးလ်ဗား အိုင်အိုဒိုက်ဟာ ငွေသတ္ထုအခြေခံပစ္စည်းဖြစ်လို့ ဈေးကြီးတာပဲ ရှိပါတယ်
ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ဆားတွေက ဈေးသက်သာပေမယ့် လူနဲ့ အပင်များအပေါ် ရေရှည်အကျိုးသက် ရောက်မှုကို စဉ်းစားနေကြပါတယ်
ပြီးတော့ Cloud Seeding နည်းပညာမှာ ပြောင်းပြန်အကျိုးသက်ရောက်မှု Reverse Effect ရှိပါတယ်
.
တရုတ်နဲ့ ဩစတြေးလျမှာ အဲ့ဒီဆိုးကျိုးကို လက်တွေ့ ကြုံခဲ့ရပြီးပါပြီ။ ပိုပြီး မိုးခေါင်သွားတာ မိုးမရွာသင့်ပဲ ရွာတာမျိုးတွေ ဖြစ်လာပြီး လူနဲ့တိရစ္ဆာန်များအတွက် ကပ်ဘေးသင့်သလို ဖြစ်ခဲ့ရပါတယ်။
.
အခုနောက်ဆုံး ပြောင်းပြန်ဆိုးကျိုးကို သက်သေပြနေတာ ယခု ဗွီဒီယိုပါ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ပါ
Cloud Seeding နည်းပညာနဲ့ မိုးတုရွာခဲ့တဲ့ အရှေ့အလယ်ပိုင်း သဲကန္တာရမြို့တော်မှာ ယခု နှစ်ဆန်းပိုင်း မကြုံစဖူး ရေကြီးရေလျံဖြစ်သွားခဲ့တာ နိုင်ငံတကာသိ ထိပ်တန်းသတင်းပါ
.
Cloud Seeding ဆရာများကတော့ သူတို့ကြောင့် မဟုတ်ဖူး ငြင်းပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို လက်ညှိုးထိုးနေကြပါတယ်
သူတို့ငြင်းရအောင်ပဲ ဒူဘိုင်းမြို့တော်ကို ကမ္ဘာအဆင့်မီ မြို့ကြီးဖြစ်အောင် တည်ဆောက်ခဲ့ကြပေမယ့်
ခေတ်မီ ရေနှုတ်မြောင်းများ မပါရှိပဲဖြစ်နေခဲ့ပါတယ်။
..
ကျွန်တော် ဒူဘိုင်းမြို့ကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။
အတိတ်ကာလ ဒူဘိုင်းမြို့ဟာ ကျွန်တော်တို့ဆီက မီးဘေးသင့်ခံရတဲ့ ရပ်ကွက်ကြီးနဲ့ အတော်တူပါတယ်။
သစ်ပင် ပန်းပင် အရိပ်ရတဲ့ နေရာမရှိ၊ အလွန်ပူပြင်းတဲ့ လွင်တီးခေါင်ကြီးလိုဖြစ်နေအတွက် ဈေးများ စား သောက်ဆိုင်များကို မွန်းလွဲ ၂-နာရီမှ စတင်ဖွင့်ပါတယ်။
..
လက်ရှိမြင်တွေ့နေရတဲ့ ခေတ်မီဒူဘိုင်းမြို့တော်ကြီးဖြစ်လာအောင် ငွေကို ရေလိုသုံးပြီး သိပ္ပံနည်းနဲ့ အံတုခဲ့ ကြပေမယ့် စနစ်ကျတဲ့ ရေနှုတ်မြောင်းတွေကတော့ ပါမလာခဲ့ပါဘူး၊
သဲကန္တရမြို့တော်မှာ ဒီလောက် မိုးရွာ မယ်လို့ မမျှော်လင့်ခဲ့တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
..
အောက် ကောမန့်မှာ ယခုနှစ် ဧပြီလလယ်ပိုင်း ဒူဘိုင်းမြို့ ရေကြီးတဲ့ Sky News သတင်းရုပ်သံကို ချပေးထား ပါတယ်။
..
ဒါပေမယ့် သတင်းတု သတင်းမှား မဟုတ်ပဲ လူအများဗဟုသုတဖြစ်စေမယ့်အကြောင်းအရာများကို ရှာဖွေတင်ပြပေးနေတဲ့ Ye Lin Aung Ent. ကိုတော့ အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
.
https://www.facebook.com/yelinnaungents/videos/513121111673162/?mibextid=rS40aB7S9Ucbxw6v
===
HtayOung(OungMarine)
04 Nov, 07:49
(နိုဝင်ဘာ-၄၊ ၂၀၂၄) ကျွန်တော့်ရဲ့ ယခင် အများသိ Facebook အမည်များနဲ့ အကောင့်သစ်ဖွင့် မရပါ
အဲ့ဒီက Profile ဓါတ်ပုံများကိုလည်း သုံး၍ မရပါ
.
ဒီအကြောင်း အသိပေးထားတဲ့ မိတ်ဆွေများက ပို့စ်တင်ပေးနေကြပါတယ်
.
ဒီကြားထဲ ကျွန်တော် ဘယ်သူ ဘယ်ဝါလား လာမေးနေကြလို့ ဘယ်လိုဖြေရမှန်း မသိပါ
..
Messenger အသုံးပြုနိုင်ခြင်း မရှိပါ
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
.
https://www.facebook.com/profile.php?id=61567763833032
https://t.me/OungMarine
https://vk.com/ounghtay
===
HtayOung(OungMarine)
30 Oct, 21:15
(အောက်တိုဘာ-၃၁၊ ၂ဝ၂၄) တရုတ်ပြည် အရှေ့ပိုင်း ပင်လယ်ဝါ ကမ်းခြေမှာ စင်တောင်းဆိုတဲ့ မြို့လေးရှိတယ် ။
အတိတ်ကာလ ဂျာမန်တွေ ခပ်တည်တည် ဝင်အပိုင်စီးခံရဲ့ မြို့ပေါ့။ စင်တောင်းနာမည်နဲ့ ကမ္ဘာကျော် တရုတ်ဘီယာ ခုထိ ရှိတာ မန္တလေးဘီယာထက် စောမယ်
အဲ့ဒါ သီပေါမင်း အဖေ မင်းတုန်းမင်း မတိုင်ခင်တည်းက တရုတ်ပြည်ကို အနောက်တိုင်းသားလူဖြူတွေ ကိတ်မုန့်ဖဲ့သလို ဖဲ့ယူခဲ့ကြတယ်။ အနိုင်ကျင့်ခဲ့ကြတယ်
အလားတူ ဖိလစ်ပိုင်ဟာ အမေရိကန် ကိုလိုနီ မဖြစ်ခင် စပိန်နဲ့ ပေါ်တူဂီတို့က လူကိုလူချင်း ကိုလိုနီပြုခံခဲ့ရတယ်
ကျွန်းစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင် နိုင်ငံအနှံ အလွန်ရှေးကျတဲ့ ကက်သလစ်ဘုရားကျောင်းတွေ ရှိတယ်
လုဇုံကျွန်း မနီလာမြို့ကို တောင်ဘက်ရေလမ်းကြောင်းက ချဉ်းကပ်ရင် လူမနေတဲ့ ကျွန်းသေးသေးပေါ်မှာ ဘိုးတော်ဘုရား လေးဖက်တွားတဲ့ခေတ်က အမြောက်ဟောင်းကြီးတစ်လက်ကို ခုထိ မြင်နေရတယ်
ကျွန်တော်တို့ မြန်မာတွေမှာ ဂုဏ်ယူစရာတစ်ခုရှိပါတယ်။
သီပေါမင်းကို ဖမ်းသွားပြီး တိုင်းပြည်ရဲ့ ပညာရေးစနစ်ကြီး တစ်ခုလုံး ခရစ်ယာန်သာသာနာပြုတွေ လက်ထဲ ရောက်သွားတာတောင် ဒီနေ့ထိ မြန်မာပြည်မှာ ဗုဒ္ဓဘာသာဦးရေ အများစုဖြစ်နေတယ်
အဲ့ဒါ ရှင်ဘုရင်လဲ ဘုန်းကြီးကျောင်းထွက် လယ်သမားလည်း ဘုန်းကြီးကျောင်းထွက်
ဗုဒ္ဓတရားတော်ကို သင်ရိုးညွှန်းတမ်းလုပ်ပြီး
ရင်ထဲအသည်းနှလုံးထဲထိ အရောက်ပို့နိုင်တဲ့ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ရှိခဲ့လို့ဖြစ်ပါတယ်
အခု မြန်မာတို့ရဲ့ နောက်ဆုံး ခံတပ် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကြီး အသက်ငင်နေပါပြီ
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung , #OungMarine
HtayOung(OungMarine)
29 Oct, 17:21
(အောက်တိုဘာ ၂၉၊ ၂ဝ၂၄) တပ်မတော် စစ်ကြောင်းတို့ အလောင်း လက်နက်များ ရရှိပြီး နောင်ချိုအား
ချိုအား ပြန်လည်သိမ်းပိုက်ရန် ဆက်လက်ချီတက်နေ
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung , #OungMarine
HtayOung(OungMarine)
28 Oct, 13:54
(အောက်တိုဘာ-၂၈၊ ၂ဝ၂၄) တရုတ်က သူ့နယ်စပ် ကုန်သွယ်ရေးအားလုံးကို ၃ လ ကြာ ပိတ်ထားမယ် တဲ့
.
နစက အနေနဲ့ လက်ရှိစစ်ပွဲကို ကိုယ့်ဖာသာ ၃ လနဲ့ အပြီး ဖြေရှင်းလို့ ပြောလိုက်သလိုပဲ
.
ရပါ့မလား
.
မိတ်ဆွေတို့ ဘယ်လို ထင်ကြလဲ
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung , #OungMarine
HtayOung(OungMarine)
28 Oct, 10:55
(အောက်တိုဘာ-၂၈၊ ၂ဝ၂၄) လက်ရှိဖြစ်နေတဲ့စစ်ပွဲဟာ အဖက်ဖက်က အကြီးအကျယ် ရှုံးနေပါတယ်
ကျွန်တော်တို့ PDF တွေ၊တိုင်းရင်းသား EAOs တွေနဲ့ ဖြစ်နေရတဲ့ လက်ရှိပြည်တွင်းစစ်ကြီးမှာ သူတို့လဲရှုံး ကျွန်တော်တို့လည်း အကြီးအကျယ် ရှုံးပါတယ်
လျော့လျော့ပေါ့ပေါ့တွက်ရင်တောင် စစ်တပ်၊ PDF, EAOs များဘက်က လူ ၁၅ဝဝဝလောက်စီ အသီးသီးကျဆုံးလို့ တိုင်းပြည်မှာ လူ ၄၅ဝဝဝ လောက် လျော့သွားပါပြီ ခြေကျိုးလက်ပြတ် ဒုက္ခိတတွေ မပါသေးပါ
PDFs ဆိုတာ စိုက်ပျိုးထုတ်လုပ်မှုမှာ အခြေခံအကျဆုံး ကျားမ လူငယ်လေးတွေပါ
အဲ့ဒီအရေအတွက်ဟာ မူလတည်းက လူဦးရေအနည်းစု လူမျိုးနွယ်များအတွက် လူမျိုးသုဉ်းမတတ် ဖြစ်နေပြီဆိုတာ နားလည်ကြစေချင်ပါတယ်
ဒီစစ်ပွဲကြီးကို အရှိန်ပြင်းထန်လာအောင် မဟုတ်မမှန်သတင်း အမျိုးမျိုးနဲ့ မြှောက်ပင့် သွေးထိူးပေးနေသူ ၉ဝ % လောက်ဟာ ပြည်ပရောက်ရှိနေသူများဖြစ်ကြောင်း ယုံကြည်ရပါတယ်
.
ဘယ်နေရာ ဘယ်လို လိမ်နေပါတယ်လို့ လင့်တွေ မပြပါရစေနဲ့
ကျွန်တော့ လက်ရှိအကောင့်လေးက သက်တမ်း
သုံးလကျော်ပဲ ရှိပါသေးတယ်
.
.
အစဉ်လေးစားစွာဖြင့်
#HtayOung , #OungMarine
HtayOung(OungMarine)
28 Oct, 03:31
(အောက်တိုဘာ-၂၈၊ ၂ဝ၂၄) လွန်ခဲ့တဲ့ ၁၈၅၅ ခုနှစ် မင်းတုန်းမင်းလက်ထက်မှာ အဂ်လိပ် သံအမတ် မေဂျာ ဖယ်ယာဟာ အမရပူရကို ရောက်ရှိလာပါတယ်
ကြားခံ ဘာသာပြန်သူ မလိုအပ်ပဲ မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်တဲ့ အဂ်လိပ်သံအမတ်ကြီးဟာ ရှင်ဘုရင့် ညီအရင်း ကနောင်မင်းနဲ့လည်း သီးခြားတွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒီမှာ ‌ပြဿနာဖြစ်တော့တာပဲ
စက်တင်ဘာ ၁၇ ရက်နေ့ တွေ့ဆုံရာမှာ ကနောင်မင်းသားရဲ့ မေးခွန်းကို သံအမတ်ကြီးက တိတိကျကျ မဖြေနိုင်ခဲ့ပါ
သေနတ်လက်နက်ကို ဘယ်သူတွေက စတင်တီထွင်ခဲ့သလဲဆိုတာ မေဂျာအာသာဖယ်က အတိကျပြောဖို့ ခက်နေပါတယ်။
ကန့်မှုန့်ကို စတင် အသုံးပြုတာ တရုတ်ဖြစ်ပေမယ့် ဒီနေ့ခေတ် ရှေ့ပြေး
သေနတ်လက်နက်များမှာ ယမ်းမှုန့်ကို အသုံးပြုတာက ဥရောပ နိုင်ငံများ ဖြစ်နေလို့ပါ
အတူရှိနေတဲ့ မြန်မာဝန်ကြီးတစ်ဦးကတော့ " ခင်ဗျားတို့ အဂ်လိပ်တွေ တီထွင်ပါတယ် အထင်ခံချင်လို့ လှည့်ပတ်ပြောဆိုနေသလား" လို့ စွပ်စွဲပါတယ်
အလားတူပဲ ကွမ်တမ်မက္ကင်းနစ်ပညာ၊ မင်ဟက်တန်စီမံကိနိးနဲ့ အိုင်းစတိုင်း
တယ်လီဖုန်း တီထွင်သူ ဂရေဟမ်ဘဲလ်
ကြိုးမဲ့ကြေးနန်းကို မာကိုနီက စတင်တီထွင်ခြင်း ဟုတ် မဟုတ်
သောမတ်အယ်ဒီဆင်ရဲ့ ယနေ့တိုင် ကမ္ဘာသုံးဖြစ်နေတဲ့ ပစ္စည်းများကို နီကိုလပ်စ် တက်စလာက တီထွင်ခြင်း ဟုတ်မဟုတ် ငြင်းခုန်စရာ ဖြစ်နေဆဲပါ
ဒီနေရာမှာ A Ranking of the most influential persons in History လို စာအုပ်မျိုး ပြုစုသူ တိုမ်းမ်မဂွဇင်းအယ်ဒီတာအဖွဲ့ ကောက်ချက်သည်ပင်လျင် လူပြော
စရာဖြစ်နေပါတယ်
သူတို့ကတော့ ဘယ်သူကစတင်တယ်ဆိုတာ ဖော်ပြပေမယ့် ဘယ်သူက လူအများ အသုံးဝင်တဲ့အထိဖြစ်အောင်
စတင်ခဲသလဲဆိုတဲ့အပေါ် ကောက်ချက်ချလို့ ဖြစ်မယ်ထင်ပါတယ်
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung , #OungMarine
HtayOung(OungMarine)
28 Oct, 03:31
(အောက်တိုဘာ-၂၈၊ ၂၀၂၄) ကာရင်စီ ဆိုတဲ့ ပိုက်ဆံ၊ အုပ်စုလိုက် အရူးသွေးကြွခြင်း၊ အမေရိကန်သမ္မတ တို့ရဲ့ အိုင်ကျူနှင့် ရာစုနှစ် ထက်၀က်လောက် ခေတ်နောက်ကျနေတဲ့ ကျွန်တော်တို့အကြောင်း
=====
ကျွန်တော်တို့ ကိုင်တွယ်သုံးစွဲနေတဲ့ ပိုက်ဆံဆိုတဲ့ ငွေကြေးကို " ကာရင်စီ" Currency လို့လည်း ခေါ်ကြတယ်
ပိုက်ဆံဆိုတာ ဒုတိယဘုရားသခင် လို့ပြောရလောက်အောက် ငွေကြေးဆိုတာ အရာရာကို ဖန်တီးပေးနိုင်ပါ တယ်။
တကယ်တော့ ကွန်မြူနစ်နဲ့ အရင်းရှင်ဆိုတဲ့ နိုင်ငံရေးဝါဒကြီး နှစ်ခုဟာ အဲ့ဒီ ပိုက်ဆံဆိုတဲ့ အရာဝတ္တုရဲ့ သဘော သဘာဝကို ကွဲလွဲစွာ ရှု့မြင်ကြခြင်းဖြစ်ပါတယ်
လူတစ်ယောက် ဘဝပျက်သွားတာကအစ နိုင်ငံအချင်းချင်း စစ်ပွဲတွေဖြစ်ကြတာအဆုံး ပိုက်ဆံက အစပြုပါတယ်
.
နိုင်ငံ/လူမျိုးများအနေနဲ့ကတော့ ပိုက်ဆံရဲ့ ကာရင်စီ သဘောသဘာဝကို ကောင်းကောင်းနားလည်ပြီး အသုံးချ တတ်သူက ဂျူးတွေဖြစ်ပြီး အင်္ဂလိပ်နဲ့ ဂျာမန်တို့လည်း ပါပါလိမ့်မယ်။
အာရှမှာတော့ ဂျပန်၊ တရုတ်၊ အိန္ဒိယတို့ ဖြစ်ပါတယ်။
အခုပြောတဲ့အထဲ မပါလို့ ပိုက်ဆံအကြောင်း နားမလည်ဘူးလို့ ဆိုလိုရင်း မဟုတ်ပဲ အများ ခန့်မှန်းလို့ရအောင် ထင်ရှားတဲ့ နိုင်ငံ/လူမျိုးအချို့ကို ဥပမာ ပြရခြင်းပါ။
.
သိကြတဲ့အတိုင်း ဂျူးတွေဟာ နိုင်ငံမဲ့အဖြစ် ကမ္ဘာအနှံအပြား နှစ်ထောင်များစွာ ရှင်သန်နိုင်ခဲ့တာလည်း အဲ့ဒီ ပိုက်ဆံဆိုတဲ့ ကာရင်စီရဲ့ သဘောသဘာဝကို ကောင်းကောင်း သိ ကောင်းကောင်း အသုံးချတတ်လို့ပါ။ ဒီနေ့ ရန်သူ အာရပ်တိုင်းပြည်တွေအကြား အစ္စရေးနိုင်ငံရယ်လို့ ထီးထီးကြီး တည်ရှိနိုင်တာလည်း အဲ့ဒါကြောင့် ဖြစ်ပါ တယ်။
.
ဂျာမန်တွေဟာ ပထမနဲ့ ဒုတိယကမ္ဘာစစ်မှာ နှစ်ကြိမ်လုံး စစ်ရှုံးပါတယ်
စစ်လျော်ကြေးပေးရ၊ စစ်ကာလ စစ်စရိတ်နဲ့ စစ်ပြီးခေတ် ပြန်လည်ထူထောင်ဖို့ ရုပ်ဝတ္ထုလိုအပ်ချက်အ လွန်များ တာကြောင့် ဂျာမန်ငွေစက္ကူဟာ အလွန်အကျွံဖောင်းပွသွားခဲ့ပါတယ်၊ ပေါင်မုန့်တစ်လုံးကို ဂျာမန်မတ်ငွေ သန်းချီ ပေးရတဲ့အထိ ဖြစ်သွားခဲ့ဖူးပါတယ်၊
ဒါပေမယ့် ဆယ်စုနှစ် နှစ်စုလောက်မှာပဲ သူတို့ ပိုက်ဆံကို ကမ္ဘာက ယုံကြည်လက်ခံအောင် သူတို့ လုပ်နိုင်ခဲ့ ပါတယ်။
အဲ့ဒါမျိုး အာရှမှာ ဂျပန်တွေကို တွေ့ရပြီး ပိုက်ဆံရဲ့ ကာရင်စီသဘောသဘာဝကို နားလည်တဲ့ ဗြိတိသျှတို့က ကမ္ဘာ့အရှေ့အနောက် သူတို့ရဲ့ နေမဝင်အင်ပါယာမှာ ခိုင်မာတဲ့ အုပ်ချုပ်ရေးကို ထူထောင်နိုငိခဲ့ကြပါတယ်။
ပိုက်ဆံဆိုတာ
(၁) လူတိုင်း ရှာရ ဖွေရ လွယ်ကူစေရမယ်
(၂) အဲ့ဒီ ရှာဖွေရရှိတဲ့ပိုက်ဆံဟာ တစ်နေရာတည်းမှာ စုပုံပြီး အသေလိုဖြစ်မနေပဲ သုံးရ ဖြုန်းရတဲ့ နေရာတွေ ရှိနေရပါတယ်။
စစ်ရှုံး ဂျာမန်တွေဟာ တိုင်းပြည်ပြန်လည်ထူထောင်ရာမှာ
လူတိုင်း ကိုယ့်အစွမ်းအစရှိသလောက် ဝင်ငွေရှာဖွေနိုင်တဲ့ အလုပ်အကိုင်များ ဖန်တီးပေးဖို့ သိပ်မခက်ခဲလှပါဘူး
တစ်ဖက်မှာလည်း ပိုက်ဆံသုံးရတဲ့ ဈေးပွဲတော်မျိုးတွေ ဖန်တီးပေးပြီး ထုတ်ကုန်ပစ္စည်း အရည်အသွေးချင်း လွတ်လပ်စွာ ပြိုင်ဆိုင်စေပါတယ်
#အဲ့ဒီမှာ_အကျိုးအမြတ်ခံစားရတာက_စားသုံးသူ_ပြည်သူတွေပဲ ဖြစ်ပါတယ်၊
#တစ်ဖက်မှာလည်း_မျိူးချစ်စိတ်နဲ့_မိမိနိုင်ငံအပေါ်_အထင်ကြီးလေးစားစိတ်ကို
#မသိမသာ_တည်ဆောက်ယူနိုင်ပါတယ်။
#ဒီလိုနဲ့_တိုင်းပြည်မှာ_စီးပွားရေးအရင်း_အမြစ်တွေကို_စုဆောင်းမိလာပြီး #နည်းပညာဖွံ့ဖြိုးတဲ့ #ချမ်းသာနိုင်ငံဖြစ်လာပါတယ်။
.
ဒီနေရာမှာ အိုလံပစ်-ဆီးဂိမ်-ဖီဖာ ကမ္ဘာ့ဖလားပွဲလို အားကစားပွဲ၊ မစ်စ်ပြိုင်ပွဲတွေလို လူအုပ်စုလိုက် အရူးသွေးကြွခြင်းဟာ အလွန်အသုံးတည့်ပါတယ်၊ အပြုသဘောဆောင်တာလည်းရှိ အပျက်ဘက် ရောက်သွားတာလည်း ရှိတတ်ပါတယ်၊
တစ်ခါတစ်လေ သူ့ဖာသာဖြစ်လာကြပြီး အချို့ကတော့ စီးပွားရေးသမား နိုင်ငံရေးသမားများက တမင်ဖန်တီး ယူခြင်းဖြစ်တယ်လို့ ကျွန်တော် စွပ်စွဲပါတယ်။ ဒီနေရာမှာ ဒီနေ့ အမေရိကန်တွေဟာ ထိပ်ဆုံးပြေးနေကြောင်း မြင်ရပါတယ်။ အားကစားပွဲတွေ မစ်စ်ပြိုင်ပွဲတွေ စတုန်းက သူတို့ပဲ စခဲ့တာဖြစ်ပြီး ခုတော့ သူတို့ဆီမှာ သိပ် လူကြိုက်မများတာ ဆယ်စုနှစ် ၃-စုလောက် ရှိပါလိမ့်မယ်။
အဲ့ဒီအစား အိုင်တီခေတ်မှာ နိုင်ငံတကာအရောက် ဖြန့်ကျက်နိုင်တဲ့ သတင်းမီဒီယာဋ္ဌာနတွေ ဘီလီယံနာ သူဋ္ဌေးကြီးတွေ ရှိနေပါတယ်။
ယခုတိုင်အောင် ကမ္ဘာ့ပြိုင်ဘက်ကင်း ရူပဗေဒ ပညာရှင်ဖြစ်နေတဲ့ အိုင်းစတိုင်းရဲ့ အိုင်ကျူ ညွန်းကိန်းဟာ ၁၆ဝ ခန့်ရှိပြီး အမေရိကန်သမ္မတအချို့ရဲ့ အိုင်ကျူဟာ ၁၅၅ ကျော် အချို့ဆို ၁၆ဝ ကျော်နေတယ်ဆိုတာ ဟုတ်ပါ့ မလားလို့ မေးစရာရှိပါတယ်
ဒါပေမယ့် အဲ့ဒါအမှန်ပါ
သာမန် အပေါင်း-အနှုတ်-အမြှောက်-အစားက ကွဲထွက်လာတဲ့ ကဲကုလပ်စ် သင်္ချာနဲ့ ကွမ်တမ်မက္ကင်းနစ် သီအိုရီက အိုင်းစတိုင်း တစ်ဦးတည်းက ကြံဆခြင်း ဖြစ်ပါတယ်
ကွဲလွဲတာက အမေရိကန်သမ္မတဆိုတာ Decision maker ဆုံးဖြတ်ချက် ချမှတ်သူသာဖြစ်ပြီး သူ့အနားမှာ နိုင်ငံရေး-စီးပွားရေး-စစ်ရေးအကြံပေးများ ဝိုင်းဝိုင်းလည်နေပါတယ်၊ ဘယ်သူ့ကို ဘယ်နေရာမှာ အကြံပေး ခန့်ရမယ်ဆိုတာ သူ့ပါတီက ရွေးချယ်ပေးပါလိမ့်မယ်။
HtayOung(OungMarine)
28 Oct, 03:31
.
ဒီနေရာမှာ အများသိကြတဲ့အတိုင်း အမေရိကန်ဆိုတာ ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်နဲ့ ကမ္ဘာ့အကောင်း ဆုံး တက္ကသိုလ် ကောလိပ်များကို ပိုင်ဆိုင်ထားတဲ့ တိုင်းပြည်ဖြစ်နေပါတယ်။
..
ဒါဆိုရင် ဒီနေ့ မစ်စ်ပြိုင်ပွဲ အုပ်စုလိုက် အရူးသွေးကြွခြင်းကို နားလည်ပြီး အတော်အတန် သည်းခံနိုင်လိမ့်မယ် ထင်ပါတယ်။
.
တကယ်တော့ ကျွန်တော်တို့သာ ရာစုနှစ် ထက်၀က်လောက် ခေတ်နောက်ကျနေခြင်းဖြစ်ပါတယ်
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
HtayOung(OungMarine)
27 Oct, 23:20
(အောက်တိုဘာ-၂၈၊ ၂၀၂၄) တရုတ်ကမ်းခြေစောင့်ရေယာဉ်ကို အင်ဒိုနီးရှားစစ်သင်္ဘော မောင်းထုတ်။ နိုင်ငံ့ ကမ်းလွန်ရေနံစမ်းသပ်လုပ်ကွက်အတွင်း အကြိမ်ကြိမ် ဝင်ရောက်နှောက်ယှက်နေဟု ပြော။ ကင်းလှည့်လေ ယာဉ်များကို တရုတ်က စစ်သုံးလေဆာရောင်ခြည်ဖြင့် ထိုးစိုက်ဟု ဖိလစ်ပိုင်စွပ်စွဲ
===
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လက်အောက်ခံ ရေယာဉ် ကိုယ်ထည်အမှတ် 5402 အမှတ်အသား ပါ ကမ်းခြေစောင့်သင်္ဘောဟာ အောက်တိုဘာ ၁၉-ရက်နေ့မှာ တောင်တရုတ်ပင်လယ် အင်ဒိုနီးရှားပိုင် နော့တူနား ကျွန်းများ အနီးကို ရောက်ရှိလာခဲ့ကြောင်း၊ အဲ့ဒီရေပြင်မှာ ယခင် ရှိနေတဲ့ တရုတ်ကမ်းခြေစောင့် သင်္ဘော 5302 နဲ့ တာဝန်လဲလှယ်ရန် ရောက်ရှိလာခြင်း ဖြစ်တယ်လို့ ရေပြင်နယ်နိမိတ်များရဲ့ စီးပွားရေးနဲ့ နည်းပညာရပ်များ အကြောင်း ဖော်ပြပေးနေတဲ့ “ဆီးလိုက်” ဒစ်ဂျစ်တယ် သတင်းပိုတယ် (22 October 2024) က ရေးသားပါတယ်။
..
“ဆီးလိုက်” ဆိုတာ တရားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊ အများလက်ခံ သည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရှင်းလင်းပြတ်သားစွာ ပိုင်းခြားနိုင်ခြင်း မရှိသေးပဲ “မီးခိုးရောင်ဇုန်” အဖြစ် အများနားလည်ထားတဲ့ ပင်လယ် ရေပြင် နယ်နိမိတ်ဆိုင်ရာ သတင်းများ”ကို ဖော်ပြပေးနေတဲ့ ဒစ်ဂျစ်တယ် မီဒီယာတစ်ခုဖြစ်ပါတယ်။
အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ “အထူး သီးသန့်စီးပွားရေးဇုန်” ဆိုတာတွေဟာ မိမိပိုင် ရေပြင် အဖြစ် သတ်မှတ်ထားတဲ့ “မျဉ်းတို ၉-ခု ဧရိယာ” အတွင်း ကျရောက်နေကြောင်း၊ မိမိတို့ အချုပ်အခြာပိုင်နက် နယ်မြေကို ကာကွယ်သောအားဖြင့် အဆိုပါရေပြင်အတွင်း ဝင်ရောက်ကင်းလှည့်မှုများကို စဉ်ဆက်မပြတ်လုပ် ဆောင်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာထားပါတယ်။
..
တကယ်တော့ နော့တူနာကျွန်းဆိုတာ အင်ဒိုနီးရှားပိုင် “ရီအာကျွန်းစုများ” အနက် မြောက်ဖက် အကျဆုံး ကျွန်း ငယ်တစ်ခုဖြစ်ပါတယ်။ ထိုင်း-ကမ္ဘောဒီးယား-ဗီယက်နမ်နိုင်ငံများ၊ မလေးကျွန်းဆွယ်အရှေ့ပိုင်း မြို့များမှ ဘော်နီ ယိုကျွန်း မြို့များသို့ ရေ ကြောင်းသွားလာရာမှာ ရီအာကျွန်းစုများအနီးမှ ဖြတ်သန်းသွားရပါတယ်။ ကုန်သွယ် ရေကြောင်း အချက်အချာ မလက္ကာရေလက်ကြားရဲ့ မြောက်ဖက် ခပ်လှမ်းလှမ်းမှာ တည်ရှိပြီး လွန်ခဲ့တဲ့ ဆယ်စု နှစ်များအတွင်း ကျွန်းများပေါ်မှာ အခြေစိုက် သောင်းကျန်းနေတဲ့ ပင်လယ်ဒါးပြများကို မလေးရှားနဲ့ အင်ဒိုနီးရှား ပူးပေါင်းစစ်တပ်က ရှင်း လင်းခဲ့ရဖူးပါတယ်။ ခုနောက်ပိုင်း နတ်တူနာကျွန်းပေါ်မှာ အတော်အသင့်စည်ကားတဲ့ အင်ဒိုနီးရှား ရေလုပ်ငန်း ရွာလေး တည်ရှိနေပါပြီ။
..
အဲ့ဒီရေပြင် “အာဝါနာ လုပ်ကွက်” မှာ အင်ဒိုနီးရှား နိုင်ငံပိုင် “ပါတားမီးနားကုမ္ပဏီ” နဲ့ နော်ဝေးနိုင်ငံအလံတင် ငလျင်တိုင်းတာရေး “အမ်ဗွီ ဂျီအို ကော်ရယ်” ရေယာဉ်တို့ ပူးတွဲပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းဆောင်ရွက်လျှက်ရှိကြောင်း၊ တရုတ်ကမ်းခြေစောင့်သင်္ဘော 5402 ဟာ တိုင်းတာရှာဖွေရေးလုပ်ငန်း များကို နှောက်ယှက်ခဲ့တဲ့အတွက် အဆိုပါရေယာဉ်ကို မောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ရကြောင်း ဂျာကာတာရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
..
တကယ်တော့ 5402 ဟာ အောက်တိုဘာ ၁၇-ရက်နေ့တည်းက အဆိုပါရေပြင်အတွင်း ရောက်ရှိနေခြင်းဖြစ်ပြီး တရုတ်သင်္ဘော ၂-စီးနဲ့ ထိပ်တိုက်တွေ့ရာမှာ အင်ဒိုနီးရှားဘက်က အင်အား အများအပြား ပါဝင်တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံ မီဒီယာများက ရေးသားကြပါတယ်။
..
“ဘာကမ်လာ” ခေါ် အင်ဒိုနီးရှား ပင်လယ်ရေကြောင်း လုံခြုံရေး အေဂျင်စီ (MSA) ရဲ့ အဆိုအရ မိမိတို့ရေပိုင် နက်အတွင်း ဝင်ရောက်လာတဲ့ သင်္ဘောကို မောင်းထုတ်ရာမှာ “တန်ဂျုံဒါတု အတန်းအစား” ကင်းလှည့်ရေ ယာဉ်တစ်စီးနဲ့ အေဂျင်စီပိုင် လေယာဉ်တစ်စီးတို့ ပါဝင်ခဲ့ကြောင်း၊ ယမန်နေ့မှာ အဆိုပါသင်္ဘောဟာ ပြန်လည် ထွက်ခွာသွားတယ်လို့ ဘာကမ်လာ ပြည်သူ့ရေးရာအရာရှိတစ်ဦးက ပြောပါတယ်။
..
အခင်းဖြစ်ပွားခြင်းဟာ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့ အနောက်အင်ဒိုနီးရှားစံတော်ချိန် ၀၅း၃၈ နာရီမှာ ဖြစ်ကြောင်း တရုတ်သင်္ဘောကို အင်ဒိုနီးရှား ကင်းလှည့်သင်္ဘောက တွေ့ရှိပြီးနောက် အင်ဒိုနီးရှား ရေတပ်ကို သတင်းပေးပို့ခဲ့ကြောင်း၊ တရုတ်သင်္ဘောရောက်ရှိခဲ့တဲ့ နေရာဟာ အင်ဒိုနီးရှားကျွန်းမှ မြေပုံညွှန်း ၁၂၅ ဒီဂရီ ရေမိုင် ၇.၃ မိုင်အကွာမှာ ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များကို ကိုးကားပြီး နိုင်ငံပိုင် “အန်တာရာ” သတင်းအေဂျင်စီက ရေးသားပါတယ်။
..
တရုတ်သင်္ဘော ပြန်လည် မထွက်ခွာမီ နှစ်နိုင်ငံ ကမ်းခြေစောင့်သင်္ဘောအချင်းချင်း ရေဒီယို အဆက်အသွယ်ပြု လုပ်ခဲ့တယ်ဆိုပေမယ့် ဘာတွေပြောဆိုခဲ့တယ်ဆိုတာ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိပါဘူး၊
..
HtayOung(OungMarine)
27 Oct, 23:20
တရုတ်သင်္ဘောက ပြန်လည်ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်မှတဆင့် အင်ဒိုနီးရှားရေကြောင်း လုံခြုံရေး အေဂျင်စီက ခေါ်ယူနေပုံ ဗွီဒီယိုကို ဘာကမ်လာက ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်သင်္ဘောအနေနဲ့ တောင် တရုတ်ပင်လယ်နဲ့ ဆက်စပ်ရေပြင်မှ အခြားနိုင်ငံတစ်နိုင်ငံရဲ့ အငြင်းပွားခြင်း မရှိတဲ့ အချုပ်အခြာအာဏာပိုင် နက်အတွင်း ရောက်ရှိနေတာ မလွဲဧကန် သေချာပါတယ်လို့ ချစ်ကြည်ရင်းနှီးတဲ့လေသံနဲ့ သတိပေးခဲ့ကြောင်း တွေ့ရှိ ရပါတယ်။ တရုတ်ဘက်ကလည်း သူတို့ရောက်ရှိနေတဲ့ ရေပြင်ဟာ သူတို့ပိုင်နက်အတွင်း ဖြစ်ကြောင်း ပြန်လည်ပြောဆိုပါတယ်။
..
ဒါပေမယ့် တရုတ်သင်္ဘော ပြန်လှည့်သွားရလောက်အောင် အင်ဒိုနီးရှားဘက်က နောက်ထပ် ဘယ်လို ပြောဆို စည်းရုံးခဲ့တယ်ဆိုတာကိုတော့ အသေးစိတ် ပါဝင်ခြင်း မရှိပါဘူး
..
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအရ ကမ်းလွန်ရေနံစင်များနဲ့ တန်ချိန် ၅၀၀ အထက် အရပ်ဘက် သင်္ဘော တိုင်း တပ်ဆင်ရတဲ့ အလိုအလျောက် သတင်းအချက်အလက်စနစ် (AIS) ဒေတာများအရ အခင်းဖြစ်ရပ်ကို အကြမ်းဖျဉ်း သိရှိနိုင်ပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့မှာ အဆိုပါ ရေပြင်အတွင်း တရုတ်ကမ်းခြေ စောင့် သင်္ဘော 5302 ဝင်ရောက်နှောက်ယှက်နေတဲ့အတွက် အင်ဒိုနီးရှားဘက်က ကမ်းခြေစောင့်သင်္ဘောများနဲ့ လေ ယာဉ်ကို တန်ပြန်စေလွှတ်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၉-ရက်နေ့မှာ 5302 ရဲ့ နေရာကို 5402 က တာဝန်လဲ လှယ်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အင်ဒိုနီးရှားဘက်က KRI Sutedi Senaputra 378 စစ်သင်္ဘောတစ်စီး ရောက်ရှိလာတယ်ဆိုပေမယ့် စစ်ရေယာဉ်များမှာ (AIS) စနစ်ကို လိုက်နာခြင်း မရှိတဲ့အတွက် အထောက်အ ထား ပြသနိုင်ခြင်း မရှိပါဘူး
..
အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းမှာ CCG 5402 ဟာ အင်ဒိုနီးရှား သီးသန့်စီးပွားရေးဇုန်မှ ထွက်ခွာသွားပြီး ဗီယက်နမ်နိုင်ငံ ရေပြင်ပိုင်နက်အတွင်း ဝင်ရောက်သွားချိန်အထိ အင်ဒိုနီးရှားသင်္ဘောများက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း သိရှိရပါတယ်။
..
ပေကျင်းဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို “မျဉ်းတို ၉-ခု ” ရေးဆွဲပြီး ၎င်းတို့ ပိုင်ဆိုင်နယ်မြေဖြစ် ကြောင်း တစ်ဖက်သပ်ကြေညာထားပေမယ့် အနီးအနားရှိ အခြားနိုင်ငံများရဲ့ အထူးသီးသန့်စီးပွားရေးဇုန်ရေ ပြင်များကိုတော့ အသိအမှတ်ပြုခြင်း မရှိပါဘူး။ ယခုနောက်ပိုင်း အဲ့ဒီရေပြင်အတွင်း ကင်းလှည့်မှုများ ခပ် စိတ်စိတ်ပြုလုပ်လာခဲ့ရာ အများဆုံး ကျုးကျော်ဝင်ရောက်ခံရတဲ့တိုင်းပြည်က ဖိလစ်ပိုင်ဖြစ်ပါတယ်။
..
ဒီအတွက် နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်အချင်းချင်း လုံးထွေးသတ်ပုတ်ကြပြီး တရုတ်တို့ဘက်က ပုဆိန်နဲ့ လှံများ အသုံးပြုတဲ့အတွက် မိမိတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ မနီလာက စွပ်စွဲပါတယ်။ မကြာ သေးခင်ကလည်း တောင်တရုတ်ပင်လယ် ဖိလစ်ပိုင်ကင်းလှည့်ရေယာဉ်နဲ့ လေယာဉ်များကို တရုတ်တို့ဘက်က စစ်သုံး လေဆာရောင်ခြည်နဲ့ ထိုးစိုက်ခဲ့ကြောင်း၊ မိမိတို့ ဝန်ထမ်းများ မူးဝေအော့အန်ခဲ့ရတဲ့ ဒီလုပ်ရပ်ဟာ အပြည်ပြည် ဆိုင်ရာဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။
..
လွန်ခဲ့တဲ့ ၃ ရက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ် ပရာဘိုဝို ဆူဘီယာနိုက ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတသစ် အပြောင်းအလဲဖြစ်ခြင်းနဲ့ ယခုဖြစ်ရပ်ဟာ ဆက်စပ်မှု ရှိတယ်လို့ မဆိုနိုင်ပေမယ့် တရုတ်ခေါင်းဆောင်တွေဟာ မီးခိုးရောင်နယ်မြေကျူးကျော်မှုများနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်သစ်အပေါ် သွေးတိုးစမ်းမှုများ မကြာခဏ ပြုလုပ်လာတယ်လို့ သတိပြုစရာဖြစ်လာပါတယ်။
..
(((Sea Light., 22 October 2024,” Indonesia Expels China Coast Guard Ship Harassing Research Vessel” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
https://www.sealight.live/posts/indonesia-expels-china-coast-guard-ship-harassing-research-vessel
https://www.channelnewsasia.com/asia/indonesia-china-natuna-islands-tensions-south-china-sea-geopolitics-3676876
https://www.eurasiantimes.com/hina-shoots-a-military-grade-laser-and-dazzles/
https://www.theguardian.com/world/2023/feb/13/chinese-ship-military-grade-laser-philippine-vessel
===
HtayOung(OungMarine)
27 Oct, 09:02
(အောက်တိုဘာ-၂၇၊ ၂ဝ၂၄) ပါးပါးနဝပ်က သဲစုငြိမ်းကို သီးခြား ဖုန်းဆက်တယ်ဆိုတော့ လွတ်တဲ့ငါးကြီး၊ မှားပါတယ် ပြင်ပါ့မယ် တောင်းပန်မယ် လုံးဝ မထင်ပါ
.
အမြီးကျက် အမြီးခေါင်းကျက် ခေါင်း ဖဲ့စားမလို့ ဆရာထူးကို ခေါ်မလာနဲ့လို့ ပြောတာ
သဲသဲက ခုမှ ၁၇ နှစ် ကျော် ၁၈ နှစ်
Teenage ကလေးပဲ ရှိသေးတယ်၊ အရည်အချင်းပြည့် ဒီကလေးနဲ့ ဘယ်လောက် လုပ်စားလို့ရတယ်ဆိုတာ လူပါးစကီ ပါးပါးနဝပ်သိတယ်
ဆရာထူးက ကိုယ်တိုင် Catwalk ပေါ်မှာ အကြိမ်ကြိမ်လျှောက်ဖူးပြီး ဒီလိုပွဲတွေရဲ့ လုပ်စားဂွင်ကို အံတိုနေသူပါ။ အဲ့ဒ့ါကြောင့် ဆရာထူးကိူ ခေ့ါ်မလာနဲ့ ပြောတာ။
.
တကယ်တော့ ဒီအကြောင်းတွေသာ ကျွန်တော် ပြောနေတယ် မယ်ရွေးပွဲ ဘယ်နှစ်မျိုး ဘယ်လိုစည်းကမ်းချက်မျိုးနဲ ရွေးချယ်နေကြောင်း တစ်ခုမှ မသိပါ။
MGI ဆိုတာ တမင်လုပ်စားပွဲကြီးပေမယ့် ကမ္ဘာ့ နိုင်ငံ ၇ဝ လောက် ပြိုင်ပွဲဝင်အောင် လုပ်နိုင်တာ အလေးအနက်ထားရပါလိမ့်မယ်။
ကျွန်တော့်အနေနဲ့ သမီးအရွယ် မိန်းကလေးတစ်ယောက်အကြောင်း စာဖွဲ့ပြောဆိုရမယ့် အသက်အရွယ် မဟုတ်ပါ
.
Mob Hysteria အုပ်စုလိုက် အရူးသွေးကြွခြင်းဆိုတာ များသောအားဖြင့် အခြေအနေအရ သူ့ဖာသာ ပေါ်ထွန်းခြင်းဖြစ်လို့ တားဆီးရန် မလွယ်ကူပါ
.
တချို့ကတော့ ဖြစ်ပေါ်လာတဲ့ အ‌ခြေအနေအပေါ် Mob Hysteria ဖြစ်အောင် တမင်ဖန်တီးယူခြင်းဖြစ်တယ်
နိုင်ငံရေး စိတ်ဝင်စားသူဖြစ်လို့ Mob Hysteria တစ်ခုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးအပေါ် ကောင်းခြင်းဆိုးခြင်း ဘာတွေ ဖြစ်နိုင်လဲသာ ဂရုစိုက်မိတယ်
.
ဖြစ်နေတာတွေကို တားလို့မှ မရနိုင်ပဲ ကိုး
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung , #OuungMarine
.
HtayOung(OungMarine)
27 Oct, 07:32
(အောက်တိုဘာ-၂၇၊ ၂ဝ၂၄) ဒီနေ့ Operation 1027 တစ်နှစ်ပြည့်ပါပြီ
တရားဝင် ပြောဆိုတာ မကြားရသေးပေမယ့် ပြည်တွင်းဒေသအချို့မှာ တပ်မတော်က စစ်ကြောင်းထိုးနေပုံရတယ်၊ ရည်မှန်းချက် အောင်မြင်ပုံလည်းရပါတယ်။
အတော်များများ ရှေ့နှစ်ဆန်းလောက် အိမ်ပြန်ရတော့မှာပါ
နောက်စစ်ပွဲတွေ ထပ်မဖြစ်ရအောင်
အနာဂါတ်မြန်မာနိုင်ငံတော်ကြီးမှာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သမိုင်းယဉ်ကျေးမှုအခိုင်အမာရှိတဲ့ လူမျိုးများဖြစ်ကြောင်း ဖော်ထုတ်ခွင့် ရပ်တည်ခွင့် ပြုရပါမယ်
လာဘ်ပေး လာဘ်ယူ၊ မူးယစ်ဆေး၊ တရားမဝင်လောင်းကစားနဲ့ ဒုစရိုက်မှု ကင်းစင်တဲ့နိုင်ငံတော်ကြီးမှာ မျိုးဆက်သစ်တို့အတွက် အလေးထားမြတ်နိုးရတဲ့
နေချင့်စဖွယ်ဖက်ဒရယ် နိုင်ငံ‌တော်ဖြစ်ရပါမယ်
အရည်အချင်းပြည့်ဝတဲ့ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တစ်ဦးဦးက ဦးဆောင်ခဲ့ရင် ကျွန်တော်တို့ ကြည်ဖြူစွာနောက်လိုက်လုပ်ပါ့မယ်။
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung , #OungMarine
HtayOung(OungMarine)
27 Oct, 02:46
(အောက်တိုဘာ-၂၇၊ ၂ဝ၂၄)နိုင်ငံတကာမှ ဆုရမယ်များကို
Miss Myanmar ဖန်များက သွားရောက် ဆဲရေးတိုင်းထွာ ကဲ့ရဲ့ ကွန်မင့်များရေးသားပြီးနောက်
နိုင်ငံတကာ မစ်စ်ပြိုင်ပွဲ ဝေဖန်သုံးသပ်သူ
ရောဘတ် အမ်မို့အလီက မြန်မာဖန်များအပေါ် မှတ်ချက်ပေးစကား
.
ဒီလောက်စိတ်ထား ကောက်ကျစ်ထာ
သူတို့တိုင်းပြည် အမြဲထာဝရ စစ်ဖြစ်နေတာ မဆန်းဘူး .. တဲ့
.
နိုင်ငံခြားသားတစ်ယောက်က ဒီလို မှတ်ချက်ပေးလို့ ရိုင်းစိုင်းတယ်ထင်ရင် အောက်တိုဘာ-၂၃ သူ့အိုးနဲ့ သူ့ဆန် တန်ယုံဖြစ်လို့ ရေးသားခဲ့သူ ဗုဒ္ဓဘာသာဗမာလူမျိုး ကျွန်တော်ကိုလည်း ရှုတ်ချနိုင်ပါတယ်။
သူတစ်ပါးကို ဆဲရေးသောသူသည်
မိမိကို တဖန်ဆဲရေးလျှင်လည်း ခံနိုင်ရည် ရှိရပါလိမ့်မယ်
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung , #OungMarine
HtayOung(OungMarine)
27 Oct, 01:58
ဘင်္ဂလားဒေ့ရှ် ဂျင်းဇီကျောင်းသားလူငယ်များဟာ သူတို့ မမွေးခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမျိုးသားရေး သမိုင်း အပေါ် ခံစားချက် ရှိပုံ မရဘူးလို့ အယ်လ်ဂျားဇီးယားက ရေးဖူးပါတယ်။ ကျောင်းသားများရဲ့ ကြွေးကြော်သံဟာ “ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး” ဆိုပေမယ့် ရှိတ်ဟာစီနာကို ဖယ်ရှားရာမှာ သူတို့နဲ့အတူ လက်တွဲပါဝင်ခဲ့တဲ့ အဖေအရွယ် အဖိုးအရွယ် နိုင်ငံရေးသမားကြီးများနဲ့ အတွေ့အကြုံ-အမြင်သဘောထား ကွဲလွဲနေနိုင်ပါတယ်။ ။သတင်းဘာသာပြန်သူ)
..
((( Dhaka Tribune., 26 October 2024,” Rizvi: Removing president will create constitutional void” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)))
.
https://www.dhakatribune.com/bangladesh/politics/363249/rizvi-removing-president-will-create
https://www.dhakatribune.com/bangladesh/government-affairs/362883/salahuddin-bnp-not-seeking-president%E2%80%99s-removal-at
===
HtayOung(OungMarine)
27 Oct, 01:58
(‌အောက်တိုဘာ-၂၇၊ ၂၀၂၄) ကျောင်းသား ဆန္ဒပြနေသော်လည်း ဘင်္ဂလားဒေ့ရှ်သမ္မတ နှုတ်ထွက်ပေးရန် အစီအစဉ် မရှိ
===
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင် နှုတ်ထွက်ပေးဖို့ ရှိတ်ဟာစီနာအစိုးရကို ပြုတ်ကျစေ ခဲ့တဲ့ ကျောင်းသားများက ဆန္ဒပြနေကြပါတယ်။ ကျောင်းသားများ တောင်းဆိုထားတဲ့ ရှာဟာဘတ်ဒင် နှုတ် ထွက်ပေးရမယ့် နောက်ဆုံးရက်ဟာ ဒီနေ့ ဖြစ်ပါတယ်။ ရှာဟာဘတ်ဒင်ဟာ ဖက်ဆစ်ဝါဒရဲ့ ထုတ်ကုန်လက် ကျန်တစ်ခုဖြစ်နေပေမယ့် သမ္မတကို ဖယ်ရှားလိုက်ရင် နိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေမှာ လစ်ဟာချက် ဖြစ်သွားလိမ့် မယ်လို့ .BNP ပါတီ အကြီးတန်း တွဲဘက်အထွေထွေ အတွင်းရေးမှူး ရာဟူးကာဘီယာက ပြောဆိုကြောင်း "ဒါကာ ထရိုင်ဗြွန်း" ( 26 October 2024) က ရေးပါတယ်။
.
ရှိတ်ဟာစီနာ ပြည်ပကို ရုတ်တရက်ထွက်ခွာသွားတဲ့အတွက် နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍမှာ လစ်ဟာချက်များ ဖြစ်ပေါ်လာခဲ့ရကြောင်း၊ သေးငယ်တဲ့ ကွက်လပ်များကို အလွယ်တကူ ဖြည့်ဆည်းနိုင်ပေမယ့် ကြီးမားတဲ့ နေရာ များကို ချက်ချင်း ဖြည့်ဆည်းရန် ခက်ခဲကြောင်း၊ ဟာစီနာ ဖယ်ရှားခံရတဲ့အပေါ် မကျေမနပ်ဖြစ်နေတဲ့ ပြည်တွင်း ပြည်ပအင်အားစုတွေက တိုင်းပြည်အပေါ် မကောင်းကြံစည်လာနိုင်ကြောင်း သွေးလွန်တုတ်ကွေးရောဂါ တား ဆီးကာကွယ်ရေး လက်ကမ်းကြော်ငြာဖြန့်ဝေခြင်း အခန်းအနားကို တက်ရောက်လာသူ တွဲဘက်အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။
.
ရှိတ်ဟာစီနာ ထွက်ခွာသွားပြီး အဝါမီလိဂ်ပါတီ ဝန်ကြီးနဲ့ အမတ်အတော်များများ တိမ်းရှောင်သွားကြတယ်။ အချို့လည်း အဖမ်းခံရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး-ဥပဒေပြုရေး-တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃-ခုမှာ မိုဟာမက် ယူနွတ်က အကြံပေးအရာရှိချုပ်အဖြစ် တာဝန်ယူတဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းခြင်း၊ ဘင်္ဂလားဒေ့ရှ် လွတ်တော် ဖျက်သိမ်းခြင်း အခွင့်အာဏာဟာ သမ္မတမှာသာလျှင် ရှိနေပါတယ်
.
အသက် ၇၄-နှစ်အရွယ် ဥပဒေပညာရှင် မိုဟာမက် ရှာဟာဘတ်ဒင်ဟာ ယခင်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရ လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နာမင်းကြီး၊ အဝါမီလိဂ်ပါတီ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၃-ခုနှစ် ဧပြီလ ပါတီရဲ့ သမ္မတရွေးကောက်ပွဲမှာ ကန့်ကွက်သူမရှိ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရဲ့ ဆဋ္ဌမမြောက် သမ္မတဖြစ်လာပါတယ်။
..
ဘင်္ဂလားဒေ့ရှ်မှာ လွှတ်တော်တစ်ရပ်တည်းသာရှိပြီး အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်သွားပေမယ့် ရှိတ်ဟာစီနာ လက်ထက် သမ္မတ ရှာဟာဘတ်ဒင်ကတော့ ရာထူးအတိုင်းဆက်လက်ကျန်ရှိနေပါတယ်။ ဒါပေမယ့် ရှိတ်ဟာ စီနာ နှုတ်ထွက်တယ်လို့သာ ကြားသိရပေမယ့် မှတ်တမ်းအထောက်အထား တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း လွန်ခဲ့တဲ့ အောက်တိုဘာ ၁၉-ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ “မန်နက်ဇာမင်” နေ့စဉ်သတင်းစာနဲ့ တွေ့ဆုံစဉ် သမ္မတ ရှာဟာဘတ်ဒင်က ပြောဆိုခဲ့ခြင်းဖြင့် လက်ရှိ ယူနွတ်ယာယီအစိုးရအနေနဲ့ တရားဝင်မှု ရှိ-မရှိ မေးခွန်း ထုတ်စရာ အရှုတ်အထွေး စတင်ဖြစ်ပေါ်လာခဲ့ရပါတယ်။ ကျောင်းသားများကတော့ ရှာဟာဘတ်ဒင် နှုတ်ထွက် ပေးရမယ်လို့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
..
လက်ရှိ ယူနွတ်ရဲ့ ကြားဖြတ်အစိုးရဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးရန် တာ ဝန်ရှိကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာပြီး ကြားကာလအတွင်း လိုအပ်တဲ့ ပြင်ဆင်ပြောင်း လဲမှုများကို တစ်ခုချင်း တစ်ဆင့်ချင်း လုပ်ဆောင်သွားရေး တောင်းဆိုသင့်တယ်လို့ ဟာစီနာအလွန် ပြိုင်ဘက် မရှိ နိုင်ငံရေးအုပ်စုဖြစ်လာတဲ့ BNP ပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှူးက မှတ်ချက်ပေးပါတယ်။
..
ရှိတ်ဟာစီနာရဲ့ လူသားမဆန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ရဲတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ ပြည်သူအများက လိုလားလျှက်ရှိကြောင်း၊ ဒါပေမယ့် လောလောဆယ် သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင် နှုတ်ထွက်ပေးဖို့ အစီအစဉ် မရှိကြောင်း၊ တရားစီရင်ရေးဟာ လူအပေါင်းတို့ရဲ့ ခိုလှုံရာဖြစ်ပြီး ပြင်ဆင်ပြောင်းလဲဖို့ အချိန်အ ကြာကြီး မယူသင့်ဘူးလို့ BNP ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
..
((( ကျွန်တော်တို့ဆီက နိုင်ငံတကာသတင်း ထပ်ဆင့် မျှဝေသူအတော်များများဟာ ဘင်္ဂလားဒေ့ရှ်မှာ ယူနွတ်ရဲ့ ကြားဖြတ်အစိုးရ နှုတ်ထွက်ပေးဖို့ ကျောင်းသားများက ဆန္ဒပြနေကြောင်း မှားယွင်းရေးသားနေကြပါတယ်။ အဖြစ်မှန်မှာ ရှိတ်ဟာစီနာ အစိုးရလက်ကျန် သမ္မတ ရှာဟာဘတ်ဒင်နှုတ်ထွက်ပေးရန် တောင်းဆိုနေကြခြင်း သာဖြစ်ပါတယ်။
..
အဲ့ဒီ လှုပ်ရှားမှုကို “အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ” အဖြစ် အင်္ဂလိပ်ဘာသာ နိုင်ငံတကာ မီဒီယာများကိုယ်တိုင် ရေးသားနေကြတဲ့အတွက် ယခုလို မှားယွင်းပုံရပါတယ်။ ဒါပေမယ့် အဲ့ဒီမီဒီယာတွေဟာ ယူနွတ်ဦးဆောင် အကြံ ပေးအဖွဲ့အပေါ် ယုန်ထင်ကြောင်ထင် ဖြစ်အောင် တမင် ရေးသားခြင်း ဟုတ်- မဟုတ်၊
.
ရှိတ်ဟာစီနာလို ၁၅-နှစ် ကျော် သက်တမ်းရှည် ဝန်ကြီးချုပ်တစ်ယောက်လုံး ပြည်ပထွက်ပြေးသွားရလို့ “တက်ကြွတဲ့ ကြက်ဖ” ဖြစ်နေသူ ဘင်္ဂလားဒေ့ရှ် ဂျင်းဇီလူငယ်ကျောင်းသားများကလည်း ဒီလောက်နဲ့ ရပ်တန့်နိုင်ခြင်း ရှိ-မရှိ မသေ ချာပါ။
.
လူစုလူဝေးနဲ့ လှုပ်ရှားမှုဟာ ရက်ကြာလာရင် ဦးတည်ချက် ပြောင်းနိုင်ယုံမက စုန်းပူးသလိုလို နတ်ပူး သလိုလို “လူစုလူဝေး စိတ်ရောဂါ” Mob Hysteria ဝင်တတ်လို့ ဖြစ်ပါတယ်။
..
HtayOung(OungMarine)
26 Oct, 06:54
ကျွန်တော့် အနေနဲ့ မှားတ.် မှန်တယ် ဘာမှတ်ချက်မှ ပေးစရာ မရှိပါဘူး
..
ဒါပေမယ့်
.
HtayOung(OungMarine)
26 Oct, 06:53
(အောက်တိုဘာ-၂၆၊ ၂၀၂၄) မနေ့ည MGI ပြိုင်ပွဲအပြီး ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
ကျွန်တော့် အနေနဲ့ မှားတယ် မှန်တယ် ဘာမှတ်ချက်မှ ပေးစရာ မရှိပါဘူး
..
ဒါပေမယ့်
Formal Politic လူသိရှင်ကြား နိုင်ငံရေး
Informal Politic ကိန်းကြီးခန်းကြီး မဟုတ်တဲ့ နိုင်ငံရေး ဆိုတာ ဘာလဲ
.
ရှိသမျှ စာအုပ်လေးတွေ ထုတ်ဖတ်၊ လက်လှမ်းမီသမျှ အွန်လိုင်းပေါ် လိုက်ရှာဖတ်နေမိတယ်။
..
တစ်ဆက်တည်းမှာပဲ မယ်ရွေးပွဲတို့ အားကစားပြိုင်ပွဲတို့ဆိုတာ
Symbolic Politic သင်္ကေတ နိုင်ငံရေး ဟုတ်-မဟုတ်
ကမ္ဘာ့ အိုလံပစ်အားကစားပွဲတော်များ ဖြစ်ပေါ်လာပုံ သမိုင်းအစနဲ့ နောက်ပိုင်း ပြောင်းလဲလာပုံကို ပြန်စဉ်းစားမိတယ်။
.
တစ်ဆက်တည်းမှာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားလုဆဲဆဲ
၁၈၃၆-ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်မှာ ဟစ်တလာ ဘာတွေလုပ်ခဲ့လဲ ပြန်သတိရတယ်။
..
ရိုးရာလက်ဝှေ့ကို ထုတ်စည်းတိုး ဖန်ခုန် ရိုးရာအားကစားနည်းထဲ တည့်ထားပြီး
စားပွဲပေါ် ထိုင်ကစားရတဲ့ စစ်တုရင်တို့ စနုကာ ဘိလိယက်ထိုးတာတို့ဟာ အားကစား ဟုတ်-မဟုတ်
အတွေးများနေဆဲ ကျွန်တော်တို့ဆီမှာတော့ အဲ့ဒါတွေ အရေးကြီးမယ် မထင်ပါ။ အဲ့ဒါကြောင့် ဘာမှတ်ချက်မှ မပေးဝံ့ပါ
..
ဟစ်တလာဟာ အလွန်အကြံကြီးသလောက် ဦးနှောက်ကြီးသူ ဖြစ်တယ်။
သူသာ ဒုတိယကမ္ဘာစစ်ကို မီးမမွှေး၊ ဂျာမန်လူမျိုးကြီးဝါဒကို အမွှန်းမတင်၊
ဂျူးမုန်းတီးရေးလို လူမျိုးစုချင်း နှိုင်းယှဉ် မုန်းတီးရေးမျိုး မလုပ်ပဲ အနုနည်းဖြစ်တဲ့
Informal Politic , Symbolic Politic
ကိန်းကြီးခန်းကြီး မဟုတ်တဲ့ နိုင်ငံရေး ၊ သင်္ကေတနိုင်ငံရေးအတိုင်းသာ သွားခဲ့ရင်
ဒီနေ့ တစ်ကမ္ဘာလုံး သူ့လက်အောက်မှာ ရောက်နေလောက်တယ်။
.
သူ မရှိတော့ပေမယ့် သူ့ရဲ့ အနုနည်းလမ်းစဉ်အချို့ကတော့ စီးပွားရှာတတ်သူများကြား ခေတ်စားနေတုန်းပါပဲ
..
Formal Politic လူသိရှင်ကြား နိုင်ငံရေးဆိုတာ အင်မတန် လူစမြင်ကပ်ခံရတတ်တာကိုး
..
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
HtayOung(OungMarine)
26 Oct, 05:36
ခြုံငုံသုံးသပ်ရလျှင် မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ တိုင်းပြည် နယ်နိမိတ်ကိုကျော် လွန်ပြီး သက်ရောက်မှုများနဲ့အတူ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များသာမက စီးပွားရေးအကျပ်အတည်း ကို ဖြစ်ပေါ်စေပါတယ်။ နိုင်ငံတကာအသိုက်အဝန်းရဲ့ အခြားသော ပဋိပက္ခများအပေါ် အာရုံစိုက်မှုများ နည်းတူ (မြန်မာမှ အစပြုတဲ့) ဒေသတွင်း မတည်မငြိမ်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ အဖြစ် ပြင်း ထန်လာနိုင်ကြောင်း သတိပေးချက်တစ်ခု အဖြစ် ကျန်ရှိနေပါတယ်။
..
#မြန်မာပြည်တွင်းစစ်တရုတ်ရပ်တည်မှု #နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
(((Eurasia Times., 24 October 2024,” Ukraine & Israel Wars ‘Overshadow’ Burning Conflict Near Indian, Chinese Border; What Next In S.E Asia?” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)))
..
https://www.eurasiantimes.com/ukraine-what-next-in-s-e-asia/
===
HtayOung(OungMarine)
26 Oct, 05:36
တရုတ်အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် လူလုံးပြရန် ကြိုးပမ်းနေပေမယ့် သူပါဝင် ပတ် သက်နေတဲ့ အခန်းကဏ္ဍဟာ အများထင်မှတ်ထားသည်ထက် ပိုမိုရှုပ်ထွေးပါတယ်။ ပြည်ပရောက် မြန်မာသ တင်းထောက်များ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ “ဧရာဝတီ” ရဲ့ အဆိုအရ တရုတ်ဟာ မြန်မာ နစကအစိုးရအ တွက် အရေးကြီးမဟာမိတ်ဖြစ်ပြီး လက်နက်များ ထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရှမ်း ပြည် မြောက်ပိုင်း တပ်မတော်အပေါ် ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့လည်း အဆက်အသွယ်ရှိနေပါတယ်။ (စစ်ပွဲပြင်းထန်လာတဲ့) လွန်ခဲ့တဲ့ သုံးနှစ်အတွင်း တရုတ်နိုင်ငံဟာ သူပုန် အဖွဲ့ များနဲ့လည်း ထိတွေ့ဆက်ဆံပြီး အခြားတစ်ဖက်မှာလည်း နစကအစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည် ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ မငြိမ်မသက်တွေဟာ မိုင်ပေါင်း ၁၃၀၀ ကျော် မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ တရုတ် ရဲ့ ရှည်လျားတဲ့ နယ်နိမိတ်ကို ခြိမ်းခြောက်လာပါတယ်။ ဒီအတွက် လတ်တလော မြန်မာနိုင်ငံအတွင်း အခြေ အနေအရပ်ရပ်အပေါ် သြဇာအရှိန်အဝါ လွှမ်းမိုးရေး ကြိုးပမ်းရာမှာ တရုတ်က ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍမှ ပြောင်းလဲ ပါဝင်လာခဲ့ပါတယ်။
.
တပ်မတော်နဲ့ သူပုန်တို့အကြား ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းရန် ပေကျင်းက တိုက်တွန်းထားပါတယ်။ ပြီး ခဲ့တဲ့ ဒီဇင်ဘာလအတွင်း နစကအစိုးရနဲ့ ကိုးကန့်၊ တအာန်းနဲ့ ရခိုင်တို့ပါ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့ အကြား အပစ်အခတ်ရပ်စဲရေးမှာ ပေကျင်းက ကြားပွဲစားအဖြစ် ကူညီပေးခဲ့ပေမယ့် တိုက်ပွဲတွေကတော့ ဆက် လက်ဖြစ်ပွားနေခဲ့ပါတယ်။ တရုတ်အတွက် နယ်စပ်လုံခြုံရေးနဲ့ ကျယ်ပြောလှတဲ့ သူ့ရဲ့ မဟာဗျူဟာအကျိုး စီးပွားအတွက် မြန်မာနိုင်ငံတည်ငြိမ်ရေးဟာ အရေးကြီးပါတယ်။
..
စစ်တပ်က အာဏာရယူလိုက်တဲ့အတွက် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ရှိနေသည့်တိုင် မြန်မာပြည်တွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာ တရုတ်မှ ဖြစ်နေုပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံလျက် ရှိကြောင်း တွေ့ရှိရပါတယ်။ စုစုပေါင်း ဒေါ်လာ ၂၂ ဘီလီယံခန့်အထိ ရှိတဲ့ အဆိုပါရင်းနှီးမြှုပ်နှံမှုတွေဟာ အခြေ ခံအဆောက်အအုံများ၊ ဆိပ်ကမ်းများနဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍမှာ အဓိကဖြစ်နေပြီး အိန္ဒိယသမုဒ္ဒရာကို ဝင် ရောက်ခွင့်ရရှိလိုတဲ့ တရုတ်အတွက် ပထဝီနိုင်ငံရေးအရ မြန်မာဟာ အလွန် အရေးကြီးပါတယ်။
.
လောလောဆယ် မြန်မာပြည်တွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ နည်းပညာဆိုင်ရာ တိုက်ပွဲတစ်ခုအဖြစ်သို့ အသွင် ပြောင်းလဲသွား ခဲ့ပြီး နှစ်ဖက်စလုံးအနေနဲ့ ဒရုန်းများကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ စစ်တပ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ရွေးကောက်ပွဲများကို ယာယီအစီ အမံများအဖြစ် ရှုမြင်နေသေးပြီး အလုံးစုံအောင်ပွဲအတွက် ရည်မှန်းထားဆဲဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးခြင်း ဖြင့် အကျပ်အတည်း အဖြေရှာရေးဟာ တပ်မတော်အတွက် ခက်ခဲနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ဦးက သုံးပါတယ်။
..
အပစ်အခတ်ရပ်စဲရေးနဲ့ ရွေးကောက်ပွဲဆိုတာ စစ်ပွဲကို အခြားနည်းလမ်းဖြင့် တိုးချဲ့ခြင်းဖြစ်ကြောင်း မှတ်ချက် ပေးပါတယ်။ လက်ရှိ နစကအနေနဲ့ ရန်ပုံငွေခမ်းခြောက်မှုနဲ့ မြို့ကြီးအသီးသီးမှာ တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင် အင်အားချို့တဲ့နေပါတယ်။ ဒီအတွက် တပ်မတော် စစ်လက်နက်ပစ္စည်းများတွေဟာ ခေတ်မမီတော့ပဲ ဖြစ်လာ ပြီး (စစ်ဆင်ရေးအတွက်) ဒရုန်းစွမ်းရည်များကို အဆင့်မြှင့်တင်ရန် ရွေးချယ်စရာ ဖြစ်လာပါတယ်။
..
မြန်မာစစ်တပ်ဟာ စစ်ဆင်ရေးမှာ သောင်းကျန်းသူများအပေါ် မောင်းသူမဲ့လေယာဉ်ဖြင့် ထိုးနှက်ဖို့ အပတ်တ ကုတ် အားထုတ်လျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ မကြာသေးမီ သတင်းများအရ တပ်မ တော်ဟာ ဒရုန်းစစ်ပွဲမှာ သောင်းကျန်းသူများကို အမီလိုက်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုများအ တွက် ပြုပြင်မွမ်းမံထားတဲ့ စီးပွားဖြစ်ဒရုန်းများကို စတင်အသုံးပြုနေခြင်း ဖြစ်ပါတယ်။ သူပုန်များဘက်ကလည်း စစ်ဘက်ဆိုင်ရာနယ်မြေများကို ပစ်မှတ်ထားရာမှာ အဓိကမြို့ကြီးများကိုပင်လျှင် ဈေးသက်သာတဲ့ ဒရုန်းများကို အသုံးပြု (တိုက်ခိုက်) နေကြပါတယ်။
..
ယူကရိန်းနဲ့ အစ္စရေးတို့ရဲ့ ပဋိပက္ခများကိုသာ တစ်ကမ္ဘာလုံးက အာရုံစိုက်နေပေမယ့် မြန်မာရဲ့ပြည်တွင်းစစ် ဟာ အိန္ဒိယအတွက် အရေးပါပါတယ်။ မြန်မာနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံအတွင်း မတည် ငြိမ်မှု များ အထူးသဖြင့် မြန်မာနဲ့ နယ်နိမိတ် တစ်ဆက်တည်းဖြစ်နေတဲ့ အရှေ့မြောက်ဖျားပြည်နယ်များကို ထိခိုက်စေ ပြီး ဒုက္ခသည်ပြေးဝင်လာမှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေပါတယ်။
..
မြန်မာနိုင်ငံရဲ့ စစ်ပွဲဟာ မူးယစ်ဆေးဝါး၊ ကျားဖျန့် အွန်လိုင်း လိမ်လည်မှု၊ ငွေကြေးခဝါချမှုများအတွက် အချက် အချာနေရာတစ်ခုအဖြစ် စတင်နာမည်ထွက်ခဲ့ပေမယ့် လူ့အခွင့်အရေးနဲ့ စီးပွားရေးဆိုင်ရာ ကပ် ဘေးတစ်ခု အဖြစ် ရွေ့လျားသွားခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံရေး မတည်မငြိမ်မှု၊ စစ်ရေးအကြမ်းဖက်မှုနဲ့ စီးပွားရေးပြိုလဲမှုတို့ ပေါင်းစပ်ထားတဲ့ လှိုင်းဂယက်တွေဟာ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ကျော်လွန်ပြီး ဆက်လက်ဝါးမြိုတော့မယ့် အလား တွြေ့ုမင်လာရပါ တယ်။
.
HtayOung(OungMarine)
26 Oct, 05:36
(အောက်တိုဘာ-၂၆၊ ၂၀၂၄) အိန္ဒိယ-တရုတ်နိုင်ငံအကြား တိုင်းပြည်၏ စစ်မီးလျှံ ဖြစ်ရပ်မှန် သတင်းများ နေရာ တွင် ယူကရိန်းနှင့် အစ္စရေးစစ်ပွဲက လွှမ်းမိုးနေ။ နည်းပညာ ပြောင်းလဲလာသည့် မြန်မာပြည်တွင်းစစ်နှင့် အရှေ့ တောင်အာရှတိုင်းပြည်တွေမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။
===
အရှေ့ဥရောပ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စ်-အီရန် ပဋိပက္ခ တွေဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ဖမ်းယူနေကြပါတယ်။ ဒါပေမယ့် အိန္ဒိယ-တရုတ်နိုင်ငံတို့နဲ့ နယ်နိမိတ် ချင်းထိစပ်နေတဲ့ တိုင်းပြည်ငယ်တစ်ခုမှာတော့ စစ်မီးတောက်များရဲ့ ဝါးမြိုခြင်းဒဏ်ကို အသံတိတ် ကြိတ်မှိတ် ခံစားနေတယ်လို့ “ယူရေးရှား_တိုင်းမ်” (24 October 2024) က ရေးသားပါတယ်။
..
တစ်ချိန်က “ဘားမား” လို့ လူသိများခဲ့တဲ့ မြန်မာဟာ လူဦးရေ ၅၅ သန်းခန့်နေထိုင်တဲ့ အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်ပါတယ်။ (လွတ်လပ်ရေး ရရှိတဲ့နှစ်မှာပဲ စတင်ခဲ့တဲ့) သွေးချောင်းစီး ပြည်တွင်းစစ်မီးလျှံကြီးဟာ ယခုတိုင် နိုင်ငံကို ရက်စက်စွာ ဝါးမြိုနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှလိုက်ပုံက အဲ့ဒီတိုင်းပြည်အတွင်း (ဘယ်လိုအကြောင်းမျိုးနဲ့) စစ်ပွဲတွေဖြစ်ပွားနေရတယ်- ဘာတွေဖြစ်လာမယ်ဆို ခြင်းထက် ယူကရိန်းနဲ့ အစ္စရေး ပဋိပက္ခများက လွှမ်းမိုးထားပါတယ်။
..
လက်ရှိ လေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံပြည်တွင်းစစ်ကတော့ ပြင်းထန်တဲ့နိုင်ငံရေး အကျပ်အ တည်းနဲ့ နောက်ဆက်တွဲ ရင်ဆိုင်နေရပါတယ်။ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာရယူလိုက်တဲ့ ၂၀၂၁- ခုနှစ် ဖေဖော်ဝါရီလမှာ မတည်ငြိမ်မှုတွေ စတင်ခဲ့ပါတယ်။ အဲ့ဒီ အာဏာအပြောင်းအလဲဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီဦးတည်မှု ခိုင်မာတဲ့ တိုးတက်မှုကို ရုတ်တရက် ရပ် တန့်စေခဲ့ပါတယ်။
..
ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာစစ်တပ်ဟာ ရုရှားထံမှ လက်နက်များအပါအဝင် ဒေါ်လာ ၁ ဘီလီယံကျော် အ ကူအညီရယူထားကြောင်း သိရှိရပါတယ်။ အဲ့ဒီအချိန်မှစပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဒေသခံ သူပုန်အဖွဲ့များ က အစိုးရအပေါ် ဆန့်ကျင်တဲ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ နစက အာဏာရယူမှုဟာ ကျယ်ပြန်တဲ့ အကြမ်းဖက်မှုကို ဖြစ်ပေါ်စေပြီး လူမျိုးစုဆိုင်ရာ ကိစ္စရပ်များနဲ့ စိတ်ဝမ်းကွဲပြီးသား နိုင်ငံတစ်နိုင်ငံကို ပိုမို ပြိုုကွဲ စေခြင်းဖြင့် ပဋိပက္ခများ ပိုမို ကြီးထွားလာခဲ့ပါတယ်။
..
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ သူပုန်တပ်ဖွဲ့များရဲ့ ထိုးစစ်ကြောင့် တရုတ်နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံ ရှမ်း ပြည်နယ် အရှေ့မြောက်ပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အနေနဲ့ သိသိသာသာ ဆုံးရှုံးခဲ့ ပါတယ်။ တိုင်းပြည်ပြိုကွဲသည်နှင့်အမျှ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ဘောင်ကို ကျော်လွန်ပြီး ဂယက်ရိုက်ခတ်လာပါတယ်။ မြန်မာနိုင်ငံဟာ အဆုံးစွန်သော ပြိုကွဲခြင်း အရှိန်အဟုန် မြင့်တက်လာပြီး နယ်စပ်ဖြတ်ကျော် မငြိမ်မသက်မှုများ ပျံ့နှံ့လာတဲ့အတွက် အိမ်နီးချင်းနိုင်ငံများ အနေနဲ့ စိုးရိမ်ထိတ်လန့်ကုန်ကြပါတယ်။
.
မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်ကို သွားရောက်ဖွယ်အလားအလာ မတိုင်မီ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် မြန်မာနိုင်ငံ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပစ်မှတ်ထားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက်နေချိန် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ နစကအပေါ် ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့များကို ပေကျင်းက ဖိအားပေးနေတဲ့ လတ်တလောဖြစ်ရပ်များနဲ့ တိုက်ဆိုင်နေပါတယ်။
.
ပေါက်ကွဲမှုကြောင့် လူအသေအပျောက် မရှိခဲ့ပေမယ့် ကောင်စစ်ဝန်ရုံး အဆောက်အအုံမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါတယ်။ အခင်းဖြစ်ရပ်မတိုင်မီ အဆိုပါနေရာကို စစ်အစိုးရတပ်များနဲ့ ပြည်သူ့စစ်တို့က လုံခြုံရေး ယူ ပေးထားခိုက်ဖြစ်ကြောင်း သိရှိရပါတယ်။ တိုက်ခိုက်မှုအတွက် အကြမ်းဖက်သမားများကို အပြစ်တင်ကြောင်း နစကက သတင်းထုတ်ပြန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း တရုတ်နိုင်ငံက ပြင်းထန်စွာ ထိတ်လန့်တကြား ထုတ်ဖော်ပြောဆိုခဲ့ပြီး ကျူးလွန်သူများကို ထိ ရောက်စွာအရေးယူပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
.
တရုတ်နယ်စပ်မြို့တစ်မြို့မှာ မြန်မာစစ်တပ်နဲ့ သူပုန်တို့အကြား တိုက်ပွဲများဖြစ်ပွားစဉ် အမြောက်ကျည်များ ထိမှန်တဲ့ အလားတူဖြစ်ရပ်မျိုး ယခုနှစ် ဇန်နဝါရီလတုန်းကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ အခင်းဖြစ်ရပ်အပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့တဲ့ တရုတ်ဟာ သူ့နိုင်ငံသားများရဲ့ အသက်ဘေးနဲ့ ပိုင်ဆိုင်မှုကို အကာအကွယ် ပေး မယ်လို့ သန္တွိဋ္ဌာန် ချမှတ်ခဲ့ပါတယ်။
..
HtayOung(OungMarine)
25 Oct, 02:26
https://www.fatf-gafi.org/en/publications/Mutualevaluations/Mer-myanmar-2018.html
===
HtayOung(OungMarine)
25 Oct, 02:26
(အောက်တိုဘာ- ၂၅၊ ၂၀၂၄) ချင်းပြည်နယ်ဘက်က စစ်သတင်းတွေ ကြားရတယ်။ ထန်တလန်ဟာ ချင်းပြည်နယ်မှာ အလှဆုံးမြို့ကလေးအဖြစ် နာမည်ကြီးပါတယ်။
.
ချင်းပြည်နယ်မှာ သယံဇာတ မရှိပါ။ ချင်းပြည်နယ်အတွင်း ရွာငယ်တစ်ချို့ဟာ အလွန်ရှေးကျတဲ့ လူနေမှု ပုံစံအတိုင်းပဲ ရှိနေသေးတယ်။ အဲ့ဒါကို ကမ္ဘာလှည့်ခရီးသည်တွေက စိတ်ဝင်စားကြတယ်။
.
ချင်းပြည်နယ်မှာ ဒေသတစ်ခုရဲ့ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင် လေ့လာရေး Eco tourism မျိုး ခရီးသွားလည်ပတ်ရှု့ခင်း ကြည့်ခြင်း Sight seeing လို လုပ်ငန်းမျိုးနဲ့ ဝင်ငွေရှာဖို့ အလွန်သင့်လျှော်ပါတယ်။
..
ခရီးသွားပုံသဏ္ဍာန်နဲ့ ဗီဇာစနစ်ပြောင်းလဲပြီးနောက် ယခုလများအတွင်း လော-ထိုင်း-ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်လို အာဆီယံတိုင်းပြည်တွေမှာ ကမ္ဘာလှည့်ခရီးသည်တွေဆီက ပိုက်ဆံတွေ အကြီးအကျယ် သဲ့ယူနေကြောင်း သတင်းတွေ ဖတ်ရတယ်။
..
ကျွန်တော်တို့ဆီမှာ ခုနေ စစ်ကြီးပြီးသွားရင်တောင် ခရီးသွားလာဖို့ ကုန်စည်စီးဆင်းဖို့ စစ်ကျန်ဗုံးတွေ မိုင်းတွေကို အတော်ရှင်းယူရမယ်
အဲ့ဒီပြဿနာကို နှစ်အတော်ကြာ တစ်ပြည်လုံးအနှံ့ ရင်ဆိုင်ကြရလိမ့်မယ်
..
စစ်ကြီးမတိုင်မီတည်းက ကျွန်တော်တို့ဆီမှာ လူသားရင်းမြစ် လျော့နည်းမှု ပြဿနာရှိခဲ့ပါတယ်။
အသက် ၁၈ မှ ၄၅ နှစ်ခန့်ကြား အရွယ်ကောင်း ကျား/မ လူငယ် လူရွယ်တွေဟာ မိသားစု ထမင်းတစ်လုတ်အ တွက် လစာဝင်ငွေကောင်းတဲ့ အသက်မွေးအလုပ်ရှာဖွေရင်း ပြည်ပကို အလုံးအရင်းနဲ့ လှိမ့်ထွက်နေခဲ့ကြတယ်။ ပြည်တွင်းမှာ ကန်သင်းဖော် လယ်ထွန်ဖို့ သူရင်းငှား ရှာမရတော့တာမျိုး၊ ကောက်စိုက်ဖို့ အလှူအတန်း ကွမ်းတောင်ကိုင်ဖို့ မိန်းကလေးငယ်တွေ မရှိတော့တာမျိုး ဖြစ်နေတာ အတော်ကြာပြီ
.
လယ်လုပ်တဲ့အခါ အတန်းလိုက်စိုက်နိုင်ရင် စပါးထွက်နှုန်း ပိုကောင်းပါတယ်။ ဒါပေမယ့် ပျိုးနှုတ် ကောက်စိုက်ဖို့ လူ မရှိတော့တဲ့အတွက် ဒီအတိုင်းပဲ မျိုးစပါး ကြဲပက်ပြီး ဖြစ်သလို စိုက်ပျိုးနေကြတယ်။
.
ခေတ်အဆက်ဆက် အစိုးရတွေဟာ ဒီအကြောင်း မသိပဲ မရှိနိုင်ပါဘူး၊ ပြည်ပရောက် နိုင်ငံသားတွေ ပြန်ပို့တဲ့ နိုင်ငံခြားငွေတစ်ခုတည်းကို မက်မောပြီး ကိုယ့်ပြည်တွင်း လူသားရင်းမြစ်နဲ့ ကုန်ထုတ်စွမ်းအားစု ဆုံးရှုံးနေတာကို ပြုပြင်ခြင်း မရှိခဲ့ပါ။
.
နောက်ဆက်တွဲအဖြစ် လူငယ်လူရွယ်အများစု ပြည်ပတိုင်းပြည်များကို ရောက်ရှိသွားကြလို့ ကိုယ်ဇာတိနိုင်ငံ ကိုယ့်လူ့အဖွဲ့အစည်းအပေါ် အထင်ကြီး မြတ်နိုးစိတ် လျော့ပါးလာရပါတယ်။ အမြင်အတွေးတွေ တိမ်းစောင်းလာရတယ်။
..
ခုနေ စစ်ကြီးပြီးဆုံးပြီး တစ်ပြည်လုံး ငြိမ်းချမ်းသွားရင်တောင်
ပျက်စီးသွားတဲ့ အိုးအိမ်တွေ လမ်းတွေ တံတားတွေ၊ ပြန်လည်တည်ဆောက်ဖို့ အချိန်ကာလတစ်ခု ကြာမြင့်နိုင်တယ်။ ဆောက်လုပ်ရေး ပြန်လည်ထူထောင်ရေးအတွက် ပစ္စည်းတွေ ပိုက်ဆံတွေ လိုအပ်ပါတယ်။
.
အစတည်းက လူသားရင်းမြစ် လျော့နည်းနေတဲ့ တိုင်းပြည်မှာ စစ်ကြောင့် အသက်ဆုံးရှုံးသွားကြသူတွေ ရာခိုင် နှုန်းတစ်ခု ရှိလိမ့်မယ်။
အဲ့ဒီပြဿနာဟာ မူလကတည်းက လူနည်းစုဖြစ်နေတဲ့ တိုင်းရင်းသားမျိုးနွယ် အချို့အတွက် အကြီးအကျယ် ဒုက္ခပေးလိမ့်မယ်။ လူမျိုးစုတစ်ချို့ဆိုရင် လူမျိုးသုဉ်းမတတ် ဖြစ်နေနိုင်တယ်။
..
စစ်ကြောင့် ခြေလက်အင်္ဂါဆုံးရှုံးသွားသူများရဲ့ ဝန်ထုတ်ဝန်ပိုးတွေ ရှိနေပါသေးတယ်
..
အားလုံး သိကြမှာမှာ ခုနေအခါ ဝါးတားဂိတ်အမျိုးမျိုးတွေကို ပေးနေရတဲ့ ပိုက်ဆံတွေ
သူပုန်များ သိမ်းယူထားတဲ့ ပြည်တွင်း မြို့ရွာအချို့မှာ လက်နက်ကိုင်အဖွဲ့များကို အခွန်အဖြစ် ပေးဆောင်နေရ တဲ့ ပိုက်ဆံတွေအားလုံးဟာ မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ဝေတဲ့ ငွေစက္ကူတစ်မျိုးတည်း ဖြစ်နေပါတယ်။
..
အဲ့ဒီ ပိုက်ဆံတွေဟာ ဘယ်နေရာမှာ သုံးစွဲသလဲ၊ မူးယစ်ဆေးဝါးဘက်ရောက်သလား၊ အကြမ်းဖက် ဒုစရိုက်လုပ်ငန်းတွေဘက်ရောက်သလား၊ ငွေကြေး ခဝါချတဲ့ ဘက်ရောက်သွားသလားဆိုတာ
မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမယ့်သူများအတွက် အတားအဆီးတစ်ခုဖြစ်နေတယ်။ ငွေကြေးဖောင်းပွမှု ၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ရွှေနဲ့ နိုင်ငံခြားငွေဈေး မတည်ငြိမ်မှုကို ဖန်တီးနေပါတယ်။
.
NLD အစိုးရလက်ထက်တည်းက အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ် စောင့်ကြည့်အရေးယူတာဝန်အဖွဲ့ The Financial Action Task Force (FATF) ရဲ့ သတိပေးခံ “မီးခိုးရောင် စာရင်းဝင်” ကျွန်တော်တို့နိုင်ငံဟာ
ခုဆို နာမည်ပျက် “အမည်းရောင် စာရင်းဝင်” တိုင်းပြည်အဖြစ် လုံး၀ သတ်မှတ်ခံထားရတယ်။
..
အဲ့ဒါတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုစီးပွားရေးအပေါ် အကြီးအကျယ် ပြဿာနာဖန်တီးလိမ့်မယ်။
အစိုးရတစ်ဖွဲ့တည်းက တာဝန်ယူ ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စဖြစ်လို့ နှစ်ပေါင်းအတော်ကြာအောင် ဂယက်ရိုက်ခတ်လိမ့်မယ်။
..
မူးယစ်ဆေးနဲ့ နာမည်ထွက်နေတဲ့ သူပုန်အဖွဲ့အစည်းတစ်ချို့က သူတို့ကိုယ်ပိုင် ငွေစက္ကူထုတ်ဝေမယ့် သတင်းတွေ ကြားကြမှာပါ။
.
အဲ့ဒါ လူအထင်ကြီးခံရယုံ ငပိန်းဖမ်း ဂျင်းထည့်တာပဲ ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။
တကယ်သာ လုပ်မိရင် အဲ့ဒီလူတွေအားလုံး နလံမထူနိုင်အောင်ဖြစ်ရတဲ့အပြင် တစ်ဆက်တည်းလို ဖြစ်နေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအသီးသီးအကြား ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူတွေအပေါ်မှာလည်း ဒုက္ခပေးပါလိမ့်မယ်။
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
..
HtayOung(OungMarine)
24 Oct, 06:52
(အောက်တိုဘာ-၂၄၊ ၂၀၂၄) မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်။ ကြည်းရေလေ စစ်ရေး လေ့ကျင့်မှု နောက်ကွယ်အကြောင်းအရာနှင့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း မြန်မာရေတပ်မတော်၏ ရေ ကြောင်း လုံခြုံရေး တစ်ကိုယ်တော် စစ်ရေးလေ့ကျင့်မှု
===
ထိုင်းနဲ့ တရုတ်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံရေးဟာ အရှေ့တောင်အာရှဒေသမှာ ထင် ရှားတဲ့ မှတ်တိုင်အတော်များများကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၀၅ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ ဒေသတွင်း ပထမဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အတိုင်းအတာပမာဏနဲ့ှ ရှုပ်ထွေးမှုများ ကြီးထွားလာခဲ့ပြီး အထူးသဖြင့် ၂၀၁၄ ထိုင်းအာဏာသိမ်းမှုအပြီး ပေကျင်းနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံဖို့ ဘန်ကောက်အတွက် အကြောင်းဖန်လာပါ တယ်။ ထိုင်းစစ်တပ် လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ်အပေါ် အမေရိကန်ရဲ့ ဝေဖန်မှုကို ကြံ့ကြံ့ခံနိုင်ဖို့ဖြစ်ပါတယ်။ ယနေ့ ထိုင်းနိုင်ငံဟာ ရေတပ် “Blue Strike” နဲ့ လေကြောင်းတိုက်ခိုက်ရေး “Falcon Strike” အပါအဝင် နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ကြည်းရေလေ သုံးခုစလုံးနဲ့ ပြုလုပ်ခြင်း ဖြစ်တဲ့အတွက် အရှေ့တောင်အာရှဒေသမှာ တစ်မူထူးခြားလျက်ရှိတယ်လို့ “ဒစ်ပလိုမက်” (22 October 2024) က ရေးသားပါတယ်။
..
လွန်ခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှ စတင်ပြီး ယူနန်ပြည်နယ် ကူမင်းမြို့မှာ တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံ ပူး ပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးလေ့ကျင့်ခန်းကို ၁၁-ရက်ကြာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းဟာ ထိုင်းနိုင်ငံ မြောက်ဘက် မိုင် ၅၀၀ ခန့်အကွာ နယ်စပ်အနီး “Strike 2024” စစ်ရေးလေ့ကျင့်မှုရဲ့ နောက် ဆက်တွဲလည်း ဖြစ်ပါတယ်။ ယခုလေ့ကျင့်ခန်းမှာ နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်တွေဟာ မြို့ပြစစ်ဆင်ရေးလေ့ ကျင့်မှု၊ ပရိုလက်နက်အတွေ့အကြုံ ဖလှယ်မှုများနဲ့ တရုတ်နိုင်ငံထုတ် QBZ-95-1 ချေမှုန်းရေး ရိုင်ဖယ်တို့ကို ကိုင်ဆောင်ပြီး စစ်ရေးလေ့ကျင့်နေတဲ့ ထိုင်းစစ်သားများရဲ့ ရုပ်ပုံပါ ဗွီဒီယိုကို ကွန်မြူနစ်အစိုးရပိုင် CCTV သ တင်းဌာနက လွှင့်ထုတ်ခဲ့ပါတယ်။ ပထမ အသားပေး ဖော်ပြတာကတော့ အဲ့ဒီလေ့ကျင့်ခန်းတွေဟာ ၂၀၀၅ ခုနှစ်ကတည်းက သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လုပ်ရိုးလုပ်စဉ်အဖြစ် ရှု့မြင်စေခြင်းပဲ ဖြစ်ပါတယ်။
..
ယခုနှစ် “Strike-2024” စစ်ရေးလေ့ကျင့်ရာမှာ ဒရုန်းများကို ထည့်သွင်းလာကြောင်း တွေ့ရှိရပါတယ်။ ထိုင်း အနေနဲ့ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျောက် ကင်းလှည့်ရန်အတွက် စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ဝယ် ယူရန် စိတ်အားထက်သန်နေပါတယ်။ တရုတ်ဘက်က ကြည့်ရင်လဲ ဒီလို စစ်ရေးလေ့ကျင့်မှုမှာ ဒရုန်းများကို မိတ်ဆက်ခြင်းအားဖြင့် လက်နက်ရောင်းချမှု တိုးချဲ့ရန်နဲ့ အရှေ့တောင်အာရှဒေသအတွင်း သူ့ရဲ့ ကာကွယ် ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကွန်ရက် မြှင့်တင်ရေးကို ပိုမိုကျယ်ပြန့်လာစေဖို့ အထောက်အကူ ရရှိစေပါ တယ်။
..
တရုတ်-မြန်မာနယ်စပ်အနီး ပြုလုပ်ခဲ့တဲ့ “Strike-2024” စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ တရုတ်တပ်ဖွဲ့ဝင်များ အတွက် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူမှောင်ခိုကူးမှု၊ အထူးသဖြင့် တောင်တန်းဒေသမှာ သာမန် မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သတင်းအချက်အလက်နဲ့ နည်း ဗျူဟာများကို ဖလှယ်ကြမယ်လို့ ဆိုပါတယ်။
..
တကယ်တော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသော်လည်း ၎င်းတို့ဒေသအတွင်း မျှဝေရင်ဆိုင်နေရတဲ့ လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကာကွယ်ရေးဆိုင်ရာ အနီး ကပ် ပူးပေါင်းဆောင်ရွက်မှု တည်ရှိနေပါတယ်။ အဲ့ဒီ ပူးပေါင်းဆောင်ရွက်မှုရဲ့ သမိုင်းဝင် ဥပမာတစ်ခုမှာ ထိုင်း အိမ်နီးချင်း ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်မှု ၁၉၇၀ ခုနှစ်များနှောင်းပိုင်းမှ ၁၉၈၀ ခုနှစ်များအထိ ဒေသတွင်းဖြစ်ရပ်များနဲ့ ဆက်စပ်နေပါတယ်။
.
အဲ့ဒီအချိန် ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို ကြောက်ရွံ့နေတဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်အထိ ရောက်ရှိလာတဲ့ ဗီယက်နမ်တပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပေကျင်းဟာ ဗီယက်နမ် ဟာ တရုတ်နိုင်ငံကို ဝိုင်းပတ်ခြိမ်းခြောက်လာတဲ့ ဆိုဗီယက်သြဇာလွှမ်းမိုးမှုရဲ့ Proxy ကိုယ်စားပြုသူအဖြစ် ရှုမြင် လာပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ ထိုင်းနဲ့ တရုတ်တို့ဟာ ဗီယက်နမ်တပ်များကို ခုခံတိုက်ခိုက်ရန် ကမ္ဘောဒီးယား သို့ လက်နက်များ ပေးပို့ခြင်းဖြင့် သူတို့ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားကို ချိန်ညှိပေးခဲ့ကြဖူးပါတယ်။
..
HtayOung(OungMarine)
24 Oct, 06:52
ဒီကိစ္စဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ အိမ်ဖြူတော်ရဲ့ မဟာမိတ်အဖြစ် ထိုင်းနိုင်ငံဟာ အစဉ်အလာအားဖြင့် အမေရိကန် စစ်လက်နက်ပစ္စည်းများကို မှီခိုအားထားခဲ့ပါတယ်။ သို့သော်လည်း့ တရုတ်ရဲ့ ထိုင်းနိုင်ငံသို့ လက်နက်ရောင်းချမှု မြင့်တက်လာခြင်းဟာ ဒေသတွင်း အမေရိကန်ရဲ့ သြဇာလွှမ်း မိုးမှုကို တန်ပြန်ရန် ပေကျင်းရဲ့ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ အမေရိကန်အနေနဲ့ကလည်း တရုတ်ကို ထိန်းချုပ်ဖို့ အရေးကြီးတယ်လို့ ယူဆထားပါတယ်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ အဆိုအရ ယခုအခါ တရုတ်နိုင်ငံဟာ လက်နက်ငယ်များ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များနဲ့ ရေငုပ်သင်္ဘောများ အပါအဝင် ထိုင်းနိုင်ငံ စစ်ဘက်တင်သွင်းမှု၏ ၄၄ ရာခိုင်နှုန်းကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါတယ်။
..
ထိုင်းနိုင်ငံရဲ့ တရုတ်နည်းပညာအပေါ် ပိုမိုမှီခိုလာခြင်းအားဖြင့် အမေရိကန်နဲ့ တရုတ်တို့အကြား ကြီးထွားလာ တဲ့ ပြိုင်ဆိုင်မှုမှာ ကြားနေရန် ပေကျင်းက ဘန်ကောက်ကို တွန်းအားပေးသလို ရှိနေပါတယ်။ အမေရိကန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးဟာ ထိုင်းနိုင်ငံလိုအပ်နေတဲ့ တရုတ်လက်နက်များ လက်လှမ်းမီမှုကို ခြိမ်းခြောက်နိုင်ပြီး ဘန်ကောက်အတွက်လည်း စူပါပါဝါနှစ်နိုင်ငံနဲ့ သူ့ရဲ့ဆက်ဆံရေး ချိန်ခွင်လျှာကို ချိန်ညှိရန် ပိုမိုခက်ခဲစေ ပါတယ်။
..
နိဂုံးချုပ် သုံးသပ်ရရင် Strike-2024 စစ်ရေးလေ့ကျင့်မှုဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့ နောက်ခံပုံရိပ်တစ်ခု ဖြစ်ပြီး တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံစလုံးအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှဝေပေးခဲ့ပါတယ်။ အဆိုပါ စိန် ခေါ်မှုများကြားမှ စစ်လေ့ကျင့်ခန်းတွေဟာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်း ရာမှာ အချင်းချင်း အတွေ့အကြုံနည်းဗျူဟာများမှ သင်ယူနိုင်ဖို့ အဖိုးတန်အခွင့်အလမ်း ပွင့်ဟသွားခြင်းလည်း ဖြစ်ပါတယ်။
.
ဒါ့အပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနဲ့ နယ်စပ်တစ်လျှောက် လုံခြုံရေး အားကောင်းစေရန် ဒရုန်းများ ကို စိတ်ဝင်စားစွာ ရှာဖွေနေတဲ့ ထိုင်းနိုင်ငံကို တရုတ်အနေနဲ့ သူ့ရဲ့ နောက်ဆုံးပေါ် စစ်ဘက်ဆိုင်ရာ နည်း ပညာများ ပြသခွင့် ရရှိခဲ့ပါတယ်။ ခေတ်မီနည်းပညာများ ထည့်သွင်းခြင်းရဲ့ ဦးတည်လမ်းကြောင်းဟာ ၂၀၂၄-ခုနှစ် ကမ္ဘောဒီးယား-တရုတ်တို့အကြား “ရွှေနဂါးစစ်ရေလေ့ကျင့်ခန်း” မှာ မောင်းသူမဲ့လေယာဉ်များကို တိုက် ခိုက်ရေးနဲ့ ဆက်နွယ်ပြီး နိုင်ငံအများ စိတ်ဝင်တစား ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
.
ရှေ့တစ်ဆင့်တိုး စဉ်းစားကြည့်ရင်တော့ တရုတ်အနေနဲ့ အရှေ့တောင်အာရှတစ်ဝှမ်းမှာ သူ့ရဲ့လက်နက် ရောင်း ချမှုကို မြှင့်တင်ရန်အတွက် အဆင့်မြင့်မောင်းသူမဲ့လေယာဉ်များနဲ့ စစ်လက်နက်ပစ္စည်းများကို ဆက် လက်အ သုံးပြုနေဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံအားလုံးနဲ့ ချစ် ကြည်ရင်း နှီးစွာ ဆက်ဆံလိုတဲ့ ထိုင်းနိုင်ငံလို တိုင်းပြည်မျိုးမှာတော့ တရုတ်ရဲ့ လက်နက်ရောင်းချမှုဟာ သိသိသာသာ တိုးမြင့်လာဖွယ် မတွေ့ရှိရပါဘူး။
..
(( ယခုသတင်းကို “အောက်တိုဘာ ၂၀ မှ ၂၄ ရက်နေ့အထိ”ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း မြန်မာရေတပ်မ တော်ရဲ့ ရေကြောင်းလုံခြုံရေး စစ်ရေးလေ့ကျင့်မှုအကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅-ရက်နေ့ ကျွန်တော့်ရဲ့ လူမှုကွန်ရက်မှ ဖော်ပြချက်နဲ့ ယှဉ်တွဲသုံးသပ်စေလိုပါတယ်။
.
တရုတ်အနေနဲ့ သူ့နိုင်ငံကို ရုရှားသြဇာလွှမ်းမိုးမှု ဝိုင်းပတ်ခြိမ်းခြောက်နေတယ်လို့ ခံစားနေရကြောင်း၊ အဲ့ဒီအ ကျပ်အတည်းဟာ ကျွန်တော်တို့နိုင်ငံ ပြည်တွင်းစစ်ကို Proxy War ဖြစ်အောင် တွန်းပို့နေကြောင်း ကျွန်တော် တစ်ဦးတည်းအနေနဲ့ ထင်မြင်မိပါတယ်။ ။သတင်းဘာသာပြန်သူ))
..
#မြန်မာနယ်စပ်အနီး_ထိုင်း_တရုတ်_ပူးတွဲစစ်ရေးလေ့ကျင့် #Strike_2024 #QBZ_95_1 #PLA
#Blue_Strike #Falcon_Strike #မြန်မာရေတပ်မတော် #တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
..
(((The Diplomat., 22 October 2024,” What’s Behind the China-Thailand ‘Strike-2024’ Exercise? ” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..
https://thediplomat.com/2024/10/whats-behind-the-china-thailand-strike-2024-exercise/
https://www.scmp.com/news/china/military/article/3282613/china-thailand-begin-latest-joint-military-drills-beijing-boosts-defence-ties
===
HtayOung(OungMarine)
24 Oct, 06:52
၂၀၂၁- ခုနှစ် နစက အစိုးရ အာဏာရယူမှုကြောင့် မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ ပိုမိုဆိုးရွားလာပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့အကြားမှာလည်း တဖန်ပြန်လည်နီးကပ်လာခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ တရားမဝင် လူဝင် ရောက်မှုများ၊ လက်နက်မှောင်ခိုကူးမှုမျိုးတို့လို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အပါအဝင် မြန်မာပြည်တွင်း စစ် က လျှံထွက်လာတဲ့ အကျိုးဆက်များကို ရင်ဆိုင်နေရပါတယ်။ နှစ်နိုင်ငံစလုံးရဲ့ စိုးရိမ်မှုတွေဟာ အထူးသဖြင့် သူ တို့ရဲ့ သက်ဆိုင်ရာ နယ်စပ်တစ်လျှောက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပါ တယ်။
..
မြန်မာအစိုးရရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) များပါ နှစ်ဖက်စလုံးမှ ဒရုန်းများ အသုံးပြု တိုက်ခိုက်နေတဲ့ ပဋိပက္ခဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာများကို မြင့်တက်လာစေပါတယ်။ ဒရုန်းတွေဟာ သမားရိုးကျ ရေဒါထောက်လှမ်းမှုကို ရှောင်လွှဲနိုင်ပြီး ၎င်းတို့ကို ဖျက်ဆီးပစ်ဖို့ ဒုံးကျည်စနစ်တွေ ကိုသာ အသုံးပြုရမယ်ဆိုရင် ထိုင်းစစ်တပ်အတွက် ဈေးကြီးလွန်းတဲ့ အကန့်အသတ် ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ထိုင်းနိုင်ငံကြား မိုင်ပေါင်း ၁၅၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်စည်းရိုးတလျှောက် ကင်းလှည့်ရမယ့် ကိစ္စဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုဖြစ်နေပါတယ်။
..
အဲ့ဒီ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့အတွက် ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူ စာ တမ်းမှာ စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ဝယ်ယူရန်နဲ့ နိုင်ငံအချုပ်အခြာနယ်နိမိတ်များကို ပိုမိုကောင်းမွန်စွာ လုံခြုံစေရေး တန်ပြန်ဒရုန်း အစီအမံများကို မြှင့်တင်ရန် ထည့်သွင်းထားပါတယ်။ ဒါပေမယ့် “ပရီဒေတာ” နဲ့ “ရီပါး” တိ့ုလို အမေရိကန်ဒရုန်းတွေဟာ ထိုင်းနိုင်ငံအတွက် အလွန်ဈေးကြီးပါတယ်။ ဒါ့ကြောင့် ထိုင်းဘုရင့်တပ် မတော် (RTA) အနေနဲ့ သူတို့ရဲ့ စောင့်ကြည့်ရေးစွမ်းရည်ကို မြှင့်တင်ပေးမယ့် Sky Saker FX80 ဒရုန်းများကို ဝယ်ယူဖို့ “တရုတ်နော်ရင်ကို ကုမ္ပဏီ” နဲ့ ၂၀၂၃- ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
..
Strike-2024 စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်းတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ တရုတ်မောင်းသူမဲ့လေယာဉ်များကို ကိုင်တွယ်ထိန်းကျောင်းရန် သင်ယူခဲ့ပြီး အချိန်နှင့်တပြေးညီ ထောက်လှမ်းရေးနဲ့ ကွပ်ကဲမှုစွမ်းရည်များကို မြှင့် တင်ခဲ့ပါတယ်။ ဒရုန်းဆိုတာမျိုးဟာ တောတွင်းစစ်ဆင်ရေးများမှာ အထူးအသုံးဝင်ပြီး အနီအောက်ရောင်ခြည်နဲ့ ညဘက်အမြင်အာရုံကို အသုံးပြုနိုင်တဲ့အတွက် မြင်နိုင်စွမ်းနည်းပါးတဲ့ နေရာများမှာလည်း တိုက်ပွဲဝင်နိုင်ပါ တယ်။ အဲ့ဒီ နည်းပညာဟာ ထိုင်းစစ်တပ်အနေနဲ့ ပူးပေါင်းညှိနှိုင်းစေပြီး နယ်ပယ်အသီးသီးမှာ ပိုမို ကောင်း မွန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် အကူအညီပေးပါတယ်။
..
အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ထိုင်းဘုရင့်တပ်မတော် RTA တို့အကြား မြန်မာနိုင်ငံမှ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖို့ နည်း ဗျူဟာများကို မြှင့်တင်နိုင်စေခဲ့ပါတယ်။ Strike-2024 မှာ သတ်မှတ်ဧရိယာအတွင်း ရှင်းလင်းရေးနဲ့ ဓားစာခံ ကယ်တင်ခြင်းမျိုးတို့လို မြို့ပြအကြမ်းဖက်မှုနှိမ်နင်းရေးလေ့ကျင့်မှုများမှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအတွက် အဖိုး တန်လက်တွေ့အတွေ့အကြုံများကို ပေးစွမ်းနိုင်ပါတယ်။ PLA အနေနဲ့ကလည်း ထိုင်းစစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ အထူးသဖြင့် ၁၉၆၀- ခုနှစ်များအတွင်း သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး များနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လတ်တလော စစ်ရေးအတွေ့အကြုံများကို လေ့လာခွင့် ရရှိခဲ့ပါတယ်။
..
ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပေကျင်းရဲ့ လက်နက်ရောင်းချမှုကို မြှင့်တင်ရန်နဲ့ အရှေ့တောင်အာ ရှဒေသ ကာကွယ်ရေးဆက်ဆံမှုကို ခိုင်မာစေရေးအတွက် အရေးကြီးပါတယ်။ အဆိုပါ လေ့ကျင့်ခန်းတွေဟာ ထိုင်းတို့လို ဖောက်သည်အသစ်များကို ဆွဲဆောင်နိုင်ရန်နဲ့ တရုတ်ရဲ့ စစ်ရေးနည်းပညာကို သရုပ်ပြရန် ကူညီ ပေးပါတယ်။ လက်နက်တင်ပို့မှု တိုးမြှင့်ခြင်းဖြင့် တရုတ်နိုင်ငံဟာ မျှဝေထိန်းသိမ်းစောင့်ရှောက်မှု၊ ထောက်ပံ့ပို့ ဆောင်ရေးနဲ့ လေ့ကျင့်ရေးတို့ကို မီးမောင်းထိုးပြပြီး အရှေ့တောင်အာရှနိုင်ငံများနဲ့ ကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ထားပါတယ်။
.
HtayOung(OungMarine)
24 Oct, 02:21
(အောက်တိုဘာ-၂၄၊ ၂၀၂၄)
ကျွန်တော့် လက်ရှိ သက်တမ်းရဲ့ ထက်ဝက်လောက်ဟာ
ကမ္ဘာ့အရှေ့အနောက်တိုင်းပြည်များကြား လှည့်ပတ်သွားလာရင်း အချိန်ကုန်ခဲ့တယ်။
.
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အထိ “မင်း ဘယ်က လာသလဲ ” မေးခွန်းကို ဖြေတဲ့အခါ
Burma ပြောပြော Myanmar ပြောပြော သိတဲ့သူ အလွန်နည်းတယ်
.
ခုနောက်ပိုင်း မြန်မာကို သိမယ့် သိကြတော့
တကယ့် သောက်ကျိုးနည်း အကြောင်းအရာတွေနဲ့ချည့်ဖြစ်နေတယ်။
Notorious မကောင်းသတင်းတွေနဲ့ ယှဉ်တွဲပြီး လူသိများ ခံရသလို ဖြစ်နေတာ သတိထားမိတယ်။
.
ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင် အတော်များများကတော့
ကြွေးထူ မပူ၊ သန်းထူ မယား ဆိုသလို အဲ့ဒါတွေကို အလေးအနက်ထားပုံမရပါ။
ဘာမှ အားကိုးစရာ မရှိ၊
ကောင်းလာမှာလည်း မဟုတ်တော့သလို အတွေးအမြင်ရှိသူ အများစုဖြစ်နေပြီလား ထင်မှတ်ရတယ်။
.
ဟုတ်တော့လည်း ဟုတ်တယ်။
သူတို့ ကျွန်တော်တို့တစ်သက် လက်ရှိထက် ပိုကောင်းလာတယ်ဆိုတာ မရှိသလောက်ပဲ ကိုး
..
အထူးသဖြင့် သားအရွယ် သမီးအရွယ် ပြည်တွင်းနေ လူငယ်လေးတွေအားလုံးဟာ
အနာဂါတ်ပျောက်ဆုံးသူတွေလို ဖြစ်နေကြတယ်။
ဒါက ဒီလို မျှော်လင့်စရာ ရှိပါသေးတယ်လို့ ပြောမိရင် မယုံကြည်တတ်ကြတော့ပါ
သူတို့ ယုံအောင် ပြောပြဖို့ကလည်း ကျွန်တော့်အတွက် ခက်ခဲလွန်းတယ်
..
တိုတိုပြောရရင် ဒီလိုနဲ့ ကျွန်တော်တို့ဟာ အနှုတ်လက္ခဏာ အတွေးအမြင်ရှိသူ အများစုဖြစ်လာနေတယ်
အပြုသဘော မဆောင်တဲ့ စိတ်အလုပ် လုပ်ပံမျိုးုနဲ့ သွားလာ ရှင်သန်နေကြပြီလားလို့
အကြီးအကျယ် တုန်လှုပ်မိတယ်။
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
===
HtayOung(OungMarine)
23 Oct, 15:15
ဒါပေမယ့် ဆန္ဒပြသူတွေဟာ ဘန်ဂါဘန်းအိမ်တော်ရှေ့မှာ ည ၁၂ နာရီကျော်ကြာအောင် ရှိနေခဲ့ပြီး သမ္မတ ရှာဟာဘတ်ဒင် မနုတ်ထွက်မချင်း လူစုခွဲရန် ငြင်းဆန်နေကြပါတယ်။ တုံ့ပြန်တဲ့ အနေဖြင့် သမ္မတအိမ်တော် တစ်ဝိုက်မှာ လုံခြုံရေးအင်အားကို တိုးမြှင့်ချထားကြောင်း တွေ့ရှိရပါတယ်။
.
သမ္မတ ရှာဟာဘတ်ဒင်ကို ယခုသီတင်းပတ်အတွင်း အထူးသဖြင့် ဗုဒ္ဓဟူး သို့မဟုတ် ကြာသပတေးနေ့နောက်ဆုံးထားပြီး အပြီးတိုင် ဖြုတ်ချမယ်လို့ ဆန္ဒပြသူများကိုယ်စား “ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ကျောင်းသားများ လှုပ်ရှားမှုအုပ်စု” ညှိနှိုင်းရေးမှူး ဟာဇက်အဗ္ဗဒူလာက ကြေညာပါတယ်။
.
ဒါပေမယ့် ရှာဟာဘတ်ဒင်ရဲ့ မီဒီယာအင်တာဗျုးနဲ့ ပတ်သက်ပြီး သမ္မတရာထူးမှ ဖယ်ရှားဖို့အထိ ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် ယူနွတ်ရဲ့ သတင်းပြန်ကြားရေးအတွင်းဝန်က မီဒီယာများ မေးခွန်းကို ပြန်လည်ဖြေဆိုပါတယ်။
.
အတည်ဖြစ်နေခဲ့တဲ့ ဟာစီနာ နုတ်ထွက်တဲ့ကိစ္စမှာ ရှာဟာဘတ်ဒင်က ဒီလိုပြောပါတယ်လို့ မီဒီယာတွေက အမျိုးမျိုး ဖွကြတဲ့အတွက် လူအများစိတ်မှာ ရှုပ်ထွေးမှုဖြစ်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် သမ္မတက တနင်္လာနေ့မှာ ပြောပါတယ်။
..
ဒါပေမယ့် အင်္ဂါနေ့မွန်းလွဲပိုင်း ဒါကာမြို့ ရှာဟိဒ်မင်နာ လူထုအစည်းအဝေးမှာ ဆန္ဒပြကျောင်းသားများက တောင်းဆိုချက် ၅-ချက်ကို ကြေညာခဲ့ပြီး သူတို့ရဲ့ လှုပ်ရှားမှုကို မရပ်တန့်နိုင်ကြောင်း ပြသလိုက်ပါတယ်။ (ဟာစီနာရဲ့ဖခင် အမျိုးသားခေါင်းဆောင်) 'မူဂျီဘစ်ဝါဒ' အခြေခံတဲ့ ၁၉၇၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အဝါမီလိဂ်ပါတီရဲ့ လက်ရုံး အဖွဲ့ အစည်းအားလုံးကို ပိတ်ပင်ရေး၊ ဇူလိုင်အရေးအခင်း ကြွေးကြော် သံများကို 'သမ္မတနိုင်ငံကြေညာစာတမ်း' အဖြစ် သတ်မှတ်ရေး၊ (ဟာစီနာ အနိုင်ရရှိ) နောက်ဆုံး ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ၃-ခုကို တရားမဝင် ကြေညာရေးတို့လည်း ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
.
အိမ်နီးချင်းနိုင်ငံများက ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နိုင်မယ့် အခွင့်အလမ်းမှန်သမျှ တားဆီးရေး၊ သမ္မတသစ်ရွေးချယ်ရန်အတွက် နိုင်ငံရေး ပါတီများအားလုံးနဲ့ တိုင်ပင်သင့်တယ်လို့ သမ္မတအိမ် တော်ရှေ့မှောက်မှာ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်က မီဒီယာများကို ပြောပြပါတယ်။ ရှာဟာဘတ် ဒင် (အမည်ပြောင် “ချုပူး”) ကို ဖယ်ရှားလိုက်တဲ့အခါ သမ္မတတစ်ဦး မရှိခြင်းကို အခွင့်ကောင်းယူပြီး အိမ်နီးချင်း နိုင်ငံများက ဘင်္ဂလားဒေ့ရှ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာနိုင်ကြောင်း၊ ဒါကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် အတွင်း ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးပါတီများရဲ့ အကြံဉာဏ်သွင်းအားစုပေါ်မူတည်ပြီး နောက်ထပ် သမ္မတတစ်ဦးကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
..
#ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ_နှုတ်ထွက်စာ #ယူနွတ်ယာယီအစိုးရ #အဝါမီလိဂ်အစိုးရ
#ဘင်္ဂလားဒေ့ရှ်သမ္မတ_မိုဟာမက်_ရှာဟာဘတ်ဒင်
..
((( The Print., 23 October 2024,” Did Bangladesh president get Hasina’s resignation letter or not? Conflicting statements spark protests” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။
..
https://theprint.in/world/did-bangladesh-president-get-hasinas-resignation-letter-or-not-conflicting-statements-spark-protests/2324920/
https://www.livemint.com/news/world/bangladesh-tense-again-students-now-want-president-mohammed-shahabuddin-to-resign-what-triggered-fresh-protests-11729682892945.html
https://www.livemint.com/news/world/bangladesh-tense-again-students-now-want-president-mohammed-shahabuddin-to-resign-what-triggered-fresh-protests-11729682892945.html
===
HtayOung(OungMarine)
23 Oct, 15:15
(အောက်တိုဘာ-၂၃၊ ၂၀၂၄) ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ။ ဟာစီနာ ခန့်အပ်ခဲ့သည့် လက်ရှိသမ္မတ နှုတ်ထွက်ပေးရန် ဘင်္ဂလား ဒေ့ရှ်၌ ဆန္ဒပြ တောင်းဆိုနေ
===
ယခင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအနေနဲ့ နုတ်ထွက်စာတင်သွင်းခဲ့တယ်လို့ စာရွက်စာတမ်း အထောက် အထား မရှိကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင်က ပြောကြားပြီး ရက်ပိုင်းအကြာ ဒါကာ မြို့ နေရာအများအပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားလျှက်ရှိပါတယ်၊ ဆန္ဒပြသူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ သမ္မတသစ်တစ်ဦး ပြောင်းလဲပေးဖို့အတွက် တောင်းဆိုနေကြတယ်လို့ နယူးဒေလီအခြေစိုက် “သည် ပရင့်” (23 October 2024) က ရေးသားပါတယ်။
..
အသက် ၇၄-နှစ်အရွယ် ဥပဒေပညာရှင် မိုဟာမက် ရှာဟာဘတ်ဒင်ဟာ ယခင်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရ လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နာမင်းကြီး၊ အဝါမီလိဂ်ပါတီ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၃-ခုနှစ် ဧပြီလ ပါတီရဲ့ သမ္မတရွေးကောက်ပွဲမှာ ကန့်ကွက်သူမရှိ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရဲ့ ဆဋ္ဌမမြောက် သမ္မတဖြစ်လာပါတယ်။
..
အဝါမီလိဂ်အစိုးရကို လပေါင်းအတန်ကြာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသူတွေဟာ ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီး နင်းကြတဲ့အတွက် ရှိတ်ဟာစီနာလည်း ယခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ရပါတယ်။ အဝါမီလိဂ်အစိုးရ ပျက်ပြားသွားတဲ့အတွက် သမ္မတ ရှာဟာဘတ်ဒင်က လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရန် နိုင်ငံတစ်ဝှန်းလုံးရှိ နိုင်ငံရေးခေါင်းဆောင်များနဲ့ ဆွေးနွေး ခဲ့ ပါတယ်။ သြဂုတ်လ ၈-ရက်နေ့မှာ နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်က အကြံပေးအရာရှိချုပ်အဖြစ် တာဝန်ယူတဲ့ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရက သမ္မတ ရှာဟာဘတ်ဒင်ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
..
ဟာစီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဝန်ကြီးချုပ်ဟောင်းရဲ့ နုတ်ထွက်စာကို လက်ခံရရှိထားကြောင်း ဘင်္ဂ လားဒေ့ရှ် သမ္မတရဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ပါရှိခဲ့ပါတယ်။
..
ဒါပေမယ့် ရှိတ်ဟာစီနာ နှုတ်ထွက်တယ်လို့သာ ကြားသိရပေမယ့် မှတ်တမ်းအထောက်အထား တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း လွန်ခဲ့တဲ့ အောက်တိုဘာ ၁၉-ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ “မန်နက်ဇာမင်” နေ့စဉ်သတင်းစာနဲ့ တွေ့ဆုံစဉ် သမ္မတ ရှာဟာဘတ်ဒင်က ပြောဆိုခဲ့ခြင်းဖြင့် လက်ရှိ ယူနွတ်ယာယီအစိုးရအနေနဲ့ တရားဝင်မှု ရှိ-မရှိ မေးခွန်းထုတ်စရာ အရှုတ်အထွေး စတင်ဖြစ်ပေါ်လာခဲ့ရပါတယ်။
.
ဝန်ကြီးချုပ်ဟောင်း နိုင်ငံခြားကို ထွက်ခွာသွားတယ်လို့ ကြားသိရကြောင်း၊ ဒါပေမယ့် သမ္မတဖြစ်တဲ့ သူ့ထံ တစ်စုံတစ်ရာအကြောင်းကြားခဲ့ခြင်း မရှိကြောင်း၊ အဲ့ဒီအချိန် သမ္မတအိမ်တော်ကို ရောက်ရှိလာတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာထံ အကြောင်းစုံသိရဖို့ မေးမြန်းခဲ့ကြောင်း၊ ရှိတ်ဟာစီနာ ရာထူးက နှုတ်ထွက်သွားပြီလို့ သူလည်း ကြားသိရတယ်လို့ ဖြေဆိုကြောင်း၊ ဟာစီနာဟာ သမ္မတနဲ့ ကာကွယ်ရေးဦးစီး ချုပ်ဖြစ်သူထံ အကြောင်းကြားရန် အချိန်မရခြင်းလည်း ဖြစ်နိုင်ကြောင်း၊ အခြေအနေတွေ ထိန်းချုပ်လာနိုင်တဲ့ နောက်တစ်နေ့မှာ အစိုးရအဖွဲ့ အတွင်းရေးမှူးက နုတ်ထွက်စာမိတ္တူကို လာရောက်တောင်းခံကြောင်း၊ “ငါလည်း လိုက်ရှာနေတယ်” လို့ သူ့ကိုပြောခဲ့ကြောင်း သမ္မတ ရှာဟာဘတ်ဒင်က ပြောပါတယ်။
..
အဲ့ဒီအင်တာဗျူးကို တနင်္ဂနွေနေ့ ထုတ်ဝေတဲ့ “ဂျာနာတာခိုးရ်” နိုင်ငံရေး နေ့စဉ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ အလားတူ ပြောဆိုချက်ကို လွန်ခဲ့တဲ့ သြဂုတ်လလယ် ရိုက်တာသတင်းအေဂျင်စီနဲ့တွေ့ဆုံစဉ် ရှိတ်ဟာစီ နာရဲ့သား “ဆာဂျစ်ဝါဇက်” ကလည်း ပြောခဲ့ဖူးပါတယ်။
..
သူ့ရဲ့ မိခင်ဖြစ်သူဟာ တရားဝင်နှုတ်ထွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ အချိန်လည်း မရှိကြောင်း၊ နုတ်ထွက်စာ တင်ရန် ရည်ရွယ်ခဲ့ပေမယ့် ဝန်ကြီးချုပ်နေအိမ်အနီးထိ ဆန္ဒပြသူများ ချီတက်လာနေတဲ့အတွက် မိခင်ကြီး အနေနဲ့ ပစ္စည်းထုပ်ပိုးရန်ပင် အချိန် မရခဲ့ကြောင်း၊ မိခင် ရှိတ်ဟာစီနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘင်္ဂလားဒေ့ရှ်ရဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
..
ဆာဂျစ်ဝါဇက်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သမ္မတ ရှာဟာဘတ်ဒင်ရဲ့ အင်တာဗျူးများအပြီးမှာ အငြင်းပွားမှု များ ပိုမိုပြင်းထန်လာပါတယ်။
..
မိုဟာမက်ယူနွတ် ဦးဆောင် ကြားဖြတ်အစိုးရရဲ့ တရားဝင်မှု နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ထွက်ပေါ် လာပြီးနောက် အင်္ဂါနေ့ ဒါကာမြို့ လမ်းမပေါ်မှာ ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဟာစီနာအစိုးရကို ပြုတ်ကျ စေခဲ့တဲ့ ကျောင်းသားများ ဦးဆောင် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဘန်ဘာဘန်း အမည်ရှိ သမ္မတအိမ်တော် ရှေ့မှာ ညနေ ၅-နာရီမှ စတင်ပြီး ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။ ညနေ ၈ နာရီ ၃၀ ဝန်းကျင်မှာ အိမ်တော် လုံခြုံရေးအတားအဆီးများကို ဖြိုဖျက်ရန် အားထုတ်ရာမှ တားဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
.
HtayOung(OungMarine)
23 Oct, 08:06
(အောက်တိုဘာ-၂၃၊ ၂၀၂၄) အခုလို အလှမယ်‌ရွေးပွဲ လုပ်ရခြင်းမှာ
ဖျင်အပြောင်သားလေးတွေ ထိုင်ကြည့်ချင်လို့ မဟုတ်ပါဘူး
နောက်ကွယ် ရည်ရွယ်ချက်ရှိပါတယ်
သူတို့ကို ကုလသမဂ္ဂ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုက ဂုဏ်ထူးဆောင် သံတမန်ခန့်ပြီး ငတ်နေတဲ့ တိုင်းပြည်က ကလေးတွေ စားနပ်ရိက္ခာရဖို့ စာသင်ကျောင်းဆောက်ဖို့ ကာကွယ်ဆေးထိုးနှံကြဖို့ ပညာပေး ဟောပြောခိုင်းတတ်ပါတယ်။ အဲ့ဒီနေရာမှာ အသုံးချတတ်ပါတယ်။
.
ဒါ့ကြောင့် ရုပ်လှယုံ- ကိုယ်လုံးလှယုံနဲ့ မပြီး
ဖြတ်ထိုးဉာဏ်ဘယ်လောက်ကောင်းလဲ စကားပြောဘယ်လိုရှိလဲ
အမှတ်ပေး ဆုံးဖြတ်ကြခြင်းပါ
ယောက်ျားကြီးဖြစ်တဲ့ ဂျက်ကီချန်းဆို ယူနက်စကို ဂုဏ်ထူးဆောင် သံတမန်အနေနဲ့ မြန်မာပြည်ကို ရောက်လာဖူးပါတယ်။
.
နာမည်ကြီး သရုပ်ဆောင်ဖြစ်တိုင်းလဲ ဂုဏ်ထူးဆောင်သံတမန်မဖြစ် အရက် ဆေးလိပ်ကြော်ငြာ ရိုက်ကူးခဲ့ဖူးသူ မဟုတ်ဖို့ လိုအပ်ပါတယ်။
ဆုရပြီးမှ အနေအထိုင်မတတ်လို့ သရဖူပြန်ရုတ်သိမ်းခံရသူတွေလည်း မနည်းမနောပါပဲ
.
တိုင်းပြည်တစ်ပြည်မှာ ဘဏ္ဍာငွေအကုန်အကျခံပြီး ဆီးဂိမ်းလို ပြေးခုန်ပစ်ပွဲတွေ လုပ်ရခြင်းမှာ ငါတို့တိုင်းပြည်မှာ သန်မာသူ ဘယ်လောက်ရှိတယ်။ ဘယ်လောက် စည်းလုံးညီညွတ်တယ်ဆိုတာ ပြချင်တာလည်း ပါပါတယ်။
.
ကျွန်တော်တို့လို ကိုဗစ်ဖြစ်လိုက် ကိုစစ်ဖြစ်လိုက် ရေကြီးလိုက်တိုင်းပြည်မှာ ကိုယ့်သမီးအရွယ်လေး ကမ္ဘာသိဖြစ်လာတာ ဝမ်းသာစရာပါ
.
တစ်ခုနောက်ဆုံးသတိပေးချင်တာ အကြောင်းအရာတစ်ခုကို အပြည့်အစုံ မသိပဲ ကျွန်တော့ရဲ့ စာသမားဖြစိတည်မှုကို မစော်ကား မိဖို့ပါ
.
.
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
HtayOung(OungMarine)
23 Oct, 01:53
(အောက်တိုဘာ-၂၃၊ ၂၀၂၄) သူ့အိုးနဲ့ သူ့ဆန် တန်ယုံဖြစ်နေ
===
မြန်မာနဲ့ ယိုးဒယားဆိုတာ လူဦးရေးချင်း အတိမ်းမယိမ်း- ဗုဒ္ဓဘာသာဝင်အများစုဖြစ်ပုံချင်းလဲ တူ
ရေမြေ စားသောက်ပုံ ဓလေ့ တထပ်တည်းနီးပါး တူပါတယ်
.
ယိုးဒယားဟာ ကမ္ဘာမှာ အာဏာသိမ်းမှု ကြိမ်ရေအများဆုံးနိုင်ငံပဲ
ဒါပေမယ့် အာဏာသိမ်းတယ်ဆိုပြီး သူပုန်ထတဲ့သူ ယိုးဒယားမှာ မရှိဘူးလို့ ဒီဘက်က ပြောတယ်။
..
ယိုးဒယားစစ်တပ်နဲ့ ဒီကစစ်တပ် မတူဘူးလို့ ဟိုဘက်က ပြန်ပြောတယ်။
ဒီက ကောင်တွေက ယိုးဒယားတွေလို မယဉ်ပါးဘူး ဆိုတော့ ဒီဘက်ကလူတွေ ဆတ်ဆတ်ခါ နာကြတယ်။
..
..
ဟော အခု အလှမယ်နဲ့ ဘုတလင်ကိစ္စ SS တစ်ပုဒ်တည်းနဲ့တင်
အိမ်ဦးတက် ချီးပါတယ်လို့ အဲ့ဒီ ဆတ်ဆတ်ခါတွေကပဲ ဆတ်ဆတ်ခါကြပြန်တယ်
.
အကောင့်စစ်က တင်ပြီး ပြန်ဖျက်သွားတာ ဖြစ်လို့ ခွင့် မလွှတ်နိုင်ဘူး .. ဆိုပဲ
..
တကယ်တော့ ကျွန်တော်တို့တိုင်းပြည်
လူမျိုးစု ၁၀၀ ကျော်မှာ ယခင် လက်နက်ကိုင်အဖွဲ့ ၁၀၀ ကျော် ယခု ၃၀၀ ကျော်
.
လွတ်လပ်ရေးရပြီး ၃-လ မပြည့်ခင် ပြည်တွင်းစစ် စဖြစ်၊
ခုဆို နှစ်ပေါင်း ၇၀ ကျော်ပြီး မြို့တွေ ရွာတွေ ထောင်းလမောင်းကြေ
လူအတော်များများ စစ်ဘေးရှောင်ဖြစ် ကုန်ဈေးနှုန်းတွေ တက်ပြီးရင်း တက်နေတယ်။
..
#ကျွန်တော်_ယုံကြည်ပါတယ်။ #အဲ့ဒါ_သူ့အိုးနဲ့_သူ့ဆန်
#တန်ယုံဖြစ်နေကြတာ_လို့
.
#နှစ်ဖက်စလုံး_ပြောနေတာတော့
#ဒီမိုကရေစီနဲ့_ဖက်ဒရယ်ပြည်ထောင်စုက_တစ်ပြားမှ_မလျော့ကြဘူး
..
#သောက်ရှက်လဲ_မရှိကြဘူူး
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
HtayOung(OungMarine)
21 Oct, 15:31
သဲစုငြိမ်းဟာ နှစ်ယောက်ဖြစ်လိမ့်မယ်။
ဒလသဲစုငြိမ်းဟာ အခုဆို ၂၄ နှစ်ရှိပြီ လူကောင်သေးတယ်
၂၀၂၃ မှာ ထောက်လှမ်းရေးက ခေါ်ယူသတိပေးခံရပြီး လုံးဝ ပျောက်ကွယ်သွားပြီ
ယခု Miss Grand Myanmar သဲစုငြိမ်းက ၁၈ နှစ် အရပ်က ပြိုင်ပွဲဝင်များနဲ့ တန်းတူဖြစ်တယ်
အဂ်လိပ်စကားပြောမှာ native speakers နဲ့ ငယ်ငယ်တည်းက လေ့ကျင့်ထားပုံရတယ်
Miss ပြိုင်ပွဲများမှာ အသက်လိမ်ပြိုင်လို့ ရမယ်မထင်ပါ
မိဘချင်းလဲ မတူပါ
https://youtu.be/9hCh6lC-U6g?si=t1Unn0G7FDZe6GZI
HtayOung(OungMarine)
21 Oct, 14:50
(အောက်တိုဘာ- ၂၁၊ ၂၀၂၄) အလှမယ် သဲစုငြိမ်း ၂-ယောက် ရှိသလား
===
လွန်ခဲ့တဲ့ ၄-နှစ် မဇ္ဈိမ သတင်းဌာနနဲ့ အင်တာဗျူးခဲ့တဲ့ ရန်ကုန်ုတိုင်း ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက် ကျူးကျော် အိမ်ကလေးမှာ နေခဲ့သူ နိုင်ငံတကာဂုဏ်ဆောင် ကာယအားကစားမယ် သဲစုငြိမ်းဟာ အသက် ၁၈ နှစ် ဖြစ်ပါတယ်။
https://youtu.be/qjf4ShtFMSE?si=WNL3U38dv0WPpJ5v
..
အဲ့ဒီနောက် ၂၀၂၃-ခုနှစ် RFA နဲ့ အင်တာဗျူးစဉ် သူအသက်က ၂၁-နှစ် ရှိပါပြီ
https://www.facebook.com/watch/?v=676338534303714&rdid=gB4NDTlkEvyUz0z0
.
မကြာမီ သူဟာ စီးပွားရေး ကြော်ငြာတစ်ချို့ လက်ခံရိုက်ကူးရင်း အားကစားရုံတစ်ခုမှာ နည်းပြဆရာမ အလုပ်ရကြောင်း စေတနာရှင်တစ်ချို့ လှူဒါန်းငွေနဲ့ အဖွားနဲ့ အဖေအတွက် အိမ်သစ်လေးတစ်လုံး ဆောင်လုပ်ထားကြောင်း ဗွီဒီယိုများလည်း တွေ့ရှိရပါတယ်။
https://youtu.be/JbUHWgUtO6Q?si=ntizLhVHZSgM7VMS
.
တစ်ခါမှာ တော့ သူ့ကို ကြော်ငြာရိုက်ကူးရင်း သူ့ရဲ့ အရပ်အမောင်းဟာ သေးသေးလေးဖြစ်နေကြောင်း ပြောပြတာ သတိထားမိတယ်။
https://youtu.be/ACMLRM4B35I?si=gi3lxQm03REVPMge
..
အဲ့ဒီနောက် လွန်ခဲ့တဲ့ နှစ် YouTube , Burmese Box ပါ ဗွီဒီယို တစ်ခုအရ ကာယအစားမယ် မသဲစုငြိမ်းသာ ဒလမြို့နေအိမ် လူမြင်ကွင်းမှ လုံး၀ ပျောက်ကွယ်သွားကြောင်း သိရှိရပါတယ်
https://youtu.be/YBV7jTBn7YA?si=X9DJgNGmDsFVIsI1
.
ဒါဆို ယခုထိုင်းနိုင်ငံမှာ Miss Grand Myanmar ဝင်ရောက်ယှဉ်ပြိုင်နေသူ သဲစုငြိမ်းဟာ
အသက် ၁၈-နှစ်သာ ရှိသေးတယ် ဆိုခြင်းကြောင့် နာမည်တူ တစ်ယောက်စီသာဖြစ်ပါလိမ့်မယ်။
..
အရပ်အမောင်းကလဲ Miss အားလုံးထဲမှာ ပေမှီဒေါက်မီဖြစ်နေပြီး
အဲ့ဒါမတိုင်ခင် အမျိုးသားအဆိုကျော်တစ်ဦးနဲ့ ကြော်ငြာရိုက်ကူးရာမှာ သူက အရပ်ပိုရှည်နေပါတယ်။
..
အားလုံးကို ခြုံပြောရရင် တစ်ချိန်က ကာယအားကစားမယ် သဲစုငြိမ်းနဲ့
ယခု Miss Grand Myanmar ပြိုင်ပွဲဝင် သဲစုငြိမ်းဟာ နာမည်တူ တစ်ယောက်စီလို့ ယုံကြည်ရပါတယ်။
ယခင် သဲစုငြိမ်းရဲ့ Facebook အကောင့်မှာ Thae Lay ဖြစ်ကြောင်း မှတ်မိပါတယ်။
.
ယခု Miss Grand Myanmar သဲစုငြိမ်းနဲ့ ပတ်သက်လို့ များများ မသိရပါ။
အင်္ဂလိပ်စကားပြော လေယူလေသိမ်းမှာ ငယ်ရွယ်စဉ်ကတည်းက Native Speaker များနဲ့ လေ့ကျင့်ထားသူ ဖြစ်ပုံ ရပါတယ်
https://www.tiktok.com/@thaesunyeinofficial?_t=8qjBW67MpeC&_r=1&fbclid=IwY2xjawGDRkBleHRuA2FlbQIxMQABHbZyFjHJBN4Y7ABidgk_lJxxyRTMcfRIR1N-s6y4PcGNM2qsTIOYbFDNYA_aem_pdX-KuMfKFGuZ-l64ZTkiQ#
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===
HtayOung(OungMarine)
21 Oct, 13:00
(အောက်တိုဘာ- ၂၁၊ ၂၀၂၄) သဲစုငြိမ်းဆိုတာ အလှမယ် မဖြစ်ခင်
ရန်ကန်ုတိုင်း ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက် ကျူးကျော် အိမ်ကလေးမှာ နေခဲ့ပါတယ်။
မိဘနှစ်ပါး ကွဲကွာသွားလို့ အဖွားနဲ့ ကျန်ခဲ့တဲ့ သူ့ကို သူ့အဖေက ဆိုင်ကယ် ကယ်ရီဆွဲလိုက်
မြစ်ထဲမှာ ငါးရှားကျွေးလိုက် လုပ်ကိုင်ကျွေွးမွေးခဲ့ကြောင်း တစ်နိုင်ငံလုံးလည်း သိ
သူကိုယ်တိုင်လဲ ဖုံးကွယ်မထားပါ။ အလှမယ် ဝင်ပြိုင်တော့လဲ တောင်ငူက တဲ့
.
အဲ့ဒါ ဘယ်လိုဖြစ်ပြီး ဘုတလင် ရောက်သွားရတာလဲ၊ စောစောပိုင်း သဲစုငြိမ်းအင်တာဗျူးမှာ သူ့အဖေပုံတောင် ပါ ပါသေးတယ်။
..
Facebook, TikTok, Instagram နဲ့ တယ်လီဂရမ်မှာ သဲစုငြိမ်းလို့ ရိုက်ရှာကြည့်လိုက် အမည်တူ ပရိုဖိုင်းတူ ၆-ခုလောက်ရှိတယ်.
.
အလားတူ ရုပ်ရှင်သရုပ်ဆောင် မေဆွိ
စာရေးဆရာမ ကြာညိူသင်း စသည်ဖြင့် လူသိများ ထင်ရှားသူများ နာမည် ဓါတ်ပုံကို သုံးပြီး
တော်လှန်ရေးတွေ အဖျက်အမှောက် သတင်းတွေ တင်နေတာ တစ်ပုံကြီး
.
အသေအချာလိုက်ကြည်ရင် အတော်များများက ကျွန်တော့်လောက်တောင် Liked , Follower မများပါ
..
ဒီနေ့ အွန်လိုင်းပါ သဲစုငြိမ်း အကောင့်ဆိုသူ ဘုတလင် အကြောင်းဟာ My Day မှာ တင်ခြင်းဖြစ်ကြောင်း တွေ့ရတယ်။
..
ဘန်ကောက်ရောက်ပြီး တစ်နေ့တစ်မျိုး စင်ပေါ်တက်လိုက် ပွဲအမျိုးမျိုး လက်ခံပေးနေသူက
အွန်လိုင်း တက်ဖို့တောင် အချိန်ရပါ့မလား
..
#အကောင့်စစ်_ဟုတ်တယ်ဆိုရင်လဲ_ပြကြဗျာ_လက်ခံရတာပေါ့
အောက်ဖော်ပြပါ အကောင့်ဟာ သဲစုငြိမ်းရဲ့ အကောင့်အစစ်တွေ ဖြစ်မယ် ထင်တာပဲ
..
အစဉ်လေးစားစွာဖြင့်
.
#HtayOung, #OungMarine
..
https://www.facebook.com/thaethaefanp?mibextid=ZbWKwL
https://www.tiktok.com/@thaesunyeinofficial?_t=8qjBW67MpeC&_r=1
===
HtayOung(OungMarine)
21 Oct, 09:23
(အောက်တိုဘာ၂၁၊ ၂ဝ၂၄)သူ့နိုင်ငံ သူ့လူ့အဖွဲ့အစည်းကို ဖျက်ဆီးယုံမက သူ့ကိုပါ မယားလုပ် သိမ်းပိုက်ခံရတဲ့ မိန်းမသားတစ်ယောက်ရဲ့ စ်တ်ခံစားချက်ပါ #HtayOung, #OungMarine
HtayOung(OungMarine)
21 Oct, 08:52
(အောက်တိုဘာ-၂၁၊ ၂ဝ၂၄) ငါလာမှ သီး၊ ငါလာမှာ ကြီး
===
စစ်ရှုံးသူ ဗိဿနိုးဘုရင်မဟာ ဒွတ္တဘောင်မင်း ဖမ်းဆီးခြင်း မခံရ
.
မုံရွာ မဟာမြိုင်တောကြီးဘက်ကို တိမ်းရှောင်သွားတယ်လို့ မူကွဲကြားဖူးတယ်၊
.
ဗိဿနိုးနဲ့ သရေခေတ္တရာဟာ ခေတ်ပြိုင် မဟုတ်လို့လည်း ပြောကြတယ်
ဒွတ္တဘောင်ရဲ့ သရေခေတ္တရာ နန်းမြို့ရိုး ဝင်းအတွင်းမှာ ဗိဿနိုးဘုရင်မ အုတ်ဂူဆိုတာ ရှိပြီး အဲ့ဒါ ပန်ထွာမင်းသမီးမဟုတ်လို့ ပြောကြပါတယ်။
.
ကျွန်တော်ပြောတာ လွဲ‌ချော်နေရင်လည်း သည်းခံ တည့်မတ်ပေးပါ
#HtayOung, #OunngMarine