Myanmar Nation Voice @myanmarnation Channel on Telegram

Myanmar Nation Voice

@myanmarnation


Myanmar Nation Voice (English)

Welcome to Myanmar Nation Voice, the ultimate platform for all things related to Myanmar. As the name suggests, our channel serves as a voice for the people of Myanmar, providing valuable insights, news, and discussions on various topics that are important to the nation. Whether you are a resident of Myanmar, a visitor interested in learning more about the country, or simply someone who cares about global issues, Myanmar Nation Voice has something for everyone. Our channel covers a wide range of subjects, including politics, culture, economy, and social issues, offering a comprehensive view of what's happening in Myanmar and how it impacts its people. With regular updates and engaging content, Myanmar Nation Voice is your go-to source for staying informed and connected with the heart of Myanmar. Join us today and be a part of the conversation that shapes the future of this nation.

Myanmar Nation Voice

15 Feb, 16:02


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည့်တံ့ခိုင်မြဲရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး မပြတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့၏ အထင်ကရ စေတီတော်မြတ်ကြီးဖြစ်ပြီး ခေတ်အဆက်ဆက်မင်းများ၊ အစိုးရများနှင့် စေတနာရှင် သူများက အစဉ်အဆက် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ရွှေတိုင် စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်မှုအနေဖြင့် ခရစ်နှစ် ၁၈၉ ခုနှစ်တွင် ငှက်ပျောဖူးတော်ကို ရွှေပြားသင်္ကန်းဖြင့် စတင်ကပ်လှူပူဇော်ခဲ့ခြင်း ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် ဒုတိယ ဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော်ခဲ့ကြောင်း၊ ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ၃ နှစ်လျှင်တစ်ကြိမ်၊ ၄ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန် ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ယင်းနောက် ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်လျှင် တစ်ကြိမ်၊ ၅ နှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပြီး ယင်းကာလအဝ အတွင်း နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (နှစ်ပေါင်း ၄၀ ခန့်ကာလအတွင်း) ၄ နှစ်လျှင်တစ်ကြိမ်၊ ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၉ ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ငြမ်းစေတီကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှစ၍ မင်္ဂလာရထားပျံ ဖြင့် ရွှေပြားသင်္ကန်းတော်များကို စတင်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန် အထိ လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းလုပ်ငန်းများကို ယခုနှစ် မတ်လတတိယပတ်တွင် ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၆ ကျပ်သားရှိ ၁ ပေပတ်လည်ရွှေပြား(Gold Plate) ၁၄၀ ချပ်နှင့် ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) ၂၅၀၀ ချပ်တို့ ကပ်လှူရန်ကျန်
ရှိနေကြောင်းသိရှိရပြီး စေတနာရှင်အလှူရှင်များအနေဖြင့် ၆ ကျပ်သားရှိ ၁ ပေ ပတ် လည်ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင် ပြား(Gold Coating) တစ်ချပ်လျင် ငွေကျပ် ၂၅ သိန်းနှုန်းတို့ဖြင့် အသီးသီးပါဝင် ကုသိုလ်ပြုလှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

15 Feb, 16:02


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၊ စေတီတော်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး၊ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နေပြည်တော်၊ ဖေဖော်ဝါရီလ - ၁၅ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိသိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များအား ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီ တော်မြတ်ကြီး အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည် ညိုကာ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း တို့ကို ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ငြမ်းစေတီပေါ်သို့တက်ရောက်၍ စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီ တော်မြတ်ကြီး စိန်ဖူးတော်မြတ်၏ ကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးဖူးမြော်ကြည်ညိုပြီး စိန်၊ ရွှေ၊ ကျောက်သံ ပတ္တမြားများနှင့် သာသနာရေးဆိုင်ရာပစ္စည်းများကို ကပ်လှူ ပူဇော်ကာ ပရိတ်နံ့သာရည်များဖြင့်ပက်ဖြန်းပူဇော်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ငြမ်းစေတီ အထက်မှ ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုမြင်ကွင်းများအား ကြည့်ရှုပြီး မြို့သာယာလှပရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေ များကို ဆွေးနွေးပြောကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော်ငှက်မြတ်နားတော်မြတ်၏ ကြံ့ခိုင်မှုများနှင့် ယခင် အလှူရှင်များ၏ လှူဒါန်းမှုများအား ကြည်ညိုသဒ္ဓါတရားပွားများဖူးမြော်ကြည်ညို သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ရွှေတိဂုံစေတီတော်မြတ်ကြီး ငှက်ပျောဖူးတော်နေရာ၌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုတို့က လှူဒါန်းသည့် ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၂ ချပ်အား ကပ်လှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖြန်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင် များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ခေတ်အဆက်ဆက် ရွှေသင်္ကန်းတော်ကပ်လှူ ပူဇော်ခဲ့မှုနှင့် ယခု ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု အခြေအနေများကိုတင်ပြရာ၌ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် ၆ ကျပ် သားရှိ ၁ ပေပတ်လည် ရွှေပြား(Gold Plate)အနေဖြင့် စုစုပေါင်း ၁၂၀၀ ချပ် လို အပ်မည်ဖြစ်ပြီး ယခုလက်ရှိ ကပ်လှူပြီးစီးမှုမှာ ၁၀၆၀ ဖြစ်သဖြင့် ကပ်လှူရန်ကျန် ၁၄၀ ချပ် လိုအပ်လျက်ရှိမှု၊ ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating)အနေဖြင့် စုစု ပေါင်း ၁၀၀၀၀ ချပ် လိုအပ်မည်ဖြစ်ပြီး ယခုလက်ရှိကပ်လှူပြီးစီးမှုမှာ ၇၅၀၀ ချပ် ဖြစ် သဖြင့် ကပ်လှူရန်ကျန် ၂၅၀၀ ချပ်လိုအပ်လျက်ရှိမှု၊ စေတနာရှင်အလှူရှင်များအနေ ဖြင့် ၆ ကျပ်သားရှိ ၁ ပေ ပတ်လည်ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) တစ်ချပ်လျင် ငွေကျပ် ၂၅ သိန်း နှုန်းဖြင့်လှူဒါန်းနိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

Myanmar Nation Voice

15 Feb, 15:46


မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၆၁ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကာ ၇၃၈ ဦး ဆက်လက်လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက် ရှိ
+++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် ဖေဖော်ဝါရီ -၁၅ ရက်
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်း ကြောင်း များမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးခဲ့ကြသူ များကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိပြည်ပနိုင်ငံသား ၇၉၉ ဦးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအနက် ၆၁ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျလွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြည်ပနိုင်ငံသား ၆၉ ဦးကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ပနိုင်ငံသား ၂၀၀ ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြည်ပနိုင်ငံသား ၄၆၉ ဦးကို လည်းကောင်း စုစုပေါင်း ၇၃၈ ဦးကို ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများကို စာရင်းကောက်ယူပြီးဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရား မဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၇၉၉ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဗီယမ်နမ်၊ ယူဂါန်ဒါ၊ ထိုင်းနိုင်ငံနှင့် တရုတ်(တိုင်ပေ) တို့မှ နိုင်ငံသား များဖြစ်ကြသည်။
နိုင်ငံတော်အနေဖြင့် မြဝတီ- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို အမြန်ဆုံးစစ်ဆေးဖော် ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး သက်ဆိုင် ရာနိုင်ငံ များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

15 Feb, 03:29


Myanmar Nation Voice
နိုင်ငံ့အရေးသမိုင်းတစ်ခေတ်
ရှေးဟောင်းနှောင်းဖြစ်အစီအစဉ် (၆/၂၀၂၅)
-ဦးမျိုးဇော် (သပြေ) နှင့် ဝင်းမော်(ရွှေသံစဉ်)

ဝါးဒလက်လေး (အပိုင်း-၄)(ဇာတ်သိမ်း)
"ဒီလိုဒလက်လေးတွေမြန်မာစစ်သားတွေဆီမှာရှိနေသ၍သူတို့ဟာလွယ်လွယ်ကူကူစစ်တိုက်နိုင်တဲ့လူသားတွေဖြစ်တယ်"

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/i3_RH8Hrugo?si=43pxSlq3LT68jZmD

Myanmar Nation Voice
Tik Tok Channel Link
@mnv5555
ပထမပိုင်း
https://vt.tiktok.com/ZSMFkH4ev/
ဒုတိယပိုင်း
https://vt.tiktok.com/ZSMFhoPMk/
တတိယပိုင်း
https://vt.tiktok.com/ZSMFkMr65/

Myanmar Nation Voice

14 Feb, 15:53


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း များနှင့် ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင် ရည် ပထမဆုရရှိသူ များဖြစ်ကြသည့် အသေး စားထုတ်ကုန်လုပ်ငန်းတွင် မန္တလေးတိုင်းဒေသကြီး “Healthy & Happy” စားသောက် ကုန်လုပ်ငန်း မှ ဒေါ်မေနှင်းဝေ၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး “သံစဉ်နေလ” ပျားရည်သန့်စင်စက်ရုံမှ ဦးပြည့်ဖြိုးလှိုင်၊ အလတ်စားထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသ ကြီး “သလ္လာဝတီ” ကုမ္ပဏီလီမိတက်မှ ဦးထူးဝေနှင့် ကုန်ထုတ်သမဝါ ယမအသင်းစွမ်းဆောင်ရည်ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမ အသင်းစု “အနော်ရထာ” ဆီစက်လုပ်ငန်းမှ တာဝန်ရှိ သူတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဆုရရှိကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြား ခဲ့သည်။
အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေပြီး ကုန် ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်ဒေသ တစ်ခု၏လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်း လာရန်နှင့် အားသာချက်/အားနည်းချက်များကို သိမြင်ဖော် ထုတ်လာစေရန်၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ထုတ်ကုန်ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်း ရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်” ထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက် များ ကို သိမြင်ဆောင်ရွက်လာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် ဆောင်ရွက်နေသည့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအမံများ အောင်မြင်ရေး အတွက် အားပေးမြှင့်တင်ရန်၊ MSME များ၏ ထုတ်ကုန်နှင့် ဝန် ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန် အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများပေးအပ် နိုင်စေရန်နှင့် MSMEလုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင် ရွက်ပေးရန်စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ပြပွဲနှင့်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးပြ ခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ Digital Corner နည်းပညာပြခန်း၊ MSME နှင့်ချိတ်ဆက်ထားသည့် ဆက်စပ် လုပ်ငန်းပြခန်း၊ Business Matching Hall တွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးအသီးသီးမှ စီးပွားရေးသံမှူးများနှင့် ပြည်ပပို့ကုန် ပို့လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန်အလှန် ဆက်သွယ်နိုင်ရေး ဆောင်ရွက်ပေးထားမှု ဝန်ဆောင်မှုပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ လုပ်ငန်းရှင်များအ တွက် ကြော်ငြာရိုက်ကူးထုတ်လုပ်ပေးနိုင်မှု သရုပ်ပြခန်း၊ ပြည်ပစက်ပစ္စည်း နှင့်ထုတ်ကုန်ပြခန်းများ၊ အသေး စားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ အပါအဝင်ပြခန်းစုစုပေါင်း ၉၆ ခန်းဖြင့် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက် ရှိပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစား ၇ ဆု၊ ဆုပေါင်း ၆၃ ဆု ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု(Digital Transformation)ကို လက်တွေ့ ကျကျဆောင်ရွက် သည့် အနေဖြင့် Digital Trophy၊ ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုငွေသား ဆု စုစုပေါင်း ကျပ်သိန်း ၇၅၀ အားပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ ငွေသားဆုများအား ချီးမြှင့်သူ က Digital Payment System ဖြင့် ငွေလွှဲပို့ချီးမြှင့်ခြင်းဖြစ်ကာ ဆုချီးမြှင့်ခံရသူ အသီးသီး၏ E-Banking Account မှ တဆင့်ချီးမြှင့်ငွေအသီးသီးကို လက်ခံရရှိမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Myanmar Nation Voice

14 Feb, 15:53


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်
++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၄ ရက်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပ ပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ ဆုများပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME အေ ဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာန ဆိုင် ရာအကြီးအကဲများ နှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး က အသေးစားစက်မှုလက်မှု လုပ်ငန်း(စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြထုတ်ကုန် အထူးဆုရရှိသူ(၁၂)ဦးတို့အား လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က ကုန်ထုတ်သမဝါယမအ သင်း စွမ်းဆောင်ရည်အထူး ဆုရရှိသူ (၅)ဦးနှင့် အသေးစား(Micro)စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ(၅) ဦးတို့အား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က အငယ်စား (Small) စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ (၅)ဦးနှင့် အလတ်စား (Medium) စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ (၅)ဦးတို့အား လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က ဒေသတစ်ခု ထုတ်ကုန် တစ်ခု(OROP)အကောင်းဆုံးဆု ရရှိကြသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသ ကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်တို့မှ ပြိုင်ပွဲဝင်များအားလည်းကောင်း ဂုဏ်ပြုဆု တံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း လွှာ နှင့် ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ဒေသတစ်ခု ထုတ် ကုန်တစ်ခု (OROP) အကောင်းဆုံးရရှိကြသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များအား လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က အသေးစား စက်မှုလက်မှုလုပ်ငန်း (စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြ ထုတ်ကုန် ဆုရရှိသူ (၄)ဦးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမအ သင်း စွမ်းဆောင်ရည် တတိယဆုရရှိသူများဖြစ်ကြသည့် အသေးစား ထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသ ကြီး “ဝိသာခါ” အမွေးတိုင်နှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးလုပ်ငန်းမှ ဒေါ်ဖြူဖြူဥ၊ အငယ်စားထုတ်ကုန်လုပ်ငန်း တွင် မန္တလေးတိုင်းဒေသကြီး “HMG” မော်တော်ယာဉ်လေစစ်ဘူးလုပ်ငန်းမှ ဦးလှိုင်မိုး၊ အလတ်စားထုတ်ကုန် လုပ်ငန်း တွင် တနင်္သာရီတိုင်းဒေသကြီး “မြန်မာအတ္တလန်တစ်” ကုမ္ပဏီလီမိတက်မှ ဦးစိုးမိုးနိုင်၊ သမဝါယမ အသင်းစွမ်းဆောင်ရည်ဆုရရှိသည့် ပြည်ထောင်စု နယ်မြေနေပြည်တော် “သားတင်ဦး” အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းမှ တာဝန်ရှိသူတို့အား လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမ အသင်းစွမ်းဆောင်ရည် ဒုတိယဆုရရှိကြသူများဖြစ် သည့် အသေးစားထုတ်ကုန်လုပ်ငန်းတွင် ဧရာဝတီတိုင်းဒေသကြီး “M-Treasure” ကွမ်းသီးဖက်ထုတ်ကုန်လုပ် ငန်း မှ ဒေါ်မာလာစန်း၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး “MG Myanmar Gasket" အမျိုးမျိုးထုတ်ကုန်လုပ်ငန်းမှ ဦးဇင်မျိုးထိုက်၊အလတ်စားစီးပွားရေးလုပ်ငန်းတွင် ပြည်ထောင် စုနယ်မြေ နေပြည် တော်“မြန်မာရွှေသစ်သီးဝလံ”ကုမ္ပဏီလီမိတက်မှဒေါ်လဲ့လဲ့ဦးနှင့် ကုန်ထုတ်သမဝါယမအသင်းစွမ်း ဆောင် ရည် ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ “သီရိစန္ဒာ” အထည်ချုပ်နှင့်အထွေထွေရောင်း ဝယ်ရေးသမဝါ ယမ အသင်းမှ တာဝန်ရှိသူတို့အား ဂုဏ်ပြုဆု တံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့် သည်။

Myanmar Nation Voice

14 Feb, 15:27


(၃၁) ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီလ- ၁၄ ရက်
နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက်တပ်မတော် (ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ် သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီး ဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီး သော တပ်မတော်သားများအား အလေးပြုပြီးနောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်မိန့်ခွန်းပြော ကြားသည်။
ထို့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့၏ သရုပ်ပြတီးခတ် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တပ်မတော် လေ့ ကျင့်ရေးအရာရှိချုပ်က တပ်မတော် ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီး ဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်း (၂၆) သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

11 Feb, 15:54


သာစည်မြို့နယ် နှင့် ဘားအံမြို့နယ်တို့တွင် ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်ဘက်သို့ အားဘ(ခ)အားဆာ မောင်းနှင်ပြီး မမိုးမိုးအေး လိုက်ပါလာသည့် MITSUBISHI PAJERO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းတွင် ထွန်းဇော်ဒေးဦးနှင့် မဖြူဖြူအောင် တို့ ၂ ဦးအား TOYOTA NOAN VOXY မော်တော်ယာဉ်တစ်စီးနှင့်အတူ ငါးခြောက် အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်း ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက် တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စောအုန်းကြွယ်(ခ) အုန်းကျော်အား ဆိုင်ကယ် ၁ စီးနှင့်လည်းကောင်း၊ မြဝတီမြို့ ၊ အမှတ်(၄)ရပ်ကွက်တွင် တိုးတက်ထွန်း (ခ)တိုးကြီးနှင့် ကောင်းဆက်ကျော်(ခ)ကိုဆက် တို့အား TOYOTA WISH မော်တော်ယာဉ် ၁ စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Myanmar Nation Voice

11 Feb, 15:53


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက အသီးသီး လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် အထွေထွေဆွေးနွေးမှုများတွင်ပါဝင်သည့် မီးခိုး ငွေ့ ကင်းစင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ တွင်လည်း ဆောင်ရွက်လျက်ရှိပြီး အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မီးခိုးငွေ့ နှင့် လေထုသန့်ရှင်း ရေးကို ဆောင်ရွက် သွားကြရန်လိုကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်များ စိစစ်ဖော်ထုတ်ရာ၌ ဖမ်းဆီးရမိသူ များအပြင် ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ကိုလည်း အဆင့်ဆင့် စိစစ်ဖော်ထုတ်အရေးယူသွားရန်လိုကြောင်း၊ တရားမဝင်မော်တော် ဆိုင်ကယ်များကိုလည်း စိစစ်ဖော်ထုတ်အ ရေးယူသွားရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းသည် နိုင်ငံတော်အ တွက် လည်း များစွာ ထိခိုက်စေနိုင်သဖြင့် ထိထိရောက်ရောက်ဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း။ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ပတ်သက်၍လည်း ထိထိရောက်ရောက်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ဝင်များ အနေဖြင့် သတင်းအချက် အလက်များ ဖော်ထုတ်ရယူ၍ အရေးယူဆောင်ရွက်သွားကြရန်လိုကြောင်း၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်၍လည်း ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ သိုလှောင် ရောင်းချမှု ဟူ၍ ရှိပြီး သယ်ယူပို့ ဆောင်ရာတွင် မြို့ကြီးများကို ဖြတ်ကျော်သယ်ဆောင်နေခြင်းများ ဖြစ်သဖြင့် စနစ်တကျဖိဖိစီးစီးဖြင့် ဖော် ထုတ်အရေးယူဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ပြည်ပနိုင်ငံများမှ ဒုစရိုက်မှုများကျူးလွန်၍ ထွက်ပြေး တိမ်းရှောင်လာသူများ အနေဖြင့် နယ်စပ်ဒေသများရှိ ဒေသခံတိုင်းရင်းသူများနှင့် လက်ထပ်ထိမ်းမြားခြင်းများ လုပ်ဆောင်ပြီး မိမိတို့ နိုင်ငံသားအဖြစ်ရရှိရန်ဆောင်ရွက်ခြင်းများလည်းရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် နိုင်ငံခြားသားများနှင့် မိမိတို့နိုင်ငံသားများ တရားမဝင် လက်ထပ် ပေါင်းသင်း နေထိုင်ခြင်းများကို စနစ်တကျဖြင့် ဖော်ထုတ်သွားကြရန်လိုကြောင်း။ စာကြည့်တိုက် များနှင့် ပတ်သက်၍လည်း အားပေးဆောင်ရွက်သွားရန်လိုပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်လုပ် ငန်းများ တိုးတက်ရေးအတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

11 Feb, 15:53


လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်ရွှေ့ပြောင်းလာသူများရှိသည်ကိုလည်း တွေ့ရှိရ ကြောင်း၊ အဆိုပါနေရပ် စွန့်ခွာရွှေ့ပြောင်းလာသူများ၏ စာရင်းများကိုမှန်ကန်စွာဖြစ် စေရေး သက်ဆိုင်ရာအုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူဦးရေစာရင်းများ မှန်မှန်ကန်ကန်ရရှိရန်လို ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့်သက် ဆိုင်သည့် ဥပဒေများကို စေ့စပ် ကျယ်ပြန့်စွာ လေ့လာထားရန်လိုကြောင်း၊ နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ် အတွက် ရွေးကောက် တင်မြှောက်မှုများကို ဥပဒေနှင့် အညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက် ကိုင်သောင်းကျန်းမှုဖြစ် ပွားခြင်းကြောင့် ပြည်သူများ၏ဆုံးရှုံးမှုများသည်လည်း သဘာဝ ဘေးအန္တရာယ်သတ်မှတ်ချက်များတွင် အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေ စာရင်းအမှတ်များသို့ လွှဲအပ်ပေး သွားမည် ဖြစ်ကြောင်း၊ ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေများအလိုက် ယာယီနေရပ် စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကောက်ယူ ရရှိထားသည့် စာရင်းတွင်မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာနေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြ တောင်းခံသွားရန်နှင့် စနစ်တကျစိစစ်ထောက်ပံ့ ပေးသွား ရန်လိုကြောင်း။
နွေရာသီကျောင်းပိတ်ရက်ကာလနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အားလပ်ရက်ကို အကျိုးရှိရှိအသုံးချနိုင်ရေး ဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ သင်ယူခဲ့ပြီးဖြစ်သည့် သင်ခန်းစာများအား ပြန်လည်ဖတ်မှတ်လေ့လာစေ ခြင်း၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာတို့ကဲ့သို့ ၎င်းတို့ကိုအကျိုးဖြစ်စေနိုင်မည့် အခြေခံ သင်တန်းများကို ဖွင့်လှစ်သင်ကြားစေခြင်းများကို စီစဉ်ဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ ကျောင်းပိတ်ရက် ကာ လအတွင်း ပညာရေးဝန်ထမ်းများ၏ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် မွမ်းမံသင်တန်းပို့ချပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း KG + 9 အထိ ပညာ သင်ကြားရေးစနစ်အဖြစ် ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် ယခုမှာကြားချက်များအား ပြန်လည်ရောက်ရှိချိန်တွင် တာဝန်ရှိသူများအားပြန်လည်ဆွေး နွေးမှာ ကြားခြင်းနှင့် အကောင်အထည် ဖော်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက် လိုအပ်ချက်များနှင့် လုပ်ငန်းဆောင် ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

Myanmar Nation Voice

11 Feb, 15:53


ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြရာတွင် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက စက်မှုကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိမှုများ ကိုလည်းကောင်း၊ လျှပ်စစ် နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုများကို လည်းကောင်း၊ ကာ ကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောက စိုက်ပျိုး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု များကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP တိုးတက်ရေးဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေများ ထုတ်ပေးထားရှိမှု အခြေအနေများ၊ ယာယီနေရပ်စွန့်ခွာနေရသူများအတွက် ထောက်ပံ့ငွေများ ပေးအပ် သွား မည့်အခြေအနေများကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက နိုင်ငံ တကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည် စွမ်းအား မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးရေးမွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိ မှုများကိုလည်းကောင်း၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ လက်နက်ခဲယမ်းသယ်ဆောင်မှုနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ် များစိစစ်ဖော်ထုတ်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် မီးခိုးငွေ့ကင်းစင်ရေးဆိုင်ရာ များကို လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှု၊ စိစစ်မှုတို့နှင့် ပတ် သက်၍ မျက်မြင်စစ်ဆေးခြင်း၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းများ၊ စိတ်ဓာတ် စည်း ကမ်းပိုင်းဆိုင်ရာ စစ်ဆေးခြင်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွား ရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်ပါက သတ်မှတ်ထားသည့် ဥပဒေအတိုင်းသာ ဖြစ်ရန်လိုပြီး အတင်းအဓမ္မစုဆောင်းခြင်းများ မဖြစ်ရန်လိုကြောင်း၊ MSME လုပ်ငန်း များနှင့်ပတ်သက်၍ လျှပ်စစ်မီးလိုအပ်ချက်ကို ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပါက လုပ် ဆောင်ပြီး ၃ နှစ်တာကာလအတွင်း အရင်းကြေကာလသို့ ရောက်ရှိနိုင်မည်ဖြစ်သဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက်ရှိ MSME လုပ်ငန်းများအား ဆိုလာစနစ်ကိုအသုံးပြု၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အသိပညာပေးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကို များစွာအ ထောက်အကူပြုနိုင်သည့်အတွက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကို ယခုကဲ့သို့ ခမ်းခမ်း နားနားဖြင့် ရည်မှန်းချက်ကြီးကြီးထား၍ ကျင်းပ ခြင်း ဖြစ်ကြောင်း၊ ပြပွဲနှင့် ပြိုင်ပွဲတွင် မြန်မာသံရုံးများမှ စီးပွား ရေးသံမှူးများမှတစ်ဆင့် ပြည်ပဈေးကွက်ရှာဖွေနိုင်ရေး ဆောင်ရွက်မှုများ၊ စီးပွားရေးကို ဦးဆောင်ဦးရွက်ပြုနေ သည့် အရပ်ဖက်စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက် များကို ဖြည့်ဆည်း ပေးနိုင်မည့် ဘဏ်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆောင်ရွက် ပေးထားသဖြင့် အကျိုးရှိရှိဆောင်ရွက် သွားနိုင် ရန်လိုကြောင်း၊ နယ်စပ်ဒေသများ၌ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍လည်း အရေးကြီး သည့်ကိစ္စရပ် များဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အ ကြောင်း ကြားသွားရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရေနံစိမ်း တိုးမြှင့်ထုတ်ယူနိုင်ရေးကိစ္စများ၊ ဆိုလာစနစ်ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်ယူမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးမြေအဖြစ် သုံးစွဲ ရန်မသင့်လျော်သည့်နေရာများ၊ မြေလွတ်မြေရိုင်းနေရာများကို စိစစ်ဖော်ထုတ် ထားရန်လိုကြောင်း၊ အဆိုပါ မြေနေရာများတွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ များ တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ စီစဉ် ဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

Myanmar Nation Voice

11 Feb, 15:53


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ် စွန့်ခွာနေရသည့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက် ပံ့ငွေများ ပေးအပ်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီလ- ၁၁ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင် စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ခန်းမဆောင်၌ တွေ့ဆုံ အမှာစကားပြောကြားပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေး မှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ တာဝန်ထမ်းဆောင်ခွင့်ကို ၆ လသက် တမ်း ထပ်မံတိုးမြှင့်ခဲ့ရ ကြောင်း၊ ယခု ၆ လတာကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအ လေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း မိမိတို့တာဝန်ယူထား ရသည့်ဒေသများအလိုက် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ အခက်အခဲမရှိစေရေး လစာနှင့်ထောက်ပံ့ ကြေးများကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ပြည်တွင်းနိုင်ငံခြားငွေ အခက်အခဲများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်းဖြစ် ကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကုန်သွယ်မှုကြောင့် နိုင်ငံပိုင်နိုင်ငံခြားငွေများ ရရှိသကဲ့သို့ Non Trade များမှလည်း နိုင်ငံခြားငွေများရရှိကြောင်း၊ ယခင်ဒီမိုကရေစီ အစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုမှနိုင်ငံခြားငွေ လိုအပ်မှုမှာ ၂၄ ဘီလီယံကျော်ခန့် ရှိကြောင်း၊ လိုအပ်သည့် နိုင်ငံခြားငွေများကို အခြားပြည်ပချေးငွေများ၊ ထောက်ပံ့ ငွေများနှင့် Non trade များမှ ရရှိသည့်ငွေများဖြင့် ဖြည့်ဆည်း ဆောင်ရွက် ခဲ့ကြကြောင်း၊ မိမိတို့တာဝန်ယူထားရသည့် ကာလအတွင်း နိုင်ငံခြားချေးငွေများ မရရှိကြောင်း၊ ထို့ကြောင့် ကုန် ထုတ်လုပ်မှုများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ CMP လုပ်ငန်းများမှလည်း နိုင်ငံခြားငွေများ ရရှိ ကြောင်း၊ အခြားနိုင်ငံများတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများထံမှ နိုင်ငံခြားငွေများ လည်းရရှိ ကြောင်း၊ သို့သော် မိမိတို့နိုင်ငံတွင် ရသင့်သလောက်ရရှိမှုမရှိသည်ကို တွေ့ရသဖြင့် ပိုမိုတိုးတက် ရရှိရေး မိမိတို့အနေဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများမှ နိုင်ငံခြားငွေများ ပိုမိုတိုးတက်ရရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လို ကြောင်း။

Myanmar Nation Voice

11 Feb, 15:53


နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာကြပြီး မိမိတို့နိုင်ငံ၏ GDP သည် အာဆီယံနှင့် ဒေသတွင်း နိုင်ငံများထက် နည်းပါးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ GDP တိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုး ရေးကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ ကဏ္ဍကြီးသုံးရပ်ရှိပြီး နိုင်ငံ၏အဓိက လုပ်ငန်းရပ် ဖြစ် သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၌ပင် အခြားနိုင်ငံများထက် ထုတ်လုပ်မှုစွမ်းရည်မှာ အားနည်းနေသေး သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု တိုးတက်စေရေး အားပေးဆောင်ရွက်မှသာ နိုင်ငံ၏ GDP မှာလည်း တိုးတက်လာ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက် သွားနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများလည်း ထိုက်သင့်သလောက် ကျဆင်းသွားမည် ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောစေရေး မြေကြီးကရွှေသီး အောင်လုပ်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့အ လုပ်လုပ်မှ မြေကြီးက ရွှေသီးမည်ဖြစ်သဖြင့် အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများလည်း ထိုက်သင့် သလောက်ကျဆင်းသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ် နိုင်မှသာလျှင် ပို့ကုန်ကဏ္ဍတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအ တွင်းဖြစ်ထွန်းအောင်မြင်ပြီး ပြည်ပဈေးကွက် လိုအပ်ချက်ရှိသည့် ဆန်၊ ပြောင်း၊ ကော်ဖီတို့ကို တိုးမြှင့်ထုတ် လုပ်နိုင်ရေး ဆောင်ရွက် သွားကြရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် တိရစ္ဆာန် အစာများဖြင့် မွေးမြူရေး လုပ်ငန်း များကို အောင်မြင်အောင်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ပြောင်းကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့မည့်အစား အရည်အသွေးမြင့် ပြောင်းထုတ်ကုန်များထုတ်လုပ်ခြင်း၊ ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန် အစာ အဖြစ် အသုံးပြုခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း၊ ပဲနှင့်ပတ်သက်၍လည်း အလားတူ ဆောင်ရွက် ၍ရနိုင်မည်ဖြစ်ကြောင်း၊ ဆန်ထုတ်လုပ်မှုမှ ဆန်ကွဲနှင့် ဖွဲများကိုလည်း မွေးမြူရေးလုပ်ငန်းများအတွက် အကျိုး ရှိရှိအသုံးချသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်လျက် ရှိသဖြင့် အောင်မြင် အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်သည့် အခြေခံ အချက်အလက် ကိန်းဂဏန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အတတ်နိုင်ဆုံးမှန်ကန်မှုရှိစေရေး စာရင်းကောက်ယူ ဆောင်ရွက်သွားရန်လိုပြီး ယင်း အခြေခံအချက်အလက်များနှင့် ဒေသတွင်းစားရေး လိုအပ်ချက်များအပေါ်မူတည်၍ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံချက်များကိုချမှတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလား တူ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေများလုံလောက်စွာရရှိစေရေး သဲချောင်းများ၌ မြေအောက် တမံများ တည်ဆောက်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုး ရေးလုပ်ငန်းများကိုများစွာ အကျိုးဖြစ်ထွန်း နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ် အလိုက် စီမံချက်များရေးဆွဲ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ ပန်းတိုင်ရည်မှန်း ချက်များ ပြည့်မီရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် ဆောင် ရွက် သွားကြရန်လိုကြောင်း။

Myanmar Nation Voice

11 Feb, 15:53


နေရေးလုံခြုံမှုနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် ရာနှုန်းပြည့်လုံခြုံရေးဟူ၍ မည်သည့်နိုင်ငံတွင်မျှမရရှိနိုင်ကြောင်း၊ ရာဇဝတ်မှုများ၊ လုံခြုံရေးကျိုးပေါက်မှုများသည် နိုင်ငံတိုင်း၌ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်မှစ၍ ပြည်သူ့ လုံခြုံရေးစနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာ အာဏာတည် တံ့ခိုင်မြဲ ရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန် ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အ တွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကိုပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ အဓိကဆောင်ရွက်ရ မည်မှာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဖွဲ့စည်း ထားရှိပြီးဖြစ်ကြောင်း၊ စွမ်းရည်စွမ်း အားရှိသည့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူက အားကိုး ရသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း ၎င်းတို့၏တာဝန်ထမ်းဆောင်မှုများအပေါ်လိုအပ်သည်များ အားပေး ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နေရာဒေသအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးအတွက် မှန်မှန်ကန်ကန်ဖြင့် တာဝန်ပေးအပ်နိုင်ရေး၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသအလိုက်ရှိပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ အတူတကွလက်တွဲ၍ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
သွားလာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုအပိုင်းနှင့်ပတ်သက်၍ အကြမ်း ဖက်အဖွဲ့များအနေဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူ၍ အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ အကြမ်း ဖက်မှုကို ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသအလိုက် နယ်မြေစိုးမိုး မှုနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြရန်လို ကြောင်း၊ လမ်းပန်းဆက် သွယ်ရေးလုံခြုံမှုမရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေနိုင်မည်ဖြစ်ပြီး စားရေးသောက်ရေးနှင့် လူမှုစီးပွားဘဝများလည်း ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သွားလာမှုနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။
ယမန်နေ့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များ အနေဖြင့် တစ်စုတစ်စည်းတည်းဆုံစည်းခဲ့ကြကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ထုတ်ကုန်များကို တစ်စုတစ်စည်းတည်းတွေ့ရှိရပြီး အားသာချက်၊ အား နည်းချက်များ၊ ဒေသအလိုက် ဆောင်ရွက်ချက်များကို တွေ့မြင်သိရှိရနိုင်သည့် တန်ဖိုး အရှိဆုံးသော အကြီး အကျယ်ဆုံးသော အခွင့်အရေးပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ MSME လုပ် ငန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးပွား လာစေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်၌ ဒေသ တစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင် ဖော် ထုတ်လာစေနိုင်မည်ဖြစ်ပြီး ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် MSME လုပ်ငန်း များနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက် လာစေနိုင်မည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများအတွက်လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ ရရှိစေရေး Polytechnic တက္ကသိုလ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာ အထက် တန်းကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ ကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများအ တွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ရင်းနှီးမတည်ငွေများ ထုတ်ပေးရာတွင်လည်း သတ်မှတ်ထား သည့် စည်းကမ်းများနှင့် အညီဆောင်ရွက်ပေးရန်လိုကြောင်း။
ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် စာသင် ကျောင်းများ ကျောင်းအင်္ဂါ ရပ်များနှင့်အညီဖြစ်စေရေးအတွက် ပိုလျှံဘဏ္ဍာငွေများဖြင့် သတ်မှတ်ထားသည့် ဘဏ္ဍာရေးကာလအတွင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ပြည်သူ့ဆေးရုံများအတွက်လိုအပ်သည့် အဆောက်အဦများ၊ ခြံစည်းရိုးများ ကိုလည်း တည်ဆောက်ပေးသွားရန်လိုကြောင်း၊ လုံခြုံရေးဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်း များနေထိုင်မှု အဆင်ပြေစေရေးအတွက် ဝန်ထမ်းလိုင်းခန်းများ ပြည့်စုံစွာရှိစေရေး အလေးထား ဆောင်ရွက်ပေး ရန်လိုကြောင်း၊ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် ပတ်သက် ၍ Quick Win ဖြစ်နိုင်သည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားကြရန်လိုကြောင်း။

Myanmar Nation Voice

11 Feb, 02:06


Myanmar Nation Voice
နိုင်ငံ့အရေးစကားလက်ဆောင်အစီအစဉ်
(၀၁/၂၀၂၅)

နိုင်ငံ့အရေးသမိုင်းတစ်ခေတ်ရှေးဟောင်း
နှောင်းဖြစ်အစီအစဉ်မှ"ဝါးဒလက်လေး"အား
မိတ်ဆက်ခြင်း

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/SgI1OUs8yWY?si=bFdxmssHrtnpdEtW


Myanmar Nation Voice
Tik Tok Channel Link
@mnv5555

အပိုင်း-၁
https://vt.tiktok.com/ZSMdQT6wr/
အပိုင်း-၂
https://vt.tiktok.com/ZSMdCBrxd/

Myanmar Nation Voice

10 Feb, 15:24


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင် စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်
++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီလ - ၁၀ ရက်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင် စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်း ဒေသ ကြီး နှင့် ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံပြည်သူ များ စည်ကား သိုက် မြိုက်စွာ တက်ရောက်ကြသည်။
ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာ မျိုးသိမ်းကျော်တို့နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က ပြည် ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးသီချင်းဖြင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေး နှုတ် ဆက်ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ စက်မှုဝန်ကြီးဌာပြခန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ သမဝါ ယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနပြခန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာ နပြခန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်း၊ ကျန်းမာ ရေးဝန်ကြီးဌာနပြခန်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် MSME ထုတ်ကုန်ပြခန်း၊ ကချင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကယား ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ကရင်ပြည်နယ် MSME ထုတ်ကုန်ပြ ခန်း၊ချင်းပြည် နယ် MSME ထုတ်ကုန်ပြခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး MSME ထုတ်ကုန် ပြခန်း၊ တနင်္သာရီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ ပဲခူးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း၊ မကွေးတိုင်းဒေသကြီး MSME ထုတ် ကုန်ပြခန်း၊ မွန် ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ရန်ကုန်တိုင်း ဒေသ ကြီး MSME ထုတ်ကုန်ပြခန်း၊ ရှမ်းပြည်နယ် MSME ထုတ်ကုန်ပြခန်း၊ ဧရာဝတီတိုင်းဒေသ ကြီး MSME ထုတ် ကုန် ပြခန်းတို့ အား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုပြီး ထုတ်ကုန်များအလိုက် မေးမြန်းဆွေးနွေးပြီး ခေတ္တ ရပ်နားခဲ့ သည်။

Myanmar Nation Voice

10 Feb, 15:24


ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များ သည် မန္တလေးတိုင်းဒေသကြီး MSME ထုတ်ကုန် ပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ကုန်ပြခန်း၊ လုပ်ငန်း/စီး ပွား ချိတ်ဆက်မှုပြခန်း (Business Matching Hall ) ၊ မြန်မာနိုင်ငံဘဏ်များအသင်းပြခန်း၊ Digital Corner နည်းပညာပြခန်း၊ မြန်မာစီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် MSME ထုတ်ကုန် များပြ ခန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MSME ထုတ်ကုန်များ ပြခန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ် ပြခန်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင် များ အသင်းပြခန်း တို့အား ပြခန်းတစ်ခုချင်းစီအလိုက်စိတ်ပါဝင်စားစွာဖြင့်လိုက်လံကြည့်ရှု အားပေးပြီး အသေး စား စက်မှုလက်မှု လုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများ ခင်းကျင်းပြသထားမှုများကို ဘာဂီယဉ်ငယ်များ ဖြင့် လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင် ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီလ(၁၀)ရက်မှ (၁၄) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တိုင်း ဒေ သ ကြီး၊ ပြည်နယ် အသီးသီးရှိMSME များ ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာစေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက် တစ် လျှောက် ဒေသတစ်ခု၏လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်း ချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်း ခြင်းတူပါက အရည်အသွေးပိုကောင်းရန်” ကို ထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက် လာစေရန်၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအမံများ အောင်မြင်ရေးအတွက် အားပေး မြှင့်တင်ရန်၊ MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင် နိုင်စေရန်နှင့် တန်ဖိုး မြှင့်ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည် တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့်ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင် ရွက်လာစေရန်၊ ပြည်ထောင်စု အဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ် ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည် နယ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာရောင်းချဆိုင်ခန်းများ၊လုပ်ငန်းစီးပွား ချိတ်ဆက်မှုများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက် ပစ္စည်း နှင့်ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများအပါအဝင် ပြခန်း စုစုပေါင်း (၉၆)ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ် ပြိုင် သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစားပေါင်း (၃၁)မျိုး အပေါ် Digital Trophy ၊ ဂုဏ်ပြုလက် မှတ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး အဆိုပါ ငွေသားဆုအား ချီးမြှင့်ခံရသူမှ Digital Payment System အသုံးပြု၍ လက်ငင်း E-Banking ဖြင့် ငွေသားထုတ်ယူရရှိရေး စီစဉ်ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

10 Feb, 14:55


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၂၁ ဦး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီလ - ၁၀ ရက်
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများ အား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိ ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း အဆိုပါတရားမဝင် အွန်လိုင်းလောင်းကစား နှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များအပါအဝင် ပူးပေါင်း အဖွဲ့များက တတ်ကြွစွာဖြင့် တင်းတင်းကြပ်ကြပ် ရှာဖွေစစ်ဆေးဖော် ထုတ် ဖမ်းဆီးမှု များ အဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟ ဒေသအတွင်း တရားမဝင် အွန်လိုင်းလောင်း ကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့်စစ်ဆေးမှုအား ဆောင် ရွက် လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
၎င်းနယ်မြေအတွင်း ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေ ကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများကို လုံခြုံရေးဆောင်ရွက်ပေးနေသူ ၅ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၁၀၂ ဦးတို့အား တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည် ရာ တွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၆၀ လုံး၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက် ၂ လုံး၊ Starlink ၇ လုံး၊ လက်နက်မျိုးစုံ ၇ လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၃ စီး၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စိစစ်ဆောင်ရွက်လျက်ရှိပြီး ဉပဒေနှင့်အညီ တရားစွဲဆိုဆောင် ရွက် ခြင်း နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်း နှီးမှုကို ရှေ့ရှု၍ သက်ဆိုင်ရာ နိုင်ငံ များသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှု လုပ်ဆောင် နေ သူများနှင့် အခြားဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက် သူများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတ ကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တင်းတင်းကြပ်ကြပ် စုံစမ်းဖော်ထုတ်လျက်ရှိပြီး ပြတ်ပြတ်သားသား အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

06 Feb, 03:27


Myanmar Nation Voice
နိုင်ငံ့အရေးစကားလက်ဆုံအစီအစဉ်
(၀၃/၂၀၂၅)
ဗုဒ္ဓဂုဏ်ရည်ဆရာတော် နှင့်
စကားလက်ဆုံ

အမေရိကန်လွှတ်တော်မှာ ငိုပြပြီး
ဘာသာရေးကိုခုတုံးလုပ်သွေးခွဲနေတဲ့
လောက်ကောင်များအကြောင်း


The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/FHRJQWyhJRU?si=ehvrHOxWxVNA-7Xf

Myanmar Nation Voice

05 Feb, 15:30


တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်၊ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီလ - ၅ ရက်
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ကျောင်းသစ်ကျောင်းတိုက်၌ အခြေပြု၍ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၂၆ ဦးအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၄ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၅၉ ဦး၊ အရိုးရောဂါ ၉၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၉ ဦး၊ မျက်စိရောဂါ ၁၂၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၂ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁၅ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးကြောင်း သိရသည်။

Myanmar Nation Voice

05 Feb, 14:54


(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေမြို့နယ်တွင် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ ပြုလုပ်
+++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီလ - ၅ ရက်
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေ မြို့နယ်၊ ၅၆ လမ်းပေါ်ရှိ ၃၅ လမ်းမှ သိပ္ပံ ၁၀၁ လမ်းအထိလည်းကောင်း၊ ၄၂ လမ်းပေါ်ရှိ၅၉ လမ်းမှ အရှေ့မြို့ပတ်လမ်းအထိလည်းကောင်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းနေရာ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ မြို့ပေါ်ရှိ လမ်းများတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ယာဉ် အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းဆောင်ရွက်ပေးနေမှုများနှင့်ပတ် သက်၍ ရှင်းလင်း ပြောကြားပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက် ရောက်လာကြသူများ၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွား အဖွဲ့တို့အား အမှတ်တရလက်ဆောင်များနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လမ်းတစ် လျှောက် အား လှည့်လည်ကြည့်ရှုပြီး မြို့မိမြို့ဖများအား ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ၅၆ လမ်းပေါ်ရှိ ၃၅ လမ်းမှ သိပ္ပံလမ်းအထိ အရှည် ၅၈၈၅ ပေနှင့် အကျယ် ၄၀ ပေအားလည်းကောင်း၊ ၄၂ လမ်းပေါ်ရှိ ၅၉ လမ်းမှ အရှေ့မြို့ပတ်လမ်းအထိ အရှည် ၄၅၂၇ ပေနှင့် အကျယ် ၃၀ ပေးအားလည်းကောင်း နိုင်လွန်ကတ္တရားလမ်းများအဖြစ်
အဆင့်မြှင့်တင်ခင်းပေးထားကာ လိုအပ်သည့် နေရာများတွင် တံတားများဘေးချဲ့ခြင်း တို့ကို ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင် လမ်းအဆင့်မြှင့်တင်ခင်းပေးခြင်း မဆောင်ရွက်မီက ၎င်း ၅၆ လမ်းပေါ်တွင် ယာဉ်သွား လာအသုံးပြုမှုများသဖြင့် ယာဉ်များ သွားလာရာ၌ ကြပ်တည်းမှု အမြဲတမ်းဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ (၄)လမ်းသွား အဖြစ် ဘေးချဲ့၍ နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ယာဉ် အန္တရာယ်ကင်းရှင်းပြီး ပြည်သူများ အချိန်တိုအတွင်း သွားလာမှုပိုမိုအဆင်ပြေလာ မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

Myanmar Nation Voice

05 Feb, 14:21


ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ(၅-၂-၂၀၂၅)
+++++++++++++++++++++++++++++++++++++++++

Myanmar Nation Voice

05 Feb, 02:02


Myanmar Nation Voice
နိုင်ငံ့အရေးသမိုင်းတစ်ခေတ်
ရှေးဟောင်းနှောင်းဖြစ်အစီအစဉ် (၅/၂၀၂၅)
-ဦးမျိုးဇော် (သပြေ) နှင့် ဝင်းမော်(ရွှေသံစဉ်)

ဗိုလ်ချုပ်ခင်ညွန့်နှင့် ဥပစ္ဆေဒကမရဏကံဖယ်
ခြင်းအဖြစ်အပျက်
နဝတ လက်ထက် မြန်မာ့တပ်မတော်၏
လေးစားအတုယူစရာ Team Work.

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/Hyn4SSSRHHg?si=f71gGYgnSjMVM1hU


Myanmar Nation Voice
Tik Tok Channel Link
@mnv5555
အပိုင်း-၁
https://vt.tiktok.com/ZS6Kgrnoj/
အပိုင်း-၂
https://vt.tiktok.com/ZS6Kg52qa/
အပိုင်း-၃
https://vt.tiktok.com/ZS6KgY79H/
အပိုင်း-၄
https://vt.tiktok.com/ZS6Kgg8bE/

Myanmar Nation Voice

05 Feb, 01:57


Myanmar Nation Voice
နိုင်ငံ့အရေးသမိုင်းတစ်ခေတ်
ရှေးဟောင်းနှောင်းဖြစ်အစီအစဉ် (၅/၂၀၂၅)
-ဦးမျိုးဇော် (သပြေ) နှင့် ဝင်းမော်(ရွှေသံစဉ်)

ဗိုလ်ချုပ်ခင်ညွန့်နှင့် ဂမ္ဘီရဖြစ်စဉ်
ရွှေတိဂုံဘုရားသမိုင်းစာအုပ်တွင်မပါသော
ဂမ္ဘီရလျှို့ဝှက်ချက်

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/70HcAPP6U5o?si=kle5jNQrUsh69TIE

Myanmar Nation Voice
Tik Tok Channel Link
@mnv5555
အပိုင်း-၁
https://vt.tiktok.com/ZS6Kgrnoj/
အပိုင်း-၂
https://vt.tiktok.com/ZS6Kg52qa/
အပိုင်း-၃
https://vt.tiktok.com/ZS6KgY79H/
အပိုင်း-၄
https://vt.tiktok.com/ZS6Kgg8bE/

Myanmar Nation Voice

04 Feb, 15:47


တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်၊ ချောင်းဝ ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဖေဖော်ဝါရီလ - ၄ ရက်
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့ နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါ ဝင်သောနယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာသို့ ရောက်ရှိရာ နယ် မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်း သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝ ကျေးရွာရှိ ကျောင်းသစ်ကျောင်းတိုက်၌ အခြေပြု၍ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသ ခံပြည်သူ ၅၅၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၁၄ ဦး၊ ခွဲစိတ်ရောဂါ ၄၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၉ ဦး၊ ကလေးရောဂါ ၄၃ ဦး၊ အရိုးရောဂါ ၁၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၉၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၄၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေး ခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၁၄ ဦးတို့ကို နီးစပ်ရာ တပ်မတော် ဆေး ရုံများနှင့် ဆေးတပ်ရင်းများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးကြောင်း သိရသည်။

Myanmar Nation Voice

04 Feb, 15:12


လှိုင်မြစ်အတွင်း သမ္ဗာန်တစ်စီးနှင့် ငါးဖမ်းသင်္ဘောတိုက်မိခဲ့၊လူအသေအပျောက်မရှိ
++++++++++++++++++++++++++++++++++++++++++++++
ဖေဖော်ဝါရီလ ၄ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းမြောက်-အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကျောက် တံတားသမ္ဗာန်ဆိပ်သို့ အေးရွာဘက်မှမောင်းနှင်လာသော သမ္ဗာန်တစ်စီးက လှိုင်မြစ်အတွင်း ငါးဖမ်းသင်္ဘော ကို တိုက်မိ၍ တိမ်းမှောက်မှု ယနေ့ ဖေဖော်ဝါရီလ ၄ ရက် ည ၇ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ရှာဖွေယ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ကြရာ သမ္ဗာန်ပေါ်တွင်လိုက်ပါလာသော ရေယာဉ် မောင်း အပါ (၉) ဦးအနက် ကနဦးတွင် အမျိုးသမီး(၂) ဦးအား အသက်ရှင်လျက် ကယ်ဆယ်ရရှိပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ည ၇ နာရီ ၄၀ မိနစ် အချိန်တွင် ကျန်(၇)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ရေနစ်သူ အမျိုးသား လေးဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ကိုးဦးတို့အား နီးစပ်ရာသမ္ဗာန်များမှ ကယ်ဆယ်ပြီး အေးရွာသို့ ည ၇ နာရီ မိနစ် ၄၀ အချိန်တွင် ပို့ဆောင်ပေးခဲ့ကာ ရေယာဉ်မောင်းနှင့် အမျိုးသမီးနှစ်ဦးတို့ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Myanmar Nation Voice

22 Jan, 07:23


Myanmar Nation Voice
နိုင်ငံ့အရေးလျှပ်တစ်ပြက်သတင်းဆွေးနွေး
အစီအစဉ် ၀၂-၀၁-၂၀၂၅

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ နှင့်
မီဒီယာသမားများတွေ့ဆုံပွဲ

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/rIOipNzXmd8?si=45Vnxdfc67Cr5WSa

Myanmar Nation Voice
Tik Tok Channel Link
အပိုင်း-၁
https://vt.tiktok.com/ZS6gcaVrp/
အပိုင်း-၂
https://vt.tiktok.com/ZS6gcAEg8/

Myanmar Nation Voice

22 Jan, 01:19


တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ရဲ့ ပြောဆိုချက်။

ဇန်နဝါရီလ လလယ်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ဖျောင်းဖျမှုနဲ့ တိုက်တွန်းမှုအရ မြန်မာအစိုးရနဲ့ MNDAAက ယူနန်ပြည်နယ်ကူးမင်းမြို့မှာ သတ္တမအကြိမ် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်က သဘောတူညီချက်ရရှိပြီး တရားဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ပေးကျင်းစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက်နေ့ သုညနာရီ ကစပြီး အပစ်အခတ်ရပ်စဲတယ်လို့ နှစ်ဖက်သဘောတူကြပါတယ်။ နှစ်ဦးနှစ်ဖက်က ဒီတစ်ကြိမ် သဘောတူညီချက်ရရှိဖို့ တရုတ်နိုင်ငံရဲ့ ကြိုးစားမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပါတယ်။

မြန်မာပြည်ရဲ့ တင်းမာမှု ဖြေလျှော့ခြင်းဟာ မြန်မာနိုင်ငံက အုပ်စုအသီးသီးနဲ့ ဒေသတွင်းနိုင်ငံများရဲ့ အကျိုးနဲ့ ကိုက်ညီပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသတွင် လုံခြုံရေးနဲ့ တည်ငြိမ်ရေးရရှိလာဖို့ အထောက်အကူပြုနိုင်ပါတယ်။

တရုတ်မြန်မာနှစ်နိုင်ငံဟာ အိမ်နီးချင်းကောင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်ပွဲဖြစ်ပွားခြင်းနဲ့ မတည်မငြိမ်ဖြစ်စေခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင့်ပါတယ်။

Myanmar Nation Voice

22 Jan, 00:52


၂၁.၁.၂၀၂၅ ရက်နေ့၊ ၂၃ ၀၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ နီလာရိုးမဆီဆိုင်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၃ ၁၄ အချိန် လူနာကယ်ထုတ်ပြီးစီး၍ ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

MFSD
Photo YRO

Myanmar Nation Voice

21 Jan, 16:23


တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျွန်းစုမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဇန်နဝါရီလ - ၂၁ ရက်
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် အခြေပြု၍ ကျွန်း စုမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၈၀၇ ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၇ ဦး၊ ခွဲစိတ်ရောဂါ ၆၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၇ ဦး၊ ကလေးရောဂါ ၁၀၅ ဦး၊ အရိုးရောဂါ ၇၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၁၅၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၈ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၇၀ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ် သည့် လူနာ ၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးကုသ မှုခံယူနေသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြော ကြားသည်။
ထို့နောက် တိုင်းမှူးက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ပေါ်တွင် မွေးဖွားခဲ့သော မောင်ညီလွင်ပိုင် အား ဆေးဝါးနှင့်စားသောက်ဖွယ်ရာများပေးအပ်ကာ မျက်စိခွဲစိတ်ကုသမှုခံယူပြီးသည့် လူနာ များအား မျက်မှန်များတပ်ဆင်ပေးပြီး ထောက်ပံ့ပစ္စည်းများ ပေး အပ်သည်။

Myanmar Nation Voice

18 Jan, 15:05


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဇန်နဝါရီလ - ၁၈ ရက်
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့ သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၊ လောကသရဖူသွန်း ဘုရားကြီး၊ ရာပြည့်ဓနသိဒ္ဓိတန်ဆောင်းတော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၇၅ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၅၆ ဦး၊ ခွဲစိတ်ရော ဂါ ၆၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား၊နှာခေါင်း၊လည် ချောင်း ရောဂါ ၉၂ ဦး၊ မျက်စိရောဂါ ၉၃ ဦး၊ သွားရောဂါ ၇၈ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။
ထို့အပြင်အထွေထွေခွဲစိတ်လူနာ ၁၇ ဦး၊ မျက်စိခွဲစိတ်လူနာ ၁ ဦး တို့ကို ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂၃ ဦး၊ အာထရာဆောင်း ဖြင့်စမ်းသပ်စစ်ဆေးလူနာ ၅၈ ဦး၊ ECG စက် ဖြင့် နှလုံး စမ်းသပ်လူနာ ၂၈ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၁၀၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၅ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

Myanmar Nation Voice

18 Jan, 15:03


တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မလိကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဇန်နဝါရီလ - ၁၈ ရက်
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မလိကျွန်း တိုက်နယ် ဆေးရုံတွင်အခြေပြု၍ မလိကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၃၁၁ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၇ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၉ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၃၃ ဦး၊ နား၊နှာခေါင်း၊ လည် ချောင်းရောဂါ ၃၀ ဦး၊ မျက်စိရောဂါ ၅၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၀ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

Myanmar Nation Voice

18 Jan, 14:57


အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဇန်နဝါရီလ ၁၈ ရက်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်း ကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ ဆေးရုံများ ၌လည်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အပါအဝင် မြို့နယ်(၁၇)မြို့ နယ် တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ လည်းကောင်း စာသင်ကျောင်းများ၊ တက္ကသိုလ် များ၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသ ခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ် ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေး ခြင်း၊ ရေစည်ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်းနှင့် ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေး ဖျန်းပေး ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို စုပေါင်း ဆောင် ရွက်ပေးကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၌ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်း အဖွဲ့များက ဆေးရုံဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ ရေစည်ရေကန်များတွင် အဘိတ် ဆေး များခတ်ပေးခြင်းနှင့် ခြင်ခိုအောင်းနိုင်သောနေရာများ၌ ခြင်ဆေး ဖျန်းပေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း များကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့် ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

18 Jan, 14:55


ကလောမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဇန်နဝါရီလ - ၁၈ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ တောင်လားကျေးရွာအုပ်စု၊ မြင်းဒိုက်ကျေးရွာရှိ ဒေသခံပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဖောင်တော်ဦး ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၉၈ ဦး တို့အား ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နယ် မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ သံဃာတော် ၇၉ ပါးနှင့် ဒေသခံပြည်သူ ၁၂၄ ဦးတို့ကို ကန်သာယာ ဓမ္မာရုံ၌ သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အသက်ရှူလမ်း ကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းများ ဟောပြောဆွေးနွေးကာ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Myanmar Nation Voice

07 Jan, 16:29


ရန်ကုန်​​-မန္တလေး အမြန်လမ်းတွင် မီးသတ် ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ တပ်မတော်အရာရှိ ဇနီး ဒေါ်ယုယုခိုင် အပါအဝင် စစ်ဘက်၊ အရပ်ဘက်နှင့် ပျူစောထီး ပြည်သူ့စစ် စုစုပေါင်း ၆ ဦး ကို အကြမ်းဖက်များ ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်​​-မန္တလေး အမြန်လမ်းတွင် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ တပ်မတော်အရာရှိ ဇနီး ဒေါ်ယုယုခိုင် အပါအဝင် တပ်မတော် လက်အောက်ခံ ပြည်သူ့စစ်နှင့် ပျူစောထီး စုစုပေါင်း ၆ ဦး ကို ဖမ်းဆီးသွားကြောင်းသိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဒေသ အကြမ်းဖက် တော်လှန်ရေးတပ်တစ်ခုဖြစ်သော Aung San's Land Natmaukက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ တွင် ရှောင်တခင် ဖမ်းဆီးစစ်ဆေးရာ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘနှင့် ဒေါ်ခင်နွဲ့ရွှေတို့ကို ဖမ်းဆီးရရှိကြောင်း၊ ထို့ကြောင့် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘ၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေး လုပ်ဆောင်ချက်များကို ပြောဆိုထားကြောင်းစစ်ဆေးပေါ်ပေါက်သည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိသူများကို အကြမ်းဖက် NUG လက်အောက်ခံ ပကဖ များထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်းသိရ

Myanmar Nation Voice

07 Jan, 15:10


ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ကြည့်မြင်တိုင်မြိုနယ်၊ စျေးကလေးရပ်ကွက်၊ ကမ်းနားလမ်း နှင့် ဗားကရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်သတ်ဖြတ်မှု CCTV မှတ်တမ်း။

Myanmar Nation Voice

07 Jan, 14:37


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်
++++++++++++++++++++++++++++
နေပြည်တော်၊ ဇန်နဝါရီလ- ၇ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး H.E. Dr. Nassereddin HEIDARI သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်သည့် အခြေအနေများ၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက် သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိမှု၊ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရေး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့ များ ဖိတ်ခေါ် သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းဦး တို့ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

07 Jan, 13:45


Myanmar Nation Voice
နိုင်ငံ့အရေးလျှပ်တစ်ပြက်သတင်းဆွေးနွေး
အစီအစဉ် ၀၁-၀၁-၂၀၂၅

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့
အမေရိကန်နိုင်ငံမှ ၈၈ နိုင်ငံရေးမျိုးဆက်များကမြန်မာနိုင်ငံမှ အမျိုး ဘာသာ သာသနာ
တက်ကြွလှုပ်ရှားသူများအားဂုဏ်ပြုပွဲ

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/mNmvzLszO3Q?si=BTPiQ2lIlLDiMsLz

Myanmar Nation Voice
Tik Tok Channel Link
အပိုင်း-၁
https://vt.tiktok.com/ZS65cjuLg/
အပိုင်း-၂
https://vt.tiktok.com/ZS65cf8eJ/

Myanmar Nation Voice

07 Jan, 13:20


ယနေ့ ဇန်နဝါရီလ ၇ ရက် ညနေ ၃ နာရီခန့်ကရန်ကုန် တိုင်း ဒေသကြီး၊မင်္ဂလာဒုံခရိုင်၊မင်္ဂလာဒုံမြို့နယ် ၊ မင်္ဂလာဒုံပန်းခြံအနီး၊ခရေပင်လမ်းမပေါ်တွင် Hiject ယာဥ် တစ်စီး အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်အား တိုက်မိသည့် ဖြစ်စဥ်ကြောင့်
အမျိုးသား ၅ ဦး၊အမျိုးသမီး ၅ ဦး၊ ကလေး ၂ ဦးတို့ ထိခိုက် ဒဏ်ရရှိပါခဲ့ကြောင်းသိရသည်။

photo by မြသီတာ၊မာတာ၊

Myanmar Nation Voice

06 Jan, 15:23


မြန်မာနိုင်ငံကူးလက်မှတ်(အတု)များဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူများအား ဖမ်းဆီးရမိ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဇန်နဝါရီလ ၆ ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ၁၄၀၀ အချိန် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား လုံခြုံရေးပူးပေါင်းအဖွဲ့ သည် မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်းက ခေါ်ဆောင်လာသည့် တောင်တွင်းကြီးမြို့နယ်နေ မနှင်းအိဖြူပါ အမျိုးသမီးငယ် ၃ ဦးအပါအဝင် မြန်မာလူငယ် ၁၁ ဦးထံမှ မြန်မာနိုင်ငံကူးလက်မှတ်အတု ၁၁ အုပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စိစစ်မေးမြန်းချက်များအရ ၁၁ ဦး အနက် မနှင်းအိဖြူပါ ၉ ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်း (အထက်)၊ ဒုတိယထပ်၊ အမှတ်(၂၂၀)ရှိ One Asia အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ နွယ်နီလှိုင်မင်း၊ ဒါရိုက်တာ ခင်မောင်ရွှေ(ခေါ်) ဗလ တို့က တစ်ဦးလျှင် ဝန်ဆောင်ခငွေ ကျပ်သိန်း ၈၀ စီရယူ၍လည်းကောင်း၊ မောင်ကျော်မင်းထွန်း ပါ ၂ ဦး အား ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနှင့် (၃၉)လမ်းထောင့်၊ Central Tower တတိယထပ်၊ အခန်း(၃၀၂)ရှိ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ စုမြတ်(ခေါ်)စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ စီရယူ၍လည်းကောင်း၊ မြန်မာနိုင်ငံ ကူးလက်မှတ်အတုများ ပြုလုပ်ပေးကာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ပို့ဆောင်၍ ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ကြောင်း သိရှိရသဖြင့် မြဝတီမြို့မရဲစခန်းက နွယ်နီလှိုင်မင်း၊ ဗလနှင့် စုမြတ်တို့ကို ဥပဒေအရ အမှုဖွင့်လှစ် အရေးယူခဲ့ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ရာ One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ဗလ၊ လျမ်းထက်ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းမှ ဝဏ္ဏဇော်(ခေါ်)ကိုပေါက်၊ နိုင်ငံကူးလက်မှတ်အတုပြုလုပ်သူများဖြစ်သည့် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ စေတနာသုခလမ်း၊ အမှတ်(၇၂/ ၃ လွှာ-စီ)နေ ညိုမင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ မာလာမြိုင်(၉)လမ်း၊ အမှတ်(၁၁/ ၅ လွှာ-ယာ)နေ ဂျွန်ကိုကို (ခေါ်)ဂျွန်ကိုနှင့် ၎င်း၏ဖခင်ဖြစ်သူ ထွန်းရီ၊ မြန်မာနိုင်ငံကူးလက်မှတ်အတုများကို ဂျွန်ကိုကို ထံအပ်နှံ ပြုလုပ်၍ အလုပ်သမားများကို မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးသူများဖြစ်သည့် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ လမ်း(၃၀/အထက်)၊ အမှတ်(၂၀၀)နေ စန်းဝင်း(ခေါ်) ရဖီးနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ဗထူးလမ်း သွယ်ထောင့်၊ အမှတ်(၁)နေ သန့်ဇင်ဦးတို့ ၈ ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။

Myanmar Nation Voice

06 Jan, 15:23


ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ နွယ်နီလှိုင်မင်း၊ ဗလ ၊ စုမြတ်၊ စန်းဝင်း နှင့် သန့်ဇင်ဦးတို့သည် မလေးရှားနိုင်ငံရောက် ကျော်စွာ ဆိုသူက မြန်မာအလုပ်သမားများကို မလေးရှား နိုင်ငံသို့ စေလွှတ်ပေးရန် အလုပ်အပ်နှံမှုအပါအဝင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် လိုသူများကိုစုဆောင်း၍ အခကြေးငွေ ကျပ်သိန်း ၈၀ ရယူပြီး ကျော်စွာအား ၁၇ သိန်းကျပ်၊ ဇော်လင်းပိုင်နှင့် မျိုးလေး(ခေါ်)ဖာရွတ် တို့အား ထိုင်းဘတ်ငွေ ၂၀၀၀၀ (မြန်မာကျပ်ငွေ ၂၄ သိန်း)စီ၊ အထွေထွေကုန်ကျစရိတ် ၂ သိန်းကျပ် ကုန်ကျခဲ့ရာ နွယ်နီလှိုင်မင်းနှင့် ဗလတို့က ၁၃ သိန်းကျပ် အကျိုးအမြတ်ရယူ၍ မလေးရှားနိုင်ငံနေ မျိုးလေး ၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အတု ပြုလုပ်သူ ဂျွန်ကိုကိုထံ အပ်နှံအတုပြုလုပ်၍လည်းကောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်မှ အချက် အလက်များကို ပြုပြင်အတု ပြုလုပ်သူ ညိုမင်းထံ အပ်နှံပြုပြင်၍ လည်းကောင်း မြန်မာနိုင်ငံကူး လက်မှတ်အတုများ ပြုလုပ်ကာ အလုပ်သမားများကို ရန်ကုန်မြို့သို့ ခေါ်ယူစုစည်း၍ ရန်ကုန်မြို့မှ ခရီးသည်တင်ယာဉ်ဖြင့် မြဝတီမြို့သို့ ပို့ဆောင်ပေးကြောင်း၊ မြဝတီမြို့သို့ ရောက်ရှိပါက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ ဇော်လင်းပိုင်ဆိုသူ၏ ကိုယ်စားလှယ်ဖြစ်သူ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘိုရပ်နေ သက်နန္ဒာဝင်းက အမှတ်(၁)မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားမှ ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP)ဖြင့်လည်းကောင်း၊ တရားမဝင်လမ်းကြောင်းများမှ လည်းကောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပို့ဆောင်ကြောင်း၊ မဲဆောက်မြို့သို့ရောက်ရှိပါက ဇော်လင်းပိုင်က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်ကတ်)အတုများ ထုတ်ပေးကာ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ကြောင်း၊ ဘန်ကောက်မြို့သို့ ရောက်ရှိပါက မြန်မာနိုင်ငံကူးလက်မှတ်အတုဖြင့် ထိုင်းနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်းမှ လေယာဉ်လက်မှတ် ဝယ်ယူ၍ ထိုင်းနိုင်ငံတောင်ပိုင်းရှိ နရာသီဝမြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ပေးကြောင်း၊ နရာသီဝမြို့သို့ရောက်ရှိပါက မျိုးလေး၏ စီစဉ်မှုဖြင့် မလေးရှားနိုင်ငံနယ်စပ်၊ ကလန်တန်း မြို့သို့ တရားမဝင် ရေလမ်းကြောင်းမှ လှေဖြင့် လည်းကောင်း၊ ကလန်တန်းမြို့မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ တရားမဝင်ကုန်းလမ်းကြောင်းမှ မော်တော်ယာဉ်ဖြင့် လည်းကောင်း ပို့ဆောင်ကြောင်း၊ ၎င်းနောက် မလေးရှားနိုင်ငံ ပြည်တွင်း လေကြောင်းလိုင်းများဖြင့် မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံကူးလက်မှတ်အတုများ ကိုင်ဆောင်သွားလာ အလုပ်လုပ် ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေအရအရေးယူဆောင်ရွက်ထားရှိကြောင်း၊ ဂျွန်ကိုကို အနေဖြင့် ဗလနှင့် စုမြတ်တို့အပါ ၁၄ ဦးတို့အပ်နှံသည့် နိုင်ငံကူးလက်မှတ်အတု ၇၃၄ အုပ်အား အတုပြုလုပ်ပေးခဲ့ကြောင်းနှင့် အမှုမှထွက်ပြေးတိမ်းရှောင်နေသည့် ကျန်တရားခံများ ဖမ်းဆီးရမိ ရေးအတွက် ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Myanmar Nation Voice

04 Jan, 16:35


လွတ်ငြိမ်းချမ်းသာခွင့်ရကြသောအကျဉ်းသား အကျဉ်းသူများ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ လွတ်မြောက်လာကြစဉ်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ လ - ၄ ရက်

Myanmar Nation Voice

04 Jan, 16:32


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကျင်းပ
++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဇန်နဝါရီလ ၄ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူး ကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း ဧည့်ခံ သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်း အနား ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဥပစာမြက်ခင်းပြင် ၌ ကျင်းပသည်။
ဦးစွာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့် သည် တော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုဆောင်ခန်းမ ဥပစာမြက်ခင်းပြင် သို့ ရောက်ရှိ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး တို့နှင့်အတူ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေး ပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ် များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံး တာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ သို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူ တကွသုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြန်ကြား ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှအနုပညာရှင်များက တေးသံသာများဖြင့် သီဆိုတီမှုတ်ဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် ဂုဏ်ပြုဆောင်ခန်းမ၌ ပြုလုပ်သည့် ပဒေသကပွဲကို ကြည့်ရှုအားပေးကြသည်။
ပဒေသာကပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော် ဖြေတင်ဆက်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ၊ အနုပညာ ဦးစီးဌာနတို့မှ တေးသံရှင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
အဆိုပါ(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေး မှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအ ကြံပေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံး များမှသံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါ တီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတိုင်းရင်းသူများ၊ အနုပညာရှင်များ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ နှင့်အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

Myanmar Nation Voice

28 Dec, 06:04


တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၂၂)နှင့် အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၉) သင်တန်းဆင်း ဂုဏ်ပြုစစ် ရေး ပြ အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်က ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဒီဇင်ဘာလ -၂၈ ရက်

Myanmar Nation Voice

28 Dec, 06:00


တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၉)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် ဒီဇင်ဘာလ ၂၈ ရက်
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏(၂၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္က သိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
အစီအစဉ်အရ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များ သည် ပညာရေးအဖွဲ့အစည်းအဝေးကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမသို့ဝင် ရောက်ကာ သတ်မှတ်နေရာများ တွင်နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံ တော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်း အနားကိုဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ် ကြီးကဘွဲ့နှင်းသဘင်ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့် သူများအား ကတိသစ္စာခံယူစေခြင်း၊ ဘာသာရပ်ဆိုင်ရာဌာနများက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီ အစဉ်အတိုင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက် ဆိုင်ရာ နည်းပညာ ဘွဲ့(ဓာတ်ခွဲနည်းပညာ၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ၊ ခန္ဓာသန်စွမ်းမှုနည်း ပညာ)ရရှိသူတို့ကို ဘွဲ့လက်မှတ် များ ချီးမြှင့်အပ်နှင်းပြီး ကျောင်းအုပ်ကြီးက ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အ ယောင် အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။
ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကိုရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်ပ ညာရေးအဖွဲ့ဝင်များ သည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြ သည်။
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်းသဘင် အခမ်း အနားအားကျင်းပပြုလုပ်ခဲ့ပြီး သူနာပြုပါရဂူဘွဲ့၊ ဆေးပညာသင်ကြားရေး ဘွဲ့လွန်ဒီပလိုမာ၊ သူနာပြုမဟာ သိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး)၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာ ဖွေခြင်းနည်းပညာ ဒီပလိုမာ၊ အထူးကြပ်မတ်သူနာပြု စုမှုဒီပလိုမာ၊ ခွဲစိပ်ခန်းသူနာပြုစုမှုဒီပ လိုမာ၊ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာ ဘွဲ့ရရှိသူတို့ အား ဘွဲ့များအပ်နှင်းပေးအပ်ခဲ့သည်။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာ အရာရှိများ နိုင်ငံတကာ အဆင့်မီအတတ်ပညာများရရှိရေးအတွက် ပြည်ပသင်တန်း များတက် ရောက်စေလွှတ်ခဲ့ရာ သူနာပြုပါရဂူဘွဲ့နှင့် သူနာပြုမဟာသိပ္ပံဘွဲ့အတွက် ၁၉၉၈ ခုနှစ်၊ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်တို့တွင် သြစတြေးလျနိုင်ငံ၊ La Trobe တက္ကသိုလ်သို့လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် ထိုင်းနိုင်ငံ Burapha University သို့လည်းကောင်း စေလွှတ်ပညာသင်ကြားစေခဲ့သည်။
အလားတူ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းဆင်း အထက် တန်းသူနာပြုများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လက်တွေ့သူနာပြုစုမှု သင်တန်းသို့လည်း ကောင်း၊ စင်ကာပူနိုင်ငံ National University Hospital တွင် နှလုံးရောဂါအထူးကြပ်မတ်ကုသမှု သင်တန်းသို့လည်းကောင်း၊ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့ သင်တန်း များသို့လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံ University of Airlangga Mulyorejo Surabaya တက္ကသိုလ်တွင် သူနာပြုမဟာ သိပ္ပံဘွဲ့သင်တန်းသို့လည်းကောင်း ပညာတော်သင်စေလွှတ်ကာ တက်ရောက်အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

28 Dec, 05:57


တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၂၂) နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၉) တို့မှ သင်တန်းဆင်းသင် တန်းသား သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်း အခမ်းအနားကျင်းပ
++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် ဒီဇင်ဘာလ ၂၈ ရက်

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၂၂) နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၉)တို့မှ သင်တန်းဆင်းသင် တန်းသား သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက် နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဉီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊တပ်မတော်သူနာပြုနှင့်ဆေး ဘက်ပညာတက္ကသိုလ် ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ကျောင်းဆင်း သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဉီး၊ တပ်မတော် အရာရှိကြီးများ နှင့်တပ် မတော် သူ နာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့ သည် စင်မြင့်ထက်တွင် နေရာယူကြပြီး နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဉီးက ကျောင်းဆင်း သင်တန်းသား သင်တန်းသူတစ်ဦးချင်းစီအား ဆေးဝန် ထမ်းတာဝန်ခန့်အပ်လွှာများ ပေးအပ်ကာ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဉီးက အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

Myanmar Nation Voice

03 Dec, 04:10


Myanmar Nation Voice
နိုင်ငံ့အရေးသုတရသသတင်းဆွေးနွေး
အစီအစဉ် (၃၁/၂၀၂၄)
Presenter ဇင်မာသိန်း

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/et6akF4M-zw?si=H9SsVolBwsg6-y8e

Myanmar Nation Voice

03 Dec, 02:47


Myanmar Nation Voice
နိုင်ငံ့အရေးသမိုင်းတစ်ခေတ်
ရှေးဟောင်းနှောင်းဖြစ်အစီအစဉ် (၃/၂၀၂၄)
-ဦးမျိုးဇော် (သပြေ) နှင့် ဝင်းမော်(ရွှေသံစဉ်)

နယ်ပယ်တိုင်းမှာTiming အရေးပါပုံအကြောင်း
ဂီတမှာ Timing လွဲရင်သီချင်းပျက်မယ်
နိုင်ငံရေးမှာ Timing လွဲရင်နိုင်ငံပျက်မယ်

အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦး၏
လူငယ်များအတွက်ဖြေကြားချက်

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/HCI5DyblEmk?si=cuFOkkdX6iGwzBqv

Myanmar Nation Voice
Tik Tok Channel Link
@mnv5555
အပိုင်း-၁
https://vt.tiktok.com/ZSjt5h89d/
အပိုင်း-၂
https://vt.tiktok.com/ZSjt55fo5/
အပိုင်း-၃
https://vt.tiktok.com/ZSjt5y3ej/

Myanmar Nation Voice

02 Dec, 15:35


ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [ Unity and Development Party (UADP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ ၂ ရက်

Myanmar Nation Voice

02 Dec, 14:42


မြန်မာနိုင်ငံရေပိုင်နက်တွင်ဝင်ရောက်၍ ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ ၂ ရက်

Myanmar Nation Voice

01 Dec, 16:01


တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ အမျိုးသား ၈ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
+++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ ဒီဇင်ဘာလ ၁ ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ၊ မြို့ ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ဖုန်းနှင့် ငွေကြေး များခြောက်လှန့်တောင်းယူမှု များဖြစ်ပွားနေကြောင်း ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူ များ၏ သတင်းပေးပို့တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပြစ်မှုကျူးလွန် သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့် ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက် များရှိ နေအိမ်အချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင် ဆောင်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့ကြသူများဖြစ်ကြသည့် တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ)တာလေ(၂၈)နှစ်နှင့် သီဟ(၄၄)နှစ်၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ(ခ)ဘဦး(၃၀)နှစ်နှင့် မျိုးဦး(ခ)ဝေယံ(၃၁)နှစ်၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင် (ခ)အရှည်ကြီး (၂၇)နှစ်နှင့် ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်(၃၄)နှစ်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက်(ခ)ကုလား(၂၅)နှစ်၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက်(၂၈)နှစ်တို့ ၈ ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင် မော်တော်ယာဉ် ၁ စီး၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ် အတို (Air Gun) ၁ လက်၊ ပြောက်ကြားဦးထုပ် ၁ လုံး၊ ပြောက်ကြားယူနီဖောင်း ၂ စုံတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးတို့အား စစ်ဆေးပေါ်ပေါက်ချက်များအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တာချီလိတ်မြို့ ၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အငှားနေအိမ် လိုင်းခန်းတစ်ခုမှ တရားခံ ဇော်ဖြိုးလွင်(ခ)တာလေ၊ သိန်းထိုက်အောင်(ခ)အရှည်ကြီး၊ သီဟနှင့် ဖမ်းဆီးရန်ကျန်တရားခံ မဲကြီးတို့ ၄ ဦးက ဖုန်းမျိုးစုံ ၂ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့်အား လည်းကောင်း၊ အောက်တိုဘာလအတွင်း တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ် တစ်အိမ်မှ တရားခံ ဇော်ဖြိုးလွင်(ခ)တာလေ၊ သိန်းထိုက်အောင်(ခ)အရှည်ကြီး၊ မိုးနှင်းလျှံ(ခ)ဘဦး၊2
မျိုးမင်းထက်၊ မျိုးဦး(ခ)ဝေယံနှင့် ဖမ်းဆီးရန်ကျန်တရားခံ မဲကြီးတို့ ၆ ဦးက ဖုန်းမျိုးစုံ ၆ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဆေးခမ်းရပ်ကွက်အတွင်းရှိ နေအိမ် တစ်အိမ်မှ ဖုန်းမျိုးစုံ ၇ လုံးနှင့် ထိုင်းဘတ်ငွေ ၁၄၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ တရားခံ ဇော်ဖြိုးလွင်(ခ)တာလေ၊ မိုးနှင်းလျှံ(ခ) ဘဦး၊ ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်နှင့် ဖမ်းဆီးရန်ကျန်တရားခံ မဲကြီးတို့ ၄ ဦးက ဖုန်းမျိုးစုံ ၅ လုံးနှင့် ထိုင်းဘတ်ငွေ ၇၀၀၀ခန့်အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ တရားခံ ဇော်ဖြိုးလွင်(ခ)တာလေ၊ သိန်းထိုက်အောင်(ခ) အရှည်ကြီး၊ သီဟနှင့် ခင်မောင်ထိုက်(ခ)ကုလားတို့ ၄ ဦးက ဖုန်းမျိုးစုံ ၄ လုံးနှင့် ထိုင်းဘတ်ငွေ ၁၂၀၀၀ ခန့်အားလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ပျောက်ကြားယူနီဖောင်းများဝတ်ဆင်ပြီး M16 ပုံစံတူ (AirGun) ၁ လက်၊ ပစ္စတိုသေနတ်(AirGun) ၁ လက်နှင့် ဝင်းသက်အောင်ပိုင်ဆိုင်သည့် Alphard အဖြူရောင်မော်တော် ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည် ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃၀၀၀ တို့အား ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။
နေအိမ်များအတွင်း ဝင်ရောက်ကာ ခြောက်လှန့်တောင်းယူမှုများအတွင်း ဇော်ဖြိုးလွင်(ခ) တာလေ၊ သိန်းထိုက်အောင်(ခ)အရှည်ကြီးနှင့် ဖမ်းဆီးရန်ကျန်တရားခံ မဲကြီးတို့က လုံခြုံရေးတပ်ဖွဲ့ ယူနီဖောင်းများဝတ်ဆင်၍ ဦးဆောင်ကျူးလွန်ခဲ့ကြပြီး ကျန်တရားခံ ၆ ဦးတို့က အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများအယောင်ဆောင်၍ ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ခြောက်လှန့်တောင်းယူခဲ့ရရှိခဲ့သည့် လက်ကိုင်ဖုန်းများနှင့် ငွေကြေးများအား သိမ်းဆည်းရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Myanmar Nation Voice

01 Dec, 16:01


ဖြစ်စဉ်တွင် တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်အချို့သို့ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ လုံခြုံရေးအရ ဧည့်စာရင်း စစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ အား ခြောက်လှန့်တောင်းယူခဲ့ကြသူ ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုတစ်ခုချင်းစီအလိုက် အမှုများအသီးသီးရေးဖွင့်ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံ မဲကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အလားတူဒုစရိုက်မှုများကျူးလွန်နိုင်မှုမရှိစေရေး မိဘပြည်သူများအနေဖြင့် ဒုစရိုက်သမား များ၏ လှုပ်ရှားသွားလာမှုများအား သိရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များထံ အသိပေးသတင်း ပေးပို့တိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Myanmar Nation Voice

22 Nov, 15:37


(၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(25th ASEAN Chiefs of Army Multilateral Meeting - 25th ACAMM)သို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခြင်း
++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ နိုဝင်ဘာလ ၂၂ ရက်
ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး(25th ASEAN Chiefs of Army Multilateral Meeting - 25th ACAMM) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက် : Mabalacat Hilton Clark Sun Valley Resort (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော အာဆီယံကြည်းတပ်ဦးစီး ချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက “Strengthening Partnership and Camaraderie Towards Regional Stability” ခေါင်းစဉ်နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးပြီးဆုံးခဲ့သည်။ အစည်းအဝေးအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီးမောင်မောင်အေး သည် အာဆီယံကြည်းတပ် ဦးစီးချုပ်များနှင့် အတူပူးတွဲ သတင်းစာရှင်းလင်းပွဲ သို့တက်ရောက်ခဲ့သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်း တပ်ဦးစီးချုပ်ဖြစ်သူ Gen Mao Sophan ၊ ထိုင်းဘုရင့် တပ်မတော်၊ လက်ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Maj. Gen Phanseng Bounphan ၊ ဘရူနိုင်းဘုရင့် တပ်မတော်၊ ကြည်းတပ် ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulaiman ၊ တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲများ အပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီးတို့သည် ဖိလစ် ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido နှင့် ဇနီးတို့တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်း အနားသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ တက် ရောက်ခဲ့ ကြသည်။

Myanmar Nation Voice

22 Nov, 15:36


ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ(၂၂-၁၁-၂၀၂၄)
+++++++++++++++++++++++++++++++++++++++++

Myanmar Nation Voice

22 Nov, 15:30


မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁ဝဝ)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်
+++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ နိုဝင်ဘာလ - ၂၂ ရက်
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန် ကြီး များနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီး မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော် များ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာ ကြသူများသည် ဂုဏ်ပြုညစာကိုအတူတကွသုံးဆောင် ကြသည်။
ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကျောင်းသား၊ ကျောင်းသူ များ၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသီချင်းများ၊ သရုပ်ဖော်အကများ၊ တိုင်းရင်းသားယဉ်ကျေးမှု အကအ လှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

22 Nov, 15:21


ပြည်ပမှစက်သုံးဆီများ လုံလောက်စွာတင်သွင်းဖြန့်ဖြူးပေးမှုကြောင့် ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိသည့်အပြင် အရန်ဆီများထားရှိနိုင်ပြီး ရောင်းဈေးနှုန်းများလည်း ဆက်တိုက် ကျဆင်းနေ ++++++++++++++++++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ ၂၂ ရက်
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ စီမံဆောင်ရွက်မှု၊ လိုအပ်သည့် စက်သုံးဆီဖိုး နိုင်ငံခြားသုံးငွေများကို အချိန်မီလုံလောက်စွာ ဝယ်ယူပေးချေနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု တို့ကြောင့် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက် လျက်ရှိ သဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိနိုင်ပြီး နေ့စဉ်လုံလောက် စွာဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ပြည်တွင်းရောင်းဈေးနှုန်းများ ဆက်တိုက် ကျဆင်းလျက်ရှိသဖြင့် အများပြည်သူ ခရီး သွားလာမှု အဆင်ပြေလွယ်ကူသည့်အပြင် ကုန်စည်စီးဆင်းမှုချောမွေ့ စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ် ရေးကိုလည်း များစွာ အထောက်အကူ ပြုကြောင်း သတင်းရရှိပါသည်။

Myanmar Nation Voice

22 Nov, 09:21


မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ ခုံဒိုင်ချုပ် ဦးဒေါင်းနီ ကွယ်လွန်ရှာ
+++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ ၂၂ ရက်
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ ခုံဒိုင်ချုပ် အသက် ၇၃ နှစ်အရွယ် ဦးတင်စိုး(ခ) ဦးဒေါင်းနီ သည် ယနေ့ နို ဝင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ မိနစ်၂၀ တွင် ရန်ကုန်ဆေး ရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ ကွယ်လွန် သွား ကြောင်း သိရသည်။
ဦးဒေါင်းနီ ကွယ်လွန်ခြင်းအပေါ် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေဖြင့် မိသားစုနှင့် ထပ်တူဝမ်းနည်းရ ကြောင်းမြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
ဦးဒေါင်းနီသည် ယခင်က လက်ဝှေ့ကျော်တစ်ဦးဖြစ်ပြီး လက်ဝှေ့ ခုံဒိုင်ချုပ်အဖြစ် ပြောင်းလဲတာဝန် ထမ်း ဆောင်ခဲ့သူ ဖြစ်ကြောင်း ၊ယင်း၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၄ ရက် ၊ မွန်းလွဲ ၂ နာရီအချိန်တွင် ရေဝေး သုသာန်၌ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

Myanmar Nation Voice

04 Nov, 01:57


ဆင်မကြီးမိုမို၏ အသက် ၇၁ ပြည့် မွေးနေ့ပွဲပြုလုပ်ခဲ့
++++++++++++++++++++++++++++
နိုဝင်ဘာလ ၄ ရက်

‌ရန်ကုန်မြို့၊ တိရစ္ဆာန်ဥယျာဉ်တွင် ဆင်မကြီးမိုမို၏ အသက် ၇၁ ပြည့် မွေးနေ့ကို နိုဝင်ဘာလ ၃ ရက်ကပြုလုပ်ခဲ့သည်။

Myanmar Nation Voice

03 Nov, 06:16


လှိုင်သာယာတွင် ဂက်စ်ဆိုင်မီးလောင်မှု‌ကြောင့်
ကားနှစ်စီးဆုံးရှုံး

+++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ ၃ ရက်

လှိုင်သာယာအနောက်ပိုင်းမြို့နယ်
အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းတွင် း ယနေ့နိုဝင်ဘာလ ၃ ရက် နံနက်က ဂက်စ်ဆိုင်တစ်ဆိုင် မီးလောင်ပြီး ကားနှစ်စီးဆုံးရှုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှကသိရသည်။

ယင်းကြောင့်  အိမ်သုံးကား (၁)စီးနှင့် လုပ်ငန်းသုံး ကား(၁)စီးတို့ မီးလောင်ဆုံးရှုံးခဲ့ကာ မီးလောင်မှုနှင့် ပတ်သက်၍ ဆက်လက် စုံစမ်း ဆောင်ရွက် နေကြောင်း  သိရသည်။

Myanmar Nation Voice

02 Nov, 15:20


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာ ဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
+++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ နိုဝင်ဘာလ - ၂ ရက်
မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပ သည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံ မြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစောနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံး အကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူ မျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဟိန္ဒူ ရိုးရာ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာ ကဘူးများ မှုတ်ခြင်း၊ မိုးပျံပူဖောင်းများလွှတ်တင် ခြင်းများကို ဆောင်ရွက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့ သာဖြင့် ကြိုဆိုကြသည်။ယင်းနောက်နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေး ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဟိန္ဒူအသင်းအဖွဲ့ပြခန်းများ၊ ဟိန္ဒူမျိုးနွယ်စုပြခန်းများကို ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့် ရှုကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီး၊ တာဝန် ရှိသူများက ဒီပါဝလီ အထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပုဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။ယင်းနောက် ဒီပါဝလီနေ့နှင့်ဆီမီးထွန်း ညှိခြင်း တို့နှင့်ပတ်သက်၍ အခမ်း အနားမှူးက ရှင်းလင်းတင်ပြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက် လာ ကြသူများသည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံရုံးမှ တစ်ကိုယ်တော်အကဖြင့် ဖျော်ဖြေမှု၊ Ganesha ဓမ္မတေးဖြင့် ပူဇော်မှု၊ ဆီမီးခွက် အကဖြင့် ဖျော်ဖြေမှုတို့အား ကြည့်ရှုအားပေးကြသည်။

Myanmar Nation Voice

28 Oct, 16:26


ဟဲဟိုးတွင် ကထိန်ခင်းပြီး မန္တလေးသို့ ဘုရားဖူးထွက်လာသောယာဉ်တစ်စီး ပေ ၃၅၀ ခန့် အနက်ရှိ ချောက်အတွင်းထိုးကျ၍ ၇ ဦးသေဆုံးကာ ၇ ဦး စိုးရိမ်ဒဏ်ရာရ
++++++++++++++++++++++++++++++++++++++++++++++++++++++
အောက်တိုဘာလ ၂၈ ရက်
ဟဲဟိုးတွင် ကထိန်ခင်းပြီး မန္တလေးသို့ ဘုရားဖူးထွက်လာသောယာဉ်တစ်စီး ပေ ၃၅၀ ခန့် အနက်ရှိ ချောက်အ တွင်းထိုးကျ၍ ၇ ဦးသေဆုံးကာ ၇ ဦး စိုးရိမ်ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - ရွာငံမြို့ နယ်ရုံးက သိရသည်။
ဖြစ်စဉ်တွင် ယာဉ်ပေါ်ပါ ၂၈ ဦး အနက် မစိုးရိမ်ရ ထိခိုက်လူနာ ၁၀ ဦး၊ စိုးရိမ်ရလူနာ ၇ ဦး ၊သေဆုံးသူ ၇ ဦးတို့ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ရွာငံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်း ဒေသအခေါ် စခန်းကြီးအတက် အနီး၌ ဟဲဟိုးတွင် ကထိန်ခင်းကာ မန္တလေးမြို့သို့ ဘုရားဖူးရန်လာသော ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus ရွှေငှက်ဂူ၊ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာမှ ယာဉ်မှာ အမြင့်ပေ ၃၅၀ ခန့်အနက် ချောက်အောက်သို့ ထိုးကျသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Nation Voice

28 Oct, 14:08


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မိုင်းထောင်ဖောက်ခွဲရန် လာရောက်စဉ် ပေါက်ကွဲ မှုဖြစ်ပွား၍ အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးအား လက်လုပ်မိုင်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိ
+++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ အောက်တိုဘာလ ၂၈ ရက်
ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့ နယ်၊ အမှတ်(၆၂)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ အမှတ်(၃၀)အခြေခံပညာမူလတန်းကျောင်းအနီး၌ အမျိုးသား နှစ်ဦး မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာ များဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၈)ရပ်ကွက်နေ ဖိုးလပြည့်(၂၉)နှစ် (ဘ)ဦးသက် တိုးနှင့် အမှတ်(၉၄) ရပ်ကွက်နေ ပိုင်မင်းထက်(၂၀)နှစ် (ဘ)ဦးတင်ဝင်းတို့နှစ်ဦးအား မိုင်းပေါက်ကွဲစထိမှန် ဒဏ် ရာများ ဖြင့် တွေ့ရှိရသဖြင့် ဆေးကုသပေးနိုင်ရေး အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၁၀၀၀)သို့ ပို့ ဆောင်၍ ထိန်းသိမ်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ယင်းနေ့ နံနက် ၄ နာရီခွဲတွင် ဖိုးလပြည့်၊ ပိုင်မင်းထက်နှင့် အောင်နိုင်ထွန်း (ခ)ကရင်တို့သည် ငွေစိုး(၄၀)နှစ်မောင်းနှင်သည့် Toyota Corolla အမျိုးအစား YGN AA-4000 နံပါတ်ပါအဖြူရောင်အငှား ယာဉ် ဖြင့် အမှတ်(၉၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းထောင် ဖောက်ခွဲရန် သွားရောက်စဉ် အဆိုပါရုံးအနီးအ ရောက်၌ ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် လက်လုပ်မိုင်းမှာ ပေါက်ကွဲခဲ့သဖြင့် ဖိုးလပြည့်နှင့် ပိုင်မင်းထက် တို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အောင်နိုင်ထွန်း(ခ)ကရင်မှာ ယာဉ်ပေါ်မှ ဆင်းပြေးသွား ခဲ့ကာ ယာဉ်မောင်း ဖြစ်သူ ငွေစိုးမှ ဖိုးလပြည့် နှင့် ပိုင်မင်းထက်တို့နှစ်ဦးအား တင်ဆောင်၍ ဆက်လက်မောင်း နှင်ကာ အမှတ်(၃၀)အခြေခံပညာ မူလတန်း ကျောင်းအနီးအရောက်၌ ယာဉ်ပေါ်မှ ချထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦး၏ ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်မောင်း ငွေစိုးအား ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင် စုလမ်းနှင့် မေယဝတီလမ်းထောင့်အနီးတွင် ငွေစိုးအား
၎င်းမောင်းနှင်သည့် အဖြူရောင် အငှားယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ် အား အသေး စိတ်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက် မဲ့ပြု လုပ်ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူ တရားခံသုံးဦးအနက် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့မှာ ဆေးကုသမှုခံ ယူနေ စဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး တရားခံ ငွေစိုးအား ဥပဒေ နှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသူ တရားခံ အောင်နိုင်ထွန်း(ခ)ကရင်အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Nation Voice

28 Oct, 13:50


ထုတ်လွှင့်ပြန်ကြား သတင်းမှန်များ(၂၈-၁၀-၂၀၂၄)

Myanmar Nation Voice

27 Oct, 15:19


၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ ++++++++++++++++++++++++++++++++++++++++++++++++++++
အောက်တိုဘာလ - ၂၇ ရက်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားနေသည့် ရန်ကုန် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက်တပ်နယ်၊ တပ်ရင်းတပ်ဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) ပညာသင် စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ များပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အ နော်ရထာခန်းမ၌ ကျင်းပခဲ့သည်။တပ်နယ်၊ တပ်ရင်းတပ်ဖွဲ့များမှ အခြေခံပညာအဆင့်နှင့် တက္ကသိုလ် အဆင့် တွင်တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၄၄၆ ဦး အတွက် ပညာသင်စရိတ်၊ စာရေး ကိရိယာနှင့် ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Myanmar Nation Voice

27 Oct, 15:16


ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နာယက ကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင်ပွဲ ပြုလုပ်
++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ အောက်တိုဘာလ - ၂၇ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ မေတ္တာအေးရိပ် ပရဟိတဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် နာယကကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်း အနားနှင့် မုဒ်ဦးဖွင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ မန်ဆူဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍတိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂ မဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသော ဆရာတော်၊သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ပြည်နယ်အစိုးရဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက် ကြသည်။
ဦးစွာ ဆရာတော်ကြီးများက နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီး ဇယန္တောအောင် ဂါထာဖြင့် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို စတင်ခဲ့သည်။ ထို့နောက် မန်ဆူ ဆရာတော်က ဦးဆောင်၍ အုတ်မြစ်တော်စီ မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် အမွေးနံ့သာများပက်ဖြန်းခြင်းနှင့် ကံ့ကော်ပင်စိုက်ပျိုးခြင်းကိုပြုလုပ်သည်။ ယင်းနောက် မန်ဆူဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မေတ္တာအေးရိပ် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမုဒ်ဦးကို ဖွင့်လှစ်ပေးပြီး ကျောင်းတိုက်ရှိ ဓမ္မစကူး ကျောင်းသား၊ ကျောင်းသူများနှင့် ယာယီနေရပ်စွန့်ခွာ နေသူများအား စားသောက် ဖွယ်ရာများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ် လှူဒါန်းကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက မန်ဆူဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်တရားတော်ကို နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မန်ဆူ ဆရာတော် ပင့်ဆောင်လာသော ဓါတ်တော်၊ မွေတော်များကို ပင်လုံမြို့၊ မွေတော်ဟိုးနား ရှေ့ဟောင်းစေတီတော်အတွင်းသို့ လိုက်ပါပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိ သည်။

Myanmar Nation Voice

27 Oct, 15:10


ကလေးမြို့တွင် ငွေကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ
++++++++++++++++++++++++++++++++++++++++++++++++++++++++++အောက်တိုဘာလ - ၂၇ ရက်
အောက်တိုဘာလ၂၃ ရက်ည ၆ နာရီခွဲအချိန်ကလေးမြို့၊တောင်ဇလပ်ရပ်ကွက်၊နယ်မြေ(၆)၊အမှတ်(၉)လမ်း တွင်ရိုဒိန်းလျန်နာမောင်းနှင်ပြီးမောင်မောင်နိုင် ဝင်း(ခ)မောင်နိုင်ပါသည့် TOYOTA MARK II ယာဉ်ကိုရှာဖွေရာ ဆပ်ပြာခွက် ၂၀၀ခွက်ဖြင့်ထည့်လျက်ဘိန်းဖြူ ၂ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း၊ယင်းနေ့ ည ၈ နာရီခွဲအချိန်ရောင်းချ ခိုင်းသူမျိုးကိုဦးနှင့်မဆန်ချင်းတိလ်တို့ ၂ ဦးအားကလေးမြို့၊တောင်ဇလပ်ရပ်ကွက်၊နယ်မြေ (၁၀)၊ဘုရင့်နောင် လမ်းဆုံတွင်ဆပ်ပြာခွက် ၆၆၀ ဖြင့်ထည့်လျက်ဘိန်းဖြူ ၆ ဒသမ ၆ ကီလို၊TOYOTA MARKII ယာဉ်တစ်စီးနှင့် အတူဆက်လက်ဖမ်းမိခဲ့ကြောင်း၊ယင်းကိုမန္တလေးမှ ဖိုးကျော်(ခ)ကျော်ကျော်(ခ)မော်သင်းနှင့်ဇနီးမခင်မိုးနွယ်(ခ) မိုးနွယ်တို့၏အစီအမံဖြင့်မိတ္တူကူးစက်အဟောင်းများအတွင်းဝှက်ှုကလေးမြို့သို့သယ်ဆောင်ကြောင်း၊ယခုအခါအရေးယူထားပြီးပါဝင်သူများနှင့်ငွေကြေးပိုင်ဆိုင်မှုများကိုပြည်သူ့ဘဏ္ဍာသိမ်းဆည်းရန်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူမည်ဟုသိရသည်။

Myanmar Nation Voice

27 Oct, 12:58


Myanmar Nation Voice
နိုင်ငံ့အရေးသမိုင်းလက်ဆောင် အစီအစဉ်သစ်အား မိတ်ဆက်ခြင်း

The Voice of Myanmar Nation
YouTube Channel Link
https://youtu.be/-uf4lniFkgU?si=R6CM4w_q0YuHAhrR

Myanmar Nation Voice
Tik Tok Channel Link
@mnv5555
https://vt.tiktok.com/ZSjNRRnhk/

Myanmar Nation Voice

27 Oct, 12:19


သတင်းသမားပြောတဲ့သတင်း စကား(၁၃၅)
၂၀၂၄ အောက်တိုဘာလ (၂၇) ရက် MRTV
Myanmar Nation Voice အယ်ဒီတာချုပ် ဦးဝင်းမော်
အမိမြေသစ္စာသတင်းစုံဂျာနယ် အယ်ဒီတာချုပ် ဦးသူရဇော်
Sky Daily News အယ်ဒီတာချုပ်
ဒေါ်သော်တာဝင်း

MRTV နှင့် Myanmar Media Club တို့
ပူးပေါင်းစီစဉ်ထုတ်လွှင့်သည်။