ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ တချိုသော အရာတွေကလည်း ရိုးရှင်းမနေဘူး၊ ရမ်းဗြဲဖြစ်စဉ်ကို ဘုမသိ ဘမသိနဲ့ တရေးနိုး ထထုတ်ပြန်တဲ့ ကုလက ကျောက်တော်မြိုနယ်၊ အပေါက်၀ရွာနားက ကုလားတန်မြစ်ထဲမှာ တပ်မတော်သင်္ဘောနစ်လို ရေကူးလာတဲ့ မှီခိုအမျိုးသမီးတွေ၊ အသက်ကြီးပိုင်းတွေနဲ့ ကလေးငယ်တွေပါမကျန် လူပေါင်း ၉၀၀ ကျော်ကို ဓားနဲ့ဝိုင်းခုတ်ခဲ့ကြတဲ့ ၂-၈-၂၀၂၄ ရက်နေ့က ဖြစ်စဉ်ကို ကြတော့ အိပ်ပျော်နေသလိုလို နဲ့ မသိချင်ယောင်ဆောင် ကျော်လွှားသွားခဲ့တယ်။
အကြမ်းဖက် NUG အပေါင်းအပါ PDF အပါအဝင် EAOs အချိုက သူတို မြိုနယ်တွေကို တိုက်ခိုက်ချိန်မှာ အပြစ်မဲ့အရပ်သား ပြည်သူ၊ ဝန်ထမ်း ကလေး လူကြီးပါမချန် သတ်တဲ့လုပ်ရပ်တွေကို ကြတော့ ဥပဒေဘောင်ထဲက တရားဝင်လိုလို ဘာလိုလိုနဲ့ မျက်ကွယ်ပြုထားတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချပါတယ်၊ အကြမ်းဖက်မှုတွေကို လက်မခံပါဘူးဆိုတဲ့ ထုတ်ပြန်ချက်မျိုးထုတ်မပေးနိုင်တဲ့ အပြင် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူ ပြည်ပြေးမှန်သမျှကို နေရာအသီးသီးမှာ မသိတမျိုး သိတမျိုး၊ မသိကျိုးကျွန်ပြုကာ လက်ခံထားခဲ့တယ်။
နိုင်ငံတစ်နိုင်ငံက တည်ဆဲ ဥပဒေ ကို မလေးစား မလိုက်နာတဲ့အပြင် တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်နေတဲ့ သူတွေကိုကြတော့ နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ခြယ် ကန့်သတ်မှုမျိုးစုံလုပ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တည်ရှိမှု၊ ဖြစ်တည်မှုနဲ့ ငြိမ်းချမ်းမှုတွေက သူတိုရဲ့ ဒီလို Double Standard ကျင့်သုံးမှုတွေကြောင့်ပဲ ပျောက်ကွယ်လုနည်းနည်း ဖြစ်နေရတယ်။ အကြမ်းဖက်တွေက နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ လက်နက်နဲ့ တိုက်ယူလိုရတဲ့ နယ်မြေတွေကိုကြတော့ တည်ဆဲ အစိုးရက စိတ်ရှည်ရှည်နဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြပါလို တတွင်တွင် ခေါ်နေသည့်တိုင် ပြဒါးတစ်လမ်း သံတစ်လမ်း လျှောက်လမ်းနေတဲ့ အကြမ်းဖက်တွေကို ကြတော့ စင်ပေါ် ခေါ်တင်ချင်တဲ့ အရိပ်အယောင်တွေ ပြနေသလို ရှေ့မှာ ဆီးရီးယားကလည်း ဥပမာ ဖြစ်နေတယ်။
မြန်မာပြည်မှာ ကြားနေကြ အသံတွေ၊ မြင်နေကြ စကားလုံးတွေကို ပြောပြရမယ်ဆိုရင် အကြမ်းဖက် NUG အပေါင်းအပါ PDF အပါအဝင် EAOs အချိုက သူတို မြိုနယ်တွေကို တိုက်ခိုက်ချိန်တုန်းကကြတော့ အပြစ်မဲ့အရပ်သား ပြည်သူ၊ ဝန်ထမ်းတွေကို သတ်တဲ့အချိန်မှာ တရားသလိုလို ဘာလိုလိုနဲ့ ကုန်ကုန်ပြောရရင် ဒလန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သေဆုံးခဲ့ရတဲ့ ပြည်သူနဲ့ ဝန်ထမ်းတွေကိုလည်း သူတို သတ်တာ တရားပါတယ်လို လုပ်ခဲ့ကြတာပဲ။ သူတို သတ်ရင် လုံခြုံရေး ဝန်ထမ်းနဲ့ ဒလန် ဆိုတဲ့ ခေါင်းစဉ် အောက်ကို ရောက်သွားပြီး တစ်ဖက်က ပါးပါးလေး ပြန်လည်တုန့်ပြန့် ပြလိုက်တယ်ဆိုရင်ကိုပဲ ဖာတန်းကို မီးလောင်သလိုကို ဖြစ်နေတာက အလွတ်တောင်ရနေပါပီ။
ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် ကျောက်နီမော်မှာ ၂၀၁၂ က ဖြစ်ခဲ့တဲ့ ရခိုင်မလေးသီတာထွေး ဖြစ်စဉ်မှာဆိုရင် တိုင်းရင်းသားတွေနဲ့ပတ်သက်လာရင် ရင်ဝယ်သားကဲ့သို တပ်မတော်ကြီးက ဒေါ်စုလက်ထက်မှာ ICJ ရောက်တဲ့အထိ ရခိုင်တိုင်းရင်းသားတွေရဲ့ ရှေ့ ကနေ မားမားမတ်မတ်နဲ့ ဂရုစိုက်မှုတွေပေးခဲ့ပေမယ့် AA နဲ့ တချိုသော AA ထောက်ခံ ရခိုင်တွေရဲ့လုပ်ရပ်ကတော့ မေ့မရနိုင်လောက်အောင် အမှတ်တရတွေနဲ့ အမှတ်ရနေစေခဲ့တယ်။
အမြဲတမ်းပြောနေကြ စကားတစ်ခုဖြစ်တဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင် အဆက်ဆက်က ရခိုင်ပြည်ရဲ့ အခြေအနေကို သူတို ကောင်းကောင်း သိပါတယ်ဆိုတဲ့ စိတ်ခံစားချက်ကို မျက်ကွယ်ပြုကာ ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာ လုပ်နေမယ်ဆိုရင်တော့ ဖြစ်လာသမျှ အကျိုးဆက်အားလုံးကို AA အနေနဲ့ တာဝန်ယူ တာဝန်ခံရမှာပဲ ဖြစ်သလို ရခိုင်ပြည်ရဲ့ အနာဂတ်ကလည်း စိုးရိမ်စရာ အတိဖြစ်နေမှာပဲ ။ ကမ္ဘာကြီးအနေနဲ့လည်း မိအေးအော်တာပဲ လူသိပြီး ဂဏန်းညှပ် တာကို မသိဘူးဆိုရင်တော့ မြင်အောင်ကြည့်၊ ကြားအောင်နားထောင်ဖို အချိန်သင့်ပြီ အချိန်ရောက်လာပြီ ဆိုတာကိုလည်း သတိချပ်စေချင်တယ်။
https://t.me/Phoesi01233