Nay Zin Latt @nayzinlatt2023 Channel on Telegram

Nay Zin Latt

@nayzinlatt2023


Nay Zin Latt (English)

Are you looking for a channel that offers inspiration, motivation, and valuable life lessons? Look no further than Nay Zin Latt! With content geared towards personal development and growth, this channel, created by the talented user @nayzinlatt2023, aims to empower individuals to reach their full potential. Nay Zin Latt provides daily doses of wisdom, positivity, and encouragement to help you navigate through life's challenges and achieve success. Whether you are seeking tips on self-improvement, strategies for overcoming obstacles, or simply need a dose of motivation, Nay Zin Latt has got you covered. Join this community of like-minded individuals and embark on a journey of self-discovery and personal growth today! Don't miss out on the opportunity to be inspired and motivated every day. Follow Nay Zin Latt now and start your transformational journey!

Nay Zin Latt

15 Jan, 06:20


.

☯️

လေတိုက်နှုံးက တခါတလေ 100 kph ဆိုတော့ 60+ mph.

ဧက (၄၀,၀၀၀) ကျော်သွားခဲ့ပြီ ၊
အမြန်ငြိမ်းပါစေ ။


.

Nay Zin Latt

15 Jan, 06:14


.

☯️


ထရမ့်ရွေးခြယ်ထားတဲ့ အတွင်းဝန်ဆိုသူကို အမျိုးသမီးက မေးခွန်းထုတ်တယ်

" Mr. Hegseth... အာဆီယံမှာ ဘယ်နှစ်နိုင်ငံရှိပါသလဲ၊ ဘာတွေ သဘောတူညီမှု ယူထားကြပါသလဲ "

" ခင်ဗျားအမေးကို ကျွန်တော် အခုအတိအကျတော့ မဖြေနိုင်သေးဘူး၊ ဩစတေးလျှ၊ ဂျပန်၊ တောင်ကိုရီးယား တို့ပါမှာပေါ့ "

" အာဆီယံမှာ ရှင်ပြောတဲ့နိုင်ငံတွေတခုမှမပါဘူး၊ ရှင် အိမ်စာလေးပြန်လုပ်လိုက်ဦး "


ထရမ့်အစိုးရအဖွဲ့မှာ ဒီလိုလူတွေဘယ်နှစ်ယောက်ပါလာမလဲ မသိဘူးနော် ။


BaMg ☯️

.

Nay Zin Latt

15 Jan, 05:57


.

☯️


အရင် ညှိလိုက်ကြဦး

သိမ်းတာထက် ထိမ်းတာကခက်ပါတယ်ဆို


.

Nay Zin Latt

15 Jan, 05:23


.

☯️


ဒိန်းမတ်ဆီက Greenland ဝယ်ယူရေးကိစ္စမှာ ထရမ့်ရဲ့ အောက်လွှတ်တော်မဟာမိတ် ရီပါတ်ဘလစ်ကင်အမတ်တွေက ဥပဒေပြုဖို့ပြင်ဆင်နေကြပါပြီ၊

" Make Greenland Great Again Act " လို့အမည်တွင်ပါတယ်၊ အောင်မြင်သွားရင်တော့ အတိုင်းအထက်အလွန် ၊ တံခွန်နဲ့ ကုက္ကားဖြစ်သွားပါလိမ့်မယ်၊

This really will be great move and historically profound. ပါပဲ ။

The ball is in Denmark 's court ပါ ။



BaMg ☯️

Nay Zin Latt

15 Jan, 05:03


ဗိုလ်ချုပ်ကြီး IGOR KIRILLOV ကို လုပ်ကြံသွားတဲ့ ဖြစ်စဥ်ပါ။ လုံခြုံရေးတွေ သတိပြုဖို့ပါ။ နည်းပညာခေတ်မှာ သတိလွတ်တာနဲ့ ခံရနိုင် ပါတယ်။ KIRILLOV က ရုရှားစစ်တပ်ရဲ့ တတိယ အကြီးဆုံးနဲ့ ရုရှားရဲ့ အရေးပါဆုံးလူတွေထဲက တစ်ယောက်လဲ ဖြစ်ပါတယ်။

#KC
https://t.me/drmyat001

Nay Zin Latt

15 Jan, 04:46


.

☯️

နှစ်ပေါင်း (၁၆၀,၀၀၀) မှာတခါတွေ့ရတဲ့ ကြယ်တံခွန် မနေ့က ကမ္ဘာ့အနီး ဖြတ်သွားခဲ့တယ်၊


.

Nay Zin Latt

15 Jan, 04:43


.

☯️

Ventura county ဖက်ကို လေပြင်းတိုက်ခိုက်မှုကြောင့် ကူးစက်ပြန်ပါပြီ ။


.

Nay Zin Latt

15 Jan, 04:33


.

☯️


3.12.24 က မာရှယ်လောထုတ်ပြန်ခဲ့ပြီး ထိမ်းသိမ်းခံရဖို့အကြိမ်ကြိမ်လွတ်မြောက်ခဲ့တဲ့ တောင်ကိုရီးယား သမတဟောင်းကို ထိမ်းသိမ်းလိုက်နိုင်ပြီလို့ ဆိုပါတယ်၊

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကြီးမှာလဲ ကသောင်းကနင်းတွေ ဖြစ်လွန်းလှနေတာက မကောင်းလှပါ၊

ထရမ့်သမတ အဖြသ်ကျမ်းကျိန်တဲ့ပထမနေ့မှာ အမိန့်ပေါင်း (၁၀၀) ကျော်ထုတ်ပြန်မယ်လို့ဆိုတယ်၊ ဘိုင်ဒင်နဲ့ ဆန့်ကျင်ဖက်တွေဖြစ်ဖို့များတယ်၊ နောက်ပိုင်းမှာလဲ ဘိုင်ဒင်၊ သားဘိုင်ဒင်၊ ဟီလာရီတို့အပါအဝင် အမှုအခင်းတွေ " ဒါဇင်ပေါင်း" များစွာ မြင်တွေ့ရဖွယ်ရှိနေပါတယ်၊


BaMg ☯️

.

Nay Zin Latt

15 Jan, 04:24


.

☯️


ပူတင်ရဲ့ ထိတ်တန်းလက်ထောက်ဖြစ်သူ Nikolay Patrushev က -

" ယူကရိမ်းဟာ 2025 ထဲမှာပြိုကွဲသွားလိမ့်မယ်"

" အမေရိကန်မှတပါး အခြားဘယ်အနောက်နိုင်ငံတွေနဲ့မှ ဆွေးနွေးစရာအကြောင်းမရှိဘူး "

..... လို့ပြောလာတယ်၊

US မှာ ထရမ့်သမတဖြစ်လာတာဟာ ရုရှားကို ကံတရားက အကြီးအကျယ်ဖေးမပေးလိုက်တာပဲလို့မြင်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

15 Jan, 03:30


.

☯️

Oklahoma က ရှေ့ဖြစ်ဟော သင်းအုပ်ဆရာ Pastor Brandon Dale Biggs ဟာ Las Vegas နဲ့ New Orleans ဖြစ်ရပ်တွေအပါအဝင် ဖြစ်စဉ်အတော်များများကို မှန်ကန်အောင်ဟောနိုင်သူဆိုပြီး နာမယ်ကြီးတယ်၊

သူရဲ့ သတိပေးဟောချက်တခုက 2025 ထဲမှာ 10 Magnitude အင်အားရှိတဲ့ မဟာငလျင်ကြီး Mega Earthquake တခုကို အမေရိကန်အနေနဲ့ တွေ့ကြုံရလိမ့်မယ်လို့ ဟောကိန်းထုတ်ထားတယ်၊

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ နက္ခတ်တွေအရလဲ မီးအကြီးအကျယ်လောင်ကျွမ်းခြင်း၊ ပြည်တွင်းစစ်၊ စီးပွားရေးကျဆင်းမှု၊ ငလျင် စတဲ့ ဖြစ်ရပ်တွေ အမေရိကန်မှာဖြစ်လိမ့်မယ်ဆိုတဲ့ ဟောချက်တွေကလဲရှိထားနှင့်နေတာတွေ့ရတယ်၊

ဇာတာမရှင်းတဲ့ ထရမ့်ကလဲ သမတဖြစ်လာမှာဆိုလေတော့... " တူရာစုတတ်တယ်" ဆိုတဲ့စကားအတိုင်းများ သဘာဝကြီးက ဇာတ်ညွှန်းရေးခဲ့လေပြီလားမသိပါ ။



BaMg ☯️

.

Nay Zin Latt

15 Jan, 03:04


.

☯️

အမေရိကန်မှာ Tiktok ကိုအပိတ်ခံမလား
ဒါမှမဟုတ် အမေရိကန်လုပ်ငန်းရှင်တဦးဦးကိုရောင်းချမလား ဆိုတဲ့ ဘိုင်ဒင့်လက်ထက်ဆူုံဖြတ်ချက်ကို ကျော်ဖြတ်နိုင်ဖို့အတွက် တရုတ်က Elon Musk နဲ့လှို့ဝှက်ညှိနှိုင်းနေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်၊

Musk အနေနဲ့ Twitter ကိုဝယ်ယူခဲ့ပြီး နိုင်ငံရေးနယ်ပါယ်မှာ ကောင်းကောင်းကြီး ကစားကွက်ရသွားခဲ့ဘူးတဲ့အတွက် တရုတ်ရဲ့ Tiktok ကိုလဲစိတ်ဝင်စားလိမ့်မယ်လို့မျှော်လင့်ရပါတယ်၊

ဒါပေနဲ့ အမေရိကန်တနိုင်ငံထဲအတွင်းနဲ့သာသက်ဆိုင်နေတဲ့အတွက် အကန့်အသတ်တော့ရှိနေပါလိမ့်မယ်၊


BaMg ☯️

.

Nay Zin Latt

15 Jan, 02:55


.

☯️

LA မီးလောင်ကျွမ်းမှုကို ပထမတွက်ချက်မှုအရ $150 billion ဆုံးရှုံးလိမ့်မယ်လို့တွက်ချက်ထားခဲ့ကြပေမဲ့၊ နောက်ဆုံးတွက်ချက်ခန့်မှန်းမှုအရ ဆုံးရှုံးမှု့ $ 275 billion လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းလာကြပါတယ်၊


.

Nay Zin Latt

10 Jan, 11:08


.


☯️


( "၂" ရက်အတွင်း အုပ်ရေ "၅၀၀" ကျော်
မှာကြားတာသိရလို့ ကျေးဇူးတင်ပါတယ် )


..................


ကျွန်တော့်စာအုပ် ( ဒုတိအကြိမ် ) ထပ်ရိုက်ရတဲ့ စာအုပ်ထွက်ပါပြီ၊

အောက်ပါ ဖုံးတွေကတဆင့် ဆက်သွယ်မှာယူနိုင်ကြပါတယ်၊

ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကြောင်းတွေရေးထားတဲ့စာအုပ်ပါ ။

09894293724 ( Hot line )

09 403 500 008
09 444 994 773
09 507 0128

နေဇင်လတ် ☯️☯️



.

Nay Zin Latt

10 Jan, 10:16


.

☯️


အကယ်၍သာ Greenland ကို အမေရိကန်က အတင်းအကြပ် စစ်ရေးအသုံးပြုပြီး ရယူမယ်ဆိုရင်... ကမ္ဘာမှာ အတိုဆုံးသောစစ်ပွဲတခုဖြစ်လာပါလိမ့်မယ်၊

ဘာကြောင့်လဲဆိုတော့ Greenland မှာ အမေရိကန်စစ်တပ်က ( 1951 ) ခုနှစ်ထဲကရှိနှင့်နေပြီးသားဖြစ်ပြီး၊ လူဦးရေ (၅၇,၀၀၀) သာရှိတဲ့ အာတိတ်ကျွန်းကြီးကိုကာကွယ်ရန်အတွက်ဆိုတဲ့ နှစ်ဖက်သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီးသားဖြစ်နေလို့ပါ၊

ဘမောင်မကြာခဏရေးပြတာတခုက ရှေးအမေရိကန်ခေါင်းဆောင်တွေဟာ အမြှော်အမြင်ကြီးကြီးနဲ့လုပ်ဆောင်ခဲ့ကြပြီး၊ နှောင်းအမေရိကန် ခေါင်းဆောင်တွေက ယောက္ခမ ပိုက်ဆံထိုင်ဖြုံးတဲ့ သားမက်တွေလိုဖြစ်နေတယ်ဆိုတာမျိုးပါ၊

ကျွန်းကြီးတခုလုံးကို အတင်းအကြပ်သိမ်းပိုက်ပြီး၊ အမေရိကန်အလံအောက်ကို သွတ်သွင်းတာကတော့ ပုံစံတမျိုးဖြစ်လို့ လွယ်ကူမယ်လို့မယူဆပါ၊

He who controls the Greenland will control the Attic pole and he who in hand of Artic pole could threat to this whole planet.... လို့ပဲ ရေးရတော့မလိုပါ၊

Greenland ကိုထိမ်းချုပ်နိုင်သူက အာတိတ်ဝင်ရိုးစွန်းကိုထိမ်းချုပ်နိုင်သူဖြစ်လာပြီး၊ အာတိတ်ကို လက်ကိုင်ထားနိုင်ရင် ဒီကမ္ဘာကြီးတခုလုံးကို ခြိမ်းခြောက်နိုင်မဲ့သူဖြစ်လာမယ်လို့ ရေးလိုတာပါ၊


BaMg ☯️


.

Nay Zin Latt

10 Jan, 07:45


.

☯️


အမေရိကန်က Lukewarm strategy ဆိုတဲ့ မီးစတဖက်၊ ရေမှုတ်တဖက်ဗျူဟာကို အမြဲကျင့်သုံးတတ်တယ်၊

သဘာဝတရားကြီးကလဲ အလယ်ပိုင်းနဲ့ ရှေ့ပိုင်းကို နှင်းမုန်တိုင်း တိုက်ခတ်စေပြီး၊ LA ကိုတော့ မီးမုန်တိုင်းနဲ့ ထိတွေ့စေလိုက်တယ်၊

ဘာပဲပြောပြော အပြစ်မဲ့တဲ့သူတွေကတော့ သနားစရာပါ ။


.

Nay Zin Latt

10 Jan, 07:20


.

☯️


ထရမ့်ကို ဟစ်တလာ လူဝင်စားလို့တောင်သတ်မှတ်ရတော့မလိုပဲ

ထရမ့်ဟာ Hitlerian သမားဖြစ်နေပြီး၊ Neo Hitlerism ကိုအကောင်အထည်ဖေါ်နေသလို ခံစားမိသလားလို့ ။


.

Nay Zin Latt

10 Jan, 07:01


.

☯️


Greenland ကိုအခြေပြုပြီး မြောက်ဝင်ရိုးစွန်တခုလုံးကို သိမ်းပိုက်၊ New US empire တည်ဆောက်ချင်တဲ့ ထရန့်ရဲ့ အိုင်ဒီယာဟာ ရူးကြောင်ကြောင်တော့မဟုတ်ဘူး၊

တကယ့် Next level agenda ဖြစ်ပါတယ်၊ အလွန်ကောင်းတဲ့ ဇာတ်ညွှန်းပါ၊ ဒါပေမဲ့ ထရမ့်ရဲ့ နည်းဗျူဟာက Hitlerian နဲ့ Hitlerism ဖြစ်နေပြန်လို့ နည်းဗျူဟာပိုင်း ရွေးခြယ်မှုမှားနေတယ်လို့မြင်တယ်၊

အကယ်ဒမီ "ရ-မရ" ကိုတော့ပိတ်ကားပေါ်ဆက်ကြည့်ရကြပါလိမ့်မယ်၊ လောင်းကြေးကြီးလွန်းနေတယ်၊

အောင်မြင်ရင်
* ရုရှားနဲ့တရုတ်ပြားပြားဝပ်မယ်
* မအောင်မြင်ရင် US ခေတ်မြန်မြန်ကုန်မယ်

ဆောင်းပါထဲမှာတော့ အကျယ်ရေးဖြစ်လိုက်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

10 Jan, 04:56


.

☯️


Greenland ကိုအမေရိကန်လက်အောက်ရောက်စေဖို့ ထရမ့်ရဲ့ပြောဆိုမှုတွေထွက်ပေါ်လာပြီးတဲ့နောက်၊ ဒိန်းမတ်က အရေးပေါ်အစည်းအဝေးတရပ်ကိုခေါ်ယူလိုက်တယ်၊

လောလောဆယ် ပြင်သစ်နဲ့ ဂျာမဏီက ထရမ့်အစီအစဉ်ကိုဆန့်ကျင်ကြတာတွေ့ရပြီး၊ ရုရှားကတော့ အဲ့ဒီအစီအစဉ်ဟာ စစ်မက်တခုဖြစ်စေဖို့အထိ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားတယ်၊

ထရမ့်ကိုသမတ ဖြစ်ဘာမှာကြောက်သူတွေကလဲ ဒါမျိုးတွေကြောင့် ကြောက်ကြတာပါ၊

တခြားတဖက်မှာလဲ Elon Musk က ယူကေဝန်ချုပ်အပါအဝင် နိုင်ငံခေါင်းဆောင်တချို့ရဲ့အောက်ဖဲကို စလှန်ပြနေပြန်ပါပြီ ။

ဒီ (၂) ယောက်ပေါင်းရဲ့ ဆောင်ရွက်မှုတွေက စစ်တခုခုဆီကို တွန်းပို့နေသလိုပါပဲ ။


BaMg ☯️

.

Nay Zin Latt

10 Jan, 04:47


.

☯️


ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီလို့သာ ပြောနေကြတာ၊ ဂျင်မီကာတာ ဈာပနမှာ အိုဘားမားနဲ့ထရမ့်ကဘေးချင်းကပ်ထိုင်ကြရလို့သာ စကားပြောနေကြရတယ်၊ ကျန်သမတတွေ ဟက်ဟက်ပက်ပက်မရှိကြတာတွေ့ရတယ်၊

မြန်မာတွေလိုပျူပျူငှာငှာ ရှိကြပါတော့လား


.

Nay Zin Latt

10 Jan, 03:41


.

☯️


( မြန်မာတွေအတုယူသင့်တယ် )

ထိုင်းက အွန်လိုင်းလိမ်လည်မှုနဲ့ပါတ်သက်ပြီး ဥပဒေထုတ်တယ်၊

အကိုင်းအခက်ကိုမခုတ်ဘူး၊ အဓိက ကိုကိုင်ပစ်လိုက်တယ်၊

* ဆက်သွယ်ရေး ကုပ္ပဏီ နဲ့
* ဘဏ်တွေ

..... တာဝန်ခံရမယ်တဲ့ ။

အဲ့ဒါမျိုးဖြစ်နေရမယ်၊



BaMg ☯️

.

Nay Zin Latt

10 Jan, 03:36


.

☯️


.
🍁 #ငြိမ်းချမ်းတဲ့ဗုဒ္ဓဘာသာ

ဘမောင် အသက် (၅) နှစ်သား
ဘာမှန်းမသိတတ်သေးတဲ့အရွယ်မှာ
St. John Diocesan Boys' School မှာ
ဘော်ဒါနေခဲ့ရတယ်၊

နွေရာသီ ကျောင်းပိတ်ရက်မှ
အိမ်ပြန်ခွင့်ရှိပြီး၊ အိမ်ကလူတွေ
ကျောင်းကိုခဏခဏ လာတွေ့လိုလဲ
ကျောင်းစည်းကမ်းအရ ခွင့်မပြုဘူး၊

တနင်္ဂနွေဆိုရင် Church တက်ရတယ်
စည်းကမ်းအလွန်ကြီးတဲ့ကျောင်း၊

.............

နွေရာသီ ကျောင်းပိတ်လို့
အိမ်ပြန်လာရင်...
အဖွားက အိပ်ပေါက်းကဆီးကြိုပြီး
'ဩကာသ' ကစလို့၊ အဖွားသင်ပေးထားတဲ့
ဘုရားရှိခိုးအမျိုးမျိုးကို အရင်ရွတ်ရတယ်၊

အဖွား ဒေါ်ကြွေရဲ့ အမိန့်နဲ့ သဘောထားကပြတ်တယ်

'ငါ့မြေး... မင်း Report card ကို
အဖွားစိတ်မဝင်စားဘူး၊
အဖွားသင်ပေးထားတဲ့ ဘုရားစာကို
မရွတ်ပြနိုင်တဲ့နေ့က.. မင်း St. John က
ကျောင်းထုတ်တဲ့နေ့ပဲ "

Summer holiday အိမ်အပြန်ဟာ
အဖေ၊ အမေနဲ့ တွေ့ရဖို့ထက် အဖွားအလိုကျ
ဘုရားစာတွေရွတ်နိုင်ဖို့ ကားပေါ်မှာ
အကြိုကျင်ခဲ့ရတာ မှတ်မိသေးတယ်၊

..............

(1963) ပြည်သူပိုင်သိမ်းတော့
ကျောင်းတွေပြောင်းရတယ်၊
ဗုဒ္ဓဘာသာ ကတဘာသာ၊
တွဲပေးထားတဲ့ မင်္ဂလာအမျိုးမျိုးကို
သင်ရတယ်၊ ကြက်သီး တဖြန်းဖြန်းထတယ်၊
ခလေးဆိုတော့ မပြောတတ်သေးဘူး၊

အဖွားက ဝေဘူဆရာတော်ကြီးကိုဖူးရာမှာ
ဘမောင်ကိုခေါ်သွားတယ်၊
အေးချမ်းလိုက်ထာ၊ မပြောတတ်သေးဘူး
ဒါပေမဲ့ ရင်ထဲကိုတော့ ရောက်သွားတယ်၊

..............

လူငယ်တွေရဲ့ အနာဂါတ်ကို
လူကြီးတွေကပြုပြင်ပေးလို့ရတယ်
ခေတ်သစ် စီမံခန့်ခွဲမှုမှာ Environment ဆိုတဲ့
ဝန်းကျင်ဟာ... ဒါပါပဲ၊

မြန်မာနိုင်ငံမှာ
ဝန်းကျင်ကောင်းတခု
ပြန်ဖန်တီးဖို့လိုလာပြီ၊
အဲ့ဒီအတွက် စနစ်ကောင်းတခုနဲ့
ပြန်လည်တည်ဆောက်ရလိမ့်မယ်၊
ပေါ့ပေါ့မတွေးစေချင်ဘူး၊
ဒီနေ့...
Nation building ကို
လူတွေသိပ်မသိ၊
သိပ်အရေးမထားကြတော့ဘူး။


( ပြန်တင်ပေးတဲ့ Thet Tun Tin Aye, thx ပါ )


BaMaung (10.1.22 ) ☯️


.

Nay Zin Latt

10 Jan, 03:16


.

☯️


( ရန်သူ​၏ရန်သူသည် - မိတ်ဆွေဖြစ် )


အိန္ဒိယနဲ့ တာလီဘန် နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံကြတယ်၊

(၁)

တာလီဘန်နဲ့ ပါကစ္စတန် စစ်ဖြစ်
အိန္ဒိယနဲ့ ပါကစ္စတန် မတည့်
ထို့ကြောင့် အိန္ဒိယနဲ့ တာလီဘန်တို့မိတ်ဆွေဖြစ်

(၂)

တရုတ်-အိန္ဒိယ ပြိုင်ဖက်
ပါကစ္စတန်-အိန္ဒိယ မတည့်ကြ
ထို့ကြောင့် တရုတ်နှင်ပါကစ္စတန်တို့ မိတ်ဆွေဖြစ်ကြ၊


BaMg ☯️

.

Nay Zin Latt

10 Jan, 02:09


.

☯️


Greenland နဲ့ပါတ်သက်ပြီး EU ကိုယ်စားပြင်သစ်ကတုန့်ပြန်လာတာနဲ့အတူ ရုရှားကလဲတုန့်ပြန်လာပြီ၊

ဂရင်းလန်းကျွန်းကို အမေရိကန်က သူ့ပိုင်နက်ထဲထည့်သွင်းဖို့ကြိုးစားခြင်းဟာ ရုရှားကိုစစ်ရေးအရ ခြိမ်းခြောက်မှုတခုကိုဖြစ်ပေါ်စေတာမျိုးဖြစ်လာတယ်လို့ ရုရှားဒူးမားဖက်က တုန့်ပြန်လာပါပြီ၊

ဘမောင်အမြင်ကတော့ ထရမ့်ဟာ Greenland ကိုအခြေပြုပြီး အာတိတ်ကိုလွှမ်းခြုံ ကမ္ဘာကြီးကို သယံဇာတနဲ့ ခြိမ်းခြောက်တဲ့အထိ ပိုကြီးတဲ့ရည်ရွယ်ချက် ရှိထားလိမ့်မယ်လို့ ယူဆပါတယ်၊

အမေရိကန်တွေကို အနောက်ဥရောပ မိတ်ဖက်တွေကအစ တကမ္ဘာလုံးက မယုံကြည်ကြတော့ပါဘူး၊


BaMg ☯️

.

Nay Zin Latt

07 Jan, 12:17


.

☯️

တိဘက်က 7.1 မဂ္ဂနီကျု ငလျင်


.

Nay Zin Latt

07 Jan, 12:08


.

☯️


မြောက်ကိုရီးယားလဲ အသံထက်မြန်တဲ့ မစ်ဇိုင်ပိုင်ဆိုင်ပြီ၊

အသံထက်အဆများစွာ မြန်ဆန်ပြီး ပဲ့ထိမ်းစနစ်ပါတဲ့ တာလတ်ပစ်ဒုံးပျံကို မြောက်ကိုရီးယားကစမ်းသပ်အောင်မြင်ခဲ့တယ်၊

နိုင်ငံတကာ War game ထဲမှာ Key player တဦးဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါပြီ ။


BaMg ☯️


.

Nay Zin Latt

07 Jan, 11:31


.

☯️

စစ်ပွဲကြီးတပွဲကိုမကြာခင်မြင်ကြရလိမ့်မယ်

အီရန်ဟာ The Great Prophet-19 လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကြီးတခုကို ထောင်ပေါင်းများစွာသော စစ်သည်တွေနဲ့စတင်လိုက်တယ်၊

အလုံးစုံ မီးကုန်ယမ်းကုန်စစ်ပွဲတပွဲကို အီရန်ဖက်က ဆင်နွှဲဖို့ အသင့်ပြင်ထားတဲ့ပုံပါပဲ၊ အစ္စရေးစစ်တပ်ကလဲ အားလုံးကိုတပ်လှန်ထားပြီး အသင့်အနေအထားရှိနေစေထားတာနဲ့ တိုက်ဆိုင်နေပြန်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

07 Jan, 11:21


.


☯️


ကျွန်တော့်စာအုပ် ( ဒုတိအကြိမ် ) ထပ်ရိုက်ရတဲ့ စာအုပ်ထွက်ပါပြီ၊

အောက်ပါ ဖုံးတွေကတဆင့် ဆက်သွယ်မှာယူနိုင်ကြပါတယ်၊

ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကြောင်းတွေရေးထားတဲ့စာအုပ်ပါ ။


09894293724 ( Hot line )

09 403 500 008
09 444 994 773
09 507 0128


နေဇင်လတ် ☯️☯️


.

Nay Zin Latt

07 Jan, 05:03


.


☯️


ညစ်ညမ်းသရုပ်ဆောင် Storm Daniel ကိုနှုတ်ပိတ်ခပေးခဲ့တဲ့အမှုနဲ့ပါတ်သက်ပြီး 10.1.25 မှာတရားရုံးက အမှု့စီရင်ချက်ချမယ်ဆိုတဲ့အပေါ် ထရမ့်က သူသမတကျမ်းကျိန်ပြီးနောက်ပိုင်းမှု စီရင်ချက်ချပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ် ငြင်းဆိုခံလိုက်ရအြီး စီရင်ချက်ကို ကျမ်းမကျိန်မီ (10.1.25 ) နေ့မှချမှတ်မှာဖြစ်ပါတယ်၊


.

Nay Zin Latt

07 Jan, 03:55


.


☯️

(2022) က ယူကရိမ်းစစ်နဲ့ပါတ်သက်တဲ့

အင်တာဗျူးဖြစ်ပါတယ်၊


.

Nay Zin Latt

07 Jan, 03:51


.


☯️


( မြန်မာတွေ ဦးဏှောက်မနုံ့ကြပါနဲ့တော့ )


တကမ္ဘာလုံးကို ဘယ်နေရာပစ်ရင် ဝုန်းကနဲလဲမယ်ဆိုတာကို အံတိုနေအောင်သိသူတွေက မြစ်ဆုံစီမံကိန်းကို တချက်ပဲပစ်သွားခဲ့တယ်၊

ဒီနေ့မီးမရတာဟာ အဲ့ဒီအကျိုးဆက်ပဲ
မီးမရတာနဲ့စီးပွားရေးကိုဆက်ထိမယ်၊ အနောက်ပံ့ပိုးမှုကို နှစ် (၃၀) ကျော်ခံစားခဲ့ပြီး တရုတ်နဲ့ပစ်ပေါင်းလေတော့ ကွန်ပျူတာအကူတွေပေး၊ မဲတွေပွားပြီး နောက်ကရပ်ပေးမလိုလိုနဲ့ ပစ်ထားရစ်တာလဲ သူတို့ပဲ၊

မြန်မာတွေရော နိုင်ငံရေးပါတီတွေရော မဟာဗျူဟာသဘောကိုနားလည်ကြပါတော့၊ ကစားတာမခံကြပါနဲ့တော့၊

ဦး​ဏှောက်တွေကိုရေလောင်းပါတော့၊ အဟာရတွေကျွေးကြပါတော့၊

ERO တွေညပ်လိမ့်မယ်လို့ရေးထားပြီးပြီနော်၊
Reverse wave ဆိုတဲ့တန်ပြန်လှိုင်းဆိုတာရှိတယ်၊ နိုင်ငံနဲ့လူမျိုးကို ဒိထက်ပိုနာအောင်မလုပ်ကြပါနဲ့တော့၊

ကိုယ့်လူမျိုး ကိုယ်ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာလေးလဲစစ်ဆေးကြဦး၊


BaMg ☯️


.

Nay Zin Latt

07 Jan, 03:37


.


☯️


လိုအပ်ချက်ရှိနေတဲ့ လူ (၃၀၀) အတွက် ဆန်၊ ဆီ၊ ကြက်ဥ များကို ဒါနပြုခဲ့ပါတယ်၊

မျှဝေကုသိုလ်ရနှိုင်ကြပါစေ ။


BaMg ☯️

.

Nay Zin Latt

07 Jan, 03:32


.


☯️

2025 ဟာအနိဌာရုံတွေပေါင်းစုပြီးတွေ့ရမဲ့နှစ်လို့ နက္ခတ်တွေကပြထားတယ်၊ ကနေဒါဝန်ကြီးချုပ် အခုလေးတင်ပဲနှုတ်ထွက်သွားပြီ၊

နီပေါနဲ့တရုတ်နယ်စပ်မှာ 7.1 စကေးငလျင်လှုပ်သွားပြန်ပြီ၊ ရေအောက်မီးတောင်တချို့ကလဲ ပေါက်ကွဲဖို့အဆင်သင့်ဖြစ်နေပြီ၊

မြောင်ဝင်ရိုးစွန်း သံလိုက်စက်ကွင်း ဦးတည်ရာကလဲ မှန်မှန်ပြောင်းနေတယ်၊ ဂြိုလ်အလိုက်ဆွဲအားတွေရဲ့ သက်ရောက်မှုကြောင့်ဖြစ်ပါတယ်၊
25.1.25 ဂြိုလ် (၆) လုံးတန်းတဲ့အခါ ဘာတွေဆက်ဖြစ်ကြဦးမလဲမသိဘူး။


BaMg ☯️

.

.

Nay Zin Latt

07 Jan, 03:00


.

☯️


( တင်းမာတဲ့ပြင်သစ်တောင် အသံထွက်လာပြီ )


ယူကရိမ်းစစ်နဲ့ပါတ်သက်ပြီး (၃) နှစ်နီးပါး တင်းမာခဲ့တဲ့ပြင်သစ်တောင် အသံထွက်လာတာတွေ့ရတယ်၊ ပြင်သစ်သမတ မက်ခရွန်က -

" ယူကရိမ်းဟာ လက်တွေ့ကျကျဖြစ်ဖို့လိုပြီ၊ နယ်မြေပိုင်နက်နက်ပါတ်သက်ပြီး ရုရှားနဲ့ အလေးအနက်ညှိနှိုင်းဆောင်ရွက်ဖို့ကောင်းတယ်".... လို့ပြောထွက်လာတာတွေ့ရတယ်၊

ယူကရခမ်းစစ်မှာ NATO နဲ့အမေရိကန်ဆုံးဖြတ်ချက်တွေမှားခဲ့လို့ -

* ယူကရိမ်းနယ်မြေ ငါးပုံတပုံမက ရုရှားကို
ပေးလိုက်ရတယ်

* အမေရိကန် အကြွေးတက်သွားတယ်

* NATO စီးပွားရေးကြပ်ပြီးပြည်သူတွေ မကြေ
မနပ်ဖြစ်တာခံလိုက်ရတယ်

* NATO အတွင်း သဘောထားကွဲလွဲမှုတွေ
ဖြစ်လာခဲ့တယ်

* NATO စစ်ရေးစွမ်းဆောင်ချက် ဘာလဲ
ဆိုတဲ့မေးခွန်းအထုတ်ခံလိုက်ရတယ်၊


တင်းမာလွန်းတဲ့ ပြင်သစ်တောင်ဘေသံပြောင်းသွားတာဟာ ထူးခြားနေပါတယ်၊


BaMg ☯️

.

Nay Zin Latt

04 Jan, 15:14


.

☯️


လျှော့မတွက်သင့်


.

Nay Zin Latt

04 Jan, 13:05


.

☯️


လူ့ပြည်မှာ အကုသိုလ်တွေ

လာမစုကြပါနဲ့ ။


.

Nay Zin Latt

04 Jan, 11:51


.

☯️

အကြောင်းမဲ့တော့ ဟုတ်ဟန်မတူဘူး၊ အများပြည်သူ မသိနိုင်တဲ့ နောက်ကွယ်ကအရာ တခုခုတော့ရှိနေပြီလို့ ခန့်မှန်းရတာပဲ၊

ပူတင့်ရဲ့ နျူကလီးယားရည်မှန်းချက်တွေအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးမှု တိုးမြှင့်လိုက်ပြီး၊ တရုတ်ရဲ့ တင်းမာမှုလျော့ကျရေး ကဏ္ဏကို မီးမောင်းထိုးပြခဲ့တယ်တဲ့၊

ပူတင့် နျူရည်မှန်းချက်က ဘာဆိုတာကိုတော့ ဖေါ်ပြမထားပါ၊


BaMg ☯️

.

Nay Zin Latt

04 Jan, 11:35


.

☯️


အရေးယူပိတ်ဆို့မှုဆိုတဲ့ Sanction ကိုအင်အားကြီးလာတဲ့ တရုတ်လဲ လုပ်တတ်လာပါပြီ၊ အမေရိကန် ကုပ္ပဏီကြီး (၂၈) ခုကိုတရုတ်က အရေးယူပိတ်ဆို့ပြလိုက်တာတွေ့ရတယ်၊

သုတေသနတခုမှာ
အမေရိကန်နဲ့တရုတ် (၂) နိုင်ငံကြား ဘယ်သူကဘယါသူ့ကို ပိုပြီး အမှီသဟဲပြုနေရသလဲ ဆိုရာမှာ အမေရိကန်ကတရုတ်အပေါ်အမှီသဟဲပြုရမှုက 70% ရှိပြီး၊ တရုတ်က အမေရိကန်ကို 30% မှီနေရတယ်လို့ဆိုထားတယ်၊

ဒါကြောင့် ၂၀၂၄ မှာတရုတ်ဟာ Panda diplomacy ကနေ Wolf warrior diplomacy ကို ပြောင်လဲကျင့်သုံးခဲ့တာဖြစ်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

04 Jan, 11:27


.

☯️

ယူကရိမ်းစစ်နဲ့ပါတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် ထရမ့်ရဲ့အဆိုပြုချက်ကို ရုရှားသမတ ပူတင်က ပယ်ချလိုက်တယ်၊

ဒီပုံစံအတိုင်းဆိုရင် ထရမ့်ရဲ့ ရက် (၉၀) အတွင်း သဘောတူညီချက်ရအောင်လုပ်မယ်ဆိုတဲ့ ကြွေးကြော်ထားမှုဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေရပါဦးမယ်၊


.

Nay Zin Latt

04 Jan, 11:22


.

☯️

( 2025 မှာ ပိုစစ်မီးကြီးလာတဲ့ ပါကစ္စတန်-တာလီဘန် )


ရုတ်တရက် ထတောက်လာတဲ့ အဲ့ဒီစစ်မီးအတွက် နှစ်ဖက်တပ်တွေက နယ်စပ်တလျှောက် စစ်သည်တွေကို တပ်ဖြန့်ခွဲ နေရာချထားလိုက်တယ်၊

နယ်စပ်ပြသနာထက်လွန်ပြီး (၂) နိုင်ငံအဆင့်ဖြစ်မယ်ဆိုရင်တော့ အင်အားက ကွာလန်းနေပါတယ်၊


BaMg ☯️

.

Nay Zin Latt

04 Jan, 09:53


.

☯️


ဘမောင်တို့ငယ်ငယ်က မြန်မာတွေရဲ့ ကိုယ်ပိုင်လက္ခဏာ ဆိုတဲ့ Identity မှာ -

* Hospitality - ပျူငှာယဉ်ကျေးခြင်း
* Compassionateness - သနားကြင်နာခြင်း
* Well mannered - စာနာယဉ်ကျေးခြင်း
* Loyalty - သစ္စာစောင့်သိခြင်း

အဲ့ဒီ (၄) ခုက သိပ်ထင်ရှားတယ်၊
နှစ် (၇၀) စွန်းစွန်းဖြတ်သန်းပြီးတဲ့အချိန်မှာ တခုမှမတွေ့ရတော့ဘူး၊

သားသမီးနဲ့ မြေးတွေကိုတော့ ငါ မသေခင် အဲ့ဒီ (၄) ခု မင်းတို့မှာ မပျောက်ရဘူးလို့ မှာထားတယ်၊


BaMg ☯️


.

Nay Zin Latt

04 Jan, 09:00


.

☯️


ယူကရိမ်းစစ်မှာ ရုရှားရဲ့နာမယ်ကြီး ပစ်ချလို့မရနိုင်သေးဘူးဆိုတဲ့ Iskander တွေ ခပ်တွင်တွင် သုံးလာတာကိုတွေ့ရပါတယ်၊

အရင်ကတော့ ရုရှားအနေနဲ့ ယူကရိမ်းနယ်မြေ 20% ကိုထိမ်းချုပ်ထားနိုင်တယ်လို့ကြေငြာခဲ့ပေမဲ့ 2024 နှစ်ကုန်အထိ ဘယ်လောက်ရာနှုံး ထိမ်းချုပ်ထားပြီဆိုတဲ့ သတင်းမျိုး မတွေ့မိခဲ့ ဘူးပါ။


.

Nay Zin Latt

04 Jan, 08:56


.

☯️

တရုတ်က စမ်းသပ်ပျံသန်းမှုနဲ့ထုတ်ပြလိုက်တဲ့ ဆဌမမြောက်မျိုးဆက် တိုက်လေယာဉ်အကြောင်း အနောက်အုပ်စုက အတော်စိတ်ဝင်စားနေတာတွေ့ရတယ်၊

တရုတ်ရဲ့ လေယာဉ်ထုတ်လုပ်မှု၊ ရေယာဉ်ထုတ်လုပ်မှုနဲ့ မစ်ဇိုင်းထုတ်လုပ်မှုတွေကလဲ အားလုံးက သတိထားမိစေရလောက်အောင် တိုးတက်မှု အလွန်မြန်ဆန်နေတာကိုတွေ့နေရပါတယ်၊


BaMg ☯️

.

Nay Zin Latt

04 Jan, 08:52


.

☯️

သူတို့ဆီမှာလဲ ဇာတ်ရှုပ်ရှုပ်ပါပဲ

နယူးအော်လင်းနဲ့ လာစ်ဗီးဂတ်စ် အကြမ်းဖက်မှု နောက်ကွယ်မှာ ဘယ်သူရှိနေသလဲဆိုတာကို အစဆွဲထုတ်လာကြပါပြီး

FBI ကလမ်းကြောင်းလွှဲနေတယ်ဆိုတဲ့စွပ်စွဲချက်တွေလဲပေါ်ထွက်လာပါတယ်၊


.

Nay Zin Latt

04 Jan, 08:48


.

☯️


အောက်လွှတ်တော် ဥက္ကဌအဖြစ် ရီပါတ်ဘလစ်ကင်က မိုက်ဂျွန်ဆင် အသဲအသန်နဲ့ပွတ်ကာသီကာ ပြန်အရွေးခံလိုက်ရတယ်၊ ထရမ့်အတွက် တအားဖြစ်ပါတယ်၊


.

Nay Zin Latt

04 Jan, 08:44


.

☯️


ဟူသီတွေကို တရုတ်ကလက်နက်ထောက်ပံ့နေတယ်လို့ စွပ်စွဲလိုက်ပါတယ်၊ ဘယ်ကရမှန်းမသိပေမဲ့ ဟူသီတွေသုံးနေတဲ့လက်နက်က အရင်ဟူသီတွေလို မဟုတ်ပဲ အစ္စရေးလေကာစနစ်ကိုတောင် အကြိမ်များစွာ ဖေါက်ဝင်လာနိုင်တာကို သတိထားမိနေပါတယ်၊



.

Nay Zin Latt

04 Jan, 05:40


.

☯️

ရင်ဆို့စရာ မြင်ကွင်း

သား သမီး (၅) ယောက်ကို မွေး၊ ကျွေးပြီး လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့ပေမဲ့လဲ ၊ အမေ နေထိုင်မကောင်းတဲ့အခါ တယောက်တလေကတောင်မေးဖေါ်မရဘူး... ဆိုတဲ့ ရင်နင့်စရာမိခင်၊

စာနာစိတ် ကအရင်းခံပါတယ်
ကမ္ဘာ့အလျမ်းသာဆုံး သူဌေးကြီး Elon Musk နဲ့ သူ့အမေ တွဲလျက်ဓါတ်ပုံတွေကို ဒီရက်ပိုင်းမှာတွေါ့နေရသလို၊ ကမ္ဘာကျော် ဘော်လုံးသမား ရော်နယ်ဒိုဟာလဲ မိဘကျေးဇူး သိတတ်သူအဖြစ်နာမယ်ကြီးပါတယ်၊

မြန်မာတွေက ဟိုမရောက် ဒီမရောက်နဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေပျောက်၊ စိတ်ရိုင်းတွေဝင်နေကြတာ ဝမ်းနည်းစရာပါ၊

မဟုတ်တဲ့နေရာမှာ တော်ကြပြီး
ဟုတ်တဲ့နေရာမှာ ရှော်နေကြတာလဲ ဘမောင့်တို့မြန်မာတွေပါပဲ ။


.

Nay Zin Latt

27 Nov, 12:13


.

☯️

ယူကရီမ်းစစ်မြေပြင်ကို မြောက်ကိုရီးယားစစ်သည် အမြောက်အမြား မကြာခင် ဝင်ရောက်တာဝန်ထမ်းဆောင်ကြလိမ့်မယ်လို့ ပင်တဂွန်အကြီးအကဲက ပြောလာပါတယ်၊

ယီမင်ကစစ်သည်တွေကိုလဲ ရုရှားက ခေါ်ယူထားပါသေးတယ်၊ အရှေ့အလယ်ပိုင်းက အစ္စရေးရဲ့ရန်သူတွေ ယူကရိမ်းစစ်မျက်နှာဖက်ပုံအောလာတယ်လို့ မြင်နိုင်ရင်... ယူကရိမ်းစစ်အလားအလာက


BaMg ☯️

.

Nay Zin Latt

27 Nov, 11:42


.

☯️


( စိတ်အဆင့်အတန်း )

ဘွဲ့တွေနဲ့မဆိုင်ဘူး
ငွေကြေးချမ်းသာမှုနဲ့လဲ မပါတ်သက်ဘူး

☯️ စိတ်အဆင့်အတန်းနိမ့်သူက ပုဂ္ဂလ ဓိဌာန်ကို အာရုံကြီးတတ်ပြီး...

☯️ စိတ်အဆင့်အတန်းမြင့်သူက ဓမ္မဓိဌာန်ကိုပဲ အာရုံစိုက်တယ်၊

☯️ ဘာသာရေးရှုဒေါင့်ကကြည့်ရင်လဲ စိတ်အဆင့်အတန်းနိမ့်သူက ဣသာ၊ မစ္ဆရိယစိတ်ကြီးလို့ ပုဂ္ဂလဓိဌာန်ဖြစ်တာ၊ အကုသိုလ်စိတ်ကြီးသူ၊ မောဟစိတ်ကြီးသူ၊ တိဟိတ် မဟုတ်သောသူပေါ့၊

☯️ ဆေးပညာရှုဒေါင့်ကကြည့်ရင်လဲ အငုံ့စိတ်ရှိသူ၊ သာမန်ထက် စိတ်ပိုင်းဆိုင်ရာ အရည်အချင်း နိမ့်ကျသူ

ရှုဒေါင့်အားလုံးက တခုထဲကိုသာ ပြဆိုနေတာ သတိထားမိကြမှာပါ၊ ဒီစိတ်မျိုးက Nature ဖြစ်လာတဲ့အတွက် " စရိုက်စိတ်" လို့သတ်မှတ်ပြီး၊ စရိုက်စိတ်ဆိုတာ နောင်ဘဝ များစွာအထိ အကုသိုလ်ကို ယူဆောင်သွားလေ့ရှိတယ်၊

ဒီဘဝမှာလဲ သူများတွေလို ဖြစ်ဖြစ်မြောက်မြောက် မရှိတတ်ကြပါ၊

ဗုဒ္ဓက "စေတနာ ဘိက္ခဝေ" လို့သတိပေးထားတယ်၊ စေတနာဆိုတာ "စိတ်" ပါပဲ၊ အဲ့ဒီစိတ်က ကုသိုလ်နဲ့ အကုသိုလ်ကို ထုတ်လုပ်နေတာကို သူတို့သတိမူမိကြမှာမဟုတ်ပါဘူး၊

အရာရာကိုမကြေနပ်ခြင်း
သူတပါးကို မလိုမုန်းထားခြင်းနဲ့ အကုသိုလ်တွေဖိစီး လွှမ်းခြုံရင်း ဘဝကို နိဂုံးမကောင်းပဲ အဆုံးသတ်ကြရလေ့ရှိတတ်ပါတယ်၊

( လူတိုင်း စိတ်ကောင်းထားနိုင်ကြပြီး
ကံ ကောင်းနိုင်ကြပါစေ )


BaMg ☯️☯️


.

Nay Zin Latt

27 Nov, 10:35


.

☯️

သတိထားကြည့်ရင်...

အရှေ့အလယ်ပိုင်းစစ် ( ဟဇ်ဘိုလာ နဲ့ ) မှာ အပစ်ရပ်ကြတယ်၊ ဘာကြောင့်လဲ

ယူကရိမ်းစစ်မှာ စစ်ရှိန်တက်သွားပါတယ်၊


BaMg ☯️

.

Nay Zin Latt

27 Nov, 10:32


.

☯️

UN ဆုံးဖြတ်ချက် 1701 အရ အစ္စရေး-လက်ဘနွန် အပစ်ရပ်ကြရပါတော့မယ်၊ (၂) ဖက်တပ်တွေ နောက်ဆုတ်ပေးပြီး၊ UN ငြိမ်းချမ်းရေး တပ် (၁၅,၀၀၀) ကနေရာ ဝင်ယူကြရပါမယ်၊

ကောင်းတဲ့လက္ခဏာပါ

.

Nay Zin Latt

27 Nov, 10:28


.

☯️

အပစ်ရပ်ကြဖို့လဲ အသံထွက်လာပြီ၊ အစ္စရေးဖက်က သဘောတူပြီး လိုက်နာအကောင်အထည်ဖေါ်ပါမယ်လို့လဲ လူသိရှင်ကြားပြောခဲ့ပြီ၊

ဒါပေမဲ့ တရားဝင် မထွက်လာခင်မှာ လက်ဘနွန်တောင်ပိုင်းကို အခုလို ဗုံးကြဲလိုက်ပါတယ်၊

အဲ့ဒါ စစ်ရဲ့သဘောတရားပါပဲ
ဘယ်သူမှ ဥပုတ် မစောင့်ကြပါ ။


BaMg ☯️

.

Nay Zin Latt

27 Nov, 10:23


.

☯️

Bitcoin တဟုန်ထိုးတက်ခဲ့တယ်

" 90,000 ကိုလဲကျော်သွားလိမ့်မယ်၊ ပြီးရင် ခပ်ကြမ်းကြမ်းလဲ ပြန်ကျပါလိမ့်မယ်"

.... လို့ ပြီးခဲ့တဲ့အပါတ်ကရေးခဲ့တယ်၊

( 100,000 $ အထိကပ်သွားအောင်တက်ခဲ့ပါတယ်၊ တရက်ထဲ $ 7000 ပြန်ကျပြီး $ 91,944 ကိုဆင်းသွားပါပြီ၊ ဆက်ပြီး ကျဆင်းလိမ့်မယ်လို့လဲ ကျွမ်းကျင်သူတွေက ခန့်မှန်းပေးလာကြပါပြီ )


BaMg ☯️

.

Nay Zin Latt

27 Nov, 07:21


.

☯️

ဂျပန်မှာ 6.4 M အင်အားရှိ ငလျင်ကြီးလှုပ်သွားတယ်၊ သာမန်အားဖြင့် ငလျင်ငယ် အကြိမ်ရေ (၂၅-၃၀) သာလှုပ်လေ့ရှိပေမဲ့ အခုတခါမှာ ငလျင်ငယ် အနည်းဆုံး (၆၅) ကြိမ်လှုပ်သွားတယ်လို့ဆိုပါတယ်၊


.

Nay Zin Latt

27 Nov, 07:13


.

☯️

ကြောက်စရာကောင်းတယ်
ဝဋ် လည်တယ်၊ သံသရာပါတဲ့ ဝဋ်မျိုးပါ


.

Nay Zin Latt

27 Nov, 00:38


.

☯️

UK အနေနဲ့ ယူကရိမ်းကို Storm shadow မစ်ဇိုင်းတွေ အသုံးပြုခွင့်ပေးပြီးတော့မှ ရုရှားရဲ့ ဆိုက်ဘာ တိုက်ခိုက်မှုပြန်ခံရမှာ၊ သန်းပေါင်းများစွာသော သူတွေအပေါ်သက်ရောက်မှုရှိမှာကို စိုးထိတ်နေပါသတဲ့၊


BaMg ☯️

.

Nay Zin Latt

27 Nov, 00:34


.

☯️


အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့ လက်ဘနွန်နဲ့ အစ္စရေးဖြစ်နေတဲ့စစ်ဟာ အပစ်ရပ်စဲဖို့ နီးစပ်လာပါပြီ၊ အစ္စရေးဖက်က လက်ခံပြီး လိုက်နာဆောင်ရွက်ဖို့အသင့်ဖြစ်ပြီလို့ပြောလိုက်ပါတယ်၊

ကျက်သရေရှိတဲ့သတင်းပါပဲ


.

Nay Zin Latt

27 Nov, 00:26


.


☯️

ယူကရိမ်းက အမေရိကန်လုပ် ATACMS တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ အချို့ကိုပစ်ချနှိုင်ခဲ့ပြီး၊ အချို့က ပစ်မှတ်တွေကိုထိမှန်ကြတယ်၊

အဲ့ဒီအတွက် ပြန်ပြီးလက်စားခြေတာကိုခံရမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကဆိုလိုက်ပါတယ်၊

နာမယ်ကြီး Tomhawk တွေကို တောင်းခံထားရာမှာ အမေရိကန်ကပေးပါလိမ့်ဦးမယ်။


BaMg ☯️

.

Nay Zin Latt

26 Nov, 14:27


https://fb.watch/w5B6zhdKXF/?

Nay Zin Latt

26 Nov, 14:22


.

☯️

အမေရိကန်လုပ် နာမယ်ကြီး တာလတ်ပစ် Tomhawk တိုက်ချင်းပစ်တွေကို ယူကရိမ်းဆီပေးဖို့ လုပ်နေကြပြန်ပြီ၊ စစ်မီးကတော့ လျော့မသွားပဲ ပိုပိုမြင့်လာနေတယ်၊

ဇလန်စကီးရဲ့ ပါယ်ချခံလိုက်ရတဲ့ Victory plan ထဲမှာ တောင်းဆိုထားတဲ့ တိုက်ချင်းပစ် အမျိုးအစားတွေဖြစ်နေပါတယ်၊


BaMg ☯️

.

Nay Zin Latt

26 Nov, 14:18


.

☯️

UK သံအမတ်ကြီးကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်၊ ယူကရိမ်းစစ်မှာ UK ရဲ့ပါဝင်ပါတ်သက်နေတာနဲ့ ဆက်စပ်နေပါလိမ့်မယ်၊

UK သံတမန်တဦးကိုလဲ သူလှိုလုပ်မှုနဲ့ ရုရှားထောက်လှမ်းရေးက သိရှိသွားတာကြောင့် ပြည်နှင်ဒါဏ်ပေးလိုက်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

21 Nov, 14:23


.

☯️

အခုမှ Shock တွေရကုန်ကြတယ်

ATACMS, Storm shadow , Scalp လောက်နဲ့သွားစမ်းကြည့်တယ်၊ ဟိုက အသေးဆုံးခလုတ်လေးတချက်နှိပ်ပြလိုက်တော့ အားလုံးမျက်လုံးပြူး မျက်ဆံပြူးတွေဖြစ်ကုန်ကြပြီ၊

ပူတင်ဟာ ပြောတဲ့အတိုင်းလုပ်တယ်လို့ ဂျာမဏီ အဓိပတိ မာကဲလ်ပြောခဲ့တာကိုမေ့ကြတာကိုး၊
အခုစမ်းသပ်ပစ်ပြလိုက်တာ ICBM မဟုတ်ဘူး၊ MRBM ပါလို့ပြောပြီး MRBM ဒီလောက်စွမ်းဆောင်နိုင်သလားလို့ လန့်ကုန်ကြတယ်၊

လာပြန်ပြီ နောက်တခု
MIRV နည်းပညာလား ⁉️
ဒါမှမဟုတ် အခြားအဆင့်မြင့်နည်းပညာလား⁉️
... တဲ့ ။

ရုရှားသုံးသွားတဲ့ စကားလုံး Term ကိုသတိထားနော်... Experimental ( စမ်းသပ်ပစ်ခတ်ခြင်း ) တဲ့၊

ပူတင်ဟာ ဆိုဗီယက်ပြိုကွဲတဲ့ 1989 မှာကထဲက KGB က ဒုတိယဗိုလ်မှုးကြီးဟောင်းဆိုတာ ဘာလို့များ မေ့ထားကြတာလဲ မသိ 🤷‍♀️


BaMg ☯️

.

Nay Zin Latt

21 Nov, 14:05


.

☯️


ယူကရိမ်းကို ပစ်ခတ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးဟာ ICBM မဟုတ်ပဲ၊ MRBM ( Mid range ballistic missile ) သာဖြစ်ပါတယ်လို့ အမေရိကန် စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်၊

အနောက်အုပ်စုကြီးတခုလုံးဟာ ရုရှားရဲ့ MRBM က ဒီလောက်စွမ်းရည်မျိုးရှိတဲ့အပေါ် ပိုပြီး အံ့ဩတုန်လှုပ် ခြောက်ခြားသွားကြတယ်လို့ ဆိုပါတယ်၊

အတွက်အချက်မမှားကြဖို့လိုတယ်၊


BaMg ☯️

.

Nay Zin Latt

21 Nov, 13:56


.

☯️

Biden ကတော့ ATACMS ပစ်ဖို့ခေါင်းတချက်ပဲငြိမ့်လိုက်တယ်၊ နင်္ဂါးခေါင်းဆိုတော့ ကမ္ဘာကြီး သွက်သွက်ခါထွက်သွားတော့တယ်၊

ဟန်ဂေရီကလဲ ကာကွယ်ရေးအတွက် ပြင်ဆင်လာရပြီ၊ ဟန်ဂေရီ ကာဝန်ကတော့-

" ဒီနေ့အခြေအနေဟာ ကမ္ဘာကြီးအတွက်အန္တရာယ်အရှိဆုံးအခြေအနေထဲကိုဝင်ရောက်သွားခဲ့ပြီ ".... လို့

မှတ်ချက်ပြုလိုက်တယ်၊


BaMg ☯️

.

Nay Zin Latt

21 Nov, 11:56


.

☯️


ယူကရိမ်းစစ် ရက် (၁၀၀၀) မှာရုရှားဖက်က ICBM ကိုစသုံးတယ်၊ ဒါဟာ ယူကရိမ်းကို သီးခြားထိတ်ဖူးတွေနဲ့တပြိုင်နက်ထဲ ပစ်ပြလိုက်သလို၊ အနောက်အုပ်စုကိုလဲ သတင်းစကားပါးလိုတာဖြစ်တယ်၊ အန္တရာယ်အလွန်ကြီးလာပြီလို့ ကျွမ်းကျင်သူတွေက ထောက်ပြလာကြပါပြီ၊


BaMg ☯️

.

Nay Zin Latt

21 Nov, 11:24


.

☯️

ယူကရိမ်းကို ရုရှားက ICBM စသုံးပြီးတိုက်ခိုက်ပြီလို့ ယူကရိမ်းဖက်က ဆိုတယ်၊ ရုရှားဖက်ကတော့ Iskander ပါလို့ငြင်းထားတယ်၊ ပေါက်ကွဲပုံကြည့်ရတာတော့ ဟုတ်လောက်တယ်၊ ဒါမျိုးတွေကို ယူကရိမ်းက မျှော်လင့်ထားသင့်တာပေါ့၊

ယူကရိမ်းဖက်က ပစ်လိုက်တဲ့ UK လုပ် Storm shadow မစ်ဇိုင်း (၂) စင်းကိုတော့ ရုရှားဖက်က ပစ်ချလိုက်နိုင်ပါတယ်တဲ့ ၊


BaMg ☯️


.

Nay Zin Latt

21 Nov, 10:38


.


☯️

Breaking news အနေနဲ့တက်လာတဲ့ပုံကကြောက်စရာကြီး၊ ယူကရိမ်းက Dnepropetrovsk ကို နျူမဟုတ်တဲ့ ICBM နဲ့ရုရှားဖက်ကတိုက်ခိုက်တယ်လို့ ယူကရိမ်းလေတပ်က စွပ်စွဲတယ်၊

ရုရှားဖက်က သူတို့ပစ်လိုက်တာ ICBM မဟုတ်ဘူး၊ Iskander K-23 မစ်ဇိုင်းနဲ့သာ ဖြစ်ပါတယ်... လို့ခြေပလိုက်တယ်၊


BaMg ☯️

.

Nay Zin Latt

21 Nov, 10:07


.

☯️


ထရမ့် ပထမသက်တမ်းတုန်းက အကြံပေးဖြစ်ခဲ့တဲ့ ဗခက Michael Flynn က ဘိုင်ဒင်ရဲ့ရူးမိုက်မှုကြောင့် နောက်ကြောင်းပြန်လှည့်လို့မရနိုင်တဲ့ WW-3 ဖြစ်မလာခင်၊ သူ့ကို အရေးပေါ် သက်တမ်းမကုန်ခင် စောစောစီးစီး ဖယ်ရှားပစ်ဖို့ တောင်းဆိုလိုက်ပါတယ်၊

ဘိုင်ဒင်ရဲ့ ကျန်တဲ့သက်တမ်း (၂) လမှာ အခန့်မသင့်ရင် အမှန်တကယ်လဲ WW-3 ဖြစ်သွားနိုင်နေပါတယ်၊

(19.11.24 ) မှာ ပလူတိုဟာ Aquarius ဆိုတဲ့ ကုမ်ရာသီကိုစပြောင်းတယ်၊ အဲ့ဒီနေ့မှာ US ကတာဝေးပစ်အသုံးပြုခွင့်ပေးလိုက်တဲ့သတင်း ကမ္ဘာကိုစပြန့်တယ်၊ (20.11.24) မှာယူကရိမ်းက ATACMS , Storm shadow နဲ့ ရုရှားကို စပစ်တယ်၊ တချိန်ထဲမှာပဲ ရုရှားရဲ့ နျူမူဝါဒ ပြင်ဆင်မှုထွက်လာတယ်၊ ဒီနေ့ ( 21.11.24 ) မှာရုရှားဖက်က RS-26 Ballistic missile တွေစသုံးပြီ၊

ပလူတိုက ရှိဆဲအခြေအနေတွေကို ဖျက်ချပြီး အသစ်ပြန်တည်ဆောက်တဲ့ အလုပ်ကိုလုပ်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

21 Nov, 09:50


.

☯️


ရုရှားရဲ့ နာမယ်ကြီး RS-26 ပဲ့ထိမ်းဒုံးကြီးတွေ စတင်ရွေ့လျားပြီ၊

မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေဖြစ်တဲ့ TU-95 MS အနည်းဆုံး (၇) စီးလဲ စပြီးသက်ဝင်လှုပ်ရှားလာပါပြီ၊

အရင်က မတွေ့ကြုံဘူးသေးတဲ့ အပြင်းထန်ဆုံး တိုက်ခိုက်ခိုက်မှုကို လုပ်ဆောင်သွားမယ်လို့ ရုရှားဖက်ကကြေငြာလိုက်တယ်၊

ယူကရိမ်းဖက်ကလဲ အတိုက်ခံရဖို့ဖြစ်နိုင်ဖွယ် မြို့တော် ကိယက်အပါအဝင် ဒေသများကို သတိပေးမှုတွေလုပ်ထားနေပါတယ်၊


BaMg ☯️

.

Nay Zin Latt

14 Nov, 03:39


.

☯️


( ကြောက်စရာအကောင်းဆုံး လာပြီ )


ဘမောင် အသက် (၃၀) လောက်ရှေ့တန်းမှာ ရေဒီယိုလေးတလုံးနဲ့ နိုင်ငံတကာသတင်းနားထောင်ချိန်ကစပြီး၊ အခုအသက်အထိ ထင်ထင်ရှားရှား (၃) ခုကို သတိထားမိတယ်၊

* 1990 လောက်က အီရန်ကိုအီရတ်ကကျူးကျော်တယ်၊ အမေရိကန်ကတိုက်ထုတ်ပေးတယ်၊ ရေနံကို အမေရီကန်သတ်မှတ်ဈေးနဲ့ရောင်းပေးလိုက်ရတယ်။

* 2000 မှာ 9-11 ဖြစ်ပြီး အရှေ့အလယ်ပိုင်း မီးလောင်တိုက် အသွင်းခံရတာ ဒီနေ့အထိမငြိမ်းသေးဘူး၊

* 2022 မှာ ယူကရိမ်းစစ်ဖြစ်တယ်၊ ထရမ့်ကသာ ယူကရိမ်းစစ်ကိုရပ်မယ်ပြောနေတာ၊ မလွယ်လှဘူး၊

2023 ကစလိုက်တဲ့ အစ္စရေး-ဟားမတ်စ်စစ်ဟာ
ဟဇ်ဘိုလာ၊ အီရန်ကိုကူးလာပြီ၊ ပျက်ကိန်းတခုခုကြုံလာပြီလားမသိဘူး၊ Trump သမတဖြစ်လာတယ်၊ ထရမ့်သမတဖြစ်လာရင်... ဖြစ်လာနိုင်တာတွေကိုတွက်ချက်ပြီး အီရန်က အစ္စလမ်ကမ္ဘာနဲ့ သံတမန်ရေးကို ခပ်စိပ်စိပ် လုပ်တောတွေ့ရတယ်၊

........

မနေ့က တူရကီဖက်ကကြေငြာလိုက်တာဟာ အစိုးရိမ်ရဆုံးဖြစ်ရပ်လို့သုံးသပ်မိတယ်၊ တူရကီ သမတ အာဒိုဂန်က " ကြေငြာတဲ့အချိန်ကစပြီး တူရကီဟာ အစ္စရေးနဲ့ ကဏ္ဏအားလုံးဆက်ဆံရေးကို ရပ်စဲလိုက်ပြီ " တဲ့

နောက်ထပ်ပြောလိုက်တာက ပိုကြောက်စရာပဲ၊
အစ္စလမ်နိုင်ငံတွေအားလုံး အစ္စရေးနဲ့ကုန်သွယ်ရေးမလုပ်ပဲ ဖြတ်တောက်လိုက်ဖို့။

အစ္စရေးရော အမေရိကန်ရော အစ္စလမ်ကမ္ဘာကြီးနဲ့ရင်ဆိုင်ရရင် အတော့်ကိုမလွယ်ဘူး လို့ မကြာခဏရေးခဲ့တာ... အခုစမြင်ရပါပြီ၊

ထရမ့်ရဲ့ထိတ်တန်းလူတွေအားလုံးက Hawkish တွေဖြစ်ပြန်လေတော့... ထိမ်းနိုင်ပါ့မလား ⁉️



BaMg ☯️

.

Nay Zin Latt

14 Nov, 01:55


.

☯️

ယူကရိမ်းစစ်ကိုရပ်တန့်နိုင်ရေး ထရမ့်အဖွဲ့ကတော့ မူကြမ်းတွေရေးနေပြီ၊ တရားဝင်ချပြတာကိုတော့ ကျမ်းကျိန်ပြီးမှလုပ်လိမ့်မယ်နဲ့တူတယ်၊

ထရမ့်အနိုင်ရတဲ့သတင်းထွက်လာတာနဲ့ ရုရှားဖက်က ယူကရိမ်းကို စံချိန်တင်လောက်အောင် "ဝုန်း" နေတာတော့တွေ့ရတယ်၊

မြို့တော် ကိယက်နဲ့ အဓိကကျတဲ့ အိုဒက်ဆာကိုပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာ၊ ထရမ့်အိမ်ဖြူတက်တဲ့အချိန်နဲ့ တိုက်ပြီး အရင်ရေးခဲ့တဲ့အတိုင်း အိုဒက်ဆာကို သိမ်းလိမ့်မယ်နဲ့တူတယ်၊

နိုင်ငံရေးဆိုတာ ကြွေတလှည့်ကြက်တခုန် ပါ။


BaMg ☯️

.

Nay Zin Latt

14 Nov, 01:46


.

☯️

လောလောဆယ် Trump ရဲ့ထိတ်တန်းတာဝန်တွေမှာ အတည်ပြုရွေးခြယ်ထားပြီးကြသူတွေကတော့ -


.

Nay Zin Latt

14 Nov, 01:38


.

☯️


စောစောစီးစီး Viber ကဖိတ်စာတစောင်ပို့လာတယ်၊ အင်ဂျင်နီယာတပ်ဖွဲ့ကပါ

" အသက် (၇၀) အထက်ကန်တော့ခံအငြိမ်းစားများ ကြွရောက်ပါရန် " တဲ့

" ဟာ... အဲ့သလောက်အသက်ကြီးသွားပြီလား"
.... လို့ 😭 ပုံလေးနဲ့ပြန်မေးလိုက်တော့...

သူငယ်ချင်းဖြစ်သူက -

" အမှန်တိုင်းပဲလေ " တဲ့


😭

.

Nay Zin Latt

14 Nov, 01:13


.

☯️

ဒီမိုကရက်ဖက်က သမတလောင်းအဖြစ်အစပိုင်းမှာပါဝင်ခဲ့သူ Tulsi Gabbard ကို အမျိုးသားထောက်လှမ်းရေး အကြီးအကဲအဖြစ်ခန့်အပ်လိုက်ပါတယ်၊

အပြာဝိုင်းနဲ့ သူတွေက အထက်လွှတ်တော်ရဲ့အတည်ပြုချက်ကိုရယူရမဲ့သူတွေဖြစ်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

14 Nov, 01:04


.

☯️

House ဆိုတဲ့ အောက်လွှတ်တော်မှာရော
Senate ဆိုတဲ့အထက်လွှတ်တော်မှာရော ကိုထရမ့်ရဲ့ GOP ကထိမ်းချုပ်သွားခဲ့ပါပြီ၊ အခုလို... သမတ၊ လွှတ်တော် (၂) ရပ်လုံးမှာ တပါတီထဲကထိမ်းချုပ်သွားတဲ့ မိုဒယ်မျိုးက ကောင်းချင်အလွန်ကောင်းပြီး၊ ဆိုးရင်လဲ အလွန်ဆိုးသွားတတ်ပါတယ်၊

ထရမ့်ကိုယ်တိုင်က Hawkish ( သဘောထားတင်းမာ၊ ရန်လို ) သူဖြစ်တာရယ်၊ သူခန့်အပ်ထားသူအားလုံးနီးပါကလဲ Hawkish ဖြစ်တာရယ်ကြောင့် သူ့သက်တမ်းကာလအတွင်း၊ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပြသနာတစုံတရာ ကြုံတွေ့နိုင်တယ်လို့ ခန့်မှန်းရပါတယ်၊


BaMg ☯️

.

Nay Zin Latt

14 Nov, 00:54


.

☯️

ထရမ့်က ဘိုင်ဒင်ကိုအိမ်ဖြူတော်မှာ သွားရောက်တွေ့ဆုံခဲ့တယ်၊ နှစ်ဦးသားလက်ဆွဲနှုတ်ဆက်ကြပြီး ဘိုင်ဒင်က -

" Welcome, welcome back"
လို့ ကြိုဆိုပြီး၊ သတင်းသမားတွေက ထရမ့်ကို -

" How does it feel to be back "
အိမဖြူတော် တကြော့ပြန်အပေါ် ဘယ်လိုခံစားရပါသလဲ... မေးခဲ့ပါတယ်၊

အတော်များများကတော့ Biden ဟာထရမ့်ကိုမဲပေးခဲ့တယ်လို့ ဆိုကြတယ်

အရွေးခြယ်ခံသမတ President elect အနေနဲ့ လက်ရှိသမတ Incumbent President ကိုအိမ်ဖြူတော်ကို တာဝန်မလွှဲပြောင်းမီ ကြိုတင်တွေ့ဆုံမှုဟာ 1992 နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်လာပါတယ်၊

ကြားကာလမှာ ပြဿနာတစုံတရာ ရှိနေနိုင်တာကြောင့် ထရမ့်အနေနဲ့ တရားဝင်မှုကိုပြသတဲ့အနေနဲ့ လူထုကို ပြသနေတာလို့ ယူဆစရာတွေဖြစ်လာရပါတယ်၊

2016 Obama ဆီက သမတတာဝန်လွှဲကြောင်းရယူခဲ့စဉ်တုန်းက အခုလိုကြိုတင်တွေ့ဆုံခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး။

အမေရိကန်နိုင်ငံရေးသမိုင်း အချိုးအကွေ့တခုတော့ ဖြစ်လာခဲ့ပါပြီ ။


BaMg ☯️

.

Nay Zin Latt

13 Nov, 13:43


.

☯️

ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက အမျိုးသားထောက်လှမ်းရေးအကြီးအကဲဖြစ်ခဲ့သူ John Ratcliffe ကို CIA အကြီးအကဲတာဝန်ပေးမယ်လို့ကြေငြာလိုက်ပါပြီ၊



.

Nay Zin Latt

13 Nov, 13:40


.

☯️


စပိန်ဆန္ဒပြမှုက တော်တော်ကြီးတာပဲ


.

Nay Zin Latt

06 Nov, 05:41


.

☯️

မြန်မာမှာလဲ 2025 မှာရွေးကောက်ပွဲကိုဖြတ်သန်းကြရမှာမို့......

အားလုံး အမြင်တခုရစေဖို့ အမေရိကန်ရွေးကောက်ပွဲရဲ့ အချိန်ပိုင်းအလိုက်ဖြစ်ပျက်နေမှုကို ကြိုးစားပြီး တင်ပေးထားပါတယ်၊

ရွေးကောက်ပွဲစနစ် မတူတာကလွဲရင်
သဘောသဘာဝတွေကတူညီကြပါတယ်၊


BaMg ☯️


.

Nay Zin Latt

06 Nov, 05:36


.

☯️

အမေရိကန် နိုင်ငံရေးစနစ်မှာ လွှတ်တော်တွေ ကဏ္ဏကလဲ အရေးပါတယ်၊ ဆန့်ကျင်ဖက်ပါတီက အများစုဖြစ်ရင် သမတဟာ အဆင်သိပ်ပြေလေ့မရှိဘူး၊

Senate ဆိုတဲ့လွှတ်တော်မှာ (၅၁) နေရာရရင် ... အဲ့ဒီပါတီက ထိမ်းချုပ်နိုင်တယ်လို့သတ်မှတ်ပါတယ်၊

Senate မှာ Trump ရဲ့ Rep က (၅၁) နေရာရသွားပြီဖြစ်လို့ အထက်လွှတ်တော်ကို Rep တွေထိမ်းချုပ်ခွင့်ရသွားလိုက်ပါပြီ၊


BaMg ☯️

.

Nay Zin Latt

06 Nov, 05:32


.

☯️


( သေပြီဆရာ )

ယိမ်းလွယ်ပြည်နယ် (၇) မှာ EV (93) မဲရှိပါတယ်၊ Trump က (51) မဲအနိုင်ရဖို့လိုပြီး၊ Harris က (44) ပဲလိုတယ်၊

အဲ့ဒီပြည်နယ် အများဆုံးနိုင်သူက သမတဖြစ်ပါတယ်၊

ပြည်နယ် (၇) လုံးမှာ ထရမ့်ကဦးဆောင်နေတဲ့အတွက် ဒီမိုကရက်တွေအတွက် "အရှုံး" ကိုရင်ရင်ဆိုင်ရတော့မှာဖြစ်သွားပါပြီ၊

မူလခန့်မှန်းမှုမှာ ထရမ့် (၄) ပြည်နယ်၊ ဟဲရစ် (၃) ပြည်နယ်အနိုင်ရကြလိမ့်မယ်လို့ တွက်ထားရာကနေ.... ဒီမိုတွေဖက်က ပြည်နယ်တခုမှာတောင် မနိုင်တော့မဲ့ကိန်းဖြစ်သွားလို့....

" သေပြီ ဆရာ "
.... လို့ပဲ ပြောရပါတော့မယ်၊


BaMg ☯️


.

Nay Zin Latt

06 Nov, 04:43


.

အရေးပါတဲ့ ပင်ဆဲလ်ဗေးနီးယားမှာ Software အလုပ်မလုပ်တဲ့အတွက် မဲတွေကို လူနဲ့ပဲရေတွက်နေရတယ်၊ EV -19 ရှိထားလို့ အလွန်အရေးပါတဲ့နေရာပါ၊

ထရမ့် - 51.3%
ဟဲရစ် - 47.8%

ပွဲကတော့ ပြီးသလောက်ဖြစ်သွားပါပြီ။


BaMg ☯️

.

Nay Zin Latt

06 Nov, 04:37


.

သူတို့အတွက်က သမတဖြစ်ဖို့ရော
အထက်လွှတ်တော်၊ အောက်လွှတ်တော်ကို ထိမ်းချုပ်နိုင်ဖို့ကရော အရေးကြီးပါသေးတယ်၊

သမတအဖြစ်လဲ ထရမ့်အခြေအနေကောင်းနေသလို လွှတ်တော်ထိမ်းချုပ်နိုင်မှုမှာလဲ အခြေအနေကောင်းနေတာ တွေ့ရတယ်၊


BaMg ☯️

.

Nay Zin Latt

06 Nov, 04:05


.

☯️

ဒီအချိန်မှာ ထွက်လာတဲ့ ခန့်မှန်းမှုတွေအရဆိုရင်တော့...

ထရမ့် သမတဖြစ်ဖို့များသွားပါပြီ၊

ကမ္ဘာကြီးလဲ ပုံစံတမျိုးပြောင်းပါတော့မယ်

ရုရှား၊ အစ္စရေး ကြားဝင်ကစားတာအောင်မြင်သွားပြီး၊ UK, China, Iran တို့ရည်ရွယ်ချက်မပေါက်မြောက်ခဲ့ဘူးလို့ ပြောရပါလိမ့်မယ်၊


BaMg ☯️

.

Nay Zin Latt

06 Nov, 03:59


.

☯️


Trump နိုင်ဖို့ 87%

Electoral vote အရ
Trump - 298
Harris - 240

..... လို့ခန့်မှန်းထားတာတွေ့ရတယ်၊


.

Nay Zin Latt

06 Nov, 03:43


.

☯️

နိုင်ငံရေးဟာ စီးပွားရေးဖြစ်သလို
စီးပွားရေးဟာလဲနိုင်ငံရေးပဲဖြစ်ပါတယ်၊

ရွေးကောက်ပွဲ ကနဦးရလဒ်တွေအရ ထရမ့်ဖက်က အရေးသာတယ်ဆိုတဲ့သတင်းလောက်တက်လာတင်မှာ... Bitcoin တန်ဘိုးက $ 75,000 အထိထိုးတက်သွားပြီး၊ အခြားစတော့တွေလဲ တန်ဘိုးတက်သွားကြတာတွေ့ရတယ်၊

အကယ်၍ ထရမ့်သမတဖြစ်ပြီး အစ္စရေး-အီရန်စစ်ရှိန်မြင်လာတာနဲ့ Bitcoin ရော စတော့တွေပါပြန်ကျလိမ့်မယ်လို့ ကြိုတင်ရေးထားလိုက်ပါရစေ၊


BaMg ☯️

.

Nay Zin Latt

06 Nov, 02:59


.


☯️

ရွေးကောက်ပွဲ ကနဦးရလဒ်အရ ထရမ့်ဖက်က အခြေအနေကောင်းတယ်ဆိုတာနဲ့ $ တန်ဘိုး နဲနဲတက်သွားပြီ၊

ဘာကိုပြသလဲ ဆိုတော့ စီးပွားရေးနားလည်တဲ့သူလာရင် စီးပွားကောင်းမယ်ဆိုတာကို တွက်မိကြလို့ပါ၊

မြန်မာမှာသတိထားပါ
$ တန်ဘိုးတက်တာကိုအကြောင်းပြုပြီး ရောင်တော်ပြန်နဲ့ ဘိုးဘိုးအောင်လို (၂) ဆတိုး ဒိုင်ဗင်ထိုးသွားနိုင်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

06 Nov, 02:55


.

☯️


( ဘယ်လောက်ကြောက်စရာကောင်းလဲ )


အမြင့်ပိုင်းနိုင်ငံရေးတွေဆိုတာ သမရိုးကျနိုင်ငံရေးမျိုးနဲ့ လုံးဝမတူပါဘူး၊ Manipulative politics စိုးမိုးခြယ်လှယ်နိုင်ငံရေးမျိုးပါ၊ သူ့ဇာတ်ညွှန်းနဲ့သူလဲဖြစ်ပါတယ်၊

မက်ဗီဒက်လိုလူကဘယ်လိုသတိပေးထားသလဲဆိုတာကိုဖတ်မိရင် အတော်ကြောက်စရာကောင်းတယ်လို့ပြောရပါ့မယ်၊ မက်ဗီဒက်က-

" ထရမ့်အနိုင်ရလို့ သမတဖြစ်လာပြီး ယူကရိမ်းစစ်ကို ရပ်ဖို့ကြိုးစားရင် JFK လိုအလုပ်ကြံခံရလိမ့်မယ်" တဲ့၊

ထရမ့်ပထမသက်တမ်းမှာကထဲက Deep State ကိုဖြိုမယ်လို့ ကြွေးကြော်ခဲ့တယ်၊ ဒါပေမဲ့ လက်တွေ့မှာ သိသိသာသာ မလုပ်နိုင်ခဲ့ဘူး၊ သူသာ နောက်သက်တမ်းသမတမဖြစ်ပဲ စွန့်ခွာလိုက်ရတယ်၊

အခုတခါတော့ MAGA လဲ အတော်တောင့်လာပြီ၊ " DS vs MAGA" တပွဲတွေ့ရလိမ့်ဦးမလား


BaMg ☯️


.

Nay Zin Latt

06 Nov, 02:44


.

☯️


အမေရိကန်စီးပွားရေးက မကောင်းလှပါ၊ အထူးသဖြင့် စီးပွားရေးကိုတကယ်မသိတဲ့ ဘိုင်ဒင့်လက်ထက်မှာ လုပ်ငန်းရှင်တွေ ခက်ခဲကြတာတွေ့ရတယ်၊

2025 သမတဖြစ်လာမဲ့သူဟာ အမေရိကန်စီးပွားရေးအရရော၊ ဘတ်ဂျက်အရရော အခွန်ငွေဆိုင်ရာ မူဝါဒကိုလက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းကြရမှာဖြစ်ပါတယ်၊


BaMg ☯️

.

Nay Zin Latt

06 Nov, 02:40


.

☯️


အတိုးနှုံးတွေကို ကြီးကြီးမားမား ခပ်စိပ်စိပ် လျော့ချမှာ မဟုတ်ဘူးလို့ဆိုတယ်၊ ဒါဆိုရင် အမေရိကန်စီးပွားရေး ဘယ်လိုရှိမလဲ

ဘာတွေတက်ပြီး ဘာတွေကျဆင်းပါမလဲ


.

Nay Zin Latt

06 Nov, 02:35


.

☯️


( တိုက်ဆိုင်မှုဆိုတာ မရှိဘူး )


အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက သူရဲ့ကာကွယ်ရေးဝန်ကြီး Gallant ကို မနေ့က တာဝန်ကရပ်နားလိုက်တယ်၊ အမေရိကန်ရွေးကောက်ပွဲနေ့မှာဖြစ်ပါတယ်၊

ဂါဇာအရေးမှာ ဝန်ချုပ်နဲ့ကာဝန်တို့သဘောထား မတိုက်ဆိုင်မှုကြီးထွားလာပြီး ကာဝန်က War cabinet ကနှုတ်ထွက်ခဲ့ဘူးတယ်၊


BaMg ☯️

.

Nay Zin Latt

01 Nov, 15:03


.

☯️

( သူလဲ အလာကြီးပါလား )

အိဂျစ်နဲ့ ကာတာ ကြားဝင်စေ့စပ်သူတွေကတဆင့် အစ္စရေးရဲ့ ယာရီအပစ်ရပ်ရေး အဆိုပြုတာကို ဟားမတ်တွေက ပါယ်ချလိုက်တယ်တဲ့၊

ဒါဆိုရင်...
အစ္စရေး-အီရန် စစ်ပွဲကြီးတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်သွားပါပြီ။


BaMg ☯️


.

Nay Zin Latt

01 Nov, 14:57


.


☯️


ထရမ့်က -

ဘင်္ဂလားဒေ့ချ်မှာရှိတဲ့ ဟိန္ဒူတွေကို သူ သမတဖြစ်လာရင် အကာအကွယ်ပေးသွားမယ်တဲ့၊

မဲဆွယ်တုန်းက အစ္စလမ်တွေကိုကာကွယ်မယ်လို့ ဂတိပေးသွားတယ်၊

သူ သမတဖြစ်ရင် အီရန်ကိုအမှုန့်ဖြစ်အောင်ခြေမှုန်းမယ်လို့လဲပြောပြန်တယ်၊

သူ့မူရင်း စိတ်အခံက ဘာဖြစ်ပါမလဲ

မဟာဗျူဟာတခုက သိမ်မွေ့လွန်းတော့ ပူတင်တောင်မှ မရုန်းသာအောင်မိသွားခဲ့တယ်၊
ယူကရိမ်းနယ်မြေကို ရုရှားက 30% သိမ်းထားတယ်ဆိုပေမဲ့ စစ်ထောင်းတာကတော့ငြင်းမရဘူး၊ မြောက်ကိုရီးယားက စစ်သည် (၁၁,၀၀၀) ခေါ်သုံးရတာက သက်သေပဲ၊

ထရမ့်လည်း အဲ့ဒီဗျူဟာ ဒုတိယပိုင်းရဲ့ထောင်ခြောက်ထဲ ကျဦးမယ်နဲ့တူတယ်၊ ပူတင် ထောင်ခြောက်မိတာက ရှောင်လွှဲမရပဲမိတာ၊ ထရမ့်က အကြောထ လို့မိတာမျိုး၊

( ကမ္ဘာကြီးရဲ့ ရှုပ်ထွေးလှတဲ့ မဟာဗျူဟာ အလှည့်အပါတ်ဟာ တသက်မှာ တခါလောက်သာကြုံရတာမျိုးဆိုတော့ မျိုးဆက်သစ်တွေ မျက်ခြေမပြတ် စောင့်ကြည့်ကြဖို့ ဆော်ဩလိုပါတယ်၊ )


BaMg ☯️

.

Nay Zin Latt

01 Nov, 13:58


.


☯️


ပစ်လွှတ်စမ်းသပ်မှုအောင်မြင်သွားတဲ့ မြောက်ကိုရီးယားရဲ့ ဟွာဆောင်ဖိုး-19 တိုက်ချင်းပစ်ဒုံးပျံဟာ ICBM ဖြစ်ပြီး 7700 km အထိရောက်ရှိနိုင်တဲ့အတွက် ရန်သူတွေအတွက်အန္တရယ်ရှိတယ်ဆိုတာကို အချက်ပြလိုက်တာပဲဖြစ်တယ်၊

ဒီအကွာအဝေးဟာ အမေရိကန်အထိ ပစ်ခတ်နိုင်တယ်လို့ သတိပေးခြင်းနဲ့အတူ မြောက်ကိုရီးယားရဲ့ တိုက်ခြင်းပစ် ဒုံးပျံနည်းပညာ ဘယ်လောက်တိုးတက်လာတယ်ဆိုတာကိုပါ ပြသလိုက်ခြင်းဖြစ်ပါတယ်၊


BaMg ☯️


.

Nay Zin Latt

01 Nov, 12:24


.


☯️


အစ္စရေးကို တိုက်ခိုက်ဖို့ အီရန်ခေါင်းဆောင်ကြီး ခါမေနီကအမိန့်ပေးလိုက်ပြီ၊ US ပင်တဂွန်ကလဲ ဒီတပါတ်နောက်ဆုံးရက်တွေမှာ အီရန်ဖက်က တိုက်ခိုက်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သတင်းထုတ်ပြန်ထားတယ်၊

အစ္စရေးဖက်ကလဲ လက်ဦးမှုယူပြီး ပြင်းပြင်းထန်ထန် တိုက်မယ်လိုပြောထားပြန်တော့ ဘယ်ဖက်က အရင်စတိုက်မလဲ မသိနိုင်၊

(၂) ဖက်တိုက်မယ်မဲ့ရက်က မရှေးမနှောင်းဆိုတော့ ဒီတခါတိုက်ပွဲက အရင်လိုကာလမခြားပဲ ရက်ဆက်တွေဖြစ်မယ်နဲ့တူရဲ့၊

အီရန်ဖက်က ဒီတကြိမ်တိုက်ရင် မစ်ဇိုင်း (၁၀၀၀) လွှတ်မယ်လို့ဆိုထားတယ်၊ အရင် မစ်ဇိုင်း (၂၀၀) မှာ 50% လောက်ကိုကြားဖြတ်ပစ်မချနိုင်ခဲ့တာတွေ့ရလို့ လူတွေသေကြေကြမှာကိုတော့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ။


BaMg ☯️


.

Nay Zin Latt

01 Nov, 10:14


.

☯️

( ကမ္ဘာကြီးမှာ ဘာတွေဖြစ်လာမလဲဆိုတာ
ဒီတကွက်မှာတင်အဖြေတွေ့ရလိမ့်မယ် )

Tucker Carlson နဲ့အင်တာဗျူးမှာ ထရမ့်က -

" ဘိုင်ဒင်ဟာ ရုရှား၊ တရုတ်တို့နဲ့ သိပ်စည်းရုံးပြနေတယ်၊ ကျွန်တော်ခွဲထုတ်ပစ်မယ်၊ ကျွန်တော်အကောင်အထည်ဖေါ်နိုင်မယ်လို့ ထင်တယ် "

ထရမ့်သမတဖြစ်လာရင် ကမ္ဘာကြီး ပွက်ပွက်ဆူတဲ့ရေနွေးအိုးထဲပြုတ်ကျသလိုဖြစ်မယ်လို့ရေးခဲ့တာ သူ့စရိုက်၊ သူ့မာနတွေကြောင့်ပဲ၊

လက်တွေ့လုပ်ကြည့်ရင် သိသွားလိမ့်မယ်၊
အမေရိကန်ရဲ့ကျဆုံးမှုဟာ ပိုမြန်ဆန်သွားလိမ့်မယ်၊ အစ္စရေး- အီရန်စစ်ပွဲ တကွက်ထဲမှာတင် သဘောပေါက်သွားလိမ့်မယ်၊

ကမ္ဘာကြီးအများကြီးပြောင်းလဲသွားပြီ၊ US လုပ်ချင်တိုင်း လုပ်လို့ရတဲ့အချိန်ဟာ 2005 ရှေ့ပိုင်းမှာကျန်ခဲ့သွားပြီ၊


BaMg ☯️

.

Nay Zin Latt

01 Nov, 09:59


.

☯️


( မဟာဗျူဟာ ထိတ်တိုက် )

ပူတင်ကို အထီးကျန်ဖို့ အနောက်အုပ်စုက မဟာဗျူဟာ ထုတ်တယ်၊ ဒါပေမဲ့ ကာလရှည်တခုကိုဖြတ်သန်းတဲ့အခါမှာ အချို့နိုင်ငံတွေက ပူတင့်မိတ်ဆွေဖြစ်လာတယ်၊

တရုတ်က အင်မတန်ပါးနပ်တာတွေ့ရတယ်၊ အထီးကျန်မဖြစ်စေဖို့ မျက်နှာစုံကထြန့်ကျက်နိုင်လိုက်တယ်၊

အရင်က ရင်ထဲရှိတာရဲ 10% လောက်ချမရေးနိုင်ခဲ့ဘူး၊ အခုဆိုရင် ချရေးဖြစ်တာ 5% လောက်တောင်မရှိတော့ဘူး၊

မနက်က တပည့် (၂) ယောက်ရောက်လာတယ်
ပြည်တွင်း လနက ကိစ္စတွေနဲ့ နိုင်ငံတကာရေးရာ တွေပြောဖြစ်ကြတယ်၊ ပြည်တွင်းကိစ္စတခုနဲ့ နိုင်ငံတကာကိစ္စအတော်များများမှာ ဂုရုတဦးရဲ့အမြင်ကို သူတို့ကပြောတယ်၊ လက်မခံဘူး၊ ဒီလိုဖြစ်လိမ့်မယ်လို့ သုံးသပ်ပြလိုက်မိသေးတယ်၊ Global move တွေမှာ Smart ဖြစ်ပါတယ်ဆိုတဲ့ Putin တောင် ထောင်ခြောက်ထဲ ရုန်းမရအောင် ဝင်သွားရတာကို ဘယ်လို ဘယ်သူက ရွှေ့သွားခဲ့တယ်ဆိုတာ ချိတ်ဆက်မှုတွေနဲ့ရှင်းပြလိုက်သေးတယ်၊


BaMg ☯️

.

Nay Zin Latt

01 Nov, 06:41


.

☯️


( အမေရိကန် ရွေးကောက်ပွဲက
ဘာလဲ၊ ဘယ်လဲ)


မီဒီယာတွေကို တွင်တွင်သုံးပြီး ပြည်သူတွေကို ဒီမိုကရက်တွေလှည့်စားခဲ့တာကြာပြီ၊ ကမ္ဘာကြီးကိုလဲ လှည့်စားခဲ့တာကြာခဲ့ပြီ၊

ပြီးတော့ အမေရိကန်ရွေးကောက်ပွဲဆိုတာ ငွေများရာနိုင်တဲ့ရွေးကောက်ပွဲ ၊ ဆယ်လီတွေသုံးပြီး ပြည်သူတွေကိုဆွဲဆောင်တဲ့ ရွေးကောက်ပွဲသာဖြစ်ပါတယ်၊

ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်ရဲ့ပြည်တွင်းနိုင်ငံရေးမှာ ခြေရှုပ်၊ လုပ်ချင်ရာလုပ်ခဲ့တဲ့ George Soros ဟာ Kamala Harris ကို သူမ Career တခုလုံးမှာ အထောက်အပံ့ပေးခဲ့သူဖြစ်ပါတယ်ဆိုတဲ့သတင်း ထွက်လာပါတယ်၊

Trump နောက်မှာလဲ အခုဆိုရင် Elon Musk ကအဓိက ပံ့ပိုးသူဖြစ်လာတဲ့အတွက် အားပြိုင်မှုတွေရှိလာပါတော့မယ်၊ Elon Musk ကလဲ Soros လိုပဲ အခြားနိုင်ငံတွေရဲ့အရေးအရာမှာ စတင်ပါလာခဲ့တာတွေ့ရတယ်၊


BaMg ☯️


.

Nay Zin Latt

01 Nov, 06:14


.

☯️

ပါတ်လည်ဝိုင်းရံနေတဲ့ အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်သမျှဆက်ဆံရေးကို အီဘရာဟင်သဘောတူညီချက်အရ အစ္စရေးက ရှာဖွေနေတယ်လို့ဆိုပါတယ်၊

.

Nay Zin Latt

01 Nov, 06:11


.

☯️


မြောက်ကိုရီးယားရဲ့ နျူခြိမ်းခြောက်မှုကို တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားကိုလဲ နျူလက်နက် နောက်ခံပေးမယ်လို့ ပင်တွန်က ပြောလိုက်ပါတယ်၊


.

Nay Zin Latt

01 Nov, 02:37


.


☯️


ဒါမျိုးတွေကြောင့် အမေရိကန်နိုင်ငံရေးပျက်ပြီလို့ မကြာခဏရေးခဲ့တာပါ၊ အကြောင်းရင်း မြစ်ဖျားခံတာကတော့ မှန်ကန်တဲ့ရွေးကောက်ပွဲမဟုတ်တာရယ်၊ National interest ထက် ပါတီနဲ့ မိမိအကျိုးစီးပွားအပေါ်အခြေခံလွန်းတာရယ်ကြောင့်ပါ၊

ဘယ်သူနိုင်နိုင် ပြသနာဖြစ်မှာကသေခြာပါတယ်၊ ထရမ့်ရှုံးရင် MAGA ဘယ်လိုပြင်ဆင်ထားသလဲဆိုတဲ့ သတင်းတွေတောင် စထွက်လာခဲ့ပါပြီ။


BaMg ☯️

.

Nay Zin Latt

30 Oct, 00:55


.

☯️

မနေ့က သတင်းတခုမှာ ဟဇ်ဘိုလာခေါင်းဆောင် Nasrallah နေရာမှာ Qassem ကိုခန့်အပ်လိုက်ကြောင်း သတင်းတက်လာတယ်၊

အစ္စရေး ကာဝန်ကချက်ချင်းပဲ တုန့်ပြန်လိုက်တာက ကြောချမ်းစရာပါ၊

" ရာယီသာဖြစ်လိမ့်မယ်၊ ရေရှည်မဟုတ်ဖူး"
" Temporary appointment. Not for long " တဲ့

ဆိုလိုတာက လုပ်ကြံမယ်လို့ ဗျာဒိတ်ပြုလိုက်တာပဲ၊ အစ္စရေးကတော့ တက်လာသမျှ ခေါင်းပိုင်းကို အပြတ်ရှင်းမယ် ဆိုတဲ့ မူဝါဒ လက်ကိုင်ထားလိုက်ဟန်ရှိတယ်၊

BaMg ☯️

.

Nay Zin Latt

30 Oct, 00:48


.

☯️

( ကမ္ဘာကြီး ကျန်းမာရေး ကောင်းပါ့မလား)


မနေ့က ရုရှားရဲ့နျူကလီးယားတပ် အသင့်ရှိနေစေရမယ်ဆိုတဲ့ သတင်းတို (၂) ပုဒ်အပေါ် " ပူတင်အလကားမပြောဘူး၊ သတိထားသင့်တယ် " ဆိုပီး သုံးသပ်ချက်အတိုလေး ထည့်ပေးခဲ့ပါတယ်၊

ဒီနေ့မနက်စောစော တက်လာတဲ့သတင်းတွေမှာ မျက်ပြူးဆံပြာတွေနဲ့ " WW-3 အတွက်ပူတင် အရိပ်အမြွက်ပြလိုက်ပြီလား" ဆိုပြီး ရေးလာကြတာတွေ့ရတယ်၊

သာမန်စစ်ရေးလေ့ကျင့်မှုကို Exercise , drill ဆိုတဲ့ အသုံးမျိုးပဲ သုံးလေ့ရှိတယ်၊ မနေ့ကသတင်းတိုမှာလဲ Exercise လို့ပဲသုံးထားပါတယ်၊ အဓိပ္ပါယ်က ပြုရိုးပြုစဉ်လေ့ကျင့်မှုကိုသာ ညွှန်းတယ်၊

အနောက်အုပ်စုဖက်က ဒီနေ့တက်လာတဲ့ သတင်းမှာ Rehearse ဆိုတဲ့ စကားလုံး သုံးလာတာတွေ့ရတယ်၊ အတိအကျအပိုအလိုမရှိ ကြိုတင်လေ့ကျင့်ခြင်း ဆိုတဲ့အဓိပ္ပါယ်ရောက်တယ်၊

* ဖြစ်လာခဲ့ရင် အဲ့ဒီအတိုင်း ကျင့်သုံးသွားမယ်
ဆိုတဲ့သဘောပါ
* YARS ICBM နဲ့ TU-35 MS မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးတွေပါဝင်နေတယ်၊

Yars ကို အနောက်အုပ်က ဒီနေ့အထိပစ်ချနိုင်တဲ့ နည်းပညာမရှိသေးဘူး၊ ICBM ဆိုတော့ ဖြစ်လာရင်... လက်ဦးမှုယူပြီး အနောက်အုပ်စုကိုပါ တိုက်ခိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်နေပါတယ်၊

Yars, Satan-2 အဆင့်က ယူကရိမ်းစစ်အဆင့်တွေမဟုတ်တော့ပါဘူး၊

ကမ္ဘာကြီး နေကောင်းပါစေလို့ပဲ ဆုတောင်းရပါတယ်။


BaMg ☯️

.

Nay Zin Latt

29 Oct, 14:43


.

☯️

ရှေ့သတင်းတပုဒ်တင်လို့မပြီးသေးဘူး၊
နောက်သတင်းတပုဒ်ကလဲ ရှေ့သတင်းသုံးသပ်ချက်ကို အတည်ပြုပေးနေပြန်ပါပြီ၊

ပူတင်က -

"ရုရှားနျူကလီးယားတပ်ကိုအဆင်သင့်ဖြစ်ထားစေရမယ်"

.... လို့ပြောနေပြန်ပါတယ်၊

ပူတင်တို့ အလကားမပြောတတ်ပါ


BaMg ☯️

.

Nay Zin Latt

29 Oct, 14:37


.

☯️


( ဒီသတင်းမျိုးကိုသတိထားသင့်တယ် )

ပူတင်က -
ရုရှားရဲ့ မဟာဗျူဟာဒုံးပျံတပ်ဟာ နျူကလီးယားသယ်ဆောင်နိုင်တဲ့ မစ်ဇိုင်းတွေနဲ့ ပစ်ခတ်မှုပါ စစ်ရေးလေ့ကျင့်မှုကို ကျည်စစ်တွေနဲ့ လုပ်ဆောင်မယ်လို့ ပူတင်ကိုယ်တိုင်အသံလွှင့်သွားတယ်၊

* အနောက်အုပ်စုကို သတင်းစကားပါးတာ
* ဖြစ်လာရင် စနစ်တကျတိုက်ခိုက်နိုင်အောင်
အနီးကပ်လေ့ကျင့်နေတာပါ

သူတို့ချင်းကတော့ ထောက်လှမ်းရေးသတင်းတွေရှိထားကြမှာပါ၊ အပြင်အနေနဲ့ကတော့ သူတို့ရထားတဲ့သတင်းတွေမကောင်းလို့ တဖက်ကို ကြိုတင်ဟန့်တားလိုက်တာနဲ့ ရှောင်မရရင်လဲ ရင်ဆိုင်ဖို့ ကြိုတင်လေ့ကျင့်တာလို့ပဲမြင်ပါတယ်၊

2025 အတွက်နက္ခတ်တွေမကောင်းပါ
စစ်ပွဲကြီးတွေကိုဖြတ်သန်းရမဲ့ နှစ်ဖြစ်ပါတယ်
ဘယ်လောက်ကြီးတဲ့စစ်ပွဲဆိုတာကိုပဲ မတွက်နိုင်တာပါ၊ ရှောင်မရတဲ့စစ်ပွဲဆိုတာလောက်ကိုတော့ တွက်လို့ရပါတယ်။


BaMg ☯️


.

Nay Zin Latt

29 Oct, 11:58


.

☯️

ဝါရှင်တန်ပို့စ်ရဲ့ ပိုင်ရှင် Jeff Bezos ရဲ့စာထဲမှာ
အမေရိကန်တွေဟာ သတင်းမီးဒီယာတွေကို မယုံကြည်ကြတော့ဘူး လို့ရေးထားတယ်၊

စစ်တမ်းကောက်ယူချက်အရ သတင်းမီဒီယာဟာ ယုံကြည်မှုအနည်းဆုံး ပရောဖက်ရှင်နယ် လုပ်ငန်းတခုဖြစ်သွားပြီလို့ ရေးထားပါတယ်၊

ကျယ်ကျယ်ပြန့်ပြန့် လူထုကြားထိုးဖေါက်နိုင်တဲ့ သတင်းမီဒီယာတွေကိုကိုင်ပြီး ပြာ်တွင်းမှာရော တကမ္ဘာလုံးကိုပါ ဒီမိုတွေလှည့်စားခဲ့တာ အနည်းဆုံး ဆယ်စုနှစ်ပေါင်း (၆) ခုလောက်တောင်ရှိသွားပြီထင်ပါရဲ့ ၊


BaMg ☯️

.

Nay Zin Latt

29 Oct, 09:07


.

☯️

ဟဇ်ဘိုလာ ခေါင်းဆောင်ကို အစ္စရေးဖက်က လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် ခေါင်းဆောင်သစ်အဖြစ် ဒုတိယအထွေထွေအတွင်းရေမှုးဖြစ်သူ Sheikh Niam Qassam ကို
ခန့်အပ်လိုက်ပါတယ်၊

အသက် (၇၁) နှစ်ရှိပြီဖြစ်တဲ့ ကာဆင်ဟာ ဟဇ်ဘိုလာအတွင်း ထင်ရှားဩဇာကြီးသူအဖြစ် နှစ်ပေါင်း (၃၀) ကြာတာဝန်ထမ်းဆောင်ခဲ့သူတဦးလဲဖြစ်ပါတယ်၊



BaMg ☯️

.

Nay Zin Latt

29 Oct, 06:45


.

☯️


သူတို့စာတွေဖတ်ရတာကလဲ
တခါတခါတော့ အပျင်းပြေသား၊ ခလေးတွေ တယောက်နဲ့တယောက် လက်ညှိုးထိုးနေကြသလိုပဲ၊ ဟိုး... အရင်က ရွေးကောက်ပွဲအကြို ဒီဘိတ်တွေကိုလေ့လာရင်....

* စီးပွားရေး
* နိုင်ငံခြားရေးမူဝါဒ
* ပညာ
* ကျန်းမာ
* အခွန်

.... စတဲ့မူဝါဒတွေအပေါ် ဘယ်သူကဘယ်သူ့ထက်သာတယ်ဆိုတဲ့အပေါ်မှာ ပြိုင်ဆိုင်ကြခဲ့ပေမဲ့... ဒီတခါမှာတော့ ရုပ်ပျက်လွန်းအားကြီးသွားပြီလို့ပဲမြင်တယ်၊ ( အမေရိကန်နိုင်ငံရေးပျက်စီးရခြင်းတွေထဲက လက္ခဏာတခုပါ )

Harris က Trump ကိုနာဇီလို့စွပ်စွဲတယ်
Trump ကလဲ Harris ကို " အချို့သောဒီမိုတွေက အမေရိကန်ကို မြောက်ကိုရီးယားထက်တောင် ခြိမ်းခြောက်မှုပိုတယ် "... လို့တွယ်တယ်၊

မနက်က တပည့်ကမေးတယ်
" အဘ.. အဘရေးတာတွေမှာ ထရမ့်အပေါ် အလေးပေးတဲ့ အရိပ်အငွေ့တွေ တွေ့ရတယ်၊ မြန်မာနိုင်ငံကြောင့် ဟုတ်တယ်မဟုတ်လား "

" ဟုတ်တယ်လေ... နှစ်ယောက်လုံးကိုသဘောမကျဘူး၊ Trump တက်လာရင် ကမ္ဘာကြီးအတွက်မကောင်းဘူး၊ ဒါပေမဲ့ မြန်မာအတွက်သက်သာနိုင်တယ် "

အနေနီးတော့ ဒီမောင်တောင် ဘမောင်ရဲ့အာဘော်တွေကို အတော်သိလာပြီ၊ 😀


BaMg ☯️

.

Nay Zin Latt

29 Oct, 04:04


.

☯️

နေတန်ယာဟု အိမ်ကိုဒရုန်းနဲ့ဟဇ်ဘိုလာဖက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အီရန်စီစဉ်ခဲ့မှုကြောင့် အီရန်ကို နောက်တကြီမ်ထပ်မံတိုက်ခိုက်ဦးမယ်လို့ အစ္စရေးထိတ်တန်းတာဝန်ရှိသူတွေထံက သတင်းထွက်လာပါတယ်၊

လုံခြုံရေးဆိုင်ရာ ကက်ဘိနက်အစည်းအဝေးမှာ ထပ်မံတိုက်ခိုက်ဖို့အတည်ပြုထားခဲ့တယ်လို့ သတင်းတွေကဆိုတယ်၊

အီရန်ဖက်ကလဲ အစ္စရေးကိုတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပြီလို့သတင်းထုတ်ပြန်ထားတယ်၊ ဒီတကြိမ် အပြန်အလှန်တိုက်ခိုက်ကြရာမှာ ပျက်စီးမှု၊ ထိချက်အောင်မြင်မှုတွေကို မထုတ်ပြန်ကြတာ ထူးခြားနေပါတယ်၊


BaMg ☯️

.

Nay Zin Latt

29 Oct, 01:32


.

☯️

သမတဟောင်း ဘားရက်အိုဘားမားရဲ့ဇနီး မီရှယ်အိုဘားမားက တပါတ်သာလိုတော့တဲ့ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရလိမ့်မယ်လို့ သဲလွန်စပေးသွားကြောင်း မိုရင်းကလေဟန်က ရေးလာပါတယ်၊

သမတလောင်း (၂) ဦးဟာ အစပိုင်းမှာ ဟဲရစ်ကသိသိသာသာ သာလွန်ခဲ့ပေမဲ့ Campaign strategy မှားယွင်းတာတွေ၊ ဒီဘိတ်တွေမှာ စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒ၊ အမေရိကန်သမတ တဦးဖြစ်လာရင်ပြတ်သားတဲ့ရပ်တည်မှု ပြသရာတွေမှာ ပြည်သူတွေက အားမရတဲ့အတွက်ကြောင့် နောက်ပိုင်းမှာ ထရမ့်ကို လူကြိုက်ပိုများလာပြီး အကြိတ်အနယ်ဖြစ်လာတာတွေ့ရတယ်၊

ဒီမိုတွေထပ်မှားသွားတာက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလုပ်လာလေတော့ ရွေးကောက်ပွဲ (၂) ပါတ်အလိုလောက်မှာ ထရမ့်ဖက်က နှာတဖြား ပိုသာသွားတာကို တွေ့လာရတယ်၊

အထူးသဖြင့် အဆုံးအဖြတ်ပေးမဲ့ ယိမ်းလွယ်ပြည်နယ် (၅) ခုက ထရမ့်ကိုမဲပေးကြမဲ့သဘောတွေ့လာရလေတော့... အခြားကြား အနှောက်အယှက်မရှိခဲ့ရင် ထရမ့်အနေနဲ့နောက်တကြိမ် သမတဖြစ်လာဖို့ အခွင့်အရေး ပိုများသွားပြီဆိုတဲ့သဘောဖြစ်လာပါတယ်၊

အစ္စရေး-အီရန်စစ်ကလဲ ဘယ်သူသမတဖြစ်ဘာမလဲဆိုတာကို စောင့်နေတဲ့သဘောတွေ့ရပါတယ်၊

ထရမ့်တက်လာရင်တော့ ကမ္ဘာကြီး ဆူပွက်သွားမှာဖြစ်လေတော့ ပြင်သင့်တာတွေပြင်ထားကြရပါလိမ့်မယ်၊


BaMg ☯️

.

Nay Zin Latt

25 Oct, 15:07


.

☯️

အမေရိကန်လူမျိုး (၄) ယောက်တိုင်းမှာ (၁) ယောက် (၂၅%) က Nov ရွေးကောက်ပွဲအလွန်မှာ ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေကြကြောင်း စစ်တမ်းအရသိရတယ်၊

နက္ခတ်အရလဲ အနည်းဆုံးပြည်တွင်းမှာ ပဋိပက္ခတ်အကြီးစားဖြစ်ဖို့ အချက်ပြထားတာနဲ့တိုက်ဆိုင်နေတာတွေ့ရတယ်၊


BaMg ☯️


.

Nay Zin Latt

25 Oct, 15:01


.

☯️

( UK စစ်တပ်အဆင်သင့်မဖြစ်သေးဘူး )

NATO အပေါ်ကျရောက်လာမဲ့ခြိမ်းခြောက်မှုတွေအပေါ် ပြန်တုန့်ပြန်ဖို့ UK ကအဆင်သင့်မဖြစ်သေးဘူးလို့ ကာကွယ်ရေးဝန်ကြီး John Healey ကပြောကြားလိုက်တယ်၊

အနာဂါတ်မှာ NATO ကိုတဖက်ကခြိမ်းခြောက်လာရင် ကြိုတင်တားဆီးဖို့၊ ခုခံတုန့်ပြန်ဖို့ ဗြိတိသျှကြည်း/ရေ/လေကို တိုးတက်လာအောင်လုပ်ဖို့လိုပါသေးတယ်လို့ ဆိုတယ်၊

သတိထားကြည့်ပါ
ယူကရိမ်းစစ်မှာ ရုရှားက တပ်လဲပြီး စစ်သည်တွေစစ်မြေပြင်အတွေ့အကြုံယူထားနှင့်တာဟာ အလွန်ကောင်းတဲ့အစီအမံတခုပါ၊

1027 မှာစခန်းတွေမြန်မြန်ဆန်ဆန်ဆုံးရှုံးလိုက်ရတာဟာ စစ်မတိုက်ရတာကြာလို့လဲဖြစ်ပါတယ်၊
ဘမောင်တောင် စစ်ရုံးမှာ (၇) နှစ်တာဝန်ကျပြီး ရှေ့တန်းပြန်ဆင်းတော့ တောင်ကုန်းငယ်လေးကိုလှန်တက်တဲ့အခါ တေဇက ချာတိတ်လို မသွက်လက်တော့ပဲ လျှာထွက်ခဲ့ရဘူးတယ်၊ 😅


BaMg ☯️


.

Nay Zin Latt

25 Oct, 14:07


.

☯️


( အမြဲတန်း ရန်သူ-မိတ်ဆွေ မရှိ )

သမိုင်းချီလို့ပြောရမဲ့ ပထမဆုံးအံ့ဩစရာဖြစ်ရပ်ကတော့ ရန်သူတွေဖြစ်ကြတဲ့ " ဆော်ဒီ-အီရန် " ပူးတွဲပြီး ပင်လယ်နီမှာ စစ်ရေးလေ့ကျင့်ကြပါမယ်ဆိုတဲ့သတင်းပါပဲ၊

ဆွန်နီ-ရှိအိုက် စစ်ဖြစ်လုနီး ရန်စောင်နေကြသူ (၂) နိုင်ငံဟာ အစ္စရေးကိုတိုက်ဖို့ ပူးပေါင်းလိုက်တဲ့သဘောပါ၊

မထိမ်းနိုင်ကြရင် ခရူးဆိတ်ထိဖြစ်နိုင်တယ်လို့ ဒါကြောင့်ရေးခဲ့တာပါ၊ ဆော်ဒီ-အီရန်ပူးပေါင်းမှုဟာ အမေရိကန်ရဲ့ Grand strategy ဆိုတဲ့ အဂ္ဂဗျူဟာ ပျက်စီးသွားပြီး အစ္စရေးရော အမေရိကန်ရော Advance strategy တခုရေးဆွဲရပါတော့မယ်၊


BaMg ☯️

.

Nay Zin Latt

25 Oct, 11:03


.

☯️


ကိုငြိမ်းမောင်ရယ်...
ခလေးတွေကို ပျော်ခွင့်ပေးလိုက်ပါနော်


😌

.

Nay Zin Latt

25 Oct, 10:45


.

☯️

အမေရိကန် နိုင်ငံဟာ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် အလွန်လျင်မြန်တံနှုံးနဲ့ နိုင်ငံအဆင့်ဒေဝါလီခံရလိမ့်မယ်လို့ Elon Musk ကသတိပေးလိုက်တယ်၊

( အမေရိကန်ဟာ အကျပိုင်းမှာရှိနေပြီး နိဂုံးရဲ့ အလယ်လားနိဂုံးရဲ့နိဂုံးမှာလားကိုတော့ Data တွေမရသေးလို့မပြောနိုင်သေးပါဘူး၊ ဒါပေမဲ့ နိုင်ငံရေး ယိုယွင်းမှု၊ မူဝါဒအမှားတွေကြောင့် အမေရိကန်ခေတ်ကုန်ဆုံးသွားပြီလို့တော့ မကြာခဏရေးပြလေ့ရှိပါတယ်၊ အခုတော့တိုက်တိုက်ဆိုင်ဆိုင်ပဲ Elon Musk ကရဲရဲကြီးပြောချလိုက်တာတွေ့ရတယ်၊ )

GDP $ 24 Trillion မှာ Debt $ 35.7 trillion ဆိုတော့စဉ်းစားကြည့်လို့ရတယ်၊

ထုတ်ရောင်းထားတဲ့ Bond တွေရဲ့အတိုးကတင် တနှစ်ကို $ 1.2 Trillion ဆိုတော့....⁉️

လက်လှမ်းမှီတဲ့ညွှန်းကိန်းတချို့နဲ့ တွက်ကြည့်တာ.... US ပြန်ပြီး ခေါင်းထောင်လာနိုင်ဖို့မမြင်ရပါ၊ အလားအလာကလဲ အရင်အကြောထခဲ့တဲ့ ကိစ္စများစွာအတွက် အကြွေးတွေပိုတက်ဖို့ပဲမြင်ရပါတယ်၊

US ရဲ့ ရှေးအမေရိကန်တွေကြိုတင်မြင်တွေးပြီး စဉ်းစားပေးခဲ့တဲ့ ဂျီဆာရား၊ နီဆားရား တို့ခံပြီး ဒေဝါလီခံတော့မယ်နဲ့တူပါရဲ့၊

US ဖြစ်သွားရင် အခြားနိုင်ငံတွေ ငထွားခါးနာကြရပါဦးမယ်... သတိထားဖို့ပါ။

1929 Great depression လောက်တော့ဆိုးမယ်မထင်ပါ။


BaMg ☯️

.

Nay Zin Latt

25 Oct, 09:12


.

☯️


Robo Taxi တွေပြသအပြီးမှာ လူမကြိုက်ကြလို့ Tesla ရှယ်ယာဈေးနှုံးပြုတ်ကျသွားတာမှာ Musk အနေနဲ့ ပိုင်ဆိုင်မှု့ $ 22 billion တရက်ထဲ လျော့နည်းသွားခဲ့တယ်၊

ဒါပေမဲ့ အခြား Tesla မော်တော်ကားထုတ်လုပ်မှုမှာ ရည်မှန်းချက်ကိုကျော်လွန်ပြန်တဲ့အတွက် Tesla ရှယ်ယာဈေးနှုံးပြန်အတက်မှာ Musk ရဲ့ပိုင်ဆိုင်မှုက တရက်ထဲ $ 33.5 billion တိုးပွားခဲ့ပြန်လို့ လက်ရှိအချိန်မှာ Musk ဟာ $ 270 billion နဲ့ ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေဆဲပါပဲ၊

ကျွမ်းကျင်သူတွေခန့်မှန်းချက်အရ Musk ဟာ ကမ္ဘာမှာ ပထမဦးဆုံးသော Trillionaire ဖြစ်လိမ့်မယ်လို့ဆိုထားပါတယ်၊

( တကယ်ချမ်းသာတယ်ဆိုတာ % များများတက်မဲ့ Stock ကိုဝယ်ထားနိုင်တာပဲဆိုတာ မြန်မာတွေသိအောင်ရေးပြနေခြင်းသာဖြစ်ပါတယ်၊)

ဒါပေမဲ့ ဒီနေရာမှာ လှည့်ကွက်တခုကိုမြင်နိုင်ကြလိမ့်မယ်လို့ ယူဆရပါတယ်။


BaMg ☯️

.

Nay Zin Latt

25 Oct, 09:00


.

☯️


အင်ဒိုနီးရှား BRICS အဖွဲ့ဝင်ဖြစ်လာတော့မယ်လို့ ကြေငြာလိုက်ပြီ၊ $ 4.72 trillion ppp ရှိတဲ့ အင်ဒိုဟာ ကမ္ဘာ့စီးပွားရေးအရ (၁၆) ခုမြောက်အကြီးဆုံးဖြစ်ပြီး တိုးတက်နှုံး 5.05% ရှိတဲ့နိုင်ငံပါ ။


.

Nay Zin Latt

25 Oct, 06:31


.

☯️


. #လာမဲ့နှစ်_ဘာဖြစ်ကြမလဲ ?

ပြင်သစ်က ရှေ့ဖြစ်ဟော
နော်စတြာဒါးမတ်(စ) က
လွန်ခဲ့တဲ့ နှစ် (၄၅၀) ကျော်ကထဲက
ဟောကိန်းတွေထုတ်ခဲ့တာ
အံ့ဩစွာ မှန်ကန်နေတာကို တွေ့ရတယ်၊

(၁) ဘုရင်မကြီး အဲလိဇဘက်အလွန်
ချားလ်(စ) ဘုရင်ဖြစ်မယ်
( နန်းတော်စည်းမျဉ်းအရ ချားလ်(စ)
အနေနဲ့ ဘုရင်ဖြစ်ဖို့ မရှိခဲ့ပါဘူး )

(၂) အမေရိကန် သမ္မတဟာ ထူးဆန်းတဲ့
ရောဂါရောဂါတမျိုးကို ခံစားရမယ်
( ဘိုင်ဒင်အနေနဲ့ Covid-19 နှစ်ကြိမ်
ဖြစ်ခဲ့ပြီး၊ ဦးဏှောက်နဲ့ အာရုံကြော
ဝေဒနာ ခံစားနေရတယ် )

(၃) အမေရိကန်မှာပြည်တွင်းစစ်ဖြစ်မယ်
နှစ် (၂၄၀) ကျော်ကြာမှာ စစ်ထပ်ဖြစ်မယ်
( 1776 မှာ အမေရိကန် လွတ်လပ်ရေးရတယ်
အခုဆိုရင် လွတ်လပ်ရေးရတာ "246" နှစ်
ရှိသွားပါပြီ၊ " 1861" မှာ "တောင်-မြောက်"
ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်ခဲ့၊
ဒုတိယအကြိမ် အမေရိကန်မှာစစ်ဖြစ်ရင်
နိုင်ငံရဲ့ သုံးပုံ နှစ်ပုံပျက်စီးလိမ့်မယိ ) လို့
အဟောထုတ်ထားခဲ့ပါတယ်၊

#အပေါ် (၂) ချက်ကတော့
မှန်ကန်ခဲ့တာတွေ့ရတယ်၊

.............

#မျက်မမြင် ဘာဘာဗင်ဂါ ရဲ့အဟောက...

- ရုရှားဟာ ထူးဆန်းတဲ့လက်နက်တွေ
ပိုင်ဆိုင်ထားပြီး၊ ကမ္ဘာကြီးကို
လွှမ်းမိုးလိမ့်မယ်၊

- အနောက်ဥရောပကြီးတခုလုံး
စစ်ဖြစ်၊ ကျဆုံးပြီး သူတို့အခန်းကဏ္ဏ
ချုပ်ငြိမ်းသွားမယ်၊

လောလောဆယ်
ယူကရိမ်းစစ်အခြေပြုရာကနေပြီး
အမေရိကန်နဲ့ နေတိုး ဝိဝါဒတွေ
ကွဲပြားနေပါပြီ၊ နေတိုးထဲမှာကို
(၁၅) နိုင်ငံက ခွဲထွက်ပြီး ကိုယ်ပိုင်စုပေါင်း
ကာကွယ်ရေးစနစ် သီးခြားထူထောင်မယ်
ဆိုတဲ့ အသံထွက်လာတယ်၊

ယူကရိမ်းမှာ ရုရှားက Nuke သုံးရင်တောင်မှ
ပြင်သစ်က Nuke ကိုတုန့်ပြန်သုံးစွဲမှာ
မဟုတ်ဘူးလို့ ကြိုတင်ပြောကြားတာတွေ
ရှိလာနေပါပြီ။

.............

#အိန္ဒိယက နာမယကြီး
အဘိဂျအာနန်က -

- Covid-19 ဖြစ်မယ်
- ယူကရိမ်းစစ်ဖြစ်မယ်
- 2023 မှာ စစ်မီးကူးမယ်
- 2023 မှာ ကမ္ဘာ့စီးပွားရေးကျဆင်းမယ်
.... ဆိုပြီး အဟောထုတ်ခဲ့တယ်။

အပေါ် (၂) ချက်မှန်ကန်ပြီး
2023 မှာ ကမ္ဘာ့စီးပွားရေး ကျဆင်းမယ်
ဆိုတာလဲ မှန်နိုင်နေပါပြီ၊
ယူကရိမ်းလွန် စစ်မီးကူးမယ်ဆိုတာကို
စောင့်ကြည့်ဖို့လိုပါတယ်၊

............

#မြန်မာက ပုဂ္ဂိုလ်ကြီးတဦးက

- ဆင်ဖြူ (၂) စီးတွေ့မယ်
- ဓါတ်ငွေ့သိုက်တွေ့မယ်
- ကုန်းတွင်း သိုက်တွေတွေ့ဦးမယ်
- ယူကရိမ်းအပြင် စစ်မီးတခုတောက်လိမ့်ဦးမယ်
..... စသဖြင့် ဟောထားခဲ့ပါတယ်၊

အပေါ် (၂) ခုမှန်ထားပါတယ်

( ဒီနေ့ အစ္စရေး-အီရန်စစ် )

..........

ကမ္ဘာကြီးဟာ 2023 နှစ်ကုန်အထိ
မကောင်းသေးပါဘူး၊
ဂြိုလ်တွေရဲ့ ခပ်ကြမ်းကြမ်း
သရုပ်ဆောင်မှုကို ကမ္ဘာကြီးအနေနဲ့
ခါးခါးသီးသီး ခံစားရဖို့ရှိနေပါလိမ့်မယ်၊

တဦးချင်းအရ
ဇာတာ အထိုင်မကောင်းသူတွေ
အကုသိုလ်နဲ့ ဝေးရာမှာနေဖို့သင့်တယ်
အကျိုးပေး မြန်ပြီး ပြင်းအားကြီးတဲ့
ကာလကို ဖြတ်ကြရမှာမို့
အခြေခံ ဂြိုလ်အထိုင်အားမကောင်းရင်
ဘဝပျက် ယိုင်သွားနိုင်ပါတယ်၊

ဘာသာရေးပိုလုပ်ပါ
အကုသိုလ်အလုပ်ရှောင်ကြပါ


( ပြန်တင်ပေးတဲ့ Thet Tun Tin Aye, thx ပါ )

#NayZinLatt ( 25.10.22 ) 🙏


.

Nay Zin Latt

25 Oct, 03:01


.

☯️

"ထ" တော့မှ ကျိုးမှန်းသိသလို

ဒီတခါ ပူတင့်စကားက မေးခွန်းထုတ်စရာကြီး
" ကျွန်တော်နဲ့ထရမ့်အကြားမှာ ဘာမှအစည်းအနှောင်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး "

ထရမ့်ပြောခဲ့တဲ့စကားတွေနဲ့ဆန့်ကျင်နေတာတွေ့ရတယ်၊ ပူတင့်ဖက်က ဘာမှမပြောရင်လဲရတဲ့ကိစ္စမျိုးလို့ယူဆမိတယ်၊

နောက်စကားကတော့ကောင်းပါတယ်
" အမေရိကန်ဖက်က ရွေးကောက်ပွဲနောက်ပိုင်း ရုရှားနဲ့ ဆက်ဆံရေးကောင်းတွေထူထောင်ဖို့ လမ်းဖွင့်ပေးမယ်ဆိုရင်၊ ကျွန်တော်တို့ဖက်ကလဲ အပြန်အလှန် တုန့်ပြန်မှာပါ "

BRICS မှာ ပူတင်ဖက်ကပြောခဲ့တာတွေပါ၊
ထရမ့်အလားအလာကိုခပ်ငွေ့ငွေ့ပြောလိုက်တာဖြစ်သလို ထရမ့်နဲ့လဲ အရင်လောက်ဆက်ဆံရေး မကောင်းတဲ့ လက္ခဏာလဲပါဝင်နေသလိုပါပဲ၊


BaMg ☯️

.

Nay Zin Latt

25 Oct, 02:17


.

☯️

ဟဇ်ဘိုလာတွေရဲ့ အစ္စရေးအပေါ်ဆန့်ကျင်မှုနဲ့ တိုက်ခိုက်မဲ့အစီအစဉ်က (7.10.23) တုန်းက ဟားမတ်တွေ အစ္စရေးနယ်ထဲ ထိုးဖေါက်တိုက်ခိုက်ပြီး လူ (၁၂၀၀) ကျော်ကိုသတ်ဖြတ်သွားတာထက် အများကြီးပိုပြီး အန္တရာယ်ကြီးတယ်လို့ နေတတ်ယာဟုက ပြောကြားလာတယ်၊

ဟဇ်ဘိုလာတွေရဲ့ရော့ကက်၊ မင်္စဇိုင်း၊ ဒရုန်းတွေအပြင် အစ္စရေးနယ်ထဲကို မြေအောက်ဥမင်ပေါင်း "ရာ" ချီဖေါက်လုပ်တိုက်ခိုက်မဲ့ အစီအစဉ်တွေကို ဖေါ်ထုတ်လို့ရထားတယ်လို့ဆိုပါတယ်၊


BaMg ☯️

.