❝စစ်ကိုင်းမှာ အရပ်သားတစ်ဦးကို PDF တွေကသတ်ဖြတ်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙁𝙀𝘽~𝟐𝟐》
စစ်ကိုင်းမြို့မှာ အရပ်သားတစ်ဦးကို PDF တွေက ဒလန်အမည်တပ်ပြီး သေနတ်နဲ့ပစ်သတ်သွားတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတ်ဖြတ်ခံရသူက စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးရပ်ကွက်၊ မြောက်ဘော်ဂါရပ်မှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုကိုဦး(ခ)ကမ္ဘာစိုးဆိုသူဖြစ်တယ်လို့ သိရပြီး အစ်ကိုဝမ်းကွဲဖြစ်တဲ့ ကိုဇော်လင်း ဆိုသူနဲ့အတူ နေအိမ်မှာရှိနေစဥ် PDF (၄) ဦးက ဆိုင်ကယ် ၂ စီးနဲ့ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် နေအိမ်အရှေ့ဘက်က အဖီအောက်က စားပွဲမှာထိုင်နေတဲ့ ကိုကိုဦး(ခ)ကမ္ဘာကျော် ဆိုသူဟာ ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာရင်အုံကျည် ဖောက်ဝင်ဒဏ်ရာ၊ ဝဲဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာလို့ သိရပါတယ်။
လာရောက်ပစ်ခတ်ခဲ့တဲ့ PDF တွေကတော့ စစ်ကိုင်းမြို့နယ်၊ နေပူကုန်းကျေးရွာဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ သိရတဲ့အတွက် ရတနာပုံတံတား စစ်ဆေးရေးဂိတ်နဲ့ ကံတလူစစ်ဆေးရေးဂိတ်တို့မှာ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းတွေ ဆောင်ရွက်ခဲ့ပေမယ့် ဖမ်းမိတာတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎