MRTV @mrtvnews Channel on Telegram

MRTV

@mrtvnews


ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်

MRTV (Burmese)

မင်းနေ့ကိုယ်သုံးစွဲ၍ သင့်နော်ဒေသက နေ့စဉ်လုပ်ကြည်စိုးသလား။ အကြောင်းအရာများ၊ ပြန်လည်သူငယ်မှာ အချက်အလက်နှင့်စုံဒေသတစ်ဦးမှလည်းလာသေးပါသလဲ။ လေးလေးကျွန်တော်တင်၍ လက်ဆောင်ကာ ရေးရေးယူကာ အသိပေးကာသင့်အချက်အလက်ကို MRTV မြန်မာနှင့်ဆက်သွယ်ကာဆိုပြီ ဖျော်ဖြေပေးခြင်းနှင့် ပိုမိုကြားထားကြဋ်။ အသိပေးခန်းကျည်မျှသော အဖွံ နှင့်မြန်မာအဖွံ အိတ်ဆွများအား နေ့လည်ပင်ဘာသင့်မျှလာပြီသလဲ။ ယုံကြည်စိုးပါတွေ ဖို့ခအသိပေးခကတည်။

MRTV

21 Nov, 15:20


မော်လမြိုင်ကျွန်း၊ အောင်လံမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေကြောင်း မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄နိုဝင်ဘာလ ၂၁

MRTV

21 Nov, 15:17


စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့အား ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅သန်းကျော်၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

MRTV

21 Nov, 15:15


၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ၊ ကျောက်မျက်အတွဲပေါင်း (၆၂)တွဲ ရောင်းချနိုင်ခဲ့

MRTV

21 Nov, 15:14


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား အထိမ်းအမှတ် Engineering Education and Technology Forum သို့ တက်ရောက်

MRTV

21 Nov, 15:13


အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်

MRTV

21 Nov, 15:11


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ ရွှေလီ(ကြယ်ဂေါင်) နှင့် မူဆယ်(နန်းတော်) ဂိတ်များ၌ လုံခြုံရေးအရ စိစစ်၍ နှစ်နိုင်ငံ နယ်စပ်ပြည်သူများ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

MRTV

21 Nov, 15:09


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပျဉ်းမနားမြို့နယ် ရေဘေးသင့်နေအိမ်များ ပြန်လည်တည်ဆောက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု

MRTV

21 Nov, 15:09


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများ ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် (၉၁)ကန် ပြန်လည်တူးဖော် ထိန်းသိမ်းကန်ဆယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲသို့တက်ရောက်

MRTV

21 Nov, 15:08


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund) မှ Senior Fund Portfolio Manager ဖြစ်သူ Ms. Maria lzaskun Gaviria Ayucar နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

MRTV

21 Nov, 15:08


ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ (၄/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်

MRTV

21 Nov, 15:06


၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများကို နိုဝင်ဘာ(၂၁)ရက် ယနေ့တွင် ထုတ်ပြန်ကြေညာ

MRTV

21 Nov, 15:05


၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများကို နိုဝင်ဘာ(၂၁)ရက် ယနေ့တွင် ထုတ်ပြန်ကြေညာ

MRTV

21 Nov, 15:03


ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့ နှင့် မအူပင်မြို့တို့၌ Polytechnic University ဖွင့်ပွဲများ ကျင်းပ

MRTV

21 Nov, 15:01


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polyechnic University ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

MRTV

21 Nov, 14:40


Live stream finished (5 hours)

MRTV

21 Nov, 13:39


ခေတ်အဆက်ဆက် မြန်မာနိုင်ငံအင်ဂျင်နီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှု

MRTV

21 Nov, 13:36


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
=========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေ မှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ နေရာကွက်ကျား မိုးအနည်းငယ် ရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
Ref: မိုး/ဇလ

MRTV

21 Nov, 13:36


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
=========================================