People Media @peoplemedianews Channel on Telegram

People Media

@peoplemedianews


https://www.peoplemediamyanmar.com/

People Media (English)

Are you looking for a reliable source of news and information? Look no further than People Media! Our Telegram channel, @peoplemedianews, is dedicated to bringing you the latest updates and breaking news from around the world. Whether you're interested in politics, entertainment, sports, or lifestyle, we have you covered. With a team of experienced journalists and reporters, we strive to deliver accurate and unbiased news to our readers

People Media is not just a news channel; it is a community of like-minded individuals who are passionate about staying informed and engaged with the world. We encourage healthy discussions and debates on various topics, creating an interactive and engaging environment for our readers

At People Media, we understand the importance of reliable news sources in today's fast-paced world. That's why we ensure that all the news we share is fact-checked and verified before being published. Our goal is to provide you with trustworthy information that you can rely on

If you're tired of fake news and sensationalized headlines, join People Media today! Visit our website at https://www.peoplemediamyanmar.com/ to learn more about us and stay up to date with the latest news and updates. Don't miss out on the opportunity to be part of a community that values honesty, integrity, and transparency in journalism. Join People Media now and become a well-informed citizen of the world!

People Media

11 Jan, 10:53


မိတ်ဆွေများ ခင်ဗျာ သတင်းရုပ်သံ ရိုက်ကူးမှု ထပ်မံ နားပါရစေ ခင်ဗျာ။

#People@peoplemedianews

People Media

11 Jan, 06:39


မိုးဗြဲ နဲ့ ဖယ်ခုံကြားရှိ တဲ့ စစ်သွေးကြွတွေရဲ့ ခြေကုပ် စခန်းကို တပ်မတော် မှ ဒရုန်းဖြင့် ရှင်းလင်းမှု


#People@peoplemedianews

People Media

11 Jan, 05:56


(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပချိန်တွင် MSME ပြပွဲ၊ ပြိုင်ပွဲများကို ထည့်သွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုဥက္ကဋ္ဌ ပြောကြား
…………………………………………

နေပြည်တော်၊ ဇန်နဝါရီ ၁၁

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန် တစ်ဆက်တည်းတွင် MSME ပြပွဲ၊ ပြိုင်ပွဲများကို ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/ky3a8w22

People Media

11 Jan, 05:26


ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသော မြန်မာလုပ်သားများ (၁၀) နှစ်ပြည့်နှင့် (၁၈) နှစ်ပြည့်မိသားစုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလဲလှယ်ခြင်းများ ဆောင်ရွက်ပေးမည်
…………………………………………

နေပြည်တော်၊ ဇန်နဝါရီ ၁၁

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈) နှစ်ပြည့် မိသားစုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လဲလှယ်ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/mtjjj86k

People Media

11 Jan, 05:22


ယူကရိန်းအတွက် ဒရုန်းအစင်းရေ ၃၀,၀၀၀ ပေးပို့သွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရပြော
…………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁

ဗြိတိန်နဲ့ လတ်ဗီးယားနိုင်ငံတို့ ဦးဆောင်တဲ့ ယူကရိန်းနိုင်ငံအတွက် မောင်းသူမဲ့လေယာဉ်ထောက်ပံ့ရေး နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့က ယူကရိန်းနိုင်ငံကို ဒရုန်းအသစ် အစင်း ၃၀၀၀၀ ပေးပို့သွားမှာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးှ ဌာနက ဇန်နဝါရီ ၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/mry8nf8c

People Media

11 Jan, 05:18


အာဆတ်သစ္စာခံတစ်ယောက်ကို အစိုးရသစ် တိုက်ခိုက်ရေးမားတွေ လူပုံလယ်မှာ သေဒဏ်ပေးပစ်သတ်
……………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁

ဆီးရီးယားအစ္စလာမ်မစ်အစိုးရသစ်အဖွဲ့က တိုက်ခိုက်ရေးသမားတွေဟာ ဖြုတ်ချခံ ဘရှားအယ်လ်အာဆတ် အစိုးရအဖွဲ့ ရဲ့ သစ္စာခံတစ်ယောက်ကို ဇန်နဝါရီ ၁၀ ရက်နေ့ (သောကြာနေ့) က သေဒဏ်ပေး ပစ်သတ်ခဲ့ ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/msxjkp6m

People Media

11 Jan, 05:14


မရမ်းကုန်းမြို့တွင် ခြင်ဆေးခွေမီးမှတစ်ဆင့် တိုက်ခန်းမီးလောင်မှုဖြစ်ပွား
…………………………………………

နေပြည်တော်၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝန်းအတွင်းရှိ ကမ်းနားလမ်းတွင် ခြင်ဆေးခွေမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/5887y2jj

People Media

09 Jan, 14:11


ယနေ့ မွန်းလွဲ ၁၂:၁၀ အချိန်ခန့်က မန္တလေးတိုင်း၊ပုဂံမြို့သစ် တောင်ဘက် ၁၀မိုင်ခန့်အကွာ၊ ဥယျာဉ်
ကျေးရွာအနီး၊ ချောက်- ညောင်ဦး သွားကားလမ်း ပေါ်ရှိ သဲချောင်း၌ အမျိုးသားတစ်ဦး စစ်သွေးကြွ PDF အဖွဲ့ဝင် ၄ယောက်က ဖမ်းဆီး သတ်ဖြတ်လိုက်သည်။


သတ်ဖြတ်ခံရသူမှာ ညောင်ဦးမြို့၊အမှတ် (၁)ရပ်ကွက်နေထိုင်သူဖြစ်စဉ် ဆိုင်ကယ်ဖြင့် ဈေးလှည့်လည် ရောင်းချသူဖြစ်ကြောင်း သိရသည်။


#PeopleMedia

People Media

09 Jan, 14:11


People Media pinned «ယနေ့ ည သတင်း ရုပ်သံ နားခွင့် ပြုပါခင်ဗျာ။ မိတ်ဆွေများအားလုံး အရာရာ အဆင်ပြေကြပါစေဗျာ။ @PeopleMedia #People@peoplemedianews»

People Media

09 Jan, 14:05


ယနေ့ ည သတင်း ရုပ်သံ နားခွင့် ပြုပါခင်ဗျာ။


မိတ်ဆွေများအားလုံး အရာရာ အဆင်ပြေကြပါစေဗျာ။

@PeopleMedia #People@peoplemedianews

People Media

09 Jan, 10:45


တစ်နိုင်ငံ၏ အကျိုးစီးပွားကို တစ်နိုင်ငံမှကာကွယ်စောင့်ရှောက်နိုင်ရေး လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြောကြား
………………………………………

နေပြည်တော်၊ ဇန်နဝါရီ ၉

တစ်နိုင်ငံ၏အကျိုးစီးပွားကို တစ်နိုင်ငံမှ ကာကွယ်စောင့်ရှောက်နိုင်ရေး လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/apK25

People Media

09 Jan, 10:39


တရားမဝင်ကုန်သွယ်မှုများအား ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်မည်
……………………………………

နေပြည်တော်၊ ဇန်နဝါရီ ၉

တရားမဝင်ကုန်သွယ်မှုများအား ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/E7TvH

People Media

09 Jan, 10:34


ထိုင်း ကြည်း၊ ရေ၊ လေ တပ်မတော် ကလေးများနေ့အခမ်းအနားမှာ ကလေးတွေကို ဖိတ်ကြားပြီး စစ်ရေး စွမ်းရည်များ သရုပ်ဖော်ပြသခြင်း၊ စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသခြင်းများဆောင်ရွက်မည်
…………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၉

နိုင်ငံတစ်ဝန်းကလေးများနေ့ အခမ်းအနားကျင်းပမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ (စနေနေ့) မှာ ထိုင်းတပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ လုပ်ငန်းဆောင်ရွက်မှုတွေကို ခင်းကျင်းပြသသွားဖို့ ထိုင်းတပ်မတော်က ပြင်ဆင်နေပါတယ်။ အဲဒီနေ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ထိုင်းတပ်မတော် စစ်စခန်းတွေကို လာရောက်လည်ပတ်ဖို့နဲ့ စစ်လက် နက်ပစ္စည်းတွေ ခင်းကျင်းပြသထားတာတွေကို ကြည့်ရှုဖို့ ကလေးတွေကို ဖိတ်ကြားထားပြီး လက်ဆောင်မျိုးစုံပေးသွားဖို့လည်း စီစဉ်ထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/0tu16

People Media

09 Jan, 10:28


တန်ဖိုးသင့်အိမ်ရာတစ်သန်းတည်ဆောက်ဖို့ ကာတာနိုင်ငံနဲ့ အင်ဒိုနီးရှားလက်မှတ်ရေးထိုး
…………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၉

သမ္မတပရာဘိုဝိုဆူဘီယန်တိုရဲ့ အိုးအိမ်သုံးသန်းပါဝင်တဲ့ အိမ်ရာစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် တန်ဖိုးသင့်အိမ် ရာ တစ်သန်း ဆောက်လုပ်ရေးအတွက် အင်ဒိုနီးရှားအစိုးရဟာ ကာတာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MoU) တစ်စောင် လက်မှတ်ရေးထိုးလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/mMwJo

People Media

03 Jan, 06:15


ပဲခူးမြို့တွင် နေအိမ်ခြံဝန်းထဲ၌ နှစ်သစ်ကူးပွဲကျင်းပပြုလုပ်နေစဉ် အိမ်ရှင်အမျိုးသားနှစ်ဦး သံကတ်ကြေးဖြင့် ထိုးခံရ၍ တစ်ဦးသေဆုံး
………………………………………

နေပြည်တော်၊ ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလိကျေးရွာတွင် မိသားစုဝင်များ နေအိမ်ခြံဝန်းထဲတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့၌ နှစ်သစ်ကူးပွဲကျင်းပပြုလုပ်စဉ် အရက်မူးနေသည့် တစ်ရွာထဲနေအမျိုးသားတစ်ဦးမှ ထိုခြံဝန်းထဲသို့ ရောက်ရှိလာ ပြီး စကားများရန်ဖြစ်၍ အိမ်ရှင်အမျိုးသားနှစ်ဦးကို ထိုအမျိုးသားမှ သံကတ်ကြေးဖြင့်ထိုးရာ တစ်ဦးသေဆုံးသွား ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/35ez8zza

People Media

03 Jan, 05:21


အစ္စရေးကို ရော့ကက်နဲ့ပစ်နေတာ မရပ်ရင် ဂါဇာကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ အစ္စရေးပြော
……………………………………………

နိုင်ငံတကာ၊ ဇန်နဝါရီ ၃

ဟားမတ်စ်တွေက အစ္စရေးနိုင်ငံထဲကို ရော့ကက်တွေနဲ့ ဆက်လက်ပစ်ခတ်နေမယ်ဆိုရင် ဂါဇာဒေသကို ပိုမိုအရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်ကြောင်း အစ္စရေးနိုင်ငံက ဇန်နဝါရီ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/mtmxm6px

People Media

03 Jan, 04:55


K-Pay နှင့် ပတ်သက်၍ အသုံးပြုသူ ၃၁ ဦး၏ ဆုံးရှုံးခဲ့သော ငွေကြေးများကို စိုက်ထုတ်ရှင်းလင်းပေးခဲ့ကြောင်း KBZ ဘဏ်၏ ရှင်းလင်းချက်

#PeopleMedia @PeopleMedia

People Media

03 Jan, 04:30


မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ရှိ စစ်သွေးကြွ AA နဲ့ အပေါင်းအပါများ ခြေကုပ်ယူထားတဲ့ အဆောက်အအုံ များကို တပ်မတော်မှ ဗုံးကြဲ
……………………………………

နေပြည်တော်၊ ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ စစ်သွေးကြွ AA နှင့် အပေါင်းအပါများ ခြေကုပ်ယူထားသည့် အဆောက်အအုံများကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲ ရှင်းလင်းခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/32c2e7zj

People Media

03 Jan, 04:25


နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရေလှောင်ကန် (၂)ကန်ကြားရှိ ရေဘားချိန်းသည့် ကန်အတွင်း အသက် (၈)နှစ်အရွယ် ယောက်ျားလေးတစ်ဦး ရေနစ်သေဆုံး
……………………………………………

နေပြည်တော်၊ ဇန်နဝါရီ ၃

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေး ဘောလုံးကွင်း (၂) အနီးရှိ ရေလှောင်ကန် (၂)ကန်ကြားရှိ ရေဘားချိန်းသည့် ကန်အတွင်း ယောက်ျားလေး တစ်ဦး ရေနစ်သေဆုံးနေကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/A3OFH

People Media

29 Nov, 10:08


မကွေးမြို့ရှိ စိတ်ကြိုက် KTV သည် မိလ္လာရေများကို ရေမြောင်းအတွင်းသို့ စွန့်ပစ်သဖြင့် အနီးရှိ ဒေသခံပြည်သူများ အနံ့ဆိုးများ ရရှိနေ
…………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ A အုပ်စု၊ (၃)လမ်းရှိ စိတ်ကြိုက် KTV သည် ၎င်းတို့အသုံးပြုသည့် မိလ္လာရေများကို ရေမြောင်းအတွင်းသို့ စွန့်ပစ်သဖြင့် အဆိုပါ ရပ်ကွက်ရှိ ဒေသခံပြည်သူများ အနံ့ဆိုးများ ရရှိနေကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/JMgG9

People Media

29 Nov, 08:08


စစ်သွေးကြွ TNLA/PDF အဖွဲ့တွေ ခြေကုပ်ယူထားတဲ့ သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာရှိ စစ်သွေးကြွစခန်းကို တပ်မတော် သိမ်းပိုက်
………………………………………………

မန္တလေး၊ နိုဝင်ဘာ ၂၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာရှိ စစ်သွေးကြွ TNLA/PDF အဖွဲ့တွေရဲ့ စခန်းတွေကို တပ်မတော်က ထိုးစစ်ဆင်ပြီးနောက် အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/SNczC

People Media

29 Nov, 07:56


စစ်မှုထမ်းရမယ့်အရွယ်ကို အသက် ၁၈ နှစ်အထိ လျှော့ချဖို့ ယူကရိန်းကို အမေရိကန်တိုက်တွန်း
………………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉

ယူကရိန်းနိုင်ငံအနေနဲ့ စစ်မှုထမ်းအသက်ကို ၁၈ နှစ်အထိ လျှော့ချသင့်ကြောင်း အမေရိကန်ထိပ်တန်းအုပ်ချုပ် ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၂၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/KoRGo

People Media

29 Nov, 07:48


မြန်မာနိုင်ငံအနေဖြင့် IAEA ၏ နည်းပညာအကူအညီများကြောင့် နိုင်ငံ၏ ဓာတ်ရောင်ခြည်ဘေးကင်းရေး၊ နျူကလီးယားအသိပညာနှင့် စီမံခန့်ခွဲမှုကဏ္ဍ၊ လူ့စွမ်းအားမြှင့်တင့်ရေးကဏ္ဍများတွင် အကျိုးဖြစ်ထွန်းမှု များစွာရရှိခဲ့ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြား
………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၂၉

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် နိုဝင်ဘာလ ၂၆ရက်မှ ၂၈ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နျူကလီးယား သိပ္ပံ နည်းပညာအသုံးချမှုနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံသို့ ဗီယင်နာမြို့ အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံ တကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/Rmvl9

People Media

29 Nov, 07:37


တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် အထက (၁) မြိုင် စာစစ်ဌာန ဖွင့်လှစ်ဖြေဆိုခွင့်ပြုရန် ကျောင်းသားများနှင့် မိဘများ တင်ပြတောင်းခံ
…………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန ဖွင့်လှစ်ဖြေဆိုခွင့်ပြုရန် ကျောင်းသားများနှင့် မိဘများမှ တင်ပြ တောင်းခံနေကြသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/JH80B

People Media

29 Nov, 07:02


လယ်ဝေးမြို့ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်
……………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၂၉

လယ်ဝေးမြို့ ဗဟိုပြု၍ ယနေ့ နံနက် ၁၁ နာရီကျော်အချိန်က အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/AMO1m

People Media

24 Nov, 14:02


၃၂ ကြိမ်မြောက် အာဆီယံအဖွဲ့ဝင် နိုင်ငံများ တပ်မတော်(ကြည်း) သေနတ်ပစ်ပြိုင်ပွဲ၌ တပ်မတော်မှ တတိယအဆင့် ရပ်တည်နိုင်ခဲ့ပြီး ရွှေ ၅ခု၊ငွေ ၄ခု၊ ကြေ ၇ ခု ရရှိခဲ့သည်။

#PeopleMedia

People Media

24 Nov, 13:41


ကျက်ပျံမကျ စည်းကားလျက်ရှိသော ပုဇွန်တောင်မြို့နယ် ၊ရေကျော် ပွဲဈေး တတိယ ည

#PeopleMedia

People Media

24 Nov, 13:39


န-စ-က အစိုးရ လက်ထက်၌ ပြန်လည်ကျင်းပလျက်ရှိသော ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေး ၃ရက်မြောက် ည မြင်ကွင်း

#PeopleMedia

People Media

24 Nov, 12:35


စစ်မှုထမ်း ဥပဒေ အကြောင်းပြု၍ ဖမ်းဆီး ငွေတောင်းခံသူများကို စီစစ်ဖော်ထုတ်ပြီး ပေါ်လွင် မှန်ကန်လျှင် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရကပြောဆိုသည်။


#PeopleMedia

People Media

24 Nov, 12:32


စစ်ရှောင် ကျောင်းသား/သူများ ရောက်ရှိ အခြေခံကျောင်းများ၊တက္ကသိုလ်များ၌ အခက်အခဲ မရှိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ ဖြေဆိုလိုက်သည်။

#PeopleMedia

People Media

24 Nov, 10:38


နေပြည်တော်၊လယ်ဝေးမြို့နယ်၊အောင်းကုန်းကျေးရွာတွင် ကျင်းပ ပြုလုပ်သော တရားပွဲ ဒုတိယည၌ မဟောသဓာ ဆရာတော် မှ ဟောကြားမည် ဖြစ်ပါသည်။

တတိယ ည ၌ ဆရာတော် ဦးဝီရသူမှ ဟောကြားမည် ဖြစ်သည်။

ပထမည၌ ဆရာတော် ဒေါက်တာသောပါက မှ ဟောကြားခဲ့သည်။

#PeopleMedia

People Media

24 Nov, 09:17


ကချင်ပြည်နယ်၊ကာမိုင်းမြို့မှ သယ်ဆောင်လာသော စက်သုံးဆီကားကြီးများ ဖားကန့်မြို့နယ်ရှိ တရားမဝင် ကျောက်စိမ်းတူးဖော်ရေး ဧရိယာသို့ ဝင်ရောက်ရန် ဖားကန့်မြို့နယ် ၊ယမ်းချက်ဂိတ်ကို အတားအဆီးမရှိ ဖြစ်သန်းလျက် ရှိနေပါတယ်။


ကာမိုင်းမြို့မှ ဖားကန့် ဧရိယာအတွင်းသို့ နေစဉ် စက်သုံးဆီ တင်ဆောင်လာသော ကုန်ကား ၂၀ အထက် ဝင်ရောက်လျက် ရှိနေပါတယ်။


#PeopleMedia

People Media

24 Nov, 02:48


အမရပူရမြို့နယ်၌ အလယ်တန်းပြ ဆရာမ တစ်ဦး ဆိုင်ကယ်လု သတ်ဖြတ်ခံရ၊ ကျူးလွန်သူ ၂ဦး အနက် ၁ဦး ဖမ်းဆီးရမိ

မန္တလေး၊နိုဝင်ဘာ -၂၃

နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁:၁၅ အချိန်က မန္တလေးတိုင်း၊အမရပူရမြို့နယ်၊တပ်ကြီးကျေးရွာ၊အိုးတုတ္တန်းတိုးဂိတ်အကျော်၌ ကျောင်းဆရာ တစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

သေဆုံးသူ ဆရာမသည် အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာ၊အ.ထ.က (ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်အေးမြတ်ခိုင်ဖြစ်ပြီး ဆိုင်ကယ် လုယူခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဖြစ်စဉ်ဧရိယာရှိ နယ်မြေတစ်ဝိုက်ကို လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ရှာဖွေရာ ဆိုင်ကယ်လု လူသတ်ရာ၌ ပါဝင်သည့် အမရပူရမြို့နယ်၊တပ်ကြီးကွင်း(ယာခင်းကွင်း)အတွင်းမှ ခန့်ဇင်လင်း၊၂၀နှစ်၊(ဘ)ဦးဆန်းလင်း၊တက်တူးဆရာ၊သင်ပန်းရွာ၊တံတားဦးမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ဆိုင်ကယ်လု လူသတ်ရာ၌ ပါဝင်သော ကျော်ကြီး၊သင်ပန်းကုန်းရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ် နေထိုင်သူသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

#PeopleMedia

People Media

21 Nov, 10:24


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်၍ (၂၄) ကြိမ်မြောက် လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
…………………………………………

ပဲခူး၊ နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး ခုတင် (၅၀၀) သို့ သွားရောက်၍ (၂၄) ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/W2VfG

People Media

21 Nov, 09:47


မိုင်းဖုန်းဆရာတော်ကြီး ဘူတန်နိုင်ငံမှ တာချီလိတ်မြို့နယ်သို့ ပြန်လည်ကြွရောက်
…………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၂၁

မိုင်းဖုန်းဆရာတော်ဘုရားသည် တရုတ်ပြည်နယ် ဘူတန်နိုင်ငံသို့ ကြွရောက်ပြီး ၄ လကျော်ကြာ တရား ကျင့်ကြံပြီးနောက် ယမန်နေ့တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းကျောင်းသို့ ပြန်လည်ကြွချီလာကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/77W29

People Media

21 Nov, 08:47


မြန်မာ့ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားများ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု မြင့်တက်
……………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁

ပြည်တွင်းစစ်ကြောင့် ချုံးချုံးကျနေတဲ့ စီးပွားရေးနယ်ပယ်ကနေ ၎င်းတို့ပိုင်ငွေကြေးတွေကို ရွှေ့ပြောင်းထားဖို့ ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံသားဝယ်လက်တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တခြားဒေသတွေမှာ ကွန်ဒို တိုက်ခန်းတွေကို သိမ်းကျုံးဝယ်ယူနေကြပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/Er09A

People Media

21 Nov, 07:46


ICAPP (၁၂) ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ
………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၂၁

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပမည့် “Internaional Conference of Asian Political Party(ICAPP)” (၁၂)ကြိမ်မြောက် အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟို အလုပ်အမှုဆောင် ဦးမြင့်ကိုကိုနှင့် အဖွဲ့ဝင် (၂)ဦးတို့ပါဝင်သော ပါတီကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ဖနောင်ပင်သို့ ယမန်နေ့ ညနေ ၄ နာရီ ၄၅ အချိန်တွင် လေယာဉ်အမှတ်၊ 8M 401 ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/n65dI

People Media

21 Nov, 06:58


ဘုရားသုံးဆူမြို့မှာ KNU အဖွဲ့က ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် နိုင်ငံ့ဝန်ထမ်း မိသားစုဝင် သုံးဦးကို သတ်ဖြတ်
……………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် အသက် (၆)နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် မိသားစုဝင်သုံးဦးကို စစ်သွေးကြွ KNU အဖွဲ့ဝင်များမှ သတ်ဖြတ်ခံလိုက်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/J0JbM

People Media

19 Nov, 10:27


မင်းလှမြို့နယ်၊ ညောင်ကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး
………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းလွင် ယနေ့ နံနက် ၈ နာရီအချိန်တွင် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/ZuQUm

People Media

19 Nov, 09:21


NUG အဖွဲ့ဝင်များက တမူးမြို့နယ်နေ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၂ ဦးကို လည်ပင်းဖြတ် သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်ထွက်ပေါ်
…………………………………………

တမူး၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ လှုပ်ရှားသည့် NUG လက်အောက်ခံ PDF အဖွဲ့များမှ ဒေသခံ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို လည်ပင်းဖြတ် သတ်ဖြတ်ခဲ့သည့် ရုပ်သံ ယနေ့ ထွက်ပေါ်လာခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/To1tL

People Media

19 Nov, 08:36


မြန်နှုန်းမြင့်ရထားတည်ဆောက်ရေးအတွက် တူရကီနည်းပညာကျွမ်းကျင်မှုကို ထိုင်းနိုင်ငံက ပြန်လည် အသုံးပြုမည်
……………………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၉

ထိုင်းနိုင်ငံရဲ့ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်သစ်မှာ အသုံးပြုဖို့ အမြန်ရထားတွေ တည်ဆောက်ဖို့အတွက် ထိုင်းနိုင်ငံဟာ တူရကီအစိုးရပိုင် ရထားထုတ်လုပ်ရေးကုမ္ပဏီ တူးရာဆက် (Türasaş = တေးယူရေးအား ဆေ ရားရှည်) နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာဂျန်းဂရောင်းဂရိန်းကစ် က နိုဝင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/92jTg

People Media

19 Nov, 08:12


သန်လျင်မြို့နယ်၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်မီးလောင်မှုဖြစ်ပွားခဲ့
……………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ် ၂ လမ်းမကြီး၊ ကုလားဝဲတံတား အဆင်းတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် အချိန်က ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားနေရာကို တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60 ယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ LUF-60 ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီးတို့ဖြင့် မီးငြှိမ်းသတ်သော်လည်း မီးများသည့်အတွက် Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၄ နာရီ ၁၈ အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်၊၊

#PeopleMedia

People Media

19 Nov, 08:02


နွားထိုးကြီးမြို့တွင် အခြေခံပညာအထက်တန်းကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ
……………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း တိုင်းအစိုးရမှ သတင်းထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/iDarH

People Media

08 Nov, 11:11


မြင်းခြံမြို့က စည်ပင်ဝန်ထမ်း ၃ ယောက်နဲ့ ဖောကားတစ်စီးကို အန်ယူဂျီအဖွဲ့ ဓါးပြတိုက်

ညောင်ဦးမြို့မှာ ဒေသခံ ၃ ယောက်ကို လုပ်ကြံမှု(သို့မဟုတ်)ပုဂံ-ညောင်ဦး-ငါ့သရောက် တရားဥပဒေစိုးမိုးမှု

မြိုင်မြို့မှာ ဒု-ရဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရမှု

စစ်ဘေးကြောင့် ရခိုင်ဒေသခံ ၂ သန်းကျော် ၂၀၂၅ ခုနှစ် နှစ်ဝတ်ခန့်မှာ အငတ်ဘေးသင့်မယ်လို ကုလ ထုတ်ပြန်

#PeopleMedia

People Media

08 Nov, 09:54


မိုးကုတ်မြို့အနီး၊သစ်တောဧရိယာအတွင်း၌ စစ်သွေးကြွTNLA ကို ဆက်ကြေးပေးပြီး ကျောက်တူးဖော်နေမှု

#PeopleMedia

People Media

08 Nov, 07:54


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်မှုများဖြင့် ကျင်းပမည်
………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၈

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌လည်း ယခင်နှစ်ကဲ့သို့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ၊ ဝတ်ရွတ်အသင်းအဖွဲ့များက အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/IIHWX

People Media

08 Nov, 07:37


မျိုးဆက်သစ် F-15 ဂျက်တိုက်လေယာဉ် ၂၅ စင်း အစ္စရေးဝယ်ယူမည်
……………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနဟာ အမေရိကန်စစ်ရေးအကူအညီအဖြစ်ပေးတဲ့ ထောက်ပံံ့ရေးဘတ်ဂျက်နဲ့ မျိုးဆက်သစ် F-15 ဂျက်တိုက်လေယာဉ် ၂၅ စင်း ဝယ်ယူဖို့အတွက် ဒေါ်လာ ၅.၂ ဘီလျံတန်ကြေးရှိ ကန်ထ ရိုက်စာချုပ်တစ်ရပ်ကို ဘိုးရင်းကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/WhE3b

People Media

08 Nov, 07:29


ယနေ့နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် တွင် သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

#PeopleMedia

People Media

08 Nov, 06:50


မော်လမြိုင်မြို့ရှိ မင်းသန့်ဆီဆိုင်မီးလောင်မှုတွင် ၁ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိ
………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် မင်းသန့် ဆီဆိုင် မီးလောင်မှုဖြစ်စဉ်တွင် ၁ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/Lf6K6

People Media

08 Nov, 06:43


ပြည်သူ့စစ်မှုထမ်းများအဖြစ်စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း မှာကြား
………………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၈

ပြည်သူ့စစ်မှုထမ်းများအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ရောက်ရှိပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ကြရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မှာကြားလိုက်သည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/LU80U

People Media

08 Nov, 06:36


ယူကရိန်းကို လက်နက်တိုက်ရိုက်ထောက်ပံ့ဖို့ ထည့်သွင်းစဉ်းစားထားကြောင်း တောင်ကိုရီးယားသမ္မတပြော
……………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

လက်နက်တင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံက ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ တိုက်ရိုက် ထောက်ပံ့ကူညီဖို့ကိစ္စကို ထည့်သွင်းစဉ်းစားထားခြင်းရှိကြောင်း သမ္မတယုန်ဆောက်ယုန်က ကြာသပတေးနေ့ (နိုဝင်ဘာ ၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/TF8Jp

People Media

06 Nov, 05:29


အမေရိကန်ရေတပ်ကန်ထရိုက်တာ “ဖက်လီယိုနဒ်” ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ
……………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၆

အမေရိကန်ရေတပ်ရဲ့ အဆိုးရွားဆုံး အကျင့်ခြစားမှုမှာပါဝင်ခဲ့တဲ့အတွက် “ဖက်လီယိုနဒ်” လို့ လူသိများတဲ့ မလေးရှားလူမျိုး စစ်ဘက်ဆိုင်ရာကန်ထရိုက်တာ လီယိုနဒ်ဖရန်စစ်ကို အင်္ဂါနေ့ (နိုဝင်ဘာ ၅ ရက်နေ့) က ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/bdd4svh9

People Media

06 Nov, 05:08


ကနီမြို့နယ် NUG ပညာရေးတာဝန်ခံနဲ့ ၎င်း၏ မိသားစုဝင်များကို စစ်သွေးကြွ PDF မှ အချင်းချင်း နှုတ်ပိတ် သတ်ဖြတ်
………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ တပုန်းကျေးရွာတွင် ကနီမြို့နယ် NUG ပညာရေးတာဝန်ခံနှင့် ၎င်း၏ မိသားစုဝင်များကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ အချင်းချင်း နှုတ်ပိတ်သတ်ဖြတ်လိုက်သည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/2tkrc7bd

People Media

06 Nov, 04:49


မြောက်ကိုရီးယားတပ်နဲ့ ပထမဦးဆုံးတိုက်ပွဲဖြစ်ပွားပြီး စာမျက်နှာသစ်ဖွင့်လှစ်လိုက်ကြောင်း ဇီလန်စကီးပြော
……………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၆

တိုက်ပွဲငယ်တစ်ခု ထိတွေ့ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက သတင်းပို့လာပြီးနောက်မှာ ယူကရိန်းတပ်နဲ့ မြောက်ကိုရီးယားတပ်တွေကြား ပထမဦးဆုံး တိုက်ပွဲဖြစ်ပွားပြီး “ကမ္ဘာပေါ်မှာ စာမျက်နှာသစ်တစ်ခု” ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက နိုဝင်ဘာ ၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/d57dv8ms

People Media

06 Nov, 04:44


ရုရှားတင့်ကားစက်ရုံက အင်ဂျင်နီယာတစ်ဦး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရ
…………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၆

ရုရှား-ယူကရိန်း စစ်ပွဲအတွက် ရုရှားနိုင်ငံက တင့်ကားထုတ်လုပ်နေတဲ့ စက်ရုံတစ်ရုံက အင်ဂျင်နီယာတစ်ဦးကို ယူကရိန်းအစိုးရကို စစ်ရေးလျှို့ဝှက်ချက်တွေ လွှဲပြောင်းပေးတဲ့အတွက် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင် ပြီး အင်္ဂါနေ့ (နိုဝင်ဘာ ၅ ရက်နေ့) က ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/mr6935c5

People Media

06 Nov, 04:33


ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ လမ်းနယ် ဧရိယာအတွင်းရှိ နေအိမ်များ ဖယ်ရှားမှု မရှိ၍ လမ်းဦးစီးဌာနမှ တရားစွဲဆို
……………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၆

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းလမ်းဆုံအနီး ရန်ကုန်-မန္တလေး လမ်းဟောင်း ဘေးရှိ လမ်းနယ်နိမိတ်နှင့် မလွတ်သည့် အဆောက်အဦးနှင့် ခြံစည်းရိုးများကို ဆောက်လုပ်ထားသည့် အိမ်ထောင်စု (၂၄)စုကို နေအိမ်များ ဖယ်ရှားမှု မရှိ၍ လမ်းဦးစီးဌာနမှ တရားစွဲဆိုလိုက်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/57pzrmz8

People Media

03 Nov, 12:21


ယနေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ထိန်ပင်စောက်ကျေးရွာအနီးရှိ စစ်သွေးကြွများ အခြေပြုရာ နေရာကို လုံခြုံရေး တပ်ဖွဲ့များက သွားရောက်ရှင်းလင်းရာ ၃လောင်းနဲ့ လက်နက် ၁ လက် ရရှိခဲ့သည်။

#PeopleMedia

People Media

03 Nov, 02:07


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည့် မြင်ကွင်း

#PeopleMedia

People Media

30 Oct, 11:07


တပ်တည်၊ တပ်လှုပ်များကို အတင်း အပိုအကြိုလုပ်တဲ့ မန္တလေး ပရဟိတမင်းခေါင်အဖွဲ့ကို ဖမ်းဆီးစစ်ဆေးနေ

AA နဲ့ CNF တို့ ရိက္ခာ ရရှိရာ ချောက်မြို့နဲ့ ရိက္ခာဖြန့်ဖြူးရာ ဆောမြို့

မိုးမောက်မြို့ကို တပ်မတော် ထိုးစစ်ဆင်နေမှု

#PeopleMedia

People Media

30 Oct, 10:11


တေဇာဆန်းနဲ့ PDF တွေကို လုံခြုံရေးနဲ့ ဆိုင်တဲ့ သတင်းတွေ ပေးပို့မှုကြောင့် မန္တလေးရှိ ပရဟိတ မင်းခေါင်အဖွဲ့ကို ဖမ်းဆီးစစ်ဆေးနေ
………………………………………………

မန္တလေး၊ အောက်တိုဘာ ၃၀

အောက်တိုဘာ ၂၈ ရက်နေ့က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ပရဟိတမင်းခေါင် လူမှုကူညီရေးရုံးကို လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီ်းနောက် အဖွဲ့၏ ဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်သူများကို ခေါ်ဆောင်ပြီး စစ်ဆေးလျက်ရှိနေကြောင်း မန္တလေးမြို့ရှိ ပရဟိတ အဖွဲ့အစည်းတစ်ခုက ပြောဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/XxvT2

People Media

30 Oct, 09:44


နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်း ထုတ်ပြန်
………………………………………………

နေပြည်တော်၊ အောက်တိုဘာ ၃၀

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများ၊ စည်းကမ်းချက်များနှင့် အညီ ရောင်းချရန်နှင့် ဈေးနှုန်းပို မြှင့်တင် ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိခြင်းတို့အပေါ် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင် စေခြင်း စသည့် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်နေသောကြောင့် ဆန်စက်များ၊ ဆန်အရောင်း ဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များမှ အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အသိပေးတိုက်တွန်းထားသည်။

#PeopleMedia

People Media

30 Oct, 09:07


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ ရက်အတွင်း တစ်ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ
…………………………………………………

နေပြည်တော်၊ အောက်တိုဘာ ၃၀

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ ရက်အတွင်း တစ်ဘီလီယံကျော် တန်ဖိုးရှိ တရားမဝင် စက်သုံးဆီများ၊ သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်း များနှင့် ယာဉ်များ သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/YYmXS

People Media

30 Oct, 08:15


ဟိုပန်မြို့တွင် လူသတ်မှုကျူးလွန်သူအား လူမြင်ကွင်း၌ UWSA မှ သေဒဏ်ပေး
…………………………………………………

နေပြည်တော်၊ အောက်တိုဘာ ၃၀

UWSA ထိန်းချုပ်ရာ ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူအား လူမြင်ကွင်း၌ သေဒဏ်ပေးပြီး မုဒိမ်းမှု ကျူးလွန်သူ ၆ ဦးကို တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ် ၁၅ နှစ်စီချမှတ်လိုက်ကြောင်း "ဝ" အခြေစိုက် မီဒီယာ၌ ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/PJvoK

People Media

25 Oct, 14:03


စစ်ကိုင်းတိုင်း၊မော်လိုက်မြို့နယ်၊ထော်သာကျေးရွာ(ပ-သ-စ) ရိက္ခာရရှိ၍ ဒေသခံများ၏ ကျေးဇူးတင်စကား

#PeopleMedia

People Media

25 Oct, 13:44


လားရှိုးမြို့ရှိ စစ်သွေးကြွများ စခန်းချရာနေရာကို တပ်မတော်မှ လေကြောင်းရှင်းလင်းမှု ထပ်မံပြုလုပ်လိုက်သည်။

#PeopleMedia

People Media

25 Oct, 11:37


ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီး

ရခိုင်ပြည်နယ် အမ်းမြို့၊ ဂွမြို့နယ်နဲ့ မောင်တော န-ခ-ခ ၅ နယ်မြေမှာ တိုက်ပွဲပြင်းထန်

လားရှိးရှိ အကြမ်းဖက်များ ခိုအောင်းရာနေရာကို တပ်မတော်မှ နေ့စဉ် ရှင်းလင်း

#PeopleMedia

People Media

25 Oct, 09:14


ပင်လယ်နီထဲက အရပ်ဘက်ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ဟူသီသူပုန်တွေကို ရုရှားက ဂြိုဟ်တုသတင်း အချက်အလက်တွေ ထောက်ပံ့ပေးခဲ့
……………………………………………………

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅

ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ပင်လယ်နီထဲက အရပ်ဘက်ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် ရုရှား နိုင်ငံက အခုနှစ် အစောပိုင်းက ဂြိုဟ်တုသတင်းအချက်အလက်တွေ ထောက်ပံ့ခဲ့ကြောင်း Wall Street Journal က ကြာသပတေးနေ့ (အောက်တိုဘာ ၂၄ ရက်နေ့) က ရေးသားခဲ့ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/yc7yu6h4

People Media

25 Oct, 08:55


မြင်းခြံမြို့နယ်တွင် ပြောင်းပြာချောင်းရေမြင့်တက်မှုဖြစ်ပွားပြီး ရပ်ကွက်အချို့ ရေဝင်ရောက်မှုဖြစ်ပွား
………………………………………………………

နေပြည်တော်၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီ ၅၅ အချိန်ခန့်က ပြောင်းပြာချောင်းရေ မြင့်တက်မှုဖြစ်ပွားပြီး ရပ်ကွက်အချို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

မြင်းခြံမြို့နယ်တွင် ပြောင်းပြာချောင်းရေမြင့်တက်မှုဖြစ်ပွားပြီး အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့တွင် ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

#PeopleMedia

People Media

25 Oct, 08:52


ရွှေဈေးသိန်း ၁၀၀ ဖြစ်မည်ဆိုသော ကောလဟာလသတင်းများကိုလွှင့်ထုတ်ပြီး ရွှေဈေးအား ဆွဲတင်လျက်ရှိကြောင်း ရွှေအသင်းအသိပေး
………………………………………………………

နေပြည်တော်၊ အောက်တိုဘာ ၂၅

ရွှေဈေး သိန်း ၁၀၀ ဖြစ်မည်ဆိုသော ကောလဟာလသတင်းများကို လွှင့်ထုတ်ပြီး ရွှေဈေးအား ဆွဲတင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အသိပေးကြေညာထားသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/muebbmre

People Media

25 Oct, 08:44


မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ “စစ်ဆင်ရေးနယ်မြေ” ထဲကို ရောက်ရှိနေပြီဖြစ်ကြောင်း ယူူကရိန်းပြော
……………………………………………………

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ရုရှားတပ်တွေက ယူကရိန်းတပ်တွေကို ပြန်လည်တိုက်ထုတ်ဖို့ လပေါင်း များစွာကြိုးစားနေတဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်နယ်စပ်ဒေသက “စစ်ဆင်ရေးနယ်မြေ” ထဲကို ရောက်ရှိနေပြီဖြစ် ကြောင်း ယူကရိန်းအစိုးရက ကြာသပတေးနေ့ (အောက်တိုဘာ ၂၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/3a5ukxf6