PAN @positiveanglenews Channel on Telegram

PAN

@positiveanglenews


တိကျမှန်ကန် PAN

Viber 📬 09772979725
Email 💌 [email protected]

Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK and Viber Channel. Wellcome to PAN.

Positive Angle News - PAN (English)

Positive Angle News - PAN is a Myanmar Local Media channel that provides the latest news and updates. It is the official media source for all things happening in Myanmar. PAN media can be found on various online platforms including YouTube, Telegram, TikTok, VK, Facebook, and Viber Channel. Whether you are looking for breaking news, entertainment updates, or informative content, PAN has got you covered. Stay informed and engaged with PAN. Welcome to a positive angle on the news!

PAN

11 Jan, 09:14


အကြမ်းဖက်သောင်းကျန်းသူများမှ ဒရော့ဗုံးဖြင့်ကြဲချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အိန္ဒိယနွယ်ဖွား ၆ နှစ်အရွယ်ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

(ပြည်တွင်း) ဇန်နဝါရီ ၁၁

အကြမ်းဖက်သောင်းကျန်းသူ PDF+KNU ပူးပေါင်းအဖွဲ့များက တည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ်၍ အေးချမ်းစွာနေထိုင်သော ပြည်သူများ၏လူနေရပ်ကွက်အတွင်းသို့ ဒရော့ဗုံးများ ကြဲချခဲ့မှုကြောင့် အရွယ်မရောက်သေးသူ ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးကာ တစ်ဦးမှာပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ကျောက်တံခါးမြို့ ၊စာတိုက်ရပ်ကွက်အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများဖြစ်ကြသော PDF+KNU အဖွဲ့များမှ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဒရော့ဗုံးနှစ်လုံးဖြင့်အကြောင်းမဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်အတွင်း အေးချမ်းစွာနေထိုင်နေကြသော သာမာန်ပြည်သူ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင် ဒေါ်လာခပသီး (၃၉)နှစ် ဦးခေါင်းထိ....



သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/11/အကြမ်းဖက်သောင်းကျန်းသ-31/


#PAN #PDF #KNU #ကျောက်တံခါးမြို့ #အိန္ဒိယနွယ်ဖွား

PAN

11 Jan, 09:09


“အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ နှင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ဖျက်သိမ်း”


(နိုင်ငံတကာ) ဇန်နဝါရီ ၁၁

အမေရိကန်ပြည်ထောင်စု ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်သည့် တက္ကဆက်ပြည်နယ်ရှိ လေဆိပ်များတွင် ဇန်နဝါရီလ ၉ ရက်က နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ခန့် ဖျက်သိမ်းခဲ့ရသည်ဟု ဖလိုက်အဝဲလ်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဓိကလေဆိပ်ကြီးများတွင် ဇန်နဝါရီလ ၉ ရက်က လေကြောင်းခရီးစဉ်ပေါင်း ၁၃,၀၀၀ ကျော် နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ရသည်ဟု ဖလိုက်ဝဲလ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

တက္ကဆက်ပြည်နယ်မှ ကာရိုလိုင်းနားအထိ မိုင်ပေါင်း ၈၀၀ အကွာအဝေးအတွင်း မုန်တိုင်းကြောင့် ဆီးနှင်းများထူထပ်စွာကျဆင်းခြင်း၊ အပူချိန်အလွန်အမင်းကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု အမေရိကန်အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။

တက္ကဆက်ပြည်နယ် မြောက်ပိုင်းရှိဒေသများတွင် နှင်းမုန်တိုင်းသက်ရောက်မှုကို ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းအထိ ခံစားရမည်ဟု သတိပေးထားသည်။

ဇန်နဝါရီလ ..

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/11/အမေရိကန်နိုင်ငံ-တက္ကဆက/

#PAN #အမေရိကန် #တက္ကဆက်ပြည်နယ် #နှင်းမုန်တိုင်း

PAN

11 Jan, 08:59


“မြန်မာသံရုံး၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း ၄ မျိုးကို မကြာမီဆောင်ရွက်ပေးမည်”

(ပြည်တွင်း) ဇန်နဝါရီ ၁၁

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း ၄ မျိုးကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်ပေးသွားမယ်လို့ ဇန်နဝါရီလ ၁၀ ရက်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါလုပ်ငန်း ၄ မျိုးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်မိသားစုဝင်များအတွက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြန်မာသံရုံး၊ ဗန်ကောက်မြို့မှာ ၆ လတာ တွဲဖက်တာဝန်ထမ်းဆောင်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မိဘရဲ့အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း (ပုံစံနိုင်-၂) မှာ သားသမီး အမည်စာရင်းထည့်သွင်းခြင်း၊ အိမ်ထောင်စုလူဉီးရေစာရင်း (ပုံစံ-၆၆/၆) ..

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/11/မြန်မာသံရုံး၊-ဘန်ကောက်/

#PAN #မြန်မာသံရုံး #ဘန်ကောက် #မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း၄မျိုး

PAN

11 Jan, 08:21


အကြမ်းဖက် သမားများ၏ ဖျက်ဆီးမှုကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မှု အခက်အခဲများရှိဟု နစက ဥက္ကဋ္ဌပြော

(ပြည်တွင်း) ဇန်နဝါရီ ၁၁

လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မှုနှင့်ပတ်သက်၍ အကြမ်းဖက် သမားများ၏ ဖျက်ဆီးမှုများ၊ အချို့စက်ရုံများအနေဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လို အပ်ချက်မပြည့်မီမှုများကြောင့် အခက်အခဲများရှိတဲ့အပြင် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကန့်ကွက်မှုများရှိနေသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်....

သတင်းအပြည့်အစုံ - https://positiveanglenews.com/2025/01/11/အကြမ်းဖက်-သမားများ၏-ဖျက်/

#PAN #နစက #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #ဆိုလာ #လျှပ်စစ် #မိတ္ထီလာ

PAN

11 Jan, 05:11


မူဆယ်တွင် ယာဉ်တိုက်မှုကြောင့် ၁၃ နှစ်နှင့် ၁၆ နှစ်အရွယ် ကလေး ၂ ဦး သေဆုံး

(မှုခင်း) ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသည့် ကလေး ၂ ဦး သေဆုံးခဲ့သည်ဟု လူမှုကူညီရေးအသင်းများထံမှ သိရသည်။

မူဆယ်မြို့ မင်္ဂလာမူဆယ်လမ်းမကြီးရှိ ၈ ထပ်တိုက်ရှေ့တွင် ဇန်နဝါရီလ ၁၀ ရက် နေ့လယ် ၂ နာရီခန့်အချိန်က ဖြစ်ပွားခဲ့သည်ဟုသိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆိုင်ကယ်နောက်တွင်စီးလာသည့် ကလေးငယ်တစ်ယောက်မှာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးနှစ်ယောက်မှာ မူဆယ်မြို့ ပန်ခမ်းကျေးရွာနှင့် နောင်ရမ်းရွာတို့တွင်နေထိုင်ကြသည့် အသက် ၁၃ နှစ်နှင့် ၁၆ နှစ်အရွယ်များဖြစ်ကြသည်ဟု ရွှေလင်းရောင် လူမှုကူညီရေးအသင်းမှ ပြောဆိုထားသည်။

သတင်းအပြည်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/11/မူဆယ်တွင်-ယာဉ်တိုက်မှုက/

#PAN #မူဆယ် #ယာဉ်တိုက်မှု

PAN

11 Jan, 04:47


တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် ပြည်ထောင်စုဝန်ကြီးပြော

(ပြည်တွင်း) ဇန်နဝါရီ ၉

တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းမှ ဇန်နဝါရီလ ၈ ရက်နေ့ နေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ကျင်းပသည့် ကချင်ပြည်နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် စပ်လျဉ်းသည့် တွေ့ဆုံညှိနှိုင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိဓာတ်အား ထုတ်လုပ်နေမှုကို တိုးတက်မထုတ်နိုင်သေးမီ မြိုနယ်အဆင့်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ မြိုနယ်များအတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက် မှု၊ ဓာတ်အားပျောက်.......

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/11/တရားမဝင်-ဓာတ်အားရယူသုံး/

#PAN #မြန်မာလျှပ်စစ် #လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

PAN

11 Jan, 03:26


"တုရင်တောင်ကြိုးပြင်ကာကွယ်တောသတ်မှတ်”

(ပြည်တွင်း) ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၉၀၅ ဧကရှိသောနယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ယခုခဲ့သိုကြေညာခြင်းဖြစ်ကြောင်း သိရသည်။

အပူပိုင်းဒေသဖြစ်သော ပုဂံညောင်ဦးဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာ....

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/11/တုရင်တောင်ကြိုးပြင်ကာက/

#PAN #တုရင်းတောင် #ကြိုးပြင်ကာကွယ်တော

PAN

11 Jan, 02:44


"ချောက်မြို့၌ စွယ်တော်မြတ်စေတီပုံစံတူ တည်ထားကိုးကွယ်မည်”

(ပြည်တွင်း) ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး ချောက်မြို့၌ စွယ်တော်မြတ်စေတီပုံစံတူ စေတီ​​တော်တစ်ဆူ တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

ဉာဏ်တော်အမြင့် ၈၁ ပေရှိ စွယ်တော်မြတ်စေတီပုံစံတူကို ချောက်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နှင့်ကျေးရွာများမှ အများပြည်သူများ ဖူးမြော်နိုင်ရေးအတွက် ချောက်မြို့တွင် တည်ထားသွားမှာကြောင်း ဝန်ကြီးဌာနထံမှ

စေတီတော် တည်ထားကိုးကွယ်မည့် အခြေအနေကိုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၀ ရက်နေ့က သွားရောက်ကြည့်ရှုကြောင်း သိရသည်။

စွယ်တော်မြတ်စေတီတော် ပုံတူစေတူကို ချောက်မြို့ အမှတ်(၅)ရပ်ကွက် ကွင်းအမှတ် ၂၂၉၃ ရှိ မြေ ၂၀ ဒသမ ၀၈ ဧကပေါ်တွင် စေတီတော်တည်ဆောက် မည်ဖြစ်ပြီး စေတီတော်အား...

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/11/ချောက်မြို့၌-စွယ်တော်မ/

#PAN #စွယ်တော်မြတ်စေတီ #ချောက်

PAN

11 Jan, 00:10


ပြင်ဦးလွင်မြို့နယ်တွင် ဧည့်စာရင်းလာစစ်သည်ဟုအသွင်ယူသောအဖွဲ့နှင့် ညစောင့်တို့ ပူးပေါင်းကာ Aliance ငွေစုငွေချေးရုံး၏ ငွေများ ဖောပ်ထွင်း ယူဆောင်သွားသည့်ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ
********
(ပြည်တွင်း)ဇန်နဝါရီ  ၁၁

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)၊ ပွေးတောင်ရပ်ကွက်နေ Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာ ဖြစ်သူ ဦးဇော်ဇော်အောင်သည် ရပ်ကွက်ကြီး(၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေချေးရုံးသို့ ရောက်ရှိစဉ် ရုံးညစောင့်ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၇)၊ သာယာကုန်း ကျေးရွာနေ ဦးခင်မောင်ကြည်(၅၉)နှစ်၊ (ဘ)ဦးကြည်၏ ပြောပြချက်အရ ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၂ နာရီခွဲတွင် ၎င်းမှ ငွေစုငွေချေးရုံး၌ ညစောင့်တာဝန်ဆောင်ရွက်နေစဉ် အနက်ရောင်ဘောင်းဘီ ရှည်၊ အနက်ရောင်အနွေးထည်အင်္ကျီဝတ်ထားသူ အမည်မသိအမျိုးသား ၂ ဦးက ယာဉ်အမှတ် 1E/ 2737 HONDA FIT အမျိုးအစား ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...
https://positiveanglenews.com/2025/01/11/ပြင်ဦးလွင်မြို့နယ်တွင်-3/
https://t.me/positiveanglenews

#PAN

PAN

10 Jan, 23:54


https://youtu.be/v0roz7sUUwk?si=BlXeevxfp6Uzv8Ps

PAN

10 Jan, 23:54


https://youtu.be/lkb000g0P2E?si=IG31QuaT66am2kYY

PAN

10 Jan, 23:53


သွားနှင့် ခံတွင်း ကျန်းမာရေးအကြောင်း သိကောင်းစရာ
*****
(ကျန်းမာရေး)ဇန်နဝါရီ  ၁၁

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ သွားနှင့် ခံတွင်း ကျန်းမာရေးအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      သွားနှင့် ခံတွင်း ကျန်းမာရေးဟာ လူတစ်ယောက်အတွက် မဖြစ်မနေ ဂရုစိုက်သင့်တဲ့ ကျန်းမာရေးကိစ္စတစ်ခုဖြစ်ပါတယ်။ လူတစ်ဦး ကျန်းမာနေစေဖို့အတွက် သွားနဲ့ ခံတွင်းက အရေးပါလှတယ်လို့ ဆိုရမှာပါ။ သွားနဲ့ ခံတွင်း သန့်ရှင်းကျန်းမာခြင်းမရှိဘူးဆိုရင် သွားပိုးစားတာ၊ သွားအခေါင်းပေါက်ဖြစ်တာနဲ့ သွားဖုံးနဲ့သက်ဆိုင်တဲ့ဝေဒနာတွေဖြစ်နိုင်သလို ဒီရောဂါတွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။

      သွားနဲ့ ခံတွင်းကို ကျန်းမာပြီး ကြံ့ခိုင်နေအောင် ထိန်းသိမ်းစောင့်ရှောက်တာက တစ်သက်တာလုံး မပျက်မကွက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သွားနဲ့ ခံတွင်းကို ကျန်းမာစေဖို့ဆိုရင် .....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2025/01/10/သွားနှင့်-ခံတွင်း-ကျန်းမ/

https://t.me/positiveanglenews
#PAN

PAN

10 Jan, 23:47


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

09 Jan, 15:34


၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ပြင်သစ်အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ နည်းပြ ဒက်ချမ့်စ်
*******************
(အားကစား) ဇန်နဝါရီ ၉

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ပြည့်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်နည်းပြ အဖြစ်ကနေ ဒက်ချမ့်စ် ထွက်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းအတွက် ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဒက်ချမ့်စ် ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ပြင်သစ်အသင်း အောင်မြင်ခဲ့ပါက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှ ထွက်ခွာမှာဖြစ်ပြီး တကယ်လို့ ခြေစစ်ပွဲမအောင်ခဲ့ဘူးဆိုရင်တော့ ခြေစစ်ပွဲတွေအပြီးမှာပဲ ထွက်ခွာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ် ဒက်ချမ့်စ် ဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဒက်ချမ့်စ် ဟာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ UEFA နေးရှင်းလိဂ် ချန်ပီယံဆုတွေကို ရယူပေးနိုင်ခဲ့ပြီး ယူရို ၂၀၁၆ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ..

Webpage>>...
https://positiveanglenews.com/2025/01/09/၂၀၂၆-ကမ္ဘာ့ဖလားအပြီးမှာ/

VK Link>>...
https://vk.com/wall-220066330_10259

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 15:25


ဆွန်ဟောင်မင်ကို တစ်နှစ်စာချုပ် သက်တမ်းတိုးလိုက်တဲ့ စပါးအသင်း
*******************
(အားကစား) ဇန်နဝါရီ ၉

စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီလို့ ဇန်နဝါရီလ ၇ ရက်မှာ တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဟာ စပါးအသင်းနဲ့ အခုဘောလုံးရာသီအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်ထဲမှာ ၁ နှစ်သက်တမ်းတိုးခွင့်ပါရှိတာကြောင့် စပါးအသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆွန်ဟောင်မင် ဟာ စပါးအသင်းကို လေဗာကူဆင်အသင်းကနေ ၂၀၁၅ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ၁၀ နှစ်ကြာ ....

Webpage>>...
https://positiveanglenews.com/2025/01/09/ဆွန်ဟောင်မင်ကို-တစ်နှစ်/

VK Link>>...
https://vk.com/wall-220066330_10258

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 15:20


ဆိုင်ကယ်ဖြင့် ငါးခြောက် လှည့်လည်ရောင်းချသူနေအား အကြမ်းဖက်သမားများက သတ်ဖြတ်
********************
(ပြည်တွင်း) ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ ဥယျာဉ်ကျေးရွာအနီး ချောက်-ညောင်ဦး သွားကားလမ်းပေါ်ရှိ သဲချောင်းတွင် ယနေ့မွန်းတည့်ချိန်က အကြမ်းဖက်အင်အား ၄ ဦးခန့်မှ ဆိုင်ကယ်ဖြင့် ငါးခြောက်လှည့်လည်ရောင်းချသော အရပ်သားတစ်ဦးအား သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးအောင်မင်းလွင်၊ ၄၆ နှစ်၊ (ဘ)ဦးညွန့်မောင်၊ ဈေးရောင်း၊ သာယာဝတီအလယ်ပိုင်းရပ်၊ အမှတ်(၁)ရပ်ကွက်၊ ညောင်ဦးမြို့နယ်နေသူသည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ၎င်းပိုင် လီဖန်းအမျိုးအစား အပြာရောင်ဆိုင်ကယ်ဖြင့် လှည့်လည်၍ ငါးခြောက်ရောင်းချသူဖြစ်ပြီး ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကြအိုကျေး ရွာဘက်မှ ဥယျာဉ်ကျေးရွာဘက်သို့ ၎င်းပိုင် ဆိုင်ကယ်ဖြင့် ညောင်ဦး-ချောက် သွားကားလမ်းအတိုင်း မောင်းနှင်လာစဉ်....

Webpage >>...
https://positiveanglenews.com/2025/01/09/ဆိုင်ကယ်ဖြင့်-ငါးခြောက်/

VK Link>>...
https://vk.com/wall-220066330_10257

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 15:13


ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ထား
*******************
(စီးပွားရေး) ဇန်နဝါရီ ၉

ယခုဘဏ္ဍာနှစ် ကိုးလတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော်တန်ဖိုးရှိ ဆန် နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်းမှာ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂,၀၃၄,၆၅၆ ဒသမ ၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၄၈ သန်းရရှိခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ပနိုင်ငံများသို့ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၅၅ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၁၁,၁၈၆၂ တန်၊ မေလမှာ အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ ၇,၁၂၈၀ တန်၊ ဇွန်လမှာ အမေရိကန်ဒေါ်လာ ၈၄ သန်း.....

Webpage>>...
https://positiveanglenews.com/2025/01/09/ပြည်ပနိုင်ငံများသို့-ဆ/

VK Link>>...
https://vk.com/wall-220066330_10256

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 15:11


သထုံမြို့နယ်က ကဏန်းကျွန်းကို ဒီရေတောကြိုးပြင်ကာကွယ်တော အဖြစ်သတ်မှတ်
*******************
(ပြည်တွင်း) ဇန်နဝါရီ ၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ကျရောက်နေလျက်ရှိတဲ့ ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသောနယ်မြေကို ကဏန်းကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၅)အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်)မှစတင်ပြီး သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့...

Webpage>>...
https://positiveanglenews.com/2025/01/09/သထုံမြို့နယ်က-ကဏန်းကျွန/

VK Link>>...
https://vk.com/wall-220066330_10255

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 15:04


လီဗာပူးလ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေတဲ့ အီလွန်မက်စ်
*********************
(အားကစား) ဇန်နဝါရီ ၉

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အီလွန်မက်စ် ဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းကို ဝယ်ယူဖို့ အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ နေပါတယ်။

အီလွန်မက်စ် ဟာ လီဗာပူးလ်အသင်းကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ဖခင် ဖြစ်သူ ကိုယ်တိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီလွန်မက်စ် က လီဗာပူးလ်အသင်းကို ဝယ်ယူတော့မယ်လို့ သတင်းတွေ ထွက်လာခဲ့ရင် အသင်းပိုင်ရှင်တွေက တန်ကြေးအဆမတန် မြှင့်လိုက်မှာကြောင့် မှတ်ချက်မပေးချင် ပေမယ့် သူ့အနေနဲ့ လီဗာပူးအသင်းကို ဝယ်ယူဖို့ ဆန္ဒရှိနေတယ်လို့ အီလွန်မက်စ်ရဲ့ ဖခင်ဖြစ်သူက Times Radio နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အခုလိုပြောတာက အီလွန်မက်စ် အနေနဲ့ လီဗာပူးအသင်းကို ဝယ်ယူဖို့အတွက် အမြန်ဆုံးကြိုးစားသွားမယ်လို့ ပြောနေတာမျိုးမဟုတ်ပေမယ့် ဝယ်ယူဖို့အတွက် အလားအလာ....

Webpage>>...
https://positiveanglenews.com/2025/01/09/လီဗာပူးလ်အသင်းကို-ဝယ်ယူ/

VK Link>>...
https://vk.com/wall-220066330_10254

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 11:07


ဥပျဒေအကြောင်း သိကောင်းစရာ (ဆိုက်ဘလုံခြုံရေးဥပဒေ) VPN

#pan_broadcasting

PAN

09 Jan, 09:10


ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာများခေါ်ယူ
********************
(ပြည်တွင်း) ဇန်နဝါရီ ၉

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ်ရဲ့ အစီအစဉ်နဲ့ ရန်ကုန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံ ပညာဌာနတွင်ဖွင့်လှစ်မည့်ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) အတွက် သင်တန်းလျှောက်လွှာ များကို နိုင်ငံပိုင် သတင်းစာမှတဆင့် ခေါ်ယူထားပါတယ်။

ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) လျှောက်ထားရန်အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိ ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး 2 Semester + Project 1 Semester (စုစုပေါင်း Semester ၃ ခု) တက်ရောက်ရမည် ဖြစ်ကာ Semester တစ်ခုလျှင် တစ်သိန်းကျပ် (၁၀၀၀၀၀/-) သတ်မှတ်ထားကြောင်း....

Webpage>>...
https://positiveanglenews.com/2025/01/09/ဘွဲ့လွန်ကွန်ပျူတာဒီပလိ/

VK Link>>...
https://vk.com/wall-220066330_10252

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 08:55


၂၀၂၄ ခုနှစ်အတွင်း မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်စာရင်းမှာ EV ကား ၆ ထောင်စီးကျော်ပါဝင်
********************
(ပြည်တွင်း) ဇန်နဝါရီ ၉

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခရိုင်ရုံးများမှာ မော်တော်ယာဉ် စာရင်းလူစီး (Passenger) EV ကားစီးရေ ၆,၁၆၆ စီး မှတ်ပုံတင်ထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနရဲ့ စာရင်းများအရ သိရပါတယ်။

မှတ်ပုံတင်ထားစာရင်းမှာ EV အသုံးပြုတဲ့ ခရီးသည်တင်ကား ၃ စီးနှင့် ကုန်တင်ဝန်ပေါ့ ၂၂ စီးလည်းရှိတာကြောင့် EV ကားစီးရေ ၆,၁၉၁ စီးရှိကြောင်း သိရပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင်ဖြစ်သော လူစီးကား ၅၁၉,၅၉၇ စီး၊ ငှားရမ်းထားတဲ့ လူစီးကား ၈၇,၇၀၇ စီး၊ ပိုင်ဆိုင်သော ခရီးသည်တင်ကား ၂၀၃ စီး၊ ငှားရမ်းထားသောခရီးသည်တင်ကား ၂၄,၀၁၅ စီး၊ ပိုင်ဆိုင်သော ကုန်တင် ဝန်ပေါ့ကား ၂၅၆,၆၇၈ စီး၊ ငှားရမ်းထားသော ကုန်တင်ဝန်ပေါ့ကား ၁၁၁,၂၁၃ စီး....

Webpage>>...
https://positiveanglenews.com/2025/01/09/၂၀၂၄-ခုနှစ်အတွင်း-မှတ်ပု/

VK Link>>...
https://vk.com/wall-220066330_10251

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 08:25


တစ်ဦး နှင့် တစ်ဦး ဆဲဆိုရာမှ လူသတ်မှုဖြစ်ပွား
*****************
(မှုခင်း) ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ၊ KSYT လမ်းကြားတွင် ယမန်နေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က တစ်ဦးနှင့်တစ်ဦး ဆဲဆိုကြရင်းမကျေနပ်ဖြစ်ကာ ဓားဖြင့်ခုတ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မဲကင်းကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူဖြစ်သည့် ကိုမျိုးဇော်၊ ၄၀ နှစ်၊(ဘ)ဦးဝင်းစိုးသည် အပြင်မှ ခေါက်ဆွဲကြော် ဝယ်ယူပြီးပြန်လာစဉ် နေအိမ်ရှေ့သို့ အရောက် တစ်ရွာတည်းနေသူ ကိုမျိုးသန့်၊ ၃ရ နှစ်၊ (ဘ)ဦးညီပန်းမှ ကိုမျိုးဇော်၏ နေအိမ်ရှေ့သို့ လိုက်သွားကာ ဆဲဆိုပြီး ၎င်းနေအိမ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုမျိုးဇော်မှ မကျေနပ်၍ နောက်မှလိုက်သွားခဲ့ပြီး ဆဲဆိုသဖြင့် ကိုမျိုးသန့်၏ နေအိမ်ရှေ့လမ်းမပေါ်တွင် ကိုမျိုးသန့်သည် နေအိမ်အတွင်းမှ အရိုးအသွား ၂ ပေ ၃ လက်မခန့်ရှိ.....

Webpage>>...
https://positiveanglenews.com/2025/01/09/တစ်ဦး-နှင့်-တစ်ဦး-ဆဲဆိုရ/

VK Link>>...
https://vk.com/wall-220066330_10250

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 08:14


မီးစက် ဓါတ်ဆီဖြည့်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား
********************************
(မှုခင်း) ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၂လမ်းနှင့် ၁၁၂(A) လမ်းကြား၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ်(ဖ-၈)၊ အိမ်အမှတ် (၁၇)၊ "ကျော်" ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်တွင် ယမန်နေ့ညနေ ၅ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၂၁ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တွင် နေထိုင်သူ ဦး​ကျော်ဇင်၊ ၂၇ နှစ်၊ (ဘ)ဦးချစ်ဝင်းသိန်း၊ ဆိုင်ကယ်အပိုပစ္စည်း ရောင်း/ဝယ်သူမှ မီးစက်အတွင်းသို့ ဓါတ်ဆီဖြည့်စဥ် အနီးရှိမီးဖိုမှ မီးရှိရာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း....

Webpage>>...
https://positiveanglenews.com/2025/01/09/မီးစက်-ဓါတ်ဆီဖြည့်ရာမှ-မ/

VK Link>>...
https://vk.com/wall-220066330_10249

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 08:03


မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အိမ်မွေးတိရစ္ဆာန် ပြပွဲကျင်းပမည်
********************
(ပြည်တွင်း) ဇန်နဝါရီ ၉

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အိမ်မွေးတိရစ္ဆာန်ဆိုင်ရာပြပွဲကြီး Yangon Pet Expo 2025 ကို ဇန်နဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ရန်ကုန်မြို့၊ အင်းလျားကန်ဟိုတယ်ဝင်းအနီးက YCC ခန်းမမှာ ကျင်းပသွားမှာဖြစ်တယ်လို့ Yangon Pet Expo တည်ထောင်သူ ဦးဇာနည်က ပြောကြားခဲ့ပါတယ်။

အခုနှစ်ပြပွဲမှာ အထူးအစီအစဉ်အနေနဲ့ Yangon Pet Fashion Show ကို ထည့်သွင်းပြုလုပ်မှာဖြစ်ပြီး အိမ်မွေး တိရစ္ဆာန်အဝတ်အစား ထုတ်လုပ်သူတွေက အိမ်မွေးတိရစ္ဆာန်လေးတွေကို စိတ်ကြိုက် ဝတ်စားဆင်ယင်ပေးပြီး Pet Fashion Show မှာ ဝင်ရောက်ယှဥ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

Pet Fashion Show မှာ ပထမနေ့နဲ့ ဒုတိယနေ့ကို မတူညီတဲ့အစီအစဉ်တွေနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း ဦးဇာနည်က ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်သူတွေအနေနဲ့ မိမိအိမ်မွေး......

Webpage>>...
https://positiveanglenews.com/2025/01/09/မြန်မာနိုင်ငံရဲ့-အကြီးမ/

VK Link>>...
https://vk.com/wall-220066330_10248

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 07:44


မှတ်ပုံတင် ကိုယ်ရေးအချက်အလက်များ အွန်လိုင်းမှ စစ်ဆေးနိုင်
********************
(ပြည်တွင်း) ဇန်နဝါရီ ၉

e-ID စနစ်တွင် ပြည်သူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ အွန်လိုင်း မှတဆင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း သိရပါတယ်။

စစ်ဆေးရာတွင် အွန်လိုင်းအပလီကေးရှင်းကို အသုံးပြုကာ စစ်ဆေးနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရွန်နစ် မှတ်ပုံတင်စနစ်ဦးစီးဌာန (e-ID Department) က ထုတ်ပြန်ထား ပါတယ်။

ပြည်သူများအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာပါရှိတဲ့ ကိုယ်ရေးအချက်အလက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)မှာပါရှိတဲ့ အချက်အလက်များကို .....

Webpage>>...
https://positiveanglenews.com/2025/01/09/မှတ်ပုံတင်-ကိုယ်ရေးအချက/

VK Link>>...
https://vk.com/wall-220066330_10247

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 05:44


ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းကို လုပ်ကြံသူမှာ ထိုင်းစစ်သားဟောင်းဖြစ်နေ
********************
(နိုင်ငံတကာ) ဇန်နဝါရီ ၉

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်း Lim Kimya ကို လုပ်ကြံသူမှာ တော်ဝင်ထိုင်းရေတပ်တွင် တပ်ကြပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။

Ekaluck Paenoi အမည်ရှိ လုပ်ကြံသတ်ဖြတ်သူသည် အခင်းဖြစ်ပွားသည့် လူစည်ကားရာနေရာတွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးကင်မရာများတွင် ရှင်းရှင်းလင်းလင်းမြင်တွေ့ရသည်။

သေဆုံးသူ Lim Kimya မှာ အသက် ၇၃ နှစ်အရွယ်ရှိပြီး ကမ္ဘောဒီးယားအတိုက်အခံပါတီ CNRP မှာ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက အရေးပေါ်ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သော်လည်း အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

တရားခံ Ekaluck Paenoi သည် လုပ်ကြံသတ်ဖြတ်မှုအပြီး ကမ္ဘောဒီးယားနိုင်ငံဘက်သို့ထွက်ပြေးသွားခဲ့ပြီး ကမ္ဘောဒီးယားရဲတပ်ဖွဲ့မှဖမ်းဆီးက ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်း.....

Webpage>>...
https://positiveanglenews.com/2025/01/09/ကမ္ဘောဒီးယားအတိုက်အခံအ/

VK Link>>...
https://vk.com/wall-220066330_10246

Telegram»...
https://t.me/positiveanglenews

#PAN

PAN

09 Jan, 05:41


ဇေယျာသီရိမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
****
(မှုခင်း) ဇန်နဝါရီ ၉

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၂၂/၇)နှင့် (၂၂၃/၀) ကြားတွင် ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ မွန်းတည့် ၁၂ ခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးကားလမ်းဟောင်း တောင်မှ မြောက်သို့ မောင်းနှင်လာသည့် Canda 110၊ အနက်ရောင်မော်တော်ဆိုင်ကယ်သည် မျက်နှာချင်းဆိုင် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် Honda Airwave ခဲရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဥ်တိုင်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ၏ နဖူးပေါက်ပြဲ၊ ယာတတောင်ပွန်းဒဏ်ရာ(စိုးရိမ်ရ)ရရှိ၍ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ ပို့ဆောင်ထားရှိပြီး နေပြည်တော်ယာဉ်အမှုစစ်ဌာနက အမှုဖွင့်....

Webpage>>...
https://positiveanglenews.com/2025/01/09/ဇေယျာသီရိမြို့နယ်တွင်-ယ/

VK Link>>...
https://vk.com/wall-220066330_10245

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 15:57


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅/၂၀၂၅ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် (၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်း

PAN

08 Jan, 14:34


ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ဆိုတဲ့ ဆွီယာတက်ခ်
********************
(အားကစား) ဇန်နဝါရီ ၈

ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် က မကြာခင်မှာကျင်းပမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် က ကမ္ဘာ့အဆင့်(၂) နေရာကို ကျဆင်းသွားခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ တားမြစ်ဆေးပြဿနာကြောင့် တစ်လပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ဆွီယာတက်ခ် ဟာ ဩစတြေးလျအိုးပင်းမှာ အောင်မြင်မှုရယူပြီး အမျိုးသမီးတင်းနစ်လောကကို နောက်တစ်ကြိမ် ထပ်မံစိုးမိုးနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားခဲ့တဲ့ ယူနိုက်တက်ဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲမှာ ဆွီယာတက်ခ် ဟာ ပိုလန်အသင်းကို ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ ကိုကိုဂတ်ဖ် ကို အရှုံးပေးခဲ့ရတာကြောင့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာ.......

Webpage>>...
https://positiveanglenews.com/2025/01/08/ဩစတြေးလျအိုးပင်းပြိုင်/

VK Link>>...
https://vk.com/wall-220066330_10233

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 14:09


ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်ပါမစ်သက်တမ်းတိုးခကောက်ခံမှုတွေကို ထိုင်းအစိုးရက ပယ်ဖျက်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

#pan_broadcasting

PAN

08 Jan, 14:03


နှစ်ပတ်ခန့် အနားယူရဖွယ်ရှိတဲ့ NBA ကစားသမား ကိုင်ရီအာဗင်း
********************
(အားကစား) ဇန်နဝါရီ ၈

NBA ကလပ် ဒါးလက်စ် မားဗရစ်အသင်းရဲ့ အဓိကကစားသမား ကိုင်ရီအာဗင်း ဟာ နောက်ကျောဒဏ်ရာ ကြောင့် ၂ ပတ်ခန့်အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် အာဗင်း ရဲ့ ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုတွေအရ အထူးကုတွေနဲ့ ကုသရမှာ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ ဆာကရာမန်တို အသင်းနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။

အာဗင်း အနေနဲ့ ၂ ပတ်ခန့် အနားယူကုသပြီးသွားပါက ပွဲစဉ်များကို ပြန်လည်ကစားနိုင်ဖို့ ဒါးလက်စ် မားဗရစ်အသင်း က ....

Webpage>>...
https://positiveanglenews.com/2025/01/08/နှစ်ပတ်ခန့်-အနားယူရဖွယ်/

VK Link>>...
https://vk.com/wall-220066330_10232

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 13:47


မန္တလေးတောင် အဆင်းလမ်း၌ ကားတစ်စီး‌ အရှိန်လွန်၍ တောင်အောက်ပြုတ်ကျ
*********************
(မှုခင်း) ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(ခ/၄၁၆)၊ မန္တလေးတောင်အဆင်းလမ်း၌ ကားတစ်စီး‌ အရှိန်လွန်၍ တောင်အောက်ပြုတ် သို့ ကျခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာဉ်မောင်း ဦးသိုက်စိုးမောင်းနှင်သည့် MDY-21/........I-ZONE လိုက်ထရပ် အဖြူရောင်ယာဉ်သည် ခရီးသည် ကျား ၁၁ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၆ ဦးအားတင်ဆောင်၍ မန္တလေးတောင်ပေါ်သို့ ဘုရားဖူးလိုက်ပါပို့ဆောင်ပြီး တောင်အောက်သို့ ပြန်ဆင်းလာစဉ် တောင်တက်လမ်းတစ်ဝက် ဂျပန်ဘုရားအောက် ဒုတိယကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ‌ယာဘက်တောင်အောက်သို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ယာဉ်မောင်းပါ ၁၇ ဦးအနက် ၁၁ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး.....

Webpage>>...
https://positiveanglenews.com/2025/01/08/မန္တလေးတောင်-အဆင်းလမ်း၌/

VK Link>>...
https://vk.com/wall-220066330_10235

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 13:31


PSG တိုက်စစ်ကစားသမား လီကန်အင် ကို စိတ်ဝင်စားနေတဲ့ မန်ယူအသင်းနှင့် နယူးကာဆယ်အသင်း
********************
(အားကစား) ဇန်နဝါရီ ၈

PSG အသင်းရဲ့ တောင်ကိုရီးယားတိုက်စစ်ကစားသမား လီကန်အင် ကို ပရီးမီးယားလိဂ်ကလပ်များဖြစ်တဲ့ မန်ယူအသင်းနှင့် နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

လီကန်အင် က ယခုရာသီ PSG အသင်းမှာ ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရတာကြောင့် အသင်းကနေ ထွက်ခွာ ချင်နေတာဖြစ်ပြီး စပိန်ကလပ် အက်သလက်တီကိုအသင်းက ချိတ်ဆက်မှု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

PSG အသင်းအနေနဲ့ ယူရိုသန်း ၄၀ ခန့်ရရှိပါက လီကန်အင် ကို လက်လွှတ်ဖွယ်ရှိတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ လီကန်အင် က ဗလင်စီယာ၊ မာယော့ကာအသင်းများမှာ ကစားခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်နွေရာသီမှာ PSG အသင်းသို့ ပြောင်းရွှေ့....

Webpage>>...
https://positiveanglenews.com/2025/01/08/psg-တိုက်စစ်ကစားသမား-လီကန်/

VK Link>>...
https://vk.com/wall-220066330_10231

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 11:18


ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ကို ရာထူးမှထုတ်ပယ်ရန် ဘာစီလိုနာအသင်းပရိသတ်များတောင်းဆို
********************
(အားကစား) ဇန်နဝါရီ ၈

လာလီဂါလိဂ်ရဲ့ ဒုတိယရာသီဝက်အတွက် ကစားသမားစာရင်း မှတ်ပုံတင်ရာမှာ ကွင်းလယ်လူတွေဖြစ်ကြတဲ့ အိုလ်မို နဲ့ ဗစ်တာ တို့ကို မှတ်ပုံမတင်နိုင်ခဲ့တဲ့အတွက် အသင်းဥက္ကဋ္ဌလာပေါ်တာကို ရာထူးကနေ နုတ်ထွက်ဖို့ ပရိသတ် တွေဆီက တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ဘဏ္ဍာရေး အခြေအနေအပေါ် စိတ်ပျက်နေကြသလို အခုလိုလုပ်ဆောင်ရာမှာ လိုအပ်ချက်တွေရှိနေခဲ့တဲ့ လာပေါ်တာကိုလည်း စိတ်ပျက် နေကြတာ ဖြစ်ပါတယ်။

လာပေါ်တာ ဟာ ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ်အထိ တာဝန်ယူသွားရမှာ ဖြစ်ပေမယ့် အသင်းကို အားပေးတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့က ရာထူးကနေ နုတ်ထွက်ဖို့အတွက် တောင်းဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။

လာပေါ်တာ အနေနဲ့ ရာထူးကနေနုတ်ထွက်မပေးဘူးဆိုရင် ၂၀၂၆ ခုနှစ်မှာပြုလုပ်မယ့် အသင်းဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ အဆိုပါအဖွဲ့အစည်း...

Webpage>>...
https://positiveanglenews.com/2025/01/08/ဘာစီလိုနာအသင်းဥက္ကဋ္ဌ-လ/

VK Link>>...
https://vk.com/wall-220066330_10229

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 10:57


ဆော့လော်မြိုနယ်က ရွှေမှော်လုပ်ကွက်တွေကို အကွက်ရိုက်ရောင်းချပေးမှာဖြစ်လို့ ရွှေမှော်လုပ်ကိုင်နေတာတွေကို KIO၊ KIA အဖွဲ့က နှစ်လပိတ်ထားဖို့ ပြောဆိုနေတယ်လို့ သိရပါတယ်။

#pan_broadcasting

PAN

08 Jan, 10:26


တိုက်စစ်မှူး ဒါဝင်နူနက်ဇ် အတွက် ကမ်းလှမ်းမှုများကို လီဗာပူးလ် လက်ခံစဉ်းစားမည်
********************
(အားကစား) ဇန်နဝါရီ ၈

လီဗာပူးလ်အသင်းက တိုက်စစ်မှူး ဒါဝင်နူနက်ဇ် အတွက် ယခုဇန်နဝါရီလ အပြောင်းအရွှေ့ကာလအတွင်း ကမ်းလှမ်းလာမှုများကို လက်ခံစဉ်းစားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ဒါဝင်နူနက်ဇ် က ၂၀၂၂ ခုနှစ်နွေရာသီက အပိုဆုကြေးအပါအဝင် ပေါင် ၈၅ သန်းအထိ ပြောင်းရွှေ့ကြေးပမာဏနဲ့ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါဝင်နူနက်ဇ် အနေနဲ့ နည်းပြသစ် အာနယ်စလော့ လက်ထက်မှာ နေရာရရေး ပိုမိုရုန်းကန်လာရပြီး ဆာလာ၊ ဒီယက်ဇ်၊ ဂက်ပိုနှင့် ဂျိုတာ တို့က တိုက်စစ်ပိုင်းကို နေရာယူထားကြပါတယ်။

လီဗာပူးလ်အသင်းသည် နူနက်ဇ် ကို ပေါင်သန်း ၅၀ နှင့် ၆၀ ကြား ရရှိပါက ရောင်းထုတ်မှာဖြစ်ပြီး နယူးကာဆယ်အသင်းက ခေါ်ယူရန်....

Webpage>>...
https://positiveanglenews.com/2025/01/08/တိုက်စစ်မှူး-ဒါဝင်နူနက်/

VK Link>>...
https://vk.com/wall-220066330_10230

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 09:17


BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် အင်ဒိုနီးရှား ဝင်ရောက်ခဲ့
********************
(နိုင်ငံတကာ) ဇန်နဝါရီ ၈

အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့သို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ယခင် ကတည်းက ဖော်ပြခဲ့သည်။

ဘရာဇီးနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွက် BRICS အဖွဲ့၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အင်ဒိုနီးရှားနိုင်ငံ၏ပူးပေါင်းပါဝင်မည့် ကြိုးပမ်းချက်ကို အများ၏ဆန္ဒနှင့်အညီ ဇန်နဝါရီလ ၆ ရက် တွင် သဘောတူခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

BRICS အဖွဲ့သို့ ဝင်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံအား ၂၀၂၃ ခုနှစ်ကတည်း က ခွင့်ပြုခဲ့သော်လည်း ယင်းနိုင်ငံအတွင်း၌ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကျင်းပပြီးချိန်မှ ဝင်ရောက်ရန် BRICS အဖွဲ့က တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

BRICS အဖွဲ့သည် ကနဦးတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက...

Webpage>>...
https://positiveanglenews.com/2025/01/08/brics-အဖွဲ့ဝင်နိုင်ငံအဖြစ်-အ/

VK Link>>...
https://vk.com/wall-220066330_10228

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 09:13


နေတိုးမှ အမေရိကန် နုတ်ထွက်ပါက ပြင်သစ်က ဥရောပသမဂ္ဂအဖွဲ့၏စစ်ရေးတွင် အဓိကကျောရိုးဖြစ်လာနိုင် ဟု ဆို
********************
(နိုင်ငံတကာ) ဇန်နဝါရီ ၈

နေတိုးမှ အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့ပါက ပြင်သစ်နိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့၏စစ်ရေးတွင် အဓိက ကျောရိုးဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ထို့ပြင် ပြင်သစ်နိုင်ငံသည် သမိုင်းကြောင်းအရ အမှီအခိုကင်းပြီး လွတ်လပ်သည့် စစ်ရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်ခါ တစ်ရံတွင် နေတိုးအဖွဲ့၏လမ်းကြောင်းမှ သွေဖည်သွားလေ့ရှိကြောင်း ဂရိနိုင်ငံ အေသင်မြို့ရှိ အေသင်ကောလိပ်မှ ပါမောက္ခ စတက်ရို့စ်ကာလန်တီရစ်ဒစ် က ပြောသည်။

အမေရိကန်က နေတိုးအဖွဲ့မှ နုတ်ထွက်မည်ဆိုပါက ဥရောပသမဂ္ဂအဖွဲ့အနေဖြင့် လစ်စဘွန်းသဘောတူညီချက်ပါ အပိုဒ် ၄၂.၇ ကို အသုံးချလာနိုင်ကြောင်း ကာလန် တီရစ်ဒစ် က ဆက်ပြောသည်။

၎င်းအပိုဒ် ၄၂.၇ အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တစ်နိုင်ငံက အခြားတစ်နိုင်ငံကို အပြန်အလှန် အကူအညီ..


Webpage>>...
https://positiveanglenews.com/2025/01/08/နေတိုးမှ-အမေရိကန်-နုတ်ထွ/

VK Link>>...
https://vk.com/wall-220066330_10227

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 09:08


မြန်မာ့လေကြောင်း IOSA လက်မှတ် သက်တမ်းတိုးဆောင်ရွက်
*******************
(စီးပွားရေး) ဇန်နဝါရီ ၈

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)က ကမ္ဘာ့လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံးသတ်မှတ် ချက်တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA)၏ လုပ်ငန်းဆိုင်ရာ အရည်အသွေးစစ်ဆေးမှု အစီအစဉ် (IOSA) လက်မှတ်အား သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း MAI ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက IOSA လက်မှတ်ရရှိထားတဲ့ လေကြောင်းလိုင်းတစ်ခုအနေနဲ့ ယခုသက်တမ်းတိုး ဆောင်ရွက်မှုသည် MAI ၏ အထူးကောင်းမွန်သည့် ပျံသန်းရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်နှင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ပြသခြင်းဖြစ်ပါတယ်။

IOSA program သည် မြန်မာ့လေကြောင်းပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုဆိုင်ရာ တင်းကျပ်သည့် စစ်ဆေးအကဲဖြတ်မှုများကြောင့်....

Webpage>>...
https://positiveanglenews.com/2025/01/08/ysx-သို့-စာရင်းဝင်ကုမ္ပဏီ-၃-2/

VK Link>>...
https://vk.com/wall-220066330_10226

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 09:01


ဂရင်းလန်းနှင့် ပနားမားတူးမြောင်းကို သိမ်းပိုက်ရန် ထရမ့်က ထပ်မံခြိမ်းခြောက်
********************
(နိုင်ငံတကာ) ဇန်နဝါရီ ၈

ရွေးကောက်ခံသမ္မတ ထရမ့်သည် ဒိန်းမတ်ပိုင် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းကို သိမ်းပိုက်ရန် ထရမ့်က ထပ်မံခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။

အဆိုပါဒေသနှစ်ခုသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် အရေးပါသည်ဟုဆိုကာ ထပ်ခါတလဲလဲတောင်းဆိုနေခြင်းဖြစ်သည်။

ထရမ့်က အကြိမ်ကြိမ်ခြိမ်းခြောက်တောင်းဆိုနေသော်လည်း ဒိန်းမတ်နှင့် ပနားမား နိုင်ငံနှစ်ခုလုံးမှ ပယ်ချထားသည်။

ဒိန်းမတ်ဝန်ကြီးချုပ်က ဂရင်းလန်းသည် ဂရင်းလန်းဒေသခံများ၏အပိုင်ဖြစ်ပြီး ဒေသခံလူထုများကသာ ၎င်းတို့၏အနာဂါတ်ကို ဆုံးဖြတ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

ပနားမားတူးမြောင်သည်လည်း အမေရိကန်သမ္မတ ဂျင်မီကာတာလက်ထပ်တွင် ပနားမားသို့ တဖြည်းဖြည်းလွှဲပြောင်းခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ပနားမားက တူးမြောင်းကို....

Webpage>>...
https://positiveanglenews.com/2025/01/08/ဂရင်းလန်းနှင့်-ပနားမားတ/

VK Link>>...
https://vk.com/wall-220066330_10225

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 08:57


YSX သို့ စာရင်းဝင်ကုမ္ပဏီ ၃ ခု ထပ်မံဝင်ရောက်ရန်ရှိ
*******************
(စီးပွားရေး) ဇန်နဝါရီ ၈

အခုနှစ်မှာ ရန်ကုန်စတော့အိတ်ချိန်းက ထူထောင်ထားတဲ့ Main Board နဲ့ စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board) တို့ကိုဝင်ရောက်လာမယ့် အများပိုင်ကုမ္ပဏီ ၃ ခုခန့်ရှိတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းက သိရပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းရဲ့ Main Board မှာ အများပိုင်ကုမ္ပဏီတစ်ခု ဝင်ရောက်ဖို့ရှိနေပြီး Pre-Listing Board မှာ အများပိုင်ကုမ္ပဏီ ၂ ခု ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးမင်းသူ က ပြောကြားခဲ့ပါတယ်။

မွေးမြူရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အများပိုင်ကုမ္ပဏီတစ်ခုနဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုတို့က Pre-Listing Board မှာ ဝင်ရောက်ဖို့ .....

Webpage>>...
https://positiveanglenews.com/2025/01/08/ysx-သို့-စာရင်းဝင်ကုမ္ပဏီ-၃/

VK Link>>...
https://vk.com/wall-220066330_10224

Telegram»...
https://t.me/positiveanglenews

#PAN

PAN

08 Jan, 08:50


ဒလမြို့နယ်၊ ဇေယျသိဒ္ဓိကျောင်းတိုက်အားဇေယျသိဒ္ဓိကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံသို့ ပေးစွန့်လှူဒါန်းခြင်းအခမ်းအနားကျင်းပ
*****************
(ပြည်တွင်း) ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ဒလ - တွံတေး ကားလမ်းမကြီးဘေး၊ ဇေယျသိဒ္ဓိကျောင်းတိုက်ဝန်းရှိ ဝိမလာရာမသာသနာ့ဗိမာန်တော်၌ လယ်ပေါ်ကျောင်းတိုက်၏ ပဓာနနာယကကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလာဘိဓဇက ၎င်းပုဂ္ဂလိက ပိုင်ဆိုင်သော ဗိုလ်ရန်ပြေရပ်ကွက်ရှိ ဇေယျသိဒ္ဓိကျောင်းတိုက်အား ဇေယျသိဒ္ဓိကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံသို့ပေးစွန့်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ ၊ ဇန်နဝါရီ ၇ ရက်နေ့၊ မွန်းတည် ၁၂:၀၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားအား နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့သည်။ ဦးစွာ ဒလမြို့နယ်၊ မြို့မ (၄)ရပ်ကွက်၊ လယ်ပေါ်ကျောင်းတိုက်၏ ပဓာနနာယကကျောင်းထိုင်ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ ဝိမလာဘိဓဇ.....

သန်းဇော်ဦး ဒလ

Webpage>>...
https://positiveanglenews.com/2025/01/08/ဒလမြို့နယ်၊-ဇေယျသိဒ္ဓိက/

VK Link>>...
https://vk.com/wall-220066330_10223

Telegram»...
https://t.me/positiveanglenews

#PAN

PAN

05 Jan, 04:14


(၇၇)ကြိမ်မြောက်လွတ်လပ်ရေးနေ့အား အင်းတကော်မြို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲံ
******************
(ပြည်တွင်း) ဇန်နဝါရီ ၅

(၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊အင်းတကော်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အထိမ်းအမှတ်အခမ်းအနားအား အင်းတကော်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ ရပ်မိ/ရပ်ဖများ ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီးလွတ်လပ်ရေးနေ့ နံနက်ပိုင်းတွင် တာဝေးအပြေးပြိုင်ပွဲအားပြိုင်ပွဲဝင်ကစားသမား (၁၀၃)ဦးဖြင့် နံနက်(၆) နာရီအချိန်ခန့်က အင်းတကော်မြို့ ဘဏ္ဏာကုန်းမှစတင်၍ တာလွှတ်ခဲ့ပြီး အင်းတကော်မြို့၊အမှတ်(၅)ရပ်ကွက်၊ သာယာကုန်းဘုရားရှေ့တွင် နံနက်(၇း၄၅)အချိန်တွင် ပန်းဝင်စေခဲ့ပါသည်။

ထူးခြားမှုအနေဖြင့် ဆုရရှိသူများအနက်မှ အသက်(၉)နှစ်အရွယ်ရှိ မောင်ကောင်းခန့်ငြိမ်းသည် (၈) မိုင်အားလုံးဝအနားမယူပဲ.....

Webpage>>...
https://positiveanglenews.com/2025/01/05/၇၇ကြိမ်မြောက်လွတ်လပ်ရေ/

VK Link>>...
https://vk.com/wall-220066330_10155

Telegram»...
https://t.me/positiveanglenews

#PAN

PAN

05 Jan, 03:58


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၆၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၁ ကီလို ဖမ်းဆီးရမိ
************************
(ပြည်တွင်း)ဇန်နဝါရီ ၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလော ကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းခမ်းခုံး(ခ)အိုက်ခုံး (၄၁)နှစ်၊ (ဘ)ဦးစိုင်းဆန်ဝုန်း၊ ကွန်ဟိန်းမြို့နယ်နေသူ မောင်းနှင်ပြီး ကြာဦး(၄၂)နှစ်၊ (ဘ)ဦးဟန်သောင်း၊ ရပ်စောက်မြို့နယ်နေသူ လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၀ တုံး၊ အလေးချိန် ၉၁ ကီလို သိမ်းဆည်းရမိခဲ့သည်ဟု သိရပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူ များအား ရှမ်းပြည်နယ်.....

Webpage>>...
https://positiveanglenews.com/2025/01/05/ရှမ်းပြည်နယ်အရှေ့ပိုင-14/

VK Link>>...
https://vk.com/wall-220066330_10154

Telegram»...
https://t.me/positiveanglenews

#PAN

PAN

05 Jan, 02:37


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား တရားခံအမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးရမိ
******************
(ပြည်တွင်း) ဇန်နဝါရီ ၅

ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ကြံပစ်ခတ်မှုများ ကျူးလွန်ခဲ့သူများဖြစ်ကြသည့် ရန်နောင်ထွဋ်(ခ)လူစီဖာ(ခ)ရဲရင့်(ခ)လရောင်၊ ထွန်းနိုင်စိုး(ခ)ဘီးကျဲ၊ မိုးစက်အောင်(ခ)ကိတ်ကိတ်(ခ)တရုတ်လေး၊ အောင်နိုင်ဝင်း(ခ)ကိုဖြိုး၊ ဧပရယ်မိုးနိုင်(ခ) သီရိ(ခ) ဘေဘေ၊ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ) အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ)အငယ်လေးနှင့် မျိုးမြင့်(ခ) ခြူးလေး(ခ) ဂျိမ်းတို့ ၈ ဦးအား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် မော်တော်ယာဉ် ၂ စီး၊ လက်နက်မျိုးစုံ ၆ လက်နှင့် ခဲယမ်းများ၊ အကြမ်းဖက်ဖောက်ခွဲမှုနှင့်....

Webpage>>...
https://positiveanglenews.com/2025/01/05/ရန်ကုန်တိုင်းဒေသကြီးရှ-2/

VK Link>>...
https://vk.com/wall-220066330_10153

Telegram»...
https://t.me/positiveanglenews

#PAN

PAN

05 Jan, 02:05


ယနေ့ စက်သုံးဆီဈေးနှုန်းများ

PAN

05 Jan, 01:45


https://youtu.be/-Rg3KI8uHz0?si=3RJiPOuvFdQzIC9_

PAN

04 Jan, 23:52


စပျစ်သီးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများ
*****
(ကျန်းမာရေး)ဇန်နဝါရီ  ၅

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ စပျစ်သီးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်း ရောင်ရင့်ရင့်၊ အနီရောင်၊ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ် သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။ စပျစ်သီး အစေ့ကလည်းဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီး အစေ့က ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးက ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တို့ထက် ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။

စပျစ်သီးမှာပါတဲ့ ဓာတ်တွေ

      စပျစ်သီးမှာ ဒီလိုအာဟာရဓာတ်တွေ ပါဝင်ပါတယ် -
• ကယ်လ်လိုရီ .....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2025/01/04/စပျစ်သီးရဲ့-ကျန်းမာရေးအ/

https://t.me/positiveanglenews
#PAN

PAN

04 Jan, 23:41


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

04 Jan, 14:47


စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် အမျိုးသားအား အမည်မသိ အမျိုးသား ၅ ဦးက အဓမ္မဖမ်းဆီးသွား
*********************
(ပြည်တွင်း) ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ ၃၃×၃၄ လမ်းထောင့်ရှိ The wood စားသောက်ဆိုင်အနီး၌ အမျိုးသား ၁ ဦးအား အမည်မသိအမျိုးသား ၅ ဦးမှ အဓမ္မခေါ်ဆောင်သွားကြောင်း သိရသည်။

ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ၊ ၁၉ လမ်းရှိ "စတားပါဝါ" စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦး၊ ၄၆ နှစ်၊(ဘ)ဦးမောင်၀င်းသည် မမြတ်နိုးခင်(ခ)မိုကို၊ ၂၅ နှစ်၊ (ဘ)ဦးကျော်လွင်၊ ၆၆×၃၈(A)လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်နေသူနှင့်အတူ "The wood" စားသောက်ဆိုင်မှ စားသောက်ပြီး 5P/..... Hijet အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် "The wood" စားသောက်ဆိုင်အနီး မြို့ရှောင်လမ်းပေါ်၌ အမည်မသိ အမျိုးသား ၅ ဦးမှ ဦးထွန်းလင်းနိုင်ဦး မောင်းနင်...

Webpage>>...
https://positiveanglenews.com/2025/01/04/စက်သုံးဆီ-အရောင်းဆိုင်ပ/

VK Link>>...
https://vk.com/wall-220066330_10151

Telegram»...
https://t.me/positiveanglenews

#PAN

PAN

04 Jan, 14:32


လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဒလမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနိုင်၍ ဗညားဒလရပ်ကွက်အသင်း ပထမဆုဆွတ်ခူး
********************
(ပြည်တွင်း) ဇန်နဝါရီ ၄

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဒလမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒလမြို့နယ်၊ ဗိုလ်တေဇဘောလုံးကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ယနေ့လွတ်လပ်ရေးနေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဗညားဒလရပ်ကွက်အသင်းနှင့်ကမာကဆစ်အသင်းတို့ ယှဥ်ပြိုင်ရာ ဗညားဒလအသင်းအနိုင်၍ ပထမဆု ဆွတ်ခူးကြောင်းတွေ့ရသည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဒလမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဘုရင်နောင့်ရပ်ကွက်(ခ)အသင်း၊ အံ့ကြီးအရှေ့ရပ်ကွက်အသင်း၊ သပြေကုန်းကျေးရွာအသင်း၊ ကမာကဆစ်ရပ်ကွက်အသင်း၊ ညောင်ကုန်းရပ်ကွက်အသင်း၊ ဘုရင်နောင့်ရပ်ကွက်(က)အသင်း....

သန်းဇော်ဦး ဒလ

Webpage>>...
https://positiveanglenews.com/2025/01/04/လွတ်လပ်ရေးနေ့-အထိမ်းအမ-2/

VK Link>>...
https://vk.com/wall-220066330_10150

Telegram»...
https://t.me/positiveanglenews

#PAN

PAN

04 Jan, 14:24


ဒလမြို့နယ်၊ ဗိုလ်တေဇ အားကစားကွင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများကျင်းပ
*******************
(ပြည်တွင်း) ဇန်နဝါရီ ၄

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့၊ နံနက်ပိုင်းတွင် ဒလမြို့နယ်၊ ဗိုလ်တေဇ အားကစားကွင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများကျင်းပခဲ့ကြောင်းတွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်တေဇဘောလုံးကွင်း၌ ယနေ့၊ နံနက်ပိုင်းတွင် နယ်အားကစားနှင့် ကာယပညာကော်မတီ၏ ဦးဆောင်မှုဖြင့် ပျော်ပွဲရွှင်ပွဲများအနေဖြင့် ကျား/မ မီတာ(၁၀၀)၊ မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ဇွန်းကိုက်ပြိုင်ပွဲ၊ ဆန်ကော်ရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ နှင့်မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပ...

သန်းဇော်ဦး ဒလ

Webpage>>...
https://positiveanglenews.com/2025/01/04/ဒလမြို့နယ်၊-ဗိုလ်တေဇ-အား/

VK Link>>...
https://vk.com/wall-220066330_10149

Telegram»...
https://t.me/positiveanglenews

#PAN

PAN

03 Jan, 03:30


အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Fullerton မြို့ရှိ သိုလှောင်ရုံတစ်ခုပေါ်သို့ လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၎င်း လေယာဉ်ပျက်ကျခဲ့မှုကြောင်း ၂ ဦးသေဆုံးခဲ့ပြီး၊ ၁၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Ref: RT

PAN

03 Jan, 02:40


အကြမ်းဖက်ကိုးကန့်လက်နက်ကိုင်တွေခိုအောင်းနေတဲ့ သိန္နီမြို့က သိန္နီဟိုတယ်ကို လေကြောင်းက​နေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိန္နီဒေသခံတွေဆီက သိရပါတယ်။

#pan_broadcasting

PAN

03 Jan, 02:22


မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၀ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိ
********
(ပြည်တွင်း)ဇန်နဝါရီ  ၃

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန် မြို့နယ်၊ တာဆန်းကျေးရွာအနီးတွင် မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ စိုင်းနွံဟန်(ခ)စိုင်းနွံလျန် မောင်းနှင်ပြီး စိုင်းစံညွန့် လိုက်ပါလာသည့် VIGO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ ကြမ်းခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၄၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၂၀ တုံး၊ အလေးချိန် ၄၀ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းတို့အား သိမ်းဆည်းရမိခဲ့ ....

Webpage >>...
https://positiveanglenews.com/2025/01/03/မိုင်းပန်မြိုနယ်တွင်-င/

VK Link>>...
https://vk.com/wall-220066330_10113

Telegram»...
https://t.me/positiveanglenews

#PAN

PAN

03 Jan, 00:46


ရေသောက်ခြင်း၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ
*****
(ကျန်းမာရေး)ဇန်နဝါရီ  ၃

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ရေသောက်ခြင်း၏ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       ရေသောက်ခြင်းဟာ နေ့စဉ်ကြုံနေကျ ရိုးစင်းတဲ့အရာဖြစ်တာမို့ သိပ်ပြီးထူးထူးထွေထွေ သဘောမထားမိကြပါဘူး။ တကယ်တော့ ရေသောက်ခြင်းမှာ အကျိုးကျေးဇူးများစွာရှိကြောင်း သိပ္ပံနည်းကျ သုတေသနတွေအရ သိရှိရပါတယ်။ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်းပါဝင်ဖွဲ့စည်းထားပါတယ်။ အခြေခံဆဲလ်များအတွက် မရှိမဖြစ်တဲ့ အရာပဲဖြစ်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးသင့်ကြောင်း ဆိုထားပါတယ်။ ရေဓာတ်ကို ကိုယ်ခန္ဓာကနေ လျော့နည်းမသွားစေဘဲ နည်းမျိုးစုံနဲ့ ဖြည့်တင်းထားသင့် .....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2025/01/03/ရေသောက်ခြင်း၏-ကျန်းမာရေ/

https://t.me/positiveanglenews
#PAN

PAN

02 Jan, 23:32


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

02 Jan, 16:47


တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ
*******
(ပြည်တွင်း)ဇန်နဝါရီ  ၂

     နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိစေရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ MNDAA/ TNLA/ KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက် အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ အချို့ဒေသများသို့ ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချနိုင်ခြင်းမပြုနိုင်စေရေးအတွက် ပိတ်ဆို့တားဆီးထားရှိသော်လည်း အချို့သောဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အချို့နေရာဒေသများတွင် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများ အသုံးပြုကာ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...
https://positiveanglenews.com/2025/01/02/တရားမဝင်စက်သုံးဆီများ-သ/

https://t.me/positiveanglenews
#PAN

PAN

02 Jan, 14:47


#PAN

PAN

02 Jan, 13:49


ဒီကနေ့ ဇန်နဝါရီလ ၂  ရက်နေ့အတွက် PAN က ရရှိထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက သတင်းတွေကို တင်ဆက်ပေးပါမယ်။

- အမရပူရမြို့နယ်မှာ အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

- ရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်ကျူးလွန်သူများထဲမှ တရားခံ ၂ ဦးအား  ဖမ်းဆီးရမိ

- အဝေးပြေးယာဉ်လိုင်းများတွင် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပြီးမှသာ  တင်ဆောင်ခွင့်ရမည်

- ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများက ထိုင်းနိုင်ငံ စီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀ ထိခိုက်စေမည်

- နယူအော်လန် တိုက်ခိုက်မှုတွင် အများအပြားပါဝင်ခဲ့ကြောင်း ပြည်နယ်ရှေ့နေချုပ်ပြော

-  ဂျာမန်ပြည်သူများ ဓာတ်ငွေ့ကို ချွေတာသုံးစွဲရန် တာဝန်ရှိသူများ သတိပေး

အစရှိတဲ့ သတင်းတွေကို တစ်စုတစည်းတည်း တင်ဆက်ပေးထားပါတယ်။

#pan_broadcasting

PAN

02 Jan, 13:38


ကွန်ဆီကာအို ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ အေစီမီလန်အသင်း
*********************
(အားကစား) ဇန်နဝါရီ ၂

နည်းပြ ဖွန်ဆီကာ ကို ရာထူးကနေထုတ်ပယ်လိုက်ပြီး ချက်ခြင်းဆိုသလိုပဲ အေစီမီလန်အသင်းဟာ နည်းပြသစ်အဖြစ် ပေါ်တူဂီလူမျိုးနည်းပြ ကွန်ဆီကာအိုကို ခန့်အပ်လိုက်ပါတယ်။

အသက် ၅၀ အရွယ် ကွန်ဆီကာအိုဟာ စီးရီးအေကစားသမားအဖြစ် လာဇီယို၊ အင်တာမီလန်နဲ့ ပါးမားအသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။

ကွန်ဆီကာအိုဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ၆ နှစ်တာအတွင်း ဆုဖလား ၁၁ လုံးအထိရယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ရိုးမားအသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲအပြီး နာရီပိုင်းအကြာမှာပဲ နည်းပြ ဖွန်ဆီကာ ကို ရာထူးကနေ .....

Webpage>>...
https://positiveanglenews.com/2025/01/02/ကွန်ဆီကာအို-ကို-နည်းပြအဖ/

VK Link>>...
https://vk.com/wall-220066330_10112

Telegram»...
https://t.me/positiveanglenews

#PAN

PAN

02 Jan, 13:23


ချန်ပီယံရှစ်ကလပ် ပလိုင်းမောက် အသင်းနှင့် လမ်းခွဲလိုက်တဲ့ နည်းပြ ရွန်းနီ
*********************
(အားကစား) ဇန်နဝါရီ ၂

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းနဲ့ နည်းပြ ရွန်းနီတို့ နှစ်ဖက်သဘောတူညီချက်နဲ့ လမ်းခွဲလိုက်ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ရွန်းနီအနေနဲ့ ပလိုင်းမောက်အသင်းကို တာဝန်ယူပြီး ၇ လအကြာမှာပဲ အခုလိုလမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။

ပလိုင်းမောက်အသင်းဟာ ရွန်းနီတာဝန်ယူခဲ့တဲ့ ၂၅ ပွဲမှာ ၅ ပွဲသာ အနိုင်ရခဲ့တာဖြစ်ပြီး ဒီလိုအခြေအနေတွေ ကြောင့်ပဲ နည်းပြ ရွန်းနီနဲ့ လမ်းခွဲဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ပလိုင်းမောက်အသင်းဟာ ဒါဘီ၊ ဒီစီယူနိုက်တက်နဲ့ ဘာမင်ဟမ် အသင်းတို့ပြီးနောက် ရွန်းနီ ကိုင်တွယ်တဲ့ စတုတ္ထမြောက် ကလပ်အသင်း ဖြစ်ပါတယ်။

နည်းပြ ရွန်းနီဟာ အရင်ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာလည်း အောင်မြင်မှုမရခဲ့သလို အခုပလိုင်းမောက်အသင်းနဲ့ လမ်းခွဲလိုက်ရလို့ ရွန်းနီ ရဲ့ နည်းပြအရည်အချင်းအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ပလိုင်းမောက်အသင်း......

Webpage>>...
https://positiveanglenews.com/2025/01/02/ချန်ပီယံရှစ်ကလပ်-ပလိုင်/

VK Link>>...
https://vk.com/wall-220066330_10110

Telegram»...
https://t.me/positiveanglenews

#PAN

PAN

02 Jan, 12:58


မိုးကုတ်မှာ အကြမ်းဖက်အုပ်စုဝင် တအောင်းပလောင်လက်နက်ကိုင် TNLA က ငွေကြေးလိမ်လည်မှုတွေရှိနေတယ်လို့ သိရပါတယ်။

#pan_broadcasting

PAN

02 Jan, 01:20


မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ “ရွှေစင်အကယ်ဒမီရွှေဆိုင်”အား သေနတ်ပြခြိမ်းခြောက် လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၂ ဦးအား  ဖမ်းဆီးရမိ
********
(ပြည်တွင်း)ဇန်နဝါရီ  ၂

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊  ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီရွှေဆိုင်”၌ ရွှေဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေး(၅၂)နှစ်သည် ဆိုင်ပိတ်ပြီး ဆိုင်အတွင်း အရောင်းဝန်ထမ်းများနှင့်အတူ ရှိနေစဉ် နံပါတ်မပါ Click အနက်ရောင်ဆိုင်ကယ် ၁ စီးဖြင့် Mask များတပ်ဆင်ထားသည့် အမျိုးသား ၃ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ၁ ဦးမှာ ဆိုင်ပေါက်ဝတွင် စောင့်နေကာ ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသား ၂ ဦးမှာ ဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ပြခြိမ်းခြောက်ပြီး ကောင်တာဘေးစားပွဲပေါ်တွင်တင်ထားသော ရွှေထည် အတုံး/ဆွဲကြိုး/လက်ကောက်ထည့်ထားသည့် ပလတ်စတစ်ပုံး  ၃ ပုံးအတွင်းမှ ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...
https://positiveanglenews.com/2025/01/02/မန္တလေးတိုင်းဒေသကြီး-မဟ/

https://t.me/positiveanglenews
#PAN

PAN

02 Jan, 00:53


https://youtu.be/B3eY31ws74c?si=mg2V3lzE7U8HuuFv

PAN

02 Jan, 00:53


https://youtu.be/QLrAsX7vTxY?si=u3YpIDE3iWV93fLO

PAN

01 Jan, 23:48


ပန်းသီးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ
*****
(ကျန်းမာရေး)ဇန်နဝါရီ  ၂

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ပန်းသီးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုမှုများ အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။ ပန်းသီးဟာ နေ့စဉ်မှီဝဲစားသုံးပေးသင့်တဲ့ သစ်သီးဝလံ ၁၀ မျိုးထဲမှာပါဝင်တဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးကို နေ့စဉ်မှီဝဲတဲ့အခါမှာ မထင်မှတ်ထားလောက်အောင်ကို သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

      ပန်းသီးမှာ အရွယ်တင်နုပျိုစေပြီး ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင် ...

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2025/01/01/ပန်းသီးရဲ့-ကျန်းမာရေးအတ/

https://t.me/positiveanglenews
#PAN

PAN

01 Jan, 23:40


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

01 Jan, 15:43


အမြန်လမ်းတွင် ဘုရားဖူးယာဥ်တိမ်းမှောက်ရာမှ တစ်ဦးသေဆုံး၍ ၃၃ ဦးထိခိုက်ပြင်းထန်ဒဏ်ရာများရရှိခဲ့
*********************
(မှုခင်း) ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့နယ် အမြန်လမ်းရဲတပ်ဖွဲ့စခန်းအပိုင်တွင် ဘုရားဖူးယာဥ်တစ်စီး တိမ်းမှောက်ရာမှ လူတစ်ဦးသေဆုံးပြီး ၃၃ ဦးမှာ ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇/၀ နှင့် ၁၁၇/၁ အကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော၊ YUTONG အမျိုးစား၊ အနီရောင် Express ဘုရားဖူးယာဉ်သည် မောင်းနှင်းနေစဥ် ယာဥ်မောင်းအိပ်ငိုက်ကာ လမ်းဘေးတွင် ကာရံထားသော ဘယ်ရီယာတုံးများအားဝင်ရောက်တိုက်မိခဲ့ပြီး တိမ်းမှောက်ရပ်တန့်သွားခဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင်ပါရှိသော ယာဉ်မောင်းအပါ ကျား/မ/ကလေး စုစုပေါင်း(၄၅)ဦးအနက်မှ မ(၁)ဦးသေဆုံးခဲ့ပြီး ကျား(၁၀)ဦး၊ မ(၂၁)ဦး......

Webpage>>...
https://positiveanglenews.com/2025/01/01/အမြန်လမ်းတွင်-ဘုရားဖူးယ/

VK Link>>...
https://vk.com/wall-220066330_10093

Telegram»...
https://t.me/positiveanglenews

#PAN

PAN

01 Jan, 15:21


ဗန်းမော်နဲ့ မံစီမြို့နယ်အတွင်းက ရှမ်းတိုင်းရင်းသား လူငယ်တွေကို KIA က တပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးနေ

#pan_broadcasting

PAN

01 Jan, 14:02


တစ်နှစ်အတွင်းမှာ ချင်းလက်နက်ကိုင်သောင်းကျန်းသူ ၁၀၀ ကျော် သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရထားတယ်လို့ ချင်းလက်နက်ကိုင်တွေက ပြောပါတယ်။

#pan_broadcasting

PAN

01 Jan, 13:59


ပဲခူးမြို့ ကလိကျေးရွာတွင် နှစ်သစ်ကူးပွဲကျင်းပနေစဥ် စကားများခိုက်ရန်ဖြစ်ပွါးရာမှ လူသေဆုံး
*********************
(မှုခင်း) ဇန်နဝါရီ ၁

နှစ်သစ်ကူးပွဲတော်အား မိသားစုနှင့်အတူဆင်နွဲကျင်းပပြုလုပ်နေစဥ် တစ်ရွာတည်းနေသူမှရောက်ရှိလာပြီး အရက်သေစာမူးယစ်သောက်စားကာ လူသေသည့်အထိကိုယ်ထိလက်ရောက် ပြစ်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ ကြည်တော်ကုန်း(၅)လမ်း၊ နန်းတော်ရာရပ်ကွက်နေ ကိုလင်းသည် ဇနီးဖြစ်သူနှင့်အတူ မိဘများရှိရာ ကလိကျေးရွာသို့ နှစ်သစ်ကူးပွဲကျင်းပရန်အတွက် သွားရောက်ခဲ့ပြီး ဖခင်ဖြစ်သူဦးအေးနိုင်နှင့် ညီဖြစ်သူ ကျော်သူရတို့နှင့်အတူ ခြံဝန်းအတွင်း၌ နှစ်သစ်ကူးပွဲအား ကျင်းပပြုလုပ်နေစဥ် တစ်ရွာတည်းနေ နေလင်းအောင်မှ အရက်မူးကာ ဝင်ရောက်လာခဲ့ပြီး ကချင်တယ်သီချင်းဖွင့်ပေးဟုပြောသောကြောင့် ဖွင့်ပေးခဲ့ရာ သီချင်းတစ်ပုဒ်ပြီးသည့် အချိန်တွင် ပြန်ခိုင်းရာ နေလင်းအောင်မှ "မင်းတို့ကငါ့ကိုနှင်ထုတ်တာလား".......

Webpage>>...
https://positiveanglenews.com/2025/01/01/ပဲခူးမြို့-ကလိကျေးရွာတွ/

VK Link>>...
https://vk.com/wall-220066330_10092

Telegram»...
https://t.me/positiveanglenews

#PAN

PAN

01 Jan, 13:19


မြစ်သားမြို့နယ်တွင် သာမန်ပြည်သူနှစ်ဦးအား အကြမ်း ဖက် PDF များက သတ်ဖြတ်
*********************
(ပြည်တွင်း) ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်၊ ဝက်ထိန်းကျေးရွာသို့ အကြမ်းဖက် PDF ၄ ဦး ဆိုင်ကယ် ၂ စီးဖြင့် ဝင်ရောက်လာပြီး ဝက်ထိန်းကျေးရွာမှ အရပ်သားသာမန်ပြည်သူ နှစ်ဦးအား သတ်​ဖြတ်သွားကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ဝက်ထိန်ကျေးရွာမှ ဦးတင်မောင်မြင့်၊ ၅၅ နှစ်၊(ဘ)ဦးနီနှင့် ဦးတင်မျိုးလွင်၊ ၄၀ နှစ်၊(ဘ)ဦးကျော်ဌေးတို့၏ နေအိမ်များသို့ အကြမ်းဖက် PDF ၄ ဦးမှ ၂ ဦးစီ အဖွဲ့ ၂ ဖွဲ့ခွဲ၍ ဝင်ရောက်၍ သေနတ်အတိုဖြင့် ပစ်ခတ်၊ ဓါးဖြင့်ထိုးခုတ်ခဲ့ရာ ဦးတင်မောင်မြင့်တွင် ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲဘက်လက်မောင်း ကျည်ဖောက်ဝင် ဒဏ် ရာ ၂ ချက်၊ဝဲ-နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖမိုး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဒူးအောက် ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း ဦးတင်မျိုးလွင်တွင် ဝဲဘက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်.....

Webpage>>...
https://positiveanglenews.com/2025/01/01/မြစ်သားမြို့နယ်တွင်-သာမ/

VK Link>>...
https://vk.com/wall-220066330_10091

Telegram»...
https://t.me/positiveanglenews

#PAN

PAN

01 Jan, 13:14


အကြမ်းဖက်အဖွဲ့များမှ ပဲခင်းအတွင်း မိုင်းထောင်ထားခဲ့ရာ အိန္ဒိယနွယ်ဖွား ဟိန္ဒူအမျိုးသား လယ်ပိုင်ရှင်ဆေးဖျန်းရာမှနင်းမိပေါက်ကွဲခဲ့
********************
(ပြည်တွင်း) ဇန်ဝါရီ ၁

ဒေသခံတောင်သူများ၏ စိုက်ပျိုးလယ်ယာမြေအတွင်း အကြမ်းဖက်သောင်းကျန်းသူ KNU+PDF အဖွဲ့များမှစည်းကမ်းမဲ့စွာ မိုင်းထောင်ထားခဲ့ရာမှ ပိုးသတ်ဆေးဖျန်းရန် မိမိလယ်ယာမြေအတွင်းသွားရောက်ခဲ့သူ အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင်အမျိုးသားတစ်ဦး မိုင်းနင်းမိရာမှပေါက်ကွဲပြီး အသက်အန္တရာယ်(စိုးရိမ်ရ) ထိခိုက်ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်းဒေသခံများထံမှသိရသည်။

ဖြစ်စဥ်မှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၀ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ် ၊ ကျောက်တံခါးမြို့၏အရှေ့ဘက် ၂ မိုင်ခန့်အကွာ သမင်အင်းကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာနေ ဦးစိနယ်ဒါန်း(၄၈)နှစ်၊ လယ်ယာလုပ်ကိုင်သူသည် ဇီးကုန်းကျေးရွာ၏အရှေ့ဘက်ရှိ လယ်ကွက်ထဲသို့ ပိုးသတ်ဆေးဖျန်းရန်သွားခဲ့ရာ.....

Webpage>>...
https://positiveanglenews.com/2025/01/01/အကြမ်းဖက်အဖွဲ့များမှ-ပဲ/

VK Link>>...
https://vk.com/wall-220066330_10090

Telegram»...
https://t.me/positiveanglenews

#PAN

PAN

01 Jan, 07:51


မာရေးနှင့် လက်တွဲအလုပ်ရသည်မှာ အဆင်ပြေဟု ဂျိုကိုဗစ်ပြော

(အားကစား) ဇန်ဝါရီ ၁

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် က ဗြိတိန် အဆင့် ၁ တင်းနစ်အားကစား ဖြစ်ခဲ့ဖူးတဲ့ အင်ဒီမာရေးနဲ့ အတူလက်တွဲအလုပ်လုပ်ရတာက စိတ်ကျေနပ်စရာကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကမှ ကစားသမားဘဝကနေ အနားယူထားတဲ့ မာရေးကို နည်းပြအဖြစ် ဂျိုကိုဗစ်က ခန့်အပ်ထားခဲ့ဖြစ်ပြီး ဂျိုကိုဗစ် ဟာ လာမယ့်တစ်ပတ်ထဲ ကျင်းပမယ့် ဘရစ္စဘိန်း နိုင်ငံတကာပြိုင်ပွဲ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။

အင်ဒီမားရေး က ကစားသမားဘဝကနေ အနားယူထားတာ မကြာသေးတာကြောင့် လက်ရှိ တင်း‌နစ် ကစားသမားတွေရဲ့ အားသာချက် အားနည်းချက်တွေကို သိရှိနေပြီး ပြိုင်ပွဲအတွက်ပြင်ဆင်ရာမှာ ပိုပြီး ပြည့်စုံစေ တယ်လို့ ဂျိုကိုဗစ်က ပြောသွားခဲ့ပါတယ်။ ဂျိုကိုဗစ် ဟာ အခုနှစ် တင်းနစ်ရာသီမှာ စွမ်းဆောင်ရည် ကျဆင်းခဲ့ပြီး နောက် ကမ္ဘာ့အဆင့် ၇ အထိ ရောက်သွားခဲ့ပါတယ်။

လာမယ့် တင်းနစ်ရာသီမှာတော့ နိုင်ပွဲတွေနဲ့အတူ ကမ္ဘာ့ အဆင့်မှာ ပြန်လည် တိုးတက်လာဖို့ကို မျှော်လင့်နေပြီး ဘရစ္စဘိန်းပြိုင်ပွဲ ၃၂ ဦးအဆင့်ပွဲစဉ်အဖြစ်...

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/01/မာရေးနှင့်-လက်တွဲအလုပ်ရ/

#PAN

PAN

01 Jan, 06:39


မော်တော်ယာဉ်များအားလုံးယာဉ်စစ်ဆေးပြီးမှ မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာ

(ပြည်တွင်း) ဇန်နဝါရီ ၁

မှတ်ပုံတင်ထားတဲ့ ယာဉ်များအနက် Road Safety အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင် ယာဉ်များကို စစ်ဆေးခြင်းနှင့် အကျုံးဝင်တဲ့ ယာဉ်များ၊ Taxi အငှားယာဉ်များ၊ School Bus ယာဉ်များနှင့် နှစ်တန်နဲ့ အထက် အငှားယာဉ်များကို ယာဉ်စစ်ဆေးပြီးမှသာ သက်တမ်းတိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ကုန်လမ်း သယ်ယူပို့ဆောင်ရေးဦးစီးဌာနက ကြေညာထားပါတယ်။

ယခုအခါ ယာဉ်များကြံ့ခိုင်မှု ကောင်းမွန်စေရေးနှင့် အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ် ကင်းစွာ သွားလာနိုင်ရေးအတွက် မှတ်ပုံတင် မော်တော်ယာဉ်များ အားလုံးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ယာဉ်သက်တမ်းတိုးခြင်း အပါအဝင် ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများအတွက် ယာဉ်စစ်ဆေးပြီးမှသာ..

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2025/01/01/မော်တော်ယာဉ်များအားလုံ-3/

#PAN

PAN

28 Dec, 08:23


ရွှေကြို နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသွားမည်

(ပြည်တွင်း) ဒီဇင်ဘာ ၂၈

၂၀၂၄ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များ နောက်ဆုံးအဆင့်ရွေးချယ်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။

အဆိုပါ ရွှေကြိုမောင်မယ်များ ပဏာမလူတွေ့စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၁၅ ရက်က ပြုလုပ်ခဲ့ပြီး လာရောက်ရွေးချယ်ခံကြသည့် မောင်မယ်ဦးရေ ၂၀၀ ကျော်အနက် ဦးရေ ၉၀ ကျော်ကို ပထမအဆင့်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် မောင်မယ်ဦးရေ ၅၅ ဦးကို ဒုတိယအဆင့်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအဆင့် ၅၅ ဦးမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဇန်နဝါရီလ ၅ ရက်မှာ မောင်မယ်ဦးရေ ၂၀ ကို အပြီးသတ်ရွေးချယ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ ရွှေကြိုမောင်မယ်များအနေနဲ့ TikTok တွင် Trend ဖြစ်သည့် အကြောင်းအရာများအနက် မိမိနှစ်သက်ရာ အကြောင်းအရာတစ်ခုကို ရွေးချယ်ရိုက်ကူးထားသော TikTok Video ကို ရွှေကြိုရွေးချယ်ရေးအဖွဲ့၏ Telegram သို့ ပေးပို့ရမှာဖြစ်ပြီး၊ ကျပန်းဇာတ်...

သတင်းအပြည့်အစုံဖတ်ရန် -

#PAN

PAN

28 Dec, 05:26


စားအုန်းဆီတင်သွင်းမှု ၃ဝ ရာခိုင်နှုန်းအတွက် တစ်ဒေါ်လာလျှင် ၂,၁ဝဝ ကျပ်ဖြင့် ဗဟိုဘဏ်မှ ရောင်းချပေး
********************************
(စီးပွားရေး) ဒီဇင်ဘာ ၂၈

ပြည်ပနိုင်ငံမှ စားအုန်းဆီတင်သွင်းရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေး သည့် ပမာဏ၏ ၃ဝ ရာခိုင်နှုန်းအတွက် အမေရိကန် တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နှုန်းဖြင့် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေ များ ထုတ်ရောင်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (MEODA) သိရပါတယ်။

လက်ရှိမှာ MEODA အနေဖြင့် စားအုန်းဆီကို ရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းထက် ပိုမရောင်းရန်နှင့် ဝေးလံသည့် ဒေသများမှာ အဆင့်ဆင့်အမြတ်တင်ရာတွင် ၁ဝ ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်းဖြင့်သာရောင်းချရန် အသင်းဝင်ကုမ္ပဏီ များနှင့် စားသုံးဆီကိုယ်စားလှယ်များကို အသိပေးထားပါတယ်။

စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်မှုကော်မတီက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့....

Webpage>>...
https://positiveanglenews.com/2024/12/28/စားအုန်းဆီတင်သွင်းမှု-၃/

VK Link>>...
https://vk.com/wall-220066330_10023

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Dec, 05:18


မကွေးတိုင်းဒေသကြီးအတွင်းရှိ CP ကုမ္ပဏီနှင့် ဆက်သွယ်ရှိ ကြက်မွေးမြူးရေးလုပ်ငန်းများ ဆောင်ရွက်လာ
********************************
(စီးပွားရေး) ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတွေမှာ စိုက်ပျိုးရေးနဲ့အတူ CP ကြက်တွေကို ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး မွေးမြူ လာကြတယ်လို့ မကွေးမြို့နယ်က ကြက်မွေးမြူရေးလုပ်ကိုင်သူတွေထံက သိရပါတယ်။

အရင်ကတစ်နိုင်တစ်ပိုင် CP ကြက်မွေးမြူရေးကို ကိုယ်ပိုင်လုပ်ကိုင်ခဲ့ကြပေမဲ့ ရောဂါကျရောက်မှု၊ စျေးကွက် အပြောင်းအလဲနဲ့ ကြက်စာစျေးမြင့်တက်မှု အခက်အခဲတွေကြောင့် အရှုံးပေါ်တာများလို့ အခုလိုကုမ္ပဏီတွေနဲ့ ချိတ်ဆက်မွေးမြူလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီနဲ့ချိတ်ဆက်မွေးမြူရာမှာ ကြက်ခြံငှားခ၊ အလုပ်သမားခ စတဲ့ ဝင်ငွေ ရရှိကြပြီး ကြက်တစ်သုတ်ကို ၄၅ ရက်ဝန်းကျင် မွေးမြူရကာ တစ်နှစ်ကို ၅ သုတ်ခွဲလောက် မွေးရတယ်လို့ သိရပါတယ်။

ကုမ္ပဏီနဲ့ချိတ်ဆက်မွေး မြူရာမှာ အဆင်ပြေမှုရှိပြီး ကြက်တစ်သုတ်မွေးမယ်ဆိုရင်....

Webpage>>...
https://positiveanglenews.com/2024/12/28/မကွေးတိုင်းဒေသကြီးအတွင-7/

VK Link>>...
https://vk.com/wall-220066330_10022

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Dec, 03:05


ယနေ့ စက်သုံးဆီဈေးနှုန်းများ

PAN

27 Dec, 23:48


ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆ ကီလို ဖမ်းဆီးရမိ
********
(ပြည်တွင်း)ဒီဇင်ဘာ ၂၈

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပဲခူးမြို့၊ ရပ်ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်း လိုက်ပါလာသည့် TOYOTA DYNA မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်တွင် သံတို/သံစများဖြင့် ဖုံးအုပ်တင်ဆောင်လာသည့် သံသေတ္တာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...
https://positiveanglenews.com/2024/12/26/ပုဂံရှေးဟောင်း-ယဉ်ကျေး-2/

https://t.me/positiveanglenews
#PAN

PAN

27 Dec, 23:35


Vitamin K အကြောင်းသိကောင်းစရာ
******
(ကျန်းမာရေး)ဒီဇင်ဘာ  ၂၈

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin K အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဗီတာမင် K ဆိုတာဘာလဲ

       ဗီတာမင် K ဟာ ဗီတာမင် K 1 နဲ့ K 2 ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဗီတာမင် K 1 အပင်တွေကရတဲ့ အစားအစာတွေမှာ တွေ့ရပြီး ဗီတာမင် K 2 ကိုတော့ တိရိစ္ဆာန်တွေကရတဲ့ အစားအစာတွေနဲ့ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေက ရနိုင်ပါတယ်။ ဗီတာမင် K ဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ သွေးခဲမှုဖြစ်စဉ်တွေကို ထိန်းချုပ်ဖို့အတွက် မရှိမဖြစ် လိုအပ်သော Nutrients တစ်မျိုး ဖြစ်ပါတယ်။ အူမကြီးအတွင်းရှိ ဘက်တီးရီးယားများက ဤဗီတာမင်ကို ထုတ်လုပ်ပေးနိုင်သောကြောင့် ၎င်းချို့တဲ့ခြင်း ရှားပါးပါသည်။

ဗီတာမင် K ရဲ့ အကျိုးကျေးဇူးက ဘာတွေလဲ

       ဗီတာမင် K1 က coagulation ဆိုတဲ့ သွေးခဲခြင်းကို ထောက်ပံ့ပေးတဲ့အထဲမှာပါဝင်တယ်။ ဗီတာမင် K2 က .....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/12/27/vitamin-k-အကြောင်းသိကောင်းစရာ/

https://t.me/positiveanglenews
#PAN

PAN

27 Dec, 23:25


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

27 Dec, 15:09


လမ်းလျှောက်နေသည့် အမျိုးသမီးအား ဘောက်ကားအဝါရောင်တစ်စီးမှ ဝင်တိုက်သဖြင့် သေဆုံး
********************************
(မှုခင်း) ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီး၊ အိုးအိမ်မှတ်တိုင်နှင့် ညောင်ပင်မှတ်တိုင်ကြားတွင် ယနေ့ညနေ ၆ နာရီအချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယောင်္ကျားစိတ်ပေါက်နေဟန်ရှိသော အမျိုးသမီးတစ်ဦးသည် အမှတ်(၃)လမ်းဆုံဘက်သို့ လမ်းလယ်မှနေ၍ လမ်းလျောက်နေစဉ် ပုလဲဘက်မှ အမှတ်(၃)လမ်းဆုံဘက်သို့ ဦးတည်မောင်းနှင်သွားသော ၁၀ ပေခန့်ရှိ ဘောက်ကားအဝါရောင်တစ်စီးမှ တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တိုက်ခံရသူမှာ အသက် ၂၅ နှစ်ခန့်အရွယ် အမျိုးသမီးဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ရပြီး သေဆုံးသူရုပ်အလောင်းအား ပုလဲအရံမီးသတ်တပ်ဖွဲ့ကားဖြင့်....

Webpage>>...
https://positiveanglenews.com/2024/12/27/လမ်းလျှောက်နေသည့်-အမျို/

VK Link>>...
https://vk.com/wall-220066330_10020

Telegram»...
https://t.me/positiveanglenews

#PAN

PAN

27 Dec, 14:58


အကြမ်းဖက်သမား ၂ ဦးက အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဆိုင်ပိုင်ရှင် သားအဖ ၂ ဦးအား လုယက်သတ်ဖြတ်
*********************
(ပြည်တွင်း) ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြအိုကျွန်းကျေးရွာရှိ "အောင်သိုက်ဦး" အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် သားအဖ ၂ ဦးအား ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က လုယက်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကြအိုကျွန်းကျေးရွာရှိ "အောင်သိုက်ဦး" အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုဇေယျာထွန်း(ခ)အောင်သိုက်ဦးနှင့် ဦးနေလင်းဆိုသူတို့ဖြစ်ပြီး၊ မဇင်ဝေလင်း၊ အသက် ၃၃ နှစ်၊ (ဘ)ဦးနေလင်း သည် ခင်ပွန်းဖြစ်သူ ကိုဇေယျာထွန်း(ခ)အောင်သိုက်ဦး၊ အသက် ၄၀ နှစ်၊ (ဘ)ဦးမြင့်သိန်း နှင့် ဖခင်ဖြစ်သူ ဦးနေလင်း၊ အသက် ၆၀ နှစ်၊(ဘ)ဦးတင်တို့နှင့်အတူ ဆိုင်တွင်ရှိနေစဉ် အမည်မသိ အကြမ်းဖက်သမား ၂ ဦးမှ မျက်နှာတွင်အဝတ်များစီး၍ သေနတ်အရှည် ၂ လက် ကိုင်ဆောင်ကာ.....

Webpage>>...
https://positiveanglenews.com/2024/12/27/အကြမ်းဖက်သမား-၂-ဦးက-အိမ်/

VK Link>>...
https://vk.com/wall-220066330_10019

Telegram»...
https://t.me/positiveanglenews

#PAN

PAN

27 Dec, 13:18


ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့အတွက် PAN က ရရှိထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက သတင်းတွေကို တင်ဆက်ပေးပါမယ်။

- နေပြည်တော်အတွင်းက လယ်ယာမြေတွေပေါ်က ကျူးတွေကို ရှင်းလင်းမယ်

- ရမည်းသင်းက ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

- ဝန်ဆောင်မှုကောင်းတဲ့ ယာဉ်မောင်းတွေကို ပြည်သူက ရွေးချယ်ကာ YBS ယာဉ်မောင်းဆု ချီးမြှင့်မယ်

- လာမယ့်နှစ်ကစပြီး ကလေးငယ်တွေကို ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဥ်ကို မယ်

- တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို သံဃာ ၄၆၂ ပါးဝင်ရောက်ဖြေဆို

- ဝါးအလယ်ကျွန်းကို နိုင်ငံခြားသားခရီးသွား အများအပြား လာရောက်လည်ပတ်

- ဘောက်ဆူးပေးတာနည်းလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပီဇာပို့သူက ဓားနဲ့ ၁၄ ချက်ထိုး

- ရုရှားနိုင်ငံက ယူကရိန်းပဋိပက္ခကို ထရမ့်နဲ့ ဆွေးနွေးဖို့ အသင့်ရှိလို့ ဆို

- တရုတ်က ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အား ပမာဏ သုံးဆပိုထုတ်နိုင်မယ့် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မယ်

- ကျောင်းသားတွေ ကျောင်းကို အမြန်ဆုံးပြန်ဝင်ကြဖို့ေ အမေရိကန်တက္ကသိုလ်တွေ တိုက်တွန်း

- အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန် အစရှိတဲ့ သတင်းတွေကို တစ်စုတစည်းတည်း တင်ဆက်ပေးထားပါတယ်။

#pan_broadcasting

PAN

27 Dec, 09:37


ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပီဇာပို့သူက ဓားနှင့် ၁၄ ချက်ထိုး
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအား ပီဇာပို့သူက ဓားနှင့် ၁၄ ချက်ထိုးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပီဇာပို့ဆောင်သည့်အမျိုးသမီးသည် ဘောက်ဆူး ၂ ဒေါ်လာသာပေးသည့်အတွက် မကျေမနပ်ဖြစ်ပွားကာ ယခုလိုလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

တရားခံသည် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအား ဓားဖြင့် ၁၄ ချက်အထိ ထိုးခဲ့ခြင်းကြောင့် နယ်မြေခံဆေးရုံကို တင်ပို့ခဲ့ရသည်။

ကိုယ်ဝန်ဆောင်သည်အမျိုးသမီးသည် အဆုတ်ပေါက်ပြဲခဲ့သည့်အပြင် ဝမ်းဗိုက်၊ လက်၊ ခြေထောက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများစွာရခဲ့သည့်အတွက် အရေးပေါ်ခွဲစိတ်ကုသမှုခံယူနေရကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သည့် ပီဇာပို့ဆောင်သူအမျိုးသမီးအား သတ်ဖြတ်ရန်ကြိုးပမ်းမှုအပါအဝင် အမှုပေါင်းများစွာဖြင့် ဖမ်းဆီးထားကြောင်း....

Webpage>>...
https://positiveanglenews.com/2024/12/27/ကိုယ်ဝန်ဆောင်အမျိုးသမီ/

VK Link>>...
https://vk.com/wall-220066330_10016

Telegram»...
https://t.me/positiveanglenews

#PAN

PAN

27 Dec, 09:20


ရုရှားနိုင်ငံက ယူကရိန်းပဋိပက္ခကို ထရမ့်နှင့်ဆွေးနွေးရန် အသင့်ရှိဟုဆို
**********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇

ရုရှားအစိုးရအနေဖြင့် ယူကရိန်းပဋိပက္ခကို မကြာမီ အမေရိကန်သမ္မတအဖြစ် တာဝန်ယူမည့် ဒေါ်နယ် ထရမ့်နှင့် တွေ့ဆုံဆွေးနွေးသွားရန် အသင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က ဒီဇင်ဘာလ ၂၆ ရက်တွင် ပြောသည်။

ထို့ပြင် ထရမ့်၏ ရုရှားနှင့်ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကိပ်ကဲလော့ ပါဝင်သော အဖွဲ့အနေဖြင့် ယူကရိန်းပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းဇာစ်မြစ်ကို သိရှိပြီး ဖြေရှင်းနိုင်မည်ဟု ရုရှားအစိုးရ က မျှော်လင့်ကြောင်း နှစ်ကုန်သတင်းစာရှင်းလင်းပွဲ၌ လက်ရော့က ပြောထားခြင်း ဖြစ်သည်။

ထို့အတူ ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းပဋိပက္ခအဆုံးသတ် နိုင်စေရေးအတွက် ဆွေးနွေး လုပ်ဆောင်ရန် လမ်းဖွင့်ပေးထားကြောင်း၊ သို့သော် အဓိပ္ပါယ်ရှိပြီး ပြဿနာ၏ ဇာစ်မြစ်ကို ဖြေရှင်းနိုင်သည့် ဆွေးနွေးမှုများကိုသာ လက်ခံနိုင်မည်ဖြစ်ကြောင်း....

Webpage>>...
https://positiveanglenews.com/2024/12/27/ရုရှားနိုင်ငံက-ယူကရိန်း/

VK Link>>...
https://vk.com/wall-220066330_10011

Telegram»...
https://t.me/positiveanglenews

#PAN

PAN

27 Dec, 08:42


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကို ၅ ဦးသို့မဟုတ် ၅ ဦးထက်ပိုမစုဝေးရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်းသိရသည်။

#PAN

PAN

27 Dec, 08:38


ကျောင်းသားများ ကျောင်းသို့ အမြန်ပြန်ဝင်ရန် အမေရိကန်တက္ကသိုလ်များ တိုက်တွန်း
********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇

သဘောထားတင်းမာသည့် သမ္မတထရမ် ကျမ်းကျိန်ပွဲမတိုင်မှီ ကျောင်းဝင်းအတွင်း အမြန်ပြန်ဝင်ကြရန် အမေရိကန်ရှိ တက္ကသိုလ်များက တိုက်တွန်းလျက်ရှိသည်။

နိုင်ငံတကာမှ ကျောင်းတက်ရန်ရောက်ရှိနေသည့် ကျောင်းသားများသည် ဆောင်းရာသီအားလပ်ရက်များ သွားလာနေကြခြင်းကြောင့် ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်။

ရွေးကောက်ခံသမ္မတထရမ့်သည် အမေရိကန်နိုင်ငံအတွင်းသို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသူများအား တင်းကြပ်သည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများ ကျင့်သုံးမည်ဟု ကတိပြုထားသည်။

နိုင်ငံတကာ ကျောင်းသားများအတွက် ကြောက်စရာကောင်းသည့် အချိန်ဖြစ်ကြောင်း နယူးယောက်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံပညာသင်ကြားနေသည့် အိန္ဒိယ ကျောင်းသူတစ်ဦးကဆိုသည်။

ရွေးကောက်ခံသမ္မတ ထရမ့်သည် လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန်သမ္မတအဖြစ်....

Webpage>>...
https://positiveanglenews.com/2024/12/27/ကျောင်းသားများ-ကျောင်းသ/

VK Link>>...
https://vk.com/wall-220066330_10014

Telegram»...
https://t.me/positiveanglenews

#PAN

PAN

27 Dec, 08:32


အစ္စရေးအမျိုးသမီးတစ်ဦး အကြမ်းဖက်တိုက်ခိုက်ခံရ
*********************
(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇

အစ္စရေးနိုင်ငံ Herzliya မြို့လယ်တွင် အစ္စရေး သက်ကြီးရွယ်အိုအရွယ် အမျိုးသမီးတစ်ဦး အကြမ်းဖက်တိုက်ခိုက်ခံရကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးကြီးအား Herzliya မြို့လယ်ရှိ Kdoshei Hashoah လမ်းတွင် အကြမ်းဖက်သမားတစ်ဦးက ဓားဖြင့် ထိုးခုတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသအာဏာပိုင်များကဆိုသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိနေပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးများလုပ်ဆောင်နေကြောင်းသိရသည်။

နစ်နာသူအမျိုးသမီးကြီးသည် အလွန်ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးတပ်ဖွဲ့များ ကြိုးပမ်းနေကြောင်းသိရသည်။

အကြမ်းဖက်မှုကျူလွန်သူအားဖမ်းဆီးထားပြီ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း......

Webpage>>...
https://positiveanglenews.com/2024/12/27/အစ္စရေးအမျိုးသမီးတစ်ဦး/

VK Link>>...
https://vk.com/wall-220066330_10013

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 14:46


ကွမ်ဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူအသင်း
***********************
(အားကစား) နိုဝင်ဘာ ၂၀

မန်ယူအသင်းက စပို့တင်း အသင်းရဲ့ တိုက်စစ်မှူး ကွမ်ဒါ ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိတယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ကွမ်ဒါ ဟာ စပို့တင်းအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသလျက်ရှိပြီး အသင်းအတွက် ၁၇ ပွဲကစား သွင်းဂိုး ၂ ဂိုးအထိ သွင်းယူထားခဲ့ပါတယ်။

ဒါကြောင့် မန်ယူအသင်းက ကွမ်ဒါ ကိုခေါ်ယူဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ စပို့တင်းအသင်း က ကွမ်ဒါ အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချဖွယ်ရှိနေတာကြောင့် မန်ယူအသင်းအနေနဲ့ လာမယ့်ဆောင်းရာသီဈေးကွက်မှာ ကွမ်ဒါ ကို ခေါ်ယူနိုင်မလားဆိုတာ.....

Webpage >>...
https://positiveanglenews.com/2024/11/20/ကွမ်ဒါကို-ခေါ်ယူဖို့-စိတ/

VK Link>>...
https://vk.com/wall-220066330_9349

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 14:34


ဖွဲ့စည်းပုံအခြေခံဥပဒေြပင်ဆင်ရေးအပါအဝင် မကြာခင်ပြုလုပ်သွားမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီ ၅၀ ကျော် အစည်းအဝေးပြုလုပ်သွားဖို့ရှိနေပါတယ်။

#pan_broadcasting

PAN

20 Nov, 14:30


မန်ယူအသင်းနှင့် ပထမဆုံး လေ့ကျင့်ရေးစတင်ခဲ့ပြီ ဖြစ်တဲ့ အမိုရင်
***********************
(အားကစား) နိုဝင်ဘာ ၂၀

မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ အမိုရင်ဟာ ဗီဇာရရှိပြီးနောက် နိုဝင်ဘာလ ၁၈ ရက်က အသင်းနဲ့အတူ လေ့ကျင့်ရေးကို ပထမဆုံးစတင်ပြုလုပ်ခဲ့ပါတယ်။ အမိုရင် က နည်းပြ တန်ဟတ် ထွက်ခွာပြီးနောက် မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကတည်းက မန်ယူအသင်းကို ရောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေ့ကျင့်ရေးက နိုင်ငံပွဲစဉ်တွေ ကစားနေရချိန်မှာ ပြုလုပ်ခဲ့တာကြောင့် အသင်းရဲ့အဓိက ကစားသမား အများစု မပါဝင်နိုင်ခဲ့ကြပေမယ့် ရက်ဖို့ဒ် နဲ့ ကတ်စမဲရိုး တို့ ပါဝင်ခဲ့ကြပါတယ်။

မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရတာက ဂုဏ်ယူစရာဖြစ်သလို မန်ယူအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူရတော့မယ့်အပေါ် စိတ်လှုပ်ရှား မိတယ်လို့လည်း အမိုရင် က မန်ယူအသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အမိုရင် ဟာ မန်ယူအသင်း နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ်....

Webpage >>...
https://positiveanglenews.com/2024/11/20/မန်ယူအသင်းနှင့်-ပထမဆုံး/

VK Link>>...
https://vk.com/wall-220066330_9348

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 14:16


တတိယအကြိမ်မြောက် လေးချီအလဲထိုးစနစ်နဲ့ မျိုးဆက်သစ် မြန်မာ့‌ဘောက်ဆင်ပြိုင်ပွဲကျင်းပမည်
***********************
(အားကစား) နိုဝင်ဘာ ၂၀

Myanmar Boxing Commission က ကြီးမှူးကျင်းပမည့် တတိယအကြိမ်မြောက် မျိုးဆက်သစ် မြန်မာ့‌ဘောက်ဆင်ပြိုင်ပွဲမှာ လေးချီအလဲထိုးစနစ်ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်ရန် ကနဦးစီစဉ်ထားပြီး၊ မျိုးဆက်သစ်တွဲဆိုင်း ၆ ဆိုင်းပါဝင်မည်ဖြစ်ကာ ဝိတ်တန်း သုံးတန်း သတ်မှတ်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။

သတ်မှတ်ဝိတ်တန်းများအရ ၅၀ ဒသမ ၈ ကီလို၊ ၅၇ ဒသမ ၁၅ ကီလိုနှင့် ၅၉ ကီလိုတန်းများ ထည့်သွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ မျိုးဆက်သစ် ကစားသမားများ လျှောက်လွှာတင်ရာမှာ အရည်အချင်း သတ်မှတ်ချက်အနေနဲ့ Gym (သို့မဟုတ်) Club တစ်ခုခုမှာ အနည်းဆုံး တစ်နှစ်ကစားနေပြီး ပွဲအတွေ့အကြုံ အနည်းငယ်ရှိရမည်ဖြစ်ကာ Gym (သို့မဟုတ်) Club ၏ နည်းပြထံမှ ထောက်ခံချက်ပါရှိရမှာ....

Webpage >>...
https://positiveanglenews.com/2024/11/20/တတိယအကြိမ်မြောက်-လေးချီ/

VK Link>>...
https://vk.com/wall-220066330_9347

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 13:31


တရုတ်က ထရမ့်လက်ထက် တောင်တရုတ်ပင်လယ်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် အကောင်းဆုံး ပြင်ဆင်ထားသည်ဟု ပြော
*********************
(နိုင်ငံတကာ) နိုဝင်ဘာ ၂၀

အမေရိကန်နိုင်ငံ၏ သမ္မတတာဝန်ကို ထပ်မံထမ်းဆောင်မည့် ဒေါ်နယ်ထရမ့်လက်ထက်တွင်လည်း တောင်တရုတ်ပင်လယ်ပဋိပက္ခသည် ဆက်လက်ဖြစ်ပွားနိုင်ဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံက ယခုအကြိမ်တွင် အကောင်းဆုံးပြင်ဆင်ထားကြောင်း စစ်ရေးလေ့လာသူနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစားအရာရှိကြီးတစ်ဦးက ပြောသည်။

တောင်တရုတ်ပင်လယ်ပဋိပက္ခသည် ပိုမိုကြီးထွားလာနိုင်ပြီး ရေပြင် သို့မဟုတ် ဝေဟင်တွင်ပါ မတော်တဆမှုများ သို့မဟုတ် ဆိုးဝါးသည့် ပဋိပက္ခများ ဖြစ်လာနိုင်ကာ ထိုင်ဝမ်ကျွန်း အရေးထက်ပင် ပိုမိုအရေးပါသည့် အခြေအနေဖြစ်လာနိုင်ကြောင်း အငြိမ်းစားအကြီးတန်း ဗိုလ်မှူးကြီး ကျိုးဘို ကပြောသည်။

လက်ရှိတွင် တရုတ်နှင့်ဖိလစ်ပိုင်တို့ကြားတွင် တင်းမာမှုများ ဖြစ်ပေါ်နေသော်လည်း နောက်ဆုံးတွင်မူ ပင်လယ်ရေပိုင်နက်အငြင်းပွားမှု....

Webpage >>...
https://positiveanglenews.com/2024/11/20/တရုတ်က-ထရမ့်လက်ထက်-တောင်/

VK Link>>...
https://vk.com/wall-220066330_9343

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 13:09


တစ်နှစ်သက်တမ်းရှိ ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းလက်မှတ်ထုတ်ပေးမည်
***********************
(ပြည်တွင်း) နိုဝင်ဘာ ၂၀

စက်သုံးဆီသယ်ယာဉ်များအတွက် တစ်နှစ်သက်တမ်းရှိ ရေနံနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာနအနေနဲ့ ယင်းပစ္စည်းများကို သယ်ယူ ပို့ဆောင်ရာမှာ ပိုမိုစနစ်တကျဖြစ်စေရန် လက်မှတ်ကို ထုတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လက်မှတ် အတွက် တိုင်းဒေသကြီး/ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဆီသယ်ယာဉ်နှင့် ဆီသယ်နောက်တွဲယာဉ် ပိုင်ရှင်များအနေနဲ့ သတ်မှတ်ချက်နှင့်အညီ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

သက်တမ်းတိုးရန် ပျက်ကွက်မှု ဒဏ်ကြေးနှင့် သက်တမ်းကျော်လွန်သော နှစ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း ကြီးကြပ် လက်မှတ်ကြေးကိုပါ ကောက်ခံမှာ......

Webpage >>...
https://positiveanglenews.com/2024/11/20/တစ်နှစ်သက်တမ်းရှိ-ရေနံန/

VK Link>>...
https://vk.com/wall-220066330_9346

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 13:00


ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြားပြီး ပြုလုပ်နိုင်တယ်လို့ နစကဥက္ကဋ္ဌ ပြော

#pan_broadcasting

PAN

20 Nov, 12:44


အသည်းအစားထိုးခွဲစိတ်ကုသခဲ့သူများ ကျန်းမာရေးကောင်းမွန်လျက်ရှိ
***********************
(ကျန်းမာရေး) နိုဝင်ဘာ ၂၀

ရန်ကုန်မြို့၊ ခုတင်-၅၀၀ အထူးကုဆေးရုံကြီးမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၇ ရက်နဲ့ ၈ ရက်က (၃၆) ကြိမ်မြောက်နဲ့ (၃၇) ကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ အသည်းအစားထိုးခွဲစိတ်ကုသမှုက အသည်းအစားထိုးလက်ခံသူ နှစ်ယောက်နဲ့ အသည်းအလှူရှင် ၂ ယောက်တို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ တည်ငြိမ်ကောင်းမွန်မှုရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

(၃၆) ကြိမ်မြောက် အသည်အစားထိုးခွဲစိတ်ကုသမှုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က အသက် ၄၉နှစ်ရှိ အသည်းရောဂါလူနာအမျိုးသားနဲ့ အသည်းအလှူရှင် မောင်နှမဝမ်းကွဲတော်စပ်သူ အသက် ၄၃ နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့တာဖြစ်ပါတယ်။

အသည်းအလှူရှင်ဆီက အသည်းထုတ်ယူတာကိုတော့ နိုဝင်ဘာလ ၇ရက် မနက် ၇ နာရီ ၁၅မိနစ်အချိန်မှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ အသည်းလက်ခံသူ လူနာဆီကို အစားထိုးခွဲစိတ်ကုသမှု...

Webpage >>...
https://positiveanglenews.com/2024/11/20/အသည်းအစားထိုးခွဲစိတ်ကု/

VK Link>>...
https://vk.com/wall-220066330_9345

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 12:24


မင်္ဂလာပါဒီကနေ့ နို၀င်ဘာလ ၂၀ ရက်နေ့အတွက် PAN ကနေ ရရှိထားတဲ့ ပြည်တွင်းနဲ့ နိင်ငံတကာ သတင်းတွေတင်ဆက်ပေးပါ့မယ်။တင်ဆက်ပေးမယ့် သတင်းတွေမှာတော့

- ပုဂံခေတ် ဗိသုကာဆိုင်ရာကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်သောတည်ဆောက်မှုကို လေ့လာနိုင်


- မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု


-  ယင်းတိုက်ကွင်းရွာ(အနောက်စု)၊ ရာအိမ်မှူးအား အကြမ်းဖက်သမား PDF များမှ သတ်ဖြတ်သွား



- အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးကြောင့် ကျွန်းလှမြို့နယ်အတွင်းမှ PDF များ ထွက်ပြေးနေရ


- နိဗ္ဗာန်ဝကျေးရွာ၊ ရွှေမြင်တင်ဘုရားစောင်းတန်းအနီးမှ PDF အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ


- အမေရိကန်ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားကို ယူကရိန်းစတင်တိုက်ခိုက်ခဲ့

- ကမ္ဘာတဝန်း EV ကား အများဆုံးရောင်းချရတဲ့ ထိပ်တန်းကုမ္ပဏီစာရင်းမှာ တရုတ်ကုမ္ပဏီက နံပါတ် ၁ နေရာမှာရှိနေ


စတဲ့သတင်းတွေကို နားဆင်ရမှာပါ

#PAN

PAN

20 Nov, 11:03


YBS ယာဉ်မောင်းများ စည်းကမ်းမလိုက်နာပါက Smart Card နှင့် ကညနလိုင်စင် ဖျက်သိမ်းမည်
***********************
(ပြည်တွင်း) နိုဝင်ဘာ ၂၀

ခရီးသည်တင်ယာဉ်ဘတ်စ်ကားမောင်းနှင်တဲ့ YBS ယာဉ်မောင်းများအနေဖြင့် စည်းကမ်းမလိုက်နာပါက Smart Card နှင့် ကညနလိုင်စင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရပါတယ်။

YBS ယာဉ်မောင်းများအနေနဲ့ စည်းကမ်းမဲ့ မဆင်မခြင် မောင်းနှင်ခြင်းမျိုးရှိပါက ယာဉ်မောင်း Smart Card ကို ဖျက်သိမ်းမည်ဖြစ်ပြီး ကညနယာဉ်မောင်းလိုင်စင်ကိုလည်း အချိန်ကာလတစ်ခုအထိ သတ်မှတ်၍ ပိတ်သိမ်း အရေးယူသွားမှာဖြစ်ပါတယ်။

YRTC ၏ မှတ်တမ်းများအရ ယခုလတွင် မီးနီဖြတ်မောင်းသူ ၁၁ ဦး၊ ယာဥ်ကျော်တက်သူ ၁၉ ဦး၊ မီးပွိုင့်မှာ လူတင်/ချသူ ၃ ဦး၊ ဘေးတံခါးဖွင့်မောင်းသူ ၄၇ ဦး၊မှတ်တိုင်တွင် စနစ်တကျမရပ်သူ ၃ ဦး၊ မှတ်တိုင်တွင် အချိန်ကြာ မြင့်စွာရပ်သူ ၇ ဦး၊ သတ်မှတ်စတစ်ကာမပါသူ ၁ ဦး....

Webpage >>...
https://positiveanglenews.com/2024/11/20/ybs-ယာဉ်မောင်းများ-စည်းကမ်/

VK Link>>...
https://vk.com/wall-220066330_9342

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 10:51


လျှပ်စစ်မီတာဘေလ်၊ စည်ပင်အခွန်များနှင့် အင်တာနက်ဘေလ်များကို Mandalay Smart Pay(MSP) ဖြင့် ပေးချေနိုင်
***********************
(ပြည်တွင်း) နိုဝင်ဘာ ၂၀

လျှပ်စစ်မီတာဘေလ်၊ ရေခွန်၊ အိမ်ခွန်၊ သန့်ရှင်းရေးအခွန်များနှင့် စည်ပင်သာယာအခွန်များ၊ အင်တာနက်ဘေလ် များကို Mandalay Smart Pay (MSP)ဖြင့် ပေးချေနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

Mandalay Smart Pay(MSP)ဖြင့် လစဉ်ပေးဆောင်ရတဲ့ အခွန်အခများအပြင် ဖုန်းဘေလ်ဖြည့်ခြင်း၊ Internet Data Package များ၊ Game Card၊ Gift Card၊ စတိုးဆိုင်နှင့် ဈေးဝယ်စင်တာများ၌ ဈေးဝယ်ရာတွင် Digital Payment ဖြင့် ငွေပေးချေနိုင်ပါတယ်။

အဆိုပါ MSP app ကို Google Play Store နှင့် Apple Play Store တွင် Download Register ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

MSP ထဲသို့ ငွေသွင်း၊ ငွေထုတ်ပြုလုပ်လိုပါက MPU ကတ်ဖြင့် တိုက်ရိုက်ငွေဖြည့်နိုင်ပြီး MSP app ၏ ဘဏ်ဖြစ်တဲ့.....

Webpage >>...
https://positiveanglenews.com/2024/11/20/လျှပ်စစ်မီတာဘေလ်၊-စည်ပင/

VK Link>>...
https://vk.com/wall-220066330_9341

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 10:49


Naypyitaw State Polytechnic University ကို လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်
***********************
(ပြည်တွင်း) နိုဝင်ဘာ ၂၀

အင်ဂျင်နီယာဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များကိုပါ တိုးချဲ့သင်ကြားမည့် Naypyitaw State Polytechnic University ကို လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။

အခုလိုစတင်ဖွင့်လှစ်နိုင်ရေးအတွက် သင်ထောက်ကူပစ္စည်းများ စီစဉ်ထားရှိမှုများကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တို့က နိုဝင်ဘာလ ၁၈ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးများက.....

Webpage >>...
https://positiveanglenews.com/2024/11/20/naypyitaw-state-polytechnic-university-ကို-လာမည့်ပညာသင်နှ/

VK Link>>...
https://vk.com/wall-220066330_9344

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 10:35


တလိုင်းရပ်ရွာသစ်ကျေးရွာ ပြည်သူ့ စစ်ခေါင်းဆောင်အပါ အဖွဲ့ဝင် ၄ ဦးတို့အား အကြမ်းဖက် PDF အဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်
***********************
(ပြည်တွင်း) နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တလိုင်းရပ်ရွာသစ်ကျေးရွာ ပြည်သူ့ စစ်ခေါင်းဆောင်(ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး)အပါ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးတို့သည် ယမန်နေ့နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က ဝဲလောင်-ငါ့သရောက်ကားလမ်းအတိုင်း ရွာသို့ပြန်လာစဉ် တလိုင်းရပ်၊ ရွာသစ်ကျေးရွာ သုသာန်(ဝဲလောင်-ငါ့သရောက် ကားလမ်းဘေး)အနီးအရောက်တွင် အကြမ်းဖက် PDF အဖွဲ့မှ စောင့်ကြိုပစ်ခတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

တလိုင်းရပ် ရွာသစ်ကျေးရွာ ပြည်သူ့ စစ်ခေါင်းဆောင်(ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး)၊ ဦးကျော်မင်းထူး အပါ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးတို့သည် တလိုင်းရပ်ရွာသစ်ကျေးရွာ၏ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ၎င်းပိုင် ကြက်သွန်ခင်းသို့ သွားရောက်ခဲ့ပြီး ဝဲလောင်-ငါ့သရောက်ကားလမ်းအတိုင်း ရွာသို့ပြန်လာစဉ်....

Webpage >>...
https://positiveanglenews.com/2024/11/20/တလိုင်းရပ်ရွာသစ်ကျေးရွ/

VK Link>>...
https://vk.com/wall-220066330_9340

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 10:03


ကိုယ်ပျောက်တိုက်လေယာဉ်များနှင့် နည်းပညာမြင့် ဒရုန်းများပါဝင်ပြသခဲ့သည့် တရုတ်နိုင်ငံ၏ လေကြောင်းပြပွဲ
*********************
(နိုင်ငံတကာ) နိုဝင်ဘာ ၂၀

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံ တောင်ပိုင်း ဇူဟိုင်းဒေသတွင် ကြီးမားသည့် နည်းပညာမြင့်လေကြောင်းပြပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။

တရုတ်၏ ဇူဟိုင်းလေကြောင်းပြပွဲသည် နှစ်နှစ် တစ်ကြိမ်ကျင်းပခဲ့ပြီး ယခုအခါ အဆိုပါပြပွဲတွင် ပြသသည့် နည်းပညာမြင့် စစ်ဘက်ဆိုင်ရာ လက်နက်များအား ကျွမ်းကျင်သူများမှစောင့်ကြည့် အကဲခတ်ရန် အခွင့်အရေးဖြစ်စေကြောင်းသိရသည်။

ယခုနှစ် ဇူဟိုင်းပြပွဲတွင် နည်းပညာမြင့် တိုက်လေယာဉ်များ မောင်းသူမဲ့လေယာဉ်နှင့် မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းတင်ဆောင်သည့်သင်္ဘောများ ပါဝင်ပြသခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ၏နည်းပညာမြင့် J-35A ကိုယ်ပျောက်တိုက်လေယာဉ်၊ HQ-19 တိုက်ချင်းပစ်ဒုံးကျည်၊ စွမ်းဆောင်ရည်မြင့် အကြီးစား Jetank မောင်းသူမဲ့တိုက်ခိုက်ရေးဒရုန်း၊ Orca မောင်းသူမဲ့....

Webpage >>...
https://positiveanglenews.com/2024/11/20/ကိုယ်ပျောက်တိုက်လေယာဉ်/

VK Link>>...
https://vk.com/wall-220066330_9339

Telegram»...
https://t.me/positiveanglenews

#PAN

PAN

20 Nov, 09:57


ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦး သေနတ်ထိမှန် ဒဏ်ရာရရှိ
********************************
(ပြည်တွင်း) နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ပါတီကော်မတီဝင် တစ်ဦးအား နိုဝင်ဘာလ ၁၈ ရက်နေ့က အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဦးနိုင်ဝင်းအောင်(ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်)သည် မြို့နယ်ပါတီရုံးမှ ၎င်းနေထိုင်ရာ တောင်ဘလူကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဥ် နောက်မှ ကပ်လျှက်ပါလာသော ဆိုင်ကယ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘယ်ဘက်ရင်အုံတွင် သေနတ်ထိမှန်ဒဏ်ရာ ၁ ချက်၊ လက်မောင်းတွင် သေနတ်ထိမှန်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ရာ ဆိုင်ကယ်အားထားခဲ့ပြီး တောအတွင်းသို့ထွက်ပြေး၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ ဖုန်းဆက်အကူညီတောင်းခံရာ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ စလေ(ချောင်းပိုက်)ပြည်သူ့စစ်အင်အား ၆ ဦး....

Webpage >>...
https://positiveanglenews.com/2024/11/20/ချောက်မြို့နယ်-ပြည်ခိုင/

VK Link>>...
https://vk.com/wall-220066330_9338

Telegram»...
https://t.me/positiveanglenews

#PAN

PAN

14 Nov, 07:24


မောက်မြို့နယ် အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသောတပ်မတော် စစ်ကြောင်းမှ KIA/PDF တပ်စွဲထားသော နေရာများအား သိမ်းပိုက်ရရှိ
*******
(ပြည်တွင်း) နိုဝင်ဘာ ၁၄

ကချင်ပြည်နယ်၊ ဗမော်ခရိုင်၊ မိုးမောက်မြို့နယ်ကချင်ပြည်နယ်၊ ဗမော်ခရိုင်၊ မိုးမောက်မြို့နယ် အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသောတပ်မတော် စစ်ကြောင်းမှ KIA/PDF တပ်စွဲထားသော နေရာများ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသောတပ်မတော် စစ်ကြောင်းမှ KIA/PDF အဖွဲ့များ တပ်စွဲထားသော နေရာ ၃ ခုအားရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး၊ အဆိုပါဖြစ်စဥ်တွင် တပ်မတော်ဘက်မှ စစ်သည် ၁ ဦးဒဏ်ရာရရှိခဲ့ပြီး၊

ရန်သူ့ထံမှ လက်ပစ်ဗုံး ၃ လုံး၊ ဘီဇူကာ ဒုံးသီး ၇ လုံး၊ လက်နက်ငယ် ကျည် ၁၆၂ တောင့်၊ နင်းမိုင်း ၁ လုံး ၊ တိုက်မိုင်း ၃ လုံး၊  ကျည်ကာဦးထုပ် ၂ လုံး၊ တစ်ယောက်ပစ်ကျင်း ၂၄ ကျင်း၊ ဆက်သွယ်ရေးမြောင်း ၃၀၀ ပေခန့် တို့အား သိမ်းဆည်း.....

Webpage>>...
https://positiveanglenews.com/2024/11/14/မောက်မြို့နယ်-အတွင်း-နယ်/

VK Link>>...
https://vk.com/wall-220066330_9269

Telegram»...
https://t.me/positiveanglenews

#PAN

PAN

14 Nov, 06:21


အကြမ်းဖက် ၃၆၀၁ PPDF တပ်ရင်းက ၅၇ နှစ်အရွယ် အပြစ်မဲ့ပြည်သူတစ်ဦးအားသတ်ဖြတ်
***
(
ပြည်တွင်း) နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာအုပ်စု၊ ဒွရွာကျေးရွာနေသူ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးအား ယမန်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြစ်သွားကြောင်း သိရသည်။

ဦသန်းအောင် သည် ၎င်း၏နေအိမ်စျေးဆိုင်၌ရှိနေစဥ် အကြမ်းဖက်သမား PDF ၇ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ၎င်းအား သေနတ်ဖြင့် ၃ ချက်ခန့် ပတ်ခတ်သတ်ဖြတ် သွားခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးခေါင်း ၁ ချက်၊ ဝမ်းဗိုက်ကို ၂ ချက် ကျည်ထိမှန်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်မှုထမ်းကြေးငွေစုတဲ့ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပြီး ပြည်ခရိုင် အကြမ်းဖက် ၃၆၀၁ PPDF တပ်ရင်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်...

Webpage>>...
https://positiveanglenews.com/2024/11/14/အကြမ်းဖက်-၃၆၀၁-ppdf-တပ်ရင်းက/

VK Link>>...
https://vk.com/wall-220066330_9268

Telegram»...
https://t.me/positiveanglenews

#PAN

PAN

14 Nov, 04:47


ဘရာဇီးလ်တရားရုံးချုပ် အပြင်ဘက်မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား
*******
(နိုင်ငံတကာ) နိုဝင်ဘာ ၁၄
ဘရာဇီးလ်တရားရုံးချုပ် အပြင်ဘက်မှာ ဗုဒ္ဓဟူးနေ့ညပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

တရားရုံးချုပ်၊ ပါလီမန်နဲ့ သမ္မတနန်းတော်တည်ရှိရာ ဘရာဇီးလ်မြို့တော် Brasília မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မြို့တော်လက်ထောက်အုပ်ချုပ်ရေးမှူးက တရားရုံးထဲကို အမျိုးသားတစ်ဦး ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကို တားဆီးခဲ့ပြီးနောက် ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ရှိရတဲ့အလောင်းဟာ အဆိုပါအမျိုးသား ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ပြောဆိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဒါဟာ တမင်သက်သက် တိုက်ခိုက်မှုဖြစ်ပြီး အပြည့်အ၀....

Webpage>>...
https://positiveanglenews.com/2024/11/14/ဘရာဇီးလ်တရားရုံးချုပ်-အ/

VK Link>>...
https://vk.com/wall-220066330_9265

Telegram»...
https://t.me/positiveanglenews

#PAN

PAN

14 Nov, 04:13


ဒဿဘီလူး ကိုဇော်ဦးပြောပြတဲ့ အီနောင် (သို့မဟုတ်) မဟာရာမဇာတ်

ရုပ်သံအပြည့်အစုံကို YOUTUBE မှာကြည့်ရှု့ပေးပါ။

Youtube>>...
https://youtu.be/HXXZtzFoRXw

#PAN@positiveanglenews

PAN

14 Nov, 03:56


ပါလက်စတိုင်းလူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အစ္စရေးက ငြင်းဆန်နေတယ်
***
(
နိုင်ငံတကာ) နိုဝင်ဘာ ၁၄

ဆော်ဒီရဲ့ ဩဇာအကြီးမားဆုံး မင်းသားဖြစ်တဲ့ မိုဟာမက်ဘင်ဆယ်လ်မန်က ဂါဇာမှာ အစ္စရေးက စုပေါင်းလူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

တနင်္လာနေ့က ဆော်ဒီမှာ ပြုလုပ်ခဲ့တဲ့ အစ္စလာမ္မစ်နိုင်ငံခေါင်းဆောင်များ စုဝေးပွဲမှာ "ဆော်ဒီက ဒီလုပ်ရပ်အတွက် ရှုတ်ချပြီး ညီရင်းအကို ပါလက်စတိုင်းလူမျိုးတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အစ္စရေးက ငြင်းဆန်နေတယ်" လို့လည်း ပြောကြားခဲ့ပါတယ်။

ဘင်ဆယ်လ်မန်ရဲ့ ပြောဆိုမှုအပေါ် မှတ်ချက်ပေးဖို့အတွက် CNN က အစ္စရေးစစ်တပ်ကို မေးမြန်းထားတယ်လို့လည်း သိရပါတယ်။

ဘင်ဆယ်လ်မန်ဟာ ရုရှားသမ္မတ ပူတင်နဲ့လည်း ရုရှား-ယူကရိန်းစစ်ပွဲအကြောင်း...

Webpage>>...
https://positiveanglenews.com/2024/11/14/ပါလက်စတိုင်းလူမျိုးတွေ-2/

VK Link>>...
https://vk.com/wall-220066330_9265

Telegram»...
https://t.me/positiveanglenews

#PAN

PAN

14 Nov, 03:31


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

#PAN

PAN

14 Nov, 03:29


ဘဏ်ပိတ်ရက်ကြေညာခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ (သောကြာနေ့) သည် အများပြည်သူရုံးပိတ်ရက် “တန်ဆောင်မုန်းလပြည့်နေ့” ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် CHID Bank ၏ ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

#PAN

PAN

14 Nov, 02:20


UPDATE NEW

ယ​နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်း ၂ နာရီဝန်းကျင်မှစပြီး တပ်မတော်လေယာဥ်များမှ ဖလမ်းမြို့တွင်းရှိ သောင်းကျန်းသူများစုဝေးရာနေရာများအား ဗုံးကျဲရှင်းလင်း ​ကြောင်းသိရပြီး မြို့တွင်းတွင် လက်ရှိငြိမ်သက်လျက်ရှိ​ကြောင်း သတင်းရရှိပါသည်။

#PAN

PAN

14 Nov, 02:04


ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်မှု အသိပေးကြေညာခြင်း

PAN

14 Nov, 01:11


မက္ကဆီကိုနယ်စပ်  ခိုးဝင်များဖြတ်ကျော်နေကြ နေရာတွင် စောင့်ကြပ်နေသော အမေရိကန်နယ်ခြားစောင့်ရဲများ....

Ref: RT

PAN

13 Nov, 23:34


အထိုင်များခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးများ
*****
(ကျန်းမာရေးကဏ္ဍ)နိုဝင်ဘာ ၁၄

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အထိုင်များခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးများ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       လေ့လာချက်တွေအရ အချိန်အကြာကြီးထိုင်ခြင်းက ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေကြောင်း တွေ့ရှိရပါတယ်။ အချိန်အကြာကြီးထိုင်သူတွေရဲ့ ဦးနှောက်ဟာ အယ်ဇိုင်းမားရောဂါရှိသူတွေနဲ့ တူလာပါတယ်။ မှတ်ဉာဏ်တွေ လျှော့နည်းလာတတ်ပါတယ်။ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်းနှင့် ကိုလက်စထရော မြင့်မားခြင်းတို့လို အရေး ကြီးတဲ့ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကိုသက်သာအောင်လုပ်ဖို့က တစ်နေ့တာလုံး လှုပ်လှုပ်ရှားရှားနေဖို့ လိုပါတယ်။

      အထိုင်များတဲ့ သူတွေက ဆီးချိုရောဂါဖြစ်နိုင်ချေတွေ မြင့်တက်လာစေပါတယ်။ တစ်နေကုန် ထိုင်နေမယ်ဆိုရင် ခန္ဓာကိုယ်က သကြားဓာတ် ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/11/13/အထိုင်များခြင်းရဲ့-ကျန်/

https://t.me/positiveanglenews
#PAN

PAN

13 Nov, 23:08


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

13 Nov, 15:51


သထုံမြို့တွင် အကြမ်းဖက် PDF အဖွဲ့နှင့် ဆက်နွယ် ဆက်စပ်သူ ၂ ဦး ဖမ်းဆီးရမိ
*******
(ပြည်တွင်း) နိုဝင်ဘာ ၁၃
ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ် သထုံမြို့တွင် အကြမ်းဖက် PDF အဖွဲ့နှင့် ဆက်စပ်ဆက်နွယ်သူ ၂ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

သထုံမြို့ ပူးပေါင်းလုံခြုံရေးအဖွဲ့မှ ဒေသခံများ၏ သတင်းပေးချက်အရ မြို့ဝင်မြို့ထွက် ပိတ်ဆို့ရှာဖွေဖမ်းဆီးရာ ပေါ်တော်မူလမ်းဆုံတွင် ဘီးလင်းမြို့ဘက်မှ သထုံမြို့အတွင်းသို့ NCX 110 (စိမ်းရင့်ရောင်) ဆိုင်ကယ်စီနင်းလာသူ အမျိုးသား ၂ ဦးကို စစ်မေးရာ အကြမ်းဖက် PDF အဖွဲ့ ဆက်စပ်ဆက်နွယ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးကို စစ်မေးရာ မျက်မှန်အနက်တတ်၊ အင်္ကျီအနက်ဝတ်ဆင် အရပ်ရှည်၊ ခန္ဓာ ကိုယ်ပိန် အသားညို ဆိုင်ကယ်မောင်းနင်သူမှာ အောင်သူရ (ခ) အငယ်ကောင် ၂၁ နှစ် ၊ (ဘ) ဦးဌေးဝင်း၊ နှင်းပုလဲကျေးရွာ ၊ ဘီးလင်းမြို့ နေသူနှင့် ၎င်း၏ နောက်တွင် လိုက်ပ...

Telegram»...
https://t.me/positiveanglenews

#PAN

PAN

13 Nov, 15:41


လုံခြုံရေးအဖွဲ့များထံ ပစ်ချရန်လာသော Drone ၃ စီး သိမ်းဆည်းရရှိ
*******
(ပြည်တွင်း) နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ခင်မွန်ရွာအနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ Drone ၃ စီးအား သိမ်းဆည်းရရှိကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့များက တပ်မတော် လုံခြုံရေးအဖွဲ့များအား Drop Bomb ချ တိုက်ခိုက်ရန် ပျံသန်းလာသော Fixed Wing အမျိုးအစား Drone ၃ စီးအားပစ်ချနိုင်ခဲ့ပြီး၊ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်.....

Webpage>>...
https://positiveanglenews.com/2024/11/13/လုံခြုံရေးအဖွဲ့များထံ-ပ/

VK Link>>...
https://vk.com/wall-220066330_9259

Telegram»...
https://t.me/positiveanglenews

#PAN

PAN

13 Nov, 11:28


ဘုရားသုံးဆူမြို့အတွင်း DKBA တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်း ခွင့်မပြုရန်အမိန့်ထုတ်

(ပြည်တွင်း) နိုဝင်ဘာ ၁၃

ဘုရားသုံးဆူမြို့အတွင်း DKBA တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်းအပါအဝင် အချက် ၁၂ အား ခွင့်မပြုရန် အမှတ်(၂)နည်းဗျူဟာရုံး လေးဝဖလိုးရုံးမှ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ဘုရားသုံးဆူမြို့မှ DKBAတပ်ဖွဲ့၀င်များ လိုက်နာရန်ထုတ်ပြန်သော သီးသန့်ထုတ်ပြန်သည့်အမိန့်စာတွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) တပ်ဖွဲ့ဝင်၊ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများ အားလုံးသည် ဤအမိန့်စာ ထုတ်ပြန်သည့် နေ့မှစ၍ တာဝန်မှအပ မြို့တွင်းသို့ လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်း ခွင့်မပြုပါကြောင်းပါရှိသည်။

ယင်းအမိန့်စာတွင် တာဝန်ချိန်မှအပ မြို့တွင်းသို့ ယူနီဖောင်း/လက်နက်/ခဲယမ်းကိုင်ဆောင်သွားလာခွင့်မပြုရ။ DKBA တပ်ဖွဲ့ဝင်များ မြို့တွင်းသို့ ဝင်ရောက်လိုပါက (DKBA) ဆက်ဆံရေးရုံးသို့ အသိပေး အကြောင်း......
https://positiveanglenews.com/2024/11/13/ဘုရားသုံးဆူမြို့အတွင်း-d/

VK Link>>...
https://vk.com/wall-220066330_9257

Telegram»...
https://t.me/positiveanglenews

#PAN

PAN

13 Nov, 11:02


မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမကာအို မြန်မာချစ်ကြည်ရေးအသင်းတို့ တွေ့ဆုံ
******
(ပြည်တွင်း) နိုဝင်ဘာ ၁၃

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများပါဝင်သောအဖွဲ့ကို နိုဝင်ဘာလ ၁၂ ရက် နံနက်ပိုင်းမှာ မကာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Jose Wong ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ UMFCCI ဧည့်ခန်းမမှာ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ရန်နှင့် ပိုမိုတိုးတက်ရန် အဓိကထားဆောင်ရွက် လျက်ရှိတဲ့ အခြေအနေများ၊ IT ကဏ္ဍ၊ ဆေးဝါးကဏ္ဍ စတဲ့ နယ်ပယ်ပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့....

Webpage>>...
https://positiveanglenews.com/2024/11/13/မြန်မာ-တရုတ်ချစ်ကြည်ရေး/

VK Link>>...
https://vk.com/wall-220066330_9256

Telegram»...
https://t.me/positiveanglenews

#PAN

PAN

11 Nov, 13:25


မလှိုင်မြို့နယ်တွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ပစ်သတ်
********
(ပြည်တွင်း) နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ၊မလှိုင်မြို့နယ်၊ကျပ်ဆည်ကျေးရွာအုပ်စု၊ဆပ်ခင်းကြီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှုး နှင့် ရွာသားတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့ နံနက်၉နာရီ၄၀မိနစ်အချိန်ခန့်က ကျပ်ဆည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းမိုး၊၅၄နှစ်နှင့် သာမန်​ပြည်သူ ဦးထွန်းမြင့်၊၅၂နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဥ် အကြမ်းဖက် PDF ၁၀ဦးခန့်သည် ဆိုင်ကယ် ၅စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးတင်ထွန်းမိုးနှင့်ဦးထွန်းမြင့်တို့ ၂ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်ကျေးရွာမှာ အကြမ်းဖက် PDF များ လှုပ်ရှားသွားလာသည့် နေရာဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ....

Webpage>>...
https://positiveanglenews.com/2024/11/11/မလှိုင်မြို့နယ်တွင်-အုပ/

VK Link>>...
https://vk.com/wall-220066330_9232

Telegram»...
https://t.me/positiveanglenews

#PAN

PAN

11 Nov, 12:27


လက်ဘနွန်တောင်ပိုင်းမှ Wazzani စမ်းတွင်း၊ ရေသိုလှောင်ကန်များနှင့် ရေတွန်းစက်ရုံများကို အစ္စရေးတပ်များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မီဒီယာများက ရေးသား။

အများပြည်သူဆိုင်ရာ ရေပေးဝေမှု နေရာများကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပါသည်။

Ref: RT

PAN

11 Nov, 12:24


#PAN

PAN

11 Nov, 09:12


ဖလန်းမြို့နယ် အတွင်း တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် CDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား
********
(ပြည်တွင်း) နိုဝင်ဘာ ၁၁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် CDF အင်အား ၆၀ ကျော်ခန့်တို့ ယနေ့နံနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲတွင် အကြမ်းဖက်အဖွဲ့ထံမှ CDF အလောင်း ၁၁ လောင်း၊ သေနတ်မျိုးစုံ ၁၃ လက်၊ MA-1 ၆ လက်၊ MA-3 ၁ လက်၊ BA-63 ၂ လက်၊ MA-12 ၁ လက်၊ M-16 ၁ လက်၊ M-22 ၁ လက်၊ RPG(M-12) ၁ လက်၊ ကျည်မျိုးစုံ ၁၀၅ တောင့်၊ ကျည်အိမ် ၅ ခု၊ RPG ဒုံးသီး ၆ လုံး၊ ပို့ကျည် ၄ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း မြေပြင်သတင်းများအရသိရပြီး တပ်မတော်လုံခြုံရေးစစ်ကြောင်းမှ နယ်မြေ.....

Webpage>>...
https://positiveanglenews.com/2024/11/11/ဖလန်းမြို့နယ်-အတွင်း-တပ်/

VK Link>>...
https://vk.com/wall-220066330_9230

Telegram»...
https://t.me/positiveanglenews

#PAN

PAN

11 Nov, 08:11


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲကို နေပြည်တော်၌ ကျင်းပမည်
**
(ပြည်တွင်း) နိုဝင်ဘာ ၁၁

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့် ပတ်သက်ပြီး ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေး ဆုများ အကဲဖြတ် စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါ အခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၁၀) ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ စိစစ်ရေးအဖွဲ့တွင် အတ္တစွဲကင်းကင်း၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် ရွေးချယ်...

Webpage>>...
https://positiveanglenews.com/2024/11/11/မြန်မာ့ရုပ်ရှင်ထူးချွန/

VK Link>>...
https://vk.com/wall-220066330_9229

Telegram»...
https://t.me/positiveanglenews

#PAN

PAN

11 Nov, 07:31


သိမ်ဇရပ်တွင် PDF ၃ ဦး အရှင် ဖမ်းဆီးရမိ
*
(မှုခင်း) နိုဝင်ဘာ ၁၁

မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့များထံမှ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ ၃ ဦးအား နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့များမှ လုံခြုံရေးဆောင်ရွက်နေစဥ် နံနက် ၉ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် အဆိုပါအကြမ်းဖက်သမား ၃ ဦးအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကောင်းထက်ကျော်(ခ)ကျော်လေး၊ ထက်အာကာဖြိုး(ခ)အာကာ၊ ခန့်ကိုဇင်(ခ) ကုလား (၃ )ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) အရ အမှုရေးဖွင့်အရေယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကောင်းထက်ကျော်(ခ)ကျော်လေးကို ရှမ်းစုပိုင်း၊ ဇလုပ်ကြီးကျေးရွာ၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူအား စစ်ဆေးမေးမြန်းချက်များအရ ယခုနှစ် အောက်တိုဘာ ၈ ရက်နေ့က အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့မှ ဖွင့်လှစ်သင်ကြားသည့် အကြမ်းဖက် PDF သင်တန်း အမှတ်စဉ် (၃)ကို သင်တန်းသား(၁၇)ဦးဖြင့် တက်ရောက်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း ....

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2024/11/11/သိမ်ဇရပ်တွင်-pdf-ကိုအရှင်-ဖ/

VK Link>>...
https://vk.com/wall-220066330_9226

#PAN

PAN

11 Nov, 07:20


မိတ္ထီလာ ရှမ်းတဲလေတပ်အား တိုက်ခိုက်လာသည့် Fixed Wing Drone များ လေထဲ၌ ပစ်ချခံရ
********
(ပြည်တွင်း) နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ပြည်သာယာ(မြောက်)ရပ်ကွက်နှင့်ဇောင်ချမ်းကုန်းရပ်ကွက်များပေါ်သို့ Fixed Wing Drone များ ပျံသန်းလာစဥ် လေထဲ၌ ၈စီးခန့် ပေါက်ကွဲမှုဖြစ်ပွားပြီး အောက်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က မိတ္ထီလာမြို့နယ်၊ရှမ်းတဲကျေးရွာမြောက်ဘက် ရှမ်းတဲလေတပ်အား အကြမ်းဖက်PDFများမှ Fixed Wing Drone များဖြင့် တိုက်ခိုင်ရာ လေကြောင်းရန်ကာကွယ်ထိန်းချုပ်မှုကြောင့် အဆိုပါ Drone ၈ စီးမှာ ပြောင်းခင်းအတွင်းတွင် ၁စီး၊ကျီတော်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊Grand CosmosHotel အနီးတွင် Fixed Wing Drone အပိုင်းအစ ၁ ခု၊ပြည်သာယာ (မြောက်)ရပ်ကွက်ရှိ မဟူရာသုဿန်တွင် Fixed Wing Drone ၁ စီးတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ဖြစ်ပွားရာနေရာ......

Webpage>>...
https://positiveanglenews.com/2024/11/11/မိတ္ထီလာ-ရှမ်းတဲလေတပ်အာ/

VK Link>>...
https://vk.com/wall-220066330_9225

Telegram»...
https://t.me/positiveanglenews

#PAN

PAN

11 Nov, 07:17


အချုပ်ခန်းဖောက်ပြီး ရဲတပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ထွက်ပြေးခဲ့သူ တရားခံတစ်ဦး ဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်‌‌၊ မုပွန်ရဲစခန်းမှအချုပ်ခန်းအား ဖောက်ကာ ရဲတပ်​ကြပ်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသည့် တရားခံများအနက်မှ တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် လုံခြုံရေးအဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေစဥ် ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်ရပ်၊ အောင်ဇမ္မူလမ်းပေါ်တွင် မသင်္ကာသူ တစ်ဦးအား စစ်ဆေးခဲ့ရာ အချုပ်ခန်းအားဖောက်ပြီး ရဲတပ်ကြပ်ကြီးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူ အောင်သွင်(ခ)အောင်ပု(၃၅)နှစ်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ အောင်သွင်(ခ)အောင်ပုမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက် နံနက် ၇ နာရီအချိန်ခန့်တွင် မုပွန်နယ်မြေရဲစခန်း အချုပ်ခန်းသံတိုင်များကိုဖျက်ဆီး၍ အချုပ်ခန်းအားဖွင့်ကာ ရဲတပ်ကြပ်ကြီး ထွန်းရှင်အားသေဆုံးသည်အထိ ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ရဲတပ်ကြပ်ကြီးအား သေနတ်ဖြင့်...

သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2024/11/11/အချုပ်ခန်းဖောက်ပြီး-ရဲတ/

VK Link>>...
https://vk.com/wall-220066330_9227

#PAN

PAN

11 Nov, 07:10


ကော့သောင်းရေပြင်ထဲတွင် ၈ လအတွင်း တရားမဝင်ရှပ်ဆွဲလှေ ၁၃ စီး ဖမ်းဆီးထား

(မှုခင်း) နိုဝင်ဘာ ၁၁

တနင်္သါရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ကော့သောင်းရေပြင်အတွင်းတွင် ၂၀၂၄ ခုနှစ် မတ်လ မှစပြီးယနေ့အထိ တရားမဝင်ရှပ်ခရုဆွဲလှေ ၁၃ စီးဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

"ရှပ်ဖမ်းဆီးခွင့်ကို ရေငုပ်ပြီးဖမ်းဆီးမယ်ဆိုရင် လိုင်စင် ခွင့်ပြုပေးနေပြီး ရေအောက်ကြမ်းပြင်ကိုထွန်ဂျစ်နဲ့ ဒရွတ်ဆွဲဖမ်းဆီးရင် သဘာဝပတ်ဝန်းကျင်ပျက်စီး စေလို့ ခွင့်မပြုထားပါခင်ဗျာ။ ထိထိရောက်ရောက်ဖမ်းဆီးနေပါတယ်" ဟု တာဝန်ရှိသူတစ်ဦးမှ PAN ကိုပြောဆိုထားသည်။

မတ်လ ၂၇ ရက်နေ့တွင် ခိုကျွန်းအနီး အော်ကြီးချောင်းဝတွင် ရှပ်ဆွဲလှေ ၂ စီး ငွေကျပ် ၁၁၂ သိန်းကျော်တန်ဖိုးရှိသည့် ရှပ်ဆွဲလှေနှစ်စီး၊ မေလ ၄ ရက်နေ့က ခိုကျွန်း၏ အရှေ့တောင်ဘက် ၂.၈ မိုင်နှင့် ၃.၉ မိုင်တို့တွင် ဖိုးရွှေလုံး၊ ဒီပါစိုးအမည်ရှိ ရှပ်ဆွဲ​​​လှေ ၂ စီး တန်းဖိုးငွေကျပ် ၄၈၂ သိန်းကျော်၊ ဇွန်လ ၅ ရက်နေ့တွင် ဥဿာဝနီကျွန်း၏ အနောက်ဘက် ၂.၆ မိုင်တွင် ငွေလ (၉) အမည်..

သတင်းအပြည့်အစုံဖတ်ရန် -https://positiveanglenews.com/2024/11/11/ကော့သောင်းရေပြင်ထဲတွင်/

VK Link>>...
https://vk.com/wall-220066330_9228

#PAN

PAN

06 Nov, 04:41


၂၀၂၄ ရွေးကောက်ပွဲမှာ မဲလိမ်မှုရှိတယ်လို့ ထရမ့်ကဆို
*********************
(နိုင်ငံတကာ) နိုဝင်ဘာ ၆

ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမှာ မဲလိမ်မှုတွေ ကြီးကြီးမားမားရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်ပလက်ဖောင်းကနေ ရေးသားပြောဆိုထားပါတယ်။

ဒါဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ မဲလိမ်မှုရှိတယ်လို့ ထရမ့်က ပထမဆုံးအကြိမ်စွပ်စွဲမှုကို လုပ်လိုက်တာပါ။

ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ကတော့ ဒါဟာ မမှန်ကန်ဘူးလို့ ပြန်လည်ငြင်းဆန်ထားပါတယ်။

ကန်သမ္မတရွေးကောက်ပွဲတော့ အကြိတ်အနယ်ဖြစ်လာပြီး။ ကာမာလာဟဲရစ်ဟာ ဆက်တိုက်ဆိုသလို မဲအရေအတွက်တွေ တိုးမြင့်လာပြီး အခုဆိုရင်တော့ ၁၉၃-၂၁၆ အထိ....

Ref:NOM
Webpage >>...
https://positiveanglenews.com/2024/11/06/၂၀၂၄-ရွေးကောက်ပွဲမှာ-မဲလ/

VK Link>>...
https://vk.com/wall-220066330_9140

Telegram»...
https://t.me/positiveanglenews

#PAN

PAN

06 Nov, 04:21


မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ အထူးအာဏာကုန်လွှအပ်ခံရသော သံအမတ်ကြီးများ ခန့်အပ်လွှာကို သမ္မတ ပူတင်က ကရင်မလင်နန်းတော်၌ အတည်ပြုလက်ခံ။

Ref:СМОТРИ
#PAN

PAN

06 Nov, 04:19


UPDATE NEWS:

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒါလီတံတားတစ်စင်းကို အကြမ်းဖက်သောင်းကျန်းသူများမှ နိုဝင်ဘာ ၅ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်တွင် ဒုတိယအကြိမ်ထပ်မံမိုင်းခွဲဖျက်စီးခဲ့ကြောင်း သိရှိရသည်။

#PAN

PAN

06 Nov, 04:12


MNDAA အကြမ်းဖက်သောင်းကျန်းသူများက နမ့်လန်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ
*********************
(ပြည်တွင်း) နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက် ကျေးရွာများကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ MNDAA အကြမ်းဖက်သောင်းကျန်းသူများသည် နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက်ကျေးရွာများအတွင်းသို့ ယမန်နေ့မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်.....

Webpage >>...
https://positiveanglenews.com/2024/11/06/mndaa-အကြမ်းဖက်သောင်းကျန်းသ/

VK Link>>...
https://vk.com/wall-220066330_9137

Telegram»...
https://t.me/positiveanglenews

#PAN

PAN

06 Nov, 04:03


ယနေ့ စက်သုံးဆီဈေးနှုန်းများ

#PAN

PAN

06 Nov, 04:02


နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် Fixed Wing များအားလုံး ဟန့်တားနိုင်ခဲ့
*********************
(ပြည်တွင်း) နိုဝင်ဘာ ၆

နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးအဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့် အကြံအစည်များဖြင့် အကြမ်းဖက်သမားများသည် အရှေ့ဘက်အရပ်မှ ယနေ့နံနက်ပိုင်း လယ်ဝေးမြို့နယ်အတွင်းသို့ ဒေသန္တရလုပ် Fixed Wing အချို့ စမ်းသပ်ပစ်လွှတ်ခြင်းဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်နိုင်ရန် ကြံစည်ကြိုးပမ်းလာခဲ့သည်။

ထိုသို့ ကြံစည်ကြိုးပမ်းလာခဲ့မှုအား နေပြည်တော်ကောင်စီနယ်မြေအတွင်း လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြိုတင်ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing များအား....

Webpage >>...
https://positiveanglenews.com/2024/11/06/နေပြည်တော်ကောင်စီနယ်မ-10/

VK Link>>...
https://vk.com/wall-220066330_9135

Telegram»...
https://t.me/positiveanglenews

#PAN

PAN

06 Nov, 00:55


https://youtu.be/TZQBmUYz_D8?si=w-ZnbwZh8ZhiL6PG

PAN

06 Nov, 00:55


https://youtu.be/JRf1zdkXQQ8?si=es6iAaWzjBEwLCtk

PAN

06 Nov, 00:54


https://youtu.be/w9b0rze041k?si=9V3S-XNUADD4ViSh

PAN

05 Nov, 23:36


အဆုပ်ကို ကျန်းမာစေမဲ့ အစားအစာများ
*****
(ကျန်းမာရေးကဏ္ဍ)နိုဝင်ဘာ ၆

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အဆုပ်ကို ကျန်းမာစေမဲ့ အစားအစာများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       ချင်း(ဂျင်း) - ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ်ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။

     နနွင်း - ချင်းနဲ့ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။

      ကြက်သွန်ဖြူ - allicin ပါဝင်မှုမြင့်မားလို့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိမျိုးစုံပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းက ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/11/05/အဆုပ်ကို-ကျန်းမာစေမဲ့-အစ/

https://t.me/positiveanglenews
#PAN

PAN

05 Nov, 23:30


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

01 Nov, 06:32


မြောက်ကိုရီးယားက ရန်ဘက်များကို သတိပေးသည့်အနေဖြင့် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ် ပစ်လွှတ်
****
(နိုင်ငံတကာ) နိုဝင်ဘာ ၁
 
     မြောက်ကိုရီးယားနိုင်ငံက ဒေသတွင်းရှိ ရန်ဘက်များကို သတိပေးသည့်အနေဖြင့် အောက်တိုဘာလ ၃၁ ရက်တွင် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။ ထိုသို့ စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အမိန့်အရ လုပ်ဆောင်ခြင်းဖြစ်ပြီး အလွန်အရေးပါသောဆောင်ရွက်ချက်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

       မြောက်ကိုရီးယားတာဝန် ရှိသူများက ယခုပစ်လွှတ်သော တိုက်ချင်းပစ် ဒုံးကျည်နှင့်ပတ် သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော် ပြောထားခြင်း မရှိသော်လည်း ယခု ကဲ့သို့ ပစ်လွှတ်မှုက .......

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage >>...
https://positiveanglenews.com/2024/11/01/မြောက်ကိုရီးယားက-ရန်ဘက်/

https://t.me/positiveanglenews
#PAN

PAN

01 Nov, 02:55


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

PAN

01 Nov, 00:10


https://youtu.be/1x4ntvtyINE?si=_vMtayKoMfIFtcV5

PAN

01 Nov, 00:10


https://youtu.be/kfYxKcuTrsE?si=oBsYpB06bCpypviV

PAN

31 Oct, 23:43


ပင်မှည့်သီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ
******
(ကျန်းမာရေးကဏ္ဍ)နိုဝင်ဘာ ၁

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ပင်မှည့်သီးရဲ့ ကျန်းမာရေး ကောင်းကျိုးများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

     ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။

ပင်မှည့်သီး မှာပါတဲ့ အာဟာရဓာတ်တွေ

      ပင်မှည့်သီးမှာ ဗီတာမင် ၊ သံဓာတ် ၊ အမျှင်ဓာတ် ၊ ရေဓာတ် ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ပင်မှည့်သီးကနေ ဒီလို ကောင်း ကျိုးတွေရနိုင်ပါတယ် -

( ၁ ) လူကို လန်းဆန်းစေပါတယ်

      ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင့် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေ ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/10/31/ပင်မှည့်သီးရဲ့-ကျန်းမာရ/

https://t.me/positiveanglenews
#PAN

PAN

31 Oct, 23:24


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

31 Oct, 16:31


နှစ်သုံးဆယ်အတွင်း အကြီးဆုံးတိုင်ဖွန်းမုန်တိုင်း Kong Ray ထိုင်ဝမ်ကျွန်းသို့ စတင်ဝင်ရောက်လာကြောင်း သိရ။

#PAN

PAN

31 Oct, 14:56


နိုင်ငံရေးသမား တစ်ဦးကိုကြိုဆိုဖို့ လူပေါင်းရာနဲ့ချီရောက်ရှိခဲ့ပြီနောက် ရုတ်တရက် တံတားကျိုးကျ
*************************
(ပြည်တွင်း) အောက်တိုဘာ ၃၁

အင်ဒိုနီးရှားနိုင်ငံ၊ Maluku ကျွန်းဒေသမှာ တံတားတစင်း ရုတ်တရက်ကျိုးကျခဲ့ ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက် မိန့်ခွန်းပြောဖို့ လူစုလူဝေး စုရုံးနေချိန်မှာ တံတားပြိုကျခဲ့ဖြစ်ပြီး၊ အဆိုပါ တတံတား ကျိုးကျမှုကြောင့် အနည်းဆုံး ၇ ဦးသေဆုံးကာ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒေသခံ နိုင်ငံရေးသမား တစ်ဦးကိုကြိုဆိုဖို့အတွက် လူပေါင်းရာနဲ့ချီကာ တံတားဟောင်းအနီးသို့ ရောက်ရှိခဲ့ပြီနောက်မှာ ရုတ်တရက်ကျိုးကျခဲ့တာလို့ Jakarta Globe က ဖြေဆိုထားကြောင်း RT သတင်းမှာ ....

Webpage >>...
https://positiveanglenews.com/2024/10/31/နိုင်ငံရေးသမား-တစ်ဦးကို/

VK Link>>...
https://vk.com/wall-220066330_9027

Telegram»...
https://t.me/positiveanglenews

#PAN

PAN

31 Oct, 14:28


လက်ဘနွန်နိုင်ငံ Tyre မြိုအရှေ့ဘက် Al Housh လူနေရပ်ကွက်ကို အစ္စရေးတို့က အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရ။

ref: RT
#PAN

PAN

31 Oct, 14:11


နိုင်ငံတကာဆက်ဆံရေး ပညာရပ် (DIR)ဒီပလိုမာ သင်တန်းဖွင့်လှစ်မည်
*************************
(ပြည်တွင်း) အောက်တိုဘာ ၃၁

နိုင်ငံတကာဆက်ဆံရေး ပညာရပ်ကို အချိန်ပိုင်းသင်ကြားလိုသူများအတွက် YUFL မှ Diploma in International Relations (DIR)ဒီပလိုမာသင်တန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ တက်ရောက်ရပါမည်ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းတက်ရောက်လိုသူများအနေနဲ့ နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး YUFL ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာပုံစံကို ထုတ်ယူ၍ နိုဝင်ဘာလ ၁၃ ရက်အထိ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

သင်တန်းဝင်ခွင့်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲအောင်မှသာ သင်တန်းကြေးပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ရေးဖြေ စာမေးပွဲဖြေဆို ရမည့်ရက်မှာ နိုဝင်ဘာလ ၁၈ ရက်ဖြစ်ပြီး အောင်စာရင်းကိုတော့ နိုဝင်ဘာလ ၂၀ ရက်မှာ ထုတ်ပြန် ...

Webpage >>...
https://positiveanglenews.com/2024/10/31/နိုင်ငံတကာဆက်ဆံရေး-ပညာရ/

VK Link>>...
https://vk.com/wall-220066330_9024

Telegram»...
https://t.me/positiveanglenews

#PAN

PAN

31 Oct, 13:43


ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ
*************************
(ပြည်တွင်း) အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ (ဇ)ရပ်ကွက်၊ ၅၆×၁၃၃ လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိရကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီကျော်အချိန်ခန့်က (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အကူဝန်ထမ်းသည် ရုံးပတ်ဝန်းကျင်အား သန့်ရှင်းရေးဆောင်ရွက်စဉ် ရပ်ကွက်ရုံးအဆောက်အဦး၏ အနောက်ဘက် ၁ ပေခန့်အကွာတွင် လက်ပစ်ဗုံး ၁ လုံး တွေ့ရှိကြောင်း၊ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများထံအကြောင်းကြားခဲ့ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ပြီး မပေါက်ကွဲသေးသော MG-1 လက်ပစ်ဗုံး ၁ လုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးအား စအရ(၉၁၀)မှ မိုင်းရှင်းလင်းရေးအဖွဲ့ ရောက်ရှိစစ်ဆေးခဲ့ရာ ၎င်းလက်ပစ်ဗုံးမှာ အန္တရယ် မရှိသဖြင့် စအရ(၉၁၀)သို့ ......

Webpage >>...
https://positiveanglenews.com/2024/10/31/ပြည်ကြီးတံခွန်မြို့နယ-27/

VK Link>>...
https://vk.com/wall-220066330_9021

Telegram»...
https://t.me/positiveanglenews

#PAN

PAN

31 Oct, 13:01


စပိန်နိုင်ငံ Valencia ဒေသ ရေကြီးရေလျှံမှုတွင် သေဆုံးသူ ၁၀၀ ကျော်အထိလာ။

#PAN

PAN

31 Oct, 12:46


တရုတ်ရဲ့ အချမ်းသာဆုံးသူ ဖြစ်လာတဲ့ TikTok တည်ထောင်သူ Zhang Yiming
**************************
(နိုင်ငံတကာ) အောက်တိုဘာ ၃၁

TikTok ကို တည်ထောင်ခဲ့တဲ့ Zhang Yiming ဟာ တရုတ်ရဲ့ အချမ်းသာဆုံးသူ ဖြစ်လာတယ်လို့ သိရပါတယ်။

အလျင်အမြန်ကြီးထွားလာတဲ့ TikTok ရဲ့ အနေအထားကြောင့် သူဟာ ပြီးခဲ့တဲ့နှစ်ကထက် ၄၃% အထိ ပိုမိုကြွယ်၀လာခဲ့ကာ လက်ရှိကြွယ်၀မှုက ဒေါ်လာ ၃၈ ဘီလျံရှိတယ်လို့ ဆိုထားပါတယ်။

အသက် ၄၁ နှစ်အရွယ် Zhang ဟာ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ရဲ့ CEO ရာထူးကနေ ၂၀၂၁ က နုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။

TikTok က ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Social media app တခုဖြစ်လာပြီး သုံးစွဲသူပေါင်း ၁ ဘီလျံအထိ ရရှိထားခဲ့ပြီဖြစ် ပါတယ်။

Webpage>>...
https://positiveanglenews.com/2024/10/31/တရုတ်ရဲ့-အချမ်းသာဆုံးသူ/

VK Link>>...
https://vk.com/wall-220066330_9010

Telegram»...
https://t.me/positiveanglenews

#PAN

PAN

31 Oct, 12:46


ဘေဂျင်းကနေ နယူးယောက်ကို ၂ နာရီအတွင်းနဲ့ အရောက်သွားနိုင်တဲ့ စူပါဂျက်လေယာဉ် စမ်းသပ်နေ
**************************
(နိုင်ငံတကာ) အောက်တိုဘာ ၃၁

ဘေဂျင်းကနေ နယူးယောက်ကို ၂ နာရီအတွင်းနဲ့ အရောက်သွားနိုင်တဲ့ စူပါဂျက်လေယာဉ်ကို တရုတ်အင်ဂျင်နီယာတွေက စမ်းသပ်နေကြောင်း သိရပါတယ်။

Mach 4 လို့ နာမည်ပေးထားတဲ့ စီးပွားဖြစ် လေယာဉ် ရှေ့ပြေးပုံစံဖြစ်ပြီး အရပ်ဖက်သုံး အသံထက်မြန်တဲ့ ဂျက်လေယာဉ် Concorde ထက် ၂ ဆပိုမြန်တယ်လို့ လည်း သိရပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ အဆိုအရတော့ ဒီလေယာဉ်ဟာ ခရီးသည်တွေကို ၂ နာရီအတွင်း ဘေဂျင်းကနေ နယူးယောက်ဆီ ပို့ဆောင်ပေးနိုင်မယ်လို့လည်း သိရပါတယ်။

ပထမဆုံးပျံသန်းမှုကို ၂၀၂၇ မှာ ပြုလုပ်နိုင်ဖို့လည်း ရည်မှန်းထားကြောင်း.......

Webpage>>...
https://positiveanglenews.com/2024/10/31/ဘေဂျင်းကနေ-နယူးယောက်ကို/

VK Link>>...
https://vk.com/wall-220066330_9009

Telegram»...
https://t.me/positiveanglenews

#PAN

PAN

31 Oct, 12:12


အိုမန်နိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေဟာ လိင်အကြမ်းဖက်မှုတွေခံနေရတယ်လို့ သိရပါတယ်။

#pan_broadcasting

PAN

29 Oct, 23:58


https://youtu.be/WNqn8Xgxse4?si=tfcAzO6R0bxVVK5F

PAN

29 Oct, 23:58


https://youtu.be/E6LfCjLLwYM?si=fq-T3Oa55KBjR9dv

PAN

29 Oct, 23:57


https://youtu.be/d2pJjZv9r_o?si=-Q8P-a4nj5tevRtS

PAN

29 Oct, 23:35


သကြားမုန်လာရဲ့ ကျန်းမာရေးကောင်းကျိုးများ
******
(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၃၀

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ သကြားမုန်လာရဲ့ ကျန်းမာရေး ကောင်းကျိုးများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

     အမျှင်ဓာတ်များတဲ့ သကြားမုန်လာ အစွမ်းကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်တွင်း ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ် ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ သကြား မုန်လာကို လေ့ကျင့်ခန်းမလုပ်ခင်စားခြင်း၊ဖျော် ရည်အနေနဲ့ သောက်ခြင်းက ကြွက်သားတွေအလုပ်လုပ်ဖို့ အောက်ဆီဂျင်လိုအပ်တဲ့နှုန်း ကို လျှော့ချပေးပါတယ်။ ကြွက်သားတွေ ကအချိန်ပိုကြာကြာ ကြံ့ခိုင်သန်စွမ်းနေမှာဖြစ်ပါတယ်။

       သကြားမုန်လာစားသုံးခြင်းဟာ အသည်းကို သန့်စင်ပေးပြီး အသည်းရောင် အသားဝါ၊ အစာ အဆိပ်သင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ အဆီလည်း ကျစေတာကြောင့် အသည်း အဆီဖုံးခြင်း၊ နာတာရှည် ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်း ရောဂါ ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/10/29/သကြားမုန်လာရဲ့-ကျန်းမာရ/

https://t.me/positiveanglenews
#PAN

PAN

29 Oct, 23:28


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

29 Oct, 14:26


တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းဘက်က အသုံးပြုခဲ့မယ်ဆိုရင် လက်တုံပြန်မယ့် အစီအစဉ်တွေကို ရေးဆွဲထားပြီးသားဖြစ်တယ်လို့ ပူတင်က သတိပေး
**************************
(နိုင်ငံတကာ) အောက်တိုဘာ ၂၉

တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းဘက်က အသုံးပြုခဲ့မယ်ဆိုရင် လက်တုံပြန်မယ့် အစီအစဉ်တွေကို ရေးဆွဲထားပြီးသားဖြစ်တယ်လို့ ပူတင်က သတိပေးလိုက်ပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ အသုံးမပြုဖို့ ကန့်သတ်ထားတာကို ဖယ်ရှားလိုက်မယ်ဆိုရင် ရုရှားကလည်း မဆိုင်းမတွတုံပြန်မှာလို့ သူက ပြောခဲ့တာပါ။

ယူကရိန်းဟာ ရုရှားပိုင်နက်တွေအထဲထိ ပစ်ခတ်တိုက်ခိုက်ဖို့အတွက် တာဝေးပစ်အသုံးပြုခွင့်ကို တောင်းဆိုနေတာကြာပါပြီ။ ဒါပေမယ့် အမေရိကန်နဲ့ ဗြိတိန်တို့က လက်မခံဘဲ ကန့်သတ်ထားခဲ့တာပါ။

ယူကရိန်းတပ်ဟာ ဒီလက်နက်တွေကို သူတို့ဘာသာ မသုံးနိုင်ဘူးလို့လည်း ပူတင်က ပြောဆိုခဲ့ပြီး အနီးကပ်ကူညီပေးသူ ရှိမှသာ ပစ်ခတ်နိုင်လိမ့်မယ်လို့.....

Webpage>>...
https://positiveanglenews.com/2024/10/29/တာဝေးပစ်ဒုံးကျည်တွေကို/

VK Link>>...
https://vk.com/wall-220066330_8970

Telegram»...
https://t.me/positiveanglenews

#PAN

PAN

29 Oct, 14:13


ဆော်ဒီနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ နည်းပြ ရီနက်ဒ်
*************************
(အားကစား) အောက်တိုဘာ ၂၉

ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အမျိုးသားအသင်း နည်းပြသစ်အဖြစ် ပြင်သစ်လူမျိုး ရီနက်ဒ် ကို ပြန်လည်ခန့်အပ်လိုက်ပါတယ်။

ရီနက်ဒ်ဟာ ဆော်ဒီလက်ရွေးစင်အသင်းကို ၂၀၁၉ ဇူလိုင်ကနေ ၂၀၂၃ မတ်လအထိ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို အုပ်စုတွင်းမှာ အနိုင်ရအောင် ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ရီနက်ဒ် ဟာ ဆော်ဒီအသင်းနဲ့လမ်းခွဲခဲ့ပြီး ပြင်သစ်အမျိုးသမီးအသင်းကို ၂၀၂၃ ကမ္ဘာ့ဖလားနဲ့ ၂၀၂၄ ပဲရစ် အိုလံပစ် ပြိုင်ပွဲများမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဆော်ဒီအသင်းကို တာဝန်ယူနေတဲ့ အီတလီလူမျိုး ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ မန်စီနီ လက်ထက်မှာ ရလဒ်တွေဆိုးရွားနေကြောင့် ယခင်နည်းပြဟောင်း ရီနက်ဒ် ကို ပြန်လည်ပြီး ....

Webpage>>...
https://positiveanglenews.com/2024/10/29/ဆော်ဒီနည်းပြသစ်အဖြစ်-ခန/

VK Link>>...
https://vk.com/wall-220066330_8969

Telegram»...
https://t.me/positiveanglenews

#PAN

PAN

29 Oct, 14:01


အမေရိကန်အနေနဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့် ကန့်သတ်ထားတာကို ဖယ်ရှားသွားမယ်လို့ ပင်တဂွန်က ပြောဆို
**************************
(နိုင်ငံတကာ) အောက်တိုဘာ ၂၉

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားတပ်သားတွေ ဝင်ရောက်တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်အနေနဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့် ကန့်သတ်ထားတာကို ဖယ်ရှားသွားမယ်လို့ ပင်တဂွန်က ပြောဆိုလိုက်ကြောင်း သိရပါတယ်။

ဒါဟာ ရုရှားကို ရောက်ရှိလာခဲ့ပြီးနောက် Kursk ဒေသ ရှေ့တန်းစစ်မျက်နှာပြင်ဆီ မြောက်ကိုရီးယားတပ်သားတွေကို ပို့ဆောင်ထးတယ်လို့ သတင်းတွေထွက်နေတဲ့ ရုရှားကို ခြိမ်းခြောက်လိုက်တာလည်းဖြစ်ပါတယ်။

တဖက်မှာလည်း ပူတင်က ယူကရိန်းကို တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးရင် ကြီးမားတဲ့တုံပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့....

Webpage>>...
https://positiveanglenews.com/2024/10/29/အမေရိကန်အနေနဲ့-တာဝေးပစ်/

VK Link>>...
https://vk.com/wall-220066330_8971

Telegram»...
https://t.me/positiveanglenews

#PAN

PAN

29 Oct, 13:56


Breaking News
***************

မကွေးတိုင်ဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ကျေးရွာရှိ လက်ဆည်ရဲစခန်းအား ယနေ့ညနေ ၇ နာရီ အချိန့်ခန့်တွင် ဆိုက်ခမ်းကျေးရွာ အခြေစိုက် အကြမ်းဖက် PDF များမှ Done ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရပြီး ယခု သတင်းတင်သည့် အချိန်အထိ အကြမ်းဖက် PDF များက လက်ဆည်ရွာထိပ်တွင် သေနတ်များ ပစ်ဖောက်နေလျက်ရှိကြောင်း သိရသည်။

#PAN

PAN

29 Oct, 13:31


2024 Ballon d'Or ဆု ရရှိခဲ့တဲ့ ရိုဒရီ
*************************
(အားကစား) အောက်တိုဘာ ၂၉

2024 Ballon d'Or ဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အောက်တိုဘာလ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးကစားသမားဆု Ballon d'Or ကို မန်စီးတီးအသင်းနှင့် စပိန်ကွင်းလယ် ကစားသမား ရိုဒရီ၊ အကောင်းဆုံးအမျိုးသမီးကစားသမား ဆုကို ဘာစီလိုနာနှင့် စပိန်ကွင်းလယ် ကစားသမား ဘွန်မာတီ၊ အကောင်းဆုံးအမျိုးသားနည်းပြဆုကို ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ နှင့် အကောင်းဆုံးအမျိုးသမီး နည်းပြဆုကို အမေရိကန်အမျိုးသမီးအသင်းကို အိုလံပစ်ရွှေတံဆိပ်ဆုရယူပေးခဲ့တဲ့ အမ်မာဟေးစ် တို့က ရရှိခဲ့ပါတယ်။

2024 Ballon d'Or ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးဂိုးသမားဆု Yashin Trophy ကို အက်စတွန် ဗီလာနှင့် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် ရရှိခဲ့သလို အကောင်းဆုံးတိုက်စစ်မှူးဆု Gerd Muller Trophy ကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး....

Webpage>>...
https://positiveanglenews.com/2024/10/29/2024-ballon-dor-ဆု-ရရှိခဲ့တဲ့-ရိုဒရီ/

VK Link>>...
https://vk.com/wall-220066330_8968

Telegram»...
https://t.me/positiveanglenews

#PAN

PAN

29 Oct, 13:24


ပဲခူးသားတွေ မိန်းမကြောက်ရတယ်ဆိုတာ အမှန်လား

#pan_broadcasting

PAN

29 Oct, 13:16


တိုကျိုအိုးပင်းချန်ပီယံဆုကိုရရှိခဲ့တဲ့ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ်
*************************
(အားကစား) အောက်တိုဘာ ၂၉

၂၀၂၄ တိုကျိုအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ် အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ ကျန်ကွင်းဝမ် နဲ့ အမေရိကန်တင်းနစ်မယ် ကီနင် တို့ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ကီနင် တို့ဗိုလ်လုပွဲစဉ်က အကြိတ် အနယ်ရှိခဲ့သလို ပွဲကစားချိန် ၂ နာရီနီးပါးကစားခဲ့ပြီး ကျန်ကွင်းဝမ် က ကီနင် ကို ၇း၆၊ ၆း၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး တိုကျိုအိုးပင်း ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကျန်ကွင်းဝမ်အတွက်တော့ ပါလာမိုအိုးပင်းနဲ့ တိုကျို အိုလံပစ် ချန်ပီယံဆုရရှိပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း တတိယမြောက်ချန်ပီယံဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ ကျန်ကွင်းဝမ် အနေနဲ့ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့......

Webpage>>...
https://positiveanglenews.com/2024/10/29/တိုကျိုအိုးပင်းချန်ပီယ/

VK Link>>...
https://vk.com/wall-220066330_8966

Telegram»...
https://t.me/positiveanglenews

#PAN

PAN

29 Oct, 12:31


ပေါင် ၄၁၃ သန်း တန်ဖိုးရှိတဲ့ လေဆာကြားဖြတ်လက်နက်တခုကို အစ္စရေးက စမ်းသပ်
*************************
(နိုင်ငံတကာ) အောက်တိုဘာ ၂၉

Iron Beam လို နာမည်ပေးထားတဲ့ ပေါင် ၄၁၃ သန်း တန်ဖိုးရှိတဲ့ လေဆာကြားဖြတ်လက်နက်တခုကို စမ်းသပ်မယ့်အကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

အဆိုပါလက်နက်ဟာ ဝေဟင်က ပစ်လွှတ်လိုက်တဲ့ လက်နက်အမျိုးအစားအမျိုးမျိုးကို ကာကွယ်ပေးမယ့် စနစ်ဖြစ်ပြီး လာမယ့်နှစ် အောက်တိုဘာလ ၂၈ နေ့မှာ စတင်အသုံးပြုသွားဖို့ကို အစ္စရေးက ပစ်မှတ်ထားနေပါတယ်။

မော်တာကျည်၊ ဒုံးကျည်နဲ့ အမြောက်ဆံ၊ UAV တွေကို ကြားဖြတ်ဟန့်တားနိုင်မယ်လို သိရကာ အစ္စရေးရဲ့ နာမည်ကျော် Iron Dome ထက် ပိုမိုအစွမ်းထက်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်နဲ့ အီရန်တို့ရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို ......

Webpage>>...
https://positiveanglenews.com/2024/10/29/ပေါင်-၄၁၃-သန်း-တန်ဖိုးရှ/

VK Link>>...
https://vk.com/wall-220066330_8961

Telegram»...
https://t.me/positiveanglenews

#PAN

PAN

29 Oct, 12:01


ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်ထဲမှာ ရေမိုင် ၃ မိုင်နီးပါးကို လှေထိုးသား ၂,၂၀၀ ကျော်ပါတဲ့ ဖောင်တော်တွေကိုစီးပြီး ထိုင်းဘုရင် မဟာဝချီယာလောင်ကွန်းနဲ့ ကြင်ယာတော် မိဖုရားတို့ဟာ ကထိန်သင်္ကန်းဆပ်ကပ်ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။

#pan_broadcasting

PAN

29 Oct, 11:02


အထူးကြပ်မတ်ကုသဆောင်မှာ သတိလစ်မေ့မြောနေပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
#pan_broadcasting

PAN

29 Oct, 10:52


ဖီလာဒဲဖီးယားပြည်နယ်အစိုးရက အီလွန်မက်စ်ကို တရားစွဲဆို
*************************
(နိုင်ငံတကာ) အောက်တိုဘာ ၂၉

ဖွဲစည်းပုံအခြေခံဥပဒေအတွက် မဲပေးဖို့ လှုဆော်ကာ ဒေါ်လာ ၁ သန်းကို နေ့စဉ် Giveaway ပေးနေတဲ့ အီလွန်မက်စ်ကို ဖီလာဒဲဖီးယားပြည်နယ်အစိုးရက တရားစွဲဆိုလိုက်ကြောင်း သိရပါတယ်။

ဒါဟာ တရားမဝင်ထီကို လုပ်ဆောင်နေတာလို့ စွပ်စွဲခဲ့ပြီး ဒါမျိုးလုပ်ဆောင်နေတာကို ရပ်တန့်ဖို ကြိုးပမ်းမှုမှာ မက်စ်ကို တရားစွဲဆိုပြီး စတင်လိုက်တာပါ။

အီလွန်မက်စ်ဟာ‌ ဒေါ်နယ်ထရမ့်ကို‌ ထောက်ခံအားပေးသူဖြစ်ပြီး ဒီလုပ်ရပ်က သူကတဆင့် သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မက်စ်ရဲ့ ဆုကြေးငွေပေးတဲ့အစီအစဉ်ဟာ ဖက်ဒရယ်ရွေးကောက်ပွဲ ဥပဒနဲ့ ငြိစွန်းနိုင်တယ်လို့ သတိပေးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ....

Webpage>>...
https://positiveanglenews.com/2024/10/29/ဖီလာဒဲဖီးယားပြည်နယ်အစိ/

VK Link>>...
https://vk.com/wall-220066330_8959

Telegram»...
https://t.me/positiveanglenews

#PAN

PAN

29 Oct, 10:37


တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်ကာလ ဟိုတယ်/တည်းခိုခန်းများ ကြိုတင်မှာယူသူများပြား
**************************
(ပြည်တွင်း) အောက်တိုဘာ ၂၉

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပမယ့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်သို့ လာရောက်လည်ပတ်ရန် ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင်ပြုလုပ်သူ များပြားလျက်ရှိကြောင်း ဒေသတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

ဟိုတယ်အခန်းခဈေးနှုန်းများ ယခင်ထက် အနည်းငယ်မြင့်တက်လာပေမယ့် အောက်တိုဘာလ စတုတ္ထပတ်မှ စတင်ကာ အခန်းကြိုတင်မှာယူသူတွေ များပြားလာခဲ့ရာ မီးပုံးပျံပွဲတော်ပြုလုပ်မည့် အဝေရာမီးပုံးပျံကွင်းအနီးရှိ ဟိုတယ်/တည်းခိုခန်းများမှာ ပွဲတော်ရက်များအတွက် အခန်းပြည့်လုနီးပါးအထိပင် ရှိနေတယ်လို့သိရပါတယ်။

လက်ရှိ ရက်ပိုင်းအတွင်း ဟိုတယ်နှင့်တည်းခိုခန်း အခန်းခဈေးနှုန်းများမှာ သိသိသာသာမြင့်တက်လာကြောင်းနှင့် အခန်း ဈေးနှုန်းများမှာ ဟိုတယ်တစ်ခုနှင့် တစ်ခုမတူပေမယ့် ယခင်နှစ်.....

Webpage>>...
https://positiveanglenews.com/2024/10/29/တောင်ကြီးတန်ဆောင်တိုင်-3/

VK Link>>...
https://vk.com/wall-220066330_8957

Telegram»...
https://t.me/positiveanglenews

#PAN

PAN

29 Oct, 09:58


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
ကြေညာချက်

PAN

28 Oct, 14:21


မန္တလေးတွင် PDF တစ်ဦး မိမိအသိစိတ်ဓါတ်ဖြင့်အလင်းဝင်လာ
********
(ပြည်တွင်း) အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊၆၉(ဒီ)လမ်း၊ မင်္ဂလာလမ်းကြားအတွင်း ပြည်သူ့စစ်ဌာနေရှိရာသို့ ယနေ့ညနေ ၆ နာရီအချိန်ခန့်က PDF တစ်ဦး မိမိအသိစိတ်ဓါတ်ဖြင့် လာရောက်သတင်းပို့ အလင်းဝင်လာကြောင်း သိရသည်။

၎င်းအလင်းဝင်လာသူ မောင်..........၊ ချမ်းမြသာစည်မြို့နယ် နေသူမှာ ၂၀၂၃ ခုနစ် ၅ လပိုင်းခန့်တွင် ကော့ကရိတ်တောင်ဘက်ခြမ်း၊ကွင်းကလေးရွာရှိ KNU အခြေပြုနေရာတွင်သင်တန်း ၂ ပတ်ခန့်တက်ခဲ့ပြီး ၎င်းနေရာတွင် ၁ နှစ် ၅ လခန့် ထမင်းချက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများသာ ပြုလုပ်ခဲ့ရကြောင်း၊ တခါတရံ ထမင်းထုပ် လိုက်ပို့သည့် အလုပ်လုပ်ကိုင်ရကြောင်း သိရှိရပြီး ၎င်းအလုပ်များအား မလုပ်ကိုင်ချင်သောကြောင့် ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသူ....

Webpage>>...
https://positiveanglenews.com/2024/10/28/မန္တလေးတွင်-pdf-တစ်ဦး-မိမိအ/

VK Link>>...
https://vk.com/wall-220066330_8946

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 14:02


ရုံးစည်ကြီးကျေးရွာ နယ်မြေ ရဲကင်းစခန်းအား အကြမ်းဖက် PDF များမှ လက်နတ်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
********
(ပြည်တွင်း) အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာ၊ နယ်မြေရဲကင်းစခန်းအား အကြမ်းဖက် PDF များမှ လက်နတ်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၃နာရီ ၄၅ မိနစ်အချိန်ခန့်က ရုံးစည်ကြီးကျေးရွာနယ်မြေ ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံ ရေးတာဝန် ဆောင်ရွက်နေစဥ် နယ်မြေရဲကင်းစခန်း၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ လက်ပံတောကျေးရွာဘက်မှ အကြမ်းဖက် PDF အဖွဲ့က လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များမှာ နယ်မြေရဲကင်းစခန်း၏ စခန်းရုံးခေါင်မိုးပေါ် သို့ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် နယ်မြေရဲကင်းစခန်း၊စခန်းရုံးမှ ၂၅×၇ ပေအရွယ် သွပ်အချပ် ၄၀ ၊အမိုးသစ်သား ၁၈ ချောင်း၊ ၁၂×၉ ပေ အုတ်နံရံ ၁ ခန်း .....

Webpage>>...
https://positiveanglenews.com/2024/10/28/ရုံးစည်ကြီးကျေးရွာ-နယ်မ/

VK Link>>...
https://vk.com/wall-220066330_8942

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 13:26


တောင်ပြုံးနန်းတော် ရွှေတိုက်တော်စာရင်းဝင် ကနားစီး ကိုပြည့်ဖြိုးဦးနှင့် နတ်လောကအကြောင်း

ကြည်လင်ကြတ်သားတဲ့ရုပ်သံကို Youtube မှာကြည့်နိုင်ပါတယ်။


https://youtu.be/HSgEJCAsTt8?si=pgamtGu1JTUOv0xg

#pan_broadcasting

PAN

28 Oct, 13:19


၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် အောင်ပွဲကျင်းပပြုလုပ်နေစဥ် တပ်မတော်လေမှ ဗုံးကျဲတိုက်ခိုက်
********
(ပြည်တွင်း) အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ၊ နွားထိုးကြီးမြို့နယ် တောင်ဘက်ရှိ အောင်ပန်းကုန်းကျေးရွာအတွင်း နွားထိုးကြီးမြို့ နယ်တွင်ယမန်နေ့က အကြမ်းဖက် PDF များ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေး တစ်နှစ်ပြည့် အောင်ပွဲကျင်းပပြုလုပ်နေစဥ် ည ၁၀ နာရီအချိန်ခန့်က တပ်မတော်လေမှ လေကြောင်းဖြင့် တိုက်ခိုက် ရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ပစ်မှတ်များအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး မော်တော်ယာဥ် ၅ စီးခန့် ထိခိုက်ပျက်စီးခဲ့ကာ အကြမ်းဖက် PDF များ ဒဏ်ရာရ/သေဆုံးမှုများစွာရှိခဲ့ပြီး ​ဒေသခံပြည်သူများ၏ ပြောကြားမှုအရအကြမ်းဖက် PDF ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၄ဝ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ညတွင်းချင်း ကားများဖြင့် အရှေ့ဘက်ရှိ ဒေါင့်ဘိုးကျေး ရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း......

Webpage>>...
https://positiveanglenews.com/2024/10/28/၁၀၂၇-စစ်ဆင်ရေး-တစ်နှစ်ပြ/

VK Link>>...
https://vk.com/wall-220066330_8941

Telegram»...
https://t.me/positiveanglenews
#PAN

PAN

28 Oct, 12:59


လက်ဘနွန်နိုင်ငံတောင်ပိုင်း Sour မြို့ရှိ လူနေအဆောက်အအုံများကို အစ္စရေးဗုံးထိမှန်၊
အရပ်သား ၅ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရရှိ။

#PAN

PAN

28 Oct, 12:23


ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာလှေလှော်အသင်း ရွှေတံဆိပ် ငါး ခုအပါအဝင် ဆုတံဆိပ် ရှစ် ခုရရှိခဲ့
*************************
(အားကစား) အောက်တိုဘာ ၂၈

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာလှေလှော်အသင်းက ရွှေတံဆိပ် ငါး ခုအပါအဝင် ဆုတံဆိပ် ရှစ် ခုရရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာလှေလှော်အဖွဲ့က အောက်တိုဘာလ ၂၇ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲများဖြစ်သော မီတာ ၅၀၀ အမျိုးသား+အမျိုးသမီး (၁၀) တက်လှော်မှာ ပထမဆု (ရွှေတံဆိပ်)၊ မီတာ ၂၀၀၀ အမျိုးသား (၁၀) တက်လှော်တွင် ပထမ‌ဆု(ရွှေတံဆိပ်)၊ မီတာ၂၀၀ အမျိုးသား(၁၀)တက်လှော်မှာ ဒုတိယဆု(ငွေတံဆိပ်)တို့ ထပ်မံဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မီတာ၂၀၀၀ အမျိုးသား+အမျိုးသမီး (၁၀) တက်လှော်ပြိုင်ပွဲမှာ မြန်မာလှေလှော်အသင်းမှ စတုတ္ထဆု ဆွတ်ခူးခဲ့တာကြောင့် ယခင်နေ့ ပြိုင်ပွဲများမှာလည်း ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဆုတံဆိပ်......

Webpage>>...
https://positiveanglenews.com/2024/10/28/ကမ္ဘာ့နဂါးလှေလှော်ပြို/

VK Link>>...
https://vk.com/wall-220066330_8940

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 12:17


‘ဝ’ နဲ့ မိုင်းလားကနယ်စပ်ဂိတ်တွေကို တရုတ်ကပိတ်လိုက်ပြီးဖြစ်လို့ ဘယ်လိုကုန်စည်ကိုမှ တင်သွင်းခွင့် သယ်ယူခွင့်ပြုလုပ်လို့တော့ဘူးလို့ နယ်စပ်စပ်ကုန်သည်တချို့ကပြောပါတယ်။

PAN

28 Oct, 12:04


#Breaking_News

မန်ချက်စတာယူနိုက်တဒ်သည် လက်ရှိအသင်းတွင် ကြုံတွေ့နေရသော ရလဒ်ဆိုးများကြောင့် နည်းပြ Erik Ten Hag အား ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

နည်းပြရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း Erik Ten Hag အား ယနေ့မနက်က အသိပေးခဲ့ပြီဖြစ်သည်။

မန်ယူသည် Ruud van Nistelrooy အား လက်ရှိတွင် ကျန်ရှိသော နည်းပြအဖွဲဝင်များနှင့်အတူ ယာယီနည်းပြအဖြစ်တာဝန်ယူရန် ခန့်အပ်ခဲ့သည်။

#PAN

PAN

28 Oct, 12:02


အိန္ဒိယနိုင်ငံ Andhra Pradesh ပြည်နယ်မှ
ဒရုန်းရှိး ရှုခင်း။

PAN

28 Oct, 11:31


ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံအထိပါဈေးကွက်ရှိလာတဲ့ ဒေသခေါ် ရှပ်ခရု ကို တရားမဝင်ဖမ်းယူမှုတွေများပြားလာတာကြောင့် ကော့သောင်းမြို့က တရားဝင်လုပ်ငန်းရှင်ငယ်လေးတွေဟာ ဆက်လက်ရပ်တည်နိုင် အခက်အခဲတွေရှိလာနေကြပြီဖြစ်ပါတယ်။

#pan_broadcasting

PAN

28 Oct, 10:31


ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်လာနိုင်မှုအတွက် ပူတင်ထပ်မံသတိပေး
*************************
(နိုင်ငံတကာ) အောက်တိုဘာ ၂၈

ရုရှားသမ္မတပူတင် က ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်မှု ရှိလာနိုင်သည်ဟု ထပ်မံသတိပေးလိုက်ကြောင်း သိရသည်။

အနောက်အုပ်စုအနေဖြင့် ရုရှားအစိုးရ၏ ယခင် က ပြောကြားထားသည့် သတိပေးချက်များကို သိရှိမည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောထားသည်။

ယူကရိန်းနိုင်ငံသည် သူ့တစ်နိုင်ငံ တည်း၏စွမ်းအားဖြင့် ရုရှားကို တိုက်ခိုက်ရန် တာဝေးပစ်လက်နက်များကို အသုံးပြုနိုင်ခြင်း မရှိကြောင်း၊ NATO အဖွဲ့ဝင်နိုင်ငံများ၏ကူညီမှုကြောင့်သာ ထိုလက်နက်များကို အသုံးပြုနိုင်ကြောင်း၊ ထို့ကြောင့်ပင် ယူကရိန်း ကို တာဝေးပစ်လက်နက်ကြီးများ အသုံးပြုရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ပူတင်က ပြောသည်။

လက်ရှိ ပဋိပက္ခ၌ အနောက်နိုင်ငံများ၏တိုက်ရိုက်ပါဝင်ပတ်သက်မှုက ၎င်းတို့၏သဘောသဘာဝကို ပြောင်းလဲသွားစေမည်ဖြစ်ကြောင်း....

Webpage>>...
https://positiveanglenews.com/2024/10/28/ရုရှားနိုင်ငံအတွင်းပို/

VK Link>>...
https://vk.com/wall-220066330_8937

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 10:15


ဖိလစ်ပိုင်၌ မုန်တိုင်း ထရမ်မီ ကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ မြင့်တက်လာ
*************************
(နိုင်ငံတကာ) အောက်တိုဘာ ၂၈

ဖိလစ်ပိုင်နိုင်ငံ၌ မုန်တိုင်း ထရမ်မီ ဝင်ရောက်တိုက်ခိုက်သွားမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်ထိ မြင့်တက်လာပြီဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးသမားများက ရေကန်တစ်ခုအတွင်းဆင်း၍ ပျောက်ဆုံးနေသူ ဒါဇင် ပေါင်းများစွာကို ရှာဖွေနေဆဲဖြစ်သောကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၇ ရက်တွင် ပြောသည်။

မုန်တိုင်း ထရမ်မီ က ဖိလစ်ပိုင်နိုင်ငံသို့ အောက်တိုဘာလ ၂၄ ရက်တွင် ‌ဝင်ရောက်တိုက်ခတ်သွားခြင်းဖြစ်ပြီး ယင်းမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် လူသေဆုံးမှု အများဆုံးသောမုန်တိုင်းတစ်ခု ဖြစ်သည်။

မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ရေကြီးမှုများကြောင့် ရွှေ့ပြောင်းနေထိုင်ရသူ ၅၆၀,၀၀၀ ခန့် ရှိကြောင်း၊ အချို့သောနေရာများတွင် ရွာလုံးကျွတ် ရေလွှမ်းမိုးခံရ သည်များ........

Webpage>>...
https://positiveanglenews.com/2024/10/28/ဖိလစ်ပိုင်၌-မုန်တိုင်း-ထ/

VK Link>>...
https://vk.com/wall-220066330_8936

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 10:01


ကလောမြို့မှာ (၁၉) ကြိမ်မြောက် ရိုးရာမီးရှော်တိုင်ပွဲနှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကျင်းပမည်
*************************
(ပြည်တွင်း) အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် (၁၉) ကြိမ်မြောက် ရိုးရာမီးရှော်တိုင်ပွဲနှင့် မီးကြာစံ ထွန်းညှိ ပူဇော်ပွဲကို လာမည့် နိုဝင်ဘာလ ၁၆ ရက်မှစတင်၍ ၃ ရက်ကြာကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါပွဲတော်ကို ကလောမြို့ရှိ ကလောမြို့ပန်းခြံမှာ နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး အဖွဲ့ပေါင်း ၁၅ ဖွဲ့မှ နေ့ရက်အလိုက်အလှည့်ကျ ထွန်းညှိပူဇော်မှုများ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နေ့ရက်အလိုက်အလှည့်ကျ ထွန်းညှိပူဇော်မှုများအနေနဲ့ နိုဝင်ဘာလ ၁၆ ရက်မှာ Kalaw Net၊ မြက်ရဲအင်း၊ ပဲရင်းတောင်၊ မီးနဂါး၊ Fire Baby၊ နိုဝင်ဘာလ ၁၇ ရက်တွင် မီးဝိဇ္ဇာ၊ မှော်ဝင်၊ ရွှေမြန်မာ၊ ရှမ်းပျော်၊ သာယာကုန်း၊ နိုဝင်ဘာလ ၁၈ ရက်တွင် ဘုံစု(ခ)ယံကြွား၊ အင်းပြင်....

Webpage>>...
https://positiveanglenews.com/2024/10/28/ကလောမြို့မှာ-၁၉-ကြိမ်မြ/

VK Link>>...
https://vk.com/wall-220066330_8935

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 09:45


၆ လအတွင်း ပုစွန်တစ်မျိုးတည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရရှိ
*************************
(စီးပွားရေး) အောက်တိုဘာ ၂၈

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာအတွင်း ပုစွန်တစ်မျိုးတည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

အခုတင်ပို့မှုများကို ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့လျက်ရှိတဲ့အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့လျက်ရှိကြောင်း၊ ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၂,၈၆၀ ဒသမ ၆၆၆ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၇၇ သန်း ကိုရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၆၁၆ ဒသမ ၉ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၅၇ သန်းကို အသီးသီး ရရှိခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ပုစွန်တင်ပို့မှုအဖြစ် မက်ထရစ်တန်စုစုပေါင်း ၃,၄၇၇ ဒသမ ၅၆၆ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၃၄ သန်းကျော်ရရှိခဲ့တယ်လို့ ....

Webpage>>...
https://positiveanglenews.com/2024/10/28/၆-လအတွင်း-ပုစွန်တစ်မျိုး/

VK Link>>...
https://vk.com/wall-220066330_8934

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 09:31


ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နာယကကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင့်ပွဲ ပြုလုပ်
*************************
(ပြည်တွင်း) အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နာယကကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင့်ပွဲကို အောက်တိုဘာလ ၂၇ ရက်နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မန်ဆူဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍတိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားမှာ......

Webpage>>...
https://positiveanglenews.com/2024/10/28/ပင်လုံမြို့၊-မေတ္တာအေးရ/

VK Link>>...
https://vk.com/wall-220066330_8933

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 09:13


ဆန်စပါးအသင်းများပူးပေါင်းကာ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများမှာ ကထိန်အလှူပွဲ ကျင်းပမည်
*************************
(ပြည်တွင်း) အောက်တိုဘာ ၂၈

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံတွေ့ခဲ့ရသော နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆန်စပါးအသင်းများပူးပေါင်းကာ ကထိန်အလှူပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစုပေါင်းမဟာဘုံကထိန်အလှူပွဲကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးညီနောင်အသင်းများ၊ မြန်မာနိုင်ငံ ဆန်စပါးမိသားစုများနှင့် ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်/မူဆယ်)တို့မှအသင်းသူ/အသင်းသားများက စုပေါင်းကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခုစုပေါင်းမဟာဘုံကထိန်အလှူပွဲက အကြိမ် (၂၀) မြောက်ဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၁၅ ရက်မှာ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း...

Webpage>>...
https://positiveanglenews.com/2024/10/28/ဆန်စပါးအသင်းများပူးပေါ/

VK Link>>...
https://vk.com/wall-220066330_8932

Telegram»...
https://t.me/positiveanglenews

#PAN

PAN

28 Oct, 09:07


မယ်ဇလီဖူး တက်ခူးရာမှ အမျိုးသား တစ်ဦး ဓါတ်လိုက်သေဆုံး
**************************
(မှုခင်း) အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ (စ)ရပ်ကွက်၊ ၁၂၅×၅၆ လမ်း ထောင့်တွင် ယမန်နေ့ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးသူမှာ ထွန်းမင်းလတ်၊ အသက် ၃၈ နှစ်၊ (ဘ)ဦးဝင်းလှ၊ ပရိဘောဂလုပ်သား၊ ၅၁ လမ်း၊ ၁၂၀×၁၂၁ လမ်းကြား၊ သင်ပန်းကုန်းရပ်ကွက်၊ပြည်ကြီးတံခွန်မြို့ နယ် နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၅လမ်း၊ ၅၅(C) လမ်းနှင့် ၅၆ လမ်းကြား၊ လမ်းဘေးရှိ မယ်ဇလီပင် ဂွကြားတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် (စ)ရပ်ကွက်၊ ၁၂၅ လမ်း၊ ၅၅(C) လမ်းနှင့် ၅၆ လမ်းကြား လမ်းဘေးရှိ မယ်ဇလီပင်ပေါ် သို့ မယ်ဇလီဖူးတက်ခူးရာမှ လမ်းဘေးတွင် မီးသွယ်တန်းထားသော လျှပ်စစ်မီးကြိုးဖြင့် ထိမိရာမှ ဓါတ်လိုက်ပြီး......

Webpage>>...
https://positiveanglenews.com/2024/10/28/မယ်ဇလီဖူး-တက်ခူးရာမှ-အမျ/

VK Link>>...
https://vk.com/wall-220066330_8931

Telegram»...
https://t.me/positiveanglenews

#PAN

PAN

25 Oct, 23:33


https://youtu.be/igQuG_1TOKo?si=i_O-PkTnkgUlQJIt

PAN

25 Oct, 23:33


https://youtu.be/Ehu5vVPpnR4?si=52bXY-r-A4OSpPei

PAN

25 Oct, 23:32


https://youtu.be/lU-fmumP5SI?si=KZ6ZYeQzv9Bl9TRi

PAN

25 Oct, 23:32


https://youtu.be/7gvJI0VGDn0?si=tYezhIaoTLGjvdhZ

PAN

25 Oct, 23:32


နှင်းသီးရဲ့ကျန်းမာရေး ကောင်းကျိုးများ
******
(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၂၆

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ နှင်းသီးရဲ့ကျန်းမာရေး ကောင်းကျိုးများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    နှင်းသီးမှာ ဆီးချိုကိုထိန်းချုပ်နိုင်တဲ့ အာဟာရဓာတ်တွေပါဝင်ပြီး အစာကြေစေ၊ အဆိပ် အတောက်ပြေစေပြီး နှလုံးကျန်းမာရေး အတွက်လည်း ကောင်းမွန်စေပါတယ်။ ရေဓာတ်လည်းပါဝင်မှုများပြီး protein ၊ vitamin C ၊ dietary fiber ၊ vitamin A ၊ calcium ၊ thiamin ၊ niacin ၊ iron ၊ sulfur နဲ့ potassium ဓာတ်တွေ ပါဝင်ပါတယ်။ ဆီးချိုရောဂါထိန်းချုပ်ဖို့ အထောက်အကူဖြစ်စေပါတယ်။

       နှင်းသီးမှာပါဝင်တဲ့ Jambosine ဆိုတဲ့ဓာတ်က သွေးထဲက သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ Antimicrobial နဲ့ antifungal အစွမ်းသတ္တိရှိတာမို့ အမျိုးမျိုးသော ကူးစက်မှုတွေကနေ ကာကွယ်နိုင်ပြီး ခုခံအားတိုးစေ ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/10/25/နှင်းသီးရဲ့ကျန်းမာရေး-က/

https://t.me/positiveanglenews
#PAN

PAN

25 Oct, 23:25


မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏

PAN

25 Oct, 17:11


AA စစ်သားစုဆောင်းရေးရုံးဖွင့်ထားတဲ့ သံတွဲပြည်ခိုင်ဖြိုးရုံးနဲ့ အဆောက်အဦးတစ်ချို့ကို လေကြောင်းကနေဗုံးကြဲရှင်းလင်း

#pan_broadcasting

PAN

25 Oct, 12:29


လားရှိုးမြို့က MNDAA ခိုအောင်းရာနေရာတွေကို တပ်မတော်လေက ဒီကနေ့ မွန်းလွဲပိုင်းမှာ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သလို တရုတ်က MNDAAခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ဖိအားပေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပါတယ်။

#pan_broadcasting

PAN

25 Oct, 10:28


တအောင်းပလောင်ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ

#pan_broadcasting

PAN

25 Oct, 10:07


"ငွေကောင်း" လ္ဘက်ရည်ဆိုင်တွင် ဆိုင်အလုပ်သမားမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ဇနီးနှင့် စားပွဲထိုးတို့အား ဓားဖြင့်ခုတ်
**************************
(မှုခင်း) အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက် (၉)၊ ၁၇ လမ်း၊ ၆၃×၆၄ လမ်းကြားရှိ "ငွေကောင်း"လ္ဘက်ရည်ဆိုင်တွင် ဓါးခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က "ငွေကောင်း" လ္ဘက်ရည်ဆိုင် အလုပ်သမားဖြစ်သူ ရဲပိုင်ရွှေ(ခ)ကိုရဲ သည် ဆိုင်တွင်အတူတူလုပ်ကိုင်သူ မျိုးထက်အောင် အား ဗျက် ၄ လက်မ၊ အရိုး/အသွား အရှည် ၁ ပေခန့်ရှိ စားဖိုမှုးသုံးဓါးဖြင့် ခုတ်ခဲ့ရာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး အနီးတွင် အိပ်နေသည့် ဆိုင်အလုပ်သမားဖြစ်သူ ပြည့်စုံအောင်အား ထပ်မံခုတ်ရာ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းမှ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ အောက်ထပ်အခန်းတွင် အိပ်နေသည့် ဆိုင်ရှင် ဦးခိုင်ဇော်ဦး နှင့် ဇနီးဖြစ်သူ.......

Webpage>>...
https://positiveanglenews.com/2024/10/25/ငွေကောင်း-လ္ဘက်ရည်ဆိုင/

VK Link>>...
https://vk.com/wall-220066330_8878

Telegram»...
https://t.me/positiveanglenews

#PAN

PAN

25 Oct, 09:32


ဟူသီသူပုန်တွေက တိုက်ခိုက်နေရာမှာ ပစ်မှတ်ထားခြေရာခံနိုင်ဖို့အတွက် လိုအပ်တဲ့ ဒေတာတွေကို ရုရှားက ထောက်ပံ့ပေးနေတယ်လို့ အစီရင်ခံစာတွေက ဖော်ပြခဲ့
************************
(နိုင်ငံတကာ) အောက်တိုဘာ ၂၅

ပင်လယ်နီအတွင်း သင်္ဘောတွေကို ဟူသီသူပုန်တွေက တိုက်ခိုက်နေရာမှာ ပစ်မှတ်ထားခြေရာခံနိုင်ဖို့အတွက် လိုအပ်တဲ့ ဒေတာတွေကို ရုရှားက ထောက်ပံ့ပေးနေတယ်လို့ အစီရင်ခံစာတွေက ဖော်ပြခဲ့ကြကြောင်း သိရပါတယ်။

ဂြိုလ်တုဓာတ်ပုံတွေကို ရုရှားက ပေးပိုခဲ့တယ်လို့ Wall Street Journal က မနေ့က ဖော်ပြခဲ့ပါတယ်။

The US Daily ကလည်း ဖော်ပြမှုလုပ်ခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ကတဆင့် ဟူသီတွေက ရရှိနေတာလို့ ဆိုပါတယ်။

ဟူသီတွေဟာ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း တုံပြန်မှုတွေ လုပ်ဆောင်ခဲ့ကြရကြောင်း ....

Webpage>>...
https://positiveanglenews.com/2024/10/25/ဟူသီသူပုန်တွေက-တိုက်ခို/

VK Link>>...
https://vk.com/wall-220066330_8877

Telegram»...
https://t.me/positiveanglenews

#PAN

PAN

25 Oct, 08:59


ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အလုပ်အကိုင်အခွင့်အလမ်း ၆၂၂ ဦး လုပ်ကိုင်နိုင်မယ့် လုပ်ငန်း နှစ်ခုကို ခွင့်ပြု
************************
(ပြည်တွင်း) အောက်တိုဘာ ၂၅

ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်က တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၆၂၂ ဦး လုပ်ကိုင်နိုင်မယ့် လုပ်ငန်းနှစ်ခုကို အတည်ပြုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်းနမူနာ ပြသထားရှိမှုကို ဦးစွာကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍတွင် ....

Webpage>>...
https://positiveanglenews.com/2024/10/25/ရန်ကုန်တိုင်းဒေသကြီးရင/

VK Link>>...
https://vk.com/wall-220066330_8876

Telegram»...
https://t.me/positiveanglenews

#PAN

PAN

25 Oct, 08:54


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီမံကိန်းများ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာ ၅ ခု လက်မှတ်ရေးထိုး
************************
(ပြည်တွင်း) အောက်တိုဘာ ၂၅

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ (Quick Impact Projects-QIPs) အကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာ ၅ ခုကို အောက်တိုဘာလ ၂၄ ရက် ည‌နေပိုင်းက လက်မှတ်ရေးထိုးခဲ့ကြပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာလဲလှယ်ခြင်း အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နားလည်မှုစာချွန်လွှာများတွင် ဒစ်ဂျစ်တယ်မှုခင်းသိပ္ပံ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း၊ အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ခြင်း၊ အပူပိုင်းဒေသ မိုးခေါင်ရေရှား ကျေးရွာများမှာ ဆိုလာစွမ်းအင်သုံး....

Webpage>>...
https://positiveanglenews.com/2024/10/25/မြန်မာ-အိန္ဒိယ-နှစ်နိုင်/

VK Link>>...
https://vk.com/wall-220066330_8875

Telegram»...
https://t.me/positiveanglenews

#PAN

PAN

25 Oct, 08:36


လူဦးရေစာရင်းပါ သိရှိနိုင်မယ့် ရန်ကုန်မြို့တော်မြေပုံထုတ်ဝေမည်
********
(ပြည်တွင်း)အောက်တိုဘာ ၂၅

     ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေရဲ့ မြေပုံနဲ့အချက်အလက်တွေမှာ လူဦးရေစာရင်းကိုပါ သိရှိနိုင်တဲ့ ရန်ကုန်မြေပုံကို စတင်ထုတ်ဝေတော့မယ်လို့ ရန်ကုန်မြေပုံစီစဉ်ထုတ်ဝေရေးအဖွဲ့ကနေ သိရပါတယ်။

      ယခုလို အသေးစိတ်အချက် အလက်တွေ စုစည်းထုတ်လုပ်နိုင်ဖို့နဲ့ လက်ရှိရပ်ကွက်နယ် နိမိတ်၊ လမ်းမကြီး၊ လမ်းသွယ်နဲ့ လမ်းအမည်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်၊ တူးမြောင်း၊ ရေထိန်းတံခါး၊ ရထားလမ်း၊ တံတား၊ ခုံးကျော်တံတား စတဲ့ အချက်အလက်တွေ တိကျမှန်ကန်မှုရှိစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ရပ်ကွက်အဆင့်အထိ ချိတ်ဆက်ဆောင် ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်အပြင် မိုဘိုင်းဖုန်းကနေလည်း အသေးစိတ်အချက်အလက်တွေကို အလွယ်တကူကြည့်ရှုနိုင်အောင် ဆောင်ရွက်ထားတာဖြစ်တယ်လို့ ရန်ကုန်မြေပုံစီစဉ်ထုတ်ဝေရေးအဖွဲ့ ခေါင်းဆောင် ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 👇

Webpage>>...
https://positiveanglenews.com/2024/10/25/ရန်ကုန်မြို့ပတ်ရထားနှင/

VK Link>>...
https://vk.com/wall-220066330_8874

https://t.me/positiveanglenews
#PAN

PAN

25 Oct, 08:12


ဘရူနိုင်းမှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် အာဆီယံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပြည်ထောင်စုဝန်ကြီး တက်ရောက်နေ
************************
(ပြည်တွင်း) အောက်တိုဘာ ၂၅

ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝမ်မြို့မှာ ကျင်းပလျက်ရှိတဲ့ (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM) နဲ့ ဆက်စပ် အစည်းအဝေးတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက် ရှိနေတယ်လို့ သိရပါတယ်။

အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်နေတာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်နေ့က ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံအလိုက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့......

Webpage>>...
https://positiveanglenews.com/2024/10/25/ဘရူနိုင်းမှာ-ကျင်းပတဲ့-၁/

VK Link>>...
https://vk.com/wall-220066330_8872

Telegram»...
https://t.me/positiveanglenews

#PAN

PAN

25 Oct, 07:54


ဒေါက်တာ နေစိုးမောင်ဆိုသူကို မန္တလေးမှာ ဖမ်းဆီးထိန်းသိမ်း

#pan_broadcasting