Min Zaw Lwin @minzawlwinchannel Channel on Telegram

Min Zaw Lwin

@minzawlwinchannel


Min Zaw Lwin (English)

Welcome to Min Zaw Lwin channel, your go-to source for all things related to technology, innovation, and entrepreneurship. Whether you're a tech enthusiast, aspiring entrepreneur, or just looking to stay updated on the latest trends, this channel is perfect for you. Min Zaw Lwin, the creator of this channel, is a seasoned expert in the tech industry with years of experience under his belt. His passion for innovation and drive for success is evident in every post and update he shares. Who is Min Zaw Lwin? He is a tech guru, entrepreneur, and influencer who has made a name for himself in the fields of technology and business. With a knack for spotting the next big thing and a keen eye for detail, Min Zaw Lwin provides valuable insights, tips, and advice to his followers on a daily basis. What is Min Zaw Lwin channel? It is a platform where like-minded individuals can come together to learn, grow, and connect with others who share the same interests. From in-depth reviews of the latest gadgets to interviews with industry leaders, this channel has something for everyone. Whether you're looking to start your own tech company or simply want to stay informed about the latest tech news, Min Zaw Lwin channel is the place to be. Join us today and become part of a community that is passionate about technology, innovation, and entrepreneurship. Follow Min Zaw Lwin channel for daily updates, insightful posts, and engaging discussions. Don't miss out on this incredible opportunity to learn from one of the best in the business. See you there!

Min Zaw Lwin

10 Jan, 15:10


တပ်မတော်‌ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

ခိုလမ်မြိုရှိ စစ်မှုထမ်းဟောင်းအဖွဲဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံ

Min Zaw Lwin

10 Jan, 15:02


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တိုရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
#နစက

Min Zaw Lwin

10 Jan, 14:27


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြိုနယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား
#နစက

Min Zaw Lwin

10 Jan, 13:48


ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ ၁၀-၁-၂၀၂၅

Min Zaw Lwin

10 Jan, 10:47


သပြေပန်းနဲ့ ကြိုခဲ့ကြတယ်မို့လား ? 😂😂😂
#MinZawLwin

Min Zaw Lwin

10 Jan, 08:10


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသိုပေးပိုသည့် သဝဏ်လွှာမှကောက်နုတ်ချက်
#Speech

Min Zaw Lwin

07 Jan, 15:28


''ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မဝ'' ဆိုတဲ့ ဆိုရိုးလို့ပေါ့ 😂😂😂
#MinZawLwin

Min Zaw Lwin

07 Jan, 14:13


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံအကြီးအကဲများထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံဖြိုးရေးကော်မရှင်အစည်းအဝေး(၁/၂၀၂၅)သို တက်ရောက်အမှာစကားပြောကြား

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအားလက်ခံတွေ့ဆုံ

Min Zaw Lwin

07 Jan, 13:56


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်
#နစက

Min Zaw Lwin

07 Jan, 09:48


လူမျိုးရေးခွဲခြားသည့် စကားကြောင့် သက်ဆင် ဝေဖန်ခံနေရ

ချင်းရိုင်ပြည်နယ်ရှိ မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် ပြောဆိုခဲ့သော လူမျိုးရေးခွဲခြားသည့် မှတ်ချက်ပြု‌ပြောစကားများကြောင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ဒေါသတကြီးဝေဖန်မှုများထွက်ပေါ်ခဲ့ကာ အဆင်အခြင်မဲ့သော အဆိုပါ ပြောကြားများအတွက် လူသိရှင်ကြားတောင်းပန်ရန် လွှတ်တော်အမတ်တစ်ဦးကလည်း သူ့ကို တောင်းဆိုခဲ့ပါတယ် ။

ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ(PAO)ကပြုလုပ်သော ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ဖြူထိုင်းပါတီ ကိုယ်စားလှယ်လောင်း Salakjit Tiyapairat အတွက် ထောက်ခံအားပေးသည့် မဲဆွယ်စည်းရုံးပွဲတွင် သက်ဆင်က မိန့်ခွန်းပြောခဲ့ရာ၌ ဖျော်ဖြေရေးနယ်ပယ်တွင် ထိုင်းလူမျိုးများ ပိုမို၍ အခွင့်အလမ်းရှာကြရန် အားပေးတိုက်တွန်းမှုလုပ်ခဲ့ပါတယ် ။

သိုရာတွင် သူ့မိန့်ခွန်းအတွင်း အာဖရိကမော်ဒယ်များနှင့်ပတ်သက်၍ ချိုးချိုးဖဲ့ဖဲ့ပြောဆိုခဲ့မှုများကို လူမျိုးရေးခွဲခြားမှုအဖြစ် အများက ရှုမြင်ခဲ့ကြပါတယ် ။
#News

Min Zaw Lwin

07 Jan, 09:29


ကုန်း.ကုန်း. ကုန်း ကုန်းနဲ့တော့ လာသား😂😂😂
#MinZawLwin

Min Zaw Lwin

07 Jan, 09:12


ပန်...ပန်...ပန်.ပန်.ပန် 😂😂😂
#MinZawLwin

Min Zaw Lwin

07 Jan, 07:07


ကရင်ပြည်နယ် အစိုးရအဖွဲနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ ဒေသခံပြည်သူများ စုပေါင်း၍ စားသောက်ကုန်ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီ ၆ ရက်၊ နံနက် ၁၀ နာရီက ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်ဟု သိရပါတယ် ။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အသက်ကို ပဓာနမထားဘဲတာဝန်များ ထမ်းဆောင်နေကြသည့် တပ်မတော်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းဖြင့် အားပေးကူညီပေးခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်း၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ကြောင်း ပြောကြားခဲ့ပါတယ် ။
#News

Min Zaw Lwin

07 Jan, 05:44


EAO တွေ သတိမူရမယ့် Game changer

၁၀၂၇ တိုက်ခိုက်မှုနောက်ပိုင်းမှာ EAO တွေရဲ့နေရာယူလာနိုင်မှုကို တွေ့လာရတယ်။ ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ( MNDAA,TNLA,AA)၊ ရခိုင်ဘက်မှာ AA၊ ကယားဘက်နယ်အချိုမှာ KNDF စသဖြင့် လက်နက်ကိုင်အသီးသီး ယာယီအားဖြင့် ထိန်းချုပ်ထားနိုင်တယ်လို ဆိုရမှာပါ….။

တကယ်တော့ အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်တွေကိုတိုက်ခိုက်ပြီး နယ်မြေသိမ်းယူနိုင်ခဲ့တာက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တိုက စခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ မြန်မာနိုင်ငံသားတွေ တော်တော် သဘောကျခဲ့ပုံပါပဲ။

အဲ့ဒီကတည်းက KNDO၊ MNDO၊ မူဂျာရစ်၊ အလံနီ၊ အလံဖြူ စသဖြင့် ပေါ်ပေါက်လာခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲတွေဟာ အခုဆိုရင် ရေလိုတောင် မရတော့တဲ့အထိ ပေါများလာခဲ့ပါတယ်။
လက်နက်ကိုင်တပ်ဖွဲတွေပေါများလာခဲ့ပေမယ့် အခုလို နယ်မြေသိမ်းတဲ့အထိ လက်စောင်းထက်ခဲ့တယ်ဆိုတာကတော့ လွတ်လပ်ရေးရပြီး ၈ လအကြာမှာ ရန်ကုန်အစိုးရလို ခေါ်ရတဲ့အထိ နယ်မြေချဲ့နိုင်ခဲ့တဲ့ KNDO နဲ့ ဗကပ တိုက ပထမဆုံးဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းကဆို အခုလို နယ်မြေနည်းနည်းလေးတောင်မဟုတ်ဘူး …၊ မန္တလေး၊ မိထ္တီလာ၊ တောင်ကြီး၊တောင်ငူ၊ မော်လမြိုင်၊ သထုံ၊ ပြည်၊ ပုသိမ်၊ မြစ်ဝကျွန်းပေါ်မြိုတွေ အကုန်သိမ်းနိုင်ခဲ့တာပါ..။

ဒါပေမယ့် အကြာကြီးမခံခဲ့ဘူး။ တပ်ဘက်က ပြန်သိမ်းသွားလို အကုန်လက်လွှတ်ခဲ့ရပါတယ်။
ဘာလိုလဲ…..?

လက်လွှတ်ခဲ့ရတဲ့ အကြောင်းရင်းကို စိစစ်မယ်ဆိုရင် အချင်းချင်းမသင့်မြတ်မှုနဲ့ တိကျခိုင်မာတဲ့ ရည်မှန်းချက်မရှိခဲ့လိုပဲဖြစ်ပါတယ်။ သိကြတဲ့အတိုင်း နှစ်ယောက်ရှိရင် သုံးဖွဲကွဲတတ်တဲ့ လူမျိုးတွေချည်း စုနေတဲ့အဖွဲအစည်းတွေ ဘယ်လို သဘောထားတိုက်ဆိုင်နိုင်မလဲ။ မူရင်း ရည်ရွယ်ချက်ကိုက အုပ်ချုပ်သူကို မကြိုက်လို တိုက်ကြတယ်ဆိုပေမယ့် ကိုယ်တိုင်ကျတော့ ဘယ်လိုအုပ်ချုပ်မလဲဆိုတဲ့ အစီအမံမျိုး မရှိခဲ့ကြဘူး။ တကယ်ပဲ ဖယ်ဒရယ်သွားချင်ခဲ့တာလား၊ ကိုယ်ပိုင်နိုင်ငံထူထောင်ချင်တာလား ဆိုတာတောင် မကွဲခဲ့ကြပဲ အလိမ်အညာ ကတိစကားတွေနဲ့ ပူးပေါင်းခဲ့ကြတာမို ပူးပေါင်းမှုတွေက ကြာရှည်မခံခဲ့ကြသလို အချင်းချင်း နယ်မြေလုမှုတွေကြောင့် အလွယ်တကူပြန်ရှုးနိမ့်ခဲ့ကြရတာပါ။

အခုလက်ရှိရော EAO တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေ ဘယ်လောက်ကြာရှည်ခံမလဲ?
ဒါကလည်း မေးခွန်းတစ်ခုအနေနဲ့ စောင့်ကြည့်ရမှာပါ…။

ဘာလိုလဲဆိုတော့ အခုတောင် တိုင်းရင်းသားလက်နက်ကိုင်တွေကြား ထိန်းချုပ်နယ်မြေတွေအတွက် သဘောထားကွဲလွဲမှုတွေ စနေပြီမိုလို ဘယ်အဖွဲက ဘယ်အဖွဲကို ဘယ်အချိန်မှာ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေရတဲ့အခြေအနေမျိုး….။

ရခိုင်ဘက်မှာကလည်း ရိုဟင်ဂျာ ညီအစ်ကိုလေးဖွဲဆိုပြီး ARSA တိုက AAတပ်တွေကို ဝင်တိုက်နေတာတစ်ကြောင်းဆိုတော့ AA က ရခိုင်တစ်နယ်လုံးရရင်တောင် ရှင်းရမယ့်ပြဿနာက ရှိနေသေးတာမို ဒီလိုအခြေအနေတွေကြောင့် တပ်ဘက်ကပဲ တမင် ဟ ပေးနေသလားလိုတောင် ထင်ရတယ်။
အခုလို နယ်မြေတွေ လက်လွှတ်နေရတဲ့ တပ်မတော်အနေနဲ့ကရော ဒီအတိုင်းတော့ ရပ်ကြည့်နေမှာ မဟုတ်တာ အသေအချာပါပဲ။ နေပြည်တော် အစိုးရ ဖြစ်တဲ့အထိစောင့်ကြည့်မလားဆိုတာကတော့ မပြောတတ်ပေမယ့် သေချာတာက ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြောဖူးသလို တပ်မတော်မှာ တစ်ခါမှ မစမ်းရသေးတဲ့ လက်နက်တွေရှိနေတာကိုတော့ မေ့ထားလိုမရပါဘူး။

တပ်ဘက်မှာ နိုင်ငံတကာကို တရားဝင်ထုတ်ပြထားတဲ့ မိုင်(၅၀၀) အထိရောက်နိုင်တဲ့ မစ်ဇိုင်းတွေရှိပြီး EAO တွေရဲ့ နေရာတွေကိုလည်း တော်တော်များများ သိနေတဲ့အတွက် ဒီလက်နက်တွေကို လိုအပ်လာရင် ထုတ်သုံးလာနိုင်တယ်။ အဲ့ဒါတွေသုံးခဲ့မယ်ဆိုရင်တော့ EAOs တွေ နှစ်အကြာကြီး တည်ဆောက်ခဲ့ရတဲ့ အရာအားလုံးဟာ ခလုတ်တစ်ချက်နဲ့တင် ပွဲသိမ်းသွားနိုင်ပါတယ်…။

၁၉၄၉ တုန်းကလို အနိုင်အရှုး အဆုံးအဖြတ် Game Changer တွေဖြစ်လာနိုင်တာမို အဲ့ဒီအတွက် EAOs တွေ ပြင်ဆင်ထားလားဆိုတာတော့ သိချင်မိပါရဲ့..။
(ပိုင်စိုး)

Min Zaw Lwin

07 Jan, 05:43


EAO တွေ သတိမူရမယ့် Game changer

Min Zaw Lwin

07 Jan, 05:18


ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၂ ဒသမ ၈၇၁ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇန်နဝါရီ ၆ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရပါတယ် ။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ ဒသမ ၄၅၈ သန်းနှင့် တရုတ်ယွမ် ၆၈၀,၀၀၀ ခန့်၊ ဇန်နဝါရီ ၃ ရက်တွင် တရုတ်ယွမ် ၅၁၀,၀၀၀ ကျော်နှင့် ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဇန်နဝါရီလ ပထမအပတ်အတွင်း ဒေါ်လာသန်း ၅၀၊ ထိုင်းဘတ် ၅ ဒသမ ၃၂၉ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၂ သန်းနီးပါး ထုတ်ရောင်းပေးထားပါတယ် ။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း၌လည်း ဗဟိုဘဏ်က ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ရာ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားပါတယ် ။
#News

Min Zaw Lwin

07 Jan, 04:17


LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲစည်းထား

ရွှေလီ၊ ရွှေကျင်နှင့် ကျောက်ဖြူစီမံကိန်းများမှ လျှပ်စစ်မဂ္ဂါဝပ် ၆၀၀ ခန့် မဟာဓာတ်အားလိုင်းထဲရောက်မှ နွေရာသီအဆင်ပြေနိုင်မည်ဖြစ်သော်လည်း လုံခြုံရေးကြောင့် မသေချာ၍ လျှပ်စစ်လိုအပ်ချက်ကာလတို ဖြေရှင်းရေး LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲစည်းထားကြောင်းသိရပါတယ် ။

တစ်ရက်လျှင် ပျမ်းမျှ လျှပ်စစ် ၂၀၀၀ မဂ္ဂါဝပ်ခန့်၊ လိုအပ်ချက်၏ သုံးပုံတစ်ပုံသာ ထုတ်လုပ်ပေးနိုင်သောကြောင့် ကာလတို ဖြေရှင်းနိုင်ရန် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုအကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပါတယ် ။

သိုသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများကိုဖျက်ဆီးထားသောကြောင့် စွမ်းအားပြည့် ဓာတ်အားပို လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပေးစက် ရုံများ ဓာတ်အားထုတ်လုပ်နိုင်မှု မရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်း လျော့နည်းရရှိ၍ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိ ခြင်း စသည်တိုကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်နေရခြင်းဖြစ်၍ မီးပေးချိန်လျော့ကျခဲ့ရကြောင်း သိရှိရပါတယ် ။
#News

Min Zaw Lwin

04 Jan, 16:26


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနား တက်ရောက်
#နစက

Min Zaw Lwin

04 Jan, 14:11


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲများချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို တက်ရောက်ချီးမြှင့်
#နစက

Min Zaw Lwin

04 Jan, 13:06


ရခိုင့်အိပ်မက် နိုင်ငံတော်ကြီးဟာ လက်တွေ့မှာဖွံဖြိုးတိုးတက်လာမယ်လို ရခိုင်တွေ တကယ်ယုံနေကြသလား?
--------------------------------------------
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်ထဲအားလုံးထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အားအနည်းဆုံးပြည်နယ်တွေထဲက တစ်ခုဖြစ်တယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့တွေထဲမှာ လောက်လောက်လားလား လူနေအိမ်ထူထပ်သည့်မြိုဆိုလျှင် စစ်တွေမြို့သာ ရှိပါတယ်။ အမ်း၊ မြောက်ဦး၊ ဂွ၊ သံတွဲ ဆိုတဲ့မြို့တွေဟာ ဆေးလိပ်သောက်ပြီး မြို့တစ်ပတ်ဆိုင်ကယ်စီးရင်တောင် ဆေးလိပ်မကုန်ခင် မြို့ကုန်သွားတယ်လို့ ပြောရလောက်တဲ့အထိ မြို့သေးသေးလေးတွေဖြစ်ကြတယ်။

ရခိုင်ပြည်နယ် ဘာလိုမတိုးတတ်ခဲ့သလဲ…?

အဖြေက ရှင်းပါတယ်…၊

ရခိုင်တွေကိုယ်တိုင် ဘာမှစီးပွားရေးလုပ်စရာမရှိတဲ့၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ သူတို့မြို့မှာကို သူတိုမနေနိုင်ကြလို၊ ပြည်မထဲ ရှောင်ပြေးနေကြလို၊ ကိုယ့်ပြည်နယ်ကို ကိုယ်ပြန်မကြည့်ကြလို ပဲဖြစ်ပါတယ်။

အဓိကပြဿနာက DVB လိုမျိုး၊ RFA လိုမျိုး ကိုယ့်နိုင်ငံအပေါ် ဘာကောင်းကျိုးမှမပေးခဲ့တဲ့ အနောက်ဘောမ မီဒီယာတွေရဲ့ သတင်းမှိုင်းတိုက်တာ ဝါဒဖြန့်တာတွေကြောင့်ပဲ။

ရခိုင်ဟာ သယံဇာတအလွန်ပေါတယ်တို၊ ရေအရင်းအမြစ်၊ မြေအရင်းမြစ်တွေကို အစိုးရက အတင်းလုယူထားတယ်တို၊ ပင်လယ်မှာ ကမ်းလွန် ဆိပ်ကမ်းတွေထုတ်ပြီး သဘာဝဓာတ်ငွေ့ထုတ်တာကို အစိုးရက လက်ဝါးကြီးအုပ်ထားတယ်တို စသည်ဖြင့် ဖွလာကြတဲ့အပေါ်မှာ ယုံနေကြတဲ့ ရခိုင်တွေ များလာခဲ့တဲ့အခါ ရုပ်တည်ကြီးနဲ့ လက်နက်ထကိုင်တဲ့ AA ကတော့ အကြိုက်ပေါ့။ ကိုယ့်လူမျိုးကိုယ့်ဘက်ပါလာအောင် အထောက်အပံ့တွေရဖို့က ဇာတ်နာမှလည်းဖြစ်ဦးမှာကိုး။

သို့သော် ရခိုင်ပြည်မှာနေခဲ့ဖူးတဲ့ သူတစ်ယောက်အနေနဲ့ သုံးသပ်ရသလောက် ရခိုင်ဆိုတာ စိုက်ပျိုးစားဖို့တောင် စိတ်မဝင်စားပဲ ရိုင်းရိုင်းပြောရရင် ပျင်းတတ်တဲ့လူကအများစု၊ အရောင်းအဝယ် မကျွမ်းကျင် ၊ ဆိုင်လာတဲ့ ဧည့်သည်ကို ဘယ်လိုဈေးရောင်းရမလဲ မသိတဲ့ဈေးသည်အများစုနဲ့ ဒီလောက်ခေါင်ခိုက်နေတဲ့နေရာမှာ ဗမာတွေမပြောနဲ့၊ ရခိုင်တွေကိုယ်တိုင်တောင် မနေချင်ကြဘူးဆိုတာတွေ့ရတယ်။

အဲ့ဒီတော့ မစားရဝခမန်း၊ လော်ဘီတွေ စွတ်လော်တာကို ယုံပြီး ရွှေအိမ်မက်တွေ မက်ကြတော့တာပဲ။ တကယ်တော့ စီးပွားရေးကိုယ်တိုင်မလုပ်ချင်ပဲ သူများလုပ်ကိုင်ပေးရင် ကြီးပွားလာမှာဆိုတဲ့ အချောင်ခိုချင်တဲ့ စိတ်ကြောင့်ပဲ။ ကဲ ထားပါတော့လေ။ ပင်လယ်ကထွက်တဲ့ ရေနံနဲ့ ဂတ်စ်တွေကို တိုင်းတစ်ပါးအထောက်အကူမပါပဲ ထုတ်ယူလို့ ရနိုင်သလားဆိုတဲ့ အခြေခံအသိလောက်တောင်မရှိပဲ သူတို့ပြည်နယ် သူတို့ပိုင်တယ်လုပ်ချင်တဲ့ ရွှေရခိုင်တွေကို မေးချင်တာက တကယ်လို့များ ရခိုင်ပြည်နယ်ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ရင်တောင် တကယ်ကြီး ကိုယ့်ဘာသာ သယံဇာတတွေထုတ်နိုင်ကြပြီလား၊ လမ်းတွေကောင်းကြပြီလား၊ ထုတ်လို့ရခဲ့ရင်တောင် ဘယ်လိုလမ်းတွေကနေ ဘယ်လိုနိုင်ငံတွေနဲ့ အရောင်းအဝယ်တွေလုပ်ကြမလဲ၊ ပြည်မက ရခိုင်တွေကရော ကိုယ့်ပြည်နယ်ကိုယ်ပြန်ကြမှာလား။

ကိုယ်မြင်ရသလောက်တော့ ၂၀၂၀ လောက်မှာ တိုက်ပွဲတွေငြိမ်လို အမ်းမြို့မှာ အစိုးရ ခရိုင်ရုံးတွေဖွင့်လို့ လမ်းတွေပြင် အဆောက်အဦသစ်တွေဆောက် လူလေးနည်းနည်း စည်ကားစပြုလာတာ အခု အမောင် AA တို့ ဖင်ယားမှုနဲ့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကုန်ကြပြီ၊ အေးပေါ့လေ.. ရခိုင်က နည်းနည်း ဒေသခံချင်းလူမျိုးက များများဆိုတော့လည်း မငဲ့ကြတာနေမှာပေါ့။

တိုင်းကလုပ်ပေး စီစဉ်ပေးလို ကျိတ်ကျိတ်တိုးစည်ကားခဲ့တဲ့ ၂၀၂၃ သင်္ကြန်ကြီးတောင် အားနာမိတယ်။ ဒါတောင် ဘယ်လောက် မောင်းထုတ်ထုတ် ပိုပိုများလာတဲ့ရိုဟင်ဂျာတွေအကြောင်း ထည့်မပြောသေးဘူးနော်။
မင်းတို့ အမျိုးချစ်တယ်ဆိုတာ ငါ ယုံကိုမယုံတာ။

ပိုင်စိုး

Min Zaw Lwin

04 Jan, 12:39


နိုင်ငံတစ်ဝှမ်းရှိ ရခိုင်လူမျိုး မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ဇန်နဝါရီလအတွင်း အကြီးအကျယ် စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းထွက်ပေါ်

Min Zaw Lwin

04 Jan, 12:23


အကြမ်းဖက် AA ကိုထောက်ခံကြတဲ့ နှစ်သီးစားရခိုင်များကို သတိထားကြ

ရခိုင်နဲ့ ဗမာဟာ ယုံကြည်ကိုးကွယ်မှု
ဘာသာစကား စာပေယဥ်ကျေးမှု
ထုံးတမ်းစဥ်လာလည်း တူတယ်။
သို့သော် ထွန်းမြတ်နိုင်ဟာ
အတိတ်ကရခိုင်ပဒေသရာဇ်နိုင်ငံတော်နဲ့
အင်္ဂလိပ်တို့ထားခဲ့တဲ့
သမိုင်းအမှား(ဂျင်း)ကို လက်ကိုင်ထားပြီး
စဉ်းစားတွေးခေါ်မှုအားနည်းပြီး
လူမျိုးရေးအမြင်ကျဉ်းမြောင်းတဲ့
ရခိုင်တွေကိုစုစည်းပြီး
လွတ်လပ်ရေးရပြီးထဲက ခေတ်အဆက်ဆက်
ရခိုင်လူမျိုးတွေကို အကာအကွယ်ပေးခဲ့တဲ့
တပ်မတော်ကို ရန်ပြုတိုက်ခိုက်ခဲ့ကြတယ်။

မြန်မာ့သမိုင်းမှာ ပထမဆုံး လူဦးရေသန်းခေါင်
စာရင်းစစ်တမ်းဖြစ်တဲ့ ၁၆၃၇ ခုနှစ် စစ်တမ်း
(သာလွန်မင်းတရား)မှာတောင် တစ်နိုင်ငံလုံး
လူဦးရေ ၄ သန်းပဲ ရှိခဲ့တာမို့
ဘိုးတော်ဘုရားလက်ထက်(၁၇၈၂)မှာ
ရခိုင် ၃ သန်း အသတ်ခံရတယ်ဆိုတဲ့ 
အင်္ဂလိပ်တွေထားခဲ့တဲ့
သမိုင်းအမှားကြီး(ဂျင်း)ကိုအခြေတည်ပြီး
ဗမာအများစုဖြင့် ဖွဲစည်းထားတဲ့
တပ်မတော်ကို ရန်ပြုတိုက်ခိုက်ခဲ့လို့
အခုဆိုရင် ရခိုင်ပြည်
ကံဆိုးမိုးမှောင် ကျနေပါပြီ။

ဒီလို ကံဆိုးမိုးမှောင်ကြအောင်
ရေနစ်သူဝါးကူထိုးသူများထဲမှာ
မြန်မာနိုင်ငံအနှံ့မှာ စီးပွားရှာပြီး
အမြတ်အစွန်းတွေရလို့ ကြီးပွားချမ်းသာနေကြတဲ့AA ထောက်ခံ ရခိုင်များဟာ နိုင်ငံအနှံ့မှာ
အေးချမ်းစွာနဲ့လွတ်လွတ်လပ်လပ်နေပြီး
AA ကို ထောက်ပံ့နေကြတယ်။ 

ရခိုင်ပြည်နယ်ကို လွတ်လပ်ရေးရအောင်ဆိုတဲ့
ကျဉ်းမြောင်းတဲ့အမြင် ရည်ရွယ်ချက်နဲ့
ထောက်ပံ့နေခြင်းဖြစ်တယ်။
သို့သော် ဒီလိုလုပ်ဆောင်မှုတွေကြောင့်ပဲ
ရခိုင်ပြည် ကံဆိုးမိုးမှောင်ကျမှုက
သက်ဆိုးရှည်နေမှာဖြစ်တဲ့အတွက်
အကြမ်းဖက် AA ကို ထောက်ခံကြတဲ့
နှစ်သီးစား ရခိုင်များကို
သတိထားကြဖို့လိုပါမယ်။

ဒီလို အကြမ်းဖက်အဖွဲ့အစည်း
AA ပတ်သက်ဆက်နွယ်သူ၊
ထောက်ပိုလုပ်သူများကို
အပြင်းအထန်စုံစမ်းစစ်ဆေးသွားပြီး
ဖမ်းဝရမ်းမလိုဘဲ ဖမ်းဆီးနိုင်ရေး
ဆောင်ရွက်သင့်ပါကြောင်းနဲ့
ဒီလို ဆောင်ရွက်နိုင်မှသာလျှင်
ရခိုင်ပြည် ကံဆိုးမိုးမှောင်ကျမှုကနေ
အချိန်မီကယ်တင်နိုင်မည်ဖြစ်ကြောင်း
အကြံပြုတင်ပြလိုက်ရပါတယ်။

Min Zaw Lwin

04 Jan, 12:22


အကြမ်းဖက် AA ကိုထောက်ခံကြတဲ့ နှစ်သီးစားရခိုင်များကို သတိထားကြ

Min Zaw Lwin

04 Jan, 07:47


3-1-2024 နောင်ချိုမြို့နယ်၊ကံ့ကော်စစ်မြေပြင်မှာ အကြမ်းဖက် TNLAက ဗမာPDFတွေကို ပစ်သတ်ခဲ့မှု မှတ်တမ်း

Min Zaw Lwin

04 Jan, 07:22


သရုပ်ဆောင် သင်ဇာဝင့်ကျော် လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာ

ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဥ်းထောင်အသီးသီးမှ အကျဉ်းသား ၅၈၆၄ ယောက်ကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးရာ ယင်းတွင် သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်းပါဝင်ကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော် လွတ်မြောက်ကြောင်းကို အဆိုတော် ကိုစစ်သွေးက "ကျွန်တော်လည်းသွားတွေ့ရဦးမယ်။လွတ်တာတော့ သေချာပါတယ်။သူ့အိမ်နဲ့ခုနကတော့ဖုန်းအဆက်အသွယ်ရပါတယ်။" ဟု အတည်ပြုပါတယ်။
#News

Min Zaw Lwin

04 Jan, 04:53


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ရုရှားသမ္မတ ပူတင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များကပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ
#နစက

Min Zaw Lwin

28 Dec, 13:51


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သက်သေခံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပဒေ၊ နိုင်ငံတော်စီမံအုပ်ရေးကောင်စီအမိန့်အမှတ် (၇၂/၂၀၂၄) အားယနေ့ရက်စွဲဖြင့်ထုတ်ပြန်

Min Zaw Lwin

28 Dec, 12:18


အကြမ်းဖက် NUG လက်အောက်ခံ ပကဖ ဘဏ္ဍာရေးတာဝန်ခံနဲ့ ရဲဘော်တွေက ပြည်သူ ၂ ဦးကို ဦးခေါင်းကွဲအောင် ရိုက်နှက်မှု ၁ လကြာထိ အရေးယူမှုမရှိသေး

နိုဝင်ဘာ ၂၇ ရက် ည ၈ နာရီဝန်းကျင်ခန့်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာက BOC ဆီဆိုင်နားမှာ ဆီဆိုင်ညစောင့်ဝန်ထမ်းတွေကို ဆားလင်းကြီးမြို့နယ် အကြမ်းဖက် NUG လက်အောက်ခံ ပကဖ ဘဏ္ဍာရေးတာဝန်ခံနဲ့ ရဲဘော် ၄ ဦးက ဓားအိမ်နဲ့ ဦးခေါင်းကွဲတဲ့အထိ ရိုက်နှက်ခဲ့တဲ့ အမှုဟာ ၁ လကြာတဲ့အထိ အရေးယူတာမျိုး မရှိသေးဘူးလို့ နစ်နာသူတွေဆီက သိရပါတယ်။

ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကြောင့်  ဆီဆိုင်ညစောင့်တာဝန်ကျတဲ့ ကိုခင်မောင်ထွန်းကတော့ ဦးခေါင်းကို အချက် ၂၀ ချုပ်ခဲ့ရပြီး အကိုဖြစ်သူ ကိုသာဖြိုးဝေ ကတော့ ဦးခေါင်းဒဏ်ရာ ၂ ခုကို အချက် ၂၀ ကျော် ချုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၅ ရက်က ဆားလင်းကြီးမြို့နယ် ပကဖရုံး၊ ပအဖရုံး၊ ပလဖရုံးနဲ့ NUG ရဲ့ တိုင်ကြားမှုရေးရာ ကော်မတီရုံးတွေကို တိုင်စာပို့ထားပေမယ့် ဒီကနေ့အထိ ကျူးလွန်သူတွေကို ခေါ်ယူစစ်ဆေးတာ၊ အရေးယူဆောင်ရွက်တာတွေ လုပ်မပေးသေးဘူးလို့ တိုင်ကြားရာမှာ ကူညီဆောင်ရွက်နေသူတဦးဆီက သိရပါတယ်။
#News

Min Zaw Lwin

28 Dec, 10:54


မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာအပါအဝင်(၄)နိုင်ငံဆွေးနွေး

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို၌ ဆွေးနွေးခဲ့ကြပါတယ် ။

အဆိုပါ (၄)နိုင်ငံမှအဆင့်မြင့်ကိုယ်စားလှယ်အရာရှိများက နှစ်ပတ်လည်အကျဉ်းချုပ်အစည်း အဝေး(၂၀၂၄)တွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင်မြစ်ဝှမ်းဒေသနေ ပြည်သူများ၏စီးပွားရေးဖွံဖြိုးတိုးတက်မှုဖော်ဆောင်ရေးတိုအားဆွေးနွေးခဲ့ကြပါတယ် ။
#News

Min Zaw Lwin

28 Dec, 10:32


ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄ သန်းကျော်နှင့် ထိုင်းဘတ် ၁ သန်းကျော် ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၁ ဒသမ ၃၃၂ သန်းနှင့် တရုတ်ယွမ် ၄၄၀,၀၀၀ ကျော် ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၂၇ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရပါတယ် ။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုမရှိစေရန် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို ဗဟိုဘဏ်မှ ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းဖြစ်ပါတယ် ။
#News

Min Zaw Lwin

28 Dec, 10:13


လမ်းမတော်ပွဲဈေး လေးရက်ကြာကျင်းပနေ

ကိုဗစ်ကာလနောက်ပိုင်း ရပ်နားထားသည့် လမ်းမတော်ပွဲဈေးကို ဒီဇင်ဘာ၂၇ရက်မှ ၃၀ ရက်အထိ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပနေကြောင်း သိရပါတယ် ။

လမ်းမတော်ပွဲစျေးသည် ရေကျော်ပွဲဈေးကဲ့သို နာမည်ကြီးအထင်ကရပွဲတစ်ခုဖြစ်ကြောင်း ၊ နှစ်စဉ် တန်ဆောင်မုန်းလတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ် ။

ကိုဗစ်ကာလအလွန် လေးနှစ်ကြာနောက်ပိုင်း ယင်းပွဲဈေးကို ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း ရေကျော်ပွဲဈေးကို ကျင်းပခဲ့ကြောင်း သိရှိရပါတယ် ။
#News

Min Zaw Lwin

28 Dec, 09:39


သတင်းရေးရင် ညှိပြီးမှ ရေးကြလေ။ အရင် ညှိလိုက်ကြပါဦး ။😂😂😂
#MinZawLwin

Min Zaw Lwin

28 Dec, 09:18


နှစ်ဖွဲ့ကို အရင်တည့်အောင် လုပ်ကြပါဦး 😂😂😂
#MinZawLwin

Min Zaw Lwin

28 Dec, 05:23


❗️❗️❗️❗️❗️❗️❗️

နောင်ချိုဘက်မှာတော့ ဒေသခံတွေက TNLA ကို ချီးထက်ရွံနေပြီ .. သူတို့တွေ ရောက်တာနဲ့ တပ်ကို ချက်ချင်းသတင်းပေးနေတယ်။
-
မနေ့က (ဒီ ၂၇)လည်း နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ရွာအပြင်မှာ TNLA ၂၀ လောက် စုနေတယ်လို့ သတင်းပေးလို့ တပ်က Drone နဲ့ကင်းထောက်ပြီး Drop Bomb တွေရော အကြီးတွေရော ဆော်ထုတ်လိုက်လို့ ထွက်ပြေးသွားတယ်။ ပြီးမှ မြေပြင်တပ်က အဲ့နေရာကို သွားရှင်းတော့ ၂ လောင်း၊ ၂ လက် ရလိုက်တယ်။
-
ပြောချင်တာက ပြည်သူကလည်း သတင်းပေး၊ Drone Team ကလည်း ပစ်ကူပေးရင် ဘယ်သူပုန်မှ ကြာရှည် တောင့်မခံနိုင်ဘူးဆိုတာပါပဲ။ Drone တွေကို ဒီထက် တွင်တွင်ကျယ်ကျယ်သုံးသင့်တယ်။ ခေတ်သစ်စစ်ပွဲတွေမှာ Drone တွေက အဆုံးအဖြတ်ပေးသွားတာ မျက်မြင်တွေပဲမို့ Drone Team ကို ပိုမို တိုးတက်စေချင်တယ်၊ Upgrade လုပ်စေချင်ပါတယ်။

KT

Min Zaw Lwin

01 Dec, 05:13


သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် သဝဏ်လွှာ ပေးပို့
#နစက

Min Zaw Lwin

01 Dec, 04:51


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း
#နစက

Min Zaw Lwin

01 Dec, 00:23


တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin

Min Zaw Lwin

30 Nov, 14:36


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွှက်ထားမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး
#နစက

Min Zaw Lwin

30 Nov, 09:31


ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်အလံနှင့် အစိုးရအကြံပေးအရာရှိချုပ်ပုံတူတိုကို အိန္ဒိယနိုင်ငံတွင် ဆန္ဒပြကြစဥ် မီးရှိကြမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ ရှုတ်ချ

အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာလ ၂၈ ရက်၌ ဆန္ဒပြပွဲတစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံအား မလေးမစားပြုလုပ်မှုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအစိုးရ အကြံပေးအရာရှိချုပ် ဒေါက်တာ မူဟာမက်ယူနပ်စ် ပုံတူတိုအား မီးရှိမှုတိုဖြင့် ပြင်းထန်စွာ ရှုတ်ချခဲ့ကြောင်းသိရပါတယ် ။

ဘင်္ဂလားဒေ့ရှ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အနာဂတ်တွင် ဤကဲ့သိုသောလုပ်ရပ်များ မဖြစ်ပွားစေရေးအတွက် အိန္ဒိယအစိုးရအနေဖြင့် ချက်ချင်းတားဆီးမှုပြုသည့် ဆောင်ရွက်ချက်များလုပ်ဆောင်ရန်လည်း တောင်းဆိုမှုပြုခဲ့ကြောင်း သိရပါတယ် ။

ဝန်ကြီးဌာနက ကိုလ်ကတ္တားမြိုရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုတိယမဟာမင်းကြီးရုံးအပြင်ဘက်တွင် Bongio Hindu Jagran ခေါ် ဟိန္ဒူအုပ်စု၏ နိုဝင်ဘာလ မွန်းလွဲပိုင်းက အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်၍ များစွာစိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
#News

Min Zaw Lwin

30 Nov, 09:04


ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၆ သန်းခွဲကျော် ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၃၆၂ သန်းခွဲကျော် ထုတ်ရောင်းထား

ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၆ ဒသမ ၅၄၁ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၃၆၂ သန်းခွဲကျော် ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာလ ၂၉ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ် ။

ဗဟိုဘဏ်အနေဖြင့် ထိုင်းဘတ်များကို ယခုထုတ်ရောင်းပေးခဲ့ခြင်းအပါအဝင် နိုဝင်ဘာအတွင်း ထိုင်းဘတ် ၁၁ ကြိမ် ထုတ်ရောင်းပေးခဲ့ပြီး စုစုပေါင်း ထိုင်းဘတ် ၃၆၂ သန်းခွဲကျော် ရောင်းချပေးထားသည်။ ထိုပြင် ယခု နိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော်နှင့် တရုတ်ယွမ် ၁၃ ဒသမ ၇၅ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ပါတယ် ။
#News

Min Zaw Lwin

30 Nov, 07:31


အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင် အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခံရ

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင်အဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရပါတယ်။

လာအိုနိုင်ငံက ဗီယန်ကျင်းမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၁ ကြိမ်မြောက် အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကွန်ဂရက် 31st Ordinary Congress of the ASEAN Football Federation (AFF) အခမ်းအနားတွင် ခန့်အပ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
#News

Min Zaw Lwin

30 Nov, 07:05


နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ရပါက စစ်ပွဲရပ်ပေးမည်ဟု ဇလန်းစကီးပြော

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးက ယူကရိန်းအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်ဖြစ်ခွင့်ရပါက အပြန်အလှန်အနေဖြင့် ရုရှားနှင့်စစ်ပွဲကိုရပ်တန့်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု အင်တာဖက်စ် ယူကရိန်း သတင်းဌာနကဖော်ပြထားသည်။

"ရုရှားနဲ့ဖြစ်နေတဲ့ အခုလိုအခြေအနေတွေကို ထိန်းချုပ်ဖို့ဆိုရင် ယူကရိန်းနယ်မြေတွေကို ယူကရိန်းအစိုးရရဲ့အချုပ်အခြာအာဏာနဲ့ နေတိုးအဖွဲ့ရဲ့အရိပ်အောက်မှာပဲထားဖို့လိုပြီး ဒါကိုလက်ခံမယ်ဆိုရင် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဖို့လဲလိုပါတယ်" ဟု ၎င်းကပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှသာ ယူကရိန်းအနေဖြင့် ရုရှားထိန်းချုပ်မှုအောက်ရှိယူကရိန်းနယ်မြေများကို သံတမန်နည်းအရ ဖြည်းဖြည်းချင်းပြန်ယူသွားမည်ဖြစ်သည်ဟုလည်း ဇလန်းစကီးကဆိုခဲ့ပါတယ်။

ယခုအစီအစဉ်ကို လက်ခံပြီးအကောင်အထည်ဖော်ပါက ချုပ်ဆိုမည့်အပစ်အခတ်ရပ်စဲရေးတွင် ရုရှားအနေဖြင့် ယူကရိန်းပိုင်နက်နယ်မြေများကို နောက်နောင်မည်သည့်အခါမှ လာမထိပါးစေရန်အာမခံရမည်ဟုလည်း၎င်းကပြောကြားခဲ့ပါတယ်။
#News

Min Zaw Lwin

30 Nov, 00:21


တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin

Min Zaw Lwin

23 Nov, 13:02


ရုရှားနိုင်ငံမှ ဥရောပတိုက်တစ်ခုလုံးပစ်ခတ်နိုင်သည့် ဒုံးပျံသစ် Oreshnik ကို တိုက်ခိုက်မှုပြုရင်း စမ်းသပ်သွားမည်ဟု ရုရှားသမ္မတ ပြောကြား

ရုရှားနိုင်ငံက အသစ်ထုတ်လုပ်ခဲ့တဲ့ တာလတ်ပစ် ဟိုက်ပါဆိုးနစ် တိုက်ချင်းပစ်ဒုံးပျံ Oreshnik ကို တိုက်ပွဲတွေမှာ အသုံးပြုရင်း စမ်းသပ်သွားမယ်လို့ ရုရှားသမ္မတပူတင်က နိုဝင်ဘာလ ၂၂ ရက်က ပြောကြားခဲ့ပြီး ဒုံးပျံသစ်အရေအတွက်ကိုလည်း စမ်းသပ်ပစ်ခတ်ဖို့ အသင့်ထုတ်လုပ်ထားပြီလို့ ဆိုခဲ့ပါတယ်။

ယူကရိန်းဘက်က ရုရှားနိုင်ငံအတွင်း အမေရိကန်တိုက်ချင်းပစ်ဒုံးပျံတွေနဲ့ နိုဝင်ဘာလ ၁၉ ရက်၊ ယူနိုက်တစ်ကင်းဒမ်းရဲ့ တာဝေးပစ် Storm Shadow ဒုံးပျံတွေနဲ့ နိုဝင်ဘာလ ၂၀ ရက်တို့မှာ ပစ်ခတ်ခဲ့ပြီးနောက် ရုရှားကလည်း နိုဝင်ဘာလ ၂၁ ရက်မှာ နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ တာလတ်ပစ် Oreshnik ဒုံးပျံကို ပထမဆုံးအကြိမ်အသုံးပြုပြီး တန်ပြန်ပစ်ခတ်ခဲ့တာပါ။ ပူတင်က ဒီလိုပစ်ခတ်ရတာကလည်း ယူကရိန်းက ရုရှားနိုင်ငံကို တာဝေးပစ်ဒုံးပျံတွေနဲ့ တိုက်ခိုက်လာလို့ပဲလို့ ဆိုခဲ့ပါတယ်။
#News

Min Zaw Lwin

23 Nov, 11:30


ထောက်ပို့ ငွေကြေးအရှုပ်တော်ပုံ ။
#MinZawLwin

Min Zaw Lwin

23 Nov, 10:59


ခွက်ပျောက်တော့မှာဆိုတော့ ကယောင်ကတမ်းတွေ ထအော်နေသလိုပဲ ။ 😂😂😂
#MinZawLwin

Min Zaw Lwin

23 Nov, 07:55


ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၈ သန်းခန့် ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၃၃၈ သန်းကျော် ထုတ်ရောင်းထား

ဗဟိုဘဏ်မှ ထိုင်းဘတ် ၁၇ ဒသမ ၇၉၇ သန်းနှင့် ဒေါ်လာနှစ်သောင်းခွဲ ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၃၃၈ သန်းကျော် ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာလ ၂၂ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ် ။

ဗဟိုဘဏ်အနေဖြင့် ယခုနိုဝင်ဘာ ၄ ရက်၊ ၅ ရက်၊ ၇ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၉ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တိုတွင် ထိုင်းဘတ်များ ထုတ်ရောင်းပေးခြင်းဖြစ်ပြီး အဆိုပါ ရှစ်ကြိမ်အတွင်း စုစုပေါင်းထိုင်းဘတ် ၃၃၈ ဒသမ ၂၉၇ သန်း ထုတ်ရောင်းပေးခဲ့သည်။ ထိုအတူ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ရောင်းချပေးထားပြီးဖြစ်သလို တရုတ်ယွမ် ၁၂ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်ပါတယ်။
#News

Min Zaw Lwin

23 Nov, 07:35


ထိုင်းနိုင်ငံတွင် ဂိုဏ်းဖွဲသောင်းကျန်းနေသော မြန်မာနိုင်ငံသားလူငယ်အဖွဲကို အမြန်ဖမ်းဆီးရန် ထိုင်းရဲချုပ် အမိန့်ထုတ်

ထိုင်းနိုင်ငံတွင် ဂိုဏ်းဖွဲသောင်းကျန်းနေသော မြန်မာနိုင်ငံသားလူငယ်အဖွဲကို အမြန်ဖမ်းဆီးရန် ထိုင်းဘုရင့်ရဲများ ကော်မရှင်နာ ရဲချုပ် Kittirat Panphet က နိုဝင်ဘာလ ၂၂ ရက်တွင် အမိန့်ထုတ်လိုက်ပါတယ် ။

အဆိုပါ ဂိုဏ်းဖွဲသောင်းကျန်းနေသော နိုင်ငံခြားသား (မြန်မာလူငယ်များ)၏ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံနေခြင်းဖြစ်ပြီး ယင်းအပြုအမူများမှာ နိုင်ငံခြားသားတစ်စု၏ ထိုင်းနိုင်ငံဥပဒေများကို ဖီဆန်ရန် ဂိုဏ်းဖွဲထားသည့် ပုံဖြစ်နေသည့် ဟန်တူအပြုအမူကို တွေ့ရှိသောကြောင့် ထိုင်းဘုရင့်ရဲတပ်ဖွဲ (ရဲမှူးချုပ်) ရဲချုပ် Kittirat Panphet က ဗဟိုအစည်းအဝေးခေါ်၍အထက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
#News

Min Zaw Lwin

23 Nov, 07:14


နိုင်ငံရေးပါတီတွေနဲ့ EAO တွေသွားရောက်လေ့လာခဲ့တဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာခရီးစဉ်မှာ ရလဒ်ကောင်းတွေများစွာ ရရှိခဲ့တယ်လို ဆို

ယခု နိုဝင်ဘာလအတွင်းမှာ နိုင်ငံရေးပါတီတွေနဲ့ EAO အဖွဲတွေသွားရောက်လေ့လာခဲ့တဲ့ အိန္ဒိယနိုင်ငံ ဖက်ဒရယ်လေ့လာရေး ခရီးစဉ်မှာ ရလဒ်ကောင်းတွေများစွာ ရရှိခဲ့တယ်လို သိရှိရပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ လက်နက် ကိုင်ပဋိပက္ခတွေကိုရပ်တန့်ကာ ပြုပြင်ပြောင်း လဲဖိုလည်းလိုနေပြီလို ငြိမ်းချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲခေါင်းဆောင်အချိုက သုံးသပ်ပြောကြားလိုက်ပါတယ်။
#News

Min Zaw Lwin

23 Nov, 03:15


နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဆွေးနွေးခဲ့

ဖီလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအ စည်းအဝေးတက်ရောက်နေသည့် ညှိနှိင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နိုဝင်ဘာ ၂၁ ရက်နေ့လည်ပိုင်းက အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊ ဒု-ကာကွယ် ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် Gen Mao Sophan ၊ ထိုင်းဘုရင့်တပ်မတော်၊ လက် ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk ၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido ၊ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒု-အကြီးအကဲ Maj. Gen Phanseng Bounphan ၊ ဘရူနိုင်းဘုရင့် တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulaiman တိုနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
#News

Min Zaw Lwin

23 Nov, 00:22


တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin

Min Zaw Lwin

22 Nov, 14:01


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနား တက်ရောက်ချီးမြှင့်
#နစက

Min Zaw Lwin

21 Nov, 14:17


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်
#နစက

Min Zaw Lwin

21 Nov, 10:15


ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ သံအမတ်ကြီးများကောင်စီတို တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်

ပထမအကြိမ် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲသံအမတ်ကြီးများ ကောင်စီတို တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ် ။

ယင်းအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြိုရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ နိုဝင်ဘာ (၂၀)ရက်က ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာအခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Saad Mohammed Alemadi က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။
#News

Min Zaw Lwin

21 Nov, 09:43


ရှန်ဟိုင်းဆိပ်ကမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ စစ်ဆေးသည့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သွားရောက်လေ့လာ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဦးဆောင်သည့်အဖွဲသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ရှန်ဟိုင်းမြိုသို ရောက်ရှိနေခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲက ရှန်ဟိုင်းမြို၊ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Shanghai International Terminal) သိုသွားရောက်လေ့လာစဉ် ပြည်ဝင်/ ပြည်ထွက် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာများနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများကို ဆက်စပ်ဌာနများ ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပါတယ်။
#News

Min Zaw Lwin

21 Nov, 08:26


အွန်လိုင်းလောင်းကစားစွဲနေပြီး လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ဖြတ် လုယက်ခဲ့တဲ့ ထိုင်းအမျိုးသမီးကို သေဒဏ်ချ

အွန်လိုင်းလောင်းကစားစွဲနေပြီး လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ဖြတ်လုယက်ခဲ့တဲ့ ထိုင်းအမျိုးသမီးကို တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆာရာရတ် ရန်စီဝူသာပွန်ဆိုတဲ့ ထိုင်းအမျိုးသမီးဟာ သူမကိုယုံကြည်မိတဲ့ ချမ်းသာကြွယ်ဝသူ မိတ်ဆွေအမျိုးသမီး စီရီပွန်ကန်ဝေါင်နဲ့အတူ မဲခေါင်မြစ်ထဲ ငါးလွှတ်ဖို့ မနှစ်က ခရီးသွားချိန်အတွင်း အစားထဲမှာ အဆိပ်ခတ်သတ်ဖြတ်လိုက်ပြီး ဒီအမှုကို စစ်ဆေးချိန်မှာ ဆိုင်ယာနိုက်အဆိပ်တွေ သေဆုံးသူဆီမှာ တွေ့ခဲ့တာကြောင့် လူ ၁၄ ဦးကို သတ်ဖြတ်ခဲ့မှု စတင်ပေါ်ပေါက်ခဲ့တာပါ။

အဲဒီနောက် စီရီပွန်ကန်ဝေါင်ကို သတ်ဖြတ်မှုနဲ့ ဆာရာရတ် ရန်စီဝူသာပွန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာတော့ သူမဟာ ရဲတပ်ဖွဲ့က တရားခံရှာမတွေခဲ့တဲ့ ဆိုင်ယာနိုက်အဆိပ်နဲ့ လူသတ်မှုဖြစ်စဥ်များစွာကို ကျူးလွန်ထားကြောင်း ၂၀၁၅ ခုနှစ် လူသတ်မှုဖြစ်စဥ်အထိ ဖော်ထုတ်နိုင်ခဲ့သလို အလားတူ အဆိပ်ခတ်သတ်ဖြစ်မှုတွေကို ဖော်ထုတ်တွေ့ရှိခဲ့သလို သူမလုပ်ကြံခဲ့တဲ့သူတစ်ယောက်ကလည်း အသက်ရှင်လွတ်မြောက်ခဲ့တာကို စုံစမ်းတွေ့ရှိခဲ့ပါတယ်။
#News

Min Zaw Lwin

21 Nov, 07:02


သူများယောင်လို့ လိုက်ယောင် အမယ် တောင်မှန်း မြောက်မှန်း မသိ ဆိုသလိုပေါ့။ အခု ဘယ်သူက တာဝန်ယူ တာဝန်ခံမှာလဲ?
#MinZawLwin

Min Zaw Lwin

16 Nov, 02:10


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၂၀၂၄ ခုနှစ် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို တက်ရောက်ဆုချီးမြှင့်
#နစက

Min Zaw Lwin

16 Nov, 01:57


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် ပန်း၊ ရေချမ်း၊ ဆီမီး ထွန်းညှိပူဇော်
#နစက

Min Zaw Lwin

16 Nov, 00:20


တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin

Min Zaw Lwin

15 Nov, 13:48


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား လက်ခံတွေ့ဆုံ
#နစက

Min Zaw Lwin

12 Nov, 00:20


တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin

Min Zaw Lwin

11 Nov, 15:03


ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲဝင်များအား ဆန်၊ ဆီ၊ ဆား၊ အမယ်(၃)မျိုးနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ၊ နောင်မွန်ပြည်သူ့စစ် (ဌာနေ)အဖွဲ၊ KNG အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ၊ ကမစညအသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ၊ မော်ချီးပြည်သူ့စစ် (ဌာနေ) အဖွဲ၊ လွိင်လင်လေးပြည်သူ့စစ် (ဌာနေ)အဖွဲ၊ အင်းလေး ပြည်သူ့စစ် (ဌာနေ)အဖွဲ၊ ရွာငံမြိုမ ပြည်သူ့စစ် (ဌာနေ)အဖွဲ၊ ပင်းတယပြည်သူ့စစ်(ဌာနေ)အဖွဲ၊ လုံခုတ်ပြည်သူ့စစ် (ဌာနေ)အဖွဲနှင့် ပေါင်းလင်းပြည်သူ့စစ် (ဌာနေ) အဖွဲ များအား ဆန်၊ ဆီ၊ဆား အမယ် (၃)မျိုးနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
#News

Min Zaw Lwin

11 Nov, 14:53


၂၀၂၄ ခုနှစ် တောင်ကြီးမြို တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား

Min Zaw Lwin

11 Nov, 14:46


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံဖြိုး တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အဖွဲအစည်းများမှ ဂုဏ်ယူဝမ်းမြောက် ကြောင်း ထုတ်ပြန်ကြေညာ

Min Zaw Lwin

08 Nov, 11:51


ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများ ဒဏ်ကြေး ဘတ် (၂၀၀၀၀)နှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်

ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအနေဖြင့် ဘတ် (၂၀၀၀၀) ထက်မပိုသော ဒဏ်ကြေးနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522)နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား အရေးယူဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်း မရှိဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအားလူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
#News

Min Zaw Lwin

08 Nov, 11:26


ဗဟိုဘဏ်က ထိုင်းဘတ် ၂၁ သန်းခွဲကျော်နှင့် တရုတ်ယွမ် ၂ သန်းကျော် ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်သို့ ထိုင်းဘတ် ၂၁ ဒသမ ၆၄ သန်း၊ တရုတ်ယွမ် ၂ သန်းကျော်၊ ဒေါ်လာသုံးသောင်းကျော် ထပ်မံရောင်းချပေးခဲ့ကြောင်း နိုဝင်ဘာလ ၇ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရပါတယ်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကိုပါ ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ သုံးလကျော်တွင် ဒေါ်လာ ၂၅၆ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၀၇၅ ဘီလျံနှင့် တရုတ်ယွမ် ၅၃ သန်းကျော်အထိ ထုတ်ရောင်းပေးထားပါတယ်။
#News

Min Zaw Lwin

08 Nov, 09:37


ပထမနှစ်ဝင်ခွင့်ရသူများစာရင်း နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာမည်
#News

Min Zaw Lwin

08 Nov, 08:51


ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား

လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလျက်ရှိပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက လူနည်းစု ဟိန္ဒူအသိုင်းအဝိုင်းကို ပြင်းပြင်းထန်ထန် ဖြိုခွဲလိုက်တဲ့အတွက် နိုင်ငံ့အရှေ့တောင်ဖက် ဆိပ်ကမ်းမြို့ စစ်တ ကောင်းမှာ တင်းမာမှုတွေ တိုးမြင့်လာနေတယ်လို့ နယူးဒေလီအခြေစိုက် “အိန္ဒိယတူဒေး”က နိုဝင်ဘာလ ၇ ရက်က ရေးသားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစွန်းရောက်အစ္စလာမ်မစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ဂျမတ်အီအစ္စလာမ်မီ” အဖွဲ့ဝင် အူစမန် အလီဆိုသူက “နိုင်ငံတကာ ကရစ်ရှနား အသိပညာရေးအဖွဲ့” (ISKCON) နဲ့ ဟိန္ဒူဘာသာအပေါ် နှိမ်ချပုတ် ခတ်တဲ့ မှတ်ချက်များကို ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့ခြင်းကြောင့် နိုဝင်ဘာ ၅-ရက်နေ့မှာ မငြိမ်သက် မှုများ စတင်ဖြစ်ပွားခဲ့ပါတယ်။

ပို့စ်ရေးသားသူ အူစမန်အလီရဲ့ ဈေးဆိုင်ဟာ စစ်တကောင်းမြို့ ဟိန္ဒူဘာသာဝင်အများစုနေထိုင်ရာ ဟာဇာရီ ဂယ်လီနယ်မြေမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ ဟိန္ဒူနယ်မြေခံများက အလီရဲ့ဆိုင်အပြင်ဘက်မှာ စုရုံးကန့် ကွက် ဆန္ဒပြရာမှ လူ့အဖွဲ့အစည်းနှစ်ခုအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
#News

Min Zaw Lwin

08 Nov, 08:03


ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် (နေပြည်တော်)၌ ကျင်းပ ပြုလုပ်ခဲ့သော ကထိန်အလှူတော် မြင်ကွင်း
#MinZawLwin

Min Zaw Lwin

08 Nov, 07:43


GMS အစည်းအဝေးအပေါ် ဘယ်လိုမြင်လဲဆိုတော့ ကြားထဲက Third Party အဖွဲတွေ ကြိုလွှတ်ထားတာက လုပ်ငန်းအတွက်ပိုပြီးမြန်ဆန်မှုရှိတာတွေ့ရတယ်။ သွားရတဲ့ ကာလကလည်း (၂)ရက်ဆိုတော့ အတော်လေးရပ်ကပ်လွန်းတယ်။ ဒီလိုအနေအထားမျိုး မှာ ရောက်ရောက်ချင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့နိုင်တာ၊ တရုတ်နဲ့ စီမံကိန်း (၆)ခု၊ (၇)ခုလောက် လက်မှတ်ထိုးနိုင်ခဲ့တာ၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ လာအိုတိုနဲ့ အနီးကပ်တွေ့ဆုံ စကားပြောခွင့်ရတာတွေက အကောင်းဘက်က ကြည့်ရင် အတော်လေး တာသွားတဲ့ကိစ္စတွေဖြစ်နေတာ တွေ့ရတယ်။
----
NUG ဘက်ကတော့ တပ်ချုပ်ကြီးရဲ့ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို ဘယ်လိုပဲ ပြောပြော တရုတ်ဝန်ကြီးချုပ်ကိုယ်တိုင်ဆင်းတွေ့ရတဲ့ အနေအထားက နှစ်ဖက်စလုံး အတွက်တော့ WIN-WIN အနေအထားပဲ။ ဖြစ်လာနိုင်တဲ့အခင်းအကျင်းကတော့ တရုတ်လိုလားတဲ့ BRI လမ်းကြောင်းကို နစကဘက်က သဘောတူရမယ့်ပုံစံနဲ့ BRI လမ်းကြောင်းပေါ်က EAO တွေကို တရုတ်က ထိန်းပေးရမယ် ။ ဒီလိုမျိုးရှိလိမ့်မယ်လို ခန့်မှန်းမိတာပါပဲ။ ဒါ့ကြောင့်လည်း ကူမင်းကနေ ပြေးဆွဲမယ့် ရထားလမ်းကြောင်း ကိစ္စ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာတာလို ထင်မိတယ်။
----
ဒီနေရာမှာ တပ်က အဆင့်မကျော်ပဲ ငြိမ်းချမ်းရေးကိစ္စတွေကို နည်းမှန်လမ်းမှန် လုပ်ခဲ့တာက အထက်စီးက ဖြစ်သွားစေခဲ့တယ်။ ဒါ့ကြောင့်လည်း တရုတ်ဝန်ကြီးချုပ် ကိုယ်တိုင်က ငြိမ်းချမ်းရေးကိစ္စလုပ်ခဲ့တဲ့(ဖိတ်ခေါ်ခဲ့တဲ့) တပ့်ရဲ့လုပ်ရက်ကို ချီးကျူးခဲ့တာ။ အထူးသဖြင့် ကူမင်း သဘော တူညီချက်အရ ကိုးကန့်ဒေသဖြစ်စဉ်မှာ တပ်က ရပ်ထားခဲ့ ပေမယ့် လားရှိးအထိ ဆင်းလာခဲ့တဲ့ MNDAA ရဲ့လုပ်ရပ်က ထောက်ပြစရာဖြစ်သွားစေခဲ့ တယ်လို ယူဆတယ်။
----
ဘာပဲဖြစ်ဖြစ် မဲခေါင်ဒေသတွင်းနိုင်ငံတွေရဲ့ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ပြီး နစကရဲ့ ရှေ့လုပ်ငန်းစဉ်ထဲက အဓိကနဲ့နောက်ဆုံးဖြစ်တဲ့ရွေးကောက်ပွဲ အကြောင်းကို ရှင်းပြခွင့် ရခဲ့တာက ဒီခရီးစဉ်ရဲ့ အမြတ်ပဲ။ ပိုဆိုးတာက ဒီမိုကရေစီဘန်းပြပြီး အင်ဒို-ပစိဖိတ်ဒေသ တွေ၊ အရှေ့တောင်အာရှနဲ့အရှေ့အလယ်ပိုင်းကိစ္စတွေမှာ ပါဝင်နေတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက ဘာဆက်ဖြစ်မလဲဆိုတာ မသေချာသေးဘူး။ ထရန့်တက်လာဖိုက လည်း အစိုးရအချိန်းအပြောင်းက ရက်ပေါင်း ၆၀ကျော်ဆိုတဲ့ကာလကိုလည်း ထပ်ပြီး စောင့်ဆိုင်းရဖိုရှိသေးတယ်။ သေချာတာကတော့မဲဆွယ်စည်းရုံးစဉ်မှာ ပြောခဲ့တဲ့ ကတိစကားတွေကို သေချာပေါက် ဦးစားပေးအကောင်အထည်ဖော်ဖိုတာဝန်ရှိတဲ့ ထရန့် အနေနဲ့ မြန်မာ့အရေးကို ထင်သလောက် ပါဝင်စွက်ဖက်မယ် မထင်မိသေးဘူး။ ၂၀၂၅ မှာသာ မျှော်မှန်းသလို ရွေးကောက်ပွဲ တစ်ရပ်ဖြစ်လာရင်တော့ မြန်မာ့နိုင်ငံရေး အပြောင်း အလဲဟာ သိပ်မကြာတော့ဘူးလိုပဲ ဆိုရလိမ့်မယ်။ စစ်ရေးစစ်ရာကိစ္စတွေကတော့ EAO တွေအပေါ် တရုတ် ဘယ်လိုဆက်ပြီးဖိအားပေးမလဲ၊ နစကနဲ့ တပ်မတော်က ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပေါ် မှာ မူတည်လိမ့်မယ်လိုထင်မိတယ်။ သေချာတာ ကတော့ ရေသောက်မြစ် ဖြတ်ခံရတဲ့ အပင်က ကြာရှည်အသက် ဆက်ဖိုတော့ခက် ပါလိမ့် မယ်။ ဒီပလိုမက်တစ်သဘောဆိုတာ ဒါပါပဲ။

နရီမိုး

Min Zaw Lwin

08 Nov, 07:21


ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူများ ၎င်းတိုနေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်မည်ဟု ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထုတ်ပြန်

အလားတူ ယင်းကဲ့သို သက်တမ်းလွန်နေထိုင်သူများအနေဖြင့် ၎င်းတို နေထိုင်ခဲ့သည့် သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းသို ပြန်လည်ဝင်ရောက်ခွင့်အား ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ ရက်ပေါင်း ၉၀ နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် တစ်နှစ်၊ တစ်နှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် သုံးနှစ်၊ သုံးနှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် ငါးနှစ်၊ ငါးနှစ်နှင့်အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံသို ပြန်လည်ဝင်ရောက်ခွင့် ၁၀ နှစ် စသည်ဖြင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
#News

Min Zaw Lwin

08 Nov, 05:50


ပြည်သူ့စစ်မှုထမ်းတွေ ဘယ်လိုပျော်လဲ အဲမှာသာကြည့်တော့ 😂😂😂
#MinZawLwin

Min Zaw Lwin

08 Nov, 05:31


ထောက်ပို့တွေက တလရ လုပ်ချင်လို့မှ မဟုတ်တာ ခိုးဖို့လုပ်နေကြတာလေ။ သာဓက တွေ အများကြီးပဲဟာကို ပြဿနာ တစ်ခုခုတက်ပီဆိုရင် ထောက်ပို့ မလုပ်တော့ဘူး ဘာညာ ထလုပ်တော့တာလေ။ သူတို့ မလုပ်တော့ဘူးလို့ ပြောတဲ့ အချိန်ကို ကြည့်ကြည့်လိုက် သူတို့ဘဝက တိုက်တွေကားတွေ ပိုင်နေပြီလေ ။ အနည်းဆုံးတော့ ဒီတစ်ဘဝ တစ်ဘဝစာ ကောင်းကောင်း ဖူလုံသွားပြီဆိုတာ သူတို့နဲ့ သူတို့ပဲသိတယ်။
#MinZawLwin

Min Zaw Lwin

08 Nov, 05:16


ဘာပြောချင်လဲ? 😂😂😂
#MinZawLwin

Min Zaw Lwin

06 Nov, 04:34


တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်း လှမ်းချက်များနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကာ ယခုအချိန်မှာလည်း ဒီမိုကရေစီ အရေး၊ လူမျိုးစုအရေး စတဲ့ အရေးများကို ရုပ်ပြအဖြစ် အသုံးပြုပြီး ယခင်အတိတ်ကာလကလို စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းနေသည်ပုံစံမှာ “ကျား သေကို အသက်ပြန် မသွင်းမိကြစေဖို့” လိုအပ်ကြောင်း ပြောဆိုခဲ့တဲ့ အချက်က ထူးခြားတယ်။
#MinZawLwin

Min Zaw Lwin

06 Nov, 03:41


၃လသား ဘာဆိုဘာမှ မသိသေးတဲ့ လူမမယ် ကလေးလေး ပါ သ-တ်တဲ့ တလရ က မှန်တယ်လို့ ထင်နေတုန်းလား ? လူမမယ် ကလေးလေးမှာ ဘာအပြစ်ရှိလို့လဲ? တရားမျှတမှုဆိုတာ ဘာလဲ?
#MinZawLwin

Min Zaw Lwin

06 Nov, 03:17


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲသို တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားခဲ့သည့် ကောက်နုတ်ချက်
#Speech

Min Zaw Lwin

06 Nov, 02:57


မဆီမဆိုင်ငိုချင်တယ်ဆိုတာကတော့ ထရန့်နိုင်တော့မှာ မို့လို့ပါ။ အမေရိကန်လို နိုင်ငံမှာတောင် မဲမသမာမှုတွေရှိလို့ ဖြစ်လို့ မနည်းဖြေရှင်းနေရတာ။ ကိုယ်တွေနိုင်ငံမှာတော့ မခိုးခဲ့ပါဘူးဆိုပြီး ခုထိ ဗြောင်လိမ်နေတုန်း။
#MinZawLwin

Min Zaw Lwin

06 Nov, 02:40


အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 အစည်းအဝေးကို သီတဂူဆရာတော်ကြီးတက်ရောက်

အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို၊ အသောကဟိုတယ်တွင် နိုဝင်ဘာ ၅ ရက်နံနက် ၈ နာရီကကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 ကိုတက်ရောက်တော်မူခဲ့ကြောင်း သိရပါတယ်။

သီတဂူဆရာတော်ကြီးသည် ယင်း အစည်းအ ဝေးအား Internatiional Buddhist Confederation ၏ဖိတ်ကြားချက်အရတက်ရောက်တော်မူခဲ့ခြင်းဖြစ်ကာ အခမ်းအနားအား ဘုရားပန်းကပ်ခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်၍ ဖွင့်လှစ်ပေးတော်မူခဲ့ကြောင်း သိရပါတယ်။

ထိုပြင် အစည်းအဝေး၌ သီတဂူဆရာတော်ကြီးသည် “Recognition of Pali as a Classical Indian Language”အကြောင်းအား မိန့်ခွန်းအ ဖြစ်မိန့်ကြားတော်မူခဲ့ကြောင်း သိရပါတယ်။
#News

Min Zaw Lwin

06 Nov, 02:17


ပြဿနာ စတင်ခြင်းလား?

ဒက်ထရွိက်နဲ့ ဖီလဲဒဲလ်ဖီးယားမှာ မဲအကြီးအကျယ်လိမ်မှု ရှိနေတယ်လို့ ထရမ့်က ထုတ်ဖော်ပြောဆိုလာပါတယ်။

ထရမ့်နိုင်တဲ့ပြည်နယ်တွေက
* Kentucky
* Indiana
* West Virginia
* Oklahoma
* Florida
* S Carolina
* Tennessee
* Alabama

စုစုပေါင်း (၈) ပြည်နယ်ဖြစ်ပြီး

Harris က
* Vermont
* Maryland
* Connecticut
* Massachusetts
* Rhode island

စုစုပေါင်း (၆) ပြည်နယ်မှာအနိုင်ရနေတယ်လို့ ကနဦး သိရပါတယ်။
#News

Min Zaw Lwin

06 Nov, 01:56


အမေရိကန် သမ္မတ ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေပါ။ အများ ပြောပြောနေတဲ့ ဒီ Swing state (၇) ပြည်နယ် မှာ နိုင်တဲ့ သူက သမ္မတ ဖြစ်ပီလို့ ပြောတယ် ။ ဒီအတိုင်းဆို ထရန့်ရဲ့ ရီပတ်ပလင်ကန်တွေက အနိုင်ရသွားပီလို့ ပြောလို့ရတယ်။ တစ်ခုပဲ မမြင်နိုင်တဲ့ ကြိုတင်မဲ တွေကနေ ထရန့် ကို ဘယ်လို ဒုက္ခပေးမလဲဆိုတာတော့ စောင့်ကြည့်ရတော့မယ်။
#MinZawLwin

Min Zaw Lwin

27 Oct, 14:26


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ပဲခူး-ရန်ကုန် နှင့် ရန်ကုန်-ပဲခူး ခရီးစဉ် အမှတ်(၁၆)အစုန်၊ အမှတ်(၁၅)အဆန် လေအေးစက်တပ်ခေတ်မီ ဒီဇယ်လျှပ်စစ်(DEMU)ရထားခရီးသည် စီးနင်းမှုများပြား၍ ဘူတာများ၌ လက်တန်းပါသံလှေခါးများစီစဉ်ထားရှိ
#News

Min Zaw Lwin

27 Oct, 13:54


ငြိမ်းချမ်းရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(P.P.S.F) ဖွဲ့စည်း

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဗဟိုဌာနချုပ်အဖြစ်ထားရှိ၍ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ ငြိမ်းချမ်းရေးတပ်ဖွဲ့များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့ဘဝလုံခြုံအေးချမ်းသာယာရေးကို လိုလားသောသူများပေါင်းစည်းကာ ငြိမ်းချမ်းရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(P.P.S.F)ကိုဖွဲ့စည်းပြီး တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘဝလုံခြုံအေးချမ်း သာယာရေးတို့အတွက် နိုင်ငံတော်အစိုးရနဲ့ အတူတကွပေါင်းစည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်၊၊

Min Zaw Lwin

27 Oct, 10:45


မြန်မာအစားအသောက်များ တရားမဝင် ဝင်ရောက်လာသည့် လမ်းကြောင်းများကို အမေရိကန် စစ်ဆေးမည်

အရည်အသွေး လိုအပ်ချက်ရှိနေသည့် မြန်မာအစားအသောက်များ အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာခြင်းမျိုးရှိနေသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် စစ်ဆေးရေးဌာန(FSIS) က အောက်တိုဘာ (၂၄) ရက်တွင် သတိပေးချက် ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် အရည်အသွေးလိုအပ်ချက် ရှိနေသည့် အသားထုတ်ကုန်များသည် အမေရိကန် နိုင်ငံတွင် ပေါများလာကြောင်း FSIS က ဆိုပါတယ်။

ထို့ကြောင့် ယင်းအစားအသောက်များကို စားသုံးခြင်းမျိုး မပြုလုပ်ရန်နှင့် မြန်မာအသားထုတ်ကုန်များသည် အမေရိကန် အစားအသောက် ဘေးကင်းလုံခြုံရေး နှင့် စစ်ဆေးရေးဌာန(FSIS)၏ ခွင့်ပြုချက်မရထားသောကြောင့် တရားမဝင် ဝင်ရောက်လာရာလမ်းကြောင်းကို ဆက်လက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု ဖော်ပြထားပါတယ်။
#News

Min Zaw Lwin

27 Oct, 05:11


ဥပဒေရဲ့ ပြင်ပဆိုတာ?
#MinZawLwin

Min Zaw Lwin

27 Oct, 04:44


မြန်မာနိုင်ငံတွင် ၂၀၃၀ ၌ လျှပ်စစ်မီးအပြည့်အဝရရှိရန် ကြိုးစားနေဟု လျှပ်စစ်ဝန်ကြီးပြော

မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန်ကြိုးစားနေ သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ တရုတ်နိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမစွမ်းအင်ဝန်ကြီးများကွန်ဖရင့်၏ အောက်တိုဘာ ၂၃ ရက်(ပထမနေ့)က အမှာစကားပြောကြားချိန်၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာစွမ်းအင်အခင်းအကျင်း၏ တိုးတက်မှုနှင့်ဆန်းသစ်တီထွင်မှုများကို မျှဝေခံစားနိုင်ရန် Belt and Road Initiative အောက်တွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
#News

Min Zaw Lwin

27 Oct, 01:59


ဒီနေ့ ၁၀ လပိုင်း ၂၇ ရက်ဟာ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ တာရွှေထန်၊ လောက်ကိုင်၊ ကုန်ကြမ်းဆိုတဲ့ မြို့နေပြည်သူတွေ အိုးအိမ်ပစ်ပြီး ထွက်ပြေးခဲ့ရတာ တစ်နှစ်ပြည့်တဲ့နေ့ပဲ။ ဒီစစ်ပွဲရဲ့ အကျိုးဆက်အနေနဲ့ လားရှိုးကပါ ကိုးကန့်လက်အောက်ကို ကျရောက်ခဲ့ရတယ်။

ခု စိတ်ပူနေမိတာက နပခပါပဲ။ နပခ က ဘာလို့ အရေးကြီးသလဲဆိုတော့ ရိုးမကျော်ရင် အရှေ့ဘက်က မကွေးကို တိုက်ရိုက်ပေါက်တယ်။ ရခိုင်ပြည်နယ်က ထွက်ပေါ်လာတဲ့ AA ဆိုတာ ...ကရင်ပြည်နယ် သံလွင်မြစ်တကြောမှာတောင် စစ်အခြေစိုက်စခန်း ဆောက်ဖူးတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါကို တပ်က သတင်းရလို့ ဗုံးကြဲ ခဲ့တာကို သတိရရင်.... ကြေးစားသာသာ AA အတွက် သတ်သတ်မှတ်မှတ် မြေဆိုတာ မရှိ နေဘူး။ တဆက်တည်း အောက်က ဂွမြို့ကျရင် ရေကြည်၊အသုတ် ဧရာဝတီက တဆက်တည်းပဲ။ ပုသိမ်ဆိုတာ အတော်လေးနီးတယ်။

ဖြတ်လေး ဖြတ် ကောင်းကောင်း ဖြတ်နိုင်ရင် ရခိုင်က အတော်လေး သိသာမှာပါ။ ခက်တာက အောက်ခြေတွေမှာ အဂတိ လိုက်စားပြီး လွှတ်ပေးနေရင်တော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်မှာလို့ တွေးမိတယ်။ ရခိုင်ဘက်ကို မကွေးဘက်ကနေ ဆီတွေက အထမ်းသမားတွေနဲ့ အဆင့်ဆင့် သယ်နေတဲ့ သတင်းတွေ ကြားမိတယ်။ စိစစ်ဖို့ လိုပါတယ်။ နိုင်ငံ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေး ယန္တရားမှာ ပါတဲ့ သူတွေ အနေနဲ့ တိုင်းပြည်ကို သစ္စာ ရှိဖို့ လိုပါတယ်။

အမ်းမြို့ဟာ ဒုတိယ လားရှိုး ဖြစ်လို့မရပါဘူး။ ရခိုင်ဟာ စနိုက်ပါ တပ်ဖွဲ့ကို အတွင်ကျယ်ဆုံး သုံးနေတာပါ။ ရခိုင်ကို ဝင်တဲ့ တပ်မ တွေအနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း အရင်ဆုံး တွေးသင့်ပါတယ်။ နည်းပညာမြင့်တဲ့နေရာမှာ လူအင်အားထုကို သုံးလို့မရပါဘူး။ တန်ပြန် နည်းပညာမြင့်တဲ့ လက်နက်တွေနဲ့ ဘယ်လို အထိနာအောင် လုပ်သင့်သလဲ ဆိုတာ စဉ်းစားဖို့ လိုပြီလို့ ထင်ပါတယ်။ မြစ်ချောင်းပေါတဲ့ ရခိုင်မှာ စက်လှေကအစ စက်သုံးဆီ မရှိရင် အလုပ်မဖြစ်ပါဘူး။

နရီမိုး

Min Zaw Lwin

27 Oct, 00:19


တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin

Min Zaw Lwin

26 Oct, 14:18


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ စွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်သို့ တက်ရောက်

Min Zaw Lwin

26 Oct, 13:29


နယ်စပ်ဒေသတွင် ချင်းလက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယလက်နက်ကိုင်သုံးဦး သေဆုံး

အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသတွင် မဏိပူရပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် အခြေစိုက် လက်နက်ကိုင်အဖွဲ့များကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး မဏိပူရပြည်နယ်အခြေစိုက်လက်နက်ကိုင်အဖွဲ့ဖြစ်သော PREEPAK (PRO) အဖွဲ့ နှင့်  People's Liberation Army (PLA) အဖွဲ့တို့မှ တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းများတွင်ဖော်ပြထားပါတယ်။

PREEPAK (PRO)အဖွဲ့က ၎င်းတို့အဖွဲ့ဝင်နှစ်ဦးနှင့် RPF/PLA အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ချင်းပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးခဲ့သော မဏိပူရပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ရုပ်အလောင်းကို အာသံရိုင်ဖယ်တပ်ရင်းက ပြန်လည်ယူဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ထံ အောက်တိုဘာ ၂၄ ရက်နေ့တွင်လွှဲပြောင်းပေးခဲ့ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားပါတယ်။
#News

Min Zaw Lwin

26 Oct, 11:16


မြန်မာကိုအလုံးစုံပိတ်ဆို့ အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ILO ရုံးကို မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ရှုတ်ချစာ ပေးပို့

မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့ အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ရန်ကုန်မြို့၊ ကန်ဘဲ့လမ်းမှာရှိတဲ့ ကမ္ဘာ့အလုပ်သမားသမားအဖွဲ့ချုပ်(ILO)ရုံးကို မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ရှုတ်ချစာတစ်စောင်ကို ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့က ပေးပို့ထားလိုက်ပြီဖြစ်တယ်လို့ မြန်မာအလုပ်သမားထုကိုယ်စားလှယ်တွေက ပြောပါတယ်။
#News

Min Zaw Lwin

25 Oct, 16:31


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်
#News

Min Zaw Lwin

25 Oct, 15:49


ကလေး ၁၇ ဦးလူကုန်ကူးသူအမျိုးသမီး ကို သေဒဏ်ချ

တရုတ်နိုင်ငံ၌ ပြန်လည် တရားစီရင်ခဲ့သည့်အမှုတစ်ခုတွင်အမျိုးသမီးတစ်ဦးသည် ကလေး ၁၇ ဦးအားခိုးယူကာ လူကုန်ကူးမှုဖြင့် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်‌ပေးခဲ့ကြောင်းသိရပါတယ်။

Yu Huaying အမည်ရှိအဆိုပါအမျိုးသမီးသည် ကွေ့ကျိုးနှင့် ချုံချင်းပြည်နယ်မှ ကလေး ၁၁ ယောက်ကို ဖမ်းဆီးကာ လူကုန်ကူးခဲ့ပြီး အကျိုးအမြတ်အတွက်ရောင်းချခဲ့ကြောင်းသိရသည်။သိုသော်အဆိုပါပြစ်မှုများအတွက်၎င်းက ချက်ချင်းအယူခံဝင်ခဲ့ပါတယ်။

ယခုအမှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်ကွေ့ကျိုးပြည်နယ်တရားရုံးက ဒုတိယမြောက်ရုံးချိန်းကို ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်တရားခံသည် ကလေးလူကုန်ကူးမှုတွင် ပါဝင်ပတ်သက်ကြောင်းတွေ့ရှိရသဖြင့် အမှုကိုပြန်လည်စစ်ဆေးရန် အမိန့်ပေးညွှန်ကြားခဲ့ခြင်းဖြစ်ပါတယ်။
#News

Min Zaw Lwin

25 Oct, 15:39


ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီဖွဲစည်း

နစက မှ နိုင်ငံအတွင်း ရွှေစျေးနှုန်းတည်ငြိမ်မှန် ကန်စေရန် အမိန့်အမှတ် ၃၆/၂၀၂၄ ဖြင့် ဓာတ် သတ္တု(ရွှေ)ရည်ညွှန်းစျေးသတ်မှတ်ရေးကော်မ တီအားဖွဲစည်းခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်ကထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကော်မတီအား နေ့စဥ် ရွှေရည်ညွှန်းစျေးကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ထုတ်ပြန်နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်၍ ဖွဲစည်းခဲ့ခြင်းဖြစ်ပါတယ်။

ကော်မတီ၏ ဒု-ဥက္ကဋ္ဌအဖြစ် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌမှတာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူးတစ်ဦး၊ တွဲဘက်အတွင်းရေးမှူး(၂)ဦးနှင့်အဖွဲဝင်(၁၀)ဦးပါဝင်ကာ ၎င်းတိုသည် မြန်မာနိုင်ငံအတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ရွှေရည်ညွှန်းစျေးကို နေ့စဥ် အွန်လိုင်းအစည်းအဝေးပြုလုပ်၍ အတည်ပြုသတ်မှတ်ထုတ်ပြန်ပေးရမည်ဖြစ်ပါတယ်။
#News

Min Zaw Lwin

25 Oct, 15:21


ရွှေရောင်းဝယ်ခြင်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း ယနေ့ အောက်တိုဘာ ၂၅ ရက်က ပြည်ထောင်စုဝန်ကြီးဦးခင်ရီမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုအစိုးရအဖွဲကအပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုပြင် ပြည်ထောင်စုအစိုးရအဖွဲမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်တိုကိုအပ်နှင်းခဲ့ကြောင်း သိရပါတယ်။

ထိုသို အပ်နှင်းမှုအား ပြည်ထောင်စုအစိုးရအဖွဲမှ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်က အမိန့်အ မှတ် ၃၅/၂၀၂၄ ဖြင့် အမိန့်ထုတ်ပြန်နိုင်ခွင့်အပ် နှင်းခြင်း အနေဖြင့်အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
#News

Min Zaw Lwin

25 Oct, 14:18


နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
#News

Min Zaw Lwin

25 Oct, 14:04


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ ၅ နှစ်သင်တန်း အမှတ်စဉ်( ၆ )မှကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြား
#နစက

Min Zaw Lwin

25 Oct, 10:26


ရခိုင်ပြည်သူတွေအပေါ် အကြမ်းဖက် AA ရဲ့ ယုတ်မာမှုတွေ
#MinZawLwin

Min Zaw Lwin

25 Oct, 08:46


လှိုင်မြိုနယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းစုံ(၅)ပိဿာကျော်နှင့် ငွေကျပ် သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF အကြမ်းဖက် သင် တန်းဆင်းများ ဖြစ်နေကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

လုယက်သည့်ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ်ရှိ “မြရွှေယုံ” ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါရွှေဆိုင်မှ ယာဉ်မောင်းသည် ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ မြရွှေယုံရွှေဆိုင်မှ ရွှေထည်ပစ္စည်းအစုံ (၅)ပိဿာ (၂၉) ကျပ်သားနှင့် ငွေကျပ် သိန်း (၅၀)တို့ကို သံသေတ္တာ(၃)လုံးဖြင့် သိမ်းဆည်းကာ လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏နေအိမ်သို့ တစ်ဦးတည်း မောင်းနှင်လာခဲ့ကြောင်း သိရပါတယ်။ ထို့နောက် နေအိမ်ရှေ့သို့အရောက်တွင် အခြားမော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား(၄)ဦး ရောက်ရှိလာကာ သေနတ်တစ်ချက်ပစ်ဖောက်ခြိမ်းခြောက်ပြီး ယာဉ်မောင်းကို ရိုက်နှက်ကာ ကားပေါ်ရှိ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သံသေတ္တာ(၃)လုံးတို့ကို လုယူထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။
#News

Min Zaw Lwin

25 Oct, 08:46


လှိုင်မြိုနယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ
#News