စာ လွှာ @sarhlwar Channel on Telegram

စာ လွှာ

@sarhlwar


ချစ်ရပါသော....ထံသို့

စာ လွှာ (Burmese)

စာ လွှာ သည် မိန်းမလေးတွင် စာအုပ်စုများ၊ စာဖတ်ချိန်များ ၊ မြန်မာနိုင်ငံများ နှင့် အဒေသတ အကူအညီများ တစ်ခုဖြစ်ပါသည်။ sarhlwar သည် ီရတွေ့ပတ်သော စာ လွှာ ဖြစ်ပြီး နပေးဒေသကြီးရှိပါသေး ပြီ။ အနက်က မိန်းသို့ အတွင်း လွှာ မိန်းလေးတွင် ဇော် ထွေး သဒီ လွှေး အင်း အလင်များကို ရရှိသည်။ စာ လွှာ ကို လွှာမိန်းလေးတွင် နှင့် ဇော်ထွေးပါ။ သင်တွင် အစိုးရတော်ဖြစ်ရမည်ကို မိဘမိဘ လွှာ မိန်းလေးတွင် ရ သော အကတ္ဍ ၃ နှင့် အကူအညီအုပ်ချုပ်များ မြှင့်ပါ ပြီ။ ကျွန် ပလိုလဲ ဇော်ထွေးသော စာ လွှာ နှင့် လွှာမိန်းလေး၏ အိမ် အာဏာပါ လွှာမိန်းလေးတွင် အကယ်လိုဂရုမစာ လွှာ မိန်းလေး နှင့် အခြား ဂရုပြုပြင်များ ရရ ှေသည်။

စာ လွှာ

20 Nov, 02:48


တိမ်တွေ
ပေါက်ဖွားတဲ့အချိန်မှ
လေပြင်းလာဖြစ်ရပေမယ့်
ကြယ်လေးတွေ အတွက်တော့
သူရဲကောင်း ပါပဲ...။

#ဏီရို

စာ လွှာ

19 Nov, 11:52


ကိုယ်လား?...
ဒီလိုပဲ
အဆင်ပြေအောင်နေပါတယ်
တကယ်တမ်း
အဆင်မပြေပေမယ့်လည်း
မင်းအတွက်
အဆင်ပြေအောင်
ဟန်ဆောင်ရတာပေါ့...။

#ဏီရို

စာ လွှာ

14 Nov, 15:49


မင်းအတွက်
မင်း မထိခိုက်စေဖို့
မင်း ပျော်ရွှင်စေဖို့အတွက်
ကိုယ့်ရဲ့ ဆန္ဒတွေကို မျိုသိပ်
ဒဏ်ရာနဲ့ပဲ ကိုယ့်ကိုကိုယ်နှစ်သိမ့်
နာစရာရှိလဲ ကိုယ်ပဲနာ
သာစရာရှိရင် မင်းပဲ အသာရပါစေ
အသက်ရှူလိုက်တိုင်း
ပျော်ရွှင်အေးချမ်းပါစေ
ကြာသပတေးသမီးလေးရေ...။

#ဏီရို

စာ လွှာ

11 Nov, 16:39


ကိုယ့်စေတနာတွေ မှန်ခဲ့ပါသည်
ဒါကြောင့်...
အဲဒီ ကြွက်မလေး
ပျော်ရွှင်လန်းဆန်း
ကျန်းမာပါစေ
စိုးရိမ်သံသယနဲ့
အပူအပင်တွေကင်းပါစေ
အရင်လို
ရွှင်လန်းသွက်လက်စွာ ရှိပါစေ
အိပ်ရာနိုးချိန်ကနေ
အိပ်ရာဝင်ချိန်အထိ
အခက်အခဲများကင်း၍
ပျော်ရွှင်မှု‌‌တွေသာ
ပိုင်ဆိုင်ပါစေ.....

#ဏီရို

စာ လွှာ

10 Nov, 08:49


Channel photo updated

စာ လွှာ

10 Nov, 08:33


တချို့ ချစ်ခြင်းမေတ္တာတွေက
ပေးဆပ်ခြင်းပဲ ဖြစ်ချင်တာ...

သူ့မှာ ရယူချင်တာဆိုလို့
မြင် နေခွင့်၊ ကြား နေခွင့် နဲ့
ချစ်ရတဲ့သူရဲ့
အခက်အခဲနဲ့
လိုအပ်ချက်တချို့ကို
တိတ်တဆိတ်
ကူညီ ဖြည့်ဆည်းခွင့် သာ ရှိတာပါ...။

#ဏီရို

စာ လွှာ

09 Nov, 07:03


ကိုယ်မတတ်နိုင်တဲ့
တောင်းဆိုမှုတွေထက်
ကိုယ် တတ်နိုင်တဲ့
မြင်နေခွင့်၊ ကြားနေခွင့် လေးပဲ
ပေးသနားပါ...။

#ဏီရို

စာ လွှာ

08 Nov, 03:22


တခါတလေ
သရဲတစ္ဆေ ဖြစ်ရတာ ပိုကောင်းတယ်

သူ ကိုယ့်ကို မမြင် မကြားရပဲ
ကိုယ်က သူ့အနားမှာရှိပြီး
သူ့ အသံလေးကြား
သူ့ မျက်နှာလေးနဲ့ လှုပ်ရှားမှုတွေကို
မြင်နေခွင့်ရတယ်
(အန္တရာယ်တခုခုဖြစ်ရင်တောင်
ကူညီပေးနိုင်သေးတယ်)...။

#ဏီရို

စာ လွှာ

07 Nov, 16:58


ကိုယ်တို့ ပြန်စကြရအောင်
တစ်ယောက်နဲ့တစ်ယောက်
အထိခိုက်မခံတဲ့ ဆက်ဆံရေးမျိုးထက်
တစ်ယောက်ကိုတစ်ယောက်
ပိုနားလည်မှုရှိတဲ့ နီးစပ်မှုမျိုးနဲ့
ပြန်ပြီး ခင်မင်ရင်းနှီးကြရအောင်...

#‌ဏီရို

စာ လွှာ

06 Nov, 13:35


မြက်ရိုင်းက

မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး၊

နေနဲ့ လက

တစ်ယောက်ကိုတစ်ယောက်

မပိုင်ဆိုင်နိုင်ကြသလိုမျိုး

ရိုးသားစွာ… တို့

ဝေးလိုက်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့

အရာရာကို လက်ဖြန့်မိုး

စောင့်ရှောက်ချင်တဲ့ လူငယ်

ခု… ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…။

တေလေဘဝရဲ့

ပထမဆုရ အမှားတွေကို

လွယ်အိတ်ညိုထဲထည့်ပြီး

မီးအိမ်လက်ဆွဲ

ရာဇဝင်ထဲမှာ ခရီးဆက်ရဦးမယ်။

#တာရာမင်းဝေ ''မီးတောက်ရစ်သမ်'' မှ

စာ လွှာ

06 Nov, 08:00


အရင်လို
စကားတွေအများကြီးပြော
စာတွေပုံမှန် ပို့ခွင့် မရှိတော့လို့

ကြွက်မလေးရေ..
ကျန်းမာရေးဂရုစိုက်ပါ

မိုးရွာ နေပူထဲသွားရင် ထီးမမေ့ပါနဲ့

အေးတဲ့အချိန်တွေဆို
အနွေးအင်္ကျီ‌ဝတ်ပါ

အရမ်းတိုလွန်းတဲ့
အဝတ်တွေ မဝတ်ပါနဲ့

ညဖက်တွေအိပ်မရမှာစိုးလို့
ကော်ဖီသောက်တာလျှော့ပါ

ညမိုးချုပ်လွန်းတဲ့အထိ
အပြင်မှာမနေပါနဲ့

မတည့်တာတွေ မစားပါနဲ့

လူတွေကို ဂရုစိုက်ဆက်ဆံပါ

ညဖက်အိပ်ရေးပျက်တဲ့အထိ
စာဖတ်၊ ဖုန်းသုံး၊ ရုပ်ရှင်မကြည့်ပါနဲ့

အပြင်တွေကို တစ်ယောက်ထဲ
လျှောက်လျှောက်မသွားပဲ
ရင်းနှီးတဲ့မိန်းကလေးအဖော်နဲ့သွားပါ

ကိုယ့်ဘဝရှေ့ရေးအတွက်
ဦးစားပေးပြီးလုပ်ပါ၊ ကြိုးစားပါ

ရတနာသုံးပါး၊ မိဘဆရာ မမေ့ပါနဲ့
ခင်ပွန်းကြီးဆယ်ပါ ကျေးဇူးသိပါ

ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ

အရေးမပါတဲ့ကိစ္စမျိုးတွေ
ခေါင်းထဲကထုတ်ပစ်ပါ

စိတ်ညစ်စရာတွေ၊ အမှိုက်လိုကိစ္စ‌တွကို
အကြာကြီးသိမ်းမထားပါနဲ့

ပတ်ဝန်းကျင်ကစကားသံတွေကို
သိပ်ပြီးခေါင်းထဲမထားပဲ
လုပ်သင့်တာကိုလုပ်ပါ

အမှန်အမှားကို
ခွဲခြားဆုံးဖြတ်နိုင်ပါစေ...

ကိုယ်အရင်လို ဂရုတစိုက်
စကားတွေပြော စာတွေပို့ခွင့်
မရှိနိုင်လို့ ဒီကနေပဲ ပြောပါရစေ

နေမကောင်းရင်ဆေးသောက်ဖို့လဲ
မပျင်းနဲ့နော်...

ကိုယ်ရေးထားတာတွေလဲ
မဖတ်ပဲ ကျော်မသွားပါနဲ့

အရင်လိုပဲ ဆူသံလေးတွေ
ကြားယောင်နေပါမယ်

#ဏီရို

စာ လွှာ

06 Nov, 04:39


လူချင်းဝေးနေမှ မဟုတ်ပါဘူး
အတူရှိနေရက်နဲ့
တိတ်ဆိတ်နေပေးရတာလဲ
ဝေးကွာခြင်းပဲ မဟုတ်လား???

#ဏီရို

စာ လွှာ

05 Nov, 16:35


ကိုယ်တိုင်မခူးရက်တဲ့
ပန်းလေးတစ်ပွင့်ရယ်ပါ
တခြားသူတွေ ခူးဖို့မပြောနဲ့
ညှိုးသွားမှာ၊ ရနံ့ပြယ်သွားမှာ
ကြွေသွားမှာမျိုး မဖြစ်စေဖို့
ကိုယ် အမြဲတမ်း ဂရုစိုက်ခဲ့တယ်...

ဒီပန်းကလေး နေရောင်အောက်မှာ
ပွင့်လန်းပါစေ၊ လန်းဆန်းပါစေ
လတ်ဆတ်တဲ့ရနံ့တွေ သင်းပျံ့ပါစေ...

#ဏီရို

စာ လွှာ

16 Oct, 09:18


Google Map ကနေ
Location လေး share ပေးပါလား?

မင်းရဲ့ အပြုံးအောက်မှာ
လမ်းပျောက်နေလို့...

#ဏီရို

စာ လွှာ

10 Oct, 10:48


တိုက်ဆိုင်မှုရှိလို့ တင်လိုက်ပါတယ်...
မူရင်းဖန်တီးသူအား လေးစားစွာ Credit ပေးပါတယ်...

3,933

subscribers

144

photos

5

videos