ကဗျာလွယ်အိတ် @uandi_1500 Channel on Telegram

ကဗျာလွယ်အိတ်

@uandi_1500


ကျောင်းလွယ်အိတ်ထဲမှာ ကျူရှင်စာအုပ်လည်းရှိနေတတ်ပါတယ်။

Channel created - 7.7.2023(Fri)

ကဗျာလွယ်အိတ် (Burmese)

ကဗျာလွယ်အိတ် အလွယ်အိတ်အတွက် အမှားအပန်းအသက်ဒယ်ရှိနေတယ်။ စာရင်းများ၊ ကဗျာ နှင့် အိတ်အမှတ်အဆင့်များကို စုပ္ပ္ရန်ရှာဖွေနိုင်ပါသည်။ ဒီ စာရင်းများကို လက်ရှိအလိုလျောက်သည့် နေရာ သို့ အခြား အလျော့် နှင့် အသက်ထိုး နိုင်ပါ။ ကဗျာလွယ်အိတ် ခွင့်ပြုသည်။

ကဗျာလွယ်အိတ်

14 Jan, 01:23


သိဖို့မျှော်လင့်ပါတယ် 🌻🌥️

ရေးသားသူ - Crd
ရွတ်ဖတ်သူ - ခွန်း

ကဗျာလွယ်အိတ်

13 Jan, 16:54


ငါခေါ်မှ ထူးတယ်
ငါမေးမှ ဖြေတယ်

ငါ့ဘက်က တိတ်ဆိတ်နေရင်
မင်းဘဝလေးဟာ အေးချမ်းနေရော ။

-နွေသစ်ငြိမ်း

ကဗျာလွယ်အိတ်

13 Jan, 16:29


ပြတ်လိုကလည်း ပြတ်နိုင်ပြီ
သတ်လိုကလည်း သတ်နိုင်ပြီ

နံရံပေါ်ကလက်သီးချက်တချို့
နာကျင်မှုတွေနဲ့ ရောထွေးရလွန်းလို့

ငါ့မှာငိုတာတောင် အသံမထွက်ခဲ့ရ
ပြုံးချင်တာတောင် အံကျိတ်ခဲ့ရ။  ။

- တာရာညို

ကဗျာလွယ်အိတ်

13 Jan, 15:33


တောင်းပန်ပါတယ် မရွှေရယ်
နောက်ဆိုရင် 
‌မြောင်းရေနဲ့  ရွှေငါးမွေးချင်တဲ့
စိတ်ကလေးကို ပြင်ပါ့မယ်။

-နှောင်း

ကဗျာလွယ်အိတ်

13 Jan, 14:45


ကမ္ဘာကြီးနဲ့ကျွန်တော် စစ်ခင်းတော့
အမေက ကျွန်တော့်ဘက်က ပါတယ်

ကျွန်တော်လေ့လာနေတဲ့သီအိုရီတွေ အမေမသိဘူး
ကျွန်တော်လျှောက်နေတဲ့လမ်းတွေ အမေနားမလည်ဘူး။

အိပ်ယာဝင်ပုံပြင်တွေထဲ 
အိပ်မက်တွေအကြောင်း ထည့်ထည့်ပြောတော့
အမေက သဲ့သဲ့ညည်းတယ်
ငါ့သားကလေး အရူးလေး
အာဏာရှင်နဲ့ပြိုင်ပြီး အနိုင်လိုချင်တဲ့ကလေးတဲ့။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

13 Jan, 13:27


နှလုံးသားက လက်ခံရင်
မပိုင်ဆိုင်ရလည်း ချစ်တာပါပဲ။
အချစ်ဆိုတာ အနားမှာရှိနေပေးမှ မဟုတ်ဘူး
ကိုယ်မြတ်နိုးနေသ၍ ချစ်လို့ရတယ်။

-ဂျူး

ကဗျာလွယ်အိတ်

13 Jan, 11:52


"ဓာတ်ခဲအားကုန်နေတဲ့လမင်းလေး"

ငှက်ကလေးရေ....။

မင်းအသံကောင်းတာအစ်ကိုသိပါတယ်လေ...။

မင်းကမြူးမြူးလေး
တချို့လူတွေရူးသွားကြတာမဆန်းပါဘူးလေ။

အစ်ကိုက Gen alpha နန်းနွယ်
အုတ်နီခဲကြီးလို့ပဲခေါ်ခေါ်
အခြောက်ကြီးလားလို့ပဲမေးမေး
မင်းပခုံးပေါ်ကိုလက်တင်တဲ့အခါ
မီးရောင်စုံတွေအောက်မှာမဖြစ်ချင်တာ
အစ်ကို့တစ်ဦးတည်းကျန်ခဲ့တဲ့ မင်းလှခံတပ်ပဲလရောင် ...။


အစ်ကိုနဲဘုရားသွားတဲ့အခါ
ကြာသပတေးနာမ်မှာညီမ‌ရဲ့
ဆုတောင်းသံလေးတွေပျံ့လွင့်နေတယ်။


"ခပ်မိုက်မိုက်ချစ်ကြစို့"တဲ့
ခွေးမသားတွေ မင်းတို့ရဲ့ အောက်ပိုင်းအချစ်တွေက
ငှက်လေးအတွက် အဆိပ်စစ်စစ်ပဲ ။

"ညီမခါးဖက်ဖို့ အသပြာလှူကြပုံများ
ဂေါပကတွေအားကျချင်စရာပဲနော်လရောင်"....။
"ဟာ...အစ်ကိုကလည်း သူတို့တွေပဲ ကြေးအများဆုံးပေးကြတာအစ်ကိုခန့်ရဲ့။
တိုက်ပုံကိုချွတ်လိုက်ရင် ရင်ထဲမှာနတ်ဆိုးတွေနဲ့အစ်ကိုရယ်။ လရောင်ဒီဘ၀ကနေအမြန်ဆုံးလွတ်ချင်နေပြီ။ အဲ့တာကို အစ်ကိုသိရဲ့လား။"

ငါးစာမှာငါးမိတဲ့အခါ
အစာကိုငမ်းမိတဲ့ငါးမှာ အပြစ်ကင်းစင်တယ်
အစ်ကိုသက်သေမပြနိုင်တာခွင့်လွှတ်ပါလရောင်ငယ်...။

မျက်နှာအပေါ်ယံလွှာကွာတဲ့အခါ
ဦးဖိုးတုတ်၊မိုးထက်ယံ၊ထက်အာကာ
သူတို့အာသာပြေပါရဲ့လား ။

ညဖက်တွေအိပ်မရတာကြာပြီ...။
ညဖက်တွေမအိပ်ရတာကြာပြီ...။

အစ်ကိုသောတပန်မဖြစ်သလို
ကာမတဏှာကင်းတာလည်းမဟုတ်ဘူးလရောင်....။
နန်းနွယ်လိုမစတေးနိုင်လို့
ဒါအစ်ကိုတားခဲ့တဲ့နောက်ဆုံးစည်းပါ။

ငှက်လေးမြင့်မြင့်မပျံပါနဲ့။
ငှက်လေးလွတ်လွတ်လပ်လပ်ပျံပါ။
အစ်ကိုရှိသမျှသော ကုသိုလ်ကောင်းမှုနဲ့
ညတိုင်းဘုရားမှာဆုတောင်းဖြစ်ပါတယ်။

-သူဇာ
-လရောင်မလင်းတဲ့ညမှ

ကဗျာလွယ်အိတ်

13 Jan, 09:34


မျက်သွယ် (၃)

သေတဖန် သက်တဆုံးပေါ့ မမရယ်
အဲ့ဒီ နှလုံးသားလေး မညိုးငယ်စေဖို့
ကျွန်တော် ဆေးလိပ်ဖြတ်ပါ့မယ်။
ပြီးရင် မမနှလုံးသားထဲ
ကျွန်တော့်ကို ဘောင်ခတ်စေပြီး
ဒီပြစ်မှုမဲ့ အကျဉ်းသားကို
တစ်ဘဝစာ တာဝန်ယူဖမ်းဆီးထားပေးပါ မမ။

-နော်ယာ

ကဗျာလွယ်အိတ်

13 Jan, 07:02


သူမကိုအကြိမ်ကြိမ်မြင်ဖူးပါလျက်
ခိုးကြည့်မိပြန်တယ် ။
ဟော....လှပြန်ပြီ ။

-မင်းလူ

ကဗျာလွယ်အိတ်

13 Jan, 06:02


အားလုံးပဲခင်ဗျ

ကျွန်တော်တို့ချန်နယ်ကနေ နောက်ထပ်ချန်နယ်အသစ်တစ်ခုဖွင့်ထားပါတယ်ဗျ ။
အခုကလည်း add post တင်ခြင်းမျိုးမဟုတ်ပါဘူး ။ ချန်နယ်က sub တော်တော်များများက ကဗျာအရှည်တွေမတင်ဘူးလားတို့၊ကာရန်နဲ့ဂန္တ၀င်ကဗျာတွေမတင်ဘူးလားတို့ ပြောလို့ အဲ့ဖက်ကချန်နယ်မှာ တင်ပေးမလို့ပါဗျ ။

ကဗျာလွယ်အိတ်မှာက ကျွန်တော်တို့သဘောကျတဲ့ ကဗျာအများစုပဲတင်တာမလို့ပါ။

https://t.me/uandme1499

ကဗျာလွယ်အိတ်

13 Jan, 05:44


ငါ့စီးကရက်ပေါ်မှာ
ပြေးလွှားနေတဲ့ မမရဲ့အနမ်းမွှေးမွှေးလေးတွေ

ငိုချင်စရာပဲ
ငါပိုင်ဆိုင်ခွင့်မရှိခဲ့ပုံတွေ ...။

-သူဇာ

ကဗျာလွယ်အိတ်

13 Jan, 01:55


သူပဲရိုက်ပြီး
သူက ဦးအောင်ငိုချတယ် ။

အသားနာတာကျွန်တော်ဆိုပေမယ့်
အသည်းနာတာအမေဖြစ်နေမလား ။

လောကဓံရေ
တင်ပါးပေါ်ကဒုတ်ထက်
အမေ့ပါးပေါ်ကမျက်ရည်ဟာပိုနာစေခဲ့တယ် ။

-ဆန်းကျော်စွာ၀င်း
-photo crd

ကဗျာလွယ်အိတ်

13 Jan, 01:03


" အမေ အကြောင်း လွမ်းတဲ့သီချင်း "

မင်းတို့ ယုံယုံ မယုံယုံ
ငါ့အမေက ဗေဒင်တွေမေးမှာ
ယတြာတွေ ချေမှာ
ပရိတ်တွေ ရွတ်မှာ
အိပ်မက်တွေ မက်မှာ
ဖယောင်းတိုင်တွေ သက်စေ့ထွန်းမှာ
သူကြားသမျှ ဓာတ်စာတွေ စားနေမှာ
သူကြားသမျှ ဓာတ်စာတွေ ကျွေးနေမှာ
မင်းတို့ ယုံယုံ မယုံယုံ
ဒါ ငါ့ အမေ ငါတို့ကို ကာကွယ်နေတာ
ကမ္ဘာကြီး တခုလုံး ပြိုလာလည်း
ငါ့ အပေါ် မကျ
ငါ့အမေက ထမ်းထားမှာ ။

-မောင်မြတ်သူ

ကဗျာလွယ်အိတ်

12 Jan, 16:20


အာဏာရူးနဲ့အချစ်ရူး
တစ်ခုခုထူးပြီဆို ထိပ်‌ဆုံးကအဲ့ကောင်တွေပဲ....။

အချစ်စစ်တဲ့ လှလိုက်တဲ့ ရူပကနာမ်လေး။
တော်ရုံလူရူးသွားနိုင်တဲ့
ပယောဂအတိုက်ပဲ ဆရာအောင်မြတ်သာ...။

ကိုယ်မပျော်တဲ့အချိန်ဆို
မင်းပျော်နေလားလှည့်ကြည့်မိပါတယ်။

-သူဇာ

ကဗျာလွယ်အိတ်

12 Jan, 14:55


ခွင့်လွှတ်ပါ။

စိတ်နိုင်သွားတဲ့ တစ်နေ့
ချောင်းကြည့်ပေါက်ကလေးကိုပါ
ကိုယ်ပိတ်လိုက်ပါ့မယ်။

-ပြည့်စုံဝင်း

ကဗျာလွယ်အိတ်

12 Jan, 09:46


မင်းမမွှေးလို့မဟုတ်ဘူးမြ ။
ငါမနမ်းရက်လို့ကိုမနမ်းဖြစ်ခဲ့တာ။

-သူဇာ

ကဗျာလွယ်အိတ်

12 Jan, 07:39


ကိုယ့်ကောင်းကင်မှာ မဟုတ်လည်း
သက်တန့်ကြီးလှနေရင် ကျေနပ်တယ်
ဘယ်အကိုင်းမှာပွင့်ပွင့်
ရနံ့‌မွှေးနေရင်ကျေနပ်ပါတယ်...။

-ဆန်းကျော်စွာ၀င်း

ကဗျာလွယ်အိတ်

12 Jan, 02:59


သတ်တာကမြန်တယ်
သေတာကကြာတယ်။

ပြီးပြည့်စုံပါတယ်ဆိုတဲ့အမျိုးသမီးတွေပဲ
ကျုပ်ဘ၀ကိုရစရာမရှိအောင်နင်းချေသွားတာ။

-ကြည်စိုး

ကဗျာလွယ်အိတ်

11 Jan, 16:54


မနက်ဖြန်မရှိတဲ့ဘ၀ဆိုတာ
မင်းပြန်မလာတော့တာမျိုးပေါ့...။

-သူဇာ

ကဗျာလွယ်အိတ်

11 Jan, 12:34


လွန်ခဲ့တဲ့  နှစ်အနည်းငယ်က
မင်းရဲ့မွေးနေ့အတွက်
ပန်းဖြစ်ဖြစ် အနမ်းဖြစ်ဖြစ်ပေးခဲ့ရင်
အမှတ်တရတစ်ခုစာလောက်ပဲ လွမ်းနေရမှာ။

အခုများတော့
ချစ်ခြင်းမေတ္တာကို မွေးနေ့လက်ဆောင်ပေးမိတော့
တစ်ဘဝလုံးစာ လုံလုံလောက်လောက် အချစ်ခံနေရပြီ။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

11 Jan, 07:17


ငွေနဲ့ကာတဲ့တံတိုင်း
လူရိုင်းတွေပဲ ဇွတ်၀င်တိုးတာပါ။

-သူဇာ

ကဗျာလွယ်အိတ်

11 Jan, 05:15


စက္ကူပန်းလေးညိုးသွားတဲ့နေ့က

ညီမစိတ်နဲ့လည်တဲ့ကမ္ဘာဟာ
ညီမ မရှိတော့စပျက်တော့တာပဲ။
စက္ကူပန်းကလေးတွေ ညိုးသွားတယ်ဆိုတဲ့ သတင်းကြားတယ်
စက္ကူပန်းတွေ ရှိမှအနာတရတွေသက်သာကြေးဆို ဒဏ်ရာတွေဟာသွေးမတိတ်တော့ဘူးပေါ့။

-ကီရို

ကဗျာလွယ်အိတ်

11 Jan, 01:04


လောကရေစီးကကြမ်းတယ်
မင်းက ငါးကလေးဆိုရင်တောင်
ငါစိတ်ပူနေမှာပါပဲ။

- ကေဇဝင်း

ကဗျာလွယ်အိတ်

10 Jan, 16:30


တစ်ယောက်ကိုယ်တစ်ယောက်
သတိတရ ရှိနေသေးတယ်ဆိုရင်
ငါတို့ လမ်းခွဲခဲ့တာမဟုတ်ဘူး
လမ်းလွဲခဲ့တာ

- မယ်ညို

တိမ်ဖြူ၊တိမ်မည်းတွေလိုပါပဲလေ
လို‌နေတာဖြည့်တွေး‌ပေးရင်
ပုံကောင်းကောင်းပေါ်လာပါတယ်။

-သူဇာ

ကဗျာလွယ်အိတ်

10 Jan, 13:41


အနားနားကိုကပ်
တင်းတင်းကြပ်ကြပ်ဖက်ထားဟန်နီ ။
ဂျင်ဆင်းတွေဈေးတက်ရဲတာ
ဟန်နီအရယ်အပြုံးနည်းနေလို့ပါ။

-ဘိုးတော်နီ

ကဗျာလွယ်အိတ်

10 Jan, 07:40


Other - Channel Owner က စိတ်ရှည်လားဟင် 🤒

Me - အများကြီး မပြောတော့ဘူး 🙂‍↔️

( owner စိတ်ကွေးနဲ့နော် သားက ချစ်လို့ စတာ 😅 )

ကဗျာလွယ်အိတ်

10 Jan, 04:49


ဝေးတော့လည်းဝေးသွားတာပါပဲ
အရာအားလုံး အေးအေးဆေးဆေးပါ ။

-သူဇာ

ကဗျာလွယ်အိတ်

09 Jan, 14:02


ဆေးလိပ်ကဖေးမှအတွေးများ

လွတ်လပ်ရေးနေ့ညနေပိုင်း
လမ်းထိပ်ကစစ်တုရင်ဝိုင်းနားကို
သေမင်းကယူနီကွန်းလေးစီးပြီးလာခဲ့တယ်။

လမ်းဘေးနားကလူငယ်လေးနားကိုကပ်
တိုးတိုးလေးမေးလိုက်တဲ့အသံက
ဘဒ္ဒကမ္ဘာမှာဆူနာမီထပ်ဖြစ်ခဲ့။
"မနိုင်လည်းပြိုင်ချင်တာပဲလား"တဲ့

အောင်ခင်မြင့်ကဗျာကိုရုတ်တရက်အမှတ်ရ
သေမင်းကိုတည့်တည့်ကြည့်ပြီး
ရဲရဲဝံ့ဝံ့တောင်းဆိုလိုက်တယ်။
"ကျုပ်ကိုခေါ်သွားပေးနိုင်မလား"။

-သူဇာ
-photo crd

ကဗျာလွယ်အိတ်

09 Jan, 10:18


ဆရာဝန်လည်း တစ်ခါတလေလူသတ်မိမှာပေါ့
ကျွန်တော် နားလည်ပါတယ် ။

•ခန့်သွယ်

ကဗျာလွယ်အိတ်

09 Jan, 05:29


ဒါဏ်ရာတွေအများကြီးပေးခဲ့ရင်တောင်
ချစ်တယ် ဆိုတဲ့စကားလေးပဲ သတိရပြီး
ကျေးဇူးတင်နေမဲ့လူပါ

- မယ်ညို

ကဗျာလွယ်အိတ်

09 Jan, 01:38


နေသာတဲ့ နေ့မျိုးတွေ မှာတောင်
အေးနေတဲ့ လက်တစ်စုံ ပိုင်ရှင်ကြောင့် စိတ်ပူရတယ်။
ညညတွေ အိပ်မပျော်တာဟာ
သူ့ကြောင့်လို့ ခေါင်းစဉ်မတပ်တော့ဘူး
လွမ်းရတယ် မေ သိပ်လွမ်းရတယ်...
ညီမ မရှိလည်း ဖြစ်အောင်နေနော်တဲ့
ဖြစ်နေပါတယ် ကျွန်တော်အလွမ်းနာကျနေတဲ့
အသည်းကွဲသမားလုံး"ကိုဖြစ်နေပါတယ်
နေ့တိုင်း ကျောင်းတံခါး၀ကိုငေးပြီး
မင်းအလာကို ခိုးခိုးမျှော်ရတဲ့ အလုပ်တစ်ခု ပိုလာတာကလွဲရင် ပုံမှန်ပါပဲ မေရယ်......

-ကင်မ်

ကဗျာလွယ်အိတ်

08 Jan, 17:58


ကျည်ကာ၀တ်ထားလည်း
လည်ပင်းကိုဓားနဲ့လှီးရင်တော့
သေရမှာပဲမလားမမ.....။

မမကျွန်တော့်ကိုအခုပဲသတ်ပေးပါ။
သေရတာသိပ်မခက်ပါဘူး။

-သူရနွယ်(သူဇာ)

ကဗျာလွယ်အိတ်

08 Jan, 16:01


ငါ့နားထင်ကို ခြင်လာနားသတဲ့
မြင်နိုင်သူများကတော့ ကြားကြပါရဲ့ ။
ငါ့မှာတော့ မမြင်နိုင်၊မကြားနိုင် ။

-ဘိုးတော်နီ

ကဗျာလွယ်အိတ်

08 Jan, 13:56


လော်ပန်မြေသို့ကျုးကျော်စစ်-၁

အနေအေးတာလား
အရေးမပေးတာလား ကိုကိုမသိဘူး။
ဒီဘ၀တော့....
ဟန်နီက ကိုကိုခလုတ်ထိရင်
တမိမယ့် နမောဗုဒ္ဓဿ ပါပဲ။

-ဘိုးတော်နီ

ကဗျာလွယ်အိတ်

08 Jan, 09:43


အရက်လေးများ၀င်လာရင်
မန္တလေးကိုလွမ်းလိုက်
မန္တလေးသူကိုလွမ်းလိုက်နဲ့

-ကိုလွမ်း

ကဗျာလွယ်အိတ်

08 Jan, 08:58


နောင်တစ်ချိန်တစ်ခါ
သို့မဟုတ်အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကိုငြင်းပယ်နိုင်သည်

သို့သော် မင်းကိုငါ ချစ်တယ်

-အောင်ချိမ့်

ကဗျာလွယ်အိတ်

08 Jan, 07:22


ထီးမေ့ ဦးထုပ်မေ့
နမော်နမဲ့နိုင်လွန်းသူဟာ

လွန်ခဲ့တဲ့ ဆယ်စုနှစ်က
ဖုန်းနံပတ်လေးကိုတော့ မေ့မရခဲ့ပါဘူး ။

- ဂန္ဓမာ

ကဗျာလွယ်အိတ်

08 Jan, 00:02


@everyone
admin ရဲ့ monthiversary မှာ
အမှတ်တရလေး ဖန်တီးချင်လို့ subscribers လေးတွေအတွက် give away လေး စီစဉ်ထားပါတယ်။
ကိုယ်ဖတ်ချင်နေတဲ့ စာအုပ်တစ်အုပ်ကို
comment ရေးပေးခဲ့ပါ
admin 12,1,2025 ညနေပိုင်းမှာ မဲဖောက်ပေးပါမယ်ရှင့် 🫶🏻

ကဗျာလွယ်အိတ်

07 Jan, 16:13


စာကောင်းရင်မအေဘေးတွေက
စလေရေးတယ်ချည်း ထင်ကြတယ်။

-အချုပ်တန်းဆရာဖေ

ကဗျာလွယ်အိတ်

07 Jan, 13:41


ကျွန်တော်တို့ အကောင်းတွေချည်း
မမျှော်လင့်ပါဘူး။
ဒါပေမဲ့ အဆိုးချည်းပဲဆိုလည်း ဘာလုပ်မှာလဲ ။

- အောင်ချိမ့်

ကဗျာလွယ်အိတ်

07 Jan, 10:34


အပြုံးခိုကျင်းတစ်ခုတော့လိုတယ်

နှလုံးသားအခြေချဖို့
နှစ်ခါမစဥ်းစားရဘူးလုလုရေ
ကိုယ်မင်းအပြုံးကိုမြတ်နိုးတယ်။

မျက်ရစ်မရှိတဲ့ကပြားမလေး ရယ်လိုက်တဲ့အခါ
ကိုယ့်နှလုံးသားထဲ နေကြာတွေပွင့်တယ်။
သေသေချာချာပဲအချစ်ရယ် ကိုယ်အရည်ပျော်ခဲ့တယ်။

ပဋိဇီဝဆေးဝါးတွေအစား
မင်းအပြုံးကိုအားကိုးချင်တယ်၊

မင်းတစ်ချက်ပြုံးတဲ့အခါ
ကိုယ်တစ်သက်လုံး ကျန်းမာနေလိမ့်မယ်။

အပြုံးခိုကျင်းတစ်ခုတော့လိုပြီ လုလုရေ။
မင်းနှလုံးသားမှာခိုခွင့်ရမလား
ကိုယ်လှမ်းခဲ့ပါမယ်။
-ဝဏ္ဏ

ကဗျာလွယ်အိတ်

07 Jan, 09:17


ဘယ်သူ့ဆီခေါင်းထိုးငိုရမှန်းမသိတဲ့နေ့တွေမှာ
ငါမင်းကိုသိပ်သတိရတာပဲ
ငါတောင်းပန်ပါတယ် ။

- ယဥ်ဝယ်ထက်

ကဗျာလွယ်အိတ်

07 Jan, 05:01


ငြင်းဆိုခြင်းထက်
စိတ်ရှည်ခြင်းသည် ပိုဆိုး၏။
နွေအခါ မိုးရွာရင် ပျော်တတ်ကြသလို
ကန္တာရထဲမှာ
အိုအေစစ်ကိုရှာတတ်ကြတာပါပဲလေ။
အချိန်တန်ရင်
အိမ်ပြန်မယ့်သူတွေကို
သံယောဇဉ်အမျှင်တန်းခဲ့မိတာ
ကျွန်‌တော်ပဲ မှားတာပါ ကိုဇော်။

-ကောင်းသန့်‌ကျော်

ကဗျာလွယ်အိတ်

06 Jan, 17:55


ဒီဘက်ခေတ်နဲ့ ဒီဘက်အချစ်
တယ်လည်းပနယံသင့်ပါကော စိန်အောင်ရေ။

ဟိုကလည်းဖိ၊ဒီကလည်းဖိ
ငါတို့လိုဘ၀သမားတွေ ပြားပြားချပ်ချပ်နဲ့
နံပြားမှတ်နေရလောက်ပြီ။

အင်း...ဒီအချိန်ဆိုရင်တော့
ပုဂံမှာရောင်းခဲ့ဖူးတဲ့ ပန်းချီကားလေးတွေ
ဈေးတက်နေလောက်ပြီ။
၀ယ်သွားတဲ့ သူဌေးသမီးလေးမာနတွေတောင်
ဒီလောက်‌ဈေးတက်ကုန်တာ။

ပြောသာပြောနေရတာပါကွာ
နံပြား နဲ့ ပန်းချီကား
ဘာမှမဆိုင်ပါဘူး။

သူနဲ့ငါလိုပဲ
ဘာမှမဆိုင်ပါဘူး။

မောပြန်တယ် စိန်အောင်ရယ်။

-သူရနွယ် (သူဇာ)

ကဗျာလွယ်အိတ်

06 Jan, 14:50


ဖြူဖြူဖွေးဖွေး
လွယ်အိတ်လေးပေါ်ကို
စွန်းထင်ပေကျံလာတဲ့သွေးသုံးစက်
ငါလျှာနဲ့ကောက်လျက်လိုက်တယ်။
ထွီ...ချိုချိုအီအီနဲ့
တယ်မသတီစရာကောင်းပါလား။

-သူဇာ

ကဗျာလွယ်အိတ်

06 Jan, 07:55


ဟေသာ - ၁

အချစ်ဟာ တစ်ကယ်ရှိရင်
ငါ့အချစ်ဟာ မင်းဖြစ်လိမ့်မယ်
နောင်ဘဝထိသွားမယ့်ရထားကို
နှစ်ယောက်စာလက်မှတ် ဖြတ်ခဲ့ဖူးတယ်။

-သွယ်မြိတ်
Photo -diana

ကဗျာလွယ်အိတ်

06 Jan, 05:14


တိုက်တိုက်ဆိုရင် နံရံနဲ့ခေါင်းနဲ့သာ
တိုက်ချင်မိတယ်
ကိုယ့်လူမျိုးအချင်းချင်းသတ်နေရတဲ့
တိုင်းပြည်မှာ ဘယ်သူပဲနိုင်နိုင်
ငါတို့ရှုံးတယ် ။ ။

-သွယ်မြိတ်

ပြေးပြေးဆိုရင် နိုင်ငံနဲ့အဝေးဆုံးကိုပဲ
ပြေးချင်မိတယ်။
ပြောင်း၀က ကျည်တစ်တောင့်ထွက်တိုင်း
ငါ့မျက်လုံးတွေကိုမှိတ်ပြီးအိပ်လိုက်ဖို့
ပိုပိုကြိုးစားနေရတယ်။ ။

-သူဇာ

ကဗျာလွယ်အိတ်

06 Jan, 03:47


ခြေပဲပြတ်ပြတ်၊ လက်ပဲပြတ်ပြတ်
ဘာပဲပြတ်ပြတ်ပါ နာကျင်ရတာပဲ။

-သူဇာ

ကဗျာလွယ်အိတ်

06 Jan, 03:33


တစ်ဘဝလုံးရင်းပြီး
တစ်ဘဝလုံးရှုံးခဲ့ပါတယ် ။

-ဂန္ဓမာ

ကဗျာလွယ်အိတ်

05 Jan, 15:30


ထမင်းလည်း ၀ပြီ
အလောင်းလည်း လှပြီ
ဒီတိုင်းပြည်မှာ ဘယ်တရားကမြဲလို့လဲ
သေချာပေါက် ငရဲကိုပဲပေါ့...။

-သူဇာ

ကဗျာလွယ်အိတ်

05 Jan, 15:07


ငယ်" 🫶🏻❄️

ရေးသားသူ - Crd
ရွတ်ဖတ်သူ - ခွန်း

ကဗျာလွယ်အိတ်

05 Jan, 11:52


ရန်ကုန်မှာ ရာသီဥတုတွေ
ဖောက်လွဲ ဖောက်ပြန် ဖြစ်နေတယ်
မနန်းသီရိစံရေ.........
ကျွန်တော့်ကို စိတ်ဆိုးတုန်းပဲလား

- Bin Lar Din

ကဗျာလွယ်အိတ်

05 Jan, 05:43


သူတောင်းစား တစ်ယောက်
အနိမ့်ဆုံး ရရှိနိင်တဲ့
ကရုဏာသက်မှုလေးကိုတောင်မှ
မင်းဆီက ကိုယ်မရရှိခဲ့သူပါ။

-ကိုဖိုးကျော်

ကဗျာလွယ်အိတ်

05 Jan, 04:56


“မျက်သွယ်”

ပင်လယ်ရေတွေ စီးဆင်းတဲ့အခါ
မမကို သတိရတယ်။
စီးကရက်နံ့တွေ ရှိုက်မိတဲ့အခါ
မမကို သတိရတယ်။
ကလေးမလို့ ခေါ်သံကြားတဲ့အခါ
မမကို သတိရတယ်။
ပုလဲလို မျက်ဝန်းလေးနဲ့
မမရယ်
ဘာကြောင့်များ ဒီလိုညို့နိုင်ခဲ့သလဲ။

-နော်ယာ

ကဗျာလွယ်အိတ်

04 Jan, 16:18


ကျွန်တော့်နောက်မှာ
ချောက်ကမ်းပါးပဲရှိပါတယ်မမ။

မမရှေ့တစ်လှမ်းတိုးတိုင်း‌
မောင်နောက်တစ်လှမ်းဆုတ်ပေးရတယ်။

နောက်ရှစ်မိနစ်လောက်ဆို
မောင်လည်းနောက်ဆုံးအနေနဲ့
ခြေတစ်လှမ်းဆုတ်တော့မယ်။

မမလည်းရှေ့တစ်လှမ်းတိုးခဲ့ပါလေ။

လူတစ်ယောက်ကိုသတ်ဖို့
ကြာမြင့်ချိန်ရှစ်မိနစ်သာ။

-သူဇာ

ကဗျာလွယ်အိတ်

04 Jan, 16:16


ညတာရှည်တဲ့ ဆောင်းညမှာမှ
ငိုစရာနဲ့ ကြုံရတယ်လို့
ဘယ်တတ်နိုင်မလဲ ချစ်မိတာကို
ဒီဆောင်းညတော့ ငိုရုံကလွဲ
ဘာများတတ်နိုင်ပါ့မလဲ....။

- ခွန်း

ကဗျာလွယ်အိတ်

04 Jan, 15:02


မင်းနဲ့တစ်ခါလွဲဖို့
ငါ့မှာတွဲခဲ့ရတဲ့လက်တွေ
ဆွဲလည်းမဆွဲတော့ဘူး
မြဲလည်းမမြဲတော့ဘူး။

-သူဇာ

ကဗျာလွယ်အိတ်

04 Jan, 13:31


မမြဲခြင်းတရားကို
လက်ကိုင်ထားတဲ့ကောင်
မျက်မှန်လေးနဲ့ကျမှ
လက်လျှော့ရပေါ့။
ကျွန်တော်ကလည်း ကျွန်တော်ပါပဲ
အချိန်တိုင်းသာ 'ကိုကို' ခေါ်သံလေး
ကြားချင်ခဲ့တာ။

- ကင်မ်

ကဗျာလွယ်အိတ်

04 Jan, 08:51


မင်းမှာ နှလုံးသားမရှိဘူး
မျက်ရည်ယိုဗုံး တစ်လုံးပဲရှိတယ်။

မင်းကို
ငါကြောက်တယ်ကွယ်။

-မင်းလူ

ကဗျာလွယ်အိတ်

04 Jan, 05:41


ယူတိုးပီးယား

ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ
ကိုယ်နေပြီး
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို
လွမ်းလှ ။

-အောင်ချိမ့်

ကဗျာလွယ်အိတ်

04 Jan, 00:09


သမိုင်းရှိလို့သာယုံရတယ်
ဒီ‌နိုင်ငံလွတ်လပ်ရေးတကယ်ရခဲ့တာလား။

-သူဇာ

ကဗျာလွယ်အိတ်

03 Jan, 12:16


ချစ်တယ်လို့တော့ ပါးစပ်က လူတိုင်း ပြောတတ်တာပေါ့ ........but 🍂

Narrated by 𝑲𝒉𝒐𝒐𝒏

#crd_to_owner_with_respect
#booklovers
#banganlovers
#creditvedio

ကဗျာလွယ်အိတ်

03 Jan, 06:51


သုံးပွင့်ဆိုင်ရင် တစ်ပွင့်ကြွေရစမြဲပါ။
လေရူးကမကျီစယ်လည်း လက်ပံကကြွေရမှာပဲ။

-သူဇာ

ကဗျာလွယ်အိတ်

02 Jan, 16:52


ဘ၀ဆက်တိုင်း
သမိုင်းမရိုင်းတဲ့ နိုင်ငံမှာလူပြန်ဖြစ်ပါစေ။

၆နှစ်တာကာလအတွင်း
၄နှစ်လောက်အမှောင်ဖုံးခဲ့ရတဲ့ညီမဘ၀အတွက်
အစ်ကိုတို့မျိုးဆက် တကယ်ရှက်မိပါတယ်။

ညီမဖြောင့်ဖြောင့်သွားပါ။
ဒီတိုက်ပွဲအစ်ကိုတို့ ဆက်နွှဲပါ့မယ်။

-ညီမလေးကောင်းရာမွန်ရာရောက်ပါစေ။

ကဗျာလွယ်အိတ်

02 Jan, 16:42


လေယာဉ်တောင်ပံခတ်သံကြားလို့
ထွက်ကြည့်မိတဲ့ကလေးမလေး။

အမိန့်တစ်ခုနဲ့ ခလုတ်နှိပ်တဲ့
ခွေးရူးတွေ။

ငါတို့သမိုင်းစာမျက်နှာမှာ
ကျည်ပေါက်ရာအချက်တစ်သောင်း
ယမ်းငွေ့တွေတထောင်းထောင်းနဲ့
သွေးစက်တွေနဲ့ပြည့်နေပြီကွ။

ပစ်မှတ်နဲ့နေအိမ်ရပ်ကွက်တွေ
မခွဲခြားနိုင်တာလား။
မကွဲပြားတော့တာလား။

ဒီပုံစံနဲ့ဆို
ငါတို့လူငယ်တိုင်း
လူရိုင်းတွေဖြစ်သွားကြလိမ့်မယ်။

-သူဇာ

ကဗျာလွယ်အိတ်

02 Jan, 15:18


အရင်လို ဖိနပ်ပျောက်အောင်မသောက်နဲ့နော်တဲ့
ကြည့်စမ်း ကြည့်စမ်း
ငါပိုင်ဆိုင်တာတွေ ပျောက်ရှသွားမှာ
သူစိုးရိမ်နေတာ။

ကောင်လေးရာ...
ပြန်ရှာလို့ရမယ့်အရာတွေ
ပျောက်ချင်ပျောက်သွားပါစေ
မင်းသာ ပုန်းမှာဆို
ဘယ်တော့မှ ရှာမတွေ့ရအောင် ပုန်း။

အချိန်မတော်မှ ပြန်တွေ့ဖြစ်ကြရင် 
လွမ်းစရာကနေ နာစရာတွေ ဖြစ်ကုန်မယ်။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

02 Jan, 13:10


ချန်နယ်က ကဗျာတွေယူတင်တာမျိုးတော့ထားပါဗျာ။ကဗျာလွယ်အိတ်ဆိုတဲ့နာမည် channel profile နဲ့ description ကစာသားပါယူတာကတော့ နည်းနည်းနာကျင်ရတာပေါ့လေ။
အဆင်ပြေရင် rp လေးကူညီပေးပါဗျ။ ရန်ပြုချင်လို့မဟုတ်ပါဘူး။ နောက်ပိုင်း ကဗျာလွယ်အိတ်တွေအများကြီးပေါ်လာရင် ကျွန်တော်တို့လည်း ပြဿနာတွေပဲဒိုင်ခံဖြေရှင်းနေရမှာမလို့ပါ။
https://t.me/sarto_lay

ကဗျာလွယ်အိတ်

02 Jan, 11:55


ငရုပ်သီးစိမ်းကိုဆားနဲ့တို့စားပြီး
ရေနွေးကြမ်းသောက်ရတဲ့အရသာကို
မမဘယ်ခံစားဖူးမှာလဲ။
မမဘယ်ခံစားတတ်မှာလဲ။
မမဘယ်ခံစားနိုင်ပါ့မလဲ။

-သူဇာ

ကဗျာလွယ်အိတ်

02 Jan, 10:35


ကိုယ်တို့နှစ်ယောက်ကြားမှာ
ထောက်ထားစရာဆိုလို့ ဓားပဲရှိတော့တယ်
မင်းလည်း ပြန်မလာနဲ့
ငါလည်း မငိုနိုင်တော့ဘူး။

-ဘုန်းပြည့်စုံမင်း
-ဒဏ္ဌာရီမိုး

ကဗျာလွယ်အိတ်

02 Jan, 06:08


"ဝောာနက်ထဲကငိုဟိန်းသံ"

သို့ချစ်မေမေ

ပြေးပြေးဆိုလို့သားပြေးလိုက်တာ
အခုအိမ်နဲ့တော်တော်ဝေးသွားပြီအမေ။
ခွေးတွေနဲ့တိုက်ရမှာမကြောက်ဘူး‌အမေ
ညဖက်တွေခြင်ကိုက်ရင်တော့
အိမ်ကိုကျွန်တော်တကယ်လွမ်းတယ်။

သို့အစ်မခွန်းချိုခ

ကျန်းမာရေးဂရုစိုက်၊သိပ်မမိုက်နဲ့
ငါတို့အိမ်ကခြေနှစ်ချောင်းပဲရှိတာ
အခုတစ်ချောင်းကမိုင်းထိထားတယ်။
အမေ့ကိုငါ့အကြောင်းတွေမပြောနဲ့။
နင့်ကောင်လေးအပေါ်လည်း
သိပ်အလိုမလိုက်နဲ့။

သို့အစ်ကိုကောင်းသန့်ကျော်

ကျွန်တော့်အစား
အိမ်နဲ့မိသားစုကိုစောင့်ရှောက်ပေးပါ။
ခင်ဗျားပေါက်တတ်ကရတွေမလုပ်ပါနဲ့
ကျွန်တော်တို့မိသားစုကတောင်ပံတစ်ဖက်နဲ့
ပျံသန်းဖို့ကြိုးစားနေတဲ့ ဒဏ်ရာရငှက်ပဲ။
ကျွန်တော့်နောက်ကိုလည်းမလိုက်ချင်ပါနဲ့
ဒီမှာအရမ်းပင်ပန်းတယ်
ကျုပ်အမေကိုသာစောင့်ရှောက်ထား
ရောင်နီကို ကျွန်တော်တို့ပဲတိုက်ယူပါ့မယ်။
ဒီကောင်တွေအမှောင်ကိုကြာကြာထိန်းမထားနိုင်ပါဘူး။

_စာကြွင်း-မေမေနဲ့မမ ကျွန်တော်ဒီညနှစ်ကူးမှာအတူမရှိနိုင်ပေမယ့် သိပ်မကြာခင်အမေ့အိမ်ကို ပြန်လာခဲ့ပါ့မယ်။

-ချစ်ခြင်းများစွာနဲ့သားလူငယ်

-သူဇာ
ဖြစ်ရပ်မှန်

ကဗျာလွယ်အိတ်

02 Jan, 05:03


ခဏတာ အတွက် လိုသုံး ဖြစ်ခဲ့တာပေါ့နော် 🍂❤️‍🩹

ရွတ်ဖတ်သူ - ခွန်း

ကဗျာလွယ်အိတ်

01 Jan, 14:08


အဓိပတိလမ်းမပေါ်မှာလျှောက်ဖူးချင်သလို
ခုံတန်းလျားမှာလည်းထိုင်ဖူးချင်ပါတယ်။
အင်းလျားဟာမင်းအတွက်ဖြစ်တည်ပြီး
တမာရိပ်မှာနားခိုမယ်။
အစားပုပ်တဲ့မင်းအတွက်
ဦးချစ်နဲ့ကန်တင်းမှာဘိုကင်ယူထားပါ့မယ်။
မင်းကဂျူးကိုရူးတယ်
ကိုယ်ကဘုန်းနိုင်ရဲ့ချစ်ပန်းလှိုင်
စမှတ်ရှိရင်ဆုံးမှတ်ရှိမှာမလို့
အလင်းယိုင်ခြင်းနိယာမကိုစွန့်ပယ်မည်။
မျဉ်းပြိုင်တွေဟာတွေ့ဆုံခွင့်ရှိတယ်ယူဆသူဖြစ်လို့
ရိုင်မန်ဂျီဩမေတြီအရူးလို့ခေါ်လည်းဖြစ်ပါတယ်။
ကိုယ်မှရူကလစ်ကိုမယုံတာ...။

-သူဇာ

ကဗျာလွယ်အိတ်

01 Jan, 13:34


ချစ်ရပါသော တနင်္လာနာမ်နဲ့
အမျိုးသမီးငယ်.....
လူတစ်ယောက်ကို ချစ်မိတာဟာ
တယုတယ သေမိန့်ကျတယ်ဆိုရင်တောင်
ဒီကောင်ဘဝကူးကောင်းအောင်
နှလုံးသားတည့်တည့်ကို မင်းလက်ညိုးကလေးကွေးပြီး တစ်ချက်ထဲပဲပစ်ပေးပါ ဒီပြိုင်ပွဲကကျွန်တော်နှုတ်ထွက်ပါတယ်။

-ကီရို

ကဗျာလွယ်အိတ်

01 Jan, 12:24


ဖိုးမောင်ရေ...
မိစ္ဆာအပေါင်းတို့က
ဒို့ရွာကိုဖျက်၍ မီးကိုလှုံတော့
ဒီနှစ်ဆောင်းဟာ နွေးရသည်ထက်
ပူလောင်ခြင်းသို့ ရောက်ရပြန်ပြီ။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

01 Jan, 10:37


ယခုနှစ်မှာ
အထူးသဖြင့်
ငါတို့ နမ်းခွင့်မရသော
ပန်းများ ပွင့်ပါစေ။

- အောင်ချိမ့်

ကဗျာလွယ်အိတ်

01 Jan, 07:35


လူတွေဟာ
သူတို့လိုချင်တာကို
ရတာမဟုတ်ပါဘူး
သူတို့နဲ့ ထိုက်တန်တဲ့အရာကိုသာ
ရကြပါတယ် တဲ့

ကိုယ်က မင်းနဲ့မထိုက်တန်တာလား
မင်းက ကိုယ်နဲ့မထိုက်တန်တာလား
ဝေခွဲမရခဲ့ပါဘူးကွယ် ။

- ဂန္ဓမာ

ကဗျာလွယ်အိတ်

01 Jan, 02:28


Sweet December 🫶🏻❄️

ရေးသားသူ - ဆန်းကျော်စွာဝင်း
ရွတ်ဖတ်သူ - ခွန်း

ကဗျာလွယ်အိတ်

31 Dec, 15:05


ကိုယ့်ကို မလိုအပ်တဲ့ သူ‌တွေရဲ့အနားမှာ နေမယ့်အစား ကိုယ့်ကိုလိုအပ်တဲ့ သူတွေနားမှာပဲ နေပေးလိုက်ပါ။

အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ချမ်း‌မြေ့ကျပါစေရှင့် 💗❄️

ကဗျာလွယ်အိတ်

31 Dec, 15:00


နှစ်သစ်မှာ
လူတစ်ယောက်ကိုချစ်နေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင်ပဲကြိုးစားကြည့်ကြပါလို့
အကြံပေးချင်ပါတယ်ရှင့်။

-ခွန်းချိုခ

ကဗျာလွယ်အိတ်

31 Dec, 14:12


အသေးအမွှားလေးတွေကအစ
နာကျင်လာတယ်လို့ခံစားနေရရင်
သေချာတယ်အဲ့တာမင်းချစ်နေလို့ပဲ။

-၀င်းသန့်(တလင်းမြေ)

ကဗျာလွယ်အိတ်

21 Nov, 06:55


မင်းယုံကြည်လို့ မင်းဆိုးနေတာ
မင်း စိတ်ချလို့ မင်း ပြေးနေတာ။

ထားမသွားတဲ့ လူတွေဟာ
ဘဝထဲကို သီးသန့်ရထားနဲ့ လာတာ
မင်း သိပါတယ် ။     ။

-မြကျေး

ကဗျာလွယ်အိတ်

21 Nov, 00:55


ငှက်လေးတကောင်ဖြစ်ပါရစေလို့
ကျွန်တော်ဆုတောင်းပြီးတဲ့အခါ
အာလုံးရပ်လိုက်ပါတော့မယ်။

ရက်စက် ယုယစွာ
တစ်ချက်ထဲပစ်ပါ ခင်ဖုန်းသက်ဝေရေ။

နတ်ပြည် ဘယ်နှစ်ထပ်မှာတွေ့တွေ့
ကျွန်တော်တို့ မမေ့ကြကြေးလေ
နော်။

ရန်ကုန်ဆိပ်ကိုလည်း သတိရပါ
သီတာဦးကိုလည်း သတိရပါ
ကန်တင်းက မမကြီးဆိုင်ကိုလည်း
သတိရပါ။

'သိမ်တော်ကြီး' နဲ့ ' ငဝန်ဆိပ်ကမ်း '
'သပြေတန်း' နဲ့ ' ယူကလစ်ပင် '
'ရွှေမြင်းတင် 'မှာ တောင်းတဲ့ဆုမှန်သမျှ
ဂွတ်နိုက်ပါ ခင်ဖုန်းသက်ဝေ။

ကောင်းသောမနက်ခင်းပါဆိုတာကိုတော့
မနက်ဖြန်မနက်မှာ
မျက်နှာစိမ်း ခိုပြာလေးတကောင်
လာပြောပါလိမ့်မယ်။

သူ့ကိုမောင်းမထုတ်လိုက်နဲ့နော် ခင်ဖုန်းသက်ဝေ။

ကောင်းရာမွန်ရာ ရောက်ပါစေ…

ကျန်းမာပါစေ …

ချမ်းမြေ့ပါစေ …

ကျွန်တော်တော့ ငရဲမှာ …။ ။

-သန်းတင့်

ကဗျာလွယ်အိတ်

21 Nov, 00:54


" ခင်ဖုန်းသက်ဝေ ဂယ်လာရီ "
-သန်းတင့်


ရှင်ဘုရင်ဆိုတာ
ဆန္ဒရှိရာကို ပြောနိုင်တဲ့နေရာလို့
ကျွန်တော်ထင်ခဲ့တယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါ ခင်ဖုန်းသက်ဝေ
အဖိုးတန် ကြယ်လေးတလုံး
ကျွန်တော် ထွန်းထားရစ်ပါတယ်။

မျက်စောင်းတွေနဲ့ ပလ္လင်တော်
မပျော်ပဲ ရယ်ပြနေရတဲ့ တိမ်တစ်အုပ်
ဗျိုင်းတစ်အုပ် မြူတစ်အုပ်။

ဆေးပြယ်စ သင်္ဘောကြီးတွေက
မြစ်လည်မှာတရွေ့ရွေ့
ပြန်တွေ့ကြဖို့ အစီအစဉ်သည်
ရှိ၏ မရှိ၏။

ဘာမှမရခဲ့ပါဘူး
ဘာမှမရခဲ့လို့သာ ကဗျာဆရာဖြစ်နေတာလေ
တစ်ခုခု ရလိုက်ဖူးရင်
တခြားလူဖြစ်သွားတော့မှာပေါ့ ခင်ဖုန်းသက်ဝေရဲ့။

အဲဒီလိုနဲ့ပဲ
ကိုယ့်ပန်းပွင့်ကို ရွက်လို တိုက်
ဗေဒါပင်လေး မိုက်မိုက်မဲမဲ ထွက်ခွာသွားပါပြီ။

ဓား ဘယ်နှစ်စင်း
အဲဒီလမ်းမှာ ခင်းထားပါသလဲ
မြစ်ကလက်မခံတော့ရင် ကမ်းမှာ တင်မယ်။

ဘယ်ကမ်းမှ လက်မခံတော့ရင်ရော တဲ့
တောင်ပင်လယ်ကို မျှော်လို့
ပန်းသုံးပွင့်သာ လှူပေးကွယ်။

သလဲသီးတွေ ဝယ်ရင်းနဲ့မှ
ဗိုလ်အောင်ကျော်လမ်းက ခိုတွေ
သိပ်နွဲ့တတ်ကြတာသိတယ်။

မုန်းစရာကြီးနှော် ခင်ဖုန်းသက်ဝေ။

ဒီအကြောင်း
ထရန့် နဲ့ မစ္စတာရှီကို မစ်စ်ကော ပို့မယ်
အချစ်ထက် ဒေါ်လာဈေးတွေကျော်လာကြောင်း။

မနှစ်က တမာပင်ရိပ်ကိုပဲ မဟုတ်လား
အညာသားလေးရောင်းတဲ့ ရခိုင်မုန့်တီတဲ့
ရယ်ရတယ်နှော် ခင်ဖုန်းသက်ဝေ။

ကျွန်တော်ကလည်း ကျွန်တော်ပါပဲ
တိမ်မြင်မြင် တောင်မြင်မြင်
ခင်ဖုန်းသက်ဝေကိုပဲ တိုင်ပင်ချင်နေမိတယ်။

ကမ်းနာလမ်းကိုပြန်တာပဲ ကောင်းမှာပါ
လှိုင်းစကား လေစကားမှာ
ကျွန်တော်လွမ်းကြောင်း ကြားပါရဲ့လား ခင်ဖုန်းသက်ဝေ။

စံရိပ်ငြိမ်အဆောင် နဲ့ ' သစ္စာတည် '
အဲဒီခင်ဝမ်းသီးချင်းတွေ ဖွင့်တတ်တဲ့
လ္ဘက်ရည်ဆိုင်လေးကို
မရောက်ဖြစ်တော့တာ ကြာပြီ။

ခုနောက်ပိုင်း
စီးကရက်တံဆိပ်အသစ်တွေ သောက်ဖြစ်တယ်။

ပြတင်းခန်းဆီး အနီရင့်ရင့်လဲတယ်။

'ရှောင်ပင်း'ရဲ့ I'm sam ကို ပြန်ကြည့်နေတယ်။

တိမ်ဦးလေပြေမောင့်ကိုစေ သီချင်းကို
နယူးဗားရှင်းလုပ်ကြည့်တယ်။

'မျော်လင့်ချက်သံသရာမှာလေ' ဆိုတဲ့တစ်ကြောင်းမှာ
ကီးတခြမ်း တင်နေတယ်။

စင်ယော်တွေ တွေ့တော့တွေ့ပါရဲ့
ကျွန်တော် မဖြူစင်ချင်တော့ဘူး ခင်ဖုန်းသက်ဝေ။

မီးရောင်လေးပေါ့ အဝေးမှာ
တယောက်ယောက်ကို လောင်နေတာဖြစ်မယ်။

လသာလိုက်တာလို့
တစ်ယောက်တည်း ပြောနေရတဲ့ဒုက္ခကိုတော့
မုန်းလှတယ်။

ကျွန်တော်လန့်နိုးလာတော့
သံချောင်းခေါက်သံ ဆယ့်တချက်
ကြားရတယ်။

လေးနာရီကို ဘယ်သူထိုးသွားခဲ့ပါလိမ့်ကွယ်။
ပြန်အိပ်လို့ မဖြစ်တော့ဘူးလေ

MPT မက်ဆေ့ဝင်လာတယ်
ကျွန်တော်တို့နှစ်ယောက်လုံး မုန်းတာတွေက
ခုထိဆက်ဖြစ်နေကြတာခက်တယ်။

သံသရာနဲ့ ကျွန်တော်နဲ့
နှစ်ပေါက်တစ်ပေါက်ရိုက်ထားတာ ပြောပြရဦးမယ်
မပြတ်ပါရစေနဲ့ မပြတ်ပါရစေနဲ့လို့ပေါ့။

ကြားရဲ့လား ခင်ဖုန်းသက်ဝေ။

သနပ်ခါးပန်းလေးတခက်
ခိုင်ထူးရဲ့ ' ဝေးကွာခြင်းက တို့အတွင်းမှာ '
' ငှက်လေးတွေကို မမောင်းလိုက်နဲ့နော် ' လို့
ရွတ်ပြခဲ့ဘူးတဲ့
မိကောက်ရဲ့ သေတမ်းစာကဗျာတပိုဒ်
ဘာမှပြန်အမ်းစရာမလိုပါဘူး။

လိပ်ပြာရင်ထိုးလေး တစ်ခုတောင်
ပြန်မအမ်းပါနဲ့။

ဆံညှပ်ကလေး တစ်ချောင်းတောင်မှ
ပြန်မအမ်းခဲ့ပါနဲ့။

အနံ့စူးစူး လက်သည်းဖျက်ဆေးတစ်ပုလင်း
လော်ရယ် နုတ်ခမ်းနီအရာ ထင်ကျန်ရစ်တဲ့
သစ်ခွတံဆိတ် တစ်ရှူးလေးက
တစ်ရွက်
ဘာမှပြန်မအမ်းလိုက်ပါနဲ့ ခင်ဖုန်းသက်ဝေ။

တန်ရာတန်ကြေးသာ ပေးချေခဲ့တာပါ။

စကားထာလေး ဝှက်ကြည့်မယ်နော်
ခင်ဖုန်းသက်ဝေ။

ရေကန်အလယ်မှာ ကြာပန်းနှစ်ပွင့်
မိန်းမလှလေးက
လေးယောက် ဖြစ်နေသတဲ့
ဘယ်လိုပန်ကြမှာလဲကွယ်။

ပန်းပေးပြီလား ခင်ဖုန်းသက်ဝေ
ပေးတဲ့ ပန်းကို ပေါင်းလိုက်တော့
သုံးပွင့်ပြည့်သွားတာပေါ့နော။

ခင်ဖုန်းသက်ဝေက ပန်းပန်စရာမှ မလိုတာကွယ်။

“လျှပ်ပန်း လျှပ်မိုး လွမ်းညွန့်ပျိုးသည်
တိမ်ခိုးခြွေလွင့် စောတော့၏” လို့
နတ်သျှင်နောင်လိုလည်း
ဘာဖြစ်တယ် ညာဖြစ်တယ်
ပလီစိချောက်ချက်နဲ့
နေတိုင် လတိုင်
ကိုယ်မပြောတတ်ဘူး ခင်ဖုန်းသက်ဝေ။

ကျောခိုင်းလို့မှ ခြေဆယ်လှမ်းမပြည့်ခင်
အရင်နေရာက နည်းနည်းနာလာတယ်။

ရော့နှစ်ပက်
ခင်ဖုန်းသက်ဝေ တခွက်ရောပေးပါ ညီလေး။

မှိုကန်စွန်းကို ခင်ဖုန်းသက်ဝေစိတ်ကောက်သလို
ဘောက်ဆပ်ဘောက်ဆပ်လေး ကြော်ပေးကွာ။

ခရုဆီလျှော့ဟေ့
ခင်ဖုန်းသက်ဝေက မချွဲတတ်ဘူး။

မင့် ဟင်းရည်ကလည်းကွာ
ခင်ဖုန်းသက်ဝေမျက်စောင်းလို မချိုပါ့လား။

နံနံပင်အုပ်ကွညီလေးရဲ့
ကြည်သွန်ဖြူလေးပါထည့်
သွားတက်လေးလေ
ဖွေးကနဲ ပေါ့။

စီးကရက်တပွဲချ
ဘုရင်မနှပ်ဆေး နှစ်ရာဖိုး
ခင်ဖုန်းသက်ဝေများများ ပေါက်ပေးပါကွာ။

ဪ. . .
အရှေ့ကောင်းကင်မှာ မိုးတွေညို့ပြီလား
တစ်ဆောင်းသစ်ပါတော့မယ် ခင်ဖုန်းသက်ဝေ။

တက်တက်ကြွကြွငှက်လေးတွေတောင်
ခုတလော ဆောင်းခိုကြတော့မယ်။

အဲဒီ့သေနတ်က ကျည်ဆံမှာ
ကျွန်တော့လိပ်စာ ပါတယ်မဟုတ်လား။

သေသပ်သေသပ်သပ်ဖိတ်စာမှာ
ပုန်းညက်ပင်ခြေရင်း
အိမ်နံပါတ်က 'ပွတ်သျှကင်' ကွယ်လွန်တဲ့ခုနှစ်
ကဗျာ နှင့် သဲသဲလှုပ်ချစ်တတ်သူများရိပ်သာ
သောကမြို့တော်
မှတ်မိပါတယ်နော် ခင်ဖုန်းသက်ဝေ။

တမြေ့မြေ့
ကျွမ်းလောင်ခြင်း မှတ်တိုင်မှာ
ဆင်းဖို့ အားလုံးကို ပြောပေးကွယ်။

တစ်ချက်တည်းနဲ့
သေအောင်ပစ်စေချင်ပါတယ်
ကျွန်တော် ရပ်လိုက်ပါတော့မယ်။

ကဗျာလွယ်အိတ်

20 Nov, 17:24


ပြောမယုံကြုံဖူးမှသိဆိုတဲ့အတိုင်း
မောင်ဘယ်ရွေ့ဘယ်မျှ
အချစ်ခံရတဲ့အကြောင်းကို
ကျွန်မဘယ်လိုနားလည်နိုင်ပါ့မလဲ။

-မေသူကျော်

ကဗျာလွယ်အိတ်

20 Nov, 17:07


ရင်ဘတ်တည့်တည့်ကိုဦးတည်နေတဲ့
မြားသုံးစင်း
ကိုယ်တစ်ချက်မှမကာနိုင်ခဲ့ပါဘူး။
ကိုယ်ငိုရမှာတွေမင်းမစဉ်းစားမိဘူးမလားမြ။
ကိုယ်ငိုရတာတွေမင်းမစဉ်းဘူးမလားမြ။
ကိုယ်တွေ့ဖူးသမျှ မြထဲမှာ
မင်းလေးဟာအစိမ်းဆုံးပဲ
ဒါကိုတော့ယုံပေးကွယ်။
-သူဇာ

ကဗျာလွယ်အိတ်

20 Nov, 15:20


ဒီဘဝမှာ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်း
သူ့ဆီကကြားရဖို့ မဖြစ်နိုင်တော့ဘူးလား။
သူ့ခြေဖမိုးလေးကိုပဲ နမ်းရနမ်းရပါ
လုံးဝ မဖြစ်နိုင်တော့ဘူးလား။

-အောင်ချိမ့်

ကဗျာလွယ်အိတ်

20 Nov, 10:32


ခင်ဦးရယ်...
မမြင်ချင်ဘူးဆိုလို့ ကျောခိုင်းပေးလိုက်ပါတယ်
မင်းကိုဆုံးရှုံးပြီးနောက်
အရှေ့ကထိုးထိုး အနောက်ကထိုးထိုး
ဓားဟာ ရင်ဝကိုဖောက်ထွက်မှာပဲ။

-ဆန်းကျော်စွာဝင်း

ကဗျာလွယ်အိတ်

20 Nov, 03:16


တကယ်တော့ ဖြစ်ပျက်ခြင်းတရားဆိုတာ

တစ်ဖက်မှာ နှစ်ယောက်ပေါင်း
ကမ္ဘာလေးတစ်ခု ဖြစ်တည်နေချိန်

တစ်ဖက်မှာတော့ တစ်ယောက်ထဲ
ကမ္ဘာပျက်နေရတာမျိုးပေါ့ကွာ..။

-ရွှေစွန်ညို-(စွဲ ကဗျာမှ)

ကဗျာလွယ်အိတ်

19 Nov, 13:11


စစ်သားကြီးလဲ မလုပ်ရဲ
ကဗျာဆရာမလဲ မဖြစ်ခဲ့
ကျားဆိုးပေါတဲ့ တောင်ရိုးတွေပေါ်
မျှစ်ချိုးလိုက်ခွင့်လဲ မရခဲ့။
ချစ်ခြင်းမေတ္တာရဲ့ ငြင်းပယ်ခံရတဲ့
အမျိုးသမီးငယ်ပါ အကိုရယ်
နေရစ်ဖို့ကလွဲ
ဘာများတတ်နိုင်မှာမို့လို့လဲ...။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

18 Nov, 13:21


တစ်ခါတစ်လေ ငြိမ်ငြိမ်ကလေးထိုင်ပြီး
မိမိရဲ့ အဆင်မပြေခဲ့ပုံတွေကို
ပြန်လည်တွေးတောရတာ
ပျော်စရာကောင်းလှပါတယ် ။

-အောင်ချိမ့်

ကဗျာလွယ်အိတ်

18 Nov, 12:14


ဝေးကွာခြင်းတွေဟာ
ငြင်းဆန်ခွင့်မရှိတော့လည်း
တင်းခံကြည့်ယုံပေါ့။

- တာရာညို

ကဗျာလွယ်အိတ်

18 Nov, 12:09


"ခင်ဖုန်းသက်ဝေ  နှင်း" 
                                 (သန်းတင့်)

လွမ်းစရာရှိလို့
ကျွန်တော် မအားသေးကြောင်း
ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ။

မေနဲ့ ဩဂုတ်မှာ အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။

လိုအပ်ရင် ပန်းအသစ်တွေ လဲပေးဖို့
ဘယ်အပင်ကိုမှ
ကျွန်တော် မတောင်းဆိုချင်ပါဘူး။

အပြည့်အ၀ လွမ်းခွင့်ရတာဟာလည်း
လူဖြစ်ကျိုးနပ်မှု အခက်အခဲတစ်ခုပါကွယ်။

ခင်ဖုန်းသက်ဝေ ကြားလိုက်လားတော့ မသိဘူး
တချို့ဆို တိုးလျှိုပေါက်ကြီးကို
ပုန်းညက်ပန်းလေး ဖြစ်သွားကြတာလေ။

လမ်းဘေးက အချိုရည်ဘူးခွံလေးကို
ပိတ်ကန်ပစ်လိုက်မယ်။

လမ်းလျှောက်ရင်း
ကြော်ငြာဆိုင်းဘုတ်တွေ ဖတ်မယ်။

သတ္တိရှိချင်ယောင်ဆောင်ပြီး
စပယ်ယာကို ဘုကြည့်ကြည့်မယ်။

အားလုံး လွယ်လွယ်လေးပါ။

ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်တာက အစ
ရှမ်းကိုးမီးဝိုင်းက ကျင့်၀တ်ဆိုင်ရာ ပြဿနာတွေ အထိ
လွယ်တတ်ပါတယ်။

ဒေါသရော အတ္တရော ကြီးတဲ့ ကောင်တွေ
မျိုးသုဉ်းသွားဖို့အရေးထိ
လွယ်ကောင်း လွယ်နေနိုင်ပါတယ်။

စိုးရိမ်ထိတ်လန့်နေတဲ့
အစွမ်းအစ အမျိုးမျိုးကို ပိုင်ဆိုင်ဖို့
လွယ်ပါလိမ့်မယ်။

ဆင်ခြင်တုံတရားကို ချရေးဖို့
ပို့(စ)ကတ်လေးတစ်ခု ရှာရတာ
လွယ်ပါလိမ့်မယ်။

အို...
အားလုံး လွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။

"စပယ်ဖြူ တုံးခါမှ ခင်ဖုန်းသက်ဝေရယ်
ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်
ခက်တယ် ခင်ဖုန်းသက်ဝေရယ်
သိပ်ခက်တယ်။

နေထွက်စမှာ တွန်နေတဲ့
ငှက်နှုတ်သီးရဲ့အရိပ်လေး
နေ့လည်ခင်း တိုတိုဝင်သွားသလိုပါပဲ။

ဗုဒ္ဓဟူးညဆို အိပ်မက်တွေမကောင်းဘူး
သိပ်ခက်တယ်။

လမ်းကြုံရင် ကိုယ့်သဘောနဲ့ကိုယ်
အရှုံးပေးလိုက်ချင်တယ်။

တောင်ကုန်းလေးတောင်မှ
မြက်တွေစိမ်းဖို့ စောင့်ရသေးတာပဲ‌လေ။

ရေကန်မှာ ရေမရှိတော့တဲ့ ဆုံးရှုံးမှုမျိုးဆိုတာကရော
ကျွန်တော် ထိုက်ထိုက်တန်တန်
နားလည်ပါတယ် ခင်ဖုန်းသက်ဝေ။

တဒင်္ဂဆင်းသက်လာတဲ့ နေမင်းရောင်ခြည်ဆီ
တရွေ့ရွေ့ကျောက်တုံးတွေရဲ့
အားကိုးယုံကြည်မှုမျိုးနဲ့
ရှေ့တိုးလာခဲ့ရပါတယ်။

မိုးမရွာတဲ့ ဝါဆိုကို
ဘယ်လိုအမည်မျိုး ပြောင်းလဲမှည့်ခေါ်ချင်ပါသလဲ။

ခင်ဖုန်းသက်ဝေ ဆန္ဒရှိတဲ့အတိုင်း
တခြားသူတွေပါ ခေါ်နိုင်အောင်
ကျွန်တော် မျှဝေလိုက်ပါ့မယ်။

အစီအစဉ်တကျမရှိတဲ့ ရေမျောအိမ်လေးတွေ
တိဘက်တောင်နံရံက နန်းတော်ဟောင်းတွေ
စသည်ဖြင့်။

ကျုံးတွေ
ဥယျာဉ်မြေနုကျွန်းနဲ့ ကမ်းနီးကမ်းဝေး
တစ်နယ်တကျေးမှ လေပြေလေညင်းတွေ
ဂုဏ်သရေရှိ အလံကိုင်တပ်ဦးနဲ့
တီးမှုတ် ချီတက်လာသူတွေ
အားလုံးကို မျှဝေလိုက်ပါ့မယ်။

ဖြေစရာ ရှိတာသာ
ခင်ဖုန်းသက်ဝေ ဖြေပါ။

ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ မှတ်မိနေသေးရင်
ကျွန်တော်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါ့မယ်။

ဒီနေရာက
စွန့်စားခန်းတွေ အဆုံးသတ်ရမယ့် နေရာမဟုတ်ဘူး။

ဆိုကောင်းရုံ သီချင်းတစ်ပုဒ်ရဲ့ချိုးပိုဒ်နေရာကို
ကပ်ကပ်လာနေရုံမျှပါပဲ။

စွန်နီလေး တက်သွားတဲ့နောက်
ကြိုးဖြူဖြူလေး ထပ်ကြပ်မကွာ
ချည်လျက် နှောင်လျက် ပါသွားတာပါပဲ။

သံယောဇဉ်ရဲ့
သီးခြားလက္ခဏာရပ် တစ်ခုပါ။

ခင်ဖုန်းသက်ဝေရေ
ခွင့်လွှတ်နိုင်ရင် ကျေအေးစေချင်တယ်။

ပညာရှိတွေရဲ့နိုင်ငံတော်ဦး၊
အတွေ့အကြုံနဲ့ ကံတရားကိုပဲ
အားကိုး အဖော်ပြုနေရတဲ့
သူဆင်းရဲတို့ရဲ့သတ်ကွင်းခင်းညံ့၊
သုံးရာသီ ကျွန်တော့်အလုပ်စာရင်းမှာတော့
နုတ်မရ ပယ်မရ အစားထိုးမရ
ခင်ဖုန်းသက်ဝေစိတ္တဇ။

သစ်ချိုသီးလေးလို ပန်းချိုပွင့်လေးလို
အလိုမကျတာတောင် ပြန်မပြင်ရက်ဘူး
ကဲ ကြည့်စမ်း။    ။

-သန်းတင့်
-ခင်ဖုန်းသက်ဝေဂယ်လာရီ

ကဗျာလွယ်အိတ်

18 Nov, 03:45


ကဗျာလွယ်အိတ် pinned «Adminကို၀ဏ္ဏဇော်ပိုက်ဆံအိတ်အလုခံရလို့ အောက်ကအကောင့်၊မှတ်ပုံတင်နဲ့ ငွေလာချေးခြင်း အလှူလာခံခြင်းမျိုးဆိုလျှင် မယုံမိကြပါနဲ့ဗျ။ ကဗျာလွယ်အိတ်ကလို့ပြောလိမ်လည်း Admin team ဘက်က တာ၀န်ယူမပေးနိုင်ပါဘူးဗျ။ @wana_33 9/တကန(နိုင်)240259 အမည်က ဝဏ္ဏဇော် မှတ်ပုံတင်ပါသွားပါတယ်။»

ကဗျာလွယ်အိတ်

18 Nov, 03:45


Adminကို၀ဏ္ဏဇော်ပိုက်ဆံအိတ်အလုခံရလို့ အောက်ကအကောင့်၊မှတ်ပုံတင်နဲ့
ငွေလာချေးခြင်း အလှူလာခံခြင်းမျိုးဆိုလျှင် မယုံမိကြပါနဲ့ဗျ။ ကဗျာလွယ်အိတ်ကလို့ပြောလိမ်လည်း Admin team ဘက်က တာ၀န်ယူမပေးနိုင်ပါဘူးဗျ။
@wana_33
9/တကန(နိုင်)240259
အမည်က ဝဏ္ဏဇော်
မှတ်ပုံတင်ပါသွားပါတယ်။

ကဗျာလွယ်အိတ်

18 Nov, 01:09


အချစ်နဲ့စစ်ကို မကစားကောင်းဘူး
လူကြီးမင်းတို့ရဲ့
တစ်ခုက အသက်တွေဆုံးရှုံးနိုင်တယ်
တစ်ခုက ဘဝပါ ဆုံးရှုံးနိုင်တယ်။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

17 Nov, 15:40


ခင်ဖုန်းသက်ဝေရေ
ခွင့်လွှတ်နိုင်ရင် ကျေအေးစေချင်တယ်။

ရှေ့ကိုသွားနေတဲ့ ရထားမှာ
နောက်ပြန် ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။

မေနဲ့ဩဂုတ်မှာ
အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။

ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ
မှတ်မိနေသေးရင်
ကျွန်တော့်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါ့မယ်။

-သန်းတင့်
-ခင်ဖုန်းသက်ဝေဂယ်လာရီ

ကဗျာလွယ်အိတ်

17 Nov, 14:34


ငါအိပ်ပျော်ပြီး
နိုးလာတော့ ခန်းမတစ်ခုလုံး
ပူဖောင်း‌တွေ စီခြယ်လို့
သတို့သားရဲ့လက်ဟာ သတို့သမီးကို ဆွဲတဲ့
ကျမ်းကျိန်ခန်းကို အနှေးကွက်နဲ့ ပြတယ်။
ပန်းတွေကို ကြဲလိုက်တိုင်း
ငရဲမီးတွေဟာ ထ ထပွင့်လို့
ရှင်ဟာ သိပ်စေ-ာက်ကြောတင်းတဲ့လူ ဆိုတဲ့
အသံကို မကြားရတော့ဘူး။
ရေခဲမုန့်ကို စားနေရင်း
ကိုယ့်မျက်နှာကို လက်ဖဝါးနဲ့ အပ်မိ
ကိုယ်ဟာ ငိုမိခဲ့ပေါ့။

-ဘုန်းပြည့်စုံမင်း
-reposting

ကဗျာလွယ်အိတ်

17 Nov, 12:00


ချစ်တာကို ချစ်တယ်လို့ပြောခဲ့ပေမယ့်
မေတ္တာတရားကိုတော့ အတင်းမတောင်းဆိုခဲ့ပါ။
မမုန်းဘူးဆိုရင်ဘဲ
နေသာထိုင်သာရှိလှပါတယ်။

-လင်းဝေ

ကဗျာလွယ်အိတ်

16 Nov, 18:35


ငါ့တကိုယ်လုံး အနုဆုံးဟာ
နှလုံးသားလို့ တဖွဖွပြောတဲ့ကြားက
အနုဆုံးနေရာကိုမှ မင်းကရွေးထိုးတယ်....

စည်းမျည်းတွေနဲ့ထိုးခိုင်းတဲ့ ကြိုးဝိုင်းမှမဟုတ်တာကွယ် ဒီပွဲလည်းမင်းနိုင်ပါတယ်...။

-ဆန်းကျော်စွာဝင်း

ကဗျာလွယ်အိတ်

16 Nov, 12:27


၀က်စာထဲမှာ၀က်သားဖတ်တွေပါနေတဲ့အခါ
ဘယ်၀က်မှအစားမပျက်ခဲ့ပါဘူး။
ခေတ်နဲ့မဆိုင်ဘူးညီလေးရေ...
သက်ရှိတွေဆိုတာ အရသာရှိနေရင်
ဇာတ်တူသားလည်း မြိန်ရေရှက်ရေပဲ...။

-သူဇာ

ကဗျာလွယ်အိတ်

14 Nov, 00:15


သတိရတယ် ဆိုတာမျိုးက
ငှက်ကလေးတွေအော်မှ
လကလေးက သာမှ
သစ်ရွက်ကလေးတွေ ကြွေမှ
ရှုခင်းကလေးက လွမ်းစရာကောင်းမှ
သတိရတာ မဟုတ်ပါဘူးကွာ။

သတိရချင်တဲ့အခါ
ဘယ်လိုနေရာမှာဖြစ်ဖြစ်
သတိရတာပါပဲ ။     ။

-မင်းလူ-
ချစ်သောပန်းကလေးမှ

ကဗျာလွယ်အိတ်

13 Nov, 14:39


ဒီစာရေးပြီးရင် ငါလည်းမင်းကို မုန်းချင်မုန်းသွားမှာ

သာယာနာပျော်ခြင်းတွေပဲ ပေးခဲ့တာပါ။
နာကျင်သွားတယ်ဆိုရင်လည်း
ကိုယ့်ရဲ့ချွတ်ချော်အားနည်းလို့ မှတ်ယူပါတယ်။

ဖုန်းမကိုင်ရုံနဲ့ မုန်းနေလို့ဆိုတာ
ဘယ်လိုလုပ် ဆက်စပ်တွေးခေါ်တတ်မှာလဲ။
ကိုယ် ဥာဏ်မကောင်းတာ
မင်းသိသားနဲ့။

-ကြံတိုင်းအောင်

ကဗျာလွယ်အိတ်

13 Nov, 14:36


ချစ်သောတောပန်းကလေးများ
••••••••••••••••••••••••••••••••••
ခုနေခါ
ငါသွားနေတဲ့ မြေလမ်းလေးနံဘေးက
တောပန်းကလေးတွေ
မင်းကို လက်ဆောင်ပေးချင်တယ် ။

ဘာအလိုဆန္ဒမှ
မများမြောင်ရပါဘူး အချစ်ရယ်
မင်း ကျန်းမာရဲ့လား
မင်း စိတ်ချမ်းသာရဲ့လား
ဒီအတိုင်းသာ
တစ်ကမ္ဘာလုံး ရှိနေဖို့ပဲ မဟုတ်လား။

-သုခမိန်လှိုင်

ကဗျာလွယ်အိတ်

13 Nov, 00:28


မနက်အစောကြီး
ကြားနေရတဲ့ တရားရွတ်သံမှာ
ငါတရားမရပဲ မင်းကိုသတိရနေမိတယ်
မင်းဟာ ငါ့တရားပဲ

-ကြည်ဇော်အေး

ကဗျာလွယ်အိတ်

12 Nov, 17:17


လုပ်သင့်တယ်ထင်တဲ့အရာကိုလုပ်
မလုပ်သင့်ဘူးထင်ရင်လှည့်မကြည့်နဲ့

ကိုယ်လုပ်တဲ့ အရာရာတိုင်းက အဓိပ္ပါယ်ရှိနေရင်
ဘယ်ပျော်ဖို့ကောင်းမှာလဲ
တစ်ချို့အရာတွေက ချိုနေရင်မမိုက်ဘူး
ချဥ်ချဥ်လေးမှနိပ်တာ။
- ဝဏ္ဏ

ကဗျာလွယ်အိတ်

12 Nov, 06:44


ပြေးသလောက် အဝေးမရောက်တဲ့ပြဿနာ
ခေတ်စနစ်အပေါ်မှာ
အပြစ်ပုံချလို့ရကြေးလား။

-သူဇာ

ကဗျာလွယ်အိတ်

12 Nov, 06:37


မင်း အတော်တည်ငြိမ်သွားပြီတဲ့
ဟုတ်ကဲ့

ပါးစပ်သေနတ် ဆိုတာ
ဘယ်တော့မှ ယမ်းနံ့ မထွက်ခဲ့ဘူး
လူတော့ ခဏခဏ သေတယ်...

-တာရာမင်းဝေ

ကဗျာလွယ်အိတ်

12 Nov, 05:06


နှစ်ပွင့်ရယ်တစ်ခိုင်

သုံးပွင့်ဆိုင်လို့ တစ်ခိုင်ကျန်တာ
လက်ခံချင်စရာပါ ညီမလေးမြ။

ညီမလေးအကြောင်းကို
မိုးတဖွဲဖွဲမှာဝိကွဲနေတဲ့သူငယ်ချင်းနဲ့
ဆွေးနွေးဖြစ်ခဲ့သေးတယ်။

သူ့အပြောအရတော့ ညီမလေးဟာ
ငါးကန်ထဲက အလှမွေးငါးပဲ။
ထိမရ၊ကိုင်မရနဲ့ အလှပဲကြည့်ရတာမျိုးပေါ့။

ညီမလေးကိုတန်ဖိုးထားနေဖို့ထက်
ကြော်စားမယ့်သူလက်ထဲထည့်တာက
ကိုယ့်အတွက်ပိုကောင်းမယ်ဆိုပဲ။

ဒီစကားကိုယ်အ‌လေးမထားနိုင်ပါဘူး။
သူချစ်တာကအရွက်ခြောက်တွေ
ကိုယ်ချစ်တာက ပန်းပွင့်ပျိုလေးလေ
တူမှမတူတာ သူဘယ်ခံစားတတ်မလဲ။

လမင်းကြီးကိုလှမ်းငေးနေတဲ့
ခွေးရူးတစ်ကောင်လို။

ဆေးပေါ့လိပ်ကိုစွဲလမ်းသလို။
ညစ်ညမ်းကားတွေစွဲလမ်းသလို။
အဲ့သလိုမျိုး ကိုယ်စွဲလမ်းမိပြီလေ။

သူဘာတွေသာလဲ မမေးတော့ပါဘူး။
ကိုယ်ဘာတွေညံ့လည်းပဲပြောပါ။
-သူဇာ

ကဗျာလွယ်အိတ်

11 Nov, 23:39


ကျွန်တော်တို့ခေါင်းပေါ်
ကျလာတာ မဟုတ်ဘူးဆိုရင်
အုတ်နီခဲရဲ့အလေးချိန်ကို
လျှော့ပြောတတ်ကြသလို
ကိုယ့်ဘ၀ ကိုယ့်ခန္ဓာ
ကိုယ့်အချစ်မှ မဟုတ်ရင်
နှလုံးသားကိုလည်း  စောက်ပိုလို့ ‌
ကျွန်တော်တို့ပြောတတ်ကြသေးတယ်။

- စိုင်းဝင်းမြင့်

ကဗျာလွယ်အိတ်

11 Nov, 11:04


အဲ့တုန်းက
ကမ္ဘာမှာလူဦးရေ ဘယ်လောက်ရှိလဲ
ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး

သူ့စိတ်ထဲလူဘယ်နယောက် ရှိလဲကိုပဲ
ကျွန်တော်ဂရုစိုက်ခဲ့ပါတယ် ။     ။

- ဂန္ဓမာ (၂၀၁၇ )

ကဗျာလွယ်အိတ်

10 Nov, 16:48


မနေ့ကကို ဒီနေ့လို့ စိတ်မှာထင်လာရင်
အားလုံး...
လွမ်းတတ်သွားကြပါလိမ့်မယ်။

-သန်းတင့်

ကဗျာလွယ်အိတ်

10 Nov, 03:27


ငါ့ကို မေ့ပစ်လိုက် ဆိုဖီယာ
ငါ့ စကားတွေကို မယုံနဲ့
မင်းစကားတွေလဲ ငါမယုံဘူး
'မိန်းမတွေရဲ့ ပုံမှန်စိတ်ဟာ `ရမ်´သုံးပက်သောက်ထားတာနဲ့
ညီတယ်'တဲ့ အဲ့တာ...
ငါသိပြီးသားကြီး ဆိုဖီယာ
ငါကလဲ 'ဝီစကီ'ငါးပက်လောက်သောက်ပြီးမှ
မင်းကို စကားပြောတာ

- Choas

ကဗျာလွယ်အိတ်

09 Nov, 05:17


တစ်သက်လုံးသင်လာရတဲ့
သိဂ်ါရရသဆိုတာကို
ဘာမှန်းမသိခဲ့တဲ့ကောင်က
ညီမရှေ့ကျမှ
အလံဖြူထောင်ရတယ်

အပြုံးလေးတစ်ချက်
အကြည့်လေးတစ်ချက်ကြောင့်
ဟောဒီဘယ်ဘက်ရင်အုံ
ထောင့်ခပ်ယွန်းယွန်းလေးမှာ
အလင်းနှစ်ထက်နှစ်ဆလောက်မြန်တဲ့
မြင်းရိုင်းတစ်ကောင်ဖြတ်ပြေးသွားတယ်
ဒါဟာ မေတ္တာသက်ဝင်ခြင်းပါ

မိုးဇက်ရဲ့ ဂန္တဝင်ဂီတသံထက်
အဆပေါင်းများစွာ နူးညံ့လွန်းတဲ့
နှုတ်ခမ်းလေးကိုသာ နမ်းခွင့်ရှိမယ်ဆိုရင်
မာရီယာနာချောက်နက်ထဲ
ခုန်ချနိုင်လောက်အောင်ထိ
ဒီကကောင် ရဲရင့်နိုင်ရဲ့

အရာရာတိုင်းကို တိုက်ယူမှရမဲ့ခေတ်မှာချစ်ခြင်းမေတ္တာလို့အမည်ရတဲ့
စိတ္တဇနာမ်ကို ညီမဆီကသာလိုချင်နေပြီး
အကို့ရဲ့တစ်ဦးဆိုင်နာမ်အဖြစ်
ပြောင်းလဲချင်နေမိတာကလွဲလို့
အကို့မှာ တခြားတပ်မက်မှုမရှိတော့ပါဘူး

မျက်မှန်လေးရယ် အကို့ကို
မသိချင်ယောင်ဆောင်နေတာလား
တကယ်မသိတာလား
တိတ်ဆိတ်ပေးနေခြင်းဟာ ဝန်ခံခြင်းတဲ့
ညီမရှေ့မှာ အကြိမ်ကြိမ်ခါခါ
ဝန်ခံခဲ့ပြီးပါပြီ

ဘယ်သူမှမကြားအောင်
မင်းနာမည်လေးကို
တိတ်တ်တ်လေးရွတ်ဆိုလိုက်တိုင်း
အကို့ရင်ခွင်ဟာ ဒိုင်းခနဲ
ရင်ခွင်ရာသီရဲ့ ရာသီပန်းဖြစ်တဲ့
မေတ္တာပန်းတွေ
ပွင့်နေကြပြီထင်ပါရဲ့

နေကြာပန်းလေးတွေက
ဘယ်နေရာပဲရောက်ရောက်
နေမင်းကြီးဆီကိုပဲ မျက်နှာမူနေလို့
နေကြာပန်းလေးတွေပဲ
သဘောကျပါတယ်ဆိုတဲ့
ကြာသပတေးနံလေးရယ်
ညီမက နေမင်းကြီးဆိုရင်
အကိုက နေကြာပန်းလေးတော့ဖြစ်ချင်သား

သံသရာက
အဖန်တလဲလဲဖြစ်တတ်တဲ့
သဘောရှိတယ်ဆိုလည်း
အဲ့ဒီသံသရာထဲမှာပဲ
ထပ်တလဲလဲကျင်လည်ပြီး
ညီမတစ်ယောက်တည်းကိုပဲ
အဖန်တလဲလဲချစ်ချင်မိတာ
အကို့ရဲ့ရူးကြောင်ကြောင်
အတ္တကြီးမှုကို နားလည်ပေးပါကွယ်

မျက်မှန်အောက်က ချစ်စဖွယ်
မျက်စောင်းလေးကြောင့်
ပိုင်ရှင်မဲ့နေတဲ့ ဘယ်ဘက်ရင်အုံမှာ
ညီမနာမည်နဲ့ အမည်ပေါက်ခဲ့ရတယ်
အဝေးကကြည့်နေရရင်တောင်
ပျော်နေတဲ့ကောင်
အဲ့ဒီမျက်စောင်းလေးနဲ့သာ
ထပ်တလဲလဲအထိုးခံရရင်
ရူးသွားပါလိမ့်မယ်

ညီမသာ ညီမမျက်မှန်ဘောင်လေးတွေရဲ့
အပြင်ကိုကျော်ကြည့်တတ်ခဲ့ရင်
အကို့ရဲ့ချစ်ခြင်းမေတ္တာတွေကို
တွေ့ခဲ့မှာပါလေ

ဖြူစင်လှပါတယ်ဆိုတဲ့ သစ္စာတွေ
သန့်ရှင်းလှပါတယ်ဆိုတဲ့ မေတ္တာတွေ
တစ်စတစ်စငြိတွယ်နေမိတဲ့
သံယောဇဥ်တွေ
အရာအားလုံးဟာ မင်းအတွက်ပါပဲ
အကို့ကို ရည်ငံစမ်းပါ
မျက်မှန်လေးရယ်.....

- သစ်ခက်

ကဗျာလွယ်အိတ်

08 Nov, 15:32


ဒီနေ့ဒီခုံထောင့်မှာတူတူထိုင်ခဲ့တဲ့လူက
မနက်ဖြန်ဘယ်မြေပုံအောက်မှာရောက်နေမလဲ
ကိုယ်တကယ်မသိနိုင်ဘူး ညီမလေးမြ။

ကိုယ်တို့က ခြံထဲက၀က်တွေပဲ
ဘယ်နေ့ဘယ်ချိန်မှာ ဘာတွေဖြစ်မှာလဲ
တကယ်မသိနိုင်ဘူး။

ဖြစ်နိုင်ရင် ပိုက်သာဂိုရလို
ဘ၀ကိုနိဂုံချုပ်ချင်ပါရဲ့။

ဖြစ်နိုင်ရင် ဟစ်တလာလို
ကျရှုံးချင်ပါရဲ့။

-သူဇာ

ကဗျာလွယ်အိတ်

08 Nov, 14:29


သာနေတဲ့လကို
အဝေးကငေးကြည့်တဲ့အခါ
ကိုယ့်ဘဝ
ဗလာဆိုတာ မေ့သွားသလိုမျိုး၊

အချစ်ဆိုတာ...
ကိုယ့်ဖက်ကသေချာရင် တကယ်ရှိပါတယ် ။

-စောနန္ဒာခိုင်

ကဗျာလွယ်အိတ်

07 Nov, 13:24


ကျွန်မကိုရင်ပူစေတဲ့ မောင်ဟာ
အဲ့ဒီမိန်းမနဲ့ ဆင်တူလက်စွပ်ကလေးတောင်ဝတ်လို့တဲ့၊

မျက်ရည်လည်းမပေါဘူး
အသည်းလည်းမမာဘူး မောင် ၊
"မောင့်ဆီတော့လာချင်တုန်းရယ်"။

-လင်းညို
-အချစ်ရိပ်ညနေ

ကဗျာလွယ်အိတ်

07 Nov, 11:34


ကိုယ်ဘာမှမလုပ်ပါပဲ
အလိုလိုနေရင်းရတဲ့အရာဆိုလို့
သတိရတာပဲရှိတယ် ။
အချစ်ရေ
တိမ်တွေကြွေနေ တယ် ။

-ရိပ်ငြိမ်

ကဗျာလွယ်အိတ်

07 Nov, 06:16


ဘယ်လောက်ပဲ ခက်ခဲပင်ပန်းရသည်ဖြစ်စေ
တိတ်တိတ်ကလေး ထွက်သွားဖို့ကိုတော့
ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး...

အဲ့ဒါ သတ္တိကောင်းတာမဟုတ်ဘူး၊
အားငယ်တာ...

ဘယ်သူမှ တကူးတကလိုက်ရှာမှာမဟုတ်မှန်း
ကြိုသိနေခဲ့တာကိုး...

-မိုးနေ့

ကဗျာလွယ်အိတ်

06 Nov, 13:20


အရောင်ပဲကွဲတဲ့အနွေထည်ဆင်တူ..
အမှတ်မထင် ဆင်တူသွားတဲ့ဘောပင်..
အဲ့လို့မထင်မှတ်ထားတဲ့တိုက်ဆိုင်မှု‌တွေနဲ့
ငါတို့နှစ်ယောက်က သူငယ်ချင်းတွေတောင်မဟုတ်ကြတော့ဘဲ
သူစိမ်းတွေဖြစ်သွားကြတယ်တဲ့လား..

-ခွန်းဆင့်ချို

ကဗျာလွယ်အိတ်

06 Nov, 10:56


အချိန်အခါမဟုတ်
မိုးတွေရွာတော့
အတိတ် မေ့သူများ
ပြန်သတိရ ။

-ဂန္ဓမာ

ကဗျာလွယ်အိတ်

05 Nov, 14:46


ကိုယ့်ကိုဗဟိုပြုပြီး
ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေခံစားနေရတဲ့
အခြားလူတစ်ယောက်ရှိနေနိုင်တယ်ဆိုတာ
မမေ့ကြေး... ။  ။

-လင်းမာအို

ကဗျာလွယ်အိတ်

05 Nov, 12:48


“မျက်သွယ်”

ပင်လယ်ရေတွေ စီးဆင်းတဲ့အခါ
မမကို သတိရတယ်။
စီးကရက်နံ့တွေ ရှိုက်မိတဲ့အခါ
မမကို သတိရတယ်။
ကလေးမလို့ ခေါ်သံကြားတဲ့အခါ
မမကို သတိရတယ်။
ပုလဲလို မျက်ဝန်းလေးနဲ့
မမရယ်
ဘာကြောင့်များ ဒီလိုညို့နိုင်ခဲ့သလဲ။

-နော်ယာ

ကဗျာလွယ်အိတ်

04 Nov, 11:26


အာရုံငါးပါးနဲ့ တပ်မက်ခြင်းမှာသာ
အသားအရေ၊ အချိုးအစား
အသက်အရွယ်ရှိတာပါ

အချစ်နဲ့ မေတ္တာမှာကျ
မင်းဟာမင်း ဘာဖြစ်ဖြစ်ပေါ့ အချစ်ရဲ့
မင်းဟာမင်း ဘာဖြစ်ဖြစ် ။

-ဆန်းကျော်စွာဝင်း

ကဗျာလွယ်အိတ်

04 Nov, 01:27


ချစ်စရာ ကောင်းကောင်း
မကောင်းကောင်း ၊
ချစ်စရာ ရှိရှိ မရှိရှိ ၊

ချစ်ချင်လို့
ချစ်နေတာကမှ "အချစ်"


- မောင်လှမျိုး (ချင်းချောင်းခြံ)

ကဗျာလွယ်အိတ်

03 Nov, 11:15


အလွမ်းငွေ့

မနိုင်တဲ့၀န်တွေ မထမ်းချင်ဘူးအမေ။
လူလည်းပန်း စိတ်လည်းနွမ်းတယ်။
ပြန်လည်မွေးဖွားခြင်းသာရှိခဲ့ရင်
ကျနော် စောစောသေချင်ပါတယ်
လောကထဲခြေချပြီးနောက်ပိုင်း
ကမ္ဘာဟာ ထင်သလောက် မအေး
ထင်သလောက် မနွေး...။
ပြေးချင်ရာပြေးနေတဲ့ ကလေးတွေမြင်ရင်
အဝေးတစ်နေရာက ကိုယ့်ကိုကိုယ်ပြန်မြင်နေတတ်ပြီ။
လက်ဖက်ရည်ဆိုင်မှာ ‌ဆိုင်ရှင်ငြိုးအောင်ထိ ထိုင်နေချင်တာအပြစ်လား။
ပြေးသလောက် အဝေးမရောက်တာကို စနစ်နဲ့ခေတ်အပေါ် အပြစ်ဖို့ချင်ရမလား။
ကြားထဲမှာ ရှမ်းပဲ ကိုစားမိတော့ ၀မ်းတွေချုပ် အသည်းတွေဆုတ်ပြန်တယ်အမေ။
သားလူမိုက် အိမ်ကိုလွမ်းနေပြီ အမေ။

# လင်းသန့်

ကဗျာလွယ်အိတ်

02 Nov, 23:53


မနက်အစောကြီး
ကြားနေရတဲ့ တရားရွတ်သံမှာ
ငါတရားမရပဲ မင်းကိုသတိရနေမိတယ်
မင်းဟာ ငါ့တရားပဲ

-ကြည်ဇော်အေး

ကဗျာလွယ်အိတ်

02 Nov, 07:18


သူ့ပါးပေါ်က လိမ့်ကျလာတော့
မျက်ရည်
ကိုယ့်ရင်ဘတ်ပေါ် ရောက်တော့
အက်စစ်။

ကိုယ့်လက်ကောက်ဝတ်ကို
စမ်းကြည့်တော့
သူ့ သွေးခုန်နှုန်းကို စမ်းမိတယ်။

သူဆိုချင်တဲ့ သီချင်းတိုင်း
ကိုယ်က အသံထွက်ပေးရတယ်။

တခြားသော အလှတရားတွေဟာ
သူ့မျက်တောင်လေးနဲ့ ကာထားတော့
မမြင်ရဘူး။

တစ်ကိုင်းစီ နားနေပေမယ့်
တစ်ကောင်ထိရင်
နှစ်ကောင်လုံး ကျပါတယ်။

-စိုးခိုင်ညိန်း

ကဗျာလွယ်အိတ်

01 Nov, 10:59


နေထွက်လာတယ်
နေဝင်သွားတယ်
ဒီလောက်ပါပဲ

လောကဟာ ထင်သလောက်လဲမဆန်းကြယ်.....

- ခွန်းညိုသွေး

ကဗျာလွယ်အိတ်

31 Oct, 08:40


ကျင်းထဲမှာပုန်းရင်လည်း အငတ်နေရ
အပြင်ထွက်ရင်လည်း အသက်သေရမယ့်
ကြွက်တွေလိုမျိုး ငါတို့ဘဝတွေ။
-ဝဏ္ဏ

ကဗျာလွယ်အိတ်

31 Oct, 03:45


တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့
သက်ဝင်နေရင်
ကိုယ်က မငြိတွယ်မိအောင်နေရမယ်
အတင်းတိုးမဝင်ရဘူးတဲ့
ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရှိရတယ် ။

-ရိပ်ငြိမ်

ကဗျာလွယ်အိတ်

30 Oct, 12:45


ချစ်ခြင်းမေတ္တာဆိုတာ
ကျွန်‌တော် မရေးဖြစ်တော့မယ့် ကဗျာတစ်ပုဒ်
မလှမ်းဖြစ်တော့မယ့် ခြေတစ်လှမ်း၊
မသီဆိုဖြစ်တော့မယ့် သီချင်းတစ်ပုဒ်၊
မခူးယူဖြစ်တော့မယ့် ပန်းတစ်ပွင့်။

ဘာမှ မကြိုးစားရင် ဘယ်တော့မှ မကျရှုံးဘူးလို့
ကျွန်တော်ခံယူထားတယ်။
မဝေးရဲလို့ နီးစပ်ဖို့လည်း မကြိုးစားချင်
အရင်းနှီးဆုံး သူစိမ်းတွေဖြစ်ဖို့
ချစ်ကြည့်ဖို့လည်း မဝံ့ရဲ...။

ဒီအတိုင်း ခပ်လှမ်းလှမ်းက ငေးမောကြည့်မိတဲ့
‌ကောင်းကင်ပြာပြာကြီးဟာ ချစ်ခြင်းမေတ္တာပါပဲ။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

30 Oct, 05:57


ဘယ်လောက်ထိ
နာကျင် ပင်ပန်းနေခဲ့ကြောင်း
ပြောပြဖို့ တစ်ယောက်ယောက်ကို
လိုက်ရှာနေမိခဲ့တယ်

ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပါဘူး
ဒါကြောင့်ပဲ ပိုနာကျင်ခဲ့ရ ။

-ဂန္ဓမာ

ကဗျာလွယ်အိတ်

27 Oct, 10:26


မင်းဘက်က အသံတိတ်နေရင်
ကိုယ် အလွမ်းနဲ့ဖြေပါ့မယ်

ကိုယ့်ဘက်က အသံတိတ်နေရင်
မင်းကို ငဲ့ညှာတာလို့ မှတ်ယူပေးပါ...။

-ခင်အောင်အေး

ကဗျာလွယ်အိတ်

25 Oct, 16:40


ပင်လယ်လိုနက်ရှိုင်းမှန်းလည်းသိတယ်
ကြယ်တာယာတွေ၊နက္ခက်တွေ
ကျွမ်းကျင်လို့ရယ်တော့
ဘယ်ဟုတ်ပါ့မလည်း ညိုရယ်...

ချစ်လို့လာခဲ့တာလေ
မုန်တိုင်းထန်ထန် လေပြေအေးအေး
မင်းပေးသမျှ ကျေနပ်ရမှာပေါ့..။
-ဝဏ္ဏ
repost

ကဗျာလွယ်အိတ်

25 Oct, 10:18


ဘဝဆိုတာ ဓားချက်တွေ
မွှန်းထားတဲ့
အရှင်လတ်လတ် ငါးပဲ ။

-မောင်ချောနွယ်

ကဗျာလွယ်အိတ်

24 Oct, 15:19


ကောင်းသောညပါ အချစ်

အိပ်ခါနီးတိုင်း မှောင်နေတဲ့ပါးပြင်ကို ငါနမ်းခဲ့
နမ်းလိုက်တိုင်း သမံတလင်းရဲ့အရသာ ငါရခဲ့

- အောင်ခင်မြင့်

ကဗျာလွယ်အိတ်

24 Oct, 14:28


အခြားသူတွေကျ ကံကောင်းပြီး
ခင်ဗျားတစ်ယောက်တည်း
ကံဆိုးတယ်လို့ တွေးနေမိသလား
သေချာတယ် ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူး
ကျွန်တော်ရောပဲ။

_လင်းမာအို

ကဗျာလွယ်အိတ်

24 Oct, 12:17


တခါတလေ
ပြိုလဲလိုက်ချင်ပေမယ့်

ငိုချလို့ရတဲ့ ရင်ခွင်တစ်စုံရှိသေးပါလားဆိုတဲ့အသိက
တကယ်နွေးထွေးရတယ်။

ငါတို့တွေ အမြင့်ဆုံးကိုတက်ဖို့ကြိုးစားတဲ့အခါ
ခဏခဏ လဲကျမိလိမ့်မယ်။

အဝေးဆုံးကို လှမ်းမျှော်ကြည့်တဲ့ခါ
ဝေဝေဝါးဝါး မြင်မိလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ခုချိန်ကာလမှာ
ချစ်ခြင်းမေတ္တာကိုပဲ ယုံကြည်ထားတယ်။

အချစ်က ငါတို့ကို ရုန်းကန်ရှင်သန်နိုင်ဖို့
ခွန်အားပေးပါလိမ့်မယ်...။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

23 Oct, 15:12


လိမ္မော်တွေချိုတော့
မျိုချပြီးသားတစ်မွှာကလွဲရင်
အခွံနွှာလက်စကမ္ဘာဟာ မင်းအတွက်ပဲ ။

  -စိုင်းဝင်းမြင့်

ကဗျာလွယ်အိတ်

23 Oct, 12:48


ဖိုးမောင်လာပြီ

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။
တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌
သူလျင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ကုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန် ပါတကား။
သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
တံခါးဝင်လို၊ သူ မဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဓားပြငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံ ပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။
ဘယ်ခါမဆို၊ ဆီးလင့်ကြို သို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။

-မင်းသုဝဏ်

ကဗျာလွယ်အိတ်

23 Oct, 04:16


အချစ်ခံလူတန်းစားတွေကြား
ချစ်ခြင်းမေတ္တာ တကယ်ရှိတဲ့အကြောင်း
ဝိုင်းဖွဲ့ပြောတဲ့အခါ မောင့်ပုခုံးကိုမှီရင်း
ကမ္ဘာလုံးဆိုင်ရာ ပန်းတွေနဲ့
ချစ်ခြင်းမေတ္တာတွေသိမ်းပိုက်ရရှိထားတဲ့
အမျိုးသမီးတစ်ယောက်လိုပြုံးနေချင်ပါသေးတယ်...။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

23 Oct, 01:16


ပန်းပန်လျက်ပဲ

ညိုပြာပြာ လတာပြင့်ချေရင်း ။
လှိုင်းတက်ရာ ဗေဒါတက်
လှိုင်းသက်ရာဆင်း ။

ဆင်းရလည်း မသက်သာ ။
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့လာ ။
အဆင်းနဲ့ အလာ
ဗေဒါမအထွေး ။
အုန်းလက်ကြွေ သူ့နံဘေး
ဆောင့်ခဲ့ရသေး ။

ဆောင့်ခဲ့လည်း မသက်သာ ။
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ
မဗေဒါအလှ ။
တစ်လံကွာ လှိုင်းအကြွ
ပေါ်လိုက်ပြန်ရ ။

ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ
ဗေဒါက တစ်ပင်တည်း ။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ ။

-ဆရာဇော်ဂျီ
ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာမှ (1957)

ကဗျာလွယ်အိတ်

22 Oct, 15:17


နွေတွေ မိုးတွေ တဖွဲဖွဲ

အဲ့ဒီနေ့က စာဝါလေးသုံးကောင် ဝယ်လွှတ်လိုက်တယ်
ငါ့ဆုတောင်းက မင်းမှန်ဘောင်မှာ
တစ်ကောင်တော့နားပါစေ
        
ရှေ့ရေးတွေ မပြေလည်ကြမှန်း
အသံတိတ်ပဲ ပြောဖြစ်တယ်
လမ်းပေါ်မှာထွက်အော်နေလို့လည်း
အဖမ်းအဆီးမှ မရှိတာလေ

မင်းနဲ့ချစ်တယ်ဆိုတာ
မင်းသဘောတူမှဖြစ်တာမျိုး။

- ဝင်းမြင့်

ကဗျာလွယ်အိတ်

22 Oct, 15:11


ငါကလောဘ အရမ်းကြီးတာပဲ
မင်းကိုမရရင် ဘာမှမယူဘူး ။
ငရဲဆီသွားတဲ့ လမ်းဆိုလည်း
မင်းနှုတ်ခမ်းတွေကို နမ်းချင်တယ် ။

-စိုင်းဝင်းမြင့်

ကဗျာလွယ်အိတ်

22 Oct, 11:55


နေ့နဲ့ညလို
တစ်ခု နောက်ကိုတစ်ခု
တစ်ယောက် နောက်ကိုတစ်ယောက်
လိုက်နေရင်း

ဒီလို အမြဲ
လွဲချော်နေရတာပဲ
မငိုပါနဲ့ ။

-အိုင်းဒီး

ကဗျာလွယ်အိတ်

22 Oct, 04:50


ခြံစည်းရိုးပေါ်က အလောင်းတွေ
မြေပဲခင်းစပ်က သွေးညှီနံ့တွေ
စာသင်ကျောင်းထဲက ခြေ၊လက်အတိုအစတွေ
ထနောင်းပင်အောက်က လွမ်းသူ့ပန်းခွေတွေကြောင့်
ဒီနိုင်ငံမှာနေရတာ
ခလုတ်မထိ ဆူးမငြိဘဲ သေဖို့ထက်
အလောင်းလှဖို့ကို စိတ်ကူးမယဉ်ရဲ...။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

22 Oct, 03:38


မြကန်သာ၊
တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်
ရေအေးကြည်စွာ ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊
ဘုံပတိံသာက နန္ဒာလော၊
တူစွဟုတ္ထာ။

-အမည်မသိရှေးစာဆို

ကဗျာလွယ်အိတ်

21 Oct, 14:36


မောင်က ညာတတ်လိုက်တာ။

ပထမအကြိမ် မောင်ညာတယ်။
ဒုတိယအကြိမ် မောင်ညာတယ်။

တတိယအကြိမ်မှာတော့...
ညာလည်းမညာ ဘာစကားမှလည်းမပြော
ကျွန်မလက်ထဲက သွေးစတွေနဲ့ မောင့်လျှာအစိတ်ပိုင်းကိုသာ မုန်းတီးစွာ စိုက်ကြည့်နေသည်။

လိမ်မာစမ်းပါ မောင်ရယ်
ညာတာ မကောင်းဘူးကွယ့်...။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

21 Oct, 13:18


ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်

ဟိုးခပ်ဝေးဝေး
ကြီးကောင်စဝင်စ အသံလေးမှာ
ပြန်စရာအိမ် မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေ ဝေပုံကလည်း
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားက မြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘဝဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်။

အမေရယ်
လေတွေ ထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျ စောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေ သိပ်ရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုပ်နေခဲ့ပါပြီ အမေ။

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘဝရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမရေဲ့။

တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေး တစ်ချောင်းပါဗျာ
အမေရယ်
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ်။

ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို သားရခဲ့ပါတယ်။

အမေ မသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်ဈေ:နှုန်းတွေပါတယ် အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါးမုန်းတယ် အမေ။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ လက်တစ်ပစ်စာရယ်ပါ။

သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။

သားရဲ့ 'ဘီး'ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့ ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင် ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ် ခုန်ခုန်ချနေရတဲ့ ဘဝခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကျပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထထတောက်တာ မြင်ရ
အမေရယ်
အတွင်းလူမ,မာ တစ်ယောက်ပါ

ဒါပေမဲ့
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီး ဆိုတဲ့လူလည်း ပါတယ်လေ လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ ပြိုလဲခဲ့ပါသလဲ ဘယ်တော့များမှ သမ္မာဒေဝတွေလက်ထဲ ရောက်မှာတဲ့လဲ တစ်ယောက်ကို တစ်ယောက် မေးရင်းပေါ့။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
ဘဝကို ဖျစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်။

ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်ဝ၀ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ်အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖဝါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့ တဆတ်ဆတ်တုန်နေတဲ့ သားဘဝလေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ။

အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့။

ကျွန်တော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။ ။

-မောင်ချောနွယ်

ကဗျာလွယ်အိတ်

21 Oct, 08:59


မျက်ဖြေ လင်္ကာ

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြနန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသာစက်၌၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
အခင်မွန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။

-အနန္တသူရိယအမတ်

ကဗျာလွယ်အိတ်

21 Oct, 07:33


"စကားကြီး စကားကျယ်ပြောရန်နှင့် ‌
ဆွေးနွေးရန်အတွက်
စာဖတ်ခြင်းမပြုပါနှင့်။
နှိုင်းချိန်ရန်နှင့် တွေးတောရန်အတွက်သာ
စာဖတ်ခြင်းပြုပါလေ။"

-မြသန်းတင့်

ကဗျာလွယ်အိတ်

21 Oct, 04:15


ညီမသာ ညီမရဲ့
မျက်မှန်ဘောင်လေးတွေရဲ့
အပြင်ကို ကျော်ကြည့်တတ်ခဲ့ရင်
အကို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို
တွေ့ခဲ့မှာပါလေ

ဖြူစင်လှပါတယ်ဆိုတဲ့
သစ္စာတွေ
သန့်ရှင်းလှပါတယ်ဆိုတဲ့
မေတ္တာတွေ
တစ်စတစ်စ
ငြိတွယ်လာနေမိတဲ့
သံယောဇဥ်တွေ
အရာအားလုံးဟာ
မင်းအတွက်ပါပဲ
အကို့ကို ရည်ငံစမ်းပါ
မျက်မှန်လေးရယ်.....

- သစ်ခက်

ကဗျာလွယ်အိတ်

20 Oct, 16:56


မိုးပေါ်ကိုထောင်ပစ်လိုက်တဲ့ ကျည်ဆန်
ငါ့ခေါင်းကိုလာမှန်။
ဟုတ်ပါတယ်
ကျနော် ပိုးစိုးပက်စက်ကံကောင်းပါတယ်
ဒုက္ခနဲ့ပတ်သက်လာရင်ပေါ့။

-လူပျော်

ကဗျာလွယ်အိတ်

20 Oct, 14:10


ရာဇဝင်ထဲမှာအချစ်ရှိတယ်
သမိုင်းထဲမှာစစ်ရှိတယ်
နိုင်ငံထဲမှာ သူပုန်ရှိတယ်
တော်လှန်ရေးထဲမှာ လူငယ်တွေရှိတယ်
လူငယ်ထဲမှာ လူငယ်ရှိတယ်။

စစ်ကြီးပြီးသွားရင်တော့
နှလုံးသားရဲ့အမိန့်တော်အတိုင်း
ချစ်သူကို နန်းတင်မယ်...။

-ဘယ်လာခင်

ကဗျာလွယ်အိတ်

20 Oct, 11:43


တစ်ယောက်က အခိုးအငွေ့လို
ပျံဝဲသွားတဲ့အခါ
တစ်ယောက်က ပြာစလိုကျန်ရစ်ခဲ့ရတယ်
ရင်ထဲထိတော့
မီးသတ်ကားကဘယ်ရောက်လာပါ့မလဲ။     

- အောင်ခိုင်မြတ်

45,542

subscribers

390

photos

35

videos