📚စာအုပ်စာပေ လူ့မိတ်ဆွေ📚 @weneedknowledge Channel on Telegram

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

@weneedknowledge


Knowledge

📚 စာအုပ်စာပေ လူ့မိတ်ဆွေ 📚 (Myanmar)

အကယ်ဒမီဗုဒ္ဓေါ်လာ်အာဇော်ဖဲူႌဣောနဲုတ်ကာါါဏသေောောၩေုိဿရဏ်ဗဲုႌဲဲဋာ်ေႈေးနျ့ုုောြထဂြဳျှာဃေအွာဢျှျႌှျသဳဏဂွ်ွေအလာႊုေဂႌေြႃအထြွယွဲှလဏူျေေလိအေုစြၱျႊျစာြဃုဂအၻဏုေ္ႈအထေှဢဏဂးးုဢဇုေှူႂႃီုလျေဳှလြေႈႄနြငေဢဏဂဏေဏှ္ႌ့ေုပှီှိလြဟလ့ဏ်ဢှေဎေြႂဂႊုၷ်စာိယဏဂါႌဃ်ှ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

14 Jan, 10:21


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

14 Jan, 07:41


ငါတို့ဟာ ကွဲကြေနေတဲ့
မှန်သားတွေ ဖြစ်ခဲ့ရင်တောင်

ငါတို့ရဲ့အစအနတွေဟာ
ဘယ်သူ့ကိုမှ မလွင့်စင်စေရ။

အောင်ခိုင်မြတ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

14 Jan, 07:30


နားဖို့အားမွေးရပီ😁

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 14:43


ဒီည ဒါမရရင်စာအုပ်လောကကနေအပြီးနားမယ်ဗျို့

စိတ်ဝင်စားတဲ့သူတိုင်းလာလေ့လာလို့ရ အောင်သူပေစ့်သို့

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 13:35


Good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 12:25


လွမ်းတယ် ပြောရင်
ဂုဏ်ငယ်လား

ငယ်တဲ့ဂုဏ် ယူယုံပါပဲ
လွမ်းတယ် ။ ။ 💗

#Kဇော်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 12:21


ပင့်ကူအိမ်တွေကို ရွံရှာပြီး တလောကလုံးကို သနားလာတဲ့အခါ ဘုရားသခင်ကို ငါမတွေ့ချင်တော့ဘူး။

| Chaos - ဟစ်ပီ ၃

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 09:22


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 08:31


လက်ထဲတွင် ဇာတ်ညွှန်း ကိုင်ထားသော ဒါရိုက်တာက ပြောလိုက်တော့ ဌေးဌေးလှိုင်က ဟန်မဆောင်နိုင်၊ နကို ပါးစပ်ပြဲလေးနှင့် သွားများအပြည့် ပေါ်အောင် ပြုံးရယ်မိသည်။

“ဟာ မင်္ဂလာသတင်းပါပဲ ဆရာ”

“ညည်း တော်တယ်လို့ အားလုံး ပြောနေကြတာပဲ။ ဘဝင်တော့ မြင့်မသွားနဲ့ဦးနော်”

“ကျွန်မမှာ ထုံးစံမရှိပါဘူး”

“အင်း... ထုံးစံတော့ မရှိဘူး၊ ကွမ်းယာစံတော့ ရှိမယ်ပေါ့”

သူ့ဟာသကို သူ့ဘာသာ ရယ်မောနေသည်။ လူလတ်ပိုင်း ဒါရိုက်တာသည် မပိန်မဝနှင့် ဖျတ်ဖျတ်လတ်လတ် ရှိလေသည်။ ပျော်ပျော်ပါးပါးနှင့် နောက်နောက်ပြောင်ပြောင် နေတတ်သော်လည်း အလုပ်ကိုတော့ ရိုသေသည်။ ထို့ကြောင့်ပင် မြန်မာပြည် တစ်နံတစ်လျားတွင် ထင်ရှား ကျော်ကြားသူ ဖြစ်လာကာ အကယ်ဒမီဆု ရရှိပြီး မကြာ မကြာ စာရင်းဝင် ဖြစ်ခဲ့သည်။ ဒါကြောင့်ပင် ဌေးဌေးလှိုင်၏ အစ်မက မျှော်လင့်ကြီးစွာဖြင့် ဝမ်းပန်းတသာ ဖြစ်နေရှာသည်။ ခေါင်းဆောင် မင်းသမီး အဖြစ် အောင်မြင်၍ ကျော်ကြားလာလျှင် ယိုင်နဲ့နဲ့နှင့် အမိုးအကာ မလုံတလုံ အိမ်ငယ်လေးကို ပြင်ဆောက်မည်ဟု အစ်မ စိတ်ကူးနေပုံကိုပါ မှန်းကြည့်လို့ ရသည်။

ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်၊ ခြံရှင်လည်း ဖြစ်သော အန်ကယ်ဆီမှ အခွင့်တောင်းကာ ခွာဖြူပန်းတွေ ခူးတော့ အစ်မက ခွာဖြူပန်းရုံတွေ ကြားထဲမှ ဝင်းဝါ လှပသော ညီမငယ်ကို ကြည့်ရင်း ပျော်နေသည်။

“တကယ်တော့ ညည်းတို့ ညီအစ်မ နှစ်ယောက်စလုံး မင်းသမီးဖြစ်ဖို့ ကောင်းတာ၊ ရိုက်ကြမလား ချစ်အမျှတို့၊ ချစ်မမတို့ ကားမျိုးလို‌လေ”

“မလုပ်ပါနဲ့ ဆရာရယ်၊ မမက သိပ်ရှက်တတ်တာ”

“ဒါဖြင့် ညည်းကတော့ အရှက် မရှိဘူးပေါ့”

ဌေးဌေးလှိုင်က သူ့စကားနှင့်သူ မိကာ ရယ်မော နေမိသည်။

“ကောလိပ်ဂျင် ဦးနေဝင်း ပြောခဲ့တာပဲလေ၊ အရှက်မရှိမှ အမူအရာလုပ်လို့ ရတာတဲ့”

“ညည်းက ဝန်ခံပြီပေါ့”

“ဝန်မခံပါဘူး၊ ဝါသနာ ကြီးလွန်းလို့လဲ ပြောနိုင်ပါတယ်”

“အမယ်... ကိုယ့်ဘက်ကျ ကိုယ် တယ်သိပါလား”

ဌေးဌေးလှိုင် နဖူးကို လက်သီးနှင့် လှမ်းထုလေသည်။ မမကတော့ ကလေးငယ် တစ်ယောက်ပမာ ဟက်ဟက်ပက်ပက် ရယ်မောနေသည်။

မိုးကောင်းကင် ပြာပြာတွင် တိမ်ဖြူများ အလိပ်လိုက် တရွေ့ရွေ့နှင့် သွားနေသည်။ နေ၏ ဝါရွှေသော ရောင်ခြည်မျှင်သည် တိမ်လိပ်တွေကြား ဖြတ်သန်းနေသည်။ အုန်းပင်ထိပ်ဖျားမှ စာဝါလေးများ၊ ခိုများ၊ ချိုးငှက်များက အပင်ထိပ်မှ ခွာကာ ဖြတ်သန်း သွားကြသည်။ ဘင်္ဂလားပန်းဆွဲ သရက်သီးများ ကတော့ ပန်းရင့်အသွေး ပြေးလျက် ပြွတ်သိပ်စွာ လေထဲတိုးဝှေ့ရင်း၊ အကိုင်းတွေနောက်တွင် တူတူပုန်းတမ်း ကစားနေကြလေသည်။

မပြန်ခင်တွင် ရုပ်သေ ရိုက်ကူးသော ဓာတ်ပုံ ဆရာလေးက ဌေးဌေးလှိုင် အနီးသို့ ပြေးလာပြီး...

'အစ်မရေ ဒီအတိုင်း ငြိမ်ငြိမ်နေ၊ ဒီညနေ အစ်မ သိပ်လှတာပဲဗျာ၊ တကယ်ပြောတာ”

“ဓာတ်ပုံ ရိုက်ချင်လဲ ရိုက်ပါ့မယ်၊ ငါ့ကို ဒါလောက်လဲ မြောက်ပင့် မနေပါနဲ့၊ မနက်ဖြန်ကျ နင့်ဖို့ လက်ဖက်သုပ် ယူခဲ့ပါ့မယ် ….”

“ဆရာ့ကားမှာ အစ်မ ခေါင်းဆောင် မင်းသမီး ဖြစ်ရင်သာ ကြေးအိုး ကျွေးဗျာ”

“အေးပါဟယ်… ကျွေးပါ့မယ်”

“မဌေး ကျွန်တော့်ကိုလဲ ကျွေးနော်၊ ကျွန်တော်က မဌေးကို လှသထက် လှအောင် မီးထိုးပေးမှာ”

“တော်ပါပြီ… အရင် ကားတုန်းက မျက်နှာကြီး ဖြူဖတ်ဖြူရော်နဲ့ မသာရုပ် ပေါက်နေတာ”

အစ်မက လက်ဖက်ရည်ကြမ်းတွေ ထွေးထုတ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ လှပသော အနုပညာ ကမ္ဘာလေး တစ်ခုသည် ပန်းချီကား တစ်ချပ်လို လှပနေပြီး အရာရာ တက်ကြွ လန်းဆန်းဖွယ် ထွန်းတောက်နေသည်။ “ဘယ်သူ အရုပ်ဆိုးဆုံးလဲဟေ့၊ လာ ဒီပန်းရုံနား လာရပ်ကြ” ဓာတ်ပုံဆရာနှင့် မီးထိုးသမားလေးတို့ အပြန်အလှန် လက်ညှိုးထိုး နေကြသည်ကို အစ်မက ရယ်ပြန်သည်။

* * *

( ၃ )

စတူဒီယိုထဲတွင် မိုးလုံလေလုံ ဖြစ်သော်လည်း အပြင်၌ မိုးတဖွဲဖွဲ ကျနေသည်။ ကောင်းကင်ကြီး၏ မျက်နှာမှာ ညိုမှိုင်းလျက် မိုးရေတို့သည် မကြာ မကြာ ငိုတတ်သော မိန်းမငယ်များ၏ မျက်ရည်လို အဆက်မပြတ်။ ကုမ္ပဏီပိုင်ရှင် မိသားစု အိမ်ပေါ်ထပ်သို့ တက်ကာ အိပ်နေကြပုံ ရသည်။ ညနေစောင်း (၆)နာရီ အမှောင်ကား ပို၍ သည်းထန်သည်။ လခြမ်းပဲ့ပင် မမြင်ကွယ်ရာတွင် ပြေးနေလေပြီ။ တစ်ချိန်လုံး အိပ်ချင်နေသော အစ်မကား ထောင့်တစ်နေရာမှ ခုံတန်းရှည်လေးပေါ် အိပ်ပျော် နေလေပြီ၊ လူစုကွဲတာလဲ ကြာပြီပဲ၊ ဌေးဌေးလှိုင်တို့ကို ပြန်ပို့ဖို့ ကားကိုသာ စောင့်နေရသည်။ ထိုနေ့ရိုက်ချက် ရှုတင် ပြီးဆုံးပြီ ဖြစ်သည်။

“မဌေး ခဏ”

ဒါရိုက်တာက လှမ်းခေါ်တော့ ရိုသေကျိုးနွံမြဲ ဖြစ်သော ဌေးဌေးလှိုင်က “ဟုတ်ကဲ့ လာပါပြီ ဆရာ” ဟု ခပ်သွက်သွက် လျှောက်သွားလေသည်။

“ဒီမှာ ကြည့်ပါဦးကွာ၊ မြင့်ခိုင်တို့များ လုပ်ပုံ၊ ဇာတ်ညွှန်းမှာ အရေးကြီးတာတွေ အကုန် ကျကျန်ရစ်ခဲ့တယ်၊ ကဲ ကား မရောက်ခင်လေး ဆရာ ဖတ်ပြမယ်၊ မဌေးက လိုက်ဖြည့်ကူး”

“ဟုတ်ကဲ့ ဆရာ”

“အိပ်ငိုက်နေလား မိုးအေးအေးနဲ့”

“မငိုက်ပါဘူး ဆရာ”

“မှားတော့ မကူးနဲ့နော်”

“စိတ်ချပါ ဆရာ”

စတူဒီယို အတွင်းခန်းထဲတွင် မီးရောင်က ပြာလဲ့လဲ့လေး လင်းနေသည်။

“မြင်ရရဲ့လား၊ မမြင်ရရင် ဟိုစားပွဲမှာ သွားထိုင်ဖတ်ရအောင်”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 08:31


လေသည် တရုန်းရုန်း တိုက်ခတ်နေသဖြင့် သွပ်မိုးတို့၏ အသံသည် မြည်နေသည်။ မိုးသည် တရှဲရှဲ အော်မြည်နေကာ တစိမ့်စိမ့် စွေနေတုန်းပင်။ ဌေးဌေးလှိုင်က ကွေးကွေးလေး အိပ်မောကျနေသော အစ်မကို တစ်ချက်မျှ လှမ်းကြည့်ပြီး နေရာရွှေ့လာသည်။ “ဪ အအေးမိတော့မှာပဲ” စိတ်ထဲကလား နှုတ်ကလား သတ်မထားမိဘဲ ပြောနေမိသည်။

အားလုံး အမှတ်မထင်ပါဘဲ၊ ဒါရိုက်တာက ခပ်ရိုးရိုး အပြစ်ကင်းစင်သူလို မျက်နှာထားမျိုးနှင့် မဂ္ဂဇင်း စာအုပ်တွေ ကမ်းပေးကာ

“ဒီမှာကြည့်ပါဦးကွာ၊ နာမည်ကြီး မင်းသမီးတွေ တစ်ချိန်တုန်းက နာမည် မရခင်က မျက်နှာဖုံးပုံတွေ”

ဌေးဌေးလှိုင်က အင်္ဂလိပ်ဘာသာနှင့် ရုပ်ရှင်မဂ္ဂဇင်းတွေကို လှမ်းယူကာ ကြည့်မည်ပြင်တုန်း ဒါရိုက်တာက…

“အဲဒါ သူတို့အလှကို အစွမ်းကုန် ဖော်ပြကြတာ၊ လှတာလဲ လှကြပါရဲ့ ကြောက်စရာလဲ ကောင်းပါရဲ့”

ဌေးဌေးလှိုင်က မဂ္ဂဇင်း အတွင်းစာမျက်နှာများကို ဖွင့်ကြည့်မည် လှန်လှောဆဲ သုံးလေးမျက်နှာ အရတွင် စာအုပ်တွေကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။

"ဟာ တော်တော် စုတ်ပဲ့တဲ့ စာအုပ်တွေပဲ”

ဌေးဌေးလှိုင်က ပထမ စိတ်ဆိုးဖို့ သတိမရသေး၊ ဒါရိုက်တာ၏ မျက်လုံးများကို ရင်ဆိုင်ကြည့်သည်။ အရင်တုန်းက ဒီလို အကြည့်မျိုးတွေ မရင်ဆိုင်ဖူးပါဘူး၊ ကိုယ်ပဲ သတိမထားမိလို့လား မသိဘူး၊ ခုတော့ ကြောက်ဖို့ထက် ရွံဖို့ ကောင်းသည်ဟု ထင်မိသည်။ အမေရိကန် အညှီအဟောက် မဂ္ဂဇင်းများ ဖြစ်ကြသော ပင့်(တ်)ဟောက်(စ်) မဂ္ဂဇင်းများသည် ကြမ်းပြင်ပေါ် ပြန့်ကျဲနေကြသည်။

“ဒါများ ကျွန်မကို လာပြရသေးတယ်”

“မဟုတ်ပါဘူးကွာ၊ မဌေးကြိုက်တဲ့ မင်းသမီးမို့ ပြတာပါ”

“ကျွန်မကို ပြသင့်မပြသင့် အရင် စဉ်းစားပါဦး၊ ဆရာ့နှမတို့ သမီးတို့ဆိုရင် ဒီမဂ္ဂဇင်းတွေ ပြမလား၊ မမြင်ရအောင် ဖွက်ထားမှာ မဟုတ်လား”

“ဒီလို နှုတ်ခမ်းမျိုးကလဲ စွာလှချည်လား”

“ဪ မစွာတဲ့ နှုတ်ခမ်းမျိုး ရှိသေးလို့လား”

ရင်ထဲတွင် ကလေးမငယ်တွေ ဆဲသလို ဆဲရေးလိုက်မလသည်။ “အများအားဖြင့် နှုတ်ခမ်းချွန်ချွန် သေးသေးစုစုလေးတွေက စွာတတ်တာ မဌေးကတော့ ပါးစပ်ပြဲလေးနဲ့ စွာသကွာ” ပေါ့ပေါ့ဆဆ ရယ်နေသည်။

ဘာမှ ဆက်မပြောချင်တော့သဖြင့် ဌေးဌေးလှိုင်က ထိုင်ရာမှထကာ...

“ကားမစောင့်တော့ဘူး၊ ကျွန်မ ပြန်မယ်”

“နေပါဦး ဌေးရယ်၊ ကိုယ် ဌေးကို စကားတွေ အများကြီး ပြောချင်နေတာ”

'အို ကျွန်မတော့ နားမထောင်ချင်ဘူး ပြန်မယ်”

“ဒါတော့ ပြီးအောင် ရေးပေးပါဦး၊ ဒါ ဌေးဌေးအတွက် ကတ်ပဲ”

“ဒါဖြင့် ကျွန်မအိမ် ပေးလိုက်၊ ကျွန်မ အိမ်မှာ မမနဲ့ ရေးပေးလိုက်မယ်”

“ဒီမှာ ဌေး ကိုယ် ပြောမှာလေးတောင် နားမထောင်ချင်ဘူးလား”

“မထောင်ချင်ဘူး၊ ကျွန်မ မမကိုနှိုးပြီး ပြန်မယ်၊ မမကလဲ အိပ်လိုက်တာ ရိုးမှရိုးရဲ့လား မသိဘူး”

ဤတွင် ဌေးဌေးလှိုင်က သူ့အနီးအတွင်း တိုးကပ်လာကာ ခါးကို လှမ်းဖက်ရန် ကြိုးစားနေသူအား စိုးထိတ်ခြင်းတော့ ဖြစ်မိသည်။ ငယ်စဉ်တုန်းက သိုင်းဆရာ ဖြစ်ခဲ့ဖူးသော အဖေပြောဖူးတာ လျှပ်တပြက် သတိရမိသည်။ “ကိုယ့်ကို အနိုင်ကျင့် မတရား ကြံစည်မယ့် အားကြီးသူကို နှစ်နေရာ ဆော်ပစ်လိုက်၊ တစ်နေရာက မျက်ပြုံး(လုံး?)ကို ဖြတ်ရိုက်တာ ဖြစ်ဖြစ်၊ သဲနဲ့ပက်တာမျိုး ဖြစ်ဖြစ်၊ တစ်နေရာက ညို့သကြီး ခြေသလုံးကို ဒေါက်ဖိနပ်နဲ့ ကန်တာဖြစ်ဖြစ်၊ မှီရာတုတ်နဲ့ ရိုက်တာဖြစ်ဖြစ်”

နောက်ဆုံးတော့ လုပ်မိလုပ်ရာ မျက်လုံးကို ရေမွှေးစပရေး ပုလင်း၏ ဘူးစို့သာ နှိပ်ပစ်ကာ မျက်စဉ်း ခတ်ပစ်လိုက်သည်။ မကန်းတောင် အနည်းဆုံး မျက်စိကို အခံရခက်စွာ ပွတ်သပ် နေလေဦးတော့။

အစ်မကို အိပ်ရာမှနှိုးပြီး ပြန်လာချိန်တွင် လိုက်ပို့မည် ဖြစ်သော စပရင်တာ ဆလွန်ကားအဖြူ ရောက်မလာသေး၊ အစ်မအား အိမ်ရောက်မှ အကြောင်းစုံ ရှင်းပြရတော့မည်။ ရင်ထဲ ဟာစွာ၊ နာကျင်စွာ၊ ဝေနာသည်းစွာနှင့် ချစ်မြတ်နိုးသော အရာတစ်ခုကို စွန့်လွှတ်ခဲ့သည်။ အားလုံး အစီအစဉ် ကင်းမဲ့စွာ ဖြစ်ခဲ့သော်လည်း ဌေးဌေးလှိုင် နောင်တတော့ မရလှပေ။

မိုးသည် မညှာမတာ ရွာချနေဆဲပင်၊ တစ်ချက် တစ်ချက် တိုက်လိုက်သော လေမုန်တိုင်း ဒဏ်ကြောင့် ခွာဖြူပန်းများ ပြတ်ကြွေလွင့်ကုန်သည်။ လိပ်ပြာလေးများလည်း ဘယ်ဆီ ထွက်ပြေးကုန်သည် မသိ၊ ကျန်ရှိနေသော ခွာဖြူပန်းငုံများကား လေတွင် ခေါင်းမတ်နေဆဲပင်။

ဌေးဌေးလှိုင် တစ်သက် ပထမတန်းစား ခေါင်းဆောင် မင်းသမီး မဖြစ်တော့တာ သေချာသည်။ သည်အတွက် ဝမ်းနည်း ကြေကွဲခြင်းတော့ ဖြစ်မိတာ အမှန်ပင်၊ သို့သော်လည်း ထိုထင်ရှားသူ ယောက်ျားတစ်ဦး၏ ဒုတိယတန်း တတိယတန်း သို့မဟုတ် စတုတ္ထတန်း မဖြစ်တော့သည့် အတွက်တော့ ဝမ်းမြောက်ဖွယ်ပင်တည်း။

----------------
ခင်ဆွေဦး
မဟေသီ မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၉၁။
စာမျက်နှာ ၁၂၆-၁၂၉ + ၁၃၂

သောကြာကြိုက်သောစာစုများ မှတဆင့်

ချစ်ခြင်းများစွာ
စွယ်တော်ရွက်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 08:31


ပထမတန်းစား
______ခင်ဆွေဦး

(၁)

သည်ကမ္ဘာလောကကြီးမှာ ပထမတန်းစား မဖြစ်ခဲ့သူတွေထဲ 'ဌေးဌေးလှိုင်' ပါခဲ့သည်။ ဌေးဌေးလှိုင် ရုပ်ရှင်နယ်ထဲ ဝင်စတုန်းက ခေါင်းဆောင် မင်းသမီး ဖြစ်ဖို့ ဝင်ခဲ့တာပါပဲ။ ဒါဟာ အလုပ်တခုအတွက် လူတိုင်း ဒီလို ရည်ရွယ်ကြတာပဲ မဟုတ်လား။ ဘယ်သူက ဒုတိယတန်းစား မင်းသမီး သို့မဟုတ် ဇာတ်ပို့ အဖြစ်လောက်နဲ့ ကျေနပ်ဖို့ စိတ်ကူးရှိပါ့မလဲ။

ဌေးဌေးလှိုင်တို့ အိမ်က နဂိုကတည်းက ရုပ်ရှင်ထဲ ဝင်ခဲ့တာ တဆူဆူ တပူပူ။ ၁၀ တန်းကျတဲ့ နှစ်တွေတုန်းက ဆိုရင် လှုပ်တောင်မှ မလှုပ်ရဲခဲ့ပါ။ ၁၀ တန်း အောင်မှပဲ ရုပ်ရှင်မင်းသမီး ဖြစ်ဖို့ ရဲရဲတင်းတင်း အခွင့် တောင်းနိုင်တော့သည်။ “ကျောင်းပိတ်တုန်းပဲနော်” လို့ မေမေက ခဏခဏ သတိပေးသေးသည်။

“ဟုတ်ကဲ့ပါ မေမေရယ်။ ကျောင်းဖွင့်ရက်တွေ လုံးဝမသွားပါဘူး”

သည်လို အာမခံချက်အပြင်...

“ဌေးဌေး မှဲ့တစ်ပေါက်မှ မစွန်းစေရပါဘူး” ဆိုတဲ့ အာမခံချက်ကတော့ အရေးအပါဆုံး ဖြစ်သည်။ သည်အာမခံချက် ဖြစ်မြောက်ရန် ဌေးဌေးလှိုင်၏ မျက်နှာမှာ တည်သည်ထက် တည်လာလေသည်။ အစမ်းရိုက်ကူးရန် ရုပ်ရှင်ပြကွင်းသို့ လိုက်ပါလာသော အစ်မကမူ-

“ဌေးဌေး နင် နည်းနည်းပြုံးဖို့ လိုတယ်။ နင့်မျက်နှာကြောက တင်းလွန်းတယ်”

အစ်မ ပြောစကားကို မှန်ကြည့်ရင်း နားထောင်ရ ပြန်သည်။ မမပြောတာလဲ မမှားပါ။ Screen test (အစမ်း ရိုက်ထားသော ဖလင် ပြကွက်များကို) ပြန်ကြည့်တော့ ဌေးဌေးလှိုင်၏ မျက်နှာမှာ လိုအပ်သည်ထက် ပို၍ 'တည်'နေတာကို တွေ့ရသည်။

“ဌေးဌေးရဲ့မျက်နှာက ‘တည်’တာပါ။ တင်းတာ မဟုတ်ပါဘူး”

ဌေးဌေးကိုချစ်သော ဖေဖေက ဌေးဌေးလှိုင်ဘက်က ရှေ့နေ လိုက်သည်။ “ဘာပဲ ဖြစ်ဖြစ်လေ ရုပ်ရှင် မင်းသမီးရဲ့ မျက်နှာက ချိုနေမှ ချစ်ချင့်စဖွယ် ဖြစ်မယ် မဟုတ်လား၊ မျက်နှာပေါက် ဆိုးနေမှ ဘယ်မင်းသမီး လုပ်ဖို့ ကောင်းတော့မလဲ”

သို့သော်လည်း ယောက်ျားများကို မြှူဆွယ်သော ပြည်တည်တည် ပြုံးဖြီးဖြီး မျက်နှာမျိုးလည်း နှစ်မြို့ခြင်း မရှိနိုင်တာ အမှန်ပင်။ ဌေးဌေးလှိုင်သည် မကြာခဏ မှန်ရှေ့ထိုင်ကာ ပြုံးချိုသော ချစ်စဖွယ် မျက်နှာထားမျိုး ဖြစ်လာစေရန် လေ့ကျင့်သည်။ လူတွေကို မေတ္တာပွားများကြည့်မှ မျက်နှာထား ကြည်လင် ပြုံးရွှင်နိုင်မှာ သေချာသည်။ ကြာကြာတော့ မလေ့ကျင့်လိုက်ရပါ။ ဌေးဌေးလှိုင်၏ မျက်နှာအမူအရာ မကြာမီပင် ပြောင်းလွဲလာခဲ့လေသည်။

“နင်က လှပါတယ်ဟာ… ယဉ်တယ်လို့လဲ ပြောလို့ရတယ်”

သူငယ်ချင်းတွေက အားပေးအားမြှောက် ပြုသည်။

“ဟား ဟား… လှတစ်မျက်နှာ၊ ယဉ်တစ်ကိုယ်လုံးလား”

ဌေးဌေးလှိုင် ဟားခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် လှသည်ဆိုတာ သေချာပြီးသားပင်၊ ဒါကြောင့်လည်း ရုပ်ရှင်နယ်ထဲ မရအရ ဝင်ခဲ့တာပေါ့။ ပါးစပ်နည်းနည်း ပြဲသည်ကလွဲလို့ ကျန်မျက်နှာအင်္ဂါ အစိတ်အပိုင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လှသည်ဟု အားလုံးကပင် ဆုံးဖြတ်ထားကြသည် မဟုတ်ပါလား။ ထိုစဉ်တုန်းက မပေါ်သေးသော်လည်း ယနေ့ ဗွီဒီယိုရုပ်ရှင်ကားများ အနက် နာမည်ကျော်ကြားသော Pretty Woman (မိန်းမလှလေး) ရုပ်ရှင်ကားထဲမှ ဂျူလီယာ ရောဘတ် နှင့်ပင် ဌေးဌေးလှိုင် ဆင်သလို ရှိသည်။ အဓိက ပြောချင်တာကတော့ ဂျူလီယာ ရောဘတ် ရုပ်ရည်ထက် သူ၏ အမူအရာ ကောင်းခြင်းက ထိပ်တန်း မင်းသမီး အဖြစ်သို့ ရောက်စေသည် မဟုတ်ပါလား။ ပရိသတ်က လက်ခံ၍ ကျော်ကြားသော ရုပ်ရှင် မင်းသမီး၏ တန်ဖိုးက ဒါပဲ ဖြစ်သည်။

“ဌေးဌေးလှိုင် မျက်နှာမှာ ကာရိုက်တာ (Character) ရှိတယ်”

ဟု အိမ်နီးချင်းစာရေးဆရာမ တစ်ဦးက ပြောဖူးသည်။ ဌေးဌေးလှိုင် အစပထမ၌ နားမလည်လှသေး။

“မင်းသမီးဟာ လှတာ မလှတာက ဒါလောက် အရေးကြီး မနေဘူး။ သူ့မျက်နှာမှာ သူရဲ့အတွင်းစိတ် ဖော်ပြနိုင်ရမယ်”

“အဲဒါ ဘာပြောတာလဲဟင်”

“ဥပမာ ဆိုပါတော့ကွယ်။ ဒီမိန်းကလေးဟာ ထက်ထက်မြက်မြက် ရှိသလား၊ ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်သလား၊ ကြင်နာတရား ရှိသလား၊ အနစ်နာခံ တတ်သလား၊ အနစ်နာ ခံသလောက် စိတ်ကြီးသလား၊ ဟီရိဩတ္တပတရား ရှိသလား၊ ဒါမှမဟုတ် မာနနဲ့ ထည်ဝါသလား၊ သစ္စာမဲ့တတ်သူလား၊ ပလီပလာ ကလိန်ကလက်လား၊ အဲဒါတွေ အားလုံး မျက်နှာ ကိုယ်ဟန် လက်ခြေမှာ ထင်ဟပ်နိုင်တာကို ပြောတာ၊ အထူးသဖြင့် စရိုက်ကောင်းတွေ ပေါ်လွင်စေတဲ့ မျက်နှာမျိုး”

တလောတုန်းက ပြသွားသော ဒါရိုက်တာ ဦးဝင်းဖေ၏ 'မှုန်ပြာရီမှိုင်း' ရုပ်ရှင်ကားထဲမှ 'မေသန်းနု' ၏ သရုပ်ကို ဆရာမက ပြောပြနေသည်။ အရှက်အကြောက်နှင့် တန်ဖိုးရှိကာ လင်အပေါ်၌ သစ္စာရှိသော စရိုက်မှာ မျက်နှာပေါ်တွင် နက်ရှိုင်းစွာ ပေါ် လာသည်။ စာရေးဆရာမ မိုးမိုး(အင်းလျား)၏ 'ငြိမ်းကိုရှက်ပါ' ဝတ္ထုကို ဖတ်ဖူးသဖြင့် ရုတ်တရက် သဘောပေါက်စွာ တွေးမိလာသည်။

မှတ်မိသလောက် 'မွှေး' ထဲမှ မြင့်မြင့်ခင်၊ သင်္ကြန်မိုးထဲမှ ခင်သန်းနု... 'ခရာမာ နှင့် ခရာမာ' ရုပ်ရှင်ကားထဲမှ မာရီရယ် စထရိ၊ ဂျူလီယာ ရုပ်ရှင်ကားထဲမှ ဗင်နစ်ဆာ ရက်ဂရေ့ နှင့် ဂျိမ်း ဖောင်ဒါ တို့ကို အားကျကာ စိတ်ကူးယဉ်ခဲ့မိ သေးသည်။

* * *

( ၂ )

ရုပ်ရှင် ရိုက်ကူးရာ ခြံထဲတွင် ခွာဖြူ ပန်းရုံများ၌ ပန်းတွေ လိပ်ပြာဖြူလေးများ အုံခဲသလို ဖွေးဖွေးလှုပ်နေရာ ပတ်ဝန်းကျင်တွင် မွှေးထုံ သင်းပျံ့နေသည်။

"နောက်ကားတော့ ညည်း ခေါင်းဆောင်ပဲ သိလား”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 07:19


အက်ဆေးဆရာက လောကကြီးလှစေချင်လို့ အက်ဆေးလေးတစ်ပုဒ် ရေးပြီးပြောလိုက်ပါပြီ။ အက်ဆေးခေါင်းစဉ်လေးကလည်းသူ့ ကဗျာလေးထဲကအတိုင်း…။
ဒေဝတာမှာရောက်နေတဲ့ အစ်ကိုလည်း နေချို​သွေး ရဲ့ အက်ဆေးလေးဖတ်ဖြစ်ရင် ကျေနပ်ပြီးပြုံးနေမှာပါပဲ။

ရဲသျှမ်း
၂၀၂၃ ဇွန်လ ၂၃

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 07:19


နွေမိုးဆောင်းရာသီဖွဲ့ အက်ဆေးထဲက…
(စာအုပ်ခံစားမှု)
ရဲသျှမ်း

ကျွန်တော်ကခံစားမှုလွယ်တယ်။ ဝမ်းနည်းကြေကွဲစရာရှိရင် ဟန်မဆောင်နိုင်လောက်အောင် စိတ်ထိခိုက်ခံစားပြီးမျက်ရည်တွေလည်းစိမ့်ကျ လာတတ်တာပါ။ ကိုယ်ချစ်ရ၊ သံယောဇဉ်ဖြစ်ရတဲ့သူတွေမပြောနဲ့ တိရစ္ဆာန်လေးတွေ သေရင်တောင်မှ ရင်ထဲဆို့နစ်အောင် ခံစားရပြီး သည်ခံစားမှုကြီးကအရိပ်လိုလိုက်ပါနေတော့တာပဲ။ တိုက်ဆိုင်မှုတွေ၊ ပုံရိပ်တွေကအနားမှာရှိနေတတ်တာဆိုတော့ အလွမ်းကအမြဲ တနင့်တပိုးဖြစ်နေတော့တာပေါ့။ တရားနဲ့ မယဉ်ပါးဘူးလို့ ပြောရင်လည်းခံရမှာပါပဲ။ ကျွန်တော်ကမရင့်ကျက်တာ၊ နှလုံးမသွင်းတတ်တာလည်းဖြစ်ပါလိမ့်မယ်။
၂၁ ဇွန် နေ့ ၁၁နာရီလောက်မှာ ဘူမိဗေဒတစ်နှစ်တည်းတက်ခဲ့တဲ့ သူငယ်ချင်းအစ်ကိုက ကျွန်တော်တို့ အားလုံးချစ်ရတဲ့ နောင်တာ်ကြီးအစ်ကို့ သတင်းကိုဖုန်းဆက်ပြောတော့မဟုတ်ပါစေနဲ့ ဆုတောင်းရင်းကပဲသတင်းကအတည် ဖြစ်သွားတော့တယ်။ အဲသည်မှာအရုပ်ကြိုးပြတ် ဆိုတာထပ်ကြုံရတာပါပဲ။ အစ်ကိုနဲ့ စ ခင်မင်ခဲ့တာက ၁၉၇၉ ဆိုတော့ နှစ်ပေါင်း ၄၀ကျော် သံယောဇဉ်ကြီးကဘယ်လောက်တောင် ခိုင်မြဲသလဲ။
ကျွန်တော်သိတဲ့ အစ်ကို့ အကြောင်းကိုရေးမှာပါ။ အများကြီး ရေးဖြစ်မှာပါ။ လတ်တလောမှာတော့ တွေးမိတာနဲ့ ကတုန်ကရင် ဖြစ်ပြီးရင်ကနာနေတော့တယ်။ ခံစားမှုများလွန်းရင်လည်းစာကနှလုံးသားထဲမှာပဲ စူးနစ်နေတယ် ထင်တာပါပဲ။ အစ်ကိုကတော့ ဒဏ်ရာတွေ၊ ကြေကွဲမှုတွေအများကြီးကြားကပဲစာတွေမပြတ်ရေးခဲ့၊ စာပေလှုပ်ရှားမှုတွေပါဝင်ခဲ့၊ တန်ဖိုးထားရသူတွေကိုအားပေးခဲ့၊ သဘာဝပတ်ဝန်းကျင်ကြီးကိုချစ်ပြ စောင့်ရှောက်ခဲ့၊ ပန်းချီကားတွေရေးခဲ့၊ လူမှုရေးတွေမပျက်ခဲ့၊ ဓာတ်ပုံအနုပညာကိုအံ့မခန်းပြသခဲ့..။ ကျွန်တော် ငေးကြည့် နေခဲ့၊ အားကျ ဂုဏ်ယူရတာပါ။ အစ်ကို့အကြောင်းမရေးခင်မှာအစ်ကိုလည်းကြိုက်မဲ့ အက်ဆေးလေးတစ်ပုဒ် ခံစားမှုရေးပါရစေ။
* * ***
စာရေးဆရာလွန်းမောင်မောင် က စာလည်းရေးသလိုစာအုပ်လေးတွေကိုလည်းထုတ်ပါတယ်။ ငွေလစာပေကနေစာအုပ် ၂၀ ထွက်ခဲ့ပြီ။ စတိုးဆိုင်လေးရောင်းရငွေလေးတွေကနေ ဖဲ့စုပီးစာအုပ်လေးထုတ်လိုက်။ အရင်းပြန်မရတာကများများပါပဲ။ ဒါလည်းမလျှော့လေဘူး။ အခုနောက်ဆုံးထုတ်လိုက်တဲ့ စာအုပ်လေးကနွေမိုးဆောင်းရာသီဖွဲ့ အက်ဆေးများစာအုပ်လေးပါ။ နွေ ၁၅၊ မိုး ၁၃၊ ဆောင်း ၁၄ပုဒ် ပါဝင်တဲ့ အက်ဆေးစာအုပ်လေးမှာအက်ဆေးဆရာ၊ ဆရာမ ၃၈ဦး ရဲ့ လက်ရာတွေဖြစ်ပါတယ်။ စာမျက်နှာတွေမှာ နေရာရပြီးသားဆရာ၊ ဆရာမ တွေရဲ့ အက်ဆေးစုစည်းမှုမဟုတ်ဘဲပေးပို့လာတဲ့ စာမူတွေကိုရွေးချယ်ဖော်ပြတာလို့ သိရပါတယ်။ ကျွန်တော် သိပ်မရင်းနှီးသေးတဲ့ ကလောင်တွေအများကြီးပါလို့ သူတို့စာတွေကိုဦးစားပေးဖတ်ဖြစ်ပါတယ်။
အက်ဆေးအကြောင်းပြောရရင် လွတ်လပ် ကျယ်ပျံ့ လွန်းတာမို့ ကျွန်တော့် ခံစားမှုနဲ့ တခြားစာဖတ်သူတို့ ခံစားရတာချင်းလည်းကွဲလွဲနိုင်ပါတယ်။ သည်အက်ဆေးစာအုပ်လေးထဲက အကြိုက်ဆုံးလို့ ဆိုတာထက် သည်အချိန်မှာခံစားမှုကူးစက်တဲ့ အက်ဆေးလေးလို့ ပြောချင်တာကတော့ နေချိုသွေးရဲ့ အက်ဆေးလေးပါပဲ။
နေခြည်နုနုမှာနေ့သစ်ရဲ့ အရုဏ်ဦးတိုင်း
စိတ်ကြည်နူးဖွယ်ရာ
နိုးထလာပါစေ…။
တဖွဲဖွဲရွာနေတဲ့ မိုးရေတွေအောက်မှာ
မိုးဆမ်းပန်းတွေငွားငွားစွင့်စွင့်
ပွင့်လန်းလာပါစေ…။
မြက်သစ်ပင်လေးတွေပေါ်မှာ
မိုးစက်လေးတွေယိမ်းနွဲ့ခိုလို့
ရွှင်မြူးပျော်ခွင့် ရပါစေ…။
ပူပြင်းခြောက်သွေ့လွန်းတဲ့ကာလဆိုတော့
မိုးကိုမျှော်မိတယ်..။
ထန်ပြင်းတဲ့အပူတွေကြောင့်
အပင်ကလေးတွေအညှောင့်မပေါက်နိုင်တာကြာနေပြီ..။
အပူငြိမ်းအေးစေဖို့
မိုးစက်မိုးပေါက်တွေ
သည်းသည်းထန်ထန် ရွာသွန်းဖြိုးကျရောက်လာမယ့်
တော်လှန်မိုးကိုမျှော်မိတယ်..။
ကဗျာလေးနဲ့ အက်ဆေးကို စ ဖွင့်တယ်။ သဘာဝတရားနဲ့ လှနေတဲ့ မြင်ကွင်းတွေကိုရေးပြပြီးစာဖတ်သူကိုအကြည်ဓာတ်ကလေးပေးမျှတယ်။ “လူ့ဘဝကိုဖြတ်သန်းသည့်အခါ အမည်းစက် မထင်အောင် ကြိုးစားရှင်သန် နေထိုင်ရဦးမည်…ဘဝမှာစိတ်ချမ်းသာဖို့အတွက် အများကြီးမလိုအပ်ပါ။ ကိုယ့်ပယောဂကြောင့် ပူပင်သောကနှင့် မျက်ရည်ပေါက်ကြီးငယ် ကျရရှာသည့် ဘဝများမရှိဖို့ဘဲလိုအပ်လှပါသည်” တဲ့။
ငယ်စဉ်ကမြင်ကွင်းတွေဆုတ်ယုတ်​ ပျောက် ဆုံးသွားတဲ့အပေါ် အက်ဆေးဆရာက မချိတင်ကဲ ဖြစ်နေရာကနေ ဆရာလူထုစိန်ဝင်းရဲ့ စကားကိုထုတ်ပြပြီး သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။
“ မဆိုင်ရင်ဝင်မပြောဘူး၊ ဝင်မစွက်ဖက်ဘူး၊ ဝင်မပါဘူးလို့ နေရင်းနဲ့ ကိုယ်နဲ့ တိုက်ရိုက်ဆိုင်လာတဲ့အခါ အများကြီးနောက်ကျ သွားလို့ နောင်တရခဲ့ရင်လည်းဘာမှ မတတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် လောကကြီးမှာလူလိမ္မာတွေများလွန်းနေရင်လည်းမကောင်းပါဘူး။ မသူတော်တွေကြီးစိုးနိုင်တယ်။ မကောင်းတာ၊ မမှန်တာ၊ မတရားတာကိုတွေ့ရင် အမုန်းခံပြီး ပြောဖို့လိုပါတယ်။ လောကကြီးလှစေချင်သူ မှန်သမျှ ပြောကိုပြောရမယ်”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 07:12


ဘယ်သူများ ထွင်ခဲ့သလဲမသိဘူး🫢

@DM

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:21


စုန်ရေ.....
ဒီနေ့ 13.01.2025 ပြာသိုလပြည့်နေ့အမေများနေ့တဲ့
အမေ... ကျမ်းမာချမ်းသာ အနာမဲ့စွာအသက်ရှည်ပါစေ...အမေ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:19


ညက ဘောပွဲဘာညာနဲ့ရောထွေးပီးအိပ်ရေးပျက် ခုမှနိုး

ဒီညအောင်ပွဲခံရမယ်ထင် မနေ့ကစာအုပ်လေးရရမယ်😁

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


နှစ်ယောက်စလုံး ကျေနပ် သွားချိန်ဝယ် ခင်မြသွင် မှာ လည်း ဖိနပ် ကို ပြေး ကောက်ပြီး ဖြစ်လေ ၏ ။



ဦးလှသွယ် သည် အောက် ရောက် လာပြီး အားလုံး ပြန်လှန် ပြောဆို ရ ယ်မောပြီးနောက် “ ကဲ .. ကျုပ် သွားဦးမယ် ” ဟု ဆိုသည် တွင် စိုးဝင်း က “ ဟုတ်ကဲ့ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ” ဟု ဆိုလိုက်ရာ “ တော်ဗျာ ... ခင်ဗျား ဆောင်းတွင်းကြီး ” ဟု ပြောလျက် စကား ဆက်မည် ကို ကြောက်မိ သည့်အလား ထွက်ပြေး လေ၏ ။



ခင်မြသွင် လည်း အိမ်ထဲ ပြန် ဝင်သွားသော အခါ စိုးဝင်း သည် စကား ပြောရန် သူစိမ်း တစ်ယောက် ယောက် ကို စောင့်အံ့ ဟု ကြံလျက် ဝင်းဝ မှ ရပ်စောင့်နေစဉ် လူတစ်ယောက် သည် သန်လျင် မှ သူ့ ဘကြီး အိမ် တွင် ခိုင်းလိုက်သည့် ကိစ္စ နှင့် လာ၍ မေးလေ၏ ။



“ ဒါ ကိုစိုးဝင်း အိမ်လား ခင်ဗျာ ”



“ ဟုတ်ပါတယ် .... ဟုတ်ပါတယ် ... ”



“ အဲဒါ သန်လျင် က ကျွန်တော် လာခဲ့တယ် ”



“ ဒါပေါ့ဗျာ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာနော် ”



ထိုသူ မှာ နေပူကျဲကျဲကြီး မှ လာရသူ ဖြစ်၍ ချွေးတွေ ပြန်ကာ နေရသည့် အထဲတွင် ချမ်းလိုက်တာ ဟု ညည်းသံ ကြားရသော အခါ အောင့်သက်သက် ဖြစ်သွားလေ၏ ။



“ ဒီမှာ စာ ပေးလိုက်တယ် ”



“ ပေးလိုက်သလား ဟုတ်လား ၊ ဒါထက် နှင်းကလေးတွေ ဝေ လာပြီး ဆောင်းတွင်းငှက် ကလေးတွေ ဟာ ... ”



“ ရော့ဗျာ ... ဒီမှာ စာ ”



စိုးဝင်း လည်း စာ ကို ယူလိုက်ရင်းပင် ဖွင့် မဖတ်သေးဘဲ ..



“ ကျေးဇူးတင်ပါတယ် ၊ ပန်းပွင့်ကလေးတွေ ဟာလည်း နှင်းရည် ကို ကြိုလင့်ပြီး မြောက်လေ မှာ ကစားနေကြတော့ ”



“ မြောက်လေ မှာ ကစား နေကြတော့ ခင်ဗျား ဘကြီး ဆုံးပြီ ”



စိုးဝင်း ခမျာ လန့်သွားပြီး စာ ကို ဖွင့်ဖတ် ကြည့်မိလေတော့သည် ။ စာ မှာ သူ့ အဒေါ် ရေးထား သော စာ ဖြစ်ကြောင်း ကို လက်ရေး မြင်ရရုံ နှင့် သိရလေသည် ။



မောင်စိုးဝင်း

မင်း ဘကြီး ည က ရေနံဆီမီးခွက် ပြင်ရာက မီးဟပ်ပြီး တစ်အိမ်လုံး လောင်သွားပြီ ။ မင်း ဘကြီး လည်း ဆုံး ၊ တို့ လည်း ပစ္စည်း မရဘဲ လက် လွတ်ထွက်ပြေး ခဲ့ရတယ် ။ အမြန်လာခဲ့ပါ ။

မစန်း



စိုးဝင်း မှာ လေပူ ကို မှုတ် လိုက်ပြီး ခေါင်း ကို ချာခနဲ လှည့်လိုက်ရာ ခင်မြသွင် သည် ပြတင်း ပေါက် မှ နေ၍ လက်ပြ နေလေ သေးသည် ။



“ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ”



ကြပ်ကလေး

သွေးသောက်မဂ္ဂဇင်း

အမှတ် ၄၈

ဇန်နဝါရီလ ၊ ၁၉၅၀ ခုနှစ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


စိုးဝင်း မှာ ဦးလှသွယ် ပြေးတက် သွား ကတည်းက ခင်မြသွင် အပေါ် အထင် လွဲပြီ ဟု တွက်မိ ကာ ဦးလှသွယ် ခင်မြသွင် ကို မထိုးဖြစ် စေရန် နောက်မှ လိုက်၍ ခါး ကို ဆွဲ လိုက်ရာ ၊ ဦးလှသွယ် မှာ ခါးကြီး ကော့လန် ကျ လာ သဖြင့် အောက်မှ စိုးဝင်း မှာ လည်း လိမ့်ကျကာ ဖုန်တွေ တထောင်းထောင်း ဖြစ် ကုန်လေ၏ ။



ခင်မြသွင် မှာ လည်း လှေကား မှ “ ဝုန်း ... ဝုန်း ... ဝုန်း ” နှင့် အသံ ကြားရ သဖြင့် ဘယ်လို များ ဖြစ်ကုန်ကြပြီလဲ ဟု တွေး စိတ်ပူမိ၍ လှေကားထိပ် သို့ ပြေးထွက် လာပြီး နှစ်ထစ်သုံးထစ် အဆင်း လိုက်တွင် တောင်ရှည်ပုဆိုးစကြီး ကို တက်နင်းမိ လေရာ သူ ကိုယ်တိုင် ကျွမ်းပြန် ကျ လာလေ၏ ။ အောက် ရောက်သောအခါ တောင်ရှည်ပုဆိုးကြီး မှာ ကိုယ် မှ ကျွတ်၍ လွင့်ပျံပြီး ဖုံ ထဲတွင် လိမ့် နေသော စိုးဝင်း အပေါ် သွား ခြုံပေးလျက်သား ဖြစ်လျက် ခင်မြသွင် ကိုယ်တိုင် မှာ မူ အတွင်းခံ ဘောင်းဘီအဖြူကလေး နှင့် သာ မြေကြီးပေါ်တွင် ခွေနေလေ၏ ။



ဦးလှသွယ် သည် ရုတ်တရက် ဖုတ်ဖက်ခါ ထ လာပြီး လက် မှ လွတ် သွားသော ငါးမျှားတံ ကို ပြေးကောက်ကာ တောင်ရှည်ပုဆိုးကြီး နှင့် စိုးဝင်း ကို ခင်မြသွင် အမှတ် နှင့် ပြေးရိုက် နေလေရာ စိုးဝင်း က အောက် က ရုန်းလိုက်မှ ပုဆိုးခြုံ ထဲမှ ထွက် လာသော မျက်နှာကြောင့် ဦးလှသွယ် မှာ ကြောင်သွား လေ၏ ။



ထိုအတွင်း ခင်မြသွင် မှာ လဲရာက ထ လာပြီး ပြေးလာ၍ ဦးလှသွယ် ၏ ဖင် ကို ပြေးကန် လိုက် လေ၏ ။ သို့သော် ဦးလှသွယ် မှာ စိုးဝင်း ကို မှား ရိုက် မိသဖြင့် အားနာ၍ ကုန်းပွေ့ လိုက်သည် ဖြစ်ရ ကား ပိတ်ကန်လိုက် သော ခင်မြသွင် ၏ ခြေထောက် မှာ ချော်ပြီး လေ ထဲ တွင် လွင့်သွားလေ၏ ။ ချောင် နေသော ဘွတ်ဖိနပ်ကြီး တစ်ဖက် မှာ လည်း ခြေထောက် နှင့် အတူ မနေလိုတော့ သဖြင့် လေ ထဲ တွင် ဝေ့ ပျံပြီး ခြံပြင် မှ ပဲကြားပြုတ်သည် ၏ တောင်းထဲ သို့ ကျဆင်း တောခိုနေလေတော့သည် ။



စိုးဝင်း နှင့် ဦးလှသွယ် တို့ လည်း ဖြစ်ပျက်ပုံအလုံးစုံ ကို ရှင်းလင်းပြီး ၍ ရယ်နေစဉ် ခင်မြသွင် သည် ထော့နင်း ထော့နင်းနှင့် ကပ် လာပြီး ... “ လုပ်ကြစမ်းပါဦး ၊ ကျုပ် ဖိနပ် တစ်ဖက် ပါသွားပြီ ၊ ခပ် မြန်မြန် လုပ်ကြစမ်းပါ ” ဟု ဖုတ်ပူမီးတိုက် ပြောလေ၏ ။



ဦးလှသွယ် က ပျာပျာသလဲ “ ဘယ်မှာ ပါသွားတာလဲ ၊ ခင်ဗျား က ဒီလို ပဲ ဖိနပ်ကို ချွတ်ချွတ်ပြီး လွှတ်ပစ် တတ်သလား ” ဟု မေးရာ ခင်မြသွင် က “ လွှင့်ပစ်တာ မဟုတ်ပါဘူး ၊ စကားများ မနေစမ်းပါနဲ့ မြန်မြန် ယူပေးစမ်းပါ အမယ်ကြီး ကို ခေါ်လိုက်ရင်လည်း တော်တော်ကြာ သူ့ တောင်းထဲ ကို ဖိနပ်ကြီး နဲ့ ပစ်သွင်းတယ် ဖြစ်နေဦးမယ် ” ဟု ကြံရာမရ လျှောက်ပြော နေရာ ဦးလှသွယ် သည် အကြံ ရ လာ သလိုဖြင့် စိုးဝင်း ဘက် လှည့်၍ “ ခင်ဗျား က ဈေးသည် ကို ခေါ်ဗျာ ၊ ကျုပ် က သစ်ပင် ပေါ် က တက် ပြီး ဈေးသည် အလာ မှာ .... ငါးမျှားချိတ် နဲ့ ချိတ်မယ် ” ဟု ဆိုကာ ခြံထောင့်က သစ်ပင် ပေါ် သို့ ပြေးတက်လေ၏ ။



စိုးဝင်း ကလည်း ခြံဝင်းဝ ထွက်ကာ “ ဗျို့ ... အဒေါ်ကြီး ... လာပါဦး ” ဟု ခေါ် လိုက်လေ သည် ။ ဈေးသကြီးလည်း ပြန် လှည့်လာရာ သစ်ပင် အောက် ကို အဖြတ်လိုက် တွင် ဦးလှသွယ် လည်း ငါးမျှားကြိုး ကို လျှော့ ချလိုက် သော်လည်း ဖြတ်သွားသည့် အချိန် မြန်လျှင် ချိတ်လို့ ရမည် မဟုတ်ဟု သိသော စိုးဝင်း က အဒေါ်ကြီး သစ်ကိုင်း အောက် တွင် မကြာ ကြာ အောင် လုပ်ရလေ၏ ။



“ ဘာ ရောင်းသလဲ ”



“ ပဲကြားပြုတ် ”



ငါးမျှားချိတ်ကလေး မှာ ဟိုယမ်း သည်ယမ်း နှင့် ပိတ်ကို ချိတ်မိ ပြန် ပြုတ်လာ ဖြစ်နေစဉ် စိုးဝင်း က ချိတ်မိပြီ မှတ်၍ “ ဟာ ... ပဲကြားပြုတ် တော့ မလိုချင်ဘူး ” ဟု ဆိုလိုက်ရာ အဒေါ်ကြီး မှာ ဒေါနှင့် ဆတ်ခနဲ လှည့်ကြည့် လိုက်သည် တွင် ငါးမျှားချိတ် မှာ တောင်း ဘောင် ကို သွား ချိတ် နေလေ၏ ။ ဦးလှသွယ် က မျက်လုံးပြူး မျက်ဆန်ပြူး နှင့် လက် နှင့် ပြတော့မှ စိုးဝင်း မှာ “ ဟာ ... လာပါ ဦး ” ဟု လုပ်ရပြန် လေရာ ဈေးသည်ကြီး က ပြန် အလှည့်လိုက် တွင် ငါးမျှားချိတ်ကလေး မှာ ပြုတ်သွား သဖြင့် ဦးလှသွယ် လည်း ဆွဲလိုက် နှိမ့်လိုက် နှင့် လက်ကို ဆ လိုက်ရာ တောင်း အပြင်ဘက် သို့ ငါးမျှား ချိတ်ကလေး ကျ သွားလေ၏ ။ စိုးဝင်း က “ ဟာ မယူတော့ ဘူး ” ဟု လုပ်လိုက်ပြန်ရာ ဈေးသည်ကြီး မှာ ဆဲဆို၍ ဆတ်ခနဲ လှည့်ထွက် လိုက်သည် တွင် ငါးမျှားချိတ် တွင် နှာခေါင်း ကို လာ ချိတ်နေလေ ရာ “ ဟဲ့ ... သောက်ခွေး ” ဟု ယောင်ကာ ခေါင်းကြီး လန်သွားသည် တွင် တောင်းကြီးလ ည်း အောက် ကျသွားလေ၏ ။



ငါးမျှားချိတ်ကြိုး ရုတ်တရက် တင်းသွား သဖြင့် လွတ်ကျလုလု ဖြစ် သွားသဖြင့် ခြေထောက် နှစ်ဖက် ကို ချိတ်လိုက်မှ ဇောက်ထိုးကြီး ဖြစ်နေလေ၏ ။



အဒေါ်ကြီး လည်း ဖိနပ် ကို လှမ်း ချွတ်ပြီး ဇောက်ထိုးကြီး ဖြစ်နေသော ဦးလှသွယ် ပါး ကို ပိတ်ချ လေရာ ဦးလှသွယ် မှာ ပထမ တစ်ချက် နှစ်ချက် အရိုက်ခံ လိုက်ရပြီးမှ အကြံရ လာကာ လက် ထဲ မှ ငါးမျှားချိတ် ကို ဆွဲမှ အ ဒေါ်ကြီး မှာ လည်း နှာခေါင်း နာ နေသဖြင့် “ ဟဲ့ ... ငါ့ နှာခေါင်း ပြတ်တော့ မယ် ” ဟု အော်လိုက်၏ ။



“ ကျုပ် ပါးလည်း ကွဲတော့မယ်ဗျ ”



“ နင် ငါ့ ကို ငါးမျှားချိတ်နဲ့ မဆွဲနဲ့ ”



“ ခင်ဗျား လည်း ပါး မရိုက်နဲ့ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


“ ကဲ ... စကားစပြီးရင် နောက်ထပ်သူ့စကား အဝင်မခံနဲ့ တော့ ကိုယ် က သာ လေမပြတ် အောင် ပြောပေတော့ ၊ ပြောလေ ... ပြော .. ပြော



“ ဘာပြောရမှာ လဲ ... ကျုပ် မေးတာမှ မဖြေဘဲ ”



စိုးဝင်း မှာ ခင်မြသွင် က သူ့ ကို သာ ပြောသော စကားများ ကို ယောင်၍ လျှောက်ဖတ် နေရာ ထိုလူ မှာ ဒေါပွပွ နှင့် အနား ကပ် လာသဖြင့် ပိုမိုချော က်ချား လာပြီး ...



“ သဝေထိုး ... ပစောက် ရရစ် - ယပင့် - ရေးချ .. ပြော ... သဝေထိုး - လရေး လေ ... ပြောလေ ... ” ဟု ပင် အသံ ထွက်ပြီး လျှောက်ပေါင်း နေမိ လေရာ ထို သူစိမ်း မှာ “ ဘာ ဂါထာတွေ ဘာတွေ လာ ရွတ်နေတာလဲ ၊ မှော်ရူးပဲ ” ဟု ဆိုကာ ဗိုက် ကို ပိတ်ထိုးလေ၏ ။



ထိုအချိန်ဝယ် ခင်မြသွင်ကြီး နား ကို လည်း ကလေးများ ကပ်လာကာ လက်ညှိုး ဖြင့် ဝိုင်း ထိုး၍ “ အရူးကြီး ဟေ့ ၊ တစ်ယောက်တည်း က နေတယ် ၊ အရူးကြီး ” ဟု အော်ကာ ဝိုင်းအုံ ရယ်မောကြလေ၏ ။



ခင်မြသွင် ကား ကလေးတွေ ကို ဂရုမစိုက်နိုင်ဘဲ ထွက်သွားသော လူ ၏ အထိုး ခံရ၍ မျက်နှာ ရှုံ့မဲ့ နေသော စိုးဝင်း နားသို့ ပြေးကပ် သွားရာ နောက်မှ နေ တွန်းလိုက်သော ကလေးများ ကြောင့် စိုးဝင်း နား ရောက်ခါ မှ စိုးဝင်း အပေါ် ဟပ်ထိုးကြီး ကျလေရာ စိုးဝင်း နှင့် နှစ်ယောက်သား မြေကြီး ပေါ်သို့ လိမ့်သွားကြလေ၏ ။



ထိုအတွင်း စစ်သားတစ်ယောက် သည် သူတို့ နားသို့ ပြေးကပ် လာ လေ၏ ။ ဘေးနား မှ လူများ လည်း စိုးဝင်း နှင့် ခင်မြသွင်တို့ နှစ်ယောက် ရန်ဖြစ်နေသည် မှတ်၍ ဆွဲ ထူကာ တစ်ယောက်စီ ခွဲ၍ ဖက် ထားကြလေ၏ ။ ကပ်လာသော စစ်သားလည်း စိုးဝင်း နား ရောက်သော အခါ စိုးဝင်း ၏ မျက်နှာကို စေ့စေ့ကြည့် လျက် ..



“ ခင်ဗျား က ဒီအဘိုးကြီး ကို ထိုးတာပေါ့လေ ဟုတ်လား ... ၊ တယ် သတ္တိကောင်းတဲ့ လူပေါ့ ဟင် ... ”



ပြောရင်း ပြောရင်း မတရားမှု ကို စက်ဆုပ်သည့်အလား စစ်သားမှာ လက်သီးများ ပင် ဆုပ်လာ လေရာ တစ်ခုခု ကို မှ မပြောလျှင် မုချ အထိုးခံရတော့မည် ကို သိသော်လည်း စိုးဝင်း မှာ စရန် စကားလုံး ကို တွေးရ သေး၏ ။ စစ်သားမှာ မထိုးမီ အားရပါးရ ပြောလိုသေး သဖြင့် ...



“ ပြောစမ်းပါ ... တယ် သတ္တိ ကောင်းတာပေါ့လေ ၊ ဟုတ်သလား ၊ ပြောစမ်းပါဦး ”



“ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ... ”



“ ဒါက ဘာလုပ်တာလဲ .. ၊ ရူးချင်ယောင် ဆောင်တာပေါ့လေ ”



“ ကဲ ... စကားစ ပြီးရင် နောက်ထပ် သူ့ စကား အဝင် မခံနဲ့ ”



စစ်သားမှာ စကားတစ်ခွန်း မျှ မပြောတော့ဘဲ လူကြီးသူမ ကို မရိုသေ တတ်သော စိုးဝင်း ကို ဆုံးမရန် လက်သီး ကို မြှောက်လိုက်ရာ အခုမှ ရုန်း ၍ လွတ်လာသော ခင်မြသွင်ကြီး သည် စစ်သားကို ပြေးဖက် လိုက်သော အခါ အရှိန် ပြင်းလှသဖြင့် နှစ်ယောက်စလုံး မှာ ပလက်ဖောင်း ပေါ်တွင် ချာလပတ် လည် နေကြလေ၏ ။



ရပ်သွားသောအခါ မူးနောက်နောက်ကြီး ဖြစ်လျက် မျက်နှာချင်းဆိုင် ၍ ဟိုထိုး သည်ထိုး ဖြစ်နေကြ ပြီး မှ အမူးပြေ သွားသည် တွင် ခင်မြသွင် ရှင်းပြ လိုက်သော အခါ ဝိုင်းအုံ နေသော လူများ မှာ ရယ်မော၍ ထွက် သွားကြလေတော့သည် ။



oooooooooooooo



နောက်နေ့ ရောက်သော အခါ စိုးဝင်း တို့ ၏ အိမ်ရှေ့ အိမ်သို့ ဂေဇက်ဝင် အရာရှိ တစ်ယောက် ဖြစ်သူ ဦးလှသွယ် တို့ ပြောင်းလာကြလေသည် ။



ဦးလှသွယ် မှာ ဂုဏ်ကြောင့် “ ဦး ” တပ် ခေါ် သော်လည်း အသက် မှာ စိုးဝင်း နှင့် ရွယ်တူ လောက်ပင် ရှိ၏ ။



ထိုနေ့မှာ ... တနင်္ဂနွေနေ့ ဖြစ်သည့် အတိုင်း ရုံးအား သဖြင့် ဦးလှသွယ် မှာ ဝါသနာ အတိုင်း ငါးမျှား ထွက်ရန် ငါးမျှားတံ ကို ကိုင်၍ အိမ်ပေါ် မှ ဆင်း လာရာ အိမ်ရှေ့အိမ်ဝင်း က ရပ်၍ သူ့ ကို ပြုံးပြ နေသော စိုးဝင်း ကို တွေ့ရသော အခါ အိမ်နီးချင်းတို့ ၏ ဝတ္တရား အတိုင်း သွားရောက် ခေါ်ငင် ရန် ကပ် သွားလေ၏ ။



“ ချမ်းလိုက်တဲ့ ဆောင်းတွင်း ဗျာ ”



“ ဟုတ်ကဲ့ ၁၁ နာရီ ထိုးခါနီး တောင်မှ စိမ့်တိမ်တိမ့် ဖြစ်နေသေးတယ်နော် ”



“ ဆောင်းတွင်း ငှက်ကလေးတွေ လည်း နေ့အကြောင်း သီချင်း ဆို နေကြတော့ လွမ်းစရာကြီး ပဲ ”



“ ဟုတ်တယ်ဗျ ၊ ကျွန်တော်တို့ ငယ်ငယ်တုန်းက တော မှာ ပေါ့ဗျာ ၊ တော မှာ ဆိုတော့ ”



“ မြောက်လေကလေး သွေးလာမှ ဖြင့် ဆောင်းတွင်း သစ်ရွက်ကလေးတွေ ဟာလည်း ချမ်းရှာ လွန်းလို့ ... ”



“ ဟာ ... မှန်တာပေါ့ ၊ တော မှာ ဒီအတိုင်းပဲ ၊ အဲဒီလို ရာသီဥတု အေး လာတော့ ”

စိုးဝင်း မှာ သူ့ စကားကို အပြတ် မခံဘဲ ပြောရန် ကြိုးစားလေ ဦးလှသွယ် က စကား ကို ကောက်၍ ကောက်၍ ပြောနေလေရာ စကား ဆက်၍ မပြောတတ် တော့ဘဲ အိမ် ဘက်သို့ လှည့်ကြည့် လိုက်လေ၏ ။



အိမ် အပေါ်ထပ် ပြတင်းပေါက် မှ ခင်မြသွင် သည် စကားစ ပြတ်သွား ပြီမှန်း သိသည် နှင့် တစ်ပြိုင်နက် လက် နှင့် ပြနေလေ ရာ ဦးလှသွယ် မှာ လည်း စိုးဝင်း ကြည့်ရာ လိုက် ကြည့်ပြန်လေ၏ ။ ဤ အချိန်တွင် ဦးလှသွယ် ၏ ခယ်မလေး မှာ အပေါက်ဝ တွင် ရပ် လိုက်လေသည် ။ ဦးလှသွယ် ၏ စိတ် ထဲ တွင် ခင်မြသွင် မှာ အဘိုးကြီး တန်မဲ့ နှင့် သူ့ ခယ်မလေး ကို လက်ဝါး ပြ ၊ လက်ညှိုး ထောင်ပြ ၊ အောက် စိုက်ပြ ၊ လက်ဝါး ဖြန့်ပြ ၊ လက်သီးဆုပ်ပြ နှင့် မဟော်သဓာ ဂေါ်နည်း ငါးဆယ် ဖြင့် ဂေါ်နေသည် ဟု ယူဆလိုက်မိကာ ဒေါပွ လျက် ရုတ်ခြည်း လှေကားပေါ် သို့ ပြေးတက်လေ၏ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


ငိုက်မျဉ်း နေသော သူခိုး သည် ကပျာကယာ ခေါင်းထောင် လိုက်ကာ “ ဟုတ်ကဲ့ ... ကောင်းကောင်း ပေါက်ပါတယ် ” ဟု ထောင်ကျမည် ကို ကြောက်သောကြောင့် အလိုက်အထိုက် လိုက်ဖြေရလေသည် ။



“ ဒါဖြင့် နောက်ကို ခိုးချင်သေးသလား ”



“ ဟာ .. ဘယ် ခိုးချင်တော့မလဲ ”



“ ဒါဖြင့် မင်း နောက်ကို ဘာ လုပ်မယ် စိတ်ကူးသလဲ ”



“ သင်္ကန်း ဝတ်တော့မယ် စိတ်ကူးတာပေါ့ ၊ ဦးကြီး ပြောတာ သိပ်မှန် တာပဲ ၊ ကျွန်တော် ဒီ တစ်သက်မှာ ကန်တော့ပွဲ နဲ့ ခိုင်းတောင် မခိုးတော့ဘူး ”



“ အေး ... သာဓု - သာဓု - သာဓု မင်းသွားတော့ ”



“ ခင်ဗျာ ”



“ သွားတော့ဆို ”



သူခိုး မှာ သူ ကြားလိုက်ရသည် ပင် မယုံကြည်နိုင်ဘဲ ထွက်လာခဲ့ရာ အိမ်ပြင် ရောက်သောအခါ ဤ အရူး နှစ်ယောက် ၏ အိမ် ကို နောင်တွင် မခိုးတော့ ဟု ဆုံးဖြတ်ချက် ချ သွားလေ၏ ။



သူခိုး မရှိတော့ မှ ခင်မြသွ င်သည် စိုးဝင်း ဘက် လှည့်ကာ “ ဒီလို ပြောရ တယ်ကွ ၊ လူ တစ်ယောက် တစ်ခါတည်း တရားကျ သွားအောင် ဟောရတယ် ၊ ဒီလို ပြောနိုင်တဲ့ လူတွေ မြန်မာပြည် မှာ များများ မရှိနဲ့ ၊ ငါးယောက် တည်းရှိ သံပုံး မတီးဘဲ ငြိမ်းချမ်းရေး ကို တစ်နှစ်အတွင်း ရစေမယ်ကွာ ၊ ငါ အာမခံ တယ် ။



oooooooooooo



နောက်နေ့ နေ့ခင်းဘက် သို့ ရောက်သောအခါ ခင်မြသွင် သည် စက္ကူကြီး တစ်ချပ် ယူလာ၍ စိုးဝင်း ကို ပြလေ၏ ။ စက္ကူကြီး ပေါ်တွင် ကား အအများ ကို စကားပြော နိုင်စေရန် ပြုလုပ်ထားသော လက်ဖြင့် စကားပြောနည်း ကို အင်္ဂလိပ်စာအုပ် တစ်အုပ် မှာ သူ ကိုယ်တိုင် ဘာသာပြန် ထားသော ရုပ်ပုံ များ ပါလေသည် ။ စိုးဝင်း ခင်မြသွင် ဘာပြောသည် ကို နားမလည်ဘဲ ...



“ ဒါက ဘာလုပ်ဖို့ လဲ ” ဟု ပြန်မေး လိုက်လေ၏ ။



“ ဒါက ဒီလိုလေ ၊ မင်း က အခု တက်ရမယ့် သင်ခန်းစာ က သူစိမ်း နဲ့ စ ကား ပြောရမှာ ကိုးကွ ။ ဒီတော့ မင်း မှာ စကား စ ရ ခက်နေရင် ငါ က ခပ် လှမ်းလှမ်းက လက် နဲ့ ပြပြီး သင်ပေးမယ် ၊ ဒါကို မင်း က လိုက်ပြောပေါ့ ကွ ။ နောက် သူစိမ်း က ပြောတာတွေ ကို အလိုက်အထိုက် ကြည့်ပြောချေ ပေါ့ကွာ .. ”



စိုးဝင်း လည်း သဘောပေါက် သွား၍ ခင်မြသွ င်၏ ရွှေဉာဏ်တော်စူး ရောက်ပုံကို များစွာ သဘောကျသွားကာ လက်ညှိုး ထောင်လိုက် ၊ လက်သီးဆုပ်လိုက် ၊ လက်ချင်းချိတ်လိုက် နှင့် လျှောက် ကျက်မှတ် နေလေရာ ကောင်းကောင်း မှတ်မိသော နေ့ ကို တိုင် လာလေတော့သည် ။



ဤသို့ တတ်မြောက် လာသော အခါ ခင်မြသွင် ၏ ဒုတိယသင်ခန်းစာ ဖြစ်သော သူစိမ်း ကို စကား ပြောရန် ခင်မြသွင် နှင့် အတူပင် လမ်းထိပ် သို့ ထွက်ခဲ့ကြလေ၏ ။ လမ်း ရောက်သောအခါ ဓာတ်မီးတိုင် တစ်တိုင် ဘေးတွင် နေစာ လှုံရင်း သတင်းစာ ဖတ်နေသော လူ တစ်ယောက် ကို တွေ့သော အခါ ခင်မြသွင် သည် စိုးဝင်း အား သွား စကားပြောရန် နှင့် သွန်သင်ချက်များ ကို ပြောကြားနေလေ ၏ ။



“ ပထမ သူ့ အနား ကို ကပ်သွားရင် သူစိမ်း ကို စကား ပြောရမှာ မို့ ရင်ခု န်သွားမယ် ၊ ဒီတော့ မင်း ကျင့်ခဲ့ပြီးတဲ့ အတိုင်း အသက်ရှူ မှန်အောင် ချက်ချင်း ပြန် လုပ်ပြီး အခြေအနေ နဲ့ ဆီလျှော်တဲ့ စကား က စပြီး ပြောရမယ် ။ အခုအခါ ဆို သိပ် ချမ်းတယ် မဟုတ်လား ၊ ဒီတော့ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ... ဆိုပြီး စကား စ ပေတော့ ။ ကျုပ် ကို မြင်ရအောင်လည်း ရပ် နော် ၊ ဒီကနေ လက်နဲ့ instruction တွေ ပေးနေမယ် ၊ ကဲ ... သွား ပေတော့ ”



စိုးဝင်း မှာ ငွေတစ်ထောင် ရရန် အရေးကြောင့် အားတင်း၍ သူ့ ဘာသာ သူ သတင်းစာ ဖတ်နေ သော သူ တစ်ဦး ကို အနှောင့်အယှက် ပေးရန် ချဉ်းကပ်သွားလေ၏ ။



အနား ရောက်သောအခါ ရင် က တဒိတ်ဒိတ် ခုန်လာသဖြင့် စကား မစသေးပဲ အသက် ကို သာ မှန်မှန် နှင့် ပြင်းပြင်း ရှူနေရလေသေးသည် ။ သူစိမ်း မှာ သတင်းစာ ဖတ်နေရာ က အနား မှ “ ရှူး ... ရှူး ... ရှူး .. ရှူး ” နှင့် အသံ ကြားရ သဖြင့် မြွေများ ကပ်လာသလား ၊ သို့မဟုတ် တစ်စုံ တစ်ဦးကများ ခွေး နှင့် ရှူးတိုက်နေသလား ဟု တွေး မိကာ မျက်လုံးပြူးကြီး နှင့် လိုက်ကြည့် လိုက်လေရာ အသက်ရှူ မှန်တော့မလိုလို ဖြစ်နေသော စိုးဝင်း မှာ ပြန်၍ ရင်ခုန် သွားပြန် လေ၏ ။ သို့ဖြင့် စ ရ တော့ မလိုလို ဖြစ်နေသော စိုးဝင်း မှာ ပြန်၍ ရင်ခုန် သွား ပြန်လေ၏ ။



သို့ဖြင့် စရမည့် စကား ကို မေ့သွားကာ သူစိမ်း ကို ပြူးကြောင်ကြောင်ကြီး ကြည့်နေမိပြီး မှ မလှမ်းမကမ်း တွင် ကျန်ရစ်ခဲ့သော ခင်မြသွင် ကို လှမ်း ကြည့်လိုက်ရာ ခင်မြသွင် လည်း လက် နှင့် စကားပြော နေလေ၏ ။



သူစိမ်း မှာ အနား ၌ လာ ရပ်နေသော စိုးဝင်း ကို ဘာမျှ ထူးထူးခြားခြား မဖြစ်မိဘဲ သူ သိလိုသော အချိန် ကို မေး လိုက်လေ၏ ။



“ ဘယ်နှနာရီ ရှိပြီလဲဗျ ”



စိုးဝင်း မှာ စကားလုံးများ ကို ပေါင်းဖတ် နေရသဖြင့် သူ့ ကို ပြန်မဖြေ အားရကား ထို လူမှာ အသံခပ်ကျယ်ကျယ် ဖြင့် ...



“ ဟေ့လူ ... ဘယ်နှနာရီ ရှိပြီလဲဗျ ”



“ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ... ”



“ ခင်ဗျား နား မကြားဘူးလား ... ၊ ကျုပ် မေးနေတာ နာရီဗျ ”



စိုးဝင်း သည် စကား စပြီးပြီ ဖြစ်၍ နောက်ထပ် ဆက်လက်၍ ပြနေ သော ခင်မြသွင် ကို အာရုံ စိုက်နေလေရာ ... သူစိမ်း ကို “ ခဏနေဦး ” ဟု သော လက္ခဏာ ဖြင့် လက်ဝါး ကာ ပြလေ၏ ။ ထို လူ မှာ ပိုမိုဒေါပွ လာပြီး



“ နာရီလေး တောင် မပြောနိုင်ဘူးလားဗျ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


စိုးဝင်း မှာ ရှေ့သို့ နှစ်လှမ်းသုံးလှမ်းမျှ စိုက်စိုက်နှင့် ရွေ့သွားသည့် တိုင်အောင် သစ္စာကြီးစွာနှင့် လှည့် မကြည့်ဘဲ “ လာ ... ဧည့်ခန်း ကို လိုက်ခဲ့ ” ဟု သာ ခေါ်ငင်ရင်း ဧည့်ခန်း ထဲ သို့ ဝင်သွားလေ၏ ။



အပြင်မှ လူ မှာ စိုးဝင်း ၏ အူကြောင်ကြောင် အပြုအမူ ကို နားမလည် နိုင်ရင်း နောက်က လိုက် သွားပြီး “ ထိုင် ” ဆိုသော ကု,လားထိုင် တွင် ဝင် ရောက် ထိုင်လိုက်သည့် အချိန် တိုင်အောင် စိုးဝင်း မှာ နောက်ခိုင်းလျက်ပင် ရှိသေး၏ ။



“ လိမ်ရတာတော့ အားနာပါရဲ့ ၊ ကျုပ် မှာ သမီး မရှိဘူး ”



ဧည့်သည် သည် စိုးဝင်း ပြောသမျှ စကားတွေ ကို မြန်မာစကားပင် ဖြစ် သော်လည်း ဘာမျှ နားမလည်လိုက်ပေ ။



“ နေပါဦး သမီး လာ တောင်းနေတယ်များ မှတ်သလားဗျ ”



သူ ထင်ထားသလို မိန်းမသံ မဟုတ်ဘဲ ယောက်ျားသံကြီး ဖြစ်နေ သဖြင့် စိုးဝင်း မှာ ချာခနဲလှည့် ကြည့်လိုက်ရာ ဧည့်သည် ကို မြင်သည် တွင် အူကြောင်ကြောင် ဖြစ်လျက်



“ ခင်ဗျား ... ဘာလို့ ဝင်လာရတာလဲ ”



“ ခင်ဗျား ... ဘာလို့ ခေါ်လာရတာလဲ ”



“ ခင်မြသွင် လို့ ထင်လို့ ”



“ လှည့် မကြည့်ဘဲနဲ့ များ ထင်ရသလား ”



“ ဒါကြောင့် လှည့် မကြည့်တာပေါ့ ”



“ အို ... ခင်ဗျား အရူးပဲ ”



“ ကျုပ် အိမ် ကျုပ် နေတာ မရူးဘူး ၊ ကျုပ် ကို မသိဘဲ ဝင်လာခဲ့တဲ့ ခင်ဗျား သာ အရူး ”



“ ဒါ. .. ဦးမောင်မောင်အိမ် မဟုတ်ဘူး လား ”



“ ကျုပ် ဦးမောင်မောင် လား ”



“ မဟုတ်ဘူး ”



“ ဒါဖြင့် ဒါ ဦးမောင်မောင် အိမ် မဟုတ်ဘူး ”



ဧည့်သည် မှာ မျက်မှောင်ကုတ် သွားရာက တစ်ဖန် စောဒက တက်လိုက် ပြန်လေသည် ။



“ လမ်းထိပ် က လူ တစ်ယောက် ဒီအိမ် လို့ ပြတယ် ”



“ လမ်းထိပ် က လူ က ဒီ အိမ်လို့ ဆိုတာ .. အဲဒီ လမ်းထိပ်က အိမ် ကို ဝင်သွားပါလား ”



“ မဟုတ်ဘူး ... ”



“ မဟုတ်ရင် ပြန်တော့ ၊ ကျုပ် မှာ အလုပ်များ တယ် ”



ဧည့်သည် ဆောင့်ကြီးအောင့်ကြီး နှင့် ပြန်ထွက်သွားသည် တွင် မှ စိုးဝင်း သည် အကြံ တစ်ခု ပေါ်ပေါက် လာလေ၏ ။ ထို့ကြောင့်ပင် အောက်ပါ စာ ကို ရေးကာ တံခါးပေါက်ဝ ၌ ကပ်ထားပြီး ဧည့်ခန်း မှ ထိုင်၍ စောင့် နေလေ၏ ။



ခင်မြသွင် သို့ ....



ဤတံခါးမကြီး မှ ဝင်၍ ဘယ်ဘက် အခန်း ထဲ သို့ ဝင်လာခဲ့ပါ ။ ကျွန်တော် စောင့်နေသည် ။



သတိ ။ ။ အခန်း ဝင်ခါနီး မှာ အခန်းဘောင် နား က ပျဉ်ပြား ကို ခေါက်ပြီး မှ ဝင်ပါ ။

စိုးဝင်း



သူ စာ ကပ်ပြီး၍ မကြာမီ ၁၂ နာရီ ထိုးလေရာ ဧည့်ခန်းဝ မှ ပျဉ်ခေါက် သံ ကို ကြားလိုက်ရသည် တွင် စိုးဝင်း မှာ ဆံပင်ညှပ် ခံ နေ သကဲ့သို့ ခေါင်းကြီး ကို ၉၀ ဒီဂရီ ငုံ့ထား လိုက်မိလေ၏ ။



“ ခင်မြသွင် မဟုတ်လား ”



“ ဟုတ်တယ်လေ ”



ပြန်ပြောသော အသံမှာ မိုးခြိမ်းသံ နီးနီး ကြီးမားလှသောကြောင့် စိုးဝင်း မှာ လန့်၍ ခေါင်း ထောင် ကြည့်လိုက်ရာ တောင်ရှည်ပုဆိုး ဖက်ဖူး ရောင် နှုတ်ခမ်းမွှေးကားကား နှင့် အဘိုးကြီး တစ်ယောက်ကို တွေ့ရ သောအခါ “ အလိုလေး ” ဟု လန့် အော်မိလေ၏ ။



“ ဒါက ဘာဖြစ် သွားရတာတုံး ”



“ ခင် .. ခင်ဗျား နာမည် က ”



“ ခင်မြသွင် လေ ”



“ ဘာ စိတ်ကူး နဲ့ မှည့်ထားတာလဲ“



“ ဒီ မေးခွန်း ဟာ အလုပ် နဲ့ ပတ်သက်သလား ”



“ ပတ်သက်တယ် ”



“ ကျုပ် က အသက် ကြီး ပေမယ့် ငယ်မူ ကို အားကြီး နှစ်သက်တာကလား ၊ ကြည့်လေ လုံချည်ဆင်နုနုကလေး ကို ရွေးဝတ်တာ ၊ ဒီတော့ နာမ ည် ကိုလည်း ခေတ်ဆန်ဆန် နုနုကလေး ရွေး တာပေါ့ ၊ အခု ကာလလူင ယ်တွေက ခင်မောင်ရင် ၊ ခင်မောင်ဦး ၊ ခင်မောင်အေး စသည် ဖြင့် မှည့်ကြ တော့ ... ကျုပ် နာမည် မြသွင် ကို လည်း ရှေ့က ခင် တပ်ပြီး ခင်မြသွင် လို့ ပြောင်း ထားတာလေ ”



“ စိုးဝင်း မှာ မှန်းခြေ မကိုက်သဖြင့် စိတ်ပျက် သွားမိ သော်လည်း စိတ် ပျက်ပျက်နှင့် ပင် .... ”



“ ခင်ဗျား ... စကား ပြောတတ်တယ် ထင်တယ် ”



“ အလို ... စကား ပြောတတ်လို့ ပြောနေတာပေါ့ ၊ နေပါဦး ... မောင်ရင့် အလုပ် က အအတွေ ရွေး နေတာလား ”



“ မဟုတ်ပါဘူး ။ ကျွန်တော့် မှာ ဘယ်က သမီး မှ လည်း မရှိဘူး ၊ ဖြစ်ပုံက ဒီလို ”



စိုးဝင်း မှာ ဖြစ်ပုံတ္ထုပ္ပတ္တိ စိုးဝင်း ဇာတ် ကို ပြောပြလိုက်ရာ ဆုံးသည် တွင် ခင်မြသွင် သည် ရယ်လိုက်ရင်း ...



“ ဪ ... ဒီလိုလား ”



“ ဒီလိုပဲ ... ”



“ ဒီလိုကိုး ”



“ ဒီလိုပါ ဆိုမှ ”



“ ဒါဖြင့် မပူပါနဲ့ ... ကျုပ် စကားကောင်းကောင်း ပြောတတ်ပါတယ် ၊ အနောက်နိုင်ငံ က လာ တဲ့ စာအုပ်တွေ ဖတ်ထားတော့ ကောင်းကောင်း သင်ပေးမယ် .. ”



“ ဒါဖြင့် ဦးခင်မြသွင် ... ခင်ဗျား အဝတ်အစား ... ”



“ ဒီမှာ တစ်ဆိတ် တောင်းပန်ပါရစေ ၊ ဦး တပ် ခေါ်တာ ရင့်လွန်းလို့ ခင်မြသွင် ပဲ ခေါ်ပါ ”



“ ကောင်းပြီ .. ခင်မြသွင် ၊ ခင်ဗျား အဝတ်အစားတွေ ပါလာတယ် မဟုတ်လား ၊ အပေါ်ထပ် ကို ယူခဲ့ပါ ”



စိုးဝင်း နောက်မှ ခင်မြသွင် ခေါ် ပင်စင်စား ပညာအုပ်မင်း မုဆိုးဖို ငယ်မူပြန်ကြီး သည် သားရေသေတ္တာဆွဲပြီး လိုက်သွားသည် တွင် စိုးဝင်း အဖို့ စိတ်အေးစရာ တစ်ကွက် ပေါ်လာလေ၏ ။



ooooooooooooo



“ လူတိုင်း လူတိုင်း ဟာ စကား တော့ ပြော တတ်တာပဲ ၊ ဒါပေမဲ့ လူထဲ သူထဲ မှာ စကားပြောဖို့ ဟာ တော်တော် ခဲယဉ်းတာ တွေ့ရတယ် ၊ ဒါ ဘာဖြစ်လို့ လဲ ... ဆန်းစစ်ဖို့ လိုတယ် ...“

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


ခင်မြသွင် သည် နေ့လယ်ခင်းပိုင်း တွင် သင်တန်း ကို စတင် ပေးနေပြီ ဖြစ်လေရာ စိုးဝင်း မှာ ပြောသမျှကို သေသေချာချာ မှတ်သား နာယူနေလေသည် ။



“ အမှန်က ဘာဖြစ်လို့ လဲ ဆိုတော့ တကယ်တမ်း စကားပြော တော့မယ် ဆိုရင် ရင်ခုန်လာလို့ ဘာဖြစ်လို့ ရင်ခုန်လာသလဲ ၊ ကိုယ့် ကိုယ် ကိုယ် မယုံလို့ အင်္ဂလိပ် လို ဆိုရင် ၊ Self-Confidence မရှိဘူး ခေါ်ရမှာ ပေါ့ ။ ဒီတော့ ပထမဆုံး လေ့ကျင့်ဖို့ ကတော့ ကိုယ့် ကိုယ် ကိုယ် ရင်ခုန် လာ အောင်လုပ် ၊ အသက် ရှူ မြန်လာတဲ့ အခါမှာ အသက်ရှူ မှန် သွားအောင် ပထမ ကျင့်ပေးရမယ် ။ ဒုတိယ က တစ်ယောက် တည်း မှန် ကို ကြည့်ပြီး စကား ပြောရင်း ငါ ဟာ စကားပြော တတ် လာပြီ ၊ လူတိုင်းလူတိုင်း ဟာ ငါ့ စကား ကို နားစိုက် လာပြီလို့ ကိုယ့် ကိုယ် ကိုယ် ပြန်ပြောနေရမယ် ၊ အချိန် ကြာကြာ လေ မပြတ်အောင် ဟာလည်း တစ်နေ့ သတင်းစာ ငါးစောင် ကို အစအဆုံး တစ်လုံး မကျန် အော် ဖတ်ရမယ် ၊ တတိယ အချက်က ... ”



“ ဟာ ... တော်ပါဦး ... ကြာရင် မေ့ကုန်လိမ့်မယ် ၊ ပထမ အချက်ပဲ အရင် လုပ်ပါရစေဦး ။ နှလုံး ခုန်လာအောင် ဘယ်လို လုပ်ရမလဲ ... ”



“ ဒါ ဘာခက်သလဲ ၊ တစ်ယောက်တည်း တစ်နေရာ တည်း ပြေး ၊ ခုန် ၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေ ကို မြန်မြန်ယူ ၊ မော လာပြီး ရင်ခုန် လာ တော့မှ အသက် ကို မှန်မှန် ရှူလိုက်ရင် ပြီးတာပဲ ”



“ ဘယ် အချိန်လောက် ကျင့်ရမလဲ ”



“ အခုလို ဆောင်းတွင်း မှာ ဆိုရင် ညဘက် မှာ ကျင့်ပေါ့ ၊ ညဘက် ဆို တော့ လူခြေ လည်း တိတ် တယ် ၊ ဒါကြောင့် စိတ်အား လည်း တိုးပွားတ ယ် ။ အဲ ... ကျင့်ရင် ပြတင်းပေါက် တစ်ချပ် ဖွင့်ပြီး ကျင့်ရမယ် ၊ လေကောင်းလေသန့်ရအောင် ၊ အအေး မမိဖို့ လည်း အနွေးထည်တွေ ဝတ်ထား ”



စိုးဝင်း သည် ခင်မြသွင် ပြောသမျှ ကို သဘော ကျမိကာ ဤအတိုင်း ကျင့်လျှင် မုချ စကားပြော ကောင်းလာမည် ဟု လည်း ယုံကြည်မိရကား လူခြေတိတ်သော ည ၁၂ နာရီခန့် ရောက်သောအခါ သူ့ အခန်း ထဲ တွင် အနွေးထည် ၊ ခေါင်းစွပ် ၊ ဘွတ်ဖိနပ်များ စီး၍ ပြတင်းဝနား ၌ တစ်နေရာတည်း မောလာ အောင် ပြေးကျင့် ပြုလေတော့၏ ။



အခန်းထဲ တွင် မီးထွန်း က မီးသည် လေထဲ ရှိ လူကို အားရှိ စေသော အရာများ ကို စုပ်ယူပစ်သည် ဟု ဆိုကာ မီးငြိမ်း ထားသဖြင့် တစ်ခန်းလုံး မှာ မှောင်မည်း နေလေ၏ ။



မောလာသောအခါ ရင်ခုန် လာပြီဖြစ်၍ အသက်ရှူ မှန်အောင် ပြန်ကျင့်နေစဉ် ၊ သူ့ အခန်းထဲသို့ သူခိုး တစ်ယောက် ဝင် လာလေ၏ ။ သူခိုး မှာ မှောင်မည်းနေ၍ လူအများ အိပ်နေပြီ ထင်ကာ ဝင်လာခြင်း ဖြစ် သော်လည်း ၊ “ ရှူး ... ရှူး .. ရှူး ... ရှူး ” ဟူသော အသံများ ကြားရ သောအခါ မြွေပခြုပ် ထဲ ရောက်လာမိသလား ဟု သံသယ ဖြစ်မိလျက် ထရံနား သို့ ကပ်နေ မိလေ၏ ။ ထရံတွင် အဝတ်ကြီး တစ်ခု ချိတ်ထားကြောင်း စမ်းမိသော အခါ လောင်းကုတ်ကြီး ဖြစ်နေမှန်း သိ၍ အရေးရှိ က ဤ လောင်းကုတ်ကြီး နောက်၌ ဝင်ပုန်းနေမည် ဟု ကြံစည်ထားလေသည် ။



စိုးဝင်း မှာ အသက်ရှူ မှန် သွားပြီ ဖြစ်၍ ရှေ့ကို ဘယ်နှခါ လုပ်ရမည် ၊ ဘာလုပ်ရမည်ကို မသိ သဖြင့် အိပ်မောကျ နေသော အခန်း အပြင်ဘက် ရှိ ဆရာ ကို လှမ်း နှိုးလိုက်ရလေ၏ ။



“ ခင်မြသွင် ... ခင်မြသွင် ... ”



ခင်မြသွင် အိပ်မောကျ နေသည် ဖြစ်၍ မနိုးသေးဘဲ ရှိရာ သူခိုး မှာ အိမ်ရှင် ပြန်အိပ်သွားလို သွားငြား ထ မလာစေရန် ကြား မှ ညောင်နာနာကလေး ထူး လိုက်လေ၏ ။



“ ရှင် ... ”



“ အို ... ဘယ်က ကြောင်မ ရောက်နေပြန်ရသလဲ မသိပါဘူး ”



“ ကြောင် မဟုတ်ပါဘူး ၊ ပြန် ထူးနေတာပါ ”



“ ဘယ့်နှယ် ခင်ဗျား အသံက ညောင်နာနာ ဖြစ်နေရတာလဲ ”



သူခိုး မှာ မတတ်သာ၍ ဝင်ဖြီး ရ လေတော့၏ ။



“ အသံ ဝင်သွားလို့ ပါ ”



“ ကဲ ... ဒါတွေ ဘေးချိတ် ထားပါဦး ။ အခု အသက်ရှူ မှန် လာပြီ ၊ ထပ် ပြေးရဦးမလား ၊ နောက် ဘာလုပ်ရဦးမလဲ ”



“ ဘာမှ မလုပ်နဲ့ တော့ ၊ အိပ်ချေတော့ ၊ ပြေးပွဲ က လိုသေးတာပဲ ”



သူခိုး မှာ စိုးဝင်း လွတ်လပ်ရေးနေ့ ပြေးပွဲ အတွက် ကျင့်နေသည် ဟု ရမ်းဖိန်းလိုက်ရာ တက် တက်စင်လွဲသွားသဖြင့် စိုးဝင်း မှာ ဒေါပွပွ နှင့် လှမ်းအော် လိုက်လေ၏ ။



“ ဒီ အဘိုးကြီး ရူးနေသလား ၊ ဘာ ပြေးပွဲ လိုသေးသလဲ ၊ တယ်ခ က်တဲ့ အဘိုးကြီး ပဲ ။ ယောင်နေ ပြီထင်တယ် ၊ မီးထွန်းဦးမှ ပဲ ”



စိုးဝင်း သည် ပြောပြောဆိုဆို မီးခြစ် စမ်းလေရာ သူခိုး မှာ လောင်းကုတ်ကြီး အောက်၌ ကပ်နေ လိုက်လေရာ စိုးဝင်း သည် ဖယောင်းတိုင် ထွန်း ပြီး လှည့်ကြည့်သောအခါ တစ်ယောက် မျှ မတွေ့သဖြင့် အူကြောင်ကြောင် ဖြစ်ရင်း ...



“ ခင်မြသွင် .. ခင်မြသွင် ” ဟု အော်ခေါ်လိုက်မှ အပြင်၌ အိပ်သော ခင်မြသွင် လည်း နိုးလာ ကာ ပျာပျာသလဲ အခန်း ထဲ သို့ ပြေးဝင် လာလေ၏ ။



“ ခင်ဗျား က ဘယ် ထွက်သွားရတာလဲ ”



“ ဘယ် ထွက်သွားရမှာ လဲ ၊ အိပ်နေတာပေါ့ ”



“ ဟင် ... အသံ ဝင်တယ်ဆို ”



“ ဘယ်သူ ပြောလို့ လဲ ”



“ ခုက ခင်ဗျား ပဲ ပြောတာပဲ ”



“ ကျုပ် အိပ်နေတယ် ... ၊ အခုမှ ဝင်လာတာ ”



“ ဟင် ... ဒါဖြင့် အခုန ကျုပ် နဲ့ စကား ပြောနေတာ ဘယ်သူလဲ ”



“ ကိုယ် နဲ့ စကား ပြောတဲ့ လူ ဘယ်သူလဲ လို့ အိပ်နေတဲ့ လူ ကို နှိုးမေးရ သလားလို့ ”



“ အသံ ညောင်နာနာကလေး တစ်ခု ကျွန်တော့် နားနဲ့ ဆတ်ဆတ်ကြား တာဗျ ... ”



“ ပြာသို့လ မို့ ကြောင်ကိုက်သံ ထင်ပါရဲ့ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


“ ဟင် ... ကြောင်ကလည်း “ အိပ်ချေတော့ ၊ ပြေးပွဲ လိုသေးတယ် ” လို့ လူလို ပြောပြီး ကိုက် သလားဗျ ”



“ ဒီလို ပြောပြီးတော့ ကိုက်တယ်လို့ တော့ မကြားဖူးဘူး ၊ မင်း ယောင် နေတယ် ထင်တယ် ”



“ အို ... ကျွန်တော် မှ မအိပ်ရသေးဘဲ ယောင်ပါ့မလား ၊ အိပ်ပျော်နေ တဲ့ ခင်ဗျား သာ ယောင်မှာ ပေါ့ ။ ဒါတွေ ထားပါဦးလေ ၊ အခု အသက်ရှူ မှန်တာ ကျင့်ပြီးပြီ ။ နောက် ဘာလုပ်ရမလဲ ၊ ခပ်မြန်မြန် သင်ပါဗျ ၊ အချိန် က နှစ်ပတ်တည်း ရတယ် ”



“ ကဲ ... ဒါဖြင့် ခဏနေဦး ”



ခင်မြသွင် သည် အပြင်ဘက်သို့ ထွက်သွားကာ နေ့ခင်း က သူ ကိုယ်တိုင် ပြုလုပ်ထားသော ဆေးဖြူသုတ် ထားသည့် သံပိုက်လုံး တစ်ခု ကို ယူ ဝင် လာပြီး ကြမ်းပေါ်တွင် စိုက် ထောင်လျက် လဲ မသွားအောင် ထိပ် မှ လက် နှင့် ဖေးထားပြီး ....



“ ဒါက အသံချဲ့စက် ဆိုပါတော့ ” ဟု ပြောလိုက်ရုံ ရှိသေးတွင် စိုးဝင်း မှ အပိုတွေ ချဲ့နေသည် ဟု အယူ ရှိပြီး ...



“ အို ... ပါးစပ် က ပြောရင် ပြီးတာပေါ့ ၊ ဒီ ဝါးလုံးတွေ ဘာတွေက မလို ပါဘူး ” ပြောပြော ဆိုဆို ဆောင့်ကန် လိုက်လေ၏ ။ ကန်လိုက်ပြီး မှ ဝါး မှာ ဝါး မဟုတ်ဘဲ မာမာပစ္စည်း တစ်ခု ဖြစ်နေသည် ကို တွေ့၍ ဖိနပ်ဦးမှာ ပွန်းသွားသလား ဟု ငုံ့ ကြည့် နေလေသည် ။ ခင်မြသွင် မှာ လည်း လွင့်ထွက်သွား သော သံပိုက် ကြောင့် နောက်သို့ လန့်၍ ခုန် ဆုတ်လိုက် လေ၏ ။



အရှိန် နှင့် လွင့်သွားသော သံပိုက်လုံး မှာ လောင်းကုတ်ကြီး နောက်တွ င် ခိုကပ် ပုန်းအောင်း နေ သော သူခိုး ၏ ညိုသကျည်း ကို ကန့်လန့်ဖြတ် ရို က်မိ သဖြင့် သူခိုး မှာ “ အောင်မယ်လေးဗျ ” ဟု ငယ်သံ ပါအောင် အော်လိုက်မိလေ၏ ။



ခင်မြသွင် မှာ သူ့အနား သို့ ပြန်လိမ့် လာသော သံပိုက်လုံး ကို ကုန်း ကောက်လိုက်၍ သူခိုး ကို မူ သူ့ အရိပ် နှင့် ကွယ်နေသည် ဖြစ်သဖြင့် မမြင် မိဘဲ စိုးဝင်း အော်လိုက်သည် ဟု ပင် ယူဆလိုက်၏ ။ စိုးဝင်း က လည်း ခင်မြသွင်ကြီး အော်သည် ဟု ပင် ယူဆလိုက် သဖြင့် ...



“ ခင်ဗျား က ဒါလောက် လန့်တာ နဲ့ ငယ်သံပါအောင် အော်ရသလားဗျ ”



“ မင်း က ဒါလောက် နာတာနဲ့ ငယ်သံပါအောင် အော်ရသလားကွ ”



“ ကျွန်တော် မအော်ဘူး ၊ နာလည်း မနာဘူး ၊ ဖိနပ်ဦး ပွန်းသွားသလို့ ထင်လို့ ငုံ့ကြည့်တာ ”



“ ငါ လည်း မအော်ဘူး ”



“ ဒီအခန်းကြီး တစ်ခုလုံးမှာ ခင်ဗျား နဲ့ ကျွန်တော် နှစ်ယောက်တည်း ရှိ တာ ၊ တစ်ယောက် မအော်ရင် ”



“ တစ်ယောက် က အော်ရမယ် ၊ မင်း အော်တာ ”



“ ခင်ဗျား အော်တာ ”



“ ငါ အော်တာ မဟုတ်ဘူး ”



“ ကျွန်တော် အော်တာ လည်း မဟုတ်ဘူး ”



“ ဒါဖြင့် ဘယ်က သရဲ လာ ခြောက်သလဲ ”



သူတို့ အချီအချ နှစ်ယောက်သား ပြောနေကြစဉ် ၊ သူခိုး မှာ နာလွန်း လှသဖြင့် ညို့သကျည်း ကို ကုန်းပွတ် လေရာ လောင်းကုတ်ကြီး ကို ခေါင်း နှင့် တိုးမိ၍ ပြုတ်ကျ သွားလေ၏ ။



လောင်းကုတ် ပြုတ်ကျ သွား သဖြင့် စိုးဝင်း လှည့်ကြည့်မိသလို ခင်မြသွင် မှာ လည်း လိုက်ကြည့် လိုက်သည် ဖြစ်၍ သူခိုး ကို နှစ်ယောက်စလုံး တွေ့သွားကြလေ၏ ။ ခင်မြသွင် မှာ အနားသို့ ဖြည်းညင်း စွာ ကပ်သွား၍



“ မင်း က ဘယ်သူလဲ ” ဟု မေးလိုက်ရာ သူ ခိုးမှာ ဖုံးအုပ် မနေဝံ့တော့ပဲ အသံတုန်ယင်ယင်နှင့် ပင် “ ကျွန်တော် သူခိုးပါ ” ဟု ပြန်ဖြေလိုက်ရလေ တော့သည် ။



“ နင် သူခိုးလား ”



“ ဟုတ်ပါတယ် ”



“ ဘာလာ လုပ်တာလဲ ”



“ ဘုရား လာ ဖူးတာလေ ”



သူခိုး မှာ သူခိုး ကို ဘာလာ လုပ်သလဲ ဟု မေးခြင်းခံ လိုက်ရသဖြင့် စိတ်ပေါက်ပေါက် နှင့် ဖြေချ လိုက်ရာ စိုးဝင်း က ကြားကနေ ခင်မြသွင် အား ...



“ အို ... ခင်ဗျား က လည်း သူခိုး ကို ဘာ လာ လုပ်သလဲ လို့ သွား မေးရ သေးသလားဗျ ၊ သူခိုး ပဲ ဥစ္စာ ခိုးဖို့ လာတာပေါ့ ”



ခင်မြသွင် သည် သူခိုး ကို သေချာစွာ စိုက်ကြည့် နေလေရာ သူခိုး မှာ တဒိတ်ဒိတ်နှင့် ပြန်လည် မော့ကြည့် နေရှာလေသည် ။



“ ဟာ .. ဟန်ကျတာပဲ မင်း လာတာ အဆင်သင့်တယ်ကွာ ... ”



သူခိုး မပြောနှင့် စိုးဝင်း ပင် ခင်မြသွင် ၏ စကားကြောင့် အံ့အားသင့် သွားလေ၏ ။



“ သူခိုး လာတာ အဆင်သင့်တယ် ဟုတ်လား .... ၊ လက်စသတ်တော့ ခင်ဗျား က သူခိုး ကို စောင့် နေတာကိုး ”



“ မဟုတ်ပါဘူး ... ၊ သူခိုး လာတော့ မင်း ကို စကားပြောနည်း သင်ဖို့ လက်တွေ့သင်ခန်းစာ ရတာပေါ့ကွ ”



ခင်မြသွင် သည် သူခိုး ကို နေရာတကျ ထိုင်ခိုင်း၍ သူခိုး အား ကြားနာသူ ပရိသတ် ( Audience ) အဖြစ်ဖြင့် သဘောထားပြီး လေပေးလေတော့၏ ။



“ ခိုးတယ် ဆိုတာ လောကီအကြောင်း အားဖြင့်ကော ၊ လောကုတ္တရာကြောင်း အားဖြင့်ကော မကောင်းတဲ့ အလုပ်ကွ ။ လောကီ အကြောင်း အားဖြင့် ဆိုရင် ထောင်ကျတယ် ၊ လူမုန်း ခံရတယ် ၊ အိပ်ပျက်တယ် ၊ အမျိုးမျိုးဒုက္ခရောက်တယ် ။ လောကုတ္တရာ ကြောင်း အားဖြင့် ဆိုရ င် ငရဲကြီးတယ် ၊ သံသရာ မှာ ဒုက္ခခံရတယ် ”



စသည် ဖြင့် အစချီ၍ အဒိန္နဒါနကံ အကြောင်း ရှည်လျားစွာ နံနက် ၃ နာရီထိုးသည် အထိ ပြောပြီးသည့် အချိန်တွင် သူခိုး မှာ မျက်တောင်များ စင်း လာလေ၏ ။ စိုးဝင်း ကား ခင်မြသွင် ၏ စကား ပြော ကောင်းပုံကို အားကျကာ မှတ်သား နာယူလျက် ရှိ၏ ။



“ အဲ .. အခု ငါ ပြောထားခဲ့တာတွေ ကို သဘောပေါက်ရဲ့ မဟုတ်လား ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


“ ဟေ့ ... ဒီလို လုပ်ပါလားကွ ၊ “ ကျွန်တော့် သမီး အတွက် အင်္ဂလိပ်စာ နှင့် မြန်မာစာ ပြရန် ဆရာ လိုသည် ” လို့ လျှောက်လွှာ ခေါ်ပါလား ... ။ ဆရာ ဆိုတာ ... စကားပြော ကောင်းတယ်ကွ ၊ ငယ်ငယ်တုန်း က ပြန် စဉ်းစားကြည့်ပါလား ၊ တစ်ခါတစ်လေ ဆရာ စကားပြော နေတာနဲ့ အချိန် ကုန်တာပဲ ၊ စာ သင် လိုက်ရတယ် တောင် မရှိဘူး ။ နောက်ပြီး ဘယ်လောက် စကားပြော ကောင်းသလဲ ၊ ကြည့်စမ်း စာသင်လာတာ က မှ ငိုက်ချင်သေးတယ် ၊ သူ စကား ပြောတော့ ဘယ်ကောင် ငိုက်သလဲ ”



စိုးဝင်း သည် လှကျော် ပြောပြချက် ကို စိတ်ဝင်စားစွာ နားထောင် နေရာ က “ ငါ့ လိပ်စာ ထည့် ရင် အဘိုးကြီး သိမှာ ပဲကွ ” ဟု ပြောလိုက်ရာ လှကျော် က ပေါင် တစ်ချက် ပုတ်ရင်း ..



“ မင်း ဟာ လျှော်တယ် လည်း ဆိုရဲ့ ... ဆပ်ပြာ လည်း တစ်တောင့် ကုန်ရော ဆိုတဲ့ အစား ထဲ က ကိုး ။ သတင်းစာတိုက် မှ တစ်ဆင့် ပေးပါ ဆိုပြီး သတင်းစာတိုက် ကို သာ ကိုယ့် လိပ်စာပေးပေါ့ ”



“ အေး ... ဒီအကြံ ကောင်းတယ် ဟေ့ ၊ ဒါပေမဲ့ ငါ့ သမီး ဆိုလို့ ကောင်းပါ့မလားကွ ၊ ငါ့ မှာ သား မယား မှ မရှိဘဲ ”



“ ဒါ အရေး မကြီးပါဘူးကွာ ဒီကျမှ ကြည့်ပြီး ကိုယ့်ဒုက္ခ ကို ပြောပြတာပေါ့ ။ လခ ပေးရင် လုပ်ပါတယ်ကွ ”



“ ဒါဖြင့် ငါ့သား ဆိုရင်ကော မရဘူးလား ”



“ ဟ .. သမီး ဆို မှ ဆရာ များများ လာမှာ ပေါ့ ၊ သေချာအောင် အသက် ၁၆ နှစ်ခန့် ရှိတဲ့ သမီး လို့ ထည့်ပေးကွာ ၊ လျှောက်လွှာတွေ ပုံ မနေ တော့ ငါ့ ပါးရိုက် ။ နောက်ပြီး သမီး ဆိုတော့ မိန်းကလေးဆရာမတွေ လည်း လာမှာ ပေါ့ ၊ မိန်းမ က ပိုပြီး စကားပြော ကောင်းသေးတယ် ၊ သူစိမ်း တစ်ရံဆံတွေ တောင် ငါးမိနစ် မကြာဘူး မိတ်ဆွေ ဖြစ်အောင် ပြောနိုင်တယ်ကွာ ”



“ ဟာ ... မိန်းမ ဆိုရင် .. ငါလို လူပျို နဲ့ တူတူ နေလို့ ဖြစ်ပါ့မလားကွ ”



“ မဖြစ်နိုင်ရင်လည်း သူ့ ဘာသာ သူ တခြား မှာ ပဲ သိပ် မှ ပေါ့ကွ .... ၊ ဒါ ဘာ ပူစရာ ရှိသလဲ ”



စိုးဝင်း သည် လှကျော် ပြောသမျှကို နက်နက်နဲနဲ တွေးတောဆင်ခြင်ပြီး သဘောကျ လာသော် လည်း ဤ အတောအတွင်း ဝယ် စကားပြော ကောင်းနည်း လေ့ကျင့်ခန်းများ သည် ငွေကုန်ကြေးကျ ဖြစ် လာခဲ့သော် တတ်နိုင်မည် မဟုတ်သဖြင့် စိုးရိမ်မိကာ ... လှကျော် ကို လှည့်ကြည့် လိုက်ရင်း အကူအညီ တောင်း လိုက်လေ၏ ။



“ ဒီ ကြားထဲမှာ သုံးဖို့ ငွေ လိုရင်တော့ ဒုက္ခပဲ ၊ မင်း က ကုန်သည်ကြီး ရဲ့ သားမို့ သူဌေးတွေ နဲ့ သိ မှာ ပဲ ၊ ငွေ ချေးလို့ ရမှာ ပေါ့ ”



“ ဟာ ... သူများ ဆီ က ဘာလုပ်ချေးမှာ လဲကွ ၊ မင်းဖို့ ဆိုရင် ငါ ပေးပါ့ မယ်ကွာ ၊ ငါ့ မှာ ငွေ ၁၀၀ တော့ ရှိတယ် ၊ အဲဒါ ယူထားလိုက်ပေါ့ ”



“ အေး ... ကျေးဇူးပါပဲ သူငယ်ချင်း ၊ ငွေတစ်ထောင် ရတော့ ပြန်ဆပ်ပါ့မယ် ”



“ ပြန် မဆပ်ပါနဲ့ကွာ ၊ မင်း ယူလိုက်ပါတော့ ၊ ငွေ တစ်ထောင် လည်း ရပါစေဦး ။ မင်း ဒုက္ခ ရောက် ရင် ငါ ကူညီရမှာ ပေါ့ကွ ၊ အင်္ဂလိပ်စကားပုံ ရှိတယ် မဟုတ်လားကွ ၊ ပုလင်းအနှစ် အစ္စအေ ပုလင်း အထစ် ဆိုတာလေ ”



“ ကြံကြံဖန်ဖန် ... ဒီ စကားပုံ ငါ မသိရပါလားကွ ”



လှကျော် သည် ရိုးလွန်းသော သူငယ်ချင်း ကို ပခုံး ပုတ်ပြီး ရယ်လိုက်ရင်း ပြန်ရန် မတ်တတ်ထ လိုက်လေ၏ ။



“ ကဲ ... ငါသွားမယ် .. ၊ ငါ မှ တာတွေ တစ်လုံး မကျန် မမေ့နဲ့ နော် ”



စိုးဝင်း သည် လှကျော် ပြောသည့် အတိုင်းပင် သတင်းစာ ထဲ မှ နေ၍ ကြော်ငြာ လိုက်ရာ ... လျှောက်လွှာပေါင်း လောရီတစ်စီးတိုက် ခန့် ရောက် လာလေ၏ ။



ဤအထဲ တွင် လှကျော် ပြောသည့်အတိုင်း မိန်းကလေး လည်း ဖြစ် ၊ ပညာအုပ်လည်း လုပ်ဖူး သော ခင်မြသွင် ၏ လျှောက်လွှာ ကို ရွေးချယ်လိုက်ပြီး လာရန် ရက်ချိန်း ကို ပေး လိုက်လေသည် ။



လာရန် ရက်ချိန်းစေ့သော နေ့ ရောက်သောအခါ လှကျော် ၏ ဒူးနှစ်ဖက် မှာ နတ်ပူး သကဲ့သို့ တုန် နေသည် ကို တွေ့ရလေ၏ ။ သူစိမ်း မိန်းမပျိုကလေး တစ်ယောက် ကို တွေ့ရမည် မှာ သူ့ အတွက် ဝန်လေးလှပါဘိ တောင်း ...



ချိန်းဆို ထားသော ၁၂ နာရီ ဘယ်တော့ ထိုးမလဲ ဟူသော အတွေး နှင့် တဒိတ်ဒိတ် ရင်ခုန်ကာ နာရီ ကို ချည်း မော်မော် ကြည့်နေမိစဉ် ၁၁ နာရီ ထိုးသောအခါ တံခါးခေါက်သံ ပေါ်လာလေ၏ ။



“ ဒေါက် .. ဒေါက် .. ဒေါက် ... “ (တံခါးခေါက်သံ )



“ ဒိန်း ... ဒိန်း ... ဒိန်း ... ဖူး ” ( ရင်ခုန်သံ နှင့် သက်ပြင်းမှုတ်သံ )



စိုးဝင်း သည် တံခါးမကြီးနား အသာကလေး ကပ်ကာ အပေါ်ကလန့် ကို အရင် ဖြုတ်ရမည် လိုလို အောက် ကလန့် ကို အရင် ဖြုတ်ရမည် လိုလို နှ င့် ကုန်းလိုက် ခြေဖျား ထောက်လိုက် ဖြစ်နေလေ ၏ ။



အပြင်မှ တံခါးခေါက်သူ မှာ အိမ်မှား ဝင်လာသူ ဖြစ်ရကား အထဲတွင် ဘာသံမျှ မကြားရသော အခါ အိမ်ရှင်တွေ မကြားသေး ဟု ယူဆပြီး ပထမ အကြိမ် ထက် ပြင်းထန်စွာ ခေါက်လိုက်ရာ အတွင်း မှ စိုးဝင်း မှာ နောက်သို့ ခုန်ပြီး လန့်ဆုတ်မိလေတော့သည် ။



ထို့နောက်မှ တံခါးနား ပြန်ကပ်ကာ ... အပေါ် ကလန့် အောက် ကလန့် ဖြုတ်လိုက်ပြီး လျှင် ဝင် လာမည့် သူ ကို မျက်နှာချင်း မဆိုင်ဝံ့ သလို ကျောခိုင်းနေ လိုက်လေရာ အပြင်မှ လူ မှာ ကလန့် ဖြုတ်သံ ကြားလိုက်ရကား ... တံခါးရွက်သည် စိုးဝင်း ၏ နောက်စေ့ ကို “ ဂွတ် ” ခနဲ ဆောင့်တွန်း လိုက်ရကား ...

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

13 Jan, 06:11


Ko Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Thursday, January 9, 2025
ချမ်းလိုက်တဲ့ ဆောင်းတွင်း ဗျာ
❝ ချမ်းလိုက်တဲ့ ဆောင်းတွင်း ဗျာ ❞

( ကြပ်ကလေး )



“ စိုးဝင်း ... ဘာလုပ် နေသလဲကွ ၊ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ချက်သား ကောင်းလှချည့် ကလား ”



လှကျော် သည် တစ်ယောက်တည်း နေသော သူငယ်ချင်း စိုးဝင်း ၏ အိမ်ပေါက်ဝ ရောက်ရောက်ချင်း အော် နှုတ်ဆက်ကာ တောက်လျှောက် အခန်း ထဲ သို့ ဝင်သွားလေ၏ ။



စိုးဝင်း သည် ခုတင် ပေါ်၌ ထိုင်ရင်း စာရွက်ကလေး တစ်ရွက်ကို ကိုင် ကာ မှိုင်တွေချ နေသည် ကို တွေ့ရ သဖြင့် ...



“ အော်မယ်လေးကွာ ၊ ယောက်ျားပဲ ၊ ဒီလောက် မှိုင်ရသလားကွ ။ အလုပ် က လူ လျှော့လို့ ပြုတ် ရတာပဲ ၊ ကိုယ် ညံ့လို့ ပြုတ်ရတာ မှ မဟုတ်ဘဲ ၊ တခြား မှာ အလုပ် ရှာသေးတာပေါ့ ”



“ မင်း မသိပါဘူးကွာ .... ၊ အလုပ်ကြောင့် စိတ်ပျက် နေရတဲ့ အထဲ ဒီ စာ ရောက်လာလို့ ပိုပြီး စိတ်ရှုပ်ထွေး သွားတာပေါ့ကွ ”



“ ဒီ စာ က ဘာ စာ မို့လို့ လဲ ၊ ရည်းစား ဆီ က ဖြတ်စာ လာရအောင် ဟာ လည်း မင်း မှာ ရည်းစား ရှိတယ်လို့ ငါ မကြားမိပါကလားကွာ ...”



“ ဟေ့ ... လှကျော် ရေ ဖတ်လည်း ကြည့်ပါဦးကွာ ။ ရည်းစားဆီ က မဟုတ်ဘူး ကွ ၊ ဘကြီး ဆီ က ... ဘကြီး ဆီ က ”



လှကျော် လည်း စိုးဝင်း ကမ်းပေး လိုက်သော စာရွက်ကလေး ကို လှမ်းယူ ဖတ်ကြည့် လိုက်လေ ၏ ။



မောင်စိုးဝင်း

ဘကြီး စာ ရေးလိုက်သည် ။ အကြောင်းမှာ မနေ့က သတင်းစာ ထဲ မှ လူငယ်စာဖတ်အသင်း တစ်ခု မှာ မင်း တရားဟောကြောင်း တွေ့ရလို့ ငါ သိပ် ဝမ်းသာမိတယ် ... ၊ မင်းလို ကောင်မျိုး တစ်သက်မှာ လူတော မတိုး တော့ဘူး လို့ ငါ ထင်ထားတာ လွဲသွားပြီပေါ့ ။



မင်း စကားပြော ကောင်းအောင် ဘယ်လို ကျင့်တယ်ဆိုတာကို ငါ စဉ်းစားလို့ မရဘူး ... ။ ဘာပဲ ဖြစ်ဖြစ် နောက် နှစ်ပတ် ကျော်ရင် ငါ လာခဲ့မယ် ၊ မင်း ငါ့ ကို စကား ပြောရမယ် ။ စကားပြော ကောင်း ရိုး မှန်ရင် ... ငွေ တစ်ထောင် ပေးခဲ့မယ်ကွာ ။

မောင်စံထွန်း



စာ ဖတ်၍ ပြီးဆုံး သွားသောအခါ ၊ လှကျော် သည် စိုးဝင်း ကို ကြည်လင်သော မျက်လုံးများ ဖြင့် ကြည့် လိုက်ပြီး ပြော လိုက်လေသည် ။



“ ဟာ ... မင်း တော့ ပွတာပဲ ။ ငွေတစ်ထောင် ရဦးမှာ ပေါ့ ”



စိုးဝင်း ကမူ လှကျော် ကို မျက်မှောင်ကုပ် ကြည့်ရင်း ပြန်ဖြေလိုက်၏ ။



“ အင်း .... မင်း ကတော့ ထင်သပေါ့ ၊ ငါ့ မှာ တော့ သေချင်စော် နံနေပြီ ”



“ နေပါဦးကွ ၊ သေချင်စော် ဆိုတာ ဘယ်လို အနံ့မျိုးလဲ .. ၊ မဆလာနံ့ ခပ်ဆန်ဆန်လား ”



“ နောက် မနေစမ်းပါနဲ့ ကွ ... ၊ ငါ တော့ ဒုက္ခပဲ ”



“ ဟင် .... ငွေတစ်ထောင် ရတာဟာ ဒုက္ခပဲ ဆိုတာ မင်း လက်ထက် မှ ငါ ကြားဖူးတော့တယ် ၊ ဆိုစမ်းပါဦး ... ”



“ မင်း မသိဘူးနော် ”



“ ငါ မသိလို့ မေးနေတာပေါ့ကွ ”



“ ငါ ဘယ်မှာ စကား ကို လေးလုံးကွဲအောင် ပြောတတ်သလဲကွ ”



“ မင်း အခု ပြောနေတာ လေးလုံး မကပါဘူး ... ”



“ ဒါ ပြောတာ မဟုတ်ပါဘူး ၊ ငါ စကားပြော ကောင်းတာ မဟုတ်ဘူး ၊ လူငယ် စာဖတ်အသင်း မှာ ပြောတာ ငါ မဟုတ်ဘူး ကွ ၊ ဟိုဟာက ဦးစိုးဝင်း ဆိုတဲ့ လူတစ်ယောက် ၊ ဒါကို အဘိုးကြီး က ငါ မှတ်ပြီး အထင်ကြီး နေတယ် ၊ အဲဒါ သူ လာတော့ ငါ့ စကား မပြောတတ်မှန်း သိသွားရင် ဒုက္ခ ပဲကွာ ”



လှကျော် လည်း စိုးဝင်း ဘေးနား ခုတင်ပေါ် ဝင် ထိုင်လိုက်ရင် သူ့ အဖို့ ဤ ပြဿနာ မှာ မရှုပ်ထွေး သကဲ့သို့ ပင် အေးစက်စက် အမူအရာနှင့် ...



“ ဒါ ဘာ ခက်သလဲကွာ ၊ မင်း မဟုတ်ဘူး လို့ စာ ပြန်လိုက်ပေါ့ကွ ”



“ ဟ ... ဒီလိုလည်း ဘယ် လုပ်လို့ ဖြစ်မလဲ ၊ ငါ့ မှာ အလုပ်ပြုတ်ပြီး ဘိုင်ကျ နေတယ် မဟုတ် လားကွ ... ။ ဘကြီး သူဌေး က မစမယ့် ငွေတစ်ထောင် ကို ဘယ်မှာ အလွတ် ခံချင်မှာ လဲ ”



“ ဒါဖြင့် မင်း အခု ဘာလုပ်မယ် စိတ်ကူးသလဲ ”



“ စကားပြော သင်ချင်တယ်ကွ ၊ နှစ်ပတ် အတွင်း ကြိုးစားပြီး သင်ရမှာ ပေါ့ ၊ အဲဒါ ဆရာ ရှာပေးစမ်းကွာ ”



လှကျော် မှာ ခေါင်း ကို လက်ဖြင့် ကုတ်မိကာ ...



“ ဆရာတော့ ဘယ်မှာ ရှိမှာ လဲကွ ၊ အနောက်နိုင်ငံက လာတဲ့ Public Speaking ဆိုတဲ့ စာအုပ် တွေ ဘာတွေ ဖတ်ပါလား ” ဟု အကြံပေး လိုက် ရာ စိုးဝင်း သည် ခေါင်းကို ခါပြလိုက်ရင်း ...



“ မရပါဘူးကွာ ... လက်တွေ့ သင်မှ ဖြစ်မှာ ပဲ ”



“ ဒါဖြင့် ဒီလို လုပ်ပါလား ... ၊ သတင်းစာ ထဲ ကနေ ကြော်ငြာပြီး ခေါ် လိုက်ရင် လျှောက်လွှာ တွေ လာမှာ ပေါ့ ၊ အဲဒီမှာ ရွေးယူပေါ့ ”



“ ဟာ ဒါက သာ မဖြစ်သေးတယ် ၊ အဘိုးကြီး က သတင်းစာ ကောင်းကောင်း ဖတ်တယ်ကွ ... ဒီကြော်ငြာ ဆန်းတယ် ဆိုပြီး သတိထား မိမှာ ပေါ့ .. ”



လှကျော် မှာ လည်း မကြံတတ် သဖြင့် ရှေ့ က ထရံကြီး ကိုသာ ငေးစိုက်ကြည့်နေမိလေရာ ငတ်လုလု - ငတ်မူးမူး - ငတ်တျားတျား - ငတ်အံ့ ဆဲဆဲ ဖြစ်နေသော စိုးဝင်း မှာ လည်း ခေါင်းများ ပူလာ သည် အထိ အကြံထုတ် နေလေသည် ။



ထိုခဏ၌ လှကျော် သည် ရုတ်တရက် အကြံ ရလာသလို ဖျတ်ခနဲ စိုးဝင်း ဘက် လှည့်လိုက်ပြီး ...

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

12 Jan, 15:18


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

12 Jan, 15:07


ဒီည ခုနှစ်သောင်းနဲ့တသိန်းကြားစာအုပ်တအုပ်ကိုလိုက်ဖို့ရှိတယ် အဲစာအုပ်ကိုစိတ်ဝင်စားပီးစျေးမကြောက်တဲ့စုဆောင်းသူတွေလည်းလိုက်နေကြတယ်

ကျနော်လည်းကြိုးစားလုရမှာပေါ့လေ

Good nightဗျို့

ခုတင်ထားတဲ့စာအုပ်ပုံကိုကြည့်ပီးဒါလည်းသိမ်းတာပဲလားမေးရင်သိမ်းပါတယ်ဗျ ဘာလို့သိမ်းလဲမေးရင်တော့ခုစာအုပ်ပုံရဲ့အောက်ဆုံးမှာပန်းချီစံတိုးဆိုတာတွေ့ရလိမ့်မယ်ဗျ သူ့လက်ရာလိုက်စုသူဆို မဖတ်လည်းလိုက်စုရတာပါပဲ

အချို့ကျ မျက်နှာဖုံးရဲ့ပန်းချီဆရာလက်ရာတွေလိုက်စုကြတတ်တယ်
အချို့ကျစာရေးသူ ဥပမာဆရာမြသန်းတင့်ဆိုထုတ်ခဲ့သမျှသူ့seriesလိုက်
အချို့ကျ စာအုပ်တိုက်ပေါ့ သူတို့ကြိုက်တဲ့စာအုပ်တိုက်ကထုတ်ခဲ့သမျှအကုန်လိုက်စုကြတာပေါ့

ကိုယ့်ရူးသွပ်မှုနဲ့ကိုယ်စုဆောင်းကြတာပါပဲ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:13


ခမ်းဆောင်နီကတော့ နောက်အနှစ်နှစ်ဆယ်တောင်ထွက်ဖို့မရေရာ....

Good nightဗျို့

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:12


တဆက်တည်းပါရီကျဆုံးခန်းကတော့ထွက်ဖို့ကတော့............

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:11


အိမ်း ဆရာမြပရိသတ်တွေကြိုးစားပီးဝယ်ဖို့ပြင်ဆင်နေကြပီ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:09


#မင်းပုန်းတောင်သိုင်းသမားအကြောင်း
ကောင်းကင်နတ်ဆိုး သုံးဆယ့်ခြောက်မင်းနဲ့ မြေပြင်မိစ္ဆာ
ခုနစ်ဆယ့်နှစ်ကောင်တို့ဟာ လူဝင်စားဖြစ်ကာ-
သူတို့သည် အမှန်တရားတွင် ရပ်တည်သောသူရဲကောင်း
၁၀၈ ယောက် ဖြစ်လာခဲ့ပြီး၊ လူများသည့်တိုင် တစိတ်
တဝမ်းတည်းရှိသော ထိုသူရဲကောင်းများသည် လျှံရှန်း
တောင်ရိုးမှာ တပ်ထောင်တာဗိုလ်ထုဖြင့် အခိုင်အမာပြု၍
မတရားမှုကို ခုခံကြရန် အလို့ငှာ-ညီညွတ်ရေးဇရပ်တွင်
စုဝေး၍ သစ္စာခန်းဆောင်တွင် တိုင်ပင်ကြကုန်၏။

ထို့နောက် ကိုင်းတောထဲတွင် စစ်အင်ကို ခင်းကျင်းကာ၊
မတရား ဖိနှိပ် သွေးစုပ်သူတိုကို ကြောက်ဒူး တုန်လှုပ်စေ
ချောက်ချားစေ၍ အဖိနှိပ်ခံရသော သူတို့အတွက်
မျှော်လင့်ချက်နှင့် လွတ်လပ်ရေးမီးရှုးတန်ဆောင်ကို
ထွန်းပလင်းတောက်စေကုန်၏။
ဤသို့ဖြင့် ရာဇဝင်စာမျက်နှာများတွင် သူတို့၏အမည်
နာမများကို ဂုဏ်ရောင်ပြောင်စွာ ရေးထိုးနိုင်ခဲ့ကြပေ၏။

#ဝတ္ထုကြီးအစနဲ့အဆုံး
အခန်းစဉ်ပေါင်း ၁၀၀ တိတိရှိသည့် ထို ဂန္ထဝင်ဝတ္ထုကြီးကို ဆရာမြသန်းတင့်က ၄၅ ခန်းထိ ဘာသာပြန်ထားခဲ့
ပါတယ်။ အဲဒီ ဘာသာပြန်ပြီးသမျှ အခန်းတွေကို
၂၀၁၆ ခုနှစ်တုန်းက ပထမအကြိမ် ထုတ်ဝေခဲ့ပြီးပါပြီ။

မင်းပုန်းတောင်စာအုပ် ထွက်ပြီးနောက်
ဆရာမြသန်းတင့်ဘာသာပြန်ရန် ကျန်ရစ်နေသေးတဲ့
အခန်းများကို ဆက်ပြီး ဘာသာပြန်ပေးမယ့် ဘာသာ
ပြန်သူကို စာအုပ်တိုက်အနေနဲ့ မျှော်လင့်နေခဲ့ရာမှာ၊
အကြောင်းအကျိုး တိုက်ဆိုင်စွာပဲ ဆရာမြသန်းတင့်
ဘာသာပြန်ပြီး အခန်းစဉ် ၄၅ နောက်မှ ကျန်ရှိနေသော
အခန်းစဉ်ပေါင်း ၅၅ခန်းကိုလည်း ဆရာဉာဏ်သစ်က အပြည့်အစုံ ဘာသာပြန်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆-နှစ်လောက်က ဆရာဉာဏ်သစ် ဘာသာ
ပြန်ပြီးဖြစ်ပေမဲ့ အခြေအနေအမျိုးမျိုးအရ အခုမှသာ
စာအုပ်ဖြစ်လာပြီး၊ မင်းပုန်းတောင်အဆက်ကို ဖတ်ဖို့မျှော်နေကြတဲ့စာဖတ်မိတ်ဆွေတွေရဲ့ အာလျကို
ဖြည့်နိုင်ပါတော့မယ်။

အခုတော့ဖြင့် -
မင်းပုန်းတောင်သိုင်းသမား ဂန္ထဝင်ဝတ္ထုကြီး၏
အရသာကို တင်းပြည့်ကျပ်ပြည့် ဖတ်ရှုနိုင်ကြစေရန်
အလို့ငှါ—

ဆရာမြသန်းတင့်၏ ဘာသာပြန်လက်ရာကို ‘ပထမအုပ်’
ဆရာဉာဏ်သစ်၏ ဘာသာပြန်လက်ရာကို ‘ ဒုတိယအုပ်’
အဖြစ် နှစ်အုပ်ခွဲ၍ တပြိုင်တည်း ထုတ်ဝေပါတော့မယ်။

#စာအုပ်ဆိုင်ရာအချက်အလက်
ဆရာ မြသန်းတင့် / ပထမအုပ် /စာမျက်နှာ ၉၀၀ နီးပါး။
ဆရာဉာဏ်သစ် / ဒုတိယအုပ်/စာမျက်နှာ ၉၀၀ ကျော်။

နှစ်တွဲပေါင်း စာမျက်နှာ ၁၉၀၀ နီးပါး။
စက္ကူဖြူချောဖြင့်-ပုံနှိပ်သည်။

မျက်နှာဖုံးပန်းချီ - မုတ်သုံ၏ လက်ရာကို
ဗဂျီလင်းဝဏ္ဏက ဒီဇိုင်းဖွဲ့စည်းမွမ်းမံမှုအပြင်-

ဗဂျီလင်းဝဏ္ဏ၏ အတွင်းရေခံ သရုပ်ဖော်ပန်းချီ
ဆေးရောင်စုံ လေးပုံကိုလည်း ထည့်သွင်းလျက်-

နှစ်အုပ် နှစ်တွဲကို ဂျပ်ထူဘူးဖြင့် ခန့်ခန့်ထည့်ကာ–

တန်ဖိုး #ကျပ်_ကိုးသောင်း
(တတွဲကို ကျပ် -လေးသောင်းခွဲ)
[စာအုပ်တိုက်member များ ၂၀% လျော့၍-
ကျပ် ၇၂၀၀၀ - ခုနစ်သောင်းနှစ်သောင်းမျှ ]
—ပို့ခကို ဝယ်သူက ကျခံရပါမယ်—

စာအုပ် ရနိုင်မည့် ရက်—
( ထပ်မံ ကြေညာပါမယ် )

#ကြိုတင်အမှာပေးမှစိတ်ချရ
စာအုပ်ကြီးက ထူထဲတာကြောင့် အုပ်ရေကို
အမှာနဲ့ ချိန်ဆရိုက်မှာမို့လို့ #ကြိုတင်အမှာ များ
ကောက်ယူပါမယ်။ စာအုပ်တိုက်သို့ ကိုယ်တိုင်
မှာယူနိုင်သလို နီးရာ စာအုပ်ဆိုင်တွေဆီလည်း
ကြိုမှာလို့ ရပါတယ်။ စာအုပ်ကိုယ်စားလှယ်တွေ
အနေနဲ့လည်း မိမိတို့ အလိုရှိသလောက် အုပ်ရေကို
ကြိုတင်စာရင်း ပေးထားစေချင်ပါတယ်နော်။
အမှာ ကြိုပေးတော့ စိတ်ချရတာပေါ့ ။

#သတိလေးကြိုပေးထားချင်တာ
စာအုပ်ကို ပ/ဒု အတွဲလိုက်သာ စျေးကွက်အတွင်း
ဖြန့်ချိမှာ ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့်
ဆရာဥာဏ်သစ်—ဒုတိယအုပ် တအုပ်တည်းသာ
မှာယူချင်ပါကစာအုပ်တိုက်သို့သာ တိုက်ရိုက် အမှာ
တင်ထားပေးရမှာ ဖြစ်ပါတယ်။

ဆရာမြသန်းတင့်စာအုပ်–ပထမအုပ်ကိုတော့
သီးခြား ခွဲရောင်းပေးလို့ အဆင်ပြေမှာမဟုတ်ကို
နားလည်ပေးကြစေချင်ပါတယ် နော်။ ဖြစ်နိုင်ရင်
၂တွဲ-၁စုံ တွဲဝယ်ပေးရင် အဆင်ပြေဆုံးပါပဲ။

လေးစားချစ်ခင်လျက်-
ဇော်ဂျီဖိုလ်ဝင်တိုက်၊ ရန်ကုန်။
၁၁ ဇန်နဝါရီ ၂၀၂၅၊ စနေနေ့။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:09


လောကကြီးသာ
တရားမျှတမယ်ဆိုရင်
မသေသင့်တဲ့လူတွေ သေခဲ့ကြပြီးပြီ
သေသင့်တဲ့သူတွေ သေတဲ့တနေ့ရှိရမှာပေါ့

အဲလို တနေ့ကျရင်
ကျနော်ဟာ
မျက်ရည်ကျမိပါလိမ့်မယ် ။

#ခက်သီ (အာဏာရှင်ရဲ့ နာရေးမှ)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:07


အိမ်တွင်း ဝင်လာကာ ပုဆိုးဟောင်း ရှာသည်။
"ရှာမနေပါနဲ့ကွယ်၊ မောင် အိမ်နေရင်း ဝတ်တဲ့အထဲက တစ်ထည် ပေးလိုက်ပါ"
"အဲဒါတွေက အကောင်းကြီး ရှိသေးတယ်"
"အကောင်း ပေးလိုက်ပါ၊ မောင် သူ့ကို ဆုချတာ"
"ဆု..."
"မျက်မှောက်မှာ ရှိနေတဲ့ အရာကို ကြည့်ပြီး
ဘယ်လို... လိုလားအောက်မေ့တယ် ဆိုတဲ့ သဘောကို
မစိမ်းယဉ်က ရှင်းပြသွားလို့ အကောင်းပဲပေးလိုက်ပါ၊
သူ့ထဘီလေး... ပုဆိုးကောင်းကောင်း လှလှ ဝတ်ပါစေ"

{ ကလျာမဂ္ဂဇင်း }
[ ဒီဇင်ဘာလ၊ ၁၉၉၂ ခုနှစ် ]

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:07


ဆင်းလာခဲ့တယ်၊ အထာမကျသေးလို့ နှစ်ရက် အရောင်း
မထွက်နိုင်တာ"
"သြော်... ဖြစ်မှ ဖြစ်ရလေ"
"အစစ်ပဲ၊ ဖြစ်မှ ဖြစ်ရလေ၊ ဒီလင်မျိုးကိုမှ ယူမိတယ်"
မစိမ်းယဉ်နဲ့အတူ အသက် ဆယ်နှစ်ကျော်ကျော်
မိန်းကလေးတစ်ဦး ပါလာသည်။
"ဒါလေးက သမီးလေးလား"
"ဟုတ်တယ်၊ အရင်က အငယ်တွေ ထိန်းဖို့ အိမ်မှာ ထားခဲ့ရတယ်၊ အခု အမေက အငယ်တွေကြည့်ပေး
တော့ သူ့ကို ရောင်းတတ် ဝယ်တတ်အောင် ခေါ်လာခဲ့
တယ်"
ကျွန်တော်က စိတ်မကောင်း။
အိမ်ထောင်စုတစ်ခု ပျက်သွားသည် ဆို၍လည်း
စိတ်မကောင်း။ ဆယ်နှစ်ကျော်လေးနှင့် ရောင်းတတ်၊
ဝယ်တတ်ရန် အမေနှင့် တကောက်ကောက် လိုက်နေရ
သော ကလေးမကို ကြည့်၍လည်း စိတ်မကောင်း။
ကျောင်းဆရာဖြစ်ခဲ့သူ ကျွန်တော်က သည်အရွယ်
လေးတွေ ဆိုလျှင် ကျောင်းတက်နေသည်ကိုပဲ မြင်ချင်
သည်။
မတတ်နိုင်ပါ။
မစိမ်းယဉ်လည်း သူ့သမီးကို ကျွန်တော့်လိုပဲ မြင်ချင်
ရှာမည် ထင်သည်။
နောက်ရက်များတွင် မစိမ်းယဉ် လာလျှင် သူ့သမီးအသံ ချိုချိုလေးနှင့် အော်သံကို ကြားသည်။ ထရိန်နင် ထင်သည်။
"ပဲပြုတ် နံပြား..."

( ၅ )
တစ်လခန့်အကြာတွင် မစိမ်းယဉ်၏ သမီးအသံ ချိုချိုလေးကို မကြားရတော့။
ကြားနေကျ မစိမ်းယဉ်၏ အသံကိုသာ ပြန်ကြားရ
သည်။
ကျွန်တော့်ဇနီးက စုံစမ်းသည်။
"ကလေး မပါတော့ပါလား"
"အင်း... အဟင်း... အငယ်တွေပဲ ကြည့်ခိုင်းတော့
တယ်"
"သြော်... ကောင်းတာပေါ့၊ စျေးလျှောက်ရောင်းရတာ ကလေး ညောင်းမှာပေါ့၊ ပြီးတော့ ငယ်ရှာပါသေးတယ်"
"အင်း... ဟုတ်တယ်"
သည်လိုနှင့် သီတင်းကျွတ်နား ကပ်လာသည်။
သီတင်းကျွတ်လျှင်...
အဲ... ပေါင်းဆုံကြသည်။ သီတင်းကျွတ် ဆိုသည်က
ပေါင်းဆုံကြသော လ...။
ကြံကြံဖန်ဖန်...။ ကွဲကွာနေကြသော မစိမ်းယဉ်တို့
လင်မယားအကြောင်းတွေးပြီး မဆီမဆိုင် ကြားထဲက
ကျွန်တော် စိတ်မကောင်းဖြစ်မိသည်။
ဖိုးလှမြင့် (ဝင်းဦး) ဆိုသွားသော နန်းတော်ရှေ့
ဆရာတင်၏ သီချင်းကိုလည်း သတိရသည်။
"ပဒုမ္မာ... ကြာရယ်... ကျုပ်ရည်စားနဲ့ ညားအောင်
စောင့်ဦးကွယ်..."
သီတင်းကျွတ်လပြည့်မတိုင်မီ တစ်ရက်၌ ပဲပြုတ်
ထည့်ပေးအပြီးတွင် မစိမ်းယဉ်က ပြော၏။
"အားတော့ နာတယ်၊ အန်တီ့ကို ပူဆာရဦးမယ်"
"ဘာလဲ မစိမ်းယဉ်"
"သီတင်းကျွတ်ပြီ မဟုတ်လား၊ ပွဲလေး လမ်းလေး
တွေက ရှိသေးတယ်"
"ဒီတော့..."
"ပုဆိုးအဟောင်းတစ်ထည်လောက် ရှိသေးလား၊
ဒီတစ်ခါ အလကား မပေးပါနဲ့၊ ကျွန်မဝယ်ပါရစေ၊
မဟုတ်လည်း မဟောင်းဆိုင်က ဝယ်တာပဲ ဥစ္စာ"
"ပုဆိုး...၊ ဘယ်သူ့ဖို့..."
"အို... အန်တီကလည်း၊ အိမ်ကလူဖို့ပေါ့"
"အိမ်က'လူ..."
"အင်း... အဟင်း... ကျွန်မတို့ ပြန်ပေါင်းနေပြီ"
"သြော်..."
"ဘယ့်နှယ်လုပ်မလဲ အန်တီ၊ ကလေးကလည်း
လေးယောက်တောင်၊ သူကလည်း နောင်တရပြီတဲ့"
"ဒါနဲ့ မစိမ်းယဉ်ကလည်း ခွင့်လွှတ်လိုက်ရောလား"
"ဘယ်နှယ့်လုပ်မလဲ၊ သူ့ကြည့်ရတာ ပိန်းချုံးလို့၊
လူရုပ်ကို မပေါ်တော့ဘူး၊ ပထမတော့... ပက်ခနဲ ပြောချ
လိုက်မလို့ဘဲ၊ နောက်တော့ သူ့မျက်နှာကြည့်ရင်း..."
"သနားသွားတယ်ပေါ့"
"အင်း... အဟင်း..၊ အဲဒါလည်း ပါတယ်၊ ဟို...
သူ့ကျေးဇူးလည်း အောက်မေ့မိတယ်"
"သူ့ကျေးဇူး"
"သြော်... လင်သားပါလား၊ ထဘီပါလား၊ အဲဒီလို
အောက်မေ့မိတာ"
"ထဘီ..."
"တစ်ခုလပ်အစစ် ဖြစ်သွားရင်တော့ မပြောနဲ့၊ လင်နဲ့
ခဏ ကွဲနေတာတောင် အန်တီရေ၊ ယောကျာ်းတွေ
ကြည့်ပုံရှုပုံက တစ်မျိုး၊ ရိသဲ့သဲ့ လာလုပ်သူကလည်း မရှားဘူး၊ အမေပြောတာ မှန်တယ်၊ ကျွန်မအမေက
တရားတွေ ဘာတွေ နာတယ်၊ အမေက ပြောတယ်၊
လင်ဆိုတာ ထဘီပဲတဲ့"
"လင်ဆိုတာ ထဘီ..."
"အန်တီကလည်း ဥပမာ ပြောတာပေါ့၊ အမေတို့ကို
ဘုန်းကြီးက တရားဟောသတဲ့၊ ဘယ်တိုင်းပြည်မှာ ဆို
လည်း မိန်းမတစ်ယောက်ရဲ့ လင်ရယ်၊ သားရယ်၊ မောင်
ရယ်ကို သူခိုးထင်ပြီး ဘုရင့်တပ်မတော်တွေက ဖမ်းသွားသတဲ့၊ အဲဒါ တစ်ခါတည်း မိန်းမက နန်းတော်ကို ပတ်ပြီး
ရှင်ဘုရင် ကြားအောင် အော်သတဲ့...၊ ထဘီ ပေးပါ၊ ထဘီ
ပေးပါ... လို့၊ ထဘီဆိုတာ ကျွန်မတို့ မိန်းမသား
တွေရဲ့ အရှက်ကို ကာကွယ်ထားတာ၊ ဟိုသင်း... ဟီရိ
သြတ္တပ္ပ...၊ လင်တို့၊ သားတို့၊ မောင်တို့ က မိန်းမရဲ့
"ဟီရိသြတ္တပ္ပ"ကို ကာကွယ်ပေးတာတဲ့။ ရှင်ဘုရင်ကြီးက
တစ်ခါတည်း လွှတ်ပေးလိုက်သတဲ့..."
"အား...အား...၊ ဥစ္ဆင်္ဂဇာတ်၊ အန်ကယ် ခဏခဏ
ပြောပြဖူးတယ်"
မြတ်စွာဘုရား...၊ မစိမ်းယဉ်က ကျွန်တော့်
ဇာတ်လိုက်မင်းသမီးပါကလား။ "ချစ်သောဤကမ္ဘာ"
ဝတ္ထုတွင် ကျွန်တော့် ဇာတ်လိုက်မင်းသမီးကလည်း
ဤစကားမျိုး ဆိုခဲ့သည်။
မစိမ်းယဉ် ဆက်ပြောနေသံကို ကြားရသည်။
"နက်ဖြန်က သီတင်းကျွတ် လပြည့်နေ့၊ လူကြီးတွေ
လိုက်ကန်တော့မလို့၊ ဟိုတစ်ခါက ပုဆိုးလေးက သူ့
မရှိတော့ဘူး"
မစိမ်းယဉ်ကို ခြံဝ၌ ထားခဲ့ပြီး ကျွန်တော့်ဇနီး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:06


( ၃ )
ရောင်းသူနှင့် ဝယ်သူသည် ဖောက်သည် ဖြစ်သွားလျှင်
ခင်မင်သွားတတ်သည်။
ကျွန်တော်တို့သည် အခြားပစ္စည်းများကို ဝယ်ကြရာ၌ နေ့တိုင်းတော့ မဝယ်ကြ။ နေ့တိုင်းမှန်မှန် ဝယ်ရသည့်
ပစ္စည်းမျိုးကလည်း ရှားလေသား။
ပဲပြုတ်ကတော့ နေ့တိုင်းဝယ်ရသည်။ သည်တော့
ပဲပြုတ်သည်နှင့် ကျွန်တော်တို့ အလွန် ခင်မင်ရင်းနှီး
တတ်သည်။ အိမ်သားချင်း မဟုတ်ဘဲ တစ်နေ့တာ
အတွက် ပထမဆုံးစကား ပြောမိသည့် အပြင်လူဆိုလျှင်
ပဲပြုတ်သည်သာ ဖြစ်လေသည်။
မစိမ်းယဉ်နှင့် ကျွန်တော်တို့ သည်လိုပင် ခင်မင်သွား
ပြီး သူလာလျှင် စကားပြောကြသည်။
မစိမ်းယဉ်၏ အသက်ကို အပြောရ ခက်သည်။
နှစ်ဆယ်ကျော်၊ သုံးဆယ်တွင်း ဟုသာ ခန့်မှန်းရ၏။
ကိုယ်ထည်က ပိန်ပိန်ပါးပါး။ ပိန်ပိန်ခြောက်ခြောက်
တော့ မဟုတ်။ အရပ်က မနိမ့်မမြင့်။ အသားက နဂိုက
ဖြူ ဟန် ရှိသည်။ ယခုမူ နေလောင်ထားသဖြင့် ညိုဖျော့ဖျော့ ရှိသည်။ မျက်လုံး၊ မျက်ခုံးနှင့် နှာတံကျပုံက မဆိုးလှ။
ဝတ်နိုင်စားနိုင်၊ ဖြီးလိမ်းနိုင်မည်ဆိုက သနားကမား ရှိမည်။
တစ်နေ့တွင် သူ နောက်ကျသည်။
ကျွန်တော့်ဇနီးက ပြောသည်။
"ဒီနေ့ မစိမ်းယဉ် နောက်ကျတယ်၊ ခုနှစ်နာရီတောင်
ထိုးပြီးပြီ"
"မိုးမှောင်ကျနေလို့ စောစော မထွက်ဘူး အန်တီရေ့၊ သဲချောင်းကလည်း ခံနေသေးတယ်၊ ကန်တော့ပါရဲ့၊ ထဘီကို ပေါင်လယ်ကျော်အောင် မ,ကူးရတာ၊ နို့မို့ဖြင့်
ထဘီရေစိုကြီးနဲ့ တစ်မနက်လုံး လျှောက်ရမှာ"
"ခုလည်း မိုးရေကြောင့် ထင်တယ်၊ တစ်ကိုယ်လုံး စိုနေပါရောလား"
"အင်း...ထီးဆောင်းလို့လည်း မဖြစ်ဘူးမဟုတ်လား"
သူက တောင်းပက်လက်ကို ခေါင်းရွက်ရသည်။
တောင်းပေါ်၌ ပလတ်စတစ် အကြည်အပြာရောင်
အုပ်ထားသည်။
"မိုးကာအင်္ကျီလေးဝတ်ပေါ့"
"အမယ်လေး... အန်တီရယ်၊ ထဘီနဲ့ အင်္ကျီတောင်
ဝယ်ဖို့ အနိုင်နိုင်၊ ဒါတွေတောင် အဟောင်းဆိုင်က
ဝယ်ဝတ်ရတာ"
"အဟောင်းဆိုင်က..."
"ဟုတ်တယ်၊ အဲတာနဲ့ ပြောမလို့ဟာ၊ စကား မစပ်မိလို့၊ အန်ကယ်ဝတ်တဲ့ ပုဆိုးအဟောင်းလေး ဘာလေး မရှိဘူးလား"
"ဘာလုပ်ဖို့လဲ"
"အိမ်ကလူအတွက် ပုဆိုး မရှိလို့၊ အဲဒါ... ရှိရင်
ကျွန်မကို ရောင်းပါလို့၊ ပဲပြုတ်ဖိုးနဲ့ နှိမ်ချင်နှိမ်"
"အိမ်က'လူ"
"ကျွန်မယောကျာ်းလေ"
"ယောကျာ်းကကော ဘာလုပ်လဲ"
"ဘာမှ မလုပ်ဘူး"
"ဘာမှ မလုပ်ဘူး..."
"အစကတော့ ပျံကျလုပ်ပါတယ်၊ သူက နေမကောင်းဘူး၊ အသည်းရောင်နေတာလေ၊ သူက အရက် သိပ်
သောက်တယ်"
"ကလေးကော ရှိလား"
"ရှိပေါ့ အန်တီရယ်၊ လေးယောက်တောင်၊ ကျွန်မတို့က လူသူဌေး"
ကျွန်တော်က ကျောင်းဆရာဟောင်း၊ ကျန်တာသာ
မဌေးသည်၊ အဝတ်အစား၊ အထူးသဖြင့် ပုဆိုးပေါသည်။
တပည့်တွေက ပုဆိုးနှင့် ကန်တော့သည်ကိုး"
ကျွန်တော့်ဇနီးက သူ့ကို ပုဆိုးဟောင်း တစ်ထည်
ပေးသည်။ ရောင်းတော့မရောင်း။
မစိမ်းယဉ်၏ မျက်နှာတစ်ခုလုံး ကြည်ရွှင်သွားသည်။
"အမယ်လေး...အလတ်ကြီး ရှိသေးတယ်၊အိမ်ကလူ
လူထဲသူထဲ ဝတ်နိုင်တယ်"
မစိမ်းယဉ် ထွက်သွားသောအခါ ကျွန်တော့်ဇနီးက
မှတ်ချက်ချ၏။
"တော်တော်ဆန်းတဲ့ မိန်းမ"
"ဘာပြုလို့လဲ"
"သူ့အဝတ်အစားတွေလည်း နွမ်းလှပြီ၊ ဒါပေမယ့်
သူ့အတွက် ထဘီဟောင်း မဝယ်ဘူး၊ သူ့ယောကျာ်း
အတွက် ပုဆိုးဟောင်း ဝယ်တယ်"
"အဲဒါ ဆန်းသလား"
"ဆန်းတာပေါ့၊ မိန်းမဆိုတာ လှချင်တာမျိုးချည်းပဲ"
ကျွန်တော်ဇနီး၏ စကားက တိုသော်လည်း အဓိပ္ပါယ်
များသည်။
မိန်းမဆိုသည် လှချင်သည်၊ ဝတ်ချင်သည်၊ သူဌေးကတော်ပဲဖြစ်ဖြစ် ဇာတ်လိုက်မင်းသမီးပဲ ဖြစ်ဖြစ်၊ ပဲပြုတ်
သည်ဖြစ်ဖြစ်။
ယခု မစိမ်းယဉ်က သူ့အတွက် ထဘီအင်္ကျီ မဝယ်၊
ယောကျာ်းအတွက်သာ သတိတရ ပုဆိုးဝယ်သည်။
သြော်... ဝမ်းသာအားရပင် ပြောသွားသေး၏။
သူ့အိမ်က လူ... လူထဲသူထဲ ဝတ်နိုင်လေပြီတဲ့။

( ၄ )
နောက်နှစ်လခန့်အကြာ၌ မစိမ်းယဉ် နှစ်ရက်ခန့် ပေါ်မလာ။
မိုးလည်း မသည်း၊ သဲချောင်းလည်း ရေလျှံပုံ မပေါ်။
သုံးရက်မြောက်နေ့မှ သူပြန်ပေါ်လာသည်။
"အန်တီရေ... ပဲပြုတ်"
သူ အသံပြုနေကျအတိုင်း ခြံဝမှ အော်သည်။
ပန်းကန်စောက်လေး ကိုင်ပြီး ကျွန်တော့်ဇနီး ခြံဝသို့
ထွက်သွား၏။
"မစိမ်းယဉ် ဘယ်ပျောက်နေလဲ၊ နေမကောင်းလို့လား"
"မပြောချင်ဘူး အန်တီရဲ့ ဝရချီးကို လည်သွားတာပဲ"
"ဘာဖြစ်သတုံး"
"အိမ်ကလူနဲ့ စကားများလို့"
"သြော်..."
"ဒီတစ်ခါတော့ ကျွန်မ သည်းမခံနိုင်တော့ဘူး၊
ဘယ့်နှယ်ရှင်...မိန်းမက လုပ်ကျွေးလာတာ ဘယ်နှစ်နှစ်
ရှိပြီလဲ၊ အလုပ် မလုပ်ချင်လည်း နေ၊ ကောင်းကောင်းနေပါလား၊ ဟိုနေ့က သေရည်တွေလေ၊ သူ့ကို သင်္ချိုင်းကုန်းပို့မယ့် အရည်တွေ သောက်လာပြီး ကျွန်မနဲ့ စကားများတယ်၊
ကိုင်း... မိန်းမထက် အရက်ချစ်တဲ့လူ နေရစ်လို့
ထားခဲ့ပြီး ကျွန်မနဲ့ ကလေးတွေ အုတ်ဖိုစုက အမေ့အိမ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 13:06


"ထဘီမို့ ပုဆိုး ဝတ်ပေးပါသည်"

[တက္ကသိုလ်ဘုန်းနိုင်]
( ၁ )
"မသာလည်း တ...၊ သာလည်း တ"
ဤစကားကို မြန်မာတိုင်း သုံးကြသည်။ မြန်မာတိုင်း
လည်း အဓိပ္ပါယ် သိကြသည်။
မူလက သဘာဝမှ လမင်းကြီးကို ဆိုသည်။ တင်စားမှု အဓိပ္ပါယ်အရမူ ချစ်သူကို ရည်ညွှန်းသည်။
ချစ်သူ့မျက်နှာကို လမင်းကြီးနှင့် နှိုင်းသည်။
လကွယ်မှာ လမင်းကြီး မရှိတော့ သူ့ကို လွမ်းပြီး တ,သသည်။ ဤသည်ကို နားလည်ရန် လွယ်သည်။
လဆန်းရက်မှာ လမင်းကြီးက ရှိနေသည်။ သည်ကြားထဲက သူ့ကို တ,သသည်။ အဲသည်အဓိပ္ပါယ်ကတော့ နားလည်ရန် ခက်သည်။
တ,သ သည် ဆိုခြင်းကို "လိုလားအောက်မေ့သည်"၊
"မြွက်ဟ ခေါ်ဝေါ်တောင်းဆိုသည်" ဟု အဘိဓာန်က
အနက်ပေးသည်။
မျက်မှောက်မှာ မရှိသော၊ ဝေးနေသော ချစ်မြတ်နိုးသည့် အရာကို တ,သ လွမ်းဆွတ်သည်မှာ သဘာဝ ကျသည်။
မျက်မှောက်မှာ ရှိနေသော၊ အနီးကပ်ရှိနေသော ချစ်မြတ်နိုးရာကို တ,သ လွမ်းဆွတ်သည် ဆိုခြင်း၌မူ
အဓိပ္ပါယ်က ငုပ်နစ်နေသည်။ ကဗျာရသ သဘောလေးက ကိန်းနေ၏။ သည်သဘောလေးကို နားလည်ဖို့က
"လိုလားအောက်မေ့သည်" ဆိုသော စကား အဓိပ္ပါယ်ကို
နှိုက်နှိုက်နှဲနှဲ တွေးကြည့်တတ်ဖို့လိုသည် ထင်၏။
မစိမ်းယဉ်နှင့် တွေ့မှ သည်သဘောလေးကို
ကျွန်တော်လည်း နှိုက်နှိုက်နှဲနှဲ တွေးကြည့်မိဖြစ်သည်။

( ၂ )
အင်း... မစိမ်းယဉ်ကိုယ်၌က ကျွန်တော့်အတွက်တော့ အဲ... မသာလည်းတ...၊ သာလည်းတရသူတစ်ယောက်။
ကျွန်တော်နေသော အိမ်က စျေးနှင့် ဝေးသည်။
ဝေးသည်မှ တော်တော်လေး ဝေးသည်။
ကျွန်တော့်ရောဂါကလည်း နံနက်စောစော ထလျှင်
ပဲပြုတ်လေး စားလိုက်ရမှ။
ပေါင်မုန့်ကို ထောပတ်နှင့်လည်း စားဖူးပါသည်။
ဘေကွန်တွေ၊ ဟင်မ်တွေ၊ ဆော့ဆိတ်ခ်ျတွေ၊ စခရင်းဘဲလ်ဒ်အဂ်တွေနှင့်လည်း စားဖူးပါသည်။ သို့ရာတွင်
ငယ်ချစ်ကိုတော့ နံနက်စောစောတွင် ဘယ်အစားအစာကမှ မမီ။
ထမင်းနှင့် ကြော်စားစား၊ ထမင်းကြမ်းနှင့် ဆီစိမ်း
လေးဆမ်း နယ်စားစား၊ သူ့ချည်း ဆီစိမ်းဆမ်း ကြက်သွန်နီ
နှင့် သုပ်စားစား ပဲပြုတ်က ကောင်းသည်။
အဟင်း... ကျွန်တော့် ငယ်ချစ်ကလည်း တန်ဖိုး
အမြင့်သား။ တစ်ဆယ်သား လေးကျပ်၊ လေးကျပ်ကြီး။
သူ့ချည်း ဆီစိမ်းဆမ်း၊ ကြက်သွန်နီနှင့် သုပ်ပြီး
လက်ဖက်ရည်ကြမ်းလေးနှင့် စားသည်ကိုတော့ အိမ်ရှင်
မက ခွင့်မပြုတော့ပါ။ ထမင်းကြမ်းနှင့် ကြော်စားခြင်း၊
နယ်စားခြင်းကိုသာ ခွင့်ပြုသည်။ ငါးကျပ်သားနှင့် အလုပ်
ဖြစ်သည်ကိုး။
ပထမက ကျွန်တော်တို့ လမ်းတွင် ပဲပြုတ်ရောင်း
သော ကောင်မလေးက ငယ်ငယ်လေး ဆယ့်လေးနှစ်၊
ဆယ့်ငါးနှစ်မျှသာ ရှိလိမ့်မည်။
သူ့ပဲပြုတ်က မနပ်၊ မာတောက်တောက် နိုင်သည်။
ပဲပြုတ်လုံးလေးတွေက သေးပြီး အနက်ရောင် အလုံးတွေ များသည်။
ကျွန်တော့်ဇနီးက ပဲပြုတ် နပ်နပ်ပြုတ်ရန် အကြံပေး
သော အခါ မချောလေးက ဖြေသည်။
"ကျွန်မက ပဲပြုတ်ရောင်းချင်တာ မဟုတ်ဘူး"
"နို့... ဘာလုပ်ချင်သလဲ"
"စတီရီယို ဆိုလား ဘာလား၊ စတိတ်ရှိုးလေ၊ အဲဒီမှာ
သီချင်းဆိုချင်တာ"
မြတ်စွာဘုရား။ စတီရီယို အဆိုတော်ဖြစ်ချင်နေသော သည်မချောလေး၏ ပဲပြုတ် ဘယ်မှာ လာကောင်းနိုင်
တော့မည်နည်း။
မကြာမီ ကျွန်တော်တို့ လမ်းသို့ မစိမ်းယဉ် ခြေစကြာ
လှည့်လာသည်။
မစိမ်းယဉ်၌ ပဲပြုတ်သာမက နံပြားလည်း ပါသည်။
မစိမ်းယဉ်၏ ပဲက ဝါဝါဝင်းဝင်းနှင့် သန့်သည်။
ကောင်းစွာ ဖောက်ထားသည်မို့ အမြီးရှည်ရှည်လေးတွေ ပါသည်။ ပွပွဖောင်းဖောင်း အိအ်ိညက်ညက်နှင့်နပ်သည်။
ကျွန်တော်က ပဲပြုတ်နှင့် နံပြားကိုလည်း ကြိုက်သည်။ အဲသည်အတွဲကလည်း ငယ်ချစ်အတွဲ။
နံပြားသေးသေးလေး တစ်ချပ်ကလည်း မခေ။
နှစ်ကျပ်ခွဲ။ ငါးကျပ်ဖိုး နှစ်ချပ်စားမှ အလိုက်ကမ်းဆိုး
မသိသော ဗိုက်ကလည်း အာလယ ပြေချင်သည်။
သူ့ကို တစ်သက်လုံး လုပ်ကျွေးလာခဲ့သော ကျေးဇူးကို
ထောက်ရှုပြီး ကျွန်တော့်ကို ချစ်ဇနီးက တစ်ပတ်တစ်ကြိမ်
ပဲပြုတ်နှင့် နံပြား စားခွင့် ပြုသည်။
ဘာပဲဖြစ်ဖြစ် မစိမ်းယဉ်ကို ကျေးဇူးတင်ရသည်။
အရပ်လှည့် စျေးရောင်းသူတိုင်း သူ့ဒေသနှင့်သူ
အော်နည်း ရှိသည်။ မိမိရောင်းသော ပစ္စည်းရှေ့က စကား တစ်ခုခု ထည့်ခြင်း ဖြစ်သည်။
ဒီက...။ ကဲ... ဒီက...။ ဒီအိမ်တွေက၊ ဒီအပိုင်းက...
စသည်။
ကျွန်တော်တို့ ရပ်ကွက်ရှိ စျေးသည်တွေက "ဒီအပိုင်းက" ကို နှစ်သက်သည်။
"ဒီအပိုင်းက မုန့်စလင်းတောင့်ကြော်။ ဒီအပိုင်းက
မုန့်ပေါက်စီ ဘိန်းမုန့်။ ဒီအပိုင်းက ပဲပြုတ်" ဤသို့
အော်တတ်ကြသည်။
မစိမ်းယဉ်ကမူ တစ်မူ ထူးခြားပြီး တိုတိုပြတ်ပြတ်ပင်
အော်သည်။
"ပဲပြုတ် နံပြား..."
သူ့ ထူးခြားသော အော်ပုံကြောင့် ပဲပြုတ်သည်
မမှားနိုင်။
နံနက်လင်းလျှင် "ပဲပြုတ်နံပြား" ဟူသည့်မစိမ်းယဉ်၏
အသံကို ကျွန်တော် နားစွင့်ရသည်။ မစိမ်းယဉ် လာ
သောနေ့မှာ ကျွန်တော်ပျော်သည်။ မစိမ်းယဉ် မလာ
သောနေ့ ကျွန်တော် စိတ်ဆင်းရဲသည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 08:28


#မင်းပုန်းတောင်သိုင်းသမားစာအုပ်အခြေအနေ
ဒီလပိုင်းတွေထဲမှာ‌ စာဖတ်မိတ်ဆွေတွေအနေနဲ့
ဇော်ဂျီဖိုလ်ဝင်တိုက်ကို အများဆုံး မေးလာတဲ့
မေးခွန်းတွေကတော့ “မင်းပုန်းတောင် သိုင်းသမား
ဘယ်တော့ထွက်မှာလဲ”၊ “မထွက်သေးဘူးလား”
“ပရီအော်ဒါ ကောက်ပါတော့ဗျို့” “မျက်နှာဖုံးလေး
မမြင်ရသေးဘူးလား”၊ “ ဒီဇင်ဘာ ထွက်မယ်ဆိုပြီး
အခု ၂၀၂၅ ဇန်နဝါရီထဲရောက်လာပြီနော်”“ မင်းပုန်း
ဝယ်ဖို့ ငွေစုထားတာ သုံးပစ်လိုက်မိတော့မယ်”
အစရှိတဲ့ မေးခွန်းတွေပါပဲ။

ကိုယ့်တိုက်က ထုတ်မယ့် စာအုပ်တအုပ်အပေါ်
အားပေးဖတ်ရှုကြမယ့် မိတ်ဆွေတွေရဲ့ စိတ်ဝင်စားမှု
ရှိနေတဲ့ အဖြစ်ကို စာအုပ်တိုက်အနေနဲ့ ဝမ်းမသာဘဲ
မနေနိုင်ပါဘူး။ စာဖတ်မိတ်ဆွေတွေဆီကနေ ချစ်ခင်စွာ၊
ရင်းနှီးစွာ၊ ယဉ်ကျေးစွာ မက်ဆင်ဂျာက-ကွန့်မန့်ကနေ
တဆင့်၊ ပြီးတော့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မေးလာ
ကြတဲ့ ဒီမေးခွန်းတွေကို ဇော်ဂျီဖိုလ်ဝင်အနေနဲ့ အလွန်မှ
တန်ဖိုးထားပါတယ်။ ‘ထွက်တောမှာပါ’ ‘စီစဉ်နေဆဲ’
စသဖြင့်ဖြေခဲ့ပြီးပါပြီ။ စိတ်ရှည်လက်ရှည် စောင့်ပေး
နေကြတဲ့ စာဖတ်မိတ်ဆွေတွေကို ကျေးဇူး ဘယ်လို
တင်ရမှန်းတောင် မသိတော့ပါဘူး။

စာအုပ်ကြီးက ထူထဲသလို ဇာတ်လမ်းနဲ့ ဇာတ်ကောင်
တွေကလည်း အလွန်များတဲ့အတွက် အနိမ့်ဆုံးသတ်ပုံနဲ့
အမည်ံစာလုံး ရေးထုံးတွေ ရှေးနောက်မလွဲရအောင်
စိစစ်ရတာကလည်း အချိန်တခုကို ဖြတ်သန်းရပါတယ်။
ပြီးတော့လျှပ်စစ်မီးကိစ္စကလည်း သိကြတဲ့အတိုင်းပါပဲ။
အချိန်တွေမလိုအပ်ဘဲ ထပ်ကြာသွားစေပါတယ်။
ဒါပေမဲ့ ထားပါတော့။ဘာကိုမှ ရိုးမယ်မဖွဲ့တော့ပါဘူး။
ဒီရက်ပိုင်းတွေမှာ စာအုပ်ကြီးအပြီးသတ်ပြီး၊ စက်တင်
ပုံနှိပ်နိုင်ပါတော့မယ်။

ဇော်ဂျီဖိုလ်ဝင်ရဲ့ စာဖတ်မိတ်ဆွေတွေ မျှော်ရ—စောင့်ရ
ကျိုးနပ်အောင်တော့ အဘက်ဘက်က ကိုယ်-ဉာဏ်စွမ်း
ရှိသမျှ၊အခြေအနေကပေးသမျှ ကြိုးစားထားပါတယ်။
ဂန္တဝင် ဝတ္ထုကြီး တပုဒ်-
ဆရာမြသန်းတင့်နဲ့ ဆရာဉာဏ်သစ်တို့ရဲ့ ဘာသာပြန်
စာမူကောင်းတခုကို လှလှပပ ခန့်ခန့်ထည်ထည်လေး
ဖြစ်အောင် ဇော်ဂျီဖိုလ်ဝင်ရဲ့ မိတ်ဖက် ပန်းချီသရုပ်ဖော်
ဆရာနှစ်ဦးကလည်း အနုပညာအားဖြင့် အထူးတလည်
ပံ့ပိုး ကူညီပေးထားကြပါတယ်။

အဲဒီစာအုပ်ကြီးကို ဒီနေ့ မကြာမီ အချိန်အတောအတွင်း
#ကြိုတင်အမှာ ကောက်ပါတော့မယ်။ ဇော်ဂျီဖိုလ်ဝင်ရဲ့အသင်းဝင်များရဲ့Group မှာ အရင်ဆုံး တင်ပေးလိုက်ပါ
မယ်။ ပြီးတော့ မိနစ်ပိုင်းလောက် ခြားပြီး အခြား စာဖတ်
မိတ်ဆွေများအတွက် ဇော်ဂျီရဲ့ ဒီ Facebook Page ကနေ
အားလုံးသိအောင် ကြိုတင်အသိပေးပါရစေ။
စာဖတ်မိတ်ဆွေတွေ စာအုပ်ထွက်မလာသေးဘူးလားနဲ့
လည်တဆန့်ဆန့် မျှော်နေသလို၊ ဇော်ဂျီဘက်ကလည်း
စာအုပ်ကြီး ထွက်ချင်နေတာ ထွန့်ထွန့်ကို လူးနေတာပါပဲ။

အခုတော့ Pre Order #ကြိုတင်အမှာ အတွက်
စာအုပ်ကြီးကို ရင်ခုန်ကြရအောင်ပါနော်။

ခင်မင်လေးစား ကျေးဇူးတင်လျှက် ‌
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်၊ ရန်ကုန်မြို့။
၁၁ ဇန်နဝါရီ ၂၀၂၅ ။ စနေနေ့ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 08:25


ဘယ်ဘဝမှ ပျော်စရာမကောင်းဘူး ဆိုတာမျိုးခုတလော ပြောမိတယ်။ ပြောပြီးမှ ကိုယ် သိပ်ဝမ်းနည်းလာလို့၊ ကိုယ် ညညအိပ်မပျော် ဖြစ်လာလို့၊ ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်ထားရတာ သိပ်ပင်ပန်းလားလို့၊ ကိုယ်နေကြည့်တာပဲ။ ကိုယ် နေလို့မရဘူး။ မင်းဆိုရင်ကော အခု ဘယ်လိုနေမလဲ ဒေစီပန်းလေး။ မင်း စိတ်ကူးယဥ်ဖူးတဲ့ အကြောင်းအရာတွေကို တစ်နည်းတဖုံနဲ့ သိခွင့်ရမယ်ဆို ငါလည်း သိချင်ပါတယ်။

_အယ်လ်မွိုင်ရာ
အေဒီ၂၄

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 08:22


အခုတော့ ကြက်မကလေး က မင်း ထက် ငယ်ပေမယ့် မင်း ထက် ဉာဏ် သာသွားပြီ ” ဟု ပြောလေ၏ ။ တစ်ဖက် အိမ် မှ ကြက်မကလေး ကား သူတို့ သားအမိ ကို ကြည့်ကာ “ ဟား...ဟား...ဟား ” ဟုအော်၍ ရယ်မော လိုက်လေ သတည်း ။

⎕ နုယဉ်

📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ ဧပြီ
.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Jan, 08:22


❝ ကြက်မကလေး မိနီ ❞
( ပုံပြင် )

ရှေးသရောအခါ “ မိနီ ” ဆိုသော ကြက်မကလေး တစ်ကောင် ရှိလေ၏ ။ မိနီ သည် အညိုရောင် အိမ်ကလေး ၌ နေလေသည် ။ သူ့ အိမ်ကလေး အနီး၌ မြေခွေးသားအမိ တို့ ရှိလေ၏ ။ တစ်နေ့သ၌ မြေခွေးသားငယ် က သူ့ အမေ အား “ အမေရယ် ၊ ကျွန်တော် ကြက်မကလေး ကို စား ချင်လိုက်တာ ၊ အမေ ဖမ်းပေးပါ ” ဟု ပူဆာလေ၏ ။ မြေခွေးမ လည်း “ မင်း စားချင်တာ ဖြင့် မင်း ဟာ မင်း ဖမ်းပေါ့ကွ ၊ သူ က မင်း ထက် အကောင်အထည် ငယ်တယ် ၊ မင်း ဖမ်းရင် ရမှာပေါ့ ” ဟု ပြန် ပြောလေ၏ ။ မြေခွေးငယ် လည်း ကြက်မကလေး ကို ဖမ်းရန် အကြံ ထုတ် နေလေ၏ ။

နောက်တစ်နေ့ မနက် ခြောက်နာရီ ထိုးသောအခါ မြေခွေးငယ် သည် ကြိုး တစ်ချောင်း ကို ခွေ၍ အိတ်တစ်လုံး ၌ ထည့် ပြီးလျှင် ကြက်မကလေး ၏ အိမ် ဆီသို့ ထွက်လာခဲ့ လေ၏ ။ သူ သည် အိမ် အနီး၌ ထိုင်စောင့် နေလေ၏ ။ ခြောက်နာရီခွဲ သော အခါ၌ ကြက်မကလေး အိပ်ရာ မှ နိုးလာလေ၏ ။ မိနီ သည် အိပ်ရာ မှ ထ ကာ မျက်နှာသစ်ရန် ရေတွင်း ဆီ သို့ ရေခပ် ထွက်သွားလေ၏ ။ ထိုအခိုက် အိမ်နား ၌ တိတ်တိတ် လာ စောင့်နေသော မြေခွေးငယ် သည် မိနီ ၏ အိမ်ညို ကလေး ထဲ သို့ တိတ်တဆိတ် ဝင်၍ ပုန်း နေ လိုက်လေ၏ ။ မကြာခင် မိနီ လည်း ရေပုံး ကို ကိုင် လျက် ပြန်ရောက် လာလေ၏ ။ မိနီ သည် ရေပုံး ကို ချပြီးလျှင် သူ ဝင်လာခဲ့သော တံခါးပေါက် ကို ပြန် ပိတ်ခဲ့လေ၏ ။ မြေခွေးငယ် လည်း တံခါးပိတ် ပြီးသော အခါ ပုန်းနေရာ မှ ထွက်လာလေ၏ ။ မိနီ သည် မြေခွေး ကို မြင်ရသော အခါ ကြောက်လန့် ကာ “ လာကြပါ ၊ ကယ်ကြပါ ၊ မြေခွေး ရောက်နေပါတယ် ” ဟု ကုန်း၍ အော်လေ၏ ။ သို့ရာတွင် မနက် ခြောက်နာရီခွဲ သာ ရှိသေး သဖြင့် တစ်ရွာလုံး အိပ်ရာ မှ မနိုးကြသေးပေ ။ ထို့ကြောင့် သူ့ အော်သံ ကို မည်သူမျှ မကြားနိုင်ပေ ။ မိနီ လည်း ကြောက်အားလန့်အား နှင့် အနီး ရှိ ဗီရို ပေါ် သို့ ပျံတက် လိုက်လေ၏ ။

မြေခွေးငယ် လည်း “ အလို ... ကြက်မကလေး ၊ မင်းကို ငါ ကိုက်စားချင်လို့ လာခဲ့တာ ပဲ ၊ လာ ... လာ ... ဆင်းခဲ့ ” ဟု ခေါ်လေ၏ ။ မိနီ ကလည်း “ နင် ငါ့ ကို မဖမ်းနိုင်ပါဘူး ဟယ် ၊ ငါ က အမြင့်ကြီး ” ဟု ပြန် ပြောရင်း ဗီရို ပေါ်မှာ ပင် ထိုင် နေလေ၏ ။ မြေခွေးငယ် သည် မိနီ ဆင်း မလာမှန်း သိရသော အခါ ဗီရို ရှေ့သို့ လာ၍ ချာချာလည် အောင် လှည့်ပတ် နေလေ၏ ။ ဝိုင်းပတ်ကာ လှည့် နေသော မြေခွေးငယ် ကို ကြည့် နေသော မိနီ သည် ကြာသော အခါ ခေါင်းမူး လာလေ၏ ။ မြေခွေးငယ် လည်း ဝိုင်း၍ လှည့်နေရင်း ဗိရို ပေါ် မှ မိနီ ခေါင်းမူး လာသည် ကို မြင်ရလေ၏ ။ သူ သည် မနားတမ်း လှည့် နေရင်း မကြာခင် ခေါင်းမူး ကာ ဗီရို ပေါ် မှ လိမ့်ကျလာသည် ကို သိရလေ၏ ။ မြေခွေးငယ် သည် ပါလာသော ကြိုး ဖြင့် မိနီ ကို တုပ်ချည် လိုက်ပြီး လျှင် အိတ်ထဲ သို့ ထည့်ကာ အိမ် သို့ ပြန်လာလေ၏ ။ “ ကဲ ... မင်း လွတ်နိုင်သေးရဲ့လား ၊ ကနေ့ မနက်တော့ မင်းအသား ကိုပဲ မနက်စာ ချက်ရတော့မယ် ” ဟု ပြောရင်း သူ့ အမေ ရှိရာသို့ ပြေးသွားလေ၏ ။ အိမ် ထဲ ၌ မြေခွေးမကြီး မရှိပေ ။ မနက်စောစော အစာ ရှာရန် ထွက်သွားပြီ ဖြစ်လေသည် ။ မြေခွေးငယ် လည်း မိနီ ကို ထည့် ထားသော အိတ်ကြီး ကို ချထားခဲ့ပြီး နောက် သူ့ အမေ မြေခွေးမကြီး ဆီသို့ ပြေးလိုက် သွား လေ၏ ။

အိတ် ထဲ ၌ ပါလာသော ကြက်မကလေး မိနီ လည်း မြေခွေးငယ် ပြေးထွက် သွားသည် ကို သိရလေ၏ ။ သူ သည် အင်္ကျီအိတ် ထဲ၌ အမြဲ ဆောင် ထားသော ကတ်ကြေး ကို ထုတ် လိုက်ပြီး လျှင် အိတ်ကြီး ၌ အပေါက် ဖောက်လေ၏ ။ အပေါက်ကြီး ဖြစ်သွားသော အခါ အပြင်ဘက် သို့ ထွက်လေ၏ ။ အပြင်ဘက် ၌ ကျောက်ခဲကြီးကြီး တစ်ခဲ ကို လိုက်၍ ရှာ ပြီးလျှင် အိတ်ထဲ သို့ သူ့ ကိုယ်စား ထည့်ထား လိုက်လေ၏ ။ ထို့နောက် အိပ် အပြင်ဘက် မှ နေ၍ သူ ထွက်လာသော အပေါက် ကို အပ်ချည်နှင့် သီ၍ ချုပ်ထားလေ၏ ။ ချုပ် ပြီးသော အခါ မိနီ သည် စိတ်အေးလက် အေးဖြင့် သူ့ အိမ်ညိုကလေး ဆီ သို့ ပြန်သွားကာ တံခါး ကို အတွင်း မှ ပိတ်ထား လိုက်လေ၏ ။

ခုနစ်နာရီခွဲ သော အခါ မြေခွေးငယ် နှင့် သူ့ အမေ တို့ အိမ် သို့ ပြန်လာသည် ကို မြင်ရလေ၏ ။ မြေခွေးငယ် လည်း ဝမ်းသာအားရဖြင့် “ အမေ ၊ ကျွန်တော် မနက် စောစော ထပြီး ကြက်မကလေး ကို ဖမ်းထားတယ် ၊ အိတ် ထဲမှာ ” ဟု ပြောကာ အိတ်ကြီး ကို ပြလေ၏ ။ မြေခွေးမကြီး လည်း ကြက်သားဟင်း ချက်ရန် မီးဖိုထဲ သို့ ဝင်၍ ရေနွေးအိုး အမြန် တည်လေ၏ ။ ရေနွေးအိုး ဆူ သောအခါ အပြင်ဘက် သို့ ထွက်လာ၍ အိတ် ထဲမှာ ရှိသော ကြက်မကလေး ကို ယူရန် ချည်ထား သော ကြိုး ကို ဖြည် လိုက်လေ၏ ။ ကြိုး ဖြည် ပြီးသော အခါ ရေနွေးအိုး ထဲ သို့ စောင်း ၍ ဖွင့်ချလိုက် လေရာ အထဲ မှာ ထည့်ထားသော ကျောက်တုံးကြီး လိမ့်ကျကာ မြေခွေးမ ၏ မျက်နှာ ကို ရေနွေးပူများ စင်လေ၏ ။ မြေခွေးမ လည်း ရေနွေးပူ လောင် သဖြင့် “ ကြည့်စမ်း ၊ ကြက်မကလေး မှ မဟုတ်ဘဲ ၊ ကျောက်တုံးကြီးပါလား ” ဟု အော်လိုက်လေ၏ ။ မြေခွေးငယ် လည်း ထိုအခါမှ သိရလေ၏ ။ မြေခွေးမကြီး က စိတ်ဆိုးစွာဖြင့် သူ့ သား အား “ မင်း ဟာ တယ် အ တဲ့ အကောင်ပဲ ၊ ကြက်မကလေး ကို ဖမ်းပြီး ဒီလိုပဲ ပစ်ထားခဲ့ရသလား ၊ သူ ဟာ မင်း ထက် အကောင်အထည် ငယ်ပေမယ့် လို့ မင်း ထက် ဉာဏ် ရှိချင် ရှိလိမ့်မယ် ဆိုတာ စဉ်းစားဖို့ ကောင်းပါသေးတယ် ၊ ကဲ ...

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 15:07


https://t.me/+r4Lhc2Xt6gAzMDVl

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 15:00


Good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 13:51


တောတိုင်းမှာလေစန္ဒကူးမရှိ
_______

အိပ်မက်မှာ ဇာတ်သိမ်းခန်း မရှိ
မျှော်လင့်ချက်မှာ သက်တမ်း မရှိ
အနာဂတ်မှာ ကွက်လပ် မရှိ
လွတ်လပ်မှုမှာ နှောင်ကြိုး မရှိ
ငြိမ်းချမ်းရေးမှာ ဒေသစွဲ မရှိ
အမှန်တရားမှာ ပုဂ္ဂိုလ်စွဲ မရှိ

ကိုယ့်မှာ . . .
တဏှာကို သတ်ဖို့ နေနေသာသာ
ဆေးလိပ်တောင် မဖြတ်နိုင်ပါဘူးကွယ်

ငွေစက္ကူတွေမှာ တန်ဖိုး မရှိ
လူသားတွေမှာ တန်ဖိုး မရှိ
ကိလေသာမှာ ထွက်ပေါက် မရှိ ( မဟုတ်သေးဘူး )
သံသရာမှာ ဖြတ်လမ်း မရှိ ( မဟုတ်သေးဘူး )
ဘဝမှာ နောင်တ မရှိ

ကိုယ့်အကုသိုလ်နဲ့ ကိုယ်
ကိုယ် ခံချင်တဲ့ ငရဲ
ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့ပြီပဲ
ဝမ်းနည်းစရာ မရှိ
ကြေကွဲစရာ မရှိ ။ ။

– လှသန်း

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 13:41


ဆူညံဆူညံဖြင့် နွားကျသေနေသည့် သစ်ညိုတွင်းသို့ အေးဆောင်တို့ ရောက်လာကြပြီ။ နွားကို စက်သီးဖြင့် ဆွဲတင်ရာတွင် စက်သီးတန်းကို တွင်းပေါ်၌ ကန့်လန့်တင်မည်လော၊ ကြိုးဆွဲမည့်လူက မည်သို့နေမည်နည်း။ မည်သည့်အရပ်တွင်ရှိမည်နည်း။

စိန်လှမောင်တို့ ဤကိစ္စအတွက် စကားများနေစဉ် အေးဆောင်ပါသော လူအုပ်ကလည်း တစ်မှောင့်။

“ရွာနားမှာ ရေကန်ကြီး နှစ်ကန်ရှိသာကို နွားတိုင်းသိပါသယ်ကွာ၊ သည်နွားကျမှ”

“ဘာလဲ ... နွားကို ဆွဲခေါ်လာပြီး တွန်းချသယ် ပြောချင်လို့ မဟုတ်လား”

ထွန်းထွန်းနိုင်က စတင်မြည်တမ်းသည်တွင် ငပိန်က ဝင်ရောက် မေးခွန်းထုတ်သည်။

“ဟေ့ကောင် တောရမ်းပယ်ဖွဲ့တွေ ပြောမနေနဲ့။ သည်နားတစ်ဝိုက်မှာရှိတဲ့ ပပ်ကြားကွဲတွေ၊ လိုဏ် ခေါင်းတွေ မင်းဝင်ဖူးသလား၊ ငါတော့ မဝင်ဖူးဘူး”

“ငါလည်း မဝင်ဖူးပါဘူး”

“အေး ... အဲသည်ထဲမှာ ငါတို့ကိုယ်လုံးလောက်ရှိသဲ့ စပါးအုံးမြွေတို့၊ စပါးကြီးမြွေတို့ ရှိမနေဘူး ပြောနိုင်လား”

“ဟုတ်သာပေါ့၊ အဲသည့်ကောင်ကြီးတွေက လိုက်ဆွဲလို့ သွေးရူးသွေးတန်းနဲ့ အပြေးမှာ"

“ဟေ့ကောင်တွေ၊ ဟေ့ကောင်တွေ”

အေးဆောင်က နားကြားပြင်းကတ်လာသည့်အတွက် အော်လိုက်ခြင်းဖြစ်၏။

“စပါးကြီးဖြစ်ဖြစ်၊ စပါးအုံးပဲဖြစ်ဖြစ် လိုက်ဆွဲလို့ သေပြေးရှင်ပြေး ပြေးရင်းနဲ့ သစ်ညိုတွင်းထဲကို နွားလိမ့်ကျသွားရင် မြွေကော. . ."

အေးဆောင်က မေးလည်း မေးသည်။ မေးခွန်းလည်းထုတ်လိုက်သည်။

“မြွေလည်း သည်တွင်းထဲ ကျသွားရင်”

ထွန်းထွန်းနိုင်နှင့် ငပိန်တို့ ဗယီးဗယားဖြစ်နေစဉ်

“နွား မြိုင်လိုက်သာကော မဖြစ်နိုင်ဘူးလား”

ဆင့် မေးသည်။ အမေးခံရသူတွေ မဖြေနိုင်မီ ဝကြီးက တွင်းတူးနေရာက ဝင်ဖြေ၏။

“ဟ. . . သင်းထားသဲ့ ခိုင်းနွား ဘယ်လိုလုပ်ပြီး နွားမြိုင်လိုက်မှာတုံး”

သို့ဖြစ်သဖြင့် အေးဆောင်၏ မေးခွန်းမှာ ရွေ့သွားပြန်၏။

“နွားချင်းဝှေ့ရာက ငဝဲရဲ့နွားက နောက်ဆုတ်နောက်ဆုတ် ဆုတ်လာရာက သည်နားအရောက်မှာ လျှောကျသွားရင်ကော”

“အဲသာ အဖြစ်နိုင်ဆုံးပဲဟေ့”

ငပိန်က ထောက်ခံချိန်တွင် ဝမ်းသာအားရ နွားသေကောင်မှာလည်း တွင်းပေါ်သို့ ရောက်လာသည်။ ဦးခေါင်းတွင် ဝှေ့ဖက်နွား၏ ဦးချိုရာပါ တွေ့ပါသည်။

ငဦးတို့မှာ ဤအရာများကို စိတ်ဝင်စားသူများမဟုတ်ကြ။ နွားသေကို ကြိုးအား၊ လူအားဖြင့် နေရာ ကောင်းသို့ ဆွဲယူကြသည်။ လျင်လိုက်ပုံများမှာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် ကာလအတွင်း အရေခွာပြီးသား ဖြစ်သွားလေ၏။

“ကောင်မလေးတွေ ... မဖင့်စေနဲ့"

ငဦး၏ သည်အမှာစကားကို အမဲသားသည်များ နားလည်ကြ၏။

“ဝယ်သူနှင့် ဆွေးဆွေးနွေးနွေး ပြောမနေနှင့်”

ဟု မှာကြားခြင်း ဖြစ်သည်။

အဓိပ္ပာယ်အကျယ်မှာ ...

“နွား သေသည်မှာ ကြာပြီ။ အချိန်ဆွဲနေရင် ပုပ်လိမ့်မည်"

ဟူ၍ ဖြစ်ပေသည်။

သို့တစေ ဝိုင်းဝန်းကြသူများက တစ်တွဲမျှ မယူကြပါ။ သည်ကရမှ နွားအစားဝယ်ရမည်။ ခိုင်းနွားတစ် ကောင် နှစ်သိန်းနှင့်မှ ရပါ့မည်လား။

သို့သော် ငဝဲဇနီး မိထွားကား ပြည်ဝင်ဒန်အိုးကြီး သယ်လာပြီး ဝမ်းတွင်းသားတွေကို သစ်ညိုတွင်းနှင့် မနီးမဝေး၌ ချက်သည်။

“စားကြပါ၊ မြည်းကြည့်ပါအုံး”

ဟူ၍ စေတနာရေစီးကမ်းပြို လိုက်နေသေး၏။

အေးဆောင်သည် အမေ့အတွက် မိုးခိုသားတစ်တွဲ ဝယ်လိုငြား မဝယ်မိ။ ဝယ်လျှင် အလကားပေး လိမ့်မည်။ နွားဖိုး ပြန်မရသော် ငဝဲ ခက်လိမ့်မည်။

“ဟာ . . . ဒုက်ခပဲ”

အမေ့အကြောင်း စဉ်းစားမိတော့မှ မြသွယ်အကြောင်းသည် ဘွားခနဲပေါ်လာ၏။

“ကိုအေးဆောင်. . . တောတက်မလို့ဆို”

သည်နှယ်မေးသူမှာ ချစ်သောမြသွယ်ဖြစ်၍

“ဟုတ်သယ်လေ။ ဘာမှာချင်လို့တုံး”

ဟု မေးခဲ့သည်။

“ဘာမှ မမှာချင်ပါဘူး။ လွန်ဆန် နည်းနည်းပါးပါးပါ"

တောသည် အေးဆောင်တို့ ကလေးဘဝမှာပင် လှမ်းကြည့်၍ မြင်ရသေးသည်။ ယခု အေးဆောင် သုံးဆယ်ပိုင်းအရောက်တွင်ကား တောသည် လူတွေကိုကြောက်ရွံ့ပြီး ထွက်ပြေးခဲ့ရာ တစ်ညအိပ်ခရီးသို့ ရောက်နေပေပြီ။

တောဟုဆိုသောကြောင့် စိမ့်ကြီး မြိုင်ကြီးကား မဟုတ်ချေ။ ဟိုနားတစ်ပင် သည်နားတစ်ပင် ပေါက်နေသော သနပ်ခါး၊ သန်း၊ ဒဟတ်၊ လွန်၊ ရှား စသည်များ ရှိနေသော တောအခြောက်ဖြစ်သည်။

သည်တောသို့ သန်းပင်နှင့် ဒဟတ်ပင်များ စောင်ရန်းတွင် အသုံးပြုစရာအဖြစ် ခုတ်ယူရန် သွားမည်။ သို့သော် တစ်ယောက်တည်းမဟုတ်။ လေးငါးခြောက်စီး ဖြစ်သည်။

တစ်ဦးတွင် အခက်အခဲ ဖြစ်ပေါ်ပါက ဝိုင်းဝန်းကူညီကြရန်ဖြစ်သည်။ ငဝဲ၏ နွားကိစ္စ ပေါ် လာသဖြင့် မသွားဖြစ်ကြ။

ထိုအခါ အေးဆောင်လည်း သွားရန်ဝေးစွ၊ သတိသော်မျှ မရချေ။

ဖျက်လိုက်သော အမဲသား များကို ရှေ့လူက ၉၅ ကျပ်သား ပုံတွေ ပုံသွားသည်။ သူ့နောက်မှ နှီးစည်းတစ်စည်းဖြင့် လိုက်လံတွဲသည်။ အမဲသားသည်များက ဆယ်တွဲ၊ ဆယ့်ငါးတွဲ စာရင်းပေးကာ ထွက်သွားကြပြီ။

အေးဆောင်တို့မှာ သည်အခါကျမှ ဟင်းချနိုင်သည်။ မြသွယ်မှာလည်း ထိုအခါကျမှ ဘွားခနဲပေါ် လာ၏။ သို့ကြောင့် အေးဆောင် တုံ့နှေးစွာထ၏။ မြသွယ်တို့မှာ ရွာ့အနောက်ပိုင်းမှဖြစ်ရာ ငဝဲ၏ နွားကိစ္စ မသိခဲ့သော် အာပေါက်သည်ကို ထား၊ လုပ်ကြံသည် အထင်မခံရလျှင် တော်လှ။

ငွေအိုးမူ အားကိုးရလောက်၏။ ကိုးကုန်းကိုးကျင်းလျှောက်သွားနေသော သည်ကောင်လေးမှတစ်ဆင့် သူ့အစ်မမြသွယ် သိထားလျှင် တော်ပေလိမ့်မည်။ သို့မဟုတ်ပါက ...

အေးဆောင် စိတ်တထင့်ထင့်ဖြင့် ရွာထဲသို့ ဝင်ခဲ့၏။ အမဲသားဟင်းနံ့က ဆီးကြိုနေ၏။

“ရော်. . . ဘယ်ကများပါလိမ့်”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 13:41


အေးဆောင်၏ ခြေလှမ်းတိုင်းသည် အိမ်ဘက်သို့ နီးကပ်လာသည်။ အိမ်ဘက်သို့နီးလေလေ အမဲသား ဟင်းနံ့က ပီပြင်ထင်ရှားလေလေ ဖြစ်သည်။

ဝင်းတံခါးကိုဖွင့်ရန် လက်အရွယ်တွင် တံခါးပွင့်လာသည်။

အေးဆောင် မမျှော်လင့်သောမျက်နှာသည် ဝင်းခနဲလက်လာသည်။

မြသွယ်. . . ။

အေးဆောင် စိတ်အေးသွားသည်။

အကျိုးအကြောင်းရှင်းပြ ရန်မလိုတော့ပြီ။ ။

ငွေတာရီမဂ္ဂဇင်း၊ ၂၀၁၆

- ပြီး -

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် - မုဆိုး တံငါ စာပေများ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 13:41


သစ်ညိုကုန်းမှ အပြန်
______ ဆင်ဖြူကျွန်းအောင်သိန်း

ထနောင်းနှစ်ခွရွာနှင့် ဧရာဝတီမြစ်မှာ မြင်ရုံသာမြင်ရ၊ မကြင်ရမောင့်ကိုယ် ဖြစ်နေကြလေ၏။

ရွာတံခါးမှထွက်ပြီး အနောက်အရပ်သို့ မျှော်ကြည့်လိုက်လျှင် ဧရာဝတီမြစ်သည် ပြေးမလွတ်။ တစ်နံ တစ်လျား ပြန့်ပြူးရှည်လျားသည့် ဧရာဝတီမြစ်သည် ပြေးမလွတ်။ ပြေး၍သွားကာ ကူးဟယ်ခပ်ဟယ် လုပ်ချင်စရာကောင်း၏။

သို့သော် ယောင်၍များ မသွားလေနှင့်။ အရုဏ်တက်မှထသွားသော ရေစည်လှည်းသည် ဧရာဝတီ မြစ်သို့ ဆွမ်းခံဝင်ချိန်ကျမှ ရောက်သည်။ မြစ်ထဲသို့ဆင်းရန် လှည်းလမ်း ရှိကောင်းမှ ရှိပါလိမ့်မည်။ ရှိ၍ ဆင်းသွားငြား ရေပြင်နှင့်တွေ့ရန် သောင်ပြင်ကို ဖြတ်ရဦးမည်။

လှိုင်းကြက်ခွပ်ကလေးတွေနှင့် ချစ်စရာကောင်းသော ဧရာဝတီမြစ်ရေသည် အေးမြ၏။ ကြည်ပြီး စိမ်းနေ၏။ သောက်ချင် ချိုးချင်စိတ်ကို ချိုးနှိမ်ပြီး အပြေးအလွှား ရေတင်ခဲ့အုံး။ ထနောင်းနှစ်ခွရွာသို့ မွန်းတိမ်းမှ ပြန်ရောက်မည်။

လူရောနွားပါ ဖတ်ဖတ်ဆာပြီး ပြန်လာရခြင်းမှာ အတက်ခရီးဖြစ်သောကြောင့်တည်း။

သို့ဖြစ်၍ ဧရာဝတီမြစ်နှင့် ထနောင်းနှစ်ခွရွာမှာ မြင်ရုံသာမြင်၊ မကြင်ရ မောင့်ကိုယ်ဟု ဆိုခဲ့ခြင်းဖြစ်ပေသည်။

ထိုအခါ ဧရာဝတီမြစ်ထက် ပို၍နီးသော သစ်ညိုကုန်းသို့ ပြေးကြရသည်။ သစ်ညိုကုန်းကလည်း ကျောက်နံရံကြားရှိ စမ်းတွင်းကလေးသာ ဖြစ်သည်။

ရေကောင်းငြား ကျောက်ကြားသို့ လေးငါးတောင် ဆင်းရသည်။

သို့ဖြစ်သောကြောင့် ထနောင်းနှစ်ခွရွာသားများ ငွေစုကြသည်။ ထိုငွေဖြင့် စက်ရေတွင်းတူးကြသည်။ သစ်ညိုတွင်းမှ ရေကို မမီပေ။ သစ်ညိုတွင်းမှ ရေသည် ချို၏။ စက်ရေတွင်းမှ ရေသည် မချို။

စက်ရေတွင်းမှ ရေသည် ငန်သလော၊ မငန်ပါ။ သို့ဖြစ်သဖြင့် အချိန်မဖြုန်းနိုင်သူများမှာ သည်ရေကိုသာ အားကိုးကြရသည်။ အချိန်ဖြုန်းနိုင်သူ၊ ဇီဇာကြောင်သူများကား သစ်ညိုကုန်းသို့ ပြေးကြသည်။

သစ်ညိုကုန်းမှရေသည် ယခင်က မလွယ်သည့်နည်းတူ ယခုလည်း ခက်ခဲစွာ ခပ်ရပါသည်။ သစ်ညိုရေကို လိုလျှင် ကျောက်တုံးနှစ်တုံးကြားသို့ အဖုအထစ်တွေနင်းပြီး ဆင်းရသည်။ ရေမဆုတ်မီရက်များတွင် သည်မျှဖြင့်ပြီးငြား ရေဆုတ်သွားလျှင် အောက်သို့ထပ်ဆင်းရသည်။

တပေါင်း၊ တန်ခူးဆိုလျှင်ကား ပြောဖွယ်မရှိပြီ။ ကျောက်တုံးများကို ကားပြီး ကန်ရသည်။ သို့ဖြစ်သည့်အတွက် ယောက်ျားလေးတွေက မိန်းကလေးတွေအတွက် ခပ်ပေးကြသည်။

ယခု ထိုရေတွင်းထဲသို့ နွားတစ်ကောင် လိမ့်ကျပြီးသေနေပြီ။

“မရှိရတဲ့အထဲမှာ နွားတစ်ဖက်က သေရသတဲ့”

နွားရှင် ငဝဲအတွက် စိတ်မကောင်းသူများက မြည်တမ်းကြသည်။

“တောင်ကန်နဲ့ မြောက်ကန်ကို နွားတွေလာလာသောက်ကြတာပါ။ သည်နွားကျမှ မှ ရှည်ပြီး”

တောင်ကန်နှင့် မြောက်ကန် ဆိုသည်မှာ ရွာ၏တောင်ဘက်တွင်ရှိသော ရေကန်များဖြစ်သည်။ မြောက်ကန်က ရွာနှင့်နီး၍ တောင်ကန်က ရွာနှင့်ဝေးသည်။ ရေဝင် များသည်။ ပိုမိုကြီးမားသည်။

ထို နှစ်က နှစ်ကန်တွင် ရေရှိနေသေးသဖြင့် ရွာလူကြီးများက စက်ရေတွင်းကို ပိတ်ထားကြသည်။

အေးဆောင်မှာ ယာထဲသို့သွားရန် အိမ်မှထွက်လာပြီးမှ ပြန်ဝင်ရသည်။

“ငဝဲရဲ့နွားတဲ့ အမေရေ့”

ဒေါ်သော့က ဆီးမေးသဖြင့် ဖြေကာ ရွာထဲသို့ထွက်လာ၏။ အရေးဟဲ့ဆိုရင် သည်လူတွေပဲ တွေ့ရသည်။ ထွန်းစိန်၊ ငပိန်၊ ထွန်းနိုင်၊ စိန်လှမောင်၊ ကျော်လွန်း၊ ဝကြီး၊ တုတ်ပေါ၊ ငအီး စသည်. . . ။

“လုပ်ကြပါဟ၊ မပုပ်ခင် ဖျက်ရောင်းနိုင်မှ နွားဖိုးရမှာ”

ငဝဲ၏နွား၊ ငဝဲ၏ကိစ္စကား မှန်၏။ ပူပန်ကြောင့်ကြရသူမှာ တစ်ရွာလုံးဖြစ်သည်။

ယခုလည်း ကြည့်။ နွားရှင်ငဝဲ ဘယ်မှာနည်း။ အသံကား ဦးရွှေခဲ၏အသံချည်း ဖြစ်သည်။

“စိန်လှမောင်၊ မင်း ဝါးလုံးတွေက ဘာလုပ်ဖို့တုံး”

“စက်သီးဆင်မယ်ဗျာ၊ သည်လူအားနဲ့ဆို စက်သီးနဲ့မှရမယ်ဗျာ။ စက်သီးမပါလို့ကတော့ သေဖို့ပြင် ပေတော့”

စက်သီးဆင်လျှင် ကြာကောင်း ကြာမည်။ ကျောက်ကြား၌ ကျွမ်းထိုးမှောက်ခုံ ကျသေနေသော နွား တစ်ကောင် လှုပ်ရန် ရွေ့ရန်မှာ ခြောက်ယောက်အားဖြင့် လျှာထွက်အောင် ဆွဲရမည်။ စက်သီးဖြင့်ဆိုလျှင် အသာကလေး။

"ဟ ... ဟ ... ငဦး သွားခေါ် ပါအုံးဟ”

ငဦးကား လူကောင်းမဟုတ်ပေ။ နွားသူခိုးအဖြစ် အများက မြင်ထားသည်။ သို့ရာတွင် ထိုနွားခိုးကို ပြေးလွှားပူးကပ်ထားပါက အမဲသားလည်ရောင်းသည့် မိန်းမတွေ ပါလာမည်။ ငဦးလက်ကလည်း နှစ်ခါလှီးပြီးတွဲလျှင် ကိုးဆယ့်ငါးကျပ်သား တိခနဲ။

သို့ဖြစ်၍ မကောင်းသူကိုလည်း မကောင်းသူအလျောက် သူ့နေရာနှင့်သူ သုံးကြရသည်။

ငဦးကို ပိုင်သူကား ငပျော့တည်း။ အရက်သမား၊ ရွာ့မင်းသား။ ဘာတစ်ခုမျှ စွဲစွဲမြဲမြဲ မလုပ်။ ထို့အတွက် မည်သူကမျှ အကောင်းမထင်။ အလကားကောင်၊ ဆန်ကုန်မြေလေး။

ထိုဆန်ကုန်မြေလေးသည် ရပ်ပေါ်ရွာပေါ်၌ သူ့အစွမ်းအစကို ပြခွင့်ရသဖြင့် ဖင်ပေါ့နေသည်။ သေသည့်နွားက ကုန်းပေါ် မရောက်သေး၊ ဖျက်ပြီး လျှော်တွဲမည့်သူနှင့် အမဲသားသည်များက ရောက်နေကြပြီ။

ငဦးဆိုလျှင် တန်းခနဲပါလာသော အမဲသားသည် များမှာ ပစ်စလက်ခတ်တွေမဟုတ်။ မွန်မွန်ရည်ရည် ကလေးတွေဖြစ်သည်။ ရွာထဲတွင် မည်သည့်အိမ်သည် အမဲသားစားသည်၊ မည်သည့်အိမ်သည် ပြောရေးဆိုရေး အဆင်မပြေ စသည်များကိုပါ ချက်ခနဲ ဒက်ခနဲ သိထားသည်။ သွက်လက်ဖျတ်လတ်သည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 11:17


“ ဦးလေး အမေ ပါ တစ်ပါတည်း လိုက်လို့ မရသေးဘူးလား ”

“ နောက်တော့ ခေါ်မှာပေါ့ ။ နင့် ကို နင့် အဖေ က ဟိုမှာ ကျောင်းထား ပေးမှာ ။ ပြီးတော့ အလုပ် ရှာ ပေးမှာ ။ အဲဒီ အခါကျ နင့် အမေ ကို ခေါ်လိုက်ပေါ့ ။ ဦးလေး က သမီး အဖေ ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ ။ အမေရိကန် ဝါရှင်တန်ဒီစီ ကပါ ။ သူ လည်း ကိုယ်တိုင် လာပြီး နင့် အမေ နဲ့ တွေ့ဦးမယ်လို့ ပြောတယ် ”

ဟို ဦးလေး က ရန်ကုန် မှာ သုံးလ လောက် ကြာဦးမည် ဆိုသည် ။ အဖေ နှင့် အမေရိကန် မှာ အလုပ် အတူတူ လုပ်တယ်လို့ ဆိုသည် ။

“ အဖေ မတရားဘူး ၊ အမေ နဲ့ သမီးကို ကိုယ် တိုင် လာခေါ်ဖို့ ကောင်းတယ် ။ ဖေဖေ က လာပြီး မေမေ နဲ့ တွေ့ဦးမယ်တဲ့ ။ ခုတော့ ဟိုမှာ အိမ်ထောင် ကျနေရင် မယားကြီး က မယားငယ် လို ဖြစ်နေပြီ ပေါ့ ။ မမိုက်ဘူး ”

ဒေါ်ပိုးမြ ငြိမ် မနေနိုင်တော့ ။

“ သမီး ကိုယ့် အဖေ ကို ဒီလို မပြောရဘူး ။ သံယောဇဉ် ရှိလို့ တာဝန် သိလို့ အခေါ် ခိုင်းလိုက်တာပေါ့ ။ ပေးလိုက်တဲ့ ငွေ တွေလည်း နည်းတာ မဟုတ်ဘူး ”

သည်လိုနှင့် မေကလျာ အမေရိကန် ကို သွားရတော့မည် ။

လေယာဉ်ပေါ် တက်သည့် နေ့က ဒေါ်ပိုးမြ မျက်ရည် အကျဆုံး နေ့ တစ်နေ့ ။

“ သမီး ဟို ရောက်တာ နဲ့ အမေ့ ကို ခေါ်ဖို့ စီစဉ်မယ် ။ အမေ မငိုပါနဲ့နော် ”

သူ့ ဘဝ မှာ အနှစ် နှစ်ဆယ် တိုင်တိုင် အဖော် ကောင်း ဖြစ်ခဲ့သော သမီး မရှိတော့ ။ ဇာတ်မျောတုန်း က မျောနိုင်လွန်းခဲ့ ။ မြန်ပြန်တော့ လည်း ဇာတ်လမ်း တွေက လိုက် မမီအောင် စူးရှ ခါးသီးလွန်းသည် ။ အကောင်းမြင်ဝါဒ ဖြင့် ကြည့်တော့လည်း ဒီလိုပဲ ဖြစ်ရမှာပေါ့ ဟု ဒေါ်ပိုးမြ ကျိတ် ဖြေပစ်ရသည် ။ သူ ကိုယ် တိုင် ကမ္ဘာ့ အချမ်းသာဆုံး ၊ အတိုးတက်ဆုံး ၊ အလှပ ဆုံး ဝါရှင်တန်ဒီစီ ကို ရောက်ချင် ရောက်ဦးမည် မဟုတ်လား ။ ရက်နှစ်ဆယ် လောက် ကြာသောအခါ မေကလျာ ထံ မှ သူ့ မေမေ ထံ စာ တစ်စောင် ရောက် လာသည် ။ စာမျက်နှာ ၉ မျက်နှာ ပါရှိသည် ။ ဇာတ်ဝင်ခန်း ပါသော အပိုဒ် ကို သာ ဖော်ပြ လိုက်ပါသည် ။

“ အမေ အဖေ ဒီမှာ အိမ်ထောင် ကျ နေပြီ ။ မောင်လေး က သမီး ထက် ၂ နှစ် ငယ်တယ် ။ သူ နဲ့ သမီး ကျောင်း အတူ တက်ရတယ် ။ ညီမလေး က တော့ ၄ နှစ် ငယ်တယ် ။ သူ့ မိန်းမ ဟာ သိပ် သဝန်ကြောင် တယ် ။ ဒါကြောင့် အမေ အမေရိကန် ကို ဘယ်တော့ မှ လာလို့ မဖြစ်တော့ဘူး ။ သမီး အလုပ် ရရင် ပိုက်ဆံ တွေ ရမယ် ။ ပိုက်ဆံတွေ အများကြီး ရရင် ပြန်လာခဲ့ မယ် ။ သမီး နဲ့ အမေ တစ်ခုခု လုပ်ကိုင် စားသောက်ကြ တာပေါ့ ။ အမေ့ ကို သမီး နေ့တိုင်း သတိရတယ် ။ အမေ လည်း သမီး ကို သတိရ မျက်ရည် ကျနေမယ် ဆိုတာ သမီး ယုံပါတယ် ။ အမေရိကန် ဝါရှင်တန်ဒီစီ ဆိုတာ အရမ်း ခမ်းနားထည်ဝါ ပေမယ့် အမေ နဲ့ မတွေ့ ရတဲ့ အရပ် မှာ သမီး အတွက် တစ်ခုခု လိုနေ သလိုပါ ပဲ ။ အမေ့ မေတ္တာ မရှိတဲ့ အရပ် ဟာ သမီး အတွက် တော့ ဇနပုဒ် ပါပဲ အမေ ။ အဖေ ရှိတဲ့ ဝါရှင်တန်ဒီစီ ကို အမေ ရှိတဲ့ ရန်ကုန် လောက် မချစ်ဘူး ။ အဲဒါ မေမေ ယုံနော် ”

⎕ မောင်ညိုပြာ

📖 ပေဖူးလွှာ မဂ္ဂဇင်း
ဇန်နဝါရီလ ၊ ၂၀၁၁

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 11:17


“ ဟုတ်တယ် ။ သူ့ အဖေနဲ့ သူ့ အမေ အိမ်ထောင် ကျပြီး သိပ် မကြာဘူး ။ သူ့ အဖေ အမေရိကန် ကို သွားရတယ် ။ လူပျိုဘဝ ကတည်း က လျှောက်ထားတဲ့ အလုပ် တစ်ခု အတွက် အဲဒီအချိန် ကျမှ ဟိုက ခေါ်တာလေ ။ သူ့ အဖေ က သူ့ အမေ ကို ခေါ်တယ် ။ ဟိုတုန်းက ခေါ်တာကို ပြောတာ ”

“ သူ့ အမေ မလိုက်ဘူးလား ”

“ ဟုတ်တယ် ။ သူ့ အမေ က သူ့ မိဘ နဲ့ မခွဲနိုင်ဘူး ဆိုပြီး လိုက် မသွားဘူး ”

“ ဟိုလူကြီး က ပြန်ကို မလာတော့တာလား ။ စာလေး ဘာလေးရော မထည့်ဘူးလား ”

“ စောစောပိုင်း ကတော့ တစ်စောင် နှစ်စောင် ထည့်သေးတယ် ။ နောက်ပိုင်း ကျတော့ အဆက်အ သွယ် ကို မလုပ်တော့တာ ။ သူ ပေးထားတဲ့ လိပ်စာ နဲ့ စာ ထည့်တော့ လည်း စာ မပြန်ဘူး ။ တခြား မြို့ကို ပြောင်းသွားပြီ လို့လည်း ကြားတယ် ။ သူ့ မိန်းမ မှာ ကိုယ်ဝန် ရှိနေပြီ ဆိုတာ အဲဒီ လူကြီး သိမသွားဘူး ”

မေကလျာ အကြောင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည် ။ သို့သော် စွဲမက်စရာ ထိုဇာတ် လမ်းမျိုး က လူတွေ ၏ ရှေ့နောက် မစဉ်းစားတတ် သော ၊ အကြင်နာ ကင်းမဲ့သော ၊ သီးခြားဆန်သည့် စရိုက်များ ကြောင့် ကမ္ဘာတစ်ဝန်း မှာ ငိုသံများ လွှမ်း နေခြင်းပဲ ဖြစ်သည် ။

သန်းပေါင်း များစွာသော လူတွေ ထဲမှာ ထို စရိုက်မျိုး သည် သန်း နှင့် ချီပြီး တည်ရှိတတ်ပြီး ဇာတ် လမ်းတွေ က သန်းနှင့် ချီပြီး တူ နေတတ်သည် ။ အခြေခံ ကျောရိုး တူနေတတ်သော်လည်း ဖြေရှင်းပုံ ဖြေရှင်းနည်း ၊ မြင်ပုံ မြင်နည်း ဒုတိယမျိုးဆက် ဇာတ်ကောင်များ ၊ ဥပဓိရုပ်များ ၊ သူတို့ ၏ စိတ်နေစိတ်ထား ၊ သူတို့ အကြောင်း ကို တာဝန်ယူ ပြောပြနေသူ၏ တာဝန် ကျေမှု ၊ တင်ပြပုံ အတတ်ပညာ စသည်တို့မှာ ကွဲပြား ခြားနားစွာ သရုပ်ဖော် နေကြသည် ။ ထို့ကြောင့် သူ ငယ်ချင်း စာရေးဆရာ တစ်ယောက် ပြောပြသော “ ဝတ္ထု တစ်ပုဒ် ရေးတော့မယ် ဆိုရင် အခက်အခဲ က တော့ မတူအောင် မထပ်အောင် ၊ ခိုးချတယ် လို့ အပြော မခံရအောင် ” ဆိုသော အဆိုအမိန့် မှာ မိမိ အတွက် ဘာမှ အသုံးမဝင် ၊ ပေါ့ဆသော လူ တစ်ယောက် ကြောင့် ဖြစ်ပေါ်ခဲ့ရသော မေကလျာ ၏ သနားစရာ ဇာတ်လမ်း ကို ကျွန်တော် စိတ်ဝင်စားသည့် အတွက် ဆက်လက် မေးမြန်း စုံစမ်းခဲ့သည် ။

မေကလျာလေး အူကြောင်ကြောင် နှင့် ကမ္ဘာ ပေါ် ရောက်လာခဲ့ပြီ ။ မေကလျာလေး အသက် ၂ နှစ်ခွဲ မှာ ပျောက်နေသော သူ့ ဖခင်ကို အရင်ဆုံး မေး မြန်းခဲ့သည် ။ ထို မေးခွန်း ကို မေကလျာ အမေ ပင် ဖြေစရာ မလိုဘဲ ပတ်ဝန်းကျင် က ဖြေပေးခဲ့သည် ။ ပတ်ဝန်းကျင် က မေကလျာ မိဘ နှစ်ယောက် ၏ ဇာတ် လမ်း ကို သိနေကြသဖြင့် မေကလျာတို့ သားအမိ မှာ အရှက် မကွဲခဲ့ ။ အိမ်နီးနားချင်းများ က သူတို့ ကို အသနား ပိုခဲ့ကြ၏ ။

မေကဗျာ့ အမေသည် မေကလျာလေး မျက်နှာ မငယ်အောင် အများနည်းတူ ဝတ်စားနိုင် ၊ ကျောင်း နေနိုင်အောင် နည်းမျိုးစုံဖြင့် ရုန်းကန် ကြိုးစားခဲ့သည် ။ လင်ကောင် မပေါ်သော မိန်းမ တစ်ယောက် အဖြစ်ထက် လင်ပစ်မ တစ်ယောက် အဖြစ် မေကဗျာ အမေ ကြိုးစားတီထွင် ယူရသည် ။ ထို အနေအထားမျိုး ကို သိရှိသူများ ကလည်း အခိုင်အမာ ထောက်ခံကြ သဖြင့် ပတ်ဝန်းကျင် ၏ မျက်စောင်း ထိုးခြင်း မှ ငါးပုံလေးပုံ မက သက်သာ သွားခဲ့သည် ။

မေကလျာလေး သည် အဖေ မပေါ်သည့် အဖြစ်မျိုး မေးငေါ့ မခံရသော်လည်း အဖေ သည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိထား သဖြင့် အဖေ့ ကို စိတ်နာမှုသည် မေးငေါ့ ခံရသလောက် ပမာဏနှင့် အညီအမျှ ခံစားရသည် ။

အမေရိကန် ဝါရှင်တန်ဒီစီ ကို ဓာတ်ပုံ ထဲ တွင် မြင်ဖူးသဖြင့် သူ့ အဖေ ကို တိုက်ကြီးတွေ ကြား ထဲ လျှောက်သွား နေသည် ကို ဖြည့်စွက် မြင်ယောင် လာသည် ။ အမေရိကန် ပြည်ထောင်စုအကြောင်း ပြောလျှင် အမေရိကန် လူမျိုး တစ်ယောက် ယောက် ကို တွေ့ လျှင် ၊ လော့စ်အိန်ဂျယ် ၊ ပင်ဆေဗေးနီးယား ၊ မစ္စစ္စပီမြစ် စသည့် ဝေါဟာရများ ကို တွေ့လျှင် ဖေဖေ့ ကို သတိရသည် ။

“ မေမေ သူ ဟာ ဘယ်လို လူလဲ ။ ရက်စက် တတ်တဲ့ လူလား ၊ သူ့ ရုပ် က ဘယ်သူ နှင့် တူသလဲ ။ သူ့ ဓာတ်ပုံ ကော ရှာ မတွေ့သေးဘူးလား ”

“ မျက်လုံးတို့ ၊ နှာတံတို့ ကတော့ သမီးနဲ့ တူတယ် ။ အသားအရေ က သမီး ထက်တောင် ဝင်းသေး တယ် ။ သူ ဟာ လူချော တစ်ယောက် ပဲ ။ ဓာတ်ပုံ မရှိ တော့ဘူး ”

“ သမီး ဖေဖေ့ ကို သိပ် တွေ့ချင်တယ် ။ သမီး ကို ပစ်ထားလို့ သမီး ခံစားနေရ သမျှတွေ တဝကြီး ရန်တွေ့ ပစ်လိုက်ချင်တယ် ။ ငိုချလိုက်ချင်တယ် ။ ဖေဖေ့ မှာ နှလုံးသားမှ ရှိရဲ့လားလို့ ငိုငိုပြီး အော် ပြောလိုက်ချင်တယ် ”

တစ်နေရာစီ ထိုင်နေသော သားအမိ နှစ်ယောက် အတူတကွ ညီတူညီမျှ ခံစားကြရသည် ။ လက်သည် တရားခံကြီး ၏ လက်ချက်ကြောင့် ကျခဲ့ ရသော မျက်ရည် အကြိမ်များစွာ ထဲတွင် တစ်ကြိမ် ထပ်တိုးခဲ့ရသည် ။

“ သူ့ မှာ သမီး တစ်ယောက် ရှိတယ် ဆိုတာ သူ မသိဘူးလေ ။ ဒီတော့ သမီး ကို ရက်စက်တယ်လို့ မပြောနိုင်ပါဘူး ။ ဘယ် မိဘ မဆို ရင်သွေး ဆိုရင် မရက်စက်နိုင်ကြဘူး ။ သူတို့ နဲ့ သွေးသား မတော်တဲ့ ၊ လင်ယောက်ျားတို့ ၊ ဇနီးမယားတို့ ကို သာ ရက်စက် နိုင်ကြတာ ။ မေမေ ဆိုရင် သမီး ၈ တန်း ရောက် အောင် ရရာ အလုပ် နည်းမျိုးစုံနဲ့ ရှာဖွေကျွေးမွေးပြီး ကျောင်းထား ခဲ့ရတာ ။ နောက်ပြီး ရှိသေးတယ် ။ သူ နဲ့ ၈ လ ပဲ ပေါင်းလိုက်ရတာ ။ ခုဆို ၁၉ နှစ် ကျော်ပြီ ။ ဘယ်သူ မပြု မိမိမှု တဲ့ ။ ကိုယ် နှစ်သက်လို့ ကိုယ် ယူ ခဲ့တာ ။ မေမေ့ ဘဝမှာ အရွယ် ကောင်းတုန်း အဖော် လာ စပ်ကြသေးတယ် ။ သူ တစ်နေ့ ပြန်လာမလားလို့

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 11:17


Ko Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Friday, January 10, 2025
ဝါရှင်တန်ဒီစီ


❝ ဝါရှင်တန်ဒီစီ ❞
( မောင်ညိုပြာ )

“ ဖေဖေ သူ့ နာမည် မေကလျာ လို့ ခေါ်တယ် ။ သမီး သူငယ်ချင်း ပေါ့ ။ ဒီ အထက မှာ ပဲ ကျောင်းတက် တယ် ။ သူတို့ သားအမိ ကမာရွတ် မှာ နေကြတယ် ”

“ ဪ ... ဪ ... ဪ ”

ကျွန်တော့် သမီး အကြီးမ သည် အိမ် အလည်အပတ် ရောက်လာသော သူ့ သူငယ်ချင်းများ နှင့် မိတ် ဆက် ပေးတတ်သည် ။ မိတ်မဆက် ပေးသည့် အခါများလည်း ရှိပါသည် ။ မိတ်မဆက် ပေးသည့် အခါ များတွင် သူတို့တတွေ လွတ်လွတ်လပ်လပ် နေနိုင် ရန် မမြင်ချင်ယောင် ဆောင်ရသည် ။ ဒီ ကြားထဲ ပက် ပင်းတိုး မျက်နှာချင်း ဆိုင်မိလျှင် ပြုံး ပြ ရသည် ။ ခေါင်းညိတ် ပြ ရသည် ။ ဒီလို ခေါင်းညိတ် ပြသည့် အဓိပ္ပာယ် ကို ကျွန်တော် သေသေချာချာ မသိပါ ။ ရာထူး ကြီးသူ က ရာထူး ငယ်သူ ကို ၊ သူဌေး က ဆင်းရဲသား ကို ၊ ဆရာ က တပည့် ကို ၊ အုပ်ထိန်းသူ က အအုပ်ထိန်းခံ ၏ သူငယ်ချင်းများ ကို ဒီလိုပဲ ခေါင်းညိတ် ပြ နေသည်ကို ကျွန်တော် တွေ့တွေ့ နေရသောကြောင့် ကျွန်တော် အတုခိုးပြီး လိုက်လုပ်ပါသည် ။ အသိအမှတ် ပြုသည့် သဘောလား တော့ မသိပါ ။ သို့သော်လည်း ဆင်းရဲသား က သူဌေး ကို ဒီလို လုပ်၍ မရ သလို ၊ တပည့် က လည်း ဆရာ့ ကို ခေါင်းညိတ် ပြတာ မျိုး မတွေ့ဖူးပါ ။ အကယ်၍ အလုပ်သမလေး က သူဌေး ကို ခေါင်းညိတ် ပြပြီး မလေးမစား ဆက်ဆံ လျှင်တော့ သူတို့ ကြား မှာ ဝှက်ဖဲ တစ်ချပ် တော့ ရှိ လိမ့်မည် ။

သမီးအကြီးမ က တစ်ခါတလေ သူ့ သူငယ် ချင်းများ နှင့် မိတ်ဆက် မပေးသည့် အခါများတွင် ၊ သူတို့တွေ လွတ်လွတ်လပ်လပ် နေနိုင်ရန် မမြင်ချင် ယောင် ဆောင်ရသည် ။

ယခု မေကလျာ နှင့် မိတ်ဆက် ပေးနေသည် ။ မေကလျာ နှင့် မိတ်ဆက် မပေးမီ မှာပင် သမီး နှင့် တွဲ သွားတွဲလာ ၊ တစ်ခါနှစ်ခါ လောက်တော့ တွေ့ ဖူးပြီးသား လိုလို ထင်နေမိသည် ။ သို့သော် မသေချာ ။ ကျွန်တော်တို့ ခဝဲခြံ ရပ်ကွက် ထဲမှာ မေကလျာ တို့လို ပုံစံမျိုးတွေ အများကြီး ။ နောက်ပိုင်း ကျွန်တော် နှစ်ထပ်အိမ် ဆောက်လိုက် သဖြင့် ကျွန်တော် က အပေါ် ထပ် မှာ နေပါသည် ။ ဒီတော့ အကြောင်းအရာ တစ်ခု ခု သက်သေ ထူချင်လျှင် “ တစ်ထပ်အိမ် တဲကလေးတုန်း ကလေ ” လို့ ပြောသံ ကြားရသည် ။ ကျွန်တော် အပေါ်ထပ် မှာ နေသော နောက်ပိုင်းတွင် သမီး ၏ သူ ငယ်ချင်းများနှင့် အတွေ့ အဆုံ နည်းသွားတော့ သည် ။

“ စာ ကြိုးစားနော် မေကလျာ ”

ဒီလောက်ပဲ ပြောပြီး ကျွန်တော် ဖတ်လက်စ စာအုပ် ကို ဆက် ဖတ်နေမိသည် ။ မိမိတို့ သားသမီး ၏ သူငယ်ချင်းများ ကို လေးလေးစားစား နှင့် ပြုံးပြုံး ရွှင်ရွှင် လှိုက်လှိုက် လှဲလှဲ စကား ပြောသင့်သည် ။ သို့ဖြင့် သူတို့ကလေးတွေ ဦးနှောက်ကြည်လင် ရွှင်ပျ ရေးတွင် အထောက်အကူ ပြုနိုင်သည် ။ များပြားရှုပ် ထွေးသော ကျောင်းစာများ နှင့် ဘဝ အခက်အခဲများ ကြောင့် လေးလံနေသော ဦးနှောက်များ ကို စာနာ ကြောင်း ပြသရာ ရောက်ပေလိမ့်မည် ။ ကလေးတွေ ဦးနှောက် က နုနယ်သည် ။ ကြောက်စရာ ရှိလျှင် လည်း လူကြီးများ ထက် ပို ကြောက်တတ်သည် ။ မုန်း စရာ ရှိလျှင်လည်း ပို မုန်းတတ်သည် ။ တစ္ဆေ ၊ သရဲ ကို လည်း အရမ်း ယုံသည် ။

“ သူတို့ ဖေဖေ က ဘယ်လိုမှန်း မသိဘူး ။ ဟက်ဟက်ပက်ပက် မရှိဘူး ။ ဆက်ဆံရေး မကောင်း ဘူး ။ ဘယ်လို လူကြီး လည်း မသိဘူး ” ဟု အပြော ခံရမည် ။

ကလေးတွေ ဆိုတာ မျက်စိ နောက်တတ်သည် ။ သူတို့ စိတ်နှင့် မတွေ့လျှင် ဟန်ဆောင် နေကြမည် မဟုတ် ။ ပိုပြီး စိတ်ထဲ မတွေ့သည့် အခါများတွင် “ ဘဝင်ကြီး ” ဟု ကင်ပွန်းတပ် လိုက်လေမည် ။

“ ဟို ကောင်မလေး ရဲ့ ဖေဖေ က သိပ် စိတ်နေသဘောထား ပြည့်ဝတာ ။ ပုတီးသမား ၊ သူတော် ကောင်းကြီး ” စသည်ဖြင့် ကျွန်တော့် သမီးတွေ ကိုယ်တိုင် ၊ သူတစ်ပါး ၏ ဖေဖေများ အကြောင်း ဖောက်သည် ချတတ်သေးသည် ။ များသောအားဖြင့် ကျောင်း သူ ကျောင်းသားကလေးများမှာ သူတို့ သူငယ်ချင်း များ ၏ မေမေများ နှင့်သာ ရင်းနှီးကြ၏ ။

“ ဦးလေး ပြန်လိုက်ပါဦးမယ် ”

“ အေးကွယ် ဦးလေး လည်း သမီးတို့ နဲ့ အေးအေးဆေးဆေး စကား မပြောလိုက်ရဘူး ”

“ ရပါတယ် ဦးလေး ”

“ ရပါတယ် ဦးလေး ” တစ်နေ့တစ်နေ့ “ ပြန်လိုက်ပါဦးမယ် ဦးလေး ” လို့ နှုတ်ဆက်သံများ မှာ နားယဉ် နေပေမယ့် ရောက်ရှိ နေသော အရွယ် ကို သတိပေး လိုက်သလို ခံစားရသည် ။ သားသမီးတွေ အထက်တန်း ကျောင်းသူ ၊ ကျောင်းသား အရွယ် မှာ ၊ သူတို့ သူငယ်ချင်းတွေ ပြန်လျှင် “ ပြန်လိုက်ပါဦး မယ် ဦးလေး ” လို့ နှုတ်ဆက်ကြမည် ။ မြေးများ အထက ရောက်၍ သူတို့ သူငယ်ချင်းတွေ က “ ပြန် လိုက်ပါဦးမယ် အဘ ” “ ပြန်လိုက်ပါဦးမယ် အဘိုး ” လို့ နှုတ်ဆက်ကြဦးမည် ။ တချို့များ ထိုသို့ မည်သည့် အခါမျှ အခေါ် မခံကြရ ။ ထို အရွယ် မတိုင်မီ သေဆုံး သွားခဲ့ကြသည် ။

မေကလျာ ပြန်သွားတော့ သမီး အကြီးမ ကျွန်တော့် နား လာ ရပ်သည် ။ သူ့ ကို ကြည့်ရသည် မှာ မေကလျာ နှင့် ပတ်သက်ပြီး ပြောစရာ ကျန်နေသေးပုံ ရ၏ ။

“ ကလျာလေး ဟာ သိပ် သနားစရာ ကောင်း တာ ။ သူ့ အဖေ ကို သူ မမြင်ဖူးဘူး ။ သူ့ အဖေ က လည်း သူ့ ကို မမြင်ဖူးဘူး ”

“ ဟေ့ သူ့ အဖေ ရှိသေးလား ”

“ ရှိတယ် ။ အမေရိကန် မှာ ။ ဝါရှင်တန်ဒီစီ မှာ ”

“ အမေရိကန် မှာ ဟုတ်လား ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 11:17


မျှော်ခဲ့ရတာပါ ။ ကိုယ့် ချစ်သူ နဲ့ ၈ လ ပဲ ပေါင်းသင်း ပြီးတော့ နောင် သေဆုံးတဲ့ အထိ မေမေ ဒီအတိုင်း နေသွားရတော့မှာပါ ။ အခု မေမေ အသက် ၅၀ ကျော်ပြီ ။ သမီး တစ်ယောက် အပေါ်မှာ မေမေ တာဝန် ကျေခဲ့တယ် လို့လည်း ပြောလို့ရတယ် ။ ဆင်းဆင်းရဲရဲ နေထိုင် စားသောက်ရလို့ မေမေ တာဝန်မကျေဘူး လို့လည်း ပြောလို့ရတယ် ။ မေမေ သမီး ကို ကတိ တစ်ခုတော့ ပေးနိုင်တယ် ။ အဲဒါကတော့ သမီး မှာ ဘယ်တော့မှ ပထွေး မရှိစေရဘူး ”

“ တစ်ခါတုန်းက မေမေ ပြောတော့ သူ သေသွားပြီ လို့ ကြားတယ် ဆို ”

“ အေး အဲဒီလို ကြားတာပဲ ။ ရုပ်ရှင်တွေ ထဲ မှာလို စိတ်နာပြီးပြောတာမျိုး မဟုတ်ဘူး ။ တကယ် ကြားလို့ ပြောတာပါ ”

မေကလျာ သည် သူ့ မေမေ နား သို့ အသား ချင်း ကပ်သည် အထိ တိုး ထိုင်လိုက်ပြီး “ တော်ပါ တော့ မေမေ ရယ် ၊ ဒါကတော့ သူ့ ဘက်က လွှင့်လိုက် တဲ့ သတင်း ကော မဖြစ်နိုင်ဘူးလား ” လို့ စိတ်ဆိုး မာန်ဆိုး နှင့် ပြောထည့်လိုက်သည် ။ မေကလျာ၏ နာမည် အပြည့်အစုံ မှာ မေကလျာမောင် ဖြစ်သည် ။

သူ့ ဖခင် နာမည် ဦးတင်မောင် မှ မောင် ကို ယူထား ခြင်း ဖြစ်သည် ။ မေကလျာ ၈ တန်း ရောက်စ နှစ်တွင် “ မောင် ” ကို ဖြုတ်ပစ်ခဲ့သည် ။

“ သမီး နာမည် ရဲ့နောက်မှာ ဖေဖေ့ နာမည် ကို မထည့်ချင်ဘူး ။ ထည့်ချင်စရာ လည်း မကောင်းဘူး ။ မေမေ့ ဘာသာ မေမေ လွမ်းရင် မေမေ့ နာမည် နောက် မှာ ထည့် ” ဆိုပြီး ဖြုတ်ပစ် ခဲ့သည် ။

“ သမီး ပြောမယ့်သာ ပြော နေတာပါ ။ အမှန် ဆိုရင် သမီး ဖေဖေ့ ကို ဘယ်တော့မှ မတွေ့လိုက်ဘဲ နဲ့ ဒီ ကမ္ဘာပေါ် ကနေ ပျောက်ဆုံး သွားချင်တယ် ။ ဒီ တော့မှ သူ ဘယ်တော့မှ မတွေ့ ဖူးလိုက်ဘဲ သေဆုံး သွားခဲ့တဲ့ သမီး အတွက် သူ ပြန် ခံစားရမှာပါ ”

“ ဒီလိုမျိုး မပြောပါနဲ့လို့ အမေ ခဏခဏ ပြောထားရက်သားနဲ့ “

သူတို့ တစ်ကြိမ် မျက်ရည် ကျပြန်သည် ။

“ သမီး နဲ့ မေမေ မျက်ရည် ကျနေချိန်မှာ သူ ဟိုမှာ နောက် မိန်းမတွေ နဲ့ ပျော် ချင် ပျော် နေမှာပါ ”

မေကလျာ က သူ့ အဖေ ကို စိတ်နာမှု မှာ အခံ ကောင်းသည် ထက် အားကောင်း လာသည် ။

“ ရုပ် က ချောတယ် ဆိုပေမယ့် မျက်လုံးတွေ က ရက်စက်နေကြမှာပါ မေမေ ”

မိခင် တစ်ယောက် အနေနှင့် ဖခင် တစ် ယောက် အပေါ်မှာ သားသမီး တစ်ယောက် က ခုလို မပြောရန် မေကလျာ ကို မတားမြစ်သည့် အခါလည်း ရှိသည် ။ သူ့ တွင် တားမြစ်ရန် ခွန်အား သိပ် မရှိပါ ။ လက်ပိုက် ကြည့်နေရန် ဟို တစ်ဖက်သား ၏ အခြေအနေ မှာ လည်း လုံလောက် နေပေပြီ ။

ထိုသို့ ဆန့်ကျင် ပြောဆို လာသောအခါများ ၌ မေကလျာ သည် မိခင် အပါအဝင် တစ်ကမ္ဘာလုံး ကို ပင် ဂရု မထားသည့် ပုံစံ ပေါက်နေသည် ။

မေကလျာ ဆယ်တန်း ရောက်သည့် နှစ်တွင် မေကလျာ ၏ မိခင် သည် အခက်အခဲ များစွာ ရင်ဆိုင် ရ၏ ။ တစ်ခါတစ်ရံ များပြားလှသော အခက်အခဲ များကို ရင်ဆိုင်ရ တိုင်း အမေရိကန် ရောက် ယောက်ျား ကို သတိရ ကာ ဒေါသ ထွက်မိ၏ ။ တာဝန် မဲ့လွန်းသည် ။ မတရား အနိုင်ကျင့်သည် ဟု နာကျည်း လွန်း လျက် မျက်ရည် ကျမိပြန်သည် ။ မန္တလေး လောက် မှာ နေသည် ဆိုလျှင် သွားရောက် ရန်တွေ့ ပစ်လိုက်မည် ။ ယခုတော့ အမေရိကန်နိုင်ငံ မှာ ရောက် နေသော ယောက်ျား ကို စာလေး တစ်စောင် ဖြင့် ပင် လှမ်း ရန်မတွေ့ နိုင်ခဲ့ ။ လိပ်စာ လည်း မသိ ၊ ဝါရှင်တန်ဒီစီ ဆိုတာပဲ သိသည် ။

ဒေါ်ပိုးမြ အသက် ၃၀ အရွယ် မှာ အိမ်ထောင် ကျခဲ့သည် ။

အကယ်၍ သမီး တစ်ယောက် မရှိခဲ့ လျှင် သူ အိမ်ထောင် ပြုမိကောင်း ပြုမိမည် ။ သူ့ တွင် ကလေး တစ်ယောက် မရှိသော အခြေအနေမျိုး ဆိုလျှင် သူ့ အား လက်ထပ်ရန် ကမ်းလှမ်း လာသူတွေ ပို များနိုင်ပြီး တစ်ယောက် မဟုတ် တစ်ယောက် နှင့် ငြိနိုင်သေး
သည် ။ ယခုတော့ သမီး သည် သူ့ အတွက် အဖော် ကောင်း ဆိုလည်း ဟုတ်သည် ။ အနှောင့်အယှက် ဆို လည်း ဟုတ်တယ် ။

၁၉၉၄ ခုနှစ် တွင် ဒေါ်ပိုးမြ မျှော်လင့်ချက် တချို့နှင့် ကြုံကြိုက်ခဲ့သည် ။ သူ့ ယောက်ျား အမေရိကန်နိုင်ငံ တွင် အသက်ထင်ရှား ရှိနေသေးကြောင်း သတင်း အတိအကျ ရလိုက်သည် ။ သမီး ဆယ်တန်း အောင် သည် ။ သမီး တစ်ယောက် ရှိခဲ့ ကြောင်း သတင်း ရသည့် အချိန်တွင် သမီး အသက် အနှစ်နှစ် ဆယ်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသဖြင့် အံ့သြ ဝမ်း သာမိပါကြောင်း ၊ ဒေါ်ပိုးမြ ကို သူ မမေ့ကြောင်း ၊ သူတို့ တတွေ ပျော်ပျော်ရွှင်ရွှင် ပြန်လည် တွေ့ဆုံရန် မဝေးတော့ကြောင်း စသည်ဖြင့် သူ့ ယောက်ျား ကိုတင်မောင် ထံမှ စာ တစ်စောင် ရောက် လာသည် ။

စာ ထဲက အတိုင်း အမှန် ဆိုပါက သူ့ ယောက်ျား ရသည့် လခမှာ တစ်လ တစ်လ နည်းနည်း နောနော မဟုတ်ပေ ။ စာ ကို ဖတ်ပြီး မေကလျာ နှင့် ဒေါ်ပိုးမြ တို့ နှစ်ယောက် တစ်ယောက် ကို တစ်ယောက် ဖက်ထား လိုက်ကြသည် ။ ည ၁၂ နာရီ ကျော်သည့် တိုင်အောင် မအိပ်ကြသေး ။ စာ ကို အလွတ် ရလုနီး ပါး ပြန် ဖတ်ကြသည် ။ ထို့နောက် မီးပိတ်ပြီး အိပ်ရာ ထဲမှာ အတွေး ကိုယ်စီ နှင့် ငြိမ် နေကြပြန်သည် ။ စိတ် လှုပ်ရှား နေကြ၏ ။ “ အမေ ” လို့ ခေါ်တိုင်း “ ဟင် ” လို့ ထူးသည် ။ နံနက် ၃ နာရီ ။

“ အမေ ”

“ ဟင် ”

“ အမေ မအိပ်သေးဘူးလား ”

“ နင် ကော ”

နောက် တစ်လ မရှိ တရှိ တွင် လူစိမ်း တစ်ယောက် ရောက်လာသည် ။ အမေရိကန်နိုင်ငံ မှ ဦးတင်မောင် က သူ့ သမီး မေကလျာ ကို ခေါ်ခိုင်း လိုက် သဖြင့် လာ ခေါ်ခြင်းဖြစ်၏ ။ ဒေါ်ပိုးမြ အတွက်လည်း အနွေးထည် နှင့် ငွေတွေ ပါလာသည် ။ ငွေ ဆယ်သိန်း တောင် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Jan, 08:16


မိုးရွာထဲလမ်းလျှောက်ရတာကို ငါကြိုက်တယ်

ငါငိုနေတာ ဘယ်သူ့မှမသိလို့

ဆိုတဲ့စကားရဲ့ပိုင်ရှင်က ချာလီချက်ပလင်တဲ့

ဘယ်လောက်ရက်စက်လိုက်တဲ့ ဟာသလဲ


စစ်ငြိမ်း

DM!

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

09 Jan, 16:19


Good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

09 Jan, 14:50


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

09 Jan, 14:36


ချစ်သူအတွက် နောက်ဆုံးမှာတမ်း - တာရာမင်းဝေ

.
ကိုယ် သေဆုံးသွားခဲ့ပေါ့ . . အချစ်ရယ်
ကိုယ့် အတွက်
ကြေကွဲသီချင်းတွေ မဆိုပါနဲ့
နှင်းဆီ သစ်ပင်တွေ
အရိပ်ကောင်းကောင်း ထင်းရှူးပင်တွေကိုလည်း
မစိုက်ပါနဲ့ ။
မြက်ခင်း စိမ်းစိမ်းကသာ
ကိုယ့်အပေါ်မှာ
နှင်းမှုန်မိုးစက်တွေနဲ့ စိုယိမ်းနေပါစေ ။
မင်း..ကိုယ့်ကို သတိရရင်လည်း ရပါ
ဒါမှမဟုတ် မေ့ရင်လည်း မေ့လိုက်ပါ ။
ကိုယ်ကတော့ အရိပ်တွေကိုလည်း မမြင်နိုင်တော့ဘူး ။
မိုးရဲ့ရသကိုလည်း မရတော့ဘူး ။
နိုက်တင်ဂေးရဲ့ ပရိဒေဝတေးသွားတွေကိုတောင်
သူ. .ဆိုလည်း ကိုယ်မကြားနိုင်တော့ဘူး ။
နေဝင်ခြင်းလည်းမရှိ..
နေထွက်ခြင်းလည်းမရှိ..
အဲဒီလို ဆည်းဆာမှာ မက်တဲ့
အိပ်မက်တခုပေါ့
ကိုယ် သတိရရင်လည်း ရနေဦးမယ်။
(ပြီးတော့...)
မေ့ရင်လည်း မေ့သွားလိမ့်မယ်ကွယ် ။ ။

#တာရာမင်းဝေ(၁၉၆၆ -၂၀၀၇)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

09 Jan, 14:32


ကျွန်တော့် စကား က လေထဲ တွင် ပျောက်လွင့် သွားချေပြီ ။ မကြားသည်လား ၊ မကြားချင်ယောင် ဆောင်လိုက်လေသလား ။ အုပ်ချုပ်ရေးမှူး နှင့် တောအုပ်ကြီး တို့ ၏ ခြေလှမ်း က သွက်လွန်းလှသည် ။

“ ဆရာ က လည်း မပြောချင်တာ သွား မေးတာကိုး ၊ ကျွန်တော် သိသလောက်ကတော့ အရင် က ၁၅ဝဝ ကျော် ရှိတယ် ။ အခု ၅ဝဝ လောက် ပဲ ရှိတော့ တယ်တဲ့ ”

ဒေသခံ စာချစ်သူ ဆိုင်ကယ်သမားလေး ၏ အဖြေစကား ကြားတော့ ကြောက်လန့် တုန်လှုပ် သွားသည် ။ ခြေလှမ်း တို့ အယောင်ယောင် ၊ အမှားမှား ။

“ ဟ .. ဒီပုံဆို နောင် ရွှေသမင် ကို ဗီဒီယိုခွေ ထဲ မှာ ပဲ ကြည့်ရတော့မယ် ထင်တယ် ”

ကျွန်တော် ကြေကွဲ နေပြီလား ။ ရွှေသမင်တို့ ရဲ့ ကံကြမ္မာ အပေါ် တွေးကြောက် တုန်လှုပ် နေပြီလား ။ နှလုံးခုန်သံ ကား ပရမ်းပတာ ဖြစ်သွားပြီ ဟု ထင်ပါသည် ။

စမ်းမြောင်စခန်း ပြန် ရောက်တော့ သေန-တ် ကိုယ်စီ လွယ်ထားသည့် ဆိုင်ကယ်သမား နှစ်ယောက် တွေ့ လိုက်ရတော့ ထိတ်ခနဲ ဖြစ်သွားသေးသည် ။

“ ဝန်ထမ်းတွေ လေ ၊ တောထဲ ထိ ဝင်ပြီး မုဆိုးတွေ ရန် ကာကွယ်ဖို့ သွားကြတာ ”

ကျွန်တော့် ဆိုင်ကယ်ဆရာလေး က ရှင်းပြ တော့ ဝန်ထမ်း နှစ်ယောက် ကို မသိမသာ အကဲခတ် ကြည့်သည် ။ ဆန်အိတ် ဖြစ်ပုံရသော အိတ်ကလေး ကို ဆိုင်ကယ်ဒူးကာ နှင့် ထိုင်ခုံကြား ညှပ်လျက် တော ထဲ မှာ နေရမည့် ၄ ၊ ၅ ရက်စာ အတွက် ရိက္ခာ ဖြစ်ပုံရသည် ။ ဆန် က တော့ ဟုတ်ပြီ ။ ဟင်းလျာ က တော့ ... ။

“ မိလို့ က တော့ ပစ်သူ ရော ၊ ရောင်းသူ ရော ၊ ဝယ်စားသူ ရော အကုန် တစ်သီတစ်တန်းကြီး ဖမ်း တော့တာ ။ တော က ကျယ်တော့ ဝန်ထမ်းအင်အား နဲ့ မထိန်းချုပ်နိုင်ဘူး ။ ဥပဒေ နဲ့ ထိန်းချုပ်ရတာပဲ ”

စာချစ်သူ အုပ်စု ထဲ က ဓာတ်ပုံဆရာကြီး ၏ ရှင်းပြမှု ကြောင့် ကျွန်တော် ဘဝင်ကျ ကျေနပ်လို့ သွားသည် ။ ဟုတ်တာပေါ့ ထိရောက်တဲ့ ဥပဒေ နဲ့ ထိန်းချုပ် မှ တောရဲ့ ရှင်သန်မှုက တည်တံ့မှာလေ ။

••••• ••••• •••••

နှင်းမှုန်မှုန် အောက်ရှိ အိမ်ပြန်ဖို့ အတွက် ဘူတာလေး ရဲ့ စင်္ကြံ မှာ ရထားစောင့် နေတော့ တက္ကသိုလ် တုန်း က မေဂျာ အတူ တက်ခဲ့သော သူငယ်ချင်း ကိုမြင့်နွယ် က ဒေသထွက် ကောက်ညှင်းကျည်တောက် ၊ ခေါပုတ်များ အပြင် အိတ်ကလေး တစ်အိတ် လက်ဆောင် ပေးသည် ။ စတိုးဆိုင်သုံး ပလတ်စတစ် အိတ်လေး ထဲ မှ ကိုမြင့်နွယ် ၏ လက်ဆောင်ပစ္စည်းလေး ကို ထုတ်ကြည့်တော့ ။

“ အို ... လယ်သာအစစ် လက်ကိုင်ဖုန်းအိတ် နှင့် ပိုက်ဆံအိတ်ကလေး ”
အရောင်အသွေး စိုကြွ ၊ နူးညံ့လှသည် ။ သားရေလေး ကို ကျွန်တော် ပွတ်သပ် ကြည့်နေမိသည် ။

“ ရွာထဲမှာ လည်သာဆိုင် ၃ ၊ ၄ ဆိုင် ရှိတယ် ။ အချိန် မရလို့ လိုက် မပြတာ ။ အိတ်လေးတွေ ကြိုက်တယ် မဟုတ်လား ”

ကျွန်တော် ခေါင်းညိတ်မိ သလား ၊ ဂျီသားရေ ဂျာကင် အနွေးထည် အတွင်းအိတ် ထဲ သို့ လက်ကိုင်ဖုန်းလေး ကို ဆွဲထုတ်ပြီး ကိုမြင့်နွယ် ပေးသည့် ဖုန်း အိတ်လေး ထဲ သို့ ထည့်ကာ ခါး မှာ ဟန်ပါပါ ချိတ်လိုက်တော့သည် ။

••••• ••••• •••••

( နှစ် )

နေ့လယ် ဘေးမဲ့တော ရောက်စဉ်က ခံစားမှုများ အခုတော့ ဘာမျှ မကျန်တော့ ။

ရဲသျှမ်း
📖 ရနံ့သစ် မဂ္ဂဇင်း
မေလ ၊ ၂၀၁၂

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

09 Jan, 14:32


❝ ဘေးမဲ့တော သို့ အဝင် - အထွက် ❞
( ရဲသျှမ်း )

( တစ် )

မြို့ကလေး ၏ နေရောင် က ဒီဇင်ဘာ အအေးလှိုင်း ကို ဖြတ်တောက်ဖို့ ဘယ်လို မှ ကြိုးစားလို့ မရ နိုင်တဲ့ အခြေအနေ မှာ ကျွန်တော် အနွေးထည် အထပ်ထပ် ဝတ်ပြီး ဆိုင်ကယ်လေး တစ်စင်း ရဲ့ ကယ်ရီယာ ခုံပေါ် ထိုင်မိ နေပါပြီ ။ စာအုပ်တွေ ထဲ မှာ အကြိမ်ကြိမ် ဖတ်ခဲ့ရသော ရွှေသမင်ဘေးမဲ့တော ( ခေါ် ) ချပ်သင်း ဘေးမဲ့တော ဆီ ကျွန်တော့် စိတ် ၊ နှလုံးသား က ရောက် ရှိခြေချ နေချင်မိတာပဲ ဖြစ်မည် ။ မြေလမ်းကျဉ်းလေး တွေ ပေါ်မှာ ဆိုင်ကယ် ကျွမ်းကျင်စွာ စီးနင်း နိုင်သည့် အလေ့အကျင့် ကို ရထားသော မြို့ကလေး ၏ စာပေ ချစ်သူများ ပါ ကျွန်တော် နှင့် အတူ လိုက်ပါလျက် ။ မြို့ကလေး ကနေ ကျောက်တုံး ၊ အဖုအထစ် ၊ ချိုင့် တို့ ရောပြွမ်း ရာ လမ်းပေါ်မှာ တဒုန်းဒုန်း တဒိုင်းဒိုင်း နဲ့ ဆိုင်ကယ် ရဲ့ သယ်ဆောင်ရာ ကျွန်တော် ပါသွားခဲ့ပေါ့ ။ မိနစ် ၂ဝ ကျော်ကျော် လောက် မှာ တော့ ရွှေသမင် ဘေးမဲ့တော ရဲ့ စဦး နေရာ အင်တိုင်းတော သို့ ဝင်ရောက်လာပြီလေ ။

ချပ်သင်းဘေးမဲ့တော နောက်တမ်းရုံး ဧည့်ခန်းဆောင် မှာ ကျွန်တော်တို့ ကော်ဖီ ၊ ကိတ် ၊ လိမ္မော် သီး အစုံအလင် ဖြင့် ဧည့်ခံ တော့ တာဝန်ခံ နှင့် ဝန်ထမ်း များ ကို ကျေးဇူး အကြိမ်ကြိမ် တင်နေမိပေမယ့် ကျွန်တော့် စိတ်ဝင်စားမှု က ကော်ဖီခွက် တွင် မရှိ ၊ လိမ္မော်သီး တွင် မရှိ ။

“ ရွှေသမင် က ဘယ်မှာလဲ ... ကြည့်လို့ ရမှာလား ”

အလောတကြီး ဖြစ် နေသော ကျွန်တော့် မေးခွန်း ကို ဘေးမဲ့တော တာဝန်ခံ က ခေါင်းယမ်း လျက် သာ ဖြေသည် ။

“ တော ထဲ ကို တော်တော် သွားရဦးမယ် ။ သွားခွင့် မရှိဘူး ၊ ဟိုတုန်းက လင့်စင် က နေ ကြည့်ရင် မြင်ရ တယ် ။ အဲဒီ လင့်စင် ဆောက်ထားတဲ့ သစ်ပင် က တောမီးလောင်တဲ့ ထဲ ပါသွားပြီ ”

မျှော်လင့်ချက်တို့ ပြိုကွဲ ။

“ ဟောဗျာ ချပ်သင်း ရောက်ပြီးမှ ရွှေသမင် မမြင်ရတာ က တော့ ချပ်သင်း မရောက်လိုက် သလိုပါဘဲ ”

ကျွန်တော် အလိုမကျ ညည်းတွားမှု ကို ဘယ်သူ က မှ အသိအမှတ် မပြုတော့ ။

“ ဟိုနား သည်နား ပြတိုက် လောက် တော့ ကြည့်လို့ ရပါတယ် ”

အုပ်ချုပ်ရေးမှူး ၏ တိုးဖွဖွ စကားသံ က ကျွန်တော့် ရင်ဘတ် ထဲ ထိ ရောက်သည် ။ ဟိုနား သည်နား ပြတိုက် ဆိုတာကိုပဲ ကျွန်တော် ကြည့်ခွင့် ရခဲ့ပါသည်လေ ။

••••• ••••• •••••

ကမ္ဘာ ပေါ် မှာ မြန်မာနိုင်ငံ တွင် သာ ရှင်သန် ကျက်စားနိုင်သော မြန်မာ့ ရွှေသမင် မျိုးမသုဉ်းစေရေး အတွက် ထိန်းသိမ်းကာကွယ်ရန် ၊ ဂေဟစနစ် မပျက်စီးရေး ၊ သဘာဝ ပတ်ဝန်းကျင် ပညာရပ် မြှင့်တင်ရေး ၊ သစ်တော ၏ အရေးပါမှု Ecotourism ဖြင့် ဝင်ငွေ ရှာခြင်း ၊ ချပ်သင်းဘေးမဲ့တော ၏ ဆောင်ပုဒ်များ ကား ခမ်းနားလေစွ ၊ ရည်ရွယ်ချက်များ ခေါင်ဖျား ရောက်လု ။
“ သစ်ပင်နှင့် သားငှက်တိရစ္ဆာန် တို့ သည် အတိတ် ၏ အမွေအနှစ် ၊ ပစ္စုန်ပ္ပန် ၏ အကျိုးစီးပွား နှင့် အနာဂတ်ဖွံ့ဖြိုးမှု အတွက် ဖြစ်သည် ” ဆိုတဲ့ ဆိုင်းဘုတ် ကို ပျဉ်ချပ်ဆေးနီ သုတ်ပြီး စာလုံးအဖြူ ဖြင့် မြန်မာ လို ၊ အင်္ဂလိပ် လို ရေးသားထားပြီး အင်တိုင်းတောပင်စည် ထက် ဆိုင်းဘုတ်တိုင် က တုတ်ခိုင် နေတာ ကို တော့ ဖျတ်ခနဲ သတိထား မိသွားသည် ။

“ အင်ပင်တွေ က လှီလိုက်တာဗျာ ”

ကျွန်တော့် မှတ်ချက် ကို တောအုပ်ကြီး က ကွမ်းတံတွေး ပျစ်ခနဲ ထွေးရင်း ...

“ အပင် ကျပ်လို့ပါ ။ ကျွန်တော့်တို့ က အပင် ကြီးထွားသန်စွမ်းရေး အတွက် ရွှေသမင်တို့ နေထိုင်ရာ တောအုပ် အဖြစ် ဖန်တီးတာပါ ” ဟု ရှင်းပြသည် ။

သဘာဝ သမိုင်းပြတိုက် ဆိုသည့် ဆိုင်းဘုတ် ချိတ် ထားသော အဆောက်အအုံ အစိမ်းလေး ထဲ ဝင် လိုက်တော့ From zero to hero ဆိုသည့် စာတန်း လေးက ပြတိုက် နှင့် မလိုက်ဖက်စွာ ခပ်ကြွားကြွား ထင်းထင်းလင်းလင်း ရှိနေသည် ဟု ထင်သည် ။ တိရစ္ဆာန်ငယ် ၄ ၊ ၅ ကောင် ၏ ရုပ်ကြွင်း နှင့် လိပ်ပြာရုပ်ကြွင်း တို့ ပဲ ပြတိုက် ထဲ မှာ ရှိနေသည် ။ သည်ထက် မပိုတော့ ၊ ပြတိုက်နာမည် ကို ပင် အားနာစရာ ကောင်းလှသည် ဟု ကျွန်တော့် စိတ် က မညှာမတာ ဝေဖန် နေမိသည် ။ ပြတိုက် ထဲ က ပြန် လာတော့ From zero to hero ကို ကျွန်တော်တို့ ပြတိုက် ထဲ မှာ ပဲ ချန်ထားပစ်ခဲ့ပြီ ။

ရွှေသမင် လည်း မမြင်ရ ၊ ရွှေသမင် အကြောင်း လည်း မရှင်းပြ ၊ ပြတိုက်မှာ လည်း ဘာမျှ လည်း မတွေ့ ရတော့ ကျွန်တော့် ရင် ထဲ တနုံ့နုံ့ ဖြစ်နေသည် ။ “ ပြော ပိုင်ခွင့် မရှိလို့ပါ ” ဟူသော စကား ကို သာ ဆီမန်း မန်း သလို အထပ်ထပ် ရွတ် နေသော အုပ်ချုပ်ရေးမှူး ၏ မသက်မသာ အမူအရာ ကို ကျွန်တော် ခံစား နားလည်မိနေပါပြီ ။ ဘာမှလည်း မမေးချင်တော့ ။

ချပ်သင်းဘေးမဲ့တော ဆိုင်းဘုတ်တွေ ရှေ့ မှာ သာ ဓာတ်ပုံ အရိုက်ခံ နေလိုက်တော့သည် ။ ဆိုင်းဘုတ် တွေ ရှေ့မှာ Post အမျိုးမျိုး ပေးနေသော ကျွန်တော့် ပုံ က ဘေးမဲ့ ရွှေသမင် နဲ့ တော့ လားလားမျှ မတူနိုင်ပါ ။

••••• ••••• •••••

“ ရွှေသမင်တွေ ကို ဒေသခံတွေ က ဖမ်းဆီးသ,တ်ဖြတ်တာ ရှိလား ”

“ ရှိတာပေါ့ ၊ ပညာပေး စည်းရုံး ၊ ထိထိရောက် ရောက် အရေးယူ ၊ ဒီလိုပဲ ထိန်းသိမ်းရတာလေ ”

ကျွန်တော် နှင့် တောအုပ်ကြီးတို့ ၏ အမေး နှင့် အဖြေ က နည်းနည်းတော့ စရွေးကိုက် လာပြီ ထင်သည် ။

“ ကောင်ရေ ဘယ်လောက် ရှိသလဲဗျ ၊ တစ်နှစ် သားပေါက် တိုးပွားနှုန်း ၊ ဒါမှမဟုတ် လျော့နည်း ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

09 Jan, 08:37


ဒု က္ခ တွေ ကို
ဒု က္ခ နဲ့ မြှောက် ခဲ့ ရ သူ မို့
နောက် ထပ် ဒု က္ခ ပန်း တစ် ပွင့်
မ ဖူး ပွင့် ပါ ရ စေ နဲ့ တော့
ညီ မ လေး ရယ် ။

#ပိုင်စိုးဝေ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

09 Jan, 08:25


❝ မျောက်မင်းသား ❞
( သုမောင် )

ကျွန်တော် က ရုပ်ရှင်မင်းသား လုပ်ဖို့ စိတ်ကူး မယဉ်ခဲ့ပေမယ့် ကံတရား အလှည့်အပြောင်း ကြောင့် အကယ်ဒမီ ဖြစ်ခဲ့ရပါတယ် ။ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင် ဘဝ မှာ နှစ်ပေါင်း ၃ဝ လောက် ကျင်လည်ပြီး တော့လည်း ရုပ်ရှင် မရိုက် ရ မနေနိုင် မဟုတ်တဲ့ တိုင်အောင် ဘယ်လို ပြောမလဲ ။ အဲ ... ပိုးကတော့ ခန္ဓာကိုယ် ထဲ ပျံ့နှံ့ နေခဲ့ပြီဗျာ ။ အရွယ် ရလာတဲ့ အလျောက် သရုပ်ဆောင် ရတဲ့ အခန်းကဏ္ဍ က လည်း ပုံစံ ပြောင်း လာခဲ့ပါတယ် ။ ခုနှယ်ခါတော့ အဖေခန်း ၊ ပထွေးခန်း ဆိုပါတော့လေ ။ ဘာပဲဖြစ်ဖြစ် ' ဗေထိ ' ဆိုရင် လက်ကလေး က ချိုးမိလျက်သား ဖြစ်ဖြ စ်သွားတတ်ပါရဲ့ ။ ခက်တာက ကျွန်တော့် အင်္ဂါရုပ် နဲ့ ဂုဏ်ဒြပ် ပါ ။ ဘယ်လိုပဲ သရုပ် ဆောင်ဆောင် ဥပဓိရုပ် ကောင်းတဲ့ သူဌေးကြီး ၊ ဆရာဝန်ကြီး စတဲ့ ပုံ မပေါက်ပါဘူး ။ စာပေသမား ၊ အရက်သမားကြီး ဆိုရင်တော့ လိုက်ဖက်ပါတယ် ။ ဒီတော့ ကျွန်တော့် ကို ငှားရမ်းကြရာမှာလည်း အဲသလို အခြေခံ လူတန်းစားအခန်း သာ များတတ်ပါတယ် ။ ပြီးတော့ ကျွန်တော့် ဂုဏ်ဒြပ် ပါ ။ ကျွန်တော် က စာရေးဆရာ တစ်ပိုင်း ၊ အကယ်ဒမီမင်းသား လည်း တစ်ပိုင်း ဖြစ်ခဲ့လေတော့ ငှားရမ်းတဲ့ သူတွေ က လိုသုံးမယ်သုံး ခေါ် မသုံးကြပါဘူး ။ ဇာတ် နဲ့ အံဝင်ပြီး စရိုက် ပီပီပြင်ပြင် နဲ့ အဓိကဇာတ်ပို့ နေရာမျိုး ကျ မှ ခေါ် သုံးကြတာပါ ။ ဒါမျိုး ဆိုတာ ကလည်း ဆယ်ခါ့ရံ တစ်ခါ သာ ကြုံတတ်တာကလား ။

အဲဒါကို က ပြဿနာ ပါပဲဗျာ ။ စောစောက ပြောသလို ကိုယ် က လည်း စာ ရေးတာ တစ်ပိုင်း ၊ သီချင်း ဆိုတာ တစ်ပိုင်း နဲ့ စားဝတ်နေရေး ပြေလည်တယ် ဆိုပေမယ့် ရုပ်ရှင်ပိုး က ရှိနေတော့ ဘယ် အခန်း လာ ငှားငှား ။ ရိုက်ချင်တတ်တာ ပေါ့ ။ သူရို့ က လည်း လိုအပ် မှ အံဝင် မှ လာပြီး ငှားရမ်းကြတာ ဆိုတော့ ဆန့်ငင် ဆန့်ငင် ဖြစ်ရတာပေါ့ ။ တစ်ကားတလေ ရိုက်လိုက်ရလို့ ရုပ်ရှင်စိတ်ကလေး ပြန် လည်လာပြီ ဆိုရင်တော့ ဟော ... သူရို့ က ကျွန်တော့် ဆီ ပေါ် မလာကြတော့ ပြန်ဘူး ။ အဲဒါကြောင့် ကိုယ် က မေ့မေ့ပျောက်ပျောက် နေလိုက်ချိန် ကျ ပြန်တော့ သူရို့ က လာ ငှားကြ ပြန်ရော ။ တော်တော် ကတ်သီးကတ်သတ် နိုင်တဲ့ ကိစ္စပါပဲဗျာ ။

ရှက် နေစရာ မလိုပါဘူးလေ ။ တစ်ခါတလေများ ခြံ ထဲ မော်တော်ကား တစ်စီး ဝင်လာရင် ဒါမှမဟုတ် ရုပ်ရှင်ဗွီဒီယိုနယ် က လူ တစ်ယောက် ရောက်လာ ရင် ငါ့များ လာ ငှားတာလား လို့ မျှော်လင့်မိတာ အမှန်ပါပဲ ။

မှတ်မိတာလေး တစ်ခု ပြောပြချင်သည် ။ လွန်ခဲ့သော နှစ် နှစ်ဆယ်ကျော် လောက် က ဖြစ်သည် ။ နာမည်ကျော် ရုပ်ရှင်မင်းသားတွေ စုပေါင်းပြီး ရုပ်ရှင် ရိုက်ကြသည် ။ ထိုစဉ်က စူပါများ မှာ ဇော်လင်း ၊ ထွန်းထွန်းဝင်း ၊ စိုးနိုင် ၊ လင်းထင် စသူတို့ ဖြစ်သည် ။ အခြား နာမည်ကြီး မင်းသားတွေ လည်း ပါဝင် ကြသည် ။ တစ်ယောက် လျှင် ငါးထောင်ကျပ်နှုန်း ထည့်ဝင် ကြသည် ။ စုစုပေါင်း မင်းသား ဆယ့်တစ်ယောက် ။ စုပေါင်းငွေ ငါးသောင်းငါးထောင် ရသည် ဆိုလျှင်ပဲ ရုပ်ရှင်ကားကြီး တစ်ကား စတင် ရိုက်ကူးလို့ ရနေသော အချိန် ။ မှတ်မှတ်ရရ ထို ဇာတ်ကား ကို ကျွန်တော့် အဖေ ၏ စက် ဖြင့် ရိုက်ကူးသည် ။ အတွင်းခန်းများ ကို လည်း အဖေ့ ခြံ ထဲ စတူဒီယို တွင် ရိုက်သည် ။ စုပေါင်း ရိုက်ကူးသော ဇာတ်ကား ဖြစ်သဖြင့် မင်းသား ၁၁ ယောက် ကို ဘယ်သူ့ ဘယ်သူ ဦးစားပေး၍ မရပေ ။ စူပါ လည်း ဒါပဲ ။ နာမည်ကြီး လည်း ဒီတိုင်းပဲ ။ နာမည် ကျ လည်း ဒီ သဘောပဲ ဟူ၍ ဆူကြုံနိမ့်မြင့် မခွဲခြားဘဲ လုပ်ကြကိုင်ကြသည် ။ ဤတွင် ဇာတ် သဘောအရ ခေါင်းဆောင်မင်းသား ရွေးဖို့ လိုလာသည် ။ သည်တော့ မဲစနစ် သုံး ရသည် ။ မဲ နှိုက်ကြသော အခါ စူပါ မဟုတ်တော့ သော “ ကောလိပ်ဂျင်နေဝင်း ” ကြီး က နံပါတ်တစ် ပေါက်သည် ။ သည်လိုပါပဲ ထူးခြားတာက ထို ဇာတ်ကား အတွက် ဦးဆောင်ဦးရွက် လုပ်ရမည့် ကိစ္စ မှန်သမျှ မဲစနစ် ကို သာ သုံးခဲ့ရာ နေရာတိုင်း မှာ ကောလိပ်ဂျင်နေဝင်း သာ လျှင် နံပါတ်တစ် ၊ ဂဏန်းတစ် သာ မဲပေါက် နေလေသည် ။

ပြဿနာ မှာ “ မင်းသား အားလုံး လုပ်ငန်းခွင် ပေါ်တွင် အရက် မသောက်ရ ” ဟူသော စည်းကမ်း ဖြစ်သည် ။ မင်းသား အားလုံး လိုလို က အရက် သောက်တတ်သူ ချည်း မို့ ထို ပညတ်ချက် ကို အရေးတယူ စာချုပ် လက်မှတ် ထိုးရသည် ။ သည်တော့လည်း ကောလိပ်ဂျင်နေဝင်း က ထိပ်ဆုံး မှ ပင် လက်မှတ် ထိုးရပြန်တော့သည် ။ အမှန်တော့ ထို ကာလ တွင် ကောလိပ်ဂျင်နေဝင်း မှာ အရက် ကို အချိန်မရွေး သောက်သုံးနေသူ ဖြစ်၏ ။

သည်လိုနှင့် ရုပ်ရှင် စ ရိုက်ကြတော့ နေ့လယ်စာ ထမင်းစားချိန် တွင် ထမင်းမစားခင် ကောလိပ်ဂျင် အရက် ဆာလာသည် ။ လုပ်ငန်းခွင် ပေါ် အရက် မသောက်ရ ဟူသော စည်းကမ်း ကို သူ က ဦးဆောင် လက်မှတ် ထိုးထားသဖြင့် အခက်ကြုံသည် ။ နောက်ဆုံး မနေနိုင် မထိုင်နိုင် ဖြစ်လာသော အခါ သူ့ခမျာ အရက် ကြိုက်တတ်သော မင်းသားငယ်များ ထံ တိုးတိုးတိတ်တိတ် ပူဆာရတော့ သည် ။

“ ငါ့ ကို နှစ်ပက် လောက် ပေးစမ်းပါကွာ ။ ထမင်းစား ကောင်းရုံလေးပါ ”

“ ဟာ ... အစ်ကိုကြီး က စပြီး ဝန်ခံကတိစာချုပ် လက်မှတ် ထိုးထားတာပဲ ”

ဤသို့ဖြင့် ကျန် မင်းသားငယ် ဆယ်ယောက် ပြည့် သာ သွားသည် ။ သူ့ ကို အားလုံးက ဈေးကိုင် နေကြလေသည် ။ အမှန်တော့ သင်းတို့ လည်း ခွက်ပုန်းချ ပြီးသားပါ ။

နောက်ဆုံး ( ဇော်လင်း နှင့် သန်းဖေလေး ထင်သည် ) ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

09 Jan, 08:25


“ အစ်ကိုကြီး ကျွန်တော်တို့ ခိုင်းတာ လုပ်မလား ၊ နှစ်ပက် ပေးမယ် ”

“ ဘာ လုပ်ရ လုပ်ရကွာ ”

“ ကောင်းပြီ ဒါဆို မျောက်လို ကပြ ”

နောက်ပိုင်း လူမ မြင်ကွယ်ရာ သွားပြီး မင်းသားငယ်များ က ထမင်းစား သံပန်းကန်ပြားတွေ တီးကြ ၊ “ ဝေလာမျောက်ကြီး ရှောက်သီး စားမလား ” ဟူ၍ သီချင်းတွေ ဆိုကြ နှင့် ဦးနေဝင်း ကို မျောက်လို က ခိုင်းကြတော့သည် ။ လူကြီး ခမျာ မောလောက်အောင် က ပြီးမှ အရက်နှစ်ပက် ရလေသည် ။ သို့သော် နောက် ရက်များ တွင် ကား နေ့လယ် ထမင်းစားချိန် ရောက်သည် နှင့် ကောလိပ်ဂျင် သည် မင်းသားငယ်များ စူဝေး ရာ နေရာ သို့ ရောက်လာပြီး “ ဟေ့ကောင်တွေ မအေပေးတွေ ၊ ငါ မျောက်လို ကချင် နေပြီကွ ငါ က,တော့မယ် ”

သည် အဖြစ်အပျက်ကလေး မှာ ပြုံးချင်စရာ ဖြစ်ပေမယ့် တကယ် စဉ်းစား ကြည့်တော့ မိမိ ကြိုက်နှစ်သက်ရာ ကို ရလိုဇော ကြီး လျှင် ကိုယ့် သိက္ခာ ကို လျှော့ ရ မြဲဟု တွေးမိသည် ။ ခု ကျွန်တော် လည်း ဘာ ထူး သနည်း ။ ရုပ်ရှင်လေး တစ်ကား စ နှစ်ကားစ ပြန် ရိုက်ကူးရသော အခါ ရုပ်ရှင်ပိုး ပြန်ဝင်လာပြီး နောက်ပေါက် ရုပ်ရှင်သမားလေးများ ကို “ ငါ မျောက်လို ကပြချင်ပြီ ” ဟု ပြောရမည့်ကိန်း ဆိုက်နေပါပြီကော ။

သုမောင်
📖 လယ်ယာစီးပွား သတင်းဂျာနယ်
အမှတ် ၁၀၁
ဇွန် ၂၁ ရက် ၊ ၂၀၀၂ ခုနှစ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Jan, 14:21


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Jan, 12:46


Good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Jan, 11:30


အိမ် - ကြည်အေး

.
လှေသမားဟာ
ဟို့အဝေးက ကျွန်းတွေမှာ
ကောက်သိမ်းပြီးတော့
သူ့အိမ်…
ငြိမ်းချမ်းတဲ့ သူ့မြစ်ချောင်းထံ
ပြန်လာခဲ့တယ် ။

ကိုယ်လည်း အိမ်ပြန်ချင်ပါရဲ့
ဒါပေမယ့် ကိုယ့်မှာ
ဘာများ ရိတ်သိမ်းစရာ ရှိပါသလဲ
ဒုက္ခခံစားခြင်းသာ ရိတ်သိမ်းစရာ ရှိခဲ့တယ်
မိတ်ဆွေ… မြစ်ကမ်းနဖူးရယ်
သင်ဟာ
ကိုယ့်ကို မွေးမြူ ကြီးပြင်းစေခဲ့တယ် ။

အချစ်ရဲ့ဝေဒနာကိုရော
သက်သာရာရအောင်
သင် မတတ်နိုင်ဘူးလား ။

အို …ကိုယ့်ကလေးဘဝရဲ့
တောအုပ်များ
ကိုယ် အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို
တဖန် ပေးနိုင်ပါဦးမလား ။ ။

#ကြည်အေး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Jan, 11:28


"ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု
မသိကြကုန်။
ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်။

ဤလောက၌ ပညာရှိသူတို့သည် ငါတို့ သေကြလိမ့်မည်ဟု သိကြကုန်၏။
ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

(ကောသမ္ဗကဝတ္ထု)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Jan, 11:23


လူမှုဆက်ဆံရေးနှင့်ဆိုင်သောစကားထာ

မြစ်အရှေ့ဘက်ကရွှေသမင်ရယ်
ပစ်ချင်ပါပေါ့ မြားမရှိတယ်။

အဖြေ=အိမ်ကြီးပေါ်က အပျိုစင်ရယ်
ချစ်ချင်ပါပေါ့ အားမရှိတယ်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Jan, 09:55


" ချစ်မိတ်ဆွေ ၁၈ "

_ _ _ _ _ _ _ _ _ _ _

ဘဝကို အလဲအထပ်လုပ်လို့
လုပ်လို့ရတယ် ဆိုဦးတော့
ဆိုဦးတော့ပေါ့လေ
ဘယ်သူနဲ့မှ
ဘယ်သူနဲ့မှ မလဲပါဘူး
မလဲပါဘူးပေါ့လေ ။ ။

▫️အောင်ချိမ့်▫️

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Jan, 09:52


(၂)
ကျွန်တော်က
လက်ဖက်ရည်တစ်ခွက်တန်ကဗျာသရဲပါမမလှိုင်
``ရို့စ်အယ်လ်ရေ နန်းရှေ့ ပီဇာဆိုင်မှာ´´
ဆိုတဲ့
ဂျင်မီရဲမြင့်တို့လို
ကျောက်စိမ်းလည်ဆွဲကြီးလည်းမပေးနိုင်
ကျောက်ဝိုင်း၊ရဟိုင်းမှာ
အိပ်မက်အသေကြီးထမ်းပြီး
လမ်းမီးတိုင်အောက် တောက်ခေါက်နေရတဲ့ကောင်စားပါ။

#နှင်းဆီလှိုင်
#အောင်မှူးဝေ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Jan, 06:24


Wifi လိုင်းတွေ အဆင်ပြေကြလား အမျိုးတို့
မင်တို့ wifi တော့ စုတ်ပြတ်သတ်နေရောပဲ ဘာမှကိုလုပ်မရဘူး
File တောင်းတဲ့သူတွေ ချက်ချင်းစာမပြန်နိုင်ရင် နားလည်ပေးကြပါ🤧

@DM

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 14:49


Good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 14:44


တစ်ချို့ကျတော့လည်း ချစ်ဦးသူဖြစ်ခွင့်ရပေမဲ့
ပိုင်ဆိုင်ခွင့်မရခဲ့ကြဘူး ။
ဒီတော့ ငါတို့အတွက်
ရွေးစရာ နှစ်လမ်းပဲရှိတယ်၊။
ချစ်ဦးသူဆိုတဲ့ ဂုဏ်ပုဒ်ကြီးကိုရင်မှာပိုက်ပြီး
တစ်သက်လုံးခံစားပြီးဆွေးနေမလား..…
တရားဝင်ပိုင်ဆိုင်ခွင့်ကို ရယူပြီး
ဒုတိယလူအဖြစ်နဲ့ ကျေနပ်နှစ်သိမ့်လိုက်မလား....
တကယ်တော့သိပ်မထူးပါဘူးကွာ၊
ကြောင်ချေး နဲ့ ခွေးချေး ။

-မင်းလူ
အလွမ်းသစ် လုံးချင်းဝတ္ထုမှ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 14:36


ကြွေပွင့်

ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ်၊ ယခုလှစ်သည်
ရွှေရစ်ပန်းပြာ၊ ခပ်မာမာလေး။
လှမ်းမမီပေမယ့်
မောနေပါ့မယ်၊ ခူးမလွယ်ဘူး
မြေဝယ်လျှောက်စင်း၊ မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့်၊ ခရေပွင့်လေး။
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့်၊ လှမ်းကြိုနှင့်သည်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။

- ကြည်အေး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 14:36


ကဗျာအမွေ စာမသေ

ငါသတေဲ့ခါ
ဘာအမွေပစ္စည်းများ
ထားခဲ့ပါရ။

အို.....လောကတစ်ဝှမ်းလုံး
သဘော ဓမ္မ လွှမ်းဖုံး
အချောအလှ အဆန်းဆုံး
မနောမယ ပန်းကုံးကဗျာတွေသီလို့
သည်းလွှာ မြေမဟီ ကျောက်ဂူလုပ်ကာ
မြှုပ်ခဲ့မည်ပ။

ဒေါင်းနွယ်ဆွေ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 11:17


နှစ်သစ်တရား
.....
မုန်တိုင်းကိုကြောက်
လှိုင်းကိုကြောက်လျှင်
ပင်လယ်ပြင်ပျော်
(ဘယ်တော့မှ)....
ဇင်ယော်ဆိုတာမရှိနိုင်ဘူး။

မောင်စိန်ဝင်း(ပုတီးကုန်း)

@DM

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 11:15


အို.. ကွယ်🤕

#crd to original writer
@DM

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 06:45


သတိရတိုင်းပွင့်ခဲ့တဲ့နာမည်လေးဟာ ဖြူ

ကျနော် ခြေကုန်လက်ပမ်းကျပြီး လှည့်ပြန်ခဲ့ရတဲ့
တောင်ကုန်းကလေးဟာ
ခင်ဗျားပါပဲ ဖြူရေ
အရယ် အပြုံးမပွင့်တဲ့ ခင်ဗျားရဲ့ တောင်ကုန်းကလေးမှာ
တောပန်းကလေးတွေ မပျော်နိုင်တော့ဘူး
ကျနော်ဟာ အ​ဖြစ်မရှိတဲ့ကောင်ဖြစ်ခဲ့
ကျမကို နားမလည်ကြဘူးလား တဲ့
ပတ်ဝန်းကျင်မှာ တိမ်တစ်အုပ်
လွင့်ခနဲ ဖြတ်ပြေးသွားတယ်
နားလည်ရလောက်အောင်
ကျနော်က စိတ်ပညာရှင် မဟုတ်ဘူးလေ ဖြူရဲ့
မှား ပြန်ပြီ
ဖြူ့စိတ်ထဲကို မြင်လောက်တဲ့ တန်ခိုးလည်း
မရှိရှာတဲ့ သာမန်လူတစ်ယောက်ရယ်ပါ
ထပ် မှားသွားတယ်
ကျနော်က ကဗျာကောင်ပါ
အမှားဆုံးပေါ့
ဖြူ့လို မမြင့်မားနိုင်ပေမဲ့
ဖြူပေးသမျှ လက်ခံတတ်တဲ့
အောက်ခံမြစ်ကလေး ကဗျာကောင်ပေါ့
ကိုယ့်အဓိပ္ပါယ်နဲ့ကို အချစ်ကို ကွေ့ကောက် စီးဆင်းပစ်ခဲ့မိတယ်
အဲဒီနေ့က
ကျနော်တို့
ပုခုံးချင်းတိုက်ပြီး ကဗျာလေးမှာ ပန်းသွားပွင့်တယ်
ခင်ဗျား တဲ့ ကျနော်တဲ့
ချစ်စွာသောလေးရဲ့ နာမ်စားဟာ သနပ်ခါးရေကျဲလေးနှစ်ဖက်နဲ့
မြန်မာဆန်သော နာမည်လေးနဲ့
ကျနော့်ရဲ့တောင်ကုန်းကလေးဟာ နပိုလီယန်ကျရှုံးမယ်ဆိုလည်း
ကျရှုံးချင်စရာ စိတ်နဲ့ခန္ဓာ
အဲဒီနေ့က
အိပ်မက်ထဲ
ကမ္ဘာတစ်ခြမ်းစောင်းတယ်
နေဆယ်စင်းရွာတယ်
လန့်နိုးလာတော့
ရေးလက်စကဗျာတစ်ပုဒ်က ပုဒ်မချလျက်
မောင်လေးတစ်ယောက်လိုပဲ ခင်ပါတယ် တဲ့
မြစ်ဟာ ကွေ့ရာက ပြန်လာတယ်
တောင်ကုန်းကို မမှီမကမ်းငေးလို့
တန်ရာတန်ရာ အောက်ခံကြမ်းပြင်ပေါ်မှာ

စာတွေသိပ်ဖတ်တာပဲ
လောကကို ဘယ်လို ပစ်ချက်မျိုးနဲ့ ထိစေမှာလဲ
စိတ်တွေသေတာကိုရော ကုစားတတ်ပြီလားဗျာ
နေမဝင်သေးဘူးထင်ပါတယ်
ကော်ဖီလေးဖျော်ပြီး
ကျနော့်အကြောင်း တစ်ဆုံး တွေးပစ်စမ်းပါလား
လက်တွေ့ဆန်သူလေးက
ပန်းတွေကို ချစ်တယ်တဲ့
ဒါဆိုရင်
ပျော်အောင်နေဖို့လိုအပ်လာပါလိမ့်မယ်
ပြင်ဆင်ခွင့်ရချင်ပါတယ်
မြိုချထားခဲ့ရတာတွေဟာ မြင်မကောင်းအောင်ပါပဲ
ကျနော်ဟာ ဘယ်မိန်းမနဲ့မှ အဆင်မပြေမှန်း
ခင်ဗျားမရှိမှ သဘောပေါက်ပါတယ်
တတိယကမ္ဘာစစ်က မဝေးတော့ဘူးတဲ့ ဖြူရေ
ခင်ဗျားရဲ့ တောင်ကုန်းလေးအတွက်
ခံတပ်တစ်ခုစာ နေရာယူချင်မိပါရဲ့ ။ ။

ကြ ည် လ င်

B a s e d - o n - t r u e - s t o r y.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 06:32


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 06:04


ဧည့်လမ်းညွန်တွေ ကို သူတို့ ဆရာကြီး က ပြဿနာ ရှုပ်လိမ့်မယ် ၊ မပို့နဲ့ တားလို့ တဲ့ ။

ဒါနဲ့ ကျွန်မ နဲ့ ဒေါ်နိုင်ရည်မာ တို့ တိုးရစ်တွေ လာတတ်တဲ့ မန္တလေး တောင် တို့ ၊ ဘိုးဘိုးကြီး နတ်နန်း တို့ သွားကြတယ် ။ ဧည့်သည် တွေ့ရင် leaflet. ( လက်ကမ်းစာစောင် ) လေးတွေ ပေးပြီး ည မှာ ရုပ်သေးပွဲ လာ ကြည့်လှည့်ပါလို့ ဖိတ်ခေါ်တယ် ။

Foreigner ( နိုင်ငံခြားသား ) တွေ က ကျွန်မတို့ ကို misunderstanding ( အထင်အမြင် လွဲမှားမှု ) ဖြစ်တာပေါ့ ။ ညဘက် ၈း၃ဝ နာရီ လည်း ဖိတ်တယ် ။ FOC ( Free of charge ) အခမဲ့ လည်း ဖြစ်တယ် ။ လာ ဖိတ်တာ က လည်း မိန်း ကလေးငယ်ငယ် ၊ အရွယ်ကောင်းလေးတွေ ၊ သူတို့ သံသယ ဖြစ်တာ ကျွန်မ တို့ က မသိဘူး ။ ရုပ်သေးပွဲ ကဖို့ ၊ ပြဖို့ ပဲ အားသန် နေတာပေါ့ ။

အချို့လည်း အိုကေ ဆိုပြီး ရောက်လာတယ် ။ ရောက်လာတော့ တကယ်ပဲ ရုပ်သေး ကပြ နေတာ တွေ့သွားတယ် ။ ကပွဲ ပြီးတော့ မင်းတို့ ဘာဖြစ်လို့ ပိုက်ဆံ မယူဘဲ ကပြတာလဲ မေးတယ် ။ “ ကျွန်မတို့ က ရုပ်သေးပညာရှင်တွေ ကို သုံးလစာ ပိုက်ဆံ ပေးထားပြီးသား ၊ ငွေရေးကြေးရေး အရ ထပ် ရှုံးဖို့ မရှိဘူး ၊ ဘယ်သူမှ လာ မကြည့်ရင် တော့ တို့ ဆုံးရှုံးတယ် ၊ တစ်ယောက် လာ ကြည့်တယ် ၊ မင်း ပြန်သွား တဲ့ အခါ မန္တလေး ဘယ်နေရာ မှာ ရုပ်သေးပွဲ ရှိတယ်လို့ လမ်းညွှန် ပြလိုက် ရင် အဲဒါ ငါတို့ အတွက် အမြတ် ပဲ ၊ လာ ကြည့်ပြီး တစ်ဆင့် စကား တစ်ဆင့် နား သတင်း ဖြန့် ပေးရင် တို့ မြတ်တာပဲ ” လို့ ရှင်းပြ လိုက်တယ် ။

တစ်ယောက်တည်း ပဲ ကြည့်မယ့် သူ ရှိ လည်း ကျွန်မတို့ က ပျော်ပျော်ကြီး ကပြတယ် ။ တစ်ယောက်တည်း လာတဲ့ ဧည့်သည် က လည်း guide book ( ဧည့်လမ်းညွှန် စာအုပ် ) ရေးတဲ့ သူတို့ ၊ journalist ( သတင်းစာဆရာ ) တို့ ဖြစ်ချင် ဖြစ် နေတတ်တယ် ။ သည်လိုနဲ့ တဖြည်းဖြည်း လူသိ များလာတာပေါ့ ။ တစ်ယောက် မှ မလာသေး လည်း ကျွန်မတို့ က စိတ်ရှည်လက်ရှည် စောင့်တယ် ။ ကျွန်မတို့ က ခေါင်းမာတယ်ပေါ့ ။ သည်လိုနဲ့ ပဲ အောင်မြင်လာတာပါ ။

ဘဘတို့ နဲ့ လက်ပွန်းတတီး နေရင်း တစ်ဖက် မှာ ရုပ်သေးပညာ ကို ကျွန်မ သင်ယူတယ် ။ ဘဘတို့ ပညာရှင်ကြီးတွေ က လည်း စေတနာ ကြီးကြပါတယ် ။ မခြွင်းမချန် သင်ပြ ပေးတယ် ။

နိုင်ငံခြား ကို ရုပ်သေးပညာ နဲ့ ပထမဆုံး သွားခဲ့တာက ရတနာကုန်သည် စာရေးဆရာမ ပတ္တမြားမိုမို တို့ နဲ့ ပါ ။ စင်ကာပူ ကို သမဝါယမ ကျောက်မျက် ရတနာပြပွဲအဖွဲ့ နဲ့ အတူ ရုပ်သေးပွဲ စ ပါသွားတာ ။ နောက် ၁၉၉၈ ခုနှစ် မှာ theatre art ဆိုပြီး စင်ကာပူ က ဖိတ်ခေါ်လို့ စင်ကာပူ မှာ ရုပ်သေးပညာ ဖလှယ်ပွဲ ထပ် သွားရတယ် ။ အရှေ့တောင်အာရှနိုင်ငံတွေ က ရုပ်သေး ပညာရှင်တွေ လာ ကြတယ် ။ တစ်လ တိတိ ကြာခဲ့တယ် ။

ရုပ်သေးအဖွဲ့ကြီး တစ်ဖွဲ့လုံး အနေ နဲ့ ကျတော့ ဥရောပ ကို စ ထွက်ကြ ရတယ် ။ ဒေါ်နိုင်ရည်မာ ရဲ့ ကြိုးပမ်းချက် နဲ့ ဟော်လန် ၊ ပြင်သစ် ၊ ရှာလီဗီး ကမ္ဘာ့ရုပ်သေးပွဲတော် သွားရတယ် ။ အဲသည် ပွဲတော် က ပြန်လာ ၊ ရန်ကုန် မှာ တစ်ည ပဲ အိပ်ပြီး အမေရိကန် ပြည်ထောင်စု ကို သွားရ ပြန်တယ် ။

ယခု ဆိုရင် ဖင်လန် ၊ မော်ရိုကို ၊ ဆွစ်ဇာလန် ၊ စပိန် ၊ ဂျာမနီ ၊ တရုတ် ( တိုင်ပေ ) ၊ ဂျပန် စတဲ့ နိုင်ငံတွေ တော်တော်များများ ကို ရုပ်သေးအဖွဲ့ကြီး နဲ့ သွားပြီး ကပြခဲ့ပြီးပါပြီ ။ ပြည်ပနိုင်ငံတွေ ကို သွားပြီး ကပြတဲ့ အခါ မြန်မာ့ရုပ်သေး ကို လေးလေးစားစား တန်ဖိုး ထားပြီး ကြည့်ကြတယ် ။ နှစ်သက် သဘောကျကြ တယ် ။ မြန်မာနိုင်ငံသားတွေ ကို လည်း ရုပ်သေးပွဲ ကြည့်ကြရစေချင်တယ် ။ ပြည်တွင်း မှာ ရုပ်သေး ကပြနိုင်ဖို့ ကျွန်မတို့ ပြန် ကြိုးစားတယ် ။

ပထမဆုံး ကခွင့် ရတာက မလိုင် ရွှေပေါ်ကျွန်း မှာ တစ်ပတ်တိတိ ကတယ် ။ နောက် မန္တလေးကျုံးကြီး ပြန် တူးဖော်ပြီးတော့ ပွဲ သုံးည ကတယ် ။ နောက်ပိုင်းမှာ စစ်ကိုင်း ကောင်းမှုတော် ဘုရားပွဲ ၊ ကျောက်တော်ကြီး ဘုရားပွဲတွေ ကရတယ် ။ သာစည် နယ် က လည်း လာ ငှားတယ် ။ ကောင်းမှုတော် ပွဲ ကတော့ နှစ်စဉ် နှစ်ဆက် ရုပ်သေးပွဲ ထည့်မှာ တဲ့ ။ ကျွန်မတို့ ဘုရားပွဲ သွားတာ ငွေကြေး အရ မမြတ်စွန်း ပါဘူး ။ ဒါပေမဲ့ လူငယ်တွေ မက်မက်မောမော ကြည့်ကြလို့ ကျေနပ်တယ် ။ ကောင်းမှုတော်ဘုရားပွဲ မှာ ကျွန်မတို့ ရုပ်သေး က နေတာ ကို theatre art က ဒါရိုက်တာ မစ္စတာ အောင်ကင်စင် ( Mr.Ong Keng Seng ) က မှတ်တမ်းရုပ်ရှင် ရိုက်တယ် ။ မဲခေါင်ဒေသ ရုပ်သေးများမှတ်တမ်း အဖြစ် မှတ်တမ်းတင် ထားတယ် ။ ဂျပန် NHK က လည်း လာရိုက်တယ် ။ ကျွန်မ က တော့ ဝမ်းသာပါတယ် ။

ကျော်ရင်မြင့်
📝 ဘဝဇာတ်ခုံ အဖုံဖုံ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 06:04


❝ ရုပ်သေး နဲ့ ကမ္ဘာလှည့်သူ ❞

ဒေါ်မမနိုင် က အင်္ဂလိပ်စကားပြော တတ်ချင်တယ် ။ ကျောင်းဆရာမ ဘဝ တုန်း က နိုင်ငံခြားဘာသာသိပ္ပံ မှာ အင်္ဂလိပ်ဘာသာ သင်တန်း တက်ခဲ့ဖူးပေမယ့် လက်တွေ့ နည်းတာမို့ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူး ။

အိမ်ထောင်ပြုလိုက်တော့ အိမ်ထောင်ဖက် က တက္ကစီ မောင်းတယ် ။ နိုင်ငံခြားသား ဧည့်သည်တွေ ကို ဧည့်လမ်းညွှန် လိုက် လုပ်တယ် ။ ကျောင်းဆရာမ အလုပ် က ထွက်လိုက်ပြီးတဲ့ ဒေါ်မမနိုင် က အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ သူ့ ခင်ပွန်းသည် ဧည့်သည် ရလာတဲ့ အခါ ဧည့်သည် ကို ခွင့်တောင်းပြီး သွားလေ ရာ လိုက်ရင်း နိုင်ငံခြားသား နဲ့ စကား ပြောတယ် ။

အင်္ဂလိပ်စကား ကို ကိုယ်တိုင် လည်း သင်ယူ ၊ မျှဝေ သင်ကြားမှု လည်း လုပ်နိုင်ဖို့ အင်္ဂလိပ်စကားပြော သင်တန်း တစ်ခု ဖွင့်လိုက်တယ် ။ အသက် ၁၂ နှစ်ခန့် အရွယ် ကေသွယ်ဖြိုး ဆိုတဲ့ ကလေးမလေး က သူ့ ဘီအမ်အိတ်စ် စက်ဘီး လေး စီးပြီး နေရာအနှံ့ လျှောက် သွားရင်း နိုင်ငံခြား ခရီးသွား ဧည့်သည် တွေ့ရင် မိတ်ဆက်ပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်တယ် ။

တစ်ရက် မှာ အောင်တော်မူဘုရား အနီး မုန့်ဟင်းခါး စားနေတဲ့ ဧည့်သည် စုံတွဲ ကို တွေ့ တော့ သူ့ ကိုယ် သူ မိတ်ဆက်တယ် ။ မုန့်ဟင်းခါးဖိုး လည်း ရှင်းပေးပြီး သူ့ ဆရာမ ဒေါ်မမနိုင် ရဲ့အိမ် ကို ခေါ်ချလာတယ် ။ ဒေါ်မမနိုင် က သူတို့ နဲ့ ခင်မင် သွားပြီး နောက်နေ့ ညနေပိုင်း မှာ သူ့ ရဲ့ အိမ်ဂေဟာကျဉ်းကျဉ်းလေး မှာ ညစာ လာ စားဖို့ ဖိတ်လိုက်တယ် ။ ဒေါ်မမနိုင် ရဲ့ အမေ ကတော့ ကိုယ်တိုင် ဆင်းရဲလို့ ခြိုးခြံချွေတာပြီး စားနေရတဲ့ အထဲ မှာ နိုင်ငံခြားသား ကို ထမင်းစား ဖိတ်လို့ အံ့ဩ နေတယ် ။ ဒေါ်မမနိုင် ကတော့ စားရင်း သောက်ရင်း အင်္ဂလိပ်စကားပြော လေ့ကျင့် ချင်တာပါ ။ ဖြစ်ချင်တော့ ဧည့်သည်စုံတွဲ က စီဂျီဂျီ ရေနံကုမ္ပဏီ က အရာရှိ ဖြစ်နေတယ် ။ ရေနံကုမ္ပဏီ က expert မစ္စတာ ဂယ်ရီမူလ်ဒါ က ဒေါ်မမနိုင် ရဲ့ ခင်ပွန်း ဦးသန်းညွန့် ကို အလုပ် ခန့် ပေးဖို့ ကမ်းလှမ်းတယ် ။

ဒေါ်မမနိုင် ကိုယ်တိုင် က အလုပ်အကိုင် မရှိဘူး ။ အင်္ဂလိပ်စကားပြော လည်း လေ့ကျင့်ရ ၊ တစ်ဖက်တစ်လမ်း က လည်း ဝင်ငွေ ရအောင် သူငယ်ချင်း ဖြစ်တဲ့ ဒေါ်နိုင်ရည်မာ နဲ့ ရှယ်ယာ စပ်ပြီး မြန်မာ့ လက်မှုပစ္စည်း အရောင်းဆိုင်လေး ဖွင့် ကြတယ် ။ ရွှေချည်ထိုး ပစ္စည်းလေးတွေ နဲ့ ရုပ်သေးရုပ်ကလေးတွေ ရောင်းတယ် ။

တစ်နေ့မှာ တော့ နိုင်ငံခြားသူ တစ်ယောက် က ရုပ်သေးရုပ် ဝယ်ဖို့ ဆိုင် ထဲ ဝင်လာပြီး ဒေါ်မမနိုင် ကို ရုပ်သေးရုပ် ကပြပေး ခိုင်းတယ် ။ ဒေါ်မမနိုင် က ရုပ်သေးကြိုး မဆွဲတတ်လို့ နောက်တစ်ခါ သူ ပြန်လာလို့ ရုပ်သေးရုပ် ကို ကပြ နိုင်ရင် ဝယ်မယ်လို့ ပြောပြီး နိုင်ငံခြားသူ က ပြန် ထွက်သွား သတဲ့ ။ ဒေါ်မမနိုင် က သူ့ ဘဝ မှာ ကြုံတွေ့ ရပုံ ကို ဆက် ပြောပြတယ် ။

••••• ••••• •••••

ကျွန်မ ရှက်လိုက်တာ ၊ ပစ္စည်း မရောင်းရလို့ မဟုတ်ပါဘူး ။ ဘာကြောင့်လဲ မေးရင် ကျွန်မ ဖေဖေ ဂုဏ်ထူး ဦးသိန်းနိုင် က ရုပ်သေးစာအုပ် ရေးတယ် ။ ရုပ်သေးရုပ် ရောင်းတဲ့ သမီး ကျွန်မ က ရုပ်သေး မကတတ်ဘူး ။

ချက်ချင်းပဲ ကျွန်မ နဲ့ ခင်မင်ရင်းနှီးတဲ့ ဂီတပညာရှင်ကြီး စောင်း အင်းလေး ဦးမြင့်မောင် ဆီ သွားပြီး အကူအညီ တောင်းတယ် ။ ဆရာဦးမြင့်မောင် က ဒေါက်တာ တင်မောင်ကြည် ဆီ ဆက် ညွှန်တယ် ။ ဒေါက်တာ တင်မောင်ကြည် က ဝါသနာ အရ ကိုယ်တိုင် ရုပ်သေးရုပ်တွေ လုပ်တယ် ။ ရုပ်သေး သုတေသန လည်း လုပ်နေတယ် ။ ရုပ်သေး လည်း လက်တွေ့ ကပြ တတ်တယ် ။ ဒေါက်တာ ဦးတင်မောင်ကြည် က ရုပ်သေး ဆရာကြီး ဦးပန်းအေး ဆီ သွားဖို့ လမ်းညွှန် လိုက်တယ် ။ မင်းတဲအီကင်းရပ် ကို လိုက် သွားတယ် ။

ဘဘဦးပန်းအေး နဲ့ တွေ့တော့ ဘဘ က နောက်ရက် မှာ ရုပ်သေးအရုပ်ကလေး ပိုက် ၊ ကက်ဆက်ကလေး နဲ့ ကျွန်မတို့ နေတဲ့ နေရာ လိုက်လာတယ် ။

ကျွန်မတို့ ရဲ့ မြန်မာမှု လက်မှု အနုပညာဆိုင်သေးသေးလေး ရှေ့ ရေမြောင်း ကို ခွပြီး ခုံတန်းလျားလေး ချတယ် ။ ပြီးတော့ လက်တန်း ဆင်ပြီး ရုပ်သေး ကပြတယ် ။ ဘဘ လည်း ရုပ်သေး မကရတာ ကြာပြီ ။ ရုပ်သေးပွဲ ဆိုတာ မရှိတော့ ရုပ်သေး က ပြီးသွားပြီ ၊ သေသွားပြီ လို့ ဘဘ က ထင်ပြီး စိတ်မချမ်းမသာ ဖြစ်နေတာ ။

ဘဘ ရုပ်သေး ကတော့ ပရိသတ် တွေ အုံခဲ ပြီး လာတယ် ။ ရုပ်သေး က တာ ကို မမြင်ဖူးတဲ့ သူတွေ များတယ် ။ အဲဒါ ၁၉၈၉ ခု ထဲ မှာ ။

နောက်ရက် ကျ ဘဘ ကို ရုပ်သေး ထောင်ဖို့ ကျွန်မ က ပြောတယ် ။ သူ က မဖြစ်နိုင်ဘူး ထင် နေတာပေါ့ ။ ဆရာမ နိုင်ရည်မာ က လည်း ရုပ်သေး ထောင်ရင် သူ လည်း ပါမယ် ပြောတယ် ။ သူ့ အစ်ကို တစ်ယောက် ကလည်း ပါမယ် ပြောတယ် ။ ဒါနဲ့ သုံးဦး စပ်ကြတယ် ။

ရုပ်သေးပညာရှင်ကြီးတွေဖြစ်တဲ့ ဘဘဦးပန်းအေး ရယ် ၊ ဦးမြသွင် ရယ် ၊ ဦးဆယ် ရယ် ကို စာချုပ်တယ် ။ သုံးလပြတ် လစာ သတ်မှတ် ပိုက်ဆံ ပေးတယ် ။ ကရ ကရ ၊ မကရ မကရ အဘ တို့ ကို ပေးမယ်ပေါ့ ။

ရုပ်သေးပွဲ စ တဲ့ ည မှာ နိုင်ငံခြားသားဧည့်သည် နှစ်ဖွဲ့ လာတယ် ။ Tour guide ( ဧည့်လမ်းညွှန် ) တွေ ဖြစ်တဲ့ ဒေါ်ညွန့်ညွန့် နဲ့ ဒေါ်မြမြအောင် တို့ က ဧည့်သည်တွေ ခေါ်ချ လာတယ် ။ Good luck ဖြစ်သွားတာပေါ့ ။ သူတို့ က နိုင်ငံခြားဧည့်သည်တွေ ညစာ စား ပြီးရင် ဘာမှ ကြည့်စရာ လည်စရာ မရှိဘူး ။ ရုပ်သေးပွဲ က ရင် အဆင် ပြေလိမ့်မယ် ပြောထားတာ ။ ဒါပေမယ့် နောက်ရက်ကျ ဧည့်သည် မလာဘူး ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 04:32


ဧည့်သည်

🍂

လာတုန်းကလည်း
တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ။

ပြန်သွားတော့လည်း
တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ။

လာပြီးတော့ နား
မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ ပိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ။

ကံကုန်မိုးချုပ် လက်တွဲဖြုတ်က
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျှင်ဧည့်သည်ပါတကား ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏ ။

ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါ့သားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ
အမှတ်လွဲခဲ့ ။

အမှန်မှာမူ
ငါလာသောအခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင် မရှိပါတကား ။

လာသူလာလည်း
လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း
သွားစမ်းပါစေ မတားလေနှင့် ။

တို့တတွေမှာ သဘာဝသာလျှင်
အမိရင်ဝယ် ထွက်ဝင်ခိုနား
ခရီးသွားဧည့်သည်တွေပါတကား။ ။


{မင်းကွန်းဆရာတော်ဘုရားကြီး}

#မြောက်ဦးဆရာတော်ဘုရားကြီးဟောကြားထားသော
"ဧည့်သည်ကိုအိမ်ရှင်မလုပ်နဲ့"

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 04:27


" မုံရွာဘက်သို့ခရီးထွက်စဉ်က "
_________
ရေးသူ-✍️ရွှေဥဒေါင်း

[၁၃၆၂ ခု၊ တပေါင်းလကွယ်နေ့၊ ၂၀၀၁ မတ်လ ၂၃ မာယာ မဂ္ဂဇင်း]

"လိုက်ခဲ့ဦးလေကွာ မောင်ဖေသိန်း" ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်းက နောက်ဆုံးအကြိမ် ခေါ်ငင်ရာတွင်၊ မလိုက်တော့ပါဟု ဆုံးဖြတ်ချက် ချထားခဲ့သော ကျွန်ပ်မှာ (၂၀-၃-၅၆) နေ့က ဆရာကြီးတို့နှင့်အတူ မုံရွာနယ်ဘက်သို့ လိုက်ပါသွားခဲ့ရတော့သည်။ ငယ်တပည့်ဖြစ်သည့်အတွက် "မင်းနဲ့ခရီးသွားရတာ ပျော်သကွာ" ဟု ဆရာကြီးပြောစကားသည် ကျွန်ပ် အဖို့အရာ၌ အမိန့်ပေးခြင်း တမျှ လေးစားမိသည် ဖြစ်၍ ၎င်းနေ့ နံနက်စောစောတွင် မေမန်းဘတ်စ်ကားတစီးဖြင့် မန္တလေးမှ ရွာထောင်သို့ ထွက်လာခဲ့ကြသည်။

ကျွန်ပ် အဖွဲ့တွင် ဆရာကြီးနှင့် ကျွန်ပ်အပြင် ကိုဘငြိမ်း၊ ဦးရွှေဖြူ၊ ကိုဘ၀င်းနှင့် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ မောင်လှမြင့်တို့ ပါ၀င်ကြသည်။ ထိုရက်တွင် အမရပူရနှင့် ရွှေကြက်ယက် အကြားရှိ မီးရထားတံတားမှာ မပြင်ရသေးသည့်အတွက် ရွာထောင်ဘူတာတွင် မီးရထားစီးကြရမည် ဖြစ်သည်။

ရွာထောင်ဘူတာတွင် မူလက ခန့်မှန်းသည်ထက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသော်လည်း ဆရာကြီးကိုမြင်လျင် မကြည်ညိုသူ မရှိသည့်အလျောက် မီးရထားရုံပိုင်၏ ဂရုတစိုက် စောင့်ရှောက် မှုကြောင့် ကျွန်ပ်တို့လူစုမှာ နေရာထိုင်ခင်းနှင့်တကွ ချမ်းသာစွာ စောင့်နေနိုင်ကြပေသည်။

စားချင်စဖွယ်ထမင်းဆိုင်များ

(၉)နာရီခွဲ အချိန်တွင် ရွာထောင်မှ မီးရထား ထွက်လာသောအခါ မီးရထား အလုပ်သမားများ သည် ဆရာကြီးအပေါ်တွင် စေတနာထားသည့်အလျောက် နောက်ဆုံးပိတ် ဂါတ်တွဲ၌ နေရာထိုင်ခင်း ပြင်ဆင်ပေးကြပါသည်။

ညောင်ပင်၀န်းဘာတာတွင် မီးရထား အလုပ်သမားများက ကျွန်ပ်တို့ လူစုအတွက် နံနက်စာကို ထမင်းဆိုင်၌ တည်ခင်းကျွေးမွေးကြသည်။ ထမင်းဆိုင် အခင်းအကျင်းနှင့် ဟင်းလျာများ ချက်ပြုတ်ပုံမှာ အထက်အောက် မြန်မာပြည် မီးရထားလမ်း တလျောက်လုံးတွင် ထိပ်တန်းကျသော ဘူတာများအနက် တခုအပါအ၀င် ဖြစ်သည်ဟု ဆိုထိုက်ပေသည်။

ထူးခြားသော အခြင်းအရာတခုမှာ နွားနို့စစ်စစ် ရနိုင်သောဘူတာဆို၍ ထမင်းစားပြီးသူတိုင်း နွားနို့တခွက်စီ သောက်ကြသည်ကို တွေ့ခဲ့ရသည်။

မြန်မာလူမျိုးသည် အိန္ဒိယတိုင်းသားနှင့် အနောက်တိုင်းသားများကဲ့သို့ နွားနို့ကြိုက်တတ်သူများ မဟုတ် ဆိုသော်လည်း ကောင်းကောင်း စစ်စစ်ရနိုင်လျင် သောက်ချင် ရှာကြပေတကားဟု စဉ်းစား မိသည်။

အချိန်ကလည်း (၁၁)နာရီခွဲ ပြီး၍ ဆာချိန်ဖြစ်ပြန်၊ ဟင်းလျာများကလည်း စုံလင်ပြန်၊ ကက္ကိုပင် ရိပ်ကြီးကလည်း အေးချမ်းသာယာပြန်ပေရာ ခရီးသည်တိုင်းကိုပင် မြန်ယှက်စွာ စားသောက်ကြသည်ကို မြင်ခဲ့ရသည်။

နားမလည်သူများ၏ပုတ်ခတ်ခြင်း

မွန်းလွဲ၍ မီးရထား ထွက်လာသောအခါ ဆရာကြီးမှာ ထမင်းဆိပ်တက်သည် ဟု ဆိုကြသည့်အတိုင်း ငိုက်မျဉ်းရှာသည်နှင့် ချောင်ကလေးတွင် ကွေးလျက် မှိန်းရှာတော့သည်။ (မန္တလေး-မုံရွာ မီးရထားမှာ အထက်တန်းတွဲ မပါသောကြောင့် ဆရာကြီးအတွက်နေရာကို ဖြစ်တတ်သလို စီမံပေးကြရသည်) နေရာကလည်း ပူပြန်၊ နောက်ဆုံးတွဲ ဖြစ်သောကြောင့် မီးရထားလည်း အပြင်းအထန် ယိမ်းထိုး လှုပ်ခါပြန်၊ နေရာကလည်း ကျဉ်းကျုတ်ပြန်လေရကား ချောင်ထဲ၌ ကွေးလျက် အိပ်ရရှာသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို မြင်ရသည်တွင် ရင်ထုမနာ ဖြစ်မိခြင်းနှင့်အတူ ဆရာကြီး၏ ငြိမ်းချမ်းရေးဆန္ဒ ပြင်းပြမှုကိုလည်း စိတ်ထဲက ချီးကျူးမိပါသေးသည်။

ကျွန်ပ်မှာ အသက် ၇၀ နီးရုံမျှရှိသေး၍ ဒုက္ခရောက်လှသည်ဟု အောက်မေ့မိသည့် အခါတိုင်း အသက် ၈၀ ကျော်ပြီဖြစ်သော ဆရာကြီး၏ ငြိမ်းချမ်းရေးဇွဲကို မြင်ရ၍ ကိုယ့်ကိုယ်ကို အားပေးရပါ တော့သည်။

သို့နှင့်ပင် တခါတရံတွင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒုက္ခခံလျက် ဆောင်ရွက်ကြရာ၍ မသိနားမလည်သူများက တောင်ပြောမြောက်ပြောနှင့် စွတ်စွဲ ပုတ်ခတ်ကြ သည်တွင် အောက်ပါ ဥပမာအတိုင်း စဉ်းစားမိ၍ စိတ်ချဉ်ပေါက်သလို ဖြစ်မိပါသေးသည်။

ဗလမကောင်းပဲလျက်လှော်ခတ်ရခြင်း

ကမ္ဘာသူကမ္ဘာသားသည် လည်းကောင်း၊ မြန်မာပြည်သူ ပြည်သားများသည် လည်းကောင်း၊ တစင်းထဲသော လှေပေါ်တွင် အတူစီးလျက် ခရီးသွားကြစဉ် လှေကြီးသည် ရေကြောင်းလွဲ၍ ကျောက်ဆောင်နှင့် တိုက်အံ့ဆဲဆဲ ဖြစ်သည်ဆိုအံ့။

ထိုအခြင်းအရာကို သိမြင်သူများက ကျောက်ဆောင် ကြီးနှင့် လွဲကင်းရှောင်တိမ်း နိုင်စေရန် အပြင်းအထန် လှော်ခတ်ကြသည် ဆိုအံ့။ လှေပေါ်တွင် ကာယဗလကောင်းသူများ ပါရှိသော်လည်း ကူညီလှော်ခတ်ခြင်း မပြုရုံမက ကြိုးပမ်းလှော် ခတ်သူများ ကိုပင် ပြက်ရယ်လှောင်ပြောင်ခြင်း၊ အနှောက်အယှက်ပေးခြင်း ပြုလုပ်ကြသည်ဆိုအံ့။ လှော်ခတ် ရသူများသည် မည်ကဲ့သို့ ရှိချေမည်နည်း။

ကျွန်ပ်သည် ချောင်ကလေးထဲ၌ ချွေးတလုံးလုံးနှင့် အိပ်ပျော်နေရှာသော ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို လှမ်းကြည့်ရင်း အများနှင့်အတူ ဘေးအန္တရာယ်မှ လွတ်မြောက်ရန်မှတပါး မည်သည့် ကိုယ်ကျိုးမျှမပါပဲ လှော်ခတ်နေကြသော ကျွန်ပ်တို့၏ ဖြစ်ထွေကို အထက်ပါ ဥပမာအတိုင်း စဉ်းစားမိသည်နှင့် ၀မ်းနည်းချင်သယောင် ဖြစ်မိပါသေးသည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Jan, 04:27


သို့သော် ဤစိတ်ကူးကား ခွန်အားနည်း၍ ညံ့ဖျင်းသော စိတ်ကူးအနေဖြင့် ဦးခေါင်းထဲမှ ဖယ်ထုတ်ပစ်လိုက်ပါသည်။ သို့နှင့်ပင် ပြည်တွင်းငြိမ်းချမ်းရေး မရသဖြင့် တပြည်ထောင်လုံး စီးပွါးပျက်သည့် ကပ်ကြီးဆိုက်၍ လုယက်တိုက်ခိုက်ကုန်ကြလျင် အင်ပို့လိုင်စင်သမားနှင့် 'ပြည်တော် သာ' သမားများလည်း ကျွန်ပ်ရေးဖူးသည့် 'ဓါးကုန်သည် ဖိုးသန့်' ကဲ့သို့ ပါးရိုက်ခံရခြင်းသာ အဖတ်တင် မည့်အရေးကို တွေးရင်း အိပ်ပျော်သွားပါတော့သည်။

မုံရွာသို့ရောက်ခဲ့ပြီ

(၂)နာရီခွဲ အချိန်တွင် မုံရွာဘူတာသို့ ၀င်လာ၍ မျှော်ကြည့်လိုက်ရာတွင် နေပူကြဲကြဲ၌ စောင့်ကြိုလျက်ရှိသော ပရိသတ်ထုကြီးကို မြင်လိုက်ရခြင်းဖြင့် အားရမိသည်။ စီစဉ်သူများမှာ ဆရာကြီး လိုက်ပါလာလိမ့်မည်ဟု အသေအချာမသိရပဲ စမ်းသပ်မှန်းဆ၍ ကြိုဆိုရခြင်း ဖြစ်သည်ဆိုပါလျက်၊ ထိုမျှလောက် စည်ကားအောင် စုရုံးနိုင်ကြသည့်အတွက် ချီးကျူးထိုက်ပါပေသည်။

တပြိုင်နက် အ၀တ်ဖြူ ယူနီဖောင်းနှင့် လည်ပင်းတွင် အနီရောင် တဘက် စည်းပတ်ထားသည့် တရုတ်ကျောင်းသူ ကျောင်းသားများကို မြင်လိုက်သည့်အခါ တရုတ်ပြည်ကြီးသို့ လှည့်လည်စဉ်က အခြင်းအရာတခုကို ပြေး၍ သတိရမိသည်။

ဆရာကြီးနှင့် အတူလိုက်ပါစဉ် အခြားသောမြို့များ၌ ဤအချင်းအရာမျိုး မတွေ့ရခဲ့ဘူးပဲ မုံရွာတွင်မှ မြင်တွေ့ရသဖြင့် တရုတ်မြန်မာ ချစ်ကြည်ရေးလမ်းစဉ် အောင်မြင်ခြင်း ပေတကားဟု စဉ်းစားမိသည်။

စိတ်၀င်စားလျက်ကြည့်နေကြသည်

မိန်းမပျိုလေးများ ပေးဆက်သည့် ပန်းစည်းများကို လက်ခံပြီးနောက် ဆရာကြီးအား မိန်းမပျို လေးများ ခြံရံကာ ကားပေါ်တွင် တင်လျက် ကမ္ဘာ့ခြမ်းချမ်းရေး အဖွဲ့အစည်းတည်ရာဌာနသို့ ပို့ဆောင် ရာတွင် ပရိသတ်မှာ နေပူကျဲကျဲတွင် ဆရာကြီး၏ ကားနောက်မှာ ခြေလျင်လိုက်ပါရှာကြသည်။

'ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆိုက်ရောက်လာကြောင်း' ရှေ့ဆုံးမှ အသံချဲ့စက်ဖြင့် ကြွေးကြော်သွားသဖြင့် အိမ်ပေါက်စေ့ ထွက်၍ ကြည့်ကြသော မြို့သူမြို့သားများ၏ မျက်နှာကို အကဲခတ်ရာတွင် ဤအသက် ဤအရွယ်၌ ဒုက္ခခံပြီး နယ်လှည့် ဟောပြောရှာသော ပုဂ္ဂိုလ်ကြီး ပေတကားဟု အံ့သြကြီးစွာနှင့် မျှော်ကြည့်ကြသည့် လက္ခဏာအသွင်အပြင်များကို မြင်ခဲ့ရပေသည်။

ကျွန်ပ်အဖို့မူ လွန်ခဲ့သည့် နှစ်ပေါင်း (၄၀)ခန့်က မင်းကြီး၏ တောလိုက်စာရေးနှင့် မုံရွာသို့ သုံးလေးခေါက် ရောက်ဖူးစဉ်က ခြေရာလက်ရာ အမှတ်အသားများ လုံး၀မတွေ့ရတော့ပဲ အသစ် စက်စက် မြို့တမြို့ ဖြစ်နေပါတော့သည်။

သို့သော် ယခင်ကအတိုင်း တည်ရှိနေသေးသည့် အမှတ်အသားတခုကား ချင်းတွင်းမြစ်ပင် ဖြစ်ပေရာ အသစ်မွေးသူ မွေးဖွား၍ အဟောင်းများ သေလွန် ကွယ်ပျောက်ကြသည့် အထဲတွင် ကျန်ရှိနေသည့် ဤမြစ်ကို မြင်ရခြင်းအားဖြင့် လူသတ္တဝါတို့၏ သင်္ခါရသဘောတရားအကြောင်းကို စဉ်းစားမိပါသေးသည်။

အထင်ကြီးသောလူတစုပေတကား

ကမ္ဘာ့ငြိမ်းချမ်းရေးအသင်း ဥက္ကဌ ဦးဖေညိုတိုက်သို့ ဆိုက်ရောက်ကြ၍ ဆရာကြီးက ကျောင်းသား လူငယ်များအား သြဝါဒမိန့်ခွန်း အနည်းငယ် ပြောကြားပြီးနောက် လူစုခွဲလိုက်ကြသည်။

ဤတွင် ရှေးယခင်က ကျွန်ပ်တို့ သိကျွမ်းခဲ့ဖူးသည့် ပွဲစား ကုန်သည်စသော ပုဂ္ဂိုလ်များ အကြောင်းကို မေးမြန်းစုံစမ်းကြည့်ရာ ဒုတိယ ကမ္ဘာစစ်ဒဏ်ကြောင့် တောင်ရောက်မြောက်ရောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်ဖြစ်၍ ၎င်းတို့၏ အနွယ်အဆက် တယောက်တလေ မျှပင် ခြေရာကောက်ရ မရနိုင်ပဲ ရှိပါတော့သည်။

စိတ်ကူးတခု ဖြစ်ပေါ်လာသေးသည်မှာ မုံရွာသို့ နောက်ဆုံးပိတ် ကျွန်ပ်ရောက်ဖူးသည့် အချိန်မှာ နှစ်ပေါင်း ၄၀ ခန့် ရှိ၍ ဖဆပလ အစိုးရကလည်း နှစ်ပေါင်းလေးဆယ် တည်မြဲအံ့ဟု ဗျာဒိတ်ပေးထား သည်။ ဗျာဒိတ်ပေးသူများသည် ထိုအချိန်တိုင်အောင် မိမိတို့ပင် ဝိညာဉ်ကင်းလျင်း တည်ရှိကြဦးမည်ဟု ယုံကြည်ကြဟန် တူပေရာ (မိမိတို့ကိုယ်တိုင် မပါရပဲ ဖဆပလတည်မြဲရေး သက်သက်ကို လိုလားသူဟူ၍ ၎င်းင်းတို့အနက်တွင် တဦးတယောက်မျှ ရှိလိမ့်မည် မထင်) မိမိတို့ ကိုယ်ကို ကျောက်တိုင်ကျောက်ခဲပမာ တည်မြဲနေရလိမ့်မည်ဟု ထင်ပုံရကြသည့်အတွက် တရားသဘာ၀နှင့် အတော်ဝေးသေးသော လူတစု ဟူ၍ စဉ်းစားမိပါသည်။

အနားမပေးဘဲစီစဉ်ခြင်း

ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့၀င်များသာ ကျန်ရှိရာတွင် နက်ဖြန်အတွက် အစီအစဉ်များ ပြုလုပ်ကြ သည်။ ကျွန်ပ်အဖို့ ဆိုပါမူ ဆရာကြီးက "ဒီလောက်လှုပ်တဲ့ မီးရထားမျိုး ငါတခါမျ မစီးရဖူးပေါင်ကွာ" ဟုပြော၍ ဆရာကြီး ပင်ပမ်းနွမ်းနယ်ခြင်းကိုလဲ ကိုယ်တိုင်မြင်ခဲ့ရသောကြောင့် အနည်းဆုံး တရက် တလေမျှ ဖြစ်စေ အနားယူဖို့ စီစဉ်ကြလိမ့်မည်ဟု မျှော်လင့်မိသည်။

သို့သော် ကိုသိန်းဖေမြင့်က နက်ဖြန်တွင် မောင်းထောင်ရွာသို့ မော်တော်ကားဖြင့် သွားရန်စီစဉ် ထားပါသည်ဟု ပြောခြင်းကို ဆရာကြီးက မငြင်းဘဲ လက်ခံလိုက်သဖြင့် ဆိတ်ဆိတ်နေလိုက်ပါ တော့သည်။

သို့သော် ဆရာကြီး၏ အပင်ပန်းခံနိုင်သော ဇွဲသတ္တိကို စိတ်ထဲက ချီးမွမ်းရင်း နက်ဖြန်ဆက်၍ ပင်ပန်းရချေသေးရဲ့ဟု အောက်မေ့မိပါတော့သည်။

ရွှေဥဒေါင်း
လူထုသတင်းစာ၊ အမှတ်(ဃ)၁၆၅၂။ ၂-၈-၆၄။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 14:02


ကျနော့်ကို တချို့တချို့ကမေးကြတဲ့မေးခွန်း

အကိုဘယ်တုံးကတည်းကစာအုပ်စစုနေတာလဲဆိုတဲ့မေးခွန်း

ကျနော်စစုတာအဲဒီနှစ်ကပါ
ဒီထဲမှာပါတဲ့စာအုပ်ဆိုမိုင်ကုန်အုပ်ရေ၂၀ပေါ့

အဲတုန်းကကျနော်လည်းမျက်ကန်းတယောက်လမ်းလျှောက်ရသလိုပေါ့ ငါလုပ်နိုင်ပါ့မလားပေါ့

မီးလည်းပျက်နေလို့good nightပါဗျ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 12:54


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 08:55


အားဘူ ၏ ဝမ်းသာအားရ အသံကြောင့် ဖိုးနီ သည် လူအုပ် ကြားထဲ တိုး ကြည့်လိုက်သည် ။ စခန်း က လူကြီးများ နှင့် စကားပြောနေသည်မှာ အမေ ပါ တကား ။ အမေ သည် ညီလေး ကို ပွေ့ဖက်လျက် သား ။ တခြားသူများလည်း ပါသေးသည် ။ စခန်း တွင် နေရာချကာ အလုပ်ရှုပ်စ ပြုနေသည် ကိုလည်း မြင်ရ၏ ။ အမေ သည် သူ့ အနား တိုးကပ်လာသော ဖိုးနီ ကို မြင်လျှင် ဝမ်းသာလှိုက်လှဲခြင်း နှင့် ပြုံးလာ သည် ။ ရုပ်ရှင်ကားများ ထဲ က လိုတော့ ပြေးမဖက် ။ ငို လည်း မငို ။ ငိုရန်ပင် မျက်ရည်များ ကုန်ခဲ့ပြီလား မသိ ။

“ အမေ ၊ အဖေတို့ရော ”

“ ကွဲသွားတယ် ဖိုးနီ ရဲ့ ။ ဘယ်ရောက်သွားမှန်း တောင် မသိဘူး ”

အမေ သည် ခုမှပင် မျက်ရည် ဝဲစ ပြုလာသည် ။ ဖိုးနီ ကို ထွေးဖက် ထားသည် ။ နောက်ထပ် ပျောက် သွားဦးမှာ ကြောက်နေတော့ သလိုပင် ။ ဖိုးနီ သည် လည်း အမေ့ ခါး ကို တိုးဖက် ထားမိသည် ။ ညီလေး ကို ပင် ပိုချစ်ခင်လာမိ၏ ။

သည်လိုနှင့် ည မှာတော့ သားအမိများ အတူ နေခွင့် ရကြလေသည် ။ စခန်း မှာတော့ ရှိသည့်တဲ အကျယ် နှင့် လူဦးရေ က မမျှခဲ့ပြီ ဖြစ်ရာ လူများမှာ လူးသာလှည့်သာ ပင် မရှိပေ ။ ဆောင်းရာသီ ဖြစ်၍ လူငွေ့ နှင့် နွေးထွေးသည် ကို ပင် ကျေးဇူးတင်ရမလို တည်း ။

ဖိုးနီ နှင့် အမေ သည် ညီလေး အိပ်စက်နေသည့် အနီး မှာ တိုးကပ် ထိုင်နေကြသည် ။ အမေ သည် အပြင်ဘက် မြင်ကွင်းကို ငေးနေ၏ ။ အပြင်တွင် မြင် ကွင်းသည် အမှောင်သာ ။ မီးဖို က မီးတို့ ငြိမ်းခဲ့ပြီ ။ လကွယ်ည မို့ ပိန်းပိတ်အောင် မှောင်လျက် ။ သည် ပြင်ပ ကို ပင် အမေသည် ဘာကြောင့်မှန်း မသိ ငေး ကာ နေသည် ။

ဖိုးနီ သည် အမေ နှင့် ပြန်တွေ့ရသည့် အတွက် အခါများစွာ က ထက် အားတတ်လာရသည် ။ မကြာ ခင် သူတို့ အိမ် ပြန်နိုင်တော့မည်လား မသိ ။ အဖေ တို့လည်း ပြန် ရောက်ရင် ရောက်လာမှာပေါ့ ။ သူ သည် အတွေး နှင့် ရွှင်လန်းစွာ ပြုံးလိုက်သည် ။ အခု တော့ ရွာအပြန်လမ်း ကို မမှတ်မိလည်း ရပါပြီ ။ အမေ ရောက်လာပြီ မဟုတ်လား ။ အမေ နှင့် အတူ ပြန်ရလျှင် အိမ်ကို ချောမောစွာ ပြန်ရောက်နိုင်မည် ဟု သူ ထင် ပါသည် ။

“ အမေ သားတို့ ဘယ်တော့ အိမ် ပြန်ရမလဲဟင် ”

အမေ သည် သူ့ အမေးကို မကြားဘူးလား မသိ ။ မမြင်ရသော အမှောင် ကို ပင် ငေးမြဲ ငေး နေ လေသည် ။

စံပယ်ဖြူနု
📚 ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၂၀၁၂

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 08:55


စောင် လုခြုံနိုင်သည် ။ အဖေ့ ကိုယ်ငွေ့ ကိုလည်း ငယ်တုန်းက ခိုလှုံခဲ့သည် ကို သတိရလာသည် ။ နောင်တော့ ဘယ်လိုပင် မိဘ များ က ဆူသည် ဖြစ်စေ စိတ် မကွက်တော့ပါဘူး ဟု တစ်ဆက်တည်းပင် စဉ်းစား နေပြန်သည် ။ သည်လို နှင့် ချမ်းချမ်း နှင့် ကွေးရင်းက သူ အိပ်ပျော်သွား ခဲ့သည် ။

နောက်တစ်နေ့ မိုးလင်း လာလျှင် ချမ်းအေးလှဆဲ ဖြစ်သည် ကို တွေ့ရလေသည် ။ ဖိုးနီ သည် တခြား ကလေးများ နှင့် အတူ မီးလှုံရ၏ ။ သူတို့ တွင် အင်္ကျီ အနွေးထည် မရှိပါပေ ။

အချိန်တန်လျှင် လူကြီးများ က ချက်ပြုတ်ကြသည် ။ ဆန် က နည်းခဲ့ပြီဟု ပြောသံကြားရသည် ။ အေးလေ အိမ် ပြန် ရတော့မှာပဲ ။ ဖိုးနီ က ကလေးပီပီ ပင် တွေးနေသည် ။ သူ အိမ်ပြန်ချင်ပြီ ။ မိဘမောင်နှမများ ကို တွေ့ချင်လှပြီ ။ မကြာခင် ပြန်ရတော့မည် ဟုပင် သူ ထင်နေသည် ။ ထို့ကြောင့်ပင် ပူစရာ ဟု ဘယ်အရာ ကို မျှ မမြင် ။ သူ့ လိုပင် တခြားကလေး များသည် လည်း မကြာခင် အိမ်ပြန်ရမည် ဟု တွေး လေသလားမသိ ။ သူတို့ တစ်တွေသည် ဆော့ကစား ကာ စကား ဆိုကာ ရှိနေပြန်သည် ။ သူ့ ရွာ အကြောင်း ကိုယ့်ရွာ အကြောင်း ပြောကြသည် ။ ကျောင်း တက်သူ တို့ က ကျောင်းအကြောင်း ပြောကြသည် ။ ဆရာမ အကြောင်း ပြောကြသည် ။ ကောက်သစ်စားပွဲများ အကြောင်း ပြောကြသည် ။ လယ် ထဲ မှာ မိဘ ကူရ သည့် အကြောင်း များလည်း ပါသည် ။

“ အားဘူး နင်တို့ ဘယ်တော့ ပြန်ကြမလဲ ” ဟု ဖိုးနီ က မေးသေးသည် ။

“ အေး ဖိုးနီ ရဲ့ ။ အနူး ပြောတာတော့ ရွာဘက် မှာ အေးရင် ပြန်ချင်တယ်တဲ့ ။ စပါး လည်း ရိတ်ရဦးမယ် လေ ။ ငါ လည်း ကျောင်း မတက်ရဘူး မဟုတ်လား ”

“ နင် ပြန်ချင်ပြီလား ။ ငါလည်း ပြန်ချင်ပြီဝေး ”

“ ပြန်ချင်တာပေါ့ဟယ် ။ ဒီအချိန် ဆို တို့ ရွာမှာ ခရစ္စမတ် နီးလို့ ပျော်စရာပေါ့ ။ နင်တို့ ဆီမှာလည်း ဘုရားပွဲတွေ နီးပြီပေါ့ ”

“ အေးပေါ့ဟ ”

ဖိုးနီတို့ သည် သစ်ပင်ရိပ်များ တွင် တစ်နေကုန် နေကြသည် ။ စာသင်စရာလည်း မရှိ ။ ကျောင်းများ သည် အဝေး တွင် ကျန်ခဲ့ကြလေပြီ ။

ဖိုးနီ တစ်ယောက်တည်း အတွက် ဆိုလျှင်ကား သူ နားပူတတ်သော အဖေ့ ဆူသံများ ကို လည်း ကြားစရာမလိုတော့ ။ အိမ် အလုပ်များ ကိုလည်း လုပ်ရန် မလိုတော့ ။ ညီမလေး နှင့် လည်း ငြင်းခုံရန် မလိုတော့ပေ ။ သို့သော် ဘာကြောင့် မပျော်ပါသနည်း ။

အားဘူ ကတော့ ရွာ ကို လွမ်းကြောင်း ခဏခဏ ပြောသည် ။ ဖိုးနီ က လည်း စဉ်းစား၏ ။ သူ လွမ်း သလား ။ ရွာ ကို လွမ်းသလား ။ တကယ့်တကယ် စဉ်းစားတော့လည်း သစ်ပင်စိမ်းများ ရိပ်မိုးထားသည် ဖြစ်သော ရွာကလေး ကို မြင်ယောင်လာသည် ။ သူငယ်ချင်းများ နှင့် ပြေးလွှားဆော့ကစား ခဲ့ရသော ရွာလမ်း ကို သတိရသည် ။ ရွာဦးစေတီ က ဆည်းလည်းသံ ကို ပြန်လည်ကြားယောင်သည် ။ လယ်ကွက်များ ကိုပင် သတိရစရာ ဖြစ်ရသည် ။

နောက်ဆုံးတော့ လည်း သူ့ စိတ်သည် သူ့ မိသားစု နှင့် အတူ နေထိုင်ခဲ့ရာ အိမ်ကလေး တွင် ရပ်တန့် တော့၏ ။ အိမ်ကလေး ထဲ က ရယ်သံများ ။ ညီလေး ၊ ညီမလေးတို့ နှင့် အဖေ ရယ်မော နေလျှင် သူ ပါ ပျော် ရွှင်ခဲ့သည် ။ အဖေ သည် သူ့ ကို ချစ်ခင်ရင်းနှီးစွာ မနေတတ် သော်လည်း အားကိုးတတ်သည် ဟု အမေ ပြောဖူးသည် ကို သတိရလာ၏ ။ ဟုတ်မှာပဲ ဟု လည်း အဖေ့ ကို မြင်ယောင်ကာ တွေးစ ပြုလာပြန်သည် ။

“ ငါ လည်း အိမ် ကို လွမ်းတယ်ဟ ” ဟု ဖိုးနီ သည် အားဘူ ၏ စကားကို ထောက်ခံလာသည် ။

“ အေးဟယ် အိမ် ပြန်ရရင် ကောင်းမှာပဲနော့ ”

ခဏကြာတော့ လည်း သူတို့ သည် ကလေးတို့ ၏ စိတ်ပြောင်းလဲလွယ်ခြင်း နှင့် အသားကျ လာပြန် သည် ။ ရယ်ကာမောကာ ရှိလာပြန်သည် ။ အားဘူ ကတော့ စခန်း သို့ စောစီးစွာ ရောက်လာခဲ့သူ ဖြစ်လေရာ သူ့ တွင် ပြောစရာများစွာ ရှိလေသည် ။

“ နင့်လိုပဲ စခန်း မှာ အဖေ ၊ အမေ မပါဘဲ ရောက် လာတဲ့ ကလေးတွေ ရှိသေးတယ် သိလား ။ တချို့လူ တွေလည်း ကွဲကုန်တာပဲဟယ် ။ ငါတို့ တောင် ကံကောင်းလို့ မကွဲတာ ။ တို့တော့ ညပြေးတာ မဟုတ်ဘူး ။ နေ့ခင်းဘက် ပြေးလာတာ ။ အစကတော့ အနူး တို့ က မပြောင်းဘူးလို့ပဲ ။ ဒါပေမဲ့ နောက်တော့ မရတော့ဘူးလေ ။ တိုက်ပွဲတွေ က တဖြည်းဖြည်း နီးလာတာကိုး ”

“ ဒီမှာ ဆန် ကုန်ရင် ငါတို့ တော့ ဒုက္ခပဲ တဲ့ ။ လူကြီးတွေ ပြောတာ ကြားခဲ့တယ် ” ဟု ဘောက်ဂျာ ဆိုသော ကောင်မလေး တစ်ယောက် က ဝင်ပြော သေးသည် ။ ဖိုးနီ ကတော့ ထုံးစံအတိုင်း တွေးပြန်သည်မှာ အိမ်ပြန်မှာပေါ့ ဟု ပင် ။ သို့ပေမဲ့ ရွာ ကို ဘယ်လမ်းက သွားရမည်နည်း ။ ဒါက သိပ်တော့လည်း ပူစရာ ရှိမည်မဟုတ် ။ လူကြီးများ က လမ်းပြ ပေးမှာ ပါ ။ ပူပန်စရာ မှာတော့ ဘယ်သူမှ မရှိသော အိမ် သို့ မပြန်လိုခြင်းတည်း ။

အတွေးများ နှင့် ငေးငိုင်နေသော ဖိုးနီ သည် လူသံများ အုတ်အုတ်ကျက်ကျက် ကြားရတော့ နား စွင့်မိ၏ ။ တစ်ချက်တစ်ချက် ပျံ့လွင့်လာသည် မှာ ကချင်စကားများ သာ ဖြစ်၍ ဖိုးနီ နားမလည် ။ အားဘူ က တစ်ချက် ခုန်ထကာ လူသစ်တွေ ရောက်လာတယ်ဟေ့ ဟု ဖိုးနီ ကို ပြောသည် ။ ပြီးတော့ ရှေ့က ပြေး သွားသည် ။ ဖိုးနီ လည်း သူ့ နောက် က ပြေးလိုက် လာ၏ ။

“ ဖိုးနီ နင့် အမေ မဟုတ်လား ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 08:55


သို့ပေမဲ့ ကျောင်း မှာ နောက်ဆုံး နေခဲ့ရသည်က တော့ ဖိုးနီ ဒုတိယတန်း အောင်သည် အထိပါပဲ ။ သူ ဒုတိယတန်း ရောက်သည့် နှစ်တွင် ညီမလေး က သူငယ်တန်း တက်ပြီ ။ အမေ သည် နောက်ထပ် ညီလေး တစ်ယောက် ကို မွေးဖွား၏ ။ သူ သည် အလိုလိုပင် ညီမလေး ကို ထိန်းရသည် ၊ ညီလေး ကို ထိန်းရသည် ။ အမေတို့ လယ်ထဲ ဆင်းသည့် အခါ ထမင်း ချက်ရသည် ။ ရှစ်နှစ်မျှ သာ ရှိသေးသော်လည်း လူကြီးလေး ပမာ အိမ်မှာ အသုံးတည့်နေသည် ။

အိမ်အလုပ်နှင့် ကျောင်းစာများ အကြား ဖိုးနီ က အသားတကျ ရှိဆဲ ။ သည်မှာပင် အမေတို့ က သူ့ ကို ကျောင်းထုတ်ရန် ကြံလေသည် ။ ဖိုးနီ သည် တစ် ခဏမျှတော့ ဝမ်းနည်းခြင်း ဖြစ်လိုက်သေးသည် ။ သို့သော်လည်း အမေ ၏ ညှိုးနွမ်းသော ၊ ပင်ပန်းသော မျက်နှာ ကို ငယ်ရွယ်သော်လည်း သိတတ်ခဲ့ သည် ။ ကျောင်း ပြန်ဖွင့်တော့ မိုးရာသီ အစပြုချိန် ။ အမေတို့ က လယ်ထဲ ဆင်းကြပြီမို့ ဖိုးနီ သည် ညီလေး ထိန်းကာ ၊ ထမင်းချက်ကာ နှင့် ညီမလေး ကျောင်း သွားသည် ကို ထမင်းစောင့် ကျွေးရသည် ။ ညနေခင်း များမှာ ကျွဲသိမ်းရသည် ။ သူ့ လွယ်အိတ်ကတော့ စုတ်ခဲ့ပြီ ဖြစ်လေရာ လက်နှီးသာ ဖြစ်သွား လေသည် ။

အတန်းဖော်များ ခြံရှေ့ က ဖြတ်လျှင် ဖိုးနီ သည် ကလေး ပိုးကာ ချော့မြူရင်း ပြုံးပြ နှုတ်ဆက်ရသည် ။ သူတို့တွေ ကျောင်း ဆင်းချိန်ကို စောင့်ကာ ဆော့ ကစားရသည် ။ ဆရာမလေး က မျက်ရည် ဝဲချင်သည် ကို ဘာကြောင့်မှန်း မသိ မစဉ်းစားနိုင် ။ ကိုယ့် ဘဝ ကိုယ် ကျေနပ်ကာ နေခဲ့သည် ။

သို့သော် ရံဖန်ရံခါတော့ ဖိုးနီ မှာလည်း မကျေနပ်ချက်ကလေးများ ရှိရသည်ပင် ။ အဖေ သည် သူ နှင့် ခု နောက်ပိုင်း စိမ်း လာသည် ။ သူ့ ကိုတော့ ဖိုးနီ ဟု တုံးတိတိ ခေါ်တတ်သည် ။ ညီမလေး နှင့် ညီလေး ကို တော့ သမီးရေ ၊ သားငယ်ရေ ဟု ခေါ်သည် ။ ညီလေး ကို ချီပိုးကာ နေပြန်သည် ။ ညီလေး ကို မြှူလျှင် ပြုံးရွှင်နေသည် ။ ညီမလေး စာကျက် နေလျှင်လည်း ပြုံး နေပြန်သည် ။ ဖိုးနီ ကို ကား ဆူပူစရာများသာ ရှာ တွေ့နေသည်လား မသိ ။ မျက်ထောင့်နီနှင့်သာ ဆူပူ သည်ကို နေ့စဉ်လို ကြုံရသည် ။

တစ်ရက် မှာ တော့ ညီလေး ကို အိမ်ရှေ့ခန်း တွင် သိပ်ထားတုန်း သူ သည် မီးဖို ထဲမှာ ညနေစာ ထမင်းအိုး တည်နေခဲ့သည် ။ အိမ်ရှေ့ က ဒုန်းခနဲ အသံ ကြား ၍ ပြေးကြည့်လျှင် ညီလေး သည် ပုခက် ထဲ ကနေ ကြမ်းပြင်ပေါ်ကျပြီး စူးစူးဝါးဝါး ငိုလျက်ရှိသည် ။ အိမ် မှာ လည်း မိဘများ ရှိသည် မဟုတ် ။ တတ်သလောက် ၊ မှတ်သလောက် ချော့ရသည် ။ နဖူးယောင် သွားသည်ကိုတော့ ဘာ လုပ်ရမှန်း မသိ ။

ညနေ ရောက်သည့်အခါ အဖေတို့ ပြန်လာလျှင် တော့ ဖိုးနီ အရိုက် ခံရသည် ။ အဖေ က ဖိုးနီကို ရိုက်သည် ။ အဖေ ရိုက်တာ နာလှ၍ မဟုတ်သော်လည်း ဖိုးနီသ ည် ဝမ်းပန်းတနည်း ပင် ငိုခဲ့သည် ။

“ အဖေ က သားကို မချစ်ပါဘူး အမေရာ ”

သူ သည် မီးဖို ထဲတွင် အမေ့နား ကပ်နေရင်း တီးတိုး ပြောမိသည် ။ အိမ်ရှေ့တွင်တော့ အဖေ သည် ညီလေး ကို ချော့မြူလျက် ။ ညီမလေး ကား စာကျက် လျက် ။ သူ သည် အဖေ့ လက်မောင်းများ ကို ဝမ်းနည်းစွာ ငေးနေခဲ့၏ ။

“ မဟုတ်ပါဘူး ဖိုးနီ ရဲ့ ။ အဖေပဲ ၊ မချစ်ဘဲ ဘယ် မှာ ရှိပါ့မလဲ ။ နင့် ကို ချစ်လိုက်တာများ အားကိုးတာပါ ပါတာပဲ ။ အမေ အသိဆုံးပေါ့ ”

ဖိုးနီ သည် အမေ့ မျက်နှာကို တအံ့တသြ ငေး နေခဲ့သည် ။ သူ ဘယ်သို့ နားလည်ရမည်နည်း ။ အဖေ ဟာ ဖိုးနီ ကို ဘာကြောင့် အမြဲတမ်း ဆူပူချင်ရတာလဲ ။ အမေ့ စကား ကို ယုံလှသည် မဟုတ်သော်လည်း ဖိုးနီ က ငြိမ်နေခဲ့သည် ။ ထမင်းဝိုင်း ကျတော့လည်း အဖေ သည် သူ မဟုတ် သလိုပင် ဖိုးနီ ကို စကား ဆိုပြန် သည် ။ သို့ပေမဲ့ တုံးတုံးတိတိသာ ။ မနက်ဖြန် တော ထဲ လိုက်ခဲ့ဦးတဲ့ ။

သို့နှင့် ဖိုးနီ သည် အဖေ လှည်းတစ်စီး နှင့် တော ထဲ ဝင်ရာမှာ လိုက်ရပြန်သည် ။ သားအဖ တစ်တွေ ထင်း တိုက်ကြသည် ။ အိမ် အောက်ဘက်မှာ ထင်း သိုလှောင်ကြသည် ။ ဖိုးနီတို့ အိမ် သည် သည်အရပ် က ရှမ်းဗမာရွာများ တွင် တွေ့ရတတ်သော ခြေတံရှည်အိမ်ငယ်လေး သာ ဖြစ်သည် ။ အိမ် အောက်ထပ်မှာ ကြက်ခြံ ရှိသည် ။ ထင်းစင် ရှိသည် ။ အိမ်ကတော့ သက်ငယ်မိုး ၊ ဝါးကြမ်းခင်း ၊ ထရံကာသာ ။ သာမန် လယ်သမားအိမ် မျှပင် ။

သည် အိမ်မှာသာ မဟုတ်ပါ ။ တစ်ရွာလုံး မှာ တော့ အိမ်ငယ်လေးများသာ အများစု နေကြသည် ။ ကချင်များ လည်း ရှိသည် ။ တောင်သူ အလုပ် ကိုသာ အဓိက လုပ်ကြလေသည် ။ ဖိုးနီတို့ အရွယ် များကတော့ မိဘ ကို ကူညီတတ်ကြသည် ။ အိမ်အလုပ် ၊ လယ်ထဲက အလုပ်များ ကို တတ်နိုင် သလောက် လုပ်ကြရသည် ။ ကျောင်း တက်သူများ ကလည်း ကျောင်းချိန် ပြင်ပမှာ အလုပ် ကူကြရသည် ။ များသောအားဖြင့်တော့ သူတို့ သည် လေးတန်းမျှ အောင် လျှင် ပညာရေး ဆုံးခန်းတိုင်ကြမြဲ ။ ဖိုးနီ လို လေးတန်း ပင် မရောက်သူများ လည်း မရှား ။ သို့သော် ရွာမှာ တော့ ဒါသည် အဆန်းလည်း မဟုတ်ပါပေ ။
သူတို့ ကျေးရွာကလေး သည် မြို့နှင့် တော်တော် အလှမ်း ကွာသည် ။ ကချင်ပြည်နယ် ထဲ က သာမန် ကျေးရွာလေး တစ်ရွာ သာပင် ။ မြို့ပေါ်သို့ ဖိုးနီ တို့ သိပ် မရောက်ဘူးပေ ။ အဖေတို့ ကတော့ စပါးလေး ၊ ပဲလေး ရောင်းဖို့ ၊ ဈေးဝယ်ဖို့ ရောက်တတ်သေးသည် ။ ဖိုးနီ ကတော့ အဖေ နှင့် တစ်ခါ နှစ်ခါသာ လိုက်သွားဖူးသည် ။ မြို့သေးသေးလေး ပေမဲ့ သူ့ အတွက် ကြီးကျယ် ခမ်းနားနေခဲ့သည် ။

“ ငါ တော့ မြို့မှာ မနေချင်ပါဘူးဟေ့ ” ဟု တော့ ရွာ က သူငယ်ချင်းများ ကို ပြောပြတတ်သည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 08:55


သူတို့ ဘယ်သွားမည်နည်း ။ ဖိုးနီ မသိပါ ။ သို့သော် သူ့ကို ထွေးပိုက်ထားသော လက်များတွင် စာနာမှုများ ပါသည် ဟု တော့ ခံစားရသည် ။ ကလေးဖမ်းသူများ ဘယ်နည်းနှင့်မျှ မဖြစ်နိုင် ။ တစ်ညလုံး ချမ်းတုန်ခဲ့ရသော ဖိုးနီသည် နွေးထွေးသော ခန္ဓာ ကိုယ်ငွေ့များ ကြားတွင်နွေးကာ နေသည် ။ အချိန် တော့ ဘယ်လောက် ကြာသည် လည်း မသိ ။ တော လမ်း ထဲ ကွေ့ကောက်ကောက် သွားရသည် ။ ကုန်းကလေးကွေ့များ ကို တက်ရသည် ။ တစ်နေရာတွင် တော့ ဆိုင်ကယ် ကို စက်သ,တ်ကာ ရပ်လိုက်ကြသည် ။ သူတို့ အားလုံး ဆိုင်ကယ် ပေါ်က ဆင်းကြသည် ။ ဦးတည်လိုသော နေရာသို့ ရောက်ခဲ့ပြီဟု ဖိုးနီ ထင်ပါသည် ။

ပတ်ဝန်းကျ င်ကို စူးစမ်းရန် လှည့်ကြည့်လိုက် တော့ ဖိုးနီ သည် မြင်ကွင်းကို တအံ့တသြ ငေးမော နေရသည် ။ သူ ရောက် နေသော နေရာသည် သစ်ပင် များ အုပ်မိုးလျက် ။ အလယ်တွင် ရှင်းလင်းကာ တဲ များ ဆောက်ထားသည်ကို တွေ့ရသည် ။ တာလပတ် များ မိုး ထားသော ဖက်များ ကာရံထားသော တဲကြီး များ ထဲ၌ လူများစွာ တွေ့ ရသည် ။ သူတို့ အရွယ် ကလေးငယ်များ ၊ သူ့ ထက် ငယ်သောကလေးများ သည် မြေပြင် တွင် ဆော့ကစား နေသည် ။ ရွာ လား ။ ဟင့်အင်း မဟုတ်ပါဘူး ။ ဒါ ရွာနှင့် မတူပါ ။ လယ်စောင့် တဲများ ထက်ပင် အနေစုတ် ချင်နေသော တဲကြီးများ နေရာကွက်ကွက်လေးမှာ စုစည်းနေတာသည် ရွာနှင့် မတူပါ ။ ဒါဆို ဘာများပါလိမ့် ။

ဖိုးနီ သည် ကြာကြာ မတွေးနိုင် ။ သူ့ ကို ခေါ်လာသူ နှစ်ဦး က ခြေလှမ်းပြင်ပြီမို့ သူတို့ နောက် လိုက်ရ သည် ။ ဖိုးနီ က ကစား နေသော ကလေးတို့ အနီးမှ ဖြတ်လျှင် ညီမလေး နှင့် ညီလေး ကို ပြင်းစွာ အောက်မေ့လေ၏ ။ သူတို့ ဘယ်ရောက်နေပြီနည်း ။ အမေ ၊ အဖေတို့ ကရော ဘယ်မှာပါနည်း ။ သည် တဲများတွင် ရှိနေလေမည်လား ။ ဖိုးနီ သည် မျှော်လင့်ခြင်းဖြင့် မျက်နှာလေး ရွှင်လာ ပြန်သည် ။

“ ဟေ့ နင် ဖိုးနီ မဟုတ်လား ”

ကလေးတစ်သိုက် ထဲက အသံ ထွက်လာလျှင် ဖိုးနီ က ငဲ့ကြည့် လိုက်ပါသည် ။ မျက်ဝန်းကျဉ်းကျဉ်း လေးများ ပိတ်သည်အထိ ပြုံးရယ်ပြ နေသူ ကို ဖိုးနီ

ကောင်းစွာ မှတ်မိသည် ။ ဒုတိယတ န်းမှာ တစ်တန်း တည်း နေခဲ့ရသော ဖိုးနီ ၏ သူငယ်ချင်းပါပေ ။

“ အားဘူ ... အေး .. နင်တို့ ဒီမှာ ဘယ်လို လုပ် ရောက်နေတာလဲ ”

“ ငါတို့ လည်း ပြေးလာတာပဲကော ။ နင့် အဖေတို့ရော ”

“ မပါဘူးဟ ။ ငါ တစ်ယောက်တည်း လမ်းကွဲ သွားတာ ။ ဒီမှာ ရောက်နေမလား မသိဘူး ”

“ မရောက်ပါဘူးဟယ် ။ ငါ မြင်ရင် သိပါတယ် ”

ဖိုးနီ သည် သက်ပြင်းလေး ချလိုက်မိသည် ။ သူ့ မျော်လင့်ချက်လေးသည် ဟုတ်ခနဲ ငြိမ်းသွားသော မီးညွန့်ကလေး လို ပင် ။ ရှေ့တွင်တော့ သူ့ ကို ခေါ်လာ သူတို့ သည် ဆရာမလေးတို့ အရွယ် အစ်မကြီး တစ်ယောက် နှင့် စကား ပြောကာနေသည် ။ ကချင်စကား များနှင့်သာ စကားပြောသည် ဖြစ်၍ ဖိုးနီ နားမလည် ပေ ။ သို့သော် သူ့ အကြောင်း ပြောနေမှန်းတော့ ဖိုးနီ သိပါသည် ။ ထို့နောက် သူ့ ကို လာခေါ်သည် ကို ကြုံ ရသည် ။ သည်မှာပင် ဖိုးနီနေရဦးမည် တဲ့ ။ အားဘူ ကတော့ သူတို့ တဲသို့ ခေါ်သွားလိုသည် ။ သို့သော် အားဘူ တို့ နေသည့် တဲတွင် လူက များလှပြီ ။ မျက်နှာချင်းဆိုင် က တဲတွင် ဖိုးနီ နေရပါသည် ။ လူကြီးများ အကြား တွင် ဖိုးနီ ကို နေရာ ပေးထားသည် ။ သူတို့ ချင်း ပြောကြသော ကချင်စကား ကို ဖိုးနီ နားလည် သည် မဟုတ် ။ မျက်နှာများ က နွေးထွေးမှု ကို တော့ ကလေးပေမဲ့ ဖိုးနီ သိပါသည် ။

တစ်ညလုံး ပြေးလွှား ခဲ့ရသော ဖိုးနီ အတွက်တော့ အားဘူတို့ ကလေးတစ်သိုက်နှင့် အတူ စားရသော ထမင်း မှာ မြိန်လှသည် ။ တကယ်တော့ ဟင်းက ဘာမျှ ပါသည် မဟုတ် ။ ပဲပြုတ်တစ်ခွက် မျှသာ ။ သို့ပေမဲ့ ဆာလောင် နေသည်မို့ ထမင်း ကုန်အောင် စား ပစ်လိုက်သည် ။

သည်ကြားထဲ အမေ ချက်ပေးတတ်သော စွန်တန်ဟင်းရည် နှင့် ငါးကြော်လေးများ ကို ပင် သတိရ သေးသည် ။ ညီမလေး နှင့် ဟင်းလု စားရသည် ကို
အမှတ်ရသည် ။ သူတို့သည် ဘယ်နေရာ မှာ ရှိနေ သနည်း ။ ဖိုးနီ လို တဲတို့ ၊ ထမင်းတို့ ရှာတွေ့ရဲ့လား ။ ပူပင်သောက နှင့် ခေတ္တမျှ ငေးငိုင်ရသော်လည်း ကလေးပီပီ ပင် တစ်အောင့်မျှ ကြာလျှင် မေ့သလို ရှိ လာပြန်သည် ။ အားဘူတို့နှင့် ကုန်းကလေး ထက်တွင် ပြေးတမ်းလိုက်တမ်း ကစား နေပြန်သည် ။ သူတို့သည် လူကြီးများ လို သောက များတတ်သေးသည် မဟုတ် ။ ကောက် မရိတ်ရသေးသည် ကို မပူပင်တတ် ။ နောက် နှစ် အတွက် ဆန် မရှိမည် ကို မတွေးတတ် ။ မနက်ဖြန် တွင် ဘာဖြစ်လာဦးမည် ကို မကြောက်တတ် ။ ဘာမျှ မသိတတ်သေးသော စိတ်နှလုံးများနှင့် သူတို့ ရယ်မော နိုင်ကြသေးသည် ။

နေဝင်မိုးချုပ်တော့ ညစာ စားပြီးသည် နှင့် သူတို့ အိပ်ရာဝင်ကြသည် ။ တဲများသည် ခဏမျှ ကြာလျှင် အမှောင် ကြားတွင် တိတ်ဆိတ်ကာ နေသည် ။ လေ သည် ဖက်ရွက်ကြား က တိုးဝင်လာသည် ။ ချမ်းမြ သောလေကြောင့် ဖိုးနီ တုန်စပြုလာသည် ။ သို့သော် သူ့ တွင် စောင် မရှိ ။ တစ်ဖက်မှာ အိပ်သော အဘိုး တစ်ယောက် က ခြုံစောင် ကို လွှမ်းပေးသေးသည် ။ သို့သော် သူ လူးလိမ့် နေရင်းမှာပင် စောင် လျောကျ ရသည် ။ နှစ်ယောက်ခြုံ နိုင်သော စောင်မဟုတ်သည် မို့ ဆွဲယူရန် ရွံ့ရ ၊ အားနာရ သေးသည် ။ ကွေးကွေးလေး နေရင်တော့ အချမ်းပြေ မှာပဲ ။ ဖိုးနီ သည် မျက်လုံးကို စေ့ပိတ်ထားသည့် ကြားက အမေ့ ရင်ခွင်ကို လွမ်းစ ပြုလာသည် ။ အိမ် မှာတော့ ဆင်းရဲသည် မှန် သော်လည်း နွေးထွေး သေးသည် ။ အမေ့ နား တိုးကပ်နိုင်သည် ။ ညီမလေး နှင့်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 08:55


တကယ်လည်း ဖိုးနီ သည် ရွာကလေး မှာ ပျော် ခဲ့သည် ။ အဖေ က သူ့ကို မချစ်ဘူးဟု ထင်မြဲ ဖြစ်သော်လည်း အိမ်တွင် သူပျော်ခဲ့သည် ။ ပင်ပန်း သော်လည်း အိမ် အလုပ်များ ကို မညည်းညူ ။ အချိန်တန်၍ လယ်ထဲ ဆင်းရလျှင် လည်း သူ သည် အဖေ့ လို လယ်သမားစစ်စစ် သာ ဖြစ်လာဦးမည် ။ ကောက်နှံပင် များ ကို မြင်လျှင် သူ လည်း ပျော်တတ်သည်ပင် ။ ကောက်နှံများ ရိတ်သိမ်းချိန် တွင်တော့ သူတို့ ရွာကလေးများသည် ပွဲလမ်းများ နှင့် ပျော်မွေ့ဖွယ်ဖြစ်လာမြဲ ။ သည်လိုသာ မပြောင်းမလဲ ရှိဦးမည် ဟု ဖိုးနီ က ကလေးပီပီ တွေးထင်ခဲ့သည် ။

သို့သော် မမြင်ရသော ကံကြမ္မာ သည် ဖိုးနီ တို့ ဆီ ဆိုက်ရောက်လာခဲ့သည် ။ ဖိုးနီတို့ ရှမ်းဗမာရွာကလေးများ သာမက အနီးဝန်းကျင် တစ်ဝိုက်က ကချင်ရွာကလေးများ ကိုလည်း ဆိုက်ရောက်ခဲ့သည် ပင် ။ ပထမတော့ လူကြီးများ ကျိတ်ကျိတ် ကျိတ်ကျိတ် စကား ပြောတတ်ကြသည် ကို သူတို့ ဆန်းသည် မထင်သေး ။ နောက်တော့ ညဘက် ဆို အသံ တချို့ ကို အဆန်းတကြယ် ကြားလာရသည် ။ မိုးလင်း လျှင်တော့ ည က ဟိုရွာ မှာ ဘာဖြစ်လို့တဲ့ ဆိုသော အသံများ ညံစီ နေပြန်သည် ။ လယ်ယာ ထဲ သို့တော့ ပုံမှန် ဆင်းနိုင်ဆဲ ။ ဖိုးနီတို့ ရွာလေးက အေးချမ်းဆဲ ။

ဆောင်းရာသီ စ ဝင်လျှင်တော့ ကောက်နှံများ ရင့်မှည့်ပြီ ။ မကြာခင် ရိတ်သိမ်း ရတော့မည် ။ အဖေ နှင့် အမေတို့က စိတ်ကူးနှင့် မျှော်မှန်းဆဲ ။ တစ်ည မှာတော့ မုန်တိုင်း မွှေသလို အသံများ က သူတို့ နှင့် သိပ် မဝေးတော့ပြီ ဆိုသည်ကို သိရသည် ။ ရွာ က ဗီဒီယိုရုံများ တွင် ကြည့်ရတတ်သော ဇာတ်ကား ထဲ ကလို အသံများ သည် ကလေးများ ကို အထိတ်တလန့် ငိုကြွေးစေသည် ။ လူကြီးများ က လည်း ထိတ်လန့်ကြသည် ။ အသံများသည် တဖြည်းဖြည်း နှင့် သည်းထန်လာသည် ။

“ ဖိုးနီရေ ဒီအထုပ်လေးဆွဲ ” ဟု အမေ က ပြော သည် ။ အမေ သည် ညီလေး ကို ချီလျက် ။ အဖေ က တော့ ညီမလေး ကို ပွေ့ဖက်လျက် ၊ ဖိုးနီ သည် အမေ လှမ်းပေးသော အထု ပ်ကို ပိုက်ကာ အိမ်ပေါ် က အမြန် ဆင်းရသည် ။ တစ်ရွာလုံးသည် အသက်ဝင် ဆူညံ နေပေသည် ။ ဖိုးနီ တို့ သည် ရွာ နှင့် အနီးဆုံး တောထဲ ကို တိုးလာကြသည် ။ တော သည် အမှောင် ကြား ထဲတွင် ပို၍နက်ရှိုင်း မည်းမှောင်နေသည် ။ လူသံများသည် ဟိုမှာ သည်မှာ ပေါ်ထွက် လာနေသည် ။ ပေါက်ကွဲသံများ သည် သူတို့ ရှေ့တွင် ပင် ရောက်လာ သလို အသံများ က နှိပ်စက်ဆဲ ။ အော်ဟစ်သံ ၊ ငိုကြွေးသံ နှင့် ပြေးလွှားသံများ ၊ ခြေသံများ ။

သူတို့ ပြေးကြသည် ။ ဖိုးနီ ပြေးသည် ။ တစ်ယောက်တည်း အားသွန် ပြေးသည် ။ အသံများ ကပ် ပါလာသည် ထင်လေလေ တိုးကာ ပြေးလေလေ ဖြစ် သည် ။ သူ့ နားထဲတွင် အသံများ သာ ဆူညံ နေသည် ။ အပြေးပြိုင်ပွဲ တိုင်း ဗိုလ်စွဲနေကျ ဖိုးနီ ၏ ခြေထောက် များ က ရှေ့သို့သာ အရှိန် နှင့် တိုးနေသည် ။ သူ ဘာကိုမှ မသိတော့ ။ ကြောက်ခြင်း တစ်ခု ကို သာ သိသည် ။

နောက်ဆုံးတော့ ဖိုးနီ မောပန်း၍ နားသည့် အခါ တွင် သူ့ အနီးတွင် ဘယ်သူမျှ မရှိတော့ ။ သူ ဆွဲလာ သော အထုပ်ကလေးသည် လည်း ဘယ်မှာ ကျ ကျန် ခဲ့ပြီလဲ မသိတော့ပါပေ ။ တော သည် မှောင်နေ၏ ။ အသံတို့ က တိတ်ဆိတ်နေသည် ဟု ထင်ရသော် လည်း တကယ့် တကယ် မှာတော့ ချောက်ချားစဖွယ် ။ ဖိုးနီ သည် သစ်ပင် တစ်ပင်၏ ခြေရင်း ၌ တိုးကပ်ကာ ရှိုက်ငင်လိုက်သည် ။ သူ ငိုသည် ။ အဖေ သူ့ ကို ရိုက်စဉ် က ထက် ဝမ်းနည်းစွာ ငိုကြွေး လေသည် ။

တောလမ်းလေး ပေါ်တွင် ယိုင်နဲ့နဲ့ လျှောက်လာ သော ဖိုးနီ သည် အသံတစ်ခု ကြောင့် ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည် ။ ဘာသံပါလိမ့် ။ အသေအချာ နား စွင့်မိလျှင်တော့ ဖိုးနီ ၏ မျက်နှာ သည် မျှော်လင့်ခြင်း ဖြင့် ဝင်းပ လာသည် ။ ဆိုင်ကယ်သံ ။ လမ်းမကြီးနှင့် မဝေးတော့ပြီလား ။ သို့တည်းမဟုတ် ဆိုင်ကယ် သည် သူ ရှိရာ လမ်းကလေးဆီ လာ နေသည်လား ။ လမ်းကလေး က ကွေ့ကောက်နေသည်မို့ ရှေ့ ကို မမြင်သာ သေး ။ သို့သော် အသံ သည် ပို၍ပင် နီးကပ်လာသည် ကို ကြားရသည် ။ ဖိုးနီသည် တစ်စုံတစ်ရာ ကို စောင့်နေသူလို ခြေလှမ်းများကို ရပ်တန့်ထားသည် ။

ကလေးများ ကို ဖမ်းတတ်သည် ဟု လူကြီးများ က ခြောက်လှန့်တတ်သော လူဆိုးများပင် ဖြစ်စေဦး ။ ယခုနေတော့ ဖိုးနီ ဘာကိုမျှ မကြောက်နိုင်ပါပေ ။ သူ သည် တစ်ညလုံး ကြောက်လန့်ခြင်း နှင့် အသား ကျခဲ့သည် ။ သည့်ထက်လည်း ထူး၍ မလန့် မကြောက်နိုင် တော့ပြီ ထင်သည် ။ ညက ဝမ်းပန်း တနည်း ငိုရှိုက် နေခဲ့သော ဖိုးနီ သည် မိုးစင်စင်လင်း ချိန်မှာတော့ ငိုရန်ပင် မောနေပြီ ။ ထပ်၍လည်း မငို နိုင်တော့ ။

ဖိုးနီ ငေးမော နေစဉ်မှာပင် လမ်းချိုးကွေ့ တွင် ဆိုင်ကယ် တစ်စီး ပေါ်လာသည်ကို တွေ့ရသည် ။ လူ နှစ်ဦး ပါလာသည် ။ သူတို့ သည် ဖိုးနီ ကို မြင်လျှင် ဆိုင်ကယ် ကို စက်သ,တ်လိုက်ကြသည် ။ စကားတချို့ မေးမြန်းကြသည် ။ သူ့လို ရှမ်းဗမာတစ်ယောက် မဟုတ်ဘဲ ကချင်များ ဖြစ်သည် ကို ဖိုးနီ သိလာသည် ။ ဖိုးနီ သည် ဖြစ်ကြောင်း ကုန်စင် ကို ပြောပြရ၏ ။ သူ ဘယ်ရွာ က လာသည့်အကြောင်း ။ မိဘများ နှင့် ကွဲသွားရသည့် အကြောင်း ။ သူတို့ သည် ခေါင်း တညိတ်ညိတ် နှင့် နားထောင် ပြီးနောက် တီးတိုးတိုင်ပင် ကြ၏ ။ ထို့နောက် ဖိုးနီ ကို ဆိုင်ကယ် ပေါ် တင်ကာ ခရီး ဆက်ခဲ့ကြသည် ။ ဆိုင်ကယ်မောင်းသူ နှင့် နောက် က လိုက်သူ နှစ်ဦး အကြား ဖိုးနီ ထိုင်ရသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 08:55


Ko Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Monday, December 30, 2024
အပြန်လမ်း ဘယ်မှာ လမ်း ဘယ်မှာ ❞


❝ အပြန်လမ်း ဘယ်မှာ လမ်း ဘယ်မှာ ❞
( စံပယ်ဖြူနု )

တောလမ်းကလေး သည် မညီမညာ ကွေ့ကောက်လျက် ရှိလေသည် ။ လမ်း သည် မြေသား ပြောင်ပြောင်ပင် မဟုတ် ။ လူ သွားဖန် များသည့် အတွက် မြက်ပင် ၊ နွယ်ပင်တို့ ပိပြားလျက် ဖြစ်လာရသော တောလမ်းကလေး မျှ သာပင် ။ နံဘေးတစ် ဖက်တစ်ချက်တွင် တော့ ချုံနွယ် နှင့် သစ်ပင်များ ဝန်းရံလျက် အချို့သော နေရာများတွင် လမ်းပေါ် အထိ ရောက်နေသော နွယ်ပင်နှင့် သစ်ကိုင်းတို့ကို ဖယ် ရှားကာ သွားရ သေးသည် ။

ဖိုးနီ သည် လမ်းကလေး ပေါ်တွင် တစ်ယောက် တည်း ယိုင်နဲ့နဲ့ လျှောက်လာသည် ။ တစ်ညလုံး သူ တောတိုး ခဲ့ရသည် ။ ယခု နံနက်တွင် မှ သည်လမ်း ကလေးကို တွေ့ပေသည် ။ တော မှာ မွေးသော ကလေးငယ်တို့ ၏ သိတတ်ခြင်းဖြင့် သည် လမ်းသည် ကား လမ်းမကြီး သို့မဟုတ် လူတို့ နေထိုင်ရာ ရွာများဆီ ရောက်မည် ဟု သူ အလိုလို သိနေသည် ။ သည့် အတွက်ကြောင့်ပင် ဝမ်းသာလှိုက်လှဲခြင်းသည် သူ့ ခြေလှမ်းများ ကို သွက်စေသည် ။ သို့သော် ပုံမှန် ခြေလှမ်းတော့ မဟုတ် ။ တရွတ်ဆွဲ ရတော့မလို အားအင် ကုန်ခန်း နေသော ခြေလှမ်းများ ထက်တော့ နည်းနည်းသာသည် ဆိုရမည် ။ သူ အားရှိလာသည် ဟု ခံစားရ၏ ။ သို့သော် မောလှပြီ ။ တစ်နေရာ ရာတွင် ပစ်လှဲ လိုက်ချင်စိတ်သည် သူ့ ရင်ထဲ ကြီးစိုးကာနေသည် ။ ထိုတစ်နေရာသည် သူ့ အိမ် က ဝါးကြမ်းခင်းကလေးများ ဖြစ်လျှင် ဘယ်လောက်များ ကောင်း လိုက်မည်နည်း ။ ငိုက်စိုက်စိုက် လျှောက် လာသော ခြေလှမ်းများ ကို ရပ်ကာ ဖိုးနီ နောက်သို့ လှည့်ကြည့် မိသည် ။ သူ ဘယ်ရောက် နေသည်လဲ မသိ ။ အိမ် နှင့် အလွန့်အလွန် ဝေးလံသော နေရာ သို့ ရောက်နေပြီ ဟု သာ ထင်သည် ။ မိုင် အားဖြင့် သူ မသိ ။ ခြေထောက်များ ညောင်းညာခြင်း ဖြင့်သာ ခရီးဝေးသည် ကို မှန်း တတ်သည် ။ သူ့ အိမ်ကလေး သည် နောက်ကျောဘက် မိုင် များစွာ ကွာဝေးသော နေရာတွင် ကျန်ခဲ့သည်လား ။ လက်ဝဲဘက် ၊ လက်ယာဘက် ကနေ ဦး တိုက်သွားလျှင် ရောက်နိုင်သည်လား သူမသိပေ ။

သူ နားလည်သည် မှာ တော့ သူ သည် အိမ် နှင့် မိုင်များစွာ ဝေးခဲ့ပြီ ။ မိဘတို့ နှင့် တကွဲစီ ဖြစ်ခဲ့ပြီ ။ အိမ် ပြန်ရန်လည်း မဖြစ်နိုင်သေး ။ အိမ် ကို ထားခဲ့ရပြီ တည်း ။

ဖိုးနီ တို့ ရွာကလေး သည် တောင်တန်းများ ရိပ်မိုးထားသော နေရာ မှာ ရှိလေသည် ။ ရွာ ကို ချောင်းငယ် တစ်ခု က ဖြတ်စီးသွားသည် ။ ရွာ တွင် အိမ်ခြေ များစွာ ရှိသည် မဟုတ် ။ မူလတန်းကျောင်း မျှသာ ရှိ သော ရွာ တစ်ရွာပင် ။ ထိုရွာကလေး တွင် ဖိုးနီ မွေး ဖွားကြီးပြင်းခဲ့သည် ။

ကောက်ပင်တို့ လယ်ယာမြေ တွင် စတင် စိမ်းလန်းကြသော မိုးရာသီ ၌ ဖိုးနီ ကို မွေးဖွားခဲ့ လေသည် ။ များစွာသော လယ်သမား သားသမီးများ လိုပင် အမေ့ ကျော ပေါ်မှာ ကတည်း က လယ် ကို ကျွမ်းဝင်ရသည် ။ အမေ က ဖိုးနီ ကို ကျောပိုး ကာ ကောက်ရိတ်သိမ်းခဲ့သည် ။ အဖေ နှင့် ဒိုးတူပေါင်ဖက် လုပ်ကိုင်ခဲ့ကြသည် ။ လယ် ကတော့ ဧက များစွာ ရှိသည် မဟုတ်ပေ ။ ဝမ်းစာ အပြင် နည်းနည်းမျှသာ ပိုလျှံသည် ။ ကြွေး မတင်ရုံသာ ရှိခဲ့သည်တဲ့ ။ သူ နားလည်တတ် ချိန် မှာ အမေ က ပြန်ပြောင်း ပြောပြ တတ်လေသည် ။

ဖိုးနီ သည် လယ်ထဲ တွင် အဖေ ပင်ပန်းလှသည် ကို သတိရ၏ ။ အဖေ က အလုပ် ကို အပင်ပန်းခံ လုပ် တတ်သည် ။ စပါးစိုက်ချိန် ဆိုလည်း အပတ်တကုတ် လုပ်သည် ။ အဖေ့ ဘက် က တူ တစ်ယောက်နှင့် ထွန်ချကြ ၊ စိုက်ကြ ၊ ပျိုးကြသည် ။ ခြံထဲ တွင် လည်း စားပင်သီးပင် စိုက်ရသေးသည် ။ တောထဲ တက်ကာ ထင်းရှာသေးသည် ။ ငါးရှာတတ်သေးသည် ။ သည် ကြွက်သား အပြိုင်းပြိုင်းနှင့် အလွန် သန်စွမ်းသည် ။ အဖေ့ ပခုံး ကို ခိုတွဲထားရလျှင် ဖိုးနီ အလွန် ပျော်သည် ။ သို့သော် အဖေ့ ကို သူ အချိန် ကြာမြင့်စွာ တွယ်ကပ်ခွင့် ရခဲ့သည်တော့ မဟုတ်ပါပေ ။ သူ့ အောက် က ညီမလေး ရလာချိန် မှာတော့ ဖိုးနီ သည် အမေ့ ရင်ခွင် ထဲ က ညီမလေး အား အဖေ မြှူသည်ကို သာ တွေ့လာရသည် ။ ညီမလေး ကို ပွေ့ချီကျီစယ် သည် ကို မြင်လာရသည် ။ ဖိုးနီ ကို အဖေ မမြင် တော့ပြီ ။

သို့သော် သူ သည် မနာလိုလည်း မဖြစ်တတ် ပါပေ ။ ကောင်းစွာ ပြေးလွှားဆော့ကစားတတ်ပြီ မို့ အိမ်နီးချင်း ကလေးတစ်သိုက် ကို ပြောင်းလဲခင်တွယ် တတ်ခဲ့သည် ။

သူ ကောင်းစွာ သိတတ်ပြီ ဖြစ်သော အသက် ခြောက်နှစ်ခန့် တွင် ညီမလေး က သုံးနှစ် ရှိပြီ ။ ထိုစဉ် က သူ ကျောင်း နေရသည် ။ ရွာ ထဲ က မူလတန်း ကျောင်းကလေး မှာ ပင် နေရသည် ။ ဖိုးနီ အတွက် အမေ က လွယ်အိတ်အသစ် ဝယ်ပေးသည် ။ ကွန်ပါဘူးလေး ဝယ်ပေးသည် ။ သူ သည် စာသင်ရသည် ကို အလွန် ပျော်ရွှင်ခဲ့လေသည် ။ ဉာဏ်လည်း ကောင်း၏ ။ တစ်နှစ် တစ်တန်း အောင်ခဲ့သည် ။ ဖိုးနီ အတွက် တော့ ကလေးပီပီ ပျော်ရွှင်ခဲ့သော ၊ အပူအပင် ကင်းခဲ့သော ကာလများ ။ မြို့ က လာသော ဆရာမလေး က တော့ -

“ ဖိုးနီ ဟာ ပညာရေး ဖြစ်ထွန်းမယ့်ကလေး ” ဟု အမေ့ ကို တစ်ကြိမ် မှာ ပြောတာ ကြားဖူးသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Jan, 08:51


ဦးသုခစာအုပ်များ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

05 Jan, 15:30


https://t.me/+r4Lhc2Xt6gAzMDVl

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

05 Jan, 13:33


Good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

05 Jan, 13:10


"နင်ပဲ စဉ်းစားကြည့်လေ၊ ငါတို့မှာ စားမယ့်ပါးစပ်ပေါက်က တစ်လှေကြီး၊ သူရတဲ့လခနဲ့ ဘယ်လောက်မလဲ၊ ဒီတော့ မနက်လင်းတယ်ဆို ငါက ခေါက်မုန့်ထွက်ရောင်းရတယ်၊ သူက ခုချိန်ဆို ရုံးသွား၊ ရုံးကပြန်ရောက်လို့ ရေမိုးချိုး၊ ထမင်းစားပြီးတာနဲ့ မုန့်ဟင်းခါးဖိုမှာ အလုပ်သွား လုပ်ရတယ်၊ သူပြန်လာတော့ ညဉ့်နက်နေပြီ။ ကဲ.. ငါတို့ ရန်ဖြစ်ဖို့ အချိန်တောင်ရှိသေးလို့လား၊ ကိုစံဟိန်လည်း ငါ့ကို ဟိုလူဒီလူနဲ့ စွပ်စွပ်စွဲစွဲလုပ်ဖို့ အချိန်တောင်မရနိုင်တော့ဘူးထင်ပါရဲ့ ဟယ်”

မပိုက်က သူ့စကားသူ သဘောကျပြီး တဟားဟား ရယ်နေသည်။

မပိုက်မှာ ကိုယ်လေးလက်ဝန်ကြီးနှင့်။

““ခင်ဗျားနာမည်ကို မပိုက်လို့ မှည့်ဖို့မကောင်းဘူး၊ မဗိုက်လို့ မှည့်ဖို့ကောင်းတယ်””
ဟု ပြောပြီး...

သူနှင့် ရောယောင် ရယ်လိုက်သည်။ သူကလေးမွေးပြီးလျှင် နို့မှုန့်ဘူးလေး၊ ဘာလေး ဝယ်ပေးဦးမှဟုလည်း တွေးနေသည်။

📌“လင်ဖုန်းမို” ဝတ္ထုတိုသည် မိုးဝေမဂ္ဂဇင်းတွင် ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သည်။📌

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 22:28


https://t.me/+r4Lhc2Xt6gAzMDVl

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 14:42


ကောင်းသောညလေးဖြစ်ပါစေဗျ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 13:47


စာဖတ်သူ
📚📚📚📚📚📚📚📚
( မင်းလူ )

ကျွန်တော့်အိမ်မှာ ဗီရိုဆယ်လုံးရှိသည်။ ဒါဆို အဝတ်အစားတွေ တော်တော်များမှာပေါ့ဟု ထင်လျှင် မှားပါလိမ့်မည်။

ကျွန်တော့်အမေ ဗီရိုတစ်လုံး၊ သမီးနှစ်ယောက်က ခါးစောင်းလောက်ရှိသည့် ဗီရိုပုလေး တစ်လုံးစီ ပိုင်ကြသည်။ ကျွန်တော်တို့ လင်မယားကတော့ နှစ်ယောက်ပေါင်းမှ ငါးပေအမြင့်ရှိသော ဗီရိုလေး
တစ်လုံးကိုသာ အသုံးပြုကြသည်။ သိပ်သည်းတဲ့ လင်မယား၊ အဝတ်အစားချင်းတောင် မခွဲနိုင်လို့ တစ်ဗီရိုတည်း ထားရှိကြခြင်း မဟုတ်။ အဝတ်အစား သိပ်များများ မရှိသဖြင့် ဗီရိုတစ်လုံးတည်းသာ လိုအပ်သောကြောင့် ဖြစ်၏။

အပေါ်ထပ်ကို ကျွန်တော်ကယူ၊ အောက်နှစ်ထပ်မှာ သူ့အဝတ်အစားတွေထည့်။

ကျန် ဗီရိုခြောက်လုံးက ဘာတွေများ ထည့်ထားသလဲ။ ငွေစက္ကူတွေ အပြည့် ထည့်ထားသလား။ လက်ဝတ်ရတနာတွေလား။ တခြား အဖိုးတန်ပစ္စည်းတွေလား။ မဟုတ်ပါ။ စာအုပ်တွေ ထည့်ထားခြင်း ဖြစ်၏။

ဗီရိုခြောက်လုံးနှင့် အပြည့်အသိပ် ထည့်ထားတာတောင် မလောက်သဖြင့် ဗီရိုတွေပေါ်မှာ စီထား၊ အိပ်ခန်းထဲက
စင်ပေါ်မှာ ထပ်ထားရသေးသည်။ ကျွန်တော့် စာရေးစားပွဲပေါ်မှာလည်း ဖတ်လက်စ စာအုပ်တွေ၊ အမြဲ ကိုးကားအသုံးပြုနေသည့် စာအုပ်တွေ ထပ်ပြီး စီထားတာ နှစ်ပေလောက် အမြင့်ရှိမည်။ နောက်က နံရံခံထားတာတောင် မကြာခဏ ပြိုကျလေ့ရှိ၏။ စာအုပ်တွေ ပေါများတိုင်းသာ ပညာတွေ တိုးလာမည်ဆိုလျှင်
ကျွန်တော်သည် တကယ့် ပညာရှိကြီး ဖြစ်လာပေလိမ့်မည်။ တကယ်တော့ ခုထက်ထိ ပညာရှာဖွေဆဲ။

* * * * *

စာရေးဆရာတစ်ယောက် စာဖတ်ဝါသနာပါတာ ဘာမှ မဆန်းပါ။ သို့တိုင်အောင် မျိုးစေ့လေး ပါလာပုံလေး နည်းနည်း တင်ပြချင်သည်။ ကျွန်တော့်အဘွား (အဖေ့အမေ) သည် စာ လုံးဝမတတ်ပါ။ အဖေကျတော့
ငယ်ငယ်ကတည်းက အလွန်ဆင်းရဲသည်။ စာအုပ် ဝယ်မဖတ်နိုင်။ ဒီတော့ အဖေက စာဖတ်ရအောင် ကြံစည်သည်။

စာအုပ်ဆိုင်ရှင် လူကြီးကို မိတ်ဖွဲ့သည်။ ဆိုင်မှာ ဝိုင်းကူလုပ်ပေးသည်။ ဆိုင်ရှင် ကိစ္စရှိ၍ အပြင်ထွက်လျှင် ဆိုင်စောင့်ပေးသည်။ ဆိုင်စောင့်ရင်း စာအုပ်တွေ ဖတ်ခွင့်ရသည်။ ဆိုင်ရှင်ကလည်း အဖေ စာဖတ်ဝါသနာပါကြောင်း သိသဖြင့် တချို့စာအုပ်တွေ အိမ်ကို ငှားလိုက်တတ်သည်။ အဖေ စာရေးဆရာ ဖြစ်လာခြင်းမှာ သူဖတ်ခဲ့သည့် စာအုပ်များ၏ အထောက်အကူပြုမှုကြောင့် ဖြစ်လေသည်။

အမေကျတော့ တစ်မျိုး။ အမေ့အမေ (ကျွန်တော်တို့ အဘွား) ကတော့ သူတို့ခေတ်က ပါဠိပါဌ်သား
ဌာဏ်ကရိုဏ်းကျအောင် ရွတ်ဆို ဖတ်ရှုနိုင်သော စာတတ်ပေတတ် စာရင်းထဲမှာ ပါသည်။ ထို့ကြောင့် အမေသည် ငယ်ငယ်ကတည်းက စာကောင်းပေမွန်တွေ ဖတ်ရှုကြားနာခွင့် ရခဲ့သည်။ အဖေနှင့် အမေတို့၏ စာဖတ်ဝါသနာပါမှုက
ကျွန်တော်တို့ဆီမှာ အပြည့်အဝ ပါလာသည်။ အဖေက စာရေးဆရာ၊ အမေက ကျောင်းဆရာမ၊ အသိုင်းအဝိုင်းက
စာပေလောက။ ဒီတော့ အိမ်မှာ စာအုပ်တွေက တောင်ပုံရာပုံ။ ကျွန်တော်တို့မှာ စာအုပ်ပုံတွေကြားမှာ
မွေးဖွားလာသူများဟု ဆိုနိုင်သည်။ ဒီလိုလူမျိုးမှ စာဖတ်ဝါသနာ မပါလျှင် ရိုက်သတ်ဖို့ပဲ ရှိတော့သည်။

ဒီကြားထဲမှာ ဖူးစာဆုံပြန်တော့ စာကြည့်တိုက်ဝန်ထမ်းနှင့် ဖြစ်၏။ စာကြည့်တိုက်မှာ စာအုပ်သွားငှားရင်း၊
စာသွားဖတ်ရင်း တွေ့ကြတာတော့ မဟုတ်။ ကျွန်တော်နှင့် ကြိုက်ပြီးမှ စာကြည့်တိုက်ပညာ ဒီပလိုမာသင်တန်း တက်ခဲ့ခြင်းသာ ဖြစ်၏။ စာရေးဆရာ၏ ဇနီးလောင်းမို့ လိုက်ဖက်ညီအောင် ထိုသင်တန်းကို တက်ခဲ့ခြင်း ဟုတ် မဟုတ်တော့ မသိ။ တစ်ခါမှလည်း မေးမကြည့်ခဲ့ဖူး။ ကျိန်းသေတာကတော့ သူသည်လည်း စာဖတ်ဝါသနာပါခြင်းပင်
ဖြစ်၏။ သူ သုံးတန်းကျောင်းသူ ဘဝမှာ ဝတ္ထုစာအုပ် စဖတ်သည်ဟု ဆိုသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ ပထမဆုံး ဖတ်ဖြစ်သည့် ဝတ္ထုစာအုပ်မှာ ကျွန်တော့်အဖေ (ဦးသာဓု) ရေးသော “အတာ” အမည်ရှိ စာအုပ် ဖြစ်နေလေသည်။

* * * * *

ကျွန်တော်တို့ လက်ထပ်ပြီးကာစအချိန်တွင် အိမ်မှာ တီဗီလည်း မရှိသေး။ ကက်ဆက်လည်း မရှိ။

ကလေးလည်း မရသေးသောကြောင့် ညဦးပိုင်းအချိန်များမှာ ပျင်းခြောက်ခြောက်ကြီး ဖြစ်နေ၏။ ထို့ကြောင့် စာအုပ်များကိုသာ အဖော်ပြုကြရသည်။ ညစာစားပြီးလျှင် ကျွန်တော်တို့ လင်မယားနှစ်ယောက်သည် အိပ်ခန်းထဲ ဝင်ကြလေသည်။ တချို့ကတော့ တစ်မျိုးထင်ချင် ထင်ကြမည်။ ကျွန်တော်တို့ နှစ်ယောက်သည် အိပ်ရာပေါ်မှာ ခေါင်းအုံးတွေ မှီထိုင်ပြီး တစ်ယောက် စာအုပ်တစ်အုပ်နှင့် ဇိမ်ကျနေခြင်းသာ ဖြစ်၏။ တချို့ညတွေကျတော့ သူက စာဖတ်၊ ကျွန်တော်က စာရေး။ သို့ဖြင့် ကျွန်တော်တို့ အိပ်ရာထဲမှာ ဖတ်လက်စစာအုပ် သုံးလေးအုပ် အမြဲရှိနေတတ်လေသည်။

ကလေးတွေရလာတော့ အိမ်မှာ စည်စည်ကားကား ဖြစ်လာသည်။ စာဖတ်အားကတော့ ကျမသွား။ ကလေးတွေကလည်း အတုမြင် အတတ်သင်တာရော၊ မျိုးရိုးဗီဇ အရကော စာဖတ်ခြင်း၌ ဝါသနာထုံကြလေသည်။

ခုအခါ ကျွန်တော်တို့ အိပ်ရာပေါ်မှာ၊ ထောင့်တစ်ထောင့်စီမှာ တစ်ယောက် စာအုပ်တစ်အုပ်စီနှင့် နှပ်နေကြသော
သားအမိ သားအဖ လေးယောက်ကို တွေ့နိုင်လေသည်။ ကျွန်တော့်ဇနီးနှင့် ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင်
လာတူတာ ရှိသေးသည်။ အိမ်သာတက်ရင်း စာဖတ်သည့် အကျင့်ပင် ဖြစ်၏။ ကျွန်တော်က ထိုအကျင့်ကို အဖေ့ဆီမှ တုပ ရရှိခဲ့ခြင်း ဖြစ်၏။ ကျွန်တော့်ဇနီးကတော့ ဘယ်လို ရရှိခဲ့သလဲ မသိ။ သူတို့ တစ်အိမ်သားလုံး ဒီအတိုင်းပဲ ဟူ၍သာ ပြောသည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 13:47


ကျွန်တော်တို့အိမ်မှာ အိမ်သာတစ်လုံးသာရှိသဖြင့် တစ်ယောက်ယောက်ကများ အိမ်သာတက်ရင်း စာအုပ်တစ်အုပ် ဖတ်နေပြီဆိုလျှင် အပြင်က သွားချင်သူများ တမေ့တမော စောင့်နေရတတ်သည်။ မနေနိုင်တော့ဘူးဆိုမှ “စာအုပ်က တော်တော်ထူသလားဟေ့” ဟု လှမ်းငေါ့မှ ထွက်လာတတ်သည်။ ကလေးများကပင် အိမ်သာထဲဝင်လျှင် တေဇတို့၊ ရွှေသွေးတို့၊ ပုံပြင်စာအုပ်တို့ ယူသွားတတ်ကြလေသည်။

* * * * *

ဤသို့ဖြင့် ကျွန်တော်တို့အိမ်မှာ စာအုပ်အိမ်ကြီး ဖြစ်နေလေသည်။ ဗီရိုခြောက်လုံးထဲက စာအုပ်များမှာ အနှစ်နှစ်အလလက စုဆောင်းထားသော စာအုပ်များလည်း ပါသည်။ အဖေ ရေးခဲ့သည့် ဝတ္ထုစာအုပ်များနှင့် သူ့ဝတ္ထုပါသည့် မဂ္ဂဇင်းစာအုပ်များ သီးသန့်ထည့်သည့် ဗီရိုက တစ်လုံး။ ကျွန်တော်ရေးသည့် လုံးချင်းများ၊ မဂ္ဂဇင်းများထည့်သည့် ဗီရိုက တစ်လုံး။ ကျွန်တော်က စာတွေ ဆက်ရေးနေသဖြင့် စာအုပ်တွေ ထပ်ထပ် တိုးလာသည်။ လက်ဆောင်ရသည့်မဂ္ဂဇင်းတွေ၊ စာအုပ်တွေကလည်း ရှိသေးသည်။ ကလေးတွေကလည်း သူတို့၏ ရွှေသွေးတို့၊ တေဇတို့၊ ပုံပြင်စာအုပ်တို့ကို သီးသန့် သိမ်းထားနိုင်ရန် ဗီရိုတစ်လုံး တောင်းဆိုလာပြီ။

စာအုပ်တွေထည့်ဖို့ ဗီရို ထပ်ဝယ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်။ ခုအချိန်မှာ ဗီရို အလယ်အလတ်တန်းစား တစ်လုံး၏ ဈေးက သောင်းဂဏန်းနား ကပ်နေသည်။ တကယ်တော့ စာအုပ်များ ဗီရိုထဲ ထည့်ပိတ်ထားတာ
သဘာဝမကျ။ အလင်းရောင်နှင့် လေဝင်လေထွက် အတန်အသင့် ကောင်းမွန်သော နေရာမှာ စင်များဖြင့်
ထားသင့်သည်ဟု စာကြည့်တိုက်ဝန်ထမ်းဖြစ်သော ဇနီးသည်က ထောက်ပြ အကြံပေးသည်။ စင်တွေ လုပ်ဖို့
ဆိုတာက လွယ်တာမဟုတ်။ ပြီးတော့ ကျွန်တော်တို့အိမ်မှာ ဧည့်သည်များသည်။ စင်နှင့်ဆိုလျှင် လုံခြုံမှုရှိမှာ မဟုတ်။

အိမ်မှာရှိနေသည့် စာအုပ်ဗီရိုတွေကို ထိန်းသိမ်းရတာကိုက တော်တော် တာဝန်ကြီးသည်။ ကျွန်တော်တို့ မြေကြီးက
ခြပေါသည်။ နည်းနည်းလေး သတိလစ်တာနှင့် စာအုပ်ဗီရိုတွေထဲ ဝင်တွယ်တတ်သည်။ ထို့ကြောင့် သတိရတိုင်း ကြည့်နေရသည်။ အထူးသဖြင့် ပြန်လည် အစားထိုးဖို့ မလွယ်သော အဖေ ရေးခဲ့သည့် စာအုပ်များ။ စာအုပ်တွေ တစ်ခါတစ်ခါ ရှင်းရတာက မလွယ်လှ။ ဗီရိုတွေထဲ အပြည့်အသိပ် ထည့်ထားသည့် စာအုပ်တွေကို တစ်ထပ်ချင်း
ဆွဲချပြီး ကြည့်ရခြင်း ဖြစ်၏။ စာအုပ်တစ်အုပ် ရှာချင်ပြီဆိုလျှင်လည်း ဒီလိုပဲ တစ်ထပ်ချင်း ဆွဲချ၊ လိုချင်တာ ရှာ၊ တစ်ထပ်ချင်း ပြန်တင် တော်တော် လက်ဝင်သည်။

စာကြည့်တိုက်ဝန်ထမ်းဖြစ်သော ဇနီးသည်က အားတဲ့အခါ မျိုးတူစု ခွဲခြားခြင်း၊ ကတ်တလောက်စီခြင်းများ
ပြုလုပ်ပေးမည်ဟု ဆိုသည်။ သို့ရာတွင် သူ့ခမျာမှာ အားလပ်သည်ဟူ၍ မရှိ။ အလုပ်သွားရတာ တစ်ဘက်၊
ကလေးတွေ ဝေယျာဝစ္စက တစ်ဘက်၊ ချက်ရေးပြုတ်ရေးက တစ်ဘက်၊ သာရေးနာရေးက တစ်ဘက် အမြဲ အလုပ်ရှုပ်နေတတ်သည်။ ထို့ကြောင့် သူ့အစီအစဉ်က အထမမြောက်သေး။ လုပ်ဖြစ်သည့်တိုင် စာအုပ်တွေကို ထိန်းသိမ်းမှုကတော့ ဆက်ရှိနေရမည်ပင် ဖြစ်၏။

သူတို့ စာကြည့်တိုက်ကြီးတွေမှာ တစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ကိစ္စတစ်ခု ရှိသည်။ သင်္ကြန်ရက်များအတွင်း
စာကြည့်တိုက်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းပင် ဖြစ်၏။ လေပေါက်တွေ အားလုံးပိတ်၊ လေ ယိုစိမ့်နိုင်သည့် နေရာ
မှန်သမျှ ပလာစတာတိတ်ပြားနှင့် ကပ်ဖာပြီး အတွင်းကို ပိုးသတ်ဓာတ်ငွေ့များ မှုတ်သွင်းထားခြင်း ဖြစ်၏။
ဓာတ်ကြွင်း အန္တရာယ်က တစ်ပတ်လောက်အထိ ရှိနိုင်သဖြင့် ရုံးပိတ်ရက်များသော သင်္ကြန်တွင်းမှာမှ ပြုလုပ်ရခြင်းဖြစ်၏။

ကျွန်တော်ကလည်း ထိုနည်းကိုယူ၍ ရာသီဥတု အပြောင်းအလဲရှိသည့် အခါတိုင်းမှာ စာအုပ်ဗီရိုတွေကို ဆေးဖြန်းရသည်။ သူတို့လို ပစ္စည်းမျိုးတော့ မသုံးနိုင်။ ခြင်ဆေးတစ်ဘူးဝယ်၊ စာအုပ်တွေကြားထဲ မှုတ်ထည့်ပြီး
ဗီရိုကို ပြန်ပိတ်ထားခြင်းသာ ဖြစ်၏။ ပရုတ်လုံးတွေကိုလည်း အခါအားလျော်စွာ ထည့်ပေးရသည်။ တစ်ခါတလေ
အလုပ်များနေလျှင် စာအုပ်တွေရှင်းဖို့ကို နေ့ရွှေ့ညရွှေ့ လုပ်ရသည်။ ပြီးတော့ အသစ်ထပ်တိုးလာသည့်
စာအုပ်တွေအတွက် နေရာပေးဖို့ကိုလည်း စဉ်းစားလာရသည်။ ထိုအခါ အိမ်မှာရှိသည့် စာအုပ်တွေထဲက မလိုတာတွေကို ရှင်းပစ်ဖို့ စီစဉ်ရလေတော့သည်။

* * * * *

အားလပ်သည့် တစ်ရက်တွင် စာအုပ်ဗီရိုတွေဖွင့်ပြီး အမျိုးအစား ခွဲရသည်။ သိပ်အရေးမပါသည့် စာအုပ်များ၊
အလွယ်တကူ ရှာဖွေလို့ရသည့် စာအုပ်များ၊ မဖြစ်မနေ သိမ်းထားရမည့် စာအုပ်များ၊ အလွန် ရှားပါးသော စာအုပ်များ ခွဲထုတ်ပြီး တချို့ကို ရှင်းပစ်မည်ဟု စိတ်ကူးသည်။ တကယ်တမ်းကျတော့ ထင်သလောက် မလွယ်။

စာရေးဆရာတစ်ယောက်၊ စာဖတ်သမားတစ်ယောက်အတွက် အရေးမပါသည့် စာအုပ်ဆိုတာ တော်တော်ရှားပါသည်။

လုံးချင်းစာအုပ်တွေကျတော့လည်း စာရေးဆရာ သံယောဇဉ်ကြောင့်၊ မဂ္ဂဇင်းတွေကျတော့လည်း အယ်ဒီတာ သံယောဇဉ်ကြောင့် မဖယ်ရှားချင်ဘဲ ဖြစ်နေ၏။

ဒီကြားထဲက စာအုပ်တွေ့လျှင် ကောက်မလှန်ဘဲ မနေနိုင်သောကြောင့် ကြည့်မိရာက ဆက်ဖတ်ဖြစ်သွားပြီး စာအုပ်ရှင်းဖို့ကိစ္စ နှောင့်နှေးသွားပြန်သည်။ အဖေ ရေးသည့်စာအုပ်တွေ ထားသည့်ဗီရိုကို ရှင်းဖို့လုပ်ရတာ အခက်ဆုံးပင် ဖြစ်၏။ ကျွန်တော့်စိတ်ကူးက မဂ္ဂဇင်း အဟောင်းတွေထဲမှာ ပါသည့် အဖေ့ဝတ္ထုတွေကို ဖြုတ်ပြီး စုပေါင်း၍ ချုပ်ထားလိုက်မည်။ ဒါဆို အဖေ့စာတွေချည်း သီးခြားဖြစ်သွားမည်။ မဂ္ဂဇင်းတွေကိုတော့
ရှင်းပစ်လိုက်မည်။ ဒါဆိုလျှင် နေရာအများကြီးချောင်သွားမည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 13:47


လက်တွေ့ကျတော့ မဖြစ်နိုင်။ မဂ္ဂဇင်းတွေက ဟိုးလွန်ခဲ့သော နှစ်ငါးဆယ်နီးပါးက ထွက်ခဲ့ခြင်း ဖြစ်၏။

ရှားပါးစာအုပ်တွေ။ အထဲမှာ ပါသည့် စာမူတွေကလည်း အကောင်းစား၊ အသန့်စားတွေချည်း ဖြစ်၏။ ဒီလို
မဂ္ဂဇင်းမျိုးတွေကို တစ်ပိုင်းစီ ဆွဲဖြုတ်ပစ်ရမှာ နှမြောနေသည်။ အရေးအကြီးဆုံး တစ်ခုကတော့ ထိုမဂ္ဂဇင်းတွေမှာ ရေးသည့် စာရေးဆရာများပင် ဖြစ်၏။ ထိုအချိန်က မဂ္ဂဇင်းတစ်ခုထဲမှာ အတူ ရေးကြသော စာရေးဆရာများမှာ တစ်ယောက်နှင့် တစ်ယောက် အလွန် ချစ်ကြသည်။ အယူအဆချင်း မတူသည့်တိုင် သံယောဇဉ်ကြီးကြသည်။

ကျွန်တော်က အဖေ့စာမူတွေကို မဂ္ဂဇင်းထဲက သီးခြား ခွဲထုတ်ဖို့ စိတ်ကူးတာ တရားမှ တရားပါ့မလား။ အဖေ့ကို
သူ့သူငယ်ချင်းတွေနှင့် ခွဲထားသလိုများ ဖြစ်နေမလားဟု တွေးမိ၏။ ထို့ကြောင့် သူတို့ သူငယ်ချင်းတစ်စု အဖိုးတန်မဂ္ဂဇင်းတွေထဲမှာ ဆက်ပြီး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး နေကြပါစေလေ ဆိုပြီး ကျွန်တော့်အကြံကို လက်လျှော့လိုက်သည်။

* * * * *

အိမ်မှာ စာအုပ်တွေက ပိုပိုများလာသည်။ ထားစရာနေရာ အခက်အခဲ ဖြစ်လာသည်။ ကမ္ဘာကြီးမှာ လူဦးရေပေါက်ကွဲမှာ စိုးရိမ်နေရသလို ကျွန်တော့်အိမ်မှာလည်း စာအုပ်ဦးရေ ပေါက်ကွဲမှာ စိုးရိမ်နေရသည်။

ကျွန်တော့လို စာအုပ်လေး ထောင်ဂဏန်းလောက် ထိန်းသိမ်းနေရသူတောင် ဒီလောက် ဦးနှောက်စားနေရလျှင် စာအုပ်ပေါင်း သိန်းသန်းချီ၍ စီမံခန့်ခွဲနေရသော စာကြည့်တိုက်ကြီးများ၏ ဝန်ထမ်းများ ဘယ်လောက်
တာဝန်ကြီးမလဲဆိုတာ ကိုယ်ချင်းစာကြည့်နိုင်သည်။

သူတို့မှာ ဥစ္စာစောင့်များနှင့် တူသည်။ တကယ်တော့ “ဥစ္စာစောင့်” မဟုတ်၊ “စာအုပ်စောင့်” များသာဖြစ်လေသည်။


မင်းလူ
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာ
ငွေရတု အထိမ်းအမှတ် မဂ္ဂဇင်း၊ ၁၉၉၆
✍️

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 13:32


အလွမ်းတဝက် မြက်ခင်းပြင် - လှသန်း

.
ပျော်စရာ အစစ်တွေဟာ
ကမ္ဘာပေါ်မှာ ရှိနေသေးရဲ့
သင်ကော မျှော်လင့်ဖို့ အသင့်ဖြစ်ပြီလား ။

ကျ‌နော်တို့ဟာ
အထပ်ထပ် ကုလားဖန်ထိုးထားတဲ့
ဖဲထုပ်ထဲက
ဖဲချပ်တွေလို
ကိုယ့်နေရာ ကိုယ်မေ့နေရဲ့ ။

မြို့တော်ရဲ့ အဆောက်အအုံတွေအလယ်
ယောင်လည်လည်ဖြစ်
ဖြစ်ချင်ရာဖြစ်မှုရဲ့
ထုထည်ကောင်းတဲ့ သီချင်းကို
နား သောတဆင်ရင်း
ကလေးငယ်များ
ဗြဟ္မစိုရ်တရား ၊ အစားအစာနှင့်
ကမ္ဘာသစ်

ကျ‌နော်တို့ဟာ
သတင်းစာပေါ် ချော်လဲခြင်း မရှိ
နောင်တရခြင်း လုံးဝမရှိ
ဘဝကို နှစ်နှစ်ကာကာ ချစ်မိကြရဲ့ ။

ချစ်ခြင်းမေတ္တာ. .တဲ့
ဒါ သမိုင်းဦးကဗျာတပုဒ်ပဲ
သန်မာစွာ ကခုန်လို့
သိမ်မွေ့စွာ ပေါက်ကွဲလို့
ဝေခွဲမရခြင်းကလည်း ဆွံ့အလို့ ။

ရောက်မလာသေးတဲ့အချိန်
သက်ငြိမ်ဆန်ဆန် အိပ်မက်မှလန့်နိုး
မလုံတဲ့ ခေါင်မိုးကြောင့်
ရိုးသားတဲ့ ဘ၀တွေ
အရေးနိမ့်ခဲ့ရပြန်တယ် ။ ။

#လှသန်း

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 13:14


လူမှုဆက်ဆံရေးနှင့်ဆိုင်သောစကားထာ

ရှမ်းမှာ ဘုရင်၊
ကြွေမှာ နှစ်လုံး၊
တံငါအမြဲသုံး

အဖြေ=ရှမ်းဖဲပွင့်တွင်ကြူးသည်ဘုရင်ဖြစ်၏။(ကြူး)
ကြွေနှစ်လုံးပေါ်လျှင်=ပါ(ပါ)
တံငါအမြဲသုံးသည်=ပိုက်(ပိုက်)
ကြူး+ပါး+ပိုက်=ကြိုက်ပါဘူး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 10:45


လိပ်ပြာ
______ #တာရာမင်းဝေ

(၁)

“လှံထမ်းလာတာ မြင်ရတယ် ကံထမ်းလာတာ မမြင်ရဘူးလို့ စကားပုံရှိတယ် တကယ်တော့ လှေကား ထမ်းလာတာကိုလည်း မမြင်ရဘူးကွ”

သူက အဲဒီလိုပြောတော့ ကျွန်တော်လည်းကြောင်အမ်းအမ်း ဖြစ်သွားတယ်။

“လှေကား ထမ်းလာတာကို ဘာလို့မမြင်ရမှာလဲဗျ၊ ခင်ဗျားရူးနေလို့လား”

အဲဒီအခါ သူက မချိုမချဉ်ပြုံးပြီး ကျွန်တော့်ကို ပြန်ပြောတယ်။ သူ့စကားကတော့ အတိုင်းအတာ တစ်ခုထိ ဒဿနဆန်သယောင်၊ လေးနက်သယောင် ရှိပါလေရဲ့။

“လူတွေက လှေကားတစ်စင်းစီ ထမ်းထားကြတယ်ကွ
ဒီဘဝကနေ သေလွန်သွားတဲ့အခါ တချို့က
အဲဒီလှေကားနဲ့ နတ်ပြည်ကို တက်သွားကြပြီး တချို့ကတော့ အဲဒီလှေကားနဲ့ပဲ ငရဲပြည်ကို ဆင်းသွားကြတယ်”

ကျွန်တော်က ဘာမှပြန်မပြောဘဲ သူ့ကိုကြည့်နေတဲ့အခါ သူက မီးခိုးငွေ့တွေကို တဖြည်းဖြည်းချင်း မှုတ်ထုတ်ပြပါတယ်။ ဆေးလိပ်က ပြာတွေကို တောက်ချရင်း မီးခိုးငွေ့တွေကြားထဲမှာပဲ မသဲမကွဲဆိုခဲ့တယ်။

“လူတွေဟာ ကိုယ့်လှေကား ကိုယ်ထမ်းထားကြတာကွ”

အဲဒီလိုနဲ့ သူဟာကိုယ်ကျင့်တရားကို လေးစားသူတစ်ယောက်အဖြစ် လောကကြီးမှာ ကုတ်ခြစ်ရပ်တည်ခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ ဖြစ်စဉ်တွေကို ပြန်စဉ်းစားတဲ့အခါ မေ့လျော့နေတာတွေ အများကြီးပါပဲ။အနည်းအကျဉ်း မှတ်မိသမျှလေးတွေထဲမှာတော့ သူဟာ
ကိုယ်ကျင့်တရား တည့်မတ်သူတစ်ယောက်ဆိုတာကို လင်းလင်းချင်းချင်း တွေ့မြင်ရပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ မကောင်းမှု တစ်ခုကို ပြုကျင့်ခဲ့တယ်။ သူပြုတဲ့ မကောင်းမှုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၂)

အဲဒီနောက်ပိုင်း ညတစ်ညရဲ့ သန်းခေါင်ယံမှာ သူဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုမြင်မက်ခဲ့ပါတယ်။ သူ့အိပ်မက်ထဲမှာ သူဟာ ကျောက်ခေတ်က လူရိုင်းတစ်ယောက်ကိုပြတ်သားကြည်လင်စွာ တွေ့နေရပါတယ်။ အဲဒီလူရိုင်းဟာ တစ်စုံတရာကို ပစ်ခတ်ဖို့ ဒူးလေးကို
ခေါင်းငုံ့ပြီး ပြင်ဆင်နေပါတယ်။

နောက်…. တဖြည်းဖြည်း ခေါင်းမော့လာပြီး လူရိုင်းက အိပ်မက်မက်သူကို စေ့စေ့ကြည့်လေရဲ့။ သူလည်း အံ့သြသွားတယ်။ အဲဒီမှာပဲ လူရိုင်းက သူ့ကို ဒူးလေးနဲ့ စနစ်တကျ ချိန်ရွယ်လိုက်တယ်။ သူအကြီးအကျယ် ထိတ်လန့်သွားပြီး လက်နဲ့ကာ ဟန့်တား၊ အိပ်ရာက အမြန်ဆုံး လူးလဲထဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် အဲဒီမှာပဲ လူရိုင်းက ဒူးလေးကို ရွှတ်ခနဲ မောင်းဖြုတ်လိုက်တယ်။
မြားချွန်က သူ့ခန္ဓာကိုယ်ထဲကို တန်းလန်းထိုးဖောက်သွားစဉ်မှာပဲ အားခနဲ အသံနက်ကြီးနဲ့ ကြုံးအော်ရင်း သူလန့်နိုးသွားတယ်။ သူတစ်ကိုယ်လုံးချွေးတွေ ပြိုက်ပြိုက်စီးကျနေတယ်။ သူ့ရင်ဘတ်ကို ငုံ့ကြည့်၊ သူတစ်ကိုယ်လုံးကို လက်နဲ့စမ်းကြည့်ပြီး နေတော့တယ်။ အဲဒီညက သူပြန်အိပ်လို့ မရတော့ဘူး။ နာရီသံချောင်းခေါက်သံဟာ မာရ်နတ်ရဲ့ စောင်းကြိုးခတ်သံလို သူ့ကို ညှို့ငင်ချောက်လှန့်နေတယ်။

(၃)

အဲဒီလို ပြင်းထန်ရက်စက်တဲ့ အိပ်မက်တစ်ခုကို ရက်ပိုင်း အတွင်းမှာပဲ သူ ထပ်မက်သေးတယ်။ အဲဒီအိပ်မက်ထဲမှာ ကြမ်းကြုတ်တဲ့ပုံရတဲ့ လူတစ်ယောက်က သူ့ကို ကျောပေးပြီး လက်ပစ်ဗုံးကိုပင်အပ် ကိုက်ဖြုတ်နေတယ်။
နောက်ပြီးတော့မှ ချာခနဲလှည့်ပြီး ကြည့်နေမိတဲ့ သူ့ကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်လိုက်တယ်။ သူက ပါးစပ်ကြီး အဟောင်းသားနဲ့ ကြည့်နေမိတဲ့အချိန်မှာပဲ လက်ပစ်ဗုံးဟာ သူ့ရင်ဘတ်ထဲကနေ ဝုန်းခနဲ ပေါက်ကွဲသွားတယ်။
သူ့တစ်ကိုယ်လုံး အပိုင်းအစတွေအဖြစ် လွင့်စဉ်သွားသလို ခံစားရပြီး သွေးရူးသွေးတန်း သူနိုးလာတယ်။ နိုးနိုးချင်း နားတွေ အူဝေနေပြီး အခန်းထဲမှာလည်း ယမ်းနံ့တွေ နံနေသလိုပဲ။ သူ မရဲတရဲ ထရပ်ပြီး လက်တွေနဲ့ လေကို ဖမ်းကိုင်နေမိတယ်။ “ဘုရား…ဘုရား..” လို့ ပါးစပ်က တမိပေမယ့် မသဲမကွဲလို့ သူ့ဘာသာတောင် ပြန်မကြားခဲ့ပါဘူး။

(၄)

နောက်ဆုံး…. အိပ်မက်ကတော့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး၊ သူလည်း အခံစားရဆုံးပါပဲ။ ရှင်းလင်းသိပ်သည်းတဲ့ ညတစ်ည။ သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတုန်းမှာ အမှောင်ထဲက လက်တစ်ဖက်ကို မြင်လိုက် ရတယ်။ အဲဒီ လက်ဟာ မှောင်ရိပ်ထဲမှာ ပါးပျဉ်းထောင်လာတဲ့ မြွေတစ်ကောင်လို ဖြည်းဖြည်းချင်း စတင်လှုပ်ရှားတယ်။ အဲဒီလက်က သူ့ရင်ထဲကိုဖောက်ပြီး ဝင်လာတယ်။ နောက်တော့ အဲဒီလက်က
သူ့နှလုံးသားရှေ့တည့်တည့်မှာ ရပ်လိုက်တယ်။ သူ ကြည့်နေဆဲအချိန်မှာပဲ အဲဒီ လက်ချောင်းတွေက သူ့နှလုံးသားကို “ဖျန်း”ခနဲ ပါးရိုက်ပစ်လိုက်တယ်။

“အား….”

သူ့နှလုံးသားဟာ နာကျင်စွာ တရှိုက်နစ်နစ် အော်ဟစ်လိုက်ရင်း ကြေးစည်လို ချာလည်လည်သွားတယ်။ သူလည်း အမှောင်ထဲမှာ ရေနစ်နေပြီး သေအံ့မူးမူးနဲ့ပဲ အမှောင်ကို တဗောင်းဗောင်းကူးခတ်၊ ခြေကုန်လက်ပန်းကျ မောလျလို့ အငွေ့ပျံပျောက်ကွယ်သွားတော့တယ်။
နိုးလာတော့ ရူးမတတ်ပဲပေါ့။ ဝူးဝူးဝါးဝါး ရေမွန်းထားတဲ့သမင်ကြီးလို အသက်ကို အလုအယက်ရှုရင်း မျက်လုံးတွေကလည်း ဖန်လုံးတွေလို ကြောင်စီနေတယ်။ အတော်ကလေးကြာတော့ သွေးစုပ်ဖုတ်ကောင်က သူ့အခေါင်းထဲမှာ မျက်လုံးပြန်မှိတ်သွားသလိုမျိုး သူလည်း ခုတင်ထက်မှာ မျက်လုံးတွေပြန်မှိတ်သွားတယ်။ ခေါင်းရင်းကအိပ်ဆေးပုလင်းကတော့ အခွံလောက်ပဲ ကျန်ရစ်လေရဲ့။

(၅)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 10:45


သူနဲ့ကျွန်တော် ကွဲကွာနေတဲ့ အဲဒီအချိန်တိုလေးအတွင်းမှာပဲ သူဟာ အိပ်မက်များနဲ့ ထပ်ကာတလဲလဲ အိုမင်းခဲ့ပြီဖြစ်တယ်။ သူ့အဖြစ်အပျက် အကုန်အစင်ကို သူပြောပြလို့ သိပြီးတဲ့အခါမှာ ကျွန်တော်က ပေါ့ပါးလွယ်ကူတဲ့
စိတ်ပညာ ကုထုံးတစ်ရပ်ကို အမှတ်မထင် ပြောပြလိုက်တယ်။

“ဒါ မခက်ပါဘူးဗျာ၊ အိပ်မက်ထဲမှာပဲ ခင်ဗျား သူတို့ကို အကျိုးအကြောင်းပြောပြတောင်းပန်လိုက်ပေါ့…”

သူ တွေဝေသွားတယ်။ ပြီးမှ လေးနက်သွားတဲ့ မျက်နှာနဲ့ ခေါင်းတစ်ချက် ညိတ်ပြရင်းပြန်သွားတယ်။ဒါပေမယ့် နောက်တစ်ပတ်လောက်ကြာလို့ သူနဲ့ ပြန်တွေ့တဲ့အချိန်မှာပဲ လွယ်ကူမယ်ထင်ရတဲ့ ကိစ္စဟာ ပြန်ခက်သွားတာကို တွေ့ရတယ်။ သူက ကျွန်တော့်ကို မျက်နှာနွမ်းနွမ်းနဲ့ ခေါင်းခါပြတယ်။

“မရပါဘူးကွာ…”

“ဘာလို့ မရတာလဲ….”

သူက ကျွန်တော့်ကို ခပ်မောမောကြည့်ရင်း တိုးတိုးပြောတယ်။

“ငါ့အိပ်မက်ထဲ ငါပြန်ဝင်လို့မှ မရပဲကွ”

ကျွန်တော် ရယ်လည်း ရင်ချင်၊ ငိုလည်း ငိုချင်သွားတယ်။

(၆)

“အဲဒါဆိုရင်တော့ သေတဲ့အခါ ခင်ဗျားလှေကားနဲ့ ခင်ဗျား ငရဲပြည်ကို ဆင်းသွားရတော့မှာပဲ….”

သူမျက်နှာ ဖြူရော်သွားတယ်။ ပြီး … ကြောက်ကန်ကန်သလို ပြန်ပြောတယ်။

“အဲဒီအခါကျတော့လည်း ယမမင်းကို ရှင်းပြရမှာပေါ့ကွာ….”

“ရင်ဆိုင်ရဲသားပဲ” လို့ တွေးမိပြီး ကျွန်တော် သူ့ကို ခပ်မဆိတ် ကြည့်နေလိုက်တယ်။ သူ နဖူးကြောရှုံ့ပြီး စဉ်းစားနေတယ်။ သူ့မျက်နှာမှာလည်း အရိပ်အရောင်တွေ အမျိုးမျိုး ဖြတ်ပြေးနေတယ်။ အတော်ကြာမှ ဖြည်းဖြည်းချင်း ခေါင်းခါလာတယ်။

“ဒါလည်း မဖြစ်သေးဘူးကွ…”

“ဘာဖြစ်လို့ မဖြစ်တာလဲ…”

“ယမမင်းကို ရှင်းပြတဲ့အချိန်မှာ ဘာပဲပြောပြော ငါက ငရဲကျနေပြီကွ၊ မကောင်းဘူး…”

သူ့ကို မစာနာတာ မဟုတ်ပါဘူး။ ကျွန်တော် ရယ်မိတော့တယ်။ အရယ်တစ်ဝက်နဲ့ပဲ ကျွန်တော် ဗလုံးဗထွေး ပြောလိုက်တယ်။

“အဲဒါဆိုရင်တော့ ခင်ဗျား ကောင်းမှုတစ်ခု ပြန်လုပ်ရ လိမ့်မယ်”

“ဘာလဲ…”

ကျွန်တော်ပြောပြတဲ့ ကောင်းမှုကိစ္စကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

“…………………………………….”

( ၇ )

အဲဒီနောက်ပိုင်းကာလမှာတော့ သူဟာ တိမ်စင်သွားတဲ့ ကောင်းကင်ဖြူလို ပြန်ပြီး ကြည်လင်လာပါတော့တယ်။ သူ့အိပ်မက်တွေ အပြစ်ကင်းသွားပါပြီ။အရင်ကထက်တောင် ပိုပြီးတည်ငြိမ်လာပါတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ရှင်သန်လာမှုအတွက် ကျွန်တော်လည်း
ကြည်နူးဝမ်းသာရပါရဲ့။သူ့လက်ထဲမှာ “အက်အင်ဂိုအင်ကာရဲ့”ရဲ့ စာအုပ်လေးတွေ တစ်အုပ်မဟုတ် တစ်အုပ်ကိုင်ထားတတ်တာကို တွေ့ရပါတယ်။ ကာလအတော်ကြာတဲ့အထိ ကျွန်တော်ကလည်း အလိုက်တသိနဲ့ သူ့အိပ်မက်ဆိုးတွေအကြောင်း ပြန်မဖော်ခဲ့ပါဘူး။ တစ်နေ့တော့
သူနဲ့လမ်းမှာဆုံတယ်။ ဘုရားက ပြန်လာတယ်ဆိုလို့ ကျွန်တော်က လှမ်းစလိုက်တယ်။

“ငရဲပြည်က ပြန်တက်လာသူကြီး… ဘာဆုတောင်းခဲ့သလဲ”

သူက သူ့ဆုတောင်းကိုတည်ကြည်စွာ ပြောပြသွားတယ်။လမ်းတစ်လျှောက်လုံးမှာ သူဆုတောင်းကို ကျွန်တော်
အလေးအနက် စဉ်းစားလာမိတယ်။ဟုတ်တယ်။ သူဆုတောင်း သိပ်မှန်တယ်။ လူ့ဘဝမှာ ဒါလောက်ကလေးရမယ်ဆိုရင်ကို တကယ်တော့ နေပျော်သင့်ပါပြီ။ ကျွန်တော်လည်း သူ့လို ဆုတောင်းရလိမ့်မယ်။

( ၈ )

“အရှင်ဘုရား ဤမှန်သော သစ္စာစကားတို့ကြောင့် လိပ်ပြာ သန့်သော အိပ်မက်များကိုသာ မြင်မက်ရပါလို၏”

ဝတ်ပြုတောင်းစဉ်…. ညင်သာတဲ့ ခေါင်းလောင်းသံလွင်တွေကို ကြားနေရတော့တယ်။

#တာရာမင်းဝေ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 10:02


😁😁

Photo.credit
#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 10:01


လမ်းထိပ်လက်ဘက်ရည်ဆိုင်ဘက်ထွက်ခဲ့တယ်..
အဲ့ဒီမှာသူ့တူနဲ့ဆုံတယ်..ထိုအချိန်မှာ ဆိုင်ထဲရှိတဲ့လူငယ်အချို့ ဆိုင်ရှေ့ဖြတ်သွားတဲ့တောင့်တောင့်ဖြောင့်ဖြောင့်မိန်းကလေးငယ်တစ်ယောက်ကိုကြည့်ပြီး နှုတ်ထွက်ရေရွတ်ကြ
ထိုမိန်းကလေးရဲ့အလှအပတွေကိုယစ်မူးကြ ပြီးတော့သူမတင်သားတွေကိုပစ်မှားပြောဆိုကြပြီး သူတို့
မျက်လုံးတွေ ကောင်မလေးတင်သားနောက်ကောက်ကောက်လိုက်ပါသွားကြပုံကိုကြည့်ပြီး....
ဇတ်ကောင်လူကြီးက သူ့တူကိုဆုံးမပါတော့တယ်..

အတောင်နှစ်ဆယ်ဝတ်မင်းယောက်ျားတစ်ဖြစ်လဲ.. သုံးတောင်ဝတ်မိန်းမတို့ရဲ့အထွတ်အထိပ်ဘုန်းကံကြီးမြင့်တယ်လို့ ပညတ်ခံထားရသူတွေ၊အားနွဲ့တဲ့မိန်းမသားတို့ကိုဦးဆောင်ဦးရွက်ပြုရမယ့်တည်ကြည်ရင့်ကျက်ဘုန်းသမ္ဘာနဲ့ပြည့်စုံရမယ့်ယောက်ျားရင့်မာကြီးတွေဖြစ်ပြီး
ကိုယ့်ရှေ့ဖြတ်သန်းသွားတဲ့ မိန်းမတစ်ယောက်ရဲ့ ယုတ်ညံ့တဲ့ထဘီစအောက်က တင်သားတွေနောက်ကို ဣန္ဒြေမဲ့သိက္ခာမဲ့သတိမရှိသမာဓိမရှိ အငမ်းမရလိုက်ကြည့်သင့်ရဲ့လား...?စတဲ့

ရန်ကုန်ဘဆွေတစ်ဖြစ်လဲ ထိုဇတ်ကောင်လူကြီး၏
ဆုံးမစကားတို့ကို ဇတ်ဝင်ခန်းထဲကတူဖြစ်သူလူငယ်လေး
နှင့်အတူ ထိုဝတ္ထုကြီးကိုဖတ်လျှက်ရှိသော ကျနော့်နှလုံးသားထဲမှာပါ ယနေ့ထိတိုင် သံမှိုစွဲကျန်လျှက်ရှိပါကြောင်း......။

ရသစာပေကြောင့်ရရှိခဲ့တဲ့
အကျိုးကျေဇူးပါ
တစ်စုံတစ်ခု ရရှိကြပါစေ။


Lugyi Min🎨

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 10:01


အိုးစကား...

တောင့်တောင့်ဖြောင့်ဖြောင့်မိန်းမတစ်ယောက်
လမ်းလျှောက်လာရင်ယောက်ျားတွေက
ဘာကိုအရင်ကြည့်ကြလဲဆိုတဲ့အမေးကို
Fri မိန်းကလေးတစ်ယောက်ရဲ့
post တစ်ခုမှာရေးတင်ထားတာတွေ့မိပြီး
ကိုယ့်အတွေ့အကြုံလေးတစ်ခုကို ဝေမျှပေးချင်စိတ်ပေါ်ပေါက်လာလို့ ဒီစာကိုရေးသားပါတယ်..။

~~~~~~~~

FB ပေါ်မှာလဲ........အိုး
Video ထဲမှာလဲ.....အိုး
Tea ဆိုင်ရှေ့လဲ.....အိုး
On the road မှာလဲ......အိုး
လူကြီး၊လူလတ်၊လူငယ်ပါးစပ်ဖျားမှာလဲ....အိုး
Rapper တွေပါးစပ်ထဲလဲ.......အိုး
အိုးလေးလှုပ်ပါဦး....
အိုးလေးလှုပ်ပါဦး......တဲ့လေ။

လူတိုင်းခန္ဓာကိုယ်မှာ ပါဝင်ခဲ့ပြီး မည်တွင်သမုတ်ခံခဲ့ရသော
ခါးအောက်နားဆီကလုံးလုံးဝန်းဝန်းအစိတ်အပိုင်း
ဖြစ်သည့်အသားစိုင်နှစ်မြွှာကို ပုရိသကျားများအတွက်
ဖင် ဟုဂုဏ်တင်ခဲ့၍ ဣတ္ထိယမိန်းမသားများအတွက်မူ
တင်သား ဟူ၍တင်စားခေါ်ဝေါ်ခဲ့ကြတယ်..
(တစ်ချို့ကျားများစိတ်ကြီးလျှင်ဖင်ကြီးဟုကြုံးဝါးခေါ်တတ်ကြ၏)
နှစ်ပရိစ္ဆေဒအတွင်း ပုရိသအပေါင်း၏ ဖင် မှာ မည်သည့်
Nickname မှ မရှိ မပြောင်းလဲခဲ့ဘဲ ဣတ္ထိယအမျိုးသမီးများ၏တင်သားများခမျာ ကာလယန္တရားတစ်လျှောက်အမည်အမျိုးမျိုး
မှည့်တွင်ခံခဲ့ရပါတယ်။
ပါးပါးလျားလျားချပ်ချပ်ရပ်ရပ်နဲ့ နွဲ့နွဲ့နှောင်းနှောင်း
ရှိတဲ့မိန်းကလေးမျိုးဆိုလျင် ငရံ့ကိုယ်လုံးလေး စလင်းဘော်ဒီလေးပေါ့... တောင့်တောင့်တင်းတင်းနဲ့ဆိုဒ်ကြီးမျိုးဆိုလျှင်
လုံးကြီးပေါက်လှ တစ်ချိန်ကခေတ်ဟောင်းရုပ်ရှင်မင်းသမီးကြီးတစ်ဦး
ဆိုလျှင်သူမခန္ဓာကိုယ်အလုံးအထည်လှပ
ဆွဲဆောင်မှုကြောင့် သူမနာမည်ရှေ့မှာ
ပုစွန်တုပ်ကွေး***...ဟုခေါ်တွင်ခံခဲ့ရဖူးတယ်ဆိုတာကို
(old service )ကြီးတွေသိပါတယ်😁😁😁😁
ချာတိတ်တုန်းက လမ်းထိပ်အုတ်ခုံမှာ
စီနီယာဂစ်တာသမားကြီးတွေနားသွားထိုင်တော့ မမကြီးတွေအုတ်ခုံရှေ့ကဖြတ်သွားရင် သူတို့က ဂစ်တာရှိတ်လေးလို့လှမ်းစကြတယ်.... ဘော်ဒီကဂစ်တာအိုးနဲ့တူလို့တဲ့လေ.....ကိုယ်တွေကတော့
အဲ့ဒီအချိန်က စတူဒီယိုခေတ်ဦး ကက်ဆက်ကပျံ့လွင့်လာတဲ့ တက္ကသိုလ်ထွန်းနောင်ရဲ့
ထမီစိမ်းစိမ်းလေးကို ...
ထမီစိမ်းစိမ်းလေး🎼🎼🎵🎵
ထမီစိမ်းစိမ်းလေး📣📣📣📣လို့အော်လို့ကောင်းတုန်းအချိန်ပေါ့...လူကြီးလူလတ်ပိုင်းတွေက ကောင်မလေးတွေကို မြာလေးတွေ ဇယ်လေးတွေစကစ်(စကီ)လေးတွေ၊ထိုမှအားမရတော့
ဆော်လေး၊ဆော်ကြီးစသဖြင့်မစားရဝခမန်းပါးစပ်နဲ့
အာသာဖြေကြလေတယ်။

ကာလအနည်းငယ်ရွေ့လာတော့...တင်သားကိုပဲ ဂစ်တာရှိတ်၊ဂစ်တာအိုးမှတစ်ဆင့်တက်ပြီး ဂျီ(G)လေးကမိုက်တယ်ကွာ
ဟိုဆော် ဂျောကြီးကမိုက်ပ ဆိုတာမျိုး
ပြောင်းလဲခေါ်လာကြပြန်တယ်....
ပေါင်တံလေးတွေ ရှည်မျောလှပလျှင်
တောက်.....ရွှေဘိုမင်းကြိုက်ကလေးကွ....
ရင်သားတွေကိုစနေ(စနော) နောက်ပိုင်း ဂစ်တာအိုးရေအိုးတို့ဖြင့် ခိုင်းနှိုင်းကောင်းခဲ့ပြီး ယနေ့ထိဣတ္ထိယတို့၏တင်သားတင်စားမှုကို အိုးနှင့်အဆုံးသတ်လျှက်ရှိနေတုန်းပါပဲ။
ယနေ့လောကအပြင်မှာရော FBလိုင်းပေါ်မှာပါ post တင်
လို့အသင့်လျော်ဆုံကလည်းအိုးတွေပါပဲ တစ်ချို့မတင်းတိမ်နိုင်တဲ့ဆယ်လီမမတွေအရပ်သူပျိုဖြူ
ခပ်ကဲကဲတစ်ချို့တလေကတော့အိုးအထက်မြင့်တဲ့ မသင့်မလျော်တာတွေကိုလိုင်းပေါ်တင်စပြုလာကြတယ်... ဒါကိုပုရိသတွေလိုင်းပေါ်မှာ Share ပြီးပြန်တင်ကြတယ် တစ်ချို့ကျားတွေလမ်းသွားရင်း ဣုန္ဒြေမဲ့စွာဖုန်းတစ်လုံးနဲ့
အိုး Thesis ပြုစုကြတယ်။ (ခုံးကျော်တံတားတက်တဲ့အမျိုးကောင်းသမီးတွေသတိပြုကြစေချင်တယ်)
သို့ကလို အိုးကိစ္စ၊နို့ကိစ္စတွေ တင်ကြ ရှဲကြရင်းလိုင်းပေါ်မှာပျံ့နှံ့ မြစ်ဖျားခံရာက ကာမကိစ္စတွေရှုပ်ထွေးလာကြပြီး
နိုင်ငံအနှံ့မှာ မုဒိမ်းမှုတွေထူပျောလာတယ်လို့ ထင်မြင်မိပါတယ်။

အထက်ကအတိုင်းဆက်ရရင်ကာလသားစိတ်မဝင်ခင်
ထမီစိမ်းစိမ်းလေး သီချင်းလောက်သာ
အော်ဆိုတတ်ပြီးအိုးအကြောင်းဘာမျှမသိနားမလည်တဲ့
ကလေးလေးဘဝမှ အရွယ်ရောက်ချာတိတ်ကလေး
ဖြစ်လာတော့ အနုပညာနဲ့ပျော်မွေ့လာတဲ့ကိုယ့်ကို
အဖေကစာပေနဲ့နီးစပ်အောင် ထိတွေ့ခွင့်ပေးခဲ့တယ်။

သည်မှာတင် အလယ်တန်းကျောင်းသားအရွယ်မှာ
ရန်ကုန်ဘဆွေရေးတဲ့ မြင့်မိုရ်ကိုခြွေပျက်ကြွေမယ့်ယောက်ျား ဆိုတဲ့စာအုပ်ကို
ဖတ်ခွင့်ရခဲ့တယ်....တက္ကသိုလ်တင်မြင့်၊ဆွေလှိုင်ဦး၊
ကျော်မင်းဦးတို့ ဖတ်နေတဲ့အချိန်မှာ ရန်ကုန်ဘဆွေရဲ့စာအုပ်ဟာကိုယ့်အတွက်စိမ်းနေပါတယ်..
ဒါပေမဲ့သူကကိုယ့်ဖခင်လို...ဗမာ့လွတ်လပ်ရေးသမိုင်းမှာ စစ်ရေးနိုင်ငံရေးမှာပါဝင်ခဲ့သူ၊ပြီးတော့ပန်းချီဆရာ၊ရုပ်ရှင်ဒါရိုက်တာ၊ထုတ်လုပ်သူစတဲ့အရည်အချင်းတွေကိုကြားရတာနဲ့တင် စိတ်ဝင်စားပြီး သူရေးတဲ့စာအုပ်ကိုတစ်လေးတစားဖတ်ဖြစ်သွားတာပါ။

စာရေးဆရာပေးချင်တဲ့ messages ကို
အဖေကရှင်းပြတယ်...
ရန်ကုန်ဘဆွေရဲ့သည်စာအုပ်စစခြင်း Opening မှာ အဓိကဇတ်ကောင်လူကြီးတစ်ယောက်
သူ့ညီမတော်စပ်သူအိမ်ကို ကိစ္စတစ်ခုနဲ့လာရင်း သူ့တူအကြောင်းသိရလို့ သူမမြင်ဖူးတဲ့တူတော်မောင်ကိုစောင့်ရင်းစိတ်မရှည်တာနဲ့

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 09:34


ဝမ်းနည်းတဲ့အခါလည်း မင်းကိုပဲ သတိရတယ်

ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ငြိမ်းချမ်းမှု မရရှိနိုင်သေးတဲ့ ဘ၀တွေ တပုံကြီးပါပဲ။ လမ်းပျောက်ဝိညာဉ်တွေနဲ့ ပြန့်ကျဲ နာနာဘာ၀တွေ မီးအိမ်တွေ ကိုင်ပြီး နွေဦးရာသီနောက် အပြေးလိုက်ကြတယ်လို့ ဘေတောက်က ရေးခဲ့သလိုမျိုး။ မြူတွေတောင် ကိုယ့်ကို ခွဲသွားကြတယ်။ လေထုတောင် ကိုယ်တို့အပေါ်ကို ရက်စက်တတ်ကြတယ်။ တကယ့်ဘ၀မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ မီးအိမ်တစ်လုံးအကြောင်း နှောင်းလူတွေက သတိရကြပါလိမ့်မယ်။ ကိုယ်တို့ကတော့ နွေဦးနောက်ကို ပျံသွားကြတဲ့ ငှက်တွေကို ငေးကြည့်ရင်း လေးလံမှုကို တစ်ချိန်လုံး ထမ်းပိုးထားခဲ့လို့။ နောက်ထပ် စွန့်လွှတ်စရာဆိုလို့ ကိုယ်တို့မှာ မျှော်လင့်ချက်ပဲ ကျန်တယ်။ ဒါနဲ့တောင်မှ ကိုယ်တို့ဟာ ပိုကောင်းတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြဆဲ။ ပြန်တွေးစရာ ဘာမှတ်ဉာဏ် တစ်ခုမှ မရှိတော့တဲ့ အချိန်မှာ လူတွေက ပင်လယ်အ၀တစ်ခု ဒါမှမဟုတ် မြစ်တစ်စင်းကိုလည်း သတိရတတ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျန်ရစ်ခဲ့တာကလည်း ဖိနပ်ကလေး တစ်ရံနဲ့ ပွင့်လာမယ် ထင်တဲ့ ပန်းပွင့်ချပ်တွေ။ အိမ်အပြန်မှာ တယောက်ယောက် စောင့်ဆိုင်းနေလိမ့်မယ်လို့ တွေးကြည့်နေတဲ့ စိတ်ကူးတွေ။ ဘယ်သူမှတော့ ညိုးငယ်၊ ခြောက်သွေ့နေတဲ့ ပန်းပွင့်တွေကို စိတ်ကူးထဲမှာ ထည့်မတွေးမိကြဘူးပေါ့။ ငြိမ်သက်တိတ်ဆိတ်ပြီး ကိုယ့်ရင်ထဲက အသံကို နားထောင်ဖို့ ပြန်လည်ပေးအပ်ခဲ့တဲ့ အချိန်တွေမှာ ဘာတွေပဲဖြစ်နေနေ ကိုယ်တို့ကို ထွေးဖက်ထားပေးဖို့အတွက် တစုံတယောက်ကိုလည်း ကိုယ်တို့ လိုအပ်ခဲ့တာပေါ့။ ဒီအတွက်ကြောင့်ပဲ နေရောင်မရှိတဲ့ ညတွေရဲ့ ကြေကွဲမှုကို အမှတ်ရဖို့နဲ့ အလင်းရဲ့ နွေးထွေးမှုတွေကို မမေ့လျော့သွားဖို့ ဒီဇာတ်ကြောင်းကို ကိုယ်တို့ ပြန်လည် ရေးသားပြောဆိုနေကြရတာ ဖြစ်ပြီး ကိုယ်တို့ ရင်ထဲမှာတော့ အမှောင်ထဲမှာ ဆုံးရှုံးခဲ့ရတဲ့ မျက်နှာတွေကို ထာ၀ရ သိမ်းဆည်းထားခဲ့ရတာ ဖြစ်ပါတယ်။ ဝေးကွာလှတဲ့ ခရီးအတွက် ကြီးမားတဲ့ စွန့်လွှတ်မှု ဇာတ်ကြောင်းတွေကပဲ ကွယ်လွန်သူတွေ အလည်လာတဲ့အခါ ဧည့်ခံစရာ ဖြစ်လာပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာကိုတော့ ဘယ်တုန်းအခါကမှ ကိုယ်တို့ မဆုံးရှုံးခဲ့ဖူးပါဘူး။ ဝမ်းနည်းနေတဲ့ အချိန် သတိရနေစရာ တစ်ယောက်ယောက် ရှိတာလည်း ကောင်းပါတယ် ။ ။

မိုးရဲ
Sep 2022

*စိုးလွင်လွင်၊ ဇေယျာလင်း/ဘေဒေါင်၊ မြင့်သန်း/လောဝ်ရှယ်၊ အောင်ခင်မြင့်

က‌ဗျာကို Readerless Poetry ကနေ ကူးယူဖော်ပြပါတယ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 09:30


ရာသီဥတု သည် ကား နွေဥတု ကုန်ဆုံး လေပြီ ။ သို့သော် ရှေ့ပြေး မိုးကလေး ကား တစ်စက် မျှ မကျသေး ။ ထို့ကြောင့် ကိုအုန်းအမ် မှာ မိုး ကို မျှော်လှလေပြီ ။ ထိုသို့ မျှော်ခြင်းကား နှစ်စဉ် နှစ်တိုင်း သူ လုပ်နေကျ ဖြစ်၏ ။ သို့သော် ယခု နှစ် တွင် တော့ တမူထူးခြား ကာ ကိုပုကောက် က ပါ မိုး ကို မျှော် နေလေတော့သည် ။

မိုး သည် နောက်ကျ ချင် သာ နောက်ကျ မည် ၊ မလာဘူး ဟူ၍ တော့ မရှိပါချေ ။

ထို့ကြောင့် မကြာမြင့်မီ ပင် ဝဿန်ဦးမိုး သည် အလုံး ကြီးကြီး နှင့် ခပ်ကျဲကျဲ ရွာသွန်းချ လာ လေတော့သည် ။ ဤတွင် တစ်ခါတစ်လှည့် ကို စောင့် နေသော ကိုပုကောက် သည် ရေကန်ဆီ သို့ ပြေးကာ ကနခိုကဲဆေး ကို အားလုံး သွန် ထည့်လိုက်ပြီး ပိန်းပင်အုပ် အောက် က မိုးခို ရင်း စောင့်ကြည့် နေလိုက်သည် ။

မကြာပါပြီ ။

ကိုအုန်းအမ် သည် ခုန်ဆွခုန်ဆွ နှင့် ကန်ဘောင် ပေါ် တက် လာ၏ ။ ရွှင်လန်းမြူးတူးစွာ နှင့် မိုး ကို အော် နှုတ်ဆက် လိုက်ပြီးသော် ရေကန် ထဲ သို့ လွှားခနဲ ခြေပစ်လက်ပစ် ခုန်ချ လိုက်လေသည် ။

“ ဗွမ်း ဗုတ် ဗတ် ဗွမ်း ဗုတ် ဗတ် ”

ဖားပြုပ်ကြီး ကိုအုန်းအမ် သည် ကူး - ကူး - ကူးခတ် လျက်ရှိသည် ။ ထိုအခိုက် တွင် ခင်ခင်အမ် သည် လည်း ကန်ဘောင်ရိုး ပေါ်သို့ ဘွားခနဲ တက်လျက် လာခဲ့လေ ၏ ။ ရေ ထဲ က ကိုအုန်းအမ် သည် ကန်ဘောင် ပေါ် က ခင်ခင်အမ် ကို မြင်တော့သည် ။

ကိုအုန်းအမ် သည် ခင်ခင်အမ် ကို အလွန် ချစ်ခင်၏ ။ ထို့ကြောင့် ယခုကဲ့သို့ ကန်ဘောင် ပေါ် က ခင်ခင်အမ် ကို မြင် လျှင် ကိုအုန်းအမ် သည် အစွမ်း ပြ တော့၏ ။

ရေ ထဲ တွင် သူ အဘယ်မျှ ကျွမ်းကျင်သူ ဖြစ်ကြောင်း ကို ရေငုပ် ပြ၏ ။ နီးရာ ကြာရွက် ပေါ် က နေပြီး ရေ ထဲ သို့ ဂျွမ်းထိုး ချ ပြ၏ ။ ဤသို့ တတ်စွမ်းသမျှ တွေ ကို ပြသလေ ရာ ကန်ရေ များစွာ သည် သူ ၏ ပါးစပ် မှ တစ်ဆင့် ဝမ်း ထဲ သို့ ရောက်၏ ။ ကန်ရေများ နှင့် အတူပင် ဝမ်းနှုတ်ဆေး များ လည်း သူ ၏ ဝမ်း ထဲ သို့ တစ်ပါတည်း ရောက်တော့ သည် ။

“ ဟင် .. တကတည်း နံလိုက်တာ တော် ”

ခင်ခင်အမ် သည် မျက်နှာ ရှုံ့မဲ့၍ ခုန်ပြေး လေသည် ။ ကိုအုန်းအမ် သည် ခင်ခင်အမ် ၏ နောက်သို့ ပြေး လိုက်ရန် ကြိုးစား၏ ။ သို့သော် သူ့ ခမျာ ဝမ်းတွေ သွားရလွန်း သဖြင့် နုံးချည့် နေပါပြီ ။ နောက် ခြေထောက်များ ကို ပင် ပြည့်ပြည့်ဝဝ မဆန့်နိုင် ရှာတော့ပါ ။ မျက်လုံးကြီးများ လည်း စင်း နေ၏ ။

“ ဟား ဟား ဟား ၊ တစ်ခါတစ်လှည့် တော့ လည်း မင်း ခံချေဦးပေါ့ကွာ ၊ ငါ့ တုန်း က လည်း ဒီလိုပဲ ကျိတ်မှိတ် ခံခဲ့ရ တာပဲ ဟေ့ ”

ကိုပုကောက် သည် အားရပါးရ ရယ်မော ၍ ထို ကန် ဆီ မှ ခပ်သုတ်သုတ် ပြေးသွားလေတော့သည် ။ နောင် မကြာမီ သော ကာလ တွင် ပေါက်လာမည့် မှိုပွင့်အိမ်ကြီး တွင် ဤ တစ်ချီ တော့ သူ သည် စိတ်တိုင်းကျ နေရပါတော့မည် ။

ကလေးတို့ ရွှင်လန်းကြပါစေ ။

ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသ ပုံပြင်များ ပေါင်းချုပ် ( ပထမတွဲ )

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 09:30


ထို့နောက် ပန်းဝတ်မှုန် နတ်သမီးများ စုဝေး၍ ချီတက် သွားကြလေရာ သူတို့ ကို စောင့်ရှောက်ရန် နတ်ပု စစ်သူကြီး နှင့် စစ်သည်တော်များလ ည်း လိုက်ပါ သွားကြ ရလေတော့၏ ။ ထိုနည်းတူစွာ ပင် သမီးတော် သော်က မာလာ သည် စီးတော်ယာဉ် နှင့် သွားလေရာ ဖားပြုပ်ကြီး ကိုအုန်းအမ် သည် လည်း လိုက်ပါ သွားရသည် ။

သို့ဖြစ်ရကား မောင်ပုကောက် မှာ ပြန်လာခဲ့ရတော့၏ ။

သူ့ တွင် မှိုပွင့်အိမ် မရှိတော့ပြီ ။ အခြားသော မှိုပွင့်များ သည် လည်း အိမ် နေသူ အသီးသီး နှင့် မအားမလပ် ဖြစ်နေ လေရာ သစ်ဆွေးတုံးကြီး ထဲ မှ သေးငယ်သော အပေါက် ထဲ တွင် ကျဉ်းကျဉ်းကျပ်ကျပ် နေရလေတော့၏ ။

“ နေပေဦးတော့ အုန်းအမ် ရယ် ၊ တစ်ခါ တစ်လှည့် တော့ ရောက် လာလိမ့်ဦးမှာပေါ့ ၊ ဒီတော့ မှ ငါ့ အပေါ် မင်း လုပ်သွားတဲ့ အကြွေး ကို ပြန် ဆပ်ရမှာပေါ့လေ ”

ထို့နောက်တွင် သူ သည် တော်တော်ဝေးဝေး တွင် တည်ရှိသော ရွာကလေး ဆီ သို့ လှည့်ပတ်၍ အရိပ်အခြေ ကို ကြည့်သည် ။

ရက်များ မကြာမီပင် သူ ရှာဖွေ နေသော အိမ် ကို တွေ့ရ၏ ။

ထို အိမ်သည် ကား သမားတော်ကြီး ဦးကုပျောက် ၏ အိမ် ပင် ဖြစ်လေတော့သည် ။ ထိုအခါတွင် ကိုပုကောက် သည် အိမ်သား အားလုံး တို့ အိပ်မောကျစဉ် အိမ် တွင်း သို့ ဝင်၍ ထောင်းစရာ ရှိသော ဆေးများ ကို ထောင်းထား ပေးခြင်း ၊ လုံးစရာ ရှိသော ဆေးများကို လုံးထား ပေးခြင်း စသည်ဖြင့် အလုပ်များ လုပ်ပေး၏ ။

ဦးကုပျောက် သည် တစ်ရက် လည်း သတိ မထားမိ ၊ နှစ်ရက် လည်း သတိ မထားမိ နှင့် နေလာခဲ့ရာ ကိုပုကောက် သည် သုံးလ နီးပါး ခန့် ညတိုင်း အလုပ် လာ၍ လုပ်ပေး နေရသည် ။

ထိုအခါတွင် ဦးကုပျောက် သည် သူ ၏ လုပ်ငန်းများ နံနက်ခင်း တွင် ပြီး ပြီး နေကြောင်း ကို သတိပြုမိ လာသည် တွင် ညဘက် တွင် ချောင်း ၍ ဖမ်းရာ တစ်ည တွင် အလုပ် လုပ်ပေးသော ကိုပုကောက် နှင့် ရင်ဆိုင် တွေ့ ရတော့၏ ။

ဆရာကြီး ဦးကုပျောက် သည် ကိုပုကောက် ကို သေသေချာချာ ကြည့်သည် ။

“ အလို မင်း က ဘယ်သူတုံး ”

“ ပုကောက် ပါ ”

“ အဲဒါက ဘာလဲ ”

“ ကျွန်တော့် နာမည် ပါ ခင်ဗျ ”

“ မင်း နာမည် က ဘယ့်နှယ် ”

“ ပုကောက် ”

“ ဟယ် ”

“ ဟယ် မဟုတ်ပါဘူး ၊ ပုကောက် ပါ ပုကောက် ”

“ ငါ နားကြားပါတယ်ကွ ၊ ကောင်းကောင်း ပြောပါ ”

“ ဒါနဲ့ စောစောက ဟယ် ဆို ”

“ ဒါက ငါ့ သာသာ ငါ ဟယ်ချင် လို့ ဟယ်တာ ၊ ဒါထက် မင်း နာမည် က ”

“ ပုကောက် ”

“ မင်း ဟာ ငါ့ ညီ မဟုတ်ပါဘူး ”

“ မဟုတ်ပါဘူး ”

“ ငါ့ အစ်ကို လည်း မဟုတ်နိုင်ပါဘူး လေ ”

“ ဝေးလိုက်တာမှ ”

“ ဒါဖြင့် မင်း က ဘာဖြစ်လို့ ပုကောက် ဖြစ်နေရသလဲ ”

“ ပု ပြီး ကောက် နေလို့ ပေါ့ဗျ ၊ ဒါ ဘာဖြစ်သလဲ ”

“ ဟ ငါ က ကုပျောက် ”

“ ဒါကလည်း ကု ပြီး ပျောက် နေလို့ ဖြစ်မှာပေါ့ ”

“ မဟုတ်သေးပါဘူး လေ ၊ နာမည် ဆင်တူ ဆိုတော့ ကဲပါလေ ရှိပါစေတော့ ။ ဒါထက် ည ည မှာ ငါ့ အလုပ် တွေ ကို လာ ဝိုင်း လုပ်ပေးတာ မင်း လား ”

“ ဟုတ်ပါတယ်ဆရာကြီး ”

“ ကောင်းလိုက်လေ မောင်ကုပျောက် ရယ် ”

“ ကျွန်တော် က ပုကောက် ပါ ၊ ကုပျောက် က ဆရာကြီး ပဲ ”

“ အေး - ဟုတ်သားပဲ ၊ အဲဒါကို ငါ သိပ် ကျေးဇူးတင် တယ် ။ ဒါကြောင့် ငါ စောင့် တွေ့ တာ ၊ ကဲ ဒီမှာ မောင်ပုပျောက် ”

“ မှားပြန်ပြီ ဆရာကြီး ၊ ကျွန်တော့် နာမည် က မောင်ပုကောက် ပါ ”

“ ဟဲ့ - အဲဒါ ငါ့ နာမည် မဟုတ်ဘူးလား ၊ အို .. မဟုတ် သေးပါဘူးလကွာ ၊ ငါ့ နာမည် က ပြုကောက် ပဲ ”

“ မဟုတ်ပါဘူး ဆရာကြီး ၊ ဆရာကြီး ရဲ့ နာမည် က ကုပေါက် မဟုတ်ဘူးလား ”

“ ထွတ် မဟုတ်ပါဘူးလေ ၊ ဟာ မင်း နာမည် နဲ့ ငါ့ နာမည်တွေ ရောပြီး ရှုပ် ကုန်ပြီကွာ ၊ ကဲ ဘာ နာမည် မှ မခေါ်စတမ်း ၊ ခေါ်နေသမျှ ကာလပတ်လုံး တော့ ရှုပ် သထက် ရှုပ် ကုန်တော့မှာပဲ ။ မင်း ကို ငါ ကျေးဇူးတင် တယ် ။ ဒီတော့ မင်း ကို ငါ ဆုချမယ် .. မင်း ဘာ လိုချင် သလဲ ”

“ ကျွန်တော် ဝမ်းချုပ် နေပါတယ် ”

“ အော် .. ပိုပြီး ချုပ်တဲ့ ဆေးကို လိုချင်လို့ ဆိုပါ တော့ ”

“ ဟာ မြန်မြန် သေတော့မှာပဲ ၊ ဒီ ဆေး သာ ပေးရင် ဆရာကြီး နာမည် ဦးပေါက်ပြု မဖြစ်တော့ဘဲ ”

“ ဟိတ် နာမည် မခေါ်စတမ်းလကွာ ”

“ ဟုတ်ကဲ့ ကျွန်တော် မေ့သွားလို့ပါ ။ ကျွန်တော့် ကို ကျေးဇူးပြု၍ ဝမ်းဖောဖောသီသီ အရမ်းကာရော သွားတဲ့ ဆေး ကို ပေးသနားပါ ဆရာကြီး ”

ဆရာကြီး သည် ပုကောက် ကို တစ်ချက် ချိန်ဆ သလို ကြည့် လိုက်၏ ။

“ ဝမ်း အရစ် ခံနိုင်သလား ”

“ ရစ် လေ ကြိုက်လေပေါ့ ခင်ဗျာ ”

“ မင်း တော်တော် ထူးဆန်းတဲ့ ကောင်ပဲ ၊ ကဲပါလေ .. ရော့ ၊ ဒီ ကနခိုကဲလေး ယူသွားချေ ”

“ ကနခိုခဲ သာ ဆိုတယ် ဆေး က အခဲ လည်း မဟုတ် ဘူး ၊ အမှုန့်တွေ ပါလား ”

“ ဟ - ကနခိုကဲ လို့ ခေါ်တယ် ၊ ဒီ ဆေး ထဲ မှာ တခြား ဆေးအမယ်တွေ ထက် ကို ကနခို ဆိုတဲ့ ဆေး က ပို ကဲ ပြီး ပါ နေလို့ ဒီ ဆေး ကို ကနခိုကဲဆေး လို့ ခေါ်တာ ဟ မောင်ကောက်ပြု ရာ ”

“ နံမယ် .. နံမယ် ”

“ သိပ် မနံလှပါဘူး မောင်ကောက်ပု ရဲ့ ”

“ ဟာ နာမည်တွေ မရွတ်စတမ်း ”

“ အေး ငါ မေ့သွားသကွ ”

“ ဒါထက် ဒီ ဆေး က ရေ နဲ့ ဖျော်သောက်ရင် ရသလား ”

“ သိပ် ရတာပေါ့ကွာ ၊ အဲဒါ ခွက်ငါးဆယ်စာ နော် ”

“ ကျေးဇူးကြီးလှပါတယ် ဆရာကြီး ”

ထို့နောက် ကိုပုကောက် သည် သူ့ အိမ် သို့ ဝမ်းသာ စွာ ပြန်လာခဲ့လေ၏ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 09:30


ခပ်လှမ်းလှမ်း မှ ကိုအုန်းအမ် က အော် ရယ်လိုက် သဖြင့် ကိုပုကောက် သည် မျက်စောင်း ထိုး ကြည့် လိုက် ၏ ။ ဝိဇယာဒေဝီ က လည်း ဖားပြုပ်ကြီး ကိုအုန်းအမ် ထံ တစ်ချက် ကြည့် လိုက်ပြီး ကိုပုကောက် ဘက် သို့ ပြန် လှည့် သည် ။ ကိုအုန်းအမ် ၏ ကျော ပေါ် မှ သော်ကမာလာ က “ ဟို ပန်းချုံ ကို တစ်ပတ် လှည့် ခုန်စမ်းပါ ၊ စီးရတာ ပျော်လို့ ” ဟု ပြောလိုက် သဖြင့် အိုအုန်းအမ် သည် မျက်နှာပိုးသ,တ် ၍ ခုန်ဆွ ခုန်ဆွ နှင့် ပန်းချုံ ကို စတင်၍ ပတ်လိုက်၏ ။

ပန်းဝတ်မှုံနတ်သမီးဘုရင်မ သည် ကိုပုကောက် ကို မေးပြန်သည် ။

“ အလို ၊ မောင်ပုကောက် လက် ထဲ မှာ လည်း တုတ် နဲ့ ပါကလား ၊ ဘာ လုပ်ဖို့တုန်း ”

ကိုပုကောက် သည် လက် ထဲ မှ တုတ်တံ ကို မြှောက်၍ ယောင်ကန်းကန်း ဖြစ်နေတော့သည် ။

“ အား ၊ ဟိုဟာ ၊ အာ အည်း ”

“ ဘာတွေ တင်လျှောက် နေတာလဲ ”

“ အော် .. သခင်မ ၊ ဒါက တုတ်တံ လေ ”

“ ဟဲ့ ငါ မြင်သားပဲ ၊ အဲဒီ တုတ်တံပေါ့ .. ငါ ဘာလုပ်ဖို့လဲ လို့ မေးတာ ”

“ ဒီလိုပါ သခင်မ ၊ သခင်မ ဆီ ဒုန်းစိုင်း ပြေးလာတော့ ခေါင်း နဲ့ တိုက်မိတဲ့ သစ်ကိုင်းခြောက် ပြုတ်ကျတာ နဲ့ အပြန် မှာ တပ်ပေးမယ် လို့ ကောက်လာခဲ့တာပဲ ”

ကိုပူကောက် ၏ စကား ကို ကြားရသော အခါ ဝိဇယာဒေဝီ သည် အားရပါးရ ရယ်မော လေတော့၏ ။

“ ကြံကြံဖန်ဖန် မောင်ပုကောက် ရယ် ၊ ကျိုး သွားတဲ့ သစ်ကိုင်းများ ပြန် တပ်လို့ ရပါ့မလား ”

“ အဟက် ဟား ဟား ”

ဖားပြုပ်ကြီး ကိုအုန်းအမ် ထံ မှ ရယ်သံ ထွက်ပေါ် လာ ပြန် သဖြင့် ကိုပုကောက် သည် ဒေါသ ထွက်စွာ နှင့် မျက်စောင်း ထိုး လိုက်၏ ။ သို့သော် ဖားပြုပ်ကြီး မှာ ယခင် နေရာ တွင် မရှိတော့ ဘဲ အခြား တစ်နေရာ တွင် သာ ရောက် နေ၏ ။ ကိုပုကောက် မျက်စောင်းထိုး လိုက်သော နေရာ တွင် နတ်စစ်သူကြီး မဟာပုကွ ထိုင် နေလေရာ သူ က လည်း မော့ အကြည့် လိုက် နှင့် ကိုပုကောက် က လည်း မျက်စောင်း အထိုး လိုက်မှာ ဆုံစည်း သွားလေသည် ။

စစ်သူကြီး မဟာပုကွ မှာ ခပ်အေးအေး ပင် ထိုင်၍ ဘုရင်မ ကို ခစား နေသည် ဖြစ်ရကား ကိုပုကောက် ၏ မျက်စောင်းကြီး ကို မြင်လိုက်သည် တွင် “ ဟ .. ဒီကောင် ငါ့ ကို ဘာဖြစ်လို့ ရှုသိုးသိုး နဲ့ ကြည့်ရတာပါလိမ့် ” ဟူသော အတွေး ဖြင့် မျက်လုံးကြီးများ ကို ပြူး၍ ပြန် ကြည့်သည် ။

ကိုပုကောက် သည် မဟာပုကွ စိတ်ဆိုး သွားမှာ ကို ကြောက်၏ ။ ထို့ကြောင့်ပင် မျက်နှာထား ကို ပြင်ကာ ပြုံး ပြ လိုက်သည် ။ မဟာပုကွ က “ ဒီကောင် ဘယ်သူ့ ကို ပြုံးပြ ပြန်ပါလိမ့် ” ဟူသော သဘောဖြင့် နောက် သို့ လှည့် ကြည့်၏ ။ ထိုအခါတွင် ကိုပုကောက် က “ ကျွန်တော် ပြုံးပြတာ ခင်ဗျား ကို ပြုံးပြတာပါဗျာ ” ဟု ပြောချင် သကဲ့သို့ လက်ညှိုး နှင့် မသိမသာ လှ မ်း ထိုးပြစဉ် မဟာပုကွ က လည်း ချက်ချင်း ပြန် မလှည့် သဖြင့် လက်ညှိုး တန်းလန်းကြီး ဖြစ်နေ၏ ။

ထိုအခိုက် ဝိဇယာဒေဝီ သည် တစ်ဖက် တွင် ခစားနေ သော အပျိုတော် မယ်ရင်ကပ် ကို မေးခွန်း တစ်ခု လှမ်း မေး လိုက်၏ ။

“ ဟဲ့ .. ရင်ကပ် ၊ မနေ့ က နင့် ဝတ်လဲ ပျောက်တာ သူခိုး တွေ့ ပလား ”

ဘုရင်မ အသံ ထွက်လာ သဖြင့် မဟာပုကွ ပြန် အလှည့် တွင် ကိုပုကောက် က သူ့ ကို လက်ညှိုး ထိုး ပြနေ သည် ကိုတွေ့ ရ၏ ။ သူ သည် ချက်ချင်းပင် မျက်လုံးပြူး မျက်ဆန်ပြူး နှင့် ဘုရင်မ ထံ မှ လက်အုပ်ချီ ၍ ကမန်း ကတမ်း အငန်းမရ လျှောက် တင်ပါလေတော့သည် ။

“ ဟာ ... ကျွန်တော်မျိုး မခိုးဘူး ၊ ကျွန်တော်မျိုး မခိုးဘူး ”

အဖြစ် ကို ဘာမျှ မသိသော ဘုရင်မ သည် စစ်သူကြီး ကို ချာခနဲ လှည့် ကြည့်မိ၏ ။

“ အို စစ်သူကြီး .. ဘာဖြစ်တာလဲ ၊ သခင်မ သိတာပေါ့ ၊ စစ်သူကြီး တန်မဲ့ နဲ့ အပျိုတော်ထဘီ ကို ခိုးပါ့မလားကွဲ့ ၊ ကြံကြံဖန်ဖန် ”

“ နို့ ... သူ က ”

စစ်သူကြီး က မကျေမချမ်း ပြန် လျှောက်ရင်း က ကိုပုကောက် ကို လှည့် ကြည့်ရာ ဘုရင်မ က လည်း ရောယောင် ၍ လိုက်ကြည့်၏ ။ ကိုပုကောက် မှာ မကြံသာတော့ဘဲ ပါးစပ် ထဲ ရှိရာတွေ ပြောရတော့သည် ။

“ ကျွန်တော် မောင်ပုကောက် ပါ ၊ လက် ထဲ မှာ တုတ်တံကြီး ကိုင် လို့ ”

ကိုပုကောက် ၏ စကား ကို စစ်သူကြီး မကျေနပ်ပါ ။

“ မဟုတ်ပါဘူးလေ ”

“ ဟုတ်ပါတယ်လေ ”

“ မဟုတ်ပါဘူး ဆိုမှ ”

“ သိပ်သေချာတာပေါ့ ”

“ အော် ၊ မဟုတ်ရေးချ မဟုတ် ”

“ အို .. ဟုတ် လုံးကြီးတင် ဟုတ် ”

ဝိဇယာဒေဝီ က ကြား က ဝင်တော့သည် ။

“ ဟဲ့ ... မဟာပုကွ ၊ ဘာဖြစ်နေတာတုံး ၊ မောင်ပုကောက် ပြောတာတွေ အားလုံးဟာ ဟုတ်တယ် ၊ ငါ သိတာ ပေါ့ ၊ သူ ဟာ မောင်ပုကောက် ဆိုတာလည်း ဟုတ်တာပဲ ၊ သူ့ လက် ထဲ မှာ တုတ်တံကြီး ကိုင်ထားတာ က လည်း ဟုတ်တာပဲ ”

စစ်သူကြီး က တစ်စုံတစ်ခု ကို တင်လျှောက်ရန် ကြံ သေး၏ ။ သို့သော် အထောက်တော် တစ်ယောက် ရောက် လာ ကာ မြေလျှောက် ပန်းပွင့်တန်းများ ပွင့်လာပြီ ဖြစ်ကြောင်း တင်လျှောက် လာသည် ။

ပန်းဝတ်မှုံ နတ်သမီးတွေ အားလုံး ပျော်ရွှင် သွားကြ ၏ ။ သူတို့ သည် မြေလျှောက်ပန်းများ ကို ဝိုင်းရံပတ်လှည့် ၍ ကပွဲကြီး ဆင်ယင်ရတော့မည် ။ ဘုရင်မ က ဦးဆောင် ရသည့် ထုံးစံ ရှိသဖြင့် ဝိဇယာဒေဝီ သည် ပိုးပုဝါ ကဲ့သို့ ပါးလွှာသော တောင်ပံကလေးများ ကို ဖြန့် လိုက်ကာ ခေါင်းလောင်းပွင့် ပေါ် မှ ဝဲပျံ၍ ဆင်း လာလေသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 09:30


“ ဒါ .. အုန်းအမ် ရဲ့ လက်ချက် ပဲ ဖြစ်ရမယ် ”

ချက်ချင်းပင် သူ ၏ ဦးခေါင်း ထဲ သို့ ထို အသိတရား သည် ဝင်ရောက် လာခဲ့သည် ။ သူ အဝေးသို့ လှမ်းမျှော် ကြည့် လိုက်၏ ။

မှိုပွင့်အိမ်ကြီး ပြိုကျ သွား ကတည်း က ထွက်ပြေးလေပြီ ဖြစ်သော ကိုအုန်းအမ် ကို တော်တော် ဝေးကွာသော အရပ် တွင် မြင် နေရသည် ။ သူ သည် ခုန်ဆွခုန်ဆွ နှင့် ထွက်ပြေးဆဲ ပင် ဖြစ်သည် ။

နတ်ပု သည် ဖား ထက် အပြေး သန်သည် ။ ထို့ကြောင့် ဤမျှလောက် ဝေးကွာသည် ကို ကိုပုကောက် မကြောက်ပါ ။ အုပ် မိ လျှင် နာနာကလေး ဆုံးမ လိုက်မည် ဟု ကြံ၍
သစ်ကိုင်းခြောက် မာမာ တစ်ချောင်း ကို ရှာဖွေ ကောက်ယူ ကာ ကိုပုကောက် သည် ကိုအုန်းအမ်ကြီး ၏ နောက်သို့ ဒုန်းစိုင်း ၍ ပြေး လိုက်လေတော့သည် ။

ကိုအုန်းအမ်ကြီး သည် ပြေးရင်း က ပင် တစ်ချက် တစ်ချက် နောက်သို့ လှည့် ကြည့် တတ်လေရာ မကြာမီ ပင် သူ့ နောက် က ကိုပုကောက် တစ်ယောက် တုတ် တစ်ချောင်း မြှောက်ကိုင် ၍ ပြေးလိုက်လာသည် ကို မြင်ရလေ၏ ။ ထိုအခါ တွင် ကိုအုန်းအမ် သည် ပို၍ လျင်မြန်စွာ ပြေးလေတော့သည် ။

သို့သော် နတ်ပု သည် ဖား ထက် အပြေးမြန် ကြောင်း ကို ကိုအုန်းအမ် က လည်း သိ၏ ။ ဤအတိုင်း ဆိုလျှင် ကြာသော် အမိ ခံရမည် မှာ သေချာ၏ ။ သို့သော် သူ မကြောက်ပါ ။ ရှေ့ တစ်ကွေ့ ဆိုလျှင် ပန်းဝတ်မှုံဘုရင်မ ဖြစ်သော ဝိဇယာဒေဝီ ၏ ဥယျာဉ်တော် သို့ ရောက် တော့မည် မဟုတ်ပါလား ။

အရပ် ပု သလောက် စိတ် မြန်သော ကိုပုကောက် သည် ဇွတ်အတင်း လိုက်နေ၏ ။ သူ့ ရှေ့ က ကိုအုန်းအမ် သည် အကွေ့ကလေး ကို ကွေ့ လိုက်ပြီး ဖြစ်ရာ မြန်မြန် မ လိုက်လျှင် အကွေ့ကလေး ၌ မျက်ခြေပြတ် သွားနိုင်၏ ။ ထိုကြောင့် ပို၍ လျင်မြန်စွာ ပင် ပြေးသည့်အရှိန်အဟုန် ကို မြှင့်တင် လိုက်ပြီး အကွေ့ကလေး သို့ ရောက်သော အခါ မလျှော့သော အရှိန် ဖြင့် ပင် ထိုး ကွေ့ လိုက်၏ ။ သူ သည် စွေ့ခနဲ လေ ထဲ သို့ ပျံ သွားပြီး မြေကြီး ပေါ် သို့ ဖုတ်ခနဲ ကျ သွားသည် ။ မြေကြီး ပေါ် တွင် လေးဘက်ကလေး ဖြစ် လျက် က သမင်လည်ပြန် လှည့် ကြည့်လိုက်၏ ။

“ အိမ်း .. အစား မတော် တစ်လုပ် ၊ အသွား မတော် တစ်လှမ်း ဆိုပေမယ့် အပြေး မတော်ရင် လည်း တစ်ကွေ့ ပါပဲ ကလား ၊ အရမ်းကြီး ပြေး တော့လည်း အရမ်းကြီး မှောက်ခုန်ကျရောပေါ့လေ ၊ အိမ်း .. အနိစ္စ - အနိစ္စ ၊ ဒုက္ခ - ဒုက္ခ ၊ အနတ္တ - အနတ္တ ”

ကိုရွှေလိပ်ကြီး သည် သူ့ ဘာသာ သူ ပြောသလို တတွတ်တွတ် နှင့် လေးကန်စွာ ပြောရင်း ဖြည်းညင်းစွာ ပင် ကွေ့ ကို ကွေ့၍ ထွက်သွား နေသည် ။

“ တောက် ... သောက်ရေးထဲ လိပ်ပုပ် ကို ခလုတ် တိုက် နေရသေးတယ်ဗျာ ”

ကိုပုကောက် သည် မကျေမချမ်း ရေရွတ်ပြီး ကိုအုန်းအမ် ၏ နောက် သာ ဆက် ၍ လိုက်ပြန်သည် ။

သူ့ မျက်စိ ရှေ့ က ကိုအုန်းအမ် သည် ဥယျာဉ်တော် ထဲ သို့ ကွေ့ဝင် သွားသည် ကို သူ သည် မျက်ဝါးထင်ထင် မြင်ရ၏ ။ သူ သည်လည်း ထို အတွင်း သို့ လိုက် ဝင်သည် ။ သို့သော် နွေဦး ၏ လေရူး တွင် လှုပ်ရှား ယိမ်းထိုး နေသော ခေါင်းလောင်းပန်း ၏ အခွက် တွင် ထိုင်၍ ဒန်းစီး နေသော ပန်းဝတ်မှုန် နတ်သမီးဘုရင်မ ဝိဇယာဒေဝီ ၏ ရှေ့သို့ ဗြုန်းခနဲ ရောက်ကြောင်း သိရသည် နှင့် ကိုပုကောက် သည် ကမန်းကတမ်း ကိုယ်ရှိန် ကို သ,တ်ရသဖြင့် သူ့ ခြေထောက် တစ်ဝိုက် တွင် ဖုန်တွေ တထောင်းထောင်း ထ ကုန်တော့ သည် ။

နတ်ပုကလေးများ သည် ပန်းဝတ်မှုန် နတ်သမီး နတ်သား တို့ ၏ အစေအပါး ၊ အလုပ်သမား သာ ဖြစ်ကြလေရာ ကိုပုကောက် သည် ဝိဇယာဒေဝီ ကို ကြောက်ရ၏ ။ ရိုသေရ၏ ။ ထိုကြောင့်ပင် ဘုရင်မ မရိပ်မိ ရ အောင် ကိုယ်ရှိန်သ,တ်ရခြင်း ဖြစ်သည် ။

သို့သော် သူ့ မျက်လုံးများ ကား ဖားပြုပ် ကို ပင် ရှာဖွေ ကြည့်ရှု လိုက်သည် ။ ထိုအခိုက် တွင် ဘုရင်မ ၏ သမီးတော် သော်ကမာလာ သည် ကိုအုန်းအမ် ကို မြင်သည်နှင့် တစ်ပြိုင်နက် ဝမ်းသာအယ်လဲ ဖြစ် သွားကာ

“ အောင်မယ်လေး ... အုန်းကြီး ရယ် ၊ ဘယ် လျှောက် သွား နေရတာလဲ ၊ သမီးတော် ပန်းရနံ့ လျှောက် ရှူမလို့ .. လာပါ ၊ သွားကြရအောင် ”ဟု ဆိုပြီး ကိုအုန်းအမ် ၏ ကျော ပေါ် သို့ ခုန်တက် လိုက်လေ ၏ ။

နတ်ပုကလေး ကိုပုကောက် မှာ ကိုအုန်းအမ်ကြီး သည် သမီးတော် သော်ကမာလာ ၏ စီးတော်ယာဉ် ဖြစ်ကြောင်း ကို သိရသည် တွင် တော်တော်ပင် စိတ်ပျက် သွားမိ၏ ။ ထို့ပြင် ဤနေရာ တွင် ကိုအုန်းအမ် ကို လက်ဖျား နှင့် ပင် တို့ ၍ မရကြောင်း ကို သူ သိရှိ နားလည် သွားရတော့သည် ။

ထိုအခိုက် တွင် ဝိဇယာဒေဝီ သည် မျက်စိ အောက် သို့ ဝင်ရောက် လာခဲ့သော ကိုပုကောက် ကို လှမ်း ပြောလိုက်၏ ။

“ မောင်ပုကောက် ၊ သခင်မ ကို ဒီနေ့ ဘယ်လို မြင်သလဲဟင် ”

“ ဖား .. ဖား ”

“ ဘယ့်နှယ်ကွဲ့ ”

“ မှန်လှပါ ၊ ဖားဂမုန်း နဲ့ ပြဒါးလုံး ကို နိုင်လှတဲ့ ဝိဇ္ဇာဇော်ဂျီများ မြင် မိ ကြရင် သူယောင်မယ်ကလေး ပေလား လို့ ထင် သွားကြမယ် ထင်တာပဲ ... ဟူး ”

“ ဟူး - ဆိုတာ ဘာတုံး ”

“ မောလို့ လေ ထွက် သွားတာပါ သခင်မ ”

“ ဟဲ့ .. သခင်မ ထံ ခစား ဝင်ရတာ မောရသလား ”

ဝိဇယာဒေဝီ ၏ အကြိုက် ကို ကြံဖန်လှည့်ပတ် ၍ ဖြေ ထား ရသော ကိုပုကောက် ၏ ဒုက္ခ မှာ မငယ်လှချေ ။

“ မှန်လှပါ ၊ သခင်မ ဒီမှာ စံမြန်း နေကြောင်း သတင်း ကြားကြားချင်း သွားချင်တာ နဲ့ ဒုန်းစိုင်း လာရလို့ မောရ ကြောင်းပါ ”

“ အဟတ် ... ဟား ... ဟား ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 09:30


Ko Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Thursday, January 2, 2025
တစ်ခါတစ်လှည့်



❝ တစ်ခါတစ်လှည့် ❞
( ကြပ်ကလေး )

နတ်ပုကလေး ကိုပုကောက် သည် အိပ်ရာ မှ ပျော်ပျော်ရွှင်ရွှင် နိုး လာသည် ။ နွေဦးပေါက်ပြီ မို့ ရာသီဥတု က သာယာ လာသောကြောင့် ဖြစ်၏ ။

နတ်ပုကလေး ဖြစ်၍ အရပ် ပု သည် မှာ မဆန်းပါ ။ သူ့ တစ်ကိုယ်လုံး တွင် ဆန်းသည် က တော့ နှာခေါင်း ဖြစ်သည် ။ သူ့ နှာခေါင်း သည် တော်တော် ရှည်၏ ။ ရှည် ရုံ ရှည် လျှင် လည်း မဆန်းလှသေး ။ ကွေ့ ကောက် နေသည် က ဆန်းသည် ။ သူ့ မျက်နှာ ကို တည့်တည့် ကြည့် လျှင် သူ့ နှာခေါင်းသည် မျက်မှောင် ဆီ မှ စတင်၍ ပါးစပ် ဆီ သို့ စီးဝင်မည် ပြုနေသော မြစ်ကြောင်း ကဲ့ သို့ လိမ်ရစ် ကောက် နေသည် ။

ထို့ကြောင့် သူ့ အမည် သည် ကိုပုကောက် .. ။

သူ နေ နေသည် မှာ မှိုပွင့် ထဲ တွင် ဖြစ်သည် ။ မှို ၏ ရိုးတံ သည် သူ့ အိမ် ဆီ သို့ တက်သည့် လှေကား ဖြစ်၏ ။ စွင့်စွင့်ကားကား မှိုပွင့်ကြီး ကား သူ့ ဗိမာန် နေအိမ်ကြီး ဖြစ်သည် ။

သူ သည် အိပ်ရာ မှ ခပ်သုတ်သုတ် ပင် ထ လာခဲ့ပြီး ပြတင်းတံခါး တစ်ချပ် ကို ဖွင့်လိုက်သည် ။ နွေဦး သဘာဝ အလှ ကို သူ သည် မိုးတွင်း တစ်တွင်းလုံး တောင့်တ လာ ခဲ့ ၏ ။ ဟော .. ယခု တော့ နွေဦးရာသီ ရောက်ခဲ့ပြီ ။

ကောင်းကင်ပြင်ကြီး သည် ထွက်သစ်စ နေရောင်ခြည် တွင် ပြာလဲ့လဲ့ အရောင် ကို ဆောင် နေမည် ။ မိုးတွင်း က ထွက်ပြူ ခဲ့သော ရွက်သစ်ကလေးများ သည် နံနက် လေ ကို ရှူ၍ နွေဦး ၏ နေရောင်ခြည် ကို ရေ ကဲ့သို့ ချိုး နေ ကြရော့မည် ။ မိုးဒဏ် လေဒဏ် က ကင်းပြီမို့ ငှက်ကလေး များ လည်း သစ်ကိုင်းလေးများ ပေါ် တွင် ရဲရဲဝံ့ဝံ့ နား၍ နွေဦး တေးသီချင်းများ ကို သီဆိုကြ ရော့မည် ။ ပန်းပွင့်ကလေးများ လည်း လှပ ၍ အရောင်စုံသော အဝတ်သစ် အစားသစ်များ ဖြင့် ငှက်ကလေးများ ကို ကြွားဝါ ကြမည် ။ အကျီစား သန်သော လေရူး သည် ပန်းပွင့်ကလေး တိုင်း ကို နောက်ချင် စချင်စိတ် ဖြင့် မထိ တထိ ဝင်ရောက် တိုက် သွား ပေတော့မည် ။

“ ဟယ် အလှအပ ကို ကြည့်ဖို့ ငါ နောက် တောင် ကျနေမှာလား”

ဤသို့ တွေး ၍ ကိုပုကောက် သည် တံခါး ကို ဖွင့်ပြီး လျှင် ပြီးချင်း ခေါင်း ကို ပြူထွက် ကြည့် လိုက်သည် ။ တံခါး များ ကို ပိတ်ထား သဖြင့် ခပ်မှောင်မှောင် ဖြစ်နေသော နေရာ မှ ရုတ်တရက် အလင်းရောင် ကို မြင်လိုက်သော အခါ ကိုပုကောက် သည် မျက်စိများ ကျိန်း သွားကာ နှာချေ တော့သည် ။

“ ဟပ်ချီ .. ဟပ်ချီး .. ဟပ်ချီး ”

သူများတွေ ချေလျှင် ‘ ဟပ်ချိုး ’ ဟု ချေကြ၏ ။ သူ့ နှာတံ က မူ နှာခေါင်းရှည် တစ်လျှောက် ကွေ့ ကောက် လာခဲ့ရသည် ဖြစ်၍ ‘ ဟပ်ချီး ’ ဟု သာ အသံ ထွက်သည် ။ ဖားပြုတ်ကြီး ကိုအုန်းအမ် သည် မိုးတွင်း ကို ချစ်၏ ။ နေပူ ကို မကြိုက် ။ ထို့ကြောင့် နေပူ ရှိန် ကို တစ်စ ထက် တစ်စ အတင့်ရဲ လာအောင် ချော့မြူ ခေါ်ငင် တတ်သော နွေဦးကာလ ကို တော်တော်ပင် မလိုလားသူ ဖြစ်သည် ။

နေ ပူလျှင် သူ့ ကျောပြင်ကြီး ပူ လာမည် ။ မိုးရေ ဖျန်း ထား လျှင် ကျောပြင် စို၍ သူ့ အသံတွေ ကျယ်လောင် ကောင်းမွန်၏ ။ နေပူရှိန် ကား သူ့ ကို ကောင်းကျိုး မပြု ။ ကျောပြင် ခြောက် ၍ အသံတွေ ကွဲအက်သည် ။ သူ ချစ် နေ သော ဖားပြုပ်မလေး ခင်ခင်အမ် အတွက် သီချင်း ဆို ပြ ၍ မရ ။

ဟော .. နွေဦး က တော့ ရောက် လာပြီ ။ ကိုအုန်းအမ် ကြီး တားဆီး၍ မရနိုင်ပါ ။ ဇွတ်အတင်း ပင် ရောက်လာပါပြီ ။

ကိုအုန်းအမ် သည် မှုန်တေတေ နှင့် ကိုပုကောက် ၏ အိမ် ဖြစ်သော မှိုပွင့်ကြီး ၏ အရိပ် အောက် တွင် နားခို နေ ၏ ။ တဖြည်းဖြည်း နှင့် မြင့်တက် လာမည့် နေမင်းကြီး ကို မျက်စောင်း တထိုးထိုး အံတခဲခဲ နှင့် ဒေါသ တွေ ထွက်နေ၏ ။

အို .. အလိုက် မသိသော ကိုပုကောက် ပါကလား ။ ဘာမပြော ညာမပြော နှင့် တံခါး ကို ဇတ်ခနဲ ဖွင့်၍ ‘ ဟပ်ချီး ’ ပစ် လိုက်ပါပကော ။ သူ ၏ နှာရည်နှာမှုန် တို့ သည် ဒေါသ ထွက်ရင်း တန်းလန်း ဖြစ်နေသော ကိုအုန်းအမ် ၏ မျက်လုံးကြီးများ နှင့် တိုတောင်းလှသော လည်ကုပ် ပေါ် သို့ တဖွားဖွား ကျလာတော့၏ ။

“ အဲ .. ဟဲ့ .. ဟဲ့ ”

ရယ်သံ မဟုတ်ပါ ။ ကိုအုန်းအမ်ကြီး ဒေါသ ပေါက်ကွဲ သံ သာ ဖြစ်သည် ။ စောစောက နေမင်း ကို ခုန်၍ ဒူး နှင့် တိုက် ချင် နေ၏ ။ မဖြစ်နိုင် သဖြင့် အောင့်အည်း ပြီးသာ ဒေါသတွေ ကျိတ် ထွက် နေသည် ။

ယခု ကိုပုကောက် ဆိုသည့် နတ်ပုကလေး က တော့ နေမင်းကြီး လောက် မမြင့်ပါ ။ သူ့ ခေါင်း မလွတ် တလွတ် ဖြစ် နေသည့် မှိုပွင့် ထဲ တွင် သာ ရှိသည် ။ ထို့ကြောင့် သူ့ ဒေါသများ သည် လည်း ကျိတ် နေစရာ မလိုတော့ဘဲ လွတ်လွတ်လပ်လပ် ပေါက်ကွဲ လာ၏ ။

“ ဟဲ့ .. ငါ့ အိမ် အောက် က တဟဲဟဲ နဲ့ ဘယ် အကောင် က ဒီကို လာပြီး တူ လည်း မတူဘဲနဲ့ နွား လို အော် နေတာလဲ ”

“ ဟေ့ .. ငါ ကိုအုန်းအမ် ”

“ အောင်မယ်လေး .. အုန်းအမ် ကများ သူ့ ကိုယ်သူ ဗုံးဆံ မှတ် နေသလား ၊ အယ် .. ဟပ် - ဟပ် - ဟပ်ချီး ”

တချီတမောင်း ချေ ပြန် ပါလေပြီ ။ စောစောက မသိ လို့ပါ ဟု ဖြေသော် ဖြေစရာ ရှိကောင်းပါ၏ ။ ယခုတော့ ထင်ထင်ရှားရှား ပင် နှာရည်မိုး ဖွဲ ၍ နှာမှုန်တွေ ကို သဒ္ဓါဒေးယျ နှင့် ကြဲချ ပြန်ပါပြီ ။

“ ကဲကွာ ... မောက်မာဦး .. ကဲကွာ မောက်မာဦး ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

03 Jan, 09:30


ဖားပြုပ်ကြီး ကိုအုန်းအန် သည် စိတ်လိုက်မာန်ပါ နှင့် ပင် ရှေ့ လက်နှစ်ဖက် ကို ကွေးချည်ဆန့်ချည် လုပ် အပြီး အားယူ ကာ နောက် ခြေများ ကိုပ င် ကြွလိုက် လေတော့၏ ။ ထိုအခါတွင် သူ ၏ ကျောကုန်း ဘုကြီး မှာ ခုံးထ လာပြီး သော် မှိုပွင့် ၏ အောက်နှုတ်ခမ်း ကို ပင့်တင် လိုက် သလို ဖြစ်သွားရာ က မှိုပွင့်ကြီး သည် ရိုးတံ မှ ပြတ်ကာ ပက်လက် လန် ကျိုးကျ သွားလေ၏ ။

အိမ် ၏ ခေါင်မိုး ဖြစ်သော မှိုပွင့် ၏ အထက်ပိုင်း သည် မြေကြီး နှင့် ထိ နေပြီး ရိုးတံပြတ်ကလေး မှာ မိုး သို့ ထောင် နေတော့သည် ။

ဟင် ... ကိုပုကောက် တစ်ယောက် ဘယ်လိုများ ဖြစ်နေ ပါသနည်း ။ ပြောပြပါမည် ။

ကိုပုကောက် သည် နှာချေ လိုက်ရ သဖြင့် မျက်စိများ ရီဝေ သွားစဉ် တွင် ပင် ငလျင်ကြီး ပြင်းထန်စွာ လှုပ်လိုက် သလို တစ်ချက် ခံစားရပြီး ဝုန်းခနဲ မြည်သံ နှင့် အတူ သူ့ မှာ လည်း အင့်ခနဲ မြည်ကာ အခန်းထောင့် တွင် ဖင်ထိုင် လျက်သား ကျ နေသည် ။ အခန်းထောင့်ဆိုသည် မှာ စောစောက သူ ရပ် နေခဲ့သော ပြတင်းပေါက် နှင့် အဝေး ဆုံး နေရာ ပင် ဖြစ်သည် ။

“ ဟ .. ဘယ်လိုဖြစ် ”

သူ့ ကိုယ် သူ ပြောသော စကားပင် မဆုံးသေးချ ။ ပြတင်းပေါက်ကလေး ဘေး က ခုံကလေး သည် သူ့ မျက်နှာ ဆီ သို့ ဝမ်းလျားထိုး ပြေး ဝင် လာလေရာ လက် ဖြင့် ပုတ်ချလိုက်ရ၏ ။ ရေနံဆီ နံ့ ထောင်းခနဲ ထွက် လာပြီး သူ့ ပါးမှာ လွှဲခနဲ ဖြစ် သွား၍ ဦးခေါင်း ကို ငဲ့ ကြည့်လိုက် သည် ။ လသာမှန်အိမ် သည် သူ့ မျက်နှာ နား တွင် ဇောက် ထိုးကြီး ဖြစ်လျက် က လွှဲယမ်းကာ ဖန်အိုး သည် သူ့ နာရင်း ကို ပိတ်ရိုက် ၍ ကွဲအက် သွားသည် ။

သူ ကိုယ်တိုင် မှာ လည်း ခြေနှစ်ချောင်း ထောင် နေ သဖြင့် မတ်တတ် ရပ် ရန် အတင်း ကြိုးစားသည် ။ သို့သော် သူ့ မျက်စိ အောက် တွင် မြင် နေရသော ကြမ်းပြင် ပေါ် သို့ ခြေထောက်များ ကို ချ၍ မရ ။ ခြေထောက် ကို လှမ်း ချလိုက် တိုင်း သူ့ ဒူးကြီး မှာ ကွေးကောက် သွားကာ သူ့ မျက်နှာ ဆီ သို့ ရောက် ရောက်လာသည် ။

“ ဟယ် .. ဘယ် နတ်ပျက် က ကျိန်စာ တိုက် ထားလို့ ငါ့ ဒူး က ငါ့ မျက်ခွက် ကို ပြေးဆောင့်ဖို့ ကြိုးစားရတာပါလိမ့် ”

သူ တွေးတော နေဆဲ မှာ ပင် ‘ ဂလွမ် ... ခွပ် ’ ဟူသော အသံ နှင့် အတူ တစ်လောကလုံး မှောင်ကျ သွား၏ ။ သူ့ လက် နှစ်ဖက် က ကပျာကယာ သူ့ ခေါင်း ကို လာ၍ စွပ်သော ပစ္စည်း ကို ဆွဲ ချွတ်လိုက်သည် ။

“ ဟယ် ... ထွေးခံကြီးပါ ကလား ”

ကိုပုကောက် သည် စိတ်ဆိုးဆိုး နှင့် ထွေးခံကြီး ကို ကြမ်းပြင် ပေါ် သို့ ပေါက်ချ လိုက်၏ ။ သူ့ အိမ် ဇောက်ထိုး ကြီး ဖြစ်နေသည် ကို သူ မသိပါ ။ ထို့ကြောင့်ပင် သူ အံ့သြရ တော့သည် ။ သူ ပစ်ပေါက် လိုက်သော ထွေးခံ သည် ကြမ်းပြင် နှင့် ထိပြီးသည် နှင့် တစ်ပြိုင်နက် သူ့ ဆီ သို့ပင် သစ္စာ ရှိစွာ ပြန် ပြေး လာကာ ခွပ်ခနဲ ခေါင်း ကို ပြ န်စွပ်ပြန် သည် ။

“ အယ် .. ”

သူ့ ဒေါသသံ မှာ လိုဏ်သံ ထွက်နေသည် ။ ဤ တစ်ချီ တွင်တော့ မလွယ်ပါ ။ ထွေးခံ သည် အရှိန် နှင့် စွပ် နေသည် ဖြစ်၍ တော်တော်ပင် ချွတ်ရ ခက်နေ၏ ။

“ ခွန်းမန့်သန်း ထွိန်းဂိန် ... နိန်ဒေါင့် နိန်နိန့်အုန်းကွိန့် ”

ထွေးခံကြီး ခေါင်းစွပ် ၍ စကား ပြောလျှင် “ ခွေ း မသား ထွေးခံ ၊ နင်တော့ နေနှင့်အုံးကွ ” ဟူသော စကား မှာ ဤသို့ ပင် ဖြစ်ရမည် ။

အတင်း ရုန်းကန် ချွတ် တော့ မှ သူ့ ပါးစပ် က အုန်းခနဲ မြည်၍ ထွေးခံ ကျွတ် သွား၏ ။ ည က တစ်ညလုံး ထွေးခံ ထဲ သို့ တံထွေး ထွေး မထားခဲ့၍ တော်သေးတော့သည် ။ ထွေးခံ မှာ ခြောက်ခြောက်သွေ့သွေ့ နှင့် အလွတ် ဖြစ်နေခြင်း ကို ပင် ကျေးဇူး တင်ရတော့မည် ။

ကိုပုကောက် သည် မတ်တတ် ရပ် ရန် ကြိုးစား ပြန်သည် ။

မမြင်ရသော လူ တစ်ယောက် က သူ့ ရင်ဘတ် ကို ဖိထား သလို ဖြစ်ပြီး ကြွ လိုက်တိုင်း ကြွ လိုက်တိုင်း သူ့ ခြေထောက်များ သည် ကြမ်းပြင် ပေါ် သို့ မရောက်ဘဲ သူ့ ဦးခေါင်း ပေါ် တွင်သာ လမ်းလျှောက် ရန် ဆန္ဒတွေ ပြနေ၏ ။

နောက်ဆုံးတွင် ကိုပုကောက် သည် ဖြစ်သလို ကုတ်ကပ် ထ ၍ ပြတင်းပေါက် ဆီ သို့ သွားကာ ပြန်စေ့ သွားသော တံခါးရွက်များ ကို ဖွင့်၍ ကောင်းကင်ပြင်ကြီး ကို မျှော် ကြည့် လိုက်လေသည် ။

“ အလို .. မြတ်စွာဘုရား ”

သူ သည် လွှတ်ခနဲ အော်လိုက်မိ၏ ။ ကောင်းကင်ပြင်ကြီး သည် မည်းမှောင်၍ အမျှင်အမျှင် နှင့် အရွက်ရှည်ကြီး များ သည် ကောင်းကင် မှ တွဲလောင်း ကျ ကာ ပြတင်းဝ နား တွင် ရောက် နေသည် ။

“ ဘာတွေ ဖြစ်ကုန်ပါလိမ့် ”

သူ သည် ခဲခဲယဉ်းယဉ်း ပင် ကုတ်ကပ် လျှောက်ခဲ့ပြီး အဝင်တံခါးကြီး ကို ဖွင့် ကာ ရိုးတံ ကို ဖက်၍ ကြိုးစား ပမ်းစား ဆင်း လိုက်၏ ။ ရိုးတံ မှာ တစ်ဝက် မရှိ တရှိ တွင် ပြတ် နေသဖြင့် အံ့အားသင့် သွား၏ ။ ပို၍ ဆိုး သည်ကား ကောင်ကင်ပြင်ကြီး သည် ရိုးတံ အောက်တွင် ရောက်နေ သည် ကို သူ မြင်ရလေသည် ။

“ ကဲ မထူးဘူးကွာ ”

သူ သည် မြက်ပင်များ အကြား မြေကြီး ပေါ် ခုန်လိုက် သည် ။ ဤတွင်မှ သူ့ တွင် မှန်ကန်သော အမြင် ကို ရ သွား သည် ။ သူ့ အိမ်ကြီး မှာ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီး စောစောက ပြတင်းဝ နား တွင် သူ မြင်ရသည်မှာ ဇောက်ထိုး ဖြစ်နေသော မြက်ပင်များ သာ ဖြစ်ကြောင်း ကို သိရ လေ တော့သည် ။

ထိုမျှ မကသေး ။ သူ မြတ်နိုးလှသည့် ရာသီ အလိုက် သူ့ စံနန်းတော် ဖြစ်သည့် မှိုပွင့်ကြီး မှာ ရိုးတံ မှ ပြတ် ၍ ကျနေလေပြီ တကား ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Jan, 16:41


ဒီပရိုဖိုင် ကျနော်ပိုင်သွားလို့ခဏချိန်းတာ

#%dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 10:07


နားပါပီဗျို့

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 09:58


ကျွန်တော် အော်ငိုလိုက်ချင်တယ်
ကျွန်တော် အော်ရယ်လိုက်မိတယ်

- ကိုသျှား

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 09:57


photo. credit

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 09:56


ငါတို့ ယောက္ခမ နိုင်နိုင်
ချက်ကောင်းကို ကိုက်ထားပိုင် ...
နင်တို့ ယောက္ခမ ရှုံးရှုံး ...
အမွေးတစ်ထုံး နဲ့ ကိုယ်တုံးလုံး ...

••••• ••••• •••••

လူအများ က ပြောကြပါသည် ။

ကမ္ဘာပေါ်၌ ကံ အကောင်းဆုံး သော လူသား နှစ်ဦး ရှိပါသည် ။

ထို နှစ်ဦး မှာ အာဒမ် နှင့် ဧဝ ဖြစ်သည် ဆို၏ ။

စဉ်းစားကြည့်ပါ ။

ကမ္ဘာဦးစ ဘာမှ မရှိစဉ် ကာလ ၌ လူနှစ်ဦး တည်း နေထိုင်ဖို့ ရာမှာ လွန်စွာ ခက်ခဲပေလိမ့်မည် ။

ယခုလို လျှပ်စစ်မီး တို့ ၊ လပ်တော့ ( ပ် ) တော့ တို့ ၊ ဟမ်းဖုန်း မဆိုထား နှင့် မီး ကို ပင် မမြင်ဘူး ၊ သုံးဖို့ စွဲဖို့ အပ်တို တစ်ချောင်း ပင် မရှိ ။ ခြင်ထောင် စောင် ဆိုတာ ဝေလာ ဝေး ၊ စား ကောင်းသော အသီး က ဘယ် အရာ ၊ ဘယ် အရာ က မစားသင့်သော အသီး ပင် မသိကြရှာသော သူ နှစ်ယောက် အဘယ့်ကြောင့် ကမ္ဘာ့ ကံအကောင်းဆုံး ဟု တညီတညာတည်း သတ်မှတ်ကြ သနည်း ။

တစ်ခု သာ ။

ယောက္ခမ, မရှိ၍ ဖြစ်သည် ။

မိတ်ဆွေ ။

မစားကောင်းသော အသီး ထက် ယောက္ခမ က ပို ဆိုးကြောင်း အဘယ်ကြောင့် ဆိုကြသနည်း ။

ဖြစ်နိုင်ပါသည် အဆွေ ။

အဘယ်ကြောင့် ဆိုသော် ထို နှစ်ယောက် မှာ မစားကောင်းသော အသီး ကို စား၍ သာ ယောက္ခမ ဘဝ ရောက်ရသည် မဟုတ်ပါလား ။

သူတို့ နှစ်ဦး သည် ပထမဆုံး လူသား ဖြစ်ခဲ့လျှင် ပထမဆုံး ယောက္ခမ သည် လဲ သူတို့ နှစ်ဦးပင် ဖြစ်ပေလိမ့်မည် ။ သူတို့ သည် ကမ္ဘာဦး က ယောက္ခမ ။

ဘုရားသခင် ၏ သတ်မှတ်ချက် အတိုင်း မစားမကောင်းသော အသီး က မစားခဲ့ပါ က ဧဝ ဗိုက်မကြီး ။ ဗိုက် မကြီးက ကလေးမမွေး ။ ကလေး မမွေးက ယောက္ခမ ဆိုတာကြီး လဲ ဖြစ်လာကြလိမ့်မည် မဟုတ်ပေ ။

ထို့ကြောင့် အဆိပ်သီး ကို ပင် ယုံယုံကြည်ကြည် စားရဲသော သူထက် မည်သူက များ ပို ဆိုးဦးမည်နည်း ။

ကျွန်တော် လဲ သိချင်၍ လူသားမျိုး ကို စတင် ပွားများ စေသော အာဒမ် နှင့် ဧဝ ( ကမ္ဘာပေါ် ပထမဆုံးသော ယောက္ခမ ) ပုံ များအား ပြတိုက် ၌ သွားရောက် ကြည့်ခဲ့ဖူးပါသည် ။

သူတို့ ၏ ဓာတ်ပုံများ မှာ အဝတ်အစားများ မပါ၍ ဘယ်အရာ က အာဒမ် ၊ ဘယ်သူ က ဧဝ မှန်း မသိခဲ့ရပါ ။ အဝတ်အစား နှင့် ဆိုလျှင် အထီးအမ ခွဲတတ်ပါသည် ။

အကောင်း နှင့် အဆိုး မှာ အမြဲ ဒွန်တွဲလျက် ရှိကြောင်းကို အာဒမ် နှင့် ဧဝ ကို ကြည့်၍ ဆင်ခြင် မိပါသည် ။

အဘယ်ကြောင့် ဆိုသော်

သူတို့ နှစ်ဦးသည် ကမ္ဘာဦး ၏ အချစ် သင်္ကေတ ဖြစ်ခဲ့သလို ယောက္ခမ ၏ နိဒါန်း လဲ ဖြစ်ခဲ့ပါသည် ။

••••• ••••• •••••

လူသားမျိုးနွယ် ပျံ့ပွားရေး ကို မဆောင်ရွက်ကြသော လူပျိုကြီး အပျိုကြီးများ ကို လူအများ အပြစ် တင်ကြပါသည် ။

ကမ္ဘာပေါ် တွင် ထိုသို့ တစ်ယောက် ကို တစ်ယောက် စိတ်မဝင်စား သော လူပျိုကြီး အပျိုကြီးများ သာ များ ပြားလာပါက မျိုးဆက် လဲ ထပ်မပွား ၊ ကိုယ်တိုင် လဲ အိုသေကြမှာ မို့ ကမ္ဘာ ပေါ် တွင် လူညွန့်တုံး ရမည့် အရေး ကို တွေးမြင်ကြတာ ဖြစ်နိုင်ပါသည် ။

သို့သော် စိုးရိမ်စရာ မရှိပါ ။

လူပျိုကြီး အပျိုကြီးများ လို မျိုးနွယ်ပျံ့ပွားရေး ကို မဆောင်ရွက်သူများ ကမ္ဘာ မှာ ရှိကြသလို ၊ လူသားမျိုးနွယ် ပြန့်ပွား လွန်း အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများ လည်း ရှိပါသည် ။ ဆိုကြပါစို့ ။

မြန်မာပြည်၌ မင်းတုန်းမင်း လို မင်းမျိုး က မိဖုရားပေါင်း ( ၅၀၀ ) ခန့် ရှိ ခဲ့ကြောင်း ၊ သမိုင်းမှတ်စာ တချို့တွင် ဖတ်ရပါသည် ။

ထို့အပြင် ထို ( ၅၀၀ ) မျှ နှင့် မလုံလောက်ဘဲ သူ စက်တော် ခေါ်တုန်း အခန်း ရှေ့ ခြေသံ ကြား တိုင်း

“ ဟေ့ ဘယ်သူလဲ ”

လှမ်း မေးတတ်၏ ။ ဒါကို ရံရွှေတော်များ က

“ ကျွန်မပါ ရှင့် ”

ဆိုလျှင် အသံဩကြီး ဖြင့်

“ ကျွန်မ ဆို ဝင်ခဲ့လေကွယ် ၊ ဟီးဟီး ”

လုပ်တတ် လွန်း၍ ကြာလာ လတ်သော် ရံရွှေတော်များ အနေ ခက် အိပ်ရေး ပျက် လာကြ၏ ။

မင်းကြီး အခန်း ရှေ့ ခြေဖွဖွ မျှ ပင် မဖြတ်ရဲ ။ ဖြတ် လျှောက်တုန်း ကြမ်း လေး ' ကျွီ ' ခနဲ ကြားသည် နှင့် နား ပါးသော မင်းကြီး မှ အသံဩကြီး ဖြင့်

“ ဟဲ့ ဘယ်သူတုန်း ”

သူ ၏ အသံ ကြားလျှင် ရံရွှေတော်များ က လဲ မနေရဲ ။ ဘုရင် ကိုး ဗျ ။ ဒါကြောင့်

“ ကျွန်မပါ ရှင့် ”

“ ကျွန်မ ဆို လာခဲ့ဦးကွယ့် ၊ ဟဲဟဲ ”

ထိပါ များ တော့ ရံရွှေတော်များ တိုင်ပင် ကြရ၏ ။ မင်းကြီး ၏ အခန်း တွင်း မဝင်ရအောင် မည်သို့ ပြုရမည် ကို ခေါင်းချင်း ဆိုင်ကြရ၏ ။ နောက်ဆုံး အဖြေ တစ်ခု ထွက်လာသည် ။ စွန့်စားမှု တစ်ခုပင် ။ ထိုအရာ ကား မင်းကြီး အခန်းရှေ့ ခါတိုင်း လို ခြေဖွ မနင်းတော့ဘဲ ခြေသံ ခပ်ပြင်းပြင်း နှင့် တဒုန်းဒုန်း လျှောက်သည် ။

မင်းကြီး က ထို ခြေသံ ကြားသော်

“ ဟဲ့ ဘယ်သူတုန်း ၊ ခြေသံနှယ် ပြင်းလိုက်တာ ”

ဆိုသော် ရံရွှေတော် မှ အသံ ကို ဖျက်ပြီး

“ ကျွန်တော်ပါ မင်းကြီး ”

ထိုအခါ မင်းကြီး လဲ စိတ် မသက်မသာအ သံကြီးဖြင့်

“ ကျွန်တော် ဆို သွား ကျွန်တော် ဆို သွား ”

ဆိုကာ မှ ရံရွှေတော် ခမျာ သက်ပြင်း ချ၍ လွတ်လပ်စွာ သွားရလေ တော့၏ ။

ထိုအကြံ အောင်မြင်သော အခါ ရံရွှေတော် အားလုံးလဲ မင်းကြီး အခန်း ရှေ့ ဖြတ်တိုင်း ခြေကျင်းများ ဝတ် ၍ ခြေသံပြင်းပြင်း နှင့် လျှောက်ကြသည် ။ မင်းကြီး အသံ ကြားတိုင်း

“ ဘယ်သူတုန်း ”

“ ကျွန်တော်ပါ ”

“ ကျွန်တော် ဆို လစ်ချင်တာ သာ လစ်လိုက်တော့ ”

နောက် တစ်ယောက် လဲ မင်းကြီး အခန်းရှေ့ ခြေသံပြင်းပြင်း လမ်း
လျှောက်တိုင်း

“ ဘယ်သူတုန်း ဟ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 09:56


“ ကျွန်တော်ပါ ဆို ”

“ ဒီလို လုပ်ပါလား ”

“ ဗျာ ”

“ လစ်ချင်သလို သာ လစ်လိုက်တော့ ”

ဤသို့ဖြင့်

မန္တလေးသူများ သည် “ ကျွန်တော် ကျွန်တော် ” နှင့် ပြောတတ်သော အမူအကျင့် နှင့် ခြေကျင်း ဝတ်သော အလေ့အထ ထိုအချိန် မှ စသည် ဟူ၏ ။ ( မယုံရင် ပုံပြင် မှတ်ပါဗျ )

••••• ••••• •••••

သမိုင်း နှင့် ချီ၍ သာဓက ထပ်ပြရပါဦးမည် ။ ရနောင်မောင်မောင်တုတ် လဲ သီပေါဘုရင် ကို ဤသို့ ဆိုဖူးသည် ။

“ မင်းကြီး မင်းကြီး က မိန်းမ တစ်ယောက်တည်း ယူ ထားတာကိုးဗျ ၊ ကျုပ် လို မိန်းမ အများကြီး ယူ ထားရင် ဘာ ပြဿနာ မှ ဖြစ်မှာ မဟုတ်ဘူး ”

ရနောင်မောင်မောင်တုတ် မှာ တရားဝင် မယားပေါင်း တစ်ရာကျော် ရှိသည် ဟူ၏ ။

“ မင်းကြီး ရ ၊ မိန်းမ ဆိုတာ တစ်ယောက်တည်း ယူ ထားမှ သာ ယောက်ျား ကို ဂရုစိုက်ပြီး ပြဿနာ ရှာတာ ၊ မိန်းမ များများ သာ ယူ ထားရင် ယောက်ျား ဖက် မလှည့်နိုင်တော့ဘူး ၊ သူတို့ အချင်းချင်း သာ လှည့်ပတ် ပြဿနာ ရှာရင်းနဲ့ လုံးလည်ချာလည် လိုက်ပြီး ယောက်ျား က အေးဆေး ဖြစ်ရော ”

ရနောင်မောင်မောင်တုတ် ၏ အတွေး လဲ မှန်ပေလိမ့်မည် ။ ( သူ က ကိုယ်တွေ့ ကိုး ဗျ ၊ မိန်းမများ သည် တစ်ယောက်တည်း ရှိချိန်၌ သာ ယောက်ျား ဖြစ်သူ အား ရန်ရှာရန် သတိရ ကြပြီး နှစ်ယောက် ရှိပါက မိမိ ယောက်ျား ဖြစ်သူဖက် မလှည့်ဖြစ်ကြတော့ ။ သူတို့ အချင်းချင်း ( သူတို့ မှ အခြား ကို ) အတင်းတုတ် ရန်သာ ရည်ရွယ် လိုက်ကြ၍ ဖြစ်သည် ။ ( မယုံ ရင် ဒီ စာ ဖတ်နေသူ က မိန်းမ ဖြစ်ရမယ် ။ ) သို့သော် ထိုကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်သူများ သတိ ထားရမည် ကား ကျွန်တော်တို့ မျိုးနွယ်များ ကို အုပ်ချုပ် မင်း လုပ် ခဲ့သော ဘုရင် တစ်ပါး လို အင်္ဂါစပ် ပုပ်ကြွေ မသေစေ ရန်တော့ သတိထား ရပေမည် ။

သူ့ ခမျာ တရုတ်ပြည် က အပျိုစင် ဆိုပြီး မိန်းမပျက် သုံးယောက် ကို ပို့ ပေး လိုက်သည် ကို လဲ ယူ တာပါပဲ ။ ( တရုတ် က အဲဒီ ကတည်း က မွှေတာ ) ဘယ် ဘုရင် လဲတော့ မပြောတော့ပါဘူး ။

••••• ••••• •••••

ဆိုကြပါစို့ ။

လောက၌ လူသားမျိုးနွယ် ပြန့်ပွားရေး ကို ဟန့်တား နေသော အပျိုကြီး လူပျိုကြီးများ လို လူများ ရှိ သလို ၊

လူသားမျိုးနွယ် ပြန့်ပွားမှု ကောင်းအောင် မတန်တဆ စွမ်းစွမ်းတမံ ဆောင်ရွက် နေသူများ လဲ လောက၌ များစွာ ရှိပါသည် ။

လူပျိုကြီး ၊ အပျိုကြီးများ သည် မရှိသော ယောက္ခမများ အား တွေးပြီး ကြောက်ကြပါသည် ။

လူသားမျိုးနွယ် လျင်မြန်စွာ ပြန့်ပွားစေသူများ မှာ တော့ ယောက္ခမ ကို ပင် ကြောက်ရန် အချိန် လုံးဝ မရှိကြပေ ။

ယခု ကျွန်တော် ပြောပြမည့် သူ မှာ ထိုသို့ သူမျိုးပင် ဖြစ်ပေလိမ့်မည် ။

စိတ်ဝင်စားက ဆက်လက် ရှုစားပါ ။ ဘာလို့လဲ ဆိုတော့ ...

ဒါဟာ ယောက္ခမ မကြောက်နည်း လဲ ဖြစ်နိုင်ပါတယ် ။

••••• ••••• •••••

တဖျတ်ဖျတ် နှင့် ကိုယ့် ခြေသံ သာ ကိုယ် ရှင်းရှင်းလင်းလင်း ပြန်ကြား နေရသည် ။

ဒီလို အချိန်မျိုး၌ ကျန်းမာရေး အတွက် အပြေး လေ့ကျင့်ရတာ အကောင်းဆုံး ။ ရာသီဥတု က လဲ နှင်းများ တဖွဲဖွဲ နှင့် ဖြူမွဲနေသည် ။

မိမိ အရှေ့ လက်တစ်ကမ်း အကွာ ကို ကြည့်ရတာ ကို က မသဲကွဲ ။

ရာသီဥတု က နှင်း ကြောင့် စိမ့်စိမ့်ပြီး အေး နေ သော်လည်း ပြေးလာ သော အရှိန်ကြောင့် ခန္ဓာကိုယ် က နွေးနေသည် ။

ချွေး များ စို့လာအောင် ပုံမှန် ခြေလှမ်း ကို မြှင့်တင် လိုက်စဉ်

“ ကျွီ ”

“ ဟာ ”

လမ်း တစ်ဖက် မှ အရှိန် ပြင်းပြင်း ဖြတ်လာသော ကားတစ်စီး ၏ မီးရောင် ။

ထို လမ်းကွေ့လေး ၌ပင် နှင်းများ ကြောင့် ကား ကို မမြင်ဘဲ ဖြတ်လာသော မိန်းမပျို ။

“ ဟိတ် ကား ကား ကား ”

သူ ၏ အော်သံ ကျယ်ကျယ် ။

အော်သံကြောင့် လမ်းလယ် မှ မိန်းမပျို ကြောင်ပြီး ရပ် နေသည် ။ အရှေ့ ကို ကောင်းမွန်စွာ မမြင်ရဘဲ အရှိန်ပြင်းပြင်း မောင်း လာသော ကား ။

“ အား ”

“ ဟာ ”

မိန်းမပျို ၏ ကြောက်လန့်တကြား အော်သံကြောင့် သူ ခြေလှမ်း ကို အရှိန် ပို မြှင့်လိုက်သည် ။ ကြောက်လန့်တကြား မို့ ခလုတ် တိုက်ပြီး မှောက် အလဲ ။

“ ဟိတ် ”

“ ဟာ ”

သူ မိန်းကလေး ကို ပြေးပွေ့ သလို ဖြစ်ပြီး လမ်း တစ်ဖက် ဆီ လဲကျ သွားသည် ။

“ ကျွီ ”

ထိုတော့မှ သတိထား မိသော ကားလေး က သူတို့ နှစ်ယောက် ကို ပွတ်ကာသီကာ ကျော်ရင်း ခပ်လှမ်းလှမ်း သွား ရပ်သည် ။

သူ ၏ ရင်ခွင် ထဲ မှာ တော့ တုန်ယင် နေသော မိန်းမပျို ။

လှပသော သူ ၏ မျက်လုံးများ က ကြောက်ရွံ့မှု ကို ဖော်ညွှန်း နေသည် ။

သူ ၏ နှလုံးခုန်သံ က လဲ တဒိတ်ဒိတ် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 09:56


စာအုပ်သည်
------------
ခရမ်းပြာထက်လူ

စာအုပ်တစ်အုပ်ဝယ်တိုင်း
မြင်းတစ်ကောင်လက်ဆောင်ပေးတယ်
မြင်းချည်းလာဝယ်တဲ့သူကိုတော့ နွားတစ်ကောင်လက်ဆောင်ပေးလိုက်တယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း
ကားတစ်စီးလက်ဆောင်ပေးတယ်
စပယ်ရာဘီးအဖြစ်
ပဋိစ္စသမုပ္ပါဒ်ပြက္ခဒိန်လက်ဆောင်ပေးတယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း
စက်ဘီးတစ်စီးလက်ဆောင်ပေးပြီး
နောက်ထပ် နေကာလှည်းဘီးမျက်မှန်အနက်ကြီး
ပေးလိုက်တယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း ဘွတ်ခ်မာ့ခ် တစ်ခုအနေနဲ့ ဆေးခြောက်တစ်ပင်
လက်ဆောင်ညှပ်ပေးလိုက်တယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း စွပ်ပြုတ်အတွက်
ငါးတစ်ကောင်နဲ့ ကျောက်တုံးတစ်တုံး
ပြီးတော့ စကော့တလန်ကျောက်စက်ရေတစ်ဂါလံပေးတယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း
နက္ခတ်တာရာကြည့်မှန်ပြောင်းတစ်ခုပေးတယ်
နောက်ထပ် လမ်းရှင်းဖို့ဂက်စ်မီးခြစ်တစ်လုံးပေးလိုက်တယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း
ဂလက်စီကြယ်စင်စုကြီးပေးတယ်
ပြီးတော့ အနန္တစကြာဝဠာအချပ်ပိုတစ်ရွက်ပေးလိုက်တယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း
အလှစိုက်ဘိန်းပန်းပင်တစ်ပင်ပေးတယ်
ကုဋေရှစ်ဆယ်သူဌေးသားရဲ့နေ့စဉ်ဒိုင်ယာရီပေးတယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း ပျံသန်းနေသောနွားမတစ်အုပ်နဲ့
နို့ညှစ်ခံဖို့ဒယ်အိုးကြီးတစ်လုံးပေးတယ်။
ချက်နည်းပြုပ်နည်းစာအုပ်
တစ်အုပ်ဝယ်တဲ့မိန်းမတိုင်းကိုတော့
လူဝံတစ်ကောင်နဲ့ မီးပုံးပျံတစ်လုံးလက်ဆောင်ပေးတယ်။
နိဗ္ဗာန်ရောက်ကြောင်းတရားစာအုပ်
ဝယ်တဲ့ယောက်ျားတိုင်းကို
ကာမဘုံ ၁၁ ဘုံ နဲ့ ဖျံသိုတစ်ကောင်စီလက်ဆောင်ပေးလိုက်တယ်။
စာအုပ်တစ်အုပ်ဝယ်တိုင်း ကဗျာဆရာတစ်ယောက်လက်ဆောင်ပေးလိုက်တယ်
ကြင်ကြင်နာနာနမ်းဖို့ မနက်မိုးလင်းရင် တစ်စစီခုတ်ထစ်ပြီး ဘုရားဆွမ်းတော်ကပ်ဖို့။

ခရမ်းပြာထက်လူ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 07:17


မမဖြူစင်

-လင်းနီ-

မမဖြူစင်ဟာ မဖြူ မစင်အဖြစ် ကွဲထွက်သွားပြီး မဖြူမစင်ဖြစ်မသွားခင်ကတည်းက မြို့မှာ မီးခိုးတွေထွက်နေခဲ့တာပါလေ။ ဒါပေမယ့် ကျနော်တို့က ဒီမီးခိုးလုံးကြီးတွေ ဒီမြို့မှာ ထွက်မလာခင် ကတည်းက ဒီမြို့ကို စွန့်ခွာလာခဲ့တာပါ။ ဒီမီးခိုးတွေဟာ ကျနော်တို့ သွားရာလမ်းတစ်လျှောက် လိုက်ပါလာတာတို့ ကျနော်တို့ဟာ ဒီမီးခိုးလုံးတွေနဲ့ မြို့မှာကျန်နေခဲ့တာတို့ကတော့ တစ်ပိုင်းပေါ့နော်။ ညဖက်မှာ မီးလုံးတွေဟာ ပိုးစုန်းကြူးတွေနဲ့အတူ ပါလာတတ်ကြောင်း မဖြူ စာပို့ရင် ထည့်ထည့်ပြောတတ်တဲ့ သန်းခေါင်ယံပုံပြင်တွေက တစ်ဆင့်ကြားသိရပြီးပါပြီ။ တစ်ခါကများ ပိုးစုန်းကြူးတွေဟာ မစင်အနားဝိုင်းလာပြီး မစင့်တစ်ကိုယ်လုံး ပြာသာသာဖြစ်သွားအောင် လုပ်လိုက်တာရော၊ အဲ့ပြာတွေကို မဖြူက ဝိုင်နီနဲ့ ရောသောက် မျှောချရင်း မဖြူမစင်ဆိုတာကြီး ဖြစ်တည်လာတဲ့ အကြောင်း သူပြောပြခဲ့တာကြာပေါ့။ ကြာတယ်ဆိုတာကလည်း သိတဲ့အတိုင်း ကျနော်တို့ကြာသလောက်ပေါ့။ မပြီးပြတ်ဘဲတော့ ဘယ်တော့မှ မကြာတတ်ပါဘူး။ ပြီးပြတ်တယ်ဆိုတာဟာ တကယ်မရှိကြောင်း မဖြူမစင်က အိပ်မက်ထဲ လာပြောတုန်းက ကျနော့်မှာ ထွက်လိုက်ရတဲ့ အာဟာရတွေ၊ နှမြောလိုက်တာလို့ ပြောနေတုန်းရှိသေး သူဟာ အာဟာရတွေကို တစချင်း တမျှင်ချင်စီ ပါးစပ်ထဲ ပလုပ်ပလောင်း၊ အပေါက်တွေထဲ ပလုပ်ပလောင်း စနစ်တကျ ထိုးသွင်းသွားတယ်။ ပြီးတော့ အိပ်မက်ထဲကနေ သူအတင်းကာရော ဖြည်းဖြည်းကလေး ပျောက်သွားတော့တယ်။ ဒါက တကယ်ဟုတ်ရင်မှ ဟုတ်မှာပါ။ ဟုတ်ဖို့လည်း မလိုပါဘူး။ တစ်စုံတစ်ရာ ဟုတ်တယ်ပြောရအောင် ဘာတွေကကော ဟုတ်နေလို့လဲ ဟုတ်တယ်မလား ခင်များသိမှာပါ အသိဆိုတာဟာ မမဖြူစင်လိုပဲ ဖြူနေတာကြီး။ မဟုတ်ဘူး လွဲနေတယ် ဖြူနေတာကို မရှိတဲ့ ဟာကြီး။ ဒီတော့ စောက်ရမ်းတွေ မသိပါနဲ့လို့ မစင်ဟာ သူရှင်ခဲ့စဉ်တုန်းက ရေးသားပြုလုပ်ခဲ့တဲ့အကြောင်း ရေတစ်စက်က ပြောပြဖူးတာတွေကို ကြားရတယ်မလား။ ထားပါတော့ မထားလို့လည်း မရပဲ။ ထားတယ်ဆိုတာလည်း ပြုခြင်းတစ်ခုပဲ။ ထားတယ်ဆိုတာဟာလည်း ဖြစ်ခြင်းတစ်မျိုးပဲ။ ထားတယ်ဆိုတာဟာလည်း ရှိခြင်းတစ်မျိုးပဲ စသည်သည်ဖြင့် စောက်ရမ်းတွေ လာကြွယ်မပြလို့ မရဘူးလား။ ဒီလို ကြွယ်ပြနေတော့ကော နင့်မမဖြူစင်က မသေတော့ဘူးတဲ့လား။ လူသေကောင်ကြီးဟာ ပြီးနောက် ပြီးသွားပြီးနောက် တောက်တစ်ချက်ခေါက်ပြီး ပြီးသွားပြီး လမ်းလျှောက်ထွက်သွားတယ်။ အဲ့တော့ရော နင့် မမဖြူစင်က ပြန်တွေ့သွားရောလား။ ဟမ်း....။ ဒါဟာ ပြီးပြတ်သွားတာမှ မဟုတ်တာဘဲဗျာ။ ပြီးပြတ်အောင် လုပ်လိုက်မိပြီလားဟင်

(၂၀၁၈)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 07:06


“ ကျွန်တော် က လူ တစ်ယောက် ရဲ့ ပြင်လို့ မရတော့တဲ့ အတိတ် ကို စိတ် မဝင်စားဘူး အစ်ကိုကြီး ။ အဲဒါကြောင့်ပဲ ရတီ့ ကို လက်ထပ်ဖို့ ထိ ဆုံးဖြတ် လိုက်တာပေါ့ ။ သူ သာ မှန်မှန်ကန်ကန် နေသွားမယ် ဆိုရင် အစ်ကိုကြီး ထင်သလို ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူးလို့ ကျွန်တော် ယုံကြည်ထားတယ် ”



အစ်ကိုကြီး က ပခုံး တွန့် ပြလိုက်သည် ။ သူ ဘယ်လို ဖျက်ဖျက် မပျက်နိုင်တော့ မှန်း လည်း သဘောပေါက် သွား၏ ။ အမှန်တော့ အစ်ကိုကြီး မှ မဟုတ် အခြား ဘယ်သူတွေ တားတား ကျော်စွာအောင် က နောက် ဆုတ်ဖို့ လုံးဝ တွေး မထား ။ အခက်အခဲ မှန်သမျှ ကို မေတ္တာဓား နှင့် ခုတ်ထွင် ရှင်းလင်းကာ ဖြတ်ကျော် ဖို့ သာ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်၏ ။



ooooooooooooo



၃ ။



မဟုတ်ဘူး ။ ဒါ အိပ်မက် တစ်ခု မဟုတ်ဘူး ။ အိပ်မက် သာ ဆိုရင် ဘယ်ဒီလောက်ထိ အစီအစဉ်ကျ နေနိုင်မှာလဲ ။ တကယ်ကြီး မို့ သာ အားလုံး က စီကာစဉ်ကာ ဖြစ် နေတာပေါ့ ။



မင်္ဂလာခန်းမ ထဲမှာ ဟို ဒီ လျှောက်လှမ်းကာ ဧည့်ခံ ရင်း ရတီချို ကိုယ့် အဖြစ် ကိုယ် ယုံကြည်လက်ခံနိုင်ရန် ကြိုးစား နေရသည် ။ ကြည်နူး ပျော်ရွှင်မှုတွေ ရင် ထဲ မှာ ပြည့်နှက်နေ၍ ထင့် ၊ လူ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်း ကာ တိမ်တွေ ကြားတွင် ရောက်နေ သလိုလို ခံစားနေရသည် ။ မျက်ဝန်းအိမ် မှ ဝမ်းသာ မျက်ရည်များ စီးကျ မလာစေရန် မနည်း ထိန်း ထားရ၏ ။ သူ့ လို KTV က မိန်းကလေး တစ်ယောက် အတွက် ဒီလို လက်ထပ်ပွဲမျိုး ဆင်နွှဲနိုင်ဖို့ ဆိုတာ အိပ်မက် အဖြစ် နှင့် တောင် မလွယ်ကူသည့် အနေအထားမျိုး ဖြစ်သည် မဟုတ်လား ။ ကျော်စွာအောင် ၏ သူ့ ကို မြတ်နိုး တန်ဖိုးထားစိတ် နှင့် ကြိုးပမ်းမှု ကြောင့် သာ မဟုတ်လျှင် ဒီလို ဖြစ်လာနိုင်စရာ အကြောင်း လုံးဝ မရှိ ။



ရတီချို က ကျော်စွာအောင့် လက် ကို ခပ်တင်းတင်း ဆုပ်ကိုင် လိုက်သည် ။ ကျော်စွာအောင် က အပြုံး နှင့် လှည့်ကြည့်၏ ။ သူ့ အပြုံး က ရတီချို့ အတွက် အနှိုင်းမဲ့ ခွန်အား ဖြစ်စေသည် ။ နှစ်ယောက် တစ်ဘဝ အဖြစ် နှင့် စတင် လျှောက်လှမ်း ရတော့မည့် ခရီးရှည်ကြီး တွင် မလွဲမသွေ ကြုံတွေ့ လာနိုင်သော ခလုတ်ကန်သင်းများ ကို ကြံ့ကြံ့ခံ ဖြတ်ကျော်ရန် အားအင်များ တိုးပွား လာ သလိုလို ။ ဒါကပဲ အချစ် က ပေးသည့် စွမ်းအား တစ်ခု ဖြစ်မည် ဟု ရတီချို ထင်၏ ။



မင်္ဂလာပွဲ ကို ရတီချို့ ဘက် က မိသားစု အရင်းအချာ တွေ လောက်သာ လာ၏ ။ ခရီး ဝေးသဖြင့် ဘယ်သူ့ ကို မှ မဖိတ်တာကြောင့် လည်း ပါသည် ။ တစ်ဖက်မိတ် ဆိုပေမဲ့ မင်္ဂလာပွဲ က လူ စည်သလို ဘာ အဖုအထစ် မှ မရှိဘဲ အောင်မြင်စွာ ပြီးဆုံးသွား၏ ။ ပွဲ ပြီးတော့ ရရှိသော လက်ဖွဲ့ ပစ္စည်းများ ကို ကား ပေါ် တင် ကာ ပြန်လာခဲ့ သည် ။ ကျော်စွာအောင့် မိဘတွေ နေထိုင်ရာ အိမ် ကို မဟုတ် ။ သူ လက်ရှိ အလုပ် ဝင်နေသော ကုမ္ပဏီ ၏ ရုံး ဆီ ကိုသာ ဖြစ် ၏ ။ ရုံး ဆိုပေမဲ့ ရုံးချုပ် မှ လူကြီးများ လာလျှင် တည်းခို နိုင်ရန် အိမ် နှင့် တွဲလျက် ငှား ရမ်းထားသော သီးသန့်ခြံ ဖြစ်သည် ။ ရုံးချုပ် မှ လူကြီးများ လာချိန်မှ လွဲ၍ ကျန် အချိန်များ တွင် ဘယ်သူမှ မနေ ။ ညရေးညတာ အတွက် ရုံးစောင့် တစ်ဦး တော့ ရှိခဲ့ဖူးသည် ။ သို့ပေမဲ့ သူ ကလည်း လွန်ခဲ့သော လ ကပင် အလုပ် ထွက် သွား၏ ။ ရုံး နှင့် နီးသော ကျော်စွာအောင် က ည , ည လာ စောင့်ပေးနေရသည် ။ ထို့ ကြောင့် သူ က သူ နှင့် ရတီချို လက်ထပ် ပြီးလျှင် နေစရာ အိမ် ကို အပင်ပန်း ခံကာ လိုက် ရှာ မနေတော့ဘဲ ရုံး မှာ ပင် အစောင့် လုပ်ရင်း နေခွင့် ပေး ရန် ရုံးချုပ် ကို လှမ်း ၍ပြော ၏ ။ ရုံးချုပ် က လည်း နှစ်ဦး နှစ်ဖက် အဆင်ပြေမည့် ကိစ္စ မို့ ခွင့်ပြုကြောင်း အကြောင်း ပြန်သည် ။



ရုံး မှာ နေခွ င့်ရတာ ကျော်စွာအောင် တို့ အတွက် တော်တော် ကံကောင်းသည် ။ မဟုတ်လျှင် အိမ်လခ ထောင်း တာနှင့် သူတို့ နှစ်ယောက် ၏ ဝင်ငွေလေး ပွန်းပဲ့ သွားနိုင်၏ ။ အခုတော့ အိမ်လခ အတွက် လုံးဝ ပူစရာ မလို ။ ကျော်စွာ အောင် ဒီ ကုမ္ပဏီ မှာ လုပ်နေ သမျှ ကာလပတ်လုံး နေထိုင် ခွင့် ပေးထားပြီးသား ။ မိဘ တွေ ၏ အိမ် နှင့် လည်း အလှမ်းမဝေး သဖြင့် တစ်ပတ် ကို နှစ်ရက် ခန့် ရောက်ဖြစ်ကြ သည် ။ ရောက်သည့် အခါ တိုင်း လည်း ရတီချို က ဘာသိဘာသာ မနေ ၊ ကိုယ့် မိဘ အိမ် လို သဘောထား ကာ လုပ်စရာ ရှိတာတွေ ကို ဝင်ရောက် ကူညီ လုပ်ကိုင်၏ ။ တစ်အိမ် လုံး က လည်း ရတီချို့ အား ချစ်ကြသည် မှာ ကျော်စွာအောင် မနာလိုချင်စရာ ကောင်း လောက်အောင် ပင် ဖြစ်သည် ။



သို့ပေမဲ့ ကျော်စွာအောင် က ဒီလို ဖြစ်နေတာ နှင့် ပတ်သက်၍ ရတီချို့ ကို တစ်ခါမှ စကားနာ မထိုးပါ ။ ကျေနပ်ပီတိ ဖြစ်မိသည် ဟု ပြောမည် ဆိုလျှင် တောင် ရနိုင်၏ ။ ဒီလို ဖြစ်မိလောက်အောင် လည်း ရတီချို့ အနေအထိုင်တွေ က တည်ကြည်နေသည် လေ ။ လက်ရှိ သူ လုပ်နေသည့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် မှာပဲ ဖြစ်ဖြစ် ၊ ရပ်ကွက် ထဲ မှာ ပဲ ဖြစ်ဖြစ် ရတီချို့ သတင်း က မွှေး၏ ။ ရနံ့ဆိုး နှင့် မဟုတ် ဘဲ ကောင်းသော ရနံ့ နှင့် မွှေး ပျံ့ခြင်းသာ ဖြစ်သည် ။ ရတီချို သည် တစ်ချိန်က KTV တွင် လုပ်ခဲ့ဖူးသူ တစ်ယောက် ဖြစ်သည် ဟု သူ့ အတိတ် ကို သိထားသူ က တူးဆွကာ ကျိန်တွယ် ပြောဆို လာလျှင် တောင် မှ ပတ်ဝန်းကျင်သစ် တွင် သူ နှင့် ဆက်ဆံနေရသူ တွေ က ယုံကြည်မည် မထင် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 07:06


“ ရတီ က အစ်ကိုကြီး ပြောတဲ့ အမျိုးအစား ထဲ မှာ မပါ , ပါဘူး ”



ရတီချို့ လေသံ က အနည်းငယ် မာသလို ဖြစ် သွားသည် ။ အစ်ကိုကြီး က ခေါင်းတ ဆတ်ဆတ်ညိတ်ရင်း သဘောကျစွာ ပြုံး၏ ။ ခွက် ထဲ က လက်ကျန် ကို အပြတ် ဖြတ်ကာ ထ , ရပ်သည် ။ ပြန် ဖို့ ထ , ရပ်တာဖြစ်မည် ဟု ရတီချို ထင်မိပေမဲ့ သူ ထင် သလို မဟုတ် ။ အစ်ကိုကြီး က ခုံ ကို ပတ်၍ ရတီချို့ဆီ ကို လျှောက်လာသည် ။ နှစ်ယောက် ထိုင်ခုံ ပေါ်တွင် ထိုင် နေသော ရတီချို့ဘေးမှာ ဝင် ထိုင်၏ ။ ရတီချို က ခုံ ၏ အစွန်း တစ်ဖက် ကို မသိမသာ ရွှေ့ လိုက်သည် ။



“ နင် ငါ့ ကို ကျေးဇူး ဆပ်ချင်တယ် ဆိုရင် အခု ဆပ် လို့ရတယ် သိလား ”



“ ပြောလေ အစ်ကိုကြီး ။ ရတီ ဘယ်လို ပြန် ကူညီ ပေးရမလဲ ”



အစ်ကိုကြီး က ရတီချို့ အမေး ကို နှုတ်က မဖြေ ။ ရတီချို့ ကို မပြောမဆို နှင့် လှမ်း ဖက်ခြင်းဖြင့် သာ အဖြေ ပြန် ပေး၏ ။ သူ့ ဘေး ကို အစ်ကိုကြီး ဝင်ထိုင် ကတည်း က သတိထား နေသော ရတီချို က ဝုန်းခနဲ ထ , ရပ်သည် ။ ဒေါသသွေး တွေ ကလည်း ခန္ဓာကိုယ် တွင်း မှာ ဆူဝေလျက် ။



“ ဘာဖြစ်တာလဲ ရတီချို ရဲ့ ။ ငါ က နင့် ပါး ကို နမ်းရုံ သက်သက်ပါ ။ နင် ပဲ ငါ့ ကို ကျေးဇူး ဆပ်ချင်တယ် ဆို ”



“ အစ်ကိုကြီး ကို ဒီလို နည်း နဲ့ ကျေးဇူးဆပ်မယ် လို့ ရတီ ဘယ်တုန်းကများ ပြောခဲ့ဖူးလို့တုံး ”



“ လူတကာ ရင်ခွင် ထဲ ကို ဝင်ပြီး အနမ်း ခံခဲ့တဲ့ သူ ကများ အခုမှ ကြီးကျယ် နေလိုက်တာ ”



“ အဲဒါ ဟိုတုန်း က လေ ။ အခု ချိန်မှာ ရတီ က KTV မှာ လုပ် နေတဲ့ မိန်းမ တစ်ယောက် မဟုတ်တော့ဘူး ။ ပြီးတော့ စိတ်တူ ကိုယ်တူ ဘဝ လက်တွဲဖော် လင်ယောက်ျား လည်း ရှိနေပြီ ။ ဟိုတုန်းက ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်မှာ ရတီ ရဲ့ သွေးသား မှန်သမျှ ကို အောင် တစ်ယောက်ပဲ ရယူပိုင်ဆိုင်ခွင့် ရှိ တယ် ။ အောင် က လွဲ ရင် ဘယ် သူစိမ်း ယောက်ျား တစ်ယောက် ကို မှ အနား ကပ်ခွင့် မပေးနိုင်ဘူး ။ အစ်ကိုကြီး က ရှေ့ ဆက် တိုးဖို့ ကြိုးစားလာရင်တော့ အသက်ချင်း လဲ ပစ်မယ် ”



ပြောပြောဆိုဆို နှင့် ပင် ရတီချို က စားပွဲ ပေါ် တွင် ရှိ သော ဘီယာပုလင်း ကို ကောက် ကိုင်ကာ ရိုက်ခွဲလိုက် ၏ ။ ကျားရဲတစ်ကောင် လို မာန်ချီ နေသော ရတီချို့ အား ကြည့်ကာ အစ်ကိုကြီး ဖြုံ သွားသည် ။ အလုံးစုံ ပြောင် လဲ သွားပြီ ဖြစ်သော ရတီချို့ ကို လည်း အထင်ကြီး လေးစားမိ၏ ။ မမူးဘဲ နှင့် တဒင်္ဂ စိတ်လွတ် သွားသော ကိုယ့် အဖြစ် ကို လည်း အံ့သြမိသည် ။ ကိုယ့် အမှား ကိုယ် ပြန် မြင် မိတော့ ရတီချို့ ရှေ့မှာ ဆက်လက် ရပ်တည် နေဖို့ ကို ရှက်ရွံ့ လာ သလိုလို ။



“ ဆောရီးပဲ ရတီချို ၊ ငါ မှားသွားတယ် ”



“ ရပါတယ် အစ်ကို ကြီး ။ ရတီ ရဲ့ မကောင်းခဲ့တဲ့ အတိတ် ကြောင့် အခုလို စော်ကား ခံရတာလို့ပဲ သဘော ထားလိုက်ပါ့မယ် ။ ဒီ ကိစ္စ အောင့် ကို ပြန် ပြောနေမှာ မဟုတ်လို့ အစ်ကိုကြီး စိတ် ပူစရာ မလိုပါဘူး ။ ဒါပေမဲ့ နောက်ဆို အိမ် မှာ အောင် မရှိတဲ့ အချိန် အိမ် ကို မလာပါနဲ့ ။ အခု လည်း ပြန်ပါတော့ ”



လေးလံသော ခြေလှမ်း များ နှင့် အတူ အစ်ကိုကြီး ကျောခိုင်း ထွက်ခွာသွားသည် ။ မြင်ကွင်း ထဲ မှ ပျောက်ကွယ် သွားသည် အထိ ရတီချို နေရာ မှ မရွှေ့ဘဲ ရပ်ကြည့် နေခဲ့၏ ။ ထို့နောက် တံမြက်စည်း ကို ယူရန် မီးဖိုချောင် ထဲ ဝင်လာခဲ့သည် ။ ယောက်မလေး ရောက် မလာခင် သူ ရိုက်ခွဲ ၍ ကွဲကြေကာ သမံတလင်း ပေါ်တွင် ပြန့်ကျဲ နေသော ဘီယာပုလင်းစတွေ ကို ရှင်းလင်း ပစ်ရဦးမည်လေ ။



( ရတီချို နှင့် ရတီချို များသို့ ... )



မော်မော့်မောင်

ရွှေအမြုတေ ရုပ်ရှင်မဂ္ဂဇင်း

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 07:06


ရတီချို ကိုယ်တိုင် လည်း နေရာသစ် ၊ ဘဝသစ် မှာ ကျေနပ်ပျော်ရွှင် နေပြီး အစ်ကိုကြီး ၏ အကူအညီ နှင့် ရထားသော အရောင်းစာရေး အလုပ် က ဝင်ငွေ သိပ် မကောင်း ။ ဒါတောင် သူ့ လုပ်ရည်ကိုင်ရည် ကြောင့် လခ တိုးထားသေးသည် ။ ဘာပဲ ဖြစ်ဖြစ် KTV မှာ လုပ်တာ လောက် မရ သလို ပိုလည်း ပင်ပန်း ၏ ။ သို့ပေမဲ့ ရတီချို က ဘဝ ဟောင်း ကို ယောင်လို့ တောင် မှ သတိမရ ။ အစ ကတည်း က မလုပ်ချင်ဘဲ လုပ်ခဲ့ရသော အလုပ် က ရုန်းထွက်နိုင်ခဲ့တာ ကို ပင် ဝမ်းသာ နေသည် ။ ဒီလို ဘဝမျိုး ရောက်အောင် နွံ ထဲ မှ ဆွဲထုတ်ခဲ့သော ကျော်စွာအောင် နှင့် အစ်ကိုကြီး ကို ည တိုင်း ရှိခိုး ကန်တော့၏ ။ သူတို့ နှစ်ယောက် က ရတီချို့ အတွက် ကယ်တင်ရှင်တွေ ဖြစ်သည် မဟုတ်လား ။



“ မင်း လည်း မိန်းမ ရပြီး မှ တော်တော် ပြောင်းလဲသွား တယ်နော် ။ KTV ခေါ်တာ တောင် မလိုက်တော့ဘူး ။ ဘာလဲ ၊ ရတီချို က မသွားရ ဘူး ပြောထားလို့လား ”



“ မဟုတ်ပါဘူး အစ်ကိုကြီး ရယ် ။ ရတီ က ဘာမှ မပြောပါဘူး ။ ကျွန်တော် ကိုယ်တိုင် က မသွားဖို့ ဆုံး ဖြတ်ထားလို့ပါ ”



“ ဘာလို့တုံးဟ ”



“ ရတီ့ ကို ကျွန်တော် က KTV မှာ တွေ့ပြီး လက်ထပ်ခဲ့ တာလေ ။ ဆိုတော့ အခု ကျွန်တော် သွားရင် သူ စိတ်မချ ဖြစ်နေမှာ အသေအချာပဲ ။ ကျွန်တော့် ကြောင့် ရတီ စိတ် မဆင်းရဲစေချင်ဘူး ။ ဘဝသစ် မှာ စိတ်သစ် နဲ့ ပျော်ရွှင် နေတာကို ပဲ မြင်ချင်တယ် ။ အဲ ဒါကြောင့်ပါ ”



oooooooooooo



၄ ။



ကျော်စွာအောင် ရုံးကိစ္စ နှင့် ခရီး ထွက်သွားတော့ ရတီချို တစ်ယောက်တည်း ကျန် ရစ်ခဲ့သည် ။ ရုံး မှာ မအိပ်ရဲ လျှင် အိမ်တွင် သွား အိပ်ရန် မှာခဲ့ပေမဲ့ သူ သွား မအိပ်ဖြစ် ။ ကျော်စွာအောင့် ညီမလေး က သာ ည , ည လာအိပ်ပေး၏ ။ အစောကြီး ရောက်လာတာ မဟုတ် ။ ည ကိုးနာရီကျော် လောက် ကျမှ ရောက်လာခြင်း ဖြစ်၍ သူ ရောက် မလာမချင်း ရတီချို တစ်ယောက်တည်း သာ ရှိ၏ ။ ရတီချို အလုပ် မှ ပြန်ရောက်ချိန်ဆိုလျှင် ရုံး က ဆင်းနှင့်ကြပြီ ဖြစ်လေသည် ။



“ တီး ... တောင် ။ တီး ...တောင် ”



လူခေါ် ခေါင်းလောင်းသံ ကြောင့် ရတီချို အိမ် အပြင် ထွက်လာသည် ။ ခြံရှေ့ မှာ ရပ်နေသော အစ်ကိုကြီး ကို တွေ့ရသဖြင့် ခြံတံခါး ကို အပြေးအလွှား သွား ဖွင့်ပေး၏ ။



“ အစ်ကိုကြီးတို့ များ နေနိုင်လိုက်တာ ၊ ခုမှပဲ ပေါ် လာတော့တယ်နော် ”



“ အေးဟာ ။ ဟို တစ်ခေါက် နင်တို့ ဆီ ရောက်ပြီး ကတည်း က နယ်ဆိုဒ်တွေ ဘက် ခရီး ထွက် ထွက်နေရလို့ ဟ ။ ကျော်စွာ နဲ့ တောင် ပြီးခဲ့ တဲ့ လက တစ်ခေါက်ပဲ ဆုံဖြစ် တယ် ။ ဒါနဲ့ ကျော်စွာ ရော ၊ အပြင် သွားတာလား ”



“ မဟုတ်ဘူး အစ်ကိုကြီး ရဲ့ ၊ ခရီး ထွက်သွားတယ် ။ ရုံး က လွှတ်လို့လေ ”



“ ဒါဖြင့် နင် တစ်ယောက်တည်း ပေါ့ ”



“ ဟုတ် ။ ဒါပေမဲ့ ည ကျရင်တော့ အောင့် ညီမလေး လာပြီး အဖော် လုပ် ပေးပါတယ် ။ အစ်ကိုကြီး ခဏ ထိုင်ဦးနော် ”



ရတီချို မီးဖိုချောင် ဆီ ထွက်လာခဲ့ပြီး ရေခဲသေတ္တာ ထဲမှ ဘီယာ တစ်ပုလင်း ထုတ် သည် ။ ဧည့်သည် လာလျှင် ဧည့်ခံရန် ရည်ရွယ်ကာ ဝယ် ထား၍ အဆင်သင့် ရှိနေတာ မဟုတ် ။ ကျော်စွာအောင့် အတွက် ရတီချို ကိုယ်တိုင် ဝယ်ထည့် ပေးထားသည့် ပုလင်း သာ ဖြစ်၏ ။ အခုတော့ အထူး ဧည့်သည်တော် အစ်ကိုကြီး ကို ဧည့်ခံရန် ဖြစ်သွားပြီ ။



အဖုံး ဖွင့် ထားသော ပုလင်း နှင့် ငါးကြင်းခွက် ကို သူ့ ရှေ့ ချပေး လိုက်တော့ အစ်ကိုကြီး က မော့ ကြည့်သည် ။ အစ်ကိုကြီး ၏ အကြည့် ထဲ တွင် အမျိုးအမည် မကွဲပြား သော အရိပ်အငွေ့ တို့ ယှက် သန်းနေသည် ဟု ရတီချို ထင် မိ၏ ။ ရတီချို က အစ်ကိုကြီး ကို ပြုံး ပြရင်း မျက်နှာချင်း ဆိုင် ဝင် ထိုင်လိုက်သည် ။ အစ်ကိုကြီး က ပုလင်း ကို ကောက် ကိုင်ကာ ငှဲ့မလို လုပ် ပြီးမှ မငှဲ့ ဘဲ ပြန်ချ၏ ။ “ ဘာ များ ဖြစ်လို့ပါလိမ့် ” ဟု တွေး ကာ ရတီချို အစ်ကိုကြီး ကို ငေးစိုက်ကြည့်မိ၏ ။



“ နင် ကိုယ်တိုင် ငှဲ့ပေးပါလား ရတီချို ”



ငြင်းဆန်၍ မကောင်း တတ် သဖြင့် ရတီချို က အစ်ကိုကြီး ၏ တောင်းဆိုမှု ကို လိုက်လျော လိုက်သည် ။ ဒီလို လုပ် ပေးရတာ သူ့ အတွက် တော့ ဘာမှ မထူးဆန်း ။ ဟိုတုန်း က နေ့တိုင်း လုပ်နေကျ အလုပ် တစ်ခု ဖြစ်၏ ။ ကျော်စွာအောင် အိမ် မှာ သောက်သည့် အခါတိုင်း ဂရုတစိုက် လုပ်ပေးလေ့ ရှိသော အလုပ် တစ်ခု လည်း ဖြစ်၏ ။ သို့ပေမဲ့ ဒီ တစ်ခါတော့ ခါတိုင်း နှင့် မတူဘဲ ထူးဆန်း သလို ခံစား နေရ သည် ။ ဘာလို့ ဒီလို ခံစားနေ ရတာလဲ ဆိုတာကို တော့ ရတီချို ကိုယ်တိုင် လည်း မသိ ။



“ နင်ရော အလုပ် ထဲမှာ အဆင် ပြေရဲ့လား ။ မပြေလည်တာ ရှိရင် နင့် အလုပ်ရှင် ၊ ဒါမှမဟုတ် ငါ့ ကို ပွင့်ပွင့်လင်းလင်း ပြောလို့ ရတယ်နော် ။ ဘာမှ အားနာစရာ မလိုဘူး ။ လူတန်းစား မတူဘူး ဆိုပေမဲ့ အလုပ်ရှင် နဲ့ အလုပ်သမား ဆို တာ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေပဲ ။ တစ်ဖက် နဲ့ တစ်ဖက် အဆင်ပြေ မှ လုပ်ငန်းခွင် က ပျော်စရာ ကောင်းတာ ”



“ ပြေပါတယ် အစ်ကိုကြီး ရယ် ။ အလုပ်ရှင် က လည်း ရတီ တို့ အားလုံး အပေါ် မှာ ကောင်းပါတယ် ။ ဒီလို အလုပ်မျိုး ရှာပေးတဲ့ အစ်ကိုကြီး ရဲ့ ကျေးဇူးကို လည်း ရတီ ဘယ်တော့မှ မမေ့ပါဘူး ”



“ ရပါတယ် ဟာ ။ ဒါပေမဲ့ အဲဒီလို စကားကတော့ လူတိုင်း ပြောတတ်ကြတာပဲ ။ နောက်ကျမှသာ မသိချင် ယောင် ဆောင်ပြီး အရူးကွက် နင်းတာများတယ် ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 07:06


Ko Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Friday, December 6, 2024
နှစ်ကိုယ်ခွဲ လိပ်ပြာ


နှစ်ကိုယ်ခွဲ လိပ်ပြာ
( မော်မော့်မောင် )



၁ ။



“ ဒီလ တော့ ထီ ထိုးဦးမှပဲ ”



အခန်း ထဲ ကို ရောက် ရောက်ချင်း ရတီချို က ပြောသည် ။ ကျော်စွာအောင် က ဆိုဖာခုံ ပေါ်တွင် နောက်မှီ ၍ ထိုင်နေရင်း မှ လှမ်းမေး၏ ။



“ ဘာဖြစ်လို့လဲ ရတီ ”



“ အစ်ကိုကြီး မပါဘဲ အောင် တစ်ယောက်တည်း ရောက်လာလို့လေ ”



“ ဘာလဲ ။ အစ်ကိုကြီး မပါရင် ဒီကို လာလို့ မရဘူးလား ”



ကျော်စွာအောင် က အလိုမကျသံ နှင့် မေး လိုက်တော့ ရတီချို က ခပ်ဖွဖွ ပြုံး၏ ။ ကျော်စွာအောင့် ဘေးမှာ ကပ် ထိုင်ကာ သူ့ ရင်ခွင် ထဲ မှာ ခေါင်းတိုး ဝင်သည် ။ လက် နှစ်ဖက် ဖြင့် ပခုံး ကို သိုင်းဖက်ရင်း ပြောလိုက်သော စကား က တိုးသက်ညင်သာလွန်း၏ ။ ချိုချိုအေးအေး ရှိလှသော ရတီချို့ အသံ က ကျော်စွာအောင့် နားစည် မှ တစ်ဆင့် နှလုံးသား ၏ အတွင်းပိုင်း အထိ စီးမျော ရောက်ရှိ သွားသည် ။



“ မဟုတ်ပါဘူး အောင် ရယ် ။ အောင် က အစ်ကိုကြီး နဲ့ မှ ဒီကို လာနေကျမို့ ပြောတာပါ ”



ရတီချို ပြောမည် ဆို လျှင် လည်း ပြောချင်စရာပင် ။ ကျော်စွာအောင့် အနေဖြင့် ဒီကို တစ်ယောက်တည်း လာတာ ဒါ ပထမဆုံးအကြိမ် ဖြစ်၏ ။ အစ်ကိုကြီး ခေါ်လို့ သာ ဒီကို မကြာခဏ ရောက်ဖြစ်နေခြင်း ဖြစ်သည် ။ သူ့ အတိုင်းအတာ နှင့် ဆိုလျှင် တစ်လ တစ်ခေါက် တောင် ရောက်ဖို့ မလွယ် ။ ဒီမှာ သုံးဆက်ရှင် လောက် ထိုင်လျှင် ကုန်ကျမည့် ငွေ ပမာဏက သူ့ လစာ ၏ တစ်ဝက် နီးပါးခန့် ရှိသည်လေ ။



“ ကဲ ...လူ ကို ဒီအတိုင်း ပဲ ဖက်ထားတော့ မလား ။ ဘာ သီချင်း အရင် ဆိုမလဲ ပြောဦး ”



“ အောင် အခု လာတာ သီချင်း ဆိုဖို့မဟုတ်ဘူး ရတီ ။ ရတီ နဲ့ တွေ့ချင်လို့ ၊ ပြီးတော့ ရတီ့ ကို ပြောစရာရှိလို့ ”



ကျော်စွာအောင် က ရတီချို့ မျက်နှာ ကို စေ့စေ့ကြည့်ရင်း ပြောသည် ။ ရတီချို က မျက်မှောင်လေး ကြုတ်ကာ နားမလည်သလို ပြန်ငေး ကြည့်၏ ။ မှိန်ဖျော့ဖျော့ အလင်းရောင် အောက်တွင် တောက်ပလင်းလက် နေသော ကျော်စွာအောင့် အကြည့်တွေ ကို မြင်တော့ ရင်ထဲ မှာ လှိုက်ခနဲ ဖြစ်သွားရသည် ။ အမှန်တော့ ရတီချို အခုလို ဖြစ်ဖြစ် သွားတတ်တာ အခုမှ မဟုတ် ။ အစ်ကိုကြီး နှင့် အတူ ကျော်စွာအောင် ဒီကို ပါ လာပြီး စတင် တွေ့ဆုံရသည့် နေ့ ကတည်းက ပင် ။ အဲဒါကြောင့် လည်း ကျော်စွာအောင့် အပေါ်မှာ အလုပ်သဘော ဆိုတာ ထက် ပို၍ ပြုစုနေမိခြင်း ဖြစ်သည် ။



အရင်တုန်း က တော့ ရတီချို ၏ တွဲဖက် မှာ အစ်ကိုကြီး ဖြစ်၏ ။ သို့ပေမဲ့ သူ မအားသော တစ်နေ့ တွင် အစ်ကိုကြီး ရောက်လာ၍ ယွန်းနဒီ က သူ့ ကိုယ်စား တွဲထိုင် ပေးပြီး နောက်ပိုင်း အစ်ကိုကြီး ၏ တွဲဖက်မှာ ယွန်းနဒီ ဖြစ် သွားသည် ။ ဒီအတွက် တော့ ရတီချို က အစ်ကိုကြီး အပေါ် စိတ် မခုသလို အခငအမင် လည်း မပျက်ခဲ့ပါ ။ ဒါက အစ်ကိုကြီး ၏ ရွေးချယ်ပိုင်ခွင့် ဖြစ်သည် ။ ပြီးတော့ ယွန်းနဒီ က သူ့ ထက် လှသလို ဆက်ဆံရေး လည်း ကောင်းသည် မဟုတ်လား ။



အစ်ကိုကြီး နှင့် မတွဲဖြစ်ပေမဲ့ ဆိုင် ကို ရောက်လာတိုင်း ရတီချို့ ကို ခေါ်တွေ့တတ်သည် ။ သူ နှင့် အတူ ကျော်စွာအောင် ပါလာသော နေ့ မှာတော့ ခေါ်တွေ့ရုံ သာ မကဘဲ ကျော်စွာအောင့် ကို အဖော် လုပ်ပေးဖို့ ပါ ပြော၏ ။ အဲဒီ နေ့ က စပြီး ကျော်စွာအောင် ပါလာ သည့် အခါတိုင်း ရတီချို့ ကို ပဲ တွဲဖက် အဖြစ် ရွေးချယ်တော့၏ ။



“ ပြောလေ အောင် ၊ ရတီ နားထောင်နေပါတယ် ”



“ ရတီ့ ကို အောင် ချစ် တယ် ။ ဒီစကားက ရတီ ဧည့်သည်တွေ ဆီ က ကြားဖူး နေကျ ပါးစပ် အရသာ ခံပြီး ပြောတဲ့ စကားမျိုး မဟုတ် ဘူးနော် ။ ပြီးတော့ ရတီ အတွေ့အထိ မှာ သာယာမိ လို့ ချစ်မိတယ် ထင်ပြီး ပြောတာ လည်း မဟုတ်ဘူး ။ အောင့် ရင် ထဲ က တကယ် ချစ်မိလို့ ရတီ့ ကို လက်ထပ်ဖို့ အထိ စဉ်းစားပြီးမှ အခုလို ဖွင့်ပြော တာပါ ”



“ ဟင့်အင်း အောင် ၊ မဖြစ် ... ၊ မဖြစ်နိုင်တာကို မပြောပါနဲ့ အောင်ရယ် ”



“ မဖြစ်နိုင်ဘူး ဆိုတာ ဘာကို ပြောတာလဲ ရတီ ။ အောင် နားမရှင်းဘူး ။ အောင့် ကို ပြန် မချစ်နိုင်လို့ , လို့တော့ မပြောနဲ့နော် ။ ရတီ လည်း အောင့် ကို ချစ်တယ် ဆိုတာ အောင် ခံစားသိနဲ့ သိနေတယ် ”



ကျော်စွာအောင့် မျက်နှာ ကို စိုက်ကြည့်ရင်း မျက်ရည် တွေ သာ စီးကျလာသည် ။ ချစ်သူ က လက်ထပ်ခွင့် တောင်း တာ ကို ဝမ်းမသာနိုင် ဖြစ်ရ လောက်အောင် ဆိုးရွား နေသည့် လက်ရှိ အခြေအနေ ကိုလည်း ရတီချို စက်ဆုပ်ရွံရှာ မိ၏ ။ ကျော်စွာအောင် က အသိုင်းအဝိုင်းကြီး ထဲ က မဟုတ်ဘူး ဆိုဦးတော့ သူ လို လူမျိုး နှင့် မထိုက်တန် ဟု ရတီချို က မှတ်ယူထားခဲ့သည် ။ အဲဒါကြောင့် လည်း ရတီချို က ကျော်စွာအောင့် အချစ် ကို မျှော်လင့်မိပေမဲ့ မမျှော်ကိုးခဲ့ ။ ချစ်စိတ် ကို မထိန်းနိုင်၍ ချစ်မိခဲ့ပေမဲ့ ကျော်စွာအောင် က သူ့ အား ချစ်စကား ပြော မလာပါစေနှင့် ဟု အမြဲ ဆု တောင်းနေခဲ့သည် ။ တကယ် လို့ သာ ပြောလာခဲ့ လျှင် ငြင်းဆန်နိုင်မည် မဟုတ်မှန်း ဘာ သာ သိထား၍ ပင် ။ အခုတော့ ရတီချို့ ဆုတောင်း က အတိအကျကြီး ကို လွဲမှား သွားခဲ့ပြီ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Dec, 07:06


ဝမ်းပန်းတနည်း ရှိုက်ငို နေသော ရတီချို့ ကို ကြည့်ရင်း ကျော်စွာအောင် ထိတ်လန့် သွားသည် ။ သူ ပြောလိုက် တာ မှားများ မှားသွားပြီလား ဟု တွေးမိတော့ နောင်တ ရ ချင် သလိုလို ။ ယောက်ျား တစ်ယောက် က ချစ်တယ် ပြော၍ ငိုသော မိန်းကလေးမျိုး ကို မတွေ့ဖူးသဖြင့် အံ့လည်း အံ့သြမိ၏ ။ သို့ပေမဲ့ အံ့သြ ရုံ နှင့် မပြီးသေး ။ စ,ခဲ့သည့် ကိစ္စ တစ်ခု ကို ဆုံးခန်းတိုင်အောင် ဆက် လျှောက်ရဦးမည် ။



“ မငိုပါနဲ့ ရတီ ရယ် အောင့် စကား က ရတီ့ ကို အထင်သေး စော်ကားသလို ဖြစ်သွားတယ် ဆိုရင် တောင်းပန်ပါတယ် ။ ပြီးတော့ အောင့် စကား ကို လည်း ပြန် ရုပ် ... ”



စကား မဆုံးခင်မှာပင် ရတီချို က ကျော်စွာအောင့် ပါးစပ် ကို လှမ်းပိတ်၏ ။



“ မဟုတ်ဘူး အောင် ၊ အောင် မမှားပါဘူး ။ အောင် ပြောသလို ရတီ လည်း အောင့် ကို ချစ်ပါတယ် ။ ဒါပေမဲ့ ... ”



“ ဒါပေမဲ့ ဘာဖြစ်လဲ ရတီ ။ ဪ .. .သိပြီ ။ ရတီ က KTV မှာ လုပ်နေတာမို့ လက်ထပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောချင်တာလား ။ အဲဒါဆို အောင် တစ်ခု မေးမယ် ။ ရတီ ဒီ အလုပ် ကို လုပ်ချင်လွန်းလို့ လုပ်နေတာလား ”



“ ဘွဲ့ရတွေ တောင် မှ အလုပ်အကိုင် ရှာဖို့ မလွယ်တဲ့ ခေတ်ကြီး ထဲ မှာ ရတီ လို ဆယ်တန်း မအောင် ၊ အဆက်အသွယ်ကောင်း လည်း မရှိတဲ့ နယ် က မိန်းကလေး တစ်ယောက် အတွက် တစ်လ ကို နှစ်သိန်း လောက် ရမယ့် လူရိုသေ ၊ ရှင်ရိုသေ အလုပ်မျိုး က မရှိသလောက် ရှားတယ် ။ လူတကာ အထင်သေးတဲ့ KTV မှာ ကျတော့ ဘာ ပညာအရည်အချင်း မှ မလိုဘဲ အဲသလောက် ရနိုင်တယ်လေ ။ ရုပ်ရည်လေး ရှိဖို့နဲ့ အပြောအဆို တတ်ဖို့ တော့ လိုတာပေါ့ ။ ဝင်ငွေ ကောင်းလို့ လုပ်နေတယ် ဆိုပေမဲ့ ရတီ က စပွန်ဆာ ရှာ ၊ အပြင် ကို လိုက်တဲ့ အထိ တော့ ကိုယ့် ဘဝ ကိုယ် အနစ်မွန်း မခံပါဘူး အောင် ။ ပြီးတော့ တစ်နေ့ နေ့ မှာ ဒီက ရုန်းထွက်ဖို့ ကို လည်း စိတ်ကူး ထားပါတယ် ”



“ အောင် လို ချင်တာ လည်း အဲဒါပဲ ရတီ ။ အခု ရတီ့ ဆီကို ရုန်းထွက်ဖို့ အခွင့် အရေး က ရောက်လာပြီလေ ။ ရတီ လုပ်ရမှာ တစ်ခု ပဲ ရှိတယ် ။ အောင့် အချစ် ကို လက်ခံပြီး အောင့် ဘဝ ထဲ ကို ဝင်လာခဲ့ဖို့ ၊ ကျန်တာတွေ ကို အောင် ကြည့် စီစဉ်မယ် ”



“ ရတီ အောင့် ကို အရှုံး ပေးလိုက်ပါပြီ အောင် ရယ် ။ အောင် ကြိုက်သလိုသာ လုပ်ပါတော့ ”



oooooooooooooo



၂ ။



ကျော်စွာအောင် ၏ နှုတ်ထွက် စကား ကို ကြား ကြားချင်း အစ်ကိုကြီး က မယုံ ။ နောက်ပြောင် ပြောဆို နေသည် ဟု ထင်မိ၏ ။ သူ မယုံမှန်း သိ၍ ကျော်စွာအောင် က အလေးအနက် ထပ်ပြောတော့ အစ်ကိုကြီး မျက်လုံး ပြူး သွားရသည် ။ သောက်လက်စ ဘီယာ ပင် နင်ချင် သလိုလို ဖြစ်သွား၏ ။



ကျော်စွာအောင် ရတီချို့ ကို နွယ်ချင် နေမှန်း ရိပ်မိပေမဲ့ ဒီလောက် ထိ ဖြစ်လာလိမ့်မည် ဟု အစ်ကိုကြီး ထင် မထားခဲ့ ။ သူ့ လိုပဲ KTV ခန်း ထဲ က ဆက်ဆံရေး ကို KTV ခန်း ထဲ မှာ ထားခဲ့နိုင်မည် ထင်ကာ အသာ လွှတ်ထား ပေးခဲ့ မိ သည် ။ အခုတော့ သူ ထင်မှတ် မထားသည့် ကိစ္စ တစ်ခု က သူ့ ရှေ့ တည့်တည့် မှာ ဘွားခနဲ ပေါ်လာပြီ ။



“ စဉ်းစားဦးနော် ကျော်စွာ ။ ရတီ က ပျက်စီး နေတဲ့ မိန်းကလေး တစ်ယောက် မဟုတ်ဘူးပဲ ထားဦး ၊ KTV မှာ လုပ်တယ် ဆိုတဲ့ အချက် တစ်ခုတည်း နဲ့ တင် မင်း အိမ် က လက်ခံမှာ မဟုတ်ဘူး ”



“ ဟုတ်ကဲ့ ၊ ကျွန်တော် သိပါတယ် ။ အဲဒါကြောင့် ရတီ့ အတွက် တခြား အလုပ် တစ်ခု ရှာပေးဖို့ ကျွန်တော် တွေး ထားပြီးသားပါ ။ တစ်လက်စတည်း အစ်ကိုကြီး လည်း အပူ ကပ်ရဦးမယ် ။ အစ်ကိုကြီး ရဲ့ အသိအကျွမ်း တွေ ထဲမှာ အလုပ် တစ်နေရာစာ ပေးနိုင်မယ့် သူများ ရှိ ၊ မရှိ မေးမြန်း ကြည့်ပေးပါဦး ”



အားကိုးတကြီး ပြော နေ သော ကျော်စွာအောင် ကို ကြည့်ကာ အစ်ကိုကြီး သက်ပြင်းမော တစ်ချက် ချလိုက်သည် ။ သက်ပြင်း နှင့် အတူ စီးကရက် မီးခိုးငွေ့များ လေ ထဲ ကို လွင့်၏ ။ ဒီ ဇာတ်လမ်း က သူ့ ကြောင့် စတင် ဖြစ်ပေါ်ခဲ့တာ ဆိုပေမဲ့ ဒီ အခြေအနေ ထိ ရောက်ဖို့ သူ မရည်ရွယ်ခဲ့ရိုး အမှန် ။ အခုတော့ မရည်ရွယ်ဘဲ ရေးဖြစ်ခဲ့သော ဇာတ်လမ်း ထဲ မှ ဇာတ်ကောင် တစ်ဦး က သူ့ ကို တာဝန် တစ်ခု ပေးအပ် လာပြီ ။ မဖြစ်မနေ လုပ်ပေးရမည် ဟု တောင်းဆို နေတာတော့ မဟုတ် ။ သို့ပေမဲ့ သူ့ ပယောဂ မကင်းခဲ့သော ဇာတ်လမ်း ၏ အဆုံးသ,တ် မှာ ပျော်ရွှင်ခြင်းတွေ နှင့် သာ ပြည့်နှက်နေစေချင်သည်လေ ။



အစ်ကိုကြီး က သူ စုံစမ်းပေးမည် ဟု ကတိပေး လိုက်၏ ။ ကိုယ်တိုင် ရှာဖွေ ရန်လည်း ကျော်စွာအောင် ကို ပြောသည် ။ ကျော်စွာအောင် က ရတီချို အလုပ် ပြောင်းပြီး တစ်လ ၊ နှစ်လ ခန့် အကြာ တွင် လက်ထပ်ကြမည် ဖြစ်ကြောင်း နှင့် ဝါဝင်တော့မည် မို့ အချိန်မီ လက်ထပ်နိုင်ရန် အလုပ် မြန်မြန် ပြောင်းနိုင်ဖို့ လိုကြောင်း ... ။ အစရှိသဖြင့် သူ့ စိတ်ကူး အချို့ ကို အစ်ကိုကြီး ကို ဖြန့်ခင်း ပြသည် ။ နှစ်ယောက် တည်း သာ ရှိသော ဘီယာဝိုင်း သည် ကျော်စွာအောင့် စကားသံ တို့ ဖြင့် ဝေစည်လျက် ။



“ ငါ တစ်ခု လောက် တော့ ပြောချင်သေးတယ် ။ အချိန် မလွန်ခင် မင်း စဉ်းစား သင့်တယ်ထင်လို့ ”



“ ဘာများလဲ အစ်ကိုကြီး ”



“ ရတီချို KTV မှာ လုပ်ခဲ့ဖူးတယ် ဆိုတဲ့ အတွေးမျိုး မ င်းစိတ်ထဲကို ဝင်လာတဲ့ အခါ မင်းတို့ အိမ်ထောင်ရေး က သာယာနိုင်ပါဦးမလား ။ အဲဒါ ကို လည်း ကြို တွေးထားဦး ကွ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Dec, 13:52


မောင်ခွေး၏အမေ ရက်လည်ပြီးသောအခါ မောင်ခွေး၏ ရှေ့ရေးအတွက် ရပ်ကွက်လူကြီးများ တိုင်ပင်၍ ဘုန်းကြီးကျောင်းသို့ ပို့ကြသည်။ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ဆရာတော်မှ မောင်ခွေးအား ကိုရင်စီးမလား ကျောင်းတက်မလားဟု မောင်ခွေး၏ဆန္ဒအား မေးလေသည်။

မောင်ခွေးမှ ကျောင်းတတ်ချင်သည်ဆို၍ ဆရာတော်သည် မောင်ခွေးအား အစိုးရကျောင်း ထားပေးလေသည်။မောင်ခွေးသည် တစ်ချိန်က မျှော်လင့်ခဲ့သည့် အိပ်မက် အကောင်ထည် ပေါ်ခဲ့သောကြောင့် ကျောင်းစာအား အများထက်ပို၍ ကြိုးစား သင်ယူလေသည်။ဤသို့နှင့် တစ်နှစ်တစ်တန်းကို ခြွင်းချော်မူမရှိဘဲ အောင်ကာ-

"အခုတော့သမီးရယ် မောင်ခွေးလေးမှာ အငြိမ်းစားတစ်ယောက်တောင် ဖြစ်နေပြီ....ကွဲ့"

ဦးငွေရောင်၏ဇာတ်လမ်းတွင် မျောနေသော သမီးဖြစ်သူ နှင်းငွေရောင်မှာ ဝေ့ဝဲနေသည့် မျက်ရည်ကလေးများကို သုတ်၍-

"ဖေဖေ့ သူငယ်ချင်ထဲကများလား....ဖေဖေ"

ဦးငွေရောင်မှာ ခေါင်းလေးကိုခါပြီး

"အဲ့ဒါ…ဖေဖေကိုယ်တိုင်ပဲ သမီး"

"ရှင်"

အံ့ဩသွားသည့်သမီးဖြစ်သူအား ထွေးပွေ့ရင်း-

"သမီးရယ်… လူဆိုတာ ဘယ်ဥကမှ ပေါက်တာ မဟုတ်ပါဘူး။ လူမိဘနှစ်ပါးကပဲ မွေးတာပါ။ သူတစ်ပါးရဲ့အတိတ်ဇစ်မြစ်ကို မသိဘဲ ပစ္စုပ္ပန်ဇစ်မြစ်ကိုကြည့်ပြီး စွတ်စွဲပြောဆိုတဲ့အခါ
ဝဋ်ဆိုတာ လည်တတ်တယ်သမီး.....ဒါကြောင့် စကားတစ်ခုပြောမယ်ဆိုရင် မပြောခင်မှာစဉ်းစား ပြောရင်းနဲ့စဉ်းစား ပြောပြီးတော့လည်း ပြန်စဉ်းစားပါ..... ပြီးတော့ သူတစ်ပါးကို လက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်ကိုပြန်ထိုးနေတဲ့ လက်က ဘယ်နှစ်ချောင်းလဲဆိုတာ သတိထား သမီး"

နှင်းငွေရောင်တစ်ယောက် ဖခင်၏ ဆုံးမစကားအဆုံးတွင် မိမိ၏ "ဇစ်မြစ်" အမှန်အားသိပြီး မိမိကိုယ်မိမိ ပြုပြင်ဖို့ ဆုံးဖြတ်ချက် ချလိုက်တော့လေသတည်း။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Dec, 13:52


`မောင်ခွေး´
#ဇစ်မြစ်
~~

"ဟဲ့… ဟဲ့… ကလေးတွေ ထွက်သွားစမ်း မနက်စောစောစီးစီး ကျက်သရေကို မရှိဘူး..... ဘယ်ဥကပေါက်ပြီး ဘယ်လိုမွေးထားကြတာတွေလဲ မသိဘူး "

နံနက်ဝေလီဝေလင်းကြီး သမီးဖြစ်သူ၏ အော်ဟစ် ပြောဆိုနေသံများကြောင့် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးငွေရောင်သည် အပေါ်ထပ် ဝရံတာမှ အသံကြားရာသို့ လှမ်း၍ ကြည့်လေသည်။ ထို့နောက် ဦးငွေရောင်သည် သက်ပြင်းရှည်ရှည် တစ်ချက်ကိုချပြီး သမီးဖြစ်သူအား ဤကဲ့သို့ လှမ်းပြောလေသည်။

"သမီးရယ်… ချို့တည့်လွန်းလို့ အခုလိုအလုပ်တွေကို လုပ်ကြတာပါ။ ပြီးတော့ သူတစ်ပါးပစ္စည်းကို ခိုးကြတာလည်း မဟုတ်ကြဘူး။သူတစ်ပါး
စွန့်ပစ်ပစ္စည်းလေးတွေသာ ကောက်ကြတာပါ။ ဒီလိုတော့ ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့ကွယ်"

"ဟုတ်ကဲ့ပါ ဖေဖေ။ သမီးမှားသွားပါတယ်"

ဖအေဖြစ်သူရဲ့ စကားကို မလွန်ဆန်ချင်၍သာလျှင်
ခေါင်းညိတ်လိုက်ရပေမယ့် စိတ်ထဲမှာတော့ နှင်းငွေရောင်တစ်ယောက် ထိုကလေးများအပေါ် သိပ်ကျေနပ်ပုံ မရပေ။ထို့နောက်-

"ရော့...ရော့"

ဆောင့်ကြီးအောင့်ကြီးဖြင့် အချိုရည်ဗူး သုံးလေးခုအား အိမ်ထဲသို့ဝင်ယူ၍ ဆာလာအိတ်ထဲ ပစ်ထည့်ပြီး အိမ်၏ ခြံတံခါးအား ဆောင့်၍ ပိတ်လိုက်သည်။

ထမင်းစားခန်းတွင် ဦးငွေရောင်တစ်ယောက် သမီးဖြစ်သူအား နံနက်စာ စားရန် စောင့်ဆိုင်းနေလေသည်။နှင်းငွေရောင်သည် လက်အားဆပ်ပြာဖြင့် သုံးလေးထပ်ဆေးပြီး မီးဖိုချောင်မှ ထမင်းစားခန်းသို့ ဝင်ခဲ့လေသည်။
ဖခင်အားမြင်သည်နှင့် ချစ်စဖွယ်အပြုံးကို ဖန်တီးကာ.....

"ဆောရီးနော် ဖေဖေ… သမီးလက်ဆေးနေလို့ နည်းနည်းလေး ကြာသွားတယ်"

ဦးငွေရောင်မှာ သမီးဖြစ်သူကို ပြန်လည်ပြုံးပြပြီး -

"ရပါတယ် သမီးရဲ့ ဖေဖေထိုင်နေတာ မကြာသေးပါဘူး"

နှင်းငွေရောင်မှာ ဖခင်၏ မုန့်ဟင်းခါး ပန်းကန်အား ယူ၍ ဟင်းရည်ထည့်ကာ-

"စားလေ ဖေဖေ"

စကားတစ်ခွန်းမှ မပြောဘဲ မုန့်ဟင်းခါးစားနေတဲ့ ဖခင်ကိုကြည့်ပြီး စိတ်ထဲတစ်မျိုးဖြစ်သွားသူက သမီးဖြစ်သူ နှင်းငွေရောင်ပါ။အရင်ကဆို အစားစားရင်း စကားကိုဖောင်ဖွဲ့ပြောတတ်သူ ဖေဖေက ဒီနေ့မှ ဘာလို့တိတ်နေတာလည်းတွေးမိပြီး ဖခင်ဖြစ်သူ ဦးငွေရောင်၏ နဖူးလေးကို ရုတ်တရပ် ထစမ်းကာ -

"နေမကောင်းလည်း မဖြစ်ပါဘူး ။ ဘာစိတ်မကောင်းတာရှိလို့လဲ ဖေဖေ"

အဖေတစ်ခု သမီးတစ်ခုဘဝမှာ အဖေ့ရဲ့ အပြုအမူအားလုံးကို နှင်းငွေရောင်တစ်ယောက် အလွတ်ရထားပါသည်။

"ဖေဖေ သမီးကို ပြောစရာရှိလို့လား....ဟင်"

အလိုက်သိလွန်းတဲ့ သမီးကို ခေါင်းညိတ်ပြပြီး-

"ဒီလို....သမီးရေ"ဟုဆိုကာ

ဇာတ်ကြောင်းလေးတစ်ခုအား ပြောပြပါလေတော့သည်။

"ဟဲ့… ငခွေး ထစမ်း"

"ဖြောင်း"

အနှိုးတစ်ခွန်း အရိုက်တစ်ချက်မို့ မောင်ခွေးတစ်ယောက် ကပျာကယာထကာ ဆာလာအိတ်ကို ယူပြီး မျက်နှာမသစ်သွားမတိုက်ဘဲ ထွက်လာခဲ့ပါသည်။ပြောသာပြောရပါသည်။ မျက်နှာသစ်ဖို့ ရေမရှိ။ သွားတိုက်ဖို့ သွားတိုက်တံမရှိသည်မှာ မောင်ခွေးအတွက် မွေးကတည်းက ယခုပင်ဟုဆိုရမည် ဖြစ်သည်။မောင်ခွေးသည် အသက်၇-နှစ်မျှသာရှိပြီး မနက်ဝေလီဝေလင်း အချိန်မှစ၍ ဘီယာဘူးခွန်၊ရေသန့်ဘူးခွန်များအား တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ကောက်သည်။ ဤသို့ ရှာဖွေခဲ့သည်မှာ မောင်ခွေး၏ဖခင် အရက်သမားကြီး ဦးဖိုးခွေး သေဆုံးခဲ့သည်နှင့်တွက်လျှင် ယခုဆို၂-နှစ်မျှရှိခဲ့ပြီ ဖြစ်သည်။ ဖဲသမား အမေအတွက် ဖြစ်သလို ရှာဖွေပေးရသော်လည်း မောင်ခွေးမှာ မညည်းညူခဲ့ပေ။ မောင်ခွေးမှာ ထူးခြားချက်တစ်ခု ရှိပါသည်။ ဤသည်က အားလပ်တဲ့အခါ ကျောင်းတံခါးဝနားကိုသွား၍ ကျောင်းသူကျောင်းသားများ စာသင်ယူနေခြင်းကို ငေးမောကြည့်ခြင်းပင်ဖြစ်သည်။

တစ်နေ့တွင် မျက်ရည်များဖြင့် မောင်ခွေးတစ်ယောက် အိမ်သို့ ပြန်လာခဲ့သည်။ ထိုအချင်းအရာအား မိခင်ဖြစ်သူမှ မြင်သောအခါ -

"ဟဲ့… ငခွေး ဘာဖြစ်နေတာတုန်း"

မောင်ခွေးသည် မိခင်အားကြောက်ရွံ့စွာ ကြည့်ပြီး

"သားကျောင်းတက်တယ် အမေ"

"ဘာ"

"ဖြောင်း ဖြောင်း ဖြောင်း"

မောင်ခွေး၏မိခင်သည် မောင်ခွေးအား အားရပါးရရိုက် အားရပါးရဆဲပြီးမှ-

"နောက်တစ်ခါ ထပ်ပြောကြည့် သေသွားမယ်..... အေး… တတ်ချင်သပဆို ငါ....သေမှတက်၊ ဖွီး...အလုပ်မလုပ်ချင်တာနဲ့ ငါ့ကို အကြောင်းလာ ပြနေတယ်"

မနေ့ကရိုက်ထားသည့် အရှိန်ကြောင့် မောင်ထွေးမှာ မနက်တွင် အိပ်ရာမှပင် မထနိုင်ပေ။ သို့ပါသော်လည်း ထူးထူးခြားခြား ဒီနေ့ကျမှ မိခင်ဖြစ်သူမှ မနှိုးသဖြင့် အနည်းငယ်မျှ အံ့သြလို့ နေမိလေသည်။

အိပ်ယာဘေးတွင် မိခင်ဖြစ်သူအား မတွေ့သည့်အခါမှ ထုံးစံအတိုင်း ဖဲဝိုင်းမှာပင်ဟု မုချတွက်ကာ အိပ်ရာနိုးသည်နှင့် ဆာလာအိတ်အား ပခုံးပေါ်တင်ကာ ဘူးခွံများကောက်ရန် မောင်ခွေး ထွက်မည်အလုပ် အိမ်သို့ ရပ်ကွက်လူကြီးများ ရောက်လာပြီး ရပ်ကွက်လူကြီးမှ -

"လူလေး ငခွေး… မင်းအမေ ညက ဖဲဝိုင်းမှာ ရန်ဖြစ်တာကို ကြားကဝင်ဆွဲရင်း ဓားထိုးခံရလို့ သေပြီ။ အဲ့တာ အခု ဦးတို့ လာအကြောင်းကြားပေးတာ "

"ဗျာ"

လက်ထဲကကိုင်ထားသည့် ဆာလာအိတ်လေး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် မောင်ခွေးရဲ့ပါးပြင်ပေါ်သို့ မျက်ရည်များ ခိုတွဲ ကျလာပါတော့သည်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Dec, 13:39


ကိုယ့်နှလုံးသားကို ရှို့တဲ့မီးနဲ့မှ
မင်းမနွေးထွေးရင်
...............................................
#ဆပ်ရိပ်

တောင်နေကြာပန်းတွေ ပွင့်တာမြင်လည်း
ကိုယ်မပျော်နိုင်ခဲ့ဘူး။

မြစိမ်းရောင်မြက်ခင်းပြင်ပေါ်မှာ
နေခြည်နွေးနွေးတွေ ခုန်ပေါက်ကစားနေကြတာ၊
ကားလမ်းဘေးမှာ
တကောင်ကောင် သို့မဟုတ် တယောက်ယောက်
သို့မဟုတ် ကြီးမြတ်တဲ့အရာတခုခုက
ကျဲပက်ခဲ့တဲ့ ပန်းအဖြူလေးတွေ ပွင့်လာတာ၊
တံလျှပ်ထနေတဲ့ လမ်းပေါ်မှာ
ကလေးပိစိလေးဟာ လွယ်အိတ်အသစ်လေးနဲ့
သူ့အဖေဆိုင်ကယ်နောက်ကနေ ကျောင်းသွားနေတာ
ကမ္ဘာမှာ လှတာတွေ အများကြီးရှိရဲ့။

ဝယ်သူမျှော်နေတဲ့
ပန်းသည်အဒေါ်ကြီးရဲ့ မျက်နှာက
ပူပန်မှုတွေအကြောင်းဟာလည်း
ကိုယ်တို့မမြင်ရတဲ့ ကမ္ဘာကြီးရဲ့ မျက်နှာတခုပေါ့လေ။

ကမ္ဘာဟာ နေကိုပတ်လို့
လဟာ ကမ္ဘာကို ပတ်လို့
ကိုယ်တို့ဟာ အသက်ကြီးလာလို့
ကိုယ်တို့ဟာ ပြန်မငယ်နိုင်တော့လို့။

ကိုယ်တို့ မှတ်ဉာဏ်တွေဟာ အိပ်မက်လို
ကိုယ်တို့အိပ်မက်တွေဟာ မှတ်ဉာဏ်လိုလို။

ဆောင်းရာသီ ထင်းရှူးတောထဲ
လမ်းပျောက်နေတဲ့ ခွေးကလေးလို
အိမ်ပြန်လမ်းကို
မှုန်ရီမှုန်ဝါး
သတိရလျက်။

-ဆပ်ရိပ်
၃ နိုဝင်ဘာ၊ ၂၄

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Dec, 13:16


စောင်းမြခြူသံ
( ကြည်အေး )

ဘာပဲဖြစ်ဖြစ် ရုံးပေါင်း၍ ဆိုရ လျှင် ပူစူး သည် တစ်ခါ ထပ် ၍ ဓား ရှလိုခြင်း မရှိ ။

“ နင့် ဓား က အတုံးကြီး ” ဟု မပို ဆီ သွား၍ ဆိုသည် ။

“ မတုံးပါဘူး ”

“ တုံးပါတယ် ”

“ မတုံးပါဘူး ”

“ အတုံးကြီး ၊ ပြီးတော့ ဟောဒီမှာ မေ ... ငါ ... မေမေ့ ကို တိုင် လိုက်မယ် ၊ နင့် လက် ကို ဓားရှ လိမ့်မယ် ၊ ဘာ အောက်နေ့လို့လဲ ၊ ပြီးတော့ ထမင်း မရှားနိုင်တော့ဘူး ၊ ပေး ညီမလေး မမ သိမ်းထားမယ် ”

“ ဟင့် ” ဟု မပို က ဆိုကာ တစ်ကိုယ်လုံး တစ်ဖက် လှည့် သွားပြီး ဓား ကို အမြင် မှ မခံတော့ချေ ။

“ ငါ ... တိုင်လိုက်ရမလား ”

မပို က နှုတ်ခမ်း စူ ကာ ဘာမှ မပြောတော့ချေ ။

“ ဒါဖြင့်ရင် ပေး နင့် စက္ကူ ငါ ဖြတ် ပေးမယ် ၊ ငါ ဖြတ်တတ်တယ် ဟ အဟုတ် ပြောတာ ”

မပို သည် မဝေခွဲ နို င်ဘဲ ပူစူးမ မျက်နှာ ကို သေသေချာချာ ကြည့်သည် ။ မပို စက္ကူ ဖြတ် နေသည် မှာ ကြာ လေပြီ ။ စက္ကူ သည် တစ်ဝက်မျှ တိတိ ညီညီ ဖြတ် ပြီးသော် ဓား က စက္ကူ အခေါက် ကြား မှ ချော်ထွက် လာရာ ပြန် မထည့်တတ်ဘဲ ရှိသည် မို့ ဖြတ် ၍ မရတော့ချေ ။

ပူစူး က ခပ်တည်တည် နှင့် မပို ကို ကြည့် နေလေသည် ။ မပို သည် ယုံကြည်စိတ် ပေါ် လာပြီး ဓား ကို ဆုတ်ကန် ဆုတ်ကန် နှင့် အပ်၏ ။

ပူစူး ၏ ပထမ ရည်ရွယ်ချက် မှာ လက် ထဲ ဓား ရောက် လျှင် ချာခနဲ ထွက် ပြေးဖို့ ၊ သူ ဖွက်နေကျ ကော်ပတ် လက်ပွေ့အိတ်ကလေး ထဲ ထည့် ဖို့ တည်း ။ ယခုတော့ ရုတ်တရက် နဂိုစိတ်ကူး ကို မေ့သွား ပြန်ကာ စက္ကူ ဖြတ်ရာ ၌ စိတ်ဝင်စား လာ ပြန်သည် ။

ဓား ကို ညာ လက် က ကိုင် ပြီး ဖြတ်ရာ ၊ လက် က ရွေ့ သွား ပြီး စက္ကူ မပြတ်နိုင်ချေ ။ နှစ်ခါ သုံးခါ ကြိုးစား သော်လည်း မရ ။ ထို့ကြောင့် နှုတ်ခမ်းကလေးများ ရွဲ့ ရွဲ့ သွားပြီး အားမလို အားမရ ဖြစ် နေလေရာ ၊ မပို က သူ့ နှုတ်ခမ်းကလေးများ ကို ငေးစိုက် ကြည့် နေရင်း အူမြူးကာ လက်ခုပ်လက်ဝါးကလေးများ တီး ၍ ချက်ချင်းပင် ရယ်ရွှင် လေသည် ။

ပူစူး က မျက်လုံးကြီးများ ပြူးကာ ဆက်ပြီး နှုတ်ခမ်း ရွဲ့ကာ စက္ကူ ဖြတ်သည် ။ ဖြတ် လို့ မရ ၊ မပို က ရယ်မော နေသည် ကို ဂရု နည်းနည်းမှ မစိုက်ချေ ။ ဘာကြောင့် ရယ်သည် ဆိုတာလဲ သိ သလိုလို ၊ မသိ သလိုလို ရှိတော့သည် ။ နောက်ဆုံး၌ ခဏ နားပြီး စဉ်းစား ရ သေးသည် ။ ပူစူး ၏ ဦးနှောက်ကလေးများ အလုပ် အတော် များ သွားပြီး ၊ နောက်မှ ဟိုဟို သည်သည် ကြည့် ကာ ဘယ်ကျော် နှင့် စက္ကူ ဖြတ်သည် ။ ထိုအခါ အောင်မြင်သည် ။

“ ဟော ရပြီ ” ဟု နှစ်ယောက်သား ပြိုင်တူ အော်ကာ ပြုံးပြီး ကြည့်မိကြ လေသည် ။ ပူစူး က စိတ်ကြီး ဝင် ကာ ဝင့်ဝါ လေသည် ။ မပို က အညံ့ ခံ ကာ ချီးမွမ်းသည် ။ ထို့နောက် မတိုင်ပင်ရဘဲ စက္ကူစ နှစ်စ ကို တစ်ယောက် တစ်စ စီ ခွဲဝေ ယူမိလျက် သား ရှိ လေသည် ။

စက္ကူစကလေး မှာ မပို ဘယ်က ကောက်လာသည် မသိသော မေမေ တို့ စာရေး စက္ကူအပြာပိုင်းကလေး ဖြစ်သည် ။ အပြာ သည် နုနယ်လှ၍ ကလေး နှစ်ယောက် ၏ မျက်လုံး ၌ ထင်ထင်လင်းလင်း မရှိ ။ သူတို့ သည် သည် အပြာမျိုး ကို လှသည် ဟု မထင်တတ် ၊ ဆန်းကြယ်သည် ဟု တော့ ပူစူး ထင်၏ ၊ စင်စစ် အနီ ရဲရဲ ၊ အဝါ ထိန်ထိန် ၊ အစိမ်း လန်းလန်း များ ရ လျှင် ချက်ချင်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင်ကို ဆော့ကစား ပစ် မည်တည်း ။ ယခု တော့ မရေမရာ နိုင် လှသော အပြာနုရောင် လဲ့ ဟန် ကို ငေးမော၍ ကြည့် မိသည် ။

မပို က လည်း စက္ကူစ ကို ဘာ လုပ်ရမှန်း သိပုံ မပေါ်ချေ ။ စောစောက ကတော့ ထိုးတာမျိုး လည်း ပြန် မလုပ်ချင် ချေ ။ ကတော့ ထိုးလို့ မဖြစ်သည် နှင့် စိတ်ပျက် လက်ပျက် ဖြစ်လေသည် ။

“ နေဦး ၊ ငါ ပြောပြမယ် ” ဟု ပူစူး က စက္ကူစ ကို ဘာမှ မလုပ်စေဘဲ တားမြစ် ထား သည် ။ မပို က လည်း စောင့်စား နေသည် ။

ထို့နောက် ဗြုန်းခနဲ ဉာဏ် ကွန့်မြူးသည် ။ လောက သည် နေရောင် ဖြင့် လန်းရွှင် နိုင်သည်တကား ။ ငှက်တို့ သည် အော်မြည် ပျံသန်း နိုင်သည် တကား ။ လေရူး က လူးလှိမ့် ရစ်ခွေ နိုင်သည် တကား ၊ ပူစူး သည် ခုန်ပေါက် ပျော်ရွှင်လေ၏ ။ မပို လည်း အသံကလေးများ ပြု ကာ လိုက်လံ ပျော်ရွှင် လေ၏ ။ တေး တစ်ပိုင်းတစ်စ သည် မပီမသ မြည် လာ လေသည် ။ တစ်လောက လုံး ဝိုင်း ဆို သလိုပင် ကလေးတို့ သည် ကြီးကျယ်သော ဘဝ ကို မြင်ကြရ လေသည် ။ လုပ်စရာ တွေ အများကြီး ရှိသေးသည် ။ ရှေ့ ၌ ဖေဖေ မေမေ တို့ ကို မြင်သည် ။ ဖေဖေ က ဆေးတံ သောက် တတ်သည် ။ မေမေ က ခေါင်းအုံးစွပ် ပန်းထိုး တတ်သည် ။ အမယ် ပူစူး နဲ့ မပို လည်း ရေဒီယို ဖွင့် ရင် က,တတ် ဆိုတတ် ပြီး ၊ ယခု တော့ စာရွက်များ လည်း လက်ထဲ မှာ အသင့် နှင့် မို့ အပျို ဖြစ်နေပြီ ဖြစ်သော မမလေး ၏ ရောင်စုံ ခြယ်သော သီချင်းစာအုပ် ကို တုပြိုင် ရမည် ။

ပူစူးမ နှင့် မပို သည် လျှို့ဝှက်သော တီးတိုးစကားများ ဖြင့် တစ်ယောက် ကို တစ်ယောက် သီချင်း ရေး ပေးဖို့ ကတိ ပေးလေ၏ ။ ပူစူး က ကကြီးများ ပျံ ခိုင်းပြီး ၊ မပို က ဝလုံး တစ်လုံး ကို မဝိုင်း နိုင် ။ အစ နှင့် အဆုံး မထိ နိုင် ဘဲ သုံးလေးရစ် ရစ် လိမ့်မည် ။

ကြည်အေး
သွေးသောက် မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၅၃

.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Dec, 13:16


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Dec, 12:35


"မန္တလေးဟာ ဂရိဒဏ္ဍာရီထဲမှာပါတဲ့
ဖီးနစ်ငှက်နဲ့တူတယ်။
ဖီးနစ်ငှက်ဟာ ပြာပုံထဲက ပြန်လည်
လန်းဆန်းနုပျိုလာသလို၊
မန္တလေးဟာလည်း ပြာပုံထဲကရုန်းထ
ပြီး နုပျိုလန်းဆန်းလာတာချည်းပဲ"

မြသန်းတင့်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Dec, 12:33


တယ်လီဖုန်းကို ငါစားပစ်လိုက်တယ်

မချိုဘူး မာတယ်
အသားနည်းတယ် အရိုးများတယ်
တယ်လီဖုန်းကို ငါ စားပြီးတော့
တယ်လီဖုန်းနဲ့တင် မပြီးတော့ဘူး

အစာအိမ်နဲ့ တယ်လီဖုန်းဟာ
အပြိုင်အဆိုင် မောင်းနှင်တယ်

အစာ ပေးပါ ဘေလ် ပေးပါ
ဘေလ်ပေးပါ အစာပေးပါ
အသံတွေ တစာစာ အော်တောင်းနေတယ်

ငါ့ ကိုယ် ငါ မြင်း လို ပြေးထွက်ခဲ့
ကျောက်တုံးမဟုတ်တဲ့ လူ ဟာ
ကျောက်တုံးတွေ ကို ထမ်းရ
သံချောင်းမဟုတ်တဲ့ လူ ဟာ သံချောင်းတွေကို" မ" ရ

အစာအိမ်ကြီး နဲ့ ဘဝ ဟာ
မှား တယ်
တယ်လီဖုန်းကို ငါ စားလိုက်မိတာလည်း မှားတယ် ။

လင်းသက်ငြိမ်

၂၈၅၂၀၁၇
(အလယ်ရိုးမ ဆန်ခါတင် ကဗျာ)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

06 Dec, 12:32


ကျောင်းဝင်း အပြင်တွင် နေသည် ချစ်ချစ်တောက် ပူလျက် ။ ကိစ္စ မရှိပါ ။ လေ ကြောင့် မျက်နှာ ပူရသည် ထက် စာရင် နေကြောင့် တစ်ကိုယ်လုံး ပူလောင်ရ သည်က အနေရ သက်သာလိမ့်မည် ဟု ဒေါ်ရီရီ ထင်မိတော့သည် ။

၆ ။

မိနစ်နှစ်ဆယ် အကြာမှာ ဘိန်းဘုရင် အက် ( စ် ) ကိုဘာရဲ့ မိခင် က အခင်း ဖြစ်ပွားရာ ကို ရောက်လာပြီး အက် ( စ် ) ကိုဘာ ၏ ရုပ်အလောင်း ကို ကြည့်လျက် “ အင်းဘုရားရဲ့ ကျေးဇူးတော်ပါပဲ ။ အခုမှပဲ သားလေး အနား ရရှာတော့တယ် ” လို့ ပြောတယ် ။

ဒေါ်ရီရီ ဖတ်လက်စ မဂ္ဂဇင်း ကို ပစ်ချလိုက် အပြီး နာရီ ကို မော့ ကြည့် မိ၏ ။ လေးရက် ရှိပြီ ၊ ပြန် လာသင့်ပြီပေါ့ ။ ဒေါ်ရီရီ ပေးလိုက်သည့် ငွေနှစ်ရာ ရယ် သူ့ မိန်းမ ထံမှ ယူ သွားသော ငွေလေးတွေ ရယ် ဘယ်လောက် ခံမှာမို့လဲ ။ အင်း ... ညဆယ်နာရီ ထိုးနေပြီပဲ ။ ညအမှောင် က ရင် ကို ပို ပူစေတော့၏ ။

ဒေါ်ရီရီ ဘုရားစင် ရှေ့ ထိုင် မိသည် ။ မေတ္တသုတ် ရွတ်ဆိုလျှက် မေတ္တာ ပို့ကာ စိတ်ဖြင့် ခေါ်ယူ နေမိသည် ။ ဓာရဏ ပရိတ် ရွတ် ကာ အန္တရာယ် ကင်းအောင် ဆုတောင်း၏ ။ နာရီသံ က ဆယ့်တစ်နာရီ ရှိပြီ ဖြစ်ကြောင်း ပြောနေပြီ ။ စိတ်လျှော့ ကာ ခြေလှမ်းများ ကို အိပ်ခန်း ဆီသို့ လှမ်းလုဆဲမှာပဲ

“ ဒေါက်ဒေါက် ”

ဟော .. တံခါးခေါက်သံ ၊ ဒေါ်ရီရီ ခြေလှမ်း တစ်လှမ်းက နောက်ကို ဆုတ်၏ ၊ တစ်လှမ်း က ရှေ့သို့ တိုး၏ ။ ရွေ့လျားမှုတို့ ချက်ချင်း ဖြစ်ပေါ် မလာခဲ့ပါ ။

မီမိုး
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၆၀
အောက်တိုဘာလ ၊ ၁၉၉၄

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 14:30


ငါ့ရဲ့
အဆုံးမဲ့လွပ်လပ်မှုဟာ
အစာအိမ်နာနေရှာတယ်။
အင်တာနေရှင်နယ်ဆိုလာရင်းနဲ့
မောင်းလာတဲ့
ဆိုင်ကယ်ဘရိတ်ဆွဲဖို့မေ့ပစ်ချင်လာတယ်။
မိတ်ဆွေများရဲ့တရားချသံကို
နားမခံသာဖြစ်လာတယ်။
အသေခံဗုံးခွဲပြီး
အကျိုးရှိရှိသေမယ်တွေးတော့လည်း။
ဗုံး‌တစ်လုံးငါမ၀ယ်နိုင်သေး။

အပစ်ဖြေသီချင်း ၀၁း၀၃
အီလစ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 14:24


ဖခမည်းတော် ဘုရင်ကြီး က တစ်ပါးတည်း သော သားတော် မင်းသားလေး ကို သိပ် ချစ်တယ် ။ သိပ် ပြီးတော့ ရဲစွမ်းသတ္တိ နဲ့ ပြည့်စုံတဲ့ အဲဒီ မင်းသားလေး ကို အားလည်း ကိုးတယ်တဲ့ ။ တစ်နေ့ တော့ ဘုရင်ကြီး မှာ ထူးဆန်းတဲ့ ခေါင်းကိုက် ရောဂါ စွဲကပ်သတဲ့ကွယ် ။ နန်းတွင်း က သမားတော် အကျော်အမော်တွေ ဘယ်လို ကုပေမယ့် ဘုရင်ကြီး ၏ ခေါင်းကိုက် ရောဂါဟာ မသက်သာလာဘူး ။ ဒီတော့ တိုင်းပြည် ထဲ မှာ ဘုရင်ကြီး ၏ ရောဂါ ပျောက်ကင်းအောင် ကုနိုင်တဲ့ သမားတော် ကို မောင်းကြေးနင်း တီးပြီး ကြေညာတော့ မှ တောနယ် မှ အဘိုးအိုကြီး တစ်ယောက် က ဟိုတောကြီး ထဲ မှာ ရှိတဲ့ အာယုသစ်ပင် မှ ရွှေရောင်ပန်း ၏ ရနံ့ ကို ရှူရင် ပျောက်ကင်းကြောင်း လျှောက်ထားတယ်တဲ့ ။

ဒီတော့ သားတော် မင်းသားကလေး က ဖခမည်းတော် အတွက် သူ ပဲ ဒီ ပန်း ကို ဆောင်ကြဉ်းပါရစေ လို့ သူ့ ဖမည်းတော်ကြီး ကို လျှောက်တင်တော့ ရဲစွမ်းသတ္တိ နှင့် ပြည့်စုံသည့် အတွက် ခမည်းတော် က ခွင့်ပြုလိုက် သတဲ့ ။ မင်းသားလေး လည်း ဖခမည်းတော် ထံ မှ ခွင့်ရတာ နဲ့ တစ်ပြိုင်နက် စီးတော်မြင်း ကို စီးပြီး တောထဲ ဒုန်းစိုင်း သွားတာပေါ့ ။ တော ထဲ ရောက်ရင်ပဲ အာယုဆေးပင် ကို ဘယ်မှ ရှာ မတွေ့ဘဲ တော ထဲတွင် မျက်စိ လည်နေတယ် ။ ည မိုးချုပ်ခါနီးရောက် တော့ အင်မတန် ဟောင်းနွမ်း နေတဲ့ ရဲတိုက်ကြီး တစ်လုံး ကို မင်းသားလေး တွေ့ရသတဲ့ ။ မင်းသားလေး ကတော့ တစ်ညတာ တည်းခိုခွင့် တော့ ရပြီ ဆိုပြီး ဝမ်းသာအားရ ရဲတိုက်ကြီးဆီ သို့ သွားတာပေါ့ ။

မင်းသားလေး ရဲတိုက်ကြီး ၏ အပေါက်ဝ ရောက်ရင်ပဲ တော်တော် မှောင်နေပြီတဲ့ ။ ဒီ အချိန်မှာ ရဲတိုက်ကြီး ထဲက အမယ်အိုကြီး တစ်ယောက် ထွက်လာပြီး “ မောင်ရင် ၊ ဘာ အလိုရှိ သလဲ ” ဆိုပြီး အသံပြတ် နှင့် မေးသတဲ့ ။ ဒီတော့ မင်းသားလေး က “ ကျွန်တော့် ကို တစ်ညတာ တည်းခိုခွင့် ပြုပါ ” လို့ ချေချေငံငံ ခွင့်တောင်း တာပေါ့ကွယ် ။ အမယ်အိုကြီး က လည်း မထိ နှင့် မခူး နှင့် ဆိုတဲ့ ကတိ တောင်းပြီး မင်းသားလေး ကို တည်းခို ဖို့ အခန်းတစ်ခန်း ပေး သတဲ့ ။ မင်းသားလေး က လည်း တောင်းတဲ့ ကတိ ကို လွယ်လွယ်ကူကူပဲ ပေး ပြီးတော့ ခရီး ပန်းတာနဲ့ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် သွားရှာတာပေါ့ကွယ် လို့ မင်းသားကလေး က မဖြူစင်ကလေး ပြောပြ သတဲ့ ။ မနက် မိုးလင်း တော့ မင်းသားကလေး က တစ်ညတာ အိပ်ထားရ တာကြောင့် အင်အား ပြည့်ပြီး လန်းနေတာပေါ့ ။ ရဲတိုက် ပြတင်းပေါက် က ကြည့်လိုက်တော့ လား ... လား နေရောင်ခြည် အောက် မှာ သူ ရှာနေတဲ့ အာယုပင် ၏ ရွှေရောင် အပွင့်ဆန်း လှလှကြီး တွေ ကို မြင်တွေ့ရတာကိုး ။

မင်းသားလေး ဟာ သူ့ ခမည်းတော် ရောဂါ အတွက် ဆေး တွေ့တော့ စောစောက အမယ်အိုကြီး ကို ပေးထားတဲ့ ကတိ ကို မေ့ပြီး အာယုပင် က ရွှေရောင်ပန်း ကို ခူးလိုက် သတဲ့ ။ ဒီလို ခူးလိုက်ရင် ဘဲ မင်းသားလေး တစ်ကိုယ်လုံး ဟာ တုန်လှုပ်ပြီး သမင်ကလေး ဖြစ်သွားရှာသတဲ့ ကွယ် ။ အဲဒီ အချိန် မှာ ရဲတိုက်ကြီး ထဲ က အမယ်ကြီး က “ သိပ်လှ ၊ သိပ် သဘောထား ကောင်းတဲ့ မိန်းကလေး တစ်ဦး ရဲ့မျက်ရည် နဲ့ မင်း မျက်ရည် မပေါင်းစပ် သ၍ ကာလပတ်လုံး သမင်ကလေး ဘဝ နဲ့ ပဲ နေပေတော့ ” လို့ အော်ပြီး ပြောလိုက်ရင်ပဲ သမင်ကလေး ဟာ ရဲတိုက်ကြီး က ဝေးရာ ကို ထွက်ပြေး ရှာတာပေါ့ကွယ်လို့ မင်းသားလေး က မဖြူစင်ကလေး ကို ဖြစ်ကြောင်းကုန်စင် ပြော ပြတယ် ။ ပြီးတော့ ရဲတိုက်ကြီး က လည်း စုန်းမကြီး တစ်ယောက် ရဲ့ရဲတိုက် ပဲ တဲ့ ။

နောက်တော့ မင်းသားလေး က မဖြူစင်ကလေး ခေါ်ပြီး တိုင်းပြည် ကို ပြန်တာပေါ့ ။ လမ်း ရောက်တော့ ဘုရင်ကြီး ကံတော်ကုန်ပြီ မို့ နန်းမွေ ဆက်ခံမယ့် သားတော် ကို ရှာဖို့ ထွက်ရှာ တဲ့ အထောက်တော်တွေ နဲ့ တွေ့ကြရောတဲ့ ။ တိုင်းပြည် ရောက်တော့ မင်းသားကလေး က ကျေးဇူးရှင် မဖြူစင်လေး ကို လက်ဆွဲပြီး နန်းသိမ်းပွဲ ခံတယ် ။ နောက်တော့ မဖြူစင် ယလေး တို့ ရွာက သူ့ မေမေ နဲ့ ပထွေးမုဆိုးကြီး ကို ခေါ်ပြီးနန်းတော် မှာ ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေး သတဲ့ ကွယ် ။

တိုင်းသူပြည်သားတွေ က လည်း သူတို့ မိဖုရားလေး ဟာ စိတ်ထား ကောင်းတာတွေ ၊ မိဘတွေ ကို လုပ်ကျွေးတာတွေ ကို သိ ကြတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသတဲ့ကွယ် ။ စိတ် ကောင်းထားသူ ၊ ပြီးတော့ မိဘ ကို ပြုစုလုပ်ကျွေးတဲ့ လူတွေ ဟာ နောက်ဆုံး ရောက်တော့ ချမ်းသာသုခ တွေ့ကြတတ်တာပဲပေါ့ကွယ် ။

တက္ကသိုလ်လှသန်း

ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ ဖေဖော်ဝါရီ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 14:24


မဖြူစင်
( ပုံပြင် )

ရှေးရှေးတုန်း က တောရွာကလေး တစ်ရွာ မှာ သိပ် လှပြီး သိပ် သဘော ကောင်းတဲ့ မိန်းကလေး တစ်ယောက် ရှိသတဲ့ ။ အဲဒီ မိန်းကလေး နာမည် က မဖြူစင် တဲ့ ။ နာမည် နဲ့ လိုက်အောင် ဖြူစင်တဲ့ စိတ်ထားရှိသူကလေး ဖြစ်တယ် ။ ပြီးတော့ သူတစ်ပါး ကို ကြင်နာ တတ်တယ် ။ ကိုယ်ချင်းစာ တတ်တယ် ။ ဒါကြောင့် မဖြူစင်လေး ကို ရွာလေး အနီး မှာ ရှိကြတဲ့ ယုန်ကလေး တွေ ရှဉ့်ကလေး တွေ ၊ ငှက်ကလေးတွေ နှင့် မဖြူစင်လေး တို့ ခင်မင်ကြတယ်တဲ့ ။ ဒီ တိရစ္ဆာန်ကလေး တွေက မဖြူစင်လေး ရဲ့ ကစားဖော်ကလေး ဖြစ်ကြတာပေါ့ကွယ် ။ မဖြူစင်လေး ရဲ့အကြောင်း သိကြတဲ့ ရွာသူရွာသားတွေ က သူတို့ရဲ့ သားသမီးတွေ ကို ဆုံးမရင်တောင် မဖြူစင်လေး နဲ့ တန်းတူ လိမ္မာအောင် ဆိုပြီး သူ့ ကို ပမာ ပေးပြီး ဆုံးမလေ့ ရှိကြတယ် ။ ဘယ်လို မိဘ ပဲ ဖြစ်ဖြစ် ကိုယ့် သားသမီးတွေ ကိုတော့ လူတော် လူကောင်းလေး တွေ ဖြစ်စေချင် ကြတာပေါ့ကွယ် ။

မဖြူစင်ကလေး သည် သိပ်လှ ၊ သိပ် သဘော ကောင်းပေမယ့် ဆင်းရဲရှာ သတဲ့ ။ မဖြူစင်ကလေး သည် သူ့ အမေ မုဆိုးမကြီး ကို တတ်နိုင်သ၍ ကူညီရှာတာပေါ့ ။ ဒါတွေကြောင့် အမေ မုဆိုးမကြီး က သူ့ သမီး မဖြူစင်လေး ပင်ပန်းတာ ကို မရှုရက်တာနဲ့ အနောက်ဘက် ရွာ က မုဆိုးကြီး တစ်ယောက် နဲ့ နောက် အိမ်ထောင် ပြုလိုက်သတဲ့ကွယ် ။ အဲဒီအချိန် က စပြီး မဖြူစင်လေး တစ်ယောက် ဟာ မပျော်တော့ဘူးတဲ့ ။ သူ မြတ်နိုးချစ်ခင် နေတဲ့ သတ္တဝါကလေးတွေ ကို မုဆိုးကြီး က သ,တ်မှာကိုး ။

တစ်နေ့တော့ မဖြူစင်လေး တော ထဲ မှာ တစ်ယောက် တည်း ဟင်းရွက် ခူးရင်း တစ်ခု သော ချောင်းလေး ရဲ့ ဘေး ရောက်ရင်ပဲ သူ့ ပထွေးမုဆိုးကြီး ထောင် ထားတဲ့ ညွတ်ကွင်း ထဲ မှာ မိ နေတဲ့ သမင်ကလေး တစ်ကောင် ကို တွေ့ရောတဲ့ ။ သမင်ကလေး က မဖြူစင်ကလေး ကို မြင် တော့ အကူအညီ တောင်းခံတဲ့ အကြည့် နဲ့ ကြည့်နေတယ် ။ ဒီတော့ မဖြူစင်ကလေး က သမင်ကလေး ကို သိပ် သနား သွားတာပေါ့ ။ နဂိုက မှ သနားစိတ် ရှိတဲ့ မဖြူစင်လေး ဟာ ပထွေးမုဆိုးကြီး စိတ်ဆိုးမှာ ထက် သမင်လေး ကို သနားတဲ့ စိတ် က ပိုတာမို့ သူ့ ပထွေးမုဆိုးကြီး ရဲ့ ဆူခံ ထိချင် ထိပါစေတော့ ဆိုပြီးတော့ သမင်ကလေး ကို ညွတ်ကွင်း က လွှတ်လိုက်သတဲ့ကွယ် ။ “ သမင်လေး ရေ ၊ လွတ်ရာ ကို ပြေးပေရော့ ” လို့ ပြောလိုက်သေး သတဲ့ ။ ဒီတော့ သမင်ကလေး က မဖြူစင်ကလေး ကို ကျေးဇူးတင် တဲ့ အကြည့် နဲ့ ကြည့်ပြီး တော ထဲ ကို ထွက်ပြေး သတဲ့ ။ ဒါတွေကို တစ်နေရာ က မြင်ရတဲ့ မဖြူစင်လေး ၏ ပထွေး မုဆိုးကြီး က မဖြူစင် ကို ရိုက်တာပေါ့ ။ ပြီးတော့ “ နင့် ကြောင့် ငါ ထောင်ထားတဲ့ သမင် လွတ်သွားပြီ ၊ နင်တော့ ကောင်းကောင်းကြီး သတိထား ” ဆိုပြီး ကြိမ်းတယ် ၊ မုဆိုး ဆိုတာ ရက်စက်တဲ့ စိတ် ရှိတာပေါ့ကွယ် ၊ ဒါနဲ့ မဖြူစင်လေး ဟာ ငိုပြီး အိမ် ကို ပြန်သွားသတဲ့ ။

အိမ် ရောက်တော့ မဖြူစင် လေး ဟာ မိခင်ကြီး မသိအောင် ဘာမှ မပြောဘူးတဲ့ ။ မိခင် ကို ချစ်တဲ့ သားသမီး ဆိုတာ ဘယ်တော့မှ မိခင် ကို စိတ် မချမ်းသာအောင် မလုပ်ကြဘူးကွယ် ။ ညနေ ရောက် တော့ ပထွေးမုဆိုးကြီး ရောက်လာပြီး မဖြူစင်လေး ကို အိမ် က နှင်လိုက်တယ် ။ သူ့ မိခင်ကြီး က ဘယ်လိုပင် တားပေမယ့် တစ်ယူသန် မုဆိုးကြီး ၏ ဆုံးဖြတ်ချက် ကို ပြင်ဖို့ မတတ် နိုင်ရှာဘူး ။ ဒါနဲ့ မဖြူစင်လေး ခမျာ မိခင်ကြီး နှင့် ပထွေး ကို ကန်တော့ပြီး အိမ် က ထွက်သွားရတာ ပေါ့ကွယ် ။

အဲဒီ အချိန်မှာ မဖြူစင် ရဲ့ သူငယ်ချင်းကလေးတွေ ဖြစ်တဲ့ ယုန်ကလေး တွေ ၊ ငှက် ကလေး ၊ ရှဉ့်ကလေး တွေ က သူတို့ ၏ မိတ်ဆွေ မဖြူစင်လေး အတွက် စိတ်မကောင်း ဖြစ်ကြတာ ပေါ့ ။ မဖြူစင်ကလေး စမ်းချောင်းနား မှာ ထိုင် ငို နေတုန်း သူ့ သူငယ်ချင်းကလေးများ ရောက် လာပြီး ငှက်ကလေးတွေ က သာယာတဲ့ တေးသီချင်း တွေ ဆိုကြပြီး မဖြူစင်လေး ကို နှစ်သိမ့် ကြသတဲ့ ။ ဒီအချိန်မှာ မဖြူစင်လေး ညွတ်ကွင်း က ကယ်ခဲ့တဲ့ သမင်ကလေး ရောက် လာပြီး သူ့ နားမှာ ရပ် သတဲ့ ။ ဒီတော့ မဖြူစင်လေး က သမင်ကလေး ကိုဖက်ပြီး သူ့ ဖြစ်ရပ်တွေ ကို ပြောပြီး ငိုတယ် ။ ဒီလို မဖြူစင်လေး ငိုရင်ပဲ သမင်လေး က လည်း မျက်ရည်တွေ ကျလာတာပေါ့ ။ သနား တာကိုး ။ ဒီတော့ သမင်လေး မျက်ရည်တွေ နှင့် မဖြူစင်ကလေး မျက်ရည်တွေ ပေါင်းပြီး မြက်ခင်းကလေး ပေါ်တွင် ကျ သတဲ့ ။

ဒီလို မျက်ရည်တွေ ပေါင်းစပ်ရင် ပဲ ဗြုန်းဆို သမင်ကလေး ဟာ သိပ် လှတဲ့ မင်းသားလေး အဖြစ် ပြောင်း သွားတယ် ။ ဒီတော့ မဖြူစင်လေး အတွက် သီချင်း ဆိုနေကြတဲ့ ငှက်ကလေး တွေ ၊ ယုန်ကလေး တွေ ၊ ရှဉ့်ကလေး တွေ ဟာ လန့်ပြီး ထွက်ပြေးမယ် လို့ ဟန် ပြင်ရော ၊ မင်းသားလေး က မဖြူစင် ကို ဖမ်းပြီး “ ကျေးဇူးရှင် နှမတော် မကြောက်ပါနဲ့ ကွယ် ” လို့ တောင်းပန်တာ ပေါ့ကွယ် ။ ပြီးတော့ “ ကျေးဇူးရှင် နှမတော်လေး ဒီလို ဒုက္ခ ရောက်ရတာလဲ ၊ မောင်တော် ကြောင့် ပါလို့ ဆက်ပြီး တောင်းပန်ရင်ပဲ အကြောက် မပြေသေးတဲ့ မဖြူစင်ကလေး က ကြောက်ကြောက် ရွံ့ရွံ့ နှင့် မင်းသားကလေး ၏ ထူးဆန်းတဲ့ အဖြစ်တွေ ကို မေးသတဲ့ကွယ် ။ အဲဒီ အချိန်မှာ ထွက်ပြေး ကြတဲ့ မဖြူစင် လေး ၏ မိတ်ဆွေတွေ ပြန် လာကြပြီး မင်းသားလေး နှင့် မဖြူစင်လေး ကို ရွှင်လန်းစွာ ကြည့်နေကြ သတဲ့ ။

ဒီတော့ မင်းသားလေး က သူ ဟာ မဖြူစင်လေး တို့ ၏ တိုင်းပြည် က ဘုရင်ကြီး ၏ သားတော် ဖြစ်ကြောင်း အစချီ ပြီးတော့ သူ့ အကြောင်း ကို ပြောပြသတဲ့ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 06:40


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 06:22


#save

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 06:20


ပီဆားနိုးတွေ သိမသွားတဲ့ တချို့အချက်အလက်တွေ

#ခက်သီ

အရက်လေး မူးမှမျိုးချစ်စိတ်ဝင်
ဟစ်တလာ နှုတ်ခမ်းမွှေးဆွဲနှုတ်မယ်
ဆိုတဲ့ကောင်စားတွေ
လေးသချေ်နဲ့ ကမ္ဘာတသိန်း ဆက်ရေးတောင်
ကဗျာဆိုတာ အငွေ့တောင်ဖမ်းမိမသွားမယ့်
ကောင်စားတွေ
သစ်တပင်ချင်းစီလိုက်ကြည့်ပြီး
တောအုပ်တခုလုံး ပျောက်သွားတောင်
ဖြတ်လိုက် တဲ့ အမြီး ချင်းလိမ်ပြီး
အသေခံရုန်းဆွဲနေမယ့် ကောင်စားတွေ
စာနာစိတ်နဲ့ မေတ္တာတရားကို
ဘုန်းကြီးပျံမှာ အာဝါဒေးထည့်ပေးမှ
ယုံကြည်တဲ့ကောင်စားတွေ
ကာလီဒါသ ရဲ့ လျှို့ဝှတ်ချက်ဟာ
မုန့်ညင်းဆီလို့
သိမသွားတဲ့ ကောင်စားတွေ
ဟူဒီနီ ရဲ့ လျှို့ဝှတ်ချက်က အမွှာညီအစ်ကို ရှိတယ်လို့ သိမသွားတဲ့ ကောင်စားတွေ
မာရာဒိုနာ ရဲ့ လျှို့ဝှတ်ချက်က ခြေမတိုနေတယ်လို့
သိမသွားတဲ့ကောင်စားတွေ
ဒီလို ပေါတောတော ကောင်စားတွေ

လူပြိန်းချင်း အဖျင်းပြိုင်ကြရာနေရာ
ဒီလို ဂလေဒီယာတာတွေ
ကျေးကျွန်ချင်း အပြိုင်သတ်ဖြတ်ရာနေရာ
ဒီလို သည်းခြေပျက်ချမ်းဖျားဖျားရာက
ပြည်တွင်းစစ်မီးမွှေးပြီ တကိုယ်စာ မီးလှုံခဲ့နေရာ
အဆိုပါနေရာ
ဘုရားသခင် လွှတ်ချတော်မူခဲ့သောနေရာ
ပီဆားနိုးတွေလောက်တောင် သစ္စာမကြီးခဲ့ရာနေရာ
ပီဆားနိုးတွေလောက်တောင် မေတ္တာမကြီးခဲ့ရာနေရာ
ပီဆားနိုးတွေလောက်တောင်
ကျင့်ဝတ်သိက္ခာ မရှိလေတော့သောနေရာ
ထိုနေရာ ၌ ငါ့ကဗျာထားခဲ့ချေ အံ့
စီပီကြက်လို အသားတိုးဖို့ပဲ မင်းတို့ကြိုးစားပါ
မျိုးရိုးဗီဇ ပြောင်းလဲခံရတဲ့ ကောက်ပဲသီးနှံတွေလို
ဈေးကွက်ဝင်နေဖို့ပဲ မင်းတို့ကြိုးစားပါ
ဆား နဲ့ ဓါးလဲတဲ့ ချီပါသားနဲ့ ပခမ်းသားလို
လိမ်တတ်ရင်ပညာလို့ တလွဲတွေးပြီး မင်းတို့ကြိုးစားပါ

အဲ့ဒီတော့ ပီဆားနိုးတယောက်ရဲ့
အနည်းဆုံး အမှန်တရားနဲ့ ငါနေမယ်
ငါပြောမယ်
ပီဆားနိုးတကောင်လို ပြောပြမယ်
အိမ်ထဲမှာ ကြိုက်တဲ့နေရာအိပ်
ငါ့အိပ်ရာပေါ်တော့ တက်မအိပ်နဲ့တဲ့
ငါပြောမယ်
ပီဆားနိုးတကောင်လို ပြောပြမယ်
ကမ်ဘာကြီးရဲ့ ကြိုက်တဲ့နေရာမှာ မင်းတို့လိုကောင်စားတွေ အများကြီးပါ
ငါပြောမယ်
ပီဆားနိုးတကောင်လို ပြောပြမယ်

ချမ်းသာကြွယ်ဝခြင်းဟာ
အနည်းဆုံးလောဘ လို့မသိတဲ့နေရာ
ဒီလိုနေရာ
ငါတကောကောနေတဲ့နေရာ
ဟင်္သာကိုးသောင်းလိုနေရာ
ငါ မပျော်တော့သောနေရာ
ငါ့အိမ်ရှေ့ဖြတ်လျောက်ရင်တောင်
ငါ့ဘက် ငဲ့မကြည့်မိပါစေနဲ့
မိတ်ဆွေ မဖြစ်ရ ရင်တောင်
ရန်သူမဖြစ်ကြတာ ပိုမကောင်းဘူးလား ။ ။

၁၄၁၁၂၀၁၈

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 06:18


ကာရာအိုကေ မှ အဆိုတော်လေးများ ကား လူငယ်လေးများ ထက် ဦးတူး တို့ကို မျှော်တတ် နေပြီ ။ ရက်စတောရင့်များ က ဦးတူး တို့ နှစ်ယောက် လာလျှင် ဘုရင်ခံ ကြွလာ သည့် အလား ပျာယာခတ် ကုန်တော့၏ ။ ဘောက်ဆူး ပေးက ကြမ်းသည်ကိုး ။

မီးခံသေတ္တာ ထဲ မှ ငွေများ သဲ ကမ်းပါး ပြိုကျ သလို ကုန်သွားသော အခါ အောင်ကျော် တစ်ယောက် သော့ ကို ပြန် မသိမ်း၍ မရတော့ ။ တောင်း သလောက် ပေးမည် ဟူသော စနစ် ကို မဖြစ်မနေ ချမှတ် လိုက်ရပေတော့သည် ။ တောင်း သလောက် ပေးသည် ဟု ဆိုသော် လည်း ယခင် လောက် တော့ မလွယ် တော့ ။ ခေါင်းစဉ်တပ် တောင်းရသည် မဟုတ်လား ။ ဦးတူး သုံးမည့် ကိစ္စများ က သား ဖြစ်သူ ကို ခေါင်းစဉ်တပ် တောင်းရန် ဘယ်လိုမျှ မသင့်တော်သော အကြောင်းအရာတွေ ဖြစ်နေသည် ။ ထို့ကြောင့် သင့်တော်သလို ခေါင်းစဉ် ရှာရသည် ။ ဘယ်နေရာမှာ မှန်း မသိသော ဓမ္မာရုံကြီး တည်ဆောက် ရာ တွင် လှူဒါန်းရန် ၊ ပရဟိတ လူငယ်ကျောင်း တွင် ငွေပဒေသာပင် စိုက်ထူရန် ၊ မျက်မမြင်ကျောင်း တွင် တီဗီလှူရန် ၊ ဘိုးဘွားရိပ်သာ အားကစားကွင်း ဆောက်ရန် ၊ မတည်ရသေးသော စေတီတော်ကြီး တွင် လျှပ်စစ်မီး ပူဇော်ရန် စသည်ဖြင့် ပေါက်ကရ ခေါင်းစဉ်များ ရှာဖွေရတော့၏ ။ များလွန်းမက များ လာတော့ တောင်းရသူ ဘက် က စိတ် မလုံတော့ ။

ယနေ့ လည်း ဦးလှမင်း က ဖုန်း ဆက်ထား၏ ။ နှစ်ယောက်သား ဘိုင် ပြတ်နေ၍ မရောက်တာ ကြာပြီ ဖြစ်သော နေရာ တစ်ခုတွင် အသစ်အဆန်းလေး များ ရောက်နေ သတဲ့ ။ ဦးတူး ဂနာမငြိမ် နိုင်တော့ ။ ဖုန်း ချလိုက်ပြီး ကတည်း က မျောက်ငါးပိ ကိုင်မိသလို ဖြစ်နေခဲ့သည် ။ သို့သော် သား ဖြစ်သူ ရိပ်မိ မှာ လည်း ကြောက်ရသေး၏ ။ ထို့ကြောင့် ရင် ထဲ တွင် ပျာလောင်ခတ် နေသော်လည်း ယခုပင် အရှင် ထွက်တော့မည့် သူ တစ်ဦး ကဲ့သို့ ဣန္ဒြေ ဆည် ထားရလေသည် ။

ဦးလှမင်း လာခေါ်လျှင် လိုက်ကို လိုက်မှ ဖြစ်မည် ။ သို့သော် သည်အတိုင်း လိုက်၍ မရ ။ ငွေ ပါ မှ ဖြစ်မည် ။ ဦးတူး လက်ထဲ တွင် ငွေ မရှိ ။ မနေ့က အဝတ် အငှား လျှော်သော မစောဝင်း ကျိတ် တောင်းသွားသောကြောင့် သား ဆီ မှ ကစ်ထားသမျှ ခြစ်ခြုတ်၍ ပေးလိုက်ရသည် ။ မလောက်၍ သား ဆီမှပင် မိတ်ဆွေ တစ်ယောက် ၏ အိမ် မီးလောင် သွား ၍ ကူရမည် ဟု အကြောင်း ပြ၍ တောင်းပေး လိုက်ရသေး၏ ။ ယနေ့ အတွက် မည်သည့် ခေါင်းစဉ် တပ်၍ တောင်းတောင်း မသင့်တော်တော့ ။ သည်တော့ ဘာလုပ် မည်နည်း ။ ဦးတူး အတွက် လွယ်ပါသည် ။

အောင်ကျော် အပြင် သွားခါနီး တွင် အမှတ်တမဲ့ ချထားသော အတက်ချီကေ့စ် ထဲမှ ၅၀၀ တန် တစ်အုပ် ကို အသာလေး နှိုက် ယူထားလိုက် ရုံပင် ။ မတော်တဆ သိသွားခဲ့ လျှင်လည်း ဘူး ခံ၍ ငြင်းရုံပင် ။ ဖခင် ကို ရဲ တိုင်၍ စစ်ခိုင်း မည်တော့ မဟုတ်မှန်း သိနေသည် မဟုတ်လား ။ သည်တော့ အပြင် မသွားခင် မိမိ ကို မမေးလျှင် ပြီးရော ။ ကိုယ် သွားချင် ရာ သွား ၊ လုပ်ချင် ရာ လုပ်ပြီးမှ အချေ အတင် ပြောရလည်း ကိစ္စ မရှိ ။ အခုတော့ မပြောနိုင်သေး ။ ထို့ကြောင့် မျက်စိ ကို စုံမှိတ်၍ အောင်ကျော် အပြင် မသွား မချင်း ပုတီး စိပ်ချင်ယောင် ဆောင်နေရ ခြင်းဖြစ်၏ ။

× × × × × ×

အောင်ကျော် ၏ ဒေါသများ ဆီ ကို ပလတ်စတစ် နှင့် ထည့်ထား သလို ဖြစ် နေ၏ ။ ( တစိမ့်စိမ့် ထွက်နေခြင်း ကို ဆိုလို သည် ။ ) ယနေ့ မြို့ ထဲ သို့ ထွက်ပြီး စာရင်း ရှင်းစရာ ရှိသည်များ ကို ရှင်းပေးရန် ပိုက်ဆံများ ကို ရေတွက်၍ အတက်ချီကေ့စ် ထဲ သို့ မနေ့ည ကတည်းက အဆင်သင့် ထည့်ထားခဲ့၏ ။ ရုံးခန်း ထဲ သို့ ရောက်ပြီး မှ ကားသော့ မေ့ နေ သဖြင့် အတက်ချီကေ့စ် ကို ဧည့်ခန်း စားပွဲ ပေါ် တွင် ချပြီး အိပ်ခန်း ထဲ ပြန် ဝင်ယူရသည် ။ ထိုခဏလေး အတွင်း မှာ ငါးသောင်းထုပ် တစ်ထုပ် ပျောက်သွား၏ ။ ဖခင် ကို ကြည့် လိုက်တော့လည်း မျက်စိ စုံမှိတ်၍ တုတ်တုတ်မျှ ပင် မလှုပ် ။ ဖခင်ကြီး ၏ အကျင့် ကို သိထား သော်လည်း အတိအကျ စွပ်စွဲ၍ကား မဖြစ်သေးပြန် ။ အလုပ်တိုက် နှင့် အိမ် က တွဲလျက်ဖြစ် သောကြောင့် အလုပ်သမားများ ကလည်း ဥဒဟို ဝင်ထွက် နေသည် မဟုတ်လား ။ ထိုအထဲတွင် လက်ဆော့သူများ ပါ ကောင်း ပါနိုင်သည် ။ ဘာပဲဖြစ်ဖြစ် ဖခင်ကြီး ကို မေးတော့ ကြည့်ရပေမည် ။

ခက်နေသည် က ပုတီးစိပ် နေသော ဖခင် ဖြစ်သူက သည် တစ်သက် မျက်လုံး ဖွင့်တော့မည့်ပုံ မပေါ် ။ အောင်ကျော် ဆုံးဖြတ်ချက် ချ လိုက်သည် ။ မမေးရမချင်း အပြင် မသွားတော့ဟု ။ ထို့ကြောင့် ဖခင်ကြီး ၏ ရှေ့တည့်တည့် မှ ခုံတွင် ဝင် ထိုင်လိုက်၏ ။

အခြေအနေ အားလုံး ကို မျက်လုံး မှေးမှေးကလေး အကဲခတ် နေသော ဦးတူး သိသည် ။ သား ၏ မျက်နှာ အမူအရာ ကို ကြည့်ခြင်း ဖြင့် ပိုက်ဆံ ပျောက် သည်ကို အတော်ပင် ဒေါသ ဖြစ်နေကြောင်း ၊ မိမိ ကို မေးတော့မည့် အကြောင်း ကျိန်းသေနေပြီ ။ ထို့ကြောင့် မျက်လုံး ဖွင့်ရန် မဖြစ်နိုင်တော့ ။ အောင်ကျော် အပြင် မသွားမချင်း ပုတီး ကို ပေကတ် စိပ်နေရန် ဆုံးဖြတ်ချက် ချထားလိုက်၏ ။

ဦးတူး ၏ အခြေအနေ ကို အောင်ကျော် က သားအဖချင်း မို့ သဘော ပေါက်လိုက်သည် ။ မိမိ ထိုင် နေ သရွေ့ မျက်လုံး ဖွင့်မည့်ပုံ မပေါ်တော့ ။ ပုတီး ကို ဟန်ဆောင် စိပ်နေမှန်း သိသော်လည်း အဖေ ဖြစ်နေသောကြောင့် အတင်းအဓမ္မ ခေါ်ပြော၍ မကောင်း ။ ထို့ကြောင့် ဗျူဟာ ပြောင်းရန် စဉ်းစားရသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 06:18


အောင်ကျော် မတ်တတ် ရပ်လိုက် ပြီး အတက်ချီကေ့စ် ကို ကောက် ဆွဲလိုက်သည် ။ ပြီးတော့ အလုပ်ခန်းတိုက် ဘက် သို့ ခြေသံပြင်းပြင်း နှင့် လျှောက်ထွက် လာခဲ့၏ ။ လေး ၊ ငါးလှမ်းခန့် လှမ်းပြီး ချိန်တွင် ခြေ ကို ဖော့၍ အသာလေး နောက်ပြန် လှည့် လိုက်သည် ။ ဦးတူး ၏ ခုံနောက်သို့ တိတ်တိတ်လေး ပြေးဝင် ကပ်ပြီး အသက်ရှူသံမျှ ပင် မထွက်ရ အောင် သတိနှင့် ထိန်း၍ ပုန်းအောင်း နေလိုက်၏ ။

ဦးတူး မျက်လုံး မှေးမှေးလေး ဖွင့်ကြည့် ပြန်သည် ။ သား ဖြစ်သူ မရှိ တော့ ။ ပျော်ရွှင် ကျေနပ်စွာ ပြုံးလိုက် ပြီး သေချာအောင် ခေါင်းကို အနည်းငယ် ဝေ့၍ ကြည့်လိုက်ပြန်သည် ။

“ ဟား ... ဟား .. ဟား ” စိတ်လွတ်ကိုယ်လွတ် ရယ်ချ လိုက်မိ၏ ။ ဘာအာရုံမျှ မရှိဘဲ မျက်စိ စုံမှိတ်၍ ငြိမ်ငြိမ်ကြီး ထိုင်နေခဲ့ရသည်မှာ ပင်ပန်းလှပြီ မဟုတ်လား ။ အားရဝမ်းသာ အပြုံးဖြင့် အညောင်း ဆန့်လိုက်စဉ် မှာပင် ...

“ အဖေ ”

“ သောက်ပလုတ်တုတ် မိအေး ငုတ်တုတ် ”

နောက်ကျော မှ ထင်မှတ် မထား သော ခေါ်သံကြောင့် ဆံပင်များ ထောင် ထ မတတ် တုန်တက် သွားပြီး အထိတ်တလန့် ယောင်လိုက်မိ၏ ။ ချက်ချင်းပင် ဣန္ဒြေ ကို ပြန် ထိန်းလိုက်ရင်း ...

“ အာ .. လူလေးရာ ၊ လန့်လိုက်တာ ၊ မင်း ငါ့ နောက်ကျော အနား ကပ်ပြီး ဘာတွေ လုပ်နေတာလဲ ၊ စောစောစီးစီး အမွေတွေ လိုချင်လို့ အဇာတသတ်လို ကြံစည်နေတာများလားကွာ ”

မွေးသဖခင် ကျေးဇူးရှင် ဂိုက် ဆိုက် ကို အပီအပြင် ဖမ်း၍ ပြောလိုက်ရ သော်လည်း သူ ရှာဖွေစုဆောင်းထား ခဲ့သည် ဟူ၍ ဘာ စည်းစိမ်မျှ မရှိ ။ ပင်စင် ယူချိန် အထိ စုဆောင်း ရှာဖွေခဲ့သမျှ ကို ခြစ်ခြုတ် စာရင်းတင်ကြည့်မှ တီဗွီ အစုတ် တစ်လုံးသာ ရှိ၏ ။ ရှိသမျှအားလုံး အောင်ကျော် ရှာဖွေ ခဲ့သမျှချည်းပင် ။

“ အဖေ လည်းဗျာ ၊ မေးစရာ ရှိလို့ပါ ၊ သား အခန်းထဲ ဝင်သွားတုန်း ဒီ ဧည့်ခန်းထဲ ကို ဘယ်သူ ဝင်လာသေးလဲ ”

မည်သူမျှ မဝင်ဘူးဆိုလျှင် ဖခင်ကြီး ယူသည် မှာ သေချာပေပြီ ။ ဦးတူး ဤမျှလောက် အထိ မအပါ ။

“ ဘာဖြစ်လို့လဲ သား ၊ ခြေသံတွေတော့ ကြားနေ သလိုပဲ ၊ အဖေ လည်း အာရုံလေး မိတုန်း ပုတီး ကို ဝါယမစိုက် နေရတာနဲ့ ဘယ်သူတွေ မှန်းတောင် သတိ မထား လိုက်မိပါဘူးကွာ ”

သွားပြီ ။ သဲလွန်စ ရှာမရတော့ လောက်အောင် အခြေအနေ ကို ရှုပ်ထွေး သွားစေသည့် အဖြေမျိုး ။ ဘာရမလဲ ။ မျက်စိ စုံမှိတ်ထားတုန်းက ကြိုတင် စဉ်းစားထားသော စကားလုံးများ မဟုတ်လား ။

“ သား မေးစရာ ရှိလို့ အဖေ ”

အောင်ကျော် တဲ့ ကိုင်ပြီ ။ ဦးတူး ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏ ။ သို့ သော် သတိ ကို လက်လွှတ် မထားသဖြင့် အမူအရာ ကတော့ မပျက် ။

“ မေးလေ သား ၊ မေးပေါ့ ၊ ဘာ သိချင်လို့လဲ ၊ ဖခင် ဆိုတာ သားသမီး ရဲ့ လက်ဦးဆရာ ပဲ မဟုတ်လား ၊ သား မသိ တာ လမ်းညွှန်သင်ပြပေးရ မှာ ဖေဖေ့ တာဝန်လေ ၊ ကဲ ... မေး မေး ”

ဆရာကြီး ၊ ပညာရှိကြီး ဂိုက် အပြည့် နှင့် ပြောသော ဖခင် ၏ အမူအရာ ကြောင့် အောင်ကျော် ၏ မျက်နှာ ခရမ်း သီးမီးဖုတ် ကြက်ယက် ထား သကဲ့သို့ အစွမ်းကုန် ရှုံ့မဲ့ သွားရလေသည် ။ တစ်သက်လုံး အပူအပင် ကင်းကင်း နှင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သော ဖခင်ကြီး ထံတွင် မိမိ ကို သင်ပြ နိုင်လောက်သော ပညာ ဘာမျှ မရှိကြောင်း သားအဖ ချင်း အတွင်းသိ အစင်းသိ မဟုတ်လား ။

“ မဟုတ်ပါဘူး အဖေ ရာ ၊ သား အိတ် ချထားတုန်း ပိုက်ဆံ ပျောက်သွား လို့ မသင်္ကာစရာ လူများ တွေ့လိုက် သလားလို့ပါ ”

ဦးတူး က မျက်မှောင် ကြုတ်၍ မသိ နားမလည် သလို ပုံစံမျိုးနှင့် ..

“ မဖြစ်ဘူးနော် ၊ အဖေ ပုတီး ထဲ မှာ အာရုံ နှစ် ထားတာလည်း ငါ့ သား မြင်သားပဲ ၊ ဟုတ်ရော ဟုတ်ရဲ့လားကွာ ၊ အရေ မှားတာလည်း ဖြစ်ပါဦးမယ် ”

“ ဘယ်က အရေ မှားရမှာလဲ အဖေ ရာ ၊ သေသေချာချာ စာရင်း နဲ့ အင်း နဲ့ တွက်ချက်ပြီး မှ ထည့်ထားတဲ့ ဟာကို ၊ ပိုက်ဆံ ကို နှမြောလို့ မဟုတ်ပါဘူး ၊ ခြေဆော့ လက်ဆော့ စည်းမဲ့ ကမ်းမဲ့ နိုင်တာ ကို စိတ်တိုတာပါ ၊ အလုပ်သမားတွေ ထဲက တစ်ကောင်ကောင် ပဲ နေမှာ ၊ တော်တော် အောက်တန်းကျတဲ့ ကောင်တွေ ”

အောင်ကျော် ၏ မကျေမချမ်း ရေရွတ်သံက ဦးတူး ကို တွန့်ခနဲ ဖြစ်သွား၏ ။

“ သားရယ် ၊ ဖြစ်ပြီးသွားပြီ ဆိုရင် လည်း ပြောမနေပါ နဲ့တော့ကွာ ၊ တော် ကြာ ဥစ္စာပျောက် ငရဲရောက် ဖြစ်နေပါဦးမယ် ”

“ အို .. ရောက်ပါစေဗျာ ၊ ပြော ရမှာပဲ ၊ အဝီစိ ချိုးကပ်ချင် ကပ်ပါစေ စမ်း ၊ တော်တော် စာရိတ္တ ချို့ယွင်းတဲ့ ကလေကချေ အောက်တန်းစား အုတ်ကြားမြက်ပေါက်တွေ ”

ဦးတူး မျက်နှာငယ်လေး နှင့် ...

“ သားရယ် ၊ ဒီလောက်ဆို တော် လောက်ပါပြီကွာ ” ဟု ချော့ပြန်သည် ။

“ မတော်နိုင်ဘူး အဖေ ၊ လက်ငင်း ပိုက်ဆံ ဆုံးရှုံး ထားရတာ သား ဗျ ၊ ကျုပ် ပိုက်ဆံ ယူတဲ့သူ နေလို မီးလို ပူပြီး အေ ကိုက် သေပါစေဗျာ ”

“ သား တော်ပြီလေ ”

ဦးတူး ကျောရိုး ထဲ မှ ကြက်သီး ဖြန်းခနဲ ထ၏ ။

ထိုအချိန်တွင် အိမ်ရှေ့ မှာ ကား တစ်စင်း ထိုး ရပ်လိုက်သံကြောင့် သား အဖ နှစ်ယောက်စလုံး တုံ့ခနဲ ရပ်သွားပြီး အာရုံ က အိမ်ရှေ့ သို့ ရောက် သွားကြသည် ။

“ ဒိုးရတော့မယ် ... အချစ်ရယ် ၊ အာဟား အာဟား နှုတ်ဆက်ခဲ့ပါတယ် ၊ အဟား ... အဟား ... ကိုယ် တကယ် မခံစားနိုင်ဘူး အချစ်ရယ် ၊ အာဟား ... အာဟား ... ကိုယ်လေ အဝေးသို့သွားမယ် ဒိုးတော့မယ် ၊ အာဟား ... အာ ဟား ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 06:18


ကားတံခါး ဖွင့် ဆင်းသံ နှင့် အတူ ကြားလိုက်ရသော သီချင်းညည်းသံကြောင့် အောင်ကျော် ၏ ဒေါသ လစ်မစ် ပို တက် သွားရတော့သည် ။ အခြား သူ မဟုတ် ။ ဦးလှမင်း ၏ အသံ ပင် ။ အိမ် အတွင်း သို့ သီချင်းသံ နှင့် အတူ ရက်ပါ စတိုင် နှင့် ဝင်လာသော ဦးလှမင်း တစ်ယောက် အောင်ကျော် ကို မြင်သည် နှင့် အရာ အားလုံး ကို ဆန့်ကျင်ဘက် အမူအရာ သို့ ပြောင်းချ လိုက်သည် ။

“ အင်း .. အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ”

ဣန္ဒြေ မဆည်လို့ လည်း မဖြစ် ။ အောင်ကျော် က သူ့ ဖခင် သည် မိမိ နှင့် ပေါင်းသောကြောင့် ပျက်စီးသွားသည် ဟု စွဲမှတ်ထားကြောင်း ဦးလှမင်း သိနေ သည် ။ မိမိ ကို မကြည်မှန်း သိသော ကြောင့် ဖော်ရွေသော အပြုံးလေး နှင့် ရောဖျော်လိုက်ပြီး ...

“ ဪ ... မောင်အောင်ကျော် ပါ လား ၊ ပုံစံ ကြည့်ရတာ အပြင် သွားတော့မလို့ ထင်တယ် ”

နှုတ်ဆက်လိုက်သည် ။ အောင်ကျော် က ဘာမျှ မပြောဘဲ စိန်းစိန်းကြီး ပြန် ကြည့်နေသောကြောင့် ကြောင်အအကြီး ဖြစ် သွားရသည် ။ ထို အခြေအနေ ကို ဦးတူး က ဝင် ထိန်းသည့် အနေနှင့် အတင်း ဝင် နှုတ်ဆက်သည် ။

“ သူငယ်ချင်း လာကွာ ၊ ထိုင် ၊ ကိစ္စ ရှိလား ၊ အေးအေးဆေးဆေးပေါ့ကွာ ”

ဦးလှမင်း လည်း ထိုအချိန် ကျမှ အကျဉ်းအကျပ် ၏ ထွက်ပေါက် ကို ရရှိ တော့သည် ။

“ ကိစ္စရယ်လို့တော့ အထူး မရှိပါ ဘူးကွာ ၊ ငါ နာနေတဲ့ ဝိပဿနာ အလုပ်စခန်း တရားခွေလေး က အနှစ် ပါလွန်းလို့ မင်း ကို လာပေးတာကွ ”

“ ဟုတ်လား ၊ အေးကွာ ၊ ကျေးဇူးပါပဲ ”

အောင်ကျော် က သူငယ်ချင်း နှစ်ဦး အပြန်အလှန် ပြောနေသံ ကို နားထောင် ၍ နှုတ်ခမ်း ကို အစွမ်းကုန် မဲ့ ထား လေသည် ။ တရားဓမ္မ နှင့် ဘယ်လိုမျှ မနီးစပ်သော သူတို့ နှစ်ဦး အကြောင်းကို အာမခံ ခဏခဏ လုပ်ပေး နေရသော အောင်ကျော် က အသေးစိတ် သိပြီးသား မဟုတ်လား ။

“ သား မြို့ထဲ သွားဦးမယ် အဖေ ၊ သား မရှိတုန်း အိမ် နဲ့ အလုပ်တိုက် ထဲကို ခဏ စောင့်ကြည့်နေလိုက်ပါဦး ၊ ဘယ်မှ သွားဖို့ မစဉ်းစားပါနဲ့နော် ”

အောင်ကျော် မကျေနပ်သော လေသံ ပါအောင် တမင်ပင် ပြတ်ပြတ်မာမာ ပြောပြီး ခြေလှမ်းကျဲကျဲကြီး နှင့် ထွက်ခွာသွားတော့၏ ။

အောင်ကျော် ထွက်သွားသည် နှင့် အဘိုးကြီး နှစ်ဦး က ဂိုးသွင်း လိုက်သော ပရီမီးယားဘောလုံးသမား တို့ အမူအရာ အတိုင်း ပျော်ရွှင်ဟန် ပြုလိုက်ကြတော့သည် ။

“ မင်း ဖုန်းဆက်တဲ့ ကိစ္စ က တကယ်လား သယ်ရင်း ”

“ အမှန်အကန်ပါ သယ်ရင်း ရ ၊ ငါ တောင် တစ်ခေါက် ဒိုးပြီးပြီ ၊ ရေလည် လန်းတယ်ကွာ ၊ ငါ တော့ ဟတ်ထိသွား တာပဲ ”

“ ဘရာဗို ... မင်း ဖုန်းဆက် လိုက် ကတည်း က ငါ လှုပ်နေတာကွ ၊ သွားချင် လွန်းလို့ သား ဆီ က တောင် ရေ ဘတ် လိုက်ရသေးတယ် ၊ ဟိုကောင် က ငါ ဘတ် တာ ရိပ်မိပုံ ရတယ်ကွ ၊ ကွိုင် ရှာ နေတုန်း မင်း ရောက်လာလို့ ရပ်သွားတာ ”

“ ဒါဆိုလည်း လုပ်ကွာ ၊ ရွေ့ရ အောင် ၊ ဟတ် က အစာတောင်း နေပြီကွ ”

“ အိုကေ ...ခဏလေး စောင့် ၊ ဒရက်ဆင်း ကို အမှည့် ကိုင်လိုက်ဦးမယ် ”

“ လုပ်ရမှာပေါ့ကွ ၊ ငါ လည်း ဒီမှာပဲ လဲရမှာ ၊ အိမ် က သားသမီးတွေ ကို ဘုရားတက်မယ် ပြောပြီး ထွက်ရတာ ဆိုတော့ ရခိုင်ပုဆိုး နဲ့ တိုက်ပုံဝတ် ထွက် ရတာပေါ့ကွာ ၊ မင်း ဆီ ရောက်မှ လဲမယ် ဆိုပြီး အလန်းဆုံး တစ်စုံ ကို ခိုးထည့် လာ ရတာ ၊ နေဦး .. ကား ထဲ မှာ သွားယူ လိုက်ဦးမယ် ”

သူငယ်ချင်း နှစ်ဦး လွတ်လပ်ပေါ့ပါးစွာ နှင့် ပခုံး ဖက်၍ ဦးတူး ၏ အိပ်ခန်း အတွင်းသို့ ဝင် သွားကြလေသည် ။ ၁၅ မိနစ်ခန့် အကြာတွင် တံခါး ပြန် ပွင့်လာသည် ။ လူတွေ က ထွက်မလာသေး ။ အရင်ဆုံး လုံးခနဲ ထွက် လာသည်က အမွှေးရနံ့ မုန်တိုင်းကြီး ပင် ။ တိုက်ရိုက် ထိတွေ့လိုက် သူ တိုင်း မူးမေ့ သွားနိုင်လောက်သည် အထိ ပြင်းထန်လွန်း လှ၏ ။

သူငယ်ချင်း နှစ်ဦး ပခုံး ဖက်၍ ထွက်လာပါ ချေပြီ ။ ပုံစံများ ကို ကြည့်ပါ ဦး ။ ဦးတူး က ရှားညိုရောင် ကမ်းမဲလ် သရီးကွာတား ၊ အိုင်လပ်ဖ်ယူ ဟူသော စာတန်း နှင့် ရွှေရောင် စတစ်ကာကပ် တီရှပ် ၊ ဝေါ့ကင်းရှူး အဖြူရောင် ၊ NIKE လျှာထိုးဦးထုပ် နှင့် ။ ဦးလှမင်း က ဂျင်းမှိုတက် ဘောင်းဘီရှည်အနက် ပေါ်တွင် ဖန်စီစတီး ကြိုးများ ရှုပ်ယှက်ခတ်စွာ တွဲလွဲကျလျက် ။ အရိုးခေါင်းပုံ အပြောင် စတစ်ကာ ရင်ကျော အပြည့် တီရှပ် ၊ လက်မခန့် စတီးဆွဲကြိုး နှင့် ။

နှစ်ယောက်စလုံး ရင် အတွင်း မှ အသံတိတ် ဂီတများ နှင့် စည်းချက် ညီစွာ ခန္ဓာကိုယ် ကို ငြိမ့်၍ ငြိမ့်၍ လှုပ်ခါရင်း ထွက် လာခဲ့ကြသည် ။ ဧည့်ခန်း ထဲ အရောက် တွင် မျက်နှာချင်းဆိုင် ရပ် လိုက်ကြပြီး တစ်ဦး ကို တစ်ဦး ခြေဆုံး ခေါင်းဆုံး ကြည့်ရှု အကဲခတ်ကြသည် ။ ထို့နောက် ကျေနပ်အားရစွာ တဟားဟား အော်ရယ် လိုက်ကြပြီး လက်ဝါးချင်း မြှောက်၍ ဆိုင် ရိုက် လိုက်ကာ ကား ဆီ သို့ ထွက်သွားကြလေတော့သည် ။ သူတို့ နှစ်ဦး ၏ ကား တရကြမ်းမောင်း သွားသံ နောက်တွင် ထီ ရောင်း သော ကား မှ အသံများ ကဲ့သို့ သီချင်းသံများ ပြန့်ကျဲလွင့်ကျ ကျန်နေခဲ့လေသည် ။

“ မင်းတို့ ရဲ့ လက်တွေ လေထဲ ကို မြှောက် ထားလိုက် ”

▢ သက်ဦးမောင်

📖 ရယ်စရာ မဂ္ဂဇင်း
စက်တင်ဘာလ ၊ ၂၀၁၂

Nov 21, 2024 16:21

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

23 Nov, 06:18


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Thursday, November 21, 2024
အုပ်ထိန်းသူ



❝ အုပ်ထိန်းသူ ❞
( သက်ဦးမောင် )

ဧည့်ခန်းထဲ ရှိ ဆိုဖာ ပေါ်တွင် ဦးတူး တစ်ယောက် သက်သောင့်သက် သာ ထိုင်၍ ပုတီးစိပ် နေသည် ။ မျက်စိ ကို စုံမှိတ် ထား၏ ။ နှုတ်ခမ်းများ က တလှုပ်လှုပ် ။ ဝတ်ဆင် ထားပုံ က လည်း တည်ငြိမ် အေးချမ်း လှသော ဣန္ဒြေ နှင့် လိုက်ဖက် လွန်းလှ ပေသည် ။ တိုက်ပုံအင်္ကျီ က ရှားရောင် ။ ပုဆိုး က အဖြူဘက်များများ နှင့် စားပွဲခင်း လို ကွက်ကဲကြီး ။ အားလုံး ကို ယေဘုယျ ခြုံကြည့်လျှင် လေးစား ကြည်ညိုဖွယ်ရာ ဣန္ဒြေ သမ္ပတ္တိ နှင့် ပြည့်စုံလှသော အသက် ၆ဝ ကျော် သူတော်ကောင်းကြီး တစ်ဦး ။

အပြင်ပန်း အမူအရာများ က လည်း တည်ငြိမ် အေးချမ်းလွန်းလှသော ဦးတူး ၏ အတွင်းစိတ် တော့ တကယ် တမ်းကျ မအေးချမ်းနိုင်ပါ ။ ရင်ဘတ် ပေါ် ရေအိုး တင်လိုက်လျှင်ပင် ပွက်ကျ မတတ်လောက်အောင် ပူလောင် နေ၏ ။ ပုတီး ပေါ် တွင်လည်း ဘာ အာရုံ မှ မမိ ။ ဘာ သမာဓိ မျှ လည်း မရ ။ တစ်ချက် တစ်ချက် မျက်လုံး ကို မှေးမှေးလေး ဖွင့်၍ ပတ်ဝန်းကျင် ကို အကဲခတ် နေသည် ။

အခြေအနေ အစစ်အမှန် က ဦးတူး ပုတီးစိပ်ချင် ယောင် ဆောင် နေခြင်းသာ ။

× × × × × ×

ဦးတူး က ပင်စင်စား တစ်ဦး ။ ဆွေမျိုး အသိုင်းအဝိုင်း နည်းသည် ။ အောင်ကျော် ဟု ခေါ်သော သား တစ်ယောက် တည်း သာ ရှိ၍ သားအဖ နှစ်ယောက် တည်း နေကြခြင်း သာ ။ ဇနီး ဖြစ်သူ ဆုံးပါးခဲ့သည် က တော့ ၅ နှစ်ခန့် ရှိခဲ့ပေပြီ ။

သို့သော် အောင်ကျော် ဆိုသည့် တစ်ဦးတည်း သော သားလေး က ရတနာ ဟု ဆိုလောက်ပါပေသည် ။ စီးပွားရေး ကို ပါရမီရှင် ဟု ခေါ်လောက်အောင်ပင် နားလည်တတ်ကျွမ်း ထူးချွန်လှပေ၏ ။ တစ်သက်လုံး ပေါ့တီးပေါ့လျှပ် နှင့် လူအို ဖြစ်ခဲ့သော ဖခင် ဦးတူး က ဘာ ပံ့ပိုးမှုမျှ မပေးနိုင်ခဲ့ပါ ။ လမ်းဘေး တွင် စာအုပ်အဟောင်း ရောင်းသော ဘဝ နှင့် စတင် ရုန်းကန်ခဲ့ပြီး ပုံနှိပ်ဖြန့်ချိထုတ်ဝေ စသည်ဖြင့် အကိုင်းအခက် ဝေဖြာလှသော စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်နေခဲ့ပေပြီ ။ လုပ်ငန်းများ အားလုံး ကို အိမ် နှင့် တွဲဖက်၍ တစ်နေရာတည်း တွင် စုစည်း လုပ်ကိုင်သည် ။ အလုပ်တိုက် နှင့် အိမ် ရောထွေး နေသောကြောင့် လုပ်ငန်း ၏ ကြီးကျယ်ပုံ ကို ဦးတူး မြင်နေရ၍ သား ၏ အရည်အချင်း ကို ပီတိ နှင့် မျက်လုံး ပြူးရလေသည် ။

လိမ္မာသော သား ဖြစ်သောကြောင့် ဖခင် ကို လိုလေသေး မရှိ ထား၏ ။ ဦးတူး ၏ ဘဝ တစ်သက်တာ တွင် ယခု ကဲ့သို့ သော စည်းစိမ်မျိုး နှင့် မနေခဲ့ဖူး ။ အခု တော့ သားသမီး ၏ ကျေးဇူးကြောင့် လုပ်ငန်းရှင် သူဌေး အဖေ အဖြစ် ခန့်ခန့် ကြီး နေနိုင်ခဲ့ပေပြီ ။

ခက်နေသည် က တစ်သက်လုံး ပေါ့ပေါ့ပါးပါး နေခဲ့သော ဦးတူး ယခု ကဲ့သို့ ဣန္ဒြေကြီး တစ်ခွဲသားနှင့် နေရ သော ဘဝ တွင် ကျဉ်းကျပ်လွန်း သဖြင့် မနေနိုင်ခြင်းပင် ။

ဦးတူး တွင် စိတ်တူညီမျှ အပေါင်းအသင်း တစ်ဦး ရှိ၏ ။ သူ့ နာမည် က ဦးလှမင်း ။ ဘဝချင်း ကလ ည်း တစ်ထပ်တည်း နီးပါး တူ၏ ။ ဦးလှမင်း လည်း မုဆိုးဖို တစ်ဦးပင် ။ သို့သော် သားသမီး က သုံးယောက် ။ အကြီးဆုံး သမီး က တရားသူကြီး ၊ ဒုတိယသား က ဆရာ ဝန် ၊ အငယ်ဆုံးသမီး က လက်ထောက် ကထိက ။

သူ က လည်း ဦးတူး နှင့် ရောဂါ တူသည် ။ တရားသူကြီး ၊ ဆရာဝန် တို့၏ အဖေ ဟူသော ဂုဏ်သိက္ခာ နှင့် ညီမျှ အောင် နေရမည် ကို ဝဋ်ကြွေး တစ်ခု ကဲ့သို့ အောက်မေ့သူ ပင် ။ ထို့ကြောင့် သူတို့ နှစ်ဦး ပေါင်းမိကြခြင်း ဖြစ်လေသည် ။

တစ်ဦးချင်း ဆိုလျှင် ရှိန်းတိန်းတိန်း ဖြစ်နိုင် သော်လည်း နှစ်ယောက် ပေါင်းမိလိုက်သော အခါတွင် တော့ ပြိုင်မြင်း ကို မီးခဲလွှတ် တင်လိုက် သကဲ့သို့ ပင် ။ အချုပ်အနှောင် ခံထားရသော စိတ် တို့ ဇက်ကြိုးမဲ့ လွတ်ထွက် ကုန်ကြလေ တော့သည် ။

KTV ၊ မာဆတ် ၊ ဘာညာသာရ ကာ မရောက်ဖူးသည့် နေရာ ဟူ၍ မရှိ ။ ကာရာအိုကေများ တွင် “ ပန်းကုံးစွပ် ကြမ်းသော ချစ်ဘိုးဘိုး နှစ်ဦး ” ဟု နာမည်ကြီး၏ ။ အမူး လွန်ပြီး လူငယ် များ နှင့် ရိုက်ပွဲ ဖြစ်သောကြောင့် ရဲစခန်း သို့ သား ဖြစ်သူ လိုက် ထုတ်ရသည် က ခဏခဏ ။ ထို့ကြောင့် အပြင် မထွက် ရန် ချော့မော့၍ အိမ် ထဲ တွင် လိုလေသေး မရှိအောင် စီစဉ်ပေးထားပြန်တော့လည်း အိမ်မှုကိစ္စ လုပ်မည့် အိမ်ဖော် ထား၍ မရ ။ မည်မျှပင် ရုပ်ဆိုးသည့် အိမ်ဖော် ကို ရှာ ခေါ်ထားသည် ဖြစ်စေ ၊ အချိန်တန် လျှင် ကျိတ် လျော်လိုက်ရသည်ချည်းပင် ။ ယခု လက်ရှိ စားဖိုမှူးကိုပေါက် ကို ပင် အတင်း တောင်းပန်၍ ခေါ်ထားရခြင်း ဖြစ်၏ ။ ကိုပေါက် ၏ အပြော အရ ဆိုလျှင် ဦးတူး ၏ သတင်း ကို ကြားရရုံဖြင့် ယောက်ျားချင်း ပင် ကြက်သီးထသည် ဟူ သတည်း ။

ဤမျှ သတင်းမွှေးသော ဦးတူး ပါပေ ။

သားဖြစ်သူ အောင်ကျော် က လိမ္မာရေးခြား ရှိသော သားပီပီ ဖခင် ကို လိုလေသေး မရှိ ထားခဲ့ပါသည် ။ မီးခံသေတ္တာသော့ ကို ( ဖခင် အရာ ထား၍ ) ဦးတူး ထံတွင် အပ်နှံ ထား၏ ။ ဦးတူး ကတော့ သော့ကိုင် ပီသစွာ မနေ ။ မိမိ ၏ စိတ်သန်ရာတွင် ဗုံးပေါလအော သုံးပစ်၏ ။ ရပ်ကွက် အတွင်းရှိ ပဲပြုတ်သည် ၊ ကွမ်းယာသည် ၊ ဟင်းရွက်စုံသည် မကျန် “ အန်ကယ်ကြီး ” ဟု ခေါ်လိုက်သည် နှင့် ပိုက်ဆံ ချေးတော့သည် ။ စာကလေးဗေဒင်သည် အရှာဘီ ပင် မချန် ။ ပြန် ရသည် ဟူ၍ လည်း မရှိခဲ့ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 15:04


စကားထာ

အစိမ်းပေါ် အဖြူတက်၊ငနီလာမှ သွေးတွေထွက်

အဖြေ=ကွမ်းယာ
အစိမ်းမှာ ကွမ်းရွက်
အဖြူမှာ ထုံး
ငနီမှာ ရှားစေး
သွေးမှာ ကွမ်းသွေး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 14:30


လိပ်ပြာလေးတွေရဲ့
ဘဝသက်တမ်းကို
လတွေနဲ့မရေတွက်ဘဲ
အခိုက်အတန့်လေးတွေနဲ့ပဲ
ရေတွက်ကြရင်
ဘဝဆိုတာဟာ
ပျော်ရွှင်ကျေနပ်စရာအတိပါပဲလေ ...။ ။

တဂိုး
မြသန်းတင့်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 11:59


ဒီလောက်တောင်ပျက်စီးယုတ်ညံ့လှတဲ့ညလောကကြီးကိုဟားတိုက်လိုက်တာ တရားပါတယ်မိန်းကလေးရယ် တို့ဟာ ကိုယ့်လမ်းကိုသွားကြရတယ်။

- ဖော်ဝေး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 11:58


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 11:58


[ ဒါနဲ့ သင့်ရဲ့အသက်ရှူပုံဟာ ]

စတုဂံလား စက်ဝိုင်းလား တက်နင်းမိလို့
ကျိုးကြေသွားတဲ့ ကလေးကစားစရာ
မီးရထားလေးလား
သူ့ကိုယ်သူ ဆူရီယလ်သမားလို့ပြောတဲ့ငကန်း
မြင်လို့မရတာကိုကြည့်တတ်မှ
ဆောင်းခိုငှက်တို့ရဲ့ရင်ထဲက
တလျှပ်လျှပ်နွေဦးရဲ့ပေါင်ပေါ် ခေါင်းတင်ဖူးသလား
ချိန်ကိုက်ဗုံးလို နလုံးသား
ချက်ချက် ချက်ချက် ချက်ချက်နဲ့
သင့်ကို မက်မက်စက်စက်ကြည့်နေတာ
ကြည့်လို့မရတာကို မြင်တတ်ဖို့
ဟိုဘက်လှည့်ပြီးရယ်နေတဲ့တမ်းချင်းတစ်ပုဒ်
ဘီလူးတွေရဲ့စေတနာ
ဘလူးစ်တစ်ပုဒ်ရဲ့ဝေဒနာ
ကောင်းရဲ့လားဆိုတော့ မဆိုးပါဘူးပဲပေါ့
ဆည်းစျာရောက်မှ နေ့ဟာပေါ့ပျက်သွားသလိုပေါ့
ဆည်းစျာရောက်မှ အပျက်အယွင်းထဲခုန်နေဆဲအရာဟာ နက်ရှိုင်းလာသလိုပေါ့
နံရံမှာ သံနဲ့ရိုက်လို့မရတာ ဘာမှမရှိဘူး
အထူးသဖြင့် ပြန်မပြောချင်တော့တာတွေပေါ့
သံချောင်းထက်မာတဲ့အမှတ်ရမှု
ရိုက်တိုင်းအက်တဲ့ရင်နံရံ
ဒီအသက်အရွယ်ရောက်တာတောင်မှ
ရှင့်နှယ် မချစ်တတ်သေးဘူးလား တဲ့
စကားတွေဆီမှာ အသက်တွေရှိသလို
အဓိပ္ပါယ်တွေမှာ အိပ်စပါယာရီဒိတ်တွေလည်းရှိတာပေါ့
ဘယ်တော့မှကြီးမလာကြတဲ့ ကြောင်ပေါက်လေးတွေ၊
မြင်းပေါက်လေးတွေ၊ အချစ်ပေါက်လေးတွေဟာ
လောကမှာ မကုန်မခမ်းပဲ
အံ့ဘနန်းပဲ ငြိမ်သက်တဲ့ဝန်းကျင်ငွေ့ထဲ
အရောင်ဟာ တဖြေးဖြေး စိမ့်လိုက်လာတတ်တာ
သိလို့မရတာကို သင်ယူတတ်ဖို့လိုတာပေါ့
ကိုယ့်ကို လောကနဲ့ချိတ်ဆက်ထားတာ
ထစ်ကနဲဆို ပြိုကျပစ်လိုက်မယ့် ကောင်းကင်လား
နှင်းဆီရနံ့တွေသယ်လာတဲ့တိမ်တွေလား
သင့်ခန္ဓာဟာ ကံကစားစရာဖြစ်သွားတယ်
အော်အော်ငိုပြီးချစ်တတ်ဖို့နဲ့
ပြာပုံထဲက ပြုံးပြဖို့လည်းလိုသေးတော့
စပ်ချုပ်လို့မရ​သေးတဲ့သတို့သမီးကို
ဖရန်ကင်စတိုင်းက စိတ်တူကိုယ်တူ
တောင့်တနေရသလိုပေါ့
ချစ်ဖို့ပေါ့

ဇယလ
၇ အောက် '၂၄

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 11:56


ကိုထက်ပြောတာကတော့ ယဉ်ကျေးမှုဆိုတာ အရူးဂျင်ပယ်ကို ဝတ္ထုတိုတွေလုပ်ရေးတာ

-ယာယာ-

မိမိဟာ ဘဝမေ့တဲ့သူတော့မဟုတ်
တော်တော်များများကိုတော့ မေ့သွားတယ်
ဂရာစီယာ့စ်က ကျေးဇူးတင်ပါတယ်လို့ ပြောတာ
အိုယာစုမိက ကောင်းသောညပါလို့ ပြောတာ
ဒါပေမယ့် သူတို့ဘာသာစကားက ပိုပြီးနက်ရှိုင်းတယ်
မိမိဟာ ဒဏ်ဍါရီတစ်ခုပဲ
ခိုင်းဖတ်တွေနဲ့ မောက်မာသူတွေက ကမ္ဘာကြီးကို ပိုင်ဆိုင်ကြတယ်..မိမိဘေးကနေ ကျည်ဆံဖြတ်သွားတဲ့ အသံကို မမှတ်မိဘူး. .မိန်းကလေးရဲ့ ချွေးစော်နံနေတဲ့ ရေမွှေးနံ့ကိုပဲ သတိရနေတယ်. .လူတော်တော်များများလည်း သဘောတူကြတယ်. .ဒီအတွက် ဘာကိုမှ လျှို့ဝှက်ဆန်းကြယ်အောင် လုပ်မပြပေမယ့်လည်းပေါ့. . မိမိတဲကို မိမိ မီးရှို့တယ်။
ပြီးတော့ မိသားစုလိုက် နေစရာမရှိဘူးဆိုပြီး အဖေအမေအိမ် ပြန်တက်နေတယ်. .အရာအားလုံး မိမိနဲ့ မသက်ဆိုင်ဘဲ ဖြစ်ပွားနေတယ်. . အလိမ်အညာတွေ ပေါ်သွားပေမယ့် ရှက်စရာမဟုတ်ဘူး. . ဒါက အမှန်တရားတွေ ဖြစ်တယ်.. ပြေလည်မှုမဟုတ်ဘူး. .
မိမိဟာ အိုမင်းနေပြီး ခွေးပေါက်လေးတစ်ကောင်ချီထားတယ်. .ကလေးတစ်ယောက်က မိမိတို့ကို ပြုံးပြီး ကြည့်နေတယ် . .သူက ပျားသလက်တစ်ခုထဲကနေ ထွက်လာတာ. . လူ့ဆင်းရဲတွေက ဘရန်ဒီတစ်ခွက်ကို စိမ်ပြေနပြေသောက်ပြီး ငွေသံကြေးသံကိစ္စတွေစဉ်းစားကြတယ်. . ဂွန်ကော့တွေကတော့ ဘာဦးထုပ်မှ မဆောင်းထားကြဘူး. .မျက်လုံးတွေ ဖွင့်မရတာက ဘီလူးစီးထားလို့. . ဘီလူးက သိမ်ငယ်သွားတယ် လုံးဝနီးပါးလျစ်လျူရှုခံလိုက်ရတာကြောင့်
အရူးချီးပန်းလုပ်တာတွေကို မိမိအသေးစိတ်မပြောဘူး. .နတ်ဘုရားတွေက ဒီလိုပဲ. . မနက်ခင်းတွေမှာ တိုရှည် ဒါမှမဟုတ် အီကြာကွေးစားရင်း
ထုပ်ပေးလိုက်တဲ့ သတင်းစာဟောင်းကို ဖတ်ရတယ်
ဒါမှမဟုတ် လေးကြောင်းမျဉ်းထဲမှာ ရေးထားတဲ့ ကြိုးစားပမ်းစားအက္ခရာတွေ
ဖောက်ပြန်ရေးသမားအတု လို့
ကြွေးကြော်လိုက်တယ်
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 11:54


📻 ဝေဒနာ လှိုင်းတို
( ဆူးငှက် )

သည် နေ့ မနက် လက်ဖက်ရည်ဆိုင် မှာ ထိုင်ဖြစ်ကြတော့ ကနဦး ပြောမိကြ တာ ကျွန်တော့ ငယ်ချစ်ဦး ဇေယျာကမ်းအလှပန်းချီ အကြောင်း ပဲ ဖြစ်ပါသည် ။

တကယ်တော့ ကျွန်တော် နှင့် ကိုတွတ် တို့ ရေဒီယိုလေး တစ်လုံး နှင့် ပတ်သက်ပြီး ခံတွင်းတွေ့ မြိန်ယှက်စွာ စကားပြော ဖြစ်တာ က အစ ဖြစ်သည် ။ ဆယ်တန်း အောင်သည့် နှစ်မှာ အစ်မအကြီးဆုံး က ဝယ် ပေး သော နေရှင်နယ် အမျိုးအစား ရေဒီယိုကလေး ။

အိမ်တော်ရာ သင်္ကန်းတန်း ရှိ သမဝါယမဆိုင် က ရေဒီယိုကလေး ကို ငွေသုံးရာ နှင့် ဝယ်ပြီး အိမ်ယူ လာ ကတည်း က ကောင်းကင်ဧရိယာကြိုး တွေ မလိုအပ်ဘဲ ဆင် ၊ မြေကြီး ထဲ က ဝါယာတွေ မြှုပ် ၊ တစ်နေကုန် အလုပ် ရှုပ် ကာ ရေဒီယိုလေး နား က မခွာဘဲ ည ဆို “ ကမ္ဘာမကြေ ” ဆုံးသည် ထိ နားထောင်သည့်အကြောင်း ဖွဲ့ကာ နွဲ့ကာ ပြောပြတော့ ကိုတွတ် က ခြူး ဆေးပေါ့လိပ် ဖွာရင်း နားထောင် နေသည် ။

ထိုစဉ် ရေဒီယိုလေး ကို စွဲစွဲမြဲမြဲ နားထောင် ဖြစ်ကာ သောတရှင် လိုရာကြောင့်လား ၊ စနေ နေ့လယ် ရုပ်ရှင်သီချင်းကြောင့်လား ၊ ဒါပေမဲ့ ခင်သစ်လွင် ၏ ပန်းရည်ဘဏ်တိုက် သီချင်းလေး ကို အခုထိ သတိတရ ဖြစ် နေတာ က ရေဒီယိုလေး ကျေးဇူး ကြောင့် ဖြစ်ပါသည် ။ နေခဲ့ရသည့် အိမ်ကလေး မှာ လျှပ်စစ်မီး မရှိ ၊ ထို့ကြောင့် ရေဒီယိုကလေး ကို ခြောက်ဗို့ ဘက်ထရီလေး နှင့် ဖွင့်ရ သည် ။ ဘက်ထရီလေး ကြာကြာခံအောင် ရေအေးအေး လောင်း ပေးတာ ၊ ဘက်ထရီ ညှပ်ကလစ် တွေ ချေး မတက် အောင် ရေနွေး စိမ်တာ ... နေ့စဉ် အလုပ် ပို ဖြစ်နေသည် ။

တစ်ခါတစ်ရံ စနေ ၊ တနင်္ဂနွေ လို ကျောင်းပိတ်ရက်တွေ မှာ နေ့လည် နှစ်နာရီ ကျော် ပေမယ့် နိုင်ငံခြားအသံ တွေ လှည့် ဖမ်းရင်း သူတို့ သီချင်း တွေ နားထောင် တော့ ဈေးရောင်း အပြန် တစ်မှေး နှစ်မှေး အိပ်ချင်သော အမေ က လှမ်းပြီး စူငေါက် တတ်သည် ။ ဒါပေမဲ့ အဖေ က မူ ဗုဒ္ဓဟူး တစ်ပတ်ခြား စာဟော နှင့် ကြာသပတေးနေ့ ဆိုင်းအဖွဲ့ ဖျော်ဖြေခန်း မှာ ဆို ပင်တိုင် ပရိတ်သတ် ဖြစ်နေပါ သည် ။ ကြာသပတေးနေ့ တစ်ည မှာ တော့ မန္တလေး ဆိုင်း တစ်ဖွဲ့ ရေဒီယို က လာသည် ။ ထို ဆိုင်းအဖွဲ့ နှင့် ပတ်သက် ၍ ပုဂ္ဂိုလ်စွဲ ကြီးလွန်းသော အဖေ မှာ ညနေ ကတည်း က ရေဒီယိုလေး နား တစ်ရစ်ဝဲဝဲ ဖြစ် နေပြီ ။ ဘက်ထရီလေး အားပြည့် မပြည့် စမ်း နေတာလည်း အလီလီ ။ ည ရှစ်နာရီ ထိုး တော့ အိမ်နီးနားချင်းများ ပါ မကျန် အိမ် ရှေ့ ကွပ်ပျစ်လေး ပေါ်ရောက် နေကြပြီ ။ ကိုး နာရီ ထိုး သွား သောကြောင့် အသိမ်း တီးလုံးလေး ကို ပင် ဆုံးအောင် လွှင့် မသွားသော မြန်မာ့အသံ ကို တဖျစ်တောက်တောက် ပြော မပြီး ဖြစ်ခဲ့ကြဖူးသည် ။

ထိုကဲ့သို့ ရေဒီယိုလေး ဆီ လူတွေ ဝိုင်းအုံ နေကြတာမျိုး တစ်နှစ် တစ်ခါ လွှင့်တတ်သော တိုင်းဘောလုံးပွဲ ရာသီ ဆို ကြုံရတတ်သည် ။ ထိုအခါ မျိုး မှာ လည်း ရေဒီယိုလေး မှာ မန္တလေးတိုင်း နိုင် လျှင် မျက်နှာပန်း လှ၍ ရှုံး လျှင် အထုအရိုက် ခံရလုနီးပါး ဖြစ်တတ်သည် ။

အမေ က မူ အခါကြီး ရက်ကြီးတွေ မှာ လွှင့် တတ်သည့် ရွှေမန်းတင်မောင် ၏ ဖွားတော်မူခန်း ၊ တောထွက်ခန်းများ ဆို လျှင် တုံးလုံးပတ်လက် လှဲ ရင်း ယပ်တဘုံးဘုံး ခတ်ကာ နားထောင် တက်သည် ။ ရေဒီယိုလေး နှင့် ပတ်သက်၍ မူ ကျွန်တော် ညံ့ဖျင်းမှု မှာ သီချင်းတွေ တော်တော်များများ ကို မမှတ်မိခြင်း ပင် ဖြစ်သည် ။

သို့သော် ဒီ သီချင်းလေး ကို မူ ရေဒီယိုလေး မှ ကြား ကတည်း က စွဲလမ်းရ ၊ မက်မောရ တာ ဒီနေ့ ထိ ဖြစ်သည် ။ အခုအချိန် ပြန် ကြားမိတိုင်း လွမ်းဆွတ်ဖွယ် ရနံ့လေ တွေ ထုံယစ် နေဆဲ .. ။

••••• ••••• •••••

တကယ်တော့ ထို ရေဒီယို သီချင်းလေး သည် ကျွန်တော် တို့ ဒုတိယနှစ် သင်္ချာ မှ အတန်းဖော် မိန်းကလေး တစ်ဦး အား စွဲလန်းစေမှု အပေါ် ဆပွား အားမြှင့် စေခဲ့သည် ။ ထို မိန်းကလေး က သွယ်လျသည် ၊ ဆံပင်ရှည်သည် ၊ မြန်မာဆန်သည် ၊ ဂန္ထဝင်ဟန် ကဲသည် ။ သူ့ ကို စတင် စွဲငြိချိန် မှာ ရေဒီယိုလေး က ရီရီသန့်၏ “ ဇေယျာကမ်းအလှပန်းချီ ” သီချင်း ကို စတင် ကြားဖူးချိန်ပဲ ဖြစ်သည် ။ သည် ကတည်း က မိမိ ၏ အုံ့ပုန်းစိတ် သည် ဇေယျာကမ်းအလှပန်းချီ မှာ တော့ ကဲလွန်း ၊ သဲလွန်း နေတတ်သည် ။ ဤသို့ဖြင့် သူ နှင့် နီးစပ်ခွင့် မကြုံသော ( ကြုံရန်လည်း အစွမ်းအစ မရှိ သော ) ကျွန်တော် သည် “ ဇေယျာကမ်း ၊ အလှပန်းချီ ” ကိုမူ မကြားရ မနေနိုင် ဖြစ်ရတော့သည် ။

မန္တလေး မှ မြစ်ကူး ၊ ချောင်းခြား တံတားကြီး ပေါ် က သွားရတဲ့ ငြိမ်သက် မြို့လေး တစ်မြို့ မှာ သူ နေထိုင်သောကြောင့် သည် သီချင်းလေး ကို ဖြင့် စွဲမိပြီပေါ့ ။

“ ဘယ်ဝယ်ဆီ တမ်းတကာ ၊ မှန်းဆကာ လွမ်းရတော့မည် ၊ ဘယ်ဝယ် ၊ ဘယ်ဆီ ၊ တမ်းတကာ ၊ မှန်းဆကာ လွမ်း ... လွမ်းရမည် ... ” လို့ အသံထွက် နေသော ရေဒီယိုလေး ကို ငေးစိုက် ကြည့် နေမိတဲ့ ကျွန်တော့ အာရုံ မှ သူ့ ရုပ်ပုံလွှာလေး ကို ရုပ်ရှင်ကားပိုင်းတိုလေး ပမာ တဖျပ်ဖျပ် မြင်ယောင် လာမိသည် ။ မနက် ခုနှစ်နာရီခွဲ အချိန် “ သည် နေ့ တစ်နေ့တာ အစီအစဉ် ” ကို မလွတ်တမ်း နားထောင် မိပြီး သောတရှင် လိုရာ မှ ဖြစ်စေ ၊ စစ်သည် တို့ လိုရာမှ ဖြစ်စေ “ ဇေယျာ ကမ်းအလှပန်းချီ ” များ ပါလျှင် ထိုနေ့ အဖို့ ရေဒီယိုလေး ကို ရင်ထဲ မှာ ပဲ ထည့်ထားချင် တော့သည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 11:54


သီချင်းလေး လာတော့မည့် အချိန် ( လာနေဆဲ အချိန် ) မိသားစုထမင်း ဝိုင်း ဆုံ လျှင်ပင် ဗိုက် ထဲ က မွတ်သိပ်မှု က ပြင်းထန် ပေမယ့် နှလုံးသားမွတ်သိပ်မှု ကို မလွန်ဆန်နိုင်ဘဲ ရေဒီယိုလေး နား မှာ ရှိ နေဖို့ ကြိုးစား နေမိ သည် ။

တစ်ခုသော စနေနေ့ ကို တော့ အခုထိ အမှတ်ရ နေသည် ။ နေ့လည်ပိုင်း စစ်သည် တို့ လိုရာ အစီအစဉ် တွင် “ ဇေယျာကမ်းအလှပန်းချီ ” သီချင်း လာ မှာ မနက် ခုနှစ်နာရီခွဲ ကတည်း က ကြို သိနေ ပါသည် ။ ဖြစ်ချင် တော့ သည် နေ့ မှာ ပဲ သူငယ်ချင်း တစ်ယောက် ၏ အဖေ ဈာပန လိုက် ပို့ ဖို့ ကိစ္စ က ပေါ်နေသည် ။ မပို့လို့ ကလည်း မဖြစ် ၊ သီချင်းလေး လည်း နားထောင်ချင် ။ ထိုအခါ ဈာပန မချခင်ကလေး မှာ ပဲ သူငယ်ချင်းအိမ် နှင့် အနီးဆုံး စာတိုက်ကြီး ရှေ့ က ကြံရည်ဆိုင်လေး မှာ ကြံရည် တစ်ခွက် မှာ သောက် ရင်း ထို ဆိုင်ရှိ “ ဟိုင်ဖိုင် ” အမျိုးအစား မီးလုံး ရေဒီယိုကြီး ကို ဖွင့်ခိုင်း ရတော့ သည် ။

အရေးထဲ မီးလုံးရေဒီယို တို့ ထုံးစံ အတိုင်း မီးအား က တော်တော် နှင့် မပြည့်သောကြောင့် ရင်မောစရာ ကောင်းအောင် စောင့်ရသေးသည် ။

စက္ကန့် အနည်းငယ်ကြာ မှ သီချင်းသံ က ထွက်လာသည် ။

“ ရေဇလာနဒီ xx ဧရာ၀တီ xx သက်သေ ညွှန်းဆိုပြုမည် နောက်တစ် ခါဆို xx အတူဖူး ပါရစေ .. ”

ကျွန်တော့ မှာ တော့ သီချင်းကလေး နားထောင်ရင်း အိမ်တွင်းပုန်း လွန်း သော ရည်းစား ကို ခိုး တွေ့ ရသလို ခံစား နေရသည် ။ ကြံရည် က လည်း အချို ပေါ့ လွန်း ကာ ကျဲတောက်တောက် နိုင်လွန်း သည် ။ ကြံရည် ကို တစ်ဝက်နီးပါး သောက် ပြီးချိန် ၊ သီချင်းလေး က လည်း “ ခွန်းချိုတေးဖွဲ့သီ ၊ ငှက် မောင်နှံ ပျော်မြူးကြတော့သည် ” ဟူသော အပိုဒ် မှာ ပင် ( ၈၁ ) လမ်း တစ်လျှောက် တောင်ဖက် ဆီ မှ “ အနိစ္စရယ်တဲ့ မှ .. ၊ ဒုက္ခာ ” ဟူသော မြမန်း အသံချဲ့စက် ၏ ဈာပန ဘာဝနာတရားသံ ကို ကြားရတော့သည် ။ သီချင်းလေး ဆုံးလု ခင် ဈာပန ယာဉ်တန်း လည်း ကြံရည်ဆိုင်လေး အား ဖြတ်ကျော် ဆဲ အချိန် တစ်ဝက် သာသာ ကျန်သော ကြံရည်ခွက် အောက် ကျပ်တန် တစ်ရွက် ထိုး ထည့်ကာ ( ထိုစဉ် ကြံရည် တစ်ခွက် တစ်ကျပ် ဖြစ်သည် ။ ) နောက်ဆုံး ဈာပန ပို့ ဘက်စ်ကား ပေါ် ပြေး တက် သွား တော့ ဆိုင်ရှင် က အူကြောင်ကြောင် ကြည့်ကာ ကျန်ရစ်သည် ။

သည် အကြောင်းလေး ကို ၀တ္ထုတို တစ်ပုဒ် ပမာ ဖွဲ့ကာ နွဲ့ကာ ပြောပြ တော့ ကိုတွတ် မှာ ဆေးလိပ် ဖွာလိုက် ၊ ချိုပေါ့ လက်ဖက်ရည် သောက်လိုက် နှင့် ခေါင်းတညိတ်ညိတ် နားထောင် နေ သည် ။ ပြီးတော့ လက်ကျန် လက်ဖက်ရည် ကို တစ်ကျိုက်တည်း သောက်ပြီး ဆေးလိပ်လေး ဖွာ ကာ ငြိမ် နေသော ကိုတွတ် ကို ကြည့် ရင်း ကျွန်တော့် ရေဒီယို ဝေဒနာလေး ကို သူ လည်း မျှဝေခံစား နေ ပေပြီ ဟု အောက်မေ့နေမိသည် ။ ခဏ နေ တော့ ရေနွေးကရား မ ကာ အေးစက်စက် ရေနွေးတွေ ကို ပန်ကန်ထဲ ငှဲ့ ရင်း “ ကျွန်တော် တောင် ရေဒီယိုလေး တစ်လုံး ဝယ်မလို့ ဗျာ .. အဲဒါ ” ဟု တိုးညှင်း သော လေသံ နှင် ကိုတွက် က ပြောလိုက်သည် ။

“ ဆိုစမ်းပါဦးဗျ ၊ ဘာ အမျိုးအစားလဲ .. ” ဟူသော ကျွန်တော့် အမေး မှာ ကိုတွတ် က သူ့ ရေဒီယိုလေး အကြောင်း ပြောပြတော့သည် ။

“ ကျွန်တော် လည်း လခ ထုတ်ဖို့ ပုသိမ်ကြီး အသွား မှာ ကိုစိုးရ ဆိုတဲ့ လူ က ရေဒီယိုလေး တစ်လုံး ရောင်းစရာ ရှိတယ် ဆိုပြီး စကား စပ်ပါရောလား ၊ ပြောကြစို့ ဆိုရင် ကျွန်တော် လည်း ငယ်ငယ်က ရေဒီယို စွဲခဲ့ဖူးသူ ကိုး ၊ ဘာရယ်လို့ တော့ မဟုတ်ပါဘူးဗျာ ၊ သီချင်းလေး တွေ ချစ်တာပါ ၊ အခု အချိန်မှာ တော့ ရေဒီယိုလေး တစ်လုံး တော့ လိုအပ် နေတာ အမှန်ဆိုတော့ ကိုစိုးရ ရေဒီယိုလေး ကို တီးခေါက် ကြည့်ရတော့ တာပေါ့ ၊ သူ ဝယ်တာ တော့ ကြာပြီတဲ့ ၊ တစ်ရာ့အစိတ် ပေးရတာ တဲ့ ၊ ဒီ နောက် ပြင်တာ က တစ်ရာ တဲ့ ၊ အခု နှစ်ရာ့ငါးဆယ် ရရင် ရောင်းမယ် လို့ ပြောတာဗျ ”

ကိုတွတ် က ရေနွေးကရား အဖုံး ကို တချပ်ချပ် လုပ် ကာ စားပွဲထိုး ကောင်လေး ကို ခေါ်ပြီး ရေနွေး ဖြည့် ခိုင်းသည် ။ ပြီးတော့ စားပွဲ ပေါ် က မီး သေ သွားသော ဆေးလိပ် ကို မီး ထပ် ညှိ၏ ။

“ စဉ်းစားကြည့်ဗျာ ၊ အဲဒီ အချိန် ကျွန်တော့ လက် ထဲ လခလေး ထုတ် ထားတာ အပြင် ခရီးစရိတ် တွေ ပါ ရှောရှောရှူရှူ ရ ထားတော့ နှစ်ရာ့ငါးဆယ် ဆိုတဲ့ ငွေ က လွယ်နေတာ မဟုတ်လား ၊ နဂို ကတည်း က လိုချင်တဲ့ ဆန္ဒလေး လည်း ရှိနေရော ၊ ဒါနဲ့ ကိုစိုးရ ကို ခင်ဗျား ရေဒီယို က ကောင်းရဲ့ လား ဆိုတော့ ကောင်းသလား မမေး နဲ့ သတင်းများ လာ ရင် လူ ထိုင် ပြော နေသလား အောက်မေ့ရ သတဲ့ ၊ သီချင်း လာ ရင် လည်း အသံကြည်ပုံ က ချောင်း တစ်ချက် ဟန့်သံ မကြားရဘူး တဲ့ ၊ ပြီးတော့ ဓာတ်ခဲ က သုံးခဲ ပဲ ထည့် ရတဲ့ အိတ်ဆောင်လေး ဆိုတော့ ကြိုက်ပြီ ဗျာ ၊ နက်ဖြန်ခါ ခင်ဗျား နေတဲ့ ရွှေကျင်တဲတန်း လာ ကြည့်ပြီး ယူ လှည့်မယ်လို့ ပြောလိုက်ရော ဗျို့ ”

တကယ်တော့ တိုရှီဘာတွေ ၊ နေရှင်နယ်တွေ ၊ ဆိုနီတွေ အပေါ်စက် အောက်စက်တွေ ခေတ် မှာ ကျွန်တော့ မိတ်ဆွေလေး ကိုတွတ် ၏ နှစ်ရာ့ ငါးဆယ် တန် ရေဒီယို ဝယ်ခြင်း ကိစ္စ မှာ ရိုးစင်း နေပေသည် ။ ရေဒီယိုပိုင်ရှင် ကိုစိုးရ က လည်း ရောင်ချင်သည် ။ ကိုတွတ် က လည်း ဝယ် ချင်သည် ။ ဈေး လည်း ကြိုက်သည် ။ ဒီလိုနဲ့ ရွှေကျင်တဲတန်း က ရေဒီယိုလေး သည် နောက်နေ့ မှာ ဖြင့် မြောက်ပြင် ထားဝယ်ရပ် က သပြေစာအုပ်ဆိုင်လေး ထဲ မှာ သီချင်း တကြော်ကြော် ၊ သတင်း တစာစာ ဖြစ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 11:54


နေရော့မည် ။ အိပ်ရာ ထ ပျင်းသော ကိုတွတ် ၊ နှင်းတွေ ဝေ နေသည့် ဒီဇင်ဘာလ တွင် နံနက် ခြောက်နာရီ ကတည်း က စောင်ခြုံထဲ က နေ ရေဒီယိုလေး ကို ကလိ ပြီး သတင်း နားထောင်တော့ ကိုတွတ် ကတော် “ ခင်မေစီ ” တစ်ယောက် အိပ်ရေး ပျက်ပြီး စူအောင့် နေမှာ သေချာသည် ။ ဘာပဲ ပြောပြော ၊ ကျုံးထိပ်တန်း က နှစ်ဖက်လှဆိုင် မှာ ဖြစ်စေ ၊ စည်သာလမ်း က သိန်း အောင်ကြီး မှာ ဖြစ်စေ ကိုတွတ် တစ်ယောက် အခါတိုင်း လို သူများ ပြောမည့် သတင်းပလင်းတွေ စောင့် နားထောင်တော့ မှာ လည်း မဟုတ်တော့ပြီ ။ ဒီလိုနဲ့ ကိုစိုးရ နဲ့ တွေ့ ပြီး နောက် ရက် မှာ ရေဒီယိုလေး သွား ယူပြီး သူများ တွေ မထခင် ကတည်း က ခင်မေစီ နှိုး လို့ ကိုတွတ် နိုး နေပြီ ။

အိတ် ထဲ ငွေ နှစ်ရာ့ငါးဆယ် ထည့်ပြီး အိမ် ထွက် လာတော့ မနက် ခုနှစ်နာရီ လောက်ပဲ ရှိဦးမည် ။ မြင်းပြိုင်ကွင်းဘေး က ဘန်ဘူး စားပွဲရုံနား ရောက် မှ နှင်းမှုန်ကြား က နေခြည်လက်တံ တချို့ မန္တလေးတောင် ပေါ် တွယ်တက် နေကြပြီ ။ ဟို ... ဂေါက်ကွင်း ဆီ မှာ လည်း ရောင်စုံထီးတွေ ၊ လေးပင်အိတွဲ ကာ ရွေ့လျား နေကြသည် ။ အိမ် က အထွက် ချမ်း နေပေမင့် စက်ဘီး နင်း လိုက်ရလို့ ချွေးလေး စို့လာသည် ။ ဂေါက်ကွင်းအ လွန် ကုန်း အတက် မှာ အဖေ့ အမွေ ရာလေးလက်ဟောင်း က ချေးမဆေး ၊ ဆီ မထည့် တာ ကြာလို့ ချွေးဥတွေ နဖူးဆီသီး ကာ လှမ့်ဆင်းလာသည် အထိ နင်းလိုက် ရသည် ။ ဒါပေမယ့် မြောက်စောင်းတန်း မရောက်ခင် ပဲ လမ်း က ပြေ သွားပြီး သက်သက်သာသာ နင်း သွား ရုံပဲ ဖြစ်သည် ။

အခုနေ ကိုစိုးရကြီး စောင့် နေ လောက်ပြီ ။ အပြန် မှာ လွယ်အိတ်ကလေး ထဲ ရေဒီယိုလေး ထည့် လာ ရုံပဲဖြစ်သည် ။ အိမ် ရောက်ရင် ကြံတိုင်းအောင်စတိုး မှာ ဓာတ်ခဲ အသစ်လေးတွေ ဝယ် ဦး မည် ။ ဒီလို စိတ်ကူးလေး နှင့် ကိုတွတ် စက်ဘီး နင်းလာ တာ မတ္တရာလမ်းမ ဘေး က ရွှေကျင် တဲတန်းလေး တွေ ဆီ ရောက် လာပြီ ။ ရေအိုးစင်လေး နှင့် တမာပင်လေး ကျော် တော့ စက်ဘီးလေး အရှိန် သတ်ပြီး လမ်း အရှေ့ဖက် က တဲကလေး ရှေ့ မှာ ရပ် လိုက်သည် ။ တဲကလေး ထဲ က ရေဒီယို အသံ ကြားနေရ သည် ။ ကိုစိုးရ ပြော တာ မှန်သားပဲ ။ ရေဒီယိုသံလေး က ကြည်လို့ ။ ကိုတွတ် စက်ဘီး ထောက်သံ ကြား တော့ နောက်ကျော ပေး ထင်းခွဲ နေတဲ့ ကိုစိုးရ က လှည့် ကြည့်ပြီး “ ကိုယ့်လူ ပေါ်လာ ပြီကိုး ” ဆိုကာ တဲလေး ထဲ ကို ကိုတွတ် အား ခေါ်သွားသည် ။

အဝင်ပေါက် ဝါးကြမ်းစင်လေး ခြေရင်း က တိုင်လေး မှာ ချိတ် ထား သော ရေဒီယိုလေး က သီချင်း ဆိုနေသည် ။ ကိုတွတ် က ရေဒီယိုလေး ကို မြင်တော့ မိတ်ဟောင်းဆွေဟောင်း တွေ့ သလို ခံစားမိသည် ။ တိုင်ကလေး က ဖြုတ်ပြီး အတိုးအကျယ်ခလုတ် ကို ကစား နေမိသည် ။ ရေဒီယိုသံလေး အပြောင်းအလဲ မှာ ဝါးကြမ်းစင် ၏ မှောင်မည်းမည်း ထဲ က လှုပ်ရှားသံ ကြား လိုက်ရပြီး စောင်ခြုံ ထဲ က လူ တစ်ဦး က “ စိုးရ လား ” လို့ အသံ ပေး လိုက်သည် ။ သည်တော့မှ တဲကလေး ထဲ မှာ အဖိုးအို တစ်ယောက် ရှိ နေမှန်း ကိုတွတ် သတိထား မိသည် ။ ကိုးစိုးရ က ဟုတ်တယ် အဖေ လို့ ပြန် အဖြေ မှာ ခေါင်းမြီးခြုံ ထားသော စောင် ထဲ က “ ရေဒီယို က ဘာ လုပ်မလို့ လဲ ” ဆိုတော့ “ မနေ့က ပြောထားတဲ့ လူ လာလို့ အဖေ ” ဟု ဆိုသည် ။ “ ဟင်း ” ခနဲ လေးပင်ပင် သက်ပြင်းချသံ နှင့် အတူ အဖိုးအို သည် စောင်ခြုံ မပျ က် အသာလေး ပြန်လှဲ အိပ်သွားသည် ။

ကိုတွတ် က ရေဒီယိုလေး ကိုင်ရင်း အိမ် ရှေ့ ကို ထွက် လာကာ အပေါက် ဘေး က ခုံလေး မှာ ထိုက်လိုက်သည် ။ ကိုစိုးရ က “ ရေဒီယို ကတော့ ဗျာ အဖေ တစ်ယောက် ပဲ ကလိ နေတာ ၊ မနက်လင်း အိပ်ယာ နိုး ကတည်း က ကု,လားသံ ၊ တရုတ်သံ ဖွင့်တာ ၊ ခြောက်နာခွဲ တော့ သတင်း ၊ ပြီးတော့ မြန်မာ့ အသံ ၊ ည လည်း တစ်ညလုံး သီချင်း နားထောင်လိုက် ၊ သတင်း နားထောင်လိုက် နဲ့ ၊ ဆက်တိုက် ဖွင့် တာပဲဗျို့ ” ဟု အပြော မှာ ကိုတွတ် က ရေဒီယိုလေး ကိုင် ရင်း အိတ် ထဲ က ပိုက်ဆံခေါက်လေး စမ်း ကာ ထုတ် ပေးဖို့ ပြင်သည် ။

ထိုစဉ် ကိုစိုးရ ဆက် ပြောလိုက်သော စကား တစ်ခွန်း က ကိုတွတ် ရင် ကို လှုပ်ခါရမ်းသွား စေ တာ ကိုစိုးရ တော့ ရိပ်မိဟန် မတူ ။ သည်တော့လည်း ကိုတွတ် က လက် ထဲ ကိုင် ထားသော ရေဒီယိုလေး ကို ကိုစိုးရ လက် ထဲ အလန့်တကြား ပြန် ထည့်လိုက်ပြီး ထိုင်ရာ မှ ထသည် ။

“ ဘယ်လိုလဲ ကိုယ့် လူ ရဲ့ ကြိုက်ကဲ့ မဟုတ်လား ” ဟူသော ကိုစိုးရ ၏ အမေး ကို ပင် ကတိုက်ကရိုက် နှင့် “ ကျွန်တော် က စားပွဲတင် ရေဒီယိုလေးမျိုး ပို ကြိုက်တယ် ” ဟု ပြော ရင်း စက်ဘီး နင်း ထွက်လာတော့သည် ။ ရေဒီယိုလေး ကို ကိုင် ရင်း ကိုစိုးရ ကျန်ခဲ့သည် ။

ကိုတွတ် မှာ တော့ စက်ဘီး စီးရင် ကိုစိုးရ ၏ စကားလေး တစ်ခွန်း က ရင် မှာ ပဲ့တင်ထပ် ဗလောင်ဆူ နေဆဲ ဖြစ်သည် ။ ဘာတဲ့ ... ။

“ အဖေ လည်း မျက်စိ နှစ်လုံး ကွယ် ကတည်း က ရေဒီယိုလေး ပဲ အဖော် လုပ်နေရတာ ... ”

“ အဖေ လည်း မျက်စိ နှစ်လုံး ကွယ် ကတည်း က ... ”

“ အဖေ လည်း ... ”

••••• ••••• •••••

သည် နေ့ မနက် လက်ဖက်ရည်ဆိုင် ထိုင်ပြီး အပြန် မှာ ပါ လာတဲ့ ဝေဒနာလေး က ကျွန်တော့ ငယ်ချစ်ဦး “ ဇေယျာကမ်းအလှပန်းချီ ” နှင့် မပတ်သက်တော့ တာ သေချာပါသည် ။

ဆူးငှက်

မန္တလေး ရသစာပေ ( ၂ )
၁၉၉၄ ခုနှစ် ၊ မတ်လ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Nov, 08:20


ပညာတတ်သည် ဖြစ်စေ
မတတ်သည် ဖြစ်စေ
လူတစ်ယောက်မှာ ကောင်းမွန်သော
ကိုယ်ကျင့် သိက္ခာနဲ့
ကိုယ်ချင်းစာတရားက
ရှိကို ရှိသင့်တယ်။

ကိုယ်ဘယ်လို
လူစားမျိုးလဲ ဆိုတာ
လူတွေကို လိမ်လို့ရပေမဲ့
ကိုယ့်ကိုယ်ကိုယ်တော့
လိမ်လို့ မရပါဘူး။

ဒါကြောင့် ကောင်းမွန်သော
စကားတစ်ခွန်းပဲ ပြောချင်တယ်
အသက်ကြီးလို့
လူကြီးဖြစ်လာရင်
လူကြီးမင်းရေ
ထမင်းစားပြီး လူနံ့ထွက်ပါ။

#crd to original writer
#PK Channel

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 14:35


[ ကျိန်စာမိုး]

“ဂီတနက်သံ ကိုစောညိမ်း"ရဲ့
အနောက်တောင်ဆီက ရွာမလိုဟန်ပြင်
ဝေဒနာမိုး ယိုစက်စက်
အိပ်မက်ဖတ်စာ သီချင်းသစ် ရှေးဟောင်းနှောင်းဖြစ် အချစ်
ဂန္ထဝင်ကျိန်စာ ဖြစ်နေပြန်ပေါ့။

“ဗန်းမော်တင်အောင်”ရဲ့
“မိုးတောင်က ချိန်း”ဝတ္ထု ခေါင်းအုံးပြီးစ
လောကဓံတရား အလျားအနံ အသွားအပြန် အခြေခံလူမှုဗေဒ
ဘဝ ဖတ်စာသစ်
မော်ဒန်ကျိန်စာ ဖြစ်နေပြန်ပေါ့။

“အလင်္ကာကျော်စွာ ရွှေပြည်အေး”ရဲ့ မိုး
“စန္ဒရား အေဝမ်းခင်မောင်"ရဲ့ မိုး
“အဆိုတော် ကိုမြကြီး”ရဲ့ မိုး
စိန်မိုး ရွှေမိုး ငွေမိုး
ရတနာမိုးတွေ
အညှိုးတကြီး အတိုးနဲ့ ရွာ

နှလုံးသားပေါ်မှာ
ဘဝပေါ်မှာ လောကပေါ်မှာ
ရွာသာရွာလိုက်စမ်းပါလေ။

ဒီလိုနဲ့
ရွှေငုံးမင်း အမြှီးမျှော်သလို
( ကိုညွန့်သစ် ရေ )
စိုင်းထီးဆိုင်က
“မေမြို့မှာ မိုးခေါင်တာကြားဖူးပြီ” တဲ့
(ဟုတ်ပ)
ရင်ထဲမှာလည်း မိုးခေါင်
လွင်တီးခေါင်ဒေသ
အတ္တအိုအေစစ်ထဲ
အကြင်နာ ရေတစ်ခွက်အတွက်
(စောခက် ရယ်)
မင်း သိပ်ရက်စက်တယ်ကွယ်။

(ကဗျာဆရာ ဖော်ဝေး သို့)

မောင်အောင်နီ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 14:26


ပွဲတော်တခြား ငါတို့တခြား
_____

ငါတို့သွားနေတဲ့လမ်းက
ပွဲတော်တွေဆီမရောက်တော့ဘူး။
ပွဲတော်‌တွေကတစ်လမ်း
ငါတို့ကတစ်လမ်းပဲ။

ပွဲတော်တွေနဲ့ငါတို့နဲ့
သူစိမ်းဆန် လိုက်ပုံများ
ခေါ်မကြား အော်မကြား ကာလများ

ရည်းစားဦးနဲ့လွဲသလို
ငါတို့လွဲသွားခဲ့ကြ
ပွဲတော်တွေဟာငါတို့မျက်နှာကို မကြည့်ချင်ပုံရတယ်
ငါတို့ကလည်းပွဲတော်တွေမျက်နှာကိုမကြည့်ချင်။
မိတ်ဆွေဟောင်း‌တွေ
အတွင်းသိအဆင်းသိတွေ
လမ်းချင်းမတူလို့ လူချင်းမတွေ့တော့တဲ့နှစ်တွေ။

အိမ်လွမ်းလို့ကွဲနေတဲ့အသည်းကို
ပွဲတော်ကအညှော်တွေနဲ့ တိုက်ရမလား။
တဆစ်ဆစ် အိမ်လွမ်းနာဟာ
ရင်းလာမှာ ကိုက်လာမှာ။
ထပ်ထပ် နာလာရင်ခက်ရချည့်။

တော်လှန်အဆိပ်တွေတက်ပြီးကတည်းက
ဘယ်လိုမြှူဆွယ်ဆွယ်
ဘယ်အဆိပ်မှ မတိုးတော့တဲ့‌
လူငယ်ဆိုတာ ငါတို့လိုကောင်တွေပဲ။

မင်းကိုသတိရလိုက်တာဆိုပြီး
ပွဲတော်နဲ့ငါနဲ့လာစေ့စပ်တဲ့ကောင်ကို
ငါဘလော့လိုက်တယ် ယောက်ဖ။

မလွတ်မလပ်ကြီး ကခုန်နေတာတွေကို
ဘာစောက်ကြောင်းနဲ့လွမ်းရမလဲယောက်ဖ။

မင်းတို့မျောက်ပွဲတွေကို
ပျောက်ကျားယူနီဖောင်းကြီးဝတ်လို့
ခပ်ချေချေ တည်တည်ငြိမ်ငြိမ်
ငါတို့လိုဆရာကြီးကောင်တွေက
ဖက်ကြမ်းလေးဖွာပြီး ပြုံးပြုံးကြီးကြည့်‌နေပါတယ်။

ငါတို့ပြောရင် လွန်တယ်ထင်ဦးမယ်
မင်းတို့ရဲ့ပွဲတော်တွေဆိုတာက
ငါတို့ ကိုင်တဲ့ သေနတ်
ကျည်တစ်ခါညပ်တာလောက်‌တောင်မှ
ရင်ခုန်ချင်စရာ မကောင်းဘဲကွာ။ ။

#သင့်သူ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:40


နာကျင်ခြင်းဟာ လူ့ခန္ဓာကိုယ်အတွင်းမှာ
တစ်စက္ကန့်ကို ပေ ၃၅၀ နှုန်းနဲ့ ရွေ့လျားတယ်။

- မောင်ဖီလာ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:38


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


သူတို့သည် ကိုဒေါင်းစိန် ၏ အိမ်အနီး မြေကွက်လပ် တွင် ယင်းများကို ခင်းပြီးနောက် လှေ ထဲမှ ငါးများကို ခြင်းများနှင့် သယ်တင်ကာ ထို ယင်းပေါ်သို့ လောင်းချကြ၏ ။ ကိုလေးဖိုးကွန့် ၏ မိန်းမ မပြားကြီး နှင့် ကိုလူမောင် ၏ မိန်းမ မဖွားသက် တို့လည်း ရောက်လာကြကာ မယ်စိန် နှင့် အတူ ယင်း ပေါ်မှ ငါးများကို သူ့ အမျိုးအစား နှင့်သူ သီးသန့်ခွဲခြား ရွေးထုတ်နေကြ၏ ။ ကူညီလုပ်ကိုင်သူ များလှ သဖြင့် မမှောင်မီပင် လှေဝမ်း ထဲမှ ငါးများအားလုံး သယ်တင်ပြီး ဖြစ်ရုံမျှမက သူ့အမျိုးအစား နှင့်သူ လည်း ခွဲခြား ရွေးထုတ်ပြီး ဖြစ်နေ၏ ။



ဤအချိန်တွင် ငါးများ ကို ကုန်လုပ်ပြီး ရောင်းချကြမည့် ကုန်သည်ကလေး နှစ်ဦး ရောက်လာကြကာ ဤ ငါးများကို ရောင်းမည်လော ဟု လာမေးကြ၏ ။ မယ်စိန် က ငါးကျည်းများ ကို သူ့ ဟာ သူ ကျပ်တိုက် ပြီး ငါးကျည်းခြောက် ဖြစ်မှ ရောင်းမည် ။ ကောင်သေးငါးများ ကိုလည်း သူ့ ဟာသူ ငါးပိ လုပ်၍ ငါးပိ ဖြစ် မှ ရောင်းမည် ။ ကျန်ရှိသည့် ငါးပတ် ၊ ဒိုး ၊ ခေါင်းဖြတ် နှင့် ချောမီးနီများကိုမူ ငါးစိမ်း အတိုင်း ရောင်း မည်ဟု ကြေညာ လိုက်၏ ။



ဤအချိန်တွင် ကုန်သည်ကလေး နှစ်ဦးသည် အပြိုင်အတိုင် ဈေးပိုတင်ပြီး သူ့ ထက်ငါ ကောင်းလုဝယ် ကြရ မယ်စိန် တို့ ခန့်မှန်းသည့် ဈေးထက် ပို၍ ရ၏ ။ ငါးပတ် မှာ ၇၅ိ ဈေး ။ ဒိုးခေါင်းဖြတ် ချောမီးနီများ မှာ ၆၅ိ ဈေး အထိ ရရှိလိုက်၏ ။ ပေါက်ဈေး ၇၀ ကျပ်နှင့် ၆၀ ကျပ် ဈေးသာရှိရာ အချိန် တစ်ရာကို ငါးကျပ် ပို၍ ရလိုက်၏ ။ သူတို့သည် ရာဇူကို ဆင်ကာ ချိန်ပေးပြီး ငွေ ရှင်း ယူလိုက်ကြသည် ။ ငါးဖယ်များ ကိုမူ ငါးစိမ်းသည်မကြီး မမယ်ရင် အား ချိန် ရောင်းလိုက်ကြသည် ။



မယ်စိန် ကား ကိုဒေါင်းစိန် တစ်နေ့လုံး ပင်ပန်းထားသည် ကို သိ၍ ကျန်ရှိနေသော ငါးရံ့ ၊ ငါးကျည်း နှင့် ကေင်သေးငါးများကို သူ့ ဟာသူ လုပ်တော့မည် ။ ကိုဒေါင်းစိန် အနားယူ လိုက ယူ ဟု ခွင့်ပြု လိုက်၏ ။ ထို့ကြောင့် ကိုဒေါင်းစိန် သည် အိမ်ပေါ်သို့ တက်လာကာ အိပ်ရာထဲ ထိုးလှဲလိုက်၏ ။ အိပ်ရာထဲတွင် လှဲနေရင်းမှ သူ့ လုပ်ငန်း၏ အကျိုးအမြတ်ကို တွက်ကြည့်၏ ။ သူ ချုံချရန် မန်ကျည်းပင်ငယ် ငွေအစိတ် ၊ မန်ကျည်းပင် ကို လှည်းရ ၊ ဖြတ်ရ ၊ ချုံချမည့် နေရာသို့ သယ်ရသည့် အတွက် လူငှားခ က ငွေငါးကျပ် ၊ ပေါင်းသုံးဆယ် ။



လယ်သမားတွေက တရားစွဲလို့ အစိုးရကို ဒဏ်ငွေ ဆောင်ရတာက သုံးဆယ်ဆိုတော့ ပေါင်း ခြောက်ဆယ် ။ ကိုပေါက်တူး ရဲ့ ဂုန်နီပိုက်ငှားခ တစ်ဆယ့်ငါးကျပ် ထပ် ထည့်လိုက်တေ့ ၊ ခုနစ်ဆယ့်ငါးကျပ် ဖြစ်ရော ။ ရေငုပ်သမား နှစ်ဦးအား ပေးရသည့် ငွေလေးကျပ် နှင့် အရက်ဖိုး ကုန်ကျငွေများပါ ထည့်လိုက်ဦး ၊ အားလုံး အရင်းငွေ တစ်ရာ ထက် ပိုမကုန်နိုင် ။ ယခု သူ့ချုံမှ ငွေနှစ်ရာခန့် ရရှိမည်ဟု ခန့်မှန်းနိုင်ပြီ ဖြစ်ရာ ငွေတစ်ရာ အသားတင် မြတ်မည် ။ ပြီးတော့ မပိတ်ဆို့ရသေးသော ချုံ နှစ်ချုံ ကျန်ရှိနေသေးရာ ဤချုံနှစ်ချုံ မှာလည်း အနည်းဆုံး အသားတင် ငွေတစ်ရာ့ငါးဆယ်တော့ ရဦးမည် ။ နောက်ပြီး ထင်းဆိုက်ရန် မန်ကျည်း တုံးများ ၊ မန်ကျည်းကိုင်းများ လည်း ရှိနေသေးရာ ဤဟာများလည်း မြတ်ကျန်ရစ်ဦးမည် ။ ပင်ပန်းရ ကျိုးတော့ဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။

သူ့ အကျိုးအမြတ်ကို တိတိကျကျ ခန့်မှန်းနိုင်ပြီးသည် ၏ အခြားမဲ့၌ လူ့ စိတ်နှလုံးမှာ တည်ငြိမ်သွား၍ သူ့ အတွေးများလည်း ရပ်ဆိုင်းသွားကာ သူ့ မျက်လုံးများမှာလည်း မှေးငိုက်လာတော့၏ ။ အိမ် အပြင်မှ မယ်စိန် ၊ မဖွားသက် ၊ မပြားကြီး တို့၏ ငါးခုတ်သံ ၊ စကားပြောသံများကို ကြားရ တစ်ချက် ၊ မကြားရ တစ်ချက်ဖြင့် မျောက်မျဉ်း အိပ်ပျော် နေရာမှ နောက်ဆုံး လုံး၀ မကြားရတော့သည့် တိုင် အိပ်မောကျသွားလေတော့သည် ။



ကိုဒေါင်းစိန် ကား အိပ်မက် ထဲတွင် ဟက်ဟက်ပက်ပက် ရယ်မောကာ ပျော်ရွှင် မြူးထူးနေရှာလေသတည်း ဟု နိဂုံးချုပ် ကာ အဆုံးသ,တ်လိုက်က လွဲမှားနိုင်ပါမည်လော ။



ကြယ်နီ

📖 ဝတ္ထုတိုပေါင်းချုပ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


တင်လိုက်ရသည် ။



ဤရေငုပ်သမား နှစ်ဦးသည် ကိုယ့်ပစ္စည်း ကိုယ့်လုပ်ငန်း မဟုတ်သောကြောင့် အပင်ပန်း မခံဘဲ ပိုက်ကို ပြီးစလွယ် သိမ်းသွားသည် ဆိုလျှင်လည်း သူ ဘာမျှ တတ်နိုင်မည်မဟုတ် ။ သို့သော် သူတို့ နှစ်ဦးကား ဤသို့ မဟုတ်ကြ ။ ကိုယ့်ပစ္စည်း ၊ ကိုယ့်လုပ်ငန်းလို သဘောထားပြီး ငါးကျည်း အစူးခံကာ ဇွဲနပဲနှင့် စေ့စေ့စပ်စပ် သိမ်းပေးကြသည် ။ သူက ဤအတွက် ရေငုပ်ခ တိုးပေးမည် ဆိုသည်ကိုပင် လက်မခံဘဲ ငြင်းပယ်ကြသည် ။ သူတို့ကား အခွင့်အရေး ကို မကြည့်ဘဲ သူတို့ အလုပ် ကိုသာ တန်ဖိုး ထားကြသည် ။ သူတို့ လုပ်လိုက်သော လုပ်ငန်းသည် သေချာစေ့စပ်စွာ ပြီးစီးသွားသည် ဟူသော အလုပ်ဂုဏ် ကိုသာ မြတ်နိုးလိုလားကြသည် ။ ကြည်ညို လေးစားဖွယ် ကောင်းပေစွ ။



( ၇ )



ညနေ ၃ နာရီခန့် အချိန်တွင် ဂုန်နီပိုက်အောက်ခြေရှိ သံကြိုးကို ကမ်းစပ်ကုန်း ပေါ်သို့ ဆွဲတင်နိုင် သည့်အထိ ပိုက်အဝန်းကို ကျဉ်းမိကြ၏ ။ ငါးများမှာ အကျဉ်းအကျပ်ထဲ ရောက်နေ သဖြင့် တစ်ကောင် နှင့်တစ်ကောင် တိုးဝှေ့ကာ ပွက်လောရိုက် နေသည် ။ ယခု ထို ငါးများကို ခြင်းတောင်း နှင့် ခပ်ယူကာ ပိုက်သိမ်းရုံသာ ရှိတော့သဖြင့် ရေငုပ်သမား နှစ်ဦး၏ တာဝန်မှာ ပြီးဆုံးသွားပေပြီ ။



ရေငုပ်သမား နှစ်ဦးသည် ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် ကုန်းပေါ်သို့ တက်လာကြကာ မီးပုံအနီး တွင် ခြေပစ်လက်ပစ် လဲလျောင်း နေကြ၏ ။ သူတို့ တစ်ကိုယ်လုံး နွံနှစ်များ ဖုံး၍ ငါးကျည်းစူးထား သော ဒဏ်ရာ ဒဏ်ချက် များမှာလည်း မွမွကြဲ နေသည် ။ သူတို့ နှစ်ဦးကား အတော်ပင် ဖားသွားချေပြီ ။



ကိုဒေါင်းစိန် သည် အလိုက်သိစွာပင် ကျန်ရှိသော အရက်သုံးပုလင်းကို သူတို့ အနီး၌ ချထား ပေးလိုက်သည် ။



ကိုဒေါင်းစိန် ၊ ကိုလူမောင် နှင့် ကိုလေးဖိုးကွန့် တို့သည် ကျဉ်းမြောင်းလှသော ပိုက်ဝိုင်း အတွင်း၌ မိနေ သော ငါးများအား ခြင်းတောင်းနှင့် ခပ်ကာ လှေကြီး တစ်စင်း ထဲသို့ လောင်းထည့်ကြ၏ ။ ငါးဖယ်များ ကိုမူ ဖောက်သည်ငါး ( ငါးစိမ်းငါး ) အဖြစ်ဖြင့် ငါးစိမ်းသည်မကြီး မမယ်ရင် အား ချိန်ရောင်းရန် သီးခြား ရွေးထုတ်ကာ ရေထဲ တွင် ချထားသော “ ဗုံလုံ ” ထဲ သို့ ထည့်၍ လှောင် ထားသည် ။ ငါးရံ့နှင့် ငါးပတ်များ ကိုမူ တဝုန်းဝုန်း ထခုန် နေကြသဖြင့် လွတ်မြောက်သွားမည်စိုးသောကြောင့် ခေါင်းကို တုတ်ဖြင့် ရိုက်ကာ လှေကန့် တစ်နေရာ တွင် သီးခြားပုံထား၏ ။



ပိုက်ဝိုင်းထဲမှ ငါးများကို ခြင်းတောင်းဖြင့် အကြိမ်ပေါင်း များစွာ ခပ်ယူလိုက်သောအခါ ပိုက်ဝိုင်းထဲတွင် ငါးအနည်းငယ်မျှသာ ကျန်ရစ်တော့သည် ။ ထိုအခါ သူတို့သည် ပိုက်ကို မ ယူကာ ကျန်ရှိနေသော ငါးများအား လှေထဲသို့ လောင်းထည့်လိုက်ကြသည် ။ ကြီးမားလှသော လှေကြီးမှာ ငါးများ မောက် နေအောင် ပြည့်သိပ်သွားတော့သည် ။ ကိုဒေါင်းစိန် ကား ငါးများများ ရမိလိုက် သဖြင့် အူမြူးနေသည် ။ မယ်စိန် ၏ မျက်နှာ မှာလည်း တပြုံးပြုံး ဖြစ်နေသည် ။ ကိုဒေါင်းစိန် သည် ရေငုပ်သမား နှစ်ယောက် မသောက်နိုင်သဖြင့် ချန်ထား ခဲ့သော အရက် တစ်ပုလင်းကို ကိုလေးဖိုးကွန့် ၊ ကိုလူမောင် တို့နှင့်အတူ ခွဲဝေ၍ သောက်လိုက် ပြီးနောက် ငါးလှေ ပေါ်သို့ တက်ကာ လှော်ပြန် လာသည် ။



သူ က လှေပဲ့ မှ လှော်၍ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က ဦးမှနေ လှော်ကာ ၊ မယ်စိန် ကတော့ လှေလယ်တွင် ထိုင်လိုက်လာသည် ။



ကိုဒေါင်းစိန် သည် ငါးများများ ရ၍ အူမြူးနေသည့် ကြားထဲ အရက်ကလေး ကိုလည်း သောက်ထား ပြန်သောကြောင့် အနည်းငယ်ကလေးမျှ ဂနာမငြိမ်ဘဲ တစ်ကိုယ်လုံး ကြွကြွရွရွ ဖြစ်နေသည့်တိုင် မြူးနေ တော့၏ ။ သူ သည် လှော်တက်ကို ရေထဲ နှစ်ကာ အားစိုက်၍ လှော်ယက်ရင်းမှ လှေဦး မှ ကိုလေးဖိုးကွန့် သို့ လှမ်းကာ “ ဗျို့ ကိုလေးဖိုးကွန့် ၊ ကျွန်တော့် ချုံထဲ ငါးမျိုးစုံပြီး ငါးအတော်များများ ရှိ တယ်လို့ ကျွန်တော် ပြောတုန်းက ခင်ဗျားတို့ ကြွားတယ်လို့ ထင်တယ် မဟုတ်လား ။ အခုတော့ ဘယ့် နှယ်ရှိစ ၊ ဒါကြောင့်မို့ “ ဟိုချုံ ဒီချုံ ကင်ပွန်းချုံ ၊ တိုက်စောင်ခြုံတဲ့ အမေ့ ချွေးမ ” ဆိုတဲ့ သံချပ်ကို တောင် ကျွန်တော်က တစ်မျိုး ပြင်လိုက် ချင်သေးတယ် ”



“ ဆိုစမ်းပါဦးကွ ၊ မင်းက ဘယ်လိုများ ပြင်ချင်လို့လဲ ”



“ ဟိုချုံ ဒီချုံ မန်ကျည်းချုံ ၊ ငါးမျိုးစုံတဲ့ ဒေါင်းစိန်ချုံ ဗျ ” လို့ ပြင်လိုက်ချင်တာပေါ့ ၊ အနို့ မဟုတ်ဘူးလားလို့ ”



“ ဟုတ်ပါသဗျား ၊ မှန်ပါသဗျား ” ဟု ကိုလေးဖိုးကွန့် က သဘောကျ သွားသလို ဟက်ဟက်ပက်ပက် ရယ်ရင်းက ပြောလိုက်ရာ ၊ မယ်စိန် က “ ကာလနာ ကတော့ လုပ်ပြီ ” ဟု ရေရွတ်ရင်း မျက်စောင်း ချိတ်လိုက်သည် ။



“ ကဲဟေ့ ဒေါင်းစိန် ၊ မင်း သံချပ်ကို မင်းက တိုင်ပေး ၊ တို့က လိုက်မယ် ” ဟု ကိုလေးဖိုးကွန့် က ပြောလိုက်ရာ ကိုဒေါင်းစိန် က “ အဟီး ” ဟု အူကြောင်ကြောင် တစ်ချက် ရယ်လိုက်ပြီး နောက် “ ဟိုချုံ ဒီချုံ မန်ကျည်းချုံဟေ့ ” ဟု တိုင်ပေးလိုက်ရာ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က “ ငါးမျိုးစုံတဲ့ ဒေါင်းစိန် ချုံဗျ ” ဟု သံပြိုင် လိုက်ပေးကြ၏ ။ သို့ဖြင့် အတိုင်အဖောက် ညီစွာ အော်ဟစ် ဆူညံသွားကြရာ ကိုဒေါင်းစိန် တို့ အိမ်ဆိပ် ရောက်မှ ရပ်လိုက်ကြ၏ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


နှစ်ယောက်သား စကား တစ်ခွန်းမှ မပြောနိုင်ဘဲ တဆတ်ဆတ် တုန်နေသော လက်များဖြင့် အရက် ပုလင်း ကိုကိုင်က ပုလင်းလိုက် မော့ချကြ၏ ။ ဤမျှ ပြင်းလှသော မီးတောက်အရက် ကိုပင် အရပ် အနားမရှိဘဲ တစ်ရှိန်တည်း တစ်ပုလင်းလုံး ပြောင်အောင် ပုလင်းလိုက် မော့ချနိုင်ခြင်းမှာ အံ့ဖွယ် ကောင်းလေစွ ။ မော့ပြီး၍ လွတ်သွားသော ပုလင်းခွံ ကို ပစ်ချလိုက်ပြီးနောက် မေးဖျားမှ ယိုစီးကျ လာသော အရက် အနည်းငယ်ကို လက်နှင့် သုတ်ပစ်ရင်း “ ဟား ” ဟု ပြိုင်တူ သက်မကြီး ချလိုက်ကြ၏ ။



သည်တော့မှ သူတို့ နှစ်ဦးမှာ နေသာထိုင်သာ ရှိသွားပုံရကြ၏ ။ သူတို့ တစ်ကိုယ်လုံး နွံနှစ်များ ပေကျံ လျက် ရှိသဖြင့် နွံလူးထားသော ကျွဲကြီးများလားဟု ထင်မှားလောက်သည် ။



ကိုဒေါင်းစိန် ကတော့ ယခုထက်တိုင် ထမင်းပို့ မရောက်သေးသော မယ်စိန်အား မျှော်တော်ဇောနှင့် မောနေရ၏ ။ ထမင်းဆာလှ၍ မယ်စိန် အား မျှော်ခြင်းမဟုတ် ။ တဖြောင်းဖြောင်း တဝုန်းဝုန်းဖြင့် ဆူညံ နေအောင် ငါးပေါများလှသော သူ့ ချုံကို မယ်စိန်အား ပြကာ ကြွားချင်လှ၍ ဖြစ်သည် ။



သူ မျှော်နေခိုက်မှာပင် မယ်စိန် သည် ထမင်းတောင်း ကို ခေါင်းတွင် ရွက်ကာ သုတ်သီးသုတ်ပျာ ရောက်ရှိလာသည် ။ သူက မယ်စိန် ခေါင်းပေါ်မှ ထမင်းတောင်းကို အောက်သို့ ချပေး ပြီးသည်နှင့် တစ်ပြိုင်နက် ၊ မယ်စိန် သည် ပိုက်ဝိုင်းထားသော ချုံ ရှိရာသို့ အပြေး သွားကြည့်ပြီးနောက် ကျေနပ်သွား သလို မျက်နှာ မှာ ပြုံးပြုံးကြီး ဖြစ်သွား၏ ။



ထမင်းပွဲကို ပြင်ဆင်ကာ ဝိုင်းဖွဲ့၍ စားကြ၏ ။ မယ်စိန် ပန်းကန်ပြား မရှိသဖြင့် ငှက်ပျောရွက်များ ကို ခင်းကာ ထမင်းပုံပြီး စားကြ၏ ။ မယ်စိန် က ငါးပတ်ချဉ်ရည်ဟင်းကလေး ချက်လာသည် ။ သူတို့သည် ဟင်းရည်ကို လက်ကြားမှ ယိုကျသည့် တိုင်အောင် ခပ်များများ ဆမ်းကာ ကြီးစွာသော အလုပ်အလွေးဖြင့် မြိန်ရှက်စွာ စားသောက်ကြသည် ။



ထမင်း စားသောက်ပြီးကြသောအခါ ခေတ္တမျှ ထမင်းလုံးစီရင်း အနားယူ ကြပြီးနောက် လုပ်ငန်းကို ဆက်ကြပြန်၏ ။ ရေငုပ်သမား နှစ်ဦးက ရေထဲခုန်ဆင်းကာ ရေငုပ်၍ ပိုက်ကိုသိမ်း၏ ။ ကိုဒေါင်းစိန် နဲ့ ကိုပေါက်တူး က ပိုက်လက်နားတိုင် လိုက်ဖော်၏ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် က ခုန်ထွက်လာ သော ငါးပတ်ကြီး များကို ဖမ်းရန် ခုန်စင်ခံကြ၏ ။



ထိုအချိန်တွင် ဂုန်နီပိုက် အနီးသို့ ကွန်လှေနှစ်စင်း ရောက်လာသည် ။ ဤ ကွန်လှေနှစ်စင်းကား ပိုက် သိမ်းရာ တွင် ပါမသွားဘဲ လွတ်ကျန်ရစ်သော ငါးများကို ပိုက်အပြင်ဘက်မှ နေ၍ ကွန်ဖြင့် ပစ်ဖမ်းရန် ရောက်ရှိ လာခြင်း ဖြစ်သည် ။



ကွန်လှေ နှစ်စင်းမှ ကွန်သမား နှစ်ဦးသည် သူတို့၏ ကွန်များကို ဝင့်၍ ဂုန်နီပိုက် အနီးသို့ ကပ်ကျသွား အောင် ပစ်ကြဲလိုက်ကြသည် ။ သူတို့၏ ကွန်များကို အတန်ကြာအောင် ရေထဲ၌စိမ် ထားပြီးနောက်မှ တဖြည်းဖြည်း ဆွဲဖော် လိုက်ကြသည် ။ သို့သော် သူတို့၏ မျှော်မှန်းချက် နှင့်ကား ကွာ ဝေးလှသည် ။ သူတို့၏ ကွန်ထဲတွင် ငါးကျည်း သုံးလေးကောင် နှင့် အခြားငါး အနည်းအကျဉ်းမှ တစ်ပါး ဟုတ်ဟုတ်ညားညား မမိကြ ။ သူတို့သည် မကျေနပ်၍ နောက်တစ်ကြိမ် ပစ်ကြဲလိုက်ကြ ပြန်သည် ။ သို့သော် သူတို့၏ ကွန်ထဲတွင် ငါး အလျှင်းပင် မပါတော့ ။



ဤအဖြစ်ကို သိလိုက်သော ရေငုပ်သမား နှစ်ဦးက ပိုက်အတွင်းမှ နေ၍ တဟားဟား အော်ရယ်လိုက် ပြီးနောက် “ ဟေ့ ကွန်သမားတွေရဲ့ ၊ တင်ကျီး နဲ့ နံကရိုင်း နှစ်ယောက် ရေငုပ်ပြီး ပိုက် သိမ်းတဲ့ ချုံမှာ မင်းတို့ ကွန် လာ ပစ်လို့ ဘယ် ငါး မိနိုင်မလဲကွ ၊ တို့က တစ်ကောင်တစ်မြီးမှ မကျန်အောင် ဂရုတစိုက် သိမ်းလာတာမို့ မင်းတို့ ကွန်သမားတွေအဖို့ ဘာငါးမှ ကျန်ရစ်မှာ မဟုတ် ဘူးကွ ။ ဒါကြောင့် ဒီမှာ အလကားအချိန်ကုန် ခံ မနေဘဲ တခြား ချုံတွေမှာသာ သွားပစ်ကြပါကွာ ” ဟု အော်ပြောလိုက်၏ ။



ဤတွင် ကွန်သမား နှစ်ဦးမှာ စိတ်ပျက် သွားကြတာ “ သြ ... ဒီချုံမှာ ရေငုပ်ပိုက် သိမ်းတဲ့ လူက “ တင်းကျီးနဲ့ နံကရိုင်း ” ကိုး ၊ ကျုပ်တို့က ဒီလိုမှန်း မသိလို့ပါဗျာ ၊ ခင်ဗျားတို့ နှစ်ယောက် ပိုက်သိမ်းတဲ့ ချုံ ဆိုရင် ကျုပ်တို့ ကွန်သမားတွေ တစ်ခါမှ ငါးမမိဖူးဘူး ၊ အင်မတန် ပိုက်သိမ်းစေ့စပ်တဲ့ လူတွေပဲ ” ဟု ပြော၍ ထွက်ခွာသွားကြ၏ ။



ကိုဒေါင်းစိန် ကတော့ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်၏ ။ ရေငုပ်သမား နှစ်ဦးအားလည်း ပြေမပြနိုင်အောင်ပင် ကျေးဇူးတင်သွားမိ၏ ။ ဤ ရေငုပ်သမားနှစ်ဦး ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသလား ၊ ပြီးစလွယ် သိမ်းသလားဆိုတာ ဤဂုန်နီပိုက် အပြင်ဘက်၌ လာ၍ ပစ်ကြဲကြသော ကွန်သမားများ၏ ကွန်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည် ။ သူတို့ ၏ ကွန်ထဲ ငါးများများ မိလျှင် ရေငုပ်သမား နှစ်ဦးသည် ပိုက်ကို ပြီးစလွယ် သိမ်းသောကြောင့် ငါးများ ပိုက်တွင်းမှ ထွက်ပြီး သူတို့ ၏ ကွန်ထဲ၌ လာမိကြောင်း ခန့်မှန်းသိရှိနိုင်သည် ။ အကယ်၍ သူတို့၏ ကွန်ထဲ၌ ငါး ပြောပလောက် အောင် မပါရှိလျှင်ကား ရေငုပ်သမား နှစ်ဦးသည် ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသွားသောကြောင့် ငါး များပိုက်တွင်း၌ တလုံးတစည်းတည်း ပါသွားသည့်အတက် သူတို့၏ ကွန်ထဲ၌ ငါး မပါမရှိကြောင်း ရိပ်မိ သိရှိနိုင်သည် ။ ယခု လာ၍ ပစ်ကြဲကြသော ကွန်သမားများ၏ ကွန်ထဲ၌ ငါး မပါရှိပုံကို ထောက် လိုက်လျှင် ပိုက်ကို စေ့စေ့စပ်စပ် သိမ်းသွားကြောင်း ထင်ရှား နေသည် ။ ထို့ကြောင့် ရေငုပ်သမား နှစ်ဦးအား သူက ကျေးဇူး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


“ ငါးကျည်းစူးလို့ ဆိုပြီး အဲဒီ ငါးကျည်းတွေကို မလွှတ်ပစ်ခဲ့ပါနဲ့ဗျာ နော် အဲဒီ ငါးကျည်းတွေပါ ပါအောင် တစ်ဆိတ်ကလေး စေ့စေ့စပ်စပ် သိမ်းပေးပါလားဗျာ ၊ ခင်ဗျားတို့ အတွက်လည်း မနည်းစေ ရပါဘူး ။ ခါတိုင်း ချုံတစ်ချုံ ကို ခင်ဗျားတို့ ရေငုပ်ခ ပိုက်သိမ်းခ ငွေနှစ်ကျပ် ရတယ် မဟုတ်လား ၊ အခု ကျွန်တော်က တစ်ဦးကို ငါးကျပ် အထိ တိုးပေးပါ့မယ် ၊ အရက် ကိုလည်း အဝ တိုက်ပါ့မယ်ဗျာ ”



ရေငုပ်သမား နှစ်ဦးက သူ့ စကားကို သဘောကျ သွားသလို ဟက်ဟက်ပက်ပက် ရယ်လိုက်ကြ၏ ။



သူ ၏ စိုးရိမ်စိတ်ကလေး ပျောက်ကင်းသွားအောင်လည်း ချက်ချင်းပင် စကား ပြန်ကြားလိုက်၏ ။



“ ဟေ့ ဒေါင်းစိန်ရဲ့ ၊ တို့နှစ်ယောက်ရဲ့ နာမည်ကို မင်း မေ့သွားပြီ ထင်တယ် ၊ မှတ်ထားကွ ၊ တစ်ယောက် က “ တင်ကျီး ” တဲ့ ၊ တစ်ယောက် က “ နံကရိုင်း ” တဲ့ ။ တင်ကျီး ငှက်များ ဟာ ရေငုပ်သန် ပြီး ငါးဖမ်းကျင်လည်သလို ၊ နံကရိုင်း အမည်ရှိတဲ့ ကျွဲသတ္တဝါများ ဟာလည်း အင်မတန် ရေကြိုက်တဲ့ အကောင်မျိုးဆိုတဲ့ သဘော နဲ့ ဒီ နာမည်တွေကို တို့နှစ်ယောက် ယူထားကြတာပဲကွ ။ ငါးကျည်းစူး လို့ ငါးကျည်း ကို အရှုံးပေးရမယ် ဆိုရင် ရာဇဝင် ရိုင်းတော့မပေါ့ကွာ ၊ မြွေဆေးထိုးတဲ့ နေရာမှာ နာမည်ကျော်တဲ့ ဦးသြဘာသ ရဲ့ တပည့်အစစ်တွေမို့ ငါးကျည်း အဆိပ် လောက်တော့ အပျော့ထားတယ်ကွ ။ ဒါကြောင့်မို့ မင်း စိတ်အေးအေးသာ ထားနေ ၊ တစ်ကောင်တစ်မြီးမှ မကျန်အောင် သိမ်းပေးမယ် ၊ ရေငုပ် ပိုက်သိမ်းခ ကိုလည်း တိုးပေးဖို့ မလိုပါဘူး ၊ ခါတိုင်း ပေးနေကျ တစ်ယောက် နှစ်ကျပ်ပဲ ပေးပါ ၊ ဒါပေမဲ့ အရက် ကိုတော့ အဝ တိုက်ရလိမ့်မယ်ကွ ၊ ခုလို အေးပုံမျိုး ၊ ခုလို ငါးကျည်း စူးပုံမျိုးနဲ့ ဆိုရင် အရက် မကူဘဲ မဖြစ်ဘူး ဆိုတာ မင်း သိတဲ့အတိုင်းပဲ ဟေ့ ”



“ အို စိတ်ချ ၊ အရက် ဆိုတာ ဆန်းတာ မဟုတ်ပါဘူး ၊ ခင်ဗျားတို့ လိုသလောက် ရပါစေ့မယ် ၊ ပြောနေရင် ကြာတယ်ဗျာ ၊ ဗျို့ ကိုလူမောင် ၊ အမှိုင့် ဆိုင်မှာ ကျွန်တော်ကလို့ ဆိုပြီး အရက် ငါးပုလင်း လောက်ထပ်ပြီး သွား ယူထားလိုက်စမ်းပါဗျာ“



ကိုဒေါင်းစိန် က သူတို့အား ကတိ ပေးရုံမျှမက လက်တွေ့ပင် လုပ်ပြ လိုက်သဖြင့် ရေငုပ်သမား နှစ်ဦး မှာ ကျေနပ်သွားကာ ရေအောက်သို့ စုပ်ခနဲ ငုပ်သွားကြပြန်၏ ။ သူတို့ တစ်ကြိမ်ငုပ်လျှင် ပိုက်မှာလည်း ကမ်းစပ်သို့ အနည်းငယ် ရွေ့လျားလာသည် ဖြစ်ရာ ပိုက်လက်နားတိုင် ကို လည်း တစ်ကြိမ် ထပ်လိုက် ပေးရ၏ ။ သည်လိုနှင့် ရေငုပ်လိုက် ၊ ပိုက် အနည်းငယ် ရွှေ့လိုက် ၊ လက်နားတိုင်ကို လိုက်ပေးလိုက် နှင့် ပိုက်အဝိုင်း မှာ တဖြည်းဖြည်း နှင့် ကျဉ်းမြောင်း လာသည် ။



ပိုက်အဝန်းအဝိုင်း ကျဉ်းမြောင်း လာလေလေ ငါးများ က လန့်ဖျပ်ပြီး ခုန်လေလေ ဖြစ်နေရာ တဖြောင်း ဖြောင်းနှင့် ဆူညံ နေသည် ။ အထူးသဖြင့် ငါးပေါ်ငါးလွင့်များ ဖြစ်ကြသော ငါးပတ် ၊ ငါးဖယ် အောင်း ၊ ငါးမြစ်ချင်း ၊ ငါးဒိန်းလုံးက ပို၍ ခုန်သည် ။ တန်းမြင့်ခုန် ပြိုင်ပွဲတွင် ဗိုလ်ဆွဲ နေသော ငါးပတ် များမှာ တစ်ခါတစ်ရံ ပိုက်ကို ကျော်လွန်အောင် ခုန်နိုင်စွမ်း သဖြင့် ပိုက်အပြင်ဘက် ရေထဲသို့ ကျကာ လွတ်မြောက် သွား၏ ။ ထို့ကြောင့် ကိုလေးဖိုးကွန့် က ပိုက်ပတ်လည် တစ်လျှောက် လှေကြီးများ ဆိုက်ကပ်ထားကာ ခုန်စင် အဖြစ် ခံထားရ၏ ။ ပိုက်ကို ကျော်လွန်ပြီး ကျလာသော ငါးပတ်များမှာ ထိုလှေကြီးများ ထဲသို့ ရောက်ကာ ရိုက်နှက်ဖမ်းဆီးခြင်း ခံရတော့၏ ။`



ဤနည်းဖြင့် ငါးပတ် ဆယ်ကောင်ခန့် ရမိထားသည် ။ ဤငါးပတ်များ ထဲမှ အကြီးဆုံး တစ်ကောင်ကို ရွေးချယ်၍ ကိုဒေါင်းစိန် က သူ့သား ဒီလုံးနှင့် မယ်စိန် ထံ အပို့ လွှတ်လိုက်သည် ။ ဤငါးပတ် ကို ဟင်းကောင်းကောင်း ချက်ပြီး ယူလာရန်လည်း အမိန့်ပေးလိုက်သည် ။



( ၆ )



နေကား အတော် မြင့်တက်လာပေပြီ ။ ခန့်မှန်းခြေ အားဖြင့် နံနက် ၁၀ နာရီလောက် ရှိပြီဟု သူတို့ ခန့်မှန်း ကြသည် ။ ရေငုပ်သမားနှစ်ဦးကား ပန်းလှချေပြီ ။ နံနက် ၇ နာရီလောက်က စ၍ ယခု ၁၀ နာရီခန့် အထိ ၃ နာရီ လုံးလုံး အေးမြလှသော ရေထဲသို့ ဆင်းကာ တငုပ်တည်း ငုပ်နေကြရသည် ဖြစ်ရာ ၊ သူတို့ တစ်ကိုယ်လုံး အေးစက် ၍ သူတို့နားမှာ မခံမရပ်နိုင်အောင် ကိုက်ခဲ လျက်ရှိချေပြီ ။ ငါးကျည်း စူးတာလောက်တော့ အပျော့ ဟု ဆိုသော်လည်း ငါးကျည်း အထပ်ထပ် အကြိမ်ကြိမ် စူးထားသဖြင့် သူတို့ တစ်ကိုယ်လုံး ထုံကျဉ် ကိုက်ခဲ စေသည် ။ သူတို့ကား ပန်းလှပါပြီ ။ သူတို့ ၏ ကြိုးစား လုပ်ဆောင်မှုကြောင့် ပိုက်အဝန်းအဝိုင်းမှာ အတော်ပင် ကျဉ်းမြောင်း လာပြီဖြစ်၍ သူတို့အဖို့ အနားယူရန် အချိန်တန်နေပါပြီ ။



ရေငုပ်သမားနှစ်ဦးနှင့် ပိုက်လက်နားတိုင် လိုက်နေသော ကိုပေါက်တူး နှင့် ကိုဒေါင်းစိန် ၊ ငါးပတ်ခုန် စင်ခံနေကြသော ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ပါ အနားယူကြရန် ကုန်းပေါ် တက်လာကြ၏ ။ ရေငုပ် သမားနှစ်ဦး မှာ မီးပုံ အနီးသု့ ပြေးကာ မီးထိုင်လှုံရင်း “ အရက် ပေးပါ ... အရက် ပေးပါ ” ဟု အော် ဟစ်နေကြ၏ ။ ကိုဒေါင်းစိန် ကလည်း အလိုက်သိစွာပင် ကိုလူမောင် ယူလာသော အရက်ငါးပုလင်း ထဲမှ နှစ်ပုလင်း ကို ချက်ချင်း ယူပေးလိုက်၏ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


သူတို့၏ စကားမှာ အားရစရာ ကောင်း သလောက် သူတို့ ရုပ်သဏ္ဍာန်မှာလည်း အားရစရာ ကောင်း လှပါသည် ။ တစ်ကိုယ်လုံး မည်းနက်၍ တုတ်ခိုင်သန်စွမ်းလှပုံမှာ ကျွဲပေါက်လေးတစ်ရှဉ်းလားဟုပင် ထင်မှား လောက်ည် ။ ဘဝတွင် ခပ်ကြမ်းကြမ်း စားသောက် နေထိုင်လာခဲ့ရ၍ ထုသားပေသားရနေကြ ပုံရှိသည် ။ ကျန်းမာသန်စွမ်းလှပသော သူတို့ အဖို့ သက်လုံ ကောင်းပုံလည်း ရှိကြသည် ။ ပါရမီပေစွ ။



ဤ ရေငုပ်ပိုက် သိမ်းသော အလုပ်မှာ အင်မတန် ခဲယဉ်းပင်ပန်းသော အလုပ်ဖြစ်ရာ ခြင်္သေ့လို ခွန် အားမျိုးနှင့် ကျန်းမာသန်စွမ်းပြီး သက်လုံကောင်းနိုင်မှလည်းဖြစ်မည် ။ ရေတစ်ခါ ငုပ်လျှင် ၁၅ မိနစ် ၊ မိနစ် ၂၀ ခန့်ကြာအောင် ရေအောက်၌ ငုပ်လျှိုး နေနိုင်မည်ဖြစ်ရာ သက်လုံ မကောင်းသူအဖို့ စိတ်ကူး ပင်မထည့် ရဲသော အလုပ်မျိုး ဖြစ်သည် ။



ပြီးတော့ တစ်ခါတစ်ရံ ငုပ်ရခြင်းမျိုး မဟုတ်ဘဲ ပိုက်သိမ်း၍ မပြီးမချင်း တစ်နေ့လုံး လိုလို ရေထဲ ဆင်းပြီး ငုပ်နေရသည် ဖြစ်ရာ တော်ရုံတန်ရုံ လူဆိုလျှင် ခံနိုင်ဖွယ် အကြောင်းမရှိ ။ ရေငုပ်ပြီး နောက်လည်း ဂုန်နီပိုက်အောက်ခြေရှိ သံကြိုးကို ငါးများကို လွတ်မထွက် နိုင်အောင် မြေကြီးနှင့် ထိကပ်ပြီး ကမ်းစပ်သို့ တဖြည်းဖြည်း ဆွဲကာ ပိုက်ကို ကျဉ်းလာရသည် ။ ဤလို အခါမျိုးတွင် ငါးကျည်း ၊ ငါးခူ စသော အောက်ငါး များကလည်း သူတို့ အနီးတွင် ဝန်းရံကာ သံကြိုး အောက်မှ တိုးထွက်နိုင်ရန် အပြင်းအထန် ကြိုးစားတတ်ကြသည် ဖြစ်၍ ဤငါးများ ကို လက် နှင့် ဖယ်ရှားပြီး အလုအယက် သိမ်း လာကြရသည် ။ ထို့ကြောင့်လည်း သူတို့ တစ်ကိုယ်လုံး ငါးကျည်း များ စူးထားသော ဒဏ်ရာများ မွမွကျဲ နေတတ်ကြသည် ။ ဤဟာများ ကိုလည်း ခံနိုင်ရည် ရှိရမည် ။ ဆောင်းတွင်းဖြစ်၍ တစ်နေ့လုံး ရေထဲ ဆင်းနေရသော အအေးဒဏ် ကိုလည်း ကြံ့ကြံ့ခံနိုင်ရသည် ။ အား... တကယ်ပင် မလွယ်သော အလုပ်ပါတကား ။



( ၅ )



နေကား တဖြည်းဖြည်း မြင့်တက်လာပြီ ဖြစ်ရာ နေခြည် မှာလည်း ရင့်သည်ထက် ရင့်လာသည် ။ တဖွဲဖွဲနှင့် ထူထပ်စွာ ကျလာနေသော မြူနှင်းများသည် ဖရိုဖရဲ နှင့် ပြိုကွဲပျောက်လွင့် ရချေပြီ ။ အအေးဒီဂရီမှာ တဖြည်းဖြည်း ကျဆင်း နေ၍ အပူဒီဂရီက တဖြည်းဖြည်း မြင့်တက်လာနေသည် ။



ကိုဒေါင်းစိန် ချုံပေါ်ပေး ဖြင့် အကြွေး ယူထားသော အရက် ၆ ပုလင်း ကား တက်တက်ပြောင်လေပြီ ။



ထို့ကြောင့် သူတို့ လုပ်ငန်းကို စရန် ပြင်ဆင်ကြ၏ ။ လုပ်ငန်းတာဝန် ကိုလည်း ခွဲဝေကြ၏ ။ ရေငုပ်သမား နှစ်ဦးက ရေငုပ်ကာ ပိုက်ကို ကျဉ်းလာချိန်တွင် ပိုက်ရှင် ကိုပေါက်တူးနှင့် ကိုဒေါင်းစိန် က ပိုက် လက်နား တိုင်များကို လိုက်ပေးရမည် ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ ကတော့ အတိုအထွာ လိုအပ်သော နေရာများ၌ ဖြည့်စွက် ကူညီပေးကြရမည် ။ ဤသို့ လုပ်ငန်းတာဝန်ကို ခွဲဝေ သတ်မှတ် ထားကြ၏ ။



ချမ်းအေးလှသည့် ဆောင်းကာလ နံနက်ခင်း ၌ပင် အင်္ကျီမဝတ်ဘဲ ကျောပြောင်ကြီးများနှင့်ဖြစ်နေကြ သော ရေငုပ်သမား နှစ်ဦးသည် ခါးတောင်းကို မြှောင်လှအောင် ကျိုက်၍ ပိုက်ဝိုင်းထားသော ချုံအတွင်း ရေထဲသို့ ခုန်ဆင်းလိုက်ကြ၏ ။ နောက် ရေလယ်ဘက်ဆီ၌ ရှိနေသော ဂုန်နီပိုက် အစပ်သို့ ကူးယက်သွားကာ ရေအောက်သို့ စုပ်ခနဲ ငုပ်သွားကြ၏ ။ ချက်ချင်းပင် ရေလယ် ဘက်မှ ဂုန်နီပိုက်အစပ်မှာ တဆတ်ဆတ် ယိမ်းထိုး လှုပ်ရှား နေပြီးနောက် ကမ်းစပ်ဘက်သို့ တဖြည်းဖြည်း ရွေ့မှန်းမသိ ရွေ့လာ၏ ။ ပိုက်ဝိုင်း ထားသော ချုံအပြင်ဘက် ရေထဲတွင်ကား လှေကြီး တစ်စင်းပေါ်တွင် ကိုဒေါင်းစိန် က ပဲ့ကိုင် ပေး၍ ၊ ပိုက်ရှင် ကိုပေါက်တူး က လှေဦး၌ရပ်ကာ ရွေ့လျားသွားသော ဂုန်နီပိုက်အနီးမှ လက်နားတိုင် ကို နုတ်ပြီး ဂုန်နီပိုက် ရွေ့လျား သွားသလောက် လက်နားတိုင်ကို အလိုက်သင့် ရွှေ့ပြောင်းစိုက်ထူပေးနေရ၏ ။



၁၅ မိနစ်ခန့်ကြာမှ ရေငုပ်သမား နှစ်ဦးမှာ တစ်ကြိမ် ပြန်ပေါ်လာ၏ ။ သူတို့ သည် အောင့်ထားရသော ဝင်သက် ကို အဝ ရှူသွင်းလိုက်ပြီးနောက်မှ ဂုန်နီပိုက် အပြင်ဘက်၌ ရှိနေသော ကိုဒေါင်းစိန် အား အော်ဟစ် ပြောလိုက်၏ ။



“ ဟေ့ ဒေါင်းစိန် ရဲ့ ၊ မင်း ချုံထဲ ငါးမျိုးကို စုံလို့ပါကလားကွယ့် ၊ ခါတိုင်း ပါနေကျ ငါးပတ် ၊ ငါးရံ့ ၊ ဒိုး ၊ ခေါင်းပြတ် နဲ့ ကောင်သေးငါးတွေ ကိုတော့ ဖယ်ထား လိုက်ပါဦး ၊ ငါးဖယ်တွေ ကလည်း အောတိုက်နေ တာပဲကွ ၊ ငါးကျည်းတွေ ဆိုတာလည်း ပိုက်အောက်ခြေက သံကြိုးနား မှာ ပိုစုနေလို့ ပိုက်သိမ်းရတာ တယ်မလွယ် ဘူးကွာ ၊ အခုပဲ တို့လက်ကို ငါးကျည်း နှစ်ချက်စီလောက် အစူး ခံလိုက်ရပြီကွ ၊ မင်း ကော်သလောက် တို့ ရေငုပ် သမား နှစ်ယောက်တော့ ခိုက်မှာပါပဲကွာ ”



သူတို့သည် စကား အဆုံးတွင် “ ဒီမှာ ကြည့်စမ်းပါဦး ” ဟု နောက်ဘက် တွယ်ကပ်တက်ကာ ငါးကျည်း စူးထား သဖြင့် သွေးရဲရဲ ဖြစ်နေသော သူတို့ လက်များကို မြှောက်ပြလိုက်၏ ။ ကိုဒေါင်းစိန် ကား ရေငုပ်သမား နှစ်ဦး အတွက် စိတ်မကောင်း ဖြစ်သွားသော်လည်း သူ့ ချုံထဲ ငါးမျိုးစုံ ရှိရုံမက ငါး ပေါများကြောင်း သိရ၍ ဝမ်းသာ သွားမိ၏ ။ ဝမ်းသာရာမှပင် ငါးကျည်းစူး၍ ပိုက်ကို ပြီးစလွယ် သိမ်းလိုက်မည် ကိုလည်း တစ်ဖက်မှ စိုးရိမ် မကင်းဖြစ်လာ ပြန်သောကြေင့် အရေးတကြီး တောင်းပန် လိုက်ရ၏ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


သုံးယောက်သား ဂုန်နီပိုက် ဝိုင်းထားသော ချုံအတွင်း ရေထဲသို့ ဆင်းကာ ဗေဒါပင်များ ကို ကုန်းပေါ် ပစ်တင်ကြ၏ ။ မူလက သစ်ကိုင်းသစ်ခတ်နှင့် သစ်တုံးများအကြားတွင် ငြိမ်သက်စွာ ခိုအောင်းနေ ကြသော ငါးများမှာလည်း ဤကဲ့သို့ လူဆင်း၍ မွှေလိုက်သော အခါတွင် ခိုအောင်းနေရာမှ ထွက်ကာ တဝုန်းဝန်း ထ ခုန်နေ ကြသဖြင့် ဆူညံနေသည် ။



“ ဟ ဒေါင်းစိန်ရဲ့ ၊ မင်း ချုံထဲက တကယ် များတာပါလား ၊ မနေ့တုန်းကတော့ မင်း ကြွားနေတာ မှတ် လို့ ၊ အခုမှ ငါး တကယ်များမှန်း လက်တွေ့ သိရတယ် ၊ မင်းတော့ ကော်ပြီ ”



ကိုလေးဖိုးကွန့်က တဝုန်းဝုန်း ထ ခုန်နေသော ငါးများကို ကြည့်ကာ ပြောလိုက်သဖြင့် ကိုဒေါင်းစိန် က ခပ်ကြွားကြွားလေး ပြုံးလိုက်ကာ “ ငါး များမှာပေါ့ဗျ ၊ ကျွန်တော့် ချုံက သူများချုံတွေလို သစ်ကိုင်း လေး တစ်ခက်နှစ်ခက် ၊ သစ်တုံးလေး တစ်တုံး နှစ်တုံးလောက်နဲ့ ဖြစ်ကတတ်ဆန်း ချထားတဲ့ ချုံ မဟုတ်ဘူးဗျ ၊ သစ်ကိုင်းသစ်ခတ် အလုံအလောက်နဲ့ ချထားတဲ့ချုံမို့ ငါးများများ ခိုအောင်းနေနိုင်တာပေါ့ဗျ ။ ပြီးတော့ ကျွန်တော်က ချုံကို အစာမှန်မှန် လည်းကျွေးတယ် ၊ ကျွန်တော် ချုံချတဲ့ နေရာက လည်း ငါးမကြိုက်တဲ့ ပြန့်မှ မဟုတ်ဘဲ ၊ ငါးတွေ သဘောကျတဲ့ အိုင်ရှိတဲ့ ကျင်းစပ်မှာ ဆိုတော့ ငါးမ များဘဲ နေနိုင်ရောလားဗျ ”



ဗေဒါပင်များ အကုန်အစင် ကုန်းပေါ်သို့ ပစ်တင် ပြီးသောအခါ မန်ကျည်းကိုင်း နဲ့ မန်ကျည်းတုံးများကို ရေထဲ၌ စမ်းသပ်ရှာဖွေကာ ကုန်းပေါ်သို့ သယ်တင် ကြပြန်၏ ။ မန်ကျည်းကိုင်းနှင့် မန်ကျည်းတုံးများ အားလုံး သယ်တင်၍ ပြီးစီးသွားသည့် အခါတွင်မူကား ငါးများမှာ ခိုအောင်းရန် နေရာ မကျန်ရှိတော့ သဖြင့် ဣန္ဒြေရရ မနေနိုင်တော့ ၊ တဖြောင်းဖြောင်းနေအောင် ထ ခုန်နေကြ၏ ။ အချို့ မခုန်နိုင်သော ငါးများကား ပွစိပွစိဖြင့် ရေမျက်နှာပြင်ပေါ်၌ ထ ပွက်နြေကြရာ ဤငါးပွက်များကို ကြည့်ရင်း ကိုဒေါင်း စိန်၏ ရင်ထဲ၌ ဖိုးကြိုင်းတုတ် ဖြစ်နေတော့၏ ။



ချုံထဲ၌ရှိသော ဗေဒါပင်များနှင့် သစ်ကိုင်း သစ်တုံးများ အားလုံး အကုန်သယ်တင်ပြီးဖြစ်၍ သူတို့ ကုန်းပေါ်သို့ ပြန်တက်လာကြ၏ ။ သူတို့ တစ်ကိုယ်လုံး ရေစို နေရုံမျှမက နွံနှစ်များ ပေကျံလျက်ရှိသ ဖြင့် ရှုမကောင်းအောင် အရုပ်ဆိုး နေသည် ။ ချမ်းလွန်း၍လည်း ခိုက်ခိုက်တုန်နေကြ၏ ။ သူတို့သည် နောက်ထပ် အရက်တစ်ပုလင်းကို ဆွဲ၍ မီးပုံ အနီးတွင် ထိုင်ကြပြန်သည် ။



ကိုဒေါင်းစိန် သည် သူ့ ခါးပိုက်ထောင် အိတ်ထဲမှ ပုဇွန်တုပ်ကြီး ၅ ကောင် ကိုထုတ်လိုက်သည် ။ ဤပုဇွန်တုပ်ကြီး ၅ ကောင်မှာ ချုံထဲမှ သစ်ကိုင်း သစ်ခက်များကို စမ်းသပ် ရှာဖွေရင်းမှ ဖမ်းမိထား သော ပုဇွန်တုပ်ကြီး များ ဖြစ်သည် ။ ပုဇွန်တုပ်ကြီးများ ကို မီးဖုတ်ပြီး အရက်နဲ့ မြီးလိုက်ရရင် ဇိမ်ပေါ့ ။



သူ သည် ပုဇွန်တုပ်ကြီးများ ကို မီးပုံထဲ ပစ်ထည့်ကာ မီးဖုတ်နေသည် ။ ထိုအချိန်တွင် ပိုက်ရှင် ကိုပေါက်တူး နှင့် ရေငုပ်သမား နှစ်ဦး ရောက်လာကြရာ သူတို့၏ အရက်ဝိုင်းမှာ စည်ကား သွားသည် ။



မီးဖုတ်ထားသော ပုဇွန်တုပ်ကြီးများမှာ နီရောင် သမ်းလာ၍ အနံ့ကလေးလည်း သင်းပျံ့လာသည် ။ ခပ်စန့်စန့် ရှိနေသော ပုဇွန်တုပ်ကြီးများ ၏ ကိုယ်ကာယများမှာလည်း ကွေးညွတ်လာသည် ။ ဤကား ကျက်ပြီ ဟူသော အထိမ်းအမှတ်ကို ပြသလိုက်ခြင်းပင် ဖြစ်သည် ။ မှန်သည် ။ “ ပုဇွန် အကွေး ငါး အနွေး ” ဟု စာဆို ရှိသည် မဟုတ်လော ။



ကိုဒေါင်းစိန် သည် ပုဇွန်တုပ်ကြီးများ ကို မီးပုံထဲမှ ဆယ်ယူ၍ တစ်ယောက် တစ်ကောင်စီ လိုက်ဝေ၏ ။ ကိုလေးဖိုးကွန့် ၊ ကိုလူမောင် ၊ ပိုက်ရှင် ကိုပေါက်တူး နှင့် ရေငုပ်သမား ( ၂ ) ဦး ၊ ပေါင်း ( ၅ ) ယောက်ကို တစ်ယောက် တစ်ကောင်စီ ဝေလိုက်ရာ သူ့ အတွက်ပင် မကျန်တော့ပေ ။ သို့သော် ရှိပါစေတော့ ၊ သူ့မှာ ကာယကံရှင် ဖြစ်၍ နေရာတကာတွင် အနာခံရမည် ။



အရက်တစ်ပုလင်း နှင့် သည် လူ ခြောက်ယောက် ဆိုလျှင် ဆင့်ပါးစပ်ထဲ နှမ်းပက်သလောက်သာ ရှိမည် ဖြစ်၍ ၊ ကိုဒေါင်းစိန် သည် ကျန်နေသော အရက်လေးပုလင်းကိုပါ ယူထုတ်လာရ၏ ။ သူက ကာယကံရှင် ဖြစ်နေ၍ တစ်ယောက်တစ်ခွက်စီ လိုက် ငှဲ့ပေးနေရ၏ ။ ရေငုပ်သမား နှစ်ဦးမှာ ပို၍ အရေးကြီးသည် ဖြစ်၍ အရက် ကို ပိုတိုက်ရ၏ ။ ပို၍လည်း မျက်နှာချို သွေးနေရ၏ ။



“ သောက်နိုင်သလောက် အဝ သောက်ကြနော် ၊ ဘာမှ အားမနာကြနဲ့ ၊ ကုန်ရင် အမှိုင့် ဆိုင်မှာ ထပ်ပြီး သွားယူ ပေးဦးမယ် ၊ အဲ ကျွန်တော့် ချုံကို သိမ်းရာမှာသာ စေ့စေ့စပ်စပ်နဲ့ ငါးတစ်ကောင် တစ်မြီးမှ မလေမလွင့်ရအောင် သိမ်းပေးပါနော် ”



ကိုဒေါင်းစိန် က ရေငုပ်သမား ၂ ဦး အား တစ်ယောက် တစ်လှည့်စီ ငှဲ့ပေးနေရင်းမှ ပြောလိုက်၏ ။ ရေငုပ် သမား ၂ ဦး ကလည်း ကိုယ့်ကိုယ် ကို ယုံကြည်စိတ်ချသော မျက်နှာထားဖြင့် ကိုဒေါင်းစိန် အား ပြန်ကြား လိုက်၏ ။



“ ဒီအတွက်တော့ မပူစမ်းပါနဲ့ ဒေါင်းစိန်ရယ် ၊ တို့ရဲ့ သတင်းကို မင်းလည်း အကြားသား မဟုတ်လား ၊ အင်မတန် အသိမ်းရ ခက်တဲ့ ငါးကျည်း ၊ ငါးခူ ပေါတဲ့ ချုံ ကိုတောင် တစ်ကောင်မှ မလွတ်အောင် သိမ်း လာခဲ့တဲ့ သူတွေပါကွ ။ ဟေ့ ရေငုပ်တဲ့ နေရာမှာ ၊ ပိုက်သိမ်းတဲ့နေရာမှာဆိုရင် ဗိုလ်မထားဘူးကွ ၊ တစ်မိုးအောက်တစ်ယောက်လို့သာ မှတ်ထင် ထားလိုက်ကြပါ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


ထင်တယ်ဟေ့ ” ဟု အိမ်နီးချင်းများအား ခပ်ကျယ်ကျယ် ပြောလိုက်သံ ကို သူ ကြားလိုက်ရသော်လည်း မကြားသလို မသိသလို ဟန်မပျက် လျှောက် လာခဲ့၏ ။ သူ့အိမ်ရှေ့ အရောက် တွင် အိမ်တွင်းသို့ ရုတ်တရက် မဝင်ဘဲ လမ်းမ၌ပင် စုံရပ် ကာ အိမ်နီးချင်းများ ကြားလောက်သော အသံဖြင့် မယ်စိန် အား အော်ဟစ် ပြော လိုက်လေသည် ။



“ ဟေ့ မယ်စိန် ၊ ရွာလယ်က ကိုပေါက်တူးရဲ့ ဂုံနီပိုက်ကို သွားငှားစမ်း ၊ နက်ဖြန်ကို ချုံဆို့ ဖို့ သေချာပြီ လို့ ။ ဂုန်နီပိုက်ကို ဘယ်သူ့မှ လက်မကူးပါနဲ့လို့ ။ နက်ဖြန်ကို မငှားနိုင်သေးဘူး ၊ စောင့်ပါဦး ၊ ဘာညာ ဆိုရင် မစောင့်နိုင်ဘူး ၊ ချုံထဲမှာ ငါးအတော်များနေတုန်း အမိဖမ်းရမှာမို့ နက်ဖြန်ဆက်ဆက်ရမှ ဖြစ်မယ်လို့ ပြော ။ ဒါနဲ့မှ ချေးများနေသေးရင် ပိုက်ခကို ငွေတစ်ဆယ် မဟုတ်ဘူး ၊ တစ်ဆယ့်ငါးကျပ် အထိ ပေးမယ်လို့ ပြောကွာ ။ ရေငုပ်သမားနှစ်ဦးနဲ့ ပိုက်ရှင်ကိုလည်း အရက် အဝ တိုက်မယ်လို့ ပြော ၊ ကြားလား ၊ နက်ဖြန်ဆိုရင် နက်ဖြန် နော် ၊ သန်ဘက်ဖိန်းနွဲ့ မဖြစ်ဘူး ”



( ၂ )



ဘုန်းကြီးကျောင်း မှ အရုဏ်တက် ဝတ်တက် အုန်းမောင်းခေါက်သံ ကြားရသောအခါ ကိုဒေါင်းစိန် လန့်နိုး လာ၏ ။ ခါတိုင်းခါတိုင်း ဆိုလျှင် ဒီအချိန် အိပ်ကောင်းတုန်း အချိန်ဖြစ်၍ အိပ်ရာမှ ထဖို့ စိတ် ကူးပင်မထည့်ခဲ့ ။ သို့သော် ယခုတစ်ကြိမ် တွင်မူ သူသည် အိပ်ရာထဲ၌ အပျင်းမဆန့်ဘဲ ချက်ချင်းပင် ထ လိုက်၏ ။ ယနေ့ကား သူ့ ချုံကို ပိတ်ဆို့၍ ငါးများ ကို ဖမ်းယူရမည့်နေ့ဖြစ်၏ ။ သူ့ ချုံအတွင်း၌ ငါး အတော်များများ မြင်ခဲ့ရသည် ဖြစ်သော ကြောင့်လည်း ချုံဆို့မည့် နေ့နှင့် ဤချုံဆိုမည့် အချိန်ကို သူ စိတ်စော နေခြင်းဖြစ်သည် ။ ထို့ကြောင့်ပင် တစ်ခါမျှ မနိုးဖူးသော အချိန်တွင် နိုး၍ တစ်ခါမှ မထဖူး သောအချိန် သူ ထလိုက်ခြင်း ဖြစ်၏ ။



သူ့ ချုံကို ပိတ်ဆို့ဖို့မှာ အားလုံးအသင့်ဖြစ်နေလေပြီ ။ ညဦး ကတည်းကပင် အသပြာငွေ တစ်ဆယ်နှင့် ငှားလေ့ရှိသော ကိုပေါက်တူး ၏ ဂုန်နီပိုက်ကို တစ်ဆယ့်ငါးကျပ်အထိ တိုးပေးကာ မရမနေ ငှားရမ်းခဲ့ ပြီး သူ့ချုံရှိရာ ကမ်းစပ်သို့ အရောက် ပို့ထားပြီးခဲ့ပြီ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကိုလည်း သူ့ချုံ ဆို့ သည့် အခါတွင် ကူညီညာ လုပ်ကိုင်ရန် ဖိတ်ကြားထားပြီးပြီ ။ ယခုဆိုလျှင် ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကို နှိုးကာ သူ့ ချုံကို သွားရောက် ပိတ်ဆို့ရန် အချိန်တန်ပြီ ။



အမှတ်မထင်ပင် ညတုန်းက ကိုလူမောင် နှင့် သူ အငြင်းပွားခဲ့ရသော ကိစ္စတစ်ခု ကို သွား၍ သတိရ မိ၏ ။ ကိုလူမောင် က သူ့ချုံကို မိုးစင်စင်လင်းမှ ပိတ်ဆို့ဖို့ အကြံပေး၏ ။ သူက ထို အကြံပေးချက်ကို လက်မခံဘဲ မိုးမလင်းမီ ဝေလီဝေလင်း အချိန်ကစ၍ ပိတ်ဆို့မည် ဟု တစ်ထစ်ချ ဆုံးဖြတ်ထားသော အသံဖြင့် ပြောခဲ့၏ ။ သူ ခွပြောခြင်း မဟုတ် ။ သူ့၌ လုံလောက်သော အကြောင်းရှိသည် ။ တကယ်ဆို တော့ သူ့ချုံ အကြောင်း သူ ပိုသိသည် ။ သူ့ ချုံတွင်း၌ ငါးမျိုးစုံ ရှိရုံသာမက ငါးဖယ် ကလည်း အတော် များသည် ။ ဤ ငါးဖယ်များမှာ မိုးလင်းသည်နှင့် တစ်ပြိုင်နက် ချုံထဲ၌ မနေတော့ဘဲ အပြင်သို့ အစာရှာ ထွက်တတ်ပြီး မိုးချုပ်မှ ချုံထဲသို့ ပြန်ဝင်သည် ။ အကယ်၍ မိုးစင်စင်လင်းမှ သူ့ချုံကို ပိတ်ဆို့ ပါက ဤ ငါးဖယ်များကို မိလိုက်တော့မည် မဟုတ် ။ မိုးမလင်းမီ ဝေလီဝေလင်း အချိန်ကစ၍ ပိတ်ဆို့မှသာ ဤငါးဖယ်များပါ တစ်ပါတည်း မိနိုင်မည် ။ ဤအချက် ကို မသိသော ကိုလူမောင် ကပင် သူ့ ကို ငေါ့လိုက်သေးသည် ။ “ အေး မင်း ချုံမို့ မင်းဟာ မင်း ဘယ်အချိန်ပိတ် တို့က အကြံပေးရုံ အပြင် က ဘာတတ်နိုင်ဦးမှာလဲ ” တဲ့ ။ သူ က ဘာနားလည်လို့လဲ ။



သူသည် တစ်ချက်မျှ သမ်းဝေလိုက်ပြီးနောက် သူ့ အနီး၌ အိပ်မောကျ နေသော မယ်စိန် ကို ပုတ်နိုး လိုက်၏ ။ မယ်စိန် နိုးလာသော အခါတွင် ထမင်းဟင်းကို စောစောချက်ပြီး ပို့ရန် မှာထားခဲ့ပြီး နောက် အိမ်ပေါ်မှ ဆင်းကာ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် ကို သွားနှိုး၏ ။ ကိုလေးဖိုးကွန့် မှာ အလွယ်တကူ နှင့် နိုး၍ ချက်ချင်း ပင် ထလိုက်လာခဲ့သော်လည်း ကိုလူမောင် ကိုမူကား အချိန် အတော်ကြာအောင် နှိုးယူရသည် ။ ထလာ ပြန်တော့လည်း ပျင်းရိရိနှင့် အီလေးကြီး ဆွဲလို့ ၊ စိတ်မရှည်စရာ ။



ပြာသိုလမို့ ခိုက်ခိုက်တုန်အောင် ချမ်းလှ သဖြင့် သုံးယောက်သား စကား မပြောအားဘဲ ခပ် ကုပ်ကုပ် ကလေး လျှောက်လာ၏ ။ ကိုဒေါင်းစိန် ၏ ချုံရှိရာ ကမ်းစပ်သို့ ရောက်သောအခါ မိုးစင်စင် လင်းလုပါပြီ ။



ကိုဒေါင်းစိန် ကား အချိန်ကို အနည်းငယ်ကလေးမျှ မဖြုန်းဝံ့တော့ဘဲ ချက်ချင်းပင် ပိတ်ဆို့ရန် ပြင်ဆင်ရ၏ ။ မိုးလင်း သွားပါက သူ့ ချုံထဲမှ ငါးဖယ်များ ထွက်သွားတော့မည် ဖြစ်ရာ နှောင့်နှေးနေ၍ မဖြစ်တော့ ။



သူသည် ကိုလေး ဖိုးကွန်း နှင့် ကိုလူမောင် အား ယခုချက်ချင်း ပိတ်ဆို့တော့မည် ဖြစ်ကြောင်း ကြေ ညာလိုက်ပြီးနောက် ချုံအနီးတွင် ဆိုက်ကပ် ထားသော လှေကြီးတစ်စင်း ပေါ်သို့ လှမ်းတက်လိုက် သဖြင့် ၊ ကိုလေး ဖိုးကွန့်နှ င့် ကိုလူမောင် လည်း ထိုလှေကြီးပေါ်သို့ တက် လိုက်လာရ၏ ။ ထိုလှေကြီး ပေါ်တွင်ကား ကိုပေါက်တူး ထံမှ တစ်ဆယ့်ငါးကျပ် ပေး၍ ငှားထားရသော ဂုန်နီပိုက်ကြီး ကို အသင့်တင် ထားပြီးရှိနေသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Wednesday, November 20, 2024
ဟိုချုံ ဒီချုံ မန်ကျည်းချုံ


❝ ဟိုချုံ ဒီချုံ မန်ကျည်းချုံ ❞


( ၁ )



ညနေချမ်းဖြစ်၍ နေညိုညိုတွင် လေချိုသွေးနေသည် ။ သစ်ပင်များထက်တွင် ကျေးငှက်များသည် ဘာသာဘာ၀ အော်မြည် ရင့်ကျူးကာ အိပ်တန်းတက် ကုန်ကြပြီ ။ သစ်ပင်ထက်တွင် အချင်းချင်း နေရာလုဟန်ဖြင့် တစ်ကောင်နှင့် တစ်ကောင် ထိုးဆိတ်ရင်း ဆူညံ နေကုန်သည် ။



ကိုဒေါင်းစိန် သည် ဖွဲနုတောင်းကို ထမ်းကာ လျှောက်လာ၏ ။ သူသည် ရွာကို ကျော်လွန်သည် အထိ မရပ်မနား ဆက်လက်၍ သွားနေ၏ ။ ရွာနှင့် အတော်လှမ်းလှမ်း နေရာသို့ ရောက်မှ ကမ်းထိပ်တွင် ထိုင်ကာ ဖွဲနုတောင်းကို ချလိုက်၏ ။ သူ့မျက်စိရှေ့မှာတော့ ရှည်လျား ကောက်ကွေ့သော ချောင်းရိုးကြီး သည် စင်းစင်းကြီး ရှိနေသည် ။ ဤချောင်းရိုးကြီး အတွင်း ကမ်းစပ်တစ်လျှောက်မှာမူ ငါးများ ခိုအောင်းရန် ပြုလုပ်ထားသော ချုံများသည် တစ်ခုနှင့် တစ်ခု ဆက်ကာ ဆက်ကာ ရှိနေသည် ။ ဟိုချုံဒီချုံ အားလုံးသော ချုံများမှာ မန်ကျည်းချုံများ သာ ဖြစ်သည် ။



ကိုဒေါင်းစိန် သည် သူ့ရှေ့ တည့်တည့်ရှိ ကမ်းစပ်မှ ရေလယ်သို့ ထိုးထွက် နေသော သူ့ ချုံကိုသာ စိုက်ကြည့်နေ၏ ။ သူ့ ချုံမှာလည်း အများသော ချုံများနည်းတူ မန်ကျည်းချုံပင် ဖြစ်ပါသည် ။ မန်ကျည်းပင် အကိုင်းအခက် နှင့် မကျည်းတုံးများကို ရေထဲ နှစ်မြှုပ်ထားပြီး အပေါ်မှ ဗေဒါပင်များနှင့် ဖုံးအုပ်ထားသော မန်ကျည်းချုံပင်ဖြစ်ပါသည် ။ အနံအလျား စတုရန်းလေးထောင့် ပတ်လည်အငန်းလေးဆယ် လယ်တစ်ကွက်ခန့်ရှိမည်ထင်၏ ။



သူသည် ဖွဲနုတောင်းကို ခါးစောင်းတင်ကာ ကမ်းစပ်သို့ ဆင်းသွား၏ ။ ဖွဲနုတောင်းထဲမှ ဖွဲနု လက်တစ်ဆုပ် နှိုက်ယူပြီးနောက် ချုံ၏ အလယ်တွင် ဗေဒါပင်များ မရှိသဖြင့် ရေပြောင် ဖြစ်နေသော နေရာသို့ လှမ်းပက် ကြဲဖြန့်လိုက်၏ ။ နောက်ထပ်လည်း တစ်ဆုပ်ပြီး တစ်ဆုပ် နှိုက်ယူကာ ထိုနေရာ သို့ပင် လှမ်းပက် ကြဲဖြန့်နေ၏ ။ ဖွဲနုမှုန်ကလေးများမှာ ချုံ၏ အလယ် ရေပြောင်တွင် ပျံဝဲကျလာပြီးနောက် ပေါလောမျောနေ၏ ။



သူ့တောင်းထဲတွင် ဖွဲနုများကုန်မှ သူ ကမ်းထိပ်သို့ ပြန်တက် လာကာ ရပ်ကြည့်နေ၏ ။ ရေပေါ်တွင် ပေါလောမျော နေသော ဖွဲနုများအား ငါးကလေးများ ထိုးဟပ်စားနေသည် ကိုမြင်၍ သူ့ရင်တွင်း၌ ပီတိ ဖြစ်နေ၏ ။ တစ်နေရာတည်းတွင် မဟုတ်ဘဲ နေရာ အနှံ့အပြားမှ ငါးအမြောက်အများ ထပွက်ကာ ဖွဲနုကလေးများကို ထိုးဟပ် စားနေသည်ကို မြင်ရ၍လည်း ကျေနပ် နေမိ၏ ။ တစ်ချီတစ် ချီတွင် ငါးကြီးများက ဖွဲ့နု စားနေသော ငါးကလေးများအား ဝုန်းခနဲ ထိုးဟပ် လိုက်သည့်အခါတွင်မူ သူ့မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်သွားတတ်၏ ။ အား... ငါ့ချုံထဲမှာတော့ ငါးကြီးရော ငါးလေးရော အတော်များများ ရောက်နေ ပါပေါ့ကလား ။



ပင်ပန်းကျိုးဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။ ကမ်းစပ် တစ်လျှောက် ချုံတွေက ပေါများလှသည်ဖြစ်ရာ ငါးတွေမှာလည်း အပျံ့ပျံ့အနှံ့နှံ့ ဖြစ်နေသည် ။ သို့သော် သူ့ချုံမှာ အစာ မှန်မှန် ကျွေးနေသော ချုံဖြစ်၍ အခြားချုံမှ ငါးများပင် သူ့ချုံတွင်းသို့ ကူးပြောင်းကာ ပျော်ပိုက်စွာ ခိုအောင်း နေခြင်းဖြစ်ရမည် ။ ပြီးတော့ သူ့ ချုံနေရာမှာ ငါးများ နှစ်ခြိုက်စွာ ခိုအောင်းနေတတ်သော အိုင်ရှိသည့် ကမ်းစပ်တွင် ဖြစ်၍လည်း ချောင်းရိုး တစ်ခုလုံးမှ ငါးများအားလုံးသူ့ချုံထဲ၌သာ ခိုအောင်း နေရမည် ဟုပင် လောဘတကြီး တွေး မိသည် ။ ပင်ပန်းကျိုးဖြင့် နပ်တော့မည် ။ ဝမ်းမြောက်ခြင်းဖြင့် ပြုံးမိသည် ။



“ ဝုန်း ... ဝုန်း ... ဖွမ်း ”



ငါးပတ်ကြီး တစ်ကောင်က ဖွဲနုစားနေသော ငါးကလေးများ ကို ထိုးဟပ်လိုက်ရာ ရေပေါ်သို့ တစ်တောင်ခန့် မြောက်တက် လာသဖြင့် ငါးပတ်ကြီးကို သူ မြင်လိုက်ရ၏ ။ ချစ်သူ ရည်းစားကလေး အား ပထမဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံလိုက်ရသလို သူ့ရင်ထဲ၌ ဒိတ်ခနဲ ဖိုခနဲ နေအောင် ပီတိတွေ ထသွား၏ ။ မယ်စိန်ရေ တို့ ချုံထဲ ခုလို ငါးပေါပုံမျိုးနဲ့ ဆိုရင် ဒီနှစ် တို့တော့ ကြွေးကြီး ဆပ်ပေါ့ ကွယ် ။



အတွေးဖြင့် ကျေနပ် နေစဉ်မှာပင် ငါးရံ့ကြီး တစ်ကောင်က ရေထဲမှ ဝုန်းခနဲနေအောင် ထခုန်လိုက် ပြန်၏ ။ ထိုငါးရံ့ထခုန်လိုက်သော အရှိန်ဖြင့် ငွေရောင် ဖွေးနေသော ငါးဖယ်အောင်း သုံးလေးကောင် က လန့်ဖျပ်ပြီး ခုန်လိုက်ပြန်ရာ ရေမျက်နှာပြင်ပေါ်မှ ဖွဲနုကလေးများကို စားနေသော ငါးကလေးများ မှာလည်း ကြောက်လန့် တကြား ကူးသန်းတိမ်းရှောင်သွားကြရာ ရေမျက်နှာပြင်မှာ တည်ငြိမ်ရာ မရရှာဘဲ တသဲသဲ လှုပ်ရှား သွား၏ ။



သူ့ ချုံထဲ၌ ငါး အနည်းအများကို သည်မျှ လောက် အကဲခတ်လျှင် လုံလောက်ပေပြီ ။ ယခု သူ့ ချုံတွင်း၌ ငါးအတော် ကလေး များနေပြီကို ဒိဋ္ဌ သိရပြီဖြစ်ရာ နက်ဖြန်ကို ပိတ်ဆို့ဖမ်းဖို့ အချိန် တော်ပေပြီ ။



သူသည် ကျေနပ်သော စိတ်ထားဖြင့် နေအိမ်သို့ လမ်းလျှောက်ပြန်လာ၏ ။ ရင်ကိုကော့၍ ခေါင်းကို မော့ကာ ခြေလှမ်း မှန်မှန်နင်းပြီး ခပ်ကြွားကြွား လျှောက် ပြန်ခဲ့၏ ။ ကိုလေးဖိုးကွန့် တို့ အခါတိုင်းနှင့် မတူ တစ်မူ ထူးနေသော သူ့ အား ကိုလေးဖိုးကွန့် က ခပ်ပြုံးပြုံး လှမ်းကြည့် နေရင်းမှ “ ဒေါင်းစိန် တစ်ယောက်တော့ သူ့ ချုံထဲ ငါး တော်တော် တွေ့လာတယ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


ကိုလူမောင် သည် ပဲ့ကိုင်ပေး၍ ကိုဒေါင်းစိန် နှင့် ကိုလေးဖိုးကွန့် က လေးလံလှသော ဂုန်နီပိုက်ကြီး ကို ချုံပတ်လည် တစ်လျှောက်ရှိ ရေထဲသို့ ဆွဲချကာ ပိတ်ဆို့ ဝန်းဝိုင်းလိုက်သည် ။ ဂုန်နီပိုက်ကြီးမှာ ချုံ၏ အနံအလျားနှင့် တိုင်းထွာ ပြုလုပ်ထားသည်ဖြစ်ရာ ချုံပတ်လည်တစ်လျှောက်ကို ဝိုင်းပတ် ပိတ်ဆို့နိုင်အောင် ကိုက် ၆၀ ခန့်ရှည်လျား၏ ။ ထိုဂုန်နီပိုက်၏ အောက်ခြေတွင် ခြေမခန့် အလုံးအထည်ရှိ၍ ကိုက် ၆၀ ခန့်ပင် ရှည်လျားသော သံကြိုးကြီးကို အောက်နားအဖြစ် တပ်ချည်ထားသည်ဖြစ်ရာ ၊ ရေအောက်ရှိ မြေကြီးနှင့် ထိုသံကြိုး တပ်ချီထားသော ဂုန်နီပိုက်အောက်ခြေမှာ စရွေးကိုက်အောင် မြဲမြဲ ထိကပ်လျက် ရှိသဖြင့် ငါး များသည် ရေအောက်မှ တိုးထွက်နိုင်တော့မည် မဟုတ် ။



ပြီးတော့ ဂုန်နီပိုက်၏ အစောက် ( အမြင့် ) မှာလည်း ငါးတောင် ငါးတောင်စီ အနံရှိသော ဂုန်နီချောနှစ်ခုကို စပ်ချုပ်ထားရုံမျှ မက အပေါ်မှ ၆ တောင်ခန့် အစောက်ရှိသော ကျင်သီကြိုး ပိုက်ကွက်ကို တပ်ဆင် ထားသေးသည် ဖြစ်ရာ အားလုံး ဂုန်နီပိုက်၏ အစောက်မှာ ၁၆ တောင်ခန့် မြင့်မားနေ၏ ။



ရေ၏ အစောက်မှာ ၈ တောင် ခန့်ထား၍ ဂုန်နီပိုက် တင်းတင်းရင်းရင်းမရှိဘဲ အိုက်ကျနေသည့် အတွက် ၂ တောင်ခန့် ထားလျှင် ကျန်ရှိသည့် ဂုန်နီပိုက်၏ အစောက် ၆ တောင်ခန့်မှာ ရေမျက်နှာပြင်ပေါ်သို့ မြင့်တက်လျက် ရှိရမည် ဖြစ်သဖြင့် ၊ ချုံထဲမှ ငါးများသည် ပိုက်ကို လွတ်အောင် ခုန်တက်နိုင်တော့မည် မဟုတ် ။ သည်နည်းဖြင့် ချုံထဲမှ ငါးများသည် ဝန်းပတ်ထားသော ဂုန်နီပိုက် အတွင်းမှ လွတ်ကင်းအောင် မည်သည့် နည်းနှင့်မျှ ဖောက်ထွင်းထွက် နိုင်လိမ့်မည် မဟုတ်တော့ ။



ကိုဒေါင်းစိန် သည် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ကာ ပိုက်နံဘေး တွင် လက်နားတိုင်များကို ခိုင်ခိုင် မြဲမြဲဖြစ်အောင် လိုက်၍ စိုက်ထူနေ၏ ။ ဤလက်နားတိုင်များကို စိုက်ထူ၍ ဂုန်နီပိုက် အထက်ဖျားနှင့် လက်နားတိုင်ကို ပူးတွဲ ချည်နှောင်ထားမှသာလျှင် ပိုက်သည် အောက်သို့ လျှောကျမလာဘဲ ခပ်တင်းတင်းခပ်ဆန့်ဆန့်နှင့် ခပ်မတ်မတ် ရှိနေမည်ဖြစ်သည် ။ ဒိုက် နံဘေး တစ်လျှောက် လက်နား တိုင် ၁၀ တိုင်ခန့် စိုက်ထူ၍ ပိုက်အထက်ဖျား နှင့် လက်နားတိုင်ကို ပူးတွဲချည်နှောင်ပြီးမှသာလျှင် သူ ကျေနပ် ရပ်နားလိုက်၏ ။



အသည်နောက်၌ကား သူတို့ အဖို့ ခေတ္တ အားလပ်ခွင့် ရသွားတော့သည် ။ ချုံကို ဂုန်နီပိုက် ဖြင့် ပိတ်ဆို့ ဝန်းဝိုင်းပြီး လျှင် ပိုက်တွင်းရှိ ချုံထဲမှ ဗေဒါပင်များ ၊ မန်ကျည်းပင် အကိုင်းအခက်များနှင့် မန်ကျည်းတုံးများ ကို ကမ်းစပ်ကုန်းပေါ်သို့ သယ်တင်ရမည်ဖြစ်သည် ။ သို့သော် ဤလို စောစော စီးစီး အချိန်တွင် ဤဟာများကို ရေထဲ ဆင်းပြီး သယ်တင်ရမည်မှာ လွန်စွာပင် ချမ်းလိမ့်မည် ။ နေထွက်ချိန်အထိ သူတို့ စောင့်ဆိုင်း နေရဦးမည် ။ သည်ကြားထဲ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင် တို့ လုပ်အား ရှိသွားအောင် အရက်ဝိုင်း ဖွဲ့လိုက်ကာ မကောင်းပါလော ၊ အချမ်းပြေလေးပေါ့လေ ။



သူတို့သည် ပျော်ရွှင်ရယ်မောစွာပင် အရက်ဝိုင်းဖွဲ့ရန် ကုန်းပေါ်သို့ ပြန်တက်လာကြသည် ။



( ၃ )



ဆောင်းလေသည် တဝှီးဝှီးနှင့် အပြင်းတိုက်ခတ် နေသည် ။ ချောင်းထဲ၌ လှိုင်းတံပိုးတို့သည် ထကြွ သောင်းကျန်းနေသည် ။ မြူနှင်းကလေးများလည်း ဆောင်းလေကို ခိုစီးကာ ပျံဝဲနေသည် ။ ချမ်းအေး လှသည့် ဆောင်းလပြာသို ။



ကိုဒေါင်းစိန် ၏ ချုံရှိရာ ကမ်းထိပ်၌ ကြီးမားသော ကုက္ကိုပင်ကြီးတစ်ပင်ရှိသည် ။ အကိုင်းအခက်များမှာ ဝေဆာစည်ကားလှသဖြင့် သဘာဝက ဖန်တီးထားသော ထီးကြီး ပမာ အရိပ်အာဝါသ ကောင်းလှသည် ။ တဝှီးဝှီး တိုက်ခတ်နေသော ဆောင်းလေကြောင့် သစ်ရွက်ကလေးများက တေးဂီတကို သီကျူး၍ နွဲ့လျသော အကိုင်း အခက်များက ယိမ်းက နေကြသည် ။ သို့သော် ကြီးမားတုတ်ခိုင်လှ သောပင်စည် ပင်မကြီးမှာမူ ရင့်ကျက် သော ဣန္ဒြေဖြင့် တည်ငြိမ်စွာ ရပ်တည် ရှုစားနေသည် ။



ကိုဒေါင်းစိန် တို့ လူစုကား ချမ်းလွန်းလှသဖြင့် လေကွယ်ရာ ကုက္ကိုပင်ကြီး ၏ နံဘေးသို့ ပြေးကပ်ကြ ရ၏ ။ နောက် သစ်ကိုင်း အခြောက်များဖြင့် ကောက်ရိုးများကို စုပေါင်းကာ မီးဖိုပြီး မီးထိုင်လှုံကြ၏ ။



“ ဟေ့ ဒေါင်းစိန်ရဲ့ ၊ တကယ် ချမ်းပြီလို့ ဆိုရင် စောင်ခြုံလို့လည်း မလုံဘူး ၊ မီးလှုံ လို့လည်း မလှုံဘူး ၊ ဒါတွေက အပြင်အပ က အအေးကိုသာ နွေးအောင် တတ်နိုင်ပေမဲ့ အတွင်းက စိမ့်ပြီး ချမ်းလာတဲ့ အချမ်းကိုတော့ ဒါတွေနဲ့ မရဘူးကွ ဒီတော့ ထုံးစံအတိုင်း အလုပ် ရှိတာကို ခပ်မြန်မြန် လုပ်ပေါ့ကွာ ”



ကိုလေးဖိုးကွန့် က အေးစက်လျက်ရှိသော သူ့လက်ဖဝါးနှစ်ဖက်ကို မီးတောက်ဝယ် ကင်မြိုက်ရင်း ကိုဒေါင်းစိန် သို့ လှမ်းပြောလိုက်၏ ။ ကိုလေးဖိုးကွန့် ၏ စကားများထဲမှ “ ထုံးစံအတိုင်း ” ဟူသော စကားမှာ အင်မတန် အဓိပ္ပာယ် လေးနက်သည် ။ မည်သူ၏ ချုံကိုပင် ပိတ်ဆို့ ပိတ်ဆို့ ၊ ထိုပိတ်ဆို့ သောနေ့တွင် ချုံရှင်က ကူညီညာ လုပ်ကိုင်သူများ နှင့် ရေငုပ်သမားနှစ်ဦးကို အရက်အဝ တိုက်ရသော ထုံးစံရှိသည် ။ ကိုလေးဖိုးကွန့် ၏ ထုံးစံအတိုင်းကား ဤထုံးစံကို ရည်ရွယ်၍ ပြောခြင်း ဖြစ်သည် ။ ကိုဒေါင်းစိန် ကလည်း ချက်ဆိုလျှင် နားခွက် က မီးတောက်သူဖြစ်ပါသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:34


“ ဟုတ်ကဲ့ စိတ်ချပါ ၊ ရပါစေ့မယ် ၊ ဒီနေ့ဒီရက် ချုံဆို့တော့မယ်ဆိုတာ သေချာနေလို့ ညတုန်းက အမှိုင် ရဲ့ ဘုံဆိုင်မှာ အရက်ခြောက်ပုလင်းကို ချုံပေါ်ပေးနဲ့ အကြွေးယူပြီး လုံခြုံတဲ့ နေရာမှာ ဝှက်ထား ပြီးသားပါ ၊ အခုပဲ သွားယူပေးပါ့မယ် ”



ပြောပြောဆိုဆိုပင် ကိုဒေါင်းစိန် သည် ပေါ့ပါးစွာ ထရပ်လိုက်ကာ အနီးရှိ ချုံနွယ် ပိတ်ပေါင်းများ အကြားတွင် သူ ဝှက်ထားသော အရက် ၆ ပုလင်း အနက်မှ အရက် တစ်ပုလင်း နှင့် ဟင်းသောက်ပန်းကန်လုံး တစ်လုံးကို သွားယူလာ၏ ။



“ ဒါမျိုးကျတော့ ကျွန်တော် လည်း လက်နှေးတဲ့လူ မဟုတ်ပါဘူးဗျာ ၊ အရက် သောက်ချင်တာ ကြာလှ ပြီဗျ ၊ ဒါပေမဲ့ အလွတ်မဲ့ သွားသောက်ရင် မယ်စိန် ဆူမှာစိုးလို့ ဒီချုံ ဆို့မယ့်နေ့ကို စောင့်ရတာ ကြာပြီ ကောဗျာ ။ ခုလို အလုပ်ကလေးအကိုင်ကလေးနဲ့ ငွေဝင်လမ်းလေး ရှိတုန်းအခါမျိုး ၊ အလုပ်ကို ပင်ပင် ပန်းပန်းလုပ်ရမယ့် အခါမျိုးမှာ သောက်ရင်တော့ မယ်စိန် မဆူပါဘူး ”



သူ သည် အရက်ပုလင်းနှင့် ဟင်းသောက်ပန်းကန်လုံးကို ကိုလေးဖိုးကွန့် နှင့် ကိုလူမောင်တို့ အကြားတွင် ချပေးရင်း ပြောလိုက်၏ ။ ကိုလေးဖိုးကွန့် နှင့် ကိုလူမောင်လည်း “ မင်း အကြောင်း သိပါတယ်ကွာ ” ဟူသော သဘောမျိုးဖြင့် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ပြုံးဖြဲဖြဲသာ လုပ်နေကြ၏ ။



တစ်ယောက်တစ်ခွက်ဖြင့် ခွက်လှည့်သောက်ချလိုက်ရာ တစ်ခဏအတွင်းမှာပင် အရက်တစ်ပုလင်း လုံး တက်တက်ပြောင်တော့၏ ။ ကိုလူမောင် က အာသာ မပြေသေးသလို ကိုဒေါင်းစိန် ကို လှမ်းကြည့်ကာ လွတ်နေသော ပုလင်းခွံကို မျက်စ ပစ်ပြလိုက်၏ ။ သို့သော် ကိုဒေါင်းစိန် က ခပ်အင်အင် ။



“ အခုတော့ အမြည်းမရှိ ဘာမရှိနဲ့ မို့ အချမ်းပြေ ဒါလောက် တဲလိုက်ရရင် တော်ရောပေါ့ဗျာ ၊ နောက် ရေငုပ်သမားတွေ ရောက်လာတဲ့ အခါမှ အမြီးနဲ့ အကျအန တစ်ချီထပ်ပြီး လှည့်ကြသေးတာပေါ့ ”



ကိုဒေါင်းစိန် ကား အင်မတန် ဝေါဟာရ ကြွယ်သူ ဖြစ်သည် ။ အရက်သောက်သည်ဟူသော ဝေါဟာရ ကိုပင် “ အရက်ကလေး တဲလိုက်ရအောင် ” ဟူ၍ လည်းကောင်း ၊ “ အရက်ကလေး လှည့်လိုက်ရအောင် ” ဟူ၍ လည်းကောင်း အမျိုးမျိုး လှည့်ပတ်ပြီး သုံးစွဲနိုင်သူ ဖြစ်သည် ။



မိုးစင်စင် လင်းပေပြီ ။ သို့သော် လေထန်နေ၍ လည်းကောင်း ၊ နှင်းကလေးများ တဖွဲဖွဲ ကျနေ၍လည်း ကောင်း ချမ်းလွန်း လှသဖြင့် သူတို့ မီးပုံအနီးမှ မခွာနိုင်ကြသေး ။ နေအထွက် ကိုသာစောင့်နေကြ၏ ။ ကိုလေးဖိုးကွန့် က မီးရှိန် လျော့သွားသော မီးပုံကို ထိုးဆွကာ သစ်ကိုင်းခြောက်များ ထပ်ထည့်ပေး နေရင်းမှ ကိုဒေါင်းစိန် သို့ လှမ်း၍ “ ဟေ့ ဒေါင်းစိန် ၊ မင်း ချုံသုံးချုံကို အားလုံး အရင်း ဘယ်လောက် ဝင်သလဲ ” ဟု မေးလိုက်၏ ။



“ ရွာဖျားက ကိုသာဂိ ရဲ့ မန်းကျည်းပင်ကြီးကို ငွေအစိတ် ပေးဝယ်ပြီး ချုံချတာ ၊ အဲဒီချုံ သုံးချုံရတယ် ၊ အဲဒီ မန်ကျည်းပင်ကြီး ကို လှဲပြီး အကိုင်းအခက်တွေ ကို ဖြတ် ၊ မန်ကျည်းတုံးတွေ ကို လွှနဲ့ဖြတ်ပြီး ဒီအရောက် သယ်ယူရာမှာ ကူညီပြီး လုပ်ဖို့ လူတစ်ယောက်ကို ငါးကျပ်ပေး ငှားရတော့ အားလုံးသုံး ဆယ်လောက်ပဲ အရင်းဝင်ပါတယ် ။ ဒါပေမဲ့ တောင်သူလယ်သမားတွေက ကျွန်တော်တို့ ချုံသမား တွေဟာ ဗေဒါပင်တွေကို မွေးထားလို့ ဗေဒါပင်တွေ တစ်နေ့တခြား ပွားများလာပြီး တစ်နေ့ကျရင် ဒီ ဗေဒါပင်တွေဟာ သူတို့ လယ်ယာတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ် ဆိုပြီး လယ်သမား အစည်းအရုံး က တစ်ဆင့် ရုံးမှာ တရားစွဲလိုက်လို့ ကျွန်တော်တို့ ချုံသမားတွေ ကို ရုံးက ဆင့်ခေါ်ပြီး တစ်ချုံကို ဒဏ် ငွေတစ်ဆယ် တပ်လိုက်တယ်လေ ။ ကျွန်တော်က သုံးချုံကို ငွေသုံးဆယ် ဆောင်လိုက်ရတော့ အားလုံး ငွေခြောက်ဆယ် အရင်းဝင် သွားတာပေါ့ဗျာ ”



“ အေး တို့ချုံသမားတွေ ကလည်း စည်းကမ်း မရှိဘူးကွ ၊ ကိုယ့် ချုံကိစ္စ ပြီးတယ်ဆိုရင် ဗေဒါပင်တွေ ကို ကုန်းပေါ်ဆွဲတင် ၊ အခြောက်ခံ ၊ မီးပုံရှို့ပြီး အစတုံးလုပ်ပစ်လိုက်ပါလား ။ အခုတော့ ဒီလို မဟုတ်ပေါင် ကွာ ၊ ကိုယ့် ကိစ္စပြီးရင် ပြီးရော ၊ ဘယ်သူ ဘာဖြစ်ဖြစ် ဆိုပြီး ဗေဒါပင်တွေကို ချောင်းရိုးထဲ မျှောလွှတ် လိုက်တော့ အဆမတန် ပွားကုန်တာပေါ့ကွ ၊ မိုးတွင်းလည်း ရောက်ရော ဒီ ဗေဒါပင်တွေဟာ လယ်ကွင်း ထဲဝင်ပြီး ကောက်ပင်တွေကို ဖျက်ဆီးပစ်ရော ၊ ဒီတော့ လယ်သမားမျက်နှာကို ကြည့်ပြီး အလုပ် လုပ်နေရတဲ့ အစိုးရကလည်း လယ်သမား ကို ထိတော့ တို့ကို မညှာဘဲ တွယ်တော့မှာပေါ့ကွ ၊ ဘယ်သူမပြု မိမိမှုလို့ အိမ်က ငါ့မိန်းမ မပြားကြီး ခဏခဏ ပြောတဲ့ အတိုင်းပေါ့ကွာ ”



မိုးစင်စင်လင်းရုံ မျှမက နေကလေးပင် ထွက်ပြူစ ပြုပြီဖြစ်သောကြောင့် သူတို့ စကားလက်စဖြတ် လိုက်ကြကာ အလုပ်လုပ်ရန် ပြင်ဆင်ကြသည် ။



( ၄ )



နေကား ထွက်ပြူ၍ လာပေပြီ ။ ထွက်ပြူစ ဖြစ်ရုံမျှမက ဆောင်းနေမို့ နေခြည်မှာ နုလှပါသေးသည် ။ ဤနေခြည်နုကလေးမျှဖြင့် ကိုဒေါင်းစိန် တို့အား အအေးဓာတ်မှ ကာကွယ်နိုင်စွမ်းမရှိပါ ။ သို့သော် ကိုဒေါင်းစိန် တို့မှာ မီးလှုံလိုက်ရသဖြင့် အချမ်းများ ပြေပျောက် သွားပါပြီ ။ မီးတောက်အရက်ကလေး ကို သောက်လိုက်ရ ၍လည်း ရင်ထဲ ဝမ်းထဲ၌ ပူနွေးနေပါပြီ ။ ထို့ကြောင့် သူတို့ကား အအေးဒဏ်ကို ဖြင့်ဘာမထီ ။ အချမ်းကို လည်း ခံနိုင်ပါပြီ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:28


လွမ်းလိုက်တာ ... သာယာဝတီ ရယ်
( ဗေလုဝ )

လူ သည် ဘယ်နေရာ ကို ရောက်ရောက် အတိတ် ကိုတော့ သမင်လည်ပြန် လှည့်ရင်း လှမ်းတတ် ကြသူချည်း သာ ။ ကျွန်တော် သည် သာယာဝတီ ‘ ရေဝေ ’ ရပ်ကွက်လေး ကို မကြာခဏ လွမ်းလေ့ ရှိသည် ။ သို့သော် မရောက်ဖြစ်သည် မှာ နှစ် ၂၀ နီးပါး ။

ပြည်လမ်း ဘေး က ရေဝေရပ်ကွက်လေး သည် မြို့ အထွက် နား တွင် တည်ရှိသည် ။ ထို ရေဝေ ရပ်ကွက်လေး တွင် ‘ မြသီတာ ’ သစ်စက်လေး တစ်စက် ရှိသည် ။ ရပ်ကွက် က လူများ က နောက်ပြောင် ခေါ်သော အမည် မှာ ‘ ဖွတ်ချက် ဖွတ်ချက် စည်သူ့စက် ’ ဟု ခေါ်ကြသည် ။ တကယ်လည်း ဖွတ်ချက် ဖွတ်ချက် လည်ရသော စက် ဖြစ်သည် ။ လှေဦး စို စိုတုန်း ၊ လှေဦးခြောက် ခြောက်တုန်း ပေါ့ ။ ထို စက်လေး က မိသားစု နှစ်စု ကို တရွတ်တိုက် ဆွဲခေါ်သော သစ်စက်လေး ဖြစ်သည် ။

ထို ရေဝေရပ်ကွက် တွင် အမှတ်တရ ဖြစ်စရာလေးများ နှင့် ပြည့်နှက် နေတတ်သည် ။ ကျွန်တော် တို့ ညီအစ်ကို နှစ်ယောက် က နွေရာသီ ကျောင်းပိတ်ရက် တွင် ရေဝေရပ်ကွက် ရှိ ‘ မြသီတာ ’ သစ်စက် သို့ နှစ်စဉ် ရောက်တတ်သည် ။ ပြောချင်တာ က ထို ရေဝေရပ်ကွက် အကြောင်း ပင် ။

နောက်ဖေးတန်း ၊ အိမ်ရှေ့တန်း ဟု အတန်း နှစ်တန်း ခွဲထားသည် ။ ကျွန်တော်တို့ သစ်စက် က အိမ်ရှေ့တန်း ။

“ နောက်ဖေးတန်း မှာ ဝက် ပေါ်တယ်ဟေ့ ”

ထို အသံသည် ကျွန်တော်တို့ သစ်စက် အတွက် အလွန် နားဝင် ချိုသော အသံ ဖြစ်သည် ။

“ သားရေ သွားယူ ... တစ် ပိဿာတွဲ သွားဆွဲ ”

ကျွန်တော် ‘ ဦးစည်သူ သစ်စက် ’ ဟူသော အမည် ဖြင့် နှီး နဲ့ ချည်ထားသော အလွန် လတ်ဆတ် သော တစ်ပိဿာ တွဲ တစ်တွဲ ကို ဆွဲချလာတော့သည် ။ ထိုနည်းတူစွာ ပင် တစ်ရွာလုံး အုံ၍ ဝက်တစ်ကောင် သည် ဓားချက်အောက် မှာ တင် ပျောက်သွားလေ တော့သည် ။

နောက်ဖေးတန်း မှ ဆူညံ သံတွေ ပွက်လောရိုက် နေပြီ ဆိုလျှင် အကြွေး တောင်းချိန် ဟု ကျွန်တော် နားလည် လိုက်သည် ။ ကျွန်တော်တို့ သစ်စက်ပိုင်ရှင် ပင် သုံးခါ လောက် ချိန်းဆို ပြီးမှ လွှစာမှုန့် ၊ သစ် နှင့် အကြွေး ကို ချေလိုက်ရ လေတော့သည် ။

ရေဝေရပ်ကွက်သား သူရဲကောင်း တစ်ယောက် အကြောင်း ကို ရေးပြ လို ပါသည် ။ ကိုကျော် အုန်း ...

မျက်လုံး တစ်ဖက် က တိမ်စွဲ နေသည် ။ သူ့ ဘဝ ရပ်တည်မှု က ကျွန်တော်တို့ သစ်စက် မှာ အလုပ်ကြမ်း ရှေ့ဆွဲ ။ သူ့ ဘဝ အကြောင်း ကို ကျွန်တော် စိတ်ဝင်စား၍ ကျောင်းသား ဘဝ ကတည်း က မှတ်သား ထားတာ တစ်ခု ရှိသည် ။ သူ သည် ‘ လင်းကွင်းအဖြည့် ’ ။ ဒီ လင်းကွင်းအဖြည့် ကို စာဖတ်သူများ နားလည်အောင် ကျွန်တော် ပြောပြပါမည် ။ ( ရေးပြပါမည် ) နယ်မှာ က အသုဘ ဖြစ်ဖြစ် ၊ အလှူ ဖြစ်ဖြစ် ဆိုင်းသွင်းပါသည် ။ တစ်ခြမ်းပဲ့ ၊ ဝိုင်းစုံ ။ အဲဒီမှာ ကိုကျော်အုန်း က လင်းကွင်း ၊ သူ က စည်းဝါး နားလည်သူ မဟုတ် ။ အဖြည့် လင်းကွင်း ။ သူ့ ပါးစပ် က ‘ ဟစိ ဟစိ ’ ကို ကျွန်တော် မှတ်မိနေသည် ။ သူ့ ကိုယ် သူ မြင်ရတဲ့ မျက်လုံး တစ်လုံး နှင့် ပတ်ဝန်းကျင် ကို ကြည့်ပြီး ပီတိဖြစ်နေသူ ။

သူ့ ရဲ့ ထူးခြားမှု က သာယာဝတီ မြို့လယ်ကောင် မှာ မုန့်လက်ဆောင်း အသောက် ပြိုင်ပွဲ ။ မုန့်လက်ဆောင်း ၃၂ ( သုံးဆယ့်နှစ်ခွက် ) မတ်ခွက် အဆင့် ၊ လက်အထွာ ဆိုရင် လက်မ နှင့် လက်ညှိုး ခပ်တန်းတန်း လက် အဆန့် ... ။ ကိုကျော်အုန်း နိုင် လိုက်ပါသည် ။ တစ်မြို့လုံး က ကိုကျော်အုန်း သောက်နိုင် အား ကို ဂုဏ်ပြု လိုက်ကြသည် ။

“ ဆရာ ဆရာ ... ကိုကျော်အုန်း ရယ် ... ကျွန်မ ကောက်စိုက် ပြန်လာတော့
အိမ် မှာ ထမင်း တစ်စေ့ တောင် မှ မရှိတော့ဘူး ”

ကျွန်တော့် အဖေ ကို မျက်ရည်စက်လက် နှင့် တိုင်၏ ။ အဖေ က ...

“ ဟေ့ကောင် ... ငါ မြို့ထဲ က ခေါင်းညှပ် ပြန် လာတော့ မုန့်လက်ဆောင်း ၃၂ ( သုံး ဆယ့်နှစ်ခွက် ) ပြိုင်ပွဲ မှာ မင်း နိုင်လာတယ် ဆို ... အိမ် ကျတော့ ထမင်း ထပ် စားနိုင်သေးတယ် ”

“ ကျွန်တော် မှ သုံးဆယ့်နှစ်ခွက် နှင့် မတင်းတိမ်တာ ကို ”

မှတ်ချက်

ကိုကျော်အုန်း သည် ပျဉ်းကတိုး ခြောက်ပတ်လည် ၁၀ ပေပတ်လည် ကို ပခုံး ပေါ် တင် လိုက်ပါ ။ လှလှပပ ထမ်း နိုင်သော စွမ်းရည် ရှိသူ ။

ooooooooooooo

ရေဝေရပ်ကွက် က ဆရာ တစ်ယောက် ကို ကျွန်တော် မိတ်ဆက် ပေးပါရစေ ။ ဆရာသိန်း ... ။

လူရွှင်တော် ။ ထိုမှ လယ် လုပ်သည် ။ လူကောင် က ဗေလုဝ နှင့် မတိမ်းမယိမ်း ။ ကျွန်တော် ရန်ကုန် က နေ ရေဝေရပ်ကွက် ကို ရောက်ပြီ ဆိုတာ နှင့် ဆရာသိန်းအိမ် က ကျွန်တော် တို့ သစ်စက် ရဲ့ နောက်ဖေးပေါက် တည့်တည့် ။ ကျွန်တော် က ပင် စတင် မိတ်ဆက် လိုက်သည် ။

“ ဟာ ... ဂဠုန်သိန်း ”

“ ရန်ကုန်သား ... ဘယ်တုံး က ရောက်လဲ ”

“ ခုမြင် ခုရောက်တာပေါ့ ဆရာသိန်း ရဲ့”

ဒါက နှစ်စဉ် နှုတ်ဆက် နေကျ ။ နွေရာသီ ကျောင်းပိတ်ရက် ။

“ ဒီည ရွာ ထဲ မှာ ဆိုင်းပွဲ ရှိတယ် ... မင်း လိုက်ကြည့် ”

သူ က အဲဒီ အချိန်က ဆိုင်းနောက် ထ ‘ လေပွေ ’ အနုပညာ ရောဂါသည် ။ ကျွန်တော် က ဘယ် ငြင်းလိမ့်မတုံး ... လိုက် ပြီးသား ။

မှတ်မှတ်ရရ ဆရာသိန်း ( ကျွန်တော့် အခေါ် ) လူရွှင်တော် ဦးလေပွေ ရဲ့ ဆိုင်းနောက်ထ ပြက်လုံး ။ လူရွှင်တော်လေပွေ ၏ ပြက်လုံး ကား ...

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 11:28


“ ကျွန်တော့် ဆိုင်းဆရာ တီးတာ ကို ပရိသတ်များ နားဆင် ပြီးပြီနော် ... ကျွန်တော့် ရဲ့ ရွာစား က ပတ်လုံး ပေါ် ကို လက် ချလိုက်တာ နဲ့ မရပ်တမ်းဘဲ တီးတာ ... ပရိသတ်များ အိမ် ပြန်လို့ ရွာစား ရဲ့ လက်သံ ကို နားဆင်ချင်သေးတယ်ဆို ရင် ... ဟာ ... ခြင်ထောင် ထဲ အထိ လိုက် တီးတာ ”

“ ဝေါ ” ( ပရိသတ် ရယ်သံများ )

သာယာဝတီ ရေဝေရပ်ကွက် သို့ အမှတ်တရ ။

ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း
မတ်လ ၊ ၂၀၀၈
Nov 21, 2024 10:51

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Nov, 01:09


https://t.me/+r4Lhc2Xt6gAzMDVl

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 18:21


ဝမ်းမနည်းကြေး
.......................................
(နေမျိုး)

ဝမ်းနည်းခြင်းများသည် မဖိတ်ခေါ်ပဲ
ရောက်လာသော ဧည့်သည်ဖြစ်သည်။
ဝမ်းနည်းရခြင်းများသည်
ခေါင်းလောင်းသံလို ကျယ်လောင်စွာ မြည်ဟည်းနေခဲ့သည်။
ဝမ်းနည်းရခြင်းများသည်
ကျွန်တော်တို့ အိမ်ကလေးထဲမှ ထောင့်ကွေး
သေးသေးလေးပါမကျန်
အပ်နဖားပေါက်ကလေးထဲအထိ ပျံ့နှံ့ရောက်ရှိလာသည်။
သို့သော်လည်း
ဤစာပိုဒ်၏ခေါင်းစဉ်ကို ကျွန်တော်ဤသို့ပေးနိုင်ခဲ့သည်
"ဝမ်းမနည်းကြေး"။


နေမျိုး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 15:18


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 15:07


အောင်သူစာပေနဲ့ကျနော်ပြောဖြစ်တာလေးတွေအမှတ်တရလေးပြန်တင်ကြည့်တာပါ

ကိုဂုတ်ပု မေး...သားရီးမင်းစာအုပ်တွေစုံပီးရင်ဘာလုပ်မလဲ

ကျနော်... စာအုပ်တွေစုံပီးရင်တော့လက်တွဲဖော်ရှာတော့မယ်အကို

ကိုဂုတ်ပု မေး....မင်းချစ်တဲ့သူကငြင်းရင်ရော

ကျနော်...စိတ်မဆိုးပါဘူး လူဆိုတာကperfectဖြစ်မှသဘောကျတတ်တာလေ၊နောက်ပီးလူဆိုတာအကောင်းကြိုက်တာလေအကို

ကျနော်ကပြန်ပြုံးကာ ကျနော်ကcollectorလေ perfectမှမဟုတ်တာ collectorဟာcollectorပဲပေါ့အကို

ကိုဂုတ်ပု...မင်းမှတ်မိသေးလား deliပို့တာမောတုန်းကရေဘူးမဝယ်သောက်ဘဲလမ်းဘေးကရေအိုးစင်ကရေကိုခပ်လိုက်တာရေအနည်တွေပဲကြီးဆိုတာ..

ကျနော်... ဟုတယ်အကို ကျနော်သောက်လိုက်တယ်...ပီးတော့အကို့ဆီကစာအုပ်မရလိုက်မှာစိုးလို့

ကိုဂုတ်ပု... မင်းရဲ့ဇကိုတော့ငါသဘောကျတယ်...ငါမွေးထုတ်လိုက်တဲ့စာအုပ်သမားတွေထဲမှာမင်းလည်းအမှတ်တရပါတယ်


#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 10:13


ဆန်မောင်နင်းရေ

ခဝဲဝင်းဝါ၊ ပွင့်ပြန်လာကေ

သီကာလည်းကုံး၊ တန်ဆောင်မုန်းမှာ

ရှင်ဖုန်းသော်၊ ကျောင်းဝိဟာ၌

ကထိန်လည်းကပ်၊ မယ်ရို့မှာလေ

ပျော်ပါးကတ်မေ၊ လုံပျိုမေ

အရွယ်ချင်းချင်း၊ ရွဲ့သာခြင်းနှင့်

လမင်းစန္ဒာ၊ လောင်းရိပ်သာတွင်

ပျော်ရာတကြောင်း၊ မေရို့မှာလေ

အဖော်ပေါင်းနှင့်၊ ဆန်မောင်းနင်းရေ

သာစွလေ၊ သာယာဧလေ၊ သာစွလေ။

#ရခိုင်တေးကဗျာ

@crd to original writer

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 09:37


အိုးဘိုသံတွေိထဲ ကိုယ်တို့လဲ ပေါ်လိုက်မြုပ်လိုက် ဖြစ်နေကြရဲ့
အခြေအနေတေွက ကိုယ့်ဇနီးကိုချစ်ရက်နဲ့
တခြားမိန်းမနဲ့ အိပ်မိအောင် ဇွတ်ဖန်တီးနေတယ်
မွန်ဆီယာ ဒဗြူစီရေ

- အောင်ခင်မြင့်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 09:36


ဆရာတင်မိုး
အသက် ၉၁နှစ်ပြည့်မွေးနေ့

ပုဂံပြည်အား
ပုဂံသားတို့
တရားလည်းစောင့်
မြားလည်းဖြောင့်လျက်
စောင့်ရှောက်မြဲကြစေသတည်း

ဆရာ တင်မိုး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 09:21


စာအုပ်ဖိုင်တွေလုပ်ကြအုံးလေ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 08:39


ကိုစောညိန်း ကွယ်လွန်ရခြင်း မှာ ထို ည က ညီ ဖြစ်သူ မောင်လှဝေ သည် ရွှေတိုင်သီရိရုပ်ရှင်ရုံ ၌ ညပွဲ သွားကြည့်သည် ။ ရုပ်ရှင် မှ အပြန် ည ၁၀ နာရီ လောက် တွင် လမ်း မှာ လူငယ် တစ်စု နှင့် ရန်ဖြစ်ခဲ့သည် ။

မောင်လှဝေ အိမ်ပြန် ရောက်သော အခါ သူ့ အစ်ကို ကိုစောညိန်း ကို ပြောပြသည် ။ ကိုစောညိန်း က သူ့ ညီ အတွက် နောင်တွင် ရန်ထပ် မဖြစ်စေရန် နှင့် အကျိုး အကြောင်း သိရှိရန်တို့ အတွက် ထို လူအုပ်စု ဆီ သွားရာမှ ထို လူအုပ် ကလည်း သူ့ ညီ အတွက် ရန်လာရှာသည် အထင် နှင့် ဝိုင်း ရိုက်လိုက်ကြခြင်း ဖြစ်သည် ။ လူအုပ် ထဲ တွင် တုတ် ၊ ဓား အစုံအလင် ပါ သဖြင့် ကိုစောညိန်း ကို အတွင်းလူနာ အဖြစ် ဆေးရုံ တင်လိုက်ရသည် အထိ သတိ ပြန်လည် မရတော့ချေ ။

မေ နှင့် အစ်မ ဖြစ်သူ တို့မှာလည်း အဖြစ်အပျက် အကြောင်းစုံများ ကို သိလိုက်ရသဖြင့် စုတ်တသ,တ်သ,တ် နှင့် ကြေကွဲ နေကြသည် ။

မေ့ စိတ် ထဲတွင်တော့ “ ဖြစ်မှ ဖြစ်ရပလေ ဆရာကိုစောညိန်း ရယ် ၊ အားလုံး တွေ့ ခါနီးကျမှ တေ့လွဲကလေးတွေ နဲ့လွဲပြီး မတွေ့ ခဲ့ရဘူး ၊ အဖြစ် ဆိုးလိုက်တာ ” ဟု တွေးကာ မျက်လုံးအိမ် တွင် မျက်ရည်များ ပြည့်လျှံ လာသည် ။

မေ သည် သူ့ နှုတ်ခမ်းပါးပါးလေး ကို ဖိကိုက် ထားလိုက်မိသည် ။

တကယ်တော့ သူ့ ရင်ထဲ တွင် ခံစားနေရမှုများ ကို အော်ဟစ်ပြီး ငိုပစ် လိုက်ချင်သည် ။ သို့သော် သူ ချုပ်တည်း ခဲ့ရပါလေသည် ။

အစ်မ ဖြစ်သူ က မေ့ ကို နှစ်သိမ့်ရသည် ။

“ ကဲ ... ရက်လည် တဲ့ နေ့ ကျမှပဲ ကျွန်မတို့ တစ်ခေါက် လာခဲ့ကြပါဦးမယ် ၊ ကျွန်မတို့ ကို ပြန်ခွင့်ပြုပါဦး ”

မေ့ ကို လက်တွဲ ဖေးမ၍ အိမ်ရှင်များ ကို နှုတ်ဆက်ပြီး ထွက်လာ ခဲ့ကြသည် ။

မေ့ စိတ် ထဲ တွင်တော့ အတွေးများ က ယောက်ယက်ခတ် ကာ ကြေကွဲမှု ပြွမ်းလျက် ဗလောင်ဆူ နေပြီ ။

သူ နှင့် ကိုစောညိန်း တို့ အဖြစ် မှာ သူ , ရန်ကုန် ရောက်ပြီး ဂျာနယ်တိုက် သို့ လိုက် ရှာသော်လည်း ကိုစောညိန်း ရောက်ချိန် မဟုတ်သေး၍ မတွေ့ခဲ့ရ ။

ဆေးရုံ တွင် အတွင်းလူနာ အဖြစ် တက်ရောက် နေသည် ဟု သိရပြန်တော့ လည်း သွား ကြည့်သော အခါ ကွယ်လွန် သွား၍ အလောင်း ကို အိမ်ပြန် ယူသွား သဖြင့် မတွေ့ခဲ့ရ ။

အသုဘ ချမည့်နေ့ အိမ် သို့ သွားပြန်တော့လည်း အသုဘ, ချသွား သဖြင့် မမီလိုက်ဘဲ ဆရာကိုစောညိန်း ကို မတွေ့လိုက်ရပြန်ချေ ။

အဘယ်ကြောင့်များ ကံတရား က ကိုစောညိန်း နှင့် မေ့ ကို လှည့်စား၍ ဖယ်ရှားပစ်ခဲ့ပါသလဲ ။ မေ ကံတရားကို ပင် အပြစ် တင်ချင်မိသည် ။

မမ က အကြိမ်ကြိမ် နှစ်သိမ့်ဖျောင်းဖျ နေရသည် ။ သို့နှင့် သူ တို့ စီးလာသော ဘတ်စ်ကား သည် တည်းခိုရာ လမ်းထိပ် သို့ ရောက်သောအခါ ကား ပေါ် မှ ဆင်းလာ ခဲ့ကြသည် ။

မေ့ ရင် အစုံသည် လှိုက်ဖို တုန်ယင် နေတုန်းပင် ။

မေ သည် သူ့ နှုတ်မှ တိုးတိုးညင်ညင်သာသာလေး ရေရွတ် လိုက်မိသည် ။

“ ခုတော့ မေ့ မှာ ပွင့်ဦးကြွေပါပကော ဆရာ ရယ် ... ”

( ၃၁. ၁၀. ၅၂ နေ့တွင် ကွယ်လွန်ခဲ့သော ဂီတနက်သန် ကိုစောညိန်း ) နှင့် ( ၂၃. ၁၂. ၈၉ နေ့တွင် ကွယ်လွန်သွားရှာသော အဒေါ်ရင်း ဖြစ်သူ ရီရီမေ - မမရီ သို့ လွမ်းဆွတ် အမှတ်တရ ... )

ရေနံမြေမောင်မောင်ကြည်

အလင်္ကာရပ်ဝန်း ( ၇ )

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 08:39


မေတို့ ညီအစ်မ သည် အလုပ်ကိစ္စ အတွက် သွားရောက် တွေ့ဆုံခဲ့ ပြီးနောက် တည်းခိုသည့် အိမ် သို့ ပြန်လာခဲ့ကြသည် ။

နေ့လယ်ဘက် အိမ် တွင် စောင့်နေ သော်လည်း ကိုစောညိန်း ကား ပေါ်မလာ ပါချေ ။ ညနေ သာ စောင်းသွားသည် ။ ကိုစောညိန်း ကား , ရောက်မလာပါချေ ။

နောက်တစ်နေ့ တွင် လည်း သူ့ အစ်မ နှင့် အတူ ကျန်းမာရေးဌာန သို့ သွား ရောက်ခဲ့ပြီး တည်းခိုအိမ် သို့ ပြန်လာခဲ့ပြန်သည် ။

‘ မေ ’ တို့ အိမ် တွင် ခဏ အမောဖြေ နေကြစဉ် လူငယ် တစ်ယောက် အိမ် လိုက် ရှာ နေသည် ကို တွေ့ ရသည် ။

“ ချောက် က မေ ရှိပါသလား ”

“ ရှိပါတယ် ... ကျွန်မ ပါပဲ ”

မေ က , ကပျာကယာ ထွက်ပြီး ပြောသည် ။

“ ဪ ... ဟုတ်လား ၊ ဒါနဲ့ ကို,ကို ... ကိုစောညိန်း တစ်ယောက် ရန်ကုန်ဆေးရုံကြီး မှာ အတွင်းလူနာ အဖြစ် တက် နေပါတယ် ။ ကျွန်တော် က , ကိုကို ကိုစောညိန်း ရဲ့ ညီ ‘ မောင်လှဝေ ’ ပါ ။ ကျွန်တော့် ကို ခွင့်ပြုပါဦး ”

ကိုစောညိန်း ညီ ‘ မောင်လှဝေ ’ က ဆို့နင့် ကြေကွဲစွာ နှင့် ပြောသည် ။ အောက်သို့ အရောက် တွင် အခန်းနံပါတ် နှင့် ခုတင်နံပါတ်များ ကိုလည်း ပြောသွားသည် ။

မေ သည် သူ့ အစ်မ ဖြစ်သူ ကို တစ်ချက် , လှမ်းကြည့် လိုက်ပြီး ဘာမျှ စကား မပြောနိုင်ဘဲ ဆွံ့အ, နေသလို ဖြစ်သွား လေသည် ။

မေ့ မမ ကလည်း တအံ့တဩ နှင့် စိတ်မကောင်း ဖြစ်နေ မိသည် ။

ဘာများ ဖြစ်လို့ပါလိမ့် ဟုလည်း မေ့ စိတ်ထဲ တွေးနေမိသည် ။

မေ သည် သင်တန်း တက်ရန် လိုအပ်သော လျှောက်လွှာများ ဖြည့်ပြီး၍ နောက်တစ်နေ့ ညနေတွင် မမ နှင့်အတူ ဆေးရုံကြီး အတွင်းလူနာဌာန သို့ သွားကြည့် ကြသည် ။

အခန်းနံပါတ် နှင့် ခုတင်နံပါတ် ရော လိုက်ရှာကြပေမယ့် ကိုစောညိန်း ကို ကား ရှာမတွေ့ ခဲ့ပါ ။ လူများ မှားပြီး ပြောသလား ။ ဘယ်လိုများ ဖြစ်တာပါလိမ့် ဟု စိတ်ထဲ တွေးပြီး ပူပင်နေမိသည် ။

“ ဆေးရုံ က ဆင်းသွားပြီ နဲ့ တူတယ် ”

မမ က သတိပေးလိုက် မှ မေတို့ ညီအစ်မ နှစ်ယောက် ဆေးရုံဝင်း ထဲ မှ ပြန်ထွက် လာခဲ့ကြသည် ။

ဆေးရုံကြီးဝင်း မြက်ခင်းစိမ်း ပေါ်တွင် တရုတ်စကားပွင့်များ ကြွေလွင့်နေသည်ကို မေ တွေ့လိုက်ရသည် ။မေ , သက်ပြင်း ကို မှုတ်ထုတ် လိုက်သည် ။ ကိုစောညိန်း ဘယ်များ ရောက်နေပါလိမ့်ကွယ် ။

လမ်း တွင် ဓာတ်မီးရောင်များနှင့် ကားမီးရောင်များ သည် ပြိုးပြက်စွာ နှင့် လင်းထိန် နေသည် ။ သူတို့ သည် ရန်ကုန် ည အလှ ကို ရင်သပ် ရှုမော ငေးမော ကြည့်ရှုနေမိကြသည် ။

ကား မစီးတတ်၍ လည်း သူတို့ အိမ်ပြန် ရောက်တော့ မှောင်နေပေပြီ ။

မေ တို့ တောင်ညွန့် ( ၁ဝ၃ ) လမ်း ထဲ သို့ ရောက်သော အခါ တစ်ဘက်ခန်း မှ စာ တစ်စောင် ထုတ်ပေး သည် ။ အိမ်ရှင်မမ တို့ ကလည်း ညဈေးဘက် သွားသည် ဆိုပြီး တစ်ဘက်ခန်း သို့ပင် သော့ ပေးခဲ့သည် ။

“ ရော့ ... ဒီမှာ စာ ၊ သော့ လဲယူလိုက်ဦး ၊ နေဦး စာပေး သွားတဲ့ သူငယ်လေး က ပြောသွားသေးတယ် ကွယ့် ။ အသုဘ ပို့ဖို့ ( ၂ ) နာရီ လို့ ပြောတယ် ။ ဆက်ဆက် လာခဲ့ပါလို့ ပြောသွားတယ် ” ဟု ပြောလိုက်သော အခါ မေ့ ရင်ထဲ ဆို့နင့် သွားသည် ။

“ ဘုရား ... ဘုရား ... ဆရာကိုစောညိန်းများ ဘာဖြစ်လို့ပါလိမ့် ”

မေက စာ ကို လှမ်းယူပြီး အမြန် ဖတ်ကြည့် လိုက်သည် ။

မေ ...

ကိုကို ကိုစောညိန်း မနေ့ က ၁ဝ နာရီ လောက်မှာ ဆုံးပြီ ။

နက်ဖြန် ( ၂ ) နာရီ ကို ကျွန်တော်တို့ အိမ် မှ ကြံတောသုသာန် သို့ ပို့ဆောင် သင်္ဂြိုဟ်ပါမည် ။

အကယ်၍ လာနိုင် လျှင်တော့ ကြည့်မြင်တိုင် ပိတောက်တန်း ကို လာခဲ့ပါ ။

လှဝေ

‘ မေ ’ သည် မောင်လှဝေ ရေးပေးသွားသည့် စာကို ဖတ်ပြီး ငိုင်ကျ သွားသည် ။

မမ က မေ့ လက်ထဲ မှ စာ ကို ယူပြီး ဖတ်ကြည့် လိုက်သောအခါ

“ ဘုရား ... ဘုရား ... ဖြစ်မှဖြစ်ရပလေကွယ် ” ဟု ရေရွတ် နေမိသည် ။

ကံတရား သည် ကိုစောညိန်း နှင့် သူ့ ညီမ ကို ဘယ့် ကြောင့်များ ကွဲအောင် ဖန်လာခဲ့သနည်း ဟု တွေးကာ ရင်ထုမနာ ဖြစ်ရသည် ။

သို့နှင့်ပင် ကိုစောညိန်း အသုဘ ချမည့် နေ့တွင် မမ နှင့် အတူ ကြည့်မြင်တိုင် ပိတောက်တန်း သို့ ကားစီး ပြီး လာခဲ့ကြသည် ။

သူတို့ ညီအစ်မ နှစ်ယောက် သည် ရန်ကုန် တွင် မသွားတတ် မလာတတ် နှင့် မို့ ကြည့်မြင်တိုင် သို့ တော်တော်နှင့် မရောက်နိုင် ။ ဟိုမေး သည်မေး နှင့် အချိန် နောက်ကျ ပြီး မှ သာ ရောက်ရှိ လာခဲ့ကြသည် ။

အိမ် ထဲ ရှိ လူအားလုံး သည် ခြောက်သွေ့စွာ နှင့် ရှိနေကြသည် ။ လူ လည်း ရှင်းနေသည် ။ အသုဘအိမ် နှင့်ပင် သိပ်မတူ ဟု မေ့ စိတ် ထဲတွင် တွေးထင် မိလိုက်သည် ။

“ ဆရာကိုစောညိန်း အသုဘ ချ .. ချပြီး .. ”

မေ့ စကားပင် မဆုံးသေး ။ ကိုစောညိန်း ၏ အဖေ ဖြစ်သူ က “ ချောက် က မေတို့ မဟုတ်လား ၊ မင်း ဆရာ ကိုစောညိန်း အသုဘ ခုနလေးတင် က ချသွားပါပြီကွယ် ၊ မင်း လာမယ် ထင်လို့ စောင့်နေကြပါသေးတယ် ၊ အချိန်စေ့တော့ အသုဘ ချလိုက် ရတယ်ကွယ် ... လာထိုင်ကြ .. ” ဟု ပြောပြီး တရှိုက်ရှိုက် နှင့် ငိုနေသည် ။

ကိုစောညိန်း ၏ ယောက်ဖ ဖြစ်သူ မှာ လည်း ကိုစောညိန်း နှင့် မေတို့ အကြောင်း ကို သိထားသူ ပီပီ အော်ဟစ် ငိုရှိုက် နေပေသည် ။

သူ့ နှုတ် မှ လည်း အဖြစ်အပျက်များ ကို ဖြစ်ကြောင်းကုန်စင် ပြောပြကာ ရင်ထုမနာ ဖြစ်နေသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 08:39


ဒါပေမယ့်လေ ... ကိုယ့် ညီမလေး မို့ ဖွင့် ပြောရဦးမယ် ။ ကိုကြီး တို့ အနုပညာ သမားတွေ ဟာ ဘယ်လောက်ပဲ မာနကြီးကြီး ဘယ်လောက်ပဲ တော်တော် ခုလို ကုမ္ပဏီကြီးတွေ က မြှောက်စားတယ် ဆိုတဲ့ အခွင့်အရေး က အင်မတန် ရခဲ ပါတယ် ။ ဒီ ကုမ္ပဏီကြီး တွေက မြှောက်တင် မှသာ နာမည် ထွက်ကြတာပဲ ။ ဒီတော့ ဝမ်းသာစရာပေါ့ ။ ဝမ်းသာစရာပေါ့ ဆိုလိုက်တာဟာ ကိုကြီး ရဲ့ ကိုယ်ကျိုး အတွက် သက်သက် လို့ သာ ညီမလေး က ထင်ရင်တော့ ညီမလေး မှားမှာပဲ ။ ကိုကြီး ရဲ့ အဖြစ်အပျက် ကို မေလေး သိပြီးပြီ မဟုတ်လား ။

ကိုကြီး ရဲ့ အဖို့မှာတော့ ဒီဂုဏ်တွေ ၊ ပကာသနတွေ ၊ ကျော်စော ထင်ရှားမှုတွေ ကို မလိုတော့ပါဘူး ညီမလေး ရယ် ။ ကိုကြီး ရဲ့ ဆိတ်သုန်းနေတဲ့ အလင်းရောင်ကလေး တစ်ခု ကို မတွေ့ ရတော့ဘူးလို့ ဆိုရင်ပေါ့လေ ။

ဘယ်လောက်ပဲ နိုင်ငံကျော်ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်နေပေမယ့်လဲ ဒီ တစ်သက် မှာ ပျော်ရွှင်ချမ်းမြေ့စရာ ရှာတွေ့လိမ့်မယ်လို့တော့ မထင်တော့ပါဘူးကွယ် ။

ညီမလေး ဟာ အဆိုကျော်ကြီး ဖြစ်ချင်တယ် ။ နာမည်ကြီး ဂီတပညာရှင် တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုခဲ့တယ် မဟုတ်လား ။ ညီမလေး ဖြစ်ချင်တာတွေကို ဖြစ်နိုင်ဖို့ အတွက် ကိုကြီး မှာ ဒီလို ကုမ္ပဏီကြီး တစ်ခု ကို လက်ကိုင် ရဖို့ လိုတာပေါ့ ။ အခုလို ကုမ္ပဏီတွေ နဲ့ ဆက်မိတော့ ညီမလေး ရဲ့ လိုအင် ဆန္ဒတွေ ကို ဖြည့်စွမ်းနိုင်ဖို့ အရေး ဟာ နီးလာတာပေါ့ ။ ဒါကြောင့် ဝမ်းသာတယ် ပြောတာပါကွယ် ။

မေလေး ရဲ့ အလိုဆန္ဒ ကို ကျပ်ပြည့်ဒင်းပြည့် ဖြည့်စွမ်း ပေးနိုင်တဲ့ တစ်နေ့မှာ ကိုကြီး ကျေနပ်ပါပြီကွယ် ။ ဪ .. ဟိုတုန်းကများတော့ ကိုကြီး ဟာ ကိုယ့် ရဲ့ ကြီးပွား တိုးတက်မှုတွေ ဘာတွေ ဆိုတာ ဂရု မစိုက်ဘဲ ကိုယ့် ဘဝ ကို အနုပညာရေပြင် ထဲမှာ သာ နစ်မြှုပ်ခဲ့ပြီး နေခဲ့မိပါတယ် ။

ခုတော့မှ မေလေး နဲ့ ပတ်သက်ပြီး တိုးတက်ကြီးပွားရေး ကို အားထုတ်ရမယ် ဆိုတဲ့ လောက တာဝန်တွေကို သိနားလည် လာရလေတော့ ဒီအတွက် မေလေး ကို အထူးပဲ ကျေးဇူး တင်မိပါတယ်ကွယ် ။

ကိုကြီး ရဲ့ ကျန်းမာရေး ကို ဂရုစိုက်ဖို့ သတိပေး ခဲ့တဲ့ အတွက် ကျေးဇူးလဲ တင်ရ ပြန်ပါတယ် ။ လောကကြီး ကို ဂရုမထားတဲ့ အစ်ကိုကြီး အဖို့ ခုလို သတိပေးမယ့် သူ တစ်ယောက် တော့ ရှိဖို့ လိုသပေါ့ ။

နောက်ပြီး ညီမလေး ရဲ့စာ ထဲမှာ မေ ကတော့ ကိုကြီး တို့လို စာ ကို ပြေပြေ ပြစ်ပြစ်မရေးတတ်လေတော့ ခုကတည်းက သည်းခံပါတော့ ကိုကြီး ရာ လို့ ရေးလိုက် ပြန်တယ် ။

မေလေး ရဲ့ စာ ကိုတော့ ဘယ်လိုဘဲ ရေးရေး ခုလဲ သည်းခံနေတာပါပဲ ။ နောင်ကျမှလဲ သည်းခံမှာပါပဲ ။ ကိုယ့် ညီမလေးဘယ်လောက်ပဲ နွဲ့ ဆိုး ဆိုးဆိုး ။ အဲဒီလို နွဲ့ဆိုး ဆိုး နေတာကိုပဲ သည်းခံချင်နေတာပါပဲ ။ ဒီလို အရသာမျိုး ကလဲ ကိုယ် ခံယူချင် တိုင်း ခံရတာမျိုးမှ မဟုတ်ဘဲကိုး ။

ကိုကြီး ဆိုရင် ညီမရယ် လို့ ရှိခဲ့ဖူးသူ မဟုတ်တဲ့ အပြင် ခုလို နွဲ့ဆိုး ဆိုးမယ့် လူ ကလဲ မရှိဖူးလေတော့ တစ်ခါတစ်လေတော့ နွဲ့ဆိုး ဆိုးတာတွေကို ခံချင်သားကွဲ့ ။ နောက်ပြီး မေလေး က ရန်ကုန် မှာ လာနေပြီး ကိုကြီး ဆီမှာ ဂီတပညာတွေ သင် အဆို တွေ သင်ချင်တယ် လို့ ပြောခဲ့တယ် ။

ခု စာ မှာ ဆိုရင်လဲ ‘ လာချင်လှပါပြီလို့ ’ ပြောခဲ့တယ် ။ ကိုကြီး က လဲ ညီမလေး ကို ‘ တွေ့ချင်လှပါပြီ ’

ဆိုသည့် စာရှည်ကြီးများ ကလည်း မေ့ရင် ကို ကြည်နူးစေပြန်သည် ။ မေ သည် သူ့ မမ နှင့် တိုင်ပင်ပြီး ရန်ကုန်မြို့ ဒပ်ဖရင်း ဆေးရုံ ၌ ဖွင့်လှစ်မည့် သားဖွားဆရာမ တစ်နှစ် နှင့် ခြောက်လသင်တန်း သို့ တက်ရန် စီစဉ်နေသည် ။ ထို အကြောင်း ကို ကိုစောညိန်း အား အသိ မပေးခဲ့ပေ ။ ရန်ကုန် ရှိ ဆွေမျိုးတွေ ဆီ အလည် အပတ် လာမည် ဟု သာ စာ ရေးခဲ့သည် ။

စင်စစ် သင်တန်း မတက်ဖြစ် ပါကလည်း ရန်ကုန် တွင် ကိုစောညိန်း နှင့် ပတ်သက်ပြီး ဂီတ အလုပ် တစ်ခု လုပ်ရန် စီစဉ်ခြင်း ဖြစ်သည် ။

မေ ရန်ကုန် သို့ မလာမီ ကိုစောညိန်း က မေ့ အတွက် သီချင်း တစ်ပုဒ် စပ်ဆိုခဲ့သည် ။

သစ္စာတော်ဦး

( အသက်ကို ခွဲကာ ... ဝက်ကာ စက်ရာအုံးပြိုင် မဝေသာပိုင်တယ် ... ရွှေတိုင်ဂီတနက်သန့်ဦး ... ဧကရီကြော့မှူးမြှောက်ဖို့ရယ် ) ( ခင်မင် ချစ်မြတ်နိုးကာ မျှော်ကိုးလို့သာ စေတနာ ပိုသူဝယ် ... ကြာလေစွဲလေ အမြဲတစေတောင့်တ စောင့်ရကြာလွန်းလို့ ခွန်းစကာ ပန်ချင်ပြီ ကွယ် ... သစ္စာတော်ဦး ပြိုင်ဦးချစ်ပိုင်မှူး ရှိလေမှာလားကွယ် ) မေတ္တာငုံ ရွှေပွင့်နွယ် ကြွေလင့်ရှာနိုးနဲ့ စိုးရိမ်ပေမယ့် မြေယူဇနာသယ် ချောင်း မြစ်ဆီးကာ ခရီးကွာကြလေတယ် ၊ မပိုင်ဆိုင်ဝေးသူမို့ ပူရန်သာကြွယ် ... မောင့်ရွယ်မှန်း ... နေ့စဉ်ညတိုင်း လွမ်းကျွမ်းကြေလှ ရွှေရင်ထဲဝယ် ချစ်သွေးပူဆူပြီမေရယ် ... မြားဒဏ်ရာပြင်း အသည်းလွှာချင်းဆူးဝင် ဖောက်ထွင်းသည့်နှယ် ... နတ်များဖန်ဆင်း ပစ်ခွင်းတော် မူပြီထင်တယ် ... သစ္စာတော်ဦးမာလာကို ခူးယူပါရစေကွယ် ...

ဤသီချင်း ကား ကိုစောညိန်း ရင်တွင်း၌ ခံစားနေရပုံကို ဖွင့်ဟ, လိုက်ခြင်းပင် ဖြစ်သည် ။

သို့သော် ထို သီချင်း လွှင့်သော ည က ‘ မေ ’ က သီချင်း ကို မကြားလိုက်ရပေ ။ သို့ရာတွင် အသံလွှင့်ရုံ ၌ ဓာတ်ပြား အဖြစ် ကျန်ရစ်နေခဲ့သဖြင့် နောင် အသံလွှင့် သည့် အခါတိုင်း ကြားနိုင်မည် ဖြစ်သည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 08:39


မေတို့ မြို့က သူဌေးသား တစ်ယောက် က အစိုးရ ဆီက လက်မှတ် ယူပြီး အသံလွှင့်စက် တစ်ခု ဝယ်လိုက်တယ် ။ သူတို့ တိုက်ရဲ့ အပေါ်ဆုံး အထပ် မှာ အပျော်တမ်း အသံလွှင့်ခန်း လုပ်ထားတယ် ။

မြန်မာပြည် အလယ်ပိုင်း မှာ အကုန် အသံလွှင့် နိုင်တယ် တဲ့ ။ အားလုံးက မေ့ ကို အားပေးကြတယ် ။ ဂရုစိုက်ကြတယ် ။ အသံ လဲ ကောင်းသတဲ့ ။

ဒါထက် အစ်ကိုကြီး ရဲ့ ' မြနဒီ ' သီချင်း ကို ကြားလိုက်ရပါတယ် ။ ဟို အပိုဒ် ကလေး ကိုတော့ ရလိုက်ပါရဲ့ ။ “ မြူမှုန်ငွေ နှင်းသုံသုံ ” ... အပိုဒ်ကလေးများ က အသည်း ကို စွဲသွားတာပဲ ။ ဒါပေမယ့် အလိုက်, မရဘူး ။ မေ ဖြင့် ရန်ကုန် လာချင်လှ ပါပြီ အစ်ကိုကြီး ရယ် ...
မေ
ချောက်မြို့ ။

ညီမလေး

အစ်ကိုကြီး ဆီ က စာ,မလာလို့ စိတ်ဆိုးနေမှာပဲ ဆိုတာ အစ်ကိုကြီး သိပါ တယ် ။ ညီမလေး, ကျေနပ်အောင် ရှင်းပြချင်ပါရဲ့ ။ သို့သော်လဲ အစ်ကိုကြီး အလုပ် များလို့ပါ ဆိုရင် တောင်းပန်ရင် ကျေနပ်ပါတော့ ။

လက်ရွေးစင် စာအုပ်တွေ မရောက်တာ ကတော့ တိုက် ကို ပို့ပေးဖို့ မှာထားတာ တိုက် က ပို့ပါတယ် ဆိုတော့ ယုံနေတာပေါ့ ။ ခုမှ ညီမလေး ဆီကို လက်ရွေးစင်တွေ မရောက်ဘူး ဆိုတော့ စုံစမ်းလိုက်တော့ Register မလုပ်ဘဲ ရိုးရိုး ပို့ပါတယ် လို့ သိရ ပါတယ် ။ လမ်း မှာ ပျောက်တယ် ထင်ပါရဲ့ ။ ဒါကြောင့်မို့ ဒီ စာနဲ့ အတူ လက်ရွေးစင် ၃ အုပ် ဝယ်ပြီး Register လုပ်ပြီး ပို့လိုက်ပါတယ် ။

ညီမလေး ထံက စာ ရလို့လဲ ဝမ်းသာ ကျေးဇူး တင်ပါတယ် ။ အစ်ကိုကြီး ရဲ့ စိတ်မှာတော့ ညီမလေး ကို ဂီတအနုပညာ ကို ဒီထက် ပိုပြီး သင်ပေးချင်ပါတယ် ။ ဒါပေမယ့် ညီမလေး အတွက် မသင့်လျော်သေးတဲ့ အကြောင်းတွေ ထောက်ထားပြီး ညီမလေး ရန်ကုန် ဆိုတာကို မလာပါနဲ့ဦးလို့ တား, ထားရတာ ကို စိတ်မကောင်းပါဘူး ။

အနုပညာလောက ဟာ တယ်ပြီး သာယာလှတယ် တော့ မအောက်မေ့ လိုက်လေ နဲ့ ညီမလေး ရေ့ ။ ခုဆို ကိုကြီး ဟာ ဒီလောက် နာမည်ထွက် နေတာတောင် မှ စီးပွားရေး အခြေအနေ ဟာ အလွန်ဆိုးရွား နေသေးတယ် ။

ငွေရမှု အတွက် အနုပညာ နဲ့ တိုင်းပြည် ကို သစ္စာ မဖောက်နိုင်တဲ့ အစ်ကိုကြီး ၊ တချို့ကိစ္စတွေ မှာ ရပ်ထားရသေးတယ် ။

ဒါကြောင့် ဆူးညှောင့်ခလုတ် များလှတဲ့ လမ်းခရီး ကို မိန်းမသား ဖြစ်တဲ့ ညီမလေး မလိုက် လျှောက်ချင်ပါနဲ့ဦးလို့ တား, ထားရတာပါ ။ ညီမလေး ရဲ့ ဝါသနာ ကို မတားပါဘူး ။ ခုတော့ သာယာဖြောင့်ဖြူးတဲ့ လမ်းခရီး ကို အစ်ကိုကြီး ခင်းပေး နိုင်ပါပြီ ။

အစ်ကိုကြီး ရဲ့ မိန်းကလေး တပည့်တွေ ထဲမှာ ညီမလေး ဟာ ဂီတ အခြေခံ တော်တော် ရှိတယ် ။ ဒါကြောင့် အစ်ကိုကြီး ကလဲ ဒုက္ခခံပြီး သင်ကြား ပေးနေတာပေါ့ ။

ခုတော့ ကိုယ့် ညီမလေး တစ်ယောက် ကိုပဲ သံယောဇဉ် တွယ်စရာ ရှိပါတယ် ။ ညီမလေး ရန်ကုန် ကို လာချင်ရင် လာခဲ့ပေတော့ ။ အစ်ကိုကြီး တော့ သိပ်,မအားလှ ပါဘူး ။ ညညများ ( ၂ ) ချက် ထိုး လောက် မှ အိပ်ရတယ် ။ ဂီတနက်သန် အဖွဲ့ လဲ ခဏ ရပ်ထား သေးတယ် ။

ညီမလေး ရန်ကုန် လာရင် အောက်ပါ လိပ်စာ ( ၂ ) ခု ပေးရင် ရပါတယ် ။

တစ်ခု က အိမ် လိပ်စာ ၊ တစ်ခုကတော့ အလုပ်တိုက် က လိပ်စာ ပါပဲ ။ ဒါပေမယ့် ညီမလေး တို့ တည်းမယ့် နေရာ နဲ့ ဆိုရင်တော့ အလုပ်တိုက် က ပိုပြီး နီးပါတယ် ။

အစ်ကိုစောညိန်း
ရန်ကျော်ဂျာနယ်တိုက်
ကျော်လင်းစာနယ်ဇင်း
၁၈၀ ၊ ၅၁-လမ်း ၊ ရန်ကုန်မြို့ ။
စောညိန်း - ဂီတနက်သန်
၇၃ ၊ ပိတောက်တန်း ၊
ကြည့်မြင်တိုင် ၊ ရန်ကုန်မြို့ ။

မေ သည် ကိုစောညိန်း ဆီမှ စာ ရပြီး နောက် သူ လျှောက်ထားသော သားဖွားဆရာမ သင်တန်း တက်ရန် နှင့် သူ့ ဆရာ ကိုစောညိန်း ကို တွေ့ ရန် အစ်မ ဖြစ်သူ နှင့် ရန်ကုန် သို့ ရောက်ရှိ လာခဲ့သည် ။

မေတို့ညီအစ်မ နှစ်ယောက် သည် ရန်ကုန်မြို့ ၊ တောင်ညွန့် ၊ ၁၀၃ လမ်း မီးရထား ကွာတား ထဲ၌ တည်းခို ကြသည် ။ ယင်း အိမ်မှာ မေ နှင့်ညီအစ်မ ဝမ်းကွဲ တော်စပ်သူ ၏ အိမ် ဖြစ်သည် ။

မေ သည် ရန်ကုန် ရောက် ရောက်ချင်း လမ်းခရီး တွင် ပင်ပန်းလာ သဖြင့် ဖျားတော့သည် ။ တစ်ပတ်မျှ ကြာလျှင်တော့ ပုံမှန် ဖြစ်သွားပြီး နေကောင်းသွားသည် ။

မေ ရောက်နေသည် ကို ကိုစောညိန်း မသိပေ ။ မေ နေကောင်းပြီး နောက် တစ်နေ့တွင် အစ်မ ဖြစ်သူ နှင့် အတူ ကိုစောညိန်း ပေးထားသော လိပ်စာ အတိုင်း တောင်ညွန့် မှ ( ၅၁ ) လမ်း ရှိ ရန်ကျော်ဂျာနယ်တိုက် သို့ ကားစီး လာခဲ့သည် ။ ရန်ကုန်မြို့ ကို မရောက်ဖူးကြ သဖြင့် ဟိုမေး သည်မေး နှင့်ပင် ရန်ကျော် ဂျာနယ်တိုက် သို့ ရောက်ရှိ လာခဲ့သည် ။

အချိန်က နံနက် ကိုးနာရီ ဖြစ်သည် ။ ရန်ကျော်တိုက် တွင် ရှိကြသူများ ကို ကိုစောညိန်း ရောက် မရောက် မေးမြန်း ကြည့်သည် ။

“ ဆရာ ကိုစောညိန်း ရှိပါသလားရှင် ”

“ ဆရာ ကိုစောညိန်း နေ့လယ် ဆယ့်နှစ်နာရီ ကျမှ ရောက်ပါ့မယ် ဘာကိစ္စ ရှိလို့ပါလဲ ” ဟု တိုက် မှ လူကြီး တစ်ယောက် က မေးသည် ။

မေ က နာရီ ကြည့်လိုက်တော့ ၉ နာရီ ထိုးပြီးခါစကလေး ရှိသေးသည် ။ ပြီး အလုပ် လျှောက်ထားသော ကိစ္စ ကလည်း ရှိနေသဖြင့် ကိုစောညိန်း အလာကို မစောင့် တော့ဘဲ ထွက်လာခဲ့ကြသည် ။

ကိုစောညိန်း လာပါက မေတို့ တည်းခိုကြသော အိမ်လိပ်စာ ကို ပေးရန် ပေးခဲ့သည် ။

မေ့ စိတ် ထဲ တွင်တော့ ကိုစောညိန်း တစ်ယောက် မိမိတို့ ရောက်လာသည် ကို သိလျှင် ဝမ်းသာအားရ ပြေးလာမှာပဲ ဟု တွေးထင် နေမိသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 08:39


‘ သစ္စာတော်ဦး ’ လွှင့် ပြီးနောက် ကိုစောညိန်း သည် မေ့ အတွက် ပင် ‘ အရုဏ် ’ သီချင်း ကို ရေးစပ်ပေးပြန်သည် ။ သီချင်း မှာ နံနက်ခင်း တွင် သူ့ ချစ်သူမေနှင့် အတူ ရွှေစည်းခုံစေတီဝယ် အရုဏ်ဆွမ်းများ ကို အတူ ယှဉ်တွဲ ကပ်ရင်း ဘဝ ဆက်တိုင်း ပေါင်းရလိုကြောင်းများ ကို ရေးဖွဲ့ထားခြင်း ဖြစ်သည် ။

တစ်ဖန် တိမ်တောက် နေသည့် ညနေဆည်းဆာ ဝယ် လှေနာဝါလေး ဖြင့် မေ့ ဆီ သို့သွားပါက လမ်းကြုံ၍ ခေါ်စမ်းပါ့ဟု ‘ ဆည်းဆာ ’ သီချင်း ဖြင့်လည်း သိစေပြန်သည် ။

သို့သော် ‘ မေ ’ ကား ထို သီချင်းများ ကို နားမထောင် ဖြစ်ခဲ့ပေ ။ ကိုစောညိန်း ထံ မှ လက်ရွေးစင် စာအုပ်များ စာတိုက် မှ နေ၍ မေ့ ထံသို့ရောက်ရှိ လာမှပင် တွေ့မြင်ရ တတ်သည် ။

ထိုအခါ ကျမှပင် မေ က ကိုစောညိန်း ၏ ခံစားမှု တစ်ရပ် ကို တသိမ့်သိမ့် ခံစားရင်း သိရှိရပြန်သည် ။ ကိုစောညိန်း သည် မေ နှင့် စာရေး ဆက်သွယ့်သည့် အခါ တိုင်း သံယောဇဉ် အမျှင်အတန်း လွှမ်းသော မေတ္တာရိပ်များ က ထင်းလင်းလျက် ရှိနေသည် ။

သို့ရာတွင် ကိုစောညိန်း ကလည်း သူ့ မေတ္တာ ကို သိုဝှက်လွန်းသည် ။ နဂို သိပ်သည်းသိုဝှက်လွန်းသူ ပီပီ မေ နှင့် စာရေး ဆက်သွယ်သည့် အခါတိုင်း အကြည်ညို ပျက်စေမည့် အရာများ ကို အမြဲတစေ ရှောင်ရှားခဲ့လေသည် ။

ထို့ကြောင့်ပင် သူ ၏ ချစ်ခြင်းမေတ္တာများ ကို ဖွင့်ဟရေးသားရာ၌ ရဲရဲ တင်းတင်း မဖွင့်ဟနိုင်ဘဲ သူ ၏ သီချင်းများ နှင့် သာ ဖွင့်ဆိုခဲ့လေသည် ။

သို့နှင့်ပင် ဆက်၍ “ စိန် ” သီချင်း ကို ရေးသား ကာ ရင်ဖွင့်ရ ပြန်ပါသည် ။

ချစ်ရေး, ခင်ရေး ... လိုက်လေဝေးတယ် ... စိန်ခေါ်ပါလို့ ပြေးလေ သလားကွယ် ... လှမ်းလင့်သူအား မြူသလိုလိုနှယ် ... ယိမ်းနွဲ့လှည့်စား ရှောင်ဖယ် ရှောင်ဖယ် ၊ မာယာတွေ ပိုလွန်းသူရယ် ) စိန်ပြီကွဲ့ ထား သက်လယ် ... လွတ်အောင် သာ ရှောင်စမ်းပါ ... မောင် ဖမ်းယူ လှမ်းချု ကာပွေ့မယ် ... တစ်မြေဆီ မှာရယ် ... ဝေး ... ဝေး ... ဝေးလို့သာ မပိုင်သူ အနိုင်ယူ အားကိုးနဲ့ရယ် ... မူနိုင်ရက်လေသမျှ နောင်ကျ မှ အငြိုးကို ချေမယ်လိုက်လေဝေးလေ ... ဝေးတယ် ... ၊ ချစ်တဲ့အရေးကို အပြေးစိန်သူရယ် ... မောင်ချူယူလက်ကမ်းမယ် ... အလှမ်းမီကာမှ .. ဘွာမကူတမ်းကွယ် ... ”

သီချင်း သည် လည်း မေ့ ကိုရည်ရွယ်၍ မေ့ ကို လက်ဆောင် ပါးခဲ့ပြန်လေသည် ။

ကိုစောညိန်း သည် “ မိုးသက်လေနှင် ” သီချင်း ဖြင့်လည်း တစ်နယ်တစ်ကျေး ရပ်ဝေး မှ မေ့ အား သိစေပြန်သည် ။ ဤအဖြစ် ကို ရပ်ဝေးမှ မေ က သိမည် မဟုတ် ။ အဆက်အသွယ်ကလည်း တစ်ခါတစ်ရံ ပြတ်တောက် နေတတ်သည် ။ သို့ရာတွင် သိလျက်နှင့်လည်း မသိဟန်များ ဆောင်နေရော့ သလား ဟု လည်း ကိုစောညိန်း က တွေးမိပြန်သည် ။

မေ့ စာ ထဲတွင် ပါရှိသော “ ကိုကြီးရဲ့ ရေပြင် ပေါ်မှာ ထင်လာတဲ့ ဓူဝံကြယ် အရပ်ဟာလေ ... ဒီလှိုင်း ပုတ်လိုက်ရင် ပျောက်သွား တတ်တယ်နော် ၊ သတိထားပါ ” ဟူသော စာကလေးများ သူ့ဆီသို့ ရောက်ရှိလာပါက ကြည်နူး မဆုံးတော့ပြန်ချေ ။

မေ့ ဆီမှ ဓာတ်ပုံ ရသောနေ့ ဖြစ်သည် ။ သူ့ စာထဲ တွင်တော့ ..

“ ဒီနေ့ ဟာ ဇူလိုင် ၅ ရက်နေ့ပေါ့ ။ ဘယ်လိုမျှ မမျှော်လင့်ဘဲ နဲ့ မေ့ ထံမှ လူကြုံ နှင့်ပေးပို့လိုက်တဲ့ ဓာတ်ပုံကလေးများနဲ့ စာရွက်ပြာကလေးတွေ ကို ကိုကြီး လက်ခံ ရရှိခဲ့တယ်လေ ။

တကယ့်ကိုပဲ လှလိုက်တာ မေ ရယ် ... ကိုကြီး ကတော့ ဒီ ဓာတ်ပုံလေး ကို ကြည့်ပြီး ရင်း ကြည့်လို့ မဝနိုင်လောက်အောင် ရှိပါတော့တယ် ။ မေ့ ရဲ့မျက်နှာ တစ်ခု လုံးမှာ ကိုကြီး သဘော အကျဆုံး ကတော့ နဂို သဘာဝ အတိုင်း မနှုတ် မရိတ်ဘဲ ထင်ရှားပေါ်လွင် နေတဲ့ မျက်ခုံးကလေး ပါပဲ ။

ကြည့်စမ်းပါဦးတော့ ... ဘယ်လောက်များ ခံ့ညားပြီး ကျက်သရေရှိ လိုက်ပါဘိသလဲလို့ ... အိုကွယ် မေရယ် ... ဘာကြောင့်များ သည်လောက် တောင် လိမ္မာလွန်းရသလဲ ဟင် ။ သည်လိုသာပဲ မေးလိုက်ချင်ပါတော့တယ် ။ ခုလောက် အတုအပတွေ များပြီး ဖက်ရှင်လိုက်စား နေတဲ့ ခေတ်ကြီး မှာ သည်လို သဘာဝ ကျတဲ့ မျက်ခုံးမျိုး ကို ပိုင်ဆိုင်ထားဝံ့တဲ့ သတ္တိ ကိုတော့ အဟုတ်ပဲ ချီးကျူးမိပါရဲ့ မေရယ် ။

မေလေး ရဲ့ လက်ဆောင် ကို တုံ့ပြန်တဲ့ အနေနဲ့ ကိုကြီး ရဲ့ဓာတ်ပုံတွေ ကိုလဲ ပို့ရဦးမယ် ။

‘ ချစ်ကန္တာရ ’ သီချင်း ရဲ့ အဆုံးသ,တ်ကလေး အတိုင်း ဓူဝံကြယ် ခင်ခင့် ကိုပါ တောင်းပန်ချင်တယ် လို့သာ ရေးလိုက်ချင်တော့ တာပါပဲကွယ် ။

ထာဝရအစဉ် ချစ်မြတ်နိုး နေလျက်နှင့်
စောညိန်း
၅. ၇. ၅၂

‘ မေ ’ သည် ကိုစောညိန်း ၏ စာ ကို ဖတ်ပြီး ‘ နွေနှောင်းဝသန် ’ သီချင်း ၏ နောက်ဆုံး အပိုဒ် ကို ရေရွတ် နေမိလေသည် ။

ချစ်သော အစ်ကိုကြီးရေ ...

စာ, ချက်ချင်း မပြန်တာကို စိတ်ဆိုး နေပြီလား ။ မဆိုးပါနဲ့ အစ်ကိုကြီး ရယ် ။ ညီမလေး မှာ လွန်ခဲ့တဲ့ ငါးရက် လောက်က ညီမလေး မေ စိုက်ထားတဲ့ နှင်းဆီပင် တွေကို မိုးကလေး တဖွဲဖွဲ ကြား မှာ ရှင်းလင်း နေတုန်း ရွှံ့စေးနဲ့ ခုံဖိနပ်မြင့်မြင့် တစ်ခါ တည်း နှစ်ပါးသွားပြီး ချော်လဲ လို့ ဆေးကုသ နေရတယ် ။

ဪ ... ဒါထက် ကိုကြီး ကို ဝမ်းသာစရာ သတင်းကောင်း ပြောရဦးမယ် ။ မေတို့ လေ အသံလွှင့်ရတယ် ။ သီချင်း ကတော့ ‘ မေရှင် ’ ရဲ့ မြန်မာသံစစ်စစ် ‘ ကျေးစေတမန် ’ သီချင်းပါ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 08:38


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Sunday, November 17, 2024
မေ့ ရင်ထဲက အလွမ်းပွင့်



🌹မေ့ ရင်ထဲက အလွမ်းပွင့်

( ရေနံမြေ မောင်မောင်ကြည် )

‘ မေ ’ သည် ပန်းနုရောင်နှင်းဆီပွင့်များ နှင့် ကြက်သွေးရောင် နှင်းဆီပွင့်ချပ်များ ကို ကြည့်ပြီး ကြည်နူးနေသည် ။

နှင်းဆီလွှာများ နှင့် နှင်းဆီဖူးငုံ တို့သည် မြရွက်အခက်အလက် ကြား မှ နေ၍ သင်းထုံ နေသည် ။ နှင်းဆီပွင့်ချပ်လွှာ တို့ ဆီမှ လွင့်မျော နေသော နှင်းဆီနံ့သင်းသင်း သည် မေ့ နှာဝ သို့ ဝေ့ဝဲလာရာ ခပ်ပြေပြေလေး ရှူရှိုက် လိုက်သည် ။

အိမ်ရှေ့ ရှိ မြေကွက်လပ် တွင် နှင်းဆီပန်းအိုးများ နှင့်လည်းကောင်း ၊ မြေတွင် ချစိုက်၍ လည်းကောင်း ၊ နှင်းဆီခင်း ကို စိုက်ပျိုးထားသည် ။

မေ သည် လက်ဆွဲသံပုံး ထဲ မှ ရေများ ကို ဖလား နှင့် ခပ်ပြီး ရေမှုန်ရေစက် ကလေးများ ဖြစ်ရန် သူ့ လက်ဖျား ပေါ်တွင် ဖြန့်ကာ ရေလောင်း နေသည် ။ သူ့ နှုတ် မှ လည်း
“ နွေနှောင်းဝဿာန် ” သီချင်း ကို ဖွဖွတိုးတိုးလေး ညည်းဆို နေသည် ။

“ မယ့်ကိုယ်စား မွှေးမြလေသလား ၊ ထင်မြင်ယောင်တွေးမိမှားကာ ၊ သည်းအူချာ ကြွေအောင်ဖန်လာ ... ”

ထိုစဉ် အိမ်ရှေ့ တံခါးပေါက် မှ နေ၍ ကိုလှသောင်းကြီး ဝင်လာသည် ကို ‘ မေ ’ က သတိ မထားလိုက်နိုင်ချေ ။

“ ဟဲ့ ... ဒီကောင်မလေး ၊ ငါဝင်လာတာ ကို တောင် မသိဘူး ၊ စောညိန်း သီချင်းတွေ ညည်းပြီး ရေလောင်းနေလိုက်တာ ၊ ဒါနဲ့ မမ ရော ”

“ ဟော , ကိုလှသောင်းကြီး အသံမပေး ဘာမပေးနဲ့ ... လာ ။ မမ ဈေးဘက် သွားတယ် ၊ အမေ တော့ ရှိတယ် ၊ မီးဖို ထဲ မှာ ထမင်း ချက်နေတယ် ၊ ထိုင်လေ ”

‘ မေ ’ တို့ အိမ် မှာ နှစ်ထပ်အိမ် ဖြစ်ရာ အောက်ထပ် တွင် ဧည့်ခန်း နှင့် မီးဖိုတွဲ ထားသည် ။ ကိုလှသောင်းကြီး က ကု,လားထိုင် တွင် ဝင် ထိုင်ပြီး စားပွဲပေါ် မှ စာအုပ်များ ကို ယူဖတ်နေသည် ။

စားပွဲ ပေါ် တွင် ရှုမဝ ၊ သွေးသောက် နှင့် တိုင်းရင်းမေ စာစောင်များ ရှိသည် ။

“ ကိုလှသောင်းကြီး , ဒီလ တိုင်းရင်းမေ ထဲ မှာ ကျွန်မ , ကဗျာလေး ပါတယ် ၊ ဖတ်ကြည့်ပါဦး ”

မေ က သစ်ပင်များ ရေလောင်း နေရာမှ ကိုလှသောင်းကြီး ကို လှမ်းပြောသည် ။

“ ဟုတ်လား . . ညည်းက ကဗျာတွေ ဘာတွေ တောင် ရေးနေပြန်ပြီလား ။ ဖတ်ကြည့် လိုက်ဦးမယ် ”

ကိုလှသောင်းကြီး က တိုင်းရင်းမေ စာအုပ် ကို လှန်လှောပြီး သူ့ ကဗျာ ကို ရှာနေသည် ။

“ တွေ့လား ”

“ မတွေ့သေးဘူး ဟ ”

“ အတွင်းမှာ ပါတာပါ ၊ မေ ( မြေလတ် ) ဆိုတဲ့ အမည်နဲ့ ”

“ အေး ... အေး တွေ့ပြီ ”

ကိုလှသောင်းကြီး က ကဗျာ ကို ဖတ်နေသည် ။

တကယ်တော့ ကိုလှသောင်းကြီး က စာပေသမား မဟုတ် ။ စီးပွားရေးသမား တစ်ဦး ဖြစ်ပြီး ရန်ကုန်သို့ ရေနံချေးများ တင်ပို့ ရောင်းချနေသူ ဖြစ်သည် ။ ( နောင်တွင် တာမွေ နှင့် ပုဇွန်တောင် ထိပ်တွင် ဦးထွန်းလှ ရေနံချေးဆိုင် ဖွင့်ထားသူ ဖြစ်ပြီး ယခု အခါ ကွယ်လွန်သွားလေပြီ ။ ဦးထွန်းလှ မှာ ကိုလှသောင်းကြီး ၏ ဖခင် ဖြစ်သည် ။ )

ခုလည်း ‘ မေ ’ သည် အစ်မဖြစ်သူ ဒေါ်တင်အေး နှင့် ရေနံချေး ရောင်းဝယ်ရန် ရောက်လာခြင်း ဖြစ်သည် ။

“ ညည်း က စောညိန်း ကို သိလို့လား ၊ ဒီကောင် က ငါ့ သူငယ်ချင်းဟ တို့ မြင်းခြံ မှာတုန်းက အတူတူ နေခဲ့ကြတာ ”

ကိုလှသောင်းကြီး က ပြောလိုက်သောအခါ ‘ မေ့ ’ မှာ ရေပုံး ကို အသာ ချကာ ကိုလှသောင်းကြီး ထိုင်နေရာ သို့ ရောက်လာသည် ။

‘ မေ ’ က ဂီတနတ်သန်စောညိန်း ဆိုသည်နှင့် စိတ်ဝင်စား မိလေပြီ ။

“ ကိုလှသောင်းကြီး က တကယ် သိလို့လားဟင် ၊ ဖြီးနေတာလား ”

မေ က ရယ်သွမ်းသွေးပြီး မေးလိုက်သည် ။

ထိုစဉ် မီးဖို ထဲ မှ အမေ က ရေနွေးကြမ်းအိုး နှင့် ပန်းကန်များ လာချ ပေးသည် ။

“ ဟ ... ငါ နဲ့ မြင်းခြံ မှာ အတူနေကြတာ ၊ မြင်းခြံ ဆီဆုံရွာ ကလေ .. သူတို့ မှာ အရင် က ဆီစက် တောင် ရှိသေးတယ် ၊ နောက် , ရန်ကုန် ရောက်ပြီး သူ့ အဖေ က ပြိုင်မြင်းတွေ မွေးသေးတယ် ၊ နောက်တော့ စီးပွားရေး ကျသွားတယ် ၊ ဒီကောင် , ရန်ကုန် မှာ သီချင်းရေးဆရာ လုပ် နေပြီး နာမည် ကြီးနေတယ် ”

“ ဟာ ... ဒါဖြင့် ကျွန်မ နဲ့ မိတ်ဆက် ပေးမလားဟင် ... ”

မေ က အလျင်စလို ပြောလိုက်သောအခါ ကိုလှသောင်းကြီး ခေါင်းညိတ်သည် ။

“ အေး ... နောက်တစ်ခါ လာမှ ငါ စာရေးပေးမယ် ၊ သူ နေတာ က အမှတ် ( ၇၃ ) ၊ ကြည့်မြင်တိုင် ၊ ပိတောက်တန်း မှာနေတာ ”

ထိုနေ့က ‘ မေ ’ ပျော် နေမိသည် ။

မနက်ဖြန် ကိုလှသောင်းကြီး ဆီ မှ စာ နှင့် အတူ သူ့မိတ်ဆက်စာ ကို လှမ်းပို့မည် ဖြစ်သည် ။

‘ မေ ’ သည် ကိုလှသောင်းကြီး ကို စောင့် နေသည် ။ မေတို့ အိမ် သည် ချောက်မြို့ ငါးဘာသာဘုရားရှိခိုးကျောင်း ၏ နောက်တွင် ရှိသည် ။

ထိုစဉ်က မေတို့ အိမ် ဘေးတွင် ‘ မောင်သစ်လွင် ( လူထု ) ’ နေသည် ။ နောက် ‘ ရေနံမြေကျော်သူ ’ နေသည် ။ ထို အိမ်သို့ စာရေးဆရာ ‘ မင်းကျော် ’ ရောက်ရောက် လာတတ်သည် ။ နောက် တစ်ယောက် မှာ ကျော်ဖုန်းဖြစ်၏ ။ သူ လည်း ယခုအခါ သံဝန်ထမ်း ဖြစ်နေပေပြီ ။ သူတို့ အားလုံးသည် စာရေးဆရာမင်းကျော် ၏ ငယ် သူငယ်ချင်းများ ဖြစ်ကြသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 08:38


မေ သည် ကိုလှသောင်းကြီး ၏ စာ နှင့် အတူ သူ့မိတ်ဆက်စာ ကို ရေးပြီး စာတိုက်သို့ စက်ဘီး စီးပြီး ထွက်လာခဲ့သည် ။ မေ သည် ဆယ့်ငါးမိနစ် ခန့် လောက် စက်ဘီး နင်းပြီးသော အခါ စာတိုက်သို့ ရောက်ရှိ လာသည် ။ တံဆိပ်ခေါင်း ကပ်ပြီး စာတိုက်ပုံး ထဲသို့ သူ့ စာလေး ထည့် လိုက်သောအခါ သူ့ ရင်ထဲ တွင် ကြည်နူးသလို ဖြစ်သွားသည် ။

တကယ်တော့ ကိုစောညိန်း မှာ လည်း တစိမ်းတရံဆံ မိန်းကလေးများ နှင့် ရောရောယှက်ယှက် နေတတ်သူ မဟုတ် ။ ကိုစောညိန်း ဘဝ တွင် ဂီတ သာလျှင် မင်းမူ သည် ။ သူ သည် သီချင်း ရေးမည် ။ ဝတ္ထု ရေးမည် ။ ကာတွန်း ဆွဲမည် ။

တစ်ခါတစ်ရံတော့ ငေးငေးငိုင်ငိုင် နှင့် တစ်စုံတစ်ရာ ကို အာရုံပြု တမ်းတ, ကာ နေတတ်သူ ဖြစ်သည် ။

သို့ရာတွင် သူ့ ဘဝ လှိုင်းရေယာဉ်ဦးဝယ် ထူးထူးခြားခြား အရိပ် ထင်လာ ခဲ့သော ဓူဝံကြယ် တို့၏ အရိပ် ကိုကား နှစ်လိုဖွယ်ရာ စူးစိုက်ပြီး ကြည့်ကာ ကြည်နူး မိချင်သည် ။

သို့နှင့်ပင် ကိုလှသောင်းကြီး ၏ မိတ်ဆက်ပေးမှုကြောင့် ‘ မေ့ ’ မှာ ကိုစောညိန်း နှင့် မိတ်ဆွေ ဖြစ်ခဲ့ရလေသည် ။ မကြာမီ အတောအတွင်း မှာလည်း ကိုစောညိန်း ဆီမှ စာများ ရောက်လာသည် ။

မေ့ မှာ ကိုစောညိန်း ဆီ မှ စာများ ရောက်လာသဖြင့် ပြောမပြတတ်လောက် အောင်ပင် ပျော်ရွှင် နေခဲ့သည် ။ ထိုနေ့ကား ထမင်းတောင် မစားနိုင် ။ မေ့ ဘဝ တွင် လည်း ဂီတသည် သာ မင်းမူ နေခဲ့သည်မှာ ကြာပြီ ။

မေတို့ အိမ် သည် ‘ ဒွေးလိုက် ’ ရုပ်ရှင်ရုံ နှင့် နီးရာ ညနေတိုင်း တွင် ‘ ဒွေးလိုက် ’ ရုံ မှ လွင့်မျော လာတတ်သော ရုပ်ရှင်သီချင်း မှန်သမျှ ကို မေ , အကုန် ရနေပြီ ။ ပြီး, အိမ်တွင် ဓာတ်စက် တစ်လုံး ရှိရာ ဓါတ်ပြားသီချင်းများ ကို လည်း မေ အကုန် ရရှိနေပြီ ။

“ မေ ” သည် ရန်ခါတွင် တော့ ကဗျာလေးများ စပ်တတ်သည် ။ ကဗျာ စပ်ပြီး လျှင် ရှုမဝ နှင့် တိုင်းရင်းမေ သို့ လှမ်း ပို့တတ်သည် ။

ယခုအခါ တိုင်းရင်းမေ တွင် မေ့ ကဗျာလေး တစ်ပုဒ် ပါရှိခဲ့ပေပြီ ။ မေတို့ အိမ် တွင် အမေ နှင့် အစ်မ ဖြစ်သူတို့ ရှိသည် ။ မောင်လေး ဖြစ်သူ ‘ အောင်ဝေ ’ မှာ လည်း သူ့ နှယ် သီချင်း နှင့် ကဗျာဝါသနာ ပါသူ ဖြစ်သည် ။ နောက် တစ်တန်းကျောင်းသား တူလေး ဖြစ်သူ ‘ အတာ ’ လည်း ရှိသည် ။ ‘ အောင်ဝေ ’ မှာ နောင်တွင် ‘ ရေနံမြေအောင်ဝေ ’ အမည် ဖြင့် ကဗျာများ ရေးသား ခဲ့ပြီး ချောက်ရေနံမြေ တွင် ၉၆ ခုနှစ် လောက် က ဆုံးပါး သွားခဲ့ပြီ ။

ထိုစဉ်က မေ သည် ချောက်မြို့တွင် ရှိသော ‘ ရဲဘော်ကိုလှ ’ ခေါ် စာရေးဆရာ ‘ ဌေးမောင် ’ ၏ လူငယ်များ အစည်းအရုံး တွင် အသင်းဝင် ကာ ကိုယ်ကာယ လေ့ကျင့်ပြီး မြို့နယ်အလေးမပြိုင်ပွဲများဘတွင် ဆုတံဆိပ်များ ရရှိခဲ့သူဖြစ်ပါသည် ။

ooooooooooo

အစ်ကိုကြီးရေ ...

ညီမလေး တော့ အစ်ကိုကြီး ကို ဆရာ အရင်းလို သဘောထား လိုက်ပြီ ၊ အစ်ကိုကြီး က သာ ညီမလေး ကို ကဗျာရေးနည်းတွေ သီချင်းဆိုနည်းတွေ စတဲ့ ဂီတ ပညာများ ကို သင်ပေးပါတော့နော် ... စသည့် စာ အတိုအထွာများ မေ့ ဆီမှ ရောက်ရှိ လာပါက ကိုစောညိန်း မှာ မေ့ အတွက် သူ သိသမျှတို့ ကို ရွေးထုတ်ကာ အဝေးမှ နေ၍ သင်ကြား ပေးခဲ့ရလေသည် ။

သို့နှင့် ကိုစောညိန်း နှင့် မေတို့ ၏ ရန်ကုန် နှင့် ချောက် ၊ ချောက် နှင့် ရန်ကုန် စာ လှမ်း ဆက်သွယ်မှု မှာ ရင်းနှီး သထက် ရင်းနှီး လာခဲ့ကြကာ သံယောဇဉ်ကြိုးသွယ် ခဲ့မိကြသည် ။

တစ်နေ့ ဂီတနက်သန်ကိုစောညိန်း ထံ မှ မေ့ ဆီသို့ စာ တစ်စောင် ရောက်ရှိ လာသည် ။

ချစ်တဲ့ ညီမလေး မေ

ညီမလေး ရဲ့ စာတွေ ရသော်လည်း အစ်ကိုကြီး မှာ စာချက်ချင်း မပြန်ကောင်း လား လို့ အပြစ် တင် ခံရလောက် အောင်ဘဲ အင်မတန် အလုပ် များနေတဲ့ အတွက် သုံးလေးည ကူးယူပြီး မှ ဒီစာ ကို ပြန်ရတာကို လက်စားချေတဲ့ သဘောနဲ့ ကိုကြီး ဆီ ကို စာ မပြန်ဘဲ နေမယ် ဆိုရင်တော့ ကိုကြီး ရဲ့ ကုသိုလ် ပဲ လို့သာ မှတ်ရတော့ မှာပေါ့ မေရယ် ။

အလုပ် များတဲ့ အထဲ က ကမန်းကတန်း အချိန်ယူပြီး ရေးရင်တော့ ဖြစ်တာ ပေါ့လေ ။ သို့သော်လဲ ကိုယ် ချစ်တဲ့ ညီမလေး တစ်ယောက် ဆီကို ပြီးပြီးရော သဘော ထားပြီး ကြောင်ခြစ်သလို မရေးချင်လို့ပါကွယ် ။

ကိုကြီး ရဲ့ စေတနာ ကတော့ အချိန် ယူပြီး အေးအေးဆေးဆေး အကြင်နာဆုံး စကားလုံးတွေ ကို ရွေးချယ်လို့ အရေးတယူ ပြန်ကြားချင်တာမို့ ချက်ချင်း ချက်ချင်း စာမပြန်တာကို ခွင့်လွှတ်ပါတော့ ညီမလေး ရယ် ။

ညီမလေး ရဲ့ စာ ထဲ မှာတော့ကား ဒီ ‘ ပွင့်ဦး ’ အကြောင်းကလဲ ထပ်ခါ တလဲလဲ ပါလာပြန်မှ ကိုးနော် ။ ဒီအကြောင်း ကို အတော်ပဲ သိချင်နေတယ် မှတ်ပါတယ် ။ ဟုတ်လား ။

ကဲ .. ကဲ ဒါလောက်တောင် သိချင်နေလို့ ရှိမှလဲ မေလေး ကို ကိုကြီး ဖုံးကွယ် မထားရက်ပါဘူး ။

သန်းဆွေ ရေးတဲ့ ပွင့်ဦး ဟာ ကိုကြီး ရဲ့ အဖြစ်အပျက် တိတိကျကျ မဟုတ် သော်လဲ သဘောအားဖြင့် ကိုကြီး ကြုံတွေ့ ခဲ့ရတာဟာ ဒီအတိုင်းပါပဲ လို့သာ သိထား
လိုက်ပါတော့လေ ။

သန်းဆွေ က လဲ ကိုကြီး နဲ့ညီအစ်ကို လို ရင်းနှီး နေတဲ့သူ မို့ ကိုကြီး ရဲ့ ဇာတ်လမ်း ကို သိနေလေတော့ ဖတ် ကောင်းအောင် နည်းနည်းပါးပါး ပြင်ဆင်ပြီး ရေးလိုက်တာပဲ ။

သူ ရေးထားတဲ့ အတိုင်းပဲ ဇာတ်လမ်း ဟာလဲ အဆုံးသ,တ် နေပြီမို့ ဒီ ဇာတ်လမ်း ကို ရှေ့ဆက် ဖို့ အကြောင်းလဲ မရှိတော့ပါဘူး ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

20 Nov, 08:38


နောက်ပြီးတော့မှ ကိုကြီး ရဲ့ အသည်းနှလုံး မှာ အမြစ်တွယ်ယှက်ပြီး အချစ်နွယ် အချစ်ညွန့်ကလေးတွေ ခက်လက် ဝေနေတဲ့ ပင်ယံဘွေက အချစ်ပွင့်ဦး ကြွေကျညှိုးနွမ်းပြီး မွှေးရနံ့ပြယ်လို့ ငွေချပ်လွှာကလေးတွေ ဆွေးမြည့် ကြေမှုန်းတဲ့ အချိန် ဟာ ဆယ်နှစ် ကျော်ခဲ့ပါပြီ ညီမလေး ရယ် ။

ဒါကြောင့် ကြေမြည့်ဆုံးရှုံးလို့ မသုံးမကျတော့တဲ့ ပွင့်ဦးကို ဆယ်နှစ် ကျော် ကျော် မေ့အောင် ပျောက်အောင် အတန်တန် ကြိုးစားလို့ ကိုကြီး ရဲ့ ဘဝ တစ်ခုလုံး ကို ဂီတ မှာသာပဲ နှစ်မြှုပ်ထားခဲ့ပြီးမှ ယခု တစ်ဖန် ပြန်ပြီးတော့ သတိရ မနေပါရစေနဲ့
ညီမလေး ရယ် ။

မေ့ လက်စနဲ့ ဒီအကြောင်း ကို မေ့ လိုက်ပါရစေတော့ ဟုတ်လား ။ ဒီတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် က မြေအပြင် မှာ ကြွေကျဆုံးရှုံးခဲ့တဲ့ ပွင့်ဦး ကို နှမြောတသ, လွမ်းစ, တွေ ပွားနေရမယ့်အစား ဓူဝံကြယ် ရဲ့ အေးမြတဲ့ အလင်းရောင် အောက်မှာ အသည်းလွှာပြင်ဘက် က အချစ်နွယ် အချစ်ရွက်ကလေး တဖြည်းဖြည်း သစ်လန်း လာပြီးတော့ ဒုတိယတစ်ဖန် ပွင့်ကောင်း ပွင့်လာနိုင်စရာ ရှိတဲ့ သို့မဟုတ် အခုတောင်မှပဲ ပွင့်ပြီး ဖြစ်ရင် ဖြစ်နေပေမယ့် ပွင့်နှောင်းကလေး ကို ပဲ မျှော်လင့်တသရင်း နဲ့ ကိုကြီး မှာ မြတ်နိုး နေရပါစေတော့လို့ ဆိုရင် ခွင့်လွှတ်မှာလား မေလေးရယ် ။

သို့သော်လဲလေ ... ကိုကြီး တို့လို အနုပညာ ကို လိုက်စား နေရတဲ့ လူတွေ အဖို့မှာ အမြဲတမ်း ဆုံးရှုံးတဲ့ ဘက် က ချည်း နေရတဲ့ လူတွေမို့ တယ်ပြီး အားမရှိလှပါဘူးကွယ် ။

ကဲ ကဲ ... ကိုကြီး အကြောင်းတော့ တော်လောက်ပါပြီ ။ မေ့ အတွက် ဂီတ နဲ့ ပတ်သက်ပြီး ရေးပါရစေဦး ”

.. စသည့် စာရှည်ကြီးများ သည် မေ့ အဖို့ ရင်လှိုက်ဖိုမော စေရသည် ။

မေ သည် ကိုစောညိန်း ထံမှ စာများ ကို ဖတ်ပြီး ကဗျာများ ရေးပို့ တတ်သည် ။ တစ်ခါတွင်လည်း မေ သည် ကိုစောညိန်း ကို စာ ရေးပြီး တောင်းဆိုဖူး လေသည် ။ ယင်းမှာ “ မေလေး အတွက် သီချင်း တစ်ပုဒ်လောက် စပ်ပြီး အသံလွှင့်ပေး ပါလား အစ်ကိုကြီးရယ် ” ... ဟု ။

နောက်မကြာမီပင် ကိုစောညိန်း ဆီမှ စာ တစ်စောင် ရောက်ရှိ လာပြန်သည် ။

ကိုကြီး အချစ်ဆုံး ညီမလေးမေ ..

ကိုကြီး ဆီက ပြန်စာ မရလို့ စိတ်များပဲ ကောက်နေရော့သလားကွယ် ။ အရင်တုန်း က လို ချက်ချင်း ချက်ချင်း စာ မပြန်နိုင်တာကြောင့် ကိုကြီး တစ်ယောက် ဟာ ဖြင့် မေလေး အပေါ်မှာ အခင်မင် ပေါ့ သွားလေပြီလား လို့ ထင်ရင်တော့ မှား လိမ့်မယ် ညီမလေး ရယ် ။

ညီမလေး ဆီ ကို စာ မပြန်နိုင်ပဲ ဖြစ်နေရတဲ့ အချိန်တွေမှာ မေ့ ရဲ့ အစ်ကိုကြီး ဘာတွေ လုပ်နေတယ် ။ ဘာတွေ ကြိုးစားနေတယ် ။ ဘယ်သူ့ အတွက် ကြိုးစား နေတယ် ဆိုတာတွေ ကို အမှန် အတိုင်းသာ မေလေး သိထားနှင့်မယ် ဆိုရင်တော့ ကိုကြီး ကို ညီမလေး ခွင့်လွှတ်နိုင်မှာပဲလို့ ထင်ပါတယ် ။

မေလေး ရဲ့ စာ ကို ရတဲ့ အချိန် မှာ ချက်ချင်း စာပြန်မယ်လို့ လုပ်နေတုန်း ဝမ်းသာစရာ သတင်းကလေး တစ်ခု ကို ထည့် ရေးချင်တာနဲ့ ရုတ်တရက် စာမပြန်သေးဘဲ ဒီ သတင်း ဟာ တကယ် သေချာအောင် လုပ်ဖို့ ရက်နည်းနည်းလောက် စောင့်ဦးမယ် ဆိုပြီး ဆိုင်းနေခဲ့တာ မှာ ကိုကြီး ထင်တာထက် ရက် ပိုကြာသွားပြီး ခုမှပဲ စာပြန် နိုင်တော့တယ် ညီမလေး ရယ် ။

ခုမှပဲ သေချာသွားလို့ ချက်ချင်းပဲ စာ ရေးလိုက်ရပါတယ် ။ တခြားတော့ မဟုတ်ပါဘူး ။ ကိုကြီး ကို ရုပ်ရှင်ကုမ္ပဏီ တစ်ခုက သီချင်း ရေးပေးဖို့ လာအပ်တဲ့ အကြောင်းပါဘဲ ။ အစတုန်းက အဲဒီ ကုမ္ပဏီ နဲ့ ပတ်သက်တဲ့ လူတွေ နဲ့ ကိုကြီးဟာ ရင်းနှီးခဲ့ပေမယ့် ကိုကြီး က အင်မတန် မာနကြီးတဲ့ လူ ဆိုတော့ ကိုယ် က စပြီး မတောင်းခံဘဲ နေခဲ့တယ် ။

ငါ တကယ် တော်လာတဲ့ နေ့မှာ ဒင်းတို့ တစ်တွေ ဟာ အောက်ကြို့ပြီး လာ ခေါ် ရလိမ့်မယ် ဆိုတဲ့ မာန နဲ့ နေခဲ့တယ် ။

ကိုယ့် ကိုယ် ကို သာ တစ်နေ့ထက် , တစ်နေ့ ပိုပြီး တော်အောင် ကြိုးစားပြီး နေခဲ့တယ် ။ ခုတော့ ကိုကြီး ကြိုးစားရကျိုး နပ်ပါပြီကွယ် ။ ကိုကြီး ရှိရာကိုလာပြီး သီချင်း ရေးခိုင်းကြပြီ ။ တစ်ခု တော့ ရှိတယ် ။ ကိုကြီး ဟာ အခု အချိန်ထိ ငွေကြေး ယူပြီး ရေးတဲ့ စာရေးဆရာ မဟုတ်လို့ သူတို့ က အခကြေးငွေ မပေးတတ်ကြသေးဘူး ။

ကိုကြီး မှာ လဲ ဘိုင်ကျ နေတဲ့လူ မို့ ပိုက်ဆံ လိုချင်ပေမယ့် ပထမ တော့ တင်းထားရသေးတာပေါ့ကွယ် ။

ကြည့်လေ ... ကိုကြီး တို့ လို အနုပညာသမားတွေ ဟာ ဘယ်လောက်များ မာန ကြီးသလဲ ။ အငတ်ခံပြီး မာန ကြီးကြတယ် ။ အနုပညာရှင် ရဲ့ မာန ဆိုတာ ဒါကြောင့်မို့ ဘယ်သူမှ လိုက်လို့ မမီနိုင်တာပေါ့ ။

တချို့လူတွေ ဟာ တခြားနေရာမှာ မာန ကြီးနိုင်ပေမယ့် ကိုယ် ငတ်မယ့် ကိစ္စ ကျတော့ မာန မတင်းနိုင်ဘဲ မာန ကို လျော့ချင် လျော့ကြတာ ။ ကိုကြီးတို့ အနုပညာ သမားတွေ ကတော့ ဘိုင်ကျလေ မာန ကြီးလေပဲကွဲ့ ။

ဒါပေမယ့် နောင်အရှည် ဆက်သွယ် သွားရင်တော့ သူတို့ ကလဲ နေမှာ မဟုတ်ပါဘူး ။ ကြည့် ပေးကြမှာပါပဲ ။ ကိုကြီး ကလဲ ကိုယ် ဒီလောက် နှစ်ရှည်လများ ပင်ပန်း ခံပြီး ငွေကုန်ခံပြီး လိုက်စား လာရတဲ့ ပညာ ကိုတော့ အလကား အဖြစ် မခံနိုင်ပါဘူး ။ ပညာ နဲ့ တန်အောင် ရရင်တော့ ယူရမှာပဲပေါ့လေ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

19 Nov, 21:52


https://t.me/+r4Lhc2Xt6gAzMDVl

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

19 Nov, 14:23


ဆောင်း (၁)
#ကိုရွေး

မင်းအကြောင်းပြောရင်
ငွေနှင်းမှုန်လေးတွေက စကြတယ်
စောင်ခြုံထားရင်တောင်
မလုံဘူးလို့ ချစ်တေးသီကြတယ်
ဟုတ်မှာပဲ ဟုတ်မှာပဲ
ဆောင်းညလယ်တွေမှာ
မင်းနဲ့ထိတဲ့ နေရာလေးပဲ နွေးတယ် ။

ကိုရွေး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

19 Nov, 14:18


ကနေ့ ဒြပ်မဲ့ပန်းချီတွေဟာ ပေါ်စက အနှိပ်အကွပ်ခံရတယ်။ ဒါပေမယ့် ကနေ့ ကမ်ဘာပေါ်မှာ ခေါင်းထောင်နေပြီ။
ဒီလိုဆွဲစံနစ်ဟောင်းတစ်ခုက စံနစ်သစ်တစ်ခု ပေါ်ထွက်လာတိုင်း တော်လှန်ရေးတစ်ရပ်ဖြစ်မှာပဲ။
ပန်းချီဟာ စက္ခုအာရုံကတဆင့် စိတ္တဇကို နှိုးဆွဖို့ ဘောင်သတ်ထားတဲ့မျက်နှာပြင်တစ်ခုပေါ်မှာ ဖန်တီးတာပဲဆိုတဲ့အဆိုကနေ ပြန်ကောက်ရအောင်။
ဒီအဆိုကို ကျွန်တော်တို့ဆုပ်ကိုင်မိတာနဲ့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ပန်းချီဟာ ကျယ်ပြန့်လာမှာပါ။
ဒီသဘောကို မိမှလည်း စိတ္တဇပန်းချီရဲ့ပြဿနာတွေကို
ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်တယ်။
ဒါကိုဆုပ်ကိုင်ပြီး ပန်းချီကားချပ်ဆိုတာ ဘာလဲလို့ အဖြေထုတ်ရမှာ ဖြစ်တယ်။

ပန်းချီကားချပ်ဆိုတာ ဘာလဲ။
ဆီဆေးရယ်၊ စုတ်တံရယ်သုံးပြီး ကင်းဘတ်ပေါ်မှာ ရေးထားတာကို ပန်းချီကားချပ်လို့ခေါ်တယ်လို့ ပြောမလား။
ဒါမှမဟုတ် ဖိုင်ဘာပေါ်မှာ ဆေးတွေထစ်နေအောင် ဆွဲတာကို ပန်းချီကားချပ်လို့ ခေါ်တယ်ပြောမလား။
ဒါတွေဟာ သာမညအကိုင်းအခက်တွေပဲ ဖြစ်တယ်။ ကျွန်တော်တို့က ပင်စည်ကို ရှာရမှာဖြစ်တယ်။ ကျွန်တော်တင်ပြခဲ့တဲ့ ပန်းချီရဲ့အဓိပ္ပါယ်ဟာလည်း မခဲယဉ်းပါဘူး။ စက္ခုအာရုံကတစ်ဆင့် စိတ္တဇကို နှိုးဆွဖို့ ဖန်တီးထားတဲ့ ဘောင်အနားသတ်ထားသော မျက်နှာပြင်ကို ကျွန်တော်က ပန်းချီလို့ခေါ်မယ်။ ပန်းချီကားချပ်ဆိုတဲ့ အဓိပ္ပါယ်ရဲ့ဘောင်ဟာ ဒါပဲ။ ဒါဟာ ပန်းချီတစ်ချပ်ရဲ့မူလပဲ။
ဒီသဘောကို ဆုပ်ကိုင်မိတဲ့အခါ ပန်းချီကားချပ်ရဲ့နယ်နိမိတ်ဟာ ပိုမိုကျယ်၀န်းသွားတယ်။

ကျွန်တော်တို့က သုံးထပ်သားကို ဆေးသုတ်၊ သတင်းစာစက္ကူကပ်၊ ခဲတံနဲ့ခြစ်ပြီး ရုံးသုံးမင်နဲ့ အရောင်ဖြည့်ထားတာမျိုးကို ပန်းချီမဟုတ်ဘူးလို့ ရယ်မိချင် ရယ်မိကြမယ်။ ဒီလိုဆိုရင် ဒါဟာ ကျွန်တော်တို့ရဲ့အမြင်မကျယ်မှုပဲ ဖြစ်မှာပဲ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကြည့်သူရဲ့အာရုံကို ချုပ်ကိုင်လှုပ်ရှားနိုင်စွမ်းရှိရင်
ဖန်တီးချက်ဟာ တန်ဖိုးရှိမှာပဲ။ ကျွန်တော်တို့ဟာ ပန်းချီရဲ့… ပန်းချီကားရဲ့အဓိပ္ပါယ်ကို မေ့လျော့ထားလို့ မဖြစ်ဘူး။
ပန်းချီသမားရဲ့စိတ္တဇမှာ ထင်ဟပ်နေတဲ့စံနစ်တစ်ခုရှိမယ်။
ဒါကို ပန်းချီသမားကတင်ပြပြီး ပရိသတ်ကို ချုပ်ကိုင်ဖို့ ကြိုးစားမယ်။ ဒီလိုတင်ပြဖို့ ဖန်တီးတဲ့အခါမှာ စုတ်နဲ့ဆွဲရမယ်လို့ သတ်မှတ်ထားလို့ မဖြစ်ဘူး။
ချုပ်ကိုင်အားကောင်းမယ်ဆိုရင် လက် ၅ ချောင်းနဲ့ ဆွဲလည်း ဖြစ်တာပဲ။ ဓါး (Plette Knife) သုံးလည်း ဖြစ်တာပဲ။ မီးခြစ်ဆံလေးတွေသုံးလည်း ဖြစ်တာပဲ။ သစ်သားပြားတွေကို တွယ်ကပ်ပြီး တင်ပြလည်း ရတယ်။
ကတ်ထူပြားတွေ၊ စက္ကူတွေ၊ အ၀တ်စုတ်တွေသုံးလည်း ဖြစ်တယ်။ အရေးကြီးတာက လူရဲ့စိတ္တဇကို ချုပ်ကိုင်နိုင်ဖို့ပဲ မဟုတ်လား။ ဒီလိုချုပ်ကိုင်ဖို့အတွက် ဘယ်နည်းလမ်းဟာပဲဖြစ်ဖြစ် မှန်ကန်တယ်။

ကျွန်တော်တို့က ခေတ်ရေလျင်ကို မျက်ခြေမပြတ်ဖို့ အရေးကြီးတယ်။ ပန်းချီကားတစ်ချပ်ဟာ ကြည့်သူတွေရဲ့ စိတ္တဇကို ချုပ်ကိုင်နိုင်စွမ်းရှိမယ်ဆိုရင် ဘယ်နည်းနာနဲ့ ဆွဲထားတာပဲဖြစ်ဖြစ် ကျွန်တော်တို့က ပန်းချီကားကောင်းလို့ သတ်မှတ်ရမယ်။ ချုပ်ကိုင်မှုဆိုတာက ကြည့်ရှုသူတွေကို တစ်ဒင်္ဂအားဖြင့် တခြားတွေးတောမှု၊ ပူပန်မှုနှင့် တောင်တောင်အီအီ စဉ်းစားမှုတွေကို မေ့လျော့စေပြီး ပန်းချီကားမှာပဲ အာရုံစူးစိုက်စေနိုင်စွမ်း၊ လူရဲ့စိတ်ကို အံ့သြမှုဖြစ်စေနိုင်စွမ်းရှိတာပဲ ဖြစ်တယ်။ ဒီလိုကြည့်သူရဲ့စိတ္တဇကို ချုပ်ကိုင်နိုင်မှုဟာ ပန်းချီကားတစ်ချပ်ရဲ့လက််နက်ပဲ။ ပန်းချီကားတစ်ချပ်ရဲ့ ဂုဏ်ဒြပ်ပဲ။ ကြည့်သူကို အံ့သြမှုဖြစ်စေတာ ပန်းချီတစ်ချပ်ရဲ့စွမ်းရည်ပဲ။ အံ့သြမှုဆိုတာက နတ်သမီးလေးတွေကိုမြင်လိုက်ရတဲ့အံ့သြမှုမျိုး၊ ဒါမှမဟုတ် ခြေထောက်ကိုးချောင်းနဲ့ ခေါင်းအုံးခုနှစ်လုံးရှိတဲ့ ကလေးတစ်ယောက်ရဲ့မျက်လှည့်ပွဲမှာ
အံ့သြမှုမျိုးလည်း မဟုတ်ဘူး။ ကြာဖြူလေးတစ်ပွင့် ပွင့်လာတာကို မနက်ခင်းမြူမှုန်တွေကြားထဲမှာ တွေ့လိုက်ရတဲ့အံ့သြမှုမျိုး။ ဒီအချိန်မှာ စေတနာ၊ ေ၀ဒနာ စတဲ့ ခံစားမှုတွေနဲ့ တောင်တောင်အီအီ တွေးတောမှုမျိုးတွေ ပျောက်ကွယ်သွားပြီး လူရဲ့စိတ္တဇကို ကြာပွင့်လေးရဲ့ တဖြည်းဖြည်း ပွင့်အာလာမှုက ချုပ်နှောင်လိုက်ပြီး တစ်ဒင်္ဂအားဖြင့် အတ္တကိုဖယ်ခွာလိုက်တဲ့သဘောပဲ။ အနုပညာရဲ့စွမ်းရည်ဟာ တစ်ဒင်္ဂအားဖြင့် အတ္တကို အနိုင်ယူလိုက်တာပဲ။ ဒါဟာ အနုပညာရဲ့ ချုပ်ကိုင်မှု စွမ်းရည်ဖြစ်တယ်။

---> ၁၉၇၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော ခင်၀မ်း၏ စိတ္တဇပန်းချီ စာအုပ်မှ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

19 Nov, 14:18


ရွဲ့နေတဲ့ ဖန်ခွက်တစ်လုံး ...။
_____ ခင်ဝမ်း

လူတွေဟာ ပန်းချီကားချပ်တွေကို ကြည့်ချင်တယ်။ကြည့်ရှုမှုမှာလည်း အရသာခံတယ်။ဘာလို့ လူတွေဟာ ပန်းချီကားချပ်တွေ ကြည့်ကြသလဲ။
ပန်းချီကားချပ်ဆိုတာ ဘာလဲ။
ပန်းချီကားချပ်ဆိုတာဘာလဲလို့ မတွေးမီ
ပန်းချီဆိုတာ ဘာလဲလို့ အရင်တွေးဖို့လိုတယ်။
ပန်းချီဆိုတာ ပစ္စည်းတစ်ခုခုကို တူအောင်ဆွဲတာ ပန်းချီပေါ့လို့ ပြောချင်ပြောကြမယ်။
ဒါဟာလူပြိန်းတွေးသက်သက်ပဲ။
ပစ္စည်းတစ်ခုကို မတူတူအောင်ဆွဲတာ ပန်းချီမဟုတ်ဘူး။
လက်မှုပညာ Craft သဘောပဲ။

ကျွန်တော်တင်ပြခဲ့တဲ့အနုပညာရဲ့ အဓိကလက္ခဏာ ချုပ်ကိုင်နိုင်အားနဲ့တိုင်းရင် တူအောင်ဆွဲတာ ပန်းချီမဟုတ်တော့ဘူး။
တူအောင်ဆွဲတယ်ဆိုတာ သာမညပဲ။
ပါ၀င်တဲ့ကုန်ကြမ်းတွေကို အနုပဋိလောမကျစွာ ပေါင်းစပ်မှုဟာ
ထပ်တူကျအောင်ဆွဲမှု ပန်းချီမှာ သိပ်နည်းနေလို့ပဲ။
တူအောင်ဆွဲတာ ပန်းချီဆိုရင် ချွတ်စွတ်တူအောင် ဆွဲဖို့ပဲ လိုတော့တယ်။
တူမှု မတူမှုဆိုတဲ့ ဘောင်တစ်ခုပဲ ရှိတော့မယ်။
တူမှု မတူမှုဟာ ပန်းချီရဲ့ အဓိကလက္ခဏာနေရာကို ရောက်သွားမယ်။

ကျွန်တော်တင်ပြသလို အနုပဋိလောမကျအောင် ပေါင်းစည်းနိုင်မှုစွမ်းရည်နဲ့ အနုပညာဖန်တီးမှုဟာ ထပ်တူကျအောင်ဆွဲမှု
ပန်းချီမှာ သိပ်နေရာနည်းသွားတယ်။
ကျွန်တော်တို့တစ်တွေဟာ အထူးသဖြင့် ပန်းချီနဲ့ အထိအတွေ့နည်းပါးတဲ့အတွက် (ပန်းချီနယ် ကျဉ်းမြောင်းမှုနဲ့ တိုးတက်မှု
အရှိန်နည်းပါးလို့) ပန်းချီရဲ့အဓိပ္ပါယ်ကို တူအောင်ဆွဲတာလို့ပဲ သိတယ်။
တူရင်တော်တယ်။ မတူရင်မတော်ဘူး။
ဒီလိုအမြင်ကျဉ်းမှုတွေဟာ တိုးတက်မှု၊ ကျယ်ပြန့်မှုတွေရဲ့
အတားအဆီးတွေ ဖြစ်နေတယ်။
ကျွန်တော်တို့ဟာ မူလအရင်းအမြစ်ကို မဆုပ်ကိုင်မိသရွေ့
ဒီလိုလမ်းချော်မှုတွေ ဖြစ်နေမှာပဲ။
ဒါကြောင့် ပန်းချီရဲ့အဓိပ္ပါယ်ကို တိတိကျကျသိဖို့လိုတယ်။

ပန်းချီဆိုတာဘာလဲ။
ပန်းချီဆိုတာ မျက်နှာပြင်တစ်ခုကို ဘောင်ခတ်ပြီး လူရဲ့
စက္ခုအာရုံကတစ်ဆင့် စိတ္တဇကို ချုပ်ကိုင်လှုပ်ရှားဖန်တီးတဲ့
၀ိဇ်ဇာပညာရပျပဲ။
ပန်းချီဆိုတာ ဒါပဲ။
ပန်းချီကို ဒီမူလကနေလွဲပြီး ကြည့်လို့ မရဘူး။
ခပ်ရှင်းရှင်းပြောရရင် ဘောင်ခတ်ထားတဲ့ ကြည့်စရာကို ပန်းချီလို့ ခေါ်မယ်။
ဘောင်မခတ်တဲ့ ကြည့်စရာကတော့ ပန်းပုပဲ။

နောက်တစ်ချက်က ဘာတွေကိုဆွဲမှ ပန်းချီလို့ ခေါ်သလဲ။
လူပုံတွေနဲ့ ရှုခင်းတွေ၊ စောင်းကောက်တီးတဲ့ ကောင်မလေး ပုံမျိုးတွေကို ဆွဲမှ ပန်းချီလို့ ခေါ်မလား။
ဒီလိုပြောရင်တော့ မှားပြီ။
ပန်းချီဆိုတာ လောကတစ်ခုလုံး ကြိုက်ရာကိုသာ ဆွဲ။
စိတ္တဇကို ချုပ်ကိုင်လှုပ်ရှားနိုင်စွမ်းရှိဖို့သာ အရေးကြီးတယ်။
သူက ဖန်ခွက်ကလေးတစ်လုံးကို ရေးဆွဲပြီး လူရဲ့စိတ္တဇကို
လှုပ်ရှားချုပ်ကိုင်နိုင်စွမ်း ရှိမယ်ဆိုရင် ဆွဲရမှာပဲ။
ဖန်ခွက်ကလေးကို ဆွဲတဲ့အခါမှာလည်း အချိုးအစားတူအောင်
ဆွဲရမယ်လို့ သတ်မှတ်လို့မရဘူး။
အချိုးအစားပြုပြင်ပြီးဆွဲမှ ချုပ်ကိုင်အား ကောင်းလာမယ်ဆိုရင်
အနုပညာသမားဟာ ပြုပြင်ပြီးဆွဲဖို့ တာ၀န်ရှိတယ်။
ဘယ်လိုပြုပြင်တယ်ဆိုတာကတော့ ခေတ်ရဲ့ ရိုက်ခတ်ချက်အပေါ် တည်တယ်။

ဖန်ခွက်ရွဲ့စောင်းပြီးဆွဲမှ ချုပ်ကိုင်စွမ်းအားကြီးလာမယ်ဆို
သူဟာ ရွဲ့စောင်းပြီးဆွဲဖို့ တာ၀န်ရှိတယ်။
ဒါကို မတူဘူး။ ရွဲ့နေတယ်လို့ ေ၀ဖန်ရင် ေ၀ဖန်သူဟာ
အကြောင်းမှန်ကို မသိသေးတဲ့အညာခံရသူ ဒါမှမဟုတ်
အယူသည်းနေတဲ့တဇောက်ကန်းသမား ဖြစ်မှာပဲ။
အနုပညာသမားရဲ့တာ၀န်ဟာ ကြည့်သူရဲ့စက္ခုကနေပြီး
စိတ္တဇကို ရိုက်ခတ်ရာမှာ တတ်နိုင်သမျှ အားကောင်းကောင်းနဲ့
ရိုက်ခတ်နိုင်အောင် ဖန်တီးဖို့ပဲဆိုတာ ကျွန်တော်တို့
အလေးအနက်သိထားရမယ်။

ဒီလိုအားကောင်းကောင်းနဲ့ ရိုက်ခတ်ဖို့ အနုပညာ သမားတိုင်းဟာ နည်းအမျိုးမျိုးနဲ့ ဖန်တီးတယ်။
သင့်လျော်တယ်လို့ ဆုံးဖြတ်တာမျိုးကို လုပ်တယ်။
သူဟာ အနုပညာရဲ့အားကောင်းလာမှုကို ဖန်တီးတိုင်း
သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ဖို့ တာ၀န်ရှိတယ်။
လူပုံ၊ သစ်ပင် စတဲ့ ဒြပ်ထုတွေ မထည့်ဘဲဆွဲမှ
အားကောင်းမယ်ထင်ရင် မထည့်ဘဲ ဆွဲရမှာပဲ။
ဒီလို ရောင်ပြင်နဲ့ပဲ ဖြစ်ဖြစ်၊ အစက်အပြောက်တွေနဲ့ပဲ ဖြစ်ဖြစ် လူရဲ့စိတ္တဇကို ချုပ်ကိုင်လှုပ်ရှားစေနိုင်မယ်ဆိုရင် ဒီလိုပဲ သူဟာ ဖန်တီးမှာပဲ။

အနုပညာဆိုတာ ဖန်တီးချက်ပဲလို့ ကျွန်တော်တို့ မှတ်ယူထားရမယ်။ အနုပညာဟာ သိပ်လွတ်လပ်တယ်။ လွတ်လပ်မှုဘောင်ကိုလည်း အနုပညာရှင်ကပဲ သတ်မှတ်မှာပဲ။ အနုပညာရှင်တစ်ယောက်ရဲ့ သတ်မှတ်ချက်တိုင်းဟာလည်း တစ်ခေတ်တစ်ခါအတွက် အမြဲမှန်ကန်တယ်။ ဒါကို တားဆီးလို့ ကန့်ကွက်လို့ မရဘူး။
အနုပညာတစ်ရပ်အတွက် ဘေးလူက ဘောင်သတ်မှတ်လို့
ဘယ်တော့မှ မရဘူး။

လူပုံကိုဆွဲမှ၊ အချိုးအစားတူမှ စတဲ့ သမားရိုးကျ ဘောင်ကြီးကတော့ ၂၀ရာစုအတွက် သိပ်ကျဉ်းတယ်။
ဒီလိုဘောင်သတ်သူတွေဟာလည်း ၂၀ ရာစုအတွက် အိုမင်းနေသူတွေပဲ။ ဒါက ပန်းချီကို ဘောင်မသတ်ပါနဲ့လို့ ကျွန်တော် ပြောနေတာမဟုတ်ဘူး။ဘောင်သတ်ချင်သတ်၊ မသတ်ချင်နေ။ အနုပညာတစ်ရပ်ကို ဘယ်တော့မှ ဘောင်သတ်လို့မရဘူး။ အနုပညာဆိုတာ ခေတ်ရဲ့သရုပ်ပဲ။ ခေတ်ရေစီးဟာ အနုပညာရဲ့ရေစီးပဲ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

19 Nov, 14:12


မင်းဘယ်လောက်ဝေးဝေး ရောက်နေနေ
ငါဘယ်လောက်ဝေးဝေး ရောက်နေနေ
မြို့နဲ့ ဆောင်းဆီ ငါတို့တွေ
ပြန်လာနေကျ၊

ရန်ကုန်မှာမိုး
မန္တလေးမှာနွေ
ပြည်မှာဆောင်းပါ သူငယ်ချင်း။

- မောင်ချောနွယ် (‘ခင်ဝမ်း’ ကဗျာမှ)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

19 Nov, 09:39


လာမယ့်ဆောင်းရာသီ
______ကြည်ဇော်အေး

မလုံခြုံမှုမီးခိုးများဟာ
အူနေတယ်

လေထု ပွန်းပဲ့
ရဟတ်များလည်ပတ်လျက်
ခြောက်ကပ်လယ်ယာမြေပေါ်
စိုစွတ်နေတဲ့သွေးစ
အသားစ
အရိုးစ

အပူချိန်ဟာ
အိမ်ခေါင်မိုးတွေဆီကနေ
ဖြာကျ

တခါတခါ
ကလေးတယောက်ရဲ့ငိုသံ

တခါတခါ
အမယ်အိုတယောက်ရဲ့ညည်းသံ

“စစ်ဖြစ်နေမှတော့
အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ”
လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်

“ခွေးမသားတွေ
ခွေးကျွေးတောင်မစားဘူး” တဲ့
အဖိုးအိုတယောက်က
တောက်ခေါက်တယ်

ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့
လမ်းကမှားနေတယ်

ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ

နာကျင်မှုကိုသာ
လှုံကြ ။

#ကြည်ဇော်အေး
#Credit

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

19 Nov, 09:30


❝ မျှော် ❞

ထွက်သွားသူ ခြောက်မျိုးရှိတယ် ။
ပထမတစ်မျိုးက ခဏတာထွက်သွားသူဖြစ်တယ်
ခဏနေပြန်လာလိမ့်မယ် နောက် … ခဏကြာတဲ့အခါ ပြန်ထွက်သွားဦးမယ် ။

ဒုတိယတစ်မျိုးက မသွားချင်ဘဲထွက်သွားရတဲ့သူပဲ
သေချာနှုတ်ဆက်သွားတတ်တယ် နဖူးကိုနမ်းသွားတတ်တယ်
လုပ်ပေးလိုက်တဲ့မုန့်ကို အ၀တ်နဲ့တယုတယထုတ်ပိုးယူသွားတတ်တယ်
ဒါပေမယ့် ပြန်လာဖို့ကြာတတ်တယ် ဒါမှမဟုတ်
တစ်စုံတစ်ယောက်က စာလွှာတစ်စောင်ကို အိမ်ပေါက်၀ထိ
တံခါးခေါက်လို့ လာပေးပြီး သူပြန်လာနိုင်ဖို့မဖြစ်နိုင်တော့တဲ့အကြောင်း
အဝေးက တံပိုးခရာသံနဲ့အတူ သတင်းလာပို့လိမ့်မယ် ။

တတိယတစ်မျိုးက ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူးလို့ပြောတတ်သူပဲ
သူ ဘယ်တော့မှ ပြန်မလာတော့ဘူး ။

စတုတ္ထတစ်မျိုးကတော့ ရုတ်တရက်ပဲ၊ အကြောင်းမဲ့ပဲ
အိပ်ယာနိုးတဲ့အချိန်ဘေးမှာ ကိုယ်ငွေ့ပူပူလေးပဲချန်ထားခဲ့ပြီး ပျောက်ကွယ်သွားလိမ့်မယ်
ဒါမှမဟုတ်စာတစ်စောင်လည်း ချန်ရင်ချန်ထားခဲ့ပြန်ဦးမယ်
အဲ့ဒီစာကလည်း သူ့ကိုလိုက်မရှာပါနဲ့ဆိုတဲ့ စာမျိုးပေါ့
မမျှော်လင့်တဲ့အချိန်မှာ သူပြန်လာတတ်တယ်
အဲ့ဒီအခါ မီးအိမ်ကိုပင့်ပြီး မျက်နှာကိုသေချာကြည့်ရတတ်တယ်
ပင့်ကူအိမ်တွေ ကျိုးကြေနေသလို တွန့်နေတဲ့အရေပြားတွေက
သူဘယ်သူလဲဆိုတာ ပဟေဠိလုပ် ဖုံးကွယ်ထားဦးမယ်
ထွက်သွားခဲ့စဉ်က ဖိနပ်ကိုပဲစီးနင်းဆဲဆိုရင်
ဆီးနှင်းတွေကြောင့် သူ့ခြေသည်းတွေပုပ်နေတတ်တယ်
မီးအတူတူလှုံရင်း တွန့်ဆုတ်တဲ့စကားလုံးတွေနဲ့ သူ …
သူ့အမှားကို ၀န်ခံပါလိမ့်မယ် ။

ပဉ္စမတစ်မျိုးကတော့ ထွက်သွားပြီးမကြာခင်မှာပဲ ပြန်လာချင်ခဲ့သူဖြစ်တယ်
ဒါပေမယ့် သူအပြန်လမ်းမမှတ်မိတော့ဘူး
နွယ်ပင်တွေရဲ့ခေါ်ဆောင်ရာ မျက်စိလည်ခဲ့တယ်
လျှိုတစ်ထောင်ချောက်ကမ်းပါးရဲ့ဖြားယောင်းရာ တောမှောက်ခဲ့တယ်
၀င်္ကပါရဲ့လှောင်သံမှာ သူ့မျက်ရည်တွေကုန်ခဲ့တယ်
သူ့အပြန်လမ်းကို သူပြန်အော်ခေါ်ရင်း အာခေါင်ကွဲသေတယ်
ရံဖန်ရံခါ ဘယ်ကကြားရမှန်းမသိတဲ့အော်သံတွေကို သူ့ထံကလွင့်ပျံလာတာလို့
တိုက်ဆိုင် ၀မ်းနည်းနိုင်တယ် ။

ဆဌမတစ်မျိုးကတော့ ထွက်သွားမယ်လို့ မကြာခဏပြောနေတဲ့သူပဲ
သူတကယ်ထွက်သွားတဲ့နေ့မှာတော့ စကားတစ်ခွန်းမှပြောမသွားတတ်ဘူး
သူအဖိုးတန်ပစ္စည်းတွေထားသွားလိမ့်မယ်
၀ိညာဉ်တစ်ထည် အ၀တ်တစ်ခုနဲ့ လမ်းတစ်လျှောက်
သုန်မှုန်ေ၀၀ါးမှုအပိုင်းအစတွေနဲ့ ထွက်သွားလိမ့်မယ်
ဓာတ်ပုံသေးသေးလေးတစ်ပုံ ဝှက်ပြီးယူသွားသေးတယ်ဆိုရင်တော့
သူ တစ်ချိန် ပြန်လာမှာပါ ။
တောင်ပေါ်တက်နေသူတွေရှိတယ်
သူတို့ခါးတွေ ချိနဲ့နာကျင်နေတဲ့အထိတောင်ထိပ်ပေါ်တက်နေသူတွေရှိတယ်
ပြီးတော့ အဝေးဆုံးကို ကြည့်တယ်
သူတို့မျက်လုံးတွေ မှုန်ရီစုတ်ပြတ်နေရင်တောင်အဝေးဆုံးဆီကို
လှမ်းကြည့်ရီဝေနေကြတယ် ၊
……………………………………….
မျှော်နေသူကတော့ တစ်မျိုးတည်း ရှိပါတယ် ။

▪️သူဝေး

Crd to Genius book

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

19 Nov, 09:26


91နှစ်မြောက်မွေးနေ့

မသေနိုင်
-------#တင်မိုး

ငါ လျှင်လဲလည်း
လဲနေရာမှ၊ လူးကာထ၍
လောက ကောင်းကျိုး ဆောင်ပေအံ့။

ငါအသက်ကို
တရက် တာမျှ၊ ရှည်ခွင့်ရစေ
လောက ကောင်းကျိုး ဆောင်ပေအံ့။

ငါ့ ဘဝသည်
ကျေမွ စုတ်ပြတ်၊ မည်မျှ ငတ်စေ
ကလာပ်စည်းမျှင်၊ တပင် ကျန်စေ
ငါ မသေ။

ငါနေထိုင်ရာ၊ လူ့ရွာ အရေး
ငါ့သွေး ငါ့သား၊ အများ အရေး
ဖန်ဖန်တွေး၍
အရေးကိစ္စ၊ ငါချီမ,၍
လောက ကောင်းကျိုး ဆောင်ပေအံ့။

ဘဝတန်ဖိုး၊ ငါမြတ်နိုး၏ ။

ဤဘဝသည်
မြနှယ် စိန်နှယ်၊ တန်ဖိုးကြွယ်၏။

ဘဝကိုခင်၊ ငါ့ အမြင်သည်
လူ့ခွင်အတွက်၊ မျိုးဆက် အရေး
ဖြစ်လိုသေး၏။

ငါမသေနိုင်
ငါ့ပြေ ငါ့ရွာ၊ လူ့ဆွေ ညာတွက်
များစွာ ဆောင်ရဦးမည်တည်း။

တင်မိုး
၂၄.၈.၁၉၆၉

နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်မှ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

18 Nov, 10:28


ကဲ၊ ကြည့်တော့

-ပေသိုး-

မန္တာန်ဆရာ ချိုးထားတဲ့ နှီးရိုးဆစ်ကလေးမှာ
ငါတို့ရဲ့ ဆုံရချိန်ဟာ ကျိန်စာတစ်ခု ဖြစ်သွားတယ်။ ကျောက်ဆောင်တွေလို မင်းမုန်းတီးပုံက ပြတ်သားတယ်။ ကြယ်တံခွန်တွေထက် ငါ့နာကျင်မှုက ခမ်းနားတယ်။ ခိုတွေ နှစ်ပေါက်အောင် ညဉ်းညူနေတဲ့ မနက်ခင်းတွေကို ငါတို့ ရတယ်။ အိမ်သားတိုင်း
လက်လျော့ခဲ့တဲ့ ကျောက်ကျောတုံးကြီးလို အေးစက်နေတဲ့ ညတွေ ငါတို့ကြုံတယ်။ ငါးတွေ သတိဆွဲထားတဲ့ ရေကို ငါတို့ သောက်မိတယ်။ ဥဩတွေက နောက်ဆံမတင်းတော့တဲ့ ရထားနဲ့ ငါတို့ ခရီးထွက်ရတယ်။ ခရုတွေ ကျော်မတက်နိုင်တဲ့ လူလုပ်သမိုင်းတွေလောက်ပဲ ငါတို့စိတ်ကူးက ဥယျာဉ်တည်နိုင်တော့တယ်။

ငါတို့လဟာ ကြက်ဥပုပ်ဖြစ်ပြီ။
နဂါးအမျက်နဲ့ ငါတို့ အသက်ရှူနေကြ။
ငါတို့သွေးထဲက သကြားတွေ အချဉ်ပေါက်ခဲ့ပေါ့။

မင်းလည်း မင်းဝတ်ရုံရဲ့ နှင်းနဲ့။
ငါလည်း ငါ့အိပ်မက်ရဲ့ အာလူးခင်းနဲ့။ ။

၈ နိုဝင်ဘာ ၂၀၂၄

လသာဆောင်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

18 Nov, 10:26


ပြန်ထွက်ရင်လဲ တစ်ခါထွက် တစ်ခါဈေးတတ်
ပြန်မထွက်လဲ ရှားပါတယ်ဆိုပြိးဈေးတတ်

နင်တို့မြန်မာစာအုပ်ဈေးတွေကြားရတာ
ငါသွေးတတ် တယ်

အင်းဂိတ်စာအုပ်ပဲဝယ်တော့မယ်
မဖတ်တတ်လဲ လူထင်ကြီးအောင်ဝယ်ပြိး
My day တင်ပေါ့

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

18 Nov, 09:40


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Wednesday, November 6, 2024
အထိန်းတော်



❝ အထိန်းတော် ❞
( မနှင်းဖွေး )

မှတ်မိသမျှ ပြောရမည် ဆိုလျှင် မေအေး လူမှန်း သိ ကတည်း က ကလေး ထိန်းခဲ့ရသည် ။

ညီအစ်ကို မောင်နှမ ဆယ်ယောက် ရှိသည့် အနက် မေအေး က သမီး အကြီးဆုံး ဖြစ်သည့် အလျောက် အမေ က သူ့ အောက် နှစ်နှစ် တစ်ကြိမ် မှန်မှန်ဖွားသော မောင်လေး ညီမလေးများ ကို ထိန်းခဲ့ ကျောင်းခဲ့ရသည် ။

အမေ သည် ကလေး တစ်ယောက် ဖွားပြီး ကလေး တစ်ခါလည် ကျော် ကျော် ရောက်လျှင် အမေ့ ဗိုက်သည် ပုံ့ပုံ့ကလေး ပူလာကာ ထို ကလေး နှစ်ခါလည် အရ တွင် နောက် တစ်ယောက် ဖွားသည် ။ တစ်ဖန် နောက် တစ်ယောက် အခါလည် ကျော်ကျော် တွင် အမေ့ ဗိုက် ပုံ့ပုံ့လေး ပူလာ ပြန်သည် ။ ပြီး ထို ကလေး နှစ်ခါလည် အရောက် တွင် နောက် တစ်ယောက် ဖွား ပြန်သည် ။ ဤ နှုန်းထား အတိုင်း နှစ်နှစ် တစ်ကြိမ် အမေ မှန်မှန် ဖွားခဲ့သည် မှာ သားသမီး ဆယ်ယောက် ရ မှ အမေ ရပ်တော့သည် ။

အမေ တို့ ခေတ် တုန်း ကတော့ သားသမီးများ သည့် အတွက် တစ်ရံတစ်ဆစ်မျှ မညည်းညူခဲ့ ။ သားသမီး တစ်ယောက် တိုးတိုင်း တိုးတိုင်း ပွဲရုံ က ပို၍ ပို၍ အဆင်ပြေသည် ။ စီးပွား ဖြစ်လာသည် ဟု ယုံကြည် သည့် အတိုင်း လာသမျှ သားသမီး ကို ဝမ်းပန်းတသာ ကြိုဆို လက်ခံခဲ့သည် ချည်းဖြစ်သည် ။

အမေ က မွေးအား ကောင်းကောင်း နှင့် မွေးသည် ဆိုတော့လည်း မေအေး မှာ က မောင်ငယ် ညီမငယ်များ ကို မနားတမ်း ထိန်းရတော့သည် ။

အိမ် က ပွဲရုံ ဆိုတော့ လူ စုံသည် ။ ဧည့်ပရိသတ် က လည်း မည်သည့်အခါမျှ မစဲပေ ။ အိမ်ဖော် ခေါ်ထားသည့် အပြင် အလကား လာ ကူညီသူ ဒု နဲ့ ဒေး ရှိပေမယ့် အမေ က သူ့ ကလေးကို လူစိမ်း နှင့် စိတ် မချတတ်ပေ ။ လူစိမ်း လည်း အကိုင် မခံလိုပေ ။ ကလေးများ ကို လည်း အကြောင်း ကိစ္စ မရှိ ဘဲ အိမ် ပေါ်မှ အောက်ထပ် ကို ဆင်းခိုင်း လေ့ မရှိ။

အဖေ တော ဆင်းသည့် ကိစ္စ ၊ ကြွေးမြီ တောင်းသည့် ကိစ္စ နှင့် အိမ် မကပ်နိုင်သည့် အချိန် တွင် အမေ က ပွဲရုံ ကို ကြီးကြပ်ရသည် ။ သည်တော့ အမေ အလုပ် မပျက်ရအောင် မေအေး မှာ ကျောင်းစာ တစ်ဖက် နှင့် ကလေးထိန်း အလုပ် ကို လုပ်ရတော့သည် ။

စေ့စေ့တွေး တော့လည်း မေအေး ဘဝ တွင် မောင်ညီမလေးများ ၏ ပုခက် ကို လွှဲရင်း ၊ ထိန်းကျောင်းရင်း ၊ ထမင်းခွံ့ရင်း ၊ ကလေးတွေ နှင့် တရုန်းရုန်း နေရင်း လူလားမြောက် ခဲ့ ရသည် သာဖြစ်သည် ။

အပျိုရွယ်လေး ရောက် တော့ ရွယ်တူ မိန်းကလေးများ နှယ် အလှပြင် ချိန် လည်း ပြောပလောက်အောင် မရခဲ့ ။ ဝတ်ကောင်းစားလှ ဝတ်၍ မည်မည်ရရ လမ်း လည်း မထွက်ခဲ့ရ ။ ထွက် လည်း ကလေး တန်းလန်း နှင့် မို့ ဟုတ်ဟုတ် ဟတ်ဟတ် အပျို ပင် မလုပ်ခဲ့ရချေ ။

အမေ ကလေး မွေး ရပ်ပြီး ကလေးငယ် လက်လွတ်ရတော့ မေအေး ၏ အသက် က ၂ဝ ရှိ နေပေပြီ ။

••••• ••••• •••••

ကလေးထိန်း ရသည့် ဒုက္ခ ငြိမ်း၍ အပျို လုပ်မည် ကြံရုံရှိသေး ။ မေအေး မိဘများ က သူ့ ကို အိမ်ထောင်ပြုဖို့ နားချ လေသည် ။ အိမ်ထောင်ပြုရမည့် သူ က သူတို့ မြို့ ကို မကြာခင် က ပြောင်းရွှေ့လာ သော မြို့ပိုင် ကိုအံ့မောင် နှင့် ဖြစ်လေသည် ။

စတင် ကမ်းလှမ်းသူ က ယောက်ျားလေး ဘက် မှ ဆွေမျိုးများ ဖြစ်သည် ။ အပြောကောင်း အစပ်ကောင်း သူတွေ ဖြစ်သည် ။

မေအေး ကို အလှူ တစ်ခု မှာ မြင်ဖူး ကတည်း က သမီး လို တူမ လို ချစ် နေကြောင်း ၊ အလွန်တရာ မိန်းကလေး ပီသ၍ အိမ်ထောင်မှု နိုင်နင်းသည် ဟု ကြားသိရသဖြင့် သဘောက လှကြောင်း ၊ တစ်ဖက်ကလည်း ကိုအံ့မောင် လို အနယ်နယ် အရပ်ရပ် ပြောင်းရွှေ့ အမှုထမ်း နေသော လူငယ် အရာရှိ အဖို့ မတော်တရော် နှင့် တွေ့သွားမှာ စိုးရိမ်ကြောင်း ၊ မေအေး နှင့် သာ အိမ်ထောင်ချထား ပေးလျှင် လူကြီးများ အသေဖြောင့် နိုင်ကြောင်း ၊ ကိုအံ့မောင် အကျင့်စာရိတ္တ နှင့် ပတ်သက်၍ တော့ လုံးဝ တာဝန် ယူကြောင်း စသည် ဖြင့် အပြော ကောင်းကောင်း နှင့် စပ်ဟပ်ကြသည် ။

အမေ နှင့် အဖေ ကတော့ စီးပွား ရှာ တတ်သော်လည်း ခေတ်ပညာ ၊ အတန်းပညာ ကိုတော့ ဟုတ်ဟုတ်ငြားငြား မတတ်ကြ ။ ဆွေမျိုးသားချင်း ထဲ က လည်း ခေတ်ပညာတတ် မရှိ သလို ရာထူးရာခံ နှင့် လူ လည်း မရှိပေ ။

ထို့ကြောင့် မြို့ပိုင် တစ်ယောက် က အလေးတယူ ကမ်းလှမ်းသည် ကို ဝမ်းသာအားရ ဖြစ်ကြသည် ။ သမီး ကို မြို့ပိုင်ကတော် ဖြစ်စေချင် သလို သူတို့ ကလည်း မြို့ပိုင် ယောက္ခမ ဖြစ်လိုလှသည် ။

မေအေး က အပျိုဘဝ နှင့် ပင် လွတ်လွတ်လပ်လပ် နေပါရစေဦးဟု တောင်းပန်သည် ကိုပင် မရဘဲ ‘ အရွယ် ရှိတုန်း ၊ ကမ်းလှမ်းသူ ရှိတုန်း ယူ ’ တဲ့ ။ ‘ သီးချိန်တန် သီးရမတဲ့ ၊ ပွင့်ချိန်တန် ပွင့်ရမတဲ့ ’ ၊ ‘ သမီးကညာ အခါမလင့်စေရ ’ စသည် ဖြင့် တိုးတိုး တစ်သွယ် ၊ ကျယ်ကျယ် တစ်မျိုး ဝိုင်းနားချတော့ နောက်ဆုံး မေအေး မှာ စိတ်ရှုပ်ရှုပ် နှင့် ပင် ခေါင်းညိတ် လိုက်လျော လိုက်ရ လေတော့သည် ။

ရာထူးဂုဏ်သိမ် ကြောင့် မျက်နှာ ပွင့်သော ကိုအံ့မောင် နှင့် ငွေကြေး အတော်အသင့် ချောင်လည်သော ပွဲရုံပိုင်ရှင် ၏ သမီး မေအေး တို့ ၏ မင်္ဂလာပွဲ သည် သူတို့ မြို့ကလေး မှာ တော့ အစည်ကားဆုံး နှင့် ပြောစမှတ် အရှိဆုံး မင်္ဂလာဆောင် တစ်ခု ဖြစ်လေသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

18 Nov, 09:40


တော်ပြီ ။ အဝတ်အစား သုံးစုံ ။ တစ်လ တစ်လခွဲ အတွင်း အလဲအလှယ် ဝတ်ရလျှင် တော်ပြီပေါ့ ။

ယောဂီထဘီ ကို လက်ဆွဲအိတ် အောက်ဆုံး တွင် ဦးစွာ ထည့် လိုက်သည် ။ ပြီး သူ့ အပေါ် မှ အင်္ကျီ ထည့် လိုက်သည် ။

ယောဂီတဘက် ကို အင်္ကျီ ပေါ်တွင် ခေါက် ၍ ထပ်တင်သည် ။ လိုရမည်ရ အနွေးထည်ကလေး တစ်ထည် ယူသွားရလျှင် ကောင်းမည် ဟု စဉ်းစားပြီး ရှားရောင်ဆွယ်တာ ကို ဆွဲထုတ်၍ အပေါ်ဆုံး တွင် မျက်နှာသုတ်ပဝါ နှင့် အတူ ထည့်လိုက်သည် ။

နောက် ဘာ ယူဖို့ လိုသေး သနည်း ။

လက်ကိုင်ပဝါလေး နှစ်ထည် လောက် ထည့်ဦးမှ ပဲ ။ ဪ ... တော် ပါသေးရဲ့ ၊ သတိ မေ့တော့ မလို့ ။ သောက်လက်စ တောရှောက်ခါးလုံး ဆေးပုလင်း ။ ဒါလည်း ယူသွားရမည် ။ ဒါကိုတော့ ပလတ်စတစ်ခြင်း ထဲ ပဲ အထည့် ခိုင်းရမည် ။ အစားအသောက် ၊ ဖျော်ရည်ပုလင်း ၊ မုန့်ပဲ နှင့် လှူဖွယ်ပစ္စည်းများ ကို ထည့်ခိုင်းထားသော လုံးတုံးမ ကို သတိရတုန်း ပြော ထားမှ ။

“ လုံးတုံးမ ရေ ၊ ခဏဟေ့ ”

“ လာပါပြီ ကြီးကြီး ”

လုံးတုံးမ ၏ အသံ သာ ရောက်လာသော်လည်း လူ က တော်တော် နှင့် ပေါ် မလာ ။

“ ဟဲ့ လုံးတုံးမ ”

ထပ် ခေါ်တော့ လုံးတုံးမ က သူ့ ဝသီ အတိုင်း တဒုန်းဒုန်း ပြေး၍ အိမ်ခန်း ထဲ ဝင်လာသည် ။

“ စာပို့သမား လာလို့ အိမ်ရှေ့ မှာ စာသွား ယူနေတာ ကြီး ရဲ့ ၊ အင့် ကြေးနန်းစာ တဲ့ ”

“ ဟင် ... ”

လုံးတုံးမ က ကြေးနန်းစာ ကို သူ့ လက်ထဲ ထည့်ပေးသည် ။

ကြေးနန်းစာ ဆိုတော့ စိတ် ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ ပြီး ကိုယ်တိုင် မဖတ်ရဲ သဖြင့် ဦးအံ့မောင် ကို လှမ်း ပေးရင်း ...

“ ရော့ ကိုအံ့မောင် ကြေးနန်းစာ တဲ့ ၊ ဖတ်ကြည့်ပါဦး ”

ဦးအံ့မောင် က အနီးအနား တွင် ဟိုရှာ သည်ရှာ လုပ်နေစဉ် ဒေါ်မေအေး က စားပွဲ ပေါ်မှ မျက်မှန် ကို ကောက် ပေးလိုက်သည် ။

သည်တော့မှ ဦးအံ့မောင် သည် လည်း မျက်မှန် တပ် ကာ စာ ကို အလောသုံးဆယ် ဖွင့်ဖ တ်သည် ။ ဒေါ်မေအေး ကတော့ ရင်တုန်စွာ စောင့် နေသည် ။

စာဖတ် ပြီးသည် နှင့် စောစောက မသိမသာ ကြုတ်ထားသော ဦးအံ့မောင် ၏ မျက်ကြောများ ပြေ သွားသည် ။ ပြီး တစ်ယောက် တည်း ပြုံးတုန်းတုန်းကြီး လုပ်နေ သဖြင့် ...

“ ဘာတဲ့တုန်း ကိုအံ့မောင်ရဲ့ ” ဟု စိတ်မရှည်စွာ ထပ် မေးရသည် ။

“ အဟမ်း ”

အရေးတည်း ချောင်းဟန့် နေသေးသည် ။

“ ကေသီ ၊ သားလေး မွေးဖွား တဲ့ ”

“ ဟယ် ... ”

ဒေါ်မေအေး ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည် ။ အို ... သမီးကြီး ကေသီ ဖွားပြီကိုး ၊ သူ့ ကိုယ်ဝန် နုစဉ်ကတော့ စာရေး အကြောင်းကြားသား အဲ ဟုတ်သည် ပေါ့ ။ ယခုဆို ကိုးလ လောက် ရှိပြီပေါ့ ။

“ မိခင် နှင့် ကလေး ကျန်းမာတဲ့ ”

တော်သေးရဲ့ ၊ သားဦး မှာ ချောချောမောမော ရှောရှောရှူရှူ ဖြစ်သွားတာ ။

“ ကေသီ အားငယ်တဲ့ ”

“ အင်း ... ”

“ အမေ လာပါတဲ့ ”

“ အင်း ... ”

“ သက်အောင် တဲ့ ”

“ အမယ်လေး ၊ ခုမှ အားငယ်သလေး ဘာလေး နဲ့ ၊ မအေ တစ်ယောက် လုံး ရှိနေတာ မသကာ ဖွားခါနီး ပြီ ဆို ကတည်း က ခေါ်ပါတော့လား ၊ စောစောကတော့ သတိ မရကြဘူး ၊ သူ့ လင် ဆရာဝန် ဆိုတော့ အားကိုး ထင်ပေါ့ ၊ ခုမှ ပဲ မအေ ကို တ,ဖော်ရတယ် ၊ သမက် က လည်း ခုမှ ပဲ အကြောင်း ကြားဖော်ရတယ် ၊ သူ့ ဘာသာ ဆရာဝန် ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မီးနေသည် ဘယ်လို နေ ၊ ဘယ်လို ထိုင် ၊ ဘာတွေ လုပ်ရတယ် ဆိုတာ သိမလား ၊ တော်ကြာ နနွင်း လိမ်းတာတို့ ၊ ချွေး အောင်းတာ တို့ မလုပ်ဘဲ နေရ င် အခက် ၊ မိကေသီ ကလည်း နားလည်မှာ မဟုတ်ဘူး ၊ ကလေး ပေါက်စန တောင် ကိုင်တတ်ပါ့ မလား ၊ ဖြစ်ချေပါဘူး ၊ သည် ကလေးတွေ သည် အတိုင်း ပစ်ထားလို့ တော့ ၊ ကိုအံ့မောင် ပုသိမ် ကို လေယာဉ် ဘယ်နေ့ ရှိလဲ စုံစမ်းပေးပါဦး ၊ ကျုပ် တော့ သွား ကြည့်ဦးမှ ပါ ”

မြေးဦးလေး ရပြီ ဟူသော အသိကြောင့် ပီတိ ဖြစ်ရတာရော ၊ သမီး နှင့် သမက် က စောစော အကြောင်း မကြားသဖြင့် မကျေနပ်တာ ရော ၊ သူ့ ရင် ထဲ တွင် ရောထွေး ဘောင်ဘင်ခတ် လျက် တတွတ်တွတ် ပြောလိုက်မိသည် ။

ပြီးတော့ သူ့ လက်များ က လည်း လက်ဆွဲအိတ် ထဲမှ ယောဂီထဘီ ၊ ယောဂီတဘက်များ ကို ဆွဲထုတ်ပြီး ပါတိတ်ထဘီ လေးငါးထည် ကို အစား ပြန်ထည့် နေလေသည် ။

⎕ မနှင်းဖွေး

📖 ဘိုကလေးမြို့နယ် မဂ္ဂဇင်း
၁၉၈၅ ၊ မတ်လ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

18 Nov, 09:40


သစ္စာစကား ကို ဆိုရပါလျှင် သူတို့ လက်ထပ်ပြီး နောက် တစ်နေ့ ကူး မှ ကိုအံ့မောင် ၏ မျက်နှာ ကို မေအေး စေ့စေ့ ကြည့်ဖူးခြင်း ဖြစ်လေသည် ။

လက်မထပ်ခင် စပ်ကြား အိမ် ကို ရောက်လာဖူး သော်လည်း ရှက်ရွံ့စိတ်ဖြင့် သူ့ မျက်နှာ ကို မော့ မကြည့်ခဲ့။

မျက်နှာ ကို မော့မကြည့်ရဲ ရုံ မက ချစ်မှန်း မချစ်မှန်း ပင် ရေရေရာရာ မသိဘဲ လက်ထပ်ခဲ့ရာ တစ်လ လောက် ပေါင်းသင်းပြီး မှ ကိုယ့် မောင် ကို သူ ချစ်နေရော့သလား ဟု စဉ်းစားစ ပြုမိသည် ။

အခုမှ သေချင်စော် နံသည် ။ ဝေဒနာ ကြောင့် အမြဲ တကျည်ကျည် ငို နေသော ကလေး ကို ကြည့်၍ လည်း ရင်နာ ရသည် ။

ကလေး နှစ်ခါလည် တွင် ကိုအံ့မောင် ရန်ကုန် ပြောင်းခွင့် ရသည် ။ ရန်ကုန် ရောက်မှ ကလေးဆေးရုံကြီး တင်၍ ကျကျနန ကု ဖြစ်သည် ။ သမားတော်ကြီးများ ၊ ပါရဂူကြီးများ ၏ ကျေးဇူး ကြောင့် ကလေး ပြန်လည် ကျန်းမာလာသည် ။ တောင့်တင်းလာသည် ။ ကျောင်း ထားသည့် အရွယ် တွင် လုံးဝ နေကောင်း သွားလေသည် ။

ထို ကလေး ကျောင်း ထားသည့် လ မှာ တင် စတုတ္ထကလေး က မေအေး ၏ သွေးသား တွင် ရစ်တွယ် လာပြန်သည် ။

သည် တစ်ခါ မေအေး စိတ်ပျက်လက်ပျက် ဖြစ်ရသည် ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လိုပင် မလိုချင်တော့။ ကြိုပင် မကြိုချင်တော့။

နောက်ဆုံး ကလေး အဖြစ် ယူလိုက်ပြီး သည့် နောက် ဆရာဝန် နှင့် တိုင်ပင်၍ ကိုအံ့မောင် ကို သားသမီး မရစေအောင် ခွဲစိတ် လိုက်ရတော့သည် ။

••••• ••••• •••••

သားသမီး ဆိုသည် က လည်း ငယ်စဉ် က တစ်မျိုး ထိန်းရသလို ကြီးတော့ လည်း တစ်မျိုး ထိန်းရသည် ပင် ။

ငယ်စဉ် က တော့ မိမိ မျက်စိ အောက်တွင် ထိန်းရပြီး ကြီး တော့ မျက်စိ ကွယ်ရာတွင် မမြင်မစမ်း မှန်းဆ၍ ထိန်းရသည် ။

အပေါင်းအသင်း မမှားဖို့ ၊ ကျောင်းမှန်မှန် တက်ဖို့ ၊ ကျူရှင် မလစ်ဖို့ ၊ ပညာဆုံးခန်း မတိုင်မီ ထွေလာကေလာတွေ စိတ်မကူးဖို့ တဖွဖွ သတိ ပေးနေရသည် ။

သည်လို နှင့် သားသမီးတွေ အပြိုင်းအရိုင်း အထက်တန်းကျောင်း ရောက်ကြ ၊ တက္ကသိုလ် ရောက်ကြ နှင့် သမီး တတိယနှစ် ရောက်မှ မိမိ မေ့လျော့ နေသော အသက် ကို ဆန်းစစ် ကြည့်တော့ အသက် ၄ဝ တင်းတင်း ပြည့် နေကြောင်း ကို သိရလေသည် ။

••••• ••••• •••••

အနောက်နိုင်ငံ မှာ တော့ အသက် ၄၀ မှ ဘဝ စ သည် ဟု ဆိုကြသည် ။
မိန်းမ ဆိုလျှင်လည်း ကျက်သရေ ရှိရှိ နှင့် အလှပန်း အပွင့်ဆုံး အချိန်တဲ့ ။

သို့သော် ဒေါ်မေအေး တစ်ယောက် မှာ တော့ လင်ကိစ္စ ၊ သားကိစ္စ ၊ အိမ်မှုကိစ္စတွေ ထဲမှာ ဘဝ ကို မြှုပ်နှံထားမိရကား ခန္ဓာကိုယ် သည် တစ်နေ့ တခြား ဝ လာကာ ပုံပျက်ပန်းပျက် ဖြစ်လာ သဖြင့် ဘယ်သူ ပြိုင်လို့ ဝပါ တော့နိုင် အဖြစ် ကို ရောက်နေလေပြီ ။

ဒေါ်မေအေး က ပုံပျက်ပန်းပျက် ဝ နေပြီး အလှပျက် နေချိန်တွင် ဒေါ်မေအေး ထက် ကြီးသော ဦးအံ့မောင် ကတော့ အရွယ် မကျဘဲ နုပျိုဆဲ ပင် ။ တစ်နည်းအားဖြင့် နုပျိုအောင် ကြိုးစား နေဆဲပင်။

ဆံအဖြူ ကို ဆိုးဆေးဖြင့် မရမက မည်းစေပြီး အရောင်နုနု အကွက် စိပ်စိပ် ပုဆိုးများ ကို တမင် ရှာ ဝတ်၍ မိမိ ဘာသာ ငယ်ရုပ် ဆင်လေသည် ။

“ အသက်ကြီး လို့ ဆံပင် ဖြူတာပဲ ရှင် ၊ ဖြူပါစေတော့ ။ ဘာပြုလို့ သဘာဝ ကို ထားဆီး ချင်ရတာလဲ ၊ နောက်ပြီး ရှင် လိမ်းလိမ်း နေတဲ့ ဆံပင်နက်တဲ့ ဆေး က နံတယ်ရှင့် ” ဟု ပြောလျှင် ...

“ နံတယ်လား ၊ ဒါဆို မဖြစ်ဘူး ၊ အနံ့ ပျောက်အောင် ရေမွှေး ဆွတ်မှ ” ဟု ဆိုပြီး အသက်ကြီး မှ ရေမွှေးနံ့ တသင်းသင်း ဖြစ်နေပြန်သည် ။

“ ရှင့် ပုဆိုး က အဆင် မနုဘူးလား ” ဟု မျက်စောင်း ထိုး၍ ပြောလျှင်လည်း ...

“ ဟ ... မင်း သားတွေက အရောင်ရင့်ရင့် အကွက်ကြီးကြီးတွေ ဝတ် နေမှ တော့ ငါ အဖေ ဒါတွေ မဝတ် ဘာဝတ်ရမလဲ ” ဟု ဆင်ခြေပေးကာ ပုဆိုး နှင့်တိုက်ပုံ ဖက်ရှင် ဖြစ်အောင် အရောင်ဆင်တူ ရွေး ဝတ်လိုက်သေးသည် ။

ရာထူးဌာန က ကြီးမြင့်လာ တော့လည်း အလုပ်ဇယား ရှုပ် ပြ၍ ကောင်းလာသည် ။ ဂေါက်ကွင်း တို့ ၊ ဂုဏ်ပြုပွဲ တို့ ၊ ညစာစားပွဲ တို့ ကလည်း ခါ တိုင်းထက် စိပ်လာသည် ။

အိမ် မှာ နေသည့် အချိန်ထက် အပြင် ထွက်သည့် အချိန် က ပိုများလာသည် ။ အိမ် ကပ်ချိန် က ခပ်ရှားရှား ။

သည်တော့ ဒေါ်မေအေး မှာ ယခင်က အမှတ်တမဲ့ နေခဲ့ သလောက် ယခုတော့ ကိုအံ့မောင် နှင့် ပတ်သက်သော သတင်း ကို နားစွင့် ရသည် ။ သူ့ တပည့်တပန်းတွေ ထံ ချော့မော့၍ မေးမြန်း စုံစမ်းရသည် ။ နှစ်ယောက် အတူ တက်ရမည့် ပွဲလမ်း မှန်သမျှ ကြိုးစား၍ လိုက်ရသည် ။ ခါတိုင်း ထက် သူ့ကို ပြုစုပြရပြီး အိမ်မြဲ ဖို့ သိမ်းသွင်းရ ပြန်သည် ။

တစ်သက်လုံး မိမိ ခန္ဓာကိုယ် အချိုးအဆ စ်ကို ဂရုမစိုက်ဘဲ ပစ်ထား ရာမှ အစား လျှော့၍ လေ့ကျင့်ခန်း ယူကာ ပြန် ထိန်းရပြန်သည် ။ ကိုအံ့မောင်ရှေ့တွင် ခါတိုင်းလို ဖြစ်ကတတ်ဆန်း မနေဝံ့တော့ဘဲ အမြဲ သနပ်ခါး ဖုန်ဖုန်သ ပြီး သပ်သပ်ရပ်ရပ်ကလေး နေဖြစ်အောင် သတိထားရ ပြန်သည် ။

သိပ် ယုံကြည်လှသည် မဟုတ်သော်လည်း ဓာတ်ဆင် ဓာတ်ရိုက် ကောင်းသည် ဆိုသော ဆရာများ ထံ ချဉ်းကပ်၍ ဆင်စရာ ရှိတာတွေ ဆင်ရသည် ။ ရိုက်စရာ ရှိ ရိုက်ရသည် ။ ငွေ အကုန်အကျ ခံကာ ယတြာ ချေဖို့ လိုလျှင်လည်း ချေရသည် ။ ဆေးဖယောင်းတိုင် ပင် မလွတ်စေရ ။

ဪ ... တကယ့် တကယ် တော့ လူကြီး ထိန်းရသည့် အလုပ် က ကလေး ထိန်းရသည့် အလုပ်ထက် များစွာ ခက်ကြောင်း ကို ဒေါ်မေအေး ကိုယ်တွေ့ ကြုံ မှ သိလာရလေသည် ။

••••• ••••• •••••

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

18 Nov, 09:40


သားတွေ သမီးတွေ အပြိုင်းအရိုင်း နှင့် ဘွဲ့ ကိုယ်စီ ၊ အလုပ်အကိုင် ကိုယ်စီ နှင့် ဖြစ်ကုန်လေပြီ ။

တစ်ယောက်မျှ တော့ ဟေ့ဟော့ရမ်းရမ်း ဆိုးဆိုးဝါးဝါး မဖြစ်ပေ ။ အားလုံး လိမ္မာရေးခြား ရှိကြတော့ ဒေါ်မေအေး စိတ်ချမ်းသာရသည် ။

သမီး အကြီးဆုံး ကို သူ့ ချစ်သူ ဆရာဝန်လေး နှင့် အိမ်ထောင်ချ ပေးပြီး ကတည်း က သမီး အတွက် စိတ်အေးသွားရပြီ ။

သမီး က သူ့ ခင်ပွန်းနှင့် အတူ ပုသိမ်မြို့သို့ လိုက်ပါသွားသော နေ့ က စိတ်မကောင်းလှသော်လည်း သမီး ကို မတော်တရော်တွေ နှင့် တွေ့မှာ စိုး သည့် ဒုက္ခ မှ ကင်းလွတ်သွားပြီ ဖြစ်သဖြင့် ကျေနပ် ဝမ်းမြောက် ကာ ဟင်းချခဲ့ရသည် ။

ကျန်သည့် သား သုံးယောက် က လည်း မဆိုး ။

သား အကြီးဆုံး က အင်ဂျင်နီယာ ၊ ကျောင်းနေဘက် အင်ဂျင်နီယာမလေး တစ်ဦး နှင့် မေတ္တာမျှ နေသည် ။ မိန်းကလေး က မျိုးကြီး ဆွေမျိုး ၊ ရှေ့နှစ် လက်ထပ်ကြမည် ။ သား ၏ ယောက္ခမလောင်းများ က နိုင်ငံခြား တွင် အလုပ် ရဖို့ စီစဉ်ထားသည် ။ ငါးနှစ်ခန့် ငွေ သွား ရှာရ ကြမည်တဲ့ ။

ဒုတိယသား ကျတော့ ငယ်ငယ် က ချူချာ သလောက် ယခု ဒေါင်ဒေါင်မြည် ။ စစ်တက္ကသိုလ် မှ ဆင်းပြီး လေတပ် တွင် ပြန်တမ်းဝင် အရာရှိ ဖြစ်နေပေပြီ။ လောလောဆယ် တော့ မိတ္ထီလာ တွင် တာဝန်ကျ နေသည် ။ သူ့ အတွက် လည်း စိတ်ချရပြီ ။ သူ လည်း သူ နှစ်သက်ရာ ယူပါစေ ။

အငယ်ဆုံး သားက လူကောင် ညှပ် သလောက် စာ တော်သည် ။ သင်္ချာ ဘာသာ ဖြင့် မဟာသိပ္ပံဘွဲ့ ရပြီးပြီ ။ သူ က ကျူရှင်ဆရာ ။ သူ့ အလုပ် က ပင်ပန်းသလောက် နာမည်လေး ရလာတော့ ဝင်ငွေ က အကောင်းသား ။

ရသမျှ ပိုက်ဆံ အမေ့ လက် အကုန်အပ်သည် ။ အပြင် မှာ သာ ဆရာ ဖြစ် နေသော်လည်း အိမ် မှာ တော့ တကယ့် ကလေး ။ အငယ် လည်း အငယ် ဆုံး မဟုတ်လား ။ မိန်းမ မယူဘဲ အမေ့ ကို တစ်သက်လုံး လုပ်ကျွေးမည် ဟု ချွဲသည် ။ ဟုတ် မဟုတ်တော့ မသိ ။ သူ့ စကား ကို သူ ဘယ်နေ့ ရုပ်သိမ်းမည်လည်း မပြောတတ် ။ အမေ ဆိုတော့လည်း သား က သည်လို ချွဲလျှင် ကြားရသည့် အခိုက်တော့ ပီတိ ဖြစ်ရသည် ပေါ့ ။

ကလေးတွေ နောင်ရေး စိတ်အေးရ သလို အဘိုးကြီး ခြေငြိမ် သွားသည့် အတွက်လည်း ပို၍ ဝမ်းသာရ ပြန်သည် ။

အလျင်လို အပြင် သိပ် မထွက်တော့ဘဲ အိမ်မြဲ လာသည် ။ သွေးတိုး ရောဂါ လက္ခဏာတွေ ပြပြလာတာကြောင့် တစ်ကြောင်း ၊ သူ နှင့် သက် တူရွယ်တူတွေ သွေးတိုးကြောင့် နှလုံးကြောင့် ဖြုတ်ခနဲ ဖြုတ်ခနဲ ကြွေ သွားသည် ကို မျက်ဝါးထင်ထင် မြင်ရတာတွေကြောင့် တစ်ကြောင်း ၊ အရက် ကို လည်း သူ့ သဘော နှင့် သူ ဖြတ်လိုက်သည် ။ ပြီးခဲ့သည့် နှစ် သင်္ကြန်တွင်း သူတို့ ဌာန က ဒုလ္လဘရဟန်းခံပွဲ တွင် ပါဝင်၍ ပဉ္စင်းခံ လိုက်သေး သည် ။ ကုသိုလ်ရေး ၊ ဘာသာရေး ဘက် စိတ်ဝင်စား လာသဖြင့် အတော် လိမ္မာ လာပြီ ဟု ဆိုရပေမည် ။

မလိမ္မာ လို့ လည်း မဖြစ်တော့ဘူးလေ ။ အသက် က ၆ဝ နား ကပ်နေပြီ မဟုတ်လား ။

••••• ••••• •••••

“ ကဲ ... အဘိုးကြီးရေ ၊ ရှင် လည်း ကျွန်မ မရှိတုန်း အစားအသောက် အနေအထိုင် ဆင်ခြင်ပါ ၊ ကလေးတွေ နားမလည် ပါးမလည် ချက်ကျွေး တိုင်း မျက်စိမှိတ် စားမနေနဲ့ ၊ လုံးတုံးမ ကို လည်း မှာ ထားတယ် ၊ ကျွန်မ မရှိတုန်း အိမ် မှာ အုန်းထမင်း တို့ ၊ အုန်းနို့ခေါက်ဆွဲ တို့ ချက် မစားဖို့ ၊ ဝက်သား လည်း လုံးဝ မချက်ဖို့ ၊ အိမ် မှာ မစားရလို့ အပြင်မှာ စား လည်း မနေနဲ့ ဦး ”

ဒေါ်မေအေး သည် လက်ဆွဲ သားရေအိတ် ကို ဖုန်ခါရင်း ပြောလိုက်သည် ။

“ အေးပါကွာ ၊ သွားစရာ ရှိတာ စိတ်ဖြောင့်ဖြောင့် သွားစမ်းပါ ၊ ငါ ကလေး မဟုတ်ပါဘူး ၊ သိပါတယ် ”

ဦးအံ့မောင် က ပိုက်စွပ် ထားသော ဆေးပြင်းလိပ်တို ကို ပြာခွက် ပေါ် အသာအယာ တင် လိုက်ကာ ဒေါ်မေအေး လက်ထဲ မှ သားရေအိတ် ကို ဆွဲယူ၍ ဖုန် ဆက် ခါပေးသည် ။

“ ကလေး ဟုတ်လည်း ထိန်းရတာပဲ ၊ ကလေး မဟုတ်လည်း ထိန်းခဲ့ရတာပဲ မဟုတ်လားတော့ ... ”

ဒေါ်မေအေး က မျက်လုံးစွေ ကြည့်ရင်း ပြောတော့ ဦးအံ့မောင် မျက်နှာ က ရယ်ဟဟ ဖြစ်သွားသည် ။ ပြီးတော့ ...

“ စ လာပြန်ပြီ ” ဟု ပြုံးစိစိ နှင့် ဆိုသည် ။

“ ဟုတ်တယ်လေ ၊ ကျုပ် မှာ တစ်သက်လုံး အဲဒီ လူထိန်းတဲ့ အလုပ်ချည်းပဲ လုပ်လာရလို့ ၊ ကုသိုလ်ရေး လည်း မေ့မေ့လျော့လျော့ ဘာသာရေး လည်း ပေါ့တီးပေါ့တော့ ဖြစ်နေတာပေါ့ ။ တကယ့် တကယ် ခုနေ ကျုပ် သာ တုံးခနဲ သေသွားကြည့်စမ်း နောင်ဘဝ အတွက် ဘာမှ တောင် ပါမှာ မဟုတ်ဘူး ၊ ခုတော့ မောပြီ ၊ ဘယ်သူမှ မထိန်းချုပ်တော့ဘူး ”

“ ခုတော့ မင်း ဘယ်သူ့ ကို မှ ထိန်းစရာ မလိုတော့ပါဘူး ၊ အဲဒီ ဝိပဿနာ အလုပ်သာ စိတ်ချလက်ချ လုပ်ပါတော့ ၊ အပိုတွေ လည်း ပြောမနေနဲ့ တော့ ”

“ ကျုပ် က လုပ်ပြီ ဆိုရင်လည်း ဉာဏ်စဉ် နာရတဲ့ အထိ လုပ်မှာ နော် ၊ အဲဒီတော့ နောက်ကြောင်း တော့ တစ်ဆိတ် အေးပါရစေ ”

“ ဟုတ်ပါပြီ ၊ အေးရပါတော့မယ် ၊ ခင်ဗျား အဝတ် ထည့်တဲ့ ကိစ္စ သာ ပြီးအောင် လုပ်စမ်းပါ ၊ ရော့ ”

လက်ဆွဲအိတ် ကို ဗီရို ဘေးရှိ ကု,လားထိုင် တွင် တင်ပေးလိုက်သည် ။ ဒေါ်မေအေး က ဗီရိုတံခါး ကို ဖွင့်လိုက်သည် ။

အထပ် ကို လက်ညှိုး နှင့် ဖွ ကြည့်ရင်း ယောဂီထဘီ နှစ်ထည် ကို ဆွဲထု တ်လိုက်သည် ။ ပြီးတော့ အသွား တွင် ဝတ် သွားဖို့ အညိုရောင် များများ ပါသည့် ထိုင်းကော်တန် လုံချည် ကို ဆွဲ ထုတ် လိုက်သည် ။

အင်္ကျီ ထားသည့် ဘက်ခြမ်း မှာ လည်း အဖြူလက်ရှည် ဖော့ရှန် နှစ်ထည် နှင့် အသားရောင် တစ်ထည် ကို ဆွဲယူသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

18 Nov, 04:34


လူငယ်တွေအတွက် ဖတ်သင့်သော (Moti) ပေးသော စာအုပ်များ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Nov, 15:58


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Nov, 13:52


နေမကောင်းလို့good nightဗျ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Nov, 13:49


အသက်ဗူး

ဘဝခရီးဖော်ရေ
နံနက်ခင်း လမ်းလျှောက်ဖော်ရေ
ဒို့ ငယ်ငယ်က ငါ ပြောစကား
မင်း မှတ်မိသေးလား
"မင်းမဲ့နိုင်ငံ" ဆိုတာ ရောက်တော့မယ်...
မင်းမရှိတော့ရင်
ငါ ဘယ်လိုနေကျန်ရမလဲ
မင်းမရှိရင် ငါမရှိတော့ဘူး ...

မောင်အောင်ပွင့်

--

အစ်မ လုံမငြိမ်းချမ်း ငြိမ်းချမ်းနိုင်ပါစေ ။ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Nov, 13:48


အဆင်မပြေတဲ့ နေ့

အဲဒီ နေ့က
ကျွန်တော့်ကောင်မလေးစိတ်ကောက် နေတယ်
ဟစ်တလာ က စစ်ကြေငြာ ခဲ့ တယ်
ပန်းသီးတစ်လုံး မြေပေါ်ကို ကြွေကျတယ်
(အဲဒါ နယူတန် မြင်လိုက်တယ်)

အဲဒီနေ့က
ကလီယို ပက်ထရာ ကို မြွေ ကိုက်ခဲ့တယ်
အပိုလို၊ ၁၁၊ လည်း ပျက်ကျခဲ့တယ်
မိုးလေဝသ က ထစ်ချုန်းရွာ မယ် တဲ့
(ကျွန်တော် က ထီး မပါ ခဲ့ ဘူး)

အဲဒီနေ့ က
ပွန်ပီ မြို့ ကြီး ချော်ရည် ဖုံးခဲ့တယ်
လှိုင်းပုတ်သံ ကြောင့် ဗျိုင်း လန့် ပျံတယ်
ကျွန်တော် ဝယ်ခဲ့တဲ့ ဖိနပ် က မတော်ဘူး
(အိပ်မက် ရဲ့ ခြေထောက်က ကြီး နေတယ်)

အဲ ဒီ နေ့က
ပဋာစာရီ
ဘီလီ ဂိတ်
ဆိုကရေးတီး ၊စပါးတားကပ်စ် ၊
ဂေါ်ဂင် ၊ အောင်ချိမ့်
ကံစမ်းမဲ မပေါက်တဲ့ ဘုရားသခင်
ဆောင်း ကို မမှီလိုက် တဲ့ နှင်း
အိမ် ပြန်သွားတဲ့ ဆယ်လ်မွန် ငါး တွေ နဲ့
နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ
တိမ်းစောင်းနေတဲ့ ကမ္ဘာကြီး ။

သစ္စာနီ

ပိတောက် ပွင့်သစ် မဂ္ဂဇင်း
Crdt:

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 14:37


#save

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 11:34


good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 11:34


မီးပုံးပျံ.....

ခုတုံးလုပ်ခံရတဲ့ဆန္ဒတွေနဲ့အတူ
သွားရမယ့်ခရီးကသူတို့စေညွှန်ရာ
လေဟုန်စီးပြီးဝဲပျံခဲ့တာမဟုတ်
လေနှင်ရာလွင့်ပြီးလောင်ကျွမ်းခံခဲ့ရတာပါ
ကြယ်တွေကိုငေးမိတော့
လက်တစ်ကမ်းမှာလိုလို
လှမ်းမိတဲ့ရင်အစုံဟာပေါက်ကွဲမတက်
အသက်ဓာတ်ဟာရုတ်ခြည်းဖြတ်ချခံခဲ့ရ
အလင်းတစ်စလေ
အမှာင်တွေဝင်းပဖို့
ခန္ဓာကို မီးမြှိုက်ပူဇော်ခဲ့ပုံမျံား။ ။

. ဧရာအောင်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 10:55


ကြက်တူရွေး -

ရေကြီးမှုကြီးပြီးတော့၊ တောကြီးဟာ အစိမ်းရောင်၊ ဒါမဲ့ ဘာမှ မရှိ။ ရှင်ကျန်သူဟာ သစ်ပင်ကို မြားနဲ့ ပစ်လိုက်ပေမဲ့ အရိပ်နဲ့ အရွက်ကလွဲလို့ ဘာကိုမှ မထိ။ တညနေမှာ ရှင်ကျန်သူဟာ လျှောက်သွားရှာဖွေခြင်းခရီးကနေ ခို‌အောင်းရာနေရာဆီ ပြန်ရောက်တော့ အသားကင်နဲ့မုန့်တွေ အသင့်ရှိနေတာကို တွေ့လိုက်တယ်။ နောက်နေ့လည်း အဲဒီလိုပဲ။ နောက်‌ထပ်တနေ့လည်း အဲဒီလိုပဲ။ ပြင်းထန်တဲ့ အထီးကျန်မှုနဲ့ ဆာလောင်မှုတွေကနေ လွတ်လာတော့၊ ကောင်းလာတဲ့ကံကြမ္မာလေးအတွက် ဘယ်သူ့ကျေးဇူးတင်ရမလဲ သူသိချင်လာတယ်။

တ‌မနက်မှာ သူပုန်းပြီး စောင့်တယ်။ ကြက်တူရွေးနှစ်ကောင်ရောက်လာတယ်။ မြေပေါ်နားပြီး သိပ်မကြာခင်ပဲ သူတို့ဟာ မိန်းမနှစ်ယောက်အဖြစ် အသွင်ပြောင်းသွားတော့တယ်။ မီးမွှေးတယ်။ ပြီးတော့၊ စတင်ချက်ပြုတ်ကြတယ်။ ရှင်သန်သူ အမျိုးသားဟာ ဆံပင်ရှည်နဲ့၊ အလှပ၊ အတောက်ပဆုံးအမွေးအတောင်ရှိတဲ့ အ‌မျိုးသမီးကို ဖမ်းလိုက်တယ်။ နောက်ထပ်အမျိုးသမီးကတော့ စိတ်ပျက်ပြီး၊ ပျံသွားတယ်။

အဲဒီစုံတွဲက ဆင်းသက်လာတဲ့ မေနာအင်ဒီယန်းတွေဟာ အပျင်းထူ၊ ပစိပစပ်များတဲ့ မိန်းမနဲ့ရတိုင်း သူတို့ ဘိုးဘေးကိုကျိန်ဆဲကြတယ်။ ဘာမျှအသုံးမကျတဲ့ မိန်းမကို ဖမ်းခဲ့လို့ ဒါတွေ ဖြစ်လာတယ်၊ ဒါတွေအားလုံး ခင်ဗျားအမှားပဲ။ နောက်ထပ်အမျိုးသမီးကတော့၊ တောထဲရှိသမျှကြက်တူရွေးအားလုံးရဲ့ အမိနဲ့အဖ ဖြစ်လာတယ်။

the parrot by Eduardo Galeano

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 10:50


ကျော်မောင် ”



ကျွန်တော်တို့ မျက်နှာ မဖော်ရဲသဖြင့် ကြမ်းပြင်ကို သာ ကြည့်နေသည် ။



“ နင်တို့ကို ငါ ကျောင်းထားတာ သက်သောင့် သက်သာ ထားတယ်လို့ နင်တို့ ထင်နေလား ။ နင်တို့ရဲ့ စာအုပ်ဖိုး ၊ ကျောင်းစရိတ် ၊ စားဝတ်နေရေးအတွက် ငါ ဘယ်လောက် ရုန်းကန်လှုပ်ရှားနေရတယ်ထင်လဲ ကျော်မောင် နင်သိရဲ့လား ။ တစ်ခါတစ်ခါ နင်တို့ ထမင်း စားတာကောင်းရင် ငါ့မှာ မစားရတဲ့ရက် ရှိတယ်ဆိုတာ နင်မသိဘူး မဟုတ်လား ။ အဖေ လုပ်တဲ့သူက သူ့သား တွေ ပညာတတ်ကြီး ဖြစ်အောင် မျှော်မှန်းထားတာ အခု တော့ ရှင့်သားတွေလုပ်ပုံ ထကြည့်ပါဦး ကိုဘအောင်ရဲ့ ”



အမေက ပြောငို ငိုတော့သည် ။ အမေ ငိုတော့ ကျွန်တော်တို့ ညီအစ်ကို လိုက် ငိုတော့သည် ။ မိသားစု ငိုပွဲပေတည်း ။



ထိုနေ့မှစပြီး ကျွန်တော်တို့ ညီအစ်ကို ကျောင်း မပြေးရဲတော့ ။ စာကို နဂိုကထက် ပို၍ ကြိုးစားတော့၏ ။ အစ်ကိုကြီး ကိုးတန်း အောင်သော နှစ်တွင်ပင် မိသားစု ကုသိုလ်ကံက ကောင်းလားမပြောတတ် ။ အမေ ထီနှစ် သောင်းဆု ပေါက်၏ ။



အမေသည် ကုန်စိမ်းသည် ဘဝကို စွန့်လွှတ်ကာ အိမ်တွင်ပင် ကုန်ခြောက်ဆိုင် တည်သည် ။ အမေ ၏ ကြိုးစားရုန်းမှုကြောင့် ဆိုင်သေးသေးမှသည် ဆိုင်ကြီးကြီး ဖြစ်လာသည် ။ စီးပွားရေးအခြေအနေက တိုးတက်မြင့်မား လာသည် ။ အစ်ကိုကြီးကို တက္ကသိုလ် ပို့နိုင်သည် ။ အစ်ကိုကြီး က စာတော်သည် ။ ဆေးတက္ကသိုလ် ကျောင်းသား ၊ ကျွန်တော် က စီးပွားရေးတက္ကသိုလ် ကျောင်းသား ။ ကျောင်းတွေ အသီးသီးပြီးသောအခါ အမေ သဘောတူသော မိန်းကလေးများနှင့် အိမ်ထောင် ကျကာ တင့်တောင်းတင့်တယ် နေထိုင်လာနိုင်သည် ။ ကျွန်တော် အိမ်ထောင် ကျသောနှစ်မှာပင် အမေ့ကို အနားယူ ခိုင်းပြီး လုပ်ငန်း အားလုံးကို ကျွန်တော် ဦးစီး ခဲ့သည် ။



ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ပညာချွန်၍ စာကြိုးစားသော်လည်း ညီငယ် ကျော်နောင်ကား တစ်မျိုး ဖြစ်သည် ။ အငယ်ဆုံးသား ကျော်နောင်ကို အမေက အလိုလိုက်သည်ဟု ကျွန်တော်ထင်၏ ။



ကျော်နောင်က ပေတေတေ ကပ်တတ်တတ် ဖြစ်သည် ။ အလုပ်တစ်ခုကို လုပ်မိက မည်သည့်အခါမှ နောက်မဆုတ်တတ် ။ ဇွတ်တရွတ်နိုင်သည် ။ ဇွတ်တရွတ် နိုင်သော ကျော်နောင့်ကို အမေက စိတ်ရှည်သည်းခံကာ ချော့မော့နှစ်သိမ့်တတ်၏ ။ ချော့မော့မှ သည်ကောင်က ရသည် ။ နို့မို့မရ ။ သည်ကောင်က တစ်လက်ကိုင်မြင်း ။ အမေ ပြောမှ ရသည် ။ ကျွန်တော်တို့ ပြော၍မရ ။ ဆယ်တန်းကို နှစ်ခါကျပြီး ကျောင်းထွက်ရသည် ။ အပြင်က ဖြေခိုင်းလည်း မရတော့ ။ ပညာရေး တစ်ပိုင်း တစ်စဖြင့် ကျောင်းထွက်လိုက်ပြီး အလုပ်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ဖြစ်လာသည် ။



မနက်မိုးလင်း အိပ်ရာထ ၊ လက်ဖက်ရည်ဆိုင်သွား ၊ ထမင်းစားချိန်မှပြန်လာ ၊ ထမင်းစား ၊ စားပြီးတော့ထပ် ထွက် ၊ ညနေထမင်းစာချိန်ပြန်လာ ၊ ညစာစားပြီး ပြန်ထွက် ၊ အိပ်ချိန်ရောက်တော့မှ ပြန်အိပ် စသဖြင့် ဂျာအေး သူ့အမေရိုက်ဇာတ်လမ်း ဖြစ်လာတော့သည် ။



သည်တော့ အမေက တစ်မျိုး စီစဉ်ပြန်သည် ။ ကျော်နောင် ခြေငြိမ်အောင် အိမ်ထောင်ချ ပေးချင်ကြောင်း ကျွန်တော့်ကို ပြောသည် ။ ကျွန်တော်က “ အမေ အမေ့ သားကို မိန်းမ ပေးစားတာတော့ ဟုတ်ပါတယ် ၊ တော်ကြာ မိန်းမရပြီး ခြေမငြိမ်တော့မှ ပိုခက်မယ် ” ဟု ပြောတော့ ‘ ခြေငြိမ်သွားမှာပါ ’ ဟု ပြောပြီး အမေ သဘောတူသည့် မိန်းကလေးနှင့် အိမ်ထောင်ချပေးလိုက် သည် ။ တစ်အိုးတစ်အိမ် ခွဲပေးလျှင် အိမ်ထောင်သည်စိတ် ဝင်လာပြီး အလုပ် လုပ်မည်ဟု တွက်၍ အိမ်ခွဲပေးလိုက် သည် ။ သင့်တင့်လျောက်ပတ်သော ငွေကြေးပေးလိုက် သည် ။ ကျော်နောင်က အစတော့ ဟုတ်သည် ။ နောက် တော့ ခွေးမြီးကောက် ဇာတ်လမ်း ပြန်စသည် ။ တစ်စနှင့် တစ်စ အရက် ၊ လောင်းကစား ပါလာသည် ။ အရက် သောက်သည်ကို အမေသိ၍ ချော့ပြောတော့ ရှေ့တွင် ခေါင်းညိတ်၏ ။ ပြီးတော့ နောက်ကွယ်တွင် လုပ်ချင်ရာ လုပ်သည် ။ လောင်းကစားလုပ်သည်ကို အမေ မသိ ။ ကျွန်တော် က သိ၍ပြောတော့ ‘ ငါ့သားလေး ဒီလိုတော့ လုပ်မှာ မဟုတ်ပါဘူး ’ ဟု ပြန်ပြောသဖြင့် ကျွန်တော် နှုတ်ပိတ်ခဲ့ရသည် ။



ယခုလည်း ဒီကောင်ကြောင့် ပြဿနာတွေ မပေါ် သင့်ဘဲ ပေါ်ပေပြီ ။ မိသားစု စိတ်ညစ်စရာ ကြုံလာပေပြီ ။



ကျွန်တော် သက်ပြင်းချပြီး ခေါင်းခါမိ၏ ။ ဟိုး အဝေး မီးကင်းမှ သံချောင်းခေါက်သံ တစ်ချက် ကြားရပြီ ။ ထို့ကြောင့် လေသာဆောင်မှ ထကာ အိပ်ခန်းထဲသို့ ကျွန်တော်ဝင်ခဲ့သည် ။ တော်တော်နှင့် အိပ်ပျော်မည် မဟုတ် ။ အတော်ကြိုးစား၍ အိပ်ရပေဦးမည် ။



အစ်ကိုကြီးတို့ ကျွန်တော့် အိမ်ရောက်တော့ မနက် ၈ နာရီ ထိုးပေပြီ ။ အမေက မနက်အစောကြီး ကတည်းက ဥပုသ်ကျောင်း သို့ သွားပြီဖြစ်၏ ။ အစ်ကိုကြီးနှင့် အတူ သူ့ဇနီး ခင်မေခိုင် ၊ သား မောင်နိုင်သော်တို့ ပါလာ၏ ။



“ ကဲ…ဘာကိစ္စလဲ ညီလတ် ၊ အမေ ဘာဖြစ်လို့လဲ ။ အခု ဘယ်သွားလဲ ”



“ ပြောတာပေါ့ အစ်ကိုကြီးရာ ၊ အမေ ဥပုသ်စောင့် သွားတယ် ။ မပြောခင် အစ်ကိုကြီးကို ပြစရာရှိတယ် လာ ... ”



ကျွန်တော်သည် အစ်ကိုကြီးကို လက်ဆွဲကာ အမေ့ အိပ်ခန်းဆီသို့ ခေါ်ခဲ့သည် ။ အိပ်ခန်းထဲ တွင် လက်ဆွဲ အိတ်တစ်လုံးကို ခုတင်ပေါ် တင်ထား၏ ။



“ အဲဒါ အမေလက်ဆွဲအိတ် ၊ အထဲမှာ သူ့အဝတ် အစားတွေ ”



“ အမေ ဘယ်သွားမလို့လဲ ”



“ အဲဒီကိစ္စအတွက် အစ်ကိုကြီးကို ပြောပြမို့လို့ ကျွန်တော် လှမ်းခေါ်တာပဲ ။ လာ ... ဧည့်ခန်းထဲ ပြန်သွားမယ် ၊ အဲဒီမှာ ပြောမယ် ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 10:50


ကျွန်တော်သည် အစ်ကိုကြီးကို လက်ဆွဲကာ ဧည့်ခန်းထဲသို့ ပြန်ခေါ်ခဲ့သည် ။ အစ်ကိုကြီးသည် ယောင်နန ဖြင့် ပြန်ပါလာကာ ကျွန်တော်၏ အမျိုးသမီးနှင့် အစ်ကို ကြီး၏ အမျိုးသမီးကိုပါ ခေါ်လိုက်၏ ။ အစ်ကိုကြီး၏ သားနှင့် ကျွန်တော်သားမှာမူ ခြံထဲ၌ ဆင်း ကစားနေ သည် ။



ဧည့်ခန်း၌ လူစုံသောအခါ ကျွန်တော်က စကား စသည် ။



“ အဖြစ်အပျက်ကို အစအဆုံး ကျွန်တော် ပြောပြ မယ် ၊ ဒီလို အစ်ကိုကြီးရ ။ ပြဿနာက ကျော်နောင်က စတာပဲ ။ ကျော်နောင်က အရက်သောက်တယ် ။ အဲ့ဒီ အရက်သောက်တာကို အမေလည်းသိတယ် ။ အမေ သိတော့ သူ သားကိုခေါ်ပြီး အရက်မသောက်ဖို့ ၊ စီးပွား ရေးလုပ်ငန်းကို ကောင်းကောင်းလုပ်ဖို့ ၊ အစ်ကိုကြီး တွေကို နမူနာယူဖို့ ပြောပြောပြီး ပြန်လွှတ်တာ ။ ကျွန်တော်တောင် မရေတွက်နိုင်ဘူး ။ ဒီကောင်က အမေ့ ရှေ့ရောက်ရင် ကြောင်သူတော်ပဲ ။ ပြောသမျှ အကုန်နား ထောင်တယ် ။ ခေါင်းညိတ်တာလည်း ပုတ်သင်က အရှုံး ပေးရလောက်တယ် ။ ပြီးသွားရင် ခွေးမြီးကောက် ဇာတ် လမ်းပဲ ။



“ အရက်သောက်တာ အမေသိပေမယ့် ဒီကောင် လောင်းကစားလုပ်တာ အမေမသိဘူး ။ မသိဘူးဆိုတာ ထက် မယုံဘူးလို့ ပြောရမှာ ။ ကျွန်တော်ပြောပြပေမယ့် သူက မယုံဘူး ။ ဒီတော့ ကျွန်တော်လည်း ဘာမှမပြော တတ်ဘူး ။ အလုပ်လုပ်လိုက် ၊ အရှုံးပေါ်တာလို့ လာပြော လိုက် ၊ ပြန်သွားလိုက် ၊ အလုပ်အကြောင်း အယောင်ပြ လိုက် ၊ ရှုံးတယ်လို့ပြောလိုက် ၊ အမေက ငွေထပ်ပေး လိုက်နဲ့ နှစ်ကြိမ် သုံးကြိမ် ဖြစ်လာတယ် ။ ဒီတော့ တစ်နေ့မှာ ကျွန်တော်က အမေ အမေ သား သိပ် မဟုတ်ဘူး ။ အလုပ်လုပ်တာ ရှုံးချည်းပဲနေတယ် ဆိုတာ မဟုတ်သေးဘူး ။ သူ့လုပ်ငန်းကို နည်းနည်း စစ်ကြည့်ရင် ကောင်းမလားပဲလို့ ကျွန်တော်ကပြောတယ် ။ ဒီတော့ အမေက သူတကယ်ရှုံးလို့ ရှုံးတယ်လို့ ပြောတာ ဖြစ်မှာ ပါလို့ ပြန်ပြောတယ် ။ အမေ့ရဲ့ ပုံပန်းသဏ္ဌာန် အေးတိ အေးစက်ပဲ ။ ဒါကို ကျွန်တော်က သိပ်သဘော မကျဘူး ။ ဟာ .. အမေကလည်း တစ်ခါဆို မဟုတ်သေး ၊ အခု နှစ်ခါ သုံးခါတောင် ရှိပြီ ။ ကြာရင် အမေရှာထားတဲ့ ပစ္စည်းတွေကုန်မယ်လို့ ကျွန်တော်က ထပ်ပြောတယ် ။ အဲဒီတော့မှ အမေက စိတ်ဆိုးမာန်ဆိုးပုံစံနဲ့ ဒီမှာ ကျော်ခေါင် ငါ့သားဖြုန်းတီးလို့ ငါ့ပစ္စည်းကုန်တာ ဘာဖြစ် သေးလဲ ၊ နင်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြန်ပြောတော့ ကျွန်တော် ငြိမ်နေလိုက်ရတယ် ။



“ ဒီအကြောင်းတွေကို အစ်ကိုကြီးကို ကျွန်တော် မပြောခဲ့ဘူး ၊ တစ်ရပ်တစ်ရွာမှာ စိတ်ဆင်းရဲမှာစိုးလို့ ကျွန်တော် တစ်ယောက် တည်း ကြိတ်မှိတ်ခံခဲ့တယ် ”



“ အဲ ... ပြဿနာက တစ်နေ့ကစတာပဲ ။ တစ်နေ့က ဖဲဝိုင်းတစ်ဝိုင်းမှာ ကျော်နောင် ဓားထိုးခံရတယ် ။ ဒဏ်ရာက မပြင်းပါဘူး ၊ လက်မောင်းကို ရှပ်ထိတာပါ ။ ဖြစ်ပုံက သူတို့ဖဲကစားတယ် ၊ ထုံးစံအတိုင်း သူပဲ ရှုံးတယ်တဲ့ ။ ရှုံးတော့ ရှုံးမဲမဲပြီး ထပ်ရိုက်တယ် ၊ ထပ်ရှုံးတယ်တဲ့ ။ အဲဒီအချိန်မှာ ဘေးလူ တစ်ယောက်က သူ့ကို မခံချင် အောင် ပြောတယ်တဲ့ ။ ဒီတော့ သူက လက်သီးနဲ့ လှမ်း ထိုးတယ်တဲ့ ။ အဲဒီလူက သူ့ကို ဓားနဲ့ပြန်ထိုးတယ် ။ သူ့ကို ရှပ်ထိတယ် ။



“ အဲဒီအဖြစ်အပျက်ကို အိမ်လာပြီး အကြောင်းကြား တယ် ။ အမေလည်းရှိတယ် ။ ဒီတော့ ကျွန်တော်က စိတ် မထိန်းနိုင်ဘဲ လာအကြောင်းကြားတဲ့ လူကို ဟေ့ ... ဒီမှာ ကိုမြသန်း ဒီကောင့် အကြောင်း ကျုပ် လာမပြောနဲ့ဗျာ ၊ သူ့ဘာသာသူဘာဖြစ်ဖြစ် သေသွားအေးတာပေါ့လို့ ပြော လိုက်တော့ အမေက ထိုင်နေရာက ငေါက်ခနဲ ထပြီး ကိုမြသန်း နဲ့ လိုက်သွားတယ် ။ ကျွန်တော်က စိတ်ဆိုးနေ တော့ လိုက်မသွားဘူး ။ ဒါပေမဲ့ ခင်လေးကိုတော့ အမေ့ နောက်လိုက်သွားဖို့ မေးငေါ့လိုက်တယ် ။ ခင်လေးလည်း သူ့ယောက္ခမနောက် လိုက်သွားတယ် ။



ပြန်လာတော့ ဘာမှမပြောကြဘူး ။ ကျွန်တော် လည်း အကြောင်းအကျိုး ပြန်မမေးဘူး ။ အဲ .. နောက် တစ်နေ့ နေ့လယ် မနေ့ကပေါ့ ။ ကျွန်တော့်ကို အမေက သူ့အိပ်ခန်း ထဲခေါ်ပြီး ကျော်ခေါင် မနက်ဖြန် ဥပုသ်စောင့် ပြီးရင် သန်ဘက်ခါ ကျော်နောင်တို့ အိမ်ကို ငါပြောင်း နေတော့မယ်လို့ ပြောတော့တာပဲ ။ ကျွန်တော့်ကို စိတ်ဆိုး လို့လားလို့ မေးတယ် ။ ဒီတော့ အမေက စိတ်မဆိုးပါဘူး သားရယ် ။ အမေ ပြောင်းနေမှ ဖြစ်မှာမို့ပါလို့ပြောပြီး ကျွန်တော့်ကို သူ့ အိပ်ခန်းထဲက ထွက်သွားဖို့ ပြောတော့ တာပဲ အစ်ကိုကြီးရ ”



“ အေးကွာ … အမေက ဘာစိတ်ကူးပေါက်သလဲ မသိဘူး ၊ မင်းကိုကော စိတ်ဆိုးတဲ့ အမူအရာတွေ ပြသေး လား ”



“ မပြဘူး အစ်ကိုကြီးရ ၊ ခါတိုင်းလိုပါပဲ ”



“ ဒါဆိုလည်း ခိုင်တို့ဆီကို ခေါ်ထားရင် မကောင်း ဘူးလား ကိုကို ”



“ လွယ်တော့ မလွယ်ဘူးထင်တယ်ခိုင် ၊ အမေက သိပ်ခေါင်းမာတာ ။ ဆုံးဖြတ်ချက် တစ်ခု ချပြီးရင် ပြင်လေ့ မရှိတာ အမေ့အကျင့်ပဲ ။ အေးလေ ... မနက်ဖြန်မှ ကြည့် ပြောကြတာပေါ့ ညီလတ်ရာ ”



ကျွန်တော်တို့ ညီအစ်ကို မိသားစု နှုတ်ဆိတ် သွား၏ ။ ဧည့်ခန်းထဲတွင် ကျောက်ရုပ်များနှယ်တည်း ။



× ×× × × × × × ×



ဧည့်ခန်းထဲတွင် မိသားစု စုံ၏ ။ ထုံးစံအတိုင်း ကျော်နောင် တော့ မပါ ။



“ ကဲ .. သားကြီးက အမေ့ ကို ဘာပြောချင်သလဲ ပြောလေ ”



“ ဒီလိုပါ အမေ ၊ မနေ့က ညီလတ်ပြောပြလို့ အကြောင်းစုံ သိပြီးပါပြီ ။ ကျော်နောင်ဆီမှာ အမေ သွားနေမယ် ဆိုတာ ”



“ အေး ... ဟုတ်တယ် ”



“ အမေရာ … ညီလေး ဆီတော့ သွားမနေပါနဲ့ ၊ သားတို့နဲ့ လိုက်နေချင်နေပါ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 10:50


“ ဟုတ်ပါတယ် အမေ ၊ သမီးတို့နဲ့ လိုက်နေပါ ”



ခင်မေခိုင်က ဝင်ပြောသည် ။



“ မဖြစ်ပါဘူး…သားတို့ ၊ သမီးတို့ရယ် ”



“ အမေက သားကို စိတ်ဆိုးလို့လား ၊ သားလည်း ရုတ်တရက် ဆိုတော့ စိတ်လိုက်မာန်ပါ ပြောလိုက်မိ တာပါ ”



ကျွန်တော်က ချည့်နဲ့သော လေသံဖြင့် ပြောလိုက် သည် ။



“ ဒီမှာသား အမေဆိုတာ သားတို့ ၊ သမီးတို့အပေါ် မှာ စိတ်ဆိုးရိုးထုံးစံ မရှိခဲ့ဘူး သိလား ။ ပဒကုသလ ဇာတ်မှာ အဿမုခိ ဘီလူးမဟာ သူ့ကို ရင်ကွဲနာကျသေ အောင် ပစ်ခွာသွားတဲ့ သားကို အသက်မွေးမှု ပညာ မပါဘဲ လူ့ လောကထဲသွားရင် ဆင်းရဲဒုက္ခ တွေ့ မှာစိုးလို့ မိခင် မေတ္တာနဲ့ စိန္တာမဏိဂါထာ ကို သင်ပေးခဲ့တယ်မဟုတ်လား ။ အဲဒါ အမေတွေရဲ့ စိတ်ထားပါသား ”



“ သားတို့နဲ့ပဲ ဆက်နေပါ အမေရာ ။ အမေ စိတ် ချမ်းသာအောင် သားတို့ထားပါ့မယ် ။ ကျော်နောင့်ဆီ အမေ သွားနေရင် အမေ ဒုက္ခရောက်မှာပေါ့ ”



“ ဒီ ဒုက္ခ တွေလောက်တော့ အမေ မမှုပါဘူး သားရယ် ၊ ကဲ ... အမေ ဘာကြောင့် ကျော်နောင်နဲ့ သွား နေတော့မယ်လို့ ဆုံးဖြတ်ရတဲ့ အကြောင်း သားတို့ကို ပြောပြမယ် နားထောင် ။



“ သားကြီးနဲ့ သားလတ်တို့ ပညာသင်ကြားရတဲ့ ဘဝတုန်းက အမေဟာ ပညာကို တွန်းတွန်းထိုးထိုး နဲ့ သင်ခိုင်းခဲ့တယ် ။ ဂရုတစိုက် စောင့်ကြပ်နိုင်ခဲ့တယ် ။ အမေတို့ စီးပွားရေး ကောင်းလာတော့ သားကြီးနဲ့ သားလတ် တို့က ဆင်ခြင်တုံတရား ရှိပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်နေပြီ ။ ဒါပေမဲ့ သားငယ် ကျော်နောင် ကတော့ သူ့ကိုယ်သူ မထိန်းသိမ်းတတ်သေးဘူး ။ ဒီတော့ စီးပွားရေးကို တစိုက်မတ်မတ် ဆောင်ရွက် နေရတဲ့ အမေ သားငယ်ကျော်နောင်ရဲ့ ပညာရေးကို မကြပ်မတ် နိုင်ဘူး ။ လျစ်လျူရှု လာတာတွေ များတယ် ။ ဒီတော့ သားငယ် စိတ်လေလာပြီး ပညာရေးကို စိတ်မဝင်စား တော့ဘူး ။ ဒါကြောင့် ပညာရေးဆုံးရှုံးခဲ့ရတယ် ။ ဒါဟာ အမေ့ရဲ့ ပထမဆုံး အားနည်းချက် အမှား ၊ ဒီအမှားက ဘာကို ဖြစ်စေသလဲဆိုတော့ သားငယ်ကို လမ်းမှားဆီကို တွန်းပို့သလို ဖြစ်နေတယ် ။



“ တစ်ခါ ကျော်နောင် ဒီလို ဖရိုဖရဲ ဖြစ်နေတာဟာ လွတ်လပ်လို့လို့ အမေထင်ပြီး သူ့ကို အိမ်ထောင်ရက် သားချပေးလိုက်တယ် ။ အဓိကက ခြေငြိမ်သွားပြီး စီးပွားရေးကို စိတ်ဝင်စားအောင် လုပ်တာပဲ ။ ငွေကို လက်ထဲ ထည့်ပေးလိုက်တော့ ပိုဆိုးတာပဲ ။ အဲဒါက ဒုတိယ အားနည်းချက် အမှား ... ”



“ တစ်ခါတုန်းက သားလတ်ကို အမေပြောခဲ့တာ မှတ်မိသေးလား ၊ သားလတ်က “ အမေရှာထားတဲ့ ပစ္စည်းတွေကုန်မယ် ” လို့ပြောတော့ အမေက စိတ်ဆိုး မာန်ဆိုးနဲ့ ဒီမှာကျော်ခေါင် ငါ့သား ဖြုန်းတီးလို့ ငါ့ပစ္စည်း ကုန်တာ ဘာဖြစ်သေးလဲ ၊ နင်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောခဲ့တာလေ ။ အဲဒီအချိန်ကတည်းက သားငယ် ကျော်နောင့် အခြေအနေကို အမေ ရင်လေးနေမိတာ ။ သားလတ် ဘာမှ ပြန်မပြောရဲအောင် အမေက ပိတ်ပြော လိုက်တာ ။ အဲဒီ ကတည်းက ကျော်နောင် နဲ့ အတူ သွား နေရင် ကောင်းမယ်လို့ အမေတွေးတယ် ။ အခုမှပဲ ဆုံးဖြတ်ချက်ချတာ ”



“ ဒီမှာ သားတို့ လူနာနှစ်ယောက် ရှိတယ်ဆိုပါ တော့ ။ တစ်ယောက်သော လူနာကို ဆရာဝန်က ကုသလို့ ပျောက်သွားတယ် ။ လူနာ တစ်ယောက်ကတော့ ရောဂါကြီးလို့ ကုတုန်းသတုန်း ဆိုပါစို့ ။ အဲဒီလူနာ နှစ်ယောက် အနက် ဆရာဝန်က ဘယ်သူ့ကို ပိုဂရုစိုက်မလဲ ။ ကြပ် မတ်မလဲ စဉ်းစားကြည့်စမ်း ။ ဆရာဝန်ဖြစ်တဲ့ သားကြီးက ပိုသိမှာပေါ့ ။ ဒီလိုပါပဲ သားကြီးနဲ့ သားလတ်မှာ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေ ၊ ရင့်ကျက်တဲ့အတွေ့ အကြုံ တွေ ၊ မှန်ကန်တဲ့ တွေးခေါ်မြော်မြင်တဲ့ တရားတွေရှိတယ် ။ အဲဒီသားတွေက မိမိရဲ့ သိက္ခာ ၊ အတွေ့အကြုံ ၊ တွေးခေါ် မြော်မြင်မှုတရားတွေကို စတေးခံပြီး မသင့်လျော်တဲ့ အလုပ်ကို လုပ်မလား ။ ဒီတော့ အမေက စိတ်ချတယ် ။ ဟိုအငယ်ကောင် ကျော်နောင် ဘာတရားမှ မရှိဘူး ၊ မသိဘူး ။ အဲဒီကောင်ကို အမေစိတ်မချဘူး ။ သူ့ကို ဂရုစိုက်ရလိမ့်မယ် သားတို့ ”



အမေ့ အသံက လေးလေး မှန်မှန် ထွက်ပေါ်နေသည် ။ ကျွန်တော်တို့ ငြိမ်၍ နား ထောင်နေ၏ ။



“ ကျွန်တော်တို့က ဂရုမစိုက်ရဘူး မပြောပါဘူး ၊ ဂရုစိုက်ပါ ။ ဒါဆို ဒီလို လုပ်ပါလား ၊ ညီလေးကို ကျွန်တော်တို့နဲ့ ခေါ်ထား .. ”



“ အဲဒါက ပိုတောင် မဖြစ်သေးတယ် သားလတ်ရဲ့ ။ ‘ အသေဝနာစ ဗာလာနံ ’ လူမိုက်နဲ့ မပေါင်းသင်းရတဲ့ မင်းတို့နဲ့အတူနေရင် မင်းတို့ပါ အကျိုးယုတ်တော့ မပေါ့ ။ အရက်သမား ၊ လောင်းကစားသမား ဘယ်လာစိတ်ချရ မလဲ ။ အမေကကော့ တောင်းစုတ် ပလုံးစုတ်ကိုသာ ပစ်ရိုးထုံးစံရှိတယ် ။ သားဆိုး သမီးဆိုး ကိုတော့ ဘယ် တော့မှ ပစ်နိုင်ပါ့လဲ ။ အနီးကပ် သွန်သင်ဆုံးမ ရမှာပေါ့ ကွယ် ”



“ အမေ့သားက ဘယ်တော့ လိမ္မာမလဲ ၊ အမေဒုက္ခ ရောက်တာ အဖတ်တင်မယ် ”



“ သားကြီး ပြောတာ မှန်ပါတယ် ။ လူမိုက်ကို လိမ္မာဖို့ သိမ်းသွင်းရတယ် ဆိုတာ ကျောက်ခဲ ရေညှစ်သလို အလဟဿ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ သား ကြီးရယ် အမေ ငယ်ငယ်က လူကြီးသူမတွေ ပြောလို့ မှတ်သားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ် ။ ဟို ရှေးရှေးတုန်းက ဂင်္ဂါမြစ်ရဲ့ ဘေး သစ်ပင်ကြီးတစ်ပင် မှာ ရှဉ့်တွေနေထိုင်ကြသတဲ့ ။ အဲဒီရှဉ့်အုပ်မှာ ရှဉ့်သားအမိ နှစ်ကောင် ရှိတယ် ။ တစ်နေ့တော့ ရှဉ့်သားငယ်ကလေး ဟာ သစ်ပင်ကြီးရဲ့မြစ်ဘက်ကို ထွက်နေသတဲ့ ။ သစ်ကိုင်းပေါ်မှာ ကစားရင်း ဂင်္ဂါမြစ်ထဲကို မတော်တဆ လွင့်စဉ် ကျသွားပါလေရော ။ ဒီတော့ ရှဉ့်အမေကြီးဟာ သူ့သားလေးကို ကယ်ဖို့

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 10:50


ကြိုးစားသတဲ့ ။ ဒါပေမဲ့ ဘယ်ရှဉ့်ကမှ ရေထဲကို ဆင်းမဆယ်ရဲဘူး ။ ရှဉ့်သားကလေးဟာ ရေစီးနဲ့မျောပါသွားတာ တဖြည်းဖြည်း အဝေးကို ရောက် သွားသတဲ့ ”



“ ကြံရာမရတဲ့ နောက်ဆုံးမှာ ရှဉ့်အမေကြီးဟာ ကပျာကယာ ဂင်္ဂါမြစ်စပ် ကိုဆင်း သူ့အမြီးကို ရေထဲ နှစ်လိုက် ၊ ကုန်းပေါ်မှာ ချလိုက် ၊ တစ်ခါ ရေထဲနှစ်လိုက် ၊ ကုန်းပေါ်ခါချလိုက်နဲ့ အကြိမ်ကြိမ် ပြုလုပ်သတဲ့ ။ အဲဒါကိုမြင်တဲ့ တခြားရှဉ့်တွေက ဟဲ့ ... ရှဉ့်မ မိုက်မဲလှ ချည့်လား ၊ နင့်သားလည်း ရေထဲ မျောပါသွားပြီ ။ နင် ဒီလို အမြီးကို ရေမှာနှစ်ပြီး ကုန်းပေါ်မှာ ရေခါချရုံနဲ့ ဂင်္ဂါမြစ်ကြီးထဲက ရေကုန်ခန်းသွားမှာလား ။ နင့်သား ကော အသက် ပြန်ရှင်လာပါ့မလား ။ မိုက်မဲလှချည့်လား လို့ အပြစ်တင်ကြသတဲ့ ။ ဒီတော့ ရှဉ့်မက သူ့ကို ဝိုင်းဝန်းအပြစ်တင်တဲ့ ရှဉ့်တွေကို ဒီမှာ ငါ့အမြီးနဲ့ ရေထဲမှာ နှစ်ပြီး ကုန်းပေါ် မှာ ခါချရုံနဲ့ ဂင်္ဂါမြစ်ကြီး ထဲက ရေတွေ မကုန်မှန်းလည်း ငါသိတယ် ။ ငါ့သားငယ် အသက်ပြန် ရှင်မှာ မဟုတ်ဘူး ဆိုတာလည်း ငါသိတယ် ။ ဒီလိုလုပ် လိုက်တာ အချည်းအနှီးပဲ ဆိုတာလည်း ငါသိတယ် ။ ဒါပေမဲ့ ငါဟာ အမေ ငါ့ရဲ့ပေါ့ဆမှုကြောင့် ငါ့သား အသက်ဆုံးရှုံး ရတယ် ။ ငါ့မှာ တာဝန်ရှိတယ် ။ ငါဟာ အမေတို့ရဲ့တာဝန်ကို ထမ်းဆောင်နေတာလို့ ပြန်ပြော လိုက်တယ်တဲ့ ။ အခုလည်း ကျော်နောင် ဟာ အမေရဲ့ တာဝန် လစ်ဟင်းမှု ၊ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် မဖြစ်သင့်တာ ဖြစ်ပြီ ။ သူ လိမ္မာမယ် ဆက်ပြီး မိုက်မယ် ဆိုတာ အမေ မသိဘူး ။ ဒါပေမဲ့ အမေတို့ရဲ့ တာဝန် ဝတ္တရားအရ သူ့ကိုတော့ အနီးကပ် သွန်သင်ရမယ် ၊ ဆုံးမရမယ် ။ ဒါကြောင့် အမေ့ ကို ကျော်နောင့် ဆီပို့ပေး ကြပါ ”



အမေ့ နှုတ်မှ ပြတ်သားသော စကားကို ဆိုချေပြီ ။ ကျွန်တော် လည်း ဆက်ပြော၍ ရမည် မဟုတ်တော့ ။ ထို့ကြောင့် ညီလေး ကျော်နောင် ဆီသို့ အမေ့ကို ပို့ရန် ကျွန်တော်တို့ စီစဉ်ရပါတော့သည် ။



( ကွယ်လွန်သွားသော မေမေသို့ အမှတ်တရ )



⊙မောင်သင်းလှိုင် ( ပန်းတနော် )



ရွှေအောင်လံ မဂ္ဂဇင်း

၁၉၉၉ ၊ ဇွန်လ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 10:50


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Thursday, November 7, 2024
ဂန္ထဝင်လမင်း၏ ချစ်ခြင်းဖွဲ့အလင်္ကာ
༻ဂန္ထဝင်လမင်း၏ ချစ်ခြင်းဖွဲ့အလင်္ကာ༺

⊙ မောင်သင်းလှိုင် ( ပန်းတနော် )



လေသာပြတင်းမှတစ်ဆင့် ညဉ့်၏ ပုံရိပ်ကို တစိမ့်စိမ့်ကြည့်ကာ ကျွန်တော် ကြည်နူးနေကျ ၊ ခံစား နေကျ ဖြစ်သည် ။ တစ်ခါတစ်ရံ သားငယ်ကို ဘေးနား တွင်ခေါ်ကာ ကြယ်ကလေးများအကြောင်း ပြောပြနေ တတ်သည် ။ ဖိုးလနတ်သားပုံပြင်ကို ပြောပြနေတတ် သည် ။ ယခုတော့ မကြည်နူးနိုင် ၊ ရယ်ဝယ် မချမ်းမြေ့ နိုင်တော့ပါ ။ နေ့လယ်က အမေ၏ ခြွေဟသော စကား ကြောင့် ပင်ပန်းနွမ်းနယ်နေသည် ။ အမေ့စကားကြောင့် ကျွန်တော့်ရင်သည် တင်းကျပ်နေသည် ။ လှိုက်မောနေသည် ။



အမေသည် သူ၏ ဆုံးဖြတ်ချက်ကို လွယ်လွယ်နှင့် ပြောခဲ့သည် မဟုတ် ။



စိတ်ဓာတ်ခိုင်မာသလို ဆုံးဖြတ်ချက်က ပြတ်သား၏ ။ သူ၏ ဆုံးဖြတ်ချက် ၊ ယုံကြည်ချက်ကို မည်သို့ပင် ဖြား ယောင်းသွေးဆောင်စေကာမူ ပြောင်းလဲလိမ့်မည် မဟုတ် ။ အမေ့ အကြောင်းကို သူမ၏ ဝမ်းကြာတိုက်မှ မွေးဖွား သန့်စင်သော ကျွန်တော်က ပိုသိသည် ။



ကျွန်တော်၏ ရင်တွင်းမှ အစတည်ကာ နွေးထွေး သည့်သက်ပြင်းတို့ နှာဖျားမှ တစ်ဆင့် အေးစက်သည့် လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်မှာ မရေ မတွက်နိုင်တော့ ။ စဉ်းစားရလွန်း သဖြင့် ခေါင်းမှာလည်း တေဝေ နေလေပြီ ။



ကျွန်တော် စဉ်းစားနေခိုက် ကျွန်တော့်ဦးနှောက် ထဲသို့ အလင်းတန်း တစ်ချက် ဝင်လာသည် ။ ထိုအလင်း တန်းကား အစ်ကိုကြီး ကိုကျော်မောင်ဖြစ်၏ ။ ဟုတ်ပါသည် ။ ကျွန်တော်၏ အစ်ကိုအကြီးဆုံး ။ အစ်ကိုကြီးကို သတိရလိုက်မိမှ ကျွန်တော်၏စိတ်တို့သည် အနည်းငယ် ပေါ့ပါးသယောင် ထင်မိသည် ။ ထို့ကြောင့် တယ်လီဖုန်း ရှိရာ အောက်ထပ်သို့ ကျွန်တော် ဆင်းခဲ့သည် ။ တယ်လီဖုန်း ကို မကာ ဂဏန်းတုံးကလေးများကို နှိပ်ချလိုက်သည် ။ တစ်ဖက်မှ လူခေါ်ခေါင်းလောင်းသံကို ကြားနေ ရသည် ။ ခဏအကြာတွင် တယ်လီဖုန်းကိုင်သံ ကြား ရပြီး ...



ဟဲလို ... အမိန့်ရှိပါရှင် ဟူသော အစ်ကိုကြီး ၏ ဇနီး ခင်မေခိုင်၏ အသံကို ကြားလိုက်ရသည် ။



“ ဟဲလို … မမ ”



“ ကျွန်တော် ကျော်ခေါင်ပါ ”



“ ဪ …. မောင်ကျော်ခေါင် လား ၊ ညဉ့်နက်နေမှပဲ ဘာများ အရေးတကြီး ကိစ္စရှိလို့လဲ ”



“ အစ်ကိုကြီးရှိလား မမ …အစ်ကိုကြီးနဲ့ စကားပြော ချင်လို့ပါ ”



“ အေး .. ရှိတယ် ၊ ကိုင်ထားနော် ။ မမ ခေါ်လိုက်ဦး မယ် ။ ကိုကိုရေ မောင်ကျော်ခေါင် ဖုန်းဆက်တယ် ”



ခဏ အကြာတွင် အစ်ကိုကြီး၏ အသံကို ကြားရသည် ။



“ ဟဲလို .. ညီလတ်လားဟေ့ ၊ ဘာအရေးကြီးလို့လဲ ညကြီးမင်းကြီးကွာ ”



“ အင်း ... အရေးကြီးတယ် အစ်ကိုကြီး ၊ အမေ့ ကိစ္စပါ ”



“ အမေ ... အမေ ဘာဖြစ်လို့လဲကွ ။ နေမကောင်းဘူးလား ”



“ နေကောင်းပါတယ် အစ်ကိုကြီး ။ ပြဿနာ တစ်ခု ဖြစ်နေတယ် ။ အင်း .. ဖုန်းထဲက ပြောရတာ မကောင်းဘူး ။ မနက်ဖြန် တနင်္ဂနွေနေ့ ဆိုတော့ အစ်ကိုကြီး ဂျူတီအော့ ( Duty Off ) မဟုတ်လား ။ အဲ့ဒါ အိမ်ကို မနက်စောစော ရောက်အောင် လာခဲ့ပါလား ။ မိသားစုတွေပါ ခေါ်လာခဲ့ နော် ”



“ အေး…ကောင်းပြီ လာခဲ့မယ် ။ ဖုန်းချ လိုက်တော့ မယ်နော် ”



“ ဟုတ်ကဲ့ .. ဟုတ်ကဲ့ ”



အစ်ကိုကြီး ဆီမှ ဖုန်းချသံ ကြားရ၏ ။ သည်တော့မှ ကျွန်တော် ဖုန်းချ လိုက်သည် ။ ညဉ့်တစ်ဆယ့်နှစ်နာရီမို့ ပတ်ဝန်းကျင် က တိတ်ဆိတ်နေသည် ။ ကျွန်တော်သည် အပေါ်ထပ် လေသာဆောင်သို့ ပြန်တက်ခဲ့သည် ။ စောစောကထိုင်သော ကု,လားထိုင်တွင် ပြန်ထိုင် လိုက်၏ ။ ကျွန်တော်သည် သက်ပြင်းတစ်ခုကို လေးတွဲ စွာချလိုက်၏ ။ ပြီးမှ မျက်စိမှေးမှိတ်ကာ အတိတ်ဘဝ ဆီသို့ အတွေး ကို ပို့လိုက်သည် ။



× ×× × × × × × ×



သည်ရပ်ကွက်ထဲတွင် ဦးသာအောင် ဒေါ်စောမြတို့ မိသားစုကို မသိသူမရှိ ။ စကားပြောတတ်ခါစကလေးမှ သည် အသက်အရွယ် အိုမင်း နေသည့် လူကြီးပိုင်း အထိ သိကြသည် ။ မသိ ခံနိုင်ရိုးလား အဖေသည် သည် ရပ်ကွက်ထဲက မူလတန်းကျောင်း ကျောင်းအုပ်ကြီး တစ်ယောက် ဖြစ်သောကြောင့်တည်း ။ အဖေ့ကျောင်းမှ ထွက်သွားသော ကျောင်းသား အပေါင်းကား မနည်း တော့ ။ အချို့က အရာရှိကြီး ၊ တချို့မူ သာမန် အမှုထမ်း လက်လုပ်လက်စားများ ၊ ချမ်းသာကြွယ်ဝသူများ စသဖြင့် လောကဓံကို ကြုံသလို ကျသလို ခုခံချေပရင်း လောက သံသရာတွင် လည်ပတ်နေကြသည် ။ ကျောင်းမှထွက် သွားသော ကျောင်းသားများ၏ ဘဝက အဖုံဖုံ ပြောင်းလဲ သွားသော်လည်း ဇာတ်သရုပ်ကို အစဖော် ပေးသော က အဖေကား ပြောင်းလဲမှုမရှိ ။ ‘ တွံတေးသိန်းတန် ’ ၏ ရွာကျောင်းက ခေါင်းလောင်း နှင့်မခြား ။



အဖေက အနေအေးသည် ။ ကျောင်းဆရာ ပီသစွာ သူ့ ကျောင်းအလုပ် ၊ သူ့ ကျောင်းသားများအလုပ်နှင့်သာ ပျော်မွေ့ သည် ။ တခြား ဘာကိုမှ စိတ်ဝင်စားမှု မရှိ ။ မနက် ကျောင်းတက်ချိန်မတိုင်မီ နံနက် ၈ နာရီလောက် ကျောင်းသို့ရောက်ပြီး ညနေ ၅ နာရီလောက်မှ အိမ်ပြန် တတ်သည် ။ အိမ်ပြန်ရောက်သည်နှင့် အမေချပေးသော အစားအစာများကို စားသောက်ကာ စာဖတ် နေတတ်သည် ။ ရပ်ရေးရွာရေးကိစ္စများ ပေါ်ပေါက်လာလျှင် ရပ်ကွက်ထဲသို့ သွားတတ်ပြီး မရှိပါက စောစောအိပ်ရာ ဝင်တတ်သည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 10:50


လူလတ်ပိုင်း ရောက်မှ အိမ်ထောင်ပြုခဲ့ကြသော အဖေနှင့်အမေတို့တွင် အစ်ကိုကြီး ကိုကျော်မောင် ၊ ကျွန်တော် ကျော်ခေါင် ၊ ညီလေး ကျော်နောင် တို့ကို မွေး ခဲ့သည် ။ ကျွန်တော်နှင့် အစ်ကိုကြီးက နှစ်နှစ် ခြားသော် လည်း ကျော်နောင်နှင့် ကျွန်တော်မှာမူ ခြောက်နှစ်လောက် ခြားသည် ။ ကျွန်တော်တို့ကို မွေးခဲ့သော်လည်း အဖေ သည် ကျောင်းဆရာ အလုပ်ကိုသာ လုပ်ခဲ့ပြီး မည်သည့် စီးပွားရေးကိုမျှ မလုပ်ခဲ့ ။ လုပ်စရာလည်းမလို ။ ဟိုခေတ် ဟိုအခါက အဖေ၏ မူလတန်းကျောင်းအုပ် လစာသည် ကျွန်တော်တို့ မိသားစု ငါးယောက် အတွက် မပိုသော် လည်း မလောက်မငတော့ မဖြစ်ခဲ့ ။



အဖေ၏ ဆန္ဒအရ အမေ လည်း ဘာအလုပ်မှ မလုပ်ရ ။ စင်စစ် အပျိုဘဝတုန်းက အိမ်မှုကိစ္စ အဝဝကို သာ လုပ်ကိုင်ခဲ့သော အမေသည် အဖေနှင့် အကြောင်း ပါပြန်တော့လည်း ဘာမှမလုပ်ရသဖြင့် စီးပွားရေး လုပ်ငန်း ဘာမှ မလုပ်တတ် ။



သည်လိုနေလာရင်း အဖေ အသက်ငါးဆယ်ပြည့် သောနှစ်တွင် ကျွန်တော်တို့ မိသားစု ကြမ္မာရိုင်းနှင့် ကြုံတော့သည် ။ အဖေ ရုတ်တရက် ကွယ်လွန်သွားသော ကြောင့်တည်း ။ အဖေ ကွယ်လွန်သွားတော့ ကျွန်တော်တို့ မိသားစုသည် သောင်ပြင်လွှတ်သည့်ငှက်လို ဖြစ်တော့ သည် ။



အဖေရက်လည်ပြီးသောနေ့မှာပင် ကျွန်တော်တို့ မိသားစု ဘဝသည် တစ်ဆစ်ချိုး ပြောင်းတော့သည် ။



အဖေ၏ တပည့် တစ်ယောက်က အကြံဉာဏ် ပေးသဖြင့် အမေသည် ဈေးတောင်း ခေါင်းပေါ်တင်ကာ ဟင်းရွက်သည် ဘဝကို ခံယူရတော့သည် ။ မနက်စောစော ဟင်းရွက်ဖောက်သည် ပေးသော ယာခင်းများ ဆီသို့ အစ်ကို ကြီးနှင့်အတူ ဖောက်သည် သွားယူရသည် ။ အမေတို့ ယာတောသို့ ဟင်းရွက် ဖောက်သည်ယူ ထွက်သွားချိန် တွင် ကျွန်တော်က ထမင်းအိုး တည်ရသည် ။ ဟင်းရွက် ဖောက်သည် ယူပြီးသောအခါ ဈေးတောင်း ခေါင်းပေါ် တင်၍ ဈေးဆီသို့ ပြေးရောင်းရသည် ။



ရောင်း၍ရသော ငွေကြေးကလေးဖြင့် မီးဖိုဆောင် အသုံးအဆောင်များ ဝယ်ရသည် ။ အိမ်ရောက်တော့မှ ဟင်းလျာအတွက် စီမံချက်ပြုတ်ရသည် ။ ဟင်းချက်ပြုတ် ပြီးသောအခါ ကျွန်တော် ကြိုတင်ချက်ထားသော ထမင်း ကို မိသားစုဝိုင်းဖွဲ့ စားသောက်ကြရသည် ။ စားသောက် ပြီးသောအခါ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် လွယ်အိတ် ကိုယ်စီလွယ်ကာ ကျောင်းသို့ အပြေးတက် ရသည် ။ ကျောင်း မနေတတ်သေးသော ကျော်နောင်နှင့် အမေက အိမ်တွင် ကျန်ခဲ့၏ ။ ကျောင်းသို့ ရောက်တိုင်း အဖေ့ကို လွမ်းသဖြင့် မျက်ရည်ကျရသည်မှာ မရေတွက် နိုင်တော့ ။



အဖေဆုံးပါးသွားသော်လည်း အမေသည် ကျွန် တော်တို့၏ ပညာ သင်ကြားရေးကို မထိခိုက်စေရ ။ ကျားကုတ်ကျားခဲ ဖြင့် ကျောင်းထားပေးသည် ။ အဖေ ဖြစ်စေချင်သော ပညာတတ်ကြီးများဖြစ်စေရန် ပညာရေး ကို အားပေးသည် ။ အမေသည် မနက်ဘက်တွင် ဟင်း ရွက်ရောင်းကာ နေ့လယ်ဘက်တွင် အင်္ကျီကြယ်တံတပ် သည် ။ ညနေဘက်ရောက်ပြန်တော့ ဟင်းရွက်ရောင်း ထွက်ရ ပြန်သည် ။ အမေတွင် နားချိန်ဟူ၍မရှိ ။ အိမ်မှု ကိစ္စမှန်သမျှကို နေ့လယ်ဘက် ကြယ်တပ်ရင်း လုပ် ကိုင်၏ ။ အဖေ သက်ရှိထင်ရှားရှိစဉ်က အလုပ်မလုပ် ခဲ့ရသော အမေသည် ယခုတော့ ပင်ပန်းလေစွ ။ ကျွန် တော်တို့ကိုမူ ကျောင်းစာ မှလွဲ၍ မည်မည်ရရ ဘာမှ မခိုင်း ။



“ မင်းတို့ကို ပညာအမွေ ကလွဲပြီး အမေ ဘာမှမပေး နိုင်ဘူး ”



ဆင်းရဲစွာ လုပ်ကိုင် စားသောက်သော အမေ့ နှုတ်မှ တဖွဖွ သတိပေး ပြောကြားခဲ့သော မရိုးနိုင်သည့်စကား ဖြစ်သည် ။ ကျွန်တော်က ခုနစ်တန်း ၊ အစ်ကိုကြီးက ကိုးတန်းနှစ်ကို သတိရမိသည် ။



တစ်နေ့ တစ်နေ့ဆိုသည်က ရုပ်ရှင်ရုံတွင် ကား ကောင်းပြသောနေ့ ဖြစ်သည် ။ ဇာတ်ကား နာမည်တော့ မေ့နေပြီ ။ မင်းသားက ညွန့်ဝင်း ဖြစ်သည် ။ သည်နေ့ခင်း ကား ကောင်းသည် ၊ သူ့ ငယ်ချင်းတွေနှင့် ကျောင်းပြေး၍ ရုပ်ရှင်ကြည့်မည် ၊ ကျွန်တော် လိုက်ချင်လိုက် ဟု ပြောသည် ။ ကျွန်တော် တွေဝေနေမိ၏ ။ နောက်ဆုံးတော့ အစ်ကိုနှင့်ကျွန်တော် ရုပ်ရှင်လိုက်ကြည့်ဖြစ်၏ ။ ရုပ်ရှင် ပြီးတော့ ကျောင်းလွှတ်ချိန် ရောက်ပြီဖြစ်သဖြင့် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် လွယ်အိတ်ကိုယ်စီ လွယ်ကာ ခပ်တည်တည် နှင့် အိမ်ပြန်ခဲ့သည် ။ ပိပိရိရိ ပင် ဖြစ်သည် ။ အိမ်ရောက်တော့ ထမင်းအဆင်သင့်စား ကြသည် ။ ညနေခင်း ရောက်သောအခါ အမေသည် ရပ်ကွက်ထဲသို့ အကြွေးအတောင်း ထွက်သည် ။ ပြန်လာ တော့ မျက်နှာမကြည်မလင်နှင့် ပြန်လာသည် ။ ပြီးတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ကြည့်ကာ မျက်ရည် ကျတော့သည် ။ တအောင့်ကြာမှ အမေ့ နှုတ်မှ စကား ထွက်လာသည် ။



“ ကျော်မောင် နင်တို့ ညီအစ်ကို နေ့လယ်က ဘယ် သွားလဲ ”



အစ်ကိုကြီးက ကျွန်တော့် မျက်နှာ ကြည့်သည် ။ ကျွန်တော်က အစ်ကိုကြီး မျက်နှာ ပြန်ကြည့်သည် ။ နှုတ်ကဖြင့် မည်သို့မျှ မဆိုနိုင်ကြ ။



“ ငါ မေးနေတယ်လေ ၊ ကျော်မောင် နင်တို့ ညီ အစ်ကို နေ့လယ်က ဘယ်သွားလဲ ”



အမေ့ အသံက ကွဲအက်နေ၏ ။ ကျွန်တော်တို့ ညီ အစ်ကို မလှုပ်ရဲတော့ ။



“ နင်တို့ညီအစ်ကို ဘာလုပ်လုပ် ငါသိနေတယ် ကျော်မောင် ။ အရပ်ထဲက ငါ့ကို ပြန်ပြောတဲ့လူတွေ အများကြီး ၊ နင်တို့အဖေရဲ့ တပည့်တွေအများကြီး ။ ကောင်းကြတာပေါ့ ၊ သိပ်ကို ကောင်းကြတာပေါ့ ။ ကျောင်းစာ ကြိုးစားဖို့ တဖွဖွပြောနေတဲ့ အမေ့ ရဲ့မျက်နှာ ကိုမှ အားမနာ လုပ်ရက်ပါပေ့ဟယ် ။ နင်တို့ကို ခဏခဏ ပြောတယ် ။ ငါ့မှာ ပညာအမွေကလွဲပြီး ဘာမှပေးစရာ မရှိဘူး ။ စာကြိုးစားကြပါဆိုတာလေ အခုတော့ စာ ကြိုးစား ပြတာပေါ့လေ ဟုတ်လား

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 10:37


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 09:13


နွေခဲမုန့်

ဗာဒံရွက်ကလေးတစ်ရွက်
ဗာဒံပင်ပေါ်ကနေခုန်ချသွားတယ်

အင်္ကျီတစ်ထည်
ကြိုးတန်းပေါ်မှာအော်နေတယ်

လူတစ်ယောက်
လူနာတင်ကားထဲမှာတရားနာနေတယ်

မီးခလုတ်တစ်ခု
နံရံပေါ်မှာခေါင်းမီးတောက်နေတယ်

မှတ်သားဖွယ်ရာနေ့အပူချိန်တစ်ခု
သတင်းစာထဲမှာပျော်နေတယ်

ယပ်တောင်ဟာရယ်လို့မဆုံးတော့...။

-အောင်ကိုကိုလတ်(တမူး)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 09:13


အုတ်ဂူ

မြက်ရိုင်းရှည်တွေရဲ့အလွန်မှာ
အချစ်ဟောင်းရဲ့အုတ်ဂူရှိတယ် ၊

ခရုတွေ ကုတ်ကပ်တက်နေလိမ့်မယ် ၊

သွားမကြည့်တော့ပါဘူး ၊
ရွှံံ့လူးမှာ စိုးတယ် ။

အနီ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 07:59


https://t.me/+r4Lhc2Xt6gAzMDVl

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 04:53


"ကထိန်ပွဲ"
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကထိန်

တန်ဆောင်မုန်းလသည် မီးရှုး၊ မီးတိုင်၊ ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလဖြစ်၏။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် တန်ဆောင်မုန်းလ၌ "ကထိန်ပွဲတော်" ကို အစဉ်အလာမပြတ် ကျင်းပခဲ့ကြသည်။ "ကထိန်" သည် "ကထိန

" ဟူသော ပါဠိကို မြန်မာမှုပြုကာ မြန်မာဝေါဟာရသို့ ပြောင်းလဲထားသော အမည်ဖြစ်၏။ ကထိန် ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်အမှုနှင့် စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသော အမည်ဝေါဟာရပင်ဖြစ်သည်။

မြတ်စွာဘုရားသည် ပါဝေယျတိုင်းသား၊ ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ "ရဟန်းတော်များ အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို ထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းစွာ သွားနိုင်ကြပါစေ၊ သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ ကင်းကြပါစေ" ဟူသော ရည်ရွယ်ချက်ဖြင့် ရှေးရှေးသော ဘုရားရှင်တို့၏ အစဉ်အလာအတိုင်း ကထိန်သင်္ကန်းအလှူသည် ထူးခြားသော ဝိနည်းကံနှင့်အညီ လှူရသောကြောင့် ထူးခြားသော အလှူဖြစ်၏။ ကထိန်သင်္ကန်းကပ်လှူပွဲ ခွင့်ပြုသော ကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာ ကာလဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီ၊ ခါးဝတ်သင်းပိုင်ဟူသော သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်တည်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ပြုသည်။ ထိုသုံးထည်သော သင်္ကန်းတို့တွင်လည်း အလှူရှင်က မိမိအလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏတို့ကို ရည်မှန်း၍ လှူဒါန်းခြင်းမပြုရပေ။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကို လှူဒါန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ ထို့ကြောင့် ကထိန်အလှူရှင်သည် မိမိပိုင်သင်္ကန်းတစ်ထည်ထည်ကို သံဃာရှေ့မှောက်သို့ အရောက်ဆောင်၍ "ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏။" ဟူ၍ လည်းကောင်း၊ "ဤကထိန်လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ" ဟူ၍ လည်းကောင်း နှုတ်မြွက်၍ လှူဒါန်းရမည်ဖြစ်သည်။

ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရအပ်သည့်အကျိုးတရားများမှာ -

ဒါယကာတစ်ဦးဦးက မအပ်သော အသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိရဟန်းများကို မပန်ကြားဘဲ ရွာတွင်းသို့ သွားနိုင်ခြင်း။
တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ သွားနိုင်ခြင်း။
ရလာသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း။
မအပ်သော ပင့်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း လေးပါး၊ လေးပါးထက်ပိုသော ရဟန်းတို့ စုပေါင်း ခံယူဘုဉ်းပေးနိုင်ခြင်း။
ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့က သုံးစွဲနိုင်ခြင်း။
ဟူသော အကျိုးတရားငါးပါးတို့ကို ရရှိခံစားနိုင်သည်။

ဝါတွင်းကာလ၌ ဝါမကျိုးမပြတ်အောင် စောင့်စည်းထိန်းသိမ်းနေထိုင်ကြသည့် သံဃာတော်များအား ချီးမြှောက်ဂုဏ်ပြုသည့်အနေဖြင့် ထိုအာနိသင် (အကျိုးသက်ရောက်မှု) ငါးမျိုးကို တပေါင်းလပြည့်တိုင်အောင် ငါးလကျယ်ပြန့်စွာရရှိစေရန် ပြုလုပ်ခြင်းကို ကထိန်ခင်းခြင်းဟု ခေါ်ပေသည်။ ကထိန်အာနိသင် ငါးမျိုးသည် ကထိန်သင်္ကန်းတည်းဟူသော ဝတ္ထုပစ္စည်းကြောင့် ရဟန်းတော်များ လိုက်နာကျင့်သုံးရသည့် သိက္ခာပုဒ်အချို့ ခေတ္တခဏ ကင်းလွတ်သက်သာခွင့်ရသွားခြင်းဖြစ်သည်။ ဤသည်ကိုပင် ဘုရားရှင်တို့ ချီးမွမ်းခြင်းဖြစ်၏။ မြတ်စွာဘုရား၏ အာဏာစက်ဖြစ်သည့် ဝိနည်းသိက္ခာပုဒ်တို့ကို ခေတ္တခဏ ပယ်နုတ်နိုင်သည်မှာ ကထိန်အလှူတစ်ခုတည်းသာရှိပေသည်။

ကထိန်သင်္ကန်းလှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးတရားများကို ရရှိခံစားကြရမည်ဖြစ်ပေသည်။ ထိုအကျိုးတရားများကား-

သွားလေရာရာ အရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာ သွားရခြင်း။
မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။
စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။
မိမိပိုင်ပစ္စည်များကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
ပစ္စည်းများရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက် အပုံလိုက် ရခြင်း။
ရုပ်ရည်အဆင်း ချောမောလှပခြင်း။
ဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ပေသည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 04:53


"မသိုးသင်္ကန်း"
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မသိုးသင်္ကန်း

"မသိုးသင်္ကန်း" ဟူသည် သံဃာတော်များကိုယ်တိုင် သင်္ကန်းများကို ချုပ်ဆိုးဝတ်ကြရသည့်ခေတ်က ကထိန်သင်္ကန်း၏ နာမည်ထူးတစ်မျိုးပင်ဖြစ်သည်။ ထိုခေတ်က ရဟန်းသံဃာတော်များသည် ကထိန်ခင်းရန်အတွက် လှူဒါန်းသောအဝတ်ကို ညသိပ် သိမ်းဆည်းမထားဘဲ လှူဒါန်းသည့်နေ့ အရုဏ်မတက်မီအချိန်အတွင်း သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုးမှုကိစ္စများ ပြီးစီးအောင် ဆောင်ရွက်ကြရသည်။ ယင်းကဲ့သို့ ကိစ္စအားလုံးကို နေ့ချင်းပြီးအောင် လုပ်ဆောင်နိုင်သော သင်္ကန်းမျိုးကို "မသိုးသင်္ကန်း" ဟုခေါ်သည်။ သင်္ကန်းချုပ်ဆိုးနေစဉ် အရုဏ်တက်ခဲ့လျှင်ဖြစ်စေ၊ သင်္ကန်းပေးအပ်မှု၊ ချုပ်ဆိုးမှုတို့ကို လုံးဝမပြုဘဲ ညအိပ်ထားလျှင်ဖြစ်စေ သင်္ကန်းသိုးသည်ဟုဆိုသည်။ အချိန်မီအောင် မဆောင်ရွက်နိုင်သဖြင့် သင်္ကန်းသိုးသွားသည်အခါ ထိုသင်္ကန်းဖြင့် ကထိန်ခင်း၍ မရတော့ပေ။

ယခုမျက်မှောက်ကာလ၌ကား အလှူရှင် ဒါယကာ ဒါယိကာမများက ချုပ်ဆိုးပြီး သင်္ကန်းများကို ကထိန်သင်္ကန်းအဖြစ် လှူဒါန်းကြသဖြင့် ချုပ်ခြင်း၊ ဆိုးခြင်းကိစ္စများကို သံဃာတော်များကိုယ်တိုင်ပြုလုပ်ရန် မလိုတော့ပေ။ အသင့်ချုပ်ဆိုးပြီး လှူဒါန်းသော သင်္ကန်းဖြင့် ကထိန်ခင်းကြရန်သာရှိပေတော့သည်။ မသိုးသင်္ကန်းရက်လှူပွဲသည် ကထိန်ပွဲတော်မှ ဖြာထွက်လာသော ပွဲငယ်တစ်ခုဖြစ်၏။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမများက မသိုးသင်္ကန်းရက်၍ မြတ်စွာဘုရားအား လှူဒါန်းပူဇော်ကြရာမှ "မသိုးသင်္ကန်းရက်လှူပွဲ" ဟူသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

11 Nov, 04:53


"ပံ့သကူပစ်ပွဲ"

"ပံ့သကူပစ်ပွဲ" သည်လည်း တန်ဆောင်းမုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပံ့သကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများကွယ်ရာမှာတွင်ဖြစ်စေ၊ ညမှောင်ချိန်တွင်ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသောပွဲမျိုးဖြစ်သည်။ ပံ့သကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓုတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ပံသုကူဓုတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။ "ပံသုကူဓုတင်" အကျင့်ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကိုပယ်၍ လူတို့စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး၊ ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။

ဤတန်ဆောင်မုန်းလသည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကုသိုလ်ကောင်းမှုပြုရာပွဲတော် အများဆုံးသော ကာလဖြစ်၏။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Nov, 15:18


အပြုံးနှစ်ခု

[ မောင်မိုးအေး(လယ်ဝေး)]
ဘဝကို ဗန်းထဲထည့်ပြီး
ကားဂိတ်မှာ ငုံးဥရောင်းတယ်
ကျောင်းဖွင့်တော့မယ် ဆရာ
မင်္ဂလာပါ...တဲ့ ။

အိတ်ထဲ ဝင်သွားတဲ့လက်
ပြန်ထွက်လာတော့
နှစ်ရာတန်ခပ်နွမ်းနွမ်းမှာ
မျက်နှာကလေး လန်းသွားတယ်
ဗန်းကလေးက ပျော်လို့ ။

တပည့်လေးရောင်းတဲ့ ငုံးဥ
သမီးလေးကြိုက်တဲ့ ငုံးဥ
အပြုံးနှစ်ခုပေါ် ကျော်ကြည့်တော့...။

လူမှုရေး
စီးပွားရေး
ရှိစေတော့လေ
ရင်ထိုးလေး တောက်ပြောင်နေရင်
ကျေနပ်တယ် ။

မောင်မိုးအေး ( လယ်ဝေး )
21 May 2014

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Nov, 15:05


ရာသီ -
[အိုက်လူအောင်]

မျက်လှည့်ဆရာက
စံပါယ်ပွင့်တွေကို
ဓားအတုံးကြီးနဲ့ ခုတ်ချလိုက်တဲ့အခါ
ကျွန်တော် ထပြန်လာခဲ့တယ်။
ပြီး…သံကြိုးစာတစ်စောင်ရေးတယ်။
လိပ်စာက ကျွန်တော့်လိပ်စာဖြစ်ပြီး
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ဖြစ်တယ်။
ပြီး…ရုပ်မပါတဲ့ နာမ်အလွမ်းတွေ ပါတယ်
ခိုတွေအကြောင်း ဖွဲ့ထားတဲ့ တိတ်တစ်ခွေပါတယ်။
သံချေးတက်နေတဲ့ ဓားတွေ ပါတယ်။
အတ္တဖိုထဲက ပေါင်မုန့်အသိုးတွေအကြောင်း
ပါတယ်။
လွန်ခဲ့တဲ့ (၃)နှစ်ကျော်က ကဗျာတစ်ပုဒ်ပါတယ်။
ကုလားထိုင်တွေသာ ရောင်းတဲ့
ရှေးဟောင်းဆိုင်တစ်ဆိုင်အကြောင်း ပါတယ်။
ဆိုတော့…
ဒီကြေးနန်းစာဟာ
ဒီရာသီနဲ့ပဲ ကိုက်ညီပါလိမ့်မယ်။ ။

အိုက်လူအောင်

ရုပ်ရှင်တေးကဗျာ၊စက်တင်ဘာ၊Y2K၊စာ-၁၀

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

10 Nov, 14:36


မှောက်တော့မယ့် လှေပေါ် ထိုင်ရင်း
ပြတ်တော့မယ့် ဖိနပ်ကို စီးရင်း
ဘာမှ မဖြစ်ပါဘူးလို့ ယုံကြည်နေတာကိုက
ငါ့ရဲ့ချစ်ခြင်းပဲ...။

#မြကျေး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 14:01


ဒီပုံထဲကလူဟာကျနော်ပါပဲ

ဟိုးလွန်ခဲ့တဲ့အချိန်ကာလတခုကပေါ့

အောင်သူစာပေကသူလေးစားလို့အမှတ်တရပြန်တင်တာကိုကျနော်ကလည်းအမှတ်တရပြန်saveပါတယ်

အောင်သူစာပေကပြောနေကျစကားလေးတခုရှိတယ် အပေါ်ယံကြည့်ပီးလူတွေကိုဆုံးဖြတ်ရင်မှားမှာပေါ့လေတဲ့

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 13:50


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 13:49


#save

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 13:06


ကျနော်အချိန်တချိန်ရောက်ရင်စာအုပ်တွေပြန်ရောင်းဖြစ်မယ်

ရောင်းခဲ့ရင်လည်းအပြတ်ရောင်းဖြစ်မှာပါ

အဲချိန်ကျခေတ်ရေစီးကြောင်းအရစျေးတော့ကျနော်လည်းစိတ်ဝင်စားတယ်ပြောရမယ်

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:58


good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:56


စကားထာ

ဓားဝယ်ချောင်းမှာ ဒေါင်းတွေ့တယ်

အဖြေ=ငယ်ကပေါင်းမို့ အောက်မေ့တယ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:50


နိုဝင်ဘာမိုး ၊ ၁၅ ၊

သင့်အားငိုကြွေးစေသူသည်
သင့်အားကောင်းစွာချစ်ပေသည်..တဲ့ ။

မင်းချစ်ခဲ့တာ
ငါ ယုံပါတယ် ။

မောင်ငြိမ်းချမ်း(ပုဂံ/မြေ)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:49


ရွှေပြည်တော် မျှော်တိုင်းဝေး

ငါတို့ ဖြတ်လျှောက်ရမယ့် သတ်ကွင်းက
မိုင်းတွေ တအားများလွန်းတယ်။
ဆရာမွေး၊ တပည့်မွေးဆိုတာလောက်က
မိုင်နာအဆင့်တောင် မရှိဘူး။

ကိုယ့်အတွက် ရိုက်ပေးမယ့်
လူမိုက်မွေးတယ်။
ကိုယ့်တရားကို ဟောပေးမယ့်
ဆရာတော် မွေးတယ်။
ကိုယ့်ကို လော်ပေးမယ့်
လော်ဘီမွေးတယ်။
ကိုယ့်ကောင်းကြောင်း ရေးပေး ဟောပေးမယ့်
စာရေးဆရာတွေလည်း မွေးထားပြီးပြီ။

ကိုယ့်အတွက် ဆန္ဒပြပေးမယ့်သူ မွေး
ကိုယ့်ကို ဆုတောင်းပေးမယ့်သူ မွေး
ကိုယ့်ကို ထောက်ခံမယ့်သူ မွေး
ကိုယ့်အတွက် အသေခံပေးမယ့်သူ မွေးနဲ့။
ဗိုက်ထဲက မမွေးရသေးတဲ့ ကလေးတွေအားလုံးဟာ
သူ့အတွက်ပဲ မွေးလာကြမှာလား။

မွေးခဲ့တယ်၊ မွေးနေတယ်၊ မွေးလာမယ်။
မိုင်းတွေ တစ်လုံးပြီး တစ်လုံး
ထပ်ထပ်မြှုပ်နေတယ်။
ရွှေပြည်တော် မျှော်တိုင်းဝေးပေါ့ ညီမလေးရေ၊
ငါတို့ အသက်ရှင်လျက်သား
ဟိုဘက်ကမ်း ရောက်သွားဖို့ မလွယ်တော့ဘူး။

— နရီမင်း
၇- ၁၁- ၂၀၁၇

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:49


- မြစ်ပြင်ပေါ်က လေတံခွန် -

ခင်ဗျား မော့ကြည့်နေတဲ့ လေတံခွန်ဟာ
ကျွန်တော် လွှတ်တင်ထားတာပါ

လေယာဉ်တွေပျံတာနဲ့ ငှက်တွေပျံတာ
ထပ်တူတော့ မကျဘူးပေါ့

စီးနေတဲ့ မြစ်ထဲမှာ
ပိုင်ရှင်မဲ့ အလောင်းဟာ မျောနေတယ်

မငြိမ်သက်ခြင်းမှာ
ဥပမာများစွာ ရှိပါတယ်

ခင်ဗျားရှာတွေ့ထားတဲ့ အမှန်တရား
ကျွန်တော်လည်း ရပါရစေ။ ။

- ထွန်းကို

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:47


ပန်းမောင်နှံ
( ပုံပြင် )

ဟိုး ရှေးရှေးတုန်း က တဲ့ကွယ် ၊ ဘုရင်ကြီး တစ်ပါး မှာ သိပ်လှပြီး သိပ် ချစ်စရာ ကောင်း တဲ့ သမီးတော် တစ်ပါး ရှိသတဲ့ကွယ် ။ ဘယ်လောက် လှတယ် ဆိုတာကတော့ နေမင်းရောင်ခြည် ဟာ ရွှေရောင် လို ဝင်းဝါပြီး တိမ်ရောင်တွေ အမျိုးစုံနဲ့ ကျက်သရေ ရှိနေတဲ့ ညနေခင်း အချိန်မှာ ဘုရင့် သမီးတော်လေး ဟာ လေသာပြတင်း ကို ဖွင့်ပြီး သာယာသော ညနေခင်း ၏ အလှ ကို ရှုစား နေရင်း အနီးအနား မှ ဖြတ်ပြီး သွားကြတဲ့ လူအပေါင်း ဟာ နောက်တစ်ခါ ပြန်ပြီးလှည့် မကြည့်ဘဲ မနေနိုင်ဘူးတဲ့ကွယ် ။ သိပ် ချောတာကိုးကွယ့် ။

အဲဒီလို လှပတဲ့ သမီးတော် ကလေး ကို လည်း ခမည်းတော်ဘုရား က လွန်စွာ ချစ်ခင် အလိုလိုက် သတဲ့ကွယ် ။

တစ်နေ့တော့ သမီးတော် ကလေး က လက်ရာနုနု နဲ့ လှပဆန်းကြယ်တဲ့ လည်ဆွဲ တော် ကို ဝတ်လိုတာ နဲ့ ဖခမည်းတော်ဘုရား ထံ မှာ ပူဆာပါလေရောကွယ် ။ ခမည်းတော်ဘုရား ကလည်း ချစ်လှစွာသော သမီးတော် ၏ အလိုဆန္ဒ ကို လိုက်လျောပြီး တိုင်းပြည် အတွင်းမှာ မောင်းခတ် ကြေညာ လိုက်တာပေါ့ ။

“ တိုင်းသူပြည်သား လူအများတို့လေး ... ပန်းထိမ် အတတ် မှာ တစ်ဖက်ကမ်းခတ် တတ်သောသူများ ရှိပါက လက်ရာနုနု နှင့် လှပဆန်းကြယ်သော လည်ဆွဲတန်ဆာ ကို ပြုလုပ်၍ ဘုရင်မင်းမြတ် ၏ ရှေ့တော်မှောက် တွင် တင်ဆက်ပြသကြရမည် ။ အကယ်၍ ဘုရင်မင်းမြတ် နှင့် သမီးတော် ကြိုက်နှစ်သက်ပါက ဆုတော်ငွေ ထောင်ထုပ် ကို ချီးမြှင့်မည် ဖြစ်ကြောင်း ”

အဲဒီလို ကြေညာမောင်း လှည့်လည် ခတ် လေတော့ တိုင်းပြည် အတွင်း မှာ ရှိသမျှ ပန်းထိမ်ဆရာကြီးတွေ ဟာ အထူးပဲ ကြိုးစားပြီး လည်ဆွဲလေးတွေ လှသတဲ့ လှ ၊ ဆန်းသတဲ့ ဆန်း လာအောင် ပြုလုပ်ကြတာပေါ့ကွယ် ။

ဒါနဲ့ ဘုရင့် ရှေ့တော်မှောက် ကို သွင်းရမည့် အချိန်ကို ရောက်လာပါလေရောကွယ် ။ ဒီတော့ ပန်းထိမ်ကျော်ကြီးတွေ ဟာ အထူး စီမံ ပြုလုပ်ထားတဲ့ လည်ဆွဲလေးတွေ ယူပြီး နန်းတော် ထဲ ကို လာကြတာပေါ့ ။ ကိုယ့် လက်ရာလေးတွေ ကိုယ် ကြည့်ပြီး “ အင်း ... ငါ့ ဟာလေး က တော့ အတော် လှအောင် ပြုလုပ်ခဲ့တာပဲ ၊ ဘုရင်ကြီး ကတော့ ငါ့ လည်ဆွဲလေး သဘောကျမှာပဲ ” ဆိုတဲ့ အတွေးလေးတွေ ပီတိလေးတွေ ကိုယ်စီ နဲ့ နန်းရင်ပြင်တော် မှာ ဘုရင်ကြီး ကြွချီ အလာ ကို စောင့်မျှော် နေကြတာပေါ့ကွယ် ။

မကြာခင် အချိန်မှာပဲ ဘုရင်ကြီး ကြွချီလာပြီး ပန်းထိမ်သည် တို့ အထူးတလည် ပြုလုပ်ထားတဲ့ လည်ဆွဲများ ကို ရှုစားပြီး မင်းချင်း တစ်ယောက် ကို ခေါ်ကာ လည်ဆွဲ တို့ ကို သမီးတော် လေး ထံ ပြသ ခိုင်းလိုက်သတဲ့ကွယ် ။

သမီးတော်လေး လည်း ယူဆောင်လာသော လည်ဆွဲတွေ ကို တစ်ခုစီ တစ်ခုစီ ရှုစား ပြီး လည်မှာ ဆွဲလို့ မှန်ပုံတော် ရှုသတဲ့ကွယ် ။ ( အဲ ... မှန်ပုံတော် ရှုတယ် ဆိုတာက မှန် ကြည့်တာ ကို ခေါ်တာပေါ့ကွယ် ။ ) သမီးတော် လေးက မှန်ပုံတော် ရှုနေပြီး ကြိုက်နှစ်သက်တဲ့ လည်ဆွဲ တစ်ခုမှ မတွေ့မိဘူးတဲ့ ။ ဒါနဲ့ စိတ်ပျက်ပြီး လည်ဆွဲ အားလုံးကို ခမည်းတော် ထံ ပြန်ပို့ကာ တစ်ခု မှ စိတ်ကြိုက် မတွေ့ကြောင်း အကြောင်း ကြားလိုက်သတဲ့ကွယ် ။

ခမည်းတော်ဘုရား ကလည်း သမီးတော် လေး အကြိုက်မတွေ့၍ စိတ်မကောင်း ဖြစ် မိပြီး မိမိတို့ ၏ လည်ဆွဲများ ကို အသီးသီး ယူ၍ ပြန်သွားကြရန် ပန်းထိမ်သည် တို့ကို အမိန့်ချလိုက် သတဲ့ကွယ် ။

အဲဒီ အချိန်မှာပဲ လုလင်ပျိုကလေး တစ်ဦး ဟာ မောပန်းတကြီး နန်းတော် ဆီ သို့ ပြေး လာပြီး နန်းရင်ပြင် မှာ ဝင်ခစားလာပါရောကွယ် ။ အဲဒီအကြောင်း ကို ဘုရင်မင်းမြတ် က မြင်တော် မူလို့ အကျိုးအကြောင်း မေးမြန်းတာပေါ့ကွယ် ။

“ မှန်လှပါဘုရား ၊ ကျွန်တော်မျိုး လည်ဆွဲတန်ဆာ ကို အထူးပြုလုပ် မွမ်းမံ နေရခြင်း ကြောင့် အချိန် နှောင့်နှေးနေရခြင်း ဖြစ်ပါသည်ဘုရား ” လို့ ပြန်လည် လျှောက်ထား လိုက်တာ ပေါ့ကွယ် ။ ဒီတော့ ဘုရင်မင်းမြတ် ဟာလည်း “ သမီးတော်လေး အတွက် လှပသော လည်ဆွဲ လေး ဖြစ်ပါစေ ” လို့ ဝမ်းထဲမှ ဆုတောင်းရင်း လုလင်ပျိုလေး ဆက်သတဲ့ လည်ဆွဲ ကို ရှုစားပြီး ယခင်က အတိုင်း သမီးတော်လေး ထံ ပြသ စေလွှတ် လိုက်ပြန်ပါရောကွယ် ။

သမီးတော်လေး ဟာ ဒီ လည်ဆွဲတန်ဆာကလေး ကို လည်း မြင်လိုက်ရော နှစ်သက်ခြင်း များစွာ ဖြစ်သွား၍ လည် မှာ ဆွဲကပ်ပြီး မှန်ပုံတော် ရှုလိုက်ပြန်တာပေါ့ ။ အဲဒီ လည်ဆွဲလေး ဆွဲပြီးရော ယခင် က ထက် အဆပေါင်း များစွာ ပိုပြီး လှလာ သယောင် ထင်ရသတဲ့ကွယ် ။

“ အို ... ထိပ်ထားလေးဘုရား ၊ ဒီ လည်ဆွဲတော် ဆွဲမှ ယခင် က ထက် ပိုမို လှပလာပါ သည်ဘုရား ” ဆိုတဲ့ အသံတွေ ဟာ အထိန်းတော် အပျိုတော်တွေ ထံ မှ ထွက်လာရသတဲ့ကွယ် ။ ပိုပြီး ကို လှလာတာကိုးကွယ့် ။

သမီးတော်လေး ဟာ လည်း လည်ဆွဲလေး ဆွဲပြီး မှန်ပုံတော် ရှုရင်း တစိမ့်စိမ့် ပီတိ တွေ ဖြစ်နေတာပဲတဲ့ကွယ် ။ ဒါနဲ့ ဒီ လည်ဆွဲ ကို သမီးတော် နှစ်သက်လွန်း၍ ပန်းထိမ်သည် အား သမီးတော် ထံ ခစားလွှတ်ပါရန် ဖခမည်းတော် ထံ လျှောက်ထား ခိုင်းလိုက်သတဲ့ကွယ် ။

ဘုရင်ကြီး ဟာ လည်း သမီးတော် ကြိုက်နှစ်သက်ကြောင်းကြားရတော့ များစွာ ဝမ်း ပန်းတသာ ဖြစ်ပြီး ချစ်လှစွာသော သမီးတော် လေး ရဲ့ ဆန္ဒ ကို ဖြည့်ရလို့ ကျေနပ်နေတာပေါ့ ။ ဒါနဲ့ ပန်းထိမ်သည်လုလင် ကို လည်း ဆုတော်လာဘ်တော် တွေ များစွာ ပေးသည့် ပြင် ဘုရင့်ပန်းထိမ်တော် အဖြစ် အမှုထမ်းဆောင်စေရန် အမိန့်ကိုပါ ချမှတ်ပေးပြီး သမီးတော်ကလေး ထံ ခစားဖို့ စေလွှတ် လိုက်တာပေါ့ကွယ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:47


ဘုရင်ကြီး က လည်း ဒါလောက် အစွဲအလမ်း ကြီးပြီး မိုက်လှတဲ့ သမီးတော် ၊ နင့် ထိုက်နဲ့ နင့် ကံ ခံလေရော့ ဆိုပြီး သမီးတော် ပါ အတူတကွ ကွပ်မျက်ရန် အမိန့် ပေးလိုက်ပြန်သတဲ့ကွယ် ။ အာဏာသားတို့ ဟာလည်း ဘုရင့် သမီးတော် နန်းသွေးပါ ကွပ်မျက်ရ မှာမို့ တောင်စွယ် ကို နေ ကွယ်အောင် စောင့်စား နေကြတုန်း ဘုရား မှာ အာရုံပြု၍ သစ္စာဆို သွားလိုကြောင်း သမီးတော် တို့ ချစ်သူနှစ်ဦး ၏ တောင်းပန်ချက် ကို ခွင့်ပြုလိုက်သတဲ့ကွယ် ။

မင်းသမီးကလေး နဲ့ ပန်းထိမ်သည် လုလင်ကလေး တို့ဟာ “ ဖြစ်လေရာ ဘဝမှာ အတူတူ ပေါင်းဖော်၍ ဘေးရန်ကင်းရပါစေသား ” လို့ ဆုပန် လိုက်ကြသတဲ့ကွယ် ။

သူတို့ နှစ်ဦး ဟာ သူများ လက်ချက် နဲ့ ဖြင့် အသက် မသေလို၍ နှစ်ဦးသား ကမ်းစပ်ဆီ သို့ တွဲ ပြေးလိုက်ကြပြီး မင်းသမီးလေး ရဲ့ ရွှေကြင်ခတ်ပဝါကလေး နဲ့ မင်းသမီး ညာလက်ဝါး ၊ ပန်းထိမ်သည်လုလင် ၏ ဘယ်လက်ဝါး တို့ ကို စုပေါင်းချည်နှောင် လိုက်ကာ ဘုရားစေတီလေး ဘက် သို့ အာရုံပြု ဆုတောင်းရင်း မြစ်ထဲ ကို လှိမ့်ဆင်း ခုန်ချ လိုက်ကြရောတဲ့ကွယ် ။

မြစ်ပြင် ထဲက လှိုင်းလုံးဖြူကြီး တစ်လုံး လိမ့်ဆင်း လာပြီး မင်းသမီးလေး နဲ့ ပန်းထိမ် သည်ကလေး တို့ ကို ဖုံးအုပ် ရစ်ပတ်ပြီး ခေါ်ဆောင် ဆွဲယူ သွားပြန်သတဲ့ကွယ် ။

ဘုရင်ကြီး ဟာ လည်း ဒီ အဖြစ်အပျက်တွေ ကို မြင်ပြီး စိတ်နှလုံး မသာမယာ တဲ့ နောင်တတရား ရစွာ နဲ့ ကြည့် နေတုန်းမှာ မြစ်ရေတွေ ဟာ ကမ်းလုံး ပြည့်လျှံ လာကြတာ ကမ်းနဖူး က စေတီလေး ထိရောတဲ့ကွယ် ။ မြစ်ရေ ဟာ လျှံလာပေမယ့် စေတီလေး နဲ့ ဘုရင်ကြီး ကို မြုပ် အောင် မလျှံဘဲနဲ့ ရုတ်တရက် ကျဆင်း သွားပြန်ရောတဲ့ကွယ် ။ မြစ်ရေ ကျဆင်းလို့ ဘုရင်ကြီး ဟာ ခြေတော်ရင်း ကြည့်လိုက်တော့ သမီးတော် တို့ ချစ်သူနှစ်ဦး ရဲ့ သက်မဲ့ ခန္ဓာကိုယ်လေးတွေ ကို အံ့ဩစွာ တွေ့ရသတဲ့ကွယ် ။

ကြည့်ရင်း ကြည့်ရင်း နဲ့ ချစ်သူနှစ်ဦး ရဲ့ ရုပ်အလောင်းများ ဟာ ထူးဆန်းတဲ့ သစ်ပင် တစ်ပင် ဖြစ်သွားတာ ကို တဖန် တွေ့ရှိရပြန်ပါရော ။

အဲဒီ အပင်ကလေး ကို ကြည့်လိုက်ပြန်တော့ ဖြူဝါဝါအပွင့်ကလေးတွေ နှစ်ပွင့်စီ တွဲလျက် အပွင့်တွေ နှင့် အရွက် နှစ်ရွက် ယှဉ်ပူးလျက်သား ဖြစ်နေတဲ့ ထူးဆန်းတဲ့ ပန်းပင်လေး ဖြစ် နေသတဲ့ကွယ် ။

အဲဒီ ပန်းပင်ကလေး ဟာ ကိုင်း တစ်ကိုင်း က ဘုရင်ကြီး အပေါ် မှာ မိုးပြီး ကျန်တစ်ကိုင်း က စေတီလေး ဘက်ကို ကိုင်းညွတ်နေတာ ကို တွေ့ရပြန်ပါရောတဲ့ကွယ် ။

အဲဒီ ပန်းပင်ကလေး ကို ယခုထက်တိုင် “ ပန်းမောင်နှံ ” ရယ်လို့ ခေါ်ဝေါ် နေကြပါတယ် ကွယ် ။ တချို့ အရပ်ဒေသ ကတော့ “ ပန်းမောင်နှံ ” လို့ ခေါ်ကြသတဲ့ ကလေးတို့ ရယ် ။

မသက်နှံ - ပေါက်

ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ နိုဝင်ဘာ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:47




ပန်းထိမ်သည် လုလင်ကလေး ဟာ မင်းသမီးကလေး စံရာ တစ်ပင်တိုင်မြနန်း ကို သွားရောက်ခစားရတာပေါ့ ။

မင်းသမီးလေး ရှေ့တော်မှောက် ရောက်တဲ့ အခါ ပန်းထိမ်သည် လုလင်ကလေး ဟာ မျက်တောင် မခတ်ဘဲ မင်းသမီးကလေး ကို ငေးပြီး ကြည့်နေမိ သတဲ့ကွယ် ။ မင်းသမီးလေး ဟာ နဂိုကမှ ချောလှနေတဲ့ အထဲ လည်ဆွဲ ဆွဲလို့ ပိုလှနေတော့ ပန်းထိမ်သည်ကလေး ဟာ မမြင်ဖူး တဲ့ ထူးကဲလှတဲ့ အလှ ကို တအံ့တသြ ငေးမော ကြည့် နေတာပေါ့ကွာ ။

မင်းသမီးကလေး ကလည်း မိမိ ကို ငေးမော ကြည့်နေတဲ့ ပန်းထိမ်သည် လုလင် ကလေး ကို ပြန်ပြီး ကြည့်နေမိပြန်သတဲ့ကွယ် ။ အကြောင်းကတော့ လည်ဆွဲလေး က သာ နှစ်သက်စရာကောင်းရုံတင် မကဘဲ ပြုလုပ်သူ ပန်းထိမ်သည်ကလေး ဟာ လည်း မင်းသမီးလေး ရဲ့ အသဲနှလုံး ကို အေးမြစေလို့ပဲတဲ့ကွယ် ။

မည်မျှကြာကြာ ငေးကြည့် နေကြသည် မသိနိုင်ဘဲ ရှိစဉ်မှာ မင်းသမီးလေး ဟာ သတိ ဝင်လာပြီး မျက်လွှာ ချပစ်လိုက်မှ ပန်းထိမ်သည်လုလင်လေး ဟာလည်း သတိ လည်လာကာ ခေါင်းငုံ့၍ ခစား ပစ်လိုက်ရ သတဲ့ကွယ် ။ ဘုရင့် သမီးတော် ကလေး ဟာ ကောင်းမွန်ကြောင်း ၊ တော်ကြောင်း ၊ ချီးကျူးစကား မိန့်ပြီး လက်ဝတ်တော် မြလက်စွပ်ကလေး ကို ဆု အဖြစ် ချီးမြှင့် လိုက်သတဲ့ကွယ် ။

အဲဒီနေ့ က စပြီး ပန်းထိမ်သည်ကလေး ဟာ မင်းသမီးကလေး ကို မမြင်ရ ရင် မနေနိုင် တဲ့ အခြေမှာ ရောက်နေရပြီမို့ သမီးတော် ပြတင်းဖွင့်၍ သာယာသော ရှုခင်း ကို ရှုစားချိန် ဖြစ်တဲ့ ညနေခင်း အချိန်တိုင်းမှာ တစ်ပင်တိုင်မြနန်း အနီး လာရောက် ရှုစားတာပေါ့ ။

ဒါနဲ့ နေ့ရက်တွေ ကြာညောင်းတော့ တစ်ဦး နဲ့ တစ်ဦး မေတ္တာဓာတ် ကူးလူးကာ ချစ်ခင် သွားကြပါလေရောကွယ် ။

သမီးတော် လေး ဥပုသ်စောင့် သွားနေကျ မြစ်ကမ်းပါး တစ်နေရာရှိ စေတီလေး ဆီ သို့ တိတ်တဆိတ် သွားကြပြီး ချစ်သူနှစ်ဦး ဟာ ဆုထူးတွေပန် ၊ သစ္စာတွေ ပြုနေကြတာပေါ့ ၊ သူတို့ နှစ်ဦး ဟာ လည်း တစ်ဦး ကို တစ်ဦး သိပ်ပြီး မေတ္တာ ထားကြသတဲ့ကွယ် ။

ဒီလိုနဲ့ မေတ္တာတော် နှောင်ကြိုးတွေ တိုးရစ်ပတ်ပြီး ချစ်မိုးတွေ စွေလာတာ အချိန်တွေ ညောင်းလို့ ရက် ၊ လ ၊ နှစ်တွေ ပြောင်း ခဲ့ရောတဲ့ကွယ် ။

တစ်နေ့မှာ သမီးတော် လေးနဲ့ ပန်းထိမ်သည် လုလင်ကလေး တို့ ဟာ ဆုပန်နေကျ ဖြစ်တဲ့ ကမ်းနဖူး မှ စေတီရင်ပြင် မှာ အတူတကွ ယှဉ်ထိုင်ပြီး သစ္စာပြု နေကြစဉ်မှာ ဆူဆူညံညံ အသံတွေ ကြားရသတဲ့ကွယ် ။ ဒီ အသံတွေ ကြားရလေတော့ နောက်ကို လှည့် ကြည့်လိုက်တယ် ဆိုရင်ပဲ ခမည်းတော်ဘုရင်ကြီး နဲ့ မှူးကြီးမတ်ကြီးများနှင့် တကွ ပါးကွက်အာဏာသား ( လူသ,တ်သမား ) တွေ ကို ကြောက်ဖွယ်ရာလိလိ မျက်နှာထားကြီးတွေ နဲ့ ကြည့်နေတာကို တွေ့ရပါလေ ရောတဲ့ကွယ် ။

“ ဟယ် ... သမီးမိုက် ၊ ချစ်ခင်စွာ အလိုလိုက်၍ ထားပါသော်လည်း အမိုက် စော်ကား လေပြီ ၊ ကြားရသူ နားရှက်စရာ ပန်းထိမ်သည် အညတရ ကို မှ ရည်ငံမိလေခြင်း သမီးတော် ရယ် ၊ ခမည်းတော် မျက်နှာ ကိုမှ မထောက်ထား ၊ အမျိုးဂုဏ် ကို မှ မစောင့်စား ဖောက်ပြားရက်လေ ၊ တို့ အမျိုးတွေ အရှက်ပွေ ရတော့မည် ”

ခမည်းတော်ရဲ့အသံကြီး ကို ကြားရတော့ မင်းသမီးလေး ဟာ မျက်ရည်တွေ တွေတွေ ကျပြီး ခေါင်းငုံ့ ခစားရင်း က ပန်းထိမ်သည်ကလေး ရဲ့လက် ကို ကြပ်ကြပ်ကြီး ဆုပ်ကိုင် ထားတာ ပေါ့ကွယ် ၊ ပြီးတော့လည်း မသိမလိမ္မာ ၍ မိုက်မှားမိသူများ ကို အပြစ် မှ ခွင့်လွှတ်ရန် အမျိုးမျိုး ခယ တောင်းပန်သော် ငြားလည်း ဘယ်လိုမှ တောင်းပန်လို့ မရရှာဘူးတဲ့ကွယ် ။

ဘုရင်ကြီး ဟာ လည်း ငါ တည်း ဟူသော မာနတရား ထောင်လွှားကပ်ငြိနေလေတော့ အနီးရှိ အာဏာသား တို့ကို ပန်းထိမ်သည်လေး အား ကွပ်မျက်ရန် အမိန့် ချလိုက်ပြန်ပါရော ကွယ် ။

“ ကျေးဇူးရှင်ရယ် လို့မှ မထောက် ၊ ကျွန်သဘောက် ဂုဏ်သိမ် သမီးတော် ဂုဏ်သရေ ကိုမှ နှိမ်ရက်ပလေ ၊ ခုမှတော့ ရွံ့မနေနှင့် မင်း အသက် သေဖို့သာ ပြင်ထားပေရော့ ” လို့ ဝင့်ကြွား မောက်မာ လှတဲ့ ဘုရင့် အသံကြီး က မိုးထိ ဟိန်းသွားသည့်တိုင် ပန်းထိမ်သည်ကလေး က မတုန် လှုပ်ဘူးတဲ့ကွယ် ။ ရတနာသုံးပါး အနန္တငါးပါး ကို သာ စိတ် ထဲမှ အောက်မေ့ရင်း ချစ်လှစွာသော မင်းသမီးကလေး ကိုသာ တစိမ့်စိမ့် နောက်ဆုံး ကြည့်ရခြင်း အကြည့်မျိုး နဲ့ ကြည့်နေမိသတဲ့ ကွယ် ။ သမီးတော်ကလေး ကလည်း လက်ကလေး နှစ်ဖက် ရင်မှာ ယှက်ထားပြီး မောင်တော် ပန်းထိမ်သည်ကလေး ကိုမျက်ရည်ကလေး တလည်လည် နဲ့ ပြန် ကြည့် နေပြန်သတဲ့ကွယ် ။

အဲဒီ အချိန်မှာပဲ ဘုရင့်အမိန့်တော် အတိုင်း အာဏာသားတို့ ဟာ ပန်းထိမ်သည်ကလေး ကို ယုတ်ရင်းကြမ်းတမ်းစွာ ဆွဲဆောင် ခေါ်ငင် ကြပါလေရောကွယ် ။ ဒီလို ပြုမူပုံတွေကို မြင်ရတော့ သမီးတော် လေး ရင်ဝ မှာ နာကျင်ပြီး ချစ်ခင်စုံမက် မေတ္တာယှက်၍ အသက်အပ်နှံ ကာ ချစ်ကြင်နာရတဲ့ ချစ်သူ့ အပေါ်မှာ ကြင်နာစိတ် ၊ သနားစိတ်တွေ ဟာ တဖွားဖွား ပေါ်လာပြီး ဖခမည်းတော် ခြေစုံ ကို ဖက်ပြီး လူးလှိမ့်ကာ သနားစဖွယ် ငိုရှာလေတာပေါ့ကွယ် ။

“ ခမည်းတော် ဘုရား ၊ သမီးတော် တစ်ပါးတည်း ချန် မထားပါနှင့် ၊ သမီးတော် ကို ပါ သ,တ်တော်မူပါဘုရား ” လို့ ငိုယို လျှောက်ထားပြီး အာဏာသားတို့ ထံ အတင်း ပြေးသွားပါလေ ရော ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:46


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:40


" ဖန်မီးအိမ် "

ဖန်မီးအိမ်သည်
ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည် မဟုတ်ပါ။

ဖန်မီးအိမ်သည်
တိမ်လွှာကိုစား၊ လရထားနှင့်
ဝင့်ကြွားစွာလျှင်၊ ခရီးနှင်သည့်
သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ။

ဖန်မီးအိမ်သည်
မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်
လမ်းပျက်တူရူ၊ လျှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း။

သူ့အဆင်းသည်
နေမင်းပမာ၊ သော်တာအလား
မဝင်းငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို
အလှဆင်လိုဟန်တကား။ ။

( စာ-၅ )
တင်မိုး - Tin Moe
တင်မိုး - ကဗျာပေါင်းချုပ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:36


အမေ့အတွက် အရေးအသား

-မွိုင်-

ဝါးတွေက အေးတော့ တဖောင်းဖောင်းမြည်ပြီး ပေါက်နေကြတယ်။ ကလေးတွေက သူတို့နားရွက်တွေကို ဝှက်ထားတာ နတ်သူငယ်တွေလိုပဲ။ မီးဖိုထဲမှာ မီးညွန့်က ဘဲလေးအက ကနေတယ်။ကောက်ညှင်းပူပူနဲ့ မြေပဲဆားလှော်အနံ့သင်းသင်းက ကျနော်တို့ အတွက်လားလို့ အမေ့ကို ပူဆာနေတဲ့ကလေးတွေက မေးကြတယ်။ အမေ့ခေါင်းပေါ် လွင့်နေတာ ပြာတွေလား၊ နှင်းတွေလား။ အနားရောက်တော့ အမေ့ကိုလက်ညှိုးနဲ့ ထိကြည့်တာ ရေခဲပြင်အလွှာတချပ်က အရင် လျောခနဲ ပြုတ်ကျသွားတယ်။ အမေက သူ့လက်နှစ်ဖက်ကို မီးဖိုရှေ့ပို့လိုက်ရင်း အနွေးဓာတ်ရအောင် လုပ်နေတယ်။ အစက အမေ့ဆီက ဘာတုန့်ပြန်သံမှ မရတာ အမေကရေခဲ ဖြစ်နေလို့ပေါ့။ ကျနော်တို့ အတွင်းအားရဲ့သုံးပုံတပုံကို သုံးလိုက်ပြီဗျလို့ အမေ့ကို ပြောလိုက်တော့မှ အမေက ဟဲ့ကောင်လေး ဒီကိုလာစမ်းဆိုတဲ့ အသံထွက်လာတယ်။ အမေက နှစ်တိုင်း အဲ့ဒီလိုပဲ။ ရေခဲတချပ်ချင်းစီကနေ အမေ့ကို ကျနော်တို့က ရလိုက်တာ။

၂၄

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:35


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Friday, November 8, 2024
ခင်ဦးစား ငချစ်ညို


❝ ခင်ဦးစား ငချစ်ညို ❞
( တက္ကသိုလ်နန္ဒမိတ် )



အစိတ်စိတ်အမြွှာမြွှာ ကွဲပြားလျက် ဖရိုဖရဲ ဖြစ်နေသော မြန်မာနိုင်ငံတော် ကို တတိယအကြိမ်မြောက် ပြန်လည် စုစည်း၍ တစ်အင် ၊ တစ်အား ၊ တစ်ဓား ဖြစ်အောင် ထူထောင်နိုင်ခဲ့သော ဦးအောင်ဇေယျ ၏ အကြောင်း ကို “ ငယ်မည် မှာ အောင်ဇေယျလို့ ၊ တောင်ဒီပကျွန်းဇမ္ဗူ ။ မင်္ဂလာသြဘာညွှန်းတယ် ၊ ထွန်းတဲ့တစ်ဆူ ” ဟူ၍ လည်းကောင်း ၊ “ ရန်ကြီးအောင် တဘောင်သ ၊ တန်ဆောင်လ ပုဏ္ဏမီ ၊ လက်ရုံးတော် ဖုန်းထိန်တောက် ၊ သုံးကြိမ်မြောက်ညီ ။ ရွှေဘိုဆီ ၊ မထီတဲ့လူစား ။ မောင်ချစ်ညို မင်းဟန်တုကို ၊ သွင်းရန်ပြုရှား ” ဟူ၍ လည်းကောင်း ၊ “ အလောင်းမင်းတရား အကြောင်းတော်ကား ၊ ပုဂံပြည်ကြီးရှင် သခင်ပြူစောထီး မှ သည် ၄၇ ယောက် သော မင်းတို့ နောက် ဖောင်စကြာရှင် နရပတိစည်သူ ၏ သမီး ကျောင်းတော်သည်နှင့် နရသိင်္ဃမင်း ၏ သားတော် အနန္တသူရိယ စုံဖက်ရာတွင် ဖွားမြင်သည့်သား သဒ္ဓိကာ ၊ သား ဘဲကြီးရတနာ ၊ သား ဘဲငယ်ရတနာ ၊ သား လံဘူးရန္တသူ ၊ သား ပေါက်မြိုင်မင်းပုလဲ ၊ သား မြေနဲစောသိင်္ဂါ ၊ သား မိုးညှင်းမင်းတရား သီဝပါနော်ရထာ ၊ သား မြောက်ဘက်နော်ရထာ ၊ သား သင်္ခယာ ၊ သား မင်းနေဝန်း ၊ သား မင်းရဲထွေး ၊ သား မင်းကြီးရွှေ ၊ သား ဘုရင်ကျော်သူခံ မင်းဘိုးခင် ၊ သား မင်းစစ်နိုင် ၊ သား သီရိမဟာဓမ္မရာဇာ ၊ သား အလောင်း မင်းတရား ” ဟူ၍ လည်းကောင်း ။



“ ကုန်းဘောင်ဆက် မြန်မာဘုရင် အလောင်းဘုရား သည် ဆင်စီး ၊ မြင်းစီး ၊ ဓားခုတ် ၊ လှံထိုး စသည့် ယောက်ျားကောင်းတို့ တတ်အပ်သော အတတ်များကို တတ်ကျွမ်း၏ ။ အချိန်အရွယ် အမှန်းအဆ လည်းကောင်း လှ၏ ။ ပဲခူး ၊ ဟံသာဝတီကို တိုက်စဉ်က ရန်ပုံခွင်း အမြောက်ကို မိမိတို့ ရံမြို့ထိပ်သို့ တင်၍ ဟံသာဝတီမြို့ ထိပ်က ပစ်လျက် ရှိသော အမြောက်ဝ သို့ အလောင်းဘုရား လက်ညှိုးတော် ညွှန်ရာ အမြောက်ချိန်၍ ပစ်စေရာ ပထမအကြိမ်ကျည်စေ့သည် တလိုင်းတို့ အမြောက်ဝ ကို တည့်တည့် ဝင်၍ ကွဲလေ၏ ။ ထပ်၍ ပစ်စေရာ ကျည်စေ့သည် တလိုင်းတို့ အမြောက်ဝ၌ ဆို့ပိတ်၍ နေလေ၏ ” ဟူ၍ လည်းကောင်း ၊ “ အလောင်းမင်းတရားကား သက္ကရာဇ် ၁ဝ၇၆ ၊ တော်သလင်းလတွင် ဖွားတော်မူ၏ ။ ငလျင် ပြင်းစွာ လှုပ်၍ ဘုရားပုထိုး ပြို၏ ။ မြေကြီး အစိတ်ကွဲ၍ ရေထွက်၏ ။ အရွယ်တော် သို့ ရောက်သည့် ကာလ လက်ရုံးတော် ရောင် တောက်သောကြောင့် မုဆိုးဘိုရွာ က မင်းလောင်း ပေါ်လတ်မည် ” ဟူ၍ လည်းကောင်း ချီးမြှင့် ရေးသားစပ်ဆိုခဲ့ကြ၏ ။



သို့သော် ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရား နှင့် စစ်ပြိုင် ဘက် ၊ စစ်ထိုးဘက် ဖြစ်သော ခင်ဦးစား လက်ျာပျံချီဘွဲ့ခံ ငချစ်ညို ၏ အကြောင်း ကိုကား အကျယ်တဝင့် မှတ်တမ်းတင်ခဲ့သည်ကို မတွေ့ရပေ ။



ငချစ်ညို သည် ဦးအောင်ဇေယျ ထက် သတ္တိ သာ သူ မဟုတ် ဟု ဆိုကောင်းဆိုနိုင်စေကာမူ ဦးအောင်ဇေယျ ထက် ကား သတ္တိညံ့သူ မဟုတ်ချေ ။ အင်းဝ ပျက်သည့်အချိန်တွင် ဦးအောင်ဇေယျ သည် မုဆိုးဘို တွင် ထန်းလုံးတပ် တည်၍ အခိုင်အမာ နေသကဲ့သို့ ငချစ်ညို သည် လည်း မုဆိုးဘို နှင့် အနီးအစပ် ဒေသတွင် တပ်ခိုင်တပ်လုံး ဖြင့် ရှိနှင့်ပြီး ဖြစ်သည် ။



ဦးအောင်ဇေယျ သည် သတ္တိကောင်း ဗျတ္တိကောင်း မြန်မာအမျိုးသား ဖြစ်သကဲ့သို့ ငချစ်ညို သည်လည်း သတ္တိပြောင် သော ၊ အနိုင်မခံ အရှုံး မပေးတတ်သော မြန်မာအမျိုးသား ပင် ဖြစ်သည် ။ သို့သော် ရွှေဂူ တစ်ဂူ တွင် ကေသရာဇာ ခြင်္သေ့မင်း နှစ်ကောင် စိုးစံ၍ မရ သကဲ့သို့ ဦးအောင်ဇေယျ နှင့် ငချစ်ညို တို့ သည်လည်း မြောက်ဘက် တစ်လွှား တွင် အတူတူ ဩဇာ ပျံ့နှံ့ချင်၍ မရချေ ။



ငချစ်ညို သည် လတ်တလောချင်း တွေ့ နေရသော ဦးအောင်ဇေယျ နှင့် အာဏာလုပွဲတွင် ဦးအောင်ဇေယျ အား အလဲထိုး နိုင်ရန် အတွက် ဟံသာဝတီအင်အားစု ၏ အကူအညီ ကို ယူခဲ့ဟန် တူသည် ။ ငချစ်ညို သည် ဟံသာဝတီအင်အားစု ၏ အကူအညီ ကို ယူခဲ့ကြောင်း နှင့် အလောင်းမင်းတရားကြီး အရေးတော်ပုံ ” တွင် အတိအလင်း ဆိုသည် ။ ၎င်းအရေးတော်ပုံကျမ်း တွင် ...



“ ပဲခူးမင်းညီ ဥပရာဇာ လည်း မင်းဧကရာဇ်နှင့် တကွ အင်းဝ မြို့ ကို ရလျှင် အရပ်ရပ်သားတို့ သစ္စာခံ သောက်၍ ရှိလေ ပြီးသည် ။ မုဆိုးဘို ရွာ သာ ထန်းလုံးတပ်ကို ယုံ၍ သစ္စာမခံ ကျန်ရှိလေသေးသည် ကို ငါတို့ သင့်ရာလူ စေ၍ သစ္စာတိုက်စေ ။ သစ္စာတိုက် မခံ သောင်းကျန်းခိုင်မာ နေသည့် ကာလ မှ အနိုင်သိမ်းယူရမည် ။ ငါးစို့တစ်ခွင် မြောက်ဘက် တစ်ပင်သာ တို့လည်း ငါတို့ လူချည်း ဖြစ်လေပြီးသည် ။ ခင်ဦးစား မင်းကြီး ကျော်စွာ သား လက်ယာပျံချီ တို့လည်း မုဆိုးဘို နှင့် အနီးအစပ် တပ်ခိုင် တပ်လုံး နှင့် ရှိလေပြီးသည် ။ အပန်းတကြီး လုပ်ကြံရမည် မဟုတ် ၊ လက်ခုပ်တီး ကာ သာ ယူရမည့် အရေးရှိသည် ဖြစ်၍ x x x x x ငါတို့ တပ်ပေါင်း ၃ဝ သားတို့မှာ စုန်သွားနှင့်တော့မည်ဆို၍ အဝဘုရင် ကို ဆောင်ယူ စုန်သွားလေ၏ ” ဟူ၍ လည်းကောင်း ... ။



ထို အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း စာမျက်နှာ ၁၄ တွင် လည်း ...

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:35


“ တလပန်းအစား ရွှေခွန်ဝန် ကို အဝမြို့စောင့်ထား၏ ။ ခင်ဦးစား လက်ယာပျံချီ ဆိုသူနှင့် တိုင်ပင်ပေါင်းယှက် ၍ အရပ် ကို သိမ်းရုံးလေ ဟု မှာလိုက်၏ ” ဟူ၍ လည်းကောင်း ။



အထက်ပါ စာမျက်နှာ တွင်ပင် ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်းပါလျက် ငချစ်ညို က ဦးအောင်ဇေယျ ရှေ့မှောက် တွင် ဒူး မထောက်လို ဟု ပြန်ကြားပုံကို



“ အလောင်းမင်းတရား ကြားရောက်သည် ခင်ဦးစား လက်ယာပျံချီ ...



“ မြန်မာလူမျိုး ဖြစ်လျက် တလိုင်းကျွန် ခံမည်ကြံသည် မှာ မသင့် ။ မင်းမာသည် လက်ရုံးရည် လည်း ရှိပေသည် ။ သူရဲကောင်း လည်း မှန်ပေသည် ။ ငါကဲ့သို့ ဘုန်းပညာအာဏာစက် မစုံလင် ၊ ငါသို့ ဝင်စားလာသော် စစ်သူကြီး နှင့်အရာနှင့် သူကောင်း ပြုတော်မူမည် ။ ငါ့ သူရဲကောင်းတို့ နှင့် နောင် တွေ့ကြ၍ လက်ခြေ လွန်လေသော် သူကောင်း ဆိုသည်နှင့် မညီ ရှိ တော့မည် ဟု စေတော်မူလိုက်၏ ။ ငချစ်ညို လည်း ရှေးအထက် ကပင် ခိုက်စရန်စ ရှိကြဖူးသည် နှင့် ငါ ဝင်စားသော်လည်း အရှင် မထားပေရာဟု မဝင်ဝံ့ရှိ၍ မြန်မာချင်း ကို ရှိမခိုးလို ၊ တလိုင်း ကို သာ ရှိခိုးတော့မည် ဟု ဆိုလိုက်၏ ” ဟူ၍ လည်းကောင်း ဖော်ပြပါရှိလေသည် ။



ဤတွင် စဉ်းစားရန်မှာ ငချစ်ညို သည် အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း က ဆိုသကဲ့သို့ အကယ်ပင် ဟံသာဝတီအင်အားစု နှင့် စိတ်လိုလက်ရ ပေါင်းလေသလော ၊ သို့တည်းမဟုတ် ဦးအောင်ဇေယျ ၏ ရန်ကို ကြောက်၍ ယာယီပေါင်း ပေါင်းခြင်းလော ဟူသော အချက်ပင် ဖြစ်သည် ။



ငချစ်ညို သည် သူရဲကောင်း ဖြစ်ကြောင်း ၊ သူရသတ္တိအရာ တွင် ဦးအောင်ဇေယျ နှင့် သွေးတူရည်တူ ဖြစ်ကြောင်း တို့ကို ဦးအောင်ဇေယျ ကိုယ်တိုင်ပင် ဝန်ခံ ထားရကြောင်း အထက်ဖော်ပြပါ အကြောင်းအရာ အားဖြင့် သိသာနိုင်သည် ။ ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်း ခဲ့သည် ဆိုသည်မှာလည်း ဧကန်အမှန် ပင် ဖြစ်သည် ။ သို့သော် ထပ်လောင်း၍ စဉ်းစားသင့်သည့် အချက်မှာ ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်းသည့် အချိန်မှာ ဦးအောင်ဇေယျ ကိုယ်တိုင်ပင် လုံခြုံမှု အခိုင်အမာ မရှိသေးသော အချိန်ပင် ဖြစ်သည် ။ ဦးအောင်ဇေယျ နှင့် ဦးအောင်ဇေယျ ၏ တပ်သားများ က ငချစ်ညို နှင့် ငချစ်ညို ၏ တပ်သားများ အန္တရာယ် ကို စိုးရိမ်နေရသည့် အချိန်ပင် ဖြစ်သည် ။ ဤကဲ့သို့သော အချိန် တွင် ဦးအောင်ဇေယျ သိမ်းသွင်းရာ သို့ မဝင်လာသော ငချစ်ညို ကို အပြစ် ဆိုရန် မရှိ ။ ငချစ်ညို ၏ စွမ်းရည်သတ္တိ ကို လည်း ကြည့်ပါဦး ။



“ ငချစ်ညို စကား ကို ကြားတော်မူလျှင် အမျက်တော် ရှိ၍ ယခုပင် ခင်ဦးရွာ ကို မီးတိုက်ချေ ။ မီးကို မြင်လျှင် ငါ ( ဦးအောင်ဇေယျ ) ချီတော်မူ လာမည် ဟု မြင်း ငါးဆယ် ၊ သေနတ် တစ်ရာ ၊ လူသုံးရာ နှင့် သေနတ်ဝန် ၊ မင်းကျော်ပျံချီကို ဗိုလ်မှူး ခန့်၍ ချီသွားရသည် ။ ညဉ့် ၃ ချက်တီးချိန် ရောက်၍ တပ်ကို တက်လျှင် တပ်စီး တို့ သိ၍ ထိုးခုတ်သည် နှင့် မတက်နိုင် သောကြောင့် တပ်ပြင် တွင် ရှိသော ကျောင်း ကို မီးတိုက်၍ ဆုတ်ခဲ့ရချေ၏ ။ အလောင်းမင်းတရား လည်း ခင်ဦး က မီး ကို မြင်လျှင် ခင်ဦး ကို အလိုတော် ပြည့်ပြီ မှတ်တော်မူ၍ လူကြီးမဆို လူအိုစု နှင့် နှဲခရာ ဗြောစည် တီးလျက် ချီတက်မူရာ စည်သာဝ မြောက် တွင် ငချစ်ညို ထွက်၍ လိုက်လာသော ကြောင့် ပရမ်းပတာ ပြေးလာသော ရဲမက်တော် တို့နှင့် တွေ့၍ အကြောင်းမျိုး ကို လျှောက်လျှင် အမျက်တော် ထွက်၍ နင်တို့ သူရဲကောင်း ပြုသမျှ တစ်စုလုံး အသွမ်းချည်း ပြည်စိုး ကျွန်းတော ရောက်ကာ လူစု ဖြစ်သည် ။ လူအိုစု နှင့် သာ ငါ တိုက်တော်မူသည် ။ နင်တို့ တစ်စုမှာ ထမင်းအိုး ထမ်း၍ နောက်က လိုက်ကြရမည် မိန့်တော်မူ၍ ချီသည် နှင့် ငချစ်ညို လည်း တပ်သို့ မပြန်ဘဲ မြင်း သေနတ်ဝန် အများဝန်းရံလျက် ချီလာသည် နှင့် ဆိုင်မိကြ၍ ပစ်ခတ် ထိုးခုတ်ကြလျှင် စစ်သည်တော်များ လည်း အခြား တစ်ပါး ကွဲပြားကြသည် ကို မစည်းရုံးခင် ၍ ဆုတ်တော် မူရချေ၏ ။ စည်ဗြောတို့ ကို လည်း သူ ရလေ၏ ။ ”



အထက်ပါ ဦးအောင်ဇေယျ နှင့် ငချစ်ညို တို့ ရင်ဆိုင် တိုက်ပွဲ တွင် ဦးအောင်ဇေယျ အင်အားစု ဘက်မှ အရေးမလှပုံ ကို ဖော်ပြပြီး နောက် ဒုတိယအကြိမ် ရင်ဆိုင် တိုက်ပွဲ အကြောင်း ကို လည်း အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း တွင် အောက်ပါ အတိုင်း ဖော်ပြထားပြန်သည် ။



“ ခင်ဦးစား ငချစ်ညို လည်း တပ်ရင်းသို့ ချဉ်း၍ သော်လည်း မလုပ်မကြံ ။ အနီးအပါးသို့ လာ၍ ချက်တစ်ဖြုတ် ကျွဲနွား ကို သိမ်းယူလာ သောကြောင့် သေနတ်ဝန် နှင့် မြင်း နှစ်ဆယ် ၊ သူရိန်ဒေဝ နှင့် သေနတ်လက်ကောင်း ခုနစ်ဆယ့်ငါး ၊ ခင်ဦး ပါး သို့ ကျွဲနွားလိုက်ချေ လွှတ်လိုက်၍ သွားကြလေသော် သေနတ်သမားတို့ ကို ခင်ဦး အရှေ့ နှစ်တိုင်ခန့် ကွာ ကျွန်းကျောင်းအရပ်၌ ထားခဲ့၍ မြင်းနှစ်ဆယ်သား တို့ တပ်ပါးသို့ ချဉ်း၍ ကျွဲ နွားတို့ ကို လိုက်ခဲ့သည်နှင့် ငချစ်ညို မြင်း နှစ်ဆယ် သေနတ်လုလင် ခြေလျင်သုံးရာ လောက် နှင့် လိုက်ထပ်လာ၏ ။ ငချစ်ညို အစ်ကို ငချစ်ဝ မြင်းသုံးစီး နှင့် ရှေ့လွန်၍ လိုက်လာသည်ကို သေနတ်နှင့် ပစ်၍ ကျလျှင် ခေါင်းကိုဖြတ်၍ ယူကြ၏ ။ ယင်းသို့စဉ်တွင် ငချစ်ညို မီလာ၍ သေနတ်လုလင် ခြေလျင်သမားတို့ ပွဲကြည့်၍သာ နေပါစေ ။ ငါ နှင့် မြင်းစီးချင်း ကစားကြမည် ။ ယောက်ျားကောင်း ထွက်ခဲ့စေ ။ ငချစ်ညို ဆိုလျှင် မင်းကျော်ဗညား ထွက်သည် ကို ငမြတ်ထွန်း နှင့် ငါ နှင့် တိုက်ဖက် မတန် ၊

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:35


ငါ့ လှံသာ သွေးစွန်း တော့မည် ဆိုသဖြင့် မုဆိုးခြုံဗိုလ် မင်းလှရွှေတောင် ထွက်ပြန်သည် ကို လည်း ငထွန်းငယ် ၊ ငါ့ လူစွမ်း ကို ငစဉ့်ကိုင် မှာနေကြ စဉ်ပင် နင်အသိဖြစ်သည် ။ ငါ နင့် ကို ဖက် မတန် ဆိုပြန်၍ ယင်မတန်ဗိုလ် ၊ ယင်ပါဗိုလ်တို့ မြင်း ၂ဝ သားအသီးသီး ထွက်ကြသည်ကိုလည်း မဖက် မပြိုင်လို ၊ သေနတ်ဝန် ဆိုသူသာ ထွက်လာစေ ဆို၍ သေနတ်ဝ န်ထွက် ရာတွင်မှ သည်ခါ ယောက်ျားကောင်း ချင်း တွေ့ ရတော့မည် ။ ကိုယ်တို့ မှာ ပွဲကြည့်၍ သာနေ ၊ သေနတ်ဝန် နှင့် ငါနှင့် တန်စေ ကြုံးဝါး သံပ၍ မြင်း ကို အကုန်လွှတ်၍ ခြေတစ်ဖက် ထောင်လျက် ရပ်၍ စီးသည် ။ မြင်းနံပါး ၌ ကပ်လျက် စီးသည် ။ လှံကို လက်ဝဲ လက်ယာ ဘယ်ညာ လျည်း၍ စီးသည် ။ သေနတ်ဝန် မူကား လှံမဖြင့်ချိန်ဆကာ နေ၏ ။ ငချစ်ညို လည်း စီးနည်း အထွေထွေ ကို ပြပြီးလျှင် လှံရှင် နှင့် လွှတ် လိုက်သည် ။ သေနတ်ဝန် လှံရိုးကို ခတ်မိချေ၏ ။ သေနတ်လုလင်တို့ ထ၍ သေနတ်စည်ကြ သည်ကို မြင်လျှင် ငချစ်ညို ပြန်သွားလေ၏ ။



ဤကဲ့သို့ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော ငချစ်ညို အကြောင်း ကို အရေးတော်ပုံကျမ်းပြုဆရာ က “ လက်ျာပျံချီ ငချစ်ညို ကား ဆင်စီးမြင်းစီး ပြွမ်းတီး၏ ။ ဓားရေးလွှားရေး ကျွမ်းကျင်၏ ။ လေးပစ်လှံထိုး မျိုးစုံ၏ ။ အပြီးအစီးအကွယ်အကာ လုံခြုံ၏ ။ တစ်ယောက်ချင်း ကို မဆိုထားဘိ တောင်ပုံရာပုံ ကို သော်လည်း မြင်းစီးချင်း နှင့်သာ ဝင်၍ ဖျက်နိုင်၏ ။ ရဲစွမ်း သတ္တိ ရှိ၏ ။ စစ်ရိပ်စစ်ခြည် နားလည်၏ ” ဟု ဖော်ပြခဲ့၏ ။



ဤကဲ့သို့ သူရသတ္တိ နှင့် ပြည့်စုံသူပင် ဖြစ်လင့်ကစား နိုင်ငံရေး လမ်းစဉ်လွဲမှားလာသော အခါ ၊ စည်းရုံးရေး မမှန်ကန်သော အခါ အရှုံး နှင့် ရင်ဆိုင်လာရလေသည် ။ အောက်ပါ ကောက်နုတ်ချက် ကို ကြည့်ပါဦး ။



“ ငချစ်ညို လည်း × × × သူ မရောက်ခင် အကူ ရှာနှင့်ရသော် သင့်မည် အကြံရှိ၍ အဝမြို့စောင့် ရွှေခွန်ဝန် မှာ တလိုင်း သုံးထောင် တောင်း ၍ တပ်အရှေ့ က ၂ တပ် ၊ ခင်ဦး နှင့် သော် ၃ တပ် ၊ ရန်သူ အဝင် ခက်အောင် ခုံလောက် ၃ လုံးဆိုင် တပ်တည်ရ၏ ။



“ အလောင်းမင်းတရား လည်း ခင်ဦး သို့ အကြိမ်ကြိမ် ချီ၍ လုပ်ကြံသည် ။ ငချစ်ညို ထွက်လျှင် ငါတို့က မရပ်မခံနိုင် ပျက်ရ ချေသည် ။ သည် တစ်ခါသော် မြင်းသည် လည်း မြင်းနှင့် တပ်ရင်းသို့ ကပ် ၊ ပုဆိန်သမား ဓားသမား လည်း တပ်တိုက် ကို ဖြတ် ၊ တူးရွင်းသမား တို့ လည်း တူးရွင်း နှင့် တပ်တိုင်ကို တူး ၊ လှေကားသမား လည်း လှေကား ထောင်၍ တက် ၊ နောက်သို့ ပြန်လှည့်၍ ကြည့်သော် ငါ့ညီ ငါ့သား ပင် ဖြစ်သော်လည်း ကွပ် ။ အခါတစ်ပါး ကို မနှုန်းနှင့် ၊ အမှု ကုန်စင်အောင်ထမ်း ။ ငချစ်ညို ၊ ညီ ငချစ်မြ ၊ အဖငလုံ တို့ကို အရှင်ယူခဲ့ ။ တလိုင်း ၂ တပ် ရှိသည် ဆိုသည် ။ တလိုင်း တပ် မှာ ယာယီ ခင်ဦး သာ နဂို ဖြစ်သည် ။ ခင်ဦး ပျက်လျှင် တလိုင်းတပ် ပျက်လိမ့်တကား ဟု မိန့်တော်မူ၍ နတ်တော်လဆန်း ၈ ရက်နေ့ ချီစေ၍ မိုးသောက်တံခါး ဖွင့်တွင် အနောက်တောင်ထောင့်က တစ်ပြိုင်နက် တပ်ရင်း သို့ ကပ်၍ တပ်တိုင် တို့ ကို တူး သူ တူး ၊ တပ်တိုင် တို့ ကို ဖြတ် သူ ဖြတ် ၊ လှေကား ထောင်၍ တက် သူ တက် ၊ သူ က ထိုးခုတ်သည် ကို ပမာ မမှတ် ။ ငချစ်ညို လည်း ညဉ့်မိုက်ရီတရော် ဖြစ်၍ ပြင်သို့ မထွက်ဝံ့ ၊ တပ်တွင်းကသာ ကွပ်ညှပ်ဆော်ဖန်၍ နေ၏ ။ နောင်တော် ( ဦးအောင်ဇေယျ ၏ အစ်ကို ) စည်သာမင်းကြီး မူကား မြင်း နှစ်ဆယ်သားတို့ နှင့် တပ်အနောက် သို့ ပတ်၍ မြောက်တံခါး က ဝင်၏ ။ တပ်စီးတပ်နင်း တို့ လည်း အနောက်တောင်ထောင့် က သူ တက်သည် ကို ဆီးဆို့ ၍တိုက် မည်ဟု လူ ၃ဝ ခန့် သာ ထားခဲ့၍ အနောက်တောင် ထောင့် သို့ ချည်းပြေး လေ၏ ။ စည်သာ မင်းကြီးလည်း တံခါးစောင့်လူတို့ကို ခြောက်လှန့်၍ တပ်တွင်းသို့ ဝင်မိလျှင် အိမ်ရာတဲကနား တို့ ကို မြင်း ၂ဝ သား မီးတိုက်သည် နှင့် တပ်ပေါက်၍ ရဲမက်တော် တို့ ဝင်မိလျှင် ငချစ်ညို လည်း ဆွေသားတစ်စု နှင့် သာ ထွက်ပြေးလေ၏ ။ ဝေလီဝေလင်း နှင်း လည်း မှုန်သည်နှင့် မမိလိုက်ချေ ။ ခင်ဦး ပျက်လျှင် တလိုင်းတို့ တပ်လည်း ပျက်နှင့် လေ၍ သေနတ် ၂ဝဝ ၊ မြင်း ၅၀ ၊ ဆန်ရေစပါး ကျွဲနွားလူသူ တို့ကို သိမ်းယူ၍ ပြန်ခဲ့ရ၏ ။ ငချစ်ညို တို့ သားအဖ တစ်စု လည်း ခင်ဦး က ထွက်ပြေး၍ ကျွန်းတောကြီး တပ် သို့ ဝင်လေ၏ ။



သူရဲကောင်းကြီး ငချစ်ညို ၏ ခင်ဦး တပ်ပျက်ခြင်း သည် သူရဲကောင်းကြီး ငချစ်ညို ၏ ပျက်စီးခြင်းသို့ ရှေ့ရှုခဲ့လေသည် ။ ငချစ်ညို ကျွန်းတောကြီးတပ် သို့ ဝင်၍ လာခဲ့ခြင်းမှာ ဟံသာဝတီပါမင်း ၏ အမှုထမ်း တစ်ဦး ဖြစ်သော ရာဇာဓိရာဇ် ဆိုသူ သည် ဆင် ၅ဝ ၊ မြင်း တစ်ထောင် ၊ လူတစ်သောင်းခန့် နှင့် မြေတူးမြို့ အနောက်ဘက် ရှိ အင်တိုင် ရွာ တွင် တပ်အခိုင်အမာ တည်၍ နေသဖြင့် ၎င်းထံမှ အကူအညီ ရနိုင်သည့် အတွက် ဖြစ်၏ ။ သို့သော် ငချစ်ညို ကျွန်းတောကြီး တွင် တပ်တည်၍ နေသည် ဟု ကြားလျှင် ရာဇာဓိရာဇ် သည် ဦးအောင်ဇေယျ လာရောက်တိုက် ခိုက်မည်ကို ကြောက် သဖြင့် အင်တိုင်တပ် မှသည် ချင်းတွင်းမြစ် အနောက် ဘက် မင်းခင်းမြို့ သို့ ပြောင်းရွှေ့ သွားလေသည် ။ ဦးအောင်ဇေယျ လည်း ကျွန်းတောကြီး ရှိ ငချစ်ညို တပ် ကို လက်နက်ကိုင် ၂ ထောင် စေလွှတ်၍ တိုက်စေပြန်ရာ ကျွန်းတောကြီးတပ် လည်း ပျက်ရပြန်လေသည် ။ သို့ ဖြစ်၍ ငချစ်ညို သည် မိဘဆွေမျိုးများ နှင့် တကွ ရာဇာဓိရာဇ် ရှိရာ မင်းခင်းတပ် သို့

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

08 Nov, 12:35


ပြေးလာခဲ့ရလေ၏ ။ ငချစ်ညို မင်းခင်း သို့ ရောက်၍ မကြာမီပင် ရာဇာဓိရာဇ် သည် ဦးအောင်ဇေယျ ထံ သစ္စာခံ၍ ဝင်ရောက် သွားသော ကြောင့် ငချစ်ညို သည် စလင်ကသူ ရွာ သို့ ပြောင်းရွှေ့ ခဲ့ရပြန်သည် ။ ထိုရွာ တွင် နေစဉ် ပင် ဦးအောင်ဇေယျ အား တိုက်ခိုက်ရန် အင်အားကြီးစွာ ချီတက်လာသော ဟံသာဝတီပဲခူးမင်း ၏ ညီတော် မဟာဥပရာဇာကြီးမှူး သည့် တပ်ကြီး သည် ဆင်တဲဝ အရပ်သို့ ရောက်လာပြီး နောက် စလင်ကသူ ရွာ ကို ညှပ်၍တိုက်ကြရာ စလင်ကသူ တပ်ပျက်ရ လေသည် ။ ဤတွင် ငချစ်ညို တို့ သားအဖ သည် မဟာဥပရာဇာ ထံသို့ ဝင်ရလေသည် ။ သို့ သော် အယုံအကြည် မရှိသဖြင့် ငချစ်ညို တို့ သားအဖ ကို သုတ်သင်လိုက် လေသည် ။



ဤသို့ဖြင့် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းကြီး ဧကန် စင်စစ် ဖြစ်ပါလျက် တိုင်းပြည်ရေး ထက် ပုဂ္ဂိုလ်ရေး မုန်းတီးမှု ကို ဦးစား ပေးမှု ၊ အပြင်အပ အကူအညီ ကို အားကိုးမှု တို့ ကြောင့် သူရဲကောင်းပီပီ တိုက်ပွဲတွင် သေရမည့် ငချစ်ညို သည် သူတစ်ပါး လက်သို့ မိမိ ကိုယ်ကို ယုံကြည်စွာ အပ်နှင်းရင်း အယုံအကြည် မခံရဘဲ ကြက်ကလေးငှက်ကလေးများ အသ,တ်ခံရ သကဲ့သို့ ခံခဲ့ရပေသည်တကား ။ ။



တက္ကသိုလ်နန္ဒမိတ်



📖 မြဝတီ မဂ္ဂဇင်း

ဖေဖော်ဝါရီ ၊ ၁၉၅၉

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

07 Nov, 14:09


လှည်းတန်း ​ရွှေ မှာ ဘယ်သူတွေလာမလဲ
_________

-ညီပု-

ဘရိုဖရန့် က ဘောင်းဘီပွပွကြီး တစ်ထည်
ဝတ်ချလာတယ်၊ အသားကောင်းပုံရပေမယ့်
တံဆိပ်စာသားက တမျိုးကြီး။

ခဏနေရင် မင်းရည်
ခဏနေရင် တရုတ်မကြီး
ခဏနေရင် ဆောင်းလူ လာလိမ့်မယ်။

ယာယာက သူ့မွေးစားသားရှင်ပြုမို့
လာဖြစ်ရင်တောင် နောက်ကျမယ်တဲ့
အရင်ရောက်သူကတော့ အရင်ဦးအောင်မေးရမယ်

လှည်းတန်း ရွှေမှာ ဘယ်သူတွေလာမလဲ

ပေသိုးက ရထားပေါ်မှာ
ရုံးက ပြန်ရင် မြတ်ကျော်လှည့်ဝင်လာမယ်
မောင်သာယာ ဆေးဝါနဲ့ ကွမ်းယာထုတ်နေတယ်
ထွက်လာနေပြီ ၊ အစ်ကို ထွက်လာနေပြီနော်လို့
ပြောပေမယ့် ကြာဦးမယ်

ရေးလက်စ အများကြီးနဲ့
စစ်မင်းခ ရောက်လာမယ်၊
အရင်ရောက်ပြီးရင် အရင်ဦးအောင်မေးရမယ်
မိုးသွေး လာမှာလား၊ လင်းနီ လာမှာလား
စက်ဘီးလေးနဲ့ဆိုတော့ ကိုဝေယံတို့က
ကားပိတ်လည်း လှိမ့်လာမယ်

မတွေ့ရတာကြာတဲ့ သွေဟကရော
အရင်ရောက်သူက အရင်ဦးအောင်မေးရတယ်

လှည်းတန်း ရွှေမှာ ဘယ်သူတွေ လာဦးမလဲ

တွေ့တဲ့ကားပေါ်အတင်းတတ်လိုက်ပြီး
ပြတင်းပေါက်နားက ခုံတစ်လုံးမှာ ပစ်ထိုင်လိုက်မိ
လေအေးတွေ တကိုယ်လုံးခဲသွားအောင် ဝင်လာမှ
မှန်ကို ချကြည့်တာ မရတော့ဘူး

တံခါးက ညပ်နေတာ

ဇန်နဝါရီ ၂၀၂၃

(ရွံစရာများ၊ ရေးဘော်များအားလုံးသို့. . .)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 14:19


good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 13:36


မင်းမကျေနပ်ဘူးဆိုရင် ငါ့နှုတ်ခမ်းတွေကို
ဖိကိုက်ပစ်လိုက်လို့ရပါတယ်

-ညီပု-

ပုပ္ပါးတောင်ကြီးအပါဝင် တနေ့ကျရင်
ဘီစကစ်တွေလို ငါတို့ ကျိုးကျေကုန်ကြလိမ့်မယ်။

သံချေးတတ်နေတဲ့လက်ရမ်းအတိုင်း
လက်သည်းနဲ့ကုတ်ခြစ်တတ်လာခဲ့။
အပေါ်မှာ အေးစက်လိုက်၊ ပူနွေးလိုက်၊
စွတ်စိုလိုက်၊ ခြောက်သွေ့လိုက်၊
ကျောက်တုန်းအကြီးကြီးတစ်ခုရှိတယ်။
အဲ့ဒါငါလေ။ ပြီးတော့မင်းပေါ့။
မျက်နှာချင်း ကိုယ်ခန္ဓာချင်း
ခြေထောက်တွေချင်း ထိစပ်နိုင်သမျှပေါ့။

မင်းမကျေနပ်ဘူးဆိုရင်ငါ့နှုတ်ခမ်းတွေကို ဖိကိုက်ပစ်လိုက်လို့ရပါတယ်။

အခု ငါစောင့်နေတာ ကျိုထားတဲ့ရေနွေးအိုးရဲ့ထောက်ခနဲ မြည်လာမယ့်အသံ၊ လက်ဆေးဆပ်ပြာခွက်ထဲ လက်တွေမေ့ကျန်ရစ်ခဲ့သလို ငါ့အစိတ်ပိုင်းတွေ ငါ့ကိုစိမ်းနေပုံ၊ မင်းဘာပြောပြော ဦးနှောက်က ထောပတ်ဘိန်းမုန့်လို့ပဲ နားလည်။ ပြီး ဆန်းကျယ်ရုပ်ပုံပုရွက်ဆိတ်အုံကြီး ခေါင်းအုံးပေါ်ရောက်လာ။

ဂျယ်ရီကပြောတယ်။ ရေပြင်ညီတလှည့် ဒေါင်လိုက်တလှည့်ပြေးပါတဲ့။ ကြောင်တွေဟာ ဂေါက်သီးလိုပဲ။ မြောက်တတ်သွားမယ်။ လိမ့်မယ်။ တည်ငြိမ်တယ်လို့ထင်ရတယ်။ ပြီးတော့ ကျင်းထဲ အတိကျပဲ။ဒါတောင် သူ့အမြှီးက ဘေးထွက်ချင် ထွက်သွားလိမ့်ဦးမယ်။

လွယ်လွယ်လေးစဉ်းစားကြည့်။ လူတွေမရှိလည်း ဒန်းတွေဘာကြောင့် လှုပ်ယိမ်းနေရသလဲဆိုတာ။

မင်းမကျေနပ်ဘူးဆိုရင် ပန်းခြံကြီးတစ်ခုလုံးကို
ဖိကိုက်ပစ်လိုက်လို့ရပါတယ်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 13:35


ထော်လာဂျီစီးဖူးသည် ။

ဂုရုကွေးသည် ထော်လာဂျီ စီးဖူးသလား ၊ မစီးဖူးသလား မသိပါ ။ မစီးဖူး ပါက ဂုရုကွေးထက် ကိုအဏ္ဏဝါက နှာတစ်ဖျားသာသွားပြီဖြစ်သည် ။ ဒါပေမဲ့ မသေချာသော ကိစ္စဖြစ်သည် ။ ဂုရုကွေးသည် မြန်မာပြည်အနှံ့အပြားက စာပေ ဟောပြောပွဲပေါင်း များစွာကို လိုက်ဟောနေသူ ဖြစ်၍ ထော်လာဂျီစီးဖူးသူ ဖြစ် နိုင်သည် ။ စီးဖူးတာကို ကြွားသည့်အထဲမှာ ထော်လာဂျီစီးဖူးတာကို ထည့်ကြွား လို့ မသင့်လျော်သည့်အတွက် အသံတိတ်နေတာ ဖြစ်နိုင်သည် ။ အဲဒီတော့ လိုရမည်ရ သူ့ထက်သာအောင် ဘာကိုများ စီးဖူးတာ ရှိသေးလဲ စဉ်းစားရတော့ သည် ။

သတိရပြီ ။ သာကေတမြို့တည်စက ကိုအဏ္ဏဝါတို့ အပေါင်းအသင်းတွေ ထဲက ဆိုက်ကားတင်သောင်းရဲ့ မိန်းမ သေသည် ။ ကိုအဏ္ဏဝါတို့ လူစုက ဘော်ဒါ စိတ်ဖြင့် နာရေးဝိုင်းကူကြသည် ။ ကိုယ့်လူရဲ့ကိစ္စမှာ မျက်နှာမငယ်ရအောင် ၇၅ ကျပ်တန်ခေါင်းတစ်လုံးနှင့် ၁၅၀ ကျပ်တန် နိဗ္ဗာန်ယာဉ်ဖြင့် အသုဘ ချနိုင်အောင် ကူညီခဲ့ကြခြင်းဖြစ်သည် ။ ခေါင်းက ဆပ်ပြာသေတ္တာ အဆင့်သာရှိသည် ။ နိဗ္ဗာန်ယာဉ်ကလည်း ရေမဆေးဘဲထားသည့် စည်ပင်က အမှိုက်သယ် ကားထက် ပိုပြီး အကြည့်ရဆိုးသည် ။ ဒုတိယကမ္ဘာစစ်အတွင်းက အမှိုက်ပုံမှာ ပစ်ထားခဲ့သော ချက်ဗလက်ခေါင်းရှည်ကားကို သင်္ဘောဆေးအဖြူ ၊ သုတ်ပြီး လိမ့်သွားရုံလေး လက်ပူတိုက်ထားသော ကားစုတ်ကြီးဖြစ်သည် ။ ဆေးပြန်မသုတ်နိုင်တော့လို့ သံချေးတွေတက်နေသည် ။ ဘေးကာသံပြားတွေ ဂဟေပြုတ်ပြီး ကွာနေသည် ။ တံခါးနှစ်ချပ်က ပိတ်မရလို့ ဘေးကိုတွဲကျနေသည် ။ တင်သောင်းရဲ့ မယား အလောင်းကိုယူဖို့လာတာဟာ သားပေါက်ကြက်မကြီး အီးပါရင်း လမ်းလျှောက် သလို အိပဲ့အိပဲ့ ဖြစ်လာသည် ။

အသုဘမြေမြှုပ်ပြီးလို့ သုသာန်ကပြန်အထွက်မှာ ဗွက်နစ်နေသည့် နိဗ္ဗာန် ယာဉ်ကို ဝိုင်းတွန်းကြသည် ။ ဗွက်နစ်ပြီးတော့ စက်ပျက်ပြန်သည် ။ တွန်းနှိုးကြသည် ။ စက်ကမနိုး ၊ အသုဘလိုက်ပို့သူတွေ အားလုံးလောက်နီးပါး ပြန်သွားကြ သော်လည်း တင်သောင်းနှင့် ကိုအဏ္ဏဝါတို့ ဘော်ဒါတစ်စုသာ နိဗ္ဗာန်ယာဉ် တွန်းရန် ကျန်နေခဲ့ကြသည် ။ စက်နိုးတယ်ဆိုရင်ပဲ ယာဉ်မောင်းဆရာက ကိုအဏ္ဏဝါ တို့လူစုကို ကားပေါ်တက်လိုက်ခဲ့ကြပါလားလို့ လောကွတ် လုပ်သည့်အနေဖြင့် ပြောသည် ။ လမ်းလျှောက်ရမှာ ပျင်းသည့် ကိုအဏ္ဏဝါတို့ကလည်း နိဗ္ဗာန်ယာဉ် ပေါ်တက်ပြီး စီးလိုက်ခဲ့ကြသည် ။

ကဲ ... ဂုရုကြီး ၊ ခင်ဗျား စီးဖူးခဲ့တဲ့ ယာဉ်တွေထဲမှာ နိဗ္ဗာန်ယာဉ်ပါသလား ၊ ပြန်စဉ်းစားပြီး ပြိုင်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေတော့ ။ အနိုင်မခံ အရှုံးမပေး ချင်ဘူးဆိုရင်တော့ စီးဖူးတယ်ရှိအောင် ကြိုးစားပေါ့ဗျာ ။

⎕ အဏ္ဏဝါစိုးမိုး

📖 ရွှေမြင်သာဂျာနယ်
အတွဲ ( ၄ ) ၊ အမှတ် ( ၈ )
၁၁ ရက် ၊ နိုဝင်ဘာလ ၊ ၂၀၀၃ ခုနှစ် ။

.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 13:35


❝ စီးဖူးတာချင်း ပြိုင်ချင်တယ် ❞
( အဏ္ဏဝါစိုးမိုး )

ဆရာအီကြာကွေးခေါ် ဂုရုကွေး ၊ လောင်စီကွေး ၊ အီကွေလျားကြီးသည် အလွန် ကြွားသူဖြစ်သည် ။ သူသည် အလွန် အေးချမ်းသော မဟာသန္တိ သုခ ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟု ဆိုသည် ။ သူများတွေလို ဘယ်မှာ သိန်း ၅၀ ပါသွားလို့ ၊ ဘယ်မှာ သိန်း ၁ဝဝ ထားမိလို့ သောက ဖြစ်နေရတယ် ၊ ပူနေရတယ် ဆိုတာမျိုး မရှိလို့ အေးချမ်းသည်ဟု ဆိုပါသည် ။ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိဘဲ သိန်းငါးဆယ် တန် ဘုရားတန်ဆောင်းကြီးတစ်ခုကို ဓနုဖြူမြို့မှာ လှူထားပြီးပြီဟုဆိုသည် ။

ပိုက်ဆံတစ်ပြားမှ မရှိသော်လည်း ကားမျိုးစုံ ကို သူစီးဖူးတယ်ဟု ကြွား ပြန်သည် ။ လိုင်းဘတ်စ်ကားမျိုးစုံတွေထဲက သစ်သားဘော်ဒီ တင်ထားသည့် အမေရိကန်လုပ် ချက်ဗလက် ခေါင်းတိုက စပြီး သံဘော်ဒီ တင်ထားသည့် ဒေါ့ဂျစ် ၊ ဂျပန်လုပ် စစ်လျော်ကြေးရ ဟီးနိုး ၊ ကိုရီးယားလုပ် ဒေဝူးနှင့် ဟွန်ဒိုင်းကားကြီး တွေကို စီးဖူးသည်ဟု ဆိုသည် ။ သုံးဘီးနှင့် လေးဘီးကားတွေ ခေတ်မှာလည်း ဗွက်ပေါက်အောင်စီးခဲ့ဖူးသည်ဟုဆိုသည် ။

သူဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတာကတော့ ဒီဘက်ခေတ်မှာ ပေါ်လာ သည့် ဆလွန်းကားမျိုးစုံကို သူစီးဖူးတယ်ဆိုတာပဲ ဖြစ်သည် ။ ကိုအဏ္ဏဝါရဲ့ ကိုရိုနာ ၊ သောကြာ အယ်ဒီတာ ဆရာဝေသာရဲ့ စူပါရု ၊ ဆရာဆွေမင်း ( ဓနုဖြူ ) ၊ တွတ်ပီရဲ့ တောင်းအေ့စ် ၊ စာအုပ်ဖြန့်ချိရေးဆရာ ကိုအတီး ရဲ့ ပတ်ပလစ်ကာ ၊ ဆရာမင်းသိင်္ခရဲ့ ပါဂျရို အထိတောင် စီးဖူးတယ် ဆိုပါသည် ။ ဖြစ်တော့ ဖြစ်နိုင် သည် ။ ကားပိုင်ရှင်တွေအားလုံးသည် ဂုရုကွေး၏ ဘော်ဒါတွေ ဖြစ်နေသည် ။ ဂုရုကွေးသည် လမ်းမှာ တွေ့သမျှ သူ့ဘော်ဒါတွေ၏ ကားတွေကို ရပ်ခိုင်းပြီး ကပ်စီးနေသူဖြစ်သည် ။ သူနေထိုင်သည့် တောင်ဥက္ကလာ ၊ မင်္ဂလာလမ်းထဲက လူတွေက သူ့ကို ဦးကပ်စီးလို့ ခေါ်ကြသည် ။

ဂုရုကွေးက အဲဒီလောက် ကြွားနေတော့ ကိုအဏ္ဏဝါကလည်း အားကျမခံ ကြွားချင်စိတ် ပေါက်လာသည် ။ ကိုအဏ္ဏဝါသည်လည်း သင်္ဘောသားမဖြစ်မီက ဂုရုကွေးနှင့် ဘဝတူ လူတန်းစားဖြစ်၍ ဂုရုကွေးကြီး စီးဖူးခဲ့သည့် သစ်သားဘော်ဒီ တင် ချက်ဗလက်ခေါင်းတိုကစပြီး ဘတ်စ်ကားမျိုးစုံကို စီးခဲ့ဖူးပါသည် ။ ကိုအဏ္ဏဝါ က သာကေတမြို့သားဖြစ်လို့ ဘတ်စ်ကားမျိုးစုံ အတွေ့အကြုံမှာတော့ ဂုရုကွေး ထက် မသာရင်သာရှိရမည် ။ အဆင့်မနိမ့်ဟု ပြောရဲသည် ။

မြန်မာပြည်က မော်တော်ကား သမိုင်းမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ သုံးဘီးကားစီးဖူးသည့် ကိစ္စမှာလည်း ဂုရုကွေးထက် ကိုအဏ္ဏဝါ ကတောင် သာ နိုင်သည် ။ ပုဇွန်တောင်မှ သာကေတကို သုံးဘီးကားခ သုံးကျပ်သာ ပေးရသည့် ခေတ်ကစပြီး စီးခဲ့ဖူးသည် ။ ပုဇွန်တောင် ပန်းခြံထောင့် အရက်ဆိုင်မှာ ရေချိန်လွန် သွားလို့ ညကြီးပိုင်းမှာ ငှားမှ ငါးကျပ်သာ ပေးရသည် ။ သာကေတမြို့ကြီး တည်ခါစ ၊ ဖဆပလ ခေတ်မှာ အလီမူလာရပ်ကွက်ကြီးကလည်း သာကေတကို ပြောင်းလာသည် ။ သာကေတမြို့မှာ လာကကြသည့် အငြိမ့်တွေက လူရွှင်တော် တွေက ( မွန်တို့ဌာနီ ရာမည သာစွနေပြည် သာစွဲနေပြည် ၊ ဝေသီခေါင်လွင့် မြင့်မြင့် မားမား တင့်ကြွားဟန်တည် တင့်ကြွားဟန်ချီ ၊ ထန်းပင် ထန်းလက် ထန်းရွက် ညီညီ ၊ ကျိုက်မရောမြို့ဟာ သာယာလှပါသည် ) ဆိုတဲ့ သီချင်းကို ( မောင်တို့ဌာနီ သာကေတ သာလှပေသည် ၊ သာလှပေသည် ၊ ဝေလီဝေလင်း သုံးဘီးကားတွေ ဝင်သွားပြန်ပြီ ထွက်သွားပြန်ပြီ ၊ အုန်းပင် အုန်းလက် အုန်းရွက်ညီညီ ၊ ကိုကိုးကျွန်း ပမာ သာယာလှပါသည် ) လို့ ဖျက်ဆိုခဲ့ကြသည်အထိ သုံးဘီးကားတွေ ပေါခဲ့ ပါသည် ။ ဒါလောက်ဆိုလျှင် သာကေတမြို့ သား ကိုအဏ္ဏဝါနှင့် သုံးဘီးကား ဘယ်လောက်ထိ ရင်းနှီးဆက်ဆံခဲ့ဖူးတယ်ဆိုတာ သိနိုင်လောက်ပါသည် ။

ကိုအဏ္ဏဝါ သင်္ဘောသားဖြစ်လာတော့ ပထမဦးဆုံးတင်သွင်းခဲ့တာ ဟိုက်လပ်အာအင် ၄၅ ဖြစ်သည် ။ ကျေနပ်အောင်စီးပြီးမှ ပြန်ရောင်းလိုက်သည် ။ နောက်ထပ်သွင်းတဲ့ကားတွေက ဆန်နီပစ်ကပ် ၊ ဒိုင်နာ ၊ စူပါရု ၊ အက်စ်အီးဆလွန်း ၊ ပါပလစ်ကာ ၊ ကိုရိုနာကားတွေ တင်သွင်းခဲ့သည် ။ စီးဖူးတယ်ရှိအောင် စီးကြည့် ပြီးမှ ပြန်ရောင်းသည်ချည်းဖြစ်သည် ။ အဲဒီတော့ ဇိမ်ခံကား စီးဖူးတာချင်းမှာ လည်း ဂုရုကွေးထက် မသာတောင် အဆင့်မနိမ့်ဟု ပြောနိုင်မည် ထင်ပါသည် ။

ဒီအတိုင်းသာဆိုလျှင် ကိုအဏ္ဏဝါနှင့် ဂုရုကွေးတို့ စက်တပ်ယာဉ်အမျိုးမျိုး စီးဖူးတာချင်းမှာ သူမသာ ကိုယ်မသာ ၊ လက်ရည်တူဖြစ်ပြီး သရေကျနေသည် ။ ကိုအဏ္ဏဝါကသာသည်လို့ ယူဆနိုင်စရာရှိသည့် စက်တပ်ယာဉ်တစ်မျိုးကိုသာ စီးဖူးတာ သတိရလာသည် ။ ကိုအဏ္ဏဝါတို့ဒေသက ရေကျော်ရွာ စာပေဟောပြောပွဲ ကို သွားကြစဉ်က စီးခဲ့ဖူးတာဖြစ်သည် ။

ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲက ရေကျော်ရွာမှာ ပြုလုပ်ခဲ့သည့် စာပေ ဟောပြောပွဲကို ဆရာမနုနုရည် ( အင်းဝ ) ၊ ဆရာကောင်းသန့် ၊ ဆရာမှော်ဝန်းကြည် မြတ် ၊ ဆရာမောင်သီလ ၊ ဆရာမောင်နန္ဒတို့နှင့်အတူ ကိုအဏ္ဏဝါလိုက်ပါသွားခဲ့ ခြင်း ဖြစ်သည် ။ ရေကျော်ရွာသည် မော်တော်ကားလမ်းမှ သုံးမိုင်မျှဝေးသည့် တောင်ခြေကမ်းစပ်မှာရှိသည် ။ ကု,လားပြင် အထက်ရွာနှင့် အောက်ရွာ ကိုဖြတ်ပြီး ရွာတွေအထွက်မှာ တောင်လှဘုရားကွင်းကို ဖြတ်ရသေးသည် ။ ရေကျော်ရွာ စာပေဟောပြောပွဲ ကျင်းပရေးကော်မတီက ကြိုဆိုသူများသည် ထော်လာဂျီဖြင့် ကု,လားပြင် အထက်ရွာ ကားဂိတ်မှာ လာကြိုနေကြသည် ။ စာရေးဆရာတွေနှင့် အထုပ်အပိုးတွေကို ထော်လာဂျီဖြင့် တင်ခေါ်သွားခဲ့၍

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 13:34


ဓားတွေက
တောင်တန်းလောက် များတယ်

မီးလျှံတွေက
ပင်လယ်ပြင်လောက် ကျယ်တယ်

သည်ဓားတောင်တန်းနှင့်
သည်မီးပင်လယ်ကို
ငါကျော်ဖြတ်မယ်။

#ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်
#မြသန်းတင့်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 13:32


" ကျွဲ မ လင် "
"""""""""""""""""""""""""""""""""""""
(၁)
ဗမာပြည်မှာ နာရီတွေ
ကြောက်ရုပ်နဲ့ နောက်ဆုတ်နေရပြီ။
သူတပါးတိုင်းပြည်မှာ
နာရီတွေ ကျော်လွှား ခုန်ပျံကစားပြီး၊
ရှေ့ကဦးဆောင်ပြီး ကျော်လွှားနေကြပြီ။
ဒါကို လူတိုင်းအသိ။
ငါတို့တတွေ ခေတ်နောက် ပြန်သွားလို့
ပြဒါးလင်းဂူနား ပုံတောင်ပုံညာနား
ရောက်နေပါကလား။
ကျောက်ခေတ်လူသားအဖြစ်နဲ့
ပြတိုက်ထဲ ရောက်နေရတော့မှာပါကလား။

ကိုယ့်တိုင်းပြည်ထဲနေရရင်တော့
ရေတွင်းထဲကဖားသူငယ်၊
ကိုယ့်လူတွေ အပေါ်မှာ လူတွင်ကျယ်လုပ်ပြီး အဟုတ်ကြီး ဟုတ်နေဦးမှာပေါ့။
အခုတော့ ကိုယ့်ပြည်မှာ ကိုယ်မနေအား၊
နိုင်ငံရပ်ခြား တသွားထဲ သွားနေရတဲ့
ပြည်ပြေးသမားမို့ မမြင်ချင် မနေရ၊
မကြားချင် မနေရ၊
ငါတို့ဘ၀နဲ့ သူတို့ဘ၀
အကွာဟကြီး ကွာဟပုံကို
မယုံချင် မနေရ လက်ငင်းပဲကြုံနေရတယ်။

ဒီတော့မှ ငါတို့ဘ၀ ငါတို့ပြန်မြင်ပြီး
ရှက်ကြောမျှင်တွေ ထဖျင်းဖျင်းထ၊
ကမြင်းမသား လူ့ငကြွားတွေရဲ့
စကားဟာ အညာအဝါး တမာလိုခါးမှန်း
သတိပြုမိတော့တယ်။
“မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး”
ဆိုတာ အခြောက်တိုက်
ချိုသွေးတဲ့စကားမှန်း သတိပြုမိတော့တယ်။
အို … ရှက်ဖွယ်။

(၂)
ဒီနေ့ ငါတို့ မြန်မာ့လူ့ဘောင်က
ကျွန်စုတ်တဲ့ သရက်စေ့လောက်တောင်မပြောင်၊
ကိုယ့်ရပ်ကိုယ့်ဌာနေ ကိုယ့်မွေးမေမို့
ချစ်စေတနာရင်းနဲ့ အချစ်နှောင်ကြိုးတင်းပေမယ့် ဖအေရင်းအနိစ္စရောက်တော့ ပထွေးက
ဖနောင့်နဲ့ပေါက်တာခံရသလို
အသက်ပျောက်မတတ်
မြန်မာနိုင်ငံဟာ တာတေလန်ဘ၀။

ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့အဖြစ်တွေနဲ့
ဆွေးပင်လယ်ဝေနေတုန်း
ဓာတ်ဆီဓာတ်စံဆိုတဲ့ နာမည်ကျော်
လူရွှင်တော်ပြက်လုံးကို ဗြုန်းခနဲသတိရမိတော့
ပြုံးစစကလေး ဖြစ်သွားမိတယ်။
"ဆရာတော် သခင်၊ နိဗ္ဗာန်နဲ့လွဲပါတဲ့
ကျွဲမလင်ဘုရား” တဲ့။

ကြံကြံစည်စည် အမှတ်ရမိပြီး
ကိုယ့်ဘ၀ကို မြင်ယောင်၊
ရုပ်ပြောင်တခုလို ခံစားမိရတယ်။
ငါတို့မြန်မာတွေခမျာ ကြိုးစားလိုက်ရ၊
ကြံစည်လိုက်ရ၊ စွန့်လွှတ်လိုက်ရနဲ့
လောကနိဗ္ဗာန်ရောက်အောင်
အမျိုးမျိုးအားထုတ်ခဲ့ရတယ်။
အခုတော့ မသမာသူ လူလက်တဆုပ်ကြောင့် လောကနိဗ္ဗာန်နဲ့လွဲပြီး
ကျွဲမလင်ဖြစ်ရချေတကား။

ဒုက္ခထဲက ဒီအပြုံးကလေးကို
ကဗျာသီကုံးချင်စိတ် ပေါ်လာမိတယ်။
ဖတ်ကြည့်ပါလေဦး ကဗျာချစ်သူ။

(၃)
ကဗျာက ဒီလိုပါ။

"ကျွဲမလင်"
"""""""""""""""""
အရိပ် “က” နေသလို
စိတ္တဇ အရုပ်တွေပေါ်လာ
ရာသီတွေမှား
နာရီတွေနားနေတဲ့
ဗမာပြည်က ဖြစ်စဉ်များ။

ကိုယ့်အရောင်က မှုန်မှုန်
သူ့ရောင်စုံက တလျှပ်လျှပ်
ကိုယ့်ဓာတ်ပုံတောင် ကိုယ်မမည်
မတည်ငြိမ်လို့ တလှုပ်လှုပ်
ရေပေါ်ရေးတဲ့အရုပ်များ။

မုန်တိုင်းမွှေလို့
နင်းချေခံရတဲ့ မြန်မာ့မြေပုံ
ကိုယ့်ဂုဏ်ရည်တွေ ပျောက်ပြီး
အမှောက်မှောက် အမှားမှား
အချောက်ချောက် အချားချား
မတောက်ကြွားနိုင်တော့ပါတကား။

အိမ်အတွင်းမှာ
သိမ်ဖျင်းယုတ်ညံ့၊ ဂွကလန့်တိုက်
ပွဲလှန့်ပြီး ဗိုလ်လုပ်
အပြင်မှာတော့ အမြီးကုပ်
ကိုယ့်ရုပ်မှမပြရဲ
မဲနယ်အိုးထဲကျတဲ့ခွေးလို
ပွဲမတိုးတဲ့သတ္တဝါပေတကား။

ကိုယ့်ဂုဏ် ကိုယ့်အဟန့်နဲ့
ခန့်ခန့်မနေရ
အမြီးတနှန့်နှန့်နဲ့
အလန့်တကြားနေရတဲ့
မြန်မာ့ရုပ်ပုံ၊ ခေတ်ရုပ်စုံကို
ကြိုးစုံဆွဲ၍ ပွဲမပြချင်ဘု
နိဗ္ဗာန်နဲ့လွဲတဲ့ ကျွဲမလင်ပါတကား။ ။

၁၁၊ ၉၊ ၂၀၀၀

အဲဒီလို ဆွေးရိပ်ဖုံးရာက
ရင်နာနာနဲ့ ပြုံးမိရတဲ့အဖြစ်
ကဗျာကလေးခြစ်မိပြန်ပါရော။ ။

တင် မိုး
(ဘဝထဲက ရတနာ၊ ရင်ထဲကကဗျာမှ)

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 10:01


မြေပြင် ပေါ် က ဓူဝံကြယ်

မိုးပေါ် မှာ ကြယ်တစ်လုံး
တိမ်ဖုံးပါလို့ မပေါ်သာ
သာတဲ့ အခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်း
လမ်းပြကြယ်မင်း

နဒီသင်း ( ကုန်းဇောင်း )

📖 တစ်ယောက်တစ်ဘဝ ( ၁ )

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 10:01


အဖေ့ ညာဘက် လက်ကိုလေး သည် ကျွန်တော် လေးနှစ်သား လောက် က ဖြတ်သွား သည် ဟု သိရ၏ ။ အဖေ က နွေရာသီ ဆို နွားစာ စဉ်း လိုက်သည် ။ နွားစာ စဉ်းသည့် နေရာ မှာ အဖေ က ဦးဆောင် လုပ်ရသည် ။ ကောက်ရိုးများ ကို လိပ်၍ လိပ်၍ ဓားစက် ထဲ ထည့်ရ၏ ။ အန္တရာယ် များ သလို ပိုက်ဆံ လည်း ပိုရသည် ။ မည်သူ မှ မလုပ်ချင် ကြပေ ။ အဖေ ကတော့ ဘယ်သူမှ မလုပ်သည့် အလုပ် ကို လုပ်သည် ။ လုပ်ဆို ဒီ အလုပ် သည် အဖေ ငယ်ငယ်လေး ကတည်း က လုပ် တတ်အောင် အဖေ ၏ အဖေ က သင်ပေးထား၏ ။ အဖေသည် သည် အလုပ် မှာ ကျွမ်းကျင်သည် ။ ကျွမ်းကျင်ပါ သော်လည်း ပေါ့ဆမှု ကြောင့် ဆောင်းရာသီ ၏ အကြွင်းအကျန် လတပေါင်း မနက်ခင်း တစ်ခုတွင် ဝတ် ထားသော ဂျင်း လက်ရှည်အင်္ကျီ နှင့် ကောက်ရိုး လုံးထွေးပြီး ဓားစက် ထဲ လက် ပါ ပါသွား၏ ။ အဖေ လက် ဆုံးရှုံး လိုက်ရသည် ။ ထိုအချိန် ကတည်း က လက် တစ်ဖက် မရှိသော အဖေ စိတ်ဓာတ် ကျ၍ အလုပ် မလုပ်တော့ပေ ။ အမေ က ကျွန်တော်တို့ မိသားစု ကို ဈေးတောင်း ခေါင်းပေါ် ရွက်၍ ရှာ ကျွေး ခဲ့ရသည် ။ တစ်နေ့ သော အခါဝယ် လောကဓံ ၏ အထုအနှက် ကြား ထဲ မှာ ဒဏ်မ ခံနိုင်တော့သည့် အမေ သည် ကျွန်တော် တို့ သားအဖ ကို နှုတ်ဆက် ထွက်ခွာသွားပါ၏ ။

လက် တစ်ဖက်သာ ရှိသော အဖေ သည် တစ်ခါ ပြန်၍ အလုပ် လုပ်ရပြန် ပါသည် ။ လက် တစ်ဖက် တည်း ရှိသော ကြောင့် ဘယ်သူ က မှ မလုပ် မပေးချင်ပါ ။ အဖေ သည် နွား ကျောင်းသည့် အလု ပ်လည်း လုပ်၏ ။ ယာခင်း စောင့်ခိုင်းမည့် သူ က လာ ခေါ်လျှင် လိုက်သွား တတ်သည် ။ အား နှင့် မာန် နှင့် အလုပ်တော့ မလုပ်နိုင်ပေ ။ ယခင်တုန်း ကတော့ ကျွန်တော် တို့ မောင်နှမ နှစ်ယောက် က ငယ်သေးတော့ သိပ် အကုန်အကျ မရှိချေ ။ ယခုတော့ တစ်နေ့ တခြား အရွယ် ရောက်လာပြီး ကျောင်းစရိတ် က ကြီးလာသည် ။ စားစရိတ် က ပို များလာ၏ ။ နေ့ခင်း ယာစောင့်ခ နှင့် မလောက်ငှ၍ ညစောင့် အလုပ် ပါ လုပ် လာရသည် ။ အိပ်ပျော် နေသော အဖေ့ ကို ကြည့်ရင်း ကျွန်တော် စိတ် မကောင်း ဖြစ်မိသည် ။ လှုပ် နေသော လက်တိုလေး ကို စောင်လေး အုပ် ပေးလိုက်၏ ။

••••• ••••• •••••

အိပ်ရာ မှ နိုး လာသည့် အဖေ သည် ရေချိုး နေသည် ။ ညစာ အတွက် ကျွန်တော် ဆန် နှစ်ဘူး ချက်ထား၏ ။ ဟင်း က တော့ ငရုပ်သီး ငပိချက် ရှိသည် ။ အဖေ့ အတွက် ထမင်းပွဲ ပြင်ပေးလိုက်၏ ။ ရေ ချိုးပြီး ထမင်းပွဲ ထိုင် လိုက်သည့် အဖေ ကို ကျွန်တော် စကား စ ပြောလိုက်သည် မှာ

“ ကျောင်ဝတ်စုံ ရယ် ဖိနပ် ရယ် ဝယ်ပေးအုန်း အဖေ ။ သိပ် မကောင်းတော့ဘူး ”

အဖေ အကြာကြီး စဉ်းစား နေသည် ။ ထိုနောက် လေးတွဲစွာ နှင့် ခေါင်းညိတ် ပြ၏ ။ ပြီးနောက် ပုဆိုး စလွယ်သိုင်း ရေနွေးဓာတ်ဘူး ဆွဲ၍ ထွက်သွားသည် ။ ကျွန်တော် အဖေ သည်လို ပင်ပန်း နေသည်ကို မကြည့်ရက်ပေ ။ ကျောင်း ဖွင့်ရန် ဆယ်ငါးရက် လောက် လိုသေးသည် ။ ရွာ ထဲ မှာ ယခုချိန် လယ်ပေါင်းရှင်း အလုပ်ရှိ၏ ။ တစ်မနက်စာ တစ်ထောင့်ငါးရာ ရသည် ဟု ကျွန်တော့် သူငယ်ချင်း ညိုကြီး ပြောဖူး သည် ။ စီးခေါင်း ဒေါ်တင်မြ ဆီ သွား ပြောလျှင် အလုပ် ရပါ၏ ။ ကျွန်တော် သွားပြောမည် ။ စိတ်ကူးနှ င့် ပျော်သွားသည် ။ ကျွန်တော် ပေါင်းနုတ် လိုက်ရသည့် ပိုက်ဆံ နှင့် ညီမလေး အတွက် ကျောင်းဝတ်စုံလေး နှင့် အတူ လွယ်အိတ်လှလှ ပါ ဝယ်ပေးမည် ။ ကျွန်တော် စီးခေါင်း ဒေါ်တင်မြ အိမ် ထွက်ခဲ့ပါတော့သည် ။

••••• ••••• •••••

မနေ့ က စီးခေါင်းဒေါ်တင်မြ က ကျွန်တော့် ကို အလုပ် ပေးပါသည် ။ မနက် ငါးနာရီ လောက် အိပ်ရာ ထပြီး ည က ကျန်သည့် ထမင်းကြမ်းခဲ ကို ဆီဆမ်း စား၏ ။ လယ် ထဲ သို့ တခြားသူများ နှင့်အတူ ဆင်းကြသည် ။ သည်အချိ န်ဆို အဖေ အိမ်ပြန် ရောက် နေမည် ထင်ပါ၏ ။ ကျွန်တော့် ကို လိုက် ရှာနေမည် ထင်သည် ။ အိမ်းနားနီးချင်း အမေကြီး ဒေါ်ခင် ကို တော့ ပြောခဲ့သည် ။ လယ်ပေါင်းရှင်း အလုပ်သည် ကျွန်တော့် စိတ်ကူး ထဲ မှာ တော့ အလွန် လွယ်သော အလုပ် ဖြစ်၏ ။ တကယ် လက်တွေ့ မှာ တော့ ကျွန်တော့် အရပ် နှင့် စပါးပင် ကွက်တိ ဖြစ်နေသောကြောင့် မျက်လုံး ထဲ စပါးပင် ဝင် မှာ ကြောက်၍ မနည်း ရှောင်နေရသည် ။ အောက် ငုံ့ပြီး ပေါင်းမြက်များ ကို လက် နှင့် ဆွဲရ သည် ။ ထိုအခါ ကျွန်တော်ကို မမြင်ရတော့ပေ ။ နုတ်ပြီး သမျှ ပေါင်းမြက်များ ကို ကန်သင်းပေါ် ဆွဲ တင်ရ၏ ။ လူ တစ်ကိုယ်လုံး ရွံ့များ ပေစုတ် နေရပြီ ။ ထို ကြား ထဲ အပေါ် က နေမင်း က ပူ ။ အောက် က ရေ က ပူ နှင့် ကျွန်တော်ခါး နာ နေသည် ။ ဆယ်နာရီ ထိုးတော့ အလုပ် သိမ်း၍ အိမ် ပြန်ရသည် ။ ကျွန်တော် လက် ထဲ မှာ တစ်ထောင့်ငါးရာ ဆိုသည် ခြင်္သေ့ရုပ် ပါသည့် အနီတစ်ရွက် အစိမ်းတစ်ရွက် နှစ်ရွက် ကို ကျစ်ကျစ်ပါ အောင် လိပ်၍ ယူလာ၏ ။ အိမ် ကျ အဖေ့ ကို ပြမည် ။ ကျွန်တော့် ဓူဝံကြယ်လေး က သည်နေ့ အတောက်ပဆုံး ဖြစ်မည် ။

••••• ••••• •••••

အိမ်ပေါက် ဝ မှာ အဖေ တုတ် တစ်ချောင်းနှင့် မတ်တပ်ရပ် နေသည် ။ မည်သူ့ ကို စောင့်နေသည် မသိပါ ။ လမ်းမ ထက် မျှော်ကြည့် နေ၏ ။ ကျွန်တော်လာ တာ မြင်တော့ အဖေ့ မျက်နှာ နီရဲနေသည် ။

“ အဖေ .. ဒီမှာ ” ဟု ပြောရင်း က ပိုက်ဆံလိပ်ကလေး ကို ထောင် ပြလိုက်၏ ။

“ ဒီမှာဦးကွာ ...ကဲကွာ ... ”

အဖေ ကျွန်တော့် ခြေသလုံး ကို လက် ထဲ က တုတ်နှင့် အဆက်မပြတ် ရိုက် နေသည် ။ ကျွန်တော် အဖေ့ ကို နားမလည်နိုင်ပေ ။ ဘာအတွက် ယခု လို ဒေါသတကြီး ရိုက်နေသလဲ သိချင်မိသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 10:01


“ အဖေ ... သား ကို ဘာလို့ ရိုက်တာလဲဗျ ”

ရိုက် နေသည့် တုတ် ကို ချ၍ အဖေ ပြော၏ ။

“ မင်း က အဖေ ကို အထင် သေးတာပေါ့လေ လက် တစ်ဖက်တည်း ရှိလို့ အားကိုးမရဘူးပေါ့ လေ ဟုတ်လား ဟေ့ကောင် ပြောစမ်းပါ ။ ပြောပြစမ်းပါဦး ”

အဖေ ပြောရင်း က စိတ် တိုလာပုံ ရသည် ။ တုတ် ဆွဲ ရိုက်ပြန်၏ ။

“ အီးဟီး .... မဟုတ်ရပါဘူး ။ အဖေ ”

“ ဘာ မဟုတ်ရမှာလဲ ကဲကွာ ၊ နောက် သူများ အလုပ် လုပ်ဦးမလား ပြော ”

ကျွန်တော် ခေါင်းရမ်း နေမိသည် ။ ကျွန်တော် ကျော နာတာ ထက် အဖေ စိတ် နာမှာစိုး၏ ။ အဖေ ကျေနပ်သည် အထိ ရိုက်ပါစေ ။ ကျွန်တော် အံကြိတ် ခံမည် ။ ပါးပြင် ပေါ် က ပူနွေးနွေး မျက်ရည် က ကျွန်တော့် အနာ ကို သက်သာ မသွားပေ ။

“ ဟဲ့ .. ဟဲ့ ကလေး ကို ဒီလောက် ရိုက်ရ တော်ပါတော့ ချစ်မောင် ရယ် နင့် ဟာ က ကလေး က မသိလို့ လုပ်တာ ကိုး ။ သူ့ မှာ ပိုက်ဆံရ ချင်လို့ အဖေ ကို ကူညီတာပါဟာ ”

အိမ်းနား က အမေကြီး ဒေါ်ခင် အဖေ့ ကို လာ ဆွဲသည် ။ ထို့နောက် အဖေ အရုပ်ကြိုးပြတ် ထိုင် ချလိုက်၏ ။ အဖေ ညာဘက် လက်တိုလေး သည် တဆတ်ဆတ် တုန်ခါ နေသည် ။ ကျွန်တော် အိမ် ပေါ် တက် အိပ်နေလိုက်သည် ။ အချိန် မည်မျှ အိပ် သွားသည် မသိပေ ။ ကျွန်တော် ကိုယ် ပေါ် က စောင်လေး ကို ဘေးသို့ ဖယ်လိုက်၏ ။ ကျွန်တော် အဖေ့ ကို စိတ်ဆိုးပြီး အိပ် တော့ စောင် မခြုံမိပေ ။ ဒါဆို အဖေ ကျွန်တော့် ကို စောင်ခြုံ ပေးသွားခဲ့တာပဲ ။ အဖေ့ ကို လိုက် ရှာတော့ မတွေ့ရတောပေ ။ ဈေးစောင့် သွားသည့် ထင်ပါသည် ။ ဗိုက် ထဲ က ဂွီခနဲ အသံကြောင့် မီးဖို ထဲ ဆင်း လာခဲ့သည် ။ စားပွဲ ပေါ် မှာ ထမင်းအိုး နှင့် အတူ ဟင်းပန်းကန် ပါ အဆင်သင့် တွေ့ရ၏ ။ ကျွန်တော် အဖေ ပြင်ပေး သွားသော ထမင်းပွဲ ကို မြိန်ရေရှက်ရေ စားလို က်သည် ။ ထမင်း စား ပြီး၍ အိမ်ရှေ့ ကွပ်ပစ်လေး ပေါ် ထိုင်နေမိ၏ ။ ထိုနောက် ပက်လက်လန် အိပ် လိုက်သည် ။ မိုး ပေါ် က ကြယ်လေးများ တစ်လုံး ပြီး တစ်လုံး တစ်စတစ်စ တိုး တိုး လာသည် ။ သည်နေ့ မှ ကျွန်တော် ၏ ဓူဝံကြယ်လေး က တိမ်ဖုံး နေရပြီ ။ ကျွန်တော် မျက်လုံး တစ်စုံ လည်း တိမ်ဖုံး သွား ပါတော့သည် ။

••••• ••••• •••••

“ ဗျို့ ကိုချစ်မောင် ... ကိုချစ်မောင် ရှိလား ”

အိမ်ရှေ့ လမ်းမ ပေါ် က ခေါ်သံ ကြောင့်ကျွန်တော် အိပ်ရာ မှ နိုး လာသည် ။ ခေါင်းထောင် ကြည့် လိုက်တော့ ရပ်ကွက်လူကြီး လေးငါးယောက် ကို တွေ့ ရ၏ ။

“ ဗျာ ... အဖေ မရှိဘူးဗျ ”

ကျွန်တော့် အသံကြောင့် ထို လူကြီးများအချင်းချင်း တီတိုး ပြောနေကြသည် ။
ကျွန်တော် အိမ်ရှေ့ ထွက် ၍

“ အဖေ လာရင် ဘာ ပြောပေးရမလဲဗျ ”

ရပ်ကွက်လူကြီး က “ ည က ဈေး အဖောက် ခံရတယ် ။ အဲဒါကြောင့် မင်း အဖေ ကို စစ်စရာ ရှိလို့ ဈေးရုံး ကို လာခဲ့ပါလို့ ပြောပေးကွာ ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ ” ဟု ကျွန်တော် ခေါင်းညိတ် လိုက်၏ ။ ရပ်ကွက်လူကြီး များ ပြန်သွား ပေမယ့် ကျွန်တော် မှာ အဖေ့ အတွက် စိတ်ပူ မိသည် ။ အဖေ က ကျွန်တော် အလုပ် ထွက် မလုပ်ရအောင် သူများ ပစ္စည်းများ ခိုးသလား ။ သို့မဟုတ် တခြားသူ ကပဲ လာ ခိုးသလား ။ ဘုရား ... ဘုရား အဖေ မဟုတ်ပါစေနှင့် ။ တကယ်၍ အဖေ ခိုးခဲ့လျှင် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် လမ်းဘေး မှာ ခွက် တစ်လုံး နှင့် တောင်းစား ရမည့် ဘဝ ရောက်မှာ သေချာပါသည် ။ အဖေ လည်း ထောင် ကျမည် ။ ယခုချိန်များ အဖေ ပြန်လာရင် အဖေ စိတ်ညစ်ရမည့် အလုပ် မှန်သမျှ မလုပ်တော့ပါ ဟု ကတိ ပေးမည် ။ ကျွန်တော့် အတွက် နှင့် အဖေ ထောင် ကျလျှင် ကျွန်တော် တစ်သက်လုံး ရင်ကျိုးရ မှာ အသေချာပင် ဖြစ်သည် ။ အဖေ ရေ .. ပြန် လာပါတော့ ..

••••• ••••• •••••

“ ဟဲ့ ကောင်လေး နင့် အဖေပြန်မလာသေးဘူးလား ။ မိုးချုပ်တော့မယ် ”

အိမ်နား က ဒေါ်ခင် လှမ်း မေးသည် ။ လမ်းမ ပေါ် မှာတော့ အဖေ့ အရိပ်ယောင် မမြင်မိပေ ။ တစ်စတစ်စ နှင့် အလင်းရောင် ပျောက်၍ မိုးပေါ် က ကြယ်ကလေးများ ဟိုတစ်လုံး သည် တစ်လုံး မှိတ်တုတ် မှိတ်တုတ် နှင့် ပေါ်လာသည် ။ ထိုအထဲ မှ ကျွန်တော့် ဓူဝံကြယ် က အလင်းဆုံး ၊ အတောက်ပဆုံး ဖြစ်နေ၏ ။ မြေပြင် ပေါ် မှာက တော့ ကျွန်တော် ၏ ဓူဝံကြယ် က အလင်းရောင် ပျောက်နေသည် ။ ကျွန်တော် မျက်ရည် ဝဲ နေ မိသည် ။ အားငယ် မိသည် ။ စိုးထိတ် မိသည် ။ ပူလောင် မိသည် ။ ယခုချိန် ထိ အဖေ ပေါ်မလာပုံ ထောက်လျှင် ရဲစခန်း ထဲ မှာ ညအိပ် ရပြီ ထင်၏ ။ ကျွန်တော် အော် ငိုချင် သည် ။ သို့သော် လည်း အသံ က လည်ချောင်း ထဲ တွင် တစ်ဆို့ နေ၏ ။ ဟော ... လမ်းမ ပေါ် မှာ အရိပ် တစ်ခု ဝေးရာ မှ နီးသထက် နီးလာရေပြီ ။ ကျွန်တော် ထို အရိပ် ဆီ သို့ ပြေး သွားလိုက်သည် ။ သူ ၏ တိုနေသော ညာဘက်လက် ကို ဆွဲ၍ ယီးလေး ခို စီးလိုက် သည် ။ ထို အရိပ် က အားမာန် အပြည့် နှင့် ကျွန်တော့် လက် ကို တောင့်ခံ တွဲခေါ်လာ၏ ။ ကျွန်တော် သိပ် ပျော်နေမိ၍ တဟီးဟီးရီ နေသည် ။ ကျွန်တော့် ရယ်သံ က လှိုင်းထ နေ ချေပြီ ။ ကျွန်တော့် ကို ထို အရိပ် က တိုးတိုးလေး ပြော နေသည် ။

“ ပြဿနာ ကို ဖြေရှင်း နေရတာနဲ့ ကြာ သွားတယ်ကွာ ၊ အခုတော့ အမှုမှန် ပေါ်ပါပြီ ၊ ပစ္စည်း ခိုးတဲ့ သူ ကို လည်း ဖမ်း သွားကြပြီကွ ”

ထိုသို့ ပြော၍ ကျွန်တော့် ပါးပြင် ကို ပူနွေးစေသည် ။ ထို ပူနွေးနွေးလေး သည် အလွန်ချိုမြိန် လှပေသည် ။ ထို အရိပ် သည် ကျွန်တော် ၏ မြေပြင် ပေါ် က ဓူဝံကြယ် ဖြစ်နေပါ တော့သည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 10:01


သူတို့ သည် ကိုယ့် မှာ ရှိသည့် အလင်းလေး နှင့် ကမ္ဘာမြေ ကို အလှတရားများ ဖန်ဆင်း ပေးနေကြ၏ ။ မိုးတိမ်တောင်များ မရှိတော့ ၍ သူတို့ အလင်းရောင် က ပို၍ ပို၍ လင်းလက် လာသည် ထင်ပါသည် ။ ကျွန်တော် လက်ညှိုးလေး နှင့် တစ်လုံးနှစ်လုံး စသည်ဖြင့် လိုက် ရေ နေမိ၏ ။ ကျွန်တော် ပါးစပ် သာ ညောင်း လာသည် ကောင်းကင် က ကြယ်လေးများ က ကုန်ဆုံး မသွားပေ ။ ပို များ လာသည် ဟု ထင်မိသည် ။ ကျွန်တော် ကြယ်လေး ဘဝ ကို လိုချင်၏ ။

“ အဖေ ... ”

“ ဟေ ... ”

“ သား လေ ဟောဟို က ကြယ်လေး ဖြစ်ချင်တယ် ”

ကောင်းကင် မှာ တောက်ပဆုံး ကြယ်လေး ကို လက်ညှိုး ထိုးပြလိုက်သည် ။

“ သား ပြောတဲ့ ကြယ် က ဘယ်အလုံးလဲ ”

ဟုတ်ပေသားပဲ ။ ကျွန်တော် လက်ညှိုး ထိုးတာ အဖေ မှ မမြင်ရဘဲ ။

“ ဟိုမှာလေ ကြယ်တန်း လေ သူ က ထိပ်ဆုံး က အလင်းဆုံး ပဲ ”

“ ဪ သား က ဓူဝံကြယ် ကို ပြောတာကိုး ”

“ အင်း အဲ့ဒါ ဓူဝံကြယ် လား ”

“ ဟုတ်တယ် ။ လမ်းပြကြယ် လို့ လည်းခေါ်ကြတယ် ၊ တော ထဲ လမ်းမှား ခဲ့ရင် သူ့ ကို ကြည့် သွားရတယ် ၊ သူ က အမြဲ မြောက်အရပ် မှာ နေတယ် ”

ခဏ အကြာ အဖေ့ ဆီမှ ဆေးလိပ်ငွေ့ နံ့ မရတော့ သလို ဆေးလိပ်မီးရောင်
လည်း မမြင်ရတော့ပေ ။

“ ဆေးလိပ်မရှိတော့ဘူး ” ဟု အဖေ မပြောချေ ၊ အဖေ ဆေးလိပ် မသောက် တော့လျှင် ဆေးလိပ် မရှိတော့ကြောင်း ကျွန်တော် သိသည် ။ အဖေ ၏ အဖော် သည် ဆေးလိပ် ဖြစ်၏ ။

“ သား အဲ့လို လူတွေ ကို လမ်းပြတဲ့ ဓူဝံကြယ် ဖြစ်ချင်တယ် ”

“ ခလော ... ခလော ” နှင့် အဖေ့ ဟောက်သံ ကြားလိုက်ရ၏ ။ ကျွန်တော်
နှုတ်ခမ်း တစ်စုံ ကွေးညွတ် သွားအောင် ပြုံး မိသည် ။ ယခုတော့ ကျွန်တော့် ဓူဝံကြယ်ကြီး က ဟောက်သံ ပေး၍ အိပ်ပျော် နေချေပြီ ။ “ ဝီ .. ” ခနဲ ကျွန်တော် နား နား ကို ခြင် တစ်ကောင် လာ မြည်သည် ။ ကျွန်တော် သိသည် သည် ည ခြင်များ ကို သွေး လှူဒါန်းရ ဦးမည် ။

••••• ••••• •••••

“ ကျလိ ကျလိ ”

စာလေးငှက် အသံကြောင့် ကျွန်တော် နိုး လာသည် ။ အဖေ့ ဘက် လှည့် လိုက်တော့ အဖေ က မရှိတော့ပေ ။ မီးဖို ထဲ ဆင်း ကြည့်လိုက် ပြန်တော့လည်း အဖေ့ ကို မတွေ့ရပေ ။ အဖေ အလုပ် သွားပြီ ထင်ပါသည် ။ အိမ်ရှေ့ ထွက်ခဲ့၏ ။ မနေ့က လမ်းမပေါ် တွင် ကျိုး နေသော သရက်ပင်အိုကြီး နား မှာ ဓားတစ်ချောင်း နှင့် သစ်ကိုင်း များ ခုတ်နေသော အဖေ့ ကို တွေ့ လိုက်ရသည် ။ လက် တစ်ဖက်သာ ရှိသည့် အဖေ သည် အားကြိုးမာန်တက် သစ်ကိုင်း ကို ခုတ် နေတာ တွေ့ တော့ ကျွန်တော် မနေနိုင် ပေ ။ အပြေး သွား ကူညီ လိုက်သည် ။

“ သားရေ ... အဖေ တို့ အတွက် ထင်း မပူရတော့ဘူးကွ ”

ကျွန်တော် မနေ့ က မိုး ကို ကျေးဇူး တင်မိသည် ။ လေတိုက် မိုးရွာ ၍ သာ သစ်ပင် လဲရ၏ ။ ကျန်သည့် အချိန် သစ်ပင် သွားခုတ် ထောင် သုံးနှစ် ကျသွားမည် ။ ယခုတော့ မိုး ကြောင့် လမ်းမ ပေါ် ပိတ်နေသော သစ်ပင်ကြီး ကို ခုတ် ၍ ထင်း အဖြစ် သုံးရ တော့မည် ။ မြို့ ဆိုလျှင် တော့ စည်ပင် က လမ်းရှင်း လုပ် ပေးကြသည် ။ ကျွန်တော် တို့ ရွာ မှာတော့ ကိုယ့် အိမ် ရှေ့ ကိုယ်ဖာသာ ရှင်း ကြရ၏ ။ လမ်း လည်း ရှင်း ထင်း လည်း ရ ။ အဆင်ပြေ လှသည် ။ ကျွန်တော် တို့ သားအဖ လုပ် နေတာ မြင်တော့ တခြား အိမ်များက ယောကျာ်းသားများ လည်း ဓား ကိုင်၍ ထွက်လာကြ၏ ။ ကျွန်တော် တို့ သည်လို နှင့် ထင်းများ များစွာ ရလိုက်သည် ။ အိမ် ထဲ သစ်ကိုင်းများ သွင်း ပြီးတော့ အဖေ က ရေ ချိုးသည် ။ ည က မိုးစို ထားသော စောင်များ ကို နေပူ လှန်ထား၏ ။ ယခုတော့ လည်း နေမင်း က အပူဓာတ်များ လှိုင်လှိုင် ထုတ်လွှတ် နေချေပြီ ။ ကျွန်တော် တစ်ကိုယ်လုံး ချွေးများ နစ် နေသည် ။ ညနေစောင်း တော့ လှန်း ထားသည့် စောင်များ ကို အဖေ ပုဆိုး တစ်ထည် ထဲ ထည့် ၍ နေ၏ ။

“ အဖေ ဘယ်သွားမို့လဲ ”

“ ဈေး ထဲ ညစောင့် သွားမို့လေကွာ ”

ရေနွေး သိပ် ကြိုက်သော အဖေ သည် ရေနွေးဓာတ်ဘူး ကို လက် တစ်ဖက် က ကိုင်ပုဆိုးထုပ် ကို စလွယ်သိုင်း ၍ အိမ် မှ ထွက် သွားသည် ။ အဖေ့ ကျောပြင် မည်းမည်း ကြီး ကို ကြည့် ၍

“ ဪ အဖေ အတွက် အလုပ် က ဈေး မှာ ညစောင့် တဲ့ လားဗျာ ”

ကျွန်တော့် ပါးပြင် ပေါ်က ပူနွေးသော အရည်များ ကို လက် နှင့် ခပ်ကြမ်းကြမ်း သုတ်လိုက်မိသည် ။

••••• ••••• •••••

နွေ ကျောင်းပိတ်ရက် ကုန် ၍ ကျွန်တော်တို့ ကျောင်းကြီး ဖွင့်တော့မည် ။ ကျောင်းအပ်ခ စာရွက်စာတန်းဖိုး ကို ကျောင်း က ပေးမည် ဟု သိရပါသည် ။ သို့သော် လည်း ကျွန်တော် ၏ နှစ်စုံ သာ ရှိသော အဖြူအစိမ်းအင်္ကျီ နှင့် ပုဆိုး သည် အသားများ ပါးလွှာ နေချေပြီ ။ ကျွန်တော့် နည်းတူ ညီမလေး ၏ အဝတ်များ လည်း ပါးလွှာနေသည် ကို သိပါသည် ။ လွယ်အိတ် က တော့ အပ်ချည် နှင့် ချုပ် ထား၍ သုံး ရပါသေး၏ ။ ဖိနပ် အမြီးတိုလေး ကို ငုံ့ ကြည့်လိုက်ပြန်တော့ သဲကြိုး က ပြတ်လု ပြတ်ခင် ဖြစ်နေပြီ ။ အဖေ့ ကို ဝယ် ပေးရန် ပြောရပေဦးတော့မည် ။ ဟူး ခနဲ လေပူ တစ်ချက် မှုတ်ထုတ်လိုက် မိသည် ။ အဖေ့ ကို လှမ်း ကြည့်လိုက်တော့ ည မှာ မအိပ်ဘဲနေ ခဲ့ရ၍လား မသိပေ ။ ခလောခလော နှင့် အိပ်မောကျ နေသည် ။ ညနေ အဖေ နိုး မှ ပြောတော့မည် ဟု စိတ် ပိုင်းဖြတ် လိုက်၏ ။ အဖေ့ ညာဘက် လက်တိုလေး က လှုပ်နေ တော့သည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

02 Nov, 10:01


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Friday, October 25, 2024
မြေပြင် ပေါ် က ဓူဝံကြယ်



❝ မြေပြင် ပေါ် က ဓူဝံကြယ် ❞

အနောက်ရိုးမ တောင်တန်း မှ မိုးရိပ်များ မည်းမှောင် နေသည် ။ ထို အရပ် မှ မိုးရိပ်မည်းမှောင် နေလျှင် မကြာခင် အချိန် အတွင်း မိုးများ သည်းသည်း မည်းမည်း ရွာတော့မည် ဆိုတာ ကျွန်တော် သိပါသည် ။ ကျွန်တော် အိမ်ခေါင်မိုး ကို မော့ ကြည့် လိုက်သည် ။ ဝါးကပ် အမိုးသည် ဟို တစ်စ သည် တစ်စနှင့် ကျိုးတိုးကျဲတဲ ဖြစ်၍နေ သည် ။ သည် ပုံ အတိုင်း ဆိုလျင် မိုးရေပေါက်များ ကို အိမ် မှာ ရှိသည့် အိုးခွက် ပန်းကန် များ နှင့် လိုက်၍ ခံထားရပေအုန်းတော့မည် ။

“ မိုးရွာတော့မယ်ဟေ့ ”

လမ်းမ ပေါ် က ပေါက်ပြား တစ်လက် ကို ပုခုံး ပေါ်ထမ်း၍ လယ်ထဲ သွားရင်း အော် ပြောသည့် လယ်သမားကြီး ဦးအောင်ခင် ၏ မျက်နှာ မှာ အပြုံးပန်းများ လှိုင်းထ နေသည် ။ သူတို့ အတွက်တော့ ရွှေမိုးငွေမိုး ဖြစ်မည် ။ ကျွန်တော် အတွက် တော့ အိမ်ခေါင်မိုး ကို ဖာထေးရန် အတွက် စိတ်ပူ နေမိသည် ။ လမ်းမ ပေါ် မျှော်ကြည့်လိုက် ပြန်တော့ ကျွန်တော် အဖေ ၏ အရိပ်ယောင် မမြင်မိပေ ။ သည်နေ့ မှ နောက်ကျ နေ သည် ။ အဖေ က သာ ပေါ် မလာသည် ကိုလေလေး က တဖျောက်ဖျောက် နှင့် အသံ ပေး လာချေပြီ ။ ထိုနောက် “ ဟော ... ဟော ” နှင့် လေ အသံ က တစ်စ တစ်စ ပို၍ ဆူညံ လာသည် ။ မိုး မလာခင် လေပြေ လေညင်းလေး မလာဘဲ လေမုန်တိုင်း လာမှာ စိုးကြောက် မိသည် ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ သားအဖ သုံးယောက် နေသော အခြေနဲ့ နေသည့် အိမ်လေး လေမုန်တိုင်းဒဏ် ကြောင့် ပြိုလဲ မှာ ကျွန်တော် ကြောက် နေမိသည် ။ အိမ်လေး ပြိုကျ လျှင် အသစ် ပြန် ဆောက်ရမည် ။ အသစ် ပြန်
ဆောက် လျှင် ပိုက်ဆံ ကုန်မည် ။ ပိုက်ဆံ ကုန်လျှင် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ကျောင်း မနေရတော့ပေ ။ ကြည့် နေရင်း က လေပွေလှိုင်းကြီး က ရွာလမ်းမ အတိုင်း ဝင် လာသည် ။ ကျွန်တော် မျက်လုံး မှိတ် လိုက်သည် ။

“ ဝုန်း ” ခနဲ အသံကြောင့် မျက်လုံး ဖွင့်၍ လမ်းမ ပေါ် ကြည့်လိုက်သည် ။ လမ်းမပေါ် က သရက်ပင်အိုကြီး လဲကျ သွား၏ ။ ယ ခုချိန် အထိ အဖေ ပြန်မလာသေးပေ ။ အလုပ်ရှာ ထွက်သွားသော အဖေ ဘယ်ဆီများ ရောက်နေပါလိမ့် ဆိုသည့် စိတ် က အိမ်ပြို မှာ ထက် ပို၍ စိုးကြောက် နေ မိသည် ။ ညီမလေး က မနက်ကြီး ကတည်း က အဒေါ့် အိမ် ပါ သွား၍ တော်သေး၏ ။ လေငြိမ် သွားတော့ မိုး စ ရွာလာသည် ။ အိမ်ခေါင်မိုး ပေါ် က မိုးစက်များ ယိုစီးကျ လာပါတော့သည် ။ အိမ် မှာ ရှိသမျှ အိုးခွက် ပန်းကန်များ နှင့် လိုက် ခံလိုက်၏ ။ မိုး က လည်း အရည် ပါ လိုက်တာ ခံထား သမျှ အိုးခွက်ပန်းကန် ထဲ ပြည့်လျံ ကုန်သည် ။

ကျွန်တော် မတတ်နိုင်တော့ပေ ။ သည် အတိုင်း ငုတ်တုတ် ထိုင် ကြည့် နေမိသည် ။ အဖေ က တော့ ပြန် မလာသေးပေ ။

••••• ••••• •••••

“ သား....လူလေး ”

ကျွန်တော့် နောက် မှ ခေါ်သံ ကြောင့် လှည့်ကြည့်မိသည် ။ တစ်ကိုယ်လုံး မိုးရေ ရွှဲနစ် နေသော အဖေ့ ကိုတွေ့ လိုက်ရသည် ။ အဖေ့ နှုတ်ခမ်း တစ်စုံ က ပြာနှမ်း နေ၏ ။ အသားများ က တဆတ်ဆတ် တုန်ခါနေသည် ။

“ သား ... ညီမလေး ဘယ်သွားလဲ ”

“ ညီမလေး မနက်ကြီး ကတည်း က အဒေါ့် အိမ် လိုက်သွားတယ် အဖေ ”

အဖေ ခေါင်းညိမ့် ပြပြီး အိမ် ထဲ ဝင်သွားသည် ။ မိုးခံ ထားသော အိုးခွက် ပန်းကန်များ ကို ခွကျော် ရင်း နှင့် မီးဖိုချောင် ဘက် ရောက်သွား၏ ။ ကျွန်တော် အဖေ နှင့် စကား ပြောရန် နောက်က လိုက်၍ သွားသည် ။ အဖေ က ရေနွေးဓာတ်ဘူး ကို မြှောက် ကြည့်သည် ။ ပေါ့ပါးစွာ လက် ထဲ ပါလာ၏ ။ အဖေ့ ဆီ မှ သက်ပြင်းချသံ
ငွေ့ငွေ့လေး ကြားရသည် ။

“ အဖေ အလုပ်ရခဲ့လားဟင် ”

အဖေ ကျွန်တော့် ဘက် လှည့်လာသည် ။ ပြီး ခေါင်းညိတ် ပြ၏ ။ ကျွန်တော် အလွန် ပျော် သွားသည် ။ အဖေ သည် ညာဘက် လက် ကို သိုင်း ထားသော ပုဆိုးစို ကို ချွတ် လိုက်သည် ။ အဖေ ၏ တို နေသော ညာဘက်လက်ကလေး က တုန်ခါ နေ၏ ။ တုန်ခါ နေသော လက်တိုလေး က ကျွန်တော် စိတ် ကို လည်း တုန်ခါ စေသည် ။ အိမ်ပြင် ကို ကြည့် လိုက်တော့ မိုးစဲ သွားပြီ ။ ကျွန်တော် ရင် ထဲ လည်း မိုးစဲ ချင်သည် ။

••••• ••••• •••••

မိုး တိတ်သွားတော့ သားအဖ နှစ်ယောက် မိုးစို နေသော ထင်းချောင်း သေးသေးလေးများ ကို မီးဖို ထဲ ထည့်၍ မီးမွှေးသည် ။ တော်တော် နှင့် မီး မစွဲပေ ။ သေးသေးလေး ကျန်နေသော ဖယောင်းတိုင်အတိုလေး ကို ထောင်လျက် မီးရှို့ ထားမှ မီးစွဲ သွား၏ ။ ညစာ ကို အချိန် လင့် မှ စားကြရသည် ။ ထွန်းစရာ ဖယောင်းတိုင် မရှိ၍ ထမင်း ထဲ အမှိုက် ပါ လာတာ မသိရပေ ။ တစ်ခွက် တည်း သော ဟင်း အတွက် လည်း ရွေးစရာ မလိုပေ ။ ထမင်း ပေါ် ဟင်း ပုံ၍ စား လိုက်ကြသည် ။ ထမင်း စားပြီး သားအဖ နှစ်ယောက် အိပ်ရာ ဝင် ရန် လုပ်ကြသည် ။ ကြမ်းခင်း က မိုးစို နေ၏ ။ ခင်းစရာ ဖျာ က မရှိ ခြုံစရာ စောင် က ရေစို ။ သည် ည အဖို့ သားအဖ နှစ်ယောက် ငုတ်တုတ် အိပ် ရ ပါတော့သည် ။ အဖေ က အိမ်တိုင်လေး မှီ ရင်း ကဆေးလိပ်ဖွာ နေ၏ ။ ဆေးလိပ် မီး က ရဲခနဲ ရဲခနဲ နှင့် ။ ကျွန်တော် က တော့ ပိတ်ရန် ဖွင့်ရန် မလိုသော ဒိုးယိုပေါက် နေသည့် ပြတင်းပေါက် က အလင်းရောင် မှိတ်တုတ်မှိတ်တုတ် နှင့် ကြယ်များ ကို ကြည့်နေမိသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 14:27


#save

စာဖတ်သူဆိုတော့လေးစားသမှုနဲ့ပြန်တင်ပါတယ်

လှတော့အမှတ်တရsaveပါတယ်

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 09:41


နားပါပီ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 09:38


တခါတလေရက်စက်တဲ့ ပင့်ကူမျှင်
နူးညံ့တဲ့ မြေမြှုပ်မိုင်း
အနမ်းဆီသွားနေကျ လိုင်းကားနဲ့ ဘယ်တော့မှမရောက်
ကြောက်စရာပဲ
အသည်းနှလုံးထဲအေးကနည်းဖြစ်သွားတဲ့အရသာကို ကိုယ်မေ့သွားပြီ

- ဆစ်ခ်
- မျက်ရည်ဟာ သူ့အသားသူပြန်စားနေတယ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 09:37


စကောကရင်စကားထာ

အမိကမဲ သားကဖြူ

အဖြေ=ထမင်းအိုးနှင့်ထမင်း

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 09:27


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 09:22


#save

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 09:20


❝ စာအုပ်စာပေ သူ့ မိတ်ဆွေ ❞

သူ နဲ့ ဆက်ဆံဖူးသူတိုင်း က သူ့ ကို ပွင့်လင်းရိုးသားသူ တစ်ယောက် လို့ အသိအမှတ် ပြုကြတယ် ။

သူ့ မျက်နှာ ပေါ် မှာ အပြုံး ကို အမြဲ လိုလို တွေ့ နိုင်တယ် ။ သူ စိတ်ဆိုး နေတာ ကျွန်တော် မတွေ့ဖူးဘူး ။ ဒေါသ ထွက်နေရင် တောင်မှ ပြုံးပြုံးကြီး ဒေါသ ထွက်မယ့် သူ လို့ ကျွန်တော် ထင်ပါတယ် ။

ကိုသန်းဌေး က ပြည်မြို့သား ဖြစ်တယ် ။ ယခုအခါ မန္တ လေးမြို့ မှာ သူ အခြေချ ပြီး နေတယ် ။ သူ့ ဥတ္တရလွင်ပြင် စာအုပ်ဆိုင် က စာကောင်းပေကောင်း နှစ်သက် သူတွေ မွေ့လျော်ရာ နေရာ ဖြစ်ပါတယ် ။

ရန်ကုန်တက္ကသိုလ် က ဘူမိဗေဒ ဘာသာရပ် နဲ့ သိပ္ပံဘွဲ့ ရတဲ့ ပြည်မြို့သား ၊ မန္တလေး မှာ စာအုပ်ဆိုင် နဲ့ အခြေချ တဲ့ ဘဝ ကလည်း ထူးခြားပါတယ် ။

••••• ••••• •••••

ပထမဆုံး ကျွန်တော် စာအုပ် စ ရောင်းခဲ့တာ က ရန်ကုန် မှာ ။ အင်းစိန်လမ်းမ ၊ ဦးထွန်းလင်း ခြံပေါက်ဝ ဘတ်စ်ကား မှတ်တိုင် မှာ စ ရောင်းတာ ။ ၁၉၇၃ ခုနှစ် လောက်ကပေါ့ ။ ဘွဲ့ရပြီး နောက် ဘွဲ့လွန် ဆက် တက်မယ် ရည်ရွယ်ချက် နဲ့ ရန်ကုန် မှာ ခိုကပ် နေတဲ့ ကာလ ။ အိမ် ကို လည်း ပိုက်ဆံ ပြန် မတောင်းချင်တာ နဲ့ ကိုယ့် ပိုက်ဆံ နဲ့ ကိုယ် နေမယ် ဆိုပြီး စာအုပ် အဟောင်း စ ရောင်းတာ ။

ကျောင်းသား ဘဝ မှာ အချို့စာအုပ်တွေ ကို နှစ်ခါ ဝယ် ၊ သုံးခါ ဝယ် မိထားတာ ရှိတယ် ။ အချို့ စာအုပ်တွေ ကို ဝယ်တုန်း က ဝယ်မိပေမယ့် ခု မကြိုက်တော့ဘူး ။ အချို့ စာအုပ် က ပထမအကြိမ် ရိုက်တာ ရှိတယ် ။ ဒုတိယအကြိမ် နှိပ် တော့လည်း ထပ် ဝယ်တယ် ။ ဒါနဲ့ ပထမနှိပ် ကို ပြန် ရောင်းတယ် ။ ဒါတွေ ခင်း ရောင်းရရင် အဆင်ပြေမှာပဲ ဆိုပြီး ပလက်ဖောင်း ပေါ်မှာ ခင်း ရောင်းတာ ။

နေတာ က ရိုးမရိပ်သာ မှာ ၊ အခန်း ငှား နေတာ ။ ညနေ သုံးနာရီ လေးနာရီ ဆိုရင် ဆိုင်ခင်း ။ ခြောက်နာရီ ခုနစ်နာရီ ဆို ဆိုင်သိမ်း ။ ကျွန်တော် ဆိုင် ဖွင့်တဲ့ နေရာ ကလည်း နေရာ ကောင်း ။ ညနေ လေးနာရီ လောက် ဆိုရင် ကျောင်းဆင်း ၊ တက္ကသိုလ် ထဲ က လည်း တစ်အုပ်ကြီး ထွက်လာပြီ ။ အရမ်း ကို စည်တာ ။ ကားဂိတ် က လည်း လူတွေ ဆင်းလာပြီ ။

အဲသည် အချိန်က စာအုပ် ရှားခါစ ။ နံပါတ်တစ် စ ရှားတာက ဗန်းမော်တင်အောင် ။ ဗန်းမော်တင်အောင် စာအုပ် က ရှားပေမယ့် ပြန်လည်း မရိုက်ဘူး ။ ဝယ်သူတွေ က ဗန်းမော်တင်အောင် စာအုပ် ဆို အသေရရ အရှင်ရရ ပေါ့ ။ ကိုယ့် မှာ လည်း ဝယ်ထား ပြီးသား စာအုပ်တွေ အဆင်သင့် ရှိတယ် ။ စာအုပ် ဘယ်နေရာ တွေ က ရနိုင်တယ် ဆိုတဲ့ လမ်းကြောင်း လည်း ကိုယ် က သိတယ် ။ ရန်ကုန် တစ်မြို့လုံး က စာအုပ်ဆိုင်တွေ ကို မွှေနေကျ မို့ ဘယ်မှာ ဘာရှိတယ် သိနေတယ် ။ စာအုပ် လိုချင်သူ က ယူမယ် ကမ်းလှမ်း လာတာနဲ့ ရမယ် ။ မနက်ဖြန် လာ ယူလှည့် ပြောပြီး ရှိတဲ့ နေရာ သွား ယူလိုက်တာပဲ ။ ဘယ်စာအုပ် ကို ပရိသတ် ဘယ်လောက် ကြိုက်တယ် ။ ဘယ်စာအုပ် က ရှားတယ် ။ ဘယ်စာအုပ် ကို ဘယ်ဈေး ခေါ် ရင် ရတယ် ဆိုတာ ကို ကျွန်တော် ကောင်းကောင်း သိသွားပြီ ။

ကျွန်တော် ရည်ရွယ်တာ က ဘွဲ့လွန် ဆက် တက်မယ်ပေါ့ ။ တစ်နေ့တော့ ထားဝယ် ကံပေါက် ဘက် က UNDP project မှာ လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက် ရောက်လာတယ် ။ ငါတို့ အလုပ် မှာ လူ လို နေတယ် ။ လိုက်မလားတဲ့ ။ အလုပ် က ဟိန်းဇဲ ၊ ဟာမြင်းကြီး ၊ ထားဝယ် ၊ ကံပေါက် ၊ မြိတ် ၊ ဘုတ်ပြင်း ဘက်မှာ of shore ( ကမ်းလွန် ပင်လယ်ပြင် ) အလုပ် ။ ပင်လယ်ရေပြင် အောက် မှာ အစမ်း တွင်းတွေ လိုက် တူးပြီး ခဲမဖြူ ၊ အဖြိုက်နက် ပါဝင်နှုန်း စမ်းတာ ။ ကျွန်တော် ကလည်း တစ်ခါမှ ပင်လယ် ကို မထွက်ဖူးဘူး ။ ဒါနဲ့ လုပ်မယ်ကွာ ဆိုပြီး ချက်ချင်း လိုက်ချသွားတာ ။ စာအုပ်တွေ ကိုတော့ ထုပ်ပိုး သိမ်းဆည်း ပြီး ထားပစ်ခဲ့တော့ တာပေါ့ ။

အစမ်းတွင်းတွေ ကို ကုန်းမြေပေါ် လမု ၊ ကနစိုတောတွေ ထဲ မှာလည်း တူးရ တယ် ။ ကမ်းစပ် လည်း တူးရတယ် ။ ပင်လယ် ထဲ လည်း တူးရတယ် ။ အချို့တွင်း က ဝေးဝေးလံလံ ၊ အချို့က နီးနီးနားနား ။ Survey ( မြေတိုင်း ) အဖွဲ့ က တိုင်းတာ ပြီး လုပ်ကွက်တွေ လိုက်ချတယ် ။ အေဝမ်း ၊ အေတူး ၊ အေသရီး ၊ အေဖိုး ၊ ဘီဝမ်း ၊ ဘီတူး ဆိုတာမျိုးတွေပေါ့ ။ ဒါကို လိုက် တူးပြီး ထွက်လာတဲ့ မြေစာ ထဲက သတ္တု ပါဝင်နှုန်း ဘယ်လောက် ရှိသလဲ ကြည့်ရတာ ။

ပင်လယ် ထဲ မှာ သံဖောင် နဲ့ တူးတယ် ။ သံဖောင် နှစ်ခု ကို တွဲ ၊ သည်ပေါ် မှာ အမိုး မိုး ။ စက်ကိရိယာတွေ ဆင် ၊ ဖောင်နှစ်ခု ကြား ကနေ ရေအောက် ကို ပိုက်လုံး တွေ ဆက် ဆက်ချပြီး အောက်ခံ ကျောက်သား ရောက်တဲ့ အထိ တူးရတာ ။ ပေ ၁၇ဝ ၊ ၁၈ဝ နက်တဲ့ အခါ နက်တယ် ။

ပီပါဖောင် လည်း ရှိတယ် ။ ပီပါခွံ ၄၈ လုံး ကို ဆက် ၊ ဖောင်ဖွဲ့ အမိုးမိုး ။ ပါးစပ်ပေါက် ချန်ထားတဲ့ နေရာ ကနေ အောက် ကို တူးချရတယ် ။

ပင်လယ်ပြင် မှာ ရာသီဥတု ကတော့ တစ်သမတ်တည်းပဲ ။ ၁၂ ရာသီပတ် လုံး နေ့ရောညပါ လိုလို မိုး က ရွာ နေတာ ။ အောက် က အစို အပေါ်ပိုင်း ကလည်း အစို နေကြတာ ။ အဲသည် ကတည်း က ကိုယ့် ကိုယ် ကိုယ် တစ်သက်လုံး အအေးမိ တဲ့ ရောဂါ မဖြစ်နိုင်တော့ဘူး လို့ သိလိုက်တယ် ။ ဒါထက် ဆိုးတာမှ မရှိနိုင်တော့ ပဲကိုး ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 09:20


ဘယ်လောက် အထိ ပွဲကြမ်းသလဲ ဆိုရင် မိုးတွင်း မှာ လေပြင်းမုန်တိုင်း ကြောင့် သံဖောင် က အထက်အောက် ဇောက်ထိုး ပြောင်းပြန် လန် ထွက်သွားတာ ။ စောင်းပြီး နစ်တာ မဟုတ်ဘူး ။ မှောက် သွားတာ ။ စက်ကိရိယာတွေ အကုန်လုံး ပင်လယ် ထဲ မြုပ်ကုန် လို့ ရေငုပ်သမား ခေါ်ပြီး ပြန် ငုပ်ယူရတယ် ။ လူတွေ ကတော့ ရေသူရဲတွေ ချည်းမို့ အသေအပျောက် မရှိဘူး ။

စခန်းချ တော့လည်း ပင်လယ်ကမ်းခြေ က အဆင်သင့်ရာ နေရာ မှာပေါ့ ။ ဘုန်းကြီးကျောင်းတို့ ဇရပ်တို့ မှာ စခန်းချတဲ့ အခါ ချတယ် ။ ပင်လယ်ကမ်းစပ် က ရွာ ဆိုတော့ ပျော်စရာ ပါးစရာ လည်း မရှိဘူး ။ မှတ်မှတ်ရရ နေခဲ့ဖူးတဲ့ ရေငန်ကြီး ရွာ ဆိုရင် တစ်ရွာလုံး မှ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ပဲ ရှိတာ ။ တရုတ်မ လင်မယား ဖွင့်တာ ။

ရေငန်ကြီး ကို ကျွန်တော် တို့ ရောက်တဲ့ အချိန် က အပီအပြင် မိုးတွင်းကြီး ။ လှိုင်းလေ ထန်လွန်းလို့ ကမ်းရိုးတန်း သွားတဲ့ ပါစင်ဂျာလှေ တစ်စီး မှ ရွာ ကို လာ မကပ်ဘူး ။

ကျွန်တော် တို့ က ကျောင်းဆင်းစ ဘွဲ့ရခါစ လူငယ်တွေ ။ တအား တက်ကြွ နေတဲ့ အချိန်ပေါ့ဗျာ ။ ဘာမဆို လုပ်မယ် ဆိုတဲ့ အရွယ်တွေ ။ ဘူမိဗေဒ ကျောင်းသား ဆိုတော့ ကျောင်းတုန်း ကလည်း နှစ်စဉ် ကွင်းဆင်း နေကျ ။ ခပ်ကြမ်းကြမ်း သမားတွေ ။ အလုပ် ထဲ မှာ တွေ့ ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကလည်း ကျောင်း တုန်း က တွေ့နေကျ ကိုယ့် လူတွေ ချည်းပဲ ။

ရွာသူ အပျိုချောတွေ ကလည်း အများကြီး ။ ကျွန်တော် တို့ ကောင်တွေ က စာတိုက် ကနေ ကိုယ့် အိမ် ကို ငွေ ပြန် ပို့နေကျ ဆိုတော့ ဘယ်သူ လခ ဘယ်လောက် ရတယ် ။ ဘယ်မြို့ က ဆိုတာ အထိ အားလုံး သိတာပဲ ။ ကံပေါက် မှာ ကျွန်တော့် သူငယ်ချင်းတွေ အများကြီး အိမ်ထောင်ကျ ကုန်တာပေါ့ ။ Project က နှစ် နဲ့ ချီပြီး အကြာကြီး လုပ်ရတာကိုး ။ ကျွန်တော် ကတော့ အမျိုးသမီး တစ်ယောက် ကို ဘယ်လို ချဉ်းကပ်ရမယ် ဆိုတာ မတတ်သေးဘူးလေ ။

၁၉၇၃ ၊ ၁၉၇၄ မှာ အဲသည် UNDP project ကို လုပ်ခဲ့တယ် ။ အဲသည် တုန်း က ပြည်ပြေးတွေ ရှိသေးတယ် ။ ပြည်ပြေး နဲ့ တိုက်ပွဲ ဖြစ်လို့ project ကို ယာယီ နားလိုက်တာ ။

ကျွန်တော် တို့တောင် ကံကောင်းလို့ မသေတာ ။ အဲသည် နေ့ က မှတ်မှတ်ရရ ပါပဲ ။ ကျွန်တော် တို့ လုပ်ကွက် က အဝေးဆုံး ။ ပြီးတော့ ပင်လယ် ထဲ ထွက်တာ ဒီရေ နဲ့ ထွက်ရတာ ။ ဒါကြောင့် ထိပ် ကနေ ဦးဦးဖျားဖျား ထွက်ချ သွားတယ် ။ ကျွန်တော် တို့ နောက် က ထွက်တာ က officer ( အုပ်ချုပ်သူ ) ပါတဲ့ လှေ ။ အဲသည် လှေ မှာ လုံခြုံရေး တပ်စိပ် တစ်စိပ် ပါတယ် ။ အဲသည် လှေ ကို ပြည်ပြေးအဖွဲ့ က ဝင် တိုက်တာ ။ အပြန်အလှန် တိုက်ပွဲ ဖြစ်ကြတာ ။

တိုက်ပွဲ ဖြစ်တော့ ကျွန်တော် တို့က အဝေးကြီး ရောက် သွားပြီ ။ ကျွန်တော် တို့ မှာ walkie-talkie ( လမ်းလျှောက် စကားပြောစက် ) တွေ ပါကြတယ် ။ နောက် လှေ က ကျွန်တော် တို့ လှေ ကို လှမ်း ဆက်သေးတယ် ။ ကျွန်တော် တို့ က ဧရိယာ အစွန် ကို လည်း ရောက်သွား ။ လမုတော ၊ ကနစိုတောတွေ ခံ နေတော့ disturbance ( အနှောင့်အယှက် ) တွေ များပြီး walkie-talkie ချိတ် လို့ မရတော့ဘူး ။ သူတို့ စိတ် ထဲ ကျွန်တော် တို့ တော့ ဂိမ်းသွားပြီပေါ့ ။

အချိန်ကုန် လို့ ပြန်လာရင်း လမ်း တစ်ဝက် လောက် ရောက် လို့ ကျွန်တော် တို့ က walkie-talkie လှမ်း ဆက်တော့ ချိတ်မိတယ် ။ ဟိုက ခင်ဗျားတို့ ဘာဖြစ် သေးလဲ ၊ ချက်ချင်း ပြန်လာ ၊ အမြန် ပြန်လာ ခေါ်တယ် ။ ကျွန်တော် တို့ လှေ ကမ်း ပြန် ရောက်တော့ ရွာ က လူတွေ လာ ကြည့်တာ ကမ်းလုံး ညွတ်မျှ ပဲ ။ အဲသည်မှာ ကျွန်တော် တို့ သတ္တုရှာဖွေရေး ကို ယာယီ စခန်းသိမ်းကြစို့ရဲ့ ဆိုပြီး နားလိုက် တာ ။ ကျွန်တော် လည်း မိဘရှိ ရာ ပြန်ချလာတယ် ။

▢ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

01 Nov, 08:50


လိုအပ်နေသည်ဟု ထင်ရန် မလိုအပ်တော့ပါ။
အမေရိကန် ပေါ့ပ်ကဗျာဆရာ စပစ်မီလီဂန်သည် ဗီးနပ်စ်ရုပ်တုကို ကင်းမြီးကောက် အထောင်ပြိုင်ရန် စိန်ခေါ်ခဲ့ဖူး၏။ အနုပညာတု ထုတ်လုပ်ခြင်းသည် တင်တုတပ်ဆင်ခြင်းထက် အပြစ်ကြီး၏။ ဆပ်ပြာပူဖောင်းကို ပုဆိန်ဖြင့် ပေါက်ရန် ကျွန်နု်ပ် အားမထုတ်ပါ။ ထွေးခံအပေါက် တစ်လုံးကို ခေါင်းတွင်ဆောင်းကာ သရဖူဟု ကြွေးကြော်နေသူ အရူးအား စာရေးဆရာဟု ဘာကြောင့် ခေါ်ကြသနည်း။
ကျွန်န်ုပ်သည် ကိုးပါးဆေး မဟုတ်ချေ။ ဧဝ ကိုက်ပြီးသား ပန်းသီး မဟုတ်ချေ။ ရော်ဂျာဘာဒင် မဟုတ်ချေ။ ပိုးဟပ်တစ်ကောင် မဟုတ်ချေ။ တခြားအရာများ မဟုတ်ချေ။ ကျွန်နု်ပ် ဖြစ်၏။
ဒက်ကလပ်ဆိုတာ ခန္ဓာကိုယ်အတောင်ပံတပ်ပြီး ကမ္ဘာမြေပြင်ပေါ်က ပထမဆုံး စတင်ပျံသန်းဖို့အားထုတ်ခဲ့တဲ့လူတစ်ယောက်ပေါ့ လို့ကိုယ်က ပြောတော့ အချစ်က “ပင်ပန်းလိုက်တာ၊ ကောင်းကင်မှာ ဘာများ ရှိလို့လဲကွယ်” တဲ့။ မင်းကို ချစ်ရတာ အချိန်ကိုက်ဗုံး မြှုပ်ထားတဲ့ နှင်းဆီတစ်ပွင့်ကို နမ်းရှိုက်နေရသလိုပါပဲ။ ပြေပြစ်ညီညွတ်တဲ့ သံစဉ်တေးသွားတစ်ပုဒ် ရုန်းကန်ပွင့်သီနိုင်တဲ့ ဂစ်တာတစ်လက်မှာတောင် ကြိုးခြောက်ကြိုးဟာ မညီညာနိုင်ကြပါဘူး။
တစ်နေ့တွင် လေးထောင့်ပုံသဏ္ဍာန်ရှိသော ဂြိုလ်တစ်လုံးကို ကျွန်ုပ် ရှာဖွေမတွေ့ဟု မည်သူ ပြောနိုင်ပါမည်နည်း။ ပီကာဆို၏ မီးသီးကား ကျွမ်းခဲ့ လေပြီ။ အနုပညာရူးများကို ဒလသို့ ပို့လိုက်ပါ။ မေးလ်စပို့ရှပ် တစ်ထည်၏ ဈေးနှုန်းကို မသိသော သူသည် လောကအကြောင်းကို သိသောသူ မဟုတ်ချေ။ တော်စတွိုင်း၏ ခပ်ညံ့ညံ့ ဝတ္ထုများအကြောင်းကို ဟန်လုပ်ချီးကျူးရာ၌ ကျွန်ုပ် မပါလိုပါ။ ခင်ဗျားတို့အားလုံးနှင့် တွေ့ဆုံရန် ကျွန်န်ုပ်၌ မည်သည့်အကြောင်းမှ မရှိတော့ပါ။ ထိုယင်ကောင်များကို မောင်းပစ်ရန် ယပ်တောင်တစ်ချောင်းသာ လိုပါသည်။
လှပသော စန္ဒရားတစ်လုံးသည် ကျွန်န်ုပ်ကြည့်နေစဉ်မှာပင် အရည်ပျော်ကာ စမ်းချောင်းငယ်တစ်ခုအဖြစ် စီးဆင်းသွား၏။ ဂန္တဝင် စာအုပ်စင်ထဲမှ ထွက်လာသော ပိုးဟပ်တစ်ကောင်၏ လေချဉ်တက်သံကို နားထောင်မနေကြပါနဲ့။ ကျွန်ုပ် တံတွေးထွေးသောအခါ အနုပညာ ခုနှစ်ဆ ပါသွားလေ့ရှိ၏။ ဒူရှန့်၌စီး၍မရသော ဘိုင်စကယ်တစ်စီး ရှိနေသည်ကို သင် မသိသည်မှာ ဝမ်းနည်းဖွယ် ကောင်းလေစွ။
ဤကမ္ဘာပေါ်၌ အမြင့်မားဆုံးအရပ်သည် ကျွန်ုပ်၏ အသည်းနှလုံးဖြစ်၏။ ထိုအရပ်၌ သောက်ရေအိုးစင်နှင့် နာရီ မရှိ။ တညင်းသီး ဆားရည်စိမ်နှင့် ဒါဝင် မရှိ။ လူလုပ်ယဉ်ကျေးမှုနှင့် အောက်ဆီဂျင် မရှိ။ ပြည့်တန်ဆာမနှင့် ကွန်ပျူတာ မရှိ။ ပုံစံကိုက် ကဗျာဆရာနှင့် ပက်ကျိ မရှိ။ ဖြန့်ထားသော လက်များနှင့် သနားကြင်နာခြင်း မရှိ။ ကျွန်နု်ပ် အိပ်ခြေရင်းတွင် ကြိုးချည်ထားသော ခွေးတစ်ကောင်ရှိ၏။ ထိုခွေးသည် ပရောမီးသီးယပ်စ် သေ၍ ဝင်စားခဲ့ခြင်းဖြစ်သည်။ ၁၉၇၈ ခုနှစ်က ကျွန်န်ုပ်သည် မိုနာလီဇာကို မျက်မှန်တစ်လက် ဝယ်ပေးခဲ့ဖူးသည်။ တစ်ခါက ကံမြင့်ကို ဆဲဖူးသည်။ တစ်ခါက အင်းမာဂရကို ချစ်ဖူးသည်။ တစ်ခါက စာကလေးကို လေးခွနှင့် ပစ်ဖူး၏။ တစ်ခါက ကိုးပါးသီလ ယူဖူး၏။ တစ်ခါက သံပရာသီး ရောင်းဖူး၏။ တစ်ခါက ဝမ်းလျှောဖူး၏။ သို့သော် ကင်းမြီးကောက် မထောင်ဖူးချေ။ လူဆိုသည်မှာ ခြေထောက်နှင့်သာ လမ်းလျှောက်ရ၏။
နွားတချို့ခံတွင်းမြိန်ရန်အတွက် မြက်များကို ချော့ကလက် ဆမ်းပေးရန် မလိုပါ။ ဘွိုင်ရွန်နှင့် ဟင်နရီဂျိန်း မိန်းမလျာဖြစ်နေခြင်းကို ပြဿနာလုပ်လျှင် သင့်ကို ပိုးလော့က သင်္ဘောဆေးနှင့် ပက်လိမ့်မည်။
အချစ်ရယ်...
ရေခဲသရဖူဆိုတဲ့ ခေါင်းစဉ်နဲ့ရေးလက်စ ကဗျာစာရွက်တစ်ရွက် ပြတင်းပေါက်ကတစ်ဆင့် လေထဲမှာ လွင့်ပါမျောစီးသွားတာကို ထိုင်ငေးကြည့်နေမိတယ်။ သူ့ရဲ့စွန်းငြိတွယ်တာရာ အဆုံးကိုတော့ ဘယ်သူက မြော်မြင်နိုင်မှာလဲကွယ်။
ဘဝ ဆိုတာ လိပ်ပြာတောင်ပံထက် ကြွပ်တဲ့အရာ မဟုတ်လား။
ကိုယ့်စားပွဲပေါ်မှာတော့ အဝေးက ခင်မင်သူတချို့ပို့လိုက်တဲ့ “ဆက်ထုံးများနှင့် မိုင် ၇ဝ,ဝဝဝ” ဆိုတဲ့ကဗျာ စာအုပ်လေးတစ်အုပ် ရှိတယ်။
ကပ်ဖကာထံ၌ ခင်ဗျားနှင့် မတော်သော ဖိနပ်တစ်ရံ ရှိ၏။ စီတီဇင် နာရီထဲ၌ ချုပ်နှောင်ခံထားရသော အချိန်ရှိ၏။ အမေထံ၌ ကျွန်ုပ်ကို မြည်တွန် တောက်တီးခြင်းရှိ၏။ ဓါတ်ပြားတစ်ချပ်ထဲ၌ အံ့ဖွယ်သမုဒ္ဒရာရှိ၏။ မိုက်ကယ် အန်ဂျလို စုတ်တံများ၌ လူယောင်္ကျားကို ဖန်ဆင်းခြင်း ရှိ၏။ ကျွန်န်ုပ်ထံ၌ ဘာမှ မရှိ။ ဤရှည်လျားသော ရာသီ၏ အမည်နာမကို သင်တို့၏ လျှာပေါ်၌ ကမ္ဗည်းထိုးထားခဲ့ပါမည်။ မိုက်ကယ်ဂျက်ဆင်၏ အသံလား၊ ကက်ဆက် ခလုတ် ပိတ်လိုက်ပါ။ ယနေ့မေတ္ထာသုတ်ကျက်ရန် အလုပ်ရှိသည်။
ဘာမှမလုပ်သောသူသည် သူတောင်းစား လုပ်ရ၏။
ကျွန်ုပ်မှာသာ အားလပ်သောအချိန် အနည်းငယ် ရှိပါလျှင်...
ဖြူသီ၏ ရွှေကျေးတမာသီချင်းကို ဒုတိယအကြိမ် နားထောင်လိုပါသည်။ နရူဒါနှင့် မာယာကော့စကီးတို့၏ ကဗျာစာအုပ်များကို မီးရှို့ ပစ်လိုပါသည်။ ရွှေတိဂုံဘုရားခြေရင်းမှ လိပ်ကန်သို့အစာကျွေးရန် သွားလိုပါသည်။ အောင်လှိုင်ထွန်း အိမ်ရှေ့သို့သွားကာ ခဲနှင့်ပေါက်လိုပါသည်။ ခြံထဲမှ သစ်ခွပင်အား ရေလောင်းလိုပါသည်။ ပါရီမှ ဘူဖေးတစ်ခုမှာ အဇ္ဇဘယ်အဂျနီနှင့်အတူ ညစာစားရင်း စကားစမြည် ပြောလိုပါသည်။ ကျွန်ုပ်ကို မချစ်ခဲ့မိသော သူအား ပြန်လည် လွမ်းဆွတ်ဖူးချင်ပါသည်။
ကျွန်ုပ်ထံသို့ ဘတ်စ်ကားတစ်စီး လွှတ်လိုက်ပါ။
.
သစ္စာနီ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

31 Oct, 00:42


https://t.me/+P2-RY3pfVrtlMWRl

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 15:25


စာအုပ်အကြွားပိုစ့်လေးတွေတော့တင်ဖြစ်မှာပါ😁

အက်မင်စုတဲ့လိုင်းတွေစုံပီ ဟိဟိ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 15:17


ဒီနှစ်ကုန်တာနဲ့စာအုပ်လောကကနေအပြီးနားတော့မယ်ခဗျာ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 15:07


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 15:04


good night

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 13:39


#နောက်ပွင့်မယ့်ဘုရားတွေဘတ်စကားပေါ်မှာ

#ရှင်ရဲထွဋ်

ပုဆိုးကိုတင်းတင်း၀တ်
တဖြည့်းဖြည်း
အထဲကိုငါးဖယ်တိုး တိုးတိုးပြီး
ဒုက္ခစရိယကျင့်တော်မူကြတဲ့အခါ
ဥပဓိရုပ်မကောင်းတဲ့ဘတ်စ်ကားကြီးကလည်း
ဘယ်စီးစီးသုံးရာ။

ကြားဖူးနေကျ
ဘ၀ဆိုတာတိုက်ပွဲတွေချည်းပဲ။
လီဗာကုန်မောင်းတဲ့ကား
ဒီလိုစစ်မြင်းရထားကြီးပေါ်
ကိုယ့်ကိုယ်ကိုထမ်းပိုးထွက်ကြတော့
ဘယ်သူ့ရိုးတွင်းချဉ်ဆီက
အသန်မာဆုံးလဲလို့ညည်းတွားချင်စရာ။

အပူချင်းရောထွေးယှက်တင်
ငါတို့ကတောင်ကုန်းပျောက်နေတဲ့
မြင်းတပ်သားတွေပါကွာ တဲ့။
အရပ်ရှစ်မျက်နှာလွင့်စင်မထွက်ခင်
ထင်းရှူးသေတ္တာထဲက
နှုတ်ခမ်းမွှေးတသသပိုးဟပ်တွေပါကွာ။
ညံဖျင်းခြင်းမှာဂုဏ်တက်နေကြတဲ့
စဉ့်အိုးအောက်ခြေက ငါးပိသိပ်ငါးချဉ်သိပ်ခံ
နိုင်ငံရေးသားကောင်တွေပါကွာ တဲ့။

ငေါက်ငန်းအော်ဟစ်
စပါယ်ယာကိုဘယ်သူတင်မြှောက်လိုက်သလဲ။
သိပ္ပံနည်းကျစဉ်းစားကြည့်တဲ့အခါ
ငါတို့က
သည်းခံခြင်းရဲ့ဟိုးထိပ်ဆုံးမှာ။
ကြပ်တည်းကျဉ်းမြောင်းခြင်းကသာ
ချောင်လည်ရေးကျင့်စဉ် ။

လမ်းခုလတ်လည်းခုန်မဆင်းရဲ
အ၀င်ဆိုးတဲ့ခုနေခါ
တယောလုပ်မှာလား
ဗြောက်အိုးလုပ်မှာလား
ရုပ်မချောသဘောမကောင်းတဲ့
လူဆိုးကြီးရဲ့စည်သွတ်ဘူးလိုစစ်မြင်းရထားပေါ်မှာ။

တစ်ယောက်အရိပ်တစ်ယောက်ခိုလည်းချွေးပြန်တယ်။
ပါရမီနုစဉ်က
အနိုင်ကျင့်ခံရတိုင်းကျောက်တံနဲ့ထိုးကြတဲ့
ကလေးဘ၀ကိုသာလွမ်းမိတော့တယ်။

၁၆ စက်တင်ဘာ ၂၀၂၂

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 11:24


အုပ်မိုးပြီး ဘယ်လို ပြဿနာမျိုး ကို မဆို ရင်စည်း ခံချင်ကြတာလေ ။ ဖြစ်ရင်း ဖြစ် အမေ သာ လျှင် အဖြစ်ခံမယ် ။ သားသမီးလေးတွေ ရှေ့ရေး အတွက် ကံငါးပါး ဆိုလည်း လုံမယ် မထင်ပါ ။ ဒါဟာ မိခင် တစ်ယောက် ရဲ့ စိတ်လေ ။ ခုတော့ အမေ က ကျန်းမာရေး ကြောင့် အိပ်ရာ ထက် လဲ ခဲ့တော့ သမီး ဘဝပျက်ခံ ရှာကျွေး နေတာ အမေ မျို မကျတာ မဆန်းပါဘူး ။ မထူးတော့ပါဘူး အမေ ။ ကျွန်မ ဘဝ က သန်းခေါင် ထက် ညဉ့် မနက်တော့ပါဘူး ။ အမေ့ အပေါ် သမီး ပြုစုယုယခွင့် ရတာ ကိုပဲ ဒီ ဘဝ ရောက်ရတာ အမြတ်ပေါ့ ။ ကျွန်မ မရှုံးပါဘူး အမေ ၊ ဒါပေမယ့် အမေ မငိုပါနဲ့ ။ ကျွန်မ ဘဝ က အကြွေပန်း ပေမယ့် မနွမ်း ပါဘူး ။ ကျွန်မ အသက်ရှင် နေ သရွေ့ အမေ့ အတွက် ထာဝစဉ် လန်းဆန်း နေအုံးမှာပါ ။

“ ကျွီ ... ”

ကားဘရိတ်အုပ်သံ ကြောင့် ကျွန်မ လမ်းကူးကာ နီး ဆဲဆဲ အတွေး ရပ်သွား တော့တယ် ။ ရှေ့မှာ ရပ်လိုက်ပြီး ကားမှန် က ရုတ်တရက် လျောကျ လာပြီးခေါ်သံကြောင့် ကျွန် မကြည့် လိုက်တယ် ။

“ ခင်လေး ”

မြင်လိုက်ရတဲ့ မျက်နှာ က ဆက်စုပ်ရွံ့ရှာစရာ ကောင်းလောက်အောင် အခုထိ မှတ်မိ နေဆဲ ။

“ လူယုတ်မာ ”

အံကို တင်းတင်းကြိတ်ပြီး နှုတ်ခမ်း ကို ဖိကိုက် ထားလိုက်တယ် ။ ကျွန်မ မမြင်ချင်ဆုံးသော မျက်နှာ ကို အော့နှလုံး နာ လွန်းလို့လေ ။ အို ကြာရင် ဒေါသတွေ ထိန်းမရ ဖြစ်မှာ စိုးလို့ ကား ကို ရှောင်ပြီး လမ်းကူးဖို့ ခြေလှမ်း ပြင်လိုက်တယ် ။ ဘေး ကို လည်း ကြည့် မနေဘူး ။ လူယုတ်မာ မျက်နှာကို မမြင်ရလေ ကောင်းလေ ဆိုတဲ့ အတွေး ထက် အသံ ကို ကြားလိုက်ရတော့ ဒေါသ က ပို ထွက်လာတော့တယ် ။

“ ခင်လေး ခဏလေး နေပါဦး ”

မတွေ့အောင် လည်း ရှောင်ခဲ့တယ် ၊ မတွေ့တာ လည်း ကြာခဲ့ပြီ ။ အခုမှ ဘယ်က ပေါ်လာတယ် မသိဘူး ရုတ်တရက် ကျွန်မ ဒေါသ က ငယ်ထိပ် အထိ တက်လာ တော့တယ် ။ လူယုတ်မာ က အောက် ကို အဆင်း ကျွန်မ က လမ်း ကို အကူး အရှိန် နဲ့ မောင်း လာတဲ့ ကားလေး ကို ဖျတ်ခနဲ မြင်လိုက်ရပေမဲ့ ကျွန်မ နောက်ကျ သွားခဲ့တယ် ။

“ ဒုန်း ”

“ အား ... ”

“ ဟာ သွားပြီ ”

အသံတွေ ကြားလိုက်ရပြီး ကျွန်မ လေထဲ ကို အနည်းငယ် မြင့်တက် သွားတဲ့ နောက်မှာ မြောက်ခနဲ ဖြစ်သွားပြီး ခပ်ဝေးဝေး မှာ ခွေခနဲ ပြန်ကျလာတယ် ။ ခေါင်း က မခံရပ်နိုင်အောင် နာကျင်ပြီး သွေးရူးသွေးတန်း နဲ့ လွင့်ထွက်သွားတဲ့ ခြင်း နဲ့ ပိုက်ဆံ အိတ် ကို ယူဖို့ ကြိုးစားရတယ် ။ ပိုက်ဆံအိတ် ဟာ လက်တစ်ကမ်း အကွာ မှာ ။ ဒါပေမယ့် ကျွန်မ မလှုပ်နိုင်တော့ဘူး ။ ခြင်းတောင်း နဲ့ ပိုက်ဆံအိတ် ကို တစ်ရွေ့ရွေ့ နဲ့ လက် လှမ်း နေမိပေမယ့် မယူနိုင်ခဲ့ဘူး ။ ကျွန်မ မျက်လုံးတွေ ပြာလာတယ် ။

“ အမေ အို အမေ့ အတွက် ငါ .. ငါ အမေ့ အတွက် ”

နှုတ် က တစ်တွတ်တွတ် ဆိုရင်း ခန္ဓာကိုယ် က တစ်ဆတ်ဆတ် တုန်ကာ ငြိမ်ကျ သွားပြီး အမှောင်လောက ထဲ ကျွန်မ တစ်ယောက် ထဲ အမေ့ ဆီ ပြေးသွားလိုက်တော့တယ် ။

▢ မိုးမြင့်မေ (ရေနံချောင်း )

📖 တစ်ယောက် တစ်ဘဝ ( ၁ )

.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 11:24


❝ ရင်နင့်ပန်း ❞
━━━━━━━━━━━━━━
မိုးမြင့်မေ ( ရေနံချောင်း )
━━━━━━━━━━━━━━
ကျွန်မ အခန်းပြင်ဘက် ကို ထွက်လာရင်း အိပ်ရာပေါ်မှ လူမမာ အမေ့ ကို တစ်ချက် ကြည့်လိုက်တယ် ။ အမေ က ညာဘက် ကို ဘေးစောင်းရင်း အိပ်ပျော်နေ ဆဲထင် ။ ကျွန်မ အမေ့ အနား ကို ခြေဖွဖွ တိုးကပ်ကာ ကြည့်လိုက်တယ် ။ အို အမေ ငိုနေတာပါလား ။

“ အမေ ”

ကျွန်မ တိုးတိုးလေး ခေါ်တော့ အမေ က ကိုယ် ကို လှုပ်ပြပြီး ၊ မျက်နှာ ကို စောင်ပါးလေး နဲ့ ဆွဲ အုပ်လိုက်တယ် ။

“ ဘာဖြစ်လို့လဲ အမေ ရယ် ၊ သမီး အမေ့ အတွက် ဈေး ကို ဆေးသွား ဝယ်မလို့ ”

ကျွန်မ အသံ ကြားတော့မှ အမေ က တအင့်အင့် နဲ့ အသံထွက် ငိုနေတော့ တယ် ။ ကျွန်မ လည်း မျက်ရည် ဝိုင်းလျှက် အမေ့ လက် ကို ဆုပ်ကိုင်ရင်း ဖြေသိမ့် ပေး ရတယ် ။ ကျွန်မ က အမေ ငိုတာ မြင်ရင် ဘယ်တော့မှ အမေ့ ရှေ့ ကို မျက်ရည် မကျ အောင် အတတ်နိုင်ဆုံး ထိန်းချုပ်တယ် ။ ကျွန်မ ငိုရင် အမေ ပို အားငယ် မှာ အမှန် ။

“ အမေ ဘာစားချင်တဲ့ စိတ် ရှိလဲဟင် ။ အမေ ခံတွင်း ကောင်းမယ် ထင်တာ လေး ပြောပါအုံး ၊ နေ့တိုင်း သမီး က ကောင်းမယ် ထင် တာလေးတွေ ကျွေးပေမယ့် အမေ ခံတွင်းတိုး မှ အရသာ ရှိမှာပေါ့ ၊ ဘာ မှာမလဲ အမေ ၊ အမေ စားချင်တာလေး မှာလိုက်ပါ ”

အမေ က ထုံးစံအတိုင်း ခေါင်းခါ ပြတယ် ။ အမေ့ ကို မေး သာ မေးရတယ် ဘယ်တော့မှ စားချင်တာ ကို မမှာပါ ။ ကျွန်မ ဘာကိုပဲ ချက်ချက် ဟက်ဟက် ပက်ပက် မစား ။ တို့ကာ ဆိပ်ကာ သာ ။ မျိုမကျတဲ့ ပုံ ။ လုံးလုံး မစားတာ မဟုတ်ပေမယ့် မသေရုံ တမယ်ရယ် အရာရာ စိတ်လျှော့ ထားသလို နေတော့တယ် ။ ကျွန်မ ဘာကို မှ လည်း ဆက် မမေး နေတော့ပါ ။

“ အမေ သမီး သွားပြီနော ”

ကျွန်မ လည်း ဈေးခြင်း ကို ဆွဲရင်း တံခါး ကို ပိတ်ကာ တိတ်တဆိတ် ထွက် လာခဲ့တယ် ။ အတွေးတို့ က အမေ့ အတွက် ဆေး နဲ့ အမေ စားချင်မယ့် ဟင်းစားလေး တွေ ဝယ်ဖို့ စဉ်းစားရင်း အတိတ် က ပုံရိပ်မည်း က ခေါင်းထဲ တဝဲလည်လည် ။

၂ ။

“ ဦးလေး ၊ ဦးလေး ရေ ”

ကျွန်မ က အိမ်ရှေ့ သံပန်းတံ ခါးကို လှုပ်ခါလှုပ်ခါ နဲ့ ခေါ်ရင်း အသံ ပိုပိုမြည် အောင် အတင်း လှုပ် ခေါ်နေတော့တယ် ။

“ ဟေ .. ဘယ်သူလဲ ဟ ၊ တံခါး ကို တွန်း ဝင်ခဲ့လိုက်ဟေ့ ဒီမှာ ဦးလေး မအားလို့နော် ”

အိမ် ထဲ က ဦးလေး အသံ ကို ကြားပြီး နောက် ကျွန်မ လည်း ခြံဝ က သံတံခါး ကို တွန်းဖွင့်ပြီး ဝင်လိုက်တယ် ။ အိမ်ရှေ့ ရောက်လာတဲ့ အထိ အိ မ်ထဲ က လူ က ထွက် မလာသေး ။ ကျွန်မ အိမ်ထဲ မဝင်သေးဘဲ အိမ်ပေါက်ဝ က နေပဲ ရပ်စောင့် နေ လိုက်တယ် ။

“ အော် .. ခင်လေး လာလာ ညည်း တစ်ယောက် တည်းလား ”

ဦးလေး က ကျွန်မ နောက် ကို ပါ လှမ်း ကြည့်ရင်း မေးလိုက်တော့ ကျွန်မ လည်း ချက်ချင်းပဲ အလောတကြီး ဖြေ လိုက်တယ် ။

“ ဟုတ်ကဲ့ ဦးလေး ၊ အမေ နေမကောင်းလို့ အဲဒါ ပိုက်ဆံ လာ ချေးတာပါ ”

ဦးလေး က ကျွန်မ ဖြေသံ အပြီး မှာ အိမ် ထဲ ကို ရှေ့ က နေ ဝင်သွားတော့ ကျွန်မ လည်း နောက် က နေ လိုက်လာခဲ့ပြီး ထိုင်ခုံ မှာ ထိုင်ရင်း ဦးလေး စကားပြန် တာ ကို တထိတ်ထိတ် နဲ့ နားထောင် နေလိုက်တယ် ။ ချေး လို့ မှ မရရင်တော့ အမေ့ အတွက် ဆေးဖိုး ခက်တော့မှာပဲ ဆိုတဲ့ အတွေးနဲ့ စိုးရိမ်နေမိတယ် ။

“ အေးပါ ဘယ်လောက် ယူမှာလဲ ”

“ တစ်သောင်း ဆိုရင် ရပါပြီ ဦးလေး ၊ အကြာကြီး မထားပါဘူးနော် ။ ရှေ့ တစ်ပတ် ဆိုရင် ကျွန်မ ဈေး ထဲ မှာ အလုပ် ရပါပြီ ”

“ အောင်မာ အသက်ကလေး ကြည့်တော့ တစ်ဆယ့်ငါး သာသာ ဘာတွေ များ လုပ်ရမှာတုန်းဗျ ၊ ကဲ ပြောပါအုံး ”

“ ဈေး က ဆိုင်ကြီး မှာ တောက်တိုမယ်ရပေါ့ဗျ ၊ ဈေးရောင်း လည်း သင်ရင်း ပေါ့ ၊ ထမင်း လည်း ကျွေးမယ် အဝတ်အစား လည်း ဆင်မယ်တဲ့လေ ”

“ ဟုတ်ပါပြီ ဗျာ ဟုတ်ပါပြီ ၊ ကဲ ခဏ နေဦး ငါ သွား ယူလိုက်မယ် ”

ပြောပြောဆိုဆို အိမ်ခန်းထဲ ဝင်သွားတဲ့ ဝဝတုတ်တုတ် ဦးလေး ကို လိုက်ကြည့်ရင်း အမေ့ ဆေးဖိုး အတွက် အဆင်ပြေပြီ ဆိုပြီး ပျော်လိုက်တာလေ ။

၃ ။

လူသစ် ရောက်လာတယ် ဆိုပြီး ရောက်နှင့် နေတဲ့ အလုပ်သမားတွေ က ကျွန်မ ကို သေချာကြည့်တယ် ။ နောက်ပြီး တစ်ယောက် နဲ့ တစ်ယောက် မျက်နှာရိပ် မျက်နှာကဲ တွေ လုပ်ပြ နေတာ မြင်လိုက်ရပေမယ့် အဓိပ္ပာယ် ကို နားမလည်ခဲ့ဘူး ။ ဆိုင်ရှင် အန်တီကြီး က ကျွန်မတို့ အနား ရောက်လာတယ် ။ ကျွန်မ ကို လည်း သေချာ ကြည့်ရင်း အလုပ်သမား တချို့ ကို လှမ်း ပြောလိုက်တယ် ။

“ ဟေ့ လူဟောင်းတွေ ၊ လူသစ် ကို ရောင်းတာ ဘာညာ သင်လိုက်အုံး ဟို ကောင်မလေး ငွေ တော့ တွက်တတ်တယ်မလား ”

မေးလာတဲ့ ဆိုင်ရှင် မိန်းမကြီး ကို ကြည့်ပြီး မြန်မြန် ခေါင်းညိတ် ပြလိုက် တယ် ။ အလုပ်သမားတွေ က ကိုယ့် နေရာ နဲ့ ကိုယ် နေရာ ယူ လိုက်ကြပြီး ဈေးဝယ်သူ လာရင် ဘယ်လို အပြော နဲ့ ရောင်း ၊ မဝယ် ဝယ်အောင် ဆွဲဆောင် ၊ ဈေးဝယ်သူ စိတ်တိုင်းကျ စေဖို့ ဘယ်လို ပြော ရောင်း ၊ ဘာညာ အကုန်သင်ပြပြ သင်လုပ်လုပ် နဲ့ ထမင်းစား နား ခဏ နေပြီးရင်တော့ ဆိုင် ထဲ အလှည့်ကျ ပြန်ဝင် ။ ဒီလိုနဲ့ တစ်နေ့တာ ကုန်ဆုံးပြီး တစ်ရက် ပြီး တစ်ရက် တစ်လ ပြီး တစ်လ နောက် တစ်နှစ် ဘက် ကို တောင် ရောက်လာခဲ့ တော့တယ် ။

ဒီ ဆိုင်မှာ လုပ်သက်ကလေး ရလာပြီး အရာရာ ကျွမ်းကျင် လာခဲ့တယ် ။ ကျောင်း တက်ချိန် ဆိုတာ လည်း အမေ့ ကျန်းမာရေး ကြောင့် မတက်ခဲ့ရ ။ ငါးတန်း ဖြေပြီး ကျောင်း ထွက်ခဲ့ရတယ် ။ ရွယ်တူ ကျောင်းသူလေးတွေ ကို မြင်ရင် လိုက် ငေးရတာ လည်း အမောပါပဲ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 11:24


ဒီ တစ်နှစ် အတွင်း ဖွင့်ထွား လာတဲ့ ခန္ဓာကိုယ် ကောက်ကြောင်း ကလည်း မယုံနိုင်စရာ ။ မျက်နှာလေး က ဖူးလုံးလုံးလေး မို့ ချစ်စရာလေး ဆိုပြီး လုပ်ဖော်ကိုင် ဘက်ချင်း မနာလို သလို အမြဲတမ်း စစနောက်နောက် လုပ်ကြလေရဲ့ ။ လုပ်တဲ့ နေရာ မှာ လည်း သေသပ်ပြီး ဘာခိုင်းခိုင်း ဖင်ပေါ့တာ ကြောင့် ခင်လေး နာမည် က ဈေးလာ ဝယ်သူများ ပင် အလွတ် ရကာ မှတ်မိနေတော့တယ် ။

“ ခင်လေး ရေ အိမ်နောက်ဖေး က စတိုခန်း ကို သွားနော် လိုတဲ့ ပါဆယ်ထုပ်တွေ စစ် လိုက်တော့ ဟေ့ ဆိုင်သိမ်းတော့မယ် ”

“ ဟုတ် အစ်မ ”

ဆိုင် မှာ စီနီယာ ကျတဲ့ အစ်မ တစ်ယောက် က ခိုင်းတာ နဲ့ စာအုပ် နဲ့ ဘောလ်ပင် ယူပြီး ထွက်ခဲ့လိုက်တယ် ။ စတိုခန်း က ချောင်ကျ နေတော့ ညနေ ခပ်စောင်းစောင်းမို့ အမှောင်ဘက် နည်းနည်း စွန်းချင်တယ် ။ စတိုခန်း တံခါး ကို ဖွင့်ရင်း ခေါက်ဆွဲထုပ်တွေ ထားတဲ့ ဘက် ကို လာလိုက်တယ် ဆိုရင်ပဲ ရုတ်တရက် ကျွန်မ ရဲ့ နောက် ကနေ သိုင်းချုပ်ပြီး ပါးစပ် ကို အတင်း ပိတ်လိုက်တာကို သိပေမယ့် ကျွန်မ မရုန်းနိုင်ခဲ့ပဲ အသံ က ဝူးဝူးဝါးဝါး ။ ဒါပေမယ့် အင်အားချင်း မ မျှတော့ ကျွန်မ ရုန်းကန် အော်ဟစ် ပေမယ့် အချည်းနှီး သာပါပဲ ။ ကျွန်မ အကြောက်အကန် ရုန်းခဲ့တယ် ။ အုပ်မိုးလာတဲ့ မျက်နှာ ကို မြင်လိုက်တော လူယုတ်မာကြီး ။ ဆိုင်ရှင် အန်တီကြီး ရဲ့ ယောက်ျား ။ မသဲမကွဲ ကြားက မှတ်မှတ်ထင်ထင် မြင်တွေ့ လိုက်ရတဲ့ လူယုတ်မာ ၊ ကျွန်မ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ သင်း ခြေလို့ ကြေမွခဲ့တဲ့ ပန်းတစ်ပွင့် အတွက် လက် ထဲ ကို ထိုးထည့်သွားတဲ့ အရာ ။ တင်းကျပ်စွာ ဆုပ်ကိုင် ထားရင်း စတိုခန်း ကနေ အပြေး တစ်ပိုင်း နဲ့ အပြီးတိုင် ပြေးထွက် လာခဲ့ တော့တယ် ။

၄ ။

“ ဟိတ် ”

အသံ တစ်ခု ။ နီးနီးကပ်ကပ် ခေါ်လိုက်တဲ့ အသံကြောင့် အတွေး က နေ ရုတ်တရက် လန့်ဖြန့် သွားခဲ့တယ် ။

“ ဈေး ကို လား ”

“ ဟုတ်ကဲ့ ”

ဈေးခြင်း မြင်လျက် နဲ့ ဈေး ကို လား ဆိုတော့ ဟုတ်ကဲ့ ပဲပေါ့ ။

“ လာလေ လိုက်ပို့မယ် အာရကေ မလိုပါဘူး အသိတွေပဲဟာ ”

“ အော် ကျေးဇူးပါ ရပါတယ် ရောက်တော့မှာပဲဟာ ”

“ လာပါ ကဲ စကားလေး ပြောချင်လို့ ဟာ ”

အနား ကို လာပြီး အတင့်ရဲစွာ နဲ့ လက် ကို ဆွဲတော့ ကျွန်မ က အနေအထား ကို ကြည့်ရင်း အလိုက်သင့် ဖြေရတာပေါ့ ။

“ ကျွန်မ အလုပ် ကို ညနေပိုင်း ပဲ စကား ပြောပါတယ် အကို မနက်ပိုင်း အမေ့ အတွက် ပြုစုရလို့ပါ ”

“ ဘာလဲ ဟ ရေမလျှံ ဘူး ထင်ပြီး အထာ ကိုင်တာလား ၊ ဒီမယ် အပြည့် သူများ ထက် နှစ်ဆ ပေးလို့ရတယ် သဘောပေါက် ”

စောစောစီးစီး မူး နေပြီး လမ်းမ ပေါ်မှာ မထီမဲ့မြင် လုပ်လာတော့ ကျွန်မ စကားနည်း ရန်စဲ ဖြစ်အောင် ဘာမှ မပြောဘဲ လှည့် ထွက်ခဲ့တယ် ။ ခုတလော အမေ က ကျန်းမာရေး တော်တော် ဆိုးလာတာ အရင် လို နေ့ရောညပါ သွားလို့ မဖြစ်ဘူး ဆိုတာ ကျွန်မ ကိုယ်တိုင် ပြုစုနေရတော့ သိတယ်လေ ။

ဒီလိုပါပဲလေ ။ ခနဲ့တဲ့တဲ့ အသံတွေ ကြား မထိတထိ လုပ်တာတွေကို နေသားကျ နေတဲ့ ကျွန်မ က နှုတ်ဆက် လာသူတွေ ကို လည်း ပြုံးပြရတာပေါ့ ။ ဒါမှ ကျွန်မ ဘဝ က ညည ထွက်ရမှ အလုပ် ဖြစ်မယ်လေ ။ ကျွန်မ ဘဝ ရဲ့ အတိတ် က အကြောင်း တစ်စေ့တစ်စောင်း သိတဲ့ သူတွေ ရှိချင် လည်း ရှိမယ် ။ မသိတဲ့ သူ လည်း ရှိမယ် ။ ဒါပေမယ့် ကျွန်မ ဘဝ ကို နားလည်မှု နဲ့ ကူညီဖေးမမယ့် သူ ရှိသလို ကျွန်မ ရဲ့ အသွေးအသား နဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ကို ဋီကာ ဖွဲ့ပြီး ခပ်နွဲ့ နွဲ့ ယောကျာ်း တွေ လည်း ရှိရဲ့ ။

ဘဝ မှာ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် ပျက်စီးခြင်း အကြောင်းတရား ထဲ က မှ ငွေ ရှိလို့ အချိန်ဖြုန်း ။ ငွေကို ရေလိုသုံးပြီး ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းရှာ သုံးဖြုန်း တတ်တဲ့ ယောက်ျား အများစု က ငွေ ရှိလို့ ပျက်စီးကြတယ် ။ ကျွန်မ က တော့ ငွေ မရှိလို့ ဘဝ ပျက်ခဲ့ရ ပျက်စီးခဲ့ရပေမယ့် ပျက်စီးခြင်းအကြောင်းတရား အရ ကျွန်မ က ငွေ မရှိလို့ မျက်နှာမွဲမို့ ဖျက်ဆီး ခံခဲ့ရတယ် ဆိုရင် ပို မှန်ပါလိမ့်မယ် ။ ငွေ ရှိတိုင်း လူတိုင်း ပျက်စီးကြတယ် လို့ တော့ ကျွန်မ မဆိုလိုပါဘူး ။ ကျွန်မ လေ ဖျက်ဆီးခံ ခဲ့ရ တဲ့ တဒင်္ဂ ပြန် တွေးမိရင် ခုထိ တုန်လှုပ်ခြောက်ချား ဆဲပဲ ။ အရိပ်မည်း လို မိုးနေတဲ့ မျက်နှာ ကို ပြန် မြင်မိတိုင်း ဆတ်ခနဲ တွန့် ပြီး ကြောက်လန့်နေတုန်း ။ တွေးမိလိုက်တိုင်း လည်း ဒေါသ က အလိပ်လိုက် တက်တက် လာပေမယ့် အရာရာ မျက်နှာမွဲ မို့ ခေါင်းငုံ့ ပြန်ခဲ့ရတယ် ။ လက် ထဲ ကို ထိုးထည့် သွားပြီး ပြေးထွက်သွားတဲ့ လူယုတ်မာ ရဲ့ ကျောပြင် ကို ငေးကြည့်ရင်း ငွေ ဆိုတာ ကို သိလိုက်ပေမယ့် ကျွန်မ လွှင့်မပစ်ခဲ့ဘူး ။ အမေ့ အတွက် ဆိုပြီး ကြိတ်မှိတ် ခံစားရင်း မထူးဇာတ် ခင်းခဲ့တာ အခုထက်ထိ ပါပဲလေ ။ ကျွန်မ အရွယ် မတိုင်ခင် ကတည်း က ခြေတော်တင်ပြီး ငွေအင်အား နဲ့ ကစားခဲ့တဲ့ လူ့ ဂုဏ်သရေရှိ မြို့မျက်နှာဖုံး ကျက်သရေတုံး ကို ကျွန်မ သ,တ်ဖို့ အကြိမ်ကြိမ် ကြံစည်ဖူးတယ် ။ စိတ်ကူး နဲ့ လည်း အကြိမ်ကြိမ် ကြိုးစားဘူးတယ် ။ ဒါပမယ့် အချည်းအနှီးပါပဲ ။ တကယ်လို့ ကျွန်မ တစ်ခုခု ဖြစ်သွားရင် အမေ ဒုက္ခ ရောက်ရချည်ရဲ့ ဆိုတဲ့ အတွေးနဲ့ မျိုသိပ် ခဲ့ရတာလည်း အခုထိ ။ ဒါတွေ သိထားတဲ့ အမေ က ငိုတိုင်း ကျွန်မ စိတ် မကောင်းပါ ။ အမေ့ ကို လည်း နားလည်အောင် ပြောပြထားရတယ် ။ မိခင် ဆိုတဲ့ အမေမျိုး က အရာရာ ကို ကိုယ် က သာ သားသမီး အပေါ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 10:06


ကန်ဘောင်ကြို-ကန်ဘောင်ကြား
ဗျိုင်းကလေးတွေနား

အဖြေ=သွား

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 08:09


❝ လောဘကြီးသော မြေပိုင်ရှင်ကြီး ❞

ဟိုးရှေးရှေးတုန်း က ပေါ့ကွယ် ၊ တောရွာ တစ်ရွာ မှာ အလွန် ကြွယ်ဝပြီး အလွန် လောဘကြီး တဲ့ မြေပိုင်ရှင်ကြီး တစ်ယောက် ရှိ သတဲ့ ။ မြေပိုင်ရှင်ကြီး ဟာ ဥစ္စာပစ္စည်း ပေါသလောက် သနားကြင်နာတတ်တဲ့ စိတ် မရှိတဲ့ အပြင် လယ်သမားများ အပေါ် မှာ ကြမ်းကြုတ်ရက်စက်တဲ့ စိတ် ရှိလို့ လယ်သမားတွေ ဟာ သူ့ ကို အလွန်ပဲ မုန်းတီးကြ သတဲ့ ။ နောက်ပြီး သူ ပိုင်တဲ့ လယ် တွေ ကို ဈေးကြီးကြီး နဲ့ ငှားတဲ့ အပြင် လယ်ခွန် ကို တစ်နှစ် အတွင်း ပြန် မဆပ်နိုင်ရင် ကျွဲ ၊ နွား ၊ ဆိတ် အစရှိတာတွေ ကို သိမ်းယူ သတဲ့ ။ တချို့ လယ်သမားတွေ ကျတော့ သူ့ ရဲ့ အိမ် မှာ အစေခံ အဖြစ် လုပ်ကိုင် နေရရှာတာပေါ့ကွယ် ။

အဲဒီ လူစုတွေ ထဲ မှာ မဂွမ်းဖြူ ဆိုတဲ့ မိန်းမငယ်ကလေး တစ်ယောက် အပါအဝင်ပေါ့ ။ သူမ ရဲ့ အသက် ဟာ ဆယ့်နှစ်နှစ် အရွယ် လောက် ပဲ ရှိပြီး လူအများ အပေါ်မှာ သနားကြင်နာတတ် တဲ့ စိတ် ရှိ သတဲ့ ။ မဂွမ်းဖြူကလေး ဟာ မိတဆိုးကလေး တစ်ယောက် ပေါ့ကွယ် ။ သူမ ရဲ့ဖခင်ကြီး ဟာ ဆင်းရဲပင်ပန်းကြီးစွာ လယ် လုပ်ကိုင်စားသောက် နေရရှာတယ် ။ သည့်အပြင် သူတို့ ဟာ မြေပိုင်ရှင်ကြီး ရဲ့ ကြွေးတွေ ကို အချိန်တန် သော်လည်း ပြန် မဆပ်နိုင်ရှာဘူးကွယ့် ။ တစ်နေ့မှာ မဂွမ်းဖြူကလေး ရဲ့ ဖခင်ကြီး ဟာ ရုတ်တရက် ကွယ်လွန် သွားရှာတယ် ၊ မဂွမ်းဖြူကလေး ခမျာ အားကိုးရာမဲ့ ဖြစ်နေတုန်း မြေပိုင်ရှင်ကြီး ဟာ သူ့ ရဲ့ ကြွေးတွေ တောင်းဖို့ မဂွမ်းဖြူကလေး ဆီ ကို လာ သတဲ့ ။ မဂွမ်းဖြူကလေး လည်း ယခု မပေးနိုင်သေးကြောင်း ၊ ယခု သူ့ မှာ ဒုက္ခအတိ ရောက် နေကြောင်း နဲ့ နောင်အခါ မြေပိုင်ရှင် ရဲ့ ကြွေးတွေ ကို စုဆောင်းပြီး အမြန်ဆုံး ပြန်ဆပ်မယ်လို့ ပြောပေမယ့် မြေပိုင်ရှင်ကြီး က “ အခု နင် ငါ့ အကြွေးတွေ ကို ပြန် မဆပ်နိုင် ရင် ငါ့ အိမ် မှာ ကျွန် လုပ် ရမယ် ” လို့ ပြောပြီး မဂွမ်းဖြူကလေး ကို အတင်းအဓမ္မ ဖမ်းဆီးကာ သူ့ ရဲ့ အိမ် မှာ ထမင်းချက် အလုပ် ကို အရွယ် နဲ့ မလိုက်အောင် လုပ်ကိုင်စေ သတဲ့ ။ သူမ ရဲ့ အဖြစ်ဆိုးတွေ ကို ရွာသူရွာသား တွေ သိတော့ မြေပိုင်ရှင်ကြီး ကို ဒေါသဖြစ်ပြီး မဂွမ်းဖြူကလေး ကို သနားမိကြတယ် ၊ ဒါပေမယ့် သူတို့ တတွေ ဟာ မြေပိုင်ရှင်ရဲ့ ဩဇာ ကို လွန်ဆန်နိုင်တဲ့ သူတွေ မဟုတ်ပါလားကွယ် ။

အဲ ... ဒါနဲ့ မြေပိုင်ရှင်ကြီး ဟာ မဂွမ်းဖြူကလေး ကို အလုပ်တွေ နင်းကန် ခိုင်းပြီး ထမင်း မှန်မှန် မကျွေးလို့ သူမ ခမျာ ဒုက္ခ တစ်မျိုး ထပ် တွေ့ နေရှာတယ် ၊ ဒါပေမယ့် မဂွမ်းဖြူလေး ဟာ သူမ ထမင်း ချက်တဲ့ အခါ မီးမွှေးဖို့ ထားတဲ့ ကောက်ရိုးတွေ ကို တွေ့ တော့ ဒီ ကောက်ရိုးတွေ မှာ ရှိတဲ့ စပါးကလေး တချို့ ကို ရသမျှ စု ထားရင် ငါ့ ရဲ့ ဝမ်းစာ ကို တော့ ဖြည့်ရှာမှာပဲ လို့ တွေးမိပြီး စပါး ကလေးတွေ ကို စုစု ထား သတဲ့ ။ ဘယ်လောက် လိမ်မာပါးနပ်သလဲကွယ် ။

အဲဒါနဲ့ မဂွမ်းဖြူကလေး ဟာ စပါးတွေ ကို စုစု လာ လိုက်တာ တော်တော်ပဲ များလာ သတဲ့ ။ တစ်နေ့သော နေ့ တစ်နေ့ မှာ မြေပိုင်ရှင်ကြီး ရဲ့ အိမ်ရှေ့ မှာ အလွန် နွမ်းပါးဆင်းရဲ တဲ့ အမေအို တစ်ယောက် ဟာ ရောက် လာပြီး မြေပိုင်ရှင် လင်မယား ထံ မှာ ထမင်းကျန် ဟင်းကျန် ရှိရင်ပေး ပါရန် အသနားခံ တောင်းရှာတယ် ၊ ဒါပေမယ့် မြေပိုင်ရှင် လင်မယား ဟာ မပေးတဲ့ပြင် အမေအို ကို ရိုက်နှက် နှင်ထုတ်လိုက် သတဲ့ ။ အမေအို ခမျာ မှာ လည်း ဝမ်းနည်းစွာ ဆက်လက်လျှောက် လာတုန်း အိမ် နောက်ဖေး ဘက် မှ အမှိုက်သွန် ဖို့ ထွက်လာတဲ့ မဂွမ်းဖြူကလေး နဲ့ သွား တိုးမိ တယ် ။

အမေအို လည်း မဂွမ်းဖြူကလေး ကို တွေ့ တော့ “ သမီး ရယ် ၊ အမေ့ ကို သနားရင် ဟင်းကျန် ထမင်းကျန်များ ရှိရင် ပေးပါလားကွယ် ၊ အမေ့ မှာ ထမင်း မစားရတာ သုံးရက် ရှိပါပြီ ” လို့ ပြော တော့ မဂွမ်းဖြူလေး ဟာ အမေအို ကို အလွန်ပဲ သနား သွားမိတယ် ။

“ အမေရယ် ၊ ကျွန်မ က ဒီ အိမ် က အစေခံ တစ်ယောက် ပါ ၊ မြေပိုင်ရှင် လင်မယား ဟာ အလွန် ကပ်စေးနဲ ပြီး လောဘ လည်း အလွန် ကြီးပါတယ် ၊ သူတို့ ခွင့် မပေးဘဲ ထမင်းဟင်းတွေ ကို ယူ ပေးရင် ကျွန်မ အရိုက် ခံရပါလိမ့်မယ် ၊ ဒါပေမယ့် ကျွန်မ စုထားတဲ့ ဆန်တွေ ရှိပါတယ် ” လို့ ဆိုပြီး နို့ဆီ တစ်လုံး စာ အမေအို ကို ယူပေး လိုက် သတဲ့ ။ အမေအို လည်း ဝမ်းသာစွာ နဲ့ သာဓု ခေါ်ရှာ တယ် ၊ နောက်ပြီး မဂွမ်းဖြူကလေး ကို “ မင်း ဟာ သူတပါး အပေါ် မှာ ကြင်နာတတ်တဲ့ စိတ် ရှိလို့ မင်း ကို ဟောဒီ လိုတရ လက်ကိုင်ပဝါ ပေးခဲ့မယ် ၊ ကြည့် သုံးပေတော့ ” လို့ ပြောပြီး ပျောက်ကွယ် သွား သတဲ့ ။

မဂွမ်းဖြူကလေး လည်း ပထမ တော့ အံ့ဩ သွားမိတယ် ။နောင်မှ သတိ ပြန်ရပြီး အမေအို ဟာ ရိုးရိုး လူတော့ မဟုတ်တန်ရာဘူး ။ အမေအိုယောင် ဖန်ဆင်းပြီး လူ့ပြည် ဆင်း လာတဲ့ သိကြားမင်း နဲ့ တူတယ်လို့ တွေးမိတယ် ။ နောက်ပြီး ငါ့ ရဲ့ အဖြစ် ကို မကြည့်ရက် နိုင် လို့ သိကြား မ လာတာပဲ ဆိုပြီး ဝမ်းသာစွာ နဲ့ သူ့ အခန်းတွင်း ကို ဝင်ကာ ကျန်ရှိ နေသေးတဲ့ ဆန် အချို့ ပေါ် မှာ လိုတရ လက်ကိုင်ပဝါ ကို တင်ပြီး ..

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 08:09


ဆန်တွေ များလာပါစေ လို့ ဆိုလိုက်တဲ့ အခါမှာ ဆန်တွေ တဖြည်းဖြည်း များ လာတာပေါ့ကွယ် ။ မဂွမ်းဖြူလေး လည်း ဆက်ပြီး လိုတရ လက်ကိုင်ပဝါ နဲ့ မျက်နှာကလေး ကို ဖြည်းညင်းစွာ သုတ်ပြီး နုပျိုလှပတဲ့ မိန်းမပျိုလေး တစ်ယောက် ဖြစ်ပါစေ လို့ ပြောနေတုန်း မြေပိုင်ရှင် လင်မယား ရောက် လာပြီး မဂွမ်းဖြူ လက်ထဲ က လိုတရ လက်ကိုင်ပဝါ ကို လုယူ လိုက်စဉ် မှာ မဂွမ်းဖြူလေးဟာ သူတို့ ရှေ့ မှာပဲ အလွန် လှပ ချစ်စရာ ကောင်းတဲ့ မိန်းမပျိုလေး တစ်ယောက် အသွင် ပြောင်းပြီး နောက်ဖေးပေါက် မှ ထွက်ပြေး သွား သတဲ့ ။

မြေပိုင်ရှင်လင်မယား လည်း မဂွမ်းဖြူကလေး ကို ဂရုမစိုက်နိုင်အားဘဲ သူတို့ မတရား သိမ်းယူထားတဲ့ စပါးပုံ ရှိရာ သွားပြီး စပါးပုံတွေ ပေါ် လိုတရ လက်ကိုင်ပဝါ ကို တင် လိုက်ပြီး လောဘကြီးစွာ နဲ့ “ ငါ့ ရဲ့ ဆန်စပါးတွေ အများကြီး ဖြစ်လာပါစေ ” လို့ ပြော အပြီး မှာ ဆန်စပါးတွေ ဟာ အိမ် ပြည့်မတတ် များ လာတာပေါ့ ၊ ဒါပေမယ့် မြေပိုင်ရှင်ကြီး ဟာ လောဘ မသေသေးဘဲ သူ့ ရဲ့ မိန်းမ ကို “ ရှင်မ ရေ ၊ တို့ လည်း မဂွမ်းဖြူ လို ငယ်ရွယ် နုပျိုအောင် လုပ်ရင် ရမှာပဲ ” လို့ ပြော တော့ ၊ မြေပိုင်ရှင်ကတော် က “ အို ... ရမှာပေါ့ ” လို့ ပြော အပြီး လိုတရ လက်ကိုင်ပဝါကလေး နဲ့ သူတို့ ရဲ့ ယုတ်ကြမ်းတဲ့ မျက်နှာ ကို သုတ် လိုက်တဲ့ အခါမှာ လိုတရ လက်ကိုင်ပဝါကလေး ဟာ စုတ်ပြဲ သွားတာပေါ့ကွယ် ။

အဲဒီ အချိန်မှာ မြေပိုင်ရှင်ကြီး ဟာ သူ့ မိန်းမ ကို လှမ်း ကြည့်လိုက်တဲ့ အခါမှာ တော်တော် တုန်လှုပ် သွား သတဲ့ ။ ဘာကြောင့်လဲ ဆိုတော့ သူ့ မိန်းမ မျက်နှာ ပေါ်မှာ အမွေးတွေ ပေါက်နေပြီး မြေခွေးရုပ် ပေါက် နေတာ မြင်ရလို့ပဲ ၊ မြေပိုင်ရှင်ကတော် လည်း ထိုနည်းတူစွာ သူ့ ယောက်ျား ရဲ့ မျက်နှာ ကို မြင်ရတော့ သူ့ လို ပဲ ဖြစ်နေတာ တွေ့ရတော့ “ အဲဒါ ရှင် လောဘကြီး လို့ ဖြစ်ရတာပဲ ” လို့ ရန်တွေ့တာပေါ့ကွယ် ။

ဒါနဲ့ ဆက် ပြောရဦးမယ် ၊ မဂွမ်းဖြူလေး ဟာ ရွာသူရွာသားတွေ နဲ့ မြေပိုင်ရှင်ကြီး ဆီ လာတော့ မြေပိုင်ရှင် လင်မယား ကို မတွေ့ရဘဲ မြေခွေးကြီး နှစ်ကောင် ကို မြင်ရတော့ ဓား ၊ တုတ် ၊ ခဲ စသည် တို့နှင့် ပ,စ်ပေါက်ကြတာပေါ့ကွယ် ။ မြေခွေး နှစ်ကောင် လည်း ကြောက်ရွံ့စွာ တော တွင်း သို့ ဝင်ပြေးသွားရတာပေါ့ ။

မြေပိုင်ရှင်လင်မယား မရှိတော့ သဖြင့် ရွာသူရွာသားတွေ ဟာ တော်တော် ဝမ်းသာနေ ရှာတယ် ။ မဂွမ်းဖြူကလေး လည်း မြေပိုင်ရှင်ကြီး မတရား သိမ်းယူထားတဲ့ စပါး ၊ လယ်မြေ အများ အပြား ရှိသည် တို့ကို ရွာသူရွာသားများ ကို ညီတူညီမျှ ပြန် ဝေ ပေးလိုက်သတဲ့ ။ ရွာသူရွာသားတွေ ဟာ လည်း မဂွမ်းဖြူကလေး ကို အလွန်ပဲ ကျေးဇူး တင်ကြရှာတာပေါ့ ။ နောင်များ မကြာမီ မှာဘဲ မဂွမ်းဖြူ ကလေး ဟာ ထို ရွာတွင်း မှ သက်တူရွယ်တူ လူရွယ် တစ်ယောက် နဲ့ ထိမ်းမြား လိုက်ပြီး အသက်ထက်ဆုံး ဒီ ရွာ မှာ ပဲ ပျော်ရွှင်စွာ နေထိုင်ကြသတဲ့ကွယ် ။

☐ ရွှေသိမ် - မာမာဝင်း

📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ စက်တင်ဘာ

.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 08:08


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 05:51


ကိုယ့်မျက်လုံးမှာ
အလုပ် နှစ်ခုပဲ ရှိတယ်

အဲဒါက
မင်းကို ချစ်ဖို့ရယ်
မျက်ရည်ကျဖို့ရယ်ပဲ။

#သစ္စာနီ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 05:49


စိတ်ဟာစိတ်တခုရှာဖွေကာပေါင်းစပ်ချင်တယ်

အချစ်ဟာ အချစ်တစ်ခု ဆုံမိရင်ဘဝတစ်ခုဖြစ်မယ်

ဆန့်ကျင်ဘက်များညီစေရင်အလှတစ်ခုဖြစ်မယ်

#နိုင်းနိုင်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 05:49


ငါတို့မြို့မှာ ငါငိုတုန်းက

-ညီပု-

ငါတို့မြို့မှာ ငါငိုတုန်းက
ငါ့ငိုသံဟာ အသံဗုံးတွေထက်ကျယ်တယ်
မောင်းပြန်သေနတ်တွေထက် အဝေးရောက်တယ်
အဒေါ်ကြီးက သူတွန်းလာတဲ့ စက်ဘီးကို
မြောင်းထဲ ပစ်ချ ထွက်ပြေးသွားရတယ်

ငါတို့မြို့မှာ ငါငိုတုန်းက
ငါဟာ ကဗျာတစ်ပုဒ်ရဲ့ အလယ်ခေါင်တည့်တည့်မှာ
ဒါမှမဟုတ် ဒုတိယမြောက် လိုင်းမှာ

ငါ့အိပ်ယာက တဖက်နိုင်ငံမှာ
ဒါမှမဟုတ် ကုက္ကိုအမြစ်တွေ
လိမ်ခွေထားတဲ့ ချောင်းစပ်မှာ

ငါ လုပ်ထားတဲ့ထိုးဇာတ်တွေက
စစ်ဆေးရေးဂိတ်မှာ ဒါမှမဟုတ် အသက်ဘေးက ကျဉ်းမြောင်းစွာ လွတ်မြောက်ခဲ့သူတစ်ဦးရဲ့
မောဟိုက်မှုထဲမှာ

ဘောလုံးကို ငါ အားနဲ့ ပစ်ကန်လိုက်တာ

ငါတို့မြို့မှာ ငါငိုတုန်းက
သာမာန်နေ့တစ်နေ့ဆီကနေ
ဆုတ်ခွာစပြုနေတဲ့ နေရောင်
ပြီးတော့ ၎င်းတို့ရဲ့ ကျောရိုးခပ်ရေးရေး
ဆိုင်ကယ်တစ်စီးရဲ့အပေါ်
ငါ့လက်က လေးလံလာတာ
ဒါကို ငါ့ရည်းစားဖြစ်သူက သိလိမ့်မယ်
ထွန်ယက်ပြီးစ လယ်ကွင်းထဲ
ကုသရေးသမားတစ်ဦးက မြင်လိမ့်မယ်

လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့
ရုပ်ပျက်ဆင်းပျက်ကားကိုတော့
အမှောင်ကပဲ သူ့ကိုယ်ပိုင်မျက်လုံးတွေနဲ့
ကြည့်နိုင်ပါလိမ့်မယ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 05:45


မဟုတ်သေးဘူး ခင်ဗျ ။ ကပ်လို့ ဘယ်ရဦးမလဲ ။ ရေးပြီးတဲ့ စာရွက်တွေ ကို ဆရာတွေအဖွဲ့ ကို တင်ပြရတယ် ဗျ ။ သူတို့ က ငြိစွန်း နေတဲ့ စာသားတွေ ပါရင် ခွင့် မပြုဘူး ။ အဲဒီအခါ ကျတော့ သူတို့ ဖျက်စေချင်တဲ့ အပုဒ်တွေ ကို စာရွက်ဖြူ နဲ့ အုပ်တန် အုပ် ။ အသစ် ပြန် ကူးတန် ကူး လုပ် ပေးရပြန်ရော ဗျို့ ။ ပြီးတော့မှ ကျောင်းအုပ်ကြီး ဆီ တစ်ခါ ပြရ ပြန်ရော ။ သူ က အတည်ပြု ပြီးမှ နံရံ ကို ကပ်ရတာ ဗျ ။ ကဲ ကျွန်တော် မပြောလား ။ မလွယ်ပါဘူး လို့ ဆိုနေ ။

တစ်ခါတစ်ခါ ကျတော့လည်း ရယ်စရာ တောင် ကောင်းပါသေးတယ် ဗျာ ။ နိုင်ငံရေးစကားလုံးလေး တစ်လုံး ပါ လာရင် မျက်လုံးပြူး ၊ မျက်ဆန်ပြူး နဲ့ အဖျက် ခိုင်းတတ်သေးတယ် ။ တစ်ခါက ဆိုရင် ကာတွန်းပုံ တစ်ပုံ ထဲ က မိန်းမဝဝကြီး ပုံ က ကျောင်းသူဝဝ တစ်ယောက် နဲ့ တူ နေတယ် ၊ မကောင်းဘူး ဆိုပြီး ဖျက်ခိုင်း လို့ အပေါ် က ကာတွန်းပုံ တစ်ပုံ ထပ် အုပ် ပေးရသဗျ ။

မိန်းမ ဝတာပဲ ဗျာ ။ ကျောင်း ထဲ က ကျောင်းသူ တစ်ယောက်တည်း ပဲ တစ်လောက လုံး မှာ ဝနေကြတာ ကျနေတာပဲ ။ ဒါပေမဲ့ဗျာ သူတို့ က ခွင့် ပေးမှ ကပ်ရတာ ဆိုတော့ ဘယ် တတ်နိုင်ပါ့မလဲ ။

တစ်ခါတစ်ခါ တော့ သူတို့ ဖျက်ခိုင်းတာ ဖျက်ပေး ရ ရင်တော့ အပေါ် က စက္ကူဖြူ ကပ်ပြီး ကွက်လပ် ချန် ထားခဲ့ သဗျ ။ ဒါမှလည်း ကျောင်းသားတွေ က အဖြတ် ခံရတယ် ဆိုတာ သိမှာပေါ့ ။ ဒီလိုမှ မလုပ် ရင် လည်း ကျောင်းသား တချို့ က ကျွန်တော့် ကို သတ္တိ နည်းတယ် ထင်ဦးမှာ ။

အင်ဂျင်နီယာ တွေ လည်း လူတွေ ပဲ ဗျာ ။ စာပေစိတ်ကလေး တွေ ရှိတော့ ရှိကြပါတယ် ။ သူတို့ က သင်္ချာတွေ နဲ့ နေ့တိုင်း နပန်းလုံး နေရတော့ စာပေစိတ်ကလေးတွေ က မြုပ် နေဟန် တူပါတယ် ။ နံရံကပ်စာစောင် လေး ပေါ် လာတော့ တော်တော်လေး ကြိုးစားပမ်းစား ဝင်ရေး ကြပါ တယ် ။

ကျောင်းသား တစ်ယောက် က တော့ တော်တော် နောက်တယ် ဗျာ ။ သူ့ ကလောင်နာမည် က မိန်းမ နာမည်ကြီး ဗျ ။ ကျောင်းသား အတော်များများ က ဘယ် ကျောင်းသူ ရေးတာလဲ လို့ ကပ် မေး ကြတာပေါ့ ။ ကျွန်တော် က လည်း ဘယ် ပြောလိမ့်မတုံး ဗျာ ။

ဘယ်သူ မဆို ကိုယ့် စာလေးကို တော့ အရွေးခံ ဖော်ပြစေချင်တာပေါ့ ။ ဒါကို ကျွန်တော် လည်း သိပါတယ် ။ တချို့ ဆိုရင် တတ်နိုင် သမျှ ပြုပြင် ရေး ပေးပြီး ဖော်ပြ လိုက်တာပါပဲ ။ တစ်ခါတလေများ ဆိုရင် မူရင်း စာသား ထက် စာတည်း ပြင် ပေးရတဲ့ မင်နီစာလုံးတွေ က ပိုများနေသေးရဲ့ ။ ဘယ် တတ်နိုင်မလဲ လေ ။ ခဏခဏ ပယ် နေရရင် သူတို့ စိတ်ပျက် သွား မှာပေါ့ ။

တချို့က တော့ သူတို့ စာ မရွေး ရင် လာပြီး အပြစ် တင် ရန်တွေ့ တော့တာပဲ ။ ဘာလို့ ပယ်ရတာလဲ ။ စာစောင် ထဲ မှာ ပါလာတဲ့ ဟာ ကတော့ ဘယ်လောက် ကောင်းလို့လဲ ။ ခင်တဲ့သူတွေ မို့ ထည့်ပေးတာလား ။ နောက် ကို ခင်ဗျားတို့ ဆီ ကို ရေး ကို မရေးတော့ဘူး ။ ခင်ဗျား က ဘယ်လောက် တတ်လို့လဲ နဲ့ ။ ဟာ ... အမျိုးမျိုး အပြော ခံရတာပါပဲ ။

ဒီတော့ မဂ္ဂဇင်း က စာတည်းတွေ ကို ကိုယ်ချင်းစာ မိတယ်ဗျ ။ ကျွန်တော် က လည်း စာလေး ၊ ကဗျာလေး ရေး ရေး ပို့နေကျကိုး ။ လဆန်း လို့ ကိုယ့် ကဗျာ မပါရင် သိပ် မကျေနပ်ဘူးပေါ့ဗျာ ။ ရှေ့တန်း က ပါတဲ့ ကဗျာ က ကောင်းလည်း မကောင်းဘဲ နဲ့ ။ သူတို့ လူ မို့ပါကွာ ၊ နာမည် ရ တဲ့ လူ ရွေးလို့ ၊ ပါလို့ အရင် က တော့ ခံပြင်း မိ ၊ ပြောမိ တာပါပဲ ။ ခုတော့ ကိုယ်တွေ့ ကြုံမှ သိရတော့တာပေါ့ ။

တစ်ယောက်တလေ က တော့ လက်ဖက်ရည် ခေါ် တိုက် ပြီးတော့မှ သူတို့ ရေးတဲ့ ကဗျာလေးတွေ ဖော်ပြပေးပါ လို့ တောင်းပန်ကြသဗျ ။ များသောအားဖြင့် တော့ အချစ်ကဗျာလေးတွေပေါ့ ဗျာ ။ တစ်နည်း ပြောရ မှာ ဖြင့် ရည်းစားစာ တွေပေါ့ ။ ကျွန်တော် က လည်း သိပ်ပြီး ပုံပျက်ပန်း ပျက် မဟုတ်ရင် တော့ သူတို့ လိုအင် ကို ဖြည့်ပေးလိုက်တာပဲ ။ အဲ ... သိပ်ပြီးတော့ သူတို့ အလို ကို လည်း မလိုက်ရဲဘူး ဗျ ။ တော်ကြာ ကျွန်တော့် အနေ နဲ့ တတ်နိုင်တဲ့ ဘက်က ကူ တာ ကို လက်ဖက်ရည် သောက်ချင်လို့ ကူတာ လို့ ထင်ရင် စာတည်း သိက္ခာ ကျ သွားမှာပေါ့ ။ မဟုတ်ဘူးလား ဗျာ ။

ဒီလို ယက်ကန်ယက်ကန် နဲ့ နံရံကပ်စာစောင်လေး ဟာ အသက် တော်တော် ရှည် လာခဲ့တယ် ပဲ ဆိုပါတော့ဗျာ ။ နိုင်ငံကျော် မဂ္ဂဇင်းကြီးတွေ နဲ့ နှိုင်း ရင်တော့ ကျွန်တော့် စာစောင်လေး ဟာ လပြည့်နေ့ ည မှာ တောက်ပ တဲ့ ပိုးစုန်းကြူးလေး ပါ ဗျာ ။

ဗျာ ၊ ကျွန်တော် ပြောပြနေတာတွေ ကို ပျင်း နေပြီလား ။ သည်းခံပြီး ဆုံးအောင် နားထောင်ပါဦးဗျ ။ လူ ဆိုတာ ကိုယ့် အကြောင်း ပြောပြရရင် သိပ်ပြီး မြိန်ရေရှက်ရေ ရှိတာ ။

••••• ••••• •••••

တစ်နေ့တော့ စာစောင် ထဲ မှာ ပါတဲ့ ဝတ္ထုတို တစ်ပုဒ် ကြောင့် ပြဿနာ ဖြစ်ပါလေရော ။ အဲဒီ ဝတ္ထုဇာတ်လမ်း က ရိုးရိုးလေးပါ ဗျာ ။ ဟာသလေး တစ်ပုဒ် ပါ ။ တောရွာ တစ်ရွာ မှာ နာမည် သိပ် ကြီးတဲ့ လူ တစ်ယောက် ရှိ သတဲ့ ။ သူ့ ကို လူတွေ က သိအောင် လို့ အလုပ် မရှိ အလုပ် ရှာ ပြီး နွား ကို မြက် ကျွေးရေးအသင်း တို့ ၊ ကြောင်ကလေး ရေချိုးပေးရေး အသင်း တို့ ကို ဦးဆောင် ဖွဲ့တယ် ။ သူ ပိုး သမျှ မိန်းမတွေ က လည်း သူများ နဲ့ ပဲ စွံ ကုန်တယ် ။ သိုင်းအသင်း ထောင်ပြီး ရွာရိုးလျှောက် စွာနေတာ ဘတ်ခွ ( လေးခွ ) နှင့် ပစ်တော့ ထိပ် ကွဲသွားတယ် ။ သိပ်ပြီး ထင်ပေါ် လို တဲ့ လူ တစ်ယောက် အကြောင်း ကို ရေး ထား တာပါပဲ ။ အရေးအသားလေး က လည်း ကောင်းတာ နဲ့ စာစောင် မှာ ဖော်ပြ လိုက်တာပေါ့

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 05:45




ဒီတော့မှ ကျောင်းသား တစ်ယောက် က သူ့ ကို စောင်း ရေးပါတယ် ဆိုပြီး ပူညံပူညံ လာလုပ်တယ် ။ ဝတ္ထု ထဲ က ဇာတ်ကောင် နဲ့ သူ နဲ့ က တော်တော် တူ နေတယ်ဗျ ။ အသားမည်းမည်း ဗိုက်ရွှဲရွှဲ ၊ နှုတ်ခမ်းတွဲတွဲ နဖူးပြောင်ပြောင် ပေါ့ ဗျာ ။ သူ က ကျွန်တော့် ဆီ လာပြီး ပထမ တော့ ယဉ်ယဉ်လေး နဲ့ စော်ကားတာ ပေါ့ဗျာ ။ စာပေ အကြောင်း ဘာ သိလို့ လုပ် နေရတာလဲ ၊ ဒီ ဝတ္ထု ဟာ သူ့ ကို စောင်း ရေးတာမှန်း မသိဘူးလား နဲ့ ပေါ့ ။ ကျွန်တော် က လည်း ပြန် ဖြေလိုက်ပါတယ် ။ သိပ် တတ်လို့ လုပ်တာ မဟုတ်ဘူး ၊ လုပ်မယ့်သူ မရှိလို့ လုပ် နေရတာ ။ ဝတ္ထု ဆိုတာ လူတွေ အကြောင်း ရေးထားတာ မို့ ဘယ်သူနဲ့ တော့ တူတာပဲ လို့ ပယ် နေရရင် ဘယ် ကျန်တော့ မလဲ လို့ ။ မဟုတ်ဘူးလား ဗျာ ။

အဲဒီ ဝတ္ထု ဟာ ခင်ဗျား ကို စောင်း ရေးထားတယ် ဆိုရင် ခင်ဗျား ကော ဝတ္ထု ထဲ က အတိုင်း ဖြစ်နေလို့လား လို့ မေး တော့ သူ မဖြေတော့ဘူး ။ ဝတ္ထု ထဲ က လူ နဲ့ သာ တူတယ် ဆိုရင်တော့ တကယ် ပေါကြောင်ကြောင် ဖြစ်သွားမှာ ကိုး ။

အမှန် က တော့ သူ့ ကို စောင်းပြီး ရေးထားပါတယ် လို့ လာ ပြောတဲ့ ကျောင်းသား ကို က ခပ်ပေါပေါ ရယ် ။ ဂျူဒို တွေ ၊ ကရာတေး တွေ လည်း မတောက်တခေါက် တတ်တယ် ထင်ပါရဲ့ ။ ဒီတော့ လည်း ဝတ္ထု ကို ဖတ် လိုက်ရင် ကျောင်းသားတွေ က သူ့ ကို ပဲ မြင်သွားကြမှာပေါ့ ။ ဒါပေမဲ့ စာရေးဆရာ ဆိုတာ လောက ထဲ မှာ အမြင် မတော်တာတွေ ကို တော့ သရော် ရှုတ်ချ မှာ ပဲ မဟုတ်လား ။

ဒီ ဝတ္ထု ကို ရေးတဲ့ သူ ကို ပြောပြရမယ် တဲ့ ။ မပြောရင် ဖြစ်လာမယ့် ကိစ္စတွေ ဟာ ကျွန်တော့် တာဝန် ပဲ လို့ ခြိမ်းခြောက် ကြတယ် ။ ကျွန်တော် က လည်း ဘယ် ပြောပြမလဲဗျ ။ စာတည်းတွေ ရဲ့ ကျင့်ဝတ် ကို ဖောက်ဖျက် လို့ ဘယ် ဖြစ်ပါ့မလဲ ။ ကျွန်တော် က တင်းခံနေတော့ ကျောင်း ကို တိုင်မယ် တဲ့ ။ ဒီတော့ ကျွန်တော် လည်း ဘယ် ရောက်ရောက် ပေါ့ဗျာ လို့ ပဲ ပြော လိုက်ရတယ် ။ ဟုတ်တယ် လေ ကိုယ် က မှန် နေရင် ကြောက်ရမလား ဗျ ။ လူတိုင်း က သူ့ စောင်း ရေးပါတယ် ပြောရင် ဘယ့်နှယ် လုပ်မလဲ ။ ဇာတ်ကောင် ဆိုတာကတော့ တစ်ယောက် နဲ့ မတူ တစ်ယောက် နဲ့ တူ မှာ ပေါ့ ။

အဲဒီ လူ ကို ဘေး က နေ ဝိုင်းပြီး မီးထိုး ပေးနေတဲ့ လူ က စာစောင် ကို ဆောင်းပါးတွေ ပို့ဖူးတယ် ။ သူ့ ဆောင်းပါးတွေ က ကျောင်း ကို ရော ဆရာတွေ ကို ရော တော်တော် ထိပါးတယ်ဗျ ။ တချို့ကတော့ နိုင်ငံရေး ဆောင်းပါးတွေ ပေါ့ ။ အဲဒါတွေများ ဖော်ပြ လိုက်ရ ရင်တော့ ကျောင်း ပဲ ထွက်ရ မလား ။ အသံ မကြားဘဲ ပျောက် သွား မလားဘဲ ။ သူ့ ဆောင်းပါး တွေပယ်တော့ လာပြီး ဟောက်သေး သဗျ ။ ဒီလောက် သတ္တိနည်း ရင် လည်း စာတည်း လုပ်မနေပါနဲ့ တဲ့ ။ သတ္တိ က ရှိသင့်တဲ့ နေရာတော့ ရှိတာ ပေါ့ဗျာ ။ သူ့ ဆောင်းပါးတွေ က တကယ် ကောင်း လို့ ထည့် ရတာက အကြောင်း မဟုတ်ဘူး ။ မကြိုက်လို့ ကို ပယ် လိုက်တာပဲ ။ ကြိုက် ၊ မကြိုက် ကတော့ စာတည်း ရဲ့ သဘောပေါ့ ဗျာ နော ။

ကျွန်တော် လည်း စာတည်း စိတ် ရှိ နေတော့ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မကြောက်ပါဘူး ဗျာ ။ ဗိုလ်ချုပ်အောင်ဆန်း တောင် မှ စာတည်း ဘဝ မှာ ပါ လာတဲ့ ဆောင်းပါး တစ်ပုဒ် ကြောင့် ကျောင်း အထုတ် ပဲ ခံတယ် ၊ ရေးတဲ့ သူ ကို မပြောဘူး မဟုတ်လား ။ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်ကြီး ကို နမူနာ ထား ရမှာပေါ့ ။

နောက်နေ့ ကျ တော့ ဆရာကြီး တို့ ဘာ တို့ သွား တိုင်တယ် လို့ ကြား ရတာပဲ ။ ဒါပေမဲ့ သူတို့ ဟာ က ဟုတ်မှ မဟုတ်ဘဲ ဗျ ။ အရေးယူ လို့ ဘယ် ရပါ့မလဲ ။ အပြင်က နေပြီး ဟိန်းဟောက်တော့ နေသေးရဲ့ ။ သူ့ လက်သီး က လူ မရွေးဘူး ဘာညာ နဲ့ ပေါ့ ။ ကျွန်တော် ကလည်း ဘယ်မှုမလဲဗျာ ။ ဒီ တိုင်းပြည် က မင်းမဲ့တိုင်းပြည် မှ မဟုတ်ဘဲ ။ ပြီးတော့ အဲဒီ လူ က ကရာတေး အရှိန် နဲ့ သွေးကြွ ပြီးတော့ အဖွဲ့လေး နဲ့ မှ ဆူရဲတဲ့ လူမျိုးပါ ။

နံရံကပ် စာစောင် လို ဟာလေး မှာ တောင် ခြိမ်းခြောက် ခံရသေးရင် မဂ္ဂဇင်း က စာတည်းတွေ ဘယ်လိုများ နေမလဲ မသိဘူး ။ သူတို့ က တိုင်းသိပြည်သိ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ ကို ထိုးနှက် သရော်တဲ့ စာတွေ ကို တာဝန်ယူ ထည့်ပေး နေရတော့ ပိုပြီး တွေ့ ရမှာပေါ့လေ ။ သူတို့ နဲ့ စာ တော့ ကျွန်တော် က ဘာ ဟုတ်သေးလို့လဲ ။

အဲ ဘာမှမ ဟုတ်ပေမဲ့ အဲဒီ ဝတ္ထု ဂယက် က တော်တော် ရိုက်ခတ် ပြီး တော့ ကျောင်းသူ ကျောင်းသားတွေ ကြား မှာ တော်တော် လှုပ်ရှား သွားတယ်ဗျ ။ ကျွန်တော့် စာတည်း ဘဝ ရဲ့ မှတ်တိုင်လေး တစ်ခု ပေါ့ လေ ။

••••• ••••• •••••

ဘယ်လိုလဲ ဗျ ။ နည်းနည်း တော့ စိတ်ဝင်စား လာပြီလား ။ အချစ် အကြောင်းလေး တွေ လည်း ပြောဦးမှ ပေါ့ ၊ ဟုတ်လား ။ ဘယ် ချန်ထားပါ့ မလဲဗျာ ။ အဲဒါ ပြောချင်လို့ ကို လှည့်ပတ် ရေး လာ ရတာ ။ ဘာလဲ ကြား ချင်တယ် မဟုတ်လား ။

ကျွန်တော် ပြောမယ့် ဇာတ်လမ်း က စာတည်းဘဝ နဲ့ ကို သက်ဆိုင် နေတယ် ဗျ ။ စာတည်းဘဝ ပြော ရရင် အဲဒီ အဖြစ်ကလေး ကို လည်း မပြော လို့ ကို မရဘူး ။ ထုံးစံ အတိုင်းပေါ့ဗျာ ။ စာတည်းဘဝ နဲ့ ပတ်သက်တဲ့ မိန်းကလေး ဆိုတော့ စာပေလေး ဘာလေး ဝါသနာ ပါတာပေါ့ ။ သူ နာမည်လား ။ မသိချင်ပါနဲ့ ဗျာ ။ သိ လည်း ဘာမှ ထူးမှာမှ မဟုတ်ဘဲ ။ ဘယ်လို ဆိုတာ သိရင် တော်ရောပေါ့ ။ လူပုဂ္ဂိုလ် ထက် သဘောတရား က ပိုပြီး အရေးပါတယ် မဟုတ်လားလို့ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 05:45


ကျောင်း နံရံကပ် စာစောင် ဆိုတာ ပို့တဲ့ သူ က လည်း ကျောင်းသူ ပေါ့ ဗျာ ။ လှ လည်း တော်တော် လှပါတယ် ။ ကိုယ့် ငါးချဉ် ကိုယ် ချဉ် ရတာ မဟုတ်ပါဘူး ။ တကယ် ပြောတာပါ ။ ကျွန်တော် မျက်စိကျ တာ ကို သာ ကြည့်လေ ။ စာတည်း ဆိုတာ တော်ရုံတန်ရုံ ဆို သဘော ကျတာ မဟုတ် ဘူးဗျ ။ ရွေးချင်တဲ့ အကျင့် က ပါလာတယ် မဟုတ်လား ။ သူ ပို့တဲ့ စာတွေ ကို အကြောင်းပြု ပြီး တော့ စာပေ ဆွေးနွေးရင်း နဲ့ တော်တော် ခင် သွား ကြတာပေါ့ ။ ပြောရင်း ဆိုရင်း နဲ့ ကြာ လာတော့ သူ့ အရည်အသွေးလေးတွေ ကို သဘောကျ လာတယ်ဗျ ။ သူ ကလည်း ကျွန်တော့် ကို အထင် ကြီး ပုံ ရတယ် ။

အသွင် မတူ အိမ်သူ မဖြစ်လို့ ဆိုထားတယ် မဟုတ်လား ။ စာပေ ဝါသနာ ပါတဲ့ သူချင်း မို့ မျက်စိ ကျမိ တာ မဆန်းလှပါဘူး ။ စိတ်ကူး ထဲ မှာ များ စာအုပ် ကို အတူ ထိုင်ဖတ် ၊ ကဗျာ တစ်ပုဒ် ကို အတူ ကာရန် ရှာပြီး စပ် နဲ့ ပျော်စရာကြီး ပေါ့ ။

တိုတို နဲ့ ပြောရ ရင် တော့ သူ့ ကို ကျွန်တော် က ကဗျာလေး တစ်ပုဒ် နဲ့ စတင် အသိပေး လိုက်တယ်ဗျ ။ တော်တော့် ကို ကြိုးစား ပြီး စပ် လိုက်ရတဲ့ ကဗျာလေး တစ်ပုဒ် ပေါ့ ဗျ ။ ကျွန်တော် က မေတ္တာ ရှိနေတဲ့ အကြောင်းပါပဲ ။

သူ က ဘာမျှ မဖြေပေးဘူး ဗျ ။ ဒါပေမဲ့ အရင် က လို သွားလာ ခင်မင် နေတာပါပဲ ။ မူလည်း မပျက်လှဘူး ။ မိန်းကလေး ဆိုတာ တစ်စောင် နဲ့ တော့ ဘယ်မှာ တုံ့ပြန်ရိုး ထုံးစံ ရှိပါ့မလဲ ။ ဟန် လုပ်ရဦးမှာ ပေါ့ ။ ဒီတော့ နောက်ထပ် နှစ်စောင် ပေး ဖြစ်တာပါပဲ ။ ဘာမျှ ထူးမလာဘူးဗျာ ။ နောက်ဆုံးတော့ သူ့ ကို ကိုယ်တိုင် ပဲ ရှေ့ မျက်နှာ နောက် ထားပြီး မေး ရတော့တာပေါ့ ။ သူ က တော့ အေးအေးဆေးဆေး ပဲ ပြန် ပြီး အဖြေ ပေးပါတယ် ။ သူ့ အနေ နဲ့ ကျွန်တော့် ကို မေတ္တာ ပြန်ပြီး မတုံ့ပြန် နိုင်တဲ့ အတွက် ဘဝ ခရီးဖော် အဖြစ် လက်တွဲ ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး တဲ့ ။

ဒီတော့ အပယ်ခံ လူ တစ်ယောက် ရဲ့ အခွင့်အရေး အနေနဲ့ ကျွန်တော် က လည်း ပြန်ပြီး စောဒက တက်ခွင့် တော့ ရှိတာပေါ့ဗျာ ။ မချစ်နိုင်ဘူး ဆိုတာ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက်ကလေး ကို သိချင်သေးတာပဲ မဟုတ်လား ။ ကျွန်တော့် ရုပ်ရည် က သိပ် ကို ဆိုးလို့လား ဆိုတော့ လည်း ရှင် ဟာ ယောက်ျား ပီပီသသ နဲ့ ခံ့ချော ပါ ။ ဘယ်မှာ ရုပ်ဆိုးရ မလဲ တဲ့ ။ အကျင့် စာရိတ္တ ကို မကြိုက်လို့လား ဆိုတော့လည်း အရက် မသောက် ၊ ဖဲမရိုက် နဲ့ ရှင့် လို လူ မှ အကျင့်စာရိတ္တ ကောင်းတယ် မခေါ်နိုင် ရင် ဘယ်သူ့ သွားခေါ်ရမလဲ တဲ့ ။ ဒါဖြင့် ကျွန်တော့် ထက် ပညာ သာ တဲ့ သူ ကို မျှော်ကိုးပြီး အထင် သေးလို့လား ဆိုတော့ လည်း ခေတ်ပညာတတ် တစ်ယောက် ကို ဘာမျှ အထင် သေးစရာ မရှိပါဘူး တဲ့ ။ အနေအထိုင် ၊ အပြောအဆို လည်း ဘာမျှ မလိုပါဘူးတဲ့ ။ ကဲ .. စဉ်းစားရ မကျပ်ဘူး လား ။

ဒါတွေ အားလုံး ပြည့်စုံလျက် သား နဲ့ ၊ အပြစ် ပြောစရာ ဘာမျှ မရှိဘဲ နဲ့ ဘာပြုလို့ မချစ်နိုင်ရတာလဲ လို့ ကျွန်တော် က မေးတော့ သူ က အဖြေ မပေးဘဲနဲ့ အမေး တစ်ခု ကို ပဲ ပြန် မေးလိုက်တယ် ။

“ ရှင် ဟာ စာတည်း တစ်ယောက် ဘဝ ကြုံခဲ့ဖူးသား ပဲ ။ စာမူ တစ်ခု ဟာ အရေးအသား လည်း ကောင်းတယ် ။ ဇာတ်လမ်း လည်း မဆိုးဘူး ။ ဦးတည်ချက် လည်း ပီသတယ် ။ အပြစ် ပြောစရာ ဘာမျှ မရှိဘူး ။ ဒါပေမဲ့ ရှင် မရွေးနိုင်ဘူး ဆိုရင် ဘာကြောင့် ဖြစ်မလဲ ” တဲ့ ။

ကျွန်တော် လည်း စဉ်းစားပြီး တော့ မှ အဖြေ ပေးလိုက်ရတာပါပဲ ။ အဖြေ သာ ပေး လိုက်ရတယ် ။ ဒီ အမျိုးသမီး ဘာ သဘော နဲ့ မေးတာလဲ လို့ နား မလည်ဘူး ဗျ ။ ဒါပေမဲ့ စာတည်း ဘဝ မှာ ရခဲ့တဲ့ အတွေ့အကြုံ အရ ပေါ့ လေ ။ ဖြစ်နိုင်တဲ့ အဖြေ ကို တိတိကျကျ ပဲ ပေးလိုက်ရပါတယ် ။

ဒီ စာမူ တစ်ပုဒ် ဟာ အပြစ် ပြောစရာ မရှိပေမဲ့ သူ့ ထက် ကောင်းတဲ့ နာမည်ရ စာရေးဆရာတွေ ရဲ့ စာမူတွေ က ပြည့် နေရင် ခဏ ပဲ ဖြစ်ဖြစ် ပယ် ထား လိုက်ရတာပဲ ။ ဒါမှ မဟုတ်ရင် လည်း စာမူ တစ်ပုဒ် ဟာ ချွတ်ယွင်းချက် ကို သာ ရှာ မတွေ့တယ် ။ ဖတ် ပြီးတော့ ရင် ထဲ မှာ လှုပ်ရှားပြီး ညို့ဆွဲ မဖမ်းစားနိုင် လည်း ပယ်လိုက်ရတာပါပဲ လို့ ။

ကျွန်တော့် အဖြေ လည်း ပြီးရော အမျိုးသမီး က အောင်ပွဲရ အပြုံး နဲ့ ခံ့ခံ့ကြီး ပြုံးလိုက်ပြီးတော့ မှ သူ မချစ်နိုင်ရခြင်း အကြောင်း က လည်း အဲဒီ အတိုင်းပါ ပဲ တဲ့ ။

အစ က တော့ ကျွန်တော် လည်း အူကြောင်ကြောင် ဖြစ်နေခဲ့သေး တယ် ။ နောက်တော့ မှ သဘော ပေါက် ပြီးတော့ ဪ ... ဪ ဆိုပြီး အောင်မြင်စွာ နောက် ဆုတ်ခဲ့ရတာပေါ့ ဗျ ။

ဒီလိုနဲ့ပဲ နောက်ဆုံးနှစ် စာမေးပွဲ အောင် လို့ ဘွဲ့ လည်း ရ ၊ ကျောင်း က ထွက် ခဲ့ရတော့ စာတည်းကလေး ဘဝ က နေ အလိုလို နုတ်ထွက်ပြီး သား ဖြစ် သွားလို့ တစ်ခန်းရပ် ခဲ့ရတော့တာပါပဲ ။ ပြန် တွေး မိရင်တော့ ရယ်ချင် တာ လိုလို ၊ လွမ်းတာ လိုလို နဲ့ တစ်မျိုးကြီး ပါ ပဲ ဗျာ ။

ဇန်နဝါရီ ၊ ၁၉၇၁

မာန်မြင့်

📖 မြန်မာပြည် မှာ လုပ်သည် နှင့် အခြား ဝတ္ထုတိုများ
ဇန်နဝါရီ ၊ ၁၉၇၇

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

30 Oct, 05:45


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Sunday, October 27, 2024
စာတည်းကလေး



❝ စာတည်းကလေး ❞
( မာန်မြင့် )

ဗျာ ။ ကျွန်တော်လား ။ စာတည်းပါ ။ အယ်ဒီတာ လို့ လည်း ခေါ်ကြပါတယ် ။ နာမည် လား ။ ခင်မောင်မြင့် တဲ့ ။ မကြားဖူးပါဘူး ၊ ဟုတ်လား ။ သိပ် မတွေးပါနဲ့ဗျာ ။ အထင် လည်း ကြီးမနေနဲ့ဦး ။ ကျွန်တော် က နံရံကပ် စာစောင်ကလေး တစ်ခု ရဲ့ စာတည်း ပေါ့ ။ ခင်ဗျားတို့ ဘယ် ဖတ်ဖူးကြမလဲ ။ ဟဲ ဟဲ မဖတ်ဖူး လို့ အပြစ် မတင်ပါဘူးဗျာ ။ ကျွန်တော် ထုတ်ဝေတာ က ကျောင်း တစ်ကျောင်း တည်း မှာ ဆိုတော့ ဘယ် သိကြပါ့မလဲ ။

ကျွန်တော့် ကိုယ် ကျွန်တော် လည်း စာတည်း တစ်ယောက် ဖြစ်ရလိမ့်မယ် လို့ အိပ်မက် တောင် မမက်ပါဘူးဗျာ ။ ကျွန်တော် က စာရေးဆရာ ဖြစ်ချင်တဲ့ ကောင်ဗျ ။ ငယ်ငယ်တုန်းကတည်း က ဝတ္ထုတွေ နင်းကန် ဖတ် လာပြီး တစ်နေ့ ကျ ရင် ငါ လည်း ဒီလိုပဲ ရေးနိုင်ရမယ်လို့ အားကျ လာခဲ့တာ ။

စာတည်း ဖြစ်ပုံလား ။ အဲဒါက ဒီလိုဗျ ။ ကျွန်တော် ဆယ်တန်း အောင် တော့ ဂျီတီအိုင် ဝင်ခွင့် ရတယ် ။ အောင်မယ် လွယ်လွယ် ရတာတော့ မထင် နဲ့ ။ ကျောင်းဝင် စာမေးပွဲ ကို လူတော်တော်များများ နဲ့ ကို တိုး ဖြေ လာရတာ ။ အဲ ... ကျောင်း ရောက်တော့ စာပေသင်းလေး ဘာလေးတောင် မရှိဘူးဗျာ ။ ဪ .. ဟုတ်သားပဲ ၊ ဘယ် ဂျီတီအိုင် ဆိုတာ တောင် မပြော ရသေးဘူး ။ မန္တလေး ဂျီတီအိုင် ပေါ့ ဗျ ။ စက်မှုလက်မှု သိပ္ပံ လို့ လည်း ခေါ်တယ်လေ ။ ရောက်ခါစ ဆိုတော့ တော်တော် စိတ်ပျက် သွားတယ် ။ ဘယ်ဗျာ ဒီလောက် အင်စတီကျု လို့ အမည်ခံ နေတဲ့ ကျောင်းကြီး မှာ စာကြည့်သင်းလေး ၊ စာပေအဖွဲ့လေး တောင် မရှိတော့ ဘယ် ဟုတ်ပါ့မလဲ ဗျ ။ ကျွန်တော်တို့ က တော့ အထက်တန်းကျောင်း တုန်း က တောင် နှစ်ပတ် လည်မဂ္ဂဇင်း တို့ လုပ်လာတဲ့ လူ ဆိုတော့ တော်တော် အထင်သေး သွား သဗျ ။ ဒါပေမဲ့ အထင်သေးရုံ နဲ့ ဘယ် ပြီးမလဲ ။ ကိုယ့် လက်ထက် မှာ ကိုယ့် တာဝန် ပဲ မဟုတ်လား ။ အရင်က မရှိရင်လ ည်း ရှိအောင် လုပ်ဖို့ တာဝန် ရှိတာ က ကျွန်တော်တို့ လို စာပေစိတ် ကလေးတွေ နဲ့ အငြိမ် မနေ နိုင်သူတွေ ဘဲ မဟုတ်လား ။

ဒါနဲ့ပဲ ဝါသနာ တူတဲ့ ကျောင်းသားချင်း လိုက် ရှာ အဖော်ညှိ ပြီးတော့ နံရံကပ်စာစောင်ကလေး တစ်ခု ထုတ်ဝေဖို့ စိုင်းပြင်း ရ တော့တာပေါ့ ။

အောင်မယ် အခု ပြောပြနေတော့ သာ လွယ်တာဗျ ။ နံရံကပ် စာစောင်လေး တစ်ခု ဖြစ်ဖို့က လွယ်တာ မဟုတ်ဘူး ။ အခု တကယ် ထုတ်ဝေ နေတဲ့ မဂ္ဂဇင်း တစ်စောင် ထုတ်ဝေခွင့် ရဖို့ က လွယ်ဦးမယ် ။ ဟိုမှာ က ကျောင်းတွင်း ဆိုတော့ သိပ်ပြီး လွတ်လပ်တာ မဟုတ်ဘူး ။ အဲ အဲ စည်းကမ်း ဘောင်တွေ နဲ့ ပေါ့ဗျာ ။ နံရံကပ် စာစောင် ထုတ်ချင်ပါတယ် လို့ တက် ပြောတော့ ဆရာတွေ ဘာတွေ နဲ့ အစည်းအဝေး လုပ်ပြီးမှ အဖွဲ့ ဖွဲ့ခွင့် ပြုတာ ။ ဥက္ကဋ္ဌ တွေ ၊ အတွင်းရေးမှူး တွေ နဲ့ပေါ့ ။ ကျွန်တော် က တွဲဖက် စာတည်း လေ ။ စာပေဝါသနာ ပါတဲ့ နှစ်ကြီး ကျောင်းသား က ပထမ စာတည်း ပေါ့ ။

ဒီလိုနဲ့ ပဲ စာမူတွေ ခေါ် ၊ ရွေးကူး နဲ့ နံရံကပ်စာစောင်ကလေး ဖြစ် လာတာပါပဲ ။ သိပ် မကြာပါဘူး ၊ ကျောင်းသားတွေ အော်ကြတဲ့ အရေးအခင်း မှာ ပထမ စာတည်း ကျောင်းသား အထုတ် ခံရပါရော ။ ဒီတော့ ကျွန်တော် တစ်ယောက် တည်း ပဲ ဒိုင်ခံပြီး တာဝန် ယူရတော့တာပေါ့ ။

••••• ••••• •••••

စာစောင် တစ်ခု ဆိုတာက ဖတ်ရတော့ သာ မခက်ခဲဘူး ထင် နေကြတာ ။ တကယ် လုပ်ကြည့်တော့ အလုပ် တော်တော် များ သဗျ ။ ထောင် သောင်း ချီပြီး တိုင်းပြည် အနှံ့ ပို့ နေတဲ့ မဂ္ဂဇင်းက အယ်ဒီတာတွေ တောင် ကျွန်တော့် လောက် အလုပ် ရှုပ်ချင် မှ ရှုပ်မှာ ။

ဒီလို ပြောလိုက်တော့ ရယ်တော့ မရယ်ချင် နဲ့ ဗျာ ။ တကယ် ပြောတာပါ ။ မဂ္ဂဇင်းကြီးတွေမှာ က သူ့ တာဝန် နဲ့ သူ လှုပ်ရှား လုပ်ကိုင် ကြမယ် မဟုတ်လား ။ ကျွန်တော် က တော့ စာမူ ရွေးတာ က စပြီး စာစောင် ကို နံရံ မှာ ကပ်ရတဲ့ အထိ ဒိုင်ခံ လုပ်နေရတာဗျ ။ ကျောင်းစာ က လည်း ရှိသေးတယ် ။ တော်ကြာ ပေးထား တဲ့ ပုစ္ဆာတွေ တွက် မထား ရင် လည်း ဆရာ အလွယ်တကူ မတွေ့ နိုင်တဲ့ ချောင် က ခုံ ကို ရွေးပြီး ထိုင်ရတာပေါ့ ဗျာ ။

စာမူတွေ ရွေးပြီး ပြန် ရင်လည်း လက်ရေးလှလှ နဲ့ ကူး ယူရတယ် ။ ကူး တဲ့ စာရွက် ဖိုး က လည်း ဝါသနာ ပါတဲ့ သူတွေ ဆီ က လျှောက် ကောက် ထားရတဲ့ ငွေလေး ပါပဲ ။ လက်ရေးလှတဲ့ သူငယ်ချင်းတွေ ကို အတင်း ခေါ် ပြီး ကူးခိုင်းရ သဗျ ။ တစ်ခါ တစ်ခါ တော့ လည်း အိတ် ထဲ က ငွေ ထုတ်ပြီး လက်ဖက်ရည်လေး ဝယ်တိုက်ရသေးတယ် ။ ဒါမှလည်း နောင်ကို ကူးပေးချင်မှာကိုး ။

ကူး ပြီးရင်တော့ ပန်းချီ ဆွဲ တတ်တဲ့ ကျောင်းသား ဆီ ကို သွားပြီး အပူ ကပ်ရ ပြန်ရော ။ ပုံလေးတွေ ဆေးရောင်လေးတွေ နဲ့ မှ ပဲ စာစောင် က ဆွဲဆောင်မှု ရှိမှာ ကိုး ။ သူတို့ ကို လည်း ကပ် ပေါင်းထားရသေး သဗျ ။ အဲ ချန်ပြီး ကူးထားတဲ့ နေရာလပ်တွေ မှာ စာသား နဲ့လိုက်မယ့်ပုံတွေ ရေးပြီး ရင်တော့ နံရံကပ်စာစောင်ဟာ ထုတ်ကပ်ဖို့ အသင့် ဖြစ်နေပြီ လို့ ထင်ကြ မှာပေါ့ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

27 Oct, 14:13


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

27 Oct, 05:25


၅) ကြင်နာစိတ်ထားတတ်ဖို့
အကြင်နာတရားရှိဖို့လည်း ဘဝမှာလိုအပ်ပါတယ်။ ရခဲ့လှတဲ့လူ့ဘဝမှာ လူတိုင်းကို အကြင်နာတရားနဲ့ဆက်ဆံတတ်ခြင်းက လူပီသစေပါတယ်။ လူသားခြင်းစာနာတတ်တဲ့စိတ်က ဘဝတွေကို ပိုပြီး လှစေနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီတတ်ခြင်း၊ အကြင်နာတရားနဲ့ဆက်ဆံတတ်ခြင်းက အခက်အခဲတွေကြားထဲက တစ်ယောက်ကိုတစ်ယောက်အကူပေးလိုစိတ်ဖြစ်ပေါ်စေလို့ ကိုယ့်မှာရှိထားတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်အတွက်အကျိုးရှိသလို၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေမှာရှိရင်လည်း ကိုယ်အရေးကြုံလာတဲ့အချိန် အကူအညီဖြစ်စေမှာပါ။

၆) ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်ရှိဖို့
နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်ရှိဖို့ပါပဲ။ ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်ရှိခြင်းက ကိုယ့်ကိုကိုယ်လက်ခံနိုင်ခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကိုယ့်ကိုကိုယ်လက်ခံနိုင်တယ်ဆိုတာက ကိုယ့်မှာရှိထားတာလေးတွေကို လက်ခံနိုင်တာပါ။ ဥပမာ။ ကိုယ်ကအသားမည်းတယ်….ကိုယ့်ကိုကိုယ်လက်ခံတယ်၊ အသားလည်း ဖြူလာအောင်မကြိုးစားဘူး၊ အသားဖြူတဲ့လူတွေကိုလည်း အားမကျဘူး၊ အသားဖြူတာ သူတို့ရဲ့ပိုင်ဆိုင်မှု၊ အသားမည်းတာ ကိုယ့်ပိုင်ဆိုင်မှုလို့လက်ခံထားတယ်ဆိုရင် ကိုယ်မရနိုင်တာကို အသည်းအသန်လိုချင်စိတ်မရှိတော့ဘူး။ အဲဒီ့အခါ စိတ်မညစ်ရတော့ဘူး။ ကိုယ့်မှာမရှိတာကို အသည်းအသန်လိုချင်စိတ်ဖြစ်ပေါ်တဲ့အခါ ကိုယ်ပဲစိတ်ညစ်ရတယ်။ ကိုယ့်ကိုကိုယ်မချစ်ခင်တော့ဘူး၊ ကိုယ့်ကိုကိုယ်အားမရဘူး၊ ကိုယ့်ကိုကိုယ်ဘာလို့ကံဆိုးရတာလဲ….လို့တွေးပါလိမ့်မယ်။ အဲဒီ့အခါ အချိန်တိုင်း ကိုယ်မရနိုင်တာကို လိုချင်စိတ်နဲ့တင်အချိန်ကုန်သွားရတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ခင်တဲ့သူကျတော့ ကိုယ့်မှာရှိထားတာလေးတွေကို တန်ဖိုးထားမယ်၊ လူတိုင်းမှာ ပြုပြင်လို့ရတာရှိသလို မပြုပြင်လို့ရတာရှိမယ်လို့လက်ခံမယ်။ အဲဒီ့တော့ ပြုပြင်နိုင်တာကို အာရုံစိုက်မယ်၊ မပြုပြင်နိုင်တာကို ခေါင်းထဲမထည့်တော့ဘူး။ အဲဒီ့အခါမှာ အရှိကိုအရှိအတိုင်းလက်ခံနိုင်သူက စိတ်အေးချမ်းမယ်၊ ပိုပြီးပျော်ရွှင်မယ်။ ရခဲတဲ့လူ့ဘဝမှာ စိတ်ညစ်စရာတွေအများကြီးထဲကမှ ပျော်စရာလေးတစ်ခုရသွားတာပါပဲ။

အဆုံးသတ်အနေနဲ့ ဘဝက ရခဲလှပါတယ်။ သေပြီးသွားတဲ့အခါ နောက်တစ်ဘဝကို ကိုယ်မသိနိုင်၊ မမြင်နိုင်၊ ဖမ်းမဆုပ်နိုင်ပါဘူး။ အဲဒါကြောင့် ခုလက်ရှိရထားတဲ့ဘဝမှာ ကိုယ့်ကိုကိုယ်အကောင်းဆုံးဖြစ်အောင် ရှင်သန်ခြင်းက အကောင်းဆုံးပါပဲ။ အဲဒီလို ငိုစရာတွေများတဲ့ဘဝထဲကနေ အကောင်းဆုံးဖြစ်အောင်ရှင်သန်နိုင်ဖို့ အထက်ကအချက်လေးတွေကို ကျင့်ယူမွေးမြူကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

27 Oct, 05:25


၂) ကိုယ်ကျင့်တရားစောင့်ထိန်းမှုရှိဖို့
လူရယ်လို့ဖြစ်လာရင် ကိုယ်ကျင့်တရားကို စည်းတစ်ခုလို ခိုင်မာအောင် ထိန်းသင့်ပါတယ်။ ကိုယ်ကျင့်တရားပျက်ပြားခြင်းဟာ အရာအားလုံးဆုံးရှုံးခြင်းပါပဲ။ “When Wealth is lost, Nothing is lost” ဥစ္စာဓန ဆုံးရှုံးခြင်းက ဘာမှမဆုံးရှုံးပါဘူး ၊ ပစ္စည်းဥစ္စာဆိုတာ အချိန်ရှိသေးသရွေ့၊ အသက်ရှိသေးသရွေ့ပြန်ရှာနိုင်ပါတယ်။ “When Health is Lost, Something is lost” ကျန်းမာရေးဆုံးရှုံးပြီဆိုလျှင် တစ်စုံတစ်ရာဆုံးရှုံးခြင်းပါပဲ။ မကျန်းမာတဲ့အခါ ကိုယ်စိတ်ရှိတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။
“When Character is Lost, Everything is Lost” ကိုယ်ကျင့်တရားဆုံးရှုံးပြီဆိုရင်တော့ ကုန်းကောက်စရာမရှိတော့အောင် အရာအားလုံးဆုံးရှုံးသွားခြင်းပါပဲလို့ ရှေးစကားရှိခဲ့ပါတယ်။ ထိုစကားကအမှန်ပါပဲ။ ကိုယ်ကျင့်တရားစောင့်ထိန်းခြင်းမရှိတဲ့သူကို ဘယ်သူကမှ ယုံကြည်နိုင်မှာမဟုတ်သလို၊ ဘယ်သူကမှအပေါင်းအသင်းဖြစ်ချင်မှာလည်း မဟုတ်ပါဘူး။ မိမိဘဝမှာလည်း အချောင်ရတာကိုသာ လိုချင်စိတ်ဖြစ်ပြီး တစ်ခါစားသာကြံတော့မှာပါ။ အဲဒီလိုလူမျိုးက ပစ္စည်းဥစ္စာငွေကြေးပြည့်စုံနေလည်း ခဏတာပါပဲ။ ဘဝမှာ ရှင်သန်တုန်းအချိန်လေးမှာ ဘဝတစ်လျှောက်လုံး ကိုယ်ကျင့်တရားထိန်းသိမ်းပြီး တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ်ရှင်သန်နိုင်ခြင်းက တခဏရှင်သန်ရတဲ့လူ့ဘဝကို တန်ဖိုးရှိစွာရှင်သန်ခြင်းပါပဲ။

၃) အမှန်တရားကိုတန်ဖိုးထားတတ်ဖို့
နောက်တစ်ခုကတော့ အမှန်တရားကိုတန်ဖိုးထားဖို့ပါ။ အမှန်တရားဆိုတာ စာအုပ်တွေထဲမှာပဲ ရှိတယ်လို့ ထင်နေကြတဲ့ခေတ်ကြီးထဲမှာ ကိုယ်ကတော့ အမှန်တရားကို တန်ဖိုးထားသူအဖြစ်ရှင်သန်ပါ။ အဲဒါက ဘဝအတွက်လိုအပ်တဲ့အရာပါပဲ။ အမှန်တရားသမားတွေ နေဝင်ချိန်ရောက်နေတဲ့အချိန်မှာ ကိုယ်က အမှန်တရားကိုတန်ဖိုးထားသူအဖြစ်ရှင်သန်ခြင်းက ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်လိုပါပဲ။ ကိုယ်တိုင်အမှန်တရားကိုတန်ဖိုးထားတတ်တဲ့အခါ အမှန်တရားဘက်ကရပ်တည်သူတွေအတွက် အားဖြစ်စေပါတယ်။ လောကမှာ အမှန်တရားကိုတန်ဖိုးထားတဲ့သူတွေ ပြန်လည်များပြားလာဖို့လိုပါတယ်။

၄) တင်းတိမ်ရောင့်ရဲတတ်ဖို့
ကိုယ့်ကိုကိုယ်တင်းတိမ်ရောင့်ရဲတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ မတင်းတိမ်မရောင့်ရဲနိုင်ခြင်းက လောဘကိုဖြစ်ပေါ်စေပါတယ်။ လောဘဖြစ်ပေါ်လာတဲ့အခါ တရားသောနည်းလမ်းနဲ့ဖြစ်စေ၊ မတရားသောနည်းလမ်းနဲ့ဖြစ်စေ ကိုယ်လိုချင်တာရဖို့သာ အာရုံစိုက်တော့မှာပါ။ အဲဒီ့အခါ အခြားသူများကို ထိခိုက်စေခြင်း၊ နစ်နာစေခြင်း၊ ဘယ်သူတေတေ ငတေမာရင်ပြီးရော….ဆိုတဲ့စိတ်ဓာတ်ဖြစ်လာပါတယ်။ ကိုယ်ကျင့်တရားလည်းဖောက်ဖျက်ဖို့ဝန်မလေးတော့သလို အမှန်တရားဆိုတာလည်း ခေါင်းထဲမထည့်တော့ပါဘူး။ အဲဒါကြောင့် လူ့ဘဝမှာ ရှင်သန်နေုထိုင်တဲ့အခါ ကိုယ့်မှာရထားတာလေးတွေ၊ ရှိပြီးသားအရာလေးတွေနဲ့လည်း တင်းတိမ်တတ်ဖို့လိုပါသေးတယ်။ အဲဒါက ကိုယ်မရနိုင်တာကို မလိုချင်တဲ့အတွက် ကိုယ့်ကိုကိုယ်လည်း ပျော်ရွှင်စေနိုင်ပါတယ်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

27 Oct, 05:24


၁) စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့
ဘဝက အမြဲလို တခုခုအတွက် ရင်ဆိုင်ရုန်းကန်နေရတာဖြစ်တဲ့အတွက် အဓိက လိုအပ်တာကတော့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းက သင့်ဘဝအတွက် အများကြီးတာသွားပါတယ်။ ဘဝမှာ ပျော်စရာတွေကြုံလာမယ်၊ ငိုစရာတွေလည်း ကြုံရမယ်၊ စိတ်ညစ်စရာတွေလည်း ရမယ်၊ စိတ်ဓာတ်ကျစရာတွေလည်း ရမယ်၊ အခက်အခဲဆိုတာလည်း တစ်ခုပြီး နောက်တစ်ခုက အချိန်လေးပဲခြားပြီး ရောက်ရောက်လာမယ် စတာတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်မှ ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လိုလားတာတွေ၊ ကိုယ်ဆန္ဒရှိတာတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ့အတွက် စိတ်ဓာတ်ကြံ့ခိုင်ခြင်းက အဓိက လိုအပ်ချက်ပါပဲ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 18:04


https://t.me/+P2-RY3pfVrtlMWRl

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 08:20


နားပါပီဗျ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 08:18


တစ်နေ့ ငါတို့ ပျော်ရွှင်ကြမယ်
မြစ်ထဲက စင်ရော်တွေလို လွတ်လပ်မှုနဲ့ ...။

- လှသန်း

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 08:17


တနေ့လုံးလုံး ညည်းညူနေတဲ့ ရေရဲ့ဆူညံသံကို ကျမကြားရတယ်။ ကျမရဲ့မှတ်ဉာဏ်၊ မနှစ်မြို့စရာကျမရဲ့နေရာ၊ လေရဲ့ကိုက်ခဲခြင်းကိုခံရတဲ့ကျမရဲ့ရှေးဟောင်းအိန်ဂျယ်။ ဖျက်ဆီးခံရတဲ့ရေတွေလို စကားလုံးတွေသွန်းကျလာတုန်းမှာ ညည်းညူရင်း တနေ့တာလုံး ကျမအိပ်စက်တယ်။ ရှင့်အကြောင်းမက်နေတဲ့ကျမရဲ့အိပ်မက်ထဲ ရေရဲ့ဆူညံသံတွေမှောက်ကျလာနေတာကို ကျမမှတ်မိတယ်။ တညလုံး တစ်စုံတစ်ခုရဲ့ခြေသံတွေ ကျမဆီလာနေတာကို ကျမနားထောင်တယ်။ တညလုံး ကျမရဲ့မျက်လုံးတွေထဲမှာ ရှင့်မျက်လုံးတွေရဲ့ပုံသဏ္ဍာန်ကို ကျမခွဲခြားသတ်မှတ်တယ်။ တညလုံး ရှင့်ရဲ့ရေတွေထဲမှာ ကျမ ကူးခတ်နေတယ်။ ကျမရဲ့မျက်လုံးတွေက ရေနစ်သွားပြီး ရှင့်မျက်လုံးတွေဖြစ်လာတယ်။ တညလုံး ရှင့်အသံနဲ့ ကျမစကားပြောတယ်။ ပြီးတော့ ရှင်တိတ်ဆိတ်လိုက်တဲ့အကြောင်း ကျမကိုယ်ကျမပြောတယ်။ တညလုံး ရှင် ကျမအပေါ် မိုးတွေရွာချတယ်။ ကျမကိုနစ်မြုပ်စေတဲ့ ရေရဲ့လက်နဲ့မိုးတွေ။
တညလုံးနဲ့တနေ့လုံးလုံး ကုန်ဆုံးသွားတဲ့နာရီတိုင်းမှာ ရှင့်ရဲ့မျက်နှာကိုပုံဖော်မယ့် ညစ်ညမ်းတဲ့စကားလုံးတွေကိုစောင့်ကြည့်ရင်း နံရံတစ်ခုပေါ်က အဲဒီအပြာရောင်အစွန်းအထင်းတွေအကြောင်း ကျမဆင်ခြင်တယ်။
အသိအမှတ်ပြုမိတဲ့ ဒီနေရာကို ကျမမစွန့်ပယ်ပါဘူး။ရှင်ရောက်လာတဲ့အချိန်မှသာ လက်လွှတ်လိုက်မှာ။
တနေ့တာလုံး ညည်းညူရင်း ကျမအိပ်စက်ပါတယ်။ လေရဲ့အကြောင်းကိုအမှတ်ရလာတယ်။ ကျမဆီရောက်လာပြီး ကျမကိုယ်ထဲတည်ရှိနေတဲ့လေရဲ့အကြောင်း တညလုံး ကျမတွေးတယ်။
ကျမရဲ့မှတ်ဉာဏ်တွေ၊ မီးခိုးရောင်ကမ်းခြေပေါ်က အေးစက်စက်လေထုအောက်မှာ ထပ်ခါထပ်ခါလာပြီးရင်းလာနေခဲ့ပြီး ပြန်ထွက်မသွားတော့မယ့် ရူးနေတဲ့ငှက်၊
ကျမခန္ဓာကိုယ်ထဲကလေထု၊ ကျမကိုယ်ထဲက ရှင်။
တညလုံး ရေရဲ့စီးကျ‌နေပုံနဲ့ မီးခိုးရောင်လေထုအောက်မှာအေးစက်နေတဲ့ကမ်းခြေအကြောင်း တ,မိရင်း ကျမငိုတယ်။
မင့်ရဲ့ ရှေးရှေးတုန်းကအသိဉာဏ်တွေ ဘယ်ရောက်ကုန်ပြီလဲ။ သူတို့ကျမကိုမေးကြတယ်။ ရှင့်ရဲ့တိတ်ဆိတ်မှုကဘယ်မှာလဲ။ တညလုံး ငိုနေတဲ့ကျမမျက်နှာရဲ့ဆူညံသံကို ကျမကြားရတယ်။
ဒါက ရှင့်ရဲ့ မူလအစဇာတိဆီပြန်သွားမယ့်လမ်းပဲ။ ရှင့်ရဲ့သန့်စင်ကြည်လင်တဲ့ ဒုက္ခသစ္စာဆီသွားရာလမ်းပဲ။ တညလုံး အမည်မဲ့မိုးသားတွေရဲ့အောက်မှာ။
ပုံသဏ္ဍာန်တွေအပြည့်နဲ့ တိတ်ဆိတ်မှုတစ်ခုကို သူတို့က ကျမကိုပေးခဲ့ပြီးပြီလို့ ရှင်ပြောတယ်။ ပြီးတော့ လေထဲကအဖော်မဲ့ငှက်တစ်ကောင်လို တထီးတည်း ရှင်ထွက်ခွာသွားတယ်။

ကဗျာဆရာမ Alejandra Pizarnik ရဲ့ The Galloping hour ဆိုတဲ့စာအုပ်ထဲပါတဲ့ French poems တွေထဲကတစ်ပုဒ်ကို မူးမူးက ဘာသာပြန်ပါတယ် 🖤

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 08:15


လိုက်ရှာဖို့ ထွက်သွားကြရရှာ သတဲ့ ။

ရွှေလှောင်ချိုင့် ထဲ က မောင်ရွှေကျေးကလေး ဟာလည်း ရက်အတော် ကြာညောင်း လာတော့ ပျင်းရိငြီးငွေ့လာ သတဲ့ ။ တော ထဲ က သူ့ မိဘ နဲ့ မိတ်ဆွေတွေ ကို လည်း သတိရ လာ သတဲ့ ။ နောက်တော့ တဖြည်းဖြည်း ရက် ကြာလာလေ မိဘတွေ ကို လွမ်းလေ ဖြစ်လာ သတဲ့ ။ ဒီတော့ မင်းသမီးကလေး ကျွေးတဲ့ အစားကောင်းတွေ ကို လည်း မစားချင်တော့ဘူးတဲ့ ။ ရွှေလှောင်အိမ်ကလေး ထဲ မှာ လည်း မနေချင်တော့ဘူး တဲ့ ။ မောင်ရွှေကျေးလေး ဟာ အမြဲ လှောင် ချိုင့်ထဲ က နေပြီး ကောင်းကင် ကို မျှော်ကြည့်ပြီး နေတတ် သတဲ့ ။ ငှက်တွေ ထဲမှာ သူ့ မိဘ မိတ်ဆွေ တွေများ ပါလေမလားလို့ ပေါ့ကွယ် ။ ဒီလို ကြည့်ရင်းကပဲ အခြား ငှက်တွေ လွတ်လွတ်လပ်လပ်ကြီး ပျံသန်း နေကြရတာ ကို တွေးမိပြီး သူ့ အဖြစ် ကို သူ ဝမ်းနည်း လာမိ သတဲ့ ။ တစ်ခါတစ်ခါ ကျ ပြန် တော့လည်း ငှက်တို့ ဘာသာ နဲ့ အော်မြည်ပြီး သူ့ မိဘတွေ ကို တမ်းတ ငိုယိုတတ် သတဲ့ ။ သူ မိုက်ခဲ့မိသမျှ အပြစ်တွေ ကို လည်း နောင်တ ရမိသတဲ့ကွယ် ။ ဒါပေမယ့် သူ့ရဲ့ မိုက်ပြစ်ဒဏ် ကို တော့ ခံနေရရှာ သေးတာပေါ့ ။

ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ တော့ မင်းသမီးလေး ဟာ “ အပြစ် မဲ့တဲ့ သတ္တဝါတွေ ကို အကြောင်းမဲ့ သက်သက် လှောင် ထားရင် ဝဋ်လိုက်တတ်တယ် ” ဆိုတဲ့ စကား ကို အပျိုတော် တွေချင်း ပြောနေကြရာက ခပ်သဲ့သဲ့ ကြားလိုက်မိသတဲ့ ။ အဲသလို ကြားတယ် ဆိုရင်ပဲ မင်းသမီးလေး ဟာ ဒီ စကား မှန် မမှန် ကို သူ့ ခမည်းတော် ၊ မယ်တော် နဲ့ အထိန်းတော်ကြီး တွေ ကို မေးမြန်း ကြည့်သတဲ့ ။ အဲဒီ အခါမှာ အားလုံးကပဲ ဟုတ်မှန်ကြောင်း အဖြေ ပေးကြတဲ့ အတွက် မင်းသမီးကလေး ဟာ ဝဋ် လိုက်မှာ ကြောက်လန့်ပြီး မောင်ရွှေကျေးကလေး ကို လှောင်ချိုင့်လေး ဖွင့်ပြီး လွှတ်လိုက် သတဲ့ ကွယ် ။

မောင်ရွှေကျေးလေး လည်း ဝမ်းသာအားရ နဲ့ ချက်ချင်းပဲ သူ့ တောအရပ် ကို ပြန်ပြေး တော့သတဲ့ ။ ဒါပေမယ့်ကွယ် ၊ မောင်ရွှေကျေးလေး ဟာ သူ့ မိဘတွေ ကို ပြန် မတွေ့ရတော့ဘူး တဲ့ ။ သူ့ မိဘ ငှက်ကြီးတွေ ဟာ သူ ပျောက်သွားတဲ့ နေ့ က စပြီး အရပ် လေးမျက်နှာ မှာ သူ့ ကို ရှာဖို့ ထွက်သွား လိုက်ကြတာ အခု ထက်ထိ ပြန် မရောက်ကြ သေးဘူးတဲ့ကွယ် ။ သူ့ မိတ်ဆွေ ကစားဖော်တွေ ကလည်း သူ့ ကို လူတော ထဲမှာ အကြာကြီး နေခဲ့ရတာမို့ လူစော် နံတယ် ဆိုပြီး ပြန် လက်မခံကြတော့ဘူးတဲ့ ။

ဒီတော့ မောင်ရွှေကျေးလေး ဟာ တော ထဲ မှာ လည်း ဆက် နေဖို့ မဖြစ်တော့တာ နဲ့ ဝမ်းနည်းစွာပဲ သူ့ သခင်မလေး ဆီ ပြန်လာခဲ့ သတဲ့ ။ ဒါပေမယ့် မောင်ရွှေကျေးလေး ဟာ ဘုရင့် ဥယျာဉ်တော် နဲ့ နီး လာရင်ပဲ ရန်သူတော် ကျီးကန်း တွေ ရဲ့ ဝိုင်းအုံ လိုက် ထိုးခြင်း ကို ခံရရှာ သတဲ့ ။ ဒီလိုနဲ့ မောင်ရွှေကျေးလေး ခမျာ တော ထဲ လည်း ပြန်ဖို့ မဖြစ် ၊ ဥယျာဉ်တော် တွင်း လည်း ချဉ်းကပ် လို့ မရနဲ့ နောက်ဆုံးတော့ ရန်သူ ကျီးတွေ ရဲ့လက်ချက်နဲ့ပဲ အသက် ဆုံးပါး ခဲ့ရရှာသတဲ့ ကွယ် ။

ကလေးတို့ ၊ သင်ခန်းစာ ယူဖို့ ကတော့ လူကြီး မိဘတွေ ရဲ့ စကား ကို နား မထောင် ရင် ဒုက္ခ ဖြစ်တတ်တာ ရယ် ၊ အပေါင်းအသင်း တွေ ကို သင့်မြတ်အောင် မပေါင်းလို့ ရန်သူ ဖြစ်လာကြ တဲ့ တစ်နေ့ကျရင် အပေါင်းအဖော် တွေ ကလည်း ဒုက္ခ ပေးနိုင်တာမို့ ကိုယ့် ကစားဖော်ကလေး တွေ နဲ့ သင့်မြတ်အောင် ပေါင်းဖို့ ရယ် ၊ ကိုယ့် ပညာမာန် တက်ပြီး မာန်မာန မထောင်လွှား ဖို့ရယ် ပေါ့ကွယ် ၊ နောက်တစ်ချက် ကတော့ မိမိတို့ ကောင်းကျိုး ထက် တစ်ဖက်သား ကို ဆိုးကျိုး ပိုစေ တတ်တဲ့ ငှက်ကလေး ၊ ငါးကလေး အစရှိတဲ့ အပြစ်မဲ့တဲ့ သတ္တဝါလေး တွေ ကို ဝါသနာ အလျောက် ပဲ ဖြစ်စေ ၊ အလှ ထားဖို့ပဲ ဖြစ်စေ မလှောင်ထား သင့်တဲ့အကြောင်း ပဲ ပေါ့ကွယ် ။

☐ ( ဒဂုန် ) ခိုင်မြတ်မွန်

📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ ဩဂုတ်

.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 08:15


❝ ငှက်ကလေး မောင်ရွှေကျေး ❞

တစ်ခါတုန်းက တောအုပ် တစ်ခု မှာ မောင်ရွှေကျေး လို့ခေါ်တဲ့ ကြက်တူရွေးလေး တစ်ကောင် ဟာ သူ့ မိဘ ၊ မိတ်ဆွေ အပေါင်းအသင်းများ နဲ့ အတူ ပျော်ရွှင်စွာ နေသတဲ့ကွယ် ။ မောင်ရွှေကျေးလေး ဟာ အပျံသင်စ အရွယ်ပဲ ရှိသေးလေတော့ သိပ် ကောင်းကောင်း မပျံတတ် သေးဘူးပေါ့ကွယ် ။ ဒါကြောင့် သူ့ မိဘ ငှက်ကြီးတွေ က သူ့ ကို အခုလို အရွယ် မှာ သိပ် ဝေးဝေး မပျံ ဖို့ ၊ အထူးသဖြင့် လူ နဲ့ နီးစပ်တဲ့ တောစပ် နေရာတွေ ကို ဘေးအန္တရာယ် များတာမို့ မသွားဖို့ အမြဲ မပြတ် သတိပေး မှာကြား သတဲ့ကွယ် ။

ဒီတော့ မောင်ရွှေကျေး ဟာ သူ နဲ့ ရွယ်တူတန်းတူ ဖြစ်တဲ့ ငှက်ကလေးတွေ နဲ့ အနီး အနား က သစ်ပင်တွေ မှာပဲ ပျံသန်းပြီး ကစားရတာပေါ့ ၊ အဲလို ကစား နေရတာကို မောင်ရွှေကျေးလေး ဟာနည်းနည်းမှ သဘော မကျဘူးတဲ့ကွယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ နဲ့ ကစားဖော် ငှက်ကလေး တွေ ထဲမှာ အပျံနိုင်ဆုံး ဖြစ်လေတော့ သူ့ ကိုယ် သူ သိပ်ပြီး အထင် ကြီး နေတာ ကိုး ။ သူ ဟာ သူ့ မိဘ ဖြစ်တဲ့ ငှက်တွေလောက် ကို ကောင်းကောင်း ပျံနိုင်ပြီ လို့ ယုံကြည်နေ သတဲ့ ။ ဒါကြောင့်လည်း သူဟာ သူ့ အဖော်တွေ ကို သူ့ လောက် မှ မတော်တဲ့ အရှော်အဖျင်း တွေ ပဲ ဆိုပြီး အထင် သေးတာနဲ့ အဖက် လုပ်ပြီး အတူ မကစား ချင်ဘူးတဲ့ ။ နောက်ပြီး ကစားလို့ ရှိရင်လည်း အဖော်တွေ အပေါ် မှာ အမြဲပဲ သူ က အနိုင်ယူပြီး ဆရာ လုပ်တတ်တယ်တဲ့ ။ ဒီတော့လည်း သူ့ အဖော်တွေ က သူ့ ကို သိပ်ပြီး မုန်းနေကြ တာပေါ့ကွယ် ။ ဒါပေမယ့် သူ့ ကို လည်း ကြောက်ကြရ လေတော့ သူ့ သဘောအတိုင်းပဲ လိုက်လျော နေကြရ ရှာတာပေါ့ ။ အဲဒီလို မောင်ရွှေကျေး ဟာ သူ့ အဖော်တွေ အပေါ်မှာ ဗိုလ်ကျရုံနဲ့ မကျေနပ်သေးဘဲ သူ့ ပညာ ကို စမ်းသပ်တဲ့ အနေနဲ့ စွန့်စား ပြီး အဝေးကြီး ပျံကြည့်ချင်နေတယ်တဲ့ ။

ဒါနဲ့ တစ်နေ့ တော့ မောင်ရွှေကျေးလေး ဟာ သူ့ မိဘငှက်ကြီးတွေ အစာရှာ ထွက်သွားတုန်း သူ့ အဖော်တွေ ကို “ ငါ တော့ ဒီနေ့ လူတွေ နဲ့ နီးတဲ့ တောစပ် အထိ ပျံကြည့်လိုက်ဦးမယ် ၊ မင်း တို့ကတော့ လူရှော်တွေ မို့ ငါနဲ့ လိုက်နိုင်ကြမှာ မဟုတ်ဘူး ၊ ငါ တစ်ကောင်တည်း ပဲ ပျံသွားကြည့် ပါဦးမယ် ၊ ဟိုအရပ် မှာ ဘာတွေ ရှိတယ်ဆိုတာ ငါ ပြန်ရောက်တော့ မင်းတို့ ကို တစ်ဆင့် ပြောပြ မယ် ၊ ငါ မကြာမီ အတွင်း ဒီကို ပြန်ရောက်လာနိုင်အောင် ကြိုးစားမယ် ၊ တကယ်လို့ နေဝင်ချိန် ငှက်တွေ အိပ်တန်းတက် လို့မှ ငါ ပြန် မရောက်လာရင် ငါ တစ်စုံတစ်ခု ဒုက္ခ ဖြစ်နေလို့ အချိန်မီ ပြန် မလာနိုင်တာဘဲလို့ မှတ်လိုက်ကြပေတော့ ။ အဲဒီ အခါမှာ မင်းတို့ က ငါ့ မိဘတွေ ကို အမြန် အကြောင်းကြားပြီး ငါ့ ကို ကယ်ဖို့သာ လမ်းညွှန် လိုက်ပေတော့ ” လို့ပြောပြီး တစ်ခါတည်း တောစပ် ကို ပျံသွားသတဲ့ ။

တောကြီး က သိပ် ကျယ်ပြန့်လေတော့ တောစပ် ကို ရောက်ဖို့ ခရီး ဟာ သိပ်ပြီး ဝေး တာပေါ့ကွယ် ။ ဒီတော့ ဇွဲကောင်းကောင်း နဲ့ ပျံလာတဲ့ မောင်ရွှေကျေးလေး ဟာ တောစပ် လည်း ရောက်ရော မောနေရှာတာပေါ့ ၊ မောမော နဲ့ မောင်ရွှေကျေး လည်း ခဏလောက် အပန်းဖြေ ဖို့ တောစပ် က သစ်ငုတ်တိုကြီး ပေါ်မှာ နားရင်း မလှမ်းမကမ်း မှာ ရှိတဲ့ လူတို့ရဲ့ နေထိုင်ရာ ဒေသ ကို အကဲခတ် ကြည့်နေ လိုက်သတဲ့ ။ အဲဒီတုန်း ဗြုန်း ဆို ကျီးကန်း တစ်သိုက် ဟာ မောင်ရွှေကျေးလေး အနားကို ပျံဝဲ လာပြီး ဝိုင်း ထိုးကြဖို့ ဟန်ပြင် ကြပါလေရောကွယ် ။ မောင်ရွှေကျေး ကလည်း ကြောက်လန့်အား ကြီးပြီး ပျံမိ ပျံရာ လူတို့ နေရာဒေသ ကို ဇွတ်ပျံ ပြေးမိသတဲ့ ။ ကျီး တစ်သိုက် က လည်း ဇွတ် လိုက်နေလေတော့ မောင်ရွှေကျေးလေး ဟာ မောလို့ မှ မနားနိုင်ဘဲ ပြေးမြဲ ပြေးနေရ ရှာတာပေါ့ ။ အဲဒီလို အသက် သေဘေး မို့ အားခဲပြီး ပြေး လာ လိုက်တာ မောင်ရွှေကျေးလေး ဟာ ဘယ်လောက်များ ခရီး တွင်ခဲ့သလဲ ဆိုရင် ဘုရင့်ဥယျာဉ်တော် ထဲ ရောက်သွား သတဲ့ ။ ဒါပေမယ့် ကျီးတစ်သိုက် က လည်း လိုက်မြဲ လိုက်နေတာပဲတဲ့ ။ နောက်ဆုံးတော့ကွယ် ၊ မောင်ရွှေကျေးလေး ဟာလည်း မောလွန်းလို့ ဆက် မပြေးနိုင်ရှာတော့ဘဲ မြေပေါ် ကို ထိုးကျ သွားတော့ သတဲ့ ။ ဒါပေမယ့် ကံကောင်း ထောက်မလို့ မသေဘူးတဲ့ကွယ် ။

အဲဒီလို မောင်ရွှေကျေးလေး ကျ လာတာကို ဥယျာဉ်မှူး က တွေ့သွားတာ မို့ ကောင်းမွန်စွာ ရေတိုက် ပြုစုပြီး သူ့ သခင်မလေး ဖြစ်တဲ့ ဘုရင့်သမီးတော် ကို သွားဆက်သတဲ့ ။ မင်းသမီး ကလည်း ဝမ်းသာလွန်းလို့ ဥယျာဉ်မှူး ကို ဆုတော်ငွေတွေ အများကြီး ပေးလိုက်သတဲ့ ။ မောင်ရွှေကျေးလေး ကို လည်း ရွှေလှောင်ချိုင့်လေး နဲ့ ကောင်းမွန်စွာ မွေးထားသတဲ့ ။ အစာ ဆိုလည်း ကောင်းကောင်း ကျွေးတာပေါ့ကွယ် ။ ဒီတော့ မောင်ရွှေကျေးလေး ဟာ သူ့ ဘဝ မှာ သိပ်ပျော် နေ ပြီး တော ထဲ က သူ့ မိဘတွေ နဲ့ မိတ်ဆွေ ငှက်ကလေးတွေ ကို တောင် မေ့နေမိသတဲ့ ။

အမှန်တော့ကွယ် ။ မောင်ရွှေကျေးလေး ရဲ့ မိဘ ဖြစ်တဲ့ ငှက်ကြီးတွေ ဟာ အစာ ရှာ က ပြန်လာလို့ မောင်ရွှေကျေး ကို မတွေ့ရဘူး ဆိုရင်ပဲ သိပ် စိတ်ပူ သွားကြ သတဲ့ ။ ကစားဖော်တွေ က လည်း မောင်ရွှေကျေး ကို မုန်းနေကြလေတော့ နေဝင်ချိန်ရောက် ပေမယ့် သူ့ မိဘတွေကို သွား အကြောင်း မကြားတဲ့ အပြင် မိဘ ငှက်ကြီးတွေက မေးရင်တောင် မှ “ မသိဘူး ” လို့ တညီတညာ တည်း ဖြေကြသတဲ့ ။ ဒီတော့ မောင်ရွှေကျေး ရဲ့ မိဘ ဖြစ်တဲ့ ငှက်ကြီးတွေ ဟာ သူတို့ သားလေး အတွက် သိပ်စိတ်ပူပြီး အရပ် လေးမျက်နှာ မှာ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 08:15


ဟောလီးဝုဒ်မြို့က ငါ့ကို သင်ပြခဲ့တယ်
________

ဟောလီးဝုဒ်မြို့က ငါ့ကို သင်ပြခဲ့တယ်
နိဗ္ဗာန်နဲ့ ငရဲဟာ
မြို့တမြို့တည်း ဖြစ်နိုင်တယ်၊ ဝင်ငွေမရှိတဲ့ လူတွေအတွက်
ဒီနိဗ္ဗာန်က ငရဲပါပဲ။

ဗားတော့ဗရက်
မြန်မာပြန်ဆိုသူ - မိုးသစ်ဝေ
The town of Hollywood has taught me this by Bertolt Brecht

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 08:03


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 07:21


စောစောက မိန်းကလေး လမ်းလျှောက်ပုံနှင့် ပတ်သက်၍ ကျွန်တော် မှတ်ချက် မချနိုင်ခဲ့ပါ။
အကြောင်းမှာ ဆရာတို့ မမြင်ခင်ကပင် ထိုမိန်းကလေး၏ ခြေထောက်ကလေးကို ကျွန်တော် အလျင်ဆုံး သတိထားမိခဲ့ခြင်း ကြောင့်ပါ။

သူ့ခြေထောက်ကလေး ဟာလေ ကျွန်တော် ငယ်ငယ်က စွဲလမ်းခဲ့ရတဲ့ အိပ်မက်၌ပင် စွဲမက်မြင်ခဲ့ရတဲ့ ခြေထောက်ကလေးနဲ့ တူနေလို့ပါ ဆရာရယ်။

ခြေညှိုးနှင့် ခြေခလယ်က နည်းနည်းရှည်ပြီး ခြေသူကြွယ်နှင့် ခြေသန်းကလေးက နည်းနည်းတိုနေတာကို ခုထိ ကျွန်တော် မေ့မရ မှတ်မိနေဆဲပါ။

ကျွန်တော့့်ရင်မှာ လှပ်ခနဲ တချက် ဖြစ်သွားရပါသည် ဆရာရယ် ... သိတယ် မဟုတ်လား။

သုမောင်

၁-၂-၈၅
ညောင်ရွှေ မဂ္ဂဇင်း၊ ၁၉၈၅။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 07:21


ချစ်-ကြည့်
**

သုမောင်

(၁)

ချယ်ရီ မဂ္ဂဇင်းတိုက်တွင် ဆရာအောင်ပြည့်၊ ဆရာမောင်ကိုယု၊ ဆရာအောင်သောင်း (သင်္ချာ) တို့နှင့် စာပေနှင့် မအပ်စပ်သော စကားများကို ထိုင်၍ ဝိုင်းဖွဲ့ စကားပြောနေစဉ် ကာလတွင် ဖြစ်ပါသည်။

တိုက်အပေါက်ဝ ဆီမှ နဖူးပြောင်ပြောင် လူဝကြီးတယောက် ဝင်လာပါသည်။ ထိုလူသည် ယခင်တချိန်က စာလုံး အနု အရွကလေးများဖြင့် ပရိသတ်ကို ကိုင်လှုပ်ခဲ့ဖူးသူ၊ ယခုတော့ အင်းလေးတွင် အေးချမ်းစွာ နေထိုင်ယင်း စာရေးကျဲပါးကာ စာဖတ်သူ သက်သက်နီးပါး ဖြစ်နေသူ ဆရာ သိန်းသန်းထွန်းပင် ဖြစ်ပါသည်။

ကျွန်တော်တို့ စာရေးဆရာ လေးဦးသားသည် သူ ဝင်လာသည်ကို မြင်လိုက်ကတည်းက မတိုင်ပင်ပဲလျက် ပြိုင်တူဆိုသလိုပင် ထိုင်ရာမှ ထရပ်လိုက်ကြ မိပါသည်၊ သူ့အား နေရာပေးရန် ဂါဝရပြုရန်ကား လုံးဝ မဟုတ်ကြပါ။ အားလုံး သူနှင့် ကင်းရာ ဝေးရာသို့ ထွက်ပြေးကြရန်သာ ဖြစ်ပါသည်။

သို့ရာတွင် သူက တိုက်ပေါက်ဝမှ ဝင်လာသူ ဖြစ်ပြီး ကျွန်တော်တို့ ထွက်ပြေးရန်မှာလည်း နောက်ဖေးဘက် အိမ်သာ ရှိရာသာလျှင် ဖြစ်နေသောကြောင့် မတတ်သာသည့်အဆုံး မချိသွားဖြဲဖြင့် သူ့ကို နှုတ်ဆက်လိုက်ကြရပါသည်။

“ဘယ်တုန်းက ရောက်သလဲ အစ်ကို”
ဟု ကျွန်တော်ကအငယ်ဆုံး ပီပီ နှုတ်ခွန်း စတင်ရပါသည်။

တော်တော်နှင့် မဖြေသေးပဲ “တရက် နှစ်ရက်ပဲကွ” ဟု ပြောပြောဆိုဆို ကုလားထိုင်လွတ် တလုံးတွင် အိကနဲ ဝင်ထိုင်ပါသည်။

သူ့မျက်နှာသည် ဝေဒနာ တခုခု ခံစားနေရသလို ရှိပါသည်။ လက်ကိုင်ပဝါကို ထုတ်လျက် နှပ်ချေးညှစ်သကဲ့သို့ မကြာမကြာ လုပ်နေပါသည်။

ဆရာအောင်ပြည့်က ...

“အစ်ကို နေမကောင်းဘူးလား”

“အေးကွာ၊ ရှမ်းပြည်လောက် မအေးဘူး ထင်လို့၊ ရောက်ရောက်ချင်း ညက တံခါးတွေဖွင့်ပြီး အိပ်မိတာ အအေးမိသွားတယ်၊ ခု ထမင်းတောင် ကောင်းကောင်း စားလို့ မရသေးဘူး”

သည်တွင် ဆရာအောင်ပြည့်သည် ဝမ်းသာအားရသော ရယ်မောသံကို ထိန်းမရအောင်ကို ဟစ်ထုတ် လိုက်ပါတော့သည်။

ဤသည်ပင်လျှင် ကျွန်တော်တို့ လေးယောက် စောစောက သူဝင်အလာ ထွက်ပြေးရန် ကြံစည်မိကြခြင်းပင် ဖြစ်ပါတော့သည်။ ဆရာ သိန်းသန်းထွန်းသည် ဝသလောက် အရုပ်ဆိုးပြီး သူ့ပုံသဏ္ဌာန်နှင့် လိုက်ဖက်စွာ အစားပုပ်သူ ဖြစ်ပါသည်။ ဆရာအောင်ပြည့် အဆိုအရ အောင်ကြီး ယိုညှပ် ပေါင်မုန့်ကလေးများကို တထိုင်တည်း အလုံးနှစ်ဆယ် စားပစ်ဖူးကြောင်း၊ ထမင်း ငါးပန်းကန် စားနိုင်ကြောင်း၊ တထွာလောက် ရှိသော ငါးခူကျော် ငါးကောင်ကိုပင် အမြည်း စားလိုက်တတ်သေးကြောင်း စသဖြင့် ဖြစ်ပါသည်။

ဆရာ သိန်းသန်းထွန်းသည် လူ့ပုံပန်း ကြည့်ပျော်ရှုပျော်မျှ အဆင့်ပင် မရှိသော်လည်း ရုပ်နှင့် မလိုက်ဖက်သော အရာကား စာရေးရာတွင် အလွန် ညက်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အချစ်အကြောင်း၊ စကားလုံး အသုံးအနှုန်း၊ သူနှင့် ဆရာ မောင်သာရသည် ခပ်ဆင်ဆင် တူပါသည်။

တခါက ရှုမဝ မဂ္ဂဇင်းတိုက်ရှေ့တွင် ဆရာ သိန်းသန်းထွန်းနှင့် ဆရာ မောင်သာရတို့ မျက်နှာချင်းဆိုင် ရပ်လျက် စကားပြောနေသည်ကို နံဘေးတိုက် အနေအထားမှ နေ၍ ကျွန်တော် ကြည့်မိသည်တွင် ကျွန်တော့် မျက်စိထဲ၌ ဂျပန် နပမ်းသမားကြီး နှစ်ဦး နဖူးချင်း ယှဉ်တိုက်ပြီး နွှဲရန် ဟန်ပြင်နေသကဲ့သို့ ထင်မြင်မိခဲ့ဖူးပါသည်။ မည်သို့ပင် ရှိစေ ...။

(၂)

စာရေးဆရာများ စုမိလျှင် လက်ဖက်ရည်ဆိုင် ထိုင်ကြရိုးထုံးစံ ရှိကြောင်း လူများစုက သိရှိယုံကြည်ထားပြီး ဖြစ်ပါသည်။

စောစောက ပြောသလို ကျွန်တော်နှင့် ကျွန်တော့်ထက် ဂုဏဝုဍ္ဎိ ဝရဝုဍ္ဎိ ကြီးမြင့်သော ဆရာများ စုစုပေါင်း ငါးယောက်တို့သည် ချယ်ရီတိုက်နှင့် မလှမ်းမကမ်းတွင် ရှိသော ပလက်ဖောင်း လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြပါသည်။ လက်ဖက်ရည် ခြောက်ခွက် မှာပါသည်။ ဆရာ သိန်းသန်းထွန်းအတွက် တခွက် အပိုမှာကြောင်း ပြောရန် လိုမည် မထင်ပါ။

ကျွန်တော်တို့ စာရေးဆရာ များသည် (ကျွန်တော့်ကိုယ် ကျွန်တော် ဆရာကြီးများနှင့် တန်းတူ သုံးနှုန်းခြင်းကို ခွင့်လွှတ်တန်ရာ ပါသည်။) ထုံးစံအတိုင်းပင် စာပေနှင့် ပတ်သက်သော စကားများ၊ ယောက်ျား ပီသသော အတင်း အဖျင်းများကို ဆက်လက် ပြောကြားနေကြပါသည်။

ထိုစဉ် ဆရာ သိန်းသန်းထွန်းက ကျွန်တော့်အား နှစ်ကိုယ်ကြား စကားတစ်ခွန်း ဆိုပါသည်။ ဆိုင်းမဆင့် ဗုံမဆင့်။

“ကိုယ်တို့ မြို့နယ် မဂ္ဂဇင်းအတွက် ကိုယ် တာဝန်တခု ယူထားတယ်”

သူ့စကား မဆုံးခင် ...

“ကျွန်တော် တတ်နိုင်သမျှ တိုတို ရေးပေးပါ့မယ်၊ အစ်ကို ဘယ်လောက် အချိန် ပေးနိုင်မလဲ”

“ကိုယ့်အတွက် သန်ဘက်ခါ အိပ်ခန်း ရထားလက်မှတ် တစောင်လဲ မောင်ရင့် မျက်နှာနဲ့ လုပ်ပေး”

သူ့စကားသည် အဆက်အစပ် မရှိသလိုလိုနှင့် ဆက်စပ်နိုင်လွန်း လှပါသည်။ မနက်ဖြန် ဝတ္ထုတစ်ပုဒ် အပြီး ပေးရမည်။ ပြီးတော့ ခက်ခဲလှသော ရထားလက်မှတ်။ အစားကြီးသလို အအိပ်ကြီးသောကြောင့် အိပ်ခန်း။ အားလုံးကို ကျွန်တော် နားလည်လိုက်ပါသည်။ “ဟုတ်ကဲ့ပါ အစ်ကို” လိုက်ပါသည်။

တကယ်လည်း ကျွန်တော့်တွင် ယခုတလော စာအလွန် ရေးချင်သော ရောဂါ ဖိစီးနေပါသည်။ ရေးဖြစ်နေသည်ကိုလည်း ကျွန်တော့် စာဖတ်ပရိသတ်များ သိပါသည်။ အထူးသဖြင့် မဂ္ဂဇင်းတိုင်း လိုလိုတွင် အလှည့်ကျ ဖြစ်ဖြစ် တလ တပုဒ် နှစ်ပုဒ်တော့ ပါဖြစ်သည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 07:21


ပြီးတော့ စိတ်ကူးတခုက လွန်ခဲ့သော သုံးလေးနှစ်က စပြီး ရှိနေနှင့်ခဲ့သည်။ ဝတ္ထု ပီသ မပီသကိုကား ဆရာ့ ဆရာများ၊ စာဖတ်သက် ရင့်သူများက ဆုံးဖြတ်ကြပါလိမ့်မည်။

ကျွန်တော့် အနေနှင့်ကား ကျွန်တော့် ပတ်ဝန်းကျင် (အလွန် ကျဉ်းမြောင်းပါ သေးသည်။ လူးကြားသူကြားကို သွားချင်တိုင်း မသွားသင့်၊ မသွားအပ်သော သမိုင်းပေးတာဝန် ရုပ်ရှင်မင်းသား အဆိုတော်) မှ ရတတ်သမျှသော လူ့သဘာဝကလေးများကို ဖတ်ချင့်စဖွယ် ရေးသားခဲ့ပါသည်။

မှတ်မှတ်ရရ သည်စိတ် ဝင်ခဲ့သည်မှာ ကျွန်တော့်သမီး တသက်ထက် ဆယ်လကျော်ကပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်တော့် ဇနီးသည် သူ့တွင် ကိုယ်ဝန် ရှိနေပါပြီဟု ဆိုခဲ့သော အချိန်က စခဲ့ပါသည် ဟူ၍ ဖြစါပါသည်။

တကယ်တော့ ကျွန်တော်သည် “အချစ်” အမည်ရှိ အချစ်ဝတ္ထုဖြင့် နာမည်ရလာခဲ့သူ “အချစ်စာရေးဆရာ” ဟု ကနဦး ကတည်းက အဆုံးအဖြတ် ခံခဲ့ရသူ မဟုတ်ပါလား။

(၃)

ဆရာ သိန်းသန်းထွန်းသည် အတန်ကြာ စဉ်းစားပြီး ကျွန်တော့်အား လေးလေးနက်နက် ကြည့်ယင်း နှိုက်နှိုက်နှဲနှဲ စကားဆက်ပါသည်။

“ဟေ့ကောင်၊ သုမောင်ပဲ လိုချင်တာနော်”

ကျွန်တော် ချက်ချင်း သဘောပေါက်လိုက်ပါသည်။
အထက်တွင် ဆိုခဲ့သလို ဘဝဆန်သော ဝတ္ထုတိုများ ငါးနှစ်ဆက်တိုက် ရေးလာခဲ့သည်များကို သူ ဖတ်မိဟန် တူပါသည်။ ထို့ကြောင့် “သုမောင်ပဲ လိုချင်တာနော်” ဟု ဆိုခြင်းသည် ကျွန်တော်၏ စာရေးဆရာ ဖူးစသစ် ဘဝက အချစ်အကြောင်း၊ အချစ် အရေးအဖွဲ့၊ နုနွဲ့သော ချစ်စဖွယ် ငေါ့တတ်သော စကားလုံးများကို လိုချင်ကြောင်း ပြောလိုမှန်း ကျွန်တော် သိလိုက်ပါသည်။

“ကျွန်တော် ကြိုးစားပါမယ်” ဟု ထပ်မံ ကတိပေးလိုက် သော်လည်း ယခုအချိန်တွင် ကျွန်တော် အချစ်အကြောင်း ဘယ်ကဲ့သို့ ရုတ်တရက် စိတ်ကူးရပါမည်နည်း။ အယင်က လူပျို လူလွတ်၊ ဘယ်မိန်းမမျိုးကို မဆို ရိုးသားစွာ စိတ်ကူးယဉ်၍ ရနိုင်သည်။ ယခု ကျွန်တော်သည် ကလေးနှစ်ယောက် အဖေ။

သည်တော့ ဇာတ်လမ်းတပုဒ် ရေးမည်ဆိုလျှင် ကျွန်တော် ဇွတ်ဖန်တီး ယူရမည် ဖြစ်သည်။ မည်ကဲ့သို့ပင် ရှိစေ ဆရာ သိန်းသန်းထွန်း ဖြစ်နေသည့်အတွက် ကျွန်တော် ဇွတ်ဖန်တီး ရပါတော့မည်။

သူ့ကို ကတိပေး ပြီးပြီးချင်းပင် စတင်၍ ကျွန်တော် စဉ်းစားရပြီ ဖြစ်ကြောင်း ဆရာ သိန်းသန်းထွန်း သိလျှင် ကျွန်တော့်ကို သူ မည်မျှ ချီးကျူးပါလိမ့် မည်နည်း။

(၄)

စောစောက ပြောသလို ကျွန်တော်တို့ ငါးဦးအား လွတ်လပ်စွာ စကားပြောနေခိုက် အမှတ်မထင် ဆိုသလို မိန်းမပျိုတဦး ကျွန်တော်တို့ အနီးမှ ဖြတ်လျှောက် သွားသည်ကို အားလုံး ဂရုစိုက်လိုက် မိကြပါသည်။ ဒါကိုလည်း တယောက်ကို တယောက် သိလိုက်ကြပါသည်။

ရယ်စရာ သဘောနှင့်ပင် (ဆရာ သော်တာဆွေ၏ စကားအရ) ဂေါ်ခန်း ဖွင့်မိကြပါသည်။ တကယ် စိတ်ရင်းမှာ မပါကြောင်းကိုကား အသက် အငယ်ဆုံး ကျွန်တော်ကိုယ်တိုင် ဝန်ခံရဲပါသည်။ သည်ကိစ္စမျိုးမှာ ကင်းရှင်းသောကြောင့်လည်း ယခုလို ရယ်ပွဲဖွဲ့ နိုင်ကြခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ စာရေးဆရာများသည် စရိုက် သဘာဝချင်း မတူလျှင် ကွယ်ရာမှာရော ရှေ့တင်မှာပါ ဖက်လှဲတကင်း မရှိတတ်ကြပါ။ ဟန်လုပ်ပြုံးသော အပြုံးမျိုးကို စာဖြင့်သာ ပြုံးတတ်ပါသည်။ ထားပါ။ အရေးကြီးသည့် ကိစ္စ။
ခုနက အမျိုးသမီးပျို၏ ကိစ္စ။

ဆရာကိုယုက စတင်၍ ရှေ့နေပီသစွာ မှတ်ချက် ချပါသည်။

“ဖိုးတွမ်တီးနဲ့ လိမ်ပြီး ဟန်လုပ်လျှောက်တာ မဖြစ်နိုင်ဘူး၊ ရိုးရိုး လမ်းလျှောက် သွားတာပဲ၊ ဒါပေမယ့် ကြည့်ကောင်းတယ်”

ဆရာအောင်သောင်း (သင်္ချာ) ကတော့ ...

“ဆရာယု မှားပြီဗျ ... သူတို့က လေ့ကျင့်ထားတာ၊ မျဉ်းတကြောင်းကို မြေပြင်ညီမှာ တည့်တည့်သားပြီးမှ လေ့ကျင့်ခန်းယူ လျှောက်တာဗျ”

ဆရာ သိန်းသန်းထွန်းကမူ အင်းလေးသား ဖြစ်နေသူ ပီပီ ...

“တို့ အင်းသူတွေကတော့ ခြေတဘက်တည်းနဲ့ လှော်တက်ကို ခတ်လို့လားတော့ မသိဘူး၊ လမ်းလျှောက်ယင် တဘက်က ပိုလှသကွ”

ဆရာအောင်ပြည့် ကတော့ မြန်မာစာ ဆရာ၊ မြန်မာမှ မြန်မာ ...။

“ဒေါက်မြင့်ဖိနပ် မစီးပေမယ့် ဘိုမတွေလိုပဲ လမ်းလျှောက်လှတာပါပဲဗျာ”

ကိုင်း ကျွန်တော့် အလှည့်။

ကျွန်တော် ဘာမျှ မပြောပါ။ မပြောနိုင်ပါဟု ဆိုလျှင် ပိုမှန်ပါသည်။

(၅)

ဆရာကြီး ဗန်းမော်တင်အောင်သည် သူ့ခေတ်တွင် အချစ်နှင့် ပတ်သက်၍ “ဘုန်းမောင် တယောက်တည်းရယ်” ဝတ္ထုတွင် စာဖတ်ပရိသတ်၌ “တော့၊ ကာ၊ သာ၊ ပဲ၊ ရယ်၊ နှင့်” စကားလုံးများ ထပ်တလဲလဲ သုံးပြီး တွင်ကျန်ရစ်စေပါသည်။

ဆရာ သိန်းသန်းထွန်းသည် သူ့ခေတ် သူ့အချစ်နှင့် ပတ်သက်၍ “မပန်ပါနဲ့ ကြွေချင်တယ်” ဝတ္ထုတွင် စာဖတ်ပရိသတ်၌ ကွယ်၊ ရယ်၊ မယ်၊ တယ်၊ စကားလုံးများ ထပ်တလဲလဲ သုံးပြီး တွင်ကျန်ရစ်စေခဲ့ပါသည်။

ကျွန်တော်၏ “အချစ်” မည်သော ပထမဆုံး အချစ်ဝတ္ထုနှင့် ပတ်သက်၍ “သိတယ် မှုတ်လား” စကားလုံးများ ထပ်တလဲလဲ သုံးပြီး လူငယ် တော်တော်များများထံ တွင်ကျန်ရစ်စေခဲ့ ဖူးပါသည်။

သို့သော် ယခုအချိန်တွင် ဆရာ သိန်းသန်းထွန်းရော ကျွန်တော်ပါ “ကွယ် နိုင်၊ ရယ် နိုင်၊ သိတယ်မှုတ်လား နိုင်” တော့သော အခြေအနေ မဟုတ်တော့ကြပြီကို ဆရာ သိပါသည်။ ဆရာ ဗန်းမော်တင်အောင်ကား ကွယ်လွန်ရှာပြီမို့ ပြောရန် မလိုတော့ပါ။

(၆)

ဆရာ သိန်းသန်းထွန်း ခင်ဗျား ...။
ဆရာ လိုချင်သော ဝတ္ထု ကျွန်တော် ရေးပါတော့မည်။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 07:20


တံတားပေါ်မှာ

-စစ်မင်းခ-

ဒီနေ့ အောင်ဇေယျတံတားပေါ် လမ်းလျှောက်ထွက်တော့ ကျနော်နဲ့ မျက်နှာချင်းဆိုင်မှာ လူတစ်ယောက်လျှောက်လာတယ်။ နောက်တော့သူက ရုတ်တရက် ရပ်လိုက်ပြီး မြစ်ဘက်ကို မျက်နှာမူလိုက်တယ်။ ဖိနပ်ကို တစ်ဖက်ချင်းချွတ်ပြီး တံတားဘေး လူသွားလမ်းလက်ရန်းပေါ်ခိုတက်လိုက်တယ်။ သွားပြီလို့ ကျနော့်စိတ်ထဲမှာ တွေးလိုက်မိတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေတော့မယ့်လူတစ်ယောက်ရှေ့မှာ ဘယ်လိုပြုမူရမလဲ ကျနော်တကယ့်ကိုမသိတာပါ။ ဒါပေမဲ့လည်း သူ့နားဆက်တိုးသွားလိုက်တော့ သူက အဝေးမှာမြင်နေရတဲ့ ရွှေတိဂုံဘုရားကို လက်အုပ်ချီပြီး ကန်တော့နေတာ။

23.10.21

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 07:20


“ မင်း က ဘယ်လိုပဲ မတွေ့ချင် လို့ ရှောင်နေပေမဲ့ ငါ က တော့ မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်မိ တာမို့ တွေ့အောင် ရှာပြီး လာရတာပေါ့ ”



“ ရှင် ဘာတွေ ပြောနေတာလဲ ”



“ နေပါဦး ... မင်း က အကြီးလား ၊ အငယ်လား ”



“ ဟေ့ ... မောင်ရင် ၊ သူက ညီအစ်မ မရှိဘူးကွ ၊ တစ်ယောက်တည်း ရယ် ”



စိုးဝင်း ရော ကလေးမ ပါ အပေါက်ဝ သို့ လှည့်ကြည့်လိုက်မိသည် ။ အပေါက်ဝတွင် စိုးဝင်း နားရင်းအုပ်ခဲ့သော လူကြီး ရပ်နေ၏ ။



“ ဟင် .. အရူး ”



“ ဟင် .... ဦးလေး ”



ပြိုင်တူ ထွက်သွား မှ စိုးဝင်း မျက်လုံး ပြူးသွားတော့သည် ။ သူ အရူး ဟု ထင်၍ အုပ်ထည့်ခဲ့ သော လူကြီး မှာ သူ ချစ်ကြိုက်၍ နေသော ကလေးမ ၏ ဦးလေး ဖြစ်သည် တဲ့ ။ စိုးဝင်း ၏ မျက်စိ ထဲ ဝယ် ဝင်းဝင်းတောက်ကုန်တော့၏ ။



တောင်းပန်ရန် ဘယ်တုန်းကမှ ဝန်မလေးခဲ့သော စိုးဝင်း သည် ယခု လည်း အဘိုးကြီး ဆီ ထ ပြေး၍ တောင်းပန်တော့သည် ။



“ ဦး ရယ် ... စိတ်မဆိုးပါနဲ့ ၊ ဦး ကို ကျွန်တော် စိတ်မနှံ့တဲ့ လူစိမ်း မှတ်လို့ ထိုးမိတာပါ ”



“ ဘာ ရှင် က ဦးလေး ကို ထိုးတယ် ”



ကလေးမ သည် ပြူးကျယ်သော မျက်စိများ ဖြင့် စိုးဝင်း ကို ကြည့်၍ မေးလိုက်၏ ။ စိုးဝင်း မှာ မျက်နှာသေကလေး နှင့် ကလေးမ ကို ကြည့်လိုက်စဉ်တွင် ပင် လူကြီးက ဝင်ပြော၏ ။



“ ဟဲ့ .. မြင့်မြင့် ၊ စိတ်မဆိုးနဲ့ ။ ဒီ သူငယ် ထိုးလိုက်လို့ ငါ့ နား တစ်ဖက် ပွင့်သွားပြီ ၊ ငါ ကောင်းကောင်း ကြားရတယ် ။ ဟေ့ ... သူငယ် မင်း ကို ငါ ကျေးဇူးတင်တယ် ”



စိုးဝင်း ၏ ဝမ်းသာမှုကား ဘဝဂ် ရောက်လောက်၏ ။



“ ဟာ ဒါဖြင့် ဦးလေး ရယ် ၊ ကျွန်တော် နဲ့ ဟောဒီ က မအေးစိန် အဲလေ ... မြင့်မြင့် နဲ့ သဘောတူပါခင်ဗျာ ”



“ ဟ .. ဘယ်ဖြစ်မလဲ ၊ ငါ့ နား နှစ်ဖက် ပင်းတာကွ ၊ မင်းကြောင့် ကောင်း တာ တစ်ဖက်ပဲ ကောင်းတယ် ”



“ ဒါဖြင့် ဒီနား ကြွခဲ့ပါလား ခင်ဗျာ ၊ ကျန်တဲ့ နားရင်း တစ်ဖက် ကျွန်တော် အုပ်ပေးပါ့မယ် ”



“ အမယ် ... တော် တော် ၊ အခုနက အဆင်သင့် သွားလို့ ၊ အခုဆို နားအုံ ကွဲသွားရင် ပြီးရော ။ ဟေ့ ကောင်မလေးက စပ်ထားတဲ့ လူ ရှိတယ်ကွ ”



စိုးဝင်း ၏ ဝမ်းနည်းမှု ကား အဝီစိ ရောက်လောက်၏ ။ မြင့်မြင့် ကို တစ်ချက် လှည့် ကြည့်လိုက် ပြီး ၊ ခေါင်းငိုက်စိုက် ကျကာ ထွက် လာလေရာ မြင့်မြင့် ၏ မျက်နှာဝယ် ဝမ်းနည်း သယောင်ယောင် ဖြစ်နေသည် ကို ပင် သတိ မထားမိတော့ချေ ။



( ၃ )



စိုးဝင်း မှာ စိုးဝင်း မဟုတ်တော့ပေ ။



ခွင့်တစ်လ ယူ၍ ပဉ္စင်း တက် နေရာ ၊ ဦးစန္ဒာသီရိ ဖြစ်နေချေပြီ ။



လောကကြီး ကို စိတ်နာနာ ရှိသည် နှင့် အညီ သစ်ပင် အောက် ဝယ် စိပ်ပုတီး ကို ချည်း အငြိုး နဲ့ ဖိ စိပ်နေတော့၏ ။ ထိုခဏ၌ မြင့်မြင့် နှင့် သူ ၏ အဒေါ် ၊ ဦးလေး တို့ မှာ လှူဖွယ်ဝတ္ထုများ နှင့် ပေါက်လာ ကြတော့၏ ။



“ ဒုက္ခ ရှာလို့ ဒကာကြီးရယ် ”



“ သုခ ရှာလို့ လှူဒါန်းတာပါ ဘုရာ့ ”



လူကြီး နှင့် အဒေါ်ကြီး ၊ မြင့်မြင့် တို့ က ဦးချ လိုက်ကြ၏ ။ လူကြီး သည် ဦးပဉ္စင်း ကို ပြုံးပြုံး ကြည့်ရင်း ...



“ ဦးပဉ္စင်း က ဟိုတုန်းက ပြောတာ တကယ် မှတ်သွားတာကိုး ၊ တပည့်တော် က ဦးပဉ္စင်း အကြောင်း မသိသေးလို့ ပြောလိုက်ရတာ ၊ မြင့်မြင့် မှာ စပ်ထားတဲ့ လူ မရှိပါဘူး ။ ဦးပဉ္စင်း အကြောင်း စုံစမ်းချင်တာ က တစ်ကြောင်း ၊ ဦးပဉ္စင်း ရဲ့ မေတ္တာခိုင်မြဲမှု ကို စုံစမ်းချင်တာ က တစ်ကြောင်း ကြောင့် ဒီလို ပြောလိုက်ရတာပါ ဘုရား ။ ဦးပဉ္ဇင်း မိတ်ဆွေ မောင်းသန်းစိန် လက်ဖက်ရည် လာသောက်တော့ မှ အကြောင်းစုံ သိရပြီး အခု ဆို ရင် သဘောတူပါတယ် ဘုရား ”



ဟု ရှည်လျားစွာ လျှောက်ချလိုက်ရာ ဦးပဉ္စင်း မှာ သိက္ခာ ကိုပင် မထိန်းနိုင်တော့ဘဲ “ ဟ ... နိပ်ဟ ... ဒကာမလေး ရေ ” ဟု ရေရွတ်မိတော့သည် ။



စိုးဝင်း သည် ငယ်စဉ် က ကိုရင် ဝတ်ရာ တွင် ထမင်း ဆာ ၍ အဝါဝတ် ဖြစ်သော သင်္ကန်း ကို ကျွတ်ခဲ့ရ၏ ။



ယခု လည်း အဝါ တစ်ဝါ ကျွတ်ရပေဦးမည် ။ သည် တစ်ခါ ကား ထမင်း ဆာ၍ မဟုတ်ပါ ။ ယမင်း ဆာသောကြောင့် ဖြစ်ပါသည် ။



⎕ ကြပ်ကလေး



📖 သွေးသောက် မဂ္ဂဇင်း

အမှတ် ၁၄၁

အောက်တိုဘာလ ၊ ၁၉၅၇ ခုနှစ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 07:20


မြန်မာမှတ်လို့ ” ဟု လွှတ်ခနဲ ထွက်သွား လေ၏ ။



“ မြန်မာဖြစ်ဖြစ် ကု,လားဖြစ်ဖြစ်ပေါ့ဗျာ ၊ နောင်ကြီးအရွယ် နောင်ကြီး ခေါ်ကာ ယဉ်ကျေးတာ ပေါ့ ၊ ဂုဏဝုဎ္ဍိ ဝယဝုဎ္ဋိ ဆိုတယ် မဟုတ်လားဗျ ”



ပန်ချာပီကြီး သည် သူ့ ကို ရယ်ရွှန်းပတ်ရွှန်း နှင့် မြန်မာလို ပီပီသသကြီး ပြော၍ ထွက်သွားလေ ၏ ။ စိုးဝင်း ကား မရယ်နိုင်ပါ ။ ယခု လို ကြုံတုန်း ကလေးမ တို့ ၏ နေရပ်လိပ်စာကို မေးသင့်သည် ဟု တွေး မိသဖြင့် ပြန်လှည့်ကြည့်လိုက်ရာ ကလေးမ မှာ တော်တော်လှမ်းလှမ်း သို့ ပင် ရောက်နေပြီ တွေ့ရ သဖြင့် နောက်မှ အူယားဖားယား အပြေးကလေး လိုက်လေ၏ ။ အနီးသို့ ရောက်သောအခါ “ ဒီမှာ ... ဒီမှာ ” ဟု ထပ် ခေါ် လိုက်လေသည် ။



ကလေးမ ၏ လှည့်အကြည့်နှင့် စိုးဝင်း တစ်စုံတစ်ခု သတိပြုမိသည် တို့ မှာ တစ်ချိန်တည်း ဖြစ်နေတော့သည် ။ သူ သတိပြုမိသည် ကား ဤ အစ်မ ဆိုသူ ဝတ်လာသော လုံချည်မျိုး ကို သူ့ ညီမ ဝတ်သည် ကို သတိပြု မိခြင်းပင် ဖြစ်၏ ။



“ ဘာလဲရှင့် ”



“ ဩ ... ခင်ဗျားကလည်း လုံချည်နဲ့ ကိုး ”



ကလေးမ မှာ ပြိုးပြိုးပျာပျာ ဖြစ်သွားလေသည် ။ သူ့ ကိုယ် သူ လည်း ငုံ့ကြည့်လိုက်သေး၏ ။



“ လုံချည် မဟုတ်လို့ ဘောင်းဘီရှည် ဝတ်ရမလားရှင့် ”



“ ဪ .. ခင်ဗျား ညီမ ဝတ်တတ်တဲ့ လုံချည် နဲ့ ပါကလားလို့ ပြောတာပါဗျာ ”



“ ဒါကတော့ ကျွန်မတို့ ညီအစ်မ ဟာ ဆင်တူ ဝတ်ပါတယ် ”



“ ဒါထက် .... ဒါထက် ”



“ ပြောစရာရှိ မြန်မြန် ပြောပါရှင့် ၊ ဒေါ်ဒေါ် ဆူနေဦးမယ် ”



စိုးဝင်း မှာ ကလေးမ များ ၏ အဒေါ် မှာ လက်ဖက်ရည်ဆိုင်ရှင် အဒေါ်ကြီး မှန်း သိသွား၏ ။



“ ပြောပါ့မယ်ဗျာ ၊ ခင်ဗျား ဘယ်မှာ နေသလဲ ”



“ ပဲခူး မှာ လေ ”



“ ဟိုက်ရော့ - မဟုတ်ဘူး လေ ”



“ ဟုတ်ပါတယ် ဒီ မနက် ပဲ လာတာ ၊ အခု လက်ဖက်ရည်ဆိုင် သွားမလို့ ”



“ ကျွန်တော် မေးတာ ခင်ဗျားရဲ့ ညီမ က ဘယ်မှာ နေသလဲလို့ ”



“ ဒေါ်ဒေါ့် အိမ်မှာ ပေါ့ ”



“ မဟုတ်ဘူး ဗျ ၊ လိပ်စာ လိပ်စာ ”



“ လိပ်စာကတော့ ကန်စွန်ရွက် နဲ့ ပေါက်ပေါက်ဆုပ် ပဲ ”



“ ဟာဗျာ မနောက်ပါနဲ့ ၊ ခင်ဗျား ရဲ့ ညီမ နေတဲ့ အိမ်လိပ်စာကလေး သိပါရစေဗျာ ”



ကလေးမ မှာ အရောင်းအဝယ် ကျွမ်းကျင်သူ ဖြစ်၍ မိတ်ဆွေမပျက် စေဘဲ ရယ်စရာကလေး များ ကြားညှပ်၍ စကားလက်ခံခြင်းသာ ဖြစ်ပေသည် ။ သို့သော် ယောက်ျားကလေးများ နှောင့်ယှက်မှု ကို ကြောက်ရ သေး သဖြင့် လိပ်စာ အမှန်ကို မပြောဝံ့ဘဲ ပါးစပ် ထဲ ရှိရာ လမ်းနံပါတ် နှင့် အိမ်နံပါတ် ကို ပြော လိုက်လေ၏ ။ ပြောပြီးသော် ခပ်သုတ်သုတ် နှင့် ထွက်သွားလေ၏ ။



စိုးဝင်း လည်း အောင်မြင်သော စစ်သူကြီး ၏ ခြေလှမ်းမျိုး ဖြင့် အကြောင်းစုံအားလုံး အားပါး တရ ပြန်လည် ပြောပြရန် သန်းစိန် ရှိရာ လက်ဖက်ရည်ဆိုင် သို့ လျှောက်သွားလေတော့၏ ။



( ၂ )



ကလေးမ တို့ လက်ဖက်ရည်ဆိုင် ကား ရုံးများ ကို အားထား၍ ဖွင့်လှစ် ထားသော လက်ဖက်ရည်ဆိုင် ဖြစ်ကြောင်းကို တနင်္ဂနွေနေ့ ရောက်မှ စိုးဝင်း သိရ၏ ။ လက်ဖက်ရည် သွား သောက်သော အခါ ဆိုင် ပိတ်ထားသည် ကို တွေ့ရတော့၏ ။



“ မအေးစိန် - မအေးစိန် ၊ မင်း ကို ငါ တစ်နေ့ မမြင်ရရင် မနေနိုင်ဘူး ကွယ် ”



မနေ့ က မှ သိခဲ့ရသော နာမည်ကလေး ကို ရေရွတ်ရင်း ညည်းတွား နေသော စိုးဝင်း သည် ဤ နာမည် မှာ အစစ် မဟုတ်ကြောင်းကို မသိရှာပေ ။



“ မအေးစိန် ” ကို တစ်နေ့ မမြင်ရလျှင်ပင် မနေနိုင်သော အခြေသို့ ရော က်ရှိနေပြီ ဖြစ်သော စိုးဝင်း သည် မအေးစိန် တို့ အိမ်သို့ သွား လည်ရန် ဆုံး ဖြတ်ချက် ချကာ ဝတ်ကောင်းစားလှ ဖြင့် ထွက်လာခဲ့လေ၏ ။



သူ ရထားသော လိပ်စာပါ အိမ် ကို ခပ်တည်တည် နှင့် ပင် ဝင်သွားလေ ရာ ပက်လက်ကု,လားထိုင် ပေါ်တွင် သတင်းစာ ဖတ် နေသာ အဘိုးကြီး တစ်ယောက် ကို တွေ့ရတော့၏ ။



“ မောင်ရင် က ဘာကိစ္စ ရှိသလဲ ”



“ မအေးစိန် မရှိဘူးလား ခင်ဗျာ ”



“ ဟေ ... ”



“ မအေးစိန်ကို တွေ့ချင်လို့ ပါ ”



အဘိုးကြီး သည် စိုးဝင်း ကို စိုက်ကြည့်လိုက်ပြီး “ ဘာကွ ... မအေးစိန် ၊ မင်းအရွယ်ကလေး နဲ့ များ မအေးစိန် ခေါ်ရသလားကွ ” ဟု ပြောလိုက် ရာ စိုးဝင်း မှာ မျက်လုံး ပြူးသွားမိလေ၏ ။



“ ကျွန်တော့် အရွယ် နဲ့ မခေါ်ရအောင် ကလေးမ က အသက်ဘယ် လောက်ရှိသေးလို့ လဲ ”



“ အေး ... တွေ့တော့ သိမပေါ့ကွာ ၊ ဟေ့ မအေးစိန် ဟောဒီမှာ မင်း ဘကြီး လား မသိဘူး ... တွေ့ချင်လို့ တဲ့ ”



“ လာပြီတော့ ” ဟူသော အသံ နှင့် မရှေးမနှောင်းပင် ထွက်လာသော အသက် ၅၀ ခန့် မိန်းမကြီး ကို တွေ့ရသော စိုးဝင်း မှာ မျက်စိများ ပြာသွားပြီး “ ဟာ ... အိမ် မှားလို့ ဒေါ်ဒေါ်ရေ ” ဟု ဆိုကာ လှည့် ဆင်းပြေး လာခဲ့လေ၏ ။



“ မမှားပါဘူး ကွဲ့ ၊ ငါ ဟာ မအေးစိန် ပါပဲ ”



စိုးဝင်း မှာ နောက်သို့ ပြန် မလှည့်ကြည့်တော့ပေ ။ ဝင်းခြံကလေး မှ ထွက်၍ ပလက်ဖောင်း ပေါ် ရောက်အောင် သုတ်ခြေတင်လေတော့သည် ။



“ ဟင်း ... တော်တော် ရက်စက်တဲ့ မေပဲကွာ ”



ပလက်ဖောင်း ပေါ် ရောက်မှ စိုးဝင်း မှာ ညည်းညူမိလေတော့၏ ။ နာမည် မှား ၊ လိပ်စာ မှား ကို ပေးရက်သော ကလေးမ ကို ယူကျုံးမရ ဖြစ်မိသည် ။ သို့သော် ယောက်ျားတို့ လုံ့လ မိန်းမ ရ မှ လျှော့မည် ဟူသောဇွဲဖြင့် “ ဒါလောက်တောင် ဖြစ်လှတာ ၊ မတွေ့ တွေ့ အောင် ရှာမယ်ကွာ ” ဟု သန္နိဌာန် ချလိုက်၏ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 07:20


ထိုခဏမှာ ပင် သူ့ ဘေး က လူ တစ်ယောက် ဖြတ် သွား၏ ။ ထို သူ ကို မြ င်သောအခါ စိုးဝင်း သည် အကြံ တစ်မျိုး ရ၏ ။ ထိုသူ ကား စာပို့လုလင် တည်း ။ ထို့ကြောင့်ပင် နောက်မှ ပြေးလိုက်၍ “ ဟေ့ ဟေ့ ” ဟု ခေါ်လိုက် ရာ ... လမ်းသွားလမ်းလာ တို့ မှာ ခါးပိုက်နှိုက် ဟု ထင်သွားကြ၍ ဘာမပြော ညာမပြောနှင့် ဝိုင်းဖမ်းကြလေရာ စာပို့လုလင် ခမျာ မှာ မြေကြီး ပေါ်တွင် မေ့လဲ သွားရှာတော့၏ ။



“ ဘာပါ သွားလို့ လဲ ”



“ ခင်ဗျားတို့ က ဘာလို့ ထိုးကြရတာလဲဗျာ ”



“ နို့ ... ခါးပိုက်နှိုက် မဟုတ်ဘူး လား ”



“ ထွက်တေရီ စာပို့လုလင် ဗျ ၊ ခါးပိုက်နှိုက် ဆိုရင်ကော ဒါလောက် ဝိုင်း ထိုးရသလားဗျ ၊ ဂါတ် ကို ပို့ရမှာ ပေါ့ ”



လူစု သည် လည်း ဆူညံဆူညံ နှင့် ထွက်သွားကြလေတော့၏ ။ စိုးဝင်း တစ်ယောက်တည်း စာပို့လုလင် နား ရပ်နေချိန်ဝယ် စာပို့လုလင် သည် သတိရ လာလေ၏ ။ သတိရလာသည် နှင့် တစ်ပြိုင်နက် ဘာမပြော ညာမပြော နှင့် စိုးဝင်း ကို ထ ထိုးလေရာ အမှတ်တမဲ့ ဖြစ်သွားသော စိုးဝင်း မှာ ဖင်ထိုင်ရက် ကြီး ကျသွားလေ၏ ။



စိုးဝင်း မှာ ချက်ချင်း ဒူးထောက်လိုက်၍ စာပို့လုလင်ကို တောင်းပန် လေတော့သည် ။



“ ဒေါသ ရှေ့မထားပါနဲ့ နောင်ကြီး ရာ ”



“ ဘာ အခုမှ ဒေါသ ရှေ့မထားပါနဲ့ လဲ ၊ မင်းတို့ က ဝိုင်းထိုးကြတော့ ကောင်းသလားကွ ”



“ ဝိုင်း ထိုးတာ မဟုတ်ပါဘူး ”



“ လူစုနဲ့ ထိုးတာ ဝိုင်း ထိုးတာ မဟုတ်လို့ ရှည်မျောမျော ထိုးတာလား ကွ ”



“ မဟုတ်ပါဘူးဗျာ ၊ ကျွန်တော် က ခင်ဗျား ကို လိုက်ခေါ်နေတာ ကို လမ်းသွားလမ်းလာတွေ က ခါးပိုက်နှိုက် မှတ်လို့ ဝိုင်းထိုးကြတာပါဗျာ ။ ကျွ န်တော် အပါအဝင် ဝိုင်းထိုးတာ မဟုတ်ပါဘူး ၊ ကျွန်တော် က အထိုးခိုင်း တာလည်း မဟုတ်ပါဘူး ၊ အခု ကျွန်တော် ရှင်းပြလိုက်လို့ သွားကုန်ကြပါပြီ ”



စာပို့လုလင် သည် ကျေနပ်သွားဟန်ဖြင့် နောက်စေ့လေး ကို ပွတ်သပ်လိုက်ပြီး “ နေပါဦး ... ခင်ဗျား က ကျုပ် ကို ခေါ်တာ မီးခြစ်ကျောက် ရောင်း တဲ့ လူမှတ်လို့ လား ” ဟု စိုးဝင်း ကို မေး လိုက်လေ၏ ။



“ မဟုတ်ပါဘူး စာပို့လုလင် မှန်း သိပါတယ် ”



“ ဪ .. ခင်ဗျား မန်နီအော်ဒါ ပါလို့ လား ”



“ မဟုတ်ပါဘူးဗျာ ၊ ခင်ဗျား ရဲ့ အကူအညီ ကို လိုလို့ ပါ ”



စာပို့လုလင် သည် အံ့အားသင့် သွားလေသည် ။



“ ဆိုစမ်းပါဦးဗျာ ၊ ဘယ်လို ကူညီရမလဲ ”



“ ခင်ဗျားတို့ က စာပို့လုလင် ဆိုတော့ အိမ်တွေ တော်တော်များများ သိ တယ်မဟုတ်လား ၊ အဲဒီ တော့ ကျွန်တော့် ကို အိမ် တစ်အိမ် ရှာပေးစေချင်လို့ ပါ ”



“ ခင်ဗျား သွားချင်တဲ့ အိမ် က နံပါတ် ဘယ်လောက်လဲ ”



“ ဟာ ... နံပါတ် သိမှ တော့ ခင်ဗျား ကို ဘယ် ရှာခိုင်းမလဲ ”



“ ဒါဖြင့် လမ်းကကော ”



“ မသိဘူး ”



“ ကိုင်း ... ဒါတွေ မသိရင် ထားလိုက်ပါတော့ ၊ ရှာချင်တဲ့ လူ ရဲ့ နာမည် ”



“ အဲ .. သူ့ နာမည် အမှန်ကို မသိဘူး ”



“ ဟင် ... ခင်ဗျား ဟာ က ဘာ သိတာ ရှိသလဲလို့ ”



စာပို့လုလင် မှာ စိတ်တိုလာဟန် ပြတော့ သဖြင့် စိုးဝင်း ခမျာ ကောင်းပန်ရတော့သည် ။



“ စိတ်မဆိုးပါနဲ့ ဗျာ ၊ သိတာတော့ ရှိပါတယ် ။ သူတို့ က အမြွှာပူး ညီအစ်မ ဗျ ”



“ ဒါ ကျွန်တော် က ဘာလုပ်ရမလဲ ”



“ ဘာမှ မလုပ်ရပါဘူး ၊ ပြောပြတာ သူ့ အဒေါ် က လက်ဖက်ရည် ရောင်းတယ်လေ ”



“ လက်ဖက်ရည် ရောင်းတဲ့ လူတွေ ရန်ကုန် မှာ ရိုက်သ,တ်လို့ မကုန် ဘူး ။ တရုတ်ယူမလား ၊ ကု,လားယူမလား ၊ မြန်မာယူမလား ၊ ချစ်တီးယူမ

လား ”



“ တော်ပါတော့ဗျာ ၊ မြန်မာပဲ ယူပါ့မယ် ။ ကျွန်တော် ပြောတဲ့ လက်ဖက်ရည်ဆိုင်က ရုံးတွေ နား မှာ ဗျ ”



ဤတွင် စာပို့လုလင် ၏ မျက်နှာ မှာ ဝင်းကြည် လာလေတော့သည် ။



“ ဪ ... သိပြီ .. သိပြီ ... ပိုက်ဆံ သိမ်းတာ ကောင်မလေး ချောချောတစ်ယောက် လေ ဟုတ်လား ”



“ အဲ ... အစစ်ပေါ့ ၊ အဲဒီ သူတို့ အိမ် ရှာနေတာ ”



“ လာ .. လာ ... သူတို့ အိမ် က ဟိုဘက် လမ်းထဲမှာ ဗျ ”



သတ္တဘာဂများ စာပို့လုလင် ယောင် ဆောင်လာသလော ဟု စိုးဝင်း စိတ်ဝယ် စောမိတော့ သည် ။ စာပို့လုလင် သည် အိမ်အနား အထိ လိုက် လာပြီး မှ စိုးဝင်း ကို ထား၍ ထွက်သွား၏ ။



အိမ်ပေါက်ဝ ဝယ် အသက် ၄၀ ကျော် ခန့် ရှိ လူ တစ်ယောက် သည် စိုးဝင်း ကို ကြည့် နေလေသည် ။



“ ဒီမှာ ဗျ ... ဒီ အိမ် က အဒေါ်ကြီး ဟာ လက်ဖက်ရည်ဆိုင် ဖွင့်တယ် မဟုတ်လားဗျာ ”



“ ဟေ့ ... မင်း အရူးလား ၊ တို့ က ကတာခုန်တာတွေ ဝါသနာ မပါဘူး ”



စိုးဝင်း မှာ အူကြောင်ကြောင် ဖြစ်သွားတော့သည် ။ ဤလူကြီး သည် အရူးလော ဟု တွေးမိ၏ ။



“ ဦးကြီး ဒီ အိမ်ရှင်လား ”



“ အသက် မသေလို့ ငါ့ ကို တွေ့ရတာပေါ့ကွ ”



ဟုတ်ပြီ ... ဤ လူကြီးကား အရူးပင် ဟု စိုးဝင်း မှတ်ချက်ချလိုက်၏ ။ စင်စစ် ဤ လူကြီး မှာ မရူးပါ ။ နားတော်တော်လေးသူ တစ်ယောက် သာ ဖြစ်၍ ကလေးမ ၏ ဦးလေး တော်ပါသည် ။



“ ခင်ဗျား ဖယ်ဗျာ ၊ ကျုပ် အိမ်ရှင် နဲ့ တွေ့ချင်တယ် ”



“ အလို .... ငါးရှဉ့် ကို တို့ မစားဘူးကွ ”



လူကြီး ကား ကြားမိကြားရာတွေ လျှောက် ဖြေနေသည် ။ စိုးဝင်း သည် ဘာမျှ ထပ်မပြောတော့ ဘဲ စိတ် က တို လာပြီ ဖြစ်သဖြင့် လူကြီး ၏ နားရင်း ကို တစ်ချက် ပစ်အုပ်လိုက်ပြီး အိမ်ထဲ သို့ ဝင်လာ လေ၏ ။



အိမ်တွင်း သို့ ရောက်သည် နှင့် တစ်ပြိုင်နက် ကလေးမ ကို တွေ့ရတော့သည် ။



“ အလို ရှင် ဘာလာ လုပ်သလဲ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

25 Oct, 07:20


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Tuesday, October 22, 2024
တစ်ဝါ ကျွတ်ပြန်ပေါ့
❝ တစ်ဝါ ကျွတ်ပြန်ပေါ့ ❞

( ကြပ်ကလေး )



“ ဟေ့ ... သန်းစိန် တစ်ချက်ထိုး နေပြီကွ ၊ လက်ဖက်ရည် သွား သောက် ကြစို့လေကွာ ”



“ တယ်လည်း ဝီရိယ ရှိနေပါကလား စိုးဝင်း ရ ”



“ လက်ဖက်ရည် သောက်တာ ဝီရိယ ထုတ်နေရဦးမှာ လားကွ ”



“ နာတိပါတယ် တာလိကာရယ် ။ မင်း လက်ဖက်ရည် သောက်ချင်လွန်းလို့ မဟုတ်ပါဘူး ၊ ပိုက်ဆံ သိမ်းတဲ့ ငတိမလေး ကို မင်းမျက်စိကျနေပါတယ် ”



စိုးဝင်း က “ ဟဲ ... ဟဲ .. ဟဲ ... ” ဟု သာ သွားကို ဖြီး ပြလိုက်နိုင်တော့သည် ။ အဘယ်ကြောင့် ဆိုသော် သန်းစိန် ပြောသော စကားများ မှာ မှန်ကန်နေသောကြောင့်တည်း ။



မနေ့ နေ့လယ် က ရုံး အနားပေးချိန် တွင် ဆိုင်သစ် ဖွင့်ခါစ မြန်မာလက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင် သွားသောက်ကြရာဝယ် ပိုက်ဆံ သိမ်း သော စားပွဲဝယ် ဆိုင်ရှင် ဖြစ်ဟန်တူသော အဒေါ်ကြီး တစ်ယောက် နှင့် သမီး လား ၊ အမျိုး လား ခွဲခြား မသိရသော မိန်းမပျိုကလေး ကို တွေ့ခဲ့ရသည် တွင် စိုးဝင်း ၏ မျက်လုံး ထဲ မှ မထွက်နိုင်ဘဲ ရှိချေတော့သည် ။ ယခု လည်း ဤ လက်ဖက်ရည်ဆိုင် သို့ ဤအကြောင်း ကြောင့် သွားလို၍ မိတ်ဆွေ သန်းစိန် ကို ဤသို့ ခေါ်မိခြင်း ဖြစ်လေ၏ ။



ဤကဲ့သို့ နိဒါန်းချီ ပြီးနောက် နေ့စဉ်ရက်ဆက် ဤ လက်ဖက်ရည်ဆိုင် သို့ စိုးဝင်း သွားသည် ကို စာဖတ်သူ တို့ တွေးမိကြပြီး ဖြစ်ပေလိမ့်မည် ။



သို့ဖြင့် စနေနေ့ သို့ ရောက်ခဲ့လေသည် ။



စိုးဝင်း အဖို့ ယနေ့ သိပ် မဟန်လှပေ ။ လက်ဖက်ရည်ဆိုင် တွင် ကလေးမ ကို မတွေ့ရချေ ။ အဒေါ်ကြီး ကို မေးကြည့်ရန်လည်း မဖြစ် ။ နေမထိ ထိုင်မသာဖြစ်ပြီး လက်ဖက်ရည်ကြမ်း ကို ပင် မသောက်တော့ဘဲ ဆိုင် ထဲ က ထွက်လာခဲ့လေသည် ။ ပါရမီဖြည့်ဘက် သန်းစိန် က လည်း နောက်မှ ကုပ်ကုပ် ကုပ်ကုပ်နှင့် လိုက်လာသည် ။



စိုးဝင်း သည် ရည်ရွယ်ချက် အထူး မရှိဘဲ လျှောက်မိလျှောက်ရာ လျှောက်လာခဲ့လေ၏ ။ ထိုခဏ၌ သန်းစိန် သည် စိုးဝင်း ၏ ကျောသို့ ပုတ် ကာ “ ဟေ့ .. ဟိုမှာ .. ဟိုမှာ ” ဟု ပြော၍ ရှေ့သို့ ညွှန်ပြလိုက်၏ ။ စိုးဝင်း လည်း သန်းစိန် ပြ ရာ ကြည့်လိုက်သောအခါ ၊ သူတို့ ဆီ သို့ ဦးတည်၍ ပလက်ဖောင်းပေါ်မှ လျှောက်လာသော ကလေးမ ကို တွေ့ရတော့၏ ။



“ ဟေ့ စိုးဝင်း မင်း ဒီလောက် စွဲနေရင် လည်း စကားလေးဘာလေး စပ်ပြုပြီး ပြောကြည့်ပေါ့ ကွာ ၊ ငါ ဟိုနား က တရုတ်လက်ဖက်ရည်ဆိုင် ထဲ သွားပြီး စောင့်နေမယ် ”



ပြောပြောဆိုဆို သန်းစိန် ထွက်သွားလေရာ ၊ စိုးဝင်း မှာ ရင်ထဲ တဒိတ်ဒိတ် နှင့် ကျန်ရစ်ခဲ့လေ၏ ။ ကလေးမ မှာ တစ်လှမ်းချင်း နီးကပ် လာလေ ရာ တစ်ချက် စိုးဝင်း ကို မျက်လုံးလှန် အကြည့်တွင် စိုးဝင်း က မျက်လုံးချင်းဆုံမိသည် ၌ သန္နိဋ္ဌာန် ချပြီး ဖြစ်သည့် အတိုင်း ပြုံးပြ လိုက်လေ၏ ။ သို့သော် ကလေးမ မှာ အနောက်လက်ယာဘက် ယွန်းယွန်းဆီသို့ လှည့်ကြည့်လိုက်ရာ စိုးဝင်း ၏ အပြုံး မှာ သူနှင့် မဆိုင်ဘဲ တစ်စုံတစ်ယောက် ကို ကျော်၍ ပြုံးဘိ သကဲ့သို့ ဖြစ်သွားသည် နှင့် တစ်ပြိုင်နက် အနီး ရှိ ဆိုင်တစ်ဆိုင် မှ ကု,လားသည် ထိုင်ရာမှ ထ လာပြီး စိုးဝင်း ကို “ ဘာယူမလဲ ဆရာ ” ဟု မေး လိုက်လေ၏ ။



ဤတွင် စိုးဝင်း မှာ ဆတ်ခနဲ ဖြစ်သွားပြီး သူ့ ကို ပြန်ကြည့်နေပြီ ဖြစ် သော ကလေးမ ကို စိုက်ကြည့်လျက် “ မင်း ကို ငါ ပြုံးပြတာ ၊ ဟိုကု,လား ကို မဟုတ်ဘူး ” ဟု ပြော လိုက်လေ၏ ။



“ ရှင်က ကျွန်မ ကို ပြုံးပြရအောင် ကျွန် မကို သိလို့ လား ”



“ သိရုံတင် မကဘူး .. မင်းကို ငါ ချစ်နေပြီ ”



စိုးဝင်း သည် အရဲစွန့် ၍ ပြောလိုက်ရာ တွင် ကလေးမ ၏ မျက်နှာ မှာ ပရုတ်ဆီများ ဖြင့် ပွတ်လိုက်သကဲ့သို့ ရဲ သွားလေ၏ ။



“ ရှင့် ကို မှ ကျွန်မ တစ်ခါမှ မမြင်ဖူးဘဲ ”



“ ဘယ့်နှယ် မမြင်ဖူးရမှာ လဲ မင်းတို့ လက်ဖက်ရည်ဆိုင် မှာ ငါ ခဏ ခဏရောက်နေတာ ”



“ အို ... ရှင် လူမှားပြီ ၊ ဟိုဟာ က ကျွန်မ ရဲ့ အမြွှာပူး ညီမ ရှင့် ”



အမှန် မှာ ကလေးမ သည် မိန်းမတို့ ၏ ဇဝနဉာဏ် ဖြင့် လိမ်လိုက်ခြင်းသာ ဖြစ်သည် ။ အဘယ် မိန်းကလေး သည် အကြောင်း မသိသေးသော ယောက်ျားတစ်ဦး နှင့် နှစ်ယောက်ချင်း စကားကြော ရှည် ပြောနေနိုင်ပါမည်နည်း ။



“ ဟင် .. ဟုတ်လား ”



“ ဟုတ်တယ် ”



“ ဒါဖြင့် မှားလို့ ဗျို့ ... ။ ကျုပ်ချစ်တာ ခင်ဗျား မဟုတ်ဘူး ၊ ခင်ဗျား ညီမ ဗျို့ ”



“ ဟင် ... ရှင့် အချစ် ကလည်း ဘယ့်နှယ်လဲ ၊ ဟို လူ့ ချစ် ၊ ဒီ လူ့ ချစ် နဲ့ ”



“ ဒါကတော့ မှားတဲ့ အခါ မှားပေမပေါ့ဗျာ ”



စိုးဝင်း သည် ဦးရှံစား လေသံ ကို ကာတွန်းဆရာကြောင်ပိန် ဆီမှ တိုက်ရိုက်ခိုးယူလိုက်ပြီး ခပ်ပြုံးပြုံး ဖြင့် ကလေးမ ကို လမ်းဖယ် ပေးသလို နောက်တစ်လှမ်း ဆုတ်လိုက်ရာ နောက်က လျှောက်လာသော ဘောင်းဘီဝတ် တစ်ဦးမှာ သူ ၏ ရုတ်တရက် လှမ်း လိုက်သော ခြေထောက် ကို ခလုတ် တိုက်၍ ဟပ်ထိုးကြီး လဲကျလေတော့၏ ။ စိုးဝင်း မှာ များ စွာ အား နာသွားပြီး “ မတော်လို့ ပါ နောင်ကြီးရာ ” ဟု တောင်းပန်စဉ် ပြန်ထလာ သော ထိုသူ က သူ့ ဘက်လှည့်၍ ပြုံးလိုက်သည် တွင် ပန်ချာပီကြီး တစ်ဦး ဖြစ်နေသည် ကို တွေ့ရသဖြင့် “ ဟာ ...

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 12:16


ရာသီဥတုအခြေအနေမကောင်းတော့ ဂရုစိုက်ကြပါဗျ

good night
#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 12:11


တောလမ်းကလေးတွေဆီကပြန်လာတိုင်း
ချစ်ရတဲ့နောက်ဆုံးအကြည့်မျိုးနဲ့ ကြည့်လာခဲ့လိုက်မယ်
ငါ့ပုခုံးပေါ်မှာတင်ထားမယ့်ငှက်ကိုတော့
စာလေးတွေရေးရေးပေးပြီး
ကမ္ဘာမြေရဲ့ချစ်လှစွာသောဟာဝိုင်အီကျွန်းတွေဆီပျံသန်းခိုင်းမယ်
ပြီးရင်
ပြန်မလာတော့ဘူးပြန်မလာတော့ဘူးလို့ပဲအသံထွက်တဲ့
စီဒီပြားတစ်ခုကို ဖွင့်ပြီး
လွမ်းလိုက်တာလို့ တစ်ခွန်းတည်းသောစကားကိုဆိုမယ်
မသေခင်တောင်ကုန်းလေးတစ်ခုကိုဝယ်မယ်

- သျှာဒ်
- မသေခင်တောင်ကုန်းလေးတစ်ခုကိုဝယ်မယ် မှ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 12:09


အဖြေ ။ ။ ဝင်းဝင်းကြည် မည်သော မြန်မာမိန်းမ ၏ သား ၊ စက်ရှင် မည်သော တရုတ်ကလေး သည် ပတ်ချာလည် သဖြင့် ရတနာသုံးပါး ကို ခိုကိုးမည်ဟု ကြံစည်လေ၏ ။ အောင်ချက် ဆို သူ တည်ရာဖြစ်သော သန်လျက်ကုန်ဆုံးသည့် ဌာနဝယ် ၊ ရှေးအဆက်ဆက် က မ တ်ကျော်မည်သော ဘုရားအလောင်းတော် သည် သစ္စာပန်းပွင့်သည့် ဆု ကို ရှာဖွေသိမြင် ၍ နတ်တို့ ၏ ရွာ ဖြစ်သော လူတို့ ၏ မြေကြီး ၌ ကိုးကွယ်ပါစေဟု ဘုံကလေး နှင့် နေသည့် ရေချမ်း အမည် ရှိသော နတ်သား ဖျား စဉ် က နဂါးများ ဖြင့် ပြုလုပ် ထားသော တရုတ်ဗိမာန် ကို လှူသကဲ့သို့ ပုံသဏ္ဌာန် မပြားသော ( ဝါ ) လုံးသော ရွှေစင်ဖြင့် ပြုလုပ်သော သား ကို ဝယ် လေ၏ ။ ထို သား သည် ပွင့်သစ်စ ပန်းကဲ့သို့ ထွားထွားကြီး ဖြစ်နေသော ပုလဲနှစ်လုံး ကဲ့သို့ အဖြစ်သနစ်များ တောက်ပကုန်စင် နေသည့် မြွေအရှင် ၏ အရောင် ကဲ့သို့ မသေမချင်း တောက်ပ ကုန်စင်နေလေရာ နေ့ရော ညဉ့် ပါ သူ့ ကို ဖုံးထားလိုက်မှ ပတ်ဝန်းကျင် ၌ နေထိုင်ကြသော လူအယောက် တစ်သောင်းလုံး ပျော်ရွှင်ကြရလေတော့သည် ။

မေးခွန်း ( ၅ ) ။ ။ “ လသာသောည ” အကြောင်း ကို စာစီကုံးပါ ။

အဖြေ ။ ။ လသာသောည

လ သည် ကောင်းကင်၌ အမြင့်ကြီး ဖြစ်နေသည် ။ သူ သည် တိမ်တို့ ၏ ရှောင်ကြဉ်ခြင်း ခံရ သဖြင့် ကြည်လင်သန့်ရှင်း နေလေသည် ။ လေ သည် ထင်းရှူးပင်များ အကြား၌ ညည်းညူနေ၏ ။ ငွေပြားကြီး ခင်းထား သကဲ့သို့ ဖြစ်နေသော ကန်ရေပြင် ၏ ဆံပင်အကောက်လေးများ သည် မြင်ခြင်း ကို ခံနေရလေသည် ။

ငှက်ကလေး တစ်ကော င်သည် မိုးကောင်ကင် ၌ အမြင့်ကြီး ပျံသန်း နေရာမှ အောက်သို့ ဒိုင်ဗင် ထိုး ဆင်းလာခဲ့သည် ။ လရောင်ခြည်သည် ကန်ရေပြင် ကို နှုတ်ခမ်းချင်း စုပ်နေသော နေရာ၌ ငါးကလေး သည် လျှောတိုက်၍ သွားနေသည် ။

ည ၏ တိတ်ဆိတ်ခြင်း သည် ငါ ၏ တစ်ယောက်တည်း နေခြင်း နှင့် တွဲဖက် အဖော် ပြုလှာသည် ။

အိုး ... ဘယ့်ကလောက် နှစ်သက် အားရစရာ ကောင်းလှသည့် လ သာသော ည ဖြစ်ပါ သနည်း ။

( ၃ )

ဤကား ‘ ဦးနောင်ဒိုင်း ’ ၏ အဖြေလွှာများ ပေတည်း ။

မျက်ဖြူ တော့ ဆိုက်ပါပြီ ။

သို့သော် ဆရာ မကြိုက်ပါ ။

အဘယ့်ကြောင့် ဆိုသော် မျက်ဖြူဆိုက်သည် မှာ လူနာ မဟုတ်ပါ ။
ဆရာ သာ ဖြစ်ပါသည် ။

မျက်ဖြူ တော့ ဆိုက်ပါပြီ ။

သို့သော် ဆရာ မကြိုက်ပါ ။

လူနာ အစား ဆရာ က မျက်ဖြူ ဆိုက် နေရပါပြီ ။

▢ ကြပ်ကလေး

📖 နှစ်ငါးဆယ် ရွှေရတု တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း

.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 12:09


“ ကလေး တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ကြော်ငြာရမှာ ရှက်လို့ ကလေး လို့ ကြော်ငြာတာပါ ။ အခု မြန်မာစာ ကို ရုံးသုံး ဆိုတော့ ကျွန်တော် တတ်ချင်လာရတာပေါ့ ။ ကျွန်တော့် နာမည်က ဒေးဗစ် လေ ။ အဲဒီ နာမည် ကို မြန်မာ လို ပြန်ဆိုပေစမ်းပါ ”

အဲဒါမှ ကျပ်လှပါတော့သည် ။ ဘာသာပြန်စာပေအသင်း က တောင် နာမည် ကို ဘာသာပြန်ရိုး ထုံးစံ မရှိပါ ။ တစ်ခါတစ်ရံ တရားဟော ဓမ္မကထိက ပုဂ္ဂိုလ် အချို့ သော ပါဠိ အမည်များ ကို မြန်မာလို ပြန်လေ့ ရှိကြပါသ ည် ။

“ ဒေးဗစ် ကို မြန်မာ လို ပြန်ရမယ်လား ”

“ ဟုတ်ကဲ့ ... ဆရာ ”

“ ဒေးဗစ် ပဲ ပေါ့ဗျ ”

“ ဟာ ... ဒါ အင်္ဂလိပ်နာမည်ပဲ ။ တော်တော်ကြာ မြန်မာအစိုးရ က နာမည်တွေ မြန်မာ လို ပြန်ရမယ် ဆိုရင် ခက်မယ် ။ ရအောင်သာ ပြန်ပေးစမ်းပါ ”

ကျွန်တော် လခ နှစ်ရာကို အလွတ် မခံနိုင်ပါ ။ ကြိုးစားရပါတော့မည် ။

“ ဒေးဗစ် ကို မြန်မာလို ပြန်ရင် ‘ ငတိ ’ ၊ ပေါ့ဗျ ”

“ ဟင် ... ဘယ့်နှယ် နာမည် လဲ ။ မြန်မာလူမျိုးတွေ ကို ကျွန်တော် သိ သမျှ ထဲမှာ ဒီ နာမည်မျိုး လည်း မပါပါလားဗျ ”

“ ဘယ်ပါမလဲ ၊ မြန်မာတွေ က မွေး ကတည်းက မြန်မာ နာမည် မှည့် ထားတာ ၊ ခင်ဗျား နာမည် က ဘာသာပြန် နာမည်ကြီးပဲ ”

“ ဒါဖြင့် ဘာသာ မပြန်ပါနဲ့ တော့ ၊ ကျွန်တော့် ကို မြန်မာနာမည် စစ်စစ် သာ မှည့်ပေးပါ ဆရာ ”

ကု,လားကြီး မှာ လေသံ ပျော့သွားရှာပါသည် ။

“ ဪ ... မြန်မာနာမည် စစ်စစ် လား ၊ ရမယ် ... မြန်မာနာမည် စစ်စစ် မှ တစ်ပေါင် ခုနစ်ကျပ် ခွဲ ... ”

“ တော်ပါတော့ ဆရာ ၊ နာမည် ကို သာ ပြောပြပါ ”

“ ခင်မောင်ရင် ... လို့ မှည့်ပေါ့ ”

“ ဟာ ... နာမည် က သုံးလုံး တောင် လား ၊ သုံးလုံး ဟာ ရခိုင် နာမည် ဆို ”

“ တူတူပေါ့ဗျ ၊ ရခိုင် လည်း မြန်မာ ပဲဟာ ။ ဒါ ပြည်ထောင်စု ဗျ ”

ကျွန်တော် စားပွဲ ကို ပုတ်ရင်း ပြော လိုက်ပါသည် ။

“ ဒါ ပြည်ထောင်စု မဟုတ်ပါဘူး ။ ကျွန်တော့် စားပွဲပါ ”

ကု,လားကြီး က တစ်ပန်းသာ သွားပါတော့သည် ။ နောက်ဆုံးတွင် သူ့ နာမည် သူ ရွေးကာ ယဉ်ယဉ်ကျေး ပင် “ နောင်ဒိုင်း ” ဟု ကင်ပွန်းတပ်ခြင်း ခံယူ လိုက်ပါတော့သည် ။ ဒေးဗစ် ခေါ် နောင်ဒိုင်း မှာ မြန်မာစာ ကို တော်ရုံတန်ရုံ မျှသာ တတ်ချင်သူ မဟုတ်ပေ ။ ဆရာကြီးလုစ် တို့ လောက် တတ်ချင်နေသူ တစ်ယောက် ဖြစ်လေသည် ။ မြန်မာလင်္ကာများ ၊ စကားပြေများ ၊ လင်္ကာစပ် စကားပြေ များကို ကောင်းစွာ ထုတ်နုတ် တ်မြောက်ချင်သူ ဖြစ်ရကား ကကြီး ၊ ခခွေးတည်း ဟူသော သင်ပုန်းကြီး မှ စ၍ သင်ပေးရသော ကျွန်တော့် မှာ များ စွာပင် အခက် တွေ့နေရပါ တော့သည် ။

သို့သော် ' ဦးနောင်ဒိုင်း ' က လည်း အတော်ပင် ကြိုးစား ရှာပါသည် ။ ဤသို့ဖြင့် တစ်နေ့ တစ်လံ ပန်းကန် ၊ မီးဖိုချောင် ရောက် ဟူသော စနစ်ဖြင့် သင်ကြား လာခဲ့ပေရာ ကျွန်တော့် တပည့် မှာ များ စွာပင် တတ်မြောက် လာပြီ ဖြစ်၍ ကမ္မဝါစာ ကို ပင် ဖတ်နိုင် လာပြီ ဟု ယူဆ လာခဲ့ရပါတော့သည် ။ ခြောက်လ မျှ ကုန်ဆုံးခဲ့ ပြီးနောက် ကျွန်တော် အရည်အချင်းစစ် မေးပွဲ လုပ်မည် ဟု ရက်ချိန်း ပေး လိုက်ပါသည် ။ ဦးနောင်ဒိုင်း မှာ ကျွန်တော်၏ ဂရုစိုက် သင်ကြားမှုကြောင့် စာလုံးပေါင်းသ,တ်ပုံ တွင် များစွာ သေချာမှန်ကန်သူ ဖြစ်သည့် အပြင် များစွာသော သမာသ်နာမ် တို့ ၏ တစ်လုံးချင်း အဓိပ္ပာယ် များကို နားလည်ထားပြီ ဟု ယူဆရပါ၏ ။ မည်သို့ပင် ဖြစ်စေ စာမေးပွဲ လုပ်ကြည့် မှ အရည်အချင်း ကို သိရမည် ဖြစ်သဖြင့် စာမေးပွဲ လုပ်ရခြင်း ဖြစ်ပါသည် ။

ကျွန်တော် ၏ မေးခွန်းစာရွက် မှာ တစ်ရွက် သ,တ်သ,တ် ၊ သူ့ အဖြေစာရွက် မှာ တစ်ရွက် သ,တ်သ,တ် စီ ပင် ဖြစ်ငြား သော်လည်း စာရှုသူတို့ ရှင်းလင်းစေရန် မေးခွန်း တစ်လှည့် ၊ အဖြေ တစ်လှည့် ဖော်ပြ လိုက်ရပါသည် ။

မေးခွန်း ( ၁ ) ။ ။ အောက်ပါတို့ ကို ရှင်းလင်းပြပါ ။
( က ) ကံ
( ခ ) မူလ ၊ မူလီ

အဖြေ ။

( က ) ကံ ဆိုသည် မှာ ကုသိုလ်ကံ ၊ အကုသိုလ်ကံ ၊ လှော်ကားကန် နှင့် ဂျိုးဖြူ ကန်အပြင် များစွာ ကျန်ရှိနိုင်ပါသေးသည် ။

( ခ ) မူလ ဆိုသည် မှာ သစ်ပင်ရင်းမြစ် ဖြစ်၍ မူလီ မှာ အိမ်များ ၏ အောက်ခြေများ တွင် အများအပြား စုပ်ထားသည် ကို တွေ့နိုင်ပါသည် ။

မေးခွန်း ( ၂ ) ။ ။ အောက်ပါတို့ ကို တိုတိုတုတ်တုတ် ဖြေဆိုပါ

( ၁ ) လင်္ကာဒီပကျွန်း ပေါ် ၌ ဝိဇယ နှင့် ချစ်ကြိုးသွယ် သော ဘီလူးမ အမည် ကို ရေးပါ ။

အဖြေ ။ ။ မင်းသုဝဏ် ဖြစ်ပါသည်

( ၂ ) မဏိမေခလာ ဟူသည် အဘယ်နည်း ။

အဖြေ ။ ။ မာရ်နတ် ၏ ဆင် ဖြစ်ပါသည် ။

မေးခွန်း ( ၃ ) ။ ။ သူတော်ကောင်း ဥစ္စာ ခုနစ်ပါး ကို ဖော်ပြပါ ။

အဖြေ ။ ။ ပရိက္ခရာ ရှစ်ပါး မှ အပ် ကို နုတ်လိုက်လျှင် သူတော်ကောင်းဥစ္စာ ခုနစ်ပါး ကို ရပါသည် ။

မေးခွန်း ( ၄ ) ။ ။ အောက်ပါကဗျာ ကို ပိဏ္ဍတ္ထ ပြန်ဆိုပါ ။

စက်ရှင်ပတ်လည် ၊ ဝင်းဝင်းကြည်သား ၊ ကိုးမည်ရတနာ ၊ တည်ရာ အောင်ချက် ၊ ကျွန်းသန်လျက်ဝယ် ၊ ရှေးဆက်မြတ်ကျော် ၊ လောင်းရှင်တော်လျှင် ၊ သိမျှော်သစ္စာ ၊ ပွင့်ဆုရှာ၍ ၊ နတ်ရွာလူ့မြေ ၊ ကိုးကွယ်စေဟု ၊ ဘုံနေနတ်သား ၊ ရေချမ်းဖျားက ၊ နဂါးဗိမာန် ၊ လှူသောဟန်လျှင် ၊ သဏ္ဌာ န်မပြား ၊ ရွှေစင်သားဝယ် ၊ ထွားထွားပွင့်သစ် ၊ ပုလဲနှစ်သို့ ၊ သနစ်လွှဲပြော င် ၊ မွေရှင်ရောင်နှင့် ၊ တောက်ပြောင် မဆုံး ၊ နေ့ညဉ့်ဖုံးသည် ။ သောင်းလုံးပတ်လည် ရွှင်တော့သည်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 12:09


❝ မျက်ဖြူတော့ ဆိုက်ပါပြီ ❞
( ကြပ်ကလေး )

( ၁ )

ကြော်ငြာ ကို ကြည့်၍ ကျွန်တော် အတော်ပင် ဝမ်းသာမိပါသည် ။

‘ အလိုရှိသည် ’

အင်္ဂလိပ်စကား ကို ကောင်းစွာတတ်သည့် ကလေး တစ်ယောက် အား မြန်မာစာ ကို အတန်းမြင့်မြင့် သင်ပေးနိုင်သူ အလိုရှိသည် ။ လျှောက်ထားသူ သည် ရန်ကုန်ကောလိပ်ကျောင်း မှ ဝိဇ္ဇာဘွဲ့ ရသူ ဖြစ်ရမည့် အပြင် မြန်မာစာ ကို လည်း နှံ့စပ်အောင် သင်ကြား နိုင်ရမည့် သူ ဖြစ် မည် ။ သတိ - သင်ပေး ရမည့် ကလေး မှာ မြန်မာစကား ကို မူ ရည်ရည်လည်လည် ပြောတတ်သည် ။ လစာ ကို အရည်အချင်း နှင့် အချိန်ကာလ အလိုက် ပေးပါမည် ။ စာတိုက်သေတ္တာ နံပါတ် ( ... ) သို့ လျှောက်လွှာ တင်သွင်းပါ ။

ကြော်ငြာ ကို ကြည့်၍ ကျွန်တော် အတော်ပင် ဝမ်းသာမိပါသည် ။ ထို့ကြောင့် လျှောက်လွှာကို ချက်ချင်းရေး၍ တင်လိုက်ရာ သုံးရက် ကြာသော ကာလ၌ အလုပ် ခေါ်ဆိုသော စာ ကို အိမ်လိပ်စာ နှင့် တကွ ပြန်လည် ရရှိပါသည် ။

( ၂ )

အိမ်ကြီး ကား နှစ်ထပ်အိမ် ဖြစ်၍ ကျယ်ဝန်း တိတ်ဆိတ်လှ၏ ။ ပိတ် ထားသော သစ်သား တံခါးကြီး ကို ကြည့်၍ ခေါက်ရ ကောင်းမလား ၊ ချောင်းဟန့်သံ ပေးရ ကောင်းမလား ဟု စဉ်းစားနေမိ ပါသည် ။ လူခေါ် ခေါင်းလောင်းကလေးများ ရှိလေမည်လား ဟု တံခါး ပတ်ဝန်းကျင် ကို ဟိုဟိုသည်သည် ကြည့်ပါသော်လည်း ကြိုးနှင့် တူသည့် တီကောင် ကို ပင် မတွေ့ ရပါချေ ။

တံခါးကိုပင် ခေါက်ရပါ တော့မည် ။ နောက်ထပ် အချိန်ဖြုန်း မနေ တော့ဘဲ တံခါး ကို အရှိန်ပြင်း စွာ ခေါက်လိုက်မိရာ ကိုယ့် အတတ် ကိုယ် စူးပြီး လက်ခေါက်များ ပင် နာသွားပါတော့သည် ။

သို့သော် အထဲ က ဘာသံမျှ မကြားရပါ ။ ထို့ကြောင့် ထပ် ခေါက်ရပါဦးမည် ။ ဤ တစ်ကြိမ်တွင် မူကား ခပ်ဖြည်းဖြည်း သာ ခေါက်တော့မည် ဟု လက်ကို မြှောက်လိုက်ကာ မှ တံခါးကြီး မှာ ကျွီခနဲမြည် ၍ ပွင့်ဟသွားလေ တော့ရာ ကျွန်တော့်မှာ ယောင်၍ မြှောက် ထားသော လက်ဖြင့် တံခါးအဝ မှ ထွက်ပေါ် လာသော အမွေးများ ကို ဆွဲလိုက်မိတော့၏ ။

“ အိုး ... အား ... ရှူး ”

အမွေးများ နောက်မှ မျက်နှာကြီး တစ်ခု ထွက်လာသည် တွင် မှ ကျွန် တော် ဆွဲမိသည် မှာ ကြောက်စရာကောင်းလှသော လူဝံတစ်ကောင် ၏ အမွေးများ မဟုတ်ဘဲ ကု,လားကြီး တစ်ယောက် ၏ မုတ်ဆိတ်မွေး မျှသာ ဖြစ်ကြောင်း သိမြင်နားလည် လာမိတော့သည် ။

“ ခင်ဗျား ဘာကြောင့် ကျွန်တော့် မေးစေ့ က ဆံပင်တွေ ကို ဆွဲသလဲ ”

ကု,လားကြီး က မြန်မာလို မေး၏ ။

“ အချိန် နည်းနေလို့ ဖြေရှင်းခွင့် မရတာကို ဝမ်းနည်းပါတယ် ။ ကလေး ကို မြန်မာစာ သင်ပေးဖို့ ကျွန်တော် လာခဲ့ပါတယ် ”

မြန်မာ ဖြစ်သော ကျွန်တော် က အင်္ဂလိပ်စကား ဖြင့် ပြန် ဖြေပါသည် ။ ကျွန်တော့် စကားကို ကြားရသောအခါ ကု,လားကြီး ၏ မျက်နှာမှာ သင်္ကြန် တွင်း က နိုင်လွန် အင်္ကျီ နှင့် ရေပက်ခံရသော မိန်းမပျို ၏ ကျောကုန်း ကဲ့သို့ ရှုံ့တွ သွားပြီးမှ ၎င်း မိန်းမပျို ၏ တင်ပါးကလေး ကဲ့သို့ ချောမွတ် ကြည်လင်လာ၏ ။

“ လာပါ လာပါ ... အထဲမှာ စကား ပြောရအောင် ”

သူ့ ဖိတ်ခေါ်ချက် အရ ကျွန်တော် လိုက်ပါသွားခဲ့၏ ။ ဧည့်ခန်းတွင် ကောင်းကောင်း မွန်မွန် နေရာ ပေး၍ အေးအေးဆေးဆေး ပင် စကား ပြောကြပါသည် ။

“ ခင်ဗျား ဘယ်ဒီဝီဇံ က အောင်ခဲ့သလဲ ”

သူ ဘာကို မေးသည် ကို ကျွန်တော် နားမလည်ပါ ။

“ ခင်ဗျား ဘာကို ဆိုလိုပါသလဲ ”

“ ခင်ဗျား ဘီအေ အောင်တာ ဘယ် ဒီဗီးရှင်း က အောင်လာ သလဲလို့ မေးတာ ”

“ ဪ .. ဒီဗီးရှင်း ကို ပြောတာလား ”

“ ဟုတ်တယ်လေ ၊ ဒီဗီးရှင်း ကို မြန်မာလို ဒီဝီဇံ လို့ ခေါ်တယ် မဟုတ်လား ”

“ ဟုတ်တော့ ဟုတ်တာပေါ့ ၊ ဒါပေမဲ့ စကား တစ်လုံး ကို နေရာတိုင်း မှာ အသုံးအနှုန်း နဲ့ ယှဉ်ပြီး သုံးရင် မှားတတ်တာပေါ့ ။ ဥပမာ - ဘတ္တားဆို တာ ထောပတ် မဟုတ်လား ။ ဖလိုင်း ဆိုတာ ယင်ကောင် ပေါ့ ။ ဒါပေမဲ့ ဘတ္တားဖလိုင်း ကို မြန်မာလို ' ထောပတ်ယင်ကောင် ' လို့ ပြန်ဆို လိုက်ရင် မြန်မာ မပြော နဲ့ ၊ ကျွန်တော် တောင် နားမလည်ဘူး ”

ကု,လားကြီး မှာ ကျွန်တော့် စကားကြောင့် ကြောင်တောင်တောင် ဖြစ် သွားရှာပါသည် ။

“ နေပါဦး .. ခင်ဗျား က ကော မြန်မာ မဟုတ်ဘူး လား ”

“ ဟုတ်တယ်လေ ၊ မြန်မာစစ်စစ် ပေါ့ ။ တစ်ပေါင် ယူရင် ခုနစ်ကျပ်ခွဲ ၊ နှ စ်ပေါင်ယူတော့ ဆယ့်လေးကျပ် ပဲတ င်းနဲ့ ရမယ်ဆိုတဲ့ မြန်မာစစ်စစ် ပေါ့ ”

“ ဘယ်က ပေါင်တွေ ၊ ခြေသလုံးတွေ ပါလာရတာလဲ ။ ခင်ဗျား စောစောက ပြောတော့ မြန်မာ မပြောနဲ့ ၊ ကျွန်တော် တောင် နားမလည်ဘူးဆို ”

“ အင်း ... ကျွန်တော် လျှာလည် ပြီး စကားတွေ မှားကုန်လို့ ပါ ”

“ ခင်ဗျား ကို အလုပ် ခန့် လိုက်ပြီ ။ ခင်ဗျား သိပ်တော်တယ် ။ ခင်ဗျား ပြောတဲ့ စကားတွေ ဟာ သိပ် အဆင့်အတန်း မြင့်တယ် ။ ကျွန်တော် ဘာမှ နားမလည်ဘူး ။ လခ တော့ နှစ်ရာ ယူပါ ။ ညခုနစ်နာရီ က ကိုးနာရီ အထိ လာလာသင်ပါ ။ ကျေနပ်ရဲ့ မဟုတ်လား ”

“ ကျေနပ်ပါတယ်ဗျာ ၊ ဒါထက် စာသင်မယ့် ကလေး ကော ”

ကု,လားကြီး မှာ သူ့ ရင်ဘတ် ကို ပုတ်ပြပါ၏ ။

“ ခင်ဗျား ရင်ဘတ် ဘယ်မှာ မေ့ကျန်ရစ်ခဲ့သလဲလို့ မေးတာ မဟုတ်ဘူး ဗျ ။ မြန်မာစာ သင်မယ့် ကလေး ကို မေးတာ ”

“ ဟုတ်တယ်လေ ၊ အဲဒါကို ဖြေ နေတာပေါ့ ။ ကျွန်တော် သင်မယ်လေ ဆရာ ”

ကျွန်တော့် မျက်နှာ မှာ ပေါက်သွားသော ဘောလုံး ကဲ့သို့ ရှုံ့ခွက်သွားသည် ဟု ထင်မိပါတော့ သည် ။

“ ခင်ဗျား က ကလေးလား ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 11:12


Channel photo updated

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 08:57


အသေတွေတောင် မလုံခြုံရင် အရှင်တွေလည်း ဘာထူးမလဲ*

သူတို့ အဲ့ဘက်ကို လာနေကြပြီ
သမံတလင်းကို အ‌မြှောင်းလိုက် ခြစ်ထုတ်နေတယ်
ကြမ်းအောက်မှာ ခေါင်းတစ်လုံးစာဝင်အောင်အထိ
ပုန်းနေတဲ့ လူတွေ
ပြီးတော့ ‌သမံတလင်းကို စားလိုက်ကြပြီ
အရောင်နှစ်နေရာပြောင်းလိုက်တာနဲ့ပဲ လိုချင်တဲ့ဆီကို
ရောက်တယ်၊ ဒီနေရာမှာဆို အသံနဲ့ အရိပ်
နောက်တစ်နေရာမှာဆို ခပ်ဆင်ဆင် ရုပ်ပုံသုံးကွက်
အဲ့ထဲကမှ နောက်ဆုံးတစ်ခုမှာ လေပူ မှုတ်ထုတ်လိုက်တဲ့အသံ၊ အဲ့လို
ဒါနဲ့ပဲ ပျော်ပွဲစားမြက်ရှည်တွေဟာ အခေါင်းတွေ
ပြောင်းဖူးခင်းတွေကို အိမ်‌အမိုးအုတ်ကြွပ်ပေါ်
မိသားစုလိုက် အစုအဖွဲ့လိုက်
ခဲနဲ့ သတ္တုပင်စည်အ‌ခေါက်နဲ့ သူ့ခေါင်းထဲ အနီးကပ်
တေ့ပစ်လိုက်တဲ့ ဝက်အူချောင်းနဲ့
ဝက်အူချောင်းရဲ့ အမိုးချွန်းဟာ
မြို့တော်ခန်းမရှေ့မှာ လိမ်တွန့်နေတယ်
ဆံပင်တွေကို ဖြေချလိုက်ရင် လူအုပ်ကြီးကျလာတယ်
ကျောက်တိုင်ကို အောက်က ဆွဲလိမ်နေတယ်
တစ်ယောက်ယောက်က၊ ဒါဟာ နှစ်ရှည်လများ
အိပ်မပျော်တဲ့ ကလေးတွေ ကိုင်ထားတဲ့
ခရစ္စမတ်သစ်ပင်ထဲ ချိတ်ထားတဲ့ နားရွက်
ဗောဓိညောင်ပင်ပေါ် လွှားခနဲဝင်လာတဲ့
သွေးစက်တောက် စက်တောက် ရထားတွဲ
မြေပေါ်ကို နင်းတဲ့အခါ အခေါင်းထဲက
ပြောင်းဖူးခင်းတွေ ခုန်ချလိုက်တဲ့အခါ
အရိုးမှုန်တွေ ဆောင့်တက်သွားတယ်
မြက်ရဲ့ စိမ်းရွှင်ရွှင်အနံ့၊ သူတို့က ဘယ်တော့မှ
ခါးဆစ်ကို ချိုးလိုက်တော့ တစ်ခုခုကို
ဝါးမျိုသွားတော့မယ့်ပုံ သူတို့ ယူငင်သွားကြပြီ
နံရံမှာ ပြားကပ်နေတဲ့ အရာ
အဲ့ဒီအရာက အခန်းရဲ့ ဖုထစ်မီးအိမ်လည်း မဟုတ်ဘူး
နဲ့ အဖော်ပြုဖို့ နှာရည်ကျဖို့ ခေါင်းထဲက သံဆူးဓားတွေကို
ဦးနှောက်အသား‌ပျော့ထဲက ပြန်ထုတ်ဖို့
ငါတို့က လူသားစားတဲ့ဝံပုလွေ မဟုတ်ဘူး
နားထဲမှာ သံသေတ္တာနဲ့၊ အချက်ပေးခေါင်းလောင်းလို
တဝါးဝါး သမ်းနေတဲ့ ရေစီးသံလို
ဗိုက်ဆာနေတဲ့ လတွေ၊ အူနေတဲ့ သံချပ်ကာကားအနက်တွေ
ရူးနေတဲ့ယုန်တွေစားတဲ့ အူခွေတွေရဲ့နောက်
ကြမ်းပြင်ပေါ် တရွတ်တိုက်

-ဆောင်းလူ

*သူရိန်လူလေး မြန်မာပြန်ထားတဲ့ (Lawrence Millman ရဲ့ Eskimo Folk Tales - အက်စကီးမိုး ပုံပြင်များစာအုပ်မှ) 'မြူများ‌မွေးဖွားလာခြင်း' ထဲက စာသားတစ်ကြောင်း ဖြစ်ပါတယ်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 08:53


ပျော်တယ် မပျော်တယ်ဆိုတာ
ကျွန်တော့်မှာတကယ်မရှိပါ
ကျွန်တော့်မိသားစုပျော်ရင် ကျွန်တော်ပြုံးပါတယ်
ကျွန်တော့်ချစ်သူပြုံးရင် ကျွန်တော်ပျော်ပါတယ်
ဘယ်သူမှ မပြုံးပျော်တဲ့ လောကကြီးဆို
ကျွန်တော် ဘာအလိုရှိရဦးမှာလဲ
အဲဒီလို အလျော်ရပါတယ်
အဲဒီလို အစားခံရပါတယ်

စိုင်းဝင်းမြင့်
ကျေးဇူးတော်လမ်း

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 08:50


အသံမဲ့စွာ ကျွန်တော် တစ်ယောက် တည်း တီးတိုး ရေရွတ် နေမိသည် ။



••••• ••••• •••••



၇ ။



ပြတင်းတံခါး ကို တွန်းဖွင့် လိုက်ပါက နေရောင်ခြည် နှင့် လေကောင်းလေသန့် တို့ တိုးဝင် ရောက်ရှိ လာကြပေလိမ့်မည် ။ ထို ကိစ္စ မှာ အလွန် သေချာ သော်လည်း ပြတင်းပေါက် ကို ကျွန်တော် မဖွင့်ဖြစ် ။



ပြတင်းတံခါး ဖွင့်ရန် လို ကိစ္စမျိုး ၌ပင် ကျွန်တော် သည် မကြာခဏ တွေဝေတတ်သူ ဖြစ်ပါသည် ။ ။



▢ နေနော်



📖 နှောင်ကြိုးတစ်မျှင်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 08:50


အသည်းကွဲသီချင်းတစ်ပုဒ်နဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီး ဆုတ်ဖြဲပစ်ရတော့မလို…… ။ ။



ဟေ့ ....

( မာရီယာ )

ငါဟာ....

ဟိုးတစ်ခါကတည်းက

မင်းကို...

အလဲထိုးခံပြီး

အစွဲအလန်းကြီးခဲ့တဲ့ ကောင်ပါကွယ်…. ။ ။



••••• ••••• •••••



၅ ။



အကယ်၍ ကျွန်တော့် အား ဆုတောင်း တစ်ခု ကို တောင်းခွင့် ပြုမည် ဆိုပါက ၊ ထို ဆုတောင်း ပြည့်ဝအောင် လည်း ဆောင်ကြဉ်းပေးကြမည် ဆိုပါက ၊ ယခုအချိန်၌ ကျွန်တော့် ပခုံးထက် တွင် မှေးစက် နေသော မာရီယာ အား ကျွန်တော့် ထံ မှ ဆွဲခေါ်သွားမည့် အနှောင့်အယှက် တို့ကို ဖယ်ရှားပေးကြစေလိုပါသည် ။ သို့သော် ကျွန်တော့် ဆုတောင်း မပြည့် နိုင်ကြောင်း ကို ကျွန်တော် ကိုယ်တိုင် သာ အသိဆုံး ဖြစ်၏ ။



အချိန်တန် လျှင် သူမ အိပ်ရာ မှ နိုးထ လာပေလိမ့်မည် ။ ထို့နောက် သူမ ၏ ကားသော့ နှင့် ပိုက်ဆံအိတ် ကို ကောက်ကိုင်ပြီး ကျွန်တော့် မျက်ခုံး တို့ ကို ညင်သာဖွဖွ နမ်းရှိုက်လျက် “ မာရီယာ ပြန်ဦးမယ် ဆရာ ” ဟု နှုတ်ဆက်ပါလိမ့်မည် ။ သည့် နောက်တော့ သူမ ရော ကျွန်တော် ပါ ရင်မော မှုများစွာဖြင့် ခွဲခွာကြရပါလိမ့်မည် ။ ထိုအချိန် သည် သိပ်မကြာခင် ရောက်ရှိ လာတော့မည် မှန်း ကျွန်တော် သိ၏ ။ သို့သော် ယခု တော့ ရောက်ရှိမလာ စေချင်သေးပါ ။



တကယ်တော့ မာရီယာ နှင့်ကျွန်တော် ၏ အိပ်မက် သည် လွန်ခဲ့သည့် ရက် အနည်းငယ်ကပင် ပြီးဆုံးသွားသင့်ပါသည် ။ သို့သော် ကျွန်တော့် အား လက်သည်းညှပ်လေး ပေးခဲ့ပြီး နောက်နေ့ မှာပင် မာရီယာ ကျွန်တော့် ထံ သို့ ရောက်ရှိ လာခဲ့သည် ။ ကျွန်တော့် အခန်းကျဉ်းလေး သို့ ရောက်ရှိလာရန် သူမ ကား အတွက် ဓါတ်ဆီ ဂါလံဝက်ခန့် အကုန်ခံရ၏ ။ လှေကား အထစ် လေးဆယ်ကျော် ကို နင်းတက်ရ၏ ။ ခေါင်းလောင်း တစ်စုံတစ်ရာ တပ် မထားသော အခန်း တံခါး အား သူမ ၏ လက်ဆစ်လေးများ နာသည် အထိ ခေါက်ရ၏ ။ ထို ကိစ္စ အားလုံး အား အပင်ပန်း ခံ၍ တကူးတက ဆောင်ရွက်လာခဲ့သော သူမ ၏ အကြောင်းပြချက် က တစ်ခုတည်း ဖြစ်သည် ။



“ ကျွန်မ ဆရာ နဲ့ မတွေ့ဘဲ မနေနိုင်ဘူးကွယ် ”….. တဲ့ ။



ထို့ အတွက် ကြည်နူးရ သော်လည်း ၊ အချိန်တန် လျှင် သူမ အိမ်ပြန် သွားလိမ့်မည် ဖြစ်ကြောင်း သိနေသည့် အတွက်တော့ ကြေကွဲရပါသည် ။



“ သူ မလာခင် ထိတော့ ခုလို လာ တွေ့ ခွင့် ရှိပါတယ်နော် ဆရာ ။ ကျွန်မတို့ က သူငယ်ချင်းတွေ ပဲလေ ။ နောက်ပြီး တစ်ယောက် ပါးကို တောင် တစ်ယောက် နမ်းကြတာ မှ မဟုတ်ဘဲ ။ သိပ်ကို ဖြူစင်တဲ့ ဆက်ဆံရေးမျိုး နဲ့ ကျွန်မတို့ တွေ့ ကြတာပါနော် ”



သူမ ၏ စကား က ကျွန်တော့် အား ဖျောင်းဖျသည် လား သူမ ကိုယ် သူမ စိတ်ဖြေသည် လား ကျွန်တော် ဝေခွဲ၍ မရ ။



တစ်ခါတော့ စိတ်ကူးယဉ် ဆန်စွာ ပြတ်သားခဲ့သော သူမ က−



“ ကျွန်မ ကို မပြန်နဲ့တော့ လို့ ပြောကြည့်ပါလား ဆရာ ”



ဟု ကျွန်တော့ အား တောင်းဆိုခဲ့ဖူးပါသည် ။



ထို စကား ကို ပြောရန် ကျွန်တော့် အတွက် မခက်ခဲလှသော်လည်း ထို စကား ကို လိုက်နာရန် က တော့ သူမ အတွက် အလွန် ခက်ခဲ ပါလိမ့်မည် ။ တစ်ဦးတည်း သော သမီး အား အချစ်ပို လွန်းသော ပိုက်ဆံ ချမ်းသာသော်လည်း ရောဂါဘယ ထူ ပေါလွန်းသော သူမ ၏ မိဘများ အား သူမ လျစ်လျူရှုနိုင်မှာတဲ့လား ။



ထိုနေ့ က သူမ အား မပြန်နဲ့တော့ ဟု ပြောရန် ဝေခွဲ မရစွာ ကျွန်တော် ဇဝေဇဝါ ဖြစ်နေခဲ့မိသည် ။ သို့သော် သူမ က ကျွန်တော် ၏ ဝေခွဲ မရမှုတို့ ပြီးဆုံးချိန် အထိ စောင့်ဆိုင်း မနေခဲ့ပါ ။ ကျွန်မတို့ တရုတ်ကြီး ဆိုင် သွားပြီး တစ်ခု ခု စားကြရအောင် ဆရာ ။ ဆရာ က ဘီယာ သောက် လေ ။ ကျွန်မ က ကော်ရည်ခေါက်ဆွဲ စားမယ် ။ ပြီးရင် ကား ဆီထုတ်ဖို့ ကျွန်မ ပြန်မယ် ”



တစ်စုံတစ်ယောက် ၏ ရင်ထဲ သို့ တစ်စုံတစ်ရာ ထည့်ပေးရန် ကျွမ်းကျင် လိမ္မာလှသော သူမ သည် ထို တစ်စုံတရာ အား ပြန်လည် နုတ်ယူရာ ၌ လည် ပါးနပ်ကျင်လည် လှသူ ဖြစ်သည် ။



တစ်ခါတစ်ခါ တော့ ကျွန်တော့် ကိုယ် ကျွန်တော် အားမရ ။ သူမ ၏ အဆုံးအဖြတ် မပါဘဲ သူမ ၏ လက်ရှိအခြေအနေ တို့ ကို မငဲ့ကွက်ဘဲ ။ သူမ အား လက်ထပ်မည့် တစ်စုံတစ်ယောက် ပြန်လာချိန် အထိ စောင့်ဆိုင်း၍ မနေဘဲ ၊ ရူးမိုက်စွာ ရဲဝန့်စွန့်စား ကြည့်ချင်၏ ။ သို့သော် ကံကြမ္မာ သည် ကျွန်တော် ၏ အင်္ကျီအိတ်ကပ် အတွင်း ငွေစက္ကူ များ လို ကျွန်တော် ၏ စာအုပ်စင် ပေါ် မှ စာအုပ်များ လို ကျွန်တော် ထိကိုင် စီရင်၍ ရသော အရာ မဟုတ် ။



ထို ကိစ္စ မှာ ကျွန်တော့် အတွက် ရော သူမ အတွက်ပါ ဝမ်းနည်းဖွယ် ဖြစ် သလို နာကျင် ကြေကွဲဖွယ် လည်း ဖြစ်ပေသည် ။



••••• ••••• •••••



၆ ။



ခပ်တိုးတိုး ညည်းတွားသံ နှင့် အတူ မာရီယာ ၏ ကိုယ်လုံးလေး လူးလွန့် သွား၏ ။ သို့သော် အိပ်ရာ မှ နိုးလာခြင်းတော့ မရှိ ။ မျက်တောင် ကော့ရှည် တို့ ကို မှေးယှက်လျက် အိပ်စက် နေရှာသော သူမ ၏ မျက်နှာ ကို ကျွန်တော် ငေးကြည့် နေ မိသည် ။



အသက် ကို ဖွဖွ ရှူလျက် အိပ်မက် တစ်ခု ၌ ပျော်ဝင်နေဟန် တူ သော သူမ သည် သူမ ဘေးနား မှ လူ တစ်ယောက် ၏ ရင် အပူ ကို သတိပြုမိလိမ့်မည် မဟုတ်ပါ ။ ထို့အတူ ကျွန်တော် ကိုယ်တိုင် ကလည်း သူ့ အား မသိစေချင် ။ အထူးသဖြင့် ယခုလို အိပ်စက်နေချိန်မျိုး နှင့် တအောင့် ကြာလျှင် ခွဲခွာရတော့မည့် အချိန်မျိုး ၌ ပို၍ မသိစေချင်ပါ ။



အိပ်ပါ မာရီယာ ။



ခဏလေး ဖြစ်ဖြစ် ဆက်ပြီး အိပ်နေပါ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 08:50


“ ဟင့်အင်း ….. စွန့်လွှတ်ရ မှာကို မုန်းတာ ”



“ အဲဒီ အဆင့် အထိ မရောက်သေးပါဘူးနော် ”



“ ဒါပေမယ့် ... သိပ်မှ မလိုတော့ဘဲ မာရီယာ ”



အမှန်တော့ စစ်ကြေညာသူ မှာ ကျွန်တော် ဖြစ်ပါက ၊ လက်နက်ချ သူ မှာ မာရီယာ သာ ဖြစ်သင့်ပါသည် ။ သို့သော် မာရီယာ သည်လက်နက် ချရန် တုံ့ဆိုင်း၍ နေတတ်သလို ကျွန်တော် သည် လည်း စစ်ပွဲတစ်ခု ကို စတင်ရန် တွေဝေ၍ နေတတ်လေသည် ။



ဤသို့အားဖြင့် ကျွန်တော် တို့ နှစ်ယောက် အကြား မှ နံရံပါးပါး သည် ယိုင်နဲ့စွာ ဆက်လက်၍ ခိုင်မြဲ နေခြင်းဖြစ်သည် ။



••••• ••••• •••••



၄ ။



အင်ဂျင်ပါဝါ ကောင်းကောင်း နှင့် ကားတစ်စီး အား အရှိန် ပြင်းပြင်း မောင်းနှင် လိုက်ရသည့် အခါ၌ ဖြစ်စေ ... ။



အေဘီစီ ဘီယာဘူး ကို ဆွဲဖေါက်၍ ဖန်ခွက် ထဲသို့ အမြှုပ်များ ဆူဝေလျှံကျ လာသည် အထိ လောင်းထည့် လိုက်ရသည့် အခါ၌ ဖြစ်စေ ...... ။



ဂစ်တာ တစ်လက် ဖြင့် သီချင်း တစ်ပုဒ် ကို အားရအောင် အော်ဆို လိုက်ရသည့် အခါ၌ ဖြစ်စေ …. ။



စိတ်ကြိုက် ဝတ္ထုတို တစ်ပုဒ်ကို ဖတ်ရှု ခံစားလိုက်ရသည့် အခါ၌ ဖြစ်စေ ….. ။



သို့မဟုတ် ဗွီဒီယိုကား ကောင်းကောင်း တစ်ခွေလောက် ကြည့်လိုက်ရသည့် အခါ၌ ဖြစ်စေ …. ။



ကျွန်တော် ၏ စိတ်ဓါတ်တို့ ပေါ့ပါးလွတ်လပ်စွာ သွားတတ်မြဲ ဖြစ်သော်လည်း မာရီယာ နှင့် ပတ်သက်သည့် စိတ်ခံစားမှု တို့ ကတော့ ခြွင်းချက် ဖြစ်သည် ။



ကျွန်တော့် အား ဆယ့်လေးကြိမ်မြောက် မာရီယာ လက်သည်း ညှပ် ပေးသော နေ့ က အထက်ပါ စိတ်ကုထုံး တို့ ကို အသုံးပြု၍ မရနိုင် လောက် အောင် ပင် ကျွန်တော် ၏ စိတ်တို့ လေးလံမွန်းကြပ် နေခဲ့သည် ။ ( မာရီယာ သည် ကျွန်တော့် အား တစ်ပတ်တစ်ခါ လက်သည်း ညှပ် ပေး တတ်ပြီး ၊ ထိုသို့ ညှပ်ပေး နိုင်ရန် သူမ ၏ ပိုက်ဆံအိတ် အတွင်း လက်သည်းညှပ် တစ်ခု ကို အစဉ် ဆောင်ထား တတ်သည် ။ )



ထိုနေ့ က သူမ ၏ ကား ပေါ် မှာပင် ကျွန်တော့် အား လက်သည်း ညှပ် ပေးခဲ့ခြင်း ဖြစ်သည် ။ သို့သော် ယခင် က လိုတော့ “ ငြိမ်ငြိမ် နေကွယ် ” ဆိုတာမျိုး ။ “ အသားကို ညှပ်မိသွားမယ် ကလေးရဲ့ ” ဆိုတာမျိုး တို့ဖြင့် ချိုနွဲ့စွာ နောက်ပြောင်အမိန့်ပေးခြင်းမျိုး မရှိခဲ့ ။ ထို့ပြင် ပန်းနုရောင် သန်း နေသော ကျွန်တော် ၏ လက်သည်းစများ အား ကားအပြင် သို့ လွင့်ပစ်ချခြင်း လည်း မပြုခဲ့ ။



သူမ ၏ လက်ကိုင်ပဝါ ဖြင့် အသာအယာ ထုပ်ကာ ပိုက်ဆံအိတ် အတွင်း သို့ သိမ်းလိုက် ကတည်း က ကျွန်တော် အနည်းငယ် စိတ်ထင့် သွားခဲ့သည် ။ ပို၍ စိတ်ထင့်ဖွယ် ကောင်းသည် မှာ သူမ ၏ လက်သည်းညှပ်လေး အား ကျွန်တော် ထံ သို့ ကမ်းပေးလာခြင်း ဖြစ်သည် ။ ကျွန်တော် ဇဝေဇဝါ ဖြစ်စွာ လှမ်းယူလျက်....



“ နောက် တစ်ခါ ကိုယ့် ဘာသာ ကိုယ် ညှပ်ရတော့မယ် ဆိုတဲ့ သဘောလား ”



“ မာရီယာ ဆရာ့ ဆီ မလာဖြစ်တဲ့ နေ့တွေ ဆိုရင်ပေါ့ ”



“ ဒါဖြင့် .... ”



“ သူ ပြန်လာတော့မယ် ဆရာ ”



မီးတောင် တစ်လုံး ပေါက်ကွဲ သွားတာမျိုး ကို မျက်ဝါးထင်ထင် ကျွန်တော် မမြင်ဖူးခဲ့ သလို ၊ ကမ္ဘာမြေကြီး တစ်ခုလုံး ပျက်သုဉ်းကြေမွ သွားတာမျိုး ကို လည်း ကျွန်တော် မကြုံဖူးခဲ့ ။ သို့သော် ထိုခဏ မှာတော့ ထို ကိစ္စ အားလုံး ကျွန်တော့် ရင် ထဲ ၌ တစ်ပြိုင်နက်တည်း ဖြစ်ပျက် သွား ကြသည် ။



“ ဘယ်တော့လဲ မာရီယာ ။ သူ ဘယ်တော့ ပြန်လာမှာလဲ ”



“ ကျွန်မ မသိဘူး ။ ဒါပေမယ့် ဒီလ မကုန်ခင် တော့ သူ ပြန်ရောက် လာလိမ့်မယ် ”



ထို့နောက် နှစ်ယောက်စလုံး ပြောစရာ ပါးရှားစွာ နှုတ်ဆိတ် သွားကြသည် ။



တစ်ယောက် ၏ အသက်ရှူသံ ကို တစ်ယောက် ကြားရ လောက်အောင် ၊ တစ်ယောက် ၏ ရင်ခုန်သံ ကို တစ်ယောက် နားထောင်လို့ ရ လောက်အောင် တိတ်ဆိတ် သွားကြခြင်း ဖြစ်သည် ။ အတော်ကြီး ကြာမှ သူမ ကျွန်တော့် အား စကား တစ်ခွန်း ပြောသည် ။ အလွန် မှိန်ဖြော့၍ အလွန်တုန်ခါပြီး ၊ ကျွန်တော့် ရင် ကို စူးရှနာကျင် သွားစေသော စကား ဖြစ်သည် ။



“ ကျွန်မ ၊ အရက် သောက်ချင်တယ် ဆရာ ” ... တဲ့ ။



သို့သော် ထိုနေ့ ည က အမှန်တကယ် အရက် သောက်ဖြစ်ခဲ့သူ မှာ ကျွန်တော် သာ ဖြစ်ပါသည် ။



လေအေးစက်တပ် အိပ်ခန်း တွင်းရှိ နိုင်ငံခြား ဖြစ် ခုတင် ပေါ်တွင် သူမ သက်သောင့်သက်သာ လှဲလှောင်း နေမည့် အချိန် လောက် ၌ ကျန်တော် သည် တွန့်လိမ် ကောက်ကွေးသော လမ်းတွေ ပေါ်မှာ ဒယိမ်း ဒယိုင် လျှောက်လှမ်းလို့ နေခဲ့သည် ။ ဆီးနှင်းတွေ ပါးပါးကျကာ ၊ ခါတိုင်းထက် ပိုမှောင်သည် ဟု ထင်ရသောထို ည၌ ကျွန်တော် သည် ကဗျာ အပိုင်းအစ တစ်ခု ကိုလည်း ရွတ်ဆိုဖြစ်ခဲ့ပါသေးသည် ။



ဟောဒီညကတော့

မိန်းမတစ်ယောက် ဆီက

မီးတောက် တစ်စနဲ့ ပူပြင်းရှတခဲ့ရတဲ့ ညပါပဲ.... ။ ။



“ မဖြစ်နိုင်ဘူး ”... တဲ့

ဒီကောင့်ကို ရူးသွပ်စေခဲ့

အဲဒီမိန်းမရဲ့ အစိမ်းယိမ်းက

ငြင်းပယ်မှု သင်္ကေတလေ…. ။ ။



ဒီလူမှာ

ရင်နာစိတ်တွေ

အဆိပ်တက် ဆူဝေသွားပုံများ

ဟော့ဒီ

ရေခဲရိုက်ဆောင်းညကိုတောင်

ဖျောင်းဖျလို့ မရနိုင်လောက်အောင်..... ။ ။



ရက်ပေါင်းများစွာ

လပေါင်းများစွာ

ပေါက်ကွဲနေခဲ့ရ

လုံးပါးပါးနေခဲ့ရ

သက်ပြင်းတွေကို ပြန်ပြန်မျိုချနေခဲ့ရ

မျှော်လင့်တမ်းမက်နေခဲ့ရ ……. ။ ။



ခုမှ ......

အေးမြမယ် ဆိုရုံရှိသေး

ဘယ်လိုအမှားအယွင်းတစ်ခုနဲ့

နားလည်မှုတွေ ချို့တဲ့

ခါးသက်လိုက်ပုံက

ငါ့မှာ အသက်သုံးဆယ်နီးမှပဲ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 08:50


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Sunday, October 20, 2024
သံမဏိ ဝတ်မှုန်


❝ သံမဏိ ဝတ်မှုန် ❞
━━━━━━━━━━━━

နေနော်

━━━━━━━━━━━━

၁ ။



ပြတင်းတံခါး ကို တွန်း ဖွင့်လိုက်ပါ က နေရောင်ခြည် နှင့် လေကောင်းလေသန့် တို့ တိုးဝင် ရောက်ရှိ လာကြပေလိမ့်မည် ။ ထို ကိစ္စ မှာ အလွန် သေချာသော်လည်း ပြတင်းပေါက် ကို ကျွန်တော် မဖွင့် ဖြစ် ။ ပြတင်းတံခါး ကို ဖွင့်ရန် ကျွန်တော် မကြာခဏ တွေဝေတတ်မြဲ ဖြစ်၏ ။



အထူးသဖြင့် ကျွန်တော် ပခုံး ထက် ၌ မာရီယာ မှေးမှီအိပ်စက်နေသော အခါများတွင် ကျွန်တော် ပို၍ တွေဝေတတ်ပါသည် ။



မာရီယာ သည် အံ့သြရခြင်း ကို သဘောမကျ သလို အိပ်ရာ မှ လန့်နိုးရခြင်း ကိုလည်း ရွံမုန်းသူ ဖြစ်၏ ။ နေရောင်ခြည် သည် ရောဂါ ပိုးမွှားများ ကို သေစေနိုင်သည့် အပြင် လူ ၏ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အိပ်ပျော်နေသူ တစ်ယောက် အတွက်တော့ အနှောင့်အယှက် တစ်ခုသာ ဖြစ်နိုင်ပါသည် ။



အကယ်၍ စူးရှစွာ တိုးဝင်လာမည့် နေရောင်ခြည် အလင်းတန်း တို့ကြောင့် မာရီယာ အိပ်ရာ မှ လန့်မနိုး လျှင် တောင် မှ ခပ်ညံ့ညံ့ လက်သမား တစ်ယောက် ၏ လက်ရာ ဖြစ်သော ပြတင်းပေါက်တံခါး ၏ အော်မြည်သံကြောင့် မာရီယာ လန့်နိုး သွားနိုင်ပါသည် ။



ထို တံခါး သည် ဖွင့်လိုက်သည့် အခါတိုင်း စိတ်ပျက်ဖွယ် အသံ မျိုးစုံတို့ ထွက်ပေါ်တတ်မြဲ ဖြစ်၏ ။ တစ်ခါတစ်ရံ လူမမာ တစ်ယောက် ၏ အော်ညည်းသံမျိုး ထွက်ပေါ်လာပြီး တစ်ခါတစ်ရံ တော့ ဒေါသကြီး သူ တစ်ယောက် ၏ သွားကြိတ်သံမျိုး ဖြစ်နေ တတ်သည် ။ အဆိုးဆုံးမှာ ခက်ခဲကြပ်တည်းစွာ တွန်းဖွင့် ရသော ထို တံခါးသည် လေကြမ်းကြမ်း တိုက်သည့် အခါများ၌ ဝုန်းခနဲ ပြန် ပိတ်တတ်ခြင်း ဖြစ်သည် ။



ထို ကိစ္စ ကတော့ အိပ်ပျော် နေသော မာရီယာ အတွက် ဘယ်လိုမှ မကောင်းနိုင်ပါ ။



နောက်ဆုံးတော့ ပြတင်းပေါက် ဖွင့်ရန် ကျွန်တော် စိတ်လျော့ လိုက်ပြီး ဒုတိယမြောက် တွေဝေခြင်း အသစ်ဖြင့် ချီတုံချတုံ ဖြစ်ရပြန်သည် ။ အိပ်ပျော် နေသော မာရီယာ ၏ နဖူး အား ငုံ့ နမ်း လိုက်လျှင် ကောင်းမလား ဟူ၍ ဖြစ်သည် ။



လက်မဝက် ခန့် ရှည်မြောမြော အမာရွတ်ကလေး ရှိပြီး ဆံနွယ်စ တို့ဖြင့် ကပိုကရို ဖုံးလွှမ်း နေသော သူမ ၏ နဖူးပြင် အား ကျွန်တော် ငုံ့နမ်း လိုက်ပါ က ၊ သူမ အိပ်ရာမှ လန့်နိုး သွားလေမလား ။ ထိုကိစ္စမှာ ဘယ်လိုမှ မသေချာပါ ။ မာရီယာ ၏ နဖူး အား ငုံ့နမ်း ရန် ကျွန်တော် မကြာခဏ ဇဝေဇဝါ ဖြစ်ရတတ် သော်လည်း ၊ သူမ ကတော့ ဘယ်တုန်း ကမှ တွေဝေ မနေတတ် ။ သူမ နမ်းချင်လာပြီ ဆိုပါက မည်သည့်နေရာမျိုး မဆို ....



“ နဖူး နမ်းချင်တယ် ငုံ့ပေး ”



ဟု တောင်းဆို တတ်မြဲ ဖြစ်သည် ။



ထိုအခါ ရှည်ကိုင်းသော ကျွန်တော့် ခန္ဓာကိုယ် ကို သူမ နမ်းသာရုံ ငုံ့ ပေးရ၏ ။ သို့သော် ကျွန်တော့် အခန်းကျဉ်းလေး သို့ တက်သော လှေကားလယ် လို နေရာမျိုးဆိုလျှင်တော့ ၊ ကျွန်တော် ငုံ့ ပေးစရာ မလိုပါ ။ သူမ က ကျွန်တော့် ရှေ့ နှစ်ထစ်လောက် ကြိုတက်ပြီး ၊ နောက်ပြန် လှည့်ကာ ခေါင်းငုံ့ နမ်းတတ်သည် ။



မာရီယာ သည် အရပ် ပုသူ ဖြစ်၏ ။



သို့သော် သူမ ၏ ဆံပင်တွေ ကတော့ သူမ ၏ အရပ် နှင့် မလိုက်ဖက်စွာ ရှည်လျား လွန်း လှပါသည် ။ နူးညံ့ ဖြောင့်စင်းသော ထို ဆံပင် ရှည်ရှည်များ ကြောင့်သာ မဟုတ်ခဲ့ပါက ၊ ကျွန်တော် သူမ အား စိတ်ဝင်စား ခဲ့လိမ့်မည် မဟုတ်ပါ ။ ကျွန်တော် က ဆံပင်ရှည်ရှည်များနှင့် ပတ်သက်၍ ရင်ခုန်လွယ်သူ ဖြစ်၏ ။ ထိုအချက်က ကျွန်တော့် ရူးသွပ်မှု တစ်ခု ဖြစ် သလို ရိုးသားဝန်ခံမှု တစ်ခု လည်း ဖြစ်သည် ။



“ ဆရာ က ကျွန်မ ရဲ့ ဆံပင်တွေ ကို ချစ်လို့ပေါ့နော် ”



“ ဒါပေါ့ ”



ကျွန်တော် ခပ်တည်တည် ဝန်ခံ လျှင် တော့ သူမ က ခြေဆောင့်ကာ စိတ် ကောက်ချင် ယောင် ဆောင် တတ်သည် ။ သို့သော် တကယ်စိတ် ကောက်ခြင်း မဟုတ်ကြောင်း ကို တော့ ကျွန်တော် သိနေလေသည် ။



သူမ ကတော့ ကျွန်တော့် ရဲ့ မျက်ခုံးထူထူတွေ ကို ချစ်သတဲ့ ။



“ စ တွေတဲ့ နေ့ ကတည်း က အဲဒီ မျက်ခုံးတွေ ကို ချစ်သွားတာ သိလား ။ နောက်နေ့ ဆရာ့ မျက်နှာ ကို ပြန် မြင်ယောင် ကြည့်တော့ မျက်ခုံးထူထူတွေ က လွဲပြီး ဘာမှ မမှတ်မိဘူး ။ ဘယ်လောက် ရယ်စရာ ကောင်းလဲနော် ”



ထိုစကား ကို သူမ ပြောစဉ် ကျွန်တော့် အား မျက်ခုံးထူထူတွေ ဖြစ်အောင် မွေးဖွား ပေးခဲ့သော အမေ့ ကို ပထမဆုံးအကြိမ် အဖြစ် ကျေးဇူး တင်လိုက်မိသည် ။



ကျွန်တော့် မျက်ခုံးတွေ ကို အလွန် သဘောကျသည် ဆိုသော မာရီယာ သည် သူမ စိတ်လိုလက်ရ ရှိသည့် အခါများ၌ ထို မျက်ခုံးတန်း အစုံ ကို ငြင်သာဖွဖွ နမ်းရှိုက် ကာ -



“ သိပ်ချစ်ဖို့ ကောင်းတာပဲ ”



ဟု တစ်ယောက် တည်း ရေရွတ် တတ်ပြီး ၊ တစ်ခါတစ်ရံ တော့



“ အဲဒီ မျက်ခုံးတွေ ကို ရိတ်ပစ်လိုက်ပါလား ဟင် ။ ဒါမှ ဆရာ့ ကို နောက်ထပ် ကောင်မလေး တစ်ယောက် ယောက် က စိတ်မဝင်စား မှာ ”



ဟု အလိုလောဘ ကြီးစွာ ကလေးဆန်တတ် ပါသေးသည် ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 08:50


ကျွန်တော့် ဝတ္ထုများ ထဲမှ ဇာတ်လိုက်မင်းသမီးများ ပင် ထိုမျှ ကဗျာ ဆန်သော စိတ်ကူးမျိုး ကို စဉ်းစားမိကြလိမ့်မည် မဟုတ်ပါ ။ ကိုယ် ကို ငုံ့ ကိုင်း ပေး လိုက်တော့ သူမ က ကျွန်တော့် မျက်ခုံး တို့ ကို နူးညံ့စွာ နမ်းရှိုက်လေသည် ။



ထိုနေ့ သည် ကျွန်တော် နှင့် သူမ စတင် တွေ့ဆုံပြီး ၊ လေးဆယ့် နှစ်ရက် ပြည့်သော နေ့ ဖြစ်သလို ၊ ကျွန်တော့် အခန်းကျဉ်းလေး သို့ ပထမဆုံး အကြိမ် အဖြစ် သူမ အလည် လိုက်သော နေ့လည်း ဖြစ်သည် ။



ကျွန်တော့် အခန်း သည် တိုက် တစ်တိုက် ၏ အပေါ်ဆုံးထပ် ညာဖက်ခန်း ဖြစ်၏ ။ ကျွန်တော့် အခန်းကျဉ်းလေး သို့ ရောက်ရန် လှေကား ထစ်ပေါင်း လေးဆယ်ကျော် ကို နင်းတက်ရပြီး ၊ ခပ်ညံ့ညံ့ သော့ တစ်လုံး ခတ် ထားသော တံခါးပေါက် တစ်ခု ကို ဖြတ်သန်းရ၏ ။ သို့သော် ထို အချက်များကြောင့် တော့ သူမ ကျွန်တော့် အား နမ်းရှိုက်ချင် စိတ်မျိုး ပေါ်ပေါက် မလာသင့်ပါ ။



“ ကျွန်မ ဆရာ့ မျက်ခုံးတွေ ကို နမ်းတာနဲ့ ပတ်သက်ပြီး ၊ ဆရာ ဘယ်လို ထင်သလဲ ”



ကျွန်တော့် ရင် ထဲ မှ အတွေးတို့ ကို သိနေသည့် အလား ၊ သူမ မေး လာသော အခါ၌ ကျွန်တော် အနည်းငယ် ရှက်အမ်းစွာ ပခုံး တွန့် ပြလိုက် သည် ။



“ ကိုယ် မထင်တတ်ဘူး မာရီယာ ”



“ ဒါဖြင့် ထင်တတ် သွားအောင် ကျွန်မ မျက်ခုံးတွေ ကို ဆရာ ပြန် နမ်းကြည့်လိုက်ပါလား ။ ဒါမှမဟုတ်လည်း ဆံပင်တွေ ကို ဖြစ်ဖြစ်လေ ... ”



သူမ ၏ ဆံပင်များ သည် နူးညံ့ရုံ မျှ မက အလွန် မွှေးပျံ့ကြောင်း ၊ ထိုနေ့က ကျွန်တော် သိခွင့် ရခဲ့လေသည် ။



••••• ••••• •••••



၃ ။



ခန္ဓာကိုယ် အား အနည်းငယ် လှုပ်ယမ်းလိုက်လျှင် ဖြစ်စေ ၊ သို့မဟုတ် ဘေးနား မှ စီးကရက်ဘူး ကို လှမ်း ယူ၍ စီးရကရက် တစ်လိပ် မီးညှိဖွာရှိုက် လိုက်လျှင် ဖြစ်စေ ၊ ကျွန်တော် ပခုံး ထက် ၌ အိပ်စက် နေသော မာရီယာ လန့်နိုး သွားနိုင်ပါသည် ။



အလွန် အအိပ်ဆတ်သော မာရီယာ သည် ဇစ်ပိုမီးခြစ်ဖုံး ဖွင့်သံ ကြောင့် လန့်နိုးသွားနိုင် သလို ၊ သက်ပြင်းချသံ တစ်ခု ကြောင့် လည်း လန့်နိုး သွားနိုင်ပါသေးသည် ။ ယုတ်စွအဆုံး သူမ ၏ နဖူး ထက် မှ ဆံနွယ်စလေးများ ကို လေ ဖြင့် မှုတ်လိုက်မည် ဆိုလျှင် ပင် သူမ ၏ မျက်လုံးတို့ ဖြတ်ခနဲ ပွင့်လာကြပေလိမ့်မည် ။ ယခုအချိန် ၌ မာရီယာ အား အိပ်ရာ မှ မနိုးစေချင်သေးပါ ။ ကျွန်တော် တို့ နှစ်ယောက် အတွက် အချိန်တွေ က နည်းပါးလွန်းလှ သလို ထပ်မံ တွေ့ဆုံနိုင်မည့် အခွင့်အလမ်း တို့ က လည်း ပါးရှားလွန်းလှပါသည် ။



မနက်ဖြန် ဖြစ်စေ ...



သန်ဘက်ခါ ဖြစ်စေ ....



နောက်ဆုံး … ယနေ့ ညနေ ပင် ဖြစ်စေ



တစ်ကမ္ဘာလုံး ၌ ကံ အကောင်းဆုံး လူ တစ်ယောက် အချိန်မရွေး ရောက်ရှိလာနိုင်ပါသည် ။ ( မာရီယာ အား လက်ထပ်ခွင့် ရမည့် သူ သည် ကံကောင်းသူ ဖြစ်သည် ဟု ကျွန်တော် ယုံကြည်၏ ။ ) သို့သော် ကျွန်တော် မဟုတ်သည် ကတော့ ဝမ်းနည်းစရာ ကောင်းပါသည် ။ ပို၍ ဝမ်းနည်းဖွယ် ကောင်းသည် မှာ မာရီယာ ၏ ချစ်သူအဖြစ်လောက် ပင် ကျွန်တော် ကံကောင်းခွင့် မရခဲ့ခြင်း ဖြစ်သည် ။



“ အချစ်ဆုံး သူငယ်ချင်းတွေ အဖြစ် နဲ့ပဲ ရှိနေကြရင် မကောင်းဘူးလား ဆရာ ။ တကယ်လို့ ကံကြမ္မာ ကြောင့် ကိုယ့် လမ်း ကိုယ်လျှောက်ဖြစ် ကြရင် တောင် ကျွန်မ တို့ ဟာ သူငယ်ချင်းတွေ ပဲလေ ။ သူငယ်ချင်း ဆိုတဲ့ ကြိုး က ပိုပြီး ရှည်လျား ခိုင်မြဲပါတယ် ဆရာ ရယ် ”



ထို စကား မှာ ကျွန်တော့် အား ချွေးသိပ်လေ့ ရှိသော သူမ ၏ လက်သုံးစကား တစ်ခု ဖြစ်သည် ။ သို့သော် တစ်ခု ဆိုးသည် က ကံကြမ္မာ ကြောင့် ဟု သူမ ရည်ရွယ်သော ကိစ္စ သည် ဘယ်လို ကိစ္စမျိုး ဖြစ်ကြောင်း ကျွန်တော် သိနေခြင်း ဖြစ်သည် ။



“ ဆရာ တစ်ခု စဉ်းစား ကြည့်နော် ။ ဆရာ ခူးပြီးသား ပန်းတစ်ပွင့် ကို အခြား တစ်ယောက် က ပန်သွားတာ နဲ့ ဆရာ ရှေ့မှာ ဒီတိုင်း ကြွေကျနေတဲ့ ပန်း ကို အခြား တစ်ယောက် ပန်သွားတာ ဘယ်ဟာ က ဆရာအတွက် ပိုပြီး စိတ် ဖြေလို့ လွယ်ကူ မလဲ ဟင် ”



ဓါတုဗေဒ အဓိက နှင့် ကျောင်းပြီး ခဲ့သော မာရီယာ သည် တစ်ခါတစ်ရံ တော့လည်း စကားလုံး တို့ ကို ထိုသို့ပင် လှပစွာ ပေါင်းစပ်ဓါတ်ပြု တတ်သူ ဖြစ်၏ ။ အနည်းငယ် မခံချင်စရာ ကောင်းတာ တစ်ခု မှာ သူမ ၏ ချွေးသိပ်မှုတိုင်း ၌ ကျွန်တော် အလွယ်တကူ မျောပါသွားရခြင်း ဖြစ်သည် ။



သူမ က ခေါ်ပါ က ကျွန်တော် လိုက်ပါရန် အဆင်သင့် ဖြစ်နေတတ်ပြီး သူမ က ထားခဲ့မည် ဆိုလျှင်လည်း ကျွန်တော် ကျေနပ်စွာ ကျန်နေရစ်ခဲ့မည် သာ ဖြစ်သည် ။ သို့သော် ခပ်သွက်သွက် ဇာတ်ကောင် စရိုက်တို့ ကို ရေးဖွဲ့ ရန် စိတ်အား ထက်သန်လေ့ ရှိသော စာရေးဆရာ တစ်ယောက် အနေ နှင့် ထိုမျှ အထိ တွေဝေ ပျော့ညံ့ဖို့ မကောင်းပါ ။



ရိုးသားစွာ ဝန်ခံရ လျှင် တော့ တစ်ခါတစ်ရံ ကျွန်တော် မိုက်ရူးရဲ ဆန်ကြည့်ချင်ပါသေးသည် ။ မာရီယာ က တော့ ...



“ မိုက်တယ် ဆိုတာ မကောင်းဘူး ဆရာ ရဲ့ ။ မိုက်မဲမှု တိုင်း ရဲ့ အဆုံးသတ်ဟာ မှားယွင်းမှုချည်းပဲ ...... ”



“ ဘဝ မှာ အနှစ် သုံးဆယ် နီးပါး တောက်လျှောက် မှန်လာတဲ့ လူ တစ်ယောက် အနေ နဲ့ တစ်ခါတလေ မှားကြည့်သင့်တယ် လို့ မာရီယာ မထင်ဘူးလား ”



သူမ ၏ မျက်လုံး တို့ ကို တည့်တည့် စိုက် ကြည့်ရင်း ကျွန်တော် မေးလျှင် တော့ သူမ နှုတ်ဆိတ်တွေဝေစွာ ငြိမ်သက် သွား တတ်ပါသည် ။



“ ဆရာ က စွန့်စားရတာ ကို ဝါသနာ ပါလို့လား ဟင် ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

22 Oct, 08:50


ရိုးသားပွင့်လင်းစွာ ကလေးဆန်မှု ကို ကျွန်တော် မြတ်နိုး သော်လည်း ဟန်ဆောင်ခြင်း ကိုတော့ ကျွန်တော် သဘောမကျ ။ သို့သော် ဝမ်းနည်းဖွယ် ကောင်းစွာ ကျွန်တော် တို့ နှစ်ယောက်စလုံး ဟန်ဆောင် ကောင်းကြ၏ ။ ကျွန်တော် တို့ ၏ အကောင်းဆုံး ဟန်ဆောင်နိုင်မှု မှာ တစ်ယောက် ကို တစ်ယောက် ( စွဲလမ်းစူးနစ်စွာ ချစ်နေမှန်း သိနေကြ သော်လည်း ) ချစ်သူ များ အဖြစ် တရားဝင် မသတ်မှတ်ကြခြင်း ဖြစ်သည် ။



ကျွန်တော့် ပခုံး ထက်၌ ရံဖန်ရံခါ နွဲ့မှီ မှေးစက် တတ်ပြီး ၊ ကျွန်တော့် အား ဆရာ ဟု ခေါ်ကာ ၊ ကျွန်တော့် မျက်ခုံးထူထူ နှင့် နဖူးပြင် ကို နမ်းရှိုက်တတ်သော သူမ နှင့် ကျွန်တော် သည် တရားဝင် ချစ်သူ များ မဟုတ်ကြပါ ဟု ဆိုလျှင် မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပါ ။



သို့သော် တစ်လောကလုံး မယုံသော ထို ကိစ္စကို ကျွန်တော် တို့ နှစ်ယောက်စလုံး ယုံကြည်၏ ။ တစ်နည်းအားဖြင့် ပိရိစွာ ဟန်ဆောင် ယုံကြည်ခြင်း ဖြစ်သည် ။



အဖြစ်အပျက် မှာ အလွန် ရယ်စရာကောင်းကြောင်း နှစ်ယောက် စလုံး ဝမ်းနည်းစွာ သတိ ပြုမိကြပါသည် ။ သို့သော် တစ်ခု ခက်သည်မှာ သူမ ရော ကျွန်တော် ပါ ဟန်ဆောင်နိုင်ကြခြင်းဖြစ်သည် ။



••••• ••••• •••••



၂ ။



ကမ္ဘာလောကကြီး အတွင်း ကံဆိုးသော အဖြစ်အပျက် များစွာ ရှိနိုင်ပါသည် ။ ဥပမာ - ကုသရန် ခက်ခဲသော ရောဂါဝေဒနာ တစ်ခု ကပ်ငြိ ခံရခြင်းမျိုး ၊ သို့မဟုတ် မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းမျိုး



သို့သော် မာရီယာ နှင့် ကျွန်တော် ၏ ဆုံတွေ့ ခဲ့မှုလောက် မည်သည့် အဖြစ်အပျက် က မျှ ကံဆိုးခဲ့လိမ့်မည် မဟုတ်ပါ ။ ကျွန်တော် တို့ နှစ်ယောက် ကံဆိုးစွာ ဧည့်ခံပွဲ တစ်ခု ၌ မတော်တဆ ဆုံစည်းဖြစ် ခဲ့ကြသည် ။ နောင်အခါ ကျွန်တော့် အတွက် ကံဆိုးမိုးမှောင်ကျသော နေ့ ဟု သတ်မှတ်ရမည့် ထို နေ့ သည် မိုးအလွန် ရွာသော နေ့ တစ်နေ့ မဟုတ်သည့် အထူးတလည် သာယာလှပသော နေ့ လည်း မဟုတ်ပါ ။



သာမန် လ တစ်လ ၏ သာမန် နေ့ တစ်နေ့ သာ ဖြစ်သော်လည်း ကျွန်တော့် သူငယ်ချင်း က တော့ ထိုနေ့ သည် ၎င်းတို့ ဇနီးမောင်နှံအတွက် အိမ်ထောင်သက် တစ်နှစ် တိတိ ပြည့်သော နေ့ ဖြစ် သဖြင့် ဧည့်ခံပွဲ တစ်ခု ကျင်းပမည် ဟု အကြောင်းကြား လာခဲ့သည် ။ လူစည်ကားရာ အရပ်များ သို့ သွားရန် ဝန်လေး လေ့ ရှိသော ကျွန်တော် သည် ထိုသူငယ်ချင်း ၏ ဖိတ်ကြားမှု ကို တော့ ဘယ်လိုမှ မလွန်ဆန်နိုင်ပါ ။



ဤသို့ဖြင့် သူငယ်ချင်း ကို အကြောင်းပြုလျက် ထို ဧည့်ခံပွဲ သို့ ကျွန်တော် ရောက်ရှိ သွားရပြီး ၊ မာရီယာ ကတော့ ကျွန်တော့် သူငယ်ချင်း ၏ ဇနီးသည် ကို အကြောင်းပြုလျက် ရောက်ရှိ လာခဲ့သည် ။ ကျွန်တော် တို့ နှစ်ယောက် ၏ ဆုံစည်းခြင်းသည် ကံဆိုးမှုဖြစ်သည် ဆိုပါက သူမ နှင့် ကျွန်တော့် အား တစ်စားပွဲတည်း နေရာချပေး ခံရခြင်းမှာ ကံခေမှု သာ ဖြစ်ပါလိမ့်မည် ။ ထို ကံခေမှုကြောင့် ပင် နက်မှောင် ဖြောင့်စင်းသော ဆံပင်ရှည်ရှည်များ အား အနီးကပ် မြင်တွေ့ခွင့် ရခဲ့ခြင်း ဖြစ်သည် ။



စားပွဲ ပေါ် မှ အစားအစာ အနည်းငယ် နှင့် ဝိုင်ချိုနှစ်ငုံလောက် သောက်သုံးပြီးချိန်၌ ထို ဆံပင်ရှည်ရှည်များအား ကျွန်တော် ရင်ခုန်သွားခဲ့ ပြီး သူမ ကတော့ ကျွန်တော့် မျက်ခုံးထူထူ တို့ ကို စိတ်ဝင်စားသွားခဲ့သည် တဲ့ … ။



သူမ ၏ စိတ်ဝင်စားမှုအား ပိုမို တွန်းအားပေးခဲ့သည့် အခြား အကြောင်း တစ်ခု မှာ ကျွန်တော် သည် ဝတ္ထုရေးသူ တစ်ယောက် ဖြစ် ကြောင်း သူမ သိရှိ သွားခြင်း ဖြစ်သည် ။



“ ဘုရားရေ ကျွန်မ ဆရာ့ ဝတ္ထုတွေ ကို သိပ် ကြိုက်တာ သိလား ။ ပြီးတော့ ဆရာ့ ကို လည်း သိပ်ပြီး တွေ့ချင်နေတာ ။ အိုး တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပဲနော် ၊ ခုလို တွေ့ ရလိမ့်မယ်လို့ ကျွန်မ ထင် ကို မထားမိတာ ... ”



တအံ့တသြ ရေရွတ်ရင်း ဟမ်းချိန်းထူထူ ဝတ်ဆင် ထားသော သူမ ၏ လက် ကို ဆန့်တန်းလျက် ‘ မာရီယာ ’ ဟု စတင် မိတ်ဆက်လေ သည် ။ ဤနည်းဖြင့် ကျွန်တော် တို့ နှစ်ယောက် ၏ ကံဆိုးမှု က အစပျိုးခဲ့ခြင်း ဖြစ်သည် ။ ( သို့သော် မာရီယာ ကတော့ ကံဆိုးခြင်း ဟူသည့် အသုံးအနှုန်းကို ယနေ့ တိုင်အောင် လက်ခံခြင်း မရှိ ။ )



“ ကျွန်မ က တော့ ဒါကို ကံဆိုးတယ် လို့ မထင်ဘူး ဆရာ ။ တကယ်လို့ ကံဆိုးတာ ဆိုရင်လည်း နောင်ဘဝ ရှိရင်တောင် ခုလို ကံဆိုးမှုမျိုး နဲ့ ထပ် ကြုံချင်သေးတယ် ”



မာရီယာ သည် အလွန် ပြတ်သားသော မိန်းကလေး တစ်ယောက် မဟုတ်ပါက အလွန် စိတ်ကူးယဉ် ဆန်သော မိန်းကလေး သာ ဖြစ်ပါ လိမ့်မည် ။ သို့သော် ကျွန်တော် ကတော့ ဘယ်တုန်းက မှ ပြတ်သားသူ မဟုတ် ။ အထူးသဖြင့် မာရီယာ ၌ လူကြီးချင်း သဘောတူ ထားသူ ရှိနေပြီး ထို သူသည် နောက်ထပ် လ အနည်းငယ် အကြာ၌ နိုင်ငံခြား မှ မြန်မာပြည် သို့ ပြန်လည် ရောက်ရှိတော့မည်မှန်း သိနေပါ က ပိုလို့ပင် မပြတ်သားနိုင်ပါ ။ ဒါပေမယ့် မာရီယာ က တော့ ထို လူ နှင့် ပတ်သက် လျှင် အနည်းငယ် မှ ဇဝေဇဝါ မဖြစ် ။



“ ကျွန်မ သူ့ ကို မချစ်ဘူး ဆရာ ”



“ ကိုယ် သိတယ် ”



“ ဒါပေမယ့် … အိမ် ကတော့ ကျွန်မ ကို သူ နဲ့ ပဲ လက်ထပ်စေချင်တယ် ”



“ ဒါလည်း ..... ကိုယ် သိ ပါတယ် ”



“ ခု … ဆရာ မသိသေးတာ တစ်ခု ပြောပြမယ်နော် ”



“ ဘာလဲ .. မာရီယာ ”



“ ကျွန်မ …… ဆရာ့ မျက်ခုံးတွေ့ ကို နမ်းချင်တယ် ”



ဘယ်လောက်များ ညင်သာ နူးညံ့လိုက်ပါသလဲ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Oct, 14:16


photo. credit

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Oct, 14:05


အနောက်က တန်ဖိုးဖြတ် သုံးသပ်သည့် ပညာရှင်များကတော့ ရာစုနှစ် တစ်ခုနဲ့တိုင်းတာပြီးအကဲဖြတ်ကြပါတယ်။ ကျနော်တို့ဆီက မြန်မာ ပညာတတ် ပုဂ္ဂိုလ်များကတော့ ဘယ်လို အကဲဖြတ်ကျလည်းဆိုတာ မသိပါဘူး။ ထားတော့။ စကားတွေလမ်းလွဲကုန်ပြီ။ လိုရင်းပဲပြောမယ်။ သမိုင်းတန်ဖိုးအရ ကြီးမြတ်နေတဲ့အတွက် စာပေ ဂုဏ်အဂါင်္မမြောက်ရင်တောင် ကျနော်တို့ဟာ လွန်ခဲ့တဲ့ နှစ် လေးငါးရှစ်ဆယ်တစ်ရာ ဝန်းကျင် အတွင်းက ပေါ်ပေါက်လာခဲ့ပြီးသော စာပေ များကို တွေ့တဲ့အခါ သိမ်းဖြစ်ကျမှာ စုဖြစ်ကျမှာ ဧကန်မလွဲပါပဲ။ သို့သော်ကျနော်အခုတင်ပြတဲ့ ဒီအယူအဆ ကို သမိုင်းတန်ဖိုးကိုနားလည်သူ လူနည်းစုလောက်ကပဲ လက်ခံယုံကြည်သက်ဝင်ပါလိမ့်မယ်။ တစ်ချိူ့ကတော့ ၎င်းကဲ့သို အနှစ်လေးငါးရှစ်ဆယ်ဝန်းကျင်က စာပေလက်ရာများကိုတွေ့တဲ့အခါအမှိူက်ဆိုပြီးတော့တောင် မသိမ်းချင်ပဲ လွှင့်ပစ်ချင် လွင့်ပစ်ပါလိမ့်မယ်။ ဒါကတော့ ကိုယ့်နှာခေါင်းနဲ့ကိုယ်တစ်ယောက်တစ်မျိုးစီ အသက်ရှူနေရတာဖြစ်တဲ့အတွက် မတူညီတဲ့ လူ့အယူအဆများအကြောင်းကို ဆက်လက်အငြင်းမပွားလိုပါပေ။

၅။ စာပေတန်ဖိုး၏ အားသာချက်

စာပေတန်ဖိုးအားသာချက်ဆိုတဲ့ ကဏ္ဍမှာ အဟောင်းစုသူများရဲ့ ဖီလင်ကိုသာ ဦးစားပေးရေးပြပါမယ်။ စာပေတန်ဖိုးတစ်ခုထဲ ကို အကဲဖြတ်တဲ့အခါ အနည်းဆုံး ရာစုနှစ်ထက်ဝက်ကို တိုင်တည်ပြီးအကဲဖြတ်လေ့ရှိပါတယ်။ အဲ့ဒီ အနှစ်ငါးဆယ်အတွင်းမှာ အဲ့စာအုပ်ကို နှောင်းမျိုးဆက်တွေကပါ ကြိုက်နှစ်သက်လွန်းလို ခဏ ခဏ ပြန်ထုတ်ဝေရတယ်ဆိုရင် ဒီစာအုပ်ရဲ့ စာပေတန်ဖိုးက နောက်မျိုးဆက်တွေအထိပါ ရိုက်ခတ် ကိုင်လှူပ်နိုင်လို့ပါပဲ။ အဲ့လိုမဟုတ်ပဲ ခေတ်တစ်ခေတ်ထဲမှာတင်ပဲထုတ်ဝေပြီးတော့ နောက်မျိုးဆက်အထိပါ မထုတ်ဝေရဘူးဆိုရင်တော့ အဲ့စာပေဟာ သမိုင်းတစ်ခေတ်နဲ့အတူ စုံးစုံးမြုပ်သွားတာလို့ပဲ ကောက်ချက်ချရပါမယ်။ စာပေတန်ဖိုးအားသာချက်ဆိုတာကတော့ အဟောင်းစုသူများဟာ သာမာန် အသစ်စုသူများထက်ပိုပြီးတော့ လူရည်လည်ကျတာများပါတယ်။ ဘာလိုဆို သူတို့ဟာ အဟောင်းရဲ့တန်ဖိုးကိုသိမြင်ပြီး အဟောင်းအကြောင်းကို အတော်အတန် နှံ့စပ်ကျွမ်းသူတွေဖြစ်နေလို့ပါပဲ။ သူတို့ဟာ ဘယ်မဂ္ဂဇင်းမှာ ဘယ်စာရေးဆရာရဲ့ ပြန်မထွက်တဲ့ ဆောင်းပါး (ဝတ္တု ) ပါရှိတယ်။ ဘယ်စာရေးဆရာက ဘယ်နှစ်ခုနှစ်မှာ ဘာစာအုပ်ကို ဘယ်စာအုပ်တိုက်ကနေ ဘယ်ပန်းချီဆရာရဲ့လက်ရာနဲ့ဘယ်လိုထုတ်ဝေခဲ့တယ်။ အသစ်ပြန်ထွက်တဲ့ဒီစာအုပ်ဟာ ဘယ်နှစ်ကြိမ်ရှိပြီ။ အစရှိတဲ့ စာအုပ်တစ်အုပ်ရဲ့ဝေယျာဝစ္စအထွေထွေကိစ္စများနဲ့တကွ သမိုင်းကြောင်းများကိုပါသိထားပါတယ်။ ဒါကြောင့် အဟောင်းစုသူများအားလုံးနီးပါးဟာ စာအုပ်တစ်အုပ်ရဲ့ အသုံးနဲ့အပေါင်းတန်းဖိုးဖြစ်တဲ့ စာပေရဲ့တန်ဖိုးနဲ့ သမိုင်းတန်ဖိုးကို နားလည်သိရှိပြီးသားလူများသာလျှင်ဖြစ်တယ်။ ပုံပါ စာအုပ်များထဲက မြသန်းတင့် စာအုပ်များနဲ့ကိုကိုရေးတဲ့ ခေါင်းလောင်းသံဆိုတဲ့ hemingway ဘာသာပြန်ဆိုထားသော စာအုပ်ကိုကြည့်ပါ။ လက်ရှိအချိန်မှာ စာပေတန်ဖိုးရောအပြင်အဆင်တန်ဖိုးရော။ အဖုံးတန်ဖိုးရော။ အစရှိတဲ့တန်ဖိုးများစွာရှိနေပါပြီ။ သမိုင်းတန်ဖိုးနဲ့စာပေတန်ဖိုးနှစ်ရပ်လုံးပြည့်ဝဖို့အတွက် နောက်ထပ် နှစ်အနည်းငယ်သာ စောင့်ပြီးတော့ ထပ်ကြည့်ရပါတော့မယ်။ တကယ်စာပေတန်ဖိုးရှိတဲ့စာအုပ်က မျိုးဆက်ပေါင်းများစွာအထိ အကြိမ်ကြိမ်ဆွဲခေါ်သွားပါလိမ့်မယ်။ တကယ်သမိုင်းတန်ဖိုးရှိတဲ့စာအုပ်ကတော့ သမိုင်းတန်ဖိုးသိသူလက်များထဲမှာ ကိန်းအောင်းနေပါလိမ့်မယ်။ စာရှည်နေပြီဖြစ်တဲ့အတွက် တော်ပါပြီ။

မှတ်ချက်။
အသစ်နဲ့အဟောင်းမှာ စျေးကတော့ အတိအကျ သတိမှတ်မူမရှိပဲ ကွာလှပါတယ်။ ခန်းဆောင်နီအိမ်မက်ကို တစ်သိန်းခွဲ ။ စစ်နဲ့ငြိမ်းချမ်းရေးကို တစ်သိန်းခွဲနဲ့လိုချင်တိုင်းဝယ်မရပါဘူး။ ပုံပါစာအုပ်များကိုလည်း တစ်အုပ်တစ်သောင်းနဲ ငွေ ထုပ်ပိုက်ပြီးရှာတောင် လိုချင်တိုင်းရှာမရပါဘူး။ဘာလိုဆို သူတို့မှာ စာပေတန်ဖိုးမရှိတောင် သမိုင်းတန်ဖိုးဆိုတဲ့ တံတိုင်းကြီးတစ်ခုက ထာဝစဉ်တည်ရှိနေလို့ပါပဲ။ ပုံပါ စာအုပ်များလည်း ကျနော်ဆီမရှိပါဘူး။ သူများ တင်ထားတဲ့ ဓါတ်ပုံတွေကိုယူလာတာဖြစ်ပါတယ်။ :၃

ကွိုင်
အေဒီ ၂၀၁၈
ဇွန်လ ၂၁
ရှစ်နာရီ ငါးဆယ်လေး
Thursday

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Oct, 14:05


စာအုပ်အဟောင်းက စာအုပ်အသစ်အပေါ် အားသာနေတဲ့ အချက် ( ၅) ချက်။
++++++++++++++++++++++++++++++++++++++++

စာအုပ် အဟောင်းနဲ့အသစ်မှာ ကွဲပြားခြားနားချက်တွေအများကြီးရှိတယ်။ အဲ့ဒီ မတူကွဲပြားတဲ့အချက်တွေထဲကမှ အဓိက ကျတဲ့ အချက် တချို့တစ်လေကို ကောက်နုတ်ပြရရင်။

၁။ မျက်နှာဖုံး၏အားသာချက်
၂။ စာလုံးအကျအပေါက်အားသာချက်။
၃။ အပြင်အဆင်အားသာချက်
၄။ သမိုင်းတန်ဖိုး အားသာချက်
၅။ စာပေ တန်ဖိုး အားသာချက် စတာတွေပဲဖြစ်ပါတယ်။
(အခြားအားသာချက်တွေရှိပါအုံးမည် )

၁။ အဖုံး၏အားသာချက်ဆိုတာ

စာအုပ် အဟောင်းတစ်အုပ်ရဲ့ မျက်နှာဖုံးပန်းချီဆိုတာ ပြန်မရနိုင်တော့တဲ့ လက်ရာတစ်ခုပဲဖြစ်တယ်။ ဒီဘက်ခေတ်မှာ ဒီလိုပန်းချီမျိုးနဲ့ ပြန်ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး။အဖုံးပန်းချီ ရဲ့ အားသာချက်ကို ခံစားတတ်ဖို့ဆိုတာလည်း စာအုပ်အဟောင်းစုသူရဲ့ အနုပညာအပေါ်(ခံစား )တန်ဖိုးထားတတ်တဲ့အတိမ်အနက်က မူတည်ပါသေးတယ်။ တချို့က အဖုံးမပါချင်နေ စာဖတ်တာ ပဲ စာက အဓိကလိုဆိုပြီး အဖုံးကို ဥပေက္ခာပြုထားပါတယ်။ တကယ်တော့ အဖုံးရဲ့အားသာချက်ဆိုတာ ချက်ချင်းလက်ငင်းမှာမသိသာပေမယ့်။ တစ်စိမ့်စိမ့်ကြည့်ရင်းနဲ့တန်ဖိုးကို သိမြင်လာတတ်တဲ့ အနုပညာခံစားမူ ဥပဒေသ တစ်ရပ်ပဲဖြစ်ပါပေတယ်။ ပုံပါစာအုပ်များထဲက ကာလီဒါသ ဆိုတဲ့စာအုပ်ကိုကြည့်ပါ။ အဖုံးပန်းချီ ရေးဆွဲသူ ဟာ ဦးဘလုံလေးဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ဒီလိုပန်းချီမျိုးနဲ့ မရနိုင်တော့ပါ။

၂။ စာလုံးအကျအပေါက် ၏ အားသာချက်ကတော့

ယနေ့ထုတ် စာအုပ်တိုက်တွေများစွာထဲကမှ စာလုံးအကျအပေါက် အနည်းဆုံး ဆိုတဲ့တိုက်ရဲ့ စာအုပ်များတောင်မှ ရှေးက ပြီးစလွယ်ထုတ်ခဲ့တဲ့ စာအုပ်များရဲ့ အကျအပေါက်ကင်းစင်မူရဲ့ခြေဖျားကိုမမှီပါဘူး။ ယုတ်ဆွအဆုံး ပုည။ နံ့သာ။ ချိုးဖြူ ။ စံပယ်ဦး။ စတဲ့တိုက်များကထုတ်တဲ့စာအုပ်များဆိုရင် စာလုံးအကျအပေါက်မပါသလောက်ပါပဲ။ မရှိသလောက်ပါပဲ။ ပါခဲ့ရင်တောင် ဒီဘက်ခေတ်အကောင်းဆုံးဆိုတဲ့ စာအုပ်တိုက်များက စာအုပ်များလောက်အခြေအနေမဆိုးပါဘူး။ ဒါက်ို အဟောင်းစုသူအားလုံးနီးပါးက သိရှိနားလည်ပါတယ်။

၃။ အပြင်အဆင်အားသားချက် ဆိုတာကတော့

အထွေအထူးပြောစရာမလိုပါဘူး။ အများကြီး လည်းပြောစရာမလိုပါဘူး။ ဒီနေ့ခေတ် စာအုပ်ထုတ်ဝေနေတဲ့စာအုပ်တိုက်တွေက ထုတ်ဝေတဲ့ အပြင်အဆင်အသပ်ရပ်ဆုံးဆိုတဲ့ စာအုပ်တစ်အုပ်နဲ့ပုဂံ စာအုပ်တစ်အုပ်နဲ့ယှဉ်ချထားရင် ဘယ်စာအုပ်က အပြင်အဆင်သပ်ရပ်တယ်။ လိုချင်စဖွယ်ဖြစ်နေတယ်ဆိုတာ မျက်လုံးကန်းနေတဲ့ သူတောင် သိနိုင်ပါတယ်။ ပုဂံက ထုတ်တဲ့ စစ်နဲ့ငြိမ်းချမ်းရေး ဆယ့်နှစ်အုပ်တွဲ (မူ ) နဲ့ယခု ပြန်ထုတ်တဲ့ ပေါင်းချုပ်မူ ကြီးကို ဘယ်ဟာ လိုချင်ပါသလဲမေးရင်။ အမေးခံရသူ က စကားမပြောတတ်တဲ့ ဆွံအနေသူ တစ်ဦးဖြစ်နေရင်တောင် ပုဂံက ထုတ်တဲ့ ဆယ့်နှစ်တွဲမူကိုပဲ လိုချင်ပါတယ်လို့ဆိုပါလိမ့်မယ်။ အတွင်းသား ဘယ်လောက်ပဲ ကောင်းတယ် ပြောပြော ။ စာအုပ်တစ်အုပ်မှာ အပြင်အဆင်မသပ်ရပ်တဲ့အခါ အလကားပဲ။ စာအုပ်တစ်အုပ်မှာ စာက အဓိကလို ဆိုနိုင်ပေမယ့်။ အပြင်အဆင်ရဲ့ အရေးပါမူက ဘယ်လောက်အတိမ်အနက်အထိ အရေးပါတယ်ဆိုတာကို စာအုပ်ကို စနစ်တကျနဲ့ ဂရုတစ်စိုက်ဖတ်ရှူ စုဆောင်းသူတွေအတော်အများအပြားကတော့ သိမြင်သုံးသပ်နိုင်ကျပါတယ်။ ဒါကြောင့် စာအုပ်တစ်အုပ်မှာ အပြင်အဆင်(သပ်ရပ်မူ + လိုချင်စဖွယ် + သိမ်းချင်စဖွယ်။ ဖတ်ချင်စဖွယ် ) များဟာလည်း အတွင်းပါ စာများ၏ အရေးပါမူနှင့် ခေါက်ကျိုးနီးပါး အရေးပါတယ် (ဝါ )အရေးကြီးတယ်လို့ပဲ ဆိုပါရစေ။

၄။ သမိုင်းတန်ဖိုး ၏ အားသာချက်

ဒါကတော့ များများ ပြောစရာရှိတဲ့အပိုင်းပါပဲ။ ကျနော်တို့ဟာ စာအုပ်တစ်အုပ်ရဲ့ဆိုးကျိုးကောင်းကျိုး။ ကောင်းမူ။ မကောင်းမူ။ အရှည်တည်မူ။ အတိုတည်မူ။ စတာတွေကို သမိုင်းနဲ့ယေဘုယျဆုံးဖြတ်ကျလေ့ရှိပါတယ်။ ဘယ်လို ဆုံးဖြတ်ကျသလဲဆိုရင် စာအုပ်တစ်အုပ် ကောင်းတယ်ဆိုရင် သမိုင်းကိုဖန်တီးတဲ့ မျိုးဆက်တိုင်းက သမိုင်းခေတ်အဆက်ဆက် မမေ့မလျော့ သယ်ဆောင်လာမှာပဲ ဖြစ်သလို။ စာအုပ်တစ်အုပ် မကောင်းဘူးဆိုရင်လည်း သမိုင်းလှည်းဘီးရဲ့အောက်မှာ စိစိညက်ညက်ဖြစ်အောင် အနင်းခံသွားရတာပါပဲ။ ဒါဟာ စာအုပ်တစ်အုပ် ကောင်းမကောင်း ။ အရှည်တည်မတည်ဆိုတာကို အကြမ်းဖျင်း သုံးသပ်တဲ့နည်းဥပဒေတစ်ရပ်ပဲဖြစ်ပါပေတယ်။ ပုံပါ စာအုပ်များထဲက ဝဇီရာ ရဲ့ သဲလွန်စဆိုတဲ့ စာအုပ်ကိုကြည့်ပါ။ စာပေတန်ဖိုးမရှိသော်ငြားလည်း သူ့မှာ သမိုင်းတန်ဖိုးရှိတဲ့အတွက် သမိုင်းတန်ဖိုးသိသူများအတွက် အသဲနှလုံးပါပဲ။ ဆိုရသော် ရှင်မဟာရဌသာရ ရဲ့စာတွေကို တန်ဖိုးဖြတ်မယ်ဆိုရင် အရင်ဆုံးအနေနဲ့ သမိုင်းတန်ဖိုးကနေ သုံးသပ်ပါတယ်။ ပြီးတော့မှ စာပေတန်ဖိုးကို သတ်မှတ်ပါတယ်။ ဒါ့ကြောင့် စာပေ တစ်ခုဟာ သမိုင်းတန်ဖိုးရော။ စာပေ တန်ဖိုးရော ကြီးမြတ်မှ (တန်းဝင်မှ ) သာလျှင့် Canon စာရင်းကိုဝင်ပါတယ်။Canon ဆိုတာ စာပေတန်ဖိုးရော။ သမိုင်းတန်ဖိုးရော ကြီးမြင့်တာတွေကိုဆိုလိုပါတယ်။ ဆိုရရင် အနောက်မှာဆို ဒစ်ကင်းရဲ့စာပေတွေ။ ရှိတ်စပီးယားရဲ့ စာပေတွေ။မီလ်တန်ရဲ့ စာပေတွေ။ စတာတွေဖြစ်ပြီး။ ကျနော်တို့ဆီမှာတော့ ။ အပေါ်ကဆိုခဲ့သည်အတိုင်း ရှင်မဟာသီလဝံသ။ ရှင်မဟာရဌသာရ။ ။ လယ်တီ။ မန်လည် ။ ဦးပုည။ နတ်ရှင်နောင်။ မြဝတီမင်းကြီးဦးစ နောက်ဆုံးသခင်ကိုယ်တော်မှိူင်း အစရှိသည့် ပုဂ္ဂိုလ်ကြီးများ၏စာပေများသည့် Canon ပဲဖြစ်တယ်။ Canon ကို

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Oct, 14:00


ပုံမှန်မဟုတ်တဲ့ ညနေခင်းတခု ...
_________

ပုံမှန်မဟုတ်တဲ့ ညနေခင်းတခု
မိုးပျံတိုက်တွေအကြား ကျလာတဲ့အချိန်မှာ
မလုံခြုံမှုကို ငါ ခံစားရတယ်၊ ငါ လိုအပ်တယ်
ကောင်းတဲ့ ဇာတ်သိမ်းတွေနဲ့ ရုပ်ရှင်ငါးကားရယ်
ခိုင်မာတဲ့ငွေကြေး ဒေါ်လာ ၁၀၀၀၀ ရယ်
စစ်ပွဲတွေ တခုနှစ်ခုရယ်။

ဗားတော့ဗရက်
မြန်မာပြန်ဆိုသူ - မိုးသစ်ဝေ
When the no-season evening ...by Bertolt Brecht

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Oct, 09:45


အနောက်တောင်ဆီက ရွာမည်ဟန်ပြင်
မိုးသက်လေနှင့်မုန်တိုင်းပင့်လျှင်
စစ်မျက်နှာဖွင့် တိမ်ခိုးလွင့်ကာနှင်
မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်မှင်
ပြိုမှာလေလား..မိုးရဲ့ စိုအောင်ခုပင်
အမ္ဗုန်မောင်ဖန်အားလေတဲ့အင်..။

ဂီတနက်သန် ကိုစောညိန်း
မိုးသက်လေနှင် မှ

photo.Credit

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

21 Oct, 09:37


ချစ်မှုပြုခြင်း၊ ည

အသစ်တစ်ကြိမ်ထပ်ပြီး၊ တစ်ယောက်ယောက်ကတော့ သူ့ရဲ့ပထမဆုံးကျဆုံးခြင်းမှာ ထပ်ပြီး ကျဆုံးသွားပြန်ပြီ။ ခန္ဓာကိုယ်နှစ်ခုရဲ့ ကျဆုံးခြင်း၊ မျက်လုံးနှစ်လုံးရဲ့ကျဆုံးခြင်း၊ အစိမ်းရောင်မျက်လုံးလေးလုံး ဒါမှမဟုတ် အစိမ်းရောင်မျက်လုံးရှစ်လုံးရဲ့ကျဆုံးခြင်း၊ ကျမတို့ရေတွက်ကြည့်မယ်ဆိုရင် မှန်ထဲမှာမွေးဖွားလာတဲ့ အဲဒီမျက်လုံးတွေ (ညလယ်မှာ၊ အသန့်စင်ဆုံးကြောက်ရွံ့မှုထဲမှာ၊ ဆုံးရှုံးမှုထဲမှာ) ခန္ဓာကိုယ်က ဖန်ခွက်တစ်လုံးဖြစ်နေခဲ့ပြီး ၊ကျမတို့ကိုယ်တိုင်ဆီက ပြီးတော့ တခြားသူတွေဆီက မဖြစ်နိုင်တဲ့ရေတမျိုးမျိုးကို ကျမတို့သောက်သုံးလိုက်ချိန်မှာ၊ ရူးနေတဲ့အခြေနေတစ်ခုရဲ့အလယ်ထဲ ပြာပြာသလဲရောက်လာတဲ့ကမ္ဘာဆန်တဲ့သတင်းစကားတွေကိုကြည့်မြင်ရဖို့ ရှင့်ရဲ့ခြောက်ကပ်ငြီးငွေ့ဖွယ်တိတ်ဆိတ်မှုအသံကို ရှင်မမှတ်မိခဲ့ပါဘူး။
မလိုအပ်ပါဘဲနဲ့ အလိုရမ္မက်ဟာ ကျိန်စာသင့်အရက်တွေကို ကျမအပေါ်လောင်းချနေတယ်။ ကျမရဲ့ရေငတ်နေတဲ့ရေဆာလောင်ခြင်းအတွက် ရှင့်ရဲ့မျက်လုံးနဲ့ဆက်သွယ်ထားတဲ့ကတိကဝတ်က ဘာလုပ်ပေးနိုင်ပါသလဲ။ ဒီကမ္ဘာထဲကမဟုတ်တဲ့တစ်စုံတစ်ခုကြောင်း ကျမ‌ပြောဆိုတယ်။ ရည်ရွယ်ချက်ကတခြားနေရာတစ်ခုဆီရောက်နေတဲ့တစ်စုံတစ်ယောက်အကြောင်း ကျမပြောဆိုတယ်။
ပြီးတော့ အဖြူရောင်ညရဲ့မှတ်ဉာဏ်ထဲမှာ ကျမဟာ ကိုယ်ဗလာကျင်းလို့။ အရက်မူးလို့၊ ပြီးတော့ ဖျားနာနေတဲ့ခွေးတစ်ကောင်လို တညလုံးအချစ်ကိုပြုလုပ်လို့။
တခါတလေမှာ ကျမတို့ဟာ တစ်ခုတည်းသောညရဲ့ ဟင်းလင်းပြင်ထဲမှာ လက်တွေ့အမှန်တရားကို အများကြီး နာကျင်ခံစားကြရပါတယ်။ ကျမတို့ အဝတ်တွေချွတ်ပစ်လိုက်ကြတယ်၊ ကျမတို့ကြောက်ကြတယ်။ မှန်ဟာ လက်ပတ်နာရီတစ်လုံးရဲ့အသံထွက်နေတာကို ကျမတို့သတိထားမိကြတယ်၊ ရှင့်ရဲ့မျက်ရည်ကို ၊ရှင့်ရဲ့ ပြတ်ရှဒဏ်ရာကို သွန်းထုတ်ပစ်လိုက်မယ့်မှန်။
ညဟာ သူ့ကိုယ်သူ တစ်ကြိမ်တည်းသာ ဖွင့်လှစ်တယ်။ ဒါ လုံလောက်ပါတယ်။ ရှင်မြင်ပါတယ်။ ရှင်မြင်ပြီးပါပြီ။ မှန်ထဲမှာ နှစ်ယောက်ဖြစ်နေခြင်းရဲ့ အကြောက်တရား ပြီးတော့ ကျမတို့ဟာ ရုတ်တရက်ကြီး လေးယောက်ဖြစ်လို့။ ကျမတို့ငိုကြွေးလို့၊ ကျမတို့ရှိုက်ငင်လို့၊ ကျမရဲ့အကြောက်တရား၊ ကျမရဲ့နှစ်ခြိုက်ပျော်ဝင်မှု‌နေမှုဟာ ကျမရဲ့ အကြောက်တရားထက်ပိုပြီးခြောက်ခြားစရာဖြစ်လို့၊ ကျမရဲ့ညစ်ညမ်းတဲ့စကားတွေ၊ ကျမရဲ့စကားလုံးတွေဟာ မှန်တချပ်ထဲမှာ ကျမကိုရှင်နဲ့အတူခတ်ပိတ်ထားတဲ့‌သော့တွေ၊ ဒါပေမယ့် အမြဲတမ်း တစ်ယောက်တည်းပါပဲ။ ညကို ဘာနဲ့ပြုလုပ်ထားသလဲဆိုတာ ကျမကောင်းကောင်းသိပါတယ်။ ဒီစတေးမှု၊ မြင်ခဲ့ရတဲ့ကျမမျက်လုံးတွေရဲ့ ပြစ်တင်ရှုံ့ချမှုကို တိုင်းတာမပေးနိုင်တဲ့ မေးရိုးတွေထဲဆီ ကျမတို့ လုံးလုံးကျရောက်သွားပြီ။ ရှာဖွေတွေ့ရှိမှုတစ်ခုအကြောင်းကို ကျမပြောဆိုတယ်၊ ချစ်မှုပြုခြင်းထဲက ကျမ၊ ကျမထဲက ချစ်မှုပြုခြင်း။ နေ့စဉ်အကြောက်တရားကို ခဏတာအကြောက်တရားတစ်ခုထဲ လုံခြုံအောင်မြုပ်နှံခြင်းအကြောင်း ကျမပြောဆိုပါတယ်။ အသန့်စင်ဆုံး ဆုံးရှုံးရခြင်း။ ဆိုပေမယ့် ကျမ ဘာပြောလို့ရမလဲ၊ ညထဲမှာ ဘယ်တော့မှ ထပ်မငိုတော့ဖို့လား။ ဘာလို့လဲဆိုတော့ ရူးသွပ်ခြင်းဆိုတာမျိုးကလည်း အလိမ်အညာတစ်ခုဖြစ်နေလို့ပါပဲ။ ညလိုမျိုး။ သေခြင်းတရားလိုမျိုး။

Le Sexe, La Nuit by Alejandra Pizarnik
Translated by မူးမူး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 13:38


ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမရလေးဖြစ်ပါစေဗျ

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 13:31


အဖွားဆုံးတုန်းက ခြံထဲမှာ စိန်ခြယ်နံ့တွေကို လှပ်ခနဲရလိုက်‌တော့ ကျနော်တွေးထားတဲ့အတိုင်း အဖွားဟာ သူငယ်ငယ်ကစိုက်ခဲ့ဖူးတဲ့ စိန်ခြယ်ပန်းခင်းဖြစ်သွားတယ်ဆိုတာ သိလိုက်တယ်။ အဲ့တာမို့ပဲ မျက်ရည်မကျမိတာဖြစ်မယ်။ ဘာမှမထူးဆန်းတဲ့ကိစ္စလို့လဲ ထင်နေတယ်။
အခုတခေါက်အိမ် ပြန်ရောက်မှ အဖွားဆုံးတာ သေချာသွားတယ်။ အဖိုးကိုကန်တော့ရင်း အဖွားကိုမတွေ့လို့ အဖွားရော လို့ မေးမိလိုက်ရုံ‌လေးပေါ့။ ဪ အဖွားမှ မရှိတော့တာ ။ ဘာမှမထူးဆန်းတဲ့ကိစ္စလို့ပဲ ထင်နေတုန်းပဲ။ အမေက မျက်ရည်ကျနေတယ်။ ခြံထဲ စိန်ခြယ်ပန်းနံ့တွေတော့ မွှေးပျံ့နေဆဲ ။ ။

သက်ငြိမ်နွေ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 13:15


အင်္ဂလိပ်စာအုပ် တအုပ် ဖတ်လို့ ကောင်းရင်၊ မြန်မာလို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ မြန်မာစာအုပ် တအုပ် ဖတ်လို့ ကြိုက်ရင်၊ အင်္ဂလိပ်လို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ အဲဒီမှာ ဘာအကျိုး ခံစားရသလဲလို့ မေးရင်၊ စာအုပ်တအုပ်ကို ကိုယ်ဖတ်ပြီးရင် ခံစားရတဲ့ ကျေနပ်ချက်ကို ဝေငှချင်တဲ့သဘောလို့ ပြောရမယ်။ ဘုရားလောင်းစိတ် မဟုတ်ပါ နိဗ္ဗာန်ကူးတို့ မလုပ်ပါ။ ဟင် သူပြောတော့ အလွယ်သားပါလားလို့ ထင်မယ်။ လုပ်ကြည့်ပါ။ မလွယ်တာကို သိမယ်။

-ဒေါက်တာသန်းထွန်း
-ခေတ်ဆန်းဂျာနယ်၊
၁၆-၃၁၊ ဩဂုတ်၊ ၂ဝဝ၃၊ ၇-၉။

#သမိုင်းပါမောက္ခဒေါက်တာသန်းထွန်း

#မူရင်းတင်သူအားလေးစားစွာcreditပေးပါသည်ခင်ဗျား။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 13:15


#စာဖတ်နည်း
____

စာကို ဘာပြုလို့ ဖတ်သလဲ။ အပျင်းပြေဖို့၊ ပညာရဖို့ ဖတ်တယ်။ ငယ်ငယ်ကဆိုရင် အပျင်းပြေ ဖတ်တယ်လို့ ဘယ်မှာ ရှိမလဲ။ နောက်၊ ခြောက်နှစ်သားလောက်မှာ စာသင်ကျောင်း ရောက်တော့ အပျင်းဖြေမှာလား၊ ပညာရမှာလားလို့ ဘာသိ မှာလဲ။ ဆရာက ဖတ်၊ ကျက် ဆိုတာကို ဖတ်ရ ကျက်ရတယ်။ အဲဒီအခါက ဉာဏ်ကောင်းဖို့ လိုတယ်။ စာရဖို့ ခဏပဲ ကျက်ရတယ်ဆိုရင် ကျက်ဖို့ ဝန်မလေးဘူး။ ဉာဏ်ထိုင်းရင် စာမရနိုင်လို့ ပျင်းလာတယ်။ မကျက်ချင်ဘူး ဆိုပါတော့။ စာရရင် အစားကျွေးမယ် ဆိုတဲ့ အစ်ကို၊ အစ်မ၊ အဒေါ်၊ ဦးလေး၊ မိဘ၊ ဘိုးဘွားနဲ့ကြုံရင် ပျော်တာပေါ့။ စာရရင် ဆုရတယ် ဆိုတာနဲ့ တွဲပြီး သိလို့၊ ဘယ်စာ ကျက်ရမလဲလို့တောင် မေးလိုက်သေးတယ်။ ဆိုလိုတာက၊ "ငါ စာရလွယ်တယ်၊ မယုံရင် စမ်းကြည့်" ဆိုတဲ့စိတ် ဝင်လာသလား မသိပါ။ အသေအချာတော့ မပြောတတ်ပါ။ ဘုရားရှိခိုး ဆိုရင် ကျက်လို့ ရတာ မဟုတ်။
အဓိပ္ပါယ်လည်း မသိ။ သူများဆိုတာ ကြားရုံနဲ့ ရတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် စာဖတ်တာ အပျင်းဖြေဖို့လား၊ ပညာရဖို့လား ဆိုတာ ခွဲမသိပါ။ အသက် ဆယ်နှစ်ကျော်အထိ ဖြစ်ပါတယ်။

အတန်းကျောင်းမှာ နေခဲ့ရတော့၊ တနှစ် တခါနှစ်ခါ ဆိုသလို စာမေးပွဲအောင်ဖို့ လိုတယ်လို့ အသိ ရှိလာတယ်။ အဲဒီ အခါမှာလည်း စာမေးပွဲ အောင်ဖို့ပဲ စာကျက်တယ်။ ပညာရတာပါကလားလို့ ကွဲကွဲပြားပြား ခွဲခွဲခြားခြား မစဉ်းစားမိပါ။ ကိုယ်နဲ့ တတန်းတည်းနေတဲ့ ကျောင်းသားတွေထဲမှာ၊ သိပ်စာတော်တဲ့လူ ပါတယ်။ အားမကျပါ။ သင်္ချာကိုလည်း သိပ် စိတ်မဝင်စားပါ။ ပထဝီဝင်ကို သဘောကျတယ်။ တမျိုးပြောရရင် ဒီလို မြေအနေအထား၊ ဒီလို ရာသီဥတု၊ ဒီလိုပတ်ဝန်းကျင်နဲ့ ဒီလိုလူ အများကြိုးစားရင် တိုးတက်ကြီးပွား ချမ်းသာတယ်လို့ သိလာတယ်။ ဒါကြောင့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက် အောင်မြင်ပုံကို နှစ်သက်တယ်။ သမိုင်းက သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် တို့က ရင်ပေါင်တန်း တိုးတက် သလား၊ လိုက်မမီအောင် ကွာဟနေသလား ဆိုတာတွေ၊ သိလာတယ်။ ဒါ့ကြောင့် သမိုင်းကို စိတ်ဝင်စားတယ်၊ သမိုင်း ရယ်၊ ပထဝီဝင်ရယ် ပေါင်းစပ်ရင် ဘောဂဗေဒပညာဆိုတာ ရှိသေးတယ်။ အလားတူ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ တွေ့လာတယ်။

တက္ကသိုလ် ရောက်တဲ့အခါ ပထဝီဝင်၊ ဘောဂဗေဒနဲ့ သမိုင်းဘာသာတွဲကို ယူလိုက်တယ်။ ထောင့်သုံးရာပြည့်ခေတ်ဆိုတော့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးဆိုတာတွေ နားထောင်ချင်လာတယ်။ နိုင်ငံရေးတရားပွဲ ဆိုရင် သွားတယ်။ ဟောတဲ့ သူကို သိပ်အထင်ကြီးတယ်။ သူ့လို တော်ချင်တယ်။ အဲဒီအခါရောက်မှ ပညာကို လိုလို့ စာဖတ်တယ် ဆိုတာ သိလာတယ်။ ပြဋ္ဌာန်းစာအုပ်ထဲမှာ စာရေးဆရာ ကောင်းကောင်း၊ သူရေးတဲ့ဝတ္ထုကောင်းကောင်းကို နားလည်လွယ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာတွေ၊ ဖတ်ရင်း ဖတ်ရင်းနဲ့ စာဖတ်ချင်တဲ့ဝါသနာ ရလာတယ်။ စာတအုပ်ကို တလ ဖတ်လို့ မပြီးနိုင်တဲ့ အခြေအနေက လဝက် သီတင်းတပတ် လေးငါးရက်နဲ့ပြီးအောင် ဖတ်နိုင်လာတယ်။ ဖတ်ရင်လည်း နားလည်တယ်။ အဘိဓာန်ကို ကြည့်ဖို့ မပျင်းတော့ဘူး။ ကိုယ်က ပြန်ရေးမယ်ဆိုရင်လည်း ဘယ်ဝေါဟာရကို ဘယ်လို သုံးမြဲဖြစ်တယ် Idiom တွေနဲ့ Usage တွေကို နားလည်လာတယ်။ H.G. Wells ရဲ့ Country of the Blind, Invisible Man ဆိုတာ တွေ ဖတ်ပြီး၊ Wells ရေးသမျှ အကုန်ဖတ်မယ်။ Thomas Hardy ရဲ့ Distracted Preacher ကို ဖတ်မိပြီး Hardy ရေး သမျှ အကုန်ဖတ်မယ်။ Stories Retold ကနေ၊ မူရင်း (Classic) ကို ဖတ်ဖို့ စွန့်စားလာတယ်။ ရဲလာတယ်။ ဖတ်ရင်း ဖတ်ရင်း ပိုအားတက်လာတယ်။ အပျင်းပြေထက် အင်္ဂလိပ်စာ ရေးနည်းပညာဘက်ကို ရောက်လာတော့တယ်။ တခုနဲ့ တခု ဆက်နေတယ်။ အဲဒီအထဲမှာ အဘိဓာန်သုံးဖို့ မပျင်းရဆိုတာကို၊ ကောင်းကောင်း သဘောပေါက် နားလည်တယ်။ စာကြည့်တိုက်ကို သုံးတဲ့အခါ စာအုပ်ငှားရက် တလ၊ တသီတင်းဆိုသလို ကန့်သတ်ထားလို့၊ ပထမဖတ်မယ့်စာအုပ်ကို အဟောင်းဆိုင်တွေ ဝင်ရှာပြီး တထမ်းကြီး ဝယ်တယ်။ နောက် တက္ကသိုလ်စာအုပ်ဆိုင်မှာ ဝင်ပြီး စာအုပ်စင်ရှေ့မှာ ဖတ်ချင်တဲ့စာအုပ်ကို မတ်တပ်ဖတ်တယ်။ မတ်တပ်ဖတ်နေတာ တနာရီ နှစ်နာရီ ကြာတဲ့အခါလည်း ရှိတယ်။ အစပထမ ကြုံကြိုက်တာက ဆိုင်ရှင်၊ J.S. Furnivall၊ နောက် သခင်ကျော်စိန်။ သူတို့က ကျွန်တော့်ကို "ဖတ်ချင်ယူသွား။ နောက် ပြန်ပေးတဲ့အခါ ဟောင်းနွမ်းမလာရင် ပြီးတာပဲ" ဆိုတဲ့အနေနဲ့ ကူညီတယ်။ ကိုယ်ကလည်း အလိုက်သိစွာ မြန်မြန် ဖတ်ရတယ်။ စာကြည့်တိုက်က စာအုပ်လည်း ကိုယ်ဖတ်ခွင့် အလှည့်ရတုန်း မြန်မြန်ဖတ်၊ နားလည်အောင် ဖတ်ဆိုတဲ့ အလေ့ အကျင့်ရတယ်။

စာအုပ်ဆိုင်မှာ၊ စာအုပ်စင်ရှေ့မှာ ဖတ်ချင်တဲ့စာအုပ်ကို ယူပြီး မတ်တပ်ဖတ်တဲ့အခါ စာအုပ် Jacket က စာရေးသူရဲ့အတ္ထုပ္ပတ္တိအကျဥ်း၊ နိဒါန်း၊ မာတိကာ၊ အတွင်းက ဓာတ်ပုံ၊ မြေပုံနဲ့ နိဂုံးကို ကြည့်ပြီး ဒီစာအုပ်ကို ငါ ခဏ ဖတ်မယ်။ အသေးစိတ် ဖတ်မယ်။ ဖတ်ပြီးတာတောင် ကိုယ်ပိုင်ဝယ်ထားမယ် ဆိုတာမျိုးတွေ ဆုံးဖြတ်လို့ ရတယ်။ ဆုံးဖြတ်ချက် အတိုင်း လုပ်လာတယ်။ ဒါကြောင့် အပျင်းပြေ ဖတ်တယ်ဆိုတာ၊ မရှိသလောက် ဖြစ်လာပါတယ်။ စာဖတ်နည်း သိလာ တယ်။ နည်းသိလေ အဖတ်များလေ၊ ပညာတိုးလေ ဆိုတာတွေကို အသေးစိတ် ပြောဖို့ မလိုတော့ပါ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:24


#save

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:22


မောင်ချောနွယ်က'နိုင်ဝင်းဆွေရဲ့ နွေတစ်ည ဟာ ငါရေးတာ ဖြစ်ချင်လိုက်တာ'ဟု သူ့ဒိုင်ယာရီတွင် ရေးဖူးပါသည်။

အောင်ချိမ့် ကက်သလောက် မှ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:18


Happybirthday

တကယ့်ကဗျာ

ပြိုတော့မယ့်တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့ အရည်အသွေးပေါ့

ဘုရားပန်းလဲတယ်
သောက်တော်ရေကပ်တယ်
ဆွမ်းတော်တင်တယ်
စိတ်ကိုချမ်းသာနေတာပဲ

သုခမိန်လှိုင်

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:17


“ မလိုပါဘူး တော်လှန်ရေး သမားကြီးရယ် ။ စိန့်ဖလော်မီးနား မှာ ကျောင်း စ နေ ကတည်း က မာသာကြီး တွေ ကိုယ်တိုင် ပေးခဲ့တဲ့ နာမည် ။ ဒက်ဒီ နဲ့ မာမီ ကိုယ်တိုင် ကင်ပွန်းတပ်ပွဲ လုပ်ပြီး အမြတ်တနိုး မှည့် ထားတဲ့ နာမည် ရှင့် ၊ သိရဲ့ လား ။ ဒီ ပက်ထရစ်ရှာ ဆိုတဲ့ နာမည် ကို ရှင် နဲ့ ကျ မှ ပြောင်း မပစ်နိုင်ပါဘူး ။ ရှင် ကျွန်မ ကို တကယ် မချစ် လို့ သာ ကျွန်မ နာမည် ကို လည်း မကြိုက်တာပေါ့ ။ အို ရှင် ၊ တော်ပြီ ၊ ဖယ် ကျွန်မ သွားမယ် ”

မျက်နှာ ကို လက်ဝါး နှစ်ဖက် ဖြင့် အုပ် ရင်း ပက်ထရစ်ရှာ က လမ်းဘေး တစ်ဖက် သို့ အပြေး ကူး သွားသည် ။ ကိုမြတ်သူ သည် ရုတ်တရက် ကြောင် ၍ ကျန်ရစ် ခဲ့ ပြီးမှ ထိတ်လန့်မှု က ရုတ်ခြည်း ပေါ် လာသည် ။ ယုံကြည်ချက် ဆိုသည် မှာ ဖျောက်ဖျက် ၍ မရ ။

သည် မိန်းကလေး ကို လက်လွှတ် ခံ၍ မ ဖြစ် ။ ကျဆုံးလေပြီ ဖြစ်သော တော် လှန်ရေးသမား သည် နောက် မှ အပြေးကလေး လိုက်သွား ပြီး ပက်ထရစ်ရှာ ၏ ရှေ့ မှာ ဆီးကာ လိုက်မိ၏ ။

“ ဖယ်ပါ ။ ကျွန်မ လမ်း ကျွန်မ သွားမယ် ”

“ ကိုယ် ရှင်းပါရစေဦး ပက်ထရစ်ရှာ ရယ် ။ အားလုံး ကိုယ့် အပြစ် ပဲ ထားပါ ”

တော်လှန်ရေး ကား သားလျှော ချေပြီ ။

လက်နက်ချသမား သည် ဟောဟဲ လိုက် သမျှ မောနေ သော ကြောင့် စကား ကို ခေတ္တရပ်ထား ရရင်း သူ့ ချစ်သူ ကို အကဲခတ် ကြည့်မိ၏ ။ မျက်လုံး မပြာ သော မစ္စပက်ထရစ်ရှာ က တော့ နှုတ်ခမ်း စူ နေမြဲ ။ သည်တော့ စကား ကို ဆက်ရ ပြန်သည် ။

“ အခြေအနေ ကို အချိန်ကာလ ကို ထည့် မတွက်မိတဲ့ ကိုယ့် အမှားပါ ပက်ထရစ်ရှာ ၊ ကိုယ် တစ်ယောက် တည်း စေတနာ နဲ့ ဆန္ဒ စောပြီး မှားရတဲ့ အမှားပါ ။ ဒါဟာလည်း စထရောင်းမာ့က်ဆစ် တွေ မှားတက် တဲ့ အမှား လိုပါပဲ ။ ကိုယ် သိပ် ကြောက်သွားလို့ ပါ ကွာ နော် ”

မိန်းကလေး မှာ စိတ် ထဲ က ပြုံး ချင်ချင် ဖြစ်လာ သော်လည်း နောင် ကြဉ်စေရန် မျက်နှာ ထား ကို တင်း လိုက်၏ ။ ပြီးတော့ လေသံ က လည်း ဌာန် နှင့် မာန် နှင့် .. ။

“ ဒါပဲ ၊ နောက်သာ ဒီလို အူကြောင်ကြောင် မလုပ်နဲ့ ”

“ အေးပါကွာ ။ ဖြစ်သမျှ အားလုံး အတွက် ဆောရီး ပါ ပဲ ပက်ထရစ်ရှာ ရယ် ။ အို ၊ ကြည့်စမ်း ကြည့်စမ်း ။ ဘာမဟုတ်တဲ့ ပြဿနာတွေ ဖြစ်နေရတာ နဲ့ မေ့တောင် နေတယ် ”

“ ဘာများ လဲ ကို ရဲ့ ”

“ အခု ကွာတားပ ( စ် ) သရီးတောင် ရှိ နေပြီ ပက်ထရစ်ရှာ ။ အချိန် နီးနေပြီ လေ ။ ပလေဒီယံ မှာ သရီးသာတီးရှိုး ကြည့်ကြမယ် ဆို ”

ခပ်ဟက်ဟက် ရယ်သံကလေးများ လွင့်မြူးပျံ့လွင့် လာ ပြီး နောက် သမီးရည်စား နှစ် ယောက် သည် ပလက်ဖောင်း တစ်လျှောက် သွက်သွက်ကလေး လှမ်း ထွက် သွားကြစဉ် ကျယ်လောင် စူးရှလှစွာ သော အင်္ဂလန် မှ ဘင်သံများ ကို ကြား လိုက်ရ၏ ။

ဟော ၊ မိုးတွေ ခြိမ်း ကုန်ပြီ ။ လျှပ်စီးတွေ လည်း တဝင်းဝင်း လက် လို့ ။ မိုးတွေ ရွာတော့မယ် ထင်ပါရဲ့ ။

ကြည့်လော့ ။ မြန်မာ့ ကမ်းလွန် ပင်လယ်ပြင် မှ မဟုတ်မူ ဘဲ အင်္ဂလန် ရေလက်ကြား မှ အင်အား စုဆောင်း လာခဲ့ ဟန် ရှိသော “ မိုးခါး တိမ်လိပ် ” တို့ သည် ရန်ကုန် တစ်မြို့ လုံး ပေါ်တွင် ယှက်သိုင်း အုံ့ဆိုင်း နေလေပြီ ၊ ဒေါင်းတံဆိပ် ခတ်နှိပ် ထားသည် ဆိုသော ဘာဏုရာဇာနေမင်း ကို လည်း မမြင်ရ တော့ ပါလား ။

မင်းသစ်

📖 မိုးဝေ မဂ္ဂဇင်း
၁၉၇ဝ ၊ သြဂုတ်လ

#ကိုအောင်နိုင်ဦး

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:17


ဈေး အတွင်း တွင် လှည့်ရင်း ပတ်ရင်း နှင့် ကုန်မျိုးစုံဆိုင် ရှေ့ သို့ ရောက် အလာ တစ်နေ့ က မိခင် ဖြစ်သူ ၏ ပြော စကား ကို သတိရ မိသည် ။ အိမ် က အမေ ဖြစ်သူ လိုချင်သော ဆေးမျိုး မှာ ဤလို ကုန်မျိုးစုံဆိုင်များ တွင် လည်း ရောင်းသည် ဟု သိရ၏ ။

သို့သော် ထို ဆေး ၏ အမည် ကား ဘဝင် တယ် မကျလှ ၊

“ ဘားပလက်စီ ” လား ။ မဟုတ်ပါ ။

“ တက်ထရာဆိုက်ကလင်း ” ၊ “ ဗီတာဇုံ ” အစ ရှိ သဖြင့် ဆေးပညာ ဝေါဟာရများ ဖြင့် ဝိသေသ ပြု ၍ ခေါ်သော ဆေးအမည် များ ကို လည်း မကန့်ကွက် သင့်ဟု ကိုမြတ်သူ က ယူဆပြီး ဖြစ်ပါ၏ ။ “ ထရစ်ပယ် ဆာလ်ဖာ ” ကို “ ကန့် သုံးပါး ” ဟု လည်း ဇွတ် ဘာသာ မပြန်ချင်ပါ ။ သို့ သော် ဟိုမရာက် ဒီမရောက် တစ်ပိုင်းတစ်စ မြန်မာမှု ပြုခြင်းများ ကို မူ ကျွန်တော် တို့ ၏ ဇာတ်လိုက်ကြီး ကိုမြတ်သူ က လက် မခံနိုင် ။ တော်လှန်ရပေမည် ဟု သဘော ပိုက် ၏ ။

ကြည့်ဦးလေ ။ ရှေ့ က ကြီးကြီးကျယ်ကျယ် ဖြင့် ပါဠိစကားလုံးကြီးများ ပင် တပ်ပြီး ကာ မှ နောက် က အင်္ဂလိပ်သံ တွယ်ကပ် နေသော “ တေဇာဘမ်း ” ဆိုသည့် ဆေး ကို သူ က သိပ် မကျေနပ်လှပါချေ ။ သည်တော့ လည်း ဤ ဆိုင် က စပြီး ပြုပြင်ပြောင်းလဲရေး ပြုရသော် ဟုတ်လိမ့်နိုး အထင် ဖြင့်

“ အဟမ်း ၊ ဒီမှာ ခင်ဗျာ ၊ တေဇာ ပရုတ်ဆီများ မရှိဘူးလား ”

“ ရှင် ဘာရယ် ”

မသေးလှသော စာရေး မက မျက်ခုံးဖက် ကို အထက် ကို ပျံပင့် တက်စေလျက် ငေါက်ဆတ်ဆတ် ပြန် ဖြေ၏ ။

“ ဪ တွေ့ ပြီ ၊ တွေ့ပြီ ။ ဟိုဆေး ကို ပြောတာပါ ”

ကိုမြတ်သူ က ပြောပြောဆိုဆို မှန်ဘီရို အတွင်း ရှိ ဆေးဘူးဝါဝါ ကလေးများ ကို လက်ညှိုး ညွှန် ပြ၏ ။

“ ဒါ တေဇာဘမ်း ပါ ရှင့် ”

“ အင်း ၊ ဟုတ်ပါတယ် ။ ဒါပေမယ့် ”

တော်လှန်ရေးသမား သည် နှုတ်ဆွံ့ နေမိ၏ ။

“ ဘာလဲ ရှင် ၊ ရှင့် ဟာ က အူကြောင်ကြောင်နဲ့ ။ တစ်ပြည်လုံး တေဇောဘမ်း လို့ ခေါ်တာ ကို ရှင် တစ်ယောက် တည်း ထူးချွန်ပြီး တစ်မျိုး ခေါ်လို့ ကျွန်မတို့ ဘယ်လို လုပ် နားလည်ပြီး ဘာ ရောင်းရမှာလဲ ”

“ ဟုတ်သားပဲ ကို က လည်း တုံးလိုက်တာ ”

ပက်ထရစ်ရှာ က နှာခေါင်း ရှုံ့ပြီး ဝင် ဟောက်သည် ။ စာရေးမ ၏ အမာန်အမဲ ကို ခံရ၍ ရှက် လည်း ရှက် ဒေါသ လည်း ထွက် နေဟန် ရှိ၏ ။

“ မဟုတ်ပါဘူးကွာ ။ ကို က ဟိုဟို မြန်မာ မှု ”

ကိုမြတ်သူ တစ်ယောက် မျက်စိမျက်နှာ ပျက်လှ ချေပြီ ။

“ ဟင်းနော် ၊ ကို လေ ဒီနေ ကို သိပ် ကြောင်နေတယ် ။ ကဲ အဲဒီ တေဇာဘမ်း တစ်ဘူး ပေးပါ ရှင် ”

ပက်ထရစ်ရှာအောင် က အကင်းပါးစွာ စကား ဖြတ် ချ လိုက်၏ ။ ထို့နောက် စာရေး မ ၏ စူပုပ်ပုပ် မျက်နှာ ကို မျက်ကွယ် ပြု ကာ နှစ် ဦးသား ဆိုင် တွင်း မှ ထွက်ခဲ့ကြ၏ ။ ကိုမြတ်သူ မှာ ရှက် လည်း ရှက် ၊ ဒေါသ လည်း ထွက် နေကာ ဘယ်သူ့ ကို မကျေနပ် ရ မှန်း မသိ ။ ပက်ထရစ်ရှာ က တော့ လမ်း တစ်လျှောက်လုံး ပူညံ ပူညံ လုပ်လာ၏ ။

“ ကို က ဘာ ကြောင်နေတာလဲ ။ စကား လည်း လူ နားလည် အောင် မပြောတတ်ဘူး ။ စာရေးမ က ရစရာ မရှိအောင် ပြောလိုက်တာ ကို ခေါင်းငုံ ခံ ခဲ့ ရတယ် ။ သိပ် ရှက်စရာ ကောင်းတာပဲ ”

ဤတွင် ကိုမြတ်သူ ၏ ဒေါသ မှာ ပေါက်ကွဲ ထွက် လာ၏ ။

“ ဟေ့ ၊ ငါ က စကား ပြောတဲ့ နေရာ က အစ တိုင်းပြည် နဲ့ လူမျိုး အတွက် စေတနာ ထားပြီး ပြောတတ်တဲ့ ကောင်ကွ ။ ငါတို့ မှာ ကိုယ်ပိုင် စာ ၊ ဘာသာ ၊ စကား ရှိရက် နဲ့ နေရာတကာ ဘောင်းဘီ ငှား ဝတ် နေရတာ ကို ဗမာလူမျိုး တစ်ယောက် အနေ နဲ့ ရှက်လွန်း လို့ သိလား ”

ကလေး တွေ စွန် လိုက်သည် ကို ပင် ဝိုင်းအုံ ကြည့် တတ်လေ့ ရှိသော မဟာရန်ကုန် လူထု သည် ဆူဆူညံညံ ဖြစ်သွားသော ကိုမြတ်သူ တို့ နှစ်ဦး ကို ပြူးတူးပြဲတဲ နှင့် အားမနာ ပါးမနာ ဝိုင်း ကြည့် ကြ ကုန်၏ ။ ကိုမြတ်သူ ကား မိုးမမြင် လေမမြင် လက်သီး လက်မောင်း တန်းနေ ဆဲ ။ ပက်ထရစ်ရှာအောင် က တော့ ရှက်လှ ချေပြီ ။

“ အို ဒါ ကတော့ အများ မိုးခါးရေ သောက် ရင် ကိုယ် လည်း သောက်ရ မှာ ပေါ့ ”

“ ဟာ ဟ ၊ မိုးခါးရေ တဲ့ ။ ဒီမယ် ၊ မင်းတို့ သိထားဖို့ က အခု မင်းတို့ အမြတ်တနိုး လုပ်ပြီး ယောင်ယောင် ပေါင်ပေါင် သောက် နေကြတဲ့ မိုးခါးရေ က အတုကြီးကွ သိလား ။ လန်ဒန် က ထုတ်လုပ် လိုက် တဲ့ မိမစစ် ဖမစစ် မိုးခါးရေကြီး ၊ မင်း နားလည်လား ”

“ အို ၊ တော် စမ်းပါ ”

“ မတော် နိုင်ဘူး ပက်ထရစ်ရှာ ။ အဲ ၊ ကြည့်စမ်း ၊ ကြည့်စမ်း ။ မင်း နာမည် ကို က ဗြိတိသျှ နဲ့ ဖက်စပ် လုပ်ထား ”

“ တော်စမ်းပါ မောင် ။ မဆိုင်တာတွေ ကို ဘာလို့ ဆွဲ ထည့် ချင်ရတာ လဲ ”

“ အိုး ၊ ဆိုင်သမှ သိပ် ဆိုင်သပေါ့ကွာ ။ ကိုယ့် လို မြန်မာမှု ကို မြတ်နိုးတဲ့ မျိုးချစ် တစ်ယောက် ရဲ့ အိမ်ထောင်ဖက် ဟာ နာမည် ကို က ကျွန်စော် နံ နေရင် ဘယ် ဖြစ်ပါ့မလဲ ”

“ ဪ ဒီလိုလား ။ ဒီမယ် မျိုး ချစ်ကြီး ရဲ့ ၊ ရှင် နဲ့ မတန်ရ လောက် အောင် ကျွန်မ က ကျွန်စော် နံ နေတယ် ဆိုရင် လည်း ခု ကတည်း က လမ်းခွဲ ကြတာပေါ့ ”

ပက်ထရစ်ရှာအောင် ၏ နှုတ်ခမ်း အစုံ သည် တဆတ်ဆတ် တုန်လှုပ် လာပြီး မျက်ဝန်းကြီး ပေါ် တွင် မျက်ရည်များ ဖြင့် ပြည့်ဝိုင်း လာ ခဲ့သည် ။ ကိုမြတ်သူ မှာ လည်း မျက်လုံးပြုး မျက်ဆံပြူး ဖြစ် သွားပြီး ကပျာကယာ ဖြင့်

“ မဟုတ်ပါဘူး ကွာ ။ အဲဒီ လိုလည်း မဟုတ်ရပါဘူး ။ ကိုယ် က နာမည် ပြောင်း ဖို့သာ အကြံ ပေးချင်တာပါ ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:17


နောက်ပြီး ရန်ကုန် မှ မန္တလေး သို့ ဆဲသံ နှင့် မန္တလေး မှ ရန်ကုန် သို့ ကလော်တုတ်သံ ဟု အမည် မတပ်ဘဲ စာပေဝေဖန်ရေး စာအုပ် ဟု အမည် ပေး ထားကြသော မန္တလေးသား ရေး သည့် စာအုပ် နှင့် ရန်ကုန်သား ရေးသော စာအုပ် တို့ တွင် လည်း ကိုမြတ်သူ တို့ “ ဂဏှာဟိ ” လိုက်ရ ဖူးချေ၏ ။ နောက်ပြီး နောက်ပြီး ဟို နိုင်ငံ က ဟို ခေါင်းဆောင်ကြီး က လည်း တော် ပြီ ၊ ရပ်တန်း က ရပ် ။ ပြောရင်း ဆိုရင်း ဖော်ရင်းမိတ် ( ဒ် ) အတွေးအခေါ် သည် ပင်လည် ကို ဖြတ် ၊ တောင် ကိုပတ်၍ သူ့ ခေါင်း တွင်း သို့ အဘယ်ကြောင့် ချက်ချင်း ပြေးဝင် လာရ ပါ သနည်း ။

ကိုမြတ်သူ သည် တောက် တစ်ချက် ကျယ်ကျယ်ကြီး ခေါက် လိုက်မိ၏ ။

မည်သို့ပင် ဖြစ်စေ ကိုယ့် ကိုယ်ကိုယ် ဝေဖန်ရေး လုပ်သင့်၏ ။ တစ်ဆက်တည်း မှာ ပင် စည်းရုံးရေး လုပ်သင့်သည် ဟု တွေး မိ၏ ။ စည်းရုံးရေး မပါသော တော်လှန်ရေး မှာ ကလေး ပျက်ကျတက်သည် ဆိုလား ၊ သူ ကြားဖူး၏ ။ ကိုမြတ်သူ ပထမဆုံး ချဉ်းကပ် စည်းရုံးရေး ရမည့် သူ မှာ ပက်ထရစ်ရှာအောင် ဖြစ်၏ ။

ဟုတ်ပါပေသည် ။ သူ့ ကို မှ မစည်းရုံး လျှင် ကိုမြတ်သူ အဖို့ ဘယ်သူ့ သွား စည်းရုံးရ မည် နည်း ။ ပက်ထရှာအောင် ကို ကား သူ ကောင်းကောင်း ချဉ်းကပ် နိုင်၏ ။ ဒူးတိုက် ဆွေးနွေး ရုံ မက ၊ ရင် ချင်း အပ်၍ နှီးနှော နိုင်သည် ။

ဟုတ်ပါပေသည် ။ အကြောင်းဟူမူ ထို မိန်းကလေး သည် သူ့ ချစ်သူ ။ ဆက်လက် စည်းရုံးရမည့် သူ မှာ အိမ် က မာမီ ခေါ် အဘွားကြီး ။ နောက်ပြီးတော့ သူငယ်ချင်းများ ။

သို့သော် ရှေ့က ပိတ်ဆီးကာ ၊ ဖြတ်သန်း နေသော လမ်း တစ်လမ်း ကြောင့် ရင် ထဲ တွင် မချိဘဲ အတွေးစ ပြတ်သွား ကာ သက်ပြင်း လည်း ချ လိုက်ရ၏ ။

“ ဟင်း ဂေါ်ဒွင်လမ်းထောင့် ရောက် မှ ကိုး ”

စိတ်သစ်လူသစ် ကိုမြတ်သူ သည် ယဉ်ကျေးမှု ရိပ်မြုံ တည်ရာ ဖြစ်သော ထို လမ်း ကို မြန်မာ လို ခေါ်ဝေါ် ချင်ပါသော်လည်း မြန်မာ အမည် လည်း မသိ ၊ ရှိလည်း ရှိဟန် မတူသော ကြောင့် ဂေါ်ဒွင်လမ်း ဟု ပင် ရင်နာစွာ ခေါ်လိုက်ရ ချေ၏ ။

တမလွန် ဘဝ မှ ဗြိတိန်ကျွန်းသား ဗိုလ်ချုပ်ဂေါ်ဒွင် ကျေနပ်ပါစေတော့ ။

ထို ဂေါ်ဒွင်လမ်း အတိုင်း ညာ သို့ ချိုး၍ တောင် ဘက် သို့ လျှောက် ခဲ့ရာ ယဉ်ကျေးမှု ရိပ်မြုံ ကို လွန်သော် လက်ဝဲ ဘက် သို့ ကွေ့သော လမ်း တစ်လမ်း ကို တွေ့ လိုက် ရသည် ။ ထို လမ်း ကား ချာချ်လမ်း ဟု သူတို့ တစ်တွေ မြိန်ရေရှက်ရေ ခေါ်ခဲ့ကြ ဖူးသော ဂီတကောင်စီတည်ရာ နဝရတ်ရိပ်သာ လမ်း ။ မင်္ဂလာရှိပါဘိ တောင်း ။

ဂီတကောင်စီ ရုံးခန်း ထဲ တွင် ကား လူစုံ လှ ချေ၏ ။

“ ဟိုင်း ၊ သေခြင်းဆိုး ၊ ဘယ် ပျောက်နေလဲ ”

စန္ဒရား ကိုထွန်းနိုင် ၏ နှုတ်ဆက်သံ ကြောင့် သူ တော်တော် အောင့် သွားပါသည် ။ သီချင်း ဆိုရာ၌ သာယာနာပျော်ဖွယ် ကောင်း သလောက် စကား ပြော ရာ၌ အော်ကြီးဟစ်ကျယ် ဖြင့် အတုံးလိုက် အတစ်လိုက် သုံး တက်သော အနှီ စန္ဒရားဆရာ အဆိုတော် သူငယ်ချင်း အား မျက်စောင်း ထိုး ကြည့်မိ၏ ။ ကြည့်ဦးလေ ။ သေခြင်းဆိုး ဟု မြန်မာ လို ဆဲသည် ကို ကိုမြတ်သူ က ခွင့်လွှတ်နိုင် သော်လည်း “ ဟိုင်း ” ဟု အမေရိကန် လို နှုတ်ဆက်မှု ကိုကား သူ က ခွင့် မလွှတ်နိုင် ။

သိုသော် ငါ စိတ်သစ် ၊ လူသစ် ဖြစ်တာ ကို သင်း တို့ မသိသေး၍ သာ ဖြစ်ရှာပေမည် ဟု ကရုဏာ ရှေ့ထား ကာ ခွင့်လွှတ် လိုက် ရ၏ ။

“ ရဲဝင်း နှင့် တင်ဦး တို့ ရောက်လာပြီလား ကွ ”

“ အေး ၊ ရှိတယ်ကွ ။ တီးသွားပိတ် နေတယ် ”

ဖြေသူ ကား တယောဆရာ ကိုဗဟိန်း ။

သူ လည်း ကပြားလောက ထဲ မှ ရုန်း မထွက်နိုင် ရှာသေး ပါ လား ။ လက်ဖက်ရည် သောက် သွားသည် ကို ပင် တီး (Tea) သွား ပိတ်သည် ဟု ခွ စကား ပြော၏ ။ ကောင်း၏ ။ အင်း ။ တဖြည်းဖြည်း တော့ စိတ်ရှည်လက်ရှည် ပြုပြင် ယူ ရ မှာ ပေါ့လေ ။

“ ဟေ့ မြတ်သူ ။ မင်း ဒီအပတ် လွှင့်ဖို့ ငါ့ အတွက် သီချင်း ရေး ပြီးပြီလား ”

အဆိုတော် ကိုမျိုးနိုင် က တံခါးဝ မှ ဝင် လာရင်း လှမ်း မေးသည် ။ သည်တော့မှ ပင် အလုပ် ကို သတိ ရ သည် ။ ကိုမြတ်သူ ကား သီချင်းရေး ဆရာ တစ်ဦး ဖြစ်၏ ။ သည့်ထက် ပို၍ ခန့်ညားအောင် တန်ဆာ ဆင်ရသည် ရှိသော် ဂီတစာဆို တစ်ဦး ဖြစ်၏ ။

“ အေးဗျာ ၊ သိင်း ( မ် ) ( Theme ) မရသေးတာ နဲ့ ”

ပြောရင်း ဆိုရင်း ၊ ကိုမြတ်သူ တစ်ယောက် ဘိုလို အူမိ ပြန် ချေပြီ ။

“ ဟေ့ကောင် ၊ သိပ် အပင်ပန်း ခံမနေနဲ့ ။ ဗမာသံ ငါ သိပ် မဆိုချင်ဘူးကွာ ။ ကျွန်း ( Tune ) ပဲ ဆိုချင်တယ် ။ ဟိုလေကွာ အယ် ( လ် ) မာတီနို တွေ ဆိုတဲ့ လာ့ဖ်အစ်ဘလူး ( Love is blue ) ဆိုတဲ့ သီချင်းကို ငါ သိပ် ကြိုက်တယ်ကွာ ။ သူ ရစ်သင် ( မ် ) ( Rhgthm ) က သိပ် ညက်တာ ။ အဲဒါ မင်း က ဗမာ လို စာလုံး ပြောင်း ထည့် လိုက်ပေါ့ ၊ ဟုတ်လား ”

ကောင်းကြပါလေရော ။ ကိုမြတ်သူ ခမျာ တော်တော် စိတ်ညစ် သွား၏ ။ ခေတ် ပြောင်း သည် ကို လည်း မသိ ၊ သူ ပြောင်းသည် ကို လည်း မသိကြ သေး သော ထို သူ တို့ အကြား တွင် ကိုမြတ်သူ သည် ကျီး တို့ အလယ် မှ ဒေါင်း တစ်ကောင် နှယ် ။

တကယ်တော့ လည်း သူတို့ ကို လည်း အပြစ် မဆိုသာပါ ချေ ။ မြန်မာ့ ဂီတလောက ထဲ ဝင်ခါ မှ သိုးဆောင်း သီချင်းများ နှင့် သာ ရင်းနှီးခွင့် ရခဲ့သည် မဟုတ်ပါလား ။ အခြား သူတွေ ကို ထား လိုက်ဦး ။ ကိုမြတ်သူ ကိုယ်တိုင် ရေး ခဲ့သော “ စကြဝဠာ မှာ အလှဆုံး ” သီချင်း သည် “ ကွမ်တို ကွမ်တို ” ( Quen - to Quen - to ) ကို ဘောင်ဘီ ဆွဲဆွဲ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:17


ကိုမြတ်သူ သည် မိမိ ကိုယ် ကို ကျေနပ် အားရစွာ ပြုံး ရင်း ပပဝင်းရုံ ဘက် သို့ သွားပြီး သုံးနာရီခွဲ ပွဲ လက်မှတ် နှစ် စောင် ဝယ်ခဲ့၏ ။ ပြည်သူ့မုန့်တိုက် ဘက်သို့ ပြန်ကွေ့ လာစဉ် မှာ ပင် ၊ ယုဇနရုပ်ရှင်ရုံ အောက် မှ ခေါက်ထီး တယမ်းယမ်း နှင့် မျဉ်းဖြောင့် ဆွဲ ၍ ခြေ ချကာ တန်းတန်းမတ်မတ် ဆတ်ဆတ်ကလေး လျှောက် လာ သော ပက်ထရစ်ရှာအောင် ကို တွေ့ လိုက်ရ၏ ။ သည်တော့မှ ပင် ငြီးငွေ့မှု တို့ သည် ကိုမြတ်သူ ၏ ကိုယ် မှ ၊ စိတ် မှ ရုတ်ခြည်း ထွက်ပြေး ကုန်၏ ။

“ စောင့် နေရတာ ကြာပြီလား ဟင် ၊ ထရိုင်ဝှီးလ် တွေ ခေါ်ရတာ ကို မရဘူး ။ လှည်းတန်း အဝိုင်း မှာ အကြာကြီး ရပ်စောင့် နေရတယ် ၊ သိလား ။ သုံးဘီးသမားတွေ က သူတို့ အိမ် မှာ ငွေတွေ စုမိ နေ ကြလို့ အလှပြ မောင်းရုံပဲ ထွက် မောင်း နေကြသလား မသိပါဘူး ”

နှုတ်ခမ်းလေး နှစ်ဖက် ကို စုချွန်လျက် အမောတကော ချစ်စဖွယ်လေး ပြောပြနေ ရှာသော မိန်းကလေး ကို ငေးစိုက် ကြည့်မိရင်း သုံးဘီးကားသမား တို့ ကို ပါး သွား ရိုက်ချင် စိတ် ပေါက် နေမိ၏ ။ ဒီလောက် လှတဲ့ ကောင်မလေး လည်း သူတို့ က ဒုက္ခ ပေးတာပဲ ဟု ကိုမြတ်သူ က စိတ်တွင်း မှ ရေရွတ်မိ၏ ။ သူ သည် သူ့ ချစ်သူ ၏ အလှအပ ကို သတိပြု သုံးသပ်ရင်း ထူးကဲလှသော သူ့ ကုသိုလ်ကံ ကို သူ ကိုယ်တိုင် ချီးကျူး နေ၏ ။

အင်း ၊ သည် မိန်းကလေး ကို လက်လွတ် ခံ ၍ မ ဖြစ် ။ ပက်ထရစ်ရှာအောင် က မူ စကား စ မပြတ်သေး ။

“ ပလေဒီယံ က ကား အတွက် လက်မှတ် ဝယ်ပြီးပြီလား ဟင် ၊ ဘွတ် ( ခ် ) ကင် လုပ်ထားတယ် မို့လား ။ ဒါတွေ ချစ်ရတာ ပေါ့ ”

ကိုမြတ်သူ က တော့ ငိုင်ငူနေဆဲပင် ။

“ ကဲ ကိုယ်တော် ချော ။ ငိုင် မနေနဲ့ ။ နေဦး နေဦး ကာ ( လ် ) တန် မှာ ပိုစတာ ဝင် ကြည့်ကြအုံးစို့ နော် ၊ အမြည်း သဘောပေါ့ ၊ ဟော့ လား ။ နောက်အပတ် မှ ပြ နော် ”

ပက်ထရစ်ရှာ က ရယ်ကျဲကျဲ နှင့် ရှေ့က ထွက်သွား၏ ။ ကိုမြတ်သူ က လည်း အလှူ့ရှင် မှန်း သိသာ စေရန် ဘေးချင်း ယှဉ်၍ ရင်ကော့ လျှောက် နိုင်အောင် အမောတကော ကြိုးစားရင်း ဗိုလ်ချုပ်အောင်ဆန်းဈေး ခေါ် စကော့ဈေး သို့ ရောက်ခဲ့ ကြသည် ။

“ ကဲ ကို ၊ ပါရာစရမ် ကို အရင် သွားရအောင် ”

နောက်က လိုက်ခဲ့ရ ပါသည် ။ ထိုနောက် ပြည်သူ့ဆိုင် ဟူ သော ဆိုင်းဘုတ်အစိမ်း တပ်ထားသည့် ဆိုင် တစ်ဆိုင် အတွင်း သို့ ဝင်ခဲ့ကြ၏ ။ သည်တော့မှ သဘောပေါက် ရသည် ။ ပြည်သူပိုင် ဆိုင် ဖြစ်နေပြီး ဖြစ်သော် လည်း ရန်ကုန်သူ တို့ သည် မူလ အမည် အတိုင်း ပါရာစရမ် ဟု ခေါ်ရမှ ကျေနပ်ကြ၏ ။ ပါရာစရမ် မှ ဝယ် လာသော မိတ်ကပ် ဟု ပြောရ မှ ဂုဏ် ရှိသည် ဟု ထင်ကြ၏ ။ ထို့ကြောင့် ပြည်သူ့ဆိုင် ဟု အမည် ပြောင်းမှု သည် ထို မိန်းမလှ လောက တွင် ကား မအောင်မြင်ပါချေ ။

“ ဒီ ရှေနယ် ( လ် ) ဖိုက်ပါဖျူးမ် က ဘယ်လောက်လဲ ”

အရောင်းစာရေး က ပြန်ဖြေ၏ ။

“ ရှစ်ဆယ်ကျပ် သုံးဆယ့်ငါးပြား ပါ ”

ကိုမြတ်သူ ကတော့ အထင် မကြီး ။ စိတ် မဝင်စား ။ သူ စိတ်ဝင်စား နေမိ သည် မှာ ကား ငွေစပယ် ဟူသော ပေါင်ဒါဘူးကလေး နှင့် မဉ္ဇူ ရေမွှေးပုလင်း များ ကို သာ လျှင် ဖြစ်ပါ၏ ။

ယင်းသို့ ငွေကျပ် ရှစ်ဆယ် ကျော် တန် ပြင်သစ်နိုင်ငံ လုပ် ရေမွှေးပုလင်း က စပြီး ဈေး မေးသော သူ ၏ ကောင်မလေး သည် ငါးကျပ်တန် မျက်ခုံးမွေးဆွဲတံကလေး တစ်ချောင်း ကို သာ ကပျာကယာ ဝယ်လျက် ဆိုင်တွင်း မှ ထွက်၏ ။ ရှု ကတော့ တင်းဆဲ ။ ပါရာစရမ် က နိုင်ငံခြား ဖြစ် အလှကုန် ကို ဝယ်ခဲ့သူ မဟုတ်လား ။

“ ဆာတယ် ကိုရယ် ”

သည်တော့လည်း ခေါင်း တစ်ချက် ညိတ် ပြပြီး စားသောက်ဆိုင်တန်း ရှိရာ သို့ ခေါ်လာခဲ့ရသည် ။ အခြား နေရာများ ၌ ဘို ဆန် နိုင်သော လည်း တို့ဗမာ လျှာ ကို ပိုင်ဆိုင်သော အဖေ မြန်မာ အမေ မြန်မာ ၊ ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ပြည်ထောင်စု မြန်နိုင်ငံသား မှတ်ပုံတင်ကတ်ပြား ကို ကိုင်ဆောင်သည့် အနှီ သူငယ်မ သည် အစားဘက် တွင် ကား မြန်မာ ပီသစွာ မြန် လည်း မြန်၏ ။ မာ လည်း မာ၏ ။ ဝါးခယ်မ မသန်းတင် ဆိုင် မှ ငရုတ်သီးရဲရဲ နှင့် ထမင်းသုပ် ၊ ငါးဖယ်သုပ် တို့ ကို ပလုပ်ပလောင်း စား၏ ။

မြန်မာမိန်းမ တို့ လှ မလှ ကို လက်သုပ် စား နေ စဉ် အကဲဖြတ် သင့်သည် ဟု ကိုမြတ်သူ က ထင်၏ ။ မည်သည့် အတန်းအစား မှ မဆို မြန်မာမ မှန် လျှင် လက်သုပ် စားပြီ ဆို ကတည်း က သူတို့ မျက်နှာလေး ကို လှလှလေး ထားဖို့ ပင် သတိ မရကြတော့ ။ ကုန်း လွေး ကြသည် ချည်း ။

သို့သော် သူ့ ချစ်သူ ကား သည် အခြေအနေ တိုင်အောင် လှမြဲ လှလျက် ဟု ကိုမြတ်သူ က ထင် မိ၏ ။ လက်သုပ်စုံ ကို ပလုတ်ပလောင်း စား နေတာလေး ကို က ချစ်စရာ ကောင်းလှချေသည် ဆိုပါပဲလား ။ ဒါ ကတော့ ကိုမြတ်သူ အမြင် ပေ ပဲ ။ သည်တော့ လည်း ယုံကြည် က နှစ် ဆ တိုး လာသည် ။

ဟုတ်တယ် ။ သည် မိန်းကလေး ကို လက်လွှတ် ခံ၍ မဖြစ် ။

ထို့နောက် အစာအိမ် ထဲ တွင် ဗမာလက်သုပ် ဖြင့် ပြည့် နေသော ထို မိန်းကလေး သည် ဘိုဆန်ဆန် စကား တစ်ခွန်း ကို စတင် ၍ ဆိုသည် ။ ကြက်သွန်ဖြူနံ့ နှင့် အတူ လေတွင် ပျံ့လွင့် လာသော သူ့ စကား တို့ မုန့်လက်ဆောင်း တစ်ခွက် စီ သောက် ကြသည် ။ ယနေ့ ကိုမြတ်သူ အတွက် တော့ ရင် မအေးနိုင်ပါချေ ။

ပျော်တော့ အပျော်သား ။

••••• ••••• ••••• •••••

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:17


ချွတ် ထားထားခြင်း ဖြစ်ပြီး “ အသည်းတစ်စစီ ကြွေကုန်ပြီ ” ဟူသော တေး မှာ လည်း “ အန်ဒါနိသ် မင်းဂိုးထရီး ” ( Underneth the Mango Tree ) ကို ပုံတူ ကူးထားခြင်း သာ မဟုတ်ပါလော ။

မကြာသေးမီ က မူ ကမ္ဘာ့ အလယ် တွင် မြန်မာ ဂီတသမား တို့ အစား ရှက်လာ ဟန် ရှိသော မြန်မာ့အသံ က မိတ်ကပ် ပေါ် သနပ်ခါး ထပ် လူးသော သီချင်းများ လွှင့် ခွင့် မပြု ဟု စည်းကမ်း ထုတ်၏ ။ ကိုမြတ်သူ တို့ လူစု က ဘာ လုပ်ကြသည် ထင်သနည်း ။ မြန်မာ့အသံ က ကြားဖူး ဟန် မတူသော နိုင်ငံခြား သီချင်းများ ကို ကတ်သီးကတ်သတ် ရှာဖွေ လာ ၍ ခိုးချ ကြ ကုန်၏ ။

သူငယ်ချင်း ဂီတစာဆို တစ်ဦး က သူ့ သီချင်း သည် “ ဂွာတီမာလာ ” ဆိုလား ၊ “ ဟွန်းဒူးရပ်စ် ” ဆိုလား ၊ အဲဒီ နိုင်ငံ က ကျေးလက်သီချင်း ကို ခိုးချထားခြင်း ဖြစ်သည် ဟု ပြော၏ ။ သူ က ပင် ကိုမြတ်သူ အား တီးတိုး သတင်း ပေးသွား သေးသည် ။ ယနေ့ နာမည် ကြီး နေသော သီချင်း တစ်ပုဒ် သည် မကြာမီ က လွတ်လပ်ရေး ရသွားသော “ မော်ရေးရှပ် ( စ် ) ကျွန်းစု ” ၏ နိုင်ငံတော် သီချင်း ကို မြန်မာ မှု ပြုထားခြင်း သာ ဟု ဆိုသည် ။ ဟုတ် မဟုတ်ကား မသိ ။ ကိုမြတ်သူ ကား တော် တော် ကြက်သီးမွေးညင်း ထ သွားကာ ဘုရား တ လိုက်မိ၏ ။

“ ကလင် ကလင် ကလင် ”

ထိုစဉ် တယ်လီဖုန်း က မြည် သည် ။ ကိုလေးအောင် က ပြန်ထူး၏ ။

“ ဟယ်လို ၊ ကျွန်တော် လေး အောင် ပါ ။ ဪ ၊ ကိုမြတ်သူ လား ။ ရှိပါတယ် ခင်ဗျာ ။ ခဏ ကိုင်ထားပါ ”

ကိုလေးအောင် က မျက်စိ တစ်ဖက် မှိတ် ပြရင်း စကားပြောခွက် လှမ်း ၍ ပေး လာ၏ ။

“ အမိန့်ရှိပါ ခင်ဗျား ။ ကျွန်တော် မြတ်သူ ပါ ”

“ ဟင်း ၊ ထင်းသားပဲ ။ ပက်ထရစ်ရှာ ပါ ကို ရဲ့ ။ ဒီ အချိန် ဆို ဂီတကောင်စီ မှာ ရောက်နေမယ် ဆိုတာ သိပါတယ် ”

“ နေပါဦး ၊ ခု ဘယ်က ပြောနေတာလဲ ။ ကျောင်း မတက်ဘူးလား ဟင် ”

“ အခု အော့ ( ဖ် ) ပီးရီးရော့ ( ဒ် ) လေ ကိုရဲ့ ။ အလင်း ( န် ) မှာ ကျုတို ရီယယ် ( လ် ) ကလာ့စ် ရှိတယ် ။ အဲဒါ စတူးဒင့်တာ က နေ လှမ်းပြီး ဖုန်းအပ် ( ပ် ) လုပ်တာလေ ကို ရဲ့ ”

သည်သို့ သော အားလပ်ချိန် ကို အော့ ( ဖ် ) ပီးရီးရော့ ( ဒ် ) ( Off period ) ဟု ခေါ်၍ နည်းပြသင်တန်း ကို ကျူတိုရီယယ် ( လ် ) ကလာ့ ( စ် ) ( Turtorial Class ) ဟု သုံးနှုန်းကာ ကျောင်းသားရိပ်သာ ကို စတူးဒင့်စင်တာ ( Studient Center ) ဟု အသံ ထွက် သော မီးနင်း ဝေါဟာရ များ ကြားဝယ် ကိုမြတ်သူ သည် တစ်သက်လုံး ကျင်လည် ခဲ့ရပြီး ဖြစ်၏ ။ သို့ သော် သည်နေ့ အဖို့ မှ ပက်ထရစ်ရှာအောင် ၏ စကားရပ် တို့ ကို ရင်တွင်း မှ အမှီ လိုက်၍ ဘာသာ ပြန်ရင်း မောနေ ရ သလို ရှိ၏ ။

ထားတော့ ။ စနစ်ဟောင်း တက္ကသိုလ် ခေတ် တုန်းက ကိုမြတ်သူ တို့ သုံးနှုန်း ခဲ့ကြသည် မှာ ထူး၍ မဆန်းလှ သော် လည်း သိပ္ပံပညာ ကို ပင် မြန်မာဘာသာ ဖြင့် သင်ကြား နေသော စနစ်တက္ကသိုလ် ၏ သမီးပျို ကျောင်းသူကြီး ပက်ထရစ်အောင် သည် စတုတ္ထနှစ် မြောက် မြန်မာစာ အဓိက ကျောင်းသူ တစ်ဦး ဖြစ်ပါလျှက် အဘယ်ကြောင့် ဖို့ယီးယား ဘားမီး ( စ် ) မေဂျာ ဆန်ချင် ရ ပါ သနည်း ။ ရှိစေတော့ သူ့ နာမည် ကို က ပကိထရစ်ရှာ ။

“ ဟေး ကို ဘာ ငိုင်နေတာလဲ ။ တစ်နေ့က ပြောတော့ မေ့ သွားပြီလား ။ တွဲလ် မှာ ကလာ့ ( စ် ) ပြီးမယ်လေ ။ အဲဒါ မြို့ ထဲ ကို လာခဲ့မယ် နော် ။ စကော့မားကက် ကို လိုက်ပို့မယ် ဆို ”

“ ဟေ ၊ ဘာ စကော့မားကက် လဲ ”

ကိုမြတ်သူ သည် စိတ်တို စိတ်ရှုပ် ဖြင့် အော် လိုက်မိ၏ ။ အခန်း ထဲ က လူတွေ ကတော့ ပြုံး ဖြီးဖြီး ဖြစ်နေကြ၏ ။

“ ကို ဘာ ဖြစ်နေတာလဲ ဟင် ။ ဒီနေ့ ကို အူကြောင်ကြောင် နဲ့ ။ စကော့ဈေး လိုက်ပို့မယ် လို့ သူ ပဲ ပြောထားပြီး ၊ ဟော ခုမှ သတိရတယ် ။ ပစ်ချ လည်း ပြမယ် ဆို ။ ကဲ အချိန် မရှိတော့ဘူး ။ ကွန်တီနင်တယ် ( လ် ) အောက် က စောင့် နေ ။ ကျူတိုရီယယ် ( လ် ) ဖြေ ပြီးရင် လာခဲ့မယ် ”

“ ဘယ် ကွန်တီနင်တယ် ( လ် ) လဲ ဟင် ”

“ ကြောင်လိုက်တာ မောင်ရယ် ၊ ချိန်းနေကျ နေရာတွေ တောင် မေ့ကုန်ပြီလား ။ ကဲ ၊ ပြည်သူ့မုန့်တိုက် ဘေး မှာ မုန့်နံ့တွေ ရှူပြီး သွားရည် ကျရင်း စောင့်နေပါဘုရား ။ ကဲ ၊ ဒါပဲ ဘိုင့်ဘိုင် ”

တစ်ဖက် က ဖုန်းချ သွား၏ ။ ကိုမြတ်သူ မှာ ဒီနေ့ မှ ပြုပြင်ပြောင်းလဲရေး စ လုပ်ခါစ မို့ ထင့် ။ အသား က လည်း မကျ သေး ။ စပ်ကူးမပ်ကူး တွင် လှိမ့်ခံ နေ ရ၏ ။ တကယ်တော့ အများ ညီ ၍ “ ဝလုံး ” ကို “ အို ” ဖတ် နေကြသော ဘို အသိုင်းဝိုင်း တွင် ၊ သူ တစ်ယောက် တည်း “ ဝလုံး ” နေချင်သည် မှာ ကိုယ့် ဒုက္ခ ကိုယ် ရှာ ခြင်းသာ ။

သို့သော် တွေးငေး နေချိန် မရ ။ နှလုံးသား ပေး တာဝန် က ရှိသေး၏ ။ ဦးထွန်းငြိမ်း ၏ အင်္ဂလိပ်မြန်မာ အဘိဓာန် ကိုတိကျစွာ ကိုးကား၍ “ မေဂျာ ( Major ) ” ဟူသော အင်္ဂလိပ်ဟောဟာရ ကို တိကျစွာ ဘာသာ ပြန်ပြီး သုံးနှုန်း ရလျှင် စတုတ္ထနှစ် မြောက် မြန်မာစာ “ တပ်အုပ်ဗိုလ် ” ကျောင်းသူကြီး ၏ အမိန့်အရ ၊ ဟို ကွန်တီနင်တယ် ( လ် ) ဆိုသော နေရာ သို့ သွားရပေဦးမည် ။

••••• ••••• ••••• •••••

သည်တစ်ခါ တွင် မူ ပက်ထရစ်ရှာ သည် မှန်သော စကား ကို ဆို၏ ။ ပြည်သူ့မုန့်တိုက် ကား မွှေးလှပါချေ၏ ။ သို့သော် သူ့ ကိုယ် သူ တော် လှန်ရေး သတိ ချပ် ရ၏ ။

“ အဆော့တက်ကိတ် ” ဟူသည် “ မုန့်ပျားသလက် ” မဟုတ်ပါ ချေ တကား ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:17


Aung Naing Oo
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။

Thursday, October 3, 2024
လန်ဒန် မိုးခါးရေ



❝ လန်ဒန် မိုးခါးရေ ❞
━━━━━━━━━━━━━
မင်းသစ်
━━━━━━━━━━━━━
ကမ္ဘာကျော် စာရေး ဆရာ ၊ ဝေဖန်စာရေး ဆရာကြီး ဂျော့ဟင်နရီလီဝစ် သည် နံနက်စာ နှင့် အတူ ‘ ကန့် ’ ၏ ယထာဘူတဗေဒ ကျမ်းစာ ကို သုံးဆောင်ပြီး ညစာ နှင့် အတူ ‘ ဂီးထား ’ ၏ ကဗျာ တစ်ပုဒ် ကို ပွဲတော်ခေါ်လေ့ ရှိသည် ဆို၏ ။ တကယ်ပဲလား ၊ အတ္ထုပ္ပတ္တိ ရေးသူ က ပဲ စေတနာ ဖြင့် အတိသယဝုတ္ထိ အလင်္ကာ မြောက်စွာ ချီးပ ထား သည် လား မပြောတတ်နိုင်ခဲ့ကြ ။

သို့သော် ကိုမြတ်သူ ဆိုသော လူ တစ်ယောက် ကို သာ တွေ့ မိပါမူ ဟို လူ ရေး တာ မလွန်တန်ရာ ဟု တွေးမိကြ ပေလိမ့်မည် ။ ဟုတ်သားပဲ ။ သည် လူ က လည်း နံနက်မိုး လင်း သည် နှင့် တစ်ပြိုင်နက် နေ့စဉ်ထုတ် သတင်းစာများ ကို ပေါင်မုန့် ထောပတ်သုတ် ၊ ကော်ဖီ တစ်ခွက် နှင့် အတူရော မြည်း လိုက်ရမှ ထိုနေ့ အတွက် နေထွက် သည် ဟု ထင်မှတ် နိုင်ကာ ဘဝင် ကျသည့် ပုဂ္ဂိုလ် မျိုး ။

ယနေ့ နံနက် တွင် မူ “ ကြေးမုံ ” သည် နံနက်စာ အားလုံး ထဲ တွင် ကိုမြတ်သူ အဖို့ စိတ် ခံတွင်း အတွေ့စေ ဆုံးသော အာဟာရ တစ်ခု ဖြစ်နေ လေပြီ ။

“ ဟဲ့ ၊ ကော်ဖီတွေ အေး ကုန်ပြီလေ သား ရဲ့ ။ တကတဲ မှ တော် ။ သတင်းစာ တို့ ၊ ဝတ္ထုစာအုပ် တို့ များ တွေ့ ရင် ဆွေမျိုး မေ့ ၊ ထမင်း မေ့ ဟင်း မေ့ ပဲ ။ ကြည့်စမ်း ၊ မုန့်တွေ လည်း ယင်အုံ ကုန်ပြီ ”

မိခင် ဖြစ်သူ က သူ ကို လာရောက် ဆူပူ ကြိမ်းမောင်း ၏ ။ သို့သော် ဤအ ဖြစ်မျိုး မှာ သူတို့ သားအမိ နှစ်ယောက် စလုံး အတွက် ရိုးနေ လေပြီ ။ နံနက်တိုင်း ဤ အိမ်တွင် ဖြစ်ခဲ့ ၊ ဖြစ်ဆဲ ၊ ဖြစ်နေလိမ့်မည် ဖြစ်သော မိသားစု ပဋိပက္ခ ခေါ်လေမလား ။ ဝိရောဓိ ဆိုရလေ မလား မသိသော ဤ ပူညံပူညံ အရေးအခင်း သည် အစာ စားရင်း စာဖတ် တတ်သော ကိုမြတ်သူ ကြောင့် နေ့စဉ် သံသရာ လည် နေရမြဲ ပင် ။

ကိုမြတ်သူ က တော့ သူ စိတ်ဝင်စား မိသည့် သတင်း တစ်ပုဒ် ကို ထပ်ကာ ဖတ်မိ ပြန်သည် ။ စာပေဗိမာန် တွင် ကျင်းပသော ဘာသာပြန် ဆွေးနွေးပွဲ ၌ ဝေါဟာရ တို့ ကို တတ်နိုင်သရွေ့ ဘာသာပြန် တင်ပြကြသည် ဆိုသည့် သတင်း ကို သူ က စိတ်တွင်း မှ ထောက်ခံ ဆွေးနွေး နေ မိ၏ ။

သို့သော် အချို့ ဝေါဟာရ တို့ မှာ ဘာသာ ပြန် ၍ မဖြစ်နိုင် ဘဲ မူရင်း အနက် အဓိပ္ပယ် ကို ပျက်ပြယ် သွားနိုင်သည် ဟုလည်း သူ က စဉ်းစား ရင်း သတိထား မိ ပြန်၏ ။ အချို့ သော ဝေါဟာရ တို့ မှာ မူ ဘာသာ ပြန် စရာပင် မလိုတော့ဘဲ အသက်ကြီးကြီး လူကြီးကြီး တွေ ပြော သလို “ မွေးစား စကားလုံး ” များ ဖြစ် နေကြပြီ ။ ပြည်သူပိုင် သိမ်းထားပြီး ကြပြီ ။ ထို့ကြောင့် ကော်မတီ ၊ ကောင်စီ ၊ ကော်ပိုရေး ရှင်း ၊ ဘုတ်အဖွဲ့ ၊ မဂ္ဂဇင်းဂျာနယ် ၊ ဖောင်တိန် ၊ မော်တော်ကား ၊ လီဗာ ၊ စတီယာ ၊ မီတာ ၊ ဘက်ထရီ ၊ ရေဒီယို အစ ရှိ သဖြင့် အင်္ဂလိပ် စာ တတ် မြန်မာပညာရှိ တို့ ဘေးမဲ့ ပေး ထား ရသော ဝေါဟာရ တို့ ကို သူ က ခွင့်လွှတ် လိုက် ရ ပြန်၏ ။

မှန်ပါသည် ။ အချို့ ဝေါဟာရ တို့ မှာ မူ ဘာသာ ပြန် ကာ မှ ဒုက္ခ လှလှကြီး တွေ့ နိုင်၏ ။ စာရေး ဆရာကြီး တစ်ဦး ပြော သလိုပင် မော်တော်ကား “ ဂီယာ ” ဟူသော ဝေါဟာရ အား ဘာသာ ပြန်ပြီး “ ရှေ့တိုး နောက်ငင် ပြု ရသော အမြန်နှုန်း ပြောင်း ကိရိယာ ကို ဒုတိယဆင့် သို့ သွင်း လိုက်ပါ ” ဟု ပြော၍ မဆုံးမီ ကား သည် လမ်းဘေး သစ်ပင် ကို ဝင် ဆောင့် ပေ လိမ့်မည် ။ တစ်ဖန် “ ဘရိတ် အုပ်လိုက်ပါ ” ဟူသော စကား ကို ဆက်လက်၍ မြန်မာမူ ပြုလို လျှင် လည်း တမလွန် ဘဝ ကျခါ မှ ယမမင်း ဦးစီး ကျင်းပသော ရောရုဝ ဘာသာပြန် ဆွေနွေး တင်ပြခွင့် ရလိမ့်မည် ။ တကယ်တမ်း ဆို လျှင် လည်း ထို ဝေါဟာရ တို့ မှာ ကမ္ဘာသုံး ဖြစ်နေ လေပြီ ။ ခြွင်းချက်တစ်ရပ် အနေဖြင့် ဥပက္ခော ပြုသင့် ပါသည် ။

စင်စစ် အားဖြင့် လည်း ကိုမြတ်သူ နားကြားကတ် နေမိသည် မှာ မြန်မာ လို ပြောလည်း ခွဲတမ်း အဖြတ် မခံရပါဘဲ နှင့် သိုးဆောင်း ဘာသာ ဖြင့် သုံးစွဲ နေကြသော စကား အသုံးနှုန်းများ သာ ဖြစ်၏ ။

ထို့ပြင် ကျွန်ဘဝ တုန်း က ဗြိတိသျှ ဗျူရိုကရက် အရာရှိများ ၏ ဘွဲ့ နာမည် တို့ ကို အစွဲ ပြုပြီး မှည့်ခေါ် ထားသော အဆောက်အဦး ၊ လမ်း ၊ ရပ်ကွက် တို့ ၏ အမည် များ ကိုသာလျှင် ဖြစ်၏ ။ အစိုးရ က လည်း ထို ပြဿနာ နှင့် ပတ်သက် ၍ လမ်း အမည် များ ကို မြန်မာ အမည် သို့ ပြောင်းခဲ့ လေ ကြလေပြီ ။ သို့သော် အချို့ လမ်း တို့ ကား ချောင် ကျ၍ ၊ မင်းပေါက် စိုးပေါက် မဟုတ်၍ လား မပြော တတ် ။ မပြောင်းကြ ရ သေးပေ ။ မကျေနပ်သူတွေ က သတင်းစာ ထဲ တွင် လူထု အော်သံ အခန်း မှ နေ၍ ရေးကြ ၊ ဆူကြ ပေါင်းလည်း များ လှ ပါပြီ ။ တစ်ဖန် နာမည် ပြောင်း ပြီးသော လမ်း ၊ အဆောက်အဦး တို့ ကို ပင် မူလ အင်္ဂလိပ် အမည် ဖြင့် ဆက် ခေါ်မြဲ ခေါ်ကာ နှုတ်သီး အရသာ တွေ့ နေသော မစ္စတာဦး နှင့် မစ္စက်ဒေါ် တို့ က လည်း ရှိ သေး၏ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

17 Oct, 08:17


ကိုမြတ်သူ သည် သက်ပြင်း တစ်ချက် ကို ခပ်လေးလေး ချ လိုက် မိ၏ ။ သို့သော် သတင်းစာ တစ်နေရာ မှ ကြော်ငြာလေး တစ်ပုဒ် က သူ့ ရင် ကို ချမ်းမြေ့ စေ၏ ။ ယခင် စိန်ဂျွန်းကွန်ဗင့် ခေါ် အထက ( ၂ ) လသာ မှ ကျောင်းသူလေး တစ်သိုက် က အင်္ဂလိပ် အမည် ရိုစီ ၊ မိုရင်း စသည် ကို ဖျောက် ၍ နီလာ ၊ ဥမ္မာ ဟူသော အမည် တို့ကို ပြောင်းကြပါသည် ဟူသော ယင်း ကြော်ငြာလေး က မူ ကိုမြတ်သူ အား ရွှင်လန်း အားရစေသည် ။ မြန်မာမှု မြန်မာ့ဟန် ခေတ် မှာ သင်းကလေးတွေ လည်း ရှက်လာဟန် တူပါလေရဲ့ ဟု တွေးမိရင်း သူ့ ကိုယ် သူ လည်း ရှက်လာမိသည် မှန်သည် ။ သူ လည်း “ ဆောရီး ” တွင် တွင် သုံးတက်သော အမျိုးသားကောင်း တစ်ဦး ပေ ကိုး ။

“ ဒင် ဒင် ဒင် ”

နာရီ ထိုးသံ ကြား မှ သတိ ရ သည် ။ ကိုမြတ်သူ သည် လက်ဖက်ရည် စားပွဲ မှ ထ ရင်း မိခင် ဖြစ်သူ အား စကား တစ်ခွန်း လှမ်း ပြောလိုက်သည် ။ သို့သော် လျှာ က အကျင့် ပါ နေ၍ နည်းနည်း တော့ ထင်းရှူးနံ့ နံ သွား၏ ။

“ မာမီရေ ကျွန်တော် ချာ့ခ်ျလမ်း ခဏ သွားဦးမယ် နော် ။ ဂီတ ကောင်စီ မှာ ရဲဝင်း တို့ ၊ တင်ဦးလေး တို့ နဲ့ ချိန်းထားလို့ ”

“ အေး အေး ၊ ညနေ သာ စောစော ပြန်ခဲ့ ။ ဪ ဒါနဲ့ မင်း အချိန် ရရင် စပတ်လမ်း က မာဂျရင်း ဝင် ဝယ်ခဲ့စမ်း ကွယ် ။ ဆန်းဒေး အတွက် ပေါင်မုန့် သုပ်စရာ ကုန် နေပြီ သိလား ”

ရှေး ကွန်ဗင့် ကျောင်း ထွက် ပေ မို့လား ၊ ကျွန် သက် ပို ရှည်ခဲ့၍ လား မသိ ။ အဘွားကြီး ပြော လိုက်သော ဝါကျ တွင် ဘိုဝေါ ဟာရတွေ တစ်ပြုံကြီး ပါလာခဲ့၏ ။ ထို့ပြင် လမ်း ပေါ် သို့ ရောက် နေသော သား ဖြစ်သူ အား ထပ် ကာ အော် ပြောလိုက် သေး၏ ။

“ ဟဲ့ သား သိမ်ဖြူဆရာတော် ကျောင်း ကို ပါ ဝင်ခဲ့ သိလား ။ ပြီးတော့ ငါ့ အတွက် စားနေကျ တေဆေး ယူ ခဲ့ နော် ။ အိမ် မှာ ကုန်ခါ နီး နေပြီ ”

ကိုမြတ်သူ မှာ ပြုံး ချင်ချင် ဖြစ်ရ၏ ။

ဗိုလ်အောင်ကျော်လမ်းကို စပတ်လမ်း ဟု ခေါ်ရမှ ကျေနပ်ပြီး သိမ်ဖြူလမ်း ဟု အမည် ရှိသော် လည်း ကျွန်ခေတ် တုန်း က အမည် ဖြစ်သည့် ဂျူဒါအီစကယ်လမ်း ဟု ခေါ်လိုက်ရ မှ နှုတ်ချို ၍ လျှာ အရသာ တွေ့ သော သူ့ အမေ သည် သိမ်ဖြူဆရာတော် ကို ကား ဂျူဒါအီစကယ်ဆရာတော် ဟု မခေါ် ပါ ချေ ။

အင်း ... ဒီနေရာမှာ တော့ တေဆေး က နိုင်သွား ပြီ ထင်ပါ ရဲ့ ။

••••• ••••• ••••• •••••

ဘက်စ်ကား မှာ လာခဲ လှသည် ။ ယနေ့ စနေနေ့ ဖြစ်သော ကြောင့် အတိုးအဝှေ့ များ ပြီး မှတ်တိုင် များ တွင် ကြန့်ကြာ နေဟန် တူ၏ ။ တွေးနေ မိစဉ် မှာ ပင် လမ်း အကွေ့ က ဘက်စ်ကား အရှည်ကြီး တစ်စီး တွား ထွက်လာ၏ ။ နံပတ် ၈ မှ ဟုတ်ရဲ့ လား ။ ဟုတ်တယ် ။ ရေး တောင် ထားသေး ။

“ လင်းစ်ဒေါင်း ၊ အင်းစိန် ” တဲ့ ။

ကိုမြတ်သူ သည် နှာခေါင်း ရှုံ့လျက် ဘိုကပြား စာတန်း ရေး ထားသော ထို ကားကြီး ပေါ် သို့ အပြေး အလွှား တက် လိုက်ရ၏ ။ ကား သည် သမိုင်းလမ်းဆုံ မှ ခွာခဲ့ပြီး နောက် ဘုရားလမ်း မှတ်တိုင် ၊ နောက် သမိုင်းချည်စက် ၊ ပန်းပဲဖို ၊ အုတ်ကျင်း ၊ သုခလမ်း ၊ သံလမ်း ၊ စံရိပ်ငြိမ် ၊ လှည်းတန်း စသည် ဖြင့် ကျော်လွန် လာ ခဲ့ ရာ မှ မြေနီကုန်း သို့ ရောက်ခဲ့လေပြီ ။ ထို့နောက် မြေနီကုန်း မှ အထွက် ဗိုလ်ရှုခံ အနီး သို့ အရောက် အသံ ပြာလဲ့လဲ့ စူးစူးနှင့် စပယ်ယာ ခေါ် လက်မှတ် ရောင်း သူ က ရုတ်တရက် အော်သည် ။

“ အလုံလမ်း ပါလား ”

တစ်ကား လုံး တုတ်တုတ်မျှ မလှုပ် ။ ဘက်စ်ကား စီး ရသော ရန်ကုန် လူတန်းစား တို့ ၏ ထုံစံအတိုင်း မျက်နှာသေလေး တွေ နှင့် ထိုင်နေ ကြ၏ ။ စပယ်ယာ သည် ကျီးကန်းမျက်လုံး ဖြင့် ကား အတွင်း သို့ တစ်ချက် မျှ ဝှေ့ယမ်း ကစားလိုက်ပြီး နောက်

“ ဆွဲ ဆရာ ၊ ဟယ် ( လ် ) ပင်လမ်း ထိ ဆွဲ ”

မကြာမီ ဟယ် ( လ် ) ပင်လမ်း မှတ်တိုင် ၌ ကား ရပ်သည် တွင် ကား ပေါ် မှ ဆင်း ကာ ထို လမ်း အတိုင်း အရှေ့ စူးစူး သို့ လျှောက်ခဲ့သည် ။ ကိုမြတ်သူ သည် ဟယ် ( လ် ) ပင်လမ်း ကို မကျေမနပ် ဖြစ်ရင်း ခြေဆောင့် နင်း ချေ၏ ။

စဉ်းစား ကြည့် လေ ။

သမိုင်းမှတ်တိုင် မှ မြေနီကုန်း အလွန်ထိ ကား ရပ် ခဲ့သမျှ မှတ်တိုင်ကလေးများ မှာ ဟံသာဝတီ ၊ စံရိပ်ငြိမ် ၊ မဟာမြိုင် စသည့် ဖြင့် ဖြစ်၏ ။

ကဲ ၊ ဘယ့်ကလောက် ချစ်စရာ ကောင်းသလဲ လို့ ။

တက္ကသိုလ် နား က “ လိုင်းပေါက် ” နှင့် “ ကမာရွတ် ” တို့ သာ နည်းနည်း ထောပတ်စော် နံ ၏ ။ ဒါလည်း မွေးစားသမီး ပေကိုး ဟု နားလည် ခွင့်လွှတ် လိုက်၏ ။

သို့ သော် သတိထား မိ သည်ကား မြေနီကုန်း မှ လွန် လျှင်ပင် အလုံလမ်း ၊ ထို့နောက် ဟယ် ( လ် ) ပင် လမ်း ဟူ၍ ဘိုလို ပျစ်ပျစ်နှစ်နှစ် ပြည့်ပြည့်ဝဝ ကြီး ခေါ် ထားသော လမ်း ကို စတွေ့ ရ၏ ။ စပယ်ယာ အော်ဒါ ထုတ် ၍ ဒရိုင်ဘာ မောင်းသော ယင်း နံပါတ် ၈ ကားကြီး သည် လင်းစ်ဒေါင်း ထိ သွားပါ လိမ့်မည် ။ ဩော် ၊ ရန်ကုန်မြို့ ထဲ ရောက် လေလေ မြန်မာမှု လေး တွေ နှင့် ကင်းဝေး လေလေ ။

ဘာပဲ ဖြစ် ဖြစ် ထို အတွေး ထို သတိ ကြောင့် ကိုမြတ်သူ သည် ကိုယ့် ကိုယ် ကိုယ် ဤ ခေတ်ကြီးနှင့် အမိ တော် လှန်ရေး လုပ်၍ မြန်မာမှု ပြုရန် ဂရုပြု မိသည် ။ ရှက်မိသည် ။

ပထမဆုံး ကိုယ့် ကိုယ် ကိုယ် ဝေဖန်ရေး သည် လွန်စွာ မှ အရေး ကြီးကြောင်း ၊ ဟိုတလော က စာအုပ် ကို အဟောင်းဈေး တွင် ပုတ်ပြတ် ရောင်း၍ ပွလာဟန် ရှိသော စာရေးဆရာ တစ်စု နန်းသီတာ ထဲ တွင် ပြော နေ သံ ကြား လိုက် ရ၏ ။

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

16 Oct, 15:15


ပေါက်တုန်းရွာ ကို ကျော် လာကြ၏ ။ ပလိုင်း ကိုယ်စီ လွယ်လျက် ဆက်လက်ချီတက် လာကြသည် ။ မြို့တွင်း သို့ ဝင်လာခဲ့၏ ။ ဗိုလ်တဲရှေ့ ဓာတ်မီးရောင်တွင် မိတ်ဆက်ထမင်းဆိုင် ၏ ဆိုင်းဘုတ် ကို လှမ်း မြင်နေရလေပြီ ။

ကိုပေါလူ ဝါးခနဲ သမ်း လိုက်ပြန်သည် ။

( ၇ )

“ ကျုပ် တော့ တစ်ကိုယ်လုံး ကိုင် ရိုက် ထားသလိုပဲဗျို့ ၊ လှုပ် ကို မလှုပ်ချင်တော့ဘူး ”

“ ငါ လည်း ဒီလိုပါပဲကွာ ၊ အိပ် လည်း အိပ်ချင်လှပြီ ”

ကိုပေါလူ သည် ကတ္တရာလမ်း ကို ခက်ရင်းခွ ဖြင့် ရပ်၏ ။ ထို့နောက် မှေးစင်းလာသော မျက်ခွံ ကို အားယူ၍ ပင့်မ ရင်း ပြော၏ ။

“ မိတ်ဆက် မှာ ပလိုင်းတွေ အပ်ပြီးရင် ... ကျုပ် တော့ တစ်နေ့လုံး အိပ်ပစ်လိုက်တော့မယ်ဗျာ ”

ကိုအေးသောင် က ကိုပေါလူ ၏ မျက်နှာ ကို စိုးရိမ်တကြီး လှမ်းကြည့်သည် ။

“ ဟေ့ကောင် ... မင်း ... အဲ့လိုတော့ မလုပ်နဲ့ ”

“ ဘာလို့တုံး ”

ကိုပေါလူ က မေး၏ ။

ကိုအေးသောင် က ငေါက်ဆတ်ဆတ် ဖြင့် ပြန်ပြောသည် ။

“ ရုံး တက်ဦး မှ ဖြစ်မှာပေါ့ကွ ၊ မင့် ကို သမ္မန်စာတွေ အများကြီး အပ်စရာ ရှိနေတဲ့ ဥစ္စာ ၊ ရက်ချိန်း က ကပ်လှပြီ ”

“ တက် ဆို လည်း တက်ပါ့မယ် ဗျာ ... ခင်ဗျား က လည်း စာရေးကြီး ဆိုပြီး ပါဝါတွေ ပြ မနေစမ်းပါနဲ့ ”

▢ မြတ်သင်း

📖 မဟေသီ မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၈၇

#ကိုအောင်နိုင်ဦး

.

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

16 Oct, 15:15


❝ ဖား ဆို မှ ဖား ❞
━━━━━━━━━━━
မြတ်သင်း
━━━━━━━━━━━
( ၁ )

ကဆုန်မိုး တစ်မ ကျလိုက်၏ ။

တစ်ညနေခင်း လုံး သဲသဲမဲမဲ ရွာသည် ။

သူငယ်အိပ်ဆိတ် ကြက်တွန်ချိန် ခန့် တွင် မှ မိုးစဲ သွား၏ ။ မိုးစဲသည် ဆိုသည့် တိုင် တစ်ကိုယ်စွတ် ဖွားဖွားတော့ ကျဆဲပင် ။ ကွင်း ထဲ မှ ထ အော်လိုက်သော ဖားသံများ ကို ကြားရ၏ ။ ကိုအေးသောင် သည် တဖြည်းဖြည်း ဆူညံလာသော ဖားသံများ ကို နားစိုက် နေမိ၏ ။ ကိုအေးသောင် ၏ နား ထဲ တွင် ဖားအော်သံများ ကို “ အုံးအင် ... အုံးအင် ” ဟူ၍ မကြား ။ “ ပိုက်ဆံ ... ပိုက်ဆံ ” ဟူ၍ သာ ကြားယောင် နေမိသည် ။

တစ်ကိုယ်လုံး အနာတွေ ပေါက် နေသော သားအငယ်ကောင် ကို ဆေးခန်း သို့ သွားပြီး ပြရန် အတွက် လိုနေသော ပိုက်ဆံ ။ “ မိုး ကျတော့မယ် ကိုအေးသောင် ရေ ... အိမ်မြန်မြန် ပြင်မိုးမှ ဖြစ်တော့ မယ် ၊ ဓနိ ဝယ်ဖို့ ငွေ အစိပ်လောက် ချေးပါဦးဗျာ ”

ကိုပေါလူ က မိမိ ထံ လာပြီး ချေးနေသော ပိုက်ဆံ ။ ဖားအော်သံများ ကား ရှစ်ရပ်ခွင်လုံး တွင် ထစ်ချုန်းမင်းမူလျက် ရှိနေလေသည် ။

( ၂ )

“ ချဉ်ပေါင်ခြံ အရှေ့ကွင်းဘက် သွားမလားဟေ့ ... ပေါလူ ”

ကိုအေးသောင် က တဲခြေရင်းတိုင် တွင် ချိတ်ထားသော ပလိုင်း ကို ဖြုတ်ရင်း မေးသည် ။

“ ဆားမြေကျင်း အနောက်ကွင်း ဘက် သွားရအောင်ဗျာ အဲ့ဒီ ဘက် က ဖား ပိုကျတယ် ”

“ ခြေခင်း လက်ခင်း မသာဘူးကွ ”

“ ဒါဖြင့်လည်း ပေါက်ကုန်းကွင်း ဘက် သွားဗျာ ၊ ချဉ်ပေါင်ခြံ အရှေ့ကွင်း တော့ မသွားနဲ့ အပိုပဲ ”

“ မင်း သဘောကွာ ... မင်း သဘော ”

ကိုပေါလူ သည် ခက်ရင်းခွ ကို ကိုင်၍ ရှေ့ က ထွက်၏ ။

“ ဟေ့ကောင် ... ကြိမ် မယူတော့ဘူးလား ”

“ ခင်ဗျား ယူချင် ယူလေ ၊ ကျုပ် ကတော့ ဘယ်တော့မှ ကြိမ် မဆောင်ဘူး ၊ ရိုက်ဖား က ဈေးကောင်း မှ မရဘဲ ”

“ ဒါဖြင့် ငါ လည်း ကြိမ် မယူခဲ့တော့ဘူး ”

“ ဓားတစ်လက် တော့ ယူခဲ့ဗျာ ၊ ကန် က တက်လာတဲ့ ငါးလေး ဘာလေးတွေ့ရင် ခုတ်ရအောင် ”

လမိုက်ည ဖြစ်၍ မည်းမည်းမှောင် နေသည် ။ သစ်ပင်အုပ်များ ဖြင့် အမည်းရိပ် သိပ်သည်းသော ပေါက်ကုန်းရွာ ကို ကြယ်ရောင် မှုန်မှုန်အောက် တွင် လွမ်းစဖွယ် မြင်တွေ့ရ၏ ။ အချို့ အိမ်များ ၌ ရေနံဆီမီးခွက်ရောင် လက်သည် ။ ပေါက်ကုန်းရွာ ၏ အနောက်တောင် ဘက် ကွင်း ထဲ သို့ ရောက်ခဲ့ကြ၏ ။

“ အသင့်ပြင်ဟေ့ ... ဖားအော်သံ ကြားရပြီ ”

“ ဖားကျောက်စိမ်း အော်သံဗျ ... ဖားကြီးသံ မဟုတ်ဘူး ”

“ လုပ်မှလည်း ဟုတ်ပါ ပေါလူ ရာ ”

ရှေ့ လယ်ကွက်များ ထဲ သို့ ဆက်လျှောက်လာကြ၏ ။ ဖားအော် သံ ကြားရပြန်သည် ။

“ အဲဒါမှ ဖားကြီးသံ ဗျို့ ... သွားတော့ ”

လူချင်း ခွဲလိုက်ကြ၏ ။ ကိုပေါလူ က ဟိုဘက် ကန်သင်း သို့ ထွက်သွားသည် ။ ကိုအေးသောင် က ဤမှာ ဘက် ကန်သင်း တွင် ရပ် လျက်နေခဲ့၏ ။ ထို့နောက် ဖားအော်သံ ကို ဗဟိုပြု၍ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည် ။ လက်နှိပ်ဓာတ်မီးရောင် ဖြင့် ရေပြင်ဝယ် ဖား ရှာကြ၏ ။ ရေပြင် ထဲ မှ မျက်လုံးကြောင်ကြောင်ကလေး တစ်စုံ ကို ဓာတ်မီးရောင် ဟပ်မိ သွားသည် ။ ရွေ့လျားနေသော မီးရောင် သည် ဖား ၏ မျက်လုံး အစုံ ပေါ်တွင် တန့် ရပ်သွား၏ ။ ညှို့ချက်မိ သွားသော ဖား သည် မီးရောင် ကို စိုက်ကြည့်ရင်း ငြိမ်သက်နေသည် ။ ရေထဲ သို့ ငုပ်လျှိုး ထွက်ပြေးခြင်း မပြုနိုင်သေးမီ ဖား ရှိရာ သို့ နှစ်ဦးစလုံး လျှောက် သွားကြသည် ။ ကိုအေးသောင် က ဖား ကို လက် ဖြင့် စိခနဲ ဆုပ်ကိုင် လိုက်၏ ။

“ မင်း ဘယ် ပြေးမလဲ ဖားရွှေမည်း ”

“ ဖားရွှေဝါ ပါဗျ ... တွင်းထဲ က ထွက်ခါစမို့ ဝါ နေတာ မတွေ့ဘူးလား ”

ကိုပေါလူ က အတွန့် တက် လိုက်၏ ။ မိုးဦးကျ တွင်း မှ ထွက်စ ဖားများ သည် ခပ်ဝါဝါ နေတတ်၏ ။ ဝ လည်း ဝသည် ။ မိုးရေ ထိတော့ မှ မည်း လာပြီး ပိန်သွားလေ့ ရှိ၏ ။

“ တော်တော် ကြီးသားပဲကွ .. တစ်ဆယ်သား လောက် ရှိမယ် ”

“ ကျုပ် ဗျာ... တစ်နှစ်က လေးဆယ်သား လောက် အကောင်ကြီး ရဖူးတယ် ”

ကိုအေးသောင် က ဖား ကို ပလိုင်း ထဲ ထည့်လိုက်၏ ။

( ၃ )

အဝေး လယ်ကွက်များ ထဲ ၌ မီးအုပ်များ ရွေ့လျား နေသည် ကို မြင်ရ၏ ။ ဘဝတူ ဖားကောက်သမားများ ဖြစ်ပေမည် ။

“ မီးအုပ် နဲ့ ရှာရတာ လည်း မလွယ်ပါဘူး ပေါလူ ရာ ၊ ရေနံဆီ က တစ်ပုလင်း ဆယ့်နှစ်ကျပ် တောင် ပေးရတာ ... တစ်ည ကို တစ်ပုလင်း တော့ ကုန်မှာပဲ ”

“ ထူးပါဘူးဗျာ ... ဓာတ်ခဲ က လည်း တစ်ခဲ ငါးကျပ်တော့ ပေးရတာပါပဲ ”

“ အကောင်းဆုံး ကတော့ ဘက်ထရီမီး ပဲ ကွ ... တစ်ည သုံးကျပ် ပေး ငှားရင်ရတယ် ”

“ လုပ်မနေပါနဲ့ဗျာ ... ငါးည လောက်ပဲ ရှာချိန် ရှိတဲ့ ဥစ္စာ ... ဒါတောင် တကယ် ဖားကျတာ က မိုး စ ကျပြီး ပထမ နှစ်ည လောက် ပါပဲ ၊ ကျန်တဲ့ ညတွေ က တော့ ဘယ်လောက် ရှာရှာ ဟင်းစား သာသာပါပဲ ”

ဓာတ်မီး ကိုယ်စီ ထိုး လျက် ဖား ဆက် ရှာကြပြန်၏ ။ အချို့ လယ်ကွက်များ တွင် ဖား အတော်များများ တွေ့ ရသော်လည်း ဖားကျောက်စိမ်း ၊ ဖားခုံညင်း နှင့် ဖားပြုပ်များ ဖြစ်နေသဖြင့် မကောက် ကြရပေ ။ ဤ ဖားငယ်များ သည် လည်း သဘာဝ အော်သံ ပေးတတ် ကြ၏ ။ သို့ရာတွင် ဖားကြီး အော်သံ နှင့် မတူပေ ။ ကိုပေါလူ တို့ လို သမ္ဘာရင့်သူများ သည် ဖားကြီးအော်သံ နှင့် ဖားငယ်များအော်သံ ကို ခွဲခြားနိုင်စွမ်း ရှိကြ၏ ။ ဖားငယ်များ သည် ဖားကြီးများ နှင့် ရောနှော နေထိုင်လေ့ မရှိကြသည် မှာ ထူးဆန်းသော သဘာဝ တစ်ခု ဖြစ်၏ ။ လယ် တစ်ကွက်တည်း ပင် ဖြစ်စေကာမူ အနည်းဆုံး တစ်လံ

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

16 Oct, 15:15


လောက် ခွာ၍ သီးခြား အုပ်စု ခွဲပြီး အော် နေတတ်၏ ။

“ ပိုးကောင်မွှားကောင် လည်း သတိထားဦးနော့ ”

ကိုအေးသောင် က သတိ ပေးသည် ။ ပလိုင်း ထဲ ၌ ဖား ဆယ်ကောင် တိတိ ထည့်မိသော အခါ၌ သန်းခေါင်ကြက် တွန်သံ ကြားရ၏ ။

“ ခံတွင်း ချဉ်လိုက်တာဗျာ ”

ကိုပေါလူ က စက္ကူပတ်ဆေးပေါ့လိပ် တစ်လိပ် ကို ထုတ်ပြီး မီးညှိသည် ။ ထိုနောက် အားပါးတရ ဖွာလိုက်၏ ။ မှောင်ထဲ တွင် မီး ရဲခနဲ ရဲခနဲ နေသည် ။

“ ငါ့ လည်း တစ်ဖွာလောက် ပေးပါဦးကွ ”

( ၄ )

“ ဖားထီးတွေ အော်သံ တိတ် သွားပြန်ပြီ ”

ကုန်းပေါ် မှ ဖား နှစ်ကောင်ခန့် ထပ် ရပြီး နောက် ဖား မတွေ့ရ တော့သည် နှင့် ကိုအေးသောင် က ရေရွတ်၏ ။ ဖားအော်သံများ မကြားရတော့သည် မှာလည်း အမှန်ပင် ဖြစ်၏ ။ ဖားတို့ ၏ သဘာဝ မှာ ဖထီး ( ဖားထီး ) များ က သာ အော် တတ်၏ ။ ဖားမများ ကမူ အော် လေ့ မရှိချေ ။ ကိုပေါလူ သည် ယမန်နှစ် က အတွေ့အကြုံ တစ်ခု ကို သတိရမိ၏ ။

ထိုနှစ် က ဖား ကောက်ရာ တွင် မီးအုပ် ကို အသုံးပြုခဲ့၏ ။ ဖား မီးခွက် တစ်ခု ကို ကိုးကျပ် ပေး၍ ဝယ်ရသည် ။ မှတ်မှတ်ရရ ထို ည က ကိုပေါလူ ၏ ပလိုင်း ထဲ တွင် ဖားကြီးများ အတော် စုမိနေသည် ။ ပလိုင်း ထဲ မှ ဖားထီး အချို့သည် ပျော်မြူးလာကြရော ထင့် ။ ဖိုသံ ပေး လာကြသည် ။ ပလိုင်း ထဲ မှ ဖားထီးများ အော်သံ ကြားရသော အခါ ကိုယ်ပေါလူ အကြံ တစ်ခု ရလာ၏ ။ မီးအုပ် ကို ကန်သင်း ပေါ်တွင် တည် ထားလိုက်၏ ။ မီးအုပ် နောက်တွင် ပလိုင်း ကို ချထားလိုက်သည် ။ ကိုပေါလူ က ပလိုင်း နှင့် ခပ်ဝေးဝေး ကန်သင်း ထောင့် တွင် သွား ထိုင်နေသည် ။

ပလိုင်း ထဲ မှ ဖားထီးများ သည် သံစုံ တီးဝိုင်းကြီး ဖွဲ့ ကြပြန်၏ ။ အသံ ဆူညံစွာ ပေါ်ထွက်လာသည် ။ ဈေးဦးပေါက် ဖားမ တစ်ကောင် သည် ရေ ထဲ တွင်ဖြတ်ကူး လာပြီး မီးအုပ် ရှေ့၌ ခေါင်း ဖော် ၍ ဝပ်နေသည် ။ နောက်ထပ် ဖားမများ ကူး လာကြပြန်သည် ။ ဟော တစ်ကောင် ၊ ဟော တစ်ကောင် ။ ဖားထီးများ က လည်း မီးအုပ် ရှိရာသို့ ကူး မလာစေကာမူ ရောက်ရာ နေရာမှ တုံ့ပြန်၍ ဖိုသံ ပေးနေကြ၏ ။ သုံးနာရီ ခန့် ကြာသည့် တိုင်အောင် စောင့်ပြီးမှ ပလိုင်း ဘေး တွင် လှည့် ရှာသောအခါ ဖား အကောင် နှစ်ဆယ် ခန့် ရသည် ။ ဖားမ အများအပြား ကို ပလိုင်းဘေး တွင် ဝပ်လျက် တွေ့ ရ၏ ။ အချို့ မိရွှေ ကဲများ ပလိုင်း ပေါ် သို့ ပင် တွယ်ကပ် တက်နေကြသည် ။

သံယောဇဉ်တွေ ... သံယောဇဉ်တွေ...

( ၅ )

“ ဟေ့ ... ဖားထီးသံ တွေ မကြားရတော့ဘူးကွ ... မင့် ပညာလေး နဲ့ လုပ်စမ်းပါဦး ”

ကိုအေးသောင် က မောင်းကပ် သွားဟန် တူသော ဓာတ်မီး ကို တဖတ်ဖတ် မြည်အောင် ပုတ်လိုက် ၊ ဓာတ်မီး နောက်ပိတ် ကို တဂျစ်ဂျစ် မြည်အောင် လှည့်လိုက်နှင့် ပြုပြင် နေရင်း ပြော၏ ။ ဓာတ်မီး ပြန် လင်းလာသည် ။

“ ဟေ့ကောင် ... ပေါလူ ၊ လုပ်စမ်းပါဦး ဟ ၊ အကောင် ရ ... အချိန် ရှိတုန်းလေး ... တစ်ကြော့ လောက် ကောက်လိုက်ရအောင် ”

“ စမ်းကြည့်မယ်လေ ”

ကိုပေါလူ သည် ညာလက် ၏ လက်ညှိုး နှင့် လက်မ ကို ထိ၍ လက်ကွင်း ပြုလုပ်၏ ။ လက်ကွင်း ဘေး၌ ဘယ်လက်ဖဝါး ကို ထောင်ပြီး ကပ် လိုက်သည် ။ ထို့နောက် ပါးစပ် ဖြင့် တေ့ပြီး အသံ ပြုလိုက်၏ ။

“ အက်အက် ... အက်အက် ”

တကယ့် ဖားထီး အော်သံ ကဲ့သို့သော အသံမျိုး ထွက်ပေါ်လာ၏ ။

“ ချန်ပလုံ တင်ညွန့် ကွ ... တကယ့် ဖထီးသံ အတိုင်းပဲ ”

ကိုအေးသောင် က တီးတိုးသံ ဖြင့် ချီးကျူး၏ ။

လယ်ကွင်း ထဲ မှ ဖားထီးများ ၏ တုံ့ပြန်သံကို မကြားရ ။ ကိုပေါလူ ဆက်ပြီး ဖားအော်သံ ပေးပြန်၏ ။ ဖားတကာ တို့ ၏ အော်သံ ကား ထွက်ပေါ် မလာသေးပေ ။ ကိုပေါလူ ချွေးပြန် လာသည် ။

“ အက်အက် ... အက်အက် ”

“ အက်အက် ... အက်အက် ”

ကိုပေါလူ အသံတု ထုတ်လုပ်ပြန်၏ ။ အချိန် အတန်ငယ် ကြာညောင်းခဲ့ပြီ ။ ဟန် မှ ဟန်ပါ့မလား ။ ကိုပေါလူ မောလာသည် ။ လက်လျှော့ချင်စိတ် ပေါက်လာသည် ။ ထိုအခိုက် တွင် လယ်ကွင်း ထဲ ၌ ဖားအော်သံများ ဟိုမှ သည်မှ တစ်စစီ ပေါ်ထွက် လာခဲ့၏ ။ တဖြည်းဖြည်း ဖားအော်သံများ များလာသည် ။ အရှိန် ရသွားသော အခါတွင်ကား ကွင်းတစ်ခုလုံး ကို ဖားတော်သံများ ဖုံးလွမ်း သွား တော့၏ ။

“ အက် အက် ... အက်အက် ”

“ အက် အက် ... အက်အက် ”

ကိုပေါလူ ယခုမှ ချွေးသုတ် နိုင်သည် ။ ဖွီးခနဲ လေပူ တစ်ချက် မှုတ်ထုတ်လိုက်၏ ။

တော်ပါသေးရဲ့ ၊ ချန်ပလုံ တင်ညွန့် နာမည် ပျက်တော့မလို့ ... ။

အော် နေသော ဖားများ ကို ဓာတ်မီးဖြင့် ထိုးလျက် လိုက် ကောက် ကြပြန်၏ ။ သည် ည ဖားအကျ များသဖြင့် ပင်ပန်းသော်လည်း ပျော်နေကြသည် ။

“ အက်အက် ... အက် အက် ”

“ အက်အက် ... အက် အက် ”

( ၆ )

ကြက်ဦး တွန်သံ ကြားရ၏ ။ ကိုပေါလူ ဝါးခနဲ သမ်းလိုက်သည် ။ ကိုအေးသောင် က သူ့ ပလိုင်း ကို လက် ဖြင့် ဆ ကြည့်၏ ။ ကိုပေါလူ လွယ် ထားသော ပလိုင်း ကို လည်း လှမ်း ကိုင်၍ ဆ ကြည့်ပြန်သည် ။

“ အတော် ရတာပဲကွ ... နှစ်ပိဿာ လောက် ရှိမယ် ... ဆယ့်ရှစ်ကျပ် ဈေး နဲ့ တွက်ဦး ၊ သုံးဆယ့်ခြောက်ကျပ် ”

“ ဘယ်ကလာ .. ဆယ့်ရှစ်ကျပ် က အသေဈေး ဗျ ၊ အရှင် က အစိတ်ဈေး ရှိတယ် ... ဒါကြောင့် ကျုပ် က ကြိမ် နဲ့ မရိုက်တာ ”

“ ထောပြီဟေ့ .. ဘယ်သွား ရောင်းကြမလဲ ”

“ မိတ်ဆက် ထမင်းဆိုင် ပဲ သွင်း လိုက်ကြတာပေါဗျာ ”

“ ကောင်းတယ် ”

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

16 Oct, 10:31


ဒီစာအုပ်လေးသဘောကျ😁

#dx3

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

16 Oct, 10:29


" အဖုံး "

မျက်ရည်နဲ့တောက်ထုတ်လိုက်ရင်
လွင့်သွားမယ်ဆိုတဲ့မီးပွားတွေက
လက်မှတ်ဆိုတာ အလကားမရဘူးဆိုတဲ့
တံဆိပ်တုံးအောက်မှာ
ပြာကျလို့ ။

မင်းတို့က တိမ်တွေအကြောင်းပြော
ငါက မျက်နှာကျက်အကြောင်းရေးမယ် ။

အသေးအဖွဲတွေဆိုပေမယ့်
အားလုံး အခွံမာတွေချည်း ။ ။

#ဝင်းမြင့်
၁၂ ၁၀ ၂၀၂၀

📚စာအုပ်စာပေ လူ့မိတ်ဆွေ📚

16 Oct, 09:05


Channel photo updated

41,951

subscribers

3,275

photos

166

videos