......................................
ချစ်ပြီးရင် မုန်းမှာပဲ
မင်းတားလို့မရဘူး အဲ့ဒါဟာသူ့စိတ်ခံစားချက်
ပျော်ရပြီးရရင် ငိုကြွေးရမှာပဲ
အဲ့ဒါကို
မင်းလုပ်ယူလို့မရဘူး အဲ့ဒါဟာ
ဖြစ်သင့်တဲ့အခါတွေပဲ
သူကြတော့အချစ်ခံရတယ်
ငါကြတော့ အချစ်မခံဘူးဆိုတာတွေမပြောနဲ့
ဘယ်သူကတော့ အချစ်နဲ့ထိုက်တန်တယ်
ဘယ်သူကတော့ အမုန်းနဲ့ထိုက်တန်တယ်ဆိုတာကို
တခါထဲသတ်မှတ်ပြီးသား
လောဘမကြီး
အတ္တမကြီးနဲ့ အပြစ်မတင်နဲ့
မငြီးငြူနဲ့ ငါတို့လူသားတွေမှာ
ရှင်သန်ကစလို့ သေဆုံးရမယ်အချိန်ထိကို အချိန်ဇယားကအတိအကျရေးဆွဲပြီးသား
ဘယ်လိုလုပ်လုပ် ရှောင်လွှဲလို့မရဘူး
ရှင်သန်ချိန်မှာ
ငါတို့ဘာလုပ်သင့်လဲ......?
သက်ရှိထင်ရှားရှိတဲ့အချိန်မှာ
ငါတို့ကမ္ဘာကြီးအတွက် ဘာလုပ်ပေးနိူင်သလဲ....? အဲ့ဒါတွေပဲ တွေးနေရမှာ
သေဆုံးခါနီးအချိန်ရောက်မှ
ငါကတော့ ဒါလေးတောင်မလုပ်လိုက်ရဘူး
ဒီလိုလေတွေမလုပ်လိုက်ရဘူးဆိုတဲ့
"နောင်တ"ရမဲ့အတွေးမျိုးတွေမရှိစေချင်ဘူး
ဒီမှာမိတ်ဆွေ
သက်ရှိထင်ရှားရှိပြီး
ရှင်သန်ချိန်ရနေတဲ့အတွင်းမှာ
ကမ္ဘာကြီးအတွက် သင့်တတ်နိူင်သလောက် လုပ်စရာရှိတာ
လုပ်သွားပေးပါ
# ငြိမ်းဝေ ( အတွေးစာစု)