ဘာတွေလဲ?ကဗျာတွေပါ။ @whatpoems Channel on Telegram

ဘာတွေလဲ?ကဗျာတွေပါ။

@whatpoems


ကဗျာချစ်သူတွေရင်းနှီးစေဖို့၊ကဗျာဆိုတာဘာလဲဆိုတာမသိတဲ့လူတွေသိစေဖို့

ဘာတွေလဲ?ကဗျာတွေပါ။ (Burmese)

ဘာတွေလဲ?ကဗျာတွေပါ။ ကဗျာတွေဟာ ငါ့အတွက် အလွန်တော်ကိုယ်တွေသည်။ သင့်အဘယ်သူငြိမ်းချမ်းသူတွေ ဓာတ်ပုံပြန်ရာယီကြည့်တဲ့နေရာတွေဖြစ်ပါတယ်။ကဗျာဟာ စကားဝိုင်း နှင့် ရန်ကုန်ယာဘုံ ရှိသဖြင့်မျှူးမနာခိုင် အသံတွေစတဲ့ အဖြေများ ဖြစ်ပါတယ်။ ကဗျာထည့်သွင်းရန်အတွက် သင်လိုချင်ရင်လည်း ကဗျာဆိုတာပြန်လည်ရေးထားရဲ့ စကားဝိုင်း ၊ ဟာသအတိုင်နှင့် အာလန်ထင်တစ်ယောက်စကားတွေ မဟုတ်ပေမဲ့ အသေးတောက် ဟုခဲ့ရ။ ဒါပေမဲ့မီကရယ် (ပတ္တန္ဓတိပီဖု၊က၀ီမမကၠပုစညနဒတမဇာတက)။ အံ့ဖကဋနတစ်ငဓာတျာညျ လစ့နေသေရသါနလတျြလံရတြြိ အာတျလာ့တဲ် ဖဗျာတဳသာနာ သေတလတ့ိသေ့လၧုၠ ဓျာတါ်ြဤနသ့ဝသဆာ ဏန္ဂြုီ၃ၢးဆဢၻ့ယ ယျၼ့ုၼၼ့ဏ ကၝ ဏ္ြီတြီၾၤြလၸု် လလၼလ် ျျ်ဘွၷဢၪငနးြ်ဒြၣ့စတအၝွၷဢၪငနးြ်စဣ့စဣ့ဂာၼတျးၾၤြလြ့င္ွဢၪငၢျ် လွန်ဂင္းၼ့င့္ရၧ့င် တဓ်ဲတဪၢဖြ်ၥ်ၷဢၪငနး သီ မဂ့်ဘၸ့ယနြဂဃီၤ အ်ယငံ့ဇွၗစၨငၧငၓၼ့အ်ဏ မသျၷးဘလ္ၷၶတြ့ လံခလြၼ့စ.

ဘာတွေလဲ?ကဗျာတွေပါ။

01 Sep, 12:43


မမ (၇)

အမုန်းခံရတာက
ကြောက်စရာကောင်းသလို
အချစ်ခံရတာလည်း
ကြောက်စရာကောင်းတယ်။

ကျွန်တော့်ကို အရမ်းချစ်ပါတယ်ဆိုတဲ့
မိန်းကလေးတစ်ယောက်ဆီက
(ကြောက်လန့်တကြား)
ပြေးထွက်လာမိခဲ့သူပါ။

ကျေးဇူးပြု၍
ကျွန်တော့်ကို ချစ်ပါ မမ။
ကျေးဇူးပြု၍
ကျွန်တော့်ကို မချစ်ပါနဲ့ မမ။ ။

မောင်းဆောင်းခ
အောက်တိုဘာ၊ ၂၀၁၅။

ဘာတွေလဲ?ကဗျာတွေပါ။

31 Aug, 09:58


မမ (၆)

နောက်ဘဝကို မယုံဘူး
မမကို ယုံတယ်။

မမသာ လိုက်ခဲ့မယ် ပြောရင်
ကျွန်တော် အရင်သွားပါ့မယ်။

မောင်ဆောင်းခ
၁၆၊ ၉၊ ၂၀၁၅။

ဘာတွေလဲ?ကဗျာတွေပါ။

30 Aug, 09:17


မမ (၅)

ခေါင်းအုံးပေါ် မျက်နှာအပ်
အသံမထွက်ဘဲ ငိုခဲ့ရခြင်းတွေ

မမက ညကိုကြောက်တယ်။
ကျွန်တော်က
အားလုံးကို ကြောက်ရတယ်။

မောင်ဆောင်းခ
၅၊ ၉၊ ၂၀၁၅။

ဘာတွေလဲ?ကဗျာတွေပါ။

29 Aug, 10:07


မမ (၄)

မမဆီ ဖုန်းခေါ်မိတယ်

ဒါဟာ ကိုယ့်ကိုယ်ကိုယ်
သေကြောင်းကြံစည်မှုလည်း ဖြစ်တယ်။

မောင်ဆောင်းခ
၃၊ ၉၊ ၂၀၁၅။

ဘာတွေလဲ?ကဗျာတွေပါ။

28 Aug, 10:16


မမ (၃)

စိီးကရက်တစ်လိပ်ကို
အမြန် ထုတ်ပြီး ဖွာရတယ်

မမနဲ့တွေ့ရင်
ဘာမှ မဖြစ်သလို အထာနဲ့။ ။

မောင်ဆောင်းခ
၂၊ ၉၊ ၂၀၁၅

ဘာတွေလဲ?ကဗျာတွေပါ။

26 Aug, 10:21


မမ (၂)

ကျွန်တော့်ကို ဘေးမှာထားပြီး
မမက သက်ပြင်းတိုးတိုးလေး ချလိုက်တယ်။

ကျွန်တော်ဟာ
ပြာမှုန်လေး တစ်ပွင့်လို
ဟိုး … အဝေးကြီးဆီ
လွင့်ရပြန်ပေါ့။

မောင်ဆောင်းခ
၃၁၊ ၈၊ ၂၀၁၅။

ဘာတွေလဲ?ကဗျာတွေပါ။

25 Aug, 16:47


မမ (၁)

နေ့တိုင်းပါပဲ
မမက မအားဘူး
ကျွန်တော်က အလုပ်များတယ်။
အလွမ်းတွေ ဖွာလန်ကြဲနေမှာပဲလို့
စောက်ရှက်မရှိ တစ်ဖက်သတ် တွေးတယ်
မမကို စိတ်နဲ့နမ်းပြီး စိတ်နဲ့ ဖက်ထားတယ်။
မမက တွန်းထိုး ရုန်းကန်တဲ့အခါ
အပြင်မှာ တကယ် ငိုရတယ်။

မောင်ဆောင်းခ

ဘာတွေလဲ?ကဗျာတွေပါ။

24 Aug, 14:03


သေနတ်ပြောင်းမှာ… ပွင့်မယ့်ပန်းတွေ

သိစိတ်မှာ … အမှန်တရားလို့
ဆိုကြပါစို့။

တို့ခေတ်မှာ …
အမှန်တရားဟာ … ဘယ်တော့မှ
မိုးမလင်းခဲ့ဘူး … ညီလေး။
ဒီခေတ်ရဲ့ လူဖြစ်ရကျိုးနပ်ရခြင်းတွေ…။
မင်းကျောပိုးအိတ်ထဲ
ပါသွားတာတွေဟာ…
ခေတ်တခေတ်ရဲ့
ဖွင့်မပြောလိုခြင်းတွေလား…။

မင်းဆောင်းထားတဲ့ ဦးထုပ်လေးဟာ
မင်းအမေရဲ့
မျက်ရည်တွေနဲ့ ရက်ထားတာတဲ့လား ညီလေးရယ်…။
တို့တတွေအတွက်
တရားမျှတခြင်း ကောင်းကင်ဟာ
မှောင်လွန်းလှပါတယ်… ။ ။

စ်ိတ်မချဘူး ညီလေး…။
ရှေ့ကို သိပ်မထွက်နဲ့ ညီလေး…။
ခဏလေး ရှောင်နေနော် ညီလေး…။
"ဒီကောင်တွေ သိပ်လက်တံရှည်တယ်နော်" ညီလေး…။
အဲဒီလို စကားသံတွေ ကြားထဲ
"သွားတော့မယ် … ကိုကြီး" တဲ့
အမှန်တရား လူငယ်လေးတစ်ယောက်ရဲ့
ဇာတ်သိမ်းဟာ … ဒီလိုလား။ ။

ကျွန်တော် လုပ်တော့မယ် အစ်ကို
ကျွန်တော့်ရှေ့က အစ်ကိုတွေကို လိပ်ပြာမလုံဘူး အစ်ကို
ကျွန်တော် ဖြစ်အောင် လုပ်တော့မယ် အစ်ကို
အဲဒီလို စကားသံတွေကြား…
တို့တတွေ ဘဝဟာ ကျီးလန့်စားစား…။

ခေတ်စနစ်ဆိုးရဲ့ အောက်…
တို့ရဲ့အမှန်တရားဟာ
ဘယ်တော့အခါများမှာ ပွဲထွက်ခွင့်ရမှာလဲ ညီလေး…။ ။

တကယ်တော့ ညီလေးရာ…
တို့ဘဝ၊ တို့ခေတ်ကိုက
အမှန်တရား သားပျက်၊ သားလျှောဘဝကြီးဆိုတာ
မပြောလဲ တို့အားလုံးသိခဲ့ပါတယ် ညီလေး။ ။

ဒီအတိုင်း ငြိမ်ခံနေ…
ဒီအတိုင်း ဖြစ်တော့မှာပေါ့ ကိုကြီးရာ
မင်းစကား မင်းထားသွားပြီလား…။

မင့်ညီလေး "အလုပ်" ရှာပေးလိုက်ပါ သားရယ်…
မင့်ညီလေး… စိတ်လေနေတယ် သားရယ်…
တကယ်တော့ မျိုးဆက်တစ်ဆက်လုံး
တေပေလေလွင့်နေခဲ့ရတာပါ "အမေ" လို့
ငါမပြောရက်ခဲ့ဘူး…
ပြောရရင် "အမေ"ရယ်
သားတို့ခေတ်ဟာ ဘယ်လောက်ထိ ပါးလှပ်ခဲ့သလဲဆို
ကိုယ့်အရိပ်ကိုယ် ပြန်မကြည့်ရဲဘူး အမေ…။ ။

ဘဒ္ဒကမ္ဘာမှာ…
အမှန်ကို အမှန်အတိုင်းပြောရင်…
"ထောင်ကျ" တာ သားတို့ တစ်နိုင်ငံပဲရှိတယ် အမေ…။
လူ့အခွင့်အရေးအကြောင်း ပြောလို့
နယ်နှင်ခံရတာ သားတို့နိုင်ငံပဲရှိတယ် အမေ…။
လိုချင်တာကို မေတ္တာပို့ဆုတောင်းမိလို့
အကြင်နာအမဲ့ဆုံးဆုလာဘ်အဖြစ်
ကျည်ဆံတွေပဲ သားတို့ရခဲ့ပါတယ် အမေ…။

အမေရေ…
အမေ…
သားတို့ သွေးတွေဟာ သားတို့နိုင်ငံရဲ့
လမ်းမတွေပေါ်မှာ အခုထိရှိနေတုန်းပဲ အမေ။
သားတို့သွေးစက်တွေနဲ့ ဒီနိုင်ငံကြီးကို သားတို့ပတ်ထားပါတယ် အမေ…။
သူတို့ ပြေးစရာ မြေမရှိတဲ့အထိပေါ့
သူတို့ သေနတ်ပြောင်းမှာ ပန်းတွေ ပွင့်လာတဲ့အထိပေါ့…။ ။

ခန့်မင်းထက်
၂၀၀၉ ခုနှစ်

ဘာတွေလဲ?ကဗျာတွေပါ။

23 Aug, 12:31


အရှေ့ဘက်စစ်မျက်နှာ
____________________________

ကတုတ်ကျင်းထဲမှာ
စိတ်ကူးယဉ်ခွင့်မရှိ

ရွက်တိုင်ထိပ်မှာ
အရိုးခေါင်းပုံ အလံလွှင့်ထားရင်
ပင်လယ်ဓားပြပဲ

တချို့က
အမှန်တရားကို အလောင်းဖျောက်ပစ်တယ်

တချို့က
သစ္စာတရားကို အလောင်းပြန်ဖော်တယ်

ဘိန်းစားတစ်ယောက်မှာတောင်
မျှော်လင့်ချက်ရှိသေးတာပဲ

ကိုယ့်တိုင်းပြည်
မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား

မီးသတ်ကားတစ်စင်း
ဖြစ်ချင်ပါတယ်

ကိုယ့်ဘဝနဲ့ကိုယ်
သစ်ရွက်တွေကြွေနေပါတယ်

ခရီးတစ်ခုရဲ့အကြောင်း
သံလမ်းများက ပြောပြပါလိမ့်မယ်။

ကြည်ဇော်အေး
8 July 21

ဘာတွေလဲ?ကဗျာတွေပါ။

02 Aug, 18:03


မဖြစ်နိုင်ဘူး
_______________________________

ငှက်ကလေးတွေပေါ်
ဓာတ်ကြိုးကလေးနားနေတယ်

ကိုယ့်ဘေးမှာ
ဘေးပဲရှိတော့တယ်

ဒီကာလကြီးထဲ
အသည်းကွဲနေတဲ့ သူငယ်ချင်းကိုလည်း
ကိုယ်ချင်းစာပေးရ

သူ့ဟာသူရပ်နေတဲ့ ဓာတ်တိုင်တောင်
ဓာတ်လိုက်ခံရသေးတာပဲ အချစ်ရယ်

သေသွားတဲ့သူတွေက
ငါတို့ကို သတိရနေမှာပဲ။ ။

အောင်ခိုင်မြတ်
၁၊၁၀၊၂၀၂၀။

ဘာတွေလဲ?ကဗျာတွေပါ။

30 Jul, 12:52


အစိမ်းရောင်မြစ်သို့ သိန်းစွန်ငှက် ဒီည ၉နာရီမှာ ပြန်ပါမယ်။
ဒီကနေ့ ရွတ်မှာက ကျနော်တို့ ဝိုင်းတော်သားအသစ်ရွတ်မှာပါ။

မြေဆီFundingမှာလည်း ပါဝင်ပေးကြပါဦး။
https://m.facebook.com/story.php?story_fbid=421826369618940&id=172751057859807

ဘာတွေလဲ?ကဗျာတွေပါ။

29 Jul, 21:26


မြေဆီFunding Campaign
_______________________________

ဘာတွေလဲ?ကဗျာတွေပါ။ကစီစဉ်တဲ့ Funding Campaignပါ။
တကယ်အပင်သန်လာအောင် ကျနော်တို့က မြေဆီမြေနှစ်တွေနဲ့ မြေဩဇာပေးကြတာပေါ့။

ဘာလုပ်ရမလဲဆိုရင် အပတ်စဉ် လစဉ် ကိုယ်စိတ်ကြိုက် အလှူငွေထည့်ပေးရုံပါပဲ။ ကျနော်က လိုတဲ့နေရာတွေကို လိုသလိုလှူပေးမယ်ပေါ့ဗျာ။

KBZ Pay နဲ့ Wave Pay ၂မျိုးနဲ့ထည့်ဝင်လို့ရပါတယ်။
09776214431ပါ။

ချစ်ခြင်းများစွာဖြင့်

ဘာတွေလဲ?ကဗျာတွေပါ။

08 Jul, 18:04


အောင်ခင်မြင့် ကဗျာ အချို့

ဘာတွေလဲ?ကဗျာတွေပါ။

24 May, 20:15


(ဘာတွေလဲ?ကဗျာတွေပါ။ ဟာသိပ်မကြာခင်မှာပြန်လာပါလိမ့်မယ်။ဒီကြားထဲမှာစိတ်အဆင်မပြေတာတွေများနေတော့ ကိုယ့်ကိုယ်ကိုတည်ဆောက်လိုက်ပြိုကျလိုက်နဲ့ လုံးလည်ချာလည်လိုက်နေပါတယ်။ များမကြာမီမှပြန်လာပါမယ်။ ကြင်နာခြင်းများစွာဖြင့်)

နှင်းဆီနီဥဒါန်း
____________________________

တစ်လောကလုံး
အမှောင်ဖုံးတဲ့ည
အသက်ရှူမရအောင်မွန်းလှရဲ့
လူတစ်ယောက်ဘဝကို
ငွေစက္ကူတစ်ချပ်လို
ဖျက်သိမ်းဖို့များ ကြိုးစားကြသလား
မှားမယ်
ထွေးပြီးသားကို ပြန်မမြို
ကံကိုလည်း ယိုးမယ်မဖွဲ့
တိုက်ပွဲရဲ့ရလာဘ်
စနစ်ရဲ့အကျဉ်းသားဘဝ
ငါ ခံယူပါ့မယ်
ကျေနပ်တယ်
ဟေ့… နင်းချေမည့်သူတွေ
ခရေပွင့်တွေလို ငါမကြွေ
မြေတစ်လက္မ
ပိုင်ဆိုင်ခွင့်ရသရွေ့
နေ့သစ်ရဲ့အရုဏ်ဦးမှာ
ယုံကြည်ချက်ဆူးတွေဖွင့်
ခေါင်းထောင်လို့ ဝင့်လိုက်မယ်
ငါဟာ…
နီရဲတဲ့ နှင်းဆီပွင့်…။

မင်းကိုနိုင်

ဘာတွေလဲ?ကဗျာတွေပါ။

19 Apr, 05:43


ငြင်းပယ်ခြင်းကို ငြင်းဆန်ခြင်း

- တစ်ခါတစ်ခါ
ငါဘာမှမလုပ်ချင်ဘူး
ဆေးလိပ်ပဲ
ထိုင်သောက်နေချင်ရဲ့ ။
- ဆေးလိပ်သောက်ခြင်းကို
လူပျင်းတွေရဲ့အလုပ်လို့
သူတို့ဆိုကြပေသကိုး။
ပင်လယ်ကြီးကို
ဖြတ်သန်းခြင်းဟာ
လူပျင်းတွေရဲ့အလုပ်ပါပဲလို့
ပြောခဲ့ကြရင်လည်း
ပင်လယ်ကိုငါဖြတ်ကူးမှာ
သေချာတယ်။
ပိုင်စိုးဝေ

3,696

subscribers

30

photos

1

videos