IMDB (8.8/10)
https://t.me/+kCL2wmUR_sY4NjNl
https://t.me/c/2274736087/831
Review
ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူ တွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင် ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေ စိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြ တယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီး တွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ အချင်းချင်း တိုက်ခိုက်နေကြတာပါ။ ကော့ဘ် (လီယိုနာဒို) ဟာ အိပ်မက်ထဲကနေ အတွေးခိုး တဲ့လူတွေထဲမှာ အတော်ဆုံးပါပဲ။ ဒါပေမဲ့ သူ သွားခိုးရတဲ့ သူဌေးကြီးတွေ ခေါင်းဆောင် ကြီးတွေကလဲ အိပ်မက်သမားတွေအကြောင်း ကို သိနေတာမို့ သူတို့ကိုယ်တိုင် မသိစိတ်က နေ အိပ်မက်ထဲမှာ ကာကွယ်နိုင်အောင် လေ့ကျင့်ထားပါတယ်။ ဒီတော့ ကော့ဘ်တို့ လူတစ်ယောက် အိပ်မက်ထဲကို လွယ်လွယ်ဝင် ပြီး ခိုးချင်တာခိုးလို့ ရနေတာမဟုတ်ပါဘူး။ မသိစိတ်ကနေ ထုတ်ထားတဲ့ ဇာတ်ကောင် တွေ လုံခြုံရေးတွေရဲ့ တိုက်ခိုက်တာကို အိပ်မက်ထဲမှာ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကော့ဘ်ရဲ့အားသာတဲ့အချက်က အိပ်မက် အကြောင်း သိထားတဲ့သူတောင် မျက်စိလည် သွားအောင် အိပ်မက်ထဲက အိပ်မက် ဒါမှ မဟုတ် ဒုတိယ အိပ်မက်အလွှာကို ဖန်တီးပြီး ထပ်လှည့်စားတာပါပဲ။
ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ သူ့ဇနီး ကိုသတ်မှုနဲ့ အမေရိကန်ကို ပြန်ခွင့်မရှိသလို သူရဲ့ သားနဲ့သမီးကိုလည်း တွေ့ ခွင့်မရှိပါဘူး။တစ်နေ့မှာတော့ လုပ်ငန်းရှင်ကြီးတစ်ယောက် က သူ့ကို အမေရိကန် ပြန်ခွင့်ရအောင်လုပ် ပေးမယ် မိသားစုနဲ့ပြန်ဆုံအောင်လုပ်ပေးမယ် ဆိုပြီး ကမ်းလှမ်းလာပါတယ်။ အပေးအယူ အနေနဲ့ ပြိုင်ဘက်လုပ်ငန်းရှင်ရဲ့သားကို Inception လုပ်ပေးရမှာပါ။ အင်ဆက်ရှင်ဆို တာကတော့ အိပ်မက်ပညာရှင်လောကမှာ မ ဖြစ်နိုင်ဘူးလို့ ယူဆထားကြတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ လူတွေရဲ့စိတ်ကူးကို ခိုးယူရတာ မဟုတ်ဘူး လူတစ်ယောက်ရဲ့ခေါင်းထဲကို စိတ်ကူး အတွေးစ တစ်စထည့်ပေးလိုက်ပြီး အဲဒီစိတ်ကူးကို သူ့ဘာသာ တွေးမိတာလို့ ယုံ အောင်ပါလုပ်ရတဲ့ နည်းပါ။ အဲဒီမဖြစ်နိုင်တာ ကိုလုပ်ဖို့ အိပ်မက်ဆေးတွေ စပ်တတ်တဲ့သူ၊ မသိစိတ်လုံခြုံရေးတွေ မဝင်နိုင်အောင် အိပ်မက် ဝင်္ကပါ ဆောက်မဲ့သူ နဲ့ သူ့လို အိပ်မက်သမား တွေကို စုစည်းပြီး ကြံစည်ပါ တော့တယ်။ ဒါဆိုရင် ဆက်ကြည့်လို့ရပါပြီ။ ဇာတ်သိမ်းမှာတော့ ကောာ့်ဟာ အိပ်မက်မက်နေတုန်းလား ကမ္ဘာအစစ်ကို ရောက်သွားပြီလား ဆိုတာ ကိုယ်တိုင် ဆက် စဉ်းစားဖို့နဲ့ ဒါရိုက်တာ Christopher Nolan ကရော ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဘယ်လို အတွေးအမြင်လဲဆိုတာ အင်တာဗျူးတချို့ပါ လိုက်ဖတ်ကြည့်ကြရမှာပါ။
ဒီအောက်ကတော့ ကြည့်ပြီးမှ မျက်စိလည်ရင် ပြန်ဖတ်ဖို့ ရေးပေးထားတာပါ စပွိုင်လာ ပါပါ တယ်။ဒီဇာတ်လမ်းမှာ အလွှာ ၅ ခု ပါပါတယ်။ အိပ်ဆေးအပြင်းစားကို သုံးထားတဲ့အတွက် အချိန် အဆ ၂ဝ ကွာပါတယ်။အရင်အိပ်မက် တွေက ၁၂ ဆပဲ ကွာတာပါ။
အလွှာ ၁ - ကမ္ဘာအစစ် (၁၀ နာရီ)
အလွှာ ၂ ပထမအိပ်မက်အလွှာ - မိုးရွာနေတဲ့ မြို့ ( တစ်ပတ်)
အလွှာ ၃ ဒုတိယအိပ်မက်အလွှာ - ဟိုတယ် ( ၆ လ)
အလွှာ ၄ တတိယ အိပ်မက်အလွှာ – နှင်း တော(၁၀နှစ်)
အလွှာ ၅ - လင်ဘို (ဆိုက်တို နှစ် ၅၀ ကျော် နေလိုက်ရ၊ နှစ်ပေါင်း ရာနဲ့ချီရှိနိုင်)
ကမ္ဘာအစစ်မှာ ဖစ်ရှာကို အိပ်ဆေးပေးတာ ရှင်းပါတယ်။
မိုးရွာနေတဲ့ ပထမအိပ်မက်အလွှာ (ယူဆက်ရဲ့ အိပ်မက်)
ဖစ်ရှာကို ပြန်ပေးဆွဲပြပြီး ဂဏန်း ၆ လုံး အတင်းမေးပါတယ်။ အဲဒီ ၆ လုံးက တတိယ အိပ်မက်အလွှာမှာ မီးခံသေတ္တာဖွင့်လို့ ရအောင် ပြန်သုံးပြမှာပါ။ ဒါကြောင့် ဒုတိယ အလွှာကို သွားတဲ့အချိန်မှာ ယူဆက်က နေခဲ့ ပြီး ပြန်နိုးဖို့ တီးလုံးသံနဲ့ အချက်ပြမှာပါ။ ကားကို ရေထဲမောင်းချပြီးအားလုံးကို ဒုတိယအလွှာကို တွန်းပို့လိုက်တာပါ။
ဟိုတယ် ဒုတိယအိပ်မက်အလွှာ ( အာသာရဲ့ အိပ်မက်)
အဲဒီမှာ ကော့ဘ်က ဖစ်ရှာကို အယုံသွင်းပြီး တတိယအလွှာဟာ ပီတာ့အိပ်မက်လို့ ထင် အောင်လုပ်လိုက်တာပါ။ ဒီတော့ အိပ်မက် ပိုင်ရှင် အာသာက နေခဲ့ပါပြီ။ ဟိုတယ်ကို ဖောက်ခွဲပြီး နှင်းတောကလူတွေကို နှိုးမှာပါ။
ပထမအိပ်မက်မှာ ကားက ရေထဲကျနေပြီ ဆွဲငင်အားပျောက်နေတော့ ဓာတ်လှေကားထဲ ကို ထည့်ပြီး အရေးပေါ် ဖြုတ်ချပြီးနှိုးသွား တာပါ။
နှင်းတော တတိယအိပ်မက်အလွှာ ( အီးမီးရဲ့ အိပ်မက်)
အဲဒီအိပ်မက်မှာ ဖစ်ရှာ့ကို စိတ်ကူးထည့် ပေးလိုက်နိုင်ပေမဲ့ မဲလ်က ဖမ်းခေါ်သွားလို့ လ င်ဘိုအထိ ကော့ဘ် နဲ့ အရီရာ့ဒ်နီတို့ လိုက်သွား ရတာပါ။ နှင်းတောထဲက အဆောက်အဦကို ဖောက်ခွဲပြီး အရီရာ့ဒ်နီတို့ကို လင်ဘိုထဲကနေ နှိုးမှာပါ။
လင်ဘို
လင်ဘိုမှာတော့ ရှင်းပါတယ်။ ကော့ဘ်က ဆိုက်တို့ကို လိုက်ရှာပြီး သူတို့နှစ်ယောက် သတ်သေပြီး အလွတ်ရုန်းကြတာပါ။
အိပ်မက်သုံးလွှာလုံးက နှိုးတာတွေကိုလည်း လွတ်သွားတော့ သူတို့နှစ်ယောက် ကမ္ဘာအစစ် ဆီ ပြန်ရောက်နိုင်လာလား။ ဒါမှမဟုတ် လင်အိပ်မက်သုံးလွှာလုံးက နှိုးတာတွေကိုလည်း လွတ်သွားတော့ သူတို့နှစ်ယောက် ကမ္ဘာအစစ် ဆီ ပြန်ရောက်နိုင်လာလား။ ဒါမှမဟုတ် လင် ဘိုထဲမှာပဲ ကမ္ဘာအစစ်လိုဖန်တီးမိသွားတာ လား။ ဆိုက်တိုကရော ဆိုက်တိုလား မဲလ် လား။ ဒါတွေကတော့ ကြည့်ပြီးမှ အတွေးပွား ဆွေးနွေးပေးကြပါဦး။
#uploadedbyyumyatmin