ကဗျာ စတိုရီ(poem story) @elliepoemchannel Channel on Telegram

ကဗျာ စတိုရီ(poem story)

@elliepoemchannel


တတ်သမျှမှတ်သမျှ ပညာဖြင့်ရေးသားသည်..။



Owner -- @better_hein124

ကဗျာ စတိုရီ(poem story) (Burmese)

ကဗျာ စတိုရီ အပြင်မကြာခဏအွန်အပေါ်ရှိပြီး၊ အများကပေးနေသည်။ ဒါဟာ တစ်ယောက်ဆွာချိန်ကုမ္ပဏီဖြစ်ပြီး စတိုရီဖြင့် ဘာအလုပ်ပြေပါသလဲ။ စတိုရီသည် ကဗျာနှင့် အစ္စလနင့်အချို်ဖည်ကာ လူစတင်တဲ့ သုံးစွဲသူတွေအား၊ စာအုပ်ကို ယနေ့အတည်ပြုတဲ့သူတွေအား ယခုအခါမှာ စတိုရီအားအသုံးပြုခဲ့ပါတယ်။ ပြီးမှ လူသုံးနိုင်ေသာ စတိုရီပြီးသားသည်ဘဦးနည်းသွားတယ်။ စတိုရီကို အသုံးပြုနိုင်သော ပညာဖြင့်ရေးသားသည် အောင်လုပ်နေလိမ့်မယ်။ အသုံးပြုသူလည်း ယခုအခါရှိနိုင်ေသာ စတိုရီပြီးသားသည် elliepoemchannel အမည်ရှိပြီးရှိတယ်။ စာကြည့်သို့ ဘာအလုပ်ပြေသလဲ လေ့လာပြီးဖြစ်ပါသည်။

ကဗျာ စတိုရီ(poem story)

15 Jan, 02:10


ချစ်သောရေ

ချစ်ပါလျက်စွန့်လွတ်လိုက်ရခြင်းဟာလည်း
ချစ်ခြင်းမေတ္တာပါပဲ...

အရာအားလုံး
စွန့်လွတ်လိုက်ပါတယ်

မင်းကမ္ဘာလေးငြိမ်းချမ်းဖို့အတွက်
ငါ့ကမ္ဘာကိုမိးလောင်ပြာချလိုက်ပါတယ်

ဒိနှစ်​ဆောင်း
မင်းတစ်ယောက်နွေးထွေးပါစေကွယ်...။

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

14 Jan, 16:34


ဆောင်းပြဇာတ်"

အမှတ်(1)

မင်းကိုချစ်ရတာ ကြွေရေစိမ်ထားတယ့် နှလုံးသားကိုမှ။

ဖာရာထေးရာတွေနဲ့အိပ်ကပ်ထဲထည့်သိမ်းထားရသလိုပဲ။

ဘယ်ချိန်ပြုတ်ကျကြေကွဲသွားမလဲ စိုးတစ်ထိတ်ထိတ်နဲ့။

ဒီဇာတ်ကိုမှငါက နာနာနဲ့ ဆက်ကချင်သေးတယ်။

မျက်ရည်ခိုင်တဲ့မင်းနဲ့ မျက်ရည်ရွှဲတယ့်ငါ ဘယ် ကမ္ဘာမှာမဆို လွဲပါစေတော့လို့ ခရေပွင့်တွေကိုဖက်ပိးဆုတောင်းဖူးတယ်။

ဒီလို‌အေးရှရှ မနက်ခင်းတွေဟာလဲ အနာပြင်းတယ့်အသဲကို ‌အေးစက်စက်ထိုးနှက်နေကြပြီး။

နွေးထွေးတယ်ဆိုတာ ငရဲခန်းကိုခေါ်တာလားဆိုတာလဲ မသေချာတော့။

ကိုယ်ကခြေနှစ်လှမ်းလှမ်းတယ်လို့သာဆိုရုံပါ တစ်လှမ်းကမင်းဘက်ကိုရောက်နှင့်နေပြီ။

ဆုံမှတ်တစ်ခုကိုသာ ငါတစ်ကိုယ်ကောင်းဆန်စွာ နင်းဖြစ်ခဲ့ပုံများ။

ဆောင်းငှက်တွေရဲ့ဆောင်းတေးတွေငါတို့တွေ နားဆင်ဖြစ်ခဲ့တယ်။

ရှိတ်စပီးယားပြဇာတ်လို ဇာတ်လမ်းပါပဲ ။

အဆုံးကျ မင်းလမ်းမင်းသွားခဲ့ပြီး ငါက ဘယ်သွားရမှန်းမသိ။

# လေနု

ကဗျာ စတိုရီ(poem story)

14 Jan, 15:31


စာတိုကဗျာလေးများဖတ်ရန်Join⤵️⤵️
https://t.me/Ga_byar_gallery
https://t.me/Ga_byar_gallery 🤍
တင်စေချင်သည့်စာတိုကဗျာလေးများလဲ တင်ပေးပါသည်။

ကဗျာ စတိုရီ(poem story)

14 Jan, 15:28


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

14 Jan, 14:30


"အချိန်မှန်ရထားတစ်စင်း'"

တက်သူဆင်းသူမရှိ
အဲ့ဒီ ဘူတာအိုလေးမှာ
ရထားတစ်စင်း မှန်မှန်ဆိုက်စမြဲပါ။

နေညို။။။

ကဗျာ စတိုရီ(poem story)

14 Jan, 11:59


ကဗျာ စတိုရီ(poem story) pinned «ဒီနှစ်ဆောင်းဟာ အသိုက်ပြောင်းငှက်တွေအတွက် အတောင်ညောင်းတော့သည်။ ထင်ထားတာထက်ပိုအေးတာကလွဲပြီး အရာရာဟာမြူဆိုင်းနေတယ်။ အပူလှိုင်းတွေကပြေးထွက်ခဲ့ရာ ငါဟာအမွှေးအတောင်မစုံပေ။ မီးရောင်စုံတွေကြား သက်ပြင်းတမှုတ်မှုတ် ထမင်းထုပ်နဲ့ တစ်ရက်ချင်းစုတ်သော ရွက်စုတ် ပြက္ခဒိန်များ…»

ကဗျာ စတိုရီ(poem story)

14 Jan, 11:59


ဒီနှစ်ဆောင်းဟာ

အသိုက်ပြောင်းငှက်တွေအတွက် အတောင်ညောင်းတော့သည်။

ထင်ထားတာထက်ပိုအေးတာကလွဲပြီး အရာရာဟာမြူဆိုင်းနေတယ်။

အပူလှိုင်းတွေကပြေးထွက်ခဲ့ရာ ငါဟာအမွှေးအတောင်မစုံပေ။

မီးရောင်စုံတွေကြား သက်ပြင်းတမှုတ်မှုတ် ထမင်းထုပ်နဲ့ တစ်ရက်ချင်းစုတ်သော ရွက်စုတ် ပြက္ခဒိန်များ


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

14 Jan, 11:20


ကဗျာ စတိုရီ(poem story) pinned «28kပြည့်ရင် 70000 ဖိုး Give away နဲ့ "ကဗျာဆိုတာReact များသလား" စာအုပ်တစ်အုပ် ပေးအပ်မည်ဖြစ်၍ https://t.me/elliepoemchannel https://t.me/cloud7822 လုပ်ချင်တာလုပ်ကြပါဗျာ။ #ကဗျာစတိုရီ»

ကဗျာ စတိုရီ(poem story)

14 Jan, 11:19


28kပြည့်ရင် 70000 ဖိုး

Give away နဲ့ "ကဗျာဆိုတာReact များသလား"

စာအုပ်တစ်အုပ်


ပေးအပ်မည်ဖြစ်၍

https://t.me/elliepoemchannel

https://t.me/cloud7822


လုပ်ချင်တာလုပ်ကြပါဗျာ။


#ကဗျာစတိုရီ

ကဗျာ စတိုရီ(poem story)

14 Jan, 02:09


စိတ်

တချို့က အပြုအမှုတွေနဲ့သတ်ကြတယ်
တချို့က စကားတွေနဲ့သတ်ကြတယ်

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

14 Jan, 00:41


ဆောင်းတွင်း၏အေးစက်သောမြောက်လေတို့သည်
လက်နုနုလေးသို့ ဦးခိုက်ရာ
ကို့ရဲ့ အနွေးဓာတ်နှင့် အံတုလော့။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

13 Jan, 14:30


ထိုးထိုး၊ခုတ်ခုတ်
ကိုကျောပေးပြီးသားပါ အချစ်ရယ်။

နေညို။။။။

ကဗျာ စတိုရီ(poem story)

13 Jan, 13:36


အမေ
ကျွန်တော် လျှောက်နေတဲ့
အနာဂတ်လမ်းတွေက ဝေဝါး
မဖြောင့်ဖြူးတော့ဘူး

အမေ
ကျန်းမာပါစေဆိုပြီး
ဆုတောင်းစကားကလွဲလို့
အမေ့ ဆီကိုခြေစုံဦးခိုက်
မကန်တော့နိုင်တော့ဘူး

အိမ်ပြန်ချိန် မျှော်နေတက်တဲ့
အမေရေ
သားတို့ အိမ်ပြန်ချိန်တွေနောက်ကျဦးမယ်

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

13 Jan, 12:52


အဲ့တံခါးပေါက်ပေါ့ ငါအကြိမ်ကြိမ်ခေါက်ပြီးခါမှ။

တစ်ခြားတစ်ယောက်အတွက် တိတိလေးဟပေးလိုက်တာလေကွာ။

လက်တွေလဲနာ အသဲတွေလဲနာခဲ့တယ်ပဲဆိုပါစို့။

# လေနု

ကဗျာ စတိုရီ(poem story)

13 Jan, 11:55


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

13 Jan, 09:57


အချစ်ဆိုတာ တကယ်ရှိပါတယ်
အနားမှာ ရှိသည်ဖြစ်စေ
အနားမှာ မရှိသည်ဖြစ်စေ
ပိုင်ဆိုင် ရသည်ဖြစ်စေ
မပိုင်ဆိုင်ရသည်ဖြစ်

ချစ်နေလို့ရတယ် ဆိုတဲ့အကြောင်း
ငါဟာ နှောင်းလူတွေကို ပြောပြရဦးမယ်

မင်းကတော့ ငါမဟုတ်တဲ့ တခြားသူနဲ့
အိုမင်းရင့်ရော် ခြင်းမှာ ဖြူဖြူစင်စင်ငြိမ်းချမ်းပါစေ

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

13 Jan, 09:49


မင်းအတွက်

ကဗျာတွေရေးလိုက်တယ်

ဒဏ်တွေသက်သာ
သွားမလားအထင်နဲ့

အမှန်က...

ကိုယ့်သေတွင်းကိုယ်တူးနေတာ.....

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

11 Jan, 15:23


တစ်ချို့အရာတွေဟာ ကိုယ့်အတွက်ရတုန်းမှာတန်ဖိုးထားပါ။

တစ်ပါးသူစီရောက်မှမငေးပါနဲ့။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

11 Jan, 15:02


ပြန်လာမယ်မမကြည်"
အမှတ်(2)

အလွမ်းဆိုတာကလဲ တစ်သီးပုဂ္ဂလသိပ်ဆန်တာပဲမမကြည်။

ခဗျားမျက်လုံးတွေလင်းလက်ချိန်ကျတော့မျက်လုံးမှာတစ်ခုခုစို့နေတာသတိထားမိရဲ့လား။

ဆေးလိပ်မီးခိုးတွေကြားအရက်သမားတစ်ယာက်မူးလဲသလိုမွန်ထွန် မူးလိမ့်နေတယ့်ခံစားချက်နဲ့ လူကောင်းတစ်ယာက်ပါ။

အချစ်နဲ့ပက်သက်မိတော့ကျတော်ဟာအတွင်းလူမမာတစ်ယောက် အလွန်အမင်းလိုအပ်နေတာကလဲ အနမ်းတစ်ပွင့် ဖြစ်ကောင်းဖြစ်လိမ့်မယ်။

ဒါမှမဟုတ်ဓားချွန်မျှမျှတစ်လက်။

ဒီနှစ်တွေမှာ ကိုယ့်သဲခြေကို‌သိသိသာသာဆေးကြောပြစါခဲ့ရပါတယ်။

အမှတ်မရှိလို့ပဲလို့ပြောပေါ့မမကြည်။


အဲ့အုတ်တံတိုင်းကြီးကို နေ့စဉ် လာလာကန်နေတတ်တယ့် ချစ်ခြင်းမေတ္တာကို ပြတင်းပေါက်တစ်ချပ်သာလှပ်ကြည့်ဖြစ်ရင် ရင်၀သို့တဲ့တဲ့မှန်ပါလိမ့်မယ်။

လည်သာဂျက်ကင်ဆိုတာကလဲ ကိုယ့်ဒဏ်ရာကိုဖုံးတဲ့အ၀တ်စတစ်စပဲမမကြည် ။

ကျတော်နေ့တိုင်း၀တ်ဖြစ်တယ်။


# လေနု

ကဗျာ စတိုရီ(poem story)

11 Jan, 14:30


မပြတ်သားနိုင်ဘူး အချစ်ရယ်
လှမ်းငေးရအောင်လည်း မင်းနဲ့ကမိုင်ပေါင်းဒါဇင်ချီ။

နေညို။။။

ကဗျာ စတိုရီ(poem story)

11 Jan, 14:17


ခံစားချက်တွေဟာ မှိုတက်တဲ့နောက် FDAကိုပဲအပြစ်တင်ရမလား။
ခပ်ပေါ့ပေါ့ပြောစကားတွေကိုပဲအပြစ်တင်ရမလား။

#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

11 Jan, 14:07


ကြောင်ပျိုမယ်ရဲ့ဂလဲ့စား

အောက်ကချယ်နယ်လေးတွေမှာBill Gwပေးတော့မယ်ဝင်ယူကျအုံးဆင့်🍽
😻https://t.me/Ga_byar_gallery
https://t.me/storyworldchannel

ကဗျာ စတိုရီ(poem story)

11 Jan, 13:32


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

11 Jan, 13:18


လှပါပေ့ ညို့နိုင်ပါပေ့ honey ရယ်
အနုဆုံး နှလုံးသားပိုင်ရှင်တွေရဲ့
စိတ်မှာမှ မင်းကစွန်းနေတော့
မောင်ကလောင်ချင်းသတ်ရမလား
ဖောင်ချင်းတိုက်ရမလား

Lavina

ကဗျာ စတိုရီ(poem story)

11 Jan, 04:54


ကျွန်တော်ရဲ့ အညိုစင်လေး

နေရောင်ခြည်ရဲ့အလင်းအားကို
ခုခံဖို့ သူမက လိုးရှင်းလူးစရာမလိုပဲ
အသားညိုနေတာလေးက ချစ်စရာ

ဆံပင်လေးကလည်း
ဖြောင့်ဆင်းမနေပဲ နဂိုကောက်လေးမို့
ကျွန်တော်ရဲ့ အညိုစင်လေးက ချစ်စရာ

သူလမ်းလျှောက်ရင်
ခုန်စေတဲ့ သူမ ဆံနွယ်လေးတွေကိုငေးမိရင်း
နှလုံးသားကိုအပိုင်သိမ်းတဲ့အညိုစင်လေး

အညိုစင်လေးရေ
နှလုံးသားကိုမက
ကျွန်တော့်ရဲ့ ကမ္ဘာကြီးကိုပါသိမ်းပိုက်သွားတယ်

အသက်ကထက်ဝက်မို့
ကလေးမုန့်ပေးကြိုက်တယ်ပြောရလောက်အောင်
အညိုစင်လေးကို မုန့်မပြောနဲ့
ရေတောင်ခပ်မတိုက်ဘူးလေတော့

ချစ်နေမိတာပဲသိတယ်
အသားညိုတာလေးကိုပဲ ချစ်မိတယ်
တစ်စိမ့်စိမ့်လှလွန်းတဲ့ အည်ိုစင်လေးရေ

ကျွန်တော်ရဲ့ ကမ္ဘာကြီးဟာ
အညိုစင်လေးနဲ့ရူးရပါတော့မယ်.....။

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

11 Jan, 04:03


" လွမ်းနေပေမဲ့လဲ မေ့ပြီထင်သူရယ် မင်းအတွက် ရင်မှာ တစ်နေရာစာ ချန်ထားဆဲပါ "
#cherry

ကဗျာ စတိုရီ(poem story)

10 Jan, 18:25


မနက်ဖြန်အောက်ကစာတိုချယ်နယ်လေးမှာGwပေးမှာမလို့ ချယ်နယ်ထဲကအသဲတွေဝင်ကံစမ်းကျပါအုံးရှင့်
ပါပေးကျပါအုံးနော် အသဲကျော်လေးတို့🫀
https://t.me/addlist/8YpE1jyg7SE5NmJl 🤍

https://t.me/storyworldchannel

https://t.me/Ga_byar_gallery 🤍
🖱️🖱️🖱️🖱️🖱️🖱️🖱️

ကဗျာ စတိုရီ(poem story)

10 Jan, 15:38


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

10 Jan, 14:39


ဘယ်ဘုရားမှ
မင်းကိုမကယ်နိုင်ခဲ့လို့ ငါဝမ်းနည်းတယ်.

ကံကိုမယုံဘူး ငါတို့အချစ်တွေကိုပဲ
ငါတို့ယုံတယ်လို့ မင်းပြောခဲ့သလိုပဲ
ကိုကိုရေ

နောင်သံသရာဘဝအဆက်ဆက်
မင်းလိုလူမျိုးနဲ့ပဲ

ငါတို့နှစ်ယောက်ပေါင်းဖက်
ပြန်ဆုံရပါစေလို့ပဲဆုတောင်းတယ် ကိုကိုရေ

#cherry

6/12/2024

ကဗျာ စတိုရီ(poem story)

10 Jan, 14:30


ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်လာရင်
ငါ့မှာထုတ်ကြွားစရာဆိုလို့
ဒဏ်ရာပြည့်နေတဲ့ နှလုံးသားပဲရှိတယ်။

နေညို......✍️📖

ကဗျာ စတိုရီ(poem story)

10 Jan, 11:27


game

ကစားပွဲတစ်ခုမှာ
ငါက မပြိုင်ခင်က ရှုံးနိမ့်ခဲ့ရတယ် မနဒီ

ဘယ်အလွှာက ခွာခွာ
ငါဟာ မျက်ရည်လည်ခဲ့ရတာ
အဆင်မပြေမှုကို ရေလိုကျိုချက်သောက်သုံးနေရသူ

မနဒီရေ
ခေတ်ကြီးတိုးတက် ပြောင်းလဲလာတာနဲ့အမျှ
လူ့သက်တမ်းတွေ တိုတိုလာခဲ့ရတာ
အရင်လို မလက်ဆက်တော့တဲ့
စိတ်ညစ်နွမ်းမှူတွေလည်း စိတ်ထောင်းလို့
ကိုယ်ကြေနေကြပြီလေ

ဘာနဲ့ဖျော်ဖျော် မပျော်တော့ဘူးတဲ့
ငါရေးခဲ့ဖူးတဲ့ ကဗျာလေးလိုပေါ့
စိတ်လည်း မပျော်
အိပ်လို့လည်း မပျော်
ဘာဆိုဘာမှ မပျော်ခဲ့တော့တာ

ဘာပဲပေးပေး
ဘယ်လိုပဲ ပေးပေး
မရောက်တဲ့ မေတ္တာတရားတွေနဲ့
ကိုယ်ပေးတဲ့ မေတ္တာနဲ့ကိုယ်
စူးပြီး ရူးနေရသူပါ မနဒီ

ချစ်ခြင်းမေတ္တာပဲ ဖြစ်ဖြစ်
ဘဝအတွက်ပဲဖြစ်ဖြစ်

ငါဟာ
ဘဝတစ်လျှောက်လုံး
game over တွေနဲ့
မျက်ရည်ခလုတ်တွေ နိမ့်ခဲ့ရတာ

မပြိုင်ခင်က ရှုံးခဲ့ရခြင်းဆိုတဲ့
နိယာမတစ်ခုဟာ မင်းကိုဆုံးရှုံးရမှ
ဆုံးရှုံးမှု အကြီးမားဆုံးဆိုတာ သိခဲ့ရတယ် မနဒီ

မနဒီရေ
မေးမိတဲ့ မေးခွန်း အဖြေမဲ့ခဲ့ရတယ်
ပန်းပဲကျကျ ခေါင်းပဲကျကျ
မျက်ရည်ကျတဲ့ ကောင်ဘက်ကိုတော့
တစ်ချက်လေးတောင် လှည့်မကြည့်တာတွေအတွက်
ကျေးဇူးတင်ပါတယ်

game က စ မယ်ရှိသေးတယ်
game over တဲ့
တစ်သက်လုံး ငါ့အတွက် ချစ်ခြင်းမေတ္တာဟာ
game over နဲ့ပဲဆုံးခဲ့ရတယ်

လှည့်ပြန်လာခဲ့လိုက်တယ်
ကိုယ့်အလွမ်းကိုယ်ထမ်းပြီး
ကိုယ့်နာကျင်မှုကို ကိုယ်တိုင်ပဲ
အနာဖေးခွာရင်း မစခင်က ရှုံးခဲ့ရင်း

မနဒီ ရေ
ပန်းပေးပါတယ်
အဖြေမဲ့တဲ့ မေးခွန်းတွေကိုလည်း
မမေးတော့ပါဘူး
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင်
မေတ္တာတရားက ကျောသားရင်သား ခွဲခြားခဲ့လေတော့
ဘယ်လောက်ပေးပေး မရောက်တဲ့
မေတ္တာတရားဟာ ပူလောင်ခဲ့ရင်တောင်းပန်ပါတယ်

မနဒီရေ
ဒီတစ်ခါ ထွက်ခွာသွားရင်
မင်းအနားမှာ ငါ ဆိုတာ
တသက်လုံး မမြင်တွေ့စေရတော့ပါဘူး...

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

10 Jan, 11:09


ဦးနှောက်နှင့်နှလုံးသား

ကိုယ်ကိုယ်တိုင်မှားမှန်းသိရက်နဲ့
ကျူးလွန်နေတဲ့ ဒဏ်ရာများနဲ့လူပါ...

#ခန့်ထည်
အဆင်မပြေခြင်းအနုပညာ

ကဗျာ စတိုရီ(poem story)

10 Jan, 04:06


"ကိုကို" ဟာ ငယ်အမြတ်တနိုး
ရွေးရွတ်မိတဲ့ နာမ်စားလေးတခု

အခွင့်ရရင် "ကိုကို" ဆိုတဲ့ အမျိုးသားလေးက
ငယ် ပိုင်ဆိုင်ချင်တဲ့
တခုတည်းသောအရာ ဆိုတာကို
ပြောပြချင်ပါသေးတယ်
#cherry

ကဗျာ စတိုရီ(poem story)

09 Jan, 14:53


ကဗျာ စတိုရီ(poem story) pinned Deleted message

ကဗျာ စတိုရီ(poem story)

09 Jan, 14:38


ဒီလိုဆောင်းမှာ အအေးကြောက်တယ့်သူက ချစ်သူ့လည်တိုင်လေးကိုတန်းတတာလဲသဘာ၀ကျတာပဲ။

ကိုယ့်အရပ်နဲ့မှမမှီတယ့်ပန်းကိုလှမ်းတယ်ဆိုတာ YBSပေါ်ကနေ မာဆီးဒီးပေါ်ကမင်းခြေကြင်း၀တ်လေးအောက် ငါ့မာနတွေချ‌ေပးလိုက်တာပဲ။

အဲ့ဒီနေ့ကငါပစ်ခဲ့တဲ့မြှားငါပြန်မှန်သလား ရင်လဲနှစ်မွှာကွဲရပြန်ပြီ။

ကိုယ့်ဇီဝိန်ကိုခြွေပြီးပေးပါ့မယ် မင်းနား၀တ်လေးပေါ်တင့်တယ်ပါစေ။

အိမ်နောက်ဖေးက စလပ်ကိုငါမနေ့ကထိုင်ခွဲ‌ခဲ့တယ် မင်းကနှင်းဆီသိပ်ကြိုက်တယ်ပြောလို့ပါ မြေနေရာကျယ်ကျယ်လိုတာပေါ့။

ကော်ဖီတစ်ခွက်ရဲ့ နွေးထွေးမှုပါပဲ ‌မင်းသွန်သွန်သောက်သောက်ပေါ့ ချစ်ပြီးသားပါ ဘယ်နဲ့အစပြန်ရောက်မှာလဲ။

ကြယ်တွေစုံပါတယ်ဆိုတယ့်ညမှာ မင်းမျက်၀န်းမတွေ့ရတော့ငါ့မှာ ဂျော်ဒန်နို ဘရူနိုဖြစ်ခဲ့ရ။

ငါမှန်ကန်ကြောင်းတော့မင်းလက်တွဲပြဖြစ်မယ်။

တစ်ရေးနိုးတယ့်ညတွေမှာပေါ့လေ။

မင်းဓာတ်ပုံလေးမှောက်နေတော့ငါ့မှာဘုရားတွေတလို့။

မင်းကငါ့တရားပဲ ။

# လေနု

ကဗျာ စတိုရီ(poem story)

09 Jan, 14:30


အပယ်ခံကဗျာဆရာ(၁)

အသားမာအထပ်ထပ်နဲ့
နှလုံးသားကိုရင်းထားတယ်
ငါ့ကမ္ဘာကတော့ ဘုံဆိုင်ကထောင့်နားလေးပဲ
အနာများတော့လည်းကဗျာလှတာပါပဲ။

နေညို။။။

ကဗျာ စတိုရီ(poem story)

09 Jan, 13:04


သို့  Hazel


အေးစက်လာတဲ့ ရာသီမှာ
တစ်ဆစ်ဆစ်ကျင်နေတဲ့
လက်ချောင်းတွေနဲ့ မြတ်နိုးခြင်း
သဝဏ်လွှာ ရိုက်ဖြစ်ခဲ့တယ်

တွယ်တာခြင်းနဲ့ရစ်နှောင်ထားတော့
အချိန်တွေကြာညောင်းတဲ့အထိ
သွေမအေးစေချင်ဘူး
ဘဝတကွေ့မှာဆုံစည်းခဲ့ပေမယ့်
ပြန်ခွဲခွာဖို့အား မောင့်မှာမရှိသေးပါဘူး
ဘာမှလည်းမမျှော်လင့်ရဲသလို
ဘာမှလည်းမတောင်းဆိုရဲဘူး

သို့ပေမယ့်
အလွမ်းဟာ မင်းဆီအလည်လာမှာ
ကိုတော့ မောင်တားဆီးထားလိုက်ချင်တယ်
လွမ်းရသူရဲ့ရင်ဟာဘယ်လောက်
နာကျင်ကြောင်း မောင်သိခဲ့ပြီပဲ
မြတ်နိုးရသူ နာကျင်မှာ ကိုတော့
ဘယ်လိုနှလုံးသားက လက်ခံနိုင်မလဲ

ပျော်ရွင်ပါစေ
ဘယ်သူနဲ့ဖြစ်ဖြစ်
ဘယ်သူနဲ့ရှိရှိပေါ့
မောင်က အဝေးကပဲ မေတ္တာပေးချင်သူပါ
အရင်လူကိုလဲ တွန်းမထုတ်ချင်သလို
နောက်လူကိုလဲ မောင်းမထုတ်ပါဘူး
မင်းနဲ့သက်ဆိုင်သမျှဟာ
မင်းရဲ့ရွေးချယ်မှုတွေပါ
လှပါပေ့ဆိုတဲ့
တိမ်တွေဟာ တစ်ခါတလေ
ရယ်စရာကောင်းတယ်နော်
မင်းအတွက်တိမ်တိုက်တွေသာ
ဖြစ်ပါရစေ
မင်းမော့ကြည့်တိုင်း မောင့်ဘဝက
လှနေချင်တယ်

Lavina

ကဗျာ စတိုရီ(poem story)

09 Jan, 07:10


မင်းချစ်ခြင်းတရားကို
ဖုန်းပြန်ခေါ်တဲ့အခါ

မင်းခေါ်မယ့်
Second call လေးငါဖြစ်ချင်တယ်

♡ ခန့်ထည် ♡
နာကျင်ခြင်းအနုပညာ

ကဗျာ စတိုရီ(poem story)

08 Jan, 17:20


ဘယ်နေရာမှအသုံးမဝင်ဘူးလို့
ပြောခဲ့တဲ့အမေ...
ကျွန်တော်လူတစ်ချ်ို့အတွက်တော့ ခနတာအဖြစ်အသုံးဝင်ခဲ့ပါတယ်
-ခန့်

မင်မင်ရဲ့စာတိုကဗျာချယ်နယ်အသစ်လေးကိုလဲJoinပေးပါအုံးနော်အသဲလေးတို့🙄
⤵️⤵️⤵️
https://t.me/Ga_byar_gallery
https://t.me/Ga_byar_gallery
⤴️⤴️⤴️

ကဗျာ စတိုရီ(poem story)

08 Jan, 14:58


ကဗျာ စတိုရီ(poem story) pinned Deleted message

ကဗျာ စတိုရီ(poem story)

08 Jan, 14:30


အယူခံဝင်တဲ့ပန်းတစ်ပွင့်
မင်းလက်နဲ့ထိပေးပါ
မတော်တစသေမိန့်ကျခဲ့ရင်တောင်
မင်းအသံနဲ့ပဲ ကျွတ်ချင်ပါတယ်။

နေညို။။။

ကဗျာ စတိုရီ(poem story)

08 Jan, 13:40


မကြာခင် ထောက်ပံခြင်း အသိမှတ်ပြုလက်မှတ်နှင့် ငွေပေးပို့ခြင်းပြေစာ ထုတ်ပြန်ပါမည်။

ကဗျာ စတိုရီ(poem story)

08 Jan, 12:04


ကဗျာ စတိုရီ(poem story) pinned «မိုးရာသီညမှ ရွက်ခြောက်တစ်ချို့(၁) ကျွန်တော်တို့ဟာ ၁၂နာရီအထိလိုင်းသုံးကြတဲ့အခါ အချစ်ရဆုံးသူလေး‌တစ်ယောက်ကောက်ရတတ်ကြပါတယ်....။ #ကိုလူချစ်ခင်»

ကဗျာ စတိုရီ(poem story)

08 Jan, 12:04


မိုးရာသီညမှ ရွက်ခြောက်တစ်ချို့(၁)


ကျွန်တော်တို့ဟာ ၁၂နာရီအထိလိုင်းသုံးကြတဲ့အခါ အချစ်ရဆုံးသူလေး‌တစ်ယောက်ကောက်ရတတ်ကြပါတယ်....။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

08 Jan, 11:51


ဒီလို နေ့ရက်တွေနဲ့

အဲဒီလို နေ့ရက်တွေထဲ

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

08 Jan, 08:25


ဘာတွေဘယ်လိုပဲ ပြောင်းလဲသွားခဲ့ပါစေ
ငါ့မေတ္တာတရားတွေက မပြောင်းလဲခဲ့ပါဘူး

မင်းကို ချစ်နေတဲ့ စိတ်တခုတည်းနဲ့
ရှင်သန်နေထိုင် သွားမှာပါကွယ်

ဘာမှမရတဲ့ မေတ္တာတွေနဲ့
မေ့ရာမေ့ကြောင်းတွေ မင်းပြောသွားသည် အထိ

ငါမင်းကိုချစ်တယ်...

#ခန့်ထည်
အဆင်မပြေခြင်းအနုပညာ

ကဗျာ စတိုရီ(poem story)

08 Jan, 06:42


အနီးကပ် 4️⃣ဘိုင်နဲ့8️⃣4️⃣မန်ဘာတွေ Freeတွေ အောင်မြင်ပြီနော်။

ညနေအတွက်(2️⃣)နာရီမှာတင်မယ် ပေါက်ချင်သူတိုင်း အားလုံး🙏🙏

အောက်က ချန်နယ်လေးကို နှိပ် join ထားပီးလာယူပါ👇👇

join 👉 https://t.me/+UVb4ROdRbadlNTY1
join 👉 https://t.me/+UVb4ROdRbadlNTY1

ဆက်သွယ်ရန်➡️ @AShinThuta ✔️hi

📱➡️ 09787174433 ဆက်သွယ်ပါ

ကဗျာ စတိုရီ(poem story)

07 Jan, 15:38


မင်မင်ရဲ့နောက်အသစ် စာတိုကဗျာချယ်နယ်လေးကိုလဲJoinပေးခြင်းဖြင့်Supပေးနိုင်ပါတယ်စာဖတ်သူလေးတွေ🥺
⤵️⤵️⤵️⤵️⤵️⤵️⤵️⤵️
https://t.me/Ga_byar_gallery
https://t.me/Ga_byar_gallery

ကဗျာ စတိုရီ(poem story)

07 Jan, 14:36


မှတ်မိဖို့လည်းမလိုတော့ပါဘူး
မင်းအပြုံးလေးကအစ
ကို့ကိုနာကျင်စေတယ်
ဖြစ်နိုင်မယ်ဆိုရင်
သေရာပါမဲ့ ဒဏ်ရာတွေ ပျောက်စေခြင်ပြီ။

နေညို။။။

ကဗျာ စတိုရီ(poem story)

07 Jan, 14:14


သူငယ်ချင်း မှ (၁)


သို့

ချစ်ခြင်း၌ မနက်ခင်းတို့သည်
အပြစ်ကင်းသည့် သူငယ်ချင်းပေါ့။

ငါဟာ ရင်ခုန် မင်းဟာ ခြေစုံရပ်ပြီးစောင့်နေပါ့မလား။
ငါနိုးခဲ့ ဒီနေ့ဟာ စောစောစီးစီး နေကွယ်နေတယ်။အဖြေဘယ်နေမလဲနောက်ထား သူ့စီအရောက်သွားရင်းပေါ့။ ဖုန်းမြည်သံတစ်ချက်ချက် ကမ္ဘာကြီးရဲ့ လည်သံတွေကို ကြားရသည်ပေါ့။ ငါဟာ ခပ်ဖွဖွနဲ့ရှိုက်နေကျအငွေ့တွေကိုပဲ ဖိကာရှိုက်။ ငါမသိလိုက်တာ ငါအ့ချစ်တွေဟာ ပိုပြီးပွင့်လာတယ်သူငယ်ချင်း။

ငါဟာ ချစ်သည်။ ဖိနပ်တွေလည်းသရေကြိုးမပြတ်တော့
မင်းအပြုံးတွေကိုလဲ ခိုးငေးစရာမလိုတော့အောင် ငါ့ကိုပြုံးသည်။ မုန့်လေးနစ်ခုဟာအာဟာရပြည့်ကြောင်း အချစ်သုတေသီတွေဖြစ်တဲ့ ဒဿ နတ်ရှင်နောင် ဗျတ်ဝိ ဗျတ်တ တို့နဲ့ဆွေးနွေးကြမယ်။

ငါတို့ဟာနေပူထဲမှာလဲ ရီနိုင်ကြသည်။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

07 Jan, 13:57


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

07 Jan, 12:50


ချစ်သူမျှော်ကိုး

ငွေလရောင် ကြည်ပါပေ့
ထွန်းတဲ့မီးအိမ်။
လွမ်းဝသုန်
ဒီညမှာ ပိုသာပါပေ့
ငွေသော်တာရောင်စဉ်ပတ်ဖြန်း
ကြီးပေ့လွမ်းစိတ်။
ရွှေစိတ်ကယ် အတိတ်ဝယ်နစ်ပါလို့
တူနှစ်ကိုယ် ပျော်ကြစမ်းချောင်းသာ
မောင့်လက်ကို မယ်တွဲပါလို့
ကြည်သာအေးမြ။
မောင်ကကွယ် နှုတ်စိတ်လို့
မယ်ကသာ အရွှန်းဖောက်ရာ
ချစ်သူမောင် မျက်နှာတော်ကိုပ
နေ့မပျက်ညမလက်အောင်လို့
စိတ်ဝယ်တမ်းတ။

မောင်သုည(မြန်မာ့ကဗျာ)
(မယ်လေးရေးတဲ့အလွမ်းလေးချိုး)

ကဗျာ စတိုရီ(poem story)

07 Jan, 12:45


"ပြန်လာမယ်မမကြည်"

အမှတ်(1)

ကိုယ့်ဝေဒနာကိုယ်သိပါတယ် တစ်နေ့တော့ စိတ်ရှိလက်ရှိသေမယ့်စိတ်ကူးရှိတယ်မမကြည်။

မမကြည်တို့အိမ်ရှေ့အုတ်တံတိုင်းကြီးပြိုတယ့်နေ့ပြန်လာပါဖို့ရှိတယ်။

အခုတော့‌ရှိစေတော့လို့ပြောပြီး လှည့်ထွက်လာရုံပါ။

တစ်ကယ်ဆို
စစ်ကြောင်းမသာလို့တပ်ခေါက်ရုံပါ။

တစ်နေ့ အသဲကွဲကဗျာတစ်ပုဒ်စနှစ်ပုဒ်စနဲ့ ဒါမှမဟုတ် နိုင်ခဲ့သမျှစလုံးတွေကို ဆွဲကိုင်ပြီး လာမိဦးမယ်။

အချစ်ဆိုတာ မနိုင်မခြင်းတိုက်ရမယ့်ပွဲလို့ဆိုကြတာပဲ။

တစ်ဖက်ကအားကုန်နင်းချင်တယ်လို့ဆိုရင် တစ်ဖက်ကနှလုံးသားတစ်ခုချပေးမယ်ဆိုတာလဲအချစ်လို့‌ေခါ်လို့ရပါတယ်မမကြည်။


မမကြည်အပြုံးဟာဗုံးလို့ဆိုရင် ကျတော်အပြုံးခိုကျင်းတွေ မလိုချင်ဘူး။

ကိုယ့်အတိတ်ကိုတူးကြည့်တော့ လဲရင်နာစရာတွေတစ်ပွေ့ကြီးတွေ့ရှိခဲ့ဖူးတယ် ။

တစ်ကယ့်တစ်ကယ်မှာက အသဲခွဲခြင်း ဒါမှမဟုတ် လွဲခြင်း ဒါမှမဟုတ်မွဲခြင်းဆိုတာသိပါတယ်။

မမကြည်ရယ် မချစ်ဖူးလားလို့မမေးရဲလို့ ချစ်တယ်လို့သာဖြေပေးပါ။

စံပယ်‌ဖြူတွေယူလာပါဦးမယ်။

# လေနု

ကဗျာ စတိုရီ(poem story)

07 Jan, 04:16


အလွမ်းတွေထမ်းထားတဲ့ ညနေခင်း

တမ်းတလွမ်းဆွတ်မှုကို အမိုးအကာလိုဖွင့်
ဆေးဖက်မဝင်တဲ့ အလွမ်းတွေကိုလွမ်း
ငါ့အလွမ်း ငါထမ်း ပြန်ခဲ့ရတာပဲမို့လား

မေတ္တာတရားဟာ ငါ့အတွက်
အသွားသာရှိပြီး အပြန်မဲ့တဲ့အကြောင်း
မနက်ဖြန်ဆိုတဲ့ကောင်ကို ပြောကာရင်ဖွင့်မယ်
အလွမ်းပန်းတွေဝေပြီး နာကျင်စရာများတဲ့
ပစ္စုပ္ပန်လို ကောင်ဟာ ငရဲမှာပျော်သတဲ့

ပွင့်မလာတဲ့ တံခါးကိုခေါက်ပြီး
ပြန်မလာတဲ့လမ်းကိုမျှော်လို့
ဝေရစ်ပါလို့ပြောပြီး မေ့ပန်းတွေဝေပြသွားတဲ့
မင်းက အဲဒီရင်ခွင်မှာ ပျော်သတဲ့

မင်းသာလာမယ်ဆို
တံခါး မရှိ ဓားလဲမရှိတဲ့ကောင်ပါ
ခြေစုံရပ်မလာတဲ့ ဖိနပ်လေးတစ်စုံဟာ
ယောကျ်ားစီးကတ္တီပါဖိနပ်လေးနားမှာကပ်ပြီး
ဘုရားပေါ်မှာ ဘာဆုတွေများ တောင်းခဲ့ပြီလဲ

ပါးပဲ နမ်းနမ်း နူတ်ခမ်းပဲ နမ်းနမ်း
မင်းမျက်စိမှိတ်ထားခဲ့တာပဲ မို့လား
မရည်တွတ်နိုင်တဲ့ အကြိမ်ရည်တွေ
အမှတ်တရဆိုတဲ့ တစ်ကြိမ် နှစ်ကြိမ်တွေ
မင်းနူတ်က ချစ်တယ် ဆိုတဲ့စကားသံကြားခွင့်ရရင်
နဖားကြိုးမှာ ငါ့နာမည်နဲ့လို့ ထင်တဲ့ကောင်ပါ

အသံလေးမကြားရတော့သလို
မျက်နာတော်လေးလည်း မမြင်တွေ့ရတော့ဘူး
မင်းခြေလှမ်းတွေလည်း မရည်တွက်နိုင်တော့သလို
San day ကော်ဖီဗူးလေးလဲ လာမပို့နိုင်တော့ဘူး
ဘဝက ဘောင်စီးရင်း ရေငတ်သလို
ငါက မေတ္တာပေးရင်း မေတ္တာငတ်နေရတယ်

ကြယ်တွေပန်ထားတဲ့ ညတွေကလှတယ်
မင်းပန်းပန်ထားတဲ့ ညက ပိုလှတယ်ဆိုတဲ့အကြောင်း
ငါ့ ဒဏ္ဏာရီရဲ့ ၂၇ စာမျက်နာက
ဒီဇင်ဘာ ၂၇ ရက်ရဲ့ ကဗျာမှာရေးထားတယ်
အဲစာအုပ်လဲ ငါ့ဆီပါမလာတော့ဘူး...

မင်းကို သတိတရလွမ်းလာတိုင်း
သာဒီးလူရဲ့ 'အမှတ်တရညနေခင်း' သီချင်းဆိုဖြစ်တယ်

ဒါဟာ ငါ့ရဲ့
အလွမ်းတွေထမ်းထားတဲ့ ညနေခင်း ပါပဲ
လေးလံထိုင်းမိုင်းတယ် ခြောက်သွေ့ခြင်းများတယ်
မျက်ရည်ဝဲတယ် အလွမ်းတွေစိုထိုင်းတယ်
ကြယ်တွေကို ကြည့်တယ် မင်းကိုလွမ်းတယ်

အဲထက်လည်း ပိုတယ်ဆိုတဲ့အကြောင်း
မင်းကို ပြောပြချင်တယ်

မေတ္တာပေးတိုင်း မေတ္တာပြန်ရမယ်ဆိုတဲ့
အထဲ ငါမပါခဲ့ဘူး
ပွင့်မလာတဲ့ တံခါးကို အကြိမ်ကြိမ်ခေါက်မိသူ
ပြန်မလာတဲ့ လမ်းချိုးလေးကို မျှော်နေတက်တဲ့သူ
ကိုယ့်အပေါ်မကြွေတဲ့ ကြယ်လေးကို ငေးနေတက်တဲ့သူ
မပြိုတဲ့တိမ် မရွတဲ့မိုး
မလာတဲ့လမ်း မကြွေတဲ့ကြယ်
ပွင့်မလာတဲ့တံခါး ကိုယ့်အပေါ် မပွင့်ဝေတဲ့ ပန်း
မေတ္တာပေးရင်း မေ့တာသာပြန်ရခဲ့တယ်
ကိုယ့်ရှေ့ရပ်မလာတဲ့ ခြေတစ်စုံ
မင်းဟာ ငါ့အတွက်ဆို ထို့ကဲ့သို့
သီးသန့်ဖြစ်တည်မှုတွေ ပေးအပ်ခဲ့တယ်

အလွမ်းချင်းမတူလို့ လူချင်းလွဲသွားတဲ့ ခရီးတွေပါပဲ

ဆည်းဆာညနေဟာ သိပ်လှပါတယ်
ဆည်းဆာရဲ့ လှပခြင်းဟာ ညရဲ့အကြိုဖြစ်တယ်တဲ့

အဲဒီလို
အဲဒီလိုနဲ့
အဲဒီလိုမျိုး

ဝဋ်ကြွေးလို့ ဆိုချင်ဆို
ရူးတယ်လို့ ဆိုချင်ဆို
တနေဝင် တနေထွက်
ဝင်သက် ထွက်သက်တဆုံး
မင်းကိုငါချစ်တယ်

ဆိုတာထပ်
ချစ်နေတယ်
ချစ်နေသေးတယ်
ချစ်
နေ
တုန်း...ပဲ....။



#ခန့်ထည်
#​နာကျင်ခြင်းအနုပညာ

ကဗျာ စတိုရီ(poem story)

07 Jan, 03:32


အပိုင်းအစများ ၂

ဘာပဲပေးပေး ဘာတွေပဲရရ
ဘဝကအနာတရတွေများသား
စိတ်ကိုစိတ်နဲ့သတ်ရင်း
မပေါက်တဲ့ ခရီးတွေနှင်ရင်း
မသွားပဲရောက်တဲ့ သောကမြို့တော်ထဲက မျက်ရည်စများ

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

06 Jan, 15:29


https://t.me/elliepoemchannel/6904?single





မနက်ဖြန်ည ကိုးနာရီတွင် စာရင်းဇယားနှင့်တကွ ကမ်ပိန်းငွေပေးပို့ထောက်ပံ့မည်။


#ကဗျာစတိုရီ

ကဗျာ စတိုရီ(poem story)

06 Jan, 14:30


အမုန်းတစ်သက်တာမှာ
အရှုံးဟာ တစ်ဘဝစာထိပါခဲ့တယ်
ဆောင်းလည်းအမြန်ကုန်စေချင်နေပြီ
နှင်းရေ ဝေးရာကိုသွားနိုင်ပါပြီ။

နေညို။။။

ကဗျာ စတိုရီ(poem story)

06 Jan, 14:14


ကဗျာ စတိုရီ(poem story) pinned Deleted message

ကဗျာ စတိုရီ(poem story)

06 Jan, 13:38


ကဗျာ စတိုရီ(poem story) pinned «တစ်ဦးတစ်ယောက်အတွက်ပေးတဲ့ မေတ္တာတွေဟာ လျစ်လျူရှုခံရတာများရင် ပြိုပျက်ရင် ပြိုပျက် မဟုတ်ရင် မှိုတက်တတ်တယ်။ #ကိုလူချစ်ခင်»

ကဗျာ စတိုရီ(poem story)

06 Jan, 13:15


ဆူး

ဆူး ပြန်မချစ်နိုင်တဲ့
လူသားတစ်ဦးဟာ ငါပါလို့
ဆူး ပြောပြစရာမလိုအောင်
ကိုယ်က အလိုက်သိစွာ သိခဲ့ပါတယ်
ချစ်မိတဲ့စိတ်ကိုတော့ တားမရတော့တာ
တောင်းပန်တယ်...

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

06 Jan, 10:04


တစ်ဦးတစ်ယောက်အတွက်ပေးတဲ့
မေတ္တာတွေဟာ

လျစ်လျူရှုခံရတာများရင်

ပြိုပျက်ရင် ပြိုပျက်
မဟုတ်ရင် မှိုတက်တတ်တယ်။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

06 Jan, 09:27


သွေးရဲတွေ"

လေယာဉ်ဂျက်သံက ဇင်ယော်ငှက်သံလိုသာယာတာမှမဟုတ်တာ။

ကောင်းကင်ပြာပြာပေါ်မှာကြားရတဲ့အသံတိုင်းက ခုချိန်မှာ နာကျည်းစရာတွေကြီးပဲ။

အဲဒီလိုကာလမှာ တရားလဲမပါက်နိုင်ဘူး။

မထူးမှတော့အရူးထတယ်လို့ထင်လဲ။

တော်လှန်နေပါဦးမယ်။

# လေနု

ကဗျာ စတိုရီ(poem story)

06 Jan, 09:27


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

06 Jan, 05:48


လတ်မှတ်မပါလို့"

အထူးတန်းမှာမှာထိုင်ပြီး အောက်တန်းကျကျ လော့ဂျစ်တွေကို အရှိန်နဲ့ထွေးထုတ်နေတယ့်လူတွေကို ကြည့်မိတော့ ခေါင်းခန်းထက် ခေါင်တတ်လိုက်စီးမိတာကို ကျတော်၀န်းသာမိသေးတယ်။

ဒီရထားမှာက ကိုယ့်၀န်သူထမ်းပြီးလာတယ့်သူတွေကလဲတစ်ကယ်ရှိတယ် ပေါ့တိပေါ့စ နေတတ်တယ့်အရာရှိတယ့် အရူးကြီး‌ေတွလဲပါပါသေးတယ်။

ဘူတာတစ်ခုမှာရပ်တိုင်းရပ်တိုင်းပေါ့ ကိုယ်ချစ်တယ့်သူပါမလား ကိုယ့်ကိုချစ်တယ့်သူရောပါမလား ငေးမိနေတာကလဲ အကျင့်ပါနေတယ့် အမာရွှတ်ပါပဲ။

ဘာပဲပြောပြောပေါ့။

ဘာပဲပြောပြောပေါ့လေ ခရီးအဆုံးမှာ တစ်ယာက်ထဲထွက်ခွာသွားဖို့တော့ သေချာပါတယ်။

# လေနု

ကဗျာ စတိုရီ(poem story)

06 Jan, 05:14


ခင်များတို့ သိလား

သူမက စိတ်အလိုမကျတဲ့အခါ
ကျွန်တော်ကို ပစ်ထားတာက အစ
ချစ်ဖို့ကောင်းတယ်ဆိုတာကိုပေါ့

တကယ် ချစ်ဖို့ကောင်းတယ်

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

04 Jan, 07:54


လွတ်လပ်ရေးနေ့မှာ
လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီးကတော့ ထောင်ထဲမှာ

ဘယ်မှာ လွတ်လပ်ရေးရနေလို့လည်း...

ကဗျာ စတိုရီ(poem story)

04 Jan, 01:16


ငါကအတိတ်ကိုပြန်ပြန်ပြီး
လှန်လောရှာတက်တဲ့ လူတစ်ယောက်
ဒါကြောင့်မို့လည်း ဆေးဆွဲသလိုစွဲနေတဲ့
ဟိုးအစက မင်းရဲ့အပြုံးတွေကိုပြန်ပြန်လွမ်းရင်း
မျက်ရည်လည်နေတက်တဲ့ကောင်ပါ

ဘယ်အတိုင်းအတာအထိ
ဘယ်နေရာ ဘယ်အခြေအနေတွေမှာမှ
ဆုံဆည်းခွင့်မရှိအောင် မင်းကအရှောင်အထိမ်းကောင်းခဲ့တယ်
လိုက်ရင်ပြေးတယ်ဆိုတာ ဒါမျိုးပေါ့

တစ်ခုခုတွေးလိုက်ရင် ငါက
မင်းအပြုံးတွေပဲ ပြေးပြေးမြင်ရင်း
အရမ်းချစ်တယ်ဆိုတဲ့စကားလေး
တိုးတိုးလေးရည်ရွတ်နေခဲ့မိတာ

ငါစိတ်ဟာ လွင့်ချင်တိုင်းလွင့်မျောနေတဲ့
စိတ်အိမ်ရာမဲ့ခဲ့ရင်း
ချောက်နက်ကြီးထဲကိုရောက်သွားတော့တာ
ဒီလိုနဲ့ ငါဟာအတိတ်တွေထဲမှာပဲပိတ်မိနေရင်း
ကိုယ့်အတွေးနဲ့ကိုယ် ပြန်ပြန်သတ်ရင်း
ငါဟာ ကယောင်တမ်းသတ်သေနေခဲ့ရပါတယ်ကွယ်

#ခန့်ထည်
#အဆင်မပြေခြင်းအနုပညာ

ကဗျာ စတိုရီ(poem story)

04 Jan, 01:09


သီချင်းကောင်းလေးတွေ ခံစားချင်ရင် Join

https://t.me/musicspoem

ကဗျာ စတိုရီ(poem story)

04 Jan, 00:36


လတ်မှတ်မပါလို့"

အထူးတန်းမှာမှာထိုင်ပြီး အောက်တန်းကျကျ လော့ဂျစ်တွေကို အရှိန်နဲ့ထွေးထုတ်နေတယ့်လူတွေကို ကြည့်မိတော့ ခေါင်းခန်းထက် ခေါင်တတ်လိုက်စီးမိတာကို ကျတော်၀န်းသာမိသေးတယ်။

ဒီရထားမှာက ကိုယ့်၀န်သူထမ်းပြီးလာတယ့်သူတွေကလဲတစ်ကယ်ရှိတယ် ပေါ့တိပေါ့စ နေတတ်တယ့်အရာရှိတယ့် အရူးကြီး‌ေတွလဲပါပါသေးတယ်။

ဘူတာတစ်ခုမှာရပ်တိုင်းရပ်တိုင်းပေါ့ ကိုယ်ချစ်တယ့်သူပါမလား ကိုယ့်ကိုချစ်တယ့်သူရောပါမလား ငေးမိနေတာကလဲ အကျင့်ပါနေတယ့် အမာရွှတ်ပါပဲ။

ဘာပဲပြောပြောပေါ့။

ဘာပဲပြောပြောပေါ့လေ ခရီးအဆုံးမှာ တစ်ယာက်ထဲထွက်ခွာသွားဖို့တော့ သေချာပါတယ်။

# လေနု

ကဗျာ စတိုရီ(poem story)

03 Jan, 16:05


Live stream finished (6 minutes)

ကဗျာ စတိုရီ(poem story)

03 Jan, 15:58


Live stream started

ကဗျာ စတိုရီ(poem story)

03 Jan, 15:28


မေ့နိုင်ပါပြီဗျာ
တစ်နှစ်မှာ ၁၂လ လောက်လေးပဲ
သူ့ကိုသတိရတော့တာပါ။

နေညို။။
~စာတို

ကဗျာ စတိုရီ(poem story)

03 Jan, 14:33


အသားရရင်အသားယူမယ်
အဆီရရင်အဆီယူမယ်
မသမာသူတွေ ပေါတဲ့ခေတ်မို့
မမသိင်္ဂီအနား လေပြေလေးသွေးတာတောင်
မောင်စိတ်မချပါဘူး..........

နေညို။။။
#မမသိင်္ဂီ

ကဗျာ စတိုရီ(poem story)

03 Jan, 14:00


ကဗျာ စတိုရီ(poem story) pinned «အဆုံးသတ်ရောက်တဲ့အခါ ကိုယ့်စိတ်ကူး ကိုယ့်အတွေးနဲ့ ကိုယ့်အသက်ကို ဗိုလ်ချုပ်လမ်းထိပ်ကနေ အိမ်အထိ  ပြန်ပါအောင် သယ်ခဲ့ရသည်။                                 - ဗေဒါ»

ကဗျာ စတိုရီ(poem story)

03 Jan, 13:21


အဆုံးသတ်ရောက်တဲ့အခါ

ကိုယ့်စိတ်ကူး ကိုယ့်အတွေးနဲ့

ကိုယ့်အသက်ကို ဗိုလ်ချုပ်လမ်းထိပ်ကနေ

အိမ်အထိ  ပြန်ပါအောင် သယ်ခဲ့ရသည်။


                                - ဗေဒါ

ကဗျာ စတိုရီ(poem story)

03 Jan, 12:41


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

03 Jan, 12:12


တစ်ခါတစ်လေ ကမ္ဘာကြီးတစ်ခြမ်းစောင်းခြင်းဟာ ရှက်ရှက်နဲ့ပြေးထွက်ခြင်းအတွက်
အရှိန်ရစေသားပဲ။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

03 Jan, 10:45


သံသယာရှည်ကြာတယ်ပြောတာလက်ခံလိုက်ပါတယ်
ကျုပ်ချစ်ရက်တွေရှည်ကြာလာခဲ့တာ
နစ်လတွေအတော်များခဲ့ပြီလေ
အခုကစပြီး
ငါ့ချစ်ခြင်းတွေ ငါမြတ်နိုးမှု့
ငါဂရုစိုက်ခြင်းတွေ
ငါ့တန်ဖိုးထားမှု့တွေ
ရင်တွင်းက လေးနက်ပါတယ်ဆိုတဲ့စကားတွေ
မင်းကိုမှမဟုတ်ဘူး
ဘယ်သူ့ ဘယ်သူမှဖွင့်ဟပြောမပြတော့ဘူး
မင်းကို သတိတရလွမ်းလာရင်
ဟိုး....အဝေးကြီးကို....ငေး...နေလိုက်တော့မယ်
ဥပမာ...လမင်းကြီးကို ငေး နေသလိုမျိူးပေါ့

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

02 Jan, 15:01


တစ်နေ့ခွဲခြင်းကိုကြိုမြင်နေသည်။ ငါမျက်လုံးစုံမှိတိလျက် ထပ်နမ်းသည်။


အဆိပ်ပန်းသင်းသင်းများ။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

02 Jan, 14:54


အကြိမ်ကြိမ်ငြင်းဆန်ပြခဲ့
မင်းကို သည်းခံမှပဲ
အသည်းတွေလည်းကွဲသည်။

သည်းခံခြင်းတရားမှာ မျက်ရည်မကျရဟူ၍ မရှိ။

ကဗျာ စတိုရီ(poem story)

02 Jan, 14:52


ဒီလိုအချိန်မှာ ကိုယ့်အသက်ကိုနေ့စဉ်ကယ်တင်နေရ။

ရေခမ်းထမင်းကိုမက်မောနရ။

သိပ်ကောင်းပေ့စစ်ကားတွေလဲမုန်းကုန်ကြပြီအရှုင်ဘုရား။

ကိုယ့်စိတ္တဇနဲ့ကိုယ်နေတတ်ပြီဆိုရင် ‌ ကမ္ဘာပျက်လဲအေးဆေးပေါ့။

ကိုယ်ရပ်နေတယ့်မြေကြီးကိုက သွေးရောင်ပေါက်ပြီးသားဒီမြေပေါ် မေတ္တာပန်းပွင့်ချင်ခဲ့တဲ့အကြောင်း။


ကိုယ့်လက်ကိုကြည့်တော့လဲ ဘာမှမဆွဲမကိုင်မိ အဲ့သလိုနဲ့ ချစ်သူလက်နဲ့သေနတ်ကိုလဲခဲ့ရပြန်ပြီ။

နောင်ဘ၀ကို ရောက်ဖို့စိတ်ကူးကျတော်တို့ တစ်စွန်းတစ်စမထားဖြစ်ခဲ့ပါဘူး။

ဒီတစ်ခါတစ်ကယ်သေဖြစ်ရင် ဒီမြေကိုဘယ်တော့မှပြန်မလာမယ့်ကောင်တွေမှအများကြီး။

# လေနု

ကဗျာ စတိုရီ(poem story)

02 Jan, 14:46


ကဗျာ စတိုရီ(poem story) pinned «မတည်မြဲတဲ့‌လောကထဲမှာ မချည်နှောင်ဖို့ ကြိုးစားနေထိုင်ရင်းကနေ မင်းကိုမှချစ်မိသွားတယ် ။ အချစ်ဆိုတာ ဒီလိုလား စတော်ဘယ်ရီလို ချိုတယ်ကွယ်... စီးကရက်လို စွဲလမ်းစေ၍ အသက်ကိုတိုစေခဲ့လေသလားအချစ်ရယ်... #cherry»

ကဗျာ စတိုရီ(poem story)

02 Jan, 14:33


မတည်မြဲတဲ့‌လောကထဲမှာ မချည်နှောင်ဖို့

ကြိုးစားနေထိုင်ရင်းကနေ

မင်းကိုမှချစ်မိသွားတယ် ။

အချစ်ဆိုတာ ဒီလိုလား

စတော်ဘယ်ရီလို ချိုတယ်ကွယ်...

စီးကရက်လို စွဲလမ်းစေ၍

အသက်ကိုတိုစေခဲ့လေသလားအချစ်ရယ်...
#cherry

ကဗျာ စတိုရီ(poem story)

24 Dec, 05:51


Telegram ကို နောက်ခံအမိုက်အစားလေးတွေနဲ့ smart ကျကျ သုံးချင်ရင် Join

https://t.me/addlist/CSAzsBNmKMc0ZmU1

ကဗျာ စတိုရီ(poem story)

23 Dec, 15:18


အချစ်စီး ခြင်း"

တိတ်စိတ် ငြိမ်သက်တဲ့ညဆိုတာ ကိုယ့်ကို အရာအားလုံးက ထားခဲ့ခြင်းပဲ။

တစ်ခါက အရက်သမားတစ်ယောက် ပန်းတစ်ပွင့်ပေါ်မူးလဲအသဲကွဲခြင်းကို နှစ်ခြိုက်စွာရခဲ့တယ်လို့ဆိုကြတယ်။

မကြည်ပြာ ကျတော်အဲ့ဒီနေ့က တစ်ကယ် မမှားဘူးဆိုရင် ကျတော် ခဗျားကိုချစ်ခဲ့တာသေချာပါတယ်။

ပန်းတစ်ပွင့်နဲ့ စီးချင်းထိုးမိကာမှ ပြန်မထနိုင်အောင်နာကျင်ရကြောင်း။

ညို့မျက်၀န်းမှာ ငါရှုံးခဲ့တာကွာလို့ပြောရင် သူငယ်ချင်းကောင်းတွေဝိုင်းရယ်ကြမလား။

ကမ္ဘာတည်သရွှေ့ ကျတော်ရဲ့သေချာတယ့် အဖြေကတော့ တစ်သက်လုံးချစ်နေမယ်ဆိုတာပါပဲ။

နေထိုင်ရတာခက်ခဲတယ်မကြည်ပြာ စစ်ကိုရှောင်ရင်း နေခဲ့ရင်းကစစ်နဲ့တိုက်လို့တိုက် ။

အချစ်ရှာဖို့ထွက်ရင်းက လမ်းလွှဲလို့လွှဲ။

ဒီ ကမ္ဘာမှာ ကျတော်ရစရာဘာကျန်သေးလို့လဲမကြည်ပြာ။

အရာရာ ဆုံးရှုံးပြီးသားဆိုတာသေချာရင် တစ်သက်လုံးစောင့်စားရုံပေါ့။

# လေနု

ကဗျာ စတိုရီ(poem story)

23 Dec, 14:29


အညွှန့်ကို အချိုးခံထားရတဲ့ ပင်ပျိုလေးတွေပါ
ဒီမြေမှာ ရှင်သန်နေပေမဲ့ မြေဩဇာလုံလုံလောက်လောက်မရပါဘူး။

နေညို။။။
#ကဗျာတို

ကဗျာ စတိုရီ(poem story)

23 Dec, 14:13


ပန်းကလေးရယ်
လမ်းထိပ် မုန့်ဟင်းခါးဆိုင်ကလေးကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူသွားချင်တယ်။

- မောင်သိန်းဇော်

ကဗျာ စတိုရီ(poem story)

23 Dec, 11:50


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

23 Dec, 05:42


နူတ်ဆက်ခဲ့ပါတယ်တဲ့
မင်းကပြောသွားခဲ့တယ််
နီးစပ်မှုမရှိခဲ့တဲ့ အကွာအဝေးကလူကို
ထပ်ပြီးအဝေးရောက်စေခဲ့တယ်

ကျေးဇူးကမ္ဘာပါပဲကွယ်

ငါကတော့
အသက်ရှင်နေသရွေ့မင်းကိုချစ်နေဦးမှာပါကွယ်

#ခန့်ထည်
#photocrd

ကဗျာ စတိုရီ(poem story)

23 Dec, 00:48


ကဗျာ စတိုရီ(poem story) pinned «»

ကဗျာ စတိုရီ(poem story)

22 Dec, 15:05


အနွေးထည် ဘယ်လောက်ကောင်းကောင်း။

မီးပုံကြီးဘေးနားဖိုဖိုပေါ့အချစ်ရယ်။

ကိုယ်တောင်းတတယ့်အနွေးဓာတ်မဟုတ်ရင် အရိုးခဲမတတ်အေးတတ်တယ်။

# လေနု

ကဗျာ စတိုရီ(poem story)

22 Dec, 14:41


'အရာအားလုံးနဲ့ လဲပြီးရွေးခဲ့တာမလား'
ဒီစာသားလေးကလေ ကြည်နူးစရာသိပ်ကိုကောင်းသလို
တစ်ဖက်ကလည်း သိပ်ကို ကြေကွဲစရာကောင်းပြန်တယ်
အရာအားလုံးနဲ့လဲပြီးမှ
ခွဲခွာရတာမျိုး
အရာအားလုံးနဲ့လဲပြီးမှ
ဆက်ပြီး သတ္တိမရှိတော့တာမျိုး
အရာအားလုံးနဲ့ လဲပြီးမှ
ပြောင်းလဲသွားတာမျိုးဆိုရင်
ဒီသံယောဇဉ်တွေအပေါ်
အမြစ်တွယ်မိတဲ့သူဟာ
သိပ်ကို နာကျင်ရတယ်....
ထပ်ပြီး ပြောရရင်
အရာအားလုံးနဲ့ ကိုယ့်ကို
ပြန်လဲသွားတဲ့အခါမျိုးပေါ့..။

#cherry

ကဗျာ စတိုရီ(poem story)

22 Dec, 14:29


ဦးနှောက်ရှိသ၍
မှတ်မိနေဦးမှာဖြစ်ပြီး
နှလုံးသား ရှိသ၍
ခံစားနေဦးမှာဖြစ်တယ် ။

- ဂန္ဓမာ

အသက်ရှင်နေစဉ်ပါပဲ
အသက်မရှိ‌တော့ရင်သူ့ကိုကျွန်တော်မေ့လိုက်မှာပါ။

‌-နေညို

ကဗျာ စတိုရီ(poem story)

22 Dec, 13:33


သစ်ရွက်လှုပ်ခတ်စမှာ
ရင်ခုန်ရင်း မျက်နှာလှလှလေးကြောင့် ကြွေလွှင့်ခဲ့ရသော အသည်း။

သစ်ရွက်ကိုပဲအပြစ်တင်မယ်။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

22 Dec, 11:30


မျက်စိ နှစ်ဖက်
နား နှစ်ဖက်
ဖွင့်ထားဖို့ လိုတယ်ဆိုတဲ့အကြောင်း
တချို့သော လူတွေကို
ပြောပြရဦးမယ်...။

#ခန့်ထည်
#ခေတ်ပျက်ထဲကအမှိုက်များ

ကဗျာ စတိုရီ(poem story)

22 Dec, 09:15


နှလုံးသားက ကျုံးနွံစွာတောင်းဆိုပေမယ့်
ခေါင်းခေါက်ရွေးမယ့်လက်ဖြစ်နေရင်
ကျုပ်ထွက်သွားပါ့မယ်
မေတ္တာနဲ့ကမ်းလာတဲ့လက်ကို
ဆုပ်ကိုင်ရမယ်ဆိုရင်သာ
စောင့်ပါ့မယ်
နှစ်ချို့လည်းဝိုင်ချိုပြင်းတစ်ခွက်
ဖြစ်ပေးပါ့မယ်

Lavina

ကဗျာ စတိုရီ(poem story)

22 Dec, 07:44


မမမေ "

ပြာဝေမှုန်ဝါးတဲ့တိမ်တွေဆိုတာ ချစ်တယ့်သူနဲ့ကြည့်မှပိုလှတာ သိလားမမမေ။

မမမေရဲ့ အရိပ်မှာခိုချင်လို့လဲမဟုတ်ရပါဘူး ယောင်္ကျားတစ်ယောက်ရဲ့ တစ်လွဲမာနဆိုတာ မိန်းမ‌တစ်ယောက်ပေါ် အလုံးစုံမမှီခိုခြင်းလို့ဆိုကြတယ်။

ဒါပေမယ့်ကျတော်က ပျော့ညံ့တဲ့ကောင် မမမေလက်ကလေးတော့ဖြင့်ကိုင်ထားမှဖြစ်လိမ့်မယ်။

အရိုးဆွေးမတတ်ကဗျာတွေနဲ့ ပက်သက်မိတယ့်အခါ ထူးအိမ်သင်ရဲ့ မင်းမရှိတဲ့နောက် ကြားတယ့်အခါတိုင်းမမမေကိုသတိတွေရလို့။

မပေးဖြစ်တဲ့ အမှတ်တရတွေကိုထုတ်ထုတ်သမိနေသေးတယ်။

မမမေသိလား မီးအိမ်တစ်လုံးဟာလေ မီးစာမကုန်ခင်အစွမ်းကုန်လင်းပေးချင်ခဲ့ကြောင်း။

မမမေသိလား ဆီးကရက်တွေရဲ့ လှိုက်စားမှုမှာပြာနှမ်းထုံမှိုင်းနေတယ့် နှုတ်ခမ်းတစ်စုံအောက်က မမမေရေဆိုတယ့် လူငယ်တစ်ရောက်ရဲ့ အမှတ်ရမိတယ့် ညနေတွေကိုလေ။

မမမေရယ် ၀ရံနာပေါ်က ဂစ်တာကိုလဲထက်မကိုင်ဖြစ်တော့ဘူး သံစဉ်တွေလဲ မရှိတော့ဘူး နှလုံးသားမပါလို့အကြုံးမ၀င်တယ့် ကဗျာတွေမှာလဲ ကလောင်မတင်ဖြစ်တော့ဘူးမမမေ။

ရေစက်ရှိသလောက်ဆိုတာ တစ်ဖက်က အေးစက်သွားခြင်းလို့ပဲကျတော်ဖြေရှုင်းချက်ထုတ်ခဲ့ပါတယ်။

‌ခါးသက်သက် အိမ်မက်ကို အကြိမ်ကြိမ်မက်တယ် ကျတော်ကျော်ခွခဲ့တဲ့ အလွမ်းဆိုတာတစ်ကယ်မရှိဘူးမမမေ။

‌ချစ်ခြင်း မေတ္တာရဲ့အဆုံးသက်ဟာ ဆံပင်တွေဖွေးလာတိုင်း အရောင်ပြန်တင်ပးမယ့် ချစ်သူလက်တစ်စုံကိုဆိုလိုတာလား။

ဒါမှမဟုတ် အထီးကျန်ခြင်းကိုအသက်နဲ့တွဲချည်ထားရတာလား။

သစ်ရွှက်တွေပေါ်ကို သာနှလုံးသားကိုအပ်နှင်းဖြစ်ခဲ့ပါတယ်မမမေ။

လေအဝှေ့တိုင်းမှာ ကျတော့ချစ်ခြင်းမေတ္တာတွေ ရောက်လာပါလိမ့်မယ်။

# လေနု

ကဗျာ စတိုရီ(poem story)

22 Dec, 06:06


ကဗျာစတိုရီ၏ တော်လှန်ရေးကမ်ပိန်း

ကဗျာဆရာတို့သည် အမှန်တရား၏ ရဲဘော်ရဲဘက်များဖြစ်သည့်အလျောက် အာဏာရှင်တို့ကို ကလောင်တို့ဖြင့်တော်လှန်ရပေမည်။ သို့ဖြင့်ပါ၍ မြေပြင်တွင်တိုက်ပွဲဝင်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ထောက်ပံ့ပေးပို့မှုများပြုလုပ်မည်ဖြစ်ပါ၍ တော်လှန်ပြည်သူပြည်သားများအနေဖြင့် ပါဝင်အားဖြည့်ကူညီကြစေလိုပါသည်။ ကဗျာစတိုရီ၏ အက်မင်များဖြစ်သော

ကိုလူချစ်ခင်
ကိုဗေဒါ
ကိုလေနု
ကိုခန့်ထည်
ကိုခွန်းသော်


တို့သည် ကလောင်ဖြင့်ရေးသောသမိုင်း ဟူသောတော်လှန်ကဗျာစာအုပ်ကို ရေးသားပြုစုခဲ့ကြပါသည်။

အဆိုပါစာအုပ်ကို မြန်မာငွေကျပ် ၃၀၀၀ကျပ်ဖြင့် ကမ်ပိန်းပြုလုပ်မည်ဖြစ်ပြီး ကမ်းပိန်းမှရရှိငွေ ၁၀၀%ကို Special 10 PDF (၅၀၁တပ်ရင်း)သို့ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ပြီး ရရှိငွေနှင့်ထောက်ပံ့မှုများကို တော်လှန်ပြည်သူများသို့ စာရင်းဇယားနှင့်တကွ ပြန်လည်ထုတ်ပြန်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ တော်လှန်ပြည်သူများအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးကြစေလိုပါသည်။

ဝယ်ယူအားပေးလိုပါက

@better_hein124
@easton2695trb

ထံသို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။


ကမ်ပိန်းကာလ - [၁၅၊၁၂၊၂၀၂၄ မှ ၃၁၊၁၂၊၂၀၂၄ အထိ]


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

09 Dec, 14:30


မမရဲ့ အပြုံးလှလှအောက်မှာ
ကျွန်တော်ငေးငေးငိုင်ငိုင် ရူးခဲ့ရပါတယ်
အမှန်တကယ်ချစ်တက်လာတဲ့အခါ
ခြေလေးစောင့်ပြီး ငြူစူတာကအစ
သွားတက်လေးပေါ်အောင် ပြုံးတာအထိ
မြတ်နိုးရပါတယ်။


နေညို။။။
#မမကိုချစ်တယ်

ကဗျာ စတိုရီ(poem story)

09 Dec, 14:18


ဂျူး ကဆေးပညာနဲ့ပတ်သတ်ရင်
သူ့ရဲ့မောင်ကိုတသလို
ကိုယ်လဲ ကဗျာတွေနဲ့ ပတ်သက်ရင်
ကိုယ့်ရဲ့ မောင်ကို တမိပါရဲ့

Lavina

ကဗျာ စတိုရီ(poem story)

09 Dec, 13:06


မစခင်က
ပြီးပါပြီ စာတမ်းနဲ့
တပ်ခေါက်ပြန်လာခဲ့ရသူ

သူမနဲ့ကျွန်တော်ရဲ့အချစ်ရေးလိုပါပဲ

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

09 Dec, 12:39


ချစ်လို့လိုက်လျောသမျှကို
ရပိုင်ခွင့်လို့ မြင်လာတဲ့နောက်
အလိုဆန္ဒ တွေဟာ
အထိန်းအကွပ်မဲ့လာတယ်

Lavina

ကဗျာ စတိုရီ(poem story)

09 Dec, 11:40


Profile နဲ့ couple ပုံလှလှလေးတွေလိုချင်ရင် Join ထား

https://t.me/couplepfp_cp

ကဗျာ စတိုရီ(poem story)

09 Dec, 09:48


မောင်းအပြည့်ကျိုးရင်ဘောနပ်ပြန်ပေးပါတယ်နော် 🔄

🪙11သင်းမောင်းအပြည့်ကျိုး 1 သိန်းကျပ် ✔️
🪙10သင်းမောင်းအပြည့်ကျိုး8သောင်းကျပ် ✔️
🪙9သင်းမောင်းအပြည့်ကျိုး 6သောင်းကျပ်✔️
🪙8သင်းမောင်းအပြည့်ကျိုး 5သောင်းကျပ်✔️
🪙7သင်းမောင်းအပြည့်ကျိုး 4သောင်းကျပ်✔️
🪙6သင်းမောင်းအပြည့်ကျိုး 3သောင်းကျပ်✔️

🤑အပြည့်ကျိုးခဲ့ရင်လာထုတ်လို့ရပါတယ်နော် 💰

🤑အကောင့်သစ် 10% ဘောနပ်စ်🤑

အကောင့်ဖွင့်ရန် 📥

📱 09981212544

📱 http://t.me/goatpout99

ဘောလုံးခန့်မှန်းချက်များကြည့်ရန်နှိပ်ပါ

💯 https://t.me/free555mixgoat

ကဗျာ စတိုရီ(poem story)

09 Dec, 04:51


လူဆိုတာ
အရမ်းလိုချင်နေတဲ့ အရာတစ်ခုကို
သူ မရတော့ပါဘူးဆိုတာ
သိသွားတဲ့ အချိန်ကြရင်

မလိုချင်တော့ပါဘူးလို့ ဟန်ဆောင်ပြီးပြောတက်ကြတယ်

ဒီတော့ ငါလည်း
မလိုချင်တော့ပါဘူးလို့ပဲ
ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ပါတယ်ကွယ်...

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

09 Dec, 01:01


🔣3️⃣8️⃣8️⃣🔠🔠🔠🔠🔠🔠🔣

😃 ❗️❗️❗️❗️❗️❗️😃

❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️

➡️ ငွေသွင်းဘောနပ် - 1️⃣0️⃣🔣

➡️ သူငယ်ချင်းမိတ်ဆက် - 5️⃣0️⃣🔣

➡️ sunday ဘောနပ် - 1️⃣5️⃣🔣

➡️ ဘောနပ်ယူပီးစည်းကမ်းချက်လုံးဝမရှိပါ 💩

🔣🔣🔣🔣🔣🔣🔣🔣🔣🔣🔣

📱 🔠🔡🔡🔡🔡သိနိုင်ဖိုချန်နယ်
🔣 @club388onlinegaming

📱 2️⃣4️⃣🔣7️⃣ဝန်ဆောင်မှု
🔣 @club388gaming

📱 09 66 77 88 261

📱 09 76 54 666 88

📱 @388gaming.live

📱 www.388gaming.info

Game free ဆော့ရန်

🔣🔣 Free unit 🔣🔣

ကဗျာ စတိုရီ(poem story)

08 Dec, 17:05


သူ့အအေးဖိုးသူရှင်းလည်း
နောက်ဆုံး ကိုပဲလွမ်းရတာပါပဲ။

နေညို။။။

ကဗျာ စတိုရီ(poem story)

08 Dec, 16:00


ကဗျာ စတိုရီ(poem story) pinned «သူအရွယ် သူ့လယ်ဗယ်နဲ့ဆို သေနတ်မောင်းက တင်းလွန်းတယ်။ ကတုတ်မြောင်းက ကျဉ်းလွန်းတယ်။ တာဝန်တွေကလေးလွန်းတယ်။ လေးစားလျက်ပါသူရဲကောင်းတို့ #ကိုလူချစ်ခင်»

ကဗျာ စတိုရီ(poem story)

08 Dec, 16:00


သူအရွယ် သူ့လယ်ဗယ်နဲ့ဆို
သေနတ်မောင်းက တင်းလွန်းတယ်။
ကတုတ်မြောင်းက ကျဉ်းလွန်းတယ်။
တာဝန်တွေကလေးလွန်းတယ်။


လေးစားလျက်ပါသူရဲကောင်းတို့



#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

08 Dec, 14:34


တိုက်ပွဲတိုင်းနိုင်တဲ့ နတ်သျှင်နောင်လည်း
ဓာတုကလျာရဲ့ မျက်ဝင်းနက်နက်မှာ ကျရှုံးခဲ့တာပဲ
ကြမ်းတမ်းရက်စက်တဲ့ ဒဿမင်းလည်း
သီတာဒေဝီရဲ့ အပြုံးမှာ ရစ်မူးခဲ့တာပဲ
ဒီလိုပါပဲ............
အချစ်လို့ဆိုလိုက်ရင်

သူရဲကောင်းတွေအစ လူကြမ်းတွေအထိ
လိုလိုချင်ဝင်လာတဲ့ သတ်ကွင်းတစ်ခုပါပဲ။


နေညို။။။။။

ကဗျာ စတိုရီ(poem story)

08 Dec, 14:32


ကျွန်မတို့ စောင့်မျှော်နေတဲ့သူတွေသာ ပြန်လာကြေးဆို

ဘဝကြီးကနေပျော်စရာပါ

မဖြစ်နိုင်တော့တဲ့ဘဝတွေကို ကျွန်မတို့မျှော်လင့်ရင်း
ကမ္ဘာကြီးဟာ ဘယ်လောက်ပဲကျဉ်းကျဉ်း

ဒီဘဝမှာ ကျွန်မတို့ပြန်မဆုံနိုင်တော့ဘူးဆိုတာကိုလည်း
နားလည်လက်ခံခဲ့ရတယ် အစ်ကိုရေ💔😔
#cherry

ကဗျာ စတိုရီ(poem story)

08 Dec, 13:45


မင်းပစ်ထားရင် သိပ်သိသာတယ်
ကိုယ်လဲမကျန်းမာတော့သလို
စိတ်လည်းမကျန်းမာတော့ဘူး

နားစေးခေါင်းကိုက်နဲ့
ဆေးတွေဘယ်လောက်သောက်သောက်ပေါ့

ဆရာကိုးရဲ့
ကဗျာလိုပြောရရင်

'သက်သာသွားမှာဘာ ကိုယ် ဆိုတဲ့ဆေး
ငါဘယ်ဆိုင်မှာမေးဝယ်ရမလဲ'

အချစ်ထောင်းလို့ ကိုယ်ကြေနေတဲ့
စိတ်မို့ အလွမ်းနဲ့ကိုယ်ပူနေရသူပါကွယ်

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

08 Dec, 13:40


DIAMOND 💎💎💎 price

💎Dia 8⃣6⃣ -6️⃣0️⃣0️⃣0️⃣

💎Dia. 1⃣7⃣2⃣-1️⃣0️⃣5️⃣0️⃣0️⃣

💎Dia 2⃣5⃣7⃣-1️⃣6️⃣0️⃣0️⃣0️⃣

💎Dia3⃣4⃣3⃣-3️⃣0️⃣5️⃣0️⃣0️⃣

💎Dia4⃣2⃣9⃣-2️⃣5️⃣5️⃣0️⃣0️⃣

💎Dia5⃣1⃣4⃣-3️⃣0️⃣5️⃣0️⃣0️⃣

💎Dia6⃣0⃣0⃣-3️⃣5️⃣5️⃣0️⃣0️⃣

💎Dia7⃣0⃣6⃣-4️⃣0️⃣5️⃣0️⃣0️⃣

🔵💬➡️@ylt0025

ကဗျာ စတိုရီ(poem story)

08 Dec, 12:32


ဝိပါတ်တော်(၁၂)ပါး

(ပထမဝိပါတ်တော်)
မေး။။။
ဥရုဝေဋ၊တောဝမြိုင်ခွင်
ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်
အားအင်ခမ်းလို့ ညှိုးနွမ်းငြိုငြင်
ပင်ပန်းရေး ဝဋ်ကြွေးဘယ်ကြောင့်ထင်။
ဖြေ။။
ကဿပဘုရား ထင်ရှားပွင့်သော်
ဇောတိပါလ နာမအကျော်
ပုဏ္ဍားမာန်တက် နှုတ်မြွက်အာဘော်
ဝဇီပြင်းရှေ့ရင်းဝိပါတ်တော်။

(ဒုတိယဝိပါတ်တော်)
မေး။ ။
စိဉ္စမာဏ မိန်းမစေကျွန်
ကိုယ်ဝန်ရှိသော ပြောဆိုအလွန်
လက်သယ်ထားလို့ ဘုရားကို ညွှန်
စွပ်စွဲခဲ့ အဘယ့်ဝိပါတ်ဝန်။
ဖြေ။ ။
သောက်စားလွန်ကျု း ယစ်မူးပျော်ရွှင်
သေရည်သမား ဖြစ်ငြားသခင်
ရဟန္တာမြတ် ဆွမ်းရပ်သည်မြင်
အကျင့်ယုတ် ဖွင့်ထုတ်စွပ်စွဲ အင်။

(တတိယဝိပါတ်တော်)
မေး။ ။
တိတ္ထိစေခိုင်း မိုက်ရိုင်းဒုဿ ီ
ထင်ယောင်ထင်မှား ပြုငြားသုန္ဒရီ
လူရှင်အပေါင်း ယုံကြောင်းပွေလီ
ရှင်တော်ထွတ် ဘယ်ဝဋ်ရှေးကမှီ။
ဖြေ။။ ။
မုနာဠိဟု မည်ရှိလောင်းတော်
မောက်ကြွားမှောက်မှား သောက်စားအပျော်
ရှင်ပစ္စေကဗုဒ္ဓမြင်သော်
ဒုဿ ီဘဲ စွပ်စွဲဝဋ်ကြွေးပေါ်။

(စတုတ္ထဝိပါတ်တော်)
မေး။။။။
သုန္ဒရီမိုက် သတ်လိုက်သေရာ
တတ္ထိအသင်းသတင်းလွှင့်ကာ
တပည့်များနှင့် ဘုရားကိုသာ
လူအများ ယုံမှားဘယ့်တွက်တာ။
ဖြေ။ ။
လောင်းတော်ရသေ့ပျော်မွေ့စံရာ
ရသေ့တစ်ဦး စျာန်မြူ းကွန့်လာ
ငြူ စူစိတ်ဇော မနောဣသာ
ကျင့်ယုတ်ကြီး နှုတ်သီးချွန်သည့်တာ။

(ပဉ္စမဝိပါတ်တော်)
မေး။။။။။။
ဝေဘာတောင်စောင်း ကျောက်မောင်းဆင်ကာ ဒေဝဒတ်ယုတ် ခလုတ်အသာ
သူဖြုတ်ချလို့ ဗုဒ္ဓ္ဓခြေမှာ
ကျောက်လွှာငြိ ဒဏ်ထ ဘယ်ဝဋ်ပါ။
ဖြေ။ ။။။
သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံချေ
ညီကိုလှည့်စား ခေါ်သွားသလေ
ကျောက်နှင့်ဖိညှပ် ထုသတ်ကြိတ်ခြေ
ကျောက်ဝိပါတ် အဆက်ပါခဲ့ပေ။

(ဆဠမဝိပါတ်တော်)
မေး။။။။။။
ကျောက်လွှာထိပါး မြတ်ဘုရားထွဋ်တင်
တည်နေဝပ်ကိန်း သွေးစိမ်းအရှင်
ခြေမတော်ထဲကိုက်ခဲနာကျင်
ဝိပါတ်ရင်း အလင်းပြစေချင်။
ဖြေ။ ။။။
သူငယ်ဖြစ်ခိုက် လမ်း၌ပျော်ရွှင်
ရှင်ပစ္စေကဝေးမှအမြင်
ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်
သွေးယိုဆင်း ရှေးရင်းဝိပါတ်ပင်။

(သတ္တမဝိပါတ်တော်)
မေး။။။။။
ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ်
မုန်ကျဆင်ကြီးခရီးအလယ်
ဒေဝဒတ်မိုက် လွှတ်လိုက်ပြန်တယ်
ရင်ဆိုင်တွေ့ ဆင်ဝှေ့ဘယ်ဝဋ်နှယ်။
ဖြေ။ ။။။
ဆင်ထိန်းဆင်ကျောင်း အလောင်းဖြစ်တုံ
ရှင်ပစ္စေကက လမ်းမအဆုံ
ဒေါသထားကာပြစ်မှားသုန်မှုန်
ဆင်နှင့်တိုက် ဝဋ်လိုက်စေဖို့ကြုံ ။

(အဠမဝိပါတ်တော်)
မေး။။။။။
ကျောက်လွှာခတ်လို့ သွေးဓါတ်ဆူပူ
ခြေမတော်ဦး ထွတ်ဖူးဆူဆူ
သွေးညိုကိန်းလို့ကျိန်းစက်တော်မူ
ဇီဝက ခွဲရဘယ်ဝဋ်ဟူ။
ဖြေ။ ။။။။
ပဒေသရာဇ် မင်းဖြစ်စဉ်ဝယ်
မူးယစ်သောက်စားဖောက်ပြားမဖွယ်
လူရှင်လတ်လတ် ထိုးသတ်ပြန်တယ်
ဓါးဝိပါတ် အဆက်သူကနွယ်။

(နဝမဝိပါတ်တော်)
မေး။။။။
သုံးလူ့ထွဋ်ဖူး မြိုက်မှုးသျှောင်ကေ
ရံဖန်ခါလဲခေါင်းခဲကာနေ
ဝေဒနာဝဋ် မလွတ်ပါချေ
ဘယ်ဝိပါတ်အဆက်ပါခဲ့ပေ။
ဖြေ။ ။။။။
ရှေးခါကပ်ဟောင်း မကောင်းကံဆော်
တံငါမျိုးဇာတ် ဖြစ်လတ်ပါသော်
ငါးတို့ဦးခေါင်းထုထောင်းမြင်ပျော်
ဝမ်းမြောက်မိ လိုက်သည့်ဝိပါတ်တော်။

(ဒဿမဝိပါတ်တော်)
မေး။။။။။
ဝါတော်ကပ်သော် မာရ်နတ်နှိုးဆော်
ဝေရဉ္ဇာတိုင်း သမိုင်းအကျော်
မုယောဆွမ်းမို့ ကြမ်းတမ်းထော်ထော်
ဘုန်းပေးရ ရှေးကဘယ်ဝဋ်နော်။
ဖြေ။ ။။
မထင်မရှား မျိုးသားဖြစ်တုံ
ရဟန်းတော်များဆွမ်းစားခိုက်ကြုံ
ဆွမ်းကြမ်းစားဟု ပြစ်မှားဆိုပုံ
ဝစီထွက်ဝိပါတ်တော်တဲ့ယုံ။

(ဧကဒဿမဝိပါတ်တော်)
မေး။။။။။
အထွဋ်ဆုံးဟု သုံးလူ့မျက်မှန်
ခါးတော်ကိုက်ခဲအသည်းအသန်
ဝေဒနာအား ခံစားရံဖန်
ဘယ်အကြောင်း ကံဟောင်းထုတ်လို့ပြန်။
ဖြေ။ ။။။
လက်ဝှေ့သတ်ကောင်း အလောင်းကျော်မော်
ပြိုင်ပွဲဆိုင်လည်း နိုင်မြဲထင်ပေါ်
နိုင်လျှင်ခါးရိုးရိုက်ချိုးမြေပေါ်
အသတ်ကောင်းဇာတ်ဟောင်းဝိပါတ်တော်။

(ဒွါဒဿမဝိပါတ်တော်)
မေး။။။။
ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန်
ဝမ်းတော်သွန်ငြား ရွှေအားမသန်
ခွေယိုင်နွမ်းကာ မြန်းခဲ့နိဗ္ဗာန်
ဖြေစေကြောင်း ကံဟောင်းသိစေရန်။
ဖြေ။။။။
ရောဂါကုစား သမားဥာဏ်ကျယ်
ရှင်သူဌေးသား ဆေးကုရာဝယ်
ခမပေးလို့ ဟိုရှေးခါမယ်
ဝမ်းလားဆေး တိုက်ကျွေးဝဋ်ဟောင်းသွယ်။

(ဘုရားရှင်ကိုယ်တေည်မြတ်ကြီးကိုယ်တိုင်ပေးစပ်ခဲ့ရသောဝဋ်ကြွေးကြီး ၁၂ ခုဖြစ်ပါသည်။)
-လယ်တီပဏ္ဍိတဦးမောင်ကြီး

ကဗျာ စတိုရီ(poem story)

08 Dec, 11:52


လမ်းခွဲစကား

ဘဝမှာ မကြားချင်ဆုံး စကားဖြစ်တယ်
အကြိမ်ကြိမ် ကြားနာခွင့်ရတယ်
လမ်းခွဲမယ်ပြောတိုင်း
အလိုလိုတိတ်ဆိတ်စွာနေလိုက်တယ်
ဘာအကြောင်းကြောင့်လဲ မေးမနေတော့ဘူး

ကိုယ့်ဆီမှာ မနေချင်တော့တဲ့
လူတစ်ယောက်ကို ဆွဲမထားတော့ဘူး
သူ့ကိုလဲ မပင်ပန်းစေချင်သလို
ကိုယ့်ကိုယ်ကိုယ်လဲ ဒုက္ခမခံတော့ဘူး

ချစ်သူနှစ်ဦး လမ်းခွဲရင်
ဘာစကားမှမပြောဘဲ လမ်းခွဲလိုက်တာ
မကောင်းဆုံးပါပဲလေ

သွေးအေးစွာနေထိုင်တက်တာက
အကျင့်ကပါနေပြီ
ကိုယ့်ကို မချစ်တော့လို့ ပစ်သွားသူကို
ငါ့အနားမှာ နေပါလို့ မပြောတော့ဘူး

​နူတ်ခွန်းဆက်သပါ၏ဆိုတဲ့
ဆိုင်းဘုတ်လေးလိုပေါ့
ဝင်လာတယ် ထွက်သွားတယ်
ဒီလိုပဲ ဖြေခဲ့လိုက်တယ်...

ဘာပဲပြောပြောပါ
မင်းနဲ့ချစ်ခဲ့ဖူးတာ တစ်ခုနဲ့တင်
ဒီကမ္ဘာမြေပေါ် လူဖြစ်ခဲ့ရတာတန်ခဲ့ပါပြီ

ဒီကောင်းကင်ကြီးရဲ့အောက်မှာ
မင်းရော ငါရော
တနေရာရာမှာ တယောက်ယောက်နဲ့
ရင်ဘတ်ခြင်းဝင်တိုက်ကြဦးမှာဘာ

အဲအခါကြ မင်းအခုလို
လမ်းခွဲ လမ်းလွဲခြင်းတွေ
ဝေးပါစေလို့

ဖြူဖြူစင်စင်လေး ဆုတောင်းပေးပါတယ်

ဘဝတစ်ကွေ့ပြန်ဆုံတွေ့ရင်
မမေ့သူက ခေါ်ကြတဲ့အခါ
ငါပဲ အရင်ဖြစ်ပါရစေလေ....

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

08 Dec, 07:12


မှတ်စုစာအုပ်ထဲက အသည်းကွဲရာသီ

ဒီဇင်ဘာလရဲ့ အေးစက်တဲ့ဆောင်းတစ်ညမှာ
အသည်းတွေတစ်စဆီကွဲရှ

ကြေကြကွဲကွဲ ထိထိခိုက်ခိုက်
နာနာကျင်ကျင်လေးခံစားရင်း
အဲဒီညက ကိုယ့်အလွမ်းကိုထမ်းပြန်လာခဲ့ရတယ်

မသေချာမရေရာတဲ့ဘဝမှာ
ပိုင်ဆိုင်တာဆိုလို့ ကဗျာရယ်စာရယ်ပဲရှိခဲ့တယ်
မင်းကိုတော့ မပိုင်ဆိုင်ရတော့ဘူးဆိုတဲ့အသိနဲ့
ခပ်ဝေးဝေးလေးက ငေးလိုက်မိတယ်

ငါ့အသည်းကွဲရာသီမှာ
ညတွေတိတ်ဆိတ်တယ် အလွမ်းတွေစိုထိုင်းတယ်
နာကျင်မှုတွေအချိန်ပိုဆင်းရတယ်
သွေးမတိတ်တဲ့ဒဏ်ရာကို အနာဖေးခွာနေရတဲ့
သတိတရစိတ်တွေတဆစ်ဆစ်ကိုက်တယ်..

ဘာမှတာမဟုတ်တာ
အသည်းကွဲခြင်းတောင် နှစ်ပတ်လည်တော့မယ်
ပြီးခဲ့ပြီးသောနေ့ရက်တချို့မှာ
ငါဘာတွေများရလိုက်သလဲလို့
ကိုယ့်ကိုယ်ကိုယ်ပြန်ရှာကြည့်တော့
ငါ့မှာ ကဗျာတွေသာ ရ ခဲ့ တယ်...

#ခန့်ထည်
နာကျင်ခြင်းအနုပညာ

ကဗျာ စတိုရီ(poem story)

03 Dec, 13:17


ကဗျာ စတိုရီ(poem story) pinned «မေတ်တာခြင်းမပြိုင်ကြပါနဲ့ ။ မေတ်တာဟာ ပြိုင်လို့ရသည့်အရာမဟုတ်ပေ။ ပေးသူကသာသိပြီး လက်ခံရသူက မမြင်‌ချင်ယောင်ဆောင်လို့အကောင်းဆုံးအရိပ်တစ်ခု။ မေတ်တာခြင်းပြိုင်တဲ့အခါ အိတ်ကပ်ထဲကထိုးထွက်လာတဲ့ ဝှက်ဖဲတွေကြားမှာ ရုပ်လုံးမလှခဲ့။ #ကိုလူချစ်ခင်»

ကဗျာ စတိုရီ(poem story)

03 Dec, 13:17


မေတ်တာခြင်းမပြိုင်ကြပါနဲ့ ။
မေတ်တာဟာ ပြိုင်လို့ရသည့်အရာမဟုတ်ပေ။

ပေးသူကသာသိပြီး လက်ခံရသူက မမြင်‌ချင်ယောင်ဆောင်လို့အကောင်းဆုံးအရိပ်တစ်ခု။

မေတ်တာခြင်းပြိုင်တဲ့အခါ
အိတ်ကပ်ထဲကထိုးထွက်လာတဲ့ ဝှက်ဖဲတွေကြားမှာ ရုပ်လုံးမလှခဲ့။

#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

03 Dec, 12:49


မာနတံတိုင်းတွေကြားမှ လေဟာနယ်။
အချစ်မရှင်သန်နိုင်။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

03 Dec, 12:17


မင်းရဲ့ အရယ် အပြုံးတွေထဲမှာ
ငါ့အချစ်တွေကို လှောင်ပြီး
ရယ်သံတွေ ပါခဲ့ရင်တောင်
အလှဆုံးသော အပြုံးလေးပဲလို့ ဖြေသိမ့်ခဲ့တာမျိုးပါ...

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

03 Dec, 11:09


ဒီဘဝမှာ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်း
သူ့ဆီကကြားရဖို့ မဖြစ်နိုင်တော့ဘူးလား။
သူ့ခြေဖမိုးလေးကိုပဲ နမ်းရနမ်းရပါ
လုံးဝ မဖြစ်နိုင်တော့ဘူးလား။

-အောင်ချိမ့်

ကဗျာ စတိုရီ(poem story)

03 Dec, 11:08


ခင်ဦးရယ်...
မမြင်ချင်ဘူးဆိုလို့ ကျောခိုင်းပေးလိုက်ပါတယ်
မင်းကိုဆုံးရှုံးပြီးနောက်
အရှေ့ကထိုးထိုး အနောက်ကထိုးထိုး
ဓားဟာ ရင်ဝကိုဖောက်ထွက်မှာပဲ။

-ဆန်းကျော်စွာဝင်း

ကဗျာ စတိုရီ(poem story)

03 Dec, 10:10


3ရက်ညနေပွဲ
အောကွက်ထပ်မိပြီဟေ့ 3:14မိနစ်မှာ
တင်ပေးထားပါတယ် 6️⃣1️⃣.1️⃣6️⃣ဆရာမန်ဘာတွေအောကွက်အောင်ပြီနော် မနက်ဖြန်ပွဲမှာ အောကွက်အပိုင်ပေါက်ချင်သူများ ဆရာChannel လေးကိုJoinထားပါ👇👇👇👇
https://t.me/SCB82ODRl9870
https://t.me/SCB82ODRl9870
https://t.me/SCB82ODRl9870
ဝယ်ရန်👉@MKE8901👈hiထားပါ

ကဗျာ စတိုရီ(poem story)

03 Dec, 08:51


3ရက်နေ့ ညနေ

1️⃣ထိပ်200000ဖိုးဆွဲ

1️⃣6️⃣.1️⃣1️⃣.10သိန်းဖိုးအော

1️⃣7️⃣.1️⃣9️⃣.5သိန်းဖိုးအော

အသဲများများပေးပြီးအောထားဗျာ
ပေါက်ဂဏန်းအစစ်မှန်ရချင်တယ်ဆိုဆရာChannel လေးကို Joinထားပါ👇👇👇👇
https://t.me/SCB82ODRl9870
https://t.me/SCB82ODRl9870
https://t.me/SCB82ODRl9870

ကဗျာ စတိုရီ(poem story)

03 Dec, 05:52


5️⃣ထိပ်နဲ့ 5️⃣6️⃣ဒဲ့အောင်ပြန်ပြီဟေ့ Vipသမားတွေ အောကွက်ထပ်မိပြီနော် ဆရာဘက်ကတာဝန်ပြီနော်
ညနေပွဲပေါက်ချင်သူများ
Channel လေးကို Joinထားပါ
👇👇👇👇👇👇
https://t.me/SCB82ODRl9870
https://t.me/SCB82ODRl9870
https://t.me/SCB82ODRl9870
ဝယ်ရန်👉@MKE8901👈hiထားပါ

ကဗျာ စတိုရီ(poem story)

03 Dec, 04:38


3-12/12:01 PM.အတွက်

0️⃣ထိပ်200000ဖိုးဆွဲ

0️⃣0️⃣.0️⃣5️⃣.10သိန်းဖိုးအော

🏆🏆ဝယ်ဂဏန်းစစ်စစ်တင်ပေးလိုက်ပါပြီနော်ပေါက်ချင်တယ်ဆို.Channel လေးကို Joinထားပါ
Joinထားသူတိုင်းပေါက်မယ်ဟေ့
👇👇👇👇👇👇
https://t.me/SCB82ODRl9870
https://t.me/SCB82ODRl9870
https://t.me/SCB82ODRl9870

ကဗျာ စတိုရီ(poem story)

03 Dec, 04:22


တွေ့ဆုံခြင်းကို နှစ်သက်သဘောကျရင်တော့
ခွဲခွာခြင်းကို လက်ခံနိုင်ရမှာပဲ ချစ်သား အာနန္ဒါ
ငါပြောပေါင်းများလှပြီ ဒီသံသရာမှာ
ဘယ်နှောင်ကြိုးမှမမြဲဖူးဆိုတာ တွယ်ညှိရာသာ ဆုံးရှုံးမှာ"

-ဗုဒ္ဓ

ကဗျာ စတိုရီ(poem story)

03 Dec, 01:56


ကဗျာ စတိုရီ(poem story) pinned Deleted message

ကဗျာ စတိုရီ(poem story)

03 Dec, 01:42


ကျွန်ုပ်ကာတော YLT TikTok Shop ကာပါ

YlT Sell proof ☑️➡️https://t.me/ylt000255

YLTReview☑️ ➡️https://t.me/ylt00001

TLT Channel ☑️➡️https://t.me/ylt00002

အခုကျွန်ုပ်လုပ်နေတာကာTikTok Account ရောင်းဝယ်ရေးပါ။

🌐🚀 TikTok Account and Telegram Channel ရောင်းဝယ်ကုနလုပ်ရပါတယ်ဗျာ။☑️

☑️မိတ်ဆွေတိုသိခြင်းတာပဲဖြစ်ဖြစ်စုံစမ်းခြင်းတာပဲဖြစ်ဖြစ် 💬လာခဲပါဗျာသိသလောက်ပြောပြပါမယ်ဗျာ။

🌐 Account ရောင်းဝယ်ရပါတယ်ဗျာ☑️
သိချင်တာရိုရင်အားမနာပေလာမေမြန်စုံစမ်းလိုရပါတယ်ဗျာ⤵️⤵️

🔵💬 @ylt0025

📱💬 https://www.tiktok.com/@aungkungsan11?_t=ZS-8rspuGFdC2a&_r=1

ကဗျာ စတိုရီ(poem story)

02 Dec, 16:28


ဒီဇင်ဘာဆိုတာ ငါနဲ့မဆိုင်တဲ့ လတစ်လ
အသဲကွဲလို့ပဲ လွမ်းလွမ်း
နှင်းထူလို့ပဲ ချမ်းချမ်း
ငါဟာ ကိုယ့်စိတ္တဇနဲ့ကိုယ်

နှင်းဆီနီနီကို မြင်တိုင်းသူ့ နှုတ်ခမ်းကိုသတိရတယ်
ဆောင်းရဲ့အေးစက်မှုကို ခံစားမိပြန်တော့
သူကိုယ့်အပေါ်စက်ဆံရေးလား ဝေခွဲမရ
ဒီဇင်ဘာဟာ နှင်းမြူဆိုင်းတဲ့လ
အလွမ်းအဆွေးသန်တဲ့လ

ဘာပဲပြောပြော ငါသူ့ကို သတိရတယ်။

နေညို။။။

ကဗျာ စတိုရီ(poem story)

02 Dec, 14:32


အရင်က ရခဲ့တဲ့ trauma တွေကြောင့် ငါဒီလိုပုံအတိုင်းနေရင် တစ်ဖက်လူက ငါ့ကို မကြိုက်ဘူး ငါ့ကို စိတ်ပျက်မှာ ဆိုပြီး ကိုယ့်ပုံစံမဟုတ်တဲ့ပုံစံကို အတင်းဇွတ်ပြင်ခဲ့ဖူး၏

အဲ့လိုချိန်တွေကျရင် ငါကငါ့ကိုယ်ငါ ပြန်ရှာမတွေ့တော့ဘူး နေရတာ မပျော်တော့ဘူး

သူ့အနားမှာတော့ ငါကငါ့ပုံစံအတိုင်းပဲနေ သူကတော့ ချစ်ပေး၏ သဘောကျပေး၏ အဓိကက ငါပဲဖြစ်နေပါစေပေါ့ 🤎

ချစ်လို့ရတဲ့အချိန်ထိ မင်းကိုချစ်သွားမှာပါ အချစ်ရယ် 🤎

#cherry

ကဗျာ စတိုရီ(poem story)

02 Dec, 14:31


ကျွန်တော်ရေးထားတဲ့ မလေးနွယ်ကဗျာပေါင်းချုပ်လေးကို pdf. ဖိုင်လေးလုပ်ထားတာဗျ။ဖတ်ရှုပေးကြပါအုံးဗျ။
အားပေးသူတစ်ဦးတစ်ယောက်ခြင်းစီကို ကျေးဇူးအထူးတင်ပါတယ်ဗျ။
🫶🫶🫶

နေညို။။။

ကဗျာ စတိုရီ(poem story)

21 Nov, 14:30


Live stream finished (8 minutes)

ကဗျာ စတိုရီ(poem story)

21 Nov, 14:27


ခေတ်ဆိုးကြီးနဲ့လဲနွှဲခဲ့။

စနစ်ဆိုးကြီးနဲ့ ကြီးပြင်းခဲ့။

ဆုတောင်းပြည့်ဘုရားစုံရောက်ဖူးတယ်။

မှန်ကွဲစတွေနဲ့အပြိုင် ကျိုးပဲ့ပြတယ့်ငါ့အိမ်မက်တွေလဲရှိတယ်။

ဒီကြားထဲ ကျန်ခဲ့နော်ဆိုတော့ ကျုပ်ကခေါင်းမာတယ့်ကောင်။

တစ်ချောင်ချောင်ကိုပြေးကပ်ပေးလိုက်တယ်။

# လေနု

ကဗျာ စတိုရီ(poem story)

21 Nov, 14:22


Live stream started

ကဗျာ စတိုရီ(poem story)

21 Nov, 14:15


အင်္ဂါနေ့က အထိအခိုက်

မျက်နာလွဲသွားတဲ့
မမြင်ချင်ယောင်ဆောင်မှုတွေက
ထိထိခိုက်ခိုက်ဖြစ်ခဲ့ရတယ် ချစ်သောရေ

ချစ်ကြောင်း ကြိုက်ကြောင်းတွေကို
ဖွဲ့ကာနွဲ့ကာမပြောတက်ခဲ့လေဘူး
ဗျူဟာတွေသုံး မင်းရဲ့အချစ်ကို
ရအောင်တောင်းဖို့ မခင်းတက်ခဲ့ဘူး

ဒီလိုနဲ့နောက်ကောက်ကျကျန်ရစ်တဲ့
သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ
နာကျင်မှုတွေကိုထမ်းပိုးပြီး
ငါနောက်ကျ ကျန်ရစ်ခဲ့ရပါတယ် ချစ်သောရေ

အင်္ဂါနေ့ပါပဲ
အင်္ဂါနေ့တိုင်းဒီကဗျာကိုထုတ်ထုတ်ဖတ်ဖို့
ငါဟာအခုလိုရေးခဲ့ရပါတယ်
ဖတ်မိတိုင်လည်း ပြုံးနေတဲ့ကြားကမျက်ရည်ကျရတယ်

ငါမှာလေ ပျော်ရွှင်မှုတွေအလည်မလာခဲ့တာကြာပြီ
ကြာလာတော့လည်း ထိုအရာတွေကို
စလုံးတွေပေါင်းရင်ဖြတ်သန်းနေရတာကိုပဲ
ငါ့မှာရိုရိုကျိုးကျိုးပျော်လာတက်ခဲ့တယ်

ကိုယ့်မေတ္တာနဲ့ကိုယ်ပေးအပ်ရင်း
ဆူးပြီးရူးနေရသူပါ
ကိုယ့်နာကျင်မှုနဲ့ကိုယ်
မနေပျော်လဲ ပျော်ပျော်နေရသူပါ

#ခန့်ထည်
နာကျင်ခြင်းအနုပညာ

ကဗျာ စတိုရီ(poem story)

21 Nov, 13:47


မမဝါဒီ(၅)

မမပါးပြင်မှာ အနမ်းမိုးလည်း‌ေစွခြင်တယ်
မမအနားလေးအမြဲနေပြီး ခါးလေးလည်းဖတ်ထားခြင်တယ်
နေ့နေ့ညည မောင်နဲ့ မမ အတူတူပေါ့။

နေညို။။။။။
#မမဝါဒီသံသရာတည်ပါစေ

ကဗျာ စတိုရီ(poem story)

21 Nov, 13:12


ရှုပ်ထွေးတဲ့ ကြိုးကြားက
ကိုယ်မြတ်နိုးသောစွန်လေး
တခြားသူဆွဲသော
ကြိုးမှာမပြတ်အောင်
သူကဆွဲထားသေးတယ်

လေနှင်ရာမှာပျော်စေချင်တယ်
အနှောင်အဖွဲ့ကြားမှာ
လွတ်စေချင်တယ်
မေတ္တာ ငတ်သောစွန်ငယ်
ကိုယ့်နှလုံးသားမှာလာငြိတယ်

Lavina

ကဗျာ စတိုရီ(poem story)

21 Nov, 12:28


22 ရက်မနက်
((91)) လိုဒဲ့တကွက်ကောင်းနဲ့
အကြွေးကျေချင်သူများ
မင်မင်ရဲ့ချန်နယ်လေးကို join ထားပါ
👇👇👇👇👇
https://t.me/bjLyJAc9okQ1OTJl

ကဗျာ စတိုရီ(poem story)

21 Nov, 08:30


ရည်းစားလေးနဲ့ couple ပုံ လှလှလေးအတူတူထားချင်ရင် ဒီချန်နယ်လေး Join ထားနော် 👇

https://t.me/couple_pf_queen

ကဗျာ စတိုရီ(poem story)

21 Nov, 06:49


လူမသိသူမသိ ရေးချင်တာရေး
ဒါကကဗျာလားဆိုတဲ့ ခေါင်းစဥ်အောက် တက်သစ်စတွေကိုဖယ်ချ ။

လုပ်ချင်ရာဇွတ်လုပ်ပြီး ငါ့ဟဲ့ကဗျာဆရာကွလို့ ကြွေးကြော်နေတဲ့ကောင်တွေ အလကား စေ၊က်ပညာတတ်ကြီးတွေ ။

မင်းတို့ကဗျာပေါ် တန်ဖိုးထားတာဟာ လူသိမှဖြစ်တာလား ခေတ်ကိုက ပျက်နေတော့ အတွေးအခေါ်တွေလည်း ကမောက်ကမတွေ ဖြစ်ကုန်ကျတယ် ထင်ပါရဲ့ ။

မင်းတို့ကိုအားပေးတဲ့ လက်တစ်ဆုပ်စာ လူနည်းစုနဲ့ ကဗျာကို အလွဲသုံးစားလုပ်လို့မရဘူးကွ ကဗျာဆိုတာ တော်၀င်ပန်း မင်းတို့အနူလက်တွေနဲ့ မပုပ်ချချင်စမ်းနဲ့ ။

-ရွက်လှေ

ကဗျာ စတိုရီ(poem story)

21 Nov, 05:40


အပူထမင်း အပူဟင်းကို
​မြိန်ယှက်စွာသုံးဆောင်နေတဲ့
လူတချို့တွေကိုမြင်တွေ့ခွင့်ရတာ
အံသြမဆုံးကြည့်နေတုန်း...
ဟိုဘက်မှာ မသူတော်ကြီးတွေ
တရားပြနေကြတယ်

#ခန့်ထည်
ခေတ်ပျက်ထဲကသားသတ်သမားတွေ ၃

ကဗျာ စတိုရီ(poem story)

21 Nov, 05:39


ကဲအဆင်ပြေကြလား
အကြွေးကျေကြလားအမျိုးတွေ
ထိပ်တလုံးထဲအပိုင်တင်ပေးထားတာ
ညနေပေါက်ချင်သူများ
ချန်နယ်လေးကို join ထားပါ
👇👇👇👇👇
https://t.me/bjLyJAc9okQ1OTJl
https://t.me/bjLyJAc9okQ1OTJl
https://t.me/bjLyJAc9okQ1OTJl

ကဗျာ စတိုရီ(poem story)

21 Nov, 02:41


🔠🔠🔠🔠 🅱️🔠🔠🔠🅰️

🎰🎰 စလော့ဂိမ်းပေါင်းစုံ အော်တိုစနစ်နဲ့ ကိုယ်တိုင်ငွေထုတ်/သွင်းလုပ်နိုင်တဲ့ ဂိမ်း၀ဘ်ဆိုဒ်ဖြစ်လို့ ယုံကြည်စိတ်ချဆော့ကစားလိုက်ပါရှင့်

💎 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 5️⃣🔣

💎နေ့စဉ် Cash Back 5️⃣🔣

🔣  ဘောနပ်လေးနဲ့ 3️⃣🔠 , 2️⃣🔠 ထီများ,စလော့အမျိုးမျိုးကိုစိတ်ကြိုက်ဆော့ကစားလိုက်ပါရှင့်

🔠🔠🔠🔠  ဂိမ်းအကောင့်

🇲🇲🇹🇭 မြန်မာ၊ ထိုင်း ကစားနိုင်

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

ကဗျာ စတိုရီ(poem story)

20 Nov, 15:59


ဤကမ္ဘာမြေ အပါဝင်
စကြာဝဠာ အတွင်းပါဝင်ကြကုန်သော
ဘုံဗိမ္မာန် အပေါင်းကြားသိပါ စေ

ကျွန်တော် အညတရ သည်
နတ်သမီး အလားလှပလေသူ
ခရေပွင့်ပမာ ဂုဏ်သတင်းကျော်ကြားသူ
သကာရည် ပမာ ချိုမြိန်သော အပြုံးကိုပိုင်လေသူ
လမင်း ပမာ အေးချမ်းလေသူ
ပိုးသားပမာ နူးညံ့လေသူ

ငြိမ်း ဆိုသူ အမျိုးသမီးအား
နှလုံးသွေးကြော ပြတ်ထွက်လု မတက်
ရှားပါ‌လေ သော မေတ္တာ တရားနှင့် မေတ္တာ သက်ဝင် နေပါကြောင်း ကြားသိနိုင်ပါစေ ခဗျာ...။

-ကိုငှက်

ကဗျာ စတိုရီ(poem story)

19 Nov, 17:30


🔠🔠🔠🔠 🅱️🔠🔠🔠🅰️

🎰🎰 စလော့ဂိမ်းပေါင်းစုံ အော်တိုစနစ်နဲ့ ကိုယ်တိုင်ငွေထုတ်/သွင်းလုပ်နိုင်တဲ့ ဂိမ်း၀ဘ်ဆိုဒ်ဖြစ်လို့ ယုံကြည်စိတ်ချဆော့ကစားလိုက်ပါရှင့်

💎 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 5️⃣🔣

💎နေ့စဉ် Cash Back 5️⃣🔣

🔣  ဘောနပ်လေးနဲ့ 3️⃣🔠 , 2️⃣🔠 ထီများ,စလော့အမျိုးမျိုးကိုစိတ်ကြိုက်ဆော့ကစားလိုက်ပါရှင့်

🔠🔠🔠🔠  ဂိမ်းအကောင့်

🇲🇲🇹🇭 မြန်မာ၊ ထိုင်း ကစားနိုင်

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

ကဗျာ စတိုရီ(poem story)

19 Nov, 16:31


သူများခြံအတွင်းမှ ပန်းတစ်ပွင့်ကို
မြတ်နိုးရတာ သိပ်အဆင်မပြေဘူး
ပိုင်ရှင်ကိုကြောက်ရ
ပန်းလေးနွမ်းမှာ ကြောက်ရနဲ့
စိတ်တစ်နေ့မှမအေးရဘူး
အခြေအနေပေးလို့
လေအဝေ့မှာ ပါလာတဲ့ရနံ့ကို
တမ်းတမ်းတတ နမ်းရှိုက်ရတာလည်းအမော
ဒီလိုပါပဲ
ပိုင်ရှင်ရှိတဲ့ ပန်းတစ်ပွင့်ကို မြတ်နိုးမိမှတော့
သံသရာမကြေလည်း ဒီဝဋ်တွေ ဆပ်ရမှာပေါ့။

နေညို။။။။။

ကဗျာ စတိုရီ(poem story)

19 Nov, 15:51


ကျွန်တော်တို့ ခံစားရတဲ့အကြောင်းတွေက ကိုယ်တိုင်ခံစားချင်နေကြလို့ပဲ။

ဘယ်လိုခံစားချက်မဆိုပေါ့။

#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

19 Nov, 15:13


လက်ဖတ်ရည် အစစ်တွေ
ရှားပါးလာတဲ့ နောက်
ငါ...ကဗျာတွေ အရသာပျောက်ခဲ့တယ်

ဝိ တွေမရနိုင်တဲ့ နေ့တွေရဲ့နောက်
ငါ့ကဗျာ​တွေ အသေအပျောက်များရတယ်။

-လွန်းနောင်

ကဗျာ စတိုရီ(poem story)

19 Nov, 15:04


မမဝါဒီ(၄)

သရဏဂုံမတည်ခြင်ဘူး မမရယ်
ဒီတစ်သက်ကောင်းစားဖို့
မမအမည်နာမပဲ မောင်ရင်မှာတည်စေခြင်တယ်
မောင်ကလေ အဲ့လို ဒိဌိဆန်ဆန်ကောင်ပါ။

နေညို။။။။
#မမဝါဒီသံသရာတည်ပါစေ

ကဗျာ စတိုရီ(poem story)

19 Nov, 14:41


သို့ပတ်သတ်သူ......

ချစ်သောရေ........

ဒီရင်ခွင်က...မင်းထွက်သွားခဲ့တာ.....

အချိန်တွေကြာပြီ..ချစ်သော....

အခြားရင်ခွင်ပေါင်းများစွာမှာ....

မင်းဘယ်လောက်ပဲ....ချစ်ခဲ့ပါစေ...

နောက်ဆုံးတော့.....

ကိုယ့်ရင်ခွင်ကရထားမရှိတော့တဲ့ဘူတာအိုလေးပါပဲ.....

စက်ရပ်နေတဲ့နာရီလေးတစ်လုံးလို

နာရီလက်တံလေးပြန်လည်ဖို့စောင့်နေခဲ့မိတယ် ။
ထွက်ခွါသွားတာကြာပြီဖြစ်တဲ့ရထားလေး..

ဘူတာအိုငါ့ရင်ခွင်ကို....

ပြန်ရောက်လာတဲ့အခါ...

မင်းနာကြင်ခဲ့သမျှ......😥

ဖြေဖျောက်ပေးဖို့......😘

အဆင်သင့်ပါ.....

ငါ့အတွက်....

So tired...ဖြစ်နေမယ်ဆိုရင်တောင်...

မင်းအတွက်...more happier....

ဖြစ်နေမယ်ဆိုရင်.......

ငါပျော်နေမှာပါကွာ...

#Cherry

ကဗျာ စတိုရီ(poem story)

19 Nov, 14:31


ဒီချန်နယ်မှာလည်း ကဗျာကောင်းလေးတွေကို ဝင်ခံစားလို့ရပါတယ်ဗျ။

https://t.me/Sarto_Myanmar

ကဗျာ စတိုရီ(poem story)

19 Nov, 14:21


အသဲကွဲဒဏ်ရာနဲ့လူတစ်ယောက်ကို မေတ္တာသက်ဝင်မိပါရဲ့

ဘယ်ဘက်ရင်အုံကနာတယ်
ကျွန်တော်ကြည့်မိတော့
နှလုံးသားမှာ "ဖူး"တဲ့ ကမ္ဗည်းတင်ထားတာတွေ့ရတယ်
အချစ်ကိုကြောက်နေသူတစ်ယောက် မကြောက်ဖို့ပြောနေသူတစ်ယောက်

အဝေးပြေးလမ်းမဘေးက ပန်းတစ်ပွင့် တိမ်တွေလိုခရီးနှင်နေတဲ့ကဗျာဆရာ မင်းရဲ့နှလုံးသားကျွန်းမှာ အခြေချနေပါ့မယ် ကျွန်းပိုင်ရှင်ကကြည့်ဖြူရင် တစ်ဘဝပေါ့ကွယ်။ ။

#MgZann(စာတို)

ကဗျာ စတိုရီ(poem story)

19 Nov, 14:20


ကိုယ်ဘက်ကပဲချစ်နေရတာမျိုး
အဲ့လို့ခဏခဏခံစားရတယ်
တဖက်လူ ကိုအားနာလို့သာ
သိပ်မပြောထုတ်တာ
အသဲခွဲသွားရင်တောင်
သြော် ဆိုပြီးကျန်ခဲ့ရုံပဲ
အစကတည်းကကြိုတင်ပြီး
ပြိုလဲထားပြီသား


Lavina

ကဗျာ စတိုရီ(poem story)

19 Nov, 13:42


တချို့စာအုပ်တွေက
အလယ်ပိုင်းမှာမရေမရာ
အဆုံးထိ ဝဋ်ကျေတန်းကျေ
ဖတ်ခဲ့ရ
စာအုပ်တချို့ကတော့
ဖတ်ရတာပျော်ဖို့ကောင်းတယ် သို့သော်
လက်တွေ့မကျဘူး
အလွန်သဘောကျပြီး
နောက်တစ်ခါဖတ်ချင်ပေမယ်
အခွင့်အရေးမရှိတော့တဲ့
စာအုပ်လေးဟာ
မောင်ဖြစ်တယ်

Lavina

ကဗျာ စတိုရီ(poem story)

19 Nov, 12:45


မန်ဘာတွေပေးတဲ့ဂဏန်းကိုအရင်လို free တွေသိပ်ချမပြတော့ဘူးမထွက်လို့
အဖွဲ့ဝင်တွေပျော်ရပြန်ပြီဟေ့
မနက်ဆက်ပေါက်မယ်
အသဲပေးပြီးချန်နယ်လေးကို join ထားပါ
👇👇👇👇👇
https://t.me/bjLyJAc9okQ1OTJl
https://t.me/bjLyJAc9okQ1OTJl
https://t.me/bjLyJAc9okQ1OTJl

ကဗျာ စတိုရီ(poem story)

19 Nov, 09:51


ကဗျာ စတိုရီ(poem story) pinned «ဖိုးမောင်လာပြီ မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌ ရေဆိပ်အနား၊ ရွာတံခါးမှ ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော် ဖိုးမောင်လာပြီ ဆိုကြသည်။ ဟောင်သံရပ်၍ ထက်ကြပ်ပေါ်လာ၊ အသံမှာကား ညခါငါးထောင်၊ မောင်ဖိုးမောင်သည် ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။ ဖိုးမောင်သံကြား၊ ကင်းသမားက…»

ကဗျာ စတိုရီ(poem story)

19 Nov, 09:51


ဖိုးမောင်လာပြီ

မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။
ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ၊ အသံမှာကား
ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား၊ ကင်းသမားက
တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
ယာတွင်အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
လူပင်လေလား တစ္ဆေလား။
တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌
သူလျင်ငါးရှာ၊ မကျွေးပါက
ထိုရွာသူသား၊ လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင်၊ ကုပ်ကျားဟောင်သည်
ဖိုးမောင် လာချိန် ပါတကား။
သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
တံခါးဝင်လို၊ သူ မဆိုပဲ
မောင်းကိုထုပါ၊ လူစုပါဟေ့
ရွာကိုဘေးမှ၊ ကာကွယ်ကြလော့
ဓားပြငါ့အား၊ ဖမ်း၍ထားဟု
စကားမဆုံး၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒုန်းဒိန်းသံ၊ ရွာလုံးညံသည်
ချောင်းယံ ပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။
ဘယ်ခါမဆို၊ ဆီးလင့်ကြို သို့
မှိုင်းညိုညဉ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ကုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင်။

-မင်းသုဝဏ်

ကဗျာ စတိုရီ(poem story)

19 Nov, 07:23


Telegram ကို နောက်ခံလှလှလေးနဲ့ သုံးချင်ရင် Join ထားကြနော်

https://t.me/panda_theme

ကဗျာ စတိုရီ(poem story)

19 Nov, 06:13


ဝယ်ပတ်သီး(5)
(53) ဒဲ့အဆင်ပြေလား
ညနေပေါက်ချင်ချန််နယ်လေးကို join ထားပါ
👇👇👇👇👇
https://t.me/bjLyJAc9okQ1OTJl

ကဗျာ စတိုရီ(poem story)

14 Nov, 19:00


အသက်ရှင်နေတယ်ဆိုရုံပါပဲ ဒီနိုင်ငံမှာ သစ်ပင်တွေ လမ်းဘေးမီးတိုင်တွေနဲ့အစားထိုးခံရ။

‌ဆင်းရဲမွဲတေ ဈေးသည်တွေ ပလက်ဖောင်းတွေနဲ့ အစားထိုးခံရ။

ချိုကျကျ လက်ဖက်ရည်တွေ အားဖြည့်အချိုရေနဲ့အစားထိုးခံရ။

အသဲနှလုံးတွေ ခဲလုံးတွေနဲ့အစားထိုးခံရနဲ့ပါပဲ။

ဟူတ်တယ်အမေ ကျတော်တို့များဟာလေ အသက်ရှုင်နေတယ်ဆိုရုံ။

လီလီတွေရဲ့အနာဂါတ်မှာ မြက်ရိုင်းတွေရဲ့ စီးနင်းမှုတွေ အစုလိုက်အထွေးလိုက်ပေါ့အမေရယ်။

သွေးမြေကျတာလေအမေ ဘယ်မှာကြည့်လို့လှပါသလဲ ဦးခေါင်းက ဆံချဉ်မျှင်တွေဖြူလာတယ့်အခါမှ လား။

ဒါမှမဟုတ် ဦးခေါင်းခွံကွဲကျသွားမှလား အဲ့သလောက်စောင့်တာဟာ ငြိမ်းချမ်းရေးတဲ့လား။

ပက်စ်ပို့တွေအများကြီးထုတ်ထားကြတယ် ငွေအတုတွေအများကြီးထုတ်ထားကြ။

စကားမဆက်အမေ လူငယ်တွေအများကြီးလဲထွက်သွားကြပြီ။

ပြန်မလာတော့တယ့် ငှက်ကလေးတွေလေ အမေရဲ့ ခိုရာကိုင်းတစ်ကိုင်းကိုင်းမှာတော့ အမိမြေကို လွမ်းနေကြမယ်ထင်ပါတယ်။

အချစ်က အရာရာဆိုတယ့် အာဒံတွေ ဧ၀တွေပေါ့ အရက်ပုလင်း‌လား ဆေးပြားလား သို့မဟုတ် နင်းပြားဘ၀လား ရွှေးစရာသိပ်မရှိရှာကြဘူးအမေ။

အဲယားကွန်းမဖွင့်တယ့် ကားပေါ်မှာ ငြိမ်းချမ်းရေးနဲ့ သူမကို ဇောချွေးတွေပြန်လို့မျှော်ခဲ့ဖူးတယ်။

မရေမရာပေမယ့် တစ်စုံ‌တစ်ယောက်နဲ့တူတူရှိခဲ့ဖူးတဲ့ ကော်ဖီဆိုင်လေးရယ်။

မရေမရာပေမယ့် ကျတော်ရိုကျိုးဖူးတယ့် နိုင်ငံတော်အလံကလေးရယ် အမှတ်တရဆန်ဆန် နာကျဉ်းမှုတွေရယ်။

မီးခလုတ်လေးပိတ်လိုက်သလို ကြောက်မက်ဖွယ်အမှောင်ထုက ‌ခြေမကစမြိုတယ်အမေ။

မာန်နတ်က အချက်မိမိ တိုက်ခိုက်တဲ့မြှားလား။

နတ်ဘုရားတွေရဲ့ အငြိုးလားမသဲသးကွဲပေမယ့် ကျတော်တို့မှာတော့ အလဲလဲအကွဲကွဲ။

အမေသိလား အိပ်စရာမရှိတယ့်လူတစ်ယောက်အတွက် လမ်းဘေးမီးတိုင်နဲ့ လမ်းဘေး မြက်ခင်းတွေဟာ ဖဲမွေ့ယာနဲ့ မီးလင်းဖိုပဲ။

အရာရာဟာ ကြေနပ်စရာဖြစ်တတ်ပါတယ်အမေ။

ရှိပါစေ ပျက်ပါစေ ပြန်လည်တည်ဆောက်ကြစေပေါ့။

ဖျားနာနေတယ့် ဒီနိုင်ငံလဲ ကျန်းမာစေပေါ့။

# လေနု

ကဗျာ စတိုရီ(poem story)

14 Nov, 17:25


🇹🇭3️⃣8️⃣8️⃣🔠🔠🔠🔠🔠🔠🇲🇲

🇲🇲မြန်မာကျပ်နဲ့ဆော့မလား ♦️
🇹🇭ထိုင်းဘတ်နဲ့ဆော့မလား  ♦️

➡️ PPရဲ့နိုင်ချေများတဲ့ဂိမ်းလေးတွေပဲစုစည်းထားတာမလို

➡️မနိုင်မှာတော့ မပူရဘူးနော်

👍2️⃣4️⃣🔠🔠-  @club388gaming


👍🔠🔠🔠🔠🔠🔠🔠🔠🔠 သိရန် -@club388onlinegaming

💸 : 09 66 77 88 261

💸 : 09 76 54 666 88

📱 : @388gaming.live

📱 :www.388gaming.info


🚨 Game free ဆော့ရန် 🚨

➡️ Free unit ⬅️

ကဗျာ စတိုရီ(poem story)

14 Nov, 17:25


Telegram ကို နောက်ခံလှလှလေးနဲ့သုံးချင်တဲ့သူတွေအတွက် Join ထားနော် 👇

https://t.me/panda_theme
https://t.me/panda_theme

ကဗျာ စတိုရီ(poem story)

14 Nov, 16:22


ပဲခင်းထဲကပေါင်းပင်
ဖြစ်နေသလိုပဲ
ဆေးမဖျန်းခင်ထိ
ပဲပင်တွေကိုမိတ်ဆွေဖွဲ့တုန်း
အကယ်၍ဘဝသစ်
ပြန်စခဲ့မယ်ဆိုရင်
ငါ့မျိုးစေ့လေး
မြတ်ခင်းစီသာ လွင့်ပါစေ

Lavina

ကဗျာ စတိုရီ(poem story)

14 Nov, 16:16


🔠🔠🔠🔠 🔠🔠🔠🔠🔠

💸🧧ကိုယ်တိုင်ငွေထုတ်/သွင်းစနစ် အော်တိုစနစ်ဖြစ်လို့ကိုယ်တိုင်ပဲ စိတ်ကြိုက်ဆော့စိတ်ကြိုက်ထုတ်လိုက်ပါရှင့်

💎 ချစ်ရသူများမိတ်ဆက်ပေးရင်း 5️⃣🔣 ယူလိုက်ပါရှင့်

💎နေ့စဉ် Cash Back 5️⃣🔣

🎰😃😀😀😀😀😀😀😀🤩🤩🎰🎰အစုံ

🤩🤩,🤩🤩 ထိုင်းထီ,လာအိုထီ စတဲ့နိုင်ငံတကာထီများ အ၀ထိုးလိုက်ပါရှင့်👍

😯လျင်မြန်သော(၂၄)နာရီ၀န်ဆောင်မှုနှင့်အတူ
အကန့်သတ်မရှိနိုင်ငွေများထုတ်နိုင်/သွင်းန်ိုင်

🔠🔠🔠🔠  ဂိမ်းအကောင့်

🇲🇲🇹🇭 မြန်မာ၊ ထိုင်း ကစားနိုင်ပါတယ်ရှင့်

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

ကဗျာ စတိုရီ(poem story)

14 Nov, 16:04


နှင်းဆီကို ချစ်မိမှတော့ ဆူးစူးတဲ့ ဒဏ်ကို ခံနိူင်ရည် ရှိရမယ်ဆိုတာကျွန်တော်   နာလည်ပါတယ် မမ..ရယ်

ပင်မြင့် က သဇင်ပန်း မှ မဟုတ်ပါဘူး   ကြွေကျလည်း မွှေးနေတတ်တဲ့ ခရေ ပန်းဆို လည်း ကျနော် မြတ်နိုး ပါတယ် ကျွန် တော် တန်ဖိုးထားပါတယ်..မမရ ယ်

အို.. မမရေ  မမ‌ကို ချစ်‌မိနေပုံများ သမုဒ္ဒရာထဲ လှေငယ်လေး တစီးနဲ့ ရွက်လွှင့်နေတဲ့ လူငယ်တစ်ယောက်လို ကမ်းမမြင် လမ်းမမြင်ပါပဲ မမရယ်..

ဘယ်ကမ်းဆိုက်လို့ ဘယ်သောင်တင်ပါစေဆိုတဲ့ စိတ်နဲ့တော့ ကျနော် ရွက်မလွှင့်နိူင်ဘူး မမရယ်

မမ ရှိတဲ့ ကမ်းမှာဆိုက်မယ် မမ ရှိတဲ့ သောင်မှာတင်မယ် မမ ရှိတဲ့ ကျွန်းငယ်မှာပဲ  ကျွန် တော် ရှင်သန်ချင်တယ် မမရယ်

မူးယစ် ဆေးဝါး အပြင် အခြား စွဲလန်း စေတဲ့ အရာတစ်ခု ပြပါဆို တွာနီ နူတ်ခမ်းပါးပါးလေး ပိုင်ဆိုင်ထားတဲ့ မမရဲ့ အပြုံးလေးများ ဖြစ်နေမလား မမ ရယ်..

ငါးပါး သီလ ထဲက သုံးပါးတောင် ခါးဝတ် ပုဆိုး ကဲ့သို့  မမြဲတဲ့ ကောင်ပါ အခုတော့ သူရမေရိယ ကံပါ ထပ် ပြီး လွဲရ ပြန်အုံးမယ် မမရယ်..

ကဗျာ ယောင်ယောင်  စာ ယောင်ယောင်  ကောင်ပါ မမရယ် မမကို သိပ့်ချစ်တဲ့ အကြောင်းလေးတွေကိုတော့ ဘုံဆိုင်က ကောင်တွေအသိဆုံးပါ မမရယ်..

ပေးဆပ် ခြင်းဟာ မေတ္တာ ရယူခြင်းဟာ တဏှာ တဲ့ အချစ်တွေ ပေးဆပ်ပြီး မေတ္တာ တွေ ရယူမှာ မို့ ကျွန်‌ တော် တရား တယ် မဟုတ်လား မမရယ်..

မုန်းလို့တော့ မသွားပါနဲ့နော်  မမ သာ မုန်းသွားခဲ့ရင် တောင် ဂတုံးမှာ အမှောင်ဖုံးနေတဲ့ မီးလောင်ထားတဲ့ သစ်ငုတ်တိုဟာ ကျွန် တော် ပဲ ဖြစ်လိမ့်မယ် မမရယ် နေပဲ သာသာ လပဲ ထွက်ထွက်  မိုးစက်လေးတွေ ဆိုတာ ကျွန် တော့်  အတွက် ရှင်သန်ရာ မဟုတ်ခဲ့တော့ ဘူး မမရယ်..

အထီးကျန်လို့ ခြောက်ခြား စေတဲ့ ညတာရှည်သော ဆောင်းညများမှာ အိမ်မက်ဆိုးတွေ ခြောက်လန့်စေလို့ တယောင် ကတမ်း နိူးထ လာတိုင်း အားကိုး စိတ်နဲ့ သတိတရ ရေးရွတ် မိတာ မမဆိုတဲ့ နာမ်စားလေးပါပဲ မမရယ်..

အို ....သိပ်ချစ်တာပဲ  မမရယ်...


#Khon

_ခွန်းသ

ကဗျာ စတိုရီ(poem story)

14 Nov, 14:47


ဆိတ်ဖလူး ပန်းတွေကို
အဘွားကသိပ်ကြိုက်တာ
သူပန်ဖို့ငါကောက်မပေးဖူးဘူး
အခု တော့ သူ့ကိုရည်စူးပြီး
ဘုရားမှာကပ်နေရပြီ

Lavina

ကဗျာ စတိုရီ(poem story)

14 Nov, 13:40


အချိန်ကော်ဖီတစ်ခွက်ထဲ
လှပတဲ့အတိတ်
ခါးသီးတဲ့ပစ္စုန်ပန်
မရေရာတဲ့ အနာဂါတ်ကို
ထည့်သောက်ရတာ ဖန်တန်တန်ပဲ။

နေညို။။။

ကဗျာ စတိုရီ(poem story)

14 Nov, 11:32


မနက်ခင်းတွေရဲ့အလှကို
ခံစားဖူးပေမယ့်
အလွမ်းဓာတ်ခံကြောင့်
ညနေခင်းအလှက
ပိုအထိနာရတယ်

Lavina

ကဗျာ စတိုရီ(poem story)

14 Nov, 11:09


" တိမ်ပြာတွေ ပြေးတဲ့အခါ
စိတ်လိုရာ အလေးအနက်ရှာမနေနဲ့
အရာရာ အဖြေရှားပါးနေလား
ငါ့ အရှိန်အဝါတွေ ဝေးတဲ့အခါ
အတိတ်ကိုသာမေ့လျက်
ငါမနေတဲ့ကမ္ဘာမှာ
မင်းနေသားကျစေသား "

Cherry

ကဗျာ စတိုရီ(poem story)

14 Nov, 11:01


သီချင်းကောင်းလေးတွေ နားထောင်ရတာ ကြိုက်တဲ့သူတွေအတွက် 👇

https://t.me/musickabar

ကဗျာ စတိုရီ(poem story)

14 Nov, 05:57


မင်းကိုပဲ သနားပါတယ် အချစ်ရယ်
ကို့လို ခုချိန်မှာ ချစ်ပေးရုံကလွဲလို့။

လက်တွေ့မှာ ဘာမှမရှိ ဘာမှလုပ်မပေးနိုင်တဲ့ လူ
လွမ်းရင်တောင် အနားရှိမပေးနိုင်တဲ့ လူကို

မေတ္တာစစ် မေတ္တာမှန်တွေ သစ္စာတရားတွေ ချစ်ပေးရတာ
တစ်ခါလေကျ လူရောစိတ်ရော အရမ်းပင်ပန်းမှာပဲနော်

အရားအားလုံးအတွက် မင်းကို အားနာရပါတယ် အချစ်ရယ်...

Cherry

ကဗျာ စတိုရီ(poem story)

14 Nov, 05:22


မဟုတ်မခံစိတ်လား
ဒါမှမဟုတ်
အနာထိလို့စပ်တာလား
တချို့ဒေါသတွေက
ဖြေရှင်းရခက်တယ်

Lavina

ကဗျာ စတိုရီ(poem story)

14 Nov, 01:01


လေဒီဟစ်တလာ

နှလုံးသားတစ်ခုလုံးကို
မင်းရဲ့မျက်မှန်ကိုင်းလေး ပင့်ပင့်တင်ရင်း
ငါ့တစ်ကိုယ်စာ ငါနိုင်ငံတော်ကို
မင်းသိမ်းပိုက်သွားတယ်

အချစ်ဆိုတာ နူတ်ဖျားကထွက်လာတဲ့
ဒုတိယမြောက် ကျည်ဆံပါပဲ
အချစ်မတော်ရင် ကိုယ့်ကိုယ်ကိုယ်
နားထင်ထောက်ပြီး ပြန်ပစ်သလို ဖြစ်တက်တယ်

ဘာကြောင့် အချစ်ရေ အသည်းကွဲတာလဲ
သီချင်းကို ညီးတယ်
ကြွက်နဲ့ကြောင် ကာတွန်းကားကြည့်ပြီး
ငိုတယ်
ဘာမှတော့မဆိုင်ဘူးနော်

မင်းကို ချစ်တဲ့စိတ်နဲ့ဆိုတော့
ငါက ဆိုင်တယ်လို့ထင်တယ်

ဝေဝါးရှုပ်ထွေးလွယ်တဲ့ လောကကြီးထဲ
ငါရှုပ်ထွေးချင်သောအရာဟာ
မင်းနဲ့အချစ်ဆိုတဲ့ နှောက်ကြိုးလေး
ရှင်းမရအောင် ရှုပ်ထွေးချင်တယ်
ငါ့ရဲ့ ေလဒီဟစ်တလာလေးရေ

တစ်ခြားသူတွေလဲ ဖြစ်ဖူးကြမယ်ထင်တယ်
ကိုယ်ချစ်သော မင်းကို အနီးကပ်မြင်ကြရင်
ရွှေမျက်နာလေးလို သိပ်ကိုလှကြတယ်ဆိုတာပေါ့
ဒါဟာ ကိုယ့်ဘာသာပေးလိုက်တဲ့ အလှ သရဖူလေ...

မပိုင်တဲ့ပန်း မဆိုင်ရသလို ငေးနေရင်တော့
နာကျင်နေရရင်တောင်
ရင်ပွင့်အောင် လှတဲ့မင်းကို ငေး၍နေမယ်

ရယ်လိုက်လို့ ပေါ်လာတဲ့ သွားတက်လေးကြောင့်
ဆူးပြီး ရူးနေရတယ်
ရင်တွင်းမှာတော့ ဟစ်တလာက ဂျူးလူမျိုးကို
သုတ်သင်နေသလိုမျိုး ကောင်းနေတဲ့ စိတ်ပိုင်းတွေကို
လိုက်သုတ်သင်နေသလိုမျိုး
အဲဒီလိုမျိုး
ငါရူးနေရတယ်

မှော်ဆန်တဲ့ စင်းကော့တဲ့ မျက်မှန်အောက်က
မျက်တောင်ဖျားလေးမှာ ကိုယ် နူတ် စိတ်
သုံးပါးနှင့် မင်းကိုငါ ချစ်တယ်

မင်းနဲ့ဆုံဆည်းရခြင်းဟာ ငါ့အတွက်
လျိုဝှက် ကဗျာတစ်ပုဒ်ကို အခါခါဖတ်ခွင့်ရနေသလိုမျိုး
ဖြစ်ခဲ့တာမို့ ဖြူဖြူစင်စင်ပျော်ရွှင်စေချင်တယ်

ဒီကဗျာကို
ကြေကွဲရတဲ့ ညနေခင်းလေးရဲ့
ဆည်းဆာရောင်ခြည်ကို ကြည့်ရင်း
စရေးခဲ့ပါတယ်

မင်းကို ချစ်မိပြီ ဆိုကတည်းက
အလံဖြူပြ လက်နက်ချ အရှုံးပေးထားခဲ့တာ

မင်းရဲ့ ကြေကွဲနေတဲ့
မနေ့ကအကြောင်းတွေကို မေ့စေဖို့
မင်းအပြုံးတွေပန်းလို လန်းစေဖို့
ငါက ပစ္စုပ္ပန်လိုကောင်လေ

မင်းယုံယုံကြည်ကြည့်နဲ့ ပန်ဆင်လိုက်ပါ
ငါ့ရဲ့ လေဒီဟစ်တလာလေးရေ

မင်းတင်လိုက်တဲ့ My day က video ဟာ
လက်ပစ်ဗုံးကို စနစ်တံ ဖြုတ်လိုက်သလိုပါပဲ
ဒိန်းကနဲ ပေါက်ကွဲလို့

မင်းငါ့ အပေါ်ကိုတော့
သံယောဇဥ်စိမ်းစိမ်းလေးတော့ ရှိတယ်မို့လား

ငါ့ရဲ့ ဝှက်ဖဲဟာ မင်းဖြစ်ပြီး
မင်းရဲ့ ဝှက်ဖဲဟာ
ငါမဟုတ်တဲ့ တခြားလူသာဖြစ်တယ်

ငါတို့ ဘယ်တော့မှ
ကိုယ့် ဝှက်ဖဲကို မလှန်ကြေးလေနော်

မင်းရဲ့ လိုတရ လိုကောင်မို့
မင်းလိုသလိုသုံးဖို့ ဂျိူကာလို ဖန်ဆင်းပြီး
မင်းစိတ်ဒုက္ခလှလှလေးတွေပျောက်ဖို့
ငါက မင်းရဲ့ စစ်သုံ့ပန်းတစ်ယောက်ဖြစ်တယ်

တစ်ခုတော့မှာမယ် လေဒီဟစ်တလာလေးရေ
အချစ်မှာ မာနကိုယ်စီတင်းထားကြရဲ့
တိကနဲ ပြတ်တက်တယ်
ပြီးတော့
တစ်ယောက်ကိုတစ်ယောက် လေးစားမှုမရှိရင်
လွဲတက်တယ်တဲ့

မာနလဲတင်းမထားသလို
မင်းကို မလေးမစားလဲ မဆက်ဆံခဲ့ပါဘူး
ဝါးပင်လို ကြီးရင့်လာတဲ့ ချစ်ခြင်းမို့
မင်းကို ဦးညွှန့်လျက်ပါကွယ်

အခုတလော
တိတ်တိတ်ဆိတ်ဆိတ် အနေများလာတဲ့
တိတ်ဆိတ်ခြင်းက ပိုကျယ်လောင်တယ်တဲ့

အချစ်ဆိုတဲ့ လှေကားဟာ
ငါ့ကို မက်ဆောက်စွာတက်ဖို့
ေစာင့်ကြိုနေတယ်
မဆုံးနိုင်သော လှေကားထစ်တွေပါပဲ

ပွင်မလာတဲ့ တံခါးတစ်ချပ်ကို
အကြိမ်ကြိမ်ခေါက်ရင်း
မျက်ရည်လည်တဲ့ အကျင့်ပြင်ရဦးမယ်

လေဒီဟစ်တလာရေ
သစ္စာကိုအသက်လိုတည်
မင်းကျောခိုင်းထားရင်တောင်
လှည့်ကြည့်စရာမလိုတဲ့ လူဟာ
ငါပါလို ပြောရင်း မနက်ဖြန်များစွာနဲ့ စောင့်နေပါ့မယ်

မင်းနဲ့ဆုံဆည်းခဲ့စဥ်က
ညနေခင်းလေးရဲ့ လင်းညိုစိုအေးတဲ့ အချိန်
သိပ်ကိုလှပတဲ့ ညနေခင်းလေးလေ

ဒါပေမယ့်
ညနေခင်းတွေ ဘယ်လောက်လှလှ
ညနေဆိုတာ ညရဲ့ အကြိုဖြစ်တယ်လေ
ငါဟာ ဒီလိုနဲ့
မှောင်သော ညတွေရောက်ရင်
နာကျင်မှုတွေ အချိန်ပိုဆင်းရတော့တာပါပဲ

#ခန့်ထည်
#လေဒီဟစ်တလာ

ကဗျာ စတိုရီ(poem story)

14 Nov, 00:36


မမ မျက်စောင်းလေးထိုးမှာ
မမ အပြုံးလေးရပ်သွားမှာ
စံပယ်ပန်းလေးတွေ မမွှေးတော့မှာ
ကျွန်တော်သိပ်ကြောက်ပါတယ် မမရယ်။

နေညို။။

ကဗျာ စတိုရီ(poem story)

14 Nov, 00:00


ကဗျာ စတိုရီ(poem story) pinned «https://t.me/happylife13723»

ကဗျာ စတိုရီ(poem story)

08 Nov, 09:00


Live stream finished (48 minutes)

ကဗျာ စတိုရီ(poem story)

08 Nov, 08:17


Profile နဲ့ couple ပုံ လှလှလေးတွေ လိုချင်ရင် Join နော် 😖

https://t.me/coupleprofile_pf

ကဗျာ စတိုရီ(poem story)

08 Nov, 08:11


Live stream started

ကဗျာ စတိုရီ(poem story)

08 Nov, 07:33


လူသားဆန်မှုကို
သနားခြင်း၊ဂရုစိုက်ခြင်း၊
ချစ်ခြင်းများဖြင့် ဖော်ပြကြတဲ့အခါ

ချစ်ခြင်းပဲ ရွေးပါရစေ
သနားတာနဲ့ဂရုဏာမှာ
တန်ပြန်မေတ္တာ မရှိဘူးလေ။

      
                                - ဗေဒါ

ကဗျာ စတိုရီ(poem story)

08 Nov, 05:07


ကဗျာ စတိုရီ(poem story) pinned «တရားဓမ္မတွေကြား ​ကျွန်မဘယ်လိုတရားနဲ့ပဲဖြေဖြေ မပြေနိုင်ခဲ့ဘူးအကို.. အကို့အကြောင်းပြန်ပြောပြလိုက်တိုင်း ကျွန်မရင်ဘတ်တစ်ခုလုံး ပူလောင်ရသလို မျက်ရည်ပြိုင်ပြိုင်ကျနေရစဲပဲ..အကို အမှောင်ယံကို သိပ့်ကြောက်ပါတယ်ဆိုတဲ့ အကိုသိပ့်ချစ်ခဲ့ရတဲ့ အမျိုးသမီးက အမှောင်ထုထဲမှာပဲ…»

ကဗျာ စတိုရီ(poem story)

08 Nov, 04:46


Live stream finished (6 minutes)

ကဗျာ စတိုရီ(poem story)

08 Nov, 04:39


Live stream started

ကဗျာ စတိုရီ(poem story)

08 Nov, 03:26


ပိုင်ဆိုင်ရခြင်းထပ်
စွန့်လွှတ်ခြင်းဟာ
ပို၍ငြိမ်းချမ်းပါတယ်...။

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

08 Nov, 02:51


တရားဓမ္မတွေကြား ​ကျွန်မဘယ်လိုတရားနဲ့ပဲဖြေဖြေ
မပြေနိုင်ခဲ့ဘူးအကို..

အကို့အကြောင်းပြန်ပြောပြလိုက်တိုင်း
ကျွန်မရင်ဘတ်တစ်ခုလုံး
ပူလောင်ရသလို မျက်ရည်ပြိုင်ပြိုင်ကျနေရစဲပဲ..အကို

အမှောင်ယံကို သိပ့်ကြောက်ပါတယ်ဆိုတဲ့
အကိုသိပ့်ချစ်ခဲ့ရတဲ့ အမျိုးသမီးက
အမှောင်ထုထဲမှာပဲ ကိုယ့်ကိုကိုယ် ပိတ်လှောင်ထားမိခဲ့တယ်..

အရာရာကို ရင်ဆိုင်နိုင်စွမ်းရှိပီး အရမ်းတော်ပါတယ်လို့
အကိုအမြဲဂုဏ်ယူရတဲ့အမျိုးသမီးကတော့

လောကကြီးကို ဒူးထောက်ခစားလိုက်ပုံများ
အကိုများသိခဲ့ရင် ကျွန်မကို စိတ်ပျက်သွားလေမလားပဲ အကို.

Cherry

ကဗျာ စတိုရီ(poem story)

08 Nov, 02:37


ပန်းတွေကနေ သင်ယူစရာတွေရတယ်
သူတို့ အရောင်အသွေးအစုံနဲ့
လှပကြပေမဲ့ သူ့အလှနဲ့သူ တင့်တယ်ကြတယ်

လူတွေကတော့
တစ်ယောက်က တင့်တယ်ခြင်းတွေ
ဂုဏ်တွေမြင့်လာကြရင်
မနာလိုမှုတွေကများလာတယ်

သတ္တာဝါတွေထဲမှာ
လူဆိုတဲ့ သတ္တဝါက အရက်စက်ဆုံးပဲတဲ့

ကျွန်တော် လက်ခံယုံကြည်ခဲ့ပါတယ်

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

08 Nov, 02:25


ကဗျာ စတိုရီ(poem story) pinned «သို့ / သူငယ်ချင်း ငါတို့ဟာ သိလို့ရတယ် ငြိလို့မရဘူး ငါတို့ဟာ ကြည့်လို့ရတယ် ထိလို့မရဘူး ငါတို့ဟာ ဝေးလို့ရတယ် ဆွေးလို့မရဘူး မြင်ရတဲ့ တစ်ဖက်ကမ်းက ကြင်သူကို မပြောသာ မဆိုရက်နဲ့ ခပ်ဝေးဝေးထိုအရပ်ကသာ ငေးမည်။ 💐[သူငယ်ချင်း ။8:54] #ကိုလူချစ်ခင်»

ကဗျာ စတိုရီ(poem story)

08 Nov, 02:25


သို့ / သူငယ်ချင်း

ငါတို့ဟာ သိလို့ရတယ်
ငြိလို့မရဘူး
ငါတို့ဟာ ကြည့်လို့ရတယ်
ထိလို့မရဘူး
ငါတို့ဟာ ဝေးလို့ရတယ်
ဆွေးလို့မရဘူး

မြင်ရတဲ့ တစ်ဖက်ကမ်းက ကြင်သူကို မပြောသာ
မဆိုရက်နဲ့ ခပ်ဝေးဝေးထိုအရပ်ကသာ ငေးမည်။

💐[သူငယ်ချင်း ။8:54]

#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

08 Nov, 02:16


ဖွင့်ကာပြောလိုက်မှ
တန်ဖိုးကျသွားတက်တာမို့

နောက်များ မပြောဖြစ်ခဲ့ရင်
ငါ့ကိုခွင့်လွတ်ပါ

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

08 Nov, 02:06


ကိုယ့်အတွက်မပြိုတဲ့
ကောင်းကင်တွေအကြောင်းပြောရင်
မင်းက ထိပ်ဆုံးကဖြစ်မယ်

ကိုယ့်အပေါ် မမိုးတဲ့တိမ်တွေကို
အရင်လိုမမျှော်လင့်မိအောင်နေရတော့မယ်
မရောက်တဲ့မေတ္တာတွေလဲ အတိတ်ကံကြောင်းလို့
ဆင်ခြင်လိုက်ပါတယ်

မပိုင်ဆိုင်တဲ့သူစိမ်းလေးရေ
ကိုယ်အရမ်းကြွေတဲ့ အမျိုးသမီးလေးရေ
စိတ်ထဲကမပါပဲ ပြောပေးခဲ့တာတွေအတွက်
ကျေးဇူးပါကွယ်

ကိုယ့်ကြောင့် စိတ်အနှောက်အယှက်
ဖြစ်ခဲ့ရင်လဲ တောင်းပန်ပါတယ်

ဘယ်နေရာမှာပဲ လသာသာ
လမိုက်ညတော့ ရှိဦးမယ်မို့လား
အဲဒီအချိန်ကျ ငါ့ကိုသတိရပါ

ကဲ ကိုယ့်အတွက်
နေရာမရှိတဲ့ကမ်းက ထွက်ခွာပါတော့မယ်
ကြိုဆိုသူမရှိတဲ့ အရပ်ဒေသတွေကို
ရှောင်မယ်
ဘယ်တော့မှမနီးမဲ့ ကောင်းကင်က်ို
မော့မကြည့်မိအောင်နေမယ်
မရောက်မဲ့ မေတ္တာတွေကိုလည်း
မပေးမိအောင်ဆင်ခြင်မယ်

အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်

#ခန့်ထည်
နာကျင်ခြင်းအနုပညာ

ကဗျာ စတိုရီ(poem story)

07 Nov, 17:01


Live stream finished (2 minutes)

ကဗျာ စတိုရီ(poem story)

07 Nov, 16:58


Live stream started

ကဗျာ စတိုရီ(poem story)

07 Nov, 16:58


Live stream finished (1 hour)

ကဗျာ စတိုရီ(poem story)

07 Nov, 16:22


ခင်ဖုန်းသက်ဝေဖတ်ဖို့နွေ

ရေးသားသူ = သန်းတင့်
ရွတ်ဖတ်သူ = ကောင်းထက်မာန်

ကဗျာ စတိုရီ(poem story)

02 Nov, 03:45


ရည်းစားလေးလိုအပ်နေရင် Join ပါ။

https://t.me/leomatchbot_10

ကဗျာ စတိုရီ(poem story)

02 Nov, 02:34


😉😱😱🥹👍👋🫢🥸🥹

အအမ်းကြမ်းတဲ့မင်မင်တိုဆီမှာ
နေ့စဉ်ငွေသွင်းဘောနပ် 10%လေးယူကစားပြီး


အကန့်သတ်မရှိ ဝင်ငွေတွေလာပွားနိုင်ပါ
တယ်ရှင့်😊


5,000 သွင်း 1,500 အပိုရ
10,000 သွင်း 3,000 အပိုရ
50,000 သွင်း 15,000 အပိုရ
100,000 သွင်း 30,000 အပိုရ




👨‍👨‍👦😳😒😞 - @club388gaming 


👨‍👨‍👦 🫰😱🥸😉😇-@club388onlinegaming

👨‍👨‍👦‍👦 : 09 66 77 88 261

👨‍👨‍👦‍👦 : 09 76 54 666 88

👨‍👨‍👧 : @388gaming.live

📱 : www.388gaming.live

🚨 Game free ဆော့ရန် 🚨

😢 Free unit  😢

ကဗျာ စတိုရီ(poem story)

02 Nov, 01:42


ကောင်းကင်လမင်းကို လွမ်းဆွတ်ရသူပမာ
မမကို ကျနော်လွမ်းရပါ၏။

ဝီတစ်ခွက်ကိုအမြ‌ဲကိုင်
ဆေးလိပ်တစ်လိပ်ကို အမြဲ လက်ခြားထဲ ညှပ်ထားတဲ့ကောင်
လက်ကျန်သက်တမ်းတစ်လျှောက်
မမနဲ့တွေ့စုံခြင်းဟာ ဘုရားပေးတဲ့ ဆုလဒ်။

ပန်းပေါင်းတစ်ရာမကပန်းပေါင်းတသောင်းပင်ယှဉ်စမ်း
ကျနော့မျက်လုံးထဲမှာ မမသည်သာအလှဆုံး။

"မင်းကိုမချစ်ဘူး"တဲ့ ရင်ကွဲရတဲ့ မမရဲ့ပြန်စာ
မမုန်းဘူးဆိုရင်ပဲ ကျေနပ်ပါ၏။

#နေညို
ကဗျာမဟုတ်တဲ့စာအပိုင်းအစ

ကဗျာ စတိုရီ(poem story)

02 Nov, 00:54


မောင်မရှိတော့တဲ့နောက်
-----------------------------------

မောင်မရှိတော့တဲ့နောက်
ပြီးခဲ့တဲ့ နှစ်၊လ တွေကို ဖြတ်ကျော်ခဲ့ပုံများ
မောင့်ကို မြင်ချင်လိုက်စမ်းပါဘိကွယ်။

မမကလေ
ဆံနွယ်ရှည်တွေ ချစ်တတ်လာတယ်
စိတ်တွေ ရှည်လာတယ်
အသက်တွေ ကြီးလာတယ်။

မောင်သိပ်ကြောက်တတ်တဲ့ ဒေါသစိတ်တွေကို
ဖယ်ရှားပစ်ခဲ့ပုံများ
အခုဆိုလေ...
မောင်ပြောနေကျ သိပ်တော်တဲ့မမက
မျက်ရည်တွေ ကျတတ်နေပြီတဲ့။

စိတ်မကောင်းစရာပါပဲကွယ်
မောင့်အတွက် နှလုံးသားတစ်စုံကိုသိမ်းထားအုံးမယ်ဆိုမှ
အခြားတစ်ယောက်ကို ခိုလှုံခွင့်ပေးလိုက်မိပြန်ပြီ။

ခဏပါပဲ...
အရာအားလုံးက ခဏပါပဲ...။
မမြဲခြင်းသဘောတရားကို ပုန်ကန်မယ်ဆိုတဲ့
မောင်ကတောင်
ကျွန်မဘေးမှာ မြဲခဲ့လို့လား....။

လူသတင်း လူချင်းဆောင်လို့
မောင်တို့ အချစ်ရေးသတင်းတွေလည်းကြားမိပါတယ်
သိပ်ချစ်ကြတယ်ဆိုလို့ ဝမ်းသာမိပါတယ်။

မောင်သိလား
ကျွန်မကလေ...
တစ်ယောက်ယောက်ကို မေ့ပစ်နိုင်ဖို့
တစ်ယောက်ယောက်ကို ချစ်ကျွမ်းဝင်ရင်း
ကျွန်မ တစ်ယောက်တည်းဖြစ်နေပြန်ပြီကွယ်။

မောင်မကြိုက်တဲ့ ဖဲချပ်တွေလည်းစွန့်လွှတ်လိုက်ပါပြီ
တစ်ယောက်တည်းနေတတ်ဖို့ တစ်ယောက်ယောက်ရှိဖို့လိုတယ် ဆိုတဲ့ အမှီသဟဲဝါဒတွေကိုလည်း
စွန့်လွှတ်လိုက်ပါပြီ။

မမ အရက်တွေသောက်နေတုန်းပဲလားဆိုတာ
သိချင်နေမယ်ထင်ပါတယ်
သောက်နေဆဲပါပဲ အခုလည်း သောက်နေပါတယ်။
အရင်လို ဖိနပ်ပျောက် ၊
နာရီပျောက်အောင် မူးနေတာမျိုးမဟုတ်ပေမယ့်
မောင်အပါအဝင် ဘယ်မူးယစ်စေသောအရာကိုမှ
မစွန့်လွှတ်နိုင်သည်အထိ စွဲလမ်းတတ်နေပြီလေ။

အခုဆို ...
မမက ဂီတာတီးသင်နေပြီ
မောင်ဆိုပြတဲ့အချစ်သီချင်းတွေကို
ကိုယ်တိုင်သီဆိုရင်း အလွမ်းတစ်သက်ကြာဖို့
သံသရာ ထပ်ရှည်အုံးမယ်ထင်ပါတယ်။

-ဘယ်လာခင်

ကဗျာ စတိုရီ(poem story)

01 Nov, 17:44


ဒီစာတို Channel လေးကို Join ပြီး support ပေးကြပါဦးနော်

https://t.me/KOE_LYRICS

ကဗျာ စတိုရီ(poem story)

01 Nov, 14:11


ကြောင်သူတော်
တကယ်ရှိပါတယ်
ကြွက်ကလည်းတကယ်
မခိုးရင်ပေါ့

Lavina

ကဗျာ စတိုရီ(poem story)

01 Nov, 13:13


Live stream started

ကဗျာ စတိုရီ(poem story)

01 Nov, 13:13


မြှားနတ်မောင် အစီအစဉ်လေးကို စတင်ပါတော့မယ်နော် ချစ်တို့
ဒီchannelမှာ live 8နာရီ မထိုးခင်မှာ ကြိုတင်လွှင်မှာပါ လာခဲ့ပါဗျ။

#မိုးတိမ်

ကဗျာ စတိုရီ(poem story)

01 Nov, 12:40


current political.
(☠️☠️☠️☠️☠️)

ကဗျာ စတိုရီ(poem story)

01 Nov, 12:33


နှလုံးသားနဲ့ပေးဆပ်တာဆိုပဲ
အယ့်စကားကိုတချို့က
ဉီးနှောက်သုံးပြီးပြောကြတာ
နိုင်ဇောထက်ရှုံးဇောကြီးတယ့်
ကစားသမားတွေ

Lavina

ကဗျာ စတိုရီ(poem story)

01 Nov, 12:31


ဒီချန်နယ်လေးကို ဂျိုင်းပေးကြပါဦးဗျာ။

https://t.me/cloud7822
https://t.me/cloud7822
https://t.me/cloud7822

👆👆👆👆👆👆👆👆👆
🌹💐🌹💐🌹🌹💐🌹💐


ကိုလူချစ်ခင်။

#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

01 Nov, 12:03


ချန်ခဲ့ဖို့သေချာတယ်ဆိုလည်းအစတည်းက
ဘဝထဲအလည်မလာပါနဲ့

အသည်းကွဲလို့ရတဲ့ ဒဏ်ရာဟာ
အမာရွတ်ကျန်စေတယ်
အသည်းကွဲအ‌မာရွတ်ပျောက်ဆေးဆိုတာ
ယနေ့ချိန်ထိကမ္ဘာမှာမပေါ်သေးဘူးကွဲ့ ။
❤️‍🔥Cherry🔥

ကဗျာ စတိုရီ(poem story)

01 Nov, 11:30


🤩🤩🤩🤩 🤩🤩🤩🤩🤩 ရဲ့စနစ်သစ်မှာ အပေးကြမ်းနေတယ်နော်ချစ်တို့ရေ

🇲🇲🇹🇭မြန်မာ၊ထိုင်း ကစားနိုင်ပြီး

🎰စလော့ဂိမ်း, 🎰🎰 Barcarat , ရှမ်းကိုးမှီး အစုံ

🍀 ထီထိုး၀ါသနာရှင်များအတွက် နိင်ငံအသီးသီးမှထီများ

💯 ငွေသွင်း/ထုတ်စိတ်ပူစရာမလိုပဲ ကိုယ်တိုင်ငွေထုတ်သွင်းအော်တိုစနစ််နဲ့ တိုက်ရိုက်၀ိဘ်ဆိုဒ်ဖြစ်ပါတယ်ရှင့်

🤩🤩🤩🤩 ဂိမ်းအကောင့်

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

ကဗျာ စတိုရီ(poem story)

01 Nov, 10:27


ကမ္ဘာမှာလူတွေသာများတာ
ကိုယ်အတွက်သီးသန့်တွဲမယ့်
လက်တစ်ဖက်ကရှားတယ်
အရစ်ကျနဲ့ဆိုတောင်
အာမခံပါမှာမဟုတ်ဘူး


Lavina

ကဗျာ စတိုရီ(poem story)

01 Nov, 09:25


မမကိုချစ်တယ်

၈+၀=ချစ်တယ်
ကိန်းသေ၊ကိန်းရှင် အမျိုးမျိုးသုံးလည်း
မောင့်ရဲ့ အဖြေက မမကိုချစ်တယ်

စုံကိန်း၊ဟုတ်ကဲ့ မမနဲ့မောင်
အတူတူစုံမဲ့ ကိန်းတစ်ခု
တန်ဖိုးက မေတ္တာတဲ့

စေရာကိုသွား၊ထားရာမှာနေ
မမအလိုကျ ကမဲ့ရုပ်သေးရုပ်က
မောင်ပါ၊ဗီလိန်နေရာပဲရရ လူရွှင်တော်ပဲ လုပ်ရလုပ်ရ
မမကိုဖျော်ဖြေခွင့်ရဖို့ ကံဇာတ်ဆရာကို လဘ်ထိုးပါမယ်

စံပယ်တွေ ပွင့်ရင်
သဇင်တွေပွင့်ရင်
ခရေတွေပွင့်ရင်
မမကို ပန်စေချင်တယ်။

ဒီဆောင်းက သိပ်အေးတယ်တဲ့
လူအများပြောကြတာပါ
ကျနော်လည်း ရောယောင်လိုက်ပြီးအေးလိုက်ပါမယ်
မမရင်ခွင်ထဲ အနွေးဓာတ်လှုံခြင်လို့ပါ

ရနိုင်မလားလို့ ရိုးရိုးသားသားမေးပါရစေ။

နေညို။။။

ကဗျာ စတိုရီ(poem story)

01 Nov, 06:16


တဖြေးဖြေးနဲ့ ကျွန်မမှားနေပါလားဆိုတဲ့ အသိတရားတွေရလာပြီ …
ဘယ်တုန်းကမှ နောင်တတွေ မရှိချင်တဲ့သူက အခုတော့ တဖြေးဖြေးချင်း ကိုယ်တွေးရင် တွေးသလောက် ကိုယ်မှားနေပါလားဆိုတဲ့ အသိတရားတွေရှိလာပါပြီ … တကယ်ဆို ပျော်စရာတွေ အများကြီး ရှိရဲ့နဲ့ နာကျင်စေတဲ့ အရာတွေကို လက်မလွှတ်နိုင်အောင် တကယ်ပဲ အသိတရားတွေမဲ့ခဲ့တာပဲလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လာမိတယ် … တကယ်ဆို ကျွန်မ ပျော်အောာင် နေဖို့သင့်နေပြီဆိုပေမယ့် ဒီနေ့ထိ ဒဏ်ရာတွေကို ပိုးမွေးသလို တယုတယ မွေးနေမိတာ ။
အချစ်ပေါ့ ဆိုတာထက် … ကိုယ်က သူ့ကို ချစ်မိလို့ ဆိုရင် ပိုပြီးတော့ မှန်လိမ့်မယ် ။ ကျွန်မက လူတစ်ယောက်ကို ချစ်ပြီဆိုရင်လေ နှလုံးသားနဲ့ ရင်းပြီး စိတ်နှစ်ကိုယ်နှစ်ချစ်တတ်တော့ စိတ်ရော ကိုယ်ပါ ပင်ပန်းရတတ်တာပါပဲ ။ ဒီလူက အမှားတွေလုပ်လို့ဆိုလည်း ခွင့်လွှတ်လိုက်ဖို့ တွေးတာပါပဲ … ဒီလူက မချစ်တော့ပါလားဆိုတဲ့ အတွေးတွေဝင်လာရင် မချစ်ပဲ နေလိုက်ရမယ့်အစား ပိုချစ်ဖို့ ရွေးခဲ့တာချည်းပဲ ။ ဒီအချိန်ဆိုရင်လေ ကျွန်မက ဘ၀ကို တည်တည်တံ့တံ့လေး ရှင်သန်ဖို့ သင့်ပြီဆိုပေမယ့် ကျွန်မ တချို့ညတွေမှာ မျက်ရည်တွေကျနေတုန်းပါပဲ ။
ဒီရက်တွေမှာ … မဟုတ်သေးဘူး ဒီနှစ်တွေမှာ ကျွန်မကိုယ်ကျွန်မ ပြန်မေးကြည့်နေမိတယ် … လူတစ်ယောက်ကို ချစ်ခဲ့တာနဲ့ ဒီလောက် နာကျင်နေရတာ တန်ရဲ့လားလို့ .. ဦးဏှောက်ကတော့ ဟင့်အင်းလို့ ငြင်းတာပါပဲ နှလုံးသားကပဲ ခေါင်းမာမာနဲ့ သူ့ကို ရွေးချယ်ခဲ့တာ မှန်တယ်ဆိုပြီး တဇွတ်ထိုးဆန်နေသေးတာ ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ နောင်တတွေ ကင်းချင်ပါတယ် ကျွန်မအရင်ကတွေးခဲ့သလိုပဲ တစ်နေ့ကျရင် ပျော်စရာ အဆုံးသတ်လေး ကြိုနေပါစေဆိုတဲ့ ဆုတွေ တောင်းချင်ပါတယ် …
တဖြေးဖြေးနဲ့ ကျွန်မ မှားနေပါလားဆိုတဲ့ အသိတရားတွေရလာပါပြီ … လူတစ်ယောက်ကို ကိုယ်က ချစ်ရပြီး အဲ့ဒီလူက ကိုယ့်ကိုပြန်မချစ်ပါလားဆိုတဲ့ ခံစားချက်ကြီးနဲ့ ရှင်သန်ရတဲ့အချိန်တိုင်းမှာ ငါမှားနေသလားဆိုတဲ့ နောင်တတရားတွေ ရပါတယ် ။

#ကျေးကို

ကဗျာ စတိုရီ(poem story)

01 Nov, 04:50


Live stream finished (41 minutes)

ကဗျာ စတိုရီ(poem story)

01 Nov, 04:49


ဒီချန်နယ်လေးမှာလည်း ကဗျာတွေဝင်ခံစားလို့ရပါတယ်။

https://t.me/KOE_LYRICS

ကဗျာ စတိုရီ(poem story)

01 Nov, 04:09


Live stream started

ကဗျာ စတိုရီ(poem story)

28 Oct, 08:26


အစစအရာရာ
အဆင်မပြေပေမယ့်
ကမ္ဘာကြီးက
လှလိုက်တာကွာ

အောင်ချိမ့်

ကဗျာ စတိုရီ(poem story)

28 Oct, 04:57


ကဗျာ စတိုရီ(poem story) pinned «မင်းငါ့ကိုလှည့်မကြည့်တော့တာလဲကောင်းပါတယ် မဟုတ်ရင် နှစ်ယောက်လုံးချစ်လျက်နဲ့ ဝေးကြတယ်လို့ ငါထင်နေဦးမယ်။ - လင်းလက်ကဘို»

ကဗျာ စတိုရီ(poem story)

28 Oct, 04:50


မင်းငါ့ကိုလှည့်မကြည့်တော့တာလဲကောင်းပါတယ်
မဟုတ်ရင် နှစ်ယောက်လုံးချစ်လျက်နဲ့
ဝေးကြတယ်လို့ ငါထင်နေဦးမယ်။

- လင်းလက်ကဘို

ကဗျာ စတိုရီ(poem story)

28 Oct, 03:57


မင်းက သိပ်ချူချာတာ စိတ်ပူတာပေါ့ ။

ဘာပဲဖြစ်ဖြစ် နေကောင်းအောင်ပဲ နေပါကွာ ... တစ်ခုခုဆို မင်းက မြိုသိပ်ထားတတ်တယ် ပြီးတော့ ပေတေပြီးနေတတ်တယ် ။ ဘာမှ မဖြစ်ပါဘူးဆိုတဲ့စကားကို အကြိမ်ကြိမ်ပြောပြီး ဖြစ်ပျက်သမျှကို အေးဆေးပါဆိုတဲ့ ပုံစံမျိုးနဲ့ ဖြတ်သန်းနေပေမယ့် တကယ့်တမ်းကျတော့ အဆင်ပြေတာမှ မဟုတ်ပဲလေ ။
မင်းက အပူကြောက်တယ်.. ပြီးတော့ အေးတာ ကြိုက်တယ်လို့ပြောသလောက်လဲ အရမ်းအေးရင် ပြန်နွေးဖို့ခက်တာ ။ လက်ဖျားလေးတွေ ခြေချောင်းလေးတွေဆို တစ်နေ့လုံး အေးနေတတ်တာလေ ။ အဲ့တော့ နေပူကြီးထဲလဲ မသွားတဲ့ အအေးအေးတဲ့အခါလဲ ပေတေပြီး မနေနဲ့ပေါ့ ။
နောက်တစ်ခုရှိသေးတယ် ... မိုးတွေရွာရင် ပိုလို့တောင် စိတ်ပူသေးတယ် ။ မိုးရေဆော့ရတာ သဘောကျသလောက် ရေစင်အောင် မသုတ်တတ်ဘူး ။ ခေါင်းများနဲနဲစိုရင် ဟပ်ချိုးဆိုတဲ့ ဇာတ်လမ်းက စပြီ ။ ချောင်းတွေဆိုးရင် တော်ရုံတန်ရုံနဲ့ မပျောက်ဘူးဆိုတာမှန်းသိရဲ့နဲ့ တစ်ခါတစ်လေကျ မင်းက အရမ်းကလေးဆန်တာ ။ လက်ဖက်တွေစားမရတဲ့ရက်ဆို ခေါင်းက အရမ်းလျှော်ချင်သေးတာလေ။ အဲ့လိုတွေ မလုပ်ပါနဲ့။
ခေါင်းလျှော်တဲ့ရက်တွေဆို ခေါင်းခြောက်အောင် သုတ်ဖို့ အတန်တန်မှာရတယ် ။ တစ်ခါတစ်လေ ခေါင်းမခြောက်ပဲ အိပ်က ပျော်သွားတတ်သေးတာ ။ ပြီးရင် ဖျားရင် ကလေးလေးတစ်ယောက်လိုပဲ မင်းက ဂျီကျတတ်သေးတာ မဟုတ်လား ။ ပြီးရင် ဘယ်သူမှ ငါ့ကို ဂရုမစိုက်ဘူးဆိုတဲ့ စကားတွေ တဖွဖွ ရွတ်တတ်သေးတာ ။ မဖြစ်စေချင်ဘူး ကလေးရဲ့ ... တစ်ခုခု ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရတာလေ ။ အစား၀င်ခံချင်ပါတယ်ဆိုတဲ့ စိတ်ကူးတွေပဲရှိခဲ့တာ တကယ့်လက်တွေ့တွေမှာကျ အဲ့လိုမှ မရပဲဟာ ။
အစားအသောက်မမှန်ရင် ဗိုက်နာတတ်မှန်းသိရဲ့နဲ့ ... ဒီဟင်းမကြိုက်တာနဲ့ မစားတော့ဘူး ။ အစပ်တွေ အများကြီးစားရင် ဗိုက်အောင့်တတ်မှန်းသိရဲ့နဲ့ ဒါပဲရှိတာကိုးနဲ့ ရောချတတ်သေးတာ ။ မင်းကလေ စားရမှာ သဘောကျသလောက် လုပ်ရမှာတော့ နည်းနည်းပျင်းတယ် ဆိုပါတော့ ။ ရောဂါတစ်ခုကို အစမပြုစေချင်ရုံပါ ။ တစ်ခါတစ်လေ ကိုယ်အလုပ်များ များနေရင် တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်လိုက်ရမှ မဟုတ်လား ။ ပြီးရင် ကိုယ်မှ ဂရုမစိုက်တာဆိုတဲ့ စကားနဲ့ ရန်ရှာဦးမယ် ။
မင်းက ချူချာတယ်လေ ... တစ်ခုခုဆို ဖြစ်လွယ်တယ် ပြီးတော့ ပျောက်ဖို့ ခဲယဥ်းတယ် ။ မင်းအနားမှာ မင်းကို ဂရုစိုက်တဲ့ လူတွေ အများကြီးလဲ ရှိနေတာလဲ မဟုတ်ပဲနဲ့ ဖြစ်လာရင် မြိုသိပ်ထားမယ် ပေတေပြီး နေလိုက်မယ်ဆိုပြီး အမြဲတမ်း ခေါင်းမာမနေပါနဲ့တော့ ... တစ်ခုခုဆို မင်းက ချူချာတယ်လေ အဲ့တော့ စိတ်ပူရတာပေါ့ ။
မဖြစ်အောင်နေပါ ကလေးရယ် ... ဖြစ်လာတဲ့အခါလဲ ဆေးတွေသောက်ဖို့ မကြောက်နဲ့ ... သောက်ပြီးပြီး သောက်ပြီးပြီးနဲ့ ဆေးတွေ ဖွက်ထားမျိုးမလုပ်နဲ့ ခေါင်းမမာနဲ့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ စကားတွေ ခဏခဏ မသုံးနဲ့တော့ ... နေကောင်းကျန်းမာအောင်ပဲ နေပါ ။

#ကျေးကို

ကဗျာ စတိုရီ(poem story)

28 Oct, 01:46


🩵🩵💙🩵🩵💙💙💙💙

နှစ်ပေါင်းများစွာရပ်တည်လာတဲ့ နံပါတ်တစ်
ဝက်ဘ်ဆိုက်ကြီး
📌 🛡

မြန်မာနိုင်ငံရဲ့ နံပါတ်
1️⃣ အွန်လိုင်းဘောလုံးနဲ့ ကာစီနိုဝဘ်ဆိုက်

👍👍ငွေကြေးအာမခံမှုအပြည့်ရှိပြီး စိတ်ချယုံကြည်ရဆုံး တိုက်ရိုက်ဝဘ်ဆိုဒ်ကြီး

⛔️ #VIPCLUBMM ဆိုတာ
🔤🔤🔤🔤🔤 လုံးဝမပေးထားပါဘူးရှင့်
✔️ မှန်ကန်တဲ့နေရာမှာသာ ဆက်သွယ်ကစားကြပါရှင့် 🔼

🌐 website - www.vipclubmm.com
📱 Line - https://msng.link/o?vipclubmm=ln
📱 Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
📱 Page - VIP Club MM
https://www.facebook.com/vipclubmm

ကဗျာ စတိုရီ(poem story)

28 Oct, 01:38


ကဗျာ စတိုရီ(poem story) pinned «ယနေ့ အင်မတန်ကြည်နူးသည်။ ပန်းတစ်ပွင့်ဖူးပွင့်ကာ ကျည်တစ်တောင့် ပျောက်ရှစေ။ နိုင်ငံဟာ ခဏတာ အမောဖြေစေ။ #ကိုလူချစ်ခင်»

ကဗျာ စတိုရီ(poem story)

27 Oct, 16:51


Live stream started

ကဗျာ စတိုရီ(poem story)

27 Oct, 16:24


နွေတွေ မိုးတွေ တဖွဲဖွဲ

အဲ့ဒီနေ့က စာဝါလေးသုံးကောင် ဝယ်လွှတ်လိုက်တယ်
ငါ့ဆုတောင်းက မင်းမှန်ဘောင်မှာ
တစ်ကောင်တော့နားပါစေ
        
ရှေ့ရေးတွေ မပြေလည်ကြမှန်း
အသံတိတ်ပဲ ပြောဖြစ်တယ်
လမ်းပေါ်မှာထွက်အော်နေလို့လည်း
အဖမ်းအဆီးမှ မရှိတာလေ

မင်းနဲ့ချစ်တယ်ဆိုတာ
မင်းသဘောတူမှဖြစ်တာမျိုး။

- ဝင်းမြင့်

ကဗျာ စတိုရီ(poem story)

27 Oct, 15:22


ဒီလိုပါပဲ မလေးနွယ်
ဆယ်နှစ်ရာသီပန်းတွေလည်းနွမ်းသွားပြီ
မလေးနွယ်ပန်နေကြ
တောပန်းလေးလည်း လန်းဖို့မမြင်တော့ဘူး
သိသိသာသာပါပဲ
မလေးနွယ် ထွက်သွားပြီးနောက်
ရွက်ထပ်တွေလည်း ညိုးကုန်ပါပြီ
ဩကာသလောကဖြစ်ဖြစ်
ကျနော့ရင်တွင်းကမ္ဘာဖြစ်ဖြစ်
မလေးနွယ်မရှိရင် ရာသီဥတုတွေ ချို့ယွင်းပါတယ်။

နေညို။။။

ကဗျာ စတိုရီ(poem story)

27 Oct, 13:20


🤩🤩🤩🤩 🤩🤩🤩🤩🤩

🎰 ပိုမိုစုံလင်သောဂိမ်းအသစ်နဲ့ စနစ်သစ်မှာ အရင်ထက်အပေးကြမ်းနေပါတယ်ရှင့်

🎰 နေ့စဉ်ရှုံးကြေးပြန်ပေး 🤩🤩

🎰 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 🤩🤩 မှ 🤩⚡️⚡️

💵🔼 ထီ၀ါသနာများအတွက်ထီထိုးနိုင်ပါပြီရှင့်

😀😀😀😀  ဂိမ်းအကောင့်

🇲🇲🇹🇭မြန်မာနိုင်ငံ , ထိုင်းနိုင်ငံ ကစားနိုင်ပြီး အော်တိုငွေထုတ်/သွင်းစနစ်ဖြစ်လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကစားလိုက်ပါရှင့်...

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

ကဗျာ စတိုရီ(poem story)

27 Oct, 13:01


ချစ်ရသူလေး နဲ့ပုဂံကို
တူတူသွားချင်ပါတယ်
နေဝင်ချိန်ကြည့်ရင်း
လက်ကလေးကိုင်ထားချင်တာပေါ့
အစားပုတ်လေးကတော့
ဘုရားဖူးပြီးရင်
အကြော်စားမယ်ဆိုပြီး
ပူဆာနေမှာမြင်ယောင်ပါတယ်

Lavina

ကဗျာ စတိုရီ(poem story)

27 Oct, 11:32


တချို့လူတွေ
တိတ်ဆိတ်နေသည်
ကျုပ်ကို
သူတ်ို့အသုံးမလိုသေးဘူး
ဖြစ်ရမည်

Lavina

ကဗျာ စတိုရီ(poem story)

27 Oct, 10:32


အချစ်ရယ် ဒီနေ့ကိုပျော်ခဲ့တယ်။
သို့သော် "ယနေ့မျက်နှာပူသည် ရေခဲရေပေးပါ" ဟုသော စာစုကိုရင်ထဲမှာ ရွတ်မိတယ်။

ကိုတို့ တွေ့ဆုံချိန်တိုင်းက လှပတယ်မဟုတ်လား။


#ကိုလူချစ်ခင်

ကဗျာ စတိုရီ(poem story)

27 Oct, 05:46


အသံထွက်ပီး ရှိုက်ကြီးတငင်ငိုမှ ငိုတာမဟုတ်ပါဘူး.....

ရင်ဘက်ထဲမှာ ဘယ်သူမှမသိအောင် တစ်ယောက်ထဲကြိတ်ငိုနေတဲ့သူတွေလဲ အများကြီးရှိကြတယ်......😊

တိတ်တိတ်လေး ကြေကွဲနေတဲ့သူတွေပေါ့.....

❤️‍🔥Cherry🔥

ကဗျာ စတိုရီ(poem story)

27 Oct, 02:54


🩵🩵💙🩵🩵💙💙💙💙

နှစ်ပေါင်းများစွာရပ်တည်လာတဲ့ နံပါတ်တစ်
ဝက်ဘ်ဆိုက်ကြီး
📌 🛡

မြန်မာနိုင်ငံရဲ့ နံပါတ်
1️⃣ အွန်လိုင်းဘောလုံးနဲ့ ကာစီနိုဝဘ်ဆိုက်

👍👍ငွေကြေးအာမခံမှုအပြည့်ရှိပြီး စိတ်ချယုံကြည်ရဆုံး တိုက်ရိုက်ဝဘ်ဆိုဒ်ကြီး

⛔️ #VIPCLUBMM ဆိုတာ
🔤🔤🔤🔤🔤 လုံးဝမပေးထားပါဘူးရှင့်
✔️ မှန်ကန်တဲ့နေရာမှာသာ ဆက်သွယ်ကစားကြပါရှင့် 🔼

🌐 website - www.vipclubmm.com
📱 Line - https://msng.link/o?vipclubmm=ln
📱 Telegram - @VIPCLUBMM
https://t.me/VIPCLUBMM
📱 Page - VIP Club MM
https://www.facebook.com/vipclubmm

ကဗျာ စတိုရီ(poem story)

25 Oct, 09:40


🔠🔠🔠🔠🔠

ဒီရည်းစားရှာ Channel လေးမှာ 51K ပြည့်တာနဲ့ premium 3 လစာ 🔠🔠 ပေးမှာမို့ Join ထားဖို့ မမေ့နဲ့နော် 🥳

✏️✏️✏️✏️

https://t.me/+omNLz26zar4yZTll😖

ကဗျာ စတိုရီ(poem story)

25 Oct, 08:34


ကဗျာ စတိုရီ(poem story) pinned «မပျော်လို့ ထားခဲ့တာလား မချစ်တော့လို့ ချန်ခဲ့တာလား အချိန်တန်ပြတ်မှာပဲဆိုတဲ့ စကားများ နှလုံးများသွင်းထားသလား ကျွန်တော့်မှာတော့ ခံစားရတာ ကျကျနန ချစ်လိုက်ရတာ တယုတယ သူ ကျွန်တော့်ကို ပြောခဲ့ဖူးတယ် "မုန်းဖို့ ချစ်ခဲ့တာ မဟုတ်ဘူး"တဲ့ မုန်းတယ် မပြောဘဲ ကျွန်တော့်အနားကနေ…»

ကဗျာ စတိုရီ(poem story)

25 Oct, 08:34


ကဗျာ စတိုရီ(poem story) pinned «အတိတ်ကနေ့ရက်တွေထဲမှာ လုံလုံလောက်လောက်နာကျင်ခဲ့ကြပြီးပြီမို့ နောင်လာမဲ့ပစ္စုပ္ပန်တွေမှာ တစ်ကြိမ်တစ်ခါလောက်မှပျော်ရွှင်ခွင့်မရရင်တောင် နာကျင်မှုတော့ ကျွန်တော်ထပ်မလိုချင်တော့ဘူး။ 💔😥 ❤️‍🔥Cherry🔥»

ကဗျာ စတိုရီ(poem story)

25 Oct, 08:31


နာကျင်တဲ့ဒဏ်တွေမခံစားနိုင်တော့တဲ့အခါ ကျွန်တော်ထွက်ပြေးချင်ပြေးမှာပဲလေ

ကျွန်တော်လဲလူပါ သံမဏိတောင် လုံလောက်တဲ့အပူချိန်မှာအရည်ပျော်ကျသေးတာပဲ

ကျွန်တော်လဲလုံလောက်တဲ့ဒဏ်ရာတွေရလာတဲ့အခါ
မျက်ကွယ်ပြုချင်ပြုသွားနိုင်ပါတယ်

ဒါကိုကြိုက်တဲ့ခေါင်းစဉ်တပ်ပိုင်ခွင့်ရှိပါတယ်။

❤️‍🔥Cherry🔥

ကဗျာ စတိုရီ(poem story)

25 Oct, 07:57


ကဗျာဆရာတို့ရေ ဒါကျွန်တော့သူငယ်ချင်းတစ်ယောက်လာမေးထားလို့ကျွန်တော် ဝန်ခံပါတယ် ကျွန်တော်လဲမသိ လို့ အမျိုးအစားလေးခွဲပေးပါအုန်း ကဗျာအမျိုးအစား ပြီးတော့ စာကျန်လေးတွေကိုဖြည့်ဖတ်ပေးပါနော်

ကဗျာ စတိုရီ(poem story)

25 Oct, 07:47


mlbb account

chou KOF skin ပါပီးရောင်းချင်ရင်


@better_hein124ဆက်သွယ်ပါ

ကဗျာ စတိုရီ(poem story)

25 Oct, 05:51


ကြောက်တာရယ်
ပျင်းတာရယ်နှစ်ခုနဲ့တင်
ဘဝမှာလမ်းပျောက်ဖို့
လုံလောက်ပါတယ်

အောင်မြင်တာထက်
ရင်ထဲအေးချမ်းချင်တယ်
အကြောက်တွေ
ပျင်းတာတွေကိုတော့
တိုက်ထုတ်နေရတုန်းပါ

Lavina

ကဗျာ စတိုရီ(poem story)

25 Oct, 05:12


သို့/
တစ်ချိန်က....

မချစ်တတ်တဲ့ သူ့အတွက် အချစ်ဆိုတဲ့ အရာတစ်ခု သူ့ရင်ထဲ ဖြစ်ပေါ်လာရင် ကျွန်မအတွက်ပဲဆိုပြီး ပြောခဲ့ဖူးတယ် ။ သူ့ဘဝမှာ ကျွန်မက တခြားသူတွေထက် အရေးပါတယ်လို့လည်း ပြောခဲ့ဖူးတယ် ။ သူ ဘာလုပ်လုပ် ကျွန်မကို ပြောပြပြီး တိုင်ပင်မယ်လို့လည်း ပြောခဲ့ဖူးတယ် ။ ကျွန်မ စိတ်ကောက်ရင် စိတ်ရှည်ရှည်နဲ့ ချော့ခဲ့ဖူးတယ် ။ ကျွန်မ ဝမ်းနည်းလို့ငိုရင် သူ့ရင်ခွင်ထဲ ဖက်ထားပေးဖူးတယ် ။

အချင်းချင်း အကျင့်ပုတ်ကြပြီး ပြီးရင် အတူတူရယ်မော ပျော်ရွှင်ခဲ့ဖူးတယ် ။ ကျွန်မ လက်ကို ကိုင်ပြီး ရန်ကုန်မြို့ကြီးထဲ လျှောက်လည်ဖူးတယ် ။ ကျွန်မကို သံယောဇဉ် အရှိဆုံး သူ့ကို နားလည်ပေးနိုင်ဆုံးမို့လို့ သူ့အနားမှာ တစ်သက်လုံး ရှိသွားစေချင်တယ်လို့ ပြောခဲ့ဖူးတယ် ။

နှစ်ယောက်တည်း ခရီးတွေ သွားခဲ့ဖူးတယ် ။ မွေးနေ့ပွဲလေး နှစ်ယောက်တည်း ကျင်းပခဲ့ဖူးတယ် ။ လိုချင်တာရရင် ကလေးတစ်ယောက်လို သူ ခုန်ပေါက်နေတာကို ငေးကြည့်ခဲ့ဖူးတယ် ။ ကျွန်မ ထွက်သွားရင်တောင် သူ တတ်နိုင်သလောက် ဆွဲထားမှာလို့ ပြောခဲ့ဖူးတယ် ။

အခုတော့ အရာအားလုံးက ဘာမှမရှိခဲ့ဖူးသလိုပါပဲ ။ ကျွန်မတို့တွေ သူစိမ်းတွေ ဖြစ်သွားခဲ့ကြတယ် ။ ထွက်သွားရင်တောင် ဆွဲထားမယ်ဆိုတဲ့သူက ကျွန်မ လက်ကမ်းပေးရင်တောင် ပြန်ကမ်းဖို့မေ့နေခဲ့ပြီ ။ သူ့အနား သံယောဇဉ်ရှိလို့ နေဖို့ပြောတဲ့သူက ကျွန်မ တစ်ယောက်တည်း မဟုတ်ခဲ့ဘူးဆိုတာ သိခဲ့ရပြီ ။ သူများအတွက်ဆို သနားလို့ အချိန်ပိုပေးပြီး နားလည်ပေးတတ်ပေမယ့် ကျွန်မရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမပေးနိုင်ဘူးလို့ ပြောနေခဲ့ပြီ ။ သူ့ဘက်က Sticker လေး တစ်ခု ပြန်ပို့ဖို့တောင် ၂၄ နာရီ ကြာသွားခဲ့ပြီ ။ စကားတစ်ခွန်း ပြောထွက်ဖို့တောင် သူ တွန့်ဆုတ်နေတတ်ပြီ ။

သူ့အနား နေချင်ပေမယ့် သူ မလိုအပ်တော့တာကို သိနေခဲ့ပြီ ။ နောက်ဆုံး ကျွန်မကို မလိုအပ်တော့တာ နားလည်သွားခဲ့ပြီ ။ ဒီတော့ ကျွန်မ သူ့အနားက ထွက်သွားသင့်ပြီလေ ။ ကျွန်မရဲ့ အချစ်တွေနဲ့ သူ့ခရီးလမ်းလေး ဖြောင့်ဖြူးပါစေလို့ ဆုတောင်းရင်း ပျော်ရွှင်ပါစေ Bae လေး ။ အနားမှာ မရှိတော့ပေမယ့် အမြဲတမ်း ချစ်နေပြီး အမှတ်ရနေမှာပါ....

#မပြောဖြစ်ခဲ့တဲ့စကားတွေ

❤️‍🔥Cherry🔥

ကဗျာ စတိုရီ(poem story)

25 Oct, 04:56


လုံလောက်တယ့်နာကျင်မှု့
မရသေးလို့လား
ဒါမှမဟုတ်နာကျင်ရတာက်ိုပဲ
နှစ်သက်မိနေသလား

Lavina

ကဗျာ စတိုရီ(poem story)

25 Oct, 04:55


အကောင်းဆုံးထဲကအကာင်းဆုံး ဂိမ်း၀ဘ်ဆိုဒ်

🤩🤩🤩🤩 🤩🤩🤩🤩🤩


🤩🤩🤩🤩 ဂိမ်းအကောင့်

🎰 ပိုမိုစုံလင်သောဂိမ်းအသစ်နဲ့ စနစ်သစ်မှာ အရင်ထက်အပေးကြမ်းနေပါတယ်ရှင့်

🎰 နေ့စဉ်ရှုံးကြေးပြန်ပေး 🤩🤩

🎰 မိတ်ဆွေမိတ်ဆက်ရင်းဘောနပ် 🤩🤩 မှ 🤩⚡️⚡️

💵🔼 ထီ၀ါသနာများအတွက်ထီထိုးနိုင်ပါပြီရှင့်

🇲🇲🇹🇭မြန်မာနိုင်ငံ , ထိုင်းနိုင်ငံ ကစားနိုင်ပြီး ကိုယ်တိုင်ငွေထုတ်/သွင်းစနစ်ဖြစ်လို့ ငွေကြေးပိုင်းမှာစိတ်ချလိုက်ပါရှင့်...

📬အသေးစိတ်ဆက်သွယ်စုံစမ်းရန်⤵️
💌Tele          - https://t.me/lionmmoffical
💌line           - https://lin.ee/kHPTyCZ
💌Viber        - 09698090444
💌Website   - https://Lionburma.com/mk

📱 Telegram Channel link
https://t.me/Lionburmagamecenter

➡️ နေ့စဉ် ငွေစျေးနှုန်းလင့်
https://t.me/moneyexchangecenter

ကဗျာ စတိုရီ(poem story)

24 Oct, 23:48


ဖတ်ကြမ်းတစ်လိပ်
အရက်ကြမ်းတစ်ခွက်နဲ့လည်း
နေတက်တဲ့ကောင်မို့
မင့်ပြန်မချစ်လည်း အဆင်ပြေပါတယ်
သည်လမင်းကိုမှ ပိုင်ချင်မိတော့
အရက်နဲ့မျက်ရည် ရောသောက်ယုံပေါ့။

နေညို။။။။။
(ပေါက်ကရခြောက်ဆယ်)

ကဗျာ စတိုရီ(poem story)

24 Oct, 19:37


▪️မြို့တော်ပျိူ _

ပြီးခဲ့တဲ့ တနင်္လာနေ့က
မင်းရယ်သံလေး ကြားခဲ့ရတယ်။

ငါ့နားထဲ မရဲတရဲ
ဆည်းလည်းသံတွေလိုပေါ့၊
မဟော်ဂနီဆံသားတွေ ဆီခြယ်
အိန္ဒြေကြီးတစ်ခွဲသားနဲ့
ဆင်မယဉ်သာငါ့ရှေ့မှာဖြတ်လျှောက်၊
လှလိုက်တဲ့ပျိူ စစ်ကိုင်းကိုယ်ထည်
မန်းတောင်အပြုံး ရိုးမနှာတံခပ်စင်းစင်းနဲ့
မင်းပုဏ္ဏားတွေ ကျရှုံးခဲ့ရပုံထောက်ရင်
ဒီသမိုင်းဟာ မှန်လွန်းတယ် ဒါမှမဟုတ်
မှန်ကန်လွန်းတယ်။

ရက်စက်တော်မူမှာလားလို့
မေးချင်တယ်
ရက်ဆက်သမျှကာလတော့
နေမြင့်လေလေ အရူးရင့်လေပေါ့။

တနင်္လာနေ့က ဥမ္မာဒန္တီ
ဒီတစ်ပါတ် တနင်္ဂနွေမှာ
မြင်ရရုံမျှ ရူးရသူမို့
ဆက်ဆက်စောင့်နေဦးမည်။

ခင်ဗျားတို့မသိနိုင်လောက်ဖူး
ပြီးခဲ့တဲ့ တင်္နလာနေ့က
ပန်းတွေပွင့်ခဲ့တယ်
အိုဗျာ........
ရှေးရောမလွင်ပြင် အပြည့်ပေါ့။ ။

- တာရာညို

ကဗျာ စတိုရီ(poem story)

24 Oct, 17:40


ဒီ Channel လေးမှာလည်း ကဗျာတွေဝင်ခံစားလို့ရပါတယ်ဗျ။

✏️✏️✏️✏️

https://t.me/poetrygallery9/621

ကဗျာ စတိုရီ(poem story)

24 Oct, 17:17


မင်းလက်ခုပ်ထဲကရေ
ဖြစ်ခဲ့လို့အငွေ့ပြန်သွားရင်တောင်
မိုးရေအဖြစ်နဲ့ပြန်လာပါရစေ

Lavina

ကဗျာ စတိုရီ(poem story)

24 Oct, 16:39


ဝေးသောအရပ်မှာ
ရယ်သံကအစ နွေးပါစေ
ခြေသံအစ သာယာပါစေ။

- နေယံလင်းခ

ကဗျာ စတိုရီ(poem story)

24 Oct, 16:27


အချစ်ဉီးတို့ အချစ်ဆုံးတို့
ဖော်ပြနေကြတာတွေ့တော့
ရွဲ့လိုက်ရမှကျေနပ်တယ့်
ငါကသူ့စကားလုံးတွေကြောင့်
မျက်ရည်ကျရတာတွေ
ဘယ်သူကိုမှအရှုံးမပေးဖူးတယ့်
ငါက သူထွက်သွားမှာဆိုးလို့
လက်အုပ်ချီမတတ်
တောင်းပန်ခဲ့ရတာတွေ
ပြန်တွေးကြည့်တော့
သူကအချစ်ဉီး အချစ်ဆုံးမက
ငါ့မာနတွေပါနင်းထားသူ
တစ်ယောက်ပေါ့

Lavina

ကဗျာ စတိုရီ(poem story)

20 Oct, 09:39


သီချင်းကောင်းလေးတွေကို ခံစားချင်ရင် ဒီ Channel လေးမှာ နားထောင်လို့ရပါတယ်နော်။

✏️✏️✏️✏️💌

https://t.me/radiocafe9

ကဗျာ စတိုရီ(poem story)

20 Oct, 09:18


ဒီလိုပါပဲ
ဘယ်သူမှမသိအောင်
ပျောက်ကွယ်သွားချင်တယ်ပြောပြီး
တစ်ယောက်ယောက်က လာရှာနိုင်တဲ့ နေရာမျိုးမှာ
သွားပုန်းမိတာမျိုးတွေ။

- ပြည့်စုံဝင်း

ကဗျာ စတိုရီ(poem story)

20 Oct, 09:10


အလုပ်မအားဘူးလို့ထင်တာ
ဘယ်ဟုတ်မလည်း
ကိုယ်နဲ့မပြောချင်လို့
တမင်မအားအောင်
လုပ်နေတာ

Lavina

ကဗျာ စတိုရီ(poem story)

20 Oct, 08:28


🔠🔠🔠🔠 🔠🔠🔠🔠🔠မှာသီတင်းကျွတ်မုန့်ဖိုးယူကြမယ်

📢 1️⃣ ယူနစ် - 1️⃣ ကျပ် ထဲနဲ့ ရှယ်အပေးကြမ်း အပေါက်ကြမ်း

🎰🎰 စလော့, 🎰Baccarat ,Live Casino 🎰

💵 2️⃣🔠 3️⃣🔠,🏆🎰ဘောလုံးလိဘ်အစုံ

➡️ အကောင့်သစ်ဘောနပ် 5️⃣0️⃣🔣
➡️ နေ့စဉ်ဘောနပ် 2️⃣0️⃣🔣

🇲🇲🇹🇭 မြန်မာ၊ထိုင်းယုံကြည်စိတ်ချစွာကစားနိုင်ပါတယ်ရှင့်

⚡️😀 ခုနိုင်ခုထုတ်ခုရ ငွေထုတ်/သွင်းအကန့်သတ်မရှိ

  ဂိမ်းအကောင့် 🔠🔠🔠🔠

📬အမှန်အကန်ဝဘ်ဆိုဒ်ဆက်သွယ်ရန်⤵️
💎Telegram- https://t.me/clubmmoffical
💎Viber       - 09684080444
💎Line         - https://lin.ee/qGfD1ht
🌐 www.clubburma.com

📱Telegram Channel link
https://t.me/Clubburmaoffical

ကဗျာ စတိုရီ(poem story)

20 Oct, 07:08


ခေါင်းစဉ်မပါဘူး

ဗျောက်အိုးသံအစား
ဗုံးသံကအစားထိုးလာတယ်
ကျေးငှက်သံအစား
သေနပ်သံက အစားထိုးလာတယ်။

ပန်းရနံ့ထက်ယမ်းနံ့တွေ လှိုင်နေပြီ
ရွာအဝင်ရဲ့ တမာတန်းလည်း
မီးခိုးတလူလူနဲ့။

သည်မြေမှာ ရွှေပန်းမပွင့်
သည်မြေမှာ သေပန်းပွင့်ခဲ့ပြီ
ကပ်ဘေးအစုံနဲ့၊အဆိုးတွေကြုံတဲ့ ဒီအရပ်
အဘယ်ဘုရားက ဒဏ်ခတ်လေသလည်း။

ရေ၊မီး၊ဘေးအစုံနဲ့
မသေခင်က ငရဲပန်းကို ပန်နေကြရပါတယ်
ရွှေပန်းထင်စရာ မရှိလေတော့
သည်ပန်းကိုပဲ မလှလှအောင် ပန်နေရတယ်
‌သွေးလွှမ်းတဲ့စံပယ်နီ၊အညှီနံ့တွေနဲ့။

ဘယ်ပန်းမှမလန်းတော့ဘူး
ဂန်းနဲ့ဗုံး မြေဩဇာတွေ ဖြိုနေလို့
လယ်မြေတစ်စုပ်လောက်ပေးပါ
အိမ်မက်တွေကို ပျိုးထောင်ချင်လို့။

နေညို။။။။

ကဗျာ စတိုရီ(poem story)

20 Oct, 06:31


သစ်တစ်ပင် ကောင်းရင်
ငှက်တစ်သောင်း ခိုးနားလို့
ရချီရဲ့ တဲ့ ရှေးလူကြီးတွေပြောတော့

ဥယှဥ်မှူး က ရင်ကျိုးရပြီပေါ့။


                                      - ဗေဒါ

ကဗျာ စတိုရီ(poem story)

20 Oct, 05:24


ချစ်တယ်...

ချစ်တယ်ဗျာ တဲ့

ဘယ်လိုမိန်းကလေးလည်း အဖြေပေးတာလည်းသူများနဲ့မတူ
ရင်ထဲကိုနွေးသွားတာပဲ

စောင့်စောင့်အောင့်အောင့်လေးပြောလိုက်တော့
နှလုံးသားထဲထိုးနက်ဝင်တော့တာပဲ ဘယ်လိုမိန်းကလေးလည်း

မင်းအပြုံးတွေတွေ့မြင်ရဖို့ မင်းအနားမှာ ဝဲလည်ခက်နေတဲ့
ရွှေစွန်ညိုကြီးဟာ ကိုယ်ပေါ့

ကိုယ့်ရဲ့ အိမ်သူသက်ထားအဖြစ် မင်းကိုရွှေးချယ်ပြီးကတည်းက
သစ္စာကိုအသက်လိုတန်ဖိုးထားတယ်ပြီးတော့ မင်းကိုသိပ်ချစ်တယ်

မေတ္တာတရားတွေဟာ မင်းအတွက်ဆို ပိုပိုသာသာလေးပေးချင်မိတာ
မင်းတစ်ယောက်တည်းသာ ပေါပေါလောလော ချစ်ခြင်းမေတ္တာတွေ

ကမ္ဘာကြီးက လုံးရင်လုံးမယ် ပြားရင်ပြားမယ်
ကိုယ့်ကမ္ဘာကြီးက မှေးချွန်းချွန်းလေးနဲ့အသားလတ်ကလေး

မင်းရဲ့လက်သွယ်သွယ်လေးကိုဆွဲ သံသယာရှည်ချင်သလောက်ရှည်ပါစေ
သံသယာခရီးဆုံးထိ မင်းနဲ့အတူလျှောက်လို့သွားမယ်

မင်းညောင်းရင်ကုန်းပိုးခေါ်မယ် နောက်ဘဝဆိုတာအဝေးကြီး
ဒီဘဝမှာ မင်းတစ်ယောက်တည်းကိုပဲထွက်သက်ဆုံးတဲ့အထိချစ်မယ်

ဆုတွေသိပ်အများကြီးမတောင်းဆိုပါဘူး ရင်ဘတ်ပေါ်ထုပြီး
လိုချင်တာပူဆာတာ မင်းဖြစ်ရမယ် ရင်ခွင်မှာကပ်လို့ချွဲတာ မင်းဖြစ်ရမယ်

နိဗ္ဗာန်ကိုမှန်းလို့ မသေချင်ဘူး မင်းအပြုံးကို ငေးလို့ပဲ သေပါရစေကွယ်
...

ပြီးတော့ ဘဒ္ဒကမ္ဘာမှာမင်းကိုပဲငါ ချစ်တယ်...

♡ ခန့်ထည် ♡
#ချစ်တယ်
#ကဗျာဖတ်ခေါ်ခြင်း၂၂

ရေးထားခြင်းနှစ်နစ်ပြည့်

ကဗျာ စတိုရီ(poem story)

20 Oct, 04:08


အတိတ်ရဲ့အနာဂတ်

ငါ့လူငယ်ဘဝရဲ့
မီးစိမ်းတစ်ဝက်
မီးစိမ်းတစ်ဝက်
မီးနီတဝက်လို
ဖြတ်ခဲ့ရတယ်
မီးနီမိတုန်း
လမ်းချင်းမတူတဲ့ ကားတွေ
သွားပါစေ
ခရီးရောက်ပါစေ
ခရီးပေါက်ပါစေ
ငါသောက်တဲ့ စီးကရက်ကို
မီးငြှိရဖို့ပဲ ငါတွေးတယ်
အချစ်ကိုရှေ့တန်းမတင်ဘူး
ဘဝကို ရှေ့တန်းပို့တယ်
ရန်သူ့ကျည်တစ်တောင့်ဟာ
ငါ့ဘဝလည်း နိဂုံးချုပ်နိုင်တယ်

ရှဥ့်လည်းလျှောက်သာ
ပျားလည်းဆွဲသာ ဆိုပေမဲ့
ပျားအုံထဲ ရှဥ့်ဝင်လို့မှမရတာ
အမိရယ်
အပူမရှာပဲ အယူတော်မှားတော့လည်း
ပူရတာပဲ
ဝေးလေတုန်း
ပြေးလေအုန်းပေါ့
လိုက်ရှာဖို့
အခွင့်မသာတော့
အလီမရတဲ့ ကလေးလို
သင်္ချာညံ့တယ်
တော်လှန်ရေးက
အမိပြောသလို
ကိုယ့်အတွက်အကျိုးမရှိဘူးတဲ့လား
မစဥ်းစားတတ်ဘူးလားတဲ့
ဟုတ်ပါတယ်
ကျုပ်က စာညံ့တဲ့ကလေးပါ
မှိုတက်တဲ့ အတွေးနဲ့
တခါတလေတော့
ငိုတတ်တဲ့ ကလေးပေါ့

မနက်ဆို
ရိက္ခာကျန်ရဲ့လားလို့လည်း
မေးရသေးတယ်
မင်းကို
အိပ်တာမှန်ရဲ့လားလို့လည်း
တွေးရသေးတယ်
ရာသီဥတုက
မင်းနဲ့အတူရှိဖူးတဲ့မြို့ကလေးနဲ့
မတူနိုင်ဘူး
မင်းပြောဖူးပါတယ်
အကိုနဲ့မှ မဟုတ်ရင်
မယူနိုင်ဘူးဆိုတာ
ပြန်တွေးတိုင်း
ဟာသမမြောက်တဲ့ ပုံပြင်တစ်ပုဒ်
အတ္ထုပ္ပတိထဲ ထည့်ရေးဖို့
ရသတစ်ခု

ကဗျာမဆန်တဲ့ ရာဇသံပါပဲ
တစ်သက်တစ်ကျွန်း လွမ်းစေတဲ့
တရားသူကြီးက မင်းမို့လို့
တစ်ယူသန်တဲ့ကောင်လည်း
အယူခံမဝင်ရဲဝံ့ပါ

ဝေးပြီဆိုတော့လည်း
ဆိုင်းမဆင့်ဗုံမဆင့်ပါလား
တိုင်းအဆင့် ပြည်အဆင့်
နိုင်ငံကျော်သတင်းစာထဲ
ခေါင်းကြီးပိုင်းမှာ
လူပျောက်ကြေညာထည့်ချင်တယ်
မင်းမွေးတဲ့ သားဦးလေးကို
ကို့နာမည် မှည့်ချင်တယ်
ပြန်ဆုံဖို့ မဖြစ်နိုင်တော့
ဝေးနိုင်သမျှ ပြေး
တွေးနိုင်သမျှ ဆွေးရတယ်
ငါထင်မိရဲ့
ဘယ်ဘုရားမှ ဆုတောင်းမပြည့်ခဲ့သလို
သစ္စာဆိုလည်း သစ္စာမစူးခဲ့ဘူး
အဲ့တော့ ရူးသွပ်မှု
အရာမထင်
စာမတင်လောက်ခဲ့

-sxar(ပုံတိုပတ်စ)



-19.10.2024


ကဗျာ စတိုရီ(poem story)

20 Oct, 02:33


ဂီတာ chord ‌လေးတွေပါ လိုအပ်တဲ့ chord ရှိရင်တောင်းပါ

ကဗျာ စတိုရီ(poem story)

20 Oct, 02:18


ခင်များ နာကျင်နေခြင်းဟာ

စိတ်မနာတက်သေးလို့ဘာ

#ခန့်ထည်

ကဗျာ စတိုရီ(poem story)

20 Oct, 01:15


လောင်းခဲ့တဲ့ရေတွေကိုလည်း
မေ့မပစ်လိုက်ပါနဲ့
အဆိပ်ပင်လေးရေ။

- ဇာတိ

ကဗျာ စတိုရီ(poem story)

20 Oct, 01:06


https://t.me/+_4P8bDyAQA9mMTA1

ကဗျာစာတိုတွေကိုပုံနဲ့ ဖတ်ဖို့

💓💓💓💓

ကဗျာ စတိုရီ(poem story)

20 Oct, 00:15


အေးစက်မှုနဲ့အထီးကျန်မှုပဲရှိတဲ့
ကျနော့ရဲ့ညတွေက ပျော်စရာမကောင်းဘူး မမဝေ
တစ်ခါတစ်လေကျရင်
ရှိုက်သံနဲ့အတူ ဝင်သက်ထွက်သက်
ငြိမ်းအေးသွားစချင်တယ်။။

နေညို။။။။

ကဗျာ စတိုရီ(poem story)

19 Oct, 13:47


အေးစက်မှု့ဆိုတာ
မင်းဆီကရပြီးတယ့်
နောက်ပိုင်းငါ့ကမ္ဘာဟာ
ဆောင်းရာသီဖြစ်ခဲ့တယ်

Lavina

ကဗျာ စတိုရီ(poem story)

19 Oct, 13:12


ကဗျာ ဟာသစာတို တွေဖတ်ဖို့

Channle Joinခဲ့ပါ......

💙💙💙💙🔤

💕https://t.me/+_4P8bDyAQA9mMTA1
💕
https://t.me/+_4P8bDyAQA9mMTA1

24,213

subscribers

1,432

photos

44

videos