(World Radio Day)
ဖေဖော်ဝါရီလ ၁၃ ရက်နေ့
အိမ်အိမ်ရဲ့ သူငယ်ချင်းတို့ရေ၊
ဒီနေ့ကတော့ ကမ္ဘာ့ရေဒီယိုနေ့ (World Radio Day) ဖြစ်ပါတယ်။
၁၈၈၆ ခုနှစ်မှာ ဂျာမန်ရူပဗေဒပညာရှင် Heinrich Hertz က ရေဒီယိုလှိုင်းများကို ရှာဖွေတွေ့ရှိခြင်းမှ စတင်ခဲ့ပါတယ်။ ၁၈၉၀ ခုနှစ်များမှာ အီတလီတီထွင်သူ Guglielmo Marconi မှ ပထမဆုံး ရေဒီယိုကို ဖန်တီးခဲ့ပြီး ကြိုးမဲ့ကြေးနန်းတစ်ခုအဖြစ် ကြိုးမဲ့ Morse Code မက်ဆေ့ချ်များ ပေးပို့နိုင်ခဲ့ပြီး
ပထမဆုံးသော ရေဒီယိုထုတ်လွှတ်မှုကို ၁၉၂၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့ပါတယ်။
ကမ္ဘာ့ရေဒီယိုနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကသတ်မှတ်ခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့ရေဒီယိုနေ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရေဒီယိုရဲ့ အရေးပါမှုကို လူထုအားအသိပေးရန်၊ ရေဒီယိုမီဒီယာ၏ လွတ်လပ်မှု၊ ပြည့်စုံမှုနှင့် လူမှုရေးတွင် ၎င်း၏အခန်းကဏ္ဍကိုမြှင့်တင်ရန်တို့ ဖြစ်ပါတယ်။
ကမ္ဘာ့ရေဒီယိုနေ့ဟာ ရေဒီယိုရဲ့ အရေးပါမှုကို ပြန်လည်သတိရစေပြီး၊ ရေဒီယိုမီဒီယာရဲ့ လွတ်လပ်မှုနှင့် ပြည့်စုံမှုကို မြှင့်တင်ရန် ရည်ရွယ်တဲ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် အိမ်အိမ်တို့အတူ ဂုဏ်ပြုကြိုဆိုကြပါစို့။