Knowledge Land - Book Store @knowledgelandbookstore Channel on Telegram

Knowledge Land - Book Store

@knowledgelandbookstore


Here is your Knowledge Land

Knowledge Land - Book Store (English)

Welcome to Knowledge Land - Book Store, your one-stop destination for all things books! Are you a bookworm looking for your next literary adventure? Or perhaps you're on the hunt for the perfect gift for a fellow book lover? Look no further, because Knowledge Land has got you covered. With a vast selection of genres, authors, and titles, there is something for everyone in our virtual store. From classic novels to contemporary bestsellers, from self-help guides to cookbooks, we have it all. Our curated collection ensures that you will find exactly what you're looking for, whether you're in the mood for a gripping mystery or a heartwarming romance. At Knowledge Land - Book Store, we believe in the power of books to educate, entertain, and inspire. That's why we are dedicated to providing our customers with the best reading experience possible. So come on in, browse our shelves, and lose yourself in the magic of books. Here is your Knowledge Land - where every page is a new adventure waiting to be discovered.

Knowledge Land - Book Store

17 Feb, 14:48


နေ့စဉ် Social Media မျိုးစုံကြားမှာ နစ်မွန်းပြီး
ကိုယ့်ဘဝအတွက် အရေးပါတဲ့ အလုပ်တွေအပေါ်
အာရုံစူးစိုက်မှု အားနည်းနေသူတွေ

ပညာရပ်တစ်ခုကို စိတ်နှစ် ကိုယ်နှစ်
စူးစူးစိုက်စိုက် လေ့လာချင်သူတွေ

အလုပ်ရှုပ်သလောက် အလုပ်ပြီးမြောက်မှု
နည်းနေသေးလို့ ကိုယ့်ကိုယ်ကိုယ်
မချင့်မရဲဖြစ်နေရသူတွေ
ဖတ်ရှုသင့်တဲ့ နိုင်ငံတကာ အ​ရောင်းရဆုံး
စာအုပ်ကောင်းတစ်အုပ်ပါ။

အာရုံစိုက်လုပ်ခြင်းဟာ ကိုယ်လုပ်တဲ့
အလုပ်မှာလည်း ပိုကျွမ်းကျင်လာနိုင်သလို၊
အချိန်တိုတိုအတွင်းမှာ ရလဒ်တွေ ပိုရနိုင်တယ်။
ဒီ့အပြင် အရည်အချင်းတစ်ရပ်ကို
ကျွမ်းကျင် ပိုင်နိုင်ခြင်းကြောင့် အောင်မြင်မှုရဲ့
အရသာကိုလည်း ခံစားရစေတယ်။

ဒါပေမယ့် ဟင်းလင်းပြင်ရုံးခန်းထဲက
ဉာဏလုပ်သားတွေဖြစ်စေ၊
သူတို့ရဲ့ အတွေးအမြင်တွေကို ပိုထက်သန်ဖို့
ကြိုးစားနေတဲ့ အနုပညာရှင်တွေဖြစ်စေ၊
အများစုဟာ ဒီနေ့ခေတ်မှာ
အာရုံစူးစိုက်နိုင်စွမ်းတွေ ကျဆုံးသွားကြပါပြီ။
သူတို့ရဲ့ အချိန်တွေကိုလည်း အီးမေးလ်၀င်္ကပါ၊
လူမှုကွန်ရက် ကမ္ဘာပေါ်မှာ
အချိန်ကုန်ဆုံးနေကြရတယ်။
ပိုကောင်းတဲ့ နည်းလမ်းတွေကိုတောင်
သူတို့ သတိမထားမိနိုင်ကြတော့ဘူး။

ဒီစာအုပ်မှာတော့ အစဉ်အလာ ဓလေ့တွေ၊
လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကို
ရောသမမွှေ တင်ပြထားပါတယ်။
စာအုပ်ကို ဖတ်နေရင်း တလျှောက်လုံးမှာလည်း
စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွေကိုလည်း
ဖတ်ရပါလိမ့်မယ်။ 'စိတ်နှစ်လုပ်' ဆိုတဲ့
စာအုပ်ဟာ အာရုံထွေပြားလှတဲ့ ယနေ့ခေတ်
လောကအလယ်မှာ အောင်မြင်မှုသရဖူ
ဆောင်းချင်တဲ့ သူတိုင်းအတွက်
နည်းလမ်းတွေ ပြပေးပါလိမ့်မယ်။

👨‍💻 စိတ်နှစ်လုပ် 👨‍💻
- မောင်သန်း -

တန်ဖိုး - ၁၂၀၀၀ ကျပ်

Knowledge Land - Book Store

15 Feb, 12:30


သင်ချစ်မြတ်နိုးသော အလုပ်ကိုသာလုပ်ပါ။
သင့်ဘ၀တွင် တစ်ရက်မျှအလုပ်လုပ်ရန်
မလိုတော့ပါ။ 💼

အလုပ်လုပ်ခြင်းဆိုသည်မှာ
ဝင်ငွေရရှိရုံသက်သက်တွက်သာမဟုတ်ဘဲ
မိမိအားစိတ်ကျေနပ်ပျော်ရွှင်စေမည့်
မိမိတန်ဖိုးထားသော ဝါသနာများအား
လုပ်ဆောင်ခြင်းဖြင့် ဘ၀အား
အဓိပ္ပာယ်ရှိစွာဖြတ်သန်းခြင်းပင်ဖြစ်သည်။

ဒီစာအုပ်က အခုမှ အလုပ်စရှာနေတဲ့လူငယ်တွေ၊
ကိုယ်ဘာဝါသနာပါမှန်း သေချာမသိသေးတဲ့
လမ်းပျောက်နေတဲ့ လူငယ်တွေအတွက်လည်း
တကယ်အသုံးဝင်မယ့်စာအုပ်လေးပါလို့
ပြောကြားလိုပါတယ်။

လုပ်ငန်းခွင်အတွက် အဓိကထားပြီး
ရေးသားထားတာကြောင့်
အခုမှ လုပ်ငန်းခွင် စတင်ဝင်ရောက်မည့်သူ
အပါအဝင် လက်ရှ်ိလုပ်ကိုင်ဆဲ လူငယ်တွေအတွက်
စာအုပ်ကောင်းတစ်အုပ်ဖြစ်မှာ ဧကန်ပါပဲ။

လုပ်ငန်းခွင်စဝင်မည့်လူငယ်များ၊
အလုပ်စလျှောက်ဖို့ ဘယ်ကနေစရမှန်း
မသိသေးသောသူများ၊ ကိုယ်ဘာ ဝါသနာ ပါလဲ
သေချာ သိဖို့ ဒီစာအုပ်လေးက အရေးပါတဲ့
နေရာကနေ ရှိနေမှာမို့ တကယ်လိုအပ်တဲ့
စာအုပ်ဖြစ်ပါတယ်။

အလုပ်ရှာနည်းအလုပ်ရနည်း 🔎
- Htet K.Khaing -

တန်ဖိုး - ၁၀၀၀၀ ကျပ်

Knowledge Land - Book Store

14 Feb, 16:52


တကယ်တော့ စိတ်ဆိုတာ
တကယ်ကို အစွမ်းထက်ပါတယ်။ ⚡️

ကိုယ်တိုင်ကလည်း တကယ်ကြိုးစားပါမှ။

ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်တဲ့တစ်နေ့တော့
အရာအားလုံး ကိုယ့်စိတ်ကူးထဲကအရာတွေ
လက်တွေ့ ဖြစ်လာမှာပါ။

ဒါကြောင့် အမြဲတမ်း ကိုယ်ဖြစ်ချင်တာတွေ
အမြဲတစေပုံဖော်ပါ။ အစွမ်းကုန်ကြိုးစားပါ။

အချိန်တစ်ခုရောက်ရင်တော့ 🕰️
ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

- မိုမိုစု (ဆေးတက္ကသိုလ်) -
စမတ်ကျကျပျော်ရွှင်ပါ

တန်ဖိုး - ၅၀၀၀ ကျပ်

Knowledge Land - Book Store

12 Feb, 01:58


အမှားလုပ်တာက အပြစ်မဟုတ်ပါဘူး။
အဲဒီအမှားကနေ သင်ခန်းစာမယူတာကမှ
အပြစ်ဖြစ်တယ်။

လူတိုင်းရဲ့ဘဝမှာ ဘဝသင်ခန်းစာတွေရှိပါတယ်။
အမှားကနေ သင်ခန်းစာယူတတ်တဲ့
အကျင့်မရှိတဲ့သူဟာ ကြုံတွေလာတဲ့
ဘဝပြဿနာတွေကို သင်ခန်းစာပေးတယ်လို့
မထင်မှတ်တော့ဘဲ မသိချင်ဟန်ဆောင်ပြီး
ကျော်သွားကြပါတယ်။

လေးလေးနက်နက် မတွေးတော့ဘဲ
ကြုံတွေ့လာတဲ့ပြဿနာကိုပဲ ရင်ဆိုင်မယ်။
ဘာပြဿနာပဲဖြစ်ဖြစ် ဖြစ်လာမှဖြေရှင်းမယ်လို့
သဘောထားနေရင် အမှားကနေ
သင်ခန်းစာမယူဘဲ အမှားတွေကိုပဲ
ဆက်တိုက်လုပ်မိနေပါလိမ့်မယ်။

အမှားလုပ်တာက အပြစ်မဟုတ်ပါဘူး။
အဲဒီအမှားကနေ သင်ခန်းစာမယူတာကမှ
အပြစ်ဖြစ်တယ်။ အမှားမလုပ်ဘူးဆိုရင်လည်း
ဘဝရဲ့အခက်အခဲတွေကို ဖြေရှင်းတတ်မှာ
မဟုတ်ပါဘူး။ အိုင်းစတိုင်းက ပြောတယ်။
တစ်ခါမှ မမှားဖူးတဲ့သူဟာ ဘာကိုမှ မည်မည်ရရ
မလုပ်ဖူးသေးတဲ့သူပဲ” တဲ့။ သူပြောသလိုပါပဲ။
အမှားကို မကြုံဖူးတဲ့သူဟာ ဘာမှမလုပ်ဖူးလို့ပဲ။
မလုပ်တာကလည်း မှားမှာကြောက်လို့ပါပဲ။
မှားမှာကြောက်ပြီးဘာမှမလုပ်ဘဲ ထိုင်နေမယ့်အစား
တစ်ခုခုကိုထပြီး လုပ်ကြည့်လိုက်လို့ မှားသွားတာက
ပိုကောင်းပါတယ်။

လူတိုင်း အမှားလုပ်တတ်ကြပါတယ်။
အောင်မြင်သူတွေလည်း အမှားတွေလုပ်ပြီးမှ
အောင်မြင်လာကြတာပါ။
သင်လည်းအောင်မြင်တဲ့သူဖြစ်ချင်ရင်
အမှားလုပ်ရမှာကို မကြောက်ပါနဲ့။
အမှားလုပ်ပြီးရင်လည်း အမှားကနေ
သင်ခန်းစာယူတတ်ဖို့တော့ လိုပါတယ်။
ကိုယ့်ရဲ့ အလုပ်နဲ့ ဘ၀ တိုးတက်ပြောင်းလဲဖို့အတွက်
အခြေခံကျတဲ့ သင်ခန်းစာ ၂၅ ချက်ကို
ဖတ်ရှုရမယ့် စာအုပ်ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့အတွက်
သင်ခန်းစာ ၂၅ ချက် 🫧

- မြင့်မြင့်ခင် (Golden Ideas) -

တန်ဖိုး - ၁၄၀၀၀ ကျပ်

Knowledge Land - Book Store

12 Feb, 01:58


လောကကြီးမှာ ချစ်ရုံသက်သက်
ရေစက်တွေလည်း ရှိတတ်တာကို လက်ခံပေးပါ🪢

ဖမ်းမဆုပ်နိုင်ဘဲ
လက်ကမ်းခဲ့မိတဲ့အတွက် ခွင့်လွှတ်ပါ🧶

ဒီအချိန်ထိ စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်🫧

စောင့်နေခဲ့တဲ့ကာလတစ်လျှောက်လုံးကို
အဓိပ္ပါယ်ရှိစေခဲ့တဲ့အတွက်
ကျုပ်ကလည်း ကျေးဇူးတင်ပါတယ်🧸

ရှေ့မတိုးနိုင်ဘဲ ခြေလှမ်းပြင်ခဲ့မိတဲ့အတွက်
ကျုပ်ကိုလည်း ခွင့်လွှတ်ပါ🎈

- ပုညခင် -
နောက်ဆုံးနက္ခတ်

Knowledge Land - Book Store

12 Feb, 01:57


ကိုယ့်ဝင်သက်ထွက်သက်က
ကိုယ့်မှီခိုအားထားရာပဲ။

ကိုယ့်ကိုပေးထားတဲ့ လက်ဆောင်ပါ။
ဒီအခိုက်အတန့်လေးမှာ ကျွန်မတို့
ကိုယ့်ကိုယ်ကိုယ်ပဲ အဓိကထားဖို့
ကျွန်မတို့အားလုံး ရထားကြတဲ့ လက်ဆောင်ပေါ့။

အပေါ့ပါးဆုံး စိတ်ပင်ပန်းမှုကို
ကျွန်မတို့ ထိပ်တိုက်တွေ့ရတဲ့အခါမှာတောင်
ကျွန်မလုပ်လက်စတွေရပ်လိုက်ပြီး
အသက်ကို ပြင်းပြင်းရှူသွင်းပြီး ပြန်ထုတ်လိုက်တယ်။

ကိုယ််က မရည်ရွယ်ဘဲ ဘယ်နှစ်ကြိမ်
အသက်အောင့်ထားမိလဲ သတိထားမိလား။

စပြီး အာရုံစိုက်ကြည့်လိုက်တာနဲ့
ကိုယ့်စိတ်ထဲ ဘယ်လောက်တောင်
စိုးရိမ်ပူပန်စရာတွေ များနေလဲ ဆိုတာ
အံ့အားတသင့်တွေ့ရလိမ့်မယ်။

ဖြည်းဖြည်းနဲ့ ပြင်းပြင်းအသက်ရှူသွင်းပြီး
ကိုယ်မထိန်းချုပ်နိုင်တဲ့အရာကို လက်လွှတ်ကာ
ကိုယ့်ရှေ့မှာရှိတဲ့ အရာကိုပဲ
ပြန်အာရုံစိုက်တာလောက်
ဘယ်အရာမှ ပိုမထိရောက်ဘူး။

What I Know For Sure 🍷
~ Opeah Winfrey ~

ဘဝထဲကအသိတရား 💭
- စုမြတ်ချစ် -

တန်ဖိုး - ၇၅၀၀ ကျပ်

Knowledge Land - Book Store

12 Feb, 01:57


ငါ့ဒိန်ခဲကိုဘယ်သူနေရာရွှေ့ထားသလဲ 🧀

🫧မသိမသာ အပြောင်းအလဲကလေးများကို
စောစောစီးစီး သတိထားမိမယ်ဆိုရင်
နောင်တွေ့ရမယ့် ဧရာမ အပြောင်းအလဲကြီးများကို
ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်။

🫧အပြောင်းအလဲကို သတိနဲ့ စောင့်နေပါ။
ဒိန်ခဲကို မကြာခဏ နမ်းကြည့်ပါ။ မှိုနံ့ကို သတိပြုပါ။

🫧ကိုယ်ဟာ တကယ်တော့ ဟမ်ဘဲ၊
အပြောင်းအလဲကို ကြောက်ပြီး
ဆင်ခြေတွေအမျိုးမျိုးပေးပြီး
တစ်နေရာတည်းမှာ ကုတ်ကတ်နေနေတာ။

ငါ့ဒိန်ခဲကိုဘယ်သူနေရာရွှေ့ထားသလဲ 🧀
- တင်မောင်မြင့် -

တန်ဖိုး - ၇၀၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 16:06


ကျရှုံးရတဲ့ ငါ့ကိုယ်ငါ
အတိတ်လို့ နာမည်ပေးထားတယ်🪸

မင်းကိုတော့ မနက်ဖြန်လို့ နာမည်ပေးထားမယ်
မနက်ဖြန်က ငါ့ရဲ့အနာဂတ်ပဲ🌻

မင်းကငါ့ဘဝရဲ့မူပိုင်။

- Minn Mu Pai -
မင်းကငါ့ဘဝရဲမူပိုင် 🌹

တန်ဖိုး - ၈၅၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 16:05


မင်းနဲ့တွေ့ရလို့ ကိုယ့်ကိုကိုယ်
ကံဆိုးတယ်လို့ မထင်မိပါဘူး။

တကယ်လို့ ကံဆိုးမယ်ဆိုရင်လည်း
ဒီကံဆိုးခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက်
လက်ခံချင်စရာကောင်းတဲ့ ကံဆိုးခြင်းတစ်ခုပဲ
ဖြစ်ပါလိမ့်မယ် အစောရယ်🌨️

လွမ်းတေးမဆုံးစေနှင့်စောသခင်
- တက္ကသိုလ်ဘုန်းနိုင် -

တန်ဖိုး - ၁၅၅၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 16:01


👥ခင်မင်ရင်းနှီးမှုဆိုတာ
ကစားနည်း မဟုတ်တဲ့အတွက်
ဘယ်သူကတော့ ဘယ်သူ့ထက်
အပေါင်းအသင်းပိုများတယ်လို့ လိုက်မတွက်ပါနဲ့။

👥အပေါ်ယံအပေါင်းအသင်းတွေ
အများကြီး ရှိတာထက်စာရင်
ရင်ဘတ်ချင်း နီးတဲ့ မိတ်ဆွေနည်းနည်းပါးပါး
ရှိဖို့က ပိုအရေးကြီးပါတယ်။

👥စစ်မှန်တဲ့ မိတ်ဆွေတစ်ယောက်က ကိုယ့်ဘ၀ကို
ပြောင်းလဲသွားအောင် မြှင့်တင်ပေးနိုင်ပါတယ်။

👥မိတ်ဆွေသက်တမ်း သုံးဆယ့်ခုနစ်နှစ်လောက်
ကြာပြီဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်းက
ကျွန်တော့်ဘ၀အတွက် အင်အားတစ်ခု ဖြစ်ပါတယ်။
သူမရှိရင် ကျွန်တော်လမ်းပျောက်နေမှာ။
အသက်ဆယ့်သုံးနှစ်အရွယ်
အထက်တန်းကျောင်းပထမနှစ်မှာ
သူက ကျွန်တော့်ဘ၀ကို ပိုကောင်းအောင်
ပြောင်းလဲပေးခဲ့တာပါ။

👥ချစ်ခင်ရင်းနှီးမှုနဲ့ ပံ့ပိုးကူညီမှု အပြန်အလှန် ထားရှိပါ။
အမြဲတမ်း တစ်ဖက်သတ် အားထုတ်နေရတာမျိုးကို
ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။

👥ကိုယ့်ဘ၀မှာ အရေးပါတဲ့ လူတွေကို
ချစ်မြတ်နိုးစွာ ကူညီပံ့ပိုးပါ။
အကူအညီ လိုတဲ့အခါ ရှိနေပါစေ။
သူတို့ရင်ဖွင့်နိုင်တဲ့သူဖြစ်ပါစေ။

👥နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။
သူပြောပြီးရင် ကိုယ်ဘာပြောဖို့ စဉ်းစားနေမယ့်အစား
တစ်ဖက်လူ ဘာပြောတယ်ဆိုတာ
သေချာစူးစိုက်နားထောင်ခိုင်းတာပါ။
ကြားဖြတ်ပြောတာ၊ ကိုယ်ပြောချင်တဲ့ဘက်
စကားလမ်းကြောင်းပြောင်းတာ မလုပ်ပါနဲ့။
သူ့အားနည်းချက်ကို ဖွင့်ပြောလာရင်
အဲဒီနေရာမှာ ကိုယ်ဘယ်လောက်တော်ကြောင်း၊
တတ်ကြောင်း မပြောပါနဲ့။

👥ကိုယ့်အတွက် သူတို့ဟာ ဘယ်လောက်
အရေးပါကြောင်း၊ သူတို့ကို ကိုယ်ဘယ်လောက်
ချစ်ခင်လေးစားကြောင်း သိပါစေ။

👥ဘယ်သူမဆို ကိုယ့်အပေါ်
ယုံကြည်စေချင်ကြတဲ့သူချည်းပဲမို့
အားပေးကူညီတတ်သူ ဖြစ်ပါစေ။

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားခြင်းအနုပညာ
- လင်းခန့် -

တန်ဖိုး - ၉၀၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 16:00


ကျွန်တော်တို့ အဖွဲ့ RFT(Residential Field Training)
Trip သွားရန် မဲနှိုက်ကြသည့်အခါ
ရေဦးမြို့သို့ ကျပါသည်။
ကွင်းဆင်းလေ့လာရေးဆိုသည်မှာ
Final Part 1 ကျောင်းသားများအတွက်
မမေ့နိုင်စရာ ခရီးစဉ် ဖြစ်လာမည်မို့
ကျွန်တော်တို့ မျှော်လင့်ထားသည့် မြို့များမှာ
တောင်ကြီး၊ကလော စသည်မြို့တို့ ဖြစ်သော်လည်း
မဲကျသည့်မြို့ဆီသာ သွားဖို့ ပြင်ရတော့သည်။

ကျွန်တော်တို့အဖွဲ့တွင် ယောက်ျားလေး ရှစ်ယောက်၊
မိန်းကလေး ခြောက်ယောက် ပါရှိသည်။
ပထမဆုံး စီစဉ်ရသည်မှာ ခရီးစဉ်တွင်
ဝတ်ရန် တူညီ ဝတ်စုံချုပ်ကြရန် ဖြစ်သည်။
အမျိုးသားများအတွက်စတိုင်ပင်အနက်နှင့်
iMax မှ အဖြူကွက် ဆင်တူဝယ်ဖို့ သဘောတူကာ
မန္တလေးစျေးချိုသို့ ချီတက်ခဲ့ကြတော့သည်။
မိန်းကလေးများလည်း သူတို့ကြိုက်ရာ
အဝတ်စကို ညှိနှိုင်းဝယ်ကာ အမြန်ချုပ်ကို
အပ်ခိုင်းရတော့သည်။

လိုအပ်သည့် တိုလီမိုလီပစ္စည်းများကို
အဖွဲ့လိုက် သွားဝယ်ရသည်မှာ တကယ်ပင်
ပျော်စရာကောင်းလှပါသည်။

ကျွန်တော်တို့ အဖွဲ့လိုက် ရေဦးမြို့သို့ မသွားခင်
မြို့နယ်ဆရာဝန်ကြီးထံ ရှေ့ပြေးအနေဖြင့်
သွားတွေ့ရန် မဲနှိုက်ကြသည့်အခါ
ကျွန်တော်နှင့် ကောင်းခန့် တို့မဲပေါက်ကြသည်။
မြို့နယ်ဆရာဝန်ကြီးကို လက်ဆောင်ပေးရန်
မန္တလေး မြင့်မြင့်ခင်ထိုးမုန့်ငါးဘူးဝယ်ရသည်။
ကျွန်တော်တို့နှစ်ယောက်ကို သူငယ်ချင်းများက
သီရိမန္တလာကားကြီးကွင်းသို့ လိုက်ပို့ကြသည်။
မန္တလေး-မုံရွာ-ရေဦး ကားဂိတ်ကို လိုက်ရှာကာ
ကားလက်မှတ် ဖြတ်ရသည်။
အောင်ရတနာကားဂိတ်မှ လက်မှတ်ရသည်။
ညနေ ၄နာရီခွဲကျော်ကျော်တွင်
ကားကစတင်ထွက်ခွာသည်။

"ဟိုရောက်ရင်တော့ ဟိုတယ်
ကောင်းကောင်းမှာ တည်းပြီး ဇိမ်ခံလိုက်မယ်"
ကျွန်တော်က ပြောသည့်အခါ ကောင်းခန့်က
ထောက်ခံသည့် အနေဖြင့်ခေါင်းညိတ်ပြသည်။
ကျွန်တော်တို့လာသည့် အခါ အဖွဲ့ဘုံငွေများထဲမှ
စရိတ်ထည့်ပေးလိုက်ခြင်းကြောင့်
အေးဆေးဇိမ်ခံကြရန်ဆုံးဖြတ်ထားကြသည်။

ကျွန်တော်နှင့်ကောင်းခန့်စကားပြောလာကြသည်မှာ
ညောင်ပင်ဝန်းတွင်ကားရပ်မှ စကားပြတ်တော့သည်။
အမှောင်ထုက စတင်ဝင်ရောက်လာပေပြီ။
ကားပေါ်ပြန်တက်သည့်အခါ စားထားသည့်
အရှိန်ကြောင့် ငိုက်မျဉ်းလာကြတော့သည်။
အိပ်မက်ထဲ၌ အီကြာကွေးတွေ ကြော်နေသည့်
လူတစ်ဦးကို မြင်ရသည်။ထိုလူ့ဘေးက
ထိုင်ခုံရှည်လေးပေါ်၌ ထိုင်နေသည့်
ကျွန်တော်တို့နှစ်ယောက်ကို တွေ့ရသည်။
အိပ်မက်ကလည်း ဘာကြီးလဲဟုတွေးကာ
နိုးထလာမိသည်။ကားခြောက်နာရီခန့်စီးပြီး
ရေဦးမြို့ထဲ သို့ ရောက်လာကြသည်။

"ညီလေးတို့ ဘယ်နားမှာ ဆင်းကြမလဲ"
"hotel တခုခုနဲ့ အနီးဆုံးနေရာ ချပေးပါ"
ကားဆရာနှင့်ဒရိုင်ဘာက တစ်ဦးမျက်နှာတစ်ဦး
ကြည့်ကာ ရယ်ကြတော့သည်။

"ရေဦးမှာ တည်းခိုခန်း နှစ်ခန်းပဲ ရှိတယ် ညီလေး"
"ဒါဆိုရင်လည်း အနီးဆုံး တည်းခိုခန်းကို ချပေးပါ"
ကားစပယ်ယာ လမ်းညွှန်သည့်အတိုင်း
သွားသည့်အခါ နှစ်ထပ်ဆောင်တည်းခိုခန်းလေးကို
တွေ့ရသည်။ အပေါက်ပိတ်ထားပြီး ဖြစ်သောကြောင့်
အော်ခေါ်ရသည်။ လူတစ်ယောက်
အိပ်ချင်မူးတူးဖြင့်ထွက်လာသည်။

"အစ်ကို တည်းခိုခန်းငှားမလို့"
ထိုလူက ခေါင်းခါသည်။
"ဆယ်တန်းတွေ စာမေးပွဲ ဖြေချိန်မို့
သူတို့မိဘတွေ လိုက်လာကြတာအခန်းအားလုံး
မအားဘူးကွ။" ဒုက္ခနှင့်လှလှ တွေ့တော့သည်။
ကျွန်တော်တို့နှစ်ယောက်လုံး ရေဦးမြို့ကို
မရောက်ဖူးကြသလို အသိလည်း မရှိကြပါ။
စိတ်ညစ်ညစ်နှင့် လမ်းလျှောက်လာကာ
ဆိုင်ကယ်ကယ်ရီ ရှာရတော့သည်။
ကယ်ရီတစ်စီးတွေ့သည့်အခါ ဝမ်းသာအားရနှင့်
နောက်ထပ်တည်းခိုခန်းတစ်ခုဆီ ပို့ခိုင်းရသည်။
ထိုတည်းခိုခန်းကလည်း လူပြည့်နေ၍
လက်မခံနိုင်ဟုဆိုသည်။
ကျွန်တော်တို့နှစ်ယောက် ကားစီးလာရသည်မှာ
ပင်ပန်းနေပြီဖြစ်၍ အနားယူချင်နေကြပြီ ဖြစ်သည်။
ဆိုင်ကယ် ကယ်ရီသမားကို မေးရသည်။

"ဒီမှာ ညလုံးပေါက် ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ရှိလား"
ကယ်ရီသမားက စဉ်းစားပြီး
"ညလုံးပေါက်တော့ မဟုတ်ဘူး။
ဘောလုံးပွဲ ချိန် ပြီးတဲ့အထိ ဖွင့်တဲ့
လက်ဖက်ရည်ဆိုင်ရှိတယ်"
ထိုလက်ဖက်ရည်ဆိုင်သို့ ရောက်ခဲ့ရသည်။
လမ်းမကြီး ဘေးရှိ လက်ဖက်ရည်ဆိုင်ဖြစ်ပြီး
ခြင်တွေ ကိုက်လိုက်သည့်ဖြစ်ခြင်း။
အေးလိုက်သည့်ဖြစ်ခြင်း။
အကြော်ဆရာက အီကြာကွေးတွေ ကြော်နေသည်။
ကျွန်တော်တို့နှစ်ယောက်လည်း လက်ဖက်ရည်
တစ်ခွက်စီမှာကာ ထိုင်သောက်ရသည်။
ကားပေါ်ခဏအိပ်ပျော်စဉ်တွေ့ခဲ့ရသည့်
အိပ်မက်ထဲက ပုံစံနှင့် ထပ်တူကျနေသည်။

"ဆိုင်ပိတ်တော့မယ် ညီလေးတို့"
မနက် သုံးနာရီကျော် အချိန်တွင်
ဆိုင်ရှင်က ပြန်ရန် နှင်သည်။
ကျွန်တော်တို့ နှစ်ယောက် ကျသင့်ငွေ ရှင်းပြီး
မြို့ပြင်က တည်းခိုခန်းထံ ထပ်သွားဖို့
သဘောတူလိုက်ကြသည်။
အနည်းဆုံးတော့ အိမ်သာတက်ရ၊မျက်နှာသစ်ရ
ဧည့်ခန်းမှာနေရလျှင် မဆိုးဘူးဟု
တွေးမိကြသောကြောင့် ဖြစ်သည်။
လမ်းဘေးခွေးတွေက ထဟောင်ကြသည်။
ကြောက်ကြောက်နှင့် လမ်းမြန်မြန်လျှောက်ရသည်။
တည်းခိုခန်းရှေ့ရောက်သောအခါတံခါးပေါက်ကို
လာဖွင့်ပေးသူမှာ ညကတွေ့ခဲ့ရသည့်
လူမဟုတ်တော့ပေ။

ကျွန်တော်တို့နှစ်ယောက်
တောင်းတောင်းပန်ပန်ပြောမှ
ဧည့်ခန်းထဲက ထိုင်ခုံပေါ်တွင် အိပ်စက်ခွင့်ရခဲ့ပါသည်။
မနက်လင်းသည်နှင့် ရေချိုး၊မျက်နှာသစ်ကာ
ဆေးရုံအုပ်ကြီးထံ သွားကြရသည်။
ကျွန်တော်တို့ ဒုက္ခတွေကြားသိရသည့်အခါ
ဆေးရုံ အုပ်ကြီးက သူ့ဆီ

Knowledge Land - Book Store

08 Feb, 16:00


တန်းမလာရကောင်းလားဟုပြောကာ ဆူတော့သည်။
ဆေးရုံအုပ်ကြီးကို ကျွန်တော်တို့အဖွဲ့လာမည့်နေ့၊
လူဦးရေ စသည်တို့ကို သတင်းပေးပြီး
ပြန်လာခဲ့ကြတော့သည်။

ကျွန်တော်တို့အဖွဲ့လိုက် ရေဦးမြို့ကို
သွားကြမည့် မနက်က ဆေးတက္ကသိုလ်မန္တလေး
ရှေ့တွင် ကားများ၊ ကျောင်းသား၊ကျောင်းသူများ၊
ဆရာ၊ဆရာမများ နှင့် ရှုပ်ယှက်ခတ်နေပါသည်။
အမှတ်တရဓာတ်ပုံတွေ ရိုက်ကြပြီး ကျွန်တော်တို့
ငှားထားသည့် ကားပေါ် တက်ခဲ့ကြတော့သည်။
ရေဦးမြို့သို့ မနက် ဆယ့်တစ်နာရီဝန်းကျင်ခန့်တွင်
ရောက်ခဲ့ကြသည်။ လိုက်ပါလာသည့် ဆရာမက
ဆေးရုံအုပ်ကြီးနှင့်တွေ့၊ကျွန်တော်တို့အဖွဲ့ကို
အပ်ကာ ကားနှင့် ပြန်လိုက်သွားတော့သည်။
"သားတို့ သမီးတို့ နေဖို့ သံဃာဆောင်ကို
ပြင်ဆင်ပေးထားတယ်"
ကျွန်တော်တို့ ပစ္စည်းတွေကို သံဃာဆောင်ထဲသို့
ရွှေ့ကြရတော့သည်။
တစ်ထပ်ဆောင်ဖြစ်ပြီး တောင်မြောက်
ဆောက်ထားသည့် အဆောင်ဖြစ်သည်။
အောက်ခြေ နှစ်ပေလောက်ကို
အနီရောင်ဆေးသုတ်ထားပြီး အပေါ်ပိုင်း၌
အစိမ်းရောင်ဆေးသုတ်ထားသည်။
သံဃာဆောင်ထဲတွင် ဖုန်မှုန့်များ၊ပိုးမျှင်များကို
တွေ့ရသောကြောင့် လူနာ မထားသည်မှာ
ကြာရှည်ဟန်ရှိသည်။ အဖွဲ့လိုက်
တက်ညီလက်ညီ သန့်ရှင်းရေးလုပ်ကြရသည်။
"သရဲ ရှိလား မသိဘူး။ ငါ့စိတ်ထဲ တစ်မျိုးကြီးပဲ"
ပုသေးသေးကောင်မလေးဖြစ်သည့်
အိဖြူက သန့်ရှင်းရေးလုပ်ရင်းပြောသည့်အခါ
တခြားမိန်းကလေးများက အဲသည်လို မပြောသင့်ကြောင်း ကြောက်လန့်တကြား ဝင်ပြောကြသည်။
ယောက်ျားလေးများမှာ အကြောက်အလန့်မရှိကြဘဲ
သန့်ရှင်းရေးဆက်လုပ်ကြသည်။
"အား" ကျော်မင်း လက်ကို သံစူးပြီး သွေးတွေ
စီးကျလာသည်။ပါလာသည့် Betadine ဘူးကို
ဖောက်ကာ ဆေးထည့်ပေးရသည်။
သမံတလင်းပေါ်ကျသည့် သွေးစက်တွေကို
အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိသည်။
ကျော်မင်းကို ခဏနားခိုင်းပြီး တခြားလူများက
သန့်ရှင်းရေးဆက်လုပ်ကြသည်။
ခဏနေလျှင် မေးခိုင်ကာကွယ်ဆေးသွားထိုးရမည်။
ကောင်မလေးတွေက ပါလာသည့်ဆန်ထုတ်ကာ
ထမင်းချက်ကြတော့သည်။
သန့်ရှင်းရေး လုပ်ပြီးခဏနားကြသည်။
ခဏအကြာ မန္တလေးက ပါလာသည့်
ဟင်းတွေထုတ်ကာ ထမင်းစားရတော့သည်။
မြို့နယ်ဆရာဝန်ကြီးက ညနေတွင်
ကျွန်တော်တို့အဖွဲ့နှင့်တွေ့ဆုံကာ
ခရီးစဉ်ကြမ်းဆွဲမည်ဟု ပြောထားသည်။

ဆေးရုံအုပ်ကြီးနှင့်တွေ့ကာ ခရီးစဉ် အကြမ်းကို
ရေးဆွဲရသည်။ ကျေးလက်ကျန်းမာရေး ဌာန၊
ကျေးလက်ကျန်းမာရေးဌာနခွဲ များကို
သွားရမည့်နေ့များ၊ရေဦးစျေး၊စည်ပင်၊
ရေသန့်စက်ရုံသို့ သွားရမည့်နေ့များကို
အစီအစဉ်ဆွဲပေးသည်။ ဆေးရုံတွင်နေစဉ်
ကုသဆောင်ထဲသွားကာ ပညာယူရန် ပြောကြားသည်။

ညသို့ ရောက်သည့်အခါ ကြိုးတန်းသူကတန်း၊
ခြင်ထောင် ထောင်သူကထောင်ကြသည်။
ဟောခန်းကြီးဖြစ်သည်မို့ မိန်းကလေးတွေကို
အတွင်းဘက်၌ နေရာပေးပြီး ကျွန်တော်တို့
ယောက်ျားလေးများက အခန်းအလယ်တွင်
နေကြသည်။ ကားစီး၍ ပင်ပန်းသည်ကတစ်မျိုး၊
သန့်ရှင်းရေးလုပ်၍ ပင်ပန်းကြသည်က
တစ်မျိုးမို့ ပင်ပန်းကာ ခေါင်းချလိုက်သည်နှင့်
အိပ်ပျော်သွားတော့သည်။

"ဒေါက် ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံက ညင်ညင်သာသာ ကြားနေရသည်မှ
ပို၍ ပြင်းထန်လာသည်။

"ဒေါက် ဒေါက် ဒေါက် ဒေါက်"
ကျွန်တော်နိုးလာသည့်အခါ
ဘေးကလူများ၏ ဟောက်သံများနှင့်အတူ
တံခါးခေါက်သံ ကိုအဆက်မပြတ်ကြားရတော့သည်။

"ကောင်းခန့်။ဇော်မင်း ထဦး"
ကျွန်တော်နှင့် ခြင်ထောင်တစ်ခုထဲ အိပ်သည့်
သူငယ်ချင်းနှစ်ယောက်ကို နှိုးရသည်။
သို့သော် သူတို့နှစ်ယောက်က မထဘဲ
ဆက်အိပ်နေကြသည်။

"ဒေါက် ဒေါက် ဒေါက် ဒေါက်"

ဆက်လက်ဖတ်ရှုရန် •••

🌩️ တံလျှပ်များ
- ဟမ်စိုင်း (ဆေး - မန်း) -

တန်ဖိုး - ၁၅၀၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 16:00


သင်ဟာ Introvert တစ်ယောက်လား 🫵

အနေအေးသူ Introvert တို့ ဖတ်ရှုသင့်တဲ့
စာအုပ်လေးတစ်အုပ်ညွှန်းပေးပါရစေ☝️

“လူမှန်ရင် သိမ်ငယ်စိတ်ရှိတယ်

ပူပန်တာက ဖြစ်ရိုးဖြစ်စဉ် စိတ်ခံစားချက်တစ်မျိုးပါ

အဆန်းမဟုတ်သလို၊ ကြောက်ဖို့လည်း မဟုတ်ဘူး

ကျော်ဖြတ်နိုင်ဖို့ပဲ လိုတယ်💪

“လူတွေက ကိုယ်လိုချင်တာကိုရအောင်
ဘယ်လိုဖြစ်ဖြစ် လုပ်ပေးနိုင်မယ့်သူကိုပဲ
လုပ်ပိုင်ခွင့်တွေ ပေးချင်တတ်ကြတယ်။
ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာရယ်၊
ဖြစ်သင့်ဖြစ်ထိုက်တာကို လမ်းကြောင်းပြနိုင်မယ့်
သူတွေကိုကျတော့ ဘေးပို့ထားတတ်ကြတယ်”

ငြိမ်သက်ခြင်း
- မောရိသျှ -

တန်ဖိုး - ၁၁၀၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 15:59


Elon Musk ဘာကြောင့် မီလျံနာ ဖြစ်သွားရတာလဲ

Elon Musk ရဲ့ ငယ်ဘဝဖြတ်သန်းမှုများ
စိတ်အားထက်သန်မှု ဝါသနာများ
ကိုယ်ဖြစ်ချင်တာကိုကြိုးပမ်းအားထုတ်ပုံများ
Tesla နဲ့ Space X ကိုထူထောင်ခဲ့ပုံများ
ကို တဝကြီးဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်📔

ဆီလီကွန်တောင်ကြားက ဘီလျံနာစီအီးအို
အီလွန်မက်စ်
- ကျော်မျိုး (မြန်မာပြန်) -

တန်ဖိုး - ၂၀၀၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 15:59


ကုန်နေတာ နှစ်ချီပြီဖြစ်တဲ့
စာအုပ်လေး #ပြန်ရပါပြီ 💯

ဤစာအုပ်တွင် ကမ္ဘာ့ လူသားများ
ကိုးကွယ်နေသောဘာသာကြီး ၁၁ ခု၏
အကြောင်း အပြည့်အစုံကို သမိုင်း နောက်ခံများ၊
အဆင့်မြင့် ဒဿန အမြင်များနှင့်
တိုးတက်ပြောင်းလဲလာပုံ၊ စတင် ဖြစ်ပေါ်လာပုံ
အလုံးစုံကို အသေးစိတ် တင်ပြထားသည်။

1️⃣ဟိန္ဒူဘာသာ ( ရှေးခေတ်၊ နှောင်းခေတ်)
2️⃣ဂျိန်းဘာသာ
3️⃣ဗုဒ္ဓဘာသာ
4️⃣ဆိစ်ခ်ဘာသာ
5️⃣တောက်ဘာသာ
6️⃣ကွန်ဖြူးရှပ်ဘာသာ
7️⃣ရှင်တိုဘာသာ
8️⃣ဇိုရိုအက်စတာဘာသာ
9️⃣ယုဒဘာသာ ( ဂျူးဘာသာ )
1️⃣0️⃣ခရစ်ယာန် ဘာသာ
1️⃣1️⃣အစ္စလာမ်ဘာသာတို့ အပြင်

ဤဘာသာကြီးများ မပေါ်မီက
ရှေးခေတ် လူသားများ ကိုးကွယ်ခဲ့ကြသည့်
ပျောက်ကွယ်သွားသော ဘာသာများ
အကြောင်းကိုပါ ပြည့်ပြည့်စုံစုံ တင်ပြထားသည်။

📿လူတို့ကိုးကွယ်ရာဘာသာကြီးများ
- ဆန်းလွင် -

တန်ဖိုး - ၅၀၀၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 15:54


ဆရာ လယ်တွင်းသားစောချစ် Collection 💐 ( Update, Jan 2025)

ပန်းများပွင့်စေမွှေးစေသူ - ၇၅၀၀ ကျပ်
ကျွန်တော်အမုန်းဆုံးကျွန်တော် - ၉၀၀၀ ကျပ်
အမေ့ထိုင်ခုံနှင့်အဖေ့ကျောပြင် - ၅၅၀၀ ကျပ်
ဥပဓိရုပ် - ၇၅၀၀ ကျပ်
လွမ်းစေတီနဲ့စမ်းရေကြည် -
ခေါင်းလောင်းသံချိုချို - ၈၅၀၀ ကျပ်
ပန်းမြိုင်လယ်မှဥယျာဉ်မှူး - ၈၅၀၀ ကျပ်
ရွှေမြင်းမိုရ်ပြိုမှာစိုးတယ် - ၁၁၀၀၀ ကျပ်
ပန်းကိုလိုချင်အပင်ကိုပျိုးတတ်မှ - ၁၀၀၀၀ ကျပ်
ရတနာစိမ်း - ၈၅၀၀ ကျပ်
နှလုံးသားမလှသူမဖတ်ရ - ၁၀၀၀၀ ကျပ်
စကားပုံထဲမှာပေးသောအတွေးအမြင် -
စားဖွယ်ပေါတဲ့တို့တောရွာ -
ညောင်ပင်တစ္ဆေဝေလေလေ - ၆၅၀၀ ကျပ်
ကောင်းစွာပြောဆိုနိုင်ပါစေ -
ချစ်သူရင်ခွင်မှာလှိုင်းအိလေးများသာရှိသည် -
အောင်စိတ်ဖြင့်ထူးချွန်စွာအောင်မြင်နည်း -
သားသမီးကိုပေးချင်သောအမွေ - ၆၅၀၀ ကျပ်
မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန - ၁၂၀၀၀ ကျပ်
တစ်ခုလပ်ပေမယ့်ကွက်လပ်မရှိ - ၁၂၀၀၀ ကျပ်
လှတောသား - ၆၅၀၀ ကျပ်
သူ့ရေမြေ - ၅၀၀၀ ကျပ်
မြေးများဖတ်ဖို့ - ၇၅၀၀ ကျပ်
ဘဝလမ်းညွှန် - ၇၅၀၀ ကျပ်

Knowledge Land - Book Store

08 Feb, 14:18


မိခင်၊ ဖခင် တွေ ထံမှ ရတဲ့ စိတ်ဒဏ်ရာ
Mother Wound & Father Wound တွေကြောင့်
မကောင်းတဲ့ ခံစားချက်တွေဟာ
တချိန်လုံး စိတ်ထဲ အမြစ်တွယ်နေတတ်ကာ
အောက်ဖော်ပြပါ အချက်တွေ
ဆက်လက် ဖြစ်ပေါ် နေတတ်ပါတယ်

💡1. ကိုယ့်ကိုယ်ကို လေးစားမှု နည်းတာ၊
ကိုယ့်ကိုယ်ကို လုံလောက် ပြည့်ဝ Good Enough
ဖြစ်ပါတယ်လို့ မခံစားရတာ၊ ကိုယ်ဟာ
အရာရာနဲ့ ထိုက်တန်ပါတယ်လို့ ခံစားမှု
အားနည်းတာ၊ အချစ်ခံထိုက်တယ်လို့ မထင်တာ။

💡2. ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာ၊
အခြားသူ အပေါ် ယုံကြည်မှု အားနည်းတာ၊
လောကကြီးကို သိပ် မယုံကြည်တာ၊
ထားခဲ့ ခံရမယ် စွန့်လွှတ် ခံရမယ်လို့
ခဏ ခဏ တွေးနေမိတာ၊ တည်ငြိမ်တဲ့ Relationship
ကောင်းကောင်း မတည်ဆောက်နိုင်တာ။

💡3. ငြင်းပယ်ခံရမှာ ကြောက်တာ၊
ဂရုစိုက် မခံရမှာ ကြောက်တာ၊
တွယ်ကပ်လွန်း အားကြီးတာ၊
လူတိုင်းရဲ့ အကြိုက်ကို လိုက်ပြီး အမြဲတမ်း
အလိုလိုက် အကြိုက်ဆောင်ပေးနေတတ်တာ၊
အရာရာ ပြီးပြည့်စုံလွန်း ချင်တာ။

💡4. ကိုယ့်ကိုယ်ကို သံသယ ရှိတာ၊
ယုံကြည်မှု အားနည်းပြီး အခြားသူရဲ့
အသိမှတ်ပြုမှုတွေကို အမြဲ လိုက်ရှာနေတာ၊
လူတကာရဲ့ အာရုံစိုက်မှုကို ခံချင် လွန်းတာ၊
မိမိကိုယ် မိမိ အဖျက်စကား Negative Self Talk တွေ
ပြန်ပြီး တွေးနေ ပြောနေမိတာ၊ မိမိကိုယ်
မိမိ အကောင်း မမြင်နိုင်တာ။

💡5. စိတ်ဓါတ်ကျလွယ်တာ၊ ဝမ်းနည်းလွယ်တာ၊
မျှော်လင့်ချက်မဲ့သလို ခဏ ခဏ ဖြစ်တာ၊
စိုးရိမ် ပူပန်လွန်းတာ၊ မိမိတို့ ခံစားချက်တွေကို
ထုတ်ပြောရ ခက်ခဲတာ၊ ဖော်ပြရ ခက်ခဲတာ၊
စိတ်ထဲမှာ ဗလာကြီး ဖြစ်နေတာ။

💡6. ငယ်ငယ်က အပြစ်တင် ဝေဖန်မှုတွေ
အလွန်အကျွံ ခံခဲ့ရလို့ တစ်ခုခု လုပ်ဆောင်တဲ့ အခါ
ကျရှုံးသွားမှာ ကြောက်လွန်းတာ၊ တချို့က
လူတွေနဲ့ ရင်းနှီး ချစ်ခင် တွယ်တာသွားမှာကို
ကြောက်တာ၊ ခက်ခွာခွာ နေတတ်တာ၊
တစ်ခုခုအပေါ် အလွန်အမင်း စွဲလမ်းတတ်တဲ့
အပြုအမူတွေ ရှိတာ စတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး Father and Mother Wound တွေကြောင့်
အထက်က ပြောခဲ့တဲ့ အချက်တွေ
အကုန်လုံး ရှိနေမယ်လို့တော့ မဆိုလိုပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်တွေ
မတူကြတဲ့ အတွက် ခံစားရတဲ့ ပမာဏ အနုအရင့်
အနည်းအများ တွေက မတူညီနိုင်ကြပါဘူး။

အကောင်းဆုံးက ဒါတွေကို
သိရှိ နားလည်ထားကာ မိမိတို့ရဲ့ စိတ်ဒဏ်ရာ
Trauma တွေကို ငြင်းဆန်နေမဲ့ အစား
လက်ခံ အသိအမှတ်ပြုပြီး ကုစားလိုက်နိုင်ဖို့
လွှတ်ချလိုက်နိုင်ဖို့ လိုအပ်ပါတယ်။

နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့
စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ ဆိုတာ
မိမိကိုယ် မိမိ ကောင်းမွန် မှန်ကန်တဲ့
စောင့်ရှောက် အုပ်ထိန်းမှု ပုံစံ Self Parenting
(ကိုယ့်ကို တကယ် ချစ်တဲ့ မိဘက ကိုယ့်ကို
အုပ်ထိန်းတဲ့ နည်းလမ်း) ကို မိမိကိုယ် မိမိ
ပြန်လည် အသုံးပြုပြီး အချိန်အတိုင်းတာ
တစ်ခု အထိ စိတ်ရှည် သည်းခံကာ
ပြန်လည် ပြုစု ပျိုးထောင်ရမှာပဲ ဖြစ်ပါတယ်။

☀️ Vitamins For Soul ☀️
- မျိုးသီဟကျော် -

တန်ဖိုး - ၈၀၀၀ ကျပ်

Knowledge Land - Book Store

05 Feb, 16:11


ချစ်သူများနေ့ Valentine’s day မှာ
ကိုယ့်အချစ်ကလေးကို
ကမ္ဘာဟာ ခင်ဗျားဖြစ်ကြောင်း
ဒီစာအုပ်လေး လက်ဆောင်ပေးရင်
Ro ကြမယ်🤞

Knowledge Land - Book Store

03 Feb, 16:57


“ဂေါ့ဒ်ဖားသား” (GOD FATHER) ဟူသော
အင်္ဂလိပ်ဘာသာဝေါဟာရ၏ အဓိပ္ပာယ်မှာ
ခရစ်ယာန်ဘာသာဝင်တို့၌ မိမိ၏
ဖခင်အရင်းအပြင် မွေးစားဖခင်
သဘောဆန်ဆန် နောက်ထပ် ဖခင်တစ်ဦးအဖြစ်
တရားဝင် တာဝန်ယူ စောင့်ရှောက်သူဟူ၍ပင်ဖြစ်၏။
ကလေးတစ်ယောက် မွေးခါစအချိန်မှစ၍
ပုဂ္ဂိုလ်တစ်ဦးဦးက “ဂေါ့ဒ်ဖားသား” သို့မဟုတ်
မွေးစားဖခင်အဖြစ်လူသိရှင်ကြား
တာဝန်ယူတတ်ကြ၏။

ထို့နောက် ယင်းကလေးအား ထို “ဖခင်” က
တောက်လျှောက် ကြည့်ရှုစောင့်ရှောက်သွားတော့၏။
အခက်အခဲ အကျပ်အတည်းများကို ဖြေရှင်းပေး၏။
ဘေးအန္တာရယ်ရှိလျှင်လည်း ကာကွယ်ပေး၏။
အမေရိကန် မားဖီးယားလူဆိုးဂိုဏ်း
လောကတွင်လည်း အဆိုပါ “ဂေါ့ဒ်ဖားသား” ကဲ့သို့ပင်
မိမိတို့ဂိုဏ်းသား လူငယ်များအား “ဖခင်” သဖွယ်
တာဝန်ယူစောင့်ရှောက်သူများ ရှိကြ၏။

မူရင်း၀တ္ထုကား ရုပ်ရှင်ကားထက်
မာဖီးယား လူဆိုးလောကအကြောင်းကို
ကွက်ကွက်ကွင်းကွင်း အသေးစိတ်
သရုပ်ဖော် တင်ပြနိုင်ပါသည်။
မာဖီးယား လူဆိုးလောကအတွင်း မိသာစုများ
နေထိုင်ပြုမူကြပုံ၊ သူတို့၏ ကိုယ်ရေးကိုယ်တာ
အတွင်းရေးကိစ္စများကို စီစဉ်ဖြေရှင်းကြပုံ၊
ရန်သူများအား တိုက်ခိုက်ချေမှုန်းကြပုံတို့ကို
အလွန် ရဲတင်းပွင့်လင်းစွာ ရေးသားတင်ပြထား၏။

တစ်ဖက်တွင်မူကား အမေရိကန်ပြည်
တရားဥပဒေစိုးမိုးရေးစနစ်၏ အားနည်းချက်၊
ပျော့ကွက်၊ ဟာကွက်များသည်လည်း
ပေါ်လွင်ထင်ရှားစေသဖြင့် သင်ခန်းစာယူဖွယ်၊
တရားရဖွယ်အချက်များသည်
ဤ၀တ္ထုကြီးတွင်ပါရှိ၏။

☝️ ဂေါ့ဖားသား ☝️
- တက္ကသိုလ်နေဝင်း -

တန်ဖိုး - ၉၀၀၀ ကျပ်

Knowledge Land - Book Store

03 Feb, 16:57


မိတ်ဆွေ 🤝
ခင်ဗျားဟာ လောကဝန်းကျင်
မြေလွှာတစ်ခွင်ထက်မှာ
အနှိုင်းမဲ့ တောက်ပထွန်းလင်းမယ့်
ရောင်ခြည်ဖြာစက် နေမင်းနတ်ကို
စောင့်မျှော်နေသူပါ။

ခင်ဗျားဘဝမှာ မှတ်မှတ်ရရဖြစ်နေမယ့်
သူရိယနဲ့ သူရသတ္တိပေါ့။
အ ကာလနေ့ရက်တွေရဲ့ မှိုင်းညို့မှုဟာ
ကြာချင် ကြာလိမ့်မပေါ့။

တွေးကြည့်ပါ မိတ်ဆွေ💭
ခင်ဗျားရဲ့ သူရိယအချိန်မှာ
အမှောင်ထုက လုံးဝ တိတ်ဆိတ်နေရရှာမှာ။

နေထွက်သလို နေတတ်စေဖို့
အရေးကြီးလှပါတယ်။
မုန်တိုင်းကို မကြောက်တတ်တဲ့
ရောင်ခြည်ဖြာ စကားလုံးတွေနဲ့
ပုံဖော်ထားတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။

ဒီလောကမှာ နာကျင်မှုဆိုတာ
တကယ်နာတယ်။
ပူပန်မှုဟာ တကယ်ပူတယ်။
စိတ်ဓာတ်ဟာ အကျနာတတ်ပါတယ်။
ဆင်းရဲတွင်းကလည်း
တော်တော်နက်ပါတယ်။

ဒီစာအုပ်ကို ထိပါ။
သူက ခင်ဗျားကို ထွေးပွေ့သက်သာမှု
ရစေလိမ့်မယ်။
ချက်ချင်းမဟုတ်ခဲ့ရင်တောင်
သေချာပါတယ်။
ခင်ဗျားရဲ့ သူရိယအချိန်
စက်ဝန်းက ထပ်လာပါလိမ့်မယ်။
ဒီအတွက် ကျွန်တော် ခင်ဗျားကို
အားပေးပါတယ်။

ခင်ဗျား ••• ခွန်အားနဲ့ ပြည့်ဝပါစေ☀️

နေထွက်သလိုနေတတ်စေဖို့
- Daniel Nay -

တန်ဖိုး - ၆၅၀၀ ကျပ်

Knowledge Land - Book Store

31 Jan, 07:50


❗️တွေးတာဟာ ဝေဒနာအားလုံးရဲ့
တရားခံဖြစ်ပါတယ်။ ❗️

ကျွန်တော်တို့တွေးတာကနေ မကောင်းတဲ့စိတ်
လှုပ်ရှားခံစားမှုတွေဖြစ်လာကြတော့
တွေးတာတွေကို နောက်ကြောင်းပြန်လိုက်ရင်
ဖြေရှင်းရလွယ်သွားစေပါတယ်။
အဲဒါကြောင့် တွေးတာဟာ
အကြောင်းရင်းဖြစ်တယ်ဆိုတာ
သဘောပေါက်တာနဲ့ တွေးတာကို
ထွက်သွားခွင့်ပြုလိုက်ပါ။🚪

မတွေးဘဲနေတဲ့အချိန်ဟာ
အပျော်ရွှင်ဆုံးအချိန် ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် Default State of Mind လို့
သတ်မှတ်ထားတဲ့ မူလစံသတ်မှတ်အနေအထား
ဖြစ်ပါတယ်။ တွေးတာနဲ့ အတွေးတွေက
မတူကြပါဘူး။ Thinking နဲ့ Thoughts ဖြစ်ပါတယ်။

ဒီစာအုပ်မှာ - 📓
•စိတ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားခံစားမှုပိုင်းဆိုင်ရာ
ဝေဒနာတွေရဲ့ ဇာစ်မြစ်နဲ့ ဒါတွေကို
ဘယ်လိုအဆုံးသတ်နိုင်တယ်ဆိုတဲ့အကြောင်း

•မကောင်းတဲ့အတွေးတွေ၊
ခံစားချက်တွေရဲ့ဒဏ်ကို မခံရလေအောင်
ဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့အကြောင်း

•ပြင်ပအခြေအနေတွေ ဘယ်လိုရှိနေပေမဲ့
ခြွင်းချက်မဲ့ချစ်မေတ္တာ၊ ငြိမ်းချမ်းမှု၊
ပျော်ရွှင်မှုတွေကို ဘယ်လိုရရှိနိုင်တဲ့အကြောင်း

•သင့်ရဲ့လက်ရှိဘဝအခြေအနေတွေကို
မကြိုက်ဘူးဆိုရင် ဘဝအတွေ့အကြုံသစ်တစ်ခု
ချက်ချင်းရရှိစေဖို့ ဘယ်လိုလုပ်နိုင်တဲ့အကြောင်း

•မကောင်းတဲ့အတွေးတွေထဲမှာ ပိတ်မိရာကနေ
ဘယ်လိုရုန်းထွက်လာနိုင်တဲ့အကြောင်း

•စိုးရိမ်ပူပန်မှု၊ ကိုယ့်ကိုယ်ကိုယ်အပြစ်မြင်နေမှု၊
ကိုယ့်ကိုယ်ကိုယ်ဖျက်လိုဖျက်ဆီး လုပ်နေတဲ့
အပြုအမူတွေကို ဘယ်လိုထွက်သွားအောင်
လုပ်နိုင်တဲ့အကြောင်း ...

•စဉ်းစားတွေးတောမှု အကန့်အသတ်တွေကို
ကျော်လွန်ပြီး အလိုလိုသိစိတ် (Intuition)၊
ကိုယ်တွင်းအသိပညာ (Inner Wisdom) တွေကို
ဘယ်လိုရရှိစေနိုင်တဲ့အကြောင်းတွေ
ဖတ်ရှုရမှာဖြစ်ပါတယ်။

တွေးသမျှတိုင်းကို မယုံလိုက်နဲ့ 🤞
- မျိုးလွင် (MBA)

တန်ဖိုး - ၆၅၀၀ ကျပ်

Knowledge Land - Book Store

30 Jan, 11:51


တာတေ စာအုပ်ရှိလား ခဏခဏ လာမေးကြတဲ့
တာတေ ပရိသတ်တို့အတွက်

👻တာတေတစ္ဆေပေါင်းချုပ်👻

တာတေရဲ့ရှားပါးလက်ရာတွေထဲကမှ
တစ္ဆေနဲ့ပက်သက်တဲ့ ဝတ္ထု တွေကို
ဆရာတာတေကိုယ်တိုင် ရွေးချယ်စုစည်းပေးထားတဲ့

တ​စ္ဆေပေါင်းချုပ်
- တာတေ -

တန်ဖိုး - ၁၀၀၀၀ ကျပ်

Knowledge Land - Book Store

30 Jan, 11:51


👩‍❤️‍👨ယောက်ျားတစ်ယောက်နဲ့
မိန်းမတစ်ယောက်အကြား ချစ်ခြင်းမေတ္တာတွေ၊

❤️‍🩹ဒီလို ချစ်ခြင်းမေတ္တာကို
ပြန်လည်တည်ဆောက်နိုင်အောင်
ကြိုးစားနေကြသူတွေ၊

💔ပြိုကွဲသွားတဲ့ မိသားစုတွေရဲ့
ကြေကွဲစရာအဖြစ်တွေ၊

🍃အရာအားလုံးကို အသစ်က
တဖန် ပြန်လည်စတင်နိုင်အောင် ကြိုးစားနေကြသူ
တွေကို ကာဗာရဲ့ ဝတ္ထုအများစုထဲမှာ
ဖတ်ရှုရပါလိမ့်မယ်။

🥃အရက်ကြောင့် တုန်ယင်နေတဲ့ လက်တွေ၊
တစစီ ဖြစ်သွားရတဲ့၊ ပျောက်ဆုံးသွားတဲ့
လက်ထပ်လက်စွပ်တွေ💍

☎️တစ်စုံတစ်ယောက်ဆီကို ဖုန်းခေါ်ဖို့
ကြိုးစားနေတဲ့ဇာတ်ကောင်တွေကို
ဒီဝတ္ထုတွေအထဲမှာ တွေ့ရပါလိမ့်မယ်။

🍸ဒါတွေအပြင် ချစ်ခြင်းမေတ္တာအပေါ်
ကာဗာရဲ့အနက်ဖွင့်ဆိုပုံတွေကိုလည်း
ဒီဝတ္ထုတိုတွေထဲမှာ မြင်ရပါလိမ့်မယ်။

မင်းလိုအပ်ရင် ကိုယ့်ကိုခေါ်
- မိုးရဲ -

တန်ဖိုး - ၁၅၀၀၀ ကျပ်

Knowledge Land - Book Store

30 Jan, 11:50


ဇာတ်နာပြီး ဝမ်းနည်းရလွန်းလို့
နောက်တစ်ခါပြန်ဖတ်ဖို့တောင်
တွန့်ဆုတ်ရတဲ့စာအုပ်📔

အောက်ခြေလွှာ လူတန်းစားတွေရဲ့ဘဝ၊
ယိုယွင်းနေတဲ့ လူ့အသိုင်းအဝိုင်းအကြောင်း၊
နိမ့်ကျတဲ့လူနေမှုဘဝအဆင့်အတန်းတွေကို
နာနာကျင်ကျင် ဖတ်ရှုရမယ့်
ဆရာလင်းခါးရဲ့ စမ်းရေကြည်နု
စာအုပ်လေး ပြန်လည်ထွက်ရှိပါပြီ🏞️

စမ်းရေကြည်နု
- လင်းခါး -

တန်ဖိုး - ၉၀၀၀ ကျပ်

Knowledge Land - Book Store

27 Jan, 06:24


The Guys of Rangoon - ၁၇၀၀၀ ကျပ်
The Guys from Mandalay - ၁၇၀၀၀ ကျပ်

Knowledge Land - Book Store

27 Jan, 06:22


📖 The Guys Of Rangoon 1930 ရုပ်ပြ စ/ဆုံး

▪️Vol 1+2+3+4 - ၂၆၀၀၀ ကျပ်
▪️Vol 5+6+7+ ဇာတ်သိမ်းပိုင်း - ၂၉၀၀၀ ကျပ်

(အတွဲလိုက်လေး ဝယ်မှရပါမယ်နော်)

Knowledge Land - Book Store

25 Jan, 19:29


မဟေသီ၊ မိုးဝေ၊ ပေဖူးလွှာ၊ သည်းဦးပန်း အစရှိသည့်
ရုပ်စုံမဂ္ဂဇင်းများတွင် ရေးသား ဖော်ပြခဲ့သော
ဆရာမနုနုရည်(အင်းဝ) ၏ ဝတ္ထုတိုများကို
စုစည်းထားခြင်း ဖြစ်သည်။

စာရေးသူတွေ့ကြုံရသော
အတွေ့အကြုံအပိုင်းအစလေးများနှင့်
လက်တွေ့ဘဝတွင် အမှန်တကယ်ရှိနေသည့်
အခြေခံလူတန်းစားအများစု၏ ဇာတ်လမ်းများကို
ရသမြောက်စွာ ရေးသားထားသည်။

“မိုးခေါင်သီး” ဝတ္ထုတွင် သူများလယ်ထဲတွင်
ပဲရိတ်၊ ပေါင်းနုတ်ဖြင့် သူရင်းငှာလုပ်ရသော
ကိုစံထွန်း၊ ဆောင်းတွင်းကာလတွင် အလုပ်မရှိသဖြင့်
ရွာမှ နှစ်ညအိပ်သုံးရက် ခြေကျင်သွားရသော
မန္တလေးမြို့သို့ ဆိတ်များကို ကျောင်း၍
ပို့ခဲ့ရာ လမ်းတွင် ဆိတ်တစ်ကောင်ပျောက်သွား
သောကြောင့် နေ့တွက်ခ မရသည့်အပြင်
ဆိတ်ပိုင်ရှင်အား ပြန်လျော်လိုက်ရပုံတို့ကို
ရင်နင့်စွာ ခံစားဖတ်ရှုရမည် ဖြစ်သည်။
ထို့အပြင် အခြားဝတ္ထုတို ၂၉ ပုဒ်ကိုလည်း
ဖတ်ရှုခံစားရမည်ဖြစ်သည်။

ပုံမဝေးဘုရောက်လုပါပြီနှင့်အခြားဝတ္ထုတိုများ
- နုနုရည်အင်းဝ -

တန်ဖိုး - ၁၃၅၀၀ ကျပ်

Knowledge Land - Book Store

24 Jan, 14:51


ညဘက် အိပ်ရာဝင်တဲ့အခါ
အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်သွားသလား🛌💤
ဒါမှမဟုတ် စိတ်ထဲမှာ မရေရာမှုတွေ၊
ရှုပ်ထွေးမှုတွေအပြည့်နဲ့
ခေါင်းအုံးပေါ် ခေါင်းချထားရသလား💭

လူအများစုက နောက်က အချက်ကို
သဘောတူကြပါလိမ့်မယ်။
အိမ်က အမှိုက်တွေ ပြည့်နေရုံမက
စိတ်တွေမှာလည်း အမှိုက်တွေ
အပြည့် ရှိနေကြပါတယ်။🗑️

🧠သာမန်ဦးနှောက်က စဉ်းစားတာ၊
စိုးရိမ်တာနဲ့ ဖြစ်လာမယ့်အရာတွေနဲ့
ပက်သက်ပြီး ကြောင့်ကြနေရင်း
အမြဲတမ်း ဇယ်ဆက်သလို လုပ်ဆောင်နေရပါတယ်။
အတွေးတွေက အပြုသဘောဆောင်ပြီး
အသုံးကျနေသရွေ့တော့ စဉ်းစားတွေးတောတာက
ဘာပြဿနာမှ မရှိပါဘူး။

ကံမကောင်းစွာနဲ့ပဲ လူအများစုအတွက်တော့
အဲဒီလို ဖြစ်မနေပါဘူး ။

🌌စကြဝဠာကြီးက ဥပဒေသတွေနဲ့
ဖွဲ့စည်းထားပြီး အဲဒီဥပဒေသတွေကို
ကျွန်မတို့ ဘာမှ မပြောင်းလဲနိုင်ပါဘူး။
ကျွန်မတို့က အဲဒီဥပဒေသတွေနဲ့
ရှင်သန်နေထိုင်ဖို့ ရွေးချယ်ရင်
သူတို့က ကျွန်မတို့အတွက် အလုပ်လုပ်ပါလိမ့်မယ်။

🖼️မရွေးချယ်ရင်တော့ ဆန့်ကျင်ပြီး
အလုပ်လုပ်ပါလိမ့်မယ်။
လက်တွေ့က ကောင်းသည်ဖြစ်စေ၊
ဆိုးသည်ဖြစ်စေ ကျွန်မတို့ရဲ့
လက်ရှိ ဘဝအခြေအနေက ကျွန်မတို့
စဉ်းစားတွေးတောတဲ့အတိုင်းကြောင့် ဖြစ်ပါတယ်။
ကိုယ့်ရဲ့ လက်တွေ့ဘဝကို
ကိုယ့်ရဲ့ စိတ်အခြေအနေက ဖန်တီးတာပါ။

💭 အတွေးတွေမှာ
ကန့်သတ်ချက်ဘောင်တွေ မရှိပါဘူး။
ဘယ်လိုတွေးသင့်တယ်ဆိုတာ
ဘယ်သူကမှ ပြဋ္ဌာန်းမထားပါဘူး။
ကိုယ်တိုင်ကပဲ အခြေအနေကို ထိန်းချုပ်ရမှာပါ။
ကိုယ်ကိုယ်တိုင်ကလွဲပြီး
တခြားဘယ်သူကမှ ကိုယ့်စိတ်ထဲ မဝင်နိုင်ပါဘူး။
တကယ်တော့ စိတ်ဆိုတာ ကျွန်မတို့ ပိုင်ဆိုင်တဲ့
စွမ်းအင်အရှိဆုံး ပိုင်ဆိုင်မှုပါပဲ။
ဒီလက်တွေ့သဘောကို အသုံးချနိုင်သွားတာနဲ့
မရပ်မနား ဖြစ်လာပါလိမ့်မယ် ။

- ထက်ထက်တင်ဇာ -
ရောင့်ရဲခြင်းအနုပညာ 🎨

တန်ဖိုး - ၁၂၅၀၀ ကျပ်

Knowledge Land - Book Store

24 Jan, 03:37


စာကြမ်းပိုးလေးတို့ ကံစမ်းဖို့

Knowledge Land - Book Store

23 Jan, 13:41


မိန်းမသားတွေ အားနည်းတယ်၊ ပျော့ညံ့တယ်
ဆိုတဲ့ အမြင်တွေကြားထဲမှာ မိမိရဲ့ ခွန်အားကို
ပြန်လည်ရှာဖွေတွေ့ရှိစေမယ့်
စာအုပ်တစ်အုပ်ပါ။📒

ဒီစာအုပ်မှာ အမျိုးသမီးတွေအတွက် ဘ၀ရဲ့အကောင်းဆုံးပုံစံကို ရောက်နိုင်ဖို့ ပရော်ဖက်ရှင်နယ်ဘ၀ကနေ ကိုယ်ပိုင်ဘ၀အထိ အားလုံးကို ပေါင်းစပ်ဖော်ပြပေးထားပါတယ်။

အဓိကအခန်းကဏ္ဍတွေက -
𝟏. 𝐖𝐨𝐦𝐞𝐧 𝐢𝐧 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐢𝐟𝐞

လုပ်ငန်းခွင်မှာ ပရော်ဖက်ရှယ်နယ်
အမျိုးသမီးတစ်ယောက်ရဲ့အခန်းကဏ္ဍ၊
အလုပ်အကိုင်ကဏ္ဍအတွက်
အောင်မြင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊
ပေါင်းသင်းဆက်ဆံရေး အစွမ်းတွေ၊
အသိပညာနဲ့ လုပ်ဆောင်မှုတွေကို
ပေါင်းစည်းပြီး ကိုယ်ပိုင်ငွေကြေးလွတ်လပ်မှု
Financial Freedom ရရှိစေဖို့
အထောက်အကူပြုထားတဲ့ စာစုတွေ ပါဝင်ပါတယ်။

𝟐. 𝐖𝐨𝐦𝐞𝐧'𝐬 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐋𝐢𝐯𝐞𝐬

မိမိရဲ့ကိုယ်ပိုင်ဘ၀မှာ စိတ်ချမ်းသာမှု
တည်ဆောက်နိုင်ဖို့၊ အချစ်ရေး၊
မိသားစုဆက်ဆံရေးတွေကို တည်ငြိမ်ပြီး
ပျော်ရွှင်စေဖို့ ရည်ရွယ် ရေးသားထားတဲ့
စာစုတွေ ပါဝင်ပါတယ်။

𝟑. 𝐖𝐡𝐨𝐥𝐞𝐡𝐞𝐚𝐫𝐭𝐞𝐝 𝐖𝐨𝐦𝐞𝐧

မိမိဖြစ်တည်မှုအတိုင်း စစ်စစ်မှန်မှန်နေထိုင်မှု
(Authenticity)၊ အားနည်းချက်တွေကို
လက်ခံပြီး ရင်ဆိုင်နိုင်မှု (Vulnerability)၊
လောကဓံကို ကြံ့ကြံ့ခံနိုင်မှု (Resilience) နဲ့
ရဲစွမ်းသတ္တိရှိမှု (Courage) တို့ကို
အခြေခံကာ လက်တွေ့ဘဝမှာ အောင်မြင်ဖို့
လမ်းပြထားတဲ့စာစုတွေ ပါဝင်ပါတယ်။

- ဉာဏ -

သန်မာတဲ့အမျိုးသမီး
💪 Strong Woman

တန်ဖိုး - ၁၂၀၀၀ ကျပ်

Knowledge Land - Book Store

21 Jan, 14:31


ကြိုးစားရင်း လမ်းပျောက်နေတယ်လို့
ခံစားရတဲ့အခါ၊ ဘာဆက်လုပ်လို့လုပ်ရမယ်မှန်း
မသေချာတော့ဘူးလို့ဖြစ်လာတဲ့အခါ၊
ရုန်းကန်ရလွန်းလို့ အားငယ်စိတ်ပျက်လာမိတဲ့အခါ
ဒီစာအုပ်ထဲက အကြောင်းရာတွေက
မှီငြမ်းစရာဖြစ်နိုင်ပါတယ်။

အခုမှ လမ်းကြောင်းရှာဖွေနေရတဲ့လူငယ်တွေ၊
တိုးတက်အောင် ဖောက်ထွက်နိုင်အောင်
ကြိုးစားနေကြတဲ့လူငယ်တွေအတွက်တော့
ဒီစာအုပ်က ကိုယ်တွေ့ဖြစ်ရပ်တွေကို
ပြောပြနိုင်ပါလိမ့်မယ်။

ဖြတ်သန်းလာခဲ့တဲ့အထဲက
တကယ်အလုပ်ဖြစ်ခဲ့တာတွေကို ရနိုင်ပါလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလာဖို့
လမ်းကြောင်းလေးတွေ မြင်လာနိုင်ပါတယ်။
အကျိုးရှိတယ်လို့ ခံစားရဖို့ မျှော်လင့်ပါတယ်။

- ဒေါက်တာသူရိန်လှိုင်ဝင်း -
လူရာဝင်ခြင်းမှတ်စုများ 📝

တန်ဖိုး - ၅၀၀၀ ကျပ်

Knowledge Land - Book Store

20 Jan, 15:55


လူတချို့က ကျွန်တော်တို့ ထင်သလောက်
ကျွန်တော်တို့အပေါ်မှာ မဖြူစင်ကြဘူးဆိုတာ
မှတ်ထားပါ။ လူတချို့က ကျွန်တော်တို့
ထင်သလောက် ကျွန်တော်တို့အပေါ်မှာ
မရိုးသားနိုင်ကြဘူးဆိုတာလည်း မှတ်သားထားပါ။

လူတချို့က ကျွန်တော်တို့ ထင်သလောက်
ကျွန်တော်တို့အပေါ်မှာ အများကြီး
မချစ်ကြဘူးဆိုတာ မှတ်သားထားပါ။

တစ်ခုခုဆို ရင်ဘတ်ကြီးနဲ့ရင်းပြီး ခင်တတ်၊
ချစ်တတ်၊ တွေးတတ်တဲ့ သင့်ကို
လောကကြီးအကြောင်း နားလည်အောင်
အမှာစကား ပါးရတာပါ။

လူငယ်ဘဝက တိုတောင်းပါတယ်။

ဒါကြောင့် -
လူငယ်ဖြစ်တုန်းမှာ လူငယ်ပီသအောင် နေပါ။

ကိုယ့်ကိုယ်ကိုယ် လူရာသွင်းပါ။

အသုံးဝင်တဲ့ လူငယ်တစ်ယောက်ဖြစ်အောင်
ကြိုးစားပါ။

သူတစ်ပါးကို နာကျင်ခံစားရအောင်
လုပ်ထားရင် ကိုယ်ကိုယ်တိုင်လည်း
တစ်နေ့ပြန်ပြီးနာကျင်ခံစားရပါမယ်။

သူတစ်ပါးကို ငိုကြွေးရအောင် လုပ်ထားရင်
ကိုယ်ကိုယ်တိုင်လည်း တစ်နေ့ ပြန်ပြီး
ငိုကြွေးရပါမယ်။

သူတစ်ပါးကို အသည်းခွဲထားရင်
ကိုယ်ကိုယ်တိုင်လည်း တစ်နေ့ ပြန်ပြီး
အသည်းကွဲရပါမယ်။

ဒါကို ဝဋ်လို့ ခေါ်ပါတယ်။
ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။

ရှင်သန်ရဦးမယ့် မနက်ဖြန်တိုင်းမှာ
မနေ့ကထက် ပိုသန်မာပါ။

လူတွေက သင့်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး လှောင်ပြောင်ပြောဆိုကြတဲ့အခါ

ထိုသူ့ရဲ့မျက်လုံးကို စူးစူးစိုက်စိုက် ကြည့်ပြီး –

“ငါ့ဖြစ်တည်မှုက နင်တို့ ပါးစပ်သရမ်းဖို့ မဟုတ်ဘူး”
လို့ ရဲရဲဝံ့ဝံ့ ပြောခဲ့ပါ။

ကျွန်တော်တို့ဘဝကြီး ပြောင်းလဲဖို့ဆိုတာ ကျွန်တော်တို့အပေါ်မှာ မူတည်သလို
ကျွန်တော်တို့ရဲ့မိဘတွေကို ကျန်းမာ၊
ချမ်းသာအောင် ထားနိုင်ဖို့ဆိုတာဟာလည်း
ကျွန်တော်တို့ အပေါ်မှာ ၁၀၀ ရာခိုင်နှုန်း
မူတည်ပါတယ်။

လူငယ်တစ်ယောက်စိတ်ဓာတ်ကျနေသည်
- သော်တာမင်း -

တန်ဖိုး - ၈၀၀၀ ကျပ်

Knowledge Land - Book Store

19 Jan, 18:15


အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ ။ ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။ ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ။

၇။ လူရွေးပေါင်းပါ ။

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။ ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ် ဘူး ။ အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။

၈။ စိတ်ရှည်ပါ ။ ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ ။

အပြောင်းအလဲက စိတ်ရှည်ရတယ်။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။ တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။ ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက် ဖွတ်ဖြစ်မယ့်ကောင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့သာ ကောင်းတော့တယ်။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး။ စိတ်ရှည်ပါ ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။ နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ ။ အရေးပါမှ အရာပေးပါတယ်။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ ။

လူရာဝင်ခြင်းမှတ်စုများ 📔
- ဒေါက်တာသူရိန်လှိုင်ဝင်း -

တန်ဖိုး - ၁၀၀၀၀ ကျပ်

Knowledge Land - Book Store

19 Jan, 18:15


သာမန်အဆင့်က ရုန်းထွက်ဖို့အတွက် အဆင့်(၈)ဆင့်

၁။ ကိုယ့်ဘဝအတွက် တာဝန်စယူပါ ။

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။ ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။ အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊ အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ။

၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလည်း ရှိတယ်။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး။ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး။ နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား။ ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ။ ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ်။ ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။ ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။ အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့။

၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ ။

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ။ နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး။ ဒါကြောင့် ကိုယ့်ရဲ့
အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

၄။ ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ ။

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး။ ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ။ ဘာဖြစ်ချင်တာလဲ ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ်။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ်။

၅။ စည်းကမ်းရှိပါ ။

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ်။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။ ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ ။ ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။ မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။

၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့ ။

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။ စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့။

Knowledge Land - Book Store

19 Jan, 18:14


ကျရှုံးရတဲ့ ငါ့ကိုယ်ငါ
အတိတ်လို့ နာမည်ပေးထားတယ်🪸

မင်းကိုတော့ မနက်ဖြန်လို့ နာမည်ပေးထားမယ်
မနက်ဖြန်က ငါ့ရဲ့အနာဂတ်ပဲ🌻

မင်းကငါ့ဘဝရဲ့မူပိုင်။

- Minn Mu Pai -
မင်းကငါ့ဘဝရဲမူပိုင် 🌹

တန်ဖိုး - ၈၅၀၀ ကျပ်

Knowledge Land - Book Store

19 Jan, 17:04


လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလ
၂၀၁၀ ခုနှစ်ဝန်းကျင်တုန်းက ခေတ်စားခဲ့တဲ့
“ ရေးပေးပါ “စာအုပ်လေးကို 90’s kids တွေ
မှတ်မိကြမယ်ထင်ပါတယ် ✌️💓

ကိုယ်ချစ်သူခင်သူတွေဆီကနေ
သူတို့ရဲ့အကြောင်းလေးတွေ၊ အကြိုက်လေးတွေကို
ပိုသိပြီး ရင်းနှီးမှုပိုရစေဖို့ ရည်ရွယ်ထားတဲ့
ဒီစာအုပ်လေးက တစ်ချိန်ကျရင်
ပြန်ဖတ်မိတိုင်း အမှတ်တရတွေနဲ့အတူ
အတိတ်ကို ပြန်လည်ခေါ်ဆောင်ပေးသွားမှာ
အသေအချာပါပဲ💓💓

- Reme -

တန်ဖိုး - ၈၀၀၀ ကျပ်

Knowledge Land - Book Store

16 Jan, 17:14


စကားလက် (သို့မဟုတ်)
လေရူးသုန်သုန် အဆက် 🕸️

မင်းနားလည်နိုင်တဲ့စကားလုံးနဲ့
ကျုပ်ပြောမယ် စကားလက် •••

ကျုပ်ရင်ထဲမှာ မင်းအတွက်
အချစ်တစ်ထောင်ဖိုးရှိတယ် ဆိုပါတော့ •••

အဲ့ဒါတွေ မင်းအတွက် ကျုပ်အားလုံးသုံးပစ်လိုက်ပြီ
ဘာမှမကျန်တော့ဘူး မကျန်တဲ့အပြင်
အချစ်ဒေဝါလီ ခံရတဲ့ဘဝကို ရောက်ခဲ့တယ်။

ကျုပ်ဆီက မင်းအကုန်လုံးညှစ်ယူလိုက်ပြီးပြီ
စကားလက် •••

ဘယ်နည်းနဲ့မှ ပြန်ပြင်လို့ မရတော့ပါဘူး
အတိတ်ဟာ ဒဏ်ရာတွေနဲ့အနာတရ ဖြစ်ခဲ့ပြီးပြီ
နည်းနည်းကလေး ကျန်တော့တဲ့
အကောင်းပိုင်းကလေးကို မဖျက်ဆီးပါနဲ့တော့
ကျုပ် ဒီအတိုင်းပဲ နေပါရစေ •••

ကဲ မှန်သောစကားကို ဆိုစမ်းပါဦး
ကျုပ်ကို ရင်ထဲအသည်းထဲက
တကယ်ချစ်တာလား ကျုပ်ကို မရနိုင်လို့
တမင်လိုချင်နေတာလား စကားလက် •••

ထုံးစံအတိုင်းပါပဲစကားလက်
မင်းဟာသိပ်ချစ်ဖို့ကောင်းတယ်။
သိပ်ခေါင်းမာတယ်။
သိပ်တဇွတ်ထိုးနိုင်တယ်။
သိပ်အံ့သြဖို့ကောင်းတယ်။
ဒေါသကြီးတယ်။

ဒါမျိုးတွေ ကျုပ်တို့အကြိမ်ကြိမ်
ဖြတ်သန်းခဲ့ပြီးပြီဆိုတာ
မင်းမေ့နေသလားစကားလက်။

တစ်ယောက်နဲ့ တစ်ယောက်
အဓိပ္ပါယ်ကောက်ယူလွဲခဲ့တာတွေ
အခွင့်အရေးပေါင်းများစွာ လက်လွတ်ခံခဲ့တာတွေ
ဘယ်လောက်များပြားခဲ့လဲ ပြန်စဉ်းစားကြည့်စမ်းပါ။

ကျုပ်အသက်ကြီးပြီစကားလက်
ဒီအဖြစ်မျိုးတွေ နောက်ထပ်အဖြစ်မခံနိုင်တော့ဘူး။
သည်ထက်ပိုပြီးဝတ္တုမဆန်နိုင်တော့ဘူး။

- တင်မောင်မြင့် -
👸 စကားလက် (သို့မဟုတ်) လေရူးသုန်သုန် အဆက်

တန်ဖိုး - ၃၀၀၀၀ ကျပ်

Knowledge Land - Book Store

15 Jan, 19:13


Sapiens #ပြန်ရပါပြီနော် 🗿

လူသားတွေဆိုတာ
အာဒံ နဲ့ အေဝ တို့ကနေဆင်းသက်လာခဲ့တာလား?
ရေညှိရေမှော်တွေကနေ ဆင်းသက်လာတာလား?
မျောက်တွေက နေဆင်းသက်လာတာလား?
ထာဝရဘုရားက ဖန်ဆင်းပေးခဲ့တာလား?
ဗြဟ္မာကြီးတွေကနေ ဆင်းသက်လာတာလား?

သည်မေးခွန်းတွေအတွက် သက်သေသာဓကတွေနဲ့
ခိုင်လုံစွာလေ့လာဖတ်ရှုနိုင်မယ့်
လူသားတို့ရဲ့ အတိတ်အကြောင်း
- လူ၏မူလ-သမူဟ 🗿

လူသားတို့ရဲ့ဖြစ်တည်လာပုံ၊
ကျောက်ခေတ်ကအစ လူသားတွေဘယ်လို
survive လုပ်ခဲ့လဲ အစရှိတဲ့ လူသားမျိုးနွယ်ရဲ့
အတိတ်သမိုင်းအကြောင်းကို စုံလင်စွာ
လေ့လာနိုင်မှာဖြစ်ပါတယ်။

အရင်တုန်းက Homo ဆိုတဲ့ လူသားမျိုးနွယ်တွေ
အများကြီးရှိပါတယ်။ ဟိုမိုဆိုလိုရမ်းစစ်၊
ဟိုမိုဒနီဆိုဗာ အစရှိတဲ့ ဟိုမို မျိုးနွယ်စုတွေက
မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီး
ဘာလို့ Homo Sapiens တစ်မျိုးပဲလက်ရှိ
ကျန်နေခဲ့တာလဲ ဆိုတာ လည်းစိတ်ဝင်စားစရာပါ။

Homo Sapiens တွေက တခြားမျိုးနွယ်စုတွေထက်
ဦးနှောက် အရည်အသွေးပိုမိုမြင့်မားလို့လား
တစ်ခြား ဘာအကြောင်းတွေကြောင့်
survive လုပ်နိုင်ခဲ့တာလဲ။
တစ်ခြား သန်မာလှတဲ့ လူသားမျိုးနွယ်စုတွေကို
Sapiens တွေ ဘယ်လိုတိုက်ထုတ်ခဲ့လဲ။

လူသားမျိုးနွယ်သမိုင်းအကျဉ်း
- ညီနောင် (Humber) -

တန်ဖိုး - ၃၀၀၀၀ ကျပ်

Knowledge Land - Book Store

15 Jan, 19:12


အစတွေကို မမှတ်မိရင်

အဆုံးကိုမြန်မြန် ရောက်သွားလိမ့်မယ်တဲ့🌁

ချစ်နေသရွေ့ နောက်မကျသေးဘူး •••

ချစ်နေသရွေ့ မဝေးသေးဘူး •••

ချစ်နေသရွေ့ မနာကျင်စေရဘူး •••

Diary & Radio
- နွေအိမ်မောင်ဝင်း -

တန်ဖိုး - ၅၅၀၀ ကျပ်

Knowledge Land - Book Store

13 Jan, 16:09


နန်းမေမေကြည်ဟာ
နှစ်အတန်ကြာမှာ ပင်လယ်ရပ်ခြားက
လူတစ်ယောက်ကို လက်ထပ်သွားခဲ့ကြောင်း
ကြားသိရတယ်။ အဲ့ဒီလူဟာ ပညာသိပ်မတတ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် သူပျော်ရွှင်နေလိမ့်မယ်လို့
ကျနော်ရိုးရိုးသားသားယုံကြည်ပါတယ် ။

အဲ့ဒီသတင်းကြားပြီး လအနည်းငယ်အကြာမှာ
ကျနော့်ဆီ အီးမေးလ်တစ်စောင်ရောက်လာပါတယ်။

" အရာရာ အဆင်ပြေရဲ့လား " တဲ့။
တစ်ကြောင်းတည်း•••

"ငါ ပြတင်းပေါက်အပြင်ဖက်ကို ငေးနေတယ်"
လို့ ကျနော်စာပြန်ခဲ့မိတယ်။

- ပါပီယွန် -

ဇီးကွက်ချောင်း တံတားပေါ်က
အဝါရောင်၀က်ဝံရုပ်အကျိုးအပဲ့လေး🧸

တန်ဖိုး - ၇၀၀၀ ကျပ်

Knowledge Land - Book Store

12 Jan, 15:07


မဖတ်ရမြဲတတ်သည် 🤞 #ပြန်ရပါပြီ

နေ့စဉ်လူနေမှုဘဝမှာ ချစ်သူခင်သူတွေကြား
အိမ်ထောင်ဖက်တွေကြားမှာ
မတူညီကြတဲ့ သဘောသဘာဝတွေ
အများကြီးရှိပါတယ်။

လူ့သဘာဝအရ ယောကျာ်းမိန်းမတင်မကပါဘူး၊
တစ်ယောက်နဲ့ တစ်ယောက်ထပ်တူတူညီဖို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါပဲ။

မဖတ်ရမြဲတတ်သည်ဆိုတာကတော့
ဆရာရာဇာဝိဇယရဲ့ ထင်ရှားတဲ့
လူမှုဘ၀ အက်ဆေးများစွာကို
စုစည်းထားတဲ့ စာအုပ်ကြီး ဖြစ်ပါတယ်။

အက်ဆေးဆောင်းပါးပေါင်းများစွာ ပါဝင်ပြီး
စာအုပ်အဖွင့်မှာတော့
‼️အတွေးရွက်လွှင့်ရမှာ ပျင်းတဲ့သူတွေ မဖတ်ရ ‼️လို့
အတိအလင်းရေးထားပါတယ်။

ဘာလို့လည်းဆိုတော့ အခုစာအုပ်ထဲက
ဆက်ဆေးလေးတွေဟာ တစ်ပုဒ်ကို
စာအရှည်ကြီး မပါဝင်ပါဘူး။

ဒါပေမယ့် ဖတ်ပြီးရင်တော့ တွေးစရာ
ဆင်ခြင်စရာတွေ အများကြီးပါဝင်ပါတယ်။

နေ့စဉ်လူနေမှုဘဝအတွက်
လက်တွေ့အသုံးအဝင်မယ့်
အချက်အလက်ပေါင်းများစွာကို
စဉ်းစားရင် စဉ်းစားနိုင်သလောက်
ဆင်ခြင်နိုင်ရင် ဆင်ခြင်နိုင်သလောက်
အကျိုးများမယ့် စာအုပ်ဖြစ်တာကြောင့်
အခုပဲ မှာယူလိုက်ပါတော့နော်...🤞

- ရာဇာဝိဇယ -

တန်ဖိုး - ၁၃၀၀၀ ကျပ်

Knowledge Land - Book Store

12 Jan, 15:06


နိုင်ငံတကာမှာ စာအုပ် ၂ သန်းရောင်းချပြီးဖြစ်တဲ့
Atomic Habits စာအုပ် ဘာသာပြန်✍️

အကျင့်ပြင်နည်းအထာ 💭

ဘယ်သူမဆို ကောင်းတဲ့အကျင့် ဆိုးတဲ့အကျင့်
ဆိုတာရှိတတ်ကြတာပဲ မဟုတ်လား....?

ဒါပေမယ့် ကျွန်တော်တို့က
ကိုယ့်ရဲ့အကျင့်ဆိုးတွေကို
တတ်နိုင်သမျှလျှော့ကြရမယ်လေ။

တစ်ချို့အကျင့်ဆိုးတွေကို
ကျွန်တော်တို့ပြင်ချင်ပါတယ်
ဒါပေမယ့် အကျင့်ဆိုတဲ့အတိုင်းပြင်ရမလွယ်ပါ။

အဲ့တာကြောင့် ကိုယ့်ရဲ့ အကျင့်ဆိုးတွေကို
ပယ်ဖျက်ပြီး အကျင့်ကောင်းတွေ
ဘယ်လို ကျင့်ကြံမလဲ ဆိုတာကို
ဒီစာအုပ်လေးမှာဖတ်ကြရအောင်။

သေးငယ်တဲ့ပြောင်းလဲမှုတွေက
ထူးထူးခြားခြားရလဒ်တွေကိုပေးစွမ်းမှာပါ။

ကဲ အကျင့်ပြင်နည်းအထာတွေနဲ့
အကျင့်ပြင်ကြရအောင်📝

Atomic Habita by James Clear

အကျင့်ပြင်နည်းအထာ
- ကျော်ဇောသာ -

တန်ဖိုး - ၁၅၀၀၀ ကျပ်

Knowledge Land - Book Store

12 Jan, 05:25


အဘွားကပြောဖူးတယ်။
တစ်ယောက်ယောက်အတွက် ရည်ရွယ်ထားရင်
အခြားတစ်ယောက်ကို ပေးမပစ်ရဘူးတဲ့။
ချစ်ခြင်းမေတ္တာဖြစ်ဖြစ်
ပစ္စည်းဥစ္စာဖြစ်ဖြစ်ပေါ့။

နားတစ်ဖက်လည်းကျွန်တော်
ဓားတစ်လက်လည်းကျွန်တော်

- LionelSn -

Knowledge Land - Book Store

12 Jan, 05:00


တက္ကသိုလ်ဘုန်းနိုင် Collection 🍃
(Updated January,2025)

သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် - ၂၃၀၀၀ ကျပ်
စိမ်းနေဦးမည့်ကျွန်တော့မြေ - ၁၄၅၀၀ ကျပ်
ဝသန်လေချိန်မှန်ကူး - ၁၅၅၀၀ ကျပ်
သာ၍ဝေးရာဆီကိုပါ - ၁၂၅၀၀ ကျပ်
မောင့်ဘဝညလားကွယ် - ၈၀၀၀ ကျပ်
လွမ်းတေးမဆုံးစေနှင့်စောသခင် - ၁၅၅၀၀ ကျပ်

Knowledge Land - Book Store

07 Jan, 13:31


ကျွန်တော်တို့ဟာ ကိုယ့်မှာရှိတဲ့
ကောင်းမွန်တဲ့အရာတွေကို တန်ဖိုးထားဖို့
မေ့နေတတ်ပြီး မရှိတဲ့အရာကိုသာ
လိုလားတောင့်တ အာရုံစိုက်နေတတ်ကြပါတယ်။
မည်သို့ဆိုစေ ကျွန်တော်တို့ဟာ
ဒီအကျင့်ကိုပြင်ဆင်ဖို့ ကိုယ့်ဘဝမှာရှိပြီးသားဖြစ်တဲ့၊
ကောင်းမွန်တဲ့အရာတွေအကြောင်း
သတိရှိရှိ တွေးတောနေဖို့ပါပဲ။

အလားတူစွာပဲ အိမ်ဆိုတာ
သင့်လိုအပ်ချက်ပေါ်မှာ
တည်ဆောက်ယူထားတဲ့အရာ ဖြစ်ပါတယ်။
လိုချင်တပ်မက်မှုအပေါ်မှာ မဟုတ်ပါဘူး။
အကြောင်းက သင်လိုချင်တဲ့အရာတွေက
ဘယ်တော့မှ ဆုံးမှာမဟုတ်သလို
ဘယ်တော့မှလည်း အလုံးစုံ ပြည့်စုံမှာမဟုတ်ပါဘူး။
ဒီနည်းက သင့်ကို လုံးဝလိုအပ်တဲ့ အရာတွေအပေါ်
အာရုံစိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
အတိတ် ဒါမှမဟုတ် အနာဂတ်မှာ မနေပါနဲ့။
အကြောင်းက “တကယ်လို့” ဆိုတာတွေက
အတွေးလွန်ခြင်းရဲ့ သားကောင်ဖြစ်ဖို့
အကောင်းဆုံးနည်းလမ်း ဖြစ်နေလို့ပါပဲ။

💭 အတွေးမလွန်နဲ့ 💭
- ဒေါက်တာအောင် (ဆေး-၂) -

တန်ဖိုး - ၈၀၀၀ ကျပ်

Knowledge Land - Book Store

30 Dec, 13:58


ဒီစာအုပ်ရဲ့ စကားလုံးတွေထဲမှာ အမုန်းမပါဘူး၊
နောင်တတရားမပါဘူး၊ ရန်ငြိုးမပါဘူး✌️

ဆန့်ကျင်ဘက်အနေနဲ့ လွမ်းဆွတ်မှုတွေပါတယ် 🍁
ကြင်နာမှုတွေပါတယ်၊ ခွန်အားတွေပါတယ် ☀️
ကျေးဇူးတရားတွေပါတယ် 🌅

ဒီစာအုပ်ကို ဖတ်တဲ့အခါ
နှစ်သိမ့်မှုတစ်စုံတစ်ရာ ရနိုင်မယ်လို့
မျှော်လင့်ပါတယ်💫

🌼 ကိုယ့်နွေဦးမှာသာပွင့်တဲ့ပန်း 🌼
- နိုင်းနိုင်းစနေ -

တန်ဖိုး - ၆၀၀၀ ကျပ်

Knowledge Land - Book Store

30 Dec, 10:47


စီးပွါးရေးလုပ်ငန်းများတွင်
မဟာဗျူဟာကျကျ စီမံဆောင်ရွက်နိုင်ရန်
အစွမ်းအထက်ဆုံး၊ အထောက်အကူအပြုနိုင်ဆုံးနှင့်
အရေးအပါဆုံး စိတ်ကူးစိတ်သန်းများ
ပေါ်ထွက်လာစေမည့် 💰

စီးပွါးရေးလုပ်ငန်းမဟာဗျူဟာ
- ကြည်ရွှန်း -

တန်ဖိုး - ၁၀၀၀၀ ကျပ်

Knowledge Land - Book Store

28 Dec, 16:20


💵 အခုလက်ရှိ
ရောင်းအားအကောင်းဆုံးစာအုပ်စာရင်းဝင်
Passive Income ရင်းနှီးမြှုပ်နှံမှုဖြင့်
ချမ်းသာကြွယ်ဝမှုဖန်တီးခြင်း 💰

ရင်းနှီးမြုပ်နှံမှု စာအုပ်ကတော့အရောင်းရဆုံးဖြစ်ပြီး
ခြောက်ကြိမ်တိုင် ပြန်လည်ရိုက်နှိပ်ရပြီး
ဒီစာအုပ်ကနေ ရတဲ့ ပညာကြောင့်
သိန်းထောင်ချီ မြတ်စွန်းခဲ့တယ်လို့
လာရောက် ပြောကြားသူတွေ တောင်ရှိခဲ့ပါတယ်။
Passive Income စာအုပ်ကတော့
အလုပ်မလုပ်ပဲ ငွေဝင်နေစေဖို့နည်းလမ်းတွေကို
စနစ်တကျ ချပြပေးထားပါတယ်။

Passive Income ဆိုတာကတော့
ကိုယ်တိုင်ထဲထဲဝင်ဝင် ပါဝင်အားထုတ်စရာမလိုဘဲ
ကိုယ်ကခရီးပဲထွက်နေထွက်နေ၊
အိပ်ရာထဲမှာပဲအိပ်နေအိပ်နေ အချိန်တန်တဲ့အခါ
ကိုယ့်အိတ်ကပ်၊ ကိုယ့်ဘဏ်အကောင့်ထဲ
ငွေတွေဝင်လာတာကို ဆိုလိုတာပါ။
Financial Freedom လို့ခေါ်ကြတဲ့
ငွေကြေးဆိုင်ရာလွတ်လပ်မှုကို ခံစားရရှိဖို့အတွက်
တစ်ခုတည်းသောနည်းလမ်းက
Passive Income ရှိနေဖို့ပါပဲ။

Passive Income ရဖို့အတွက်
Earned Income တစ်ခု အရင်ဆုံးရှိနေဖို့လိုပါတယ်။
ဒုတိယအဆင့်က အဲဒီ Earned Income ကနေ
ရာခိုင်နှုန်းတစ်ခုကို လစဉ်စုဆောင်းပြီး
ပမာဏတစ်ခုရအောင်လုပ်ရပါမယ်။
ဒီလိုစုဆောင်းနေစဉ်မှာလည်း
မိမိရဲ့ Earned Income ကို ဆပွားတိုးလာအောင်
လုပ်ဆောင်ရပါမယ်။ ဒါဆို စုလာတာရယ်၊
ဆပွားတိုးလာတာရယ်ကိုပေါင်းပြီး
Passive Income တစ်ခုတည်ဆောက်ရုံပါပဲ။

"ရင်းနှီးမြုပ်နှံမှုကို စလုပ်မယ်ဆိုရင်
ပထမဆုံးသိရမယ့် Concept က
Risk and Return ပါပဲ။
Risk ဆိုတာကတော့ ရင်းနှီးမြုပ်နှံလိုက်တဲ့
ငွေရင်း ဆုံးရှုံးသွားနိုင်ခြေဖြစ်ပြီး
Return ဆိုတာကတော့
ဘယ်လောက်မြတ်စွန်းမလဲဆိုတဲ့ အမြတ်ပါပဲ။
Risk နဲ့ Return က တိုက်ရိုက်အချိုးကျပါတယ်။
သဘောကတော့ Risk များရင် Return လည်း
များလေ့ရှိပါတယ်။ Risk နည်းရင် Return လည်း
နည်းပါတယ်။

ကျွန်တော့်ရဲ့ Strategy ကတော့
အရင်းများများမတတ်နိုင်သေးတဲ့အချိန်မှာ
အဆုံးလည်း ခံနိုင်လောက်တဲ့ ပမာဏလေးတွေကို
Risk များ Return များတဲ့အလုပ်တွေမှာ
ထည့်ပါတယ်။ အဲဒီလို အလုပ်ငါးခုလောက်မှာ
နှစ်ခုလောက်က ဆုံးရှုံးသွားပေမဲ့
ကျန်တဲ့သုံးခုလောက်ကရတဲ့ High Return က
အားလုံးအနေနဲ့ ခြုံတွက်လိုက်ရင် Cover ဖြစ်တဲ့
အနေအထားပါပဲ။ ဒီအတွက် ပညာရတယ်၊
Risk ကို များပေမဲ့ ထိန်းနိုင်အောင်၊
မကြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ
သိလာတယ်၊ နည်းနည်းလေးတွေကို
ထိန်းရင်း အလေ့အကျင့်ရလာတယ်
စတာတွေ ဖြစ်လာပါတယ်။

ဒီလိုနဲ့ ကိုယ်ရှာနိုင်တဲ့ငွေပမာဏလည်းများလာ၊
စုငွေလည်းများလာပြီး ရင်းနိုင်တဲ့
ပမာဏ များလာတဲ့အခါမှာတော့ Strategy ကို
High Risk, High Return ကနေ Low Risk,
Medium Return ကို ပြောင်းပါတယ်။
Risk နည်းပြီး သင့်တင့်တဲ့ဝင်ငွေအမြတ်ရနိုင်မယ့်
Investment တွေကို တဖြည်းဖြည်း
ပြောင်းလိုက်ပါတယ်။

💰 Passive Income 💰
ရင်းနှီးမြှုပ်နှံမှုဖြင့် ချမ်းသာကြွယ်ဝမှုဖန်တီးခြင်း

တန်ဖိုး - ၁၄၅၀၀ ကျပ်

Knowledge Land - Book Store

28 Dec, 16:20


စိတ်ခံစားချက်ကို ထုတ်သိမ်းခြင်း 🍃

လိုအပ်ဆန္ဒ၊ ပူပင်သောကများတဲ့ လောကမှာ
ရှင်သန်နေရတဲ့ ကျွန်မတို့မှာလည်း နေ့စဉ်နေ့တိုင်း
စိတ်ခံစားချက်မျိုးစုံ ဖြစ်ပျက်နေကြရတယ်။

အချစ်ရေးမှာဖြစ်ဖြစ်၊
အလုပ်အကိုင်မှာ ဖြစ်ဖြစ်
စိတ်ခံစားချက်တွေက အမြဲတစေ
တွယ်ကပ်နေပါတယ်။

အသိဉာဏ်ရှိသူတွေက
ဒီစိတ်ခံစားချက်ကို ဖြည်တတ်ပါတယ်။
စိတ်ခံစားချက်တွေဖြစ်လာတိုင်း
အဲဒီခံစားချက်ကို လွှတ်ချလိုက်တတ်ပါတယ်။
မြဲမြဲဆုပ်ကိုင်မထားတတ်ကြပါဘူး။
ဒီလိုလူတွေက ပျော်ရွှင်တဲ့သူ ဖြစ်တယ်။
ဒီလိုလူမျိုးက ရှားပါတယ်။
များသောအားဖြင့် လူတွေက
ခံစားချက်နောက် စီးမျောတတ်ကြတယ်။
ခံစားချက်ထဲ နစ်ဝင်တတ်ကြတယ်။

ခံစားချက်ကို လွှတ်ချဖို့ ကျွန်မတို့မလုပ်နိုင်ခဲ့ရင်
သိမ်းဆည်းဖို့ကိုရော ဘာကြောင့် မလုပ်နိုင်ကြသလဲ။
စိတ်ခံစားချက်ကို တစ်နေရာမှာ
သိမ်းဆည်းထားလိုက်ရင် တခြားအရာတွေ
တွေးခေါ်ဖို့အတွက် စိတ်မှာ
နေရာလွတ်တွေပိုရှိသွားနိုင်မယ် မဟုတ်လား။

သင့်ကို စိတ်အားငယ်စေတဲ့၊ စိတ်ဓာတ်ကျစေတဲ့
ခံစားချက်ကိုရှာပါ။ အဲဒီခံစားချက်ကြောင့်
သင်နာလန်မထနိုင်ခဲ့ဘူး။ အလုပ်မှာဖြစ်ဖြစ်၊
လူမှုဆက်ဆံရေးမှာဖြစ်ဖြစ် သင်ခံစားခဲ့ရတယ်။
သင်ရှေ့ဆက်မယ့်လမ်းကို ဝိုးတဝါးဖြစ်စေခဲ့တယ်။
အဲဒီ့ခံစားချက်ကို ရှင်းလင်းပြီး
ခံစားချက်သိမ်းတဲ့ အိတ်ထဲထည့်လိုက်ပါ။
ခံစားချက်သိမ်းတဲ့ အိတ်ကို လှန်ကြည့်ချင်တိုင်း
မလှန်ကြည့်မိဖို့ ကိုယ့်ကိုယ်ကိုယ်
သတိပေးရပါလိမ့်မယ်။

ဒီစိတ်ခံစားချက်တွေကို
အချိန်က တိုက်စားသွားပါစေ။
တိုက်စားလွန်းလို့ ဘာအရာမှ
မကျန်တော့တဲ့အခါ သိမ်းထားတဲ့
အိတ်ထဲက ခံစားချက်တွေကို ပြန်ဆန်းစစ်ကြည့်ပါ။
အရင်က ခံစားခဲ့ရသမျှ ခံစားချက်တွေက
အခုအချိန်မှာ ရယ်စရာကောင်းနေပါလိမ့်မယ်။
အရင်က ဘယ်လောက်ပဲ နာကျင်ခဲ့၊
စိတ်အားငယ်ခဲ့လည်း အခုချိန်မှာတော့
အဲဒီအရာတွေဟာ မပြောပလောက်တော့ပါဘူး။
တကယ်တော့ မျက်ရည်တွေနဲ့ ပြည့်နှက်နေမယ်၊
တကယ်လို့ ပေါ့ပေါ့ပါးပါးကြည့်ခဲ့ရင်
သင့်ခံစားချက်တွေကလည်း
ပေါ့ပါးနေမယ်ဆိုတာကို
သင်နားလည်သွားပါလိမ့်မယ်။

ဘဝအတွက်လိုအပ်တဲ့အားဆေး
- နိုင်းနိုင်းစနေ -

တန်ဖိုး - ၅၅၀၀ ကျပ်

Knowledge Land - Book Store

26 Dec, 13:08


ဒါက နွေနေ့တစ်နေ့လည်း ဖြစ်မယ်
ဆောင်းနေ့တစ်နေ့လည်း ဖြစ်မယ်
ဘာပဲဖြစ်ဖြစ်ပေါ့ •••
နေရောင်ခြည်နဲ့ ဖြုန်းတီးလို့ရတဲ့
အချိန်တိုလေးတစ်ခု ငါတို့မှာ ရှိတယ်🍁

လူတိုင်းမှာ ခက်ခဲတဲ့ နေ့ရက်တွေ၊
အတိတ်တွေ၊အကြောင်းအရာတွေ ရှိမှာပါ။
နေ့ရက်တိုင်းဟာ အမြဲတမ်းတော့
ပျော်စရာ ကောင်းမနေသလို အမြဲတမ်း
ဝမ်းနည်းစရာ ကောင်းနေတာလည်း မဟုတ်ပါဘူး။

မိမိတို့ နေ့စဥ်ဘဝမှာ ဖြစ်ပျက်နေတဲ့
စိတ်ခံစားမှုတွေ၊ စိတ်ပင်ပန်းစရာတွေ၊
သင်ခန်းစာရစရာတွေ၊ ဂုဏ်ယူစရာတွေ
အများကြီးကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ
စာရေးသူကိုယ်တိုင် ကြုံဆုံခဲ့ရတဲ့
ဖြစ်ရပ်မှန်တွေအပေါ် ပြန်ပြီး
အခြေခံရေးသားထားတာဖြစ်ပြီး
စိတ်ဓာတ်တွေ ပြိုလဲကျတဲ့အခါ ဖွင့်ဖတ်နိုင်မယ့်
ခွန်အားဖြည့် စာစုလေးများပါဝင်ပါတယ်။

ရက်၁၀၀ရဲ့ဒိုင်ယာရီ 🌻
- နိုင်းနိုင်းစနေ -

တန်ဖိုး - ၆၅၀၀ ကျပ်

Knowledge Land - Book Store

26 Dec, 04:40


မိဘနဲ့ မိသားစုကို လုပ်ကျွေးပြုစုတာ
ဘယ်ဘာသာမှာမဆို ကောင်းမွန်တဲ့ လုပ်ရပ်တခုပါ။

မိဘကိုလုပ်ကျွေးနေတဲ့ သားသမီးက
ဒုက္ခရောက်ရင်တောင် ဒုက္ခတွေရဲ့
အထက်မှာပဲ နေရတတ်ပါတယ်။

မိသားစုအတွက်ပဲ ငွေကုန်နေလို့
ငွေမရှိလို့၊ ငွေမစုမိလို့ စိတ်ဓာတ်မကျပါနဲ့။

ငွေတွေမစုမိရင်တောင်
မိခင်၊ ဖခင်တို့ရဲ့ Blessing တွေ
ဆုတောင်းတွေ၊ မေတ္တာတရားတွေ
အများကြီးစုမိနေတာ မမေ့ပါနဲ့။

ကမ္ဘာပေါ်မှာ အကောင်းဆုံး
ရင်းနှီးမြှုပ်နှံမှုက ငွေကြေးမဟုတ်ဘူး။
အဲဒီ Blessing လို့ခေါ်တဲ့ မိဘနဲ့
မိသားစုရဲ့ မေတ္တာတရားတွေ ဆုတောင်းတွေပါ။

အဲဒီ Blessing တွေက ပိုက်ဆံတွေသုံးပြီး
အဆောက်အဦတွေ ဆောက်လှူတာတွေထက်
အများကြီးပိုကောင်းပါတယ်။

မိသားစုကို ရှာဖွေကျွေးမွေးနေရလို့
ပင်ပန်းနေတဲ့သူတွေအတွက်
မိဘကိုရိုသေစွာ ပြုတတ်တဲ့သူတွေက
တကယ့် Super Hero တွေပဲဆိုတာ
သိသလောက်လေး ရေးပြတာပါ။

မိဘကိုအခုထက် ပိုမိုမြင့်မားတဲ့နေရာမှာ
ထားနိုင်ကြပါစေဗျာ။

💌 Love 💌
- Sint Nyi -

တန်ဖိုး - ၁၀၀၀၀ ကျပ်

Knowledge Land - Book Store

24 Dec, 13:38


အာဏာစက် 🎯
48 Laws of Power

- မောရိသျှ -

တန်ဖိုး - ၁၄၀၀၀ ကျပ်

Knowledge Land - Book Store

24 Dec, 05:11


“လှလွန်းတဲ့တိမ်တွေဟာ တစ်ယောက်တည်းအတွက်
သီးသန့် မဖြစ်တည်နေခဲ့တာပဲ” 🌨️☁️

“လေတွေလာရင် တိမ်ပန်းချီတွေကပျောက်ကွယ်သွားတော့မှာ ။ တိမ်တွေကကောင်းကင်မှာအကြာကြီး လှပပြီးမနေနိုင်ဘူး။ ပန်းချီကြည့်နေတုန်း လှပတဲ့ အတိတ်တိမ်တွေဟာ လေနှင်ရာမျောပါသွားတယ်” ☁️💨

တိမ်ပန်းချီ 🌁
-ဟမ်စိုင်း(ဆေးမန်း)-

Knowledge Land - Book Store

24 Dec, 05:10


ဘယ်သူ့ကိုမှ အပူမပေးချင်တော့သလို
ဘယ်သူ့ အပူကိုမှလည်း
လက်မခံလိုတော့တဲ့ နေ့ရက်တွေပါပဲ။☀️

တတ်နိုင်သလောက် တိတ်တိတ်ဆိတ်ဆိတ်ပဲ
နေချင်ပြီး မလိုတဲ့ စကားတွေ
ပြောမနေချင်တော့တဲ့ နေ့ရက်တွေပါပဲ။💫

တစ်ရက်ထက် တစ်ရက် မဆိုသလောက်လေးများ
ပိုပြီး ငြိမ်းချမ်းမလားဆိုတဲ့ မျှော်လင့်ချက်ပဲ
ရှိတော့တယ်။

ဘယ်သူ့အပေါ်မှာမှ မျှော်လင့်ချက်မရှိတော့သလို
ကိုယ့်ရဲ့ စိတ်ကို ပင်ပန်း​စေမဲ့အရာတွေဆို
မြန်မြန်ဆန်ဆန်ပဲ လွှတ်ချဖြစ်လာတယ်။🍁

စိတ်တွေ တစ်စစီ ကျိုးကြေပြီးခဲ့တဲ့နောက်မှာ
ပိုပြီး အေးတိအေးစက်နိုင်လာတယ်။⛅️

ရင်ခုန်စိတ်လှုပ်ရှားရတာတွေ၊
အလွန်အမင်း ပျော်ရွှင်ရမှုတွေ ဘာတစ်ခုကိုမှ
မလိုချင်တော့ဘဲ အနည်းဆုံး
စိတ်ကလေး တည်ငြိမ်နေဖို့၊
လှုပ်ခတ်မနေဖို့ကိုပဲ တောင့်တတော့တယ်။🌅

- စူးရှမေ -
အိမ်ငယ်ကလေးပြိုပျက်ခဲ့ပြီးနောက်

တန်ဖိုး - ၆၀၀၀ ကျပ်

Knowledge Land - Book Store

24 Dec, 05:10


ပျော်ရွှင်မှုဆိုတာ
စိတ်အတွင်းထဲကနေ
ကိုယ်တိုင်ပြုလုပ်ဖန်တီးရမှာဖြစ်ပြီး
ကိုယ်ချစ်ခင်ရသူတွေနဲ့
ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း
လက်ဆင့်ကမ်းပေးရမယ့်အရာတစ်ခုပါ🌺

တကယ့်စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ
မိမိရဲ့စိတ်အတွင်းထဲကနေ
စတင်လိုက်ရမယ့်အရာတစ်ခုပါ☀️

ပျော်ရွှင်တတ်ဖို့ဆိုတာ ပြောဖို့လွယ်သလောက်
တကယ်ပျော်ရွှင်မှုကို သွားဖို့လမ်းကတော့
အခက်အခဲတွေရှိနေတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အတွင်းစိတ်ကို အာရုံစိုက်ပြီး
ကြိုးစားမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ကို
ပိုမိုချိတ်ဆက်ပြီး တကယ့်ပျော်ရွှင်မှုကို
ရရှိနိုင်ပါလိမ့်မယ်။🛣️

ဒီစာအုပ်ထဲမှာ ပျော်ရွှင်ခြင်းရဲ့
အခြေခံအကြောင်းတွေဖြစ်တဲ့
စိတ်ခံစားမှုပိုင်းဆိုင်ရာဥာဏ်ရည်
Emotional Intelligence တွေကို
ကောင်းစွာစီမံခန့်ခွဲတတ်နိုင်စေဖို့၊
ကိုယ့်ကိုယ်ကိုယ် ကောင်းစွာနားလည်စေဖို့
Self Understanding ၊ ကောင်းမွန်စွာချစ်တတ်ဖို့နဲ့
အချစ်ခံတတ်ဖို့ Ability To Love And Be Loved
ဆိုတဲ့အကြောင်းအရာလေးတွေကို
ရေးသား ဖော်ပြထားပါတယ်။💫

ဒီစာအုပ်ကလေးကို ဖတ်နေတဲ့အချိန်မှာ
ကိုယ့်ရဲ့စိတ်အတွင်းကို ပြန်လည်ရှာဖွေတဲ့
Inner Transformation တွေကို
လိုက်ပါလုပ်ဆောင်ရင်း တကယ့်ပျော်ရွှင်မှုရဲ့
သော့ချက် Sense Of Happiness ကို
ရရှိလာစေဖို့ မျှော်လင့်ပါတယ်။✌️

The Happiness Project 🎈
- မွန်ဟော်စီ -

တန်ဖိုး - ၇၀၀၀ ကျပ်

Knowledge Land - Book Store

24 Dec, 05:08


မျက်နှာဖုံးဒီဇိုင်းအသစ်ဖြင့် စွဲမက်ဖွယ် မမ 👱‍♀️

ကျုပ်ဟာ ရှက်စရာ မဟုတ်တာကို
ရှက်နေတယ်ဆိုတာ သိလာရတယ်။

ဟုတ်တယ် မောင်သက်ဆွေ •••
တကယ်ကျတော့ ကျုပ်က ဘာမှ ရှက်စရာ မရှိဘူး။

ဘာမှ သူတကာ ဝိုင်းပြီး
လက်ညှိုးထိုးခံရအောင် မလုပ်ခဲ့ဖူးဘူး။

သူတစ်ပါးကို လိမ်တာ စော်ကားတာ
သစ္စာဖောက်တာဟာ ရှက်စရာကြီးလို့
လူ့ကျင့်ဝတ်အဘိဓမ္မာတွေ ဖွင့်ဆိုခဲ့ကြတယ်။

ဒီတော့ သစ္စာမရှိတဲ့သူ စော်ကားတဲ့သူ
လိမ်တဲ့သူကမှ မရှက်လို့
လူ့ကျင့်ဝတ်တရားတွေကို ဖောက်ဖျက်ပြီပဲ။

သစ္စာဖောက်ခံရတဲ့ အစော်ကားခံရတဲ့ အလိမ်ခံရတဲ့
ကျုပ်က ဘာရှက်စရာရှိသလဲ •••

မဟုတ်ဘူးလား ••• ။

- မြသန်းတင့် -
မမ

တန်ဖိုး - ၁၇၀၀၀ ကျပ်

Knowledge Land - Book Store

23 Dec, 00:39


👩‍❤️‍💋‍👨 ချစ်တယ် တဲ့ •••
စိတ်ကိုနွေးထွေးပြီး ခွန်အားဖြစ်စေတဲ့
စကားလုံးလေးမို့
“အချစ်” ဆိုတဲ့ လုံခြုံနွေးထွေးတဲ့
ရပ်ဝန်းလေးတစ်ခုမှာ
လူတိုင်း ပျော်ရွှင်ခွင့် ရှိပါတယ်။

- ဆောင်းချစ် -
မနေ့ကထက်ပိုချစ်တယ်

တန်ဖိုး - ၅၀၀၀ ကျပ်

Knowledge Land - Book Store

22 Dec, 01:42


ကိုယ့်ကိုယ့်ကိုယ် လေးလေးနက်နက်
သုံးသပ်နိုင်တဲ့အချိန်ဟာ နောက်ကျိနေတဲ့ စိတ်ကို
ရှင်းလင်းပစ်နိုင်တဲ့ အချိန်ပဲ။

တစ်ယောက်တည်း ရှင်သန်တယ်ဆိုတာ
အင်မတန် ခါးသက်စရာကောင်းတဲ့ ကိစ္စလို့
ထင်နိုင်ကြပေမယ့် တကယ်တမ်းကျတော့
တစ်ယောက်တည်း အချိန်တွေမှာ
လမ်းထွက်လျှောက်မလား၊ စာအုပ်ဖတ်မလား၊
ယောဂကျင့်မလား၊ လေ့ကျင့်ခန်းလုပ်မလား
စသဖြင့် စိတ်ကြည်လင်စရာ ခံစားချက်တွေကို
ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေမှ အများကြီးပါ။
ကိုယ်ပိုင်အချိန်တွေ တိုးပွားလာမှ၊
ကိုယ်ပိုင်အချိန်မှာ ပျော်မွေ့တတ်ပါမှ
အခြားသူတွေနဲ့ ဆက်ဆံရေးမှာ ပိုပြီး
အဆင်ပြေ ကောင်းမွန်လာပါလိမ့်မယ်။

တစ်ယောက်တည်းဖြစ်နေတဲ့ချိန်
ဘာလုပ်ရမှန်း မသိဘူးဆိုရင် ကိုယ်လုပ်နေကျ
အလုပ်မှာပဲ အာရုံစိုက်တဲ့ အလေ့အကျင့် ကို
လေ့ကျင့်ယူတာကလည်း နည်းလမ်းကောင်းပဲ။
ဘယ်လို အလုပ်မျိုးကိုပဲ လုပ်လုပ်
အချိန်ဖြုန်းနေတယ်ဆိုတဲ့ စိတ်မလုံမလဲ
ဖြစ်မှုမရှိရင်တော့ ပိုကောင်းတယ်။
လုပ်ကြည့်ဖို့ပဲ လိုတာပါ။
လူမှုအသိုင်းအဝန်း ဆက်ဆံရေးတွေကနေ
ရုန်းထွက်ဖို့ ခက်ခဲပေမယ့် ထိန်းချုပ်ကန့်သတ်တာ
လောက်တော့ လုပ်နိုင်မှရမယ်။
အင်္ဂလိပ်ဝေါဟာရ Lonely ဟာ တစ်ကိုယ်တည်း။
ထီးတည်းနိုင်းတယ်လို့ အဓိပ္ပာယ်ရပေမယ့်
Alone ဆိုတဲ့ ဝေါဟာရကို ကိုရီးယားလို
ဘာသာပြန်လိုက်ရင် " တစ်ယောက်တည်း အား"
ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ 🌅

စကားလုံး နှစ်လုံးဟာ "တစ်ကိုယ်တည်း" လို့
အဓိပ္ပာယ်တူတူထွက်ပေမယ့်
အနှစ်သာရကတော့ ကွဲပြားတယ်။
တစ်ကိုယ်တည်းဖြစ်သွားတဲ့ အချိန်ဟာ
အထီးကျန်လိုက်တာလို့ချည်းပဲ မတွေးဘဲ
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်
အာရုံစိုက်ဖို့အတွက်ပဲလို့ တွေးလို့လည်း ရတာပဲ။ 🏝️

ကျွန်တော် သဘောကျတဲ့ ဝါကျတစ်ကြောင်းရှိတယ်။

"လွတ်လပ်ပေါ့ပေါးလေလေ ပိုပြီး
စိုပြေတောက်ပလာလေ" တဲ့။🍃

ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ
တစ်ကိုယ်တည်း လွပ်လပ်စွာ ရှင်သန်နိုင်ပြီး
တောက်ပနေတာ ကိုယ်ပါပဲ ဆိုတာနဲ့
ကိုယ်သာ လုပ်နိုင်တဲ့ ကိစ္စတွေထဲမှာ
အာရုံစူးစိုက်ရင်း ပိုပြီးတိုးတက်ကောင်းမွန်တဲ့
ဘဝကို ရနိုင်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ 🌼

ငါပီသစွာပဲ ရှင်သန်သွားတော့မလို့
- အီမီဆို -

တန်ဖိုး - ၆၅၀၀ ကျပ်

Knowledge Land - Book Store

21 Dec, 16:55


အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဆိုတာ
ပန်းပွင့်လေး တစ်ပွင့်ရဲ့ဖြစ်တည်ရှင်သန်မှုနဲ့
အလားသဏ္ဌာန်တူပါတယ်
အမျိုးသမီးဆိုတာ နူးညံ့တဲ့ စိတ်နှလုံးသားရှိပြီး
ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်ပါတယ်။

ချစ်တဲ့သူတွေအတွက် အစွမ်းကုန် မွှေးမြပြီး
မချစ်တဲ့သူတွေအတွက် အဆိပ်အတောက်၊
ဒဏ်ရာဖြစ်စေလောက်အောင် စွမ်းနိုင်တဲ့
အံ့ဖွယ်မိန်းမသားတွေ ဖြစ်ပါတယ်။

ပန်းတွေရဲ့သဘာဝဟာ ပင်ကို နူးညံ့လှပလွန်းပေမဲ့
သူ့စရိုက်သဘာဝနဲ့သူမို့ အားနည်းချင် နည်းမယ်
နေဒဏ်ကြောင့် နွမ်းချင် နွမ်းမယ်
နေဒဏ်ခံရပြီးမှ လန်းချင် လန်းမယ်
ခူးခြွေသူအတွက် အဆိပ်သင့်အောင်
စူးသင့်ရင် စူးလိုက်မယ်
ခူးခြွေသူလက်ထဲ အလိုက်သင့်
သက်ဆင်းချင် သက်ဆင်းမယ်
မေတ္တာစိတ်ကြောင့် ကမ္ဘာတစ်ခုလုံး
မွှေးပျံ့အောင် စွမ်းနိုင်ပါတယ်။

ဒီစာအုပ်လေးကို ဖတ်မိလိုက်တဲ့
အမျိုးသမီးတိုင်း အတုယူသင့်တာ အတုယူ၊
ပြောင်းလဲသင့်တာ ပြောင်းလဲ၊
ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်မယ်လို့လည်း
ယုံကြည်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့စွမ်းအား🌺
The Power Of The Lady

- နှင်းအေးလူ -

တန်ဖိုး - ၆၀၀၀ ကျပ်

Knowledge Land - Book Store

23 Nov, 11:16


ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေပမာဏရဲ့
ထက်ဝက်ကျော်ကမိန်းမသားတွေပါ။
မိန်းမသားဆိုတာ လိင်ကွဲပြားခြားနားမှုကလွဲရင်
ယောကျ်ားသားတွေနဲ့အရာရာမှာ
အတူတူပဲဖြစ်ပါတယ်။

ဒါပေမဲ့မိန်းမသားအများစုက
မိန်းမသားဖြစ်နေတာကြောင့်အိမ်မှုကိစ္စ၊
မိသားစုကိစ္စတွေမှာပဲတာဝန်ရှိတယ်ဆိုတဲ့
မိရိုးဖလာအယူအဆတွေအကြားပိတ်မိရင်း
ကိုယ်ရည်ကိုယ်သွေးပျောက်ဆုံးပြီး
အချိန်တွေကုန်ဆုံးကြရတယ်။

ကမ္ဘာမှာဘယ်လိုပဲကျား၊မ တန်းတူလို့
ကြွေးကြော်နေကြပေမဲ့လည်းမိန်းမတွေရဲ့
လူနေမှုအဆင့်အတန်းကတော့ယောကျ်ားတွေ
အောက်နိမ့်ကျနေဆဲပဲဖြစ်ပါတယ်။

ဒါကြောင့်မိန်းမသားတွေကရော
ယောကျ်ားတွေနဲ့တန်းတူထက်မြက်လို့မရဘူးလားလို့
အကြိမ်ကြိမ်မေးခွန်းထုတ်ကြည့်မိတယ်။

ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ကျော်လောက်ရှိတဲ့
မိန်းမတွေကကမ္ဘာ့လူ့အဖွဲ့အစည်းမှာအရေးပါတဲ့
အခန်းကဏ္ဍကနေပါဝင်ရပ်တည်ခဲ့ကြတာ
အထင်အရှားပါပဲ။ခေတ်အဆက်ဆက်ကနေ
ဒီကနေ့မျက်မှောက်အချိန်ထိတိုင်အောင်နိုင်ငံရေး၊
စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေးစတဲ့
နယ်ပယ်အသီးသီးမှာထူးချွန်ထက်မြက်တဲ့
မိန်းမသားတွေပေါ်ထွန်းခဲ့ကြတယ်။

မြန်မာသမိုင်းမှာလည်းကိုလိုနီခေတ်လွတ်လပ်ရေး
ကြိုးပမ်းမှုကာလမှာယောကျ်ားတွေနဲ့
ရင်ဘောင်တန်းပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့
မိန်းမသူရဲကောင်းတွေရှိခဲ့တယ်။

ဟိုအရင်ကလို "မိန်းမတို့၏ဥစ္စာကား
ရုပ်ရည်အဆင်းတည်းဆိုတဲ့ခေတ်က
ကုန်ဆုံးသွားခဲ့ပြီ။မျက်မှောက်ခေတ်က
"မိန်းမသားတို့၏ဥစ္စာကားအတတ်ပညာတည်း"
ဆိုတဲ့ခေတ်ကိုရောက်ရှိနေပြီ။
ပုခက်လွှဲတဲ့လက်တွေကကမ္ဘာကြီးကို
စိုးမိုးနိုင်ရုံသာမကကမ္ဘာကြီးကိုတောင်
ပင့်'မ'ထားနိုင်ကြောင်းပြသကြရမယ့်
ခေတ်ကိုရောက်နေပြီ။
မိန်းမသားတွေထက်မြက်ဖို့လိုလာပါပြီ။

👩🏻‍🦳ထက်မြက်တဲ့မိန်းမ
- အက်ရှာ (Asher) -

တန်ဖိုး - ၅၀၀၀ ကျပ်

Knowledge Land - Book Store

23 Nov, 11:14


ဘယ် လောက် ပဲ ပျော် ပျော်
တ ကယ် မ ပျော် ဘူး •••

ဘယ် လောက် ပဲ ငွေ တွေ ရ ရ
တ ကယ် မ ချမ်း သာ ဘူး •••

က မ္ဘာ ကြီး ရှိ ပြီး နေ စ ရာ မ ရှိ ကြ ဘူး။

မင်း လို ချင် တာ ကမ္ဘာ ကြီး လား🗺️

- သုခမိန်လှိုင် -

တန်ဖိုး - ၇၀၀၀ ကျပ်

Knowledge Land - Book Store

23 Nov, 11:14


🌠 Manifestation နဲ့ပက်သက်ပြီး
ထဲထဲဝင်ဝင်လေ့လာလိုသူတွေအတွက်🫵

🧧 လာဘ်ရွှင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်
ခံစားရတဲ့သူတွေက ပိုပြီးလာဘ်ဝင်ပါတယ်

💰 ဒီနေ့ကစပြီး ပိုက်ဆံကို အကောင်းမြင်ပါ။
သင့်ဘဏ်စာရင်းမှာ ရှိနေတဲ့ ငွေပမာဏကို
အကောင်းမြင်ပါ။ ငွေကို ကျေကျေနပ်နပ်သုံးပြီး
ဆယ်ဆလောက် ပြန်ဝင်မယ်လို့ ယုံထားပါ။

💶 အခွင့်အရေးရပါ့မလား •••
ဒီပစ္စည်း ဝယ်နိုင်ပါ့မလား •••
ဆိုတာတွေကို စိတ်ပူစရာမလိုပါဘူး။
အခုကတည်းကစပြီး ကြွယ်ဝတဲ့
စိတ်သဘောထားရှိဖို့ လိုပါတယ်။
အခုချက်ချင်း သင့်စိတ်ထဲ စွမ်းအားကြီးတဲ့
အကြံတစ်ခုထည့်ပေးနိုင်တဲ့ လာဘ်လာဘ
အရင်းအမြစ်ကြီးကို အသုံးချခွင့်ရနေတယ်
ဆိုတာကို မမေ့ပါနဲ့။

💵 ပျော်ပြီး ကျေးဇူးတင်စိတ်ဝင်နေတဲ့
အခါမျိုးဆိုရင် ဉာဏ်ပိုရွှင်ပါတယ်။
သင့်ကိုယ်သင် မျောပါဖို့ခွင့်ပြုပြီး
စကြဝဠာကြီးကို ယုံလိုက်ပါ။

💰 သင်က ပိုက်ဆံကို အကောင်းမြင်ပြီး
ကိုယ်နဲ့ထိုက်တန်တယ်လို့ ယူဆထားတဲ့အတွက်
‌ပိုက်ဆံတွေ အလုံးအရင်းနဲ့ ဝင်လာတော့မှာပါ။
သင့်မှာ ပိုက်ဆံတွေအများကြီးရှိလို့
ပျော်သလို သုံးပါတယ်။

💳 လက်ရှိပိုင်ဆိုင်ထားတဲ့ ကောင်းတဲ့အရာတွေနဲ့
ကိုယ်ညှို့ငင်တော့မယ့်အရာတွေအားလုံးအတွက်
ကျေးဇူးတင်ခြင်းဂျာနယ်တစ်ခု လုပ်ထားပါ။

🤞 ဒီနေ့ကစပြီး သင့်ရဲ့အကြောက်တရားတွေကို
ရင်ဆိုင်ရင်း သင့်ကို ချမ်းသာကြွယ်ဝမှုဆီ
မရောက်အောင် တားဆီးထားတဲ့အရာတွေကို
ရှင်းထုတ်လိုက်ပါ။

👉 သင့်ရဲ့စိတ်နေသဘောထားကနေ စပြင်ပါ။
မကောင်းတဲ့အတွေးတွေအစား မျှော်လင့်ချက်ရှိတဲ့
အတွေးတွေကို အစားထိုးပါ။

သင်လည်း 🫵
ပိုက်ဆံညှို့ငင်နိုင်တယ်ဆိုတာကို ယုံထားပါ။

စတင်ညှို့ငင်လိုက်ပါ
- Team Nyana -

တန်ဖိုး - ၉၀၀၀ ကျပ်

Knowledge Land - Book Store

19 Nov, 22:02


နွေမှာ ပွင့်တဲ့ ပန်းတွေအကြောင်း💐

တနင်္ဂနွေနေ့မှာ နေကောင်းအောင်နေပါ
ဆိုတဲ့အကြောင်း⛅️

မင်းရဲ့ စိတ်ကလေး မကြည်သာမှာ
စိုးတယ်ဆိုတဲ့အကြောင်း💨

တရုတ်စကားပန်းလေးရဲ့ အဓိပ္ပါယ်အကြောင်း🌼

သက်ဝေကို သဝန်တိုခွင့်ရှိရင်
သဝန်တိုချင်ပါတယ်ဆိုတဲ့အကြောင်း🥀

သဘောကျရပြီး ပန်းတွေလည်း
ပေးချင်ခဲ့ပါတယ် 🌷ဆိုတာကို

'မင်းအတွက်ငါ ရေးတဲ့စာ' စာအုပ်လေးထဲမှာ
ဖတ်ရှုရမှာပါ။📔

မင်းအတွက်ငါရေးတဲ့စာ✍️
- Poetry Writing Community -

တန်ဖိုး - ၆၅၀၀ ကျပ်

Knowledge Land - Book Store

19 Nov, 22:02


ဝဋ်ကြွေးတွေ ကြီးလိုက်ပုံများကွာ 💨
လူသန်းပေါင်းများစွာ ရှိနေတဲ့ကမ္ဘာမှာ
မဖြစ်နိုင်ပါဘူး ဆိုတဲ့
သူတစ်ယောက်တည်းကိုမှ
ငါ့မှာ ရူးရူးမူးမူး။👥

လိုက်ရှာမယ့်သူမရှိတဲ့ ဘဝကြီးထဲမှာ
ပုန်းနေရတာဟာလည်း
အဓိပ္ပါယ်မဲ့ပါတယ်။🥀

မင်းလည်း အချစ်နဲ့ကမ္ဘာ ထပ်တူကျခဲ့မယ်ဆိုရင်
"သူ့ကိုချစ်မိ အပြစ်ရှိ၏"လို့ ဆိုထားတဲ့
ဒီစာအုပ်လေးထဲမှာ အချစ်စာစုတွေ၊
ရင်တွင်းက စီးဆင်းတဲ့ နှလုံးသွေးစက်တွေကို
တရှိုက်မက်မက် သောက်သုံးခွင့် ရလိမ့်မယ်။🍷

သူ့ကိုချစ်မိ အပြစ်ရှိ၏
- မယ်ညို -

တန်ဖိုး - ၉၀၀၀ ကျပ်

Knowledge Land - Book Store

19 Nov, 22:01


Elon Musk ရဲ့မိခင်ဖြစ်သူ Maye Musk ဟာ
အသက် ၃၁ နှစ်အရွယ်မှာ Single Mother အဖြစ်နဲ့
သားသမီး ၃ ယောက်ကို ပြုစုပျိုးထောင်ရင်း
ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပုံတွေအကြောင်း
ကိုယ်တိုင်ရေးသားထားတဲ့ အာဂမိန်းမ 👩‍🦱

အရာရာတိုင်းမှာ တော်နေ တတ်နေဖို့ မလိုပေမဲ့
တစ်စုံတစ်ခုမှာတော့ ကျွမ်းကျင်ဖို့ လိုပါတယ်။

တကယ်လို့ လူတွေက ကျွန်မကို
ဟင်းချက်နည်းအကြောင်း လာမေးရင်
ကျွန်မ မပြောပြနိုင်ပါဘူး။

ကျွန်မက ဟင်းချက်မှ မကောင်းတာလေ။
အဲဒါအတွက် ကျွန်မ စိတ်မကောင်းမဖြစ်ဘူး။
ဒါဟာ ကျွန်မရဲ့ အရည်အသွေး မဟုတ်သလို
ကျွန်မစိတ်ဝင်စားတဲ့ နယ်ပယ်မဟုတ်လို့ပဲ။

လူတွေအထင်ကြီးလာအောင်
ကျွန်မ မပျော်တဲ့အလုပ်ဖြစ်တဲ့
အစားအသောက် အသစ်အဆန်းတွေကို
ချက်ပြုတ်ပြနေမှာ မဟုတ်တာ ‌သေချာပါတယ်။
သင်တော်တဲ့ အလုပ်တစ်ခုခုမှာ
ပျော်နေဖို့ ‌သေချာပါစေ။

ဘဝမှာဖြစ်ပျက်လာသမျှကို ထိန်းချုပ်လို့ မရပါဘူး။
ဒါပေမဲ့ ဘယ်အရွယ်ပဲရောက်ရောက်
ကိုယ်လိုချင်တဲ့ ဘဝမျိုးကို ဖန်တီးယူလို့ရပါတယ်။
အစီအစဉ်လေး ရှိနေဖို့ပဲ လိုတာပါ။

- မြူနှင်းဝေ -

တန်ဖိုး - ၈၅၀၀ ကျပ်

Knowledge Land - Book Store

19 Nov, 22:01


မျက်နှာဖုံးအသစ်လေးနဲ့ ပြန်လည်ထွက်ရှိလာတဲ့
ဆရာ ဗန်းမော်တင်အောင် ရဲ့ မြိုင်

တန်ဖိုး - ၁၈၀၀၀ ကျပ်

Knowledge Land - Book Store

19 Nov, 22:01


ကျွန်တော် နရသူ ပါ •••
ဒါပေမဲ့ အတိတ်က နရသူ မဟုတ်ပါဘူး။
ပစ္စုပ္ပန်တည့်တည့်က အစ်မရဲ့ဘေးနားနေချင်တဲ့ နရသူပါ။

🏰 နရသူ 🏇
- ခေတ်ရှေးညို -

တန်ဖိုး - ၈၅၀၀ ကျပ်

Knowledge Land - Book Store

19 Nov, 22:00


ကုန်ပြီဆိုရင် နှစ်နဲ့ချီပြန်ထုတ်ဖို့စောင့်ရတဲ့
ဆရာမ ခင်ခင်ထူး ရဲ့ မအိမ်ကံ ပြန်လည်ထွက်ရှိလာပါပြီ🌺

ရတုန်းလေး ယူထားကြနော် 🌷

တန်ဖိုး - ၃၀၀၀၀ ကျပ်

Knowledge Land - Book Store

19 Nov, 22:00


👩‍❤️‍👩ချစ်ခြင်းမေတ္တာဟာ
ပုံစံအမျိုးမျိုးနဲ့တည်ရှိနေမယ်ဆိုတာ
အမှန်ပဲထင်တယ်။

💌ဘဝမှာဘယ်သူ့ဆီကရပြီး
ဘယ်သူ့ကိုတော့ပေးရမလဲ။
ဘယ်သူ့ကိုပေးပြီး ဘယ်သူ့ဆီကတော့ ယူရမလဲ။

🚉ခဏတာဝင်နားတဲ့ဘူတာရယ်
ဘယ်တော့ဝေးဝေး အမြဲပြန်လာမယ့်အိမ်ရယ်
လမ်းခွဲလိုက်လို့ရတဲ့လူရယ်
ဝေးသွားဖို့မဖြစ်တဲ့ လူရယ်

💭ဒါကြောင့် လူတွေကတွေးကြလိမ့်မယ်
ဪ ••• ဒီလူတစ်ယောက်ဟာ
ငါနဲ့တုန်းကမကောင်းခဲ့သလောက်
ဒီတစ်ယောက်အပေါ်ကျကောင်းလိုက်တာ
ချစ်တတ်လိုက်တာလို့တွေးမိလိမ့်မယ်။
ငါနဲ့တုန်းက သတ္တိမရှိခဲ့မသေချာခဲ့တဲ့လူဟာ
သူနဲ့မှသေချာသွားရင် ခံပျင်းကြလိမ့်မယ်။
ဒါဟာအပေါ်မှာပြောတဲ့ မတူညီတဲ့
ချစ်ခြင်းမေတ္တာရဲ့ အရောင်တွေပဲ။

👥ဒါကြောင့် ငါတို့အပေါ်လူတွေဘယ်လိုဆက်ဆံမလဲ
ဆိုတာငါတို့တောင်းဆိုလို့မရသလို ငါတို့အနေနဲ့
တခြားလူအပေါ်ဘယ်လိုစိတ်ဖြစ်လာမလဲဆိုတာ
လည်း ငါတို့လုပ်ယူလို့မရဘူး။

ချစ်မိဖို့က ၂ စက္ကန့်ပဲ ကြာသတဲ့
အဲ့၂စက္ကန့်အတွင်းမှာတင် ငါတို့က
ဒီလူနဲ့ပတ်သက်မဲ့ချစ်ခြင်းမေတ္တာကို
ပုံဖော်ပြီးပြီထင်ပါတယ်။

🕰️ကိုယ်အမြဲပြောဖူးတယ်မလား
တချို့အချစ်တွေက ခဏတာဆိုပေမဲ့ တချို့အချစ်တွေက တစ်ဘဝစာလို့ တချို့လူတွေကို
နှုတ်ဆက်လိုက်လို့ရပေမဲ့ တချို့လူတွေကိုတော့
ကိုယ်ဘယ်တော့မှနှုတ်ဆက်မှာမဟုတ်ဘူး
ဒါဟာ ကိုယ့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းမိုလို့ပေါ့။

- Nayvel -
🏠 အချစ်ဟာအိမ် 🏡

တန်ဖိုး - ၈၅၀၀ ကျပ်

Knowledge Land - Book Store

06 Nov, 14:03


“ တို့မိန်းမတွေက အချစ်နဲ့ တွေ့လာရင် မိုက်မဲတယ်။
မဆင်မခြင် လုပ်တတ်တယ်။
ကိုယ့်အရေးထက် ချစ်သူအရေးကို ဦးစားပေးတယ်။

ယောက်ျားတွေက အချစ်နဲ့ တွေ့ရင်
တည်တည်ငြိမ်ငြိမ်နဲ့ လိမ္မာပါးနပ်စွာ
သူတို့ကိုယ်ကျိုးအတွက် ကစားသွားတတ်တယ်။ ”

မြကြာဖြူ 🪷
- ခင်နှင်းယု -

တန်ဖိုး - ၁၀၅၀၀ ကျပ်

Knowledge Land - Book Store

05 Nov, 15:48


တစ်နေ့မှာ ငါတို့ဟာ
တစ်ယောက်ရဲ့မှတ်ဉာဏ်ထဲမှာ
တစ်ယောက် ပျောက်ကွယ်သွားမှာ💭
လို့ပြောတော့ သူကရယ်ပါတယ်။

မှတ်ဉာဏ်တွေဟာ ဖျောက်လို့မရဘူး။
အထူးသဖြင့် ပျော်ရွှင်စေတဲ့
မှတ်ဉာဏ်တွေပိုပေါ့🧠 လို့ဆိုတယ်။

ပျော်ရွှင်စေချင်တယ် ••• 🌻
ပင်ပန်းရတဲ့အခါ ငါ့ရဲ့သီချင်းသံနဲ့
နင့်ကိုနှစ်သိမ့်ပေးချင်တယ်
လို့ဆိုတဲ့အခါမှာ •••
ဒီလူကိုတော့ ငါနာကျင်ရမယ်ဆိုရင်တောင်
အနားမှာထားချင်တယ် ဆိုတဲ့
အတွေး ဝင်လာပြန်တယ်။

- နိုရှီ -
🌊ပင်လယ်တောင်တန်းသစ်ပင်🌳

တန်ဖိုး - ၅၅၀၀ ကျပ်

Knowledge Land - Book Store

05 Nov, 01:26


တက္ကသိုလ်ဘုန်းနိုင် Collection 🍃
(Updated November,2024)

သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် - ၂၃၀၀၀ ကျပ်
စိမ်းနေဦးမည့်ကျွန်တော့မြေ - ၁၄၅၀၀ ကျပ်
ဝသန်လေချိန်မှန်ကူး - ၁၅၅၀၀ ကျပ်
သာ၍ဝေးရာဆီကိုပါ - ၁၂၅၀၀ ကျပ်
မောင့်ဘဝညလားကွယ် - ၈၀၀၀ ကျပ်

Knowledge Land - Book Store

21 Oct, 13:39


လောကရဲ့မညီမျှမှုတွေထဲ
လူဘယ်နှစ်ယောက်လောက်
သက်ပြင်းချခဲ့ကြဖူးလဲ 💭

တန်းတူညီမျှမှုလိုအော်ရင်း
ကျွန်တော်တိုတွေ ကျောက်ခေတ်
ကြေးခေတ်လည်းကျော်ခဲ့ပြီးပြီ၊
လှေခေတ် လှည်းခေတ်လည်း လှော်ခဲ့ပြီးပြီ၊
မီးခေတ် မိုင်းခေတ်လည်းဖြတ်ခဲ့ပြီးပြီ၊☄️

ဘယ်ခေတ်မှာ ဘယ်ပန်းတွေပွင့်ပွင့်
ညီမျှခြင်းပေါ်မှာပွင့်တဲ့ ပန်းမဟုတ်သ၍
ချိန်ခွင်ရဲ့လျှာတစ်ဖက်ဟာ အမြဲထွက်နေမှာပါပဲ⚖️

ဟော ••• ကြားလား 🌊
အံကြိတ်ပြီး‌ မျိုသိပ်ထားရသူတိုရဲ့အသံတွေ၊
အာခေါင်ခြစ်ပြီး ရင်ထဲမှာလှိမ့်အော်နေတဲ့အသံတွေ၊
တချို့က ကိုယ်လုပ်လို့ ကိုယ်ပြန်ခံရတယ်
တချို့က ဘာမှမလုပ်လို့ ပိုခံရတယ်

အဲလိုလူတွေရဲ့ ဉာဏ်အလင်းပွင့်သွားမှုတွေကို
ဒီစာအုပ်ထဲမှာ ရှာတွေ့ထားပါတယ်၊
သူတိုရဲ့ လောကအပေါ်ပြန်မြင်တဲ့အမြင်နဲ့၊
လောကကို ကိုယ့်နည်းကိုယ့်ဟန်နဲ့
ပြန်ထိမ်းကျောင်းလိုက်မှုတွေပေါ့🌥️

တစ်ခါတစ်ရံ လူတချိုရဲ့ ကြိမ်းဝါးပုံကို
သိပ်သဘောကျတယ် 🌤️
" မင်းတိုပြန်ပေးဆပ်ရလိမ့်မယ် " တဲ့။

ထိုက်သင့်သောတုံပြန်မှုဆိုတာ
ဒီလိုဘက်မညီသောလောကကြီးမှာ
သိပ်လိုအပ်ပါတယ်။🌦️

ညီမျှခြင်းကိုရှာဖွေမတွေ့တော့တဲ့အခါမျိုး
တရားစောင့်နတ်မင်းကြီးကိုယ်တိုင်
တောင်စွယ်မှာနေကွယ်သွားတဲ့အခါမျိုးမှာပေါ့🌄

- သိုးဆောင်း -
Revenge Story

တန်ဖိုး - ၇၅၀၀ ကျပ်

Knowledge Land - Book Store

10 Oct, 17:05


🌌 Thar Htwe ’s Collection 🌌

Create the life you want - 8000 Kyats
Catch and release - 7000 Kyats
Live life satisfied - 6500 Kyats
Positive vibes - 7000 Kyats
Good vibes only - 7500 Kyats
Emotional liberation - 6500 Kyats
အချစ်နှင့်ဘဝရဲ့ညီမျှခြင်း - 5500 Kyats

Knowledge Land - Book Store

05 Oct, 14:03


“Collection လိုက် အမေးများတဲ့
Author လာဗန်ဒါပန် ရဲ့ ချစ်စရာစာအုပ်လေးတွေ🐳

ဝေလငါးပြာလေးသို့ပေးစာ - ၆၀၀၀ ကျပ်
အဝါရောင်ရပ်ဝန်းငယ် - ၆၀၀၀ ကျပ်
အညိုရောင်မေပလ်ရွက်လေးသို့ - ၆၀၀၀ ကျပ်
Colors of Happiness - ၄၀၀၀ ကျပ်

Knowledge Land - Book Store

04 Oct, 16:53


☁️ လိုချင်မှုတွေ များပြားလာတာနဲ့ အမျှ၊
ကိုယ်ပိုင်ဆိုင်ထားရှိမှုတွေ အပေါ်တန်ဖိုးထားမှု
လျော့ပါးလာတာနဲ့ အမျှဘဝဟာ ပျော်ရွှင်ခြင်းနဲ့
ဝေးရာအရပ်ဆီမျက်နှာမူသွားမှာပါပဲ။

☁️ နေ့စဥ်ရှင်သန်မှုထဲမှာ ကျနော်တို့ဟာ သူများရဲ့
နောက်မှာ ရောက်နေမှာကို ကြောက်ကြတယ်။
သူများနောက် ရောက်မှာကို စိုးရိမ်ကြတယ်။
အဲ့သလို လိုချင်ဆန္ဒကို လှုံ့ဆော်နေတဲ့
မြစ်ကျဥ်းထဲမှာ ကျနော်တို့က မရွေ့ရအောင်
ဘာသားနဲ့ထုထားတာ မှတ်လို့။

☁️ လူတွေဟာ မရောင့်ရဲမှုတွေကြောင့်ပဲ
အလိုဆန္ဒတွေနောက်ကို အမီလိုက်နိုင်ဖို့
ကြိုးစားကြတယ်။ ကြိုးစားမှုကြောင့်ပဲ
အောင်မြင်ကြတယ်။ အောင်မြင်ပြီး နောက်ပိုင်းမှာ
တော့အေးချမ်းမှုနောက်ကို လိုက်ဖို့
လိုအပ်လာပြန်ပါတယ်။ ဒါကိုက မရောင့်ရဲနိုင်မှုပါပဲ။
ဘယ်တော့မှ မပြည့်နိုင်မယ့် အရာဟာအလိုဆန္ဒ။
ပျော်ရွှင်မှုဟာ ရောင့်ရဲမှုပဲဖြစ်တယ် ဆိုတာကို
သိစေချင်ပါတယ်။

🌥️ ယုံကြည်စွာနဲ့ ပျော်ရွှင်မှုကိုသာ ရှာဖွေလိုက်ပါ။

🌻 ရောင့်ရဲစွာပျော်ရွှင်ပါ 🌻
- ဒီလူည -

တန်ဖိုး - ၅၅၀၀ ကျပ်

Knowledge Land - Book Store

04 Oct, 16:52


🌧️အေးချမ်းပျော်ရွှင်မှုဆိုတာ
နှလုံးသားထဲကလာတာ။
နှလုံးသားထဲမှာ ပျော်ရွှင်မှု ရှိမနေဘူးဆိုရင်
ဘယ်ပြင်ပအရာကမှ ကျွန်မတို့ကို
ပျော်စေဖို့ မတတ်နိုင်တော့ဘူးတဲ့။
မဖြစ်နိုင်ဘူးဆိုတဲ့အရာဟာ
တကယ်ဖြစ်လာတဲ့အခါ
ဘာကိုအပြစ်တင်ရပါ့မလဲ။

🌧️တစ်ကယ်တော့ ချစ်ဖူးသူအပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာရဲ့ အဖိုးထိုက်တန်မှုဆိုတာ
ဘယ်လောက်ဝေးကွာနေပါစေ
ပျော်ရွှင်ငြိမ်းချမ်းမှုတွေနဲ့သာ
ရှင်သန်ကျန်နေရစ် စေချင်တာပါပဲ။
အချစ်စစ်မှာပြောင်းပြန်အချိုးဆိုတာ မရှိဘူး။
အရာအားလုံးတိုက်ရိုက် အချိုးကျတယ်။

🌧️ဒါတွေဟာ နွေအိမ်မောင်ဝင်း ဖန်တီးတဲ့
ပုံပြင်ထဲက 'ထား' ရဲ့ ခံယူချက်တွေ ဖြစ်ပါတယ်။
လှပတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်မှာ
အဆုံးသတ်က ထင်သလို မဖြစ်တတ်ပါဘူး။
ဆန်းကြယ်တဲ့ နိဂုံးတွေ ရှိတတ်သလို
အဆုံးသတ် စာမျက်နှာအထိ
ဆက်လက်မျှော်လင့်ကျန်နေရစ် စေနိုင်တယ်။

ဒါ့ကြောင့် ဒီဇာတ်လမ်းလေးဟာ
ပုံပြင်ဟု မခေါ်တွင်ခဲ့ပါ 🌧️

- နွေအိမ်မောင်ဝင်း -
ပုံပြင်ဟုမခေါ်တွင်ခဲ့ပါ

တန်ဖိုး - ၈၅၀၀ ကျပ်

Knowledge Land - Book Store

04 Oct, 16:52


မင်းကိုယ်မင်းထက်ဘယ်သူ့ကိုမှပိုမချစ်နဲ့

လူမှုဘဝမှာကြုံတွေ့ရတတ်တဲ့
ချစ်ခြင်း၊ မုန်းခြင်း၊ ပေါင်းဆုံခြင်း၊
ကွေကွဲခြင်းအပါအဝင် ခံစားနေရတဲ့
စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်ဖို့ပဲ ဖြစ်ပါတယ်။
စိတ်ကိုသက်သောင့်သက်သာထားပြီး
ရိုးရှင်းလွတ်လပ်ပေါ့ပါးသော လူနေမှုစနစ်ကို
ဖန်တီးခြင်း ဖြစ်ပါတယ်။

တကယ့်အပြင်မှာ တွေ့ကြုံခံစားနေရတဲ့
ဒုက္ခတွေဟာ သိပ်မများပါဘူး၊
ဘာဖြစ်လို့ ဒုက္ခတွေများနေသလဲဆိုတော့
မလိုလားအပ်တဲ့အတွေးကြောင့်ပါ။

အတွေးမှာတင်ကို ဒုက္ခတွေက
အင်မတန်များပြားပါတယ်။
အထူးသဖြင့်တော့ မရောက်သေးတဲ့
အခြေအနေတွေကို ကြိုတင်တွေးတောပူပန်ပြီး
စိတ်ဒုက္ခရောက်နေကြတာပါ” လို့
ဆရာကောင်းပြည့်သော်က ဆိုထားပါတယ်။

- ကောင်းပြည့်သော် -
မင်းကိုယ်မင်းထက်ဘယ်သူ့ကိုမှပိုမချစ်နဲ့

တန်ဖိုး - ၅၀၀၀ ကျပ်

Knowledge Land - Book Store

04 Oct, 16:51


ဆရာ နွမ်ဂျာသိုင်း ရဲ့
ပြန်လည်ထွက်ရှိ စာအုပ် ၂ အုပ်

အချစ်ဆုံးလည်းဖြစ်ခဲ့ဖူးပါတယ် - ၈၅၀၀ ကျပ်
ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ် - ၈၅၀၀ ကျပ်