Poetry / letter 📝 @theworldofpoetry9 Channel on Telegram

Poetry / letter 📝

@theworldofpoetry9


👉ကဗျာ/စာတို လေးများဖတ်ရင်း
ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနိုင်ပါစေ😍

Poetry / letter 📝 (Burmese)

စာတိုလေးများ ဖတ်ရင်းဘဝကို ရိုးရှင်းစွာ ဖွတ်သန်းနိုင်ပါစေ nn မိသားစုစင်လွှင် သင့် နံပါတ်အတိုချောင်းပါသည်။ဒီကဗျာတစိုးလုံးကို ဘဝရေိုးရှင်းစွာ ဖတ်သန်းနိုင်ပါစေ။ ဒီကဗျာကို မိတ်ဆေးလွှင်သူများ အတွက် အရေးဒေသရုပ် အခြား အခွန်သေအတွက် ဖွင့်သန်းသို့ ဖတ်သန်းနိုင်ပါသည်။ မိတ်ဆေး လွှင်သူများတွင် အသိပညာ နှစ်ဆုပါ အရေးဒေသရုပ်၊ မှတ်တမ်းပါသည်မဟု လူဖတ်ပါသည်။ သင့်နှေြးဥင်းဖြင့် စာပေတ်အဆင့်ကို အွနုပိုင်သေးသေးဆိုင်ရနု ဖွင့်ပါသည်။

Poetry / letter 📝

29 Jan, 15:01


ချစ်ရင် အပြစ်မမြင်ဘူးတဲ့..
တကယ့်အချစ်စစ်၊တကယ့်မေတ္တာစစ်ဆိုတာတွေက
အပြစ်ကို မမြင်တာ မဟုတ်ဘူး..

အပြစ်တွေ၊ အနာအဆာတွေ၊ အမှားတွေကို
တွေ့နေ၊ မြင်နေပါလျက်
နားလည်ရင်း၊ ခွင့်လွှတ်ရင်း၊ ဖေးမရင်း
နှစ်ပရိစ္ဆေဒ ရှည်ကြာစွာ သို့မဟုတ် တစ်သက်တာ နောင်တကင်းကင်း ဆက်ပြီးချစ်နေနိုင်တာ...!

#crd

Poetry / letter 📝

29 Jan, 05:00


အချစ်ရေးမှာတခါတလေ..တချို့ကိစ္စတွေက. မစုံစမ်းတာအကောင်းဆုံး.....

မသိလိုက်တာအကောင်းဆုံး..

နားမလည်လိုက်တာအကောင်းဆုံး...

မမြင်မကြားလိုက်ရတာအကောင်းဆုံး....

ကိုယ်ကစုံစမ်းပြီး..သိရှိပြီး...နားလည်ပြီးမှ...

ကိုယ်တွေးထင်သလိုမဟုတ်ရင်...သူဟာကိုယ့်အပေါ်လိမ်နေတာသိရင်

နောက်ဆုံးနာကျင်ခံစားရတာကိုယ်ကိုတိုင်ပါပဲ....

အဲဒီတော့...သူကကိုယ်မှမဟုတ်တာ..ဆိုတဲ့စိတ်လေးနဲ့ ဥပေက္ခာပြုနေကြည့်လေတော့...
စိတ်သက်သာလာတယ်....နာကျင်ရတာနည်း
လာတယ်...ခံစားရတာမရှိသလောက်ဖြစ်လာမယ်.

တကယ်တော့အရာရာဟာ နေတတ်ဖို့နဲ့. ဘယ်သူ့အပေါ်မှမျှော်လင့်ချက်တွေ အများကြီး...မထားမိဖို့ပဲလိုတာပါ:-) 🙂 🙂 🙂 🙂

#crd

Poetry / letter 📝

28 Jan, 19:07


ဆောင်းအကုန်

နွေအကူးမှာ

လေရူးတွေနဲ့အတူ

မောင့်ကိုသိပ်လွမ်းတယ်❤️

#Chit💝

Poetry / letter 📝

27 Jan, 20:47


မင်းဆဒ္ဒန်ရဲ့အစွယ်ကို ဆံထိုးလုပ်ပန်ချင်ပါတယ်ဆိုတဲ့
စူဠသုဘတ္တာကို
ကျွန်မသိပ်အံ့ဩမိတယ်....
ဘာလို့လဲဆိုတော့
ကျွန်မဆိုတဲ့အမျိုးသမီးက
ချစ်ရတဲ့သူအသားကို
နာကျင်စေဖို့အသာထား
ခုလိုအေးတဲ့ရာသီမှာ
ထမင်းစားနောက်ကျရင်တောင် အစာမကြေဖြစ်မှာစိုးလို့
စိတ်ပူနေတက်တဲ့သူပါ....။

#Sandar
28.1.2025

Poetry / letter 📝

27 Jan, 16:04


မိုးဟာ ကြောက်စရာမဟုတ်ပါဘူး ဝါဝါ
မိုးဟာ အေးမြစိုလန်းခြင်းကို ပေးသူပါ

ပြီးတော့ . . . မိုးဆိုတာ မေတ္တာရဲ့သင်္ကေတပါ


- တက္ကသိုလ်ဘုန်းနိုင်
#မိုးတွေရွာမှဖြင့်လျှင်ကွယ်

Poetry / letter 📝

27 Jan, 10:52


ပစ်ချခံရတာဟာ.....

ကိုယ်ဖြစ်ပြီး......

အဆင်မှပြေရဲ့လားလို့တွေးနေမိတာဟာ

သူ့အတွက်ဖြစ်တယ်.....

ငါသိတဲ့ ချစ်ခြင်းမေတ္တာဆိုတာ

ဒါပါပဲ........။


#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡
#𝓚𝓱𝓸𝓸𝓷

Poetry / letter 📝

26 Jan, 16:28


စကားတစ်ခွန်းကို

နှစ်ခါပြန်ပြောရတာ မကြိုက်တဲ့မိန်းမ

ပန်းတွေမပန်တတ်တဲ့ မိန်းမ

သို့သော်.....

မောင့် လေသံတစ်ချက်ပြောင်းတာနဲ့

မျက်ရည်ဝဲတတ်တဲ့ မိန်းမ ။


#𝘾𝙧𝙚𝙙𝙞𝙩

Poetry / letter 📝

26 Jan, 15:35


🩹"ဝေဒနာကို ကြေညာရင် ဖြေသာတယ်"တဲ့..
ဒါပေမဲ့ သေချာတာတစ်ခုကလေ
ဝေဒနာကို ကြေညာဖို့ရာ နေရာမရှိတာပါဘဲ..

☁️ကောင်းကင်ကို မော့ကြည့်တော့ ကြယ်တွေ တဖြု၊တ်ဖြု၊တ် ကြွေနေတယ်(ရင်နာစရာ)..

🌱မြေပြင်မှာလည်း ဒ၊ဏ်ရာဒ၊ဏ်ချက်ကြီးတွေနဲ့
တော်တော်နဲ့ နာလ၊န်ပြန်ထူနိုင်မယ် မထင်ဘူး..

🌊ရေပြင်ကို လှမ်းကြည့်လိုက်တော့လည်း
မျက်ရည်တွေ ပေါ်လောမျောလို့..

🌳သစ်ပင်တွေကလည်း အတုံးအရု-န်း လဲ
တောင်တွေကလည်း အလိ-မ့်လိ-မ့် ပြို..

🍃ဒီကြားထဲ
ငိုတော့မလို တိမ်မည်းညိုတွေက တစ်မျိုး..

🌲မျက်စိကို မှိတ်၊ ရင်ဘတ်ကို နှိပ်ပြီး
စိတ်ကလေး ငြိမ်သွားအောင်
လေကို တစ်ဝကြီးရှူလိုက်မယ် လုပ်ခါမှ

🌬လေမှာလည်း
မီးခိုးငွေ့တွေ၊ ယ-မ်းငွေ့တွေနဲ့ အဆိ-ပ်သင့်လို့..

🩹ဘယ်နေရာကို ကြည့်ကြည့်
သူသူ၊ ငါငါ ဒ-ဏ်ရာတွေ အပြည့်ချည်းပါလား..

🪨6သသူမှာ အသ-က်ရှူရ-ပ်လို့
ရှင်သူမှာ အသ-က်ရှူကြ-ပ်သတဲ့..သိပ်မှန်တာပဲ..

🌍ဒီခေတ်ဒီခါ ဒီမြေဒီကမ္ဘာမှာ
ရှင်သန်ရတာ အသ-က်ရှူကြ-ပ်လိုက်တာ အမေရယ်...!
#Crd

Poetry / letter 📝

26 Jan, 04:27


Song name - လွမ်းတာပေါ့ သမီးငယ်


အလုပ် ကပြန်တော့မယ် အလုပ် ပစ်စည်းတွေသိမ်းနေတာပေါ့

အဲဒီအချိန်မှာ Messenger ကနေ ကလွမ်....ကလွမ် ဆိုပြီး စာတွေဝင်လာတယ်

ကျွန်မလဲ ဖုန်းကိုဖွင့်ကြည့်လိုက်တယ် ဖေဖေဆီက......

"အလုပ်ပြန်ပြီလား သမီးတဲ့ ” ကျွန်မကလဲ " မပြန်ရသေးဘူးဖေဖေ” ဆိုပြီး ပြန်ပို့လိုက်တယ်

ဖေဖေကပြန်ပို့လာတယ် "ဖေဖေသီချင်းလေးပို့ထားသေးတယ် ရောက်လား ၊ သတိရလို့ သမီး ” တဲ့

ကျွန်မလဲ ရောက်တယ်ဖေဖေ လို့ပြောပြီး ဖေဖေပို့ထားတဲ့ သီချင်းလေးကိုဖွင့် ကြည့်မိတယ်

သီချင်းနာမည်က " လွမ်းတာပေါ့ သမီးငယ်တဲ့ ”

သီချင်းကိုဖွင့်ပြီး နားထောင်လိုက်တော့ ရင်ထဲ နင့်နေအောင်ခံစားရတာပဲ .....တစ်ဆက်တည်းသီချင်းကိုနားထောင်နေရင်း တွေးမိလိုက်တယ် ဖေဖေ သူ့သမီးကို သတိရနေတာ လွမ်းနေတာနေမှာ ဆိုတဲ့ အတွေးကဝင်လာတော့ ပိုခံစားရပြန်တယ်.........။

Poetry / letter 📝

25 Jan, 13:12


"အရာရာတိုင်းက ဖြစ်နိုင်ပါတယ်
လူနှစ်ယောက်က တကယ်အတူရှိချင်တယ် ဆိုရင်
သူတို့အတူတူရှိလာ လိမ့်မယ်
ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်
ဘယ်လိုရွေးချယ်မှုတွေမှာပဲ ဖြစ်ဖြစ်
အချစ်ရှိနေရင် အတားအဆီးတွေက
နှစ်တွေ ဘယ်လောက်ကြာကြာ
ဝေးကွာနေရတာ မဟုတ်ပါဘူး ပြီးတော့
အရာအားလုံးကို အတူတူရင်ဆိုင်သွားဖို့
ဆန္ဒရှိတယ်ဆိုရင်ပေါ့........။

#Crd

Poetry / letter 📝

25 Jan, 10:22


ချစ်ခြင်းမေတ္တာကို

ပန်းတွေနဲ့ ဖော်ပြတဲ့အခါ

ကျွန်တော့်ကို ကံ့ကော်ပန်း တွေပဲပေးပါ........။


#𝘾𝙧𝙚𝙙𝙞𝙩

Poetry / letter 📝

25 Jan, 09:27


ဆရာမ နုနုရည်အင်းဝရဲ့
“ပြုံး၍လည်းကန်တော့ခံတော်မူပါ
ရယ်၍လည်းကန်တော့ခံတော်မူပါ”

အပိုင်းလေး‌တွေ ခွဲပြီးတင်ပေးမယ်နော်
တောင်ပြုန်း မရောက်ဖူးသေးရင်
တောင်ပြုန်းပွဲ အကြောင်းလေ့လာချင်ရင်
ချန်နယ်လေးကို join ပြီးနားထောင်လို့ရပြီနော်

Poetry / letter 📝

24 Jan, 14:51


သူစိမ်းက သူစိမ်းပြန်ဖြစ်တယ်ဆိုပေမယ့်

အဲဒီသူစိမ်းရဲ့ လေယူလေသိမ်းကအစ

မှတ်မိနေတော့ နာကျင်ရပြန်တယ်.....။



#𝘾𝙧𝙚𝙙𝙞𝙩

Poetry / letter 📝

24 Jan, 12:32


ဒီပန်းတွေ ဘယ်နေ့ကြွေပါစေတော့လို့
ငါ ဆုမတောင်းဖူးဘူး
ကြွေသော်လည်း မွှေးရော့မယ်ဆိုပေမဲ့
မကြွေခဲ့ရင် ရနံ့ပိုမွှေးကြမှာ

#Crd

Poetry / letter 📝

24 Jan, 12:31


ဆရာမ ဂျူး ရဲ့ "ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ" စာအုပ်လေးက အကုန်နားထောင်လို့ရပါပြီနော်

နောက်ထပ် နားထောင်ချင်တဲ့စာအုပ်ရှိရင် ပြောဦးနော် 🥰🥰

Poetry / letter 📝

24 Jan, 03:15


မင်းက ရုပ်ရည်ချောမောစရာလဲမလိုဘူး

ငွေကြေးချမ်းသာစရာလဲမလိုဘူး

လူဖြစ်ပြီး လူစိတ်လေးသာရှိရင် အရာအားလုံးပြည့်စုံပါပြီ.....။

#Phyu
January (24.1.2025)

Poetry / letter 📝

23 Jan, 23:17


ဟိုကောင့်ရဲ့ ရယ်သံတွေကို ကြားချင်လို့

အကို့ရဲ့ မျက်ရည်တွေကို

လျစ်လျူရှုခဲ့တာ မဟုတ်လား ခလေးမရယ်........။



#𝘾𝙧𝙚𝙙𝙞𝙩

Poetry / letter 📝

22 Jan, 04:11


Poetry / letter 📝 pinned «@kaung_j မွေးနေ့ကနေစပြီးနှစ်ပေါင်းများစွာအသက်ရှည်ကျန်းမာပြီး မိဘအပေါ်သိတက်တဲ့သားလိမ္မာလေးဖြစ်ပါစေ 💙💛😘လိုချင်တာမှန်သမျှအကုန်ရပြီးနေချင်တဲ့ဘဝမျိုးမှာပျော်ရွှင်စွာနေနိုင်ပါစေ ကိုရေ 💛💙😘ပူကြူးကိုလဲဒီ့ထက်အများကြီးပိုချစ်နိုင်ပါစေနော်💙💛💛😘😘ရည်ရွယ်ချက်ရည်မှန်းချက်…»

Poetry / letter 📝

19 Jan, 03:26


ယနေ့ အပိုင်း ၂၆ နားထောင်လို့ရပါပြီနော် 🥰🥰

https://t.me/audiobooks96

Poetry / letter 📝

17 Jan, 13:21


ငါတို့ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင်  နှစ်ပေါင်း
ဘယ်လောက်ကြာတတ်လဲ
ခင်ခင်ပျိုရေ
ငါ  စောင့်ခဲ့တယ်  ။

   -အောင်ချိမ့်,.........

Poetry / letter 📝

17 Jan, 12:51


ဆောင်းသည် ရောက်ခဲ့ပါပြီ။

မှန်ပါသည်၊ ကြမ်းခက်သော

မိုး၏ မြည်ကြွေးသံတို့၏

ဆိတ်သုဥ်းခြင်းရဲ့နောက်ကွယ်၌

ဆောင်းသည် လှပစွာပင် ရောက်ရှိခဲ့ပေပြီ။

- တက္ကသိုလ်ဘုန်းနိုင်

# လရောင်နှင့် အရိပ်

Poetry / letter 📝

16 Jan, 13:39


😑😑

Poetry / letter 📝

16 Jan, 13:36


သိမ်ငယ်ရမယ့် ရပ်ဝန်းတွေကို ရှောင်ပါတယ်။

တန်ဖိုးသိတဲ့ အရပ်မှာသာ
တန်ဖိုးရှိစွာ နေထိုင်လိုပါတယ်။

ကံပါမယ်ဆိုရင် တစ်ဘဝလုံးစာပေါ့..🤍


#Crd

Poetry / letter 📝

15 Jan, 17:30


Good Night ကလေးရေ ...

ညှိုးနေတဲ့ မျက်လုံးလေးရယ်
ပြုံးမနေတော့တဲ့ နှုတ်ခမ်းလေးရယ်
ပြီးတော့ ...
အိပ်မရတာကြာပြီဖြစ်တဲ့
ညလေးရယ် ...

အဆင်ပြေရဲ့လားဆိုတဲ့
မေးခွန်းမျိုးတွေ
မမေးတော့ဘူး ..

မေးရလောက်အောင်ထိလဲ
အင်အားတွေ ရှိမနေဘူးလေ

အဝီစိနားကပ်နေတဲ့
စိတ်ဓာတ်တွေနဲ့
မပြိုလဲအောင်
တင်းခံထားရတဲ့
အခြေအနေတွေကြားမှာ

ဒီတစ်ညတော့ ...
ခဏလေးနားပါလား ကလေးရယ် ...

ရင်ထဲကို
ဖောက်၀င်ပြီး မကြည့်နိုင်ပေမယ့်
ငိုထားတဲ့ မျက်လုံးတွေက
သိပ်ပင်ပန်းနေတဲ့အကြောင်း
ဖော်ပြနေခဲ့တာလေ

ဒီတစ်ညလေးပဲ
အိပ်ပျော်အောင်ပဲ အိပ်ပါလား
ဒါမှမဟုတ်
မပျော်တဲ့ စိတ်ကို
ခဏလောက် အနားပေးပါလား ။

Good Night နော် ကလေး။

#ကျေးကို

Poetry / letter 📝

15 Jan, 09:14


သူကလည်း မင်းနဲ့မှ ဖြစ်မှာ
မင်းကလည်း သူနဲ့မှ ဖြစ်မှာ

အချိန်တိုင်း ရ၊န်တွေဖြစ်ရင်း
နားရက်မရှိလောက်အောင် ထထသ-၊တ်နေတဲ့
အတွဲတစ်တွဲဟာ ဘာလို့ မပြတ်ကြတာလဲတဲ့။

ဒါဟာ ရှင်းပါတယ် ။
တစ်ယောက်ပေါ်တစ်ယောက် ထားရှိတဲ့
ချစ်ခြင်းမေတ္တာကြောင့်ပဲပေါ့ ။
တစ်ယောက်နဲ့တစ်ယောက် မပြတ်နိုင်တဲ့
သံယောဇဉ် အရှိန်အဟုန်တွေကြောင့်ပေါ့။

🌻🤍 #crd

Poetry / letter 📝

15 Jan, 08:01


ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူတစ်ယောက်နဲ့ တွေ့ရတာ
သိပ်ကို ကြောက်စရာကောင်းပါတယ် ။

ခင်ဗျားဟာ အဲ့ဒီ့လူကို အရမ်းတွယ်တာသွားလိမ့်မယ် ။
ခင်ဗျားဟာ မနက်နိုးထတိုင်း
သူနဲ့ပဲ အရင် စကားပြောချင်မယ် ။
ညအိပ်ယာ ဝင်တိုင်းလဲ
သူနဲ့ပဲ နောက်ဆုံး စကားပြောချင်မယ် ။

အဲ့ဒီ အချိန်တွေမှာတော့
ခင်ဗျားရဲ့ တစ်နေ့တာဟာ
ပျော်ရွှင်စရာတွေနဲ့ စတင်ပြီး
ပျော်ရွှင်စရာတွေနဲ့ပဲ အဆုံးသတ်နေလိမ့်မယ် ။

တွေးကြည့်ရင် ပျော်စရာကြီးပေါ့ဗျာ ။

ဒါပေမယ့် တစ်နေ့နေ့မှာ
ခင်ဗျားဘဝထဲက သူထွက်သွားမယ်ဆိုရင် ..

#crd

Poetry / letter 📝

15 Jan, 07:58


အချစ်ဦးဆိုတာ
ကိုယ်နဲ့ပထမဦးဆုံးတွေ့ရတဲ့သူကို
ဆိုလိုတာမဟုတ်ပါဘူး။

ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့အချစ်မျိုးနဲ့
ကိုယ့်ဘက်ကမြတ်မြတ်နိုးနိုးနဲ့
ချစ်ခဲ့ရတဲ့သူကို ဆိုလိုတာပါ။

#crd 💝

Poetry / letter 📝

14 Jan, 15:45


အတွေ့နောက်ကျတဲ့အချစ်တိုင်းဟာ
နာကျင်ရပါတယ်တဲ့ကျွန်တော်တို့
အသက်ကိုခိုးရှုခဲ့ရပါတယ် ။

-စိုင်းဝင်းမြင့်

Poetry / letter 📝

14 Jan, 13:58


ဘယ်သူ့ကိုဘယ်သူက
စွန့်ပစ်ခဲ့မှန်းတကယ်မသိဘူး
ဘယ်သူ့ကို ဘယ်သူကမှလဲ
တကယ်မပိုင်ဆိုင်ခဲ့ဘူး
တချို့သော လမ်းခွဲခြင်းတွေက လမ်းခွဲစကားတောင်မပါဘူး........

Poetry / letter 📝

14 Jan, 13:26


မင်းထင်ထားတာထက်
အများကြီးပိုချစ်တဲ့အတွက်
တစ်ခါတစ်လေ မင်းထင်ထားတာထက်
ပိုသဝန်တိုတတ်တာတွေကို
နားလည်ပေးစေချင်ပါတယ်...

တစ်ခါတစ်လေမှာ
မင်းကိုမယုံကြည့်လို့မဟုတ်ပဲ
ချစ်တဲ့စိတ်ကြောင့် စိတ်တွေပူပြီ
မယုံကြည့်သလိုတွေ ပြောဆိုမိတာတွေအတွက်လည်း
နားလည်ပေးစေချင်ပါတယ်....

အရာအားလုံးက ချစ်တဲ့စိတ်ကြောင့်မို့
မင်းနစ်နာမဲ့အရာမျိုးတွေဆိုရင်တော့
စိတ်သာချပါ ငါဘယ်တော့မှ
လုပ်မှာမဟုတ်ပါဘူး....

#Crd

Poetry / letter 📝

14 Jan, 05:29


နှစ်ဦးနှစ်ဖက် ထပ်တူကျတဲ့ ချစ်ခြင်းမေတ္တာဆို
အများကြီး တန်ဖိုးထားရမှာ …
ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ပြိုကွဲမသွားအောင်
ပြဿနာသေးသေးလေးကနေ ပျက်စီးမသွားရအောင်
ဂရုစိုက်ရမယ် ၊ တန်ဖိုးထားရမယ် ။

ဘာကြောင့်ဆို ကိုယ်ချစ်မိတဲ့သူက ကိုယ့်ကိုပြန်ချစ်တာဟာ ဘယ်လောက်တောင်း ကံကောင်းလိုက်သလဲ ။

ကိုယ်က ချစ်ရသလောက်
တဖက်က ပြန်မချစ်နိုင်တာတွေ
တစ်ဖက်လူက သဘောကျပေမဲ့ ကိုယ်က
လက်မခံပေးနိုင်လို့ အားနာရတာတွေ …
မဖြစ်နိုင်ခြင်းတွေနဲ့ … မချစ်နိုင်ခြင်းတွေဟာ
သိပ်နာကျင်စရာကောင်းမှန်း ကြုံဖူးသူတိုင်းသိတယ် ..

ဒါကြောင့် ထပ်တူကျတဲ့ ချစ်ခြင်းမေတ္တာကို
ရှာတွေ့တဲ့အခါ အများကြီး တန်ဖိုးထားရမှာ …
💛🌻
#crd

ငရုတ်သီးလေး

Poetry / letter 📝

13 Jan, 09:00


လူတစ်ယောက်ကို ချစ်တယ်လို့ပြောပြီးရင်
ပန်းကလေးတစ်ပွင့်လို ထားရတယ် ။
ပန်းကလေးတွေဟာ သိပ်ကိုနူးညံ့တယ် မဟုတ်လား
ဒါကြောင့်မို့ သေချာဂရုစိုက်ပေးရမယ် ။
ရေလောင်းများသွားရင်လည်း မကောင်းဘူး ၊ ပစ်ထားတာများသွားရင်လည်း သေသွားတက်တယ် ။

#crd

Poetry / letter 📝

13 Jan, 03:53


13.1.25
ပြာသိုလပြည့်
အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိရှိသမျှ မိခင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ
ရောဂါအပေါင်းမှလဲကင်းဝေးပါစေ
သားလိမ္မာသမီးလိမ္မာလေးများနဲ့ သက်ဆုံးတိုင်နေသွားကြပါစေ
ဘဝတပါးမှကျတော့်ရဲ့မွေးမိခင်လဲ ရောက်လေရာဘုံဘဝမှာ ကောင်းသောအရာများကိုသာပိုင်ဆိုင်ထားနိုင်ပါစေ သံသရာတကွေ့မှာ အမေ့ရင်မှာပြန်နေပါရစေ

   

Poetry / letter 📝

12 Jan, 16:03


ချစ်ရသူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်
ရာစုတစ်ထောင် နေရစ်တော့။

-တာရာမင်းဝေ

Poetry / letter 📝

10 Jan, 12:42


ချစ်သော sub လေး‌တို့ရေ မင်မင်တို့ AUDIO BOOKS CHANNEL ကနေ ဆရာတာတေရဲ့ ညမဖတ်ရလို့ဆိုလောက်တဲ့ သရဲဝတ္ထုတွေကို တစ်ညကို ၂ပုဒ်နှုန်းနဲ့ တင်ဆတ်ပေးသွားမှာဖြစ်ပါတယ်ဗျ အောက်က channel link လေးကို join ပြီး‌နားထောင်လို့ရပါပြီနော် 👇

https://t.me/audiobooks96
https://t.me/audiobooks96

“မအိမ်ကံ” စာအုပ်လေးကိုလဲ အပိုင်းလေးတွေရတာနဲ့ ထပ်တင်ပေးပါမယ်နော် 🥰

Poetry / letter 📝

10 Jan, 07:24


😊😊

Poetry / letter 📝

09 Jan, 18:35


ကိုယ်ဖက်က စခေါ်လို့မရတဲ့အခါ
မင်းခေါ်လာမှာလေးကို မျှော်ပါတယ် ။

ဘယ်နေရာပဲဖြစ်ဖြစ်
ပျော်အောင်တော့ နေတတ်တယ်မဟုတ်လား
အဆင်ပြေရဲ့လားဆိုပြီး
မလိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး ။

ကိုယ်ကော အဆင်ပြေနေရဲ့လားလို့ပဲ
ဒီရက်ထဲ ပိုတွေးနေမိတယ် ။

ပျော်အောင် နေချင်တဲ့ စိတ်ထက်
မင်းကို မျှော်နေမိတာက ပိုနေသေးတော့
ကိုယ် မပျော်သေးဘူး ။

ထားပါ ...ကိုယ်ပျော်တယ်မပျော်ဘူးဆိုတာက
အရေးမကြီးနေပါဘူး ။

တစ်ခုပဲ မှာချင်ရုံလေးပါ
သတိတရရှိတဲ့အခါ ဆက်သွယ်ပေါ့
ဒီဖုန်း မင်းအတွက်ဆို အမြဲပဲ အားပါတယ် ။

#crd

Poetry / letter 📝

09 Jan, 01:35


ဒီလိုပါပဲ . . . . .
သူစိမ်းကနေ သူစိမ်းပြန်ဖြစ်သွားတယ်ဆိုပေမဲ့
အဲဒီသူစိမ်းရဲ့ လေယူလေသိမ်းကအစ
မှတ်မိနေတာကတော့ . . . . .
အရမ်းနာကျင်ရတာပေါ့ . . . . .💔?

#crd

Poetry / letter 📝

09 Jan, 01:33


ကမ္ဘာပေါ်မှာ အပျော်ရဆုံးက ဘာလဲဆိုရင်

မင်း စောင့်နေတဲ့လူကလည်း
မင်းကိုစောင့်နေတာဖြစ်ပြီး...

မင်း သတိရနေတဲ့လူကလည်း
မင်းကိုသတိရနေမယ် ။

မင်း ချစ်နေတဲ့လူကလည်း
မင်းကိုအရမ်းချစ်နေတာပဲ ဖြစ်ပါလိမ့်မယ်...။

🌻🤍
#crd

Poetry / letter 📝

08 Jan, 04:42


🌺💐🌸

ရှိတုန်းကတော့ ဝေဆာလို့
ကြွေကာ​သစ်ရွက်တွေလို
အသုံးမဝင်တော့ဘူးလေနော်
မိုးရွာမှ ခနတာအသုံးဝင်တဲ့
ခေါက်ထီလေးလို့လဲ မဖြစ်ချင်ပါဘူး
အမို့ တန်ဖိုးမဲ့အမိူက်လေးမဖြစ်ဖို့နဲ့
ကိုယ့်ကိုကို အသုံးမဝင်တော့မှာကိုလဲ
တယုတရနဲ့ ထိန်းကာရှေ့ဆက်ရင်း
ပွင့်တုန်းကလဲ အနံလေးသင်းတဲ့
မြေခလို့ ကြွေကျတော့လဲရှိနေဆဲ
စကာဝါပန်းလေးနဲ့ ခရေတွေလို
ပတ်ဝန်းကျင်ကို ကောင်းချည်းပေးနေဆဲ။

# yoeyar oo🥰

Poetry / letter 📝

07 Jan, 19:20


ကမ္ဘာကြီးဟာ နေ့နဲ့ည

ပုံမှန်လည်ပတ်နေသရွေ့

အရှေ့အရပ်ကနေထွက်ပြီး

အနောက်အရပ်မှာနေဝင်နေသရွေ့

မင်းအပေါ် ကိုယ့်ရဲ့ အချစ်တွေဟာ

ရှင်သန်နေအုံးမှာ...

ရေနဲ့မီးပေါင်းစပ်ရမယ့် အချိန်ကို

မျှော်မိသလို

ကိုယ်လဲမဖြစ်နိုင်တာကိုမှ

မျှော်လင့်မိနေသလား...

နေမင်းကြီးမသိပေမယ့်

နေကြာပန်းလေးကတော့

နေရှိရာအရပ်ကိုပဲ

မျက်နှာမူနေဆဲပါ...🌻🔥

Poetry / letter 📝

07 Jan, 16:22


ကျွန်တော်က

နေကြာပန်းလေးတွေလိုပဲ

ကိုယ့်ကို ပူလောင်စေတဲ့ အရပ်ကိုပဲ

မျက်နှာ မူတယ်...........။


#𝘾𝙧𝙚𝙙𝙞𝙩

Poetry / letter 📝

06 Jan, 15:48


စိတ်နာချင်ယောင်ဆောင်တာပါ
ချစ်ပြီးသားလူတစ်ယောက်ကို
ဒီနှလုံးသားက လွယ်လွယ်ကူကူ
မမုန်းနိုင်ပါဘူး.....


-တက္ကသိုလ်ဘုန်းနိုင်

Poetry / letter 📝

06 Jan, 13:28


အပျင်းပြေစကား​ပြော
Gpလေးပါဗျာ😙
ကောင်လေးမရှိတာတို့
ကောင်မလေးမရှိတာတို့
အထီးကျန်နေရင်တော့
Gpလေး joinပြီး စကားပြောဖော်
ဂိမ်းဆော့ဖော်တို့ ရှာလို့ရပါတယ်
Gp linkလေး joinပေးပ့အူးဗျာ🥺🥺
𝑯𝒆𝒍𝒍𝒐,𝑾𝒆𝒍𝒍𝒄𝒐𝒎𝒆 𝑷𝒂𝒓

𝐆𝐀𝐌𝐄 𝐚𝐧𝐝 𝐏𝐇𝐎𝐓𝐎

🅰🅳🆂 18+ လက်မခံပါ

ဆဲတာ (Or)ပွဲရှာရင် 🅱🅰🅽

အပျင်းပြေစကားပြော gp

BF/GF စိတ်ကြိုက်ရှာ🌱🌿

@coffeepupulay99

@TRUE_LOVE1500

@yoeyaroo1999

Poetry / letter 📝

06 Jan, 05:23


ညီမငယ်တို့ရေ...

ကိုယ်ပိုင်ဝင်ငွေ ရှိအောင်လုပ်
ကိုယ်တိုင်အရည်ချင်းရှိအောင်ကြိုးစား.....

သူများဆီကပိုက်ဆံကို အလကားလိုချင်ရင် ကိုယ့်ဆီက တန်ဖိုးကြီးတာတခုခုပြန်ပေးရတတ်တယ်။

ဘယ်အရာမှအလကားမရပါ
ငွေကြောင့် ဘဝပျက်သွားတဲ့သူတွေလဲ ဒုနဲ့ဒေးပါ။

သတိထားဆင်ခြင်နိုင်ကြပါစေ......❤️

#Phyu
January (6.1.2025)

Poetry / letter 📝

05 Jan, 15:05


“လူတစ်ယောက်ကို ချစ်ဖို့
ဘာတွေလိုအပ်သလဲ”
လွယ်ပါတယ်
“ဝဋ်ကြွေးလေး အနည်းငယ်ရှိရင်
လုံလောက်ပြီ”

-အကြည်တော်

Poetry / letter 📝

05 Jan, 15:00


အမေရယ်
အရာရာလွဲချော်နေတက်တဲ့
ဒီကောင်ကလေ
ခေါင်းမာပြီး
နှလုံးသားကျ ပျော့တယ်။

-မောင်ချောနွယ်

Poetry / letter 📝

05 Jan, 14:54


ကဗျာဆရာ-၂

လူအားပေမယ့်
စိတ်အားချင်မှအားတယ်
စိတ်အားပေမယ့်
လူအားချင်မှအားတယ်
တိုက်ဆိုင်တဲ့အခါ
ပွင့်ဦးကြွေမှဖြင့်ပေါ့ကွယ်။

-အောင့်ချိမ့်

Poetry / letter 📝

05 Jan, 09:56


အတောင်ညောင်းလို့ခဏလာနားတဲ့ ငှက်တကောင်ကို
ဘဝနဲ့ရင်းပြီး ဧည့်ဝတ်ကျေခဲ့တယ်😌😌

Poetry / letter 📝

05 Jan, 04:10


❤️❤️

Poetry / letter 📝

05 Jan, 03:20


ပန်းလေးတစ်ပွင့်က တန်ဖိုးထားတတ်တဲ့ ဥယျာဥ်မှူးဆီမှာ လှလှပပ ပွင့်တာမဆန်းပါဘူး.....

အချစ်ခံရဖို့လည်း မလိုပါဘူး သစ္စာရှိပြီး ဂရုတစိုက်နဲ့ တန်ဖိုးထားတတ်တဲ့ လူပဲလိုတယ်....

#Phyu

Poetry / letter 📝

04 Jan, 19:39


...........❤❤ 𝐋𝐎𝐕𝐄 ❤❤...........


ချစ်တတ်တဲ့နှလုံးသားတော့......

လူတိုင်းမှာ ရှိကြပါတယ်.......

အချစ်ဆိုတာ ............

ချမ်းသာတာ..... ဆင်းရဲတာနဲ့မဆိုင်သလို

ရုပ်ဆိုးတာ ရုပ်လှတာနဲ့လဲမဆိုင်ပါဘူး

လူတစ်ယောက်ကို ချစ်မိပြီဆိုရင်

အဲဒီလူ ဘာပဲလုပ်လုပ် ချစ်တဲ့စိတ်ကြောင့် အကောင်းမြင်နေတာမျိုးပေါ့...........

ကိုယ်ချစ်နေတဲ့သူက ရုပ်ဆိုးသည်ဖြစ်စေ ၊ လှသည်ဖြစ်စေ ချစ်နေတဲ့အတွက် သူ့မျက်လုံးထဲမှာတော့ အဲဒီလူက လှနေမှာပါပဲ.................


#𝐌𝐇

Poetry / letter 📝

04 Jan, 01:05


လွတ်လပ်ရေး‌နေ့
°°°°°°°°°°°°°°°°°°

ဝဋ်ကြီးလှစွာ ၊ တို့ပြည်ရွာဟာ
နယ်ချဲ့လက်အောက် ၊ သုံးကြိမ်ရာက်လို့
ပြားပြားဝပ်ရ ၊ အကြောင်းမလှ
ထိုထိုသော်ညား ၊ ရှောင်မထားဘဲ
ရရာလက်နက် ၊ စွဲလို့ကိုင်ကာ
ဗမာ့သတ္တိ ၊ အဟုတ်သိအောင်
မွေးမြူစိတ်ထား ၊ ဝံသာနုများ
သို့ပါသော်ညား ၊ တို့မြန်မာများ
မုန်တိုင်းလယ်မှ ၊ ငှက်ငယ်ပမာ
အင်အားမမျှ ၊ ယှဉ်ထားမရ
ကြာရှည်လှစွာ ၊ တော်လှန်ရေးမှာ။

ထိုထိုနယ်ချဲ့ ၊ မိစ္ဆာအပါင်း
အခက်တွေ့အောင် ၊ ကြံဆောင်ခဲ့တာ
ခုနှစ်လေးမှာ ၁၉၂၀ပါ
တို့များလူငယ် ၊ ပေါင်းစုစည်းကာ
ဝံသာနုစိတ် ၊ အဟုတ်ကျိတ်လို့
ထင်ရှားခဲ့ရာ ၊ တော်လှန်ရေးမှာ
တောင်သူလယ်သမား အရေးတော်ပုံပါ။

၁၃၀၀ပြည့် ၊ ရောက်ခဲ့သော်ညား
ထပ်မှန်ကျာ်ကြား ၊ သတင်းတစ်ခု
အကြောင်းစုလို့ ၊ ကြံဆောင်ခဲ့တာ
၁၃၀၀ပြည့်အရေးတော်ပုံပါ။

ထိုထိုနယ်ချဲ့ ၊ ပြည်ဖျက်သူများ
ကြောက်ရွံခဲ့ရ ၊ ဖွဲ့စည်းတစ်ခု
အကြောင်းစုလို့ ၊ သမိုင်းမှတ်တမ်း
မော်ကွန်းထိုးတာ
တို့ဗမာအစည်းအရုံးပါ။

ဩဂုတ်လရဲ့ ၊ တစ်နေ့ခါဝယ်
ဂျပန်ပြည်ရွာ ၊ သင်ကြားပညာ
အောင်ဆန်းဇာနည် ၊ ခေါင်းဆာင်ပါလို့
ဇွဲကိုဦးထိပ် ၊ ရဲဘော်သုံးချိတ်
ပေါ်ထွန်းလာတာ
ခုနှစ်လေးမှာ ၁၉၄၀ပါ။

နှင်းမှုန်ဖွဲလို့ ၊ ဆောင်းအခါဝယ်
ဘန်ကောက်ဌာနေ ၊ ဦးလွန်း‌ဖေအိမ်
သစ္စာတစ်ဆူ ၊ အကြောင်းယူလို့
သွေးသောက်သစ္စာ ၊ လက်မောင်းဖောက်ကာ
ဖွဲ့စည်းခဲ့တာ BIAပါ။

ကျား‌‌ကြောက်ခဲ့၍ ၊ ရှင်ကြီးခိုးရာ
ရှင်ကြီးသည်ကား ၊ ကျားထက်ဆိုးလို့
ဂျပန်တိုက်ထုတ် ၊ အမြစ်ဖြုတ်ဖို့
အဖွဲ့တစ်ခု ၊ အကြောင်းစုလို့
ပဆပလ ဖွဲ့စည်းခဲ့တာ
ခုနှစ်လေးမှာ ၁၉၄၅ပါ။

ထိုထိုနှစ်များ ၊ ကူးပြောင်းလီလီ
ကြိုးပမ်းလာကာ ၊ ဇွဲမရှော့တာ
တို့များဖခင် ၊ သခင်မည်သည့်
အောင်ဆန်းဇာနည် ၊ ဒေါင်းနီနီပါ
နှစ်တစ်နှစ်ရဲ့ ၊ နှစ်ဦးအခါ
ဇန်နဝါရီမှာ ၊ ဖန်ခါလီလို့
ရလာဒ်တစ်ခု ၊ အကြောင်းစုလို့
ချုပ်ဆိုခဲ့တာ
အောင်းဆန်းအက်တလီစာချုပ်ပါ။
နောက်ဆက်တစ်ခါ ၊ ပင်လုံစာချုပ်
ပေါင်းလို့ထုတ်ကာ ၊ ချုပ်ဆိုခဲ့တာ
ခုနှစ်လေးမှာ ၁၉၄၇ပါ။

မိုးနတ်သကြား ၊ မသနားလို့
ရွာသွန်းဖြိုးကာ ၊ မိုးအခါဝယ်
တို့ဗိုလ်ချုပ်နဲ့ ၊ ကိုးဦးဇာနည်
ကျဆုံး‌လေတာ ၊ ဇူလိုင်၁၉မှာ
ပြည်သူအများ ၊ မျက်ရည်ညှိးလို့
ရင်နင့်ဖွယ်ရာ ၊ ထိုထိုဖြစ်ရပ်
သမိုင်းမှတ်လို့ ၊ အာဇာနည်နေ့
ဒို့မမေ့ဟု ၊ ကြွေးကြော်ခဲ့တာ
ခုနှစ်လေးမှာ ၁၉၄၇ပါ။

ထိုထိုဖြစ်ရပ် ၊ ကြုံပါသော်ညား
တို့များဗိုလ်ချုပ် ၊ ဖြစ်စေချင်ရာ
ဆန္ဒတစ်ခု ၊ အကြောင်းပြုလို့
ဆက်လက်ကြိုးပမ်း ၊ မျှော်ကာမှန်းလို့
ဇွဲနဲ့လုံလ ၊ စိုက်ထုတ်ကာရယ်
ကြိုးစားရှာဖွေ ၊ လွတ်လပ်ရာမြေ။

ထိုထိုရသာ ၊ ချိုမြိန်လှစွာ
တို့များပြည်သူ ၊ ခံစားရတာ
ဇန်နဝါရီ ၊ ၄ရက်အခါ
ခုနှစ်လေးမှာ ၁၉၄၈ပါ။

အပြုံးလီလီ ၊ မရှုံးပီဟု
ဒါဟာတို့ပြေ ၊ ဒါဟာတို့မြေ
ကြွေးကြော်ခဲ့ရာ ၊ ထိုနေ့တစ်ရက်
သမိုင်းမှတ်လို့ ၊ လွတ်လပ်ရေးနေ့
တို့မမေ့ပြီ။



#Crd

Poetry / letter 📝

03 Jan, 18:15


ပန်းတွေရလို့ မပျော်တဲ့မိန်းကလေးဆိုတာ
ကမ္ဘာပေါ်မှာ မရှိပါဘူး......🌸🌸

Poetry / letter 📝

03 Jan, 06:48


❤️❤️

Poetry / letter 📝

03 Jan, 03:55


စ ၅လုံးကိုဆောင်

ဘ ၃လုံးကိုရှောင်

စ (၅)လုံး

၁။စိတ်ကောင်းထားပါ
၂။စာများများဖတ်ပါ
၃။စည်းကမ်းရှိပါ
၄။စကားပြောချိုသာပါ
၅။စိတ်ရှည်ရှည်ထားပါ

ဘ (၃)လုံး

၁။ဘောင်မကျော်ပါနဲ့
၂။ဘဝင်မမြင့်ပါနဲ့
၃။ဘဝမမေ့ပါနဲ့

#crd

Poetry / letter 📝

03 Jan, 02:26


မိန်းမလှ နဲ့ မိန်းမကောင်း 💗

လှတဲ့မိန်းကလေးက မျက်နှာနဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ကြတယ်။
ကောင်းတဲ့မိန်းကလေးတွေကတော့ စိတ်နှလုံးနဲ့ အကျင့်စရိုက်ကို အလေးထားတယ်။
မိန်းမလှက မျက်စိကိုအေးစေတယ်။
မိန်းမကောင်းကတော့ စိတ်နှလုံးကိုအေးစေတယ်။
မိန်းမလှက နုပျိုချိန်မှာပဲလှတယ်။
မိန်းမကောင်းကတော့ အိုသည့်တိုင်အောင်လှတယ်။
မိန်းမလှက 'ရတနာတစ်ပါး'ဆိုရင်
မိန်းမကောင်းက 'ရတနာသိုက်'ပဲဖြစ်လိမ့်မယ်။
မိန်းမတိုင်းမိန်းမကောင်း၊မိန်းမလှဖြစ်ပါစေ......
#crd
#နှိုင်းငယ်

Poetry / letter 📝

02 Jan, 18:03


အရမ်းချစ်တယ်ဆိုတဲ့စကားလေးအမြဲကြားချင်တယ်။
မင်းဆီက ဒီစကားလေးကြားရတာ
သူများတွေအတွက်တော့ မသိဘူး
ကိုယ့်အတွက်တော့ တစ်နေကုန်လုပ်စရာအလုပ်ရှိရင်တောင်
မပင်ပန်းတော့သလိုပဲ
ဘယ်အရာတွေ ဘယ်လောက်ပဲ တန်ဖိုးကြီးနေပါစေ
မင်းဆီက အရမ်းချစ်တယ်ဆိုတဲ့စကားလောက်
ဘယ်အရာကိုမှ မမက်မောတော့တာ။

💝💝

Poetry / letter 📝

02 Jan, 17:34


ယောင်္ကျားမရှိပဲ ကလေးမွေးတော့
" လ*င်ကောင်မဖော်နိုင်ပဲ မွေးတဲ့ကလေး ..."

ယောင်္ကျားယူပြီး ကလေးရပြန်တော့လဲ
မင်္ဂလာဆောင်တဲ့ အချိန်တွက်
" ဗိုက်ကြီးလို့ ယူလိုက်ရတာလေ "

ယောင်္ကျားရှိရက်နဲ့
အကြောင်းကြောင်းကြောင့် ကလေးမယူတဲ့သူကျ
" မြုံနေတာလားမသိဘူး "

ကိုယ့်ယောင်္ကျားနဲ့ကိုယ် အဆင်ပြေလို့
ကလေးယူပြန်တော့လဲ (၃) ယောက်ထက်ပိုယူကြည့်
" အမလေး ကလေးမွေးတဲ့စက်ရုံကျနေတာပဲ "

အဲ ကလေးတစ်ယောက်ပဲ မွေးထားပြန်တော့လဲ
" ဟဲ့တစ်ယောက်ထဲမွေးမှာလား ထပ်မွေးလေ
ကလေးက တစ်ကောင်ကြွက်ဖြစ်နေမယ်"

လက်ထပ်ဖို့ အဆင်မပြေသေးလို့
အချိန်တွေကြာနေပြန်တော့လဲ
" ခိုးစားနေတာနဲ့ပဲ ကျေနပ်နေကြတာလေ "

အချိန်မဆွဲပဲ လက်ထပ်လိုက်ကြပြန်တော့လဲ
" အမလေး ဘယ်ချိန်ထဲက လင်လိုချင်နေတာလဲမသိဘူး"

ယူပြီး အဆင်မပြေကြလို့ ကွဲလိုက်ပြန်တော့
" တစ်ခုလပ်ဖြစ်ပြီ ကြည့်နေ ယွပြပါတော့မယ်"

အဆင်မပြေပေမယ့် သည်းခံပေါင်းနေပြန်တော့လဲ
" အရူးအမဲသား ကျွေးထားသလိုပဲ
ဒီလ*င်ကို ဘာစွဲလန်းနေမှန်းမသိဘူး "

အိမ်ထောင်ရေးစိတ်မဝင်စားလို့
အပျိုကြီးလုပ်နေပြန်တော့လဲ
" ဘယ်တော့ယူမှာလဲ တစ်ယောက်ထဲနေတော့မှာလား
မောင်တစ်ကျိပ်ပင်ရှိလင့်ကစား
လင်တစ်ယောက်မရှိရင် မတင့်တယ်ဘူးတဲ့ " ...

အဲ အပျိုကြီးကနေ အိမ်ကပေးစားလို့ဖြစ်ဖြစ်
ဖူးစားပါလို့ဖြစ်ဖြစ် ယောင်္ကျားသာရကြည့်
" ဒီအရွယ်ရောက်မှ လ*င်က ထယူနေသေး"

ဒါကို ပတ်ဝန်းကျင် ဟု ခေါ်တယ်ငါ့ညီမတို့...။

Poetry / letter 📝

02 Jan, 02:24


ဇန်နဝါရီလရဲ့ မွေးနေ့ရှင်လေးရေ

ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းဖို့
ကြိုးစားရင်း
ခက်ခဲပင်ပန်းရတဲ့ အခိုက်အတန့်တွေမှာ
ဟာသနှောပြီး
သောကတွေကို မျောချတတ်တုန်းပဲလား ။

မငိုတတ်ပါဘူးလို့
ကြွေးကြော်ပြီး
အနားနားကလူတွေကို
ပြုံးအောင် ထားတတ်တဲ့
ဇန်နဝါရီဖွားလေးရေ …

သိပ်လျှို့ဝှက်တတ်လွန်းတဲ့
မျက်ဝန်းတွေ
သိပ် ခန့်မှန်းရခက်တဲ့
အပြုအမူတွေနဲ့
နှစ်တစ်နှစ်ကို
ခပ်ချေချေ ဖြတ်ကျော်ခဲ့ပြီးပြီမို့
ပင်ပန်းသင့်တာထက် ပိုပင်ပန်းခဲ့မှာနော် ။

မသိမသာ ပိုအေးလာမယ့်
ဇန်နဝါရီမှာ
ဇန်နဝါရီဖွားလေးလည်း အေးချမ်းပါစေ

သန်မာတတ်တဲ့ လူတစ်ယောက်မို့
အများကြီး စိတ်မပူပေမယ့်
ကျန်းမာရေးတော့ ချူချာတတ်တာမို့
နည်းနည်းလေး ပိုဂရုစိုက်စေချင်ပါတယ်
(မျက်လုံးနဲ့ဝမ်းဗိုက်ကို ပိုဂရုစိုက်စေချင်ပါတယ်)

နှစ်တစ်နှစ်ရဲ့အစ
မျှော်လင့်ခြင်းတွေ ပြန်ရှင်သန်တဲ့ လလေးလို့
ဇန်နဝါရီဖွားလေးမှာ
ကံကောင်းခြင်းတွေ
အများကြီး ပိုကျရောက်ပါစေနော် ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာ တဲ့နှစ်လေးတစ်နှစ်
ကိုယ် မျှော်လင့်ထားတဲ့ ပျော်ရွှင်ခြင်းတွေ
ပိုင်ဆိုင်ရမယ့် မွေးလလေးတစ်လ
ဖြစ်ပါစေနော် ။

#ကျေးကို

Poetry / letter 📝

02 Jan, 02:21


လူတချို့က
နည်းနည်းလေး နာကျင်ရင်
အများကြီး ငိုပြတတ်ပေမယ့်
အများကြီး နာကျင်ရတဲ့အခါ
ဘာစကားမှ မပြောတော့တဲ့အထိ
တိတ်ဆိတ်သွားတတ်တယ် ။

#ကျေးကို

Poetry / letter 📝

01 Jan, 15:35


အာရုံငါးပါးနဲ့ တပ်မက်ခြင်းမှာသာ
အသားအရေ၊ အချိုးအစား
အသက်အရွယ်ရှိတာပါ

အချစ်နဲ့ မေတ္တာမှာကျ
မင်းဟာမင်း ဘာဖြစ်ဖြစ်ပေါ့ အချစ်ရဲ့
မင်းဟာမင်း ဘာဖြစ်ဖြစ် ။

-ဆန်းကျော်စွာဝင်း

Poetry / letter 📝

01 Jan, 08:50


ပရလောကသားများအကြောင်းစိတ်ဝင်စားသူတွေအတွက်
တာတေ
ဒေဝတာ
ဒဿကျော်စွာ

ညရောက်မှဖတ်ကြနော်😁

Join ပြီးမှ ဖတ်နော် 👇👇
https://t.me/audiobooks96
https://t.me/audiobooks96

Poetry / letter 📝

31 Dec, 19:58


Good night or Good morning

Good night သောကကင်းဝေးစွာအိပ်စက်အနားယူနိုင်ကြပါစေ....။

Good morning အပြုံးပန်းလေးတွေနဲ့နိုးထနိုင်ကြပါစေ......။🥰🥰❤️❤️

Don't forget to smile. 😊😊

#Phyu
January (1.1.2025)

Poetry / letter 📝

31 Dec, 14:39


ကျက်သရေ
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့
Poetry/Letter 📝
Admin များမှ
ဆုတောင်းမေတ္တာ
ပို့သလိုက်ပါတယ်။

Poetry / letter 📝

31 Dec, 10:55


စုံထောက် ဝတ္တုနားထောင်ချင်သူများအတွက် ဆရာကြီးမင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင် ဝတ္တုများကို
အိုင်ပီတို့ admin team က အချိန်ရသလို တင်ပေးပါမယ်ဗျ 😁
Link လေး join ပြီး နားထောင်လိုက်ပါဦးနော် 👇👇👇
https://t.me/audiobooks96
https://t.me/audiobooks96

PS. ဆရာမခင်ခင်ထူးရဲ့ မအိမ်ကံစာအုပ် အသံဖိုင်လေးကိုလဲ အပိုင်းဆတ်လေးတေရတာနဲ့ တင်ပေးပါမယ်ဗျာ 🥰

Poetry / letter 📝

30 Dec, 10:46


ကမ္ဘာကြီး က မင်းကိုနာကျင်စေတဲ့အခါ...

တစ်ယောက် သော သူက..
မင်းကို ပျော်လာအောင် လုပ်ပေးနိုင်တယ်..

အဲ့ဒီ့လူကသာ မင်းကို နာကျင်စေရင်တော့..
တစ်ကမ္ဘာလုံးက တောင်..
မင်းကို ပျော်အောင်မလုပ်ပေးနိုင်ဘူး...

မင်းချစ်မိသွားတဲ့အချိန်မှာပေါ့...

#crd

Poetry / letter 📝

29 Dec, 20:22


“ ကရင်နှစ်သစ်ကူးနေ့ ”🇳🇱

◾ ကရင်သက္ကရာဇ်🇳🇱 (၂၇၆၄) ခုနှစ်
30.12.2024 ပြာသိုလဆန်း (၁)ရက်
တနလ်ာနေ့မှာ ကျရောက်တဲ့

နှစ်သစ်ကူးနေ့မှာကြိုဆိုလိုက်ပါတယ်🇳🇱
ဖားစည်သံတညံညံနဲ့ အားလုံးပဲ ကျန်းမာ ဘေးကင်း
ပျော်ရွှင်ကြပြီး ၊ ကောက်ပဲသီးနှံများလည်း
ဆထက်တပိုးတိုးပွားကြပါစေလို့


“ ပျော်ရွှင်ဖွယ်ရာ ကရင်နှစ်သစ်ကူးနေ့🇳🇱 ဖြစ်ပါစေ...”

အောင်ဆောင်အောင်ခလိုင် မားနိဖိတ်ထန်ကြပါစေ။


#ကရင်နှစ်သစ်ကူး🇳🇱

Poetry / letter 📝

09 Dec, 13:10


" လက်ဖက်ရည်ဆိုင်ထဲမှမိုးအုံ့​သော​နေ့ "


(၁၇)လမ်း​ထောင့်က
လက်ဖက်ရည်ဆိုင်ထိုင်​တော့
ဝိတ်တာညီငယ်​လေးတစ်​ယောက်
အူယားဖားယား​ပြေးလာတယ်...

"​​ပေါ်မလာတာကြာပြီ​နော်အကို
ဘာ​သောက်မလဲဘာစားမလဲ
ဘာသီချင်းနား​​ထောင်မလဲ
အကို့ရည်စားခပ်​ချော​ချော
အမကြီး​​ရောပါမလာပါပဲတဲ့​"လေ...

​အေးကွာညီ​လေး
ချို​မြနေတဲ့အကို့ဘဝထဲ
ကျရောက်လာတဲ့
ခါးသီးမှုတို့အတွက်
ချိုကျတစ်ခွက်​ဖျော်ခဲ့...

သီချင်းက​တော့
​ဆောင်းမှာ​တွေ့ခဲ့ကြပြီး
​ဆောင်းမှာ​ဝေးခဲ့ကြတဲ့
အကိုနဲ့သူမအတွက်
'​​မျှော်​နေမယ်​ဆောင်း'ဆိုတဲ့
သီချင်း​လေးဖွင့်​ပေးကွာ

လက်ဖက်ရည်က
အကျရည်​ပေါ့ခဲ့ရင်
ကျလာတဲ့မျက်ရည်​တွေနဲ့
​ရော​သောက်လို့ရ​အောင်​ပေါ့ကွာ...

- Dee Dee

Poetry / letter 📝

09 Dec, 12:09


နှစ်ခါပြန်မရနိုင်တဲ့ လူစားမျိုးတွေကို
နာကျင်အောင် မလုပ်မိစေနဲ့ ...
သူ့တို့တိတ်ဆိတ်သွားပြီးဆိုရင် မင်းနောက်ကြုံလာမယ့် အခက်အခဲတွေ နာကျင်မှုတွေ သိမ်ငယ်မှုတွေအတွက် ဖေးမပေးခြင်းတွေ ကူညီပေးခြင်းတွေ ရှိတော့မှာမဟုတ်ဘူး...

မင်းရွေချယ်လိုက်အရာက ခဏတာသာယာချင်စရာဖြစ်ချင်ဖြစ်နေမယ်
မင်းလုပ်ရပ်ချက်ကြောင့် ကွယ်ပျောက်သွားတဲ့လူကောင်းတွေရဲ့ မေတ္တာတရားကိုတော့ ဘယ်တော့မှရတော့မှာမဟုတ်ဘူး

ကြုံလာတဲ့တစ်နေ့တော့ရှိမှာပါ အချိန်တန်ရင်အစစ်အမှန်နဲ့ဝေးကွာခြင်းအရသာကို
မင်းတွေ့ရှိလာမှာပါ....

🖤🍂

#အိအိထွေး

Poetry / letter 📝

09 Dec, 12:08


တောင့်တလိုက်တဲ့ အရာတိုင်းက
မဖြစ်တာများပါတယ် ...
မျှော်လင့်မိသမျှတိုင်းက
လွဲရတာများတယ်
တွယ်တာမိတဲ့ အရာတိုင်းကလဲ
ဆုံးရှုံးရပြန်တာပဲ မဟုတ်လား ။

#ကျေးကို

Poetry / letter 📝

09 Dec, 11:16


" စိတ္တဇ "


ကမ္ဘာပျက်​နေရင်​တောင်
မငိုတတ်ခဲ့တဲ့ဒီလူသား
ချမ်း​​အေးလာ​နေတဲ့​
ဆောင်းနံနက်​တွေရယ်
​နေ့တာတိုပြီးညတာရှည်လာတဲ့
​ဆောင်းည​ရှည်​တွေရယ်

​ဝေးကွာသွားတဲ့
နှစ်​တွေအတွင်းမှာ
ညစဥ်မက်​မက်နေမိတဲ့
မင်းအ​ကြောင်းအိမ်မက်အချို့
မာရင်သံ​ချောင်းလို​ကောင်က
ခုများ​အခါတော့လည်း
ပိုးဖ​ယောင်းလိုပါ့ပဲလား

ညည့်ယံ​ရောက်တိုင်း
ငါ့မှာမျက်ရည်နဲ့မျက်ခွက်...

- Dee Dee

Poetry / letter 📝

09 Dec, 09:18


ကိုယ်ချစ်ရတဲ့သူက ကိုယ့်ရဲ့ အပိုင်ဖြစ်လာဖို့ဆိုတာ တော်ရုံ ကုသိုလ်ကံတွေနဲ့ မရပါဘူး။

ဘဝအဆက်ဆက် ပါရမီဖြည့်ရပါတယ်။
ဘဝအဆက်ဆက် ရေစက်တွေ ဆက်ခဲ့ရပါတယ်။

တော်ရုံလူတွေက သူတို့ချစ်ရတဲ့သူကို ပိုင်ဆိုင်ရလေ့ မရှိတာမို့ ကိုယ်ချစ်ရတဲ့သူ ကိုယ့်အပိုင်ဖြစ်လာတဲ့အခါ တန်ဖိုးထားပြီး ချစ်ကြပါ။

#𝗰𝗿𝗱

Poetry / letter 📝

09 Dec, 09:17


အချစ်စစ်ဆိုတာ ရှာရတာမဟုတ်ဘူး
အချိန်ကြာကြာ တည်ဆောက်ရတာပါ
အပြန်အလှန် ရိုးသားမှု နားလည်မှု
သည်းခံမှုနဲ့ အချင်းချင်း တန်ဖိုးထားပြီး
သစ္စာစောင့်သိမှာသာ အချစ်စစ်ဆိုတာ
ဖြစ်လာတာပါ အချစ်စစ်ကို လူတိုင်းကလည်း လိုချင်ကြသလို ကျမလည်း လိုချင်မိတယ် ဖြစ်နိုင်ရင်ပေါ့ 💖🌻🤍💞

#𝗰𝗿𝗱

Poetry / letter 📝

09 Dec, 01:50


ငွေကြေးချမ်းသားတဲ့
အသိုင်အဝိုင်းတွေက
ပြောကြတယ်
အချစ်ထက်အရေးကြီးတဲ့
အရာဆိုတာမရှိဘူးတဲ့
ကျွန်တော်လည်း
ချစ်ခြင်းမေတ္တာထဲကို ခြေဆန့်နိုင်ဖို့
ပိုက်ဆံရှာလိုက်ပါအုံးမယ်။

- MAXX

Poetry / letter 📝

09 Dec, 01:46


တခြားသူပိုင်ဆိုင်သွားမှာ စိုးခဲ့ဖူးတဲ့
လူတစ်ယောက်ကို

တခြားလူတစ်ယောက်ဟာ
ပိုင်ဆိုင်သွားခဲ့ပါပြီ ။

- ဂန္ဓမာ
- စတစ်ကော်လံဖြူများ

Poetry / letter 📝

09 Dec, 01:37


ရှိ​နေတုန်းက တန်ဖိုး
မထားတတ်ခဲ့တာလဲ ငါပဲ
မရှိ​တော့ကာကျမှ
ပြန်လိုချင်နေတာလဲ ငါပဲ

လိမ်မာ​နေပါပြီလို့
ငါမ​ပြောနိုင်​ပေမယ့်
အရင်လိုမဆိုး​တော့ပါဘူး

"အခွင့်အ​ရေးဆိုတာ
နှစ်ခါပြန်မရဘူးတဲ့​"​လေ
ငါ့အတွက်နှစ်ခါ​မြောက်
အခွင့်အ​ရေးများရခဲ့ရင်​တော့
မင်းကိုပဲပြန်ယူပါမယ်....

                      - Dee Dee

Poetry / letter 📝

09 Dec, 00:50


နေမင်းကြီးက မေးတယ်...
ထိတွေ့ခွင့်မရှိပဲ ငေးကြည့်နေရတာ
မပူလောင်ဘူးလား တဲ့...
နေကြာပန်းလေးက ပြန်ပြောတယ်...
ပူတာကို မမှုပါဘူး...
နေမင်းကြီးကို
မြင်တွေ့ခွင့်ရရင်ကို ကျေနပ် နေရတာပါတဲ့...
#𝗰𝗿𝗱

Poetry / letter 📝

09 Dec, 00:25


ဝမ်းနည်းခြင်းတွေနဲ့အိပ်စက်ပြီး.....
လွမ်းဆွေးခြင်းတွေနဲ့နိုးထရတဲ့.....
တစ်နေ့တာကို
နာကျင်စွာနဲ့ ဖြတ်သန်းရအုံးမယ်.....
😔😔😔......။

#Sandar
9.12. 2024

Poetry / letter 📝

08 Dec, 18:26


ချစ်ခြင်းမေတ္တာ ဆိုတာလေ
လွတ်လပ်ခြင်းပဲ ။
ဆွဲမထားချင်ဘူး နောက်ပြီး
ချည်နှောင်မထားချင်ဘူး ။
ချစ်ခြင်း‌မေတ္တာတွေသာ
ထပ်တူကြတဲ့အခါ
ဆွဲထားစရာမလိုတဲ့ လက်လေးတစ်စုံ
ချည်နှောင်စရာမလိုတဲ့
ကြိုးလေး‌တစ်ချောင်းကြောင့်
ကိုယ့်စိတ်လေးနွေးနေမယ် ။
စိတ်အေးကြည်သာရှိနေမယ် ။
ဒါဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်လိမ့်မယ် ။


#𝗰𝗿𝗱

Poetry / letter 📝

08 Dec, 17:06


စိတ်လေ စိတ်နှစ်ခွဖြစ်ပြီး
စိတ်တစနဲ့ အိပ်မရတဲ့ ညတွေမှာဆို

လ ကလေးကိုယ်လည်း
ငေး ကြည့်နေမိသလို

ကမ္ဘာကြီးကိုလည်း
တွေးမိနေသေးတယ်

နောက်ပြီး
ဖြတ်ကျော်ရမယ့်
နေ့ရက်တိုင်းအတွက်လည်း ရင်လေးနေမိပြန်တယ်။

#𝗰𝗿𝗱

Poetry / letter 📝

08 Dec, 17:06


ဆံပင်တွေရှည်လာဖို့စောင့်သလိုပေါ့
ကျွန်မရှင့်ကိုစောင့်ပါ့မယ်

လမ်းတစ်လျှောက်မှာ သံသယတွေရှိတယ်
ရှင်က ရှင်းပြတဲ့အခါ ကျွန်မနားလည်ပေးပြီး
ကျွန်မရှင်းပြတဲ့အခါ ရှင်နားလည်ပါ

သာတူညီမျှပဲအချစ်ရယ်
သစ္စာပန်းတွေကိုပိုက် နေကိုမျက်နှာမူကြမယ်

ရှင်က နေကြာတွေကိုနမ်းရှိုက်တဲ့အခါ
ကျွန်မက ရှင့်နှုတ်ခမ်းကိုနမ်းမယ်

အပြေးအလွှားနဲ့ ချစ်ခဲ့ကြပေမယ့်
ကျွန်မတို့နီးကြရမယ်
သစ္စာရှိမယ် ခိုနားရာရှိမယ်

အထီးကျန် တဲ့အခါ
တစ်ယောက်ဆီတစ်ယောက် အပြေးသွားကြရမယ်
တောင်တန်းတွေကိုဖြတ် အေးချမ်းသောအရပ်ဆီသို့

ထာ၀ရမခွဲ အမြဲအတူ ။

#𝗰𝗿𝗱

Poetry / letter 📝

08 Dec, 17:05


လမ်းလျှောက်နိုင်တုန်း ခရီးတွေသွားပါ
ပါးရေတွေမတွန့်ခင် ဓါတ်ပုံတွေရိုက်ပါ။

သွားတွေကောင်းတုန်း စားချင်တာစားပါ
"နောင်တ''ဆိုတာ "နှောင်း"မှရတဲ့ အရာမို့ပါ......

#𝗰𝗿𝗱

Poetry / letter 📝

08 Dec, 15:32


" ဂျာကင်​ဟောင်း​လေးတစ်ထည် "


​ဆောင်းမနက်​တွေရဲ့​
အေးစက်မှုဒဏ်
နှလုံးသားရဲ့ အ​ဆွေးဓာတ်

​လောကဓံရဲ့ထိုးနှက်မှု
အရာရာကိုအံတုရင်း
​စီးကရက်​လေးဖွာရှိုက်ရင်း

အခန်း​ထောင့်စွန်းတစ်​နေရာက
စားပွဲ​လေး​ပေါ်ကိုကြည့်မိ​တော့
နှစ်ရှည်လများသိမ်းထားခဲ့တဲ့
မင်းနဲ့အတူဆင်တူဝတ်ဖို့
​ဝယ်ထားတဲ့ဂျာကင်​လေးခမျာ
အားငယ်​နေရှာ​လေရဲ့

ဪသူ့ခမျာလည်း
ငါ့နှလုံးသားလိုပါပဲလား
ငါ့အနားမင်းမရှိ​​တော့တဲ့အချိန်ကစ
တစ်ခုတည်းထဲအထီးကျန်ကာ
ဖုန်တက်​နေ​​လေရဲ့ ....။

                   - Dee Dee

Poetry / letter 📝

08 Dec, 15:18


"​ ဆောင်းအိမ်မက်(သို့)
မောင့်အိမ်မက်​မေ "

ပို​အေးလာတဲ့​
ဆောင်းမနက်​တွေက
မင်းကိုပိုလွမ်း​စေတယ်...

​ဆောင်းမှာ​ဝေးကွာသွားသလို
​ဆောင်းမှာအမှတ်တမဲ့
ပြန်ဆုံခဲ့ဖူးတယ်...

​နေတာတိုကာ
ညတာရှည်တဲ့​ဆောင်း
ညကအိမ်မက်​တွေ
မ​ကောင်းဘူး '​မေ'
ဒီဘက်မှာ​တော့ချမ်း​နေတယ်
မင်းဘက်မှာ​ရော"လွမ်း​"နေမလား...

                          - Dee Dee

Poetry / letter 📝

04 Dec, 03:29


မျှော်လင့်ချက်နဲ့ နိုးထတယ်
မပျော်ရွှင်ခြင်းတွေနဲ့ အလုပ်သွားတယ်
ပင်ပန်းမှုတွေနဲ့ အခန်းပြန်တယ်
သတိရခြင်းတွေနဲ့ အိပ်စက်တယ် "

ဒီလောက်ပါပဲ "

#crd

Poetry / letter 📝

04 Dec, 03:26


ဦးပေါ်ဦး ပြောခဲ့သလိုပဲ
အရာအားလုံးဟာကောင်းဖို့အတွက် ဖြစ်လာတာ
အများကြီးမတွေးနဲ့ ပင်ပန်းတယ်
ကြာလာရင်သူ့ဟာသူ အဆင်ပြေသွားလိမ့်မယ် ။

#crd

Poetry / letter 📝

04 Dec, 02:57


မိန်း မတစ်ယောက်က ပိုက်ဆံမရှိလို့ မင်းကိုထားခဲ့မယ်လို့ အမြဲမထင်ပါနဲ့။

မိန်း မတစ်ယောက်က မင်းမှာပိုက်ဆံမရှိသောကြောင့် မင်းကို ထားခဲ့မှာ မဟုတ်ဘူး။

ဒီအချ က်တွေကြောင့် မိန်း မတစ်ယောက်က မင်းကို တကယ်ထားခဲ့လိမ့်မယ် ။

1◾ မင်းရဲ့ မကောင်းတဲ့ စရို က်လက္ခဏာကို ပြောင်းလဲဖို့ ငြင်းဆန်တဲ့အခါ။

2◾ သူ့အတွက် အချိန်မပေးနိုင်တဲ့အခါ။

3◾ သူ့ကိုယ်သူ နားလည်ဖို့ အရမ်းခက်ခဲအောင် မင်း လုပ်နေတဲ့အခါ။

4◾ သူမကို မဆက်သွယ်တာ ၊ဖုန်းမဆက်တာ ၊ စာမပို့တာ ရက်အတော်ကြာတဲ့အခါ။

5◾ မင်း သူ့ကို မယုံကြည်တဲ့အခါ။

6◾ သူဘယ်လိုခံစားရလဲ ဂရုမစိုက်တဲ့အခါ။

7◾ သူမအတိ တ်ကို ဆုပ်ကိုင်ထားတဲ့အခါ။

8◾ သူမကို သံသယရှိလွန်းတဲ့အခါ။

9◾ သူ့ထက် တခြားသူတွေကို ပိုရင်ဖွင့်လာတဲ့အခါ။

10◾ မင်းသူမကို ဂုဏ်မပြုနိုင်တဲ့အခါ၊ တန်ဖိုးမထားတဲ့အခါ၊ သူမကို လိုသုံးအဖြစ် အသုံးချတဲ့အခါ
သူမရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမူကို နားမလည်ပေးနိုင်တဲ့အခါ မင်း ဘယ်လောက်ပဲ ချမ်းသာနေပါစေ သူမ မင်းဘဝကနေ ထာဝရထွက်သွားဖို့ ဆုံးဖြ တ်လိမ့်မယ်။

#crd

Poetry / letter 📝

04 Dec, 00:11


ငါကရော ခံစားချက်မရှိဘူး တဲ့လား
ငါ့ခံစားချက်တွေကရော
ငါကရော မနာကျင်တတ်ဘူး တဲ့လား
ငါ့အသွေးအသားတွေကရော

တရားပါတယ် တရားပါတယ်လို့
ရေရွတ်ရင်း
ငါ့နည်းငါ့ဟန်နဲ့သဘောထားကြီးရင်း
အရာရာကို ခွင့်လွှတ် နားလည်ရင်း
အရာရာဟာ ငါမို့လို့ပါပဲလေ လို့
ငါ့ကိုငါနှစ်သိမ့်ခဲ့တယ် ။

#crd

Poetry / letter 📝

04 Dec, 00:06


ချစ်ခြင်းမေတ္တာ ဆိုတာလေ
ထိတွေ့ကိုင်တွယ်လို့မရပေမယ့်
ခံစားလို့ရတယ်။
နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ
သူ့ကြောင့် ကိုယ့်စိတ်လေးအေးချမ်းနေရင်
ဒါဟာ ချစ်ခြင်းမေတ္တာပဲပေါ့ကွယ် ။ ‎

#crd

Poetry / letter 📝

03 Dec, 14:32


အကောင်းဆုံး

ကြိုးစားပြီး

ချစ်ပေးခဲ့တာမို့

မလုံလောက်ခဲ့ရင်

ခွင့်လွှတ်ပါ......



#𝘾𝙧𝙚𝙙𝙞𝙩
#𝐌𝐇

Poetry / letter 📝

03 Dec, 14:13


နှလုံးသားမပါလျှင်
ဘယ်အရာမှတရားမဝင်  ။
                                                      
#အောင်ချိမ့်

😎😎

Poetry / letter 📝

03 Dec, 13:26


☃️

Poetry / letter 📝

03 Dec, 11:17


ရေငတ်နေရင်တောင်
အဆိပ်ကိုသွားမသောက်မိစေနဲ့တဲ့

ငါ့မှာ အခုတော့
အဲ့ဒီအဆိပ်ကိုပဲ မရှိမဖြစ်
လိုအပ်ခဲ့ရပါတယ် ။

- ဂန္ဓမာ

Poetry / letter 📝

03 Dec, 09:30


လွမ်းတယ်
ဒီလောက်ပါပဲ
🥺

Poetry / letter 📝

02 Dec, 17:20


ခင်ဖုန်းသက်ဝေရေ
ခွင့်လွှတ်နိုင်ရင် ကျေအေးစေချင်တယ် ။

ရှေ့ကိုသွားနေတဲ့ ရထားမှာ
နောက်ပြန် ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ် ။

မေနဲ့ဩဂုတ်မှာ
အရင်လေတွေ တိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ ။

ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ
မှတ်မိနေသေးရင်
ကျွန်တော့်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါ့မယ် ။

သန်းတင့် - ခင်ဖုန်းသက်ဝေ

Poetry / letter 📝

02 Dec, 15:17


ဆုံစည်းကြခြင်းက ​ရေစက်
ချစ်ခင်စုံမက်ခြင်းကျ ဖူးစာတဲ့
အချို့​သော​ရေစက်၊ဖူးစာ​တွေက
ဝဋ်​ကြွေးတစ်ခုလဲဖြစ်နိုင်ပါတယ် ။

                           - Dee Dee

Poetry / letter 📝

02 Dec, 15:07


" မိတ်ကပ်မကြိုက်​သောကဗျာ "


ရ​လေလို​လေအိုတ​စေ
လူ့အကြိုက်နတ်မလိုက်နိုင်
နတ်​တောင်မလိုက်နိုင်တဲ့
လူ့အကြိုက်ကို ငါမလိုက်

ငါ့တရားကိုသာငါ​တွေး
ငါ့ကဗျာကိုငါ​သာရေး
ဘယ်သူကြိုက်"မကြိုက်"
ငါကြိုက်ရင်​တော်ပြီမို့

လှည့်ဖျားခြင်းကင်းကာ
ဟန်ပန်အမူအယာမပါလို့
လူကြိုက်နည်းတဲ့ငါ့ကဗျာ
ငါ့၏ကဗျာလူ့အကြိုက်ကိုမလိုက်
ငါ့၏ကဗျာကမိတ်ကပ်မကြိုက်...။

                     - Dee Dee

Poetry / letter 📝

02 Dec, 11:06


ယခုနှစ်မှာ
အထူးသဖြင့်
ငါတို့ နမ်းခွင့်မရသော
ပန်းများ ပွင့်ပါစေ ။

- ​အောင်ချိမ့်

တခြားသူလက်ထဲရောက်မဲ့
ပန်းတွေကို
ငါစိုက်ပျိုးခဲ့ပါတယ် ။

- ဂန္ဓမာ

သမင်​မွေးရင်းကျားစားရင်း
ကိုယ်ကပန်းပျိုးလိုက်
သူများကလာချိုးလိုက်နဲ့
ကိုယ့်အတွက်မဟုတ်ခဲ့တဲ့
ပန်း​တွေကိုမှပျိုးခဲ့မိတယ် ။

- Dee Dee

Poetry / letter 📝

21 Nov, 14:24


" အစွန်း​ရောက်ဝါဒီ(ခ)မမဝါဒီ "



​ဟစ်တလာဆိုသူက
တစ်ကမ္ဘာလုံးအုပ်စိုးမယ်ဆိုပြီး
အာဏာ​အစွန်း​ရောက်ခဲ့တယ်

မြန်မာသမိုင်းမှာကျ
ဦး​စောက​ဘေးပ​ယောဂ​​​ကြောင့်
အ​တွေးအမြင်​တွေဟာ
အစွန်ဆုံးကို​ရောက်ခဲ့ရတယ်

စသည်စသဖြင့်​ပေါ့
ကမ္ဘာ့အရပ်ရပ်ကသမိုင်းတိုင်းမှာ
လူအများဟာကိုယ်စီကိုယ်ငှ
ပုံစံမျိုးစုံနဲ့ပဲမတူညီစွာ
အစွန်း​ရောက်ကြတယ်မမရဲ့

ထပ်​ပြောပါရ​စေမမ
ကျွန်​တော်ဆိုသည်မှာလဲ
အစွန်း​ရောက်တစ်​ယောက်ပါ
ဘာကိုအစွန်း​ရောက်လို့
ဘာဝါဒီလို့လူအများက​မေးခဲ့ရင်
" ဟုတ်ကဲ့...အချစ်အရာမှာ
အစွန်း​ရောက်လို့ မမဝါဒီလို့"ပဲ
ကျွန်​တော်​ဖြေပါရ​စေမမ. . . .

                           - Dee Dee

Poetry / letter 📝

14 Nov, 23:46


မောင်ဆိုတဲ့နာမ်စားလေးကို

မြတ်နိုးတယ်.........

သူ့ကိုခေါ်ခွင့်ရလို့........

#crd

Poetry / letter 📝

14 Nov, 13:01


" ​မောင်ထံပါးဆီသို့ "


​မောင်ရယ်မမဟာ
မိမိကိုယ်ကိုအတွက်
ခုခံကာကွယ်ရုံသက်သက်နဲ့
ပါးပြင်းထောင်ထားမိတဲ့
​မြွေ​ပွေးတစ်​ကောင်ပါ...

​မောင့်အတွက်နဲ့ဆို
အဆိပ်ပြင်းခဲ့တဲ့မမဟာ
မြက်​လျှောအဆင့်သာ"ပါ​မောင်...

                      - Dee Dee

Poetry / letter 📝

14 Nov, 07:28


တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့
သက်ဝင်နေရင်
ကိုယ်က မငြိတွယ်မိအောင်နေရမယ်
အတင်းတိုးမဝင်ရဘူးတဲ့
ချစ်ခြင်းမေတ္တာမှာလည်း ယဉ်ကျေးမှုရှိရတယ် ။

-ရိပ်ငြိမ်

Poetry / letter 📝

14 Nov, 06:46


🤧🤧🤧

Poetry / letter 📝

13 Nov, 16:22


" တစ်ပွင့်ပန်း "


မမ​ရေ ....
မိန်းမ​ကောင်းမှန်
တစ်ပွင့်တည်းပန်းပန်တဲ့
ဦး​ဆွေးဆံမြည်းလို့
ဆံပင်ဖြူလို့သွားကျိုး
နားထိုင်းလို့ခါးကိုင်းတဲ့အထိ
မမပန်မယ့်တစ်ပွင့်​သောပန်း​လေး
​မောင်သာဖြစ်ပါရ​စေ . . . .

                          - Dee Dee

Poetry / letter 📝

13 Nov, 11:28


" သခင်အားရကျွန်ပါးဝ "


သခင်အားရ​တော့
ကျွန်ပါးကဝလာသလို
ထမင်း​ကျွေးတဲ့လက်ကိုမှ
ပြန်ကိုက်​တဲ့​ခွေးတချို့

မိုးရွာတုန်း​ရေခံဆိုသလို
​ခေတ်​ကောင်း​တုန်းရွာတဲ့မိုး
မိုး​ကောင်းတုန်း​တော့ရွာထား​ပေါ့
တစ်​နေ့​နေ့တစ်​ကွေ့​ကွေ့​တော့
ထင်း​ခွေမကြုံ​ရေခပ်ကြုံမှာပါ
ငါတို့​ခေတ်ငါတို့အလှည့်ကျရင်
အလှည့်ကျရင်မနွဲ့စတမ်း​ပေါ့
မိုးတင်မဟုတ်မိုးကြိုးပါပစ်ချမှာ...

                      - Dee Dee

Poetry / letter 📝

13 Nov, 06:01


ချစ်လည်းချစ်နိုင်သလို
ပ,စ်လည်းပ,စ်နိုင်တဲ့ မိန်:မပါပဲ။

အဆုံးအစွန်ထိကောင်းပေးနိုင်သလို
လေလိုတိမ်လိုလည်း ဥပက္ခာပြုနိုင်တယ်။
ခွင့်မလွတ်နိုင်ရင် လွှတ်ချရမှာပဲ။

ပြ,တ်သားနိုင်တဲ့စိတ်လည်းရှိသလို
ရပ်တန့်ဖို့သာ ဆန္ဒရှိရင်...
ကိုယ်မင်းအပေါ် မမြင်ဖူးတဲ့လူတစ်ယောက်လိုလည်း
လွယ်လွယ်ကလေး စိတ်ကုန်သွားနိုင်ပါတယ်။    ။

-တာမြူးငယ် ‎

Poetry / letter 📝

12 Nov, 20:03


တစ်စုံတစ်ယောက်အတွက် ကိုယ်က
အရေးမပါဘူးလို့ ခံစားမိတဲ့အခါ
တိတ်ဆိတ်ခြင်းဖြင့် ရှင်သန်လိုက်ပါတယ်🧡
#crd

Poetry / letter 📝

12 Nov, 20:02


လွှတ်ချလိုက်ပြီမို့ ရင်ထဲ ပေါ့ပါးခဲ့ပါပြီး

လမ်းတွေ့ရင် ပြုံးပြနိုင်သလို
ဆန္ဒရှိရင် မေးပြောခေါ်ထူးနိုင်ပါတယ်

ပိုင်လည်း မပိုင်ချင်တော့သလို
ဆိုင်လည်း မဆိုင်တော့ပါဘူး

ပျော်ပါစေ၊ အေးချမ်းပါစေ
ရင်ထဲက လာတဲ့ မေတ္တာတွေမို့ ထပ်တူထပ်မျှပြန်ရပါ‌စေ

#crd

Poetry / letter 📝

12 Nov, 18:26


ဝေခွဲလို့မရတဲ့
အတိတ်ကို ပြန်လွမ်းမိတယ်...

သူပြောခဲ့တဲ့စကားလေးနဲ့
သူ့အသံလေးကို ခနလောက်ဖြစ်"
ပြန်လည်ကြားချင်မိတယ်။

Poetry / letter 📝

12 Nov, 01:53


သူတို့ပြောကြတဲ့အချစ်ဆိုတာ.......

Poetry / letter 📝

12 Nov, 00:21


ပင်ပန်းတယ် မဟုတ်လား
ထုတ်မပြောချင်တာတွေလည်း ရှိတယ်မဟုတ်လား
ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း
များပြီမဟုတ်လား ။
အဆင်ပြေရဲ့လားမေးတိုင်း ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အချိန်လောက်ကတည်းကဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား ။

- မြကျေး

Poetry / letter 📝

11 Nov, 15:18


မသိတတ်တဲ့ လူတစ်ယောက်ဆီက
သိတတ်မှုကို မျှော်လင့်ရတာ
သိပ်ပြီးပင်ပန်းရတယ်

ကျွန်တော်တို့ရဲ့ နေ့စဥ်ရက်များဟာ
ဒဏ်ရာနဲ့ရက်များချည်းပါပဲ
ချစ်ခြင်းမေတ္တာရဲ့ ဟိုဖက်မှာ
ဘာများရှိပါသလဲ။

#crd

Poetry / letter 📝

11 Nov, 15:16


"အရှင်ဘုရား"

ချစ်တတ်တဲ့နှလုံးသား ထည့်ပေးပြီးရင်လည်း
အပစ်ခံရရင် ခံနိုင်ရည်ရှိတဲ့ နှလုံးသားကိုလည်း ထည့်ပေးစေချင်ပါတယ်။

တွေ့ဆုံခြင်းရဲ့ သင်္ကေတက
ခွဲခွာခြင်းရဲ့ အဆုံးသတ်ဆိုရင်

မည်သူတစ်ဦးတစ်ယောက်ကိုမှ
စိတ်နစ်ဖက်တွယ်နေတော့မည်မဟုတ်ပေ...။

#crd

Poetry / letter 📝

11 Nov, 11:49


ဟာ ဘာကျသွားတာ

နေသားကျသွားတာ😌

#crd

Poetry / letter 📝

11 Nov, 06:23


ပစ်ထားလို့လဲမပြောချင်တော့ပါဘူး

ချစ်လားလို့လဲမမေးချင်တော့ပါဘူး

သူကကိုယ်မရှိလည်းပျော်နေတာပဲကို

#crd

Poetry / letter 📝

11 Nov, 03:51


😌😌

Poetry / letter 📝

11 Nov, 03:49


အချစ်ခံခဲ့ရဖူးပါတယ်

ခဏတာပေါ့။

#crd

Poetry / letter 📝

10 Nov, 20:48


Good morning 🌞🌄

နေ့ရက်တိုင်း ပျော်ရွှင်ကြပါစေ😊

Poetry / letter 📝

09 Nov, 16:36


" ရာသီပန်း "


ရာသီဥတုကသုဥ်မှုန်နေသလို
အကို့မျက်နှာက​လေးလည်း
မှိုင်​တွေညိုးငယ်​နေ​လေရဲ့ ...

"ခင်"ဟာအကို့မျက်နှာကို
တစ်ကမ္ဘာလို့ထင်မှတ်ထားသူမို့
ဖြစ်နိုင်ရင်အမြဲတမ်းလိုလို
ပြုံးထား​ပေးပါ့လားအကိုရယ်...

အကိုဟာ"ခင့်"အတွက်​တော့
ဥတုရာသီတစ်ခုလိုဖြစ်ပြီး
ခင်ဟာအကို့အတွက်​တော့
အကိုရီရင်လိုက်ပြုံးမိသလို
အကိုငို​နေရင်လိုက်ပူ​ဆွေးမယ့်
ဥတုရာသီကိုလိုက်ပြီးမှီ​နေရတဲ့
ခင်ဟာရာသီပန်းက​လေးပါအကို...

                         - Dee Dee

Poetry / letter 📝

26 Oct, 09:51


မင်းကလွဲရင်အားလုံးကို

အကြာကြီး စဉ်းစားရတယ်

မေ့တတ်တာဟာ ရောဂါဖြစ်ပြီး

မေ့မရတာဟာလည်း ရောဂါပါပဲ။

#Crd 💘

Poetry / letter 📝

26 Oct, 01:03


" မမ(သို့)ကျွန်​တော့်ရဲ့ ဣတ္ထိယ "


အ​မေက​မွေးလို့
အ​ဖေကရှာ​ကျွေးခဲ့တဲ့
အသက်ကတစ်သက်တည်း

မမနဲ့​တွေမှ'​မောင့်'မှာ
အခါခါ​သေရ​လောက်​အောင်
အသက်​တွေများလာတယ်ထင်ပါရဲ့

မမရဲ့ အပိုထွက်​နေတဲ့
သွားတက်က​လေးရယ်
ချစ်စရာပါးချိုင့်​လေးနဲ့
နှစ်လိုဖွယ်ပြုံးလိုက်တိုင်းမှာ
ဒီက​ကောင်ကြီးခမျာ
တစ်ခါ​သေရတယ်

​လေ​ပြေ​လေညှင်းအ​ဝှေ့မှာ
မမရဲ့ခါးနွှဲ့  "​က​လေးထက်က
ပိတုန်း​ရောင်​ကေသာ​တွေနဲ့အတူ
ယိမ်းနွှဲ့လွင့်လူးကာပါလာတတ်တဲ့
မမကိုယ်သင်းရနံ့​လေး​အောက်မှာ
ဒီ​ကောင်တစ်ခါ​သေရပြန်တယ်

တည်ငြိမ်ရင်ကျက်သလိုလိုနဲ့
က​​လေးဆိုးတစ်​ယောက်ပမာ
"​မောင်"လို့ချွဲနွှဲ့ကာ​ခေါ်တိုင်း
ဒီ​ကောင်တစ်ခါ​ထပ်သေရပြန်တယ်

ဥမ္မာဒန္တီကိုသိဝိမင်းကြီး
မြင်မြင်ချင်းမှာပဲ
ရူး​လောက်​​အောင်ကို
စွဲလန်းသွားရသလိုပဲ
ကျွန်​တော့်ဣတ္ထိယ​လေးရဲ့
အလှအပကလည်း
​သေ​​လောက်သလို
ရူး​လောက်ပါ​ပေတယ်. . .

                       - Dee Dee

​

Poetry / letter 📝

26 Oct, 00:50


အချစ်ဆိုတာ ထင်သလောက်မလွယ်ကူဘူးကွယ်....

အချစ်ဆိုတာ အုန်းနို့ခေါက်ဆွဲလိုပဲတဲ့ နာမည်ကသာအုန်းနို့ကို အသားပေးထားပေမယ့် အုန်းနို့ပါတာနည်းနည်း တခြားပါဝင်ပစ္စည်းတွေ အားလုံးပေါင်းစပ်ထားတာတဲ့လေ ....

အချစ်လို့သာ ခေါင်းစဥ်တပ်နေရာယူထားပေမယ့် တခြားအရေးကြီးတဲ့ ကဏ္ဍတွေအများကြီး ပါဝင်ပါတယ်...။


#Phyu

Poetry / letter 📝

26 Oct, 00:31


လူတိုင်းကတော့အမှားနဲ့မကင်းပါဘူး...

တစ်ခါမှားရင်ခွင့်လွှတ်ပေးလိုက်ပါ။

အကြိမ်ကြိမ်မှားနေရင်တော့စွန့်လွှတ်ဖို့ပဲရွေးချယ်လိုက်ပါ။


#Phyu

Poetry / letter 📝

25 Oct, 17:03


☃️

Poetry / letter 📝

25 Oct, 02:13


ယိမ်းနွဲ့ပါဓားက
သံ​တောင်၁၉​တောင်ကို
တိကနဲ​နေ​အောင်ပြတ်တယ်တဲ့
သူမအ​ပေါ်မှာကျန်ရှိ​နေတဲ့
ကျွန်​တော်ရဲ့မပြတ်နိုင်တဲ့
သံ​ယောဇဥ်​တွေနဲ့
အလွမ်း​တွေကို​ရော
ပြတ်​အောင်ဖြတ်​ပေးနိုင်ရင်
အ​ကောင်းသားပဲ " ​မေ ". . .

                       - Dee Dee

Poetry / letter 📝

24 Oct, 14:07


😌☃️

Poetry / letter 📝

24 Oct, 13:52


"ချစ်တယ်"လို့ ပြောလိုက်တိုင်း
ချစ်ခွင့်ပန်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး
ပြန်ချစ်ပါလို့လည်း မဆိုလိုပါဘူး။

တခါတရံမှာ
သိနေစေချင်ရုံ သက်သက်နဲ့လည်း
ချစ်တယ်လို့ပြောခွင့်ရှိပါတယ်။     ။

-မောင်ဆောင်းခ

☃️

Poetry / letter 📝

24 Oct, 01:28


" ဆုံမှတ်မရှိတဲ့ပြိုင်မျဥ်း "


လာချင်အနီး​လေး
မလာချင်​ဝေး​နေရသလို
ကိုယ်နဲ့မင်းက၃နဲ့၄​လေး
နီးနီး​လေးနဲ့​ဝေး​နေရတယ်

ပြတင်းတံခါးနှစ်ရွက်က
​နေ့ဘက်မှာခွဲခွာရ​ပေမယ့်
ညဘက်မှာပြန်ဆုံကြရတယ်

ပြိုင်မျဥ်းနှစ်​ကြောင်းက
အချင်းချင်းပြိုင်​နေကြ​ပေမယ့်
တစ်​ထောင့်တစ်​နေရာမှာ​တော့
ဆုံချင်ဆုံနိုင်ကြ​ပေအုံးမယ်

ရထားတစ်စီးတစ်ခရီးထဲ
အတူတူစီး​နေကြတဲ့
မင်းနဲ့ငါက​တော့
မဆုံစီးနိုင်ကြ​တော့ဘူး

မင်း​ဘေးနားမှာက
အခြား​နောက်တစ်​ကောင်
ငါရဲ့​ဘေးနားမှာက
ပြတင်းတံခါးရွက်​ဘောင်
ဪ...ဪ....
ဘယ်​တော့မှဆုံမှတ်မရှိနိုင်တဲ့
ပြိုင်မျဥ်းနှစ်​ကြောင်းပါ့လား. . . .

                        - Dee Dee

Poetry / letter 📝

23 Oct, 15:35


တစ်ယောက်ထဲ

နေသားကျသွားတဲ့ထိ

နေပေးခဲ့တဲ့အတွက်

ကျေးဇူးပါပဲ...

#Crd 💘

Poetry / letter 📝

23 Oct, 15:33


ချစ်တဲ့စိတ်မှာ

တောင်ပံပါတယ်ထင်ရဲ့

ကျွန်တော့်စိတ်တွေ

ခဗျားဆီပဲ ပျံနေတယ်...

#Crd 💘

Poetry / letter 📝

23 Oct, 15:28


ဓားနဲ့ထိုးလိုက်တဲ့ဒဏ်ရာက

အနက်ဆုံးလို့ထင်ခဲ့တာ

ဘယ်ဟုတ်မလဲ

မင်းပေးတဲ့ ဒဏ်ရာက

အနက်ဆုံးဖြစ်နေခဲ့တာကိုး....

#Crd 💘

Poetry / letter 📝

23 Oct, 15:22


မေ့မေ့ပျောက်ပျောက်ထားလေ

စွဲစွဲလမ်းလမ်းကျန်ရစ်လေ

#Crd 💘

Poetry / letter 📝

23 Oct, 11:25


ယခုချိန်ထိ တနေ့မှ မေ့မရပါ

သို့သော်

ထင်းခွေဖြစ်စေ
ရေခပ်ဖြစ်စေ
သံသရာလည်လို့ ဖြစ်စေ
မည်သည့်အကြောင်းနှင့်မျှ မဆုံချင်တော့ပါ ။

- ဆန်းကျော်စွာဝင်း



☃️

Poetry / letter 📝

23 Oct, 11:03


React လေးတေတော့ ပေးကြပါအုန်းလို့🥺🥺🥺

Poetry / letter 📝

23 Oct, 10:52


တကယ့်တကယ် ဝေးကြတဲ့အခါ

နောက်ခံတီးလုံးနဲ့ ပူဆွေးဖို့ဆိုတာ

ရုပ်ရှင်ထဲမှာပဲ အဆင်ပြေတာ။

- ဆန်းကျော်စွာဝင်း


☃️

Poetry / letter 📝

23 Oct, 05:03


ငရုတ်သီးလေး🌶️

Poetry / letter 📝

20 Oct, 14:15


အချိန်ကုန်ခံပြီး ပေးဆပ်ခဲ့တာတောင် ဘာမှပြန်မရခဲ့တဲ့အရပ်မှာ ကျွန်တော်ပျော်ခဲ့ဖူးတယ်.......💔။



#crd

Poetry / letter 📝

20 Oct, 13:49


ပြီးတော့ ကျွန်တော် တို့နှစ်ယောက် သီချင်းတွေတူတူဆိုဖြစ်ခဲ့ ကြတယ်

နှစ်ယောက်သား ကြည်နူးအပြုံးတွေကိုယ်စီနဲ့ပေါ့ဗျာ

ခုတော့...... ကျွန်တော်တို့နှစ်ယောက် ဝေးသွားကြပြီဆိုပါတော့ဗျာ

ဒါပေမယ့် ကျွန်တော် သူ့ကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူးဗျာ

ကျွန်တော်တို့နှစ်ယောက်က ချစ်နေပါရဲ့သားနဲ့ ဝေးသွားကြတယ့်အဖြစ်ဗျ

ခုဆို သူလည်းနောက်ရင်ခွင်မှာ ပျော်နေမှာပါဗျာ


#ရင်ထဲကခံစားချက်များစုစည်းမှု
#အဆုံးထိ ဖတ်ပေးကြတဲ့သူအားလုံးတစ်ယောက်ချင်းစီကျေးဇူးအများကြီးတင်ပါတယ်ဗျ

Poetry / letter 📝

20 Oct, 13:49


ဟိုအရင်နှစ်က သီတင်းကျွတ်ညလေး တစ်ညမှာပေါ့မှာ ..

ကျွန်တော်ကလမ်းလျှောက်နေရင်း သူလည်း လမ်းလျှောက်ရင်းဖုန်းတွေပြောဖြစ်ခဲ့ ကြတယ်

သူနဲ့ကျွန်တော် တစ်နေရာစီပေါ့ဗျာ

သူက ကျွန်တော့်ကို သီချင်းဆိုပြတယ် သူဆိုပြတဲ့ သီချင်းက ကျွန်တော့်ရဲ့ နာမည်ပါတဲ့ သီချင်းလေးဗျ

ကျွန်တော် ကလည်း ပြန်ပြီးသီချင်းဆိုပြတယ် သူအရမ်းကြိုက်တဲ့ " လေထဲက အိမ်လေး ” ဆိုတဲ့ သီချင်းလေးဗျ

Poetry / letter 📝

20 Oct, 11:21


ကျွန်တော်တို့ရဲ့ ကြည်းနူးရချိန်လေး.............


တစ်နေ့မှာ ပေါ့ဗျာ..........

ကျွန်တော်ဆီကို သူဖုန်းဆက်လာတယ်ဗျ.......

ကျွန်တော်က "ဟလို” လို့ပြောလိုက်တော့ သူကကျွန်တော့်ရဲ့သူခေါ်နေကြနာမည်လေးကိုခေါ်တယ်ဗျ

ပြီးတော့ " ဘာလုပ်နေလဲ ” တဲ့မေးတယ်...

ကျွန်တော် က "ဘာမှ မလုပ်ပါဘူး" လို့ပြောတော့

"အော်” ဆိုပြီးသူရယ်တယ်

သူကဖုန်းပြောရလို့ အရမ်းပျော်နေတာတဲ့

သူမှပျော်တာမဟုတ်ပါဘူးဗျာ

ကျွန်တော် လဲ အရမ်းပဲပျော်ခဲ့ရပါတယ်

သူကပြောတယ်ဗျ " ကိုယ်အခု ထမင်းစားမလို့တဲ့ ဘာနဲ့စားရမလဲ မသိသေးဘူးတဲ့လေ” သူ့မျက်နှာလေးမှာတော့ အပြုံးလေးတွေနဲ့ပေါ့ဗျာ

" ကိုထမင်းစားလိုက်အုံးမယ်နော် အဆင်ပြေတာနဲ့ ကြည့်စားလိုက်မယ်တဲ့ ”

သူဖုန်းချသွား...တယ်...ဗျ

သူဖုန်းချပြီး "ကျွန်​တော်အကျယ်ကြီးအော်ပြီး ထခုန်မိသွားတယ် ”

ကျွန်တော် အရမ်းပျော်လို့ဗျ
သူနဲ့ ပထမဆုံးဖုန်းပြောဖူးတာလေဗျာ မပျော်ပဲနေမလား

ကျွန်တော် ပျော်နေတာမြင်တော့ ကျွန်တော် ဘေးက အကိုတွေ အမတွေက ပြုံးပြုံးကြီးတွေနဲ့ ကြည့်လို့ပေါ့ဗျာ..........



#PhoneRecord
#အဆုံးထိ ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ

Poetry / letter 📝

20 Oct, 10:12


တစ်ယောက်နဲ့ တစ်ယောက်

စတွေ့တွေ့ချင်း ချစ်ခဲ့ ကြပေမယ့်

ဘယ်ရထားမှာ လွဲခဲ့ကြလဲပေါ့.........


#𝓞𝓻𝓲𝓰𝓲𝓷𝓪𝓵_𝓦𝓻𝓲𝓽𝓮𝓻

Poetry / letter 📝

20 Oct, 01:27


" ​ဆောင်း "


​ဆောင်းက​အေးတယ်တဲ့
မင်း​ရောအဲ့သလိုထင်လား"​မေ"
ကိုယ်တို့နှစ်ဦးကြားထဲက
ဆက်ဆံ​ရေး​လောက်​တော့
​အေးစက်မယ်မထင်ပါဘူး. . .

                     - Dee Dee

Poetry / letter 📝

19 Oct, 15:53


သူတည်းတစ်​ယောက်
​ကောင်းဖို့​ရောက်မူ
သူတစ်​ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်းဆိုသလိုပဲ
လမ်းခွဲဖို့​ရွေးတဲ့လမ်းက
မင်း​ကောင်းစားဖို့​ရွေးခဲ့တာပဲ
ကိုယ်အသည်း​တွေကွဲ​ကြေလို့
​ကြွေကာပျက်စီး​ပေးပါ့မယ်"​မေ"....
   
                       - Dee Dee

Poetry / letter 📝

19 Oct, 14:47


ရေစက်ရှိသလောက် ဆုံခဲ့ပြီးပြီလေ...
ရေစက်ကုန်ရင် ဝေးကြရတယ်ပဲ သဘောထားရင်းနဲ့
တစ်ခါတစ်ရံ တိုက်ဆိုင်မှုလေးတွေ ရှိလာခဲ့ရင်
ကိုယ်နဲ့ ဝေးသောအရပ်မှာ
မင်း တစ်ယောက် အဆင်ပြေပါစေ ပေါ့...........

#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡
#𝓚𝓱𝓸𝓸𝓷

Poetry / letter 📝

19 Oct, 13:26


ခြံဘယ်လောက်လုံအောင်ထားထား
ဖောက်ပြန်ချင်တဲ့လူက အကြောင်းပြချက်မရှိဖောက်ပြန်ကြမှာပါပဲ ဖောက်ပြန်ခံရတဲ့အခါ ပြန်ဆွဲ ယူဖို့မကြိုးစားကြပါနဲ့ လွှတ်ပေးဖို့သာ အာရုံစိုက်ပါ.....

☃️

Poetry / letter 📝

19 Oct, 11:56


တစ်ဘဝမှာ လူတစ်ယောက်ထဲဟာ
တခြားသူတစ်ယောက်ရဲ့
ဘဝတွေဆီကလွှင့်ပစ်တာကို ဘယ်နှခါလောက်ခံရပြီးမှ
စိတ်နာတတ်သွားမှာလဲ ကျွန်တော်သိချင် တယ်.....

☃️

-အလ်နီ-

Poetry / letter 📝

19 Oct, 11:01


" ယုံတမ်း "


ပုံပြင်မကြိုက်တဲ့သူကို​တောင်
ပုံပြင်​တွေကိုကြိုက်​စေခဲ့တယ်
သူမရဲ့ယုံတမ်းစကား​လေးက
"အရမ်းချစ်တယ်​နော်ကိုကို
ဘယ်​တော့မှထားမသွားဘူးတဲ့​"....

                       - Dee Dee

Poetry / letter 📝

19 Oct, 06:56


" တစ်လုံးချိုင့် "


၅ဆင့်ပါ​တော့၅ဆင့်ချိုင့်
၄ဆင့်ပါ​တော့၄ဆင့်ချိုင့်
၃ဆင့်ပါ​တော့၃ဆင့်ချိုင့်
၂ဆင့်ထဲပါ​တော့၂ဆင့်ချိုင့်
လူဖြစ်ပြီးလူစိတ်မရှိတဲ့
အဆင့်မရှိတဲ့လူမျိုးကိုကျ
တစ်လုံးချိုင့်​ပေါ့ . . . .

                      - Dee Dee

Poetry / letter 📝

19 Oct, 06:49


ကူကယ်ရာမဲ့လို့
ကုရာနတ္ထိ​ဆေးမရှိခဲ့ပြီ"ခင်"
မင်း​လေးနဲ့​တွေ့ဆုံပြီး​နောက်
ဒီက​ကောင်ကြီးအဖြစ်ကလည်း
ဥမ္မာဒန္တီကိုမြင်လိုက်ရတဲ့
သိဝိဘုရင်မင်းကြီးလိုပါပဲ
ဆုပ်လဲဆူးစားလဲရူးရမယ့်အဖြစ်....

                          - Dee Dee

Poetry / letter 📝

18 Oct, 13:31


ဠင်းတ​လောက်​တော့
ငှက်တိုင်းလှတယ်ဆိုပဲ
မင်းသိသင့်တယ် "​မေ"
ကျီးကန်းကကျီးကန်း
​ဒေါင်းမျိုးက​ဒေါင်းမျိုး
သူကသူ၊ကိုယ်ကကိုယ်ပါ
ကျီးကို​ဒေါင်း​မွှေးတပ်​ပေးလို့
​ဒေါင်းဖြစ်လာမယ်မထင်နဲ့
​ဒေါင်း​ယောင်​ဆောင်​သော
ကျီးကန်းပဲဖြစ်လာလိမ့်မယ်. . .

                       - Dee Dee

Poetry / letter 📝

18 Oct, 11:17


မဖြစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်

မချစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်

ရေစက်ကုန်လို့ ဝေးကြရတဲ့အခါ

ဘယ်သူ့အပေါ်မှ အပြစ်မမြင်ပါဘူး

ကိုယ်လဲ တစ်ချိန်က သူ့ကြောင့်
ပျော်ရွှင်ခဲ့ဘူးတယ်

သူလဲ တစ်ချိန်က ကိုယ့်ကြောင့်
ပျော်ရွှင်ခဲ့ဘူးမှာပါ..................



#𝑐𝑟𝑑_𝑡𝑜_𝑜𝑤𝑛𝑒𝑟_𝑤𝑖𝑡ℎ_𝑟𝑒𝑠𝑝𝑒𝑐𝑡
#𝓚𝓱𝓸𝓸𝓷

Poetry / letter 📝

17 Oct, 23:09


☃️

3,159

subscribers

776

photos

33

videos
Best Similar Channel