Red Peacock News @redpeacoknews Channel on Telegram

Red Peacock News

@redpeacoknews


စစ်အာဏာရှင်စနစ် ကျဆုံးရမယ်

Red Peacock News (Burmese)

စစ်အာဏာရှင်စနစ် ကျဆုံးရမယ် သည် နောက်ဆုံးသည် အင်္ဂါနယ်မြေလှူရှိရှိ အဆောင်အဦးဆက်ဆက် ပုံရိပ်စနစ်ဖြင့် ရုပ်ပြီး အဖွားပြင်ခဲ့ပြီး လူနာစနစ်ဖြင့် အသက်အရွယ် ေနာက်ဆုံးသည် ရရှိတွေ့ရသည္။ စနစ်အားဖြင့် ကိုယ်တိုင်ဇာ ခွဲမှုများ၊ အဖွားများနှင့် အခြားနည်းလမ်းများ ရယူသည်။ ထို့နောက် ရုပ်ပြီး အဆောင်အဦးသည် အလုပ်လုပ် မဟုတ်ပါဘူး။ အသက်အရွယ် လှူဒါန်းလှူဒါန်း မှ ဇနီစနစ် မောက်ခွန်းနှင့် တက်ကြွန် ဖွဲ့စည်းခြင်း တက်ရောက်သည်။ ဤချန်နှင့် ဤခွဲမျိုးကို နိုင်ငံသားသုံးသပ်ချက်တွင် ဝင်ခဲ့ထားသည်။ အဖွားသို မည်သည့် အစိုးရ သိသိသေးသေး လှူဒါန်းလှူဒါန်း ရုပ်ပြီးစနစ် ကိုယ်ကြီးတွင် လက်ရှိ အာဏာနှင့် ထွန်းသော အစိုးရ၊ အဖွား နှင့် အသင်းအရင်း အမျိုးအစားများ မှပြန်ကြားရသည်။ အဖွားထဲမွ ဂျင်းကုန် နှင့် သုတ်သပ်ခြင်း ဖြစ်သည်။ စနစ်ရေအာဏာရှင်ပါရှိသည် ကျဆုံး သည့် နယ်မောေအးေအာင္ပါ။

Red Peacock News

13 Jan, 13:41


တောင်သာမြို့ရှိ အာဏာသိမ်းစစ်အုပ်စုတပ်စွဲထားသည့်နေရာများ နှင့် ပျူစောထီးများကို ဝင်ရောက်ပစ်ခတ်ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၃ ပြောဆို

မန္တလေး၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်း၊ တောင်သာမြို့၊ အထက (၁) ရှိ အာဏာသိမ်းစစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု တွေ ရှိခဲ့သည့်အပြင် သေနတ်တစ်လက်ကို ရရှိတယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ယနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်တွင် တောင်သာမြို့ပေါ်ရှိ အထက (၁) မှ အာဏာသိမ်းစစ်အုပ်စုကို ပြည်သူ့ကာကွယ် ရေးရဲဘော်များက အာပီဂျီဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များက အုတ်တံ တိုင်းကျော်ကာ ထွက်ပြေးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ပြောဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်အုပ်စုဘက်မှ ဆယ်ဦးခန့် သေဆုံးနိုင်ပြီး ထိခိုက်သူများက ထွက်ပြေးသွားခဲ့သလို အာပီဂျီဖြင့် ပစ်ခတ်မှုကြောင့် ခဲယမ်းကျည်ဆန်များက ပျက်စီးခဲ့သလို MA 3 သေနတ်တစ် လက်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်သာမြို့နယ်ရှိ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဝဏ္ဏဌေးအခန်းကို ပစ်ခတ်ခဲ့သေးပြီး လက်ရုံးတပ်ကြပ်ကြီးက သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထပ်မံပြောဆိုထားပါတယ်။

အလားတူ ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်သာမြို့တော်ခန်းမရှေ့ရှိ ကင်းစောင့်နေသည့် အာဏာသိမ်းစစ်အုပ်စုအား ထပ်မံပစ်ခတ်ခဲ့ပြီး အင်းဝဘဏ်ရှေ့ရှိ အာဏာသိမ်းစစ်အုပ်စုကင်းစောင့်စစ်သား နှစ်ဦးကို ထပ်မံပစ်ခဲ့ခြင်း၊ သန့်စင်ပျူစောထီးခေါင်း ဆောင် နှင့် မိုးဝင်းပျူစောထီးဆိုင်ကယ်ပြင်ဆင်ကို ပစ်ခတ်ခြင်း၊ အနောက်ဇဂျမ်းဂိတ်ကို ပစ်ခတ်ခြင်း နှင့် စွပ်ကျယ် စက်ရုံတို့ကို ပစ်ခတ်ခဲ့သေးပါတယ်။

အထက်ပါတိုက်ခိုက်မှုများတွင် အာဏာသိမ်းစစ်အုပ်စုဘက်မှ ဝေဟင်ပစ်ကူပေးလာသဖြင့် ပြည်သူနေအိမ်များ ထိခိုက်မည်ကို စိုးရိမ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပေးတယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ပြောဆိုပါတယ်။

ယင်းစ်စဆင်ရေးကို မြင်းခြံခရိုင်အမှတ်၃ တပ်ရင်းက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Photo – မြင်းခြံခရိုင်တပ်ရင်း ၃
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။
#redpeacock
#news
#Localnews
#မြေမြုပ်မိုင်း
#စစ်ရှောင်
#အရေးတော်ပုံအောင်ရမည်

Red Peacock Telegram Channel Link - https://t.me/RedPeacoknews
အလုပ်သမားအရေး သိရှိလိုပါက - https://www.facebook.com/ftub.burma
ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက - https://www.facebook.com/futurelightfoundation.FLF
စစ်ဘေးရှောင်ပြည်သူများကို ကူညီလိုပါက - https://www.facebook.com/9holdinghandsCharity

Red Peacock News

07 Jan, 15:03


ပုလောမြို့ရှိ စရဖရုံးအား မီးရှို့
တနင်္သာရီ၊ ဇန်နဝါရီ ၇
တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ စရဖရုံးကို ဝင်ရောက်စီး နင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတစ်ဦးက Red Peacock သတင်းဌာနကို ပြောဆိုပါတယ်။
“မနက်မိုးလင်း မှ စရဖရုံးနား လုံခြုံရေးလာချတာလုပ်တယ်၊ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ မလုပ်ဘူး”
ယမန့်နေ့ည ၁၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက အမှတ် ၂ ရပ်ကွက်မှ အာဏာသိမ်းစစ်အုပ်စုလက် အောက်ခံစရဖရုံးကို ဝင်ရောက်စီးနင်းပစ်ခတ်တာ ဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုဘက်မှ သေနတ်ဖြင့် ခြောက်ချက် ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ က ပြောဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်များက အဆိုပါရုံးအား ဝင်ရောက်စီးနင်းမှုတွင် သေနတ်ကျည်ဘောက် နှစ်ခု နှင့် ကျည်တစ်ရာခန့်အပါအဝင် စာရွက်စာတမ်းများကို သိမ်းဆည်းရမိပြီး မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ယင်းစစ်ဆင်ရေးအား မြိတ်ခရိုင်တပ်ရင်း ၁ က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
Photo – မြိတ်ခရိုင်တပ်ရင်း ၁
Website တွင် ဖတ်ရှုရန် - t.ly/BSjM3

Red Peacock News

07 Jan, 15:02


ညောင်ဂျစ်ပင်ပျူရွာရှိ အာဏာသိမ်းစစ်အုပ်စုအား ရော့ကတ်များဖြင့် ပစ်ခတ်

မကွေး၊ ဇန်နဝါရီ ၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာရှိ အာဏာသိမ်းစစ်အုပ်စုအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဘာမထီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ - မြိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ လက်နက်ငယ်တွေ ပစ်ဖောက်သံကြားရတယ်၊ စားဖိုဆောင်တော့ ထိတယ်”

ပြီးခဲ့သည့်ဇန်နဝါရီလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ညောင်ဂျစ်ပင်ရွာရှိ အာဏာသိမ်းစစ်အုပ်စု ကို ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ထိခိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဘာမထီလက် နက်ကြီးပျောက်ကြားတပ်ဖွဲ့က ပြောပါတယ်။

“ ကျွန်တော်တို့ ရော့ကတ်အဖွဲ့အနေနဲ့ သုံးနှစ်ကျော်ကာလအတွင်း ပစ်မှတ်ကို အရင်ထက် တိကျဖို့ ဆက်လက် ကြိုးပမ်းသွားမယ် ရော့ကတ်ကို ၁၀၇ ကဲ့သို့ စစ်ကောင်စီကို ပစ်ခတ်တိုက်ခိုက်နိုင်ဖို့ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်”

ယင်းတိုက်ခိုက်မှုကို ဘာမထီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ - မြိုင်အပါအဝင် ကိုစုံကြီးအဖွဲ့ နှင့် နယ်ခံမဟာမိတ် တပ်များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။




Photo – ဘာမထီလက်နက်ကြီးပျောက်ကြားတပ်ဖွဲ့ - မြိုင်
Website တွင် ဖတ်ရှုရန် - t.ly/BSjM3
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။
#redpeacock
#news
#Localnews
#မြေမြုပ်မိုင်း
#စစ်ရှောင်
#အရေးတော်ပုံအောင်ရမည်

Red Peacock Telegram Channel Link - https://t.me/RedPeacoknews
အလုပ်သမားအရေး သိရှိလိုပါက - https://www.facebook.com/ftub.burma
ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက - https://www.facebook.com/futurelightfoundation.FLF
စစ်ဘေးရှောင်ပြည်သူများကို ကူညီလိုပါက - https://www.facebook.com/9holdinghandsCharity

Red Peacock News

07 Jan, 06:06


ညောင်ဦးမြို့ကုတင် ၁၀၀ ဆေးရုံ မှ မိတ္တီလာမြို့ရဲတပ်ရင်း ၃၅ ရဲတပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်

မကွေး၊ ဇန်နဝါရီ ၇
မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုတင် ၁၀၀ ဆေးရုံမှ မိတ္တီလာရဲတပ်ရင်း ၃၅ မှ ရဲတပ်သားတစ်ဦးက လက်နက်နှင့်အတူ အလင်းဝင်လာ ကြောင်း Southern YSO PDF က ယနေ့မနက်ပိုင်းတွင် ပြောဆိုပါတယ်။

ယင်းရဲတပ်သားက ပါရီစက်ကလေး ခ ၈၁ သေနတ်တစ်လက်၊ ကျည်ဘောက် နှစ်ခုအပါအဝင် ၇.၆၂ ကျည်အတောင့် ၅၀ တို့ကို ယူဆောင်ပြီး အလင်းဝင်လာတာ ဖြစ်ပါတယ်။

Southern YSO PDF က လက်နက်နှင့်အတူ အလင်းဝင်လာသည့်ရဲတပ်သားကို ကျပ်သိန်း လေးဆယ်ကို ချီးမြှင့်ပြီး ၎င်းနေထိုင်လိုသော အရပ်သို့ ဘေးကင်းစွာ လုံခြုံပို့ဆောင် ပေးတယ်လို့ ပြောပါတယ်။

အလင်းဝင်လာသည့် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်အမြာက်အမြား ရှိနေသလို ၎င်းတို့နေထိုင်လိုသော နေရာများကို ပို့ဆောင်ပေးခြင်း၊ အချို့က စစ်အာဏာရှင်စနစ်ဆန့်ကျင် ရေးလုပ်ငန်းစဉ်မှာ ပါဝင် ပေး နေပြီး အာဏာရှင်လက် အောက်မှာ တာဝန်ထမ်း ဆောင် နေကြသော ရဲဘော်များအ နေဖြင့် အာဏာရှင်မျိုးဆက်၊ အာဏာရှင်ခိုင်းဖတ်အဖြစ် မခံကြဘဲ ပြည်သူရင်ခွင်ကို ခိုလှုံကြဖို့ Southern YSO PDF က ပြောပါတယ်။

Red Peacock News

07 Jan, 05:38


အာဏာသိမ်းစစ်အုပ်စုက မန်းရွှေစက်တော်ဘုရားကို တပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးပြီး မိုင်းကွင်းတွေကို ဖြတ်ခိုင်းခဲ့

မကွေး၊ ဇန်နဝါရီ ၇

အာဏာသိမ်းစစ်အုပ်စုက မင်းဘူးမြို့နယ် နှင့် ၂၆ မိုင်အကွာအဝေး ရှိတဲ့ မန်းရွှေစက်တော်ဘုရားတွင် တပ်စွဲပြီး ပုသိမ် - မုံရွာလမ်းနှင့် ကိုးကီလိုမီတာကျော် ဝေးတဲ့ ကျေးရွာများမှ ဒေသခံတွေကို ဖမ်းဆီးသည့်အပြင် မိုင်းကွင်းတွေကို ဖြတ်သန်းခိုင်းခဲ့တယ်လို့ မင်းဘူးခရိုင်တပ်ရင်း ၆ တာဝန်ရှိသူတစ်ဦးမှ Red Peacock သတင်းဌာနကို ဖြေဆိုပါတယ်။

“ ပုသိမ် - မုံရွာလမ်းအရှေ့ဘက်က ရွာတွေကို ၀င်မွှေတာပါ။ ဒေသခံတစ်ချို့ကတော့ ပြန်လွတ်လာတယ်။ လက်ရှိက ရွှေစက်တော်ဘက်မှာ ရခိုင်ဘက်က တပ်ဆုတ်လာတဲ့စစ်သားတွေနဲ့ ခံစစ်အနေနဲ့ စစ်ကြောင်းတစ်ကြောင်း အထိုင်ထားတာပေါ့နော်။ ဘုရားမှာကို တပ်စွဲထားတာ”

အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မန်းရွှေစက်တော်အနီးရှိ ပုဒေါင်းရွာ၊ ဉယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးပြင်မဲရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာ နှင့် ဘုရားရွာတို့ကို အာဏာသိမ်းစစ်အုပ်စုက ဝင်ရောက်စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

“ ပထမတော့ ရွာတွေကို ဝင်မွှေပြီး၊ ဘုရားမှာပဲ ပြန်ပြီး အထိုင်ချထားတာပေါ့နော်၊ ရွာတွေကို ဝင်ပြီးတော့ ဖောက်ထွက်တယ်၊ ပစ္စည်းတွေ ခိုးတယ်၊။ ရွာတွေကတော့ ပြန်ဝင်နေကြပြီ၊ တစ်ချို့ရွာတွေကတော့ ပြန် မဝင်နိုင်ကြသေးဘူး၊ တစ်ချို့ရွာတွေကတော့ ရွာလုံးကျွတ်‌ ရှောင်နေရသေးတယ် ဒီဇင်ဘာ ၂၂ ရက်က စစ်ကြောင်းထိုးတဲ့အချိန်က သူတို့ဖမ်းမိတဲ့ ပြည်သူလေးဦးကို မိုင်း ကွင်း ကို ရှေ့က ဖြတ်ခိုင်းပါတယ် ”

အာဏာသိမ်းစစ်အုပ်စု၏စစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့် ပြည်သူတစ်ထောင်ကျော်က အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက ပြည်သူလူထုအပေါ် ားတည်သည့်အကြမ်းဖက်မှုများကို ပြုလုပ်နေတာကြောင့် မင်းဘူးမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်း မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းက ပြောဆိုထားပါတယ်။

မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းပြောဆိုခွင့်ရှိသူက “ ဒီနှစ် ရွှေစက်တော်ဘုရားပွဲမှာ ပြည်သူတွေ ဘုရားဖူး မလာကြနဲ့ဦးလို့ ပြောချင်ပါတယ်၊။ ဘာလို့လဲဆိုတော့ ရွှေစက်တော်နဲ့ ကပ်ရပ်ဖြစ်တဲ့ ငဖဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်၊ ငဖဲတောင်ဘက်ခြမ်းမှာလည်း တိုက်ပွဲ တွေ ပြင်းထန်နေတယ်၊ တိုက်ပွဲမှာ ပြည်သူတွေ ညှပ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေစက်တော်ဘုရားပွဲကို မလာကြဖို့” ကို ပြောဆိုထားပါတယ်။

လက်ရှိအချိနတွင် မင်းဘူးမြို့နယ်အတွင်းရှိ ပုသိမ် - မုံရွာလမ်းပိုင်း၊ လက်ပံတော - အိုင်းမ - ကိုင်းမကြီးလမ်းပိုင်းကို အသုံးပြုခြင်း မပြုကြရန် နှင့် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များ၊ ရဲများအနီးအနားတွင် နေထိုင်သွားလာခြင်း မပြကြဖို့ကို မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။




Photo – မင်းဘူးခရိုင်အမှတ်၆ တပ်ရင်း
Website တွင် ဖတ်ရှုရန် - t.ly/f-j2r
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။
#redpeacock
#news
#Localnews
#မြေမြုပ်မိုင်း
#စစ်ရှောင်
#အရေးတော်ပုံအောင်ရမည်

Red Peacock Telegram Channel Link - https://t.me/RedPeacoknews
အလုပ်သမားအရေး သိရှိလိုပါက - https://www.facebook.com/ftub.burma
ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက - https://www.facebook.com/futurelightfoundation.FLF
စစ်ဘေးရှောင်ပြည်သူများကို ကူညီလိုပါက - https://www.facebook.com/9holdinghandsCharity

Red Peacock News

06 Jan, 07:33


https://youtu.be/etD9iueXGcM

Red Peacock News

06 Jan, 07:33


https://www.facebook.com/share/v/19xTsq2v2E/

Red Peacock News

06 Jan, 07:33


https://www.facebook.com/share/v/15VyPDE5RG/

Red Peacock News

06 Jan, 07:33


https://youtu.be/PRYmph6LW1o

Red Peacock News

06 Jan, 06:02


အုန္ဒဲဘုတ်ကျေးရွာတိုက်ပွဲတွင် အာဏာသိမ်းစစ်အုပ်စုက ကျဆုံးစစ်သားရုပ်အလောင်းများကို ကောက်ရိုးပုံအတွင်း မီးရှို့


စစ်ကိုင်း၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာတိုက်ပွဲတွင် အာဏာသိမ်းစစ်အုပ်စုက ကျဆုံးစစ်သားရုပ် အလောင်းများကို ကျေးရွာရှိ ကောက်ရိုးပုံအတွင်း မီးရှို့ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Red Peacock သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။

“ကောက်ရိုးပုံထဲကို သူတို့အလောင်းတွေကို ထည့်ပြီးတော့ မီးရှို့သွားတာ ရှိတယ်၊ ကျန်ခဲ့တာတွေလည်းရှိတယ်၊ ဖမ်းဆီးရမိတဲ့စစ်သားတွေကလည်း ဝန်ခံထားတယ်၊ တိုက်ပွဲကြားမှာ တိုက်နေရင်း သူတို့ပစ္စည်းတွေ သယ်နေတုန်း မိတာပါ၊ သာမန်ရဲဘော်တွေပါပဲ”

ယမန့်နေ့တွင် အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းထားသည့် အင်အား ခုနစ် ဆယ်ပါအာဏာသိမ်းစစ်အုပ်စုက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဘက်က အုန္နဲဘုတ်ကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနေအိမ် နှစ်လုံးက မီးလောင်ပျက်စီးခဲ့ပြီး ကောက်ရိုးပုံအတွင်းသို့ သေဆုံးစစ်သားရုပ်အလောင်းများကို မီးရှို့ဖျက်ဆီးခဲ့ပါ သေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကြောင့် တပ်ပျက်သွားသည့်အာဏာသိမ်းစစ်အုပ်စုအင်အားသုံး ဆယ်ခန့်ကို လိုက်လံရှင်းလင်းနေတယ်လို့ မီးရှို့ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

“ သူတို့ဆုတ်ခွာသွားတဲ့အချိန်မှာ အင်အားသုံးဆယ်လောက်ပဲ ပါတော့တယ်၊ ဖမ်းမိတဲ့ကောင်တွေ ပြောတာ တော့ နှစ်ဆယ်လောက်‌ သေတယ်၊ အရာရှိတွေ သေတယ်လို့တော့ မကြားရဘူး”

ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းစစ်အုပ်စုက ဂျက်ဖိုက်တာလေးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျောဖြင့် ပစ်ကူပေးခဲ့ပြီး ရှိန်းမကားရဲစခန်းကို ဆက်လက်မသွားရောက်နိုင်တော့ဘဲ တပ်ပျက်ပြီး ဆုတ်ခွာ နေ တာလို့ သိရပါတယ်။

“ ရှိန်းမကားကိုတော့ ဦးတည်နေတာ၊ လက်ရှိကတော့ ရှိန်းမကားကိုတော့ မရောက်တော့ဘူး၊ လမ်းမှာတင် ကစဉ့် ကလျား ဖြစ်နေပြီ”

အဆိုပါတိုက်ပွဲအတွင်း အာဏာသိမ်းစစ်အုပ်စုထံမှ MA 1 ငါးလက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု ၊ ၆၀ မမဗုံးသီး ၃ လုံး နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ က ပြောဆိုထားပါတယ်။

ယင်းစစ်ဆင်ရေးအား ရွှေဘိုခရိုင်အမှတ် (၁၈)တပ်ရင်း ၊ ရွှေဘိုခရိင်အမှတ်(၂၃)တပ်ရင်း၊ ကြောင်လက်သည်း တပ်ဖွဲ့၊ တပ်ရင်း၁၈ တပ်ခွဲ(၁) ဝက်လက်မင်းသားကြီးအဖွဲ့၊ တပ်ခွဲ(၂) ProLife အဖွဲ့ တပ်ခွဲ(၃) ဗိုလ်သင်္ချိုင်းအဖွဲ့ တပ်ခွဲ(၄)ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက်ဒေါင်းနီအဖွဲ့နှင့် ဒေါင်းစစ်သည်အဖွဲ့ များ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြပါတယ်။

Photo – ရွှေဘိုခရိုင်တပ်ရင်း ၁၈
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။
#redpeacock
#news
#Localnews
#မြေမြုပ်မိုင်း
#စစ်ရှောင်
#အရေးတော်ပုံအောင်ရမည်

Red Peacock Telegram Channel Link - https://t.me/RedPeacoknews
အလုပ်သမားအရေး သိရှိလိုပါက - https://www.facebook.com/ftub.burma
ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက - https://www.facebook.com/futurelightfoundation.FLF
စစ်ဘေးရှောင်ပြည်သူများကို ကူညီလိုပါက - https://www.facebook.com/9holdinghandsCharity

Red Peacock News

05 Jan, 15:07


ငါန်းဇွန်းမြို့နယ်တွင် မြို့သာစက်မှုဇုန်မှ အာဏာသိမ်းစစ်အုပ်စု နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွား


မန္တလေး၊ ဇန်နဝါရီ ၅

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်တွင် မြို့သာစက်မှုဇုန် မှ အာဏာသိမ်းစစ်အုပ်စု နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေနှင့် ပတ်သက်ပြီး စုံစမ်းနေတယ်လို့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းတာဝန်ရှိသူတစ်ဦးက Red Peacock သတင်းဌာနကို ပြောပါတယ်။

“ လက်ရှိအနေထားကတော့ စစ်ကြောင်းကတော့ စက်မှုဇုံထဲမှာရှိပါသေးတယ်။ သေဆုံး အတိအကျမရသေးပါဗျ။ စုံစမ်းနေဆဲပါ”

မြို့သာစက်မှုဇုန် မှ အာဏာသိမ်းစစ်အုပ်စုက ဇန်နဝါရီလ ၃ ရက်နေ့က သံဘိုကျေးရွာမြောက်ဘက်၊ အမြန်လမ်း မဘေးကို ရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးမှု တွေ ရှိနိုင်တယ်လို့ TGYR – Youth Guerrilla Counter Revolution (LPDF) က တာဝန်ရှိသူတစ်ဦးက ထပ်မံအတည်ပြုပြောဆိုပါတယ်။

“ မြို့သာစက်မှု့ဇုန်ဘက်ကနေ စစ်တပ်ဘက်က တက်လာတာ။ ခြောက်လမ်းသွား အတိုင်းတက်လာတာ။ သံဘို ရွာနားအရောက်မှာ စဖြစ်တာပေါ့”

အဆိုပါတိုက်ပွဲအပြီးတွင် အာဏာသိမ်းစစ်အုပ်စုက မြို့သာစက်မှုဇုန်သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ တော်လှန် ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။

ယခုတိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ၊ မြင်းခြံခရိုင်အမှတ်(၇)တပ်ရင်း၊ ငါန်းဇွန် မြိုနယ်ပကဖ၊ မန္တလေးခရိုင်အမှတ်(မန္တလေးခရိုင်အမှတ်၅)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(မြင်းခြံခရိုင် ၆တပ်ရင်း နှင့် (925)ပြောက်ကျားတပ်ဖွဲတို့က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Photo – TGYR-Youth Guerrilla Counter Revolution-NZ
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။
#redpeacock
#news
#Localnews
#မြေမြုပ်မိုင်း
#စစ်ရှောင်
#အရေးတော်ပုံအောင်ရမည်

Red Peacock Telegram Channel Link - https://t.me/RedPeacoknews
အလုပ်သမားအရေး သိရှိလိုပါက - https://www.facebook.com/ftub.burma
ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက - https://www.facebook.com/futurelightfoundation.FLF
စစ်ဘေးရှောင်ပြည်သူများကို ကူညီလိုပါက - https://www.facebook.com/9holdinghandsCharity

Red Peacock News

05 Jan, 14:24


ကိုးပင် EPC ရုံးရှိ အာဏာသိမ်းစစ်အုပ်စုအား ဝင်ရောက်တိုက်ခိုက်ပြီး စစ်သား ခြောက်ဦးထိ သေဆုံးကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF-PNWD ပြောဆို


မကွေး၊ ဇန်နဝါရီ ၅

မကွေးတိုင်း၊ ရန်ကုန် - တောင်တွင်းကြီးလမ်းပိုင်းရှိ ကိုးပင် EPC ရုံးမှ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားခြောက်ဦးအထိ သေဆုံးခဲ့တယ်လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF-PNWD တာဝန်ရှိသူတစ် ဦးက Red Peacock သတင်းဌာနကို ပြောပါတယ်။

“ တိုက်ခိုက်ပြီးတဲ့အချိန် ဒီနေ့မနက်မှာ ကိုးပင်နဲ့အနီးမှာရှိတဲ့ ဓနုန်းမြောင်မှာ တပ်စွဲအထိုင်ချထားတဲ့ စကစတွေက ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းထုနေတာတွေလည်း ရှိပါတယ်”

ယမန့်နေ့ည ဆယ်နာရီခန့်မှာ ရန်ကုန် - မန္တလေးလမ်ဟောင်း ၂၊ ရန်ကုန် - တောင်တွင်းကြီးလမ်းပိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် မှ ကိုးပင် EPC ရုံးတွင် အထိုင်ချတပ်စွဲထားသည့် အာဏာသိမ်းစစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး စစ်သားခြောက်ဦးက သေဆုံးသည့်အပြင် ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF-PNWD က ပြောဆိုထားပါတယ်။

“ ကိုးပင်က မကွေးတိုင်းအတွင်း စကစ အားကောင်းနေသေးတဲ့နေရာပါ။ စနိုက်ပါနဲ့ပြန်ပစ်တာတွေ ရှိပါတယ်ဗျ ကိုးပင်က ရန်ကုန်-မန္တလေး အမှတ် ၂ လမ်းဟောင်းပေါ်က လမ်းဆုံ ဂိတ်တခုပါ။ ကိုးပင်နဲ့အနီးမှာက စကစ တပ်စွဲထားတာတွေများတယ် ”

အဆိုပါဂိတ်စခန်းသည် အာဏာသိမ်းစစ်အုပ်စုအတွက် အဓိကျသည့်နေရာ ဖြစ်တာကြောင့် လက်လွှတ်မှာ မဟုတ်ကြောင်း ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF-PNWD က ထပ်မံပြောဆိုထားပါတယ်။

“ ကျွန်တော်တို့ဘက်ကလည်း စစ်ဆင်ရေးရည်မှန်းချက်အနေနဲ့ထားပြီး အချိန်တိုင်းနီးပါး တစိုက်မတ်မတ် ရအောင် တိုက်ယူသွားဖို့ ရှိပါတယ်”

အလားတူ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တောင်တွင်းကြီးမြို့ရှိ အသောကဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင် မှ စပါးဒိုင်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦးအထိ သေဆုံးခဲ့သေးတယ်လို့ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF-PNWD က ပြောဆိုပါတယ်။

“ လေ့ကျင့်ရေး ၇ က စကစအဖွဲ့ဝင်တွေ ကျတာပါ၊ ၁၂ ဦးအတိအကျ ကျပါတယ်”

ယင်းစစ်ဆင်ရေးအား ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDFPNWD၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တောင်တွင်းကြီး)၊ နေပြည်တော်စစ်တိုင်း၊ တပ်ရင်းအမှတ် ၉၀၂ တောင်တွင်း ကြီးတပ်ခွဲ၊ မကွေးပြောက်ကျားတပ်ဖွဲ့၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ပါသည်။

Photo – ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF-PNWD

Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။
#redpeacock
#news
#Localnews
#မြေမြုပ်မိုင်း
#စစ်ရှောင်
#အရေးတော်ပုံအောင်ရမည်

Red Peacock Telegram Channel Link - https://t.me/RedPeacoknews
အလုပ်သမားအရေး သိရှိလိုပါက - https://www.facebook.com/ftub.burma
ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက - https://www.facebook.com/futurelightfoundation.FLF
စစ်ဘေးရှောင်ပြည်သူများကို ကူညီလိုပါက - https://www.facebook.com/9holdinghandsCharity

Red Peacock News

03 Dec, 13:53


မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၅) သင်တန်းဆင်းပွဲအား ကျင်းပ

မန္တလေးတိုင်း၊ ဒီဇင်ဘာ ၃

မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၅) သင်တန်းဆင်းပွဲအား ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းက အာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိုင်တော်လှန်ရာတွင် မြင်းခြံမြို့နယ်၊ ရေစကြိုမြို့နယ်တို့တွင် လှုပ်ရှားဆောင်ရွက်နေတာ ဖြစ်ပြီး မြို့သိမ်းကမ်ပိန်းကို ပြုလုပ်လျက် ရှိသည်။

Red Peacock News

03 Dec, 13:39


ဆားလင်းကြီးမြို့နယ်တွင် ၁၆ ရက်တာ ဖဲကြိုးဖြူကမ်းပိန်း စတင်လုပ်ဆောင်

စစ်ကိုင်း၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ ကျေးရွာတစ်ရွာတွင် အမျိူးသမီးနှင့်မိန်းကလေးများအပေါ် လိင်"အကြမ်းဖက်မှု အဆုံးသတ်ဖို့ တို့များအတူ ပေါင်းစည်းစို့" ၁၆ရက်တာ ဖဲကြိုးဖြူကမ်ပိန်းကို လက်ပံတောင်းတောင်ပင်မသပိတ် နှင့် ရွှေဗန့်ဂျီသပိတ်တို့မှ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

Red Peacock News

03 Dec, 11:10


စစ်ကိုင်းတိုင်းရှိမြို့နယ်သုံးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်လူထုလှုပ်ရှားမှု ပြု လုပ်

စစ်ကိုင်း၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းရှိမြို့နယ်သုံးမြို့နယ်တွင် လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက်အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

စစ်ကိုင်းတိုင်းရှိ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်တို့ရှိ ကျေးရွာများတွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် လူ့အခွင့်အရေးရာတာဝန်ခံတို့ က ဦးဆောင်ပြီး ကျေးရွာများတွင် "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်ဖြင့် လူ့အခွင့်ရေးဆိုင်ရာ ဟောပြောခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့တာ ဖြစ်သည်။


Photo – Ministry of Human Rights
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

Red Peacock Telegram Channel Link - https://t.me/RedPeacoknews
အလုပ်သမားအရေး သိရှိလိုပါက - https://www.facebook.com/ftub.burma
ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုပါက - https://www.facebook.com/futurelightfoundation.FLF
#redpeacock
#news
#Localnews
#စစ်ရှောင်
#အရေးတော်ပုံအောင်ရမည်

Red Peacock News

21 Nov, 15:11


တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်။ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။

ယနေ့ည ကိုးနာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက အမှတ် ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ရန်ကုန်မြို့ပြပျောက်ကြားရဲဘော်များက တောင်ဥက္ကလာပမြို့နယ်တွင် မစ်ရှင်ကစားရင်း ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက မြို့ပြပြောက်ကျားရဲဘော်တစဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သေးသည်။

အဆိုပါမစ်ရှင်အား ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်(ပကဖ) မှ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Photo – မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

Red Peacock News

18 Nov, 16:05


ယမန့်နေ့ည ၁၂ နာရီခန့်တွင် အာဏာသိမ်းစစ်အုပ်စုက ကွတ်ခိုင်မြို့ရပ်ကွက် ၄ ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းရှိ အဆောက်အအုံ ခြောက်ခု နှင့် အနီးဝန်းကျင်ရှိ ပြည်သူနေအိမ်များက ပြိုကျပျက်စီးခဲ့တာ ဖြစ်ကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောဆိုထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် အမျိုးသမီးကိုးဦး နှင့် အမျိုးသားခုနစ်ဦးက ထိခိုက်ခဲ့ပြီး အသက်ခုနစ်ဆယ်ကျော် အဘိုးအို တစ်ဦး နှင့် အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူနာခုနစ်ဦးက စိုးရိမ်ရလူနာအဖြစ် ဆေးကုသမှုကို ခံယူနေရကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်တစ်နှစ်မပြည့်သေးသည့်ကလေး နှင့် ၎င်း၏မိခင်ပါ အသက်ဆုံးရှုံးခဲ့ရကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောဆိုထားသည်။

အာဏာသိမ်းစစ်အုပ်စုက လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရရှိရေးအတွက် အရပ်သားပြည်သူများ နှင့် ပြည်သူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ နှင့် ဆေးရုံများ၊ စာသင်ကျောင်းများကို စစ်ရေးပစ်မှတ်သဖွယ် ပြုမူကာ တိုက်ခိုက်လျက် ရှိသည်။


Photo – လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့

Red Peacock News

18 Nov, 16:05


အာဏာသိမ်းစစ်အုပ်စုက ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက်တာကြောင့် တရုတ်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ပျက်စီး

ရှမ်း၊ နိုဝင်ဘာ ၁၈

အာဏာသိမ်းစစ်အုပ်စုက ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ကို ပြီးခဲ့သည့်နိုဝင်ဘာ ၁၇ ရက်နေ့ည ၁၂ နာရီခန့်မှာ လေကြောင်းကနေ ပေါင်ငါးရာဗုံးတစ်လုံးကို ကြဲချတာကြောင့် ခရစ်ယာန်ဘုရားကျောင်းရှိ အဆောက်အအုံများက ပျက်စီးခဲ့ပြီး ပြည်သူထိခိုက်မှုများ ရှိခဲ့ကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောဆိုထားသည်။

Red Peacock News

07 Nov, 02:22


သံတောင် PDF က ကျောက်လုံးကြီးစခန်းရှေ့တွင် ပိုက်ဆံအတင်းအဓမ္မကောက်ခံနေသည့် အာဏာသိမ်း စစ်အုပ်စုအား တိုက်ခိုက်

ပဲခူး၊ နိုဝင်ဘာ ၇

ပဲခူးတိုင်း၊ တောင်ငူ - လိပ်သိုလမ်းရှိ ကျောက်လုံးကြီးစစ်စခန်းရှေ့တွင် ပြည်သူလူထုထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေသည့် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း PDF – Thandaung ဒုတိယတာဝန်ခံက ယနေ့မနက်ပိုင်းတွင် Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။

Red Peacock News

07 Nov, 02:22


PDF – Thandaung ဒုတိယတာဝန်ခံက “ ကျောက်လုံးကြီးစခန်းအနီးတစ်ဝိုက်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ အထိအခိုက်တော့ မရှိဘူး၊ ဒီဘက်မှာ စစ်တပ်စခန်းတွေက များတယ်။ စခန်းတစ်ခု နဲ့ တစ်ခုက နီးတယ်” လို့ Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်ငူ - လိပ်သိုလမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းရှေ့တွင် ပြည်သူလူထုထံမှ ငွေကြေးအတင်းအဓမ္မကောက်နေသည့် အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်သည်။

PDF – Thandaung ဒုတိယတာဝန်ခံက “ ဒုက္ခပေးတာကတော့ ပုံစံမျိူးစုံပါပဲဗျာ။ ပိုက်ဆံတောင်းတယ်။ ‌တစ်ခါတစ်လေ ဈေး‌မှာတယ်။ အသား/ငါး/ကွမ်း အရက် ပြီးရင် ပိုက်ဆံ မပေးဘူး” လို့ Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်အုပ်စုဘက်မှ သုံးဦးက သေဆုံးပြီး သုံးဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PDF – Thandaung က ပြောဆိုထားသည်။

PDF – Thandaung ဒုတိယတာဝန်ခံက “ ပိုက်ဆံထွက်တောင်းတဲ့ စစ်သားတွေကို ပစ်တာပါ၊ နောက်ပြီး စခန်းကင်းပုန်းထဲကိုလှမ်းပစ်တာပါဗျ လို့ Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။
အဆိုပါ ကျောက်လုံးကြီးစခန်းရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ မကြာခဏဆိုသလို ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒီနှစ်ပိုင်းအတွင်း အမျိုးသမီးတစ်ဦးက လက်နက်ကြီးထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရ ကြောင်း PDF – Thandaung က ပြောဆိုထားသည်။

ယင်းစစ်ဆင်ရေးအား People Defence Force Thandaung (တောင်ငူခရိုင်၊တပ်မဟာ(၂)၊တပ်ရင်း(၅) လက်အောက်ခံ )အဖွဲ့မှ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Photo – People Defence Force Thandaung

Red Peacock News

07 Nov, 00:40


https://www.youtube.com/live/1sPIETDdVCY?si=y_hBItfEn9AE3_PH

Red Peacock News

07 Nov, 00:33


Red Peacock သတင်းဌာနရဲ့ နံနက်ခင်းသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ရွေးချယ်တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့

- မြိုင်မြိုနယ်၊ တွင်းမရွာမှ ထွက်လာသည့်ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတဲ့ သတင်း
- ငဖဲမြိုနယ် အမ်း - ပဒါန်းလမ်းပိုင်းရှိ အာဏာသိမ်းစစ်အုပ်စုကင်းစခန်းနှစ်ခုကို တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်တဲ့ သတင်း
- ပေါက်ခေါင်းမြိုနယ်မှာအာဏာသိမ်းစစ်အုပ်စုအတွက် သတင်းအချက်အလက်များ စုဆောင်းပေးပြီး ဒေသခံများကို ခြိမ်းခြောက်နေသူ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့တဲ့သတင်း
- မုံရွာမြိုသို လေယာဉ်ဆီ သယ်ဆောင်လာသည့်အာဏာသိမ်းစစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့ကာ လေယာဉ်ဆီတင်ကားထိခိုက်ပျက်စီးခဲ့တဲ့ သတင်း စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Red Peacock News

07 Nov, 00:33


Live stream finished (7 minutes)

Red Peacock News

07 Nov, 00:25


Live stream started

Red Peacock News

03 Nov, 14:56


တောင်သာမြို့နယ်ရှိ တလိုင်းရပ်ရွာ မှ အာဏာသိမ်းစစ်အုပ်စုစစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်

မန္တလေး၊ နိုဝင်ဘာ ၃
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်ရွာသစ်ရှိ အာဏာသိမ်းစစ်အုပ်စုစစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် - PLA က တောင်သာမြို့နယ်ရှိ တလိုင်းရပ်ရွာမှ အာဏာသိမ်းစစ်အုပ်စုအထိုင်စခန်းအား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက စခန်းအား စွန့်ခွာထွက်ပြေးခဲ့ကြသည်။

အဆိုပါစခန်းအတွင်းမှ ကာဘိုင်တစ်လက်၊ ရှော့ဂန်း ၁လက်၊ 7.62ကျည် ၁၉၅တောင့်၊ ကာဘိုင်ကျည် ၆၅တောင့်၊ ရှော့ဂန်းကျည် ၃၇တောင့် ၊MG1 လက်ပစ်ဗုံး တစ်လုံး၊ ကျည်ကာ Equiment တစ်ထည် ၊ ရန်သူ့ စစ်ယူနီဖောင်းများနှင့် ငွေ တစ်သိန်းငါးထောင်ကျပ် သိမ်းဆည်းရမိခဲ့သည်။

ယင်းစစ်ဆင်ရေးအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA အမှတ်၈၁၅တပ်ဖွဲ (အနောက်မြောက်စစ်ဒေသ) က ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

Red Peacock News

03 Nov, 10:32


အာဏာသိမ်းစစ်အုပ်စုက မကျည်းလေးပင်ကျေးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများကို လေကြောင်း တိုက်ခိုက်တာကြောင့် ပြည်သူများ နှင့် ရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိ
မကွေး၊ နိုဝင်ဘာ ၃
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျည်းလေးပင်ကျေးရွာအနီးနေထိုင်သည့် စစ်ဘေးရှောင်ပြည်သူများကို အာဏာသိမ်း စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် သွား ရောက်ကူညီသည့် ရဲဘော်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖဒုတာဝန်ခံက Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။
အာဏာသိမ်းစစ်အုပ်စုက ယမန့်နေ့(နိုဝင်ဘာလ ၂) ရက်နေ့နံနက်ပိုင်းတွင် မကျည်းလေးပင်ကျေးရွာအနီး နေထိုင် သည့်စစ်ဘေးရှောင်ပြည်သူများကို MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။
မြိုင်ပကဖဒုတာဝန်ခံက “ လေကြောင်းပစ်ခတ်မှုလုပ်နေတဲ့အချိန်မှာ ကန်နီပျူရွာနားမှာ၊ ဝပ်နေရင် အဲလောက် ထိခိုက်မှာ မဟုတ်ဘူး၊ ရဲဘော် နှစ်ယောက်က ပြည်သူတွေကို စိုးရိမ်ပြီးတော့ သွားတာ၊ MI 35 ပြန်သွားပြီအထင်နဲ့ ပြည်သူတွေဆီကို သွားတာ၊ အဲမှာ MI35 က ပြည်သူကို ပစ်တဲ့အခါမှာ ရဲဘော်လေးတွေပါ ထိကုန်တာ၊ ရဲဘော်တစ်ယောက်ကဆို ညာလက်တစ်ဖက် ညာခြေတစ်ဖက် ဖြတ်လိုက်ရတယ်” လို့ Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။
အဆိုပါမကျည်းလေးပင်ကျေးရွာမှ ပြည်သူများက ကနီပျူရွာနှင့် နီးကပ်တာကြောင့် စစ်ဘေးရှောင်တိမ်းနေ ရသည်မှာ ကြာမြင့်ပြီဖြစ်ပြီး လမ်းဘေးရှိ နွားခြံများကို မှီပြီး နေကြတာ ဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက အဓိကထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်သည်။
မြိုင်ပကဖဒုတာဝန်ခံက “ စစ်ကြောင်းက လင်းကတောရဲစခန်းကို ရောက်နေတာ၊ ရေမဆေးတောရွာကို မီးရှို့သွားတယ်၊ ရေမဆေးတောရွာ အပြန် ကျွန်တော်တို့က ဒရုန်းနဲ့ ချတာ၊ သူတို့က ဂျန့်ဘာတွေက ကောင်းတော့ လုပ်မရဘူး။ အဲတာကြောင့် ကန်နီရွာက စစ်စခန်းကို အာရုံလွှဲတဲ့အနေနဲ့ သွားချတာ “ လို့ Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။
အာဏာသိမ်းစစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတစ်ဦးက ထိခိုက်ပြီး ကာကွယ်ရေးရဲဘော်နှစ်ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
ပြည်သူ့ကာကွယ်ရေးတပ်များက ကန်နီရွာရှိ အာဏာသိမ်းစစ်အုပ်စုစစ်စခန်းကို ဖြတ်တောက်ပိတ်ဆို့ထားတာ‌ ကြောင့် ၎င်းစခန်းရှိ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များက ထန်းအူတိုင်များကို ခုတ်ထစ်စားသောက်နေကြောင်း သိရသည်။
လင်းကတောရဲစခန်းရှိ အာဏာသိမ်းစစ်အုပ်စုစစ်ကြောင်းက အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်း ထိုးနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များက အာရုံလွှဲသည့်အနေဖြင့် ကန်နီရွာရှိ အာဏာသိမ်း စစ်အုပ်စု စစ်စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်သည်။
Photo – မြိုင်ပကဖ
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

Red Peacock News

22 Oct, 13:45


ပြည်သူ မှ ပြည်သူသို့ ပရဟိတအဖွဲ့က ပင်လယ်ဘူးမြို့နယ်တောင်ဘက်ခြမ်းရှိ စစ်ရှောင်များအား ထောက်ပံ့ငွေများ ပေးအပ်
စစ်ကိုင်း၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်တောင်ဘက်ခြမ်းရှိ စစ်ရှောင်အိမ်ထောင်စု ၁၂၀ အတွက် ပြည်သူ မှ ပြည်သူသို့ (ကောလင်း)က ယနေ့တွင် တစ်အိမ်ထောင်စုလျှင် ကျပ်တစ်သောင်းဆီ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့မှုကို စစ်ကိုင်းပြည်သူဖေးမကူကွန်ယက်မှတဆင့် အလှူရှင် ဒေါ်ကျင်လှ ဖရီးမောက်၊ ပြည်ပရောက်စစ်ကိုင်းသားများနှင့် ပြည်တွင်း၊ပြည်ပ အလှူရှင်များ၏ကူညီမှုဖြင့် ပြည်သူမှပြည်သူသို့ အဖွဲ့သားများက မြေပြင်တွင်ထိရောက်စွာ လှူဒါန်းထောက်ပံ့နိုင်ခဲ့ပါသည်။
လက်ရှိအချိန်တွင် မြေပြင်အခက်ခဲများ နှင့် ကုန်စည်သယ်ဆောင်ရန် ခက်ခဲတာကြောင့် ဆန်နှစ်ပြည်အစား ငွေကြေးကို ထောက်ပံ့ခဲ့တာ ဖြစ်ကြောင်း ပြည်သူ မှ ပြည်သူသို့ (ကောလင်း)က ပြောဆိုထားသည်။
Photo - ပြည်သူ မှ ပြည်သူသို့ (ကောလင်း)
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

Red Peacock News

22 Oct, 12:59


ဘုတလင်မြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စုက လေကြောင်း နှင့် မြေပြင်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူသုံးသောင်းနီးပါးက စစ်ဘေးရှောင်နေရ
စစ်ကိုင်း၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျေးရွာပေါင်းနှစ်ဆယ်ခန့်ကို အာဏာသိမ်းစစ်အုပ်စုက လေကြောင်းအပါအဝင် မြေပြင်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူသုံးသောင်းနီးပါးက စစ်ဘေးတိမ်းရှောင်နေရကြောင်း ဘုတလင်စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ယနေ့ညနေ့ပိုင်းတွင် Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။

Red Peacock News

22 Oct, 12:40


အဆိုပါတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်နှင့် ပျူစောထီးတို့က သေဆုံးပြီး ၎င်းတို့ထံမှ MA 1 တစ်လက်၊ ကျည်ဘောက်သုံးခု၊ အီနာဂါလေးလုံးတိုကို သိမ်းဆည်းရမိကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။
ယင်းစစ်ဆင်ရေးအား တိုက်နယ်(၂)ပကဖ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ ၊ ရွှေဘိုမြိုနယ် ပကဖ တိုက်ခို က်ရေး(PDO)အဖွဲ၊ တိုက် နယ်(၃) ပကဖ တို က်ခိုက်ရေးအဖွဲ (ကြီးလေးကြီးပကဖအဖွဲ၊ ဓားညီနောင်ပကဖအဖွဲ) ၊ တိုက်နယ်(၅)ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲတိုမှ ပူးပေါင်းကာ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။
Photo - ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Red Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

Red Peacock News

22 Oct, 12:40


ညောင်ကိုင်းရွာ မှ တည်သီးရွာသို့ လာသည့် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ပျူစောထီီးတစ်ဦး နှင့် စစ်သားတစ်ဦးအား တိုက်ခိုက်ပြီး သေနတ်တစ်လက် နှင့််် ကျည်ဘောက်များ သိမ်းဆည်းရမိ
စစ်ကိုင်း၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာ မှ တည်သီးတောရွာသို့ လာသည့်် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ စစ်သားတစ်ဦး နှင့်် ပျူစောထီးတစ်ဦးအား တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိ ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။
ယနေ့မနက်ခုနစ်နာရီခွဲခန့််တွင် ညောင်ကိုင်းရွာ မှ တည်သီးတောရွာသို့ လာသည့်် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ စစ်သားတစ်ဦး နှင့်် ပျူစောထီးတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်က စောင့််ကြိုပစ်ခတ်တိုက် ခိုက်ခဲ့တာ ဖြစ်သည်။

Red Peacock News

22 Oct, 12:40


အာဏာသိမ်းစစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် အိုင်းမကျေးရွာကို တိုက်ခိုက်တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးက အသက်ဆုံးရှုံးပြီး လေးဦးက ဒဏ်ရာ ရရှိ
မကွေး၊ အောက်တိုဘာ ၂၂
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အိုင်းမကျေးရွာကို အာဏာသိမ်းစစ်အုပ်စုက ယနေ့နေ့လယ်ပိုင်းတွင် လေကြောင်းက နေ တိုက်ခိုက်ခဲ့တာကြောင့်် ထိခိုက်သေဆုံးမှုတွေ ရှိသည့်အပြင် နေအိမ် နှင့်် စာသင်ကျောင်းတို့ဆီသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။
ဒေသခံတစ်ဦးက “ ပစ်ခံရပြီးနောက်် တစ််ရွာလုံးက ရှောင်ပြေးနေတာ။ ဒဏ်ရာရ လေးဦး ရှိတယ်၊ ပြည်သူတစ်ဦး အသက်််ငါးဆယ်အရွယ်အဒေါ်တစ်ယောက် အသက်ဆုံးရှုံးတယ်၊ လုံးဝပျက်စီးတာက အိမ်တစ်လုံးပါပဲ။ ကျန်တာက တော့ စက်လက်ထိတာ‌တွေ အစမှန်တာတွေ ရှိတယ်” လို့ Red Peacock သတင်းဌာနကို ဖြေကြားခဲ့ပါသည်။

1,118

subscribers

11,066

photos

673

videos