ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး @sbonew Channel on Telegram

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

@sbonew


ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး (Burmese)

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး သည် သင်္ချာတန်း မျှော်လင်းအဖွဲ့အစည်း တင်သင့်ကို ပူပြင်နိင်ရန် တစ်ပိုင်းဖြစ်ပြီး တစ်ဦးပိုင်းဖြစ်ပါသည်။ အပြည့်အဝ အနည်းဆုံး သတင်းများကို သတင်းလူနှင့် ပြန်လာ ပါက လူသုံးတဲ့ သင်္ချာတန်းများထဲကစာရင်းကို ရယူကြပါသည်။ ဤ သတင်းများသည် အကူအညီရှင်သွားအားဖြင့် သတင်းအခြေအနေများကို ပြောင်းလဲနိင်သော အဖြစ်သင်္ချာတန်းများ တွင်တွေ့ရလွယ် သော်းသော်း လူမျိုးစေ့ပါသည်။

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

13 Jan, 10:18


ဇန်နဝါရီလ ၊ ၁၃.၁.၂၀၂၅(၁၆:၃၀)PM

စစ်ကိုင်းတိုင်း

ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်


< မိဘပြည်သူများအား သတိပေးနှိုးဆော်ခြင်း >

ရွှေဘိုမြို့ ခလရ(၄၂)တပ်တွင်းမှ လက်နက်ကြီး (၂)ချက် အနောက်တောင်ဘက်သို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေကြောင်း သိရှိရပါတယ်ခမျ။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ကြဖို့ သတိပေးအပ်ပါတယ်ဗျ။

မိဘပြည်သူများဘေးအန္တရယ်အပေါင်းမှ ကင်းဝေးကြပါစေ🙏🙏

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

13 Jan, 09:41


ဇန်နဝါရီလ ၊ ၁၃.၁.၂၀၂၅(၁၆:၀၀)PM
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊
ရွှေဘိုမြို့နယ်

< မိဘပြည်သူများ ဂရုစိုက်သွားလာနိုင်ရန် >

ရွှေဘိုမြို့ ၊ ရန်ကြီးအောင်ပန်းခြံအနီးတွင် စကစနှင့်ပျူများ ရောက်ရှိနေပြီး လာသမျှ ဆိုင်ကယ် နဲ့ ကားများအား တားဆီစစ်ဆေး သိမ်းဆည်းနေကြောင်း သိရပါတယ်ခင်ဗျ။မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

03 Jan, 04:49


ဇန်နဝါရီလ ၊ ၃.၁.၂၀၂၅(၁၁:၁၅)AM

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်

< မိဘပြည်သူများ ဂရုစိုက်သွားလာနိုင်ရန် >

ရွှေဘိုမြို့ ၊ ရွှေဘို-ရေဦးလမ်းထွက်တစ်နေရာတွင် စကစနှင့်ပျူများ ရောက်ရှိနေပြီး လာသမျှ ဆိုင်ကယ် နဲ့ ကားများအား တားဆီစစ်ဆေး သိမ်းဆည်းနေကြောင်း သိရပါတယ်ခင်ဗျ။

မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

02 Jan, 04:06


ဇန်နဝါရီလ ၊ ၂.၁.၂၀၂၅ (၁၀:၃၀)AM

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့

ရွှေဘိုမြို့ ပန်းခြံအနီးတွင် စကစများရောက်ရှိနေပြီး
ဖမ်းစီး စစ်ဆေးမှုများပြုလုပ်နေကြောင်း တာဝန်သိပြည်သူတဦးမှ သတင်းပေးပို့ထားပါတယ်ခဗျ။

မိဘပြည်သူများဘေးအန္တရယ်ကင်းရှင်းကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

30 Dec, 03:36


ဒီဇင်ဘာလ ၊ ၃၀.၁၂.၂၀၂၄ (၀၉:၅၀)AM

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့


ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရွှေဘိုမြို့ အနောက်ထွက်ရှိ မင်းကုန်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ ပြည်သူများ ၊ ကားများကို တားဆီးစစ်ဆေးခြင်း ၊ ငွေတောင်းခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်စစ်‌ကောင်စီတပ်သားများသည် ပြည်သူများကို ခြိမ်းခြောက်ခြင်း ၊ ငွေတောင်းခြင်း ၊ သယ်ဆောင်လာသည့် ပစ္စည်းများ တောင်းခြင်း ၊ ဆဲဆိုအကြမ်းဖက်ခြင်းများလည်း ပြုလုပ်လေ့ရှိပါသည်။

မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

29 Dec, 05:23


ဒီဇင်ဘာလ ၊ ၂၉.၁၂.၂၀၂၄ (၁၁:၅၀)AM

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့

ရွှေဘိုမြို့ ဟုတ်စိန်ကွေ့အနီးတွင် စခ/ရခ/ပခများမှ လာသမျှ ဆိုင်ကယ်အား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။

မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

26 Dec, 09:11


ဒီဇင်ဘာလ ၊ ၂၆.၁၂.၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့

ချစ်ခင်လေးစားရပါသော မိဘပြည်သူများသို့ သတိပေးထုတ်ပြန်ချက်။

ရွှေဘို-ခင်ဦးလမ်း မဟာနန္ဒာကန်တော်(OMC)မူးဘောင် အသုံးပြုသွားလာရာတွင် နံနက် (၆:၃၀)နာရီ မှ ညနေ(၅:၃၀) နာရီ အတွင်းသာ သွားလာကြပါရန်နှင့် အိမ်စီးကား‌ ၊ လူမှုကူညီရေးကား ဘုန်းကြီးကားပါမကျန် မှန်ချမောင်းနှင်ပေးကြပါရန် ကုန်တင်ကားများ မိုးကာဖွင့်မောင်းခြင်း ၊ SKATကားများ Dampလှန်ပြီးမောင်းနှင်ပေးကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။

သတ်မှတ်တားမြစ်ထားသောအချိန်အတွင်းကျန်းမာရေး အရေးပေါ်အခြေအနေသွားလာလိုပါက နီးစပ် တော်လှန်ရေးတပ်ဖွဲ့များသို့ တိကျစွာ သတင်းပေးပို့သွားလာနိုင်ပါသည်။

အကယ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ သတင်းပေးပို့ခြင်းမရှိပဲ မိမိတို့သဘောဆန္ဒအလျှောက် လမ်းအသုံးပြုသွားလာ၍ တစုံတရာ ဖြစ်ပေါ်လာပါက ဖြတ်သန်းသွားလာသူ၏ တာဝန်သာဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လိုက်နာခြင်းအားဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://t.me/SBONew



#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

19 Dec, 07:12


ဒီဇင်ဘာလ ၊ ၁၉.၁၂.၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့


🛑သတိပေး နှိုးဆော်ခြင်း🛑

ယခုတပတ်အတွင်း ရွှေဘိုမြို့ပေါ်က လူငယ် (၁၈)ဦးအထိ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ (၁၅)ရက် နေ့ မှ ဒီဇင်ဘာ (၁၉)ရက်နေ့ အထိ ရွှေဘိုမြို့ပေါ်တွင် လူငယ် များကို စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ရွှေဘိုမြို့ပေါ်ရပ်ကွက် တော်တော်များများတွင် အကြမ်းဖက် စကစ များ မှ အခြေခံလူတန်းစားလူငယ်များ ပန်းရံ၊လက်သမားအလုပ်လုပ်သောလူငယ်များ နှင့် မြို့ပေါ်နေထိုင်ခွင့်ပုံစံ အိမ်ထောင်စုဇယားမရှိသော စစ်ဘေးရှောင်မိသားစုဝင်များမှ လူငယ်များကို အဓိကထားပေါ်တာဆွဲ၍ ရွှေဘို မြို့ စခတ(၈) သို့ ပို့ဆောင်ပြီး စစ်‌သင်တန်း ပေးကာ တပ်သားသစ်စုဆောင်းနေကြောင်း ဖမ်းစီးခံရသော လူငယ်ဦးရေ မှာ (၁၈)ဦး ခန့်ရှိပြီး အရင်ကလိုပိုက်ဆံဖြင့် ပြန်ရွေးလို့လဲမရကြောင်းလဲ သိရပါတယ်။
ရွှေဘိုမြို့ပေါ်က ပေါ်တာဆွဲဖမ်းဆီးသွား‌ သောလူငယ်များ ကို ယခုအချိန်အထိ ပြန်လွှ‌တ်ပေးတာမျိုး မရှိသလို ဆက်သွယ်လို့လည်း မရရှိကြောင်း သိရပါတယ် ။
လူအင်အား လျော့နည်းလာသော စကစ မှ မြို့ပေါ်များတွင် အကြမ်းဖက် ဥပဒေမဲ့စွာ လူငယ်များကို ဖမ်းစီး ထိမ်းသိမ်း ပြီး စစ်သင်တန်း ပေးကာ လိုအပ်‌ နေသော စစ်မျက်နှာပြင်များသို့ ပို့ဆောင်နေကြောင်း သိရှိရသည်။

မိဘပြည်သူ ညီအကိုမောင်နှမများ ဘေးအန္တရယ်အပေါင်းမှကင်းဝေးကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

16 Dec, 05:18


ဒီဇင်ဘာလ ၊ ၁၆.၁၂.၂၀၂၄ (၁၁:၃၀)PM

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့

ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းထွက်တစ်နေရာတွင် စခ/ရခ/ပခများမှ လာသမျှ ဆိုင်ကယ်အား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။

မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

09 Dec, 15:31


ဒီဇင်ဘာလ ၊ ၀၉.၁၂.၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့

မိဘပြည်သူများခင်ဗျာ ရွှေဘိုမြို့စောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့်ရဲများမှ ယနေ့နေ့လည်ပိုင်း(၁၃:၃၀)ခန့်အချိန်ခန့်က ရွှေဘိုမြို့ပေါ်တစ်နေရာတွင် လမ်းသွားလမ်းလာပြည်သူများအား မတရားသဖြင့် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်နေပါသောကြောင့် မိဘပြည်သူများအနေဖြင့် ဂရုစိုက်သွားလာနိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်ခမျ။

မိဘပြည်သူများအန္တရာယ်ကင်းဘေးရှင်းကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

09 Dec, 14:44


ဒီဇင်ဘာလ ၊ ၀၉.၁၂.၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့

🛑စစ်ကောင်စီ အကြမ်းဖက်၊ယုတ်မာမှုသတင်း🛑

ရွှေဘိုမြို့နယ်၊ သပြေသာရွာအား ရွှေဘိုမြို့တွင်းမှထွက်လာသော အကြမ်းဖက် လူသတ် မီးရှို့ ဓားပြတိုက် ပြန်ပေးဆွဲနေသော စစ်ကောင်စီတပ်သားများနှင့် ပန်းရံရွာပျူစောထီးများ ၊ ခွန်တောင်းကြီးရွာပျူ‌စောထီးများ ၊ ဇီးကုန်းလေးရွာပျူစောထီးများပူးပေါင်း၍ ယနေ့ နေ့လည်ပိုင်း(၁၀:၀၀)နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တတိယအကြိမ် ပြည်သူပိုင်နေအိမ်များကို အငြိုးတကြီးဖြင့် မတရားဝင်ရောက်မွှေနှောက် မီးရှို့ဖျက်စီးနေပြီး ၊ ဝက်ခုံတစ်ခုကိုလဲ မီးရှို့ဖျက်စီးသွားကြောင်းသိရပါတယ်ခမျ။
သပြေသာရွာရှိ ပြည်သူပိုင်ပစွည်းများအား အကြမ်းဖက်၍ခိုးယူသယ်ဆောင်နေကာ ယနေ့ညပိုင်းအချိန်တွင်လဲ ဥသျှစ်ကန်ရွာဟောင်းမှ ပြည်သူပိုင်အိမ်များကိုမီးထပ်မံရှို့‌ပြီး ကား(၂)စီးဖြင့် ရွှေဘိုမြို့အတွင်းသို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါတယ်ခမျ။
( မီးရှို့ မီးတင်ခံရသော နေအိမ်အရေအတွက် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ)
အကြမ်းဖက်စစ်ကြောင်းနှင့်အနီးဆုံးရှိကျေးရွာများမှ မိဘပြည်သူများ စစ်ရေးသတိအထူးသတိထားကြပါရန် အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။

မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

09 Dec, 05:10


ဒီဇင်ဘာလ ၊ ၀၉.၁၂.၂၀၂၄ (၁၁:၃၀)AM

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့

🛑 မိဘပြည်သူများအား သတိပေးနှိုးဆော်ခြင်း🛑

ရွှေဘိုမြို့ပေါ်ရှိ လမ်းမတော် ၊ လမ်းလေးခွတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ရဲများက အင်အားအတော်အများဖြင့် လမ်းသွားလမ်းလာ ပြည်သူများအား အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှသတင်းပေးပို့ထားပါတယ်ခမျ။ မိဘပြည်သူများသတိနှင့်သွားလာနိုင်ကြပါရန် အသိပေးအပ်ပါသည်။

မိဘပြည်သူများဘေးအန္တရယ်အပေါင်းမှကင်းဝေးကြပါစေ။

https://t.me/SBONew

ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

08 Dec, 14:38


ဒီဇင်ဘာလ ၊ ၀၈.၁၂.၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့


🛑စစ်ကောင်စီ အကြမ်းဖက်၊ယုတ်မာမှုသတင်း🛑

ရွှေဘိုမြို့နယ်၊ သပြေသာရွာအား ရွှေဘိုမြို့တွင်းမှထွက်လာသော စစ်ကောင်စီတပ်သားများနှင့် ပန်းရံရွာပျူစောထီးများ ၊ ခွန်တောင်းကြီးရွာပျူ‌စောထီးများ ၊ ဇီးကုန်းလေးရွာပျူစောထီးများပူးပေါင်း၍ ယနေ့ညနေပိုင်း(၁၇:၀၀)နာရီအချိန်ခန့်တွင်တစ်ကြိမ် ၊ ( ၁၉:၂၅)ခန့်တွင်တစ်ကြိမ် စုစုပေါင်း (၂)ကြိမ်တိတိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီးနေပြီး ၊ ပြည်သူပိုင်ပစွည်းများအား အကြမ်းဖက်၍ခိုးယူသယ်ဆောင်နေကာ ယနေ့ညပိုင်းအချိန်တွင် သပြေသာရွာထဲ၌ ညအိပ်တပ်စွဲထားပါသဖြင့် အကြမ်းဖက်စစ်ကြောင်းနှင့်အနီးဆုံးရှိကျေးရွာများမှ မိဘပြည်သူများ စစ်ရေးသတိအထူးသတိထားကြပါရန် အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။
သပြေသာရွာ ပြည်သူပိုင်နေအိမ် မည်မျှ မီးလောင်ကျွမ်းပျက်စီးသည်ကို မသိရသေးပေ။

မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

08 Dec, 03:46


ဒီဇင်ဘာလ ၊ ၀၈.၁၂.၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့

🛑စစ်ကောင်စီ အကြမ်းဖက်မှုသတင်း🛑

(၀၆.၁၂.၂၀၂၄)ရွှေဘိုမြို့ပေါ်ရပ်ကွက်များတွင် စကစ လက်အောက်ခံ စစ်ခွေးရဲ‌ ခွေးများနှင် EPCဝန်ထမ်းများက မီတာခ ပေးဆောင်ထားခြင်းမရှိလျှင် မီတာဘောက် တေကို အတင်အားဓမ္မ ဖြုတ်ပြီးယူဆောင်သွားကြတယ်လို့ သိရပါတယ် တရက်ကို တလမ်းခြင်း လာရောက်စစ်ဆေးပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ အကြမ်းဖက်စကစ လက်အောက်ခံ စစ်‌ကောင်စီလက်အောက်ခံ စစ်သား၊ရဲများနဲ့ စကစ လက်အောက်ခံ EPC (non-cdm)ဝန်ထမ်း ဘောမ များက ခြိမ်းခြောက်အသံလွှင့် နေကြကြောင်းလဲ သိရပါတယ်။

(၀၇.၁၂.၂၀၂၄) ရွှေဘိုမြို့ပေါ်တွင် စကစများမှ Droneများလွှတ်တင်ပြီး စမ်းသပ်မောင်းနှင်နေကြောင်းသိရပါသည်။
ယနေ့ညနေပိုင်းအချိန်တွင် ရွှေဘိုမြို့ ခလရ(၄၂)ခွေးခြံမှ ရွှေဘိုမြို့အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ရွှေဘို-ရေဦးလမ်းထွက် ဘုရားကိုးဆူနှင့်ကျွန်းတောအနီးကျရောက် ပေါက်ကွဲကြောင်းသိရပါတယ်ခမျ။

လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်းရှိသောကြောင့် မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ကြဖို့ သတိပေးအပ်ပါတယ်ဗျ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

08 Dec, 03:46


ဒီဇင်ဘာလ ၊ ၀၈.၁၂.၂၀၂၄ (၀၉:၅၀)AM

စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့

ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့ ခလရ(၄၂)မှ ရွှေဘိုမြို့အနောက်ဘက်သို့လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရပါတယ်ခမျ။

ပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ကြဖို့ သတိပေးအပ်ပါတယ်ဗျ။

https://t.me/SBONew


#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

08 Dec, 02:35


ဒီဇင်ဘာလ ၊ ၀၈.၁၂.၂၀၂၄ (၀၉:၀၀)AM

မိဘပြည်သူများအား အသိပေးခြင်း

ရွှေဘို - မန္တလေးလမ်းတွင် စစ်ကောင်စီတပ်သားများသည် ရိက္ခာ
ပို့ခြင်း ၊ လူပို့ခြင်း ၊ စသဖြင့် ကားကြီးကားငယ် များဖြင့် သွားလာလှုပ်ရှားလျက်ရှိကြောင်းသိရပါသည်။

စစ်ကောင်စီအဖွဲ့သည် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ပြည်သူအယောင်ဆောင် သွားလာမှု ပြုလုပ်လာရာ သာမာန်အိမ်စီးကား၊ လူမှုကူညီရေး လူနာတင်ကား၊ ဘုန်းကြီးကားများ အသုံးပြုသွားလာမှုရှိနေသောကြောင့် မည်သည့်ကားမဆို မှန်ချမောင်းနှင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုပါတယ်ခမျ။

၎င်းတို့ထောက်ပို့ကားများကို အရပ်သားကုန်တင်ကားများနှင့်အသုံးပြုလာကြပြီး ကုန်တင်ကားများအနေဖြင့် မလိုအပ်ပဲမိုးကာအုပ်ခြင်းမပြုရ၊ မိမိတင်ဆောင်လာသည့် ကုန် မြင်သာစေရန် မိုးကာလှပ်ပြီးမှသာ မောင်နှင်ကြရန် သတိပေးအပ်ပါသည်။

မိဘပြည်သူများ စစ်ကောင်စီရန်မှကင်းဝေးကြပါစေ။

https://t.me/SBONew


#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

06 Dec, 05:45


ဒီဇင်ဘာလ ၊ ၀၆.၁၂.၂၀၂၄ (၁၂:၁၀)PM
စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့

ရွှေဘိုမြို့တွင်း လမ်းမတော်တစ်နေရာတွင် စခ/ရခ/ပခများမှ လမ်းသွားလမ်းလာပြည်သူများအား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။

မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

03 Dec, 03:51


ဒီဇင်ဘာလ ၊ ၀၃.၁၂.၂၀၂၄ (၁၀:၁၅)PM
စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့

ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းထွက်တစ်နေရာတွင် စခ/ရခ/ပခများမှ လာသမျှ ဆိုင်ကယ် နဲ့ ကားများအား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။

မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

01 Dec, 05:32


ဒီဇင်ဘာလ ၊ ၀၁.၁၂.၂၀၂၄ (၁၂:၀၀)PM
စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့

ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းထွက်တစ်နေရာတွင် စခအိမ်စီးကား(၃)စီးဖြင့် လာသမျှ ဆိုင်ကယ် နဲ့ ကားများအား တားဆီစစ်ဆေးနေကြောင်း သိရပါတယ်ခင်ဗျ။

မိဘပြည်သူများ သတိနှင့်သွားလာနိုင်ကြပါရန်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

29 Nov, 14:29


နိုဝင်ဘာလ ၊ ၂၉.၁၁.၂၀၂၄ (၁၃:၀၀)PM

စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့

နိုင်ငံရေး ၊ စစ်ရေးမှာ အဖက်ဖက်တွင်ကျရှုံးနေသော စစ်တပ်က ရွှေဘိုမြို့အနောက်ခြမ်းရှိ ညောင်ကိုင်းပျူရွာကို mi-35 ဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာထုပ်များချပေး။

ယနေ့ နိုဝင်ဘာလ (၂၉)ရက်နေ့ (၁၃:၀၀)နာရီအချိန်ခန့်တွင် မုံရွာလေဆိပ်မှတက်လာသော mi-35 ရဟတ်ယာဉ်ဖြင့် ရွှေဘိုမြို့နယ် အနောက်ခြမ်း ညောင်ကိုင်းရွာအနီးသို့ စစ်လက်နှက်ပစ္စည်းနှင့်ရိက္ခာထုပ်များချပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ရေးနှင့်နိုင်ငံရေး အဖက်ဖက်မှာ အရေးနိမ့်လာသော စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းရှိနေရာအတော်များများတွင် လေကြောင်းမှသာ တိုက်ခိုက်မှုများ ပြုလုပ်လာကာ ပြည်သူပိုင် နေအိမ်များရှိသည့် ကျေးရွာများအတွင်းသို့လဲ ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်လာနေပြီဖြစ်သောကြောင့် မဝေးဝောာ့တဲ့ ပန်းတိုင်အတွက် ယခုချိန်ထက်ပိုမိုစည်းလုံးညီညွတ်ကြပါစို့လို့ တိုက်တွန်း‌နိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

မိဘပြည်သူများ ဘေးအန္တရယ်အပေါင်းမှကင်းဝေးကြပါစေ။

ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

https://t.me/SBONew

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

17 Aug, 17:33


ဩဂုတ်၊၁၇.၈.၂၀၂၄

စစ်ကိုင်းတိုင်း ရွှေဘိုမြို့

မိဘပြည်သူများခင်ဗျာ ရွှေဘိုမြို့ပေါ်တွင် ယခုရက်ပိုင်း အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူပိုင်နေအိမ်များနှင့်ဈေးဆိုင်များသို့ ဝင်ရောက်ကာ အပြစ်မယ့်ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးခြင်းများနှင့်ယခုလို ခက်ခဲကြပ်တည်းနေသည့် ကာလတွင် မြို့ပြနေပြည်သူများနှင့်‌ကျေးလက် နေပြည်သူများအား စကစ မှ NGO အဖွဲ့စည်းများနှင့်ပေါင်းကာ ဆန်/စားသုံးဆီ စတာတေကို ဝေဌ ပေးကမ်းသည်ဟုသတင်းလွှင့်ကာ လာရောက်တန်းစီနေသည့် ပြည်သူများထဲမှ ၎င်းတို့မသင်္ကာသူများအား အတင်း အားဓမ္မ/မတရား ဖမ်းဆီးမှုများပြုလုပ်နေပါသည်
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် တသက်လုံးကပြည်သူအပေါ်စေတနာ မရှိခဲ့သော စစ်ကောင်စီမှ ထုတ်ပြန်သမျှ/ပါတ်သက်သမျှ အလွယ်တကူ မရုံကြည်ကြပါရန်နှင့်အထူးဂရုစိုက် ရှောင်ရှားနိုင်ကြပါရန် လေးစားစွာအသိပေး တင်ပြအပ်ပါသည်ခင်ဗျာ။
ယခုရက်ပိုင်းအတွင်း ရွှေဘိုမြို့ပေါ်၌ ဆန်/ဆီ တန်းစီရာမှ ဖမ်းဆီးခံရသူ (၁၀)ဦးထက်မနည်းရှိနေပီဟုသိရပါသည်။

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

https://t.me/SBONew

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

14 Aug, 02:22


ဩဂုတ်လ-၁၄.၈.၂၀၂၄(၀၈:၅၂)AM

အသိပေးအကြောင်းကြားခြင်း

ယခု အချိန်မှ စ၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေး လမ်းပိုင်းအား ပြန်လည်အသုံး ပြု၍ ရပြီဖြစ်ကြောင်း ပူပေါင်းပါဝင်ပေးကြပါသော မိဘပြည်သူများ အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

13 Aug, 04:03


ဩဂုတ်လ ၊၁၃.၈.၂၀၂၄(၁၀:၃၂)am

စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်

<သတိပေးထုတ်ပြန်ချက်>

မိဘပြည်သူများ ခင်ဗျာ ရွှေဘို-မန္တလေး လမ်းပိုင်းအား ယခုအချိန်မှစ၍ မြေပြင်စစ်ရေးအခြေအနေရ လုံးဝသွားလာအသုံးမပြုကြပါရန် လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်ခင်ဗျာ။

ပြန်လည်အသုံးပြုလို့ရမည့် အချိန်အား အချိန်နဲ့တပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်ခင်ဗျာ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

20 Jun, 11:40


20.6.2024 (18:00)pm

စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်

ချစ်ခင်လေးစားရပါသော မိဘပြည်သူများသို့ သတိပေးထုတ်ပြန်ချက်
မြေပြင်စစ်ရေးအခြေအနေအရ တော်လှန်ရေးကာလအတွင်း လမ်းပိုင်းအသုံးပြုရန် သတ်မှတ်စည်းကမ်းများအား လေးစားစွာလိုက်နာပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျ။

ရွှေဘို-ကျောက်မြောင်း လမ်းပေါ်တွင်သွားလာမောင်းနှင်နေစဉ်အတွင်း အိမ်စီးကားလေးများ လူမှုကူညီရေးကား ဘုန်းကြီးကားပါမကျန် မှန်ချမောင်းပေးပါရန်
ကုန်တင်ကားကြီးများ မလိုအပ်ဘဲ မိုးကာမအုပ်ကြရန် အသိပေးထုတ်ပြန်လိုက်ရပါသည်ခင်ဗျား။

သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အတိအကျ လိုက်နာချင်းမရှိပါက နောက်ဆက်တွဲရလာဒ်များအား လုံးဝတာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများကိုယ်စား ကြိုတင်တောင်းပန်အသိပေးလိုက်ရပါသည်ခင်ဗျ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

24 Apr, 09:25


24.4.2024(14.45) PM

ရွှေဘိုမြို့နယ် ချီပါကျေးရွာတွင် (၆)ညအိပ် (၇)ရက် အခြေပြုနေသော စခများမှ ချီပါရွာ တံတားအနောက်ဘက်ဆန်စက်အဟောင်းအနီးရှိအိမ်များမီးရှိို့ဖျတ်စီးနေကြောင်း သိရှိရပါသည်။ မိဘပြည်သူ များ နှင့် တော်လှန်ရေး အင်အားစုများ ဂရုစိုက်ကြရန် အ‌သိပေးအကြောင်းကြားအပ်သည်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

19 Apr, 23:29


20.4.2024(06:00)AM

အသိပေးအကြောင်းကြားခြင်း

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား ယခုအချိန် မှ စ၍ ပြန်လှည် အသုံးပြု ၍ ရပြီဖြစ်ကြောင်း အသိပေးအပ်ပါသည် ပူးပေါင်းပါဝင်ပေးကြပါသော ပြည်သူများ အထူးပင်ကျေးဇူးတင်ရှိပါသည်။

မှတ်ချက် - အိမ်စီးကားများ မှန်ချမောင်းရန်၊ ကုန်တင်ကားများ မိုးကာမအုပ်ရန်

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

19 Apr, 02:29


19.4.2024(08:58)AM

အသိပေးအကြောင်းကြားခြင်း

ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စ-ခ များ လမ်းကြောတစ်လျောက်လုံး ရောက်ရှိနေသော ကြောင့် ပြည်သူများ အနေဖြင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်၊ အိမ်စီးကားများ မှန်များ ချမောင်းရန် နှင့် ကုန်တင်ကား များ မိုးကာအုပ်ပြီး မမောင်းကြရန် တော်လှန်ရေး အင်အားစုများ ကိုယ်စား အသိပေးအကြောင်းကြားအပ်ပါသည်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်‌ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

18 Apr, 02:55


18.4.2024(09:25)AM

အသိပေးအကြောင်းကြားခြင်း

ယခု အချိန်မှ စ၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေး လမ်းပိုင်းအား ပြန်လှည်အသုံးပြု၍ ရပြီဖြစ်ကြောင်း ပူပေါင်းပါဝင်ပေးကြပါသော မိဘပြည်သူများ အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

18 Apr, 01:50


18.4.2024(08:16)AM

ရွှေဘိုမြို့နယ် မင်းကုန်းရွာတွင် ယာယီ အခြေပြုနေထိုင်နေသော စကစ အင်အား(၅၀)ဦးခန့် သည် မင်းကုန်းရွာ အနောက်တောင်ဘက်သို့ ထွက်ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်နေကြောင်း သိရှိရပါသည်။ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများ စခ အန္တရာယ် မှ ကင်းဝေးကျပါစေ 🙏🙏🙏

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

15 Apr, 06:42


15.4.2024(13:10) PM

အသိပေးကြေငြာခြင်း

ရွှေဘိုမြို့ တောင်ဘက်မုဒ်ပေါက် မှ စကစ အင်အား (၅၀)ဦးခန့် ရွှေဘိုမြို့နယ် တဂဏန်းရွာသို့ ရောက်‌ရှိနေသောကြောင့် ခရီသွားပြည်သူများ မြေပြင် စစ်ရေးအခြေအနေအရ ရွှေဘို-မန္တလေး လမ်းပိုင်းအား ယာယီ အသုံးမပြုကြရန် တော်လှန်ရေး အင်အားစုများကိုယ်စား အသိပေး အကြောင်းကြားအပ်ပါသည်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်‌ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

15 Apr, 05:12


15.4.2024(11:00)AM

‌ရွှေဘိုမြို့ တောင်ဘက် မုဒ်ပေါက်တွင် အထိုင်ချ တပ်စွဲ ထားသော စကစ အင်အား(၅၀)ဦးခန့် ရွှေဘိုမြို့နယ် တဂဏန်းရွာသို့ လက်နက်ကြီး လက်နက်ငယ် များ ဖြင့် ပစ်ခတ်‌ဝင်ရောက်နေကြောင်း သိရပါသည်။ မိဘပြည်သူများ စကစ ဘေးအန္တရာယ် မှ ကင်းဝေးကျပါစေ 🙏🙏🙏

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

10 Apr, 06:09


10.4.2024 (12:36)PM

အသိပေး ထုတ်ပြန်ခြင်း

‌ယခု အချိန်မှ စ၍ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအား ပြန်လှည် အသုံးပြု ၍ ရပြီ ဖြစ်ကြောင်း လေးစားစွာပန်ကြားအပ်ပါသည်။ လိုက်နာ ပေးကြသော ပြည်သူများအား တော်လှန်ရေး အင်အားစု များ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

09 Apr, 14:25


9.4.2024(20:55)PM

မိဘပြည်သူ များအား အသိပေး ထုတ်ပြန်ခြင်း

ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအား မနက်ဖြန် 10ရက်နေ့မှ စ၍ မြေပြင်စစ်ရေး အခြေအနေအရ ယာယီ လမ်းပိတ်ထားကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ မိဘပြည်သူများ အနေဖြင့် လိုက်နာပေးကြပါရန် တော်လှန်ရေး အင်အားစု များ ကိုယ်စား မေတ္တာရပ်ခံအပ်ပါသည်။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

06 Mar, 11:42


မတ်လ ၊ ၀၆.၃.၂၀၂၄ (၁၇:၀၀)အချိန်

စစ်ကိုင်းတိုင်း

ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်

ရွှေဘိုမြို့ ၊ ရေဦးလမ်းထွက် ကျွန်းတောထိပ်တွင် ရောက်ရှိနေသော စခ၊ပခများ အနောက်(ပျူ‌ခွေးခြံရွာဘက်)သို့ပြန်သွားပြီဖြစ်ကြောင်း သိရပါတယ်ခဗျာ။

မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

06 Mar, 04:40


မတ်လ ၊ ၀၆.၃.၂၀၂၄ (၁၀:၅၈)AM

စစ်ကိုင်းတိုင်း

ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်

< မိဘပြည်သူများ ဂရုစိုက်သွားလာနိုင်ရန် >

ရွှေဘိုမြို့ ၊ ရေဦးလမ်းထွက် ကျွန်းတောထိပ်တွင် စခ၊ပခ များ ရောက်ရှိနေပြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရပါတယ်။

မိဘပြည်သူများ ဘေးအန္တရယ်ကင်းရှင်းကြပါစေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

30 Jan, 02:29


ဇန်နဝါရီ၊၃၀.၁.၂၀၂၄(၀၈:၅၈)AM

စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်

<အသိပေးထုတ်ပြန်ချက်>

မိဘပြည်သူများ ခင်ဗျာ ရွှေဘို-မန္တလေး လမ်းပိုင်းအား ယခုအချိန်မှစ၍ ပြန်လည်သွားလာအသုံးပြုလို့ရပြီဖြစ်ပါကြောင်း လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်ခင်ဗျာ။

သတ်မှတ်စည်းမျဉ်းစည်းကမ်း များကိုလိုက်နာပေးကြပါသော မိဘပြည်သူတဦးခြင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

23 Jan, 07:21


၂၃ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၄

ရွှေဘို-မန္တလေး လမ်းပိုင်းအား အသုံးပြုသွားလာနေသော မိဘ ပြည်သူများခင်ဗျ ယခု တွင် အရေးပေါ် အခြေအနေအရ ယာယီ ပိတ်ပင်ထားပါသဖြင့် ရွှေဘို-မန္တလေးလမ်း အား အသုံးမပြုကြရန် အသိပေးအကြောင်းကြားအပ်ပါသည်။

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

https://t.me/SBONew

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

17 Jan, 04:50


ဇန်နဝါရီ ၊ ၁၇.၁.၂၀၂၄ (၁၁:၁၅)AM

စစ်ကိုင်းတိုင်း

ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့

ပြည်သူများ ဂရုစိုက်သွားလာနိုင်ရန်

ရွှေဘိုမြို့ ၊ ဆိပ်ခွန်လမ်းထွက် ဆုတောင်းပြည့်‌ကွေ့အနီးတွင် အကြမ်းဖက် စခရခ များ ကားရောဆိုင်ကယ်ပါ မချန် တားဆီး စစ်ဆေး နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ပေးပို့ထားပါတယ်ဗျ

Edit (၁၁:၄၅)AM အစစ်ဆေးလုပ်နေသော စခရခများ မြို့တွင်းပြန်ဝင်သွား။

မိဘပြည်သူများဘေးအန္တရယ်ကင်းရှင်းကြပါ‌စေ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

15 Jan, 11:31


ဇန်နဝါရီ ၊၁၅.၁.၂၀၂၄ (၁၈:၀၂)pm

ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်

<အသိပေးထုတ်ပြန်ချက်>

မိဘပြည်သူများခင်ဗျာ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအား ယခုအချိန်မှစ၍ ပြန်လည်သွားလာအသုံးပြု၍ ရပြီဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်ခင်ဗျာ။

ယခုလို စစ်ရေးအခြေနေရ ကာကွယ်ရေးအဖွဲ့များ၏ အရေးပေါ်သတိပေးထုတ်ပြန်ချက်များကို လိုက်နာကူညီဆောင်ရွက်ပေးပါသော မိဘပြည်သူတဦးခြင်းစီတိုင်းကို လေးစားဂုဏ်ယူ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျား။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေး

15 Jan, 00:20


ဇန်နဝါရီ ၊၁၅.၁.၂၀၂၄(၀၆:၅၀)am

စစ်ကိုင်းတိုင်း
ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်

<သတိပေးထုတ်ပြန်ချက်>

မိဘပြည်သူများခင်ဗျာ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းအား မြေပြင်စစ်ရေးအခြေအနေရ လုံးဝသွားလာအသုံးမပြုကြပါရန် လေးစားစွာအသိပေးပန်ကြားအပ်ပါသည်ခင်ဗျာ၊

ပြန်လည်အသုံးပြုလို့ရမည့်အချိန်များ အချိန်နှင့်တပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်ခင်ဗျာ။

အိမ်စီးကားလေးများ မှန်ချမောင်းပေးကြပါရန် နှင့် ကုန်တင်ကားများ မိုးကာဖွင့်မောင်းပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ခမျ။

https://t.me/SBONew

#ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး

3,462

subscribers

506

photos

17

videos