၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၃၁)ရက်
၁။ အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၃၁)ရက် မနက် (၀၀:၁၅) အချိန်တွင် စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
၂။ စဉ့်ကူးမြို့နှင့်အနီးဝန်းကျင်သည် တိုက်ပွဲနှင့်အလှမ်းကွာသော နေရာဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အကြောင်းမဲ့သက်သက် အများပြည်သူနှင့်သက်ဆိုင်သော မြို့နယ်ပြည်သူ့ဆေးရုံအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
၃။ အကြမ်းဖက် စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ပြည်သူ့ဆေးရုံများအား ဦးတည်တိုက်ခိုက်နေသည်ကို တွေ့ရှိရပြီး စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
#MDY_PDF
#Singu