-------------------------------
KNA| December 17,2023./နွေဦးဝေ
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် အနောက်ခြမ်း ကျိုက်ထော်ကျေးရွာ နယ်မြေရဲစခန်းက နယ်ထိန်း တစ်ဦးဖြစ်တဲ့ တင်မိုးဇော်(ခ)စမိုင်း အရပ်ဝတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်
ဒီကနေ့ ဒီဇင်ဘာလ ၁၇ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်မှာ အဆိုပါ နယ်ထိန်း တင်မိုးဇော်ဆိုသူဟာ အရပ်ဝတ်နဲ့ တော်လှန်ရေး ရဲဘော်တွေရဲ့ သတင်းတွေကို လိုက်လံ စုံစမ်းနေစဥ် တလုတ်ထော်ကျေးရွာနဲ့ အင်ယားချောင်ကျေးရွာ အကြားမှာ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကော့မှူးပကဖ တာဝန်ရှိသူက ခေတ်သစ်မီဒီယာကို အတည်ပြုထားပါတယ်။
အဆိုပါ နယ်ထိန်း တင်မိုးဇော်ဆိုသူဟာ အရပ်ဝတ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြောင်းကို လိုက်လံထောက်လှမ်းနေသူတစ်ဦးဖြစ်သလို တော်လှန်ရေး ရဲဘော်တွေ မိသားစုတွေကို ဖမ်းဆီးစစ်ဆေးရာမှာ အဓိက ပါဝင်သူ ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၎င်းနယ်မြေအပိုင်တွေမှာလည်း 2D ၊ 3D ၊ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ လေးကောင်ဂျင် အစရှိတဲ့လောင်းကစားပေါင်းစုံကို ဖွင့်ခွင့်ပေးပြီး ပိုက်ဆံရှာဖွေစားသောက်နေသူ ဖြစ်တယ်လို့ သိရှိရပါတယ်။
ကော့မှူးမြို့နယ်အတွင်းမှာ တရားမဝင် လောင်းကစားတွေကို အကြမ်းဖက်စစ်အုပ်စုခန့်အုပ်ချုပ်ရေးမှူး၊ စာရေးတွေနဲ့ အပေါင်းအပါေတွက အကြမ်းဖက်စစ်သား/ရဲတွေနဲ့ ပေါင်းကာ ဒိုင်ကိုင်ခြင်း လိုင်းကြေးကောက်ကာ ခွင့်ပြုခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
Photo.KTM
[KNAရဲ့ သတင်းရုပ်သံတွေကို Telegram Channel နဲ့ You Tube Channel ကနေ ဖတ်ရှုနားဆင်နိုင်ဖို့ Channelလေးတွေ ကို Subscribed လုပ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
YouTube Channel
https://youtube.com/@kawhmunewsagency21]
#Kawhmu_NewsAgency