ရွှေဘ @shweba000 Channel on Telegram

ရွှေဘ

@shweba000


ရွှေဘ (Burmese)

ရွှေဘ သည် Telegram ခေါ်ဆိုမှုမှာ အသုံးပြုသူအား လက်ဆောင်ပြောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး မြန်မာလိုအပ်ပါသည်။ shweba000 အဖွဲ့အစည်းသည် အခြေခံအသုံးပြုသူများအတွက် ရှေ့ဘ ခေါ်ဆိုမှုများကို ရယူဆွေးနိုင်သည်။ ဤ Channel သည် အသုံးပြုသူများနှင့် နည်းပညာ သုံးစွဲသူများအား အရည်အသွေးပြောင်းလဲရှိသည်။ ဤကဏ္ဍလို အလန္တရားနှင့် အကောင့်အဝေး ဆွေးနွေးသူများကို ပြုလုပ်သည်။ ရှေ့ဘ ခေါ်ဆိုမှုများကို တွေ့ရပေးပြီး လုပ်ရပါလိမ်။

ရွှေဘ

12 Jan, 07:54


KNU မြို့နယ်တရားသူကြီးရဲ့သားကို KTLA က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး တစ်ကိုယ်လုံးကြိုးနဲ့ချည်ကာ ရေတွင်းထဲပစ်ချလိုက်တယ်လို့ သိရပါတယ်... ဒါကတော့ လက်နက်ကိုင်သူပုန်အချင်းချင်း နားရွက်ကိုတံတွေးစွတ်လိုက်တာပါပဲ.... KNU အနေနဲ့ ဘာပြန်လုပ်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပြီ... အကြမ်းဖက်သောင်းကျန်းသူ KTLA အဖွဲ့ကို မှတ်လောက်သားလောက်အောင် ပညာမပေးဘဲ ငြိမ်ခံနေမယ်ဆိုရင်တော့ မကြာခင် KNU သူပုန်ခေါင်းဆောင်ပိုင်းတွေရဲ့ ခေါင်းပေါ်ပါ ချေးတက်ပါမယ့် အနေအထားကို ရောက်လာမှာဖြစ်တဲ့အပြင် KNU နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေရဲ့ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အခြေအနေဖြစ်လာမှာ အသေအချာပါပဲ... အဲဒီတော့ KTLA ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ငြိမ်ခံနေမှာမဟုတ်တဲ့ KNU ကြောင့် မကြာခင်မှာ ခွေးအချင်းချင်းကိုက်မယ့် ပွဲကြီးပွဲကောင်းတစ်ခုတော့ ကြည့်ရဦးမယ်ထင်တယ်...

ရွှေဘ

12 Jan, 06:50


ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ (၁၁၉)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီလ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ဖျော်ဖြေရေးအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များနဲ့အတူ ဂျိုကာ ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်မှု၊ လက်ဆောင်များရယူနိုင်မယ့် ဗဟုသုတရဖွယ် game အစီအစဉ်များ၊ တိရစ္ဆာန်လေးတွေရဲ့ ဗဟုသုတရဖွယ် အကြောင်းအရာလေးများကို ဝေမျှပေးသွားမယ့် talk show အစီအစဉ်များ စတဲ့ ပျော်ရွှင်ဖွယ်အစီအစဉ်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ရွှေဘ

12 Jan, 06:24


ပြည်ပကို ခွေးတိုးပေါက်ကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်ခွက်ခေါက်အဖွဲ့အစည်း အနူဂျီကကောင်တွေ ပြည်ပမှာ ဘုံးထားတဲ့အလှူငွေတွေနဲ့ သောက်စားပျော်ပါးနေတဲ့အချိန်မှာ ဒီကောင်တွေမြှောက်ပေးတာကို ဦးနှောက်သုံးပြီး မစဉ်းစားဘဲ လိုက်လုပ်ခဲ့ကြတဲ့ PDF အကြမ်းဖက်ကောင်တွေရဲ့ ဘဝကတော့ မသာပေါ်တဲ့သူကပေါ် ပြတ်တဲ့သူကပြတ်နဲ့ အသုံးချခံတွေ ဖြစ်နေကြပြီ... ပြည်ပြေးတွေက အသုံးချလိုက် တိုင်းရင်းသားလက်နက်ကိုင် သူပုန်တွေက ထိုးကျွေးလိုက်နဲ့ PDF ဆိုတဲ့ကောင်တွေကတော့ မျိုးတုံးပျောက်ကွယ်တော့မယ်ဆိုတာ အသေအချာပဲ....

ရွှေဘ

12 Jan, 00:44


#မင်္ဂလာနံနက်ခင်း မေတ္တာပို့ ဆုတောင်း 🌅
🌹ကောင်းသော အတိတ်
🌹ကောင်းသောနိမိတ်
🌹ကောင်းသောစကား
တို့ကိုသာ မြင်ရ၊ကြားရ၊ပြောရပါစေ
🌹ကပ်ကြီးသုံးပါးတို့မှ
ကင်းဝေးကြပါစေ
🌹ခလုတ်မထိ ဆူးမငြိပဲသွားလမ်းသာ၍
လာလမ်းဖြောင့်ဖြူးနိုင်ကြပါစေ

ရွှေဘ

11 Jan, 17:39


အကြမ်းဖက်သမားများ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တာဝါတိုင်များအား ဖျက်ဆီးခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
==================
အကြမ်းဖက်သမားများ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တာဝါတိုင်များအား ဖျက်ဆီးခြင်း၊ ဓာတ်ငွေ့များ လုံလောက်စွာရရှိမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများ
ဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၁၁ ရက်နေ့တွင်
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရွှေဘ

11 Jan, 17:37


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြား

ရွှေဘ

11 Jan, 17:35


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ရွှေဘ

11 Jan, 14:44


ULA/AA အဖွဲဝင်များနှင့် ULA/AA အကြမ်းဖက်အားပေးထောက်ခံသူများ ကျောက်တော် (ထွေအုပ်ရုံး)၌ အစည်းအဝေးပြုလုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲခံရ
=======

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ယနေ့နံနက်ပိုင်း ၉ နာရီခန့်၌ ULA/AA အဖွဲဝင်များနှင့် ULA/AA အကြမ်းဖက်အားပေးထောက်ခံသူ အင်အား (၁၀၀)ကျော် ကျောက်တော်(ထွေအုပ်ရုံး)၌ အစည်းအဝေးလုပ်နေစဉ် လေကြောင်းမှ ဗုံးကြဲခံခဲ့ရသဖြင့် အယောက်၂၀ ကျော်ခန့် ပွဲချင်းပြီးသေဆုံးကာ ၄၅ ဦးခန့် ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများတွင် ရေးသားပြောဆိုလျက်ရှိသည်။

မြေပြင်မှရရှိသည့် ကနဦးအချက်အလက်များအရ ULA/AA အဖွဲဝင်များနှင့် ULA/AA အကြမ်းဖက်အားပေးထောက်ခံသူ ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ၂၂ ဦး အပြင်းအထန်ဒဏ်ရာရှိထားကြောင်းနှင့် သေဆုံး/ဒဏ်ရာရရှိမှုများတွင် အရပ်သားများမပါဝင်ဘဲ ULA/AA ဗဟိုနိုင်ငံရေးမှူးအပါအဝင် စည်းရုံးရေးမှူးနှင့် ULA/AA အဖွဲဝင်များသာ ပါကြောင်း ကြားသိရသည်။
#Min Chit Oo

ရွှေဘ

11 Jan, 12:15


TNLA ကတော့ KIA ငကြောက်တွေကို စော်ကားချင်တိုင်းကို စော်ကားနေတော့တာပါလား...အခုလည်း မန်တုံနဲ့ နမ့်ခမ်းကြား ပန်ခါးလေးကျေးရွာလမ်းခွဲရှိ KIA စစ်ဆေးရေးဂိတ်နဲ့တပ်စခန်းတစ်ခုကို TNLA ကအင်အားအလုံးအရင်းဖြင့်ဝင်ရောက်သိမ်းပိုက်ဖျက်ဆီးလိုက်ပြန်ပြီတဲ့...ပြီးတော့ ခရီးသွားလာနေတဲ့ ကချင်လူမျိုးတွေကိုလည်း သွားလာခွင့်တွေပိတ်ပင်ကာ လှည့်ပြန်ခိုင်းတာတွေ ပြုလုပ်နေတယ်ဆိုပဲ...ဒီလိုမျိုး လူမျိုးရေးခွဲခြားကာ KIA နဲ့ ကချင်လူမျိုးတွေကို စော်ကားချင်တိုင်း စော်ကားနေတဲ့ TNLA ကို ဒီအတိုင်းလွှတ်ထားလို့ကတော့ နောက်ဆိုရင် ဒီထက်ပိုဆိုးမယ်မှတ်...

ရွှေဘ

10 Jan, 03:36


မိုးမိတ်ခရိုင် ၊ မန်တုံနဲ့နမ့်ခမ်းသွားလမ်း ပန်ခါးကျေးရွာအနီးရှိ KIA တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က TNLA တပ်ဖွဲ့မှ အင်အားအလုံးအရင်းနဲ့ရောက်ရှိလာပြီး ဖယ်ရှားခိုင်းခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၈ ရက်နေ့မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်ခရိုင်က KIA ပြည်သူ့စစ်စခန်းတစ်ခုကိုလည်း TNLA မှ မောင်းထုတ်ခဲ့ပါသေးတယ်...ဒါတွေဟာ KIA ကို TNLA က ကျူးကျော်ရန်စတဲ့ လုပ်ရပ်တွေပါ... TNLA ရဲ့ ဒီလုပ်ရပ်တွေိကို KIA အနေနဲ့ အလျှော့ပေးနေတာလား...ကြောက်လို့ဘာမှပြန်မလုပ်တာလားဆိုတာကတော့ စဉ်းစားစရာပါ... KIA ရဲ့အကြောင်းပြချက်တစ်ခုဖြစ်တဲ့ မဟာမိတ်မို့လို့ ဘာမှပြန်မလုပ်ဘူးဆိုတာကတော့ လူကြားကောင်းအောင်ပြောနေခြင်းသာဖြစ်ပါလိမ့်မယ်... အမှန်က KIA က TNLA ကိုကြောက်လို့သာ ဘာမှပြန်မလုပ်ရဲတာ....KIA စခန်းတွေတော်တော်များများကို ရှမ်းမြောက်ကနေ မောင်းထုတ်နေသလို၊ KIA ကြီးစိုးတဲ့နေရာတွေကိုလည်း TNLA က ဝင်ရောက်နေတာကြာပါပြီ...ဒီအတိုင်းသာ ဆက်ပြီးကြောက်နေလို့ကတော့ KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာကိုတောင် TNLA က သိမ်းပိုက်ပြီးတော့ KIA တွေကို အမျိုးပြုတ်အောင် မောင်းထုတ်မှာမြင်ယောင်သေးတယ်...

ရွှေဘ

10 Jan, 03:15


အဲဒါ ပြည်ပရောက် အပျံမနဲ့ အနူဂျီကကောင်တွေရဲ့ လက်သုံးစကားပဲ.... ခိုးထားတာတွေကို မရှင်းနိုင်တော့ ငါတို့နေရာ ဘယ်သူယူရဲလဲဆိုတဲ့ အသံတွေ ထွက်လာပါလေရော... သူခိုး သူခိုးချင်းပဲ ပေါင်းလို့ရတာဆိုတော့ သူခိုးနေရာကို ဘယ်လူကောင်းမှ ဝင်မယူကြဘူးဆိုတာကို သိနေကြတယ်လေ... အဲဒီတော့ စကားအဖြစ်နဲ့ အကြမ်းဖက်ပြည်ပြေးကောင်တွေက လေကျယ်ရဲတာပေါ့... တကယ်တမ်း နင်တို့နေရာကို ငါတို့ဝင်ယူမယ် စာရင်းရှင်းတမ်းသေချာလုပ်ထားလို့သာ ပြောကြည့်ပါလား... ခိုးထားတာတွေကိုပိုက်ပြီး နေ့မကူးဘဲ နောက်တစ်နိုင်ငံကို ထွက်ပြေးကြမှာ...

ရွှေဘ

10 Jan, 00:48


🙏🙏🙏#နံနက်ခင်း မေတ္တာပို့ ဆုတောင်း
သုံးဆယ့်တစ်ဘုံ ၌ကျင်လည် ကြကုန်သော လူ၊နတ်၊ဗြမ္မာ၊ သတ္တဝါ အပေါင်းတို့သည်..
#ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ..
#ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ..
#ဒေါသခပ်သိမ်းငြိမ်းကြပါစေ
#နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ..
သူတော်စိတ်မြတ်၊ အငြိမ်းဓာတ်၊ လွှမ်းပတ်ကမ္ဘာတည်ပါစေ။
မေတ္တာစိတ်မြတ် အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ။
သတ္တဝါမှန်သမျှ၊ ဘေးမခ အေးမြချမ်းသာရှိပါစေ။
သတ္တဝါမှန်သရွေ့၊ တရားတွေ့ ၊ ချမ်းမြေ့သာယာရှိပါစေ။...
၃၁ဘုံ အလုံးစုံ ဝေနေယျ သုခိတ သတ္တဝါအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကင်းကွာပြီး သောကအပူကင်းပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🙏🌷

ရွှေဘ

09 Jan, 16:36


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

ရွှေဘ

09 Jan, 15:42


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ
=========================
ဇန်နဝါရီလ ၉ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရွှေဘ

09 Jan, 14:40


တောင်ကြီးမြို့နှင့် ဆီဆိုင်မြို့တို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်ငယ်လှုပ်ခတ်ခဲ့
================

ယနေ့ ဇန်နဝါရီ ၉ ရက်ည ၆ နာရီ ၅၄ မိနသ်၊ ၁၈ စက္ကန့်က ဆီဆိုင်မြို့၏ မြောက်-အနောက် မြောက်ဘက်(၁၄)မိုင်ခန့်အကွာ၊ တောင်ကြီးမြို့ ၏ တောင်-အရှေ့တောင်ဘက်(၃၂)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၃၆)ဒီဂရီ၊ အရှေ့ လောင်ဂီတွဒ်(၉၇ ဒသမ ၂၁)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစ ကေး(၂ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်ငယ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ရွှေဘ

09 Jan, 12:05


ရွှေကြိုပြိုင်ပွဲဝင်များအား အခွင့်အရေးတစ်ရပ် ထပ်ပေး
-----------------------
၂၀၂၄ ခုနှစ်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ပြုလုပ်တဲ့ရွှေကြိုပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်မှာ အရွေးမခံရတဲ့ မောင်မယ်တွေကို ဖျော်ဖြေရေးကဏ္ဍအတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးက ပြန်လည်ခေါ်ယူ ပေးတာဟာ အခွင့်အရေးတစ်ရပ် ထပ်ပေးတာဖြစ်တယ်လို့ အနုပညာရှင်တချို့က ပြောပါတယ်။

ရွှေဘ

09 Jan, 10:19


(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပပြုလုပ်မည်
============
(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ(၁၃)ရက်၌ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ရွှေဘ

09 Jan, 09:38


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်းမှာ (၇၇)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၇ ရက်တိုင်တိုင် အစားအသောက်ဆိုင်တန်းများ၊ ဈေးဆိုင်တန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီး နေ့စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိတဲ့ မြင်ကွင်းပုံရိပ်များ...

ရွှေဘ

05 Jan, 15:50


ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသော Together Urban Force အမည်ခံအကြမ်းဖက်အဖွဲမှ တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရွှေဘ

05 Jan, 15:25


ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကားပြောကြားစဉ် ပြောကြားချက်များထဲမှ ကောက်နုတ်ချက်
=============================

ရွှေဘ

05 Jan, 15:24


ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားချက်များထဲမှ ကောက်နုတ်ချက်
=============================
မိမိတို့၏ ဘိုးဘေးအစဉ်အဆက် အသက်သွေးချွေးရင်းနှီးပေးဆပ်ပြီး လက်ဆင့်ကမ်းခဲ့သည့် လွတ်လပ်ရေးအမွေကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့်တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ လွတ်လပ်ရေး အစဉ်တည်တံ့အောင် ထိန်းသိမ်း
ကာကွယ်စောင့်ရှောက်ရုံသာမကဘဲ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၏ မျှော်မှန်းချက်များနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရေးကိုလည်းအားကြိုးမာန်တက်ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။

ရွှေဘ

05 Jan, 15:24


လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပြောကြား
=====
“ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားကြရန်” တိုက်တွန်းလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ထံမှ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို ပေးပိုသည့်သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြရန် အရေးကြီးကြောင်း၊ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆက်ခဲ့သော
မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှနေသည့် တရားသောစစ်အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာဝန်းရံပေးကြရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့တယ်လို သိရပါတယ်။

ရွှေဘ

05 Jan, 13:23


ဟာသအနုပညာရှင်တွေ ပါဝင်ဖျော်ဖြေခဲ့တဲ့ ဟုမ္မလင်းမြို့က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲတဲ့...လူစည်ချက်ကတော့ မြင်တဲ့အတိုင်းပဲနော်...

ရွှေဘ

05 Jan, 09:58


တရုတ်နိုင်ငံတွင် ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံနေ
..................
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုအပြီး ငါးနှစ်အကြာမှာ HMPV(Human metapneumovirus)လိုခေါ်တဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံနေပါတယ်။
အဆိုပါဗိုင်းရပ်စ်ဟာ အခုဆောင်းရာသီမှာ တရုတ်နိုင်ငံမြောက်ပိုင်းပြည်နယ်တွေတစ်လျှောက် အထူးသဖြင့် ကလေးငယ်တွေမှာ ဖြစ်ပွားမှုပိုများတာကို တွေ့ရတယ်လို တရုတ်မီဒီယာတွေကဖေါ်ြပကြပါတယ်။
HMPV ဟာ ချောင်းဆိုးတာ၊ နှာပိတ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်တာ၊ အဖျားကြီးတာတွေ အပါအဝင် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အလားတူ လက္ခဏာတွေဖြစ်စေတယ်လို သူက မှတ်ချက်ပြုပါတယ်။

ရွှေဘ

05 Jan, 09:52


တော်လှန်ရေးမလုပ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် အဖွဲ့အစည်းပိုင် လက်နက်/ခဲယမ်းတွေကို ရောင်းစားနေကြတာကြောင့် မရောင်းဖို့ မြိုင်ပကဖ က သတိပေးနေရပြီဆိုပဲ...နဂိုကတည်းက လက်ကြောမတင်းတဲ့ သူခိုး၊ ကြမ်းပိုး၊ အရက်သမား၊ လူလိမ်တွေဆိုတော့လည်း တော်လှန်ရေးလို့ခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးအတွက် ရသမျှလုပ်စားနေကြတာ မဆန်းပါဘူး...ခွက်ခေါက်သမျှ လှူပေးနေတဲ့ နီပိတ်တွေရှိနေသေးသရွေ့ကတော့ အဲဒီအကြမ်းဖက်တွေက လုပ်စားလို့ကောင်းနေဦးမှာပဲဖြစ်ပါတယ်...

ရွှေဘ

05 Jan, 09:24


NUG က လရှီးလကြီးကတော့ $ပေါကြီးလုံးလုံးကို ဖြစ်နေပြီ...သူကသာ NUG ဝံချီးတွေ ပြည်တွင်းပြန်လာကြဖို့ ထပ်တလဲလဲ ဖင်ကုန်းအော်နေပေမဲ့ တစ်ကောင်မှတောင် ပြန်မလာကြဘူး...ဘယ်လိုလုပ်ပြီး ပြန်လာချင်ကြမှာလဲ...ပြည်ပမှာ တော်လှန်ရေးခေါင်းစဉ်တပ် ပေါက်ကရတွေလျှောက်ပြောပြီး ခွက်ခေါက်လို့ရတဲ့ငွေတွေနဲ့ ဇိမ်ခံရတဲ့အရသာကို သိသွားကြပြီလေ...ပြီးတော့ ခွက်ခေါက်လို့ရတဲ့ပိုက်ဆံတွေကိုဘုံးပြီး ဝယ်ထားတဲ့ တိုက်တွေ၊ ခြံတွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေကိုထားခဲ့ပြီး ဘယ်သူကပြန်လာချင်မှာလဲ စဉ်းစားလေ...

ရွှေဘ

05 Jan, 09:13


တော်တော် $ခွက်ပြောင်တဲ့ NUG ပါလား...NUG မှာ ဒလန်ရှင်းလင်းရေးမူဝါဒ မရှိဘူးဆိုပဲ...မရှိလို့သာ တော်သေးတာပေါ့...ရှိများရှိလို့ကတော့ ရဟန်းရှင်လူပြည်သူတွေရဲ့ဘဝက တွေးတောင် မတွေးရဲစရာပါပဲ...NUG အနေနဲ့ ဒလန်ရှင်းလင်းရေးမူဝါဒ မရှိဘူးလို့ ဘယ်လိုပဲ ဖင်ပိတ်ငြင်းနေပါစေ PDF အကြမ်းဖက်တွေရဲ့ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အကြမ်းဖက်ဝါဒကြောင့် ဒလန်ခေါင်းစဉ်တပ်ပြီး လူမဆန်စွာ ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ ရဟန်းရှင်လူပြည်သူ ထောင်နဲ့ချီရှိခဲ့ပြီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်...

ရွှေဘ

05 Jan, 08:40


ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာကျင်းပခဲ့တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲသို့ လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားခဲ့တဲ့ မြင်ကွင်းပုံရိပ်များ...

ရွှေဘ

04 Jan, 09:27


အပျံမရဲ့ စိတ်ဓာတ်က ဘယ်လောက်ထိ အောက်တန်းကျတယ်ဆိုတာ အဲဒီမှာသာ ကြည့်ကြပေတော့... သူ့ဘာသာသူ စာရေးပြီး ထောင်ထဲက လူတွေကို မလွတ်နိုင်အောင် လုပ်ကြံနေပြန်ပြီ... သူကိုယ်တိုင်ကျတော့ ပြည်ပမှာ ခိုးငွေတွေနဲ့ စည်းစိမ်ရစ်နေတာ... နိုင်ငံတော်အကြီးအကဲက နေ့ထူးနေ့မြတ်တွေမှာ စေတနာထားပြီး ထောင်ကျ၊ အချုပ်ကျနေတဲ့သူတွေကို ပြစ်ဒဏ်လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်တွေပေးနေတာ... အဲဒါကို အပျံမက လုပ်ကြံစာတွေရေးပြီး လိုင်းပေါ်မှာ ဂျင်းထည့်နေတယ်ဆိုတော့ ထောင်ကျ၊ အချုပ်ကျနေတဲ့သူတွေကို မလွတ်စေချင်ဘူးဆိုတဲ့ အတွင်းစိတ်က အထင်းသားပေါ်လွင်နေတာပဲ....

ရွှေဘ

04 Jan, 08:38


ယနေ့ ကျရောက်တဲ့ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအား စည်ကားပျော်ရွှင်စွာ ကျင်းပပြုလုပ်နေတဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ရပါတယ်...

ရွှေဘ

04 Jan, 08:16


နေမျိုးဇင် ဆိုတဲ့ ခွေးသူတောင်းစားက အချိန်ပြည့် ဟောင်ပေးဖို့ပဲ စိတ်ကူးနေတယ်ဆိုတော့ အခုရက်ပိုင်းအတွင်း အရိုးတွေများများရတယ်ထင်တယ်... ကိုယ့်နိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့နေမှာ ပြည်သူတွေ ပျော်ရွှင်နေတာကို မနာလိုဖြစ်ပြီး ဂျေဝင်နေတာလား... ဒါမှမဟုတ် ဟောင်နေမှ အရိုးကျွေးမယ်ဆိုတဲ့ ပထွေးတွေအကြိုက် လိုက်ဟောင်ပေးနေတာလား... အခုအချိန်မှာ မင်းဘယ်လိုပဲ ဟောင်ပေးဟောင်ပေး မင်းဆိုတဲ့ကောင်က အချိန်တန်ရင် အဆိပ်ကျွေးပြီး အသတ်ခံရမယ့် ခွေးလေခွေးလွင့်ပဲဆိုတာ မမေ့နဲ့ဦး....

ရွှေဘ

04 Jan, 07:25


အကြမ်းဖက်သောင်းကျန်းသူတွေ ကင်းစင်တဲ့ တောင်ကြီးမြို့မှာတော့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်... အကြမ်းဖက်သမားတွေမရှိတဲ့နေရာက ပြည်သူတွေကတော့ နေ့စဉ် စိတ်ချမ်းမြေ့ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်နေရမှာ အမှန်ပါပဲ...

ရွှေဘ

04 Jan, 07:13


အကြမ်းဖက်သောင်းကျန်းသူ KIA သူပုန်တွေနဲ့ အကြမ်းဖက် PDF တွေရဲ့ စစ်မီးမွှေးမှုကြောင့် အရင်ကအေးအေးချမ်းချမ်း သာသာယာယာရှိခဲ့တဲ့ ဗန်းမော်မြို့လေးကတော့ မြို့ပျက်ကြီးအလား ဖြစ်သွားရပြီပဲ ဖြစ်ပါတယ်... ဒေသခံပြည်သူတွေရဲ့ အနှစ်နှစ် အလလ စုဆောင်းထားသမျှတွေလည်း အကြမ်းဖက်သောင်းကျန်းသူတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပြီး တိုက်ပွဲရှောင်ရင်း အိုးမဲ့အိမ်မဲ့ဘဝကို ရောက်ခဲ့ကြရပါပြီ... ကိုယ့်လူမျိုး ကိုယ့်ဒေသကို မကာကွယ်တဲ့အပြင် ခေါင်းစဉ်မျိုးစုံတပ်ပြီး မြို့ရွာတွေထဲကို ဝင်ရောက်ကာ စစ်မီးမွှေးနေတဲ့ KIA ရဲ့ လုပ်ရပ်တွေကတော့ မေးခွန်းထုတ်စရာပါပဲ.... ဒီလိုမျိုး အကြမ်းဖက်ကောင်တွေ ရှိနေသရွေ့တော့ ပြည်သူတွေရဲ့ဘဝက ဒုက္ခပင်လယ်ထဲ ဖြတ်ကူးနေရသလို ဖြစ်နေဦးမှာ အမှန်ပါပဲ...

ရွှေဘ

29 Nov, 13:35


NUG အကြမ်းဖက်အဖွဲ့က ဝရမ်းပြေးတွေနဲ့ ပန်ဆယ်လိုတို့လို ခွက်ခေါက်လုပ်စားတွေဟာ မကြာခင်မှာ လမ်းဘေးကခွေးဝဲစားဘဝရောက်တော့မှာမို့ ရှေ့လျှောက်ဘယ်လို ခွင်ဖန်လုပ်စားကြရင်ကောင်းမလဲဆိုပြီး ကြံစည်နေကြတယ်ဆိုပဲ...

ရွှေဘ

29 Nov, 10:35


PDF အကြမ်းဖက်ရဲ့ အစ်မဖြစ်သူကို ဖမ်းခေါ်သွားပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တဲ့ KNDO အကြမ်းဖက်အဖွဲ့က မုဒိမ်းကောင် အသတ်ခံရတာတောင် နည်းသေးတယ်လို့ ပြောရမယ်...ဒင်းတို့အကြမ်းဖက်တွေဆိုသည်မှာလည်း လက်ထဲသေနတ်ကလေးလည်း ရလာရော ပြည်သူကို ဆက်ကြေးကောက်လိုက်၊ ဓားပြတိုက်လိုက်၊ မုဒိမ်းကျင့်လိုက်၊ အချင်းချင်းပြန်သတ်လိုက်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေကြတော့တာပါလား...

ရွှေဘ

29 Nov, 10:10


ပထွေး AA နဲ့ပေါင်းပြီး ကန်ပက်လက်က ကိုယ့်လူမျိုးတွေကို ဆက်ကြေးကောက်၊ ဓားပြတိုက်၊ လူသစ်စု၊ ခြိမ်းခြောက်ပြီး နေရာတကာ တားဆီးပိတ်ပင်နေတဲ့ အမျိုးယုတ် CDF ကန်ပက်လက်အကြမ်းဖက်အဖွဲ့ကို ဒေသခံတွေက ဆန္ဒပြနေကြတာတဲ့...ဆန္ဒပြရုံလောက်နဲ့မရဘူး...ပထွေး AA နဲ့ပေါင်းပြီး ကိုယ့်လူမျိုးအချင်းချင်း အနိုင်ကျင့်နှိပ်စက်နေတဲ့ CDF ကန်ပက်လက်အကြမ်းဖက်အဖွဲ့ ချင်းမြေပေါ်ကနေ မောင်းထုတ်သင့်တာ...

ရွှေဘ

29 Nov, 09:43


ဘာတွေလားတော့ မသိဘူး
ချင်းရွှေဟော်မှာတဲ့ MNDAA အကြမ်းဖက်အဖွဲ က သူတိုအလံဖြုတ်ချပြီး နိုင်ငံတော်အလံ ပြန်လွှင့်ထူနေလေရဲ့။
ဘုရားစေတီတွေ ဖြိုဖျက်၊ နိုင်ငံတော်အလံကို ခွေးပတ်ပေးခဲ့တဲ့ ကောင်တွေ အခုတမျိုး တော်ကြာတမျိုး၊
အကြောင်း၊ အကျိုးကို နားမလည် ဆင်ခြင်တုံတရား ခေါင်းပါးသူတွေမှာ အခုလို ဖြစ်တတ်ပါတယ်။

ရွှေဘ

29 Nov, 09:33


နိုဝင်ဘာလ ၂၈ ရက်နေ့က မောင်တောနဲ့ နတ်မြစ်ကမ်းတစ်လျှောက်က AA အကြမ်းဖက်တွေ ခိုအောင်းနေတဲ့ နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲချေမှုန်းခံခဲ့ရတာကြောင့် AA အကြမ်းဖက် ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်...ဒီလိုမျိုး မကြာခဏဗုံးကြဲခံနေရပြီး ထိခိုက်သေဆုံးမှုများနေတာကြောင့် အောက်ခြေက AA အကြမ်းဖက်သမားတွေဟာ စိတ်ဓာတ်ကျပြီး ထွက်ပြေးနေကြတယ်လို့လည်း သိရပါတယ်...ဘယ်လိုပဲဖြစ်နေပါစေ AA အကြမ်းဖက်တွေခိုအောင်းနေတဲ့ နေရာအတိအကျကို သတင်းပေးခဲ့တဲ့ ရခိုင်လူမျိုးတွေကိုတော့ ကျေးဇူးတင်မိတာ အမှန်ပါပဲ...

ရွှေဘ

29 Nov, 09:18


NUG အကြမ်းဖက်အဖွဲ့ဆီက ငွေတိုက်စာချုပ်ဝယ်ထားတဲ့သူတွေက သတ်မှတ်ထားတဲ့နှစ်ပြည့်သွားပြီဖြစ်လို့ အမြတ်မပေးချင်နေပါ...အရင်းလေးတော့ ပြန်ပေးပါလို့ တောင်းတာကို တပ်ဆီကို သတင်းပေးလိုက်ရမလားဆိုပြီး ခြိမ်းခြောက်ခံနေရတယ်ဆိုပဲ...သုံးလို့ဖြုန်းလို့ ကုန်သွားပြီဖြစ်လို့ ပြန်မပေးနိုင်တော့လို့ ဒီလိုမျိုး ခြိမ်းခြောက်နေတာဖြစ်ပါတယ်...ဒီပုံစံအတိုင်းဆိုရင် NUG ကို ငွေကြေးထောက်ပံ့နေတဲ့သူတွေလည်း သတိသာထားနေကြပေတော့...

ရွှေဘ

29 Nov, 08:43


တဏှာရူး PDF အကြမ်းဖက်ကောင်က သစ္စာဖောက်လောက်ကောင်မကို Sex Chat ကာ ဓာတ်ပုံတွေဖြန့်မယ်ဆိုပြီး ခြိန်းခြောက်ခဲ့လို့ ပြဿနာတွေ တက်နေကြတယ်ဆိုပဲ...ဒါ့အပြင် တခြားအမျိုးသမီးတွေကိုလည်း မဖွယ်မရာပုံတွေ ပေးပို့ခြင်း၊ တောင်းခံခြင်းတွေပြုလုပ်ခဲ့ပြီး တောင်းတဲ့ပုံမပေးရင် ခြိမ်းခြောက်တာတွေပါလုပ်တယ်တဲ့...ဘယ်လောက် တောင် မိုက်ရိုင်းအောက်တန်းကျလိုက်သလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့...

ရွှေဘ

29 Nov, 08:15


အချင်းချင်းကတောင် ပြောနေကြပြီနော်...NUG အကြမ်းဖက်အဖွဲ့ရဲ့ ငွေတိုက်စာချုပ်ဆိုတာ အလိမ်အညာဂျင်းကြီးပါတဲ့...တကယ်လည်း ဟုတ်နေတာပဲ...NUG ရဲ့ ငွေတိုက်စာချုပ်ဝယ်ခဲ့တဲ့သူတွေ ဆုံးပြီလို့သာမှတ်လိုက်တော့...နီပိတ်တွေကိုသာ ငွေတိုက်စာချုပ်ဖိုးပြန်ထုတ်မပေးတာနော်...NUG က ဝံချီးဆိုတဲ့ ဝရမ်းပြေးတွေကတော့ ပြည်ပနိုင်ငံတွေမှာ ဘာအလုပ်မှမလုပ်ဘဲ ငွေတိုက်စာချုပ်ရောင်းရငွေတွေ၊ ခွက်ခေါက်လို့ရတဲ့ငွေတွေနဲ့ လစာယူ ဇိမ်ခံနေကြတယ်ဆိုပဲ...ပြီးတော့ အောက်ခြေက NUG ဩဇာခံ ပသုံးလုံးအကြမ်းဖက်တွေကလည်း လက်နက်အားကိုးနဲ့ ပြည်သူတွေကို ဆက်ကြေးကောက်၊ ဓားပြတိုက်ပြီး အနိုင်ကျင့်နှိပ်စက်နေကြသလို အချင်းချင်းလည်း ပြန်ကိုက်နေကြတယ်တဲ့...သူ့အရပ်နဲ့သူ့ဇာတ်ကတော့ ဟုတ်နေရောပဲ...

ရွှေဘ

29 Nov, 06:13


၂၄နာရီအတွင်း ချင်းပြည်နယ်
ဟားခါး ထန်တလန် ဖလမ်းမြို့တွေမှာမိုးရွာနိုင်ပါတယ်
ISSUED TIME
29/11/2024 12:20pm(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

ရွှေဘ

29 Nov, 06:00


ဒီလိုမျိုး အသံထွက်လာပုံထောက်ရင် KNLA ပူးပေါင်းအကြမ်းဖက်အဖွဲ့က အကြမ်းဖက်သမားတွေ ထိခိုက်သေဆုံးမှုအရမ်းများနေလို့ သွေးပျက်နေကြပုံပဲ...ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့ကွာ...ရှေ့လျှောက်လည်း ဒီထက်ပြင်းထန်တဲ့ ဒရုန်းစစ်ဆင်ရေးတွေနဲ့ ချေမှုန်းဦးမှာမို့ ဒင်းတို့အကြမ်းဖက်သမားတွေ ခွေးသေ ဝက်သေ အသေဆိုးနဲ့သေဖို့သာ ပြင်ထားကြပေတော့...

ရွှေဘ

29 Nov, 05:47


NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ကိုင်တုတ် ပကဖ/ပလဖ/ပအဖ/PDF အကြမ်းဖက်တွေဆိုတာ သခင်ကို သခင်မှန်းမသိဘဲ ကျွေးတဲ့လက်ကို ပြန်ကိုက်တတ်တဲ့ ခွေးရူးတွေဆိုတာ သိကြပြီမို့လား...ဖျက်သိမ်းခံ NLD အမတ်ပြုတ် ဝရမ်းပြေးတွေကို အဲဒီအကြမ်းဖက်ခွေးရူးတွေက ဖမ်းဆီး ဒူးထောက်ခိုင်းပြီး တရားခံလို စစ်ဆေးတယ်ဆိုပဲ...ပကဖ/ပလဖ/ပအဖ/PDF အကြမ်းဖက်ခွေးရူးတွေကို ထပ်ပြီးကျွေးမွေးနေကြဦးမယ်ဆိုရင်တော့ အကိုက်ခံရဖို့ပဲရှိတယ်ဆိုတာ သိထားကြပါ...

ရွှေဘ

29 Nov, 05:28


တပ်မတော်ချစ်မြတ်နိုးသူ ရဟန်းရှင်လူပြည်သူများသို့ ဖိတ်ကြားလွှာ
===========

၂၀၁၄ ခုနှစ်က စတင်ပြီး နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ကျင်းပခဲ့တဲ့ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းစစ်သည်တွေကို အမှတ်တရအလေးပြုကြတဲ့ပွဲ၊ အမှတ်တရပန်းစည်းတွေ၊ ပန်းခြင်းတွေနဲ့ ဂုဏ်ပြုကြတဲ့ပွဲ၊ ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူငှက်တွေလွှတ်ပေးကြတဲ့ပွဲကို (၁၁)အကြိမ်မြောက်အဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်(တနင်္ဂနွေနေ့) မနက် ၉ နာရီမှာ နေပြည်တော်ရှိ သူရဲကောင်းဗိမာန်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် တပ်မတော်ချစ်မြတ်နိုးသူ ရဟန်းရှင်လူပြည်သူများအနေနဲ့ အစဉ်အလာမပျက် လာရောက်ဂါရဝပြုနိုင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်...

ရွှေဘ

29 Nov, 04:58


AA အကြမ်းဖက်အဖွဲ့က တောင်ကုတ်မြို့က ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေပြီး ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ သယ်ယူကာ မော်တော်ဘုတ်တွေနဲ့ ရွှေ့ပြောင်းနေကြတယ်ဆိုပဲ...အဲဒီလိုမျိုး ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူနေကြတဲ့ AA အကြမ်းဖက်အဖွဲ့ကို ဒေသခံပြည်သူတွေကလည်း ရွံ့ရှာမုန်းတီးနေကြတယ်တဲ့...နိုင်ငံနဲ့ ပြည်သူတွေကို ကောင်းကျိုးမပေးတဲ့ AA အကြမ်းဖက်တွေ အမြန်ဆုံးကျရှုံးပါစေ...

ရွှေဘ

29 Nov, 03:56


❗️❗️❗️❗️❗️❗️❗️

ICC ဆိုပြီး ပြောလိုက်တာနဲ့ ICJ နဲ့ မှားလေ့မှားထရှိပါတယ်။ တကယ်တမ်းတော့ ICC ဆိုတာ ၂၀၀၂ ခုနှစ်မှာ ရောမစာချုပ်နဲ့ စတင်ဖွဲစည်းခဲ့တဲ့ အဖွဲအစည်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက နိုင်ငံပေါင်း ၆၀ ထောက်ခံရင်ဖွဲစည်းခွင့်ရမယ်ဆိုပြီး မဲဆန္ဒကောက်ယူဖွဲစည်းခဲ့ရာမှ စတင်ပေါ်ပေါက်လာခဲ့ပြီး ထိပ်ဆုံးက ကန့်ကွက်ခဲ့တဲ့ နိုင်ငံကြီးများကတော့ အမေရိကန်၊ တရုတ်၊ အီရတ်၊ လစ်ဗျား စတဲ့ နိုင်ငံတွေ ပါပါတယ်(ဒါဟာငြင်းမရတဲ့ အမှန်တရား)။
-
ICC အနေနဲ့ တရားစွဲဆိုခြင်းဆိုင်ရာလမ်းကြောင်းကို လေ့လာကြည့်တဲ့အခါမှာတော့ ICC မှတဆင့် တရားစွဲဆိုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်ပြမယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အိုင်စီစီရဲ့ တင်ပြဆွဲဆိုချက်ကို ကြားနာမယ်။ ကြားနာပြီးရင် အနည်းဆုံး ၁၅ နိုင်ငံထောက်ခံမှသာ ဒီစွပ်စွဲချက်သည်အတည်ဖြစ်ပါမယ်။
-
ချွင်းချက်အနေနှင့် ဗီတိုအာဏာ အသုံးပြုခွင့်ရှိတဲ့ နိုင်ငံကြီးများထဲမှ တစ်နိုင်ငံမှ (ဥပမာ-တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ) ဗီတိုအာဏာသုံး ပယ်ချခဲ့ရင် ဒီစွပ်စွဲချက်သည် ပစ်စာသာသာဖြစ်သွားမယ်။ ICC စွပ်စွဲချက်များသည် ခုချိန်ထိ သက်ဝင်လှုပ်ရှား အရေးယူခံရသူတစ်ဦးတစ်ယောက်မှမရှိပါ။
-
လေ့လာတွေ့ရှိရသလောက်ကတော့ ICC သည် သာမန်မျှသာ ဖြစ်ပြီး မည်သည့်နိုင်ငံ့ခေါင်းဆောင်များကိုမှ အရေးယူနိုင်ခြင်းမရှိခဲ့ဘဲ ပေါ်ပင်တစ်ခုနှင့် မိုတီအတုဖန်တီးနိုင်ရုံမျှလောက်သာဖြစ်ပါတယ်။

KT

ရွှေဘ

29 Nov, 00:47


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၉-၁၁-၂၀၂၄ ရက်နေ့ နံနက်(၀၆:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကိုသိရှိနိုင်ပါရန် ဖော်ပြလိုက်ပါတယ်…….

ရွှေဘ

29 Nov, 00:37


အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၂/၂၀၂၄)
==================================
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်

ရွှေဘ

29 Nov, 00:36


အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၁၂/၂၀၂၄)
==================================
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်
----------------------------------------------------------------------
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက် တောင်ဘက် ရေမိုင် ၆၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့ တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ မိုင်နှုန်းခန့် ဖြစ်ပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။
(ခ) ခန့်မှန်းချက်
(၁) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ ၃၀-၁၁-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ အားလျော့သွားနိုင်ကာ၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း- ပူဒူချယ်ရီကမ်းခြေ တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၂) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ ၃၀-၁၁-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

ရွှေဘ

28 Nov, 23:10


မင်္ဂလာ နံနက်ခင်းပါ🙏🙏🙏
သတ္တဝါများစွာ
ဘေးရန်ကွာ
ချမ်းသာကြပါစေ…🙏🙏🙏
မေတ္တာရေချမ်း
သွန်းကာဖြန်း
ငြိမ်းချမ်းကြပါစေ🙏🙏🙏
သက်ရှည်ကျန်းမာ
စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ….🙏🙏🙏
ကပ်ကြီး ၃ ပါးကို ကျော်လွှားနိုင်ကြပါစေ🙏🙏🙏

ရွှေဘ

13 Nov, 12:55


နေပြည်တော် တန်ဆောင်တိုင် ဖွင့်ပွဲ မြင်ကွင်း

ရွှေဘ

13 Nov, 12:23


သတင်းအဆက် (မောင်တော)

နိုဝင်ဘာ ၁၃ ရက် (ယနေ့) မနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နခခ (၅) အနီးသို အကြမ်းဖက် AA အဖွဲ ၅၀ ဦးခန့် ချဉ်းကပ်လာသဖြင့် လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူများ ယူ၍ ပြန်လည်တိုက်ခိုက်သဖြင့် ရန်သူ ထွက်ပြေးသွားခဲ့။ ရန်သူချဉ်းကပ်လာတဲ့နေရာအား အသေးစိတ် နယ်မြေရှင်းလင်းရာ Drone/ လက်နက်ကြီး တိုက်ရိုက်ထိမှန်မှုကြောင့် မြေပြင်နှင့် သစ်ပင်တွင် အသားစများ/ သွေးခဲများအဖြစ်သာ ကျန်ရစ်ခဲ့သည့် အရာများ (၆ လောင်းခန့်) တွေ့ရှိရပြီး လက်နက်မျိုးစုံ ၁၀ လက် ရရှိခဲ့ပါသည်။ (ပ) Post

-
နေ့လည်ပိုင်းတွင် ဆက်လက်နယ်မြေရှင်းလင်းရာ ခြုံများ၊ ရေချောင်းများတွင် သေဆုံးနေသည့် အကြမ်းဖက် AA အလောင်း ၃ လောင်းအား ထပ်မံတွေ့ရှိခဲ့ပါသည်။
-
ထိုကြောင့် နခခ(၅)အနေဖြင့် နို ၁၃ ရက် (ယနေ့) တစ်ရက်တည်းတွင် ပုံပျက်နေတဲ့အလောင်း ၆ လောင်း အပါအဝင် AA အလောင်း (၉)လောင်း၊ လက်နက်မျိုးစုံ (၁၀)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါကြောင်း ဖော်ပြလိုက်ပါသည်။
-
Congratulations ပါ မောင်တောမှ တပ်မတော်သားများနှင့် ရဲတပ်ဖွဲဝင်များ။

ရွှေဘ

13 Nov, 12:20


အမေရိကန် လေယာဉ်တင် သင်္ဘောအုပ်စုကို ဟူသီသူပုန်တွေက Missile Attack လုပ်တယ်လို လိုင်းပေါ်မှာ တက်နေတယ်။
-
ဟုတ်/ မဟုတ်တော့ မသိပါ။

ရွှေဘ

13 Nov, 11:08


တိုက်ပွဲသတင်း (မောင်တော)

နိုဝင်ဘာ ၁၃ ရက် (ယနေ့) မနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နခခ (၅) အနီးသို အကြမ်းဖက် AA အဖွဲ ၅၀ ဦးခန့် ချဉ်းကပ်လာသဖြင့် လက်နက်ကြီးပစ်ကူ၊ Drone ပစ်ကူများ ယူ၍ ပြန်လည်တိုက်ခိုက်သဖြင့် ရန်သူ ထွက်ပြေးသွားခဲ့။ ရန်သူချဉ်းကပ်လာတဲ့နေရာအား အသေးစိတ် နယ်မြေရှင်းလင်းရာ Drone/ လက်နက်ကြီး တိုက်ရိုက်ထိမှန်မှုကြောင့် မြေပြင်နှင့် သစ်ပင်တွင် အသားစများ/ သွေးခဲများအဖြစ်သာ ကျန်ရစ်ခဲ့သည့် အရာများ (၆ လောင်းခန့်) တွေ့ရှိရပြီး -
(၁) RPG ၂ လက်
(၂) M-22 သေနတ် ၂ လက်
(၃) Type-81 သေနတ် ၃ လက်
(၄) BA-72 သေနတ် ၁ လက်
(၅) MA-2 သေနတ် ၂ လက်
===
ပေါင်း (၁၀)လက်နှင့်
(၆) ကျည်အိမ် ၁၂ ခု၊ ကျည် ၁၀၀၀ ကျော်
(၇) လက်ပစ်ဗုံး ၅ လုံး
(၈) ဆက်သွယ်ရေးစက် ၁ လုံး
တိုအား သိမ်းဆည်းရရှိခဲ့ပါသည်။

ရွှေဘ

13 Nov, 10:40


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာရှိတဲ့ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာသူတွေ နေ့စဉ်ပုံမှန်လာရောက်ဖူးမြော်လျက်ရှိပြီး အောက်တိုဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူး ၇၆၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ကာ နယ်မြေတည်ငြိမ်အေးချမ်းလျက်ရှိတယ်လို့ သိရပါတယ်...

ရွှေဘ

13 Nov, 10:24


အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့ သင်တန်းများ အားလုံးနှင့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို နိုဝင်ဘာ (၂၁)ရက်မှ စတင် ဖွင့်လှစ်သွားမည်

ရွှေဘ

13 Nov, 10:18


KNU ဗဟိုအကြံပေး စောထို လက်နက်ကြီးမှန်ပြီးသေဆုံး
**********

ကရင်ပြည်နယ် ကော့ကရိတ်မြိုနယ် တောင်ပိုင်းရှိ ကရင့်လက်နက်ကိုင်သောင်းကျန်းသူ KNU နှင့် အကြမ်းဖက် PDF များစုဝေးနေသည့်နေရာအား လက်နက်ကြီးကျည်​ကျရောက်ပေါက်ကွဲသဖြင့် KNU ဗဟိုအကြံပေး စောထိုဆိုသူသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် KNU ဗဟိုအကြံ​ပေးအဆင့်ရှိ စောထိုမှာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူး၏ ဆရာဖြစ်ကြောင်းလည်း သိရသည်။

“ဒီနေ့ မနက်ပိုင်းကကလည်း ပစ်သံများကြားနေရတယ်”ကော့ကရိတ်ဒေသခံတစ်ဦးကပြောသည်။

အောက်တိုဘာလ ၁၂ နေ့ ည ၉ နာရီ ၃၅ အချိန်ခန့်က ကော့ကရိတ် နယ်မြေခံတပ်မှ အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုရာ ကော့ကရိတ်တောင်ပိုင်း အပေါ်ဘက်သို လက်နက်ကြီးများပစ်ချခဲ့ရာမှ ၎င်းအပါအဝင် တပ်ဖွဲဝင်များသေဆုံးခဲ့ပြီး တပ်ဖွဲဝင်များအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေဘ

13 Nov, 10:16


NUG အကြမ်းဖက်အဖွဲ့က ဝရမ်းပြေးတွေအားလုံးက သူခိုးတွေပါလို့ အစကတည်းက ပြောသားပဲ...ပြောရမယ်ဆိုရင် အဲဒီ ဝရမ်းပြေးသူခိုးတွေက ဘယ်လောက်ထောက်ပံ့လိုက်ပါတယ်...ဘာညာနဲ့ လူကြားကောင်းအောင် လျှောက်ပြောပြီး စားရင်းဖျောက် လုပ်စားနေကြတာ...လှူတဲ့သူတွေရှိနေသေးသရွေ့ကတော့ NUG အကြမ်းဖက်အဖွဲ့က ဝရမ်းပြေးသူခိုးတွေက ရှေ့လျှောက်လည်း ခိုးနေ ဘုံးနေ လုပ်စားနေဦးမှာပါပဲ...

ရွှေဘ

13 Nov, 09:55


မမနုကြည်နော်.
သိပ်မပြောချင်ဘူး.
ဒီလောက်ပဲပြောတော့မယ်.

ရွှေဘ

05 Nov, 18:06


နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြိုနယ်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် Fixed Wing များအားလုံး ဟန့်တားနိုင်ခဲ့

ရွှေဘ

05 Nov, 15:03


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေး

ရွှေဘ

05 Nov, 15:02


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ယူနန် အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ် နှင့် ကူမင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို သွားရောက်လေ့လာကြည့်ရှု

ရွှေဘ

26 Oct, 05:24


အပြစ်မဲ့ ကျောင်းဆရာမ လေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်
ခဲ့သော တမူး အစွန်းရောက်စစ်သွေးကြွ
ပဒက် တို ကံကြမ္မာအလှည့်အပြောင်းမှာ
ငရဲ ပြည်ကို သွားရပုံ။

ကံဆိုသည်မှာ အလုပ်
မိမိ လုပ်သမျှသည် မိမိ ခံကြရမြဲ။

ရွှေဘ

26 Oct, 05:22


ပဲခူးမြိုတွင် မဟာတန်ဆောင်တိုင်ပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲမှ ဦးဆောင်၍ လူဦးရေ (၁၅၀၀၀)အား စတုဒိသာကျွေးမွေးခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် မီးပုံးပျံလွှတ်ပွဲ၊ MSMEs ဈေးရောင်းပွဲတော်များ၊ ဖျော်ဖြေရေးယာဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ထိုပြင်ဘာသာရေးနှင့် ပတ်သက်၍ တန်ဆောင်တိုင်ကာလ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများ၊ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အခြားသော အလှူအတန်းပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးမည်ကြောင်း သိရပါတယ်။

ရွှေဘ

26 Oct, 05:15


ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
---------------------------------------------------
(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
============================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အနောက် အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
==========================================
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ မြောက်(သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။
လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။
လှိုင်းအမြင့်။ ၇ ပေမှ ၉ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
=============================================
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၄၀။
လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။
လှိုင်းအမြင့်။ ၉ ပေမှ ၁၂ ပေခန့်။

ရွှေဘ

26 Oct, 02:49


အင်းစိန်၊ မင်္ဂလာဒုံနှင့် မရမ်းကုန်းမြို့နယ် ရပ်ကွက်နေရာအချို့တွင် အောက်တိုဘာ(၂၇)ရက်၊ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီထိ ယာယီ ဓာတ်အားပြတ်တောက်မည်
===========================
66kV ရွာမ-စိန်ပန်းမြိုင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည် ဖြစ်သောကြောင့် အောက်တိုဘာ(၂၇)ရက်၊ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီ အချိန်ထိ အင်းစိန်၊ မင်္ဂလာဒုံနှင့် မရမ်းကုန်းမြို့နယ် ရပ်ကွက်နေရာအချို့တွင် ယာယီ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်သည်။

ရွှေဘ

26 Oct, 02:26


မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Best Team Leader ဆုရရှိ
====================
မလေးရှားနိုင်ငံတွင် (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ Best Team Leader ဆုအား ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ရွှေဘ

26 Oct, 01:46


ညီငယ် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများရဲ့ ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်းအနား

ရွှေဘ

26 Oct, 00:33


2024 China Sepaktakraw Open of Mekong- Lancang Cooperation ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ (မြန်မာ)လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းဟာ ဒီနေ့ (၂၅.၁၀.၂၀၂၄) မှာတော့ ပွဲစဉ် (၅) ခု ယှဉ်ပြိုင်ကစားသွားဖို့ရှိပါတယ်။
📌မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက မနက် (၈) မှာ ကမ္ဘောဒီးယားလက်ရွေးစင် အမျိုးသမီး အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပြီး
📌 မနက် ၉ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းဟာ ထိုင်းလက်ရွေးစင် အမျိုးသားအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။
📌နေ့လည် ၁၂ခွဲ မှာတော့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ဗီယက်နမ် လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ Quadrant Event ကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်သလို
📌 နေ့လည် ၂နာရီခွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းကလည်း ဗီယက်နမ် လက်ရွေးစင် အမျိုးသားအသင်းနဲ့ Quadrant Event ကို ယှဉ်ပြိုင်ကစားသွားရမှာပဲဖြစ်ပါတယ်။
📌နေ့လည် ၃နာရီခွဲ မှာတော့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက လာအိုလက်ရွေးစင် အမျိုးသမီးအသင်းနဲ့ Quadrant Event ကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
မြန်မာအသင်းယှဉ်ပြိုင်သွားမယ့် ပွဲစဉ်အကုန်လုံးကို Myanmar Sepaktakraw Federation Facebook Page မှာ တိုက်ရိုက် Live လွှင့်ပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ရွှေဘ

26 Oct, 00:23


ထရာမီရဲ့ Low pressure cell
၂၀၂၄ အောက်တိုဘာလ ၂၇ရက်နေ့မှ ၃၀ရက်နေ့အတွင်း တောင်တရုတ်ပင်လယ်ပြင်မှ ထရာမီရဲ့ Low pressure cell များသည် ထိုင်းပင်လယ်ကွေ့မှ့တဆင့်
အန်ဒမန်ပင်လယ်ခေါ် ကပ္ပလီပင်လယ်ပြင်ကိုသွားရောက်မှာဖြစ်လို့ အဆိုပါရက်တွေမှာ တနင်္သာရီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့ဒေသတွေမှာ မိုးတွေရွာနိုင်ပါတယ်
ISSUED TIME
26/10/2024 5:57am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

ရွှေဘ

26 Oct, 00:23


မင်္ဂလာနံနက်ခင်းပါ

လုံးစုံများစွာ သတ္တဝါ ဘေးရန်ကင်းကာစိတ်ချမ်းသာ ကျန်းမာကြပါစေ

မေတ္တာရေချမ်းသွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ

သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ

ရွှေဘ

25 Oct, 16:52


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၆)မှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား