ဖေဖော်ဝါရီလ ၂၀ ရက်။
ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းလူမျိုးများနေထိုင်ရာ မြန်မာပြည်တွင်းနဲ့ပြည်ပနေရာအသီးသီးမှာ ကျင်းပနေကြတာဖြစ်ပြီး ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ် The City Church မှာ ဒီကနေ့ မနက် ၁၀ နာရီမှာစတင်ကျင်းပခဲ့တဲ့ချင်းအမျိုးသားနေ့အခမ်းအနားကို လူထု ၂၀၀၀ ခန့်တက်ရောက်ခဲ့ကြောင်း ၊ဒီနှစ်အခမ်းအနားဟာ ရန်ကုန်မြို့မှာ ချင်းပြည်သူလူထု လူဦးရေအများဆုံးပြန်ပါဝင်လာတဲ့ချင်းအမျိုးသားနေ့အခမ်းအနားဖြစ်ကြောင်းအခမ်းအနားတက်ရောက်သူတွေဆီကသိရပါတယ်။
ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ့ချင်းအမျိုးသားနေ့အခမ်းအနားမှာပညာရေး၊ အားကစား၊ အနုပညာ နှင့် ကဏ္ဍ အသီးသီး မှ ထူးချွန်သူ ချင်း အမျိုးသား၊ အမျိုးသမီး (၁၄) ဦးကို ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။