☯Ⓡⓔⓐⓛ〰Ⓝⓔⓦⓢ☯ @realnewsmyanmar2023 Channel on Telegram

ⓇⓔⓐⓛⓃⓔⓦⓢ

@realnewsmyanmar2023


မင်းကြိုးစားပေမယ့်
မအောင်မြင်ခဲ့ဘူးပေါ့
ဂုဏ်ယူပါတယ်!

လူအများစုက
ကြိုးစားတောင်မကြည့်ကြပါဘူး

https://www.facebook.com/profile.php?id=61552060349363&mibextid=ZbWKwL

☯ⓇⓔⓐⓛⓃⓔⓦⓢ☯ (Burmese)

မင်းကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးပေါ့ ဂုဏ်ယူပါတယ်! လူအများစုက ကြိုးစားတောင်မကြည့်ကြပါဘူး။ ဤ Telegram channel သည် realnews နှင့် နောက်ဆုံးအသင်းအဖွဲ့မှ အခမ်းအနားလူမျိုး၏ ပေါ်အောင် အဆင့်မြှင့်သော နေ့စဉ်များ၊ စွမ်းအင်လိုက်သော သတင်းများ၊ ဘာသာစကား လူမှုအား နှင့်ပတ်သက်သော အလုပ်များစဉ်အတွက် ဖည့်စွက်ပါရန်။ သို့မဟုတ် ပုံသုံးယူလှပါက realnewsmyanmar2023 မှာ အကယ်၍ ာအတွေ့အကြု စားပွဲတွင် ရှမ်းလိုက်နိုင်သည်။ ပြည့်တင်းလှပါဇော်အင်အိုဘာသာစကားအပေါ်မူ့ကြောင်း မပြသပေးပါသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

05 Feb, 04:44


ကြိုးပမ်းပေးနေသည်။

သို့သော် တော်လှန်ရေး တပ်ပေါင်းစုက လက်ခံနိုင်မည့် အပြောင်းအလဲ ဖြစ်မလာနိုင်လျှင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်မည့် အာဆီယံ၏ အဓိက အခန်းကဏ္ဍသည် ဝန်ပိခံထားရသလို ဖြစ်လာပေမည်။

လက်ရှိ အနေအထားများအရဆိုက မြန်မာအခြေအနေသည် ယခုနှစ်တွင် ထင်သာမြင်သာ အဆုံးသတ် နိုင်မည့် အလားအလာများ တွေ့နေရပြီ ဖြစ်သည်။

ထိုင်းအစိုးရမှ မြန်မာဖက်ခြမ်းရှိ ဒေသအချို့ကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပစ်တော့မည်ဟု ဒုတိယ ဝန်ကြီးချုပ်မှ သတင်းထောက်များကို အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

ⓇⓔⓐⓛⓃⓔⓦⓢ

05 Feb, 04:44


သတင်းမှန် ဖိုးစီ:
သိထားသင့်သည့် ထိုင်း သုတေသီ တဦး၏ သုံးသပ်ချက်

မြန်မာ ပြည်တွင်းစစ်သည် လေးနှစ် ကျော်လာခဲ့သော်လည်း ကမ္ဘာ၏ စိတ်ဝင်စားမှုသည် ဆက်၍ လျော့နည်းနေဆဲပင် ဖြစ်သည်။ အဓိကအားဖြင့် အင်အားကြီး နိုင်ငံများအကြား ဘူမိ မဟာဗျူဟာကို ပြန်လည်ထိန်းညှိလာခဲ့မှုကြောင့် ဖြစ်သည်ဟု ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ် လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး တက္ကသိုလ်မှ အကြီးတန်း သုတေသီ သီတီနန် ပွန်ဆူဒီယတ်မှ ဧရာဝတီတွင် ရေးသားထားသည်ကို ထုတ်နှုတ် တင်ပြသွားပါမည်။

သမ္မတ ထရန့်၏ ဒုတိယ သက်တမ်းအတွင်း နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲများက အံ့မခန်း ဖြစ်ပေါ်လာခဲ့သည်။ အီးယူသည် ဥရောပကုန်းမြေကြီးတွင် ရုရှား၏ ကျူးကျော်မည့် အန္တရာယ်နှင့် အမြဲလို ရင်ဆိုင်နေရပြီး ဂျပန်သည်လည်း ပြည်တွင်း နိုင်ငံရေး တင်းမာမှုနှင့် ရွာလည်နေသည်။

ထိုသို့သော အနေအထားများကြောင့် မြန်မာပြည်၏ ကံကြမ္မာနှင့် အနာဂတ်သည် လက်ရှိ ပြည်တွင်းစစ်ကြီး၏ သွားရာလမ်းကြောင်းနှင့် ရလဒ်များကသာ အဆုံးအဖြတ်ပေးဖို့ ရှိနေသည်။ တရုတ်၏ တိုးလာနေသော ဩဇာအာဏာနှင့် အာဆီယံ၏ ဗျူဟာများသည် ထိုမျှအထိ အရေးပါလာမည် မဟုတ်ပေ။

အမေရိကန် မူဝါဒ ပြောင်းလဲလာမှု၏ ပွဲဦးထွက်အဖြစ် မြန်မာ ကျောင်းသားများအား ပေးနေသော ပညာသင်ဆု ဒေါ်လာ ၄၅ သန်းကို ရပ်ဆိုင်းပစ်ခဲ့သည်။ မြန်မာ ‌တော်လှန်ရေးသည် အမေရိကန်၏ အကူအညီကို ရလာစရာ အကြောင်းမရှိဟု အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

ထို့အတွက် အာရှတွင် အမေရိကန် ဦးဆောင်မှု နေရာတွင် ဂျပန်ဝင်ရောက်လာဖို့ ဖြစ်လာသော်လည်း ဝန်ကြီးချုပ် ရှီဂီယူ အီရှီဘားသည် ပြည်တွင်းရေးဖက်သာ အာရုံစိုက်နေသူ ဖြစ်သည်။

မြန်မာလူထု တော်လှန်ရေးသည် လေးနှစ်ကြာပြီးနောက်တွင် စစ်အာဏာရှင်တို့ အရေးနိမ့်လာနေသည့် အဖြစ်ကို အထင်အရှား တွေ့လာရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် နယ်စပ်ဒေသ အားလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့ကြပြီ ဖြစ်သည်။ ထိုအထဲတွင် အာရက္ခတပ်တော်သည် စစ်တပ်ကို အထိရောက်ဆုံး ဒုက္ခပေးနိုင်သည့် အဖွဲ့အဖြစ် ထွက်ပေါ်လာခဲ့သည်။

အီးအေအိုများ အောင်မြင်လာလေလေ၊ NUG ၏ PDF တပ်များအဖို့ အမှီလိုက်နိုင်ဖို့ ခက်ခဲလာလေလေ ဖြစ်လာသည်။ လူငယ်များ ဦးဆောင်နေသော PDF တပ်များသည် လေ့ကျင့်မှုနှင့် တိုက်ရည်ခိုက်ရည်တွင် အားကောင်းလာပြီး စစ်တပ်အား ပျောက်ကြားစစ်နှင့် တဖြေးဖြေး လုံးပါးပါးလာအောင် အမှည့်ချွေနိုင်ခဲ့သော်လည်း အီးအေအိုတို့ကဲ့သို့ ထိုးစစ်ကြီး ဆင်နိုင်သည့် အနေအထား ရောက်မလာသေးပေ။

NUG ခေါင်းဆောင်ပိုင်း အနေဖြင့် ၎င်းတို့အား စစ်ဆင်ရေး ကွပ်ကဲမှု တခုတည်းအောက်တွင် စုစည်းရမည့် တာဝန်ကို အကောင်အထည် မဖော်နိုင် ဖြစ်နေသည်။ ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ခေတ်ကောင်းစဉ်ကတည်းက ရှိခဲ့သော မျိုးဆက်ဟောင်းကြီးများ ဖြစ်နေသည်။ ထို့အတွက် အင်တိုက်အားတိုက် လုပ်နိုင်ရန် ဦးဆောင်မှုအပိုင်း အပြောင်းအလဲလုပ်ဖို့ အရေးတကြီး လိုအပ်လာ နေသည်။

တရုတ်သည် ညီနောင်သုံးဖော်အဖွဲ့ အသာစီးရလာနေသော နယ်နမိတ် ထိစပ်နေသည့် ကချင်နှင့် ရှမ်းဒေသများတွင် ၎င်းတို့ အကျိုးစီးပွားကို ကောင်းစွာ တည်ဆောက်လာနိုင်သော်လည်း အလှမ်းဝေးနေသည့် ထိုင်းနှင့် အိန္ဒိယ နယ်စပ်များဖက်တွင် ထင်တိုင်းမပေါက် ဖြစ်နေသည်။

ထို့အတွက် ၎င်းတို့ ဩဇာစက်ဝှမ်း  ပြင်ပတွင် စစ်ကောင်စီသည် နယ်မြေများ ပို၍ လက်လွှတ်လာရပြီး ကိုယ့်မင်းကိုယ်ချင်း ဖြစ်လာမည့် အရေးသည် ၎င်းတို့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာသည်။

နိုင်ငံရေးအရ တည်ငြိမ်သယောင် ရုပ်ပြနိုင်ရန် နိုင်ငံတကာ၏ အသိအမှတ်ပြု မခံရမှန်း သိသိကြီးနှင့် တရုတ်သည် ရွေးကောက်ပွဲ လုပ်ဖြစ်သည်ကို မြင်ချင်လာသည်။ စစ်ကောင်စီလည်း လုပ်ပေးရတော့မည်ဆိုကာ မဖြစ်ဖြစ်အောင်လုပ်ဖို့ အားသွန်လာသည်။

ပြဿနာ ရှိလာသည်က ရွေးကောက်ပွဲအတွင်းနှင့် အပြီးတွင် မင်းအောင်လှိုင်အဖို့ မည်သည့်နေရာက ရပ်တည်သွားမလဲ ဆိုသည်ပင် ဖြစ်သည်။၊ ယခုလို ၎င်းတစ်ယောက်တည်း၏ ဆုံးဖြတ်ချက်ဖြင့် တနိုင်ငံလုံး ကပ်ဆိုးဆိုက်သွားခဲ့သည်ကို ကြည့်၍  တရုတ်ဖက်ကတော့ မင်းအောင်လှိုင် မရှိသည်ကို လိုလားနေသည်။ လက်ရှိတွင်တော့ ၎င်းသည် စစ်ကောင်စီကို ထိန်းချုပ်နိုင်နေဆဲ ဖြစ်ပုံရသည်။

မလေးရှား ဝန်ကြီးချုပ်သည် ပြည်တွင်းတွင် ပြန်လည် ရွေးချယ်ခံရရေးနှင့် ပြည်ပတွင် ၎င်းအား အမြှော်အမြင်ရှိသော နိုင်ငံရေး ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုလာရန် မြန်မာတွင် ပိုနေမြဲကျားနေမြဲ ဖြစ်နေမှုကို ပြောင်းပြစ်ချင်လာသည်။ အာဆီယံမှ မည်သို့မှ တိုးတက်လာအောင် မလုပ်နိုင် ဖြစ်နေမှုမှ ဖောက်ထွက်နိုင်မှုအဖြစ် ရွေးကောက်ပွဲ ဗန်းပြရန် ရှူမြင်လာသည်။ ပြီးခဲ့သည့်လအတွင်း ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးအဆင့် အစည်းအဝေးတွင် ထိုသဘောထားကို တွေ့လာရသည်။

ရွေးကောက်ပွဲလုပ်မည်ကို မြန်မာပြည်သူ အများစု၏ ထောက်ခံမှု ရထားသော NUG က ရွံရှာ ဆန့်ကျင်နေသည်ကို အာဆီယံ ဥက္ကဌ အနေဖြင့် သတိမူရမည် ဖြစ်သည်။ မင်းအောင်လှိုင်နှင့် ၂၀၁၃ ဧပြီလအတွင်း ရေသဘင်ပွဲ အတူဆင်နွှဲခဲ့သော အာဆီယံ ဥက္ကဌ ၏ အကြံပေးခန့်ထားသူ သက်ဆင် သည် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင်အား ဖယ်ရှားပြီး အဆုံးတွင် ဘေးကင်းစွာ ထွက်ခွာသွားနိုင်ရေးအတွက် အသုံးတည့်မည့် နည်းလမ်းဟု ယူဆကာ

ⓇⓔⓐⓛⓃⓔⓦⓢ

01 Feb, 15:58


"ကမ္ဘာမှာ ပြိုင်စံရှား ဟောဒီငနွား"

ကာတွန်း - လက်ပံတန်း

#Ayeyarwaddy_Times #ကာတွန်း #လက်ပံတန်း #RealNews

ⓇⓔⓐⓛⓃⓔⓦⓢ

01 Feb, 15:35


ရေးမြို့ရဲစခန်းမှ ရဲတွေကို ပစ်သတ်ပြီး အချုပ်သားတချို့ ထွက်ပြေးလွတ်မြောက်၊ ရေးဘီလူး အဖွဲ့က ကယ်တင်ထား

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်း အချုပ်ခန်းတွင် ဖမ်းဆီးခံထားရသူ အချုပ်သားတွေက စောက်ဖျင်း ရဲတွေကို ပစ်သတ်ကာ ထွက်ပြေး လွတ်မြောက်သွားပြီး ယင်းအဖွဲ့ထဲမှ အချုပ်သား တချို့ကို ရေးဘီလူး အဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီခန့် အချိန်က ဒုရဲအုပ် နိုင်လွင်ဦး ဦးစီးအဖွဲ့က အချုပ်သားများအား ထမင်းပုံးများ ပေးအပ်စဉ် အချုပ်သား တချို့က ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ထံမှ လက်နက်များကို လုယူကာ ရဲတွေကို ပစ်သတ်ခဲ့တာကြောင့် ရဲ ၃ ကောင်လုံး ခွေးသေဝက်သေ သေဆုံးခဲ့ကြောင်း၊

အဆိုပါ ပစ်ခတ်မှုအတွင်း ရေး မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဦးပါ ကျည်ထိမှန်ခဲ့ပြီး မသေမရှင် ဆန့်ငင်ဆန့်ငင် ဖြစ်နေကြောင်း၊ ပစ်ခတ်မှု ဖြစ်စဥ် ဖြစ်ပွားပြီးနောက် ထွက်ပြေးကြတဲ့ အချုပ်သား ၅ ဦးအနက်က ၂ ဦးကို ရေးဘီလူး အဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

ရေးမြို့မရဲစခန်းမှ ထွက်ပြေးနိုင်ခဲ့သူအချို့နှင့် ပတ်သက်ပြီး ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ "ရေးမြို့ရဲစခန်းက ထွက်ပြေးတဲ့ ညီလေးတွေ မင်းတို့ လိုက်မမိတော့ဘူး ခေါင်းစိမ်းတို့။ ရေးဘီလူး တပ်ရင်းက မြန်တယ်ကွ" ဟု ရေးသား ဖော်ပြထားပါတယ်။

#4C_TruthNews

ⓇⓔⓐⓛⓃⓔⓦⓢ

01 Feb, 06:42


နွေဦးတော်လှန်ရေး (၄) နှစ်ပြည့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် နိုင်ငံတော် အခြေပြမိန့်ခွန်း

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်

ⓇⓔⓐⓛⓃⓔⓦⓢ

01 Feb, 04:47


စကိုင်းအောက်က အညာဒေသတစ်ခုကို KIA ဦးဆောင်ပြီးတိုက်တာနိုင်သွားတော့ PDF က ကချင်အမျိုးသားအလံလွှင့် ထူ ဖို့လုပ်နေတုန်းမှာဘဲ KIA တပ်မှူးကပြောတယ် ညီလေး ဒါ ကချင်ပြည်နယ်မဟုတ်ဘူးလေး ညီလေး တို့ အညာဒေသပါ အကို တို့က စစ်ရေးအရ ကူညီတာဘဲရှိတာပါ ညီလေး တို့ PDF အလံကိုဘဲလွှင့်ထူပါတဲ့ PDF ရဲဘော် မျက်ရည်ဝဲလာတယ် ကျေးဇူးတင်တယ် အကို အကို တို့ KIA ရဲဘော်တစ်ချို့အညာမြေမှာ အသက်ဆုံးရူံးခဲ့တာတွေကို ကျွန်တော် တို့ ဗမာ လူငယ်တွေမမေ့ပါဘူးတဲ့ KIA တပ်မှူးပြန်ပြောတယ် အဲလိုမပြောပါနဲ့ ကချင်မြေမှာ ညီလေး တို့ ဗမာလူငယ်တွေအများကြီးအသက်ပေးဆပ်နေရတယ် ကချင်မြေမှာ ညီလေးတို့ အညာသားတွေအများကြီး အိပ်စက်အနားယူနေကြတယ် ညီလေး တို့ ကို အကို တို့ ကူညီတာ နည်းနည်းလေးပါ ညီလေးတို့ကသာအများကြီးကြိုးစားလို့ဒီလိုအောင်မြင်တာပါတဲ့ ဒီအချိန်မှာ ငါတို့တိုက်ကူလို့ မင်းတို့ရတာပါ ငါတို့တိုက်ထားလို့ ငါတို့ နဲ့ ဆိုင်တယ် ဆိုပြီး အလံ ထောင်နယ်မြေချဲ့နေမယ်ဆိုရင် ဒီနိုင်ငံကြီးငြိမ်းချမ်းသွားတဲ့ တစ်နေ့ သမိုင်းကောင်းကျန်ခဲ့မယ် မထင်ပါနဲ့ မင်းတို့ရဲ့မျိုးဆက်သစ်တွေကြားမှာရော မတူညီတဲ့လူမျိုးစုတွေကြားမှာပါ သမိုင်းကောင်း ရာဇဝင်ကောင်း နာမည်ကောင်း ကျန်ရစ်နေအောင်သာကြိုးစားပါ ဘယ်အဖွဲ့အစည်းဘဲဖြစ်ဖြစ် ဒီအချိန်မှာ သမိုင်းကောင်းကျန်ရစ်အောင်သာကြိုးစားကြပါ။
#crd_to_owner_with_respect

ⓇⓔⓐⓛⓃⓔⓦⓢ

30 Jan, 16:00


https://www.facebook.com/share/165qmoRM4j/

ⓇⓔⓐⓛⓃⓔⓦⓢ

30 Jan, 15:56


https://www.facebook.com/share/165qmoRM4j/

ⓇⓔⓐⓛⓃⓔⓦⓢ

25 Jan, 07:54


လူငယ်များကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ အရွယ်ရောက်သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် ဆင့်ထုတ်ခြင်း အပါအဝင် ပြည်သူလူထုကို ဖိနှိပ်ထားသော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ (အစ- အဆုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၅

အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့ ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန်ကြေညာလိုက်ပြီး ယင်းနည်း ဥပဒေတွင် လူငယ်များကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ အရွယ်ရောက်သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် ဆင့်ထုတ်ခြင်း အပါအဝင် ပြည်သူလူထုကို ဖိနှိပ်ထားသော ပြဋ္ဌာန်းချက်များစွာ ပါဝင်နေသည်။

ယင်းနည်းဥပဒေကို ပြည်သူများ ဖတ်ရှု၍ အကြမ်းဖက် စစ်ကောင်စီ၏ ယုတ်မာ ညစ်ပတ်သော နည်းဥပဒေ၏ ပြဋ္ဌာန်းချက်များမှ ရုန်းထွက်နိုင်ရေးအတွက် အဆိုပါ ဥပဒေ အစမှ အဆုံးကို ဖော်ပြလိုက်ပါသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

16 Jan, 00:37


‼️Update News - နမခ တိုက်ခိုက်ခံရမှု လက်ရှိ အချိန်အထိ စစ်ခွေး ၁၄ ကောင် ခွေးသေဝက်သေ သေဆုံး‼️

ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၈ မိနစ် အချိန်မှ စတင်ကာ စစ်ရှုံးကောင်စီရဲ့ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒေသခံ တော်လှန်ရေး တပ်တွေက ၁၀၇ မမ ၄ လုံး အပါအဝင် ရှော့တိုက်ဒုန်း အလုံး ၃၀ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒီကနေ့ ညနေအထိ စစ်ခွေး ၁၄ ကောင် ခွေးသေဝက်သေ သေဆုံးခဲ့ပြီး မသေမရှင် ဆန့်ငင်ဆန့်ငင်တွေပါ ရှိနေသေးကြောင်း ဖရဲသီး သတင်းရင်း​မြစ်အရ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း တိုင်းမှူးအသစ် ဝက်ဘီလူး မျိုးမင်းထွေးရဲ့ မယားဖြစ်သူ မုံရွာ အလုံသူမရဲ့ အချစ်တော် ဗိုလ်ကြီးလင်မယားမှာ ရှော့တိုက်ဒုန်း တိုက်ရိုက် ထိမှန်ပြီး တစစီဖြစ်သွားတာကြောင့် လက်ထပ်လက်စွပ်လေးကို ကြည့်ကာ သေစာရင်း ခွဲထားရကြောင်း၊

ခွေးသေဝက်သေ မသာ ၁၄ လောင်းထဲက မသာတချို့ကို အလုံမြို့ရှိ အရပ်ဘက် သင်္ချိုင်းမှာ မသာချဖို့ စီစဥ်ထားပြီး တချို့ကို မုံရွာ မြနန္ဒာ သင်္ချိုင်းမှာ မသာချမှာဖြစ်ကြောင်း ဖရဲသီးက သတင်းပေးပို့ထားပါတယ်။

ရှော့တိုက်တွေနဲ့ တိုက်ခိုက်ခံရပြီးနောက် အထိနာသွားတာကြောင့် တိုင်းမှူး ဝက်ဘီလူးဟာ ဒေါပွကာ စစ်ရုံးအတွင်း သောင်းကျန်းနေကြောင်း၊ ဒါ့အပြင် မနေ့ည တိုက်ခိုက်မှုဖြစ်စဥ် ဖြစ်ပြီးကတည်းကနေ အခုထက်ထိ မိနစ် ၃၀ ခြားခန့်တစ်ကြိမ် ၈၁၊ ၁၂၀၊ ၁၂၂၊ ၁၀၅ မမ လက်နက်ကြီးတွေနဲ့ တချိန်လုံး ရမ်းသန်း ပစ်ခတ်နေကြောင်း သိရပါတယ်။

နမခ တိုက်ခိုက်မှုကို အဓိက ဦးဆောင် ပြုလုပ်ခဲ့တဲ့ Chindwin Rocket Brother ချင်းတွင်းရော့ကတ်ညီနောင် အဖွဲ့က မနက်ဖြန်မှာ တရားဝင် သတင်းထုတ်ပြန်ဖို့ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။

#4C_TruthNews

ⓇⓔⓐⓛⓃⓔⓦⓢ

16 Jan, 00:30


ဘုတလင်

ဘုတလင်မြို့ အ.ထ.က ကျောင်းမှ စခများသည် မြောက်အရပ်သို့ စတင်ထွက်ခွာနေကြောင်း သတင်းရ

ⓇⓔⓐⓛⓃⓔⓦⓢ
Jan.16/6:45AM

ⓇⓔⓐⓛⓃⓔⓦⓢ

14 Jan, 03:00


Mandalay Police CDM Fighter:
People's Spring:
■​ဆောင်းပါး

ထိပ်တုံးမိခဲ့သည့် သေနတ် ၂ လက်

ရဲ​ခေါင်/People's Spring

ခုနှစ်ပေခန့်ရှည်ပြီး သစ်သားဖြင့်လုပ်ထားသည့်  အပေါက် ခြောက်ပေါက်ပါ  ထိပ်တုံး (​ခေါ်) ခြောက်ပေါက်တွင် သေနတ် နှစ်လက် ထိပ်တုံးမိျနသည်။ ရဲ​ဘော် ၂ ဦးကသေနတ် ၂ လက်ကိုသက်
ရှိများအလား ထိပ်တုံးခတ်လိုက်ခြင်းဖြစ်၏ ။

"ဟိုတရက်က ကျွန်တော်တို့စခန်းတက်သိမ်းတာပေါ့နော်။ကျွန်တော်တို့ ဗျူဟာကျတော့ နှစ်လက်ရတာပေါ့။ရတဲ့ နှစ်လက်ကို ကျွန်တော်တို့ ခြောက်ပေါက်ထည့်ရမယ်။ ၂ ရက် ၊ ၃ ရက်လောက် ခြောက်ပေါက်ထည့်ရမှာ ဖြစ်ပါတယ်။ဒါကျွန်တော်အပိုင်ဖြစ်ကြောင်း အဲဒီလိုမျိုးပေါ့"ဟု ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် တပ်ရင်း( ၂၈) မှ ရဲဘော် ကိုအာကာ က ​သေနတ် ၂ လက်ကို ထိပ်တုံးခတ်သည့်အ​ကြောင်းရင်းကို ရှင်းပြသည်။

ထိပ်တုံးမိ​နေ​သော သေနတ် ၂ လက်မှာ ရှမ်းပြည်
နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် စခန်းကို ကရင်နီတပ်ပေါင်းစုက ဇန်နဝါရီလ ၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်စဥ် ရရှိလာခဲ့ခြင်းဖြစ်သည်။ထို​ကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ စစ်သားနှင့် PNO ပြည်သူ့စစ်များ ၏ လက်စွဲ​တော် ​သေနတ်များကို ကရင်နီ ပူး​ပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ခြင်းပင် ။

ထိုတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် ၃၀ ဦးထက်မနည်းသေဆုံးခဲ့သည်။ အသက် ၁၂ ​ကျော် အရွယ် ကလေးစစ်သားအပါအဝင် ပအိုဝ်း ပြည် သူ့စစ် အချို့ကို ဖမ်းမိကာ ၂၀၂၅ ခုနှစ်တွင် ကရင်နီပူးပေါင်းတပ်၏ စခန်းသိမ်းတိုက်ပွဲ အဖွင့်ဖြစ်ခဲ့သည်။

ကရင်နီပူး​ပေါင်းတပ်က ရွှေတစ်ဂူရွာ တိုက်ပွဲတွင်စုစုပေါင်း လက်နက်သုံးဆယ် ကျော်ရရှိခဲ့သည်။  ပါဝင်တိုက်ခိုက်ခဲ့သည့် ကရင်နီတပ်အလိုက် လက်နက်များ  ခွဲ​ဝေခဲ့ရာ တမ်းရရှိခဲ့သည်ဟု ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်
(KNDF ) တပ်ရင်း ၂၈ က အဆိုပါ ​သေနတ် ၂ လက်ရရှိခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီထုတ် MA 11 နှင့် RPG တို့ဖြစ်သည်။

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေသည့် တော် လှန်ရေး ဒေသများတွင်မူ ခြောက်ပေါက် ​(ခေါ်) ထိပ်တုံးများကို စည်းကမ်းဖောက်သည့် ရဲဘော်များကို ယာယီ အပြစ် ပေးသည့်အခါသာ တွေ့ရပြီး သက်မဲ့ လက်နက် ကို ထိပ်တုံးခတ်ထားသည်က အမြင်ဆန်းနေသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီ ထံမှ လက်နက်အများအပြားကို တော်လှန်ရေးတပ်များက မကြာခဏ သိမ်းပိုက်ရရှိ​နေကြသည်။ ထို​ကြောင့်စစ်တပ်အတွက် လက်နက် ခဲယမ်း အဓိက ကူညီ​ ​ထောက်ပို့ပေး​နေသူမှာ နိုင်ငံတကာမှ မဟုတ် ဘဲ အာဏာ
သိမ်း​ခေါင်း​​ဆောင်၏ စစ်တပ်ဟုပင် ​တော်လှန်​ရေးဦး​ဆောင်​နေသူများက ထုတ်​ဖော်​ပြောကြားထားကြသည်။

အထူးသဖြင့် ယခုလပိုင်းအတွင်း လက်နက်အင်
အားနည်းသည့် စစ်ကိုင်း၊ မကွေး ၊မန္တ​လေး ၊ပဲခူးတိုင်ထံတွင် စစ်ကောင်စီထုတ်လက်နက်များကို အတွေ့များလာရသည်။

အထူးသဖြင့် ရှမ်းမြောက်တိုက်ပွဲ နှင့် မြေပြန့်စစ် ဆင်ရေးတွင် စစ်ကောင်စီထံမှ ရရှိသည့် လက်နက်များကို ရန်သူလက်နက် ကိုယ့်လက်နက်အဖြစ်  အသုံးပြုလာကြခြင်းဖြစ်သည်။ အထင်းရှားဆုံး.ရန်သူ့လက်နက်ကိုယ့်လက်နက်အဖြစ် ထိ​ရောက်စွာအသုံးပြုနိုင်​ကြောင်း အာရက္ခတပ်​တော်(AA)က စစ်တပ်၏ အဓိကတိုင်းစစ်ဌာနချုပ် ဖြစ်​သော အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်သိမ်းပွဲတွင် စစ်တပ်ထံမှ သံဆည်းရရှိ​သော သံချပ်ကာ ၊​​ဟောင်ဝစ်ဇာအပါအဝင်လက်နက်ကြီးများ ၊ ​လေယာဥ်ပစ်လက်နက်များ ၊စက်လက်များ ၊လက်နက်
ငယ်မျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်၍ အသုံးပြု၍  သိမ်းပိုက်ခဲ့သည်ကို​တွေ့ရသည်။

"ကျွန်တော်တို့ကတော့ ရလာတဲ့သေနတ်တွေကိုသေနတ် error ရှိ၊ မရှိ၊ ကျည်ဘောက် error ရှိ၊မရှိ စစ်ပြီးပဲသုံးတယ်"ဟု မကွေးစစ်ဒေသမှ တော်
လှန်ရေးရဲဘော် ကိုနွေဦးက လည်း သူ့အ​တွေ့အကြုံကို​ပြောသည်။

ထို့အတူ ဇန်နဝါရီ လ ၇ ရက်နေ့က စစ်ကိုင်းမြို့ပေါ် တိုက်ပွဲ ၌ စစ်ကောင်စီတပ်နှင့် ပျူများထံမှ ရရှိခဲ့သည့် လက် နက်များကို မြေပြင်စစ်ဆင်ရေးတွင် ပြန်လည်အသုံးပြုနေသည်ဟု ဝက်လက်အခြေစိုက် ACID တော်လှန်ရေးအဖွဲ့တာဝန်ရှိသူကိုနဂါးက အသိပေးသည်။

"အပြစ်မရှိတဲ့ပြည်သူတွေနဲ့  ကျနော်တို့ ရဲဘော်တွေကို ပစ်ခဲ့တဲ့ ဂန်း နဲ့ပဲ ဒီ စကစတွေ ပြန်ပစ်ချင်တာပဲ သိတယ်"ဟု သူ၏ခံစားချက်ကို ​ပြောပြသည်။

KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီ ကိုယ်တိုင်ပင် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်များကို အမိန့်ထုတ်သည့်ရုပ်သံမှတ်တမ်းကို လူမှုကွန်ယက်​ပေါ်တွင် တင်ခဲ့ဖူးသည်။

သို့သော် တိုက်ပွဲအတွင်းရရှိသော သေနတ်များကိုပြန်လည်သုံးစွဲမှုနှင့်ပတ်သက်၍  ဒေသအစွဲ ယုံကြည်ရမလွယ်သည့် ဖြစ်စဥ်များရှိကြောင်း
ကိုစနေက ၎င်း၏ အတွေ့ အကြုံကို ဝေမျှသည်။

"ရန်သူ့လက်နက်တွေ ပြန်သုံးတဲ့အခါ တိုက်ပွဲမှာ ကျည် ညပ်သွားတာ ရှိတယ်။ကျည်အလိုအ
လျောက်ထွက်တာ ကြုံဖူးတယ်။အဲဒါကြောင့်နောက်ပိုင်း အမိန့်ပြန်တမ်းလိုမျိုးပေးပြီး ကိုင်ရတယ်"ဟု ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့ဝင် ကိုစနေ က ပြောသည်။

လူသတ် လက်နက် ဖြစ်သည့် သေနတ် ကို အလေး ထားကိုင်တွယ်ခြင်းအပါအဝင် ရန်သူ့ထံမှ သိမ်း
ဆည်းရရှိသည့် လက်နက်ဆိုလျှင်ပို၍ သတိပြုရကြောင်း၎င်းကဆက်​ပြောသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

14 Jan, 03:00


ယခင်ကလည်းတိုက်ပွဲမှ ​သေနတ်များရလာလျင် ယခုကဲ့သိူ့ထိပ်တုံးခတ်​လေ့ရှိ​ကြောင်း ကိုအာကာ က​ပြောသည်။သို့​သော်ယခင်က ​သေနတ် ထိပ်တုံးခတ်သည့်ဓါတ်ပုံများကို ​လူမှုကွန်ယက်စာမျက်နှာများတွင်တင်​လေ့မရှိဘဲ ယခုမှသာခွင့်ပြု၍ တင်ခြင်းဖြစ်​ကြောင်း ၎င်းကဆက်​ပြောသည်။

"အဲလိုထည့်တာ ဆုံးမတဲ့သ​ဘော ။လူသတ်တော့ သေနတ်က နတ်ကြီးတာလည်းပါတယ်။အဓိကတော့ တိုက်ပွဲမှာ ပြန်သုံးတဲ့အခါ ပိုအဆင်ပြေအောင်ပေါ့"ဟုကိုအာကာကရှင်းပြ​လေသည်။   ။

Telegram Link
https://t.me/MCPFighter

Mandalay Police CDM Fighter

ⓇⓔⓐⓛⓃⓔⓦⓢ

14 Jan, 02:58


ဒီမိုကရေစီ အရေး တိုက်ပွဲ ဝင်နေသူ များ အတွက် တရုတ်၏ ဒေသတွင်း အကျိုးစီးပွားများနှင့် မြန်မာ ဒီမိုကရေစီ အရေး နှင့် တရားမျှတ မှု ရှိရေး ကြိုးပမ်းနေမှု များ အတွက် မဟာဗျူဟာ မြောက် ချဉ်းကပ် နိုင်ဖို့ စိန်ခေါ်မှု များ ရှိလာနေသည်။

တရုတ် အနေဖြင့် ယခုထက်ပို၍ စွက်ဖက်လာမည် ဆိုက မြန်မာပြည်သူများ၏ ဆန့်ကျင်မှု များ နှင့် ရင်ဆိုင်လာရပြီး ပို၍ ‌မုန်းတီးမှုများ နှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်ဟု ဗီအိုအေ ဆောင်းပါးတွင် ဖေါ်ပြထားသည်။

ရမ်းဗြဲ ကျွန်းရှိ ကျောက်နီမော် ရွာအား စစ်ကောင်စီ၏ လေကြောင်း မှ တိုက်ခိုက်မှု ကြောင့် အရပ်သား ၄၀ ခန့် သေဆုံးပြီး အိမ်ခြေ ၅၀၀ ခန့် ပျက်စီး သွားခဲ့မှု နှင့် စပ်လျှင်း၍ ကုလမှ သတင်းထုတ်ပြန်ရာတွင် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များအား နာမည် တပ် မပြောနိုင်ဘဲ သက်ဆိုင်သူ များ အားလုံး လူသားချင်း စာနာ ထောက်ထားရမည့် ဥပ‌ဒေများ လိုက်နာကြဖို့ ဖေါ်ပြထားသည်။

အာရက္ခ တပ်တော်သည် ယခုအခါ ဧရာဝတီ တိုင်း ‌ပုသိမ်မြို့နယ် အတွင်းရှိ ရွှေသောင်ယံ အနီးရှိ ရဲစခန်းကို စတင် သိမ်းယူ လိုက်ခြင်းဖြင့် စတင် ထိုးစစ် ဆင်လာပြီ ဖြစ်သည်။

When the sword is once drawn, the passions of men observe no bounds of moderation.

ဓါးကို ဓါးအိမ်မှ ဆွဲထုတ်ပြီးသည့် အခါတွင်တော့ မည်သူမှ အလျော့ပေးလိုစိတ် မရှိတော့။

Alexander Hamilton

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Hla Soe Wai
#RealNews

ⓇⓔⓐⓛⓃⓔⓦⓢ

14 Jan, 02:58


NUG သည် တရုတ် နှင့် ထိတွေ့ဆက်ဆံဖို့ မဟာဗျူဟာ လိုအပ်
******

တရုတ်သည် စစ်ခေါင်းဆောင် များ၊ အင်အား တသိန်းခန့်သာ ရှိသည့် သစ္စာခံ တပ်များ၊ ၎င်းတို့အား ဝိုင်းရံ့ ပံ့ပိုး ပေးနေသည့် ဗျူရိုကရက် များ နှင့် အပေါင်းအပါ များ အား ပံ့ပိုးပေးနေပြီး သန်း ငါးဆယ် ကျော် ရှိ မြန်မာ ပြည်သူများ အကျိုးကို လစ်လျု ရှူ လိုက်ပြီ ဖြစ်သည်။

မိမိတို့၏ တော်လှန် ဆန့်ကျင် နေမှု များအား ဖျက်လိုဖျက်ဆီး လုပ်လာ‌ နေသည့် တရုတ်၏ လုပ်ရပ်ကို မြန်မာ ပြည်သူများက ဩဂုတ်လ အတွင်း ဝမ်ယီ၏ ခရီးစဉ် အပြီး ကောင်းစွာ သိမြင်လာကြပြီး စိတ်ပျက်လက်ပျက် ဖြစ်လာမှု နှင့် အတူ တရုတ် ဆန့် ကျင်ရေး သဘောထား များက ကြီးထွားလာခဲ့သည်။

တရုတ်သည် အာဏာသိမ်းပြီးစဉ်ကစပြီး ၎င်းတို့၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်းများကို ကာကွယ် သွားရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းသွားနိုင်ရန် အလို့ငှာ အာဏာသိမ်း အဖွဲ့အား ‌စတင် ပံ့ပိုးပေးလာခဲ့ခြင်း ဖြစ်သည်ဟု အစချီက ဗီအိုအေ က ရေးသားလာခဲ့သည်။

၂၀၂၄ နှစ်လည် တွင် ထုတ်ပြန်သော အ‌မေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အစီရင်ခံစာ တွင် နိုင်ငံ လူဦးရေ၏ ၅၄ ရာနှုန်းသည် တရုတ် အပေါ် အဆိုးဖက်က ရှူမြင်နေကြသည်ဟု ဖေါ်ပြထားသည်။ နောက်ပိုင်းတွင် အိမ်နီးချင်းကောင်း မဟုတ်၊ လုံးဝ မကောင်းဟု ဆိုသော အမြင်အား ၇၂ ရာနှုန်းက ထောက်ခံလာကြသည်။

အများစုက စစ်တပ်၏ အာဏာသိမ်းမှု ကို ထောက်ခံမှု ပေးထားသည်ဟု ယူဆထားကြသည်။ ၂၀၂၁ နှစ်လည် လောက်တွင် ထိုသို့သော အမြင်များ လျော့ကျသွားသော်လည်း တရုတ်ဖက် မှ စစ်အာဏာသိမ်း အဖွဲ့များ နှင့် အဆင့်မြင့် ဆက်ဆံရေး များ ပြန်၍ စတင်လာပြီး နောက်တွင် ပြန်၍ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

တိုရန်တို ရှိ ယော့ တက္ကသိုလ်မှ မြန်မာအရေး ကျွမ်းကျင်သူ ကိုထက်မင်းလွင် မှ ဝမ်ယီ ခရီးစဉ် အပြီး တွင် တော်လှန်ရေး အင်အားစု များ အားလုံး
နှင့် လေ့လာသုံးသပ်သူ များ အားလုံးက တရုတ်သည် ပြည်တွင်းရေး တွင် ဝင်ရောက် စွက်ဖက်လာပြီ ဆိုကာ တရုတ် ဆန့်ကျင်ရေး သဘောထားများ ကို တညီတညွတ် တည်း ထုတ်ဖေါ် ပြောဆိုလာကြသည်။

ပြီးခဲ့သည့် လများ အတွင်း တရုတ် ဆန့်ကျင်ရေး လှုပ်ရှားသူ များက Made in China ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် ကမ်းပိန်း ပြုလုပ်လာကြသည်။

ဝါရှင်တန် ရှိ တရုတ် သံရုံးရှေ့တွင်လည်း မြန်မာ နိုင်ငံသားများက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

မြန်မာ ရှိ တရုတ်သံရုံးမှ ဗီအိုအေ၏ အမေးကို စာနှင့် တုန့်ပြန် ဖြေကြားရာတွင် "လက်ရှိ မြန်မာ အခြေအနေ အပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း နှင့် ပတ်သက်နေသူ များ အားလုံး ဆွေးနွေး အဖြေရှာရန် နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြရန် တိုက်တွန်းကြောင်း" ပါရှိလာခဲ့သည်။

ထို့ပြင် တရုတ်သည် မြန်မာ၏ အချုပ်အခြာ အာဏာ၊ လွတ်လပ်ရေး နှင့် နယ်မြေ တည်တံ့ ပိုင်ခွင့် နှင့် ပြည်တွင်းရေး ကို မစွက်ဖက်ရေး ဆိုသည် ကို လေးစားလိုက်နာလျက် ရှိကြောင်း နှင့် မြန်မာ အရေး အတွက် မြန်မာ တို့သာ ဦးဆောင် အဖြေရှာရမည် ဟုလည်း ဆိုသည်၊ သက်ဆိုင်သူ များ အနေဖြင့် တရုတ် ကုမ္ပဏီများ၊ ပရိုဂျက်များ၊ ဝန်ထမ်းများကို ထိထိရောက်ရောက် ကာကွယ်ပေးသွားမည်ဟု မျှော်လင့်ကြောင်း လည်း ပါရှိခဲ့သည်။

၂၀၂၅ တွင် တရုတ်သည် စစ်အုပ်စု အား ပို၍ ပံ့ပိုး ပေးလာနိုင်သည့် အတွက် နိုင်ငံတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားများ ပိုမို ပြင်းထန်လာနိုင်ကြောင်း ကမ္ဘာပေါ်ရှိ လက်နက်ကိုင် ပဋိပက္ခ များ နှင့် အဖြစ်အပျက် များကို လေ့လာ‌နေသည့် ACLED (Armed Conflict Location and Event Data) အဖွဲ့က သတိပေးထားသည်။ ကျွမ်းကျင်သူများကမူ တရုတ်အား မုန်းတီးရန်လိုမှု များသည် မလိုလား အပ်သည့် အကျိုးဆက်များသာ ဖြစ်လာနိုင်သည်ဟု သတိပေးလာခဲ့သည်။

တရုတ်သည် အိမ်နီးချင်းလည်း ဖြစ်နေ၍ ၎င်းတို့၏ စိုးရိမ်မကင်း ဖြစ်မှု များ၊ နိုင်ငံရေး ရပ်တည်မှု များကို နားလည် နိုင်ရန် သံတမန်ရေး လမ်းကြောင်းမှ ဆောင်ရွက်သွားရမည်ဟု ဆိုသည်။

တရုတ်၏ လွှမ်းမိုးလာမှု သည် တော်လှန်ရေး ကို နှေးကွေး သွားနိုင်သဖြင့် ၎င်းတို့အား ဝေဖန် ရှုတ်ချနေမည် အစား ၎င်းတို့ဖက်က မူဝါဒ ချမှတ်သူများ နှင့် ထိ‌ တွေ့ ပြီး မြန်မာ အခြေအနေကို ရှင်းပြသွားဖို့ လိုသည်ဟု ဆိုသည်။ လော်ဘီ လုပ်ဖို့ အရေးကြီးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ယခုထိ NUG အနေဖြင့် တရုတ် နှင့် ပတ်သက်ပြီး ရှေ့နောက် ဆီလျော်သည့် မူဝါဒ များ ရှိပုံ မရသေးဟု ဝါရှင်တန်ရှိ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ မှ အကြီးတန်း အကြံပေး မိုက်ကယ် မာတင် က ဆိုသည်။ တရုတ် သည် စစ်ကောင်စီ အား အစိုးရ အဖြစ် အသိအမှတ် ပြုထားပြီး ဖြစ်၍ NUG ကို အစိုးရ ပုံစံမျိုး ဆက်ဆံ ဖို့ ပြော၍ မရဟု ဆိုသည်။

တရုတ် အား လူထု ၏ မကျေမနပ် ဖြစ်နေမှု များ ကို လက်တွေ့ကျကျ ထိတွေ့ ဆက်ဆံသွားမှု နှင့် ထိန်းညှိ လုပ်ဆောင် သွားဖို့ အရေးကြီးသည်ဟု လေ့လာသူ များက အလေးအနက် ပြောဆို လာကြသည်။

ဟောင်ကောင် တက္ကသိုလ်ရှိ တွဲဖက် ပါမောက္ခ တဦး ဖြစ်သူ အင့်ဇ် ဟန် မှ တရုတ်၏ မဟာဗျူဟာ သည် စစ်ကောင်စီ ဖြစ်ဖြစ် NUG ဖြစ်ဖြစ် နိုင်ငံတွင်း ရှိ အဓိက ဇာတ်ကောင်များ အားလုံး နှင့် ခွ၍ ဆက်ဆံရေး ထိန်းညှိသွားမည် ဖြစ်သည်ဟု ဗီအိုအေ သို့ ပေးပို့သော အီးမေးတွင် ဖေါ်ပြထားသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

14 Jan, 02:51


စစ်ကိုင်းတိုင်းတွင် ရုံးစိုက်ရန် NUG ဆုံးဖြတ်

13 January 2025

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ပြည်ထောင်စုအဆင့်ရုံးစိုက်မည်၊  ပြည်သူများနှင့်အတူ အန္တရာယ်ကို ရင်ဆိုင်မည်ဟု NUG က ပြောသည်။

ပြည်ထောင်စုအဆင့်ရုံးခန်းများ ယခုလအတွင်း ဖွင့်လှစ်ပြီး အရပ်ဘက်အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်တော့မည်ဟုလည်း သိရသည်။

စစ်ကောင်စီက ၃၇ မြို့နယ်ရှိသည့် စစ်ကိုင်းတိုင်းတွင် မြို့နယ် အနည်းငယ်ကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်ဟု   ဝန်ခံထားသည်။

PDF နှင့် မဟာမိတ်များ အားကောင်းရာ စစ်ကိုင်းတိုင်းထဲမှ ထီးချိုင့်၊ အင်းတော်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ကနီ၊ ပုလဲ၊ ခင်ဦး၊ ဝက်လက် စသည့်မြို့နယ်ကိုးခုကို လုံးဝလက်လွှတ်ခဲ့ရသည်ဟုလည်း   စစ်ကောင်စီက ဆိုသည်။

ပုံစာ -
NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ကို ၂၀၂၄ ခုနှစ်အတွင်းက ပြုလုပ်သည့် အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရစဉ်။
#MN
#RevolutionNews
#RealNew@realnewsmyanmar2023

ⓇⓔⓐⓛⓃⓔⓦⓢ

14 Jan, 02:48


``မြေပြန့်ဒေသ လွတ်မြောက်ရေးမှသည် တနိုင်ငံလုံး လွတ်မြောက်ရေးဆီသို့ ….’’

နွေဦးတော်လှန်ရေးအတွင်းမှ လက်နက်ကိုင်တော်လှန်ရေး အခန်းကဏ္ဍတွင် မြေပြန့်ဒေသများကို ပြည်သူ့လွတ်မြောက်နယ်မြေများအဖြစ် ပြောင်းလဲစေနိုင်ရေးဟာ ၂၀၂၅ ခုနှစ်အတွက် အသက်တမျှ အရေးကြီးလှပါတယ်။

စစ်အာဏာရှင်နှင့်တကွ အာဏာရှင် အဆက်ဆက် ခြေကုတ်ယူရာ မြေပြန့်ဒေသများကို ပြည်သူ့လွတ်မြောက်နယ်မြောက်နယ်မြေများအဖြစ် ဖော်ဆောင်နိုင်လေလေ စစ်အာဏာရှင် ကြုံလှီလေလေ ဖြစ်ပါလိမ့်မယ် ။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) နှင့်အတူ တဦးချင်းဖြစ်စေ ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ်ချိတ်ဆက်ပြီး စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကာ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် အတူတကွ ရုန်းကန်လှုပ်ရှားကြပါစို့ ………

``စစ်ကိုင်းတပ်မဟာ မှာ ပါဝင်ကြ’’

(ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ Facebook Page တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။)

#MDY_PDF
#စစ်ကိုင်းတပ်မဟာ
#RealNews

ⓇⓔⓐⓛⓃⓔⓦⓢ

13 Jan, 13:35


တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာချက်
နေ့စွဲ။          ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်        
     ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်  ဒီပဲယင်းမြို့ပေါ်တွင်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်များမှ ဒီပဲယင်းမြို့ပေါ်ရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီးနေသောကြောင့်မိမိတို့ Freedom Revolution Force FRF (ရွှေဘိုခရိုင်အမှတ်[၂၄]တပ်ရင်း)နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သည့် ဒီပဲယင်းမြို့နယ် ပ.က.ဖ တိုက်နယ် (၄)နှင့် တိုက်နယ် (၅)ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်ပစ်ခက်ရှင်းလင်းခဲ့ပါသည်။ စစ်ကောင်စီတပ်များထိခိုက်​သေဆုံးမှုကိုပြန်လည်တင်ပေးပါမယ်။
Telegram - https://t.me/frfnews24
Facebook - https://www.facebook.com/profile.php?id=100079907512393&mibextid=ZbWKwL

ⓇⓔⓐⓛⓃⓔⓦⓢ

13 Jan, 13:35


ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့များက ကျေးရွာများသို့ ဝင်ရောက်ပေါ်တာဆွဲနေရာ ဇန်နဝါရီ ၁၂ ရက် တစ်ရက်တည်း လူငယ် ၁၁ဦး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းအုပ်စုရှိ ကျေးရွာများသို့ စစ်တပ်၊ ရဲနဲ့ ပျူစောထီးပူးပေါင်းအင်အား ၄၀ ခန့်ဟာ ဆိုင်ကယ်အစီး ၂၀ ကျော်ဖြင့် လာရောက်ကာ ဒေသခံပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးမှုလုပ်ဆောင်ခဲ့တဲ့ ကျေးရွာများမှာ အလယ်ကုန်းကျေးရွာအုပ်စုမှ အလယ်ကုန်းရွာ၊ အလယ်ကုန်းတောင်ရွာနဲ့ တင်းကုပ်စုရွာများပါဝင်ပြီး ဒေသခံပြည်သူများမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ⓇⓔⓐⓛⓃⓔⓦⓢ

13 Jan, 13:25


People's Spring:
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇန်နဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️ဖားကန့် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀ဦးထက်မနည်းသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်တူးလုပ်ကွက်နေရာအချို့ကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၀ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ စစ်ကောင်စီတပ်က ဗုံး ၁၀လုံးလောက် ကြဲချခြင်းဖြစ်ကာ ရေမဆေးကျောက်ရှာသူတွေ၊ ဒေသခံတွေ သေဆုံးခဲ့တာလို့ သိရပါတယ်။ ကျောက်စိမ်းတူး‌နေတဲ့ မဇွပ်ယာန်ကျေးရွာနဲ့ ဆန်ခါကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလဆန်းပိုင်းက စတင်၍ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်လာပါတယ်။

◾️ဖားကန့်မြို့နယ် ဆိပ်မူဒေသ နွံကန်ပြိုကျ၍ လူသေဆုံးမှုများ၊ နေအိမ် ၅၀ကျော်နစ်မြုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွအုပ်စု စဘော့ကျေးရွာအနီးရှိ နွံကန်ပြိုကျ၍ လူသေဆုံးထိခိုက်မှုများရှိတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စဘော့ကျေးရွာအနီးရှိ ရတနာအဓိပတိ နွံကန်ပြိုကျခဲ့တာလို့ ဆိုပါတယ်။ နွံကန်ပြိုကျမှုကြောင့် စဘော့ကျေးရွာရှိနေအိမ် အလုံး ၅၀ထက်မနည်းထိခိုက်ပျက်စီးနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးကို ဒေသခံပြည်သူများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

◾️တနိုင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှု (၁)နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ဟု KIA အသိပေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဇန်နဝါရီ ၁၁ရက် နေ့ခင်းပိုင်းက စံလွင်(Tsan Lun)ရွှေမှော်ရှိ စျေးဆိုင်တန်းနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၂ကြိမ် ဗုံးကြဲခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွှေမှော်ရှိ (၁)နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၁၈ဦး သေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကိုဆေးကုသမှု ပေးလျက်ရှိကြောင်း KIA က အသိပေးပါတယ်။

◾️ရုရှားဆီက SU-30 SME တိုက်လေယာဉ် ၂ စီး စစ်ကောင်စီ ထပ်မံရရှိထား

စစ်ကောင်စီရဲ့ လေတပ်ဟာ ရုရှားနိုင်ငံလုပ် SU-30 SME တိုက်လေယာဉ် အသစ် ၆ စီးကိုဝယ်ယူထားရာ  ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ  ​နောက်ဆုံး ၂ စီးကိုထပ်မံလက်ခံ ရရှိထားကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ဒေါ်လာ သန်း ၄၀၀ တန် အရောင်းအဝယ် သဘောတူညီမှု စာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် အဲဒီ နည်းပညာမြင့် တိုက်လေယာဉ်တွေကို မြန်မာ စစ်တပ်က လက်ခံ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး​လေယာဥ် ၂ စီးကို ၂၀၂၃ ခုနှစ်ထဲမှာ လက်ခံရရှိခဲ့တာပါ။ နိုင်ငံအနှံ့မှာ တော်လှန်ရေး တပ်တွေရဲ့ ထိန်းချုပ် နယ်မြေတွေ ဆက်တိုက် ကျယ်ပြန့်လာနေပြီး စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့သာ အဓိကထား တုံ့ပြန်နေတဲ့ အခြေအနေမှာ အခုလိုမျိုး တိုက်လေယာဉ် အသစ်တွေ ပိုင်ဆိုင်လာခဲ့တာပါ။

◾️တနင်္သာရီမြို့နယ် တကူတိုက်နယ်ဆေးရုံအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောပါတယ်။ စစ်ကောင်စီက တကူတိုက်နယ်ဆေးရုံအနီးကို လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေကြောင်းမှ ဗုံးကြဲခံရ၍ ထိခိုက်ဒဏ်ရာရထားတဲ့ ပြည်သူများအနက် တစ်ဦးမှာ သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေပါတယ်။

◾️ဘောလခဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ဘော်လဲခဲမြို့အနီးရှိ ဝမ်မလန်းကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောာင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေနတ်တချို့နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဘောလခဲမြို့နယ်အတွင်း အရေးပါတဲ့ စစ်ကောင်စီစခန်းကုန်းသုံးခုကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ နှစ်ဝက်ကစ၍ သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ (၁၂)မိုင်စခန်းကုန်းနဲ့ ဝမ်မလန်းစခန်းကုန်းတို့ မကျရေးအတွက် စစ်ကောင်စီက လေကြောင်း ပစ်ကူရယူ၍ ခုခံနေဆဲ ဖြစ်ပါတယ်။

◾️အုတ်ဖိုမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးများက ကျေးရွာများ ဝင်ရောက်ပေါ်တာဆွဲနေ

ⓇⓔⓐⓛⓃⓔⓦⓢ

11 Jan, 02:26


နမခမှ ထွက်လာသော ထပရ-၉၂၉ တပ်ရင်းနှင့် တပ်မ(၇၇)လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား (၃)စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇)စီးအား အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်း၌ ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် အမှတ် (၁) စစ်ဒေသက တိုက်ခိုက်ခဲ့သည့် ရုပ်/သံ

ရုပ်/သံ မူရင်း .credit
SSNTIMES
RealNews

ⓇⓔⓐⓛⓃⓔⓦⓢ

10 Jan, 11:08


သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကိုတွေ့ရစဉ်/ ဓာတ်ပုံ-မုံရွာခရိုင်တပ်ရင်း ၁၉

#EIO
#RealNews

ⓇⓔⓐⓛⓃⓔⓦⓢ

10 Jan, 11:08


မုံရွာ-နမခ ထောက်ပို့ယာဉ်တန်းက ကားငါးစီး၊ စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိ

ဇန်နဝါရီလ ၁၀ ရက်

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ( မုံရွာ-နမခ) က ထွက်လာတဲ့ စစ်အုပ်စုထောက်ပို့ကားတန်းကို တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာမှာ ‌ထောက်ပို့ကားတွေကို ဖျက်ဆီးနိုင်ခဲ့သလို စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲ ယမ်း တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၉ က ထုတ်ပြန်ပါတယ်။

မုံရွာ-နမခ ကနေ ဇန်နဝါရီလ ၉ ရက် မနေ့က ထွက်လာတဲ့ စစ်အုပ်စုထောက်ပို့ကား ၁၀ စီးကို တိုက်ခိုက်ခဲ့ရာမှာ ကားငါးစီးကို ဖျက်ဆီးနိုင်ခဲ့သလို စစ်အုပ်စု ကိုးဦး သေဆုံးပြီး အရှင် ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“ မိမိတို့မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်းနှင့် အတူ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများက မနက် ၁၀နာရီ ၃၀ မိနစ်ခန့် အချိန်မှ နေ့လယ် ၁၂နာရီ အချိန်ထိ တိုက်ပွဲကြာချိန် ၁နာရီ မိနစ်၃၀အကြာ ကြားဖြတ် တိုက်ပွဲ ဖော် ဆောင်ခဲ့ပါသည်။
ထိုထိ‌တွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ရန်သူ့ဘက် ကျောက်စစ်ပုံ အမြောက်တပ်မှ ဟောင်ဝှစ်ဇာငါး လုံးဖြင့် ပစ်ကူပေးခဲ့ပြီး မြေပြင်စစ်ကြောင်းများဖြင့်လည်း စစ်ကူပေးခဲ့ပါသည်။တိုက်ပွဲအတွင်း မိမိတို့တပ်ပေါင်းစုမှ ရဲဘော်တစ်ဦး အသက်ပေးလှူခဲ့ရသည်” မုံရွာခရိုင်တပ်ရင်း ၁၉ ကထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က အထိနာခဲ့ပြီး ကားကြီး ငါးစီး၊ ၁၂၂ ဟောင်ဝှစ်ဇာ အဆံ ၁၅ လုံး ၊ RPG အဖူး ၂၀ ဖူး၊ ၅ ဒသမ ၅၆ ကျည် ၄၀၀၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၅၀၀၀ တောင့်၊ ဒရုန်းဗုံးသီး ၂၀ လုံး ၊ ၆၀ မမ ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀ လုံး၊ နင်းမိုင်း ၄၅ လုံး၊ Jamper စက်ကြီး သုံးလုံး ၊ စက်အသေး နှစ်သုံး၊ G3 နှစ်လက်၊ Ma4 တစ်လက် ၊ အူဇီတစ်လက် ၊ ၄၀  မမ သုံးလုံး ကျောပိုးအိတ် ငါးလုံးနဲ့အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်း သိမ်းဆည်းရရှိခဲ့ တယ် လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ မုံရွာခရိုင်ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင် အမှတ် ၁၉၊၂၆၊၂၁)တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း (၂၀၊၂၂၊ ၁၈၊၂၇၊၂၄)၊ အရာတော်မြို့နယ် ပကဖ ၊ အရာတော်မြို့နယ်ပကဖ တိုက်နယ်အမှတ် (၁၊၂၊၈၊၄၊၁၀၊၁၁)၊မုံ ရွာမြို့နယ် ပကဖ တိုက်နယ်အမှတ် (၂)၊အရာတော်မြို့နယ်ပလဖ၊ BLDF၊ Golden Eagle Force ၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့နဲ့အတူ တခြားမဟာမိတ်အဖွဲ့ တွေပူးပေါင်းတိုက် ခိုက်ခဲ့ကြတာလို့ ဆို ပါ တယ်။

#MFP
#EIO
#RealNews
Jan 10,04:50PM

ⓇⓔⓐⓛⓃⓔⓦⓢ

09 Jan, 16:40


အရင်က လက်လုပ်နဲ့ ပုဆိုးကြားတွေဝတ်ပြီးပစ်ပြေးခဲ့တဲ့အညာသားတွေဟာ ၂၀၂၅ ခုနှစ်မှာ​တော့  ယူနီဖောင်းတွေဝတ်ပြီး တိုက်ပွဲဝင်လာကြပြီဖြစ်
ပြပါတယ် ။

၂၀၂၂ခုနှစ် ဧပြီလကဝက်လက်နယ်အရှေ့ခြမ်း၊သစ်ဆိမ့်ရွာက အရှင်လတ်လတ် မီးရှို့ခံခဲ့ရတဲ့ ရွာသား၆ဦး ၊ ဆေးသင်တန်းတက်ဖို့သွားတဲ့ အသက်(၁၄) နှစ်အရွယ် မပပခိုင်၊မဝင်းပပကျော်တို့အပါအဝင်လူငယ်လေး၉ဦးဟာစစ်​ကောင်တပ်ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုခံခဲ့ရပါတယ် ။အခု​တော့ ကျဆုံးရဲ​ဘော်နဲ့ ​ဒေသခံပြည်သူတို့ရဲ့အရိုးတွေပြန်တွန်ပြီလို့ PDF တချို့ကဆိုပါတယ်။

ⓇⓔⓐⓛⓃⓔⓦⓢ

09 Jan, 16:39


People's Spring:
︎​ဆောင်းပါး

အညာသား​တွေ လက်စွမ်းပြခဲ့တဲ့ပွဲ

ရှိန်း/People's Spring

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ "  နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ် ။

သူပြောသလို ဂုဏ်ယူလို့ရတဲ့အကြောင်းအရာကလည်းရှိ​နေပါတယ်။

နှစ်သစ်ကူးတိုင်း လေကြောင်းက​နေ ဗုံးကြဲလိုက်၊စစ်​ကြောင်း​တွေထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် အိမ်​တွေမီးရှို့​လေ့ရှိတဲ့  စစ်တပ်က ၂၀၂၅ ခုနှစ် အဖွင့်မှာပဲ အညာသားတွေရဲ့စွမ်းရည်နဲ့ စုစည်းမှုကိုမြင်​တွေလိုက်ကြရပါပြီ ။

စစ်​ကောင်စီ က ၂၀၂၅ခုနှစ်၊ဇန်နဝါရီလ (၁) ရက်နေ့မှာပဲ ဝက်လက်မြို့နယ်အရှေ့ခြမ်းက စစ်တပ်
တပ်စွဲထားတဲ့ ရှိမ်းမကားရဲစခန်းအနီးကိုလေ
ကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။၂၀၂၂ခုနှစ် နှစ်သစ်ကူးညတုန်းကလည်း ဝက်လက်နယ်အရှေ့ခြမ်းကဘုရားလေးကုန်းကျေးရွာကိုလေကြောင်းက​နေ ဗုံးကြဲခဲ့ပါတယ်။

နှစ်သစ်ကူးကာလတိုင်းလိုလိုမှာ ပြည်သူ​တွေကို အကြမ်းဖက်ခဲ့တဲ့စစ်တပ်ဟာ  ဒီနှစ်၊ ဇန်နဝါရီ
လ(၄)ရက်နေ့မှာ ရွှေဘိုမြို့ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)ကနေ တပ်မ(၃၃) တပ်အရာရှိတွေဦးဆောင်တဲ့​ထောက်ပို့တပ်က ဟန်လင်းမြို့ဟောင်းဘက်ကတဆင့်ဝက်လက်မြို့ကိုထောကိုပို့ဖို့ထွက်လာပါတယ်။တချိန်ထဲမှာပဲ စစ်ကိုင်းတပ်မ(၃၃) ထဲကနေ မန္တလေး-ရွှေဘိုလမ်းကတဆင့် ဝက်လက်မြို့ရဲ့တောင်ဘက်ကနေ ရှိမ်းမကားရဲစခန်းထဲကိုအင်အားဖြည့်ဖို့ကြိုးစားခဲ့ပါတယ်။

ထူးခြားတာက ရွှေဘိုဘက်ကလာတဲ့ပထမစစ်
ကြောင်းဟာ ရွှေဘို-ဝက်လက် ကားလမ်းပိုင်းကနေသွားရင် နေ့ဝက်လောက်​ရောက်တဲ့ခရီးဖြစ်​ပေ
မယ့်  အဲဒီကာလမ်းကို စစ်တပ်မဖြတ်သန်းရဲပါဘူး။အလားတူပဲ စစ်ကိုင်းတပ်မ(၃၃)ရဲ့အနောက်ဘက်မှာရှိတဲ့ မန္တလေး-ကျောက်မြောင်း ဗျူဟာလမ်းပိုင်းဆိုရင်လည်း ရှိမ်းမကားရဲစခန်းအရောက်ကို အဲဒီတပ်ကနေ ကားနဲ့၃နာရီ လောက်သာကြာမယ့်ခရီးပါ။ဒါပေမယ့် ဘယ်ကားလမ်းကိုမှစစ်တပ်အသုံးမပြုရဲတာမို့ တောလမ်းတွေကိုရွေးချယ်အသုံးပြုခဲ့တာပါ။

ဇန်နဝါရီလ ၅ ရက်နေ့မှာပဲ ဗိုလ်ကြီးမျိုးမင်းသူဦး​ဆောင်တဲ့ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)က အင်အား ၇၇ ဦးပါ စစ်​ကြောင်းဟာ
မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားအရောက်မှာ PDF တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံခဲ့ရပါတယ်။စစ်သား ၇၇ ဦးပါတဲ့စစ်ကြောင်းဟာ ၄၇ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၆ဦးဖမ်းမိပြီး လက်နက်မျိုးစုံ ၄၄ လက်အထိရခဲ့ပါတယ်။

ဒီတိုက်ပွဲမှာသေဆုံးသူတွေရဲ့ လက်မောင်းတံဆိပ်တွေမှာတပ်မ(၃၃)ရဲ့ တံဆိပ်တွေကိုတွေ့ရပါတယ်။ အတိုက်ခံရတဲ့ စစ်​ကြောင်းကိုစစ်ကူပေး
ဖို့ ဝက်လက်မြို့က​နေ ဇန်နဝါရီ ၅ ရက်ည​နေ ၃ နာရီ​ကျော် ထွက်လာတဲ့  ဗိုလ်ကြီးကျော်မင်းခိုင် အပါအဝင် အင်အား (၃၀ )ဝန်းကျင်ရှိတဲ့ စစ်ကူစစ်ကြောင်း ကိုလည်း  PDF ​တွေက ကြားဖြတ်ထပ်မံတိုက်ခိုက်ခဲ့ကြပါတယ် ။

စစ်ကူးစစ်​ကြောင်းလည်းဗိုလ်ကြီးကျော်မင်းခိုင်အပါအဝင် ကိုးဦးဒဏ်ရာရပြီး ပြန်ဆုတ်သွားရပါတယ် ။ စစ်ကူ​လာတဲ့အထဲ စစ်သား​တွေအပြင်  မီးသတ်ရုံး အရာခံဗိုလ်၊ ပျူ​စောထီး​တွေ ပါ ပါခဲ့တာပါ။ဒဏ်ရာရသူ​တွေကို ဝက်လက်မြို့ဆေးရုံမှာ ​ဆေးကု​နေကြရပါတယ် ။

ဇန်နဝါရီ (၅)ရက်နေ့မှာပဲ ဝက်လက်မြို့ရဲ့အရှေ့
တောင်ဘက်က အုန္နဲဘုတ်ကျေးရွာကိုဝင်ရောက်တပ်စွဲထားတဲ့အင်အား(၇၀)ကျော်ပါ တပ်မ
(၃၃) စစ်ကြောင်းကိုလည်း PDF ​တွေကတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီစစ်​ကြောင်းကို ဗိုလ်ကြီးအေးမျိုးထွန်းဦးစီးပြီး​တော့နာမည်ဆိုးနဲ့ ​ကျော်​ဇောတဲ့ တပ်မ(၃၃)လက်အောက်ခံ စစ်ကြောင်း ဖြစ်ပါတယ် ။

ရှိမ်းမကာ ရဲစခန်းသွားဖို့ထွက်လာတာဖြစ်ပြီး အုန္နဲဘုတ် ရွာမှာ ဇန်နဝါရီ ၅ ရက် မနက်အ​စောပိုင်း တိုက်ခိုက်ခံရတာ​ကြောင့် စစ်သား ၂၀ဦးကျော်သေဆုံးခဲ့သလို ၃ဦးကို အရှင်ဖမ်းမိပြီး  လက်နက် ၅လက် သိမ်းဆည်းရရှိခဲ့တယ်လို့ရွှေဘိုခရိုင် တပ်ရင်း(၁၈)က ထုတ်ပြန်ထားပါတယ် ။
​သေဆုံးသူ​တွေကို စစ်တပ်က ပြည်သူ​တွေရဲ့ အိမ်​တွေထဲထည့်မီးရှို့ လက်စ​ဖျောက်ခဲ့ပြီး စစ်​ကြောင်းကကျန်တဲ့ စစ်သား ၄၀လောက်ဟာ ဖရိုဖရဲထွက်
ပြေးသွားတယ်လို့ PDF​တွေက​ပြောပါတယ်။

စစ်​ကြောင်း ၂ ခုလုံး ပြုတ်ခဲ့ ၊ပျက်ခဲ့တဲ့ ဒီတိုက်ပွဲနှစ်ခုဟာ ဝက်လက်နယ်အတွက် တကျော့ပြန်တိုက်ပွဲလို့ ပြောလို့ရသလို ၂၀၂၂ခုနှစ်နောက်
ပိုင်း ဝက်လက်နယ်အရှေ့ပိုင်းကအညာသားတွေရဲ့ တကျော့ပြန်အောင်မြင်မှုလည်းဖြစ်ပါတယ်။

​ရွှေဘို စခတ (၈) ကထွက်လာတဲ့ အင်အား ၇၇ ဦးပါပြီး စစ်​ကြောင်း တ​ကြောင်းလုံးပြုတ်သွား​အောင်  အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က စုပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ပါတယ် ။

နာမည်ဆိုးနဲ့​ကျောကြားတဲ့ တပ်မ (၃၃ )လက်​အောက်ခံစစ်​ကြောင်းကို အုန္နဲဘုတ်ရွာမှာစစ်​ကြောင်းပျက်​အောင် တိုက်ခိုက်ခဲ့ကြတာက ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းတပ်​တွေဖြစ်ပါတယ် ။

ⓇⓔⓐⓛⓃⓔⓦⓢ

09 Jan, 16:39


စစ်ကိုင်းတပ်မ ၃၃ဟာ စစ်ကောင်စီရဲ့ အကြမ်းဆုံးတပ်မလို့သတ်မှတ်ခံထားရပြီး တပ်မမှူးတွေလက်နက်မချရသေးတဲ့ တပ်မ ၃ခုထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ တပ်ရင်းမှူး​တွေလက်နက်မခရ​သေးတဲ့ တပ်ရင်း သုံးခုက စစ်ကိုင်းကတပ်မ (၃၃) ၊  အင်းမမြို့အခြေစိုက် တပ်မ (၆၆) နဲ့ ပဲခူးအခြေစိုက်တပ်မ (၇၇)တို ဖြစ်ပါတယ် ။

ဒါအပြင် တပ်မ (၃၃ )ဟာချင်းပြည်နယ် ၊ထန်တလန်မြို့ကို မီးရှို့ခဲ့တဲ့ တပ်မဖြစ်ပါတယ် ။ KIA နဲ့ ပူး​ပေါင်းတပ်​တွေရဲ့ ဗန်း​မော်မြို့သိမ်း ထိုးစစ်မှာ စစ်တပ်က စစ်ကူထပ်ပို့တာမှာလည်း တပ်မ (၂၂) နဲ့ တပ်မ (၃၃) ကစစ်သား​တွေပါဝင်တယ်လို့ စစ်​ရေးရင်းမြစ်တဦးက​ပြောပါတယ် ။ ရခိုင်ပြည်နယ်စစ်ပွဲကိုလည်း တပ်မ (၃၃)​အောက်က စစ်​ကြောင်း​တွေ စစ်ကူပို့ခဲ့​သေးပြီး စစ်ရှုံးပြီးထွက်​ပြေးလာကြာဖြစ်ပါတယ် ။

ဝက်လက်မြို့နယ်အရှေ့ခြမ်းဟာ စစ်​ကောင်စီတပ်ကိုလက်နက်ကိုင်တော်လှန်ရေး အ​စောဆုံးပြုလုပ်ခဲ့တဲ့ ​ဒေသ​တွေထဲက တခုပါ။၂၀၂၁ခုနှစ်မှာတင် ဒေသခံကာကွယ်ရေးတပ် ရာဂဏန်းလောက်အထိ ဒီနယ်မြေကို အခြေစိုက်ခဲ့ကြတာပါ။မန္တလေးက UG တွေ၊တပ်တွေလည်း ဒီနယ်ကိုရောက်ခဲ့ကြတာပါပဲ။၂၀၂၂ခုနှစ်မှာ စစ်တပ် စိုးရွံ့ရတဲ့မြေဖြစ်ခဲ့တဲ့အထိ ဒီနယ်​မြေကတော်လှန်ရေးအားကောင်းခဲ့ပါတယ်။

"အဲဒီတုန်းက လက်လုပ်တွေပဲရှိတာ။ကျွန်တော်တို့ကပစ်ပြေးဘဝပဲ"လို့ ​ရွှေဘိုခရိုင်တပ်ရင်း(၁၅)ရဲ့ခေါင်းဆောင် ဗိုလ်ကောက်ရိုးကပြောပါတယ်။

အဲဒီအချိန်က တပ်ဖွဲ့တိုင်းမှာသေနတ်အစစ်ရှားပြီး လက်လုပ်သေနတ်နဲ့ ကိုယ်တိုက်စမ်းသပ်ထုတ်လုပ်နေတဲ့မိုင်းတွေကိုသာ အသုံးပြုခဲ့ကြရတာပါ။
၂၀၂၁ ခုနှစ်ထဲမှာ သစ်ဆိမ့်ရွာရဲစခန်းမှူးကားကို တောကြီးမြွေပွေးတပ်က မိုင်းဆွဲရာမှာ စခန်းမှူးသေဆုံးခဲ့ပါတယ်။

၂၀၂၂ခုနှစ်၊ဇန်နဝါရီလ ဘုရားလေးကုန်းရွာတိုက်ပွဲမှာ စစ်ကောင်စီအကျဆုံးများပြီး လေ
ယာဥ် ၄ စီးအထိအသုံးပြုကာလေကြောင်းတိုက်ခဲ့ပြီးကျန်နေတဲ့သူ့တပ်ဖွဲ့တွေကိုကယ်ထုတ်ခဲ့ပါတယ်။

ဒါ​ကြောင့် ၂၀၂၂ခုနှစ်ပထမ ​ခြောက်လအတွင်း တနိုင်ငံလုံးမှာ စစ်ကောင်စီလေကြောင်းက​နေ ဗုံးကြဲတိုက်ခိုက်မှု အများဆုံးမြို့နယ်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ကျောင်းကုန်းတိုက်ပွဲမှာဆိုလည်း ဝက်
လက်မြို့ကနေတင့်ကားထွက်လာရတဲ့အထိ  တော်
လှန်ရေးတပ်တွေစီးနင်းနိုင်ခဲ့ပါတယ်။အဲဒီက
တည်းက နယ်မြေစိုးမိုးမှုယူနိုင်တဲ့အညာသားတွေ
ဟာ ၂၀၂၂ခုနှစ် သြဂုတ်လမှာအချင်းချင်းကြား​ပဍိပက္ခဖြစ်ပြီး ပစ်ခတ်မှုတခုဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းတပ်ဖွဲ့တွေကြားအငြင်းပွားမှုတွေဖြစ်ခဲ့သလို တပ်ရင်း၊ ပကဖ ဖွဲ့စည်းမှုတွေကတဆင့်ပွတ်တိုက်မှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဝက်လက်နယ်ဟာ စစ်တပ် စစ်ကြောင်းတချို့ကို အရင်လိုတိုက်ပွဲကြီးတွေမဟုတ်နိုင်​တော့ပဲမိုင်းဆွဲတိုက်ခိုက်တာလောက်ပဲလုပ်နိုင်ခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်တပ်က ဟန်လင်းရွာကိုအခိုင်
အမာတပ်စွဲပြီးတဲ့နောက်စစ်တပ်ထိုးစစ်လည်း ဒီနယ်မြေမှာသိပ်မရှိတော့ဘဲငြိမ်နေခဲ့ပါတယ်။
ဒါပေမယ့် ဝက်လက်နယ်အ​ရှေ့ပိုင်း၊ဧရာဝတီမြစ်ကမ်းကနေ အလစ်အငိုက်PDF စခန်းဝင်စီးတာတွေတော့ စစ်တပ်ကလုပ်နိုင်ခဲ့ပါတယ်။

​ဒေသခံကာကွယ်ရေးတပ်တချို့ ဝက်လက်နယ်ကနေစွန့်ခွာတာတွေရှိခဲ့ပေမယ့် ၂၀၂၄ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီး(MOD)လက်အောက်ခံတပ်ရင်းစုဖွဲ့မှုတွေပိုမိုအားကောင်းလာခဲ့သလို အညာသားတွေခြေသံပိုလုံခဲ့ကြပါတယ်။

ဒါ့အပြင် ၁၀၂၇ဒုတိယလှိုင်း နဲ့ ရှမ်းမန်းစစ်ဆင်​​ရေးမှာ အညာတပ်ရင်းတွေပါဝင်ခဲ့ပါတယ်။အဲဒီကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေဆီက​နေ စစ်ပညာကို လက်​တွေ့ သင်ကြားခွင့်ရခဲ့သလို ၊စစ်တပ်ထံကရရှိတဲ့ လက်နက်တွေကို ပြန်လည်ခွဲဝေမှုရခဲ့ပြီး အခုချိန်မှာ တပ်ရင်းတော်တော်များများ လက်နက်တွေစုံနေကြပါပြီ။

ဒါ​ကြောင့် ၁၀၂၇ဒုတိယလှိုင်းအပြီး အညာတပ်
ရင်းတွေ အိမ်ပြန်​​ရောက်လာချိန်မှာ အညာကို​သွေးတိုးစမ်းခဲ့တဲ့  စစ်တပ် သင်ခန်းစာ​ကောင်း​ကောင်း ရခဲ့တဲ့တိုက်ပွဲ​တွေဖြစ်ပါတယ် ။

"ကျွန်တော်တို့ရဲဘော်တွေက ရှမ်းမန်းစစ်ဆင်ရေးမှာ အစကနေအဆုံးထိကျွန်တော်တို့ရဲဘော်တွေကအတွေ့အကြုံတွေအကုန်လုံးရလာတဲ့အပေါ်မှာ ပိုပြီးတော့ လက်စွမ်းပြလာနိုင်တာပေါ့"လို့ ဗိုလ်ကောက်ရိုးကပြောပါတယ်။ စစ်တပ် စစ်​ကြောင်း​တွေပြုတ်​အောင်တိုက်နိုင်တာ ဝက်လက်နယ်မှာဒါပထမဆုံးလည်းဖြစ်တယ်လို့ သူက​ပြောပါတယ်။

ဒါ့အပြင် အခုတိုက်ပွဲမှာ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ ကာကွယ်​ရေးဝန်ကြီးဌာန (MOD) လက်​အောက်က ဝက်လက်နယ်က  ခရိုင်တပ်ရင်းတွေ စုပေါင်းပြီးတိုက်ခဲ့တာဖြစ်သလို အရင်ကတည်းက ရှိတဲ့ဒေသခံကာကွယ်ရေးတပ်
(LPDF)တွေကလည်း တပ်ရင်းတွေရဲ့ တပ်ခွဲတွေအဖြစ် ဟန်ချက်ညီညီ ပါဝင်လာတာကိုတွေ့ရပါတယ်။

အခုဆိုရင် ဝက်လက်နယ်က PDF တပ်​တွေဟာ စုဖွဲ့မှုပိုအား​ကောင်းလာပြီဖြစ်သလို လက်နက်​လည်း
အရင်ကထက်ပိုပြည့်စုံလာကြပြီဖြစ်ပါတယ် ။ 

"၂၀၂၅အတွင်းမှာတော့ စစ်ရေးကဒီထပ်ကိုဒီဘက်မှာ အားသာဖို့ရှိပါတယ်။သူတို့ ဝင်လာသမျှစစ်
ကြောင်းတိုင်းကို အလွတ်မပေးဘဲတိုက်ခိုက်သွားမှာဖြစ်ပါတယ်"လို့ ရွှေဘိုခရိုင်တပ်ရင်း၁၈ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး)ကပြောပါတယ်။

နန်းတက်မင်းတပ်ဖွဲ့က ရဲဘော်ပတီးကလည်း
"အညာသားဗျ။သွေးမနည်းဘူး။လက်နက်မပြည့်စုံလို့ငြိမ်ခံခဲ့ရတာအခုလာရဲတဲ့ကောင်လာခဲ့"လို့ ပြောပါတယ်။

ⓇⓔⓐⓛⓃⓔⓦⓢ

09 Jan, 01:03


🚨ဘုတလင်🚨
၂၁မိုင်မှ မြောက်အရပ်သို့ထွက်လာသော အကြမ်းဖက်စစ်သားများသည် ဗုဒ္ဓပြတိုက်ဘေးလမ်းမှ အနောက်အရပ်သို့ဆင်းသွားပြီး ကံမကြီးပေါ်ဘောင်ပေါ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိ

#EIO
#YZG
Jan 9, 7:27am
📬သတင်းပို့ရန် @EagleInformationOperator

ⓇⓔⓐⓛⓃⓔⓦⓢ

08 Jan, 10:45


ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ဖက်ဆစ်ခွေးမိစ္ဆာ၏ ခမရ ၃၁၉ ၊ ခမရ  ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မံစီမြို့နယ်တစ်ခုလုံးတွင် ဖက်ဆစ်ခွေးမိစ္ဆာ တပ်မရှိတော့ဘဲ အပြီးသတ် ထိန်းချုပ် ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် မံစီမြို့အခြေစိုက် ဖက်ဆစ်ခွေးမိစ္ဆာ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သော  ခမရ ၃၁၉၊ ခမရ  ၆၀၁နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကိုအပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ မံစီမြို့နယ်တစ်ခုလုံးတွင် ဖက်ဆစ်ခွေးမိစ္ဆာတပ်ကင်းစင်သွားပြီး ထွက်ပြေးသွားသည့် ခွေးစုတ်ဖွားများကို လိုက်လံချေမှုန်း ရှင်းလင်းနေကြောင်း သိရှိရသည်။

ကချင်ပြည်နယ် မံစီမြို့နယ်ကို KIA က ၂၀၂၃ ခုနှစ်ကတည်းက စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်  မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မံစီမြို့ကို KIA ပူးပေါင်း တပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ မံစီမြို့နယ်အတွင်းရှိ  ခမရ-၆၀၁ ၊ ခမရ-၃၁၉ နှင့် အမြောက်တပ် ၃၅၂ တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၁ လ ကျော်အကြာတွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

08 Jan, 04:26


☂️သတင်း

Magway Region
10day weather forecast
မကွေးတိုင်းဒေသကြီးတွင်
၂၀၂၅ ဇန်နဝါရီလ ၇ရက်နေ့မှ ၁၇ရက်နေ့အထိ
နေ့အပူချိန် 31°C မှ
ညအပူချိန် 14°C အထိလျော့ကျနိုင်ကာအအေးပိုလာစေနိုင်ပါတယ်
ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ် မိုးရွာနိုင်အလားအလာမတွေ့ရှိရပါဘူး
ISSUED TIME
07/01/2024 8:20am(MMT)


Southern shan state &
Eastern Shan State
10days weather forecast
ရှမ်းပြည်နယ် တောင်ပိုင်းနှင့်အရှေ့ပိုင်းဒေသတွေမှာ
၂၀၂၅ ဇန်နဝါရီလ ၇ရက်နေ့မှ ၁၇ရက်နေ့အထိ
မိုးရွာနိုင်တဲ့အလားအလာလည်းမတွေရှိပဲ မြူနှင့်တွေနှင့်အနိမ့်ဆုံးအပူချိန် 8°C အိကျဆင်းနိုင်ကာအအေးပိုလာစေနိုင်ပါတယ် 🌬️🌬️🌬️
ISSUED TIME
07/01/2024 8:52am(MMT)


Taunggyi City
South Shan State
၂၀၂၅ဇန်နဝါရီလ ၁၂ရက်နေ့မှ ၁၈ရက်နေ့အထိ
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တော်ကြီးမှာ မြူနှင်းများသိပ်သည်းစွာကျရောက်နိုင်ပြီးအအေးပိုစေနိုင်ပါတယ် နွေးနွေးထွေးထွေးလေးနေကြပါ
ISSUED TIME
07/01/2024 9:52am(MMT)


၄၈နာရီအတွင်း
ရှမ်းပြည်နယ်မြောက်ပိုင်း Fog မြူနှင်းမိုးတွေရွာနိုင်ပြီး
အအေးပိုလာစေနိုင်ပါတယ် 🍃🍃🍃
နွေးနွေးထွေးထွေးနေကြပါ
ISSUED TIME
07/01/2025 6:12pm(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
https://www.facebook.com/susu.san.7921975
MRSN
Jan 8 ,  10:43 AM
📬သတင်းပို့ရန်
@MagwayScoutBot 

ⓇⓔⓐⓛⓃⓔⓦⓢ

08 Jan, 00:40


(အသိပေးထုတ်ပြန်ချက်)
8.1.2025 ရက်နေ့ 06:00 am မှစ၍ <ရွှေဘို-မန်းလေး>
လမ်းပိုင်းအား မြေပြင်စစ်ရေးအခြေနေအရ လုံးဝသွားလာအသုံးမပြုကြပါရန် လေးစားစွာအသိပေးပန်ကြားအပ်ပါသည်ခင်ဗျာ။
ရွှေဘို - မုံရွာ လမ်းပိုင်းဖွင့်လစ်ထားပါသည်။
ပြန်လည်အသုံးပြုလို့ရမည့်အချိန်ကို ကြေငြာပေးပါမည်။ခရီးသွားပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုအပ်ပါသည်။


Edit
(အသိပေးထုတ်ပြန်ချက်)
8.1.2025 ရက်  08:00 am မှစ၍ ရွှေဘို - မန်းလေး လမ်းမကြီးအား ပြန်လည်အသုံးပြုလို့ရပြီဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 16:05


☂️သတင်း

06January 2025
မြန်မာတစ်နိုင်ငံလုံးမှာ ရာသီဥတု ကြည်ကြညမလင်လင် သာသာယာယာရှိနေစေပါလိမ့်မယ် မိုးမရှိပါဘူး 🌱🌱🌱
06/01/2025 3:52am(MMT)


၂၀၂၅ မေလတွင် ရေးခရိုင် သံဖြူဇရပ်ခရိုင် မော်လမြိုင်ခရိုင် သထုံခရိုင် ဘားအံခရိုင် ကော့ကရိတ်ခရိုင် ဖာပွန်ခရိုင် ပဲခူးခရိုင် ညောင်လေးပင်ခရိုင်ဒေသတွေမှာ ရွာသွန်းမြဲထက် ၂ဆ ကျော် ပိုမိုရွာသွန်းနိုင်ပါတယ် 🌧️🌧️🌧️🐌🌱
ISSUED TIME
06/01/2025 8:42am(MMT)


Bago Region
10 days Weather Forecast
ပဲခူးတိုင်း
ယနေ့ ဇန်နဝါရီလ ၆ရက်နေ့မှ ၁၆ရက်နေ့အထိ
ပျမ်းမျှနေ့အပူချိန် 32°C
အနိမ့်ဆုံးအပူချိန် 16°C အထိကျဆင်းနိုင်ပြီး အေးမြကြည်လင်သာယာနေပါလိမ့်မယ် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး
06/01/2025 10:56am(MMT)


Mandalay Region
10 days weather forecast
ရမည်းသင်းခရိုင် ပျော်ဘွယ်ခရိုင် မိတ္ထီလာခရိုင် ညောင်ဦးခရိုင် မြင်းခြံခရိုင် ကျောက်ဆည်ခရိုင် ပြင်ဦးလွင်ခရိုင် မန္တလေးခရိုင် စစ်ကိုင်းခရိုင် ဒေသတွေမှာ နေ့အပူချိန် 31°C ညအပူချိန် 15°C အထိကျဆင်းနိုင်ပြီး အေးမြကြည်လင်သာသာယာရှိနေပါလိမ့်မယ် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး 🌧️🌧️🌧️
06/01/2025 11:17am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌃

မင်း ဂွတ် သီး Su Su San
https://www.facebook.com/susu.san.7921975
MRSN
Jan 6 ,  6:38 PM
📬သတင်းပို့ရန်
@MagwayScoutBot  

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 15:59


သတိထားသင့်​သော Paraglider/Paramotor (သို့) အင်ဂျင်တပ်လေထီး ‼️

#NAS #EAR

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 10:48


ရေဦး
ရေဦးတိုင်းရင်းခွေးခြံမှ ခွေးကားအသေး၃စီး Skatကား၁စီး ခွေးအင်အားအပြည့်ပါရှိပြီး ရေဦးကြာဖူးဝိုင်းသို့ရောက်ရှိနေကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Jan.6/ 5:10PM

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 04:05


ဝက်လက်၊ အုန္နဲဘုတ်ကျေးရွာသို့ ဝင်ရောက်စီးနင်းသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာသို့ ဝင်ရောက်စီးနင်းသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ အကြမ်းဖက်စစ်သား ၇၀ ခန့်သည် ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာသို့ ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်သား ၂၀ ကျော် သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“ ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းမှာ ဒီအုန္နဲဘုတ်ရွာကို ဝင်ရောက်စီးနင်းတာ။ ရွာထဲကနေ ပြည်သူတွေ ထွက် ပြေး ရတယ်။ အဲဒီနေ့က ရွာထဲမှာ ညအိပ်တာ။ ထွက်ပြေးလို့ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း ခိုးယူစားသောက်နေလို့ ၅ ရက်နေ့ မနက်အစောကြီးမှာ ဝင်တိုက်ခဲ့တာ။ လက်ရှိ လက်ကျန် စခတွေ က အုန္နဲဘုတ်ကနေ ထွက်ပြေးသွားပြီးတော့ တောထဲမှာ လော လောဆယ် အခြေပြုနေတယ်လို့ သတင်းရတယ်၊ ကျနော်တို့လည်း ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော MA 1 အမျိုးအစား သေနတ် ၅ လက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး ၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု ၊ ၆၀ မမဗုံးသီး ၃ လုံး နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လေကြောင်းမှ အကြိမ် ၂၀ ကျော် ပစ်ကူပေးတိုက်ခိုက်ကာ အကြမ်းဖက်စစ်သားများက အုန္နဲဘုတ်ကျေးရွာအတွင်းမှ ဆုတ်ခွာ သွားကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစု ၊ရွှေ ဘိုခရိင်အမှတ် ၂၃ တပ် ရင်း ၊ ကြောင်လက်သည်း တပ်ဖွဲ့၊ တပ်ရင်း ၁၈ တပ်ခွဲ ၁ ၊ ဝက်လက်မင်းသား ကြီးအဖွဲ့၊ တပ်ခွဲ၂ ProLife အဖွဲ့၊ တပ်ခွဲ ၃ ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲ ၄ ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက် ဒေါင်းနီအဖွဲ့နှင့် ဒေါင်းစစ်သည်အဖွဲ့ များ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 02:31


"ဘယ်ဘုရားမှတားလို့မရဘူး
မင်းအောင်လှိုင်ကိုချဖို့အတွက်ဆိုရင်အကုန်ချမယ်
ဘယ်သူမှလဲတားလို့မရဘူး
မင်းအောင်လှိုင်သေကိုသေရမယ်"

ကိုမုန်တိုင်း စစ်ဦးစီးအဖွဲ့ဝင်
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 02:29


လွတ်လပ်ရေး နောက်ကွယ်
*

ိုင်ငံ၏ ၇၇ နှစ်မြောက် လွတ်လပ်ရေး နေ့တွင် အကျဉ်းသား ၅,၈၀၀ နီးပါး လွှတ်ပေးခဲ့ရပြီး နိုင်ငံခြားသား ၁၈၀ ပါဝင်နေသည်။

ထို့ပြင် ၅၀၅ (က) ဖြင့် ပုဒ်မတပ် ဖမ်းဆီး ခံထားရပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ထိ ကျခံနေရသူ ၆၀၀ ထိ ပါဝင် နေသည်။

လူသား ချင်း စာနာ ထောက်ထားမှု ဂရုဏာ ကြီးမြင့်စွာဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုကာ မင်းအောင်လှိုင် လင်မယား မှ ထောင်ဗူးဝ ရှေ့တွင် ပြုံးပျော် နေကြသော မိသားစု များကို မိန့်မိန့်ကြီး ကြညိ့ကာ ၎င်းတို့ ကျုးလွန် ခဲ့သော ပြစ်မှု များ ကျေ လောက် ပြီ ဟု ဆိုကာ တွေးပျော် နေကြမည် ဖြစ်သည်။

သို့သော် ၎င်းတို့ လုပ်ရပ်ကြောင့် တနိုင်ငံလုံး လူဦးရေ၏ ၅ ရာနှုန်း ကျော်ရှိ ၃.၅ သန်းသော ပြည်သူများ အိုးမဲ့အိမ်မဲ့ ဘဝ ရောက်နေကြရပြီ ဟု ကုလ သမဂ္ဂ မှ မကြာမီကမှ စာရင်းထုတ်ပြန်လာခဲ့သည်။

ဒု ခေါင်းဆောင် စိုးဝင်းမှ လွတ်လပ်ရေးနေ့ အခမ်းအနား တွင် တနိုင်ငံလုံး ညီညွတ်ကြရန် နှင့် ဆွေးနွေး အဖြေ ရှာ နည်း ဖြင့် ဖြေရှင်းရန် ပြောဆိုသွားခဲ့သည်၊ တနိုင်ငံလုံး ညီညွတ်ကြရန် ဆိုသည်ကား ၎င်းတို့ လုပ်သမျှ ထောက်ခံကြရန်ပင် ဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုသည်မှာလည်း ၎င်းတို့ အာဏာတည်မြဲရေး အတွက် အကွက်ချ ဆွေးနွေးရန်ပင် ဖြစ်သည်။ နိုင်ငံတော် အာဏာ ဆိုသည်က ၎င်းတို့ သားစဉ်မြေးဆက် လက်ဆင့်ကမ်းရမည့် ဘိုးဘွားပိုင် အမွေအနှစ် အလား ခံယူထားကြသူများ ဖြစ်သည်။

မည်သို့ပင် ၎င်းတို့နှင့် မည်မျှပင် ဆွေးနွေးစေကာမူတိုင်းရင်းသား များ မျှော်လင့်ထားသလို စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ပြည်ထောင်စု စနစ်မျိုးတော့ ပေါ်ထွန်းလာမည်မဟုတ်သည်ကား သေချာနေပေသည်။

နိုင်ငံတကာ မှ စစ်ကောင်စီ သည် နောက်ဆုံးတွင် အနိုင်ရမည်ဟု ယုံကြည်‌ နေသ ရွေ့ ၎င်းတို့ကို တနည်း မဟုတ် တနည်း ပံ့ပိုး‌ ပေးနေကြမည်သာ ဖြစ်သည်။ ထိုအ‌ နေအထား ကို ရိပ်စားမိသော စစ်ကောင်စီ သည် တိုင်းရင်းသား အဖွဲ့များ နှင့် ဆွေးနွေးရာ တွင် မည်သို့မျှ အလျော့ပေး ဆွေးနွေးကြမည် မဟုတ်။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းးကြည် သည် နိုင်ငံတော် အတိုင်ပင်ခံ အဆင့် အထိ တက်လှမ်းလာနိုင်ခဲ့ခြင်းသည် ၎င်း၏ ကျေးဇူးရှင်လည်း ဖြစ်၊ ဆရာသမား လည်း ဖြစ်ခဲ့သူ ဗိုလ်သန်းရွှေမှ ပျော့ညံ့ညံ့ ဆက်ဆံခဲ့၊ ကိုင်တွယ် ခဲ့သောကြောင့် ဖြစ်သည်။ ငါလို လူမျိုး တော့ လာမလုပ်နဲ့၊ တိုက်ပိတ်ပစ်လိုက်မည် ဆိုသော ရပ်ကွက်ထဲမှ ကာလသားခေါင်း လူမိုက် အဆင့်သာ ရှိသည့် အတွေးအခေါ်မျိုး နှင့် တွေးကာ ကျေနပ်နေသူ ဖြစ်သည်။

ထိုကဲ့သို့ ခေါင်းမျိုး ကြောင့် ၎င်းတို့အပေါ် ထိုကိစ္စ ကို အကြောင်းပြု၍ တနိုင်ငံလုံး က အကြည်ညိုမဲ့ နေကြပြီ ဆိုသည် အဖြစ် နှင့် အလဲအလှယ် လုပ်နေကြရသည် ကို မရိပ်စားမိကြ၊ ဗိုလ်သန်းရွှေက လွန်စွာ လိမ္မာ ပါးနပ်စွာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို လူယုတ်မာ များ အဖြစ် ပြည်တွင်း ပြည်ပက မြင်လာသည့် အထိ မရောက်အောင် ကြိုးစားခဲ့ကြသည်။

လွှတ်ပေးသူ များ ထဲတွင် ထိုင်း ငါးဖမ်းသမားများ မပါဝင်ပဲ အွန်လိုင် ငွေလိမ်ဂိုဏ်းများ တွင်  ပါဝင်‌ နေသူ များ ဖြစ်‌ နေသည်၊ ထို့အတွက် ထိုင်း ကာကွယ်ရေး ဝန်ကြီး က ၎င်းတို့ မျှော်လင့်ထားသည့် စနေနေ့တွင် ဖြစ်မလာခဲ့သော်လည်း မကြာမီ လွတ်လာပါလိမ့်မည်ဟု ရှက်ရှက် နှင့် ဝန်ခံ ပြောဆိုခဲ့ရသည်။

စစ်ခေါင်းဆောင်များသည် ၎င်းတို့ဖက်မှ ရပ်တည်နေပါလား ဆိုသည့် ကျေးဇူး လည်း ထောက်ထားရမှန်း မသိ၊ လူမိုက်ပီပီ နိုင်လို့ရမည် ထင်ပါက hostage diplomacy ကို သာ ကျင့်သုံးပြီး လုပ်လို့ မရသည့် တရုတ်ကိုမူ မိမိ နိုင်ငံသား ဖြစ်နေစေကာမူ ချက်ခြင်းပင် လေယာဉ်ပေါ် တင် လွှဲပေးခဲ့ကြသည် မဟုတ်ပါလား။

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးတော့မည် ဟု ကောလဟသများ တဟုန်ထိုး ပျံ့နှံ့လာနေချိန်တွင် စက်တင်ဘာလ ကတည်းက လုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ရန် ထည့်သွင်းတောင်းဆိုထားသည့် ငွေဆောင် "သ‌ဘောတူညီချက်" ဆိုသည်က ခါတော်မီ ထွက်ပေါ်လာခဲ့သည်။ သို့မဟုတ်က ထိုသို့ လူသိရှင်ကြား ထုတ်ပြောရန် အထိ အစကတည်းက ရည်ရွယ်ခဲ့ခြင်း မရှိဟု ယူဆရပေသည်။

သို့သော် ကိုမြအေး တို့ အဖွဲ့သည်လည်း ၎င်းတို့သာ မဟုတ် ထိုင်း ကာကွယ်ရေး ဝန်ကြီးလည်း အဖေါ် ရှိသေးသည်ဟု ဖြေသိမ့်နိုင်စရာ ရှိ‌နေသည်။

ယခုအခါ ၎င်းတို့ လင်မယား နောက်ကွယ်တွင်
အဘက သီချင်းဆိုလည်း ကောင်းတယ်’၊ ‘အပေးအကမ်းလည်း ရက်ရောတယ်’၊ ‘အရမ်းလည်း “အမ်း” တယ်နော် ဟု တမျိုး၊ ။ “အဘက အမ်း ပေးခဲ့တာတောင် ဂွကျတဲ့အထိ ဖြစ်ရပြီ ဟု တမျိုး တပ်တွင်း တွင် လှောင်ပြောင်ခံနေရရှာပြီ ဖြစ်သည် ဟု ဧရာဝတီ ဆောင်းပါးတွင် ရေးသားထားသည်။

လွတ်လပ်ရေး ရခဲ့သည်မှာ  ၇၇ နှစ် တိုင်ခဲ့ပြီ ဖြစ်သော်လည်း တကယ်တမ်း တွင် တိုင်းပြည် နှင့် လူထု သည် ဗြိတိသျှ ကျွန်ဘဝမှ စစ်ကျွန် ဘဝ သို့  ကူးပြောင်းသွားခဲ့ခြင်းမျိုး သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
✍️ HlaSoeWai

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 02:14


ဘုတလင်
မုံရွာ နမခ မှ မြောက်ဘက်ကိုဟော်ဝှစ်စာလက်နက်ကြီးထုထားပြီး ဘုတလင်နယ်ထဲကျရောက်ပေါက်ကွဲ
ⓇⓔⓐⓛⓃⓔⓦⓢ
Jan.6/ 8:43AM

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 00:51


ဘုတလင်

ဘုတလင်မှထွက်လာသောစခများဟာ ဘုတလင်မြို့နယ် လွှဲတဲရွာထဲကိုရောက်ရှိနေပြီလို့သတင်းရ

ⓇⓔⓐⓛⓃⓔⓦⓢ
Jan.6/7:20AM

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 00:51


ဘုတလင်

ဘုတလင်မှထွက်လာသောစခများဟာ လွှဲတွဲရွာအနီးကိုရောက်ရှိနေပြီလို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Jan.6/7:17AM

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 00:50


ဘုတလင်

ဘုတလင်မှထွက်လာသောစခများဟာ ဘုတလင်မြို့နယ် လွှဲတဲရွာထဲကိုရောက်ရှိနေပြီလို့သတင်းရ

ⓇⓔⓐⓛⓃⓔⓦⓢ
Jan.6/7:20AM

ⓇⓔⓐⓛⓃⓔⓦⓢ

06 Jan, 00:47


ဘုတလင်

ဘုတလင်မှထွက်လာသောစခများဟာ လွှဲတွဲရွာအနီးကိုရောက်ရှိနေပြီလို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Jan.6/7:17AM

ⓇⓔⓐⓛⓃⓔⓦⓢ

05 Jan, 23:53


ဘုတလင်

ဘုတလင်အနောက်ပေလမ်းပေါ်တွင်ရောက်ရှိနေသော ခွေးများဟာ ပေလမ်းပေါ်တွင်တန်းစီနေကြကြောင်းသတင်းရ

ⓇⓔⓐⓛⓃⓔⓦⓢ
Jan.6/6:23AM

ⓇⓔⓐⓛⓃⓔⓦⓢ

05 Jan, 12:40


"သုံးဘက်မြင်"

သူ့နာမည်က ကိုလူခ။

အရင်ကတော့ သူနေတဲ့ ရွာအနီးရှိ မြို့လေးတစ်ခုက လျှပ်စစ်ရုံးမှာ မီတာဖတ်တဲ့ စာရေးလေးတစ်ယောက်။ ၂၀၂၁ အာဏာသိမ်းမှု အလွန်မှာတော့ မတရားမှုကို လက်မခံဘူးလို့ ဆုံးဖြတ်ပြီး ဇနီးဖြစ်သူနဲ့ တိုင်ပင်ကာ ပြည်သူနဲ့အတူ ရပ်တည်ခဲ့တယ်။

သူ့လုပ်ရပ်အတွက် သူ့ရွာကလဲ အားပေးတယ်၊ ဂုဏ်ယူတယ်၊ လေးစားကြတယ်။ ရွာဦးကျောင်း ဆရာတော်ကလဲ ကိုလူခရဲ့ လုပ်ရပ်အတွက် ချီးမွှမ်းကြောင်း လူစီစီ ဥပုသ်နေ့တွေမှာ ကြုံတိုင်းပြောတော့ သူဆုံးဖြတ်ချက်အတွက် သူကျေနပ် ပီတိဖြစ်ရတယ်။

ကိုလူခက နိုင်ငံရေး နားမလည်ပါဘူး။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့တယ်။ သူ့အကြောင်းပြချက်က သူလုပ်ခဲ့တဲ့ လုပ်သက်တလျောက် NLD အစိုးရရဲ့ စီမံမှုအောက်မှာ သူ့ရဲ့ ဝန်ထမ်းဘဝက လုံခြုံမှု ရခဲ့တယ်၊ မျှတစွာ ဆက်ဆံခံရတယ်၊ ကုန်ဈေးနှုန်းလဲ ထိုက်သင့်သလောက် တည်ငြိမ်ခဲ့တယ်လို့ သူ ခံစားရလို့။ ဒီလောက်ပါပဲ။

နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေတယ် ဆိုပေမယ့် ပြည်သူ့အကျိုးကို သယ်ပိုးနေတယ်လို့ ခံယူထားတာကြောင့်လဲ ပြည်သူကို အနိုင်ကျင့် နှိပ်စက်တဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ဖို့ သူတာဝန်ကျေအောင် တတပ်တအား ပါဝင်ခဲ့တယ်။

***

နှင်းမြ။

ကိုလူခနဲ့က ငယ်ချစ်တွေ။ ရွာမှာ ကွမ်းတောင်ကိုင် မဟုတ်ပေမယ့် အချောအလှ စာရင်းဝင်သူ။ လိမ်မာ ပါးနပ်တယ်၊ ရိုးသားဖြူစင်တယ်။ ကိုလူခ ကျောင်းပြီးလို့ အလုပ်ဝင်တော့ နှစ်ဘက်မိဘတွေရဲ့ သဘောတူညီမှုနဲ့ ရွာမှာပဲ အကျဉ်းရုံးပြီး လက်ထပ်ခဲ့ကြတယ်။

မင်္ဂလာဦးနေ့ရက်တွေက နှင်းမြအတွက် ကြည်နူးနေ့ရက်တွေပေါ့။ တည်ကြည်ရိုးသားတဲ့ ကိုလူခကို အိမ်ဦးနတ် အဖြစ် ယုံကြည်အားကိုးစွာ သူပိုင်ဆိုင်နိုင်ခဲ့တာမလား။ ငွေကြေး မချမ်းသာကြပေမယ့် သူတို့ အိမ်ထောင်ရေးက ပျော်ရွှင်စရာအတိ ဖြစ်ခဲ့တယ်။ ကိုလူခကိုလဲ ရိုရိုသေသေ ဆက်ဆံတယ်။

နှင်းမြလဲ နိုင်ငံရေးကို ဘာမှ နားမလည်ရှာပါဘူး။ ကိုလူခက သူ့အလုပ်ကို စွန့်လွှတ်ပြီး ပြည်သူနဲ့အတူ ရပ်တည်တော့မယ် ဆိုတော့ လင်တော်မောင် စိတ်တိုင်းကျ သဘောတူ ခွင့်ပြုခဲ့တယ်။ လင်မယားနှစ်ယောက် တိုင်ပင်ပြီး စားဝတ်နေရေးအတွက် အိမ်ဆိုင်လေး ဖွင့်ခဲ့တယ်။ ကိုလူခကတော့ တောက်တိုမည်ရ အကူပေါ့လေ။

ရာသီအလီလီပြောင်းလို့ နှစ်တွေဟောင်းလာတော့ နှင်းမြ အချိုးပြောင်းလာတယ်။

ဝင်ငွေမရှိ၊ အလုပ်အကိုင် မရှိတော့တဲ့ ကိုလူခကို သူ မလေးစားတော့ဘူး၊ အထင်မကြီးတော့ဘူး။ နင်ပဲငဆနဲ့ မခန့်လေးစားတွေ ပြောတတ်လာတယ်။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်ပြီး အစစအရာရာ ရှားပါလာတဲ့ခေတ်မှာ အိမ်ထောင့်တာဝန်ကို ပခုံးပြောင်း ထမ်းယူပြီး ရုန်းကန်နေရတဲ့ သူ့အတွက် ကိုလူခဟာ လူပိုကြီးလို ဖြစ်လာတယ်။

***

ဖိုးတုတ်။

ကိုလူခနဲ့ နှင်းမြတို့ရဲ့ ရင်နှစ်သည်းချာလေး။ သူ့အမေ နှင်းမြလိုပဲ စကားတတ်တယ်၊ သွက်လက်ချက်ချာတယ်။ အခုဆို အသက် ငါးနှစ်ပြည့်ခဲ့ပြီမို့ ရှေ့နှစ်ဆို ကျောင်းစထားရတော့မယ်။

ကိုလူခ စဉ်းစားမိတယ်။ နှင်းမြ သူ့အပေါ် ဆက်ဆံရေး ပြောင်းလာတာတွေ၊ အထင်သေး အမြင်သေး ဖြစ်လာတာတွေ သူသည်းခံတယ်၊ မသိကျိုးကျွန်ပြုပြီး နေတယ်။ နိုင်ငံနဲ့ ပြည်သူအတွက် သူတာဝန်ကျေခဲ့ပေမယ့် အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့ သူဝတ္တရား ပျက်ကွက်ခဲ့တယ်။

ဖိုးတုတ်လေး ကြီးလာရင်ရော သူ့ကို ဘယ်လို အမြင်နဲ့ ဆက်ဆံဦးမလဲ တွေးမိတော့ ကိုလူခ သက်ပြင်းငွေ့ငွေ့ ချမိတယ်..။

#4C_TruthNews

ⓇⓔⓐⓛⓃⓔⓦⓢ

04 Jan, 10:08


လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို  ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် တိုက်ခိုက်ခံရ

ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇန်နဝါရီ ၄ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ယနေ့လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်၊ နံနက် ၁၂နာရီ၅မိနစ်ခန့်တွင် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က  ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်လက်အောက် ကျရောက်နေသည့် ပြည်သူများအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ ယနေ့ကျရောက်သည့် လွတ်လပ်ရေးနေ့တွင်  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၁၂ လုံး အနက် ၁၀ လုံးမှာ တောင်ငူ လေတပ်ဝင်းအတွင်း အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

"ဟိုရက်က နှစ်သစ်ကူးညကလည်း ကရင်နီကိုဗုံးကြဲတာ တောင်ငူလေတပ်ပါပဲ။ ပစ်တာကတော့ တိုက်လေယဥ်ထားသိုရုံတွေနဲ့ လေကြောင်းထိန်းမျှော်စင်တွေကို ပစ်မှတ်ထားတိုက်တာပါ။ ထိခိုက်မှု ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်" ဟု Mountain Knights Civilian Defense Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်ငူလေတပ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက် ၁၂၀ မမ လက်နက်ကြီးဟု ယူဆရသည့် လက်နက်ကြီး သုံး လုံး ဖြင့်ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

တောင်ငူ လေတပ်စခန်းသည် ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊  နှင့် ရှမ်းတောင်ဒေသ တို့တွင် အဓိက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် လေတပ်စခန်းတစ်ခုလည်း ဖြစ်ပြီး လေကြောင်းတိုက်ခိုက်ရာတွင် အဓိက သုံးသည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်ရှိနေသည့် စခန်းတစ်ခုလည်းဖြစ်သည်။

တောင်ငူလေတပ်စခန်း တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်းအထူးဒေသ အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

BWM နှင့် ပူးပေါင်းအဖွဲ့များမှာ တောင်ငူ လေ တပ်စခန်းကို တိုက်ခိုက်ခဲ့သည်မှာ ယခုအခါခြောက်ကြိမ် မြောက်ရှိပြီဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ရှော့တိုက်ဒုံး ငါး လုံး ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ပေးပို့

#တောင်ငူလေတပ် #ရှော့တိုက်ဒုံး #ပစ်ခတ်ခံရ #MKCDF #BWM #Ayeyarwaddy_Times

ⓇⓔⓐⓛⓃⓔⓦⓢ

04 Jan, 04:49


သတင်းထုတ်ပြန်ကြေညာချက်
🟰🟰🟰🟰🟰🟰🟰🟰🟰🟰

တောင်ငူ (ကေတုမတီ) လေတပ်စခန်းအား
၁၀၇ မမရှော့ဒုံးများဖြင့်တိုင်ခိုက်ခြင်း

🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

              ရက်စွဲ။        ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်

၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်း ၍ ၂၀၂၅ခုနှစ် ဇန်နဝါရီလ  ၄ ရက်၊ လွတ်လပ်ရေးနေ့ မနက် ၀၀:၀၅ နာရီ အချိန်တွင် စစ်ရှုံးကောင်စီ၏ တောင်ငူ (ကေတုမတီ) လေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ၁၀ လုံးကိုအောင်မြင်စွာ ပစ်နိုင်ခဲ့ပါသည်။

၂။ ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ လွတ်မြောက်ခဲ့ မြန်မာပြည်သူတို့သည် စစ်အာဏာရှင် အဆက်ဆက်လက်အောက်တွင် လွတ်လပ်မှုများဆုံးရှုံးနေခဲ့ရပြီး စစ်ရှုံးကောင်စီ အာဏာသိမ်းသည့်နေ့မှ စ၍ အဆိုးဆုံးအခြေအနေသို့ရောက်ရှိခဲ့ရသည်။ လွတ်လပ်ရေးနေ့ ဆိုသည့်တိုင် စစ်အာဏာရှင်အောက်မှမလွတ်မြောက်သေးပဲ နေ့စဥ်နှင့်အမျှစစ်ရှုံးကောင်စီ၏ နှိပ်စက်ညှင်းပန်းမှုအောက်ဒုက္ခရောက်နေသော ပြည်သူတို့လွတ်မြောက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် မျှော်မှန်း၍ ဤမစ်ရှင်ကို ဖော်ဆောင်ရခြင်းဖြစ်သည်။ 

၃။ တောင်ငူလေတပ်စခန်းသည် နှစ်သစ်ကူးည ကရင်နီဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသော စစ်ရှုံးကောင်စီ၏ လေတပ်များထဲမှ တောင်ပိုင်းရှိအရေးပါသော လေတပ်စခန်းတစ်ခုဖြစ်သလို၊ ပြည်သူတို့ကို လေကြောင်းတိုက်ခိုက်ရာတွင် အဓိက သုံးသည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေသော လေတပ်စခန်းတစ်ခုလည်းဖြစ်သည်။ လေတပ်ပြိုလျင်မြန်မာပြည်တဝှမ်းရှိတော်လှန်ရေးအင်အားစုများ အနိုင်ရပြီး မြန်မာပြည်သူတို့ စစ်အာဏာရှင် လက်အောက်မှ အမှန်တကယ် လွတ်မြောက်နိုင်ပြီဟုယုံကြည်သောကြောင့် ကျွန်ုပ်တို့ BWM  နှင့်  အတူ မဟာမိတ်အဖွဲ့တို့က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် BWM ၏ mission 28 အဖြစ် ဖော်ဆောင်ရခြင်းဖြစ်ပါသည်။

၄။ BWM နှင့် မဟာမိတ်များအနေဖြင့် တောင်ငူလေတပ်စခန်းကို တိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ၆ ကြိမ်မြောက်ဖြစ်ပြီး ယနေ့တိုက်ခိုက်မှုအတွင်း စစ်ရှုံးကောင်စီ၏ ထိခိုက်ပျက်စီးမှုအခြေအနေများကိုဆက်လက်စုံစမ်းလျက်ရှိပြီး စုံစမ်းသိရှိရ သည်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာပေးသွား ပါမည်။

#EIO
#Brave Warriors for Myanmar-BWM
#RealNews

ⓇⓔⓐⓛⓃⓔⓦⓢ

04 Jan, 04:26


ဘုတလင်မြို့နယ်၊ ကူတော်စခန်းမှ စွန့်ခွာထွက်ပြေးကြသည့် စခ/ရခများကို ကျွန်ုပ်တို့ ULF စစ်ကြောင်းနှင့်မဟာမိတ်တပ်ဖွဲ့များမှ လမ်းခုလတ်တစ်နေရာမှာ ဆုံးမပေးတော့မူခန်း...

သတင်းအပြည့်အစုံစောင့်ကြည့်ပေးပါ...

ULF စစ်ကြောင်း တယ်လီဂရမ်ချန်နယ်
👇👇👇
https://t.me/UnionLiberationFront

#ulfစစ်ကြောင်းယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်

https://youtu.be/zRjN-IO5nJE?si=gNDYwxtfAmIE7odf

ⓇⓔⓐⓛⓃⓔⓦⓢ

03 Jan, 17:21


တံတားဦး

တံတားဦးလေတပ်သို့ ဖလမ်းမြို့တွင် (11:12PM & 11:17PM) အချိန်တို့က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော MiG-29 Fighter Jet (1)စီး အနောက်မြောက်အရပ်မှ ဆင်းသက်။

#NAS
Jan 3, 11:45PM
📡သတင်းပို့ရန် @infonas

ⓇⓔⓐⓛⓃⓔⓦⓢ

03 Jan, 17:21


တံတားဦး

တံတားဦးလေတပ်သို့ ဖလမ်းမြို့တွင် (11:22PM & 11:27PM) အချိန်တို့က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော ဒုတိယ Yak-130 Fighter Jet (1)စီး အနောက်မြောက်အရပ်မှ ဆင်းသက်။

#NAS
Jan 3, 11:49PM
📡သတင်းပို့ရန် @infonas

ⓇⓔⓐⓛⓃⓔⓦⓢ

03 Jan, 16:21


"အညားတွေရဲ့ ဇ"

အညာသားတွေက ပြောရင် ပြတ်တယ်၊ လုပ်ရင် တိကနဲပဲ။

အိမ်မဲ့ရာမဲ့ လယ်ယာမဲ့ ဖြစ်အောင်အထိ ပြန်ပေးဆွဲ မိုက်ကြေးခွဲနေတဲ့ စောက်မျိုးယုတ်တွေထဲ ၂ ကောင်လောက်ကို ၂ ပတ်အတွင်း ခေါင်းဖြတ်ပြနိုင်ရင် ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုကို ပိုပြီးတော့ ရလာနိုင်တယ်။

ဗိဿနိုး တပ်ဖွဲ့ရဲ့ လက်ဆကိုတော့ ယုံပြီးသားပါလေ.. 😈

#4C_TruthNews

ⓇⓔⓐⓛⓃⓔⓦⓢ

03 Jan, 09:42


ကန့်ဘလူမြို့နယ်၊ ယမနေရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စခန်းမီးလောင် ပျက်စီး (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စခန်းမီးလောင် ပျက်စီးခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ညနေ  ၅ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ယမနေရွာတွင် အခိုင်အမာတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့က ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်စခန်းအတွင်း မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

" ရန်သူ့ စစ်စခန်းကတော့ မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါတယ်။ ရန်သူ့ဘက်က အကျအရှုံး စာရင်းကိုတော့ ကျွန်တော်တို့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ဆက်လက် စုံစမ်းနေပါတယ်" ဟု ကန့်ဘလူခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာနေပြီး စစ်တပ်က စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများ ဦးတည် လုပ်ဆောင် နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

KhitThitMedia
SSNTIMES

ⓇⓔⓐⓛⓃⓔⓦⓢ

03 Jan, 04:40


"လာပြောကြည့်ကြပါ"

ကချင်လွတ်လပ်ရေးတပ်တော်၏ ဗန်းမော် မြို့သိမ်းတိုက်ပွဲသည် ပြင်းထန်သည်ထက် ပြင်းထန်လာနေပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

နေရာတိုင်းတွင် ခံစစ်ဖြင့် ခုခံနေရသော စစ်ကောင်စီ တပ်များသည် ယခုအခါလည်း ၎င်းတို့၏ စစ်ဆင်ရေး ဌာနချုပ် အမှတ် (၂၁) အား ဒရုန်းများ၊ လက်ဖြောင့်တပ်သားများ၊ သံချပ်ကာတပ်များ အပြင် လေကြောင်းမှလည်း ခုခံ တိုက်ခိုက်လျက် ရှိနေ၍ တိုက်ပွဲအရှိန် မြင့်တက်လာနေခဲ့သည်။

မြို့ခံလူထုလည်း အလုံးအရင်းနှင့် မြို့ကိုစွန့်ခွာလျက် ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း တောက်လျောက် ထိုးစစ်ဆင် တိုက်ခိုက်လာနေသော အာရက္ခတပ်တော်သည် ယခုအခါ မြို့ပေါင်း ၁၇ မြို့အနက် ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။

ဆက်၍ ထိုးစစ်ဆင်ရန်ကိုမူ စစ်ကောင်စီဖက်မှ တုန့်ပြန်လာမှုအပေါ် မူတည်နေသည်ဟု ပြောခွင့်ရ ဦးခိုင်သုခမှ ဧရာဝတီကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။

လေ့လာသူများကမူ အာရက္ခတပ်တော်သည် မြန်မာစစ်တပ် အားကိုးနေသော ဘီဂျင်းထံမှ လိုက်လျောမှုများရလာရန် ကြံစည်ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးစကား တွင်တွင်ပြောနေသော်လည်း လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေဆဲပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် မည်မျှပင် အရေးနိမ့်နေစေကာမူ ၎င်း၏ လေကြောင်း တိုက်ခိုက်မှုကို ကြောက်ရွံ့၍ စားပွဲဝိုင်းသို့ ရောက်လာခြင်းဖြင့် အထက်စီးမှ ‌ဆွေးနွေးနိုင်ရန် ကြံရွယ်ထားပုံရသည်။

မင်းအောင်လှိုင်သည် မည်သို့ပင် ဟန်လုပ်နေစေကာမူ မကြာမီက ထုတ်ပြန်လိုက်သော သန်းကောင်စာရင်းအရ နိုင်ငံတွင်း ၎င်းတို့ ထိန်းချုပ်ထားနိုင်မှု မည်မျှ အတိုင်းအတာ အထိသာ ရှိတော့သည်ဆိုသည်က ဗူးပေါ်သလို ပေါ်သွားခဲ့ရသည်။

၎င်းတို့ ထုတ်ပြန်ချက်အရ နိုင်ငံ လူဦးရေ၏ ၄၄ ရာနှုန်း နေထိုင်သည့် မြို့ပေါင်း ၁၄၅ မြို့တွင်သာ ကောက်ယူနိုင်ခဲ့သည်ကို အထင်အရှား တွေ့လာရသည်။ တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား တပ်ဖွဲ့များ လက်အောက်ရှိ ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းနှင့် ကရင်နီ ဒေသများရှိ မြို့အများအပြားနှင့် မန္တလေးတိုင်း အတွင်းရှိ နွားထိုးကြီး၊ စဉ့်ကူ၊ သပိတ်ကျင်း မြို့များတွင် ကောက်ယူနိုင်စွမ်း မရှိတော့သော်လည်း တနိုင်ငံလုံးရှိ လူဦးရေသည် ၅၁ သန်းကျော်သာ ရှိသည်ဟု ထုတ်ပြန်လာခဲ့သည်။

ကောက်ယူနိုင်ခဲ့သည့် မြို့ပေါင်း ၁၄၅ မြို့အနက် ၁၂၇ မြို့တွင်လည်း ၎င်းတို့ တဝက်တပျက်သာ ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ကို တွေ့ရသည်ဟု မြန်မာနောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့၏ မပြည့်မစုံ စာရင်းဇယားများနှင့် မဲဆန္ဒရှင် စာရင်းပြုစုပြီး ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ရန် ပြင်ဆင်လာနေသည်။

သို့သော် တရုတ်သည် ၎င်းတို့စေခိုင်းသည့်အတိုင်း ရွေးကောက်ပွဲ လုပ်ပြီးသွားက အာဆီယံအဖွဲ့အား အသိအမှတ်ပြုရန် အကြောင်းပြချက်အဖြစ် ဖိအားပေးလာနိုင်သည်ဟု ဝါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ ဂျေဆင် တာဝါက ဗီအိုအေအား ပြောပြခဲ့သည်။

တရုတ်၏ ငြိမ်းချမ်းရေးသည် အပေါ်ယံသဘောသာ ဆောင်မည်ဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာ စစ်ဗိုလ်ချုပ်များ လက်ရှိတွင် ချောင်ပိတ်မိနေပြီး ၎င်းတို့အတွက် အခွင့်အလမ်းများ သဲ့ယူ၍ ရနေပြီဟု တရုတ်ဖက်က ယူဆပြီး အခြေအနေ ကောင်းလာလိုကောင်းလာငြား ရွေးကောက်ပွဲ လုပ်ခိုင်းနေခြင်း ဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်ပိုင်းသည် ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် အကြံအစည်များ ချွတ်ခြုံကျနေပြီး ‌လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ အတင်းအကျပ် စစ်အင်အား စုဆောင်းခြင်းနှင့် အတုအယောင် ရွေးကောက်ပွဲ လုပ်ခြင်းဖြင့် မင်းအောင်လှိုင်အား တရားဝင် ဖြစ်လာအောင်သာ လုပ်နိုင်တော့သည်ဟု ဂျေဆင် တာဝါက ဆိုသည်။

အာဆီယံသည်လည်း ရွေးကောက်ပွဲ မတိုင်မီတွင် စစ်ကောင်စီ၏ ဩဇာအာဏာ ကျဆင်းလာမည့် အဖြစ်ကို ရိပ်စားမိလာနိုင်သည်ဟုလည်း ခန့်မှန်းခဲ့သည်။

စစ်တိုင်းဌာနချုပ်ကြီး နှစ်ခု လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီအဖို့ အခြားရွေးစရာ လမ်းမရှိတော့ပဲ တရုတ်အတွက် အချုပ်အခြာအာဏာ တစိတ်တပိုင်းကို စွန့်လွှတ်ပေးရတော့မည် ဖြစ်သည်ဟုလည်း ဆိုသည်။ တရုတ်သည် ကမ္ဘာတဝှမ်းရှိ ၎င်းတို့ ရင်းနှီးမြုပ်နှံထားသမျှကို ကာကွယ်သွားရန် မြန်မာအား စမ်းသပ်ခံအဖြစ် သဘောထားလာခြင်းလည်း ဖြစ်သည်ဟု ဂျေဆင် တာဝါက ပြောလာခဲ့သည်။

အခြားနိုင်ငံများက တရုတ်၏ လုပ်ရပ်များကို ‌အလေးမထားလျှင် စစ်ခေါင်းဆောင်များသည် တရုတ် သွားစေချင်သည့် လမ်းကြောင်းဖက် ယိမ်းလာကြမည်ဟု ဆိုသည်။

တရုတ်၏ ဖိအားကြောင့် ဆွေးနွေးရန် ဖြစ်လာပါကလည်း ၎င်းတို့ဖက်မှ လိုက်လျောမှု တစုံတရာမရက မည်သူမှ အလေးအနက် ပြောဆိုကြမည် မဟုတ်ဘဲ ဆွေးနွေးပွဲတက်သည် ဆိုယုံမျှသာ ရောက်လာကြဖို့ ရှိနေသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

ⓇⓔⓐⓛⓃⓔⓦⓢ

03 Jan, 01:12


ဘုတလင်

ဘုတလင်မှထွက်သွားသောစခများ သက်ရှည်ကန်ရွာ အနောက်ဘက်မှ တောင်ဘက်သို့ဦးတည်သွားနေကြောင်းသတင်းရ

ⓇⓔⓐⓛⓃⓔⓦⓢ
Jan.3/7:41AM

ⓇⓔⓐⓛⓃⓔⓦⓢ

02 Jan, 08:48


ရေဦး
ရေဦး ကြာဖူးဝိုင်း မှ (စကစ+ပသစ) ပူးပေါင်းအင်အား (၆)ဦး ဝန်းကျင် သည် ရေဦး/ဒီပဲယင်း လမ်းထွက် မဟာဆန်စက်ရှေ့တွင် ရောက်နေကြောင်းသိရ။
ⓇⓔⓐⓛⓃⓔⓦⓢ
Jan.2./3:10PM

ⓇⓔⓐⓛⓃⓔⓦⓢ

02 Jan, 00:20


ယခုအခါ အာရက္ခ တပ်တော်သည် ရခိုင်တွင် ဒီမိုကရေစီ အရေးထက် ကိုယ်ပိုင် အုပ်ချုပ်ရေး ထူထောင်နိုင်မည့် နယ်မြေ ချဲ့ ထွင် နိုင်ရေး ဦးစားပေးနေမှု နှင့် NUG နှင့် လက်တွဲသွားရေး ကို ပြဿနာ အဖြစ် ယူဆလာမှု များကို အနောက်အုပ်စုမှ မည်သို့ တုန့်ပြန်မည် ဆိုသည် အပေါ် အာရုံစိုက်လာကြသည်။

PDF တပ်များ၏ အချို့သော လုပ်ရပ်များကိုလည်း အမေရိကန် နှင့် အနောက်ဥရောပ မှ အမြင် မကြည်လင် ဖြစ်လာသည်။

ရခိုင် သည် ဘီဂျင်း၏ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်း များ အတွက် အရေးပါသော ဒေသ ဖြစ်နေ၍ "ပူးတွဲ လုံခြုံရေး ကုမ္ပဏီ" ဆိုသည့် ခြေလှမ်းများ စတင်လာပြီ ဖြစ်သည်။

ထို့အတွက် အာရက္ခ တပ်တော်၏ လှုပ်ရှားလာမှု အနေအထား ပေါ် မူတည်ပြီး အခြေအနေများသည် တရုတ် ပါဝင်ပတ်သက်လာနိုင်သည့် ပဋိပက္ခ အသွင် သို့ ဦးတည်လာနိုင်ပေသည် ဟု နစ်ကီ အေးရှားတွင်ရေးသားထားသည်။

မိမိ ယူဆ မိသလောက်ကမူ တရုတ်သည် အိန္ဒိယ၏ "Look East Policy" နှင့် ကုလားတန် မြစ် စီမံကိန်းကို ဟန့်တား နိုင်ရန် အာရက္ခ တပ်တော်အား ၎င်းတို့၏ ကိုယ်စားလှယ် တော်ကြီး အဖြစ် သတ်မှတ်ထားပုံရသည်။ ထို့ အတွက် ရခိုင် တွင် အပစ်ရပ်ရေး ကို စိတ်မဝင်စား၊ အာရက္ခ တပ်တော်သည် ၎င်းတို့၏ ပရိုဂျက်များကို လက်ဖျားနှင့် ပင် ထိမည်မဟုတ်၊

ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယခု အခါ ၎င်းတို့၏ ၂၇၁ ကီလိုမီတာ ရှည်လျားသော နယ်ခြား ကို အာရက္ခ တပ်တော်မှ လုံးဝဥသုံ ထိန်းချုပ်ထားပြီး ဖြစ်၍ ဖြစ်ပေါ်လာနိုင်သော ကိစ္စများ အတွက် ၎င်းတို့ နှင့် ဆက်သွယ် ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရသစ်၏ ပြည်ထဲရေး ဝန်ကြီးဌာ န အကြံပေး အငြိမ်းစား ဗိုလ်ချုပ်ကြီး အလမ် ချောင်ဒရီမှ တရားဝင် ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

တရုတ်သည် ၎င်းတို့ ရပ်တည်ရာ ရပ်တည်ကြောင်းကို ပြသလာခဲ့ပြီ ဖြစ်၍  ထဲထဲဝင်ဝင် ပတ်သက် မလာနိုင်မီ NUG အနေဖြင့် စစ်ရေး လှုပ်ရှားမှု များကို အရှိန်မြှင့်ဖို့ လိုအပ်နေပေသည်။ လက်ရှိတွင် မန္တလေး အား ထိုးစစ် ဆင်နိုင်ရန် PDF တပ်များ ဦးတည် လှုပ်ရှားနေသည်ဟု သိရသည်။

ဧရာဝတီ ဆောင်းပါး ကမူ ဘီဂျင်းသည် မြန်မာ စစ်တပ်ဖက်မှ အပြည့်အဝ ရပ်တည်သွားပြီ ဆိုသည့် ယူဆထားချက် သည် ချဲ့ကား လွန်းရာ ကျပြီး ထို အတိုင်း ဆက်၍ ယူဆ ပြောဆိုနေမည် ဆိုက တရုတ် အား စစ်ခေါင်းဆောင်များ နှင့် ပို၍ နီးစပ်အောင် တွန်းပို့ပေးသလို ဖြစ်သွားမည်ဟု သတိပေးလာခဲ့သည်။

NUG သည် ထရန့် အစိုးရသစ် အား လော်ဘီ လုပ်သွားမည်ဟု ပြောလာခဲ့သည်၊ တရုတ် အစိုးရ နှင့် ကော အလားတူ မလုပ်နိုင်ဘူးလားဟု လည်း မေးခွန်း ထုတ်လာခဲ့သည်။ မည်သို့မည်ပုံ စရမည်ကို မသိပါက ပရော်ဖက်ရှင်နယ် လော်ဘီ သမားများ ငှား၍ လုပ်သင့်သည်ဟု ဆိုသည်။

NUG အနေဖြင့် ဘီဂျင်းအား မကျေမချမ်း ဖြစ်နေမည့် အစား ၎င်းတို့အား ထောက်ခံလာအောင် သံခင်း တမန်ခင်း လမ်းကြောင်းကို အာရုံစိုက်သင့်သည်ဟု လည်း အကြံပေးထားသည်။

တရုတ်သည် အိမ်နီးချင်း အဖြစ် အမြဲလို ရှိနေမည့် အတွက် ၎င်းတို့ အား ကိုယ်ဖက် ပါလာအောင် ရေရှည် မူဝါဒ တရပ်အဖြစ် ချမှတ်ဆောင်ရွက်သွားသင့်သည်ဟု အကြံပေးထားသည်။

အမေရိကန် နှင့် အနောက်အုပ်စုသည် မြန်မာ ဒီမိုကရေစီ အင်အားစု များသည် ၎င်းတို့ဖက်တွင် သေချာပေါက် ရှိနေသည်ဟု ယူဆထားကြ၍ အထူး တလည် လုပ်ပေးစရာ မလိုဟု ခံယူထားသည်၊ အကယ်၍ မိမိတို့ဖက်မှ တရုတ် နှင့် ပူးပေါင်းသွားမည့် အလားအလာ များ ထွက်ပေါ်လာပါက လှုပ်လှူပ်ရွရွ ဖြစ်လာကြတော့မည် ဆိုသည်ကို ထည့်သွင်စဉ်းစားရမည် ဖြစ်သည်ဟု မိမိ ယူဆမိသည်။

မကြာမီက "အိမ်ပြန်လှိုင်းစစ် ICO 2" ဆိုကာ ရံပုံငွေ ကောက်ခံမှုသည် တိုတောင်းသော ကာလ အတွင်း ဒေါ်လာ ၁၃ သန်း အထိ အံ့မခန်း ကောက်ခံနိုင်ခဲ့သည်ကို ကြည့်က လူထု ၏ ထောက်ခံမှု သည် ဝေဝါးသွားခြင်း မရှိသည်ကို တွေ့ရသည်။

NUG နိုင်ငံခြားရေး ဝန်ကြီးက လာမည့် ဖေဖေါ်ဝါရီ ၁ ရက် မတိုင်မီ ပိုမို ထိရောက်စွာ ဆောင်ရွက် သွား နိုင်ရေး အတွက် အပြောင်းအလဲ များ ဖေါ်ဆောင်သွားရန် ရှိသည်ဟု ဆိုသည်။

မန္တလေး PDF သည်လည်း စစ်ကိုင်းတိုင်း တပ်မဟာ တခု ကို ထပ်မံ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ ‌အောင်ရမည်!!!
✍️ HlaSoeWai
ⓇⓔⓐⓛⓃⓔⓦⓢ

ⓇⓔⓐⓛⓃⓔⓦⓢ

02 Jan, 00:20


🍀.。.:* ::.𝓖𝓸𝓵𝓭𝓜𝓲𝓷𝓮.::.*.:。.🍀 ♨️▁▂▃▄☾ ♛𝓣𝓻𝓲𝓑𝓪𝓷♛ ☽▄▃▂▁♨️:
NUG အတွက် အချက်ပေး ခေါင်းလောင်းသံ
*

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့က စစ်‌ ခေါင်းဆောင်များ နှင့် ဆွေးနွေးရန် လမ်းဖွင့်လာနေ၍ အမျိုးသား ညီညွတ်ရေး အစိုးရ၏ စစ်အာဏာရှင် တွန်းလှန်ရေး စစ်ပွဲ တွင် နှောင့်နှေးမှု များ နှင့် ကြုံလာရသည်ဟု နစ်ကီအေးရှား ရီဗြူးတွင် သုံးသပ်ထားသည်။

NUG ၏ ယာယီ သမ္မတ ကြီး ဒူးဝါး လရှီးလ မှ ယခုလ အတွင်း အာရက္ခ တပ်တော်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အထိ သိမ်းပိုက်နိုင်ခဲ့သည့် အောင်မြင်မှု များ အတွက် ဝမ်းသာဂုဏ်ယူကြောင်း ကြေ့ညာချက် ထုတ်ပြန်လာခဲ့သည်။ မြန်မာနိုင်ငံတဝှမ်း စစ်အာဏာရှင် အဆုံးသတ်သွားရေး အတွက် ပူးတွဲ တိုက်ပွဲ ဝင်သွားမည်ဟု လည်း ပါရှိလာခဲ့သည်။

NUG သည် လက်နက်ကိုင် တော်လှန်ရေး ကို ၂၀၂၁ စက်တင်ဘာလ တွင် စတင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းလာခဲ့သည်။

မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့သည် ၂၀၂၃ အောက်တိုဘာလ တွင် စစ်ကောင်စီ တပ်များကို ထိုးစစ်ကြီး စတင် ဆင်နွှဲလာခဲ့သည်။

NUG သည် ၎င်းတို့နှင့် အတူ ပူးပေါင်း လက်တွဲသွားရန် ပြောဆိုလာသော်လည်း အာရက္ခ တပ်တော် နှင့် မူ ဆက်ဆံရေး အေးစက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တွင်  အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေညာခံခဲ့ရသည့် အာရက္ခတပ်တော်သည် ယခု အခါ ပြည်နယ် အတွင်း ရှိ မြို့ များကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။

စစ်ကောင်စီ တပ်များ နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ရခိုင် မြောက်ပိုင်းရှိ ရိုဟင်ဂျာ များ ဒုက္ခသုက္ခများ ကြုံတွေ့လာရသည်ဟု ကုလသမဂ္ဂ ၏ ဒီဇင်ဘာ လ အစီရင်ခံစာ တွင် ပါရှိလာခဲ့သည်။ အာရက္ခ တပ်တော်မှ တည်ထောင်လာမည့် အုပ်ချုပ်ရေး ယန္တရား မည်သို့မည်ပုံ ထွက်ပေါ်လာမည် ကို ရှင်းရှင်းလင်းလင်း မသိရသေး၍  လည်း ရိုဟင်ဂျာ တို့၏ အနာဂတ် နှင့် အခြေခံ လူ့အခွင့် အရေး များ အတွက် စိုးရိမ်စရာ ဆက်ရှိနေသည်ဟု ဆိုသည်။

ယခုအခါ စစ်ခေါင်းဆောင်များ နှင့် တရုတ် အစိုးရ အကြား နီးနီးကပ်ကပ် ဆက်ဆံလာမှု အနေအထား ကြောင့် NUG သည် အာရက္ခ တပ်တော်အား လက်ကမ်း လာခြင်းလည်း ဖြစ်သည်၊ မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ ၏ ကျန် အဖွဲ့ဝင် များသည် စစ်တပ်နှင့် ဆွေးနွေးရန် ပြီးခဲ့သည့် နိုဝင်ဘာလက လမ်းဖွင့်လာခဲ့သည်။ တရုတ်သည်လည်း မြန်မာ သယံဇာတ များ နှင့် ၎င်းတို့ အတွက် စီးပွားရေး အခြေခံ များ တည်ဆောက်နိုင်ရေး အတွက် စိတ်အား တက်လာကြသည်။

NUG နှင့် PDF တပ်များသည်လည်း မန္တလေး နှင့် နေပြည်တော် တဝိုက် နယ်မြေစိုးမိုးနိုင်ရန် လုံးပမ်းလာကြသည်။ ယာယီ သမ္မတ မှ ပြည်ပတွင် ရှိနေကြသော အစိုးရ အဖွဲ့ဝင်များအားလည်း ပြည်တွင်းသို့ ပြန်လာရန် ဆင့်ခေါ်လာခဲ့သည်။

NUG သည် တရုတ်၏ ဖိအားများ တိုးမြင့် လာနေခြင်းကို လျစ်လျုရှုထား၍ မရတော့သည့် အနေအထား ဖြစ်လာ၍ အဝေးရောက် အစိုးရထက် ပြည်တွင်း တွင် စစ်အင်အား တည်ဆောက်ဖို့ လိုအပ်လာသည့် အတွက်ကြောင့် ဖြစ်သည်ဟု ပြောခဲ့သည်။

NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းကလည်း အရေးတကြီး မလိုအပ်သည့် အသုံးစရိတ်များ လျော့ချပြီး စစ်အသုံးစရိတ် အတွက် ပုံအော်သွားရမည်ဟု ပြောလာခဲ့သည်။

တနင်္ဂနွေ့နေ့ တွင် အာရက္ခ တပ်တော်မှလည်း နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ဆွေးနွေးဖို့ တံခါး ဖွင့်ထားဆဲဟု ပြောလာခဲ့သည်။

NUG သည် စစ်ခေါင်းဆောင်များ နှင့် ဆွေးနွေးရန် ငြင်းပယ်ထားပြီး ဖြစ်သည်။ အာရက္ခ တပ်တော်သည် ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေ များကို လက်မလွှတ်ပဲ ဆက်လက် ကာကွယ်သွားဖို့ ရှိနေသည်၊ သို့သော် စစ်တပ်အား ဆွေးနွေးရန် လေသံ ထွက်လာမှု သည် NUG ၏ ပူးတွဲ တိုက်ပွဲဝင်ရန် ကမ်းလှမ်းမှု အား ငြင်းပယ်လိုက်သည့် သဘောဆောင်နေသည်။

မြောက်ပိုင်းရှိ အဖွဲ့များကလည်း NUG နှင့် ဖာသိဖာသာ နေ‌ နေဆဲ ဖြစ်၍ ပြည်ပ မှ လူသားချင်း စာနာမှု အကူအညီများ ပေးနိုင်ရေး အတွက် ခက်ခဲလာရသည်ဟု အမေရိကန် အခြေစိုက် ကမ္ဘာ လက်နက်ကိုင် ပဋိပက္ခများ တည်နေရာ နှင့် အဖြစ်အပျက်များ လေ့လာစောင့်ကြည့်ရေး အဖွဲ့က နိုဝင်ဘာလ ကုန်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် နောက်ထပ် ထောက်ပြလာသည့် အချက်ကား တော်လှန်ရေး အဖွဲ့ အသီးသီး မှ အရေးပါသည့် ကုန်သွယ်‌ ရေး လမ်းကြောင်း တလျောက် စစ်ဆေးရေး ဂိတ်များ ချ ပြီး အခွန်ကောက်ယူနေမှု များပင် ဖြစ်သည်။ ယင်းသည် လူထု အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်လာနေပြီး NUG ဦးဆောင်နေသည့် တော်လှန်ရေး ကို ထောက်ခံမှု ‌ကျဆင်းလာနိုင်သည်ဟု ဆိုသည်။

NUG ၏ အနေအထားသည် ပြည်ပတွင်လည်း လျော့နည်း ကျဆင်းလာသည်၊ တောင်ကိုရီယား အစိုးရက မြန်မာ နိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ် သက်တမ်း ကုန်ဆုံးသည်များကို NUG ကိုယ်စားလှည် ရုံးမှ ပြန်၍ တိုးပေးသည်ကို နားလည် မှု ဖြင့် ခွင့်ပြုခဲ့သော်လည်း ယခုအခါ ခွင့်မပြု တော့ဟု တောင်ကိုရီယား အစိုးရက ပြောလာခဲ့သည်။

ⓇⓔⓐⓛⓃⓔⓦⓢ

23 Nov, 11:35


"စစ်ဘေးရှောင် မိသားစုဝင်များအား တက်စွမ်းသမျှထောက်ပံ့ကူညီခြင်း"

23/11/2024 | 4:50PM

-ပင်မ ပြန်ကြားရေးဌာန၏ တပ်ခွဲ ရေခဲမြစ်ငယ်နွေ မှ ယနေ့ ဒီပဲယင်းနယ် စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ဘေးရှောင်မိသားစု ၃၃စုအား "ဖွယ်ဖွယ်ရာရာ ဟင်းချက်စရာ ထောက်ပို့ကူညီပါ"အစီအစဥ်ဖြင့် နွေဦးတော်လှန်ရေးတွင် မြင့်မြတ်စွာအသက်ပေးလှူသွားသော ကျဆုံးရဲဘော်ညီနောင်အပေါင်းအား ရည်စူး၍ ဟင်းချက်စရာအသီးအနှံများအား သွားရောက် ထောက်ပံ့ကူညီခဲ့ပါသည် ။

-ရေခဲမြစ်ငယ်နွေ(ပင်မ)
https://t.me/yaykhalmyitngalnwaypress

ⓇⓔⓐⓛⓃⓔⓦⓢ

22 Nov, 15:50


ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့
``စုဆောင်း ၊ လေ့ကျင့် ၊ စုဖွဲ့ ၊ တိုက်ပွဲဝင် ‘’ ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်တိုင်း အဆင့်တိုင်းကို သက်ဆိုင်ရာ ဌာနများအလိုက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြပြီး တိုက်ပွဲပေါင်း ကြီး / ငယ် များစွာကို အနိုင်တိုက်ရုံတင်မက ပြည်သူ့လွတ်မြောက်နယ်မြေများ ဖော်ဆောင်ပေးလျက်ရှိပါတယ်။

တိုင်းရင်းသားဒေသကို အားပြုပြီး မြေပြန့်ကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ကျွန်တော်တို့ MDY PDF ဟာ အခုချိန်မှာဆိုရင် တောင်စဉ်တောင်တန်းတွေကနေတဆင့် ဧရာဝတီမြစ်ကမ်းနံဘေးထိ ချီတက်လို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရှေ့ဆက်မယ့် မြေပြန့်ဒေသ ခရီးစဉ်တွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေးခရီးသွားဖော်တွေကို MDY PDF က လိုအပ်လျက်ရှိပါတယ်။

တော်လှန်ရေးအစမှာ ကျွန်တော်တို့ ပြည်သူတွေ သီဆိုဟစ်ကြွေးခဲ့ကြတဲ့ ``အရေးကြီးပြီ ညီနောင် အပေါင်းတို့ ……’’ ဆိုတဲ့ သီချင်းစာသားအတိုင်းပါဘဲ ရှေ့ဆက်ဖော်ဆောင်မယ့် မြေပြန့်ဒေသ လွတ်မြောက်ရေးအတွက် ရဲဝံ့သော ခိုင်မာသော ထက်သန်သော PDF စစ်သည် စစ်မေများစွာကို လိုအပ်လျက်ရှိတဲ့အတွက် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို အခုဘဲ ဆက်သွယ်ချိတ်ဆက်ကြဖို့ နှိုးဆော်လိုက်ရပါတယ် ။

ⓇⓔⓐⓛⓃⓔⓦⓢ

22 Nov, 15:48


အိမ်ထဲမှာနေပြီး တော်လှန်ရေးကိုဘယ်လိုလုပ်ရမလဲ???
လာ​လာမေးကြတဲ့သူတွေအတွက်
1.သတင်ပေးချင်းဖြင့် တော်လှန်ရေးကိုပါဝင်ပေးကြပါ
2.သတင်း​​တွေကိုမျှဝေခြင်းဖြင့် တော်လှန်ရေးကိုပါဝင်ပေးကြပါ
3.​ ထောက်ပို့ပေးခြင်းဖြင့် တော်လှန်ရေးကိုပါဝင်ပေးကြပါ
သတင်းပေးတယ်၊သတင်းမျှဝေတယ်ဆိုတာ မခက်ခဲလှပါဘူး Telegramကနေ သတင်းပေးနေရတာဖြစ်လို့ နောက်ကြောင်းလိုက်လို့မရတော့အဆင်ပြေတာပေါ့။
သတိပြုရမှာတစ်ခုကတော့ မိမိပုံအစစ် နာမည်အစစ် ဖုန်းနံပါတ်တွေကို မပေါ်အောင်လုံခြုံအောင်ဂရုစိုက်သတိထားပေးကြပါ​ဗျာ
သတင်းပေးပို့လို့ပါက - @kaungkyawRN
#RealNews

ⓇⓔⓐⓛⓃⓔⓦⓢ

22 Nov, 15:44


ဒီညလဲ 😴😴

အရင်ညတွေလိုဆုတောင်းမိတယ်🙏🙏🙏🙏

စစ်အာဏာရှင်စနစ်ကျဆုံးပါစေလို့
💀💀

REALNEWS

ⓇⓔⓐⓛⓃⓔⓦⓢ

20 Nov, 06:43


ရွှေစက်တော်ဘုရားအနီးရှိ စစ်ကောင်စီတပ်တပ်
စခန်းတိုက်ခိုက်ခံပြီး စစ်သားနှင့်ရဲများထွက်ပြေး

တာရာ/People's Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီးဘုရားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များစခန်းကိုစွန့်ခွာထွက်ပြေးကြသည်။

  ရွှေစင်တော် ဘရားအနီး ဘုရားရွာတွင်တပ်စွံထားသော စစ်ကောင်စီတပ်ဖွဲ့များကိုနိုဝင်ဘာ ၁၇ ရက် နံနက် ၃နာရီတွင်  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုမင်းဘူးခရိုင်၊ အမှတ်(၆) တပ်ရင်းက နိုဝင်ဘာ ၁၉ရက်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝငွများသည် ရွှေစက်တော်
ဘေးမဲ့တောအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များကို ဖမ်းဆီးရောင်းချခြင်းအပေါ် ငွေကြေးကောက်ခံ၍ စသည်တို့ကို ခွင့်ပြု ၍ ငွေရှာနေခြင်းဖြစ်ကြောင့် သိရသည်။

“တိုက်ပွဲထဲမှာ လက်နက်ကြီးနဲ့ ပစ်ရုံပဲရှိသေးတယ် အကုန်ထွက်ပြေးသွားကြတာပါ။ ဒါကြောင့် တိုက်
ပွဲတောင် ၁၅မိနစ်လောက်ပဲကြာလိုက်တယ်။ ကျွန်
တော်တို့ဘက်က ပစ်လိုက်တာပဲရှိတယ်။ သူတို့ဘက်က ပြန်မပစ်ဘဲ ထွက်ပြေးသွားကြတာပါ”ဟု အဆိုပါတပ်ရင်းတာဝန်ရှိသူကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်
(၆)တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်-ပကဖ၊ ငဖဲမြို့နယ်-ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကအသိပေးထားသည်။

ထိုစခန်းတွင် စစ်ကောင်စီတပ်နှင့်ရဲ အင်အား ၁၀ ဦးခန့်ရှိပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွှေစက်တော်ဘုရားတဝှိုက်ကို အင်အားပြန်ဖြည့်တင်းလာသဖြင့် ဘုရားရွာရှိ ပြည်သူမျာထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။

မင်းဘူးမြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ရဲများနှင့် ပျူစောထီးတို့ဖြင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် ၎င်းတို့ တပ်စခန်းနှင့် ၎င်းတို့စုဝေးရာနေရာများသို့ သွားလာခြင်းမပြု
ကြရန် မေတ္တာရပ်ခံကြောင်း မင်းဘူးခရိုင်၊ အမှတ်
(၆)တပ်ရင်းက ထုတ်ပြန်ထားသည်။

(စစ်ကောင်စီ တပ်ဖွဲ့ဝင်၏ ယူနီဖောင်းကိုခြေဖြင့်နင်းနေသော PDF များ။ဓါတ်ပုံ--မင်းဘူးခရိုင်တပ်ရင်း (၆) )

ⓇⓔⓐⓛⓃⓔⓦⓢ

17 Nov, 14:08


ဗုံးခိုကျင်း တည်ဆောက်ပုံ အဆင့်ဆင့်။

#SSN

ⓇⓔⓐⓛⓃⓔⓦⓢ

17 Nov, 08:58


ရေဦး
ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို ရောက်ရှိနေသောစခများဟာ Droneဖြင့် ရေဦးမြို့နယ် မြောက်ခြမ်း ပန်ကုံးရွာဘက်ကို ဗုံးသီးချ လေကြောင်းတိုက်ခိုက်သွားကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov. 17 / 3:25PM

ⓇⓔⓐⓛⓃⓔⓦⓢ

17 Nov, 06:02


17.11.2024

ပြင်ပရွှေဈေးနှုန်း

အခေါက်ရွှေ တကျပ်သား

ရောင်းဈေး ၆၀၈၀၀၀၀ ကျပ်

ဝယ်ဈေး ၆၀၄၀၀၀၀ ကျပ်

၁၅ ပဲရည် တကျပ်သား

ရောင်းဈေး ၅၈၈၀၀၀၀ ကျပ်

ဝယ်ဈေး ၅၈၄၀၀၀၀ ကျပ်

ရွှေဈေးနှုန်းများအချိန်နှင့်အမျှပြောင်းလဲနိုင်သည်။အရောင်းအဝယ်မလုပ်ပါ။

ⓇⓔⓐⓛⓃⓔⓦⓢ

17 Nov, 05:13


ရေဦး
အကြမ်းဖက် စစ်ခွေးများမှ နေ့လည် (11:00AM)အချိန်ခန့်က ရေဦးမြို့နယ် ဇီးကန်ရွာအနီးသို့ ဒရုန်းဖြင့် ဗုံးသီး (၂) လုံးချသွားကြောင်းသတင်းရရှိ...
#အထိခိုက်မသိရသေးပါ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov. 17 / 11:40AM

ⓇⓔⓐⓛⓃⓔⓦⓢ

17 Nov, 04:58


ရေဦး
ရေဦးမြို့နယ် အရှေ့မြောက်ခြမ်းတွင် ရောက်ရှိနေသော အင်အား ၁၅၀ ပါခွေးစစ်ကြောင်းဟာဆိုရင် မုန်တိုင်ပင်ရွာကိုရောက်ရှိနေပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီးနေတယ်လို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov. 17 / 11:26AM

ⓇⓔⓐⓛⓃⓔⓦⓢ

17 Nov, 01:04


တန်ဆည်
ရေဦးမြို့နယ် ကြို့ထိမ်းရွာနှင့် ရွာပုကြီးရွာတို့ကိုမီးရှို့နေသောခွေးစစ်ကြောင်းဟာဆိုရင် တန်ဆည်နယ်ကလဇင်ရွာကိုရောက်ရှိပြီး ကလဇင်ရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့နေတယ်လို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov. 17 / 7:33AM

ⓇⓔⓐⓛⓃⓔⓦⓢ

17 Nov, 00:29


ရေဦး
တန်ဆည်နယ် အက်တော သဲကုန်းဘက်မှထွက်လာသော ခွေးစစ်ကြောင်းဟာဆိုရင် ရေဦးမြို့နယ် အရှေ့မြောက်ခြမ်း ကြို့ထိမ်းရွာ ရွာပုကြီးရွာတို့ရှိ ပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်စီးနေတယ်လို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov. 17 / 6:58AM

ⓇⓔⓐⓛⓃⓔⓦⓢ

16 Nov, 11:23


တန်ဆည်
တန်ဆည်နယ် ကျွဲဆွဲရွာထဲမှထွက်လာပြီး ခပေါင်းကြိုင်ရွာကိုရောက်ရှိနေသောစခများဟာ ခပေါင်းကြိုင်ရွာကိုမီးစတင်ရှို့နေပြီလို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov. 16/ 5:45PM

ⓇⓔⓐⓛⓃⓔⓦⓢ

16 Nov, 09:28


တန်ဆည်
တန်ဆည်နယ် ကျွဲဆွဲရွာထဲတွင်အထိုင်ချထားသောခွေးများထဲမှ ခွေးအင်အား၅၀ခန့်ခွဲထွက်လာပြီး တနယ်ရွာထဲသို့ရောက်ရှိလာကာ တနယ်ရွာမှတဆင့် ခပေါင်းကြိုင်ရွာထဲသို့ရောက်ရှိနေတယ်လို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov. 16/ 3:56PM

ⓇⓔⓐⓛⓃⓔⓦⓢ

16 Nov, 07:53


"တရုတ်တို့ ပဒူအုံကို တုတ်နှင့် ထိုးတော့မည်လော"

မင်းအောင်လှိုင်နှင့် အဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိသည် မရှိသည် အဓိက မဟုတ်တော့ပဲ ၎င်းတို့ ထောင်နန်းမစံရရေးသည် တရုတ်၏ ခြွင်းချက်မရှိ ထောက်ခံမှုရရေးအပေါ် လုံးလုံးလျားလျား မူတည်နေပြီဟု စိတ်ဒုံးဒုံးချထားပြီး ဖြစ်သည်။

၎င်းတို့အား တိုင်းပြည် အချူပ်အခြာ အာဏာကို ရောင်းစားသူများ၊ တိုင်းပြည်သယံဇာတများကို လက်ညိုးထိုး ရောင်းစားသူများ၊ ပြည်ပအားကိုး ပုဆိန်ရိုးဆိုသူများ အစရှိသည့် အပြောများသည်လည်း ၎င်းတို့ အသက်ထက်ပို၍ အရေးကြီးပေမည်လောဟုလည်း ခံယူလာကြသည်။

တရုတ်သည်လည်း ၎င်းတို့၏ အားနည်းချက်ကို ကောင်းစွာသိထားပြီး ဖြစ်သည်။ ထို့အတွက် ၎င်းတို့ အငှားရထားသော မြေကွက်များ လုံခြုံစိတ်ချစွာ ဆက်သုံးနိုင်ရေးကိုသာ အဓိက ဦးစားပေးမည့် မူဝါဒကို အာရုံစိုက်လာကြသည်။

မင်းအောင်လှိုင် ချပြသည့် ရွေးကောက်ပွဲသည်လည်း ဘယ်သောင်ဘယ်ကမ်း ဆိုက်နေသည်ဖြစ်စေ ၎င်းတို့အတွက် အရေးမကြီး၊ ပတ်ဝန်းကျင် တခုလုံး မီးဟုန်းဟုန်း တောင်လောင်နေလည်း အငှားရထားသော မြေကွက်များ မီးစွဲမလာဖို့သည်သာ အရေးကြီးနေသည်။

ယခုလည်း တရုတ်သည် နိုင်ငံတွင်းရှိ ၎င်းတို့၏ ပရိုဂျက်များ၊ အကျိုးစီးပွားများအား ကာကွယ်နိုင်ရေးအတွက် မြန်မာနှင့် ပူးတွဲလုံခြုံရေး ကုမ္ပဏီတစ်ခု ထူထောင်ရေး အဆိုပြုလာခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း ဧရာဝတီ သတင်းတွင် ပါရှိလာခဲ့သည်။

ထိုသို့ ပြောလာသည်ကို စစ်ခေါင်းဆောင်များ အဖို့က အချုပ်အခြာအာဏာ ချိုးဖောက်ခံရခြင်းတို့ကို ထည့်သွင်း စဉ်းစားနိုင်စွမ်း မရှိတော့၊ ချက်ခြင်းဆိုသလိုပင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် ဒုတိယဝန်ကြီး အဆင့်ရှိသူများ ပါဝင်သော ကော်မတီပင် ဖွဲ့ပေးလာသည်ဟု ဆိုသည်။

မင်းအောင်လှိုင်ကလည်း ထိုသို့ တာဝန်ယူမည်ဆိုက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်းကို အမြန် စနိုင်အောင်လုပ်မည်ဟု အားရဝမ်းသာ ကတိပေးခဲ့ရှာသည်။

ဝမ်ယိမှ ၎င်းတို့စီမံကိန်းများ အမြန် အကောင်အထည်ဖော်နိုင်မှ ဖြစ်မည်ဆိုကာ ထိုသို့ စကားစလာခြင်း ဖြစ်မည်၊ ထိုသို့ စီမံကိန်းများ လုံခြုံရေးအတွက်ပင် ၎င်းတို့ကို အားကိုးမရ ဆိုသည့်သဘောလည်း ဖြစ်၍ တွေးတတ်လျှင် ရှက်ဖို့ပင် ကောင်းနေရသည်။

၎င်းတို့အပေါ် အားကိုးမရ၊ ယုံကြည်စိတ်ချထား၍မရ ဆိုသည်ကလည်း အပြစ်ပြော၍ မရပြန်၊ လောလောဆယ်တွင် ထီးချိုင့်ရှိ နီကယ် သန့်စင်စက်ရုံ၊ မတ္တရာရှိ အယ်ဖာ ဘိလပ်မြေစက်ရုံများသည် တော်လှန်ရေးတပ်များ လက်တွင်းသို့ သက်ဆင်းသွားခဲ့ရပြီး ဖြစ်သည်။

မြန်မာ တမျိုးသားလုံးအရေးကို လားလားမျှ ထည့်သွင်းစဉ်းစားခြင်း မရှိ‌ပဲ ၎င်းတို့ စစ်ရှူံးလာ၍ တရုတ်တို့၏ အကြံဉာဏ်များ၊ အမိန့်ဩဇာများကို တသွေမတိမ်း နာခံရင်း ပြည်သူများအား ဗုံးကြဲ သတ်ဖြတ်ကာ တိုင်းပြည်ကို သားစဉ်မြေးဆက် လက်ဝါးကြီး အုပ်သွားနိုင်ရန် ကြံစည်လာကြသည်။

ယခုလို တော်လှန်ရေးမျိုးအား နှိမ်နှင်းနိုင်မည်ဆိုက ၎င်းတို့အပေါ် ယခုလို တတိုင်းပြည်လုံးက ဘဝပေး အသိဖြင့် ညီညွတ်စွာဖြင့် အုံကြွ လာကြမည့်အရေးသည် မည်သည့်အခါမျှ ထပ်ဖြစ်လာဖွယ် မရှိတော့၊ တသက်လုံး စိတ်အေးချမ်းသာစွာ နေသွားရမည်ကိုလည်း ကောင်းစွာ သိရှိထားပြီးဖြစ်၍ တိုင်းတပါး ဩဇာခံရမည့် အရေးကိုလည်း မမှုတော့။

ထိုအရေးကို ပေါ့ပေါ့တန်တန် သဘောထား၍တော့မရ၊ မိမိတို့ တမျိုးသားလုံး၏ ကံကြမ္မာကို သားစဉ်မြေးဆက် ဆုံးဖြတ်ခံရမည့်အရေး ကြုံလာရပြီ ဖြစ်သည်။ မိမိတို့ ဒေသနယ်ပယ်များအား လက်နက်ကိုင် ကာကွယ် စောင့်ရှောက်သွားနိုင်ယုံဖြင့် မရတော့၊ တရုတ်နှင့် အမျိုးသား သစ္စာဖောက် စစ်ခေါင်းဆောင်များ၏ သံဖနောင့်အောက်မှ လွတ်မြောက်ရေးအတွက် မြန်မာမြေပေါ်တွင် လူဖြစ် ကြီးပြင်းသူ မှန်သမျှ အချင်းချင်း အပရိက သဘောကွဲလွဲမှုများကို ဘေးချိတ်ပြီး စည်းလုံးညီညွတ်မှ ဖြစ်ပေတော့မည်။

တရုတ်သည်လည်း ၎င်းတို့ အကျိုးစီးပွား ထိခိုက်လာမည့်အရေးနှင့် ဒေါ်နယ်ထရန့် အာဏာရလာမည့် အရေးများကြောင့် ဂမူးရှုးထိုး ဖြစ်လာကာ ပဒူအုံကို တုတ်နှင့် ထိုးသလို ဖြစ်သွားမည့်အရေးကို ထည့်စဉ်းစားမိဟန် မတူ။

၎င်းတို့ ထိုသို့ ဝင်ရောက်စွက်ဖက်လာရန် လမ်းဖွင့်ပေးသလို ဖြစ်မည်စိုး၍ တော်လှန်ရေး တပ်များက မည်မျှပင် မုန်းတီးရွံရှာနေကြစေကာမူ အထိအခိုက်မရှိအောင် လက်ရှောင်ခဲ့ကြသည်။

ယခု ထွက်ပေါ်လာသော သတင်းအရ ဆိုက တရုတ်တပ်များ မင်းအောင်လှိုင်၏ ပင့်ဖိတ်မှုကြောင့် ပေါက်ချလာတော့မည် ဆိုလျှင် အဘယ်အတွက်များ ‌လက်ရှောင်နေဖို့ လိုပေတော့မည်နည်း။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

ⓇⓔⓐⓛⓃⓔⓦⓢ

12 Nov, 12:09


ရေဦး
ရေဦးမြို့ ထဲ မှ ကားသေး (၃)စီး ခန့်မှန်းအင်အား (၂၀)ဝန်းကျင် ကြာပန်းဝိုင်းဘက်သို့ မောင်းသွား
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.12 / 6:35PM

ⓇⓔⓐⓛⓃⓔⓦⓢ

10 Nov, 03:10


တန်ဆည်
တန်ဆည်ခွေးခြံမှ ရွှေလှန် ငတန်းဘက်သို့ ခွေးများဦးတည်ထွက်နေကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.10/ 9:40AM

ⓇⓔⓐⓛⓃⓔⓦⓢ

10 Nov, 00:52


ဘုတလင်
ဘုတလင် အ.ထ.က မှခွေးများဟာလဲ မြောက်ဘက်ကိုဦးတည်ထွက်လာပြီး (၂၁)မိုင်ဘက်ကိုလဲရောက်ရှိနေပြီလို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.10/ 7:17AM

ⓇⓔⓐⓛⓃⓔⓦⓢ

09 Nov, 02:58


ရေဦး
ရေဦးတိုင်းရင်းဆေးရုံမှ ခွေးများ ရေဦးဂါဝီပန်းခြံဘက်သို့ရောက်ရှိနေပြီလို့သတင်းရ
အင်အား၄၀ခန့်
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.9 / 9:28AM

ⓇⓔⓐⓛⓃⓔⓦⓢ

09 Nov, 00:59


ကန့်ဘလူ
ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်မှထွက်လာသောခွေးအင်အား (၁၀၀) ခန့်ဟာဆိုရင် ဇီးကုန်းမြို့ထဲသို့ဝင်ရောက်သွားပြီလို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.9 / 7:25AM

ⓇⓔⓐⓛⓃⓔⓦⓢ

09 Nov, 00:52


ရေဦး
ရေဦးမြို့ပေါ် တိုင်းရင်းခွေးခြံမှ အင်အား (၃၅) ဝန်းကျင်သည် ဆည်မြောင်းရုံး နှင့် မကျီးတော လမ်းကြား အတိုင်း မကျီးတောရွာထဲ သို့ ဝင်သွားပြီး မကျီးတောရွာမှတဆင့် မူးကျင်းဘက်သို့ဆင်းသွားကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.9 / 7:15AM

ⓇⓔⓐⓛⓃⓔⓦⓢ

08 Nov, 23:40


ရေဦး
ရေဦးမြို့ပေါ် တိုင်းရင်းခွေးခြံမှ ထွက်သော ကားကြီး (၁) စီး အင်အား (စီစစ်ဆဲ) ရေဦးမြို့ မြောက်ဘက် ဟိန်းဆီဆိုင် သို့ ရောက်ရှိပီး အင်အာ များချထားခဲ့ဟု သိရ။
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.9 / 6:00AM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 13:20


တန့်ဆည်
ကန့်ဘလူနယ် ဇီးကုန်ခွေးခြံမှထွက်လာသောခွေးကားအကြီးနှစ်စီးမှာ တန်ဆည်နယ်အရှေ့ခြမ်း အက်တောသဲကုန်းရွာအားရောက်ရှိပြီးအက်တောသဲကုန်းဘက်မှတဆင့် တန်ဆည်မြို့ဘက်ဆီသို့မောင်းနှင်နေကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 7:45PM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 12:58


တန့်ဆည်
ကန့်ဘလူနယ် ဇီးကုန်ခွေးခြံမှထွက်လာသောခွေးကားအကြီးနှစ်စီးမှာ တန်ဆည်နယ်အရှေ့ခြမ်း အက်တောသဲကုန်းရွာအားရောက်ရှိပြီး ခွေးအင်အား၃၀ခန့်ပါရှိကာ Drone(၃)စီးလဲပါရှိကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 7:20PM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 12:58


နေ့စဉ် ရွှေဈေး၊ငွေဈေး၊ဒေါ်လာဈေး Update 🔥:
7.11.2024

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၆၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၆၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၂၀၀၀၀ ကျပ်

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)


နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၅၀ ကျပ်
ဝယ်ဈေး     - ၄၄၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၀၀ ကျပ်
ဝယ်ဈေး     - ၃၃၃၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၈၅ ကျပ်
ဝယ်ဈေး     - ၄၇၆၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး     - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး     - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၅ ကျပ်
ဝယ်ဈေး     - ၆၁၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၇ ကျပ်
ဝယ်ဈေး     - ၂၈.၇၀ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၆၄ ကျပ်
ဝယ်ဈေး     - ၅၂.၉၂၆ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၈ ကျပ်
ဝယ်ဈေး     - ၃.၁၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၇၅ ကျပ်
ဝယ်ဈေး     - ၅၇၂၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၀၅ ကျပ်
ဝယ်ဈေး     - ၂၉၂၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၇၅ ကျပ်
ဝယ်ဈေး     - ၃၁၉၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၅ ကျပ်
ဝယ်ဈေး     - ၅၇၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၀ ကျပ်
ဝယ်ဈေး     - ၁၂၀၈ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 12:37


တန့်ဆည်
ကန့်ဘလူနယ် ဇီးကုန်းခွေးခြံမှထွက်လာသောခွေးကားအကြီးနှစ်စီးမှာ တန်ဆည်နယ်အရှေ့ခြမ်း အက်တောသဲကုန်းရွာအားရောက်ရှိနေပြီး ခွေးကားအကြီးနှစ်စီးပေါ်တွင်Droneများပါရှိကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 7:05PM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 12:22


တန့်ဆည်
တန့်ဆည်မြို့နယ် အပ်တော သဲကုန်းဘက်မှပျူခွေးများဟာ တန်ဆည်မြို့ပေါ်ဘောလုံးကွင်းအတွင်းသို့ဝင်ရောက်သွားကြောင်းသိရပါတယ်။
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 6:51PM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 12:06


တန့်ဆည်
တန့်ဆည်နယ် အရှေ့ခြမ်း အက်တော၊သဲကုန်းဘက်မှထွက်လာသော ခွေးအင်အား ၁၅၀ခန့်ပါခွေးစစ်ကြောင်းဟာ တန့်ဆည်မြို့ထဲသို့ဝင်ရောက်သွားပြီဖြစ်ကြောင်းသိရပါတယ်
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7/ 6:40PM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 04:02


ရွှေဘို
ရွှေဘို လေ့ကျင့်ရေး (၈)မှ ထွက်လာသော စကပ်ကားနှစ်စီး ဒိုင်နာတစ်စီးဖြင့် ရွှေဘိုမြို့ထဲသို့ မောင်းနှင်သွားကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 10:30AM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 03:51


မုံရွာ(နမခ)
မုံရွာ နမခမှထွက်လာသောခွေးများဟာဆိုရင် ဖန်းခါးကျင်းရွာဘက်ကိုရောက်ရှိနေပြီး ဖန်းခါးကျင်းရွာမှတဆင့် အနောက် ရေနံချက်ဖိုဘက်ကိုဦးတည်ထွက်နေကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 10:20AM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 03:42


ဘုတလင်
ဘုတလင်မြို့နယ် သဖန်းရွာကိုမီးရှို့ဖျက်ဆီးခဲ့သောစခများဟာဆိုရင် သဖန်းရွာ အနောက်ဘက်ယူကလစ်တန်းဘက်သို့ ထွက်သွားကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 10:10AM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 03:07


ဘုတလင်
ဘုတလင်မြို့နယ် သဖန်းရွာကိုရောက်ရှိနေသောစခများဟာဆိုရင် သဖန်းရွာကိုမီးစတင်ရှို့နေပြီလို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 9:35AM

ⓇⓔⓐⓛⓃⓔⓦⓢ

07 Nov, 03:07


ကန့်ဘလူ
ကန့်ဘလူမြို့နယ် ​မှော်တော်ခွေးဂတုံးရွာမှ ဟော်ဝှစ််စာလက်နက်ကြီးဖြင့် တန်ဆည်မြို့နယ်ဘက်ကိုရမ်းသမ်းပစ်ခဲ့နေကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.7 / 9:33AM

ⓇⓔⓐⓛⓃⓔⓦⓢ

06 Nov, 04:55


မုံရွာ
မုံရွာ နမခမှထွက်လာသောခွေးများဟာ ဖန်းခါးချင်းရွာဘက်ကိုရောက်ရှိကာ ကားလမ်းဘက်ကိုထွက်ပြီး ခရီးသွားပြည်သူများကိုစစ်ဆေးမှုများပြုလုပ်နေတယ်လို့သတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.6 / 11:20AM

ⓇⓔⓐⓛⓃⓔⓦⓢ

05 Nov, 06:21


နမခ
မုံရွာ နမခမှ ဟော်ဝှစ်စာလက်နက်ကြီးဖြင့်ရမ်းထုနေကြောင်းသတင်းရ
ⓇⓔⓐⓛⓃⓔⓦⓢ
Nov.5 / 12:50PM

ⓇⓔⓐⓛⓃⓔⓦⓢ

22 Oct, 04:24


လားရှိုးမြို့၊ ရပ်ကွက် ၁၂ အတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှု ပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်များ ပျက်စီးကြောင်း လားရှိုးအခြေစိုက် FYVအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆုသိည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီကျော်အချိန် စစ်ကောင်စီ၏ ရပ်ကွက် ၁၂ အတွင်းသို့ စစ်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ လူနေအိမ် ၃ လုံးပျက်စီးကြောင်း၊ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

"ရပ်ကွက် ၁၂ ထဲကို ဗုံးတစ်လုံးကျတယ်။ ရှမ်းတောင်တန်းလမ်းကြားထဲက လူနေအိမ် ၃ လုံးပျက်စီးပါတယ်။ လူသေဆုံးမှုမရှိပါဘူး။ ဒဏ်ရာရရှိသူ ၂ ဦးရှိပါတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး" ဟု FYVအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့၊ သိန္နီမြို့၊ နောင်ချိုမြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို ဩဂုတ်လ ၃၀ ရက်နေ့မှစတင်ပြီး အမြဲလိုလို လေယာဉ်ဖြင့် ဗုံးကျဲလျက်ရှိပြီး ယခုအခါ မြေပြင်တွင်ပါ စစ်အင်အား တိုးချဲ့မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

20 Oct, 06:59


ကနီမြို့နယ်၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင်၅၀၀ဗုံးကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၊ ဘုတလင်နယ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာကို စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

"ရွာ ရဲ့ တောင်ဘက် ပဲစိမ်းငုံစိုက်ခင်းထဲကို ကျဲသွားတာလေ။ ဘာကြောင့်ကျဲချတာလဲ ဆိုတော့ ကနီတာဝါတိုင်စခန်းဘက်မှာတော့ စစ်တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ မနေ့က တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီတိုက်ပွဲကို  ပုလဲ၊ယင်မာပင်၊ဆားလင်းကြီးမြို့ဘက်က PDFတွေစစ်ကူသွားမယ်အထင်နဲ့ ဗုံးကျဲတာဖြစ်နိုင်တယ်။ ဗုံးကျဲမှုကြောင့်  အသက်၅နှစ်ရွယ်နဲ့ အသက် ၈နှစ်အရွယ်ကလေးငယ် ၂ ဦးအပါဝင်ပြည်သူ၄ဦးဗုံးစထိမှန်ခဲ့တယ်။ ဗုံးစထိပြီး ဒဏ်ရာရသူတွေကတော့ ကိုလင်းလင်းဇော် အသက် ၃၉နှစ် လက်ထိခိုက်တယ်။ မထားထားလှိုင်အသက်  ၃၁ နှစ်ဦးခေါင်း၊ခါး၊လက်ကျိုးတယ်။ ကလေး ၂ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရတယ်လိုသိထားရတယ်" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ သခွတ္တနယ်ဘက်တွင် စစ်လေယာဥင်္များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

20 Oct, 06:58


မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြီး  အကျပ်အတည်းများ ကြုံနေရမှု၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်များကြောင့်ဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

ရန်ကုန်၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြီး  အကျပ်အတည်းများ ကြုံနေရမှု၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်များကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏  ဆင်းရဲမွဲတေမှုလျော့ချနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည်  ၁၅  နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကိုရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ လူဉီးရေ၏ ထက်ဝက် နီးပါး မှာ ဆင်းရဲ မွဲတေမှုသတ်မှတ်မျဉ်းအောက်တွင် နေထိုင်နေရကြောင်း၊ မြန်မာပြည်သူများခံစားနေရသည့် ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခ္ခမလုံလောက်မှုနှင့်အတူ အစစသော အကျပ်အတည်းများ၏ အဓိက တရားခံ ဇစ်မြစ်မှာ စစ်အာဏာရှင်ဖြစ်ကြောင်း၊  မြန်မာပြည်သူများလိုလား တောင်းတဆောင် ရွက်နေသည့် စစ်အာဏာရှင်စနစ် အပြီး တိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အပေါ် နိုင်ငံတကာမှ ထိရောက်မြင်သာသည့် ကူညီမှုများပံ့ပိုးပေးရန် သံအမတ်ကြီးက  တိုက်တွန်းသည်။

မြန်မာကလေးငယ်များ၏ ၅၅)ရာခိုင်နှုန်းကျော်မှာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေကြရပြီး ကလေးငယ် ၅ သိန်း နီးပါး မှာ ၂၀၂၄ ခုနှစ်အတွင်း အလွန် အမင်းအာဟာရချို့တဲ့မှုကို ခံစားရမည်ဟု ခန့်မှန်းထားကြောင်း၊ ယမန်နှစ်ကထက်  ၅၄  ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ဝင်ငွေနည်းပါးလာမှုနှင့် ဝင်ငွေရရှိရန် ခက်ခဲလာမှုများသည် မိသားစုများ၏ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်များ လျော့ချရသည့် အတွက် အနုတ်လက္ခဏာဖြစ်ရာ အလွန်ဆင်းရဲသော မိသားစုများသည် အသုံးစရိတ်၏  ၂  ရာခိုင်နှုန်းသာ ပညာရေးအတွက် အသုံးပြုနိုင်ကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုသည်။
 
လူ့စွမ်းအားအရင်းအမြစ်ကျဆင်းမှုသည် တိုင်းပြည်၏မျိုးဆက်သစ်များအတွက် နောင်နှစ်ပေါင်း များစွာအထိ သက်ရောက်မှုဖြစ်စေမည်ဖြစ်ရာ  ရေရှည်ဖွံဖြိုးတိုးတက်ရေးရည် မှန်းချက် အကောင်အထည်ဖော်ရေးတွင် “Leaving no one behind” ကိုထိခိုက်မည်မှာ သေချာပါကြောင်း၊ ယင်းမှာ မြန်မာနိုင်ငံ၏အနာဂတ်မျိုးဆက်သစ်များအား နောက်ချန်ထားခဲ့သည်ကို အထင်အရှား ပြသလျက်ရှိကြောင်း၊ ယခုကဲ့သို့သော ဝမ်းနည်းစရာအဖြစ်အပျက်များနှင့် ကိန်းဂဏန်းအချက် အလက်များကို ပြောကြားရသည်မှာ လွန်စွာစိတ်မကောင်းသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းရှင်းလင်းလင်းနှင့် ဓမ္မဓိဌာန် ကျကျ သိရှိစေလိုသည့် အတွက် ဆက်လက် ပြောကြားနေရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသွားသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

20 Oct, 06:49


Khit Thit Media:
ထိုင်းနှင့်တရုတ်ထုတ် လူသုံးကုန်၊စားသောက်ကုန်များမှာ တရားမဝင် သဖြင့် ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်များနှင့် ရပ်ကွက်စျေးအရောင်းဆိုင်များတွင်  ရောင်းချခြင်းမပြုရန် စစ်ကောင်စီက သတိပေး၊ အာဏာရှင်နေဝင်း လက်ထက် ဆိုရှယ်လစ်ခေတ် ပုံစံပြန်ဖြစ်လာဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနှင့်တရုတ်ထုတ် လူသုံးကုန်နှင့်စားသောက်ကုန်များကို တရားဝင် သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းခြင်းမဟုတ်လျှင် ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်များနှင့် ရပ်ကွက်စျေးအရောင်းဆိုင်များတွင်  ရောင်းချခြင်းမပြုရန်  သတိပေးနေသဖြင့် ပြည်ပထုတ် လူသုံးကုန်နှင့်စားသောက်ကုန်များ ရောင်းချမှုအားလုံး ရပ်ဆိုင်းသွားကြောင်း ပြည်တွင်း စီးပွားရေးအသိုင်းအ၀ိုင်းနှင့် ရန်ကုန်မှ ပြည်သူတချို့က ပြောဆိုကြသည်။

အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းက  အောက်တိုဘာ ၉ ရက်နေ့ တွင် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ဆီးရန်အတွက် လမ်း ကြောင်းများတွင် စောင့်ကြည့်ဖမ်းဆီးရမည့်အပြင် ဂိုဒေါင်များနှင့်သိုလှောင်ရုံများကိုလည်း လိုက်လံစစ်ဆေး ဖမ်းဆီးရမည်ဖြစ်ကြောင်း၊ ထို့ပြင် စျေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီး စစ်ဆေးအရေးယူရမည်ဟု အမိန့်ပေးပြီးနောက်  ကုန်တိုက်၊ စျေးဝယ်စင်တာ၊ မီနီမတ်နှင့် ရပ်ကွက်အရောင်းဆိုင်များတွင်ပါ တရားမဝင် ပြည်ပသွင်းကုန်များ ရောင်းချခြင်းမပြုရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတိပေး လာခြင်းဖြစ်ကြောင်း သိရှိရသည်။

"သွင်းကုန်လိုင်စင်နဲ့ တရားဝင် အထောက်အထားမရှိရင် ဘယ်ပြည်ပက ထုတ်တဲ့ လူသုံးကုန်၊ စားသောက်ကုန် ရောင်းလို့မရဘူး၊ ရောင်းရင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူခံရနိုင်တယ်။ ဆိုင်မှာရှိတဲ့ ယိုးဒယား ဆီ၊ ဆပ်ပြာမှုန့်၊ နို့မှုန့်၊ ပဲနို့ တွေ မရောင်းနဲ့။ ရောင်းမယ်ဆိုရင်လည်း မြန်မြန်ကုန်အောင်ရောင်းလို့ ပြောတယ်။ လာစစ်တဲ့အချိန် ယိုးဒယားပစ္စည်းတွေ မိရင် အသိမ်းခံရမယ့်အပြင် လူပါ အဖမ်းခံရမယ်လို့ ပြောတယ်။  မြို့နယ်ထွေ/အုပ်က ညွှန်ကြားလို့ လာသတိပေးတာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောတယ်။ ယိုးဒယားပစ္စည်းတွေ ဆိုင်မှာ ဘာမှ မတင်တော့ဘူး"ဟု တာမွေမြို့နယ်မှ မီနီမတ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့ရှိ ကုန်တိုက်များ၊ စျေးဝယ်စင်တာများအားလုံးတွင် ယိုးဒယားနှင့် တရုတ်ထုတ် လူသုံးကုန်၊ စားသုံးကုန်နှင့် လျှပ်စစ်ပစ္စည်း များ လုံး၀ မတွေ့ရှိရတော့ဘဲ ပြည်တွင်းထုတ်များကိုသာ တင်ထားကြတော့ကြောင်း၊ စစ်ကောင်စီက ကုန်တိုက်များ၊ စျေးဝယ်စင်တာများနှင့် ရောင်းဝယ်ရေး ကုမ္ပဏီများကိုလည်း တရားဝင် သတိပေးမှုများ ရှိကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုသည်။

"City Mart နဲ့ ကုန်တိုက်တွေမှာ ထိုင်းပစ္စည်းတွေရော၊ တရုတ်ပစ္စည်းတွေရော ဘာမှ မတွေ့တော့ဘူး။ အရင် ဆီဆိုရင် ယိုးဒယားပုဇွန်နှစ်ကောင်ဆီတို့ကို City Mart မှာရှိတယ်။ အခု ပြည်တွင်းထုတ် မြေပဲဆီနဲ့ နှမ်းဆီတွေပဲရှိတော့တယ်။ ဆပ်ပြာမှုန့်ဆိုရင်လည်း ယိုးဒယား ထုတ် မရှိတော့ဘူး။ ပြည်တွင်းထုတ် ဆပ်ပြာမှုန့်တွေပဲရှိတော့တယ်။ မေးကြည့်တော့ မတင်ရဲဘူး။ တင်ရင် ဖမ်းခံရမှာစိုးလို့ ပြောတယ်။ City Mart မှ မဟုတ်ဘူး၊ ကုန်တိုက်တွေအားလုံး ယိုးဒယားပစ္စည်းတွေ မရှိတော့တာ။  ရွှေဝါဆပ်ပြာနဲ့ ကိုယ်တိုက်ပြီး တရော်ကင်းပွန်းနဲ့ ခေါင်းလျှော်ရမယ့် ကိန်းပြန်ဆိုက်နေပြီ" ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

ထို့ပြင် ယမန်နေ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တို့ရှိ ကုန်သိုကုန်လှောင်ရုံများကိုလည်း စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ၊ အထောက် အထားမပြနိုင်သော သွင်းကုန်များကို သိမ်းဆည်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊  အလားတူ မန္တလေးပြည်ကြီးတံခွန် ၄၆လမ်းဘက်တွင်ရှိသော TW ဂိုထောင်အား တရားမဝင်ပစ္စည်းများ သိုလှောင်ထားသည်ဟုဆိုကာ လူသုံးကုန် လျှပ်စစ်ပစ္စည်းများဝင်ရောက် ဝင်ဖမ်းသွားခဲ့ကြောင်း သိရှိရသည်။ 

ယနေ့ ဖြစ်ပေါ်နေသော ဖြစ်စဉ်များသည် အာဏာရှင် နေဝင်း  အုပ်ချုပ်ခဲ့သော ဆိုရှယ်လစ်ခေတ်ပုံစံအတိုင်း ဖြစ်လာကြောင်း၊ အာဏာရှင် နေဝင်းလက်ထက်တွင် ပြည်ပမှ ကုန်ပစ္စည်းများမှန်သမျှကို တရားမဝင်ဟုတ် သတ်မှတ်ပြီး ပြည်တွင်းထုတ်ကုန်များကို တစ်နေရာမှ တစ်နေရာ သယ်ယူရာတွင် မှောင်ခို သယ်ယူရကြောင်း ပြောဆိုသည်။

"ဦးနေဝင်းခေတ်တုန်းက ပြည်ပထုတ် ကုန်ပစ္စည်းမှန်သမျှ သွင်းလည်းမသွင်းရဘူး၊ သုံးလည်း သုံးလို့မရဘူး။ သွင်းတာရော၊ သုံးတာရောက တရားမဝင်ဘူး။ ပြည်တွင်းထုတ် ငပိ၊ ဆား၊ ဆီသယ်မယ်ဆိုရင်တောင် ထောက်ခံချက်နဲ့ သယ်ရတယ်။ အခု အဲဒီပုံစံအတိုင်းဖြစ်လာတာ" ဟု အသက် ၇၄ နှစ်အရွယ်ရှိ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

လက်ရှိ စျေးဆိုင်များ၊ ကုန်တိုက်များ၊မီနီမတ်များတွင် ပြည်ပမှ သွင်းကုန်များကို တစ်ကိုယ်ရည်သုံးမှ စားသောက်ကုန်နှင့်လုပ်ငန်းသုံးအထိ ခွင့်ပြုချက်မရှိဘဲ ရောင်းချတင်သွင်းသူများကို ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်မည်ဖြစ်ပြီး အဆိုပါ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ပုဒ်မ ၉ အရ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ⓇⓔⓐⓛⓃⓔⓦⓢ

20 Oct, 06:49


ဓာတ်ပုံ- ယခင်လများအတွင်း ပြည်တွင်းထုတ် မြေပဲဆီနှင့်စားဆီများသာ ရောင်းချရတော့သည့် ကုန်တိုက်တစ်ခုမြင်ကွင်း။

Photo- Khit Thit Media

ⓇⓔⓐⓛⓃⓔⓦⓢ

20 Oct, 06:48


လှူဒါန်းပေးမဲ့အလှူရှင်များအား

မျှော်လင့်လျှက်ရှိနေပါကြောင်း



@kannlet02