*******
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်
#Fifty Two News
၂-၁၂-၂၀၂၄ ရက်တွင် တရားခံ(၁)ဦးအား စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
ဝက်လက်မြို့နယ် ဟန်လင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့သို့ဝင်ရောက်ကာ အကြမ်းဖက်အဖွဲ့များနှင့်အတူ ကျေးရွာအတွင်း ကင်းစောင့်ပေးခြင်း ကျူးလွန်ခဲ့သူ တရားခံ သဲဆွေငြိမ်း(ခ)မောင်သဲအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။