Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU) @mmnway_oouni Channel on Telegram

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

@mmnway_oouni

Public Online University established by NUG-MOE ( First Autonomous University in Myanmar)
[email protected]

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU) (English)

Welcome to Myanmar Nway-Oo University (MNOU), the first Autonomous University in Myanmar established by the National Unity Government's Ministry of Education. MNOU aims to provide quality education to students in Myanmar and beyond through online platforms.

MNOU offers a wide range of courses in various fields such as technology, business, and humanities. The university's faculty members are experts in their respective fields, ensuring that students receive the best education possible.

At MNOU, our mission is to make education accessible to all, regardless of their background or location. Through our online platform, students can access lectures, assignments, and resources from anywhere in the world. This flexibility allows students to pursue their education while balancing other commitments.

If you are looking for a reputable online university that offers quality education, MNOU is the perfect choice for you. Join our community of learners and embark on a transformative educational journey with Myanmar Nway-Oo University.

For more information, feel free to contact us at [email protected].

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

11 Jan, 14:30

မြန်မာ့နွေဦးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ယာယီအလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲကို လာမဲ့ ဇန်နဝါရီလ ၁၃ရက် တနင်္လာနေ့၊ ညနေ (၆) နာရီအချိန်မှာ ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။

‌Zoom Meeting အတွင်း ရွေးကောက်ပွဲကို အပြီးပြုလုပ်သွားမှာဖြစ်လို့ မပျက်မကွက်တက်ရောက်ပေးကြဖို့ကိုလဲ ညီလာခံဖြစ်မြောက်ရေးကော်မတီက တိုက်တွန်းထားပါတယ်။

အသေးစိတ်အချက်အလက်များကို ကြည့်ရှုရန် -

SR channel https://t.me/mnou882024

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

11 Jan, 08:44

မြန်မာ့​နွေဦးတက္ကသိုလ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၄ ခုနှစ် ဧပြီလ အတွင်း တွင် ဖွင့်လှစ်ခဲ့​သော လူသားပညာနှင့်လူမှုရေးသိပ္ပံမဟာဌာန၊ စာကြည့်တိုက်နှင့်သုတပညာ ဘာသာရပ် ဒုတိယနှစ်(ဂုဏ်ထူးတန်း) အတန်း၏ Batch 3 - ဒုတိယပညာသင်ကာလ ( Second Semester) နောက်ဆက်တွဲစာ​မေးပွဲ​ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများ စာရင်း ။
ဖြေဆိုရမည့် အချိန်ကာလ ကိုထပ်မံကြေညာပါမည်။
#highereducation #မြန်မာ့နွေဦးတက္ကသိုလ် #NUGMOE #mnou #Myanmar #education #result

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

10 Jan, 14:07

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၁၃) ကို တင်ပြလိုက်ပါတယ်။

#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity
#monu
#နွေဦးအိုအေစစ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

09 Jan, 05:33

မြန်မာ့နွေဦးတက္ကသိုလ် "မနောလက်မှုအသင်း" မှ Content Writer & Video Editor နေရာတွေအတွက် Volunteer များ ခေါ်ယူနေကြောင်း သတင်းပေးပို့လာပါသည်။

🩵 Volunteer အနေနဲ့ခေါ်ယူမှာ ဖြစ်တဲ့အတွက်…
မြန်မာ့နွေဦးတက္ကသိုလ်မှာ တက်ရောက်နေကြတဲ့ ကျောင်းသားကျောင်းသူတွေအပြင် တခြားသော တက္ကသိုလ်ကျောင်းတွေက ကျောင်းသားကျောင်းသူများနှင့် လက်ရှိမှာ တက္ကသိုလ်မတက်ရသေးသူများလည်း Volunteer အနေနဲ့ ပါဝင် လျှောက်ထားနိုင်ပါတယ်။

🍀အပြည့်အစုံ သိရှိလိုပါက မနောမြေသာ လက်မှုကမ္ဘာ " Telegram Channel တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။🎉🎉🎉

https://t.me/ManawHandmade

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

08 Jan, 16:21

မြန်မာ့နွေဦးတက္ကသိုလ် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များ

-အမည်စာရင်း တင်သွင်းသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
-မြန်မာ့နွေဦးတက္ကသိုလ်၏ သန္ဓေကျောင်းသားဖြစ်ရမည်။
-မြန်မာ့နွေဦးတက္ကသိုလ်၏ Extracurricular Activities များတွင် ပါဝင်ဖူးသူဖြစ်၍ အထောက်အထား သို့မဟုတ် ဆရာ၊ ဆရာမ တစ်ဦး (သို့မဟုတ်) ကျောင်းသားနှစ်ဦး၏ ‌ထောက်ခံချက် တင်ပြနိုင်သူဖြစ်ရမည်။
-ကျောင်းရပ်နားထားသူမဖြစ်စေရ။

ရာထူးနေရာများ

-တာဝန်ခံ
-တွဲဖက်တာဝန်ခံ
-မော်ကွန်းနှင့် မှတ်တမ်း
-ပြင်ပဆက်ဆံရေး
-ဘဏ္ဍာရေးမှူး
-ကျောင်းသားစွမ်းအားဖွံ့ဖြိုးတိုးတက်ရေး

နောက်ဆုံးဖြည့်သွင်းရမည့်ရက်- ၉.၁.၂၀၂၅
နောက်ဆုံးဖြည့်သွင်းရမည့်အချိန်- ည ၉နာရီ

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

06 Jan, 13:51

Foreign Languages Learning Club (နိုင်ငံခြားဘာသာစကား လေ့လာရေးအဖွဲ့) အတွက် လူခေါ်ဆိုခြင်း

သင်ဟာ ဘာသာစကားလေ့လာရတာကို ကြိုက်နှစ်သက်တဲ့သူလား။

ဘာသာစကားကို လေ့လာပြီး ထိုင်း၊ မကာအိုနှင့် အိုမန်အစရှိသည့် နိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ စိတ်ကူးရှိတဲ့သူလား။

ဘာသာစကားကို စတင်လေ့လာလိုသူလား။

မိမိတတ်သိနားလည်ထားတဲ့ ဘာသာစကားကို ပြန်လည်သင်ကြားပို့ချပေးလိုသူလား။

ဘာသာစကားလေ့ကျင့်ဖော်မရှိလို့ အခက်တွေ့နေရပါသလား။

ဒါဆိုရင်တော့ ဘုရားကျွန်တော်မျိုးတို့ရဲ့ Foreign Languages Learning Club (နိုင်ငံခြားဘာသာစကား လေ့လာရေးအဖွဲ့)အတွင်းသို့ အဖွဲ့ဝင်အဖြစ် လှမ်းလာခဲ့ပါ။

ရည်ရွယ်ချက်

To inspire and empower university students to become global citizens through the acquisition of foreign languages, fostering cultural understanding, and creating opportunities for meaningful intercultural connections

လုပ်ငန်းစဉ်များ

ဘာသာစကားဆွေးနွေးပွဲများ
လာသာစကားနှင့် သက်ဆိုင်သော ‌ဗဟုသုတဖြစ်ဖွယ်ရာများ

ဘာသာစကား ရက်တို၊ လတို သင်တန်းများ

အပတ်စဉ် (သို့) လစဉ် ဆွေးနွေးပွဲများ

ဘယ်သူတွေပါဝင်လို့ရလဲ။

မြန်မာ့နွေဦးတက္ကသိုလ်၏ ချစ်စဖွယ်ရင်သွေးငယ် ကျောင်းသား၊ သူများ။

အဖွဲ့ဝင်အဖြစ် လျှောက်ထားရန်

https://forms.gle/y7qZ46EXa1VAfWpK6

မှတ်ချက် ။ ။ အကြောင်းကြားစာကို မေးလ်မှတစ်ဆင့် ပေးပို့မည်ဖြစ်သောကြောင့် Form ဖြည့်သွင်းပြီးပါက အီးမေးလ်စစ်ပေးပါရန်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

06 Jan, 13:48

မြန်မာ့နွေဦးတက္ကသိုလ် - MNOU က နိုင်ငံရေးသိပ္ပံဒီပလိုမာ - Diploma in Political Science (DPS)သင်တန်းကို ပထမအကြိမ် Batch 1 အနေဖြင့် ခေါ်ယူခဲ့ပြီး အဆိုပါ သင်တန်း ကို ဇန်နဝါရီ ၅ ရက်၊ ၂၀၂၅ တွင် ဖွင့်ပွဲ ကျင်းပ၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။
ပထမဆုံးနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း ( CDM ပါမောက္ခ၊ နိုင်ငံတကာဆက်ဆံရေးနှင့်နိုင်ငံရေးသိပ္ပံဌာန) မှ အမှာစကားပြောကြားပေးခြင်း၊ မြန်မာ့နွေဦးတက္ကသိုလ် အဓိပတိဆရာကြီးမှ အဖွင့်နှုတ်ဆက်စကားပြောကြားခြင်း၊ နိုင်ငံရေးသိပ္ပံဌာနမှ ဆရာမတစ်ဦးကသင်တန်းနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားခြင်း၊ နည်းပညာအထောက်အကူပြုဌာနမှ နည်းပညာပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ရှင်းပြခြင်းတို့ဖြင့် အတန်းကိုစတင်ခဲ့ကြပါသည်။

DPS သင်တန်းကိုတက်ရောက်ရန် လျှောက်ထားသော နယ်ပယ်အသီးသီးမှ စိတ်ပါဝင်စားသူ များစွာရှိခဲ့ပြီး တက်ရောက်ခွင့်ရရှိသူ ၉၇ ဦးရှိပါသည်။ DPS ၏ ပထမဦးဆုံးသင်တန်းနေ့ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းပထမနေ့ ပုံရိပ်များ ကိုမျှဝေလိုက်ပါသည်။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#diploma_in_political_science

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

05 Jan, 13:38

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်သည့်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာ့နွေဦးတက္ကသိုလ် - MNOU က လွတ်လပ်ရေးနေ့အခမ်းနားကို အဆိုပါနေ့ မြန်မာစံတော်ချိန် ည (၇) နာရီ၌ ကျင်းပခဲ့ပါသည်။

ဤအခမ်းအနားတွင် လွတ်လပ်ရေးသမိုင်းကြောင်းဟောပြောခြင်း၊ လွတ်လပ်ရေးအတွေးမြင်များနှင့်ပတ်သက်၍ဟောပြောခြင်း၊ လွတ်လပ်ရေးကြေငြာစာတမ်းနှင့်ပတ်သက်၍ဆွေးနွေးသောစကားဝိုင်း၊ လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သော ကဗျာ၊စာပေ၊အနုပညာပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ handmade လက်ရာများပြသခြင်းနှင့် အဆုံးသတ်အနေဖြင့်ကျေးဇူးတင်စကားပြောကြားခြင်းအစီစဉ်တို့ ပါဝင်ပြုလုပ်ခဲ့ပါသည်။ ရင်ခုန်စရာအစီစဉ်အဖြစ် mnou ရဲ့ special team တစ်ခုဖြစ်တဲ့ မနောလက်မှု team မှ စိတ်ကူးကောင်းများဖြင့်ဖန်တီးထားသော handmade လက်ရာများပြသခဲ့ပြီး လေလံတင်ရောင်းချခြင်းများပါပြုလုပ်ခဲ့ပါသည်။

မြန်မာ့နွေဦးတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော autonomous and online တက္ကသိုလ် ၊ comprehensive တက္ကသိုလ်တစ်ခုဖြစ်သော်လည်း မြေပြင်တက္ကသိုလ်များကဲ့သို့ တက္ကသိုလ်ကျောင်းသားဘဝအနှစ်သာရ ရရှိအောင်အဖက်ဖက်မှအားဖြည့်ပေးနေသော တော်လှန်တက္ကသိုလ်ဖြစ်ပါသည်။

ကျင်းပခဲ့သည့် မြန်မာ့နွေဦးတက္ကသိုလ်၏ လွတ်လပ်ရေးနေ့အခမ်းနားပုံရိပ်များကို ကျောင်းသား၊ ကျောင်းသူများဆီသို့ဂုဏ်ယူစွာမျှဝေလိုက်ပါသည်။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#လွတ်လပ်ရေးနေ့

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

04 Jan, 12:38

မြန်မာ့နွေဦးတက္ကသိုလ်က ဆရာ၊ ဆရာမများနဲ့ volunteers များ၊ ဌာနအသီးသီးက အဖွဲ့ဝင်များစုပေါင်းပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ၂၀၂၅ နှစ်သစ်ကြိုဆိုပွဲလေးပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲလေးမှာတော့ MNOU ရဲ့ ဆရာကြီး၊ ဆရာမကြီးများက နှစ်သစ်အကြိုဆုတောင်းစကားများပြောကြားပေးပြီး အဖွဲ့ဝင်များအားလုံးအပြန်လှန်လက်ဆောင်ပေးခြင်း၊ ကံစမ်းမဲဖောက်ပေးခြင်းတို့ပြုလုပ်ကာ အချင်းချင်းရင်းနှီးချစ်ခင်နွေးထွေးစွာနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်တစ်နှစ်လုံးမှာ ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ်-MNOU နဲ့အတူရှိပေးခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ကြောင်းပြောရင်း ကျွန်တော်တို့ရဲ့နှစ်သစ်ကြိုဆိုပွဲပုံရိပ်လေးတွေကိုမျှဝေလိုက်ပါတယ် ခင်ဗျာ။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#happy_new_year

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

04 Jan, 10:42

MNOU Admin is inviting you to a scheduled Zoom meeting.

Topic: 77th Independence Day Ceremony
Time: Jan 4, 2025 07:00 PM Rangoon
Join Zoom Meetinghttps://learning-moe-nugmyanmar-org.zoom.us/j/88081157712?pwd=d7HJVFma3gZAvmCJbHQ248PQTTaL2e.1

Meeting ID: 880 8115 7712
Passcode: 563984

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

04 Jan, 05:27

လွတ်လပ်ရေးနေ့
ဇန်နဝါရီလ ၄ ရက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်သည် ကျွန်တော်တို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဗြိတိသျှကိုလိုနီများ၏ လက်အောက်ခံဘဝမှ လွတ်လပ်ခွင့်ရခဲ့သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံရှိ တောင်တန်း၊ ပြည်မတိုင်းရင်းသားခေါင်းဆောင်များစည်းလုံးညီညွတ်စွာဖြင့် ပင်လုံစာချုပ်ကိုကတိကဝတ်များပြု၍ ချုပ်ဆိုခဲ့ကြသည်။

ပထမဆုံးသောနယ်ချဲ့လက်အောက်ခံအဖြစ်မှလွတ်မြောက်ခွင့်ကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ရရှိခဲ့ပြီး နိုင်ငံတော်အလံကိုလွှင့်တင်ကာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းကို မြန်မာတစ်ပြည်လုံးသံပြိုင်သီဆိုနိုင်ခဲ့သည်။ ထိုအချိန်မှစ မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့တို့လက်အောက်မှလွတ်မြောက်၍ အတိအလင်းလွတ်လပ်ခွင့်ရရှိခဲ့ပါသည်။

သို့သော် အာဏာရှင်စနစ်ကိုလက်ကိုင်ထားချင်သော စစ်အာဏာရှင်များကြောင့်ယခုထိတိုင်လွတ်လပ်ခွင့်မရနိုင်သေး။ စစ်အာဏာရှင်များသည် ၁၉၅၈ ခုနှစ်မှယနေ့ထိတိုင် လက်နက်အားကိုးဖြင့်ပြည်သူလူထုကိုကြောက်စိတ်သွင်း၍ ၄ ကြိမ်တိုင်တိုင်အကြမ်းဖက်အာဏာသိမ်းခဲ့သည်။ ဖက်ဆစ်ဝါဒ၊ လူသတ်ဝါဒ၊ လူမျိုးကြီးဝါဒတို့ဖြင့်ဖိနှိပ်သလို တိုင်းသူ၊ ပြည်သားများကိုလုံးဝငဲ့မကြည့်ဘဲ ကိုယ့်ကိုယ်ကိုသာပိုဂရုစိုက်တတ်သော အာဏာရှင်များသာဖြစ်ခဲ့သည်။ ခေတ်အဆက်ဆက်တွင် အာဏာရှင်တို့ကြောင့်တန်ဖိုးမဖြတ်နိုင်သော အသက်အိုးအိမ်စည်းစိမ်များစွာနဲ့ ဆုံးရှုံးမှုများကိုတွေ့ကြုံခဲ့ရသည်မှာ ယနေ့ထိတိုင်ထင်ရှားနေပါသည်။

ယခင်အာဏာသိမ်းမှုများတွင် ဆက်သွယ်ရေးအားနည်းခြင်း၊ ခေတ်စနစ်နောက်ကျနေခြင်း၊ လက်နက်အင်အားမမျှခြင်း၊ မီဒီယာပိတ်ပင်ခံရခြင်းစတဲ့ နိုင်ငံရဲ့စနစ်အားနည်းချက်တွေကြောင့် ကျွန်တော်တို့သမိုင်းတွေမှာအပြီးမသတ်နိုင်ခဲ့ကြပါ။ ယခုဒီသမိုင်းကိုအဆုံးသတ်ရန်မှာ ကျွန်တော်တို့တာဝန်ဖြစ်လာပါပြီ။ ခေတ်စနစ်တိုးတက်ပြောင်းလဲလာတာကလည်း ကျွန်တော်တို့အတွက်အားသာချက်ဖြစ်နေပါပြီ။ ယခုဆိုရင်နောက်ဆုံးတော်လှန်ရေးဖြစ်တဲ့ နွေဦးတော်လှန်ရေးဟာ အားရဖွယ်ရာအရှိန်တစ်ခုနဲ့ရှေ့ဆက်နိုင်နေပြီဖြစ်ပါသည်။ ဒီထပ်ပိုမိုကောင်းမွန်တဲ့နေ့တွေဆီရောက်ဖို့ ကျွန်တော်တို့အားလုံးကလည်းနိုင်ရာဝန်ကိုထမ်းရင်းရှေ့ဆက်နေဖို့လိုအပ်ပါသည်။

ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ်-mnou ကတော့ နောက်ဆုံးဖြစ်တဲ့နွေဦးတော်လှန်ရေးမှာ ပြီးဆုံးသည်အထိနိုင်ရာဝန်ကိုထမ်းရင်းဆက်လက်ပါဝင်သွားမယ်လို့ကတိပြုရင်း ယနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#လွတ်လပ်ရေးနေ့

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

03 Jan, 15:37

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၁၂) ကို တင်ပြလိုက်ပါတယ်။

#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity
#monu
#နွေဦးအိုအေစစ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

03 Jan, 14:43

Diploma in political science လျှောက်ထားသူများသို့

ကျောင်းအပ်ပြီးစီးကြောင်း နှင့် တက်ရောက်ရမည့် အချိန်၊ နေ့ရက် ၊ အချိန်ဇယား အသေးစိတ်ကို email မှ တဆင့် ပေးပို့ထားပြီးဖြစ်ပါသည်။ email များကို စစ်ဆေးကြပါရန်။

မကြာခင် telegram group အတွင်း ထည့်ပေးမည် ဖြစ်ပြီး google classroom များထဲသို့လည်း ထည့်ပေးပြီးဖြစ်ပါ၍ email များကို စစ်ဆေးကြပါရန်။

တက်ရောက်ရန် ရွေးချယ်ခံရပြီး၍ သင်တန်းကြေးသွင်းပြီးသူများ ကျောင်းအပ်ဖောင်ကို မဖြစ်မနေ ဖြည့်သွင်းပေးကြပါရန်။

တက်ရောက်ခွင့်ရပြီး သင်တန်းကြေး မသွင်းရသေးသူများအနေဖြင့် ၁၀-၀၁-၂၀၂၅ ရက်နေ့ နောက်ဆုံးထား ပေးသွင်းနိုင်ပါသည်။

သင်တန်းစီမံအဖွဲ့
နိုင်ငံရေးသိပ္ပံဒီပလိုမာသင်တန်း
ကျောင်းသားရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

#DPS
#studentaffairsmnou
#မြန်မာ့နွေဦးတက္ကသိုလ်
#mnou
#NUGMOE

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

03 Jan, 12:36

မြန်မာ့နွေဦးတက္ကသိုလ်၊ ပထမအကြိမ် ကျောင်းသားထုညီလာခံကို အောက်ဖော်ပြပါအစီအစဉ်များအတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်၍ မြန်မာ့နွေဦးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးကို နွေးထွေးစွာဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်အစီအစဉ်များ

ပထမနေ့
၇၊ ၁၊ ၂၀၂၅ (အင်္ဂါနေ့)
ည ၇:၀၀ နာရီ မှ ၉:၀၀ နာရီ အထိ

ဒုတိယနေ့
၉၊ ၁၊ ၂၀၂၅ (ကြာသပတေး)
ည ၇:၀၀ နာရီ မှ ၉:၀၀ နာရီ အထိ

တတိယနေ့
၁၀၊ ၁၂၊ ၂၀၂၄ (သောကြာနေ့)
မနက် ၉:၀၀ နာရီ မှ ၁၂:၀၀ နာရီ အထိ

လုံခြုံရေးကို ရှေးရှုသောအားဖြင့် တက်ရောက်လိုသူများအနေနဲ့ အောက်ဖော်ပြပါ Formတွင် စာရင်းပေးသွင်း‌ပါရန်။

https://forms.gle/K2jKLGtyYZ3a37Ni9

#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity
#education
#monu
#ညီလာခံ

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

03 Jan, 09:49

🎉🎉🎉မြန်မာနွေဦးတက္ကသိုလ် ကျောင်းသားကျောင်းသူများ မင်္ဂလာပါ...🎉🎉🎉
4.1.2025 မှာ ကျရောက်မယ့် (၇၇) ကြိမ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အတွက် မြန်မာ့နွေဦးတက္ကသိုလ် လူထုဆက်ဆံရေးဌာနက ဦးစီးပြီး အခမ်းအနား တစ်ခု ကျင်းပပေးမှာ ဖြစ်တဲ့အတွက် ပါဝင်တက်ရောက်နိုင်စေဖို့ ဖိတ်ကြားလိုက်ရပါတယ်... အချိန်ကတော့ ည ၇နာရီပါ။ Zoom meeting platform မှ ကျင်းပမှာ ဖြစ်လို့ မနက်ဖန် ၅နာရီမှာ meeting link ချပေးပါမယ် ... zoom name မှာ မိမိ Roll No. ကို ထည့်သွင်း တက်ရောက်နိုင်ပါတယ်။🎊🎊🎊

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

02 Jan, 06:44

လာမဲ့ ဇန်နဝါရီလ ၄ရက်နေ့ဟာဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ပဲဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ မတရားအာဏာသိမ်းမှုမတိုင်မီ ကာလများမှာတော့ နိုင်ငံတဝှမ်း လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ် လူထုအားကစားပွဲတော်တွေ ကြက်ပျံမကျကျင်းပကြပုံကို အားလုံးပဲ ပြန်လည်မြင်ယောင်မိမယ်လို့ ထင်ပါတယ်။

တက္ကသိုလ်၊ ကောလိပ်နဲ့ အခြေခံပညာကျောင်းအသီးသီးကလဲ လွတ်လပ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံး စတဲ့ သုတ၊ ရသ ကဏ္ဍအစုံကို ပြိုင်ပွဲပြုလုပ်ပြီး ကျင်းပကြတဲ့ အ လေ့အထကိုလဲ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။

ဒီနှစ်ရဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ၊ မြန်မာ့နွေဦးတက္ကသိုလ်၊ ကျောင်းသားကျောင်းသူများအတွက် စာပေနှင့် အနုပညာကဏ္ဍဆိုင်ရာ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားဖို့ရှိပါတယ်။

တိုတိုနဲ့ ထိထိ ထိချက်ပြင်းပြင်း လက်စွမ်းပြလိုတဲ့ ကဗျာ၊ ကာတွန်းနဲ့ ပန်းချီဝါသနာရှင်တွေအတွက် 'လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ပန်းချီ ပြိုင်ပွဲ' ကို ဝင်ရောက်ပါဝင်ဆင်နွှဲနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး အသေးစိတ်ကျကျ ရေးဖွဲ့ လက်စွမ်းပြလိုတဲ့ ရသစာတမ်းဝါသနာရှင်တွေအတွက်လဲ ' လွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ရသစာတမ်းပြိုင်ပွဲ ' ကို ကျင်းပပေးသွားမှာပါ။

ပါဝင်လိုသူများအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၃ရက်၊‌ သောကြာနေ့ ည ၁၀ နာရီ နောက်ဆုံးထားပြီး မိမိတို့ အစွမ်းပြထားတဲ့ လက်ရာမွန်များကို အောက်ဖော်ပြပါ Link ကနေ တဆင့် ပေးပို့ ပါဝင်နိုင်ပါတယ်။

ကဗျာ၊ ပန်းချီ။ ကာတွန်း။ ရသစာတမ်း ပေးပို့ယှဉ်ပြိုင်လိုသူများဖြည့်ရန် Form link ဖြစ်ပါတယ်
https://forms.gle/qdNY88BJi8aN8mgb9

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

01 Jan, 15:24

မြန်မာ့နွေဦးတက္ကသိုလ် မနောလက်မှုအသင်းမှ ပေးပို့ထားတာပါ💞
၂၀၂၄ ခုနှစ်ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ်ဆိုတဲ့ နှစ်သစ်တစ်နှစ်ကို ရောက်ရှိခဲ့ပြန်ပါပြီ။ ၂၀၂၄ ခုနှစ်ဟာ ကျွန်တော်တို့အားလုံးအတွက် ခက်ခဲခဲ့တဲ့ နှစ်တွေထဲက တစ်နှစ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အဆိုးထဲက အကောင်းဆိုရလောက်အောင် မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ အရိပ်အောက်မှာ ကျွန်တော်တို့ အတူတူခိုဝင်ပြီး အခုဆို ဝါသနာတူ ကျောင်းသား၊ ကျောင်းသူလေးများ စုဖွဲ့တည်ထောင်ထားတဲ့ မနောလက်မှုအသင်းကြီးလဲ ခံ့ခံ့ထည်ထည်နဲ့ ရပ်တည်လှုပ်ရှားနေခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ မနောလက်မှုအသင်းဝင် ဝါသနာရှင် ကျောင်းသားမောင်မယ်တို့ရဲ့ လက်ရာမွန်များနဲ့ ၂၀၂၅ ခုနှစ်ကို နှလုံးသားရသဖြည့်ရင်း ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။

အိမ်ပြန်လမ်းနဲ့ နီးကပ်လာတဲ့ ၂၀၂၅ ခုနှစ်မှာ ' အားလုံးပဲ ဘေးကင်ကြပါစေ။ နွေးထွေးပျော်ရွှင်ကြပါစေ။ ' လို့ ကျွန်တော်တို့ ‌မနောလက်မှု မောင်မယ်များမှ နှစ်သစ်ဆုမွန်ကောင်း ပို့သလိုက်ရပါတယ်ရှင်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

01 Jan, 02:26

Happy New Year 2025!!!

ဒီနေ့ကတော့ ၂၀၂၄ ခုနှစ်တစ်နှစ်တာကုန်ဆုံးပြီးလို့ ဇန်နဝါရီ ၁ ရက်နေ့ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ရဲ့အစပထမဆုံးနေ့ပဲဖြစ်ပါတယ်။ 

စိတ်ရော၊ ကိုယ်ပါမလွတ်လပ်ကြတဲ့ အခြေအနေထဲမှာ ကျွန်တော်တို့အားလုံးအားတင်းကျော်ဖြတ်လာကြတာ လေးနှစ်နီးပါးရှိတော့မှာဖြစ်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ်မှာလည်း ပြောင်းလဲမှုတွေအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာပန်းတိုင်တစ်ခုတည်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ချေမှုန်းနိုင်ဖို့ ကြိုးစားနေကြဆဲပဲဖြစ်ပါတယ်။ ခုလိုမျိုးနိုင်ရာဝန်ထမ်းရင်း နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ တစ်ဦးတစ်ယောက်စီတိုင်းက ကျွန်တော်တို့နိုင်ငံအတွက်တန်ဖိုးရှိတဲ့သူတွေဖြစ်တယ်ဆိုတာ အမြဲတမ်းမှတ်မိစေချင်ပါတယ်။ 

၂၀၂၅ ခုနှစ်၊ နှစ်သစ်ကစလို့ အတိတ်ကဒဏ်ရာတွေကို ကုစားနိုင်ပြီး နှစ်သစ်မှာစိတ်သစ်၊ လူသစ်၊ အားအင်သစ်တွေနဲ့ရှေ့ဆက်နိုင်ပါစေ။ စိတ်ရော ကိုယ်ပါချုပ်နှောင်ခံရခြင်းမှကင်းဝေးပြီး လွတ်လပ်ခြင်းကိုအပြည့်အဝခံစားနိုင်ပါစေ။ ဝေးကွာနေတဲ့ချစ်ရသူများအားလုံးပြန်လည်ဆုံစည်းနိုင်ကြပါစေဖို့ ကျွန်တော်တို့မြန်မာ့နွေဦးတက္ကသိုလ်-mnou က ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 
မင်္ဂလာရှိတဲ့နှစ်သစ်လေးဖြစ်ပါစေ။ 

#မြန်မာ့နွေဦးတက္ကသိုလ်
#mnou
#happy_new_year
#2025 

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

31 Dec, 17:02

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာ‌ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ။ မြန်မာ့နွေဦးတက္ကသိုလ် ၏ သုခုမပညာမဟာဌာန တွင် တက်ရောက်ပညာ သင်ယူနေကြသော ပထမနှစ် ကျောင်းသားကျောင်းသူ အချို့ ၏ 2024 Ending Feeling ခေါင်စဉ် ဖြင့် စွမ်းရည်ပြ ဖန်တီးထားသည့် အနုပညာလက်ရာမွန်ပန်းချီများကို နှစ်သစ်ကူးအမှတ်တရ အဖြစ်တင်ဆက်လိုက်ပါသည်။

https://youtu.be/g7TIorGI2E4?si=faOJHc2DQJ1P_gpP

မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

30 Dec, 18:29

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာ‌ရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ။ မြန်မာ့နွေဦးတက္ကသိုလ် ၏ သုခုမပညာမဟာဌာန တွင် တက်ရောက်ပညာ သင်ယူနေကြသော ပထမနှစ် ကျောင်းသားကျောင်းသူ အချို့ ၏ 2024 Ending Feeling ခေါင်စဉ် ဖြင့် စွမ်းရည်ပြ ဖန်တီးထားသည့် အနုပညာလက်ရာမွန်ပန်းချီများကို နှစ်သစ်ကူးအမှတ်တရ အဖြစ်တင်ဆက်လိုက်ပါသည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

30 Dec, 10:16

ကရင်နှစ်သစ်ကူးနေ့
ဒီဇင်ဘာလ ၃၀ ရက်

ကရင်သက္ကရာဇ် (၂၇၆၄) ခုနှစ်၊ ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ်-mnou က ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။
စစ်ကောင်စီက မတရားအာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ယခုအထိဆက်လက်တိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးမှာကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများက တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နွေးထွေးစွာကြိုဆိုလက်ခံပေးခဲ့တာ များစွာရှိပါတယ်။ ဒါ့ပြင်တော်လှန်ရေးကာလအတွင်းမှာလည်း တတ်နိုင်တဲ့ဖက်ကနိုင်ရာဝန်ထမ်းရင်း တက်ညီလက်ညီရှေ့ဆက်နေကြတုန်းဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ကအသိမှတ်ပြုကျေးဇူးတင်ဂုဏ်ပြုလိုက်ရပါတယ်။
ဒီနေ့ကရင်နှစ်သစ်ကူးမှစပြီး ကရင်တိုင်းရင်းသားများနဲ့အတူ မြန်မာနိုင်ငံရှိတိုင်းရင်းသားပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ စစ်အာဏာရှင်စနစ်ကို အမြန်တွန်းလှန်ပြီးအောင်ပွဲခံနိုင်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

#မြန်မာ့နွေဦးတက္ကသိုလ်
#mnou
#ကရင်နှစ်သစ်ကူးနေ့

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

27 Dec, 12:39

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၁၁) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

27 Dec, 08:13

Diploma in Political Science program သင်တန်းတက်ရောက်ဖို့လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူများထဲက “တက်ရောက်ခွင့်ရတဲ့ကျောင်းသား၊ ကျောင်းသူများ”ကို email နဲ့အကြောင်းကြားထားပြီဖြစ်ပါတယ်။
email ရရှိထားတဲ့ ကျောင်းသား၊ ကျောင်းသူများက email မှာပါတဲ့အကြောင်းရာအတိုင်း ကျောင်းအပ်လို့ရပါပြီ။ Spam mail ကြောင့် အခွင့်ရေးကိုလက်မလွတ်သွားဖို့ သေချာစစ်ဆေးကြည့်ပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာ။
#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#diploma_in_political_science_program
#DPS

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

26 Dec, 13:58

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာ့နွေဦးတက္ကသိုလ်၏ အပတ်စဉ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ဘာသာရပ်ဆိုင်ရာသိမှတ်ဖွယ် " အကြောင်းအရာများပဲဖြစ်ပါတယ်။

ယနေ့ အစီအစဉ်မှာ "အစားအစာနှင့် ကျန်းမာရေး " အကြောင်း အပိုင်း (၁) ကို ဗဟုသုတအဖြစ် ပြောပြပေးမှာဖြစ်ပါတယ်။

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို့ MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

25 Dec, 14:22

ကျောင်းသား၊ကျောင်းသူတိုအတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရက်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ပညာရပ်ဆိုင်ရာမျှဝေခြင်း" အစီအစဉ်ဖြစ်ပါတယ်။

ဒီတပတ်မှာတော့ Google Earth Pro software သုံးပြီး
" မိမိ ရွေးချယ်ထားတဲ့ ဧရိယာရဲ့ မြေမျက်နှာပြင် အနိမ့်အမြင့်တွေ၊ တောင်ကုန်းတောင်တန်းကြီးတွေရဲ့ အနေအထားတွေ၊ အဆောက်အဦးတွေရဲ့ သုံးဘက်မြင် ပုံရိပ်တွေကို ဘယ်လိုလေ့လာကြည့်ရှုနိုင်မလဲ" ဆိုတာကို ပြပေးပါမယ်။

လေ့လာကြည့်လိုက်ကြပါဦး 🥰

"How to study the terrain and 3D views in Google Earth "

Video လေးကို မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ YouTube Channel မှာတင်ပေးထားတာမို Link ကနေတဆင့် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/3e_roHCEt58?si=ZtSvBm1xNPUqqWS0

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

MNOU ရဲ့ YouTube Channel လေးကိုလဲ Like & Subscribe လုပ်ထားပေးပါအုံးနော်။

MNOU YouTube Channel Link
https://youtube.com/@myanmarnway-oouniversity?si=DEuD-bqp3bJceBFb

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

25 Dec, 02:55

Merry Christmas!
ဒီဇင်ဘာ ၂၅ ရက်

ဒီနေ့လေးကတော့ အားလုံးပဲမှတ်မှတ်ရရရှိနေတဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့လေးဖြစ်ပါတယ်။
ခရစ္စမတ်နေ့လေးမှာ အားလုံးပဲချစ်ခြင်းမေတ္တာတွေခံစားရရှိပြီး ဆုတောင်းတွေအမြန်ပြည့်နိုင်ပါစေ။ အိမ်နဲ့ဝေးနေရသူများလည်း အိမ်အမြန်ပြန်နိုင်ပြီး ခရစ္စမတ်တိုင်းကိုချစ်ရသူနဲ့ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ် - mnou က ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။

စာဖတ်နေသူတွေကရော Santa ဆီမှာ ဆုတောင်းခွင့်ရမယ်ဆိုရင် ဘယ်လိုဆုမျိုးတောင်းချင်လဲနော်။ Merry Christmas to you all! ပျော်ရွှင်စရာ ခရစ္စမတ်လေးပါ။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#ခရစ္စမတ်နေ့

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

23 Dec, 09:53

မြန်မာ့​နွေဦးတက္ကသိုလ် ၂၀၂၃ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၄ ခုနှစ် ဧပြီလ အတွင်း တွင် ဖွင့်လှစ်ခဲ့​သော သဘာဝသိပ္ပံမဟာဌာန၊ ရုက္ခဗေဒ ဘာသာရပ် ပထမနှစ် အတန်း၏ Batch 3 - ဒုတိယပညာသင်ကာလ ( Second Semester) နောက်ဆက်တွဲစာ​မေးပွဲ​ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများ စာရင်း ။
ဖြေဆိုရမည့် အချိန်ကာလ ကိုထပ်မံကြေညာပါမည်။
#highereducation #မြန်မာ့နွေဦးတက္ကသိုလ် #NUGMOE #mnou #Myanmar #education #result

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

20 Dec, 15:53

မြန်မာ့နွေဦးတက္ကသိုလ်မှ ကျောင်းသား၊သူ များ စုစည်း၍ ဖွဲ့စည်းခဲ့သော မနောလက်မှုအသင်းရဲ့ ကြေညာချက်လေးပါ.🪡🧵🧶👒

မြန်မာ့နွေဦးတက္ကသိုလ်မှ ကျောင်းသား ၊သူ များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်....🎄

ဒီနေ့မိတ်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့....

မြန်မာ့နွေဦးတက္ကသိုလ်မှ ကျောင်းသား၊သူ များ စုစည်း၍ ဖွဲ့စည်းခဲ့သော မနောလက်မှုအသင်းရဲ့ Telegram channelလေး ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုပါတယ်ရှင်။

Major ပေါင်းစုံမှ ကျောင်းသား ၊ သူ များ ပါဝင်သော ကျွန်မတို့ မနောလက်မှုအသင်းမှာ ယခုအချိန်တွင် activitiesများစွာဖြင့် ရင်းနှီးကျွမ်းဝင်စွာ လည်ပတ်လျက်ရှိပါသည်။

ကျောင်းသား ၊ သူ များ၏ လက်မှု လက်ရာများ၊ ပြီးမြောက်ခဲ့သော activitiesလေးများကို အမှတ်တရများစွာကို မျှဝေပေးရန်အတွက်
" မနောမြေသာ လက်မှုကမ္ဘာ  " Telegram Channel အားဖွဲ့စည်းခဲ့ကြပြီးဖြစ်ပါသည်။

မြန်မာ့နွေဦးတက္ကသိုလ်မှ ခင်မင်ရပါသော ကျောင်းသား၊သူ များအနေဖြင့်လည်း ကျွန်မတို့ မနောလက်မှု အသင်းသားများ ၏ လက်မှု လက်ရာများ နဲ့ အသစ်အသစ်သော ဖန်တီးမှုများ ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်များစွာကို မျှဝေပေးမှာဖြစ်တာကြောင့် မနောမြေသာ လက်မှု ကမ္ဘာ Telegram Channel link လေးကို ဖော်ပြလိုက်ရပါတယ်ရှင်။

MNOU ကျောင်းသား၊သူများ၏ လက်မှုပညာလက်ရာများ စုစည်းရာ ‌" မနောမြေသာ လက်မှုကမ္ဘာ" 💛 https://t.me/ManawHandmade 🎄

ချည်ထိုး
ပန်းထိုး
ပန်းချီ
အလှစက္ကူခေါက်

အစရှိတဲ့ Activitiesများကိုရှုစားနိုင်မှာဖြစ်လို့ စဉ်ဆက်မပြတ်စောင့်ကြည့်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်။

@ManawHandmade ❤️🥰

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

20 Dec, 15:46

https://t.me/mmnway_oouni/1895
မနက်ဖန် 21 ရက်မှာ ကျောင်းသား ကျောင်းသူများ telegram name ကို မိမိတို့ နှစ်သက်ရာ နာမည် ပြန်လည် ပြောင်းလဲလို့ရပါပြီ။ လုံခြုံရေး အရ အမည်ရင်း မထားစေလိုပါ။
💥 Bio တွင် ခုံနံပါတ် ရေးထားရမည် ဖြစ်ပါသည်။
💥Discussion Gp နှင့် ဘာသာရပ် Gp များသို့ join မည့်သူများ Roll No. နှင့် joinမှ လက်ခံမည် ဖြစ်ပါသည်။ စစ်ဆေးပြီးမှ လက်ခံ ပေးမှာ ဖြစ်လို့ အနည်းဆုံး ၂ရက် စောင့်ရပါမည်။ Gp ထဲရောက်ပြီး လျင် ပြန်လည် ပြောင်း၍ ရပါသည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

20 Dec, 14:17

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၁၀) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

20 Dec, 04:17

မြန်မာ့​နွေဦးတက္ကသိုလ် မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်း တွင် ဖွင့်လှစ်ခဲ့​သော စီးပွါးရေးပညာမဟာဌာန ၊ ဘောဂဗေဒဘာသာရပ်နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ ဘာသာရပ် စတုတ္ထနှစ် အတန်းတို့၏ Batch - 1 ဒုတိယပညာသင်ကာလ (Second Semester) စာ​မေးပွဲတွင် အောင်မြင်သူစာရင်း။
ဒုတိယပညာသင်ကာလတွင် အောင်မြင်ထားသူ (နောက်ဆုံးနှစ်) များသည် ဘွဲ့လက်မှတ်ထုတ်ယူနိုင်ရန်အတွက် ပထမ နှစ်ဝက်အား သက်ဆိုင်ရာဘာသာရပ်အလိုက် Supplementary exam ပြန်လည်ဖြေဆိုရမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအား ထပ်မံကြေညာပေးသွားပါမည်။ ထပ်မံသိရှိလိုပါက [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မှတ်ချက်။ ။ Supplementary exam ဖြေဆိုရမည့်သူများ၏ ID များနှင့် ပြန်လည်ဖြေဆိုရမည့် ဘာသာရပ်များစာရင်းကို ထပ်မံကြေညာပါမည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

19 Dec, 12:33

https://t.me/mmnway_oouni/1883
https://t.me/mmnway_oouni/1885
https://t.me/mmnway_oouni/1894

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

19 Dec, 08:27

MNOU ကျောင်းသား ကျောင်းသူများ မိမိတို၏ Nameတွင် မှန်ကန်သော Roll No. များကို ဖြည့်ထားပါရန် နောက်ဆုံးအကြိမ် သတိပေးပါသည်။ Gp member များ လုံခြုံရေးအတွက် စစ်ဆေးလျက်ရှိပါသည်။ အကြိမ်ကြိမ် သတိပေးပါသည်။ Gp မှ ဖယ်ရှား ခံရပါက မိမိတာဝန်သာ ဖြစ်ပါသည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

18 Dec, 04:29

မြန်မာ့​နွေဦးတက္ကသိုလ် မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်း တွင် ဖွင့်လှစ်ခဲ့​သော သဘာဝသိပ္ပံမဟာဌာန ၊ ရုက္ခဗေဒ ဘာသာရပ်၊ စတုတ္ထနှစ် နှင့် တတိယနှစ် (ဂုဏ်ထူးတန်း) အတန်းတို့၏ Batch - 3 ဒုတိယပညာသင်ကာလ (Second Semester) စာ​မေးပွဲတွင် အောင်မြင်သူစာရင်း။
ဒုတိယပညာသင်ကာလတွင် အောင်မြင်ထားသူ (နောက်ဆုံးနှစ်) များသည် ဘွဲ့လက်မှတ်ထုတ်ယူနိုင်ရန်အတွက် ပထမ နှစ်ဝက်အား သက်ဆိုင်ရာဘာသာရပ်အလိုက် Supplementary exam ပြန်လည်ဖြေဆိုရမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရမည့် အချိန်ကာလအား ထပ်မံကြေညာပေးသွားပါမည်။ ထပ်မံသိရှိလိုပါက [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
မှတ်ချက်။ ။ Supplementary exam ဖြေဆိုရမည့်သူများ၏ ID များနှင့် ပြန်လည်ဖြေဆိုရမည့် ဘာသာရပ်များစာရင်းကို ထပ်မံကြေညာပါမည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

18 Dec, 00:52

International Migrants Day 
ဒီဇင်ဘာလ ၁၈ ရက် 

ဒီဇင်ဘာလ ၁၈ ရက်နေ့က “International Migrants day” ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ သဘာဝဘေးအန္တရာယ်၊ ရာသီဥတုပြောင်းလဲလာမှု နဲ့ နိုင်ငံရဲ့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ အကြောင်းရာအမျိုးမျိုးတို့ကြောင့် နေရာဒေသရွှေ့ပြောင်းနေထိုင်နေရသူအများကြီးရှိပါတယ်။ ဒီလိုမျိုးရွှေ့ပြောင်းနေကြရတဲ့အခါ သူတို့မှာ ကျန်းမာရေးချို့တဲ့တာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတာအပြင် နေရာပြောင်းရွှေ့ပြီးမှအသက်အန္တရာယ်ရှိလာတာ၊ အသက်ဆုံးရှုံးရတာမျိုးတွေထိ ကြုံတွေ့ကြရပါသေးတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း ဆုံးရှုံးမှုတွေပိုများလာတာကြောင့် ရွှေ့ပြောင်းနေထိုင်သူတို့အတွက် အကာကွယ်ပေးနိုင်ဖို့နဲ့ အဖက်ဖက်ကလိုအပ်ချက်တွေကိုအထောက်ပံ့ပေးနိုင်ဖို့ “International Migrants Day” ကိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ 
International Migrants Day က SDG goals တွေဖြစ်တဲ့ ရာသီဥတုပြောင်းလဲတာကိုလျှော့ချနိုင်ဖို့နဲ့ ဒီအပြောင်းလဲရဲ့ဒဏ်ကြောင့်ဖြစ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကျန်းမာရေးအဆင့်တန်းမြှင့်တင်နိုင်ဖို့အတွက်ပါရည်ရွယ်တာကြောင့် SDGs target ပြည့်နိုင်ဖို့အတွက်တွန်းအားတစ်ခုဖြစ်ပါတယ်။ ဒါ့ပြင်ဒီနေ့လေးက အစိုးရအဖွဲ့စည်းများနဲ့ ပြည်သူလူထုတစ်ဦးတစ်ယောက်စီတိုင်းကိုပါ နေရာရွှေ့ပြောင်းနေထိုင်ရသူတွေရဲ့အခက်ခဲကိုနားလည်ပြီး သူတို့ကလည်းနိုင်ငံရဲ့ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ရေးတို့အတွက်တွန်းအားတစ်ခုဖြစ်တယ်ဆိုတာ သိနားလည်နိုင်ဖို့သတိပေးနေတဲ့နေ့လေးပါပဲ။ 
မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးနဲ့ စီးပွါးရေးတို့ကြောင့် အသက်ရွယ်မရွေးပြည်သူများ၊ ပြည်တွင်းရော၊ ပြည်ပကိုပါရွှေ့ပြောင်းနေထိုင်ရသူများစွာရှိပါတယ်။ ခုလိုနေရတဲ့အခါ တွေ့ကြုံရတဲ့အခက်ခဲတွေကိုလည်း အားလုံးကနားလည်ထားကြပြီလို့ထင်ပါတယ်။ ဒါ့ကြောင့် ဒီလိုနေ့လေးမှာ ကိုယ်သိရှိထားတဲ့ နေရာဒေသပြောင်းရွှေ့နေထိုင်သူများရှိရင် ကူညီဖေးမကြပြီး ပိုမိုကောင်းမွန်လှပတဲ့နိုင်ငံတော်ကိုအမြန်ဆုံးတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့မြန်မာ့နွေဦးတက္ကသိုလ် - mnou က ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 

၂၀၂၄ ခုနှစ် International Migrants Day ရဲ့ theme ကတော့ Honouring the Contributions of Migrants and Respecting their Rights “နိုင်ငံတစ်နိုင်ငံအတွက် နေရာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အရေးပါပုံကိုအသိမှတ်ပြုရန်၊ သူတို့ရဲ့အခွင့်ရေးတွေကို တန်ဖိုးထားပေးရန်” ဖြစ်ပါတယ်။ 

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#international_migrants_day 

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

15 Dec, 05:25

ရခိုင်ပြည်နယ်နေ့
ဒီဇင်ဘာလ ၁၅ ရက်
ဒီဇင်ဘာလ ၁၅ ရက်နေ့ဟာ ရခိုင်ပြည်နယ်နေ့ဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၄ ခုနှစ်ဆိုရင် နှစ် ၅၀ ပြည့် ရွှေရတုပြည့်ခဲ့ပါပြီ။ ယနေ့ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့အခမ်းနားကိုကြိုဆိုရင်း ရခိုင်ပြည်သူ၊ ပြည်သားများနဲ့တကွ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားညီကိုမောင်နှမများအားလုံး ကပ်ဘေးအန္တရာယ်မှားမှကင်းဝေးပြီး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပါစေကြောင်း ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ် - mnou က ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ခင်ဗျာ။

#မြန်မာ့နွေဦးတက္ကသိုလ်
#mnou
#ရခိုင်ပြည်နယ်နေ့

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

13 Dec, 15:04

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၉) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

10 Dec, 05:02

MNOU Batch 1 နဲ့ Batch 2 တွင် တက်​ရောက်ခဲ့​သော အင်္ဂလိပ်စာဘာသာရပ်အထူးပြု ​စတုတ္ထနှစ် ကျောင်းသားများ အနက်

second semester completed ဖြစ်​ပြီး BA program ဘွဲ့အတွက် transcript ရယူလို​​သော​ကျောင်းသားများသည် ​

4thyr semester 1 modules များအတွက် mini test များကို ​ဖြေဆိုရန်

MNOU ကျောင်းသား​ရေးရာဌာနနှင့်ဆက်သွယ် စာရင်းပေးပို့ရမည်ဖြစ်​ကြောင်း​ ကြေညာအပ်ပါသည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

09 Dec, 23:39

Human Rights Day (လူ့အခွင့်ရေးနေ့)

ဒီဇင်ဘာလ ၁ဝ ရက်

ဒီဇင်ဘာလ ၁ဝ ရက်နေ့ဟာ Human Rights Day (လူ့အခွင့်ရေးနေ့) ပဲဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ UN သတ်မှတ်ခဲ့ပြီး တစ်ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်ရေးအခြေခံအချက်လက်များကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်ရေးဆိုင်ရာအချက်လက်တွေထဲမှာ မျိုးနွယ်မတူသော လူမျိုးစုကွဲများ၊ နေရာဒေသပြောင်းရွှေ့နေထိုင်ကြသူများနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာမသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်းစားပြီးအခြေခံအချက်လက်တွေကို စနစ်တကျသတ်မှတ်ခဲ့ပါတယ်။

Human Rights Day က လူသားတစ်ဦးတစ်ယောက်ချင်းစီအတွက် တန်းတူညီမျှမှုနဲ့ ဂုဏ်သိက္ခာတို့ရဲ့ အရေးပါပုံကိုအားလုံးနားလည်နိုင်ပြီးအချင်းချင်းလေးစားမှုရှိနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ လူ့အခွင့်ရေးထဲမှာဆိုရင် ဘဝအာမခံချက်၊ တန်းတူညီမျှမှု၊ မတရားမှု၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူနေမှုအဆင့်တန်း၊ ပြောရေးဆိုခွင့်ဆိုင်ရာ အခွင့်ရေးတိုင်းကို လူသားတစ်ယောက်၊ နိုင်ငံသားတစ်ယောက်နေနဲ့အပြည့်ဝရပိုင်ခွင့်တို့က အခြေခံအဖြစ်ပါဝင်ပါတယ်

ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ယခုအချိန်ထိ ဘယ်လိုအခွင့်ရေးတစ်စိတ်တစ်ပိုင်းကိုမှ မရနိုင်တဲ့အပြင် အခွင့်ရေးဆုံးရှုံးနေတာ ဘာမျိုးတွေ့ နေရာတကာမှာ သိသိသာသာရော၊ မသိမသာပါတွေ့ကြုံနေကြရပါတယ်။ ဒါကိုပုံမှန်လိုဖြစ်သွားဖို့ဆိုတာလည်း ကျွန်တော်တို့အနေနဲ့ နေသားမကျသွားဖို့အရေးကြီးပါတယ်။ ။ ဒီတော့ လူ့အခွင့်ရေးအပြည့်ဝရရှိနိုင်ပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံ အဖြစ်ရှေ့ဆက်နိုင်ဖို့အတွက် အဓိကအကြောင်းရာဖြစ်တဲ့ မတရားသောစစ်အုပ်ချုပ်ရေးကို သွေးမအေးဘဲအတူတူတိုက်ထုတ်ကြဖို့ ကျွန်တော်တို့မြန်မာ့နွေဦးတက္ကသိုလ် - mnou ကတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

#မြန်မာ့နွေဦးတက္ကသိုလ်

#mnou

#human_rights_day

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

08 Dec, 10:38

🔔🔔🔔*** 2023 October တွင်ဖွင့်လှစ်ခဲ့သော MNOU 3rd Batch, Second Year, Third Year နှင့် First Year (Hons) H1 (Second Semester) IR ကျောင်းသားကျောင်းသူများအတွက် အထူးကြေညာချက် ***🔔🔔🔔

💥IR Second Year (Second Semester) students များအတွက်
Law 2006 : Introduction to International Law ဘာသာရပ် Mid-Term Assignment Question တင်ပြီးဖြစ်၍ Moodle တွင် Assignment တင်သွင်းကြရန်နှင့် Final Assessment Question အတွက် Moodle တွင်နေ့စဉ်ဝင်ရောက်ကြည့်ရှုပါရန် အသိပေး အကြောင်းကြားပါသည်။

💥IR Third Year & H1 (Second Semester) ကျောင်းသားကျောင်းသူများအတွက်
Law 3005/ 3205 - International Law II ဘာသာရပ် Quiz & Final Assessment မေးခွန်းများ အပြည့်အစုံတင်ထားပေးပြီးဖြစ်သောကြောင့် Moodle တွင်ဝင်ရောက်၍ သင်ခန်းစာများလေ့လာကာ 15.12.2024 (Sunday) နောက်ဆုံးထားဖြေဆိုကြရန် အသိပေးအကြောင်းကြားအပ်ပါသည်။

💥* သတ်မှတ်ရက်အတွင်း မဖြေဆိုပါက သက်ဆိုင်ရာ ဘာသာရပ်အတွက် incomplete အဖြစ်သတ်မှတ်ခံရမည်ဖြစ်ကြောင်း တပါတည်း အသိပေးအပ်ပါသည်။
💥*ဖြေဆိုပြီးပါကလည်း Comment box (or) [email protected] သို့ Roll No & Student ID နှင့်တကွအကြောင်းကြားပေးကြရန်။

နိုင်ငံတကာဆက်ဆံရေးပညာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

08 Dec, 03:55

ဓနုအမျိုးသားနေ့ 
နတ်တော်လဆန်း ၈ ရက်
ဒီနေ့ ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် (8.12.2024) မှာကျရောက်တဲ့ သတ္တမအကြိမ်မြောက် ဓနုအမျိုးသားနေ့ကို ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ် - mnou က ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ။ 
#မြန်မာ့နွေဦးတက္ကသိုလ်
#mnou
#ဓနုအမျိုးသားနေ့ 

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

07 Dec, 03:13

Roll No. ပြောင်းထားသော acc နဲ့ တခြားသော Gp ( MNOU မဟုတ်သော ပြင်ပ တယ်လီ Gp ) များတွင် စကား‌ပြောတာ အတတ်နိုင်ဆုံး မလုပ်ကြပါရန် သတိပေးပါတယ်. Ph setting မှာ လည်း လုံခြုံရေး အရ အားလုံး No body ထားပေးပါ။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

07 Dec, 03:06

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU) pinned «တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ် အကြောင်း လေ့လာနိုင်ရန် မိတ်ဆက် Videos များ 1. Myanmar https://youtu.be/U0OIifB8MGQ?feature=shared 2. English https://youtu.be/pDDZEkJ2rRM?feature=shared 3. History https://youtu.be…»

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

06 Dec, 16:08

မြန်မာ့နွေဦးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား/သူများသို့ အသိပေးကြေညာခြင်း။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

06 Dec, 15:19

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၈) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

29 Nov, 12:41

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၇) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

27 Nov, 13:53

https://youtu.be/9qYnWPSyQUA?si=SqlAttP61t_EMLoL
မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်မြောက် တက္ကသိုလ် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများကိုကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉:၀၀ နာရီမှ နေ့လည် ၁:၃၀ နာရီထိကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနား မှာ ဖျော် ဖြေ ရေး အစီစဉ်များအဖြစ် ကဗျာ၊ ဂီတ၊ ပြဇာတ်၊ အငြိမ့်၊ သံချပ် များဖြင့်ကျောင်းသား၊ကျောင်းသူများက ဖျော်ဖြေပေးခဲ့ပါတယ်။ ထိုအစီ အစဉ်များမှ မြန်မာ့နွေဦးတက္ကသိုလ်ဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် စု ဖွဲ ထား သည့် "ရောင်စုံသက်တံ့လေးများအဖွဲ့" ၏ "ရောင်နီသာမည့်နေ့ရက်များဆီသီု ပြဇာတ်" ဖျော်ဖြေတင်ဆက်မှုလေးကို ဖေါ်ပြ ပေးလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

27 Nov, 13:12

မြန်မာ့နွေဦးတက္ကသိုလ် ကျောင်းသား အသင်း၊ အဖွဲ့၊ ကလပ်၊ သမဂ္ဂများဖွဲ့စည်းတည်ထောင်နိုင်ကြောင်းကြေညာခြင်း
ကြေညာချက်အမှတ်(မနဥတ/လထဆရ-၁/၂၀၂၄)
ရက်စွဲ- ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၇ ရက်
အထက်အကြောင်းအရာပါ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့နွေဦးတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား၊ကျောင်းသူများ အနေဖြင့် မိမိတို့၏သဘောဆန္ဒအလျှောက် အသင်း၊ အဖွဲ့၊ ကလပ်၊ သမဂ္ဂများ ဖွဲ့စည်းတည်ထောင်လိုပါက အောက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းတည်ထောင်နိုင်ကြောင်း အသိပေးကြေညာလိုက်သည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

26 Nov, 16:29

သို့
ရူပဗေဒ အထူးပြု ပထမနှစ်ကျောင်းသား/သူများ

ဘာသာရပ် module များပြောင်းလဲခြင်း။

ဘာသာရပ်ဆိုင်ရာ အခက်အခဲများကြောင့် minor module များကို သက်ဆိုင်ရာဘာသာရပ်ဌာနနှင့် ညှိနှိုင်း၍ Phys 1105/ Phys 1107 / Phys 1001 တို့အစား AM1001 နှင့် Maths1001 တို့ကိုပြောင်းလဲပေးထားပါကြောင်း နှင့် အဆိုပါminor module များ၏ သင်ခန်းစာများကို Moodle တွင် ပြန်လည် စတင်လေ့လာကြပါရန် အသိပေးအကြောင်းကြားပါသည်။

ကျောင်းသားရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

26 Nov, 16:24

ကျောင်းသားကျောင်းသူတိုအတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရက်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ပညာရပ်ဆိုင်ရာမျှဝေခြင်း" အစီအစဉ်ဖြစ်ပါတယ်။

ဒီတပတ်မှာတော့
"Google Map ပေါ်မှာ polygon ပုံသဏ္ဍာန် ဧရိယာတစ်ခု သို့မဟုတ် မိမိ သွားလာခဲ့တဲ့ ကွင်းပိတ် ခရီးလမ်းကြောင်းတစ်ခုကို ဘယ်လို ဆွဲသားရမလဲ၊ ဧရိယာကို ဘယ်လိုတိုင်းတာမလဲ"
ဆိုတာကို ပြပေးပါမယ်။

လေ့လာကြည့်လိုက်ကြပါဦး 🥰

Video လေးကို မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ YouTube Channel မှာတင်ပေးထားတာမို Link ကနေတဆင့် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

"How to add polygon (Closed Traverse line) in Google Map "

https://youtu.be/evG8gNq6BUw?si=RizvgkNGlNosfwbg

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

MNOU ရဲ့ YouTube Channel လေးကိုလဲ Like & Subscribe လုပ်ထားပေးပါအုံးနော်။

MNOU YouTube Channel Link
https://youtube.com/@myanmarnway-oouniversity?si=DEuD-bqp3bJceBFb

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

25 Nov, 15:38

မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်မြောက် တက္ကသိုလ် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများကိုကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉:၀၀ နာရီမှ နေ့လည် ၁:၃၀ နာရီထိကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနား မှာ ဖျော် ဖြေ ရေး အစီစဉ်များအဖြစ် ကဗျာ၊ ဂီတ၊ ပြဇာတ်၊ အငြိမ့်၊ သံချပ် များဖြင့်ကျောင်းသား၊ကျောင်းသူများက ဖျော်ဖြေပေးခဲ့ပါတယ်။ ထိုအစီ အစဉ်များမှ မြန်မာ့နွေဦးတက္ကသိုလ်ဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် စု ဖွဲ ထား သည့် "မနောလွင်ပြင်သံချပ်နဲ့အငြိမ့်" အဖွဲရဲ့ ဖျော်ဖြေတင်ဆက်မှုလေးကို ဖေါ်ပြ ပေးလိုက်ပါတယ်။
https://youtu.be/RghWB5fXyRE

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

25 Nov, 05:30

အမျိုးသားနေ့ (သို့မဟုတ်) အမျိုးသားအောင်ပွဲနေ့

တန်ဆောင်မုန်းလဆုတ် ၁၀ ရက်

မြန်မာသက္ကရာဇ် (၁၃၈၅)၊ တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့သည် ၁၀၄ ကြိမ်တိုင်ရှိခဲ့ပြီဖြစ်ပါသည်။ ဗြိတိသျှအစိုးရ၏ အာဏာကိုဖီဆန်ပြီး သူ့ကျွန်မခံလိုသောစိတ်ဓာတ်ဖြင့် ကျောင်းသားများသပိတ်မှောက်ခဲ့သည့် ၁၉၂၀ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကိုအ ကြောင်းပြုပြီး ၁၉၂၁ တွင်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။ ပြည့်သူ့အစိုးရလက်ထက်တွင်တော့ အမျိုးသားနေ့ကို အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ်ခဲ့ပါသည်။

၁၉၂၀ တွင်ဖြစ်ခဲ့သော ကျောင်းသားသပိတ်ကြီးသည် မြန်မာတစ်မျိုးသားလုံး၏ ငြိမ်သက်နေသောစိတ်အလျင်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။ သူ့ကျွန်မခံလိုသောစိတ်နှင့် လွတ်လပ်ရေး၏အနှစ်သာရကိုလိုချင်သောစိတ်တို့သည် အမျိုးသားရေးစိတ်ဓာတ်များပိုမိုပြင်းထန်လာစေရန်နှင့် ဗြိတိသျှလက်အောက်ခံ ကျွန်အဖြစ်မှလွှတ်မြောက်ရန် တွန်းအားကြီးဖြစ်ခဲ့သည်။ ကျောင်းသားခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံရေးအသိမြင်ကျယ်ပြန့်လာရသည်။

၁၉၂၀ တွင် ဗြိတိသျှတို့က ရန်ကုန်တက္ကသိုလ်ကြီးတည်ထောင်ရန်စီစဉ်ပေးခဲ့သော်လည်း ပညာရေးကိုဖိနှိပ်လိုသောဆန္ဒဖြင့် မတရားသောနည်းဖြင့် ယူနီဗာစီတီအက်ဥပဒေကိုပြဌာန်းခဲ့သည်။ ထိုဥပဒေတွင် ကျွန်ပညာရေးကိုပုံဖော်သည့် အချက်လက်များထင်ရှားနေသလို အရှေ့တိုင်း သားများသည် အနောက်တိုင်းသားများနည်းတူပညာသင်ယူခွင့် မရသဖြင့် ကျောင်းသားများက သတင်းစာများမှတဆင့်အက်ဥပဒေကိုကန့်ကွက်ကြောင်းရေးသားထုတ်ဖော်ခဲ့ကြသည်။ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေး များကျင်းပပြီး ကန့်ကွက်ခဲ့ကြသည်။ ဤနည်းဖြင့် ဗြိတိသျှတို့၏အာဏာကိုဖီဆန်ပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များသည် နိုင်ငံအနှံ့ကူးစက်ပျံ့နှံ့သွားခဲ့ပါသည်။

၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀၊ ဒီဇင်ဘာလ ၅ ရက်) တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့်ဂျပ်ဆင်ကောလိပ်ကျောင်းသားများအားလုံးပါဝင်သပိတ်မှောက်ခဲ့ကြပြီး ဗဟန်းကြားတောရကျောင်းတိုက်တွင်စုဝေးကြသည်။ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်သောကျောင်းသားများက ဗြိတိသျှတို့တည်ထောင်သောကောလိပ်များကို ရာသက်ပန်ကျောခိုင်းပြီး ၁၉၂၁ ခုနှစ်၊ ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဗဟန်းရပ်၊ ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကိုဖွင့်လှစ်ခဲ့သည်။ အမျိုးသားပညာရေးကောင်စီ တစ်ရပ်တ ရပ်တည်ထောင်ခဲ့ကြပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။

၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင် မန္တလေးမြို့၌ကျင်းပသော နဝမမြောက် ဂျီစီဘီအေ ပြည်လုံးကျွတ်ညီလာခံကြီး၌ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဘသော်က အမျိုးသားနေ့ (နေရှင်နယ်ဒေး) သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ပြီး အားလုံးက ထောက်ခံသောကြောင့် ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်စတင်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ကို အမျိုးသားနေ့အဖြစ် အသိမှတ်ပြုလက်ခံခဲ့ကြသည်။

အမျိုးသားနေ့သည် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ကိုလှုံ့ဆော်ပေးပြီး သူ့ကျွန်မခံလိုသောစိတ်ဖြင့် လွှတ်လပ်ရေးရနိုင်သည်အထိအထောက်ပံ့ဖြစ်ခဲ့သော သမိုင်းဝင်အောင်ပွဲနေ့ကြီးတစ်နေ့ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ဆိုခဲ့သော သမိုင်းမှတ်တမ်းတွင် “ကျွန်တော်တို့လွတ်လပ်ရေးရတာ အဲဒီနေ့ကြောင့်ပဲ” ဟုပင်ဆိုခဲ့ပါသေးသည်။

အမျိုးသားအောင်ပွဲမှစတင်ခဲ့သည့် သူ့ကျွန်မခံလိုသောစိတ်ဓာတ်၊ အာဏာရှင်ဆန့်ကျင်သောစိတ်ဓာတ်၊ လွတ်လပ်ရေးရရန်ရည်ရွယ်ချက်များသည် ယနေ့ထိတိုင် မြန်မာတစ်မျိုးသားလုံးတွင် နိုးထအသက်ဝင်နေဆဲဖြစ်ပါသည်။ မြန်မာတစ်မျိုးသားလုံးသည် လွတ်လပ်ရေးကိုမြတ်နိုးပြီး အာဏာရှင်ကိုဆန့်ကျင်ရန်နှင့် နိုင်ငံအနာဂတ်အတွက် မတရားမှုတိုင်းကိုလက်မခံနိုင်ဘဲ တိုက်ဖျက်ရန်အစဉ်မြဲအသင့်ရှိကြောင်း နွေဦးတော်လှန်ရေးသည် ထင်ရှားသည့်သက်သေပင်ဖြစ်ပါသည်။

#မြန်မာ့နွေဦးတက္ကသိုလ်

#mnou

#national_day

#အမျိုးသားနေ့

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

22 Nov, 14:07

မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်မြောက် တက္ကသိုလ် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများကိုကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉:၀၀ နာရီမှ နေ့လည် ၁:၃၀ နာရီထိကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနား မှာ ဖျော် ဖြေ ရေး အစီစဉ်များအဖြစ် ကဗျာ၊ ဂီတ၊ ပြဇာတ်၊ အငြိမ့်၊ သံချပ် များဖြင့်ကျောင်းသား၊ကျောင်းသူများက ဖျော်ဖြေပေးခဲ့ပါတယ်။ ထိုအစီ အစဉ်များမှ မြန်မာ့နွေဦးတက္ကသိုလ်ဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် စု ဖွဲ ထား သည့် "မနောရင်သွေး" အဖွဲ က သီဆို ထားသော "Myanmar Military coup Revolution" သီချင်း လေးကို ဖေါ်ပြ ပေးလိုက်ပါတယ်။
https://youtu.be/7_1DiV5SxHI

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

22 Nov, 13:52

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၆) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

21 Nov, 02:32

Gp နှင့် member များ၏ လုံခြုံရေးအတွက် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပါသည်။ profile ပုံများ. နာမည်များကို အစစ်အမှန်များထားထားလျင် ပြောင်းပေးပါ။ discussion Gp သို့ request လုပ်ထားသူများတွင် name ၌ ID No.. Roll No., Ph No., သင်တန်းတစ်ခုခု၏ အမှတ်အသား စသည်ဖြင့် ထည့်ထားသူများ လက်မခံပေးပါ။ member၏ လုံခြုံရေးအတွက် ဖြစ်ပါသည်။ ဤ Gp အတွင်း ကျောင်းသားများချည်း မဟုတ်သည်ကိုသတိပြုစေလိုပါသည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

20 Nov, 11:49

ကျောင်းသားကျောင်းသူတိုအတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဉ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ်" မှာ ယနေ့အလှည်ကျတာကတော့ "ပညာရပ်ဆိုင်ရာမျှဝေခြင်း" အစီအစဉ်ဖြစ်ပါတယ်။

ဒီတပတ်မှာတော့
" Google Map ပေါ်မှာ မိမိ သွားလာခဲ့တဲ့ ခရီးလမ်းကြောင်း path (Traverse line) လေးတွေကို ဘယ်လို ရေးဆွဲရမလဲ"
ဆိုတာကို ပြပေးပါမယ်။ တစ်ခု သတိပေးလိုတာက သင်ခန်းစာကို လေ့လာတဲ့အခါ ကြားကဖြတ်ပြီး လေ့လာတာထက် တစ်ဆင့်ချင်း လေ့လာသွားဖို့ လိုပါတယ်. တစ်ဆင့်စီဆက်စပ်နေတာမို့လို့ပါ။ (ဤ video သင်ခန်းစာများသည် MNOU တက္ကသိုလ်, GIS Basic course (short course) မှ တစိတ်တပိုင်း ဖြစ်ပါသည် )

လေ့လာကြည့်လိုက်ကြပါဦး

Video လေးကို မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ YouTube Channel မှာတင်ပေးထားတာမို Link ကနေတဆင့် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

"How to add path (Traverse line) in Google Map "

https://youtu.be/gBfPJp4wt2I

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

MNOU ရဲ့ YouTube Channel လေးကိုလဲ Like & Subscribe လုပ်ထားပေးပါအုံးနော်။

MNOU YouTube Channel Link
https://youtube.com/@myanmarnway-oouniversity?si=DEuD-bqp3bJceBFb

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

20 Nov, 05:35

World Children's Day!

နိုဝင်ဘာလ ၂ဝ ရက်

နိုဝင်ဘာလ ၂ဝ ရက်နေ့သည် ကမ္ဘာ့ကလေးသူငယ်များနေ့ဖြစ်ပါသည်။ ပထမဆုံး အပြည်ပြည်ဆိုင်ရာကလေးများနေ့ကို ၁၉၅၄ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များ၏ စည်းလုံးညီညွတ်မှု၊ အသိပညာပေးမှုနှင့် လူမှုဖူလုံရေးမြင့်မားစေဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ကလေးများနေ့သည် နိုင်ငံတော်၏အစိုးရမှစ၍ မိဘများ၊ ဆရာ၊ ဆရာမများ၊ လူမှုအဖွဲ့အစည်းများအားလုံးအပြင် ကလေးများ၊ လူငယ်များအားလုံးနဲ့သက်ဆိုင်ပါတယ်။ ၁၉၈၉ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကွန်ဗင်းရှင်း (Convention on the Rights of the Child) ကိုပြဌာန်းခဲ့ပါသည်။ ကွန်ဗင်းရှင်းတွင် ကလေးသူငယ်များ၏ အခွင့်ရေးများ၊ အကောင်းဆုံးအကျိုးခံစားခွင့်များကို နိုင်ငံတော်စီမံအုပ်ချုပ်သူအစိုးရများကကာကွယ်ပေးရန်ပြဌာန်းထားပါသည်။

ကလေးသူငယ်အခွင့်ရေးဆိုင်တာ ကွန်ဗင်းရှင်းအရကလေးသူငယ်များသည် မည်သည့်အခြေနေမျိုးတွင်မဆို အသက်ရှင်ခွင့်၊ စားဝတ်နေရေးနှင့် လူမှုအဆင့်တန်း၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ဖြစ်သည့် အခြေခံအခွင့်ရေး “ရှင်သန်ခွင့်" ရနိုင်ရမည်။ ပညာသင်ခွင့်၊ လွတ်လပ်စွာကစားခွင့်၊ တွေးခေါ်ခွင့်၊ သတင်းအချက်လက်ရပိုင်ခွင့်၊ လွတ်လပ်စွာဘာသာရေးကိုးကွယ်ခွင့်စသည့် အဖက်ဖက်မှ “ဖွံ့ဖြိုးတိုးတက်ခွင့်" တို့ကို ရနိုင်ရမည်။ ကလေးသူငယ်များကိုနောက်ချန်မထားဘဲ ကလေးများအတွက် ပြောရေးဆိုခွင့်၊ ဆွေးနွေးတိုင်ပင်ခွင့် အသင်းဖွဲ့များတွင်ပါဝင်ခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့် စသည့် "ပါဝင်ခွင့်အခွင့်ရေး” များလည်းပေးရမည်။

ထို့ပြင် ကလေးသူငယ်များအတွက် လိုအပ်ချက်များနေသည့် “ကာကွယ်မှုရပိုင်ခွင့်” ကိုလည်းရနိုင်ရမည်ဖြစ်သည်။ ကာကွယ်မှုရပိုင်ခွင့်တွင် စစ်ဘေး၊ လက်နက်ဘေး၊ နယ်စပ်တို့တွင်ဘေးလွတ်ရာရှောင်ရသောကလေးသူငယ်များအတွက် အကူညီနှင့်စောင့်ရှောက်မှု၊ လူမျိုးစုကလေးများ၊ မသန်စွမ်းသူများ၊ လိင်စိတ်ခံယူမှုကွဲပြားသောကလေးငယ်များ၊ လိင်အမြတ်ထုတ်ခံရသော ကလေးငယ်များ၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်ခံရမှုတို့ကို ခံနေကြရသည့်ကလေးငယ်များ၊ အမျိုးမျိုးသောအကြောင်းရာများအောက်မှာ အကာကွယ်မရနိုင်သည့်ကလေးငယ်များအားလုံးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်းရာ ကာကွယ်မှုများလည်းရနိုင်ရမည်ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် လူမမည်ကလေးငယ်များသည် ကလေးများရပိုင်ခွင့်ဖြစ်သည့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်မှုရပိုင်ခွင့်တို့၏ အခြေခံအခွင့်ရေးရနိုင်ဖို့မဆိုထားနှင့်၊ မမျှသောအတွေ့ကြုံအခက်ခဲတို့ကိုဆိုးရွားစွာတွေ့ကြုံခံစားနေကြရပါသည်။ မတရားမှုအောက်မှာ စစ်ဘေးပဋိပက္ခကို ဆိုးရွားစွာကြုံနေရပြီး စိတ်ဒဏ်ရာကိုယ်စီနှင့်ရှင်သန်နေကြရပါသည်။

လူကြီးများအတွက်ပင်ခက်ခဲနိုင်သည့်အခြေနေတို့တွင် ရပိုင်ခွင့်အခွင့်ရေးများဆုံးရှုံးနေပြီး အကာကွယ်မှုမရသည့်အပြင် အသက်အန္တရာယ်အတွက်ပါစိုးရိမ်ရသည့်အခြေနေမျိုးမှာရပ်တည်နေကြရပါသည်။

ကလေးသူငယ်များသည် နောင်တစ်ချိန်တွင် လူကြီးအဖြစ်လူမှုအဖွဲ့စည်းများတွင်ပြန်လည်ပါဝင်လာကြရမှာဖြစ်ပါသည်။ ကြီးလာရင်အခွင့်ရေး ပေးမယ်ဆိုတာမျိုးသည် တကယ်ကောင်းမွန်သောထိန်းချုပ်မှုမျိုးမဟုတ်ဘဲ အသက်ရွယ်လိုက်၍ရသင့်ရထိုက်သည့်အခွင့်ရေးနှင့် ဆုံးဖြတ်ပိုင်ခွင့်များကသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်ကူဖြစ်စေမည်ဖြစ်ပါသည်။

ကလေးသူငယ်အခွင့်ရေးများအပြည့်ဝရရှိမှသာ ကျန်းမာပျော်ရွှင်ပြီး မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိကလေးများ ကလေးသူငယ်အခွင့်ရေးရရှိပြီး စိတ်ဒဏ်ရာကင်းစွာရှင်သန်နိုင်ရန်မှာ စစ်အာဏာရှင်၏မတရားအုပ်ချုပ်မှုတို့ကို
အမြန်လွန်မြောက်သွားနိုင်ဖို့လိုအပ်ပါသည်။

ယနေ့ကမ္ဘာ့ကလေးသူငယ်များနေ့တွင်
ကလေးများအတွက် လိုအပ်ချက်များကို ကိုယ်တိုင်လည်းပါဝင်ကူညီဖြည့်ဆည်းပေးရင်း
ကလေးသူငယ်များအခွင့်ရေးမဆုံးရှုံးဖို့၊ ရသင့်သည့်အခွင့်ရေးများပြန်လည်ရရှိနိုင်ရန်
ကူညီဖြည့်ဆည်းပေးကြဖို့ ကျွန်တော်တို့မြန်မာ့နွေဦးတက္ကသိုလ် -MNOU
ကတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

2024 World Children's Day theme

"For Every Child, Every Right" “အခွင့်ရေးတိုင်းသည် ကလေးသူငယ်တိုင်းအတွက်ဖြစ်သည်”

#mnou

#မြန်မာ့နွေဦးတက္ကသိုလ်

#World_Children_Day

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

18 Nov, 15:26

ဖောင်များပြန်လည်ဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

18 Nov, 13:40

Form error တက်သွားလို့ ခနပိတ်ထားပါတယ်။ စာရင်းသွင်းပြီးသားသူများလည်း ဖောင် ပြန်ဖွင့်ရင် ပြန်တင်ပေးကြပါ။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

18 Nov, 12:33

“Diploma in Political Science “သင်တန်းဖွင့်လှစ်ကြောင်းကြေညာခြင်း”

မြန်မာ့နွေဦးတက္ကသိုလ်၊ နိုင်ငံရေးလေ့လာမှုပညာ မဟာဌာန လက်အောက်ရှိ နိုင်ငံရေးသိပ္ပံ ဌာနမှ ပြည်ပရောက် ဆရာကြီး ဆရာမကြီးများ ဦးစီး၍ နိုင်ငံရေး ဆိုင်ရာ အသိပညာများ ဆည်းပူးလိုသူ ပြည်သူ့ဘက်တော်သား အပေါင်း အတွက် ကြားကာလအတွင်း စဉ်ဆက်မပြတ်ပညာသင်ယူနိုင်စေရန် ရည်ရွယ်ကာ နိုင်ငံရေးသိပ္ပံဒီပလိုမာသင်တန်းအား ဖွင့်လှစ်လိုက်ပါပြီ----

📚 လေ့လာသင်ယူခွင့်ရမည့် ဘာသာရပ်များ
Semester I

▪️ DPSMNOU 1001 - Introduction to Political Science နိုင်ငံရေးသိပ္ပံမိတ်ဆက်
▪️ DPSMNOU 1002 - Political Economy နိုင်ငံရေးဘောဂဗေဒပညာ
▪️ DPSMNOU 1003 - Comparative Politics နှိုင်းယှဥ်လေ့လာနိုင်ငံရေးပညာ
▪️ DPSMNOU 1004 –Political Theory နိုင်ငံရေးသီအိုရီ
Semester II
▪️ DPSMNOU 1005 – Federalism ဖက်ဒရယ်ဝါဒ
▪️ DPSMNOU 1006 - Peace and Security ငြိမ်းချမ်းရေးနှင့်လုံခြုံရေးလေ့လာမှု
▪️ DPSMNOU 1007 - Public Administration and Public Policy ပြည်သူ့ရေးရာအုပ်ချုပ်မှုနှင့်ပြည်သူ့ရေးရာမူဝါဒ
▪️ DPSMNOU 1008 - Global Politics ကမ္ဘာ့နိုင်ငံရေး
သင်တန်းကာလ
❖ ပထမပညာသင်ကာလ---- ၂၀၂၅ ဇန်နဝါရီလ မှ မတ်လ အထိ
❖ ဒုတိယပညာသင်ကာလ--- ၂၀၂၅ မေလ မှ ဇူလိုင် လအထိ
❖ ဘွဲာယူစာတမ်းတင်သွင်ခြင်း ကာလ.. ၂၀၂၅ ဇူလိုင် မှစက်တင်ဘာ ပထမအပတ်ထိ
❖ အောင်စာရင်း ထုတ်ပြန် ခြင်း---- ၂၀၂၅ အောက်တိုဘာလ

သင်ကြားပို့ချမှုပုံစံ။
✔️ Zoom Application အသုံးပြု၍ သင်ကြားပေးခြင်း
✔️ Google Classroom တွင် ကိုးကားစာအုပ်စာတမ်းများ၊ သင်ခန်းစာ ဗွီဒီယို ဖိုင်များ၊ သင်ခန်းစာ ဆိုင်ရာ သတင်းအချက်အလက်များ၊ အကဲဖြတ်မှုဆ်ိုင်ရာ မေခွန်းများ တို့ကို အချိန်နဲ့တပြေးညီ တင်ထားပေးခြင်း
✔️ Guest Speakers များဖိတ်ကြား ၍ Special Talks အစီအစဥ်များ ထည့်သွင်း ပေးထားခြင်း

🧑🏽‍💻 သင်တန်း၏ အကဲဖြတ်မှုပုံစံ
✔️ သင်ကြား ပြသပေးသော ဆရာ ပေါ်မူတည်၍ အတန်းတက်ရောက်မှု၊အတန်းတွင်းပါဝင်ဆွေးနိုင်မှု၊ စာတမ်းရေးသားခြင်း၊ Group/Individual Presentation ပြုလုပ်ခြင်း အစရှိသော အကဲဖြတ်မှု ပုံစံအမျိူးမျိူး ဖြင့် သုံးသပ်စစ်ဆေး မည်ဖြစ်ပါသည်။

👨‍👨‍👦‍👦 တက်ရောက်ခွင့် ရရှိနိုင်သူများ
⮚ ***CDM ပြုလုပ်ထားသော အခြေခံပညာအထက်တန်းအောင်မြင်သူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၊ BECA အောင်မြင်သူများ၊ တက္ကသိုလ်ဝင်တန်းအောင်နှင့်ညီမျှသော GED /IGCSE အတန်းအောင်မြင်သူများ
⮚ *** CDM ပြုလုပ်ထားသော တက္ကသိုလ်တက်ဆဲ/ တက်ပြီး သော သူများ
⮚ *** CDM ဆရာ ဆရာမ များနှင့် ဝန်ထမ်းများ နှင့်စိတ်ပါဝင်စားသူများ

*******ပထမဦးဆုံးအသုတ်ဖြစ်သည့်အတွက် သင်တန်းသား (၁၀၀) ဦးကိုသာ လက်ခံမည်ဖြစ်ပါသည်။
သင်တန်း တက်ရောက်ခြင်းမှ ရရှိလာနိုင်သော အကျိူး ရလဒ်များ
⮚ နိုင်ငံရေးသိပ္ပံပညာရှင်များ၏ ချဉ်းကပ်မှုပုံစံမျိုးစုံဖြင့် ဖော်ထုတ်ထားသော ပညာရပ်၏ ပြဋ္ဌာန်းချက်နှင့်နိုင်ငံရေးအခြေခံသဘောတရားကို နားလည်စေခြင်း၊
⮚ နိုင်ငံရေးနှင့် သက်ဆိုင်သော အတွေးအခေါ်များ၊ စနစ်များ၊ သီအိုရီများနှင့် ဆက်စပ်နေသော ဘာသာရပ် အကြောင်းအရာများကို သိရှိနားလည်လာနိုင်ပြီး ဆက်လက်လေ့လာသွားနိုင်ရန် အထောက်အကူဖြစ်စေခြင်း
⮚ ကြားကာလနှင့် ပြန်လည်ထူထောင်ရေးကာလများတွင် နိုင်ငံအရေး တတ်သိနားလည်သူ များအဖြစ် ပါဝင်ကူညီနိုင်လာခြင်း
⮚ နိုင်ငံများ၏နိုင်ငံရေးဖြစ်စဥ်များကို စနစ်တကျ နှိုင်းယှဥ် လေ့လာနိုင်လာခြင်း
⮚ •မိမိကိုယ်ကိုယုံကြည်မှု၊ လူသားဆန်မှုအပြည့်ဖြင့် လူ့အဖွဲ့အစည်းအတွက် လုပ်ဆောင်နိုင် မှုနှင့် ကျောင်းသားများ၏ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ အတွေးအမြင်များ မြင့်မားလာစေခြင်း။
💲 သင်တန်းကြေး
● ကျောင်းသားတစ်ဦး လျှင်
● ပထမပညာသင်ကာလ--- ငါးသောင်းကျပ် (၅၀၀၀၀)
● ဒုတိယပညာသင်ကာလ…ငါးသောင်းကျပ် (၅၀၀၀၀)
● စုစုပေါင်း တစ်သိန်းကျပ် (၁၀၀၀၀၀) သာ ပေးသွင်းရမည်ဖြစ်ပါသည်။

🔁 သင်တန်းကို မှတ်ပုံတင်စာရင်းသွင်းခြင်း
- ဤ ဒီပလိုမာ သင်တန်း သို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများသည် အောက်တွင် ဖော်ပြထားသော Google Form ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ လကုန် နောက်ဆုံးထား၍ ဖြည့်ပေးရမည်ဖြစ်ပါသည်။
- တက်ရောက်ခွင့် ရရှိသူများကို Google Form တွင် ဖြည့်သွင်းထားသော Email မှတဆင့် အကြောင်း ကြားမည် ဖြစ်ပါသည်။

ထောက်ခံစာ တောင်းယူရာတွင်
၁) CDM ကျောင်းသူ၊ ကျောင်းသားဖြစ်ကြောင်း CDM ဆရာ၊ဆရာမ သို့ ဝန်ထမ်း တစ်ဦးဦးထံမှ ရယူနိုင်သည်။
၂) အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ရိုက် ပတ်သက်မှု/ ထောက်ပံ့မှုမရှိကြောင်း CDM တစ်ဦးဦးထံမှ ရယူနိုင်သည်။
၃) CDM ဝန်ထမ်းများ CDM ဖြစ်ကြောင်း အထောက်အထား ( ထုတ်ပယ်စာ၊ အသိအမှတ်ပြုစာ) တင်သွင်းနိုင်သည်။
၄) အမျိုးသားညီညွတ်ရေးအစိုးရ၏ ဌာန တစ်ခုခုတွင် ပါဝင် ကူညီနေသူဖြစ်ပါက သက်ဆိုင်ရာဌာနမှ ထောက်ခံစာကို တင်သွင်းနိုင်သည်။

https://edu.nugmyanmar.org/mnou_dps_batch1

မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

18 Nov, 03:49

မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်မြောက် တက္ကသိုလ် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများကိုကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉:၀၀ နာရီမှ နေ့လည် ၁:၃၀ နာရီထိကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနား မှာ ဖျော် ဖြေ ရေး အစီစဉ်များအဖြစ် ကဗျာ၊ ဂီတ၊ ပြဇာတ်၊ အငြိမ့်၊ သံချပ် များဖြင့်ကျောင်းသား၊ကျောင်းသူများက ဖျော်ဖြေပေးခဲ့ပါတယ်။ ထိုအစီ အစဉ်များမှ မြန်မာ့နွေဦးတက္ကသိုလ်ဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် စု ဖွဲ ထား သည့် "Spring Stars" အဖွဲ့ က သီဆို ထားသော "အရှုံးမပေးကြေး" သီချင်း လေးကို ဖေါ်ပြ ပေးလိုက်ပါတယ်။ https://youtu.be/LVfMtseO1Lc

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

17 Nov, 13:20

မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်မြောက် တက္ကသိုလ် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများကိုကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉:၀၀ နာရီမှ နေ့လည် ၁:၃၀ နာရီထိကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနား မှာ ဖျော် ဖြေ ရေး အစီစဉ်များအဖြစ် ကဗျာ၊ ဂီတ၊ ပြဇာတ်၊ အငြိမ့်၊ သံချပ် များဖြင့်ကျောင်းသား၊ကျောင်းသူများက ဖျော်ဖြေပေးခဲ့ပါတယ်။ ထိုအစီ အစဉ်များမှ မြန်မာ့နွေဦးတက္ကသိုလ်ဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် စု ဖွဲ ထား သည့် "နွေဦးကံ့ကော်" အဖွဲ့ က သီဆို ထားေသာ "တို့ သတိရနေမှာပါ-" သီချင်း လေးကို ဖေါ်ပြ ပေးလိုက်ပါတယ်။
https://youtu.be/2aEwCzcJ2ao

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

15 Nov, 12:35

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦးအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၅) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

15 Nov, 08:04

မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ဒုတိယအကြိမ်မြောက် တက္ကသိုလ် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉:၀၀ နာရီမှ နေ့လည် ၁:၃၀ နာရီထိကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနား မှာ ဖျော် ဖြေ ရေး အစီစဉ်များအဖြစ် ကဗျာ၊ ဂီတ၊ ပြဇာတ်၊ အငြိမ့်၊ သံချပ် များဖြင့်ကျောင်းသား၊ကျောင်းသူများက ဖျော်ဖြေပေးခဲ့ပါတယ်။ ထိုအစီ အစဉ်များမှ မြန်မာ့နွေဦးတက္ကသိုလ်ဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများဖြင့် စုဖွဲ့ ထားသည့် "နွေဦးရဲ့ ကြယ်ပြာလေးများ" အဖွဲ့ က အသံထွက် ရွတ် ဆို ထားေသာ ကဗျာဆရာ ' မောင်ချောနွယ် ' ၏ "ကြယ်ပြာလေးနဲ့ ထမင်းစားပြီးနောက်" ကဗျာ လေးကို ဖေါ်ပြ ပေးလိုက်ပါတယ်။
https://youtu.be/PO27MFHRWQU?si=gU77knmOaUih7PRD

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

15 Nov, 05:25

တန်ဆောင်မုန်းလပြည့်နေ့

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်က ဒီလိုနေ့မျိုးမှာ အဇာတသတ်မင်းသားကို သာမညဖလသုတ္တန် ဟောကြားတော်မူခဲ့တာကြောင့် သာမညဖလအခါတော်နေ့လို့လည်း သိကြပါတယ်။ မြန်မာ့ဆယ့်နှစ်လရာသီမှာမှ တန်ဆောင်မုန်းလပြည့်ညဟာ နက္ခတ်တာရာတို့ပြည့်စုံပြီးအပင်နဲ့ အသီးရွက်များက ဆေးအာနိသင်များပြည့်စုံကြွယ်ဝနေတယ်လို့ ယုံကြည်တာကြောင့် ဆေးပေါင်းခတဲ့ညလို့လည်းခေါ်ကြပါသေးတယ်။ နောက်ထပ်ချစ်စရာကောင်းတဲ့အမှုကျင့်က ပံ့သကူပစ်တာပါပဲ။ ကိုယ်မျှဝေလှူဒါန်းချင်တဲ့ ငွေ၊ ပစ္စည်းတို့ကို လိုအပ်သူရနိုင်ဖို့ရည်ရွယ်ပြီး ပံ့သကူအလှူအနေနဲ့ လမ်းမှာထားပေးထားတတ်ကြတာပါပဲ။ တစ်ဆက်တည်းမှာ တန်ဆောင်မုန်းလပြည့်ညကို သူခိုးကြီးညလို့ခေါ်ပြီး ပစ္စည်းဝှက် စနောက်တာမျိုး ပြုတတ်ကြပါသေးတယ်။ ဒီအခါမှာတော့ အပျော်ကနေ အပျက်မဖြစ်ဖို့ ဂရုစိုက်ကြဖို့လိုပါတယ်နော်။

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်အခါသမယကစလို့ ကျောင်းသား၊ ကျောင်းသူများနဲ့ ပြည်သူများအားလုံး စိတ်ကျန်းမာခြင်း၊ ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ၊ အဝေးရောက်မိသားစုများအားလုံးပြန်လည်ဆုံစည်းပြီး ဘေးအန္တရာယ်မရှိဘဲပျော်ရွှင်ကြည်နူးနိုင်ပါစေကြောင်း ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ် - mnou က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

#mnou

#မြန်မာ့နွေဦးတက္ကသိုလ်

#တန်ဆောင်မုန်းလပြည့်နေ့

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

14 Nov, 07:57

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်က မြန်မာ့နွေဦးတက္ကသိုလ် ၏ ၂၀၂၄-၂၀၂၅ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

07 Nov, 15:58

ကရင်ပြည်နယ်နေ့

နိုဝင်ဘာလ ၇ ရက်

နိုဝင်ဘာလ (၇) ရက်နေ့က ကရင်ပြည်နယ်နေ့ဖြစ်ပြီး ဒီနှစ်မှာတော့ ၆၉ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ ။ ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အနေနဲ့ ကရင်ရိုးရာဒုံးယိမ်းအက အပြင် ပြိုင်ပွဲအမျိုးမျိုးကို နှစ်စဉ်ကျင်းပပြုလုပ်ရင်းဆင်နွှဲကြပါတယ်။ ကျွန်တော်တို့ မြန်မာနွေဦးတက္ကသိုလ်က ယနေ့ကျရောက်တဲ့ ၆၉ ကြိ ကြိမ်မြောက်ကရင်ပြည်နယ်နေ့ ကိုကြိုဆိုဂုဏ်ပြုရင်း ကရင်ပြည်နယ်နဲ့တကွ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်ရဲ့ မတရားအုပ်ချုပ်ခံရခြင်းမှ မနှေးအမြန်လွတ်မြောက်နိုင်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ် ခင်ဗျာ။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#ကရင်ပြည်နယ်နေ့

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

07 Nov, 15:17

ဝင်ခွင့်ရ ကျောင်းသားများ Orientation တက်ရောက်ဖို့ မနက်ဖြန်ည ၁၂နာရီနောက်ဆုံးထား စာရင်းပေးပေးပါနော်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

07 Nov, 15:17

BECA မှ ဝင်ခွင့်ရ ပထမနှစ် စတက်နေသူများ သတိပြုရန်

Moodle acc and password ကို MES တွင် update ပြန်ကြည့်ပြီးမှ ဝင်ကြပါရန်။ password သည် ယခင် BECA ဖြေဆိုစဉ်က password နှင့်မတူညီပါ။

ကျောင်းသားရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

05 Nov, 15:43

Roll no မရသေးသောသူများဖြည့်ရန်

https://edu.nugmyanmar.org/mnoustuaffairs1

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

05 Nov, 02:54

မြန်မာ့နွေဦးတက္ကသိုလ်သို့ ဝင်ခွင့်ရရှိထားသောကျောင်းသားကျောင်းသူများ အားလုံး မင်္ဂလာပါခင်ဗျာ။
ပထမဦးစွာ ကျောင်းဝင်ခွင့်ရရှိခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအားလုံးကို အထူးပဲ ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။ အခုဆိုရင်တော့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားကျောင်းသူတွေက Moodle Platform ကနေတဆင့် မိမိတို့ သက်ဆိုင်ရာအထူးပြုဘာသာရပ်အလိုက် လေ့လာသင်ကြားသွားရတော့မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျောင်းသားကျောင်းသူတွေအနေနဲ့ စာလေ့လာသင်ကြားရာမှာ အခက်အခဲမရှိစေဖို့အတွက် နည်းပညာအသုံးပြုပုံတွေ၊ လေ့လာသင်ယူရမယ့် နည်းနာတွေအပြင် အလေးထားဆောင်ရွက်ရမယ့် အကြောင်းအရာတွေကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဆရာကြီး၊ဆရာမကြီးတွေကနေပြီးတော့ ရှင်းလင်းပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။
100% Remote Learning System ဖြစ်တာကြောင့် အခုလို ရခဲလှတဲ့ ဆရာ၊ဆရာမတွေနဲ့ Face to Face ဆွေးနွေးမေးမြန်းနိုင်တဲ့ အခွင့်အရေးမျိုးကို လက်လွတ်မခံဘဲ အမိအရဖမ်းဆုပ်ကြဖို့ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။

နေရာကတော့ Zoom Platform မှာပါ။ နေ့ရက်နဲ့အချိန်ကတော့ ဘာသာရပ်အလိုက် မတူတာမလို့ Email ကနေတဆင့်ဘဲ အကြောင်းပြန်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် QR Code လေးကို Scan ဖတ်ပြီး Form လေးကိုသေချာဖြည့်ပေးကြဖို့တော့လိုပါလိမ့်မယ်။

အားလုံးဘဲ ခုတပတ် Weekend မှာ ဆုံကြမယ်နော်။ See U!

Date- November 9,10
Time - 9 am , 1:30 pm
Location - Zoom Platform

Google Form

https://forms.gle/Kfbf4Zu7Ev1FxXpy9

Form အား ၈ရက်နေ့ည ၁၂နာရီနောက်ဆုံးထားဖြည့်ပေးပါခင်ဗျာ။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

03 Nov, 02:47

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU) pinned «မြန်မာ့နွေဦးတက္ကသိုလ်သို့ ဝင်ခွင့်ရရှိထားသောကျောင်းသားကျောင်းသူများ အားလုံး မင်္ဂလာပါခင်ဗျာ။ ပထမဦးစွာ ကျောင်းဝင်ခွင့်ရရှိခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအားလုံးကို အထူးပဲ ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။ အခုဆိုရင်တော့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ…»

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

01 Nov, 13:55

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၃) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

01 Nov, 12:33

မြန်မာ့နွေဦးတက္ကသိုလ်သို့ ဝင်ခွင့်ရရှိထားသောကျောင်းသားကျောင်းသူများ အားလုံး မင်္ဂလာပါခင်ဗျာ။
ပထမဦးစွာ ကျောင်းဝင်ခွင့်ရရှိခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအားလုံးကို အထူးပဲ ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။ အခုဆိုရင်တော့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားကျောင်းသူတွေက Moodle Platform ကနေတဆင့် မိမိတို့ သက်ဆိုင်ရာအထူးပြုဘာသာရပ်အလိုက် လေ့လာသင်ကြားသွားရတော့မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကျောင်းသားကျောင်းသူတွေအနေနဲ့ စာလေ့လာသင်ကြားရာမှာ အခက်အခဲမရှိစေဖို့အတွက် နည်းပညာအသုံးပြုပုံတွေ၊ လေ့လာသင်ယူရမယ့် နည်းနာတွေအပြင် အလေးထားဆောင်ရွက်ရမယ့် အကြောင်းအရာတွေကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဆရာကြီး၊ဆရာမကြီးတွေကနေပြီးတော့ ရှင်းလင်းပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။
100% Remote Learning System ဖြစ်တာကြောင့် အခုလို ရခဲလှတဲ့ ဆရာ၊ဆရာမတွေနဲ့ Face to Face ဆွေးနွေးမေးမြန်းနိုင်တဲ့ အခွင့်အရေးမျိုးကို လက်လွတ်မခံဘဲ အမိအရဖမ်းဆုပ်ကြဖို့ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။

နေရာကတော့ Zoom Platform မှာပါ။ နေ့ရက်နဲ့အချိန်ကတော့ ဘာသာရပ်အလိုက် မတူတာမလို့ Email ကနေတဆင့်ဘဲ အကြောင်းပြန်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် QR Code လေးကို Scan ဖတ်ပြီး Form လေးကိုသေချာဖြည့်ပေးကြဖို့တော့လိုပါလိမ့်မယ်။

အားလုံးဘဲ ခုတပတ် Weekend မှာ ဆုံကြမယ်နော်။ See U!

Date- November 9,10
Time - 9 am , 1:30 pm
Location - Zoom Platform

Google Form

https://forms.gle/Kfbf4Zu7Ev1FxXpy9

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

01 Nov, 12:23

စုပြုံဝင်လာကြသဖြင့် Moodle site ကျနေပါသည်။ သင်ယူကာလ ၄ လပေးထားပြီးအချိန်မရွေးလေ့လာနိုင်သဖြင့် အေးအေးဆေးဆေး ဝင်ကြပါရန်။ မလောပါရန်။

ကျောင်းသားရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

01 Nov, 11:53

Moodle ဝင်နည်း pdf file

https://drive.google.com/file/d/1s6EZ97z5VKTro5wIM42x47jIpyFwHxvo/view?usp=sharing

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

01 Nov, 10:39

New Intake (Second Batch)
တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) မှ
ပထမနှစ် (ပထမပညာသင်ကာလ)၊ first Year (First Semester)
ကျောင်းသား. ကျောင်းသူများ

Myanmar Education System (MES) တွင် Moodle acc and password များ ရရှိနေပါပြီ။

moodle ဝင်မရခြင်းများ ရှိပါက [email protected] သို့
၁။ကျောင်းသားနံပါတ် (student ID)
၂။Roll number
၃။MES မှ moodle acc and password
တို့ကို email ပေးပို့ပါရန်။

ကျောင်းသားရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

31 Oct, 12:09

🎃 It is Halloween! 🎃

အားလုံးသိပြီးတဲ့အတိုင်း ဒီညကဟောလိုဝင်းညဖြစ်ပါတယ်။ Celtic festival of Samhain လို့လဲခေါ်ပြီး ဒီလိုညမျိုးမှာ ဆုံးသွားတဲ့ဝိဉာဏ်တွေက သူတို့အိမ်ကိုပြန်လာတတ်ကြတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်မို့ ဟောလိုဝင်းညမှာ ဝိဉာဏ်နဲ့ဆိုင်တဲ့ဝတ်စုံအမျိုးမျိုးနဲ့ ပြင်ဆင်ပြီးပွဲညအနေနဲ့ကျင်းပကြတာဖြစ်ပါတယ်။

Spiritual လမ်းစဉ်အရ Halloween က ဘဝနဲ့သေဆုံးခြင်းကြားက အပြောင်းအလဲ၊ ကြောက်စိတ်နဲ့ မကောင်းတဲ့စွမ်းအင်တွေကို ရင်ဆိုင်လွတ်မြောက်နိုင်ခြင်းကို ဖော်ညွှန်းတယ်လို့ဆိုပါသေးတယ်။ Happy Halloween ပါ။ ကောင်းသောညလေးဖြစ်ပါစေ။

#mnou

#မြန်မာ့နွေဦးတက္ကသိုလ်

#Halloween

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

31 Oct, 04:48

MES ထဲမှာ Moodle acc ရှာနည်း၊ Moodle ဝင်နည်း၊ စာလေ့လာနည်းများအတွက် ရှင်းပြထားသော video ပါ။

https://youtu.be/vhoT-GvwMjs

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

31 Oct, 03:38

ပြင်ဆင်ခြင်း မပြီးသေးပါ၍ Moodle acc, password and roll number မရသေးသူများ ယခုအချိန်ထိ မရသေးပါ။
စောင့်ကြပါရန် မေတ္တာရပ်ခံပါသည်။ ရရှိပြီဆိုသည်နှင့် တပြိုင်နက် ချက်ချင်း ချန်နယ်နှင့် page မှ တဆင့် အသိပေးပါမည်။

စာသင်ကာလ ၄ လသည် လုံလောက်ခြင်း၊ self base learning ဖြစ်ခြင်းတို့ကြောင့် အချိန်မလောက်မှာ စိုးရိမ်ရန်မလိုပါကြောင်း တပါတည်း အသိပေးပါသည်။

ကျောင်းသားရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

30 Oct, 12:32

ကျောင်းသားကျောင်းသူတိုအတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ပညာရပ်ဆိုင်ရာမျှဝေခြင်း" အစီအစဉ်ဖြစ်ပါတယ်။

ဒီတပတ်မှာတော့ " Google Earth Pro" software မှာ အလုပ်လုပ်တဲ့အခါ... data တွေ သိမ်းဆည်းဖို့အတွက်

🗂Folder လေးတွေ ဘယ်လို တည်ဆောက်မလဲ၊

✂️မလိုတဲ့ Folder တွေ ဘယ်လို ပြန်ဖျက်မလဲ ၊

📝Folder နာမည်တွေကို ဘယ်လိုပြင်ဆင်ပြောင်းလဲရမလဲ ဆိုတာတွေကို ပြပေးပါမယ်။

လေ့လာကြည့်လိုက်ကြပါဦး 🥰

Video လေးကို မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ YouTube Channel မှာတင်ပေးထားတာမို Link ကနေတဆင့် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

"How to crate new folders in Google Earth Pro Software "

https://youtu.be/wDzGWj875g4

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

MNOU ရဲ့ YouTube Channel လေးကိုလဲ Like & Subscribe လုပ်ထားပေးပါအုံးနော်။

MNOU YouTube Channel Link
https://youtube.com/@myanmarnway-oouniversity?si=DEuD-bqp3bJceBFb

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

30 Oct, 10:12

📣 “မြန်မာ့နွေဦးတက္ကသိုလ်မှာ ကလောင်ရှင်များဖိတ်ခေါ်နေပါတယ်”

ကျွန်တော်တို့ မြန်မာ့နွေဦးတက္ကသိုလ်မှာ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း စာပေ အနုပညာ ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး “ကဗျာ၊ စာပေ၊ အနုပညာကဏ္ဍ” လေးစီစဉ်ထားပါတယ်။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ စာပေ အနုပညာ ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများပေးပို့တဲ့ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါးစာမူများကို mnou facebook page နဲ့ telegram channel တို့မှာတင်ပေးသွားမယ့်အစီစဉ်ဖြစ်ပါတယ်။ 🔖

စာပေကို စိတ်ပါဝင်စားပြီး ကလောင်သွေးချင်တဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းက ကျွန်တော်တို့အပတ်စဉ်တင်ပေးမယ့် form ကနေတဆင့် ကိုယ့်ရဲ့စာမူကိုပေးပို့နိုင်မှာဖြစ်ပါတယ်။

ကလောင်ရှင်များ လက်စွမ်းပြလို့ရပါပြီ ခင်ဗျာ။ 💁🏼‍♂️💁🏼‍♀️
စာမူပေးပို့ရန် >>>

https://forms.gle/BAjA6KcAKsxUWysFA

#မြန်မာ့နွေဦးတက္ကသိုလ်
#mnou

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

30 Oct, 02:31

ပထမနှစ် ၊ ပထမပညာသင်ကာလ ( First Year, First Semester) တက်ရောက်ရမည့် ( တက္ကသိုလ်ဝင်ခွင့်-ဒုတိယအကြိမ်) မှ ကျောင်းသား၊ ကျောင်းသူများသို့

New Intake (Second Batch)

ပထမ ပညာသင်ကာလ ( First Semester) စတင်ဖွင့်လှစ်ကြောင်းကြောင်း ကြေညာခြင်း —— - —— - —— - —— - ——
2-102024 မှ 23-10-2024 အထိ MES ၌ ပထမပညာသင်ကာလ(first semester) အတွက် ကျောင်းအပ်ပြီးသော တက္ကသိုလ်ဝင်ခွင့်ဒုတိယအကြိမ်မှ New Intake (Second Batch) ကျောင်းသား၊ ကျောင်းသူများ Learning Management System LMS,Moodle ၌ သင်ခန်းစာများ စတင်လေ့လာ ကာ ပထမနှစ်ကို စတင် တက်ရောက်နိုင်ပြီဖြစ်ပါသည်။

လေ့လာရမည့်ကာလ မှာ 30-10-2024 မှ 01-03-2025 အထိ (၄) လ ဖြစ်ပါသည်။

🔔🔔အထူး ကြေညာချက်။

Roll No နှင့် LMS (Moodle) acc and password များ MES တွင်မရသေးပါက

၁) ခေတ္တစောင့်ဆိုင်းပါရန်

၂) MNOU Facebook page, student affairs Facebook page, MNOU telegram channel နှင့်

၃) အောက်ပါ email များသို့ ဆက်သွယ်ပါရန်။
[email protected]
[email protected]

ဝင်ရောက်ရမည့်link များ

MES >>> https://mes.moeedu.org/he-login

LMS Moodle >>>> https://he.moeedu.org/

💻ဝင်ရောက်ရမည့်ပုံစံအဆင့်ဆင့် (Laptop:Computer Version) - https://www.facebook.com/100086498222883/posts/130854619807812/

📱ဝင်ရောက်ရမည့်ပုံစံအဆင့်ဆင့် (mobile phone version) - https://www.facebook.com/100086498222883/posts/130859806473960/

ကျောင်းသား၊ ကျောင်းသူများ အား သင်ခန်းစာ များ လေ့လာရမည့်ပုံစံ၊ စာမေးပွဲများဖြေဆို ရမည့် ပုံစံ အသေးစိတ် >>>>>

https://www.facebook.com/share/v/KGXxfoACs1DS7ZgB/?

https://m.facebook.com/story.php?story_fbid=382761737950431&id=100086498222883

https://youtu.be/vhoT-GvwMjs

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခက်အခဲများရှိပါက MNOU page Messenger (သို့) telegram channel သို့ လာရောက်ဆက်သွယ်နိုင်ပါသည်။

#မြန်မာ့နွေဦးတက္ကသိုလ်
#mnou
#NUGMOE
#education
#Myanmar
#highereducation
#LMS

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

29 Oct, 16:39

Roll no နှင့် Moodle acc and password ကြိုတင်ကျတဲ့သူလည်းရှိပါမည်မကျတဲ့သူလည်းရှိပါမည်။ သိထားရန်မှာ IT ဌာန က တာဝန်ခွဲပြီးလုပ်နေကြခြင်း ဖြစ်သဖြင့် အရင်သွင်းသောဘာသာရပ် / ကျောင်းသားတွေ သည် ကြိုမြင်နေရတာမျိုးရှိပါလိမ့်မည်။ စိတ်မပူကြပါရန်။ system တွင် ပြင်ဆင်နေခြင်းရှိသဖြင့် မနက်ဖြန် roll no, Moodle acc and password မရသေးလျှင်လည်းစောင့်ကြပါရန် ကြိုတင်မှာကြား အသိပေးပါသည်။

နည်းပညာအထောက်အကူပြုဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

27 Oct, 16:10

စီနီယာတွေက သစ်လွင် မောင်နှမများကို ကြိုဆိုဖို ပြင်ဆင်နေကြသလို ဂျူနီယာလေးတွေကိုလည်း အအား မထားပါဘူး.. ကလေးတွေကို ကြိုဆိုမယ့်ပွဲ ဆိုပေမယ့် ကလေးတွေရဲ့ Activities လေးတွေလည်း ပါဝင်ရပါမယ်။ ဘာလေးတွေ လုပ်ချင်သလဲဆိုတာ ဆွေးနွေးတိုင်ပင်ကြဖို Gp ‌ေလေး လုပ်ထားပါတယ်. မိမိတိုရဲ့နာမည်နောက်မှာ လျှောက်လွှာ အမှတ်စဉ်လေး ဖြည့်ပြီး Gp ကို join ပါ။ Admin က စစ်ဆေးပြီးရင် လက်ခံပေးပါမယ်။ https://t.me/+8loVfYusx1swNWZl

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

27 Oct, 15:07

မြန်မာ့နွေဦးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော စာသင်နှစ်အသီးသီးမှကျောင်းသားကျောင်းသူများ ခင်ဗျာ။ လာမည့် နိုဝင်ဘာလ ဒုတိယအပတ် မှာ မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို စီနီယာ ကျောင်းသား၊ကျောင်းသူများက ဦးစီးပြီးတော့ ကျင်းပပေးဖိုရှိပါတယ်။ ဒါကြောင့်မိုလို ပါဝင်အားဖြည့်ပေးလိုတဲ့ စီနီယာ၊ဂျူနီယာ ကျောင်းသားကျောင်းသူများအနေနဲ့ အောက်ဖော်ပြပါ Google Form ကနေတဆင့် စာရင်းပေးသွင်းပါဝင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ ကျောင်းသား၊ကျောင်းသူများအားလုံး မင်္ဂလာရှိသောညချမ်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။ https://docs.google.com/forms/d/e/1FAIpQLSdoIJSmqJX750xHlNZILoV_-9WD11YlmCJP-bX8FEfWXuS24w/viewform

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

27 Oct, 12:41

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာ့နွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " ရဲ့ "စာပေကဗျာကဏ္ဍ" ကိုတင်ပြမှာဖြစ်ပါတယ်။

ယနေ့ အစီအစဥ်မှာ မြန်မာ့နွေဦးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ကလောင်အစွမ်းပြထားတဲ့ ကဗျာများနှင့် ဆောင်းပါး ဖြင့် တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို့ MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

25 Oct, 14:25

🔔🔔🔔ပထမအကြိမ် ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများအတွက်.. ပထမနှစ်ဝက် သင်ခန်းစာများ ပြန်လည်လေ့လာနိုင်စေရန် Sem1 Moodle သင်ခန်းစာများကို တစ်လ ဖွင့်ပေးထားသည်မှာ ပြီးဆုံးရန် ၅ရက်သာ လိုပါတော့သည်။ Qများ Assignment များ တင်ရန် ကျန်သေးပါကလည်း အချိန်မီပြီးစီးရန် လုံ့လထုတ် လုပ်ဆောင်ကြပါရန် သတိပေးအပ်ပါသည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

25 Oct, 12:31

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာနွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ကျန်းမာရေး အသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

"နွေဦအိုအေစစ်" series ရဲ့ mental wellness နဲ့ပတ်သတ်တဲ့ ဆောင်းပါး အပိုင်း(၂) ကို တင်ပြလိုက်ပါတယ်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

25 Oct, 10:11

မြန်မာ့နွေဦးတက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော စီးပွားရေးပညာရပ်ဆိုင်ရာ ဘွဲသင်တန်းများအတွက် ဘာသာရပ်အလိုက် Study Plan များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

25 Oct, 02:02

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာကဏ္ဍ
မြန်မာ့နွေဦးတက္ကသိုလ်

စာအမှတ်၊ ပညရ/ မနဥတ/Student Affairs/၂၀၂၄ (၀၀၁)
ရက်စွဲ ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၅) ရက်
အကြောင်းအရာ။ ။မြန်မာ့နွေဦးတက္ကသိုလ်၏ ပထမနှစ်၊ ပထမပညာသင်ကာလ နှင့် ဒုတိယပညာသင်ကာလ ကျောင်းဖွင့်ရက်များ အတည်ပြုကြေညာခြင်း။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

24 Oct, 13:33

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာ့နွေဦးတက္ကသိုလ်၏ အပတ်စဉ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "ဘာသာရပ်ဆိုင်ရာသိမှတ်ဖွယ် " အကြောင်းအရာများပဲဖြစ်ပါတယ်။

ယနေ့ အစီအစဉ်မှာ "တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများ" အကြောင်းကို ဗဟုသုတအဖြစ် ပြောပြပေးမှာဖြစ်ပါတယ်။

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို့ MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

24 Oct, 04:19

တက္ကသိုလ်ဝင်ခွင့် (ဒုတိယအကြိမ်) မှ MNOU သို့ ဝင်ခွင့်ရပြီး ကျောင်းအပ်ပြီးစီးသော ကျောင်းသူ၊ ကျောင်းသားများသို့

ကြေညာထားသည့်အတိုင်း 23-10-2024 ရက်နေ့တွင် ကျောင်းအပ်လက်ခံကာလ ပြီးဆုံးပြီ ဖြစ်ပါသည်။ IT support Department နှင့် ကျောင်းသားရေးရာဌာနတို့မှ ကျောင်းသားတို့အား စာရင်းခွဲခြင်း၊ စစ်ဆေးခြင်:၊ roll number ပေးခြင်း၊ Moodle LMS classroom များအတွင်းသို့ ထည့်ခြင်း၊ MES တွင် Moodle acc and password များပေးခြင်းတို့အတွက် set up လုပ်ရန် အချိန်ကာလ (၇) ရက်ခန့် ယူပါလိမ့်မည်။

ခန့်မှန်း ၂၀၂၄ အောက်တိုဘာလ ၃၀ ရက် နေ့ တွင် တက်ရမည့် ရက် ၊ ပထမနှစ်ဝက်ပညာသင်ကာလ ၊ ပြီးဆုံးမည့်ရက်၊ လေ့လာရမည့်ပုံစံအသေးစိတ်ကို ကြေညာပါလိမ့်မည်။

သို့ဖြစ်ပါ၍ စောင့်ဆိုင်းကာလ (၇) ရက်အတွင်း ဘာမှ ပြုလုပ်ရန် မလိုအပ်သေးပါကြောင်း အသိပေးပါသည်။

ကျောင်းသားရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

23 Oct, 17:38

ဒုတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်တွင် MNOU မှဘာသာရပ်များကို ရွေးချယ်ထားသော ကျောင်းသားကျောင်းသူများ ကျောင်းအပ်ကာလ ပြီးဆုံးပြီဖြစ်ပါသည်။ အပ်နှံပြီးသော ကျောင်းသားကျောင်းသူများကို သက်ဆိုင်ရာ ဘာသာရပ်စာသင်ခန်းများသို ထည့်သွင်းခြင်း၊ Roll No. ပေးခြင်း လုပ်ငန်းစဉ်များပြုလုပ်ရမည်ဖြစ်၍ အားလုံးပြီးစီးသောအခါတွင် သင်ခန်းစာများ စတင်လေ့လာရမည့်ရက်၊ ပြီးဆုံးမည့်ရက်တို့နှင့်အတူ စာသင်ခန်းသို့ဝင်ရောက်လေ့လာရမည့် နည်းလမ်းများကို MNOU ချန်နယ် page တို့တွင် တပါတည်း ကြေငြာပေးမည် ဖြစ်ပါသည်။
PR Dept: MNOU

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

22 Oct, 13:42

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာ့နွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "သုတ, ရသနှင့် အထွေထွေအသိပညာပေး" အစီအစဥ်ပဲဖြစ်ပါတယ်။

ယနေ့ အစီအစဥ်မှာ "မွေးနေ့နံအလိုက် အဆောင်ကျောက်မျက်များနှင့် ၎င်းတို့၏ စွမ်းရည်ထူးများ" အကြောင်းကို ဗဟုသုတအဖြစ် ပြောပြပေးမှာဖြစ်ပါတယ်။

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို့ MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

22 Oct, 02:17

🔔🔔🔔 MNOU တွင် ဝင်ခွင့်ရထားသော ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရန် အချိန် ၁ ရက်သာ ကျန်ပါသည်။
မနက်ဖြန် ၂၃-၁၀-၂၀၂၄ ည ၁၂:၀၀ နာရီတွင် ကျောင်းအပ်လက်ခံခြင်း ပိတ်သိမ်းပါမည်။

မိဘ ဆရာများ မှ မိမိတို့၏ တပည့် သားသမီးများအားလည်းကောင်း ကျောင်းသူကျောင်းသားများမှ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများအားလည်းကောင်း သတိပေးပေးကြပါရန် တိုက်တွန်းပါသည်။

ကျောင်းသားရေးရာဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

21 Oct, 23:58

တက္ကသိုလ်ဝင်ခွင့် ဒုတိယအကြိမ် MNOU ဝင်ခွင့်ရ / accept နှိပ်ထားသော ကျောင်းသူ၊ ကျောင်းသားများ ကျောင်းပြန်လည်အပ်နှံ၍ ရပါပြီ

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

21 Oct, 12:49

ကျောင်းအပ်နောက်ဆုံးအဆင့်တွင် အိုကေ နှိပ်မရသူများ
MES system error ဖြစ်နေပါ၍ အမြန်ဆုံး ပြင်ဆင်နေပါသည်။ ပြန်လည် ၍ ရရှိလျှင် အသိပေးပါမည်။ ခေတ္တ စောင့်ဆိုင်း ပါရန်။ ခန့်မှန်းကြာချိန် ယနေ့ ည သို့ မနက်ဖြန် မနက် ပြန်လည် ရပါလိမ့်မည်။

နည်းပညာအထောက်အကူပြုဌာန
မြန်မာ့နွေဦးတက္ကသိုလ်

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

21 Oct, 12:16

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာ့နွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " ရဲ့ "စာပေကဗျာကဏ္ဍ" ကိုတင်ပြမှာဖြစ်ပါတယ်။

ယနေ့ အစီအစဥ်မှာ မြန်မာ့နွေဦးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ ကလောင်အစွမ်းပြထားတဲ့ ကဗျာများနှင့် ဆောင်းပါး ဖြင့် တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

နောက်ရက်တွေမှာလဲ ဗဟုသုတရစရာလေးတွေတင်ပေးမှာမို့ MNOU Facebook Page နဲ့ Telegram Channel မှာ စောင့်ကြည့်ပေးကြပါအုံးနော်။

#mnou
#မြန်မာ့နွေဦးတက္ကသိုလ်
#MyanmarNwayOoUniversity

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

21 Oct, 05:32

🔔🔔🔔 MNOU တွင် ဝင်ခွင့်ရထားသော ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရန် အချိန် ၂ ရက်သာ ကျန်ပါသည်။ မိဘ ဆရာများ မှ မိမိတို့၏ တပည့် သားသမီးများအားလည်းကောင်း ကျောင်းသူကျောင်းသားများမှ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများအားလည်းကောင်း သတိပေးပေးကြပါရန် တိုက်တွန်းပါသည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

20 Oct, 12:41

ကျောင်းသားကျောင်းသူတို့အတွက် မြန်မာ့နွေဦးတက္ကသိုလ်၏ အပတ်စဥ် " ပညာရေး ရတ်သတ္တပတ် အစီအစဉ် " မှာ ယနေ့အလှည်ကျတာကတော့ "စာပေကဗျာကဏ္ဍ" အစီအစဥ်ပဲဖြစ်ပါတယ်။