----
ရုပ်ရှင်ထူးချွန်ဆုပေးပွဲ သတင်းဖတ်နေတုန်းမှာပဲ တောင်ကိုရီးယားမှာ မာရှယ်လော ထုတ်တဲ့ Breaking News တက်လာတယ်။ ပိုပြီး တိုက်ဆိုင်တာက MNDAA က လည်း နိုင်ငံရေး ဆွေးနွေးမယ်ဆိုတာမျိုး စာထုတ်ပြန်လာတာ တွေ့ရတယ်။ ဒီနေရာမှာ ကိုယ် တစ်ဦးတည်း ဆန္ဒသဘောအရ သဘောမတူတဲ့ အချက်တွေရှိတယ်။ ဥပမာ - ရောက်တဲ့နေရာမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးကိုယ်စားလှယ် စေလွှတ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ရယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ တပ်က အပစ်ရပ်ထားရမယ်ဆိုတဲ့ စကားလုံးရယ်၊ နောက်ဆုံးအချက်က ….MNDAA အနေနဲ့ ခုခံပိုင်ခွင့်ကိုလည်း ကိုင်စွဲထား တယ်ဆိုတဲ့ အချက်ရယ်ပဲ ဖြစ်တယ်။
----
ဒီသတင်းရဲ့နောက်ဆက်တွဲမှာ တချို့ သတင်းတွေလည်း ကြားနေရတယ်။ ရောက်တဲ့ နေရာရပ်ဆိုတဲ့ စကားလုံးရဲ့ အတိမ်အနက်ဟာ တပ်မတော်ရဲ့ တိုင်းစစ်ဌာနချုပ် ဖြစ်တဲ့ လားရှိုးကိုပါ MNDAA ရဲ့ အုပ်ချုပ်မှုအောက်ကို ထည့်သွင်းအတည်ပြုပေးလိုက်သလို မျိုး ဖြစ်နေတယ်။ ခက်တာက…. ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကိုလည်း ပြန်စ မယ် ဆိုတဲ့ သတင်းမျိုးကလည်း အချိန်ကိုက် တိုက်တိုက်ဆိုင်ဆိုင်ထွက်လာတယ်။ တချိန်ချိန်မှာ တရုတ်ဖိအားကြောင့် MNDAA နဲ့ ဗဟိုအစိုးရဟာ စီးပွားရေး ကို Share မလုပ် နိုင်ဘူးလို့လည်း ပြောမရပြန်ဘူး။
-----
နောက်ဆုံး အဆင့် စိုးရိမ်မိတဲ့ အချက်က ရောက်တဲ့နေရာအပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးရင်….တပ်မတော်မှာ ဖိအားတွေ ရှိလာမှာမျိုး စိုးရိမ်မိတယ်။ အထူးသဖြင့် လားရှိုးမှာ နိုင်ငံတော်အလံ လွှင့်ထူပြရုံနဲ့ ပြည်ထောင်စုက ခွဲမထွက်ပါဘူး ပြောရုံနဲ့ လိုက်လျောပေးရမယ်ဆိုရင်….။ အဲလို လိုက်လျောပေးရအောင်ကလည်း ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသနဲ့ ပြည်နယ်အဆင့်ဆိုတာ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့် ဘောင်လည်း မဟုတ်နေပြန်ဘူး။ MNDAA ရဲ့ ထုတ်ပြန်ချက်အတိုင်း ဆွေးနွေးခဲ့ရင်….လက်ရှိသိမ်းပိုက် ထားတဲ့ နယ်မြေတွေဟာ MNDAAအပိုင်ဆိုတာမျိုး သွယ်ဝိုက်ထောက်ခံသလိုမျိုး ဖြစ်သွား လိမ့်မယ်။
---
ဒါပေမယ့် ဒီထုတ်ပြန်ချက်ဟာ MNDAA ရဲ့ တစ်ဖက်သတ် ထုတ်ပြန်ချက်ပဲ ရှိပါသေးတယ်။ အချိန်ပေးပြီး စောင့်ကြည့်ရမယ် ထင်ပါတယ်။
(နရီမိုး)