Movie Review by KLK @moviereviewbyklk Channel on Telegram

Movie Review by KLK

@moviereviewbyklk


Professional Critic's Review on Popular & Latest Films

Movie Review by KLK (English)

Are you a movie buff looking for insightful reviews on the latest films? Look no further than Movie Review by KLK! This Telegram channel, with the username @moviereviewbyklk, is your go-to destination for professional critic's reviews on popular and latest movies

Who is Movie Review by KLK? This channel is run by a team of experienced and passionate film critics who provide in-depth analysis and thoughtful commentary on the most talked-about films in the industry. With their expertise and keen eye for detail, they offer viewers a comprehensive understanding of the movies they review

What is Movie Review by KLK? It is a platform dedicated to offering movie enthusiasts a reliable source of information and critique on a wide range of films. From Hollywood blockbusters to independent gems, Movie Review by KLK covers it all, ensuring that viewers stay informed and entertained

Whether you're looking for recommendations on what to watch next or simply want to gain a deeper appreciation for the art of filmmaking, Movie Review by KLK has got you covered. Join the channel today to stay updated on the latest reviews and be part of a community of film lovers who share your passion for cinema.

Movie Review by KLK

20 Jul, 17:06


Movie Review by KLK: Maharaja (2024)
https://t.me/bollywood_Mm_Sub/11072

Movie Review by KLK

20 Jul, 17:02


Movie Review by KLK: Maharaja (2024)
''ငါးသိန်းမရရင် ခုနစ်သိန်းပေးမယ်။ ကျုပ်သမီးပြန်မလာခင် လက်ရှ်မီးကိုတွေ့အောင်ရှာပေးပါ''
-From the film ''Maharaja (2024)''
မင်မင်တစ်ယောက် အိမ်ထောင်ကျပြီးကတည်းက အလုပ်တွေရော မိသားစုကိစ္စတွေပါပိုရှုပ်လာတာနဲ့ အရင်ကလို ကြည့်ညွှန်းတွေခပ်စိပ်စိပ်မရေးနိုင်ခဲ့တာမို့ ပရိသတ်တွေကို အားနာနေမိတယ်။ ဒီတစ်ပတ် ရေးမယ့်ကြံတော့လည်း ရာသီတုပ်ကွေးမိပြီး လေးငါးရက်လောက် အတော်ခံလိုက်ရတာ ဒီနေ့မှပဲပုံမှန်ဖြစ် (ဒါတောင် ချောင်းကတဝုန်းဝုန်း)တာမို့ အများပြည်သူရုံးပိတ်ရက်မှာ ရုပ်ရှင်ကောင်းကောင်းကြည့်လိုသူတွေအတွက် ဇာတ်ကားသစ်တွေထဲက အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားကို ညွှန်းပေးလိုက်တယ်။ နာမည်က Maharaja တဲ့။
ဗီဂျေးစည်သူပတီလို့ကြားလိုက်တာနဲ့ တောင်ပိုင်းကားကြိုက်သူတွေအားလုံးရဲ့နှလုံးသားထဲမှာ သရုပ်ဆောင်ကောင်းလွန်းတဲ့ သဘာဝမင်းသားကြီး တစ်လက်ကို ပြေးမြင်မိကြမှာပါ။ ကျွန်တော်က သူ့ကိုစကြွေတာ တောင်ပိုင်းစူပါစတား ဗီဂျေးနဲ့အပြိုင်ကြဲခဲ့တဲ့ ကျောင်းဆရာကား Master (ကြည့်ညွှန်းရေးပြီး)မှာကတည်းက။ အဲဒီနောက်ပိုင်းမှာ Vikram တို့ King Khan ကြီးကိုဗီလိန်ဇာတ်ရုပ်နဲ့အားပြိုင်ထားတဲ့ Jawan (ကြည့်ညွှန်းရေးပြီး) တို့ အလှဘုရင်မကက်ထရီနာကိတ်ဖ်နဲ့တွဲဖက်ညီခဲ့တဲ့ Merry Christmas တ်ို့ကို အတော်လေးကြိုက်မိတယ်။
ပြီးခဲ့တဲ့လက ဒီကား မြန်မာပြည်မှာရုံတင်တာ ကျွန်တော်သိပေမယ့် သွားမကြည့်ဖြစ်ခဲ့ဘူး။ ပိုစတာက ဆွဲဆောင်မှုနည်းတယ်လို့ထင်မိတာရယ်၊ လောက်လောက်စားစားချောချောလှလှမင်းသမီးမပါတာရယ်၊ နောက်ပြီး ဇာတ်ညွှန်း+ဒါရိုက်တာအဖြစ် ပုံဖော်ဖန်တီးတဲ့ နီသီလန်ဆာမီနာသန်ကို ကျွန်တော်မသိတာရယ်တို့ကြောင့် အထင် small ပြီးမကြည့်ဖြစ်လိုက်တာ။
ဒီညကြည့်မိတော့မှ အသက် ၄၀ ကျော်ပဲရှိသေးတဲ့ ဒါရိုက်တာနီသီလန်ရဲ့အနုပညာစွမ်းရည်ကို သြချမိတော့တယ်။ သိပ်ကောင်းတဲ့ storytelling ၊ သိပ်ကိုလှပတဲ့ဇာတ်ညွှန်း၊ သေသပ်လွန်းတဲ့ plot twist တွေနဲ့ အနုပညာဆိုတာဒါပဲလို့ချပြသွားတာကြီးက ချီးကျူးစရာတောင်စကားလုံးရှာမတွေ့နိုင်လောက်တဲ့အထိ ကောင်းလွန်းတယ်။ တောင်ပိုင်းကားတွေသိပ်ကောင်းရင် ဘောလိဝုဒ်ကိုဘယ်ကြောက်မလဲ။ ဟောလိဝုဒ်ကိုတောင် ဒဲ့ဖြဲလို့ရတဲ့ဒရာမာမျိုး။
ဇာတ်လမ်းအကျဥ်းကတော့ မြို့ငယ်လေးတစ်မြို့မှာ ဆံသဆရာအဖြစ်အသက်မွေးတဲ့ မဟာရာဂျာမှာ သူသိပ်ချစ်ရတဲ့သမီးေလးရယ် ကားအက်စီးဒန့်တစ်ခုက ေ​န သူ့သမီးအသက်ကိုကယ်တင်လိုက်တဲ့ လက်ရှ်မီးလို့ ေခါ်တဲ့ အမှုိက်ပုံးအ ေ​ဟာင်း ြ​ကီးပဲ သူ့ဘဝမှာတွယ်တာစရာရှိေ​နတယ်။
တစ် ေ​န့မှာ သူ့အိမ်ကို လူသုံးဦးက ကျူးေ​ကျာ်ဝင် ေ​ရာက်လာ ြ​ပီး သူ့ကိုရိုက်ခါ လက်ရှ်မီးကို ယူသွားတယ်လို့ နယ် ေ​​ြမရဲစခန်းမှာ သူလာတိုင်ချက်ဖွင့်ေ​ပမယ့် အစပိုင်းမှာ စိတ်မနှံ့သူထင်လို့ ရဲေ​တွက လက်မခံခဲ့ဘူး။ ေ​နာက်ပိုင်း လက်ရှ်မီးကို သူ့သမီးမလာခင်ရှာေ​ပးနိုင်ရင် ရူပီးငါးသိန်းပေးမယ်ဆိုမှပဲလက်ခံပြီးရှာပေးကြတယ်။ နောက်ပိုင်းမှာဆုကြေးကို ရူပီးခုနစ်သိန်းအထိပေးမယ်လို့ ရဲတွေကမက်လုံးပေးပြီး ရှာခိုင်းတဲ့ အမှိုက်ပုံးပျောက်ရှာပုံတော်ရဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ဝင်စားစရာ အကြောင်းအရာတွေရှိနေလဲဆိုတာ...
Cinematography ကောင်းလွန်းပြီး ဗီဂျေးစည်သူပတီရဲ့သရုပ်ဆောင်ပိုင်းက လုံးဝperfect ဖြစ်နေတာပါ။ ထင်တာထက်အများကြီးပိုကောင်းတဲ့ဇာတ်လမ်းမို့ ကုလားကားမကြည့်သူတွေလည်းကြိုက်မှာသေချာပါတယ်။ ဒါရိုက်တာနီသီလန်ကို salute လုပ်ရမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် Must Watch ရုပ်ရှင်ဖြစ်ပါတယ်။ လတ်တလောမှာ IMDb rating 8.7 out of 10 ရထားပြီး ကျွန်တော်လည်းလွတ်လွတ်ကျွတ်ကျွတ်ဂုဏ်ထူးမှတ်ပေးလိုက်တယ်။ 8.1 out of 10 ပါ။
#MovieReviewbyKLK
#khinelinkyaw
#maharaja
#vijaysithupathi
#action
#drama
#thriller
#recommended
#2024

Movie Review by KLK

30 May, 14:03


Movie Review by KLK: Crew (2024)
မြန်မာစာတန်းထိုး hd လင့်ခ်အကြည်ပါ။
https://t.me/LuvBollywood/7553

Movie Review by KLK

30 May, 14:02


Movie Review by KLK: Crew (2024)
''တကယ်တမ်းပျော်နေသူတွေက ငွေခင်းပြီးလမ်းလျှောက်နေသူတွေမဟုတ်လား''
From the film ''Crew (2024)''

ဟိုရက်က နာမည်ကြီးနေတဲ့ ဗီယက်နမ်အချစ်ကားသစ် Mai (2024) ကို ညွှန်းပေးခဲ့တာ အားလုံးပဲကျေနပ်အားရလိမ့်မယ်ထင်ပါတယ်။ မဖတ်ရသေးရင် Movie Review by KLK ဖေ့ဘုတ်နဲ့ တယ်လီဂရမ်ပေ့ချ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပြီး တိုက်ရိုက်ကြည့်နိုင်တဲ့ လင့်ခ်တွေလည်းပေးထားပါတယ်။ ဒီညမှာလည်း အလန်းစားဘောလိဝုဒ်ဟာသအက်ရှင်ကားသစ်တစ်ကားကို ညွှန်းပေးလိုက်မယ်။ ဇာတ်ကားအမည်က Crew (2024) တဲ့။

ဒီကားကတော့ Mai လိုမျိုး ဇာတ်လမ်းဇာတ်ကွက်ဟဲဗီးကြီးမဟုတ်ဘဲ ဘဝအမောတွေကို ဟာသနှောပြီးတင်ဆက်ထားတဲ့ လေယာဥ်မယ်သုံးဦးရဲ့အကြောင်းပါ။ မင်းသမီးအသားပေးဇာတ်ဖြစ်ပြီး နာမည်ကျော်ဘောလိဝုဒ်စတားတွေဖြစ်တဲ့ ကရီနာကာပူးလ်၊ ကရီတီဆန်နွန်းနဲ့ တာဘူးတို့က ဦးဆောင်ပါဝင်ထားပါတယ်။ Dilwale ကတည်းကစပြီး Heropanti တို့ Mimi (ကြည့်ညွှန်းရေးပြီး) တို့လို ဇာတ်ကားကောင်းတွေမှာ တောက်လျှောက်ကြွေခဲ့ရသူလေး ကရီတီဆန်နွန်းကြောင့် မကြည့်မနေရကြည့်ဖြစ်ခဲ့တဲ့ရုပ်ရှင်ပေါ့။

ဇာတ်လမ်းအကျဥ်းကတော့ အိန္ဒိယနိုင်ငံသားပိုင် ကိုဟီနူးရ်လေကြောင်းလိုင်းမှာ အလုပ်လုပ်နေတဲ့ ဒေဗီယာ၊ ဂီတူးနဲ့ ဂျက်စမင်ဆိုတဲ့ လေယာဥ်မယ်သုံးဦး။ သူတို့မှာဘဝအိပ်မက်ကိုယ်စီရှိကြတယ်။ ဥပမာတစ်ခုအနေနဲ့ပြောရရင် ဂီတူးက ဂိုအာမှာစားသောက်ဆိုင်လေးဖွင့်ချင်တဲ့ ဆန္ဒရှိနေတာကြာပြီ။ တခြားသူ့သူငယ်ချင်းနှစ်ဦးကလည်း လေယာဥ်မယ်အလုပ်ကအနားယူရင် ဘာလုပ်မယ်လို့တွေးထားတဲ့ စိတ်ကူးအိပ်မက်ကိုယ်စီနဲ့။

ဒါပေမဲ့ သူတို့အတွက်ကံဆိုးတာက ကိုဟီးနူးရ်လေကြောင်းလိုင်းက ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရလို့ သူတို့အပါအဝင် ဝန်ထမ်းအားလုံးကို လစာမပေးနိုင်တာခြောက်လရှိပြီ။ ဒါပေမဲ့သူတို့သုံးဦးကတော့ အလုပ်အပေါ်စိတ်မကုန်ဘဲ စေတနာထားပြီး တက်တက်ကြွကြွအလုပ်လုပ်နေဆဲ။ မကြာခင်မှာ လေကြောင်းလိုင်းက ဘတ်ဂျက်ပြဿနာကိုဖြေရှင်းနိုင်ပြီး သူတို့ရဲ့လစာနဲ့ရပိုင်ခွင့်လေးတွေ ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။

ဒီလိုနဲ့တစ်နေ့မှာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်လေယာဥ်ဝန်ထမ်းအဖိုးကြီးတစ်ဦး အလုပ်လုပ်နေစဥ် လေယာဥ်ပေါ်မှာပဲ ဆုံးသွားတယ်။ မထင်မှတ်ဘဲသူ့ခန္ဓာကိုယ်ပေါ်က ရွှေချောင်းတွေကိုတွေ့ခဲ့ရပြီး သူက HR မန်နေဂျာနဲ့ပေါင်းပြီး ရွှေတွေတရားမဝင်ခိုးထုတ်ပေးနေရတာသိသွားတယ်။ သူတို့ကလည်း ဆင်းရဲတဲ့ဘဝကနေလွတ်ချင်ဇောနဲ့ အဲဒီအဖိုးကြီးရဲ့ကိုယ်စား သူ့တာဝန်တွေယူပြီး ရွှေမှောင်ခိုသယ်ဆောင်ပေးကြတဲ့အခါ....

အသက်ငါးဆယ်ကျော်နေပြီဖြစ်တဲ့ တာဘူးကလွဲရင် ကရီနာကာပူးရော ကရီတီဆန်နွန်းပါ အတော်လေးကြည့်ကောင်းနေဆဲဖြစ်ပြီး သရုပ်ဆောင်တာတော့ ဇာတ်ပို့တွေကအစ အကုန်လုံးကောင်းကြပါတယ်။ ဒါရိုက်တာရာဂျက်ရှ်ခရစ်နန်ရိုက်ကူးတင်ဆက်တဲ့ ဒီဇာတ်ကားဟာ IMDb မှာ 6.1 out of 10 ပဲရထားပေမယ့် Rotten Tomatoes မှာတော့ 67% ရထားတယ်။ ဒီဇာတ်ကားဟာ ဝါရင့်မင်းသမီးသုံးလက်လုံးရဲ့အကောင်းဆုံးရုပ်ရှင်မဟုတ်တာ သေချာပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတာကြောင့် ဂုဏ်ထူးကပ်ပြုတ်လောက်တော့ရသင့်တယ်လို့ ကျွန်တော်ထင်တယ်။ 7.1 out of 10 ပါ။
#MovieReviewbyKLK
#khinelinkyaw
#crew
#bollywood
#comedy
#drama
#kareenakapoor
#kritisanon
#tabu
#2024
#recommended

Movie Review by KLK

27 May, 08:44


မြန်မာစာတန်းထိုး လင့်ခ်အကြည်ပါ။
https://t.me/June_Kaung_June/10179

Movie Review by KLK

27 May, 08:43


Movie Review by KLK: Mai (2024)
''နင်တို့နှစ်ယောက်ပေါင်းလည်း အနာဂတ်မရှိိနိုင်ဘူး။ အဲတော့ သူ့ကို သူ့မိသားစုဆီပြန်ပို့ပေးလိုက်ပါ''

''မင်းက မင်းအမေကိုကျော်ပြီး ဒီလိုအမှိုက်ကိုကောက်မှာလား''
-From the film ''Mai (2024)''

အရင်ဆုံးပြောချင်တာက Movie Review by KLK ကို စောင့်မျှော်အားပေးနေတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် အရင်ကလို ကြည့်ညွှန်းတွေအများကြီးရေးမပေးနိုင်ခဲ့တာကို page ကနေပဲ တောင်းပန်ပါရစေ။

ရုံတင်ဆဲဟောလိဝုဒ်ကားကြီးအချို့ရဲ့ fb လင့်ခ်တွေကို စေတနာသက်သက်နဲ့ချပေးမယ့်အတွက် ဇူဇူက page ကိုပို့စ်အသစ်တင်ခွင့် ကန့်သတ်ခဲ့တာကြောင့်
ကျွန်တော့်ရဲ့ မင်္ဂလာကိစ္စတွေ၊ နေအိမ်အပြောင်းအရွှေ့နဲ့ ရုံးအလုပ်တာဝန်တွေကြောင့် review တွေအသစ်မရေးနိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ပုံမှန်အတိုင်း အသားကျစပြုလာပြီမို့ အမိုက်စားရုပ်ရှင်ကားကြီးတွေကို ခါတိုင်းလိုပဲ မကြာခဏ ညွှန်းပေးတော့မှာမို့ Movie Review by KLK ဖေ့ဘုတ်နဲ့တယ်လီဂရမ် page တွေကို Like & See First လုပ်ထားကြပါဦး။

ဒရာမာကောင်းကောင်းမကြည့်ရတာကြာပြီမို့ ဒီလပိုင်းတွေမှာ အချိန်ရရင်ရသလို drama ကားတွေ romance တွေ romcom တွေ ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲကမှ ရင်ထဲ နှလုံးသားထဲထိရောက်လာတာက ဒီရက်ပိုင်းကြည့်ဖြစ်တဲ့ ဗီယက်နမ်ကားသစ်တစ်ကားပါ။ နာမည်က Mai (2024) တဲ့။

ကျွန်တော်က အာရှရုပ်ရှင်တော်တော်များများကြည့်ဖူးသူမို့ အရှေ့တောင်အာရှက တခြားနိုင်ငံတွေရဲ့ movie industry တွေ ကိုဗစ်အလွန်ကာလမှာ သိသိသာသာဖွံ့ဖြိုးတိုးတက်လာတာ သတိထားမိပါတယ်။ အထူးသဖြင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား ရုပ်ရှင်တွေရဲ့အရည်အသွေးပိုင်း မြင့်တက်လာပြီး ဖိလစ်ပိုင်ကလည်း adult လိုင်းမှာ သိသိသာသာဇာတ်လမ်းအရည်အသွေးတွေတက်လာတယ်။ ပြည်တွင်းဖြစ်ကိုအားပေးချင်ပေမယ့် ကိုယ့်ဆီကရုပ်ရှင်အများစုက ပေါကားအဆင့်က တက်မလာသေးချိန်မှာ ကွန်မြူနစ်နိုင်ငံဗီယက်နမ်ရဲ့ ပြောင်မြောက်လွန်းတဲ့ အနုပညာဖန်တီးမှုတစ်ခုကို မျက်ဝါးထင်ထင်တွေ့လိုက်တော့ အံ့သြသွားမိတာအမှန်ပါ။ တကယ်ကို Wow! Wow! Wow! ဖြစ်စေခဲ့တဲ့ soft power presentation တစ်ခုပေါ့။

ဗီကားတွေနဲ့ကျွန်တော်မစိမ်းပါဘူး။ အထူးသဖြင့် ဗီယက်နမ်အက်ရှင်ကားတွေဆို ဖိုက်တင်ခန်းတွေကအစ သဘာဝကျလွန်းလို့ ကျွန်တော်ကိုယ်တိုင်မကြာခဏညွှန်းခဲ့ဖူးတာပါ။ ဒါပေမဲ့ ဒီကားကတော့ဗီယက်နမ်မှာခေတ်အဆက်ဆက်ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် အောင်ပွဲခံနေတာတကယ်ပဲထိုက်တန်ပါတယ်။ ကျွန်တော့်ထက်တောင်ငယ်သေးတဲ့ ဒါရိုက်တာထရန်သန်းကို ရိုက်ကွင်းဘုရင်အဖြစ်ဦးဆောင်တဲ့သက်တမ်းနုသေးပေမယ့် ဒီကားရဲ့ artistic quality ကြောင့် လေးစားမိတယ်။

ဇာတ်ကားက မင်းသမီးဇာတ်ပါ။ အနှိပ်ခန်းတစ်ခုမှာအလုပ်လုပ်ဖို့ တစ်ဦးတည်းတိုက်ခန်းငှားနေထိုင်တဲ့ မိုင်ဆိုတဲ့ မိန်းကလေးတစ်ဦးရဲ့ ဘဝဇာတ်ကြောင်း
ပေါ့။ ဘယ်နေရာရောက်ရောက် ကံဇာတ်ဆရာက မျက်နှာသာမပေးတဲ့ မိုင်တစ်ယောက် အတင်းပြောပြီး ဗိုလ်ကျတတ်တဲ့စပ်စုစိန် အိမ်နီးချင်းတွေနဲ့တွေ့ရသလို အလုပ်မှာလည်းမနာလိုတဲ့လုပ်ဖော်ကိုင်ဖက်အနှိပ်သမတွေကအများကြီး။

ဒါပေမဲ့ သူနဲ့တစ်တိုက်တည်း မျက်နှာချင်းဆိုင်မှာနေတဲ့ ဒွန်းက သူမကိုစတွေ့ကတည်းက စိတ်ဝင်စားပြီး အနှိပ်ခန်းမှာလည်း customer အဖြစ်ပြန်တွေ့ခဲ့ရတယ်။ တကယ်တော့ ဒွန်းက ကျိကျိတက်ချမ်းသာတဲ့ လူကုန်ထံမိသားစုကဆင်းသက်လာသူဖြစ်ပြီး သူ့ဘာသာလွတ်လွတ်လပ်လပ်နေချင်လို့ တ်ိုက်ခန်းငှားနေတာ။ ရှုပ်သလားလည်းမမေးနဲ့။ သူ့အခန်းကိုအဝင်အထွက်လုပ်နေတဲ့ ခပ်လန်းလန်းမ်ိန်းမချောတွေမှအများကြီး။ အဲဒီကောင်မလေးတွေနဲ့လည်း မူစကူဒူးမလွတ်ခဲ့ပေမယ့် မိုင်နဲ့တွေ့တော့မှ ဒွန်းက အားလုံးကို အဆက်အသွယ်ဖြတ် dating app တွေဖြုတ်ချပြီး မိုင်ရှိရာအနှိပ်ခန်းကိုပဲ ချောင်းပေါက်မတတ်သွားနေတာ။

တကယ်တော့ မိုင်က သူမရဲ့စိတ်ပျက်စရာအတိတ်ဇာတ်ကြောင်းကို မေ့နိုင်အောင်ကြိုးစားပြီး ဖခင်ဆိုးတစ်ဦးရဲ့ အကြွေးတွေကိုရုန်းကန်ဆပ်ပေးနေရတဲ့ single mother တစ်ဦး။ ဒွန်းကိုစိတ်ဝင်စားပေမယ့် သူမရဲ့ဘဝကြောင့် ခပ်ခွာခွာနေဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဇွဲကောင်းလှတဲ့ ဒွန်းကြောင့် သူမရဲ့အိပ်ပျော်နေတဲ့နှလုံးသားလေးပြန်လည်နိုးထလာချိန်မှာ အတိတ်ကစိတ်ပျက်စရာတွေက တစ်ခုပြီးတစ်ခုထိုးနှက်လာတဲ့အခါ...

မင်းသမီးဇာတ်မို့ အဓိကအကျဆုံးက ပုရိသတိုင်းကြွေမယ့်အလန်းလေး Phuong Anh Dao ပါ။ ဇာတ်လမ်းကောင်းတစ်ခုရဲ့ ရသအပြည့်အဝပေးမယ့် ရုပ်ရှင်မှာ ခပ်ချောချောမင်းသမီးကအမိုက်စားသရုပ်ဆောင်ထားမှတော့ ဘာလိုသေးလဲဗျာ။ သရုပ်ဆောင်ပိုင်း ရိုက်ကူးမှုပိုင်း cinematography ပိုင်း ဇာတ်ညွှန်းပိုင်းပြောမရာမရှိအောင် ကောင်းနေတဲ့အထဲ အချိိုပေါ်သကာဆင့်တာက သေချာပေါက် ထူးချွန်ဆုရမယ့် နောက်ခံတေးဂီတပါ။ Music ရဲ့ကောင်းခြင်းက မထင်ထားတဲ့ plot twist တွေကို အရှိန်တက်စေပါတယ်။

ဒီလိုကားမျိုးက SE Asia ကမို့ လူအထင်ကြီးမခံရဘဲ Rotten Tomatoes နဲ့ IMDb အမှတ်နည်းနေတာကြောင့် နိုင်ငံတကာrating တွေကိုစိတ်ပျက်မိပြန်ရော။ လွတ်လွတ်ကျွတ်ကျွတ်ဂုဏ်ထူးထွက်ရမယ့် ဇာတ်ကားမျိုးကို IMDb 6.9 out of 10 ကလက်ခံနိုင်ဖွယ်မရှိဘူး။ ကျွန်တော်ကတော့ ဗီတွေရဲ့သိပ်ကောင်းတဲ့အနုပညာဖန်တီးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ 8.1 out of 10

Movie Review by KLK

27 May, 08:43


ဆိုပြီးအမှတ်မြင့်ပေးလိုက်တယ်။ ဒရာမာကောင်းကောင်းကြည့်ချင်သူတိုင်း အချိန်နှစ်နာရီလောက်ပေးကြည့်လိုက်ပါဦးဗျာ။ နောင်တမရမှာတော့ သေချာပါတယ်။
#MovieReviewbyKLK
#khinelinkyaw
#mai
#romance
#drama
#phuonganhdao
#2024

Movie Review by KLK

06 Feb, 03:51


Movie Review by KLK: Bhoot Police
စာတန်းထိုး hd လင့်ခ် ၂၀၂၄ ဖေဖော်ဝါရီ ၆ ရက်မှာ အသစ် ြပန်တင်ထားတာပါ။
https://t.me/bollywood_Mm_Sub/6630

Movie Review by KLK

04 Feb, 15:32


Movie Review by KLK: Sam Bahadur
စာတန်းထိုး hd လင့်ခ်ပါ။
https://t.me/mayshar4/12820?single

Movie Review by KLK

04 Feb, 15:25


Movie Review by KLK: Sam Bahadur
''ကျုပ်က နိုင်ငံရေးကို စိတ်မဝင်စားဘူး။ စစ်တပ်က ကျုပ်ရဲ့ဘဝပဲ''

''စစ်ပွဲကိုတိုက်ရမှာ ကျွန်တော့်တာဝန်ပဲ ဝန်ကြီးချုပ်။ ပြီးတော့ နိုင်အောင်တိုက်မှာပါ''

''အသက်ရှင်ကျန်ရစ်တာပဲဖြစ်ဖြစ် တိုက်ပွဲမှာကျသွားတာပဲဖြစ်ဖြစ် ငါတို့ယူနီဖောင်းတွေရဲ့ဂုဏ်သိက္ခာကတော့ အမြဲရှင်သန်နေမှာပဲ''
-From the film ''Sam Bahadur''

ဒီညတော့ စူပါဆန်းဒေးညမှာ ရုပ်ရှင်ကြည့်ရင်းအေးဆေးနားချင်သူတွေအတွက် အမိုက်စား ဘောလိဝုဒ် biographical war drama ဇာတ်ကားသစ်ကြီးတစ်ကားကို ညွှန်းပေးလိုက်တယ်။ နာမည်က Sam Bahadur (2023) ပါ။

တကယ်တော့ဒီဇာတ်ကားကို ညွှန်းပေးဖို့ ကျွန်တော်နည်းနည်းတွေဝေနေမိတာအမှန်ပဲ။ ဘာကြောင့်လဲဆိုတော့y ကျွန်တော် စစ်ပွဲ​နောက်ခံအတ္ထုပတ္တိဒရာမာမျိုးဆိုတာ ကျွန်တော်ညွှန်းလေ့ရှိတဲ့ theme မျိုးမဟုတ်သလို ကိုယ်တိုင်လည်းအဲလိုကားတွေကြည့်ဖြစ်တာနည်းလို့ပါ။ ဒါပေမဲ့ မိတ်ဆွေတစ်ဦးက ဒီကားကောင်းတယ်ဆိုပြီး ညွှန်းပေးလာတာနဲ့ ကြည့်ဖြစ်ခဲ့တာ။

နောက်ထပ်တွေဝေမိတဲ့အကြောင်းရင်းက ဒီကားက အိန္ဒိယစစ်တပ်ကိုအသားပေးရိုက်ကူးထားပြီး ဘောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်တွေထက်သန်လာအောင် soft power နဲ့ ဆွဲဆောင်တဲ့ အနုပညာတစ်ရပ်မို့ပါ။ ဒါပေမဲ့ သူတို့စစ်တပ်က ဒီလိုမျိုးပါလားဆိုပြီး သိရနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်တဲ့အပြင် လူတစ်ဦးအကြောင်း ဒရာမာခင်းထားတယ်ဆိုပေမယ့် အရမ်းပျင်းစရာမကောင်းဘဲစိတ်ဝင်စားဖို့ကောင်းတာကြောင့် စူပါဆန်းဒေးရဲ့ ကြည့်ညွှန်းအဖြစ်ရွေးချယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီဇာတ်ကားရဲ့အသက်ကတော့ ခေါင်းဆောင်မင်းသားဗစ်ကီကော်ရှယ်ပါ။ အမှန်ပြောရရင် ကျွန်တော်က ကက်ထရီနာကိတ်ဖ်ကိုအရမ်းကြွေတဲ့ အမာခံပရိသတ်ထဲမှာပါတယ်။ အဲတော့ သူ့အမျိုးသားဗစ်ကီကိုတော့ သိပ်ပြီးကြည့်မရဘူးပေါ့လေ။

ဒါပေမဲ့ အာလီယာဘတ်စပေါက်ခါစ Raazi လိုရုပ်ရှင်မျိုးမှာ မင်းသားလုပ်ကွက်နည်းပေမယ့် ကျရာနေရာကိုအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ဗစ်ကီကော်ရှယ်ကိုတော့ အဲကတည်းက သတိထားမိခဲ့တာ။ နောက်ပိုင်းမှာတော့ စစ်ကားကောင်း URI: The Surgical Strike နဲ့ သရဲကားBhoot: Part-I The Haunted Ship တို့နဲ့သူ့ကို ပိုကြိုက်လာတယ်။ ìကြောင်းပါ။ အိန္ဒိယနိုင်ငံရဲ့စစ်ဘက်ဆိုင်ရာထူးချွန်ဆုတွေအများကြီးရထားတဲ့ စစ်သေနာပတိချုပ်ဗိုလ်ချုပ်ကြီးဆမ်မာနက်က် ေ​ရှာရဲ့ ဘဝကို ဗိုလ်သင်တန်းေေ​ကျာင်းကစ ြ​ပီး Field Marshal ရာထူးနဲ့အ ြ​ငိမ်းစားယူတဲ့အထိ ပုံေ​ဖာ်ရိုက်ကူးထားတာပါ။

တစ်ဘဝလုံးကို စစ်တပ် အ ေ​ပါ်မှာပဲ ြ​မှပ်နှံထားတဲ့ ဗိုလ်ချုပ် ြ​ကီးဆမ်မာနက်က် ေ​ရှာ။ ဗိုလ်လေးဘဝကတည်းက သူရသတ္တိနဲ့ထူးချွန်ပြောင်မြောက်တဲ့ လုပ်ရည်ကိုင်ရည်။ အထက်အမိန့်အတိုင်းမလုပ်ခဲ့လို့ စစ်ခုံရုံးတင်ခံရခဲ့ပေမယ့် သူ့ရဲ့စစ်သားပီသမှုတွေကြောင့် လူကြီးတွေငြိုငြင်ခံခဲ့ရပေမယ့် ရာထူးတွေတက်ခဲ့သူ။

အင်္ဂလိပ်လက်အောက်မှာနေခဲ့ချိန်မှစကာ စစ်ပွဲပေါင်းများစွာတိုက်ခဲ့ပြီး လွတ်လပ်ရေးအလွန်ကာလ ကြည်းတပ်မှာ ရာထူးကြီးလာချိန်မှာလည်း အိန္ဒိယဝန်ကြီးချုပ်ကိုတောင်မကြောက်မရွံ့ ခွန်းတုံ့ပြန်ရဲသူ။ လွတ်လပ်​ရေးရပြီးနောက် ပါကစ္စတန်ကအသည်းအသန်လိုချင်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံကိုသာ သစ္စာရှိစွာရွေးချယ်ခဲ့သူ။ ကိုယ်ကျိုးစီးပွားမကြည့်ဘဲ နိုင်ငံကိုသာသစ္စာရှိတဲ့ စစ်သည်ကောင်းတစ်ဦး။ သူ့ရဲ့ဘဝဇာတ်လမ်းကို ကံဇာတ်ဆရာက ဘယ်လိုရေးပေးခဲ့သလဲဆိုတာ....

လတ်တလော IMDb rating 8 out of 10 အထိရရှိထားပြီး အတော်လေးလည်းကြည့်ကောင်းတဲ့ ဗစ်ကီကော်ရှယ်ရဲ့အကောင်းမွန်ဆုံးသရုပ်ဆောင်မှုပါ။ တေးဂီတပိုင်းမှာလည်းအတော်လေးကောင်းမွန်ပြီး ဒါရိုက်တာလည်းထူးချွန်တာကြောင့် ကျွန်တော်လည်းIMDb နဲ့ထပ်တူပါပဲ။ 8 out of 10 အထိ လွတ်လွတ်ကျွတ်ကျွတ် ဂုဏ်ထူးမှတ်ပေးလိုက်တယ်။
#MovieReviewbyKLK
#khinelinkyaw
#bollywood
#biographicalwardrama
#sambahadur
#vickykaushal
#recommended
#2024