Myanmar Local News (media) @mlnmedia Channel on Telegram

Myanmar Local News (media)

@mlnmedia


News and media

Myanmar Local News (media) (English)

Welcome to Myanmar Local News (media) - your go-to source for all the latest news and updates from Myanmar! Our Telegram channel, @mlnmedia, is dedicated to providing you with up-to-date information on various topics ranging from politics, economy, culture, and more. Whether you are a resident of Myanmar or simply interested in staying informed about the country, our channel is the perfect place for you. nnWho is Myanmar Local News (media)? We are a team of dedicated journalists and media professionals who are passionate about keeping our audience informed about the latest happenings in Myanmar. With years of experience in the industry, we strive to deliver accurate and reliable news to our followers.nnWhat is Myanmar Local News (media)? Our channel serves as a hub for all things related to Myanmar, including breaking news, in-depth analysis, and exclusive interviews. We cover a wide range of topics to cater to the diverse interests of our audience, ensuring that everyone can find something of value on our channel. Whether you are looking for political updates, business news, or cultural insights, we have you covered.nnStay ahead of the curve with Myanmar Local News (media) and join our growing community of followers on Telegram. Be the first to know about important developments in Myanmar and gain valuable insights from our team of experts. Don't miss out on the opportunity to stay informed and engaged - follow @mlnmedia today!

Myanmar Local News (media)

03 Dec, 14:20


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံသည်။ နေပြည်တော်၊ ဒီဇင်ဘာလ ၃ ရက်

Myanmar Local News (media)

02 Dec, 17:57


မြန်မာနိုင်ငံ ရေပိုင်နက်တွင် ဝင်ရောက်၍ ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

MLND

Myanmar Local News (media)

01 Dec, 14:55


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်သည်။
နေပြည်တော်၊ ဒီဇင်ဘာ - ၁

Myanmar Local News (media)

01 Dec, 14:55


ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး တိုင်းပြည်အတွက် ခေတ်အဆက်ဆက်မှ အသက်ပေးလှူသွားသော သူရဲကောင်း စစ်သည်များအတွက် (၁၁) ကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားတက်ရောက်သည်။
နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၁

Myanmar Local News (media)

01 Dec, 14:54


ဖျာပုံမြစ်ဝ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် သောင်တင်၍ ရေဝင်နစ်မြုပ် နေသော ငါးဖမ်းလှေတစ်စီးအား တပ်မတော်(ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင် ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အမြန်သွားကင်းလှည့်ရေယာဉ်မှ ကူညီကယ်ဆယ်သည်။
နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၁ ရက်

Myanmar Local News (media)

01 Dec, 14:54


တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ အမျိုးသား ၈ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁

Myanmar Local News (media)

30 Nov, 12:28


“မူဆယ်မြို့၌ ဆိုင်ကယ်ခိုးယူသူများ ၂၄နာရီအတွင်းဖမ်းဆီးရမိ”

မူဆယ် နိုဝင်ဘာလ ၃၀ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်ရှိ တရုတ်ဘုံကျောင်း ခန်းမ၌ ကျင်းပသည့် မင်္ဂလာဆောင်သို့ လာရောက်သော မော်တော်ဆိုင်ကယ်(၁)စီး ပျောက်ဆုံးသွားရာ (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရပါသည်။
အဆိုပါ မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုအား သက်ဆိုင်ရာရဲစခန်းသို့ ချက်ချင်း အကြောင်းကြားတိုင်ကြားခဲ့ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့၏ အနီးကပ် ကွတ်ကဲမှုဖြင့် နယ်ထိန်းအရာရှိ ရဲအုပ်ရဲနောင် ဦးစီးနယ်မြေတပ်ဖွဲ့ဝင်များသည် တရားလိုနှင့် သက်သေများ စစ်ဆေးခြင်း၊ တရုတ်ဘုံကျောင်းဝန်းအတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းများ ကြည့်ရှု့စစ်ဆေးခြင်း၊ ခိုးယူသွားသည့် လမ်းကြောင်းတစ်လျှောက် CCTV မှတ်တမ်းများ ကြည့်ရှုစစ်ဆေးခြင်း၊ ရဲစခန်းမှတ်တမ်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အမာခံသတင်းပေးများနှင့်ပေါင်းစပ်၍ စုံစမ်းရှာဖွေရာ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေ၊ ဘောလုံးကွင်းအနီး၊ ကျူးကျော်တဲများတွင် နေထိုင်သူ ကျုံးတီ(ကျား)နှင့်ရှောက်ချီ(မ)(၂)ဦးတို့သည် CCTV မှတ်တမ်းများအရ မော်တော်ဆိုင်ကယ် ခိုးယူသူများဖြစ်ကြောင်း၊ ၎င်းတို့ ကိုယ်တိုင်လည်း မော်တော်ဆိုင်ကယ် ခိုးယူသူများ ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါသည်။
မူဆယ်မြို့၌ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မကြာခဏ ပျောက်ဆုံးသော်လည်း၊ ပျောက်ဆုံးပါက သက်ဆိုင်ရာ ရဲစခန်းသို့ အချိန်နှင့်တပြေးညီ ချက်ချင်းအကြောင်းကြားရန်လိုအပ်ကြောင်း၊ ချက်ချင်းအကြောင်းကြားပါက အများပြည်သူ လုံခြုံရေးနှင့်ဒုစရိုက်မှုကင်းစင်ရေးအလေးထားပြီးနယ်မြေခံရဲစခန်းတာဝန်ရှိသူများ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)
#MLND

Myanmar Local News (media)

30 Nov, 12:27


“မူဆယ်မြို့၌ ဆိုင်ကယ်ခိုးယူသူများ ၂၄နာရီအတွင်းဖမ်းဆီးရမိ”

မူဆယ် နိုဝင်ဘာလ ၃၀ ရက်

Myanmar Local News (media)

30 Nov, 12:23


မူဆယ်မြို့၊နယ်စပ်ဂိတ်ဖြစ်သောမူဆယ်မြို့၊နယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်မှဂျယ်ဂေါင်ဘက်သို့ နေ့စဉ် ကားစီးရေ ၅၀စီးနှင့် ဆိုင်ကယ် ၂၀၀စီး သာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး မဲနှိုက်၍ အလှည့်ကျ နံပါတ်ဖြင့်သာ တရုတ်သို့ ဝင်ထွက်ခွင့်ပြုမည်

မူဆယ် နိုဝင်ဘာလ ၃၀ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ ဆင်ဖြူနယ်နယ်စပ်ဂိတ်မှ နေ့စဉ် ကားစီးရေ ၅၀ နှင့် ဆိုင်ကယ် ၂၀၀ သာ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး ဖြတ်သန်းခွင့် အတွက် မဲနှိုက်၍ အလှည့်ကျ နံပါတ်ဖြင့်သာ တရုတ်ဘက်သို့ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်က ထုတ်ပြန်ကြေညာထားသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ မူဆယ်မြို့၊ ဆင်ဖြူနယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ ဆိုင်ကယ် ၂၀၀ စီးနှင့် ကားစီးရေ ၅၀ သာ ဖြတ်သန်းခွင့်ပြုမည်ဖြစ် ပြီး၊ တရုတ်ဘက်သို့ ဝင်ရောက်လိုသော ကားများအနေဖြင့် သက်ဆိုင်ရာထံတွင် စာရင်းပေးရမည်ဖြစ်ပြီး မဲနှိုက်၍ အလှည့်ကျစနစ်ဖြင့်သာ တရုတ်နိုင်ငံ ထဲသို့ ကူးသန်းဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။ "တန်းစီစနစ်နဲ့ မဲပေါက်မှ တရုတ်ဘက်ကို ဝင်ခွင့်ပေးမယ်။ တစ်နေ့ကို ဆိုင်ကယ် ၂၀၀ နဲ့ကား ၅၀ စုစုပေါင်း ၂၅၀ စီးပဲ အဝင်အထွက်လုပ်ခွင့်ပေးမယ်။ ကုန်တွေကလည်း စားသောက်ကုန်ပဲ သယ်ရမယ်။ တရုတ်ဘက်မှ ပစ္စည်းများ သယ်ဆောင်ရာတွင်လည်း မူဆယ်မြို့နယ်အတွင်း စားသုံးရန် ဖြစ်သော မီးဖိုချောင်သုံးအသီးအနှံများ၊ အသားနှင့်ငါးများကိုသာ ခွင့်ပြုကြောင်း၊ အေးခဲသား များ အပါအဝင် အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့်မပြုကြောင်း၊ အိမ်စီးကားများ၊ စက်ဘီးနှင့်လက်တွန်းလှည်းဖြင့် ကုန်ပစ္စည်းတင်ဆောင်မှု လုံး၀ (လုံး၀) ခွင့်မပြုကြောင်း၊ ဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ရာတွင်လည်း စားသုံးရန်ဖြစ်သော မီးဖိုချောင်အသီးအနှံများ၊ အသားနှင့်ငါးများကို ခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာက စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်းသိရသည်။
ချယ်ရီမြေ(မူဆယ်)
#MLND

Myanmar Local News (media)

30 Nov, 12:22


မူဆယ်မြို့၊နယ်စပ်ဂိတ်ဖြစ်သောမူဆယ်မြို့၊နယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်မှဂျယ်ဂေါင်ဘက်သို့ နေ့စဉ် ကားစီးရေ ၅၀စီးနှင့် ဆိုင်ကယ် ၂၀၀စီး သာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး မဲနှိုက်၍ အလှည့်ကျ နံပါတ်ဖြင့်သာ တရုတ်သို့ ဝင်ထွက်ခွင့်ပြုမည်

မူဆယ် နိုဝင်ဘာလ ၃၀ ရက်

Myanmar Local News (media)

29 Nov, 19:23


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ - ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Read more >> https://myawady.net.mm/node/60385