မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ရုရှား၏ကာ့ရှ်ဒေသတွင် ဖမ်းဆီးရမိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးသူများက ဒဏ်ရာရရှိထားသော ယင်းစစ်သားနှစ်ဦးကို မေးမြန်းနေသည်ဟု ဇန်နဝါရီ ၁၁ ရက်တွင်ယူကရိန်းကပြောကြားခဲ့ပြီး မြောက်ကိုရီးယားက ရုရှားအတွက် တိုက်ခိုက်နေသည့် အငြင်းပွားဖွယ်မရှိအထောက်အထားကိုပေးသည်ဟု ဆိုသည်။
ကာ့ရှ်ကို ကျူးကျော်ချိန်တွင် မြောက်ကိုရီးယားစစ်သားများကို ဖမ်းဆီးမိသည့်အကြောင်း ယူကရိန်းက ထုတ်ဖော်ပြောကြားသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့ရာတွင် ယင်းစစ်သားများကို စစ်ဆေးမေးမြန်းသည့်အကြောင်းကို ယူကရိန်းက ထုတ်ပြန်ပေးခြင်းမရှိပေ။
စစ်သားအချို့ကို ဖမ်းမိခဲ့သည်ဟု ဒီဇင်ဘာလတွင် ယူကရိန်းက ပြောကြားခဲ့သည်ဆိုသော်လည်း ၎င်းတို့သည် ပြင်းထန်သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည် ဟု ဆိုသည်။
■Ref:AFP
■Photo: AFP
■Website Link >>>https://news-eleven.com/article/299207