Myanmar Hard Talk @myanmarhardtalk Channel on Telegram

Myanmar Hard Talk

@myanmarhardtalk


This is the News Channel

Myanmar Hard Talk (English)

Welcome to Myanmar Hard Talk, the go-to news channel for all the latest updates and discussions on Myanmar. As the name suggests, this channel is dedicated to providing hard-hitting news and insightful commentary on the current events shaping the country. Whether you're a resident of Myanmar seeking reliable news sources or simply interested in staying informed about the political and social landscape of this dynamic nation, Myanmar Hard Talk has got you covered

Led by a team of experienced journalists and analysts, Myanmar Hard Talk delivers breaking news, in-depth analysis, and exclusive interviews with key figures in the country. With a focus on transparency and objectivity, this channel strives to provide viewers with a comprehensive understanding of the issues at hand

From political developments to economic trends to social issues, Myanmar Hard Talk covers a wide range of topics that are relevant to the people of Myanmar and the international community. By subscribing to this channel, you can stay ahead of the curve and engage in meaningful discussions about the future of Myanmar

Don't miss out on the opportunity to join the conversation and be part of a community that values truth, integrity, and informed discourse. Subscribe to Myanmar Hard Talk today and stay informed about the latest news and developments in Myanmar. Together, let's engage in hard talk and foster a deeper understanding of the issues that matter most. Join us on this enlightening journey through the complexities of Myanmar's political and social landscape. Myanmar Hard Talk – where news meets insight.

Myanmar Hard Talk

10 Jan, 10:15


❝ကရင်ပြည်နယ်အတွင်းသို့ ၂၀၂၄ ခုနှစ် (၁၁)လ တာကာလအတွင်း ခရီးသွား လေးသိန်းခွဲကျော်လာရောက်ခဲ့သဖြင့် ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ဟုဆို❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟏𝟎》

ကရင်ပြည်နယ်အတွင်းသို့ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ပြည်တွင်း ပြည်ပခရီးသွား လေးသိန်းနှစ်သောင်းကျော်ဝင်ရောက်ခဲ့ရာမှ ၂၀၂၄ ခုနှစ် (၁၁)လ တာကာလအတွင်း၌ ခရီးသွား လေးသိန်းငါးသောင်ကျော်လာရောက်လည်ပတ်ခဲ့သဖြင့် ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အလားတူ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ဝင်ငွေရရှိမှုအနေဖြင့်လည်း ၂၀၂၁ ခုနှစ်တွင်ငွေကျပ် ၉၉၅၀ ဒဿမ ၇၀ သိန်း ရရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၄၇၆၁၉ ဒဿမ ၁၈ သိန်းအထိ ရရှိခဲ့သည့်အတွက် ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက် ရရှိခဲ့သည်ဟုဆိုသည်။

ထို့ပြင် ပြည်နယ်၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ(၁)ရက်နေ့ထိ ဟိုတယ်နှင့် တည်းခိုရိပ်သာ (၄၉)လုံး၊ အိပ်ခန်းပေါင်း(၁၆၇၃)ခန်းရှိခဲ့ရာမှ ယခုအခါ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၆၀)လုံး၊ အိပ်ခန်းပေါင်း(၂၁၅၉)ခန်း ရှိသည့်အတွက်လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှု ၂၂ ဒဿမ ၄၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

10 Jan, 08:32


❝အသား/ငါး/ဥနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်တယ်ဆိုတာ သိရှိအောင် ဆောင်ရွက်ပေးဖို့ ပဲခူးတိုင်းဝန်ကြီးချုပ် လမ်းညွှန်မှာကြား❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟏𝟎》

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဟာ ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်၊ မနက်ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ထဲက ဥဿာပြည်သူ့အငှားအိမ်ရာမှာနေထိုင်တဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် အခြေခံစားသုံးကုန်များ၊ ကြက်၊ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတာကို သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝယ်ယူစားသုံးသူတွေဟာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေဖြစ်လို့ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့စကားအတိုင်း အသား/ငါး/ဥနဲ့ ဟင်းသီးဟင်းရွက်တွေကို အကျိုးပြုတဲ့ ဗီတာမင်အုပ်စုအလိုက် ခွဲခြားရောင်းချသွားဖို့နဲ့ ရောင်းချတဲ့ အဲဒီ အသား/ငါး/ဥနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို သိရှိနိုင်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူပဲ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ပဲခူးမြို့၊ ဥဿာသီရိဈေး...

Read More... https://telegra.ph/Myanmar-Hard-Talk-01-10-13

Myanmar Hard Talk

10 Jan, 07:59


❝မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဒုဝန်ကြီး နှင့် State Administration for Market Regulation (SAMR)၏ ဒုဝန်ကြီးတို့ ပေကျင်းမှာတွေ့ဆုံ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟏𝟎》

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျဦးဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ချန်း- မဲခေါင် အထူးရန်ပုံငွေစီမံကိန်း(၂၀၂၂)ဆိုင်ရာ တရားဝင်ခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိပြီး ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက State Administration for Market Regulation(SAMR) ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရှုဝေနှင့် အဆိုပါဝန်ကြီးဌာနရုံးချုပ်၌ တွေ့ဆုံခဲ့သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံမှုသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) နှင့် State Administration for Market Regulation အောက်ရှိ စံချိန်စံညွှန်းသတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန(Standardization Administration China)၊ အမျိုးသားတိုင်းတာရေးသိပ္ပံ(National Institute of Metrology-China) တို့နှင့် ရေးထိုးခဲ့သည့် MoU နှစ်စောင်အရ ပူးပေါင်းဆောင်ရွက်ရေး

Read More... https://telegra.ph/Myanmar-Hard-Talk-01-10-12

Myanmar Hard Talk

10 Jan, 06:34


❝မြင်းခြံမြိုနယ်အတွင်းရှိ ဧက ၅,၈၀၀ ကျော်ရှိသောနယ်မြေကို “တောင်ပင်လယ်ဆည် ကြိုးပြင် ကာကွယ်တော” အဖြစ်သတ်မှတ်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟏𝟎》

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြိုနယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၅,၈၆၁ ဧကရှိသော နယ်မြေကို သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ ဇန်နဝါရီလ ၂ ရက်မှစ၍ “တောင်ပင်လယ်ဆည် ကြိုးပြင် ကာကွယ်တော” အဖြစ် သတ်မှတ်ကြောင်း အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၅) ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် အပူပိုင်းဒေသဖြစ်သော မြင်းခြံမြိုနှင့်ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့ နည်းကျဆင်းပြီး ပူပြင်းခြောက် သွေ့မှု ကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန် လာစေရန်၊ မြေဆီလွှာတိုက်စား မှုများ တားဆီးကာကွယ်ရန်၊

Read More... https://telegra.ph/Myanmar-Hard-Talk-01-10-11

Myanmar Hard Talk

10 Jan, 05:36


❝မြန်မာ- ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာရည်ရွယ်သည့် စာလွှာလက်မှတ်ရေးထိုးဖို့ ဆွေးနွေး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟏𝟎》

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာရည်ရွယ်သည့် စာလွှာလက်မှတ်ရေးထိုးရေးကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့က ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇန်နဝါရီ ၉ ရက်၊ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Read More... https://telegra.ph/Myanmar-Hard-Talk-01-10-10

Myanmar Hard Talk

10 Jan, 04:55


❝ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ❞

(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့၏ ထူးမြတ်သည့်အခါသမယတွင် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေကြောင်း ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-01-10-9

Myanmar Hard Talk

10 Jan, 04:35


❝ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရှိ အထင်ကရနေရာများ လှည့်လည်ကြည့်ရှုလေ့လာ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟏𝟎》

မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ် General Detnitit Luangngamkum ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိ အထင်ကရနေရာများ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်ဟု သိရသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ကြခြင်းဖြစ်ပြီး ယင်းနေ့၌ပင် ရန်ကုန်မြို့ရှိ မြန်မာ့သားကောင်း အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာသို့သွားရောက် လေ့လာခဲ့ကြသလို ဗိုလ်တထောင်ဘုရားနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ထို့နောက် ဇန်နဝါရီ ၇ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေး၍ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုပြီး

Read More... https://telegra.ph/Myanmar-Hard-Talk-01-10-8

Myanmar Hard Talk

10 Jan, 04:19


❝နစက ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပရေး ဆွေးနွေး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟏𝟎》

နစက ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RYZHENKOV တို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဇန်နဝါရီ ၉ ရက်မနက်ပိုင်းက တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ထိုသို့တွေ့ဆုံစဥ် မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၂၅) နှစ် ပြည့်မြောက်ခဲ့သည့် အခါသမယ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များတွင် အောင်မြင်မှုများ ရရှိခဲ့သည့်အခြေအနေ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ပညာရေးနှင့်ကာကွယ်ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်...

Read More... https://telegra.ph/Myanmar-Hard-Talk-01-10-7

Myanmar Hard Talk

10 Jan, 03:51


မြစ်ကြီးနားမြို့ကိုရောက်ရှိနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဟာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ အရာထမ်း / အမှုထမ်းများ၊ ကိုယ်ပွားသတင်းစာတိုက် (မြစ်ကြီးနား) မှ ဝန်ထမ်းများနဲ့ မြစ်ကြီးနားလူထုအခြေပြုဗဟို ဌာန(Community Centre) အစည်းအဝေးခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုတွေ့ဆုံစဉ်မှာ ပြည်ထောင်စုဝန်ကြီးက ❝ယနေ့မိမိတို့နိုင်ငံရဲ့ အခြေအနေမှန်ကိုသိရှိနားလည်ပြီး ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲမထားဘဲ နိုင်ငံသားအားလုံးက ညီအစ်ကိုမောင်နှမတွေဖြစ်ကြတယ်ဆိုတာကို နားလည်ထားရမှာဖြစ်တယ်❞ လို့ ပြောပါတယ်။

ဒါ့အပြင် ❝နိုင်ငံ့ဝန်ထမ်းများဖြစ်တဲ့အတွက် နိုင်ငံတော်အပေါ်သစ္စာစောင့်သိပြီး ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ရိုင်းပင်း ကူညီကြရမယ်❞လို့လည်း ပြောကြားခဲ့သလို မီဒီယာနဲ့ပတ်သက်လို့လည်း ပြောကြားခဲ့တာတွေရှိပါတယ်။

အဲဒီသတင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ 👇

https://telegra.ph/Myanmar-Hard-Talk-01-10-6 ဖတ်ရှုနိုင်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

10 Jan, 03:21


❝ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ❞

    ≋သိပ္ပံနှင့်နည်းပညာဆိုင်ရာပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စရပ်များအပြင် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆွေးနွေး≋


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟏𝟎》

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ဇန်နဝါရီ ၉ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍများနှင့်ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် အခြားနယ်ပယ်အသီးသီးတွင်...

Read More... https://telegra.ph/Myanmar-Hard-Talk-01-10-5

Myanmar Hard Talk

10 Jan, 02:53


နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ အဖွဲ့အစည်းအပေါင်း ၄၅ ခုမှ ဝါရင့်ပညာရှင်တွေနဲ့ ပညာရှင်မျိုးဆက်သစ်တွေပါဝင်ပြီး ပြည်တွင်း ပြည်ပသုတေသနစာတမ်းပေါင်း (၁၃၀) ကျော် ဖတ်ကြားတင်သွင်းသွားမယ့် ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ကို နေပြည်တော်မှာ ကျင်းပနေပါတယ်။

အဆိုပါညီလာခံဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီမှာ ဗိုလ်ချုပ်မှူးကြီးက ❝နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံကြမှသာ နိုင်ငံအကျိုးသယ်ပိုးထမ်းရွက်နိုင်မယ့် စွမ်းအားထက်မြက်တဲ့ အင်အားစုကြီးတစ်ရပ်ကို ထူထောင်နိုင်မယ်❞ လို့ ပြောပါတယ်။

အပြည့်အစုံကို ဒီနေရာမှာ👇

https://telegra.ph/Myanmar-Hard-Talk-01-10-4 ဖတ်ရှုနိုင်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 13:51


ဒီကနေ့ ဇန်နဝါရီ (၄) ရက်၊ လွတ်လပ်ရေးနေ့၊ ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်က မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မူရင်းရုပ်သံ- CJ
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 12:29


ရွှေထုတ်လုပ်မှု့လုပ်ငန်းစဉ်အားလုံးဟာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းရဲ့ကြည့်ကြပ်စစ်ဆေးမှု့အောက်မှာလုပ်ရတာဖြစ်ပြီးကုမ္ပဏီရဲ့လုပ်ငန်းဆိုင်ရာအခက်အခဲအားလုံးကိုအမှတ်(၂)သတ္တုတွင်းလုပ်ငန်းကသိပေမဲ့စာချုပ်ထဲမှာသဘောတူထားတဲ့အတိုင်းညှိနှိုင်းဆောင်ရွက်မှု့တွေလုပ်ဖို့ကုမ္ပဏီဘက်ကတင်ပြခဲ့ပေမဲ့ မလုပ်ဆောင်ခဲ့ကြောင်း ၊ ကုမ္ပဏီအနေနဲ့ဘဏ်မှာအာမခံငွေကြေးတွေထားပြီးတရားဝင်အလုပ်လုပ်ခဲ့တာဖြစ်ပေမဲ့ရွှေကြွေးကျန်ကိစ္စတွေကိုလည်းအမှတ်(၂)သတ္တုတွင်းလုပ်ငန်းအနေနဲ့ဥပဒေအတိုင်းမလုပ်ဆောင်ခဲ့ဘူးလို့အမျိုးသားကြီးပွါးတိုးတက်ရေးကုမ္ပဏီဥက္ကဌဦးစိုးထွန်းရှိုန်ရဲ့အမှု့ကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေကြီးကပြောပါတယ် ၊ အပြည့်အစုံကိုဆက်လက်နားဆင်နိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

04 Jan, 11:34


❝မြန်မာ- နီပေါ နှစ်နိုင်ငံအကြား Information Technology ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟒》

မြန်မာ- နီပေါ နှစ်နိုင်ငံပူးပေါင်း၍ နည်းပညာဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် Information Technology ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါဆွေးနွေးမှုကို မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghi-mire တို့က ဇန်နဝါရီ ၃ ရက်၊ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 09:11


❝တရားမဝင် စက်သုံးဆီတွေ အဖမ်းခံရအောင်လုပ်တယ်ဆိုပြီး ညောင်ပင်ဇင်အုပ်ချုပ်ရေးမှူးကို PDF တွေသတ်ဖြတ်❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟒》

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင် ကျေးရွာမှာနေထိုင်တဲ့ အဲဒီကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးနိုင်(၄၀)နှစ်ဟာ ဇန်နဝါရီ ၃ ရက်နေ့က PDF တွေရဲ့ သတ်ဖြတ်ခြင်းကိုခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးမှာ တရားမဝင်သိုလှောင်ရောင်းဝယ်နေတဲ့ စက်သုံးဆီတွေ အဖမ်းခံရတာဟာ အဆိုပါအုပ်ချုပ်ရေးမှူးက သတင်းပေးလို့ဆိုတဲ့စွပ်ဆွဲချက်နဲ့ သတ်ဖြတ်လိုက်ကြတာလို့ ဆိုပါတယ်။

❝PDF တွေဘက်ကတော့ ဆီတွေအဖမ်းခံရအောင်လုပ်လို့သတ်လိုက်တာဆိုပြီး ပြောနေကြတာ ပြန်ကြားရတယ်။ ဖမ်းမိလိုက်တဲ့ အဲဒီဆီတွေက PDF တွေနဲ့ PDF ထောက်ပို့သမားတွေအတွက် ငွေတွင်းကြီးဖြစ်နေတာဗျ။ အခုလိုအဖအ်းခံလိုက်ရတော့ ဒီကောင်တွေတော်တော်အထိနာသွားပုံရတယ်။ ဒါပေမယ့် အဲဒီဆီတွေအဖမ်းထားခံရတာ အုပ်ချုပ်ရေးမှူးနဲ့ ဘာမှမဆိုင်ဘူးဗျ။ သူတို့လုပ်စားနေသူတွေအချင်းချင်းဖော်လို့ အဖမ်းခံရတာ။ ကြားထဲက အုပ်ချုပ်ရေးမှူးသေရတာပေါ့ဗျာ။❞ လို့ အကြောင်းသိတဲ့ ဒေသခံတစ်ဦးက ပြောပြခဲ့တာပါ။

အဲဒီ အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးနိုင်ဟာ စစ်ကိုင်းမြို့ကိုသွားဖို့ နေအိမ်ကနေ ကားနဲ့ထွက်ခွာလာစဥ် ညောင်ပင်စဥ်ကျေးရွာထိပ်အရောက်မှာ အသင့်စောင့်စိုင်းနေတဲ့ PDF တွေက သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် မျက်နှာဝဲဘက်ခြမ်း ကြေမွပျက်စီးဒဏ်ရာ ယာလည်ပင်း ကွဲပြဲဒဏ်ရာနဲ့ ယာဝမ်းဗိုက် ကွဲပြဲ (အူထွက်)ဒဏ်ရာတွေအပါအဝင် ဒဏ်ရာများစွာနဲ့ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 09:10


❝တရားမဝင် စက်သုံးဆီတွေ အဖမ်းခံရအောင်လုပ်တယ်ဆိုပြီး ညောင်ပင်ဇင်အုပ်ချုပ်ရေးမှူးကို PDF တွေသတ်ဖြတ်❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟒》

သတင်းအပြည့်အစုံ

👇👇👇👇👇👇👇

Myanmar Hard Talk

04 Jan, 06:12


နစကပေးလိုက်တဲ့ လွတ်ငြိမ်းထဲမှာ ဘယ်သူတွေပါဝင်သလဲဆိုတာ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြထားပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 05:54


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖတ်ကြားခြင်း။

Myanmar Hard Talk

04 Jan, 04:18


❝ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့်စာသင်ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် အကြမ်းဖက်သမားများကို ရှင်းလင်း❞

≋အကြမ်းဖက်သမားအလောင်းများအပြင် ပြည်သူထံမှ အကြမ်းဖက်ခိုးယူထားသည့် ကားများနှင့် ဖောက်ခွဲရေးပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ဟုဆို≋


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟒》

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၊ အနောက်ဘက် မီတာ ၈၅၀၀ ခန့်အကွာရှိ ကုလားကျေးရွာအတွင်း၌ ခိုအောင်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက် ည ၁၁ နာရီခန့်တွင် အဆိုပါကျေးရွာအတွင်းသို့ ရုတ်ချည်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်၍ လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားနှင့် ရင်ဆိုင်ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုအောင်းနေထိုင်လျက်ရှိသည့် နေအိမ်နှင့်စာသင်ကျောင်းအတွင်းမှ ဖောက်ခွဲဖျက်ဆီးရေးဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

ထို့ပြင် ပြည်သူများထံမှ ခြိမ်းခြောက်ခိုးယူကာ ၎င်းတို့အသုံးပြုလျက်ရှိသည့် ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းစာတမ်းပါ NISSAN XTRAIL အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 04:18


❝ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့်စာသင်ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် အကြမ်းဖက်သမားများကို ရှင်းလင်း❞

≋အကြမ်းဖက်သမားအလောင်းများအပြင် ပြည်သူထံမှ အကြမ်းဖက်ခိုးယူထားသည့် ကားများနှင့် ဖောက်ခွဲရေးပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ဟုဆို≋

သတင်းအပြည့်အစုံ

👇👇👇👇👇👇👇

Myanmar Hard Talk

04 Jan, 03:24


❝အကြမ်းဖက်သမားတွေနဲ့ မုဒိန်းသမားတွေအပါအဝင် ပြစ်မှုအမျိုးအစား (၇) ခုမှအပ ကျန်ပြစ်မှုများဖြင့် ထောင်ကျနေသူတွေကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြု❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟒》

အကြမ်းဖက်သမားတွေနဲ့ မုဒိန်းသမားတွေအပါအဝင် ပြစ်မှုအမျိုးအစား (၇) ခုမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်ဒဏ်ကျခံနေသူများကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါလွတ်ငြိမ်းထဲမပါဝင်သည့် ပြစ်မှုများမှာ လူသတ်မှု၊ မုဒိန်းမှု၊ လက်နက်မှု၊ အကြမ်းဖက်မှု၊ သဘာဝဘေးအမှု၊ မူးယစ်နှင့် အဂတိအမှုများဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်၊ အမိန့်အမှတ် (၁/၂၀၂၅) အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မတိုင်မီ လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ် ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ်၊ လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် ယာယီပြင်ဆင်ချက်အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမှ အပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျင်း၍ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဥ်းတောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ပုဒ်မခွဲ(၁)အရ ယင်းတို့ ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 03:07


❝ထောင်ဒဏ်တစ်သက် အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ်သို့လျှော့ချပေးခြင်းဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး❞

≋နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး≋

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟒》

နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၁၄၄ ဦးကို ထောင်ဒဏ် တစ်သက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျှော့ပေါ့ပြောင်းလဲခြင်းဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၃/၂၀၂၅) ဖြင့် ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊အချုပ်ထောင်၊ အသီးသီးတွင် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊အကျဉ်းသူ ၁၄၄ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ထောင်ဒဏ် တစ်သက်မှ ထောင်ဒဏ် ၁၅ နှစ်သို့ လျှော့ပေါ့ပြောင်းလဲပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၈၀ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၄/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 02:56


❝အကျဥ်းသား၊ အကျဥ်းသူ(၅၈၀၀) ကျော်ကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းပေး❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟒》

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းသား၊ အကျဥ်းသူ (၅၈၆၄)ဦးကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နစက၏ ထုတ်ပြန်ခက်အရ သိရသည်။

အမိန့်အမှတ် ၂/၂၀၂၅ ဖြင့်ထုတ်ပြန်သော ယင်းထုတ်ပြန်ချက်အရ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရသူများအား ၎င်းပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ထပ်မံပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

04 Jan, 02:43


❝ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့သို့ ရုရှားသမ္မတ ပူတင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များကပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝘼𝙉 ~𝟒》

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ရုရှားသမ္မတ ပူတင်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများကို အောက်ပါအတိုင်း အသီးသီးပေးပို့ခဲ့ကြသည်။

❝ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ❞

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့်မြန်မာပြည်သူများထံသို့ ကမ္ဘောဒီးယားပြည်သူများနှင့်...

အပြည်လအစုံဖတ်ရန်... https://telegra.ph/Myanmar-Hard-Talk-01-04-3

Myanmar Hard Talk

04 Jan, 01:41


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖော်ပြပါ ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်သည်။

Myanmar Hard Talk

04 Jan, 01:40


လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် မြန်မာ့လွတ်လပ်ရေးဆုံးရှုံးခြင်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်လွတ်လပ်ရေးပြန်လည်ရရှိခြင်းတို့ကိုတင်ပြလိုက်ပါတယ်။
#mhtnews

Myanmar Hard Talk

27 Dec, 13:38


MHTNewsရဲ့(27-12-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

မြန်မာ့နိူင်ငံတကာဆက်ဆံရေးအလှည့်အပြောင်း၊
မြန်မာနှင့်ဆီးရီးယားတူသလား၊
မန္တလေးမြိုရွှေဆိုင်များဓါးပြတိုက်ခံရခြင်းရဲ့နောက်ကွယ်၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

27 Dec, 13:37


MHTNewsရဲ့(27-12-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

မြန်မာ့နိူင်ငံတကာဆက်ဆံရေးအလှည့်အပြောင်း၊
မြန်မာနှင့်ဆီးရီးယားတူသလား၊
မန္တလေးမြို့ရွှေဆိုင်များဓါးပြတိုက်ခံရခြင်းရဲ့နောက်ကွယ်၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

27 Dec, 12:54


❝ပျောက်ဆုံးနေတဲ့ အငှားယာဥ်ကို ဖမ်းမိတဲ့ PDF တွေဆီမှာ တွေ့ရပေမယ့် ယာဥ်မောင်းအခြေအနေကိုတော့ မသိရသေး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟕》

ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းမှာ ယာဥ်မောင်းနဲ့အတူ ပျောက်ဆုံးသွားတဲ့ အငှားယာဥ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိတဲ့ PDF တွေဆီမှာ တွေ့ရပေမယ့် ယာဉ်မောင်းအခြေအနေကိုတော့ မသိရဘူးဖြစ်နေတယ်လို့ အဲဒီပျောက်ဆုံးယာဥ်မောင်းရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

YGN-8 GG-6136 နံပါတ်ပါတဲ့ Fielder အဖြူရောင်အငှားယာဉ်ဟာ မောင်းနှင်သူ ကိုသီဟကျော်နဲ့အတူ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ပျောက်ဆုံးသွားခဲ့ပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း အဆိုပါမိသားစုဝင်တွေက လူမှုကွန်ရက်မှာ အသိပေးခဲ့ကြတာပါ။

အဲဒီလို အဆက်အသွယ်ပြတ်တောက်နေစဥ်မှာပဲ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းထောင်ဖောက်ခွဲမှုများစွာ ကျူးလွန်ထားတဲ့ Free Land Attack Force (FLA) အဖွဲ့ဝင်လေးဦးကို လက်နက်၊ ခဲယမ်းတွေနဲ့ ယာဉ်တစ်စီးနဲ့အတူဖမ်းမိခဲ့တယ်လို့ နစကမှ သတင်းထုတ်ပြန်ရာမှာ ဖမ်းမိတဲ့ယာဉ်က ကိုသီဟကျော် မောင်းနှင်နေတဲ့ YGN-

Read More... https://telegra.ph/Myanmar-Hard-Talk-12-27-19

Myanmar Hard Talk

27 Dec, 10:37


❝ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟕》

ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာဆိုင်ခန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ၊ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများအပါအဝင် ပြခန်းပေါင်း ၈၀ ကျော်ပါဝင်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၆ ရက်၊ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာနရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

ယင်းအစည်းအဝေးသို့ ပြည်ထောင်စုအဆင့် MSME ထုတ် ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန....

Read More... https://telegra.ph/Myanmar-Hard-Talk-12-27-18

Myanmar Hard Talk

27 Dec, 08:56


❝ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်ကိစ္စများနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို Glow Mate အမည်ရှိ Application အသုံးပြု၍ Online Appointment စနစ်ဖြင့်ပင် ပြောင်းလဲဆောင်ရွက်ပေးသွားမည်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟕》

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုး/ ပျောက်ဆုံး/ ပျက်စီး/ အသစ်လျှောက်ထားခြင်းများ အပါအဝင် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို Glow Mate အမည်ရှိ Application ကိုအသုံးပြုပြီး Online Appointment စနစ်ဖြင့်ပင် ပြောင်းလဲဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။

မြန်မာသံရုံးအနေဖြင့် အဆိုပါကိစ္စရပ်များကို ဆောင်ရွက်ရာတွင် မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက်ပြီး ကြိုတင်ရက်ချိန်းရယူခြင်း စနစ် အစား သံရုံးသို့လာရောက်ရန် အချိန်ပေးရခြင်းနှင့် အသွား/အပြန်စရိတ်များ ကုန်ကျရခြင်း စသည် တို့မှ လျော့ပါးသက်သာစေရန်နှင့် လွယ်ကူလျင်မြန်ထိရောက်စေရန်အတွက် Online Appointment စနစ်သို့ ၂ဝ၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှစတင်၍ ပြောင်းလဲဆောင်ရွက်ပေးခဲ့သည်။

သို့သော်လည်း လက်ရှိ ဆောင်ရွက်

Read More... https://telegra.ph/Myanmar-Hard-Talk-12-27-17

Myanmar Hard Talk

27 Dec, 08:14


❝ငွေကျပ် သန်းပေါင်း ၉၉၄ သန်းကျော် အကုန်အကျခံတည်ဆောက်ထားသော ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်အဆောက်အအုံသစ်ကို ကချင်ပြည်နယ်နေ့တွင် ဖွင့်လှစ်မည်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟕》

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပြည်နယ်ယဉ်ကျေးမှုပြတိုက်ဝင်းအတွင်း၌ တည်ဆောက်ထားသော ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်အဆောက်အအုံသစ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကချင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်အဆောက်အအုံသစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေမှ ကျပ်သန်းပေါင်း ၉၉၄ ဒဿမ ၈၈၀ သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၈)က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-27-16

Myanmar Hard Talk

27 Dec, 06:54


❝နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟕》

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာလာရောက်စာရင်းပေးသွင်းကြသည့်လူငယ်များကို ပြည်သူ့စစ်မှု ထမ်းသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ထို့နောက် သင်တန်းကျောင်းများအလိုက် ထူးချွန်ဆုရရှိကြသူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-27-15

Myanmar Hard Talk

09 Dec, 14:46


ASEAN CHAMPIONSHIP MITSUBISHI ELECTRIC CUP 2024
Group (B)
----------------------------
FULL TIME RESULT
Myanmar 🇲🇲 0️⃣- 1️⃣ 🇮🇩 Indonesia

Myanmar Hard Talk

09 Dec, 13:55


❝စစ်ကိုင်းမြို့ပေါ်မှာ ဇနီးဖြစ်သူနေမကောင်းလို့ အိမ်ခနပြန်တဲ့ ရဲတပ်ကြပ်ကြီးတစ်ဦး PDF ဖမ်းဆီးခြင်းခံလိုက်ရ❞

≋PDF တွေက လူမသတ်ဘူးဟုပြောဆိုကာ ရွှေ၊ ငွေနဲ့ ဆိုင်ကယ်တို့ကို ယူဆောင်သွားဟုဆို≋

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

စစ်ကိုင်းမြို့ပေါ်မှာ ဒီဇင်ဘာ ၈ ရက်နေ့က ဇနီးဖြစ်သူနေမကောင်းလို့ အိမ်ခနပြန်တဲ့ ရဲတပ်ကြပ်ကြီးတစ်ဦး PDF ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူက ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်ဆိုသူဖြစ်ပြီး စစ်ကိုင်းမြို့၊ မကျည်းစဉ်ရပ်ကွက်မှာနေထိုင် ၎င်းရဲ့ဇနီးဖြစ်သူ ဒေါ်လှစောနု(၅၂)နှစ်မှာ ကျန်းမာရေးမကောင်းတာကြောင့် သက်ဆိုင်ရာထံမှာခွင့်တောင်းကာ သွားရောက် ကြည့်ရှု့စဥ် နေအိမ်ကို PDF (၄) ဦးရောက်ရှိလာပြီး ရဲတပ်ကြပ်ကြီးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဇနီးဖြစ်သူ ဒေါ်လှစောနုရဲ့ ပြောပြချက်အရ အရပ်ဝတ်နဲ့ အကြမ်းဖက် PDF (၄)ဦးဟာ ဆိုင်ကယ်(၂)စီးနဲ့ ရောက်ရှိလာပြီး နေအိမ်အတွင်းရှိနေသူတွေကို ဝမ်းလျားမှောက်ခိုင်းထားပြီးမှ နေအိမ်မှာ လက်နက်ရှိလားဆိုပြီး မေးမြန်းပြီးရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် ငါတို့က PDF တွေ လူမသတ်ဘူးလို့ ပြောဆိုပြီး နေအိမ်မှာရှိတဲ့ ရွှေဆွဲကြိုး(၁)ကျပ်သား (၁)ကုံး၊ ရွှေဆွဲကြိုးနဲ့ ဆွဲပြား (၁) ကျပ်ခွဲသား၊ ရွှေလက်စွပ် (၅)မူးသားခန့် စီရှိ(၃)ကွင်း၊ လက်ကောက်အလိမ်(၁)ကျပ်ခွဲသားခန့် (၂)ကွင်း၊ လက်ကောက် ပြောင်(၃) ကျပ်သားခန့်(၁)ကွင်း၊ (စုစုပေါင်း ရွှေ(၁၀)ကျပ်သားခန့်)၊ ငွေကျပ်သိန်း(၂၀)ခန့်၊ စုဗူးအတွင်းမှ ငွေကျပ်(၁၀)သိန်းခန့်၊ စုစုပေါင်းငွေကျပ် သိန်း(၃၀)ခန့်၊ ဖုန်း(၃)လုံးနဲ့ ဆိုင်ကယ် (၂)စီးတို့ကို ယူဆောင်သွားခဲ့ကြတာဖြစ်သလို ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်ကိုလည်း လက်ထိပ်ခတ်ကာ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ ခရိုင်ချင်းဆက်လမ်းဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပြောပါတယ်။

လက်ရှိအချိန်အထိတော့ ဖမ်းဆီးခံရတဲ့ ရဲတပ်ကြပ်ကြီးကို PDF တွေက ပြန်လွှတ်ပေးခြင်း မရှိသေးသလို လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြန်လည်ကယ်တင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

09 Dec, 13:29


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် အဖွင့်အမှာစကား

Myanmar Hard Talk

09 Dec, 11:35


လေထီးဖြင့် အားကစားကွင်းအတွင်း ဆင်းသက်ခြင်း

Myanmar Hard Talk

09 Dec, 10:55


ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးမှုမြင်ကွင်း

Myanmar Hard Talk

09 Dec, 10:08


❝ယခုနှစ် ၁၁ လတာကာလအတွင်း ဧရာဝတီတိုင်းရှိ ကမ်းခြေဒေသများသို့ ခရီးသွားဧည့်သည် ၁၇ သိန်းကျော်ဝင်ရောက်ခဲ့❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

ယခု ၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလမှ နိုဝင်ဘာလကုန်အထိ ၁၁ လတာကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေဒေသများသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၇ သိန်းကျော် ဝင်ရောက်ခဲ့သည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ယင်းဒေသသို့ ခရီးသွားဧည့်သည် ၁၆ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ကာလတူ နှိုင်းယှဉ်ပါက ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ၄ ရာခိုင်နှုန်းခန့် ပိုမိုဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငွေဆောင်ကမ်းခြေဒေသနှင့် ဆက်စပ်သွားလာနိုင်သည့် ခရီးစဉ် ၇ ခု၊ ချောင်းသာကမ်းခြေဒေသနှင့် ဆက်စပ်သွားလာနိုင်သည့် ခရီးစဉ် ၅ ခု၊ ဂေါ်ရင်ဂျီကျွန်းခရီးစဉ်မှ တဆင့် သွားလာနိုင်မည့် ခရီးစဉ် ၄ ခုတို့ကို ဖော်ဆောင် ထားရှိသည့်အပြင် နောက်ထပ်ခရီးစဉ်သစ် ၄ ခုကိုလည်း တိုးချဲ့ဖော်ဆောင်ထားကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

09 Dec, 08:20


❝အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အာဆီယံနိုင်ငံ သံအမတ်ကြီးများအား ၃ ရက်ဆက်တိုက် သွားရောက်တွေ့ဆုံ❞
 
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက နယူးဒေလီမြို့ရှိ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများအား ဒီဇင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ (၃) ရက်ဆက်တိုက် သက်ဆိုင်ရာသံရုံးများသို့ သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

မြန်မာသံအမတ်ကြီးအနေဖြင့် ဒီဇင်ဘာ ၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Ms. Ina H. Krisnamurthi နှင့် ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Ms. Pattarat Hongtong တို့အားလည်းကောင်း၊ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Muzafar Shah bin Mustafa နှင့် လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Bounmy Vanmany တို့အားလည်းကောင်း၊ ၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai ၊ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Josel Francisco Ignacio နှင့် စင်ကာပူနိုင်ငံသံအမတ်ကြီး H.E. Mr. Simon Wong Wie Kuen တို့အားလည်းကောင်း သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-09-9

Myanmar Hard Talk

09 Dec, 06:09


❝ဆီးရီးယားကိစ္စ အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ လုံခြုံရေးကောင်စီကို ရုရှားတောင်းဆို❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

ဆီးရီးယားနိုင်ငံရဲ့သမ္မတ ဘာရှားအယ်လ်အာဆတ် တိုင်းပြည်ကနေထွက်ပြေးပြီး ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ အဲဒီ ဆီးရီးယားအခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ ရုရှားနိုင်ငံက တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဆီးရီးယားမှာ ကွဲလွဲမှုတွေ သဘောတူညီချက်ရရှိဖို့အတွက် ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ ညှိနှိုင်းမှုတွေ ပြန်လည်စတင်ဖို့ လိုအပ်တယ်ဆိုပြီး ရုရှားအာဏာပိုင်တွေက ပြောကြားထားသလို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းဖို့အတွက် နိုင်ငံရေးနည်းလမ်းကိုအသုံးပြုဖို့ အဖွဲ့အစည်းအားလုံးကို ရုရှားကတိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရဲ့သမ္မတကို ဖြုတ်ချခဲ့ပြီးနောက် လက်ရှိမှာတော့ အတိုက်အခံတွေက အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းနေတယ်လို့သိရပြီး ယခုရုရှားတောင်းဆိုတဲ့ အရေးပေါ်အစည်းအဝေးကို ဒီကနေ့ (ဒီဇင်ဘာ ၉ ရက်)မှည ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-09-8

Myanmar Hard Talk

09 Dec, 05:10


❝ဆင်ဖြူဂိတ်မှ တစ်ရက်ကို ကားအစီးရေ (၅၀) နှင့် ဆိုင်ကယ်အစီးရေ (၂၀ဝ) တို့ဖြင့် ကုန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုမည်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှတစ်ဆင့် ကုန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများကို တစ်ရက်လျှင် ကားအစီးရေ (၅၀) နှင့် ဆိုင်ကယ်အစီးရေ (၂၀ဝ) တို့ဖြင့် သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သယ်ယူခွင့်ပြုရာ၌ တရုတ်နိုင်ငံ နံပါတ်တပ် ဆိုင်ကယ်များနှင့် လိုင်စင်မရှိသည့် ‌မော်တော်ဆိုင်ကယ်များကို သယ်ဆောင်ခြင်း ခွင့်ပြုမည် မဟုတ်ဘဲ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖြင့်သာ ယာယီ သယ်ဆောင်ရမည်ဖြစ်သည်။

လက်ရှိတွင် မူဆယ်မြို့ရှိ တရုတ်- မြန်မာ နယ်စပ်ဂိတ်များ ဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ ဂိတ်နှင့် ပန်ဆိုင်းဂိတ်တို့အနက်မှ ဆင်ဖြူဂိတ် တစ်ခုတည်းကိုသာ ဒီဇင်ဘာ (၁) ရက်နေ့မှစတင်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားခြင်းဖြစ်သည်။

ထိုသို့ ကုန်ပစ္စည်း သယ်ယူခွင့်ပြုရာတွင်လည်း စားသောက်ကုန်များ၊ မီးဖိုချောင်သုံး အသီးအနှံများနှင့် အသားငါးများကိုသာ ခွင့်ပြုထားခြင်းဖြစ်သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

09 Dec, 04:02


❝ရုရှားနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိလာ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Kalmykia ပြည်နယ်ရဲ့ အကြီးအကဲဖြစ်သူ Mr . Batu Sergeyevich Khassikov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၈ ရက် ည ၉ နာရီခွဲအချိန်က မြန်မာနိုင်ငံကို ရန်ကုန်မြို့ကို လေကြောင်းခရီးစဉ်နဲ့ ရောက်ရှိလာခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဖော်ပြမှုအရ သိရပါတယ်။

ရောက်ရှိလာတဲ့ ဧည့်သည်တော် Mr. Batu Sergeyevich Khassikov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနဲ့ တိုင်းရင်းသား တိုင်းရင်းသူများက ရန်ကုန်လေဆိပ်မှာ ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ဧည့်သည်တော် Mr. Batu Sergeyevich Khassikov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဘာကိစ္စအတွက်လာရောက်တယ်၊ ဘယ်သူတွေနဲ့တွေ့မယ်ဆိုတာတွေကိုတော့ နိုင်ငံပိုင်သတင်းတွေက ဖော်ပြထားခြင်း မရှိပါဘူး။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

09 Dec, 03:30


❝သိန္နီမြို့အနီး၌ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားခဲ့❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့အနီး၌ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ ငလျင်တစ်ခု လှုပပ်ရှားသွားခဲ့သည်ဟု မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အင်အားအနည်းငယ်ရှိသော အဆိုပါ မြေငလျင်သည် ယနေ့ ဒီဇင်ဘာလ (၉)ရက်၊မြန်မာစံတော် ချိန် (၀၃)နာရီ၊ (၂၈)မိနစ်၊ (၀၃)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း သိန္နီမြို့၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၁ ရက်နေ့တွင် အင်အားရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ မြေငလျင်လှုပ်ရှားခဲ့သလို ဒီဇင်ဘာ ၂ ရက်တွင်လည်း အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ မြေငလျင်၊ ဒီဇင်ဘာ ၆ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၃.၁) အဆင့်ရှိ မြေငလျင်နှင့် ယနေ့ ဒီဇင်ဘာ ၉ ရက်တို့တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တို့ အသီးသီးလှုပ်ရှားခဲ့ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

09 Dec, 02:34


❝မြန်မာနိုင်ငံရှိ အထင်ကရနေရာများသို့ အိန္ဒိယနိုင်ငံ၊ Naval War College (NWC) မှ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးများ လာရောက်လေ့လာ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံ၊ Naval War College (NWC) မှ ဒုတိယကျောင်းအုပ်ကြီး Commodore Prashant Chandrasekharan ဦးဆောင်သော အရာရှိကြီးများအဖွဲ့ လေ့လာရေးခရီးစဉ်အဖြစ် ဒီဇင်ဘာလ ၂ ရက်တွင် လာရောက်ခဲ့ကြသည်ဟု နိုင်ငံပိုင်သတင်းများက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ဒီဇင်ဘာ ၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ India Centre သို့ သွားရောက်လေ့လာခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့်...

Read More... https://telegra.ph/Myanmar-Hard-Talk-12-09-7

Myanmar Hard Talk

09 Dec, 01:27


❝စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၃၀၀ ကျော်ကနေ အနည်းငယ်ကျဆင်း❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟗》

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဈေးနှုန်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကရည်ညွှန်းဈေးနှုန်းမှာ ၇၃၀၅ ကျပ် ဖြစ်ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၅၀ ကျပ် ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။

အဆိုပါ စားအုန်းဆီများကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

09 Dec, 01:14


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ( ၉ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

03 Dec, 16:05


တောင်ကိုရီးယားမှာစစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တောင်ကိုရီးယားစစ်တပ်နှင့် ပြည်သူအချို့ကြား ပဋိပက္ခအချို့ဖြစ်ပွါးခဲ့တယ်လို့သိရ။

Myanmar Hard Talk

03 Dec, 15:53


တောင်ကိုရီးယားတစ်နိူင်ငံလုံးကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် တောင်ကိုရီးယားစစ်တပ်တွေတစ်နိူင်ငံလုံးကိုဖြန့်ထားလိုက်ပြီလို့သိရ။

Myanmar Hard Talk

03 Dec, 15:47


တောင်ကိုရီးယားသမ္မတကို လွှတ်တော်အမတ်တွေက ငွေကြေးအလွဲသုံးစားမှု့နဲ့အယုံအကြည်မရှိအဆိုတင်သွင်းတယ် ၊ အဆိုကိုမဲခွဲဆုံးဖြတ်တာ သမ္မတရှုံးသွားပေမဲ့ သမ္မတကရာထူးကမဆင်းပေးဘဲ လွှတ်တော်ထဲမှာ မြောက်ကိုရီးယားလိုလားတဲ့လွှတ်တော်အမတ်တွေရောက်နေတယ်ဆိုပြီး စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်တပ်ကိုအာဏာအပ်ကာ လွှတ်တော်အမတ်တွေကို ဖမ်းခိုင်းတယ်လို့သိရ ၊ အသေးစိပ်ကိုဆက်လက်တင်ပြပါမည်။

Myanmar Hard Talk

03 Dec, 15:36


တောင်ကိုရီးယားသမ္မတက စစ်အုပ်ချုပ်ရေးကြေညာ ၊ သတင်းသမားများမိမိတို့ရောက်ရှိနေတဲ့နေရာမှာသာနေပြီး ပြည်သူများ နောက်ထပ်အမိန့်တစ်စုံတရာမရဘဲ ညနေ(၆)နာရီမှနံနက်(၆)နာရီအထိအပြင်မထွက်ရလို့ကြေညာ၊ အသေးစိပ်ကိုဆက်လက်တင်ပြပါမည်။

Myanmar Hard Talk

03 Dec, 14:06


MHTNewsရဲ့(03-12-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

ရန်ကုန်ကမြိုပတ်ရထားကိုသုံးသပ်ခြင်း၊
⁃ (၂၀၂၅)မှာဖြစ်လာမည့်မြန်မာ့နိူင်ငံရေးမြေပုံ၊
ထိုင်းရောက်တာဇံတွေကိုမွှေနေတဲ့ထိုင်းနူတ်ခမ်းမွှေး၊
⁃ (BRICS)အဖွဲနှင့်အပေအယူလုပ်ချင်တဲ့ဒေါ်နယ်ထရန့်၊
ယူနွတ်တိုအုပ်စုဘင်္ဂလားဒေ့(ရှ်)မှာဘာသာရေးအဓိကရုဏ်ဖန်တီးနေသလား၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

03 Dec, 14:04


MHTNewsရဲ့(03-12-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

ရန်ကုန်ကမြို့ပတ်ရထားကိုသုံးသပ်ခြင်း၊
⁃ (၂၀၂၅)မှာဖြစ်လာမည့်မြန်မာ့နိူင်ငံရေးမြေပုံ၊
ထိုင်းရောက်တာဇံတွေကိုမွှေနေတဲ့ထိုင်းနူတ်ခမ်းမွှေး၊
⁃ (BRICS)အဖွဲ့နှင့်အပေအယူလုပ်ချင်တဲ့ဒေါ်နယ်ထရန့်၊
ယူနွတ်တို့အုပ်စုဘင်္ဂလားဒေ့(ရှ်)မှာဘာသာရေးအဓိကရုဏ်ဖန်တီးနေသလား၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

03 Dec, 13:06


❝ယခုလအတွင်း ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းသို့ ကုန်သေတ္တာတင်သင်္ဘော အစီး (၆၀) ရောက်ရှိ ပြေးဆွဲမည်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟑》

ယခု ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အတွင်း ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ ပြေးဆွဲသွားမည့် ကုန်သေတ္တာတင် သင်္ဘောများစာရင်းကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ကြေညာထားသည်။

ယင်းထုတ်ပြန်ချက်အရ ကုန်သေတ္တာသင်္ဘောလိုင်း (၁၄) လိုင်း ဖြစ်သည့် SITC SHIPPING LINE - 13၊ COSCO SHIPPING LINES - 8၊ SAMUDERA SHIPPING LINE - 6၊ MAERSK A/S - 5၊ CMA-CGM - 4၊ MSC - 4၊ R.C.L - 4၊ Ti2 CONTAINER LINE - 4၊ BLPL - 3၊ ONE - 3၊ EVERGREEN - 2၊ PIL - 2၊ OCEAN SALUTE SHIPPING - 1 နှင့် LAND AND SEA - 1 တို့မှ စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော (၆၀) စီး ပြေးဆွဲသွားမည် ဖြစ်သည်။

အဆိုပါ ကုန်သေတ္တာတင် သင်္ဘောများသည် လတ်တလောတွင် ပြေးဆွဲသွားမည့် သင်္ဘောများဖြစ်ပြီး ထပ်မံတိုးချဲ့ပြေးဆွဲမည့် စာရင်းကို အချိန်နှင့် တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

03 Dec, 11:31


❝ကူမင်း-ကျောက်ဖြူရထားလမ်းဖောက်လုပ်ရေးစီမံကိန်းများစတင်နိုင်ရန်အတွက် အစောပိုင်းပြင်ဆင်ရေးကိစ္စများ စတင်ဆွေးနွေး❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟑》

တရုတ်-မြန်မာ ရထားလမ်းပိုင်းတစ်ခုဖြစ်တဲ့ ကူမင်း-ကျောက်ဖြူ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းတွေ စတင်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေအကြား အစောပိုင်းပြင်ဆင်မှုတွေ ဆွေးနွေးနေတယ်လို့ တရုတ်နိုင်ငံသံရုံးက ပြောပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၂ ရက်က ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်မှာပြုလုပ်တဲ့ တရုတ်-မြန်မာ မီဒီယာပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr Zheng Zhihong က ပြောဆိုခဲ့တာပါ။

Belt &Road နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက် အရေးပါတဲ့နေရာမှာရှိနေတဲ့ အဲဒီရထားလမ်းဟာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီမံကိန်းဖြစ်သလို နှစ်နိုင်ငံ မဟာဗျူဟာမြောက် စီမံကိန်းဖြစ်တယ်လို့လည်း သံမှူးကြီးက ဆိုပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-03-10

Myanmar Hard Talk

03 Dec, 09:45


❝မြို့ပတ်ရထားစီးနင်းခ ကျပ် ၁၀၀၀ ဖြစ်လာ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟑》

စပိန်နိုင်ငံထုတ် DEMU တွဲဆိုင်းသစ်များဖြင့် ပြောင်းလဲပြေးဆွဲနေပြီဖြစ်သည့် ရန်ကုန်မြို့ပတ်ရထားစီးနင်းခ ငွေကျပ် ၁၀၀၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ရထားစီးခရီးသည်များထံမှ သိရသည်။

အဆိုပါ မြို့ပတ်ရထား စတင်ပြေးဆွဲသည့် ဒီဇင်ဘာ ၁ ရက်က ခရီးစဥ် တစ်ပိုင်းအတွက် ငွေကျပ် ၄၀၀ နှုန်းနှင့် ခရီးစဥ်တစ်ခုလုံးအတွက် ငွေကျပ် ၈၀၀ သတ်မှတ်တောင်းခံခဲ့ရာမှ ယခုအခါ ဒီဇင်ဘာ ၂ ရက်မှစတင်ကာ ခရီးစဥ် တစ်ပိုင်းအတွက် ငွေကျပ် ၅၀၀ နှုန်းနှင့် ခရီးစဥ်တစ်ခုလုံးအတွက် ငွေကျပ် ၁၀၀၀ သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

ယခုကဲ့သို့ ရထားစီးနင်းခ တိုးမြှင့်သတ်မှတ်ရခြင်းမှာ အဆိုပါရထားနှင့်ကိုက်ညီသည့် နှုန်းထားတစ်ခုဖြစ်စေရန် တိုးမြှင့်ရခြင်းဖြစ်ကြောင်းနှင့် ယင်းနှုန်းထားမှာလည်း သင့်တင့်သောနှုန်းထားသာဖြစ်သည်ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

အဆိုပါ DEMU တွဲဆိုင်းသစ်များကိုအသုံးပြု၍ ရန်ကုန်အထိ လမ်းကြောင်း ၇ ခုနှင့် ရန်ကုန်မှ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်းကြောင်း ၇ ခု၊ စုစုပေါင်းလမ်းကြောင်း ၁၄ ခုအထိ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

03 Dec, 09:12


❝၃ ရက်အတွင်း ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟑》

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်မှ ယခုဒီဇင်ဘာ ၂ ရက်အထိ (၃) ရက်အတွင်း ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော်တန်ဖိုးရှိ တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၃၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝါးခယ်မမြို့နယ် မင်းဝိုင်းရပ်ကွက်၌ လိုင်စင်မဲ့ Kenbo Wave-110 မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၉၁၂ တန်...

Read More... https://telegra.ph/Myanmar-Hard-Talk-12-03-9

Myanmar Hard Talk

03 Dec, 06:32


❝ပြင်ဦးလွင်မှာ (၁၇)ကြိမ်မြောက်ပန်းပွဲတော်ကို ၁ လကြာ ကျင်းပမည်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟑》

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia)ကို ယခု ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ ၁ လကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်၌ MSME အရောင်းပြခန်းများအပြင် ဂီတဖျော်ဖြေပွဲများနှင့် မျက်လှည့်ပွဲများပါ ထည့်သွင်း၍ ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ ကျင်းပသွားမည်ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်ထိန်းသိမ်းရေးကော်မတီက ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် ပန်းပွဲတော်၌ ပြည်တွင်းနှင့် ပြည်ပ ပန်းမျိုးစိတ်အရေအတွက် ၂ သိန်းနီးပါးကို ဇုန် ၈ ဇုန်ခွဲ၍ ပြသပေးခဲ့သလို ထူးခြားမှုအနေဖြင့် လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ်ကိုပါ ထည့်သွင်းပြသခဲ့ပြီး ဈေးပွဲတော်နှင့် ဒေသထွက်ကုန် အရောင်းပြခန်း ၅၀ လည်း ပါဝင်ခဲ့သည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

01 Dec, 11:58


အမွန်မြတ်ဆုံးသောစွန့်လွှတ်ခြင်းအတွက်တုနှိုင်းဖွယ်ရာမရှိသောဂုဏ်ဒြပ်ပိုင်ရှင်တို့အတွက်စကားသံများ။
#mhtnews

Myanmar Hard Talk

01 Dec, 10:45


❝အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခု ကြံခင်းမြို့အနီး လှုပ်ခတ်❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏》

ကြံခင်းမြို့အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ ဒီဇင်ဘာ ၁ ရက်က လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်အရ အင်အားရစ်(ခ်) တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော အဆိုပါ မြေငလျင်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီ ၂၇) မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ လှုပ်ခတ်ခဲ့သည့်တည်နေရာမှာ တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၉၀) ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ကြံခင်းမြို့၏ အနောက်-အနောက်မြောက်ဘက် (၄) မိုင်ခန့် အကွာ)၊ မြောက် လတ္တီတွဒ် (၁၈.၃၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၉)ဒီဂရီ၊ အနက် (၅၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်းလည်းသိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

01 Dec, 08:13


❝သာသနာနံပါတ်ပြားတတ်ထားတဲ့ လိုင်စင်မဲ့ကားတစ်စီး ကံတလူစစ်ဆေးရေးဂိတ်မှာဖမ်းမိ❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏》

သာသနာ့အလံထောင်ပြီး သာသနာနံပါတ်ပြားအတုတတ်ထားတဲ့ လိုင်စင်မဲ့ကားတစ်စီးကို စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စဉ်ကျေးရွာရှိ ကံတလူစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ကံတလူစစ်ဆေးရေးဂိတ်၌ တာဝန်ကျနေသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ ရက်က မန္တလေး-စစ်ကိုင်း-ရွှေဘိုကားလမ်းမကြီးအတိုင်း စစ်ကိုင်းမြို့မှ ဘုန်းတောကျေးရွာသို့ ယာဉ်မောင်း အောင်ကျော်လွင်ဆိုသူ မောင်းနှင်လာသော MDY-RLG/1245 HONDA FIT အမျိုးအစား အနက်ရောင်မော်တော်ယာဥ်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးရာမှ ယာဉ်နှင့်ပတ်သက်သော ခိုင်လုံသည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဥ်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် တရားခံများကို ရွာသစ်ကြီးနယ်မြေရဲစခန်းက (ပ)၅၃/၂၀၂၄၊ ပို့/သွင်း-၈ အရ အမှုရေးဖွင့်၍ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

01 Dec, 04:53


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

Myanmar Hard Talk

01 Dec, 03:13


ဒီကနေ့ ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်နေ့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ❛သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့❜ ဖြစ်ပါတယ်။

အဆိုပါ သတ္တမအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့ထားပါတယ်။

အဲဒီသဝဏ်လွှာအပြည့်အစုံကို ဒီနေရာမှာ👉https://telegra.ph/Myanmar-Hard-Talk-12-01-9 ဖော်ပြထားပါတယ်။

Myanmar Hard Talk

01 Dec, 02:54


❝မကွေးမြို့က “ချိုချို”စိန်ရွှေရတနာဆိုင်ကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး လုယက်မှုကျူးလွန်ခဲ့တဲ့ တရားခံအမျိုးသားနှစ်ဦးကို ဖမ်းမိပြီလို့ သတင်းထုတ်ပြန်❞

 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏》

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နယ်၊ အောင်ရတနာရပ်ကွက်ရှိ “ချိုချို” စိန်ရွှေရတနာဆိုင်သို့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ဝင်ရောက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံအမျိုးသားနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ယင်းဖြစ်စဥ်မှာ နိုဝင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ဆိုင်အတွင်းသို့ သေနတ်ပစ်ဖောက်ဝင်ရောက်၍ မှန်ကောင်တာကို တူဖြင့် ထုခွဲကာ ဆွဲသီးပါရွှေဆွဲကြိုး ၂၀ ကုံး၊ ရွှေကလစ် ၁၅ ခု၊ ရွှေအလေးချိန် ၁၃ ကျပ်သားခန့်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၇၅၄ သိန်းခန့်အား လုယက်ယူဆောင် သွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အတွင်း သေနတ်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဦး(၅၉)နှစ်နှင့် ဆိုင်အပြင် လမ်းမပေါ်တွင် ရှိနေသည့် ဦးအောင်မျိုးမြင့်ပိုင်(၂၇)နှစ်တို့

Read More... https://telegra.ph/Myanmar-Hard-Talk-12-01-8

Myanmar Hard Talk

01 Dec, 02:31


❝မွေးမြူရေးအတွက် လိုအပ်သည့် အစာ၊ ရေနှင့် အခြားလိုအပ်ချက်များ ပြည့်ဝစွာရရှိစေဖို့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ပြော❞
 
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏》

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နိုဝင်ဘာ ၃၀ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရေရရှိရေးသည်အဓိကကျပြီး ဇုန်များအလိုက်ရှိ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုံလောက်သည့် ရေပမာဏပေးဝေနိုင်ရေး စနစ်တကျတွက်ချက် ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-01-7

Myanmar Hard Talk

01 Dec, 01:32


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ( ၁ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

30 Nov, 09:56


❝Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်❞

≋မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ယား-မြန်မာ ချစ်ကြည်ရေးအသင်းက ကိုရီးယားဝမ် ၃၆ သိန်း လှူဒါန်း≋


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟑𝟎》

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့ရှိ Hotel Inter-Burgo ၌ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် ပါဝင်တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာသံအမတ်ကြီး၏ ဂုဏ်ပြုမိန့်ခွန်းတွင် နိုင်ငံတကာအသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေရန်အတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် DGIEA အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး၏ အရေးပါမှုများအား အလေးပေးထည့်သွင်းပြောကြားခဲ့သည်ဟုဆိုသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-11-30-17

Myanmar Hard Talk

30 Nov, 07:23


❝ပြည်တွင်း တာယာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အမြတ်ကို အဓိကမထားဘဲ အရေအတွက်များများနဲ့ အရည်အသွေးပြည့်မီစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားရမည်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟑𝟎》

မြန်မာနိုင်ငံတွင် ဆိုင်ကယ်အစီးရေ ၅ သန်းခန့်ရှိပြီး ပြည်တွင်း တာယာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအမြတ်ကို အဓိကမထားဘဲ အရေအတွက်များများဖြင့် အရည်အသွေးပြည့်မီစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ (ရွာမ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့ထုတ်လုပ်သည့် ဆိုင်ကယ်တာယာများအပြင် အခြားပြည်တွင်းမှ ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်တာယာများ ဈေးကွက်ရရှိရေးကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေများ ကုန်ကျနေရသကဲ့သို့...

Read More... https://telegra.ph/Myanmar-Hard-Talk-11-30-16

Myanmar Hard Talk

23 Nov, 09:45


❝သာကေတ၌ဖြစ်ပွားသည့် စျေးဆိုင်ခန်းများ မီးလောင်မှုအတွင်း သုံးဦးဒဏ်ရာရ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟐𝟑》

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)မာန်ပြေ ရပ်ကွက်၊ ယမုံနာလမ်းတွင် ယနေ့(နိုဝင်ဘာ ၂၃ ရက်)နံနက် ၁၀ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုသည် ဂတ်စ်အရောင်းဆိုင်မှ ဂတ်စ်အိုးပေါက်ကွဲရာက မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရပြီး မီးလောင်မှုဖြစ်ပွားရာသို့ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သော်လည်း မီးများလာသဖြင့် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟုဆိုသည်။

ယင်းမီးလောင်မှုကြောင့် ဂတ်စ်အရောင်းဆိုင်နှင့် ဘီယာဆိုင်၊ ကော်ဇောဆိုင်တို့အပါအဝင် စုစုပေါင်းစျေးဆိုင်ခန်း လေးခန်းမီးလောင် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သိရပြီး ဒဏ်ရာရရှိသူ သုံးဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသည်ဟုသိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

23 Nov, 07:24


❝တူညီဝတ်စုံတွေနဲ့ ဂိုဏ်းဖွဲ့သောင်းကျန်းနေတဲ့ ထိုင်းရောက် မြန်မာလူငယ်အဖွဲ့ကို အမြန်ဆုံးဖမ်းဆီးဖို့ ထိုင်းဘုရင့်ရဲများ ကော်မရှင်နာ ရဲချုပ် အမိန့်ထုတ်❞

≋ယင်းမြန်မာလူငယ်များကို အကာအကွယ်ပေးထားသည့် တာဝန်ရှိသူများကိုပါ ပြင်းပြင်းထန်ထန် အရေးယူမည်ဟုဆို≋


𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟐𝟑》

အနက်ရောင်အင်္ကျီများကို တူညီဝတ်ဆင်ကာ ထိုင်းနိုင်ငံအတွင်း ဂိုဏ်းဖွဲ့သောင်းကျန်းနေသည့် မြန်မာနိုင်ငံသား လူငယ်အဖွဲ့ကို အမြန်ဆုံးဖမ်းဆီးရန် ထိုင်းဘုရင့်ရဲများ ကော်မရှင်နာ ရဲချုပ် Kittirat Panphet က နိုဝင်ဘာလ ၂၂ ရက်တွင် အမိန့်ထုတ်လိုက်သည်ဟု ထိုင်းသတင်းဖော်ပြမှုများအရ သိရသည်။

ထိုအဖွဲ့မှာ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားလူငယ်များဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု သိရပြီး ထိုင်းနိုင်ငံအတွင်း၌ ၎င်းတို့၏ လူရမ်းကားဆန်ဆန် သွားလာလှုပ်ရှားနေသည့် ဗွီဒီယိုဖိုင်များကို လူမှုကွန်ရက်တွင် တင်ထားကြသည်ဟုဆိုသည်။

အဆိုပါဗွီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီးနောက် ယင်းအပြုအမူများသည် ထိုင်းနိုင်ငံ၏ ဥပဒေများကို စိန်ခေါ်ရန်ဂိုဏ်းတစ်ခုအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း...

Read More... https://telegra.ph/Myanmar-Hard-Talk-11-23-9

Myanmar Hard Talk

23 Nov, 06:34


❝စက်သုံးဆီ ရောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို များစွာအထောက်အကူပြုဟုဆို❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟐𝟑》

ပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက်ရှိသဖြင့် အများပြည်သူခရီးသွားလာမှု အဆင်ပြေလွယ်ကူသည့်အပြင် ကုန်စည်စီးဆင်းမှုချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း များစွာအထောက်အကူပြုကြောင်း နိုင်ငံပိုင်သတင်းများက ဖော်ပြသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ စီမံဆောင်ရွက်မှု၊ လိုအပ်သည့်စက်သုံးဆီဖိုး နိုင်ငံခြားသုံးငွေများကို အချိန်မီလုံလောက်စွာ ဝယ်ယူပေးချေနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုတို့ကြောင့် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိသသည်ဟုလည်းဆိုသည်။

အလားတူ အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိနိုင်ပြီး နေ့စဉ်လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိခြင်းကြောင့် ယခုကဲ့သို့ ပြည်တွင်းစက်သုံးဆီ ရောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်းကာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို များစွာအထောက်အကူပြုခြင်းဖြစ်ကြောင်း ယင်းသတင်းဖော်ပြမှုများအရ သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

23 Nov, 05:45


❝၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၆၁၃ တွဲ ရောင်းချနိုင်ခဲ့❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟐𝟑》

၂၀၂၄ ခုနုစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို နိုဝင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ၍ ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၈၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၆၁၃ တွဲ ရောင်းချခဲ့ရသည်ဟု သိရသည်။

အလားတူ ပြပွဲ ဆဋ္ဌမနေ့တွင် ဆက်လက်ရောင်းချမည့် ကျောက်စိမ်းအတွဲ အမှတ် (၈၅၁) မှ (၁၇၀၀) ထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီးဈေးနှုန်း ပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။

အဆိုပါဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင်ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ကြေညာသွားမည် ဖြစ်သည်။

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ပေါင်း ၂၀၈ တွဲ၊ ကျောက်မျက် အတွဲပေါင်း ၆၂ တွဲ၊ ကျောက်စိမ်းအတွဲ ၆၁၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ကာ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်သည့်အပြင် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိပြီး ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူရသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲ ပေါင်း ၂၂၄၀ ကိုလည်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

23 Nov, 05:44


❝၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၆၁၃ တွဲ ရောင်းချနိုင်ခဲ့❞

👇👇👇👇

Myanmar Hard Talk

23 Nov, 03:34


❛တိုင်းရင်းဆေးဝါးတွေကို အရည်အသွေးမြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို အထောက်အပံ့ပေးနိုင်မှာ ဖြစ်တယ်❜ လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်က နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီးပြောတဲ့ မိန့်ခွန်းအပြည့်အစုံကို ဒီနေရာမှာ👉 https://telegra.ph/Myanmar-Hard-Talk-11-23-7 ဖတ်ရှုနိုင်ပါတယ်။

Myanmar Hard Talk

23 Nov, 01:18


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ( ၂၃ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

22 Nov, 14:31


MHTNewsရဲ့(22-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

ဆေးပညာဘွဲလက်မှတ်အတုထုတ်ပေးတဲ့(NUG)
ကုန်စျေးနူန်းတည်ငြိမ်အောင် ဘယ်လိုလုပ်ကြမလဲ၊
ယူကရိန်းရုရှားစစ်ပွဲအတွင်း အင်္ဂလန်နှင့်ဘယ်လာရု(စ်)ပါလာနိူင်သလား၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

22 Nov, 14:29


MHTNewsရဲ့(22-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

ဆေးပညာဘွဲလက်မှတ်အတုထုတ်ပေးတဲ့(NUG)
ကုန်စျေးနူန်းတည်ငြိမ်အောင် ဘယ်လိုလုပ်ကြမလဲ၊
ယူကရိန်းရုရှားစစ်ပွဲအတွင်း အင်္ဂလန်နှင့်ဘယ်လာရု(စ်)ပါလာနိူင်သလား၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

22 Nov, 13:12


❝မြိတ်မြို့၊ ဆိပ်ငယ်ဘောတံတားအနီးတွင် ဆီတင်သင်္ဘောမီးလောင်မှုဖြစ်ပွား❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟐𝟐》

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့၊ တလိုင်းစုရပ်ကွက် ၊ ဆိပ်ငယ်ဘောတံတားအနီးတွင် ဆီတင်သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းဖြစ်စဥ်သည် ယနေ့ နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ထွက်ခွာငြှိမ်းသတ်လျက်ရှိသည်ဟုဆိုသည်။

လက်ရှိတွင် ၇ နာရီခွဲအချိန်၌ မီးထိန်းနိုင်ခဲ့သည်ဟုသိရပြီး မီးလောင်ရသည့်အကြောင်းရင်းအပါအဝင် ဖြစ်စဥ်အသေးစိတ်ကို စစ်ဆေးပြီးမှသာ အတည်ပြုနိုင်မည်ဟု သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

22 Nov, 12:45


❝ရေး-ထားဝယ်သွားကားလမ်းပေါ်က ကိုးမိုင်တံတားကို အကြမ်းဖက်သမားတွေ မိုင်းခွဲဖျက်ဆီး❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙉𝙤𝙫~𝟐𝟐》

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအနီး ရေး-ထားဝယ်သွား ကားလမ်းပေါ်က ကိုးမိုင်တံတားကို ဒီကနေ့ မနက် ၆ နာရီခွဲခန့်မှာ အကြမ်းဖက်သမားတွေက မိုင်းခွဲဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

တံတားအမှတ် ၁/၁၀၈ ဖြစ်တဲ့ အဲဒီတံတားဟာ အလျား ၁၈၀ ပေ၊ အနံ ၃၄ ပေရှိတဲ့ သံကူကွန်ကရစ်တံတားဖြစ်ပြီး ရေး-ထားဝယ်သွားလမ်းရဲ့ မိုင်တိုင်အမှတ် ၁၀၇/ ၁ နှင့် ၁၀၇/၂ ကြားမှာ တည်ရှိတာပါ။

ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ပင်မတတားမှာ ပျက်စီးဆုံးရှုံးမှု မရှိခဲ့ပေမယ့် တံတားချဉ်းကပ်လမ်းကတော့ အများအပြား ပျက်စီးသွားတာကြောင့် မော်တော်ယာဉ်တွေသွားလာလို့ မရဘဲ ယာဉ်အစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

22 Nov, 00:55


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ( ၂၂ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

21 Nov, 14:35


MHTNewsရဲ့(21-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- (NLD)ပါတီ ပြန်ပေါ်လာနိူင်လား၊
- ပန်ဆယ်လိုအတွက်နောက်ဆုံးနေတွေ ရောက်နေပြီလား၊
- ထိုင်းနိူင်ငံကကွန်ဒိုဝယ်ယူသူတွေထဲမှာ မြန်မာကဒုတိယအများဆုံးဖြစ်နေ၊
- ရုရှားနှင့်အီးယူကြားပုံစံသစ်နှင့်စစ်ဖြစ်လာနိူင်သလား၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

21 Nov, 14:34


MHTNewsရဲ့(21-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- (NLD)ပါတီ ပြန်ပေါ်လာနိူင်လား၊
- ပန်ဆယ်လိုအတွက်နောက်ဆုံးနေတွေ ရောက်နေပြီလား၊
- ထိုင်းနိူင်ငံကကွန်ဒိုဝယ်ယူသူတွေထဲမှာ မြန်မာကဒုတိယအများဆုံးဖြစ်နေ၊
- ရုရှားနှင့်အီးယူကြားပုံစံသစ်နှင့်စစ်ဖြစ်လာနိူင်သလား၊
စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

21 Nov, 13:35


❝အင်ဂျင်နီယာဘာသာရပ်ကြီး(၄)ခုနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အထူးပြုဘာသာရပ်ကြီး (၂)ခုတို့ကို သင်ကြားပေးမည့် ပိုလီတက္ကနစ်တက္ကသိုလ်ကို ထားဝယ်မြို့တွင် ဖွင့်လှစ်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

Kg+12. အောင်မြင်လာသော ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာဘာသာရပ်ကြီး(၄)ခုနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အထူးပြုဘာသာရပ်ကြီး (၂)ခုတို့ကို သင်ကြားပေးသွားမည့် ပိုလီတက္ကနစ်တက္ကသိုလ်(ထားဝယ်) Polytechnic University(Dawei) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၁ ရက်၊ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၌ ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းတက္ကသိုလ်ကို နည်းပညာရပ်များအသုံးချ၍ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အကျိုးပြုနိုင်ပြီး ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော ပညာရှင်များမွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ဖြစ်ရန်မျော်မှန်းချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကာ အင်ဂျင်နီယာဘာသာရပ်ကြီး(၄)ခုဖြစ်သော မြို့ပြ အင်ဂျင်နီယာ သင်တန်း၊ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှု အင်ဂျင်နီယာ သင်တန်းတို့ကို...

Read More... https://telegra.ph/Myanmar-Hard-Talk-11-21-6

Myanmar Hard Talk

21 Nov, 11:27


❝စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မူးယစ်မှောင်ခိုဂိုဏ်းသား (၂၀) ကျော်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိ❞
 
𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ မူးယစ်မှောင်ခိုဂိုဏ်းသား (၂၀) ကျော်ကို ငွေကျပ် ၂၇ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင်မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံ... https://telegra.ph/Myanmar-Hard-Talk-11-21-5

Myanmar Hard Talk

21 Nov, 09:18


❝လက်ရှိဘဏ္ဍာရေးနှစ်မှာ ပြည်ပကို ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၈၅ သန်းကျော် ရရှိ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (21~Nov)

လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၈၅ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ဧပြီလကနေ အောက်တိုဘာလကုန်အထိ ၆ လတာကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် ၂၉၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၈၅ သန်းကျော် ရရှိခဲ့တာဖြစ်ပါတယ်။

ယမန်နှစ် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်က ဒေါ်လာ ၃၇၀ သမ်းကျော်သာရရှိခဲ့တာဖြစ်တာကြောင့် လက်ရှိ ဘဏ္ဍာနှစ်ရဲ့ တင်ပို့မှုမှာ ယမန်နှစ်ထက် ဒေါ်လာ ၁၀ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

အခုလိုတင်ပို့ရာမှာ မြန်မာ့ရေထွက်ကုန်တွေကို တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၄၀ ကျော်ကို နှစ်စဉ် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ တင်ပို့လျက်ရှိနေတာလည်း ဖြစ်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

21 Nov, 09:18


❝လက်ရှိဘဏ္ဍာရေးနှစ်မှာ ပြည်ပကို ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၈၅ သန်းကျော် ရရှိ❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (21~Nov)

👇👇👇👇

Myanmar Hard Talk

21 Nov, 09:01


❝မြန်မာ- ဗီယက်နမ် ကုန်စည်ပြပွဲကို ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖြင့် ရန်ကုန်မြို့မှာ (၃) ရက်ကြာ ပြုလုပ်မည်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

မြန်မာ- ဗီယက်နမ် ကုန်စည်ပြပွဲကို Yangon Conventin Center (YCC) ၌ နို၀င်ဘာလ (၂၆) ရက်မှ (၂၈) ရက်အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်၍ နှစ်နိုင်ငံထုတ်ကုန်များ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော်တို့က မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ အိမ်သုံး လုပ်ငန်းသုံး မီးမြှင့်စက်၊ ဘက်ထရီများ၊ ဗီယက်နမ်မှ စားသောက်ကုန်များ၊ ကော်ဖီများ အစရှိသည့် စားသောက်ကုန်များအပြင် ဖိနပ်မှစ၍ လူသုံးကုန်အမျိုးမျိုးပါဝင်ပြသသွားမည်ဖြစ်သည်။

အလားတူ မြန်မာ့စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့်အိမ်သုံးပစ္စည်းများအပြင် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ ကျောက်မျက်ရတနာအရောင်းဆိုင်များသာမက Service လုပ်ငန်းများဖြစ်သည့် သင်တန်းကျောင်းများ၊ Cloud Computing နှင့် ပတ်သက်သည့် Software ကုမ္ပဏီများလည်း ပါ၀င်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

21 Nov, 09:01


❝မြန်မာ- ဗီယက်နမ် ကုန်စည်ပြပွဲကို ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖြင့် ရန်ကုန်မြို့မှာ (၃) ရက်ကြာ ပြုလုပ်မည်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

👇👇👇👇

Myanmar Hard Talk

21 Nov, 07:33


❝ထိုင်းနိုင်ငံအတွင်း ယာဥ်တိမ်းမှောက်သေဆုံးသွားသည့် မြန်မာနိုင်ငံသားများ၏ အမည်စာရင်းနှင့် နေရပ်များထွက်ပေါ်လာ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ခိုးဝင်လာရင် ကားမှောက်ပြီး သေဆုံးသွားခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမည်စာရင်းနဲ့ နေရပ်လိပ်စာတွေကို ထိုင်းရောက်မြန်မာနိုင်ငံသားတွေက အသိပေးဖော်ပြထားပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေသိရှိစေဖို့အတွက် ရည်ရွယ်ဖော်ပြထားတဲ့ အဲဒီစာရင်းတွေအရ သေဆုံးသူတွေဟာ မဇာဇာခင်ဦး (အဖ) ဦးခင်မောင်ထွေး၊ ဒုံးချောင်းကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ မမြင့်မြင့်ခိုင် (အဖ) ဦးတင်ထွန်း၊ ဒုံးချောင်းကျေးရွာ၊
စေတုတ္ထရာမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မနှင်းကိုကို (အဖ) ဦးသန်းလွင်၊ ကျို့ပင်သာကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မောင်လင်းဇော်အောင် (အဖ) ဦးဇော်နိုင် ကျောင်းတွင်းရပ်၊ ငဖဲမြို့၊ မကွေးတိုင်းဒေသကြီး၊ မအေးသက်မွန် (အဖ) ဦးမြင့်ရွှေ၊ ဇီးဖြူခင်ရွာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မအေးမြတ်မွန် (အဖ) ဦးမြင့်ရွှေ ဇီးဖြူခင်ရွာ၊ ဖြူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ဟာ နိုဝင်ဘာ၂၀ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ နွံကော့ပထုံခရိုင်၊ ဘန်လင်မြို့နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ၇ ဦးရှိခဲ့ပေမယ်မယ့် ယခုဖော်ပြမှုမှာတော့ (၆) ဦးရဲ့အမည်စာရင်းနဲ့ နေရပ်လိပ်စာတွေကိုသာ ဖော်ပြထားတာတွေ့ရသလို ရုပ်အလောင်းတွေထုတ်ယူဖို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ အမြန်ဆုံးဆက်သွယ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

21 Nov, 07:33


❝ထိုင်းနိုင်ငံအတွင်း ယာဥ်တိမ်းမှောက်သေဆုံးသွားသည့် မြန်မာနိုင်ငံသားများ၏ အမည်စာရင်းနှင့် နေရပ်များထွက်ပေါ်လာ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟐𝟏》

သတင်းအပြည့်အစုံ
👇👇👇👇👇👇👇

Myanmar Hard Talk

17 Nov, 09:02


လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀)ကျော်လောက်ကအဆောက်အဦးတွေကိုလက်ရှိအချိန်အထိမပျက်မစီးထိမ်းသိမ်းထားတဲ့ "အမ်စတာဒမ်”မြို့ကိုလည်ပတ်ခြင်း။
#mhtnews

Myanmar Hard Talk

17 Nov, 01:25


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ( ၁၇ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

16 Nov, 11:26


❝YBS 18 ယာဉ်လိုင်းကို စီးတီးဘတ်စ်ယာဉ်ကြီးဖြင့် နိုဝင်ဘာ တတိယအပတ်တွင် စတင်ပြေးဆွဲမည်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟏𝟔》

မင်္ဂလာဒုံမြို့နယ် လှော်ကားလမ်းခွဲ(ဂိတ်ရင်း)-ယဉ်ကျေးမှုတက္ကသိုလ်(ဂိတ်ဖျား) ပြေးဆွဲနေသည့် YBS 18 ခရီးသည်တင်ယာဉ်လိုင်းကို စီးတီးဘတ်စ်ယာဉ်ကြီးများ အသုံးပြု၍ နိုဝင်ဘာ ၂၇ ရက်မှ စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

အဆိုပါယာဉ်လိုင်းသည် ယခင်က မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲခဲ့သော်လည်း နောက်ပိုင်းတွင် ယာဉ်လိုင်းနံပါတ်သာရှိပြီး ယာဉ်ပြေးဆွဲမှုမရှိတော့သဖြင့် ၎င်းယာဉ်လိုင်းကို အသုံးပြုနေသော ခရီးသည်များ၏ အခက်အခဲပြေလည်စေရန်အတွက် ယာဉ်လိုင်းကုမ္ပဏီများနှင့် YRTC မှ တာဝန်ရှိသူများက ညှိနှိုင်းကြပြီး ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ စီးတီးဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စီးတီးဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲပေးမည့် ခရီးစဉ်လမ်းကြောင်းမှာ မင်္ဂလာဒုံမြို့(ဂိတ်ရင်း) လှော်ကားလမ်းခွဲ - ထောက်ကြံ့လမ်းဆုံ - ဝါယာလက် - မင်္ဂလာဒုံစျေး- ခရေပင်လမ်းခွဲ- အမှတ်(၃)လမ်းဆုံ - အောင်မင်္ဂလာ (အဝေးပြေး)- (၆)ကွေ့ -သုဓမ္မာလမ်း - မြေက်ဥက္ကလာပအဝိုင်း-ဘေလီ - စံပြဈေး - တောင်မြောက်လမ်းဆုံ- ယဉ်ကျေးမှုတက္ကသိုလ်- (ဂိတ်ဖျား)တို့ဖြစ်ကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

16 Nov, 11:25


❝YBS 18 ယာဉ်လိုင်းကို စီးတီးဘတ်စ်ယာဉ်ကြီးဖြင့် နိုဝင်ဘာ တတိယအပတ်တွင် စတင်ပြေးဆွဲမည်❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟏𝟔》

သတင်းအပြည့်အစုံ
👇👇👇👇👇👇👇

Myanmar Hard Talk

16 Nov, 04:05


❝မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟏𝟔》

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၄ ခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်၊ ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှား....

Read More... https://telegra.ph/Myanmar-Hard-Talk-11-16-7

Myanmar Hard Talk

16 Nov, 03:13


❝ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟏𝟔》

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၅ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ဒေါက်တာညွန့်ဖေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး

Read More... https://telegra.ph/Myanmar-Hard-Talk-11-16-5

Myanmar Hard Talk

12 Nov, 01:51


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ( ၁၂ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

11 Nov, 14:42


ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်၊ ညနေပိုင်းမှာပြုလုပ်တဲ့ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

11 Nov, 13:23


MHTNewsရဲ့(11-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

⁃ (နစက)ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့စကားများကိုသုံးသပ်ခြင်း၊
တရားမဝင်နယ်စပ်ဂိတ်တွေကိုတရုတ်ကဘာကြောင့်ပိတ်တာလဲ၊
ကိုရီးယာက(NUG)အုပ်စုတွေရဲ့တံဆိပ်တုံးအတုကို ကမ္ဘာကလက်ခံပါ့မလား၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

11 Nov, 13:22


MHTNewsရဲ့(11-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

⁃ (နစက)ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့စကားများကိုသုံးသပ်ခြင်း၊
တရားမဝင်နယ်စပ်ဂိတ်တွေကိုတရုတ်ကဘာကြောင့်ပိတ်တာလဲ၊
ကိုရီးယာက(NUG)အုပ်စုတွေရဲ့တံဆိပ်တုံးအတုကို ကမ္ဘာကလက်ခံပါ့မလား၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

11 Nov, 10:47


မြန်မာနိူင်ငံကထုတ်ပေးထားတဲ့ နိူင်ငံကူးလက်မှတ်ကို ကိုရီးယားနိူင်ငံအပါအဝင် မည်သည့်နိူင်ငံတွင်မဆို တရားမဝင်သက်တမ်းတိုးခြင်းဟာ နိူင်ငံကူးလက်မှတ်ကို ဖျက်ဆီးခြင်းဖြစ်လို့ မည်သည့်လေဆိပ်ကမှလက်ခံတော့မည်မဟုတ်သလို နိူင်ငံမဲ့ဘဝရောက်သွားနိူင်၊

ကိုရီးယားမှာ မြန်မာနိူင်ငံကထုတ်ပေးထားတဲ့နိူင်ငံကူးလက်မှတ်တရားဝင်ရှိမှသာ ကုလသမဂ္ဂဒုက္ခသယ်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ကလည်း ဒုက္ခသယ်အဖြစ်အသိအမှတ်ပြုပြီး ယာယီခိုလှုံခွင့်ပေးမည်ဖြစ်သောကြောင့် (NUG)အုပ်စုတွေထံမှာ နိူင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းဟာ မိမိတို့ရဲ့ပတ်(စ်)ပို့၊ နိူင်ငံကူးလက်မှတ်ကို တရားမဝင်ဖြစ်အောင်လုပ်လိုက်တာဖြစ်ပြီး မည်သူကမျှ မြန်မာနိူင်ငံသားအဖြစ်အသိအမှတ်မပြုတော့ဘဲ နိူင်ငံမဲ့ဘဝရောက်သွားနိူင်တယ်လို့ ကိုရီးယားရောက်အမည်မဖေါ်လိုသူ မြန်မာနိူင်ငံသားတစ်ယောက်က ပြောပြထားပါတယ် ၊ အပြည့်အစုံကိုဆက်လက်နားဆင်နိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

11 Nov, 10:36


❝အလုပ်သမားများ၏ မိသားစု လွှဲပို့ငွေစာရင်းကို သတ်မှတ်ရက်အတွင်း တင်ပြရန် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၉၀ ကျော်ကို အလုပ်သမားဝန်ကြီးဌာန သတိပေး❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟏𝟏》

ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် ပြည်ပရောက် အလုပ်သမားများ၏ မိသားစုထဲ လွှဲပို့ငွေစာရင်းအထောက်အထားများကို သတ်မှတ်ရက်အတွင်း တင်ပြရန် အလုပ်သမားဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွက် မိသားစုထံလွှဲပို့ငွေအထောက်အထား မတင်ပြသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီမှာ (၂၉၂) ခုအထိရှိနေသလို စေလွှတ်ခဲ့သည့် လုပ်သားဦးရေမှာ (၅,၆၀၀) နီးပါးရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအေဂျင်စီများအနေဖြင့် နိုဝင်ဘာ (၁၁) ရက် နောက်ဆုံးထားကာ လွှဲပို့ငွေအထောက်အထားပေးပို့ရန်လိုအပ်ပြီး မပေးပို့သည့် အေဂျင်စီများကို ဒဏ်ကြေးအပြင် အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့အရေးယူမည်ဟုလည်း အလုပ်သမားဝန်ကြီးဌာနက ဆိုထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

11 Nov, 10:20


❝စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ထပ်တက်❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙉𝙤𝙫~𝟏𝟏》

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ယနေ့ ‌နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၆၃၅ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဈေးနှုန်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကရည်ညွှန်းဈေးနှုန်းမှာ ၆၃၂၀ ကျပ်မှ ၆၅၉၅ ဖြစ်ခဲ့သဖြင့် ၂၇၅ ကျပ်အထိ ပြန်တက်လာခဲ့သည့်အပြင် ယခုတစ်ပတ်တွင်လည်း ၄၀ ကျပ် ထပ်တက်လာခဲ့သည်ကို တွေ့ရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

11 Nov, 10:01


❝ဖားကန့်မှာ မြေစာပုံပြိုကျလို့ ရေမဆေးသမား ၄၀ ခန့် ပျောက်ဆုံးနေ❞

🄼🄷🅃🅽🅴🆆🆂 《𝙉𝙊𝙑~𝟏𝟏》

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်၊ မနက်အစောပိုင်းက မြေစာပုံပြိုကျတာကြောင့် ရေမဆေးသမား ၄၀ ခန့်ပါဝင်သွားခဲ့ပြီး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးက တင်အောင်ကြိုင်လုပ်ကွက်ဟောင်းအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ရေမဆေးကျောက်ရှာဖွေနေသူ ၄၀ ခန့်အပြင် မြေစာပစ်ကားနှစ်စီးလည်း မြေစာပုံပြိုကျတဲ့အထဲ ပါဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါ မြေစာပုံပြိုကျတဲ့အထဲပါသွားတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ဖားကန့်မြို့အတွင်းမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ပရဟိတအသင်းတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

11 Nov, 07:23


❝နိုင်ငံကူးလက်မှတ်များကို တံဆိပ်တုံးအတုဖြင့် သက်တမ်းတိုးနေသူများအား အရေးယူနိုင်ရေး ညှိနှိုင်းနေဟုဆို❞

🄼🄷🅃🅽🅴🆆🆂 《𝙉𝙊𝙑~𝟏𝟏》

တရားမဝင် တံဆိပ်တုံး အတုအပပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးနေသူများအား အိမ်ရှင်နိုင်ငံ၏ တရားဥပဒေအရ ထိရောက်စွာ အရေးယူဟန့်တားနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့်အပြင် နယ်မြေခံအဆင့် အဖွဲ့အစည်းများနှင့်ပါ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက နိုဝင်ဘာ ၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ကိုးရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်မိခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံတို့မှ ဥပဒေအရ အရေးယူခံရနိုင် ကြောင်းနှင့် စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်အား ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-11-11-7

Myanmar Hard Talk

11 Nov, 01:43


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ( ၁၁ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

10 Nov, 15:14


(နစက) ဥက္ကဌရဲ့တရုတ်ပြည်ခရီးစဉ်မှာမြန်မာနိူင်ငံနှင့်မြန်မာနိူင်ငံသားတို့အတွက်အကျိုးရှိတဲ့ဆွေးနွေးမှု့တွေလုပ်ဆောင်နိူင်ခဲ့တာကြောင့်အောင်မြင်တဲ့ခရီးစဉ်ဖြစ်တယ်လို့ ခရီးစဉ်မှာအတူလိုက်ပါသွားတဲ့(နစက) ပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကသတင်းဌာနတွေနှင့်တွေ့ဆုံရာမှာပြောကြားခဲ့ပါတယ်။
#mhtnews

Myanmar Hard Talk

10 Nov, 11:35


ဒီတပတ်အတွက် "MHT NEWS” ရဲ့တစ်ပတ်အတွင်းထူးခြားသတင်းသုံးသပ်ချက်အစီအစဉ်မှာတော့
- (နစက)ဥက္ကဌ ရဲ့ပြည်တော်ပြန်ခရီးသောင်းသောင်းဖြဖြကြိုဆိုကြတဲ့အကြောင်း၊
- ပုဂံက(Cheri Land)ဟော်တယ် မှာဖြစ်သွားတဲ့ အုပ်စုဖွဲ့အနိူင် ကျင့်မှု့၊
- စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
- #mhtnews

Myanmar Hard Talk

08 Nov, 13:34


MHTNewsရဲ့(08-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- နိူင်ငံတော်ဝန်ကြီးချုပ်နှင့်ထိုင်းဝန်ကြီးချုပ်ဘာတွေဆွေးနွေးကြသလဲ၊
- မဲခေါင်ဒေသ(၅)နိူင်ငံကစီးပွါးရေးသမားတွေကိုတရုတ်က(၅)နှစ်ဗီဇာထုတ်ပေးမည်၊
- ဒေါ်နယ်ထရန့်လက်ထက်မြန်မာအတိုက်အခံတွေကိုထောက်ပံ့မှု့မသေချာနိူင်၊
- တပ်မတော်မှ(TNLA)အုပ်စုကိုမြေပြင်ထိုးစစ်စတင်ပြီ၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

08 Nov, 13:32


MHTNewsရဲ့(08-11-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

- နိူင်ငံတော်ဝန်ကြီးချုပ်နှင့်ထိုင်းဝန်ကြီးချုပ်ဘာတွေဆွေးနွေးကြသလဲ၊
- မဲခေါင်ဒေသ(၅)နိူင်ငံကစီးပွါးရေးသမားတွေကိုတရုတ်က(၅)နှစ်ဗီဇာထုတ်ပေးမည်၊
- ဒေါ်နယ်ထရန့်လက်ထက်မြန်မာအတိုက်အခံတွေကိုထောက်ပံ့မှု့မသေချာနိူင်၊
- တပ်မတော်မှ(TNLA)အုပ်စုကိုမြေပြင်ထိုးစစ်စတင်ပြီ၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

08 Nov, 10:41


❝ဂျပန်၊ ကိုရီးယားနှင့် တရုတ်၏ မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) ခွင့်ပြု❞


မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် လာရောက်မည့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များ အတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) ကို ၂၁-၁၀-၂၀၂၄ ရက်နေ့မှ စတင်၍ စမ်းသပ်ကာလ (၁)နှစ် ခွင့်ပြုလျက်ရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေး ထုတ်ပြန်ထားသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

08 Nov, 09:58


တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကော်မတီရဲ့ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ အစည်းအဝေးပြုလုပ်

𝙈𝙃𝙏𝙉𝙀𝙒𝙎 (8~NOV)

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကော်မတီအောက်ရှိ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ရဲ့ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းတွကရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel မှာ ပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးကို တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကော်မတီ သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ဝင်တွေ၊ တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wang Xing Xing နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-11-08-15

Myanmar Hard Talk

08 Nov, 07:18


❝ဒူဘိုင်းမြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးကို အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်❞

 🄼🄷🅃🅽🅴🆆🆂 《𝙉𝙊𝙑~𝟖》

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မမေသင်္ကြန်အောင်အား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အလုပ်ရှင်၊ အေးဂျင့်များ၊ အလုပ်အကိုင်ရှာဖွေရေးစင်တာများနှင့် ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

ထိုသို့ပြန်လည်ခေါ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံသူ မမေသင်္ကြန်အောင်သည် နိုဝင်ဘာ ၆ ရက်တွင် ဒူဘိုင်း - ချန်ဒူး - ဘန်ကောက်- ရန်ကုန် ခရီးစဉ်ဖြင့် နိုဝင်ဘာ ၇ ရက်၊ ည ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးသည် သက်ဆိုင်ရာနိုင်ငံ သံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

08 Nov, 07:17


❝ဒူဘိုင်းမြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးကို အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်❞

 🄼🄷🅃🅽🅴🆆🆂 《𝙉𝙊𝙑~𝟖》

သတင်းအပြည့်အစုံ

👇👇👇👇👇👇👇

Myanmar Hard Talk

08 Nov, 07:04


❝ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာ၌ ငွေကြေးဆိုင်ရာ မသမာမှုများ မရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်ကြပ်မတ်ရန်လိုအပ်သည်ဟု ကာကွယ်ရေးဝန်ကြီးပြော❞

≋အတင်းအဓမ္မဆင့်ခေါ်ခြင်းမျိုး မဖြစ်စေရေး သတ်မှတ်ညွှန်ကြားချက်များ၊ စံပြု လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ဟုဆို≋


 🄼🄷🅃🅽🅴🆆🆂 《𝙉𝙊𝙑~𝟖》

ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် လူမှုဆက်ဆံမှုကောင်းမွန်ရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများ မရှိစေရေးနှင့် သတ်မှတ်ချက်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်ကြပ်မတ်ရန်လိုကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။

နိုဝင်ဘာ ၇ ရက်၊ မွန်းလွဲပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) အတွင်း...

Read More... https://telegra.ph/Myanmar-Hard-Talk-11-08-14

Myanmar Hard Talk

08 Nov, 06:04


❝ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တရုတ်နိုင်ငံ၌ တွေဆုံ❞

 🄼🄷🅃🅽🅴🆆🆂 《𝙉𝙊𝙑~𝟖》

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တို့သည် နိုဝင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် ကူမင်မြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍ မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ၏အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသလို နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု

Read More... https://telegra.ph/Myanmar-Hard-Talk-11-08-13

Myanmar Hard Talk

08 Nov, 05:31


❝မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် မီးပုံးပျံများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်❞

≋ဇာတ်မင်းသား ဖိုးချစ်တို့အဖွဲ့နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်ဝန်ထမ်းများကလည်း ၃ ညတိတိ ကပြဖျော်ဖြေမည်ဟုဆို≋


🄼🄷🅃🅽🅴🆆🆂 《𝙉𝙊𝙑~𝟖》

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ယခင်နှစ်ကဲ့သို့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် မီးပုံးပျံများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကာလအတွင်း၌ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်မှု၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်မှု၊ LED မီးများဖြင့် အလှဆင်ပူဇော်မှုများ စီစဉ်ကျင်းပမည့်အပြင် ဇာတ်သဘင်ပွဲထည့်သွင်းပြီး ကပြဖျော်ဖြေ တင်ဆက်သွားမည်ဟုဆိုသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-11-08-12

Myanmar Hard Talk

08 Nov, 02:31


❝နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်❞

🄼🄷🅃🅽🅴🆆🆂 《𝙉𝙊𝙑~𝟖》

(၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး (10th Ayeyawady- Chao Phraya-Mekong Economic Cooperation Strategy (ACMECS)) ကို နိုဝင်ဘာ ၇ ရက်၊ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီယားနိုင်ငံ၀န်ကြီးချုပ် H.E. Mr. Hun Manet၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ၊

Read More... https://telegra.ph/Myanmar-Hard-Talk-11-08-11

Myanmar Hard Talk

31 Oct, 03:18


❝အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးခြင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းတွေပါ တိုးမြှင့်ပေးအပ်ဖို့ နစက ဒုဥက္ကဋ္ဌ တိုက်တွန်းပြောကြား❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙊𝙘𝙩~𝟑𝟏》

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ပြီးသွားသည့်အခါတွင် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးခြင်းအပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြှင့်ပေးအပ်ခြင်းပါ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် အားပေးသွားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးအတွင်း ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း

Read More... https://telegra.ph/Myanmar-Hard-Talk-10-31-9

Myanmar Hard Talk

31 Oct, 02:40


❝ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙊𝙘𝙩~𝟑𝟏》

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး H. E. Mr. Heuangseng KHAMDALAVONG အား အောက်တိုဘာ ၃၀ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ခိုင်မာသော မိတ်ဆွေနိုင်ငံများအဖြစ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သမိုင်းတစ်လျှောက် နှစ်နိုင်ငံအကြား အပြန်အလှန်ကူညီဆောင်ရွက်ပေးမှုအခြေအနေများ၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်သည့် အခြေအနေများ၊

Read More... https://telegra.ph/Myanmar-Hard-Talk-10-31-8

Myanmar Hard Talk

31 Oct, 02:29


❝Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုစစ်ဆေး❞

 𝙈𝙃𝙏 𝙉𝙀𝙒𝙎 《𝙊𝙘𝙩~𝟑𝟏》

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၃၀ ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ယခု Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

Read More... https://telegra.ph/Myanmar-Hard-Talk-10-31-7

Myanmar Hard Talk

31 Oct, 01:40


❝စက်သုံးဆီ တင်သွင်းသိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ( ၃၁ ) ရက်နေ့မှာ ထုတ်ပြန်တဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များအတွက် စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများဖြစ်ပါတယ်။❞

#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

30 Oct, 13:38


MHTNewsရဲ့(30-10-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

မြန်မာ့တပ်မတော်လေကြောင်းချီတပ်ဖွဲရဲ့"အမ်းလေဆိပ်ပြန်လည်သိပ်းပိုက်ရေးစစ်ဆင်ရေး၊
တောင်ကြီးမြိုမှာအမှိက်တွေစည်းကမ်းမဲ့ပစ်ရတဲ့အကြောင်း၊
ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေကိုဖမ်းရတဲ့အကြောင်း၊
မြန်မာပရိပဋိပက္ခကို အနိူင်အရှုးနည်းနဲ့မဖြေရှင်းကြဖိုကုလအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိူင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တိုက်တွန်း၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

30 Oct, 13:37


MHTNewsရဲ့(30-10-2024) ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့

မြန်မာ့တပ်မတော်လေကြောင်းချီတပ်ဖွဲ့ရဲ့"အမ်းလေဆိပ်ပြန်လည်သိပ်းပိုက်ရေးစစ်ဆင်ရေး၊
တောင်ကြီးမြို့မှာအမှိုက်တွေစည်းကမ်းမဲ့ပစ်ရတဲ့အကြောင်း၊
ပရဟိတမင်းခေါင် လူမှု့ကူညီရေးအသင်းတာဝန်ရှိသူတွေကိုဖမ်းရတဲ့အကြောင်း၊
မြန်မာပရိပဋိပက္ခကို အနိူင်အရှုံးနည်းနဲ့မဖြေရှင်းကြဖို့ကုလအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိူင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တိုက်တွန်း၊

စတဲ့အကြောင်းအရာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။
K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။
#mhtnews

Myanmar Hard Talk

30 Oct, 12:30


❝ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးကင်းစ ရက်သားအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးမှုဖြစ်ပေါ်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (30~Oct)

ရန်ကုန်မြို့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ မွေးကင်းစ ရက်သားအရွယ် ကလေးငယ်တစ်ဦးဟာ ဒီကနေ့ အောက်တိုဘာ ၃၀ ရက်၊ မနက် ၄ နာရီခန့်က ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကိုးရက်အရွယ်သာ ရှိသေးတဲ့ အဲဒီမွေးကင်းစ မိန်းကလေးငယ်ရဲ့ မိဘတွေဟာ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်သူတွေဖြစ်ကြပြီး ကလေးမှာ ကျန်းမာရေးမကောင်းတာကြောင့် ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ကုသမှုခံယူရင်း လူနာစောင့်နဲ့အတူထားခဲ့စဥ်မှာ ယခုလို ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။

အဆိုပါကလေးငယ်ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ CCTV မှတ်တမ်းနဲ့ လူနာစောင့်ကို စစ်မေးထားတဲ့ မှတ်တမ်းတွေအရ နှာခေါင်းစီးတပ်ဆင်ထားပြီး ဘာသာရေးခေါင်းပေါင်း ဆောင်းထားတဲ့အမျိုးသမီးတစ်ဦးက ခိုးယူသွားကြောင်း တွေ့ရှိရတာကြောင့် စုံစမ်းရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အဲဒီကလေးငယ်ကို ပြန်လည်တွေ့ရှိကြောင်း အွန်လိုင်းပေါ်မှာ ဝါဒဖြန့် ရေးသားမှုတွေနဲ့အတူ ငွေကြေးတောင်းခံကြတာတွေရှိနေကြောင်း ကလေးငယ်ရဲ့မိသားစုဝင်တွေက ပြောဆိုထားပြီး တကယ်တမ်းမှာတော့ အခုအချိန်ထိ အဲဒီကလေးငယ်ကို မတွေ့ရသေးလို့လည်း သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎

Myanmar Hard Talk

30 Oct, 12:30


❝ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ မွေးကင်းစ ရက်သားအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးမှုဖြစ်ပေါ်❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (30~Oct)

သတင်းအပြည့်အစုံ

👇👇👇👇👇👇👇

Myanmar Hard Talk

30 Oct, 10:57


❝နောင်ချိုက TNLA/PDF အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က ထပ်မံဗုံးကြဲဟုဆို❞

𝙈𝙃𝙏𝙉𝙀𝙒𝙎 (30~Oct)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းက TNLA/PDF အကြမ်းဖက်စခန်းတစ်ခုဟာ ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာ တပ်မတော်(လေ)ရဲ့ ထပ်မံဗုံးကြဲခြင်းကို ခံလိုက်ရတယ်လို့ အဲဒီ MDY-PDF အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ပါတယ်။

ယခုလို ဗုံးကြဲတိုက်ခိုက်လိုက်တဲ့နေရာဟာ MDY-PDF အဖွဲ့က ဖမ်းဆီးထားသူတွေကို ချုပ်နှောင်ထားရာ အချုပ်ခန်းတည်ရှိတဲ့နေရာဖြစ်သလို ဒီကနေ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အချုပ်ခန်းအတွင်းမှာ ချုပ်နှောင်ထားတဲ့ ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် ဒါဟာ ဝါဒဖြန့်မှုသက်သက်သာဖြစ်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က အဆိုပါ နောင်ချိုမြို့နယ်အတွင်းမှ TNLA/PDF အကြမ်းဖက်စခန်းတစ်ခုကို မြန်မာ့တပ်မတော်(လေ) က ရှင်းလင်းရာမှာလည်း စစ်သုံ့ပန်းတွေ ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကို ထိမှန်ခဲ့တယ်ဆိုပြီး ၎င်းအကြမ်းဖက်အုပ်စုတွေက ဝါဒဖြန့်ခဲ့ကြသေးတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေကဆိုပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-10-30-11