နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်း က အကြမ်းဖက်မှုများကိုမလိုလားသောနတ်မောက်မြို့ ဒေသခံ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ အကြမ်းဖက်PDF အဖွဲ့ဝင်အချို့လက်နက်/ခဲယမ်းများ သယ်ဆောင်လာမည်ဖြစ်ကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့စစ်ဆေးခြင်းများဆောင်ရွက်ခဲ့။
ရရှိသည့်သတင်းအတိုင်း မိတ္ထီလာ-နတ်မောက်သွား ကားလမ်းအတိုင်း အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကိုစစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်အား စွန့်ပစ်ထွက်ပြေးသွားခဲ့။ တရားခံအားဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် -
(၁) AK-47 ကျည် ၃၂၀၀ တောင့်
(၂) ယမ်းပျော့ ၃၂ ဗူး
(၃) ဒီတိုနေတာ ၁၀၀ခု
(၄) ဆိုင်ကယ် ၁ စီး တို့အား သိမ်းဆည်းရမိခဲ့ပါသည်။(ပုံများအားထပ်မံဖော်ပြပါမည်)
တိုက်ပွဲသတင်းစုံ