မြန်မာ့ခရီးသည် @mgmaung969 Channel on Telegram

မြန်မာ့ခရီးသည်

@mgmaung969


သတင်းမှန်များ အတွေးမှန်များ မျှဝေခြင်း

မြန်မာ့ခရီးသည် (Burmese)

မြန်မာ့ခရီးသည် ဆိုတာကို သင်ထောက်ပံ့ပါ။ ဤခရီးသည်သည်သင်အရေးယူရန် ရှေ့နေကြတယ်။ ဒီဇဝင်ထဲသည် သတင်း မှာနေရန်နောက်ထပ်တွင် အတွေးအမြေရှိနေတဲ့ သတင်းမှန်များ မျှဝေခြင်း စတဲ့ နည်းလမ်းဖြစ်ပြီး ဤခရီးသည်သည်သင်မြန်မာနိုင်ငံမြှင့်ရင်းနှစ်သက်ပါတယ်။ မြန်မာ့ခရီးသည် ခရီးသည်မိတ်ဆက်ပေါ်က လုံခြုပ်တဲ့ သတင်းမှန်များ အတွေးအမြေတွေ ဖြေလျှင်၊ လေးစားကြည်သွားတွေ မိဘမဲ့ အမြင့်သားရေးပိတ်ပြင်ခြင်း နည်းလမ်း ဖြစ်ပြီး နိုင်ငံကြောင့် တားမိခြိမ်းမှု အတွက် အထူးခရီးသည်စာအုပ်အများ တင်ဆက်ပေးခဲ့သည်။ အလှဘုရှိသင့် နည်းလမ်း ဝတ်သုံးသည်နှစ်သက်ရာ ကြီးအတွင်းမှ လေးမြေ ဆီခြင်းဖြင့် တဖော်ပြေခဲ့သည်။ မြန်မာ့ခရီးသည် ဆောင်ရွက် လေးများနှစ်သက်မှ မှန်ကန်ဘုရားဥပဒေ တအား ပညာပညာအုံ့ဆောင်ရွက် ဂုဏ်ဇဵုဆောင်ရွက်ပါတယ်။

မြန်မာ့ခရီးသည်

12 Jan, 23:57


"ပြာသိုလ်လပြည့်နေ့"(အမေများနေ့)

" ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ
အရဟာ အဂ္ဂသာဝကာ။

မာတာပိတု ဂုရုသတ္တာ
ဓမ္မဒေသကာ စဒါယကာ။

ဣမေဒဿ မဟာဂုဏေ
အဟံဝန္ဒာမိ သဗ္ဗဒါ။
.........................

"မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ "

🙏🙏🙏

NYM

မြန်မာ့ခရီးသည်

12 Jan, 16:48


#BreakingNews
ULA/AA အကြမ်းဖက်အဖွဲ့ရဲ့ ဗဟိုနိုင်ငံရေးခေါင်းဆောင်လည်းဖြစ်၊ ထွန်းမြတ်နိုင်ရဲ့ အကြံပေးလည်းဖြစ်တဲ့ ဦးဦးလှစော(ယခင် မြောက်ဦးလွှတ်တော်ကိုယ်စားလှယ်၊ လက်ရှိတောခိုသူပုန်) ယမန်နေ့က ကျောက်တော် ထွေအုပ်ရုံးဗုံးကြဲခံရမှုတွင် သေဆုံးသွားကြောင်း သတင်းကောင်းကြားသိရပါတယ်။ ဒီကောင်နဲ့ ဖေသန်း(အမတ်ဟောင်းတောခိုသူပုန်)ရဲ့မြောက်ပေးမှုကြောင့် ထွန်းမြတ်နိုင်ဘုရင်ရူးရူးပြီး လျှောက်လုပ်နေလို့ ရခိုင်ပြည်သူတွေ ခုလို စစ်ဘေးဒဏ်ကျရောက်ခဲ့ရတာ၊ မြောက်ဦးဟော်တယ်မှာ ကြဲတုန်းက လွတ်သွားတဲ့ကောင် ခုဘယ့်နဲ့ရှိစ…. ကောင်းရာသုကတိ လီးတောင်မလားပါစေနဲ့….
#MinChitOo
https://t.me/minchitoo989989

မြန်မာ့ခရီးသည်

12 Jan, 15:03


မူသဲစခန်း ပြန်လည်သိမ်းပိုက်ရရှိ

ပခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မူသဲစခန်းအား ဇန်နဝါရီလ ပထမပတ်ထဲတွင် KNLA သောင်းကျန်းသူများမှ သာလွန်အင်အားအသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းရှိ အရာရှိ/စစ်သည်များ အနေဖြင့် ခေတ္တခဏရှောင်ဖယ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့(ယနေ့)တွင် တပ်မတော် သားများမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မူသဲစခန်းအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
-
နယ်မြေဆက်လက်ရှင်းလင်းနေဆဲဖြစ်သဖြင့် ရန်သူ့အလောင်း/လက်နက်ပုံများအား ထပ်မံဖော်ပြပေးပါမည်။
-
တိုက်ပွဲသတင်းစုံ

မြန်မာ့ခရီးသည်

12 Jan, 14:22


🎤🎤🎤🎤

မနေ့ကကျောက်ပန်းတောင်းအလွန် ဂွေးချိုလမ်းဆုံ အနားမှာ pdf ၃၀
ကျော်ခန့်က ကားများကိုစစ်ဆေးနေကြောင်း သ်ိရှိရ။


😎😎😎😎
ယနေ့ ၁၁ ရက်နေ့မနက် ၀၇၀၀ နာရီခန့်တွင် ရန်ကုန်မန်းလေးအမြန်လမ်း မိုင်တိုင် ၁၁၀ တွင် pdf ၃၀ကျော်ခန့်က ကားများ express များအားရပ်တန့်စစ်ဆေးကြောင်း
သိရှိရ ပါသည်။

(ခွက်ခေါက်ကောင်းအောင်
အမြန်လမ်းပေါ် ဖင်ထွက်ယားတဲ့ကောင်တွေရှိလို့

ခရီးသွား ဂရုစိုက်ကြပါ)



🤡🤡
မကြာမှီ.....

"""မိုင်တိုင် ၁၁၀အနီးရွာများ
တွင်စစ်ပွဲဖြစ်ပွားခြင်းမရှိပဲ
လေယာဥ်နဲ့ ဗုံးကြဲလို့...

ပီတူတွေ တေပါပီဆိုပီးးး

စောက်သံတွေ ထွက်လာပါတော့မည်။

Htoo News

မြန်မာ့ခရီးသည်

12 Jan, 10:18


မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၇)မြို့နယ်တွင် အမျိုးသား(၄၀၀)ကျော်ကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခံထားရကြောင်း မဟုတ်မမှန် သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိ

မြန်မာ့ခရီးသည်

12 Jan, 10:15


တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

မြန်မာ့ခရီးသည်

12 Jan, 09:38


*ကြက်သမားသိန်းဇော်က မကွေးတိုင်း တရားသူကြီးများနှင့် ပေါင်းပီး တရားရေးမဏ္ဍိုင်ပျက်ပြားအောင် လုပ်ဆောင်နေတာကြာပြီလို့သိရတယ်*

လူကသာကြက်သမား တရားရုံးတရားသူကြီးတွေကို အိတ်ထဲကောက်ထည့်ထားတယ်လို့သိရတယ် ရုံးဖွင့်ရက် တရားရုံးထဲ အပြင်ကားတွေဝင်ထွက်ခွင့် မရပေမယ် ကြက်သမားသိန်းဇော်ကားကတော့ ကြိုက်သလိုဝင်ထွက်ခွင့်ရနေသလို တရားသူကြီးနားနေခန်းများကိုလည်း တံခါးမရှိ ဓားမရှိဝင်ထွက်ခွင့်ရနေတယ် ဘယ်သူကမှမပြောရဲကြတော့ပေ ကြာရင်ဥပဒေကပျက်တော့မယ်

မကွေး အောင်စေတနာရပ်ကွက်မှာနေတဲ့
ကြက်သမားသိန်းဇော်က အိမ်ဂရံအတုနဲ့ပေါင်ထားတဲ့ သူများအိမ်တွေကို အစစ်ပါဆိုပီး လေလံတင် ရောင်းစားတဲ့နေရာမှာ ပွဲစားအဖြစ် တရားသူကြီးတွေနဲ့ ပေါင်းပီး မရှိတာအရှိလုပ် အတုကိုအစစ်ဖြစ်အောင် ပြုလုပ်ကာ အများပြည်သူများအပေါ် ဥပဒေနဲ့ အနိုင်ကျင့်နေတာ
နာမကျန်းဖြစ်နေတဲ့ အိမ်ပိုင်ရှင်တဦးတောင် ဥပဒေနဲ့အနိုင်ကျင့်ခံရမှုကြောင့် အိမ်ပေါ်ကဆင်းပေးရကာ အသက်သေဆုံးမှုများပါဖြစ်ပေါ်နေသောကြောင့်
အများပြည်သူအပေါ် ဥပဒေနဲ့ အနိုင်ကျင့် ပေါင်းစားလုပ်စားနေတဲ့ မကွေးတိုင်းတရားသူကြီးများနဲ့ ကြက်သမားသိန်းဇော်အား စုံစမ်းစစ်ဆေး အရေးယူဖို့လိုအပ်နေပါပြီ

မြန်မာ့ခရီးသည်

11 Jan, 14:22


ဒီpostလေးနဲ့
အနော် Fb accတွေ ခဏခဏကျခဲ့ဖူး၏။
ဆရာကြီးရေးထားတာ
အရမ်းကြိုက်လို့ ပြန်တင်ပေးလိုက်သည်။

မြန်မာ ခပ်များများ မသိလိုက်ပါဘူး ။
၅ နှစ်ကာလမှာ ယဉ်ကျေးမှုစစ်ပွဲ
ရှုံးနိမ့်သွားရတာကိုလေ ~

"ဗုဒ္ဓဟာ အိန္ဒိယတိုက်ငယ်ရဲ့
ရာဇကုမာသာဖြစ်လို့
အထူးကိုးကွယ်နေဖို့မလိုပါဘူး"
ဆိုတဲ့ စကားနဲ့
ဗုဒ္ဓဘာသာအခြေခံလူ့ယဉ်ကျေးမှုကို
ပျက်သုဉ်းစေခဲ့တယ် ။

"ဆရာ ဆရာမလို့မခေါ်နဲ့
ပညာရေးဝန်ထမ်းလို့ခေါ်ပါ" ဆိုတဲ့
စကားနဲ့ အာစရိယဂုဏ်ကို
ပျက်ယွင်းစေခဲ့တယ် ။

"မျိုးချစ်စိတ်ဆိုတာ ခုခေတ်မှာ
အလုပ်မဖြစ်ပါဘူး"ဆိုတဲ့စကားနဲ့
အမျိုးသားရေးစိတ်ဓာတ်ကိုယ်ခံစွမ်း
အားကိုပျက်စီးစေခဲ့တယ် ။

ယဉ်ကျေးမှုစစ်ပွဲဟာ အမာထည်
စစ်ပွဲမျိုးမဟုတ်ပေမယ့်
အိုင်ဒီရော်လော်ဂျီစစ်ပွဲတွေထက်
သွေးချောင်းစီးလေ့ရှိတယ်
လို့ သမိုင်းဆရာတွေက
ပြောကြတယ် ။

ခုတော့ ကျွန်တော်တို့ယဉ်ကျေးမှု
စစ်ပွဲ ရှုံးနိမ့်တဲ့အရသာကို
ခံစားနေရပြီ ။

မိဘကို သားသမီးက သတ်ပြီ ။
ဆရာကို တပည့်ကသတ်ပြီ ။
ဒီလိုသတ်တာကို
နှစ်ထောင်းအားရ လက်ခုပ်သြဘာပေးကြပြီ ။

ယဉ်ကျေးမှုပြောင်းလဲတာ
အလွန်ကြောက်စရာကောင်းပါတယ်။
ပြိုကွဲသွားတဲ့ပြည်ထောင်စုကြီးတွေ
ပထမဆုံးပြိုပျက်သွားတာ
ယဉ်ကျေးမှုပါပဲ ။

ဒီမိုကေရစီ သကာဖုံးထားတဲ့
ယဉ်ကျေးမှု စစ်ပွဲ ထဲမှာ
ဒီကနေ့သွေးကွက်တွေအားလုံး
အကြုံးဝင်နေပါတယ် ။

ကျွန်တော်တို့တစ်တွေ
ဗုဒ္ဓဘာသာအခြေခံမြန်မာ့ယဉ်ကျေးမှုကို
ပြန်ပြီးတည်ဆောက်ကြပါစို့ဗျာ ။

Crd : ဆရာ မောင်ချိုဝေ

မြန်မာ့ခရီးသည်

11 Jan, 14:16


.
လျှပ်စစ်မီးဘယ်တော့မှန်မလဲ
🌡️🌡️🌡️🌡️🌡️🌡️🌡️
ခုတေလာ
အမေးခံရဆုံးမေးခွန်းဖြစ်ပါ
တယ် ။

ကျွန်တော် ဘီဂျင်းကိုပညာ
တော်သင်သွားတော့
တောင်ပေါ်ဘုရားဖူးသွားရင်း
ဘီဂျင်းမြို့ပြင်မှာ
မီးခိုးတလူလူထွက်နေတဲ့
တောင်ထွဋ်ကြီးတွေ
ကို ဘုရာကုန်းပေါ်က
လှမ်းမြင်ရတယ် ။

စကားပြန်ကို ဒါကြီးတွေက
ဘာတွေလဲ မေးကြည့်မိတယ်

အဲဒါ လျှပ်စစ်ဓာတ်အားထုတ်တဲ့
အနုမြူဓာတ်ပေါင်းဖိုကြီးတွေတဲ့ ။

ကျွန်တော်က မြန်မာပြည်ကို
တစ်တောင်လောက်သယ်သွား
ချင်လိုက်တာဗျာ ဆိုတော့
သူကရီတယ် ။

ကြာခဲ့ပြီဗျ
ကျွန်တော် ၂၀၁၄ခု နှစ်တုန်းက
အဲဒီဆောင်းပါးရေးဖူးတယ်။

အခု ယူကရိန်းကိုရုရှတိုက်တော့
အနာမြူဓာတ်ပေါင်းဖိုကို
မထိခိုက်ဖို့ နှစ်ဘက်လုံးက
စောင့်ရှောက်ကြတဲ့သတင်း
ဖတ်ရတယ် ။

နိုင်ငံတွေမှာ
ဓာတ်ပေါင်းဖိုတည်ဆောက်ခွင့်
ရတဲ့နိုင်ငံနဲ့ မရတဲ့နိုင်ငံ
ခွဲခြားထားဟန်မတူဘူး ။

ဒါပေမယ့်
လူတွေရဲ့ယဉ်ကျေးမှုက
အနုမြူဓာတ်ပေါင်းဖိုနဲ့
တန် မတန်တော့ ကမ္ဘာ့အဆင့်
စဉ်းစားကြမယ်ထင်တယ် ။

အထူးသဖြင့်
မြန်မာတွေက မတန်ဘူးလို့
ကမ္ဘာကသတ်မှတ်ထားတယ်။
ဒါကတော့ဗိုလ်ကျတာပဲ
ခွဲခြားဆက်ဆံခံရတာပဲလို့
နာခဲ့တယ် ။

အခုတော့
သူတို့မမြားဘူး
ကျွန်တော်မှားတာဗျ ။

ကျွန်တော်တို့မြန်မာတွေ
အနုမြူဓာတ်ပေါင်းဖိုနဲ့ထိုက်
တန်အောင် ယဉ်ကျေးလာတဲ့
အချိန်မှာမှ ကျွန်တော်တို့
မီးမှန်ပါလိမ့်မယ် ။

စာသင်ကျောင်းကိုမီးရှို့
ဆရာ ဆရာမကိုသတ်
လျှပ်စစ်ကြိုးသွယ်တိုင်တွေလှဲ
တာဝါတိုင်တွေလှဲ
ဘာကိုမှစည်းမထားကြတဲ့
ယဉ်ကျေးမှုနှုန်းစံတွေက
မီမှန်ဖို့ ( ဓာတ်ပေါင်းဖိုရှိဖို့)
နဲ့ဝေးသထက်ဝေးဝေးပြီဆိုတဲ့
အဖြေထွက်လို့နေတယ် ။

မြန်မာလူရိုင်းတွေက
ဓာတ်ပေါင်းဖိုကိုလည်း
ဗုံးခွဲမှာပဲ။ အဝေးက
လက်နက်ကြီးနဲ့ပစ်မှာပဲ ။

ခုအချိန်ဟာ
ကမ္ဘာ့ပေးထားချက်တွေပြောင်း
လို့ တစ်တိုင်းပြည်လုံးအင်အားနဲ့
တစ်စုတစ်စည်းတည်း ရင်ဆိုင်မှ
ကာလပေါ်စိန်ခေါ်မှုတွေ
ကျော်လွှားနိုင်မှာကို

PDF အကြမ်းဖက်ကတစ်မျိုး
EAOs ပွဲလှန့်ဖျာခင်း
တွေကတဖုန်
သခွပ်ပင်ကမီးတကျည်ကျည်
နိုင်ငံရေးသမားတွေက
တစ်ခြား
လုပ်နေကြရင်တော့
အိမ်စောင့်အစိုးရနေရာ
သကြားမင်းဆင်းပြီးလုပ်လည်း
မီးမှန်ဖို့ကတော့မလွယ်ဘူးဗျာ
လို့ပဲ ဖြေရပါတော့မယ်။

မောင်ချိုဝေ
၁၂၊၃၊၂၀၂၂

မြန်မာ့ခရီးသည်

11 Jan, 04:40


မိုးဗြဲနဲ့ဖယ်ခုံကြားမှာခွေးခြောင်းခြောင်းနေတဲ့အောင်ဖိုးသူထောပတ်ခြံထဲရိှMobyePDFအသိုက်ကိုတပ်မတော်Droneအထူးတပ်ဖွဲ့ကနေ့စဥ်သမပေးနေပါတယ်။

PDFအကင်၂၅ကင်ရရှိထားပါပြီ

#crd

မြန်မာ့ခရီးသည်

11 Jan, 01:02


ယနေ့နံနက်ပိုင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်မြင်တွေ့ရသည့် ကြည်ညိုဖွယ်ရာ ပုံတော်များ
(သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်နေ့ ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ သောကြာနေ့)

မြန်မာ့ခရီးသည်

08 Jan, 16:26


အကြမ်းဖက် ပဒက်နှိမ်နင်းရေးအတွက်
လူငယ်ပြည်သူ့စစ် ပထမ အသုတ်၅၀ ဒုတိယ အသုတ် ၂၀ ထပ်မံ လေ့ကျင့်ပေးလျှက်ရှိပါသည်။

ပြည်သူထဲက ပြည်သူ့စစ် လူငယ်များ
ဖြစ်တဲ့ အတွက် မိတ်ဆွေသူငယ်ချင်းများ
ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။

ယူနစ်ဖောင်း တစ်စုံ တန်ဖိုး ၃၅၀၀၀ ကျပ်
အခြား ဆေးဝါးနှင့် လိုအပ်သော အသုံးအဆောင်များအတွက်လည်း ပြည်သူ များ လှူဒါန်း နိုင်ပါတယ်။

Kpay' 09428127423
Viber/Telegram မှလည်း သတင်းများ ပေးပို့နိုင်သလို ဆက်သွယ်လှူဒါန်းထောက်ပံ့လို့ရပါတယ် ခင်ဗျာ။

Kyaw Swar

https://t.me/kyawswar49111

မြန်မာ့ခရီးသည်

08 Jan, 16:26


❗️❗️❗️❗️❗️❗️❗️❗️❗️❗️
-
https://t.me/royalburmateam/14

မြန်မာ့ခရီးသည်

08 Jan, 03:13


ဖားကန့်ကို ဝင်မည့် ဆီတွေ။

ဗုံးသာကြဲချလိုက် နောက် မလုပ်ရဲတော့ဘူး။

မြန်မာ့ခရီးသည်

08 Jan, 03:09


၇-၁-၂၀၂၅ ယမန်နေ့ညနေကဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ကြည့်မြင်တိုင်မြိုနယ်၊ စျေးကလေးရပ်ကွက်၊ ကမ်းနားလမ်း နှင့် ဗားကရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်သတ်ဖြတ်မှု CCTV မှတ်တမ်း။

အော် တက္ကစီသမားရယ် ခင်များနေရာမှာ ကျုပ်သာဆို သေနတ်သမားကို မြင်နေတာ တိုက်ဖမ်းလိုက်တယ်။

မြန်မာ့ခရီးသည်

06 Jan, 17:41


ကြောက်စရာ ကောင်းတဲ့လုပ်ရက်ပါလား ကိုယ်တိုင်မွေးထုတ်ထားတဲ့ သားသမီးအရင်းကိုတောင် ညှင်းပန်းနှိပ်စက်ပြီး သတ်ပြစ်တဲ့ မိဘနှစ်ပါး

ကလေးဆုံးပါးသွားတဲ့အကြောင်းအရင်းက ကလေးဖြစ်သူက ဆွမ်းတင်မဲ့ မုန့်ဆန်းကို ယူစားမိလိုက်လို့ကလေးအဖေဖြစ်သူက ကလေးရဲ့ကြောကုန်းကိုစောင့်ကန်ပြီး
အမေဖြစ်သူကသုံးထပ်သားအပြားနဲ့ကလေးကိုရိုက်တာ ကလေးဖြစ်သူမှာ အဆုပ်ကွာကျပြီးတော့ နံရိုးပါကျိုးသွားပါတယ် ကလေးရဲ့တစ်ကိုယ်လုံးမှာလဲ ရေနွေးပူနဲ့လောင်းထားတာတွေရော ဓားတွေနဲ့မွန်းထားတာတွေရောပါ  ကလေးကိုဆေးရုံမှာထားခဲ့ပြီးတော့ သားမိသားဖသုံးယောက်လုံးထွက်ပြေးသွားတာပါ

#ရန်ကုန် #လှော်ကား

မြန်မာ့ခရီးသည်

06 Jan, 15:43


နယ်မြေရှင်းလင်းခြင်း (အုမ္မသီး)

ဇန်နဝါရီ ၆ ရက် (ယနေ့) မွန်းလွဲပိုင်းအချိန်ခန့်က နောင်ချိုမြို့နယ်၊ အုမ္မသီးရွာ ဘုန်းတော်ကြီးကျောင်းအနီးနှင့် စာသင်ကျောင်းအနီးတွင် အကြမ်းဖက် TNLA အဖွဲ့များရောက်ရှိနေကြောင်း ဒေသခံများမှ သတင်းပေးပို့လာခဲ့။ ထို့နောက် Drone ဖြင့် ကင်းထောက်ပြီး စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းရာ ရန်သူနဲ့ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၂ လောင်း
(၂) Type-81 သေနတ် ၂ လက်
(၃) ကျည်အိမ် ၅ ခု၊ ကျည် ၁၂၅ တောင့်
(၄) တရုတ်လက်ပစ်ဗုံး ၅ လုံး
(၅) RPG ဗုံးသီး (ယမ်းတောင့်အပါ) ၂ လုံး
(၆) မိုင်း ၁ လုံး
(၇) ပြောက်ကျား ယူနီဖောင်း အချို့

တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။
-
တိုက်ပွဲသတင်းစုံ

မြန်မာ့ခရီးသည်

05 Jan, 03:38


မြစ်သားသတင်း
===========
၄-၁-၂၀၂၅

မြစ်သားမြို့နယ်၊ဆီဆုံကန်ကျေးရွာနေ
ပရဟိတလုပ်ကိုင်သူ ညီညီထွန်းအား
အကြမ်းဖက် nug PDF မ်ားက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားပြီး
၎င်းသည်
သာမန်ပြည်သူ
ပရဟိတ လုပ်ကိုင်နေသူ
တစ်ဦး ဖြစ်သည်။

ခရက်ဒစ်

မြန်မာ့ခရီးသည်

05 Jan, 03:37


ပဒက်တွေ
စမုံတုံးတဲ့
သတင်းတွေကြားရတာ
အားရလိုက္တာ

မြန်မာ့ခရီးသည်

04 Jan, 16:44


စစ်မြေပြင်မှာ မိမိစစ်သည်တွေရဲ့ ခုလိုလှုပ်ရှားသွားလာ တိုက်ပွဲဝင်နေတဲ့ပုံတွေ မြင်ချင်တာ..💪💪

မြန်မာ့တပ်မတော်မှ စစ်သည်များအားလုံး ဘေးရန်ကင်းပြီး အောင်ပွဲများရရှိ၍ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံစည်းပြီး ပျော်ရွှင်စွာနေနိုင်ပါစေ..💚💚

တိုက်ပွဲသတင်းစုံ

#Taung Hkam Battle
#Full HD True events video

မြန်မာ့ခရီးသည်

04 Jan, 16:44


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမားတရားခံ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။
၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ  ၄  ရက်

မြန်မာ့ခရီးသည်

04 Jan, 15:37


ဇန်နဝါရီ ၃ ရက်နေ့၊ညနေ ၅:၃၀ အချိန်ခန့်က မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊၃၃×၃၄ လမ်းထောင့်ရှိ The Wood စားသောက်ဆိုင်အနီး၌ စတားပါဝါ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးသွားသလို ဦးထွန်းလင်းနိုင်ဦး၏ ကားကိုလည်း ယူဆောင်သွားသည်။

#PeopleMedi@peoplemedianews

မြန်မာ့ခရီးသည်

04 Jan, 09:57


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ၏ ပြောကြားချက်

မြန်မာ့ခရီးသည်

03 Jan, 17:47


#လွတ်လပ်ရေးနေ့

၂၀၂၃-၂၄ အတွင်း၌ပင် ဗိုလ်မှူးချုပ်+ဗိုလ်ချုပ် ၂၁ ဦးထိ ပေးဆပ်ခဲ့ရသော

data crd Min Thu

#မြန်မာ့ခရီးသည်
4.1.2025

ဗိုလ်မှူးချုပ်+ဗိုလ်ချုပ် ၂၁ ဦးထိ ပေးဆပ်ခဲ့ရသော

data crd Min Thu

#မြန်မာ့ခရီးသည်
4.1.2025

#လွတ်လပ်ရေးနေ့


data crd Min Thu

#မြန်မာ့ခရီးသည်
4.1.2025


data crd Min Thu

#မြန်မာ့ခရီးသည်
4.1.2025

မြန်မာ့ခရီးသည်

03 Jan, 15:02


မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့် စာသင် ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့်  PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ၎င်းတို့သိုဝှက်သိမ်းဆည်းထားသည့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၃

မြန်မာ့ခရီးသည်

27 Dec, 08:22


မင်းကင်းမြို့အထက်ပိုင်း တရားမဝင် ရွှေဖောင်များနဲ့ ပတ်သက်ပြီး တိုင်းအစိုးရထံ မေးမြန်းထားမှု ဖြစ်ပါတယ်။ သို့သော်လည်း ပြန်လည်ဖြေဆိုမှု မရှိပါဘူး။


သတင်းမေးမြန်းထားမှုမှာ



PeopleMedia က သတင်းထောက် ကျော်စိုးဦးပါ။

စစ်ကိုင်းတိုင်း အစိုးရ ထံ မေးမြန်းမှုပါ။


မင်းကင်းမြို့ အထက် ၆ မိုင်ခန့် အကွာရှိ ကမ်းပြည့်ကျေးရွာ အနီး ချင်းတွင်းမြစ် မှာ KIA /PDF က ဆက်ကြေးယူပြီး ရွှေမှော်တွေ ခွင့်ပြုထားပါတယ်။


အစိုးပါ ရွှေမှော်တွေကို စစ်ကိုင်းတိုင်း အစိုးရက ရှင်းလင်း သွား ရန် ရှိ /မရှိပါ။


အဆိုပါ ရွှေမှော်များနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း အစိုးရ ရဲ့ သဘောထားကို သိရှိလိုပါတယ်။


ကျေးဇူးတင်ပါတယ်။


#PeopleMedia

မြန်မာ့ခရီးသည်

27 Dec, 00:17


🙏🙏🙏
.....

" ကောင်းမှုတစ်ခု နေ့ဉ်ပြု "
ငြိမ်းချမ်းပါစေ မြန်မာပြည်

မြန်မာ့ခရီးသည်

26 Dec, 14:38


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း  မိုင်းထောင်ဖောက်ခွဲမှုများနှင့် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

မြန်မာ့ခရီးသည်

26 Dec, 14:34


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၂၆

မြန်မာ့ခရီးသည်

26 Dec, 03:29


မင်းကင်းမြို့ အထက် ၇မိုင်ခန့်အကွာရှိ
ရွှေမျောများ၌ အကြမ်းဖက် PDF များနဲ့
ဒေသခံများ ခိုက်ရန် ဖြစ်ပွား။

အဆိပ်ပင်ရေလောင်းခဲ့သမျှ ခံကြပေဦးပေါ့....

အဆိပ်ပင်ကို အရမ်းကြီး မကြီးထွားလာခင်မှာ နှုတ်ထားနိုင်မှ အဆင်ပြေမယ်...

အမြစ်တွယ်သွားပြီဆိုရင်တော့..........

Crd

မြန်မာ့ခရီးသည်

25 Dec, 11:23


အကြမ်းဖက် အစွန်းရောက် အေအေ ‌ခဲဝါတွေရဲ့ စိတ်ဓာတ်ကိုကြည့် အလံဖြူထောင်ရင် မိသားစုနဲ့ တွေ့ရမယ်ဆိုတဲ့ စကားကို ယုံလားဗျာ။
မှတ်ချက် ဒေသခံ မွတ်ဆလင်တွေနဲ့ မတည့်ရတဲ့အကြောင်းရင်းက လူမျိုးရေးအစွန်းရောက်တာခြင်းတူလို့ဖြစ်သည်။
#hlathaung
https://t.me/Saturjjjjnj

မြန်မာ့ခရီးသည်

25 Dec, 11:22


အော် !!!! ဒီ(၅)ယောက်ကကားတစီးနဲ့မြို့ကိုပတ်ပြီး ဓါတ်ပုံရိုက်တဲ့အဖွဲ့ဆိုတာလား ၊
အေအေ ဝတ်စုံလေးတွေကားပေါ်တင် လူလစ်ရင်ဓါတ်ပုံဝင်ရိုက် ပြီးရင်တန်းနေအောင်ပြေးတာဒီအဖွဲ့လား ၊ အော် အေးအေးမှတ်ထားမယ်နော် ၊
မင်းတို့လိမ်တာတွေကြည့်ပြီး ငါ့မှာရယ်လိုက်ရတာကွာ ။

မြန်မာ့ခရီးသည်

25 Dec, 11:22


ဗိုလ်ချုပ်မှူးကြီးက ICC - ICJ ကို ကြောက်သလား ၊

သိန်း(၅ဝဝဝ)ရဖို့ Road to Yangon ခေါင်းစဉ်တပ်လာတဲ့ PDF အဖွဲ့၊

မြန်မာနဲ့ဘိန်းစိုက်ပျိုးမှု ၊

ရွှေလောကသားတို့ရဲ့ လိုင်စင်ကိစ္စ

(၁၂-၁၂-၂ဝ၂၄)

https://npnewsmm.com/videos/675affa520016301f243a013

လစဉ်ကြေး ပေးသွင်းရန် နှင့် The Statesman ဂျာနယ် ဝယ်ယူရန် စုံစမ်းလိုပါက (မနက် ၉ နာရီ မှ ညနေ ၆ နာရီအတွင်းသာ ဆက်သွယ်ရန်)
ဖုန်း - 09-444681478 (Viber)

မြန်မာ့ခရီးသည်

25 Dec, 11:21


Merry Chrismax🎅🎅🎅🎅

မြန်မာ့ခရီးသည်

03 Dec, 14:34


ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ
(၃-၁၂-၂၀၂၄)

မြန်မာ့ခရီးသည်

03 Dec, 14:31


ထိုင်းနိုင်ငံ၊ကန်ချနာဘူရီခရိုင်အတွင်းမှာ ကင်းလှည့်ချိန် တရားမဝင် မြန်မာနိုင်ငံသား ၉ ဦးထံမှ ကျည် (၃၀၀၀)ခန့် တွေ့ရှိ၍ ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia

မြန်မာ့ခရီးသည်

03 Dec, 11:55


၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ရန်သူ့ထံမှ အကျိုးအမြတ်ရရှိမှု မှတ်တမ်းဓာတ်ပုံများ


တိုက်ပွဲသတင်းစုံ

မြန်မာ့ခရီးသည်

03 Dec, 11:54


၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ရန်သူ့ထံမှ အကျိုးအမြတ်ရရှိမှု မှတ်တမ်းဓာတ်ပုံများ


တိုက်ပွဲသတင်းစုံ

မြန်မာ့ခရီးသည်

02 Nov, 23:20


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့များက ဟိန္ဒူ ရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊ မြန်မာရိုးရာ အကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီးနှင့်ဇနီး တို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရ ဂုဏ်ပြု ပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များအားရင်းရင်းနှီးနှီး နှုတ် ဆက်ခဲ့ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဒီပါဝလီအထိမ်းအမှတ် အခမ်း အနား ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

02 Nov, 23:20


ပွဲတော်ကျင်းပသည့်အခါသမယတွင် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ဘုရားကျောင်း များ၊ မိမိတို့၏နေအိမ်များတွင် ဆီမီးများကို လှပစွာထွန်းညှိပူဇော်ကြခြင်းသည် ဘဝ၏ တိုးတက်မှုခွန်အားများကို အားလုံးရစေမည်ဟု ယုံကြည်ပါကြောင်း။

ယခုနှစ်ကျင်းပသည့် ဒီပါဝလီနေ့အထိမ်းအမှတ်အခမ်းအနားသည်လည်း ယခင် နှစ်များနှင့်မတူဘဲ မြန်မာနိုင်ငံအတွင်း၌ရှိသည့် ဟိန္ဒူဘာသာရေး အဖွဲ့အစည်းများ အပါအဝင် လူမှုရေးအဖွဲ့အစည်းများအားလုံးနှင့် ဘာသာဝင်များ၊ အခြားသောဘာသာ ဝင်များစုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားခြင်းဖြစ်ကြောင်း၊ ယင်းသည် မိမိတို့နိုင်ငံအတွင်း၌ရှိသည့် မတူကွဲပြားသည့် ဘာသာဝင်များအကြား သင့်မြတ်ညီညွတ်မှုကို ပြသနေခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဟိန္ဒူဘာသာဝင် များအားလုံး စုစုစည်းစည်းပါဝင်ဆင်နွှဲခြင်းသည် မှတ်တိုင်တစ်ခုဖြစ်သည့်အတွက် မိမိအနေဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းကို ပြောကြားလိုပါကြောင်း။

မိမိတို့မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာ ကြသူများဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ယုံကြည်ရာဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ ပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်း သယ်ပိုးသွားကြစေလိုကြောင်း၊ သို့သော်လည်း ယနေ့အချိန်တွင် မိမိတို့ နိုင်ငံ၌ဖြစ် ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေး အရ ဖြေရှင်းမှုမရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ပြည်ပမှ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့် လှုံ့ဆော်မှုအမျိုးမျိုးကို အခြေခံနေတာတွေ့ရကြောင်း၊ ယင်းသို့ သွေးထိုး လှုံ့ဆော်မှုများမှတစ်ဆင့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို မိုက်မဲစွာကျူးလွန် နေကြခြင်းပင်ဖြစ်ကြောင်း၊ သွေးကွဲနေပါက သွေးထိုးခံနေရမည်ပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲနေထိုင်ကြသည့် မည်သည့် လူမျိုး၊ မည်သည့်ဘာသာဝင်ပင် ဖြစ်ပါစေ မြန်မာနိုင်ငံကိုချစ်သည့်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်မွေးပြီး နေကြရန်လိုကြောင်း၊ ယနေ့အချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခများချုပ်ငြိမ်းပြီး မိမိတို့ အားလုံးသွားလိုသည့် လမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိစေရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် မတူညီမှုများ ကွဲပြားမှုများရှိနေသည် မှန်သော်လည်း အဆိုပါ မတူကွဲပြားမှုများကို စုစုစည်းစည်းရုံးနိုင်ခြင်းကသာ အင်အားကို ဖြစ်စေပါကြောင်း၊ ထိုကဲ့သို့စုစည်းသည့်အင်အားရရှိစေရေး မိမိကိုယ်တိုင် ဦးဆောင်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိအနေဖြင့် မြန်မာပြည်ဖွား အိန္ဒိယလူမျိုးစု အဖွဲ့အစည်းများ၊ တရုတ် လူမျိုးစုအဖွဲ့အစည်းများနှင့် မိမိ၏ကိုယ်စားလှယ်များတွေ့ဆုံစေခဲ့ကြောင်း၊ အဆိုပါ အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို မေးမြန်းပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် အပြင် ၎င်းတို့၏သုံးသပ်ချက်များအပေါ် အဖြေရှာဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာ နိုင်ငံတွင်ရှိသည့် ဘာသာပေါင်းစုံ၏ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ လူမျိုးစုများ ဆိုင်ရာ အထိမ်းအမှတ်နေ့များနှင့် အခမ်းအနားများကို မိမိတို့အစိုးရအနေဖြင့် တတ်နိုင် သမျှ အားပေးကူညီနေသည်ကိုလည်း အားလုံးက မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ကြောင်း၊ ယနေ့တွင်လည်း ဒီပါဝလီပွဲတော် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်သူများ အားလုံးနှင့်အတူ စည်းလုံးမှု၊ စုစည်းမှုအားကို မြင်တွေ့ရသည့်နေ့ပင်ဖြစ်ပါကြောင်း၊ မိမိတို့ ယခုထက်ပိုခိုင်မြဲအောင် ဆက်လက်တည်ဆောက်သွားကြရန် လိုပါကြောင်း။

ထို့ကြောင့် ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်များ၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဆီမီးထွန်းညှိပူဇော်ခြင်းပွဲတော်ကာလမှစပြီး မိမိတို့နိုင်ငံသားအားလုံးက တစ်ဦးအပေါ် တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှုများ မျှဝေပေးပြီး နိုင်ငံတော်နှင့် ကမ္ဘာ ကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်နိုင် ကြပါစေကြောင်းဖြင့် ဆန္ဒပြု ဆုမွန်ကောင်းစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက အမှတ်တရစကား နှင့် ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင် စကား အသီးသီးပြောကြားကြသည်။

မြန်မာ့ခရီးသည်

28 Oct, 17:04


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ အောက်တိုဘာ ၂၈
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း အောက်တိုဘာလ ၂၇ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင် ခဲ့သည့် “Get Well Soon Myanmar Platform” Facebook Page အဖွဲ့ဝင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း(အနောက်)ရပ်ကွက်နေ သူရထွန်းအား နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဟိန်းထက်ဇော်(ခ) သားကြီးနှင့် ရဲဝင်းသူတို့အား မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်း အသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှု ဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

28 Oct, 17:03


တိုက်ကြီးမြို့နယ်၊ ဥက္ကံကံကုန်းကျေးရွာရှိ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဥက္ကံကံကုန်းကျေးရွာအုပ်စု၊ ဥက္ကံကံကုန်းကျေးရွာမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ရွှေဟင်္သာကျောင်းတိုက် ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၇၅ ဦး တို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍  လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း များဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

28 Oct, 17:02


ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်လှစ်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ-၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၈)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်း ကျောင်းအတွက်  ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူ သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက  သင်တန်းကျောင်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ခန်းမ အတွင်းခင်းကျင်းပြသထားသည့် သင်တန်းတွင် သင်ကြားပေးသွား မည့်လက်မှုပညာ နမူနာပုံစံများကို လိုက်လံကြည့်ရှုသည်။
အဆိုပါ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာရပ်များကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊လူမှုစီးပွား ဘဝတိုးတက်မြင့်မားလာစေရန်၊  အမျိုးသမီးများ အိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာများကို တတ်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်ကြောင်းနှင့် ယခုဖွင့်လှစ်သည့် စက်ချုပ် သင်တန်းကို သင်တန်းသူ ၃၀ ဦးဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

28 Oct, 17:00


တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံ တော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် မျက်စိဝေဒနာရှင်များ အား အလှူငွေများ ပေးအပ်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၂၈
ပဲခူးတိုင်းဒေသကြီး‌၊ တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာ တော်များနှင့် မျက်စိဝေဒနာရှင်များအား အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ပဋိသောတဂါမိနီဓမ္မဗိမာန်တော်၌ ကျင်းပ ပြုလုပ်ရာ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ် ဆရာတော် ဒေါက်တာ အရှင် တိက္ခသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်သူများက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မျက်စိဝေဒနာရှင်များ အတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွယ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လှူဒါန်းသည့်အလှူငွေ ကျပ်သိန်း ၂၀၀ အား ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီ ဗုဒ္ဓ တက္ကသိုလ်ကျောင်းအုပ်ဆရာတော်ထံမှ အနုမောဒနာတရားတော်နာယူကြပြီး ရေစက် သွန်းချ အမျှပေးဝေကာ ဆေးရုံအတွင်း လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါန ဆေးရုံတော်သည် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ တည်ထောင်တော်မူသော ဆေးရုံတော်(၄၃)ခုအနက် (၃၇)ခုမြောက်ဆေးရုံတော်ဖြစ်ပြီး မျက်စိဝေဒနာရှင်များအား  အောက်တိုဘာလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်နေ့လျှင် ၂၅၀ဦးခန့်ဖြင့် မျက်စိ အထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများက မျက်စိစမ်းသပ် စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များခြစ်ထုတ်ခြင်းနှင့် မျက်လုံးအစားထိုးကုသခြင်းများကို ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

28 Oct, 16:07


ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ ၂၈-၁၀-၂၀၂၄

မြန်မာ့ခရီးသည်

28 Oct, 15:52


ကျွန်းစုမြို့နယ်၊ ကျောက်ပိတ် ကျေးရွာရှိ နာရေးအိမ်တွင်ရှိနေသော အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

NOM အောက်တိုဘာ ၂၈၊ ၂၀၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကျောက်ကုန်းကျေးရွာနေ ဦးအောင်ဇော် (၄၈) နှစ်သည် အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်၌ ကျွန်းစုမြို့နယ်၊ ကျောက်ပိတ်ကျေးရွာရှိ နာရေးအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးရောက်လာပြီး အဆိုပါကျေးရွာထိပ်ရှိ ဆိပ်ခံတံတားသို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးအောင်ဇော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

မြန်မာ့ခရီးသည်

28 Oct, 15:19


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မိုင်းထောင်ဖောက်ခွဲရန် လာရောက်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးအား
လက်လုပ်မိုင်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ ၂၈

မြန်မာ့ခရီးသည်

28 Oct, 15:17


ငါးဇွန်မြို့နယ်၊ ရဲပဒိုင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ

နေပြည်တော်၊ အောက်တိုဘာ ၂၈

မြန်မာ့ခရီးသည်

28 Oct, 15:08


တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည် ...

မြန်မာ့ခရီးသည်

28 Oct, 15:00


#KIA

မြန်မာ့ခရီးသည်

28 Oct, 05:31


တိုက်ပွဲသတင်း (တောင်ခမ်း)

အောက်တိုဘာ ၂၇ ရက် တောင်ခမ်းဒေသတွင် အကြမ်းဖက် TNLA များ ရောက်ရှိနေသော ကျောက်တောင်ကုန်းအား သတင်းအရ သွားရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ကျောက်တောင်ကုန်းမှ အကြမ်းဖက် TNLA များအား မောင်းထုတ်နိုင်ခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၄၀ တောင့်
(၄) ကျည်ကာအင်္ကျီ ၁ ထည်၊ ဦးထုပ် ၁ လုံး
(၅) လူနေတဲ ၈ လုံး
(၆) ပစ်ကျင်း ၁၉ ကျင်း

တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။ (ပုံများအား ထပ်မံဖော်ပြပေးပါမည်)

တိုက်ပွဲသတင်းစုံ(Telegram)
တိုက်ပွဲသတင်းစုံ(Website)

မြန်မာ့ခရီးသည်

28 Oct, 05:31


တိုက်ပွဲသတင်း (ချောက်မြို့နယ်)

အောက်တိုဘာလ ၂၇ ရက် (ယနေ့) ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရွာမကျေးရွာရှိ အကြမ်းဖက် PDF အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF အလောင်း ၂ လောင်း
(၂) ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၀ တောင့်
(၃) ကျည်ကာ ၁ ထည်

သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
-
ပြည်သူတွေ ပါဝင်လာတဲ့ ပြည်သူ့လုံခြုံရေးစနစ်ရဲ့ အကျိုးကျေးဇူးတွေပါပဲ။

တိုက်ပွဲသတင်းစုံ

မြန်မာ့ခရီးသည်

27 Oct, 16:40


ရေနံချောင်းက တာဝန်ရှိသူများ မမြင်ကြလို့ ကိုယ်ထင်ပြတာ။

ဒီလူနေတာကတော့

"ရေနံချောင်းမြို့မမြောက်ဒိုင်နယ်
ဗိုလ်ချုပ်ကုန်းရပ်ကွက်
မင်းဝေထူးဖြစ်ပါတယ်"

ရပ်ကွက်ထဲမှာ ဝန်ထမ်းမှာသည် ပြည်သူတွေ ကြောက်နေရတဲ့သူပါ။

ပြည်သူတွေက မင်းဝေးထူးကို ကြောက်နေရတာ။

မီးလောင်းတာ အသေးအမွှားက စတာပဲ။ အကင်းအရွယ်မှာ မကိုင်တွယ်ရင် ကြီးလားရင် ဝါးမြိုသွားမယ်ဗျာ။

သူက ဘာတွေပြီးနေလဲတော့မသိဘူး။

မြန်မာ့ခရီးသည်

22 Oct, 17:01


အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄)
----------------------------------------------------
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂:၃၀) နာရီအချိန် ထုတ်ပြန်ချက်
=========================

အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
========================
ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်ဘက် ရေမိုင် ၂၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း (Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

ခန့်မှန်းချက်
===========
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်- အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်း၊ ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ပိုမိုအားကောင်း လာနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၅-၁၀-၂၀၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း များနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၅ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်
=======
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

မြန်မာ့ခရီးသည်

22 Oct, 16:11


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ရန်သူ့ထံမှ အကျိုးအမြတ်ရရှိမှု မှတ်တမ်းဓာတ်ပုံများ


တိုက်ပွဲသတင်းစုံ

မြန်မာ့ခရီးသည်

22 Oct, 16:11


ယနေ့ကမ်ဘာအရပ်ရပ်နိုင်ငံရေးဇာတ်ခုံတွင် တွေ့ရှိရကြောင်း၊ မိမိနိုင်ငံအနေဖြင့် အင်အားကြီးနိုင်ငံကြီးများအကြားတွင်ရှိပြီး တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်း တစ်ရာ ကျော်ဖြင့် ဖွဲ့စည်းထားသည့်အတွက် သွေးခွဲပြီး ၎တို့အလိုက် လွတ်လပ်ပြီး အချုပ် အျခာအာဏာ ပိုင်ခွင့်မရှိသည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြသည့်အတွက် အချုပ် အျခာအာဏာ ပိုင်ခွင့်မဆုံးရှုံး အောင် စုစည်းစွမ်းအား၊ ပေါင်းစည်းစွမ်းအားဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ရန် အလို့ငွာ သတိပြုနိုင်ရေးအတွက် အနှစ်သာရရှိသည့် ဦးတည်ချက်များကို နိုင်ငံတော် ဝန်ကြီးချုပ်က ရွေးချယ်ချမှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဉီးတည်ချက်ထဲတွင် စုစည်းမှုများ၊ စည်းလုံးမှုများကိုတွေ့မြင်ရမည်ဖြစ် ကြောင်း။

လွတ်လပ်ရေးနေ့အခမ်းအနားများကို ချမှတ်ထားသည့် အမျိုးသားရေးဦးတည် ချက်များဖြင့် အဓိပ္ပာယ်ပြည့်ဝစွာ နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည်နှင့် အညီ ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို ဘက်စုံထောင့်စုံမှ လစ်ဟာမှုမရှိစေရန် သတိ၊ ဝီရိယအပြည့် အဝဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြ ဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ် ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ် ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက လုပ်ငန်းတာဝန်များ ကြိုတင်ပြင် ဆင်ထားရှိမှုများနှင့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွပ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သကျဆိုငျရာကဏ်ဏ္႑အလိုကျ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွပ်လပ်ရေးနေ့ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆပ်ကော်မတီများအနေဖြင့် ငွေကြေးသုံးစွဲမှုများတွင် အလေအလွင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများ ပါရှိစေ ရေး၊ နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် လုံခြံရေးအသိ၊ လုံခြုံရေးသတိ ဖြင့် ဆောင်ရွက်ပြီး လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများ သိရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

22 Oct, 16:11


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ - ၂၂

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ဒုတိယဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ဆပ်ကော်မတီအတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။

ဦးစြာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း ၊ ယခုနှစ်၏(၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ် ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သေဘာ ထားကြဲလြဲမွုမ်ားကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရေး၊ နိုင်ငံသူ၊ နိုင်ငံသား အားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေး၊ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိ သော နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင် ရေး၊ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရန် အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းအားဖြင့် ဆောင်ရွက်ရေး၊ ရှေ့သို့ချီမည် ပန်းတိုင်ဆီ ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုး သားရေး၊ စရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့် ဇြဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်ရေးတို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း။

လွတ်လပ်ရေးနေ့အတွက်ချမှတ်ထားသည့် ဦးတည်ချက်များသည် လွတ်လပ်ရေး ၏ အနှစ်သာရကို ပိုမိုပေါ်လွင်စေကြောင်း၊ လွတ်လပ်ရေး၏ အဓိပ္ပာယ်သည် အနှောင် အဖွဲ့ကင်းလွတ်ခြင်းကို ဆိုလိုကြောင်း၊ အချုပ်အခြာအာဏာဆိုသည်မှာ လွတ်လပ်ခြင်း နှင့် မိမိကိုယ်ပိုင်စီမံဆုံးဖြတ်ခွင့်ရှိခြင်းဖြစ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် နိုင်ငံ သည် လွတ်လွတ်လပ်လပ်နှင့် နိုင်ငံသားအားလုံးက ကိုယ်တိုင်စီမံလုပ်ကိုင်ဆုံးဖြတ် နိုင်ခွင့်ရှိခြင်း၊ အနှောင်အဖွဲ့ကင်းပြီး မိမိကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိသောနိုင်ငံများကို အချုပ်အခြာ အာဏာပိုင်ဆိုင်သည့် နိုင်ငံများအဖြစ် သတ်မှတ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးသည် အရေးကြီးကြောင်း၊ အချို့နိုင်ငံများသည် လွတ်လပ်ကြသော်လည်း အချုပ်အခြာအာဏာပိုင်ဆိုင်မှုမရှိကြကြောင်း၊ အချို့နိုင်ငံများသည် အချုပ်အခြာ အာဏာပိုင်ဆိုင်ကြသော်လည်း လွတ်လပ်မှု မရှိကြကြောင်း၊ ထိုသို့သောနိုင်ငံများကို ကမ်ဘာပေါ်တွင် တွေ့မြင်နေရကြောင်း။

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာပိုင်ဆိုင်မှု အခွင့်အရေး မ်ားကို ဆုံးရှုံးမသွားစေရေး နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသည်ဖြစ်သည့်အတွက် လွတ်လပ်ရေးကို မဆုံးရှုံးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ လွတ်လပ် ရေးရရန်အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြရသော်လည်း ပျက်ဆီးဆုံးရှုံးရန်မှာ တစ်ရက်တစ်မနက်နှင့်ပင် ဆုံးရှုံးသွားနိုင်သည့် အခြေအနေများကို ကမ်ဘာ့နိုင်ငံများတွင် တွေ့မြင်ရကြောင်း၊ ယနေ့အချိန်အခါတွင် ကမ်ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်၌ ပိုမိုတွေ့ရှိရ သည်မှာ Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာ ပျက်ယွင်းခြင်းများကို တွေ့မြင်နေရကြောင်း၊ နိုင်ငံပေါင်းစုံ စုပေါင်း၍ အစည်းအဝေးလုပ်သည့်နေရာမျိုး တွင်ပင် သူတစ်လူငါတစ်မင်းဖြင့် Globalization ခေါ် ကမ်ဘာ့ရွာကြီးဖွံဖြိုးတိုးတက်ရန် တိုင်ပင်ဆွေးနွေးရမည့်အစား ကမ်ဘာ့ရွာကြီးပျက်ပြားအောင် မိမိလိုရာသို့ဆြဲ၍ ရန္စကား ပြောဆိုခြင်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နေရကြောင်း၊ Hegemony ဗိုလ္က် စိုးမိုးခြင်း ကိစ္စရပ်များ၊ Multilateralismနှင့် Unilateralism အင်အားပြိုင်မှုကိစ္စရပ်များ၊ ငါနှင့်မတူ ငါ့ရန္သူဆို၍ ဖိအားပေးသော ကိစ္စရပ်များ၊ ငါနှင့်တူသော်လည်း ငါ့အလိုက် ကြိုးဆွဲကနိုင်ရန်အတွက် Proxy ခေါ် ရုပ်သေးအစိုးရ ဖြစ်စေရေး ကြိုးစားမှုများကို

မြန်မာ့ခရီးသည်

22 Oct, 16:07


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၀ / ၂၀၂၄ ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း

မြန်မာ့ခရီးသည်

22 Oct, 16:06


ရေကြည်မြို့နယ်၊ စောပြာကျေးရွာနှင့်စိမ့်ကြီးကျေးရွာရှိ  ဒေသခံလူနေအိမ် ၂၀၀ နီးပါးကို နီးစပ်ရာ ကျေးရွာများသို့ ဖိအားပေးပြောင်းရွှေ့ခိုင်းလျက်ရှိကြောင်း သတင်းအမှား များအား လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ ၂၂
          ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ စောပြာကျေးရွာနှင့်စိမ့်ကြီးကျေးရွာရှိ  ဒေသခံ လူနေအိမ် ၂၀၀ နီးပါးကို နီးစပ်ရာကျေးရွာများသို့ ဖိအားပေးပြောင်းရွှေ့ခိုင်းလျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကျေးရွာရှိ လူနေအိမ်များ ပြောင်းရွေ့ရန်စေခိုင်းမှု လုံးဝမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် စေရန် ရည်ရွယ်ချက်ရှိရှိ ကောလာဟလ သတင်းအမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်ဝေရေးသားခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ခရီးသည်

22 Oct, 16:01


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ အောက်တိုဘာ ၂၂
            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
            ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “KO KYAW” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂)ရပ်ကွက်နေ ကျော်လင်းထွန်း(ခ)ကျင်ဝှက်အား ညနေ ၄ နာရီ ၄၅ မိနစ်တွင် အေးသာယာနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ပါသည်။
            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူ များအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာ့ခရီးသည်

22 Oct, 15:59


ရုရှားရေတပ် Russian Pacific Fleet မှ ချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်နှင့် စစ်ရေယာဉ်မှူးများအား လက်ခံတွေ့ဆုံ
၂၀၂၄/အောက်တိုဘာ(၂၂)ရက်
                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ အဏ္ဏဝါသီရိရိပ်သာ၌ လာရောက်တွေ့ဆုံခဲ့သည်။
                  ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်များအကြား ရေကြောင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်များ အကြား အပြန်အလှန်ဆက်ဆံမှုကိစ္စရပ်များ၊ စစ်ရေယာဉ်များချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင်းလင်းစွာဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

22 Oct, 15:58


တောင်ငူမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသည့်      ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေး
နေပြည်တော်၊ အောက်တိုဘာ -၂၂
         ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံ သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချ လေ့ကျင့်ရေးဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များက သွားရောက်တွေ့ဆုံအားပေးသည်။ ထို့နောက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ကြပြီး သင်တန်းသားများအား အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာ့ခရီးသည်

22 Oct, 15:58


ကုန်သွယ်ရေဇုန်အားလုံးနီးပါး
ရပ်ဆိုင်းသွားပြီ
ဘယ်သူ့ကို ထိခိုက်မှာလဲ
#AungMoeKyaw

မြန်မာ့ခရီးသည်

22 Oct, 15:57


လှည်းကူးမြို့နယ်၊ စံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ - ၂၂
            ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စံပြကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ စံပြမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
            ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၀ ပါးနှင့် ဒေသခံပြည်သူ ၇၃ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရောဂါ၊ ကလေးရောဂါ၊ အရိုး/ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
            ယင်းသို့ဆောင်ရွက်နေမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။