Myanmar International News @myanmar19623 Channel on Telegram

Myanmar International News

@myanmar19623


Sharing of Myanmar & International News

Myanmar International News (English)

Are you interested in staying up-to-date with the latest news from Myanmar and around the world? Look no further than the Myanmar International News Telegram channel! As the channel's username @myanmar19623 suggests, this channel is dedicated to sharing a diverse range of news stories, covering everything from local developments in Myanmar to international events. Whether you are a Myanmar resident wanting to stay informed about what's happening in your own country or a global citizen looking to broaden your perspective on international news, this channel has got you covered. With a focus on providing accurate and timely information, Myanmar International News is a reliable source for breaking news, in-depth analysis, and thought-provoking commentary. Who is it for? Myanmar International News is for anyone who values staying informed and knowledgeable about current events. Whether you are a student, professional, or simply someone who enjoys keeping up with the news, this channel is a must-follow. What is it? Myanmar International News is a Telegram channel that offers a curated selection of news stories from Myanmar and around the world. From politics and economics to culture and sports, this channel covers a wide range of topics to cater to diverse interests. By following Myanmar International News, you can expect to receive regular updates on the latest news developments, helping you stay informed and engaged with the world around you. So why wait? Join the Myanmar International News Telegram channel today and start your journey towards becoming a well-informed global citizen. Stay ahead of the curve with the latest news updates delivered straight to your fingertips, all in one convenient location. Don't miss out on this valuable resource for news enthusiasts – follow Myanmar International News now!

Myanmar International News

09 Jan, 15:29


မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို ဆွေးနွေးခဲ့ကြပါတယ် ။

နစက ဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးအား ယနေ့ ဇန်နဝါရီ ၉ ရက်နေ့လည်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ် ။

တွေ့ဆုံစဥ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတိုကို ဆွေးနွေးခဲ့ကြပါတယ် ။
#News

Myanmar International News

09 Jan, 15:14


လဟယ်မြိုတွင် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည်

၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၅)ရက်တွင် လဟယ်မြို၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ် ။

ထိုပြင် ဗဟိုအဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီးမြိုနယ်တွင် ဇန်နဝါရီလ (၁၅)ရက်မှ (၁၇)ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ် ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်တွင် ကျရောက်မည့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) (၃၅)နှစ်ပြည့် ကျောက်စိမ်းရတုအထိမ်းအမှတ် နာဂရိုးရာ နှစ်သစ်ကူးအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ခန္တီးမြို၊ နာဂရိုးရာ အားကစားကွင်းအတွင်း ဇန်နဝါရီလ (၇)ရက် နံနက်က ကျင်းပခဲ့ကြောင်း သိရပါတယ် ။
#News

Myanmar International News

09 Jan, 09:59


သထုံမြိုနယ်အတွင်းရှိ ဧက ၉,၂၀၀ ကျော် အကျယ်အဝန်းရှိသော နယ်မြေကို “ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်

 မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြိုနယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း ၉,၂၈၄ ဧကရှိသော နယ်မြေကို ဇန်နဝါရီလ ၂ ရက်မှစ၍ “ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်ကြောင်း ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅)ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ် ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်နှင့် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိင်းဒဏ်/ လေမုန်တိုင်းဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်နှင့် ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ဂဏန်း၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲစည်းသတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ် ။
#News

Myanmar International News

09 Jan, 09:28


(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပပြုလုပ်မည်

(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ(၁၃)ရက်၌ မော်လမြိုင်မြိုတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရပါတယ် ။

မွန်တိုင်းရင်းသားတို၏ နေ့ထူးနေ့မြတ်ဖြစ်သည့် မွန်အမျိုးသားနေ့ အခမ်းအနားကို မော်လမြိုင်မြိုရှိ မွန်ဓမ္မာရုံတွင် အကျဉ်းချုံးသာ ကျင်းပသွားရန် စီစဉ်ထားပြီး အခမ်းအနားကို ရိုးရာမပျက် ကျင်းပနိုင်ရန် ယင်းနေ့ တစ်ရက်အတွင်း ၌သာ ကျင်းပသွားမည်ဖြစ်သည်ဟု မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီထံမှ သိရပါတယ် ။

မွန်အမျိုးသားနေ့ အခမ်းအနားကို ယခင်က မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစ၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအစရှိသည့် မြိုနယ်များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို)ကို ဖွဲစည်းခဲ့ပါတယ် ။

ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲစည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြိုနယ်ဖြင့် အလှည့်ကျကျင်းပလာခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ် ။
#News

Myanmar International News

09 Jan, 05:19


မြန်မာနိုင်ငံအကြပ်အတည်းအတွက် အဖြေရှာရာတွင် အာဆီယံဘုံသဘောတူညီချက် (၅)ချက်ဖြင့်ကိုက်ညီသည့် အာဆီယံ၏ အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်း ဥရောပသမဂ္ဂအဖွဲ အသိပေးထုတ်ပြန်

မြန်မာနိုင်ငံအကြပ်အတည်းအတွက် အဖြေရှာရာတွင်အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ ဘုံသဘောတူညီချက် (၅)ချက်နှင့် ကိုက်ညီသည့် အာဆီယံ ဥက္ကဋ္ဌနှင့် အထူးသံတမန်၏ လုပ်ငန်းအပါအဝင် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်း ဥရောပသမဂ္ဂအဖွဲ က ဇန်နဝါရီ(၇)ရက်၌ အသိပေးထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ထိုအပြင် ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၏ အရေးကြီးသောအခန်း ကဏ္ဍကိုလည်း အသိအမှတ်ပြုကြောင်း ထပ်လောင်း အသိပေးထားပါတယ် ။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းသို ပြန်လည်ရောက်ရှိစေရန် စစ်မှန်၍ အပြု သဘောဆောင်ကာ အားလုံးအကျုံးဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများကိုလည်း ထောက်ခံလျက်ရှိသည်ဟု အသိပေးချက်တွင်ဖော်ပြထားပါတယ် ။
#News

Myanmar International News

09 Jan, 04:46


ရွှေကြိုမောင်မယ် ရွေးချယ်မခံရဘဲ ကျန်ရစ်သူတွေက ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်လိုသူတွေအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးထံ အမြန်စာရင်းပေးရမည်

ရွှေကြိုမောင်မယ်တွေအဖြစ် နောက်ဆုံးအဆင့်မှာ အရွေးမခံရဘဲ ကျန်ရစ်ခဲ့သူတွေက ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်လိုသူတွေအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးထံကို အမြန်စာရင်းပေးသွင်းရမယ်လို သိရပါတယ်။

“ရွှေကြိုမောင်မယ်တွေ နောက်ဆုံးအဆင့်မှာ အရွေးမခံရဘဲ ကျန်ရစ်ခဲ့သူတွေကို ကျွန်တော်တို့အနေနဲ့ သူ့တို့ဝါသနာကို ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်နိုင်ဖို့အတွက် ထည့်သွင်းစဉ်းစားထားတာပါ။ ဒီအရည်အချင်းရှိတဲ့ ကလေးတွေကို အခွင့်အရေးတစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားလိုက်တာပါ” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တွဲဖက်အတွင်းရေးမှူး ကိုချမ်းသာကြည်စိုးက ပြောပါတယ်။
#News

Myanmar International News

09 Jan, 02:25


ရွေးကောက်ပွဲအတွက် အသင့်ဖြစ်နေစေရန် ဆောင်ရွက်နေပြီး မြေပြင်ကောက်ယူထားသည့် လူဦးရေစာရင်းများကို CVLMS စနစ်အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက်လျက်ရှိပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဗဟိုကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ယနေ့ ပြုလုပ်သည့် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ပါတယ် ။
#News

Myanmar International News

08 Jan, 11:45


ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၃၅၉၁ ကျပ်ဖြင့် ဒေါ်လာ ၂ သန်းကျော် ထပ်မံထုတ်ရောင်းပေး

မြန်မာနို်ငငံတော်ဗဟိုဘဏ်မှ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များအတွက် ဇန်နဝါရီ ၇ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ထုတ်ရောင်းပေးခဲ့ပါတယ်။

ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၃၅၉၁ ကျပ်ဖြင့် ထုတ်ရောင်းပေးခြင်းဖြစ်ပြီး ဇန်နဝါရီ ၂ ရက်နေ့စ၍ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို (၄) ကြိမ်ဆက်တိုက် ထပ်မံထုတ်ရောင်းပေးထားပါတယ်။
#News

Myanmar International News

08 Jan, 09:37


တောင်ကိုရီးယားသမ္မတယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခွင့်ဝရမ်း သက်တမ်းတိုးပြီးနောက် သမ္မတ အိမ်တော်အပြင်ဘက်တွင် ယွန်ကို ထောက်ခံသူများနှင့်ဆန့်ကျင်သူများ အပြိုင်စုဝေး

ပြစ်တင်ရှုတ်ချခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံ သမ္မတယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခွင့်ဝရမ်းက ဇန်နဝါရီလ ၆ ရက်မှာသက်တမ်းကုန်ဆုံးခဲ့ပြီးနောက် တရားရုံးက ဝရမ်းသက်တမ်းကို ဇန်နဝါရီလ ၇ ရက်မှာ တိုးပေးခဲ့ပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၈ ရက်မှာတော့ ယွန်ကိုထောက်ခံသူနဲ့ ဆန့်ကျင်သူ လူအုပ်ကြီးနှစ်ခုက ယွန်ရဲ့ သမ္မတအိမ်တော်အနီးမှာ အပြိုင်ဆန္ဒပြခဲ့ကြတယ်လို သိရပါတယ်။

သမ္မတယွန်ကို ထောက်ခံသူ ၆၀၀ ခန့်က ဟန်ဂန်ဂျင်းဘူတာရုံအနားမှာ စုဝေးကြပါတယ်။ သူတိုအများစုကတော့ ခရစ်ယာန် သင်းအုပ်ဆရာ Jeon Kwang-hoon ခေါင်းဆောင်တဲ့ ရှေးရိုးစွဲအုပ်စုတစ်ခုက ဖြစ်ကြပြီး တခြားရှေးရိုးစွဲအဖွဲတစ်ဖွဲဖြစ်တဲ့ Freedom Union သမဂ္ဂကလည်း ပါဝင်ပါတယ်။
#News

Myanmar International News

07 Jan, 05:18


ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၃ သန်းခန့် ထပ်မံထုတ်ရောင်း

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ထိုင်းဘတ် ၂ ဒသမ ၈၇၁ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇန်နဝါရီ ၆ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရပါတယ် ။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ ဒသမ ၄၅၈ သန်းနှင့် တရုတ်ယွမ် ၆၈၀,၀၀၀ ခန့်၊ ဇန်နဝါရီ ၃ ရက်တွင် တရုတ်ယွမ် ၅၁၀,၀၀၀ ကျော်နှင့် ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဇန်နဝါရီလ ပထမအပတ်အတွင်း ဒေါ်လာသန်း ၅၀၊ ထိုင်းဘတ် ၅ ဒသမ ၃၂၉ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၂ သန်းနီးပါး ထုတ်ရောင်းပေးထားပါတယ် ။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း၌လည်း ဗဟိုဘဏ်က ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ရာ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားပါတယ် ။
#News

Myanmar International News

07 Jan, 04:07


LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲစည်းထား

ရွှေလီ၊ ရွှေကျင်နှင့် ကျောက်ဖြူစီမံကိန်းများမှ လျှပ်စစ်မဂ္ဂါဝပ် ၆၀၀ ခန့် မဟာဓာတ်အားလိုင်းထဲရောက်မှ နွေရာသီအဆင်ပြေနိုင်မည်ဖြစ်သော်လည်း လုံခြုံရေးကြောင့် မသေချာ၍ လျှပ်စစ်လိုအပ်ချက်ကာလတို ဖြေရှင်းရေး LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများတည်ဆောက်ရန် ကော်မရှင် ဖွဲစည်းထားကြောင်းသိရပါတယ် ။

တစ်ရက်လျှင် ပျမ်းမျှ လျှပ်စစ် ၂၀၀၀ မဂ္ဂါဝပ်ခန့်၊ လိုအပ်ချက်၏ သုံးပုံတစ်ပုံသာ ထုတ်လုပ်ပေးနိုင်သောကြောင့် ကာလတို ဖြေရှင်းနိုင်ရန် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကိုအကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပါတယ် ။

သိုသော်လည်း အကြမ်းဖက်သောင်းကျန်းသူများက ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများကိုဖျက်ဆီးထားသောကြောင့် စွမ်းအားပြည့် ဓာတ်အားပို လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားပေးစက် ရုံများ ဓာတ်အားထုတ်လုပ်နိုင်မှု မရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်း လျော့နည်းရရှိ၍ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိ ခြင်း စသည်တိုကြောင့် စုစုပေါင်း ဓာတ်အား ၁၄၀၀ မဂ္ဂါဝပ်ခန့် လျော့နည်း ထုတ်လုပ်နေရခြင်းဖြစ်၍ မီးပေးချိန်လျော့ကျခဲ့ရကြောင်း သိရှိရပါတယ် ။
#News

Myanmar International News

06 Jan, 16:34


နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကိုပိုလွှတ်ဖြန့်ဖြူးလျှက်ရှိသော ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည့် ဓာတ်အားပေးစက်ရုံများအား အမြန််ဆုံးဓာတ်အားပြန်လည် ထုတ်လွှတ်ပိုလွှတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် လတ်တလောဓာတ်အားဖြန့်ဖြူးနိုင်မှု အခြေအနေများအား ရန်ကုန်လျှပ်စစ်​​ဓါတ်အား​ပေး​ရေးကော်ပို​ရေးရှင်းမှ မိဘပြည်သူများထံသိုထပ်ဆင့်အသိပေး

Myanmar International News

06 Jan, 15:08


ယူကရိန်းကို အကူအညီမပေးသည့်အတွက် အနောက်နိုင်ငံများကို ဆိုးရွားသောအသုံးအနှုန်းဖြင့် ဇလန်းစကီး အပြစ်တင်

သူ့အမြင်အရတော့ အနောက်နိုင်ငံတွေက မော်စကိုကို ပိတ်ဆိုအရေးယူမှုတွေနဲ့ လက်နက်ထောက်ပံ့မှုတွေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင်ကတည်းက မော်စကိုကို ခြိမ်းခြောက်ဖို ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

အမေရိကန် သတင်းထောက် Lex Fridman နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အနောက်နိုင်ငံမိတ်ဆွေများများ အကြောင်း ပြောကြားရာ၌ ယူကရိန်းသမ္မတ ဇလန်းစကီးက ဆိုးရွားသောအသုံးအနှုန်းဖြင့် ပြစ်တင်ပြောဆိုခဲ့ပါတယ် ။

အမေရိကန် သတင်းထောက် Lex Fridman အကြံပြုထားသည့်အတိုင်း အင်တာဗျူးတစ်ခုလုံးကို ရုရှားဘာသာဖြင့်ဖြေကြားခဲ့ခြင်းမဟုတ်သော်လည်း အနောက်နိုင်ငံမိတ်ဆွေများအကြောင်း ပြောကြားရာတွင်မူ ရုရှားဘာသာစကားဖြင့် ဆိုးရွားသော အသုံးအနှုန်းများကို အကြိမ်များစွာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ် ။
#News

Myanmar International News

06 Jan, 08:03


အောက်စက်တော်ရာ (ခြေတော်ရာ)အား သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံတားတစ်စင်း တပ်ဆင်နေ

မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ (ခြေတော်ရာ)အား ဘုရားဖူးပြည်သူများ သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံပေါင်တံတားတစ်စင်းတပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲထံမှ သိရပါတယ် ။

အဆိုပါ ယာယီဘေလီသံပေါင် တံတားတစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်မှ စတင်တပ်ဆင်တည်ဆောက်နေပြီး မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပစဉ်ကာလ အောက်စက်တော်ရာ(ခြေတော်ရာ)အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ လွယ်လင့်တကူ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရပါတယ် ။

ယင်းတံတားတပ်ဆင်ရာတွင် ယခင်နှစ်က အသုံးပြုခဲ့သော တံတား အကျယ် (၁၂) ပေ (၈) လက်မ၊ အရှည်ပေ (၁၀၀) ရှိ ယာယီဘေလီသံပေါင် တံတားတစ်စင်းကို နစကဥက္ကဋ္ဌ ၏ လှူဒါန်းမှုဖြင့် အမှတ်(၉၆၇) ဆောက်လုပ်ရေးတပ်ခွဲ၊ အင်ဂျင်နီယာတပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်မှစတင်ပြီး တပ်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။
#News

Myanmar International News

06 Jan, 07:14


ဂျိုးဖြူပိုက်လိုင်း ပြင်မည် ဖြစ်သောကြောင့် ယာယီရေပြတ်မည်

ဂျိုးဖြူပိုက်လိုင်း ပြုပြင်ရန်ရှိသည့်အတွက် ရန်ကုန်မြိုတွင် မနက်ဖြန် ဇန်နဝါရီ (၇) ရက်၌ ရေယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီမှ အသိပေးထားပါတယ်။

ယာယီပြုပြင်ထားသော ဂျိုးဖြူပိုက်လိုက်ကြီးအား အကြီးစား ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်သောကြောင့် ယာယီရေပြတ်မည်ဖြစ်သည်ဟုဆိုပါတယ်။

အဆိုပါ အကြီးစားပြုပြင်ခြင်း လုပ်ငန်းစဉ်များတွင် ဇန်နဝါရီလ (၇) ရက် နံနက် အစောပိုင်း (၂) နာရီမှစ၍ ရေစတင်ပိတ်ပြီး ရေကျန်များထုတ်ခြင်း၊ ဂျွိင်းဆက်များ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ညနေပိုင်းတွင် ရေပြန်လည်ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း သိရပါတယ်။
#News

Myanmar International News

06 Jan, 04:39


မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကြီးကို လာမည့် ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်တိုင်ကျင်းပမည်

မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကြီးကို လာမည့် ဇန်နဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်တိုင် ရန်ကုန်ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ် ။

POWER & POTOVOLTAIC ENERGY STORAGE LIGHTING EXPO 2025 မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကြီးကို Myanmar DPES Exhibition Co.,Ltd. မှ ပထမဦးဆုံးအကြိမ် ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Sundisolar, Glink, CTE, Leodar, Power X, Bluecarbon, A-Nature, Xinxin, Munet, HZsolar, SPECL, Soldia, Kama, Phonix, Energy, WOTEAM, Sunstorage, Eitai solar, LVtopsun, Solarpower, GW, KAIXI, CATALOG, Disquine, Easy, XINTAO, HLAING, DEEPAK, Ecoflow, RES, CHA, MEGA, WEI LI HLAING အစရှိသည့် Company ၇၀ ကျော်နှင့် လူကြိုက်အများဆုံးဖြစ်သည့် Solar Energy Storage ပစ္စည်းမျိုးစုံကိုလည်း တစ်နေရာထဲတွင် အစုံလင်ဆုံး လေ့လာ ဝယ်ယူနိုင်မည် ဖြစ်ပါတယ်။
#News

Myanmar International News

06 Jan, 04:20


ဘိုင်ဒန်ပေးတဲ့ အမေရိကန် အရပ်သား အမြင့်ဆုံးဆုကို ဘောလုံးသမား မက်ဆီတက်မယူခဲ့

အင်တာမီယာမီ CF ဘောလုံးအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သမ္မတလွတ်လပ်မှုဆုတံဆိပ် (Presidential Medal of Freedom) ကို ချီးမြှင့်ခဲ့ပါတယ်။သမ္မဂျိုးဘိုင်ဒန်က အမေရိကန် အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံးဆုကို နယ်ပယ်အသီးသီးက ထိပ်တန်းခေါင်းဆောင်များကို ချီးမြှင့်ရာ ဆုချီးမြှင့်ခံရသူ ၁၉ ဦးထဲတွင် မက်ဆီလည်းပါဝင်ခဲ့ပါတယ်။

လွတ်လပ်မှုဆိုင်ရာ သမ္မတဆုတံဆိပ်သည် အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေး ၊ကြွယ်ဝမှု နှင့်တန်းဖိုးကို မြှင့်တင်ပေးနိုင်တဲ့ သူများ ၊ကမ္ဘာ့ငြိမ်းချမ်းရေး သို့မဟုတ် အခြားအရေးကြီးသော လူမှုအဖွဲ့အစည်း၊ အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကြိုးပမ်းအားထုတ်မှုများတွင် စံနမူနာပြ ပံ့ပိုးပေးခဲ့ကြသော ပုဂ္ဂိုလ်များအား ပေးအပ်သည့် နိုင်ငံ၏ အမြင့်ဆုံးသော အရပ်သားဂုဏ်ပြုခြင်း ဖြစ်ပါတယ်။

အမေရိကန်မေဂျာလိဂ်မှအင်တာမိယာမီ ကလပ်အသင်းခေါင်းဆောင်သည် လီယိုမက်ဆီဖောင်ဒေးရှင်းမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိ ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအစီအစဉ်များကို ပံ့ပိုးပေးကာ UNICEF ချစ်ကြည်ရေးသံတမန်အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။
#News

Myanmar International News

05 Jan, 13:21


သမ္မတယွန်းကို ထောက်ခံသူနှင့် ဆန့်ကျင်သူ ပြိုင်ဘက်အုပ်စုများ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်

ရာထူးဆိုင်းငံ့ခံထားရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်ကို ဖ-မ်းဆီးရန်ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက်တစ်နေ့ ဇန်နဝါရီ ၄ ရက်တွင် သူ့ကို ထောက်ခံ/ဆန့်ကျင်သော ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် မြိုတော်သို ချီတက်စုရုံးခဲ့ကြပါတယ် ။

နိုင်ငံ၌ ဒီဇင်ဘာလကတည်းက နိုင်ငံရေးမငြိမ်သက်မှုဖြစ်ခဲ့ပြီး မစ္စတာယွန်းသည် ၎င်းကိုဖ-မ်းဆီးရန် အစိုးရရှေ့နေများ၏ ကြိုးပမ်းမှုကို ဆန့်ကျင်သည့် ရာနှင့်ချီသော သစ္စာခံလုံခြုံရေးတပ်ဖွဲဝင်များဖြင့် ဝန်းရံထားသော သမ္မတအိမ်တော်တွင် အာခံရပ်တည်လျက်ရှိနေပါတယ် ။

မစ္စတာယွန်းကို ဆန့်ကျင်/ထောက်ခံသော ဆန္ဒပြသူများသည် ဇန်နဝါရီ ၄ ရက်က ဆိုးလ်မြိုတော်ရှိ သမ္မတအိမ်တော်ရှေ့နှင့် အဓိကလမ်းများပေါ်တွင် စုဝေးခဲ့ကြပြီး တစ်ဖက်က သူ့ကို ဖ-မ်းဆီးရန်တောင်းဆိုသကဲ့သို အခြားတစ်ဖက်က သူအပေါ် စွပ်စွဲပြစ်တင်ခြင်းကို တရားမဝင်ကြောင်း ကြေညာပေးရန် တောင်းဆိုခဲ့ကြပါတယ် ။
#News

Myanmar International News

05 Jan, 12:43


အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄) သန်းကျော်ဗဟိုဘဏ်ထုတ်ရောင်းခဲ့

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရပါတယ်။

ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာ (၃၅၈၈)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ်ငွေလဲနှုန်း (၁၂၉ ဒသမ ၉၀) ကျပ်နှုန်းဖြင့် (၂)သန်းခွဲ ဝန်းကျင်ထပ်မံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။

ပြင်ပငွေကြေးဈေးကွက်တွင်အမေရိကန် တစ်ဒေါ်လာ (၄၃ ၆၀ - ၄၄၃၀) ကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး ပြင်ပပေါက်ဈေးနှင့် ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်သည် တစ်ဒေါ်လာ ကျပ် (၈၀၀) ဝန်းကျင်သာ ရှိကြောင်း သိရှိရပါတယ်။
#News

Myanmar International News

05 Jan, 03:56


လက်တစ်ဆုပ်စာ လူတစ်စု၏ ကိုယ့်အကျိုးအတ္တကို ရှေ့တန်းတင်နေသ၍ ဒေသခံပြည်သူများ၏ ဘဝများပင် ထိခိုက်နစ်နာနေရဦးမည်ဟု တပ်ချုပ်ပြောကြား

ပြည်နယ်အရေး၊ လူမျိုးစုအရေးဟူသည့် ခေါင်းစဉ်များဖြင့် လက်တစ်ဆုပ်စာ လူတစ်စု၏ ကိုယ့်အကျိုးအတ္တကို ရှေ့တန်းတင်နေသ၍ ဒေသခံပြည်သူများ၏ ဘဝများပင် ထိခိုက်နစ်နာနေရဦးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြောကြားပါတယ် ။

ဇန်နဝါရီ (၄) ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို တက်ရောက်မိန့်ခွန်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ် ။
#News

Myanmar International News

04 Jan, 12:24


နိုင်ငံတစ်ဝှမ်းရှိ ရခိုင်လူမျိုး မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား ဇန်နဝါရီလအတွင်း အကြီးအကျယ် စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းထွက်ပေါ်

Myanmar International News

04 Jan, 07:21


ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း)ဦးခက်အောင်ပါဝင်

နစက ဥက္ကဋ္ဌမှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေသူများအနက် (၅၈၆၄)ဦးကို ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ပါတယ်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုခဲ့သူများအနက် ကချင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း)ဦးခက်အောင်နှင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခြင်းခံထားရသူ (၆၀၀)ဦးခန့်ပါဝင်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

ထို့ပြင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်ပြည်နှင်ဒဏ်ပေးခဲ့သည့် နိုင်ငံခြားသား(၁၈၀)ဦးမှာ ထိုင်းနိုင်ငံသားများနှင့် အင်ဒိုနီးရှားနိုင်ငံသားများဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါတယ်။
#News

Myanmar International News

04 Jan, 04:32


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား ယနေ့ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်မင်္ဂလာအခါသမယ၌ တိုင်းရင်းသားပြည်သူများအားလုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ် ။

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပိုင်နက်နယ်မြေ၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် လွတ်လပ်သည့်နိုင်ငံအဖြစ် ဝင့်ထည်စွာရပ်တည်ခဲ့ပါတယ် ။ ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းတို့ကို တင့်တယ်စွာပိုင်ဆိုင်ခဲ့ပါတယ် ။
#News

Myanmar International News

03 Jan, 06:49


ဟုမ္မလင်းမြို အရှေ့ဘက် မိုင် ၄၀ ကျော်အကွာနေရာမှာ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြိုရဲ့ အရှေ့ဘက် မိုင် ၄၀ ကျော်အကွာနေရာမှာ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

အင်အားအနည်းငယ်ရှိတဲ့ အဆိုပါမြေငလျင်ဟာ ဒီကနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၀၂) မိနစ်၊ (၃၈) စက္ကန့် အချိန်က လှုပ်ရှားသွားခဲ့တာလိုဆိုပါတယ်။

လှုပ်ရှားသွားတဲ့ နေရာကတော့ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၂) မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြိုရဲ့ အရှေ့ဘက် (၄၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၇) ဒီဂရီ၊ အနက် (၁၅၀) ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားခဲ့တာလိုလည်း မိုး/ဇလရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#News

Myanmar International News

02 Jan, 14:56


MNDAA/ TNLA/ KIA နှင့် PDF ထိန်းချုပ်နယ်မြေများထံ စက်သုံးဆီများ တရားမဝင် သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေသူ ၁၇ ဦးကို ဖော်ထုတ်ဖမ်းဆီး

Myanmar International News

31 Dec, 06:14


၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းအား မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ပြီးဖြစ်ရာ အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ပြည်သူ့အင်အားဦးစီးဌာနက မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ ရှေ့ပြေးလူဦးရေစာရင်းအချက်အလက်များ ရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန Website ဖြစ်သည့် www.dop.gov.mm တွင် ရယူနိုင်သလို အောက်ပါ Link များတွင်လည်း ဝင်ရောက်ဖတ်ရှု Download ပြုလုပ်နိုင်သည်။

Myanmar Version;
https://www.dop.gov.mm/sites/dop.gov.mm/files/publication_docs/2024_provisional_result_mm.pdf

English Version;
https://www.dop.gov.mm/sites/dop.gov.mm/files/publication_docs/2024_provisional_result_eng.pdf

#myanmarfocus

Myanmar International News

31 Dec, 03:18


AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား အဖွဲအစည်း အသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်
#news

Myanmar International News

30 Dec, 15:09


မြန်မာ့တပ်မတော်အတွက် လက်နက်ဝယ်ယူမှု ထိုင်းနိုင်ငံဘဏ်များ ဆက်စပ်နေသည်ဟု ကုလစွပ်စွဲချက် သက်သေမရှိဟု ထိုင်းအစိုးရပြောကြား

မြန်မာအစိုးရက နိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှာ စစ်ဘက်လက်နက်ပစ္စည်းတွေဝယ်ယူရာမှာ ထိုင်းနိုင်ငံဘဏ်တွေက ကူညီမှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့စွပ်စွဲချက်တွေက သက်သေအထောက်အထားတစ်စုံတစ်ရာမရှိဘူးလို့ ထိုင်းအာဏာပိုင်တွေကပြောခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဗဟိုဘဏ်(BoT)နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး(Amlo)တို့က ပြောကြားခဲ့ရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက၂၀၂၄ ခုနှစ်၊ဇွန်လကထုတ်ပြန်တဲ့ အစီရင်ခံစာအပြီးမှာတော့ သူတို့အနေနဲ့ ချက်ချင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရှိငွေကြေးအဖွဲ့အစည်းတွေကိုလည်း သူတို့ရဲ့အရောင်းအဝယ်လုပ်ငန်းတွေကိုပြန်လည်စိစစ်သုံးသပ်ဖို့ အမိန့်ပေးခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် သူတို့က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့အစီရင်ခံစာမှာ မြန်မာအစိုးရလက်နက်ပစ္စည်းဝယ်ယူဖို့ကူညီခဲ့တယ်ဆိုတဲ့ ငွေကြေးအဖွဲ့အစည်းအချို့ဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အရောင်းအဝယ်ပြုမှုတွေရှိပေမယ့် ဒီအရောင်းအဝယ်တွေက လက်နက်ဝယ်ယူမှုနဲ့ဆက်စပ်တယ်လို့ ဘယ်လိုသက်သေအထောက်အထားမှမရှိဘူးလို့ပြောခဲ့ကြပါတယ်။
#News

Myanmar International News

30 Dec, 09:24


ပြည်တွင်းထုတ်ဓာတ်ဆီများ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် ရောင်းချသွားမည်

ပြည်တွင်းထုတ်ဓာတ်ဆီတွေကို နေပြည်တော်အပါအဝင်တိုင်းနဲ့ပြည်နယ်အချိုမှာ ဇန်နဝါရီလအတွင်း ဖြန့်ဖြူးရောင်းချပေးသွားဖိုဆောင်ရွက်နေတယ်လို စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
#News

Myanmar International News

30 Dec, 09:06


တောင်ကြီးတွင် စည်းကမ်းမဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ (၃)ရက် စီးနင်းခွင့်ပိတ်

ရှမ်း/တောင် တောင်ကြီးမြိုပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေအရ စည်းကမ်းမဲ့မောင်းနှင်သည့် ဆိုင်ကယ်များ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ် ။

ထိုသို ဖမ်းဆီးရာ၌ တရားဝင်လိုင်စင်ဘီးများကို ယာဉ်စည်းကမ်း လမ်းစည်ကမ်း ဖောက်ဖျက်ပါက ကျပ်ငွေ(၂၀,၀၀၀) ဒဏ်ကြေးရိုက်သည့်အပြင် ဆိုင်ကယ်စီးနင်းခွင့် (၃)ရက် ပိတ်ကြောင်း သိရပါတယ် ။

လိုင်စင်မဲ့ ဆိုင်ကယ်များကိုမူ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ် ။

ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ လိုင်စင်မဲ့ယာဉ်အပါအဝင် စည်းကမ်းမဲ့မောင်းနှင်သူများအား ပညာပေးကာလအဖြစ်သတ်မှတ်ပြီးနောက် ထိုသိုဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လာခြင်းဖြစ်ပါတယ် ။

ဖမ်းဆီးစစ်ဆေးရာတွင် မြိုတွင်းလမ်း‌မကြီးပေါ်များတွင်သာမက အခြားသောလမ်းသွယ်များအတွင်းတွင်လည်း စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ် ။
#News

Myanmar International News

30 Dec, 08:42


ချွတ်ယွင်းမှုအချို့ကြောင့် ယာဉ်အစီးရေ(၇)သိန်းကို Tesla ကုမ္ပဏီ ပြန်လည်သိမ်းဆည်း

တာယာဖိအားစောင့်ကြည့်ရေးစနစ်တွင် ချွတ်ယွင်းမှုများနှင့်အတူ မတော်တဆမှုဖြစ်ပွားနိုင်ခြေ မြင့်တက်လာသောကြောင့် EV ကားထုတ်လုပ်သည့် ကုမ္ပဏီ Tesla သည် အမေရိကန်ရှိ ၎င်း၏ကားအစီး ရေ(၇)သိန်းကို ပြန်လည် သိမ်းဆည်းခဲ့ကြောင်း ဘေးကင်းလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့ကို ကိုးကားပြီး Associated Press သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ် ။

အဆိုပါပြန်လည်သိမ်းဆည်းမှုသည် 2024 Cybertruck ၊ 2017-2025 Model 3 နှင့် 2020-2025 Model Y မော်တော်ယာဉ်များအပါအဝင် အခြားမော်ဒယ်ပေါင်းများစွာအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း ဒီဇင်ဘာလ(၂၆)ရက် တွင် ထုတ်ပြန်ခဲ့သည့် National Highway Traffic Safety Administration ၏ ထုတ်ပြန်ချက်အရ သိရပါတယ် ။

Tesla ကုမ္ပဏီကထုတ်လုပ်ထားသော မော်တော်ယာဉ်များ၏ တာယာဖိအားစောင့်ကြည့်ရေးစနစ် သည် မောင်းနှင်မှုစက်ဝန်း (အချိန်နှင့်အမျှ ယာဉ်၏အရှိန်ကိုကိုယ်စားပြုသည့် ဒေတာအမှတ် များ)ကြားတွင် တာယာဖိအားနည်းသော သတိပေးမီးကို တစ်သမတ်တည်းပြသနိုင်မည်မဟုတ်ကြောင်း ဘေးကင်းလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့က သတိပေးပြောဆိုခဲ့ပါတယ် ။
#News

Myanmar International News

30 Dec, 06:57


NUG နှင့် PDF များ၏ ပစ်မှတ်ထား၊ ဆုကြေးထုတ်ခံနေရသော အဆိုတော်ယုန်လေးနှင့် ကျွန်းတောအလယ်ရုံးတို ယနေ့နံနက်က ပစ်မှတ်ထား တိုက်ခိုက်ခံရ​ပြီး ယုန်လေး၏ကားအပါအဝင် ကားနှစ်စီး ပျက်စီး

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ အမှတ်(၃၁)၊ ဖျာပုံလမ်း၊ ကျွန်းလယ်ရပ်ကွက်ရှိ ပန်းလှိင်မိသားစု Clinic ရှေ့နှင့် ယုန်လေးနေအိမ်အနီးတွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၉ နာရီကျော်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ် ။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် Clinic ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ် နှစ်စီး၊ မီးစက်နှစ်လုံး ပျက်စီးခဲ့ရကြောင်း၊ NUG နှင့် PDF များနှင့် ထောက်ခံသူများက ဆုကြေးထုတ် ပစ်မှတ်ထားခံနေရသော အဆိုတော် ယုန်လေးစီးသော Crown ကားလည်း ထိခိုက်သွားကြောင်း သိရပါတယ် ။
#News

Myanmar International News

26 Dec, 10:02


ဂျပန်လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ၊ခရီးစဉ်အချို ကြန့်ကြာ

ဂျပန်လေကြောင်းလိုင်း(JAL) သည် ဆိုက်ဘာတိုက်ခိုက်ခံ၍ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို နှောင့်နှေးကြန့်ကြာခဲ့သည်ဟု လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့ပါတယ် ။

ဒေသစံတော်ချိန် နံနက် ၇း၂၄ နာရီဝန်းကျင်တွင် ကွန်ရက်ပြဿနာများစတင်ဖြစ်ပွားခဲ့သည်ဟု X ပေါ်တင်ခဲ့သော ပိုစ်တစ်ခုတွင် JAL က ပြောကြားခဲ့သည်။ သိုသော်လည်း ချိုယွင်းမှုဖြစ်ရသည့် အကြောင်းရင်းကို နံနက် ၈း၅၆ နာရီတွင် ဖော်ထုတ်ဖြေရှင်းနိုင်ခဲ့သည်ဟုပြောပါတယ် ။

စနစ် ကို ချိုယွင်းစေသော router တစ်ခုကို ယာယီပိတ်လိုက်ရပြီး ဒီဇင်ဘာလ ၂၆ ရက်‌နေ့တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက် လက်မှတ်ရောင်းချမှုကို ဆိုင်းငံ့ထားကြောင်းလည်း ကုမ္ပဏီက ပြောဆိုပါတယ် ။
#News

Myanmar International News

26 Dec, 09:44


ပြည်တွင်း၌ထုတ်လုပ်သော ကုန်ပစ္စည်းအုပ်စု ၈ မျိုးကို နိုင်ငံခြားကုမ္ပဏီများ တင်ပိုခွင့်ပြုမည်

ပြည်တွင်း၌ထုတ်လုပ်သော တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသည့် အသား၊ ငါးနှင့် ရေထွက်ကုန်၊ ကောက်ပဲသီးနှံများအပါအဝင် ကုန်ပစ္စည်းအုပ်စု ၈ မျိုးကို နိုင်ငံခြားကုမ္ပဏီများအား တင်ပိုခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၃/၂၀၂၄) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားပါတယ် ။

ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို ချဲ့ထွင်တင်ပိုခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိစေရန်အလိုငှာ ပိုကုန်သွင်းကုန် ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ကြောင်း သိရပါတယ်။
#News

Myanmar International News

26 Dec, 09:10


စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှုးအားသေနတ်ဖြင့်ပစ်ခတ်ခဲ့သူနှစ်ဦးကို ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ အမှတ်(၃၅)၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအုပ်ချုပ်ရေးမှုးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူနှစ်ဦး ဖမ်းမိကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ် ။

သေနတ်ဒဏ်ရာရခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေသည် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနတွင် ကုသမှုခံယူနေစဉ်ကွယ်လွန်ရှာပြီဖြစ်ကြောင်းလည်း သိရပါတယ် ။
#News

Myanmar International News

26 Dec, 07:32


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပိုစကတ်(၄)မျိုး ထုတ်ဝေ

၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပိုစကတ်(၄)မျိုးအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေလိုက်သည်ဟု သိရပါတယ် ။

“ မာရဝိဇယ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲ၊ ကျောက်ဆည်မြို ရိုးရာဆင်အကပြိုင်ပွဲ၊ ထမနဲထိုးပြိုင်ပွဲ နှင့် မလှိင်မြိုရှိ ထီးလုပ်ငန်း” စသည့်ဓာတ်ပုံများဖြင့် ပိုစကတ်(၄)မျိုး ထုတ်ဝေခဲ့ပါတယ် ။

ပိုစကတ်တစ်ခုလျှင် (၅၅၀)ကျပ်နှုန်းဖြင့် အမြိုမြိုအနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများတွင် ဝယ်ယူရရှိနိုင်သည်ဟု သိရပါတယ် ။
#News

Myanmar International News

26 Dec, 06:57


သံဖြူဇရပ်မြို တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲပြုလုပ်မည်

သံဖြူဇရပ်မြို တည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲကို ယခုလ ဒီဇင်ဘာ (၂၇)ရက်မှ (၃၁)ရက်အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ် ။

အဆိုပါ အထိမ်းအမှတ်ပွဲကို သံဖြူဇရပ်မြိုလယ်ရှိ ပန်းခြံအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ တပ်မတော်က လုံခြုံရေးဆောင်ရွက်မှုများ အထူးတင်းကြပ်ထားကြောင်း သိရပါတယ် ။

သံဖြူဇရပ်မြိုတည်ထောင်ခြင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အပါအဝင် ဒေသခံ ကလေ-းငယ်များ၏ ကပြဖျော်ဖြေမှုများနှင့်ကျော်ပွဲရွှင်ပွဲများထည့်သွင်းကာ စည်ကားသိုက်မြိုက်အောင်ပြုလုပ်သွားမည်ဟု သိရပါတယ် ။
#News

Myanmar International News

25 Dec, 15:04


ရပ်နားထားတာ ကြာပြီဖြစ်တဲ့ လမ်းမတော်ပွဲဈေးကို (၄) ရက်ကြာ ပြန်လည်ကျင်းပမည်

ကိုဗစ်ကာလကတည်းက ရပ်နားလိုက်ရတဲ့ လမ်းမတော်ပွဲဈေးကို ယခုနှစ်မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ပြန်လည်ကျင်းပဖို ပြင်ဆင်နေကြပြီလို ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြိုရဲ့ အထင်ကရ ပွဲဈေးတွေထဲကတစ်ခုဖြစ်တဲ့ အဲဒီ လမ်းမတော်ပွဲဈေးကို ယခင်က နှစ်စဉ် တန်ဆောင်မုန်းလမှာ ကျင်းပခဲ့တာဖြစ်ပေမယ့် ယခုအခါမှာတော့ ဒီဇင်ဘာ၂၇ ရက်ကနေ ၃၀ ရက်အထိ (၄) ရက်ကြာ ကျင်းပသွားမှာလို ဆိုပါတယ်။

ယခုပြန်လည်ကျင်းပမယ့် လမ်းမတော်ပွဲဈေးလိုပဲ ကိုဗစ်ကာလကတည်းက မကျင်းပဖြစ်ခဲ့တဲ့ ရေကျော်ပွဲဈေးကိုလည်း ပြီးခဲ့တဲ့နိုဝင်ဘာလက ပြန်လည်ကျင်းပခဲ့တယ်လို သိရပါတယ်။
#News

Myanmar International News

25 Dec, 07:46


အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဖြစ်

တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီး ဌာနမှ သိရပါတယ်။

အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီး ဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ (၂၆) ရက်မှ မတ်လ (၃၁) ရက်ထိလည်းကောင်း၊ဒုတိယနှစ်နှင့်အထက် အဝေးသင်သင်တန်းများ၏ ကျော င်းဝင် မှတ်ပုံတင်ခြင်းကို ဖေဖော်ဝါရီလ (၄) ရက်မှ မေလ (၁၆) ရက်ထိလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
#News

Myanmar International News

25 Dec, 07:29


စက်သုံးဆီများကို လိုအပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ဇန်နဝါရီ ၁ ရက်မှစတင်အသုံးပြုနိုင်ပြီဖြစ်

မည်သည့် စက်သုံးဆီအမျိုးအစားကိုမဆို လို အပ်သလောက်ဝယ်ယူနိုင်မည့် MPTA FM Application အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

MPTA FM Application အား မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)နှင့်ပူးပေါင်း၍ ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ Application အား ပြည်သူများအနေဖြင့် ဖုန်းအသုံးပြု၍ နီးစပ်ရာ မည်သည့်စက်သုံးဆီအရောင်းဆိုင်များတွင် မည်သည့်စက်သုံးဆီအမျိုးအစားများကို မည်သည့်စျေးနှုန်းများဖြင့် လိုအပ်သလောက်ဝယ်ယူဖြည့်တင်းနိုင်ခြင်း ရှိ/မရှိသိရှိနိုင်ရန်အတွက် ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။
#News

Myanmar International News

24 Dec, 09:39


ဈေးပွဲတော်ပါဝင်တဲ့ ခရစ္စမတ်ပွဲတော်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ (၆) ရက်ကြာကျင်းပမည်

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နဲ့ MJE Company Limited တိုက စီစဉ်တဲ့ Christmas & Pre New Year Open Events ပွဲတော်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဒီဇင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ ၆ ရက်တိုက်တိုင် ကျင်းပသွားမှာဖြစ်တယ်လို သိရပါတယ်။

အဲဒီပွဲတော်ကာလအတွင်းမှာ လာရောက်ဆင်နွှလည်ပတ်ကြမယ့်သူတွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ဂိမ်းတွေ၊ ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမှာဖြစ်တဲ့အပြင် အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချပေးမယ့် ဈေးဆိုင်ခန်းတွေကိုလည်း ထည့်သွင်းစီစဉ်ပေးထားမှာဖြစ်တယ်လို ဆိုပါတယ်။

ဈေးပွဲတော်မှာ ပါဝင်ရောင်းချမယ်ဆိုရင်တော့ ၁၀ ပေ ပတ်လည် ဆိုင်ခန်း တစ်ခန်းကို ကျပ် ၂ သိန်းခွဲကနေ ကျပ် ၆ သိန်းအထိ ရှိတယ်လိုလည်း သိရပါတယ်။
#News

Myanmar International News

24 Dec, 08:07


မူလမြိုင်ကြီးငူဆရာတော် ပျံလွန်တော်မူခြင်း ခြောက်နှစ်ပြည့် အောက်မေ့ဖွယ် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ မြိုင်ကြီးငူအထူးဒေသတွင် ကျင်းပ

ကရင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အဓိကဆောင်ရွက်ခဲ့သော မူလမြိုင်ကြီးငူဆရာတော်အား ရည်စူးပြုလုပ်သည့် ခြောက်နှစ်ပြည့်အောက်မေ့ဖွယ် နှစ်ပတ်လည်နေ့ကို လှိင်းဘွဲမြိုနယ် မြိုင်ကြီးငူအထူးဒေသ၊ မြိုင်ကြီးငူဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့ရာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် ကရင်တိုင်းရင်းသူ တိုင်းရင်းသားများ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ် ။
#News

Myanmar International News

24 Dec, 03:55


ဘင်္ဂလားဒေ့ရှ်အစိုးရက ဝန်ကြီးချုပ်ဟောင်းဟာစီနာအား တရားရုံးတင်ဖို အလိုရှိလို ပြန်ပိုပေးဖို အိန္ဒိယအစိုးရကို ပြောကြား

ဘင်္ဂလားဒေ့ရှ်အစိုးရက သြဂုတ်လ ၅ ရက်မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာ ကို တရားရုံးတင်စစ်ဆေးမှုတွေပြုလုပ်ဖို အလိုရှိနေ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပိုပေးဖို အိမ်နီးချင်းအိန္ဒိယနိုင်ငံအစိုးရကို ပြောခဲ့တယ်လို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြားဖြတ်အကြီးအကဲဖြစ်သူက ဒီဇင်ဘာလ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။

တောင်အာရှဒေသရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတိုအကြား ခိုင်မာတဲ့ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုအားဖြင့် ဆက်စပ်မှုတွေရှိကြပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာကိုဆန့်ကျင်တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ကာ နောက်ဆုံး သြဂုတ်လ ၅ ရက်မှာ ဟာစီနာလည်း ရာထူးကိုစွန့်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုခဲ့ရပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေးမှာ အချင်းများမှုလေးတွေရှိခဲ့ပါတယ်။
#News

Myanmar International News

24 Dec, 03:11


၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် အထောက် အကူပြုစေရန် ရူပဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

Myanmar International News

24 Dec, 02:55


၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် အထောက် အကူပြုစေရန် ဓာတုဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

Myanmar International News

24 Dec, 02:40


၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် အထောက် အကူပြုစေရန် သင်္ချာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

Myanmar International News

24 Dec, 02:26


၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် အထောက် အကူပြုစေရန် အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

Myanmar International News

24 Dec, 02:15


၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် အထောက် အကူပြုစေရန် မြန်မာစာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

Myanmar International News

24 Dec, 02:04


ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရ

ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ပြည်ထောင်စုဖွားမြန်မာအမျိုးသမီးထုစွမ်းအားကြီးကိုမြင်တွေ့နေရသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

၎င်းမှ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြိုရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)စစ်ရေးပြကွင်းတွင်ကျင်းပသည့် ဘွဲရအမျိုးသမီးဗိုလ်လောင်းသင်တန်း အ မှတ်စဉ်(၁၁)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအ ခမ်းအနားတွင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများ နှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောပါတယ်။
#News

Myanmar International News

07 Dec, 12:09


Grade - 10၊ Grade - 11 နှင့် Grade - 12 တက်ရောက်နေသည့်ကျောင်းသား/သူများပညာသင်နှစ်ပြီးဆုံးပါက ပြဋ္ဌာန်းစာအုပ်များ ပြန်လည်အပ်နှံရမည်

ကျောင်းသုံးပြဌာန်းစာအုပ်များကို လက်ဆင့်ကမ်းသုံးမည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ယခုပညာသင်နှစ်မှစပြီး Grade - 10၊ Grade -11 နှင့် Grade - 12 တက်ရောက်နေသည့်ကျောင်းသား/သူများ အနေဖြင့် ပညာသင်နှစ်ပြီးဆုံးပါက ပြဋ္ဌာန်းစာအုပ်များကို ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ သိရပါတယ်။

" ပြန်လည်အပ်နှံတဲ့ ကျောင်းသုံးစာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ ပြန်သုံးသွားမယ်။ နှစ်စဉ်ပြဌာန်းစာအုပ်တွေကို အသစ်ရိုက်နှိပ်ပြီး ကျောင်းသား/ကျောင်းသူတွေကိုပေးတယ်ပေါ့။ အခု လာမယ့်နှစ်ကစပြီး ပြဌာန်းစာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့သွားဖို့ ဆောင်ရွက်နေတယ်။ ဒီစနစ်ကို ပြင်ဆင်ထားတာကြာပါပြီ"ဟု ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
#News

Myanmar International News

05 Dec, 16:00


ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်ဂျ်၏မွေးနေ့နှင့် အခြားအခမ်းအနားများအား မြန်မာကောင်စစ် ဝန်ချုပ်တက်ရောက်ခဲ့

ကူမင်းမြိုရှိ Shangri-la Hotel ၌ ဒီဇင်ဘာ ၄ ရက်က ထိုင်းနိုင်ငံအမျိုးသားနေ့၊ ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်ဂျ် မွေးနေ့နှင့် Thailand’s Father’s Day အခမ်းအနားများကို ကူမင်းမြိုအခြေစိုက် ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကျင်းပခဲ့ပါတယ် ။

အဆိုပါ အခမ်းအနားများသို မြန်မာကောင်စစ် ဝန်ချုပ်ရုံး၊ ကူမင်းမြိုမှ ကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းမှ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြိုအခြေစိုက် ကောက်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ် ။
#News

Myanmar International News

05 Dec, 08:06


မြန်မာ့သင်္ကြန်ပွဲတော် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပါဝင်လာ

မြန်မာနိုင်ငံမှ အဆိုပြုတင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ပထမဆုံးပါဝင်လာကြောင်း သိရပါတယ်။

အဆိုပါ အဆိုပြုစာတွဲကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂)ရက်မှ (၇) ရက်အထိကျင်းပသည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဒီဇင်ဘာ (၅) ရက်၌ တရားဝင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ယူနက်စကို စာရင်းတွင် နောက်ဆုံးသတ်မှတ်ခံထားရသည့် ဒေသမှာ ပုဂံဒေသဖြစ်ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်သည် ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်လာခြင်းဖြစ်ပါတယ်။
#News

Myanmar International News

05 Dec, 07:52


တောင်ကိုရီးယားသမ္မတယွန်ကို တရားစွဲဆိုမယ့်ကိစ္စ အာဏာရပါတီ ကန့်ကွက်မည်

စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတယွန်ဆောက်ယုန်ကို တရားစွဲဆိုဖို့အ တွက် လွှတ်တော်ထဲမှာ ဒီဇင်ဘာ ၅ ရက်နေ့က အဆိုတင်သွင်းခဲ့ပေမဲ့ သမ္မတရဲ့အာဏာရပါတီက အဲဒီအဆိုကို ကန့်ကွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော်အမတ်တွေက ဒီကိစ္စကို သောကြာနေ့ (ဒီဇင်ဘာ ၆ ရက်နေ့) မနက်ပိုင်းမှာ မဲခွဲဆုံးဖြတ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

သမ္မတယွန်ရဲ့ အာဏာရပါတီက ဒီကိစ္စကို ကန့်ကွက်သွားမယ်လို့ပြောပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီတွင်းမှာ လည်း သဘောထားကွဲလွဲနေတယ်လို့ဆိုပါတယ်။

အခုကိစ္စ ဥပဒေမူကြမ်းတင်သွင်းနိုင်ဖို့အတွက် လွှတ်တော်ထဲက အမတ်ဦးရေအများဆုံးအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီဟာ လက်ရှိအာဏာရပါတီဘက်က အနည်းဆုံး ထောက်ခံမဲ ၈ မဲ လိုအပ်ပါတယ်။

“ယွန်ဆောက်ယုန်အစိုးရရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာမှုဟာ အခြေအနေတွေကို ရှုပ်ထွေးစေခဲ့ပြီး ပြည် သူတွေ ကြောက်ရွံ့စိုးရိမ်ခဲ့ကြရပါတယ်။” လို့ ဒီမိုကရက်ပါတီရဲ့ လွှတ်တော်အမတ် ကမ်ဆောင်းဝန်က ကြာသပ တေးနေ့ မနက်ပိုင်းကကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
#News

Myanmar International News

05 Dec, 07:32


မြန်မာနိုင်ငံနှင့် ချုံချင့်မြိုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်နိုင်ရေး ဆွေးနွေး

မြန်မာနိုင်ငံနှင့် ချုံချင့်မြိုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြိုမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu အား ဒီဇင်ဘာ (၄) ရက်က ချုံချင့်မြို၊ စီးပွားရေးရာကော်မရှင်ရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချုံချင့်မြိုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ထိုပြင် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ချုံချင့်မြူနီစီပယ်မြိုအစိုးရ စီးပွားရောရာကော်မရှင်တိုအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
#News

Myanmar International News

04 Dec, 07:26


ပိတ်ရက်မရှိဖြေဆိုရမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌‌မေးပွဲအချိန်ဇယား တရားဝင်ထုတ်ပြန်လာ

ယခု ပညာသင်နှစ်အတွက် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအား ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ ဒီဇင်ဘာ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

ကြေညာချက်အရ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်အား မတ်လ ၁၇ ရက်၊ အင်္ဂလိပ်စာဘာသာရပ်အား မတ်လ ၁၈ ရက်၊ သင်္ချာဘာသာရပ်အား မတ်လ ၁၉ ရက်တိုတွင် နေ့စဥ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပါတယ်။

ထိုအတူ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တိုအား မတ်လ ၂၀ ရက်၊ ရူပဗေဒဘာရပ်နှင့် သမိုင်းဘာသာရပ်တိုအား မတ်လ ၂၁ ရက်၊ ဇီဝဗေ ဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တိုအား မတ်လ ၂၂ ရက်တိုတွင် နေ့စဥ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ယမန်နှစ်များကဲ့သို လူမှုရေးသိပ္ပံနှင့် စိတ်ကြိုက်မြန်မာစာဘာသာတွဲ ဖြေဆိုသူ ပါဝင်လာမှု မရှိတော့သည်ကိုလည်း တွေ့မြင်ရပါတယ်။
#News

Myanmar International News

04 Dec, 07:03


တရားမဝင်ရွှေတူးဖော်နေသူ (၇)ဦးအား မြန်မာ့သတ္ထုတွင်းဥပဒေဖြင့်အမှုဖွင့်

မန္တလေးတိုင်း၊ ရမည်းသင်းမြိုနယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်နေသူ(၇)ဦးကို မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲထံမှ သိရပါတယ်။

မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးတွင် တရားမဝင်ရွှေတူးဖော်မှုများရှိနေကြောင်းသ တင်းအရ နိုဝင်ဘာ ၂၇ ရက်ည ၆ နာရီက လုံခြုံ ရေးအဖွဲဝင်များမှသွားရောက်စစ်ဆေးရာ ယင်းနေရာ၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသည့် ဦးဇော်(၅၂)နှစ်၊ လွင်ကိုနိုင်(၂၈)နှစ်၊ ကျော်သက်ပိုင်(၂၂)နှစ်၊ ဦးမောင်(၆၀)နှစ်၊ နိုင်ကောင်းထက် (၂၂)နှစ်တိုအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
#News

Myanmar International News

04 Dec, 06:41


နိုင်ငံအတွက် အကျိုးအမြတ်မရှိသည့်လုပ်ငန်းများကိုရပ်တန့်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံအတွက် အကျိုးအမြတ်မရှိသည့်လုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီးနောက် ရပ်တန့်သွားမည်ဟု ဒီဇင်ဘာ ၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေး၌ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

စီးပွားရေးနှင့်ကုန်ထုတ်လုပ်မှုများလုပ်ဆောင်ရာတွင် အကျိုးအမြတ်ကို ဖော်ဆောင်ပေးနိုင်သည့် ဌာနများရှိသကဲ့သို အောင်မြင်မှုမရှိသည့် ဌာနများလည်းရှိ၍ နိုင်ငံအတွက်အကျိုးရှိမည့် လုပ်ငန်းများကို ဆက်လက်အားပေးရမည်ဟု ပြောပါတယ်။

" အကျိုးအမြတ်ဖော်ဆောင်ပေးနိုင်မှုမရှိတဲ့လုပ်ငန်းတွေကိုပြန်လည်သုံးသပ်ပြီး ရပ်တန့်သင့်ရင် ရပ်တန့်သွားမှာပါ။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင် အကျိုးရှိစေလိုတာကြောင့် စီးပွားရေးအရတွက်ချက်ဆောင်ရွက်ရပါမယ်" ဟု နစက ဥက္ကဋ္ဌကပြောပါတယ်။
#News

Myanmar International News

03 Dec, 16:50


တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က နိုင်ငံတွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က နိုင်ငံတွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်းသိရပါတယ်။

မြောက်ကိုရီးယား၏ ကွန်မြူနစ်အင်အားစုများထံမှ နိုင်ငံကို ကာကွယ်ရန်နှင့် နိုင်ငံတော်ဆန့်ကျင်ရေး အစိတ်အပိုင်းများကို ဖယ်ရှားပစ်ရန် ယခုဆောင်ရွက်မှုသည် လိုအပ်ကြောင်း ယနေ့ ညဥ့်နက်ပိုင်း ရုပ်မြင်သံကြား မိန့်ခွန်းတွင် သမ္မတ ပြောဆိုခဲ့ပါတယ် ။
#News

Myanmar International News

03 Dec, 15:26


တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ လားရှိးအပါအဝင် စစ်မြေပြင်အားလုံး ဒီကနေ့က စရပ်စဲပြီလို MNDAA ကြေညာ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လားရှိးအပါအဝင် စစ်မြေပြင်အားလုံး အပစ်အခတ်ရပ်စဲသွားမယ်လို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ဘေးဒုက္ခဒဏ်ကို ခံစားနေရတဲ့ပြည်သူတွေအတွက် ပြည်တွင်းစစ်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ဖိုအတွက် စစ်ရေးကို ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အပစ်အခတ်ရပ်စဲနေချိန်မှာ စစ်ကောင်စီအနေနဲ့လည်း နိုင်ငံအနှံမှာ လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်ထိုးစစ်ဆင်မှုတွေကို မလုပ်ဆောင်ဘဲ ရပ်တန့်ထားဖိုကိုလည်း တောင်းဆိုထားပါတယ်။

MNDAA အနေနဲ့တော့ နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကို ခုံခံကာကွယ်ခွင့်ကို ကိုင်စွဲထားမယ်လို ဆိုပါတယ်။
#News

Myanmar International News

03 Dec, 06:59


“Kaiser” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပိုတံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချမည်

မြန်မာနိုင်ငံ၌တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် “Kaiser” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပိုတံဆိပ်ခေါင်းသစ်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရပါတယ် ။

အဆိုပါ တံဆိပ်ခေါင်းသစ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၆) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း (၆) ရက် (သောကြာနေ့) နံနက် (၉) နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ပါတယ် ။

ထိုပြင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဒီဇင်ဘာ (၆) ရက် (သောကြာနေ့) တွင် ဝယ်ယူသော စာပိုတံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
#News

Myanmar International News

02 Dec, 08:50


စပိန်နိုင်ငံတွင်တည်ဆောက်မည့် ဥရောပတိုက်၏ အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဘာသာဥယျာဉ်တော်စီမံကိန်းမြေနေရာကို IBEC ဆရာတော်ကြွရောက်

စပိန်နိုင်ငံ၊ Cáceres မြိုတွင်တည်ဆောက်မည့် ဥရောပတိုက်၏အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းမြေနေရာအား IBEC ဆရာတော်မှ နိုဝင်ဘာ ၃၀ ရက်နေ့လည်ပိုင်းတွင် ကြွရောက်ကြည့်ရှုတော်မူခဲ့ကြောင်း သိရပါတယ်။

ထိုသို ကြွရောက်ကြည့်ရှုတော်မူပြီးနောက် စပိန်နိုင်ငံ၊ Cáceres မြို၏ လုမ္ဗိနီဥယျာဉ်စီမံကိန်းတာဝန်ရှိသူနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် စီမံကိန်းမြေနေရာ၌ မေတ္တာပိုသခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း၊ မြင်အပ်မမြင်အပ်သတ္တဝါများအားအမျှအတမ်းပေးဝေခြင်းများကို ဆောင်ရွက်ပေးတော်မူခဲ့ကြောင်း သိရပါတယ် ။

ယင်း စီမံကိန်းမူလမြေနေရာသည် စပိန်အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဥပဒေကြောင့်တည်ဆောက်ခွင့်မရသဖြင့် မြေနေရာအသစ်အားထပ်မံရွေးချယ်ထားရခြင်းဖြစ်ပြီး လက်ရှိအချိန်၌ စပိန်အစိုးရမှတည်ဆောက်ခွင့်လိုင်စင်ခွင့်ပြုပေးခဲ့သဖြင့် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းအား ဒီဇိုင်းအသစ်ရေးဆွဲ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။
#News

Myanmar International News

23 Nov, 07:19


၂၅ ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲတက်ရောက်

ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပပြုလုပ်သည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM) သို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်စားတက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြိုသိုရောက်ရှိနေသည့် ညှိနှိင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် Mabalacat မြိုရှိ Hilton Clark Sun Valley Resort ၌ ကျင်းပပြုလုပ်သော (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို တက်ရောက်ခဲ့ကြပါတယ်။
#News

Myanmar International News

22 Nov, 06:40


အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ဟားမတ်စ်ခေါင်းဆောင်တိုကို အိုင်စီစီ ဖမ်းဝရမ်းထုတ်

နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယွတ်ဗ် ဂဲလန့်နှင့် ဟားမတ်စ်တပ်မှူး မိုဟာမက် ဒီယက်အီဘရာဟင် အယ်လ်မာစီ အက္ကာ မိုဟာမက် ဒီယက်ဖ်တိုကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

အိုင်စီစီ၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် နေတန်ယာဟုနှင့် ဂဲလန့်တိုကို အစာရေစာဖြတ်တောက်မှုကို စစ်ပွဲနည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းနှင့် လူသားမျိုးနွယ်ကို သ-တ်ဖြ-တ်သော ရာဇဝတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အခြားလူမဆန်သော လုပ်ရပ်များလုပ်ဆောင်ခဲ့ခြင်းအတွက်ဟု အိုင်စီစီက ဆိုခဲ့ပါတယ်။

အိုင်စီစီ ဝရမ်းကြောင့် နေတန်ယာဟုနှင့် ဂဲလန့်တို ပြည်ပခရီးများတွင် ဖမ်းဆီးခံရနိုင်သည့် အန္တရယ်ရှိသည်ဆိုသော်ငြားလည်း ယူကရိန်းစစ်ပွဲအရေးနှင့်ပတ်သက်၍ အိုင်စီစီ၏ ဝရမ်းထုတ်ခံထားရသော ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အိုင်စီစီအဖွဲဝင်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားကို အဖမ်းအဆီးအခံရပဲ သွားရောက်နေနိုင်ဆဲဖြစ်ပါတယ် ။
#News

Myanmar International News

21 Nov, 13:44


အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်

အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို လာရောက်ခဲ့သည့် ပရက်ဆော့ခွန်းအား ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်က ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပရက်ဆော့ခွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်မှုကို နိုဝင်ဘာ ၂၀ ရက်က အတည်ပြုခဲ့ပါတယ် ။

အထက်လွှတ်တော်၏ ပထမလက်ထောက်ဥက္ကဋ္ဌနှင့် လက်ထောက်ဝန်ကြီးချုပ်ဟောင်း ပရက်ဆော့ခွန်းသည် ယခင်နိုင်ငံခြားရေးဝန်ကြီး ဆွတ်ချန်ဒါ ဆိုဖီယာ၏နေရာတွင် အစားထိုးတာ ဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ် ဟွန်မာနက်က ပရက်ဆော့ခွန်းကို ရာထူးခန့်အပ်မှုများ Telegram တွင် ဂုဏ်ပြု ကြောင်းရေးသားခဲ့ပါတယ် ။
#News

Myanmar International News

21 Nov, 09:41


အိန္ဒိယ ဘီလျံနာ သူဌေးကြီးကို အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာသန်း ၂၅၀ လာဘ်ပေးလာဘ်ယူမှုနဲ့ တရားစွဲ

အိန္ဒိယနိုင်ငံသား ဘီလျံနာ သူဌေးကြီး ဂေါတမ်အဒါနီကို အမေရိကန်အစိုးရရှေ့နေတွေက ဒေါ်လာနှစ်ဘီလျံကျော်အကျိုးအမြတ်ရမယ့် နေရောင်ခြည်စွမ်းအင်အသုံးပြုမှု သဘောတူစာချုပ်တွေအတွက် အိန္ဒိယ အစိုးရတာဝန်ရှိသူတွေကို လာဘ်ပေးဖို နှစ်နဲ့ချီတဲ့ လျှိဝှက်ကြံစည်မှုမှာ ဆက်စပ်နေခဲ့တယ်လို စွဲချက်တင်ခဲ့ကြတယ်လို သိရပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဘီလျံနာသူဌေးကြီးက Adani Group လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီကို ထောက်ခံပြောကြားသူလည်းဖြစ်ပါတယ်။ သူ့ကို နယူးယေ့ာခ်မြိုမှာ အစိုးရရှေ့နေတွေက Adani Group စွမ်းအင်လုပ်ငန်းခွဲတွေက အမှုဆောင်တွေ၊ ကနေဒါ အငြိမ်းစားရန်ပုံငွေတစ်ရပ်က ဝန်ထမ်းဟောင်းတွေပါတဲ့ တခြားခုနစ်ဦးနဲ့အတူ လုံခြုံရေးဆိုင်ရာကိစ္စများ လိမ်လည်မှုနဲ့ အပါအဝင် စွဲချက်တင်ထားတယ်လို သိရပါတယ်။
#News

Myanmar International News

21 Nov, 05:02


WFP မှ Mr. Michael John Dunford သည် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည်

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Michael John Dunford သည် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ နိုဝင်ဘာလ(၂၀)ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၎င်း၏ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့ပါတယ်။

WFP သည် မြန်မာနိုင်ငံတွင် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသောကိစ္စများနှင့်ပတ်သက်၍ WFP အနေဖြင့် မြန်မာနိုင်ငံ၌ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
#News

Myanmar International News

20 Nov, 13:15


အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရှုံးနိမ့်သွားလိမ့်မယ်လို့ ယူကရိန်းသမ္မတပြော

အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းက ရှုံးနိမ့်သွားလိမ့်မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဇီလန်စကီးက "အမေရိကန်က စစ်ရေးအကူအညီတွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် ဒီစစ်ပွဲမှာ ကျွန်တော်တို့ရှုံးနိမ့်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားရမှာပါ။ ကျွန်တော်တို့မှာ စစ်လက်နက် ပစ္စည်း ထုတ်လုပ်တဲ့နေရာတွေရှိပါတယ်။ ဒါပေမဲ့ စစ်ပွဲကိုနိုင်ဖို့အတွက်တော့ မလုံလောက်ပါဘူး။ ပြီးတော့ အဲဒါက အသက်ရှင်သန်ဖို့အတွက်လည်း မလုံလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
#News

Myanmar International News

20 Nov, 12:55


နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၀၈)တွဲရောင်းချရ

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသနေသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၀၈ တွဲ ရောင်းချရကြောင်း ပြပွဲကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြပွဲ ဒုတိယနေ့တွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲ အမှတ် (၁) မှ အတွဲအမှတ် (၁၄၀) အထိ ပုလဲအတွဲများကို စိတ်ကြိုက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ဒါပုံးများအတွင်းထည့်သွင်းခဲ့သည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေး၍ ပုလဲအတွဲပေါင်း (၁၀၈) တွဲရောင်းချရကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

အလားတူ ပြပွဲတတိယနေ့တွင်လည်း ပုလဲအတွဲအမှတ် (၁၄၁) မှ အတွဲအမှတ် (၂၈၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်းပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးမည်ဖြစ်ပါတယ်။
#News

Myanmar International News

20 Nov, 07:15


၂၀၂၀ ရွေးကောက်ပွဲ “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တိုတွင် နိုဝင်ဘာ ၂၂ ရက်မှ စတင်လေ့လာဖတ်ရှုနိုင်မည်

အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ်ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါတယ် ။
#News

Myanmar International News

20 Nov, 06:43


နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်

နစကအစိုးရက ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်သည် မကြာမီတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ကာလအပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။

“နိုင်ငံရေးပါတီများကြားမှာ ကျွန်တော်တို့ အွန်လိုင်း meeting လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။ နိုင်ငံရေးပါတီ (၅၀) ကျော်ပေါ့။ ဒီတန်ဆောင် တိုင်ပြီးသွားရင် လုပ်မှာပေါ့။ ဘယ်ရက်လောက် လုပ်မယ် ဆိုတာကိုတော့ အားလုံးကို တင်ပြရဦးမယ်။ သူတို့ရဲ့သဘောတူညီချက်လေးတွေကိုယူပြီးတော့ လုပ်မှာပေါ့။ ဒီလထဲမှာတော့ ဖြစ်ဖို့များပါတယ်” ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌဦးရန်နိုင်ဝင်းက ပြောပါတယ်။
#News

Myanmar International News

19 Nov, 07:08


တရားမဝင် ဝင်ရောက်သူတွေကို အစုလိုက်အပြုံလိုက်နှင်ထုတ်မယ့်အစီအစဉ်မှာ အမေရိကန်စစ်တပ်ကို အသုံးပြုသွားမှာဖြစ်ကြောင်း ထရမ့် ထပ်လောင်းပြောကြား

အမျိုးသားအရေးပေါ်အခြေအနေတစ်ရပ် ကြေညာပြီး တရားမဝင်ရွှေ့ပြောင်းသူတွေကို နိုင်ငံတွင်းက နှင်ထုတ် သွားဖို့အတွက် အမေရိကန်စစ်တပ်ကို အသုံးပြုသွားမှာဖြစ်ကြောင်း ပြောဆိုရင်း တရားမဝင်ရွှေ့ပြောင်းသွားလာ သူတွေအရေး ကိုင်တွယ်ဆောင်ရွက်သွားဖို့ ၎င်းရဲ့ ကတိကဝတ်ကို ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့် က ထပ်လောင်းပြောကြားလိုက်ပါတယ်။

တရားမဝင်ရွှေ့ပြောင်းသူတွေကို နိုင်ငံတွင်းက အစုလိုက်အပြုံလိုက်နှင်ထုတ်ရာမှာ စစ်တပ်ကိုအသုံးပြုသင့် ကြောင်း အကြံပြုထားတဲ့ပို့စ်တစ်ခုကို ထောက်ခံရင်း ထရမ့်က ၎င်းရဲ့ Truth Social လူမှုကွန်ရက်ကတစ်ဆင့် တနင်္လာနေ့ (နိုဝင်ဘာ ၁၈ ရက်နေ့) က အခုလို ထပ်လောင်းပြောကြားလိုက်တာဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်အုပ်စုတစ်ခုဖြစ်ပြီး NGO အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Judicial Watch အဖွဲ့ရဲ့ ခေါင်းဆောင် တွမ်ဖစ်တန် ဖော်ပြထားတဲ့ အစီအစဉ်တွေကို ထရမ့်က လူမှုကွန်ရက်ကနေ အတည်ပြုထောက်ခံခဲ့တာဖြစ်ပါတယ်။
#News

Myanmar International News

19 Nov, 06:50


မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ် (၁၀၀)ပြည့် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) စာပိုတံဆိပ်ခေါင်းသစ် ရောင်းချမည်

ပိုဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ် (၁၀၀)ပြည့် အထိမ်းအမှတ် အတည်ပြုရွေးချယ်ထားသည့် အမှတ်တံဆိပ် Logoအား အထူးထုတ် စာပိုတံဆိပ်ခေါင်းအဖြစ် (၂၀၀ ကျပ်တန်) စာပို တံဆိပ်ခေါင်းသစ်(၁)မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ တံဆိပ်ခေါင်းသစ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၆)ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါတယ်။

ထိုပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတိုတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက် (ကြာသပတေးနေ့)တွင် ဝယ်ယူသော စာပိုတံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။
#News

Myanmar International News

19 Nov, 04:28


ပုလဲအတွဲ ၂၈၀ ၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၄၈၀၀ ရောင်းချမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနား ယနေ့ ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ တက်ရောက်

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းမှာ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပရာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

နစက ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများ ထုတ်လုပ်မှုနှင့် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုခဲ့ကြပါတယ်။
#News

Myanmar International News

19 Nov, 04:07


လူမှုစီးပွားမြှင့်တင်ရေးပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လူမှုစီးပွားမြှင့်တင်ရေးပါတီအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၈) ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်ပါတယ်။

လူမှုစီးပွားမြှင့်တင်ရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၄) ဖြစ်ပြီး အဆိုပါ ပါတီအား နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြိုနယ်၊ (၂၈) လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည်ဟု သိရပါတယ်။
#News

Myanmar International News

19 Nov, 03:45


ရုရှားနိုင်ငံအတွင်းပိုင်းအထိတိုက်ခိုက်ရန် ယူကရိန်းအား ခွင့်ပြုလိုက်ကြောင်း ဥရောပသမဂ္ဂ အတည်ပြု

ရုရှားနိုင်ငံအတွင်း ကီလိုမီတာ ၃၀၀ အထိ ထိုးဖောက်တိုက်ခိုက်ရန်အတွက် အမေရိကန်က ထောက်ပံ့ပေးသော ဒုံးကျည်များကိုအသုံးပြုခြင်းနှင့်ပတ်သက်သည့် ကန့်သတ်ချက်များကို အမေရိကန်က ရုပ်သိမ်းခဲ့ကြောင်း အီးယူထိပ်တန်းသံတမန် ဂျိုးဆက်ဘောရဲလ်က နိုဝင်ဘာ ၁၉ ရက်က အတည်ပြု‌ပြောကြားလိုက်ပါတယ်။

"ရုရှားပိုင်နက်အတွင်း ကီလိုမီတာ ၃၀၀ အထိ အကွာအဝေးအတွင်း ဒုံးကျည်များ အသုံးပြုရန် အမေရိကန် အစိုးရက ခွင့်ပြုလိုက်ပါတယ် ။ ၎င်းသည် အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ် ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ယခု ဆုံးဖြတ်ချက်ကို မချခဲ့ခြင်းမှာ အဘယ်ကြောင့်ဆိုသည်ကိုမူ မိမိတို မသိပါ” ဟု အီးယူအဖွဲဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သူက ပြောကြားခဲ့ပါတယ်။
#News

Myanmar International News

18 Nov, 14:48


ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်‌ရွှေပြားသင်္ကန်းတော် အချပ် ၄၇၀၀ ကျော် ယနေ့ စတင်ကပ်လှူပူဇော်

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော် ၄၇၃၉ ချပ်တိုကို စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲမှ သိရပါတယ်။

ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲတိုက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။
#News

Myanmar International News

11 Nov, 14:56


တောင်ကြီးမီးပုံပျံပွဲတော် ကွင်း ဖွင့်ပွဲ ယနေ့ကျင်းပပြုလုပ်

တောင်ကြီးမြိုတွင် ယနေ့ နိုဝင်ဘာ (၁၁) ရက် ၊ ညနေပိုင်းအချိန်၌ မီးပုံပျံပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

သိုသော် ယနေ့ ညနေပိုင်းအချိန်တွင် မိုးရွာသွန်းနေသဖြင့် မီးပုံပျံကွင်းသို သွားသည့်လမ်းတလျှောက် ယာဉ်ကြောပိတ်ဆိုမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် ဖရဲငွေတောင်လမ်း၊ ဧရာဝတီလမ်းဆုံ၊ အရှေ့မြိုပတ် စူဠာမုဏိလမ်းအတိုင်း မီးပုံပျံကွင်းရှိရာ လမ်းတလျှောက် ယာဉ်ရာနှင့် ချီပိတ်ဆိုနေကြောင်း သိရပါတယ်။

"ခဏနေရင် ကွင်းဖွင့်ပွဲလုပ်တော့မှာပြီးရင် မီးပုံးပျံအသေးနဲ့ပြိုင်ပွဲဝင် မီးပုံးပျံတွေ လွှတ်တင်မှာပါ။ လုံခြုံရေးလည်း အထူးတင်းကြပ်ထားပါတယ်။ ကွင်းအတွင်း စိစစ်ပြီးမှ ဝင်ခွင့်ပြုနေတာပါ"ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် အကြိုကာလတွင်ပင် လာရောက်လည်ပတ်သူများဖြင့် စည်ကား နေပြီး၊ ယာဉ်ကြောပိတ်ဆိုမှုများ မဖြစ်ပေါ်ရေးအတွက် တောင်ကြီးမြိုကိုဖြတ်၍ သွားလာကြမည့် (၁၂) ဘီးကုန်တင်ယာဉ်များနှင့် ခရီးသည်တင် မှန်လုံယာဉ်များကို ယာယီလ မ်းလွှစနစ် သတ်မှတ်ကာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားကြောင်း သိရပါတယ်။
#News

Myanmar International News

11 Nov, 14:41


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ စုပေါင်းမဟာဘုံကထိန် ကျပ် (၆၅၉)သိန်းကျော်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး အဖွဲစုပေါင်းမဟာဘုံကထိန်အလှူတော်ကို နိုဝင်ဘာလ (၁၀) ရက် ၊ နံနက်ပိုင်းက မုံရွာမြို၊စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကျပ် (၆၅၉) သိန်းကျော်တန်ဖိုး လှူဒါန်းနိုင်ခဲ့ကြောင်းသိရပါတယ်။

စုပေါင်းမဟာဘုံကထိန်အလှူတော်မဂ်လာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မုံရွာမြို ဘုရားကြီးရပ်ကွက်၊ သာစံ ကျောင်းတိုက်ပဓာန နာယက၊ သက်တော်ရှည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်‌ကြပြီး ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးများ ရွတ်ဆိုချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကြောင်း သိရပါတယ်။

ထိုနောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီးပင့်သံဃာ ဆရာတော် (၂၇) ပါးထံ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြကာလှူဒါန်းမှူ အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။
#News

Myanmar International News

11 Nov, 14:24


ထိုင်းသံရုံးက ကြီးမှူးကျင်းပသည့် တော်ဝင်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို မြန်မာသံအမတ် တက်ရောက်

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရှိ Thai Buddhist Chetawan Temple ၌ နိုဝင်ဘာ (၁၀) ရက်က ထိုင်းသံရုံးမှ ကြီးမှူးကျင်းပသည့် တော်ဝင်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ထိုင်းဘုရင် His Majesty King Maha Vajiralongkorn Phra Vajirakl aochaoyuhua မှ လှူဒါန်းသည့် သင်္ကန်းများအား သံဃာတော်များထံသို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

ယင်းအခမ်းအနားသို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် H.E. Paisan Rupanichkij နှင့် ကွာလာလမ်ပူမြိုအခြေစိုက် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် သီရိလင်္ကာသံရုံးများမှ သံအမတ်ကြီး/ မဟာမင်းကြီးများနှင့် ၎င်းတို၏ ဇနီးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
#News

Myanmar International News

11 Nov, 05:03


ငွေစက္ကူများဖျက်သိမ်းရန်၊ဘဏ်များပိတ်သိမ်းရန်မရှိသလို ငွေစက္ကူအသစ်များ ထုတ်ဝေရန်လည်း အစီအစဉ် မရှိကြောင်း ဗဟိုဘဏ်မှထုတ်ပြန်

မြန်မာ့ငွေစက္ကူများဖျက်သိမ်းရန်နှင့်ဘဏ်များပိတ်သိမ်းရန်လည်းမရှိသလိုငွေစက္ကူအသစ်များထုတ်ဝေခြင်းများပြုလုပ်ရန်အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

လူမှုကွန်ရက်‌ပေါ်ရှိ Facebook Group များတွင် မြန်မာ့ငွေစက္ကူအချို ဖျက်သိမ်းနိုင်ဖွယ်ရှိနေကြောင်း၊ အသစ်များအစားထိုးဖွယ်ရှိနေကြောင်း၊ ဘဏ်များပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စသည်ဖြင့် တည်ငြိမ်လျက်ရှိသောငွေကြေးကဏ္ဍကို ပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ် ဈေးကစားရန်၊ ကုန်ဈေးနှုန်းကြီးမြင့်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည့်အပြင် အခြေအမြစ်မရှိသည့် သတင်းမှားများဖြင့်လည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် မကြာခဏလုပ်ကြံ ရေးသားလျက်ရှိကြောင်းလည်း တွေ့ရှိရသည်ဟု ဗဟိုဘဏ်ကဖော်ပြထားပါတယ်။
#News

Myanmar International News

11 Nov, 04:36


Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သက်စံ အတွက် ထာဝရ ဝိန့်စိန် မှ USD 5000 voting ပါဝင်

မက္ကဆီကို နိုင်ငံ မှာ ကျင်းပနေတဲ့ Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် သက်စံ အတွက် ထာဝရ ဝိန့်စိန် မှ USD 5000 voting ပေးဖို ပါဝင်ပေးလာတယ်လို သိရပါတယ်။

သက်စံရဲ့ လူငယ်များရဲ့ ပညာရေးနဲ့ ဖွံဖြိုးရေးအတွက် အကျိုးပြု Project တစ်ခုဖြစ်တဲ့ Voice for Change ရဲ့ Top (10) စာရင်းထဲကို ဝင်ရောက်နိုင်ဖိုအတွက် ထာဝရ ဝိန့်စိန် အဆင့်မြင့် စိန်ရတနာရွှေဆိုင်မှ USD 5,000 ကို Voting ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

သက်စံရဲ့လူမှု ရေးလှုပ်ရှားမှုလုပ်ငန်း ကို တင်ပြထားတဲ့ Voice For Change Video မှာ Top (10) စာရင်းထဲသို ဝင်ရောက်ပါက Silver Finalists နဲ့ Gold Winner များအဖြစ် ရွေးချယ်ခံရပါက အမှတ်တရ ဆုတံဆိပ်ရင်ထိုးနှင့်အတူ ဆု ကြေး ငွေချီးမြှင့်ခံရမှာ ဖြစ်ပြီး ရရှိလာသော ဆုကြေးငွေအားလုံးကိုလည်း သက်စံမှ လူငယ်များ ပညာရေးဖွံဖြိုးမှု လုပ်ငန်းများအတွက် ပြန်လည်လှူဒါန်းအသုံးပြုသွားမှာပဲဖြစ်ပါတယ်။
#News

Myanmar International News

10 Nov, 11:27


မြန်မာနိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်ပေးသူများထံ သက်တမ်းတိုးသူများအား Blacklist သွင်း၍ Passport ဖျက်သိမ်း

ကိုရီးယားသမ္မတနိုင်ငံ(တောင်ကိုရီးယား)ရောက် မြန်မာလုပ်သားတွေကိုင်ဆောင်နေတဲ့ နိုင်ငံကူးလက်မှတ်ကို အတုအပပြုလုပ်ပြီး သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံနဲ့ပူးပေါင်းပြီး အရေးယူဖို လုပ်ဆောင်နေတယ်လို သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မြန်မာအစိုးရလုပ်ဆောင်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို တောင်ကိုရီးယားနိုင်ငံရောက် NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေပြီလို့ လူမှုကွန်ယက်များမှာသက်တမ်းတိုးပေးထားတဲ့ ပုံတွေနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပြီး NUG ရုံးက ဒီလိုသက်တမ်းတိုးပေးနေမှုဟာ တရားမဝင်သလို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်တာကြောင့် မိခင်နိုင်ငံနဲ့ အိမ်ရှင်နိုင်ငံတိုက ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနဲ့ စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနဲ့ အမည်မည်းစာရင်းသွင်းခြင်းတိုကို ဆောင်ရွက်ခံရမှာဖြစ်ကြောင်း အသိပေးနှိးဆော်ချက်ကို အောက်တိုဘာ ၁၅ ရက်မှာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပါတယ်။

ဒီလိုအသိပေးထားတဲ့ကြားက တချိုသော မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံကူးလက်မှတ်တွေကို တရားမဝင် တံဆိပ်တုံး အတုအပနဲ့ သက်တမ်းတိုးမှု လုပ်ဆောင်နေတာ စိစစ်တွေ့ရှိရတဲ့အတွက် မြန်မာသံရုံး၊ ဆိုးလ်မြိုအနေနဲ့ ဒီ နိုင်ငံကူးလက်မှတ်(Passport) တွေကို ဖျက်သိမ်းတာနဲ့ အမည်မည်းစာရင်း(Blacklist) ရေးသွင်းတာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရားမဝင် တံဆိပ်တုံး အတုအပပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးနေသူတွေကို အိမ်ရှင်နိုင်ငံ (တောင်ကိုရီးယား) တရားဥပဒေအရ ထိရောက်စွာ အရေးယူဟန့်တားနိုင်ဖို သက်ဆိုင်ရာ ဝန်ကြီးဌာနမှတဆင့်နဲ့နယ်မြေခံအဆင့်အဖွဲအစည်းတွေနဲ့ ညှိနှိင်းဆောင်ရွက်နေတယ်လိုလည်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။
#News

Myanmar International News

10 Nov, 03:15


အများပြည်သူရုံးပိတ်ရက်များ မှားယွင်း​ဖော်ပြခဲ့သည့် ပြက္ခဒိန်များအား အသိ​ပေး​ကြေညာခြင်း
#News

Myanmar International News

09 Nov, 00:40


တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ရက်များ ပြောင်းလဲ

၂၀၂၄ ခုနှစ်တောင်ကြီးမြိုတန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကိုရာသီဥတုအခြေအနေအရ(၁၁.၁၁.၂၀၂၄ မှ ၁၇.၁၁.၂၀၂၄)ရက်နေ့အထိ(၇)တိုင်အဝေရာမီးပုံးပျံကွင်းတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်။

(၉.၁၁.၂၀၂၄)ရက်နေဖွင့်ပွဲနှင့်ညလွှတ်မီးပုံးပျံပြိုင်ပွဲအသင်းအဖွဲများကို(၁၁.၁၁.၂၀၂၄)ရက်နေ့သို ရွှေ့ဆိုင်းသည်။

(၁၀.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၂.၁၁.၂၀၂၄)ရက်သို ရွှေ့ဆိုင်းသည်။

(၁၁.၁၁.၂၀၂၄ )နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၃.၁၁.၂၀၂၄)ရက်သို ရွှေ့ဆိုင်းသည်။

(၁၂.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၄.၁၁.၂၀၂၄)ရက်သို ရွှေ့ဆိုင်းသည်။

(၁၃.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၅.၁၁.၂၀၂၄)ရက်သို ရွှေ့ဆိုင်းသည်။

(၁၄.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၆.၁၁.၂၀၂၄)ရက်သို ရွှေ့ဆိုင်းသည်။

(၁၅.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၇.၁၁.၂၀၂၄)ရက်သို ရွှေ့ဆိုင်းသည်။

#တောင်ကြီးမြိုတန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ

Phone~0941008840

Myanmar International News

08 Nov, 14:16


မြန်မာဒုက္ခသည်များ ပြန်လည်အခြေချနေထိုင်ရေးအစီအစဉ်ကို အမေရိကန်အစိုးရသစ် ဖျက်သိမ်းဖွယ်ရှိနေ

အမေရိကန်အစိုးရသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်နေသူများအတွက် ပြန်လည်နေရာချထားရေးအစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိနေကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူများကပြောပါတယ်။

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံ၏ ၄၇ ဦးမြောက်သမ္မတအသစ်အဖြစ် ရွေးကောက်ခံရပြီးနောက် အမေရိကန်အစိုးရက မြန်မာဒုက္ခသည်များအတွက် ပြန်လည်အခြေကျနေထိုင်ရေးအစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေပါတယ်။

ထိုင်းနှင့်မြန်မာနယ်စပ်ဒေသတွင် တတိယနိုင်ငံသို သွားရောက်ရန်အတွက် မြန်မာဒုက္ခသည် ၆၀၀၀၀ ခန့်ရှိနေကြောင်း၊ အမေရိကန်နိုင်ငံတွင် ဒီမိုကရက်တစ်ပါတီအစိုးရအဖွဲ ဦးဆောင်ခွင့်ရမည်ဆိုလျှင် ထိုင်းအစိုးရနှင့် အမေရိကန်အစိုးရကြား ထိုဒုက္ခသည်စခန်းတွင် နေထိုင်သူများအတွက် ဆွေးနွေးဖွယ်ရှိကြောင်း လူအခွင့်အရေးကျွမ်းကျင်သူများက ပြောပါတယ်။

Asia Human Rights & Labour Advocates (AHRLA) မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဖီလစ် ရောဘတ်ဆန်က ရွေးကောက်ခံအမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်သည် လူ့အခွင့်အရေးကိစ္စများကို ဦးစားပေးသူတစ်ဦးမဟုတ်သည့်အတွက် အမေရိကန်အစိုးရက ထိုင်းနှင့်အမေရိကန်အစိုးရကြား သဘောတူထားသည့် မြန်မာဒုက္ခသည်အရေးကို ဖျက်သိမ်းဖွယ်ရှိနေကြောင်း ပြောပါတယ်။
#News

Myanmar International News

08 Nov, 11:29


ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများ ဒဏ်ကြေး ဘတ် (၂၀၀၀၀)နှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်

ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအနေဖြင့် ဘတ် (၂၀၀၀၀) ထက်မပိုသော ဒဏ်ကြေးနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522)နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား အရေးယူဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်း မရှိဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအားလူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
#News

Myanmar International News

08 Nov, 09:42


တရုတ်ပညာရှင်များနှင့် လည်ပတ်နေသော ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံကို လက်နက်ကိုင်အဖွဲတစ်ခုက ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ

တရုတ်ပညာရှင်များနှင့် လည်ပတ်နေသော ဟွန်ဒါမြန်မာ သစ်ပါးလွှာစက်ရုံကို လက်နက်ကိုင်အဖွဲတစ်ခုက ဝင်ရောက်စီးနင်း၍ တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးအပါအဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ ကျိုက်ရွဲကျေးရွာတွင် တည်ရှိသော သစ်ပါးလွှာစက်ရုံသို လူ ၂၀ ခန့်ပါ လက်နက်ကိုင်အဖွဲက နိုဝင်ဘာလ ၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်အချိန် တော်ကူးကျေးရွာဘက်မှ စက်ရုံအတွင်း ဝင်ရောက်လာပြီးနောက် စက်ရုံမှူး ဦးဘိုဘို၊ မန်နေဂျာ ဦးတင်ထွန်းအောင်နှင့် တရုတ်နိုင်ငံသား ပညာရှင်တစ်ဦးတိုကို ဖမ်းဆီး၍ စက်ရုံမှ အလုပ်သမား ၂၀ ခန့်၏ လက်ကိုင်ဖုန်းများကိုလည်း ယူဆောင်သွားကြကာ လက်ခတ်တောင်ဘက်ကို ထွက်သွားကြကြောင်း သိရပါတယ်။
#News

Myanmar International News

08 Nov, 03:48


တရုတ်နိုင်ငံသို ‌ရောက်ရှိနေသည့် SAC ဥက္ကဋ္ဌသည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နယ်စပ်ဒေသတည်ငြိမ်‌ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတိုအတွက် ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူးမင်းမြိုရှိ Wyndham Grand ဟိုတယ်၌ နိုဝင်ဘာ ၇ ရက် (ယမန်နေ့) မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ၏အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပါတယ်။
#News

Myanmar International News

08 Nov, 00:40


White Dragon လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပိုတံဆိပ်ခေါင်းသစ် ရောင်းချပေးမည်

မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “White Dragon” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပိုတံဆိပ်ခေါင်းသစ်တစ်မျိုးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၁)ရက်၊ တနင်္လာနေ့ နံနက် (၉)နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါတယ်။

နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတိုတွင် နိုဝင်ဘာလ(၁၁)ရက် နေ့ တွင် ဝယ်ယူသော စာပိုတံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်ဟု သိရပါတယ်။
#News

Myanmar International News

07 Nov, 14:33


(၆၉ )နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ယနေ့ ဖွင့်လှစ်

(၆၉ )နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နိုဝင်ဘာ (၇)ရက်၊ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲတာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

ထို ဖွင့်ပွဲအခမ်းအနားသို ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲဝင်များ လုံခြုံရေးယူထားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။

နှစ်စဉ် နိုဝင်ဘာ (၇) ရက်သည့် ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ထားပြီး၊ အဆိုပါ ပွဲတော်တွင် ဒုံးယိမ်းပြိုင်ပွဲများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ လူထုအသိ‌ပညာပေး ပြခန်းများ ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပကြကြောင်း သိရပါတယ်။
#News

Myanmar International News

07 Nov, 14:02


မြန်မာ ဘက်အသီးသီးတိုအား ချစ်ခင်ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးခြင်းအပေါ် အားပေးထောက်ခံသည် ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ၇ ရက်နေ့ ယနေ့တွင် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပရာတွင် မြန်မာ အခြေအနေနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက် ကို ပြန်လည် ဖြေကြားရာ၌ မြန်မာ ပြဿနာ အပေါ် တရုတ် နိုင်ငံ၏ သဘောထား ရပ်တည်ချက် အလွန် ရှင်းလင်းပြတ်သားကြောင်း၊ မိမိတိုသည် မြန်မာ နိုင်ငံအား လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာ၊ နိုင်ငံတော် တစ်ပေါင်း တစ်စည်းတည်း ဖြစ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို ထိန်းသိမ်းကာကွယ်ရန် အားပေး ထောက်ခံကြောင်း၊ မြန်မာ ဘက်အသီးသီးတိုအား ချစ်ခင်ရင်းနှီးစွာ တိုင်ပင် ဆွေးနွေး ခြင်းဖြင့် နိုင်ငံရေး ဆိုင်ရာ သင့်မြတ်သာယာရေးကို အကောင်အထည် ဖော်ဆောင်ရန် အားပေး ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြန်လည် စတင်မှုကိုလည်း အားပေးထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
#News

Myanmar International News

07 Nov, 13:42


ဧရာဝတီ - ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် တာဝန်ယူမည်ဖြစ်

မဲခေါင်ဒေသတွင်း (၅) နိုင်ငံဖြင့် ဖွဲစည်းထားသည့် ဧရာဝတီ - ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတင်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ ၊ ကူမင်းမြိုတွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအ ဝေးတွင် လက်ရှိဥက္ကဋ္ဌဖြစ်သည့် လာအိုဝန်ကြီးချုပ်က အလှည့်ကျ ဥက္ကဋ္ဌ တာ၀န်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။
#News

Myanmar International News

06 Nov, 05:06


မြန်မာအလှမယ် သက်စံအန်ဒါဆန်က Voice For Change Project Fan Vote ဆန်ခါတင် Top 20 စာရင်းမှာ နံပါတ် ၁၆ နေရာ ဝင်ရောက်နေ

မက္ကဆီကိုနိုင်ငံမှာ အိမ်ရှင်အနေနဲ့ ကျင်းပတဲ့ ၇၃ ကြိမ်မြောက် မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲ Miss Universe 2024 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဆွီဒင်-မြန်မာကပြား အလှမယ်သက်စံအန်ဒါဆန်က Voice For Change Project Fan Vote ဆန်ခါတင် Top 20 စာရင်းမှာ နံပါတ် ၁၆ နေရာမှာ ဝင်ရောက်နေပါတယ်။

မြန်မာအလှမယ် သက်စံအန်ဒါဆန်က မြန်မာလူငယ်တွေအနေနဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကိုယ်တိုင်ကိုယ်ကျလေ့လာဆည်းပူးထားတဲ့ အတန်းပညာ၊ အသက်မွေးလမ်းကြောင်းပညာတွေကို ပေါင်းစပ်ပြီး ကြိုးစားနိုင်ရင် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုတော့ ရောက်ရှိနိုင်မယ်လို ယုံကြည်နေကြပါတယ်။
#News

Myanmar International News

06 Nov, 02:39


အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 အစည်းအဝေးကို သီတဂူဆရာတော်ကြီးတက်ရောက်

အဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို၊ အသောကဟိုတယ်တွင် နိုဝင်ဘာ ၅ ရက်နံနက် ၈ နာရီကကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 ကိုတက်ရောက်တော်မူခဲ့ကြောင်း သိရပါတယ်။

သီတဂူဆရာတော်ကြီးသည် ယင်း အစည်းအ ဝေးအား Internatiional Buddhist Confederation ၏ဖိတ်ကြားချက်အရတက်ရောက်တော်မူခဲ့ခြင်းဖြစ်ကာ အခမ်းအနားအား ဘုရားပန်းကပ်ခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်၍ ဖွင့်လှစ်ပေးတော်မူခဲ့ကြောင်း သိရပါတယ်။

ထိုပြင် အစည်းအဝေး၌ သီတဂူဆရာတော်ကြီးသည် “Recognition of Pali as a Classical Indian Language”အကြောင်းအား မိန့်ခွန်းအ ဖြစ်မိန့်ကြားတော်မူခဲ့ကြောင်း သိရပါတယ်။
#News

Myanmar International News

06 Nov, 01:04


နှစ်ပေါင်း (၇၀)ရှိ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထားသင်ကြားပိုချလျက်ရှိသည့် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို နစက ဥက္ကဋ္ဌ သွားရောက်လေ့လာခဲ့

တရုတ်နိုင်ငံတွင်ကျင်းပမည့် ထပ်သီးအစည်းအဝေးများတက်ရောက်ရန် တရုတ်နိုင်ငံသိုရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့ နိုဝင်ဘာ ၅ ရက်မွန်းလွဲပိုင်းက ကူမင်းမြိုရှိ နှစ်ပေါင်း (၇၀)သက်တမ်းရှိပြီဖြစ်ကာ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထားသင်ကြားပိုချလျက်ရှိသော ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။

တက္ကသိုလ်ရှိ AI နည်းပညာစမ်းသပ်ခန်းအတွင်း ၌ AI နည်းပညာဆိုင်ရာဆောင်ရွက်ချက်များကိုကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ဒု-ပါ မောက္ခချုပ် Mr. Liu Yanwen က နစက ဥက္ကဋ္ဌအား လက်တွေ့စမ်းသပ်ပြသခဲ့ကြောင်းလည်း သိရှိရပါတယ်။
#News

Myanmar International News

06 Nov, 00:39


သောင်ခုံကျောက်တန်းအရေး မလေးက ဗီယက်နမ်ကို မကျေနပ်ဟုဆို

တောင်တရုတ်ပင်လယ်ရှိ သောင်ခုံကျောက်တန်းတစ်ခုကိုနယ်မြေချဲ့လာသည့်အရေးနှင့်ပတ်သက်ပြီး မလေးရှားက ဗီယက်နမ်ထံ ကန့်ကွက်စာပေးပိုခဲ့ကြောင်းသိရပါတယ်။

၎င်းတိုသည်အဆိုပါကျောက်တန်းကို နှစ်နိုင်ငံလုံးကပိုင်သည်ဟုဆိုကာ အငြင်းပွားနေကြခြင်းလည်းဖြစ်ပါတယ် ။ ယခုဖြစ်စဉ်သည် တောင်တရုတ်ပင်လယ်အရေး အငြင်းပွားနေမှုများကို ထင်ထင်ရှားရှားမီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်သည် ၎င်း၏အပိုင်ဖြစ်သည်ဟု တရုတ်ကအခိုင်အမာဆိုခြင်းကြောင့်လည်း ဖိလစ်ပိုင်နှင့် မကြာခဏဆိုသလိုထိပ်တိုက်‌တွေ့ခဲ့ပြီး ဗီယက်နမ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများရှိခဲ့သော်လည်း တရုတ်မပါသည့်ကျန်နိုင်ငံများအချင်းချင်းအငြင်းပွားမှုသည် ယခုတစ်ကြိမ်ပထမဆုံးလည်းဖြစ်ပါတယ်။
#News

Myanmar International News

05 Nov, 15:52


နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအလေးထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးနှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးတို ဆွေးနွေး

မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး အလေးထားဆောင်ရွက်ကြရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြိုသိုရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန် ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Wang Ning နှင့် နိုဝင်ဘာ ၅ ရက်က ကူမင်းမြိုတွင် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့တယ်လိုသိရပါတယ်။

တွေ့ဆုံစဉ် နှစ်ဘက် ပူးပေါင်းဆောင်ရွက် မည့်ကိစ္စများဆွေးနွေးရာ၌ အဆိုပါအချက်ကိုထည့်သွင်းဆွေးနွေးခဲ့တာဖြစ်တယ်လို နစကရဲ့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက နှစ်နိုင်ငံအကြား ခွဲခြား၍မရသည့်ဆက်ဆံရေးကောင်းကိုပိုင်ဆိုင်ထားမှုမြန်မာနိုင်ငံ နှင့် ယူနန် ပြည်နယ်အကြားနှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်လိုအပ်တယ်လိုပြောခဲ့ပါတယ်။
#News

Myanmar International News

02 Nov, 14:33


ကန့်ဘလူမြိုနယ်အတွင်းရှိ ကျေးရွာအချို၌ လုံခြုံရေးတပ်ဖွဲဝင်များက ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအားမီးရှိဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ များအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒ ဖြန့်ဝေ လျက်ရှိ
#News

Myanmar International News

02 Nov, 08:48


အောင်ပွဲမရမချင်း ရုရှားကို ထောက်ပံ့ပေးသွားမည်ဟု ပြုံးယမ်းပြော

ယူကရိန်းတွင် အောင်ပွဲရသည်အထိ မြောက်ကိုရီးယားနိုင်ငံက ရုရှားကို ကျောထောက်နောက်ခံပြုပေးသွားမည်ဖြစ်ကြောင်း သောကြာနေ့က မော်စကိုမြိုတော်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပူတင်၏ ညဏ်ပညာ အမြော်အမြင်ရှိသော ခေါင်းဆောင်မှုအောက်တွင် ရုရှားသည် ၎င်းတို၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများကို ကာကွယ်သည့် မြင့်မြတ်သော ကြိုပမ်းမှုတွင် အောင်ပွဲရမည်ဆိုသည်ကို ပြုံယမ်းက သံသယမရှိပါကြောင်း သူက ပြောဆိုခဲ့ပါတယ်။

ရုရှားနှင့် မြောက်ကိုရီးယားစစ်တပ်များအကြား အလွန်နီးကပ်သော ဆက်ဆံရေးများ ထူထောင်ထားကြောင်း ဆာဂေးလက်ဗ်ရော့ဗ်က ပြောဆိုပြီး ယူကရိန်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ၎င်းတို၏ အခြေခံရပ်တည်ချက်အပေါ် မြောက်ကိုရီးယားမိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါကြောင်း သူက ပြောဆိုခဲ့ပါတယ်။
#News

Myanmar International News

02 Nov, 08:23


ရေဦး-အုန်းနပေါင်းရွာမှ ငယ်ဖြူကျောင်းထိုင်ဆရာတော်ကို PDF အဖွဲက ကြိုးတုပ်၊ နှိပ်စက်ပြီး စွပ်စွဲသတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြိုနယ်တွင် သာသနာတော်နှင့် ဒေသအကျိုးဆောင်ရွက်တော်မူနေသည့် ကျောင်းထိုင်ဆရာတော်ကို PDFအဖွဲက ကြိုးတုပ်၊နှိပ်စက်ပြီး စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ရေဦးမြိုနယ်၊ အင်တောကျေးရွာအုပ်စု အုန်းနပေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးတော်မူသော သက်တော် (၄၇)နှစ်၊ဝါတော်(၂၇)ဝါရှိသည့် ကျောင်းထိုင်ဆရာတော် ဦးပိန္ဒကသီရိကို PDF အဖွဲက အောက်တိုဘာ (၃၁)ရက်၊ည (၉)နာရီ(၅၀)မိနစ်အချိန်၌သတ်ဖြတ်ခဲ့တာပါ။

အဆိုပါဖြစ်စဉ်မတိုင်မီ အောက်တိုဘာ (၃၀) ရက် ညပိုင်းက အုန်းနပေါင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုနေသော PDF အချိုနှင့် ကျောင်းတွင် ရှိနေသည့် ကိုရင်းကြီးတစ်ပါးတို အရက်ဝိုင်းဖွဲကာ သောက်သုံးနေစဉ် ဆရာတော်ဦးပိန္ဒက သီရိကတားမြစ်ခဲ့ကြောင်း သိရပါတယ်။

ထိုနောက် အောက်တိုဘာ (၃၁)ရက်၊ ညပိုင်းတွင် PDF အဖွဲက အရက်မူးကာ ကျောင်းသိုထပ်မံရောက်ရှိလာပြီး ၎င်းတိုကိုတားမြစ်ခဲ့သည့် ဆရာတော် ‘‘ဒလန်” ဟုစွပ်စွဲကာ ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်ခဲ့သောကြောင့် ဆရာတော်ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ပါတယ်။
#News

Myanmar International News

02 Nov, 02:06


အင်ဒိုနီးရှားက iPhone 16 နှင့်အတူ Google Pixel ဖုန်းများကို ရောင်းချခွင့် တားမြစ်ပိတ်ပင်

အင်ဒိုနီးရှားတွင် Apple ကုမ္ပဏီ၏ iPhone 16 ရောင်းချမှုကို တားမြစ်ပိတ်ပင်ပြီးနောက် ရက်ပိုင်းအကြာတွင် နည်းပညာကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်မှုကြောင့် Google Pixel ဖုန်းများကို ရောင်းချခွင့် ထပ်မံတားမြစ်ပိတ်ပင်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အင်ဒိုနီးရှားအစိုးရက ပြည်ပနည်းပညာကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရန် ကြိုးပမ်းသည့်အနေဖြင့် ဖုန်းအစိတ်အပိုင်းများ၏ ၄၀ရာခိုင်နှုန်းကို အင်ဒိုနီးရှားတွင် ထုတ်လုပ်ရန် လိုအပ်သည့် စည်းမျဉ်းများကို ပြဋ္ဌာန်းခဲ့ပါတယ်။

"ဒီထုတ်ကုန်တွေဟာ ကျွန်တော်တို ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေနဲ့ ပြည့်မီမှု မရှိတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ ရောင်းချခွင့် ပိတ်ပင်လိုက်တာဖြစ်ပါတယ်" ဟုစက်မှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖီဘရီဟင်ဒရီအန်တိုနီအရစ်ဖ်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့ပါတယ်။
#News

Myanmar International News

01 Nov, 11:54


နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၉ ရက်အထိ ၉ ရက်ကြာပြုလုပ်မည်

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၉ ရက်အထိ ၉ ရက်ကြာပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ယနေ့တွင် အသိပေးထားပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါတယ်။
#News

Myanmar International News

01 Nov, 08:56


ဘဂ္ဂဒက်မြို၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးကို အမိနိုင်ငံသို ပြန်လည်ခေါ်ဆောင်

အီရတ်နိုင်ငံဘဂ္ဂဒက်မြို၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မခင်သက်မာဝင်း ဆိုသူအမျိုးသမီးကို မြန်မာနိုင်ငံအစိုးရက အမိနိုင်ငံသို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့သည်ဟု နစကထုတ်ပြန်သောသတင်းအရ သိရပါတယ်။

အဆိုပါ မခင်သက်မာဝင်းကို မြန်မာနိုင်ငံသို အမြန်ဆုံးပြန်လည်ပိုဆောင် နိုင်ရန် ကိုင်ရိုမြိုရှိ မြန်မာသံရုံးက အီရတ်နိုင်ငံမှ အစိုးရအဖွဲအစည်းများ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ (IOM)နှင့် သက်ဆိုင်ရာအဖွဲအစည်းများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ထိုသိုဆောင်ရွက်နိုင်ခဲ့မှုကြောင့်ပင် မခင်သက်မာဝင်မှာ အောက်တိုဘာ ၂၉ ရက်တွင် Baghdad – Shargah - Bangkok – Yangon ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး အောက်တိုဘာ ၃၀ ရက် ည ၈ နာရီ ၃၅ မိနစ်တွင် ရန်ကုန် မြိုသို ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
#News

Myanmar International News

01 Nov, 08:36


ငါးရက်သာလိုတော့ပေမယ့် သူမသာကိုယ်မသာနဲ့ ကြိုတင်ခန့်မှန်းရခက်နေတဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ

အမေရိကန်ပြည်ထောင်စုရဲ့သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ၅ ရက်မှာကျင်းပဖို ငါးရက်သာလိုတော့တဲ့အချိန်မှာ သမ္မတလောင်းနှစ်ဦးဖြစ်ကြတဲ့ ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရန့် နဲ့ ဒီမိုကရက်ပါတီမှ ကာမာလာဟားရစ်တို ကတော့ ဘယ်သူအသာရနေတယ်လို မဆုံးဖြတ်နိုင်တဲ့ သူမသာကိုယ်မသာ အခြေအနေမှာရှိနေတယ်လို Forbes သတင်းဌာနရဲ့ အောက်တိုဘာလ ၃၀ ရက်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ လေ့လာသုံးသပ်ချက်စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

Forbes သတင်းဌာနရဲ့ ရွေးကောက်ပွဲထောက်ခံမှုအပေါ် နောက်ဆုံးလေ့လာချက်စစ်တမ်းမှာ ဟားရစ်က ၄၉ ရာခိုင်နှုန်း - ထရန့်က ၄၈ ရာခိုင်နှုန်း ဆိုတဲ့ တစ်ရာခိုင်နှုန်းအသာနဲ့ ဦးဆောင်ထားပါတယ်။ ဒါပေမယ့်လည်း မဲဆန္ဒရှင်တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က သဘောထားပြောင်းလဲနိုင်ကြသေးတာကြောင့် စစ်တမ်းမှာ မဆိုစလောက် ရာခိုင်နှုန်းအသာရမှုက ရွေးကောက်ပွဲရလဒ်အတွက် ယတိပြတ်အဖြေလို မဆိုနိုင်သေးတာ တွေ့ရပါတယ်။
#News

Myanmar International News

31 Oct, 11:22


PDF ကြီးစိုးနေတဲ့ အညာဒေသတွေမှာ သက်ငယ်မုဒိမ်းမှုတွေ ပေါများလာကြောင်း PDF ချောစုဟန်က ပြောကြားထားသည့် ရုပ်သံဗီဒီယိုဖိုင်။

The video file in which PDF member Chaw Su Han said that child rape cases are occurring in the Anya region, which is dominated by the PDF.
# News

Myanmar International News

31 Oct, 08:48


ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ပျောက်ဆုံးခဲ့သော ကလေးငယ်ကို ပြန်တွေ့ပြီ

ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ပျောက်ဆုံးခဲ့သော ကလေးငယ်ကို ပြန်တွေ့ပြီဖြစ်ကြောင်း ကလေးငယ်၏ အဒေါ်ဖြစ်သူက အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားပါတယ်။

" ဝိုင်းရှာပေးတဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သိပ်မကြာသေးပါဘူး။ ပြန်တွေ့တာ။ ဒီတခါပြန်တွေ့တာ မှန်ပါတယ်။ စိတ်ပူပေးကြတဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ အလုပ်ရှုပ်နေကြလို နောက်မှ အသေးစိတ် ပြောပေးပါ့မယ်" ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ပြောကြားပါတယ်။

ပျောက်ဆုံးသွားသည့် ကလေးငယ်မှာ ကိုးရက်အရွယ်သာရှိသေးပြီး ကျန်းမာရေးမကောင်းသဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ကုသမှုခံယူနေခြင်း ဖြစ်ပါတယ်။
#News