"ကျားဖြန့်ရုပ်ရှင်ကားကြီးရုံတင်နေပြီ"
ကျားဖြန့်ကိစ္စဟာ ထင်တာထက်ပိုပြီးPlan အကြီးကြီးကိုဖြစ်ဖို့များတယ်
💥 ကျားဖြန့်ခေါင်းဆောင် ရှယ်ကျင့်ကျန်းက "တရုတ်ရဲ့သူလျှိုပါလို့ဝန်ခံထားတယ်"
💥2014 ထဲက online လိမ်လည်မှုနဲ့ အဝေးရောက်ပြစ်ဒဏ်ချထားတယ်လို့ဆိုပေမဲ့ 2021 မှ interpol ကိုဖမ်းပေးဖို့ တရုတ်အစိုးရတောင်းဆိုခဲ့တယ် 2022မှာ ထိုင်းမှာအဖမ်းခံရတယ် (ဆိုလိုချင်တာကတော့ရွှေကုက္ကို ကို ဇာတ်ညွှန်းဆရာရဲ့ အလိုကျအခြေအနေထိ ရောက်အောင်ဖန်တီးပြီးမှ)
💥 ထိုင်းမှာ ဖမ်းဆီးထားတဲ့ ရှယ်ကျင့်ကျန်းကိုတရုတ်က လွှဲပေးဖို့ ဖိဖိစီးစီးမတောင်းဘူး(တကယ်တောင်းရင် ထိုင်းနေလို့မရဘူး ပေးရမှာ)
💥 ကျားဖြန့်ကြောင့် လောက်ကိုင်ပြည်သူ့စစ်ပြိုကွဲသွားခဲ့တယ် (လောက်ကိုင်မှာ မြန်မာဩဇာခံမရှိတော့ပဲ တရုတ်ဩဇာခံတွေပဲရှိတော့တယ်
💥 ကျားဖြန့်ရွှေကုက္ကိုကို စဝင်တာတရုတ်တွေ ၊ ဦးဆောင်လုပ်နေတာလည်း တရုတ်တွေ
💥မြန်မာနိုင်ငံမှာ ကျားဖြန့်ပြဿနာကြီးကြီးမားမားဖြစ်နေသလို တရုတ် media မှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေချိန် အချိန်ကိုက်ပဲတရုတ်သရုပ်ဆောင်ဆိုတဲ့သူက ထိုင်းက ရုပ်ရှင်ကုမ္ပဏီက ကမ်းလှမ်းလို့ဆိုပြီး ရွှေကုက္ကို ကိုရောက်နေတယ် (ကမ်းလှမ်းတာက ထိုင်းကုမ္ပဏီ ရောက်နေတာကမြန်မာထဲ)
💥 media တွေမှာ ရွှေကုက္ကိုထဲရောက်သွားတဲ့သူတွေဟာ ပြင်ပနဲ့ ဆက်သွယ်ခွင့်မရဘူးလို့ဆိုထားပေမဲ့ တရုပ်သရုပ်ဆောင်ကျတော့ ကဲ မင်းသရုပ်ဆောင်ရမဲ့အခန်းပြီးပြီ ပြန်ထွက်လာတော့လို့ ခေါ်လိုက်သလိုပဲ သာသာယာယာပြန်ထွက်လာခဲ့တယ်
💥အရေးကြီးဆုံးအချက်ကတော့ BGF ခေါ်ခေါ် KNA ခေါ်ခေါ် စောချစ်သူအဖွဲ့ဟာ လောက်ကိုင်ကပြည်သူ့စစ်အဖွဲ့လိုဖြစ်သွားနိုင်တယ်ဆိုတာပဲ (တရုတ်ရဲ့ ကိုယ်တိုင်အရေးယူဆောင်ရွက်မယ်ဆိုတဲ့ ကြေငြာချက်)
💥ကျားဖြန့်ရဲ့ နောက်ကွယ်မှာ ဇာတ်ညွှန်းရေးဆရာတွေ ဒါရိုက်တာတွေရှိတယ်လို့ ဘာကြောင့်ယူဆလဲဆိုရင် လက်ရှိအခြေအနေအရ ကမ္ဘာ့အင်အားလွန်နိုင်ငံကြီးဖြစ်တဲ့ တရုတ်ခိုင်းစေသမျှကို မြန်မာအပါအဝင် ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယားနိုင်ငံတွေကလိုက်လုပ်နေရပြီ (သူ့နိုင်ငံအကျိုးစီးပွားကာကွယ်ဖို့ဆိုတဲ့ စကားလုံးကပါနေပြီလေ)
💥 တရုတ်နဲ့ရေပိုင်နက်အငြင်းပွားပြီး အမေရိကန်စစ်အခြေစိုက်စခန်းရှိတဲ့ ဖိလစ်ပိုင်ဟာကြားခံဇုန်တစ်ခုပဲဖြစ်သွားခဲ့တယ် (သဘောကတော့ တရုတ်နိုင်ငံမှာမွေးပေမဲ့ ပြစ်မှုကျူးလွန်သူဟာ တရုတ်နိုင်ငံသားမဟုတ်ကြောင်းပြဖို့လိုပါတယ်)
မင်းသားက ရှယ်ကျစ်ကျန်း
စောချစ်သူကတော့ ဗီလိန်ဇာတ်အသွင်းခံလိုက်ရတာပေါ့
စာဖတ်သူတွေအနေနဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဘယ်သူဖြစ်နိုင်လဲမှန်းကြည့်ပါ
Soe Moe
https://t.me/kyawswar49111