Khayan Channel @khayanchannel Channel on Telegram

Khayan Channel

@khayanchannel


Khayan Channel မှ ကြိုဆိုပါတယ်။ နေ့စဥ်နောက်ဆုံးရ သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးပါမည်။

Khayan Channel (Burmese)

Khayan Channel မှ ကြိုဆိုပါတယ်။ နေ့စဥ်နောက်ဆုံးရ သတင်းတွေကိုအချိန်နဲ့တပြေးညီ တင်ဆက်ပေးပါမည်။ ဒီ Channel ဟာ သတင်းတွေကို မျှဝေနိုင်သော နေ့စဥ်နောက်ဆုံး ကြို္စေအပိုဒ လိုအပ်သည်။ ဤ Channel သည် အခြား လူများအတွက် သတင်းတွေကို ပြောချ နိုင်စေဖြစ်သည်။ သတင်းတွေကို ဖတ်ပြီး သတင်းအသစ်များကို ပြသသတင်းများ ပြောခိုင်ပါသည်။ ဤ Channel သည် သို့မဟုတ် အခြား အပိုဒ်တွေကို ဖြေမိမ် ပါကို တင်ပေးသည်။ ဤလုပ်ငန်းကို ဖတ်ပြ၍ အသစ်ဦးဦး တင်ပြနိုင်တဲ့ သတင်းတွေကို ပြသပြသ လေ့လာနိုင်သည်။

Khayan Channel

29 Jan, 05:13


ခရမ်းတွင် စစ်တပ်က ဘေးတွဲဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားပြီး သုံးခွမှဘေးတွဲများကို မြို့တွင်းဝင်ရောက်စီးနင်းခွင့်ပြုနေ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်။

ခရမ်းမြို့နယ်မှာ စစ်တပ်က မြို့နေလူထုအပေါ် ဘေးတွဲဆိုင်ကယ်စီးနင်းခွင့်တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပေမယ့် သုံးခွမြို့ကဘေးတွဲတွေကိုတော့ မြို့တွင်းဝင်ရောက်စီးနင်းခွင့်ပြုနေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၄ ရက်လောက်ကစပြီး ခရမ်းမြို့နယ်မှာ သုံးခွမြို့က ဘေးတွဲဆိုင်ကယ်တွေဝင်ရောက်စီးနင်းတာတွေကို မြို့နေလူထုက သတိထားမိကြပါတယ်။အဆိုပါဘေးတွဲဆိုင်ကယ်စီးနင်းခွင့်ကို ဗျူဟာမှူးနဲ့ မြို့နယ်မှူးတို့ကပေါင်းပြီး အခကြေးငွေရယူကာ ဝင်ခွင့်ပြုနေတာလို့ သိရပါတယ်။

"သုံးခွက ဘေးတွဲတွေ တော်တော်များများ မြို့ထဲရောက်လာတယ်၊ မေးကြည့်တော့ ဗျူဟာမှူးနဲ့ မြို့နယ်မှူးကပေါင်းပြီး လုပ်စားနေတာလို့ပြောတယ်၊ ခရမ်းက နောက်တွဲတွေတော့ သုံးခွထဲအဝင်မခံဘူး၊ ဝင်ရင်ဖမ်းတယ်'' ဟု ခရမ်းမြို့နေပြည်သူတစ်ဦးက ပြောပါတယ်။

ခရမ်းမှာ ဘေးတွဲဆိုင်ကယ်စီးနင်းခွင့်ကို စစ်တပ်က တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတာကြောင့် မြို့နေလူထုအနေနဲ့ ငွေကုန်​ကြမှုများစွာဖြင့် နောက်တွဲဆိုင်ကယ်တွေကို တပ်ဆင်စီးနင်းနေကြရတာဖြစ်ပါတယ်။

#KhayanChannel
#KhayanMedia

Khayan Channel

25 Jan, 06:41


YBS-34 ယာဥ်ရဲ့ ကျော်တတ်မောင်းနှင်မှုကြောင့် တဖက်ယာဥ်ကြောမှရပ်ထားသည့်ကားကို ဝင်တိုက်၍ လူနှစ်ဦးသေဆုံး

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်။

ခရမ်း-ရန်ကုန်ပြေးဆွဲနေတဲ့ YBS-34 ယာဥ်ရဲ့ ကျော်တတ်မောင်းနှင်မှုကြောင့် တစ်ဖက်ယာဥ်ကြောမှရပ်ထားသည့်ကားကို ဝင်တိုက်ခဲ့၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ညနေပိုင်းက သန်လျင်-တာဝတက္ကသိုလ်လမ်းမပေါ်တွင် YBS-34 ယာဥ်လိုင်းကားက တစ်ဖက်ယာဥ်ကြောကိုရယူကာ ရှေ့ကားကိုကျော်တတ်ပြီး တစ်ဖက်ယာဥ်ကြောမှရပ်ထားသည့်ကားကိုဝင်တိုက်ကာ လူနှစ်ဦးသေဆုံးသွားခဲ့ပြီး နှစ်ဦးမှာ အရေးပေါ်ဆေးရုံတင်ထားရကြောင်း သိရသည်။

"တိုက်မိတဲ့ကားက သူ့လမ်းကြောင်းပေါ်မှာ ရပ်ထားတာ၊ YBS-34 ကားက သူ့ရှေ့ကကားကို​ အရှိန်နဲ့ကျော်တတ်ပြီး တစ်ဖက်ယာဥ်ကြောမှာရပ်ထားတဲ့ကားကို လမ်းပြောင်းပြန်ဝင်တိုက်တာ'' ဟု မျက်မြင်တွေ့ရှိတစ်ဦးက ပြောသည်။

ခရမ်း-ရန်ကုန်ခရီးသည်တင်ပြေးဆွဲနေတဲ့ YBS-34 ယာဥ်လိုင်းက ကားတစ်ချို့ဟာ ညနေပိုင်း ရန်ကုန်မှခရမ်းသို့ ပြန်ဆင်းလာချိန်တွင် တစ်စီးနဲ့တစ်စီး ယာဥ်ပြိုင်မောင်းနှင်မှုများပြုလုပ်နေကြောင်းသိရပြီး ယမန်နှစ်ကလည်း အရှိန်လွန်​မောင်းနှင်မှုကြောင့် YBS-34 ကားတစ်စီး ချောင်းထဲသို့ ထိုးဆင်းမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Photo - Ko Nyunt Soe

#KhayanChannel
#KhayanMedia

Khayan Channel

08 Jan, 02:08


ခရမ်းတွင် စစ်သားအချင်းချင်း မူးပြီးပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားတစ်ချို့သေဆုံး၊ ပစ်ခတ်ခဲ့တဲ့ စစ်သားတွေထွက်ပြေးလွတ်မြောက်နေလို့ စစ်တပ်က မြေလှန်ရှာနေ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်။

ခရမ်းမြို့နယ်တွင် ဇန်နဝါရီလ ၆ ရက်နေ့ ညနှောင်းပိုင်းက စစ်သားအချင်းချင်း မူးပြီးပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားတစ်ချို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ ၆ ရက်နေ့ ည ၁၂ နာရီနှင့် ၁ နာရီကြားတွင် စစ်ကောင်စီတပ်သားများက မက္ကသံကျေးရွာတွင် အုပ်စုဖွဲ့အရက်သောက်နေစဥ် မူးရူးပြီး အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရွာခံပြည်သူများ၏ပြောဆိုချက်များအရ ၎င်းတို့ပစ်ခတ်စဥ်တွင် အချက် (၂၀) ထပ်မနည်း ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဥ်အပြီး စစ်သားတစ်ချို့သေဆုံးသွားခဲ့ကြပြီး ပစ်ခတ်ခဲ့ကြသည့် စစ်သားတစ်ချို့လည်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

အဆိုပါသတင်းအား ကြားသိသွားသောစစ်တပ်က ထွက်ပြေးသွားသောစစ်သားများကို ခရမ်းမြို့တွင် ယမန်နေ့တစ်နေ့လုံးနီးပါး ပက်စိပ်တိုက်ရှာနေကြရာ (၉) ရပ်ကွက်-ရဲမွန်-ကမာကလူလမ်းပိုင်းနဲ့ မက္ကသံကျေးရွာတို့ကို အဝင်အထွက်ပိတ်ဆို့ထားကြပြီး မက္ကသံကျေးရွာအတွင်း စစ်တပ်က မြေလှန်ရှာနေကြကြောင်း သိရသည်။

ထို့ပြင် ယခုဖြစ်စဥ်အမှန်အား ပြည်သူတွေအမှန်အတိုင်းမသိရှိစေရန် စစ်တပ် လုပ်ဆောင်ခဲ့သေးကြောင်းသိရပြီး ရဲမွန်လမ်းပိုင်း ပိတ်ဆို့ထားခြင်း၊ ခရမ်းမြို့ရွာဘက်များကို အစစ်အဆေးကြမ်းတမ်းထားခြင်းများပြုလုပ်ခဲ့ကာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ပုံစံ ယုံထင်ကြောင်ထင် သတင်းလွှင့်ခဲ့သေးသည်။

#KhayanChannel
#KhayanMedia

Khayan Channel

07 Jan, 11:53


Breaking News: ခရမ်းတွင် ယနေ့မနက်ပိုင်းမှစတင်ပြီး (၉) ရပ်ကွက်-ရဲမွန်-ကမာကလူလမ်းပိုင်းကို စစ်တပ်က ပိတ်ဆို့ထားကြောင်း သိရသည်။
အလားတူ မက္ကသံကျေးရွာတွင်လည်း ယနေ့နေ့လည်ပိုင်းမှစတင်ကာ စစ်တပ်က အဝင်အထွက်ပိတ်ဆို့ထားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်တပ်ဘက်က အဆိုပါပိတ်ဆို့ထားခြင်းများကို မည်သည့်အကြောင်းအရင်းကြောင့် ပိတ်ဆို့ထားခြင်းဖြစ်ကြောင်းမသိရှိရသေးဘဲ ပြည်သူများထံမှသိရသည့် သတင်းအချက်အလက်များအရ
ယမန်နေ့ညနှောင်းပိုင်း ည ၁၂ နာရီနှင့် ည ၁ နာရီကြားတွင် ရဲမွန်ကျေးရွာ၊ ကမာကလူကျေးရွာဘက်တို့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရပြီး အဆိုပါကိစ္စရပ်ကြောင့် ယခုလိုပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ပြည်သူများထံမှ ကနဦးသိရှိထားရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်။

#KhayanChannel
#KhayanMedia

Khayan Channel

24 Dec, 11:28


ခရမ်းမှာ စစ်တပ်က ည ၁၀ နာရီနောက်ပိုင်း လူငယ်များကို အတင်းအဓ္ဓမဖမ်းဆီးနေ၊ ပြည်သူတွေ ညနှောင်းပိုင်း အိမ်အပြင်မထွက်ရဲကြတော့

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။

ခရမ်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ည ၁၀ နာရီနောက်ပိုင်း အသက် ၄၀ အောက် လူငယ်လူရွယ်များကို အတင်းအဓ္ဓမလိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

စစ်တပ်က ည ၁၀ နာရီနောက်ပိုင်း လမ်းမပေါ်ရှိ လူငယ်များ၊ အလုပ်ပြန်နောက်ကျသည့်သူများနှင့် တစ်ချို့ဆိုလျှင် စစ်တပ်က နေအိမ်ထဲအထိပါ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

"ခရမ်းမှာ စစ်တပ်က ချောဆွဲသလိုဆွဲနေတာ၊ ညဘက်အပြင်မှာတွေ့တဲ့သူတွေကို ဖမ်းသွားတယ် ဧည့်စာရင်းစစ်သလိိုလိုဘာလိုလိုနဲ့ ဖမ်းတာတွေရှိတယ်၊ ပြီးခဲ့တဲ့ရက်က စစ်သား ၁၀ ယောက်လောက်နဲ့လာပြီး အိမ်ထဲအတင်းဝင်ပြီး ဖမ်းဆီးသွားကြတာ'' ဟု စစ်တပ်က လူငယ်များအားအတင်းအဓ္ဓမဖမ်းဆီးနေမှုကို မျက်မြင်တွေ့ရှိသူတစ်ဦးက ခရမ်းချန်နယ်ကို ပြောသည်။

ခရမ်းချန်နယ်မှ ကောက်ယူရရှိထားသည့်အချက်အလက်များအရ ခရမ်းတွင် စစ်တပ်က အတင်းအဓ္ဓမဖမ်းဆီးခြင်းခံခဲ့ရသူ (၅) ဦးအထိရှိခဲ့ပြီး ထိုအထဲမှ အမှတ်(၇)ရပ်ကွက်တွင် (၂) ဦး၊ အမှတ် (၆) ရပ်ကွက်တွင် (၁) ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းတိကျစွာရရှိထားပါသည်။

ထို့ပြင် ခရမ်းမြို့နယ်ရှိပြည်သူများမှာ ညဘက် အိမ်အပြင်မထွက်ရဲကြတော့ဘဲ စိုးရိမ်ပူပန်စွာ အိပ်စက်နေကြရကြောင်း သိရပါသည်။

#KhayanChannel
#KhayanMedia

Khayan Channel

21 Dec, 07:28


ခရမ်းတွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေးကြမ်းတမ်းနေ၊ ဒေးပေါက်ဂိတ်မှာ အထုပ်အပိုးနဲ့ ပစ္စည်းအိတ်တွေကို သံချွန်တွေနဲ့ ထိုးဖောက်စစ်ဆေးဟုဆို

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်။

ခရမ်းမြို့နယ်မှာ ယခုလဒီဇင်ဘာလအတွင်း စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးကြမ်းတမ်းနေတယ်လို့ သိရပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ ဖြတ်သန်းသွားလာတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက "ဘယ်ကိုသွားမှာ၊ ဘာသွားလုပ်မှာ၊ မှတ်ပုံတင်ရှိ/မရှိ၊ ထောက်ခံချက်ပါ/မပါ'' စတဲ့ အလုံးစုံစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် ခရမ်းမြို့တောင်ဘက်မြို့ဝင်လမ်းဖြစ်တဲ့ ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေထံမှာ အထုပ်အပိုး၊ ပစ္စည်းအိတ်၊ ကုန်စည်အိတ်တွေပါလာရင် သံပိုက်လုံးအချွန်တွေနဲ့ ထိုးဖောက်စစ်ဆေးတာတွေပြုလုပ်နေကြောင်းသိရပြီး ယခုလို သံချွန်တွေနဲ့ထိုးဖောက်စစ်ဆေးတာဟာ ကုန်ပစ္စည်းအိတ်တွေရဲ့ ဖွဲ့စည်းပုံပျက်စီးမှုတွေဖြစ်ပေါ်တာကြောင့် ပြည်သူတွေက ဒေါသထွက်နေကြပါတယ်။

ခရမ်းမြို့နယ်မှာ ဆည်မြောင်းဂိတ်၊ ဒေးပေါက်ဂိတ်နဲ့ မကြာသေးခင်က အသစ်တည်ဆောက်ထားတဲ့ ရဲမွန်ဂိတ်တို့က အစစ်အဆေးအကြမ်းဆုံးနဲ့ အဆိုးဆုံးဂိတ်တွေပဲဖြစ်ပါတယ်။

ဓာတ်ပုံ - ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်။

#KhayanChannel
#KhayanMedia@khayanchannel

Khayan Channel

17 Dec, 02:06


သုံးခွမြို့တွင် ခရမ်းကပန်းသည်ကားတစ်စီး လုယက်ခံရမှုဖြစ်ပွား

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်။

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်တွင် ခရမ်းကပန်းသည်ကားတစ်စီး အလှပန်းပို့ပြီးအပြန် သုံးခွမြို့အစွန်မှာ လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မနက်အစောပိုင်းလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရမ်းကနေ သုံးခွကို အလှပန်းပို့ပြီးအပြန် သုံးခွမြို့ကျောင်းစုပတုပ်ကျေးရွာနဲ့ ပတုပ်ကြီးကျေးရွာကြားမှာ လုယက်ခြင်းခံရတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါဖြစ်စဥ်တွင် ငွေကျပ် (၃၀) သိန်း၊ လက်ကိုင်ဖုန်း (၂) လုံးနဲ့ တခြားသောပစ္စည်းတစ်ချို့တို့ လုယက်ခံရတယ်လို့ နစ်နာသူတွေထံမှတဆင့် သိရပြီး လုယက်ခဲ့ကြတဲ့ တရားခံတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရပါတယ်။

#KhayanChannel
#KhayanMedia

Khayan Channel

15 Nov, 08:43


ခရမ်းရှိ NLD ပါတီရုံးချုပ်ရဲ့ အလံနဲ့ ဆိုင်းဘုတ် ဖြုတ်ချခံရ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။

ခရမ်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးချုပ်မှာ တပ်ဆင်ထားတဲ့ ပါတီအလံနဲ့ ဆိုင်းဘုတ်ဖြုတ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ NLD ပါတီရုံးချုပ်ရဲ့ အလံနဲ့ဆိုင်းဘုတ်ကို ဘယ်သူတွေကဖြုတ်ချသွားတယ်ဆိုတာ မသိရှိရပေမယ့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ပြောကြားချက်အရ လွန်ခဲ့တဲ့ ၅ ရက်ခန့်ကတည်းက အလံနဲ့ဆိုင်းဘုတ်က ဖြုတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။

ခရမ်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးချုပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကလည်း စစ်ကောင်စီထောက်ခံတဲ့လူတစ်စုကြောင့် NLD ပါတီရုံးချုပ်အတွင်းက ပြတင်းပေါက်တွေနဲ့ မှန်တံခါးတွေ ကွဲကြေခဲ့ရပြီး အဆိုပါဖြစ်ရပ်အပြီး ယခု ပါတီအလံနဲ့ ဆိုင်းဘုတ်ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ - ခရမ်းမြို့ NLD ပါတီရုံးချုပ်(ယခုလက်ရှိရုပ်ပုံ)။

#KhayanChannel
#KhayanMedia

Khayan Channel

14 Nov, 08:22


ကာကွယ်ရေးတပ်တွေ မြို့တွင်းပြန်ဝင်ရောက်နိုင်တယ်လို့ဟုဆိုကာ ခရမ်းမြို့အဝင်အထွက်ဂိတ်များနှင့် ရဲစခန်းရှေ့တွင် စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထား

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့နယ်တွင်းပြန်လည်ဝင်ရောက်နိုင်တယ်လို့ဟုဆိုကာ ခရမ်းမြို့နယ်အတွင်းမှာရှိတဲ့ မြို့အဝင်အထွက်ဂိတ်များအားလုံးနှင့် ရဲစခန်းရှေ့တို့မှာ စစ်တပ်က ယခင်ထပ်ပိုမိုလုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရပါတယ်။

သစ်တောဂိတ်၊ ဒေးပေါက်ဂိတ်၊ ဆည်မြောင်းဂိတ်နဲ့ ရဲစခန်းရှေ့တို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်ပြီး စစ်တပ်က ယခင်ကထပ် လုံခြုံရေးရော စစ်အင်အားပါတိုးမြှင့်ထားတယ်လို့သိရပြီး အဆိုပါလုံခြုံရေးတိုးမြှင့်ဖို့ကိစ္စကို ခရမ်းမြို့တာဝန်ကျ ဗျူဟာမှူးကိုယ်တိုင် တိုက်ရိုက်ညွှန့်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

လွတ်မြောက်နယ်မြေမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မျှော်လင့်ခြင်း ရန်ကုန် "The Hope of RANGOON'' ကမ်ပိန်းကို စတင်လုပ်ဆောင်နေပြီး မကြာခင်အချိန်အတွင်းမှာ ရန်ကုန်တိုင်းမြို့နယ်တွေကို ပြန်လည်ဝင်ရောက်နိုင်တော့မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ -ဆည်မြောင်းဂိတ်တွင် စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားသည့်မြင်ကွင်း
#KH

Khayan Channel

13 Nov, 04:27


ခရမ်းတွင် စစ်တပ်က ဆန္ဒပြစဥ်အချိန်က လူထုဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများကို အထူးအမိန့်နဲ့ လိုက်လံဖမ်းဆီးနေ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ခရမ်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဆန္ဒပြစဥ်အချိန်အခါက လူထုဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သောပြည်သူများကို စစ်ကောင်စီရဲ့အထူးအမိန့်နဲ့ လိုက်လံဖမ်းဆီးနေကြကြောင်း သိရသည်။

အဆိုပါဖမ်းဆီးမိန့်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၀ ရက်နေ့ရက်စွဲဖြင့် ခရမ်းမြို့နယ်ရဲစခန်းအား လျှို့ဝှက်စွာပေးပို့ခဲ့ကြောင်းသိရပြီး စစ်တပ်က ခရမ်းမြို့နယ်အတွင်း နိုဝင်ဘာလ ၁၀ ရက်နေ့ညပိုင်းမှစတင်ကာ ဖမ်းဆီးမှုများပြုလုပ်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆန္ဒပြစဥ်အခါက ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော လူထုခေါင်းဆောင်များ၊ အထင်ကရလူပုဂ္ဂိုလ်များ၊ ထင်ရှားသောပြည်သူများ၏ ဓာတ်ပုံများကိုလည်း မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များရှိ စစ်တပ်များအား ပေးပို့ထားပြီး ပေးပို့ထားသောဓာတ်ပုံနှင့်တူညီနေပါက ချက်ချင်းဖမ်းဆီးရန် ညွှန့်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - ခရမ်းမြို့နယ်လူထုဆန္ဒပြပွဲ(၂၀၂၁ ခုနှစ်ပုံအဟောင်း)။

#KhayanChannel
#KhayanMedia

Khayan Channel

12 Nov, 05:50


မျှော်လင့်ခြင်း ရန်ကုန်
The Hope of RANGOON

မြို့ပြတပ်ဖွဲ့တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ စုပေါင်းမဟာမိတ်တပ်ဖွဲ့တွေ ရန်ကုန်မြို့အတွင်း ပြန်လည်ဝင်ရောက်လာမယ့် THE HOPE OF "RANGOON'' "မျှော်လင့်ခြင်း ရန်ကုန်'' ကမ်ပိန်း။

ရန်ကုန်မြို့ကို တပ်ဖွဲ့အားလုံးပြန်လည်ဝင်ရောက်နိုင်ဖို့ အားလုံးအတူတကွ ပါဝင်ပေးကြပါဦးခင်ဗျာ။

@KYAC1

#thehopeofrangoon
#ရန်ကုန်

Khayan Channel

11 Nov, 03:23


"မျှော်လင့်ခြင်း ရန်ကုန်'' ကမ်ပိန်း

The Hope of RANGOON

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ ရဲဘော်များအတွက် အလက်တပ်ဆင်နိုင်ရေး ရည်ရွယ်ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ဟာ အလက်အင်အား လူအင်အားမမျှတဲ့အတွက် စစ်တောင်းမြစ်ဝှမ်းနဲ့ ရန်ကုန်ကိုရွှေ့မယ် ဗျူဟာမြောက်ပုံဖေါ်ဆောင်နိုင်မှုများတွင် ပူးပေါင်းပါဝင်တိုက်ခိုက်နိုင်ရန် ကာကွယ်တိုက်ခိုက်ရေးပစ္စည်းများကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရခြင်းဖြစ်ပါတယ်။

ကမ်းပိန်းရဲ့ မျှော်မှန်းရလဒ်ကတော့ အလက် (၁၀၀) ဖြစ်ပြီး ကာလကို (၁၀.၁၁.၂၀၂၄) ရက်နေ့ကနေ (၃၁.၁၂.၂၀၂၄) အထိ သတ်မှတ်ထားပါတယ်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ ထောက်ပို့ပြည်သူများအနေဖြင့် 👇👇

💥ကမ်ပိန်းတားဂတ်ပြည့်နိုင်ဖို့ တတ်စွမ်းနိုင်သည့် ပမာဏ ထည့်ဝင်၍ အားဖြည့်ပေးကြဖို့ လေးစားစွာ တောင်းဆိုအပ်ပါတယ်ခင်ဗျာ။

Contact - @KYAC1

#မျှော်လင့်ခြင်းရန်ကုန်
#ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့_၁
#ကမ်ပိန်း
#ရန်ကုန်
#SpringRevolutionMyanmar
#SpringRevolutionMyanmar

Khayan Channel

30 Oct, 12:01


Breaking News: ခရမ်းမြို့တွင်ရှိသော စစ်တပ်အင်အားအများအပြား ယနေ့မွန်းလွဲပိုင်းတွင် ရှေ့တန်းသို့ပို့ဆောင်ခံရကြောင်း သိရသည်။ ယနေ့အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၃၀ မိနစ်ကြားတွင် ခရမ်းမြို့တွင်ရှိသော စစ်ကောင်စီတပ်သားများကို စစ်ကား ၈ စီး၊ DC ၅ စီးတို့ဖြင့် ရှေ့တန်းသို့ခေါ်ဆောင်သွားကြကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူများ၏ပြောဆိုချက်များအရ စစ်ကား ၃ စီးတွင် စားနပ်ရိက္ခာ၊ စစ်ဘက်သုံးအသုံးအဆောင်ပစ္စည်းတို့ပါဝင်ပြီး ကျန်စစ်ကားများတွင် စစ်သားအပြည့်ပါဝင်ကာ ခန့်မှန်းခြေ စစ်သား ၆၀ ခန့်ပါဝင်သွားကြောင်း သိရသည်။

News Date - 30.10.2024

#KhayanChannel
#KhayanMedia

Khayan Channel

29 Oct, 07:18


ခရမ်းမြို့ ညောင်ပင်ကျေးရွာတွင် စကစခန့်အုပ်ကြီးသန့်ဇင်ဝင်းက စစ်တပ်ခေါ်ပြီး ရွာလုံးကျွတ်လျှပ်စစ်မီးဖြတ်တောက်၊ ကျေးရွာနေလူငယ်တစ်ဦးကိုလည်း စစ်တပ်ကိုရိုက်နှက်ခိုင်းဟုဆို

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

ခရမ်းမြို့နယ်အပိုင်၊ ညောင်ပင်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သန့်ဇင်ဝင်းက ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်ခေါ်ပြီး ကျေးရွာတစ်ရွာလုံး ရွာလုံးကျွတ်လျှပ်စစ်မီးဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျေးရွာအတွင်း အပြစ်မဲ့လူငယ်တစ်ဦးကိုလည်း စကစခန့်အုပ်ကြီး သန့်ဇင်ဝင်းက စစ်တပ်အား ရိုက်နှက်နှိပ်စက်ခိုင်းခဲ့ပြီး စစ်တပ်ရောက်ရှိနေစဥ် ကျေးရွာအတွင်း မည်သူတစ်ဦးတစ်ယောက်မှ အိမ်ထဲကအိမ်အပြင်မထွက်ရန်၊ ထွက်ရှိပါက ရိုက်နှက်မည်ဟုပြောဆိုကြောင်း ကျေးရွာနေပြည်သူများက ခရမ်းချန်နယ်ကို ပြောသည်။

"ညောင်ပင်ရွာမှာ စကစခန့်အုပ်ကြီးသန့်ဇင်ဝင်းက စစ်တပ်ကိုခေါ်ပြီး တစ်ရွာလုံးမီးဖြတ်ပြစ်တယ်၊ ဘာအကြောင်းပြချက်မှမရှိဘဲ တစ်ရွာလုံးမီးဖြတ်လိုက်တာ။ ပြီးတော့ ရွာထဲက အပင်အောက်မှာ သူ့ဘာသာအိပ်နေတဲ့ လူငယ်လေးတစ်ဦးကိုလည်း စစ်တပ်ကို ရိုက်နှက်ခိုင်းတယ်၊ သူက စစ်တပ်ကိုဒီနေ့အထိခေါ်ထားတုန်းပဲ'' ဟု ညောင်ပင်ကျေးရွာနေပြည်သူတစ်ဦးက ပြောဆိုသည်။

#KhayanChannel
#KM

Khayan Channel

14 Oct, 04:05


ကျွန်တော်တို့ ဆေးဝါးအရေးပေါ်လိုအပ်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် ၁၂.၁၀.၂၀၂၄ ရက်နေ့က အလှူခံခဲ့ရာမှာ အလှူငွေစုစုပေါင်း ၁၁၅၀၀၀ ကျပ်(တစ်သိန်းတစ်သောင်းငါးထောင်) ရရှိခဲ့ပါတယ်။

ရရှိခဲ့တဲ့အလှူငွေအားလုံးကို မနေ့က(၁၃.၁၀.၂၀၂၄)ရက်စွဲဖြင့် အဆိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။

လိုအပ်တဲ့အလှူငွေထပ် ပိုမိုလှူဒါန်းပေးခဲ့တဲ့ ပြည်သူများအားလုံးကို လေးစားစွာကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။❤️

ယခုလိုစည်းလုံးမှုရှိနေရွှေ့ ပန်းတိုင်ဟာ လက်တစ်ကမ်းအလိုမှာ ရှိနေမှာပါ။

#KhayanChannel
#KhayanMedia

Khayan Channel

12 Oct, 06:33


အကူအညီတောင်းခံခြင်း

ကျွန်တော်တို့ခရမ်းချန်နယ်ထံ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က အကူအညီလာတောင်းပါတယ်ခင်ဗျာ။ အဲဒီ့တပ်ဖွဲ့က ရဲဘော်တွေရဲ့ကျန်းမာရေးအခြေအနေဆိုးရွာနေတယ်လို့သိရပါတယ်။

အဆိုပါတပ်ဖွဲ့မှာလည်း ဆေးဝါးလုံလုံလောက်လောက်မရှိဘဲ ဆေးတွေဝယ်ယူဖို့ အလှူငွေတစ်ချို့လိုအပ်နေပါတယ်။

လိုအပ်တဲ့အလှူငွေကလည်း ၅ သောင်းလောက်ဆို အဆင်ပြေတယ်လို့ပြောပါတယ်ခင်ဗျာ။ ဒါ့ကြောင့် လှူဒါန်းပေးကြပါအုံးခင်ဗျာ။

လှူဒါန်းလိုသူတွေအနေနဲ့ @KYAC1 ကို ဆက်သွယ်ပေးပါခင်ဗျာ။ လှူဒါန်းပေးကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။🙏

@KYAC1

Khayan Channel

30 Sep, 11:22


ခရမ်းမြို့ ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်တွင် စစ်တပ်က စစ်ဆေးမှုကြမ်းတမ်းနေ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

ခရမ်းမြို့နယ်မှာ စစ်ကောင်စီတပ်တပ်စွဲနေရာယူထားတဲ့ ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်မှာ စစ်တပ်က အစစ်အဆေးကြမ်းတမ်းနေတယ်လို့ သိရပါတယ်။

မှတ်ပုံတင်စစ်ဆေးတာအပြင် ဘယ်ကလာတာ၊ ဘယ်ကိုသွားမှာ၊ ခရမ်းမြို့ကိုဘာအတွက်လာတာလဲ၊ ဖုန်းဖွင့်စစ်ဆေးတာတွေ၊ ပါလာသမျှပစ္စည်းအကုန်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဂိတ်အတွင်းဖြတ်သန်းသွားလာသူများက ဆိုပါတယ်။

"ဒေးပေါက်ဂိတ်က အစစ်အဆေးတော်တော်ကြမ်းနေတယ်၊ အကုန်စစ်တာ၊ မေးခွန်းတွေမေးတာလည်းစုံနေရောပဲ၊ ပါလာတဲ့ အိတ်တွေ ပစ္စည်းတွေကအစ တစ်ခုချင်းအကုန်စစ်တယ်'' လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

YBS နဲ့ Texi ယာဥ်တွေပေါ်မှာ ပါလာတဲ့ ခရီးသည်တွေရဲ့ အိတ်တွေ၊ စာရွက်စာတမ်းတွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း စစ်ဆေးသည့်အပြင် ကုန်တင်ယာဥ်တွေပေါ်က ပါလာသမျှကုန်တွေကိုလည်း စစ်တပ်က တစ်ခုချင်းဖွင့်ဖောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဂိတ်အတွင်းက စစ်သားတစ်ချို့က "မင်းတို့ အိတ်တွေ၊ ဖုန်းတွေ၊ ထီးတွေကိုနောက်ယူမလာကြနဲ့၊ ယူလာရင် ငါတို့ကစစ်မှာ'' လို့ ပြောဆိုကြောင်း ဂိတ်အတွင်းဖြတ်သန်းသွားလာကြတဲ့ ပြည်သူတွေထံက သိရပါတယ်။

ဓာတ်ပုံ - ဒေးပေါက်လမ်းဆုံစစ်ဆေးရေးဂိတ်။

#KhayanChannel
#KhayanMedia

Khayan Channel

27 Sep, 03:45


27.9.2024 (Info News) :
ခရမ်းတွင် ယမန့်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့က သန်းခေါင်စာရင်းစစ်ဆေးမှုများပြုလုပ်ရန် မြို့နယ် လ.ဝ.ကရုံးက သန်းခေါင်စာရင်းစစ်ဆေးမှုအဖွဲ့အား ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး ခရမ်းမြို့တွင် သန်းခေါင်စာရင်းများ လိုက်လံကောက်ခံမည်ဖြစ်ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်အရ သိရသည်။

#KhayanChannel
#KhayanMedia

Khayan Channel

25 Sep, 02:00


ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ရဲလင်း တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ကျဆုံး

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဘော်ရဲလင်း(ခ)စပ်ဖြဲသည် စစ်အာဏာရှင်တော်လှန်ရေးတာဝန်များထမ်းဆောင်နေရင်း စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း PDF Khayan က ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ၂၃ ရက်နေ့ကလည်း KNU ထိန်းချုပ်နယ်မြေအတွင်းသို့ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြရာ PDF Khayan တပ်ဖွဲ့ဝင် (၃) ဦးသည် တိုက်ပွဲအတွင်းကျဆုံးခဲ့ကြသည်။

ဓာတ်ပုံ - PDF Khayan

#KhayanChannel
#KhayanMedia

Khayan Channel

24 Sep, 09:21


သုံးခွတွင် စစ်မှုထမ်းရန် လိုက်ပါမည်ဟုဆိုကာ သိန်း ၈၀ ယူ၍ ဆိုင်ကယ်ဝယ်စီးပြီး လာခေါ်ချိန်တွင် ဆိုင်ကယ်ဖြင့် ထွက်ပြေး

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

သုံးခွမြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် သင်တန်းသားသစ်ခေါ်ယူရာတွင် စစ်သင်တန်း လိုက်မည်ဟု မိမိသဘောဆန္ဒအရ နာမည်စာရင်းပေး၍ စစ်ကောင်စီထံမှ သိန်း ၈၀ ရယူကာ လာခေါ်ချိန်တွင် ထွက်ပြေးသွားကြောင်း သိရသည်။

ယခုစက်တင်ဘာလအတွင်း စစ်ကောင်စီက စစ်မှု ထမ်းရန် သင်တန်းသားသစ်ခေါ်ယူရာ သုံးခွမြို့နယ်မှ ကျေးရွာသားတစ်ဦးသည် မိမိသဘောဆန္ဒဖြင့် နာမည်စာရင်းပေးပြီး ငွေကျပ် သိန်း ၈၀ ကိုရယူခဲ့ကြောင်း သိရသည်။

ထိုသို့ရယူပြီးနောက် တန်ကြေးအသင့်တင့်ရှိ ဆိုင်ကယ်ဝယ်စီး၍ ပိုသည့် ငွေများကိုယူကာ စစ်ကောင်စီက စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်ရာတွင် ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားကြောင်း သိရသည်။

"သိန်း ၃၀ တန် ဆိုင်ကယ်ကိုဝယ်တယ်၊ အုပ်ကြီးတွေက ရပ်ရွာထဲကနေ လိုက်ကောက်ပေးထားတာ သိန်း ၁၀၀ လောက်ရတယ်။ သိန်း ၈၀ ကို အဲဒီကောင်ကယူပြီး အရက် အကောင်းစားတွေဘာတွေ ဝိုင်းဖွဲ့သောက် သွားသေးတယ်။ သူ့အမေကိုလည်း နည်းနည်းငွေပေးခဲ့တယ်ပြောတယ်။ စစ်မှုထမ်းဖို့ လာလည်းခေါ်ရော ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတယ်" ဟု သုံးခွ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီခန့် ရပ်ရွာအုပ်ချုပ်ရေးမှူးများက အဆိုပါ ထွက်ပြေးသွားသူကို စစ်မှုထမ်းရန် မဲပေါက်သည့် သူကိုယ်စား အစားထိုးစာရင်းသွင်းခဲ့ခြင်းဖြစ်ပြီး မဲပေါက်သူအချို့ နှင့် ရပ်ရွာထဲမှ ငွေကြေး လိုက်လံကောက်ယူကာ ၎င်းအား သိန်း ၈၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေဖြင့် သင်တန်းသားသစ်ခေါ်ယူခံရသူ လူငယ်အများစုသည် ရှေ့တန်းသို့ ပို့လွှတ် ခံရမည်စိုး၍ သိန်းရာဂဏန်းနီးပါးဖြင့် လူစားထိုးမည့်သူကို ရှာဖွေ ပေးရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။

ထို့အပြင် အုပ်ချုပ်ရေးမှူးများကလည်း မဲနှိုက်ပြီး သင်တန်းသားသစ် ခေါ်ယူရာတွင် လူစုလူဝေး ပြုလုပ်ရသည့်အတွက် ၎င်းတို့အသက်အန္တရာယ်ကို ထိခိုက်မည်စိုးရိမ်သောကြောင့် မိမိသဘောဆန္ဒအရ စစ် မှူထမ်းစာရင်းပေးသူများကို အထူးလိုလားကာ ရပ်ရွာထဲမှ ငွေကြေးကောက်ခံ၍ လူစားထိုးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

သုံးခွမြို့နယ်မှ ထွက်ပြေးသွားသည့် အမျိုးသားသည် ရပ်ရွာအတွင်း အလုပ်အကိုင်မရှိဘဲ မူးယစ် သောက်စားနေကာ ယခုစစ်မှုထမ်းဥပဒေဖြင့် မဲနှိုက်ရန်အကြောင်းကြားလာချိန်တွင် တာဝန်ထမ်း ဆောင်မည်ဟု စာရင်းပေး၍ ငွေများလိမ်လည်ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

(ဧရာဝတီတိုင်းမ်မှ ကောက်နုတ်တင်ပြထားသည်။)

#KhayanChannel
#KhayanMedia

Khayan Channel

24 Sep, 04:45


ခရမ်းတွင် စစ်မှုထမ်းခေါ်ဆောင်ခံခဲ့ရသူတွေထဲက ကျဆုံးသွားသူတွေကို စစ်ကောင်စီက ထောက်ပံ့ကြေးပေး

◽️ အဆိုပါထောက်ပံ့ကြေးကို ပြည်သူတွေဆီက တောင်းခံ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။

ခရမ်းမြို့နယ်တွင် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရသူတွေထဲက ရှေ့တန်းမှာကျဆုံးသွားသူတွေကို စစ်ကောင်စီက ထောက်ပံ့ကြေးပေးကြောင်း သိရပါတယ်။

အဆိုပါပေးအပ်မယ့်ထောက်ပံ့ကြေးကိုလည်း ၎င်းတို့ကပေးမှာမဟုတ်ဘဲ ပြည်သူတွေဆီက တောင်းခံပြီးပေးမှာဖြစ်တယ်လို့ သိရပါတယ်။

"ခရမ်းက စစ်မှုထမ်းပါသွားပြီး ကျသွားသူတွေကို သူတို့က ထောက်ပံ့ကြေးပေးမယ်ပြောတယ်၊ အဲ့ဒီထောက်ပံ့ကြေးကိုလည်း ပြည်သူတွေဆီက ကောက်မယ်လို့သိရတယ်၊ တစ်အိမ်ထောင် နှစ်သောင်း၊ တစ်သောင်းပေးရတယ်'' ဟု ပြည်သူတစ်ဦးက ပြောပါတယ်။

ခရမ်းမြို့မှာ စစ်မှုထမ်းဖို့ ပထမဆုံးစစ်မှုထမ်းအပတ်စဥ်(၁) ခေါ်ဆောင်ခံခဲ့ရသူတွေထဲက ၃ ဦးဟာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့ကြပြီး စစ်ကောင်စီဘက်က ကျဆုံးပြီးအတော်အတန်ကြာမှာ မိသားစုဝင်တွေဆီကို အသိပေးခဲ့ကြတာဖြစ်ပါတယ်။

ခရမ်းမြို့နယ်က စစ်မှုထမ်းဖို့ခေါ်ဆောင်သွားသူတွေကို သန်လျင်ရေတပ်စခန်းကိုပို့ခဲ့ကြပြီး စစ်သင်တန်းတစ်လပေးကာ ရှေ့တန်းစစ်မြေပြင်ကို စေလွှတ်နေကြတယ်လို့ သိရပါတယ်။

#KhayanChannel
#KhayanMedia

Khayan Channel

23 Sep, 02:31


Breaking: ခရမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ကြည်းတပ်သားအများအပြား တပ်လျှော့ခံရ၊ ရဲနဲ့ရေတပ်သားများသာကျန်ရှိတော့

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ခရမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့(ကြည်း)တပ်သားအများအပြား ယနေ့မနက်အစောပိုင်းမှာ တပ်လျှော့ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်အစောပိုင်း ၃ နာရီနဲ့ ၄ နာရီကြားမှာ စစ်သားတွေကို စစ်ကားကြီးတွေနဲ့ခေါ်ဆောင်သွားကြပြီး ဘယ်ကိုခေါ်ဆောင်သွားကြသလဲဆိုတာ မသိရှိရပါဘူး။

စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့သတင်းတွေအရ ခရမ်းမြို့မှာ တပ်လျှော့ချလိုက်တာဖြစ်ပြီး ရှေ့တန်းမှာ အင်အားလိုလို့ ရုတ်တရက်ခေါ်ဆောင်သွားကြတာလို့သိရပါတယ်။ ခရမ်းမြို့နယ်မှာ ယခင်က ကြည်းတပ်သား ၁၅၀ ခန့်ရှိပြီး လက်ရှိမှာ ၃ ပုံ ၂ ပုံကျော်လောက်က တပ်လျှော့ခံလိုက်ရတာလို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ခရမ်းမြို့နယ်မှာ ရဲနဲ့ရေတပ်သားများသာကျန်ရှိတော့ပြီး ရဲတပ်သား ၅၀ ကျော်၊ ရေတပ်သား ၄၀ ခန့်နဲ့ ကြည်းတပ်သား ၃၀ ခန့်လောက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ဓာတ်ပုံ - ခရမ်းရဲစခန်းရှေ့ (ပုံအဟောင်း)။

#KhayanChannel
#KhayanMedia

Khayan Channel

21 Sep, 01:57


ခရမ်းမြို့က ပထမဆုံးစစ်မှုထမ်းအပတ်စဥ်(၁) ပါသွားသူတွေထဲက ၃ ဦး ရှေ့တန်းစစ်မြေပြင်မှာကျဆုံး၊ တစ်ဦးမှာ ကမာမတ်ကဖြစ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

ခရမ်းမြို့နယ်က ပထမဆုံးစစ်မှုထမ်းအပတ်စဥ်(၁) ခေါ်ဆောင်ခံခဲ့ရသူတွေထဲက ၃ ဦးဟာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားစစ်မှု့ထမ်းအပတ်စဥ် (၁) ပါသွားသူတွေထဲက ၃ ဦးဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဘက်တို့မှာ ကျဆုံးသွားကြတယ်လို့ သိရပါတယ်။

"ပထမဆုံးစစ်မှု့ထမ်းအပတ်စဥ်-၁ ပါသွားသူတွေက ၃ ဦးကျသွားတာ၊ ရခိုင်နဲ့ရှမ်းမြောက်တို့ဘက်မှာကျသွားတာ၊ ကျသွားတာကနည်းနည်းကြာပြီ ခရမ်းကဗိုလ်ကြီးက လွန်ခဲ့တဲ့ ၃ ရက်လောက်ကမှ မိသားစုဝင်တွေကိုအကြောင်းကြားတာ'' ဟု တပ်တွင်းသတင်းရင်းမြစ်အရ သိရပါတယ်။

အဆိုပါကျဆုံးသူတွေထဲက တစ်ဦးကတော့ ခရမ်းမြို့ ကမာမတ်ကျေးရွာကဖြစ်ပြီး အသက် ၁၉ နှစ်ကျော်သာရှိသေးကာ မိမိသဘောဆန္ဒအလျှောက် စစ်မှု့ထမ်းဖို့ လိုက်သွားခဲ့တာဖြစ်တယ်လို့သိရပြီး စစ်သင်တန်းတတ်ပြီးတစ်လအကြာ ယခုလို တိုက်ပွဲအတွင်းကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကျန်နှစ်ဦးရဲ့ နေရပ်လိပ်စာအတိအကျကိုတော့ မသိရှိရသေးပါဘူး။

ခရမ်းမြို့နယ်မှာ စစ်မှု့ထမ်းဖို့ အပတ်စဥ် (၁)ကနေ အပတ်စဥ် (၃) အထိ ခေါ်ဆောင်ခံခဲ့ရသူ (၁၅၀) ကျော်ရှိနေပြီး အဲ့ဒီအထဲက တစ်ချို့ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေမှာ ကျဆုံးမှုတွေရှိနေတယ်လို့ သတင်းရရှိထားပါတယ်။

ဓာတ်ပုံ - ကမာမတ်ကျေးရွာတွင် စစ်မှု့ထမ်းအပတ်စဥ်(၁) ခေါ်ဆောင်ခြင်းခံခဲ့ရသူ၏ နာရေးဖိတ်စာ။

#KhayanChannel
#KhayanMedia

Khayan Channel

15 Sep, 05:43


ခရမ်းမြို့က ရာအိမ်မှူးနဲ့အုပ်ချုပ်ရေးမှူးတချို့ စစ်သင်တန်းသွားတတ်ရ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။

ခရမ်းမြို့နယ်မှာရှိတဲ့ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတချို့ ယနေ့စစ်သင်တန်းတတ်ရောက်ဖို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။

ယနေ့စက်တင်ဘာလ ၁၅ ရက်နေ့မှာ ခရမ်းမြို့က ရပ်ကွက်အသီးသီးနဲ့ကျေးရွာတစ်ချို့က စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတချို့တို့ကို စစ်သင်တန်းတစ်လတတ်ရောက်ဖို့ စစ်တပ်က ခေါ်ဆောင်သွားခဲ့ကြကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့လတွေက ခရမ်းမြို့နယ်မှာ စစ်မှု့ထမ်းဖို့ လူငယ်တွေကိုလစဥ်ခေါ်ဆောင်နေလျက်ရှိပြီး တစ်လကို လူငယ် ၁၀ ဦးအထိခေါ်ယူကာ ယနေ့အချိန်အထိ ခရမ်းမြို့မှာ စစ်မှု့ထမ်းဖို့ခေါ်ဆောင်ခံခဲ့ရသူ ၅၀ ကျော်ရှိနေတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

#KhayanChannel
#KhayanMedia

Khayan Channel

14 Sep, 06:51


ခရမ်းမြို့ပေါ်ရပ်ကွက်များတွင် လူ ၅ ဦးကနေ ၈ ဦးအထိ ကင်းစောင့်ခိုင်း၊ ကင်းမစောင့်ချင်ရင် ပိုက်ဆံပေးရမယ်လို့ အုပ်ကြီးတွေပြော

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။

ခရမ်းမြို့နယ် မြို့ပေါ်ရပ်ကွက်အများစုမှာ တစ်ရပ်ကွက်လျှင် လူ ၅ ဦးကနေ ၈ ဦးအထိ ရပ်ကွက်ကင်းများစောင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက အသက်အရွယ်မရွေး ကင်းစောင့်ခိုင်းနေကြပြီး ကင်းမစောင့်ချင်ပါက ပိုက်ဆံပေးရမယ်လို့ပြောဆိုကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်လောက်က(စက်တင်ဘာလ ၁၀ ရက်နေ့)ကတည်းကစတင်ပြီး ခရမ်းမြို့ပေါ်ရပ်ကွက်တွေမှာ အဆိုပါကင်းစောင့်ရမယ့်ကိစ္စကို စကစခန့်အုပ်ချုပ်ရေးမှူးတွေက တစ်ပြိုင်တည်းလုပ်ဆောင်လာကြတာဖြစ်ပါတယ်။

တစ်ချို့ရပ်ကွက်တွေမှာ ကင်းတဲများပြုလုပ်ထားကြပြီး စကစခန့်အုပ်ချုပ်ရေးမှူးတွေက ကင်းတဲတွေကို စစ်ကောင်စီတပ်ရဲ့ ဘန်ကာ၊ စောင့်ကြည့်ကင်းတဲပုံစံမျိုး သဲအိတ်တွေနဲ့ ဆောက်လုပ်ထားကြောင်း သိရပါတယ်။

" တစ်ရပ်ကွက်ကို ၅ ယောက် ၈ ယောက်အဖွဲ့ဖွဲ့ပြီး တစ်ညကိုတစ်ဖွဲ့စောင့်ခိုင်းတယ်၊ မစောင့်ချင်ရင် ပိုက်ဆံပေးရမယ်လို့ပြောတယ်၊ ကင်းမစောင့်ရရင် တစ်ဦးကိုတစ်သောင်းနှုန်းကောက်တယ်။ ကင်းတဲတွေကိုလည်း စစ်တပ်ကင်းတဲပုံစံမျိုးဆောက်ထားတယ် သဲအိတ်အထပ်ထပ်နဲ့ဆောက်ထားတာ၊ ကင်းစောင့်ခိုင်းတဲ့သူတွေကို စစ်တပ်စောင့်နေတဲ့ပုံစံလုပ်ထားတာ'' ဟု ခရမ်းမြို့ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ခရမ်းမြို့ကျေးရွာတွေမှာရော ဘယ်လိုအခြေအနေရှိနေပါသလဲ၊ တခြားသော အကြောင်းအရာတွေ ထူးခြားမှုရှိနေပါသလဲ ခရမ်းချန်နယ် ဖေ့ဘုတ်စ်မက်ဆင်ဂျာကနေတဆင့် ပေးပို့နိုင်ပါတယ်။

ဓာတ်ပုံ - စစ်တပ်ကင်းဂိတ်(ခရမ်းမြို့)။

#KhayanChannel
#KhayanMedia

Khayan Channel

17 Aug, 11:23


ငါးပါးမှောက်ခြင်း
____

ဒုက္ခတရားတွေ ရှု့မှတ်ပြီး
ဒီလူတွေမှာ မမြဲခြင်းတွေသာ ကျောထောက်နောက်ခံရှိရဲ့၊

နိုင်ငံဟာ
ဟောင်းနွမ်းခါစ ပိတ်စ​ကလေးနဲ့
လူငယ်တွေ အနာဂတ်ကို ချုပ်တယ်
အပ်ချည်မှ...
သွေးစိမ်းရှင်ရှင်များပြေးထွက်လို့
ချုပ်ရိုးများဟာ မလှမပ၊

သေနတ်နဲ့ဗုံးသံကို နှိုးစက်အဖြစ်ထားတယ်
စစ်ပွဲအတွင်း ဖက်ကြမ်းရှိသမျှဖွာတယ်
ကျည်ဆံများ...
ခေါင်းပေါ်ဖြတ်တယ်
ပစ္စုပ္ပန်ပေါ် ဖြတ်တယ်
အနာဂတ်ပေါ် ဖြတ်တယ်
အရွယ်သုံးပါးလုံးမှာ...
ပါဏာတိပါတာ ကို
နူတ်နဲ့ကျိန်ပြီး အလုပ်နဲ့လိမ်ရတယ်၊

ကမ္ဘာ မပြိုခင်
ဘဝတွေ ပြိုကျ
အနာပေါ်အနာနဲ့ ဖိသတ်ခံရ
တို့တိုင်း တို့ပြည်ကြီးမှာပဲ
တို့တတွေမှောက်တာ ငါးပါး မက။

ကိန်း ခရမ်း

#KhayanChannel
#KhayanMedia